လူ့သဘာဝကို သိရှိရန် နည်းလမ်း

လူတစ်ဦး၏သဘာဝကို မည်သို့ သိရှိမည်နည်း။ လူတစ်ဦး၏ သဘာဝဗီဇကို မည်သည့်အရာများနှင့် ဖွဲ့စည်းထားသနည်း။ သင်သည် လူသား၏ အားနည်းချက်များ၊ အပြစ်အနာအဆာများ၊ ရည်ရွယ်ချက်များ၊ အယူအဆများ၊ အပျက်သဘောဆောင်ခြင်းနှင့် မနာခံခြင်းတို့ကိုသာ သိ၏။ သို့သော် သင်သည် လူသား၏ သဘာဝအတွင်းရှိ အရာများကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် လူ့သဘာဝ၏ဇာစ်မြစ်ကို ရှာဖွေ့တွေ့ရှိနိုင်ခြင်းမရှိဘဲ၊ အပြင်ဘက်အလွှာကိုသာ သိသကဲ့သို့၊ ဤသည်မှာ လူသားသဘာဝနှင့်ဆိုင်သော အသိပညာကို မဖြစ်စေပေ။ လူအချို့က “ကျွန်ုပ်၏ သဘာဝကို ကျွန်ုပ် နားလည်သည်။ တွေ့သလော။ ကျွန်ုပ်၏ မာနထောင်လွှားမှုကို ကျွန်ုပ် ဝန်ခံသည်။ ယင်းသည် ကျွန်ုပ်၏ သဘာဝဗီဇကို သိခြင်း မဟုတ်ပါလား” ဟု ပြောရင်း ၎င်းတို့၏ အပြစ်အနာအဆာများနှင့် အပျက်သဘောဆောင်ခြင်းများကို ဝန်ခံကြ၏။ မာနထောင်လွှားခြင်းသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ထိုမျှသည် မှန်ကန်ပေသည်။ သို့သော် ယင်းကို အယူဝါဒဆိုင်ရာ သဘောတရားအရ အသိအမှတ်ပြုခြင်းက မလုံလောက်ပေ။ မိမိကိုယ်တိုင်၏ သဘာဝကို သိရှိဖို့ရန် ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ သိရှိနိုင်သနည်း။ ယင်းကို မည်သည့် ရှုထောင့်များမှ သိရှိရသနည်း။ မိမိ ထုတ်ဖော်ပြသည့် အရာများမှ မိမိ၏ သဘာဝကို မည်မျှ တိတိကျကျ သဘောပေါက်သင့်ပါသနည်း။ ပထမဦးစွာ လူတစ်ဦး၏ သဘာဝကို ၎င်း၏ စိတ်ဝင်စားမှုများမှတစ်ဆင့် တွေ့မြင်နိုင်သည်။ ဥပမာအားဖြင့် လူအချို့သည် ထင်ပေါ်ကျော်ကြားပြီး ထူးချွန်သော လူများကို အထူးသဖြင့် မြတ်နိုးကြသည်။ အချို့က အဆိုတော်များ သို့မဟုတ် ရုပ်ရှင်ကြယ်ပွင့်များကို အထူးသဖြင့် ချစ်ကြပြီး အချို့သည် ဂိမ်းကစားရသည်ကို အထူးတလည် နှစ်သက်ကြသည်။ ဤနှစ်သက်မှုများမှ၊ ဤလူတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်ကို ငါတို့ မြင်နိုင်သည်။ ရိုးရှင်းသော ဥပမာတစ်ခုပေးမည်။ လူအချို့သည် ထိုထိုသော အဆိုတော်တစ်ဦးအား တကယ်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်နေနိုင်သည်။ မည်သည့်အတိုင်းအတာအထိ ထိုသူကို ၎င်းတို့ ပုဂ္ဂိုလ်ရေး ကိုးကွယ်သနည်း။ ဤအဆိုတော်၏ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းနှင့် စကားလုံးတိုင်းကို စွဲလမ်းသည့်အတိုင်းအတာ အထိပင် ရောက်တတ်သည်။ သူတို့သည် ဤအဆိုတော်အား အစွဲအလမ်းကြီးကြပြီး သူဝတ်ဆင်သည့် အရာတိုင်းကို ဓာတ်ပုံပင် ရိုက်ယူကာ စတင်၍ လိုက်လံ အတုခိုးကြလေသည်။ လူတစ်ဦးအပေါ် ဤပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း အဆင့်က မည်သည့်ပြဿနာကို ပြသသနည်း။ ယင်းက ထိုလူသည် ၎င်း၏ စိတ်နှလုံးထဲတွင် မယုံကြည်သူနှင့်ဆိုင်သည့် အရာများသာရှိကြောင်းနှင့် မိမိတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိဖို့မဆိုထားနှင့်၊ သမ္မာတရားမရှိ၊ အပြုသဘောဆောင်သောအရာများ မရှိသည်ကို ပြပေသည်။ ဤလူ တွေးသည့်အရာ၊ ချစ်သည့်အရာနှင့် ရှာဖွေသည့်အရာ အားလုံးသည် စာတန်နှင့် သက်ဆိုင်၏။ ထိုအရာများက ဤလူ၏ စိတ်နှလုံးတွင် နေရာယူလေသည်။ သူ့စိတ်နှလုံးမှာ ထိုအရာများထံ လွှဲအပ်ခြင်းကို ခံထားရသည်။ ၎င်းတို့၏ အနှစ်သာရနှင့် သဘာဝတို့မှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ပြောနိုင်သလော။ တစ်စုံတစ်ရာသည် အစွန်းရောက်သည့်အထိ နှစ်သက်ခံရလျှင်၊ ထိုအရာသည် လူတစ်ဦး၏ ဘဝဖြစ်လာနိုင်ပြီး၊ ၎င်း၏ စိတ်နှလုံး၌ နေရာယူလာနိုင်ကာ၊ ထိုလူသည် ဘုရားသခင်ကို မလိုချင်ဘဲ ယင်းအစား နတ်ဆိုးကို ချစ်သည့် ရုပ်တုဆင်းတု ကိုးကွယ်သူဖြစ်သည်ကို အပြည့်အဝ သက်သေပြလျက် ရှိပေသည်။ ထို့ကြောင့် ထိုသို့သော လူတစ်ဦး၏ သဘာဝဗီဇသည် နတ်ဆိုးကို ချစ်ပြီး ကိုးကွယ်ကာ သမ္မာတရားကို မချစ်ဘဲ ဘုရားသခင်ကို မလိုချင်သည့် အရာတစ်ခု ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ ဤသည်မှာ လူတစ်ဦး၏ သဘာဝဗီဇကို ရှုမြင်သည့် မှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်သည်မဟုတ်လော။ ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ဤသည်မှာ လူသား၏ သဘာဝကို စိတ်ဖြာလေ့လာသင့်ပုံ ဖြစ်၏။ ဥပမာ လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး တရားဟောရခြင်းကို နှစ်သက်ကြသည်။ ထို့အပြင် သူတို့သည် သူတို့စကား လူတို့နားထောင်အောင်၊ သူတို့ကို လူတို့ကိုးကွယ်ပြီး ဗဟိုပြုနေအောင် လုပ်ရခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့။ ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူတို့သည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ ပိုမြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။ ဥပမာအနေဖြင့် လူအချို့သည် အခြားသူများကို ဆုံးရှုံးနစ်နာစေလျက် မတရားသဖြင့် အမြတ်ထုတ်ရခြင်းကို အထူး နှစ်သက်ကြ၏။ ဤလူများသည် အမှုကိစ္စတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ဖြည့်ဆည်းဖို့ ကြိုးစားကြလေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို ၎င်းတို့ကို အကျိုးပြုရမည်၊ သို့မဟုတ်ပါက ၎င်းတို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို အကျိုးအမြတ် တစ်စုံတစ်ရာ မပေးပါက၊ မည်သည့်အရာနှင့်မျှ စိတ်အနှောင့်အယှက် အဖြစ်မခံသကဲ့သို့၊ ၎င်းတို့၏ လုပ်ရပ်များ နောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ အမြဲ ရှိလေသည်။ ၎င်းတို့သည် ၎င်းတို့ကို အကျိုးပြုသည့် မည်သူကိုမဆို အကောင်းပြောပြီး ၎င်းတို့ကို မြှောက်ပင့်သည့် မည်သူကိုမဆို အားပေးမြှင့်တင်လေသည်။ ၎င်းတို့ အနှစ်သက်ဆုံး လူများ၌ ပြဿနာများ ရှိသည့်အခါတွင်ပင် ထိုလူများက မှန်ကန်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ခုခံကာကွယ်ပေးဖို့နှင့် ဖုံးဖိပေးဖို့ ကြိုးစားကြလေသည်။ ထိုသို့သော လူများသည် မည်သည့် သဘာဝ ရှိကြသနည်း။ ၎င်းတို့၏ သဘာဝကို ၎င်းတို့၏ အပြုအမူများမှ သင်တို့ သိသာထင်ရှားစွာ လုံးဝ မြင်နိုင်ကြသည်။ ၎င်းတို့သည် အခြေအနေတိုင်းတွင် အပေးအယူဆိုင်ရာ အပြုအမူကို စဉ်ဆက်မပြတ် လုပ်ဆောင်ရင်း၊ ၎င်းတို့၏ လုပ်ရပ်များမှတစ်ဆင့် မတရားသဖြင့် အမြတ်ထုတ်ဖို့ ကြိုးပမ်းကြသကဲ့သို့ ၎င်းတို့၏ သဘောသဘာဝမှာ အကျိုးအမြတ်ကို စိတ်ပါလက်ပါ ငမ်းငမ်းတက်လိုချင်သည့် အရာတစ်ခု ဖြစ်သည်ကို သင်တို့ သေချာနိုင်ပေသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် မိမိတို့ကိုယ်ကိုယ်အတွက် ကြိုးပမ်းကြသည်။ ၎င်းတို့ကို အကျိုးမပြုပါက၊ ၎င်းတို့ စောစော ထကြလိမ့်မည်မဟုတ်။ ၎င်းတို့သည် လူများထဲမှ တစ်ကိုယ်ကောင်း အဆန်ဆုံးသောသူများ ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် လုံးဝ မတင်းတိမ်နိုင်ကြ။ ၎င်းတို့၏ သဘောသဘာဝမှာ ၎င်းတို့၏ အကျိုးအမြတ်ကို ချစ်ခြင်းနှင့် သမ္မာတရားအတွက် မည်သည့်ချစ်ခြင်းမျှ မရှိခြင်းမှတစ်ဆင့် ထင်ရှားလေသည်။ အမျိုးသားအချို့သည် အမျိုးသမီးများ၏ ဆွဲဆောင်ခြင်းကို ခံကြရကာ၊ သူတို့သွားသည့်နေရာတိုင်းတွင် ထိုအမျိုးသမီးများနှင့် အစဉ် ချစ်တင်နှီးနှောကြသည်။ လှပသည့် အမျိုးသမီးများသည် ထိုသို့သော လူတို့၏ ချစ်ခင်မှု ခံရသူများဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမြင့်မားဆုံးသော အထင်ကြီးမှုကို ထားရှိကြလေသည်။ ၎င်းတို့သည် လှပသော အမျိုးသမီးများအတွက် မိမိတို့၏ အသက်များကို ပေးရန်နှင့် အရာရာတိုင်းကို စွန့်လွတ်ရန် လိုလားနေကြပေသည်။ အမျိုးသမီးများသည် ၎င်းတို့၏ စိတ်နှလုံးကို ဖြည့်ဆည်းပေးသည့်အရာ ဖြစ်လေသည်။ ဤအမျိုးသားများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့၏ သဘောသဘာဝမှာ လှပသည့် အမျိုးသမီးများကို ချစ်ဖို့နှင့် ၎င်းတို့ကို ကိုးကွယ်ဖို့ ဖြစ်သည်၊ ပြီးလျှင် မကောင်းမှုကို ချစ်ဖို့ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်၍ တပ်မက်သော သဘာဝရှိသည့် တဏှာရူးများ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်း။ ၎င်းတို့၏ လုပ်ရပ်များက လောဘကြီးသော သဘာဝကို ထုတ်ဖော်ပြသည်။ ဤအပြုအမူများသည် အခါအားလျော်စွာဖြစ်တတ်သော ကျူးလွန်မှုများသာ မဟုတ်သကဲ့သို့ ထိုသို့သော လူများသည် သာမန်လူတို့ထက် အနည်းငယ်မျှသာ ဆိုးရွားခြင်း မဟုတ်ပေ- ထို့ထက် ၎င်းတို့သည် မိမိတို့၏ တကယ့် သဘာဝနှင့် အနှစ်သာရ ဖြစ်လာပြီးဖြစ်သည့် ဤအရာများ၏ လုံးဝ နေရာယူခြင်းကို ခံကြရသည့်အဖြစ်သို့ ရောက်ရှိကြပြီး ဖြစ်သည်။ ထို့ကြောင့်၊ ဤအရာများသည် ၎င်းတို့ သဘောသဘာဝ၏ သရုပ်သကန်များ ဖြစ်လာကြပြီ ဖြစ်သည်။ လူတစ်ဦး၏ သဘာဝတွင် ပါဝင်သည့်အရာများက မိမိတို့ကိုယ်ကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြနေသည်။ လူတစ်ဦး လုပ်သည့်အရာမှန်သမျှသည် မည်သည့်အရာဖြစ်ပါစေ ထိုလူ၏ သဘာဝကို ထုတ်ဖော်ပြနိုင်သည်။ လူတို့သည် မိမိတို့လုပ်ဆောင်သည့် အရာတိုင်းအတွက် ကိုယ်ပိုင် စေ့ဆော်မှုနှင့် ရည်ရွယ်ချက်များ ရှိကြပြီး၊ ယင်းမှာ ဧည့်ဝတ်ပြုခြင်းဖြစ်စေ၊ ဧဝံဂေလိဟောခြင်းဖြစ်စေ၊ အခြားအလုပ်အမျိုးအစား တစ်ခုခုဖြစ်စေ၊ လူတစ်ဦး၏ သဘာဝသည် သူ၏အသက်ဖြစ်ပြီး လူတို့သည် အသက်ရှင်သရွေ့ မိမိတို့သဘာဝ၏ စေ့ဆော်မှုခံရသောကြောင့် မည်သည့်အသိမျှမရှိဘဲနှင့် ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းများကို ထုတ်ဖော်ပြနိုင်ပေသည်။ လူတစ်ဦး၏ သဘာဝသည် ရံဖန်ရံခါမှသာ၊ သို့မဟုတ် ကံအကြောင်းတိုက်ဆိုင်မှသာ ထုတ်ဖော်ပြခံရခြင်း မဟုတ်ပေ။ ထိုထက် ယင်းသည် ထိုလူ၏ အနှစ်သာရကို လုံးဝ ကိုယ်စားပြုနိုင်သည်။ လူတို့၏ အရိုးနှင့် အသွေးအတွင်းမှ စီးလာသမျှမှာ ၎င်းတို့ သဘာဝနှင့် အသက်ကို ကိုယ်စားပြုသည်။ လူအချို့က လှပသည့် အမျိုးသမီးများကို ချစ်ကြသည်။ အခြားသူများက ငွေကိုချစ်သည်။ အချို့က အဆင့်အတန်းကို အထူးသဖြင့် ချစ်ကြသည်။ အချို့က ဂုဏ်သတင်းနှင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ပုံရိပ်ကို အထူး တန်ဖိုးထားကြသည်။ အချို့က ရုပ်တုဆင်းတုများကို အထူးချစ်၊ ကိုးကွယ်ကြသည်။ ပြီးလျှင် လူအချို့သည် မိမိတို့စိတ်နှလုံးတွင် မည်သူ့ကိုမျှ အလျှော့မပေးသကဲ့သို့ အဆင့်အတန်းအတွက် ကြိုးပမ်းရင်း အထူးသဖြင့် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည်။ အခြားသူများမှ ထင်ပေါ်ချင်ကြပြီး၊ ထိုသူတို့အပေါ် ဩဇာအာဏာရှိချင်ကြသည်။ မတူကွဲပြားသည့် သဘာဝမျိုးစုံရှိ၏။ ယင်းတို့သည် လူတို့ကြားတွင် ကွဲပြားနိုင်သော်လည်း ထိုအရာများ၏ ဘုံပါဝင်သည့်အရာများမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် သစ္စာဖောက်ခြင်းတို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့အားလုံး တထေရာတည်း ဖြစ်ကြသည်။

တစ်စုံတစ်ဦး၏ သဘာဝကို သိရှိရန်နည်းလမ်းအတွက်မူ နောက်ထပ် ဥပမာအနည်းငယ်ကို ကြည့်ကြစို့။ တစ်ကိုယ်ကောင်းဆန်ခြင်းကို ဥပမာယူလော့။ တစ်ကိုယ်ကောင်းဆန်ခြင်းကို လူတစ်ဦး သဘာဝ၏ အရိပ်လက္ခဏာတစ်ခုအဖြစ် ပြော၍ရနိုင်သည်။ လူတိုင်း ၎င်းတို့အတွင်း၌ ဤအရိပ်လက္ခဏာရှိ၏။ လူအချို့သည် ဆိုးဆိုးရွားရွား တစ်ကိုယ်ကောင်းဆန်ကြသည်၊ အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ကြပြီး အရာခပ်သိမ်း၌ မိမိတို့ကိုယ်ကိုသာ စဉ်းစားကြ၏။ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကိုသာ ရှာကြပြီး အခြားသူများအတွက် အနည်းငယ်မျှ ထည့်သွင်းစဉ်းစားခြင်းပင် မရှိကြချေ။ ထိုတစ်ကိုယ်ကောင်းဆန်ခြင်းက ၎င်းတို့၏ သဘောသဘာဝကို ကိုယ်စားပြုသည်။ လူတိုင်းသည် အတော်အတန် တစ်ကိုယ်ကောင်းဆန်ကြသော်လည်း ကွာခြားမှုတစ်ခုရှိ၏။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ လူအချို့သည် အခြားသူများကို သတိထားကာ ဂရုစိုက်နိုင်ကြသည်။ အခြားသူများကို စိုးရိမ်ပူပန်ပေးနိုင်ကြပြီး ၎င်းတို့လုပ်သမျှတိုင်းတွင် စဉ်းစားပေးနိုင်ကြသည်။ သို့ရာတွင် လူအချို့မှာ ဤသို့မဟုတ်ပေ။ ဤလူများသည် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ညီအစ်ကို မောင်နှမများကို ဧည့်ခံနေချိန်တွင် အမြဲ သဘောထားသေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် မိသားစုအား အကောင်းဆုံး အစားအစာကို ပမာဏအများဆုံး ထည့်ကာ ပေးကြပြီး ညီအစ်ကို မောင်နှများကိုမူ စားချင့်စဖွယ် သိပ်မကောင်းသည့် အစားအစာကို ပမာဏနည်းနည်းသာ ထည့်ကာ ပေးကြသည်။ မိမိတို့ဆွေမျိုးများ လာသည့်အခါ ၎င်းတို့အတွက် အလွန်သက်သောင့်သက်သာဖြစ်အောင် စီစဉ်ပေးကြသည်။ သို့သော် ညီအစ်ကို မောင်နှမများ ရောက်လာကြသည့်အခါ ကြမ်းပြင်ပေါ် အိပ်ခိုင်းလိုက်ကြသည်။ ညီအစ်ကို မောင်နှမများ အလည်လာသည့်အခါ တည်းခိုခွင့်ပေးခြင်းက လုံလောက်ပြီဟု ၎င်းတို့ တွေးထင်ကြသည်။ ညီအစ်ကို မောင်နှမများ နာမကျန်းဖြစ်သည့်အခါ၊ သို့မဟုတ် အခြားသော အခက်အခဲအချို့ရှိသည့်အခါ ထိုသို့သောလူတစ်ဦးသည် သတိမထားမိသည့်အလား ပြုမူလျက် ၎င်းတို့ကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြချေ။ ထိုသို့သော လူတို့သည် အခြားသူများအတွက် အနည်းငယ်မျှ ဂရုစိုက်ခြင်း၊ ပူပန်ပေးခြင်း မရှိကြချေ။ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ ဆွေးမျိုးများအတွက်သာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့၏ ဤတစ်ကိုယ်ကောင်းဆန်သော သဘောသဘာဝသည် အခြားသူများအတွက် ၎င်းတို့၏ ဂရုစိုက်ပေးလိုစိတ် မရှိခြင်းကို ဆုံးဖြတ်ပေးသောအရာ ဖြစ်သည်။ အခြားသူများကို ဂရုစိုက်ခြင်းသည် ဆုံးရှုံးမှုများ ခံစားရခြင်းနှင့် ဒုက္ခများစွာ ပါဝင်သည်ဟု ၎င်းတို့ ခံစားကြသည်။ လူအချို့က “တစ်ကိုယ်ကောင်းဆန်သော လူတစ်ဦးသည် အခြားသူများအား မည်သို့ထောက်ထားရမည်ကို မသိ” ဟု ဆိုကောင်းဆိုပေမည်။ ယင်းမှာ မမှန်ကန်ပေ။ မည်သို့ ထောက်ထားရမည်ကို မသိကြပါက အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်သော လူများသည် မိမိတို့ကိုယ်ပိုင် ဆွေမျိုးများကို အလွန်ကောင်းကြပြီး ၎င်းတို့၏ လိုအပ်ချက်များအတွက် အပြည့်အဝ ထည့်သွင်းစဉ်းစားပေးကြပါသနည်း။ မိမိတို့ကိုယ်တိုင် ကင်းမဲ့သည့်အရာနှင့် အချို့သောအချိန်တွင် မည်သည့်အရာ ဝတ်ဆင်ရန်၊ စားသောက်ရန် သင့်လျော်သည်ကို ၎င်းတို့ အဘယ်ကြောင့် သိကြသနည်း။ အဘယ်ကြောင့် အခြားသူများအတွက် ၎င်းတို့ ထိုသို့မဖြစ်နိုင်ကြသနည်း။ အမှန်တွင် အရာရာကို ၎င်းတို့ နားလည်ကြသည်။ သို့သော်လည်း ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကြ၏။ ဤအရာကို ၎င်းတို့၏ သဘာဝက သတ်မှတ်ထားခြင်း ဖြစ်သည်။ အရာခပ်သိမ်း၌ တစ်ကိုယ်ကောင်းဆန်သူများသည် အခြားသူများကို မျှမျှတတ ဆက်ဆံနိုင်စွမ်း မရှိကြချေ။ ဆိုးယုတ်မှု သွင်ပြင်လက္ခဏာလည်း ရှိ၏။ ဘုရားအိမ်တော်က မတရားသော မေထုန်ပြုသူအားလုံးကို ရှင်းလင်းရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ရာတွင် အချို့သောလူတို့အတွက် ယင်းမှာ ခဏမျှဖြစ်သော ပြစ်မှားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့ကို မတရားသော မေထုန်အား စဉ်ဆက်မပြတ် ကျူးလွန်သောသူတို့ကဲ့သို့သာ ကိုင်တွယ်သင့်သလော။ ဤသည်မှာ စည်းမျဉ်းနှင့်ဆိုင်သော အရေးကိစ္စတစ်ခု ဖြစ်သည်။ မတရားသော မေထုန်ကို ရံဖန်ရံခါ ကျူးလွန်သောသူတို့ကို ဆိုးယုတ်သော သဘာဝရှိသည့် လူများအဖြစ် သဘောထား၍မရပေ။ တစ်စုံတစ်ဦးသည် မိမိသွားသည့် နေရာတိုင်းတွင် ဆန့်ကျင်ဘက်လိင်နှင့် အမြဲ ကမြင်းကြောထပြီး အရှက်မဲ့ကာ လူ့ဆက်ဆံရေးများနှင့် စပ်လျဉ်း၍ ကိုယ်ကျင့်တရား မရှိပါက ဤသည်မှာ ဆိုးယုတ်သော လူတစ်ဦးဖြစ်ပြီး ထိုလူ၏ သဘာဝသည် ဆိုးယုတ်မှုရှိသည့် သဘောသဘာဝ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် မည်သည့် လုပ်ရပ် သို့မဟုတ် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ မိမိ၏ သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ ၎င်းတို့၏ သဘာဝသည် ထိန်းချုပ်၍ မရနိုင်သကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးက ဤညစ်ညမ်းသော အရာများဖြင့် ပြည့်နေ၏။ ၎င်းတို့သည် မိမိတို့သွားသည့် နေရာတိုင်းတွင် ဆန့်ကျင်ဘက်လိင်နှင့် ကမြင်းကြောထကြသည်။ အချိန်တစ်ခုကြာ ရပ်တန့်လျှင်ပင် အခြေအနေက မပေးသောကြောင့်၊ သို့မဟုတ် သင့်တော်သည့် အဖော်မရှိသောကြောင့်သာ ထိုသို့ရပ်ကြခြင်း ဖြစ်သည်။ တစ်ဦးတစ်ယောက်၏ သဘာဝမှ အရာများသည် အချိန်မရွေး၊ နေရာမရွေး ထွက်လာနိုင်သည်။ မည်သည့်အရာကမျှ ၎င်းတို့ကို မကန့်သတ်နိုင်ပေ။ လူအချို့သည် အဝတ်အစားများ၊ အလှအပနှင့် ပကာသနတို့ကို အထူးသဖြင့် သဘောတွေ့ကြသည်။ ၎င်းတို့သည် အလွန်ဂုဏ်မောက်ကြ၏။ ၎င်းတို့သည် မိမိတို့အဝတ်အစားများကို တစ်နေ့တွင် အကြိမ်အတော်များများ လဲကြသည်။ မည်သူက ဝတ်ကောင်းစားလှများ ဝတ်ပြီး မည်သူက သပ်သပ်ရပ်ရပ် ဝတ်စားကြသည်ကို ၎င်းတို့ စောင့်ကြည့်ကြသည်။ ဤအရာများကို ၎င်းတို့ မရနိုင်ပါက အိပ်မပျော်နိုင်ကြသကဲ့သို့ ဤအရာများကို ရရှိရန် ငွေချေးကြလိမ့်မည်၊ သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည်။ ဤအရာများကို ၎င်းတို့ မရရှိနိုင်ပါက ဘုရားသခင်ကို ယုံကြည်ရာတွင် စိတ်ဝင်စားမှုအလုံးစုံ ပျောက်ဆုံးသွားကာ စည်းဝေးပွဲများ မတက်တော့ဘဲ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုသည့် စိတ်နှလုံးကိုလည်း ဆုံးရှုံးသွားကြသည်။ ဤအရာများအားလုံးသည် ၎င်းတို့စိတ်ကို နေရာယူထားသောအရာများ ဖြစ်သည်။ အခြားမည်သည့်အရာကိုမျှ ၎င်းတို့ မစဉ်းစားနိုင်ကြချေ။ ထိုသို့သော လူများသည် အထူးသဖြင့် သာမန်လူထက် များစွာပို၍ ဂုဏ်မောက်ကြ၏။ ဤသည်မှာ ၎င်းတို့ သဘာဝနှင့် အရိုးများထဲ၌ ရှိသည့် အရာတစ်ခု ဖြစ်သည်။ ၎င်းတို့၏ တကယ့်သဘာဝသည် ဂုဏ်မောက်၏။ လူတစ်ဦး၏ သဘာဝထဲက အရာများသည် အားနည်းသည့်အခိုက်တွင် မပေါ်လွင်ဘဲ၊ ထို့ထက် ယင်းတို့သည် တစ်သမတ်တည်းဖြစ်သော သရုပ်သကန်များ ဖြစ်သည်။ မည်သည့်အရာကို လူတို့ လုပ်သည်ဖြစ်စေ မိမိတို့ သဘာဝ၏ အရိပ်လက္ခဏာများကို ၎င်းတို့ သယ်ဆောင်ကြသည်။ ယင်းတို့သည် အပြင်ပန်းမှ မသိသာသည့်အချိန်တွင်ပင် အတွင်း၌ မသန့်စင်မှုများ ရှိနေဆဲဖြစ်၏။ လည့်ဖြားတတ်သော လူတစ်ဦးသည် ရိုးသားစွာ စကားပြောလျှင် ၎င်းတို့၏ စကားများနောက်ကွယ်တွင် အမှန်တကယ် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်တစ်ခု ရှိနေဆဲဖြစ်သည်။ ၎င်းတို့၏ စကားများသည် လှည့်ဖြားမှုနှင့် ညစ်စွန်းရောနှောနေဆဲ ဖြစ်သည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် လူတိုင်းအပေါ် လှည့်ဖြားတတ်၏။ မိမိတို့၏ ဆွေမျိုးများနှင့် ကလေးသူများကိုပင် လှည့်ဖြားတတ်သည်။ သူတို့အပေါ် သင်သည် မည်မျှ ပွင့်လင်းသည်ဖြစ်စေ ၎င်းတို့ကမူ သင့်ကို လှည့်ဖြားကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ စရိုက်အမှန်ဖြစ်၏၊ ၎င်းတို့၏ သဘာဝ အတိအကျဖြစ်၏။ ယင်းသည် ပြောင်းလဲရန် မလွယ်ကူသကဲ့သို့ အမြဲ ဤသို့ဖြစ်လိမ့်မည်။ ရိုးသားသော လူတစ်ဦးသည် တစ်ခါတစ်ရံတွင် မူမမှန်သကဲ့သို့ လှည့်ဖြားတတ်သော စကားများ ပြောသော်လည်း ပုံမှန်အားဖြင့် ရိုးသားကြ၏။ အတော်အတန် လေးနက်မှုဖြင့် ပြုမူကြသည်။ အခြားသူများနှင့် ဆက်ဆံရာတွင် ၎င်းတို့ကို အခွင့်အရေးမယူကြသကဲ့သို့ အခြားသူများနှင့် စကားပြောသည့်အခါ သွေးဆောင်ရန် မရည်ရွယ်ကြချေ။ အခြားသူများကို ၎င်းတို့သည် ဖွင့်ပြောကာ လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်ကြပြီး အခြားလူတိုင်းက ၎င်းတို့ မာယာကင်းကြသည်ဟု ဆိုကြသည်။ တစ်ခါတစ်ရံတွင် လှည့်စားတတ်သော စကားများကို ၎င်းတို့ ပြောကြသော်လည်း ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မိမိကိုယ်ကို ထုတ်ဖော်ပြခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့သည် လည့်ဖြားတတ်သောလူများ မဟုတ်သောကြောင့် ဤအရာက ၎င်းတို့၏ သဘာဝကို ကိုယ်စားမပြုပေ။ ထို့ကြောင့် လူတစ်ဦး၏ သဘာဝနှင့် ပတ်သက်လာသည့်အခါ ထိုသဘာဝ၏ အရိပ်လက္ခဏာများက မည်သည့်အရာဖြစ်ပြီး ဖော်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို သင် နားလည်ရမည်။ ထိုနှစ်ခုကြား ရှင်းလင်းစွာ သင် ခွဲခြားသိမြင်နိုင်ရမည်။ ယခုတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝကို စိစစ်ရန် စေခိုင်းခံရသည့်အခါ အချို့က “တစ်ခါတစ်ရံ ကြမ်းတမ်းစွာ ကျွန်ုပ် ပြောဆိုသည်” သို့မဟုတ် “ကျွန်ုပ်သည် မယဉ်ကျေးသကဲ့သို့ မည်သို့ ပြုမူရမည်ကို ကျွန်ုပ်မသိပါ” သို့မဟုတ် “တစ်ခါတစ်ရံ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ချိန်တွင် မသန့်စင်မှုများ ရှိသည်” ဟု ဆိုကြလိမ့်မည် ဖြစ်သော်လည်း ၎င်းတို့၏ သဘာဝက မည်သည့်အရာနှင့် တူသည်၊ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ ကောင်းမွန်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ မပြောဆိုကြချေ။ ထိုအရာမျိုးကို ၎င်းတို့ ရှောင်ရှားကြပြီး မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ရန် မဖြစ်နိုင်ကြချေ။ အမြဲ ဖုံးဖိခြင်းနှင့် သိက္ခာဆုံရှုံးမည်ကို စိုးရွံ့ခြင်းသည် လက်ခံနိုင်ဖွယ်မဟုတ်ချေ။ သင်၏ သဘာဝထဲ ရှိသောအရာကို တူးဖော်ရမည်ဖြစ်သည်။ ယင်းကို တူးဖော်၍ မရနိုင်ပါက နားလည်၍ မရနိုင်ပေ။ နားလည်၍ မရနိုင်ပါက ပြောင်းလဲ၍လည်း မရနိုင်ပေ။ သင်သည် မိမိကိုယ်ကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ အလွန်တင်းကျပ်ရမည်။ သင့်ကိုယ်သင် မလှည့်စားရသကဲ့သို့ ဤအရာနှင့် သက်ဆိုင်သည့်နေရာတွင် နားဝေတိမ်တောင် ဖြစ်၍လည်း မရပေ။

