သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

ယခုတွင် ငါတို့သည် “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” တွင် “လက်လွှတ်ခြင်း” အကြောင်းအရာကို အချိန်အတန်ကြာ မိတ်သဟာယဖွဲ့နေခဲ့သည်။ ဤအကြောင်းအရာတွင် ပါဝင်သော ကဏ္ဍအမျိုးမျိုးအား သင်တို့ တွေးတောကြည့်ပြီးကြသလော။ လူတို့ လက်လွှတ်ရန်လိုအပ်သည့် ငါတို့ မိတ်သဟာယဖွဲ့သည့် အရာများနှင့်ပတ်သက်ပြီး လူတို့အနေဖြင့် ယင်းတို့ကို လက်လွှတ်ရန် လွယ်ကူသလော။ မိတ်သဟာယများကို နားထောင်ပြီးနောက်တွင် သင်တို့သည် ယင်းတို့၏ အကြောင်းအရာကို အခြေခံပြီး ချင့်ချိန်စဉ်းစားကာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခဲ့ကြသလော။ နေ့စဉ်အသက်တာတွင် ဤအကြောင်းအရာနှင့် သင်၏ ဖွင့်ပြခြင်းများနှင့် ပြသခြင်းများကြားတွင် နှိုင်းယှဉ်ချက်တစ်ခုခု ပြုလုပ်ကြည့်ခဲ့သလော။ (ကျွန်ုပ်သည် ပုံမှန်အားဖြင့် အနည်းငယ်တွေးကြည့်လေ့ရှိသည်။ မိသားစုက ကျွန်ုပ်တို့အပေါ်တွင် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများအား လက်လွှတ်ခြင်းအကြောင်းကို ဘုရားသခင် မိတ်သဟာယဖွဲ့သည့် ယခင်တစ်ခေါက်က ကျွန်ုပ်၏ မိသားစုက ကျွန်ုပ်အတွင်းသို့ သွတ်သွင်းပေးခဲ့သည့် “သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် မာနကို လိုအပ်သည်” ကဲ့သို့သော ဤဆိုးယုတ်သော အတွေးအခေါ်များကို ကျွန်ုပ်၏ ဘဝတွင် ကမ္ဘာလောကကို ရင်ဆိုင်ရာ၌ ကျွန်ုပ်လိုက်နာလေ့ရှိသည်ကို ကျွန်ုပ် သဘောပေါက်ခဲ့သည်။ ကျွန်ုပ်သည် ဤအယူအဆများကို လက်ခံပြီးနောက်တွင် သိက္ခာကျမည်ကို ကြောက်သောကြောင့် ကျွန်ုပ်လုပ်ဆောင်သမျှတိုင်း၌ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို အလေးထားခဲ့ပြီး ရိုးသားသူတစ်ယောက် မဖြစ်နိုင်ခဲ့ပါ။) အမျိုးမျိုးသောအရာများကို လက်လွှတ်ခြင်းနှင့်ပတ်သက်ပြီး ငါတို့ မိတ်သဟာယဖွဲ့သည့် ဤအကြောင်းအရာအားလုံးသည် အမျိုးမျိုးသော အမှုကိစ္စများအပေါ် လူတို့၏ အတွေးအမြင်များကို အဓိက ကိုင်တွယ်သည်။ ဤသို့သော အမှုကိစ္စများ၌ လူတို့၏ မမှန်ကန်သော အတွေးအမြင်များကို ဖော်ထုတ်ပြခြင်းအားဖြင့် ၎င်းတို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ရှင်းလင်းစွာ သိမြင်မှုရှိလာသည်။ ထို့နောက်တွင် ယင်းတို့ကို အပြုသဘောဆောင်သော နည်းဖြင့် လက်လွှတ်နိုင်ပြီး ယင်းတို့၏ ချုပ်ချယ်ကန့်သတ်ခြင်းကို မခံရနိုင်တော့ပေ။ အရေးကြီးဆုံးအရာမှာ ဤအတွေးအမြင်များ၏ ချည်နှောင်ခြင်းကို မခံရဘဲ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို စံအဖြစ် မှန်ကန်စွာ ခံယူခြင်းအားဖြင့် အသက်ရှင်ပြီး ရပ်တည်နိုင်ရန်ဖြစ်သည်။ လူတို့သည် သမ္မာတရားအမျိုးမျိုး၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လိုလျှင် အမြင်ရှုထောင့်အားလုံးမှ အသိအမြင်နှင့် အတွေ့အကြုံရှိရမည်။ အထူးသဖြင့် အမျိုးမျိုးသောအမှုအရာများနှင့်ပတ်သက်ပြီး မတက်ကြွသော၊ အပျက်သဘောဆောင်သော အယူအဆများနှင့် အမြင်များကို ရှင်းလင်းစွာ နားလည်ရမည်။ ၎င်းတို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်မှသာ ယင်းတို့ကို တက်ကြွစွာ လက်လွှတ်နိုင်ပြီး ယင်းတို့၏ လှည့်စားခြင်း၊ ချည်နှောင်ခြင်းကို မခံရနိုင်ပေ။ ထို့ကြောင့် သမ္မာတရားအမျိုးမျိုး၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ပြီး သမ္မာတရားအား လိုက်စားခြင်း၏ ရလဒ်ကို ရရှိဖို့ရန်အတွက် လူတို့သည် မိမိတို့ကိုယ်ကို မကြာခဏ ဆင်ခြင်သုံးသပ်ပြီး နေ့စဉ်အသက်တာတွင် အယူအဆနှင့် အမြင်အမျိုးမျိုးတို့၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းအား ၎င်းတို့ မည်သို့ ခံရသည်ကို စဉ်းစားသင့်သည်၊ သို့မဟုတ် နေ့စဉ်အသက်တာတွင် အမျိုးမျိုးသော အမှုအရာများနှင့်ပတ်သက်ပြီး ၎င်းတို့သည် မည်သည့်အတွေးအမြင်များအား ကိုင်စွဲသည်ကို အဖြေရှာဖို့ မကြာခဏ ကြိုးစားသင့်သည်။ ပြီးလျှင် ဤအတွေးအမြင်များသည် မှန်ကန်ပြီး သမ္မာတရားနှင့် ညီခြင်းရှိမရှိ၊ ယင်းတို့သည် အပြုသဘောဆောင်ပြီး ဘုရားသခင်ထံမှ လာခြင်းရှိမရှိ၊ သို့မဟုတ် လူသား၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် စာတန်ထံမှ လာခြင်းရှိမရှိတို့ကို ပိုင်းခြားသိမြင်သင့်သည်။ ဤသည်မှာ အလွန်အရေးကြီးသော သင်ခန်းစာဖြစ်သည်။ လူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာတွင် နေ့စဉ် ဝင်ရောက်ရမည့် လက်တွေ့အရှိတရား၏ ကဏ္ဍတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ နေ့စဉ်အသက်တာတွင် သင်သည် အမျိုးမျိုးသောလူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများကို ကြုံရသည်ဖြစ်စေ၊ မကြုံရသည်ဖြစ်စေ မည်သည့်အတွေးအမြင်များအား သင်ကိုင်ဆောင်သည်ကို အစဉ်သဖြင့် စူးစမ်းစစ်ဆေးရမည်။ ဤအတွေးအမြင်များက မှန်ကန်ပြီး သမ္မာတရားနှင့် ညီခြင်းရှိမရှိကို စစ်ဆေးရမည်။ ဤသည်မှာ အလွန်အရေးကြီးသော သင်ခန်းစာဖြစ်သည်။ သင်၏ နေ့စဉ်အသက်တာတွင်၊ သင်၏တာဝန်ကို ထမ်းဆောင်လျက် အချိန်ကုန်ဆုံးသော ပုံမှန်အချိန်ပြင်ပတွင်၊ ဤကဏ္ဍ၌ သင်၏ ဝင်ရောက်မှုသည် သင့်ဘဝ၏ ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ နေရာယူထားသင့်သည်။ ဤနည်းအားဖြင့်သာ သင်သည် အပျက်သဘောဆောင်သောအရာများနှင့် သက်ဆိုင်သော အတွေးအမြင်အမျိုးအစားအားလုံးကို မျှော်လင့်နိုင်သည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး၊ သမ္မာတရားကို သင်၏ စံအဖြစ်ထားရှိပြီး လူများ၊ အမှုအရာများကို ရှုမြင်သည့်အခါ၊ ကျင့်ကြံပြုမူသည့်အခါ၊ လုပ်ဆောင်သည့်အခါမှသာ မျှော်လင့်ချက်ရှိနိုင်သည်ဟုလည်း ဆိုနိုင်သည်။ ထိုအခါမှသာ သင်သည် အဆုံး၌ ကယ်တင်ခြင်းကို ရရှိရန် မျှော်လင့်နိုင်သည်။ သင်၏ နေ့စဉ်အသက်တာတွင်၊ သင့်တာဝန်များကို ထမ်းဆောင်လျက် ကုန်ဆုံးသောအချိန်ပြင်ပတွင် သင်၏ စိတ်သည် ကျန်ရှိသည့် အချိန် ၈၀ မှ ၉၀ ရာခိုင်နှုန်းတွင် ဗလာဖြစ်နေလျှင်၊ သို့မဟုတ် သင်၏ ရုပ်ပိုင်းဆိုင်ရာဘဝ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အကြောင်းကိုသာ စဉ်းစားတွေးတောလျှင် သင့်အနေဖြင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် လွယ်ကူမည်မဟုတ်သကဲ့သို့ သမ္မာတရားအား လိုက်စားခြင်းရလဒ်ကို ရရှိမည်မဟုတ်ပေ။ ဤသို့သော မည်သည့်အရာကိုမျှ သင့်အနေဖြင့် ရရှိရန် မလွယ်ကူလျှင် ကယ်တင်ခြင်းအား သင်ရရှိနိုင်သည့် အခွင့်အရေးသည် အလွန်နည်းပါးလိမ့်မည်။ ထို့ကြောင့် ကယ်တင်ခြင်းအားရရှိခြင်းသည် မည်သည့်အရာအပေါ် မူတည်သနည်း။ ဘုရားသခင် အလုပ်လုပ်သည့် ပုံစံနှင့် သန့်ရှင်းသောဝိညာဉ်တော်က သင့်၌ အလုပ်လုပ်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ သင်၏ တစ်ဖက်သတ် ဇွဲလုံ့လ၊ အဖိုးအခမည်မျှကို သင်ပေးဆပ်သည်၊ သမ္မာတရားအား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းအား ရရှိခြင်းတွင် အချိန်နှင့် အားအင်မည်မျှကို သင်စိုက်ထုတ်သည်ဆိုသည်တို့အပေါ်တွင် မူတည်သည်။ အချိန်အများစုတွင် သင်တွေးတောပြီး လုပ်ဆောင်သည့်အရာသည် သမ္မာတရားအား လိုက်စားခြင်းနှင့် လုံးဝ မသက်ဆိုင်လျှင် သင်လုပ်ဆောင်သည့်အရာသည် ကယ်တင်ခံရခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤသည်မှာ မလွှဲမရှောင်နိုင်သော အချက်ဖြစ်ပြီး မလွှဲမရှောင်နိုင်သော ရလဒ်ဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည် နောင်တွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်ချက်မှာ သင်တို့သည် မိတ်သဟာယဖွဲ့နေသည့် အကြောင်းအရာတိုင်းကို နီးကပ်စွာ လိုက်နားထောင်သင့်သည်။ ထို့နောက်တွင် အကြောင်းအရာကို ချင့်ချိန်စဉ်းစားပြီး နားလည်ရန် တက်ကြွစွာ ကြိုးစားသင့်သည်။ ဆိုလိုသည်မှာ အကြောင်းအရာကို ငါတို့ ပြီးဆုံးသွားသည်နှင့် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် သံပူနေတုန်းတွင် တူနှင့်ထုနှက်သင့်သည်။ မှန်ကန်တိကျသော အသိအမြင်နှင့် စစ်မှန်သော နောင်တကို ရရှိရန်ဖြစ်သည်။ မိတ်သဟာယဖွဲ့ပြီးနောက်တွင်၊ သို့မဟုတ် ငါတို့ မိတ်သဟာယဖွဲ့သည့် အပိုင်းအချို့ကို သင်နားလည်ပြီးနောက်တွင် ဤသမ္မာတရား ရှုထောင့်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးနားလည်ရခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ ကိုယ်ပိုင်အတွေးအမြင်များတွင် အခြေခံအကျဆုံး သိမြင်မှုရှိစေရန်ဖြစ်သည်။ ဤသို့အားဖြင့် နောက်ပိုင်းတွင် နေ့စဉ်အသက်တာ၌ ဆက်စပ်မှုရှိသော အမှုကိစ္စများကို သင် ကြုံရသောအခါ သမ္မာတရားစည်းမျဉ်းအပေါ် သင်၏ ယခင်က အသိအမြင်နှင့် နားလည်မှုသည် ဤအမှုကိစ္စအပေါ် သင်၏ အတွေ့အကြုံကို လမ်းပြသည့် အခြေခံအယူအဆနှင့် အမြင်များ ဖြစ်လာလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် သိမြင်မှုရရှိပြီး တိကျပြီး မှန်ကန်သော အသိအမြင်ရှိသည်နှင့် ဤအမှုကိစ္စနှင့်ပတ်သက်သည့် သင်၏ သဘောထားနှင့် နားလည်မှုသည် အပြုသဘောဆောင်ပြီး တက်ကြွလိမ့်မည်။ ဆိုလိုသည်မှာ ဤဖြစ်ရပ်မဖြစ်မီတွင် သင်သည် အကာအကွယ်ရှိနှင့်ပြီးဖြစ်ကာ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိလိမ့်မည်။ ဤသို့အားဖြင့် အမှန်တကယ် ဖြစ်ပျက်သောအခါတွင် သင် ကျရှုံးမည့် အခွင့်အလမ်းသည် နည်းပါးလိမ့်မည်။ ဘုရားသခင်ကို သင် သစ္စာဖောက်နိုင်ခြေလည်း နည်းပါးလိမ့်မည်။ ပြီးလျှင် သမ္မာတရား စစ်မှန်မှုအတွင်းသို့ သင်ဝင်ရောက်မည့် အလားအလာသည် အလွန်ကြီးမားလိမ့်မည်။ ဤသည်မှာ ကပ်ရောဂါတစ်ခု ဖြစ်ပွားသည့်အချိန်ကဲ့သို့ဖြစ်သည်။ သင်သည် ကာကွယ်ဆေးမထိုးလျှင် သင်လုပ်နိုင်သမျှမှာ အိမ်တွင်းတွင် တံခါးပိတ်နေပြီး အပြင်သို့မထွက်ရန်ဖြစ်သည်။ ဤသည်မှာ ကူးစက်နိုင်သည့် အန္တရာယ်ကို သုညအထိ လျော့ကျစေသည်။ သို့သော် သင်သည် အပြင်ထွက်ပြီး လှည့်ပတ်သွားလာလျှင်၊ ပြင်ပလောကနှင့် ထိတွေ့လျှင် ကာကွယ်ဆေးထိုးရမည်ဖြစ်သည်။ ဤကာကွယ်ဆေးက ကူးစက်နိုင်သည့် အလားအလာကို ချေဖျက်ပေးသလော။ ချေဖျက်မပေးပေ။ သို့သော် ကူးစက်နိုင်ခြေကို လျော့ချပေးသည်။ သင့်တွင် ပဋိပစ္စည်းများရှိလိမ့်မည်ဟုဆိုလျှင် လုံလောက်သည်။ သမ္မာတရားအား လိုက်စားခြင်း လုပ်ငန်းစဉ်သည် သမ္မာတရားအမျိုးမျိုးအား သိမြင်ခြင်းနှင့် စတင်သည်။ သင်သည် အမျိုးမျိုးသော သမ္မာတရားများအတွင်းမှ မှန်ကန်ပြီး အပြုသဘောဆောင်သော အဆိုအမိန့်များနှင့် စည်းမျဉ်းများကို သိလျှင်၊ တစ်ချိန်တည်းတွင် သင့်၌ သမ္မာတရားတစ်ခုစီက ဖွင့်ပြသည့် အမျိုးမျိုးသော အပျက်သဘောဆောင်ပြီး မကောင်းသော အတွေးအမြင်များအား သိမြင်မှုလည်းရှိလျှင် အလားတူဖြစ်ရပ်များ ထပ်မံဖြစ်ပျက်သည့်အချိန်တိုင်းတွင် သင်၏ ရွေးချယ်မှုသည် စာတန်က သင့်အား စွဲမှတ်အောင်သွန်သင်ပေးထားသည့် အပျက်သဘောဆောင်ပြီး မကောင်းသော အယူအဆများ၊ ထင်မြင်ချက်များ၏ စံသတ်မှတ်ချက်အပေါ် အခြေခံတော့မည်မဟုတ်ပေ။ ပြီးလျှင် သင့်တွင် ဤသို့သော အယူအဆနှင့် အမြင်များကို ဖက်တွယ်သော သဘောထားတစ်ခုရှိတော့မည်မဟုတ်ပေ။ ဤအဆင့်တွင် သင်သည် ဤသမ္မာတရား စစ်မှန်မှုရှုထောင့်အတွင်းသို့ မဝင်ရောက်သေးဘဲ သင်၏ အမြင်များက ကြားတွင်ရှိနေနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ ဤအပြုသဘောဆောင်သော အယူအဆနှင့် အမြင်များကို လက်ခံပြီးနောက်တွင် သင့်၌ အပျက်သဘောဆောင်သော အယူအဆများ၊ အမြင်များအပေါ် သိမြင်မှုတစ်ခုရှိလိမ့်မည်။ ဤသို့အားဖြင့် သင်သည် နောင်ကာလတွင် အလားတူအမှုကိစ္စတစ်ခုကို ရင်ဆိုင်ရသောအခါ အနည်းဆုံးအနေဖြင့် ဤအမှုကိစ္စမျိုးနှင့် ဆက်စပ်သော အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သော အယူအဆနှင့် အမြင်များကြား ခွဲခြားသိမြင်နိုင်လိမ့်မည်။ ယင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စံသတ်မှတ်ချက်အချို့ရှိလိမ့်မည်။ ဤစံသတ်မှတ်ချက်ကို အခြေခံပြီး သမ္မာတရားကို ချစ်ပြီး လူ့သဘာဝရှိသောလူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ် ပို၍ရှိကြသည်။ သမ္မာတရား၏ စံသတ်မှတ်ချက်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်လိုစိတ်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လိုစိတ်ရှိကြသည်။ ဤသည်မှာ သင့်အား သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ကို နာခံရန်၊ သင့်အတွက် ဘုရားသခင် စီစဉ်သည့် လူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများကို လက်ခံရန် အတိုင်းအတာတစ်ခုအထိ ကြီးစွာကူညီပေးလိမ့်မည်။ ဤအမြင်မှကြည့်လျှင် လူတစ်ယောက်သည် သမ္မာတရားကို နားလည်လေလေ၊ သူသည် သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သည့် အလားအလာများလေလေဖြစ်သည်ဟုလည်းကောင်း၊ အပျက်သဘောဆောင်သောအရာများကို နှံ့စပ်စွာ နားလည်လေလေ၊ သူသည် ဤအပျက်သဘောဆောင်သောအရာများကို ကျောခိုင်းနိုင်ခြေများလေလေဖြစ်သည်ဟုလည်းကောင်း ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ထို့ကြောင့် သင်သည် သမ္မာတရားအား လိုက်စားလိုစိတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် သမ္မာတရားအား လိုက်စားရန် သင်၏ စိတ်ကို ဆုံးဖြဖတ်ပြီးသည်ဖြစ်စေ၊ မဆုံးဖြတ်သည်ဖြစ်စေ၊ သင်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်၏ အစွမ်းအစ၊ သို့မဟုတ် သမ္မာတရားအား သင်နားလည်သည့်ပုံစံက မည်သို့ဖြစ်စေ အတိုချုပ်အနေဖြင့် လူတို့သည် သမ္မာတရားကို လိုက်စားလိုလျှင်၊ သမ္မာတရား၏ စံများကို နားလည်လိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်လိုလျှင် အပျက်သဘောဆောင်သောအရာမျိုးစုံကို ပိုင်းခြားသိမြင်ပြီး နားလည်ရန် လိုအပ်သည်။ ဤသည်တို့မှာ သမ္မာတရားအား လိုက်စားခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းအတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်များ ဖြစ်သည်။

လူအချို့သည် သမ္မာတရားကို နားမလည်ကြပေ။ ငါတို့ ယခု မိတ်သဟာယဖွဲ့နေသည့် အကြောင်းအရာအမျိုးမျိုးနှင့်ပတ်သက်ပြီး ၎င်းတို့က “ဤအကြောင်းအရာများကို ကျွန်ုပ်တစ်ခါမှ မတွေးခဲ့ဖူးပါ၊ တွေ့ကြုံဖူးခြင်းလည်းမရှိပါ၊ ဤအကြောင်းအရာများနှင့်ပတ်သက်ပြီး ကိုယ်တော်ပြောသည့်အရာနှင့် ကျွန်ုပ်၏ ကိုယ်ပိုင်ပြဿနာအမျိုးမျိုး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြခြင်းများကြား ဆက်နွှယ်မှုကို ကျွန်ုပ် မမြင်နိုင်ပါ၊ ထို့ကြောင့် ဤအကြောင်းအရာများကို ကိုယ်တော်ပြောခြင်းသည် သမ္မာတရားအား ကျွန်ုပ် လိုက်စားခြင်းနှင့် အဘယ်သို့ သက်ဆိုင်သနည်း၊ သမ္မာတရားစစ်မှန်မှုအတွင်းသို့ ကျွန်ုပ် ဝင်ရောက်ခြင်းနှင့် လုံးဝ သက်ဆိုင်မှုရှိသည့် ပုံစံမရှိသည် မဟုတ်လော၊ လူတို့၏ အပြုသဘောဆောင်သော ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အဆင့်မြင့်ပြီး လေးနက်သောအကြောင်းအရာအချို့ကို အဘယ်ကြောင့် မပြောသနည်း၊ နေ့စဉ်ဘဝ၏ ဤအပျက်သဘောဆောင်သော အသေးအဖွဲဖြစ်သော အမှုကိစ္စများကို အစဉ် ဖော်ထုတ်သနည်း” ဟူ၍ အစဉ် ခံစားကြရသည်။ ဤထင်မြင်ချက်သည် မှန်ကန်သလော၊ မှားယွင်းသလော။ (မှားယွင်းပါသည်။) ဤအယူအဆများရှိသောသူများက နေ့စဉ်အသက်တာ၏ ဤသို့သော အသေးအဖွဲကိစ္စများကို ကြားရသည့်အခါတိုင်းတွင်၊ အထူးသဖြင့် ဤအမှုကိစ္စများ၏ ဥပမာအချို့ကို ပေးသောအခါတွင် ၎င်းတို့သည် ရွံရှာပြီး နားမထောင်လိုကြပေ။ ၎င်းတို့က “ဤအကြောင်းအရာသည် အလွန်ပင် သာမန်မျှသာဖြစ်ပြီး မလေးနက်ပါ၊ ဤအရာနှင့်ပတ်သက်ပြီး ကြီးကျယ်သည့်အရာတစ်ခုမျှမရှိ၊ ရိုးရှင်းလွန်းသည်၊ ကျွန်ုပ်သည် နားထောင်လိုက်သည်နှင့် ချက်ချင်း နားလည်သွားသည်၊ အားလုံးက လွယ်ကူလွန်းသည်၊ သမ္မာတရားသည် ဤသို့ မဖြစ်သင့်ပေ၊ ဤထက်ပို၍ လေးနက်သင့်သည်၊ လူတို့သည် နားမလည်နိုင်မီတွင်၊ စာကြောင်းတစ်ကောင်းနှစ်ကြောင်းကို မမှတ်မိခင်တွင် အကြိမ်အနည်းငယ် နားထောင်ဖို့ လိုအပ်သည်၊ ယခု ကိုယ်တော်ပြောဆိုနေသည့်အရာများသည် နေ့စဉ်ဘဝ၏ အသေးအဖွဲကိစ္စများဖြစ်ပြီး နေ့စဉ်ဘဝတွင် သာမန်လူ့သဘာဝက ဖော်ပြမှုအချို့လည်း ဖြစ်သည်၊ ဤသည်မှာ ကျွန်ုပ်တို့အတွက် အနည်းငယ် ပေါ့တန်လွန်းနေခြင်း မဖြစ်သလော” ဟု တွေးသည်။ ဤအမြင်ကို ကိုင်စွဲသောလူများသည် ၎င်းတို့၏ အတွေးအခေါ်တွင် မှန်ကန်သည်ဟု သင်ထင်သလော။ (မထင်ပါ။ ၎င်းတို့သည် မှားယွင်းသည်။) အဘယ်ကြောင့် မှားယွင်းသနည်း။ ၎င်းတို့က မည်သို့မှားနေသနည်း။ ရှေးဦးစွာ လူတို့၏ အတွေးအမြင်များသည် ၎င်းတို့နေ့စဉ်ဘဝနှင့် အဆက်ပြတ်နေသလော။ (အဆက်မပြတ်ပါ။) ၎င်းတို့၏ အမျိုးမျိုးသော ဖော်ပြမှုများနှင့် သဘောထားများသည် ၎င်းတို့၏ နေ့စဉ်ဘဝများနှင့် အဆက်ပြတ်နေသလော။ (အဆက်မပြတ်ပါ။) အဆက်မပြတ်ပါ။ ဤမည်သည့်အရာကမျှ အဆက်မပြတ်ပေ။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အတွေးအမြင်များ၊ အမျိုးမျိုးသော ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့၏ အယူအဆများ၊ ရည်ရွယ်ချက်များ၊ အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ အတိအကျနည်းလမ်းများ၊ ထို့အပြင် ၎င်းတို့၏ စိတ်မှ ထွက်ပေါ်လာသော အတွေးများ၊ အယူအဆများတို့အားလုံးသည် နေ့စဉ်ဘဝတွင်ရှိသော ၎င်းတို့၏ အမျိုးမျိုးသော ဖော်ပြမှုများ၊ ပွင့်အန်ထွက်မှုများဖြင့် ခွဲ၍ မရနိုင်ပေ။ ထို့အပြင် နေ့စဉ်ဘဝရှိ ဤအမျိုးမျိုးသော ဖော်ပြမှုများ၊ ပွင့်အန်ထွက်မှုများအပြင် လူတို့အပေါ်သို့ ကျရောက်သော အမျိုးမျိုးသော အမှုကိစ္စအပေါ် လူတို့၏ အတွေးများ၊ အမြင်များ၊ သဘောထားများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သော ပို၍ တိကျသောအရာများဖြစ်သည်။ သမ္မာတရားအား လိုက်စားခြင်း၏ ရည်ရွယ်ချက်သည် လူတို့၏ မှားယွင်းသောအတွေးအမြင်များကို ပြောင်းလဲရန်ဖြစ်သည်။ လူတို့၏ အတွေးအမြင်များကို ပြောင်းလဲခြင်းအားဖြင့်၊ လူ၊ အမှုကိစ္စ၊ အကြောင်းအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားများကို ပြောင်းလဲခြင်းအားဖြင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်ဖြစ်သည်။ ပြီးလျှင် သမ္မာတရားနှင့် ဘုရားနှင့်ပတ်သက်ပြီး ၎င်းတို့၏ မနာခံခြင်းနှင့် သစ္စာဖောက်ခြင်းကို ဖယ်ရှားရန်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် ၎င်းတို့၏ သဘာဝအနှစ်သာရကို ဖယ်ရှားရန်ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားလိုလျှင် နေ့စဉ်ဘဝတွင်ရှိသော သင်၏ မှားယွင်းနေသော အတွေးအမြင်အမျိုးမျိုးကို ဖယ်ရှားပြီး ပြောင်းလဲရန် အပြည့်အဝ မလိုအပ်သလော။ ဤသည်မှာ အရေးကြီးဆုံးသောအရာမဟုတ်လော။ (ဟုတ်သည်။) ထို့ကြောင့် ငါပြောဆိုသည့်အရာများသည် မည်မျှမလေးနက်သည့်၊ သာမန်ဖြစ်သည့်ပုံစံရှိနိုင်ပါစေ ယင်းတို့နှင့်ပတ်သက်ပြီး ပုန်ကန်သော စိတ်နေစိတ်ထားမရှိနှင့်။ ဤအရာများသည် အသေအချာပင် အရေးမပါသောအရာမဟုတ်ပေ။ ယင်းတို့သည် သင်၏ နှလုံးနှင့် စိတ်ကို နေရာယူသည်။ ပြီးလျှင် ယင်းတို့သည် သင်ရင်ဆိုင်ရသော လူတိုင်း၊ အမှုကိစ္စတိုင်း၊ အကြောင်းအရာတိုင်းနှင့်ပတ်သက်ပြီး သင်၏ အတွေးအမြင်များကို ထိန်းချုပ်သည်။ သင်သည် နေ့စဉ်ဘဝတွင် ဤမှားယွင်းသောအတွေးအမြင်များအား မပြောင်းလဲလျှင်၊ သို့မဟုတ် မဖယ်ရှားလျှင် သမ္မာတရားကို သင်လက်ခံပြီး သမ္မာတရား စစ်မှန်မှုရှိသည်ဟူသည့် သင်၏ အဆိုသည် အနှစ်မရှိသော စကားများသာ ဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တွင် ကင်ဆာရှိသကဲ့သို့ ဖြစ်သည်။ ယင်းကို တက်ကြွစွာ ကုသရမည်။ ကင်ဆာဆဲလ်များက မည်သည့်အင်္ဂါတွင်ရှိနေပါစေ၊ သင်၏ သွေးထဲတွင်ဖြစ်စေ၊ သင်၏ အရေပြားတွင်ဖြစ်စေ၊ အပြင်ပိုင်းတွင်ဖြစ်စေ၊ အတွင်းထဲတွင် ပုန်းကွယ်နေသည်ဖြစ်စေ၊ ကိုင်တွယ်ရမည့် ပထမဆုံးအရာမှာ သင့်ခန္ဓာကိုယ်တွင်းရှိ ကင်ဆာဆဲလ်များဖြစ်သည်ဟု ဆိုလျှင် လုံလောက်သည်။ ကင်ဆာဆဲလ်များကို ဖယ်ရှားပြီးသည့်အခါမှသာ သင်စားသုံးသော အာဟာရအမျိုးမျိုးသည် သင့်အတွင်းတွင် စုပ်ယူပြီး အလုပ်လုပ်နိုင်သည်။ ဤနည်းအားဖြင့် သင့်ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအားလုံးသည် ပုံမှန်လည်ပတ်နိုင်သည်။ ရောဂါကို ဖယ်ရှားပြီးသည်နှင့် သင်၏ ခန္ဓာကိုယ်သည် ပို၍ကျန်းမာလာပြီး ပို၍ ပုံမှန်ဖြစ်လာမည်။ ဤသို့သောလူတို့သည် ရောဂါ လုံးဝ ပျောက်သွားသည်။ သမ္မာတရားအား လူတို့ လိုက်စားခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်သည့် ဖြစ်စဉ်ဖြစ်သည်။ သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်သည့် ဖြစ်စဉ်လည်း ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖယ်ရှားသည့် ဖြစ်စဉ်သည် မိမိတို့ထံမှ အမျိုးမျိုးသော မှားယွင်းသော၊ အပျက်သဘောဆောင်သော အတွေးအမြင်များကို လူတို့ ပြောင်းလဲသည့်၊ ဖယ်ရှားသည့် ဖြစ်စဉ်ဖြစ်သည်။ အမျိုးမျိုးသော မှန်ကန်သော၊ အပြုသဘောဆောင်သော အယူအဆများ၊ အမြင်များဖြင့် လူတို့သည် မိမိတို့ကိုယ်ကို ပြင်ဆင်သည့် ဖြစ်စဉ်လည်းဖြစ်သည်။ အပြုသဘောဆောင်သော အယူအဆများ၊ အမြင်များသည် အဘယ်နည်း။ ယင်းတို့သည် စစ်မှန်မှုပါဝင်သောအရာများဖြစ်သည်။ သမ္မာတရား၏ စံများဖြစ်သည်။ သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ရန်အတွက် လူတို့သည် ဘဝ၊ ရှင်သန်ရေးနှင့် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် အခြားအရာများကို တစ်ခုချင်း ကိုင်တွယ်ဖြေရှင်းခြင်းတို့နှင့် သက်ဆိုင်သော ၎င်းတို့၏ မှားယွင်းသော အယူအဆနှင့် အမြင်အမျိုးမျိုးကို ပိုင်းခြားသိမြင်ပြီး နားလည်ရမည်။ ပြီးလျှင် ယင်းတို့ကို တစ်ခုချင်း ဖြေရှင်းပြီး ဖယ်ရှားရမည်။ အတိုချုပ်အားဖြင့် သမ္မာတရားအား လိုက်စားခြင်းသည် လူတို့အား ၎င်းတို့၏ မှားယွင်းသော၊ မမှန်ကန်သော အတွေးအမြင်များကို စွန့်ပစ်စေရန်၊ သမ္မာတရားစည်းမျဉ်းများနှင့်ညီသော အမှုအရာ၊ အတွေးအမြင်မျိုးစုံနှင့်ပတ်သက်ပြီး မှန်ကန်သော အတွေးအမြင်များရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့်သာ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး သမ္မာတရားကို ၎င်းတို့၏ စံအဖြစ်ထားရှိကာ လူများ၊ အမှုအရာများကို ကြည့်ရှုခြင်း၊ ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်ခြင်းဖြစ်သည့် ပန်းတိုင်ကို ရရှိနိုင်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းအားဖြင့် လူတို့ရရှိသည့် နောက်ဆုံးရလဒ်ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်းကို ရရှိပြီးနောက်တွင် နောက်ဆုံး၌ လူတို့ အမှန်တကယ် နေထိုင်နိုင်သည့် သမ္မာတရား စစ်မှန်မှုလည်း ဖြစ်သည်။ ဤအရာကို နားလည်သလော။ (နားလည်ပါသည်။)

