သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

သမ္မာတရားကို အားထုတ်ခြင်းဖြင့်သာ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ပေသည်- ဤသည်မှာ လူတို့ သဘောပေါက်ရမည့် အရာတစ်ခုဖြစ်ပြီး စေ့စေ့စပ်စပ် နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို လုံလောက်သည့် နားလည်မှု သင်၌ မရှိလျှင်၊ သင် အလွယ်တကူ ချွတ်ချော်ပြီး ပျောက်ဆုံးလိမ့်မည်။ အသက်တာတွင် သင် ကြီးထွားလိုလျှင်၊ အရာအားလုံးတွင် သမ္မာတရား ရှာဖွေရမည်။ မည်သည့်အရာ သင် လုပ်ဆောင်နေသည်ဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီဖို့ မည်သို့ ပြုမူရမည်ကို သင် အဖြေရှာသင့်ပြီး၊ သင့်အတွင်းတွင် ထိုသမ္မာတရားကို ချိုးဖောက်သည့် မည်သည့် အစွန်းအထင်းများတည်ရှိသည်ကို သင် ရှာဖွေရမည်။ သင်သည် ဤအရာများနှင့် သက်ဆိုင်၍ ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရှိရမည်။ သင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိ၊ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိမရှိဆိုသည်ကို သင် စဉ်းစားသင့်သည်။ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့်အရာများကို လုပ်ဆောင်နိုင်သော်လည်း မကိုက်ညီသည့် အရာများကို လုပ်ဆောင်၍မရပေ။ သင် လုပ်လျှင်လည်းရ၊ မလုပ်လျှင်လည်းရသည့်အရာ အရာများနှင့် စပ်လျဉ်း၍၊ ၎င်းတို့ကို လက်လွှတ်နိုင်လျှင်၊ လက်လွှတ်သင့်ပေသည်။ သို့မဟုတ်ပါက၊ အချိန်အတန်ကြာ ဤအရာများကို သင်လုပ်ဆောင်ပြီးနောက်ပိုင်းတွင် ၎င်းတို့ကို လက်လွှတ်သင့်သည်ကို သင် တွေ့ရလျှင်၊ မြန်ဆန်သည့် ဆုံးဖြတ်ချက်ကိုချကာ ၎င်းတို့ကို အလျင်အမြန် လက်လွှတ်လော့။ ဤသည်မှာ သင် လုပ်ဆောင်သည့် အရာတိုင်းတွင် လိုက်လျှောက်သင့်သည့် အခြေခံသဘောတရား ဖြစ်သည်။ လူအချို့က ဤမေးခွန်းကို ထုတ်ကြသည်- ရေစီးကြောင်းကို ဆန့်ကျင်၍ လှေတစ်စင်းကို သင် လှော်ခတ်နေရသည့်အလား၊ ရှေ့သို့ လှော်ခတ်ခြင်းရပ်လျှင် သင် နောက်ပြန်လွင့်ပါသွားမည့်အလား၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်ကြောင့် အလွန်ခက်ခဲရပါသနည်း။ သို့တိုင်အောင် မကောင်းမှု သို့မဟုတ် အဓိပ္ပာယ်မဲ့သော အရာများကို လုပ်ဆောင်ဖို့သည် အဘယ်ကြောင့် လှေတစ်စင်းအား ရေစုန်တွင် စီးသွားခြင်းလောက် အမှန်တကယ်တွင် များစွာသာ၍ လွယ်ကူရပါသနည်း။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ သဘာဝက ဘုရားသခင်ကို သစ္စာဖောက်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်၏ သဘာဝက လူသားများအတွင်း၌ အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်ကာ ဤသည်မှာ ဆန့်ကျင်ရန်မူလိုသော အင်အားစုဖြစ်သည်။ မှန်ပေ၏၊ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝတစ်ခုနှင့် လူသားများသည် ဘုရားသခင်ကို သစ္စာဖောက်သည့် အရာများကို လုပ်ဆောင်ဖို့ အလွန်ဖြစ်ဖွယ်ရှိပြီး၊ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များသည် သူတို့အတွက် ဆောင်ရွက်ရန် ပင်ကိုအားဖြင့် ခက်ခဲလေသည်။ ဤအရာကို လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရအားဖြင့် လုံးဝ ဆုံးဖြတ်ခြင်းဖြစ်သည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သင်ကိုယ်တိုင်၏ စိတ်တွင်းမှ ထိုသမ္မာတရားကို စတင် ချစ်မြတ်နိုးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့် အရာများကို လုပ်ဆောင်ဖို့ လွယ်ကူသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။ သင်သည် ပုံမှန်အတိုင်း သက်သောင့်သက်သာဖြစ်စွာနှင့် ဝမ်းမြောက်စွာပင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်ဖြစ်ကာ အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ကြီးမားသည့်အားထုတ်မှုပမာဏ လိုအပ်မည်ဟု သင်ခံစားရလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ လူသားအသက်တာအကြောင်း သမ္မာတရားများကို သင်အမှန်တကယ် နားလည်ပါက၊ သင်သည် မည်သည့် လူစားမျိုးဖြစ်ရမည်နှင့် ပွင့်လင်းသူ၊ ဖြောင့်မတ်သောလူ၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကို အစေခံသော သူတစ်ဦး မည်သို့ဖြစ်ရမည်တို့နှင့် စပ်လျဉ်း၍ လိုက်နာဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ပြီးလျှင် သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သော လုပ်ရပ်များကို သင် နောက်တစ်ဖန် ဘယ်သောအခါမျှ ကျူးလွန်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ခေါင်းဆောင်အတုအယောင်၊ အမှုတော်ဆောင်အတုအယောင် သို့မဟုတ် အန္တိခရစ်၏ အခန်းကဏ္ဍကို သင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ဆောင်ရွက်လိမ့်မည်မဟုတ်ပေ။ စာတန်က သင့်ကို လှည့်ဖြားလျှင်ပင်၊ သို့မဟုတ် ဆိုးယုတ်သော သူတစ်ဦးက သင့်ကို သွေးထိုးလျှင်ပင်၊ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ သင့်ကို မည်သူက အကျပ်ကိုင်ဖို့ ကြိုးစားသည်ဖြစ်စေ၊ သင်သည် ထိုသို့ လုပ်ဆောင်လိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို ရရှိပြီး၊ သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာပါက၊ မကောင်းမှုကို ၎င်းတို့ စက်ဆုပ်လာနိုင်ကြပြီး အပျက်သဘောဆောင်သော အရာများအတွက် အတွင်းပိုင်း စက်ဆုပ်မှုကို ခံစားလာနိုင်ကြလိမ့်မည်။ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်ပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စုံလင်ခံရပြီးဖြစ်သောကြောင့် မကောင်းမှုကို ကျူးလွန်ဖို့ ၎င်းတို့အတွက် ခက်ခဲပေလိမ့်မည်။

သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။ မကောင်းမှု ပြုခြင်း၏ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ သင်ရှိသည့်အခါတွင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင် မြင်နိုင်ပြီး မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့နှင့်သက်ဆိုင်သည့် အထင်သေးဖွယ်ဖြစ်ခြင်းနှင့် အကျည်းတန်ခြင်းတို့ကို သင် သတိပြုမိနိုင်သည့်အခါတွင်၊ သင်သည် စက်ဆုပ်မိမည်၊ ရွံရှာမိမည်ဖြစ်ပြီး စိတ်သောကရောက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ တစ်ချို့သောအရာတို့ကို သတိရှိရှိ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်းဖြင့်၊ ငြိမ်းအေးခြင်းကို သင် ခံစားရလိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို သတိရှိရှိ ဖတ်ရှုနိုင်ကာ၊ ဘုရားသခင်ကို ချီးမြှောက်ပြီး၊ ဘုရားသခင်အတွက် သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏စိတ်နှလုံးသားထဲ၌ ပျော်ရွှင်မှုကို သင် ခံစားရလိမ့်မည်။ သင်သည် မိမိကိုယ်တိုင်၏ အကျည်းတန်မှုကို ဖော်ထုတ်ရင်း၊ မိမိကိုယ်ကိုယ် ဇာတိရုပ်ကို သတိရှိရှိ ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်း၊ အတွင်းတွင် ခံစားချက်ကောင်းလိမ့်မည်ဖြစ်ကာ စိတ်၏ တိုးတက်သော အခြေအနေတစ်ခုတွင် ရှိသည်ဟု မိမိကိုယ်ကိုယ် ခံစားရလိမ့်မည်ဖြစ်သည်။ သင့်စိတ်သဘောထား အပြောင်းအလဲကို ရှာဖွေခြင်း၏ ပထမအဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ဖို့နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရန်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာလျှင် ထိုးထွင်းသိမြင်မှုကို သင်ရရှိနိုင်မည်၊ ထိုးထွင်းသိမြင်မှုအားဖြင့်သာလျှင် အမှုအရာများကို သင် လုံးလုံးလျားလျား နားလည်နိုင်မည်၊ အမှုအရာများကို လုံးလုံးလျားလျား နားလည်ခြင်းအားဖြင့်သာလျှင် သင့်ကိုယ်သင် အမှန်တကယ် သိနိုင်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိသည်နှင့်တစ်ပြိုင်နက် ဇာတိပကတိကို စွန့်လွှတ်နိုင်ပြီး သင့်ကို ဘုရားသခင်အား နာခံခြင်းဆီသို့ တဖြည်းဖြည်း ဆိုက်ရောက်စေလျက် ထိုသို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်သည် မှန်သော လမ်းကြောင်းပေါ် တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလိမ့်မည်။ ဤသည်မှာ ဆုံးဖြတ်ချက်ခိုင်မာသော လူများက သမ္မာတရားကို အားထုတ်ရာတွင် မည်သို့ဖြစ်ကြသည်ဆိုသည့်အရာနှင့် ဆက်စပ်ပေသည်။ တစ်စုံတစ်ဦးသည် အမှန်တကယ် သန္နိဋ္ဌာန်ချထားပါက၊ ခြောက်လ သို့မဟုတ် တစ်နှစ်ကြာပြီးနောက်တွင် ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းပေါ် စတင်လိမ့်မည်ဖြစ်သည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်းတွင်၊ ရလဒ်များကို ၎င်းတို့ မြင်ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘဝတွင် တိုးတက်နေသည်ဟု ခံစားရလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားပါက၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို လုံးဝ အာရုံမစိုက်ပါက၊ မည်သည့် အပြောင်းအလဲမျှ မတွေ့ကြုံရဘဲ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာ ၎င်းတို့ ယုံကြည်နိုင်ပေသည်။ အဆုံးတွင်၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်းဖြစ်သည့်အရာဖြစ်သည်ဟု ၎င်းတို့ တွေးကြလိမ့်မည်။ ယင်းမှာ ယခင် လောကီထဲတွင် ၎င်းတို့ အသက်ရှင်ပုံနှင့် အတော်များများ တူသည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်။ ဤအရာက သမ္မာတရားမရှိပါက၊ ဘဝက အနှစ်သာရမဲ့သည်ကို အမှန်တကယ် ပြသပေသည်။ ၎င်းတို့သည် အယူဝါဒနှင့်သက်ဆိုင်သည့် စကားအချို့ကို ပြောကောင်းပြောနိုင်မည် ဖြစ်သော်လည်း၊ ၎င်းတို့သည် သက်သောင့်သက်သာ ခံစားရဦးမည် မဟုတ်သကဲ့သို့ စိတ်ပူလိမ့်ဦးမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာအချို့ရှိကြပါက၊ အဓိပ္ပာယ်ရှိသော အသက်တာကို မည်သို့ အသက်ရှင်ရမည်ကို သိရှိကြပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အရာတစ်ချို့ကို လုပ်ဆောင်နိုင်ကြပါက၊ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်၊ ဤသို့ အသက်ရှင်ခြင်းအားဖြင့်သာ ၎င်းတို့ အသက်တာများသည် အဓိပ္ပာယ်ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်မှု ယူဆောင်ပေးပြီး၊ ဘုရားသခင်ကို ပြန်လည်ပေးဆပ်ကာ၊ စိတ်သက်သာရာရဖို့အလို့ငှာ၊ ဤသို့ ၎င်းတို့ အသက်ရှင်ရမည်ဟု ခံစားကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သတိရှိရှိ စိတ်ကျေနပ်စေနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်နိုင်ပါက၊ မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများကို စွန့်ပစ်ပြီး ဘုရားသခင်၏ အလိုအပေါ် နာခံနိုင်ကာ အရေးထားနိုင်ပါက- ဤအရာအားလုံးကို ၎င်းတို့ သတိရှိရှိ လုပ်ဆောင်နိုင်ကြပါက- ဤသည်မှာ သမ္မာတရားကို မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို စစ်မှန်ရိုးသားစွာ လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသောအရာဖြစ်ပြီး၊ ယင်းမှာ ယခင်ကဲ့သို့ စိတ်ကူးများအပေါ် မှီခိုခြင်းနှင့် စည်းမျဉ်းများ လိုက်လျှောက်ခြင်း၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု တွေးထင်ခြင်းမျှနှင့် မတူပေ။ အမှန်တွင်၊ စိတ်ကူးများအပေါ် မှီခိုခြင်းနှင့် စည်းမျဉ်းများကို လိုက်လျှောက်ခြင်းတို့သည် အလွန် ပင်ပန်းစရာဖြစ်သည်၊ သမ္မာတရားကို နားမလည်ခြင်းနှင့် စည်းမျဉ်းများမရှိဘဲ အမှုအရာများ လုပ်ဆောင်ခြင်းသည်လည်း အလွန် ပင်ပန်းစရာဖြစ်ပြီး၊ အမှုအရာများကို ရည်မှန်းချက်ပန်းတိုင်များမရှိဘဲ ကြောင်းကျိုးမမြင် လုပ်ဆောင်ခြင်းသည် သာ၍ပင် ပင်ပန်းစရာ ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သည့်အခါ၊ မည်သူမျှ သို့မဟုတ် မည်သည့်အရာမျှအားဖြင့် စိတ်ကျဉ်းကျပ်လိမ့်မည် မဟုတ်သကဲ့သို့၊ လွတ်လပ်မှုနှင့် လွတ်မြောက်မှု အမှန်တကယ် ရှိလိမ့်မည်ဖြစ်သည်။ သင်သည် မူရှိသည့်နည်းလမ်းဖြင့် ပြုမူလိမ့်မည်ဖြစ်ပြီး၊ စိတ်အေးလက်အေးဖြစ်ကာ ပျော်ရွှင်ပြီး၊ ဤအရာက အားထုတ်မှုများစွာ လိုအပ်လွန်းသည်၊ သို့မဟုတ် ဆင်းရဲဒုက္ခများစွာ ဖြစ်စေလွန်းသည်ဟု ခံစားရလိမ့်မည်မဟုတ်ပေ။ ဤအခြေအနေမျိုး သင်ရှိပါက၊ သင်သည် သမ္မာတရားနှင့် လူ့သဘာဝရှိပြီး၊ မိမိစိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

