သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၅)

သင်တို့၏ စုဝေးပွဲများအတွင်းတွင် ငါတို့ လတ်တလော ဆွေးနွေးနေခဲ့သည့် အကြောင်းအရာများအကြောင်းကို မိတ်သဟာယပြုပြီးပြီလော။ (ဘုရားသခင်၊ ကျွန်ုပ်တို့ စုဝေးပွဲများအတောအတွင်းတွင် ဤအကြောင်းအရာများအကြောင်းကို ကျွန်ုပ်တို့ မိတ်သဟာယပြုပြီးဖြစ်ပါသည်။) သင်တို့၏ မိတ်သဟာယမှ မည်သည့်အကျိုးရလဒ် ဖြစ်လာသနည်း။ အသစ်သော ရှာဖွေတွေ့ရှိမှု သို့မဟုတ် သိနားလည်မှု တစ်ခုတလေ ကြုံကြသလော။ ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည့် ဤအကြောင်းအရာများသည် လူတို့၏ နေ့စဉ်ဘဝများတွင် တွေ့နိုင်သလော။ (အားလုံး တွေ့နိုင်ပါသည်။ ဤအကြောင်းအရာများနှင့် ပတ်သက်၍ ဘုရားသခင်၏ မိတ်သဟာယကို အကြိမ်အနည်းငယ် နားထောင်ပြီးနောက်တွင် ကျွန်ုပ်တို့ မိဘများ၏ သွန်သင်လေ့ကျင့်ပေးမှုနှင့် မျိုးဆက်အဆက်ဆက်မှ ကျွန်ုပ်တို့ မိသားစုများ၏ ပုံစံသွင်းခြင်းတို့က ကျွန်ုပ်တို့ကို အတော်ပင် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သည်ကို ကျွန်ုပ် သိရပါသည်။ ကလေးဘဝကတည်းက ကျွန်ုပ်တို့၏ မိဘများက “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသကဲ့သို့သော ဤအတွေးများကို ကျွန်ုပ်တို့ထဲသို့ တစ်စချင်း သွတ်သွင်းပေးပြီးဖြစ်သည်။ ကျွန်ုပ်ထဲသို့ ဤအတွေး သွတ်သွင်းခံရပြီးနောက် အနိုင်ကျင့်ခံရပြီး အထင်သေးခံရခြင်းကို ရှောင်ရှားရန်အလို့ငှာ လူတစ်ဦးသည် ဘဝတွင် ကျန်သောသူများထက် ပိုတော်ရမည်ဖြစ်ပြီး လူအုပ်ထဲမှ ထင်ပေါ်ရမည်ဟု ကျွန်ုပ် ယုံကြည်ခဲ့သည်။ ယခင်က ကျွန်ုပ်တို့၏ မိဘများက ကျွန်ုပ်တို့ ထားရှိရန် သွန်သင်ပေးခဲ့သည့် ဤအတွေးများသည် ကျွန်ုပ်တို့၏ ကိုယ်ကျိုးနှင့် ကာကွယ်မှုအတွက်ဖြစ်သည်ဟု ကျွန်ုပ် တွေးထင်ခဲ့သည်။ ဘုရားသခင်၏ အကြိမ်အနည်းငယ် မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့မှတစ်ဆင့် ဤအတွေးများသည် အပျက်သဘောဆောင်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ နည်းလမ်းများဖြစ်ကြောင်း ကျွန်ုပ် သဘောပေါက်လာပြီးဖြစ်သည်။ ထိုအရာများသည် ကျွန်ုပ်တို့ကို ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးကွာသွားစေပြီး ကယ်တင်ခြင်းမှ ကျွန်ုပ်တို့ အလှမ်းဝေးသည်ထက် ဝေးသွားအောင် ဆွဲခေါ်သွားရင်း စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းထဲသို့ သာ၍နက်ရှိုင်းစွာ ဆိုက်ရောက်သွားစေပါသည်။) အတိုချုပ်အားဖြင့် ဤအကြောင်းအရာများအကြောင်း မိတ်သဟာယပြုရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများအကြောင်း အကြိမ်အနည်းငယ် မိတ်သဟာယပြုပြီးနောက်တွင် လူတို့သည် ၎င်းတို့၏ မိသားစုများက သွတ်သွင်းသည့် အတွေးများနှင့် ရှုထောင့်အမြင်များအပေါ် သာ၍ နက်ရှိုင်းသည့် သိနားလည်မှုတစ်ခု ရရှိကြပြီး ယင်းတို့ကို သာ၍ တိကျမှန်ကန်စွာ နားလည်ကြလေသည်။ ဤအရာများအကြောင်း မိတ်သဟာယပြုပြီးနောက်တွင် ၎င်းတို့၏ မိသားစုများနှင့်လည်းကောင်း၊ ၎င်းတို့၏ မိဘများနှင့်လည်းကောင်း လူတို့၏ ဆက်ဆံရေးများသည် တိုး၍ ပိုမို ခပ်တန်းတန်းဖြစ်သွားကြမည် မဟုတ်လော။ (ဖြစ်မည်မဟုတ်ပါ။ ယခင်က ကျွန်ုပ်၏ မိဘများသည် ကျွန်ုပ်ကို ကြင်နာမှု ပြခဲ့ပြီးဖြစ်သည်ဟု အမြဲ ခံစားခဲ့ရသော်လည်း ဘုရားသခင်၏ မိတ်သဟာယကို ကြားပြီးသည့်နောက်တွင် ကျွန်ုပ်ကို မွေးဖွားပေးပြီး ကျွေးမွေးပြုစုရန်မှာ ကျွန်ုပ်မိဘများ၏ ဘဝပေးတာဝန် ဖြစ်ကြောင်းကို သဘောပေါက်ခဲ့ပါသည်။ ထို့ပြင် ငယ်သည့်အရွယ်မှစ၍ ကျွန်ုပ်ထဲသို့ သူတို့ သွတ်သွင်းခဲ့ပြီးဖြစ်သည့် အတွေးများသည် ကျွန်ုပ်ကို ဖောက်ပြန်ပျက်စီးနေစေခဲ့သည်။ ဤအရာကို သဘောပေါက်ပြီးသည့်နောက်တွင် သူတို့ကို ကျွန်ုပ် ချစ်ခင်ကြင်နာသော သံယောဇဉ် သိပ်မရှိတော့ပါ။) ဦးစွာပထမ ၎င်းတို့၏ အတွေးများနှင့် ပတ်သက်လာသည့်အခါ၌ ယခုတွင် လူတို့သည် ၎င်းတို့ မိဘများ၏ တာဝန်များနှင့် ၎င်းတို့၏မိဘများက ၎င်းတို့ကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ပြသသည့် မျက်နှာသာပေးမှုအပေါ် တိကျမှန်ကန်သည့် သိနားလည်မှုတစ်ခု ရှိကြလေသည်။ ထိုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ချစ်ခင်တွယ်တာမှုများ၊ တစ်ဇောက်ကန်းဖြစ်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ သွေးသားတော်စပ်ခြင်းတို့အပေါ် ၎င်းတို့ မှီခိုခြင်း မရှိကြတော့ပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ မိသားစုနှင့် မိဘများကို မှန်ကန်သည့် ရှုထောင့်အမြင်နှင့် အနေအထားမှ အကျိုးသင့်အကြောင်းသင့် ချဉ်းကပ်နိုင်ကြသည်။ ဤသို့ဖြင့် လူတို့သည် ဤပြဿနာများကို သဘောထားပုံတွင် သိသာသည့် ပြောင်းလဲမှုတစ်ခု ကြုံကြရပြီး ဤပြောင်းလဲခြင်းက ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ၎င်းတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များအရ ကြီးမားသည့် တိုးတက်မှုတစ်ခု ဖြစ်ခွင့်ပေးလေသည်။ ထို့ကြောင့် ဤသည်တို့မှာ လူသားများ လိုအပ်ပြီး ၎င်းတို့အတွင်းတွင် ချို့တဲ့နေသည့် အရာများအားလုံး ဖြစ်သောကြောင့် ဤအကြောင်းအရာများအကြောင်း မိတ်သဟာယပြုခြင်းသည် လူတို့အတွက် အကျိုးရှိကာ လိုအပ်ပေသည်။

လူတစ်ဦး၏ မိသားစု ပုံစံသွင်းခြင်းနှင့် စပ်လျဉ်း၍ ယခင်က ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာများသည် ရည်မှန်းချက်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ၊ လောကကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများနှင့် နည်းစနစ်များအပြင် ဘဝနှင့် တည်ရှိခြင်းတို့အပေါ် အကြင်သူ၏ သဘောထားအမြင်နှင့် အခြားအရာများထဲတွင် ရှင်သန်ရေး နည်းစနစ်များနှင့် စည်းမျဉ်းများကို အဓိက ဗဟိုပြုခဲ့ပေသည်။ ဤသည်တို့မှာ လူတစ်ဦးချင်းစီရှိ အတွေးများ၊ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များကို ပုံစံသွင်းခြင်း ပါဝင်ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်သည်။ ခြုံငုံကြည့်လျှင် မိသားစုနှင့် မိဘများက သွတ်သွင်းခဲ့သည့် အမျိုးမျိုးသော အတွေးများနှင့် ရှုထောင့်အမြင်များတစ်ခုမျှ အပြုသဘောမဆောင်သကဲ့သို့ ထိုအရာတစ်ခုကမျှ လူတစ်ဦးကို မိမိ၏ ဖန်ဆင်းရှင် မျက်မှောက်တွင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိ၏ တာဝန်နှင့် ဝတ္တရားများကို ဖြည့်ဆည်းဖို့ ထောက်ကူပေးရင်း မှန်ကန်သည့် လမ်းကြောင်းပေါ် အမှန်တကယ် လမ်းပြနိုင်ခြင်းမရှိပေ၊ သို့မဟုတ် ဘဝနှင့်ပတ်သက်၍ မှန်ကန်သည့် သဘောထားအမြင်တစ်ခု ထူထောင်ရန် မကူညီပေးနိုင်ပေ။ မိဘများနှင့် မိသားစုက သင့်ကို သွန်သင်ပေးသမျှမှာ လောက၏ ဦးတည်ချက်နှင့် ယင်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများထဲ သင့်ကို ဦးဆောင်ရန် ဖြစ်သည်။ သင့်ကို ဤအတွေးများနှင့် ရှုထောင့်အမြင်တို့ဖြင့် ပုံစံသွင်းရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်းနှင့် ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများထဲသို့ ချောချောမွေ့မွေ့ ပူးပေါင်းရန်နှင့် ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများနှင့် လူ့အဖွဲ့အစည်း၏ အမျိုးမျိုးသော တောင်းဆိုချက်များကို သာ၍ ကျင့်သားရနိုင်ရန် ကူညီပေးဖို့ ဖြစ်သည်။ ဤသွန်သင်မှုများက သင့်အား ကာကွယ်ခြင်းနှင့်ဆိုင်သည့် အချို့သော နည်းလမ်းများနှင့် နည်းစနစ်များအပြင် လူ့အဖွဲ့အစည်းနှင့် လူစုများထဲတွင် ပိုမိုကောင်းမွန်သည့် အဆင့်အတန်း၊ ဂုဏ်သတင်း၊ ရုပ်ဝတ္ထုပစ္စည်းကို ရရှိခံစားမှုနှင့် အခြားအရာတို့ကို ရရှိမည့် နည်းစနစ်အချို့ကို ထောက်ပံ့ပေးကောင်း ပေးနိုင်လင့်ကစား သင်၏ မိသားစုက သင့်အထဲတွင် သွတ်သွင်းခဲ့သည့် ဤသီးခြားအတွေးများသည် သင်ကြိုးစားရုန်းထွက်နိုင်ခြင်း မရှိတော့သည်အထိ လောက၊ လူ့အဖွဲ့အစည်းနှင့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများထဲ အမြစ်တွယ်စေရင်း သင့်ကို ဆိုးယုတ်သော ခေတ်ရေစီးကြောင်း တစ်ခုပြီးတစ်ခုထဲသို့ ဦးတည်ခေါ်ဆောင်လေသည်။ ထိုအရာများသည် သင့်ထံ ပြဿနာတစ်ခုပြီးတစ်ခု ယူဆောင်လာပြီး လူ့လောကကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်နှင့် စစ်မှန်သည့် လူသားတစ်ဦး၊ အလင်းတွင် နေထိုင်သည့်၊ တည်ကြည်သည့်၊ သနားကြင်နာတတ်ပြီး တရားမျှတသည့် အသိစိတ်ပိုင်ဆိုင်သည့် လူတစ်ဦး မည်သို့ ဖြစ်ရမည်ဆိုသည်ကို မသေချာဘဲ ဖြစ်သွားစေလျက် သင့်ကို ထပ်တလဲလဲ အကျပ်ရိုက်သွားစေသည်။ ထို့ကြောင့် သင်၏ မိသားစု ပုံစံသွင်းခြင်းက သင့်အား ဤလောကတွင် သိက္ခာ၊ အကျင့်စရိုက်နှင့် လူသား ပုံသဏ္ဌာန် သာ၍ရှိခြင်းဖြင့် အသက်ရှင်စေဖို့ ထောက်ကူမပေးပေ။ ထိုအစား သင့်ကို အမျိုးမျိုးသော ရှုပ်ထွေးပွေလီသည့် သဘောကွဲလွဲမှုများနှင့် ရုန်းကန်လှုပ်ရှားမှုများ၊ အမျိုးမျိုးသော ရှုပ်ထွေးသည့် လူလူချင်း ဆက်ဆံရေးများအလယ်တွင် အသက်ရှင်စေပြီး များပြားသော လောကီ အနှောင်အဖွဲ့များ၊ အချုပ်အနှောင်နှင့် စိတ်ရှုပ်ဖွယ်ရာများစွာကို ခံရစေသည်။ ဤအရာအားလုံးနှင့် ပတ်သက်၍ သင်သည် သင်၏ မိဘများကို အားကိုးအားထားပြုကာ အတွင်းရေးကို ရင်ဖွင့်သည့်အခါ ၎င်းတို့က သင့်အား မှန်ကန်သည့် ဦးတည်ချက်ကို ထောက်ပြမည့်အစား၊ ဤအရာများကို လက်လွှတ်ကာ သင် လွတ်မြောက်ဖို့ ကြိုးစားရန်၊ ဖန်ဆင်းရှင်ရှေ့မှောက်သို့ လာရန်နှင့် သူ၏ ကြိုတင်စီစဉ်မှုများကို နာခံကာ လူတို့၏ ကံကြမ္မာများနှင့် ၎င်းတို့၏ အရာရာသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိကြောင်း၊ ဘုရားသခင်ထံမှလာသည့် သတ်မှတ်ချက်တိုင်း၊ သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို ၎င်းတို့ နာခံသင့်ကြောင်းတို့ကို ရှင်းလင်းစွာ အသိအမှတ်ပြုရန် သင့်ကို ကူညီမည့်အစား သင့်အနေဖြင့် လူများထဲ အသက်ရှင်သည့်အခါတွင် မည်သို့ သာ၍ လှည့်ဖြားတတ်ရမည်၊ မည်သို့ လည်ဝယ်ရမည်၊ မည်သို့ အတွေ့အကြုံများ၍ လိမ္မာပါးနပ်ကာ မည်သို့ မှန်းဆရခက်အောင် လုပ်ရမည်ဆိုသည်တို့ကို အကြံပေးရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးချကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ မိသားစုများက ၎င်းတို့ကို ဤအမျိုးမျိုးသော အတွေးများဖြင့် ပုံစံသွင်းပေးခြင်းခံရသည့် လူများ၏ အသက်ရှင်ခြင်း အခြေအနေ ဖြစ်သည်။ တိုတိုပြောရလျှင် သင်၏ မိသားစုက ပုံစံသွင်းပေးသည့် အတွေးများသည် အခြားသူများနှင့် ဖက်ပြိုင်ရင်း သို့မဟုတ် ထိုသူများနှင့် ရင်းနှီးရင်း ကျော်ကြားမှု သို့မဟုတ် အကျိုးအမြတ်အပေါ် အလေးထားသည်ဖြစ်စေ၊ အလေးမထားသည်ဖြစ်စေ၊ ထိုအတွေးများ၏ အာရုံစိုက်ရာက မည်သည့်အရာဖြစ်စေ ယင်းတို့က သင့်အား ပိုမို ရိုးသား၊ ကြင်နာကာ ဖြောင့်မတ်စေခြင်းထက်၊ သို့မဟုတ် ဖန်ဆင်းရှင်၏ ကြိုတင်စီစဉ်မှုများကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို ပိုမို နားလည်ရန် သင့်အား ကူညီခြင်းထက် လူ့လောကတွင် ရှင်သန်ခြင်းအတွက် သင်၏ နည်းလမ်း၊ နည်းစနစ်များနှင့် စည်းကမ်းများကို နောက်ဆုံးတွင် တိုး၍ တိုး၍ ခေတ်မီဆန်းပြား၍ ရက်စက်လာကာ ဉာဏ်များလာပြီး မလိုမုန်းထားဖြစ်လာဖို့သာ ဦးဆောင်လမ်းပြနိုင်ပေသည်။ ထို့ကြောင့် သင့်မိသားစု၏ ပုံစံသွင်းပေးခြင်းက သင့်အား လူသားများ အမှန်တကယ် အသက်ရှင်သင့်သည့် ပုံစံတစ်ခုဖြင့်၊ သိက္ခာရှိသည့် ပုံစံတစ်ခုဖြင့် မည်သို့ အသက်ရှင်ရမည်ဆိုသည်ကို မသေမချာဖြစ်သွားစေရင်း ဘုရားသခင်ထံမှလည်းကောင်း၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများထံမှလည်းကောင်း သင့်အား ကင်းကွားသွားစေရုံသာ ရှိနိုင်ပေသည်။ ထို့အပြင် သင်၏ မိသားစု ပုံစံသွင်းပေးခြင်းမှ ရရှိသည့် အတွေးများက သင့်အား တရွေ့ရွေ့ ပိုမို ထုံထိုင်းကာ ထူအလာစေလိမ့်မည် သို့မဟုတ် အရပ်သုံးစကားဖြင့် ပြောရလျှင်၊ အရေထူစေလိမ့်မည်။ အစတွင် သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အတန်းဖော်များနှင့် မိတ်ဆွေများကို လိမ်ညာခြင်းက သင့်မျက်နှာကို ရှက်သွေးဖြန်းသွားစေမည်၊ သင့်နှလုံးကို အခုန်မြန်စေမည်ဖြစ်ကာ သင့်ကို လိပ်ပြာမလုံဖြစ်စေမည်။ အချိန်ကြာလာသည်နှင့်အမျှ ဤသတိရှိနေသော တုံ့ပြန်မှုများအားလုံး လျော့ပါးသွားလိမ့်မည်။ သင်၏ မျက်နှာသည် ရှက်သွေးဖြန်းတော့မည် မဟုတ်၊ သင်၏ နှလုံးအခုန်မြန်တော့မည် မဟုတ်သကဲ့သို့ သင့်အသိစိတ်က သင့်ကို ဒုက္ခပေးတော့မည် မဟုတ်ပေ။ ရှင်သန်ရန်အလို့ငှာ သင်၏ မိဘများ၊ သင်၏ မွေးချင်းများနှင့် သင်၏ အကောင်းဆုံး မိတ်ဆွေများအပါအဝင် သင်နှင့် အရင်းနှီးဆုံးသော လူများကိုပင် လှည့်ဖြားလျက် မည်သည့်နည်းလမ်းကိုမဆို သင် မတတ်သာသည့်အဆုံး ကျင့်သုံးရလိမ့်မည်။ သင်၏ ကိုယ်ပိုင်ဘဝကို တိုးတက်စေရန်နှင့် သင်၏ ဂုဏ်သိက္ခာနှင့် ပျော်ရွှင်မှုတို့ကို မြှင့်တင်ရန်အလို့ငှာ ၎င်းတို့ထံမှ အကျိုးအမြတ်ရရှိရန် သင် ကြိုးစားလိမ့်မည်။ ဤသည်မှာ ထုံထိုင်းမှုဖြစ်၏။ ကနဦးအစတွင် သင်သည် မိမိကိုယ်ကို အပြစ်တင်စိတ် အနည်းငယ်မျှ ခံစားကောင်း ခံစားရမည်ဖြစ်ပြီး သင်၏ အသိစိတ်က မဆိုစလောက် တုန်လှုပ်ကောင်း တုန်လှုပ်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤအာရုံများ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး သင့်အနေဖြင့် “လူတို့သည် ထိုပုံစံအတိုင်းသာ ဖြစ်သည်။ ဤလောကတွင် သင့်အနေဖြင့် စိတ်ထားနူးညံ့နေ၍ မရပါ။ အခြားသူများအပေါ် စိတ်ထားနူးညံ့နေခြင်းသည် မိမိကိုယ်ကို ရက်စက်ခြင်း ဖြစ်သည်။ ဤလောကတွင် အားနည်းသောသူသည် အားကြီးသူ၏ သားကောင်ဖြစ်ရသည်။ အားကြီးသူသည် ရှင်သန်ပြီး အားနည်းသူ ပျက်စီးဆုံးရှုံးသည်၊ အောင်နိုင်သူများက ဘုရင်များဖြစ်လာပြီး ရှုံးနှိမ့်သူများက ရာဇဝတ်သားများ ဖြစ်လာကြသည်။ သင် အောင်မြင်လျှင် မည်သို့အောင်မြင်ခဲ့သည်ကို မည်သူကမျှ စုံစမ်းစစ်ဆေးလိမ့်မည် မဟုတ်သော်လည်း သင် ကျရှုံးလျှင် သင့်ထံ၌ ဘာမျှကျန်မည် မဟုတ်ပါ”ဟု ပြောလျက် သင့်ကိုယ်သင် ဖြေသိမ့်ရန် သာ၍ ဘဝင်ကျသွားစေလောက်သည့် အကြောင်းပြချက်များကို အသုံးပြုလိမ့်မည်။ အဆုံးတွင် လူတို့သည် ဤအတွေးများနှင့် ရှုထောင့်အမြင်များအား ၎င်းတို့ အရာရာကို လိုက်စားပုံအတွက် အခြေခံအကြောင်းရင်းနှင့် ရည်မှန်းချက်ပြည့်စေသော နည်းလမ်းတစ်ခု ဖြစ်အောင်လုပ်ရင်း မိမိတို့ကိုယ်ကို ဖျောင်းဖျရန် အသုံးချကြလိမ့်မည်။ သို့ဆိုလျှင် ယခု သင်တို့အားလုံးသည် မိမိတို့ကိုယ်ကို မည်သည့်နေရာတွင် တွေ့ရှိရသနည်း။ ထုံထိုင်းသည့် အဆင့်ကို သင်တို့ ရောက်ရှိကြပြီလော၊ သို့မဟုတ် မရောက်ကြသေးဘူးလော။ သင့်အနေဖြင့် စီးပွားရေးလုပ်ငန်းတွင် ပါဝင်ရမည်ဖြစ်ပြီး ဤစီးပွားရေးလုပ်ငန်းက သင်၏ အနာဂတ်၊ သင်၏ ဘဝအဆင့်အတန်းနှင့် လူ့အဖွဲ့အစည်းရှိ သင်၏ ဂုဏ်သတင်းတို့နှင့် ဆက်စပ်သည်ဆိုပါစို့။ သင်၏ နည်းစနစ်များက အတော်အသင့် ဉာဏ်များပြီး မည်သူကိုမဆို သင် လှည့်ဖြားနိုင်မည်ဆိုလျှင် သင်သည် ကျန်သည့်သူများထက် သာသည့် ဘဝတစ်ခုကို ရှင်သန်ပေမည်၊ ငွေကြေး တောင်ပုံရာပုံရှိမည်ဖြစ်ကာ မည်သူမဆို၏ ဆန္ဒများကို လိုက်လျောနေစရာ လိုအပ်မည် မဟုတ်တော့ပေ။ ထိုအခါ မည်သည့်အရာကို သင် လုပ်ဆောင်မည်နည်း။ သင့်အနေဖြင့် မည်သူကိုမဆို လှည့်ဖြားနိုင်ကာ မည်သူမဆိုထံမှ ငွေရှာနိုင်သည်အထိ အလွန် ထုံထိုင်း၍ အလွန် အကြင်နာကင်းမဲ့လာမည်လော။ (ကျွန်ုပ် ဖြစ်ဖို့ သေချာသလောက် ဖြစ်ပါမည်။) သင် ဖြစ်ဖို့ သေချာသလောက်ဖြစ်ပေမည်။ ဤအရာ ပြောင်းလဲရန် လိုအပ်သည်။ ဤသည်မှာ လူ့သဘာဝအတွင်းထဲတွင် တည်ရှိနေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ လူ့သဘာဝ ကင်းမဲ့သည့်အခါ ကျန်ရှိသည့်အရာမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပြင် စာတန်က သွတ်သွင်းသည့် အမျိုးမျိုးသော အတွေးများနှင့် ရှုထောင့်အမြင်များအတိုင်း အသက်ရှင်သည့် ဘဝတစ်ခု ဖြစ်သည်။ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ်တို့မရှိဘဲ လူတစ်ဦး၏ ဘဝသည် အခွံသက်သက်၊ ဘာမျှမရှိသည့် အိုးတစ်ခုအဖြစ်သို့ ယုတ်လျော့သွားပြီး မိမိ၏ တန်ဖိုး ဆုံးရှုံးလေသည်။ သင့်ထံတွင် ရှက်စိတ်အချို့ ရှိဆဲဖြစ်ကာ အခြားသူများကို သင် လိမ်ညာ၊ လှည့်စား သို့မဟုတ် ထိခိုက်နစ်နာစေရာ၌ ခံရသည့်ဘက်တွင် မည်သူရှိသည်ကို သင် ရွေးချယ်နိုင်သည့်အခါ၊ သင်သည် တွေ့သမျှလူကို လိုက်ပြီး ထိခိုက်နစ်နာအောင် လုပ်နေခြင်း မရှိသည့်အခါ အသိစိတ်နှင့် လူ့သဘာဝအချို့ သင် ပိုင်ဆိုင်ဆဲဖြစ်သည်။ သို့သော် သင်သည် စိတ်စနိုးစနောင့်ဖြစ်ခြင်း မရှိဘဲ မည်သူကိုမဆို လှည့်ဖြားနိုင်လျှင် သို့မဟုတ် ထိခိုက်နစ်နာအောင်လုပ်နိုင်လျှင် အမှန်ပင် အသက်ရှင်နေသည့် စာတန်စစ်စစ်တစ်ဦး ဖြစ်သည်။ သင်က “ကျွန်ုပ်၏ မိဘများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ၊ မာယာကင်းသည့် လူများကို ကျွန်ုပ် လှည့်ဖြား၍မဖြစ်သလို အထူးသဖြင့် ဘုရားအိမ်တော်ရှိ ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများကို လှည့်ဖြား၍ မရပါ။ ပြီးလျှင် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို ကျွန်ုပ် လိမ်ညာယူ၍ မရပါ”ဟု ပြောလျှင် သင့်ထံ၌ ကိုယ်ကျင့်တရားဆိုင်ရာစည်းအချို့ ရှိနေဆဲဖြစ်ကာ အသိစိတ်အချို့ ရှိသည့် လူတစ်ဦးအဖြစ် ယူဆ၍ရနိုင်ဆဲဖြစ်သည်။ သို့သော် သင်သည် ဤသေးငယ်သည့် အသိစိတ်နှင့် စည်း ပမာဏလေးပင် ကင်းမဲ့လျှင် လူသားဟု မခေါ်ထိုက်ပေ။ ထို့ကြောင့် မည်သည့်အဆင့်ထိ သင်တို့ ရောက်ရှိပြီးဖြစ်သနည်း။ သင်တို့တွင် စည်းများ ရှိကြသလော။ သင်တို့တွင် အခွင့်အရေးရှိခဲ့လျှင် သို့မဟုတ် တကယ် လိုအပ်ချက်တစ်ခုရှိခဲ့လျှင် သင်၏ မိဘများ၊ သင်၏ မွေးချင်းညီအစ်ကို မောင်နှမများနှင့် အရင်းနှီးဆုံး မိတ်ဆွေများကို လှည့်ဖြားနိုင်မည်လော။ သင်သည် သင်၏ ညီအစ်ကို မောင်နှမများကို လှည့်ဖြားနိုင်မည်လော၊ ၎င်းတို့ကို အမြတ်ထုတ်နိုင်မည်လော၊ သို့မဟုတ် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကိုပင် လိမ်ညာယူနိုင်မည်လော။ ထိုသို့သော အခွင့်အရေးတစ်ခု သင့်ထံ ရောက်လာပြီး မည်သူကမျှ လုံးဝ သိမည်မဟုတ်လျှင် သင် လုပ်ဆောင်နိုင်မည်လော။ (ယခုတွင် ထိုအရာကို ကျွန်ုပ် မလုပ်နိုင်တော့သကဲ့သို့ ခံစားရပါသည်။) အဘယ်ကြောင့် သင် မလုပ်နိုင်တော့သနည်း။ (ဘုရားသခင်ကို ကျွန်ုပ်ကြောက်သောကြောင့် ကျွန်ုပ်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိသောကြောင့်ဖြစ်ပြီး ကျွန်ုပ်၏ အသိစိတ်က ခွင့်ပြုမည် မဟုတ်သောကြောင့်လည်း ဖြစ်ပါသည်။) သင်၏ သဘောထားမှာ သင်၏ စိတ်နှလုံးတွင် စိုးရွံ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကာ သင်၏ အသိစိတ်က ခွင့်ပြုမည်မဟုတ်ဟူ၍ ဖြစ်သည်။ အခြားလူများ ပြောကြပါစေ။ ဤအရာနှင့် စပ်လျဉ်း၍ သင်တို့တွင် သဘောထားတစ်ခု ရှိကြသလော။ မရှိလျှင် ဤကိစ္စကို သင်တို့ မည်သည့်အခါတွင်မျှ မစဉ်းစားခဲ့ဖူးသကဲ့သို့ အခြားသူများ ထိုသို့လုပ်ဆောင်နေသည်ကို မြင်သည့်အခါ ဘာမျှ မခံစားရလျှင် သင်သည် အန္တရာယ်ရှိပေသည်။ ထိုသို့သောအရာများကို တစ်စုံတစ်ဦး လုပ်ဆောင်နေသည်ကို သင် မြင်ပြီး မည်သည့် အမုန်းတရားမျှ မခံစားရလျှင်၊ ထိုအရာအပေါ် သဘောထားတစ်ခု မရှိသကဲ့သို့ ထုံထိုင်းနေလျှင် သင်သည် ထိုသူတို့နှင့် ခြားနားခြင်းမရှိသကဲ့သို့ အလားတူ ပြုမူဆောင်ရွက်မိပေမည်။ သို့ရာတွင် ဤအရာအပေါ် သင်၏ သဘောထား ရှင်းနေလျှင်၊ ထိုသို့သော လူများကို သင် မုန်းပြီး ပြစ်တင်မောင်းမဲနိုင်လျှင် ထိုသို့သော လုပ်ရပ်များကို သင် ကျူးလွန်မိမည်မဟုတ်ပေ။ ထို့ကြောင့် သင်တို့၏ သဘောထားသည် မည်သည့်အရာနည်း။ (ကျွန်ုပ်တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးနှင့်ဆိုင်သော အရာတစ်ခုခု ရှိသင့်ပါသည်။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများသည် သန့်ရှင်းသောအရာဖြစ် သီးသန့်ထားရှိခြင်း ဖြစ်ကာ ကိုယ်ရေးကိုယ်တာ အသုံးပြုခြင်းအတွက် အလွဲသုံးစားလုပ်၍ မရ၊ ယူ၍ မရပေ။) လှူဖွယ်ပစ္စည်းများကို ကိုယ်ရေးကိုယ်တာ အသုံးပြုခြင်းအတွက် မယူရပေ။ ဤအရာကို အပြစ်ဒဏ် ကြောက်ရွံ့စိတ်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့ရာတွင် အခြားကိစ္စရပ်များမှာ အဘယ်သို့နည်း။ အဆင့်ဆင့် လိမ်လည်မှုတွင် သင် ပါဝင်ပတ်သက်မိမည်ဆိုလျှင် သင်၏ အရင်းနှီးဆုံး မိတ်ဆွေများထံမှ အမြတ်ထုတ်ရန် ကြိုးစားအားထုတ်နိုင်မည်လော။ ဤအရာမှ အမြတ်ထုတ်ကာ ငွေရှာရင်း ကွန့်လွန်းသော စကားဖြင့် လှည့်ဖြားကာ ၎င်းတို့ကို ပူးပေါင်းပါဝင်အောင် လုပ်နိုင်မည်လော။ သင်၏ အရင်းနှီးဆုံး မိတ်ဆွေများ၊ ဆွေမျိုးများ၊ သင်၏ မိဘများ သို့မဟုတ် ညီအစ်ကို မောင်နှမများကိုပင် သင် ဤသို့ လုပ်ဆောင်နိုင်မည်လော။ ထိုအရာက သင့်အတွက် ပြောရခက်လျှင် ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့အတွက် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို သင် ယူမည်မဟုတ်ဟု ပြောသည့်အခါ သင့်အတွက် ဖြစ်နိုင်မည်မဟုတ်၊ ဟုတ်ပါသလော။ အခြားတစ်စုံတစ်ဦး ပြောပါစေ။ (တစ်နည်းအားဖြင့် ဤကိစ္စရပ်တွင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်တို့ နားလည်သင့်ပါသည်။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို မည်သည့်အခါတွင်မျှ မထိရပါ။ နောက်တစ်နည်းအားဖြင့် ဤကဲ့သို့သော တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းသည် လူ့သဘာဝကင်းမဲ့သည်ဟု ကျွန်ုပ်တို့ ခံစားရပါသည်။ အနည်းဆုံးအနေဖြင့် လူတစ်ဦးရှိသင့်သည့် အနိမ့်ဆုံး အခြေခံစည်းမှာ ၎င်းတို့၏ အသိစိတ်က ခွင့်ပြုသည့်အရာသာ ဖြစ်သင့်ပါသည်။) သင်တို့၏ သဘောထားမှာ ထိုသို့သော အရာများကို လုပ်ဆောင်ခြင်းသည် လူ့သဘာဝကင်းမဲ့ပြီး အကြင်သူသည် မိမိ၏ အသိစိတ်က အခွင့်ပေးသည့် နည်းလမ်းများဖြင့် ပြုမူဆောင်ရွက်သင့်သည်ဟူ၍ ဖြစ်ပေသည်။ အခြားတစ်ဦးတလေ ရှိသေးသလော။ (လူသားတစ်ဦးအနေဖြင့် လူတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် ကမ္ဘာလောကထဲက အသိစိတ်နှင့် ကိုယ်ကျင့်တရား အခြေခံစည်းတစ်ခုရှိသည့် လူတစ်ဦးဖြစ်လျှင် မိမိကိုယ်ပိုင် မိသားစုကို ထိခိုက်နစ်နာစေသည့် အရာများ မလုပ်ဆောင်သင့်ပါဟု ကျွန်ုပ်ထင်ပါသည်။ ယခုတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ပြီး သမ္မာတရားအချို့ သိနားလည်သဖြင့် တစ်ဦးတစ်ယောက်သည် မိမိ၏ ညီအစ်ကို မောင်နှမများကို ထိခိုက်နစ်နာစေသည့်၊ မိမိတို့ မိတ်ဆွေများကို ထိခိုက်နစ်နာစေသည့်အရာများ သို့မဟုတ် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို လိမ်ညာယူသည့်အရာများ လုပ်ဆောင်နိုင်ဆဲ ဖြစ်လျှင် ထိုသို့သော လူတစ်ဦးသည် မယုံကြည်သူထက် သာ၍ပင် ဆိုးရွားပေသည်။ ထို့အပြင် တစ်ခါတစ်ရံ လူတို့သည် အချို့သော အတွေးများနှင့် စိတ်ကူးများကို ထုတ်ဖော်ပြကောင်း ထုတ်ဖော်ပြနိုင်သော်လည်း ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားများအကြောင်းကို ၎င်းတို့ တွေးမိပြီး အနီးအနားတွင် မည်သူမျှ စောင့်ကြည့်မနေလျှင်ပင်၊ သို့မဟုတ် မည်သူကမျှ ဤလုပ်ရပ်များနှင့်ပတ်သက်၍ မသိလျှင်ပင် အရာရာကို ဘုရားသခင် ဆန်းစစ်ဆဲဖြစ်ကြောင်းကို သဘောပေါက်ပြီး ထိုသို့သော အရာများကို မလုပ်ဝံ့ကြပါ။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့်ဆိုင်သော တစ်စုံတစ်ရာ ရှိကြလိမ့်မည်ဖြစ်ပါသည်။) တစ်နည်းအားဖြင့် ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် လူတို့က ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကင်းမဲ့ကြောင်း ပြသ၏။ နောက်တစ်နည်းအားဖြင့် ဤအရာများကို လုပ်နိုင်စွမ်းရှိသည့်လူများသည် အခြေခံအကျဆုံး လူ့သဘာဝပင် ကင်းမဲ့ကြ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားတစ်ဦးအနေဖြင့် ဘုရားသခင်ကို သင် မယုံကြည်လျှင်ပင် ထိုသို့သော လုပ်ရပ်များကို သင် မကျူးလွန်သင့်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အသိစိတ်နှင့် လူ့သဘာဝရှိသည့် လူတစ်ဦးက ရှိသင့်သော အရည်အသွေးတစ်ခု ဖြစ်သည်။ လိမ်လည်ခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် ခိုးယူခြင်းတို့သည် ကောင်းမြတ်ပြီး ပုံမှန်ဖြစ်သော လူတစ်ဦးက ပင်ကိုအားဖြင့် မလုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများစွာ ကြားပြီးဖြစ်သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို မယုံကြည်သည့်လူများပင်လျှင် ၎င်းတို့ ကျင့်ကြံပြုမူပုံတွင် ကန့်သတ်ချက်အချို့ ရှိနေဆဲဖြစ်သည်။ သင်သည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိနေဆဲဖြစ်လျှင် သင့်ကို အဖတ်ဆယ်၍ မရတော့ပေ။ ဤသည်မှာ လူ့သဘာဝကင်းမဲ့သည့် တစ်စုံတစ်ဦး၊ နတ်ဆိုးတစ်ဦး ဖြစ်ပေသည်။ သင်သည် အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီးဖြစ်သည့်တိုင် လိမ်လည်ခြင်း၊ ကလိမ်ကျခြင်းတို့နှင့် ဆက်စပ်သည့် မကောင်းသည့် လုပ်ဆောင်ချက်မျိုးစုံကို ကျူးလွန်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်းမရှိသူတစ်ဦးဖြစ်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်ပေသည်။ ယုံကြည်ခြင်းမရှိသူတစ်ဦးမှာ အဘယ်နည်း။ ဘုရားသခင်၏ စောင့်ကြည့်ခြင်း သို့မဟုတ် သူ ဖြောင့်မတ်သည်ကို မယုံကြည်သည့် တစ်စုံတစ်ဦး ဖြစ်၏။ ဘုရားသခင်၏ စောင့်ကြည့်ခြင်းကို သင် မယုံကြည်လျှင် သူ၏ တည်ရှိခြင်းကို သင် မယုံကြည်ဟု ဆိုလိုသည် မဟုတ်လော။ သင်က “ကျွန်ုပ်ကို ဘုရားသခင် စောင့်ကြည့်နေသော်လည်း ဘုရားသခင် အဘယ်မှာရှိသနည်း။ သူ့ကို ကျွန်ုပ် အဘယ်ကြောင့် မမြင်ရသေးသနည်း။ သူ့ကို အဘယ်ကြောင့် ကျွန်ုပ် မခံစားရသနည်း။ ကျွန်ုပ်သည် လူတို့ကို နှစ်ပေါင်းများစွာ လိမ်လည်ကာ ကလိမ်ကျနေခဲ့ပြီး ဖြစ်သည်။ အဘယ်ကြောင့် ကျွန်ုပ် အပြစ်ပေးမခံရသေးသနည်း။ ကျွန်ုပ်သည် အခြားသူများထက် သာ၍ သက်သောင့်သက်သာရှိသော ဘဝတစ်ခုကို အသက်ရှင်နေဆဲ ဖြစ်သည်”ဟု ပြောသည်။ ဤသည်မှာ ယုံကြည်ခြင်းမရှိသူတစ်ဦး၏ အပြုအမူ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ သမ္မာတရား မည်မျှကို မိတ်သဟာယပြုပြီးသည်ဖြစ်စေ တစ်ခုစီတိုင်းကို ၎င်းတို့ ငြင်းပယ်ကြခြင်းဖြစ်လေသည်။ သမ္မာတရားကို ၎င်းတို့ လုံးဝ လက်မခံကြသောကြောင့် မည်သည့်အရာကို လက်ခံကြသနည်း။ ၎င်းတို့ကို အကျိုးပြုသည့် အတွေးများနှင့် ရှုထောင့်အမြင်များကို ၎င်းတို့ လက်ခံကြလေသည်။ ၎င်းတို့ကို အကျိုးပြုပြီး ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ပေးသည့် မည်သည့်အရာမဆိုသည် ၎င်းတို့ လုပ်ဆောင်သည့်အရာ ဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ စောင့်ကြည့်ခြင်းကိုဖြစ်စေ၊ ဒဏ်ခတ်ခံရသည့် အယူအဆကိုဖြစ်စေ မယုံကြည်ဘဲ လက်ငင်း ကိုယ်ကျိုးကြည့်ခြင်းကို ယုံကြည်ကြလေသည်။ ဤသည်မှာ ယုံကြည်ခြင်းမရှိသူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်၏။ ယုံကြည်ခြင်းမရှိသူတစ်ဦးအတွက် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားအိမ်တော်ရှိ ယုံကြည်ခြင်းမရှိသူများကို အကြောင်းအရာတစ်ခုဖြင့် ဖော်ပြထားပေသည်။ မကောင်းမှုကို လုပ်ဆောင်ခြင်းဖြစ်၏။ သို့သော် ဤလူတို့၏ နောက်ဆုံး အဆုံးသတ်ကို မဆွေးနွေးဘဲနေကြစို့။ ငါတို့ မိတ်သဟာယပြုကြသည့် အကြောင်းကို ပြန်သွားကြစို့။

လူတို့ထဲတွင် ၎င်းတို့၏ မိသားစုအားဖြင့် ပုံစံသွင်းပေးခြင်းခံရကာ သွတ်သွင်းခံရသည့် အမျိုးမျိုးသော အတွေးများမှာ ၎င်းတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ရည်ရွယ်ခြင်းမဟုတ်သကဲ့သို့ ၎င်းတို့ထဲတွင် အပြုသဘောဆောင်သည့် အတွေးများကို သွတ်သွင်းပေးခြင်း မဟုတ်ပေ။ ထိုအစား နောက်ဆုံးတွင် လူတို့ကို ပြန်လမ်းမရှိသည့် လမ်းကြောင်းတစ်ခုထဲ ဆိုက်ရောက်သွားစေရင်း ၎င်းတို့က အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အတွေးများ၊ အပျက်သဘောဆောင်သည့် နည်းလမ်းများ၊ စည်းမျဉ်းများနှင့် ကျင့်ကြံပြုမူခြင်း နည်းစနစ်များကို သွတ်သွင်းပေးလေသည်။ တိုတိုပြောရလျှင် လူတို့ထဲတွင် မိသားစုများက သွတ်သွင်းပေးသည့် အမျိုးမျိုးသော အတွေးများသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့်၊ လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့၏ အခြေခံ စံနှုန်းများကိုပင် မပြည့်မီပေ။ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်မျှကိုပင် ပိုင်ဆိုင်လျှင် ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း သို့မဟုတ် ဆုတ်ယုတ်စေခြင်း မခံရသေးဘဲ ကျန်ရှိနေသေးသည့် အနည်းမျှသောအရာသာ ဖြစ်၏။ ပြုမူကျင့်ကြံခြင်းအတွက် ၎င်းတို့၏ အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များထဲမှ ကျန်သည့်အရာများမှာ ၎င်းတို့၏ မိသားစုနှင့် လူ့အဖွဲ့အစည်းထံမှပင် လာပေသည်။ ထို့ကြောင့် လူတစ်ဦး ကယ်တင်ခြင်းမခံရမီတွင် ၎င်းတို့၏ မိသားစုက ၎င်းတို့ထဲသို့ ပုံစံသွင်းပေးသည့် အတွေး သို့မဟုတ် ရှုထောင့်အမြင်တစ်ခုခုက မည်သည့်အရာဖြစ်ပါစေ လူတို့ကို ဘုရားသခင် သွန်သင်သည့်အရာနှင့် ကွဲလွဲဆန့်ကျင်ပေသည်။ ထိုအရာက ၎င်းတို့ကို သမ္မာတရားအား နားမလည်စေနိုင်သကဲ့သို့ ကယ်တင်ခြင်းလမ်းကြောင်းဆီသို့ မဆိုက်ရောက်စေနိုင်ပေ။ ပျက်စီးခြင်း လမ်းကြောင်းဆီသို့သာ ဆိုက်ရောက်စေနိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်ထဲတွင် ရောက်လာသည့်အခါ ၎င်းက မည်မျှ အသက်အရွယ်ရှိသည်ဖြစ်စေ၊ မည်သည့် ပညာရေးမျိုး ရရှိခဲ့သည်ဖြစ်စေ၊ ၎င်းတို့၏ မိသားစု နောက်ခံက အဘယ်အရာဖြစ်ပြီး ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မြတ်သည်ဟု ၎င်းတို့ တွေးထင်သည်ဖြစ်စေ မည်သို့ ကျင့်ကြံပြုမူရမည်၊ အခြားသူများနှင့် မည်သို့ ဆက်ဆံရမည်၊ အမျိုးမျိုးသော ကိစ္စရပ်များအား မည်သို့ ကိုင်တွယ်ရမည်ဆိုသည်နှင့် အမျိုးမျိုးသော လူများနှင့် အမှုအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဟူသည်တို့ကို သုညမှ ၎င်းတို့ စတင် သင်ယူရမည်ဖြစ်သည်။ သင်ယူသည့် ဖြစ်စဉ်တွင် ဘုရားသခင်ထံမှ အမျိုးမျိုးသော အပြုသဘောဆောင်ကာ သမ္မာတရားနှင့်ကိုက်ညီသည့် အတွေးများနှင့် ရှုထောင့်အမြင်များကို လက်ခံရရှိခြင်းနှင့် သိနားလည်ခြင်းတို့အပြင် လက်တွေ့လုပ်ဆောင်ခြင်းနှင့် အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့အတွက် စည်းမျဉ်းများ ပါဝင်သည်။ ဤသည်မှာ သင်၏ သမ္မာတရား လက်ခံခြင်းအပေါ် လုံးဝဥဿုံ အခြေပြုပေသည်။ သမ္မာတရားကို သင် လက်မခံလျှင် သင်၏ မူလ အတွေးများနှင့် ရှုထောင့်အမြင်များ မပြောင်းမလဲ ရှိနေလိမ့်မည်။ ဘုရားသခင်ထံမှလာသည့် အပြုသဘောဆောင်ပြီး မှန်ကန်သော အတွေးများနှင့် ရှုထောင့်အမြင်များကို သင် လက်မခံသောကြောင့် ကမ္ဘာလောကကို ကိုင်တွယ်ဖြေရှင်းသည့် သင်၏ စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်တို့သည် အိုဟောင်းကာ မပြောင်းမလဲ ရှိနေလိမ့်မည်။ လူတို့သည် အပြုသဘောဆောင်သည့် အမြင်များနှင့် ရှုထောင့်အမြင်များ၊ သမ္မာတရားနှင့် ဘုရားသခင်၏ သွန်သင်မှုများကို စတင်လက်ခံသည့်အခါ စစ်မှန်သည့် လူတစ်ဦး၊ ပုံမှန်လူတစ်ဦး၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်ရှိသော လူတစ်ဦး မည်သို့ဖြစ်ရမည်ဆိုသည်ကို စတင်သင်ယူမိကြလေသည်။ လူအချို့က “ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဆယ်နှစ်၊ အနှစ်နစ်ဆယ် သို့မဟုတ် အနှစ်သုံးဆယ် ယုံကြည်ပြီးဖြစ်ကာ ဘုရားသခင်ထံမှ အတွေး သို့မဟုတ် ရှုထောင့်အမြင် တစ်ခုကို လက်မခံရသေးသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များမှ မည်သည့် သမ္မာတရားကိုမျှ လက်မခံရသေးပါ”ဟု ပြောဆိုကြသည်။ ဤသည်မှာ ဘုရားသခင်၌ သင်၏ ယုံကြည်မှုက စစ်မှန်ခြင်းမရှိ၊ သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကို သင် မသိသေးသကဲ့သို့ မည်သို့ ကျင့်ကြံပြုမူရမည်ကို မသင်ယူသေးကြောင်း ပြသရန် လုံလောက်ပေသည်။ သင်က “ဘုရားသခင်ကို ကျွန်ုပ် စတင်ယုံကြည်သည့် အခိုက်အတန့်မှစ၍ လူသားများအတွက် သတ်မှတ်ချက်အမျိုးမျိုး၊ လူသားများ ပိုင်ဆိုင်သင့်သည့် အတွေးများ၊ ရှုထောင့်အမြင်များ၊ စည်းမျဉ်းများ၊ ဆိုရိုးများနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ သွန်သင်ချက်များကို တရားဝင် စတင်လက်ခံခဲ့ပါသည်”ဟု ပြောလျှင် သင်သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်နေ့မှစ၍ စစ်မှန်သည့် လူတစ်ဦး မည်သို့ဖြစ်ရမည်ဆိုသည်ကို သင်ယူနေခဲ့ပြီးဖြစ်ကာ စစ်မှန်သည့် လူတစ်ဦး မည်သို့ဖြစ်ရမည်ဆိုသည်ကို သင် စတင် သင်ယူသည့်အချိန်မှစ၍ ကယ်တင်ခြင်း လမ်းကြောင်းတစ်လျှောက်ကို သင် စတင်လျှောက်နေခဲ့ပေသည်။ ဘုရားသခင်ထံမှ လာသည့် အတွေးများနှင့် ရှုထောင့်အမြင်များကို သင် စတင်လက်ခံသည့် အခိုက်အတန့်မှစ၍ ယင်းမှာ ကယ်တင်ခြင်းလမ်းကြောင်းတစ်လျှောက်ကို သင် စတင်လျှောက်လှမ်းသည့်အချိန်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့ အစပြုပြီးပြီလော။ သင် အစပြုနှင့်ခဲ့သလော၊ အစမပြုရသေးဘူးလော၊ သို့မဟုတ် အချိန်ကြာမြင့်စွာက အစပြုခဲ့သလော။ (မိသားစု ပုံစံသွင်းပေးခြင်း စသည်တို့ အပါအဝင် လူတို့တွင် တည်ရှိသည့် မမှန်ကန်သည့် အတွေးများ၊ ရှုထောင့်အမြင်များနှင့်ဆိုင်သော လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း ဘုရားသခင်၏ မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့မှတစ်ဆင့်၊ ကျွန်ုပ်သည် မိမိကိုယ်ကို စတင် သုံးသပ်ပြီးဖြစ်ကာ ကျွန်ုပ် လက်ခံယုံကြည်ခဲ့သည့် ဆိုးယုတ်သော အတွေးအခေါ်များကို တဖြည်းဖြည်း စွန့်ပစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ကျွန်ုပ် မည်သို့ အားထုတ်သင့်သည်ဆိုသည့်အပေါ် တဖြည်းဖြည်း တွေးဆမိခဲ့ပါသည်။ ထိုသို့သော နက်ရှိုင်းသည့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းကို ယခင်က ကျွန်ုပ် သိပ်အာရုံမစိုက်ခဲ့ပါ။) ဤအဆိုသည် အတော်လေး လက်တွေ့ကျပေသည်။ သင်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင်သာ အစပြုခဲ့ပေသည်။ နှစ် သို့မဟုတ် နေ့ရက် အတိအကျဖော်ထုတ်ရန် ခက်ခဲသော်လည်း မည်သို့ဆိုစေ၊ ပြီးခဲ့သည့်နှစ် သို့မဟုတ် လွန်ခဲ့သည့် နှစ်နှစ်တွင် ဖြစ်ခဲ့ပေသည်။ ဤသည်မှာ အတော်လေး ဓမ္မဓိဋ္ဌာန်ကျပေသည်။ အခြားသူတို့ကရော အဘယ်သို့နည်း။ (ကျွန်ုပ် မိသားစုက ပုံစံသွင်းပေးခဲ့သည့် အတွေးများနှင့် ရှုထောင့်အမြင်များကို ပြောင်းလဲရာတွင် မည်သို့ အားထုတ်ရမည်ကို ကျွန်ုပ် အမှန်တကယ် မစဉ်းစားခဲ့ပါ။ လတ်တလောတွင် ဤအရာနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင် ကျွန်ုပ်၏ အတွေးများသည် အတော်အတန်ပင် တဖြည်းဖြည်း စတင် ပြောင်းလဲလာပြီးဖြစ်သော်လည်း ဤကဏ္ဍတွင် ပြောင်းလဲခြင်းအား လိုက်စားခြင်းအပေါ် ကျွန်ုပ် ဂဃဏန အာရုံမစိုက်ရသေးပါ။) သင်၏ အသိသည် တိုး၍ အမြော်အမြင်ရှိပြီး ဖြစ်သည်။ သင်၏ နေ့စဉ်အသက်တာတွင် သာ၍ နက်ရှိုင်းစွာ သင် ဆက်လက်ရှာဖွေပြီး ဝင်ရောက်လျှင်၊ သတ်သတ်မှတ်မှတ်ဖြစ်သော ကိစ္စရပ်များတွင် သာ၍ စေ့စပ်ပြီး အမှားမခံနိုင်လျှင်၊ သာ၍ တိကျမှန်ကန်မှုဖြင့် ဝင်ရောက်လျှင် ပြောင်းလဲခြင်းအတွက် မျှော်လင့်ချက်ရှိလိမ့်မည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အတွေးဟောင်းနှင့် ရှုထောင့်အမြင်ဟောင်းများကို ခွာချရန် မျှော်လင့်ချက်ရှိလျှင် မှန်ကန်သည့် ရပ်တည်ချက်မှလည်းကောင်း၊ မှန်ကန်သည့် အမြင်ရှုထောင့်ဖြင့်လည်းကောင်း လူများနှင့် အမှုအရာများကို ရှုမြင်နိုင်ကာ ကျင့်ကြံပြုမူပြီး ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်၍ ဤသို့ဖြင့် ကယ်တင်ခြင်းကို သင် ရရှိနိုင်လိမ့်မည်။ ရေရှည်တွင် သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်သော်လည်း လက်ရှိအချိန်မှစ၍ သာ၍ လက်တွေ့ကျကျ ပြောဆိုရလျှင် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် သင့်တော်လိမ့်မည်ဖြစ်ပြီး အထူးသဖြင့် ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦး ဖြစ်ရန် သင့်တော်လိမ့်မည်။ သို့ရာတွင် ဤအရာက သင်ကိုယ်တိုင် သမ္မာတရား၏ ကဏ္ဍအသီးသီးအတွက် အားထုတ်ရန် လိုလားနေခြင်း ရှိမရှိဆိုသည်နှင့် အပြုသဘောဆောင်သော အရာများအပြင် စည်းမျဉ်းများနှင့် ဆက်စပ်သည့် အမျိုးမျိုးသော ကိစ္စရပ်များအတွက် အားထုတ်ပြီး အဖိုးအခပေးရန် လိုလားနေခြင်း ရှိမရှိဆိုသည်တို့အပေါ် မူတည်သည်။ သင်သည် သင်၏ အသိတွင် မိမိကိုယ်ကို ပြောင်းလဲရန်သာ အလိုရှိသော်လည်း သင်၏ နေ့စဉ်ဘဝတွင် အားထုတ်ခြင်းမရှိသကဲ့သို့ သမ္မာတရားနှင့်ပတ်သက်၍ အလေးအနက်ထားခြင်း မရှိလျှင် အပြုသဘောဆောင်သည့် အရာများအတွက် ဆာငတ်သည့် စိတ်နှလုံးမရှိလျှင် ဤအသိသည် အလျင်အမြန် လျော့ပါးကာ ပျောက်ကွယ်သွားလိမ့်မည်။ ငါ မိတ်သဟာယပြုသည့် အကြောင်းအရာ အသီးသီးတွင် ပါဝင်သော အတွေးနှင့် ရှုထောင့်အမြင်သည်ပင်လျှင် လူတို့၏ လက်တွေ့ဘဝများနှင့် ခွဲမရနိုင်ပေ။ ထိုအရာမှာ သဘောတရား သို့မဟုတ် ဆောင်ပုဒ်တစ်မျိုး မဟုတ်။ သင်၏ နေ့စဉ်ဘဝရှိ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် သင်၏ အတွေးများနှင့် ရှုထောင့်အမြင်တို့က မည်သည့်အရာများ ဖြစ်သည်ဆိုသည်နှင့် ပတ်သက်ပေသည်။ အရေးယူဆောင်ရွက်ရာတွင် သင်၏ အတွေးများနှင့် ရှုထောင့်အမြင်တို့က သင် ယိမ်းသည့်ဘက်ကို ဆုံးဖြတ်သည်။ သင်၏ အတွေးများနှင့် ရှုထောင့်အမြင်တို့က အပြုသဘောဆောင်လျှင် အမှုအရာများကို ကိုင်တွယ်ရာတွင် သင်၏ နည်းစနစ်များနှင့် စည်းမျဉ်းများက အပြုသဘောဆောင်လေ့ ရှိလိမ့်မည်ဖြစ်ပြီး ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၏ ရလဒ်သည် အတော်လေး ကောင်းမွန်ကာ ဘုရားသခင်၏ အလိုတော်နှင့် အညီဖြစ်လိမ့်မည်။ သို့ရာတွင် သင်၏ အတွေးများနှင့် ရှုထောင့်အမြင်များသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ဆန့်ကျင်လျှင် သို့မဟုတ် ဤအရာများနှင့် ဆန့်ကျင်ကွဲလွဲလျှင် တစ်စုံတစ်ရာကို သင် ကိုင်တွယ်ပုံအတွက် တွန်းအားသည် အပျက်သဘောဆောင်လိမ့်မည် ဖြစ်ပြီး ထိုကိစ္စရပ်ကို ကိုင်တွယ်ခြင်း၏ အဆုံးစွန် ရလဒ်မှာ ကောင်းမွန်ကြောင်း မုချ သက်သေပြလိမ့်မည် မဟုတ်။ အဖိုးအခ မည်မျှ သင်ပေးသည်ဖြစ်စေ၊ ဤကိစ္စရပ်ကို ကိုင်တွယ်ခြင်းအား သင် မည်မျှ စဉ်းစားတွေးတောသည်ဖြစ်စေ၊ သင်၏ ရည်ရွယ်ချက်များက မည်သို့ဖြစ်လင့်ကစား၊ ရလဒ်ကို ဘုရားသခင်က မည်သို့ ရှုမြင်လိမ့်မည်နည်း။ ဤကိစ္စရပ်ကို ဘုရားသခင်က မည်သို့ ဖော်ပြလိမ့်မည်နည်း။ ဘုရားသခင်က ဤကိစ္စရပ်ကို ဘုရားအိမ်တော်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် အတားအဆီး ဖြစ်စေသော၊ ဆုံးရှုံးမှု ဆိုက်ရောက်စေသော ဖျက်လိုဖျက်ဆီးလုပ်သည့်အရာအဖြစ် ဖော်ပြလျှင် သင်၏ လုပ်ရပ်များက ဆိုးယုတ်ပေသည်။ သင်၏ မကောင်းမှုများက သေးငယ်လျှင် ယင်းတို့က ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်မောင်းမဲခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ဆိုက်ရောက်စေမည်ဖြစ်သော်လည်း ပိုမိုကြီးလေးသည့် မကောင်းမှုများက အပြစ်ဒဏ် အကျိုးဆက် ပေါ်ပေါက်နိုင်ပေသည်။ သင်သည် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ပြုမူဆောင်ရွက်ရန် ပျက်ကွက်ပြီး ထိုအစား မယုံကြည်သူများ၏ မမှန်ကန်သည့် အတွေးများနှင့် ရှုထောင့်အမြင်များအပေါ် သင်၏ လုပ်ရပ်များကို အခြေပြုလျက် ထိုအရာများအပေါ် မှီခိုလျှင် သင်၏ အားထုတ်မှုသည် အချည်းနှီးဖြစ်လိမ့်မည်။ သင်သည် ကြီးမားသည့် အဖိုးအခတစ်ခုကို ပေးပြီး အားထုတ်မှုများစွာ ရင်းနှီးခဲ့လျှင်ပင် သင်၏ နောက်ဆုံးရလဒ်က အချည်းနှီးဖြစ်နေလိမ့်ဦးမည်ဖြစ်သည်။ ဤကိစ္စရပ်ကို ဘုရားသခင်က မည်သို့ ရှုမြင်သနည်း။ သူ မည်သို့ ဖော်ပြသနည်း။ မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ အနည်းဆုံးအနေဖြင့် သင်၏ လုပ်ဆောင်ချက်များက မကောင်းပေ။ ယင်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်းမရှိ၊ သို့မဟုတ် သူ့ကို ဘုန်းအသရေ မဆောင်ကြဉ်းသကဲ့သို့ သင် ပေးခဲ့သည့် အဖိုးအခနှင့် စိတ်အားထုတ်မှုတို့သည် အောက်မေ့ခံရလိမ့်မည်မဟုတ်။ အားလုံး အချည်းနှီးဖြစ်၏။ သင် နားလည်သလော။ (နားလည်ပါသည်။) မည်သည့်အရာကိုမျှ သင် မလုပ်ဆောင်မီတွင် သေချာစွာ စဉ်းစားရန် အချိန်ယူလော့။ အခြားသူများနှင့် သာ၍ မိတ်သဟာယပြုလော့။ ပြုမူဆောင်ရွက်ခြင်းမရှိမီ စည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းမှုကို ရှာဖွေကာ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စိတ်ဆန္ဒတို့၏ လှုံ့ဆော်ခြင်းခံရလျက် တဇောက်ကန်း သို့မဟုတ် စိတ်လိုက်မာန်ပါ မပြုမူနှင့်။ ရလဒ်က မည်သည့်အရာဖြစ်လင့်ကစား အဆုံးတွင် ထိုအရာကို သင့်ဘာသာ သည်းညည်းခံရမည်ဖြစ်ပြီး ရလဒ်က မည်သည့်အရာဖြစ်စေ၊ ဘုရားသခင်ထံမှ ဆုံးဖြတ်ချက် ရှိလိမ့်မည်။ သင်၏ လုပ်ရပ်များက အချည်းနှီးဖြစ်လိမ့်မည်မဟုတ်ကြောင်း၊ ဘုရားသခင်က အောက်မေ့လိမ့်မည် ဖြစ်ကြောင်း၊ သို့မဟုတ် ထို့ထက်ပို၍ပင် ယင်းတို့က ဘုရားသခင် နှစ်သက်သဘောကျသည့် ကောင်းမှုများ ဖြစ်လာလိမ့်မည်ဟု သင် မျှော်လင့်လျှင် စည်းမျဉ်းများကို သာ၍ မကြာခဏ သင် ရှာဖွေသင့်ပေသည်။ ဤအရာများကို သင် အရေးမစိုက်လျှင် သင်၏ လုပ်ဆောင်ချက်များက ကောင်းမွန်သည်ဖြစ်စေ၊ မကောင်းမွန်သည်ဖြစ်စေ၊ ယင်းတို့ကို ဘုရားသခင်က နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ သင့်အဖို့ အရေးမကြီးသကဲ့သို့ သင် အပြစ်ပေးခံရမည်၊ မခံရမည်ကိုပင် အရေးမစိုက်ဘဲ “ကိစ္စမရှိပါ၊ ယခုတွင် ထိုအရာကို ကျွန်ုပ် မည်သို့မျှ မြင်ရမည်၊ သို့မဟုတ် ခံစားရမည်မဟုတ်ပါ”ဟု တွေးလျှင်၊ သင့်ထံတွင် ဤအတွေးများနှင့် ရှုထောင့်အမြင်များရှိလျှင် သင် ပြုမူဆောင်ရွက်သည့်အခါ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလိမ့်မည် မဟုတ်။ သင်သည် မည်သည့်အရာကိုမျှ အလေးထားခြင်း သို့မဟုတ် ချုပ်ထိန်းခြင်းမရှိဘဲ ရဲတင်း၍ ထိန်းမနိုင်သိမ်းမရဖြစ်ကာ မဆင်မခြင်လုပ်မိလိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိလျှင် ပြုမူဆောင်ရွက်သည့်အခါ သင် လျှောက်သည့်လမ်းကြောင်းသည် သွေဖည်ရန် အလွန်အလားအလာ ရှိလိမ့်မည်။ လူသား သဘာဝနှင့် ဗီဇများအရ နောက်ဆုံးရလဒ်မှာ သင်၏ လုပ်ရပ်များက ဘုရားသခင်၏ ဝမ်းမြောက်ခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ရရှိရန် အရေးနိမ့်နိုင်ရုံမက အနှောင့်အယှက်များ၊ အတားအဆီးများနှင့် မကောင်းမှုများလည်း ဖြစ်လာကြပေသည်။ ထို့ကြောင့် သင်၏ နောက်ဆုံး အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်နှင့် ဘုရားသခင်က မည်သို့ သဘောထားကာ ကိုင်တွယ်လိမ့်မည်ဆိုသည်မှာ အတော်လေး သိသာထင်ရှားပေသည်။ ထို့ကြောင့် မည်သည့်အရာကိုမျှ သင် မလုပ်ဆောင်မီတွင် မည်သည့်ကိစ္စရပ်ကိုမျှ မကိုင်တွယ်မီ သင် လိုလားသည့်အရာနှင့်ပတ်သက်၍ ဦးစွာ ဆင်ခြင်စဉ်းစားသင့်ကာ ဤကိစ္စရပ်၏ နောက်ဆုံးရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို စေ့စေ့စပ်စပ် စဉ်းစားသင့်သည်။ ထို့နောက်တွင်မျှ ဆက်လုပ်ဆောင်သင့်သည်။ သို့ဆိုလျှင် ဤကိစ္စသည် မည်သည့်အရာနှင့် ပတ်သက်သနည်း။ တစ်ခုခုကို သင် လုပ်ဆောင်သည့်အခါ သင်၏ သဘောထား၊ သင် လိုက်လျှောက်သည့် စည်းမျဉ်းများနှင့် ပတ်သက်ပေသည်။ အကောင်းဆုံး သဘောထားမှာ စည်းမျဉ်းများကို သာ၍ မကြာခဏ ရှာဖွေရန်နှင့် သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို သင်၏ ကိုယ်ပိုင် ခံစားချက်များ၊ နှစ်သက်မှုများ၊ ရည်ရွယ်ချက်များ၊ စိတ်ဆန္ဒများ သို့မဟုတ် လက်ငင်း အကျိုးစီးပွားတို့အပေါ် အခြေမခံရန်ဖြစ်သည်။ ထိုအစား သင့်အနေဖြင့် စည်းမျဉ်းများကို ရှာဖွေရမည်၊ ညီအစ်ကို မောင်နှမများရှေ့တွင် ကိစ္စရပ်များကို သာ၍ မကြာခဏ ယူဆောင်ရင်းနှင့် တာဝန်များကို ဖြည့်ဆည်းရန် သင်နှင့်အတူ အလုပ်လုပ်နေကြသည့် ထိုညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုကာ ရှာဖွေရင်း ဘုရားသခင်ရှေ့တွင် သာ၍ မကြာခဏ ဆုတောင်းကာ ရှာဖွေရမည်။ သင် ပြုမူဆောင်ရွက်ခြင်း မပြုမီ စည်းမျဉ်းများကို မှန်ကန်စေလော့။ စိတ်လိုက်မာန်ပါ မပြုမူနှင့်၊ မပြတ်မသား မလုပ်နှင့်။ ဘုရားသခင်ကို သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အစာတစ်နပ်ရရန်၊ အချိန်ကုန်ဆုံးရန်၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုကို အမီလိုက်ရန်၊ သို့မဟုတ် သင်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ထိုအရာကို သင် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ကယ်တင်ခံရရန်အလို့ငှာ သင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ သို့ဆိုလျှင် သင် မည်သို့ ကယ်တင်ခံရနိုင်သနည်း။ တစ်ခုခုကို သင် လုပ်ဆောင်သည့်အခါ ကယ်တင်ခြင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များအပြင် သမ္မာတရားနှင့် ဆက်စပ်သင့်သည် မဟုတ်လော။