ယခင်အခေါက် စုဝေးပွဲတွင် မိသားစုနှင့်ပတ်သက်ပြီး “လက်လွှတ်ခြင်း” အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ မိသားစုအကြောင်းအရာတွင် ယခင်အခေါက်က မည်သည့်အရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သနည်း။ (သမ္မာတရားအား ကျွန်ုပ်တို့ လိုက်စားသည့်လမ်းကြောင်းတွင် မိသားစုက ချထားသည့် အဆင်မပြေမှုများ၊ အတားအဆီးများ၊ ထို့အပြင် မိသားစုပြဿနာများနှင့်ပတ်သက်လျှင် မည်သည့် လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများအား ကျွန်ုပ်တို့ လက်လွှတ်သင့်သည်တို့ကိုလည်း မိတ်သဟာယဖွဲ့ခဲ့သည်။ ဘုရားသခင်က အကြောင်းအရာနှစ်ခုကို ပြောခဲ့သည်။ တစ်ခုမှာ ကျွန်ုပ်တို့မိသားစုမှ ကျွန်ုပ်တို့ အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာကို လက်လွှတ်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ မိသားစုက ကျွန်ုပ်တို့အပေါ်တွင် ဖြစ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ခြင်း ဖြစ်သည်။) အမှန်ပင် ဤအရာနှစ်ခုဖြစ်သည်။ ပထမမှာ သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာကို လက်လွှတ်ရန်ဖြစ်သည်။ ဤအချက်တွင် လူတို့နားလည်သင့်သည့် သမ္မာတရားစည်းမျဉ်းများမှာ မည်သည့်အရာဖြစ်သည်ကို သင်သိသလော။ ငါ၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင် တိကျသော အနှစ်ချုပ်တစ်ခုကို ငါ မပေးလျှင် သင်တို့ဘာသာ မည်သို့ အနှစ်ချုပ်ရမည်ကို သိသလော။ ဤအရာများနှင့် ယင်းတို့နှင့်ပတ်သက်ပြီး တိကျသော အသေးစိတ်အချက်များကို ငါ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ဤသမ္မာတရားရှုထောင့်နှင့်ပတ်သက်လျှင် လူတို့ လိုက်နာသင့်သည့် ပါဝင်သော စည်းမျဉ်းများကို သင်တို့ အနှစ်ချုပ်ခဲ့သလော။ ယင်းတို့အား မည်သို့ အနှစ်ချုပ်ရမည်ကို သင်သိလျှင် သင်သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ယင်းတို့အား မည်သို့ အနှစ်ချုပ်ရမည်ကို သင်မသိလျှင်၊ ပျံ့ကျဲနေသော အလင်းနေရာအချို့၌ ရစ်ဝဲနေလျှင်၊ ပါဝင်သော သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကို သင်မသိလျှင် သင်သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် ယင်းတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိလျှင် သင်သည် ဤသမ္မာတရား စစ်မှန်မှု၏ ရှုထောင့်သို့ မည်သည့်အခါမျှ ဝင်ရောက်မည်မဟုတ်ပေ။ သင်ကိုယ်တိုင်၏ ပြဿနာများက မည်သည့်အရာများဖြစ်သည်ကို သင်ရှာတွေ့လျှင်ပင် သင်သည် ယင်းတို့ကို ငါ၏ စကားများနှင့် ဆက်စပ်နိုင်ဦးမည်မဟုတ်။ ပြီးလျှင် သင်သည် လက်တွေ့လုပ်ဆောင်ရန် ဆက်နွှယ်မှုရှိသော စည်းမျဉ်းများကို ရှာနိုင်မည်မဟုတ်ပေ။ သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာအား လက်လွှတ်ခြင်းနှင့်ပတ်သက်သော ပြဿနာအပေါ် မိတ်သဟာယဖွဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်သည် ထိုကိုယ်ပိုင်လက္ခဏာနှင့်ပတ်သက်သော လွှမ်းမိုးမှုအမျိုးမျိုးကို ခံရခြင်းမရှိဘဲ လူများ၊ အမှုအရာများကို ရှုမြင်နိုင်ရန်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ သင့်မိသားစုထံမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် ဂုဏ်ရှိလျှင် သင်သည် ဤကိုယ်ပိုင်လက္ခဏာကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင်သည် ဂုဏ်ရှိသည်ဟု မခံစားသင့်ပေ၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ တန်ဖိုးရှိသည်၊ သင့်ကိုယ်ပိုင်လက္ခဏာသည် ထူးခြားသည်ဟု မခံစားသင့်ပေ။ အခြားလူများကြား၌ ရှိသောအခါတွင် သင်သည် သင်၏ ဂုဏ်ရှိသော မိသားစုနောက်ခံကို အခြေအနေတိုင်း၌ ကြွားဝါရန် အရင်းအနှီးတစ်ခုအဖြစ် အသုံးပြုပြီး အချိန်အခါတိုင်း၌ သင့်အား အထင်ကြီးစေရန် အခြားလူများအား လုပ်ဆောင်ခြင်းထက် ဘုရားသခင်က လူတို့ကို ဆိုဆုံးမသည့် စည်းမျဉ်းများနှင့်အညီ ၎င်းတို့နှင့် မှန်ကန်စွာ ပြောဆိုဆက်ဆံနိုင်သင့်သည်။ လူတိုင်းအား မှန်ကန်စွာ ဆက်ဆံနိုင်သင့်သည်။ သင်က သင့်မိသားစုထံမှ အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာကို လက်မလွတ်နိုင်ဘဲ သင်၏ မိသားစုနောက်ခံကို အစဉ်သဖြင့် အရင်းအနှီးအဖြစ် အသုံးပြုသည် ဆိုပါစို့။ သင့်ကိုယ်သင် အလွန်အကျွံ စိတ်ကြီးဝင်သော၊ တစ်ဇွတ်ထိုးလုပ်ဆောင်သော၊ ကြီးကျယ်သောသူတစ်ယောက်အဖြင့် ကျင့်ကြံနေထိုင်သည်ဆိုပါစို့။ သင်သည် အခြားလူများကြားတွင် အစဉ်သဖြင့် ကြွားဝါပြီး ထုတ်ဖော်ပြသည်၊ သင့်မိသားစုနောက်ခံနှင့် သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ထူးခြားသော ကိုယ်ပိုင်လက္ခဏာကို စဉ်ဆက်မပြတ် ကြွားလုံးထုတ်သည် ဆိုပါစို့။ ထို့အပြင် သင်သည် အတွင်းစိတ်တွင်လည်း အထူးပင်မောက်မာပြီး ခြယ်လှယ်လွန်းသည်၊ အထူးသဖြင့် အခြားလူများနှင့် စကားပြောသောအခါတွင် ဗိုလ်ကျပြီး မိုက်ရိုင်းသည်၊ သင်သည် လူတို့ကို အပြစ်ဆိုပြီး ဖိနှိပ်ရန်အတွက် အရင်းအနှီးအဖြစ် သင်၏ ကိုယ်ပိုင်လက္ခဏာကို မကြာခဏ အသုံးပြုသည်ဆိုပါစို့။ တစ်နည်းအားဖြင့် သင်သည် သာမန်အသိစိတ်ကင်းမဲ့သည်ဟု လူတို့က ထင်ကြသည်၊ သင်က လူတိုင်းကို သာမန်လူများအဖြစ် မှတ်ယူသည်၊ အထူးသဖြင့် သင်သည် လူတို့နှင့် ထိတွေ့ပြီး ဆက်ဆံရသောအခါတွင် သင့်ထက်ပို၍ နှိမ့်ချသော၊ သို့မဟုတ် နိမ့်ကျသောလူတို့အကြောင်းကို လုံးဝ ထည့်မစဉ်းစားပေ၊ ၎င်းတို့နှင့် စကားပြောသည့်အခါတွင် သင်သည် အထူးပင် ရန်မူသည်၊ တင်စီးသည်၊ အလွန်ပင် အစွယ်ထုတ်ပြသည်ဆိုပါစို့။ ပြီးလျှင် သင်သည် သူတစ်ပါးတို့ကို အစဉ်မပြတ် အပြစ်ဆိုလိုသည်၊ သူတစ်ပါးတို့အား အမိန့်ပေးခိုင်းစေပြီး အော်ဟစ်ရသော ကျွန်များကဲ့သို့ အစဉ် ဆက်ဆံသည်၊ သင်၏ ကိုယ်ပိုင်လက္ခဏာသည် ဂုဏ်ရှိသည်ဟု အစဉ်ယုံကြည်သည်၊ သင်သည် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ မနေနိုင်၊ သင့်ထက် အဆင့်အတန်းနိမ့်ကျသောသူများကို မှန်ကန်သော ဟန်ပန်အမူအရာဖြင့် မဆက်ဆံနိုင်သည် ဆိုပါစို့။ ဤသည်တို့အားလုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ ဤအရာများအားလုံးသည် လူတို့ စွန့်ပစ်သင့်သည့်အရာများဖြစ်သည်။ လူတစ်ယောက်က ဂုဏ်ရှိသော မိသားစုနောက်ခံနှင့် လူမှုအဆင့်အတန်းရှိသောအခါတွင် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ဖြစ်ပေါ်ပေါက်ဖွားသည်။ ထို့ကြောင့် ဤသို့သောသူမျိုးသည် သူ၏ ပြောဆိုလုပ်ဆောင်မှုများကို ဆင်ခြင်သုံးသပ်သင့်သည်။ သူ၏ ကိုယ်ပိုင်အတွေးအမြင်များကို ဆင်ခြင်သုံးသပ်သင့်သည်။ အထူးသဖြင့် မိသားစုကိုယ်ပိုင်လက္ခဏာနှင့် ပတ်သက်သောအရာများကို ဆင်ခြင်သုံးသပ်သင့်သည်။ သူသည် ဤသို့သော အတွေးအမြင်များကို လက်လွှတ်သင့်ပြီး သူ၏ ထူးခြားသော လူမှုအဆင့်အတန်း၏ ရလဒ်အဖြစ် သူ အသက်ရှင်နေထိုင်သော လူ့သဘာဝအမျိုးမျိုးကို ပြန်လည်ရုတ်သိမ်းသင့်သည်။ တစ်နည်းအားဖြင့် ဤသို့သောသူမျိုးသည် သူ၏ မိသားစုမှ အမွေဆက်ခံခဲ့သော ကိုယ်ပိုင်လက္ခဏာကို လက်လွှတ်သင့်သည်။ လူအများစုက ၎င်းတို့၏ ကိုယ်ပိုင်လူမှုအဆင့်အတန်းသည် နိမ့်ကျသည်ဟု ထင်မြင်ကြသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းတွင် အထင်သေးခြင်းခံရသော၊ ခွဲခြားဆက်ဆံခံရသော၊ အနိုင်ကျင့်ခံရသောသူအမျိုးအစားသည် ၎င်းတို့ ကိုယ်ပိုင်လက္ခဏာက နိမ့်ကျသည်ဟု မကြာခဏ ခံစားကြရသည်။ ၎င်းတို့၏ ထူးခြားသော မိသားစု ပတ်ဝန်းကျင်ကြောင့် ဖြစ်သည့် အရှက်သည် ၎င်းတို့အား အထူးပင် နှိမ့်ချစေသည်။ ဤခံစားချက်သည် ၎င်းတို့အား နိမ့်ကျမှုကို မကြာခဏ ခံစားရစေပြီး သူတစ်ပါးတို့နှင့် သဟဇာတဖြစ်သော၊ သာတူညီမျှဖြစ်သောပုံစံဖြင့် မဆက်ဆံနိုင်အောင် ပြုလုပ်သည်။ ဤသို့သောလူမျိုးတို့သည် မိမိတို့ကိုယ်ကို ပုံစံအမျိုးမျိုးဖြင့် ပြသသည်မှာလည်း မှန်ပေသည်။ လူအချို့သည် ဂုဏ်ရှိသော အဆင့်အတန်း၊ ကိုယ်ပိုင်လက္ခဏာရှိသည့်သူတို့ကို အထူးပင် အထင်ကြီးလေးစားသည်။ ၎င်းတို့ကို ဖားသည်။ မြှောက်ပင့်သည်။ မျက်နှာချိုသွေးသည်။ အောက်ကျခံသည်။ ၎င်းတို့သည် ဤလူများအား အစဉ်သဖြင့် မစဉ်းမစားဖြင့် သံယောင်လိုက်ပြီး စည်းမျဉ်း၊ သို့မဟုတ် ဂုဏ်သိက္ခာမရှိပေ။ ပြီးလျှင် ထိုလူများ၏ ကပ်ပါးရပ်ပါးများ ဖြစ်လိုစိတ်ရှိပြီး ကျွန်များကဲ့သို့ ထိုသူများက အမိန့်ပေးခြင်း၊ ခြယ်လှယ်ခြင်းကို ခံလိုကြသည်။ ဤသို့သော လူများ၏ အမှုအရာများအား လုပ်ဆောင်ခြင်းနှင့် ပတ်သက်သော စည်းမျဉ်းများသည်လည်း သမ္မာတရားနှင့် မညီပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်အတွင်းထဲတွင် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာက နိမ့်ကျသည်ဟုလည်းကောင်း၊ ၎င်းတို့သည် ကံဆိုးသူများဖြစ်ရန် မွေးဖွားလာသည်ဟုလည်းကောင်း၊ ၎င်းတို့သည် ချမ်းသာသော၊ သို့မဟုတ် မြင့်မြတ်သည့် လူမှုကိုယ်ပိုင်လက္ခဏာရှိသောသူတို့နှင့် တန်းတူညီရပ်တည်ရန် မထိုက်တန်ဘဲ ဤအစား ထိုလူများ၏ ကျွန်အဖြစ် ဆက်ဆံခြင်းခံရရန် မွေးဖွားလာသည်ဟုလည်းကောင်း၊ ၎င်းတို့သည် ဤလူများပြောသည့်အတိုင်း လုပ်ရမည်ဖြစ်ပြီး ဤလူတို့၏ အမိန့်ပေးခိုင်းစေခြင်းကို ခံရမည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် ခယလွန်းနေသည်ဟု မခံစားရကြပေ။ ထိုထက် ဤသည်မှာသာမန်ဖြစ်သည်ဟုလည်းကောင်း၊ ဤသို့ ဖြစ်သင့်သည်ဟုလည်းကောင်း ထင်ကြသည်။ ဤအရာများသည် မည်ကဲ့သို့သော အယူအဆနှင့် အမြင်များ ဖြစ်သနည်း။ ဤအတွေးအမြင်များသည် မိမိကိုယ်ကို သိက္ခာချခြင်းမျိုး မဟုတ်သလော။ (ဟုတ်သည်။) ချမ်းသာသောသူများက စိတ်ကြီးဝင်သော၊ တစ်ဇွတ်ထိုးနိုင်သော၊ ရိုင်းပျသော၊ ဗိုလ်ကျသောပုံစံနှင့်နေသည်ကို မြင်သော၊ ဤသို့သောသူများကို အလွန်ပင် အားကျပြီး ၎င်းတို့နောက်သို့ လိုက်သော၊ မိမိတို့၌ အခြေအနေကို ပြောင်းလဲရန် အခွင့်အရေးရှိလျှင် ဤချမ်းသာသောသူများကဲ့သို့ တစ်ဇွတ်ထိုးနိုင်စွာ၊ စိတ်ကြီးဝင်စွာ နေနိုင်ရန် မျှော်လင့်သောလူအမျိုးအစားလည်းရှိသည်။ တစ်ဇွတ်ထိုးနိုင်ပြီး စိတ်ကြီးဝင်ခြင်းသည် လုံးဝ မှားယွင်းခြင်းမရှိဟု ၎င်းတို့က ထင်ကြသည်။ ဤအရာနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို နှစ်လိုဖွယ်ကောင်းပြီး အချစ်ရေးဆန်သော လက္ခဏာများအဖြစ် သဘောထားကြသည်။ ဤသို့သောသူများ၏ အတွေးအမြင်များသည်လည်း မမှန်ကန်ဘဲ လက်လွှတ်သင့်သည်။ သင်၏ ကိုယ်ပိုင်လက္ခဏာ၊ သို့မဟုတ် အဆင့်အတန်းသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်သည်။ ဘုရားသခင်က သင့်အတွက် မည်သို့သော မိသားစု၊ သို့မဟုတ် မိသားစုနောက်ခံမျိုးကို ကြိုတင်စီမံထားပါစေ ယင်းထံမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် ရှက်ဖွယ်ကောင်းခြင်းမဟုတ်သကဲ့သို့ ဂုဏ်ယူဖွယ်ရှိခြင်းလည်း မဟုတ်ပေ။ သင်၏ ကိုယ်ပိုင်လက္ခဏာအား သင်ဆက်ဆံသည့် ပုံစံအတွက် စည်းမျဉ်းကို ဂုဏ်နှင့်အရှက်၏ စည်းမျဉ်းအပေါ် အခြေမခံသင့်ပေ။ ဘုရားသခင်က သင့်အား မည်သို့သော မိသားစုမျိုး၌ နေထိုင်စေသည်ဖြစ်စေ၊ သင့်အား မည်သို့သောမိသားစုများမှ လာစေသည်ဖြစ်စေ သင်သည် ဘုရားရှေ့တွင် ကိုယ်ပိုင်လက္ခဏာတစ်ခုသာရှိသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ဘုရားရှေ့တွင် သင်သည် ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။ ယင်းမှာ ဖန်ဆင်းခံတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ဘုရားရှေ့တွင် သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သင်သည် လူ့အဖွဲ့အစည်း၌ မတူညီသော ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းရှိသော မည်သူမဆိုနှင့် ညီမျှသည်။ သင်တို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင် ကယ်တင်လိုသောသူများဖြစ်သည်။ ဘုရားရှေ့တွင် သင်တို့အားလုံးသည် ဖန်ဆင်းခံများအနေဖြင့် သင်တို့တာဝန်များကို ထမ်းဆောင်ရန် တူညီသောအခွင့်အလမ်းရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သင်တို့အားလုံးသည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကိုရယူရန် တူညီသော အခွင့်အလမ်းရှိသည်။ ဤအဆင့်တွင်၊ ဘုရားသခင်က သင့်အားပေးအပ်သည့် ဖန်ဆင်းခံ၏ ကိုယ်ပိုင်လက္ခဏာကို အခြေခံလျှင် သင်၏ ကိုယ်ပိုင်လက္ခဏာကို အထင်မကြီးသင့်သကဲ့သို့ အထင်လည်း မသေးသင့်ပေ။ ထိုအစား သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံဖြစ်သော သင်၏ ကိုယ်ပိုင်လက္ခဏာကို မှန်ကန်စွာ ဆက်ဆံသင့်သည်။ ပြီးလျှင် မည်သူမဆိုနှင့် တန်းတူညီစွာ သဟဇာတဖြစ်စွာဖြင့် အဆင်ပြေနိုင်ပြီး ဘုရားသခင်က လူတို့ကို သွန်သင်ပြီး ဆိုဆုံးမသည့် စည်းမျဉ်းများနှင့်အညီ အဆင်ပြေစွာဆက်ဆံနိုင်သင့်သည်။ အခြားလူများ၏ လူမှုအဆင့်အတန်း၊ သို့မဟုတ် လူမှုကိုယ်ပိုင်လက္ခဏာက မည်သို့ဖြစ်စေ၊ သင်၏ ကိုယ်ပိုင်လူမှုအဆင့်အတန်း၊ သို့မဟုတ် လူမှုကိုယ်ပိုင်လက္ခဏာက မည်သို့ဖြစ်စေ ဘုရားအိမ်တော်သို့ လာပြီး ဘုရားရှေ့သို့ လာသူမည်သူမဆိုသည် ကိုယ်ပိုင်လက္ခဏာတစ်ခုသာရှိသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ထို့ကြောင့် နိမ့်ကျသော လူမှုအဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာရှိသူတို့သည် နိမ့်ကျသည်ဟု မခံစားရသင့်ပေ။ သင့်တွင် ပင်ကိုစွမ်းရည်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်၏ အစွမ်းအစက မည်မျှမြင့်မားသည်ဖြစ်စေ၊ သင့်၌ အရည်အချင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်၏ လူမှုအဆင့်အတန်းကို လက်လွှတ်သင့်သည်။ လူတို့အား ၎င်းတို့၏ မိသားစုနောက်ခံနှင့် မိသားစုသမိုင်းကို အခြေခံပြီး အဆင့်အတန်းခွဲပြီး အုပ်စုခွဲသည့်၊ သို့မဟုတ် ၎င်းတို့အား ဂုဏ်ရှိသည်၊ သို့မဟုတ် နိမ့်ကျသည်ဟု အမျိုးအစားခွဲသည့် အယူအဆ၊ သို့မဟုတ် အမြင်များကိုလည်း လက်လွှတ်သင့်သည်။ သင်၏ ကိုယ်ပိုင်နိမ့်ကျသော လူမှုကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကြောင့် နိမ့်ကျခြင်းကို မခံစားရသင့်ပေ။ သင့်မိသားစုနောက်ခံသည် အလွန်အစွမ်းထက်ခြင်း၊ အံ့မခန်းဖြစ်ခြင်းမရှိသော်လည်း၊ သင်အမွေဆက်ခံခဲ့သော အဆင့်အတန်းက နိမ့်ကျသော်လည်း ဘုရားသခင်က သင့်အား စွန့်ပစ်ခြင်းမရှိသည်ကို သင် ဝမ်းမြောက်သင့်သည်။ ဘုရားသခင်သည် နိမ့်ကျသောလူတို့အား နွားချေးနှင့် ဖုန်သဲတို့ထံမှ မြှင့်တင်ပေးသည်။ သင့်အား တူညီသော ကိုယ်ပိုင်လက္ခဏာကိုပေးသည်။ အခြားလူများကဲ့သို့ ဖန်ဆင်းခံတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာကို ပေးသည်။ ဘုရားသခင်၏ အိမ်နှင့် ဘုရားရှေ့တွင် သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းသည် ဘုရားသခင်ရွေးချယ်ခြင်းခံရသော အခြားသောလူများအားလုံးနှင့် တန်းတူညီမျှသည်။ သင်သည် ဤအရာကို သဘောပေါက်သည်နှင့် သင်၏ နိမ့်ကျမှု အစွဲအလန်းကို လက်လွှတ်သင့်ပြီး ယင်းအား ဖက်တွယ်ထားခြင်းကို ရပ်တန့်သင့်သည်။ ဂုဏ်ရှိပြီး ကြီးမြတ်သော လူမှုအဆင့်အတန်းရှိသူများ၊ သို့မဟုတ် သင့်ထက်ပို၍ မြင့်သော လူမှုအဆင့်အတန်းရှိသူများနှင့် ရင်ဆိုင်ရသောအခါတွင် သင်သည် ၎င်းတို့အား လေးစားမှုတစ်ခုခုရှိဖို့မဆိုထားနှင့် ၎င်းတို့ကို ဦးညွှတ်ဖို့ပင် မလိုပေ၊ သို့မဟုတ် ၎င်းတို့အနီးတွင် ပြုံးရွှင်ပြနေဖို့ပင် မလိုအပ်ပေ။ ထိုအစား ၎င်းတို့ကို တန်းတူညီအဖြစ် သဘောထားသင့်သည်။ ၎င်းတို့အား မျက်လုံးသို့ တည့်တည့်ကြည့်ပြီး မှန်ကန်စွာ ဆက်ဆံသင့်သည်။ ၎င်းတို့က မကြာခဏပင် ဗိုလ်ကျသော်လည်း၊ သို့မဟုတ် မာနကြီးမားနေပြီး မိမိတို့ကိုယ်ကို မြင့်မားသော လူမှုအဆင့်အတန်းရှိသည်ဟု မှတ်ယူသော်လည်း သင်သည် ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံပြီး ၎င်းတို့က အကျပ်ကိုင်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ ကြီးကျယ်ခမ်းနားမှုတစ်ခုခု၏ ခြိမ်းခြောက်ခြင်းကို ခံရန် ငြင်းဆန်ရမည်။ ၎င်းတို့၏ အပြုအမူက၊ သို့မဟုတ် ၎င်းတို့က သင့်အား ဆက်ဆံသည့် ပုံစံက မည်သို့ဖြစ်စေ ဘုရားရှေ့တွင် သင်နှင့် ၎င်းတို့သည် အတူတူပင်ဖြစ်သည်။ သင်တို့အားလုံးက ဖန်ဆင်းခံများဖြစ်သည့် အဆင့်ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်က ကယ်တင်ရန် ရွေးချယ်ခြင်းခံရသော လူသားများဖြစ်သည်။ သင်နှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၌ ထူးခြားသည့်အရာ မရှိပေ။ ၎င်းတို့၏ ထူးခြားသော ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းဆိုသောအရာသည် ဘုရားသခင်၏ အမြင်တွင် မတည်ရှိသကဲသို့ ဘုရားသခင်က အသိအမှတ်ပြုခြင်းမရှိပေ။ ထို့ကြောင့် သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာ၏ အမှုကိစ္စအားဖြင့် ကန့်သတ်ခြင်းကို သင်ခံရန် မလိုအပ်သကဲ့သို့ ယင်းကြောင့် နိမ့်ကျမှုကို ခံစားရန် လုံးဝ မလိုအပ်ပေ။ သင်၏ နိမ့်ကျသော လူမှုအဆင့်အတန်းကြောင့်သက်သက်ဖြင့် အခြားလူများနှင့် တန်းတူညီထား၍ ဆက်ဆံရန် အခွင့်အလမ်းတစ်ခုခုကို စွန့်လွှတ်ဖို့၊ သို့မဟုတ် ဘုရားအိမ်တော်နှင့် ဘုရားသခင်ရှေ့တွင် ဘုရားသခင်က သင့်အား ပေးအပ်ခဲ့သော လုပ်ပိုင်ခွင့်၊ တာဝန်၊ ဝတ္တရားတစ်ခုခုကို စွန့်ပစ်ဖို့ ပို၍ပင် မလိုအပ်ပေ။ ပြီးလျှင် သင်၏ ကယ်တင်ခြင်းခံရခွင့်၊ သို့မဟုတ် ကယ်တင်ခြင်းကို ရယူရန် မျှော်လင့်ချက်ကို အသေအချာပင် မစွန့်ပစ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားအိမ်တော်တွင်၊ ဘုရားရှေ့တွင် ချမ်းသာခြင်း၊ ဆင်းရဲခြင်းကြား၊ မြင့်သော၊ နိမ့်သော လူမှုအဆင့်အတန်းကြား ခွဲခြားမှုမရှိပေ။ ထူးခြားသော မိသားစုနောက်ခံရှိသည့် မည်သူမဆိုသည် အထူးဆက်ဆံမှု၊ သို့မဟုတ် အထူး အခွင့်အရေးနှင့် မထိုက်တန်ပေ။ ဘုရားရှေ့တွင် လူအားလုံးသည် ကိုယ်ပိုင်လက္ခဏာတစ်ခုသာရှိသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ဘုရားသခင်ရှေ့တွင် လူအားလုံး၏ သဘာဝအနှစ်သာရသည်လည်း တူညီသည်။ ဘုရားသခင် ကယ်တင်လိုသော လူသားတစ်မျိုးသာရှိသည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်။ ထို့ကြောင့် သင်၏ ကိုယ်ပိုင်လက္ခဏာ၊ သို့မဟုတ် လူမှုအဆင့်အတန်းက မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ သင်တို့အားလုံးသည် ဘုရားသခင် ကယ်တင်လိုသော လူသားများဖြစ်သည်။

တစ်စုံတစ်ယောက်က သင့်အား “မင်းမိသားစုကို ကြည့်စမ်းပါဦး၊ ဆင်းရဲလိုက်တာ မင်းမှာ အဝတ်အစားကောင်းကောင်းတောင်မရှိဘူး၊ မင်းမိသားစုက အရမ်းဆင်းရဲတော့ မင်းက မူလတန်းကျောင်းပဲတက်ခဲ့ပြီး အထက်တန်းကျောင်း လုံးဝ မတက်ခဲ့ဘူး၊ မင်းမိသားစုက အရမ်းဆင်းရဲတော့ ဟင်းချိုနဲ့ အသီးအရွက်တွေပဲ မင်းစားရတယ်၊ ချောကလက်၊ ပီဇာ၊ ကိုလာတွေကိုတောင် မသောက်မစားရဘူး” ဟု ပြောသည်ဟု စိတ်ကူးကြည့်လော့။ သင်သည် ဤအခြေအနေကို အဘယ်သို့ ကိုင်တွယ်သင့်သနည်း။ သင်သည် နိမ့်ကျသည်၊ သို့မဟုတ် မျှော်လင့်ချက်ကုန်သည်ဟု ခံစားရမည်လော။ သင်သည် စိတ်အတွင်းတွင် ဘုရားသခင်အား စောဒကတက်မည်လော။ ထိုသူက ပြောသည့်အရာ၏ ခြိမ်းခြောက်မှုကို သင်ခံရမည်လော။ (ယခုတွင် ကျွန်ုပ် ခံစားရမည်မဟုတ်ပါ။) ယခုတွင် သင် ခံစားရမည်မဟုတ်။ သို့သော် ယခင်က ခံစားမိမည် မဟုတ်လော။ ယခင်က သင်သည် မိသားစုက ချမ်းသာသောသူ၊ သို့မဟုတ် ချမ်းသာပြီး ဂုဏ်ရှိသောသူကို သင် သတိပြုမိသည့်အခါတိုင်းတွင် သင်က “အင်း၊ သူတို့က အိမ်ကြီးအိမ်ကောင်းမှာနေပြီး ကားပိုင်တယ်၊ နိုင်ငံခြားကိုလည်း ခဏခဏ ရောက်တယ်၊ ငါဆိုရင် ရွာအပြင်ကိုတောင် မထွက်ဖူးဘူး၊ ရထားကိုတောင် အရင်က မမြင်ဖူးဘူး၊ သူတို့တွေက အမြန်ရထားနဲ့ ခရီးသွားတယ်၊ ပထမတန်းနဲ့ ခရီးသွားတယ်၊ အဆင့်မြင့် ဇိမ်ခံသင်္ဘောကြီးတွေနဲ့ သွားတယ်၊ ပြင်သစ်ဒီဇိုင်နာအမှတ်တံဆိပ်တွေနဲ့ အီတလီ လက်ဝတ်ရတနာတွေ ဝတ်တယ်၊ ဒီဟာတွေ တစ်ခုမှကို ငါမကြားဖူးတာ ဘယ်လိုဖြစ်တာလဲ” ဟု ပြောလိမ့်မည်။ သင်သည် ဤသို့သောလူတို့အနီး၌ ရှိသည့်အချိန်တိုင်းတွင် သင်သည် ၎င်းတို့ထက် ပို၍သေးငယ်သည်ဟု ခံစားရသည်။ သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဘုရားသခင်ကို ယုံကြည်သောအခါ၌ အတော်အတန် မိမိကိုယ်ကို ယုံကြည်မှုရှိသည်။ သို့သော် ထိုလူများအား သင့်မိသားစုနှင့် မိသားစုဘဝအကြောင်းကို သင်ပြောသောအခါ သင်သည် ထွက်ပြေးလွတ်မြောက်ချင်သည်။ သင်သည် ၎င်းတို့ကဲ့သို့ မတော်ဟုလည်းကောင်း၊ အသက်ရှင်ရသည်ထက် သေသည်က ပိုကောင်းလိမ့်မည်ဟုလည်းကောင်း ခံစားရသည်။ သင်က “ငါဘာလို့ ဒီလိုမိသားစုမှာ နေတာလဲ၊ ကမ္ဘာကြီးနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ငါ မမြင်ရသေးဘူး၊ သူများတွေက သူတို့လက်ကို လက်လိမ်းခရင်တွေ သုံးတယ်၊ ငါကတော့ ငါ့လက်ကို ဗက်ဆလင်တွေ သုံးတုန်းပဲ၊ သူများတွေက သူတို့မျက်နှာမှာ ဘာခရင်မှတောင် မလိမ်းဘဲ အဲဒီအစား အလှပြင်ဆိုင်ကိုပဲ တန်းသွားတယ်၊ ငါကျတော့ အလှပြင်ဆိုင်က ဘယ်နားမှာရှိမှန်းတောင် မသိဘူး၊ သူများတွေက စီဒန်းကားတွေစီးတယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ ကောင်းလွန်းနေတယ်၊ စက်ဘီးစီးရရင် ကံကောင်းပဲ၊ တစ်ခါတလေဆိုရင် နွား၊ ဒါမှမဟုတ် မြည်းဆွဲတဲ့ လှည်းပေါ်စီးရတယ်” ဟု တွေးသည်။ ထို့ကြောင့် သင်က ဤသို့သောလူတို့နှင့် စကားပြောသည့်အခါတိုင်းတွင် သင့်ကိုယ်သင် ယုံကြည်မှုမရှိဘဲ သင်၏ ကိုယ်ပိုင်လက္ခဏာကို ထုတ်ပြောရန် ရှက်ရွံ့ပြီး မပြောရဲပေ။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် အတော်အတန် မကျေမနပ်ဖြစ်ပြီး အနည်းငယ် စိတ်ဆိုးသည်။ သင်က “သူတို့အားလုံးက ငါ့လို ဖန်ဆင်းခံတွေပဲ၊ ဒါဆို ဘာလို့ ဘုရားက သူတို့ကို ဘဝမှာ အရမ်းပျော်ရအောင် ခွင့်ပြုပေးထားတာလဲ၊ ဘာလို့သူက သူတို့ကို ဒီလိုမိသားစုနဲ့ လူမှုအဆင့်အတန်းမျိုးရှဖို့ ကြိုပြီးစီမံခဲ့တာလဲ၊ ငါ့မိသားစုက ဘာလို့ ချွတ်ခြုံကျအောင် ဆင်းရဲနေတာလဲ၊ ဘာလို့ ငါ့မိဘတွေက အရည်အချင်း၊ ကျွမ်းကျင်မှုမရှိဘဲ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာ ရောက်နေတာလဲ၊ တွေးကြည့်တာနဲ့ကို စိတ်တိုတယ်၊ ဒီကိစ္စအကြောင်းပြောတဲ့အခါတိုင်းမှာ ငါ့မိဘတွေအကြောင်းကို ငါ မပြောချင်ဘူး၊ သူတို့တွေက တော်တော်မလုပ်တတ်မကိုင်တတ်ဖြစ်ပြီး အရည်အချင်းမရှိတာပဲ၊ စီဒန်းကားစီးပြီး အိမ်ကြီးအိမ်ကောင်းမှာ နေဖို့ မပြောနဲ့ဦး၊ ဘတ်စ်ကားတွေ၊ အမြန်ရထားတွေစီးဖို့၊ ဒါမှမဟုတ် မြို့ထဲက ပန်းခြံတွေမှာ ကစားဖို့ မြို့ထဲကို အခေါ်ခံရရင် ငါ ကျေနပ်မှာပဲ၊ ဒါပေမဲ့ သူတို့က ငါ့ကို တစ်ကြိမ်တောင် ခေါ်မသွားဘူး၊ ငါ့မှာ ဘဝအတွေ့အကြုံလုံးဝ မရှိဘူး၊ အစားကောင်း မစားရဘူး၊ ကားကောင်းတွေ မစီးရဘူး၊ လေယာဉ်စီးဖို့ကို အိပ်မက်ပဲ မက်လို့ရတယ်” ဟု တွေးသည်။ ဤအရာအားလုံးကို စဉ်းစားခြင်းသည် သင့်အား နိမ့်ကျသည်ဟု ခံစားရစေသည်။ သင်သည် ဤအမှုအရာ၏ ကန့်သတ်ခြင်းကို မကြာခဏ ခံရသည်။ ထို့ကြောင့် သင်သည် ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းက သင်ကိုယ်တိုင်နှင့် သိသာစွာ ကွာခြားခြင်းမရှိသော ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် တွဲပြီး “လူတွေ ပြောတာမှန်တယ်၊ တူရာစုကြတာပဲ၊ ဒီလူတစ်စုကို ကြည့်စမ်း၊ သူတို့အားလုံးက ချမ်းသာတဲ့သူတွေ၊ အကြီးတန်း အစိုးရအရာရှိတွေ၊ သန်းကြွယ်သူဌေးတွေ၊ အရမ်းချမ်းသာတဲ့ မိဘရှိသူတွေ၊ စီးပွားရှင်ကြီးတွေ၊ နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာသူတွေ၊ ဘွဲ့လွန်သမားတွေ၊ ပြီးတော့ အသင်းအဖွဲ့ အလုပ်အမှုဆောင်တွေနဲ့ ဟိုတယ်မန်နေဂျာတွေ ပါတယ်၊ ရှုပ်ယှက်ခတ်နေတဲ့ ငါတို့လူတွေနဲ့ သူတို့ကို ယှဉ်ကြည့်၊ ငါတို့အားလုံးက လယ်သမားတွေ၊ ဒါမှမဟုတ် အလုပ်မရှိသူတွေပဲ၊ ငါတို့မိသားစုတွေက ကျေးလက်ဒေသ ခေတ်နောက်ကျနေတဲ့နေရာတွေမှာ နေတာ၊ ငါတို့မှာ မူလတန်းကျောင်း ပညာရေးပဲရှိတယ်၊ ကမ္ဘာလောကကြီးနဲ့ ပတ်သက်ပြီး ဘာမှမမြင်ဖူးဘူး၊ ငါတို့က ကျွဲ၊ နွားတွေကျောင်းတယ်၊ လမ်းဘေးဈေးဆိုင်တွေ ဖွင့်တယ်၊ ဖိနပ်တွေ ပြင်တယ်၊ ငါတို့က ဘယ်လိုလူမျိုးတွေလဲ၊ ဝရုန်းသုန်းကားဖြစ်နေတဲ့ လူစုပဲ မဟုတ်ဘူးလား၊ အဲဒီ လူစုကို ကြည့်စမ်း၊ အားလုံးက အဆင့်ရှိပြီး စတိုင်ကျတယ်၊ ရှုပ်ယှက်ခတ်နေတဲ့ ငါတို့လူစုအကြောင်း စဉ်းစားမိရင် ငါက အသုံးမကျဘူးလို့ ခံစားမိပြီး စိတ်ထိခိုက်တယ်” ဟု သင့်ဘာသာ တွေးသည်။ သင်သည် ဘုရားသခင်အပေါ် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ဤအမှုကိစ္စကို မည်သည့်အခါမျှ လက်မလွှတ်ပေ။ ပြီးလျှင် မကြာခဏ အထူးပင် နိမ့်ကျသည်ဟု ခံစားရပြီး စိတ်ဓာတ်ကျသည်။ အမှုအရာများအပေါ် ဤလူတို့၏ အယူအဆနှင့် အမြင်များသည် သိသာစွာပင် မှားယွင်းသည်။ ပြီးလျှင် လူများ၊ အမှုအရာများနှင့်ပတ်သက်ပြီး ၎င်းတို့၏ အမြင်များ၏ မှန်ကန်မှုနှင့် ၎င်းတို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် ပုံစံကို ကြီးမားစွာ ထိခိုက်သည်။ ဤအယူအဆများနှင့် အမြင်များသည် လူမှုခေတ်ရေစီးကြောင်းများနှင့် လူမှုထုံးတမ်းဓလေ့များ၏ လွှမ်းမိုးခြင်းကို ခံရသည်။ ပို၍ အတိအကျဆိုရလျှင် ယင်းတို့သည် ဆိုးယုတ်သောလူသားများနှင့် ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းသည့် သက်ရောက်မှု၏ ရလဒ်မှဖြစ်သော အယူအဆများနှင့် အမြင်များဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများတွင် ပါဝင်သောကြောင့် သင်သည် ယင်းတို့ကို လက်လွှတ်သင့်သည်။ ဤသို့သော အယူအဆများ၊ အမြင်များကြောင့် ဒုက္ခရောက်ခြင်း၊ ကန့်သတ်ခံရခြင်း မဖြစ်သင့်ပေ။ လူအချို့က “ကျွန်ုပ်သည် ဤသို့သော မိသားစုတွင် မွေးဖွားခဲ့ပြီး ဤအချက်ကို မပြောင်းလဲနိုင်ပါ၊ ဤသို့သော အယူအဆနှင့် အမြင်များသည် ကျွန်ုပ်၏ စိတ်တွင် အစဉ်မပြတ်ဝန်ပိစေပြီး လက်လွှတ်ရန် ခက်ခဲသည်” ဟု ဆိုသည်။ ဤသည်မှာ အမှန်ပင် ၎င်းတို့ လက်လွှတ်ရန် ခက်ခဲသည့် အချက်ဖြစ်သည်။ သို့သော် သင်သည် မှားယွင်းသော အယူအဆနှင့် အမြင်၌ စဉ်ဆက်မပြတ် နေနေလျှင် ယင်းကို သင် လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ မှန်ကန်သော အယူအဆများ၊ အမြင်များကို သင် လက်ခံလျှင် သင်သည် မှားယွင်းသောအရာများကို တဖြည်းဖြည်းချင်း လက်လွှတ်လိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို ငါဆိုလိုခြင်းဖြစ်သနည်း။ သင်သည် ချမ်းသာသောလူများ၊ သို့မဟုတ် မြင့်မားသော တန်ဖိုးနှင့် အဆင့်အတန်းရှိသူများကို တန်းတူညီစွာဖြင့် သာမန်ဆက်ဆံနိုင်ရန်အတွက် ယင်းတို့အားလုံးကို တစ်ပြိုင်နက်တည်း လက်လွှတ်ရန် ဖြစ်နိုင်မည်မဟုတ်ဟု ငါဆိုလိုသည်။ ဤအရာကို တစ်ချီတည်းဖြင့် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ သို့သော် အနည်းဆုံးအနေဖြင့် သင်သည် ဤအမှုကိစ္စမှ လွတ်မြောက်နိုင်သည်။ သင့်၌ နိမ့်ကျသော အစွဲအလမ်းရှိနေသေးလျှင်ပင်၊ သင်သည် သင်၏ စိတ်နှလုံးအတွင်းထဲတွင် ဤအရာအားဖြင့် ဝိုးတိုးဝါးတား နှောင့်ယှက်ခံနေရဆဲ ဖြစ်လျှင်ပင် သင်သည် ယင်းထံမှ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုအချို့ကို ရရှိပြီးဖြစ်သည်။ နောက်ပိုင်းတွင် သမ္မာတရားအား သင်လိုက်စားခြင်း၌ သင်သည် တဖြည်းဖြည်းချင်းဖြင့် လွတ်လပ်မှု၊ လွတ်မြောက်မှုကို ပို၍ပင်ရမည်မှာ အမှန်ပင်ဖြစ်သည်။ အမျိုးမျိုးသော အမှန်တရားများအားလုံး ပေါ်လွင်လာသောအခါ သင်သည် အမျိုးမျိုးသောလူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများ၏ အနှစ်သာရကို ပိုပို၍ ရှင်းလင်းစွာ မြင်လိမ့်မည်။ သမ္မာတရားအပေါ် သင်၏ နားလည်မှုသည် ပိုပို၍ လေးနက်လာလိမ့်မည်။ သင်သည် ဤသို့သော အမှုကိစ္စများအတွင်းသို့ ပို၍ ထိုးထွင်းသိမြင်မှုရှိသောအခါတွင် ဤသို့သော အမှုကိစ္စများနှင့်သက်ဆိုင်သော သင်၏ ဘဝအတွေ့အကြုံနှင့် အသိပညာသည် မြင့်တက်လာလိမ့်မည်။ တစ်ချိန်တည်းတွင် သမ္မာတရားအပေါ် သင်၏ သဘောထားသည် ပို၍ တက်ကြွပြီး အပြုသဘောဆောင်လာမည်။ ပြီးလျှင် သင်သည် အပျက်သဘောဆောင်သောအရာများ၏ ကန့်သတ်ခြင်းကို ခံရခြင်းက ပိုပို၍ လျော့နည်းလာလိမ့်မည်။ ထိုအခါတွင် သင်သည် ပြောင်းလဲပြီး ဖြစ်မည်မဟုတ်လော။ သင်သည် နောက်တစ်ကြိမ်တွင် သင်နှင့် လွန်စွာပင် မတူညီသော ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းရှိသူတစ်ယောက်ကို တွေ့ပြီး ထိုသူနှင့် စကားပြောပြီး နှီးနွှယ်သောအခါ၌ အနည်းဆုံးအနေဖြင့် သင်သည် စိတ်အတွင်းတွင် ကြောက်ရွံ့နေတော့မည်မဟုတ်သကဲ့သို့ ထွက်ပြေးမည်လည်းမဟုတ်ပေ။ ထိုအစား သင်သည် ထိုသူကို မှန်ကန်စွာ ဆက်ဆံနိုင်လိမ့်မည်။ သင်သည် သူ၏ ကန့်သတ်ခြင်းကို ခံရမည်မဟုတ်တော့ပေ၊ သို့မဟုတ် သူသည် မည်မျှကြီးမြတ်ပြီး ဂုဏ်ရှိသည်ဆိုသည်ကို တွေးမည်မဟုတ်တော့ပေ။ သင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို နားလည်သည်နှင့် လူမျိုးစုံကို တိကျစွာ ကိုင်တွယ်နိုင်လိမ့်မည်။ သင်သည် လူမျိုးစုံအား အထင်ကြီးလေးစားခြင်း၊ သို့မဟုတ် သေးသိမ်စေခြင်းမရှိဘဲ၊ ၎င်းတို့ကို ခွဲခြားဆက်ဆံခြင်း၊ သို့မဟုတ် အထင်ကြီးခြင်းမရှိဘဲ စည်းမျဉ်းနှင့်အညီ ၎င်းတို့နှင့် အဆင်ပြေနိုင်လိမ့်မည်၊ ဆက်ဆံနိုင်လိမ့်မည်၊ ပေါင်းသင်းနိုင်လိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သမ္မာတရားအား လိုက်စားခြင်းမှ လာသောရလဒ်ကို တဖြည်းဖြည်းဖြင့် ရရှိမည်လော။ (ရရှိပါမည်။) ဤရလဒ်အားရရှိခြင်းအားဖြင့် သင်သည် လူ့အဖွဲ့အစည်းတွင်ရှိသော၊ သို့မဟုတ် ကမ္ဘာလောကတွင်ရှိသော မည်သူမဆိုကို ၎င်းတို့၏ ဂုဏ်ရှိသော ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကြောင့် လေးစားမည့်အစား သမ္မာတရားကို ပို၍ ချစ်လိမ့်မည်။ အပြုသဘောဆောင်သောအရာများဘက်သို့ ပို၍ ယိမ်းယိုင်လိမ့်မည်။ သမ္မာတရားဘက်သို့ ပို၍ ယိမ်းယိုင်လိမ့်မည်။ ဘုရားသခင်နှင့် သမ္မာတရားအား လေးစားခြင်းဘက်သို့ ပို၍ ယိမ်းယိုင်လိမ့်မည်။ သင်သဘောကျပြီး အထင်ကြီးလေးစားသည့်အရာများ၊ ထို့အပြင် သင်နာခံလိုက်လျှောက်ပြီး ကိုးကွယ်သောအရာများပါ ကွဲပြားလိမ့်မည်။ အပျက်သဘောဆောင်သောအရာများမှ အပြုသဘောဆောင်သောအရာများအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲလိမ့်မည်။ ပြီးလျှင် သမ္မာတရားအဖြစ်၊ သို့မဟုတ် ပို၍ အတိအကျဆိုလျှင် ဘုရားသခင်အဖြစ်၊ ဘုရားနှုတ်ကပတ်တော်၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် ဤအချက်တွင် သမ္မာတရားစစ်မှန်မှုအတွင်းသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ဤအပိုင်းတွင် တဖြည်းဖြည်းချင်းဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စာတန်၏ ချည်နှောင်မှုများကို စွန့်ပစ်လိမ့်မည်ဖြစ်ပြီး တဖြည်းဖြည်းချင်းဖြင့် ကယ်တင်ခြင်းကို ရယူလိမ့်မည်။ ဤသည်မှာ ဤလမ်းစဉ်တွင် ပါဝင်သောအရာဖြစ်သည်။ မခက်ခဲပေ။ လမ်းသည် သင့်ရှေ့တွင် ချထားသည်။ သမ္မာတရားကို သင်လိုက်စားသရွေ့ သမ္မာတရား စစ်မှန်မှုအတွင်းသို့ သင်ဝင်ရောက်နိုင်သည်။ အဆုံးတွင် မည်သည့် စစ်မှန်မှုသို့ သင်ဝင်ရောက်မည်နည်း။ သင့်မိသားစုထံမှ မည်သည့်အဆင့်အတန်းမျိုးအား သင်အမွေဆက်ခံသည်ဖြစ်စေ ယင်းသည် မြင့်မြတ်သည်၊ နိမ့်ကျသည်ဆိုသောအရာအားဖြင့် သင်စိတ်စွဲလန်းနေမည်၊ သို့မဟုတ် ဒုက္ခရောက်မည်မဟုတ်တော့ပေ။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်မည်။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် လူများ၊ အမှုအရာများကို ရှုမြင်နိုင်ပြီး ကျင်ကြံပြုမူကာ လုပ်ဆောင်နိုင်မည်။ ဖန်ဆင်းခံတစ်ယောက်အဖြစ် ဘုရားရှေ့တွင် အသက်ရှင်နိုင်မည်။ နေ့စဉ်နေ့တိုင်းကို လက်ရှိအချိန်တွင် အသက်ရှင်နိုင်မည်။ အားလုံးမှာ ဖန်ဆင်းခံတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာဖြင့် ဖြစ်သည်။ ဤသည်မှာ သင် လိုက်စားရမည့် ရလဒ်ဖြစ်သည်။ ဤသည်မှာ ကောင်းသောရလဒ်တစ်ခု ဟုတ်သလော။ (ဟုတ်သည်။) လူတို့သည် ဤလက်တွေ့အရှိတရား၏ သွင်ပြင်လက္ခဏာသို့ ဝင်ရောက်သောအခါ ၎င်းတို့၏ စိတ်နှလုံးသည် လွတ်မြောက်ပြီး လွတ်လပ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် သင့်မိသားစုမှ အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာ၏ အမှုကိစ္စအားဖြင့် ဒုက္ခရောက်မည်မဟုတ်တော့ပေ။ ပြီးလျှင် သင်၏ အဆင့်အတန်းက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ ဂရုစိုက်မည်မဟုတ်ပေ။ သင်၏ ကိုယ်ပိုင်လက္ခဏာက ဂုဏ်ရှိပြီး လူအချို့က သင့်အား အထင်ကြီးလေးစားလျှင် သင်သည် စက်ဆုပ်ရွံရှာလိမ့်မည်။ သင်၏ ကိုယ်ပိုင်လက္ခဏာက နိမ့်ကျပြီး လူအချို့က သင့်အား ခွဲခြားဆက်ဆံလျှင် သင်သည် ယင်းကြောင့် စိတ်ကျဉ်းကျပ်ခြင်း၊ သို့မဟုတ် ဒုက္ခရောက်ခြင်း ဖြစ်မည်မဟုတ်ပေ။ ယင်းနှင့်ပတ်သက်ပြီး ဝမ်းနည်းခြင်း၊ အပျက်သဘောဆောင်ခြင်းလည်း ဖြစ်မည်မဟုတ်ပေ။ သင်သည် အမြန်ရထားကို စီးဖူးသည်၊ မစီးဖူးသည်၊ အလှပြင်ဆိုင်သို့ ရောက်ဖူးသည်၊ မရောက်ဖူးသည်၊ နိုင်ငံခြားသို့ သွားဖူးသည်၊ မသွားဖူးသည်၊ အနောက်အတိုင်းအစားအစာကို စားဖူးသည်၊ မစားဖူးသည်၊ ဈေးကြီးသော ရုပ်ဝတ္ထုဆိုင်ရာ ဇိမ်ခံစရာများကို ခံစားရသည်၊ မခံစားရသည်တို့အပေါ်တွင် အခြေခံပြီး စိတ်ပူခြင်း၊ မချိတင်ကဲဝေဒနာခံစားရခြင်း၊ သို့မဟုတ် နိမ့်ကျခြင်းတို့ကို ခံစားရမည်မဟုတ်တော့ပေ။ ဤသို့သော အမှုကိစ္စများကြောင့် စိတ်ကျဉ်းကျပ်ခြင်း၊ ဒုက္ခရောက်ခြင်း ဖြစ်တော့မည်မဟုတ်ပေ။ သင်သည် လူ၊ အမှုကိစ္စ၊ အကြောင်းအရာမျိုးစုံတို့ကို မှန်ကန်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး သင့်တာဝန်များကို ပုံမှန် ဖြည့်ဆည်းနိုင်လိမ့်မည်။ ထို့အခါတွင် သင်သည် လွတ်လပ်ပြီး လွတ်မြောက်မည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဖြင့် သင်၏ စိတ်နှလုံးသည် လွတ်မြောက်လိမ့်မည်။ သင်သည် ဤသမ္မာတရားကဏ္ဍ၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်သောအခါ၊ စာတန်၏ ချည်နှောင်မှုများမှ လွတ်မြောက်သောအခါ ဘုရားရှေ့တွင် အသက်ရှင်သော ဖန်ဆင်းခံတစ်ဦးနှင့် ဘုရားသခင် အလိုရှိသည့် ဖန်ဆင်းခံတစ်ဦး အမှန် ဖြစ်လာလိမ့်မည်။ ယခုအချိန်တွင် မိသားစုထံမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းအား လက်လွှတ်ခြင်းလမ်းကြောင်းနှင့် ပတ်သက်ပြီး သင် ပို၍ ရှင်းလင်းသင့်သည်။