အသက်အတွေ့အကြုံ ဖြစ်စဉ်တွင်၊ မည်သည့်အရာဖြစ်ပျက်ပါစေ၊ သမ္မာတရားကို ရှာဖွေရန် သင်ယူပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း ကိစ္စရပ်ကို စေ့စေ့စပ်စပ် တွေးဆရမည်။ ဘုရားအလိုတော်နှင့် လုံးဝ ကိုက်ညီသည့်အရာများကို မည်သို့လုပ်ဆောင်ရမည်ကို သင်သိသည့်အခါ၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒမှ လာသည့် အရာများကို သင် လက်လွှတ်နိုင်လိမ့်မည်။ ဘုရားအလိုတော်နှင့်အညီ ပြုမူရမည့်ပုံကို သင် သိသည်နှင့်တစ်ပြိုင်နက် ရေလိုက်ငါးလိုက်နေသည့်အလား ထိုနည်းအတိုင်းသာ လုပ်ဆောင်သင့်သည်။ အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းသည် အလွန် စိုးရိမ်သောကကင်းပြီး လွယ်ကူကာ၊ ဤသည်မှာ သမ္မာတရားကို နားလည်သည့်သူများက အမှုအရာများကို လုပ်ဆောင်သည့်ပုံ ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အမှန်တကယ် ထိရောက်ကြောင်းနှင့် အမှုအရာများကို သင် လုပ်ဆောင်ပုံနှင့်ပတ်သက်၍ စည်းမျဉ်းများရှိကြောင်း၊ သင်၏ အသက်စိတ်သဘောထား ဧကန်အမှန် ပြောင်းလဲပြီးဖြစ်ကြောင်း၊ ဘုရားရွေးချယ်ထားသူများအတွက် ကောင်းမွန်သည့် အရာများစွာ လုပ်ဆောင်ပြီးဖြစ်ကြောင်း လူတို့ကို သင် ပြနိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်သည့်သူတစ်ဦးဖြစ်ပြီး၊ လူသား၏ ပုံသဏ္ဌာန် ဧကန်မုချ ရှိပေသည်။ ထိုနည်းတူ ဘုရားနှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းတွင် အကျိုးတရားတစ်ခုရှိပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို အမှန်တကယ် နားလည်သည့်အခါ၊ မိမိတို့၏ အခြေအနေအမျိုးမျိုးကို ၎င်းတို့ သိမြင်နိုင်လိမ့်မည်၊ ရှုပ်ထွေးသည့် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်ဖြစ်သောကြောင့်၊ မည်သို့ သင့်လျော်စွာ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ သိလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်သကဲ့သို့ မိမိတို့ကိုယ်ပိုင် အခြေအနေကို မသိမြင်နိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်လိုပါက၊ မည်သည့်အရာ သို့မဟုတ် မည်သို့ စွန့်လွှတ်ရမည်ကို ၎င်းတို့ သိလိမ့်မည် မဟုတ်။ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒကို ၎င်းတို့ စွန့်လွှတ်လိုပါက၊ မိမိတို့၏ကိုယ်ပိုင် အလိုဆန္ဒနှင့် ပတ်သက်၍ မည်သည့်အရာ မှားယွင်းသည်ကို သိကြလိမ့်မည် မဟုတ်၊ ၎င်းတို့ ကိုယ်ပိုင် အလိုဆန္ဒက သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အလိုဆန္ဒကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းအဖြစ်ပင် ယူမှတ်ကောင်းယူမှတ်နိုင်သည်။ ထိုသို့သော လူတစ်ဦးသည် မိမိ၏ကိုယ်ပိုင် အလိုဆန္ဒကို မည်သို့ စွန့်လွှတ်လိမ့်မည်နည်း။ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်၊ ဇာတိပကတိကို သာ၍ စွန့်လွှတ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်၊ သမ္မာတရားကို သင် နားမလည်သည့်အခါ၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒမှလာသည့် အရာများ၊ လူသား အယူအဆများ၊ ကြင်နာမှု၊ ချစ်ခြင်း၊ ဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်းတို့နှင့် ကိုက်ညီသည့် အရာများကို မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီနေသကဲ့သို့ အလွယ်တကူ တလွဲထင်နိုင်သည်။ သို့ဆိုလျှင် ဤလူသားအမှုအရာများကို သင် မည်သို့ စွန့်လွှတ်နိုင်မည်နည်း။ သင်သည် သမ္မာတရားကို နားမလည်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ခြင်းက မည်သည့်အရာကို ဆိုလိုကြောင်းသင် မသိပေ။ သင်သည် အမှောင်တွင် လုံးဝ ရှိပြီး၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် သိဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကောင်းသည်ဟု သင်ထင်သည့်အရာကိုသာ လုပ်နိုင်ပြီး၊ အကျိုးဆက်အနေဖြင့်၊ အချို့သောအရာများတွင် သွေဖည်မှုများ သင် ပြုလုပ်မိသည်။ ဤအရာများထဲမှ အချို့မှာ စည်းမျဉ်းများကို လိုက်လျှောက်ခြင်းကြောင့်ဖြစ်သည်၊ အချို့မှာ စိတ်ထက်သန်မှုကြောင့်ဖြစ်ပြီး၊ အချို့မှာ စာတန်၏ နှောင့်ယှက်မှုကြောင့် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား နားမလည်သူတို့ ဖြစ်သည့်ပုံ ဖြစ်သည်။ အမှုအရာများ လုပ်ဆောင်သည့်အခါ ၎င်းတို့သည် အလွန် စိတ်မချရသကဲ့သို့၊ မည်သည့် တိကျမှန်ကန်မှုမျှမရှိဘဲ အချိန်မရွေး စံသွေတတ်သည်။ သမ္မာတရား နားမလည်သောလူတို့သည် အမှုအရာများကို မယုံကြည်သူများကဲ့သို့ပင် အဓိပ္ပာယ်မဲ့သည့်နည်းလမ်းဖြင့် မြင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။ ပြဿနာများကို ဖြေရှင်းဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။ သမ္မာတရားကို သိနားလည်ခြင်းသည် ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။ မိမိ၏ အစွမ်းအစ မည်မျှ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ တစ်သက်တာ တွေ့ကြုံပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့ နားလည်နိုင်သည့် သမ္မာတရား ပမာဏမှာ အလွန်နည်းပါးသကဲ့သို့၊ ၎င်းတို့ နားလည်နိုင်သည့် ဘုရားနှုတ်ကပတ်တော် ပမာဏမှာလည်း အလွန်နည်းပါးလေသည်။ အတော်အတန် ပိုမိုအတွေ့အကြုံရှိသောလူများမှာ သမ္မာတရားအချို့ကို နားလည်သောလူများဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာများ လုပ်ဆောင်ခြင်းနှင့် ဆိုးယုတ်သော အရာများ သိသိသာသာ လုပ်ဆောင်ခြင်းအား အများဆုံး ရပ်တန့်နိုင်ကြသည်။ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရောနှောမှုတစ်ခုမျှမရှိဘဲ ပြုမူဆောင်ရွက်ဖို့ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ အကြောင်းမှာ လူသားများသည် သာမန် အတွေးအခေါ်ရှိပြီး ၎င်းတို့၏ အတွေးများမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမြဲ မကိုက်ညီနိုင်ဘဲ၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ၏ ရောနှောမှုကို ရှောင်လွှဲ၍မရသောကြောင့်ဖြစ်သည်။ အရေးကြီးသည့်အရာမှာ မိမိကိုယ်ပိုင် အလိုဆန္ဒမှလာပြီး ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းတို့နှင့် ဆန့်ကျင်သော အရာများအားလုံးကို ပိုင်းခြားသိမြင်မှုရှိရန် ဖြစ်သည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်ကို နားလည်ရန် သင် ကြိုးစားဖို့ လိုအပ်ပေသည်။ သမ္မာတရားကို သင် နားလည်သည့်အခါမှသာ ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအခါမှသာ မကောင်းမှု ပြုမည်မဟုတ်သည်ကို သင် သေချာနိုင်ပေသည်။