မိမိ၏ မိသားစု ပုံစံသွင်းပေးခြင်းကို လက်လွှတ်ခြင်း အကြောင်းအရာနှင့် စပ်လျဉ်း၍ ငါတို့၏ ယခင် မိတ်သဟာယ၌ လူတို့အထဲတွင် ၎င်းတို့၏ မိသားစုများက ပုံစံသွင်းပေးခဲ့သည့် အတွေးများဖြစ်သော ကျင့်ကြံပြုမူခြင်းနှင့် ဆက်စပ်သည့် စည်းမျဉ်းများနှင့် အမျိုးမျိုးသော အတွေးများနှင့် ရှုထောင့်အမြင်များ ပါဝင်လေသည်။ သို့သော် မိသားစုများက လူတို့အပေါ် အမျိုးမျိုးသော သွန်သင်မှုနှင့် လွှမ်းမိုးမှုများရှိခြင်းအပြင် ပုံစံသွင်းပေးခြင်း သာ၍ပင် ရှိပေသည်။ ဆိုလိုသည်မှာ မိသားစု ပုံစံသွင်းပေးခြင်းတွင် အတွေးများကို ပုံစံသွင်းပေးခြင်းမျှထက် များစွာပို၍ ပါဝင်ပေသည်။ ငါတို့ ယခုတင် ဆွေးနွေးခဲ့သည့်အရာအပြင် ရိုးရာနှင့်ဆိုင်သော အယူသီးသော ဘာသာရေး ပုံစံသွင်းခြင်းလည်း ပါဝင်သည်။ ယင်းမှာ ငါတို့ ဆက်လက်မိတ်သဟာယပြုမည့်အရာ ဖြစ်သည်။ ဤကိစ္စရပ်များတွင် ဘဝနေထိုင်မှုပုံစံ၊ အလေ့အထများ၊ အကျင့်များနှင့် ဘဝ၏ နေ့စဉ် အသေးစိတ်အချက်များပါဝင်သည်။ လူတို့၏ နေ့စဉ် ဘဝများတွင် မိသားစု ပုံစံသွင်းပေးခြင်းနှင့် စပ်လျဉ်း၍ ယခုတွင် ငါတို့၏ ဆွေးနွေးမှုကို ရိုးရာဆီသို့ ငါတို့ ပြောင်းလဲဆွေးနွေးကြမည်။ ရိုးရာနှင့်ဆိုင်သည့် ဥပမာအချို့မှာ အဘယ်နည်း။ ဥပမာအားဖြင့် မိသားစုတစ်စုသည် နေ့စဉ်ဘဝ၏ အသေးစိတ်အချက်များနှင့် ဆက်နွှယ်သော အချို့သော အချက်အလက်များ၊ ဆိုရိုးများ သို့မဟုတ် တားမြစ်ထားသည့်အရာများကို ဖက်တွယ်ကောင်းဖက်တွယ်နေနိုင်သည်။ ဤအရာတွင် ရိုးရာပါဝင်သလော။ (ပါဝင်ပါသည်။) ရိုးရာသည် အယူသီးခြင်းနှင့် အတော်အတန် ဆက်စပ်ပြီး ဆက်နွှယ်မှုရှိသောကြောင့် ထိုအရာနှစ်ခုလုံးကို အတူတကွ ငါတို့ ဆွေးနွေးကြမည်။ ရိုးရာအတွင်းရှိ သွင်ပြင်လက္ခဏာအချို့ကို အယူသီးခြင်းအဖြစ် ယူဆ၍ ရကောင်းရနိုင်ပြီး အယူသီးခြင်းအတွင်းတွင် ထိုမျှအစဉ်အလာ မဟုတ်ဘဲ မိသားစု သို့မဟုတ် မျိုးနွယ်စုတစ်စုချင်းစီနှင့် သက်ဆိုင်သည့် အလေ့အကျင့်များ သို့မဟုတ် ဘဝနေထိုင်မှုနည်းလမ်းများသာဖြစ်သည့် အရာများ ရှိပေသည်။ ရိုးရာများနှင့် အယူသီးခြင်းများက မည်သည့်အရာ ဖြစ်ပေါ်စေသည်ကို လေ့လာခြင်းအားဖြင့် အစပြုကြစို့။ သင်တို့၏ နေ့စဉ်ဘဝ ကဏ္ဍများစွာတွင် ပါဝင်သောကြောင့် ရိုးရာများနှင့် အယူသီးခြင်းများစွာကို သင်တို့ ရင်းနှီးပြီးသားဖြစ်သည်။ ဆက်ပြောကြလော့၊ အနည်းငယ်ကို စာရင်းပြုစုကြလော့။ (ဗေဒင်ဟောခြင်း၊ လက္ခဏာကြည့်ခြင်းနှင့် ကံစမ်းမဲနှိုက်ခြင်းတို့ဖြစ်ပါသည်။) ကံစမ်းမဲနှိုက်ခြင်း၊ ဗေဒင်ဟောခြင်း၊ အနာဂတ်ကို ဟောခြင်း၊ လက္ခဏာကြည့်ခြင်း၊ မျက်နှာဖတ်ခြင်း၊ မွေးဖွားသည့်အချိန်များအားဖြင့် ဗေဒင်ဟောခြင်းနှင့် နတ်မေးခြင်း စသည့် ဤအရာများကို အယူသီးခြင်းဟု မခေါ်ပေ။ ယင်းတို့အားလုံးတွင် အယူသီးသော လုပ်ဆောင်ချက်များ ပါဝင်သည်။ အယူသီးခြင်းသည် ဤလုပ်ဆောင်ချက်များအတွင်း တည်ရှိသည့် တိကျသော အကြောင်းပြခြင်းများကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် အိမ်မှမထွက်မီတွင် ယနေ့အတွက် မည်သည့်ကိစ္စများက အတိတ်နိမိတ်ကောင်းခြင်း ရှိမရှိ၊ သို့မဟုတ် အတိတ်နိမိတ်မကောင်းခြင်း ရှိမရှိ၊ ကိစ္စများအားလုံးက အတိတ်နိမိတ်မကောင်းခြင်း ရှိမရှိ၊ အိမ်ရွှေ့ပြောင်းခြင်း၊ အိမ်ထောင်ပြုခြင်းနှင့် အသုဘ စီစဉ်ခြင်းအားလုံးက အတိတ်နိမိတ် မကောင်းခြင်း ရှိမရှိ၊ သို့မဟုတ် ယနေ့တွင် ကိစ္စများအားလုံးက အတိတ်နိမိတ်ကောင်းခြင်း ရှိမရှိဆိုသည်တို့ကို ဆုံးဖြတ်ရန် ပြက္ခဒိန်ကို စစ်ဆေးခြင်းသည် အယူသီးခြင်းဖြစ်၏။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) နောက်ထပ် ဥပမာအနည်းငယ်ကို စာရင်းပြုစုကြလော့။ (ဘယ်ဘက် မျက်ခမ်းလှုပ်ခြင်းက ကံကောင်းခြင်း နိမိတ်ဖြစ်သော်လည်း ညာဘက်မျက်ခမ်းလှုပ်ခြင်းက ကံဆိုးခြင်း နိမိတ်ဖြစ်သည်ဟူသော ယုံကြည်မှု ဖြစ်ပါသည်။) “ဘယ်ဘက် မျက်ခမ်းလှုပ်ခြင်းက ကံကောင်းခြင်း နိမိတ်ဖြစ်သော်လည်း ညာဘက်မျက်ခမ်းလှုပ်ခြင်းက ကံဆိုးခြင်း နိမိတ်ဖြစ်သည်” ဟူသည်မှာ အဘယ်အရာဖြစ်သနည်း။ (အယူသီးခြင်းတစ်ခု ဖြစ်သည်။) အယူသီးခြင်းတစ်ခုဖြစ်၏။ အနာဂတ်ကို ကြိုဟောခြင်း၊ ကံစမ်းမဲနှိုက်ခြင်း၊ လက္ခဏာကြည့်ခြင်း စသည့်တို့ကဲ့သို့သော ငါ ယခုတင် ဖော်ပြခဲ့သည့် အရာရာတိုင်းသည် အယူသီးသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပေသည်။ “ဘယ်ဘက် မျက်ခမ်းလှုပ်ခြင်းက ကံကောင်းခြင်း နိမိတ်ဖြစ်သော်လည်း ညာဘက်မျက်ခမ်းလှုပ်ခြင်းက ကံဆိုးခြင်း နိမိတ်ဖြစ်သည်” ဆိုသည်မှာ အယူသီးသည့် လုပ်ဆောင်ချက်တစ်ခုနှင့် ဆက်စပ်သည့် တိကျသော ဆိုရိုးတစ်ခု ဖြစ်သည်။ ယင်းသည် အယူသီးမှုတစ်ခုဖြစ်သည်။ ဤဆိုရိုးများသည် မည်သည့်နေရာမှ လာသနည်း။ အခြေခံအားဖြင့် ယင်းတို့အားလုံးသည် ပိုမိုရှေးကျသော မျိုးဆက်များမှာ လာပေသည်။ အချို့ကို မိဘများက လက်ဆင့်ကမ်းကြသည်၊ အခြားအရာများမှ အဖိုးအဖွားများ၊ အဘေးများ စသည်တို့မှ လာပေသည်။ အခြားတစ်ခုခု ရှိသေးသလော။ (ဘုရားသခင်၊ အားလပ်ရက် အလေ့အထကို ထည့်တွက်၍ ရပါသလော။) အားလပ်ရက် အလေ့အထကိုလည်း ထည့်တွက်၍ရသည်။ အချို့သည် ရိုးရာနှင့် သက်ဆိုင်သော်လည်း အခြားအရာများမှာ ရိုးရာများရော အယူသီးသည့် ဆိုရိုးများရောပါ ဖြစ်ပေသည်။ တရုတ်ပြည်၏ တောင်မှ မြောက်၊ ပြီးလျှင် အရှေ့မှ အနောက်ထိ များပြားသော အခါကြီးရက်ကြီး အလေ့အထများ ရှိပေသည်။ သတ်သတ်မှတ်မှတ်ဖြစ်သည့် အခါကြီးရက်ကြီး အလေ့အထတစ်ခုကို စဉ်းစားကြည့်လော့။ ဥပမာအားဖြင့် တရုတ်ပြည်တောင်ပိုင်းတွင် လူတို့သည် တရုတ်နှစ်သစ်ကူးအတောအတွင်း အီကွေ့မုန့်များကို မကြာခဏ စားသုံးကြသည်။ ဤအရာသည် မည်သည့်အရာ၏ သင်္ကေတဖြစ်သနည်း။ အီကွေ့မုန့်များကို လူတို့စားကြခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (အီကွေ့မုန့်များကို စားသုံးခြင်းသည် ၎င်းတို့အား တစ်နှစ်ပြီးတစ်နှစ် ရာထူးတိုးခြင်းကို ယူဆောင်လာပေးလိမ့်မည်ဟု ယုံကြည်ကြပါသည်။) အီကွေ့မုန့်များကို စားသုံးခြင်း၏ ရည်ရွယ်ချက်မှာ တစ်နှစ်ပြီးတစ်နှစ် အသေအချာ ရာထူးတိုးစေရန် ဖြစ်သည်။ ဤနေရာတွင် “ရာထူးတိုးခြင်း”ဟူသည့် စကားလုံးသည် တရုတ်စကားတွင် “မုန့်”ဟူသည်နှင့် သံတူအရေးကွဲ စကားလုံးတစ်ခု ဖြစ်သည်။ ထို့ကြောင့် အီကွေ့မုန့်များကို စားသုံးခြင်း ရည်ရွယ်ချက်မှာ နှစ်တိုင်း ရာထူးတိုးခြင်းခံရသည်ကို သေချာစေရန် ဖြစ်သည်။ ယခုတွင် အီကွေ့မုန့်များကို သင် မစားခဲ့သကဲ့သို့ ရာထူးတိုးခြင်းမခံခဲ့ရသည့် နှစ်တစ်နှစ်ရှိဖူးသလော။ နှစ်စဉ်နှစ်တိုင်း အီကွေ့မုန့်များကို စားသုံးသောကြောင့် နှစ်စဉ်နှစ်တိုင်း ရာထူးတိုးခြင်းခံရသည့် တစ်ဦးတလေ ရှိသလော။ သင်တို့ အမှန်တကယ် “ရာထူးတိုးခြင်းခံရ”ကြသလော။ ဤအရာက ရာထူးတိုးချင်မှ တိုးမည်ဖြစ်သော်လည်း ရာထူးမတိုးစေလျှင်ပင် အနည်းဆုံးအနေဖြင့် မကျရှုံးအောင် တားဆီးသည်ဟု လူတို့က အသိရှိကြသည်။ ထို့ကြောင့် ၎င်းတို့ စားရမည်ဖြစ်သည်။ စားခြင်းက ၎င်းတို့ကို စိတ်အေးလက်အေး ဖြစ်စေသော်လည်း မစားခြင်းက ၎င်းတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။ ဤသည်မှာ အယူသီးခြင်းနှင့် ရိုးရာ ဖြစ်သည်။ တိုတိုပြောရလျှင် သင်၏ မိသားစုမှဖြစ်သော ဤအလေ့အကျင့်များနှင့် ရိုးရာများသည် သင့်အပေါ် လွှမ်းမိုးမှုတစ်ခု ဖြစ်စေပြီး သင်သည် ဤရိုးရာများနှင့် အလေ့အကျင့်များကို မရည်ရွယ်ဘဲ အတိုင်းအတာတစ်ခုခုထိ ထောက်ခံကာ လက်ခံကြပြီးဖြစ်သည်။ ထို့ကြောင့် ဤရိုးရာများက အားပေးသည့် အယူသီးခြင်းများ သို့မဟုတ် အတွေးများနှင့် ရှုထောင့်အမြင်များကိုလည်း သင် ထောက်ခံကာ လက်ခံပြီးဖြစ်သည်။ သင့်ဘာသာ အသက်ရှင်နေထိုင်လာသည့်အခါ ဤရိုးရာများနှင့် အလေ့အကျင့်များကို သင် ဆက်လက်၍ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပေသည်။ ဤအရာကို ငြင်းမရနိုင်ပေ။ ယခုတွင် ရိုးရာများနှင့် ဆက်စပ်သည့် ဆိုရိုးအချို့ကို ဆွေးနွေးကြစို့။ လူအချို့သည် ထိုသို့သော ကိစ္စရပ်များတွင် မကြာခဏ ပါဝင်ပတ်သက်မိကြသည်။ တစ်စုံတစ်ဦးသည် ခရီးရှည်တစ်ခု သွားတော့မည်ဆိုလျှင် ၎င်းတို့က သူစားဖို့ ဖက်ထုပ်များကို ပြုလုပ်ပေးပြီး ခရီးသွားသူ ပြန်ရောက်လာသည့်အခါ ခေါက်ဆွဲ ပြင်ပေးကြသည်။ ဤသည်မှာ ရိုးရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ရိုးရာတစ်ခုဖြစ်ပြီး ထုံးတမ်းသဖွယ် လိုက်နာလျက်ရှိသော အလေ့အထတစ်ခု ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်ကို မဆွေးနွေးဘဲ နေကြဦးစို့။ ပထမဦးစွာ ဤလုပ်ရပ်အတွက် တိကျမှန်ကန်သည့် အဆိုကို ဆန်းစစ်ကြစို့။ (“အိမ်ပြင်ထွက်လျှင် ဖက်ထုပ်၊ အိမ်ထဲဝင်လျှင် ခေါက်ဆွဲ” သို့မဟုတ် “ထွက်ခွာခြင်းအတွက် ဖက်ထုပ်၊ ပြန်ရောက်လာခြင်းအတွက် ခေါက်ဆွဲ”ဟုလည်း သင် ဆိုနိုင်သည်။) “ထွက်ခွာခြင်းအတွက် ဖက်ထုပ်၊ ပြန်ရောက်လာခြင်းအတွက် ခေါက်ဆွဲ”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ယနေ့တွင် လူတစ်ဦး ထွက်ခွာမည်ဆိုလျှင် ထိုသူစားရန် ဖက်ထုပ်များ သင် ပေးရမည်ဟူ၍ ဖြစ်သည်။ ဤအရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဖက်ထုပ်များကို ဖက်ထုပ်ရွက်ဖြင့် ထုပ်ထားပြီး “ထုပ်”ဟူသည့် စကားလုံးသည် တရုတ်စကားလုံးတွင် “ကာကွယ်”ဟူသည့်စကားလုံးနှင့် ဆင်တူသည်ဟု ထင်ရသည်။ ထို့ကြောင့် ထိုအရာမှာ ၎င်း၏ အသက်ကို ကာကွယ်ပေးရန်၊ ထွက်ခွာသည့်နောက် မတော်တဆထိခိုက်မှုတစ်ခုခုနှင့် မကြုံရရန်လည်းကောင်း၊ အဝေးတွင်ရှိနေစဉ် အသက်သေဆုံးခြင်း မရှိရန်လည်းကောင်း၊ မုချ ပြန်လာမည့်အရေးအတွက်လည်းကောင်း သေချာစေရန် ဆိုလိုပေသည်။ ဘေးကင်းသည့် ထွက်ခွာခြင်းကို သဘောဆောင်ပေသည်။ “ထွက်ခွာခြင်းအတွက် ဖက်ထုပ်၊ ပြန်ရောက်လာခြင်းအတွက် ခေါက်ဆွဲ”ဟူသည်မှာ ဘေးကင်းစွာ ၎င်းတို့ ပြန်ရောက်လာကာ အရာရာက ၎င်းတို့အတွက် ချောချောမောမော ဖြစ်သွားသည်ဟု ဆိုလိုပေသည်။ ယင်းမှာ အနည်းနှင့်အများ အရေးပါသည့်အရာဖြစ်သည်။ ယေဘုယျအားဖြင့် အချို့သော မိသားစုများက ဤရိုးရာကို လိုက်နာစောင့်ထိန်းကြသည်။ မိသားစုဝင်တစ်ဦး ထွက်ခွာတော့မည်ဆိုလျှင် ၎င်းအတွက် ဖက်ထုပ်များ ပြုလုပ်ပေးကြပြီး ၎င်းပြန်ရောက်လာသည့်အခါ ခေါက်ဆွဲ ပြင်ဆင်ကျွေးမွေးကြသည်။ သင့်အနေဖြင့် ဤအစားအသောက်များကို စားသောသူဖြစ်သည်ဖြစ်စေ၊ ပြင်ပေးသောသူ ဖြစ်သည်ဖြစ်စေ၊ လက်ရှိအချိန်ရော အနာဂတ်အတွက်ပါ လူတိုင်း၏ သုခချမ်းသာအတွက် ကံကောင်းခြင်းကို ဆောင်ကြဉ်းရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤရိုးရာသည် အပြုသဘောဆောင်သည့်အရာတစ်ခု ဖြစ်ပြီး လူတို့အနေဖြင့် မိမိတို့၏ ဘဝတွင် ဆက်လက်လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်ဟု သင် သဘောတူလက်ခံသလော။ (ကျွန်ုပ် သဘောမတူပါ။) ညီအစ်ကို မောင်နှမအချို့ ထွက်ခွာဖို့ရှိပြီး အစားအသောက်ကြီးကြပ်ရသည့်လူက ၎င်းတို့အတွက် ဖက်ထုပ်များ ပြုလုပ်ပေးသည်။ ယင်းကို ငါက “၎င်းတို့၏ ထွက်ခွာခြင်းသည် ဖက်ထုပ်များ ပြုလုပ်ပေးခြင်းနှင့် အဘယ် ပတ်သက်မှုရှိသနည်း” ဟု ပြော၏။ ၎င်းတို့က “အင်း၊ တစ်စုံတစ်ဦး ထွက်ခွာသည့်အခါ ဖက်ထုပ်များ ကျွန်ုပ်တို့ ပြုလုပ်ရမည်ဖြစ်သည်”ဟု ပြောကြသည်။ ငါက “၎င်းတို့ ထွက်ခွာချိန်တွင် သင်က ဖက်ထုပ်များ ပြုလုပ်ပေးသည်။ သို့ဆိုလျှင် ၎င်းတို့ ပြန်လာကြလျှင်ကော”ဟု ပြန်ပြောသည်။ ၎င်းတို့က “သူတို့ ပြန်လာကြသည့်အခါ ခေါက်ဆွဲ စားကြရမည်”ဟု ပြောကြသည်။ ငါက “ဤအရာကို ငါ ကြားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤရိုးရာသည် မည်သည့်နေရာမှ လာသနည်း”ဟု ပြော၏။ ၎င်းတို့က “ကျွန်ုပ် လာသည့်နေရာတွင် ဤကဲ့သို့ဖြစ်သည်။ တစ်စုံတစ်ဦး ထွက်ခွာမည်ဆိုလျှင် ၎င်းအတွက် ဖက်ထုပ်များ ကျွန်ုပ်တို့ ပြုလုပ်ပေးပြီး ၎င်း ပြန်လာသည့်အခါ ခေါက်ဆွဲ ပြင်ပေးသည်”ဟု ပြောကြသည်။ ဤအရာပြီးသည့်နောက်တွင် ထိုအရာက ကျွန်ုပ်၏ စိတ်နှလုံး၌ မည်သည့်ထင်မြင်ချက်ကို ရှိစေခဲ့သနည်း။ ငါ တွေးမိသည်။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်မှု ထားရှိကြပြီးဖြစ်သော်လည်း ၎င်းတို့၏ လုပ်ရပ်များကို ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံခြင်းမရှိကြပေ။ ထိုအစား ရိုးရာနှင့် ၎င်းတို့၏ ဘိုးဘေးများက လက်ဆင့်ကမ်းခဲ့ကြသည့် အရာကို မှီခိုအားကိုးကြသည်။ လူတစ်ဦး၏ အသက်ကို မုန့်လုံးပေါင်း ဖက်ထုပ်ရွက်တစ်ခုက ကာကွယ်ပေးနိုင်ကြောင်း၊ လူတစ်ဦးထံ တစ်စုံတစ်ရာ ဖြစ်ပျက်လျှင် ဘုရားသခင်၏ လက်ထဲတွင် မရှိ၊ လူ၏ လက်ထဲတွင်ရှိကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဖက်ထုပ်တစ်ခုကို ထုပ်ခြင်းအားဖြင့် ထွက်ခွာသွားသည့်လူသည် ဘေးကင်းလိမ့်မည်ဖြစ်ပြီး ထိုဖက်ထုပ်ကို မထုပ်လျှင် ထိုလူသည် ဘေးကင်းမည်မဟုတ်သကဲ့သို့ ခရီးတစ်နေရာရာတွင် သေဆုံးကာ လုံးဝ ပြန်ရောက်ကောင်း ပြန်ရောက်လာမည်မဟုတ်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ အတွေးနှင့် ရှုထောင့်အမြင်များတွင် လူတစ်ဦး၏ အသက်သည် ဖက်ထုပ်ထဲမှ အဆာကဲ့သို့ဖြစ်သည်၊ ဖက်ထုပ်အဆာနှင့် တန်ဖိုးအတူတူပင်ဖြစ်သည်။ ၎င်းတို့၏ အသက်သည် ဘုရားသခင်၏ လက်ထဲတွင် မရှိသကဲ့သို့ လူတစ်ဦး၏ ကံကြမ္မာကို ဘုရားသခင်က ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဖက်ထုပ်ရွက်တစ်ခုကို အသုံးပြုခြင်းအားဖြင့်သာ လူတစ်ဦး၏ ကံကြမ္မာကို ၎င်းတို့ ထိန်းချုပ်နိုင်သည်ဟူ၍ ဖြစ်၏။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ (ယုံကြည်ခြင်းမရှိသူများ ဖြစ်သည်။) ယုံကြည်ခြင်း မရှိသူများ ဖြစ်ကြ၏။ အသင်းတော်ထဲတွင် ထိုသို့သော လူများစွာရှိသည်။ ၎င်းတို့က ဤအရာကို အယူသီးခြင်းတစ်ခုအဖြစ် မယူဆကြချေ။ ယင်းကို မိမိတို့ အလေ့အကျင့်၏ တစ်စိတ်တစ်ပိုင်း၊ အပြုသဘောဆောင်သည့် အရာအဖြစ် ၎င်းတို့ အလိုအလျောက် ထိန်းသိမ်းသင့်သည့် အရာတစ်ခုအဖြစ် မှတ်ယူကြသည်။ ထိုအရာကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းအတွက် ၎င်းတို့က ယုတ္တိတန်ကာ အခြေခံအကြောင်းရင်းတစ်ခု ရှိသကဲ့သို့ ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့ကို သင် တားဆီး၍မရနိုင်ပေ။ ထိုအရာကို မလုပ်ဆောင်ရန် သင် တားဆီးလျှင် ၎င်းတို့ စိတ်မသက်မသာဖြစ်ပြီး “ကျွန်ုပ်သည် ချက်ပြုတ်ရသောသူဖြစ်သည်။ ယနေ့တွင် တစ်စုံတစ်ဦး ထွက်ခွာမည်ဖြစ်သည်။ ၎င်းအတွက် ဖက်ထုပ်များကို ကျွန်ုပ် မပြုလုပ်ပေးလျှင် ၎င်းက သေသွားမည်ဆိုလျှင် မည်သူတာဝန်ယူလိမ့်မည်နည်း။ ကျွန်ုပ်၏ အပြစ်ဖြစ်မည် မဟုတ်လော”ဟု ပြောကြသည်။ ၎င်းတို့ ဘိုးဘေးများ၏ ရိုးရာများက ယုံကြည်စိတ်ချရဆုံးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ “သင့်အနေဖြင့် ရိုးရာကို မလိုက်လျှောက်သလို ဤတားမြစ်ချက်ကို ချိုးဖောက်လျှင် သင်၏ အသက် အန္တရာယ်ရှိပြီး ထိုအရာအကြောင့် သေဆုံးသွားနိုင်သည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်း မရှိသူတစ်ဦး၏ ရှုထောင့်အမြင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော အတွေးများနှင့် ရှုထောင့်အမြင်များသည် လူတို့၏ စိတ်နှလုံးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကြသေးသလော။ (လက်မခံနိုင်ကြပါ။) ဘုရားသခင်နောက်သို့ သင် လိုက်သည်ဟု ပြောသည်၊ ဘုရားသခင်ကို သမ္မာတရားအဖြစ် ယုံကြည်သည်ဟု သင် ပြောသည်၊ သို့သော် သက်သေအထောက်အထားမှာ အဘယ်မှာနည်း။ သင်က “ဘုရားသခင်သည် အချုပ်အခြာအာဏာရှိပြီး လူတစ်ဦး၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တွင်ရှိသည်”ဟု သင်၏ နှုတ်ဖြင့် ပြောသည်။ သို့သော် တစ်စုံတစ်ဦး ထွက်ခွာတော့မည့်အချိန်တွင် ၎င်းတို့အတွက် ဖက်ထုပ်များ သင် အလောတကြီး ပြုလုပ်ပေးပြီး မည်သည့်အသားမျှ ဝယ်မည့်အချိန်မရှိလျှင်ပင် ဟင်းသီးဟင်းရွက်အဆာဖြင့် ဖက်ထုပ်များကို သင် ပြုလုပ်ဖို့ လိုအပ်ဆဲဖြစ်သည်။ ယင်းတို့ကို မလုပ်မနေရ၊ လုပ်ကို လုပ်ရမည်ဖြစ်သည်။ ဤလုပ်ရပ်များနှင့် ဤအပြုအမူသည် ဘုရားသခင်ကို သက်သေခံသလော။ ဘုရားသခင်ကို ဘုန်းထင်ရှားစေသလော။ (မထင်ရှားစေပါ။) မထင်ရှားစေသည်မှာ သိသာသည်။ ယင်းတို့သည် ဘုရားသခင်နှင့် သူ၏ နာမကို အရှက်ရစေခြင်း ဖြစ်သည်။ သမ္မာတရားကို သင် လက်ခံခြင်း ရှိမရှိသည် အသေးအဖွဲ ကိစ္စတစ်ခု ဖြစ်သည်။ အဓိကအချက်မှာ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သည်ဟု သင် အခိုင်အမာဆိုသော်လည်း စာတန်က သင့်အထဲတွင် သွတ်သွင်းထားသည့် ရိုးရာများကို သင် လိုက်နာစောင့်ထိန်းဆဲ ဖြစ်သည်။ သင်၏ နေ့စဉ်ဘဝထဲမှ ဤသေးငယ်သည့် အရေးကိစ္စများတွင် သင့်အထဲ၌ သင်၏ ဘိုးဘေးများက သွတ်သွင်းခဲ့သည့် အတွေးများနှင့် အလေ့အကျင့်များကို သင် တစ်သဝေမတိမ်း လိုက်လျှောက်ပြီး ယင်းတို့ကို မည်သူကမျှ ပြောင်းလဲ၍မရပေ။ ဤသည်မှာ သမ္မာတရားကို လက်ခံသူတစ်ဦး၏ သဘောထား ဖြစ်သလော။ ဤသည်မှာ ဘုရားသခင်ကို အရှက်ရစေခြင်း ဖြစ်သည်။ ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။ သင်၏ ဘိုးဘေးများမှာ အဘယ်သူများဖြစ်သနည်း။ ၎င်းတို့၏ ရိုးရာများသည် မည်သည့်နေရာမှ လာသနည်း။ ဤရိုးရာများက မည်သူ့ကို ကိုယ်စားပြုသနည်း။ သမ္မာတရားကို ကိုယ်စားပြုသလော။ အပြုသဘောဆောင်သည့် အရာများကို ကိုယ်စားပြုသလော။ ဤရိုးရာများကို မည်သူ ထွင်ခဲ့သနည်း။ ဘုရားသခင်လော။ ဘုရားသခင်သည် ရိုးရာကို ပြန်လည်ထိန်းသိမ်းပေးရန် မဟုတ်ဘဲ ရိုးရာအားလုံးကို ပယ်ဖျက်ရန် လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ပေး၏။ သို့သော် ယင်းတို့ကို စွန့်လွှတ်ရန် သင် ငြင်းပယ်ရုံမက ထိန်းသိမ်းရမည့် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် သင်သဘောထားလေသည်။ ဤသည်မှာ သေလိုသည့်ဆန္ဒတစ်ခု မဟုတ်လော။ သမ္မာတရားနှင့် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်ကာ ဆန့်ကျင်ခြင်း ဖြစ်သည်။ လူအချို့က “ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများအတွက် ဖက်ထုပ်များ သို့မဟုတ် ခေါက်ဆွဲမပြုလုပ်ပေးဘဲ ကျွန်ုပ်၏ မိသားစုဝင် အရင်းအချာများအတွက် ပြုလုပ်ပေးလျှင်ကော အဘယ်သို့နည်း။ ကျွန်ုပ်၏ မိသားစုဝင်များ ထွက်ခွာသည့်အခါ ၎င်းတို့အတွက် ဖက်ထုပ်များ ကျွန်ုပ် လုပ်ပေးမည်ဖြစ်ပြီး ၎င်းတို့ ပြန်ရောက်လာကြသည့်အခါ ၎င်းတို့အတွက် ခေါက်ဆွဲချက်ပေးမည်။ အဆင်ပြေသလော”ဟု ပြောကောင်း ပြောကြပေမည်။ ယင်းမှာ အဆင်ပြေသည်ဟု သင်တို့ ထင်သလော။ သင်က ဤသို့ “တစ်စုံတစ်ဦးကို ကျွန်ုပ် လှည့်ဖြားလျှင် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများ ဟုတ်မည်မဟုတ်ဘဲ ကျွန်ုပ်၏ ကိုယ်ပိုင်မိသားစုဝင်များဖြစ်မည်။ ယင်းမှာ အဆင်ပြေသလော”ဟု ပြောလျှင်ကော အဘယ်သို့နည်း။ ယင်းသည် အဆင်ပြေမည်လော။ (အဆင်ပြေမည်မဟုတ်ပါ။) သင်၏ လုပ်ရပ်ကို ခံရသည့်သူ မည်သူဖြစ်သည်မှာ အရေးမကြီးပေ။ မိမိအကြောင်းနှင့်ပတ်သက်၍ မည်သည့်အရာကို သင် အသက်ရှင်နေထိုင်ကာ ထုတ်ဖော်ပြသည်ဆိုသည်မှာ အရေးကြီးပြီး သင် မည်သည့်ရှုထောင့်အမြင်ကို ထိန်းသိမ်းသည်ဆိုသည်မှာ အရေးကြီးပေသည်။ မည်သူ့ကို သင် လှည့်ဖြားသည်ဆိုသည်မှာ အရေးမကြီးပေ။ သင်၏ လုပ်ရပ်များနှင့် စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ဆိုသည်မှာ အရေးကြီးပေသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

တရုတ်နှစ်သစ်ကူး အတောအတွင်းတွင် ပြက္ခဒိန်စာအုပ်ကို လှန်ရင်း လနှင့်ဆိုင်သော ပြက္ခဒိန်၏ ၁၂ လမြောက် ၃၀ရက်နေ့မှ ရိုးရာအခါကြီးရက်ကြီးကို အစပြုရင်း မိမိတို့ စားသည့်အရာ၊ ဝတ်သည့်အရာနှင့် တစ်နေ့ချင်းစီတွင် မိမိတို့ ရှောင်ကြဉ်သည့်အရာတို့တွင် ဤရိုးရာ အလေ့အထများမှတစ်ဆင့် လက်ဆင့်ကမ်းခဲ့သည့် ဘဝနေထိုင်မှုပုံစံနှင့် တားမြစ်ချက်များကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းရင်း မိမိတို့၏ နေ့ရက်များကို ကုန်ဆုံးကြသည့် လူအချို့ ရှိလေသည်။ မည်သည့်အရာကို ပြောရန်၊ လုပ်ဆောင်ရန် တားမြစ်သည်ဖြစ်စေ ထိုအရာကို ပြောဆိုခြင်း လုပ်ဆောင်ခြင်းအား ၎င်းတို့ သေချာရှောင်ရှားကြပြီး မည်သည့်အရာကို စားခြင်း၊ ပြောခြင်းက ကံကောင်းစေသည်ဖြစ်စေ အဆင်ပြေသည်။ ထိုအရာကို ၎င်းတို့ စားကာ ပြောဆိုကြမည်ဖြစ်သည်။ ဥပမာအားဖြင့် လာမည့်နှစ်၌ ရာထူးတိုးခြင်းကို သေချာစေရန် နှစ်သစ်ကူးနေ့တွင် အီကွေ့မုန့်များ စားကိုစားရမည်ဟု အချို့က ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် အရေးပါသည့် မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းရန် ရှိသည်ဖြစ်စေ၊ ၎င်းတို့မည်မျှ အလုပ်များသည်ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်သည်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ဖြည့်ဆည်းခြင်းနှင့် စပ်လျဉ်း၍ အထူးအခြေအနေ တစ်ခုခုရှိသည်ဖြစ်စေ၊ ထိုအရာကို အာရုံစိုက်လုပ်ရန် လုံလောက်သည့်အချိန်ကို ၎င်းတို့ ဖန်တီးနိုင်သည်ဖြစ်စေ၊ မဖန်တီးနိုင်သည်ဖြစ်စေ လာမည့်နှစ်တွင် ရာထူးတိုးခြင်းအတွက် အီကွေ့မုန့်များ သေချာစားကြလိမ့်မည်ဖြစ်သည်။ အိမ်တွင် အီကွေ့မုန့်များလုပ်ဖို့ အချိန်မရှိလျှင် ကံကောင်းသည်ကို သေချာစေရန် အပြင်ထွက်ပြီး မုန့်အချို့ကို ဝယ်ကြလိမ့်မည်။ ငါးက တစ်နှစ်ပြီးတစ်နှစ် အလျှံပယ်ရှိခြင်း သင်္ကေတဖြစ်သည်နှင့်အမျှ လူအချို့မှာ နှစ်သစ်ကူးအတောအတွင်းတွင် ငါးကို စားရမည်ဖြစ်သည်။ တစ်နှစ်တွင် ငါးမစားမိလျှင် လာမည့် ဆယ့်နှစ်လအတွင်း ဆင်းရဲမွဲတေမှုကို ရင်ဆိုင်ရလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က ငါးကို မဝယ်နိုင်လျှင် သင်္ကေတဖြစ်သည့် ပုံစံတစ်ခုအနေဖြင့် ထမင်းစားပွဲပေါ်တွင် သစ်သားငါးရုပ်တစ်ခုကိုပင် ထားရှိကြပေမည်။ လာမည့်နှစ်တွင် ရာထူးတိုးခြင်းနှင့် အလျှံပယ်ရှိခြင်း နှစ်ခုလုံး သေချာစေရန် အီကွေ့မုန့်နှင့် ငါးတို့ကို ၎င်းတို့ စားကြသည်။ တစ်နည်းအားဖြင့် ဤနှစ် သာ၍ အဆင်ပြေချောမွေ့စေရန်အလို့ငှာ၊ ၎င်းတို့ ဘဝကို ပိုမိုကောင်းမွန်စေပြီး ပိုမို ကြီးပွားချမ်းသာစေရန်အလို့ငှာ ဤအရာကို ၎င်းတို့ လုပ်ဆောင်ကြပြီး နောက်တစ်နည်းအားဖြင့် မိမိတို့ အသက်မွေးလုပ်ငန်းတွင် အောင်မြင်မှုကို မျှော်လင့်ကြသည် သို့မဟုတ် မိမိတို့၏ စီးပွားရေးလုပ်ငန်း၌ ငွေများစွာ ရှာဖို့ မျှော်လင့်ကြသည်။ ထို့အပြင် နှစ်သစ်ကူးအတောအတွင်းတွင် ကံကောင်းစေသည့် စကားရပ်များကို သေချာအသုံးပြုကြသည်။ ဥပမာအားဖြင့် တရုတ်စကားတွင် “လေး”သည် “သေခြင်း”နှင့် အသံထွက်တူပြီး “ငါး”သည် “ဘာမျှမရှိခြင်း”နှင့် အသံထွက်တူသောကြောင့် နံပါတ် လေးနှင့် ငါးကို ပြောဆိုခြင်းအား ရှောင်ရှားကြသည်။ ထိုအစား ခြောက်နှင့် ရှစ်ကဲ့သို့သော နံပါတ်များကို အသုံးပြုရန် နှစ်သက်ကြသည်၊ “ခြောက်”ဟူသည့် စကားလုံးက အဟန့်အတားမရှိ တိုးတက်ခြင်းကို ကိုယ်စားပြုပြီး “ရှစ်”က ဥစ္စာဓန ဖန်တီးခြင်းကို ကိုယ်စားပြုပေသည်။ ၎င်းတို့သည် မင်္ဂလာရှိသော စကားလုံးများနှင့် စကားရပ်များကို အသုံးပြုရုံသာမက ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများကို စာအိတ်နီများလည်း ပေးကြလေသည်။ စာအိတ်နီများပေးခြင်းသည် ဥစ္စာဓနဖန်တီးခြင်းကို ပုံဆောင်ပြီး စာအိတ်နီများ ပိုပေးလေ ၎င်းတို့ ကြီးပွားချမ်းသာလိမ့်မည်ဟု ဖော်ပြလေဖြစ်သည်။ ၎င်းတို့သည် လူတို့ကို စာအိတ်နီများပေးရုံသာမက မည်သူမဆိုထံမှ ဥစ္စာဓန ဖန်တီးနိုင်ပြီး လာမည့်နှစ်သည် ရှင်သန်သည့် စီးပွားရေးလုပ်ငန်းနှင့် ကြီးမားသည့် ဥစ္စာဓန အပြည့်ဖြစ်လိမ့်မည်ဟု ပုံဆောင်လျက် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များကိုလည်း ပေးကြလေသည်။ ၎င်းတို့ စားသည့်အရာမှသည် လုပ်ဆောင်သည့်အရာအထိ၊ ၎င်းတို့ ပြောသည့်အရာမှသည် ပြုမူပုံအထိ အရာရာမှာ ရိုးရာမှတစ်ဆင့် လက်ဆင့်ကမ်းလာခဲ့သည့် အလေ့အကျင့်များနှင့် ဆိုရိုးများကို ဆက်လက် လုပ်ဆောင်ခြင်းအကြောင်းသာ ဖြစ်ပြီး ယင်းတို့ကို အပင်ပန်းခံ၍ တိတိကျကျ လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင် သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်သည့် လူမှုအသိုင်းအဝိုင်း ပြောင်းလဲသွားလျှင်ပင် ဤရိုးရာဓလေ့များနှင့် ဘဝနေထိုင်မှုပုံစံတို့ မပြောင်းလဲနိုင်ပေ။ ဤရိုးရာများက လူတို့၏ ဘိုးဘေးများက လက်ဆင့်ကမ်းခဲ့သည့် အပြုသဘောဆောင်သော ဆိုရိုးများနှင့် တားမြစ်ချက်များနှစ်ခုလုံးကို ခြုံငုံရင်း ၎င်းတို့အတွင်းတွင် အဓိပ္ပာယ်တစ်ခုခု သယ်ဆောင်သောကြောင့် ယင်းတို့ကို ၎င်းတို့ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ ဤရိုးရာများ ချိုးဖောက်ခဲ့လျှင် သို့မဟုတ် တားမြစ်ချက်များ ချိုးဖျက်ခဲ့လျှင် နေရာတကာ၌ အတားအဆီးများ၊ စီးပွားရေးလုပ်ငန်းတွင် အကျဘက်သို့ အလှည့်အပြောင်းတစ်ခု၊ သို့မဟုတ် ချွတ်ခြုံကျမှုတစ်ခုဆီသို့ ဆိုက်ရောက်စေရင်း လာမည့်နှစ်သည် ကောင်းမွန်စွာ ကုန်ဆုံးလိမ့်မည် မဟုတ် ဟူ၍ဖြစ်သည်။ ထို့ကြောင့် ဤရိုးရာများကို ထိန်းသိမ်းရန် အရေးကြီးပေသည်။ ပွဲတော် အခါသမယများ အတောအတွင်း လိုက်နာရမည့် ရိုးရာများရှိပြီး မိမိ၏ နေ့စဉ်ဘဝတွင် လိုက်နာရမည့် ရိုးရာများလည်း ရှိပေသည်။ ဥပမာအားဖြင့် ဆံပင်ညှပ်ခြင်း ဖြစ်သည်။ အကြင်သူသည် ပြက္ခဒိန်ကို စစ်ဆေးပြီး ယနေ့ ဆံပင်ညှပ်ရန် သို့မဟုတ် အိမ်မှထွက်ရန် နိမိတ်မကောင်းသည်ကို မြင်လျှင် အပြင်ထွက်ဝံ့ကြလိမ့်မည် မဟုတ်။ ၎င်းတို့အနေဖြင့် ပြက္ခဒိန်ကို မစစ်ဆေးဘဲ မည်သို့ဆိုစေ ဆက်လုပ်ကာ ဆံပင်သွားညှပ်လျှင် အိမ်မှထွက်ခြင်းနှင့် ဆံပင်ညှပ်ခြင်း တားမြစ်ချက်များ နှစ်ခုလုံးကို ချိုးဖောက်မိလိမ့်မည်ဖြစ်ပြီး ကြိုတွက်မထားနိုင်သည့် အကျိုးဆက်များကို ၎င်းတို့ ရင်ဆိုင်ကောင်းရင်ဆိုင်ရပေမည်။ ထို့ကြောင့် ဤအရာများကို လိုက်နာရမည်ဖြစ်သည်။ ယင်းတို့သည် ရိုးရာရော၊ အယူသီးခြင်းနှင့်ပါ သက်ဆိုင်၏။ တစ်စုံတစ်ဦးသည် အပြင်ထွက်ရန် လိုအပ်သော်လည်း ပြက္ခဒိန်ကို စစ်ဆေးပြီး ယနေ့တွင် အရာအားလုံး နိမိတ်မကောင်းသည်ကို မြင်လျှင်၊ ဆိုလိုသည်မှာ အနားယူရမည့်၊ နားနားနေနေ နေရမည့်၊ အပန်းဖြေကာ တစ်ခုခု လုပ်ဆောင်ခြင်းကို ရှောင်ရှားရမည့်နေ့ ဖြစ်သည်ကို မြင်လျှင် ယနေ့တွင် အပြင်ထွက်ပြီး ဧဝံဂေလိ ဖြန့်ဝေရန် လိုအပ်သည်ဟု အပြောခံရလျှင်ပင် ၎င်းတို့အနေဖြင့် တားမြစ်ချက်ကို ချိုးဖောက်မိပြီး ကားတိုက်မှု သို့မဟုတ် လုယက်ခံရခြင်းကဲ့သို့သော မမျှော်လင့်သည့် တစ်စုံတစ်ရာဖြစ်လျှင် ၎င်းတို့ မည်သည့်အရာ ဖြစ်သွားမည်နည်းဟု စိုးရိမ်ကြပေမည်။ ၎င်းတို့ အပြင်မထွက်ဝံ့ကြသကဲ့သို့ “မနက်ဖြန်သွားကြစို့။ ကျွန်ုပ်တို့၏ ဘိုးဘေးများ ပြောသည့်အရာကို ကျွန်ုပ်တို့ လျစ်လျူရှု၍ မရပါ။ ကျွန်ုပ်တို့ အပြင်မထွက်မီ ပြက္ခဒိန်မှ အမြဲ အကြံဉာဏ်ရယူရမည်ဟု ၎င်းတို့ ပြောကြသည်။ ပြက္ခဒိန်က အရာအားလုံး နိမိတ်မကောင်းဟု ပြောလျှင် ကျွန်ုပ်တို့ အပြင်မထွက်သင့်ပါ။ သင် အပြင်ထွက်ပြီး တစ်စုံတစ်ရာ ဖြစ်လျှင် အကျိုးဆက်များကို သင်ကိုယ်တိုင် ခံရမည်။ ပြက္ခဒိန်ကို မကြည့်ရန်နှင့် ပြက္ခဒိန်ပြောသည့်အရာကို မနာခံရန် အဘယ်သူကများ သင့်ကို ပြောခဲ့သနည်း”ဟု ပြောကြသည်။ ဤအရာသည် ရိုးရာနှင့်ရော အယူသီးခြင်းနှင့်ပါ သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။)