သင်၏ သဘာဝကို သိရှိခြင်းသည် အဓိကအားဖြင့် သင်က မည်သည့်လူစားမျိုး အမှန်တကယ် ဖြစ်သည်ကို သိနားလည်ခြင်း ပါဝင်လေသည်။ သင်က မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည်က မည်သည့် သဘာဝအမျိုးအစား သင်၌ ရှိသည်ဆိုသည်ကို ညွှန်ပြပေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အကြင်မည်သော လူတစ်ဦးဖြစ်သည်ဟု ပြောခြင်းသည် သူ၏ သဘာဝအကြောင်း အများဆုံး ပြောပြသည်။ လူတစ်ဦးပိုင်ဆိုင်သည့် သဘာဝအမျိုးအစားက သူ မည်သည့် လူစားမျိုးဖြစ်သည်ဆိုသည်ကို အဆုံးအဖြတ်ပေး၏။ လူတစ်ဦး၏ သဘာဝသည် သူ၏ဘဝ ဖြစ်သည်။ လူတစ်ဦး၏ သဘာဝက မည်သည့်အရာနှင့် တူသည်ကို သင် မည်သို့ သိမြင်နိုင်သနည်း။ သင်သည် ထိုသူနှင့် ပိုမို မကြာခဏ ထိတွေ့ဆက်ဆံရမည်ဖြစ်ပြီး သူ မည်သည့်လူစားမျိုးဖြစ်သည်ကို အချိန်ယူကာ လေ့လာရမည် ဖြစ်သည်။ သူနှင့်ပတ်သက်သည့် အပေါ်လွင်ဆုံးသော မည်သည့်အရာမဆို၊ သူ၏ အနှစ်သာရနှင့် ထူးခြားသော လက္ခဏာများကို ကိုယ်စားပြုသည့် မည်သည့်အရာမဆိုကို သူ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။ သူ့အနှစ်သာရ၏ ထိုလက္ခဏာများက သူ၏ သဘာဝကို ပုံသွင်းပေးသည်။ တစ်စုံတစ်ဦးက မည်သည့် လူစားမျိုး အမှန်တကယ်ဖြစ်သည်ကို တွေ့မြင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် ဤနည်းလမ်းက သာ၍ မှန်ကန်တိကျသည်။ လူတစ်ဦး၏ အနှစ်သာရက မည်သည့်အရာဖြစ်ပါစေ ယင်းသည် သူ၏ သဘာဝ ဖြစ်ပေသည်။ လူတစ်ဦး၏ သဘာဝသည် ထိုသူ မည်သည့် လူစားမျိုး ဖြစ်သည်ဆိုသည်ကို အဆုံးအဖြတ်ပေး၏။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ငွေကို အထူးချစ်သည်ဆိုပါက သူ၏ သဘာဝကို စကားအနည်းငယ်ဖြင့် ပေါင်းရုံးနိုင်ပေသည်- သူသည် ငွေကို ချစ်သောသူ ဖြစ်သည်။ တစ်စုံတစ်ဦး၏ အပေါ်လွင်ဆုံးသော အင်္ဂါရပ်သည် အမျိုးသမီးများကို ချစ်ခြင်းဖြစ်ပါက၊ ပြီးလျှင် သူသည် အမြဲ မိန်းမလိုက်စားနေပါက ဤလူသည် ဆိုးယုတ်မှုကို ချစ်မြတ်နိုးပြီး ဆိုးယုတ်သည့် သဘာဝတစ်ခု ရှိပေသည်။ လူအချို့သည် စားခြင်းကို အနှစ်သက်ဆုံး ဖြစ်သည်။ သင်သည် ထိုသို့သော လူတစ်ဦးကို ယမကာအနည်းငယ် တိုက်ပြီး အသားအနည်းငယ် ကျွေးလိုက်ပါက သူသည် သင်၏ အကျိုးအမြတ်အတွက် ပြုမူလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဤအရာက ဤလူသည် ဝက်တစ်ကောင်ကဲ့သို့ အစားကြူးသည့် သဘာဝတစ်ခု ရှိသည်ကို ပြပေသည်။ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆိုးရွားလွန်းသော အပြစ်အနာအဆာတစ်ခု ရှိသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထိုသူ၏ လက်တွေ့ဘဝတွင် သူ့ကို ထိန်းချုပ်ထား၏။ သူသည် ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့်အညီ အသက်ရှင်ပြီး ဤစိတ်သဘောထားက သူ၏ သဘာဝကို ကိုယ်စားပြုသည်။ သူ၏ သဘာဝကို ဆိုးရွားလွန်းသော သူ့အပြစ်အနာအဆာ၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြော၍ ရပေသည်။ သူ၏ ဆိုးရွားလွန်းသော အပြစ်အနာအဆာမှာ သူ၏ သဘာဝ ဖြစ်သည်။ လူအချို့သည် လက်ခံနိုင်စရာ သဘာဝတစ်ခု ရှိပုံရပြီး အပေါ်ယံတွင် မည်သည့် ကြီးမားသော အပြစ်အနာအဆာမျှ မပြသသော်လည်း ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်မှာ ထိခိုက်လွယ်ခြင်း ဖြစ်သည်။ ၎င်းတို့တွင် ဘဝ ရည်မှန်းချက်များ သို့မဟုတ် ပြင်းပြသော စိတ်ဆန္ဒများ မရှိ။ ၎င်းတို့သည် အဟန့်အတား မဆိုစလောက်လေးကို ကြုံရသည့်အခါ လဲကျရင်း၊ အမှုကိစ္စများ ခက်ခဲလာသည့်အခါ အပျက်သဘောဆောင်လာရင်း ဘဝကို အိုးနင်းခွက်နင်းသာ ဖြတ်သန်းကြသည်။ ထိုသူများသည် ယုံကြည်ခြင်း မရှိတော့သည်အထိ နောက်ဆုံး၌ အယူအဆများ ရှိသွားလျှင် သူတို့၏ အကြီးမားဆုံး အားနည်းချက်မှာ ထိခိုက်လွယ်ခြင်းဖြစ်သည်။ ၎င်းတို့၏ သဘာဝမှာ ထိခိုက်လွယ်သည်။ ၎င်းတို့သည် အသုံးမကျ။ ၎င်းတို့ကို ကူညီပေး၍လည်း မရချေ။ လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက် ပြင်းပြကြလေသည်။ နေ့စဉ် ၎င်းတို့ ပြောဆိုသမျှနှင့် အခြားသူများအပေါ် ပြုမူသည့်နည်းလမ်း အားလုံး၌ ၎င်းတို့၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်နေထိုင်နေကြသည်။ ၎င်းတို့သည် ဤလူ၊ ထိုလူအပေါ် ချစ်ခင်မှု ခံစားကြပြီး ၎င်းတို့၏ နေ့ရက်များကို ချစ်ခင်တွယ်တာစိတ်၏ အနုအရွများ လုပ်ဆောင်ရင်း ကုန်ဆုံးကြသည်။ သည်။ ၎င်းတို့ ကြုံတွေ့သည့်အရာတိုင်း၌ စိတ်ခံစားမှု နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။ ထိုသို့သော လူတစ်ဦး၏ မယုံကြည်သူ ဆွေမျိုးများ သေဆုံးသောအခါတွင် သူသည် သုံးရက်ကြာ ငိုကြွေးပေလိမ့်မည်။ အခြားသူများက အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ချင်သော်လည်း ဤလူက ခွင့်မပြုပေ။ ၎င်းသည် ကွယ်လွန်သူအတွက် ခံစားချက်များ ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ စိတ်ခံစားချက်များသည် အလွန်ပြင်းထန်၏။ စိတ်ခံစားချက်များသည် ဤလူ၏ ဆိုးရွားလွန်းသော ချို့ယွင်းချက် ဖြစ်သည်ဟု ဆိုနိုင်သည်။ သူသည် အရာရာတိုင်းတွင် သူ့စိတ်ခံစားချက်များ၏ စိုးမိုးခြင်းကို ခံရသည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် အခြေခံသဘောတရားအတိုင်း ပြုမူနိုင်စွမ်း မရှိပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သည်။ စိတ်ခံစားချက်များသည် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်၊ ၎င်းတို့၏ ဆိုးရွားလွန်းသော ချို့ယွင်းချက်ဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်များက ၎င်းတို့ကို အတိဒုက္ခရောက်အောင် လုံးလုံး လုပ်နိုင်ပြီး လုံးဝ ဖျက်ဆီးပစ်နိုင်သည်။ အလွန်အကျွံ စိတ်လှုပ်ရှား ထိခိုက်လွယ်သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဇာတိပကတိနှင့် အာရုံများနေကြသည်။ မိုက်မဲပြီး နားဝေတိမ်တောင် ဖြစ်နေကြသည်။ အလွန်အမင်း စိတ်လှုပ်ရှားထိခိုက်လွယ်ခြင်းသည် ထိုသို့သော လူစား၏ သဘာဝပင် ဖြစ်သည်။ ဤလူစားည် သူ၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်သည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲအောင် ကြိုးပမ်းလိုပါက သင်၏ သဘာဝကို သင် သိရမည်။ “ကျားသစ်သည် မိမိ၏ အကွက်အကျားတို့ကို မပြောင်းလဲနိုင်။” သဘာဝကို ပြောင်းလဲ၍ ရသည်ဟု မယူဆလေနှင့်။ လူတစ်ဦး၏ သဘာဝသည် ဆိုးရွားလွန်းနေလျှင် ထိုသူသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်။ ဘုရားသခင်ကလည်း ထိုသူကို ကယ်တင်လိမ့်မည် မဟုတ်။ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးက ဘုရားသခင်၏အမှုကို ကြုံတွေ့နေစဉ် ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး အမျိုးမျိုးသော ဒုက္ခဆင်းရဲနှင့် စစ်ဆေးမှုများကို ကြုံရသောအခါ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း မပြုတော့ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများအားလုံးကို နာခံနိုင်ဖို့အလို့ငှာ ထိုသို့သော လူတစ်ဦးသည် သူ့အတွင်းရှိ စာတန်ဆန်သော အဆိပ်အတောက်များ သန့်စင်ခံရပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လုံးလုံးလျားလျား လွတ်ကင်းလေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲခြင်းပင် ဖြစ်သည်။ လူတစ်ဦး၏ သဘာဝသည် အလွန်ဆိုးရွားနေပါက၊ ထိုလူသည် ဆိုးယုတ်သော လူတစ်ဦးဖြစ်ပါက ထိုသူကို ဘုရားသခင်က ကယ်တင်လိမ့်မည် မဟုတ်သကဲ့သို့ ထိုလူအတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း အလုပ်လုပ်လိမ့်မည် မဟုတ်။ နောက်တစ်နည်းပြောရလျှင် ယင်းမှာ ဆရာဝန်တစ်ဦးက လူနာတစ်ဦးကို ကုသခြင်းနှင့် တူသည်။ ရောင်ရမ်းခြင်းရှိသူတစ်ဦးကို ကုသ၍ရနိုင်သော်လည်း ကင်ဆာဖြစ်ပွားသည့် လူတစ်ဦးကိုမူ ကယ်၍မရနိုင်ပေ။ စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်သည့် သူ၏ သဘာဝဗီဇအား နောက်ဆုံးတွင် သိရှိလာခြင်းကို ဆိုလိုသည်။ လူသားများသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်ကို သူနားလည်သည်။ လူသားမျိုးနွယ်၏ အဓိပ္ပာယ်မဲ့မှုနှင့် လိမ်လည်လှည့်ဖြားမှု၊ လူသားမျိုးနွယ်၏ စုတ်ချာပြီး သနားစရာကောင်းသည့် အခြေအနေကို သူနားလည်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရကို သူနားလည်လာသည်။ ဤအရာအားလုံးကို သိခြင်းဖြင့် သူသည် မိမိကိုယ်ကို လုံးဝငြင်းပယ်ပြီး ပစ်ပယ်လာနိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီးဖြစ်ကာ လူသား၏ သဘာဝသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်လေသည်။ သို့သော်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားများအားလုံးထဲတွင်၊ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သော သူအချို့ရှိသည်။ ထိုသူတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး စိတ်သဘောထား ပြောင်းလဲအောင် စွမ်းဆောင်နိုင်ကြသည့် လူများ ဖြစ်ကြသည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားကြဘဲ၊ ထိုအစား ရေလိုက်ငါးလိုက်နေကြသည်။ ၎င်းတို့ကို လုပ်ဆောင်ရန် သင် ပြောသည့်အရာမှန်သမျှကို ၎င်းတို့ နာခံကာ လုပ်ဆောင်ကြမည်ဖြစ်သည်၊ ၎င်းတို့သည် အမှုအရားများကို စွန့်လွှတ်နိုင်ကာ မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို သည်းခံနိုင်ကြသည်။ ထိုသို့သော လူများသည် အသိဉာဏ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိကြပြီး ကယ်တင်ခံရခြင်းနှင့် ရှင်သန်ခြင်းတို့နှင့်ပတ်သက်သော မျှော်လင့်ချက်တစ်ခုရှိသော်လည်း ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ အယူဝါဒအား သိနားလည်ခြင်းဖြင့်သာ စိတ်ကျေနပ်ကြသောကြောင့် ၎င်းတို့၏ စိတ်သဘောထားများ မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် လိပ်ပြာမသန့်ဖြစ်သည့် အရာကို မပြောကြပေ၊ သို့မဟုတ် မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို အစစ်အမှန် ထမ်းဆောင်နိုင်ကြပြီး၊ မည်သည့် ပြဿနာမဆိုနှင့် စပ်လျဉ်း၍ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းကို လက်ခံနိုင်ကြသည်။ သမ္မာတရားကို ရှာဖွေရန် လေးနက်သည့် အားထုတ်မှုမပြုကြပေ၊ ၎င်းတို့၏ စိတ်များ ရှုပ်ထွေးပြီး သမ္မာတရား၏ အနှစ်သာရကို လုံးဝ နားမလည်နိုင်ကြချေ။ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်သွားရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များ၊ စာတန်၏ အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အခါ သင် ဝန်ခံပြီး နာခံသင့်သည်၊ ကွဲပြားသည့် ရွေးချယ်မှုတစ်ခုကို သင် ပြု၍မရသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို သိရှိသင့်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဟု ဆိုလိုပေသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ မိန့်မြွက်ချက်များက မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော လူတို့သည် လူသားသဘာဝ အနည်းငယ်မျှ ရှိကြလျှင်ပင်၊ ကောင်းမှုအချို့ လုပ်ဆောင်နိုင်ကြပြီး၊ ဘုရားသခင်အတွက် စွန့်လွှတ်ကာ အသုံးခံနိုင်လျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ကာ သမ္မာတရားကို လေးလေးနက်နက် သဘောမထားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ပေတရုသည် အခြားတပည့်တော်များနှင့် တူညီသည့် လူ့သဘာဝရှိသော်လည်း သမ္မာတရားကို သူ၏ ထက်ထက်သန်သန် လိုက်စားမှုက ပေါ်လွင်ခဲ့သည်ကို သင် မြင်နိုင်ပေသည်။ ယေရှုက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သူသည် လေးလေးနက်နက် တွေးဆခဲ့သည်။ ယေရှုက၊ “ရှိမုန်ဗာယောန၊ သင်သည် ငါ့ကို ချစ်သလော” ဟု မေးခဲ့သည်။ ပေတရုက၊ “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ ရှိသည့် ဖခမည်းတော်ကိုသာ ချစ်သည်။ သို့သော် ကမ္ဘာမြေပေါ်က သခင့်ကို ကျွန်ုပ်မချစ်ရသေးပါ” ဟု ရိုးသားစွာ ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ သူက၊ “ဤသည်မှာ မမှန်ပါ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်သည် ကောင်ကင်ဘုံ၌ရှိသည့် ဘုရားသခင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးတွင် ဘုရားတစ်ပါးတည်း ရှိသည်မဟုတ်ပါလား။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ငါ ချစ်ပါက၊ ငါ၏ ချစ်ခြင်းသည် မစစ်မှန်ပေ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ငါ ချစ်ရမည်၊ အကြောင်းမှာ ထိုအခါမှသာ ငါ၏ချစ်ခြင်းမေတ္တာ စစ်မှန်လိမ့်မည် ဖြစ်သည်” ဟု တွေးရင်း၊ နားလည်ခဲ့သည်။ ထို့ကြောင့်၊ ပေတရုသည် ယေရှု တောင်းဆိုခဲ့ဖူးသည့် အရာမှ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။ ဘုရားသခင်ကို ချစ်ဖို့နှင့် ဤချစ်ခြင်းမေတ္တာ စစ်မှန်ဖို့အတွက်၊ လူတစ်ဦးသည် ကမ္ဘာမြေပေါ်က လူ့ဇာတိခံ ဘုရားသခင်ကို ချစ်ရမည်ဖြစ်သည်။ မရေရာသကဲ့သို့ မြင်၍မရသည့် ဘုရားသခင်ကို ချစ်ခြင်းသည် မစစ်မှန်သကဲ့သို့ လက်တွေ့မကျပေ၊ လက်တွေ့ကျသည့်၊ မြင်၍ရနိုင်သည့် ဘုရားသခင်ကို ချစ်ခြင်းမှာမူ သမ္မာတရား ဖြစ်သည်။ ယေရှု၏ နှုတ်ကပတ်တော်များမှ၊ ပေတရုသည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုကို သိနားလည်မှု ရရှိခဲ့သည်။ သိသိသာသာပင်၊ ပေတရု၏ ဘုရားသခင်၌ ယုံကြည်မှုသည် သမ္မာတရားကို လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ထားပေသည်။ နောက်ဆုံးတွင် သူသည် လက်တွေ့ကျသည့် ဘုရားသခင်- ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အပေါ် ချစ်ခြင်းကို ရရှိခဲ့သည်။ ပေတရုသည် သူ၏ သမ္မာတရားကို လိုက်စားခြင်းတွင် အထူးသဖြင့် စိတ်အားထက်သန်ခဲ့သည်။ ယေရှုက သူ့ကို လမ်းညွှန်သည့် အခါတိုင်းတွင်၊ သူသည် ယေရှု၏ နှုတ်ကပတ်တော်များကို လေးလေးနက်နက် တွေးဆခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိမီနှင့် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သူ သိနားလည်ခြင်းမရှိမီတွင် သူသည် လများစွာကြာ၊ တစ်နှစ်ကြာ သို့မဟုတ် နှစ်များစွာကြာပင် တွေးဆခဲ့ကောင်း တွေးဆခဲ့ပေမည်။ ဤနည်းဖြင့် ပေတရုသည် သမ္မာတရားထဲသို့ ဝင်ရောက်ခဲ့၏။ သူထိုသို့ဝင်ရောက်နေစဉ် သူ၏ အသက် စိတ်သဘောထားက ပြောင်းလဲခဲ့ပြီး အသစ်ပြုပြင်ခြင်းခံခဲ့ရသည်။ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအကြောင်းကို အကြိမ်တစ်သောင်း ပြောဆိုနိုင်သော်လည်း ယင်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ “ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်” ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်တစ်သောင်း သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်းတို့၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်ပါသလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့နှင့်သက်ဆိုင်သော စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင်တို့ တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအကြောင်းကို ပြောဆိုခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ထိုနှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ပြီးမှသာ မိမိကိုယ်ကို သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကို မသိရှိနိုင်ပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ သင်သည် ပိုင်းခြားသိမြင်မှုကို ရရှိနိုင်ပေသည်။ သမ္မာတရားကို နားမလည်ဘဲနှင့် သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ ကိစ္စရပ်များကို သင် ရှင်းလင်းစွာ မြင်နိုင်သည်။ သမ္မာတရားကို သိနားလည်ခြင်းမရှိဘဲနှင့်၊ ကိစ္စရပ်များကို ရှင်းလင်းစွာ သင် မမြင်နိုင်ပေ။ သမ္မာတရားကို နားလည်သည့်အခါမှသာ သင်သည် မိမိကိုယ်ကိုယ် သိရှိနိုင်သည်။ သမ္မာတရားကို သိနားလည်ခြင်းမရှိဘဲနှင့် သင်သည် မိမိကိုယ်ကို မသိရှိနိုင်။ သမ္မာတရား သင် ရရှိပြီးဖြစ်သည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့် သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရားကို သင် ရရှိပြီးဖြစ်သည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားကို မရရှိဘဲနှင့် ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရား သင် ရရှိပြီးဖြစ်သည့်နောက်တွင်သာ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရားကို နားမလည်ပါက သူ့ကို သင်ကိုးကွယ်လျှင်ပင် သင်၏ ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ သမ္မာတရားမရှိလျှင် သင်လုပ်သည့်မည်သည့်အရာမျှ မစစ်မှန်ပေ။ သမ္မာတရားကို ရရှိခြင်းအားဖြင့် သင်လုပ်သမျှတိုင်းသည် စစ်မှန်၏။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များမှ သမ္မာတရား ရရှိခြင်းဆိုသည်မှာ အတိအကျ မည်သည့်အရာကို ဆိုလိုသနည်း” ဟု မေးလိမ့်မည်။ မေးမြန်းရန် အမှန်တကယ် လိုနေသေးသလော။ သမ္မာတရားအားလုံးကို ဘုရားသခင်က ဖော်ပြထားခြင်းဖြစ်ပြီး အားလုံးက ဘုရားနှုတ်ကပတ်တော်များအတွင်း၌ ရှိ၏။ ဘုရားနှုတ်ကပတ်တော်များပြင်ပတွင် သမ္မာတရား မရှိပေ။ ကျမ်းဟောင်းတရားနှင့် အယူဝါဒများကို ပြောဆိုနိုင်ခြင်းသည် သမ္မာတရားကို သိရှိခြင်းဖြစ်သည်ဟု ယုံကြည်သောလူများစွာရှိ၏။ ဤသည်မှာ ယုတ္တိယုတ္တာမရှိပေ။ အယူဝါဒကို ပြောခြင်းသက်သက်အားဖြင့် သမ္မာတရားကို မရရှိနိုင်။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက် အဓိပ္ပာယ်အကြောင်း မိတ်သဟာယပြုခြင်းသက်သက်မျှသည် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ဘုရားနှုတ်ကပတ်တော်များထဲရှိ အဓိပ္ပာယ်၊ ဘုရားနှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် ယင်းတို့က စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် အကျိုးတရားကို သင် သဘောပေါက်ဖို့ လိုအပ်သည်။ ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရား၊ အသက်၊ အလင်း၊ စည်းမျဉ်းများနှင့် လမ်းကြောင်းများ ပါရှိသည်။ ဘုရားနှုတ်ကပတ်တော်တိုင်းက အမှုအရာများစွာ ပါရှိ၏။ ထိုနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည်ကို ပြောရုံမျှပြောပြီးနောက် ပြီးလိုက်ခြင်းသည် မလုံလောက်ပေ။ ငါ သင်တို့ကို ဥပမာတစ်ခုပေးမည်။ ဘုရားသခင်က “ရိုးသားသော လူများဖြစ်ကြလော့၊ လှည့်ဖြားတတ်သော လူများဖြစ်ကြနှင့်” ဟု ပြောခဲ့၏။ ဤပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူအချို့က “ဤသည်မှာ လူတို့ကို ရိုးသားရန်နှင့် မလှည့်စားတတ်ရန် ပြောခြင်းအကြောင်း ဖြစ်သည် မဟုတ်လော” ဟု ပြောကြသည်။ အခြားမည်သည့်အရာအား ဆိုလိုသေးကြောင်း ၎င်းတို့ကို မေးမည်ဆိုလျှင် ၎င်းတို့က “သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်သင့်ပြီး လှည့်ဖြားတတ်သော လူတစ်ဦး မဖြစ်သင့်ဟု ဆိုလိုသည်။ ယင်းက ဤအရာနှစ်ခုကိုသာ ပြောဆိုသည်” ဟု ပြောကြလိမ့်မည်။ ထို့နောက် သင်တို့က “ရိုးသားသော လူတစ်ဦး ဖြစ်ရန်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ မည်သည့်လူစားမျိုးကို ရိုးသားသော လူတစ်ဦးအဖြစ် ယူဆ၍ရနိုင်သနည်း။ ရိုးသားသော လူတစ်ဦး၏ အပြုအမူများမှာ အဘယ်နည်း။ လှည့်ဖြားတတ်သော လူတစ်ဦး၏ အပြုအမူများမှာ အဘယ်နည်း” ဟု မေးနိုင်သည်။ ၎င်းတို့က “ရိုးသားသော လူတစ်ဦးမှာ ရိုးသားစွာ ပြောဆိုသော လူတစ်ဦး၊ မိမိတို့စကားများကို လိမ်ညာမှုနှင့် မရောနှောသကဲ့သို့ မလိမ်ညာသော လူတစ်ဦး ဖြစ်သည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် မလိမ့်တပတ် စကားပြောသောသူ၊ အမှန်တရားကို မပြောသောသူ၊ မိမိတို့စကားများတွင် အမြဲ မဖြူစင်သကဲ့သို့ အလိမ်အညာများ ပြောရသည်ကို နှစ်သက်သောသူတစ်ဦး ဖြစ်သည်” ဟု ဖြေကြလိမ့်မည်။ ဤမျှသာ ၎င်းတို့ ပြောနိုင်သည်။ လူ့အတွေးအခေါ်သည် အလွန်ရိုးရှင်း၏။ ရိုးသားသော လူတစ်ဦးကို အလွန်ရိုးရှင်းစွာ ရှင်းပြခြင်းအားဖြင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ ရိုးသားသော လူများနှင့် ပတ်သက်၍ မည်သည့်အရာကို ဘုရားနှုတ်ကပတ်တော်များက ပြောသနည်း။ ပထမအချက်မှာ ရိုးသားသော လူများသည် အခြားသူများနှင့် ပတ်သက်၍ မည်သည့်သံသယမျှ မရှိကြောင်းပင် ဖြစ်သည်။ ဒုတိယအချက်မှာ ရိုးသားသော လူများသည် သမ္မာတရားကို လက်ခံနိုင်ကြကြောင်းပင် ဖြစ်သည်။ ဤသည်တို့မှာ အဓိက အင်္ဂါရပ်နှစ်ခု ဖြစ်သည်။ ဤအရာအားဖြင့် ဘုရားသခင်က မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို ပြောဆိုသနည်း။ ဘုရားနှုတ်ကပတ်တော်မှ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ၊ ယင်းက ရည်ညွှန်းသည့်အရာနှင့် ရိုးသားသော လူတစ်ဦး၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တို့၏ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကို သင် နားလည်နိုင်သည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို တိကျမှန်ကန်စွာ သင် နားလည်သည်နှင့် ရိုးသားသော လူတစ်ဦး၏ သရုပ်သကန်များက မည်သည့်အရာဖြစ်သည်၊ လှည့်ဖြားတတ်သော လူများက မည်သည့်အရာ ဖြစ်သည်၊ လှည့်ဖြားတတ်သော လူတစ်ဦး၏ သရုပ်သကန်များက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်၌ သင် မြင်နိုင်ပေသည်။ ထို့နောက် ဤသရုပ်သကန်များကို သင် ဆန်းစစ်ပါက ရိုးသားသော လူတစ်ဦးက မည်သည့်အရာ ဖြစ်ပြီး လှည့်ဖြားတတ်သော လူတစ်ဦးက မည်သည့်အရာဖြစ်သည်ဆိုသည်တို့အပြင် လှည့်ဖြားတတ်သော လူများ၏ ဘုရားနှုတ်ကပတ်တော်ကို သဘောထားပုံ၊ ဘုရားသခင်ကို သဘောထားပုံနှင့် အခြားလူများကို သဘောထားပုံတို့အား သင် အတိအကျ နားလည်လိမ့်မည်။ ဤသို့ဖြင့် ဘုရားနှုတ်ကပတ်တော်များကို သင် အမှန်တကယ် နားလည်လာလိမ့်မည်ဖြစ်ပြီး ရိုးသားသော လူများနှင့် လှည့်ဖြားတတ်သော လူများအပေါ် လူတို့၏ ထင်မြင်ချက်များက ဘုရားနှုတ်ကပတ်တော်များ ပြောဆိုသည့်အရာနှင့် မည်မျှကွာခြားပုံကို သင် သိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်က “ရိုးသားသော လူတစ်ဦးဖြစ်လော့၊ လှည့်ဖြားတတ်သော လူတစ်ဦး မဖြစ်နှင့်” ဟု သင့်ကို ပြောသည့်အခါ ဤနေရာတွင် အသေးစိတ်အချက်အလက်များစွာ ရှိ၏။ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သင် အမှန်တကယ် နားလည်သည့်အခါ ရိုးသားသော လူတစ်ဦးက မည်သည့်အရာဖြစ်ပြီး လှည့်ဖြားတတ်သော လူတစ်ဦးက မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို သင် သိလိမ့်မည်။ သင် လက်တွေ့လုပ်ဆာင်သည့်အခါ ရိုးသားသော လူတစ်ဦး၏ သရုပ်သကန်များ ပြရန် သေချာသည့် နည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ရန် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းနှင့် လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းများကို သင် ရှင်းရှင်းလင်းလင်း မြင်လိမ့်မည်။ ယင်းက ဘုရားသခင်နှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စံနှုန်းများကို သင် ပြည့်မီရန် အာမခံပေသည်။ ဤစကားများကို သင် အမှန်တကယ် နားလည်ပြီး လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်၏ လက်ခံမှုကို သင် ရရှိနိုင်လိမ့်မည်။ သို့ရာတွင် ဤစကားများကို သင် နားမလည်ပါက ရိုးသားသော လူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လက်ခံမှုကို လုံးဝ ရလိမ့်မည်မဟုတ်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်သော နားလည်မှုရလာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ပြန်နိုင်ပြီး အယောက်တိုင်းက ငါ၏ အနက်ပြန်ခြင်းသည် ကောင်းသည်ဟုဆိုကာ၊ ငါ့ကို လက်မထောင်ပြကြသည်၊ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါနားလည်သည်ဟု ဆိုလိုသည်။” ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် မတူညီပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ အလင်းတစ်ချို့ကို ရခဲ့ပြီး သူ၏နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်သက်ဆိုင်သော အသိစိတ်တစ်ခုကို သင် ရရှိပြီးဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များ နောက်ကွယ်က ရည်ရွယ်ချက်နှင့် နောက်ဆုံးတွင် မည်သည့်အကျိုးများ ၎င်းတို့ ရရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံးနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှု သင်၌ ရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့်သက်ဆိုင်သည့် အဆင့်တစ်ခု သင်ရှိသည်ဟု ယူဆနိုင်၏။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းသည် ဤမျှ လုံးဝမရိုးရှင်းပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်သောကြောင့်သာ သင်သည် ၎င်းတို့ကို နားလည်သည်ဟု မဆိုလိုပေ။ သင်သည် ၎င်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ကို မည်မျှ ရှင်းပြနိုင်စေကာမူ သင်၏ ရှင်းပြချက်သည် လူ့စိတ်ကူးစိတ်သန်းနှင့် လူ့တွေးခေါ်ပုံပေါ် အခြေခံဆဲ ဖြစ်သည်။ ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်သို့ နားလည်နိုင်သနည်း။ အဓိကသော့ချက်မှာ ထိုနှုတ်ကပတ်တော်များ အတွင်းမှနေ၍ သမ္မာတရားကို ရှာဖွေဖို့ ဖြစ်သည်။ ဤသို့သော နည်းလမ်းဖြင့်သာ သူပြောသည့်အရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် နားလည်နိုင်ပေသည်။ ဘုရားသခင်သည် အနှစ်သာရမဲ့သော စကားများကို မည်သည့်အခါမျှ မပြောချေ။ သူ မိန့်မြွက်သည့် ဝါကျအသီးသီး၌ သူ၏ နှုတ်ကပတ်တော်များ၌ နောက်ထပ် ထုတ်ဖော်ပြဖို့ သေချာသည့် အသေးစိတ်အချက်များ ပါရှိပြီး၊ ၎င်းတို့ကို ကွဲပြားစွာ ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သမ္မာတရားကို ဘုရားသခင် ထုတ်ဖော်ပြသည့် နည်းလမ်းများကို လူသားသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် အလွန်နက်နဲကြပြီး လူ့တွေးခေါ်မှုဖြင့် အလွယ်တကူ နားလည်သဘောပေါက်၍ မရနိုင်။ လူတို့သည် အားထုတ်မှု ပြုသရွေ့ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ဆိုင်သည့် အလုံးစုံသော အဓိပ္ပာယ်ကို အကြမ်းဖျင်းအားဖြင့် ရှာတွေ့နိုင်ပေသည်။ ကျန်ရှိနေသည့် အသေးစိတ် အချက်အလက်များကိုမူ ထိုလူတို့၏ နောက်ပိုင်း အတွေ့အကြုံကာလတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုက သူတို့အတွက် ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်သည်။ တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် ထိုနှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် တွေးတောခြင်း၊ ပြီးလျှင် ၎င်းတို့၏ တိကျသော ပါဝင်သည့်အကြောင်းအရာကို ရှာဖွေခြင်းဖြစ်သည်။ နောက်တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့၏ အဓိပ္ပာယ်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှစ်ခုတွင် စဉ်ဆက်မပြတ် တိုးတက်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်လာနိုင်သည်။ အကယ်၍ သင်သည် ထိုအရာကို တိုက်ရိုက်၊ စာအဆင့် သို့မဟုတ် သင်၏ကိုယ်ပိုင် အတွေးနှင့် စိတ်ကူးစိတ်သန်းဖြင့် အနက်ပြန်ပါက၊ သင်သည် ယင်းကို အမွှမ်းတင်ကာ အပြောကောင်းစွာ ရှင်းပြလျှင်ပင်၊ သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်သေးသကဲ့သို့၊ ယင်းသည် လူ့အတွေးနှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေပြုဆဲသာ ဖြစ်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ ရရှိခြင်း မဟုတ်ပေ။ လူတို့သည် မိမိတို့ အယူအဆများနှင့် စိတ်ကူးများပေါ် အခြေခံ၍ ဘုရားနှုတ်ကပတ်တော်များကို အနက်ပြန်တတ်ကြသည်။ ဆက်စပ်အကြောင်းအရာမပါဘဲ ဘုရားနှုတ်ကပတ်တော်များကို တလွဲပင် အနက်ပြန်ကောင်း ပြန်နိုင်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အထင်လွဲကာ ဝေဖန်နိုင်ခြေ ရှိ၏။ ဤသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ဘုရားနှုတ်ကပတ်တော်များအား သိနားလည်ခြင်းနှင့် သန်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှတစ်ဆင့် အဓိကရရှိပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ကာ ရှင်းပြနိုင်ခြင်းသည် သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဘုရားနှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို သိနားလည်ခြင်းက သမ္မာတရားကို သင် နားလည်သည့်သဘောဖြစ်သည်ဟု ဆိုလိုပါက၊ ပညာရေးနှင့် အသိပညာ အနည်းငယ်သာ သင် လိုအပ်မည်ဖြစ်သည်။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း အဘယ်ကြောင့် လိုအပ်မည်နည်း။ ဘုရားသခင်၏အမှုမှာ လူ့ဉာဏ်က နားလည်သဘောပေါက်နိုင်သောအရာတစ်ခုလော။ ထို့ကြောင့် သမ္မာတရားကို သိနားလည်ခြင်းသည် လူ့အယူအဆများ၊ စိတ်ကူးများပေါ်တွင် အခြေမခံပေ။ စစ်မှန်သည့် အတွေ့အကြုံနှင့် အသိပညာရှိရန် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် လမ်းပြမှု သင် လိုအပ်သည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် ရရှိခြင်း ဖြစ်စဉ်ဖြစ်ပြီး၊ လိုအပ်သည့် အခြေအနေတစ်ခုလည်း ဖြစ်သည်။

လူ၏သဘာဝကို သင်မည်သို့ နားလည်သနည်း။ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် စံနှုန်းများ၏ ရှုထောင့်မှ ခွဲခြားသိမြင်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” နှင့် အခြားသော ထိုအတွေ့များကဲ့သို့ စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် ဤစကားများအားလုံးသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့် တရုတ်လူမျိုးများ၏ “ပညာရှိ” ဟု အမွှမ်းတင်ခြင်းကို ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်။ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာပြီး ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများကို ကြည့်ရှုခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ လှည့်စားဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူအချို့သည် လူမှုအဖွဲ့အစည်းတွင် အစိုးရဝန်ထမ်းများအဖြစ် ဆယ်စုနှစ်ချီ အမှုထမ်းပြီးဖြစ်သည်။ အောက်ပါမေးခွန်းကို ၎င်းတို့အား မေးသည်ဟု စိတ်ကူးကြည့်လော့။ “ဤစွမ်းဆောင်ရည်ဖြင့် အလွန်ကောင်းစွာ သင် လုပ်ဆောင်ပြီးဖြစ်သည်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။” “ကျွန်ုပ် နားလည်သည့် တစ်ခုတည်းသော အရာမှာ ‘အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများအတွက် အမှုအရာများကို ခက်ခဲအောင် မလုပ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူ၍ ဖြစ်သည်” ဟု ၎င်းတို့ ပြောကောင်း ပြောလိမ့်မည်။ ဤသည်မှာ ၎င်းတို့ အလုပ်အကိုင်က အခြေပြုထားသည့် ဆိုးယုတ်သော အတွေးအခေါ်ဖြစ်သည်။ ဤစကားများသည် ထိုသို့သောလူ၏ သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ရေးနှင့် အလုပ်အကိုင် အောင်မြင်ရေးတို့သည် ၎င်းတို့၏ ပန်းတိုင်များ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ဤအရာအားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူ၏ သဘာဝက ဖောက်ပြန်ပျက်စီးသည်၊ ဆိုးယုတ်သည်၊ ရန်လိုတတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိကာ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များဖြင့် ပြည့်ကာ နှစ်မြှုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လုံးလုံးလျားလျား စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤနည်းဖြင့် ၎င်း၏သဘာဝကို ခွဲခြမ်းစိတ်ဖြာကြည့်၍ရပါက၊ လူသားသည် သူ့ကိုယ်သူ အလွယ်တကူ သိလာနိုင်သည်။