သင်၏ စိတ်သဘောထားကို ပြောင်းလဲဖို့ ကြိုးစားရာတွင် သင့်ကိုယ်သင် သိနားလည်ဖို့ အားထုတ်ရမည်ဖြစ်ပြီး ထို့နောက်တွင် တိကျသော နှိုက်နှိုက်ချွတ်ချွတ် သိနားလည်ခြင်းကို ရရှိရမည်ဖြစ်ကာ ထိုသို့အားဖြင့် သင့် ကိုယ်ပိုင် သဘာဝအတွင်းရှိ စာတန်ဆန်သော အဆိပ်များကို ရှာတွေ့နိုင်သည်။ ဘုရားသခင်ကို အာခံသည်မှာ မည်သည့်အရာကို ဆိုလိုသည်ဆိုသည့်အပြင်၊ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည်မှာ မည်သည့်အရာဆိုလိုသည်ကို သင် သိရမည်ဖြစ်ပြီး မည်သည့် လက်တွေ့လုပ်ဆောင်မှုမျိုးသည် ကိစ္စရပ်များအားလုံးတွင် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို သင်ယူရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကိုလည်း သိနားလည်မှု အချို့ သင် ရရှိရမည်။ ဘုရားသခင် ရှေ့မှောက်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား သင် ပိုင်ဆိုင်ရမည်၊ မာနထောင်လွှားစွာ သင် စကားမပြောဆိုရ၊ သို့မဟုတ် ဘုရားသခင်ကို လိမ်လှည်လှည့်စားခြင်း မပြုရ၊ ပြီးလျှင် ဘုရားသခင်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်ရတော့မည် မဟုတ်။ ထိုသို့ဖြင့် သင့်စိတ်သဘောထားကို ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူတို့သည် ဘုရားသခင်အတွက် ကြည်ညိုမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မှုက တဖြည်းဖြည်း လျော့နည်းသွားလေသည်။ ထို့အပြင် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင် ၎င်းတို့နှင့်ပတ်သက်၍ အခြားသူများ စိုးရိမ်ဖို့ မလိုအပ်ကြသကဲ့သို့ ၎င်းတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်က ဆုံးမပဲ့ပြင်ခြင်းအလုပ်ကို အမြဲလုပ်ဖို့ မလိုအပ်ပေ။ ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြပြီး အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များက သမ္မာတရားနှင့် ကိုက်ညီ၏။ ဤအရာအားလုံးသည် ဘုရားသခင်နှင့် သဟဇာတဖြစ်လာခြင်း သဘောသက်ရောက်ပေသည်။ တစ်စုံတစ်ဦးက အလုပ်အချို့ကို သင့်ထံ လက်လွှဲသည် ဆိုပါစို့။ သင့်ကို စီမံခန့်ခွဲရန်၊ ကြီးကြပ်ပေးရန် မည်သူကိုမျှ သင် မလိုအပ်ပေ။ သင်သည် ဤအလုပ်ကို ဘုရားနှုတ်ကပတ်တော်နှင့် ဆုတောင်းခြင်းဖြင့်သာ အပြီးသတ်နိုင်သည်။ ဤအလုပ်လုပ်သည့် အတောအတွင်းတွင် သင်သည် ဝတ်ကျေတမ်းကျေမဖြစ်၊ မာနထောင်လွှားခြင်း မရှိ၊ သို့မဟုတ် မိမိကိုယ်ကို မှန်သည်ဟု မယူဆသကဲ့သို့ သင့်သဘောအတိုင်း အမှုအရာများကို သင် မလုပ်ဆောင်ပေ။ အခြားမည်သူကိုမျှ သင် စိတ်မကျဉ်းကျပ်စေသကဲ့သို့ အခြားသူများကို မေတ္တာကရုဏာကြီးမားစွာ ကူညီနိုင်သည်။ ထောက်ပံ့မှုနှင့် အကျိုးကျေးဇူးကို လူတိုင်းရရှိရန် သင် ကူညီနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် ဝင်ရောက်ရန် လူတို့ကို သင် လမ်းပြနိုင်သည်။ ထို့အပြင် ဤအလုပ်ကာလအတောအတွင်းတွင် သင်သည် ကိုယ်ပိုင် အဆင့်အတန်း၊ သို့မဟုတ် အကျိုးစီးပွားများကို မရှာဖွေ၊ သင် ထိုက်ထိုက်တန်တန်မရသည့် မည်သည့်အရာကိုမျှ မိမိအတွက် မယူ၊ သင့်ကိုယ်သင်အတွက် ထုတ်ပြောခြင်းမရှိသကဲ့သို့ တစ်ဦးတစ်ယောက်က သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့ကို ကောင်းမွန်စွာ သင် ဆက်ဆံသည်။ သို့ဆိုလျှင် သင်သည် အတော်အတန် ကောင်းမွန်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော တစ်စုံတစ်ဦး ဖြစ်လိမ့်မည်။ လူတစ်ဦးအတွက် အလုပ်အချို့ကို တာဝန်ယူပြီး ဘုရားသခင် ရွေးချယ်ထားသူတို့ကို သူ၏ နှုတ်ကပတ်တော် စစ်မှန်မှုထဲသို့ ခေါ်ဆောင်ရန်မှာ ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုမပါဘဲ ထိုအရာကို လုပ်ဆောင်၍ မရနိုင်ပေ။ အလုပ်ထဲတွင် ကြီးမားသည့် ဆုကျေးဇူးများကို အားကိုးရင်း လဲကျပြီး ရှုံးနိမ့်သည့်သူများစွာ ရှိသည်။ သမ္မာတရား မရှိသော လူတို့သည် လုံးဝ အားကိုး၍မရနိုင်၊ ၎င်းတို့၏စိတ်သဘောထားများ မပြောင်းလဲပါက သာ၍ပင် အားကိုး၍မရနိုင်ပေ။ ယခုတွင် သင် ဝိညာဉ်ရင့်ကျက်မှုမှာ အဘယ်နည်း။ သင့်ကို မြှောက်ပင့်သည့်သူ တစ်စုံတစ်ဦး သင် မည်သို့ ဆက်ဆံသင့်သနည်း။ တစ်စုံတစ်ဦးသည် သင့်အပေါ် ထင်မြင်ချက်များရှိပါက၊ သို့မဟုတ် သင့်ကို အပြစ်ရှာသည့်သဘောဖြင့် ကြည့်ပါက ၎င်းတို့ကို မျှတစွာနှင့် အကျိုးသင့်အကြောင်းသင့် သင် မည်သို့ ဆက်ဆံလိမ့်မည်နည်း။ သင်သည် လူများကို သင်၏ စိတ်ခံစာချက်များပေါ် မှီခိုခြင်းမရှိဘဲ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုံးလုံးလျားလျား ရာထူးတိုးကာ ရွေးချယ်နိုင်သလော။ ယခု ရှိသည့်အတိုင်း သင်၏ ဝိညာဉ်ရင့်ကျက်မှုဖြင့် ဤအရာများကို အမှန်တကယ် သင် လုပ်ဆောင်နိုင်သလော။ သတ်မှတ်ထားသည့် နေရာတွင် သင်သည် နှစ်အတော်ကြာ အလုပ်လုပ်ပြီးနောက်တွင် လူအများစုက သင့်အပေါ် ကောင်းမွန်သည့် အကဲဖြတ်ချက်တစ်ခု မရှိပါက ဤသည်မှာ သင်သည် သင်၏တာဝန်ကို လုံလောက်အောင် ကောင်းစွာ မလုပ်သကဲ့သို့ ဘုရားအသုံးပြုခြင်းအတွက် မသင့်တော်ဟု ဆိုလိုပေသည်။ သင်လုပ်သည့်အရာကို ကောင်းမွန်ပြီး သင့်လျော်ခြင်းအဖြစ် လူအများစုက မြင်ပါက သင်သည် အခြေခံအားဖြင့် အသုံးပြုခြင်းခံရရန် သင့်တော်ပေသည်။ သင်သည် သမ္မာတရား မရှိပါက ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်သည့်အဆင့်တစ်ခုသို့ ရောက်ရန် သင့်အတွက် မဖြစ်နိုင်။ သင့်တော်ရန် သမ္မာတရားကို သင် ရရှိရမည်။