ယခင်အခေါက်က အခြားအကြောင်းအရာတစ်ခုကိုလည်း ငါတို့ ဆွေးနွေးခဲ့ကြသည်။ သင့်မိသားစုက သင့်အပေါ်တွင် ဖြစ်စေသော ပုံစံသွင်းသည့် သက်ရောက်မှုများအား လက်လွှတ်ခြင်းအကြောင်းဖြစ်သည်။ လူတစ်ယောက်၏ မိသားစု၏ ပုံစံသွင်းသည့် သက်ရောက်မှုများသည် ထိုသူ ငယ်ရွယ်သောအချိန်တွင်ပင် စတင်သည်။ ထိုသူက အရွယ်ရောက်လာသည်နှင့်အမျှ သူ၏ ဘဝတွင် ဤပုံစံသွင်းထားသော အတွေးအမြင်များကို တဖြည်းဖြည်းချင်း စတင်အသုံးချလာသည်။ ဘဝအတွေ့အကြုံ ပမာဏအချို့ကို သူ ရရှိပြီးသည့်အချိန်တွင် သူသည် သူ့မိသားစုက သူ့အတွင်းသို့ ပုံစံသွင်းပေးခဲ့သော ဤ အတွေးအမြင်အမျိုးမျိုးကို လွတ်လပ်စွာ လက်တွေ့လုပ်ဆောင်နေကြသည်။ ဤအရာကို အခြေခံပြီး သူသည် သူ့အတွက် ပို၍ပင် ဆန်းပြားရှုပ်ထွေးသော၊ ပို၍တိကျသော၊ ပို၍အကျိုးဖြစ်စေသော အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် အမျိုးမျိုးသော စည်းမျဉ်းများ၊ နည်းလမ်းများ၊ လှည့်ကွက်များကို စုဆောင်းမိလာသည်။ မိသားစုက ဖြစ်ပေါ်စေသော ပုံစံသွင်းသည့် သက်ရောက်မှုများသည် လူတစ်ယောက်က လူ့အဖွဲ့အစည်းသို့၊ သူ၏ အုပ်စုအသိုင်းအဝိုင်းထဲသို့ ကူးပြောင်းရာတွင်၊ သူ၏ အောက်ခံဆေးအဖြစ် ရှိနေပြီး ယင်းသည် ထိုသူအား သူတစ်ပါးတို့ကြား၌ နေသောအခါ၌ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နည်းလမ်းနှင့် လှည့်ကွက်အမျိုးမျိုးကို လွတ်လပ်စွာ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသည်ဟု ဆိုနိုင်သည်။ မိသားစုက ဖြစ်ပေါ်စေသော ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် အောက်ခံဆေးဖြစ်သည့်အတွက် ယင်းတို့သည် လူတစ်ယောက်ချင်းစီ၏ စိတ်နှလုံးတွင် အရိုးစွဲနေပြီး နက်နဲစွာ အမြစ်တွယ်နေသည်။ ဤအရာများသည် လူတို့၏ ဘဝများကို လွှမ်းမိုးသည်။ လူတို့ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့်နည်းလမ်းကို လွှမ်းမိုးပြီး ဘဝအပေါ် ၎င်းတို့၏ ရှုမြင်သုံးသပ်ချက်ကိုလည်း လွှမ်းမိုးသည်။ သို့သော် ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် အပြုသဘောမဆောင်သောကြောင့် ယင်းတို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းစဉ်တွင် လူတို့ လက်လွှတ်သင့်သည့်အရာများလည်း ဖြစ်သည်။ ဤသို့သော ပုံစံသွင်းမှုက သင့်အတွင်းသို့ သွတ်သွင်းသည့် အတွေးအမြင်များက သင့်စိတ်နှလုံး၏ အတွင်းကျဆုံးသောနေရာများတွင် ဖြစ်ပေါ်သည်ဖြစ်စေ၊ မဖြစ်ပေါ်သည်ဖြစ်စေ၊ ယင်းတို့သည် စိတ်အတွင်းထဲတွင် ကြီးစိုးသော နေရာကို ယူထားသည်ဖြစ်စေ၊ မယူထားသည်ဖြစ်စေ အရေးမပါပေ။ ဤသို့သော အတွေးအမြင်များသည် သင်၏ ဖြစ်တည်မှုလမ်းကြောင်းတွင် သင်က မှန်ကန်သည်ဟု အတည်ပြုပြီးသည်ဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ရန် အတည်ပြုပြီးသည်ဖြစ်စေ အသေအချာပင် အရေးမပါပေ။ ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် သင့်ဘဝအပေါ် အတိုင်းအတာအမျိုးမျိုးဖြင့်၊ ယခုနှင့် နောင်အနာဂတ်နှစ်ခုလုံး၌ သက်ရောက်မည်ဖြစ်ပြီး သင်၏ ဘဝလမ်းကြောင်းရွေးချယ်မှုကို လွှမ်းမိုးလိမ့်မည်။ အမှုအရာများအား သင် ကိုင်တွယ်ဖြေရှင်းသည့် သင်၏ သဘောထားနှင့် စည်းမျဉ်းများကို သက်ရောက်လိမ့်မည်။ မိသားစု အများစုသည် လူတို့အား လူ့အဖွဲ့အစည်းတွင် နေထိုင်ပြီး ရှင်သန်နိုင်ရန်အတွက် ကမ္ဘာလောကကြီးအား ကိုင်တွယ်ဖို့အတွက် အခြေခံအကျဆုံး လှည့်ကွက်များနှင့် အတွေးအခေါ်များအား ပေးသည်ဟု ဆိုနိုင်သည်။ ဥပမာ ယခင်အခေါက်က မိဘများက အစဉ်ပြောဆိုသော အရာများအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ “သစ်တစ်ပင်က သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့က မာနကို လိုအပ်သည်”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ ထို့အပြင် “အသာစံဖို့အတွက် အနာခံရမည်”၊ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဆိုသကဲ့သို့သော အရာများဖြစ်သည်။ အခြား မည်သည့်အရာရှိသေးသနည်း။ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်”၊ “စကားများပါက အမှားများတတ်သည်” တို့ဖြစ်သည်။ သင်သည် သင့်မိသားစုက သင့်အတွင်းသို့ ပုံစံသွင်းခဲ့သည့် ဤအယူအဆနှင့် အမြင်အမျိုးမျိုးကို သင်၏ ဘဝ၌ တိကျပြတ်သားစွာ အသုံးချသည်ဖြစ်စေ၊ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ယင်းတို့သည် သင်၏ အောက်ခံဆေးဖြစ်သည်။ “အောက်ခံဆေး” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ကမ္ဘာလောကကြီးအား ကိုင်တွယ်ခြင်းအတွက် စာတန်၏ အတွေးအခေါ်များကို သင့်အား လက်ခံရန် လှုံ့ဆော်ပြီး တိုက်တွန်းသည့်အရာတစ်ခုဟု ငါဆိုလိုသည်။ သင့်မိသားစုထံမှ ဤဆိုရိုးစကားများသည် သင့်အတွင်းသို့ ကမ္ဘာလောကကြီးအား ကိုင်တွယ်ဖြေရှင်းရာတွင် အခြေခံကျဆုံးနည်းလမ်းတစ်ခုနှင့် ရှင်သန်ခြင်းအတွက် အခြေခံအကျဆုံးနည်းလမ်းတစ်ခုကို သွတ်သွင်းပေးခဲ့သည်။ ဤသို့အားဖြင့် သင်သည် ဤလူ့အဖွဲ့အစည်းသို့ ဝင်ရောက်ပြီးနောက်တွင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအား လိုက်စားရန် အလုပ်ကြိုးစားလိမ့်မည်။ သင့်ကိုယ်သင်ပို၍ အယောင်ဆောင်ပြီး ဟန်ရေးပြရန်အတွက်၊ သင့်ကိုယ်သင် ပို၍ ကာကွယ်ရန်အတွက် ကြိုးပမ်းအားထုတ်လိမ့်မည်။ လူတို့ကြား၌ ပြိုင်ဘက်ကင်းရန်၊ ထိပ်ဆုံးသို့ ရောက်ရန်၊ ထိပ်ဆုံး၌ ရပ်တည်ရန်အတွက် ကြိုးပမ်းလိမ့်မည်။ သင့်အတွက် သင့်အတွင်းသို့ သင့်မိသားစုက ပုံစံသွင်းပေးသော ဤအရာများသည် လူ့အဖွဲ့အစည်းသို့ ဝင်ရောက်ပြီး ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို လက်သင့်ခံရန်အတွက် သင့်အား တွန်းအားပေးသော ကမ္ဘာကြီးအား ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများနှင့် လှည့်ကွက်များဖြစ်သည်။

ယခင်အခေါက်က မိသားစုက လူတို့အပေါ်တွင် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအရာများထက် ပို၍များပြားသော ပုံစံသွင်းသည့် သက်ရောက်မှုများရှိသည်။ ထို့ကြောင့် ထိုအရာများကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြစို့။ ဥပမာ အချို့မိဘများက ၎င်းတို့၏ သားသမီးများအား “လမ်းအတူလျှောက်နေတဲ့ ဘယ်လူသုံးယောက်မှာမဆို ငါ့ရဲ့ ဆရာဖြစ်နိုင်တဲ့သူ အနည်းဆုံးတစ်ယောက်တော့ရှိတယ်” ဟု ပြောသည်။ ဤအရာကို မည်သူ ပြောခဲ့သနည်း။ (ကွန်ဖြူးရှပ်ဖြစ်ပါသည်။) ဤသည်မှာ အမှန်ပင် ကွန်ဖြူးရှပ်ပြောခဲ့သည့်အရာ ဖြစ်သည်။ အချို့မိဘများက ၎င်းတို့၏ သားသမီးများအား “မင်း ဘယ်နေရာသွားသွား ပညာယူရမယ်၊ အဲဒီပညာတွေ တတ်သွားတာနဲ့ အထူးပြုနယ်ပယ်တစ်ခုမှာ ကျွမ်းကျင်မှုတစ်ခုရှိလိမ့်မယ်၊ အလုပ်မရှိမှာကို လုံးဝ စိတ်ပူစရာ လိုမှာမဟုတ်ဘူး၊ မင်းက ဘယ်အခြေအနေမှာမဆို လူတိုင်းမင်းဆီလာရတဲ့ အာဏာပိုင်ဖြစ်လိမ့်မယ်၊ ရှေးပညာရှိတစ်ယောက်က ‘လမ်းအတူလျှောက်နေတဲ့ ဘယ်လူသုံးယောက်မှာမဆို ငါ့ရဲ့ ဆရာဖြစ်နိုင်တဲ့သူ အနည်းဆုံးတစ်ယောက်တော့ရှိတယ်’ ဆိုပြီး ဒါကို သေချာပြောခဲ့တယ်၊ မင်းက သူများတွေနားမှာ ရှိတဲ့အခါတိုင်းမှာ အထူးပြုနယ်ပယ်တစ်ခုမှာ ဘယ်သူက ကျွမ်းကျင်မှုရှိသလဲဆိုတာ ကြည့်၊ သူတို့မသိအောင် လျှို့ဝှက်ပြီး သင်၊ ပြီးရင် အဲဒါကို ကျွမ်းကျင်ပြီဆိုတာနဲ့ မင်းရဲ့ ကျွမ်းကျင်မှု ဖြစ်လာလိမ့်မယ်၊ မင်းက ကိုယ့်ကိုယ်ကိုယ် ပံ့ပိုးဖို့အတွက် ပိုက်ဆံရှာနိုင်လိမ့်မယ်၊ ဘဝရဲ့ အခြေခံ မရှိမဖြစ် လိုအပ်ချက်တွေကို မင်း လုံးဝ လိုချင်တော့မှာမဟုတ်ဘူး” ဟူ၍ ပြောပြသည်။ သင်က အခြားလူများကြား၌ ရှိသောအခါတွင် ပညာရပ်များကို သင့်အား သင်စေခြင်း၌ သင့်မိဘများ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ကမ္ဘာလောကတွင် ရှေ့သို့ ရောက်စေရန်ဖြစ်သည်။) ပညာရပ်များကို သင်ယူခြင်း၏ ရည်ရွယ်ချက်သည် သင့်ကိုယ်သင် ပိုမိုအားကြီးစေရန်၊ ထိပ်ဆုံးသို့ရောက်ရန်၊ သူတစ်ပါးတို့ထံမှ ပညာရပ်များကို လျှို့ဝှက်စွာ ယူတတ်ဖို့ သင်ယူရန်၊ တဖြည်းဖြည်းချင်းဖြင့် သင်၏ ကိုယ်ပိုင်အင်အားကို ကြီးစေရန်ဖြစ်သည်။ သင်သည် လူတို့ကြားတွင် ကြီးမားသော အင်အားရှိလျှင် သင့်၌ အသက်မွေးဝမ်းကျောင်းရှိပြီး ကျော်ကြားမှုနှင့် စည်းစိမ်လည်းရှိလိမ့်မည်။ သင့်တွင် ကျော်ကြားမှုနှင့် စည်းစိမ်နှစ်ခုလုံးရှိသောအခါ လူတို့သည် သင့်အား အထင်ကြီးလိမ့်မည်။ သင့်၌ အမှန်တကယ် ကျွမ်းကျင်မှုများမရှိလျှင် မည်သူကမျှ သင့်အား အထင်ကြီးမည်မဟုတ်။ ထို့ကြောင့် သင်သည် သူတစ်ပါးတို့ထံမှ ပညာရပ်များကို လျှို့ဝှက်စွာဖြင့် ယူတတ်ဖို့ သင်ယူရမည်။ အခြားလူများ၏ အားသာသောအချက်များ၊ ပညာရပ်များကို သင်ယူရမည်။ တဖြည်းဖြည်းချင်းဖြင့် ၎င်းတို့ထက်ပို၍ အားကြီးလာရမည်။ ထိုအခါမှသာ သင်သည် ထိပ်ဆုံးသို့ ရောက်ရှိနိုင်သည်။ အချို့မိဘများက ၎င်းတို့၏ သားသမီးများအား အခြားလူများ၏ အသိအမှတ်ပြုမှု၊ အထင်ကြီးမှုကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် သားသမီးများကို “လူတွေကြည့်တဲ့အချိန်မှာ မင်းက ဂုဏ်ရှိတဲ့ ပုံပေါ်ချင်ရင် သူတို့ ဒုက္ခမခံတဲ့အချိန်မှာ မင်း ဒုက္ခခံရမယ်” ပြောဆဲဖြစ်သည်။ သင်သည် သူတစ်ပါးတို့က ကြည့်မနေသောအချိန်၌ ပညာရပ်များကို သင်ယူရန် ကြိုးစား၍၊ လုံ့လရှိစွာ လုပ်ဆောင်လျှင် သင်သည် ယင်းတို့ကို တတ်မြောက်သည်နှင့် သင်၏ ထက်မြက်မှုဖြင့် လူတိုင်းအား အထင်ကြီးအောင်လုပ်ဆောင်နိုင်သည်။ လူတို့က သင့်အား အထင်သေးသည့်၊ အနိုင်ကျင့်သည့် အခါတိုင်းတွင် သင်၏ ပင်ကိုစွမ်းရည်များကို ထုတ်ကြွားနိုင်သည်။ ဤသို့ဆိုလျှင် မည်သူကမျှ သင့်အား အနိုင်ကျင့်ရဲမည်မဟုတ်တော့ပေ။ သင်သည် သာမန်ဖြစ်ပြီး မထူးခြားသည့် ပုံစံရှိကောင်းရှိနိုင်သော်လည်း၊ ပြီးလျှင် များစွာမပြောဆိုသော်လည်း သင့်၌ သာမန်လူတို့နားမလည်နိုင်သော နည်းပညာပိုင်းအရည်အချင်းပုံစံဖြင့် ကျွမ်းကျင်မှုအချို့ရှိလိမ့်မည်။ ထို့ကြောင့် အခြားလူများက ဤအတွက် သင့်အား လေးစားပြီး သင့်ရှေ့တွင် သိမ်ငယ်နေလိမ့်မည်။ သင့်အား ၎င်းတို့ကို ကူညီနိုင်သည့်သူတစ်ယောက်အဖြစ် အားကိုးလိမ့်မည်။ ဤနည်းအားဖြင့် လူတို့ကြား၌ သင်၏ တန်ဖိုးသည် မမြှင့်တက်လာသလော။ သင်၏ တန်ဖိုး မြှင့်တက်လာသည်နှင့်အမျှ သင်သည် ဂုဏ်ရှိသည့်ပုံစံ ဖြစ်မလာသလော။ သင်သည် အခြားလူများကြား၌ ဂုဏ်ရှိသော အဆင့်အတန်းကို ရရှိရန် ကြိုးပမ်းလိုလျှင် ၎င်းတို့ မမြင်သည့်အချိန်၌ သင်သည် အခက်အခဲနှင့် ဆင်းရဲဒုက္ခကို တောင့်ခံရမည်။ အခက်အခဲမည်မျှကို သင်တောင့်ခံရပါစေ မြိုသိပ်၍သာ ဆက်သွားလော့။ သင် မည်မျှအစွမ်းအစရှိသည်ကို လူတို့မြင်သည်နှင့် သင်၏ ဒုက္ခအားလုံးက ထိုက်တန်လိမ့်မည်။ “လူတွေကြည့်တဲ့အချိန်မှာ မင်းက ဂုဏ်ရှိတဲ့ ပုံပေါ်ချင်ရင် သူတို့ ဒုက္ခမခံတဲ့အချိန်မှာ မင်း ဒုက္ခခံရမယ်” ဟု ဆိုရိုးစကားအား သင့်ကို ပြောပြရာတွင် သင့်မိဘများ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ သင်သည်ခွဲခြားဆက်ဆံခံရမည့်အစား၊ သို့မဟုတ် အနိုင်ကျင့်ခံရမည့်အစား အခြားလူများကြားတွင် ဂုဏ်ရှိသောအဆင့်အတန်းကို သင် ရရှိပြီး ၎င်းတို့၏ အထင်ကြီးမှုကို ရရှိရန်ဖြစ်သည်။ ဤသို့အားဖြင့် သင်သည် ဘဝတွင် ကောင်းသောအရာများကို ခံစားနိုင်ရုံသာမကဘဲ အခြားလူများက လေးစားခြင်း၊ ပံ့ပိုးခြင်းကိုလည်း သင်ရရှိမည်ဖြစ်သည်။ ဤအဆင့်အတန်းမျိုးရှိသောသူတို့သည် လူ့အဖွဲ့အစည်းတွင် အခြားလူများက အနိုင်ကျင့်ခြင်းကို မခံရရုံသာမကဘဲ မည်သည့်နေရာသို့ သွားပါစေ အမှုအရာများက ၎င်းတို့အတွက် အဆင်ပြေချောမွေ့သည်။ လူတို့က သင်လာနေသည်ကို မြင်သည့်အခါတိုင်းတွင် “အော် ခင်ဗျားကိုး၊ ဘာများကူညီပေးရမလဲ၊ ခင်ဗျားနဲ့တွေ့ရတာ ဂုဏ်ယူပါတယ်၊ ကိစ္စတစ်ခုခုရှိလို့လား၊ ကျွန်တော် လုပ်ပေးပါမယ်၊ အော် လက်မှတ်လာဝယ်တာလား၊ အင်း၊ တန်းစီစရာမလိုပါဘူး၊ ခင်ဗျားအတွက် အကောင်းဆုံးထိုင်ခုံပေးလိုက်မယ်၊ ကျွန်တော်တို့က မိတ်ဆွေတွေပဲလေ” ဟု ဆိုလိမ့်မည်။ သင်သည် ဤအရာကို လက်ခံလိုက်ပြီး “ဝါး၊ ငါ့မှာရှိတဲ့ ဒီနာမည်ကြီးအမှတ်တံဆိပ်က တကယ် အလုပ်ဖြစ်တာပဲ၊ လူကြီးတွေက ‘လူတွေကြည့်တဲ့အချိန်မှာ မင်းက ဂုဏ်ရှိတဲ့ ပုံပေါ်ချင်ရင် သူတို့ ဒုက္ခမခံတဲ့အချိန်မှာ မင်း ဒုက္ခခံရမယ်’ လို့ပြောတာ မှန်တယ်၊ လူ့အဖွဲ့အစည်းက တကယ်ကို ဒီလိုပဲ၊ တကယ်ကို လက်တွေ့အရှိတရားကို ဗဟိုပြုထားတာပဲ၊ ငါ့မှာ ဒီဂုဏ်သာမရှိရင် ဘယ်သူက ငါ့ကို အရေးစိုက်မှာလဲ၊ ကိုယ်က သာမန်လူတစ်ယောက်လို တန်းစီရင် သူများတွေက အထင်သေးပြီး မြေနိမ့်စာ လှံစိုက်ကြနိုင်တယ်၊ ပြီးရင် ရှေ့ဆုံးရောက်တဲ့အခါ ရောင်းမပေးတာတောင် လုပ်နိုင်တယ်” ဟု တွေးသည်။ သင်သည် ဆေးရုံတွင် ဆရာဝန်တစ်ယောက်ကို တွေ့ရန် တန်းစီနေသောအခါ၌ အခန်း၏ တစ်ဖက်မှ လူတစ်ယောက်က သင့်အားတွေ့သွားပြီး “ခင်ဗျားက ဘယ်သူမဟုတ်ဘူးလား၊ ဘာလို့တန်းစီစောင့်နေတာလဲ၊ ခင်ဗျားမတန်းစီရအောင် ကျွန်တော် ပါရဂူတစ်ယောက်ရှာပေးမယ်” ဟု ဆိုသည်။ သင်က “ကျွန်တော် ပိုက်ဆံမပေးရသေးဘူး” ဟု ပြန်ပြောသည်။ ထိုသူက “မလိုပါဘူး၊ ကုန်ကျစရိတ်ကို ကျွန်တော်ခံလိုက်မယ်” ဟု ဆိုသည်။ သင်က ဤအကြောင်းကို စဉ်းစားပြီး “နာမည်ကြီးဖြစ်ရတာ ကောင်းတယ်၊ နောက်ဆုံးတော့ ဘယ်သူကမျှ မမြင်တဲ့အချိန်မှာ ဒီဒုက္ခတွေအကုန်လုံးကို ခံရတာ အလကားမဖြစ်ဘူး၊ လူ့အဖွဲ့အစည်းမှာ အထူးဆက်ဆံခံရတာကို ငါတကယ်ခံစားလို့ရတယ်၊ ဒီလူ့အဖွဲ့အစည်းက တော်တော်ကို လက်တွေ့အရှိတရားကို ဗဟိုပြုတာပဲ၊ လူအများက လက်ခံကြိုဆိုခံရဖို့အတွက် နာမည်ကြီးတစ်ယောက် ဖြစ်ဖို့ပဲလိုတယ်၊ တော်တော်ကောင်းတာပဲ” ဟု တွေးသည်။ သင်သည် နောက်တစ်ဖန် သင်၏ ဒုက္ခအားလုံးက အချည်းနှီးမဖြစ်သည်ကို ဝမ်းမြောက်သည်။ အခြားလူများက ကြည့်မနေသည့်အချိန်တွင် ထိုအခက်အခဲနှင့် ဆင်းရဲဒုက္ခအားလုံးကို ဖြတ်သန်းရခြင်းက ထိုက်တန်သည်ဟု တွေးသည်။ သင်သည် ဤအရာကို စဉ်ဆက်မပြတ် အံ့အားသင့်သည်။ “ဆေးရုံမှာ ဆရာဝန်နဲ့တွေ့ဖို့ တန်းစီစရာမလိုဘူး၊ လေယာဉ်လက်မှတ်ဝယ်တဲ့အခါတိုင်းမှာ နေရာကောင်းတွေ ရနိုင်တယ်၊ ဘယ်သွားသွား အထူးဆက်ဆံခံရတယ်၊ ငါ့ရဲ့ လွှမ်းမိုးမှုက မှောင်ခိုကနေတောင် ငါ့ကို ဝင်စေနိုင်တယ်၊ တော်တော်ကောင်းတာပဲ၊ လူ့အဖွဲ့အစည်းက ဒီလိုဖြစ်သင့်တာ၊ တန်းတူညီမျှဖြစ်စရာ မလိုဘူး၊ လူတွေဟာ သူတို့ ကြိုးစားထားသမျှကို ပြန်ရသင့်တယ်၊ သူများတွေက ကြည့်မနေတဲ့အချိန်မှာ ဒုက္ခမခံရင် သူတို့ကြည့်နေတဲ့အချိန်မှာ ဂုဏ်ရှိတဲ့ပုံစံပေါ်နိုင်မလား၊ ဥပမာ ငါ့ကို ကြည့်လေ၊ သူများတွေ ကြည့်မနေတဲ့အချိန်မှာ ငါ ဒုက္ခခံတယ်၊ ဒီတော့ သူတို့ ကြည့်နေတဲ့အချိန်မှာ ငါက ဒီလိုမျိုး အထူးဆက်ဆံခံရတယ်၊ ငါနဲ့ ထိုက်တန်လို့ပဲ” ဤသည်မှာ မှန်ပြီး လူတို့သည် လူ့အဖွဲ့အစည်းတွင် အခြားလူများနှင့် ထိတွေ့ဆက်ဆံပြီး အမှုအရာများအား ပြီးမြောက်လိုလျှင် မည်သည့်အရာကို အမှီပြုသနည်း။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရန်အတွက် ၎င်းတို့၏ အရည်အချင်းကို ပံ့ပိုးရန် ၎င်းတို့၏ ပင်ကိုစွမ်းရည်နှင့် ကျွမ်းကျင်မှုများကို အားကိုးကြသည်။ လူတစ်ယောက်သည် လူ့အဖွဲ့အစည်းတွင် သူ၏ ကြိုးပမ်းအားထုတ်မှု၌ အောင်မြင်သည်၊ မအောင်မြင်သည်၊ သို့မဟုတ် အမှုအရာများအား ပြီးမြောက်အောင် လုပ်ဆောင်ရာ၌ မည်မျှကောင်းသည်ဆိုသည်မှာ ထိုသူ၏ ပင်ကိုစွမ်းရည်၊ သို့မဟုတ် လူ့သဘာဝကို အခြေမခံသကဲ့သို့ ထိုသူ၌ သမ္မာတရားရှိမရှိအပေါ်တွင်လည်း အခြေမခံပေ။ လူ့အဖွဲ့အစည်း၌ မျှတခြင်း၊ သို့မဟုတ် တန်းတူညီမျှခြင်းမရှိပေ။ သင်က ကောင်းစွာ လုံ့လရှိသရွေ့၊ အခြားလူများက ကြည့်မနေသည့်အချိန်တွင် ဒုက္ခခံနိုင်သရွေ့၊ လုံလုံလောက်လောက် နိုင်လိုမင်းထက်ပြုပြီး ရက်စက်ကြမ်းကြုတ်သရွေ့ အခြားလူများကြားတွင် မြင့်မားသော အဆင့်အတန်းကို ရရှိနိုင်သည်။ ယခင်က လူတို့သည် သိုင်းလောက၏ အရှင်သခင်ဖြစ်လာရန် ယှဉ်ပြိုင်ခဲ့သည့်အချိန်ကကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် အဆက်မပြတ် နေ့ရောညပါ ကြီးစွာသော ဒုက္ခကိုခံပြီး ကျင်ကြံကြသည်။ နောက်ဆုံး၌ ကိုယ်ခံပညာကျောင်းအမျိုးမျိုး၏ ပုံစံအားလုံးကို ကျွမ်းကျင်တတ်မြောက်ပြီး အများနှင့်မတူသော မိမိကိုယ်ပိုင်ပုံစံတစ်ခုကို ဖော်ထုတ်သည်အထိဖြစ်သည်။ ၎င်းတို့သည် ထိုပုံစံကို ၎င်းတို့ အားနည်းချက်မရှိတော့သည်အထိ ပြည့်စုံမှုရှိအောင် လေ့ကျင့်ကြသည်။ အဆုံး၌ မည်သို့ ဖြစ်သနည်း။ ကိုယ်ခံပညာပြိုင်ပွဲတွင် ၎င်းတို့သည့် အကြီးစားကျောင်းများအားလုံးမှ တိုက်ခိုက်သူများကို အနိုင်ရပြီး သိုင်းလောက၏ အရှင်သခင် အဆင့်အတန်းကို ရရှိခဲ့ကြသည်။ သူတစ်ပါးတို့၏ ရှေ့တွင် ဂုဏ်ရှိသည့်ပုံစံရှိစေရန်အတွက် ၎င်းတို့သည် မည်သည့်ဒုက္ခကိုမဆို ခံယူရန် ပြင်ဆင်ထားကြသည်။ လူမမြင်ကွယ်ရာတွင် အောက်လမ်းပညာအချို့ကိုပင် ကျင့်ကြံကြသည်။ ရှစ်နှစ်မှ ဆယ်နှစ်အထိ လေ့ကျင့်ပြီးနောက်တွင် ၎င်းတို့သည် အလွန်ပင် ကျွမ်းကျင်ပညာရှင်များဖြစ်လာပြီး သိုင်းလောကမှ မည်သူကမျှ စည်းဝိုင်းထဲတွင် ၎င်းတို့ကို အနိုင်မယူနိုင်ပေ၊ သို့မဟုတ် ပြင်ပတွင် ၎င်းတို့ကို မလုပ်ကြံနိုင်ပေ။ ၎င်းတို့က အဆိပ်သောက်မိလျှင်ပင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ခန္ဓာမှ ပြန်လည်စွန့်ထုတ်နိုင်သည်။ ဤသို့ဖြင့် ၎င်းတို့သည် သိုင်းလောက၏ အရှင်သခင်အဖြစ် ၎င်းတို့၏ နေရာကို ခိုင်မြဲစေပြီး မည်သူကမျှ ၎င်းတို့၏ နေရာကို မခြိမ်းခြောက်နိုင်ပေ။ ဤသည်မှာ အခြားလူများအတွက် ဂုဏ်ရှိသည့်ပုံစံဖြစ်ပေါ်သည့်အကြောင်းပင်ဖြစ်သည်။ သူတစ်ပါးတို့ရှေ့တွင် ဂုဏ်ရှိသည့်ပုံစံပေါ်ရန်အတွက် ရှေးအချိန်ကာလက လူတို့သည် အင်ပါယာစာမေးပွဲများကို ဖြေပြီး ပညာရှင်ဂုဏ်တို့ကို ရရှိကြသည်။ ယခုအချိန်ကာလတွင် လူတို့သည် ကောလိပ်တက်ကြသည်။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲများကို ဖြေကြသည်။ ဒေါက်တာဘွဲ့အတွက် ကျောင်းတက်ကြသည်။ ၎င်းတို့သည်လည်း အခက်အခဲများရှိသော်လည်း ၎င်းတို့၏ လေ့လာမှုတွင် ဇွဲရှိကြသည်။ မနက်အာရုဏ်ဦးမှ ညဉ့်နက်သည်အထိ၊ တစ်နှစ်ပြီးတစ်နှစ် အသုံးမဝင်သော အသိပညာများကို ကြိုးစားပမ်းစား သင်ယူကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အလွန်ပင်ပန်းပြီး စာမသင်ချင်တော့ဘဲ အနားယူရန် တောင့်တကြသည်။ သို့သော် ၎င်းတို့မိဘများက “မင်းက ဘယ်အချိန်မှာများ ကတိတည်မှာလဲ၊ မင်းက သူများတွေရှေ့မှာ ဂုဏ်ရှိတဲ့ပုံစံရှိချင်သေးလား၊ အဲဒီလိုဆိုရင် သူတို့ကြည့်မနေတဲ့အချိန်မှာ ဒုက္ခမခံဘဲနဲ့ မင်းဘယ်လိုလုပ်နိုင်မှာလဲ၊ မင်းက ခဏမနားလိုက်ရရင် လဲသေသွားမှာမျိုး မဟုတ်ဘူးမို့လား၊ သွား၊ စာကျက်၊ အိမ်စာသွားလုပ်ချေ” ဟု ပြော၍ ဆူငေါက်ခြင်းကို ခံရသည်။ ၎င်းတို့က “ကျွန်တော် အိမ်စာတွေပြီးသွားပြီ၊ ဒီနေ့ သင်ခန်းစာတွေကိုလည်း ပြန်စစ်ပြီးပြီ၊ ခဏလောက် နားခွင့်ပေးပါလား” ဟု ဆိုသည်။ သို့သော် ၎င်းတို့မိဘများက “လုံးဝ မနားရဘူး၊ လူတွေကြည့်တဲ့အချိန်မှာ မင်းက ဂုဏ်ရှိတဲ့ ပုံပေါ်ချင်ရင် သူတို့ ဒုက္ခမခံတဲ့အချိန်မှာ မင်း ဒုက္ခခံရမယ်” ဟု ပြန်ပြောသည်။ ၎င်းတို့က ဤအရာကို တွေးပြီး “ငါ့မိဘတွေက ငါကောင်းဖို့အတွက် ဒါတွေအားလုံးကို လုပ်နေတာ၊ ဒီတော့ ငါက ဘာလို့အရမ်းခေါင်းမာပြီး အပျော်ရှာဖို့အတွက် စိတ်ရောက်နေတာလဲ၊ ငါ့ကို ပြောထားတဲ့အတိုင်း ငါလုပ်ရမယ်၊ လူကြီးတွေ ပြောတဲ့စကားကို နားမထောင်ရင် ဒုက္ခရောက်မယ်လို့ ပြောကြတယ်၊ ဒီတော့ ငါ့မိဘတွေကို ငါနားထောင်ရမယ်၊ သူတို့က သူတို့ရဲ့ကျန်တဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီလိုဖြစ်နေမှာပဲ၊ ငါက သူတို့ကို ဂုဏ်တက်အောင် လုပ်မပေးရင် သူတို့ကို စိတ်ပျက်အောင် လုပ်မိမှာပဲ၊ နောက်ပြီး ငါက ဘဝမှာ ဆက်လျှောက်ဖို့လမ်းက အရှည်ကြီးကျန်သေးတယ်၊ ဒီတော့ ရေရှည်မှာ နည်းနည်းလောက် ဒုက္ခခံတာက ဘာဖြစ်မှာမို့လဲ” ဟု စဉ်းစားသည်။ ဤသို့တွေးပြီး ၎င်းတို့သည် စာသင်ကြားခြင်း၊ ၎င်းတို့၏ သင်ခန်းစာများကို ပြန်လှန်ဆန်းစစ်ခြင်း၊ အိမ်စာလုပ်ခြင်းတို့ကို အစွမ်းကုန် လုပ်ဆောင်သည်။ သန်းခေါင်ကျော်သည်အထိ မအိပ်ဘဲ စာလုပ်ပြီး မည်မျှ ပင်ပန်းပါစေ ကျော်လွှားနိုင်အောင် လုပ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝလမ်းကြောင်းတွင် “လူတွေကြည့်တဲ့အချိန်မှာ မင်းက ဂုဏ်ရှိတဲ့ ပုံပေါ်ချင်ရင် သူတို့ ဒုက္ခမခံတဲ့အချိန်မှာ မင်း ဒုက္ခခံရမယ်” ဆိုသကဲ့သို့သော အယူအဆများ၊ ဖော်ပြမှုများ၏ ပုံစံဖြင့် ၎င်းတို့မိသားစု၏ ပုံစံသွင်းသည့် သက်ရောက်မှုများ၏ အယူဝါဒသွတ်သွင်းခြင်းကို စဉ်ဆက်မပြတ် ခံရသည်။ ယင်းတို့သည် ၎င်းတို့အား တိုက်တွန်းအားပေးလျက်ရှိသည်။ ၎င်းတို့၏ အနာဂတ်နှင့် အလားအလာများအတွက်၊ သူတစ်ပါးတို့အနီးတွင် ဂုဏ်ရှိသည့်ပုံစံရှိစေရန်အတွက် ၎င်းတို့သည် လူတို့က ကြည့်မနေသည့်အချိန်တွင် ကျွမ်းကျင်မှုများနှင့် အသိပညာတို့ကို စဉ်ဆက်မပြတ် သင်ယူသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အားကြီးစေရန်အတွက် မိမိတို့ကိုယ်ကို အသိပညာနှင့် ကျွမ်းကျင်မှုအမျိုးမျိုးဖြင့် ပြင်ဆင်ထားကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြှင့်တင်ပြီး မိမိတို့၏ ကြိုးစားလိုစိတ်ကို နှိုးဆွပေးရန်အတွက် ရှေးကာလပုဂ္ဂိုလ်၊ သို့မဟုတ် အောင်မြင်သောသူအမျိုးမျိုး၏ စွန့်စားခန်းများကိုလည်း အားကိုးသည်။ ၎င်းတို့သည် ၎င်းတို့၏ အနာဂတ်တွင် ဆင်းရဲမှု၊ သာမန်ဖြစ်မှု၊ နိမ့်ကျမှုတို့ကို ဖယ်ရှားရန်၊ ပြီးလျှင် ခွဲခြားဆက်ဆံခံရသည့် ၎င်းတို့၏ ကံကို ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် ဤအရာအားလုံးကို လုပ်ဆောင်သည်။ ဤသို့အားဖြင့် ၎င်းတို့သည် သာလွန်သောသူဖြစ်ရန်၊ အခွင့်ထူးခံလူစု၏ အဖွဲ့ဝင်ဖြစ်ရန်၊ သူတစ်ပါးတို့က အထင်ကြီးလေးစားသည့်သူဖြစ်ရန် ဖြစ်သည်။ ၎င်းတို့မိသားစုမှ ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် ၎င်းတို့၏ စိတ်ထဲတွင် ထပ်ခါထပ်ခါ လည်ပတ်လျက်ရှိသည်။ နောက်ဆုံးတွင် ဤမှတ်ချက်များနှင့် ဆိုရိုးစကားများသည် ၎င်းတို့၏ ခိုင်မာစွာ အမြစ်တွယ်နေသော အယူအဆများ၊ အမြင်များဖြစ်လာကြသည်။ ကမ္ဘာလောကကြီးအားကိုင်တွယ်ရာတွင် ၎င်းတို့၏ ပုံသေနည်းလမ်းများဖြစ်လာသည်။ ရှင်သန်ရပ်တည်မှုအပေါ် ၎င်းတို့၏ ပင်ကိုရှုမြင်သုံးသပ်ချက်နှင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်လည်း ဖြစ်လာသည်။