လူအချို့က “ဤနှစ်တွင် ကျွန်ုပ် ၂၄နှစ်ရှိပြီဖြစ်သည်။ ကျွန်ုပ်၏ ရာသီခွင်ကျသော နှစ်ဖြစ်သည်”ဟု ပြောကြသည်။ အခြားသူတို့က “ဤနှစ်တွင် ကျွန်ုပ် ၃၄နှစ်ဖြစ်သည်။ ကျွန်ုပ်၏ ရာသီခွင်ကျသော နှစ်ဖြစ်သည်”ဟု ပြောကြသည်။ သင်၏ ရာသီခွင်ကျသော နှစ်အတောအတွင်းတွင် မည်သည့်အရာကို သင် လုပ်ဆောင်ရမည်နည်း။ (အနီရောင် အတွင်းခံနှင့် အနီရောင် ခါးပတ်တစ်ခုကို ဝတ်ဆင်ရပါမည်။) ယခင်က အနီရောင် အတွင်းခံကို မည်သူ ဝတ်ခဲ့သနည်း။ အနီရောင် ခါးပတ်ကို မည်သူ ဝတ်ခဲ့သနည်း။ အနီရောင် အတွင်းခံနှင့် အနီရောင် ခါးပတ် ဝတ်ခြင်းက မည်သို့ ခံစားရသနည်း။ သင်၏ နှစ်ကာလ အဆင်ပြေခဲ့သည်ဟု ခံစားခဲ့ရသလော။ ထိုအရာက ကံမကောင်းခြင်းကို တားဆီးကာကွယ်ခဲ့သလော။ (ကျွန်ုပ်၏ ရာသီခွင်ကျသည့်နှစ် ဖြစ်ခဲ့ချိန်တွင် အနီရောင် ခြေအိတ်များကို ဝတ်ဆင်ခဲ့သည်။ သို့သော် ထိုနှစ်တွင် ကျွန်ုပ်၏ စာမေးပွဲရလဒ်များက အထူးသဖြင့် မကောင်းမွန်ခဲ့ပါ။ အနီရောင်ဝတ်ခြင်းက ကံကောင်းခြင်းကို ယူဆောင်လာမည်ဟု လူတို့ ပြောခဲ့သည့်အတိုင်း မဖြစ်လာခဲ့ပါ။) ယင်းတို့ကို ဝတ်ဆင်ခြင်းက သင့်ကို မကောင်းသည့်ကံ ယူဆောင်ပေးခဲ့သည် မဟုတ်လော။ အနီရောင် မဝတ်ခဲ့လျှင် သင် အမှန်တကယ် သာ၍ ကောင်းစွာ လုပ်ဆောင်ခဲ့မည်လော။ (ထိုအရာများကို ကျွန်ုပ် ဝတ်ဆင်ခြင်း ရှိမရှိက အကျိုးသက်ရောက်မှု မရှိခဲ့ပါ။) ယင်းမှာ မေးခွန်းအပေါ် မှန်ကန်တိကျသည့် အမြင်တစ်ခု ဖြစ်သည်။ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ ဤသည်မှာ ရိုးရာနှင့် အယူသီးခြင်း နှစ်ခုလုံး ဖြစ်သည်။ ရာသီခွင်ကျသည့် နှစ်နှင့်ဆိုင်သော ဤအယူအဆကို သင် လတ်တလောတွင် လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ ဤရိုးရာကို သင် ဆက်လုပ်လိုသည်ဖြစ်စေ၊ မလုပ်လိုသည်ဖြစ်စေ ထိုအရာနှင့် ဆက်စပ်သည့် ရိုးရာ အတွေးများနှင့် ဆိုရိုးများက လူတို့၏ စိတ်များတွင် စွဲထင်နေသည့် အမှတ်အသားတစ်ခု ချန်ထားခဲ့ပေသည်။ ဥပမာအားဖြင့် သင်၏ ရာသီခွင်ကျသောနှစ်အတွက် အချိန်ကျလာသည့်အခါ သင်၏ နှစ်ကာလကို ခက်ခဲသွားစေပြီး သင်၏ ဆန္ဒများနှင့် ဆန့်ကျင်သည့် မမျှော်လင့်သော အဖြစ်အပျက်များ သို့မဟုတ် အထူး အခြေအနေများနှင့် ကြုံရလျှင် သင်သည် “ဤနှစ်က တကယ်ကို ခက်ခဲခဲ့သည်။ တွေးကြည့်လိုက်သည့်အခါ ကျွန်ုပ်၏ ရာသီခွင်ကျသော နှစ်ဖြစ်နေပြီး မိမိ၏ ရာသီခွင်ကျသည့်နှစ် အတောအတွင်းတွင် တားမြစ်ချက်များကို ဖောက်ဖျက်ရန် ပိုမိုလွယ်ကူသောကြောင့် ဂရုစိုက်ရန် လိုအပ်သည်ဟု လူတို့က ပြောကြသည်။ ရိုးရာအရ အနီရောင်ကို ကျွန်ုပ် ဝတ်ဆင်သင့်သော်လည်း ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သောကြောင့် မဝတ်ခဲ့ပါ။ ထိုဆိုရိုးများကို ကျွန်ုပ် မယုံကြည်သော်လည်း ဤနှစ်တွင် ကျွန်ုပ် ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ စဉ်းစားသည့်အခါ ကိစ္စများက အဆင်ပြေချောမွေ့စွာ ဖြစ်မနေခဲ့ပါ။ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ရှောင်ရှားနိုင်သနည်း။ နောက်နှစ်က ပိုကောင်းလိမ့်မည် ထင်ပါသည်”ဟု မတွေးဘဲနေနိုင်မည် မဟုတ်ပေ။ သင်သည် ထိုနှစ်အတောအတွင်း သင် ကြုံရသည့် ထူးခြားပြီး အကြိုက်မတွေ့သော အဖြစ်အပျက်များကို ရာသီခွင်ကျသည့် နှစ်နှင့်ပတ်သက်၍ သင်၏ ဘိုးဘေးများနှင့် မိသားစုက သင့်အထဲသို့ ပုံစံသွင်းပေးခဲ့သည့် ရိုးရာဆိုရိုးများနှင့် အမှုမဲ့အမှတ်မဲ့ ဆက်စပ်ကြည့်မိပေလိမ့်မည်။ သင်သည် ဤနှစ်အတောအတွင်း သင် ကြုံခဲ့ရသည့် ထူးခြားသော အဖြစ်အပျက်များက ခိုင်လုံကြောင်း သက်သေပြရန် ဤဆိုရိုးများကို အသုံးပြုလိမ့်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာတွင် အမှန်တရားများနှင့် အနှစ်သာရတို့ကို ယင်းတို့နောက်တွင် ဘေးဖယ်ထားလိုက်သည်။ ဤအခြေအနေများအပေါ် သင် ထားရှိသင့်သည့် သဘောထားနှင့် ယင်းတို့မှ သင်ယူသင့်သည့် သင်ခန်းစာတို့ကိုလည်း ဘေးဖယ်ထားမိပေသည်။ သင်သည် ဤနှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ဟူသမျှကို သင်၏ ရာသီခွင်ကျသည့် နှစ်နှင့် အမှုမဲ့အမှတ်မဲ့ ဆက်စပ်မိလျက် ဤနှစ်ကို ထူးခြားသော နှစ်တစ်နှစ်အဖြစ် အလိုလို တွေးထင်မိလိမ့်မည်။ သင်က “ဤနှစ်က ငါ့ကို ကံအကြောင်းမလှမှုများ ယူဆောင်ပေးခဲ့သည်၊ သို့မဟုတ် ဤနှစ်က ငါ့ကို ကောင်းချီးမင်္ဂလာအချို့ ယူဆောင်ပေးခဲ့သည်”ဟု ခံစားမိလိမ့်မည်။ ဤစိတ်ကူးများတွင် သင်၏ မိသားစုမှ ပုံစံသွင်းပေးခြင်းနှင့် တိကျသော ဆက်နွှယ်မှုတစ်ခု ရှိပေသည်။ ယင်းတို့က မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ သင်၏ ရာသီခွင်ကျသော နှစ်နှင့် ဆက်စပ်သလော။ (မဆက်စပ်ပါ။) ဆက်စပ်ခြင်း မရှိပေ။ ထို့ကြောင့် ဤကိစ္စရပ်များနှင့် ပတ်သက်၍ သင်၏ ရှုထောင့်အမြင်များနှင့် သဘောထားတို့သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်၏ မိသားစုက သွတ်သွင်းခဲ့သည့် ရိုးရာအတွေးများ၏ လွှမ်းမိုးမှုကို သင် အတိုင်းအတာတစ်ခုခုထိ ခံရပြီးဖြစ်သောကြောင့် ဖြစ်သလော။ (ဟုတ်ပါသည်။) ဤရိုးရာအတွေးများက သင်၏ စိတ်တွင် ဦးစားပေးစရာ ဖြစ်လာပြီး သင်၏ စိတ်ကို နေရာယူလိုက်၏။ ထို့နောက်တွင် ဤကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ သင်၏ လက်ငင်း တုံ့ပြန်မှုမှာ ဘုရားသခင်က သင့်ကို ရှိစေလိုသည့် ရှုထောင့်အမြင်များ သို့မဟုတ် သင် ရှိသင့်သည့် အတွေးများနှင့် ရှုထောင့်အမြင်များကို ဘေးဖယ်ထားရင်း ဤရိုးရာအတွေးများနှင့် သဘောထားများ၏ ရှုထောင့်အမြင်မှ ယင်းတို့ကို ရှုမြင်ခြင်း ဖြစ်သည်။ ဤကိစ္စရပ်များကို သင် ရှုမြင်ပုံ၏ အဆုံးစွန် ရလဒ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဤနှစ်သည် မကောင်းမွန်ခဲ့ကြောင်း၊ ကံခေခဲ့ပြီး သင်၏ ဆန္ဒများနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ကြောင်း သင် ခံစားရလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် ဤအရာများကို ရှောင်လွှဲရန်၊ ဆန့်ကျင်ရန်၊ အတိုက်အခံလုပ်ပြီး ငြင်းပယ်ရန် နည်းလမ်းတစ်ခုအဖြစ် စိတ်ဓာတ်ကျခြင်းနှင့် အပျက်သဘောဆောင်ခြင်းကို ခံယူမိလိမ့်မည်။ ထို့ကြောင့် ဤစိတ်ခံစားမှုများ၊ အတွေးများနှင့် ရှုထောင့်အမြင်များ သင် ဖြစ်ပေါ်ခြင်းအတွက် အကြောင်းရင်းသည် သင်၏ မိသားစုက သင့်အထဲသို့ သွတ်သွင်းခဲ့သည့် ရိုးရာအတွေးများနှင့် ဆက်စပ်သလော။ (ဆက်စပ်ပါသည်။) ထိုသို့သော ကိစ္စရပ်များတွင် မည်သည့်အရာကို လူတို့ လက်လွှတ်သင့်သနည်း။ ယင်းတို့ကို ၎င်းတို့ အကဲဖြတ်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တို့ကို လူတို့ လက်လွှတ်သင့်သည်။ ဤနှစ်သည် ကံခေသောကြောင့်၊ မကောင်းမွန်သောကြောင့်၊ သင်၏ ဆန္ဒများနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် သို့မဟုတ် ၎င်းတို့က တားမြစ်ချက်အချို့ကို ချိုးဖောက်မိခဲ့သောကြောင့် သို့မဟုတ် ရိုးရာ အလေ့အထအချို့ကို မလိုက်နာခဲ့သောကြောင့် ဤအခြေအနေများကို ၎င်းတို့ ကြုံခဲ့ရသည်ဟူသော ရှုထောင့်အမြင်မှ ဤကိစ္စရပ်များကို ၎င်းတို့ မရှုမြင်သင့်ပေ။ ထိုအစား သင်သည် ဤကိစ္စရပ် တစ်ခုစီကို တစ်ခုပြီးတစ်ခု သင် သုံးသပ်ဆင်ခြင်ပြီး ဦးစွာပထမ အဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်အမြင်မှ အနည်းဆုံး ရှုမြင်သင့်ပေသည်။ ဤကိစ္စရပ်များသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သင်၏ အလိုဆန္ဒများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ လူ့အမြင်တွင် ကောင်းသည်ဖြစ်စေ၊ ကံခေသည်ဖြစ်စေ ယင်းတို့ကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး ဘုရားသခင်ထံမှ လာသည်ဆိုပါစို့။ ဤကိစ္စရပ်များနှင့် ပတ်သက်၍ ဤရှုထောင့်အမြင်နှင့် ရပ်တည်ချက်မျိုး ခံယူခြင်းအတွက် အကျိုးကျေးဇူးတစ်ခု ရှိသလော။ (ရှိပါသည်။) ပထမဆုံး အကျိုးကျေးဇူးမှာ အဘယ်နည်း။ သင့်အနေဖြင့် ဤကိစ္စရပ်များကို ဘုရားသခင်ထံမှ လက်ခံနိုင်သည်။ ဆိုလိုသည်မှာ အတိုင်းအတာ တစ်ခုခုအထိ ကျိုးနွံနာခံသည့် စိတ်ထားကို သင် ခံယူနိုင်သည်။ ဒုတိယအကျိုးကျေးဇူးမှာ သင်သည် ဤစိတ်ပျက်စရာ ကိစ္စရပ်များမှ သင်ခန်းစာယူနိုင်ပြီး တစ်စုံတစ်ရာကို ရရှိနိုင်သည်။ တတိယ အကျိုးကျေးဇူးမှာ ဤစိတ်ပျက်စရာ ကိစ္စရပ်များမှ သင်၏ ကိုယ်ပိုင် အားနည်းချက်များနှင့် ချို့တဲ့မှုများအပြင် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် သတိပြုမိနိုင်သည်။ စတုတ္ထအကျိုးကျေးဇူးမှာ ဤစိတ်ပျက်စရာ ကိစ္စရပ်များတွင် သင် နောင်တရကာ နောက်ပြန်လှည့်နိုင်သည်။ သင်၏ ယခင် အတွေးများနှင့် ရှုထောင့်အမြင်များ၊ သင်၏ ယခင် အသက်ရှင်နေထိုင်မှု နည်းလမ်း၊ ဘုရားသခင်နှင့် ပတ်သက်၍ သင်၏ အမျိုးမျိုးသော အထင်လွဲမှုများကို လက်လွှတ်နိုင်ပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ သင့်အပေါ် သူ၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်း သို့မဟုတ် သူ၏ အပြစ်ဒဏ်ပေးခြင်းတို့နှင့် ဆက်စပ်လျှင်ပင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသည့် သဘောထားဖြင့် လက်ခံရင်း ဘုရားသခင်ရှေ့မှောက်သို့ သင် ပြန်လာနိုင်ပေသည်။ သင်သည် ထိုအရာအားလုံးကို ကျိုးနွံနာခံပြီး ကောင်းကင်ဘုံနှင့် အခြားလူများကို အပြစ်မတင်ရန်ဖြစ်စေ၊ ရိုးရာ အတွေးများက သင့်အထဲတွင် သွတ်သွင်းပေးသည့် ရှုထောင့်အမြင်များ၊ ရပ်တည်ချက်တို့နှင့် အရာရာကို ပြန်လည်ဆက်နွှယ်မည့်အစား အဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်အမြင်မှ ကိစ္စရပ်တိုင်းကို ရှုမြင်ရန်ဖြစ်စေ သင် လိုလားနေလိမ့်မည်။ ဤသည်မှာ နည်းများစွာဖြင့် သင့်ကို အကျိုးပြုပေသည်။ ဤအရာအားလုံး အကျိုးပြုသည် မဟုတ်လော။ (အကျိုးပြုပါသည်။) တစ်နည်းအားဖြင့် သင်သည် ဤကိစ္စရပ်များကို သင်၏ မိသားစုက သင့်အထဲတွင် သွတ်သွင်းခဲ့သည့် ရိုးရာ အတွေးများအပေါ် အခြေခံ၍ ရှုမြင်လျှင် ယင်းတို့ကို ရှောင်လွှဲရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ကြိုးစားလိမ့်မည်။ ယင်းတို့ကို ရှောင်လွှဲခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ဤကံအကြောင်းမလှမှုများကို ရှောင်ရှားရန်၊ ဤစိတ်ပျက်စရာ၊ မကောင်းမွန်သည့်၊ ကံခေသော ကိစ္စရပ်များကို ရှောင်ရှားရန် အမျိုးမျိုးသော နည်းလမ်းများကို ရှာဖွေခြင်းဟု ဆိုလိုပေသည်။ တစ်စုံတစ်ဦးက “မကောင်းဆိုးဝါးငယ်လေးက သင့်ကို ဒုက္ခပေးနေခြင်း ဖြစ်သည်။ သင့်အနေဖြင့် အနီရောင် အင်္ကျီများကို ဝတ်ဆင်လျှင် ယင်းတို့ကို ရှောင်ရှားနိုင်သည်။ အနီရောင် အင်္ကျီများကို ဝတ်ဆင်ခြင်းသည် ဗုဒ္ဓဘာသာတွင် သင့်ကို လက်ဖွဲ့အဆောင်တစ်ခု ပေးထားသည့်အချိန်ကဲ့သို့ ဖြစ်သည်။ လက်ဖွဲ့အဆောင်တစ်ခုဟူသည်မှာ ယင်းပေါ်တွင် အနီရောင် အက္ခရာအနည်းငယ် ရေးထားသည့် စာရွက်ဝါတစ်ခု ဖြစ်သည်။ ထိုအရာကို သင်၏ နဖူးတွင် ကပ်နိုင်သည်၊ သင်၏ အင်္ကျီများထဲတွင် ချုပ်နိုင်သည် သို့မဟုတ် သင်၏ ခေါင်းအုံးအောက်တွင် ထားနိုင်ပြီး ယင်းက သင့်ကို ဤအရာများ ရှင်းလင်းသွားအောင် ကူညီပေးလိမ့်မည်”ဟု ပြောသည်။ လူတို့တွင် အပြုသဘောဆောင်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု မရှိသည့်အခါ ၎င်းတို့၏ တစ်ခုတည်းသော အားကိုးအားထားရာမှာ ဤကွေ့ကောက်ပြီး ဆိုးယုတ်သည့် လမ်းကြောင်းများမှ အကူအညီ ရှာရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ကံမခေချင်ကြ သို့မဟုတ် ကံအကြောင်းမလှခြင်း တစ်ခုခုကို ရင်မဆိုင်လိုကြသောကြောင့် ဖြစ်သည်။ လူတိုင်းက အမှုအရာများ ချောချောမောမာ ဖြစ်သည်ကို လိုချင်ကြသည်။ ဤသည်မှာ လောကီရေးရာ ကိစ္စရပ်များနှင့် ရင်ဆိုင်နေရချိန်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဘက်မှ အလိုလို တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ ဤကိစ္စရပ်များကို သင် ရှောင်လွှဲလိုသည်၊ သို့မဟုတ် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် သင့်ထံတွင် မှန်ကန်သည့် လမ်းကြောင်း မရှိသကဲ့သို့ ယင်းတို့ကို ရင်ဆိုင်ရန် မှန်ကန်သည့် အတွေးများနှင့် ရှုထောင့်အမြင်များ မရှိသောကြောင့် ယင်းတို့ကို ဖြေရှင်းဖို့ အမျိုးမျိုးသော လူသား နည်းလမ်းများကို သင် အသုံးပြုချင်ပေသည်။ သင်သည် ဤအရာများကို မယုံကြည်သူတစ်ဦး၏ ရှုထောင့်အမြင်မှသာ ရှုမြင်နိုင်သောကြောင့် သင်၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤအရာများကို မကြုံချင်ဘဲလျက် ရှောင်ရှားရန် ဖြစ်သည်။ သင်က “အမှုအရာများက အဘယ်ကြောင့် ကျွန်ုပ်အတွက် အလွန် မသင့်လျော်သနည်း။ အဘယ်ကြောင့် ကျွန်ုပ် အလွန်ကံခေရသနည်း။ အဘယ်ကြောင့် နေ့စဉ် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကျွန်ုပ် ရင်ဆိုင်ရသနည်း။ ကျွန်ုပ် လုပ်ဆောင်သည့် အရာရာတိုင်းတွင် အဘယ်ကြောင့် အတားအဆီး ရင်ဆိုင်ရပြီး အမှားများ ဆက်လုပ်နေမိသနည်း။ ကျွန်ုပ်၏ လုပ်ရပ်များ အဘယ်ကြောင့် အမြဲ ဖော်ထုတ်ခံရသနည်း။ ကျွန်ုပ်အနီးအနားရှိ လူများသည် အဘယ်ကြောင့် ကျွန်ုပ်၏ ဆန္ဒများကို အမြဲ ဆန့်ကျင်ကြသနည်း။ အဘယ်ကြောင့် သူတို့က ကျွန်ုပ်ကို ပစ်မှတ်ထားကြသနည်း၊ ကျွန်ုပ်ကို အထင်သေးပြီး အရာရာတွင် ကျွန်ုပ်၏ အလိုဆန္ဒကို ဆန့်ကျင်ကြသနည်း”ဟု ပြောသည်။ လူအချို့က “သင် ကံခေသည့်အခါ ရေအေးသည်ပင်လျှင် သင်၏ သွားကြားညှပ်နိုင်သည်”ဟု ပြောသည့်အတိုင်း ရေအေးသည် သင်၏ သွားကြားတွင် ညှပ်နိုင်သလော။ ရေအေးကို သင် သွားများဖြင့် ဝါးသလော။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤသည်မှာ ကောင်းကင်ဘုံနှင့် အခြားလူတို့ကို အပြစ်တင်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကံခေခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤအရာမျိုး အမှန်တကယ် တည်ရှိသလော။ (မရှိပါ။) မတည်ရှိပေ။ အရာရာက ဘုရားသခင်၏ လက်တွင်ရှိကြောင်း၊ အရာရာက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်တွင်ရှိကြောင်း သင် အမှန်တကယ် အသိအမှတ်ပြုလျှင် “ကံခေသည်”ဟူသကဲ့သို့သော စကားများကို သင် သုံးမည်မဟုတ်ဘဲ ကိစ္စရပ်များကို ရှောင်လွှဲရန် ကြိုးစားမည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ အလိုဆန္ဒများနှင့် ဆန့်ကျင်သည့် ကိစ္စရပ်များကို ကြုံရသည့်အခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ယင်းတို့ကို ရှောင်လွှဲရန်ဖြစ်ပြီး ထို့နောက်တွင် ယင်းတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မငြင်းပယ်၊ မရှောင်လွှဲနိုင်လျှင် သို့မဟုတ် ဤကိစ္စရပ်များမှ မပုန်းကွယ်နိုင်လျှင် စတင် အတိုက်အခံလုပ်ကြသည်။ အတိုက်အခံလုပ်ခြင်းသည် မိမိ၏ အတွေးများတွင် ချင့်ချိန်စဉ်းစားခြင်း သို့မဟုတ် မိမိ၏ စိတ်တွင် ပြန်ပြောင်းတွေးတောခြင်းမျှသာ မဟုတ်။ ထိုအရာတွင် အရေးယူဆောင်ရွက်ခြင်း ပါဝင်၏။ လူတို့သည် ကံခေသည့် အဖြစ်အပျက်များ၏ သက်ရောက်မှုကို သို့မဟုတ် ထိုအဖြစ်အပျက်များထဲသို့ တရွတ်တိုက်ဆွဲခြင်း မခံရစေရန်အလို့ငှာ၊ မိမိတို့ကို အကောင်းမြင်စေရန် ဆွပေးသော၊ မိမိကိုယ်ကို မှန်ကန်ကြောင်း ထင်ရှားစေသော၊ မိမိရှင်သန်မှုအတွက် ကြိုးပမ်းသော၊ မိမိကိုယ်ကို ဂုဏ်တင်သော သို့မဟုတ် မိမိကိုယ်ကို အမွှမ်းတင်သော အဆိုများကို မြွက်ဆိုရင်း သိမ်ဖျင်းသော လှည့်စားမှုတွင် ပါဝင်ဆောင်ရွက်ကြသည်။ လူတစ်ဦးက စတင် အတိုက်အခံလုပ်သည်နင့်တစ်ပြိုင်နက် ထိုအရာသည် ၎င်းတို့အတွက် အန္တရာယ်များသောအရာ ဖြစ်သွားနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့၊ လူတစ်ဦးသည် အတိုက်အခံ စလုပ်သည့် အဆင့်ထိ ရောက်သည့်အခါ ၎င်းတွင် သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုပ်ငန်းဆောင်တာ တစ်ခုခု ကျန်သလော။ ၎င်းတို့သည် အတွေးများနှင့် ရှုထောင့်အမြင်များမှသည် လက်တွေ့ကျသည့် လုပ်ရပ်ဆီသို့ ပြောင်းသွားနှင့်ပြီးဖြစ်ကာ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့က ၎င်းတို့ကို မချုပ်ထိန်းနိုင်တော့ပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတစ်ဦး၏ လုပ်ရပ်များနှင့် အတွေးများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လက်တွေ့အရှိတရားအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်သည်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးတွင် ငြင်းပယ်ခြင်း၊ စိတ်မပါခြင်း သို့မဟုတ် မလိုလားခြင်းမျှသာ မဟုတ်ပေ။ ၎င်းတို့သည် အတိုက်အခံလုပ်ရန် မိမိတို့၏ လုပ်ရပ်များနှင့် တကယ့် လုပ်ဆောင်ချက်များကို အသုံးပြုနေခြင်း ဖြစ်သည်။ တကယ့် လုပ်ရပ်များမှတစ်ဆင့် အတိုက်အခံလုပ်ခြင်းနှင့် ပတ်သက်လာသည့်အခါ ဤလူသည် အခြေခံအားဖြင့် ဇာတ်သိမ်းပြီ မဟုတ်လော။ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သူ့ကို ဆန့်ကျင်ခြင်းနှင့်ဆိုင်သော လက်တွေ့အရှိတရားများက ရုပ်လုံးပေါ်လာသည့်အခါ ထိုအရာမှာ လူတို့ရှိကြသည့် လမ်းကြောင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခု မဟုတ်တော့ပေ။ ဤအရာက ရလဒ်တစ်ခုကို ဖြစ်ပေါ်စေနှင့်ပြီး ဖြစ်သည်။ ဤသည်မှာ အလွန်အန္တရာယ်များသည် မဟုတ်လော။ (အန္တရာယ်များပါသည်။) ထို့ကြောင့် သေးငယ်သည့်၊ အရေးမပါသော ရိုးရာယဉ်ကျေးမှု စိတ်ကူး၊ ရိုးရာ အတွေးတစ်ခု သို့မဟုတ် အယူသီးသည့် ဆိုရိုးတစ်ခုကပင်လျှင် အလွန်ဆိုးရွားသည့် အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေနိုင်သည်။ ထိုအရာမှာ ရိုးရှင်းသည့် ဘဝနေထိုင်မှုပုံစံ အလေ့အကျင့်တစ်ခုမျှသာ မဟုတ်၊ မည်သည့်အရာ စားရမည်၊ မည်သည့်အရာ ဝတ်ရမည် သို့မဟုတ် မည်သည့်အရာ ပြောရမည်၊ မပြောဘဲနေရမည်ဆိုသည့် ကိစ္စတစ်ခုမျှသာ မဟုတ်ပေ။ ထိုအရာက ဘုရားသခင် စီစဉ်ညွှန်ကြားပြီးဖြစ်သည့် ပတ်ဝန်းကျင်များကို ရင်ဆိုင်နေရချိန်တွင် လူတစ်ဦးက မည်သည့် သဘောထားမျိုး ခံယူသည်ဟူသည်အထိပင် ရောက်ရှိနိုင်ပေသည်။ ထို့ကြောင့် ဤအရာများသည်လည်း လူတို့ လက်လွှတ်သင့်သည့် ကိစ္စရပ်များဖြစ်သည်။