လူတို့တွင် ဘုရားသခင်၏ စိတ်သဘောထားအပေါ် စစ်မှန်သော သိနားလည်မှုရှိသောအခါ၊ ဘုရားသခင်၏ စိတ်သဘောထားသည် စစ်မှန်ကြောင်း၊ အမှန်တကယ် သန့်ရှင်းကြောင်းနှင့် အမှန်တကယ် ဖြောင့်မတ်ကြောင်း ၎င်းတို့ မြင်နိုင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ချီးမွမ်းနိုင်သောအခါ ဘုရားသခင်ကို အမှန်တကယ် သိကြလိမ့်မည်။ သမ္မာတရားကို ရရှိကြပြီး ဖြစ်လိမ့်မည်။ လူတို့သည် ဘုရားသခင်ကို သိကျွမ်းသည့်အခါမျှသာလျှင်၊ အလင်း၌ အသက်ရှင်ကြလေသည်။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်း၏ တိုက်ရိုက်အကျိုးတရားသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ခြင်းနှင့် နာခံနိုင်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းကာ သမ္မာတရားကို နားလည်ပြီး ရရှိသည့်လူများ၌ အသက်အပေါ် ၎င်းတို့၏ လောကအမြင်နှင့် သဘောထားတို့တွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခုရှိသည်။ ယင်းနောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထား၌လည်း စစ်မှန်သော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာသည်။ လူများ၌ မှန်ကန်သည့် ဘဝရည်မှန်းချက်များ ရှိသည့်အခါ၊ သမ္မာတရားကို လိုက်စားနိုင်ပြီး သမ္မာတရားအတိုင်း မိမိတို့ကိုယ်ကိုယ် ကျင့်ကြံပြုမူကြသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး သူ့နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သည့်အခါ၊ မိမိတို့ စိတ်နှလုံး၏ နက်ရှိုင်းရာအထိ ငြိမ်းချမ်းခြင်းကို ခံစားရပြီး အလင်းပေးခြင်းခံရသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများသည် မှောင်မိုက်ခြင်း ကင်းသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ လုံးလုံးလျားလျား လွတ်လွတ်လပ်လပ် အထိန်းအချုပ်မဲ့ အသက်ရှင်နိုင်သည့်အခါ၊ ထိုအခါမှသာ ၎င်းတို့သည် စစ်မှန်သော လူ့အသက်တာများကို ရှင်သန်နေထိုင်နိုင်ပြီး ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ထို့အပြင် သင်နားလည်ပြီး ရရှိခဲ့သည့် သမ္မာတရားအားလုံးသည် ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ထံမှ လာသည်။ ဖန်ဆင်းခြင်း သခင်ဖြစ်လေသူ အမြင့်ဆုံးသော ဘုရား၏ နှစ်သက်လက်ခံမှုကို သင်ရရှိသောအခါမှသာ၊ ထို့ပြင် သင်သည် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နေသော အရည်အသွေး ပြည့်မီသည့် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ဟု ဘုရားက ပြောဆိုသောအခါမှသာ သင်၏ ဘဝသည် အဓိပ္ပာယ်အရှိဆုံး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိခြင်းဟူသည်မှာ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်ကြောင်း၊ သင်သည် သမ္မာတရားနှင့် လူ့သဘာဝတို့ ပိုင်ဆိုင်သည့် သူတစ်ဦးဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။ စာတန်၏ အုပ်စိုးခြင်းခံရသည့် ယနေ့လောကထဲနှင့် သမိုင်း၏အနည်းဆုံးနှစ်ထောင်ပေါင်းများစွာကြာ၊ လူသားမျိုးနွယ်အားလုံးကြားတွင် မည်သူက စစ်မှန်သောလူသားအသက်ကို ရရှိပြီးဖြစ်သနည်း။ မည်သူမျှ မရရှိပေ။ လူတို့သည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သကဲ့သို့ စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်သောကြောင့်၊ ၎င်းတို့ လုပ်သမျှတိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ၎င်းတို့၏ လှစ်ဟချက်စကားများနှင့် သီအိုရီတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ ပေါက်ဖွားလာကာ ဘုရားနှုတ်ကပတ်တော်များကို တိုက်ရိုက်ရွံ့မုန်းနေသောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် လူစားမျိုးများ အတိအကျ ဖြစ်ကြပေသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်မခံပါက ပြောပလောက်စရာ အသက်လုံးဝမရှိဘဲ ထာဝရပြစ်ဒဏ်နှင့် ပျက်စီးခြင်းထဲသို့ ကျဆင်းသွားကြပေမည်။ ၎င်းတို့သည် ဂုဏ်နှင့် အကျိုးအမြတ်နောက် လိုက်ကြ၏၊ ကြီးမြတ်သည့်လူတစ်ဦးဦး သို့မဟုတ် ကျော်ကြားသည့်လူတစ်ဦးဦးဖြစ်ရန် ကြိုးစားကြပြီး “လာမည့် မျိုးဆက်များတစ်လျှောက် မိမိတို့၏ အမည်နာမများ လက်ဆင့်ကမ်းခံရရန်” နှင့် “သမိုင်းတစ်လျှောက်လုံး ကျော်ကြားရန်” မျှော်လင့်ကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသကဲ့သို့ အလွန်အမင်း မခိုင်လုံပေ။ အမှန်တွင် ကြီးမြတ်သည့်၊ သို့မဟုတ် ကျော်ကြားသည့် ပုဂ္ဂိုလ်တိုင်းသည် စာတန်၏ မျိုးနွယ်ဝင် ဖြစ်ပြီး လုံးဝ ပြန်လည်လူဝင်စားခြင်းမရှိရန် ဆယ့်ရှစ်ထပ်မြောက် ငရဲဘုံထဲသို့ အပြစ်ဒဏ်ခံရဖို့ ကျဆင်းသွားသည်မှာ ကြာပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဤလူများကို ကြည်ညိုလေးစားပြီး ၎င်းတို့၏ ဆိုးယုတ်သော စကားများနှင့် အတွေးမှားများကို လက်ခံကြသည့်အခါ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် နတ်ဆိုးစာတန်၏ သားကောင်ဖြစ်လာလေသည်။ ဖန်ဆင်းခံများသည် ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်သင့်၏။ ဘုရားသခင်သည်သာ သမ္မာတရား ဖြစ်သည့်အတွက် ဤအရာကို ကောင်းကင်က စီမံချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားပေသည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဘုရားသခင် ထိန်းချုပ်ပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးလေသည်။ ဘုရားသခင်ကို မယုံကြည်ခြင်းနှင့် ဘုရားသခင်ကို နာခံမှုမရှိခြင်းမှာ သမ္မာတရားကို မရရှိနိုင်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျှင် သင်၏ စိတ်နှလုံး နက်ရှိုင်းသည့်နေရာများတွင် အားတက်မှုကို ခံစားရမည် ဖြစ်ပြီး အေးအေးသက်သာ ရှိလိမ့်မည်။ နှိုင်းဆမရနိုင်သည့် ချိုမြိန်မှုတစ်ခုကိုလည်း သင် မွေလျော်ရလိမ့်မည်ဖြစ်သည်။ ဤသို့ ဖြစ်ပျက်သည့်အချိန်တွင် သင်သည် အမှန်တကယ် အသက်ရရှိပြီး ဖြစ်လိမ့်မည်။ လောကီသိပ္ပံပညာရှင်များ၏ အောင်မြင်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ၎င်းတို့ သေခြင်းတရားနှင့်နီးကပ်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် လက်ချည်းသက်သက်ဖြစ်ကာ မည်သည့်အရာမျှ မရှိလေပြီဟု ခံစားရလိမ့်မည်ဖြစ်သည်။ အိုင်းစတိုင်းနှင့် နယူတန်တို့ပင်၊ အဆင့်မြင့်မားသော ဤပညာရှင်များပင်လျှင် အနှစ်မဲ့မှု ခံစားရသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၌ သမ္မာတရား မရှိကြသောကြောင့် ဖြစ်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်မှု မရှိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသော်လည်း ဘုရား၏ တည်ရှိခြင်းကိုသာ ယုံကြည်ကြခြင်း ဖြစ်သည်။ သို့သော် သမ္မာတရားကို ၎င်းတို့ မလိုက်စားခဲ့ကြချေ။ ၎င်းတို့သည် ဘုရားသခင်တစ်ပါး အမှန်တကယ်ရှိသည်ကို ရှာဖွေတွေ့ရှိရန်နှင့် သက်သေပြရန် သိပ္ပံပညာအပေါ်သာ အမှီပြုလိုခဲ့ကြသည်။ ရလဒ်အနေနှင့် ၎င်းတို့တစ်ဦးချင်းစီသည် တစ်သက်လုံး သုတေသနများ လုပ်ခဲ့သော်လည်း ဘာဆိုဘာမျှ မရရှိခဲ့ကြချေ။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို လုံးဝ မရရှိသွားကြချေ။ ၎င်းတို့သည် သိပ္ပံဆိုင်ရာ အသိပညာကိုသာ ရှာဖွေခဲ့ကြသည်။ သို့သော် ဘုရားသခင်ကို သိကျွမ်းဖို့ မရှာဖွေခဲ့ကြပေ။ ၎င်းတို့သည် သမ္မာတရားကို မရရှိခဲ့ကြသကဲ့သို့၊ စစ်မှန်သည့် အသက်ကိုလည်း မရရှိခဲ့ကြချေ။ သင်တို့ ယနေ့ လျှောက်လှမ်းနေကြသည့် လမ်းကြောင်းသည် ၎င်းတို့ လျှောက်လှမ်းခဲ့ကြသည့် လမ်းကြောင်းမဟုတ်ပေ။ သင်တို့ ရှာဖွေသည်မှာ ဘုရားသခင်ကို သိကျွမ်းဖို့၊ သူ့ကို မည်သို့ ကျိုးနွံနာခံရမည်၊ သူ့ကို မည်သို့ ကိုးကွယ်ရမည်ဆိုသည်နှင့် အဓိပ္ပာယ်ရှိသည့် အသက်တာတစ်ခုကို မည်သို့ အသက်ရှင်နေထိုင်ရမည်ဆိုသည်တို့ ဖြစ်သည်။ ဤအရာအားလုံးသည် ၎င်းတို့ ရှာဖွေခဲ့သည့်အရာနှင့် လုံးဝ ကွဲပြားပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလူများ ဖြစ်ကြသော်လည်း သမ္မာတရားကိုကား မရရှိခဲ့ကြ။ ယခုတွင် လူ့ဇာတိခံ ဘုရားသခင်သည် သမ္မာတရား၏ ရှုထောင့်တိုင်းကို သင်တို့အား ပြောပြပြီးဖြစ်ကာ သမ္မာတရားနှင့် အသက်၏လမ်းခရီးကို သင်တို့အပေါ် အပ်နှင်းပြီး ဖြစ်သည်။ သမ္မာတရားကို သင်တို့မလိုက်စားလျှင် မိုက်မဲရာကျပေလိမ့်မည်။