အသက်တာကို ရှာဖွေရာ၌ သင်သည် အရာနှစ်ခုကို အာရုံစိုက်ရမည်- ပထမမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အတွင်းရှိ သမ္မာတရားကို နားလည်ခြင်းနှင့် ဒုတိယမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ သင့်ကိုယ်သင် နားလည်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးအရာ နှစ်ခုဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင် အသက်၊ သို့မဟုတ် သမ္မာတရားမရှိပေ။ သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း၌ မရှာဖွေလျှင် ယင်းကို သင် မည်သည့်နေရာ၌ ရှာဖွေမည်နည်း။ ဤလောကတွင် သမ္မာတရား အဘယ်မှာရှိသနည်း။ ကမ္ဘာလောက၏ သတင်းစာများနှင့် သတင်းဌာနတို့သည် ဘုရားနှုတ်ကပတ်တော်ကို အစီရင်ခံတင်ဆက်သလော။ လောက၏ နိုင်ငံရေးပါတီများသည် ဘုရားသခင်ကို သက်သေခံသလော။ ကမ္ဘာလောက၏ မည်သည့်တိုင်းနိုင်ငံတွင်မဆို ဘုရားနှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်း ဖြန့်ဝေဖို့ ဖြစ်နိုင်သလော။ သေချာပေါက် မဖြစ်နိုင်ချေ။ ဤအကြောင်းကြောင့် ကမ္ဘာပေါ်တွင် သမ္မာတရားတစ်ခုမျှ မရှိခြင်း၊ စာတန်နတ်ဆိုးက ကမ္ဘာကို အုပ်စိုးရခြင်းနှင့် ကမ္ဘာကြီးသည် မှောင်မိုက်ပြီး ဆိုးယုတ်ရခြင်း ဖြစ်သည်။ သမ္မာတရားတစ်စက်မျှပင် ရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံး အပိုင်းများမှာ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ လူ့အသက်တာကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် မိမိကိုယ်ကို အမှန်တကယ် နားလည်ခြင်း၊ လူသားဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်းနှင့် သမ္မာတရား၏ အခြားသွင်ပြင်လက္ခဏာများ ဖြစ်၏။ သမ္မာတရားအားလုံးသည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့်သာ သင်သည် သမ္မာတရားအတွင်းသို့ ဝင်ရောက်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား တွေ့ကြုံခံစားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သမ္မာတရားကို နားလည်မှုအား သင်စွမ်းဆောင်ရရှိနိုင်ပြီး သမ္မာတရားကို စစ်မှန်စွာ နားလည်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို နားလည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အခြေခံအကျဆုံး အရာပင် ဖြစ်သည်။ အချို့သူများသည် အမှုဆောင်၍ တရားဟောကြ၍ ဘုရားနှုတ်ကပတ်တော်များကို အပေါ်ယံအားဖြင့် မိတ်သဟာယ ပြုနေကြသည့်ပုံပေါ်သော်ငြားလည်း ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အနက် အဓိပ္ပာယ်များကိုသာ ဆွေးနွေးနေကြခြင်းဖြစ်ပြီး မည်မည်ရရ ဖြစ်သော အရာတစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားမှုများ ကဲ့သို့၊ တစ်ချက်ပြီးတစ်ချက်နှင့် တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ၊ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ သူသည် အလွန်ကောင်းမွန်စွာနှင့် အင်မတန် အသေးစိတ်ကျကျ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ထိုသို့သော လူများ ဟောကြားပြီးသောအခါ အခြားသူများကို ၎င်းတို့၏ တရားဒေသနာများကို စုဆောင်ပြီး အသင်းတော်တွင်းသို့ ပို့ရန် ပြောဆိုကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် လူတို့ကို လှည့်စားသည့်သူများ ဖြစ်လာသည်။ ဒေသနာများတွင် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ကိုးကားကြသဖြင့် သူတို့၏ ဒေသနာများက သမ္မာတရားနှင့် ကိုက်ညီသည်ဟု ထင်ရသည်။ သို့သော် ၎င်းတို့သည် ဆက်စပ်အခြေအနေ မရှိဘဲ ကိုးကားကာ မူမမှန်သော အနက်ဖွင့်ဆိုချက်များကို ပေးသဖြင့် ယင်းတို့မှာ စည်းမျဉ်းနှင့် ဆန့်ကျင်လေသည်။ သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက ထိုအရာများသည် အယူဝါဒ စကားများနှင့် စာများ၊ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင် ဘုရားသခင်အား ဘောင်ခတ်ထားသည့် အရာတစ်ချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤမိတ်သဟာယမျိုးနှင့် တရားဟောကြားမှုမျိုးသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ်နှင့် ညီမျှသည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။ ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် မိမိတို့ကိုယ်ပိုင် စကားအတိုင်းအတာနှင့် ပတ်သက်၍ ကန့်သတ်ချက်များ သတ်မှတ်ရမည်။ မည်သည့်စကားမျိုး ပြောသင့်သည်၊ မည်သည့်အရာက မိမိတို့တာဝန်များ လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည်ဆိုသည်နှင့် မည်သည့်စကားမျိုးကိုသာ ဘုရားသခင်က ပြောနိုင်သည်ဆိုသည်တို့ကို ၎င်းတို့ သိသင့်သည်။ လူသည် ဘုရားသခင်၏ နေရာတွင် ရပ်ကာ စကားမပြောသင့်။ ဘုရားသခင် အလုပ်လုပ်ပုံကို မည်သူမျှ နားမလည်နိုင်သောကြောင့်၊ တစ်ဦးတစ်လေက ဘုရားသခင်ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်နည်း။ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် လူသည် အရည်အချင်းမပြည့်မီပေ။ ယုတ္တိမတန်သောအရာ တစ်ခုတလေကို လုပ်ဆောင်ခြင်းအား ရှောင်ရှားရန် ဤအရာကို နားလည်ထားရမည်။ ဆင်ခြင်တုံတရားရှိသော လူတစ်ဦးအနေဖြင့် သင်၏ နေရာကို သင် သိရမည်၊ ပြောရန် မှန်ကန်သည့်အရာကို သိရမည်ဖြစ်ပြီး မပြောသင့်သည့် မည်သည့်အရာကိုမျှ သင်မပြောရပေ။ သင့်ကို ယခင်က တစ်စုံတစ်ခု ဘုရားသခင် ပြောခဲ့လျှင်ပင် အခြားသူများထံ ထိုအရာကို သွားမပြောရပေ။ သင်သည် ယုံကြည်ခြင်းရှိပါက၊ ဘုရားနှုတ်ကပတ်တော်က သမ္မာတရား ဖြစ်သည်ကို သင် အသိအမှတ်ပြုပါက ထိုအရာကို သင်လက်တွေ့လုပ်ဆောင်သင့်၏။ ထိုအကြောင်းကို ပြောဆိုခြင်းမျှသည် မည်သည့်ကောင်းကျိုးမျှ မပြုပေ။ အခြားသူများအား သင့်ကို နားထောင်ရန်၊ သင် ပြောသည့်အရာကို နာခံရန် အမြဲဆန္ဒရှိခြင်းသည် မာနထောင်လွှားသည် မဟုတ်လော။ ဘုရားသခင်၏ အရေးကိစ္စနှင့်စပ်လျဉ်း၍ သင် နားမလည်ပါက နားမလည်ခြင်းသာ ဖြစ်၏။ ထိုအရာတို့ကို နားလည်သယောင် ဟန်မဆောင်နှင့်၊ သို့မဟုတ် လူတတ်ကြီးအဖြစ် ဟန်မဆောင်နှင့်။ ယင်းသည် ရွံ့စရာကောင်းလွန်းလှ၏။ သင်သည် ထင်ရှားကျော်ကြားမှုကို မောင်ပိုင်စီးလိုလျက် အရာရာကို နားလည်သည့်အလား ဘုရားသခင်၏ နေရာတွင် ရပ်ကာ အမြဲ ကြွားဝါချင်သည်။ သင်သည် ဤအရာ၊ ထိုအရာ လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်၏ ထင်ပေါ်မှုကို ရယူရန် ဆန္ဒရှိသည်။ ယင်းမှာ ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား ဖြစ်သလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ ဘုရားသခင်၏ အတွေးများကို သင် သိသလော။ ဘုရားသခင်၏ ဉာဏ်ပညာကို သင် ပိုင်ဆိုင်သလော။ လူတို့သည် သမ္မာတရားဖြင့် ပြင်ဆင်ဖို့မပြောနှင့်၊ မိမိတို့ကိုယ်တိုင် သမ္မာတရားကို နားမလည်ကြချေ။ ဘုရားသခင်ကို ၎င်းတို့ သက်သေမခံနိုင်သကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းပင် မပြုနိုင်ကြချေ။ သို့တိုင် ဘုရားသခင်၏ နာမတော်အားဖြင့် စကားပြောကာ ပြုမူဆောင်ရွက်ချင်ကြ၏။ လူတိုင်းက ဤရည်မှန်းချက်ရှိကြသည်။ ယင်းသည် ရှက်ဖွယ်အကောင်းဆုံးနှင့် ယုတ္တိမတန်ဆုံးသော အရာဖြစ်သည်။