အဓိကပွဲတော်များအတွင်းတွင် အချို့သော ရိုးရာဘဝနေထိုင်မှု နည်းလမ်းများ၊ အတွေးများနှင့် ရှုထောင့်အမြင်တို့ကို ထိန်းသိမ်းခြင်းအပြင် လူတို့သည် သာမန် ပွဲတော်အချို့ အတွင်းတွင်လည်း ယင်းတို့ကို ထိန်းသိမ်းကြသည်။ ဥပမာအားဖြင့် လနှင့်ဆိုင်သော နှစ်သစ်ကူး၏ ၁၅ ရက်နေ့တွင် မုန့်လုံးချိုများ စားသုံးကြသည်။ အဘယ်ကြောင့် လူတို့သည် မုန့်လုံးချိုများကို စားကြသနည်း။ (မိသားစု ပြန်လည်ပေါင်းစည်းခြင်း သင်္ကေတ ဖြစ်ပါသည်။) မိသားစုတစ်စုသည် ပြန်လည်ပေါင်းစည်းလေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတောအတွင်းတွင် မုန့်လုံးချိုများကို သင်တို့ စားဖူးကြသလော။ (အိမ်တွင် ကျွန်ုပ် စားဖူးပါသည်။ အသင်းတော်တွင် မစားဖူးပါ။) မိမိ၏ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခြင်းသည် ကောင်းသည့်အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) သင်၏ မိသားစုတွင် လူကောင်းတစ်ဦးတလေ ရှိသလော။ ၎င်းတို့က သင့်အား ငွေတောင်းသည် သို့မဟုတ် အကြွေး ပြန်ဆပ်ခိုင်းသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ် သင် ပိုင်ဆိုင်လျှင် ၎င်းတို့က သင့်ကို မျက်နှာလုပ်ကြပြီး အမြတ်ဝေစုကို တောင်းခံကြကာ မပေးလျှင် သင့်ကို အထင်သေးကြသည်။ လနှင့်ဆိုင်သော နှစ်သစ်ကူး၏ ၁၅ ရက်နေ့တွင် မုန့်လုံးချို စားခြင်းအပြင် လနှင့်ဆိုင်သော ဒုတိယလ၏ နှစ်ရက်နေ့၊ တတိယလ၏ သုံးရက်နေ့၊ စတုတ္ထလ၏ လေးရက်နေ့၊ ပဉ္စမလ၏ ငါးရက်နေ့ စသည်ကဲ့သို့သော ရက်စွဲ အမျိုးမျိုးနှင့် ပတ်သက်၍ အခြားသော ဓလေ့များလည်း ရှိပေသည်။ မတူကွဲပြားသော အရာများ ရှုပ်ထွေးနေပြီး အစားအစာမျိုးစုံက ယင်းတို့နှင့် ဆက်စပ်နေသည်။ မယုံကြည်သူများနှင့် မကောင်းဆိုးဝါးများ၏ လောကက လုပ်ဆောင်သည့် ဤအရာများအားလုံး အဓိပ္ပာယ် မဲ့ပေသည်။ ပွဲတော်တစ်ခုအတွင်းတွင် သင်သည် ပါဝင်ဆင်နွှဲကာ အစားအစာအချို့ကို သုံးဆောင်လိုလျှင် အစားအစာအချို့ကို သုံးဆောင်မည်ဟုသာ ပြောလိုက်လော့၊ ထိုမျှသာဖြစ်၏။ သင်၏ အသက်ရှင်နေထိုင်မှု အခြေအနေက အခွင့်ပေးသရွေ့ သင် နှစ်သက်သည့် မည်သည့်အရာကိုမဆို စားသုံးနိုင်သည်။ တစ်နှစ်ပြီးတစ်နှစ် ရာထူးတိုးရန်အတွက် အီကွေ့မုန့်များဖြစ်စေ၊ အလျှံပယ်ရှိခြင်းအတွက် ငါးများဖြစ်စေ၊ မိသားစု ပြန်လည်ပေါင်းစည်းခြင်းအတွက် မုန့်လုံးချိုများကိုဖြစ်စေ စားသုံးခြင်းကဲ့သို့သော ဤလှည့်ကွက်များအားလုံး တော်လောက်ပေပြီ။ တရုတ်လူမျိုးများက ဆန်မုန့်လုံးများကိုလည်း ပြုလုပ်ကြသည်။ သို့သော် မည်သည့်ရည်ရွယ်ချက်အတွက် ဖြစ်သနည်း။ နှစ်စဉ်နှစ်တိုင်း ပွဲတော် အမျိုးမျိုး အတောအတွင်းတွင် အသင်းတော်ထဲ၌ ဆန်မုန့်လုံးများကဲ့သို့သော ပွဲတော်တစ်ခုစီနှင့် လိုက်လျောညီထွေ ဖြစ်သည့် ပစ္စည်းအမျိုးမျိုးကို တစိုက်မတ်မတ် ဝယ်ယူသော လူအချို့ရှိသည်။ ၎င်းတို့ထဲမှ အချို့ကို ငါက “ဆန်မုန့်လုံးများကို အဘယ်ကြောင့် စားကြသနည်း”ဟု မေးခဲ့သည်။ ၎င်းတို့က “လနှင့်ဆိုင်သော ငါးကြိမ်မြောက် လ၏ ငါးရက်နေ့တွင် ရှိသည့် နဂါးလှေပွဲတော်အတွက် ဖြစ်ပါသည်”ဟု ပြောကြသည်။ ဆန်မုန့်လုံးများက အတော်လေး အရသာရှိသော်လည်း ယင်းတို့နှင့် ဆက်စပ်သည့် ပွဲတော်တစ်ခု အဘယ်ကြောင့် ရှိသည် သို့မဟုတ် ထိုအရာက လူတို့၏ ဘဝများနှင့် ကံတို့နှင့် အဘယ်သို့ ဆက်နွှယ်သည်ကို ငါ မသိ။ ထိုအရာနှင့် ပတ်သက်၍ ငါ ရှာဖွေမှုတစ်ခုမျှ လုံးဝ မလုပ်ခဲ့၊ သို့မဟုတ် ဆန်းစစ်လေ့လာချက် ပြုလုပ်ခဲ့ခြင်း မရှိခဲ့သောကြောင့် ငါ မသိရပေ။ အဆိုအရ ထိုအရာမှာ တစ်စုံတစ်ဦးကို အထိမ်းအမှတ် ပြုလုပ်ခြင်း ဖြစ်သည်။ သို့ရာတွင် သူ့ကို အထိမ်းအမှတ်လုပ်သည့်အနေဖြင့် ဤအရာများကို အဘယ်ကြောင့် ငါတို့ စားသင့်သနည်း။ ဆန်မုန့်လုံးများကို ထိုလူအား ပေးသင့်ပေသည်။ သူ့ကို အထိမ်းအမှတ်ပြုလုပ်ရန် ကြိုးစားသူ မည်သူမဆို ဆန်မုန့်လုံးများကို သူ၏ အုတ်ဂူ သို့မဟုတ် ရုပ်ပုံရှေ့တွင် ထားရှိသင့်သည်။ အသက်ရှင်သည့် လူများကို မပေးသင့်ပေ။ ဤသည်မှာ အသက်ရှင်သူတို့၏ ကိစ္စမဟုတ်။ အသက်ရှင်သူတို့က ထိုလူ့ကိုယ်စား စားပေးကြသည်မှာ အဓိပ္ပာယ်မရှိပေ။ ဤပွဲတော်များအပြင် ဤပွဲတော်များအတွင်း စားရမည့်အရာနှင့် စပ်လျဉ်းသည့် အသိကို မယုံကြည်သူများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ တိကျသည့် အသေးစိတ် အချက်များကို ငါ မသိသကဲ့သို့ အသေးစိတ်အချက်အချို့ကို နောက်ပိုင်းတွင် အသင်းတော်ထဲရှိ လူတို့မှတစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ ဆန်မုန့်လုံးများကို နဂါးလှေပွဲတော်အတွင်းတွင် စားသုံးရပြီး အီကွေ့မုန့်များကို လနှင့်ဆိုင်သည့် နှစ်သစ်ကူး အတောအတွင်းတွင် စားသုံးရသည်ဟူ၍ဖြစ်၏။ အနောက်တိုင်း၌ လူတို့သည် ကျေးဇူးတော်ချီးမွမ်းရာနေ့တွင် ကြက်ဆင်ကို စားကြသည်။ အဘယ်ကြောင့် ကြက်ဆင်ကို စားကြသနည်း။ သတင်းကြေညာချက်များအရ ကျေးဇူးတော်ချီးမွမ်းရန်အလို့ငှာ ကျေးဇူးတော်ချီးမွမ်းရာနေ့တွင် ကြက်ဆင်သားကို စားကြခြင်းဖြစ်သည်။ ဤသည်မှာရိုးရာတစ်ခုဖြစ်၏။ အနောက်တိုင်းတွင် လူတို့က ခရစ္စမတ်သစ်ပင်ကို အလှဆင်ကာ အဝတ်အစားသစ်များ ဝတ်ဆင်ကြသည့် ခရစ္စမတ်ဟု ခေါ်သည့် နောက်ထပ် အခါကြီးရက်ကြီးတစ်ခု ရှိ၏။ ဤသည်မှာလည်း ရိုးရာတစ်ခုဖြစ်သည်။ ဤအခါကြီးရက်ကြီးအတောအတွင်းတွင် အနောက်တိုင်းသားများသည် နှစ်လိုဖွယ် စကားများနှင့် ကောင်းမွန်သည့် ဆုတောင်းမေတ္တာ ပို့သမှုများအပြင် ကောင်းချီးပေးခြင်းများကိုလည်း အပြန်အလှန် ပြောဆိုကြရသည်။ မကောင်းသည့် စကားများ သို့မဟုတ် ကျိန်ဆဲသည့် စကားများ ပြောခွင့်မရှိပေ။ ဤအရာအားလုံးက အရှေ့တိုင်း ယဉ်ကျေးမှုများ၏ အတိတ်နိမိတ်ကောင်းသော ဆိုရိုးများနှင့် တူညီပြီး ယင်းတို့၏ ရည်ရွယ်ချက်မှာ လူတို့အား တားမြစ်ချက်များကို မချိုးဖောက်ရန် တားဆီးဖို့ဖြစ်သည်၊ သို့မဟုတ်လျှင် လာမည့်နှစ်သည် ကောင်းမည်မဟုတ်ပေ။ ကျေးဇူးတော်ချီးမွမ်းရာနေ့နှင့် ခရစ္စမတ်ကဲ့သို့သော အနောက်တိုင်း အခါကြီးရက်ကြီးများတွင် အထူးအရသာရှိသည့် အစားအစာများ စားသုံးခြင်း ပါဝင်ပြီး ဤအစားအစာများ စားခြင်းကို မှန်ကန်ကြောင်းပြရန် ပုံပြင်များ ဖန်တီးကြသည်။ အဆုံးတွင် ဖြစ်ပျက်သည့်အရာကို ငါ အကျဉ်းချုပ် ပြောလိုက်မည်။ လူတို့သည် အိမ်တွင် စားသောက်ပွဲလုပ်ရန် ရက်အနည်းငယ် ခွင့်ယူခြင်းကို ရှင်းချက်ထုတ်ခွင့်ရရင်း ဗိုက်ပူသည်အထိ စားရင်းဖြင့် ဤအရသာရှိသော အစားအစာများကို မွေ့လျော်ရန် ဆင်ခြေတစ်ခု ရှာကြပေသည်။ သွေးလှူဖို့ အချိန်ကျသည့်အခါ သူနာပြုက “သင်၏ သွေးတွင်း အဆီပမာဏ များလွန်းသည်။ စံနှုန်းမမီသလို သွေးလှူခြင်းအတွက် အရည်အချင်း မပြည့်မီပါ”ဟု ပြောလေသည်။ ဤသည်မှာ အသားအလွန်အကျွံ စားသုံးခြင်းကြောင့် ဖြစ်သည်။ ဤရိုးရာ အခါကြီးရက်ကြီးများကို ကျင်းပခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အစားအသောက်ကောင်းများကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ထိုအရာကို မျိုးဆက်တစ်ခုမှ နောက်တစ်ခု၊ သက်ကြီးသူမှ ငယ်ရွယ်သူတို့ထံသို့ လက်ဆင့်ကမ်းလာခဲ့ကြခြင်းဖြစ်ပြီး ရိုးရာတစ်ခု ဖြစ်လာသည်။ ဤရိုးရာများက သွတ်သွင်းပေးသည့် အခြေခံ အတွေးများနှင့် ရှုထောင့်အမြင်များအပြင် အချို့သော အယူသီးသည့် ဆိုရိုးများကိုလည်း လူကြီးသူမများမှသည် ငယ်ရွယ်သော မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။

အခြားအယူသီးသည့် မည်သည့်အဆိုများ ရှိသနည်း။ ငါ ယခုတင် ဖော်ပြခဲ့သည့် မျက်ခမ်းလှုပ်ခြင်းသည် မကြာခဏ ဖြစ်သလော။ (ဖြစ်ပါသည်။) သင်က “ကျွန်ုပ်၏ မျက်ခမ်း ဆက်တိုက် လှုပ်နေသည်”ဟု ပြောသည်။ တစ်စုံတစ်ဦးက “မည်သည့် မျက်ခမ်း လှုပ်နေသနည်း”ဟု မေးသည်။ သင်က “ဘယ်ဘက်မျက်ခမ်း ဖြစ်သည်”ဟု ပြန်ဖြေသည်။ ၎င်းတို့က “ပြဿနာမရှိပါ၊ ဘယ်ဘက် မျက်ခမ်းလှုပ်ခြင်းက ကံကောင်းခြင်း နိမိတ်ဖြစ်သော်လည်း ညာဘက်မျက်ခမ်းလှုပ်ခြင်းက ကံဆိုးခြင်း နိမိတ်ဖြစ်သည်”ဟု ပြောကြသည်။ ဤအရာ မှန်ကန်ကြောင်း ခိုင်လုံပါသလော။ သင်၏ ဘယ်ဘက် မျက်ခမ်းလှုပ်သည့်အခါ သင် ချမ်းသာကြွယ်ဝခဲ့သလော။ သင် ငွေရခဲ့သလော။ (မရခဲ့ပါ။) သို့ဆိုလျှင် သင်၏ ညာဘက်မျက်ခမ်းလှုပ်သည့်အခါ ကပ်ဘေးတစ်ခုခု ဖြစ်ပွားခဲ့သလော။ (ထိုအရာလည်း မဖြစ်ပွားခဲ့ပါ။) သင်၏ ဘယ်ဘက်မျက်ခမ်းလုံးလှုပ်သည့်အခါ ကပ်ဘေးဖြစ်ပွားခဲ့သည့် အခြေအနေတစ်ခုခု ရှိခဲ့သလော။ သင်၏ ညာဘက်မျက်ခမ်း လှုပ်သည့်အခါ မကောင်းသည့်အရာ ဖြစ်ပျက်ခဲ့သည့် သို့မဟုတ် ကောင်းသည့်အရာ ဖြစ်ပျက်ခဲ့သည့် အခြေအနေတစ်ခုခု ရှိခဲ့သလော။ ဤအရာများကို သင်တို့ ယုံကြည်သလော။ (မယုံကြည်ပါ။) ဤအရာများကို သင်တို့ အဘယ်ကြောင့် မယုံကြည်နိုင်ရသနည်း။ သင်၏ မျက်ခမ်း အဘယ်ကြောင့် လှုပ်သနည်း။ မျက်ခမ်းလှုပ်ခြင်းကို တားဆီးရန် ရိုးရာယဉ်ကျေးမှုတွင် ကုစားမှုတစ်ခုခု ရှိသလော။ နည်းစနစ်တစ်ခုခု ရှိသလော။ (လူအချို့က စာရွက်ဖြူတစ်စကို မိမိတို့၏ မျက်ခွံပေါ် ကပ်ကြသည်ကို မြင်ခဲ့ရပါသည်။) ၎င်းတို့သည် ကပ်ထားရန် စာရွက်ဖြူတစ်စကို ရှာကြသည်။ မည်သည့် မျက်ခမ်း လှုပ်သည်ဖြစ်စေ၊ ပြက္ခဒိန် သို့မဟုတ် မှတ်စုစာအုပ်ငယ်လေးမှ စာရွက်ဖြူတစ်စကို ဖြဲပြီး မိမိတို့၏ မျက်ခွံပေါ် ကပ်ကြသည်။ အဖြူရောင်ထက် အခြားမည်သည့်အရောင်မျှ ဖြစ်၍မရပေ။ အဖြူရောင်စာရွက်က မည်သည့်အရာကို ဖော်ညွှန်းသနည်း။ မကောင်းသည့်အရာတစ်ခုမျှ ဖြစ်ခွင့်ရှိလိမ့်မည်မဟုတ်သည်ကို ရည်ညွှန်းလျက် မျက်ခမ်းလှုပ်ခြင်းက “အချည်းနှီးဖြစ်သည်”ဟု ဆိုလိုသည်။ ဤသည်မှာ ထူးခြားပြောင်မြောက်သော နည်းစနစ်တစ်ခုလော။ အတော်လေး ထူးခြားပြောင်မြောက်၏၊ ဟုတ်သည် မဟုတ်လော။ သို့ရာတွင် မျက်ခမ်းလှုပ်ခြင်းက “အချည်းနှီးဖြစ်သည်”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ထိုအရာသည် တစ်ဦးတစ်ယောက်က စာရွက်ကို မိမိ၏ မျက်ခွံပေါ်တွင် ကပ်ခြင်း ရှိမရှိဆိုသည်နှင့် ဘာမျှ မပတ်သက်ပါ။) ဤကိစ္စရပ်ကို နားလည်အောင် သင်တို့ ရှင်းနိုင်သလော။ “ဘယ်ဘက် မျက်ခမ်းလှုပ်ခြင်းက ကံကောင်းခြင်း နိမိတ်ဖြစ်သော်လည်း ညာဘက်မျက်ခမ်းလှုပ်ခြင်းက ကံဆိုးခြင်း နိမိတ်ဖြစ်သည်” ဟူ၍ဖြစ်သည်။ ကံကောင်းခြင်းကို ဆိုလိုသည်ဖြစ်စေ၊ သို့မဟုတ် ကံဆိုးခြင်းကို ဆိုလိုသည်ဖြစ်စေ၊ မျက်ခမ်းလှုပ်ခြင်းအတွက် ရှင်းပြချက်တစ်ခုခု ရှိသလော။ သင်၏ ညာဘက်မျက်ခမ်း လှုပ်သည့်အခါ မကောင်းသည့် တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည်ဟု သင် ခံစားရ၍ သင့်တွင် စိတ်လေးနေပြီး အတန်ကြာပြီးနောက် လှုပ်နေသည်မှာ ရပ်သွားသဖြင့် ထိုအကြောင်းအားလုံးကို သင် မွေလျာ့သွားပြီးနောက်တွင် နောက်ထပ် ရက်အတော်ကြာပြီးနောက် မကောင်းသည့်အရာ တစ်ခုခု ဖြစ်ပြီး ဤကိစ္စရပ်ကို ကိုင်တွယ်ပြီးသည့်အချိန်တွင် သင်က “အမလေး၊ မျက်ခမ်းလှုပ်ခြင်းနှင့်ပတ်သက်သည့် ဆိုရိုးသည် မှန်ကန်တိကျပေသည်။ အဘယ်ကြောင့်နည်း။ ပြီးခဲ့သည့် ရက်အနည်းငယ်တွင် ငါ၏ ညာဘက်မျက်ခမ်း အမှန်ပင် စလှုပ်ခဲ့ပြီး လှုပ်သည့်အရာ ရပ်သွားသည့်နောက်တွင် ဤအဖြစ်အပျက်ဖြစ်ခဲ့သည်။ ထိုအရာ ဖြစ်ပြီးနောက်တွင် ငါ၏ မျက်ခမ်း ထိုကတည်းက မလှုပ်တော့ပါ”ဟု တွေးရင်း ရုတ်တရက် သတိရသွားသည့် အခြေအနေတစ်ခု ရှိသလော။ ဤသို့ ဖြစ်ဖူးသလော။ တစ်စုံတစ်ရာကို သင် သဘောမပေါက်နိုင်သည့်အခါ မည်သည့်အရာကိုမျှ သင် မပြောဝံ့၊ ထိုအရာကို သင် မငြင်းဝံ့သကဲ့သို့ အမှန်အဖြစ်လည်း ဝန်မခံဝံ့ပေ။ အကြောင်းအရာကို သင် မရှောင်ရှားနိုင်၊ ထိုအရာကို ရှင်းလင်းစွာ သင် ပြောဆိုနိုင်ခြင်းမရှိသော်လည်း ဖြစ်နိုင်ချေရှိသည်ဟု တွေးနေဆဲဖြစ်သည်။ သင်၏ နှုတ်ဖြင့် သင်က “ယင်းမှာ အယူသီးခြင်းဖြစ်သည်။ ကျွန်ုပ် ယုံကြည်၍ မရပါ။ အရာရာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်”ဟု ပြောသည်။ ထိုအရာကို သင် မယုံကြည်သော်လည်း ဤကိစ္စရပ်က အမှန်တကယ်ဖြစ်လာသည်။ တကယ်ကို အလွန် မှန်ကန်တိကျသည်၊ ထိုအရာကို သင် မည်သို့ ရှင်းပြမည်နည်း။ သင်သည် ဤနေရာတွင် သမ္မာတရားနှင့် အနှစ်သာရကို နားမလည်သောကြောင့် ရှင်းလင်းစွာ မပြောနိုင်ပေ။ ထိုအရာကို အယူသီးခြင်းဟု ခေါ်လျက် သင်၏ နှုတ်ဖြင့် ငြင်းသော်လည်း တစ်ခါတစ်ရံ ထိုအရာ အမှန်တကယ် ဖြစ်လာတတ်သောကြောင့် စိတ်ထဲတွင် သင် စိုးရွံ့နေမိဆဲဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ကားတိုက်မှုဖြစ်ကာ ကွယ်လွန်သွားသည်။ ကားတိုက်မှု မတိုင်မီတွင် ထိုလူ၏ ဇနီးက သူ၏ ညာဘက်မျက်ခမ်းတွင် ဆိုးဆိုးရွားရွား လှုပ်နေ၏။ နေ့ရောညပါ ဆက်တိုက် လှုပ်နေသည်။ လှုပ်နေသည်မှာ မည်မျှထိ ဆိုးရွားသွားသနည်း။ သူမ၏ မျက်ခမ်းလှုပ်နေသည်ကို အခြားသူများကပင် မြင်နိုင်ကြသည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် သူမ၏ ယောက်ျားသည် ကားတိုက်မှုဖြစ်ကာ ဆုံးပါးသွားသည်။ အသုဘကိစ္စကို ကိုင်တွယ်ပြီးနောက်တွင် သူမသည် ထိုင်ချကာ “အလိုလေး၊ ထိုသုံးလေးရက်တုန်းက ငါ၏ မျက်ခမ်းသည် လက်ဖြင့် ငြိမ်အောင် ဖိထား၍မရသည်အထိပင် အလွန် ဆိုးရွားစွာ လှုပ်နေခဲ့သည်။ ဤသို့ အမှန်တကယ်ဖြစ်လာဖို့ ငါ မမျှော်လင့်ခဲ့ပါ”ဟု တဖြည်းဖြည်း စတင်တွေးမိသည်။ နောက်ပိုင်းတွင် “အလိုလေး၊ ငါ၏ မျက်ခမ်း လှုပ်သည့်အခါ ကိစ္စများက အမှန်တကယ် ဖြစ်ပျက်သည်။ အကောင်း၊ အဆိုး မသေချာနိုင်သော်လည်း တစ်ခုခုဖြစ်ဖို့ သေချာသည်။ ထိုအရာသည် စိတ်အာရုံမြင်ကွင်း၊ သို့မဟုတ် စိတ်လေးခြင်းတစ်မျိုး ဖြစ်သည်”ဟု တွေးလျက် ဤဆိုရိုးကို စတင်ယုံကြည်လာလေသည်။ ဤသို့ ဖြစ်ဖူးသလော။ လူအချို့က “ထိုအရာကို ကျွန်ုပ် မယုံပါ။ အယူသီးခြင်း ဖြစ်သည်”ဟု ပြောကြ၏။ သို့သော် ထိုအရာက အချိန်အတိအကျတွင်ပင် ဖြစ်လာပြီး တကယ်ကို ထိုမျှ မှန်ကန်တိကျလေသည်။ ရိုးရာယဉ်ကျေးမှုတွင် ဖော်ပြထားသည့် အရာများသည် အခြေအမြစ်မရှိသည့် ကောလာဟလများ မဟုတ်ပေ။ အယူသီးခြင်းသည် ရိုးရာနှင့် ကွာခြား၏။ အတိုင်းအတာတစ်ခုခုထိ လူတို့ဘဝများတွင် ထိုအရာ တည်ရှိပြီး လူတို့၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်များနှင့် ၎င်းတို့ ဘဝများတွင် ဖြစ်ပေါ်သည့် အဖြစ်အပျက်များကိုလည်း လွှမ်းမိုးကာ ထိန်းချုပ်လေသည်။ လူအချို့က “ကောင်းပြီ။ ဤသည်မှာ အယူသီးခြင်း မဟုတ်ဘဲ ဘုရားသခင်ထံမှ နိမိတ်တစ်ခု ဖြစ်သည် မဟုတ်လော။ အယူသီးခြင်း မဟုတ်သည်နှင့်အမျှ ထိုအရာကို ကျွန်ုပ်တို့ ကောင်းမွန်စွာ သဘောထားပြီး လက်ခံသင့်သည်။ ဤအရာသည် စာတန်ထံမှ မလာခဲ့ပေ။ ဘုရားသခင်ထံမှ ဖြစ်နိုင်သည်၊ ဘုရားသခင်ထံမှ အရိပ်အမြွက်တစ်ခု ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ မရှုတ်ချသင့်ပါ”ဟု ပြောကြသည်။ ဤကိစ္စရပ်ကို ငါတို့ မည်သို့ မှန်ကန်စွာ ရှုမြင်ကြသနည်း။ ဤအရာက အမှုအရာများကို သင်၏ ရှုမြင်နိုင်စွမ်းနှင့် သမ္မာတရားအပေါ် သင်၏ နားလည်မှုတို့ကို စစ်ဆေးပေသည်။ သင့်အနေဖြင့် “ထိုအရာအားလုံး အယူသီးခြင်း ဖြစ်သည်။ ထိုသို့သောအရာ မရှိသကဲ့သို့ တစ်ခုကိုမျှ ကျွန်ုပ် မယုံပါ”ဟု ယုံကြည်လျက် အရာရာကို တစ်သမတ်တည်း သင် သဘောထားမိလျှင် ဤသည်မှာ အမှုအရာများကို မှန်ကန်သော ရှုမြင်နည်း ဖြစ်သလော။ ဥပမာအားဖြင့် ယုံကြည်သူများက အိမ်ရွှေ့ပြောင်းလိုကြသည့်အခါ “ယနေ့သည် အရွှေ့အပြောင်းအတွက် နိမိတ်မကောင်းပါ”ဟု ပြောသည့် ၎င်းတို့၏ ပြက္ခဒိန်စာအုပ်ကို ကြည့်မိသောကြောင့် ဤတားမြစ်ချက်ကို ၎င်းတို့ လိုက်နာကာ ထိုနေ့တွင် ဆက်မရွှေ့ပြောင်းဝံ့ကြချေ။ ၎င်းတို့ မရွှေ့ပြောင်းမီတွင် “အရွှေ့အပြောင်းအတွက် နိမိတ်ကောင်းသည်” သို့မဟုတ် “ကိစ္စရပ်များအားလုံး နိမိတ်ကောင်းသည်” ဟုပြောသော နေ့ရက်ကို ကြည့်ကြသည်။ ရွှေ့ပြောင်းပြီးသည့်နောက်တွင် မကောင်းသည့်အရာ မည်သည့်အရာမျှ မဖြစ်ပျက်သကဲ့သို့ အနာဂတ်ရှိ ၎င်းတို့၏ ကံကို မထိခိုက်ပေ။ ဤသို့ ဖြစ်ပျက်သလော။ လူအချို့က “အရွှေ့အပြောင်းအတွက် နိမိတ်မကောင်းပါ”ဟူသည်ကို မြင်သော်လည်း မယုံကြည်ကြပေ။ မည်သို့ဆိုစေ ၎င်းတို့ ရွှေ့ပြောင်းကြသည်။ အကျိုးဆက်အနေဖြင့် ရွှေ့ပြောင်းပြီးနောက် တစ်စုံတစ်ရာ လွဲချော်သွားသည်။ မိသားစုတွင် ကံအကြောင်းမလှသည့် ဖြစ်ရပ်ဖြစ်လာသည်၊ ၎င်းတို့၏ ကံက နိမ့်ကျလာသည်။ မိသားစုထဲက တစ်စုံတစ်ဦး သေဆုံးပြီး နောက်တစ်ဦးက နာမကျန်းဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး၊ အလုပ်နှင့် စီးပွားရေးလုပ်ငန်းလုပ်ခြင်းမှသည် မိမိတို့ ကလေးများ၏ကျောင်းပညာရေးအထိ အရာရာက ခက်ခဲလာသည်။ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ၎င်းတို့ မသိကြချေ။ ဗေဒင်ဆရာကို တိုင်ပင်ကြပြီး ထိုသူက “ထိုအချိန်အတောအတွင်းတွင် အဓိက တားမြစ်ချက်တစ်ခုကို သင် ချိုးဖောက်ခဲ့သည်။ သင် ရွှေ့ပြောင်းခဲ့သည့် နေ့ရက်သည် အရွှေ့အပြောင်းအတွက် နိမိတ်မကောင်းသလို ထိုသို့ လုပ်ဆောင်ရာတွင် သင်သည် တိုင်ဆွီးကို ပုန်ကန်ပြစ်မှားမိခဲ့သည်”ကဟု ပြောလေသည်။ ဤတွင် မည်သည့်အရာ ဖြစ်နေသနည်း။ သင်သိသလော။ ဤအရာကို သင်တို့ သဘောမပေါက်နိုင်လျှင် ထိုသို့သောအခြေအနေများ ဖြစ်ပေါ်သည့်အခါ မည်သို့ ကိုင်တွယ်ရမည်ကို သင်တို့ သိမည်မဟုတ်ပေ။ မယုံကြည်သူတစ်ဦးက “သင့်ကို ငါ ပြောပါရစေ။ အရွှေ့အပြောင်းအတွက် နိမိတ်မကောင်းသည့် နေ့ရက်တွင် ကျွန်ုပ် ရွှေ့ပြောင်းခဲ့ပြီး ရွှေ့ပြောင်းပြီးနောက်တွင် ကျွန်ုပ်၏ မိသားစုက ပိုကံခေသည်ထက် ကံခေလျက် ပြဿနာများကို တစ်နေ့ပြီးတစ်နေ့ ဆက်လက်တွေ့ကြုံနေခဲ့ရကာ ထိုကတည်းက အဆင်ပြေသည့်နေ့ မရှိသေးပါ”ဟု ပြောလျှင် ထိုအရာကို သင် ကြားသည့်အခါ သင်၏ နှလုံးက အခုန်မြန်လာကောင်း မြန်နိုင်သည်။ သင်က “အလိုလေး၊ တားမြစ်ချက်ကို ငါ မလိုက်နာလျှင် ငါရော ထိုအတိုင်းပင် ဖြစ်လိမ့်မည်လော”ဟု တွေးလျက် ကြောက်သွားသည်။ “ဘုရားသခင်ကို ငါ ယုံကြည်သည်၊ ငါ မကြောက်ပါ”ဟု စဉ်းစားရင်း ထိုအရာကို သင်၏ စိတ်ထဲတွင် သေသေချာချာ ချင့်ချိန်တွေးတောလေသည်။ သို့ရာတွင် သံသယက သင်၏ စိတ်တွင် စွဲကျန်နေဆဲဖြစ်ပြီး ထိုတားမြစ်ချက်ကို သင် မဖောက်ဖျက်ဝံ့ပေ။

ဤအယူသီးသည့် ဆိုရိုးများကို ငါတို့ မည်သို့ ရှုမြင်သင့်သနည်း။ မျက်ခမ်းလှုပ်ခြင်းနှင့်ပတ်သက်၍ အစပြုကြစို့။ မျက်ခမ်းလှုပ်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်ဖြစ်ကြောင်း ငါတို့အားလုံး သိကြသလော။ လူတို့တွင်ရှိသည့် အခြေခံအကျဆုံးသော သိနားလည်မှုမှာ ထိုအရာက အနာဂတ်တွင် အမှုအရာ ကောင်းမည်လော၊ ဆိုးမည်လောဟူ၍ မည်သည့်အရာ ဖြစ်မည်ကို ဟောကိန်းထုတ်ခြင်း ဖြစ်၏။ သို့ရာတွင် ဤသည်မှာ အယူသီးခြင်း ဖြစ်သလော၊ သို့မဟုတ် မဖြစ်သလော။ ပြောကြလော့။ (အယူသီးခြင်း ဖြစ်ပါသည်။) အယူသီးခြင်း ဖြစ်၏။ နောက်ထပ် မေးခွန်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းရှိသည့် လူတို့သည် ဤဆိုရိုးကို ယုံကြည်သင့်သလော။ (မယုံကြည်သင့်ပါ။) အဘယ်ကြောင့် မယုံကြည်သင့်သနည်း။ (အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ကံနှင့် ကံအကြောင်းမလှမှုများကို ဘုရားလက်တော်ထဲတွင် စီမံကာ စီစဉ်ညွှန်ကြားပြီး သင်၏ မျက်ခမ်း လှုပ်ခြင်း ရှိမရှိဆိုသည့်အရာနှင့် ဘာမျှ ပတ်သက်ခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ရင်ဆိုင်သမျှတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်တွင်ရှိပြီး ထိုအရာကို ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်ပါသည်။) တစ်နေ့တွင် သင်၏ မျက်ခမ်းက တစ်နေ့လုံး ဆိုးရွားစွာ လှုပ်ပြီး နောက်တစ်နေ့ မနက်အထိ ဆက်လှုပ်နေသည်ဆိုပါစို့။ ထို့နောက် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး သင် ကိုင်တွယ်ဖြေရှင်းခံရသည်။ ကိုင်တွယ်ဖြေရှင်းခံရသည့်နောက်တွင် သင်၏ မျက်ခမ်းလှုပ်ခြင်းက ရပ်သွားသည်။ မည်သည့်အရာကို သင် တွေးမည်နည်း။ “ငါ၏ မျက်ခမ်းလှုပ်ခြင်းသည် ငါ ကိုင်တွယ်ဖြေရှင်းခံရမည့် နိမိတ်တစ်ခု ဖြစ်သည်”ဟူ၍ ဖြစ်၏။ ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သလော။ အယူသီးမှုလော။ တစ်ခါတစ်ရံ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်၏။ တစ်ခါတစ်ရံ ထိုသို့သော အရာများ ဖြစ်ပျက်တတ်ပေသည်။ မည်သည့်အရာ ဖြစ်နေသနည်း။ (ဘုရားသခင် မျက်ခမ်းလှုပ်ခြင်းသည် ပုံမှန် ခန္ဓာကိုယ်စည်းချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သကဲ့သို့ ခံစားရပြီး ပြုပြင်ခြင်း သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ဆက်စပ်မှုမရှိသင့်ပါ။) မျက်ခမ်းလှုပ်ခြင်းကို ဤကဲ့သို့ နားလည်သင့်သည်။ မျက်ခမ်းတစ်ဖက်လှုပ်ခြင်းက ကံကောင်းခြင်းကို ညွှန်ပြပြီး နောက်တစ်ဖက်လှုပ်ခြင်းက ကံဆိုးခြင်းကို ညွှန်ပြကြောင်း လူတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဘုရားသခင်သည် လူသား ကိုယ်ခန္ဓာကို နက်နဲမှုများစွာဖြင့် ဖန်ဆင်းခဲ့သည်။ ဤနက်နဲမှုများက မည်မျှထိ နက်ရှိုင်းသည်၊ ထိုအထဲတွင် တိကျသော မည်သည့် အသေးစိတ်အချက်များ ပါဝင်သည်၊ လူသား ကိုယ်ခန္ဓာတွင် မည်သည့် ဗီဇများ၊ အစွမ်းအစများနှင့် စွမ်းရည်များရှိသည်။ လူသားများက ဤအသိပညာကို မိမိတို့ဘာသာ မပိုင်ဆိုင်ကြပေ။ လူသား ကိုယ်ခန္ဓာက ဝိညာဉ်ရေးရာ နယ်ပယ်ကို မြင်နိုင်ခြင်း ရှိမရှိ၊ ဆဌမအာရုံဟု အချို့ကခေါ်ကြသည့်အရာကို ပိုင်ဆိုင်ခြင်း ရှိမရှိ လူတို့ မသိကြပေ။ လူသား ကိုယ်ခန္ဓာ၏ ဤမသိရသည့် သွင်ပြင်လက္ခဏာများကို နားလည်ရန် လူတို့ ဒုက္ခခံသင့်ကြသလော။ (ဒုက္ခမခံသင့်ပါ။) မလိုအပ်ပေ။ လူသား ကိုယ်ခန္ဓာအတွင်း မည်သည့် နက်နဲမှုများ တည်ရှိသည်ကို လူတို့ နားလည်ရန် မလိုအပ်ပေ။ ၎င်းတို့အနေဖြင့် နားလည်ရန် မလိုအပ်သော်လည်း လူသား ကိုယ်ခန္ဓာက မရှိးရှင်းကြောင်း အခြေခံသိနားလည်မှုတစ်ခု ရှိသင့်ကြပေသည်။ ထိုအရာသည် စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ သို့မဟုတ် ကွန်ပြူတာတစ်လုံးကဲ့သို့သော ဘုရားသခင် မဖန်ဆင်းခဲ့သည့် မည်သည့်အရာနှင့်မဆို သို့မဟုတ် မည်သည့်အရာဝတ္ထုနှင့်မဆို အခြေခံအားဖြင့် ကွဲပြားခြားနား၏။ ဤအရာများ၏ သဘောသဘာဝသည် လူ့ကိုယ်ခန္ဓာ၏ သဘောသဘာဝနှင့် လုံးဝ ကွဲပြားသည်။ ဤသက်မဲ့ အရာဝတ္ထုများတွင် ဝိညာဉ်ရေးရာ နယ်ပယ်နှင့်ဆိုင်သည့် သိမြင်မှု မရှိသော်လည်း ဘုရားသခင်ထံမှ လာသည့် အသက်ရှင်သော အရာဖြစ်သည့်၊ ဘုရားသခင် ဖန်ဆင်းထားသည့် လူ့ကိုယ်ခန္ဓာသည် ယင်း၏ အနီးဆုံး ပတ်ဝန်းကျင်၊ လေထုနှင့် အချို့သော ထူးခြားသည့် အရာဝတ္ထုများကို မည်သို့ သိမြင်ရမည်ဆိုသည့်အပြင် အနီးအနားရှိ ပတ်ဝန်းကျင်နှင့် ဖြစ်လာမည့် အဖြစ်အပျက်များအား မည်သို့ တုံ့ပြန်ရမည်ဆိုသည်ကို နားလည်နိုင်သည်။ ထိုအရာမှာ မရိုးရှင်းပေ၊ ဤအရာများသည် နက်နဲမှုတစ်ခုသာ ဖြစ်၏။ လူသား ကိုယ်ခန္ဓာသည် အေးသည့အရာ၊ ပူသည့်အရာ၊ နှစ်လိုဖွယ်ရှိသောအရာ၊ သို့မဟုတ် အနံ့ခံရန် မနှစ်မြို့ဖွယ်ကောင်းသော အရာ၊ ချို၊ ချဉ်ပြီး စပ်သည့်အရာများကို ခံစားနိုင်ရုံမက လူတစ်ဦးချင်း၏ ဓမ္မဓိဋ္ဌာန်ကျသော အသိဉာဏ်က မသိသည့် အချို့သော နက်နဲမှုများလည်း ရှိပေသည်။ လူသားများက ဤအရာများအကြောင်း မသိကြပေ။ ထို့ကြောင့် တိတိကျကျ ပြောရလျှင် မျက်ခမ်းလှုပ်ခြင်းက တစ်စုံတစ်ဦး၏ အာရုံကြောများ၊ ၎င်း၏ ဆဌမအာရုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ နယ်ပယ်ပါဝင်သည့် တစ်စုံတစ်ရာနှင့် ဆက်စပ်ခြင်း ရှိမရှိဆိုသည်ကို ငါတို့ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေလေ့လာမည် မဟုတ်။ မည်သို့ဆိုစေ ဤဖြစ်ရပ် တည်ရှိပြီး တည်ရှိခြင်းအတွက် ထိုအရာ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကို ငါတို့ စုံစမ်းစစ်ဆေးမည် မဟုတ်။ ထိုသို့ဖြစ်လင့်ကစား မိသားစုနှင့် ရိုးရာယဉ်ကျေးမှုနှစ်ခုလုံးတွင် မျက်ခမ်းလှုပ်ခြင်းနှင့်ပတ်သက်သည့် အချို့သော ဆိုရိုးများ ရှိပေသည်။ ဤဆိုရိုးများက အယူသီးခြင်း ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ နောက်ဆုံးတွင်မူ ထိုအရာသည် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်တစ်ခု၌ ဖြစ်ပျက်နေသည့် အချို့ အဖြစ်အပျက်များ မတိုင်မီ လူသားကိုယ်ခန္ဓာတွင် ထင်ရှားသည့် အရိပ်လက္ခဏာတစ်ခု ဖြစ်သည်။ ယခုတွင် ဤထင်ရှားခြင်းပုံစံသည် အယူသီးခြင်း၊ ရိုးရာ သို့မဟုတ် လောကဓာတ်ပညာနှင့် သက်ဆိုင်သလော။ ထိုအရာသည် လေ့လာရှာဖွေ၍မရသည့် တစ်စုံတစ်ရာ ဖြစ်သည်။ နက်နဲမှုတစ်ခု ဖြစ်သည်။ တိုတိုပြောရလျှင် လက်တွေ့ကျသော ဘဝအတွင်း၌ ရှေးခေတ်မှသည် မျက်မှောက်ခေတ်အထိ နှစ်ထောင်ချီအတောအတွင်းတွင် လူသားမျိုးနွယ်က တစ်စုံတစ်ဦး၏ မျက်ခမ်း လှုပ်ခြင်းသည် ၎င်း၏ အနီးဝန်းကျင်တွင် ဖြစ်ပျက်တော့မည့် အဖြစ်အပျက်များနှင့် တစ်နည်းနည်အားဖြင့် ဆက်စပ်သည်ဟု မှတ်ချက်ချခဲ့ကြသည်။ ဤဆက်စပ်မှုက ကြွယ်ဝခြင်း၊ ကံ၊ သို့မဟုတ် လူတစ်ဦး ဘဝ၏ အခြားသော သွင်ပြင်လက္ခဏာတစ်ခုခုနှင့် ဆက်နွှယ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှာဖွေလေ့လာရန် မဖြစ်နိုင်ပေ။ ဤသည်မှာလည်း နက်နဲမှုတစ်ခု ဖြစ်သည်။ နက်နဲမှုတစ်ခုဟု အဘယ်ကြောင့် ယူဆရသနည်း။ အမှုအရာများစွာတွင် ရုပ်ဝတ္ထုလောကအလွန် သင့်ကို ပြောထားလျှင်ပင် သင် မမြင်နိုင် သို့မဟုတ် မခံစားနိုင်သည့် ဝိညာဉ်ရေးရာ နယ်ပယ် ပါဝင်ပေသည်။ ထို့ကြောင့် ထိုအရာကို နက်နဲမှုတစ်ခု ယူဆထားပေသည်။ ဤကိစ္စရပ်များက နက်နဲမှုများဖြစ်ပြီး ယင်းတို့ကို လူတို့က မမြင်နိုင်၊ မခံစားနိုင်သော်လည်း လူသားများတွင် စိတ်ထင့်ခြင်းနှင့် ရှေ့ကိုကြိုမြင်နိုင်ခြင်းနှင့်ဆိုင်သည့် ခံစားချက်အချို့ တည်ရှိဆဲဖြစ်သည့်အတွက် ယင်းတို့ကို လူတို့က မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ အရိုးရှင်းဆုံး စည်းမျဉ်းမှာ ယင်းတို့ကို လျစ်လျူရှုလိုက်ရန်သာ ဖြစ်သည်။ ယင်းတို့က သင်၏ ကြွယ်ဝမှု သို့မဟုတ် ကံနှင့် ပတ်သက်မှု တစ်ခုခုရှိသည်ဟု မယုံလေနှင့်။ သင်၏ ညာဘက်မျက်ခမ်း လှုပ်သည့်အခါ မကောင်းသည့်အရာများ ဖြစ်မည်ဟု မစိုးရိမ်နှင့်၊ ပြီးလျှင် သင်၏ ဘယ်ဘက်မျက်ခမ်း လှုပ်သည့်အခါ သင် ကြွယ်ဝလာမည်ဟု တွေးထင်လျက် သေချာပေါက် ဝမ်းမြောက်ခြင်း မရှိနှင့်။ ဤအရာများအား သင့်ကို မထိခိုက်စေနှင့်။ အဓိက အကြောင်းရင်းမှာ သင့်ထံတွင် အနာဂတ်ကို ကြိုမြင်ရန် အစွမ်းအစ မရှိခြင်း ဖြစ်သည်။ အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားက အုပ်စိုးပေသည်။ ဖြစ်ပျက်မည့်အရာက ကောင်းမည်ဖြစ်စေ၊ ဆိုးမည်ဖြစ်စေ အားလုံး ဘုရားလက်ထဲတွင်ရှိ၏။ သင် စွဲကိုင်သင့်သည့် တစ်ခုတည်းသော သဘောထားမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဟောကိန်းထုတ်ခြင်းများဖြစ်စေ၊ မလိုလားအပ်သည့် စတေးမှုတစ်ခုခုဖြစ်စေ၊ ကြိုတင်ပြင်ဆင်မှုများဖြစ်စေ၊ ရုန်းကန်မှုများဖြစ်စေ မပြုလုပ်နှင့်။ အားလုံးက ဘုရားလက်ထဲတွင် ရှိသောကြောင့် ဖြစ်ပျက်မည့် မည်သည့်အရာမဆို ဖြစ်ပျက်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ အတွေးများ၊ သူ၏ အစီအစဉ်များ သို့မဟုတ် ဖြစ်ပျက်စေရန် သူ ဆုံးဖြတ်ထားသည့် အရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ သင်၏ မျက်ခွံပေါ်တွင် စာရွက်ဖြူကို သင် ကပ်သည်ဖြစ်စေ၊ သင်၏ မျက်ခွံကို သင်၏ လက်ဖြင့် ဖိသည်ဖြစ်စေ၊ လောကဓာတ်ပညာ သို့မဟုတ် အယူသီးခြင်းကို မှီခိုအားကိုးသည်ဖြစ်စေ ထိုအရာတစ်ခုကမျှ ထူးခြားမှု ဖြစ်စေမည်မဟုတ်။ ဖြစ်ပျက်မည့်အရာက ဖြစ်ပျက်လိမ့်မည်၊ အမှန်တကယ် ဖြစ်လာလိမ့်မည်ဖြစ်ပြီး အားလုံး ဘုရားလက်ထဲတွင် ရှိသောကြောင့် ထိုအရာကို သင် မပြောင်းလဲနိုင်ပေ။ ထိုအရာကို ရှောင်ရှားရန် ကြိုးပမ်းမှုတစ်ခုတလေသည် မိုက်မဲသောအရာ၊ အချည်းနှီးဖြစ်သော စတေးမှုနှင့် မလိုအပ်သောအရာဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းက သင်သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံသည့် သဘောထား ကင်းမဲ့လျက် ပုန်ကန်တတ်ပြီး ခေါင်းမာကြောင်းသာ ပြသပေမည်။ သင် နားလည်သလော။ (နားလည်ပါသည်။) ထို့ကြောင့် မျက်ခမ်း လှုပ်ခြင်းကို အယူသီးခြင်းအဖြစ်ဖြစ်စေ၊ လောကဓာတ်ပညာအဖြစ်ဖြစ်စေ ယူဆခြင်း ရှိမရှိဆိုသည်နှင့်ပတ်သက်၍ သင်၏ သဘောထားက ဤသို့ ဖြစ်သင့်သည်။ သင်၏ ဘယ်ဘက်မျက်ခမ်း လှုပ်သည့်အခါ ဝမ်းမသာနှင့်၊ ပြီးလျှင် သင်၏ ညာဘက်မျက်ခမ်း လှုပ်သည့်အခါ မကြောက်နှင့်၊ မထိတ်လန့်နှင့်၊ စိုးရိမ်ခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း မရှိနှင့်။ သင်၏ မျက်ခမ်း လှုပ်ပြီးနောက် တစ်စုံတစ်ရာ ဧကန်အမှန် ဖြစ်ပျက်လျှင်ပင် အရာရာသည် ဘုရားသခင်၏ လက်တွင်ရှိသောကြောင့် တည်ငြိမ်စွာ သင် ရင်ဆိုင်သင့်သည်။ ကြောက်စရာ၊ သို့မဟုတ် စိုးရိမ်စရာ မလိုပေ။ ကောင်းမွန်သည့်အရာတစ်ခု ဖြစ်ပျက်သည့်အခါ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအတွက် သူ့ကို ကျေးဇူးတင်ရှိလော့။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်၏။ မကောင်းသည့်အရာတစ်ခု ဖြစ်ပျက်လျှင် သင့်ကို ဦးဆောင်လမ်းပြရန်၊ ကွယ်ကာပေးရန်နှင့် စုံစမ်းသွေးဆောင်ခြင်းထဲ ကျရောက်ခွင့်မပေးရန်အတွက် ဘုရားသခင်ကို ဆုတောင်းလော့။ နောက်ထပ် ဖြစ်နိုင်သည့် မည်သည့်အခြေအနေတွင်မဆို၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိလော့။ ဘုရားသခင်ကို မစွန့်နှင့်၊ သူ့ကို မညည်းညူနှင့်၊ မည်မျှ ကြီးမားသည့် ကပ်ဘေး သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ပြင်းထန်သည့် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင် တွေ့ကြုံရသည်ဖြစ်စေ ဘုရားသခင်ကို အပြစ်မတင်နှင့်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံရန် လိုလားလျက်နေလော့။ ထိုအခါ ဤပြဿနာ ပြေလည်သွားမည် မဟုတ်လော။ (ပြေလည်သွားပါမည်။) ဤကဲ့သို့သော ကိစ္စရပ်နှင့် စပ်လျဉ်း၍ လူတို့သည် ဤအတွေးနှင့် ရှုထောင့်အမြင် ရှိသင့်ကြသည်။ “အနာဂတ်တွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ကျွန်ုပ် ပြင်ဆင်ထားပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံသည့် သဘောထား ရှိပါသည်။ ကျွန်ုပ်၏ ဘယ်ဘက်မျက်ခမ်း လှုပ်သည်ဖြစ်စေ၊ ညာဘက်မျက်ခမ်း လှုပ်သည်ဖြစ်စေ၊ သို့မဟုတ် နှစ်ဖက်လုံး တစ်ပြိုင်နက် လှုပ်သည်ဖြစ်စေ ကျွန်ုပ် မစိုးရွံ့ပါ။ အနာဂတ်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်မည်ကို ကျွန်ုပ် သိသော်လည်း ဘုရားလက်ထဲတွင် အရာရာရှိသည်ကို ကျွန်ုပ် ယုံကြည်သည်။ ထိုအရာမှာ ဖြစ်ပျက်မည့် တစ်စုံတစ်ရာနှင့်ပတ်သက်၍ ဘုရားသခင်က ကျွန်ုပ်ကို အသိပေးသည့် နည်းလမ်းတစ်ခု ဖြစ်နိုင်သည် သို့မဟုတ် ကျွန်ုပ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အလိုလိုဖြစ်သော တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်သည်။ မည်သည့်အရာ ဖြစ်ပါစေ ကျွန်ုပ် ပြင်ဆင်ထားပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံသည့် သဘောထားတစ်ခု ရှိသည်။ ဤအရာ ဖြစ်ပွားသည့်နောက် ကျွန်ုပ် ခံစားရသည့် ထိခိုက်နစ်နာမှု သို့မဟုတ် ဆုံးရှုံးမှုက မည်မျှ ကြီးမားသည်ဖြစ်စေ ဘုရားသခင်ကို ကျွန်ုပ် အပြစ်တင်မည် မဟုတ်။ ကျိုးနွံနာခံရန် ကျွန်ုပ် လိုလားနေပါသည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသဘောထားမျိုး ၎င်းတို့ ခံယူသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မိသားစုက ၎င်းတို့ထဲတွင် ပုံစံသွင်းပေးခဲ့သော မျက်ခမ်းလှုပ်ခြင်းနှင့် ပတ်သက်သည့် ဆိုရိုးများက အယူသီးခြင်း သို့မဟုတ် လောကဓာတ်ပညာ ပါဝင်ခြင်းရှိမရှိဟူသည်ကို ၎င်းတို့ အရေးစိုက်တော့မည် မဟုတ်။ ၎င်းတို့က “ထိုအရာသည် အယူသီးခြင်း ဟုတ်မဟုတ်၊ လောကဓာတ်ပညာ ဟုတ်မဟုတ်ဟူသည်မှာ အရေးမကြီးပါ။ သင်တို့ ယုံကြည်သည့်အရာသည် သင်တို့ ကိစ္စဖြစ်သည်။ ကျွန်ုပ်၏ မျက်ခွံပေါ် စာရွက်တစ်စ ကပ်ရန် ကျွန်ုပ်ကို သင်တို့ စေခိုင်းလျှင် ကျွန်ုပ် လုပ်မည်မဟုတ်ပါ။ လှုပ်နေသည်မှာ အနေရခက်လျှင် အနည်းငယ်သာ လုပ်မည်ဖြစ်သည်”ဟု ပြောကြသည်။ တစ်စုံတစ်ဦး၊ “သင်၏ မျက်ခမ်း အလွန်လှုပ်လွန်းသည်၊ လာမည့် နှစ်ရက်အတွင်း ဂရုစိုက်ပါ”ဟု သင့်ကို ပြောလျှင် ဂရုစိုက်ခြင်းက သင့်အား တစ်ခုခုကို ရှောင်ရှားရန် ကူညီနိုင်သလော။ (မကူညီနိုင်ပါ။ ဖြစ်ပျက်ရန် အလားအလာရှိသည့်အရာကို သင် မရှောင်ရှားနိုင်ပါ။) ထိုအရာသည် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်လျှင် ကပ်ဘေးတစ်ခု မဖြစ်နိုင်၊ ကပ်ဘေးတစ်ခုဖြစ်လျှင် သင် မရှောင်ရှားနိုင်ပေ။ ထိုအရာက ကောင်းကြီးဖြစ်စေ၊ ကပ်ဘေးဖြစ်စေ မည်သို့ဆိုစေ သင် လက်ခံရသည်။ ဤသည်မှာ ယောဘကဲ့သို့ အလားတူ သဘောထားမျိုး ရှိခြင်း ဖြစ်သည်။ ကောင်းချီးဖြစ်သရွေ့ ထိုအရာကို သင်လက်ခံပြီး သင်၏ ဘယ်ဘက်မျက်ခမ်း လှုပ်သည့်အခါ ဝမ်းသာသော်လည်း သင်၏ ညာဘက်မျက်ခမ်း လှုပ်သည့်အခါ “အဘယ်ကြောင့် လှုပ်နေရသနည်း။ ဆက်တိုက်လှုပ်နေသည်၊ မရပ်သွားပါ။ ကျွန်ုပ်ဆုတောင်းပြီး ကျွန်ုပ်၏ ညာဘက်မျက်ခမ်း လှုပ်သည်ကို ရပ်သွားအောင် ကျိန်ဆဲကာ ကံအကြောင်းမလှသည့်ဖြစ်ရပ်ကို ကျွန်ုပ်နှင့် ဝေးသွားစေမည်”ဟု ပြောလျက် ဒေါသထွက်လျှင် ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သည့် လူတစ်ဦး ရှိသင့်သော သဘောထား မဟုတ်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ၊ ထိုအရာဖြစ်ပျက်ရန် ဘုရားသခင် ဆုံးဖြတ်ခြင်း မရှိဘဲ ကံအကြောင်းမလှသည့်ဖြစ်ရပ် သို့မဟုတ် မကောင်းဆိုးဝါးများက သင့်ကို ချဉ်းကပ်ဝံ့ကြမည်လော။ (ချဉ်းကပ်ဝံ့မည် မဟုတ်ပါ။) ရုပ်ဝတ္ထုနှင့် ဝိညာဉ်ရေးရာ လောကနှစ်ခုလုံး ဘုရားသခင်၏ ထိန်းချုပ်မှု၊ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုအောက်တွင် ရှိ၏။ မကောင်းဆိုးဝါးငယ်လေးက မည်သည့်အရာကို လုပ်ဆောင်လိုသည်ဖြစ်စေ၊ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ သင်နှင့်ပတ်သက်၍ ဆံပင်တစ်ချောင်းကိုမျှပင် ထိခိုက်ဝံ့မည်လော။ ထိခိုက်ဝံ့မည်မဟုတ်၊ ဟုတ်သလော။ (ထိခိုက်ဝံ့မည် မဟုတ်ပါ။) ၎င်းက သင့်ကို ထိပြီး အန္တရာယ်ပေးလိုသော်လည်း ဘုရားသခင် ခွင့်မပြုလျှင်၊ လုပ်ဝံ့မည် မဟုတ်။ ဘုရားသခင်က “၎င်းတို့ ပတ်ဝန်းကျင်ရှိ အခြေအနေ အနည်းအကျဉ်းကို လှုံ့ဆော်ပြီး ၎င်းတို့ထံ မကောင်းသည့် ကံကြမ္မာနှင့် ပြဿနာများ ယူဆောင်လော့”ဟု ပြောလျက် ခွင့်ပြုလျှင် ထိုမကောင်းဆိုးဝါးငယ်သည် ဝမ်းသာကာ သင့်အပေါ် စတင်ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းရှိပြီး ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ သစ္စာဖောက်ခြင်းမရှိဘဲ၊ ယင်းကို အောင်မြင်ခွင့်မပေးဘဲ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရင်း ၎င်းကို အောင်မြင်ကျော်လွှားလျှင် ထိုမကောင်းဆိုးဝါးငယ်က ဘုရားသခင်ရှေ့သို့ လာသည့်အခါ သင့်ကို စွပ်စွဲနိုင်တော့မည် မဟုတ်၊ သင့်ကြောင့် ဘုရားသခင် ဘုန်းအသရေ ရရှိလိမ့်မည်ဖြစ်ပြီး ထိုမကောင်းဆိုးဝါးငယ်လေးကို သူ ချုပ်ထားလိမ့်မည်။ ထိုမကောင်းဆိုးဝါးလေးက သင့်ကို တစ်ဖန် အန္တရာယ် ပေးဝံ့မည် မဟုတ်သကဲ့သို့ သင်သည် ဘေးကင်းသွားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လက်ထဲတွင် အရာရာရှိသည်ဟု ယုံကြည်ရင်း သင်၌ ရှိသင့်သည့် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် ကံခေသည့်အရာ သို့မဟုတ် မကောင်းသည့်အရာ တစ်ခုမျှ သင့်ထံ ရောက်လာလိမ့်မည် မဟုတ်။ ဘုရားသခင်သည် လူတို့ကို ကောင်းချီးပေးရုံမျှထက် ပိုမို လုပ်ဆောင်နိုင်၏။ သင့်ကို စစ်ဆေးပြီး လေ့ကျင့်ပေးရန်၊ ထိုအရာများအလယ်မှ သင်ခန်းစာများကို သင့်အား သွန်သင်ပေးရန် အမျိုးမျိုးသော အခြေအနေများကို ဘုရားသခင် စီစဉ်နိုင်ပြီး သင့်ကို ပြစ်တင်ဆုံးမကာ တရားစီရင်ရန် အမျိုးမျိုးသော အခြေအနေများကို ချမှတ်နိုင်သည်။ တစ်ခါတစ်ရံ ဘုရားသခင် စီစဉ်သည့် အခြေအနေများသည် သင်၏ အယူအဆများနှင့် မကိုက်ညီဘဲ ရှိနေနိုင်ပြီး သင်၏ စိတ်ကူးများအတိုင်း မုချ မဟုတ်နိုင်ပေ။ သို့သော် ယောဘက “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” (ယောဘ ၂:၁၀)ဟု ပြောခဲ့သည့်အရာကို မမေ့နှင့်။ ဤအရာသည် ဘုရားသခင်၌ သင်၏ စစ်မှန်သောယုံကြည်ခြင်း၏ ဇာစ်မြစ် ဖြစ်သင့်သည်။ ဘုရားသခင်က အရာရာ ထိန်းချုပ်သည်ကို ယုံကြည်လော့။ ပြီးလျှင် ရိုးရှင်းသည့် မျက်ခမ်း လှုပ်ခြင်းကို သင် ကြောက်ရွံ့မည်မဟုတ်၊ ယင်းမှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။)

ယခုလေးတင် မျက်ခမ်း လှုပ်ခြင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ နေ့စဉ်ဘဝတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်စဉ်တစ်ခုဖြစ်သည့် မျက်ခမ်းလှုပ်ခြင်းသည် လူတို့က ဖြေရှင်းရန် လူ့နည်းစနစ်များဖြင့် မကြာခဏ ကြိုးစားကြသည့် အရာတစ်ခု ဖြစ်သည်။ သို့ရာတွင် ဤနည်းစနစ်များက များသောအားဖြင့် လိုချင်သည့် ရလဒ်များကို မစွမ်းဆောင်ပေးဘဲ အဆုံးတွင် ဖြစ်ဖို့ အလားအလာရှိသည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကာ ထိုအရာကို မည်သူမျှ မရှောင်ရှားနိုင်ပေ။ ကောင်းသည့်အရာဖြစ်စေ၊ ဆိုးသည့်အရာဖြစ်စေ၊ လူတို့ မြင်လိုသည့်အရာဖြစ်စေ၊ မမြင်လိုသည့်အရာဖြစ်စေ၊ ဖြစ်ရန် အလားအလာရှိသည့်အရာက သေချာပေါက် ဖြစ်လိမ့်မည်။ ဤအရာက လူတစ်ဦး၏ ကံကြမ္မာဖြစ်စေ၊ နေ့စဉ်ဘဝ၏ အရေးမပါသည့် ကိစ္စများဖြစ်စေ အားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားကာ စီမံထားပြီး ယင်းတို့မှ မည်သူမျှ မလွတ်မြောက်နိုင်ကြောင်းကို နောက်ထပ် အတည်ပြုလေသည်။ ထို့ကြောင့် အမြော်အမြင်ရှိသူများသည် အချည်းနှီး စတေးမှု သို့မဟုတ် ကြိုးစားမှုတစ်ခုခုပြုလုပ်ရန် လူ့နည်းစနစ်များကို အားကိုးအားထားပြုခြင်းထက် ဤကဲ့သို့သော အရာများကို သမ္မာတရား စည်းမျဉ်းများပေါ်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်ပေါ်တွင်လည်းကောင်း အခြေခံ၍ ရှုမြင်ကာ ဖြေရှင်းရင်း မှန်ကန်၍ အပြုသဘောဆောင်သော သဘောထားဖြင့် ချဉ်းကပ်သင့်ကြပေသည်၊ သို့မဟုတ်လျှင် အဆုံး၌ ဆုံးရှုံးမှု ခံစားရသူများမှာ ၎င်းတို့ ဖြစ်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်လာသည့်အခါ လူသားမျိုးနွယ်အတွက် ရွေးချယ်ရန် ဒုတိယလမ်းကြောင်း မရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ ရွေးချယ်ပြီး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို ကျိုးနွံနာခံလော့၊ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များတွင် သင်ခန်းစာများကို သင်ယူလော့၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်ရန်၊ မိမိကိုယ်ကို နားလည်ရန်နှင့် အဖန်ဆင်းခံတစ်ဦးက မည်သည့်လမ်းကြောင်းကို ရွေးချယ်ပြီး လျှောက်လှမ်းသင့်သည်ဆိုသည်ကို နားလည်သဘောပေါက်ရန် သင်ယူလော့။ ပြီးလျှင် အယူသီးသောနည်းစနစ်များဖြင့်ဖြစ်စေ၊ လူ့နည်းစနစ်များဖြင့်ဖြစ်စေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို အတိုက်အခံ လုပ်မည့်အစား လူတို့ လျှောက်လှမ်းသင့်သည့် ဘဝလမ်းကြောင်းကို မည်သို့ ကောင်းစွာ လျှောက်လှမ်းရမည်ကို သင်ယူလော့။

မျက်ခမ်း လှုပ်ခြင်းအား ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်သည့် ငါတို့၏ မိတ်သဟာယကို ငါတို့ နိဂုံးချုပ်ပြီးဖြစ်သော်လည်း လူတို့အနေဖြင့် မိမိတို့၏ နေ့စဉ်ဘဝများတွင် အိပ်မက်မက်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်အား မည်သို့ ကိုင်တွယ်သင့်သနည်း။ ဥပမာအနေဖြင့် တစ်ညတွင် သင်၏ သွားများ ကျွတ်ထွက်သည်ဟု အိပ်မက်လျှင် သင်၏ မိခင်က “သင်၏ သွားကျွတ်ထွက်သွားချိန်တွင် သွေးထွက်သလော”ဟု မေးကောင်းမေးမည်။ သင်က “သွေးထွက်လျှင် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း”ဟု မေးပါက သင်၏ မိခင်က ထိုအရာမှာ မိသားစုထဲမှ တစ်ဦးဦး သေဆုံးလိမ့်မည် သို့မဟုတ် အခြား ကံအကြောင်းမလှသည့် အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားမည်ဟု ဆိုလိုနိုင်ကြောင်း သင့်ကို ပြောကောင်းပြောပေမည်။ ဤအချက်အလက်နောက်ကွယ်တွင် မည်သည့် တိကျသော ဆိုရိုးရှိကောင်းရှိနိုင်သည်ကို ငါ မသိ။ မိသားစုတစ်စုက အကြောင်းအရာတစ်ခု ပြောလိမ့်မည်၊ နောက်တစ်မိသားစုက ကွဲပြားသည့်အရာတစ်ခု ပြောလိမ့်မည်။ အချို့က ထိုအရာမှာ ဘိုးဘွားများ သို့မဟုတ် မိဘများကဲ့သို့သော ရင်းနှီးသည့် ဆွေမျိုးတစ်ဦး၏ သေခြင်းကို ဟောကိန်းထုတ်သည်ဟု ပြောမည်ဖြစ်သော်လည်း အခြားသူတို့က ထိုအရာသည် မိတ်ဆွေတစ်ဦး၏ သေခြင်းကို ညွှန်ပြသည်ဟု ပြောကောင်းပြောပေမည်။ မည်သို့ဆိုစေ သွားများ ကျွတ်ထွက်ခြင်းအကြောင်း အိပ်မက်မက်ခြင်းကို မကောင်းသည့်အရာတစ်ခုအဖြစ် ယေဘုယျအားဖြင့် ယူဆထားကြသည်။ မကောင်းသကဲ့သို့ သေရေးရှင်ရေးနှင့် ဆက်စပ်သောကြောင့် ဤအရာက လူတို့ကို အလွန် ပူပန်စေသည်။ သွားများ ကျွတ်ထွက်သည့် အိပ်မက်မက်သည့်အခါတိုင်းတွင် ၎င်းတို့သည် စိတ်မသက်မသာဖြင့် နိုးလာကြသည်။ ကံအကြောင်းမလှသည့် အဖြစ် သို့မဟုတ် မကောင်းသည့်အရာ တစ်စုံတစ်ခု ဖြစ်တော့မည်ဟူသည့် စိတ်ထဲ၌အောင်းနေသော ခံစားချက်တစ်ခု ရှိကြသည်။ ယင်းက ၎င်းတို့ကို သောကရောက်စေသည်၊ စိုးရိမ်ကာ ကြောက်လန့်စေသည်။ ထိုခံစားချက်ကို ဖယ်ရှားဖို့ အားထုတ်ချင်ကြသော်လည်း မဖယ်ရှားနိုင်ကြ။ ဤကိစ္စရပ်ကို ဖြေရှင်းပေးမည့် သို့မဟုတ် လျော့ပါးပြေပျောက်အောင် လုပ်ပေးမည့် လူများကို ရှာချင်ကြသော်လည်း ထိုသို့လုပ်ဆောင်ရန် နည်းလမ်း မရှိပေ။ တိုတိုပြောရလျှင် ဤအိပ်မက်ဖြင့် ပိတ်မိနေကြသည်။ အထူးသဖြင့် အိပ်မက်ထဲတွင် ၎င်းတို့ သွားများ သွေးထွက်ခြင်းကို ထည့်မက်ကြသည့်အခါ ၎င်းတို့၏ စိုးရိမ်မှုက ပိုပြင်းထန်လာသည်။ ထိုသို့သော အိပ်မက်တစ်ခု မက်ပြီးနောက်တွင် လူတို့သည် မကြာခဏဆိုသလို ရက်အတော်ကြာ စိတ်မချမ်းမသာဖြစ်ကြသည်၊ စိတ်မသက်မသာခံစားရပြီး မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြချေ။ ဤအရာများနှင့် မရင်းနှီးသူများအတွက်မူ ထိခိုက်ခြင်းမရှိဘဲ ရှိနေနိုင်သော်လည်း အချို့သော အတွေးများနှင့် ရှုထောင့်အမြင်များကို ခံယူနှင့်ပြီးဖြစ်သူတို့အတွက်မူ သို့မဟုတ် မိမိတို့၏ ဘိုးဘေးများမှ လက်ဆင့်ကမ်းလာခဲ့ကြသည့် ဤကိစ္စရပ်နှင့် ဆက်စပ်သော သာ၍ စိုးရိမ်ဖွယ်ရာဖြစ်ပြီး ရင်ထိတ်စရာဖြစ်သည့် ဆိုရိုးများကို ကြားပြီးသူများအတွက်မူ သာ၍ပင် ပူပန်တတ်ကြလေသည်။ ထိုသို့သော အိပ်မက်များ မက်မည်ကို ကြောက်ကြပြီး မက်သည့်အခါတိုင်းတွင် “အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ကွယ်ကာပါ၊ နှစ်သိမ့်ပါ၊ ခွန်အားပေးပြီး ထိုသို့သောအရာများ မဖြစ်အောင် တားဆီးပေးပါ။ ဤအရာသည် ကျွန်ုပ်၏ မိဘများအတွက် ရည်ရွယ်လျှင် ကျေးဇူးပြုပြီး သူတိူ့ကို ဘေးကင်းစေကာ မတော်တဆမှု တစ်ခုခုမှ ကင်းဝေးစေပါ”ဟူသကဲ့သို့သော ဆုတောင်းချက်များကို အလျင်အမြန် အားကိုးအားထားပြုကြလေသည်။ ဤသဘောထားများသည် ၎င်းတို့ အတွေးများနှင့် ရှုထောင့်အမြင်များ သို့မဟုတ် ရိုးရာဆိုရိုးများ၏ လွှမ်းမိုးခြင်းခံရသည်မှာ သိသာထင်ရှားပေသည်။ ရိုးရာများနှင့် စပ်လျဉ်း၍ အချို့သော မိသားစုများ သို့မဟုတ် လူများသည် ထိုသို့သောအရာများကို ပြေပျောက်စေရန် အထူးနည်းလမ်းများ ရှိကောင်းရှိကြပေမည်၊ သို့မဟုတ် အချို့သော အရာများကို စားပြီး သောက်သုံးကြပေမည်၊ သို့မဟုတ် မကောင်းသည့်ရလဒ်များကို ဖြေရှင်းရန် သို့မဟုတ် တားဆီးရန် အချို့သော ဂါထာမန္တန်များကို ရွတ်ကြမည် သို့မဟုတ် အချို့သောအရာများကို လုပ်ဆောင်ကြပေမည်။ ရိုးရာဓလေ့များတွင် ထိုသို့သော အလေ့အထများ မုချ ရှိသော်လည်း ထိုအရာများကို ငါတို့ နှိုက်နှိုက်ချွတ်ချွတ် လေ့လာမည်မဟုတ်။ ငါတို့ မိတ်သဟာယပြုမည့်အရာမှာ အိပ်မက်မက်ခြင်း ကိစ္စကို မည်သို့ ချဉ်းကပ်ပြီး နားလည်ရမည်ဟူသည့်အရာ ဖြစ်သည်။ အိပ်မက်မက်ခြင်းသည် ဇာတိအသွေးအသား၌ ရှိသည့် လူ့ဗီဇတစ်ခု သို့မဟုတ် ဇာတိအသွေးအသား ရှင်သန်မှု ဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ မည်သို့ဆိုစေ ထိုအရာသည် လျှို့ဝှက်ဆန်းကြယ်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လူတို့က “နေ့မှာ အတွေး၊ ညမှာ အိပ်မက်” ဟု မကြာခဏ ပြောဆိုကြသည်။ သို့သော် နေ့အချိန်တွင် လူတို့သည် မိမိတို့၏ သွားများ ကျွတ်ထွက်ခြင်းကဲ့သို့သော အရာများအကြောင်းကို ပုံမှန်အားဖြင့် မစဉ်းစားကြသကဲ့သို့ ဤအရာများသည် မိမိတို့၏ စိတ်ဆန္ဒများဖြင့် လူတို့ မျှော်မှန်းကြသည့်အရာများ မဟုတ်ပေ။ ထိုသို့သော ကိစ္စရပ်များကို မည်သူမျှ မကြုံချင်ကြသကဲ့သို့ ဤအရာများကို မည်သူကမျှ နေ့ရောညပါ မစွဲလမ်းကြချေ။ မည်သို့ဆိုစေ လူများက မမျှော်လင့်ဆုံးသောအချိန်တွင် ဤဖြစ်စဉ်များ မကြာခဏ ဖြစ်ပျက်လေသည်။ ထို့ကြောင့် ဤအရာသည် “နေ့မှာ အတွေး၊ ညမှာ အိပ်မက်”ဟူသည့် ဆိုရိုးနှင့် ဘာမျှ ပတ်သက်ခြင်း မရှိပေ။ ထိုအရာမှာ သင် စဉ်းစားနေသောကြောင့် ဖြစ်သည့်အရာတစ်ခု မဟုတ်ပေ။ အနောက်တိုင်းတွင် ဖရွိုက်၊ တရုတ်နိုင်ငံတွင် ကျောက်နယ်စားကြီးက အိပ်မက်များနှင့် ပတ်သက်၍ မည်သည့်အနက်ပြန်မှုများရှိသည်ဖြစ်စေ၊ အိပ်မက်များက နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ တိုတိုပြောရလျှင် အိပ်မက်မက်ခြင်း ကိစ္စရပ်သည် လူ့ခန္ဓာကိုယ်ရှိ အချို့သော မသိစိတ် အာရုံများနှင့်လည်းကောင်း၊ အသိနှင့်လည်းကောင်း ဆက်စပ်ပြီး ထိုခန္ဓာ လျှို့ဝှက်ဆန်းကြယ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။ အနောက်တိုင်းတွင် ဇီဝဗေဒနှင့် အာရုံကြောပညာတို့ကို လေ့လာကြသည့် သိပ္ပွံပညာရှင်များက ဤအရာကို သုတေသနပြုနေခဲ့ကြပြီး နောက်ဆုံးတွင် လူသား အိပ်မက်များ၏ ဇာစ်မြစ်များကို အပြည့်အဝ နားမလည်နိုင်ခဲ့ကြပေ။ ထိုအရာကို ၎င်းတို့ အဖြေမရှာနိုင်ခဲ့ကြ၊ ထို့ကြောင့် ထိုအရာနှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန် ငါတို့ ကြိုးစားသင့်သလော။ (မကြိုးစားသင့်ပါ။) အဘယ်ကြောင့် မကြိုးစားသင့်သနည်း။ (ဤအရာများကို သုတေသနပြု လေ့လာခြင်းသည် အကျိုးမရှိသကဲ့သို့ ယင်းတို့ကို ကျွန်ုပ်တို့ နားလည်းလည်နိုင်ကြမည် မဟုတ်ပါ။) အကျိုးမရှိခြင်း သို့မဟုတ် ငါတို့ နားမလည်မည် မဟုတ်ခြင်းကြောင့် မဟုတ်ပေ။ သမ္မာတရား မပါဝင်သောကြောင့် ဖြစ်သည်၊ ထိုမျှ ရိုးရှင်းပေသည်။ ထိုအရာကို လေ့လာခြင်းနှင့် သိနားလည်ခြင်းအားဖြင့် မည်သည့်အရာကို သင် စွမ်းဆောင်ရရှိနိုင်သနည်း။ ထိုအရာတွင် သမ္မာတရား ပါဝင်သလော။ (မပါဝင်ပါ။) ထိုအရာသည် ခန္ဓာကိုယ်၏ ရှင်သန်မှု လမ်းကြောင်းအတွင်း ဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး လူတို့၏ဘဝများတွင် မကြာခဏ ဖြစ်ပျက်တတ်ပေသည်။ သို့ရာတွင် ထိုအရာက မည်သည့်အရာ ဆိုလိုသည်ကို လူတို့ မသိကြပေ။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုအရာတွင် သမ္မာတရား မပါဝင်သကဲ့သို့ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများနှင့် မသက်ဆိုင်သောကြောင့် လူတို့အတွက် ထိုအရာကို သုတေသနပြုရန် သို့မဟုတ် စူးစမ်းစစ်ဆေးရန် မလိုအပ်ပေ။ သင်၏ သွားများ ဆုံးရှုံးခြင်းအကြောင်း ညတွင် သင် အိပ်မက်သည်ဖြစ်စေ၊ မမက်သည်ဖြစ်စေ၊ ကြီးကျယ်ခမ်းနားသည့် စားသောက်ပွဲတစ်ခု ကျင်းပနေခြင်း သို့မဟုတ် ရိုလာကိုစတာစီးခြင်းအကြောင်း သင် မက်သည်ဖြစ်စေ ယင်းက ထိုနေ့တာအတောအတွင်း သင်၏ ဘဝဖြစ်သည့်ပုံနှင့် ပတ်သက်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) တစ်ညတွင် တစ်စုံတစ်ဦးကို သင် လုံးထွေးသတ်ပုတ်နေသည့်အကြောင်း မက်လျှင် ထိုနေ့တာအတွင်း တစ်စုံတစ်ဦးကို သင် မုချ လုံးထွေးသတ်ပုတ်ရလိမ့်မည်ဟု ဆိုလိုသလော။ တစ်ညတွင် သင်သည် နှစ်လိုဖွယ် အိပ်မက်တစ်ခု၊ ပျော်ရွှင်ဖွယ် အိပ်မက်တစ်ခု မက်ပြီး ပျော်ရွှင်မှုနှင့် နိုးထလျှင် ယင်းက ထိုနေ့တာအတောအတွင်းတွင် အရာရာ အဆင်ချောလိမ့်မည် ဖြစ်ကာ ဆန္ဒရှိသည့်အတိုင်းဖြစ်လိမ့်မည်ဟု အာမခံသလော။ ထိုနေ့တာအတောအတွင်းတွင် သမ္မာတရားကို သင် နားလည်ကာ အမှုအရာများကို သင် လုပ်ဆောင်နေချိန်တွင် သမ္မာတရား စည်းမျဉ်းများကို ရှာတွေ့နိုင်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ထို့ကြောင့် အိပ်မက်မက်ခြင်းသည် သမ္မာတရားနှင့် ဘာမျှ ပတ်သက်ခြင်း မရှိပေ။ ထိုအရာကို သုတေသနပြုရန် မလိုအပ်ပေ။ သင်၏ သွားများ ကျွတ်ထွက်ခြင်းနှင့် သွေးထွက်ခြင်းတို့သည် ရင်းနှီးသည့် ဆွေမျိုးတစ်ဦး သေခြင်းနှင့် ဆက်စပ်မှုတစ်ခုခု ရှိသလော။ (မရှိပါ။) ထိုသို့သော မသိနားလည်သည့် အရာများကို အဘယ်ကြောင့် သင်တို့ အမြဲ ပြောဆိုကြသနည်း။ သင်သည် မသိနားမလည်ခြင်း ဖြစ်နေပြန်သည် မဟုတ်လော။ သင်သည် ထိုးထွင်းအမြင် ကင်းမဲ့ပေသည်။ လူသား ကိုယ်ခန္ဓာသည် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်ပြီး သင်ရှင်းမပြနိုင်သည့် အရာများစွာ ရှိပေသည်။ ရိုးရှင်းသည့် “ငြင်းပယ်ခြင်း”ဖြင့် ထိုအရာအားလုံးကို သင် ဖြေရှင်းနိုင်သလော။ အတိတ်ကာလတွင် ဘုရားသခင် ရွေးချယ်ထားသည့် ပရောဖက်များနှင့် လူများတွင်လည်း ပရောဖက်ပြုချက်နှင့်ဆိုင်သော အိပ်မက်များ ရှိခဲ့ကြသည်။ ဤအိပ်မက်များတွင် အဓိပ္ပာယ်ရှိပေသည်။ ဘုရားသခင်က လူတို့ထံ အမှုအရာများကို ထုတ်ဖော်ပြရန် အိပ်မက်များ အသုံးပြုခဲ့သည်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ထို့နောက် ဘုရားသခင်က ၎င်းတို့၏ အိပ်မက်များထဲသို့ မည်သို့ ဝင်ရောက်သနည်း။ ဤအရာအားလုံးမှာ နက်နဲမှုများဖြစ်၏။ ဘုရားသခင်သည် လူတို့အား အချို့သော အဖြစ်အပျက်များ မဖြစ်မီ ကြိုမြင်ခွင့်ပေးရင်း အချို့သော အရာများကို ပြောပြရန်နှင့် အချို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဉာဏ်အလင်းပေးရန် အိပ်မက်များကိုလည်း အသုံးပြုလေသည်။ ဤအရာကို သင် မည်သို့ ရှင်းပြသနည်း။ ဤအရာများကို သင်တို့ မသိနားမလည်ဖြစ်ကြသလော။ (ဟုတ်ပါသည်။) ယခုတွင် ဆိုလိုရင်းမှာ သင် မဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်လျက် နေ့စဉ်ဘဝတွင် ဖြစ်ပွားသော မရှင်းလင်းသည့် ဖြစ်စဉ်အမျိုးမျိုးကို သင့်အား ကြောင်းကျိုးမမြင်ဘဲ ငြင်းပယ်စေရန် မဟုတ်ဘဲ ယင်းတို့ကို မှန်ကန်စွာ နားလည်ပြီး ချဉ်းကပ်ရန် ဖြစ်သည်။ ဤအရာများကို စဉ်ဆက်မပြတ် ဆန့်ကျင်ခြင်း၊ ထိုအရာများ တည်ရှိခြင်း မရှိ၊ ထိုသို့သော အရာများ မရှိ သို့မဟုတ် မဖြစ်နိုင်ဟု