ယခုတွင် သင်တို့၏ သမ္မာတရားအပေါ် သိနားလည်မှုသည် မလုံလောက်ပေ။ အနှစ်မဲ့သည့် သီအိုရီကိုသာ သင်တို့ ပြောနိုင်သည်။ သင်တို့ တာဝန်ယူရသည့် အလုပ်တိုင်းနှင့် ပတ်သက်၍ ချို့တဲ့မှုနှင့် မသေချာမှုတို့ကို သင်တို့ ခံစားရဆဲဖြစ်သည်။ ဤအရာက သင်တို့၏ အသက်ဝင်ရောက်မှုသည် အလွန်အပေါ်ယံဆန်လွန်းပြီး သမ္မာတရားကို သင်တို့မရရှိသေးကြောင်း ပြပေသည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါ သင်သည် အားအင်ရှိလိမ့်မည်၊ သင်၏ ခန္ဓာကိုယ်ကို ဖြည့်ဆည်းသည့် မကုန်ခမ်းနိုင်သော အားအင်ရှိလိမ့်မည်။ ထိုအချိန်တွင် စိတ်ထဲ၌ သင်သည် သာ၍ ကြည်လင်ရွှင်ပြလိမ့်မည်ဖြစ်ပြီး သင် လျှောက်လှမ်းလေ လမ်းကြောင်းက သာ၍ လင်းလာလေ ဖြစ်လိမ့်မည်။ ဤခေတ်တွင် ဘုရားသခင်ကို ယုံကြည်သောလူအများစုသည် မှန်ကန်သည့် လမ်းကြောင်းပေါ် မစတင်ကြသေးသကဲ့သို့ သမ္မာတရားကို နားမလည်လာကြသေးချေ။ ထို့ကြောင့် စိတ်ထဲတွင် အနှစ်မဲ့ကြောင်း၊ ဘဝက ဆင်းရဲဒုက္ခခံစားနေရကြောင်းနှင့် မိမိတို့တာဝန်များကို ဖြည့်ဆည်းရန် အားအင်မရှိကြကြောင်းတို့ကို ၎င်းတို့ ခံစားရဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ယုံကြည်သူများက မိမိတို့ စိတ်နှလုံးများတွင် ရူပါရုံမရှိခင်အချိန်က ဖြစ်သည့်ပုံစံဖြစ်သည်။ လူတို့သည် သမ္မာတရား မရရှိကြသေးသကဲ့သို့ ဘုရားသခင်ကိုလည်း မသိကြသေးသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း များစွာ မခံစားကြရသေးချေ။ အထူးသဖြင့် သင်တို့အားလုံးသည် အိမ်ပြန်လာရာတွင် နှိပ်စက်ညှဉ်းပန်းမှုကို ခံစားကြရပြီးဖြစ်ကာ အခက်အခဲကြုံကြရပြီး ဖြစ်သည်။ သင်တို့ ဆင်းရဲဒုက္ခခံစားချိန်တွင် သေရန်အတွေးများနှင့် အသက်မရှင်လိုသည့် စိတ်တစ်ခုလည်း ရှိကြသည်။ ဤသည်တို့မှာ ခန္ဓာ၏ အားနည်းချက်များ ဖြစ်သည်။ လူအချို့က “ဘုရားသခင်ကို ယုံကြည်မှုသည် ပျော်စရာဖြစ်သင့်သည်။ ကျေးဇူးတော်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အပေါ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ပေးသနားခဲ့သည်။ ယခုတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း နည်းပါးလွန်းပြီး ကျေးဇူးတော်ခေတ်အတွင်း ရှိခဲ့သည့် ဝမ်းမြောက်ပျော်ရွှင်မှုမျိုး မရှိပါ။ ယနေ့ခေတ်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန့်အလွန် ဦးနှောက်ခြောက်စရာ ဖြစ်သည်” ဟုပင် ဆိုကြသည်။ ဇာတိခန္ဓာ၏ ပျော်ရွှင်မှုသည် အခြားမည်သည့်အရာမဆိုထက် ကောင်းသည်ဟုသာ သင် သိ၏။ ယနေ့ခေတ်တွင် ဘုရားသခင်က မည်သည့်အမှု ပြုနေသည်ကို သင် မသိ။ သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲစေရန်အလို့ငှာ ဘုရားသခင်သည် သင်တို့၏ ဇာတိခန္ဓာကို ဆင်းရဲဒုက္ခခံစားခွင့် ပေးရပေသည်။ သင်၏ ဇာတိခန္ဓာက ဆင်းရဲဒုက္ခခံရသော်လည်း သင်သည် ဘုရားနှုတ်ကပတ်တော်ရှိပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာရှိသည်။ သင် သေချင်လျှင်ပင် မသေနိုင်ပေ။ ဘုရားသခင်ကို မသိကျွမ်းခြင်းနှင့် သမ္မာတရားကို မရရှိခြင်းအဖြစ်အား သင် ကြိတ်မှိတ်လက်ခံ၍ ရသလော။ ယခုတွင် အများအားဖြင့် လူတို့သည် သမ္မာတရားကို မရရှိကြသေးခြင်းသာဖြစ်ပြီး ၎င်းတို့သည် အသက်မရှိကြချေ။ ၎င်းတို့သည် ကယ်တင်ခြင်း ရှာဖွေလက်စ ဖြစ်သောကြောင့် ဤလုပ်ငန်းစဉ်တွင် ၎င်းတို့ အနည်းငယ် ဆင်းရဲဒုက္ခခံရပေမည်။ ယနေ့တွင် လောကရှိ လူတိုင်း စမ်းသပ်မှုများကို ကြုံနေရသည်။ ဘုရားသခင်ပင်လျှင် ဆင်းရဲဒုက္ခခံစားနေရသည်။ ထို့ကြောင့် သင်တို့ ဆင်းရဲဒုက္ခမခံစားရလျှင် သင့်လျော်ပါ၏လော။ ကြီးမားသော ကပ်ဘေးများမှတစ်ဆင့် စစ်ဆေးခြင်းမရှိဘဲ စစ်မှန်သည့် ယုံကြည်ခြင်း မရှိနိုင်သကဲ့သို့ သမ္မာတရားနှင့် အသက်ကိုလည်း မရရှိနိုင်။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုမရှိခြင်းသည် ဖြစ်မည်မဟုတ်ပေ။ ပေတရုကိုသာ ကြည့်လော့။ သူသည် နောက်ဆုံးတွင် စမ်းသပ်မှုများကို ခုနစ်နှစ်တာ ကြုံခဲ့၏ (သူ့အသက် ငါးဆယ့်သုံးနှစ် ပြည့်ပြီးနောက်တွင်)။ ထိုခုနစ်နှစ်တာတစ်လျှောက်လုံးတွင် စမ်းသပ်မှုရာချီ သူ ကြုံခဲ့ရသည်။ ရက်အနည်းငယ်ကြာတိုင်း ဤစမ်းသပ်မှုများထဲမှတစ်ခုကို သူ ဖြတ်သန်းခဲ့ရ၏။ စမ်းသပ်မှုမျိုးစုံကို သူ ကြုံရပြီးသည့်နောက်တွင်သာ အသက်ကို ရရှိခဲ့ကာ သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို တွေ့ကြုံခဲ့ရသည်။ သင်သည် သမ္မာတရားကို အမှန်တကယ် ရရှိပြီး ဘုရားသခင်ကို သိရှိလာသည့်အခါ ဘုရားသခင်အတွက် သင် အသက်ရှင်သင့်သည်ဟု ခံစားရလိမ့်မည်။ ဘုရားသခင်အတွက် သင် အသက်မရှင်ပါက ဝမ်းနည်းရလိမ့်မည်။ သင်သည် သင်၏ ကျန်ရှိသည့် နေ့ရက်ကာလများကို ခါးသီးသော နောင်တနှင့် အဆုံးစွန်သော ဝမ်းနည်းမှုဖြင့် အသက်ရှင်နေထိုင်ရလိမ့်မည်။ သင် သေ၍မရသေး။ သင်၏ လက်သီးများကို ကျစ်ကျစ်ဆုပ်ကာ ပြတ်ပြတ်သားသား ဆက်အသက်ရှင်ရမည်။ ဘုရားသခင်အတွက် ဘဝတစ်ခုကို သင် အသက်ရှင်ရမည်။ လူတို့သည် ၎င်းတို့အတွင်း၌ သမ္မာတရားရှိသည့်အခါ ဤစိတ်ဆုံးဖြတ်ချက်ရှိပြီး သေလိုသည့်ဆန္ဒ နောက်ထပ် လုံးဝမရှိတော့ချေ။ သေခြင်းတရားက သင့်ကို ခြိမ်းခြောက်သည့်အခါ သင်က “အို ဘုရားသခင်၊ ကျွန်ုပ် မသေချင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မသိသေးပါ။ ကိုယ်တော်၏ မေတ္တာကို ပြန်မဆပ်ရသေးပါ။ ကိုယ်တော်ကို ကောင်းစွာ မသိမချင်း ကျွန်ုပ် သေ၍ မဖြစ်ပါ” ဟု ပြောလိမ့်မည်။ သင်သည် ယခု ဤအခြေအနေ၌ ရှိသလော။ မရှိသေးချေ၊ ဟုတ်ပါသလော။ လူအချို့သည် မိသားစုနှင့်သက်ဆိုင်သည့် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ရသည်။ အချို့မှာ အိမ်ထောင်ရေးနင့်ဆိုင်သည့် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ရသည်။ အချို့မှာ နေထိုင်စရာ နေရာတစ်ခုပင် မရှိဘဲ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားရသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အခြားတစ်စုံတစ်ဦး၏ နေအိမ်ဖြစ်နေပြီး ၎င်းတို့သည် မိမိတို့စိတ်နှလုံး၌ နာကျင်မှုခံစားရသည်။ ယခု သင် တွေ့ကြုံနေသည့် နာကျင်မှုသည် ဘုရားသခင် ခံစားခဲ့သည့် နာကျင်မှုဝေဒနာ ဖြစ်သည်မဟုတ်လော။ သင်သည် ဘုရားသခင်နှင့်အတူ ဆင်းရဲဒုက္ခခံနေပြီး ဘုရားသခင်က ဆင်းရဲဒုက္ခထဲတွင် လူသားများနှင့်အတူ ပါရှိသည်။ သင်တို့အားလုံးသည် ယနေ့တွင် ခရစ်တော်၏ ဆင်းရဲဒုက္ခ၊ နိုင်ငံတော်နှင့် သည်းခံမှုတို့တွင် တစ်စိတ်တစ်ဒေသ ပါဝင်ကြပြီး အဆုံးတွင် ဘုန်းအသရေ ရရှိကြလိမ့်မည်။ ဤဆင်းရဲဒုက္ခသည် အဓိပ္ပာယ်ရှိ၏။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင်သည် ဤစိတ်ဆန္ဒ ကင်းမဲ့၍မရပေ။ ယနေ့တွင် ဆင်းရဲဒုက္ခ ခံစားရခြင်း၏ အဓိပ္ပာယ်နှင့် ဆင်းရဲဒုက္ခများစွာ ခံစားရသည့် အကြောင်းရင်းကို သင် နားလည်ရမည်။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားအလိုတော်ကို သိနားလည်ရမည်ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဆင်းရဲဒုက္ခခံရန် လိုအင်ဆန္ဒ ရှိလိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် နားမလည်သကဲ့သို့ ဆင်းရဲဒုက္ခအကြောင်းကို တွေးရုံမျှတွေးပါက ထိုအကြောင်းကို သင် တွေးလေ၊ ကသိကအောက်ဖြစ်လာလေ ဖြစ်ကာ သင်၏ ဘဝလမ်းကြောင်းက အဆုံးသို့ ရောက်လာနေသည့်အလား ပိုစိတ်မချမ်းသာလေ ဖြစ်သည်။ သင်သည် သေခြင်းတရား၏ ညှဉ်းဆဲမှုကို စတင် ခံစားရလိမ့်မည်။ သင်သည် သမ္မာတရားထဲသို့ စိတ်နှစ်ကာ အစွမ်းကုန် အားထုတ်ပြီး သမ္မာတရားကို နားလည်နိုင်ပါက သင်၏ စိတ်နှလုံးသည် လင်းလက်လိမ့်မည်ဖြစ်ကာ ပျော်ရွှင်မှုကို သင် တွေ့ကြုံရလိမ့်မည်။ ဘဝတွင် သင်၏ စိတ်နှလုံးအတွင်း၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သင် ရှာတွေ့လိမ့်မည်ဖြစ်ပြီး နာမကျန်းဒဏ် ခံရကာ သေခြင်းတရားက နီးကပ်လာချိန်တွင် သင်က “ငါသည် သမ္မာတရား မရသေးသောကြောင့် သေ၍မဖြစ်။ ဘုရားသခင်အတွက် ငါ ကောင်းစွာ အသုံးခံရမည်။ ဘုရားသခင်ကို ကောင်းစွာ သက်သေခံပြီး ဘုရားမေတ္တာကို ပြန်ဆပ်ရမည်။ အဆုံးတွင် ငါ မည်သို့သေဆုံးမည်မှာ အရေးမကြီး။ အဘယ်ကြောင့်ဆိုသော် ငါသည် စိတ်ကျေနပ်ဖွယ်ရာ ဘဝတစ်ခုကို အသက်ရှင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ မည်သို့ဆိုစေ ငါသေ၍ မဖြစ်သေး။ ငါ မဆုတ်မနစ်ကြိုးပမ်းကာ ဆက်အသက်ရှင်ရမည်” ဟု ပြောလိမ့်မည်။ ယခုတွင် သင်သည် ဤကိစ္စရပ်တွင် ရှင်းလင်းမှု ရှိရမည်ဖြစ်ပြီး ဤအရာများမှ သမ္မာတရားကို နားလည်ရမည်။ လူတို့သည် သမ္မာတရား ရှိသည့်အခါ ခွန်အားရှိကြသည်။ သမ္မာတရား ရှိသည့်အခါ ၎င်းတို့ ခန္ဓာကိုယ်ကို ဖြည့်ဆည်းသည့် မကုန်ခမ်းနိုင်သော အားအင်တစ်ခု ပိုင်ဆိုင်ကြ၏။ ၎င်းတို့ သမ္မာတရား ရှိကြသည့်အခါ စိတ်ပိုင်းဖြတ်မှု ရှိကြသည်။ သမ္မာတရား မရှိလျှင် လူများသည် ပုပ်ဆွေးသော ဟင်းသီးဟင်းရွက်များလောက် ပျော့ညံ့ကြသည်။ သမ္မာတရား ပိုင်ဆိုင်ကြသည့်အခါ သံမဏိလောက် မာကျောလာကြလေသည်။ အမှုအရာများက မည်မျှ ခါးသီးသည်ဖြစ်စေ ၎င်းတို့က ခါးသီးသည်ဟု လုံးဝ ခံစားလိမ့်မည် မဟုတ်။ သင်တို့၏ အနည်းငယ်သော ဆင်းရဲဒုက္ခသည် မည်သည့်အရာနှင့် ညီမျှသည်ဟု သင်တို့ တွေးထင်ပါသနည်း။ လူ့ဇာတိခံ ဘုရားသခင်သည် ဆင်းရဲဒုက္ခခံစားနေဆဲ ဖြစ်သည်။ သင်တို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သောသူများနှင့် မိမိတို့၏ သဘာဝက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်တတ်သော လူများ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် အရာများစွာကို အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်မိပြီးဖြစ်ကာ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ထိုက်တန်ကြ၏။ နာမကျန်းဖြစ်သူများကို ကုသရမည်ဖြစ်သည့်အတိုင်းပင် ဆင်းရဲဒုက္ခကို ကြောက်ရွံ့ရန် ၎င်းတို့အတွက် သင့်လျော်ပါ၏လော။ သင်တို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြ၏၊ ထို့ကြောင့် သင်တို့သည် မည်သည့် နာကျင်မှုဝေဒနာမျှ လုံးဝမရှိဘဲ သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲပြီး အသက်ရရှိနိုင်သည်ဟု သင်တို့ တွေးထင်ကြသလော။ သင်တို့၏ ဆင်းရဲဒုက္ခကို သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်စေခြင်း ဖြစ်သည်။ ယင်းသည် ထိုက်တန်ပြီး သည်းခံရမည်။ ယင်းသည် အပြစ်မကင်းသကဲ့သို့ ဘုရားသခင်က ချမှတ်ထားခြင်းလည်း မဟုတ်ပေ။ လတ်တလောတွင် သင် ကြံ့ကြံ့ခံရသည့် ဆင်းရဲဒုက္ခသည် သင်၏ တာဝန်၌ ပြေးလွှားလှုပ်ရှားခြင်းနှင့် ကြိုးစားအလုပ်လုပ်ခြင်းထက် အနည်းငယ်ပိုသည်။ တစ်ခါတစ်ရံ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လုံးဝ မပြောင်းလဲသည်ကို သင် တွေ့ရပြီး ထို့ကြောင့် စစ်ဆေးမှုအချို့ကို သင် ကြုံရ၏။ တစ်ခါတစ်ရံ ဘုရားနှုတ်ကပတ်တော်ကို သင် နားမလည်၊ နှုတ်ကပတ်တော်များက ဖတ်ရသည်မှာ နာကျင်စရာဖြစ်သောကြောင့် ဘုရားနှုတ်ကပတ်တော်ရှိ စစ်ဆေးခြင်းမှ သင် ဆင်းရဲဒုက္ခအနည်းငယ် ခံရသည်။ သို့မဟုတ် သင်သည် သင်၏ တကယ့်အလုပ်ကို ဆိုးရွားစွာ လုပ်ဆောင်ပြီး သင်၏ တာဝန်တွင် အမှားများ ဆက်လုပ်နေမိခြင်း ဖြစ်နိုင်သည်။ သင်၏ အလုပ်ကို မလုပ်နိုင်ခြင်းအတွက် အပြစ်ရှိသည့်စိတ်နှင့် မိမိကိုယ်ကို မုန်းတီးစိတ်ကို သင် ခံစားရပြီး ဤအရာက သင့်ကို ဆင်းရဲဒုက္ခအချို့ ဖြစ်စေသည်။ အခြားသူများ တိုးတက်နေကြသည်ကို သင် မြင်ရပြီး သင့်ကိုယ်ပိုင် တိုးတက်မှုက အလွန် နှေးနေကြောင်း၊ ဘုရားနှုတ်ကပတ်တော်ကို သိနားလည်မှု တိုးတက်အောင် လုပ်ရန် သင့်အတွက် အချိန်အလွန်ကြာနေကြောင်း၊ သိနားလည်မှု အလွန်နည်းပါးကြောင်း သင် ခံစားရပြီး ဤကိစ္စရပ်များက သင့်ကို ဆင်းရဲဒုက္ခအချို့ဖြစ်စေခြင်း ဖြစ်နိုင်သည်။ အဆင်းနီသော နဂါးကြီး၏ အဖမ်းအဆီးများနှင့် နှိပ်စက်ညှဉ်းပန်းမှုကြောင့် တစ်ခါတစ်ရံ သင်၏ ရန်လိုသော ပတ်ဝန်းကျင်၏ ခြိမ်းခြောက်မှုကို သင် ခံစားရသည်။ ထို့ကြောင့် သင်သည် အမြဲ ကြောက်လန့်၏၊ မငြိမ်မသက်ဖြစ်ကာ ကြောက်ရွံ့မှုဖြင့် အသက်ရှင်၏။ ဤအရာက သင့်ကို ဆင်းရဲဒုက္ခအချို့ ဖြစ်စေသည်။ ဤဆင်းရဲဒုက္ခအပြင် အခြားမည်သည့် ဆင်းရဲဒုက္ခကို သင် တွေ့ကြုံပြီးပြီနည်း။ သင်တို့သည် ပြင်းထန်သော ကာယအလုပ်ကြမ်းများ လုပ်ခိုင်းခြင်း မခံရသကဲ့သို့ သင်တို့ကို ရိုက်နှက်ကာ ကြိမ်းမောင်းသည့် အထက်လူကြီးများ၊ သို့မဟုတ် အကြီးအကဲများလည်း မရှိ၊ ပြီးလျှင် သင်တို့ကို ကျွန်များကဲ့သို့ မည်သူကမျှ မဆက်ဆံပေ။ ထိုသို့သော ဆင်းရဲဒုက္ခကို သင်တို့ မခံစားရ။ အမှန်တွင် သင်တို့ သည်းညည်းခံရသည့် ဤဆင်းရဲဒုက္ခများသည် အမှန်တကယ် ဆင်းရဲဒုက္ခများမဟုတ်ပေ။ ထိုအကြောင်းကို တွေးကြည့်လော့။ ဤသည်မှာ အမှန်ဖြစ်သည်မဟုတ်လော။ ဘုရားသခင်အတွက် အသုံးခံရန် သင်၏ မိသားစုကို စွန့်လွှတ်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်ပြီး ယင်းကို သင်တို့ အဘယ်ကြောင့်လုပ်နေရသည်ဆိုသည်တို့ကို သင်တို့ နားလည်ရမည်။ သင်သည် သမ္မာတရားနှင့် အသက်ကို လိုက်စားရန်နှင့် တစ်ချိန်တည်းတွင် သင်၏တာဝန်ကို ဖြည့်ဆည်းကာ ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ရန် ထိုအရာကို လုပ်ဆောင်ပါက ဤသည်မှာ လုံးဝ တရားမျှတ၏။ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်၏။ ယင်းကို ကောင်းကင်က စီမံချမှတ်ပြီး မြေကြီးက အသိအမှတ်ပြုထားခြင်းဖြစ်ကာ သင်သည် ထိုအရာကို မည်သည့်အခါတွင်မျှ နောင်တရလိမ့်မည်မဟုတ်။ သင်၏ မိသားစုနှင့် ပတ်သက်၍ မည်သည့်အရာဖြစ်ပါစေ သင် လက်လွှတ်နိုင်သည်။ ဤအဓိပ္ပာယ်ကို ရှင်းလင်းစွာ သင် နားလည်ပါက မည်သည့်နောင်တမျှ ရှိလိမ့်မည်မဟုတ်သကဲ့သို့ အပျက်သဘောဆောင်လိမ့်မည်လည်း မဟုတ်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် အစစ်အမှန် အသုံးခံနေခြင်း မရှိသကဲ့သို့ ကောင်းချီးများရရှိဖို့သာ အားထုတ်ကြိုးပမ်းနေခြင်း ဖြစ်ပါက ဤသည်မှာ အဓိပ္ပာယ်ကင်းမဲ့ပေသည်။ ဤကိစ္စရပ်ကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ပြဿနာ ပြေလည်သွားပြီး သင်၏ မိသားစုနှင့်ပတ်သက်၍ သင် စိုးရိမ်စရာလိုလိမ့်မည် မဟုတ်။ အရာရာသည် ဘုရားသခင်၏ လက်တွင်ရှိ၏။ ယခုဆိုလျှင် သင်တို့အားလုံးသည် စမ်းသပ်မှုအချို့ကို တွေ့ကြုံခဲ့ကြရပြီး ဖြစ်သည်။ လူအချို့သည် သမ္မာတရား အချို့ရရှိပြီးဖြစ်၏။ သို့သော် အချို့မှာ အယူဝါဒအချို့ကို နားလည်ရုံသာ ရှိသော်လည်း မည်သည့်သမ္မာတရားကိုမျှ မရရှိကြသေးချေ။ အချို့မှာ အစွမ်းအစကောင်းရှိသောကြောင့် အတော်အတန် နက်ရှိုင်းသော သဘောပေါက်နားလည်နိုင်စွမ်း ရှိကြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူ အချို့မှာ အတော်အတန် ပေါ့တန်သော သဘောပေါက်နားလည်နိုင်စွမ်း ရှိကြသည်။ သင်၏ သဘောပေါက်နားလည်နိုင်စွမ်းက နက်ရှိုင်းသည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ သမ္မာတရားအချို့ကို သင် နားလည်ပြီး စမ်းသပ်မှုတစ်ခုကို သင် ခံစားနေရချိန်တွင် သင်၏ သက်သေခံချက်၌ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သရွေ့ သင်၏ ဆင်းရဲဒုက္ခခံခြင်းသည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိပေသည်။ သင်သည် အမှုအရာများကို ဘုရားသခင်ထံမှ မရရှိနိုင်သကဲ့သို့ အမှုအရာများကို လူသားအယူအဆနှင့် စိတ်ကူးများဖြင့် အမြဲချဉ်းကပ်ပါက သင် မည်မျှဆင်းရဲဒုက္ခခံရသည်ဖြစ်စေ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် လုံးဝ ရှိလိမ့် မည်မဟုတ်ပေ။ သင်သည် သမ္မာတရား မရရှိသေးသောကြောင့် သင်၏ဆင်းရဲဒုက္ခက တန်ဖိုးရှိလိမ့်မည်မဟုတ်ပေ။

သင်သည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ အလိုကို ရှာဖွေသင့်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည်။ ဥပမာအားဖြင့် အစားအစာ၊ အဝတ်အစား၊ ဘဝထဲရှိ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကဲ့သို့သော အရေးကိစ္စများတွင် သမ္မာတရားကို သင် မည်သို့ ရှာဖွေသနည်း။ ဤအရာများတွင် ရှာဖွေရမည့်သမ္မာတရားများ ရှိသလော။ လူအချို့က “ဘုရားသခင်ကို သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ပျော်ရွှင်ခြင်းသည် ကောင်းစွာ စားရခြင်းနှင့် ဝတ်ရခြင်းဖြစ်သည်။ ထိုအရာမရှိလျှင် အရာခပ်သိမ်းက ဒုက္ခဖြစ်သည်” ဟု ဆိုကြ၏။ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ ဇာတိပကတိနှင့်ဆိုင်သော အပျော်အပါးများကို မက်မောသည့်၊ အစားကောင်းများနှင့် ဝတ်ကောင်းစားလှများဖြင့် ပေါများသော ဘဝများကို အသက်ရှင်နေထိုင်ကြသည့် လူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အရာရာကို စွန့်လွှတ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို အလွယ်တကူ လက်ခံကြမည်မဟုတ်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ကြမည် မဟုတ်ပေ။ ထိုလူစားမျိုးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရမည်မဟုတ်သကဲ့သို့ နောက်ဆုံးတွင် ငိုကြွေးရင်းနှင့် မိမိတို့သွားများကို ကြိတ်လျက် ကပ်ဘေးများထဲသို့ အားလုံး ကျဆင်းသွားလိမ့်မည် ဖြစ်သည်။ ထိုလူစားမျိုးသည် ပြောပလောက်သည့် ပျော်ရွှင်မှုတစ်ခုတလေ ရှိနိုင်သလော။ လူအများအပြားသည် အလုပ်သမား သို့မဟုတ် လယ်သမား မိသားစုများတွင် မွေးဖွားခဲ့ကြပြီး ကလေးဘဝကတည်းက အတော်များများ ဆင်းရဲဒုက္ခခံရပြီး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပါက သမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်ရန် အလားအလာရှိပြီး ဆင်းရဲဒုက္ခကို ကြောက်ရွံ့ခြင်း မရှိဘဲ ဘုရားသခင်အတွက် စတေးမှုများပြုလုပ်ကာ မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်အတွက် မိမိတို့ကိုယ်ကို အပြည့်အဝ ဆက်ကပ်နိုင်ကြပြီး အချို့မှာ မိမိတို့၏ တကယ့်အသက်များကို ဘုရားသခင်အတွက် ပေးသည်အထိပင် လုပ်ဆောင်ကြသည်။ ထိုလူစားမျိုးသည် ဘုရားအိမ်တော်တွင် အသိအမှတ်ပြုခြင်းခံရ၏။ လူများစွာတို့သည် ဇာတိပကတိ၏ အပျော်အပါးများအပေါ် အလွန် အာရုံစိုက်ကြသည်။ ကောင်းမွန်သော အစားအစာနှင့် အဝတ်အစားကောင်းများ ရှိခြင်းသည် အမှန်တကယ် အရေးကြီးသည်ဟု သင်တို့ ပြောမည်လော။ လုံးဝ မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စိတ်ရင်းအမှန်ဖြင့် သိကျွမ်းနိုင်ပြီး သမ္မာတရားကို ရရှိနိုင်ပါက ထိုလူ လုပ်ဆောင်သည့် အရာတိုင်းတွင် သူသည် ဘုရားသခင်ကို သက်သေခံပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေပေသည်။ ထိုသို့သော လူတစ်ဦးသည် မည်မျှ ဆိုးရွားစွာ စားသည်ဖြစ်စေ၊ ဝတ်ဆင်သည်ဖြစ်စေ သူ၏ ဘဝတွင် တန်ဖိုးရှိနေဆဲဖြစ်ပြီး ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို သူ ရရှိနိုင်ပေသည်။ ဤသည်မှာ အဓိပ္ပာယ် အရှိဆုံးသောအရာ ဖြစ်သည် မဟုတ်လော။ စားကောင်းသောက်ဖွယ်များ စားခြင်း၊ သို့မဟုတ် ဝတ်ကောင်းစားလှများ ဝတ်ဆင်ခြင်းက သင်သည် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်ဟု အာမမခံပေ။ သင်သည် ဘုရားသခင်ကို မနာခံပါက၊ သို့မဟုတ် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ပါက ကျိန်ဆဲခြင်း ခံရဆဲဖြစ်ပေလိမ့်မည်။ စုတ်စုတ်ချာချာ ဝတ်ဆင်ပြီး ညံ့ညံ့ဖျင်းဖျင်း စားသောက်ရသော်လည်း သမ္မာတရားကို ရရှိထားသည့် လူတစ်ဦးကမူ မည်သို့ဖြစ်ဖြစ် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ အစားအစာနှင့် အဝတ်အစားတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် သင်တို့ သဘောထားသင့်ပုံတွင် ရှာဖွေရမည့် သမ္မာတရားရှိပြီး၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင် သဘောထားသင့်ပုံတွင် ရှာဖွေရမည့် သမ္မာတရား သာ၍ပင် ရှိပေသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့ အပြစ်ဒဏ်ပေးခံရသင့်ပေသည်။ လူသားများသည် ၎င်းတို့အား ဘုရားသခင်အပ်နှံသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်များကိုမဆို ပြီးမြောက်အောင် လုပ်သင့်ကြောင်း ကောင်းကင်က စီမံချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားသည်။ ဤသည်မှာ လူ၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဤတွင် သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို သဘောထားပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့် လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်ကြောင်းကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်။ လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။ တွေ့သလော၊ ဤနေရာတွင် ရှာဖွေရမည့် သမ္မာတရား မရှိသလော။ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရရှိခြင်းသည် သမ္မာတရားကို ရှာဖွေခြင်းနှင့် အတွင်းကျကျ ဆက်နွှယ်နေလေသည်။ လူတို့ အဘယ်ကြောင့် အသက်ရှင်သည်ဆိုသည်နှင့် ဘဝကို သင် မည်သို့ ရှုမြင်သင့်သည်ဆိုသည့် သမ္မာတရားကို သင် နားလည်ပါက၊ သင်၏ ဘဝအမြင်သည် ပြောင်းလဲလိမ့်မည် မဟုတ်လော။ ဤနေရာတွင် ရှာဖွေရမည့် သမ္မာတရား ပို၍ပင် ရှိနေပေသည်။ ဘုရားသခင်ကို ချစ်ခြင်းတွင် မည်သည့် သမ္မာတရားကို တွေ့ရှိနိုင်သနည်း။ လူသားများသည် အဘယ်ကြောင့် သူ့ကို ချစ်ရမည်နည်း။ သူ့ကို ချစ်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ လူတစ်ဦးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားကို ရှင်းလင်းသ‌ည့် သိနားလည်မှုတစ်ခု ရှိပြီး သူ့စိတ်နှလုံး နက်ရှိုင်းရာထဲတွင် ဘုရားကို ချစ်နိုင်ကာ ဘုရားသခင်ကို ချစ်သည့်စိတ် အနည်းငယ် ရှိပါက သူသည် စစ်မှန်သည့် အသက်တစ်ခု ရှိပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသော သူများထဲက ဖြစ်ပေသည်။ အရာခပ်သိမ်းတွင် သမ္မာတရား ရှာဖွေသူတို့သည် ဘဝတွင် အမြန်ဆုံး တိုးတက်ကြပြီး စိတ်သဘောထား၏ ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ကြသည်။ ဘုရားသခင် ချစ်သည့်သူများမှာ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေသူများ အတိအကျ ဖြစ်ပေသည်။ လူတစ်ဦးသည် အယူအဆများနှင့် အယူဝါဒများကို အားထားပါက သို့မဟုတ် အရာခပ်သိမ်းတွင် စည်းမျဉ်းများကို လိုက်နာပါက သူသည် တိုးတက်လိမ့်မည်မဟုတ်။ သူသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့ အနှေးနှင့်အမြန် ဖယ်ရှားခံရလိမ့်မည်ဖြစ်သည်။ အားလုံးထဲတွင် ဤလူစားမျိုးကို ဘုရားသခင် အစက်ဆုပ်ဆုံး ဖြစ်သည်။

နွေဦးရာသီ၊ ၁၉၉၉

အရှေ့သို့- မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

နောက်တစ်ခုသို့- သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။