အချို့သောမိဘများက ၎င်းတို့၏ သားသမီးများအား “သူများတွေနဲ့ မိတ်ဆွေဖွဲ့တတ်အောင် မင်းလုပ်ရမယ်၊ ‘ခြံစည်းရိုးက တိုင်သုံးတိုင်ရဲ့ အထောက်အပံ့ကို လိုအပ်သလိုပဲ အစွမ်းအစရှိတဲ့သူက တခြားလူသုံးယောက်ရဲ့ အထောက်အပံ့ကိုလိုတယ်’ ဆိုတဲ့ ဆိုရိုးစကားလိုပဲ၊ ပုတ်ခတ်ဝေဖန်ခံရတဲ့ ဆောင်မင်းဆက် နိုင်ငံရေးသမား ရှင်ဟွေကတောင်မှ မိတ်ဆွေသုံးယောက်ရှိတယ်၊ မင်း ဘယ်သွားသွား သူများတွေနဲ့ အဆင်ပြေအောင်နေပြီး လူလူချင်း ကောင်းတဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းတတ်အောင် လုပ်ရမယ်၊ အနည်းဆုံးတော့ ရင်းနှီးတဲ့မိတ်ဆွေတချို့ရှိထားရမယ်၊ လူ့အဖွဲ့အစည်းကို မင်းဝင်တာနဲ့ ဘဝမှာ၊ အလုပ်မှာနဲ့ မင်းစီးပွားရေးကို စလုပ်တဲ့အခါမှာ အခက်အခဲမျိုးစုံကို ကြုံရမယ်၊ မင်းကို ကူညီမယ့်မိတ်ဆွေမရှိရင် အခက်အခဲတွေနဲ့ အနေရခက်တဲ့ အခြေအနေမျိုးစုံကို မင်းတစ်ယောက်တည်း ရင်ဆိုင်ရမယ်၊ ရင်းနှီးတဲ့မိတ်ဆွေ နည်းနည်း ဖွဲ့ဖို့အတွက် နည်းလမ်းတချို့ကို မင်းသိရင် ဒီအနေရခက်တဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေကို မင်း ရင်ဆိုင်ရတဲ့အခါမှာ ဒီမိတ်ဆွေတွေက မင်းကို ပြဿနာကနေ ကယ်ထုတ်ပြီး မင်း ကြိုးစားအားထုတ်တဲ့နေရာမှာ အောင်မြင်အောင် ကူညီဖို့အတွက် ရှေ့ထွက်လာလိမ့်မယ်၊ မင်းက ကြီးမားတဲ့အရာတွေကို ရရှိချင်ရင် မာနကြီးမနေဘဲ မိတ်ဆွေဖွဲ့သင့်တယ်၊ မင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ မင်းရဲ့ အနာဂတ်ဘဝ၊ ရပ်တည်မှုတွေကို ထောက်ပံ့ပေးဖို့အတွက် မင်းဘက်မှာ အင်အားကြီးတဲ့လူမျိုးစုံကို ထားထားနိုင်ရမယ်၊ မင်းကို ကိစ္စတွေ ကူလုပ်ပေးဖို့၊ မင်းကို အလုပ်အကျွေးပြုဖို့အတွက် လူအမျိုးမျိုးဆီကနေ အခွင့်အရေးယူနိုင်ရမယ်” ဟု ပြောသည်။ မိဘများသည် အကြမ်းဖျဉ်းအားဖြင့် ဤသို့သော အယူအဆ၊ အမြင်မျိုးကို အသိမပေးပေ၊ သို့မဟုတ် ၎င်းတို့၏ သားသမီးများအား မိတ်ဆွေဖွဲ့တတ်အောင် လုပ်ရန်၊ လူတို့အား အခွင့်အရေးယူရန်၊ ၎င်းတို့ ကြိုးပမ်းအားထုတ်ရာတွင် အောင်မြင်မှုရဖို့ ကူညီပေးရန်အတွက် မိတ်ဆွေများကို ရှာနိုင်ရန်လိုအပ်သည်ဟု တိုက်ရိုက်မပြောပေ။ သို့ရာတွင် လူ့အဖွဲ့အစည်းတွင် ဂုဏ်နှင့် အဆင့်အတန်းရှိသော၊ သို့မဟုတ် ပရိယာယ်များပြီး ကြံစည်တတ်သော၊ မိမိတို့၏ စကားနှင့် အပြုအမူနှစ်ခုလုံးဖြင့် မိမိတို့၏ သားသမီးများအား လွှမ်းမိုးသော မိဘအချို့ရှိသည်။ ထို့အပြင် နေ့စဉ်ဘဝတွင် ၎င်းတို့ပြောဆိုလုပ်ဆောင်သောအရာများမှတစ်ဆင့် ၎င်းတို့၏ အယူအဆ၊ အမြင်နှင့် ကမ္ဘာလောကကို ကိုင်တွယ်သည့်နည်းလမ်းများကို ၎င်းတို့၏ သားမီးများက မြင်ပြီး ကြားသောအခါတိုင်းတွင် ယင်းသည် သားသမီးများအပေါ် ပုံစံသွင်းသည့် သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ သင်သည် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများကြားတွင် မှန်ကန်စွာ အကဲဖြတ်ပြီး ပိုင်းခြားသိမြင်ခြင်းမရှိသည့် အခြေအနေတွင် သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် သင့်မိဘများ၏ စကားများ၊ လုပ်ရပ်များ၏ လွှမ်းမိုးခြင်းကို ခံရပြီး ၎င်းတို့၏ အယူအဆနှင့် အမြင်များကို လက်ခံသည်၊ သို့မဟုတ် ဤအယူအဆများ၊ အမြင်များသည် သင်၏ စိတ်နှလုံးအတွင်း၌ အမှုမဲ့အမှတ်မဲ့ဖြင့် သွတ်သွင်းခြင်းခံရသည်။ ပြီးလျှင် အမှုအရာများကို သင်လုပ်ဆောင်သည့် အခြေခံအကျဆုံးအုတ်မြစ်နှင့် စည်းမျဉ်းဖြစ်လာသည်။ သင့်မိဘများက သင့်အား “ပို၍ မိတ်ဆွေဖွဲ့ရန်၊ လူတို့အား သင့်အတွက် အမှုကိစ္စများကို လုပ်ဆောင်ပေးဖို့ သင်ယူရန်၊ လူတို့၏ အားသာချက်များကို ခုတုံးလုပ်ရန်၊ သင့်အနီးတွင်ရှိသောသူများထံမှ အခွင့်အရေးယူတတ်အောင်လုပ်ရန် တိုက်ရိုက် မပြောကောင်း မပြောနိုင်ပေ။” မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်မှုများကို ကျင့်သုံးခြင်းအားဖြင့် ၎င်းတို့ဟောပြောသည့် အယူအဆနှင့် အမြင်များကို သင့်အပေါ် ကူးစက်စေပြီး ပုံစံသွင်းသည်။ ဤသို့အားဖြင့် ဤအမှုကိစ္စတွင် သင်၏ မိဘများသည် သင်၏ လက်ဦးဆရာများဖြစ်လာပြီး အမှုအရာများအား မည်သို့ကိုင်တွယ်ရမည်၊ လူတို့နှင့် မည်သို့အဆင်ပြေအောင်နေရမည်၊ ဤလူ့အဖွဲ့အစည်းတွင် မည်သို့ မိတ်ဆွေဖွဲ့ရမည်တို့နှင့်ပတ်သက်၍ သင့်အား အစပျိုးပေးသည်။ ပြီးလျှင် မိတ်ဆွေဖွဲ့ခြင်းနောက်ကွယ်က ရည်ရွယ်ချက်၊ အဘယ်ကြောင့် မိတ်ဆွေဖွဲ့သင့်သည်၊ မည်သည့်မိတ်ဆွေမျိုးကို သင် ဖွဲ့သင့်သည်၊ လူ့အဖွဲ့အစည်းတွင် မည်သို့ ခြေကုပ်ရရှိရမည်၊ ခြေကုပ်ရရှိရန်အတွက် အခြေခံအချက်များနှင့် နည်းလမ်းများ စသည်တို့နှင့် ပတ်သက်၍လည်း သင့်အား အစပျိုးပေးသည်။ ဤသို့အားဖြင့် သင့်မိဘများသည် ၎င်းတို့ ဟောပြောသည့်အရာကို ကျင့်သုံးခြင်းအားဖြင့် သင့်အား ပုံစံသွင်းပေးသည်။ သင်သည် ကလေးဘဝမှာ လူကြီးဘဝသို့ ကြီးပြင်းလာသောအခါ အမှတ်တမဲ့ဖြင့် ဤအယူအဆများနှင့် အမြင်များသည် ရိုးရှင်းသော အသိစိတ်မှ ခိုင်မာသော အတွေးအမြင်များ၊ လုပ်ဆောင်မှုများအဖြစ်သို့ တဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ ဤသို့ဖြင့် ယင်းတို့သည် တစ်ဆင့်ခြင်းဖြင့် သင်၏ စိတ်နှလုံးနှင့် ဝိညာဉ်တွင် နက်နဲစွာ သွတ်သွင်းခြင်းခံလာရပြီး ကမ္ဘာလောကကြီးအား ကိုင်တွယ်ရာ၌ သင်၏ နည်းလမ်းနှင့် အတွေးအခေါ်ဖြစ်လာသည်။ ကမ္ဘာလောကကြီးအား ကိုင်တွယ်သည့်နည်းလမ်းတစ်ခုအနေဖြင့် “ခြံစည်းရိုးက တိုင်သုံးချောင်းရဲ့ အထောက်အပံ့ကို လိုအပ်သလိုပဲ အစွမ်းအစရှိတဲ့သူက တခြားလူသုံးယောက်ရဲ့ အထောက်အပံ့ကိုလိုအပ်တယ်” ဆိုသည့် ဆိုရိုးစကားကို သင်မည်သို့ ထင်သနည်း။ (မကောင်းပါ။) ဤကမ္ဘာလောကတွင် စစ်မှန်သော မိတ်ဆွေဆိုသောအရာရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် အဘယ်ကြောင့် ခြံစည်းရိုးတစ်ချောင်းက တိုင်သုံးချောင်း၏ အထောက်အပံ့ကို လိုအပ်သနည်း။ တိုင်သုံးချောင်းရှိခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပို၍ တည်ငြိမ်စေရန်သာဖြစ်သည်။ တိုင်နှစ်ချောင်းဖြင့်ဆိုလျှင် တည်ငြိမ်မည်မဟုတ်ပေ။ တိုင်တစ်ချောင်းဖြင့်ဆိုလျှင် လုံးဝ အလုပ်မဖြစ်ပေ။ ဤသို့ဆိုလျှင် ဤတွင်ပါဝင်သော ကမ္ဘာလောကကြီးအား ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ အစွမ်းအစရှိသောသူသည်ပင် မည်မျှစွမ်းဆောင်နိုင်ပါစေ လက်တစ်ဖက်တည်းဖြင့် လက်ခုပ်မတီးနိုင်ပေ။ မည်သည့်တိုးတက်မှုမျှ ရှိမည်မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခုကို ရရှိလိုလျှင် သင့်အား ကူညီရန် လူတို့ကို သင်လိုအပ်သည်။ သင်သည် လူတို့အား သင့်ကို ကူညီစေလိုလျှင် သင့်ကိုယ်သင် မည်သို့ပြုမူပြီး ကမ္ဘာလောကြီးအား ကိုင်တွယ်ရမည်ဆိုသည်ကိုသင်ယူရန်၊ အမှုအရာများအား ပြီးစီးအောင် လုပ်ဆောင်ရန်အတွက် ကျယ်ပြန့်စွာ မိတ်ဆွေများဖွဲ့ပြီး အင်အားစုတစ်ခုကို စုဝေးရန်လိုအပ်သည်။ ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ အသက်မွေးအလုပ်တစ်ခုကို ကြိုးပမ်းပုံဖော်ခြင်းဖြစ်စေ၊ လူ့အဖွဲ့အစည်း၌ ခြေကုပ်တစ်ခု ရယူခြင်းဖြစ်စေ၊ ပို၍ပင် ကြီးမားသောအရာတစ်ခုကို ပြီးမြောက်ခြင်းဖြစ်စေ တစ်စုံတစ်ခုကို ရရှိရန်အတွက် သင့်အနီးတွင် သင်ယုံကြည်သော၊ သို့မဟုတ် အထင်ကြီးသောသူများ၊ သင်တာဝန်ယူလုပ်ဆောင်လိုသည့် ကြိုးပမ်းအားထုတ်မှုကို သင်ရရှိအောင် ကူညီပေးဖို့ သင်အသုံးပြုနိုင်သည့်သူများရှိနေရမည်။ ဤသို့မဟုတ်လျှင် လက်တစ်ဖက်တည်းနှင့် လက်ခုပ်တီးရန် ကြိုးစားနေသကဲ့သို့ ဖြစ်မည်။ လူ့အဖွဲ့အစည်းတွင် မျှတမှုမရှိဘဲ ကြံစည်ခြင်းနှင့် ရုန်းကန်ခြင်းသာ ရှိခြင်းကြောင့် ဤကမ္ဘာလောကတွင် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းအတွက်စည်းကမ်းများရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သင်က မှန်ကန်သောလမ်းကြောင်းကို လျှောက်ပြီး တရားမျှတသော အကြောင်းတရားများကို တာဝန်ယူလုပ်ဆောင်လျှင် မည်သူကမျှ လက်ခံမည်မဟုတ်။ ဤလူ့အဖွဲ့အစည်းတွင် အလုပ်ဖြစ်မည်မဟုတ်ပေ။ မည်သည့် ကြိုးပမ်းအားထုတ်မှုမျိုးကို သင် တာဝန်ယူလုပ်ဆောင်သည်ဖြစ်စေ လူ့အဖွဲ့အစည်းတွင် သင့်အား ကူညီပြီး အင်အားစုတစ်ခုကို စုစည်းရန်အတွက် သင့်၌ လူအချို့ရှိရမည်။ မည်သည့်နေရာသို့ သင်သွားသည်ဖြစ်စေ သင့်အားအလျှော့ပေးပြီး သင့်အား ကြောက်ရွံ့သောသူများရှိလျှင် သင်သည် လူ့အဖွဲ့အစည်း၌ ခိုင်မာသောခြေကုပ်ရှိလိမ့်မည်။ သင်၏ အားထုတ်ကြိုးပမ်းမှုကို တာဝန်ယူလုပ်ဆောင်ရန် သင့်အတွက် အလွန်ပို၍ လွယ်ကူလိမ့်မည်။ ပြီးလျှင် သင့်အား မီးစိမ်းပြသောသူများ ရှိလိမ့်မည်။ ဤသည်မှာ ကမ္ဘာလောကြီးအား ကိုင်တွယ်သည့် သဘောထားနှင့် နည်းလမ်းဖြစ်သည်။ မည်သည့်အရာကို သင် လုပ်ဆောင်လိုသည်ဖြစ်စေ သင့်မိဘများက သင့်အား “ခြံစည်းရိုးက တိုင်သုံးတိုင်ရဲ့ အထောက်အပံ့ကို လိုအပ်သလိုပဲ အစွမ်းအစရှိတဲ့သူက တခြားလူသုံးယောက်ရဲ့ အထောက်အပံ့ကိုလိုတယ်” ဟု အစဉ် ပြောလိမ့်မည်။ ဤသို့ဆိုလျှင် ကမ္ဘာလောကြီးအား ကိုင်တွယ်ခြင်းအတွက် ဤစည်းမျဉ်းသည် မှန်သလော၊ မှားသလော။ (မှားသည်။) မည်သို့ မှားသနည်း။ (လူတစ်ယောက်က အမှုအရာများအား အောင်မြင်နိုင်ခြင်းရှိမရှိသည် သူ၏ အစွမ်း၊ သို့မဟုတ် ပင်ကိုစွမ်းရည်အပေါ်တွင် မူတည်ခြင်းမရှိဘဲ ဘုရားသခင်၏ အချု်ပအခြာအာဏာနှင့် အစီအစဉ်များအပေါ် မူတည်သည်။) ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် မူတည်သည်။ ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ ထို့အပြင် လူတို့သည် လူ့အဖွဲ့အစည်းတွင် သူတစ်ပါးတို့အား ၎င်းတို့ကို ကူညီစေလိုရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတိုင်းထက် သာစေရန်ဖြစ်သည်။) မှန်သည်။ သင့်အား ထောက်ပံ့ပေးရန် ဤတိုင်သုံးချောင်းရှိခြင်း နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ သင့်ကိုယ်သင်အတွက် နေရာတစ်ခုကို ပုံဖော်ထွင်းထုပြီး ခိုင်မာသော ခြေကုပ်ရရှိရန်ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သူကမျှ သင့်အား ကန်ချမပစ်နိုင်ပေ။ တိုင်တစ်တိုင်က အကန်ခံရလျှင်ပင် အခြားသောနှစ်တိုင်က သင့်အား ထောက်ပံ့ပေးလိမ့်မည်။ အတိုင်းအတာတစ်ခုအထိ ဩဇာအာဏာရှိသူတို့သည် ဥပဒေ၊ လူတို့၏ ခံစားချက်၊ သို့မဟုတ် အများပြည်သူ၏ ထင်မြင်ချက်တို့ကို စိတ်ပူခြင်းမရှိဘဲ ဤလူ့အဖွဲ့အစည်းတွင် အမှုအရာများကို အခက်အခဲမရှိ လုပ်ဆောင်နိုင်သည်။ ဤသည်မှာ လူတို့၏ ရည်ရွယ်ချက်မဟုတ်လော။ (ဟုတ်သည်။) ဤနည်းအားဖြင့် သင်သည် လူ့အဖွဲ့အစည်းတွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသူ၊ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ဖြစ်လာနိုင်သည်။ ဥပဒေ၊ သို့မဟုတ် မည်သည့် အများပြည်သူထင်မြင်ချက်မဆိုက သင်၏ ခြေကုပ်ကို မလှုပ်ခပ်စေနိုင်ပေ၊ သို့မဟုတ် သင့်အား နေသားမကျ မဖြစ်စေနိုင်ပေ။ သင်သည် ဤလူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများတွင်၊ မည်သည့်လူမှုဆိုင်ရာအုပ်စု၌မဆိုတွင် အဆုံးအဖြတ်ပေးခွင့်ရှိလိမ့်မည်။ သင်သည် လူအများက သင့်ထံသို့လာရသော အာဏာပိုင်ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် သင်ကျေနပ်သလို မလုပ်ဆောင်နိုင်သလော။ သင်သည် ဥပဒေကို ကျော်လွန်နိုင်သည်။ လူတို့၏ ခံစားချက်များကို ကျော်လွန်နိုင်သည်။ အများပြည်သူထင်မြင်ချက်ကို ကျော်လွန်နိုင်သည်။ ကိုယ်ကျင့်တရားကို ကျော်လွန်နိုင်သည်။ အသိစိတ်၏ ရှုတ်ချမှုကို ကျော်လွန်နိုင်သည်။ ဤသည်မှာ လူတို့ ဖြစ်မြောက်လိုသော ရည်ရွယ်ချက် ဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ လူတို့ ဖြစ်မြောက်လိုသော ရည်ရွယ်ချက်ဖြစ်သည်။ ဤသည်မှာ လူတို့အား ၎င်းတို့၏ ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြစ်မြောက်စေနိုင်သည့် လူတို့၏ လုပ်ဆောင်မှုများအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ သင် သိသလော။ လူအချို့သည် လူ့အဖွဲ့အစည်းတွင် သွေးသောက်ညီအစ်ကိုများဖြစ်လာကြသည်။ ၎င်းတို့ထဲတွင် အကြီးဖြစ်သူ အစ်ကိုက ကုမ္ပဏီအချို့၏ စီအီအိုဖြစ်သည်။ အငယ်ဖြစ်သူက အုပ်စုအချို့၏ ဥက္ကဌဖြစ်သည်။ အခြားလူအချို့မှာ နိုင်ငံရေးသမားများ၊ သို့မဟုတ် မှောင်ခို အထက်လူကြီးများဖြစ်လာကြသည်။ လူအချို့တွင် ဆေးရုံဒါရိုက်တာ၊ သို့မဟုတ် ခွဲစိတ်ကုဆရာဝန်ချုပ်၊ သို့မဟုတ် သူနာပြုချုပ်ဖြစ်သော မိတ်ဆွေများရှိကြသည်။ လူအချို့သည်၎င်းတို့၏ကိုယ်ပိုင်အလုပ်တွင်မိတ်ဆွေကောင်းအချို့ ရကြသည်။ လူတို့သည်အမှန်ပင်တူညီသော အမြင်များနှင့်စိတ်ဝင်စားမှုများရှိသောကြောင့် ဤမိတ်ဆွေများကိုရရှိကြသလော။ သို့မဟုတ် တရားမျှတသောအကြောင်းတရားကို အတူတကွ အမှန်တကယ်ထိန်းသိမ်းလိုသောကြောင့်ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် အဘယ်ကြောင့် ဤသို့လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အင်အားစုတစ်မျိုးကို စုဝေးပြီး ထိုအင်အားစုကို ချဲ့ထွင်ကာ မြှင့်တင်လိုသောကြောင့်လည်းကောင်း၊ အဆုံးတွင် လူ့အဖွဲ့အစည်း၌ ခြေကုတ်တခုရယူပြီး ရှင်သန်ရန်အတွက် ယင်းကို အမှီပြုလိုသောကြောင့်လည်းကောင်း၊ ထိပ်ဆုံးတွင်နေထိုင်လိုသောကြောင့်လည်းကောင်း၊ စည်းစိမ်ရှိပြီး ပျော်မွေ့သောဘဝကိုခံစားလိုသောကြောင့်လည်းကောင်း ဖြစ်သည်။ မည်သူကမျှ ၄င်းတို့ကို အနိုင်ကျင့်ရဲမည်မဟုတ်ပေ။ ၎င်းတို့သည် ပြစ်မှုများကို ကျူးလွန်လျှင်ပင် ဥပဒေက ၎င်းတို့ကိုဒဏ်ခတ်ရဲမည်မဟုတ်ပေ။ ၎င်းတို့သည် ပြစ်မှုများကို အမှန်ပင် ကျူးလွန်လျှင် ၎င်းတို့၏မိတ်ဆွေများက ၎င်းတို့အားကူညီရန် ရှေ့သို့ထွက်လိမ့်မည်။ မိတ်ဆွေတစ်ဦးက ၎င်းတို့၏ ကိုယ်စားစကားပြောလိမ့်မည်။ အခြားမိတ်ဆွေတစ်ဦးက တရားရုံးတွင် အမှုကိစ္စများကို ချောမွေ့စေရန် ကူညီပြီး အကြီးတန်း နိုင်ငံရေးသမားများကို အသနားခံရန်အတွက် မဲဆွယ်စည်းရုံးလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် နှစ်ဆယ့်လေးနာရီမကြာမီတွင် ရဲစခန်းအပြင်သို့ထွက်ရလိမ့်မည်။ ၎င်းတို့ကျူးလွန်သည့်ပြစ်မှုက မည်မျှဆိုးရွားပါစေ။ မည်သည့်ရလဒ်မျှ ရရှိမည်မဟုတ်ဘဲ ဒဏ်ကြေးပင် ဆောင်ရန်လိုမည်မဟုတ်ပေ။ နောက်ဆုံးတွင် သာမန်လူများက “ဒီလူက တကယ်ကိုတစ်ခုခုပဲ၊ ဒီလောက်ဆိုးတဲ့ပြစ်မှုကို ကျူးလွန်တာတောင်မှ ဘယ်လိုလုပ်ပြီး အမြန်လွတ်အောင်လုပ်နိုင်ခဲ့တာလဲ၊ ငါတို့သာဆိုရင်တော့ သွားပြီပဲမဟုတ်လား၊ ထောင်ကျသွားမှာပဲမဟုတ်လား၊ သူ့မှာရှိတဲ့မိတ်ဆွေတွေကိုကြည့်လေ၊ ငါတို့က ဘာလို့ဒီလိုမိတ်ဆွေတွေမထားနိုင်ရတာလဲ၊ ဒီလိုလူတွေကို ငါတို့ ဘယ်လိုလုပ် လက်လှမ်းမမှီနိုင်ရတာလဲ” ဟု ဆိုလိမ့်မည်။ လူတို့က အားကျရလိမ့်မည်။ ဤအမှုကိစ္စများအားလုံးသည် လူမှုဆိုင်ရာ တရားမမျှတမှုနှင့် ဆိုးယုတ်သောခေတ်ရေစီးကြောင်းများအဆက်မပြတ် ထွက်ပေါ်လာခြင်းတို့ကြောင့် ဖြစ်ခြင်းဖြစ်သည်။ ဤလူ့အဖွဲ့အစည်းတွင် လူတို့၌ လုံခြုံစိတ်ချရသည့်စိတ်တစ်ခုမျှမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် အင်အားစုအချို့ကို မျက်နှာသာပေးလိုပြီး အချင်းချင်း၏ အင်အားစုများကို နှိုင်းယှဉ်ကြသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် နေထိုင်သောသူများအတွက် ၎င်းတို့၌ ရှင်သန်နေထိုင်ရန် နည်းလမ်းအချို့ရှိလျှင်ပင် အန္တရာယ် သို့မဟုတ်၊ အခက်အခဲကို မည်သည့်အချိန်၌၎င်းတို့ကြုံရမည်ကိုမသိကြပေ။ ပြီးလျှင် မျှော်လင့်မထားသောကပ်ဘေးဒုက္ခတခုကို ကြုံရခြင်း သို့မဟုတ် ကံခေခြင်းတခုခုကို ကြုံရခြင်းအား အကြောက်ဆုံးဖြစ်ပြီး အထူးသဖြင့် ဥပဒေနှင့်သက်ဆိုင်သော တခုခုနှင့်ပတ်သက်သောအခါတွင် အကြောက်ဆုံးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ရဲ သို့မဟုတ် တရားရုံးနှင့်သက်ဆိုင်သော မည်သည့်အရာကိုမဆို အလိုမရှိဘဲ ဘဝကိုဖြတ်သန်းကြသည်။ ဤလူ့အဖွဲ့အစည်းတွင် လူတို့၌ လုံခြုံစိတ်ချရသည့်စိတ် မရှိသောကြောင့် ၎င်းတို့သည် စဉ်ဆက်မပြတ် မိတ်ဆွေများဖွဲ့ရပြီး အမှီပြုရန် အင်အားကြီးသော မိတ်ဖက်များကိုရှာဖွေရသည်။ သင်သိသလော။ ကလေးများကကျောင်းတွင်ရှိသောအခါ ကစားရန် သူငယ်ချင်းနှစ်ယောက်၊ သို့မဟုတ် သုံးယောက်ထားရသည်။ ဤသို့မဟုတ်လျှင် ၎င်းတို့ဘာသာနေထိုင်သောအခါ အစဉ်သဖြင့် အနိုင်ကျင့်ခံရခြင်းဖြင့် အဆုံးသတ်ရသည်။ ၎င်းတို့သည် အနိုင်ကျင့်ခံရခြင်းအကြောင်းကို ဆရာအား ပြောမပြရဲပေ။ အဘယ်ကြောင့်ဆိုသော် ပြောပြလိုက်သည်နှင့် ၎င်းတို့သည် ကျောင်းမှအိမ်သို့အပြန်လမ်းတွင် အသေအချာပင် ထိုးနှက်ခြင်းခံရမည်ဖြစ်သည်။ ဆရာများက သင့်အပေါ်တွင် ကောင်းပြီး သင်၏ ပညာသင်ဆိုင်ရာစွမ်းဆောင်မှုက အတော်တန်ကောင်းမွန်လျှင်ပင် သင်သည် မည်သို့မိတ်ဆွေဖွဲ့ရမည်ကို မသိလျှင် သို့မဟုတ် သင့်အနီးတွင်ရှိသော လူမိုက်များနဲ့အဖွဲ့မဖွဲ့လျှင် သင်က ၎င်းတို့ဘက်၌ မရှိလျှင် နောက်ဆုံးတွင် ဒုက္ခရောက်ရလိမ့်မည်။ တစ်ခါတစ်ရံတွင် သင်သည် ၎င်းတို့ဘက်၌ နေလျှင်ပင် သင်ကောင်းစွာစာလေ့လာနေသည်ကို ၎င်းတို့မြင်သောအခါ ၎င်းတို့သည်သင့်အား လမ်းလွဲစေရန်ခေါ်ဆောင်ဖို့ ကြိုးစားလိမ့်မည်။ သင်က ၎င်းတို့အားနားမထောင်လျှင် ထိုးနှက်ခြင်းခံရမည်၊ သို့မဟုတ် အနိုင်ကျင့်ခံရမည်။ ကျောင်းအသိုင်းအဝိုင်းများသည်ပင် လူတို့အား လုံခြုံစိတ်ချမှုမရှိစေရန်ပြုလုပ်သည်။ ထို့ကြောင့်ဤကမ္ဘာလောကသည် အမှန်ပင်ကြောက်စရာဖြစ်သည်။ သင် ဤသို့မထင်သလော။ ထို့ကြောင့် တစ်ဖက်တွင် ဤအချက်၌ သင့်အပေါ် မိသားစု၏ ပုံစံသွင်းသည့် သက်ရောက်မှုများသည် သင့်မိဘများက နမူနာအဖြစ် လုပ်ဆောင်ခြင်း၏ လွှမ်းမိုးမှုမှလာသည်။ အခြားတစ်ဖက်တွင် လူ့အဖွဲ့အစည်းနှင့် ပတ်သက်ပြီး လူတို့၏ မိမိကိုယ်ကို မယုံကြည်မှုမှလာသည်။ ဤလူ့အဖွဲ့အစည်းတွင် မျှတမှုမရှိသောကြောင့်လည်းကောင်း၊ သင်၏ လူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်နိုင်သည့် အင်အားစု၊ သို့မဟုတ် အကျိုးကျေးဇူးတစ်ခုခုလည်းမရှိသောကြောင့်လည်းကောင်း လူတို့သည် ဤလူ့အဖွဲ့အစည်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုတို့ဖြင့်၊ မကြာခဏဝန်းရံနေသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် “ခြံစည်းရိုးက တိုင်သုံးတိုင်ရဲ့ အထောက်အပံ့ကို လိုအပ်သလိုပဲ အစွမ်းအစရှိတဲ့သူက တခြားလူသုံးယောက်ရဲ့ အထောက်အပံ့ကိုလိုတယ်” ဆိုသည့် အယူအဆ၏ ပုံစံသွင်းသည့် သက်ရောက်မှုများကို အလိုအလျောက် လက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် လူတို့တည်ရှိသည့် တကယ့်ပတ်ဝန်းကျင်များတွင် ဤသို့သောအယူအဆများနှင့်အမြင်များသည် ၎င်းတို့၏ ရှင်သန်ရေးကို ထောက်ပံ့ပေးပြီး ၎င်းတို့အား အထီးကျန်သော၊ တစ်ကိုယ်တည်းဖြစ်သောဘဝမှ အမှီပြုသော၊ လုံခြုံစိတ်ချမှုရှိသောဘဝသို့ ပြောင်းလဲပေးနိုင်ရန်လိုအပ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဤကမ္ဘာလောကတွင် အင်အားစုတစ်ခုအားမှီခိုခြင်းနှင့်မိတ်ဆွေများအားမှီခိုခြင်းကို အလွန်အရေးကြီးသောအရာတစ်ခုအဖြစ်မှတ်ယူကြသည်။

လူတို့သည် ၎င်းတို့၏မိသားစုအားဖြင့် ပုံစံသွင်းခြင်းခံရသည့် နည်းလမ်းများနှင့်ပတ်သက်ပြီး “ခြံစည်းရိုးက တိုင်သုံးတိုင်ရဲ့ အထောက်အပံ့ကို လိုအပ်သလိုပဲ အစွမ်းအစရှိတဲ့သူက တခြားလူသုံးယောက်ရဲ့ အထောက်အပံ့ကိုလိုတယ်” ဟူသည့် ငါတို့ ယခုပင် ပြောဆိုခဲ့သည့် ဆိုရိုးစကားအပြင် လူတို့သည် ၎င်းတို့၏ မိသားစု၏ သင်ကြားပေးခြင်းခံရသော နောက်ထပ် တိကျသောနည်းလမ်းအချို့ရှိသေးသည်။ ဥပမာ မိဘများသည် ၎င်းတို့၏ သမီးများအား “‘မိန်းမကောင်းတစ်ယောက်ဟာ သူ့ကို လေးစားတဲ့သူတွေအတွက် ကိုယ့်ကိုယ်ကိုယ် လှပအောင် ပြင်ဆင်မှာဖြစ်ပြီး ယောက်ျားကောင်းတစ်ယောက်ကတော့ သူ့ကို နားလည်တဲ့သူတွေအတွက် သူ့ရဲ့ဘဝကို စွန့်လွှတ်အနစ်နာခံလိမ့်မယ်’၊ ပြီးတော့ ‘ကမ္ဘာမှာ ရုပ်ဆိုးတဲ့မိန်းမ မရှိဘူး၊ ပျင်းရိတဲ့ မိန်းမပဲရှိတယ်’၊ မိန်းမတွေဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင်သင်ယူရမယ်၊ ကိုယ့်ဘာသာဝတ်စားတတ်အောင်နဲ့ ကိုယ့်ဘာသာလှပနေအောင် သင်ယူရမယ်၊ ဒီလိုဆိုရင် ကိုယ်ဘယ်သွားသွား လူတွေက ကိုယ့်ကို နှစ်သက်လိမ့်မယ်၊ လူတွေက ကိုယ့်အတွက် ပိုပြီးတော့လုပ်ပေးလိမ့်မယ်၊ ကိုယ့်ကိုမီးစိမ်းပြလိမ့်မယ်၊ လူတွေက မင်းကိုနှစ်သက်ရင် မင်းကိုအခက်အခဲဖြစ်အောင်လုပ်မှာမဟုတ်ဘူး၊ ဒါမှမဟုတ်၊ မင်းအတွက်ကိစ္စတွေကိုခက်ခဲအောင်လုပ်မှာမဟုတ်ဘူး” ဟူသကဲ့သို့သောအရာများကို ပြောဆိုခြင်းအားဖြင့် သွန်သင်ဆုံးမပေးတတ်သည်။ အချို့မိဘများက ၎င်းတို့၏သမီးများအား “မိန်းကလေးတွေဟာ ဝတ်စားတတ်အောင်လုပ်ရမယ်၊ မိတ်ကပ်ပြင်တတ်အောင်လုပ်ရမယ်၊ ပိုပြီးတော့အရေးကြီးတာက နူးညံ့သိမ်မွေ့အောင်လုပ်ရမယ်” ဟူ၍ပြောပြကြသည်။ ၎င်းတို့အမှန်တကယ်ပြောသည့်အရာမှာ သင့်ကိုသင်ကြွားဝါတတ်အောင်လုပ်ဖို့လိုအပ်သည်ဟူ၍ဖြစ်သည်။ ၎င်းတို့သည် “အားကြီးတဲ့မိန်းမတစ်ယောက်မလုပ်နဲ့၊ မိန်းမတယောက်ကအားကြီးပြီး အမှီအခိုကင်းတော့ ဘာအသုံးဝင်လို့လဲ၊ ဒီလိုမိန်းမတွေက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုကောင်းကောင်းမဝတ်စားဘဲ ယောက်ကျားတွေလိုနေတယ်၊ နူးညံ့ခြင်းလည်းမရှိဘူး၊ မိန်းမတွေဟာ ယောက်ျားတွေအရမ်းချစ်တာခံရဖို့မွေးဖွားလာတာ အမှီခိုကင်းနေဖို့မလိုအပ်ဘူး၊ ဒါမှမဟုတ် ပညာရပ်တစ်ခုခုကို သင်ဖို့မလိုဘူး၊ ကိုယ့်ဘာသာကောင်းကောင်းဝတ်စားတတ်အောင် သင်ယူဖို့၊ ယောက်ျားတွေကို ဘယ်လိုကျေနပ်အောင်လုပ်ပေးရမယ်ဆိုတာသင်ယူဖို့၊ မိန်းမတယောက်က ကောင်းကောင်းလုပ်သင့်တဲ့ဟာကိုလုပ်ဖို့ပဲ လိုအပ်တယ်၊ ယောက်ျားတွေက ကြိုက်ပြီး မြတ်နိုးတဲ့ မိန်းမဟာ သူ့တစ်ဘဝလုံး ပျော်ရွှင်လိမ့်မယ်” ဆိုသောအရာများကိုလည်း ပြောဆိုသည်။ အချို့သောမိန်းမများသည် ဤအချက်တွင် ၎င်းတို့မိဘများ၏ ပုံစံသွင်းခြင်းကိုခံရသည်။ တစ်ဖက်တွင်၎င်းတို့သည် ၎င်းတို့၏မိခင်များက မိန်းမတစ်ယောက်အနေဖြင့်မည်သို့ပြုမူသည်ဆိုသည်ကို ကြည့်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ၎င်းတို့မိဘများ၏ ပုံစံသွင်းခြင်းကိုခံရပြီးနောက်တွင် စဉ်ဆက်မပြတ် ကောင်းစွာဝတ်စားဆင်ယင်ခြင်း၊ မိမိတို့ကိုယ်ကို အလှဆင်ခြင်းအားဖြင့် အမှန်ပင်မျက်စိပသာဒ ဖြစ်စေသော မိန်းမများအဖြစ်သို့ မိမိတို့ကိုယ်ကို ပြောင်းလဲကြသည်။ ဤသို့သောလူများရှိသလော။ (ရှိပါသည်။) ဤသို့သော မိသားစုပတ်ဝန်းကျင်မျိုး၌ ကြီးပြင်းသောမိန်းမများသည် ၎င်းတို့၏အသွင်ပြင်၊ ၎င်းတို့၏အဝတ်အစား၊ ၎င်းတို့၏ မိန်းမဆန်သောကိုယ်ပိုင်လက္ခဏာအပေါ် လွန်စွာအရေးစိုက်ကြသည်။ ၎င်းတို့သည် ဦးစွာ မိတ်ကပ်လိမ်းခြင်း၊ ၎င်းတို့၏အဝတ်အစားများကို လဲခြင်း မရှိဘဲ အိမ်မှာထွက်ခွာမည်မဟုတ်ပေ။ အချို့သော မိန်းမများသည် မည်မျှအလုပ်ရှုပ်နေပါစေ အိမ်အပြင်သို့ မထွက်ခင်တွင် ၎င်းတို့၏ဆံပင်ကိုလျှော်ရမှဖြစ်သည်။ ရေချိုးရမှဖြစ်သည်။ ရေမွှေးတခုခုဖြန်းရမှဖြစ်သည်။ ဤသို့မဟုတ်လျှင် အပြင်သို့မထွက်ပေ။ ၎င်းတို့သည် မည်သည့်အရာမျှ လုပ်ဆောင်ရန်မရှိသောအခါ ၎င်းတို့လုပ်ဆောင်သမျှမှာ မှန်ကိုကြည့်ပြီး ၎င်းတို့၏ဆံပင်ကို ပြုပြင်ခြင်းဖြစ်သည်။ မိန်းမများသည်နေ့စဉ်မှန်ကို အကြိမ်မည်မျှကြည့်သည်ကိုမည်သူသိမည်နည်း။ ၎င်းတို့သည် “မိန်းမကောင်းတစ်ယောက်ဟာ သူ့ကို လေးစားတဲ့သူတွေအတွက် ကိုယ့်ကိုယ်ကိုယ် လှပအောင် ပြင်ဆင်မှာဖြစ်ပြီး ယောက်ျားကောင်းတစ်ယောက်ကတော့ သူ့ကို နားလည်တဲ့သူတွေအတွက် သူ့ရဲ့ဘဝကို စွန့်လွှတ်အနစ်နာခံလိမ့်မယ်” ဆိုသကဲ့သို့သော အယူအဆများ၊ အမြင်များ၏ ပုံစံသွင်းခြင်းကို အလွန်အမင်းခံထားရသည်။ ထို့ကြောင့် ၄င်းတို့သည် ၎င်းတို့၏ပုံစံနှင့် ၎င်းတို့မျက်နှာက မည်သည့်ပုံစံရှိသည်ကိုအလွန်ရေးစိုက်ကြသည်။ ၎င်းတို့၏ အသားရေက အနည်းငယ်မျှပင် မလှမပဖြစ်နေလျှင် ၎င်းတို့သည် အပြင်သို့မထွက်ပေ။ ၎င်းတို့၏ မျက်နှာ၌ဝက်ခြံရှိလျှင် လူအများရှေ့၌ ၎င်းတို့၏မျက်နာကို ပြသမည်မဟုတ်ပေ။ တစ်ရက်တွင် ၎င်းတို့သည် မိတ်ကပ်လိမ်းရန် စိတ်မပါလျှင် အပြင်သို့ထွက်မည်မဟုတ်ပေ။ သို့မဟုတ် ၎င်းတို့သည် ဆံပင်ညှပ်ပြီး အလွန်ကြည့်ကောင်းခြင်းမရှိလျှင်၊ မျက်စိပသာဒမဖြစ်လျှင် လူတို့က ၎င်းတို့အားအထင်သေးမည်စိုး၍ ၎င်းတို့သည် အလုပ်လုပ်ရန်အပြင်သို့မထွက်ပေ။ ဤသို့သော မိန်းမများသည် ဤအရာများအတွက် အသက်ရှင်လျက် တနေကုန်အချိန်ကုန်ဆုံးသည်။ ၎င်းတို့၏လက်တွင် ခြင်ကိုက်ရာရှိလျှင် ၎င်းတို့၏လက်ကို လူမမြင်ကွယ်ရာ၌ ထားရှိလိမ့်မည်။ သို့မဟုတ် ခြင်ကိုက်ရာက ၎င်းတို့၏ ခြေထောက်၌ရှိလျှင် စကတ်ဝတ်လျှင်လှပမည်မဟုတ်သောကြောင့် ၎င်းတို့၏ခြေထောက်ကိုဖုံးကွယ်ထားသည်။ ပြီးလျှင်အပြင်ထွက်မည်လည်းမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့၏တာဝန်ကိုမထမ်းဆောင်နိုင်ပေ။ အသေးအဖွဲဖြစ်သော အရာရာတိုင်းသည် ၎င်းတို့အားအချိန်ရွှေ့ဆိုင်းတက်စေပြီး ၎င်းတို့လုပ်ဆောင်နေသည့်အရာများကို ရပ်တန့်စေသည်။ ထို့ကြောင့် ဘဝသည် ၎င်းတို့အတွက် အလွန်မင်းခက်ခဲပြီး မောပန်းဖွယ်ဖြစ်သည်။ မိန်းမကောင်းတစ်ယောက်၏ ဂုဏ်ကို ထိန်းသိမ်းပြီး ရုပ်ဆိုးသောမိန်းမဖြစ်မလာစေရန်အတွက် ၎င်းတို့၏မျက်နှာ၊ ပုံသဏ္ဍာန်နှင့် ဆံပင်ပုံစံကိုဂရုစိုက်ရန်အတွက် လွန်စွာအနာခံပြီး အားထုတ်သည်။ ပြီးလျှင် ရုပ်ဆိုးသောမိန်းမဖြစ်မလာစေရန်အတွက်ယခင်က အလေ့အကျင့်များနှင့် ပျင်းရိမှုကို ဖယ်ရှားကြသည်။ ၎င်းတို့သည် အလုပ်တွင် မည်မျှအလုပ်ရှုပ်နေပါစေ မိမိတို့ကိုယ်ကို စေ့စပ်စွာ၊ လှပသိမ်မွေ့စွာ ကောင်းစွာဝတ်စားပြီး တန်ဆာဆင်ရသည်။ မျက်ခုံးကို ကောင်းစွာဆွဲထားခြင်းမရှိလျှင် နောက်တဖန်ပြန်ရေးဆွဲသည်။ ၎င်းတို့၏ပါးနီကို ညီစွာလိမ်းချယ်ထားခြင်းမရှိလျှင် ပြန်လည်လိမ်းချယ်သည်။ ၎င်းတို့သည် အနည်းဆုံးတစ်နာရီ၊နှစ်နာရီအကုန်ခံ၍ မိတ်ကပ်ပြင်ဆင်ခြင်းမရှိလျှင် အပြင်သို့ထွက်မည်မဟုတ်ပေ။ အချို့သောမိန်းမများသည် မနက်တွင်အိပ်ရာမှ ထသည်နှင့်တပြိုင်နက် ရေချိုးသော၊ ဝတ်စားဆင်ယင်သော၊ အဝတ်လဲသော ဤအယောင်ဆောင်မှုများကို စတင်လုပ်ဆောင်သည်။ ၎င်းတို့သည်ထပ်ခါထပ်ခါစဉ်းစားသည်။ ဤအရာ၊ ထိုအရာတို့ကို စမ်းကြည့်ပြီး နေ့လည်အထိရောက်သော်လည်း အိမ်မှမထွက်ရသေးပေ။ ဤအဓိပ္ပါယ်မရှိသောအရာများအားဖြင့် ၎င်းတို့၏ နည်းပါးသောအချိန်နှင့်အားအင်ကို ကုန်ဆုံးစေခြင်းသည် ၎င်းတို့အတွက် အလွန်ပင် ခက်ခဲလိမ့်မည်။ ၎င်းတို့သည်မည်သည့်အရာကိုမျှ အလေးအနက် ပြီးအောင် လုပ်ဆောင်ခြင်းမရှိပေ။ ၎င်းတို့သည် မျက်စိဖွင့်သည်နှင့်တပြိုင်နက် ၎င်းတို့ တွေးသမျှမှာ ကောင်းစွာဝတ်စားဆင်ယင်ပြီး ကိုယ့်ကိုယ်ကိုယ် လှပအောင်ပြုလုပ်ရန်ဖြစ်သည်။ ဤသို့သောလူအချို့သည် ၎င်းတို့မိခင်၏ အယူဆနဲ့အမြင်များ၏ လွှမ်းမိုးခြင်းကိုခံရပြီး အခြားလူများမှာ မည်သည့်အရာကို ၎င်းတို့လုပ်ဆောင်သင့်သည်ဆိုသည်ကို ၎င်းတို့မိခင်က တိကျပြတ်သားစွာ ပြောဆိုမှု ခံရခြင်းဖြစ်သည်။ အချို့မှာ မိခင်က သူမ၏လုပ်ဆောင်မှုများအားဖြင့် ချထားသောနမူနာမှတစ်ဆင့် သင်ယူကြသည်။ အတိုချုပ်အားဖြင့်ဆိုသော် ဤသည်တို့အားလုံးမှာ လူတို့က ၎င်းတို့မိသားစု၏ ပုံစံသွင်းခြင်းခံရသည့် နည်းလမ်းများဖြစ်သည်။