ပြောဆိုခြင်း အကြောင်းမဟုတ်ဘဲ ထို့ထက် သင့်အား ထိုအရာများကို မှန်ကန်စွာ သဘောထားစေရန် ဖြစ်သည်။ ယင်းတို့ကို မှန်ကန်စွာ သဘောထားစေရန်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤကိစ္စရပ်များကို လောကီလူများ လုပ်ဆောင်သည့်အတိုင်း အယူသီးသည့် သို့မဟုတ် အစွန်းရောက်သည့် အတွေးများနှင့် ရှုထောင့်အမြင်များဖြင့် မချဉ်းကပ်ရန်ဖြစ်စေ၊ ဘုရားမဲ့ဝါဒီများ သို့မဟုတ် ယုံကြည်ခြင်းတစ်ခုမျှ မရှိသည့်သူများကဲ့သို့ မချဉ်းကပ်ရန်ဖြစ်စေ ဆိုလိုပေသည်။ ဤအစွန်းရောက်သည့်အရာနှစ်ခုကို သင့်အား လုပ်ဆောင်စေရန် မဟုတ်ဘဲ မှန်ကန်သည့် နေရာနှင့် ရှုထောင့်အမြင်တို့ကို ယူစေရန်ဖြစ်သည်။ နေ့စဉ်ဘဝတွင် ဖြစ်ပျက်သည့် ဤအရာများကို ဆင်ခြင်သုံးသပ်ရန် လောကီလူများ၊ သို့မဟုတ် မယုံကြည်သူများ၏ ရှုထောင့်အမြင်ကို မယူဘဲ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ရှိသင့်သည့် ရှုထောင့်အမြင်ကို ယူစေရန် ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စရပ်များနှင့် စပ်လျဉ်း၍ မည်သည့် ရှုထောင့်အမြင်ကို သင် ထားရှိသင့်သနည်း။ (မည်သည့်အရာ ဖြစ်ပျက်ပါစေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန်၊ သုတေသနမပြုရန် ဖြစ်သည်။) ထိုအရာကို သင် သုတေသန မပြုသင့်ဘဲ ဤအရာနှင့်စပ်လျဉ်း၍ သိနားလည်မှုအချို့ ရှိသင့်ပေသည်။ တစ်စုံတစ်ဦးက “မည်သူမည်ဝါကဖြင့် သူ၏ သွားများ ကျွတ်ထွက်ကာ သွေးထွက်သည်ကို အိပ်မက်မက်ပြီး ရက်အနည်းငယ်အတွင်းတွင် သူတို့၏ ဖခင် ဆုံးပါးသွားသည်ကို ကျွန်ုပ် ကြားခဲ့ရသည်”ဟု ပြောသည်ဆိုပါစို့။ ထိုအရာကို သင်က ချက်ချင်း ငြင်းကာ “မဖြစ်နိုင်ပါ။ ယင်းသည် အယူသီးခြင်း၊ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ အယူသီးခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို သင် စွဲလမ်းသောကြောင့် ယုံကြည်ခြင်း ဖြစ်သည်။ ထိုအရာကို မစွဲလမ်းခဲ့လျှင် ရှိမည်မဟုတ်ပါ”ဟု ပြောလျှင် ဤသည်မှာ မိုက်မဲသောပြောဆိုခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤကိစ္စရပ်ကို သင် မည်သို့ ရှုမြင်သင့်သနည်း။ (ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများစွာရှိပြီး သွားကျွတ်ထွက်ခြင်းနှင့် သွေးထွက်ခြင်းအကြောင်း အိပ်မက်မက်ခြင်းက မနှစ်သက်ဖွယ် တစ်စုံတစ်ရာ ဖြစ်ပျက်မည်ကို ညွှန်ပြခြင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု ကျွန်ုပ်တို့ အသိအမှတ် ပြုသင့်ပေသည်။ သို့သော် ထိုအရာ ဖြစ်ပျက်သည်ဖြစ်စေ၊ မဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်ပါသည်။) သင်တို့သည် မျက်ခမ်းလှုပ်ခြင်းမှ တစ်စုံတစ်ရာကို ယခုတင် သင်ယူခဲ့ကြသောကြောင့် သွားများ ကျွတ်ထွက်ခြင်းနှင့် သွေးထွက်ခြင်းအကြောင်း သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင်က ပြောသင့်သည်မှာ “ဤကိစ္စရပ်သည် ကျွန်ုပ်တို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို ကျော်လွန်သည်။ လက်တွေ့ဘဝတွင် ဤဖြစ်စဉ် ဧကန်အမှန် တည်ရှိသည်။ ထိုအရာ အမှန်တကယ် ဖြစ်လာမည်၊ မဖြစ်လာမည်၊ ထိုအရာက မကောင်းသည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်မည်ကို နိမိတ်ပြခြင်း ရှိမရှိ ကျွန်ုပ်တို့ မဆုံးဖြတ်နိုင်သော်လည်း ဤကဲ့သို့ မကောင်းသည့်အရာများက လက်တွေ့ဘဝတွင် အမှန်တကယ် ဖြစ်ပျက်ပေသည်။ ဝိညာဉ်ရေးရာ ကိစ္စရပ်များသည် ကျွန်ုပ်တို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို ကျော်လွန်ပြီး ကြုံရာ ပြောဆိုချက်များ ကျွန်ုပ်တို့ မပြုလုပ်ဝံ့ပါ။ ကျွန်ုပ်ထံတွင် ထိုသို့သော အိပ်မက်တစ်ခုရှိလျှင် ကျွန်ုပ်၏ သဘောထားက မည်သည့်အရာ ဖြစ်သင့်သနည်း။ အိပ်မက်က မည်သည့်အရာဖြစ်စေ၊ ထိုအိပ်မက်၏ ဘောင်ခတ်ခြင်းကို ကျွန်ုပ် ခံမည်မဟုတ်။ ဖြစ်လိမ့်မည်ဟု လူတို့ပြောသည့်အတိုင်း ဤအိပ်မက်က စစ်မှန်စွာ တကယ် ဖြစ်လာလျှင် ကျွန်ုပ်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုပေးခြင်းအတွက်၊ ထိုသို့သော အရာတစ်ခု ဖြစ်နိုင်ကြောင်း သိခွင့်ပေးခြင်းအတွက် ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်သည်။ မိသားစုဝင်တစ်ဦး သေဆုံးလျှင် ကျွန်ုပ်မိဘများ ကွယ်လွန်သွားခဲ့လျှင် ကျွန်ုပ် စိတ်ထိခိုက်မည်လားဆိုသည်နှင့်ပတ်သက်၍ ကျွန်ုပ် မတွေးဖူးပေ။ ကျွန်ုပ် ထိခိုက်ခံစားမည် ဟုတ်မဟုတ်၊ ကျွန်ုပ်၏ တာဝန် ဖြည့်ဆည်းခြင်းကို ထိခိုက်နိုင်ခြင်း ရှိမရှိ၊ အားနည်းမည် သို့မဟုတ် ဘုရားသခင်ကို ညည်းညူမည် ဟုတ်မဟုတ် ကျွန်ုပ် လုံးဝ မတွေးဖူးပေ။ သို့ရာတွင် ယနေ့ ဤဖြစ်စဉ်က ကျွန်ုပ်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို မြင်စေရင်း ထိုအရာ၏ အရိပ်အမြွက်တစ်ခု ပေးခဲ့သည်။ ကျွန်ုပ်မိဘများ၏ သေဆုံးခြင်းအကြောင်းကို ကျွန်ုပ် စဉ်းစားသည့်အခါ စိတ်ထဲတွင် နက်ရှိုင်းသည့် ဝေဒနာတစ်ခု ခံစားရသည်။ ကျွန်ုပ်သည် ထိုအရာ၏ ဘောင်ခတ်ခြင်းခံခဲ့ရပြီး စိတ်ဓာတ်ကျခဲ့သည်။ ရုတ်တရက် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်နေဆဲဖြစ်သည်ကို ကျွန်ုပ် သဘောပေါက်လိုက်သည်။ ကျွန်ုပ်တွင် ဘုရားသခင်ကို နာခံသော စိတ်နှလုံး အလွန်နည်းပါးပြီး ဘုရားသခင်ကို ယုံကြည်မှု နည်းပါးလွန်းသည်။ ယနေ့မှစ၍ ရှေ့ဆက်ပြီး သမ္မာတရားနှင့် မိမိကိုယ်ကို ပိုမိုပြင်ဆင်သင့်ကြောင်း ဘုရားသခင်ကို ကျိုးနွံနာခံကာ ဤကိစ္စရပ်၏ ဘောင်ခတ်ခြင်းမခံသင့်ကြောင်း ခံစားမိသည်။ သေဆုံးသည့် သို့မဟုတ် ကွယ်လွန်သွားသည့် ဆွေမျိုးရင်းချာတစ်ဦး အမှန်တကယ် ရှိလျှင် ထိုအရာ၏ ဘောင်ခတ်ခြင်းကို ကျွန်ုပ် ခံမည်မဟုတ်။ ကျွန်ုပ် ပြင်ဆင်ခဲ့ပြီး လမ်းပြမှုနှင့် ကျွန်ုပ်၏ ခွန်အားကို တိုးပွားစေရန် ဘုရားသခင်ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ရှေ့တွင် မည်သည့်အရာ ရှိသည်ဖြစ်စေ၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းရန် ရွေးချယ်ခြင်းကို ကျွန်ုပ် နောင်တရမည်မဟုတ်သကဲ့သို့ ကျွန်ုပ်၏ ခန္ဓာနှင့် စိတ်တစ်ခုလုံးဖြင့် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် ရွေးချယ်ခြင်းအပေါ် ကျွန်ုပ် လက်လျှော့မည် မဟုတ်ပါ။ ကျွန်ုပ် မဆုတ်မနစ် ကြိုးပမ်းမည်ဖြစ်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို လိုလိုလားလား ကျိုးနွံနာခံရန် ယခင်အတိုင်းသာ ကျွန်ုပ် ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ဆက်လက်၍ သင်သည် ဘုရားသခင်၏ လမ်းပြမှုကို ရှာဖွေကာ ဤကိစ္စရပ်၏ ဘောင်ခတ်ခြင်းမခံရတော့ရန်အလို့ငှာ သင်၏ ခွန်အားကို တိုးပွားစေရန် သူ့ကို တောင်းလျှောက်ရင်း သင်၏ စိတ်နှလုံးတွင် မကြာခဏ ဆုတောင်းသင့်သည်။ ဆွေမျိုးရင်းချာတစ်ဦး သေဆုံးမည်ဖြစ်စေ၊ မသေဆုံးမည်ဖြစ်စေ ထိုသို့သော အဖြစ်အပျက်တစ်ခု ဖြစ်ပွားသည့်အခါ သင် အားနည်းလာမည်မဟုတ်ကြောင်း၊ ဘုရားသခင်ကို ညည်းညူမည် မဟုတ်ကြောင်းနှင့် သင်၏ ခန္ဓာနှင့် စိတ်ဖြင့် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန် သင်၏ ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒကို ပြောင်းလဲမည်မဟုတ်ကြောင်း သေချာစေရင်း ထိုအတွက် သင်၏ ဝိညာဉ်ရင့်ကျက်မှုကို ပြင်ဆင်သင့်သည်။ ဤသည်မှာ သင် ရှိသင့်သည့် သဘောထား မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ သွားများ ကျွတ်ထွက်ခြင်းအကြောင်း အိပ်မက်မက်ခြင်းကဲ့သို့သော အရာများနှင့် ပတ်သက်လာသည့်အခါ ယင်းတို့၏ တည်ရှိခြင်းကို မငြင်းပယ်သင့်၊ သို့မဟုတ် ဘေးဖယ်ထားကာ လျစ်လျူမရှုသင့်ပေ။ ပြီးလျှင် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် ထူးဆန်းသည့် သို့မဟုတ် ခုခံကာကွယ်သည့် နည်းစနစ်တစ်ခုခုကို သင် သေချာပေါက် မသုံးသင့်ပေ။ ထိုအစား သင်သည် သမ္မာတရားကို ရှာဖွေသင့်သည်၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို လက်ခံရင်း ဘုရားသခင်ရှေ့မှောက်သို့ လာသင့်သည်။ အဓိပ္ပာယ်မဲ့သည့် ယဇ်ပူဇော်ခြင်းများ သို့မဟုတ် မိုက်မဲသည့် ရွေးချယ်မှုများ မပြုလုပ်နှင့်။ ယခင်က မတွေ့ကြုံရသေးသကဲ့သို့ သဘောမပေါက်နိုင်သည့် တစ်စုံတစ်ရာကို ရင်ဆိုင်ရသည့်အခါ မသိနားမလည်ဖြစ်ကာ ခေါင်းမာသည့် လူများက “ထိုသို့သော အရာ မရှိပါ” “ဘာမျှမဟုတ်ပါ” “ထိုအရာ မတည်ရှိပါ” သို့မဟုတ် “အယူသီးခြင်းသာ ဖြစ်သည်”ဟု ပြောတတ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သည့်လူအချို့က “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်၊ သရဲတစ္ဆေများကို မယုံပါ” သို့မဟုတ် “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်၊ စာတန်ကို မယုံပါ။ စာတန်မရှိပါ”ဟုပင် ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သရဲတစ္ဆေများ၊ ဝိညာဉ်ဆိုးများ၊ ဝင်ပူးခြင်း သို့မဟုတ် ဝိညာဉ်ရေးရာ နယ်ပယ် တည်ရှိခြင်းကိုပင် မယုံကြည်ဟု ဆိုလျက် ဘုရားသခင်၌ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို သက်သေပြရန် ဤပြောဆိုချက်များကို အသုံးပြုကြလေသည်။ ၎င်းတို့သည် ယုံကြည်ခြင်းမရှိသူများသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မယုံကြည်သူများ လောက၏ ရိုးရာအတွေးများနှင့်ဆိုင်သော ထိုဆိုရိုးများကို ၎င်းတို့ လက်မခံကြသကဲ့သို့ အယူသီးသော အကြောင်းပြချက်များ သို့မဟုတ် အယူသီးခြင်းများနှင့် ဆက်စပ်သည့် အချက်တစ်ခုတလေကို လက်ခံခြင်းမရှိကြချေ။ ဤအရာများကို မယုံကြည်ခြင်းက ယင်းတို့ တည်ရှိခြင်းမရှိဟု မဆိုလိုပေ။ ယခု သင့်ကို ဤအရာများအား မယုံကြည်ရန် သို့မဟုတ် ရှောင်ရှားရန် သို့မဟုတ် ငြင်းပယ်ရန် စေခိုင်းခြင်းအကြောင်း မဟုတ်ပေ။ ထို့ထက် ဤကိစ္စရပ်များကို ရင်ဆိုင်နေရချိန်တွင် မှန်ကန်သည့် အတွေးများနှင့် ရှုထောင့်အမြင်များ ရှိရန်၊ မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်ပြီး မှန်ကန်သည့် သဘောထားရှိရန် သင့်ကို သွန်သင်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏ မှန်ကန်သော ဝိညာဉ်ရင့်ကျက်မှု ဖြစ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ သင် ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ဆံပင်ကျွတ်ခြင်းအကြောင်း အိပ်မက်မက်၏။ အိပ်မက်ထဲတွင် ဆံပင်ကျွတ်ခြင်းကိုလည်း နိမိတ်မကောင်းသော အရာအဖြစ် ယူဆကြသည်။ ဆက်စပ်လျော်ညီမှုရှိသည့် အဓိပ္ပယ်ကောက်ယူချက် ရှိသည်ဖြစ်စေ၊ အမှန်တကယ် ဖြစ်ပျက်လာပြီးသည့် အဖြစ်အပျက်များရှိသည်ဖြစ်စေ တိုတိုပြောရလျှင် ထိုသို့သော အိပ်မက်များနှင့်စပ်လျဉ်း၍ လူတို့တွင် အပျက်သဘောဆောင်သော ဖြေရှင်းချက်များရှိကြပြီး ယင်းတို့က မကောင်းသည့်အရာတစ်ခု သို့မဟုတ် ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခု ဖြစ်လိမ့်မည်ဟု ညွှန်ပြကြောင်း ယုံကြည်ကြလေသည်။ အရေးပါသည့် ကိစ္စများမပါဝင်သော သာမန် အိပ်မက်များမှလွဲ၍ ထိုထူးခြားသော အိပ်မက်များအတွက် အဓိပ္ပာယ်ကောက်ယူချက် အချို့ရှိပြီး ဤအဓိပ္ပာယ်ကောက်ယူချက်များက လူတို့ကို တစ်စုံတစ်ခုသော မြော်မြင်မှု၊ သတိပေးချက်များ သို့မဟုတ် ဟောကိန်းများ ပေးလျက်၊ အနာဂတ်တွင် မည်သည့်အရာ ဖြစ်ပျက်မည်ကို ၎င်းတို့အား သိခွင့်ပေးလျက်၊ သို့မဟုတ် လူတို့အနေဖြင့် မိမိတို့ကိုယ်ကို စိတ်တွင် ပြင်ဆင်နိုင်ရန်အလို့ငှာ မည်သည့်အရာ ဖြစ်ပျက်မည်ကို ၎င်းတို့အား ပြောပြသည့် အသိတစ်ခုခုပေးလျက် အချို့သော အဖြစ်အပျက်များကို ဟောကိန်းထုတ်လေသည်။ သင့်အတွက် မည်သည့်အရာ ဖြစ်ပျက်မည်ဖြစ်စေ၊ ရှောင်ရှားသည့်၊ ငြင်းပယ်သည့်၊ ခုခံသည့် သို့မဟုတ် အတိုက်အခံလုပ်သည့် သဘောထား သို့မဟုတ် ဤအခြေအနေများကို ဖြေရှင်းရန် လူသားနည်းလမ်းများကို အသုံးပြုသည့် သဘောထားတစ်ခုကိုပင် သင် မခံယူသင့်ပေ။ ထိုသို့သောအခြေအနေများကို သင် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်ရှေ့မှောက်သို့ ပို၍ပင် မဆိုင်းမတွ သင်လာသင့်ပြီး ဖြစ်အံ့သော အဖြစ်အပျက်များကို ရင်ဆိုင်ရာတွင် သင့်အနေဖြင့် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ကာ ဘုရားသခင်၏ အလိုတော်ကို ငြင်းပယ်ပြီး အတိုက်အခံလုပ်ခြင်းထက် သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီစေနိုင်ဖို့အလို့ငှာ သင့်ကို ဦးဆောင်လမ်းပြရန် တောင်းလျှောက်သင့်သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ရန် သင့်ကို စေခိုင်းခြင်းသည် ဤအရာများအပေါ် သင် အာရုံစိုက်ရန်လိုအပ်သည်ဟု မဆိုလိုပေ။ ထိုအရာများ မလွဲဧကန် ဖြစ်ပွားသည့်အခါ ရင်ဆိုင်ရန် မည်သည့် သဘောထားမျိုး သင် ခံယူသင့်သည်ဆိုသည်နှင့် ယင်းတို့ကို ဖြေရှင်းရန် မည်သည့် ချဉ်းကပ်မှုနည်းလမ်းမျိုး သင် အသုံးပြုသင့်သည်ဆိုသည်တို့ကို ထိုအရာက သင့်အား သွန်သင်ပေသည်။ ဤသည်မှာ သင် နားလည်သင့်သည့်အရာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤအရာများကို အာရုံမစိုက်ရန် သင့်အား တောင်းဆိုထားပြီးဖြစ်သော်လည်း နေ့စဉ်ဘဝတွင် ဤအရာများ ဖြစ်ပျက်သည် မဟုတ်လော။ (ဖြစ်ပျက်ပါသည်။) ထိုအရာများ မတည်ရှိဟု သင် ပြောပြီးနောက် ထိုအရာများ ဖြစ်ပျက်လျှင် သင် သုံးသပ်ဆင်ခြင်ကာ “အို မဖြစ်ဘူး၊ ဤအရာကို ငါ ယုံကြည်ရမည်။ အမှန်တကယ် ဖြစ်လာသည်တကား”ဟု တွေးကောင်းတွေးပေမည်။ ကြိုတင်ပြင်ဆင်ခြင်းနှင့် မှန်ကန်သည့် သဘောထားမရှိဘဲ ဤအရာများ ဖြစ်ပွားသည့်အခါ သင်သည် သတိလက်လွတ်ဖြစ်လိမ့်မည်၊ မည်သို့ဆိုစေ သင် ပြင်ဆင်ထားမည်မဟုတ်၊ ဘုရားသခင်ကို မည်သို့ ဆုတောင်းရမည်၊ သို့မဟုတ် အခြေအနေကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်ကို သင် သိမည်မဟုတ်သကဲ့သို့ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း သို့မဟုတ် စစ်မှန်သည့် နာခံမှုရှိမည် မဟုတ်ပေ။ အဆုံးတွင် သင် ခံစားမည့်အရာဟူသမျှသည် ကြောက်ရွံ့ခြင်း ဖြစ်သည်။ သင် သာ၍ စိုးရွံ့လာလေ၊ ဘုရားသခင်၏ မျက်မှောက်တော် ဆုံးရှုံးလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ မျက်မှောက်တော်ကို သင် ဆုံးရှုံးသည့်အခါ အခြားလူများထံမှသာ သင် အကူအညီရှာနိုင်ပြီး ရှောင်ရှားရန် စိတ်ကူး၍ရနိုင်သည့် လူ့နည်းလမ်းတိုင်းကို သင် စဉ်းစားလိမ့်မည်။ သင် မရှောင်ရှားနိုင်သည့်အခါ ဘုရားသခင်ကို ယုံကြည်စိတ်ချ၍မရတော့ သို့မဟုတ် ယုံကြည်အားထား၍ မရတော့ဟု စတင် ယုံကြည်မိလိမ့်မည်။ ထိုအစား လူတို့သည် ယုံကြည်အားထား၍ ရသည်ဟု သင် ခံစားရပေသည်။ အမှုအရာများက ဆက်လက် ဆိုးရွားလာလိမ့်မည်။ ထိုအရာကို အယူသီးခြင်းအဖြစ် သင် ယုံကြည်လိမ့်မည် မဟုတ်တော့သည်သာမက ကြောက်လန့်စရာ တစ်စုံတစ်ရာ၊ သင် မထိန်းချုပ်နိုင်သည့် အခြေအနေတစ်ခုအဖြစ်လည်း မြင်လိမ့်မည်။ ထိုအချိန်တွင် သင်က “မယုံကြည်သူများနှင့် ဗုဒ္ဓဘာသာကို ယုံကြည်ကာ ဗုဒ္ဓကို ကိုးကွယ်ရန် အမွေးနံ့သာထွန်းသော သူများက စဉ်ဆက်မပြတ် ဘုံကျောင်းများသို့ သွားနေကြခြင်း၊ အမွေးနံ့သာထွန်းခြင်း၊ ကောင်းချီးမင်္ဂလာများအတွက် ဆုတောင်းခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ သက်သတ်လွတ်သမားအဖြစ် ခံယူခြင်းနှင့် ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံကို သံပြိုင်ရွတ်ဆိုခြင်းတို့မှာ အံ့ဩစရာမရှိပါ။ လက်စသတ်တော့ ဤအရာများသည် အမှန်တကယ် အလုပ်ဖြစ်ပေသည်”ဟု ပြောကောင်းပြောပေမည်။ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နာခံမှုနှင့် ယုံကြည်ခြင်း ကင်းမဲ့လိမ့်မည်သာမက ထိုအစား နတ်ဆိုးများနှင့် စာတန်ပေါ် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လိမ့်မည်။ ထို့နောက်တွင် သင်သည် ၎င်းတို့ကို အတိုင်းအတာတစ်ခုအထိ နာခံရန် တာဝန်ရှိသည်ဟု ခံစားလိမ့်မည်ဖြစ်ပြီး “ဤနတ်ဆိုးများကို သွားရှုပ်၍ရသည့် အရာမဟုတ်ပါ။ သူတို့ကို မယုံကြည်ခြင်းက သင့်အတွက် မကောင်းပါ။ သူတို့ အနီးဝန်းကျင်ကို သင် သတိထား၍ နေထိုင်ပြုမူရမည်။ သူတို့နောက်ကွယ်တွင် သင် ပြောချင်သည့် မည်သည့်အရာကိုမဆို ပြော၍မရပါ။ တားမြစ်ချက်များရှိသည်။ ဤနတ်ဆိုးများသည် မလောက်လေး မလောက်စား လုပ်ရမည့်အရာများ မဟုတ်ပါ”ဟု ပြောလိမ့်မည်။ ဤအဖြစ်အပျက်များနောက်ကွယ်တွင် ရုပ်ဝတ္ထုလောကအလွန်တွင် အလုပ်လုပ်သည့် သင် မျှော်မှန်းမထားခဲ့သော တန်ခိုးစွမ်းအားများရှိသည်ကို သင် ရုတ်တရက် သဘောပေါက်သွားသည်။ ဤအရာများကို သင် စတင်နားလည်လာသည့်အခါ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ရှောင်ကြဉ်ခြင်းတို့ဖြင့် ပြည့်သွားပြီး ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းက လျော့လာသည်။ ထို့ကြောင့် သွားများ သို့မဟုတ် ဆံပင်များ ကျွတ်ထွက်ခြင်းနှင့်ပတ်သက်၍ အိပ်မက်မက်ခြင်းကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ မှန်ကန်သည့် သဘောထားကို သင် ခံယူသင့်သည်။ ဤအဖြစ်အပျက်များက သင့်ထံ ဖြစ်ပျက်သည့်အခါ ဆက်စပ်မှုရှိသည့် တိကျသော အဓိပ္ပာယ်ကောက်ယူချက်များ သို့မဟုတ် ဟောကိန်းများက မည်သည့်အရာ ဖြစ်လင့်ကစား သင် လုပ်ဆောင်ရမည်မှာ ဤမျှသာ ဖြစ်သည်။ အရာရာ ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း ယုံကြည်လော့၊ ပြီးလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို နာခံရန် လိုလားလျက်ရှိနေလော့။ ဤသည်မှာ ဤကိစ္စရပ်များအားလုံးကို ရင်ဆိုင်နေရချိန်တွင် သင် ခံယူသင့်သည့် သဘောထား ဖြစ်၏။ ဤသည်မှာ ဘုရားသခင်နောက်သို့ လိုက်သည့် တစ်စုံတစ်ဦးအနေဖြင့် သင် ထားသင့်သည့် ရပ်တည်ချက်နှင့် ခံသင့်သည့် သက်သေခံချက်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများအားလုံး ဖြစ်ကောင်းဖြစ်နိုင်ကြောင်းနှင့် အရာရာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်းကို ယုံကြည်လော့။ ဤသည်မှာ သင် ထိန်းသိမ်းသင့်သည့် သဘောထား ဖြစ်သည်။

လူအချို့တွင် အချို့သော နံပါတ်များ သို့မဟုတ် အထူးနေ့ရက်များနှင့်ပတ်သက်၍ ရှောင်ကြဉ်ရန် အများသဘောတူထားသည့် အရာများ ရှိသည်။ ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းတွင် နှစ်ပေါင်းများစွာ ပါဝင်ကြသည့် လူအချို့သည် ငွေအမြောက်အမြားရှာခြင်းကို အလွန် အရေးထားကြသောကြောင့် စီးပွားရေးလုပ်ငန်းတွင် ငွေအမြောက်အမြားရှာခြင်းနှင့် ဆက်စပ်သည့် နံပါတ်များကို နှစ်သက်ကာ တန်ဖိုးထားကြပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းကို မကောင်းသည့် ကံယူဆောင်လာလိမ့်မည်ဟု ၎င်းတို့ ယုံကြည်သည့် နံပါတ်များကို ရှောင်ကြဉ်ကြသည်။ ဥပမာအားဖြင့် နံပါတ် ၆ နှင့် ၈ ကို အထူးသဖြင့် လူတစ်ဦးဦးက နှစ်သက်သည်။ သူ့ဆိုင်၏ တံခါးနံပါတ်မှာ ၁၆၈ ဖြစ်ပြီး ဆိုင်ကို တစ်ချိန်လုံး ချမ်းသာကြွယ်ဝခြင်းဟု ဆိုလိုသည့် “ယီလုဖာ”ဟု ခေါ်ဝေါ်သည်။ တရုတ်မန်ဒရင်းဘာသာစကားဖြင့် ယင်း၏ အသံထွက်မှာ နံပါတ် ၁၊ ၆၊ ၈ တို့နှင့် ဆင်တူပေသည်။ ယင်းတို့သည် တရုတ်ရှေးရိုးစဉ်လာပုံပြင်တွင် ကံကောင်းသည့် နံပါတ်များဖြစ်သည်။ အခြားတစ်ဖက်တွင် ၄ သည် သေခြင်းကို ဆိုလိုပြီး ၅ မှာ အကြင်သူက မိမိ၏ မူလ ရင်းနှီးမြှုပ်နှံမှုအား ပြန်မရနိုင်ကြောင်း သို့မဟုတ် ငွေရှာကောင်းရှာနိုင်မည်မဟုတ်ကြောင်း သွယ်ဝိုက်ညွှန်းဆိုသည့် နတ္တိ၊ ကင်းမဲ့ခြင်း သို့မဟုတ် အနှစ်မဲ့ခြင်းဟု ဆိုလိုသည့်အားလျော်စွာ နံပါတ် ၄ နှင့် ၅ တို့ကို မကောင်းဟု တရုတ်ရိုးရာတွင် ယူဆထားလေသည်။ တရုတ်လူမျိုးအချို့၏ ကားလိုင်စင်ပြားများတွင်ပင် အားလုံး နံပါတ် ၆များသာ ပါရှိပြီး ၆ နံပါတ် တန်းတစ်တန်းကို သင် မြင်လျှင် အခြေခံအားဖြင့် တရုတ်လူမျိုးတစ်ဦးသာ အစဉ် ဖြစ်မည်ဖြစ်သည်။ ၆ များစွာကို အသုံးပြုရင်း ချမ်းသာကြွယ်ဝမှု မည်မျှ ၎င်းတို့ စုဆောင်ပြီးဖြစ်မည်ကို မည်သူ သိနိုင်မည်နည်း။ တစ်ကြိမ် ယာဉ်ရပ်နားစခန်းတစ်ခုတွင် နံပါတ်၆၄ တစ်နေရာမှလွဲ၍ ယာဉ်ရပ်နားသည့်နေရာအားလုံးနီးပါး ပြည့်နေခဲ့သည်။ ထိုနေရာတွင် မည်သူမျှ ယာဉ်မရပ်ရသည့် အကြောင်းရင်းကို သိသလော။ (၆၄ က သေခြင်းဟု အဓိပ္ပာယ်ရကောင်းရနိုင်ပြီး ကံမကောင်းခြင်းအဖြစ် ယူဆခြင်း ဖြစ်ပါသည်။) ၆၄ မှာ လမ်းပေါ်က သေခြင်းဟု အဓိပ္ပာယ်ရပေသည်။ ထိုအချိန်တွင် ထိုနေရာ၌ အဘယ်ကြောင့် မည်သူမျှ ကားမရပ်ခဲ့ကြသည်ကို ငါ မသိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအကြောင်းကို မယုံကြည်သူများထံမှ ငါ ကြားခဲ့ပြီး နားလည်သွားခဲ့သည်။ ၆ သည် “လမ်းမ”ကဲ့သို့ အသံထွက်ပြီး ၄ မှာ “သေခြင်း”ကဲ့သို့ အသံထွက်သည်။ ၆၄ သည် တရုတ်မန်ဒရင်းဘာသာဖြင့် “လမ်းမပေါ်မှ သေခြင်း”ကဲ့သို့ အသံထွက်သောကြောင့် လူတို့က ထိုနေရာတွင် ကားမရပ်နားကြပေ။ နောက်ပိုင်းတွင် ထိုကားရပ်နားရာနေရာကို တရုတ်မန်ဒရင်းဘာသာဖြင့် “တစ်ချိန်လုံး ချမ်းသာကြွယ်ဝခြင်း”ဟူသကဲ့သို့ အသံထွက်သည့် ၆၈ အဖြစ်သို့ ၎င်းတို့ ပြောင်းလဲမည်မှာ သေချာသလောက်ဖြစ်သည်ဟု ငါ ခန့်မှန်းမိသည်။ လူတို့သည် ငွေကို အလွန်စွဲလမ်းကြသည်မှာ ငွေကို လုံးဝ အစွဲအလမ်းကြီးသည်အထိ ဖြစ်ကြသည်။ နံပါတ်တစ်ခုက အမှန်တကယ်ပင် တစ်ခုခုကို ပြောင်းလဲစေနိုင်သလော။ ဤနံပါတ်များနှင့် ပတ်သက်၍ တရုတ်လူမျိုးများ၏ ဆိုရိုးများမှာ နိုင်ငံခြားသားများကိုပင် လွှမ်းမိုးပြီးဖြစ်သည်။ အိမ်များကို ငါတို့ ကြည့်ရှုခဲ့ချိန်တွင် အိမ်ခြံမြေအကျိုးဆောင်က ငါတို့ကို “နံပါတ်အချို့နှင့်ပတ်သက်၍ သင်တို့တွင် ဓလေ့နှင့်မညီသဖြင့် ရှောင်ကြဉ်သည့်အရာတစ်ခုခု ရှိကြသလော။ ဥပမာအားဖြင့် အိမ်တံခါးနံပါတ်က ၁၄ ဖြစ်လျှင် ၄ ကြောင့် အလွန်မကောင်း ဖြစ်သွားသလော”ဟု မေးခဲ့သည်။ ငါက “ထိုအကြောင်းကို ကျွန်ုပ် မစဉ်းစားဖူးပါ။ ဤအဆိုနှင့်ပတ်သက်၍ ကျွန်ုပ် မသိခဲ့ပါ”ဟု ပြောခဲ့သည်။ သူက “တံခါးနံပါတ်တွင် ၄ ပါသောကြောင့် အိမ်တစ်အိမ်ကို စဉ်းစားဖို့ တရုတ်လူမျိုး အတော်များများက ငြင်းကြသည်”ဟု ပြောသည်။ ငါက “နံပါတ်များနှင့်ပတ်သက်၍ ရှောင်ရန်နံပါတ်တစ်ခုခု ကျွန်ုပ်တို့တွင် မရှိပါ။ အနေအထား၊ တည်နေရာ၊ အလင်းရောင်၊ လေဝင်လေထွက်၊ အိမ်ဖွဲ့စည်းတည်ဆောက်ပုံ၊ အရည်အသွေးနှင့် ထိုသို့သော အခြားအရာများကိုသာ ကျွန်ုပ်တို့ ထည့်စဉ်းစားကြသည်။ နံပါတ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဂရုမစိုက်ပါ။ ဓလေ့နှင့်မညီ၍ ရှောင်ကြဉ်သည့်အရာတစ်ခုမျှ မရှိပါ”ဟု ပြောခဲ့သည်။ ထို့ကြောင့် အချို့သော နံပါတ်များနှင့်ပတ်သက်၍ မယုံကြည်သူများတွင် ရှောင်ရသည့်အရာများရှိလျှင် မကောင်းသည့်အရာတစ်ခုခု မုချ ဖြစ်လိမ့်မည်ဟု သင် ထင်သလော။ (ယင်းသို့ တပ်အပ်မဆိုနိုင်ပါ။) တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင် သို့မဟုတ် အချို့သော အရှေ့တောင်အာရှနိုင်ငံများကဲ့သို့သော တရုတ်နိုင်ငံပြင်ပရှိ အခြားနိုင်ငံများအနေဖြင့် နံပါတ်များနှင့်ပတ်သက်၍ ၎င်းတို့၏ အကျိုးအကြောင်းများက မည်သည့်အရာဖြစ်နိုင်သည်ကို ငါတို့ မသိကြပါ။ တိုတိုပြောရလျှင် နိုင်ငံတိုင်း၏ လူများသည် အချို့သော နံပါတ်များနှင့်ပတ်သက်၍ ဇီဇာကြောင်တတ်ကြ၏။ ဥပမာအားဖြင့် အမေရိကန်များသည် နံပါတ် ၆ ကို တကယ်ကို စိတ်မဝင်စားကြပေ။ သမ္မာကျမ်းစာထဲရှိ ဗျာဒိတ်ကျမ်းတွင် ဖော်ပြထားသည့် နံပါတ် ၆က အပျက်သဘောဆောင်သည့် အရိပ်အငွေ့ရှိသည်နှင့်အမျှ အနောက်တိုင်းသားများသည် ဘာသာရေး ထုံးတမ်းဓလေ့ တစ်မျိုးကြောင့် နံပါတ် ၆ ကို မကြိုက်ကြချေ။ အနောက်တိုင်းသားများ မကြိုက်သည့် နံပါတ် ၁၃ လည်း ရှိသေး၏။ ထိုနံပါတ်ကို ကံမကောင်းသည့်နံပါတ်အဖြစ် ၎င်းတို့ ယူဆကြသောကြောင့် ဓာတ်လှေကား အတော်များများတွင် ထိုအလွှာမရှိပေ။ အခြားတစ်ဖက်တွင် တရုတ်လူမျိုးများကမူ နံပါတ် ၆ နှင့် ၈ ကို ကံကောင်းသည့် နံပါတ်များအဖြစ် ယုံကြည်ကြသည်။ သို့ဆိုလျှင် မည်သည့် အဆိုသည် အမှန်တရား ဖြစ်သနည်း။ (တစ်ခုမျှမဟုတ်ပါ။) သတ်သတ်မှတ်မှတ်ဖြစ်သော နံပါတ်တစ်ခုခုကို သင်တို့ ဂရုစိုက်ကြသလော။ သင်တို့တွင် သင်တို့၏ ကိုယ်ပိုင် ကံကောင်းစေသည့် နံပါတ်ရှိကြသလော။ (မရှိပါ။) ကောင်းပေ၏။ တောင်ပိုင်း တရုတ်လူမျိုးများသည် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆိုအတွက် သင့်တော်သည့် ရက်စွဲကို ရွေးချယ်ကာ ပွဲတော်များအတောအတွင်းတွင် အတိုင်းအချင့်နှင့်စားသော ကန့်သတ်ချက်များကို လိုက်နာရင်း နံပါတ်တစ်ခုက ကံကောင်းစေခြင်း ရှိမရှိဟူသကဲ့သို့သော အရာများကို အထူး အာရုံစိုက်ကြသည်။ ဤအရာနှင့်ပတ်သက်၍ အထူးသဖြင့် ၎င်းတို့ ဇီဇာကြောင်ကြလေသည်။ သို့ရာတွင် နံပါတ်များနှင့်ပတ်သက်သည့် ကိစ္စရပ်သည် မည်သည့်အရာကိုမျှ မုချ မရှင်းပြနိုင်ပေ။ အချို့သော နံပါတ်များကို လူတို့ ရှောင်ရှားခြင်းသည် ၎င်းတို့၏ ယုံကြည်မှုများ၊ စိတ်ကူးများ၊ အတွေးများ၊ အယူအဆများနှင့် အတိုင်းအတာတစ်ခုထိ ဆက်စပ်ပေသည်။ ဤအရာများသည် မိုက်မဲသည့် အတွေးများနှင့် ရှုထောင့်အမြင်များသာ ဖြစ်၏။ သင်၏ မိသားစုက ထိုသို့သော အတွေးများနှင့် ရှုထောင့်အမြင်များကို သင့်အထဲသို့ သွတ်သွင်းပြီးဖြစ်ပါက ယင်းတို့ကို သင် လက်လွှတ်သင့်ပြီး မယုံကြည်သင့်ပေ။ ဤစိတ်ကူးများသည် သာ၍ပင် အဓိပ္ပာယ်မရှိပေ။ ယင်းတို့သည် အယူသီးခြင်းများပင် မဟုတ်သကဲ့သို့ လူ့အဖွဲ့အစည်းရှိ ငွေမက်သည့်သူတို့၏ ရယ်ဖွယ်ကောင်းသကဲ့သို့ အဓိပ္ပာယ်မရှိသည့် ဆိုရိုးများ ပါဝင်လေသည်။

