၂၁၀ နောင်တရဖို့ လှိုက်လှဲသောစိတ်ဆန္ဒ

၁ ဘုရားသခင်၏ ဘုန်းကြီးသောနေ့ တဖြည်းဖြည်းနီးလာသည်ကို ကြည့်မြင်ရင်း၊ ကျွန်ုပ်၏ စိတ်နှလုံးက ဝမ်းနည်းမှုနှင့် စိုးရိမ်မှုတို့ မခံစားဘဲ မနေနိုင်ပေ။ ဘုရားသခင်အပေါ် ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အာခံမှုတို့ကို ပြန်တွေးမိသည်။ နောင်တ၊ စိုးရိမ်ပူပန်မှုနှင့် ကျေးဇူးတင်ရှိခြင်းတို့က ကျွန်ုပ်၏ စိတ်နှလုံးထဲ လျှံထွက်လာသည်။ ဘုရားသခင် ကျွန်ုပ်ကို ရွေးချယ်ခဲ့သည်၊ ထို့ကြောင့် သူ့ထံ ကျွန်ုပ် လှည့်ပြန်ခဲ့ပြီး နိုင်ငံတော်၏စားသောက်ပွဲကို တက်ရောက်ခဲ့သည်။ ကျွန်ုပ်လျှောက်ရမည့် လမ်းကြောင်းနှင့် ကျွန်ုပ် ထိန်းသိမ်းသင့်သည့် လမ်းခရီးတို့ကို သူ စိတ်အားထက်သန်စွာ သွန်သင်ပေးသည်။ သူ ကျွန်ုပ်ကို အဖန်ဖန် တိုက်တွန်းခဲ့သော်လည်း ယင်းကို ကျွန်ုပ် နှလုံးမသွင်းခဲ့။ သမ္မာတရားကို ကျွန်ုပ် မရရှိသေး၊ ဘုရားသခင်ကို ရင်ဆိုင်ရန် ကျွန်ုပ်မထိုက်မတန်။

၂ ကြိုးစားလုပ်ဆောင်ခြင်းက သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းဟု ယုံကြည်မိကာ ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် အယူဝါဒကို စစ်မှန်မှုအဖြစ် နှစ်များစွာ ကျွန်ုပ်ရှုမြင်ခဲ့သည်။ ကျွန်ုပ်သည် မိမိတာဝန်၌ ဆက်ကပ်မှု ကင်းမဲ့ခဲ့သည်၊ ထိုအရာအားလုံးက အရေးမထားမှုနှင့် လှည့်ဖြားမှုချည်းသာ။ ကျွန်ုပ် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရချိန်တွင် ဆင်ခြေများကို ကျွန်ုပ်ပြုလုပ်ပြီး မိမိကိုယ်ကိုယ် မှန်ကန်ကြောင်းပြခဲ့သည်။ ကျွန်ုပ်ကို စုံလင်စေဖို့နှင့် သမ္မာတရားရရှိရန် ကူညီဖို့ ဘုရားသခင်သည် လူများနှင့် အမှုအရာများကို စီစဉ်ခဲ့သော်လည်း၊ ကျွန်ုပ် သမ္မာတရားကို ရှာဖို့မဆိုထား၊ ကျိုးနွံနာခံခြင်း မရှိခဲ့။ ဖာရိရှဲတို့၏ လမ်းကြောင်းကို ခေါင်းမာမာ ကျွန်ုပ်လျှောက်ခဲ့ပြီး ပြန်လှည့်ရန် မသိခဲ့ပေ။ ဘုရားသခင်၏ အမုန်းခံရကာ သေခြင်းထက် ပိုဆိုးသည့် ဘဝတစ်ခုထဲ၊ အမှောင်ထဲတွင် အသက်ရှင်ခဲ့ရသည်။

၃ ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်တိုင်းက ကျွန်ုပ်၏ စိတ်နှလုံးကို ကိုင်လှုပ်သည်။ ကျွန်ုပ်၏ ရှည်ကြာထုံနေသည့် စိတ်နှလုံးက ယခုမှ စတင်နိုးထသည်။ အလွန်မာကျောပြီး သမ္မာတရားကို မလိုက်စားခဲ့ခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကို မုန်းမိသည်။ ယနေ့ထိ ကျွန်ုပ် အသက်ရှင်နေထိုင်သမျှမှာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုပင်။ ဘုရားသခင်၏အလုပ်သည် အဆုံးသတ်၏ အစွန်အဖျားတွင် ရှိနေသည်၊ မကြာခင် သူ ဇိအုန်သို့ ပြန်ကြွလာလိမ့်မည်။ ယုံကြည်ခြင်းရှိသော်လည်း ဘုရားသခင်ကို မကျေနပ်စေနိုင်ခြင်းသည် အမှန်တကယ် ရှက်ဖွယ်တစ်ခု ဖြစ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မြည်းစမ်းခြင်းငှာ ကျွန်ုပ် အမှန်တကယ် မထိုက်တန်၊ ဘုရားသခင်ကို ကျွန်ုပ် အမှန်တကယ် ကျေးဇူးတင်မိသည်။ ဘုရားသခင်ကို ဆက်ကပ်ရန် ဤနောက်ဆုံးအချိန်နာရီရှိခြင်းသည် ရှားပါးသော လက်ဆောင်တစ်ခုပင်။ သမ္မာတရားကို လိုက်စားဖို့နှင့် ကျွန်ုပ်ဘဝကို ဘုရားသခင်၏ ကျေးဇူးတော်အား ပြန်ပေးဆပ်ရင်း အသုံးပြုဖို့ ကျွန်ုပ် သန္နိဋ္ဌာန်ချသည်။

အရှေ့သို့- ၂၀၉ တရားစီရင်ခြင်းကို ကြုံရခြင်းမှ နောင်တ

နောက်တစ်ခုသို့- ၂၁၁ ကျွန်ုပ်၏ စိတ်နှလုံးအတွင်းထဲ၌ နာကျင်မှုတစ်ခု ရှိသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။