အချို့မိဘများက “သမီးများအား ချမ်းသာသောကလေးများကဲ့သို့ ပျိုးထောင်သင့်ပြီး သားများအား ဆင်းရဲသောကလေးများကဲ့သို့ ပျိုးထောင်သင့်သည်” ဆိုသည့် အမြင်ကို ကိုင်စွဲထားကြသည်။ ဤဆိုရိုးစကားကို သင်တို့ကြားဖူးသလော။ (ကြားဖူးပါသည်။) ဤဆိုရိုးစကားသည် မည်သည့်ရာကိုဆိုလိုသနည်း။ ၎င်းတို့အားလုံးသည် ကလေးများဖြစ်ကြသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့်မိန်းကလေးများအား ချမ်းသာသောကလေးများကဲ့သို့ ပျိုးထောင်သင့်ပြီး ယောက်ျားလေးများအား ဆင်းရဲသောကလေးများကဲ့သို့ပျိုးထောင်သင့်သနည်း။ ရိုးရာယဉ်ကျေးမှုသည် ယေဘုယျအားဖြင့် အမျိုးသားများကိုတန်ဖိုးထားပြီးအမျိုးသမီးများကို သိပ်အရေးမစိုက်ပေ။ ဤသို့ဆိုလျှင် ဤဆိုရိုးစကားသည် အဘယ်ကြောင့်မိန်းကလေးများအား ယောက်ျားလေးများထက် ပို၍တန်ဖိုးထားသည့်ပုံစံရှိသနည်း။ သမီးတစ်ယောက်သည် ချမ်းသာသောကလေးကဲ့သို့ ပျိုးထောင်ခြင်းခံရလျှင် သူမသည် အဘယ်သို့သော သမီးမျိုးဖြစ်လာမည်နည်း။ သူမသည် အဘယ်သို့သော အရာမျိုးဖြစ်လာမည်နည်း။ (ပျက်စီးသော၊ စိတ်ကြီးဝင်သော၊ ဗိုလ်ကျသောသူတယောက်သာဖြစ်လာလိမ့်မည်။) တစ်ဇွတ်ထိုးနိုင်သော၊ ထိလွယ်ရှလွယ်သော၊ မည်သည့်အခက်အခဲကိုမျှ မခံနိုင်သော၊ ဂရုစိုက်နိုင်စွမ်းမရှိသော၊ ဆင်ခြင်တုံတရားမရှိသော၊ ကျိုးကြောင်းမသင့်သော၊ အကောင်းနှင့် အဆိုးကို မခွဲခြားနိုင်သောသူတစ်ယောက် ဖြစ်လာမည်။ ဤသို့သောသူသည် မည်သည့်အရာနှင့် တူသနည်း။ ဤသည်မှာ လူတစ်ယောက်ကို သွန်သင်ဆုံးမရန် မှန်ကန်သောနည်းလမ်း ဟုတ်သလော။ (မဟုတ်ပါ။) လူတစ်ယောက်အား ဤသို့ပျိုးထောင်ခြင်းသည် ထိုသူကို ပျက်စီးစေလိမ့်မည်။ သင်သည် သင်၏သမီးကိုချမ်းသာသောကလေးကဲ့သို့ ပျိုးထောင်လျှင် သူမသည် သူမ၏အခြေခံလိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးသော မိသားစုပတ်ဝန်းကျင်တစ်ခုတွင် ကြီးပြင်းမည်ဖြစ်သော်လည်း သူမသည် ခေတ်မီဆန်းပြားခြင်းအနည်းငယ် ရှိလိမ့်မည်ဖြစ်သော်လည်း ကျင့်ကြံနေထိုင်ခြင်းနှင့်သက်ဆိုင်သော အမှန်တကယ်စည်းမျဉ်းများကို သူမ နားလည်မည်လော။ နားမလည်လျှင် ဤသို့သော မိဘအုပ်ထိန်းမှုနည်းလမ်းမျိုးသည် သူမအား ကာကွယ်ပေးခြင်းထက် သူမအားထိခိုက်စေပြီး နစ်နာစေသည်။ မိဘများသည် ဤစည်းမျဉ်းအပေါ်အခြေခံ၍ ၎င်းတို့၏သမီးကို ပျိုးထောင်ရာတွင် ၎င်းတို့၏ အရင်းခံအကြောင်းရင်းမှာအဘယ်နည်း။ ဤသို့ ပျိုးထောင်သော သမီးတစ်ယောက်သည် သူမအား အဝတ်အစားကောင်းများဝယ်ပေးသော၊ သုံးစွဲရန် ပိုက်ဆံအနည်းငယ်ပေးသော၊ သို့မဟုတ် သူမအား မဖြစ်စလောက်သော လက်ဆောင်များ၊ အကူအညီများကို ရက်ရက်ရောရောပေးကမ်းသော ယောက်ျားများထံ အလွယ်တကူသက်ဆင်းလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် သာမန်ယောက်ျားတစ်ယောက်ကို ချက်ချင်း ချစ်ခင်နှစ်သက်လိမ့်မည် မဟုတ်ပေ။ သူသည် သူမ၏နှလုံးသားကိုရယူနိုင်ရန်၊ သူမ၏ချစ်ခြင်းကို ချက်ချင်းခံရရန်၊ သူမထံမှ လက်ထပ်ခွင့်ကိုတောင်းယူရန်တို့အတွက် အလွန်အမင်းချမ်းသာရမည်။ ပြည့်စုံမှုရှိသော လူကြီးလူကောင်းတစ်ယောက်ဖြစ်ရမည်။ အလွန်အမင်း အတွေ့အကြုံများရမည်။ အလွန်အမင်းကြံဆပြီး တွက်ချက်တတ်ရမည်။ အလွန်အမင်း လိမ္မာပါးနပ်ရမည်။ သင်၏သမီးအား ဤသို့သောသူတစ်ယောက်နှင့် လက်ထပ်စေခြင်းသည် ကောင်းသည်ဟု ထင်သလော၊ သို့မဟုတ် ဆိုးသည်ဟု ထင်သလော။ ကောင်းသောအရာမဟုတ်သည်မှာ သေချာသည်မဟုတ်လော။ ထို့အပြင် သင်သည် သင်၏သမီးကို ချမ်းသာသောကလေးကဲ့သို့ ပျိုးထောင်လျှင် သူမသည် မိမိကိုယ်ကိုမည်သို့ ပျော်ရွှင်အောင်နေရမည်၊ ကောင်းစွာဝတ်စားရမည်၊ ကောင်းသောအစားအစာများအား စားရမည်ဆိုသည်တို့ကို သိခြင်းအပြင် သူမသည် လူတို့အားအရှိအတိုင်း ပိုင်းခြားသိမြင်နိုင်မည်လော။ သူမ၌ ရှင်သန်နေထိုင်ရေးအတွက် ကျွမ်းကျင်မှုတစ်ခုခုရှိမည်လော။ သူမသည် အခြားလူများနှင့်အတူ ကြာရှည်စွာနေထိုင်နိုင်မည်လော။ ဤသို့ မလွှဲမသွေ ဖြစ်မည်မဟုတ်ပေ။ သူမသည် သူမ၏ ကိုယ်ပိုင်ဘဝကို အစီအစဉ်တကျဖြစ်ရန် ထိန်းသိမ်းရာ၌ ဒုက္ခရောက်ခြင်းဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် ဤသို့သောလူတို့သည် အသုံးမဝင်ပေ။ ၎င်းတို့သည် ပျက်စီးကြသည်။ ဩဇာလွှမ်းမိုးလိုကြသည်။ ကြီးစိုးလိုသည်။ တစ်ဇွတ်ထိုးနိုင်သည်။ မိမိကိုယ်ကိုအလိုလိုက်ပြီး ဗိုလ်ကျလွန်းသည်။ အလျော့မပေးဘဲ မရမကတောင်းဆိုတတ်သည်။ ပြီးလျှင် ၎င်းတို့သည် စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းအကြောင်းကိုသာသိသည်။ ဤအရာအားလုံးအပြင် သူမသည် ဘဝတွင်နေထိုင်ဖြတ်သန်းရန် လိုအပ်သော အခြေခံအသိစိတ်ပင်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မသိမသာဖြင့် သူမ၏ အနာဂတ် ရှင်သန်ရေးနှင့် မိသားစုဘဝအတွက် ပြဿနာဖြစ်လိမ့်မည်။ သူမ၏ မိဘများက ၎င်းတို့၏သမီးကို ဤသို့သွန်သင်ဆုံးမခြင်းသည် ကောင်းသောအရာမဟုတ်ပေ။ ၎င်းတို့သည် သူမအား ကျင့်ကြံနေထိုင်ရေးစည်းမျဉ်းများကို သင်ကြားမပေးခဲ့ဘဲ ဘဝတွင် မည်သို့ပျော်ပျော်နေရမည်ဆိုသည်ကိုသာ သင်ကြားပေးခဲ့သည်။ သူမသည် အနာဂတ်တွင် ပိုက်ဆံလုံလုံလောက်လောက်မရှာနိုင်လျှင် ဆင်းရဲဒုက္ခကို ခံရမည်မဟုတ်လော။ ဤသို့ဆိုလျှင် သူမသည် ရှင်သန်နေထိုင်ရန် ခက်ခဲနေလိမ့်မည်မဟုတ်လော။ သူမသည် ဤအရာကို တောင့်ခံနိုင်မည်လော။ သူမသည် နောင်အချိန်တွင် အခက်အခဲများအားကြုံရသည့်အခါတိုင်းတွင် ထိလွယ်ရှလွယ် ဖြစ်မည်မဟုတ်လော။ အခက်အခဲများအားလုံးကိုရင်ဆိုင်ရန်လိုအပ်သော ဇွဲရှိမည်လော။ မထင်လေနှင့်။ ရုပ်ဝတ္ထုဘဝကို အလွန်အမင်း နှစ်သက်သော၊ သက်သာပြီး စည်းစိမ်ခံစားရသောဘဝကို အလွန်အကျွံအလေ့အကျင့်ဖြစ်နေသော၊ မည်သည့်အခါမှ လုံးဝဒုက္ခမခံရသော လူများနှင့်ပတ်သက်လျှင် ၎င်းတို့၏လူ့သဘာဝ၌ အကြီးဆုံးသော ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ထိလွယ်ရှလွယ်ဖြစ်ပြီး ဆင်းရဲဒုက္ခကိုခံယူရန် ဆန္ဒမရှိခြင်းဖြစ်သည်။ ဤသို့သော လူတို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ ကလေးများက ၎င်းတို့မိသားစုထံမှရရှိသော ပညာရေးသည် ၎င်းတို့၏ မိဘများမှတစ်ဆင့်ဖြစ်စေ၊ လူမှုဆိုင်ရာခေတ်ရေစီးကြောင်းများမှတစ်ဆင့်ဖြစ်စေ၊ အခြေခံအားဖြင့် လူသားများကြားမှ လာခြင်းဖြစ်သည်။ အထူးထူးအပြားပြားသော ဆိုရိုးစကားများသည် အယူအဆ၊ သို့မဟုတ် အမြင်တစ်ခုကိုဖြစ်ပေါ်စေသည်ဖြစ်စေ၊ လူတို့အတွက် ဘဝနေနည်း၊ သို့မဟုတ် ရှင်သန်ရပ်တည်ရေးအတွက် နည်းလမ်းဖြစ်လာသည် ဖြစ်စေ၊ ယင်းတို့ကြောင့် လူတို့သည် ဤပြဿနာများကို အစွန်းရောက်သော၊ အမြင်စောင်းသော၊ အဓိပ္ပါယ်မရှိသောရှုထောင့်မှ ကြည့်ရှုကြသည်။ အတိုချုပ်အားဖြင့် မိသားစုထံမှ ဤဆိုရိုးစကားများသည် လူများ၊ အမူအရာများအား လူတို့ရှုမြင်သည့်ပုံစံ၊ လူတို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့်ပုံစံတို့ကို လွှမ်းမိုးသည်။ ဤအရာများသည် သင့်အားလွှမ်းမိုးသောကြောင့် သမ္မာတရားအပေါ် သင်၏ လိုက်စားမှုကိုလည်း လွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် မိမိ၏ မိဘများထံမှ ဤဆိုရိုးစကားများ၊ အယူအဆများ၊ အမြင်များသည် မြင့်မြတ်သည်ဖြစ်စေ၊ သဘောထားကြီးသည်ဖြစ်စေ၊ အဆင့်အတန်းနိမ့်သည်ဖြစ်စေ၊ မိုက်မဲသည်ဖြစ်စေ လူတိုင်းက ယင်းတို့ကို ပြန်လည်ဆန်းစစ်သင့်သည်။ ပြန်လည်သုံးသပ်သင့်သည်။ ယင်းတို့ကို အရှိအတိုင်း ပိုင်းခြားသိမြင်တတ်ရန်သင်ယူသင့်သည်။ ယင်းတို့သည် သင့်အပေါ်တွင် လွှမ်းမိုးမှုတစ်ခုခုဖြစ်ပေါ်လျှင်၊ သို့မဟုတ် သင်၏ဘဝနှင့် သမ္မာတရားအားသင် လိုက်စားမှု၌ အနှောင့်အယှက်ဖြစ်စေလျှင်၊ သို့မဟုတ် သင်၏ ဘဝကို လုံးဝရှုပ်ထွေးစေလျှင်၊ သို့မဟု တ် လူများ၊ ဖြစ်ရပ်များ၊ အမှုရာများအား သင်ရင်ဆိုင်ရသည့်အချိန်တိုင်းတွင် သမ္မာတရားအား သင်ရှာဖွေခြင်း၊ သမ္မာတရားအားလက်ခံခြင်းတို့ကို တားဆီးလျှင် ယင်းတို့ကို လက်လွှတ်သင့်သည်။

စိတ်ခံစားမှု အတိုင်းအတာ၊ သို့မဟုတ် EQ၊ အသိဉာဏ်အတိုင်းအတာ၊ သို့မဟုတ် IQ တို့နှင့်သက်ဆိုင်သောအယူအဆများနှင့်ပတ်သက်ပြီး လူအဖွဲ့အစည်းတွင် လည်ပတ်နေသော အဆိုပြုချက်များလည်းရှိသည်။ ဤအဆိုပြုချက်များက လူတို့တွင် မြင့်မားသော IQ ရှိဖို့မလိုအပ်ဘဲ မြင့်မားသော EQ ရှိဖို့သာလိုအပ်သည်ဟူ၍ အကြံပြုသည်။ IQ သည် လူတစ်ယောက်၏ အစွမ်းအစနှင့် ပို၍သက်ဆိုင်ပြီး EQ ကမူ ကမ္ဘာလောကအား ကိုင်တွယ်သည့် နည်းလမ်းများနှင့်ပို၍သက်ဆိုင်သည်။ ဤသည်မှာ ဤဝေါဟာရနှစ်ခုအပေါ် ငါ၏အခြေခံနားလည်မှုဖြစ်သည်။ သင်၏ အသိဉာဏ်အတိုင်းတာက အလွန်မြင့်မားခြင်းဖြစ်နိုင်သည်။ သင်သည်အမှန်ပင် ပညာပါရမီရှိခြင်း ဖြစ်နိုင်သည်။ အမှန်ပင် ဗဟုသုတရှိခြင်းဖြစ်နိုင်သည်။ အလွန်တော်သော အပြောအဟောကောင်းသူဖြစ်နိုင်သည်။ ပြီးလျှင် သင်၏ ရှင်သန်ရပ်တည်နိုင်စွမ်းသည်အလွန်ခိုင်မာနိုင်သည်။ သို့သော် သင်၏ စိတ်ခံစားချက်ဆိုင်ရာ အသိဉာဏ်က မမြင့်မားပေ။ ကမ္ဘာလောကအား ကိုင်တွယ်ရန်အတွက် သင့်၌လှည့်ကွက်များမရှိပေ။ သင်က အနည်းငယ် လှည့်စားတတ်လျှင်ပင် သင်၏ နည်းလမ်းများက ခေတ်မီဆန်းပြားခြင်းမရှိပေ။ ဤသို့သော ဖြစ်ရပ်မျိုးတွင် အထူးနယ်ပယ်တစ်ခုတွင်ရှိသော သင်၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် တတ်မြောက်မှုသည် သင့်အား လူ့အဖွဲ့အစည်းတွင် ရုန်းကန်၍သာ ရပ်တည်နိုင်စေပြီး အခြေခံအသက်မွေးမှုကိုသာ ရရှိစေနိုင်သည်။ မြင့်မားသော စိတ်ခံစားချက်ဆိုင်ရာ အသိဉာဏ်ရှိသောလူတို့သည် ဉာဏ်များရာတွင် အထူးကောင်းမွန်သည်။ ၎င်းတို့သည် စန်းတင်ပြီး အမှုအရာများကို ကြိုးကိုင်ခြယ်လှယ်ရန်အတွက် လူ့အဖွဲ့အစည်းတွင် အမျိုးမျိုးသော အင်အားစုများကို အသုံးပြုလိမ့်မည်။ အမြတ်ထွက်သော ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များ၊ သို့မဟုတ် အခွင့်သာသော အခွင့်အလမ်းများကို အသုံးပြုလိမ့်မည်။ အမြတ်ထွက်သော သတင်းအချက်အလက်များကို အသုံးပြုပြီး လူ့အဖွဲ့အစည်းတွင်၊ သို့မဟုတ် အသိုင်းအဝိုင်းတစ်ခုအတွင်းတွင် ထူးခြားမှုမရှိသောအရာတစ်ခုကို သက်ရောက်မှုတစ်ခုခုရှိသောအရာတစ်ခုအဖြစ် ချဲ့ကားပြောဆိုလိမ့်မည်။ ဤသို့အားဖြင့် ၎င်းတို့ကိုယ်တိုင်သည် နာမည်ကြီးပြီး အဆုံး၌ လူစုထဲတွင် ထင်ပေါ်ကာ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းရှိသောသူဖြစ်လာသည်။ ဤသို့သောသူမျိုးသည် မြင့်မားသော စိတ်ခံစားချက်ဆိုင်ရာအသိဉာဏ်နှင့် လှည့်ကွက်များရှိသည်။ လှည့်စားတတ်သောသူများသည် အခြေခံအားဖြင့် ဉာဏ်များသောကြောင့် မကောင်းဆိုးဝါဘုရင်များဖြစ်ကြသည်။ လူ့အဖွဲ့အစည်းသည် မြင့်မားသောစိတ်ခံစားချက်ဆိုင်ရာအသိဉာဏ်ကို ထောက်ခံအားပေးသည်။ အချို့သောမိသားစုများသည် ၎င်းတို့၏ကလေးများအား ဤနည်းဖြင့်မကြာခဏပုံစံသွင်းပြီး “မင်းက IQ မြင့်တာကောင်းတယ်၊ ဒါပေမဲ့ စိတ်ခံစားချက်နဲ့ဆိုင်တဲ့ အသိဉာဏ်လည်း မြင့်မားဖို့ လိုအပ်တယ်၊ မင်းရဲ့ အတန်းဖော်တွေ၊ အလုပ်ဖော်တွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ အဲဒါကို လိုအပ်တယ်၊ ဒီလူ့အဖွဲ့အစည်းက အားအပေးဆုံးက မင်းရဲ့ခွန်အားမဟုတ်ဘူး၊ လှည့်စားတတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဟန်လုပ်ရမယ်ဆိုတာသိဖို့၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအားပေးရမယ်ဆိုတာသိဖို့၊ လူ့အဖွဲ့အစည်းမှာရှိတဲ့ အင်အားစုအမျိုးမျိုးနဲ့အကျိုးဖြစ်စေတဲ့အခြေအနေတွေအားလုံးကို ဘယ်လို အခွင့်အရေးယူပြီး မင်းအကျိုးအတွက် သူတို့က လုပ်ပေးပြီး မင်းကို အလုပ်အကျွေးပြုအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိဖို့ပဲ၊ ဒါက ပိုက်ဆံချမ်းသာဖို့အတွက် အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ဒီလိုလုပ်တာဖြစ်စေ၊ နာမည်ကြီးဖို့အတွက်ဖြစ်စေပေါ့၊ ဒီလိုလူတွေအားလုံးက စိတ်ခံစားချက် အသိဉာဏ်မြင့်ကြတယ်” ဟု ပြောကြသည်။ အချို့သောသီးသန့်မိသားစုများ သို့မဟုတ် လူအဖွဲ့အစည်းတွင်နာမည်နှင့်ဂုဏ်ရှိသော အချို့မိဘများသည် ၎င်းတို့၏သားသမီးများအား ဤနည်းဖြင့် မကြာခဏ ဆုံးမကြပြီး “စိတ်ခံစားချက်အသိဉာဏ်ရှိတဲ့ သူတစ်ယောက်ကို ယောက်ျားရောမိန်းမရောက နှစ်သက်ကြတယ်၊ စိတ်ခံစားချက်အသိဉာဏ်မရှိတဲ့သူကိုတော့ လူတိုင်းကမကြိုက်ကြဘူး၊ စိတ်ခံစားချက် အသိဉာဏ်ရှိတဲ့မိန်းမတစ်ယောက်ကို ယောက်ျားရော၊ မိန်းမရော လူအများကြီးက ကြိုက်နှစ်သက်လိမ့်မယ်၊ ယောက်ကျားတွေအများကြီးကလည်း သူ့နောက်ကို လိုက်လိမ့်မယ်၊ မိန်းမတယောက်က စိတ်ခံစားချက်အသိဉာဏ်မရှိရင်တော့ သူက ဘယ်လောက်ပဲလှပါစေ လူနည်းနည်းလေးကပဲ သူနောက်ကိုလိုက်လိမ့်မယ်” ဟု ပြောဆိုကြသည်။ လူတို့သည်ယနေ့လူ့အဖွဲ့စည်း၌ နေထိုင်စဉ်တွင် ၎င်းတို့မိသားစုများ၏ ဤအဆိုပြုချက်များအား ပိုင်းခြားသိမြင်မှုလုံးဝ မရှိလျှင် ၎င်းတို့သည်အယူအဆများ၊ အမြင်များ၏လွှမ်းမိုးခြင်းကို အမှတ်တမဲ့ခံရမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၌ စိတ်ခံစားချက် အသိဉာဏ်ရှိမရှိကို တွက်ချက်ရန်နှင့် ၎င်းတို့၏ EQ က အမှန်တကယ်၌ မည်မျှမြင့်သည်ကို တွက်ချက်ရန် စံနှုန်းအချို့နှင့်ယှဉ်ပြီး ၎င်းတို့ကိုယ်တိုင်၏ IQ ကို မကြာခဏတိုင်းတာသည်။ အထူးသဖြင့် မိမိတို့ကိုယ်ကို မကြာခဏ စစ်ဆေးကြသည်။ သင်သည် ဤအရာများအား လွန်စွာ၊ သို့မဟုတ် ရှင်းလင်းစွာ သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ ဤနေရာတွင် သင့်မိသားစု၏ ပုံစံသွင်းသည့် သက်ရောက်မှုများသည် သင့်အား လွှမ်းမိုးစပြုနေပြီဟုဆိုလျှင် လုံလောက်သည်။ ယင်းတို့သည် မသိမြင်နိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းတို့သည် သင်၏ အတွေးထဲတွင် အရေးပါသောနေရာ၌ မရှိခြင်း ဖြစ်နိုင်သည်။ သို့သော် သင်သည် ဤအရာများကို ကြားပြီး ဤအရာများကို ပိုင်းခြားသိမြင်မှုမရှိသောအခါ သင်သည် အတိုင်းအတာတစ်ခုအထိ ယင်းတို့၏ ပုံစံသွင်းခြင်းကို ခံရပြီး ဖြစ်လိမ့်မည်။

မိမိ၏ မိသားစုမှလာသော အခြားသော ပုံစံသွင်းသည့် သက်ရောက်မှုများရှိသည်။ ဥပမာ မိဘများက ၎င်းတို့၏ သားသမီးများအား “မင်းက သူများတွေနားမှာရှိတဲ့အခါတိုင်းမှာ ဘယ်လို နား၊ မျက်စိရှင်ရှင်ထားရမယ်ဆိုတာမသိဘူး၊ ပြီးတော့ အမြဲတမ်းနုံအပြီး ဘာမှကိုမသိဘူး၊ ‘တစ်ယောက်ယောက်က မောင်းထုရင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောရင် သူ့အသံကို နားထောင်ပါ’ ဆိုတဲ့ ဆိုရိုးစကားလိုပဲ၊ ဒါကြောင့် လူတွေက မင်းကို စကားပြောတဲ့အခါတိုင်းမှာ သူတို့ပြောတာကို မင်းနားထောင်တတ်အောင် လုပ်ရမယ်၊ မဟုတ်ရင် မင်းက နောက်ဆုံးကျရင် သစ္စာဖောက်ခံရပြီး မင်းအခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်” ဟု မကြာခဏ ပြောပြသည်။ အချို့သောမိဘများက ဤသို့ မကြာခဏပြောသလော။ ၎င်းတို့သည် မည်သည့်အရာကို အမှန်တကယ်ပြောဖို့ကြိုးစားနေခြင်းဖြစ်သနည်း။ ရိုးသားသောသူတစ်ယောက်မဖြစ်နှင့်။ ပို၍တွက်ချက်ပါ။ ဆိုလိုသည်မှာ အခြားလူပြောသည့်အရာ၏ တကယ့်အဓိပ္ပာယ်ကို နားလည်စေရန် အစဉ် ကြိုးစားလော့၊ ၎င်းတို့စကားထဲတွင် ၎င်းတို့မပြောသည့် နောက်ထပ်အဓိပ္ပာယ်တစ်ခုကို အစဉ် နားထောင်လော့၊ အခြားလူများက အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသည်ဆိုသည်ကို မှန်းဆတတ်အောင် သင်ယူလော့၊ ပြီးနောက်တွင် ဤပြောမပြသော အဓိပ္ပာယ်ကို အခြေခံပြီး လိုက်လျောညီထွေသော ဆောင်ရွက်မှု၊ သို့မဟုတ် လှည့်ကွက်များကို ခံယူလော့ဟူ၍ ဖြစ်သည်။ မလှုပ်မယှက်မနေနှင့်။ ဤသို့မပြုလျှင် သင်သည်နောက်ဆုံး၌ သစ္စာဖေါက်ခြင်းခံရပြီး သင့်အခွင့်အရေးကိုဆုံးရှုံးရလိမ့်မည်။ သင့်မိဘများ၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤစကားများအားလုံးသည် စေတနာဖြင့်ဖြစ်သည်။ မိုက်မဲသောအရာများကို သင်မလုပ်ဆောင်ရန်၊ ဤဆိုးယုတ်သောအသိုင်းအဝိုင်းတွင် အခြားလူများက သစ္စာဖောက်ခြင်းကို မခံရရန် သင့်အား ကာကွယ်ပေးဖို့၊ သင် အလိမ်အညာမခံရရန်၊ သို့မဟုတ် မိုက်မဲသောအရာတစ်ခုခုကို မလုပ်ဆောင်ရန် ကာကွယ်ပေးဖို့ ရည်ရွယ်သည်။ သို့သော် ဤဆိုရိုးစကားသည် သမ္မာတရားနှင့်ကိုက်ညီသလော။ (မကိုက်ညီပါ။) သမ္မာတရားနှင့်မကိုက်ညီပေ။ တစ်ခါတစ်ရံတွင် လူတို့သည် အခြားလူများပြောသည့်အရာ၌ဖုံးကွယ်နေသောအဓိပ္ပါယ်များကို နားထောင်ကြည့်နိုင်ကြသည်။ သင်က အာရုံမစိုက်လျင်ပင် ပုန်းကွယ်နေသောအဓိပ္ပါယ်များကို နားထောင်ကြည့်နိုင်ဆဲဖြစ်သည်။ ဤသို့ဆိုလျှင်မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင့်မိဘများက သင့်အားပြောသော “တစ်ယောက်ယောက်က မောင်းထုရင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောရင် သူ့အသံကို နားထောင်ပါ” ဟူသည့် ဤဆိုရိုးစကားအရ သင်သည်အခြားလူများကိုသတိထားကာကွယ်သင့်ပြီး ၎င်းတို့အပေါ် အချိန်ပြည့်သတိဝီရိယရှိနေသင့်သည်။ ၎င်းတို့အား သတိထားကာကွယ်နေသည့်တစ်ချိန်တည်းတွင် ၎င်းတို့က သင့်အား မထိခိုက်မီတွင်၊ သို့မဟုတ် မလှည့်စားမီတွင် အကာအကွယ်ယူခြင်းများကို ပြုလုပ်သင့်သည်။ အရေးကြီးသည်မှာ သင်သည် လက်ဦးမှုရယူပြီး သင့်ကိုယ်သင် တက်ကြွမှုမရှိသောအခြေအနေ၊ သို့မဟုတ် အကျပ်အတည်း၌ မထားရှိသင့်ပေ။ ဤသည်မှာ ဤဆိုရိုးစကားကို သင့်အားပြောခြင်းအားဖြင့် မိဘများက ရရှိလိုသည့် အဆုံးစွန်ပန်းတိုင် ဟုတ်သလော။ (ဟုတ်ပါသည်။) သူတပါးတို့နှင့်ပြောဆိုဆက်ဆံသည့်အချိန်တိုင်းတွင် ၎င်းတို့က သင့်အား ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ သင်သည် မလှုပ်မယှက် မနေသင့်ခြင်းဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်လက်ဖြင့် လက်ဦးမှုရယူသင့်သည်။ ကိုယ်ပိုင်လက်ဖြင့် ဓါးလက်ကိုင်ကို ဆုပ်ကိုင်သင့်သည်။ ဤသို့အားဖြင့် တစုံတစ်ယောက်က သင့်အား ထိခိုက်လိုသည့်အချိန်တိုင်းတွင် သင်သည် မိမိကိုယ်ကို ကာကွယ်နိုင်ရုံသာမကဘဲ ၎င်းတို့ကို ထိုးနှက်ခြင်း၊ ထိခိုက်ခြင်းအားဖြင့်လည်း လက်ဦးမူကိုရယူနိုင်သည်။ ၎င်းတို့ထက်ပို၍ ကြောက်ရပြီး ရက်စက်နိုင်သည်။ ဤသည်မှာ အမှန်တကယ်ပင် သင့်မိဘများ၏ စကား၏ ရည်ရွယ်ချက်နဲ့ အရင်းအမြစ်အဓိပ္ပါယ်ဖြစ်သည်။ ဤသို့ပိုင်းခြားစိစစ်လျှင် ဤဆိုရိုးစကားသည် သမ္မာတရားနဲ့မကိုက်ညီသည်မှာလည်းကောင်း၊ “ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။” ဟု ဘုရားသခင်က လူတို့ကို ပြောသောအခါတွင် ဘုရားသခင် ဆိုလိုသည့်အရာနှင့် လုံးဝ မညီသည်မှာလည်းကောင်း သိသာသည်။ ဘုရားသခင်ကလူတို့အားပြောသည့် စည်းမျဉ်းများနှင့် ပညာရှိသောနည်းလမ်းများမှာ သူတစ်ပါးတို့၏ ဉာဏ်များသောအကြံစည်များကို ၎င်းတို့ပိုင်းခြားသိမြင်ဖို့ ကူညီရန်နှင့် သွေးဆောင်ဖျားယောင်းမှုအတွင်းသို့ သက်ဆင်းပြီး ဆိုးယုတ်သောလူများနဲ့ပေါင်းသင်းခြင်းမှ မိမိတို့ကိုယ်ကိုကာကွယ်ရန်၊ မ‌ကောင်းမှုကိုကိုင်တွယ်ရန်အတွက် မကောင်းသောနည်းလမ်းများအား အသုံးပြုခြင်းကိုရှောင်ကျဉ်ရန်၊ ထိုအစား မည်သည့်မကောင်းမှုမဆိုနှင့် မည်သည့်ဆိုးယုတ်သောသူကိုမဆိုကိုင်တွယ်ဖြေရှင်းရန်အတွက် သမ္မာတရားစည်းမျဉ်းများအားအသုံးပြုရန်ဖြစ်သည်။ “တစ်ယောက်ယောက်က မောင်းထုရင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောရင် သူ့အသံကို နားထောင်ပါ” ဆိုသည့် မိဘများက ၎င်းတို့သားသမီးများအား ပြောသည့် နည်းလမ်းမှာမူ မကောင်းမှုကို မကောင်းမှုနှင့် ပြန်လည်ပေးဆပ်ခြင်းအကြောင်းဖြစ်သည်။ ထို့ကြောင့် အခြားလူက ဆိုးယုတ်လျှင် သင်က ထိုသူထက်ပင်ပို၍ ဆိုးယုတ်သင့်သည်။ သူ၏ စကားများတွင် ဖုံးကွယ်သော အဓိပ္ပါယ်ပါရှိလျှင် သင်သည်ထိုသူထက်ပို၍သာလွန်ပြီး ယင်းကို ခွဲခြားဖော်ထုတ်နိုင်သည်။ တချိန်တည်းတွင် ဤဖုံးကွယ်ထားသောအဓိပ္ပါယ်ကိုအခြေခံပြီး သူ့ကိုကိုင်တွယ်ဖြေရှင်းရန်၊ တိုက်ဖျက်ရန်၊ နှိမ်နင်းရန်၊ သင့်အား ကြောက်ရွံ့စေရန်၊ သင့်ကို ကျိုးနွံနာခံရန်၊ သင်သည် အနိုင်ကျင့်၍၊ သို့မဟုတ် နှောက်ယှက်၍ မရသည်ကို ထိုသူအားအသိပေးရန်အတွက် သင်သည် လိုက်လျောညီထွေသောနည်းလမ်းများနှင့် လှည့်ကွက်များကိုအသုံးပြုနိုင်သည်။ ဤသည်မှာ ဆိုးယုတ်မှုကို ဆိုးယုတ်မှုဖြင့် တုံ့ပြန်ခြင်း၏အဓိပ္ပါယ်ဖြစ်သည်။ သိသာစွာပင် သင့်အား သိစေခဲ့သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း၊ လက်တွေ့လုပ်ဆောင်မှု စံသတ်မှတ်ချက်နှင့် ဤဆိုရိုးစကားမှတစ်ဆင့် ရရှိသော ရလဒ်တို့သည် သင့်အား မကောင်းမှုကို လုပ်ဆောင်စေပြီး လမ်းမှန်မှ သွေဖည်စေလိမ့်မည်။ သင့်မိဘများက သင့်အား ဤသို့ ပြုမူရန် ပြောသောအခါတွင် ၎င်းတို့သည် သင့်အား သမ္မာတရားရှိသောသူဖြစ်ရန်၊ သို့မဟုတ် သမ္မာတရားအား နာခံသောသူတစ်ယောက်ဖြစ်ရန် တောင်းဆိုနေခြင်းမဟုတ်ပေ။ သင့်အား စစ်မှန်သော ဖန်ဆင်းခံဖြစ်ရန် တောင်းဆိုနေခြင်းလည်း မဟုတ်ပေ။ သင့်အား ရင်ဆိုင်နေသည့် ဆိုးယုတ်သောသူတို့ထက်ပင် ပို၍ဆိုးယုတ်သော နည်းလမ်းများကို အသုံးပြုပြီး ဆိုးယုတ်မှုကို တိုက်ဖျက်ကာ အားသာလျက်အနိုင်ရစေရန် ၎င်းတို့က သင့်အား တောင်းဆိုနေခြင်းဖြစ်သည်။ ဤသည်မှာ သင့်မိဘများက ပြောလိုသည့်အရာဖြစ်သည်။ အောက်ပါစကားများကို ပြောဆိုသော မိဘတစ်ဦးဦးရှိသလော။ “ဆိုးတဲ့လူတစ်ယောက်က မင်းကို တိုက်ခိုက်ရင် စိတ်ကို ချုပ်တည်းထားလိုက်၊ သူ့ကို မင်းလျစ်လျူရှုပြီး သူ့ကို အရှိအတိုင်းသိအောင် ပိုင်းခြားသိမြင်သင့်တယ်၊ ပထမဆုံး သူ့အတွင်းမှာရှိတဲ့ ဆိုးယုတ်တဲ့သူရဲ့ အနှစ်သာရကို ခွဲခြားဖော်ထုတ်ပါ၊ ပြီးရင် သူ့ကို အရှိအတိုင်း ပိုင်းခြားသိမြင်ပါ၊ ဒုတိယအနေနဲ့ မင်းအထဲမှာ သူနဲ့ ဆင်တဲ့၊ ဒါမှမဟုတ် တူတဲ့ မကောင်းမှုတွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိမြင်ပါ၊ ပြီးတော့ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပါ” ဟူ၍ဖြစ်သည်။ မိဘတစ်ဦးဦးက သူ၏ သားသမီးများကို ဤသို့ ပြောသလော။ (မပြောပါ။) သင့်မိဘများက သင့်အား “တစ်ယောက်ယောက်က မောင်းထုရင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောရင် သူ့အသံကို နားထောင်ပါ၊ မင်း သတိထားရမယ်၊ မဟုတ်ရင် သူများတွေ သစ္စာဖောက်တာခံရပြီး အခွင့်အ‌ရေးကို ဆုံးရှုံးရလိမ့်မယ်၊ ပြီးရင် လက်ဦးမှုရအောင် လုပ်တတ်ဖို့ သင်ယူရမယ်” ဟု ပြောသောအခါတွင် ဤသို့ပြောရ၌ သင့်မိဘများ၏ ပင်ကိုရည်ရွယ်ချက်က မည်သို့ရှိသည်ဖြစ်စေ၊ သို့မဟုတ် ရရှိသည့် နောက်ဆုံးသက်ရောက်မှုက မည်သို့ရှိသည်ဖြစ်စေ ယင်းသည် သင့်အား ပို၍ပင် ကြောက်စရာကောင်းစေသည်။ ပို၍ပင် အစွမ်းထက်စေသည်။ ပို၍ပင်ဩဇာလွှမ်းမိုးစေသည်။ ပို၍ပင် ကြီးစိုးစေသည်။ ပို၍ပင် ကြမ်းတမ်းစေသည်။ ဤသို့အားဖြင့် ဆိုးယုတ်သောလူတို့သည် သင့်အား ကြောက်ရွံ့ပြီး ၎င်းတို့သည် သင့်အားမြင်သောအခါတွင် ရှောင်ခြင်းပင် ပြုလုပ်ကြပြီး သင့်အား ပြဿနာမရှာရဲပေ။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤဆိုရိုးစကားကို သင့်အား ပြောရာတွင် သင့်မိဘများ၏ ရည်ရွယ်ချက်သည် သင့်အား ဖြောင့်မတ်သည့်စိတ်ရှိသူ၊ သို့မဟုတ် သမ္မာတရားအား ပိုင်ဆိုင်သူအဖြစ် ပြောင်းလဲပေးရန်မဟုတ်၊ “မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်”ရှိသော ဉာဏ်ပညာရှိသောသူတစ်ယောက် ဖြစ်စေရန်မဟုတ်ဟု ဆိုနိုင်သလော။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ သင်သည် လူ့အဖွဲ့အစည်းတွင် ဩဇာအာဏာရှိသောသူဖြစ်ရမည်၊ အခြားလူများထက်ပင် ပို၍ ဆိုးယုတ်ရမည်၊ သင့်ကိုယ်သင် ကာကွယ်ရန် မကောင်းမှုကို အသုံးပြုသောသူဖြစ်ရမည်ဆိုသည်ကို သင့်အား ပြောပြရန်ဖြစ်သည်။ မှန်သလော။ (မှန်သည်။) သင့်မိဘများက သင့်အား “တစ်ယောက်ယောက်က မောင်းထုရင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောရင် သူ့အသံကို နားထောင်ပါ”ဟု ပြောသောအခါတွင် ဤသည်မှာ ၎င်းတို့၏ ပင်ကိုရည်ရွယ်ချက်ဖြစ်စေ၊ ရရှိသော နောက်ဆုံးသက်ရောက်မှုဖြစ်စေ၊ သင့်မိဘများက ဤသို့သောအရာမျိုးကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် နည်းလမ်းများကို သင့်အား ပြောသည်ဖြစ်စေ၊ သို့မဟုတ် ဤအစား ဤသို့သောအရာများအပေါ် ၎င်းတို့၏ အတွေးအမြင်များကို သင့်အား ပြောသည်ဖြစ်စေ သိသာစွာပင် မည်သည့်အရာကမျှ သမ္မာတရားနှင့် မကိုက်ညီပေ။ ဘုရားနှုတ်ကပတ်တော်နှင့် ဆန့်ကျင်နေသည်။ သင့်မိဘများက သင့်အား ဆိုးယုတ်သောသူတစ်ယောက် ဖြစ်စေရန် လုပ်ဆောင်သည်။ ဖြောင့်မတ်သောသူတစ်ယောက် ဖြစ်စေရန်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် ဉာဏ်ပညာရှိသောသူတစ်ယောက် ဖြစ်စေရန်လည်းမဟုတ်ပေ။ သိသာစွာပင် သင့်မိဘများက သင့်အားပေးသော သွန်သင်မှု၊ ပုံစံသွင်းမှုတို့သည် အပြုသဘောဆောင်သောအရာများမဟုတ်ပေ။ မှန်ကန်သောလမ်းကြောင်းလည်း မဟုတ်ပေ။ သင့်မိဘများက သင့်အား ကာကွယ်ရန် ရည်ရွယ်သော်လည်း၊ ဤသို့လုပ်ဆောင်ရာတွင် အကောင်းဆုံးသော စေတနာများရှိသော်လည်း ၎င်းတို့ရရှိသည့် သက်ရောက်မှုသည် ဒုက္ခပေးနိုင်သည်။ ၎င်းတို့သည် သင့်အား ကာကွယ်ရန် မအောင်မမြင်ဖြစ်ရုံသာမကဘဲ သင့်အား မမှန်ကန်သောလမ်းကြောင်းတစ်ခုဆီသို့ ညွှန်ပြကာ သင့်အား မကောင်းမှုလုပ်ဆောင်စေပြီး ဆိုးယုတ်သူတစ်ယောက် ဖြစ်လာစေသည်။ ၎င်းတို့သည် သင့်အား ကာကွယ်ရန် ပျက်ကွက်ရုံသာမကဘဲ သင့်အား စုံစမ်းသွေးဆောင်ခြင်း၊ မဖြောင့်မတ်ခြင်းထဲသို့ သက်ဆင်းစေခြင်းအားဖြင့်၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုထံမှ သွေဖည်စေခြင်းအားဖြင့် သင့်အား အမှန်တကယ်ပင် ထိခိုက်နစ်နာစေခဲ့သည်။ ဤအမြင်ရှုထောင့်မှ ကြည့်လျှင် သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများသည် သင့်အား တစ်ကိုယ်ကောင်းဆန်စေရန်၊ ကြောင်သူတော်ဆန်စေရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ လူမှုအဆင့်အတန်းတို့ကို လောဘကြီးရန်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို သင်ပို၍ လက်သင့်ခံစေရန်၊ သူတစ်ပါးတို့နှင့်ဆက်ဆံရန်အတွက် သင့်အား ပို၍ဆန်းပြားသော မာယာလှည့်ကွက်တို့ကိုပေးရန်၊ သင့်အား အခြားလူများအနီးတွင် စိတ်မချရစေရန်၊ ကြမ်းတမ်းစေရန်၊ ဩဇာလွှမ်းမိုးစေရန်၊ ကြီးစိုးစေရန် ပို၍ လုပ်ဆောင်နိုင်ခြေရှိသည်။ ဤသို့အားဖြင့် မည်သူကမျှ သင့်ကို ပြဿနာရှာရဲမည်မဟုတ်၊ သို့မဟုတ် သင့်ကို ထိရဲမည်မဟုတ်ပေ။ သင့်မိဘများ၏ ရှုထောင့်မှကြည့်လျှင် လူ့အဖွဲ့အစည်းတွင် သင် ကာကွယ်ခြင်းခံရစေရန်၊ သို့မဟုတ် အတိုင်းအတာတစ်ခုအထိ ဂုဏ်ရှိသောသူတစ်ယောက် ဖြစ်လာစေရန် သင့်အား ပုံစံသွင်းဖို့ ဤနည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ သို့သော် သမ္မာတရား၏ ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် သင့်အား စစ်မှန်သော ဖန်ဆင်းခံဖြစ်ခွင့်မပေးပေ။ ၎င်းတို့သည် သင့်အား ဘုရားသခင်၏ သွန်သင်မှုများနှင့် သွေဖည်စေပြီး ကျင့်ကြံပြုမူရန် ဘုရားသခင်က သင့်အား ဆိုဆုံးမသည့် နည်းလမ်းများနှင့် သွေဖည်စေသည်။ ၎င်းတို့သည် သင့်အား ဘုရားသခင်က သင့်အား လိုက်စားရန်ပြောသောပန်းတိုင်မှ ပိုပို၍သွေဖည်သွားအောင်လည်း ပြုလုပ်သည်။ သင့်အား ပုံစံသွင်းပြီး သွန်သင်ပေးရာတွင် သင့်မိဘများ၏ ပင်ကိုရည်ရွယ်ချက်က မည်သို့ရှိသည်ဖြစ်စေ အဆုံးတွင် ၎င်းတို့က သင့်အား ပုံစံသွင်းပေးခဲ့သည့် ဤအယူအဆများသည် သင့်အား ကျော်ကြားမှု၊ အကျိုးအမြတ်၊ အနှစ်မဲ့ခြင်းတို့ကိုသာ ယူဆောင်ပေးပြီး သင် အသက်ရှင်နေထိုင်ပြီး ဖွင့်ပြခဲ့သည့် မကောင်းမှုများအားလုံးကိုလည်း ယူဆောင်ပေးသည်။ ပြီးလျှင် ၎င်းတို့သည် သင့်အား လူ့အဖွဲ့အစည်းတွင် ဤပုံစံသွင်းသည့် သက်ရောက်မှုများ၏ လက်တွေ့ကျမှုကို ဆက်လက်၍ အတည်ပြုခြင်းကိုလည်း ပေးပြီး ဤမျှသာဖြစ်သည်။

သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းမှုလာသည့် “တစ်ယောက်ယောက်က မောင်းထုရင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောရင် သူ့အသံကို နားထောင်ပါ” ဆိုသကဲ့သို့သော ဤဆိုရိုးစကားများနှင့်ပတ်သက်ပြီး ယင်းတို့ကို သီးသန့်စဉ်းစားကြည့်လျှင် သင်သည် ယင်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာမျှ တွေးမိမည်မဟုတ်ပေ။ ဤဆိုရိုးစကားများသည် အတွေ့ရများပြီး ပျံ့နှံ့နေသည်ဟုလည်းကောင်း၊ ဤသို့သော ဆိုရိုးစကားများ၊ အယူအဆများ၊ အမြင်များတွင် အကြီးစားပြဿနာများမရှိဟုလည်းကောင်း သင် ခံစားမိလိမ့်မည်။ သို့ရာတွင် သင်သည် ယင်းတို့ကို သမ္မာတရားနှင့် နှိုင်းယှဉ်ပြီး ယင်းတို့ကို အသေးစိတ် ပိုင်းခြားစိစစ်ရန်အတွက် သမ္မာတရားအား အသုံးပြုလျှင် ဤဆိုရိုးစကားများ၌ အမှန်ပင် အကြီးစားပြဿနာများရှိသည်မှာ သိသာလာသည်။ ဥပမာ သင့်မိဘများက သင့်အား “တစ်ယောက်ယောက်က မောင်းထုရင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောရင် သူ့အသံကို နားထောင်ပါ” ဟု အစဉ် ပြောပြီး သင်က ဤရပ်တည်မှုပုံစံကို ကျွမ်းကျင်စွာ အသုံးချလျှင် သင်သည် လူတို့ကို တွေ့သည့်အချိန်တိုင်းတွင် “သူက ဘာကိုဆိုလိုတာလဲ၊ ဘာလို့ ဒီလိုပြောတာလဲ” ဟူသကဲ့သို့သောအရာများနှင့်ပတ်သက်ပြီး အမှုမဲ့အမှတ်မဲ့ဖြင့် စဉ်ဆက်မပြတ်၊ မသိစိတ်တွင် မှန်းဆနေလိမ့်မည်။ ပြီးလျှင် သင်သည် အခြားလူများ၏ အတွေးများကို အလိုအလျောက် မှန်းဆသုံးသပ်ပြီး ဤအကျင့်ပါနေသော စဉ်းစားပုံဖြင့် ၎င်းတို့ပြောသည့်အရာကို အစဉ်တစိုက်နားထောင်ကာ ၎င်းတို့နှင့် ပြောဆိုဆက်ဆံနေလိမ့်မည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို၊ သို့မဟုတ် သူတစ်ပါးတို့နှင့် မည်သို့ အဆင်ပြေစွာ ဆက်ဆံရမည်ဆိုသည်ကို၊ သို့မဟုတ် သူတစ်ပါးတို့နှင့် ပြောဆိုဆက်ဆံခြင်းအတွက် စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ကို၊ သို့မဟုတ် သူတစ်ပါးတို့နှင့် ဆက်သွယ်ပြောခြင်းအတွက် စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ကို၊ သို့မဟုတ် လူတို့၏ စကားများတွင် သင်ခွဲခြားဖော်ထုတ်သည့် ပတ်သက်မှုများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို၊ သို့မဟုတ် ဘုရားသခင် သွန်သည်မှာ မည်သည့်နည်းလမ်းဖြစ်သည်ကို၊ သို့မဟုတ် ဤလူအမျိုးအစားအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို၊ သို့မဟုတ် ၎င်းတို့အား မည်သို့ ကိုင်တွယ်ရမည်ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားမည်မဟုတ်ဘဲ သင့်မိဘများက သင့်အား မည်သည့်အခါမျှ မသိစေခဲ့သည့် အခြားသော ဤသို့သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ချင့်ချိန်စဉ်းစားမည်မဟုတ်ပေ။ သင့်မိဘများက သင့်အားပြောသည့်အရာမှာ အခြားလူများ၏ အတွေးများအား ကြိုတင်မှန်းဆကြည့်တတ်ရန် သင်ယူဖို့ဖြစ်သည်။ သင်သည် ဤလက်တွေ့လုပ်ဆောင်မှုနည်းလမ်းကို ကောင်းစွာဆောင်ရွက်ပြီးဖြစ်သည်။ သင်သည် ဤအရာကို ကျွမ်းကျင်တတ်မြောက်ပြီး ဤသို့လုပ်ဆောင်ခြင်းအား မိမိကိုယ်ကို မရပ်တန့်စေနိုင်သည်အထိ သင် ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဤပြဿနာများသည် လူတို့အား ပုံမှန် ငြိမ်သက်စွာနေပြီး ဂရုတစိုက်တွေးတောရန်၊ အမှုအရာများအား အဖြေရှာရန်အတွက် အားစိုက်ထုတ်ရန် တောင်းဆိုသည်။ တစ်ဖက်မှကြည့်လျှင် သင်သည် ဤပြဿနာများကို ရှင်းလင်းစွာ ပိုင်းခြားစိစစ်ပြီး သိမြင်သင့်သည်။ အခြားတစ်ဖက်တွင် ဤအရာများ ဖြစ်ပွားသည့်အချိန်တိုင်းတွင် သင်သည် သင်၏တွေးခေါ်ပုံကို ပြောင်းလဲရန်နှင့် လူများ၊ အမှုအရာများအား သင်ရှုမြင်သည့်နည်းလမ်းကိုလည်း ပြောင်းလဲရန်အတွက် အားထုတ်သင့်သည်။ ဆိုလိုသည်မှာ ဤသို့သော အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် သင်၏ အတွေးအမြင်များကို ပြောင်းလဲသင့်သည်။ တစ်စုံတစ်ယောက်က စကားပြောသည်ကို သင်နားထောင်ပြီး သူသည် မည်သည့်အရာကို အမှန်တကယ်ပြောလိုသည်ဆိုသည်ကို မှန်းဆရန် ကြိုးစားသည့်နောက်တစ်ကြိမ်တွင် ဤတွေးခေါ်ပုံနှင့် လူတို့အား ကိုင်တွယ်ပုံကို လက်လွှတ်လော့။ ပြီးလျှင် “သူက ဒီလိုပြောတာ ဘာအဓိပ္ပာယ်လဲ၊ သူက တိုက်ရိုက်မပြောဘဲ အမြဲတမ်း ဝေ့ဝိုက်နေတယ်၊ ဒီလူက လှည့်စားတတ်တာပဲ၊ သူပြောနေတဲ့ အဲဒီဟာက ဘာကြီးလဲ၊ အဲဒါရဲ့ အနှစ်သာရက ဘာလဲ၊ ဒါကို ငါ ရှင်းရှင်းလင်းလင်း သိနိုင်သလား၊ ငါ ရှင်းရှင်းလင်းလင်း သိနိုင်ရင် သမ္မာတရားနဲ့ညီတဲ့ ငြင်းခုံမှုတွေ၊ အမြင်တွေကို အသုံးပြုပြီး သူနဲ့ မိတ်သဟာယဖွဲ့ပြီးတော့ ကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြမယ်၊ ဒီကဏ္ဍရဲ့ သမ္မာတရားကို သူနားလည်အောင်လုပ်မယ်၊ ငါ သူ့ကို ကူညီပြီး သူ့ရဲ့ မှားနေတဲ့ အတွေးအမြင်တွေကို ပြုပြင်ပေးမယ်၊ နောက်ပြီး သူစကားပြောတဲ့ပုံစံက လှည့်စားတတ်တယ်၊ သူက ဘာကိုဆိုလိုတယ်ဆိုတာ၊ ဒါမှမဟုတ် ဘာလို့ဒီလို ဝေ့ဝိုက်ပြီးပြောတယ်ဆိုတာကို ငါမသိချင်ဘူး၊ တကယ်တမ်း သူဘာကိုဆိုလိုတယ်ဆိုတာကို မှန်းဆဖို့ ကြိုးစားပြီး အားအင်၊ လုံ့လစိုက်မထုတ်ချင်ဘူး၊ ငါ ဒီအဖိုးအခကို မပေးဆပ်ချင်ဘူး၊ ဒီအပိုင်းမှာ ဘာကိုမှ ငါမလုပ်ချင်ဘူး၊ သူက လှည့်စားတတ်တဲ့သူဆိုတာကို သိဖို့ပဲ လိုတယ်၊ သူက လှည့်စားတတ်ပေမဲ့ ငါ သူနဲ့အတူ လှည့်စားမှုထဲမှာ ဝင်မပါဘူး၊ သူက ဘယ်လောက်ပဲ ဝေ့ဝိုက်ပြောပါစေ ငါ သူ့ကို တဲ့တိုးပြောမယ်၊ ပြောသင့်တဲ့အရာတိုင်းကို ပြောပြီး အရှိအတိုင်း ပြောမယ်၊ သခင်ယေရှုပြောခဲ့သလိုပဲ။ ‘သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။’ (ရှင်မဿဲခရစ်ဝင် ၅:၃၇) တဲ့၊ လှည့်စားမှုကို ရိုးသားမှုနဲ့ ကိုင်တွယ်တာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် အမြင့်ဆုံးစံသတ်မှတ်ချက်ပဲ” ဟူ၍ အသေအချာစဉ်းစားလော့။ သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင့်မိဘများက သင့်အား ပုံသွင်းပြီး သွန်သင်ပေးခဲ့သော နည်းလမ်းများကို လက်လွှတ်လိမ့်မည်။ သင်၏ လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများသည်လည်း ပြောင်းလဲလိမ့်မည်။ ထို့နောက် သင်သည် သမ္မာတရားအား လိုက်စားသူတစ်ယောက် ဖြစ်လိမ့်မည်။ သင့်မိဘများ၏ ပုံစံသွင်းခြင်း၏ မည်သည့်ကဏ္ဍများကို သင်လက်လွှတ်သည်ဖြစ်စေ ဆက်စပ်မှုရှိသည့်အရာများ နောက်တစ်ဖန် ဖြစ်ပျက်သည့်အခါတိုင်းတွင် သင်သည် ဘုရားနှုတ်ကပတ်တော်အား အခြေပြုချက်အဖြစ် ယူပြီး သမ္မာတရားအား စံသတ်မှတ်ချက်အဖြစ် အသုံးပြုကာ ယင်းတို့ကို အလုံးစုံမှန်ကန်ပြီး အပြုသဘောဆောင်သော အတွေးအမြင်များအဖြစ်သို့ ပြောင်းလဲခြင်းအားဖြင့် ယင်းတို့နှင့်ပတ်သက်ပြီး သင်၏ မှားယွင်းသော အတွေးအမြင်များကို ပြောင်းလဲလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် သင်၏ အခြေပြုချက်အဖြစ်၊ လက်တွေ့လုပ်ဆောင်ရန်အတွက် သင်၏ စံသတ်မှတ်ချက်အဖြစ် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့် ဤအမှုကိစ္စကို အကဲဖြတ်လျှင်၊ ရှုမြင်လျှင်၊ ကိုင်တွယ်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် သင့်မိဘများက သင့်အား သွန်သင်ပေးခဲ့သည့် နည်းလမ်းများအား၊ သို့မဟုတ် ၎င်းတို့က သင့်အတွင်းသို့ သွတ်သွင်းခဲ့သည့် အယူအဆများ၊ အမြင်များအား စံသတ်မှတ်ချက်၊ အခြေပြုချက်အဖြစ် ခံယူပြီး ဤအမှုကိစ္စကို ကိုင်တွယ်ရန်အတွက် စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ဆဲဖြစ်လျှင် ဤလက်တွေ့လုပ်ဆောင်မှုနည်းလမ်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်းမဟုတ်ပေ။ သမ္မာတရားအား လိုက်စားနေခြင်းလည်းမဟုတ်ပေ။ အဆုံးတွင် သမ္မာတရားအား လိုက်စားခြင်းမှ လူတို့ရရှိသည့်အရာမှာ သမ္မာတရားအား တန်ဖိုးထားခြင်းနှင့် သမ္မာတရားနှင့်သက်ဆိုင်သော အတွေ့အကြုံတို့ဖြစ်သည်။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် သမ္မာတရားအား တန်ဖိုးထားခြင်း၊ သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံကို ရရှိမည်မဟုတ်ပေ။ သင်ရရှိမည့်အရာမှာ သင့်မိဘများက သင့်အား ပုံစံသွင်းပေးခဲ့သည့် ဤဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ခြင်းအား တန်ဖိုးထားခြင်းနှင့် ယင်းနှင့် သက်ဆိုင်သော အတွေ့အကြုံသာ ဖြစ်သည်။ ထို့ကြောင့် အခြားလူများက ဘုရားနှုတ်ကပတ်တော် ၎င်းတို့၏ အတွေ့အကြုံနှင့် တန်ဖိုးထားမှုကို ပြောစဉ်တွင် သင်က မည်သည့်အရာကိုမျှ မပြောနိုင်ပေ။ သင့်၌ မည်သည့်အရာမျှ ပြောစရာမရှိသောကြောင့်ဖြစ်သည်။ သင့်တွင်ရှိသမျှမှာ သင့်မိသားစုက သင့်ထံသို့ ပုံစံသွင်းပေးခဲ့သည့် အယူအဆများ၊ အမြင်များအပေါ် လက်တွေ့ကျသော တန်ဖိုးထားမှုနှင့် အတွေ့အကြုံသာဖြစ်သည်။ သင်သည် ယင်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာမျှ မပြောဆိုနိုင်ဘဲ ယင်းတို့ကို မျှဝေရန် မဖြစ်နိုင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် သင်လက်တွေ့လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် အဆုံးတွင် သင်တန်ဖိုးထားမည့်အရာဖြစ်သည်။ သင်လက်တွေ့လုပ်ဆောင်သည့်အရာက သမ္မာတရားဖြစ်လျှင် သင်ရရှိမည့်အရာက ဘုရားနှုတ်ကပတ်တော်အပေါ်၊ သမ္မာတရားအပေါ် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံဖြစ်သည်။ သင့်မိဘများက သင့်အားပေးသော ပညာရေးနှင့် ညွှန်ကြားမှုများကို သင် လက်တွေ့လုပ်ဆောင်လျှင် သင်တန်ဖိုးထားမည့်အရာမှာ သင့်မိဘသားစု၏ ပုံစံသွင်းခြင်းနှင့် ရိုးရာပညာရေး၏ အတွေ့အကြုံဖြစ်သည်။ သင်ရရှိမည့်အရာမှာ စာတန်က သင့်အတွင်းသို့ သွတ်သွင်းသည့် အယူအဆများနှင့် သင့်အား စာတန်က ဖျက်ဆီးခြင်းသာဖြစ်သည်။ ဤအရာများကို သင်ပို၍ လေးနက်စွာ တန်ဖိုးထားလေလေ၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော အယူအဆများ၊ အမြင်များက အသုံးဝင်ပြီး လက်တွေ့ကျသည်ဟု သင်ခံစားရလေလေ၊ စာတန်၏ ဖျက်ဆီးခြင်းကို သင်ပို၍ လေးနက်စွာ ခံရလေလေဖြစ်သည်။ သင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် အဘယ်သို့နည်း။ သင်သည် သမ္မာတရားနှင့်ပတ်သက်ပြီး၊ ဘုရားသခင်က သင့်အားပြောပြသည့် နှုတ်ကပတ်တော်များ၊ စည်းမျဉ်းများနှင့်ပတ်သက်ပြီး ပိုပို၍ တန်ဖိုးထားမှုနှင့် အတွေ့အကြုံကို ရရှိလိမ့်မည်။ သမ္မာတရားသည် တန်ဖိုးအရှိဆုံးအရာဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်သည် လူသားဘဝ၏ အရင်းအမြစ်ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များသည် လူတို့၏ ဘဝဖြစ်သည်ဟုလည်းကောင်း သင် ခံစားရမည်။

သင့်အား ပျိုးထောင်ခြင်း၊ အစားအစာ၊ အဝတ်အစား၊ ပညာရေးတို့ကို ပံ့ပိုးပေးခြင်းအပြင် သင့်မိသားစုက သင့်အား မည်သည့်အရာကို ပေးခဲ့သနည်း။ သင့်မိသားစုက သင့်အားပေးသည့်အရာမှန်သမျှမှာ ပြဿနာဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) သင်က ဤသို့သောမိသားစု၌ မမွေးဖွားခဲ့လျှင် သင့်မိသားစုက သင့်အပေါ်ဖြစ်စေသော ပုံစံသွင်းသည့် အားလုံးသော သက်ရောက်မှုအမျိုးမျိုးသည် မတည်ရှိကောင်း မတည်ရှိနိုင်ပေ။ သင့်မိသားစု၏ ပုံစံသွင်းခြင်းသည် တည်ရှိလိမ့်မည်မဟုတ်ပေ။ သို့သော် လူ့အဖွဲ့အစည်း၏ ပုံစံသွင်းသည့် သက်ရောက်မှုများသည် တည်ရှိနေဆဲဖြစ်လိမ့်မည်။ ယင်းတို့ထံမှ သင် မလွတ်မြောက်နိုင်ပေ။ မည်သည့်ရှုထောင့်မှ သင် ကြည့်သည်ဖြစ်စေ၊ ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် မိသားစုမှလာသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းမှ လာသည်ဖြစ်စေ ဤအယူအဆများ၊ အမြင်များသည် အခြေခံအားဖြင့် စာတန်ထံမှ အရင်းခံဖြစ်ပေါ်သည်။ ဤသည်မှာ မိသားစုတစ်ခုစီက မတူညီသော ခံယူချက်အတိုင်းအတာများဖြင့်၊ မတူညီသောအချက်များအပေါ် အလေးထားလျက် လူ့အဖွဲ့အစည်းမှ ဤဆိုရိုးစကားအမျိုးမျိုးကို လက်ခံကြခြင်းသာဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့မိသားစု၏ နောက်မျိုးဆက်ကို ပညာပေးပြီး ပုံစံသွင်းရန်အတွက် အလားတူ တူညီသော နည်းလမ်းများကို အသုံးပြုကြသည်။ လူတိုင်းက ၎င်းတို့လာသည့် မိသားစုအပေါ်တွင် မူတည်ပြီး မတူညီသော အတိုင်းအတာများဖြင့် ပုံစံသွင်းခြင်းမျိုးစုံကို လက်ခံရရှိကြသည်။ သို့သော် အမှန်တကယ်တွင် ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် လူ့အဖွဲ့အစည်းနှင့် စာတန်ထံမှ စတင်ဖြစ်ပေါ်သည်။ ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် လူတို့အား ယင်းတို့ကို လိုလိုလားလားလက်ခံစေသည့် ပို၍တိုက်ရိုက်ကျသောနည်းလမ်းများကို အသုံးပြုလျက် မိဘများ၏ ပိုမိုခိုင်မာသော စကားလုံးများ၊ လုပ်ရပ်များဖြစ်သည့် ကြားခံမှတစ်ဆင့် လူတို့၏ စိတ်အတွင်းသို့ သွတ်သွင်းမှုခံရခြင်းသာဖြစ်သည်။ ဤသို့အားဖြင့် လူတို့သည် ဤပုံစံသွင်းမှုကို လက်ခံပြီး ယင်းသည် ၎င်းတို့၏ စည်းမျဉ်းများနှင့် ကမ္ဘာလောကကြီးအား ကိုင်တွယ်သည့်နည်းလမ်းဖြစ်လာသည်။ လူများ၊ အမှုကိစ္စများကို ၎င်းတို့ရှုမြင်သည့်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် အခြေပြုချက်လည်း ဖြစ်လာသည်။ ဥပမာ “တစ်ယောက်ယောက်က မောင်းထုရင် မောင်းသံကို နားထောင်ပါ၊ တစ်ယောက်ယောက်က စကားပြောရင် သူ့အသံကို နားထောင်ပါ” ဟူသည့် ငါတို့ယခုပြောခဲ့သည့် အယူအဆနှင့် အမြင်သည်လည်း သင့်မိသားစုထံမှလာသည့် ပုံစံသွင်းသည့် သက်ရောက်မှုတစ်ခုဖြစ်သည်။ လူတို့အပေါ်သို့ ၎င်းတို့မိသားစုက မည်သည့် ပုံစံသွင်းသည့် သက်ရောက်မှုမျိုးအား ဖြစ်ပေါ်စေသည်ဖြစ်စေ လူတို့သည် ယင်းကို မိသားစုဝင်များ၏ ရှုထောင့်မှ ရှုမြင်သောကြောင့် ဘင်းကို အပြုသဘောဆောင်သောအရာအဖြစ်၊ ၎င်းတို့၏ ကိုယ်ပိုင်အဆောင်လက်ဖွဲ့အဖြစ် လက်ခံကာ မိမိတို့ကိုယ်ကို ကာကွယ်ရန် အသုံးပြုကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မိဘများမှလာသည့် အရာရာတိုင်းသည် ၎င်းတို့မိဘများ၏ လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံ၏ ရလဒ်ဖြစ်သည်ဟု လူတို့က ထင်ကြသောကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူတိုင်းတွင် ၎င်းတို့မိဘများသည်သာ ၎င်းတို့အား မည်သည့်အခါမျှ ထိခိုက်မည်မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့မိဘများသည်သာ ၎င်းတို့အား ပိုမိုကောင်းမွန်သောဘဝကို နေထိုင်စေလိုပြီး ၎င်းတို့အား ကာကွယ်ပေးလိုသည်။ ထို့ကြောင့် လူတို့သည် မည်သည့်ပိုင်းခြားသိမြင်မှုမျှမရှိဘဲ ၎င်းတို့မိဘများထံမှ အယူအဆနှင့် အမြင်အမျိုးမျိုးကို လက်ခံကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဤအယူအဆနှင့် အမြင်အမျိုးမျိုး၏ ပုံစံသွင်းမှုကို အလိုအလျောက် လက်ခံကြသည်။ လူတို့သည် ဤအယူအဆနှင့် အမြင်အမျိုးမျိုး၏ ပုံစံသွင်းခြင်းကို ခံရသည်နှင့် ၎င်းတို့သည် ယင်းတို့ကို မည်သည့်အခါမျှ သံသယမဝင်ပေ၊ သို့မဟုတ် ယင်းတို့ကို အရှိတိုင်း ပိုင်းခြားသိမြင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤသို့သောအရာများကို ၎င်းတို့မိဘများကပြောသည်ကို မကြာခဏ ကြားရသောကြောင့်ဖြစ်သည်။ ဥပမာ “မိဘက အမြဲတမ်း မှန်တယ်” ဟူ၍ဖြစ်သည်။ ဤသို့ဆိုလျှင် ဤဆိုရိုးစကားက မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင့်မိဘများက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အခြေခံအားဖြင့် သင့်မိဘများက သင့်အား မွေးဖွားခဲ့ပြီး ပျိုးထောင်ခဲ့သောကြောင့် သင်နှင့်ပတ်သက်လျှင် သင့်မိဘ လုပ်ဆောင်သမျှတိုင်းက မှန်ကန်သည်ဟု ဆိုလိုသည်။ ခုခံဖို့မဆိုထားနှင့်။ ၎င်းတို့က မှန်သလော၊ မှားသလောဆိုသည်ကိုပင် သင် အကဲဖြတ်၍မရသကဲ့သို့ ငြင်းပယ်၍လည်း မရပေ။ ဤသည်မှာ သားသမီးဝတ်ဟုခေါ်သည်။ သင့်မိဘများက မှားနေလျှင်ပင်၊ ၎င်းတို့၏ အယူအဆနှင့် အမြင်အချို့က ခေတ်နောက်ကျနေလျှင်၊ သို့မဟုတ် မှားနေလျှင်ပင်၊ သို့မဟုတ် ၎င်းတို့က သင့်အား ပညာပေးလမ်းပြသည့် ပုံစံနှင့် သင့်အား ပညာပေးလမ်းပြသည့် ၎င်းတို့၏ အယူအဆများ၊ အမြင်များက မမှန်လျှင်၊ သို့မဟုတ် အပြုသဘောမဆောင်လျှင်ပင် သင်က ၎င်းတို့ကို သံသယမဝင်ရပေ၊ သို့မဟုတ် မငြင်းပယ်ရပေ။ အဘယ်ကြောင့်ဆိုသော် “မိဘက အမြဲတမ်း မှန်တယ်” ဟူသော ဆိုရိုးစကားရှိသောကြောင့် ဖြစ်သည်။ မိဘများနှင့်ပတ်သက်လျှင် သင်သည် ၎င်းတို့က မှန်သလော၊ မှားသလောဆိုသည်ကို လုံးဝ မပိုင်းခြားသင့်ပေ၊ သို့မဟုတ် အကဲမဖြတ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် သားသမီးများနှင့်ပတ်သက်လျှင် ၎င်းတို့၏ ဘဝနှင့် ၎င်းတို့ပိုင်ဆိုင်သည့် အရာရာတိုင်းသည် ၎င်းတို့မိဘများထံမှ လာသောကြောင့်ဖြစ်သည်။ သင့်မိဘများအထက်တွင် မည်သူမျှမရှိပေ။ ထို့ကြောင့် သင့်တွင် အသိစိတ်ရှိလျှင် သင်က ၎င်းတို့ကို မဝေဖန်သင့်ပေ။ သင့်မိဘများက မည်မျှမှားယွင်းပါစေ၊ မမှန်ကန်ပါစေ၊ သို့မဟုတ် မပြည့်စုံပါစေ ၎င်းတို့သည် သင့်မိဘများဖြစ်ဆဲဖြစ်သည်။ ၎င်းတို့သည် သင်နှင့် အနီးကပ်ဆုံးသော၊ သင့်အား ပျိုးထောင်ပေးသောသူများဖြစ်သည်။ သင့်အား အကောင်းဆုံး ဆက်ဆံသောသူများဖြစ်သည်။ သင့်အား ဘဝကိုပေးသောသူများဖြစ်သည်။ လူတိုင်းက ဤဆိုရိုးစကားကို လက်မခံကြသလော။ ဤစိတ်နေစိတ်ထား ရှိသောကြောင့် အတိအကျပင် သင့်အား မရိုးမဖြောင့်ဆက်ဆံ၍ရသည်ဟု သင့်မိဘများက ထင်ကြသည်။ သင့်အား အမှုအရာမျိုးစုံကို လုပ်ဆောင်စေဖို့ ဦးလှည့်ပေးရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ သင့်အတွင်းသို့ အယူအဆအမျိုးမျိုးကို သွတ်သွင်းကြသည်။ ၎င်းတို့၏ အမြင်ရှုထောင့်တွင် ၎င်းတို့က “ငါ့ရည်ရွယ်ချက်က မှန်တယ်၊ ဒါ မင်းကောင်းဖို့အတွက်ပဲ၊ မင်းမှာရှိသမျှတိုင်းကို ငါကပေးခဲ့တာ၊ မင်းကို ငါကမွေးပြီး ပျိုးထောင်ပေးခဲ့တာ၊ ဒါကြောင့် ငါမင်းကို ဘယ်လိုပဲ ဆက်ဆံပါစေ မမှားနိုင်ဘူး၊ ဘာကြောင့်လဲဆိုရင် ငါလုပ်သမျှက မင်းကောင်းဖို့အတွက်ဖြစ်ပြီး ငါကမင်းကို နာကျင်အောင်၊ ထိခိုက်အောင် လုပ်မှာမဟုတ်လို့ဘဲ” ဟု တွေးသည်။ သားသမီးများ၏ အမြင်ရှုထောင့်တွင် ၎င်းတို့မိဘအပေါ် ၎င်းတို့၏ သဘောထားသည် “မိဘက အမြဲတမ်း မှန်တယ်” ဟူသည့် ဤဆိုရိုးစကားကို အခြေခံသင့်သည်ဆိုသည်မှာ မှန်ကန်သလော။ (မမှန်ပါ။ မှားယွင်းသည်။) အသေအချာပင် မှားယွင်းသည်။ ဤသို့ဆိုလျှင် ဤဆိုရိုးစကားကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ဤဆိုရိုးစကား၏ မမှန်ကန်မှုကို ရှုထောင့်မည်မျှမှ ပိုင်းခြားစိစစ်နိုင်သနည်း။ သားသမီးများ၏ ရှုထောင့်မှ ကြည့်လျှင် ၎င်းတို့၏ အသက်နှင့် ခန္ဓာကိုယ်သည် ၎င်းတို့မိဘများထံမှ လာသည်။ ၎င်းတို့မိဘများသည် ၎င်းတို့ကို ပျိုးထောင်ပြီး ပညာသင်ကြားပေးရန် ကြင်နာမှုလည်းရှိသည်။ ထို့ကြောင့် သားသမီးများက ၎င်းတို့၏ စကားတိုင်းကို နာခံသင့်သည်။ ၎င်းတို့၏ သားသမီးဝတ္တရားကို ဖြည့်ဆည်းသင့်သည်။ ၎င်းတို့မိဘများအား အမှားမရှာသင့်ပေ။ ဤစကားများတွင် ပုန်းကွယ်နေသော ဆိုလိုရင်းမှာ သင့်မိဘများကို အရှိအတိုင်း မပိုင်းခြားသင့်ပေဟူ၍ ဖြစ်သည်။ ဤရှုထောင့်မှနေ၍ ငါတို့ စိစစ်လျှင် ဤအမြင်မှာ မှန်ကန်သလော။ (မမှန်ပါ။ မှားယွင်းသည်။) ငါတို့သည် ဤအမှုကိစ္စကို သမ္မာတရားနှင့်အညီ မည်သို့ ကိုင်တွယ်သင့်သနည်း။ မည်သို့ပြောလျှင် မှန်ကန်သောနည်းလမ်းဖြစ်မည်နည်း။ ကလေးများ၏ ကိုယ်ခန္ဓာနှင့်အသက်ကို ၎င်းတို့မိဘများက ပေးခြင်းဟုတ်သလော။ (မဟုတ်ပါ။) လူတစ်ယောက်၏ အသွေးအသား ကိုယ်ခန္ဓာသည် သူ၏ မိဘထံမှ မွေးဖွားခြင်းဖြစ်သော်လည်း သားသမီးများမွေးနိုင်သည့် မိဘ၏ စွမ်းရည်သည် မည်သည့်နေရာမှ လာသနည်း။ (ဘုရားသခင်က ပေးခြင်းဖြစ်ပြီး ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။) လူတစ်ယောက်၏ ဝိညာဉ်ဆိုလျှင် အဘယ်သို့နည်း။ ယင်းသည် မည်သည့်နေရာမှ လာသနည်း။ ယင်းသည်လည်း ဘုရားသခင်ထံမှ လာသည်။ ထို့ကြောင့် အရင်းအမြစ်တွင် လူတို့ကို ဘုရားသခင်က ဖန်ဆင်းသည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်စီမံခဲ့သည်။ ဤမိသားစု၌ သင်မွေးဖွားရန် ကြိုတင်စီမံခဲ့သည်မှာ ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က ဤမိသားစုသို့ ဝိညာဉ်တစ်ခုကို စေလွှတ်ခဲ့သည်။ ထို့နောက်တွင် သင်သည် ဤမိသားစု၌ မွေးဖွားပြီး သင်သည် သင့်မိဘများနှင့် ဤကြိုတင်သတ်မှတ်ထားသော ဆက်ဆံရေးရှိသည်။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံမှုကြောင့် သင့်မိဘများက သင့်အား မွေးနိုင်ပြီး သင်က ဤမိသားစုအတွင်း၌ မွေးဖွားလာသည်။ ဤသည်မှာ အရင်းအမြစ်မှနေ၍ ကြည့်ခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်က ဤသို့ ကြိုတင်မစီမံခဲ့ပေဆိုလျှင် အဘယ်သို့နည်း။ ဤသို့ဆိုလျှင် သင့်မိဘများက သင့်အား မည်သည့်အခါမျှ မွေးဖွားခဲ့မည်မဟုတ်ပေ။ သင့်၌ ၎င်းတို့နှင့် ဤမိဘနှင့်ကလေးဆက်ဆံရေး လုံးဝ ရှိလိမ့်မည်မဟုတ်ပေ။ သွေးသားတော်စပ်ခြင်း၊ မိသားစု ချစ်ခင်မှု၊ ဆက်နွှယ်မှုလုံးဝ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် လူတစ်ယောက်၏ အသက်ကို သူ၏မိဘများက ပေးသည်ဟု ဆိုလျှင် မှားယွင်းသည်။ အခြားရှုထောင့်တစ်ခုမှာ ကလေး၏ အမြင်ရှုထောင့်မှကြည့်လျှင် သူ၏မိဘများသည် သူ့ထက် မျိုးဆက်တစ်ဆက်ပို၍ အသက်ကြီးသည်။ သို့သော် လူသားများအားလုံးနှင့် ပတ်သက်လျှင် မိဘများသည် အခြားလူတိုင်းနည်းတူဖြစ်သည်။ ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များဖြစ်သည့်အဆင့်အထိ ဖြစ်သည်။ အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ၎င်းတို့သည် အခြားမည်သူမဆိုနှင့် ကွာခြားခြင်းမရှိသကဲ့သို့ သင်နှင့်လည်း ကွာခြားခြင်းမရှိပေ။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာတွင် သင့်အား မွေးဖွားခဲ့သော်လည်း၊ သင်၏ အသွေးအသား ဆက်နွှယ်မှုတွင် ၎င်းတို့သည် သင့်ထက် မျိုးဆက်တစ်ဆက်ပို၍ အသက်ကြီးသော်လည်း မည်သို့ပင်ဖြစ်စေ သင်၏ လူသားစိတ်သဘောထားများနှင့် ပတ်သက်လျှင် သင်တို့အားလုံးသည် စာတန်၏ ဩဇာအာဏာအောက်တွင် အသက်ရှင်နေကြသည်။ သင်တို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီး ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်သော စိတ်သဘောထားများကို ပိုင်ဆိုင်ကြသည်။ လူတို့အားလုံးက ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်သော စိတ်သဘောထားများကို ပိုင်ဆိုင်သည်ဆိုသည့်အချက်နှင့်သက်ဆိုင်သော အမြင်တွင် လူအားလုံး၏ အနှစ်သာရများသည် တူညီသည်။ ဝါရင့်မှု၊ အသက်အရွယ်တို့က မတူညီသည်ဖြစ်စေ၊ ကမ္ဘာလောကထဲသို့ မည်မျှစော၍ ဝင်ရောက်သည်၊ နောက်ကျ၍ ဝင်ရောက်သည်ဖြစ်စေ အနှစ်သာရနှင့်ပတ်သက်လျှင် လူတို့၌ အခြေခံအားဖြင့် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသည်။ ၎င်းတို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသော လူသားများဖြစ်ကြပြီး ဤအချက်၌ ကွာခြားခြင်းမရှိပေ။ ၎င်းတို့၏ လူ့သဘာဝက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့် လူများ၊ အမှုအရာများအား ရှုမြင်ခြင်း၊ သမ္မာတရားအား ချဉ်းကပ်ခြင်းနှင့်ပတ်သက်လျှင် ၎င်းတို့သည် တူညီသော အမြင်ရှုထောင့်များ၊ ရပ်တည်ချက်များကို ခံယူကြသည်။ ဤအချက်တွင် ၎င်းတို့ကြား၌ ကွာခြားမှုမရှိပေ။ ပြီးလျှင် ဤဆိုးယုတ်သောလူသားမျိုးနွယ်ထဲတွင် အသက်ရှင်နေထိုင်သောလူတိုင်းသည် စကားလုံးများနှင့်ပတ်သက်၍ ဖြစ်စေ၊ အတွေးများနှင့်ပတ်သက်၍ဖြစ်စေ၊ ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ သဘောတရားဖြင့်ဖြစ်စေ ဤဆိုးယုတ်သော ကမ္ဘာတွင် ပေါများသော အယူအဆနှင့် အမြင်အမျိုးမျိုးကို လက်ခံကြသည်။ နိုင်ငံ၏ ပညာရေးမှတစ်ဆင့်ဖြစ်စေ၊ လူမှုထုံးတမ်းဓလေ့များ၏ ပုံစံသွင်းခြင်းမှဖြစ်စေ စာတန်၏ အယူအဆမျိုးစုံကို လက်ခံကြသည်။ ဤအရာတို့သည် သမ္မာတရားနှင့် လုံးဝ မညီပေ။ ယင်းတို့အထဲတွင် သမ္မာတရားမရှိပေ။ ပြီးလျှင် လူတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို အသေအချာပင် နားမလည်ပေ။ ဤအမြင်မှကြည့်လျှင် မိဘများနှင့် ၎င်းတို့၏ သားသမီးများသည် တန်းတူညီပြီး တူညီသော အယူအဆနှင့် အမြင်များရှိကြသည်။ သင့်မိဘများက ဤအယူအဆများနှင့် အမြင်များကို ယခင် နှစ်၂၀၊ ၃၀ က လက်ခံခဲ့ပြီး သင်ကမူ အနည်းငယ်နောက်ကျပြီးမှ လက်ခံခြင်းသာဖြစ်သည်။ ဆိုလိုသည်မှာ တူညီသောလူမှုနောက်ခံရှိသည်ကို ကြည့်လျှင် သင်သည် သာမန်လူတစ်ယောက် ဖြစ်သရွေ့ သင်နှင့် သင့်မိဘတို့သည် စာတန်ထံမှ တူညီသောဖောက်ပြန်ပျက်စီးမှု၊ လူမှုထုံးတမ်းဓလေ့များ၏ ပုံသွင်းခြင်း၊ လူ့အဖွဲ့အစည်း၌ရှိသော ဆိုးယုတ်သောခေတ်ရေစီးကြောင်းအမျိုးမျိုးမှ အရင်းခံသော တူညီသော အယူအဆနှင့် အမြင်များကို လက်ခံကြပြီးဖြစ်သည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် သားသမီးများသည် ၎င်းတို့မိဘများကဲ့သို့ တူညီသော အမျိုးအစားရှိသည်။ ဘုရားသခင်၏ အမြင်ရှုထောင့်မှကြည့်လျှင်၊ သူ ကြိုတင်စီမံသော၊ ကြိုတင်သတ်မှတ်သော၊ ရွေးချယ်သော အကြောင်းပြချက်ကို ဘေးဖယ်ထားလျှင် ဘုရားသခင်၏ အမြင်တွင် မိဘရော၊ သားသမီးရောသည် ဖန်ဆင်းခံများဖြစ်ခြင်း၌ ဆင်တူသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့် ဖန်ဆင်းခံများဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်းတို့အားလုံးကို ဖန်ဆင်းခံများဟု တစ်စုတစ်စည်းတည်း ခေါ်ဆိုပြီး ၎င်းတို့အားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံကြသည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် မိဘများနှင့် သားသမီးများသည် အမှန်တကယ်ပင် ဘုရားသခင်၏ အမြင်တွင် တူညီသော အဆင့်အတန်းရှိကြသည်။ ၎င်းတို့အားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ဆင်တူစွာ၊ တန်းတူညီစွာ လက်ခံကြသည်။ ဤသည်မှာ အရှိအတိုင်းဖြစ်သော အမှန်တရားဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရလျှင် ၎င်းတို့အားလုံး၌ သမ္မာတရားကို လိုက်စားရန် တူညီသော အခွင့်အရေးများရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန် တူညီသောအခွင့်အလမ်းနှင့် ကယ်တင်ခြင်းခံရရန် တူညီသော အခွင့်အလမ်းများလည်းရှိသည်မှာ အမှန်ပင်ဖြစ်သည်။ အထက်ပါ ဆင်တူမှုများမှလွဲ၍ မိဘများနှင့် သားသမီးများ၌ ကွာခြားချက်တစ်ခုသာရှိသည်။ ယင်းမှာ မိသားစု၏ ကြီးစဉ်ငယ်လိုက်စနစ်ဟု ဆိုသောအရာတွင် မိဘများ၏ အဆင့်မှာ သားသမီးများထက် ပို၍မြင့်ခြင်းပင်ဖြစ်သည်။ မိသားစု၏ ကြီးစဉ်ငယ်လိုက်စနစ်တွင်ရှိသော ၎င်းတို့၏ အဆင့်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့က နှစ် ၂၀၊ ၃၀ ဖြစ်သော မျိုးဆက်တစ်ဆက်ပို၍ အသက်ကြီးသည်ဟု ဆိုလိုသည်။ ဤသည်မှာ အသက်အရွယ် အလွန်ကွာခြားခြင်းထက် မပိုပေ။ မိဘများ၏ အထူးအဆင့်အတန်းကြောင့် သားသမီးများသည် သားသမီးဝတ်ကျေပွန်ပြီး မိဘများအပေါ်တွင်ရှိသော ၎င်းတို့၏ ဝတ္တရားများကို ဖြည့်ဆည်းရမည်။ ဤသည်မှာ လူတစ်ယောက်က သူ၏မိဘအပေါ်တွင်ရှိသော တစ်ခုတည်းသော တာဝန်ဖြစ်သည်။ သို့သော် သားသမီးများနှင့် မိဘများအားလုံးသည် တူညီသော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် မိဘများသည် ၎င်းတို့၏ သားမီးများအတွက် ကိုယ့်ကျင့်တရားဆိုင်ရာ စံပြများမဟုတ်သကဲ့သို့ ၎င်းတို့သားသမီးများ၏ သမ္မာတရားအပေါ် လိုက်စားမှုအတွက် စံအမှတ်၊ သို့မဟုတ် စံနမူနာယူရမည့်သူလည်းမဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ခြင်း၊ နာခံခြင်းနှင့်ပတ်သက်လျှင်လည်း ၎င်းတို့သားသမီးများအတွက် စံနမူနာယူရမည့်သူများမဟုတ်ပေ။ မိဘများက သမ္မာတရား၏ စံနမူနာမဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ လူတို့သည် ၎င်းတို့မိဘများအား အကြွင်းမဲ့နာခံသင့်သည့် ကိုယ်ကျင့်တရားဆိုင်ရာ စံပြပုဂ္ဂိုလ်များအဖြစ် မှတ်ယူရန် တာဝန်၊ ဝတ္တရားမရှိပေ။ သားသမီးများသည် ၎င်းတို့မိဘများ၏ အပြုအမူ၊ လုပ်ရပ်များနှင့် စိတ်သဘောထားအနှစ်သာရကို ပိုင်းခြားသိမြင်ရန် မကြောက်ရွံ့သင့်ပေ။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့ကိုယ်တိုင်၏ မိဘများအား ကိုင်တွယ်ခြင်းနှင့်ပတ်သက်လျှင် “မိဘက အမြဲတမ်း မှန်တယ်” ဟူသော အယူအဆများ၊ အမြင်များကို မလိုက်နာသင့်ပေ။ ဤအမြင်မှာ မိဘများတွင် အထူးအဆင့်အတန်းရှိသည်၊ ဘုရားသခင်၏ ကြိုတင်စီမံမှုအောက်တွင် ၎င်းတို့က သင့်အား မွေးဖွားပေးခဲ့သည်၊ ၎င်းတို့သည် သင့်ထက် အသက် ၂၀၊ ၃၀၊ သို့မဟုတ် ၄၀၊ ၅၀ ပင် ပို၍ကြီးသည်ဆိုသည့် အချက်အပေါ် အခြေခံသည်။ ဤအသွေးအသား ဆက်နွှယ်မှု ရှုထောင့်မှသာ၊ မိသားစု ကြီးစဉ်ငယ်လိုက်စနစ်တွင်ရှိသော ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းနှင့်ပတ်သက်၍သာ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများနှင့် ကွာခြားခြင်းဖြစ်သည်။ သို့သော် ဤကွာခြားမှုကြောင့် လူတို့သည် ၎င်းတို့မိဘများအား အမှားများလုံးဝ မရှိသကဲ့သို့ မှတ်ယူသည်။ ဤသည်မှာ မှန်သလော။ ဤသည်မှာ မှားယွင်းသည်။ ယုတ္တိမရှိပေ။ သမ္မာတရားနှင့် မညီပေ။ မိဘများနှင့် သားသမီးများသည် ဤအသွေးအသားဆက်နွှယ်မှုရှိသည်ကို ထောက်ဆလျှင် မိဘများအား မည်သို့ဆက်ဆံသင့်သည်ဆိုသည်ကို လူအချို့က တွေးတောကြသည်။ မိဘများက ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့အား ယုံကြည်သူများအဖြစ် သင့်တော်သလို ဆက်ဆံသင့်သည်။ ၎င်းတို့က ဘုရားသခင်အား မယုံကြည်လျှင် ၎င်းတို့အား မယုံကြည်သူများအဖြစ် သင့်တော်သလို ဆက်ဆံသင့်သည်။ မိဘများက မည်သို့သောသူမျိုးဖြစ်စေ ၎င်းတို့အား အလားတူသမ္မာတရားစည်းမျဉ်းများအတိုင်း ဆက်ဆံသင့်သည်။ ၎င်းတို့က နတ်ဆိုးများဖြစ်လျှင် ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်ဟု သင်ပြောသင့်သည်။ ၎င်းတို့၌ လူ့သဘာဝမရှိလျှင် ၎င်းတို့၌ လူ့သဘာဝမရှိဟု သင်ပြောသင့်သည်။ ၎င်းတို့က သင့်အား သွန်သင်သည့် အယူအဆများ၊ အမြင်များသည် သမ္မာတရားနှင့်မညီလျှင် သင်သည် ထိုအရာများကို နားထောင်ဖို့၊ သို့မဟုတ် လက်ခံဖို့ မလိုပေ။ သင်သည် ယင်းတို့ကို အရှိအတိုင်းပင် ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်နိုင်သည်။ သင့်မိဘများက “ငါက မင်းကောင်းဖို့အတွက် လုပ်နေတာ” ဟု ဆိုပြီး ဝုန်းဒိုင်းကြဲကာ အော်ကြီးဟစ်ကျယ်လုပ်လျှင် သင်အရေးစိုက်မည်လော။ (အရေးစိုက်မည်မဟုတ်ပါ။) သင့်မိဘများက မယုံကြည်လျှင် ၎င်းတို့အား အရေးမစိုက်ဘဲ ဤအတိုင်းထားလော့။ ၎င်းတို့က အော်ကြီးဟစ်ကျယ်လုပ်လျှင် ၎င်းတို့သည် နတ်ဆိုးများထက်မပိုပေဆိုသည်ကို သင်မြင်လိမ့်မည်။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်သက်ဆိုင်သော ဤသမ္မာတရားများသည် လူတို့လက်ခံရန် အလိုအပ်ဆုံးသော အယူအဆများ၊ အမြင်များဖြစ်သည်။ ၎င်းတို့က ယင်းတို့ကို လက်မခံနိုင်၊ သို့မဟုတ် လက်ခံစဉ်းစားရန် မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့က မည်သည့်အမျိုးအစားဖြစ်သနည်း။ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ နားမလည်ပေ။ ထို့ကြောင့် ၎င်းတို့သည် လူစဉ်မမီပေ။ မှန်သလော။ သင်က “အဖေ၊ အမေတို့က ကျွန်တော့်မိဘတွေဖြစ်ပေမဲ့ အဖေအမေတို့မှာ လူ့သဘာဝမရှိဘူး၊ အဖေ၊ အမေတို့ဆီမှာ မွေးခဲ့တာကို ကျွန်တော် တကယ်ရှက်မိတယ်၊ အခု အဖေ၊အမေတို့ကို ကျွန်တော်အရှိအတိုင်း မြင်နိုင်ပြီ၊ အဖေ၊ အမေတို့အထဲမှာ လူသားဝိညာဉ်မရှိဘူး၊ သမ္မာတရားကို နားမလည်ဘူး၊ ဒီလောက်သိသာပြီး ရိုးရှင်းတဲ့ အယူဝါဒတွေကိုတောင် အဖေ၊ အမေတို့နားမထောင်နိုင်ဘူး၊ ဒါတောင်မှ မဆင်မခြင် မှတ်ချက်တွေပေးပြီး အသရေဖျက်တဲ့စကားတွေ ပြောတယ်၊ အခု ဒါကို ကျွန်တော် နားလည်ပြီ၊ ကျွန်တော့်စိတ်နှလုံးထဲမှာ အဖေ၊ အမေတို့ကို ရှင်းရှင်းလင်းလင်း ပြတ်စဲပြီးပြီ၊ ဒါပေမဲ့ အပြင်ပန်းမှာတော့ အဖေ၊ အမေတို့ကို အလိုလိုက်ရဦးမယ်၊ အဖေ၊ အမေတို့ရဲ့ ကလေးတစ်ယောက်အနေနဲ့ ကျွန်တော့်တာဝန်၊ ဝတ္တရားတွေတချို့ကို ဖြည့်ဆည်းရဦးမယ်၊ ကျွန်တော် တတ်နိုင်ရင် ကျန်းမာရေးပစ္စည်းတချို့ ဝယ်ပေးမယ်၊ မတတ်နိုင်ရင်တော့ အဖေ၊ အမေတို့ဆီလာလည်ဖို့ ပြန်လာမယ်၊ ဒီလောက်ပဲ၊ အဖေ၊ အမေတို့ဘာပြောပြော အဖေ၊ အမေတို့ထင်မြင်ချက်တွေကို ချေပမှာမဟုတ်ဘူး၊ အဖေ၊ အမေတို့က အဓိပ္ပာယ်မရှိဘူး၊ ဒီတိုင်းပဲ ထားလိုက်တော့မယ်၊ အကျိုးနဲ့အကြောင်းနဲ့ပြောလို့မရတဲ့ အဖေ၊ အမေတို့လို နတ်ဆိုးတွေကို ဘာပြောရမှာလဲ၊ အဖေ၊ အမေတို့က ကျွန်တော့်ကို မွေးခဲ့တယ်ဆိုတဲ့အချက်နဲ့ ကျွန်တော့်ကို ပျိုးထောင်ပေးတဲ့ နှစ်တွေအားလုံးကို ထောက်ပြီး အဖေ၊ အမေတို့ဆီကို ကျွန်တော် လာလည်နေပြီး စောင့်ရှောက်နေမယ်၊ အဲလိုမဟုတ်ရင် ကျွန်တော်က အဖေ၊ အမေတို့ကို လုံးဝ အရေးစိုက်မှာမဟုတ်ဘူး၊ ကျွန်တော် အသက်ရှင်နေသရွေ့ မြင်ချင်မှာမဟုတ်ဘူး” ဟု တွေးရမည်။ သင်သည် အဘယ်ကြောင့် ၎င်းတို့ကို နောက်တစ်ဖန် မတွေ့လိုသနည်း၊ သို့မဟုတ် လုံးဝ မပတ်သက်လိုသနည်း။ သမ္မာတရားကို သင်နားလည်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရကို သင်သိမြင်သွားသောကြောင့်ဖြစ်သည်။ ၎င်းတို့၌ရှိသော မှားယွင်းသောအယူအဆနှင့် အမြင်အမျိုးမျိုးကို သိမြင်သွားသောကြောင့်ဖြစ်သည်။ ဤမှားယွင်းသောအယူအဆများနှင့် အမြင်များမှတစ်ဆင့် ၎င်းတို့၏ မိုက်မဲမှု၊ ခေါင်းမာမှု၊ ဆိုးယုတ်မှုတို့ကို သင်သိမြင်ပြီး ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်ကို ရှင်းလင်းစွာမြင်သောကြောင့် သင်သည် ၎င်းတို့ကို စိတ်ကုန်ပြီး ရွံရှာကာ ၎င်းတို့ကို မတွေ့မြင်လိုသောကြောင့်ဖြစ်သည်။ သင်သည် သားတစ်ယောက်၊ သို့မဟုတ် သမီးတစ်ယောက်အနေဖြင့် သင်၏တာဝန်များနှင့် သားသမီးဝတ်များကို ဖြည့်ဆည်းဖို့ မဖြစ်မနေလုပ်ဆောင်ရမည်ဟု ခံစားရသည်မှာ သင့်အတွင်းတွင်ရှိသော အသိစိတ်အနည်းငယ်ကြောင့်သာဖြစ်သည်။ ထို့ကြောင့် သင်သည် နှစ်သစ်အချိန်ကာလနှင့် ဘဏ်ပိတ်ရက်များ၌ ၎င်းတို့ထံသို့ လည်ပတ်ပြီး ဤမျှသာ လုပ်ဆောင်လော့။ ၎င်းတို့က ဘုရားသခင်အား သင်ယုံကြည်ခြင်း၊ သို့မဟုတ် သင့်တာဝန်အားထမ်းဆောင်ခြင်းတို့ကို မဟန့်တားသရွေ့ သင်အချိန်ရသောအခါ၌ ၎င်းတို့ထံ လည်ပတ်လော့။ သင်က ၎င်းတို့အား အမှန်ပင် မတွေ့လိုလျှင် ၎င်းတို့၏ အခြေအနေကို သိရန်အတွက် ဖုန်းခေါ်ဆိုခြင်းသာ ပြုလုပ်လော့။ ရံဖန်ရံခါ၌ ၎င်းတို့အား စာတိုက်မှတစ်ဆင့် ငွေအနည်းငယ်ပို့လော့။ ပြီးလျှင် အသုံးဝင်သောအရာအချို့ကို ဝယ်ပေးလော့။ ၎င်းတို့အား ဂရုစိုက်ခြင်းဖြစ်စေ၊ လည်ပတ်ခြင်းဖြစ်စေ၊ အဝတ်အစားများ ဝယ်ပေးခြင်းဖြစ်စေ၊ ၎င်းတို့၏ သုခအတွက် အရေးစိုက်ခြင်းဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ ဖျားနာသောအခါ၌ ကြည့်ရှုစောင့်ရှောက်ခြင်းဖြစ်စေ ဤအရာများအားလုံးသည် မိမိ၏ ခံစားချက်နှင့် အသိစိတ်နှင့်ပတ်သက်ပြီး မိမိ၏ သားသမီးဝတ္တရားအား ဖြည့်ဆည်းခြင်း၊ မိမိကိုယ်တိုင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းသာဖြစ်သည်။ ဤမျှသာဖြစ်ပြီး ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် အကျုံးမဝင်ပေ။ သင်က ၎င်းတို့ကို မည်မျှရွံရှာသည်ဖြစ်စေ၊ ၎င်းတို့၏ အနှစ်သာရကို သင်မည်မျှ ကောင်းစွာ သိမြင်နိုင်သည်ဖြစ်စေ ၎င်းတို့အသက်ရှင်နေသရွေ့ သင်သည် သား၊ သို့မဟုတ် သမီးတစ်ယောက်အနေဖြင့် သင်၏ လိုအပ်သော ဝတ္တရားများကို ဖြည့်ဆည်းရမည်။ သင် ငယ်ရွယ်သောအခါ၌ သင့်မိဘများက သင့်အား စောင့်ရှောက်ခဲ့ပြီး ၎င်းတို့ အသက်ကြီးသောအခါ၌ သင့်၌ နည်းလမ်းရှိသရွေ့ ၎င်းတို့ကို စောင့်ရှောက်ရမည်။ ၎င်းတို့က ဆန္ဒရှိလျှင် ၎င်းတို့က သင့်အား နားပူနားဆာလုပ်ခြင်းကို ခွင့်ပြုလော့။ ၎င်းတို့က သင့်အတွင်းသို့ သွတ်သွင်းသော အယူအဆများ၊ အမြင်များကို သင်နားမထောင်သရွေ့၊ ၎င်းတို့ပြောသည့်အရာကို သင် လက်မခံသရွေ့၊ ၎င်းတို့ကို သင့်အား နှောင့်ယှက်ခြင်း၊ ချုပ်ချယ်ခြင်းမပြုစေသရွေ့ လုံးဝ ပြဿနာမရှိပေ။ ဤသည်မှာ သင်သည် ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာပြီး ဘုရားရှေ့တွင် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နေပြီဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ သင်က ၎င်းတို့ကို ဂရုစိုက်ခြင်းကြောင့် ဘုရားသခင်က သင့်အား ရှုတ်ချမည်မဟုတ်ဘဲ “သင်သည် အဘယ်ကြောင့် အလွန် သံယောဇဉ်တွယ်တာနေသနည်း၊ သင်သည် သမ္မာတရားကို လက်ခံပြီး လိုက်စားနေပြီဖြစ်သည်၊ ဤသို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ကို စောင့်ရှောက်နေသေးသနည်း” ဟု ဆိုမည်မဟုတ်ပေ။ ဤသည်မှာ သင်ကျင့်ကြံပြုမူသင့်သည့် အခြေအနေပေးသရွေ့ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းဖြစ်သည့် အခြေခံအကျဆုံးသော တာဝန်၊ ဝတ္တရားဖြစ်သည်။ ဤသည်မှာ သင်က သံယောဇဉ်တွယ်တာသည်ဟု အဓိပ္ပာယ်မရသကဲ့သို့ ဘုရားသခင်က သင့်အား ဤအတွက် ရှုတ်ချမည်မဟုတ်ပေ။ ဤကမ္ဘာတွင် သင်၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းသင့်သည့် လူများဖြစ်သော သင့်မိဘများမှလွဲ၍ အခြားမည်သူ့မဆိုအပေါ်၌၊ သင်၏ မွေးချင်းများ၊ သင်၏ မိတ်ဆွေများ၊ သို့မဟုတ် သင်၏ အဒေါ်နှင့် ဦးလေးမျိုးစုံတို့အပေါ်၌ တာဝန်၊ ဝတ္တရားမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် ၎င်းတို့အား ကျေနပ်စေရန်၊ သို့မဟုတ် မျက်နှာချိုသွေးရန်၊ သို့မဟုတ် ကူညီရန် မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ တာဝန်၊ ဝတ္တရားမရှိပေ။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။)

