၂၀၉ တရားစီရင်ခြင်းကို ကြုံရခြင်းမှ နောင်တ
၁ ခရစ်တော်၏ တရားစီရင်ခြင်းကို ကြုံရင်း ကျွန်ုပ်မှာ စိတ်ခံစားမှုဖြင့် ဖုံးလွှမ်းသွားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ပြသနေသော သမ္မာတရားဖြစ်ပေ။ ကျွန်ုပ်၏ လုပ်ရပ်များနှင့် အပြုအမူတို့ကို သုံးသပ်ဆင်ခြင်ရင်း ဝမ်းနည်းမှုဖြင့် ကျွန်ုပ်ပြည့်နှက်သည်။ မာနထောင်လွားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လှည့်စားတတ်ခြင်း၊ ကျွန်ုပ်သည် လူသားပုံသဏ္ဌာန် တစ်ခုတစ်လေမျှ မည်သို့ပြခဲ့ပြီနည်း။ ဘုရားသခင်၏ တရားစီရင်ခြင်း မပါဘဲ မိမိကိုယ်ကို ကောင်းမြတ်သည်ဟု ကျွန်ုပ်ယုံကြည်မိဆဲဖြစ်မည်။ သူ၏တရားစီရင်ခြင်းနှင့် ထုတ်ဖော်ချက်တို့ကြောင့်သာ ကျွန်ုပ် နိုးထပြီ၊ ပြီးလျှင် ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးခြင်း၏နက်ရှိုင်းရာနှင့် ကျွန်ုပ်၌ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသည်ကို ကျွန်ုပ် ယခုတွေ့ပြီ။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်ုပ်အား သမ္မာတရားကို လိုက်စားဖို့နှင့် သူ့ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးဖို့ စေ့ဆော်သည်။
၂ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်။ သူ၏အလိုတော်ကို ထင်ရှားစေပြီးဖြစ်သည်။ ကျွန်ုပ်သည် အလွန်ပုန်ကန်လိုစိတ်ရှိခြင်းကို ကျွန်ုပ် မုန်းကို မုန်းတီးမိသည်။ သမ္မာတရားကို ရှင်းလင်းစွာ သတိထားမိသော်လည်း၊ ယင်းကို ကျွန်ုပ် လက်တွေ့မလုပ်ဆောင်ပေ။ မိမိကိုယ်ကိုယ် အတော်အတန် ကောင်းသည်ဟု အစဉ်တွေးပြီး တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့ကို ရှောင်ရှားလျက်၊ ဆိုးယုတ်သော အတွေးအမြင်များဖြင့် ပြည့်လျှံနေသည့် ကျွန်ုပ်၏ လုပ်ရပ်များအပေါ် ကျွန်ုပ် ပြန်လည်ဆန်းစစ်မိပေ။ မကြာခဏဆိုသလို၊ ကျွန်ုပ်သည် ဘုရားသခင်ကို ဝမ်းနည်းကြေကွဲစေလျက်၊ ခေါင်းမာပြီး ပုန်ကန်လိုစိတ်ရှိနေခဲ့ပြီ။ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို အကြိမ်များစွာ ခံရပြီးသည့်နောက်၊ နောက်ဆုံး၌ ကျွန်ုပ် နာခံပြီ။ ဘုရားသခင်ကို နာခံခြင်းသည် အဘယ့်ကြောင့် အလွန် ခက်ခဲသည်ကို ကျွန်ုပ် မသိပေ။ လူတို့၏ပုန်ကန်လိုစိတ်ရှိခြင်း အရင်းအမြစ် အတိအကျမှာ အဘယ်နည်း။ ဘုရားသခင်၏ ထပ်ခါထပ်ခါ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီ၊ ယခုမှသာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၏ ခက်ခဲမှုကို ကျွန်ုပ်နားလည်ပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က လူတို့အတွက် အလွန် ကြီးစွာသော အကျိုးပြုပေ။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့က လူများကို မိမိတို့ကိုယ်ကိုယ် သိခွင့်ပြုပေ။ ဘုရားသခင်၏အမှုတော်ကို ကျွန်ုပ်တို့ တွေ့ကြုံရသည်မှာ သူ၏ ကောင်းကြီးမင်္ဂလာနှင့် ကျေးဇူးတော် အမှန်ဖြစ်ပေ။