ယခုတွင် ကမ္ဘာအနှံ့မှ လူတို့သည် မှန်သော လမ်းခရီးကို ရှာဖွေလာနေကြသည်၊ ထို့ကြောင့် ဘုရားသခင်အတွက် သင်သည် မည်သို့ သက်သေခံသင့်သနည်း။ သင်သည် ဆင်ခြင်တုံတရားမရှိပါက၊ မာနထောင်လွှား၊ စိတ်ကြီးဝင်၊ ပြောင်းလဲလွယ်ပြီး ဒေါသတကြီးလျှောက်ရမ်းနေပါက သင်သည် ဘုရားသခင်ကို အာခံနေပြီး သူ့ကို ပြစ်မှားစော်ကားနေခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သင်၏ တာဝန်ကို လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို သက်သေခံခြင်း သာ၍ပင် မဟုတ်ချေ။ ဤသည်မှာ အမှန်တွင် သင်၏ ဆိုးယုတ်သော သဘာဝကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ အမှန်တကယ် သိမ်းပိုက်ခံရပြီးသူတို့သည် မည်သို့ စစ်မှန်စွာ ပြောဆိုပြီး တကယ့် သက်သေအချို့ မည်သို့ခံရမည်ကို သင်ယူရမည်။ သင်၏ ဘဝအတွေ့အကြုံကို ဝေမျှခြင်းသည် အခြားမည်သည့်အရာမဆိုထက် ကောင်း၏။ ကြီးမားသည့် သီအိုရီများကို ကြွားဝါကာ ပြောဆိုခြင်းသည် အဘယ်အသုံးဝင်သနည်း။ ဘုရားသခင်၏ အမှုတော်ကို နှစ်အတော်ကြာ တွေ့ကြုံသည့်နောက်တွင် လူတို့သည် ကောင်းစွာ မပြုမူကြသေးချေ။ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများအရ လူတို့သည် ဘုရားသခင်အတွက် သက်သေခံရန် မထိုက်တန်ကြချေ။ ယုတ္တိမတန်သကဲ့သို့ မာနထောင်လွှားသော လူတို့သည် ဘုရားသခင်အတွက် သက်သေခံရန် ဆန္ဒရှိကြဆဲဖြစ်သည်။ သင်သည် ဘုရားသခင်ကို အရှက်ရစေပြီး ပြစ်မှားစော်ကားနေခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို သင် နားမလည်ပေ။ ထို့အပြင် သင်၏ စိတ်သဘောထားသည် ဘုရားသခင်ကို အာခံဆဲဖြစ်၏။ သင်၏ သက်သေခံခြင်းနှင့် ပတ်သက်၍ မနှစ်မြို့စရာ ရသဂုဏ်တစ်ခု ရှိသည် မဟုတ်လော။ ထို့ကြောင့် လူသည် ဘုရားသခင်အတွက် သက်သေခံရန် မထိုက်တန်ချေ။ တစ်စုံတစ်ဦးက “တရုတ်ပြည်မတွင် ကျွန်ုပ်တို့ထံ ဘုရားသခင်၏ အမှုတော်အကြောင်း သက်သေခံပေးနိုင်မည်လော”ဟု ပြောပြီး သင်က “ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်ကို နစ်အတော်ကြာ တွေ့ကြုံပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အတွက် သက်သေခံရန် ကျွန်ုပ်တို့ အရည်အချင်း ပြည့်မီသည်ဟု ထင်ပါသည်”ဟု ပြောလျှင် ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ နောက်တစ်ဖန် ဤသည်မှာ ယုတ္တိမတန်ပေ။ လူသည် ဘုရားသခင်အတွက် သက်သေခံရန် မထိုက်တန်ချေ။ သင်က “ဘုရားသခင်အတွက် သက်သေခံရန် ကျွန်ုပ်တို့ မထိုက်တန်ပါ။ သို့တိုင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပြီး ကျေးဇူးတော်ပြခဲ့သည်။ အချို့သော ကျေးဇူးတော်ကို ကျွန်ုပ်တို့ ရရှိပြီးဖြစ်ကာ ဘုရားသခင်၏ အမှုတော်အချို့ကို တွေ့ကြုံပြီးဖြစ်သည်။ ထို့ကြောင့် မိတ်သဟာယတွင် ကျွန်ုပ်တို့ ပါဝင်နိုင်သော်လည်း ဘုရားသခင်အတွက် သက်သေခံနေသည်ဟု တကယ် မှတ်ယူ၍မရနိုင်ပါ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အတွေ့အကြုံများကိုသာ ကျွန်ုပ်တို့ ပြောဆိုနိုင်သည်”ဟုသာ ပြောသင့်ပေသည်။ သင်ကိုယ်တိုင်သည် ဘုရားသခင်အားဖြင့် မည်သို့ သိမ်းပိုက်ခံရသည်၊ ထိုအချိန်က မည်သည့် ဖောက်ပြန်ပျက်စီးမှုများအား သင် ထုတ်ပြခဲ့သည်၊ သင် မာနထောင်လွှားခဲ့ပုံ၊ သိမ်းပိုက်ခံရပြီးနောက်တွင် မည်သည့်ရလဒ်မျိုး ထွက်လာခဲ့သည်ဆိုသည်နှင့် မည်သည့် စိတ်ဆုံးဖြတ်ချက်မျိုး သင်ရှိခဲ့သည်ဆိုသည်တို့နှင့် ပတ်သက်၍ မိတ်သဟာယပြုရန်မှာ သင့်အတွက် အဆင်ပြေသည်။ အမှန်တွင် ဘုရားသခင်အတွက် သက်သေခံရန် တကယ့် အတွေ့အကြုံများအကြောင်း ပြောဆိုခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးဖြစ်ကာ ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် သက်သေခံရန် ရာထူးတစ်ခုယူဖို့ ဆန္ဒရှိခြင်းသည် ကြီးမားသည့် အမှားတစ်ခု ဖြစ်သည်။ သင်သည် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မာနလည်းထောင်လွှား၏။ သင်က “ကျွန်ုပ်၏ အတွေ့အကြုံ အချို့အကြောင်း ကျွန်ုပ် ပြောမည်။ သို့သော် ဘုရားသခင်အတွက် သက်သေခံရန် ကျွန်ုပ် မထိုက်တန်ပါ။ ပထမဦးစွာ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ကျွန်ုပ် မိတ်သဟာယပြုပါမည်။ ဘုရားသခင်သည် တရုတ်နိုင်ငံတွင် အဘယ်ကြောင့် လူ့ဇာတိခံယူခဲ့သနည်း။ ဤအရာကို သင်တို့ အတော်လေး နားမလည်ဖြစ်နိုင်သည်။ ဤအရာကို ဘုရားသခင်၏ အမှုတော်မှ ကျွန်ုပ်တို့ နားလည်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့ တရုတ်လူမျိုးများသည် အဆင်းနီသော နဂါးကြီး ခွေလဲလျောင်းရာနေရာတွင် မွေးဖွားကြသည်၊ ညစ်ညမ်းသောနေရာတွင် ကြီးပြင်းခဲ့ကြသည်။ စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်းကို ကျွန်ုပ်တို့ ခံရပြီး ဖြစ်သည်။ မည်သူမဆိုထက် ကျွန်ုပ်တို့ လိမ်ညာကြသည်၊ ကျွန်ုပ်တို့၏ လူ့သဘာဝက အချို့တဲ့ဆုံးဖြစ်သည်။ လူသားမျိုးနွယ်နှင့် ဆင်တူခြင်းတစ်ခုမျှ မရှိဘဲ အနိမ့်ကျဆုံးသော ဂုဏ်သိက္ခာ ရှိကြသည်။ အခြားသော တိုင်းနိုင်ငံများနှင့် ဒေသများမှ ဘုရားသခင် ရွေးချယ်ထားသောလူတို့နှင့် ယှဉ်ကြည့်ရာတွင် ကျွန်ုပ်တို့သည် အနိမ့်ကျဆုံး၊ အညစ်ညမ်းဆုံးနှင့် ဖောက်ပြန်ပျက်စီးမှုအရှိဆုံးသော လူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် သက်သေခံရန် ကျွန်ုပ်တို့ မထိုက်တန်ရသည့် အကြောင်းရင်း ဖြစ်သည်။ သို့တိုင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကြီးမြတ်သည့် ကယ်တင်ခြင်းထဲသို့ ခေါ်ဆောင်ခြင်းခံရပြီးဖြစ်ကာ ဘုရားသခင်၏ ကြီးမြတ်သည့် မေတ္တာကို ရရှိပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်ပိုင် အတွေ့အကြုံနှင့်ဆိုင်သည့် သက်သေခံချက်များကို ကျွန်ုပ်တို့ ပြောဆိုရမည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်ုပ်တို့ မထိန်းချုပ်သင့်ပါ”ဟု ပြောသင့်ပေသည်။ ဤသို့သော အရာတစ်ခုကို ပြောခြင်းသည် ပိုမိုယုတ္တိတန်ပေသည်။ လူသားတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးသည့်နောက်တွင် ၎င်းတို့ မာနထောင်လွှားစွာ စကားမပြောဆိုမိဖို့ သေချာစေရန် ဆင်ခြင်တုံတရားကို အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည်။ “မြေပေါ်က