“မိဘက အမြဲတမ်း မှန်တယ်” ဟူသည့် အဆိုနှင့် ပတ်သက်ပြီး ငါပြောသည့်အရာသည် ရှင်းသလော။ (ရှင်းပါသည်။) မိဘများက မည်သူနည်း။ (ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်။) မှန်သည်။ မိဘများသည် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်။ သင်သည် တစ်ခါတစ်ရံတွင် သင့်မိဘများအား သတိရလွမ်းဆွတ်ပြီး “ဒီ ပြီးခဲ့တဲ့နှစ်နှစ်မှာ ငါ့မိဘတွေက ဘယ်လိုနေနေကြလဲမသိဘူး၊ ငါ့ကို သူတို့ သတိရလား၊ သူတို့တွေ အငြိမ်းစားယူသွားပြီလား၊ ဘဝမှာ အခက်အခဲတစ်ခုခုရှိသလား၊ သူတို့ နေမကောင်းဖြစ်တဲ့အခါ သူတို့ကို စောင့်ရှောက်မယ့်သူတစ်ယောက်ယောက်ရှိရဲ့လား” ဟု တွေးလျှင်၊ သင်သည် ဤအရာများကို တွေးပြီး “မိဘက အမြဲတမ်း မှန်တယ်၊ ငါက ငါ့မိဘတွေ မျှော်မှန်းသလို မလုပ်နိုင်လို့ သူတို့က စိတ်တိုတာကြောင့်၊ သူတို့က ငါ့ကို အရမ်းစိတ်အားထက်သန်ပြီး ချစ်တာကြောင့် ငါ့ကို သူတို့က ရိုက်ပြီး ဆူငေါက်လေ့ရှိခဲ့တယ်၊ ငါ့မိဘတွေက လူတိုင်းထက် ပိုကောင်းတယ်၊ သူတို့တွေက ကမ္ဘာမှာ ငါ့ကို အချစ်ဆုံးလူတွေပဲ၊ အခု ငါ့မိဘတွေရဲ့ မကောင်းတဲ့ အရည်အသွေးတွေကို စဉ်းစားကြည့်တော့ အဲဒါတွေကို မကောင်းတဲ့ အရည်အသွေးတွေအဖြစ် ငါမမြင်တော့ဘူး၊ မိဘက အမြဲတမ်း မှန်တာကြောင့်ပဲ” ဟု တွေးသည် ဆိုပါစို့၊ ပြီးလျှင် သင်က ဤသို့ တွေးလေလေ၊ ၎င်းတို့ကို တွေ့ချင်လေလေဖြစ်သည်။ ဤသို့ တွေးသည်မှာ ကောင်းသလော။ (မကောင်းပါ။) မကောင်းပေ။ မည်သို့ တွေးသင့်သနည်း။ သင်က “ငါ့မိဘတွေက ငါ့ကို ရိုက်တယ်၊ ဆူငေါက်တယ်၊ ငါကလေးတုန်းက ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို ထိခိုက်တယ်၊ ကြင်နာတဲ့ စကားကို တစ်ခါမှ မပြောဘူး၊ ဒါမှမဟုတ် အားမပေးဘူး၊ ငါ့ကို အတင်းစာကျက်ခိုင်းတယ်၊ အကနဲ့ အဆိုကိုလည်း အတင်းသင်ခိုင်းတယ်၊ အိုလံပစ်သင်္ချာကို တွက်ခိုင်းတယ်၊ အကုန်လုံးက ငါမကြိုက်တဲ့ဟာတွေပဲ၊ ငါ့မိဘတွေက တော်တော်စိတ်တိုဖို့ကောင်းတယ်၊ အခု ငါ ဘုရားကို ယုံကြည်ပြီး လွတ်လပ်သွားပြီ၊ ငါ ကောလိပ်မပြီးခင်မှာတောင် ငါ့တာဝန်ကို ထမ်းဆောင်ဖို့ အိမ်ကထွက်ခဲ့တယ်၊ ကောင်းတာက ဘုရားသခင်ပဲ၊ ငါ့မိဘတွေကို ငါသတိမရဘူး၊ သူတို့က ငါ ဘုရားကို ယုံကြည်တာကို ပိတ်ပင်တယ်၊ ငါ့မိဘတွေက နတ်ဆိုးတွေပဲ” ဟု တွေးသည်။ ထို့နောက်တွင် သင်သည် ထပ်၍ “ဒါမမှန်ဘူး၊ ငါ့မိဘတွေက အမြဲတမ်း မှန်တယ်၊ ငါ့မိဘတွေက ငါနဲ့ အနီးစပ်ဆုံးသူတွေပဲ၊ ဒီတော့ သူတို့ကို သတိရတာက မှန်ဖို့ပဲရှိတယ်” ဟု တွေးတောသည်။ ဤသို့ စဉ်းစားသည်မှာ မှန်သလော။ (မမှန်ပါ။ မှားယွင်းသည်။) ဤသို့ဆိုလျှင် မည်သို့စဉ်းစားသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သနည်း။ (ကျွန်ုပ်တို့၏ မိဘများက မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်တို့အတွက် စဉ်းစားပြီး လုပ်ဆောင်သည်ဟုလည်းကောင်း၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့သည် ကျွန်ုပ်တို့အပေါ်၌ ကောင်းသည်ဟုလည်းကောင်း၊ ၎င်းတို့သည် ကျွန်ုပ်တို့အား မည်သည့်အခါမျှ ထိခိုက်မည်မဟုတ်ဟုလည်းကောင်း ကျွန်ုပ်တို့ ထင်မြင်ခဲ့လေ့ရှိသည်။ ကျွန်ုပ်၏ မိဘများသည်လည်း ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်၊ စာတန်ထံမှ အယူအဆနှင့် အမြင်အမျိုးမျိုးကို လက်ခံခဲ့သောသူများဖြစ်သည်ဆိုသည်ကို ယခု ဘုရားသခင်၏ မိတ်သဟာယက ကျွန်ုပ်အား သဘောပေါက်စေသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် ကျွန်ုပ်တို့၏ မိဘများသည် ကျွန်ုပ်တို့အတွင်းသို့ ဆိုးယုတ်သော အမြင်များစွာကို သွတ်သွင်းခဲ့ပြီး ကျွန်ုပ်တို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်မှုများတွင် သမ္မာတရားနှင့် အလွန်အမင်း သွေဖည်စေသည်။ ဆိုးယုတ်သော အတွေးအခေါ်များဖြင့် ကျွန်ုပ်တို့အား အသက်ရှင်စေသည်။ ယခုတွင် ကျွန်ုပ်၏ မိဘများ၏ စိတ်နှလုံးထဲ၌ မည်သည့်အရာရှိသည်ကို ကျွန်ုပ် ပိုင်းခြားသိမြင်မှုအချို့ရှိသည့်အခါတွင် ကျွန်ုပ်သည် ၎င်းတို့အား သတိရခြင်း၊ ၎င်းတို့အကြောင်းအား စဉ်းစားခြင်း အလွန်ပင်လျော့နည်းသွားလိမ့်မည်။) သင့်မိဘများအား ကိုင်တွယ်ရာတွင် သင်သည် ဦးစွာ ဤသွေးသားတော်စပ်မှုမှ ဆင်ခြင်တုံတရားရှိစွာဖြင့် ထွက်ခွာသင့်ပြီး သင်လက်ခံပြီး နားလည်နှင့်ပြီးဖြစ်သော သမ္မာတရားများကို အသုံးပြုလျက် ပိုင်းခြားသိမြင်သင့်သည်။ ပြုမူဆောင်ရွက်မှုနှင့် ပတ်သက်၍ သင့်မိဘများ၏ အတွေး၊ အမြင်၊ ရည်ရွယ်ချက်များအား အခြေခံပြီး၊ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ၎င်းတို့၏ စည်းမျဉ်းများ၊ နည်းလမ်းများအား အခြေခံပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်လော့။ ဤသည်မှာ ၎င်းတို့သည်လည်း စာတန်၏ ဖျက်ဆီးခြင်းကို ခံရသောသူများဖြစ်သည်ဆိုသည်ကို အတည်ပြုလိမ့်မည်။ သင့်မိဘများသည် မြင့်မြတ်သည်၊ ကိုယ်ကျိုးမငဲ့ပေ၊ သင့်အပေါ် ကြင်နာသည်ဟု အစဉ်တွေးခြင်းထက် သမ္မာတရား၏ အမြင်ရှုထောင့်မှနေ၍ ၎င်းတို့ကို ရှုမြင်ပြီး ပိုင်းခြားသိမြင်လော့။ သင်က ၎င်းတို့အား ဤသို့ရှုမြင်လျှင် ၎င်းတို့၌ မည်သည့်ပြဿနာများရှိသည်ကို သင် မည်သည့်အခါမျှ ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။ သင်၏ မိသားစုအနှောင်အဖွဲ့၊ သို့မဟုတ် သား၊ သို့မဟုတ် သမီးတစ်ယောက်အဖြစ် သင်၏ အခန်းကဏ္ဍ၏ ရှုထောင့်မှနေ၍ သင့်မိဘများကို မကြည့်နှင့်။ ဤစက်ဝန်းအပြင်သို့ ထွက်ပြီး ၎င်းတို့က ကမ္ဘာလောကကြီးအား၊ သမ္မာတရားအား၊ လူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများအား မည်သို့ ကိုင်တွယ်သည်ကို ကြည့်ရှုလော့။ ပြီးလျှင် ပို၍ တိကျစွာဖြင့် လူများ၊ အမှုအရာများအား သင်မည်သို့ရှုမြင်သင့်သည်၊ မည်သို့ကျင့်ကြံပြုမူပြီး လုပ်ဆောင်သင့်သည်ဆိုသည်တို့နှင့် ပတ်သက်ပြီး သင့်မိဘများက သင့်အတွင်းသို့ ပုံစံသွင်းပေးခဲ့သော အယူအဆများ၊ အမြင်များကို ကြည့်ရှုလော့။ ဤသည်မှာ ၎င်းတို့အား သင်သိမြင်ပြီး ပိုင်းခြားသင့်သည့်နည်းဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့၏ လူသားအရည်အသွေးများနှင့် ၎င်းတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သည်ဆိုသည့်အချက်က အနည်းငယ်ချင်းစီဖြင့် ရှင်းလင်းလာလိမ့်မည်။ ၎င်းတို့သည် မည်သည့်လူမျိုးဖြစ်သနည်း။ ၎င်းတို့သည် ယုံကြည်သူများမဟုတ်လျှင် ဘုရားသခင်ကို ယုံကြည်သူများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်သို့ရှိသနည်း။ ၎င်းတို့က ယုံကြည်သူများဖြစ်လျှင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားကို ချစ်သလော။ အပြုသဘောဆောင်သောအရာများကို နှစ်သက်သလော။ ဘဝနှင့် ကမ္ဘာလောကအပေါ်တွင် ၎င်းတို့၏ ရှုမြင်သုံးသပ်ချက်မှာ အဘယ်နည်း။ စသဖြင့် ဖြစ်သည်။ သင်သည် ဤအရာများအပေါ် အခြေခံပြီး သင့်မိဘများအား ပိုင်းခြားသိမြင်နိုင်လျှင် သင့်၌ ရှင်းလင်းသော အယူအဆရှိလိမ့်မည်။ ဤအရာများ ရှင်းလင်းသွားသည်နှင့် သင့်စိတ်တွင်ရှိသော သင့်မိဘများ၏ မြင့်သော၊ မြတ်သော၊ မပြောင်းလဲနိုင်သော အဆင့်အတန်းသည် ပြောင်းလဲလိမ့်မည်။ ပြောင်းလဲသွားသောအခါတွင် သင့်မိဘများ၏ အတိအကျ စကားလုံးများ၊ လုပ်ရပ်များနှင့်အတူ ၎င်းတို့ပြသသော မိခင်၊ ဖခင်အချစ်တို့နှင့် ၎င်းတို့အပေါ် သင်မြင်သော ထိုမြင့်မြတ်သောပုံရိပ်များသည် သင့်စိတ်တွင် အလွန်နက်နဲစွာ စွဲထင်နေတော့မည်မဟုတ်ပေ။ သင့်အတွက် သင့်မိဘများ၏ ချစ်ခြင်းနှင့်သက်ဆိုင်သော ကိုယ်ကျိုးမငဲ့ခြင်း၊ ကြီးမြတ်ခြင်း၊ ထို့အပြင် သင့်အား စောင့်ရှောက်ရာ၌ ၎င်းတို့၏ စိတ်နှစ်မြုပ်ခြင်း၊ သင့်အား ကာကွယ်ပေးခြင်းနှင့် သင့်အား တုန်နေအောင် ချစ်ခြင်းတို့သည်ပင် မသိမသာဖြင့် သင့်စိတ်ထဲရှိ အရေးကြီးသောနေရာကို ယူမည်မဟုတ်ပေ။ လူတို့က “ငါ့မိဘတွေက ငါ့ကို အရမ်းချစ်တယ်၊ ငါ အိမ်ကနေ အဝေးမှာရှိနေတဲ့အချိန်တိုင်းမှာ ငါ့အမေက ငါ့ကို ‘စားပြီးပြီလား၊ ပုံမှန်စားရဲ့လား’ ဆိုပြီး အမြဲတမ်းမေးတယ်၊ အဖေက ‘မင်းမှာ ပိုက်ဆံလုံလုံလောက်လောက်ရှိရဲ့လား၊ ပိုက်ဆံမရှိတော့ရင် ငါမင်းကို နည်းနည်းထပ်ပို့လိုက်မယ်’ ဆိုပြီး အမြဲတမ်း မေးတယ်၊ ငါက ‘ပိုက်ဆံရှိပါတယ်၊ မလိုဘူး’၊ လို့ပြောတယ်၊ အဖေက ‘မဖြစ်ဘူး’၊ မင်းက ‘ပိုက်ဆံရှိတယ်ပြောပေမဲ့ ဘာပဲဖြစ်ဖြစ် ငါနည်းနည်း ပို့လိုက်မယ်’ လို့ ပြန်ပြောတယ်” ဟု မကြာခဏ ပြောကြသည်။ အမှန်မှာ သင့်မိဘများသည် ချွေတာစွာ နေထိုင်ပြီး ၎င်းတို့ကိုယ်တိုင်အတွက် ပိုက်ဆံသုံးရန် တွန့်ဆုတ်ကြသည်။ သင်သည် အိမ်နှင့်အဝေးတွင်ရှိသောအခါ သင့်၌ သုံးစွဲရန် ပိုက်ဆံအနည်းငယ်ပို၍ ရှိရန်အတွက် သင့်အား ထောက်ပံ့ရန် ၎င်းတို့၏ ပိုက်ဆံကို အသုံးပြုသည်။ သင့်မိခင်နှင့် ဖခင်က “အိမ်မှာ ချွေတာပါ၊ ဒါပေမဲ့ ခရီးသွားနေတုန်းမှာ ပိုက်ဆံအပိုနည်းနည်းယူသွား၊ အပြင်တွေ သွားရတဲ့အခါမှာ နည်းနည်းပိုယူသွား၊ မင်းမှာ ပိုက်ဆံလုံလုံလောက်လောက်မရှိရင် ငါ့ကိုသာပြော၊ ငါ မင်းဆီကို နည်းနည်းပို့လိုက်မယ်၊ ဒါမှမဟုတ် မင်းကတ်ထဲကို ထည့်လိုက်မယ်” ဟု အစဉ် ပြောဆိုသည်။ သင့်မိဘများ၏ ကိုယ်ကျိုးမကြည့်သော အရေးစိုက်မှု၊ ထောက်ထားမှု၊ ဂရုစိုက်မှုနှင့် အနေရကျပ်အောင် ပြုလုပ်ခြင်း၊ အလိုလိုက်ခြင်းတို့သည်ပင် သင့်အမြင်တွင် ၎င်းတို့၏ ကိုယ်ကျိုးမကြည့်သော စိတ်နှစ်လုပ်ဆောင်ခြင်းဖြစ်သည့် ဖျက်၍မရနိုင်သော အမှတ်သားတစ်ခု အစဉ် ဖြစ်နေလိမ့်မည်။ ၎င်းတို့၏ ကိုယ်ကျိုးမကြည့်သော စိတ်နှစ်လုပ်ဆောင်ခြင်းသည် သင့်စိတ်နှလုံးအတွင်းထဲတွင် သင်နှင့်၎င်းတို့ကြားရှိ ဆက်ဆံရေးကို ခိုင်မြဲစွာဆက်ပေးသော အစွမ်းထက်သော၊ နွေးထွေးသောခံစားချက်တစ်ခုဖြစ်လာသည်။ ဤခံစားချက်ကြောင့် သင်သည် ၎င်းတို့ကို လက်မလွှတ်နိုင်ပေ။ ယင်းကြောင့် သင်သည် ၎င်းတို့ကို စိတ်ပူပြီး ၎င်းတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်သည်။ ၎င်းတို့ကို အစဉ်မပြတ် သတိရသည်။ ယင်းကြောင့် သင်သည် ဤသံယောဇဉ်တွင် ပိတ်မိပြီး ၎င်းတို့ချစ်ခင်မှု၏ အကျပ်ကိုင်ခြင်းကိုပင် စဉ်ဆက်မပြတ် ခံယူလိုစိတ်ရှိနေသည်။ ဤသည်မှာ အဘယ်သို့သော ဖြစ်ရပ်မျိုး ဖြစ်သနည်း။ သင့်မိဘများ၏ အချစ်သည် အမှန်ပင် ကိုယ်ကျိုးမငဲ့ပေ။ သင့်မိဘများက သင့်အား မည်မျှဂရုစိုက်ပါစေ၊ သင့်အား သုံးစွဲရန် ပိုက်ဆံပေးဖို့အတွက်နှင့် ၎င်းတို့သည် ကုတ်ကျစ်ပြီး ချွေတာပါစေ၊ သင်လိုအပ်သည့်အရာများအားလုံးကို ဝယ်ပေးပါစေ ယင်းသည် ယခုအချိန်၌ သင့်အတွက် ကောင်းချီးတစ်ခုဖြစ်နိုင်သော်လည်း ရေရှည်တွင် သင့်အတွက် ကောင်းသောအရာ ဖြစ်မည်မဟုတ်ပေ။ ၎င်းတို့က ကိုယ်ကျိုးမငဲ့လေလေ၊ သင့်အား ပို၍ ကောင်းစွာ ဆက်ဆံလေလေ၊ သင့်အား ဂရုစိုက်လေလေ၊ သင်သည် ဤချစ်ခင်မှုမှ သင့်ကိုယ်သင် ကင်းကွာရန် မလုပ်ဆောင်နိုင်လေလေ၊ လက်လွှတ်ရန်၊ မေ့ပစ်ရန် မလုပ်ဆောင်နိုင်လေလေဖြစ်ပြီး ၎င်းတို့ကို သင် သတိရလေလေဖြစ်သည်။ သင်သည် သင်၏ သားသမီးဝတ်ကို လုပ်ဆောင်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် ဝတ္တရားတစ်ခုခုကို လုပ်ဆောင်ရန် ပျက်ကွက်သောအခါ သင်သည် ၎င်းတို့အတွက် ပို၍ပင် ဝမ်းနည်းလိမ့်မည်။ ဤအခြေအနေများအောက်တွင် သင့်၌ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန်၊ သို့မဟုတ် ၎င်းတို့၏ ချစ်ခြင်း၊ စိတ်နှစ်မြုပ်ခြင်းနှင့် သင့်အတွက် ၎င်းတို့လုပ်ဆောင်ခဲ့သောအရာရာကို မေ့လျော့ရန်၊ သို့မဟုတ် ပြောပြရန် မထိုက်တန်သည့် အရာအားလုံးကို ဆင်ခြင်ရန် စိတ်နှလုံးမရှိပေ။ ဤသည်မှာ သင့်အသိစိတ်၏ သက်ရောက်မှုဖြစ်သည်။ သင်၏ အသိစိတ်က သမ္မာတရားကို ကိုယ်စားပြုသလော။ (ကိုယ်စားမပြုပါ။) သင့်မိဘများသည် အဘယ်ကြောင့် သင့်အပေါ် ဤသို့လုပ်ဆောင်သနည်း။ ၎င်းတို့၌ သင့်အပေါ် ချစ်ခင်မှုရှိသောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် သင့်အပေါ် ၎င်းတို့၏ ကြင်နာမှုသည် ၎င်းတို့၏ လူ့သဘာဝအနှစ်သာရကို ကိုယ်စားပြုနိုင်သလော။ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို ကိုယ်စားပြုနိုင်သလော။ ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ “သားက အမေ့ရဲ့ အသွေးအသားပဲ၊ သားကိုပျိုးထောင်ဖို့ အမေ ချွေးပြန်အောင်လုပ်ပြီး အပင်ပန်းခံခဲ့တယ်၊ သားစိတ်ထဲမှာ ဘာစဉ်းစားနေတယ်ဆိုတာကို အမေ ဘယ်လိုမသိဘဲ နေမှာလဲ” ဟု အစဉ်ပြောသော မိခင်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ဤနီးစပ်သော မိသားစုအနှောင်အဖွဲ့များနှင့် ဤသွေးသားတော်စပ်သော ဆက်နွှယ်မှုကြောင့် သင့်အပေါ် ကောင်းခြင်းဖြစ်သည်။ သို့သော် ၎င်းတို့က သင့်အပေါ် အမှန်တကယ် ကောင်းခြင်း ဖြစ်သလော။ ဤသည်မှာ အမှန်တကယ်ပင် ၎င်းတို့၏ သရုပ်မှန်ဖြစ်သလော။ ဤသည်မှာ ၎င်းတို့ လူ့သဘာဝအနှစ်သာရ၏ အမှန်တကယ် ဖော်ပြမှုဖြစ်သလော။ ဤသို့ သေချာပေါက် ဖြစ်ခြင်းမျိုး မဟုတ်ပေ။ သင်သည် ၎င်းတို့နှင့် သွေးသားတော်စပ်သောကြောင့် ၎င်းတို့သည် တာဝန်သိစိတ်ကြောင့် သင့်အပေါ် ကောင်းမွန်သင့်သည်ဟု ထင်မြင်ကြသည်။ သို့သော် သင်သည် ၎င်းတို့၏ ကလေးတစ်ယောက်အနေဖြင့် ၎င်းတို့သည် ကြင်နာခြင်းရှိသောကြောင့် သင့်အပေါ် ကောင်းမွန်ခြင်းဖြစ်သည်ဟု ထင်မြင်ပြီး ပြန်လည်ကျေးဇူးဆပ်နိုင်မည်မဟုတ်ဟု ခံစားရသည်။ သင်က ၎င်းတို့၏ ကြင်နာမှုကို အပြည့်အဝ ပြန်မဆပ်နိုင်လျှင်၊ သို့မဟုတ် အသေးငယ်ဆုံးသော အစိတ်အပိုင်းမျှပင် ပြန်မဆပ်နိုင်လျှင် သင်၏ အသိစိတ်က သင့်အား ရှုတ်ချလိမ့်မည်။ သင့်အသိစိတ်က သင့်အားရှုတ်ချသောအခါ သင်ရရှိသော ခံစားချက်သည် သမ္မာတရားနှင့် ညီသလော။ တစ်နည်းအားဖြင့် ၎င်းတို့သည် သင့်မိဘများမဟုတ်ဘဲ ဤအစား အုပ်စုတစ်ခုအတွင်းတွင် သင်နှင့် သာမန်ဆက်ဆံသည့် သာမန်လူများဖြစ်လျှင် ၎င်းတို့က သင့်အား ဤသို့ ဆက်ဆံမည်လော။ (ဤသို့ ဆက်ဆံမည်မဟုတ်ပါ။) အသေအချာပင် ဆက်ဆံမည်မဟုတ်ပေ။ ၎င်းတို့သည် သင့်မိဘများမဟုတ်ဘဲ သင်နှင့် သွေးသားတော်စပ်ခြင်းမရှိလျှင် သင့်အပေါ် ၎င်းတို့၏ ပြုမူပြောဆိုပုံနှင့် သဘောထားသည် ပုံစံအမျိုးမျိုးဖြင့် ကွဲပြားလိမ့်မည်။ ၎င်းတို့က သင့်အား အသေအချာပင် ဂရုစိုက်မည်မဟုတ်၊ ကာကွယ်မည်မဟုတ်၊ စောင့်ရှောက်မည်မဟုတ်၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာကိုမျှ ကိုယ်ကျိုးမကြည့်ဘဲ မြုပ်နှံမည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် သင့်အား မည်သို့ဆက်ဆံမည်နည်း။ သင်သည် ငယ်ရွယ်ပြီး လူမှုအတွေ့အကြုံမရှိသောကြောင့် သင့်အား အနိုင်ကျင့်ကောင်း ကျင့်နိုင်သည်၊ သို့မဟုတ် သင်၏ နိမ့်ကျသော အခြေအနေနှင့် အဆင့်အတန်းကြောင့် သင့်အား ခွဲခြားဆက်ဆံနိုင်သည်။ သင့်အား ဗြူရိုကရက်ဆန်သောလေသံဖြင့် အစဉ်ပြောဆိုပြီး ပညာပေးဖို့ ကြိုးစားနိုင်သည်၊ သို့မဟုတ် သင်က သာမန်ရုပ်ရည်ရှိသည်ဟု ၎င်းတို့က ထင်မြင်ပြီး သင်က ၎င်းတို့ကို စကားပြောလျှင် ၎င်းတို့က သင့်အား လုံးဝ အာရုံမစိုက်ခြင်း၊ သင်က ၎င်းတို့အား လိုက်မမီနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ၎င်းတို့က သင့်အား တစ်ခုခုအသုံးဝင်သည်ဟု မမြင်ခြင်း၊ ၎င်းတို့က သင်နှင့် ရောနှောဆက်ဆံခြင်း၊ သို့မဟုတ် တစ်ခုခုပတ်သက်မှုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် သင်သည် ဟန်ဆောင်မှုမရှိဟု ၎င်းတို့ ထင်ကောင်းထင်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် အမှုကိစ္စတစ်ခုခုကို သိလိုလျှင် သင့်အား မေးမြန်းခြင်း၊ သင့်ထံမှ အဖြေရဖို့ ကြိုးစားခြင်းတို့ကို အစဉ် စတင်လုပ်ဆောင်လိမ့်မည်။ သို့မဟုတ် ၎င်းတို့သည် သင့်ထံမှ တစ်နည်းနည်းဖြင့် မျှတမှုမရှိသော အခွင့်အရေးကို ရယူလိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဥပမာ သင်က လျှော့ဈေးဖြင့်ရသော ပစ္စည်းတစ်ခုခုကို ဝယ်သည့်အခါတိုင်းတွင် ၎င်းတို့က သင့်အား ၎င်းတို့ကို အစဉ်မျှဝေစေလိုခြင်း၊ သို့မဟုတ် အနည်းငယ်ရယူလိုခြင်းကဲ့သို့သောအရာများဖြစ်သည်။ သို့မဟုတ် သင်က လမ်းပေါ်သို့ လဲကျပြီး သင့်အား ထူမပေးရန် ၎င်းတို့၏ အကူအညီကို လိုအပ်သောအခါ၌ ၎င်းတို့က သင့်အား ကြည့်မည်ပင်မဟုတ်ဘဲ ထိုအစား သင့်အား ကန်ထုတ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် သင်က ဘတ်စ်ကားပေါ်သို့တက်သောအခါ သင်၏ ထိုင်ခုံအား ၎င်းတို့အတွက် ဖယ်မပေးလျှင် ၎င်းတို့က “ငါက အသက်အရမ်းကြီးနေပြီ၊ ဘာလို့ ငါ့အတွက် ထိုင်ခုံဖယ်မပေးတာလဲ၊ ဘာလို့ ဒီလောက်မသိနားမလည်တဲ့ လူငယ်ဖြစ်နေတာလဲ၊ မင်းမိဘတွေက မင်းကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ လုံးဝ သင်မပေးဘူးလား” ဟု ဆိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင့်အား အပြစ်ဖော်ဆုံးမခြင်းပင် ပြုလုပ်လိမ့်မည်။ ဤသို့ဆိုလျှင် သင့်စိတ်နှလုံးအတွင်း၌ နက်နဲစွာ ပုန်းကွယ်နေသော မိခင်အချစ်နှင့် ဖခင်အချစ်တို့သည် ၎င်းတို့လူ့သဘာဝအား အမှန်တကယ် ဖွင့်ပြခြင်းဟုတ်မဟုတ်ကို သင် စူးစမ်းရှာဖွေဖို့ လိုအပ်သည်။ သင်သည် သင့်အပေါ် ၎င်းတို့၏ ကိုယ်ကျိုးမကြည့်သော စိတ်နှစ်မြုပ်မှုကြောင့်၊ ၎င်းတို့၏ ကြီးမြတ်သော မိခင်အချစ်နှင့် ဖခင်အချစ်တို့ကြောင့် မကြာခဏပင် စိတ်ခံစားရသည်။ သင်သည် ၎င်းတို့ကို အလွန်ပင် တွယ်တာသည်။ သတိရသည်။ သင်ကိုယ်တိုင်၏ ဘဝဖြင့် ၎င်းတို့ကို အစဉ်မပြတ် ပြန်လည်ပေးဆပ်လိုသည်။ ဤအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ ဤသည်မှာ အသိစိတ်ကြောင့်သာဖြစ်လျှင် ပြဿနာက ဤမျှမနက်နဲဘဲ ကုစားနိုင်သည်။ သို့သော် ဤသည်မှာ ၎င်းတို့အား ချစ်ခင်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်လျှင် အလွန်ပင် ဒုက္ခပေးတတ်သည်။ သင်သည် ဤအတွင်း၌ ပိုပို၍ နက်နဲစွာ ပိတ်မိပြီး သင့်ကိုယ်သင် ဆွဲထုတ်နိုင်မည်မဟုတ်ပေ။ သင်သည် ချစ်ခင်မှုတွင် မကြာခဏ ပိတ်မိနေပြီး သင့်မိဘများအား သတိရလွမ်းဆွတ်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင့်မိဘများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန်အတွက် သင်သည် ဘုရားသခင်ကိုပင် သစ္စာဖောက်လိမ့်မည်။ ဥပမာ သင့်မိဘများက ဆေးရုံ၌ အလွန်အမင်း နေမကောင်းဖြစ်နေသည်၊ သို့မဟုတ် ၎င်းတို့၌ ဆိုးဝါးသော တစ်စုံတစ်ခုဖြစ်ပျက်ပြီး ၎င်းတို့ မဖြေရှင်းနိုင်သည့် အခက်အခဲတစ်ခုခုရှိကာ မချိတင်ကဲ ဝေဒနာဖြစ်ပြီး ဝမ်းနည်းပူဆွေးနေရသည်ဟု သင်ကြားလျှင်၊ သို့မဟုတ် သင့်မိဘများက ဆုံးပါးတော့မည်ဖြစ်သည်ဟူသည့် သတင်းကို သင်ကြားရလျှင် မည်သည့်အရာကို သင် လုပ်ဆောင်မည်နည်း။ ထိုအချိန်တွင် သင်၏ ချစ်ခင်မှုက သင်၏ အသိစိတ်အား ကြီးစိုးခြင်းရှိမည်၊ မရှိမည်ကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား သွန်သင်ပေးခဲ့သည့် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များက သင်၏ အသိစိတ်အား ဆုံးဖြတ်ချက်တစ်မျိုးမျိုးချမှတ်ရန် ဦးလှည့်ပေးခြင်း ရှိမည်၊မရှိမည်ကိုလည်းကောင်း သိဖို့ မဖြစ်နိုင်ပေ။ ဤအမှုကိစ္စများ၏ ရလဒ်သည် မိဘများနှင့် သားသမီးများကြား ဆက်ဆံရေးအား သင်မည်သို့ မြင်လေ့ရှိသည်၊ မိဘများအား မည်သိုဆက်ဆံရမည်ဆိုသည့် သမ္မာတရားအတွင်းသို့ သင်မည်မျှ ဝင်ရောက်ပြီးသည်၊ ၎င်းတို့အကြောင်းကို သင်မည်မျှသိမြင်နိုင်သည်၊ လူသားမျိုးနွယ်၏ အနှစ်သာရနှင့်ပတ်သက်ပြီး သင့်၌ နားလည်မှုမည်မျှရှိသည်၊ သင့်မိဘများ၏ လူ့သဘာဝ၏ အရည်အသွေးနှင့် အနှစ်သာရ၊ ထို့အပြင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့်ပတ်သက်ပြီး သင့်၌ နားလည်မှုမည်မျှရှိသည်ဆိုသည်တို့အပေါ် မူတည်သည်။ အရေးကြီးဆုံးမှာ ဤအမှုကိစ္စများ၏ ရလဒ်သည် မိသားစုအဆင့်တွင်ရှိသော ဆက်ဆံရေးများအား သင်မည်သို့ ကိုင်တွယ်သည်ဆိုသည်နှင့် သင်ကိုင်စွဲသင့်သည့် မှန်ကန်သော အမြင်တို့အပေါ်တွင် မူတည်သည်။ ဤသည်တို့မှာ ဤသို့သော မည်သည့်အမှုကိစ္စမဆို သင့်အပေါ်သို့ မကျရောက်မီတွင် သင့်ကိုယ်သင် ပြင်ဆင်ထားသင့်သည့် သမ္မာတရားအမျိုးမျိုးဖြစ်သည်။ အခြားသောလူတိုင်း၊ ဆွေမျိုးများ၊ မိတ်ဆွေများ၊ အဒေါ်၊ ဦးလေးများ၊ ဘိုးဘွားများ၊ အခြားပြင်ပလူများကိုမူ အလွယ်တကူ လက်လွှတ်နိုင်သည်။ ၎င်းတို့သည် မိမိ၏ ချစ်ခင်တွယ်တာမှု၌ အရေးကြီးသောနေရာကို ယူမထားသောကြောင့်ဖြစ်သည်။ ဤလူများကို အလွယ်တကူလက်လွှတ်နိုင်သည်။ သို့သော် မိဘများက ခြွင်းချက်ဖြစ်သည်။ မိဘများသည်ပင် ကမ္ဘာလောကတွင် မိမိ၏ အနီးကပ်ဆုံး ဆွေမျိုးများဖြစ်သည်။ ၎င်းတို့သည် မိမိဘဝတွင် အရေးကြီးသောနေရာ၌ရှိပြီး မိမိဘဝသက်တမ်းတစ်လျှောက်တွင် သိသာသော သက်ရောက်မှုရှိသည်။ ထို့ကြောင့် ၎င်းတို့ကို လက်လွှတ်ရန် မလွယ်ကူပေ။ ယနေ့တွင် သင်သည် သင့်မိသားစု၏ ပုံစံသွင်းခြင်းကြောင့် ဖြစ်ပေါ်သော အတွေးအမျိုးမျိုးအား နားလည်မှုတစ်ခုခုရရှိခဲ့လျှင် ဤသည်မှာ သင့်မိဘများအပေါ် သင်၏ ချစ်ခင်တွယ်တာမှုများကို လက်လွှတ်ဖို့ ကူညီပေးကောင်းပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသော ပုံစံသွင်းသည့် သက်ရောက်မှုများသည် လက်ဆုပ်လက်ကိုင်မပြနိုင်သော အဆိုများနှင့်သာ ညီမျှပြီး အတိကျဆုံး ပုံစံသွင်းမှုက အမှန်တကယ်တွင် သင့်မိဘများထံမှလာသောကြောင့်ဖြစ်သည်။ သင့်မိဘများထံမှ စကားတစ်ခွန်း၊ သို့မဟုတ် တစ်စုံတစ်ခုအား လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထား၊ သို့မဟုတ် တစ်စုံတစ်ခုအား ၎င်းတို့ ကိုင်တွယ်သည့် နည်းနာနိဿယများတို့သည် သင်က မည်သို့ပုံစံသွင်းခံရသည်ဆိုသည်ကို ဖော်ပြရန် အတိကျဆုံးနည်းလမ်းများဖြစ်သည်။ သင့်မိဘများက သင့်အတွင်းသို့ ပုံစံသွင်းပေးခဲ့သည့် အယူအဆများ၊ လုပ်ရပ်များ၊ ဆိုရိုးစကားများအား သင်သည် တိကျသောနည်းလမ်းဖြင့် အမျိုးမျိုးပိုင်းခြားပြီး သိမြင်သွားသည်နှင့် သင့်မိဘများ၏ အခန်းကဏ္ဍ၊ ဘဝအပေါ် ရှုမြင်သုံးသပ်ချက်၊ အမှုအရာများအားလုပ်ဆောင်သည့်ပုံစံတို့၏ အနှစ်သာရနှင့်သက်ဆိုင်သော တိကျသည့် အကဲဖြတ်ချက်နှင့် အသိအမြင်ကို သင် ရရှိမည်ဖြစ်သည်။ သင့်၌ ဤတိကျသော အကဲဖြတ်ချက်နှင့် အသိအမြင်ရှိသည်နှင့် မသိမသာဖြင့် သင့်မိဘများ၏ အခန်းကဏ္ဍအပေါ် သင်၏ သိမြင်နားလည်မှုသည် သင်၏ စိတ်တွင် တဖြည်းဖြည်းချင်းဖြင့် အပြုသဘောမှ အပျက်သဘောသို့ ပြောင်းလဲသွားလိမ့်မည်။ သင့်မိဘများ၏ အခန်းကဏ္ဍက အလုံးစုံ အပျက်သဘောဆောင်သည်ဟု သင် သိမြင်သည်နှင့် သင်သည် တဖြည်းဖြည်းချင်းဖြင့် သင်၏ သံယောဇဉ် အထောက်အပံ့များ၊ စိတ်ပိုင်းဆိုင်ရာ တွယ်တာမှု၊ သင့်အပေါ် ၎င်းတို့၌ရှိသော ကြီးမြတ်သော ချစ်ခြင်းအမျိုးမျိုးတို့ကို လက်လွှတ်နိုင်သည်။ ထိုအချိန်တွင် သင့်စိတ်နှလုံးအတွင်းထဲတွင် သင့်မိဘများအပေါ်၌ သင်ထားရှိသော ပုံရိပ်သည် အလွန်မြင့်မြတ်လေ့ရှိခဲ့သည်၊ သင်၏ ကျောင်းစာအုပ်တွင် သင်ကျက်မှတ်ခဲ့သော “ကျွန်ုပ်ဖခင်၏ နောက်ကျော” ဟူသည့် စာစီစာကုံးကဲ့သို့လည်းကောင်း၊ ထိုင်ဝမ်ရုပ်ရှင်နောက်ခံသီချင်းဖြစ်ပြီး တရုတ်စကားပြောသည့် လူ့အဖွဲ့အစည်းတွင် လူသိများခဲ့သော “အမေဟာ ကမ္ဘာမှာ အကောင်းဆုံးပဲ” ဟူသည့် လွန်ခဲ့သော နှစ်များစွာက ထိုနာမည်ကြီးသည့် သီချင်းကဲ့သို့လည်းကောင်းဖြစ်သည်ဆိုသည်ကို သင်ခံစားရလိမ့်မည်။ ဤသည်တို့မှာ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကက လူသားမျိုးနွယ်အား သွန်သင်ပေးသည့် နည်းလမ်းများဖြစ်သည်။ ဤအရာများနောက်ကွယ်ရှိ အနှစ်သာရ၊ သို့မဟုတ် သရုပ်မှန်ကို သင်သဘောမပေါက်သောအခါ၌ ဤပညာရေးနည်းလမ်းများသည် အပြုသဘောဆောင်သည်ဟု သင် ခံစားရသည်။ သင်၏ တည်ရှိနေသော လူ့သဘာဝအပေါ် အခြေခံလျှင် ယင်းတို့သည် သင့်အား သင့်အပေါ် သင့်မိဘများ၏ ချစ်ခြင်း၏ ကြီးမြတ်မှုအပေါ် ပို၍ အသိအမှတ်ပြုစေပြီး ယုံကြည်စေသည်။ ထို့ကြောင့် ယင်းတို့က သင့်မိဘ၏ ချစ်ခြင်းသည် ကိုယ်ကျိုးမကြည့်၊ ကြီးမြတ်သည်၊ အရေးပါလွန်းသည်ဟု သင့်စိတ်နှလုံးအတွင်းထဲတွင် အမြင်တစ်ခု ဖြစ်စေသည်။ ထို့ကြောင့် သင့်မိဘများက မည်မျှဆိုးပါစေ ၎င်းတို့ချစ်ခြင်းသည် ကိုယ်ကျိုးမကြည့်ဘဲ ကြီးမြတ်သည်။ သင့်အတွက် ဤသည်မှာ မည်သူမျှ မငြင်းဆန်နိုင်သော စောဒကမတက်နိုင်သောအချက်ဖြစ်ပြီး မည်သူကမျှ သင့်မိဘများနှင့်ပတ်သက်ပြီး မကောင်းသောစကားကို မဆိုနိုင်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အကြောင်းကို မသိမြင်လို၊ သို့မဟုတ် မဖော်ထုတ်လိုပေ။ တစ်ချိန်တည်းတွင် သင်သည် သင်၏စိတ်နှလုံးတွင်လည်း ၎င်းတို့အတွက် နေရာတစ်ခုထားရှိလိုသည်။ အဘယ်ကြောင့်ဆိုသော် မိဘချစ်ခြင်းသည် အစဉ်ထာဝရ အရာအားလုံး၏ အထက်တွင်ရှိသည်၊ အပြစ်အနာအဆာကင်းမဲ့သည်၊ ကြီးမြတ်သည်၊ အရေးပါလွန်းသည်၊ ဤအချက်ကို မည်သူကမျှ မငြင်းနိုင်ပေဟု သင် ယုံကြည်သောကြောင့်ဖြစ်သည်။ ဤသည်မှာ သင်၏ အသိစိတ်နှင့် ကျင့်ကြံနေထိုင်မှု၏ အခြေခံဖြစ်သည်။ မိဘချစ်ခြင်းက ကြီးမြတ်ခြင်းမရှိ၊ သို့မဟုတ် အပြစ်အနာအဆာကင်းမဲ့ခြင်းမရှိဟု တစ်စုံတစ်ယောက်က ဆိုလျှင် သင်သည် ထိုသူအား အရူးအမူးတိုက်ခိုက်လိမ့်မည်။ ဤသည်မှာ ဆင်ခြင်တုံတရားမရှိပေ။ လူတို့သည် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့အသိစိတ်၏ လွှမ်းမိုးမှုသည် ၎င်းတို့အား ရိုးရာအယူအဆနှင့် အမြင်အချို့ကို ကိုင်စွဲဖို့ လှုံ့ဆော်လိမ့်မည်၊ သို့မဟုတ် အသစ်သော အယူအဆနှင့် အမြင်အချို့ကိုလည်း ဖြစ်ပေါ်စေလိမ့်မည်။ သို့ရာတွင် သမ္မာတရား၏ ရှုထောင့်မှကြည့်လျှင် ဤအယူအဆများနှင့် အမြင်များသည် ယုတ္တိမရှိတတ်ပေ။ သမ္မာတရားကို သင်နားလည်သည်နှင့် သင်သည် သာမန်ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ဤအရာများကို ကိုင်တွယ်နိုင်သည်။ ထို့ကြောင့် လူ့သဘာဝသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားနှစ်မျိုးလုံးကို ပိုင်ဆိုင်သည်။ အသိစိတ်က ဤအရာများကို လက်လှမ်းမမီနိုင်လျှင်၊ သို့မဟုတ် ဤအရာများလောက် မကောင်းနိုင်လျှင်၊ သို့မဟုတ် ယင်းတို့သည် အသိစိတ်၏ သက်ရောက်မှုအောက်တွင် စည်းမရှိလျှင်၊ သို့မဟုတ် အပြုသဘောမဆောင်လျှင် လူတို့သည် ယင်းတို့ကို စည်းရှိစေပြီး ပြုပြင်ရန် ဆင်ခြင်တုံတရားကို အသုံးပြုနိုင်သည်။ ဤသို့ဆိုလျှင် လူတို့သည် ဆင်ခြင်တုံတရားကို မည်သို့ရရှိသနည်း။ လူတို့သည် သမ္မာတရားကို နားလည်ရမည်။ သမ္မာတရားကို နားလည်သည်နှင့် ၎င်းတို့သည် ပို၍တိကျစွာ၊ မှန်ကန်စွာဖြင့် အရာရာတိုင်းကို ကိုင်တွယ်လိမ့်မည်၊ အရာရာတိုင်းကို ရွေးချယ်လိမ့်မည်၊ အရာရာတိုင်းကို ပိုင်းခြားသိမြင်လိမ့်မည်။ ဤသို့အားဖြင့် ၎င်းတို့သည် စစ်မှန်သော ဆင်ခြင်တုံတရားကို ရရှိပြီး အသိစိတ်က အသိတရားကို ကျော်လွန်သည့် အဆင့်သို့ ရောက်ရှိလိမ့်မည်။ ဤသည်မှာ လူတစ်ယောက်က သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် ဖြစ်ပျက်သည့်အရာကို ပြသခြင်းဖြစ်သည်။ သင်တို့သည် ယခုတွင် ဤစကားများကို အမှန်တကယ် နားမလည်ကောင်းမလည်နိုင်ပေ။ သို့သော် တကယ့်အတွေ့အကြုံရှိပြီး သမ္မာတရားကို နားလည်သည်နှင့် ဤအရာများကို နားလည်လိမ့်မည်။ “မိဘက အမြဲတမ်း မှန်တယ်” ဟူသည့် ဤဆိုရိုးစကားသည် ဆင်ခြင်တုံတရား၊ သို့မဟုတ် အသိစိတ်မှ လာသလော။ ယင်းသည် ယုတ္တိမရှိပေ။ ယင်းသည် အသိစိတ်၏ လွှမ်းမိုးမှုအောက်ရှိ လူတစ်ယောက်၏ ချစ်ခင်မှုမှ စတင်ဖြစ်ပေါ်သည်။ ထို့ကြောင့် ဤဆိုရိုးစကားသည် ယုတ္တိရှိသလော။ ယုတ္တိမရှိပေ။ အဘယ်ကြောင့် ယုတ္တိမရှိသနည်း။ ယင်းသည် လူတစ်ယောက်၏ ချစ်ခင်မှုမှ စတင်ဖြစ်ပေါ်သောကြောင့်ဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသို့ဆိုလျှင် မည်သည့်အဆင့်တွင် သင်သည် မိဘများကို ဆင်ခြင်တုံတရားရှိစွာဖြင့် ရှုမြင်ပြီး ဆက်ဆံနိုင်သနည်း။ သမ္မာတရားကို သင်နားလည်ပြီး ဤအမှုကိစ္စ၏ အနှစ်သာရနှင့် အရင်းအမြစ်ကို သိမြင်ပြီးသည့်အချိန်တွင်ဖြစ်သည်။ ဤသို့ သိမြင်ပြီးသည်နှင့် သင်သည် သင့်မိဘများကို အသိစိတ်၏ လွှမ်းမိုးမှုအရ ဆက်ဆံတော့မည်မဟုတ်ပေ။ ချစ်ခင်မှုက ပါဝင်လှုပ်ရှားခြင်းရှိမည်မဟုတ်တော့ပေ။ အသိစိတ်ကလည်း ဤသို့ ပြုလုပ်မည်မဟုတ်ပေ။ ပြီးလျှင် သင်သည် သမ္မာတရားနှင့်အညီ သင့်မိဘများကို ရှုမြင်ပြီး ဆက်ဆံနိုင်လိမ့်မည်။ ဤသည်မှာ ဆင်ခြင်တုံတရားရှိခြင်းဖြစ်သည်။

မိဘများအား မည်သို့ဆက်ဆံရမည်ဆိုသည့် ပြဿနာအပေါ်တွင် ငါမိတ်သဟာယပြုသည်မှာ ရှင်းသလော။ (ရှင်းပါသည်။) ဤသည်မှာ အရေးကြီးသော ကိစ္စဖြစ်သည်။ မိသားစုဝင်အားလုံးက “မိဘက အမြဲတမ်း မှန်တယ်” ဟု ပြောကြပြီး ယင်းသည် မှန်၊ မမှန်ကို သင်မသိပေ။ ထို့ကြောင့် သင်က လက်သာခံလိုက်သည်။ ထို့နောက်တွင် အလွန်အကျွံဖြစ်သည့်အရာတစ်ခုခုကို သင့်မိဘများက လုပ်ဆောင်သည့်အခါတိုင်းတွင် သင်က “‘မိဘက အမြဲတမ်း မှန်တယ်’လို့ လူတွေက ပြောကြတယ်၊ ဒီတော့ ငါ့မိဘတွေက မမှန်ဘူးလို့ ငါ ဘယ်လိုလုပ်ပြောလို့ရမှာလဲ၊ မိသားစုထဲမှာ ဖြစ်တာကို မိသားစုထဲမှာပဲထားရမယ်၊ သူများတွေကို ပြောမပြရဘူး၊ သည်းခံပြီးတော့ပဲ နေလိုက်” ဟူ၍ စဉ်းစားတွေးတောသည်။ “မိဘက အမြဲတမ်း မှန်တယ်” ဟူသည့် ဤမမှန်ကန်သော ဆိုရိုးစကား၏ ပုံစံသွင်းသည့် သက်ရောက်မှုအပြင် “မိသားစုထဲမှာ ဖြစ်တာကို မိသားစုထဲမှာပဲ ထားရမယ်” ဟူသည့် အခြားဆိုရိုးစကားတစ်ခုရှိသည်။ ထို့ကြောင့် သင်က “ငါကိုယ်တိုင်ရဲ့ မိဘတွေကို အပြစ်တင်ဖို့ ဘယ်သူရှိလဲ၊ ဒီရှက်စရာကောင်းတဲ့ ကိစ္စကို အပြင်လူတွေကို ငါပြောလို့မဖြစ်ဘူး၊ ဖုံးထားရမယ်၊ ငါ့မိဘတွေကို အလေးအနက်ထားနေတော့ ဘာလုပ်မှာလဲ” ဟု တွေးသည်။ မိသားစုထံမှ ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် လူတို့၏ နေ့စဉ်အသက်တာများတွင်၊ ဘဝလမ်းကြောင်းတွင်၊ ၎င်းတို့၏ ဖြစ်တည်မှုလမ်းကြောင်းတွင် အစဉ်တည်ရှိနေသည်။ လူတို့သည် သမ္မာတရားကိုနားလည်ပြီး သမ္မာတရားအား မရရှိမီတွင် ၎င်းတို့မိသားစုက ၎င်းတို့အတွင်းသို့ ပုံစံသွင်းပေးခဲ့သည့် ဤအယူအဆနှင့် အမြင်အမျိုးမျိုးကို အခြေခံပြီး လူများ၊ အမှုအရာများကို ရှုမြင်သည်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်။ ၎င်းတို့သည် ဤအတွေးများကြောင့် မကြာခဏ ယိမ်းယိုင်ကြသည်။ အနှောင့်အယှက်ဖြစ်ကြသည်။ ချုပ်ချယ်ခံရသည်။ လက်နှင့်ခြေတို့ကို ချည်နှောင်ခံရသည်။ ၎င်းတို့သည် ဤအတွေးများ၏ လမ်းညွှန်ခြင်းကိုပင် ခံရပြီး လူတို့ကို မကြာခဏ မှားယွင်းအကဲဖြတ်ကာ မှားသောအရာများကို လုပ်ဆောင်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကိုလည်း မကြာခဏ ချိုးဖောက်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များစွာကို နားထောင်လျှင်ပင်၊ ဘုရားနှုတ်ကပတ်တော်ကို မကြာခဏဆုတောင်းဖတ်ရွတ်ပြီး မိတ်သဟာယဖွဲ့လျှင်ပင် ၎င်းတို့မိသားစုက ၎င်းတို့အတွင်းသို့ ပုံစံသွင်းပေးခဲ့သော ဤအမြင်များသည် ၎င်းတို့၏ အတွေးများတွင်၊ ၎င်းတို့၏ စိတ်နှလုံးတွင် နက်နဲစွာ အမြစ်တွယ်နေသောကြောင့် ၎င်းတို့၏ အမြင်များကို ပိုင်းခြားသိမြင်ခြင်းမရှိသကဲ့သို့ ယင်းတို့ကို ခုခံရန် စွမ်းရည်တစ်ခုခုလည်း မရှိပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်၏ သွန်သင်မှုနှင့် ပံ့ပိုးမှုတို့ကို လက်ခံရရှိနေစဉ်ပင် ဤအတွေးများကြောင့် ယိမ်းယိုင်ကြဆဲဖြစ်သည်။ ဤအတွေးများသည် ၎င်းတို့၏ စကားများ၊ လုပ်ဆောင်မှုများနှင့် ရှင်သန်နေထိုင်သည့်နည်းလမ်းတို့ကိုလည်း လမ်းညွှန်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့မိသားစုက ၎င်းတို့အား ပုံစံသွင်းပေးခဲ့သည့် ဤအတွေးများ၏ သတိမမူမိသော လမ်းညွှန်မှုအောက်တွင် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများအား ချိုးဖောက်ခြင်းကို မိမိတို့ကိုယ်ကို ရပ်တန့်နိုင်လေ့မရှိပေ။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားအား လိုက်စားနေသည်ဟု ထင်ကြဆဲဖြစ်သည်။ ၎င်းတို့မိသားစုက ၎င်းတို့အတွင်းသို့ ပုံစံသွင်းပေးခဲ့သည့် ဤဆိုရိုးစကားအမျိုးမျိုးသည် သမ္မာတရားနှင့် မကိုက်ညီသည်ကို ၎င်းတို့ လုံးဝ မသိပေ။ ပို၍ပင် ဆိုးသည်မှာ ၎င်းတို့မိသားစုက ၎င်းတို့အတွင်းသို့ ပုံစံသွင်းပေးခဲ့သည့် ဤဆိုရိုးစကားများသည် သမ္မာတရားအား ချိုးဖောက်ခြင်းလမ်းသို့ ထပ်ခါထပ်ခါ ခေါ်ဆောင်သည်။ သို့တိုင်အောင် ၎င်းတို့ သိမြင်ခြင်းပင်မရှိပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်လိုလျှင် ရှေးဦးစွာ သင့်မိသားစုထံမှလာသော ပုံစံသွင်းသည့် သက်ရောက်မှုအမျိုးမျိုးကို ရှင်းလင်းစွာ ပိုင်းခြားပြီး သိမြင်သင့်သည်။ ထို့နောက်တွင် သင့်မိသားစုက သင့်အတွင်းသို့ ပုံစံသွင်းပေးခဲ့သည့် ဤအတွေးအမျိုးမျိုးကို သင့်ကိုယ်သင်ထံမှ ဖယ်ရှားရန်အတွက် အားထုတ်လော့။ သင်သည် သင့်မိသားစု၏ ပုံစံသွင်းခြင်းကို ချိုးဖျက်ရမည်ဟု အသေအချာဆိုနိုင်သည်မှာ မှန်သည်။ သင်က ထိုမိသားစုမှ လာသောကြောင့် သင်သည် ဤသို့လုပ်ဆောင်ရမည်၊ သို့မဟုတ် ထိုသို့ အသက်ရှင်ရမည်ဟု မထင်နှင့်။ သင့်မိသားစု၏ ရိုးရာဓလေ့များကို အမွေဆက်ခံရန်၊ သို့မဟုတ် သင့်မိသားစု၏ အမှုအရာများကို လုပ်ဆောင်ခြင်း၊ ပြုမူဆောင်ရွက်ခြင်း နည်းနာနိဿယအမျိုးမျိုးကို အမွေဆက်ခံရန် သင့်၌ တာဝန်၊ ဝတ္တရားမရှိပေ။ သင်၏ အသက်သည် ဘုရားသခင်ဆီမှလာသည်။ ယနေ့တွင် သင်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသည်။ သင်လိုက်စားလိုသော ပန်းတိုင်သည် ကယ်တင်ခြင်းပန်းတိုင်ဖြစ်သည်။ ထို့ကြောင့် သင်သည် သင့်မိသားစုက သင့်အတွင်းသို့ ပုံစံသွင်းပေးခဲ့သည့် အယူအဆအမျိုးမျိုးကို လူများ၊ အမှုအရာများအပေါ် သင်၏အမြင်၊ သင်၏ ကျင့်ကြံနေထိုင်မှု၊ သင်၏လုပ်ဆောင်မှုများအတွက် အခြေပြုချက်အဖြစ် အသုံးပြု၍မရပေ။ ထိုအစား သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သူ၏ သွန်သင်မှုအမျိုးမျိုးအပေါ် အခြေခံပြီး လူများ၊ အမှုအရာများကို ရှုမြင်ရမည်။ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်။ ဤနည်းအားဖြင့်သာ အဆုံးတွင် ကယ်တင်ခြင်းကို သင်ရရှိနိုင်သည်။ မိသားစုက ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများသည် ဤတွင် စာရင်းပြသထားသောအရာများသာ ဖြစ်ခြင်းမဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့သောအရာ အနည်းငယ်ကိုသာ ငါပြောပြခဲ့ခြင်းဖြစ်သည်။ မတူညီသော မိသားစုများ၊ မတူညီသော မျိုးရိုးစုများ၊ မတူညီသော လူ့အဖွဲ့အစည်းများ၊ မတူညီသော လူမျိုးများ၊ မတူညီသော ဘာသာတရားများထံမှလာသော၊ လူသားများ၏ အတွေးများကို ပုံစံမျိုးစုံဖြင့် ပုံစံသွင်းသော မတူညီသော မိသားစု ပညာရေး အမျိုးအစား များစွာရှိသည်။ ဤအမျိုးမျိုးသော အတွေးပုံစံသွင်းခြင်းက မည်သည့်လူမျိုး၊ သို့မဟုတ် ဘာသာရေးယဉ်ကျေးမှုမှလာသည်ဖြစ်စေ သမ္မာတရားနှင့် မညီသရွေ့၊ ဘုရားသခင်ဆီကမလာဘဲ လူတို့ထံမှ လာသရွေ့ ယင်းကို လက်လွှတ်သင့်သည်။ လူတို့ ချိုးဖျက်လွတ်မြောက်သင့်သည့် အရာတစ်ခုဖြစ်သည်။ လူတို့သည် ယင်းကို အမွေဆက်ခံဖို့ မဆိုထားနှင့်။ လိုက်နာခြင်းပင် မပြုသင့်ပေ။ ဤအရာများအားလုံးသည် လူတို့ စွန့်ပစ်ပြီး ဖယ်ရှားသင့်သည့်အရာများဖြစ်သည်။ ဤနည်းအားဖြင့်သာ လူတို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် အမှန်တကယ် စတင်လျှောက်လှမ်းနိုင်ပြီး သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သည်။

မိသားစုက ပုံစံသွင်းခြင်းမှလာသည့် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ဤဆိုရိုးစကားများသည် တစ်ဖက်တွင် သဘောထားကိုထင်ဟပ်စေပြီး အခြားတစ်ဖက်တွင် ယင်းတို့ကို လူတို့ကြားတွင် ပြောလေ့ရှိကြသည်။ ထူးခြားသော၊ သဘောထားမထင်ဟပ်သော ဆိုရိုးစကားများကိုမူ ယခုတွင် ငါတို့ ပြောမည်မဟုတ်ပေ။ မိသားစုအကြောင်းအရာအပေါ် ငါတို့၏ မိတ်သဟာယကို သင်တို့ မည်သို့ထင်သနည်း။ နည်းလမ်းတစ်ခုခုဖြင့် အကျိုးဖြစ်စေသလော။ (အကျိုးဖြစ်စေပါသည်။) ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) လူတိုင်းတွင် မိသားစုတစ်ခုရှိပြီး ၎င်းတို့မိသားစု၏ ပုံစံသွင်းခြင်းကို ခံရသည်။ မိသားစုက သင့်အတွင်းသို့ သွတ်သွင်းသည့် အရာများအားလုံးသည် အဆိပ်နှင့် စိတ်ပိုင်းဆိုင်ရာဘိန်းဖြစ်ပြီး သင့်အား အလွန်ခါးသီးစွာ ခံစားရစေသည်။ သင့်မိဘများက ဤအရာများအား သင့်အတွင်းသို့ သွတ်သွင်းသောအခါ၌ ထိုအချိန်တွင် သင်သည် အလွန်ကောင်းစွာ ခံစားရသည်။ ဘိန်းရှူသကဲ့သို့ဖြစ်သည်။ သင်သည် လုံးဝ သက်သောင့်သက်သာရှိသည်။ ပီတိနှင့်ပြည့်သော ကမ္ဘာလောကသို့ သင် ဝင်ရောက်သွားသကဲ့သို့ ဖြစ်သည်။ သို့သော် အချိန်အတန်ကြာပြီးနောက်တွင် အာနိသင်များက ကုန်သွားသောကြောင့် သင်သည် ဤနှိုးဆွမှုမျိုးကို ဆက်လက်၍ ရှာဖွေနေရသည်။ ဤစိတ်ပိုင်းဆိုင်ရာဘိန်းသည် သင့်ထံသို့ ဒုက္ခနှင့် အနှောင့်အယှက်ကို အဆုံးမရှိ သယ်ဆောင်ပေးသည်။ ယနေ့အထိ သင့်အတွက် ဖယ်ရှားရန် အလွန်ခက်ခဲသည်။ အချိန်တိုအတွင်းတွင် ဖယ်ရှားနိုင်သည့်အရာတစ်ခုမဟုတ်ပေ။ လူတို့သည် ဤပုံစံသွင်းခံရသော အယူအဆများ၊ အမြင်များကို လက်လွှတ်လိုလျှင် ယင်းတို့ကို ခွဲခြားဖော်ထုတ်ရာ၌၊ ယင်းတို့ကို ရှင်းလင်းစွာ သိမြင်ပြီး ရိပ်စားမိရန် အလွှာများကို ခွာချရာ၌ အချိန်နှင့် အားအင်အချို့ကို အသုံးချရမည်။ ထို့နောက်တွင် ဆက်စပ်မှုရှိသော အမှုကိစ္စများ ပေါ်ပေါက်လာသည့်အချိန်တိုင်းတွင် ၎င်းတို့သည် ဤအရာများကို လက်လွှတ်နိုင်ရမည်။ စွန့်ပစ်နိုင်ရမည်။ ပြီးလျှင် ဤသို့သောအယူအဆများ၊ အမြင်များအတိုင်း မလုပ်ဆောင်ရပေ။ ထိုအစား ဘုရားသခင်က လူတို့အား သွန်သင်ပေးသည့် နည်းလမ်းအတိုင်း အမှုအရာများကို လက်တွေ့လုပ်ဆောင်ရမည်။ ဤစကားအနည်းငယ်သည် ရိုးရှင်းသည့် ပုံစံရှိသည်။ သို့သော် လူတို့အနေဖြင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် နှစ် ၂၀၊ ၃၀၊ သို့မဟုတ် ဘဝသက်တမ်းတစ်ခုလုံးပင် ကြာနိုင်သည်။ သင်သည် သင့်မိသားစုက သင့်အတွင်းသို့ သွတ်သွင်းသည့် ထိုဆိုရိုးစကားများက ပေးသည့် အယူအဆများ၊ အမြင်များကို ဆန့်ကျင်တိုက်ခိုက်လျက်၊ ဤအယူအဆများ၊ အမြင်များဖြင့် သင့်ကိုယ်သင် အဆက်ပြတ်စေလျက်၊ ယင်းတို့ကို ချိုးဖျက်လွတ်မြောက်လျက်ဖြင့် သင်၏ တစ်ဘဝလုံးကို ကုန်ဆုံးရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့လုပ်ဆောင်ရန် သင်သည် သင်၏ ခံစားချက်နှင့် စွမ်းအင်ကို ချဲ့ထွင်ရမည်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများကိုလည်း ကြုံရမည်။ သင်သည် ဘုရားသခင်အတွက်လည်း အလွန်ကြီးမားသော ဆန္ဒရှိရမည်ဖြစ်ပြီး သမ္မာတရားအား ဆာငတ်ပြီး လိုက်စားလိုသည့် စိတ်လည်းရှိရမည်။ ဤအရာများကို ပိုင်ဆိုင်ခြင်းအားဖြင့်သာ သင်သည် တဖြည်းဖြည်းချင်းဖြင့် ပြောင်းလဲမှုကိုရရှိနိုင်ပြီး တဖြည်းဖြည်းချင်းဖြင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သည်။ ဤသည်မှာ သမ္မာတရားနှင့် အသက်ကို ရရှိရန် ခက်ခဲပုံဖြစ်သည်။ လူတို့သည် တရားဒေသနာများစွာကို နားထောင်သည့်အခါ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး အယူဝါဒအချို့ကို နားလည်ကြသော်လည်း သမ္မာတရားအား နားလည်မှုကို အမှန်တကယ်ရရှိပြီး မိသားစု၏ ပုံစံသွင်းသည့် သက်ရောက်မှုများနှင့် မယုံကြည်သူများ၏ အယူအဆများ၊ အမြင်များအား ပိုင်းခြားသိမြင်နိုင်ရန် ၎င်းတို့အတွက် မလွယ်ကူပေ။ သင်သည် တရားဒေသနာများကို နားထောင်ပြီးနောက်တွင် သမ္မာတရားကို နားလည်နိုင်လျှင်ပင် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ခြင်းသည် နေ့ချင်းညချင်း ဖြစ်ပျက်သောအရာတစ်ခုမဟုတ်ပေ။ မှန်သလော။ (မှန်ပါသည်။) ကောင်းပြီ။ ဤနေရာတွင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို အဆုံးသတ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ပုတ်ခတ်ဝေဖန်ခံရတဲ့ ဆောင်မင်းဆက် နိုင်ငံရေးသမား” ဟူသည့် စကား မပါဝင်ပါ။

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၅)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။