မစင်ကဲ့သို့” နိမ့်ကျသည့် အဆင့်အတန်းကို ၎င်းတို့ လက်ခံပြီး စစ်မှန်သည့် အမှုအရာအချို့ ပြောဆိုခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ အကောင်းဆုံး ဖြစ်လိမ့်မည်။ အထူးသဖြင့် ဘုရားသခင်ကို သက်သေခံနေသည့်အခါ အနှစ်မဲ့၊ သို့မဟုတ် ယုံတမ်းစကား ပြောဆိုမှုမရှိဘဲနှင့် ဖန်တီးထားသော အလိမ်အညာများ မပါဘဲ စိတ်နှလုံးမှ အနှစ်သာရရှိသော တစ်စုံတစ်ရာကို သင် ပြောနိုင်လျှင် သင်၏ စိတ်သဘောထား အမှန်တကယ် ပြောင်းလဲပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို သင်ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်သင့်သည့် ပြောင်းလဲမှုဖြစ်သည်။ ဤဆင်ခြင်တုံတရား ပမာဏကိုပင် သင်မပိုင်ဆိုင်နိုင်လျှင်၊ သင်သည် အမှန်တကယ် လူသားမျိုးနွယ်နှင့် ဆင်တူမှုတစ်ခုတစ်လေမျှ မရှိပေ။ အနာဂတ်တွင် တိုင်းနိုင်ငံအားလုံးနှင့် ဒေသအားလုံးမှ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်ရောက်ကြပြီးဖြစ်ကာ သူ့နှုတ်ကပတ်တော်များ၏ သိမ်းပိုက်ခံရပြီးချိန်တွင် ဘုရားသခင်ကို ချီးမွမ်းခြင်း၌ ကြီးစွာသော အစုအဝေးတစ်ခုတွင် သင်သည် အဆက်မပြတ် ကြွားလုံးထုတ်ပြီး ဝါကြွားရင်း တစ်ဖန် မာနထောင်လွှားစွာ စတင်ပြုမူပါက သင်သည် လုံးလုံးလျားလျား ဖျက်ဆီးခံရမည်ဖြစ်ပြီး ဖယ်ရှားခံရလိမ့်မည်ဖြစ်သည်။ လူတို့သည် မှန်မှန်ကန်ကန် အမြဲ ပြုမူရမည်၊ မိမိ၏ အဆင့်အတန်းနှင့် ရာထူးတို့ကို သတိပြုရမည်ဖြစ်ပြီး လမ်းဟောင်းများထဲသို့ ပြန်မသွားရပေ။ စာတန်၏ ပုံသဏ္ဌာန်သည် လူသား၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့တွင် အထူးအထင်ရှားဆုံးဖြစ်သည်။ သင်ကိုယ်တိုင်၏ ဤရှုထောင့်ကို သင် မပြောင်းလဲပါက လူသား၏ပုံသဏ္ဌာန် သင် ဘယ်သောအခါမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်၏ မျက်နှာကို အမြဲပိုင်ဆိုင်ရလိမ့်မည်။ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ကို ဖြေရှင်းခြင်းသည် အခက်အခဲဆုံးအရာဖြစ်ပြီး သင်၏ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်းတို့အပေါ် အနည်းငယ်သော သိမြင်ခြင်း ရှိရုံမျှဖြင့် သင့်အား အလုံးစုံသော ပြောင်းလဲခြင်းတစ်ခုကို ရရှိစေမည်မဟုတ်ချေ။ စစ်ဆေးမှုများ ပေါင်းစုံ သည်းခံဖို့ သင် လိုအပ်လိမ့်ဦးမည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းတို့မရှိဘဲနှင့်၊ ရေရှည်တွင် သင် အန္တရာယ် ရှိလိမ့်ဦးမည်။ အနာဂတ်တွင် ကမ္ဘာအနှံ့ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများသည် သူ၏ အမှုတော်ကို လက်ခံပြီး “ကျွန်ုပ်တို့သည် ကြာမြင့်သောအချိန်ကတည်းက အသိဉာဏ်ပွင့်လင်းခဲ့သည်မှာ ဘုရားသခင်သည် တရုတ်ပြည်၌ အောင်မြင်သောသူတစ်စုကို ရရှိခဲ့ပြီးဖြစ်သည်” ဟု ပြောကြလေသည်။ သင်တို့က ဤအရာကို ကြားသည့်အခါ “ငါတို့၌ မည်သည့်အရာမျှ ကြွားဝါစရာမရှိပေ၊ အရာအားလုံးသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ပေးထားခြင်း ဖြစ်သည်။ ငါတို့သည် အောင်မြင်သောသူများဟု အခေါ်မခံထိုက်ပေ” ဟု တွေးကြလိမ့်မည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ခု ပြောနိုင်ကြောင်းနှင့် သင်၌ လက်တွေ့အရှိတရား အနည်းငယ် ရှိလာကြောင်း သင့်ကိုယ်သင် စတင်တွေ့မြင်လာကာ “နိုင်ငံခြားသားများပင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ရရှိပြီးဖြစ်ကြကာ ဘုရားသခင်သည် တရုတ်ပြည်တွင် အောင်မြင်သူတစ်စုကို ပြုပြီးဖြစ်သည်ဟု သူတို့က ပြောကြသည်။ သို့ဖြစ်၍ ငါတို့သည် အောင်မြင်သူများဟု ယူဆခံရသင့်သည်”ဟု တွေးဆလိမ့်မည်။ သင်သည် ယခုအခါတွင် သင်၏စိတ်နှလုံးထဲ၌ ဤသိမှတ်ခြင်းကို တိတ်တဆိတ် ခွင့်ပြုလိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် လူသိရှင်ကြား ဝန်ခံသဘောတူမှုတစ်ခု တကယ်ကို ပြုလိမ့်မည်။ လူသားများသည် ချီးမွမ်းခံရခြင်း၊ သို့မဟုတ် ဂုဏ်အဆင့်တန်းအားဖြင့် စမ်းသပ်ခံရခြင်းကို မခံရပ်နိုင်ကြပေ။ သင်သည် အစဉ် ချီးမွမ်းခြင်းခံရပါက၊ သင်သည် အန္တရာယ် ရှိပေသည်။ စိတ်သဘောထား မပြောင်းသူများသည် နောက်ဆုံးတွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိပေ။

ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ပြင်ဆင်ဖို့ အခက်ခဲဆုံးသော ပြဿနာမှာ တူညီသည့် အမှားဟောင်းများကို လုပ်ခြင်းဖြစ်သည်။ ဤအရာကို ဟန့်တားဖို့ လူများသည် ဦးစွာ ၎င်းတို့ သမ္မာတရား မရရှိသေးကြောင်း၊ ၎င်းတို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှု မရှိသေးကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်ငြားလည်း၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေဆဲ ဖြစ်ကာ၊ ကယ်တင်ခြင်း မခံရသေးကြောင်း သတိပြုမိရမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ထံမှ အချိန်မရွေး သွေဖည်နိုင်ခြေရှိကြသည်။ ၎င်းတို့၌ ဤဘေးကျပ်နံကျပ် ဖြစ်သည့်စိတ်ရှိပါက— လူတို့ မကြာခဏပြောသကဲ့သို့ ၎င်းတို့သည် ငြိမ်းချမ်းသော ကာလတွင် အန္တရာယ်အတွက် ပြင်ဆင်ခြင်းခံရပါက— ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်အတန် ထိန်းချုပ်နိုင်ပြီး ၎င်းတို့အား တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို ဆုတောင်းပြီး သူ့အပေါ် မှီခိုလိမ့်မည် ဖြစ်သည်၊ ပြီးလျှင် တူညီသော အမှားဟောင်းများ ပြုလုပ်ခြင်းကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထား မပြောင်းလဲသေးကြောင်း၊ ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်း သဘာဝသည် သင့်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲဖြစ်ပြီး မထုတ်ပစ်ရသေးကြောင်း၊ သင်သည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ အန္တရာယ်ရှိသေးကြောင်းနှင့် စဉ်ဆက်မပြတ် ပျက်စီးခြင်းနှင့် ဖျက်ဆီးခံရခြင်း အလားအလာကို ရင်ဆိုင်ရကြောင်း သင် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဤသည်မှာ စစ်မှန်သောကြောင့် သင်တို့ သတိထားရမည်။ မှတ်ထားရမည့် အရေးအပါဆုံး အချက်သုံးချက် ရှိလေသည်။ ပထမဦးစွာ သင်သည် ဘုရားသခင်ကို မသိသေးပေ။ ဒုတိယအနေဖြင့် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုမျှ မရှိသေးပေ။ ပြီးလျှင် တတိယအနေဖြင့် သင်သည် လူသား၏စစ်မှန်သော ပုံသဏ္ဌာန်ကို အသက်ရှင်မနေထိုင်ရသေးပေ။ ဤအရာသုံးခုသည် အမှန်တရားနှင့် ကိုက်ညီသည်၊ စစ်မှန်သည်၊ ပြီးလျှင် သင်သည် ယင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းရမည်၊ သင်သည် မိမိကိုယ်ကို သတိပြုမိရမည်။ ဤပြဿနာကို ပြင်ဆင်ဖို့ သင်၌ စိတ်ဆန္ဒရှိပါက၊ သင်သည် သင်၏ကိုယ်ပိုင် ဆောင်ပုဒ်ကို ရွေးချယ်သင့်သည်။ ဥပမာအနေဖြင့် “ကျွန်ုပ်သည် မြေကြီးပေါ်က နွားချေးဖြစ်သည်၊” သို့မဟုတ် “ကျွန်ုပ်သည် နတ်ဆိုးဖြစ်သည်၊” သို့မဟုတ် “ကျွန်ုပ်သည် ယခင်လမ်းဟောင်းများထဲ မကြာခဏ ပြန်ရောက်သည်၊” သို့မဟုတ် “ကျွန်ုပ်သည် အစဉ် အန္တရာယ်ရှိသည်၊” ဤအရာများထဲမှ မည်သည့်အရာမဆိုသည် သင်၏ကိုယ်ရေးကိုယ်တာ ဆောင်ပုဒ်အဖြစ် သုံးဖို့ သင့်တော်သည်၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ သင့်ကိုယ်သင် တစ်ချိန်လုံး သတိပေးလျှင် အထောက်အကူဖြစ်လိမ့်မည်။ သင့်ကိုယ်သင် ယင်းကို ထပ်တလဲလဲ ပြောလော့၊ ယင်းကို ဆင်ခြင်သုံးသပ်လော့၊ ပြီးလျှင် သင်သည် အမှားလျှော့လုပ်ကောင်း လျှော့လုပ်လိမ့်မည်၊ သို့မဟုတ် အမှားများ ပြုလုပ်ခြင်းကို ရပ်တန့်ကောင်း ရပ်တန့်နိုင်လိမ့်မည်။ သို့ဖြစ်စေကာမူ အရေးအကြီးဆုံးဖြစ်သည့်အရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အချိန်ပိုယူရန်၊ သမ္မာတရားကို နားလည်ရန်၊ မိမိကိုယ်ပိုင် သဘာဝကို သိရန်နှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ရုန်းထွက်လွတ်မြောက်ရန် တို့ဖြစ်သည်။ သို့မှသာလျှင် သင်သည် ဘေးကင်းလုံခြုံလိမ့်မည်။ နောက်တစ်ခုမှာ “ဘုရားသခင်၏ သက်သေခံတစ်ဦး”၏ နေရာကို လုံးဝ မယူရန်ဖြစ်ပြီး မိမိကိုယ်ကို ဘုရားသခင်၏ သက်သေခံတစ်ဦးအဖြစ် လုံးဝ မခေါ်ဆိုရန်ဖြစ်သည်။ သင်သည် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံကိုသာ ပြောဆိုနိုင်သည်။ ဘုရားသခင်က သင်တို့ကို ကယ်တင်ခဲ့ပုံအကြောင်း သင် ပြောကောင်းပြောနိုင်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်း သင်တို့ ခံခဲ့ရပုံအကြောင်း မိတ်သဟာယပြုနိုင်ပြီး သင်တို့အပေါ် မည်သည့် ကျေးဇူးတော်ကို သူ ပေးသနားခဲ့သည်ဆိုသည့်အကြောင်း ပြောဆိုနိုင်သည်။ သင်တို့သည် အနက်ရှိုင်းဆုံး ဖောက်ပြန်ပျက်စီးသည့် လူများဖြစ်သည်ကို လုံးဝ မမေ့နှင့်။ သင်သည် နောက်ချေးမြေဇာနှင့် အမှိုက်ဖြစ်သည်။ ယခုတွင် ဘုရားသခင်၏ နောက်ဆုံးသော အမှုတော်ကို လက်ခံနိုင်ခြင်းသည် သင့်ကို သူ ချီမခြင်း သက်သက်ကြောင့် ဖြစ်၏။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည်မှာ ထိုသို့ကြီးမားသည့် ကျေးဇူးတော်ကို သင့်အား သူပေးအပ်ပြီးဖြစ်သည်မှာ သင်သည် အဖောက်ပြန်အပျက်စီးဆုံးနှင့် အညစ်ညမ်းဆုံးဖြစ်သောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သင် ကြွားဝါထိုက်သည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့ ဘုရားသခင်ကိုသာ ချီးမွမ်းပြီး ကျေးဇူးတင်ရှိနိုင်ပေသည်။ သင်၏ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် သက်သက် ဖြစ်သည်။ သင်တို့သည် ကံအကောင်းဆုံးလူများဖြစ်သည်ဟု အဘယ်ကြောင့် ပြောရသနည်း။ သင်တို့တွင် အခွင့်အလမ်းအချို့ သို့မဟုတ် ကောင်းမွန်သော အရည်အချင်းများရှိသောကြောင့် ကံကောင်းသည်ဟု အခေါ်ခံရခြင်းမဟုတ်၊ တရုတ်ပြည်တွင် သင်တို့ မွေးဖွားပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ညစ်ညူးစေခြင်း အခံရဆုံးဖြစ်သောကြောင့်သာ ထိုသို့အခေါ်ခံရခြင်း ဖြစ်သည်။ ဘုရာသခင်သည် ပထမဦးစွာ အဆင့်နီသော နဂါးကြီး ခွေလဲလျာင်းရာ တိုင်းပြည်၏ အညစ်ညူးဆုံး၊ အဖောက်ပြန်အပျက်စီးဆုံးသော လူသားများကို ကယ်တင်လျက်၊ ပထမဦးစွာ စံပြတစ်သိုက်၊ သို့မဟုတ် နမူနာတစ်သိုက်ကို စုံလင်စေလျက်၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လိုက်နာသည်။ ယင်းမှာ သင်တို့အားလုံးကို ဘုရားသခင် ရွေးချယ်ရသည့် အကြောင်းရင်း ဖြစ်၏။ သင်တို့သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ကာ ရွေးချယ်ခဲ့သည့် လူများ ဖြစ်သည်။ ဘုရားသခင်၌ ဤအစီအစဉ်မရှိခဲ့ပါက သင်တို့သည် ထာဝရကာလတစ်လျှောက် ဒုက္ခရောက်နေပြီးဖြစ်မည်။ သို့ဖြစ်၍ သင်တို့သည် ကံအကောင်းဆုံးသော လူများဖြစ်သည်ဟု ပြော၍ရသည်။ သို့သော်ငြားလည်း သင်တို့သည် ဂုဏ်ယူဝင့်ကြွားစရာ မည်သည့်အရာမျှ မရှိသကဲ့သို့ ဧကန်မုချ ဝါကြွား၍ မရနိုင်ပေ။

ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းဖြင့် သင်သည် အကျိုးသစ်နှင့် တကယ့်အတွေ့အကြုံများကို ရရှိစေသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ သင် သက်သေခံသင့်သည်။ ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူများ၊ သူ့ကို နာခံရန် အနည်းဆုံးလိုလားသူများ ဖြစ်ခဲ့ကြသော်လည်း ယခုတွင် သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်- ဤသည်ကို မည်သည့်အခါမျှ မမေ့လေနှင့်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ သင် သာ၍ တွေးဆပြီး စဉ်းစားသင့်သည်။ ၎င်းတို့ကို လူတို့ ရှင်းလင်းစွာ နားလည်သည်နှင့်တစ်ပြိုင်နက်၊ မည်သို့ သက်သေခံရမည်ကို ၎င်းတို့ သိကြလိမ့်မည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ရှက်ဖွယ်ဖြစ်ပြီး အသိတရားမရှိသော လုပ်ဆောင်ချက်များကို ကျူးလွန်ဖွယ်ရှိလိမ့်မည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အတွက် သက်သေခံခြင်း မဟုတ်ဘဲ ထိုထက် ဘုရားသခင်အပေါ် အရှက်ရောက်စေခြင်း ဖြစ်သည်။ သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံနှင့် သိနားလည်ခြင်းတစ်ခု မရှိဘဲ၊ ဘုရားသခင်အတွက် သက်သေခံရန်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၌ မိမိ၏ ယုံကြည်ခြင်း မပြတ်သားသကဲ့သို့ မရှင်းမလင်းဖြစ်သော လူတို့သည် ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေခံနိုင်လိမ့်မည် မဟုတ်ပေ။

နွေဦးရာသီ၊ ၁၉၉၉

အရှေ့သို့- လူ့သဘာဝကို သိရှိရန် နည်းလမ်း

နောက်တစ်ခုသို့- မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ခြင်းသည် ဘုရားသခင်အား ယုံကြည်မှုတွင် အရေးပါဆုံးအပိုင်း ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။