လူအချို့သည် ဆယ့်နှစ်ရာသီခွင် သင်္ကေတများကို အလွန် အရေးထားကြပြီး ဤကိစ္စရပ်တွင် အယူသီးခြင်း ပါဝင်၏။ ယနေ့ခေတ်တွင် အနောက်တိုင်းသားများပင်လျှင် ဆယ့်နှစ်ရာသီခွင် သင်္ကေတများအကြောင်း ပြောဆိုကြသည်။ ထို့ကြောင့် အာရှသားများသာ ယင်းတို့အကြောင်း သိသည်ဟု မထင်လေနှင့်။ အနောက်တိုင်းသားများကလည်း ယုန်၊ နွား၊ ကြွက်နှင့် မြင်းတို့အကြောင်းကို သိကြသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ မြွေ၊ နဂါး၊ ကြက်ဖနှင့် သိုးတို့ဖြစ်သည်၊ မှန်သည် မဟုတ်လော။ ဥပမာအားဖြင့် သိုးရာသီခွင် သင်္ကေတရှိသည့် လူတို့တွင် ကံဆုံးမိုးမှောင်ကျသည့် ဘဝများရှိသည်ဟူသော ယုံကြည်မှုကို ဘိုးဘေးများနှင့် မိဘများကို လက်ဆင့်ကမ်းလာခဲ့ကြသည်။ သင်သည် သိုးဖြစ်လျှင် တွေးကောင်းတွေးနိုင်သည်မှာ “ငါ့ဘဝက ကံဆိုးမိုးမှောင်ကျလေပြီ။ ကံအကြောင်းမလှသည့် အဖြစ်ကိုသာ ငါ အမြဲ ကြုံရသည်။ ငါ့တွင် မကောင်းသည့် လက်တွဲဖော်ရှိသည်၊ မနာခံတတ်သည့် ကလေးများရှိပြီး ငါ့အလုပ်က အဆင်မပြေပါ။ မည်သည့်အခါတွင်မျှ ငါ ရာထူးမတိုးသကဲ့သို့ မည်သည့် အပိုဆုကြေးမျှ ငါ မရပါ။ ငါ အမြဲ ကံဆိုးသည်။ ငါသည် နောက်ထပ် ကလေးရမည်ဆိုလျှင် သိုးနှစ်တွင် ဖြစ်မည်မဟုတ်။ သိုးရာသီခွင် သင်္ကေတဖြင့် ဘဝက အတော်အတန် ကံဆိုးမိုးမှောင်ကျနေသည့် မိသားစုဝင်တစ်ဦး ရှိနှင့်ပြီးဖြစ်သည်။ သိုးရာသီခွင်ရှိသည့် နောက်တစ်ဦးကို ငါ မွေးလျှင် ငါ့လိုလူ နှစ်ယောက်ဖြစ်သွားပေမည်။ ထိုသို့ဖြင့် ငါတို့ အဘယ်သို့များ အသက်ရှင်နိုင်မည်နည်း”ဟူ၍ ဖြစ်သည်။ သင့်အနေဖြင့် “သိုးနှစ်တွင် ကလေးတစ်ဦးကို တကယ် ယူ၍ မဖြစ်သောကြောင့် မည်သည့်နှစ်ကို ငါ ရည်မှန်းသင့်သနည်း။ နဂါးလော၊ မြွေလော။ ကျားလော”ဟု တွေးလျက် ထိုကိစ္စရပ်ကို သုံးသပ်ဆင်ခြင်ပေမည်။ သင်သည် နဂါးနှစ်တွင် မွေးဖွားခဲ့မည်ဆိုလျှင် သင်သည် အမှန်တကယ် နဂါးတစ်ကောင်ဖြစ်သည်ဟု ဆိုလိုသလော။ ဧကရာဇ်မင်းတစ်ဦး သင် အမှန်တကယ် ဖြစ်လာနိုင်သလော။ ယင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤရာသီခွင် သင်္ကေတများကို သင်တို့ ရှိလိုကြသလော။ လူအချို့က “သိုးနှစ်နှင့် ကြက်ဖနှစ်တွင် မွေးဖွားကြသည့် လူများသည် တစ်ယောက်နှင့်တစ်ယောက် မတည့်ကြပါ။ ကျွန်ုပ်သည် သိုးတစ်ကောင်ဖြစ်သောကြောင့် ကြက်ဖတစ်ကောင်ဖြစ်သည့်သူတစ်ဦးနှင့် ပတ်သက်ဆက်ဆံခြင်းကို ရှောင်ရှားသင့်သည်။ ကျွန်ုပ်တို့၏ ရာသီခွင် သင်္ကေတများသည် သဟဇာတမဖြစ်သကဲ့သို့ ကျွန်ုပ်တို့၏ ကံကြမ္မာများက ထိပ်တိုက်တွေ့နေသည်။ ကျွန်ုပ်တို့ကဲ့သို့သော လူများသည် အိမ်ထောင်ပြုရန် သဟဇာတမဖြစ်သကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် တည့်ကြမည်မဟုတ်ဟု ကျွန်ုပ်၏ မိဘများက ပြောကြသည်။ သူတို့နှင့် ထိတွေ့မှုအနည်းဆုံးဖြစ်ခြင်း၊ စကားမပြောခြင်း၊ သို့မဟုတ် မဆက်ဆံခြင်းက အကောင်းဆုံးဖြစ်သည်။ ကျွန်ုပ်တို့၏ ကံကြမ္မာများက ထိပ်တိုက်တွေ့နေပြီး ကျွန်ုပ်တို့ အတူတကွရှိလျှင် ယင်းတို့ကို ငါ ချိုးနှိမ်နိုင်မည် မဟုတ်သကဲ့သို့ ကျွန်ုပ်အသက်က တိုတောင်းသွားလိမ့်မည်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများနှင့် ကျွန်ုပ် ဝေးဝေးနေရန် လိုအပ်သည်” ဟု ပြောကြသည်။ ဤလူများသည် ဤဆိုရိုးများ၏ လွှမ်းမိုးခြင်း ခံရပေသည်။ ယင်းမှာ မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) တိုတိုပြောရလျှင် သင်၏ ကံကြမ္မာသည် ရာသီခွင် သင်္ကေတတစ်ခုခုရှိသည့် တစ်စုံတစ်ဦးနှင့် ထိပ်တိုက်တွေ့လင့်ကစား ထိုအရာက သင်၏ ကံကြမ္မာအပေါ် အမှန်တကယ် သက်ရောက်မှု ရှိလိမ့်မည်လော။ ထိုအရာက ဘဝတွင် မှန်ကန်သည့် လမ်းကြောင်း သင် လျှောက်လှမ်းခြင်းကို ထိခိုက်လိမ့်မည်လော။ (ထိခိုက်မည် မဟုတ်ပါ။) အချို့သောလူတို့သည် မိမိတို့၏ ရာသီခွင် သင်္ကေတနှင့် သဟဇာတဖြစ်သည့်သူ တစ်ဦးနှင့်သာ အလုပ်လုပ်ရန်၊ ပူးပေါင်းဆောင်ရွက်သည့်အပြင် နေထိုင်ရန်ကိုပင် လိုလားနေကြသည်။ မသိစိတ်၏ စေ့ဆော်မှုအရ ၎င်းတို့သည် စိတ်ထဲတွင် ဤအရာများဖြင့် ထိခိုက်ခြင်း ခံရပြီး ၎င်းတို့၏ မိဘများ သို့မဟုတ် ဘိုးဘေးများက လက်ဆင့်ကမ်းလာခဲ့ကြသည့် ဤဆိုရိုးများသည် ၎င်းတို့၏ စိတ်နှလုံးများတွင် တိကျသော နေရာတစ်ခု စွဲကိုင်ထားလေသည်။ သင် မြင်သလော၊ အနောက်တိုင်းသားများက နက္ခတ်ဗေဒင် သင်္ကေတများကို အရေးစိုက်ကြစဉ်တွင် အရှေ့တိုင်းသားများက ရာသီခွင် သင်္ကေတများကို အရေးစိုက်ကြလေသည်။ ယခုတွင် ခေတ်ကာလအချိန်ကို အမီလိုက်ကြသည့် အရှေ့တိုင်းသားများသည် ဗြိစ္ဆာရာသီရုပ်၊ ကန်ရာသီရုပ်၊ ဓနုရာသီရုပ် စသည်တို့ကဲ့သို့သော နက္ခတ်ဗေဒင် သင်္ကေတများအကြောင်းကိုလည်း စတင်ပြောဆိုလာကြပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဓနုရာသီဖွားတစ်ဦးသည် မိမိ၏ ပင်ကိုစရိုက်က မည်သည့်အရာနှင့်တူကြောင်းနှင့် နက္ခတ်ဗေဒင် သင်္ကေတတစ်ခုခု ရှိသည့် လူတို့နှင့် ၎င်းက အဆင်ပြေလေ့ရှိကြောင်းကို သိ၏။ တစ်စုံတစ်ဦးက ထိုနက္ခတ်ဗေဒင် သင်္ကေတ ရှိကြောင်း ၎င်းက သိသွားသည့်အခါ ထိုသူနှင့် ဆက်ဆံရန် လိုလားလေသည်။ ထိုသူသည် အတော် ထူးချွန်သည်ဟု တွေးကာ သူ့အပေါ် အကောင်းမြင်လေသည်။ မိသားစုက ပုံစံသွင်းပေးသည့် ရိုးရာများ၏ လွှမ်းမိုးမှုကိုလည်း ၎င်းတို့ ခံရကြသည်။ ယင်းမှာ အရှေ့တိုင်း ရာသီခွင် သင်္ကေတဖြစ်စေ၊ အနောက်တိုင်း နက္ခတ်ဗေဒင်ပညာဖြစ်စေ၊ ကံကြမ္မာတွင် ထိပ်တိုက်တွေ့မှုများ ရှိသည်ဖြစ်စေ၊ သင်္ကေတများ၏ သဟဇာတဖြစ်ခြင်းက အဖြစ်မှန် တည်ရှိသည်ဖြစ်စေ၊ ပြီးလျှင် ဤအရာများက သင့်အပေါ် မည်သည့်သက်ရောက်မှုတစ်ခုခု ရှိသည်ဖြစ်စေ ယင်းတို့နှင့် စပ်လျဉ်း၍ မည်သည့် ရှုထောင့်အမြင်ကို သင် စွဲကိုင်ရမည်ဟူသည်ကို သင် နားလည်သင့်သည်။ မည်သည့်အရာကို သင် နားလည်သင့်သနည်း။ လူတစ်ဦး၏ မွေးဖွားချိန်၊ ၎င်းတို့ မွေးဖွားသည့် ဆယ်စုနှစ်၊ ၎င်းတို့ မွေးဖွားသည့် လနှင့် အချိန်တို့အားလုံးသည် လူတစ်ဦး၏ ကံကြမ္မာနှင့် ဆက်စပ်ပေသည်။ သင်၏ ကံကြမ္မာ၊ သင်၏ နက္ခတ်ဗေဒင် သင်္ကေတ၊ သို့မဟုတ် သင်၏ ရာသီခွင် သင်္ကေက ကောင်းမည်လော၊ မကောင်းမည်လောဆိုသည်တို့နှင့်ပတ်သက်၍ မည်သည့် ဗေဒင်ဆရာများ သို့မဟုတ် မျက်နှာဖတ်သူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ တိကျမှန်ကန်သည်ဖြစ်စေ၊ အဘယ်အရေးနည်း။ ဤအရာက မည်သည့်အရာကို ရှင်းပြသနည်း။ သင်၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်နှင့်ပြီးသားဖြစ်ကြောင်းကို နောက်ထပ် သက်သေပြသည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ အိမ်ထောင်ရေးက မည်သည့်အရာကဲ့သို့ ဖြစ်မည်၊ မည်သည့်နေရာတွင် သင် နေထိုင်မည်၊ မည်သည့် လူစားမျိုးများ၏ ဝန်းရံခြင်းခံရမည်၊ သင်၏ ဘဝတွင် ရုပ်ဝတ္ထု ကြွယ်ဝမှု မည်မျှ သင် မွေ့လျော်ခံစားရမည်၊ သင် ချမ်းသာကြွယ်ဝမည်လော၊ ဆင်းရဲမည်လော၊ ဆင်းရဲဒုက္ခ မည်မျှ သင် ခါးစည်းခံရမည်၊ သားသမီး မည်မျှရှိမည်ဆိုသည်နှင့် သင်၏ ငွေရေးကြေးရေး အလားအလာ မည်သို့ ဖြစ်လိမ့်မည်ဟူသည်တို့အားလုံးကို စီမံနှင့်ပြီးသား ဖြစ်၏။ သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဗေဒင်ဆရာများက ထိုအရာကို သင့်အတွက် ခန့်မှန်းပေးသည်ဖြစ်စေ၊ မခန့်မှန်းပေးသည်ဖြစ်စေ ပြောင်းလဲသွားလိမ့်မည် မဟုတ်။ ဤအရာများကို သိရှိရန် အရေးကြီးသလော။ လူအချို့သည် “ကျွန်ုပ်၏ အနာဂတ် အလားအလာက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ် ဆင်းရဲမည်လော၊ ချမ်းသာမည်လော။ အကျိုးပြုသည့် လူများနှင့် ကျွန်ုပ် ဆုံလိမ့်မည်လော။ ကျွန်ုပ်၏ ကံကြမ္မာနှင့် ထိပ်တိုက်တွေ့မည့် ကံကြမ္မာရှိသော လူတစ်ဦးတစ်ယောက် ရှိသလော။ ငါ့ဘဝတွင် ဆန့်ကျင်ဘက်ဖြစ်သော လူတစ်ဦးတစ်ယောက်နှင့် ငါ ကြုံရလိမ့်မည်လော။ မည်သည့် အသက်အရွယ်တွင် ငါ သေဆုံးလိမ့်မည်နည်း။ နာမကျန်းဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ရေငတ်ခြင်း သို့မဟုတ် ဆာလောင်ခြင်းကြောင့် ငါ သေဆုံးလိမ့်မည်လော။ ငါ မည်သို့ သေဆုံးလိမ့်မည်နည်း။ ထိုအရာသည် နာကျင်ဖွယ်ဖြစ်လိမ့်မည်လော သို့မဟုတ် ကသိကအောက်ဖြစ်စရာ ဖြစ်လိမ့်မည်လော”ဟူ၍ သိရှိဖို့ အထူးတလည် စိတ်ထက်သန်ကြလေသည်။ ဤအရာများကို သိရှိခြင်းသည် အသုံးဝင်သလော။ (မဝင်ပါ။) အကျဉ်းချုပ်အနေဖြင့် ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ တစ်ခုသာ သင် သေချာရန် လိုအပ်သည်။ အရာရာကို ဘုရားသခင် စီမံထားခြင်း ဖြစ်သည်။ သင်၏ ရာသီခွင် သို့မဟုတ် နက္ခတ်ဗေဒင် သင်္ကေတက မည်သည့်အရာဖြစ်စေ၊ သင်၏ မွေးဖွားချိန်နှင့် ရက်စွဲက မည်သည့်အရာဖြစ်စေ၊ အရာရာကို ဘုရားသခင်က သတ်မှတ်နှင့်ပြီးသား ဖြစ်သည်။ အရာရာကို အတိအကျ စီမံထားပြီးဖြစ်သောကြောင့် သင့်ဘဝတွင် သင် တွေ့ကြုံမည့် ကြီးပွားချမ်းသာခြင်းနှင့် ကြွယ်ဝခြင်းအပြင် သင် နေထိုင်မည့် ပတ်ဝန်းကျင်တို့ကို သင် မမွေးဖွားမီတွင် ဘုရားသခင်က သတ်မှတ်နှင့်ခဲ့ပေသည်။ သင့်အနေဖြင့် ကံခေသည့် အခိုက်အတန့်များကို ရှောင်ရှားရန် နည်းလမ်းအချို့ကို ခံယူရင်း သို့မဟုတ် ကံကောင်းသည့် အခိုက်အတန့်များကို ထိန်းသိမ်းကာ စောင့်ရှာက်ရန် ဆောင်ရွက်မှုအချို့ကို လုပ်ဆောင်ရင်း ဤကိစ္စရပ်များကို အယူသီးခြင်းဖြင့် သို့မဟုတ် လောကီလူတို့၏ ရှုထောင့်အမြင်မှ ချဉ်းကပ်ရန် မလိုအပ်ပေ။ ဤသည်မှာ ကံကြမ္မာနှင့်ပတ်သက်၍ သင် ကိုင်တွယ်ဖြေရှင်းသင့်သည့် နည်းလမ်း မဟုတ်ပေ။ ဥပမာအားဖြင့် အသက်အရွယ်တစ်ခုခုတွင် ဆိုးရွားသည့် နာမကျန်းမှုတစ်ခု ကူးစက်ခံရရန် သင့်အတွက် ကံစီမံထားပြီး မျက်နှာဖတ်သူများက သင်၏ နက္ခတ်ဗေဒင် သင်္ကေတ၊ ရာသီခွင် သင်္ကေတ သို့မဟုတ် မွေးဖွားချိန်တို့ကို အခြေခံ၍ ထိုအရာကို သင့်အား ထောက်ပြလျှင် သင် မည်သည့်အရာကို လုပ်ဆောင်လိမ့်မည်နည်း။ သင် စိုးရွံ့လိမ့်မည်လော၊ သို့မဟုတ် ထိုကိစ္စရပ်ကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာဖို့ ကြိုးစားလိမ့်မည်လော။ (ဖြစ်သမျှအကြောင်း အကောင်းဟူ၍ သည်အတိုင်းသာ ဖြစ်ခွင့်ပေးကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံပါမည်။) ဤသည်မှာ လူတို့ ခံယူသင့်သည့် သဘောထားဖြစ်၏။ သင်၏ ကံကြမ္မာတွင် မည်သည့်အရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်နှင့်ပြီးဖြစ်သည်။ သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ လက်ခံရန် လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ရင်ဆိုင်ရန် အစွမ်းအစရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သို့ဆိုစေ ဤအရာအားလုံးကို ဘုရားသခင်က စီမံနှင့်ပြီးသား ဖြစ်၏။ သင် ထိန်းသိမ်းသင့်သည့် သဘောထားမှာ အဖန်ဆင်းခံတစ်ဦးအနေဖြင့် ဤအချက်များကို လက်ခံသည့်သဘောထား ဖြစ်သည်။ ထိုအရာ ဖြစ်ပျက်ပြီးသည်ဖြစ်စေ၊ မဖြစ်ပျက်သေးသည်ဖြစ်စေ၊ ယင်းကို သင်ရင်ဆိုင်လိုသည်ဖြစ်စေ၊ ရင်မဆိုင်လိုသည်ဖြစ်စေ သင်၏ အနာဂတ်တွင် မည်သည့်အရာ ဖြစ်လိမ့်မည်ဆိုသည်ကို သိရှိရန်နှင့် ထိုအရာကို အမြန်ဆုံး ရှောင်ရှားရန်အလို့ငှာ နက္ခတ်ဗေဒင်၊ ရာသီခွင် သင်္ကေတများ၊ သို့မဟုတ် မျက်နှာဖတ်ခြင်း သို့မဟုတ် အမျိုးမျိုးသော အရင်းအမြစ်များကို ရှာဖွေခြင်းကဲ့သို့သော အရာများနှင့် စပ်လျဉ်း၍ အားထုတ်ခြင်းထက် သို့မဟုတ် အခြားသူများထံမှ အကြံတောင်းခြင်းထက် အဖန်ဆင်းခံတစ်ဦးအနေဖြင့် ထိုအရာကို လက်ခံကာ ရင်ဆိုင်သင့်ပေသည်။ သင့်အတွက် ဘုရားသခင် စီစဉ်သည့် ကံကြမ္မာနှင့် ဘဝကို ထိုသို့သော သဘောထားတစ်ခုဖြင့် သဘောထားခြင်းက မှားပေသည်။ လူအချို့၏ မိဘများက “သင်၏ နက္ခတ်ဗေဒင် သင်္ကေတအပြင် သင်၏ တရုတ် ရာသီခွင် သင်္ကေတနှင့် မွေးဖွားချိန်တို့အရ သင်၏ ဘဝတွင် မီးကို ဝင်ခွင့်မပေးသင့်ပါ”ဟု ၎င်းတို့ကို ပြောသည့် ဗေဒင်ဆရာတစ်ဦးကို ရှာပေးကြသည်။ ဤအရာကို ကြားသည့်နောက်တွင် သတိရကြပြီး ယုံကြည်ကာ နောက်ပိုင်းတွင် ထိုအရာက ၎င်းတို့၏ နေ့စဉ်ဘဝ၌ ပုံမှန် ရှောင်ကြဉ်ရသည့်အရာတစ်ခု ဖြစ်လာသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦး၏ နာမည်တွင် “မီး”အတွက် အက္ခရာတစ်ခု ပါရှိလျှင် ထိုလူနှင့် ၎င်းတို့ ဆက်ဆံကြလိမ့်မည် မဟုတ်သကဲ့သို့ ဆက်ဆံလျှင်ပင် ထိုသူတို့နှင့် ရင်းနှီးအောင် နေမည်မဟုတ်၊ သို့မဟုတ် ထိုသူတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခုခု ရှိမည် မဟုတ်ပေ။ ဤအရာကို ၎င်းတို့ ကြောက်ရွံ့ပြီး ရှောင်ရှားကြလိမ့်မည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦး၏ နာမည်သည် လီကန်ဖြစ်လျှင် ၎င်းတို့က “အက္ခရာ ‘ကန်’တွင် ‘မီး’ဟူသော အစိတ်အပိုင်းနှင့် ‘တောင်’ဟူသော အစိတ်အပိုင်းတစ်ခု ပါရှိသည်။ ယင်းမှာ ဆိုးရွားပေသည်၊ ထိုနာမည်တွင် ‘မီး’ဟူသည့် အစိတ်အပိုင်း ရှိသောကြောင့် သူနှင့် ငါ ဆက်ဆံ၍မဖြစ်ပါ။ သူ့ကို ငါ ခပ်တန်းတန်း ဆက်ဆံရမည်”ဟု စဉ်းစားရင်း ထိုအရာကို ၎င်းတို့စိတ်ထဲတွင် သေချာ ဆင်ခြင်သုံးသပ်ကြလေသည်။ ဤလူနှင့် ဆက်ဆံရန် ၎င်းတို့ ကြောက်ရွံ့ကြလိမ့်မည်။ ၎င်းတို့ တတ်နိုင်သရွေ့ အိမ်တွင် မီးဖိုချောင် မီးဖိုကို ရှောင်ရှားကြလိမ့်မည်။ ဖယောင်းတိုင်မီးဖြင့် ညစာစားခြင်းများတွင် ပါဝင်ကြမည်မဟုတ်။ မီးပုံပွဲ ပါတီများကို တက်ကြလိမ့်မည် မဟုတ် သို့မဟုတ် မီးလင်းဖိုတစ်ခုရှိသည့် အိမ်များကို သွားကြလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤအရာအားလုံးတွင် မီးပါဝင်သောကြောင့် ဖြစ်သည်။ ခရီးတိုတစ်ခုကို ၎င်းတို့ သွားလိုကြပြီး ထိုနေရာတစ်ခုခုတွင် မီးတောင်တစ်ခုရှိသည်ဟု ကြားလျှင် သွားကြမည်မဟုတ်။ ဧဝံဂေလိ ဖြန့်ဝေရန် တစ်နေရာရာသို့ သွားသည့်အခါ ၎င်းတို့ ဧဝံဂေလိ ဝေမျှသည့် လူ၏ မျိုးရိုးအမည်နှင့် အမည်အကြောင်းကို မေးမြန်းရမည်ဖြစ်ပြီး ထိုလူ၏ နာမည်တွင် “မီး”အတွက် အက္ခရာ မရှိသည်ကို သေချာအောင်လုပ်မည်ဖြစ်သည်။ သို့သော် ထိုလူသည် အိမ်တွင် သံလုပ်သည့် ပန်းပဲသမားဖြစ်လျှင် ၎င်းတို့ လုံးဝ သွားမည်မဟုတ်။ ၎င်းတို့၏ သိစိတ်ထဲတွင် အရာရာ ဘုရားသခင်လက်ထဲတွင် ရှိသည်ဟူ၍ ယုံကြည်ပြီး မကြောက်ရွံ့သင့်ကြောင်း သိကြသော်လည်း ထိုသို့သော တားမြစ်ထားသော ကိစ္စရပ်များကို ကြုံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ပူပန်ကာ ကြောက်ရွံ့ကြပြီး တားမြစ်ချက်ကို မချိုးဖောက်ဝံ့ကြချေ။ ၎င်းတို့ မခံနိုင်မည့် မတော်တဆမှုနှင့် ကပ်ဘေးများ ဖြစ်မည်ကို အမြဲ စိုးရွံ့ကြသည်။ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း မရှိကြချေ။ အခြားကဏ္ဍများတွင် ၎င်းတို့ နာခံနိုင်ကြသည်၊ အခက်အခဲကို ခါးစည်းခံနိုင်ကြပြီး အဖိုးအခပေးနိုင်ကြသော်လည်း ဤကိစ္စရပ်မှာ ၎င်းတို့ သည်းမခံနိုင်သည့်အရာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ၎င်းတို့ကို “သင်၏ တစ်ဘဝလုံး အတောအတွင်းတွင် တံတားတစ်ခုကို သင်မည်သည့်အခါတွင်မျှ ဖြတ်၍မရပါ။ တံတားတစ်ခုကို သင် ဖြတ်လျှင် မတော်တဆမှုတစ်ခု ဖြစ်လိမ့်မည်။ တံတားအချို့ကို သင် ဖြတ်လျှင် ယင်းမှာ သာ၍ပင် အန္တရာယ်များလိမ့်မည်ဖြစ်ပြီး သင်၏ဘဝသည် အန္တရာယ်ရှိလိမ့်မည်”ဟု ပြောလျှင် ဤစကားများကို ၎င်းတို့ သတိရကြလိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အလုပ်သွားသည်ဖြစ်စေ၊ မိတ်ဆွေများနှင့် တွေ့ဆုံသည်ဖြစ်စေ၊ စုဝေးပွဲများပင် တက်သည်ဖြစ်စေ၊ တားမြစ်ချက် ချိုးဖောက်မိမည်စိုးလျက်၊ တံတားများကို ၎င်းတို့ ရှောင်ကြလိမ့်မည်ဖြစ်ကာ လမ်းလွှဲမှ သွားကြလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့ သေချာပေါက် သေလိမ့်မည်ဟု မယုံကြည်ကြသော်လည်း ဤကိစ္စရပ်အားဖြင့် စိတ်သောကရောက်ကြလေသည်။ ရံဖန်ရံခါတွင် ၎င်းတို့အနေဖြင့် တံတားတစ်စင်းကို ဖြတ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိသကဲ့သို့ ဖြတ်ပြီးနောက်တွင် “အရာရာက ဘုရားသခင် လက်ထဲတွင်ရှိသည်ကို ကျွန်ုပ်ယုံကြည်သည်။ ဘုရားသခင်က ကျွန်ုပ်ကို သေခွင့်မပေးလျှင် ကျွန်ုပ် သေမည်မဟုတ်”ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးသည် ဤဆိုရိုးအားဖြင့် သောကရောက်ပြီး ထိုအရာကို မခါချနိုင်ကြချေ။ လူအချို့က ရေသည် ၎င်းတို့ ကံကြမ္မာကို ဆန့်ကျင်စီးဆင်းသည်ဟု ပြောကြသည်။ ထို့ကြောင့် စမ်းချောင်းများ သို့မဟုတ် ရေတွင်းများ အနီးသွားခြင်းကို ရှောင်ကြသည်။ သူမ၏ ခြံထဲတွင် ရေကူးကန်တစ်ခုရှိသည့် ညီအစ်မတစ်ဦး ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် သူမ၏ အိမ်ရှိ စုဝေးပွဲများကို မသွားခဲ့ကြသကဲ့သို့ နောက်ထပ် စုဝေးပွဲစီစဉ်သူ ပြောင်းသွားသည့်အခါတွင်လည်း ထိုသူ၏နေအိမ်တွင် ငါးကန်တစ်ခုရှိသဖြင့် ထိုနေရာသို့လည်း မသွားခဲ့ကြချေ။ ရေရှိသည့် မည်သည့်နေရာသို့မဆို ၎င်းတို့ သွားကြမည်မဟုတ်သကဲ့သို့ ရေရှင်ဖြစ်စေ၊ ရေသေဖြစ်စေ ထိကြမည်မဟုတ်။ နေ့စဉ်ဘဝတွင် မိသားစု ပုံစံသွင်းပေးခြင်းမှ ဤအဓိပ္ပာယ်မရှိသည့် ဆိုရိုးများတွင် ရိုးရာယဉ်ကျေးမှုနှင့် အယူသီးခြင်းတို့ ပါဝင်လေသည်။ အတိုင်းအတာတစ်ခုအထိ ဤဆိုရိုးများက အချို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ လူတို့၏ အမြင်များကို ထိခိုက်ပြီး ၎င်းတို့၏ နေ့စဉ် အလေ့အထ သို့မဟုတ် ဘဝနေထိုင်မှုပုံစံကို သက်ရောက်လေသည်။ ဤအရာက အတိုင်းအတာတစ်ခုအထိ လူတို့၏ အတွေးများကို ချည်နှောင်ကာ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်ဆိုင်သော ၎င်းတို့၏ စည်းမျဉ်းများနှင့် မှန်ကန်သည့် နည်းလမ်းများကို ထိန်းချုပ်လေသည်။

လူအချို့က “ဤရိုးရာများနှင့် အယူသီးခြင်းများသည် ခရစ်ယာန်ဘာသာ ပြင်ပရှိ အချို့သော ရိုးရာ အတွေးများ၊ အယူသီးခြင်းများနှင့် သက်ဆိုင်လျှင် ယင်းတို့ကို ငါတို့ ဝေဖန်ကာ လက်လွှတ်သင့်ပေသည်။ သို့ရာတွင် ရှေးရိုးစွဲ ဘာသာတရားများ၏ အချို့သော အတွေးများ၊ ရှုထောင့်အမြင်များ၊ ရိုးရာများ သို့မဟုတ် အယူသီးခြင်းများနှင့် ပတ်သက်လာသည့်အခါ လူတို့သည် ထိုအရာများကို လက်လွှတ်ရန် လိုအပ်သည် မဟုတ်လော။ ယင်းတို့ကို ငါတို့၏ နေ့စဉ်ဘဝများတွင် အောက်မေ့ပြီး ထိန်းသိမ်းရန်ဖြစ်သည့် အခါကြီးရက်ကြီးတစ်ခု သို့မဟုတ် ဘဝနေထိုင်မှုပုံစံတစ်ခုအဖြစ် မယူဆသင့်သလော။” (မယူဆသင့်ပါ၊ ယင်းတို့သည် ဘုရားသခင်ထံမှ လာခြင်းမဟုတ်သောကြောင့် နှစ်ခုလုံးကို ကျွန်ုပ်တို့ လက်လွှတ်သင့်ပါသည်။) ဥပမာအားဖြင့် ခရစ်ယာန်ဘာသာမှ လာသည့် အကြီးမားဆုံးသော အားလပ်ရက်မှာ ခရစ္စမတ်ဖြစ်သည်။ ထိုအကြောင်းကို သင်တို့ တစ်ခုခု သိကြသလော။ ယနေ့ခေတ်တွင် အရှေ့အရပ်ရှိ အဓိကမြို့ကြီးအချို့ကလည်း ခရစ္စမတ်ကို ကျင်းပကြသည်၊ ခရစ္စမတ်ပါတီများ စီစဉ်ကြပြီး ခရစ္စမတ်အကြိုကို ကျင်းပကြသည်။ ခရစ္စမတ်အပြင် အီစတာနေ့နှင့် ပဿခါနေ့များလည်း ရှိသည်။ ယင်းတို့ နှစ်ခုလုံးသည်လည်း အဓိက ဘာသာရေး အခါကြီးရက်ကြီးများ ဖြစ်သည်။ အချို့သော အခါကြီးရက်ကြီးများတွင် ကြက်ဆင်နှင့် အသားကင် စားခြင်းပါဝင်စဉ်တွင် အခြားအားလပ်ရက်များတွင် ၎င်းတို့ကို သန့်ရှင်းစေသည့် လူတို့အတွက် အပြစ်ဖြေရာယဇ်တစ်ခုအဖြစ် သခင်ယေရှု၏ အဖိုးတန် အသွေးတော်ကို ပုံဆောင်သည့် အနီရောင်နှင့် အဖြူရောင်ဖြစ်သော သကြားလုံးအချောင်းများကို စားခြင်း ပါဝင်သည်။ အနီရောင်က သခင်ယေရှု၏ အဖိုးတန် အသွေးတော်ကို ကိုယ်စားပြုသည်၊ အဖြူရောင်က သန့်ရှင်းခြင်းကို ကိုယ်စားပြုပြီး လူတို့က ဤသကြားလုံးမျိုးကို စားကြ၏။ အီစတာပွဲတော်အတွင်း အီစတာကြက်ဥများ စားသည့် ရိုးရာလည်းရှိ၏။ ဤအခါကြီးရက်ကြီးများအားလုံးက ခရစ်ယာန်ဘာသာနှင့် ဆက်စပ်ပေသည်။ မာရိ၊ ယေရှုနှင့် လက်ဝါးကပ်တိုင် ပုံများကဲ့သို့သော ခရစ်ယာန်တို့ အထွတ်အမြတ်ထားရာအချို့လည်း ရှိသည်။ ဤအရာများသည် ခရစ်ယာန်ဘာသာမှ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး ငါ၏ အယူအဆတွင် ယင်းတို့သည်လည်း ရိုးရာတစ်မျိုး ဖြစ်ပေသည်။ ဤရိုးရာများနောက်ကွယ်တွင် အယူသီးခြင်းအချို့ ပါဝင်ကောင်း ပါဝင်နိုင်သည်။ တိုတိုပြောရလျှင် ဤအယူသီးသည့် ဆိုရိုးများတွင် ပါဝင်သည့် အကြောင်းအရာက မည်သည့်အရာဖြစ်စေ၊ သမ္မာတရား၊ လူတို့ လိုက်လျှောက်သည့် လမ်းကြောင်း သို့မဟုတ် အဖန်ဆင်းခံများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ မပါဝင်သရွေ့ ယင်းတို့သည် ယခု သင်တို့ ဝင်ရောက်သင့်သည့်အရာနှင့် ဘာမျှ ပတ်သက်မှုမရှိသကဲ့သို့ ယင်းတို့ကို သင် လက်လွှတ်သင့်ပေသည်။ ယင်းတို့ကို အလေးထားအပ်ပြီး မချိုးဖောက်အပ်သောအရာအဖြစ် မယူဆသင့်ပေ၊ ယင်းတို့ကို အထင်အမြင်သေးရန်လည်း မလိုအပ်သည်မှာ အမှန်ဖြစ်သည်။ ယင်းတို့ကို မှန်ကန်စွာဖြင့်သာ သဘောထားလော့။ ဤအခါကြီးရက်ကြီးများသည် ငါတို့နှင့် ပတ်သက်မှု တစ်ခုခု ရှိသလော။ (မရှိပါ။) ယင်းတို့သည် ငါတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ တစ်ခါတွင် နိုင်ငံခြားသားတစ်ဦးက ငါ့ကို “သင်တို့ ခရစ္စမတ်ပွဲ ကျင်းပကြသလော”ဟု မေးသည်။ ငါက “မကျင်းပပါ”ဟု ပြောခဲ့သည်။ “သို့ဆိုလျှင် တရုတ်နှစ်သစ်ကူး ကျင်းပကြသလော။ နွေဦးပွဲတော် ကျင်းပကြသလော။” ငါက “မကျင်းပပါ”ဟု ပြောသည်။ “သို့ဆိုလျှင် မည်သည့်အခါကြီးရက်ကြီးကို သင်တို့ ကျင်းပကြသနည်း” ဟူ၏။ ငါက “ကျွန်ုပ်တို့တွင် အခါကြီးရက်ကြီးများ မရှိပါ။ ကျွန်ုပ်တို့အတွက် နေ့တိုင်းက အတူတူပင် ဖြစ်သည်။ အခါကြီးရက်ကြီးများကြောင့် မဟုတ်ဘဲ မည်သည့်ရက်တွင်မဆို ကျွန်ုပ်တို့ စားလိုသည့်အရာတိုင်းကို စားကြသည်။ ကျွန်ုပ်တွင် ရိုးရာများမရှိပါ”ဟု ပြောခဲ့သည်။ သူက “အဘယ်ကြောင့်နည်း”ဟု မေးသည်။ ငါက “အကြောင်းရင်းမရှိပါ။ ဤဘဝနေနည်းက မည်သည့် စိတ်ကျဉ်းကျပ်မှုမျှမရှိဘဲ အလွန် လွတ်လပ်သည်။ ဘုရားသခင်က မည်သည့် လုပ်ရိုးလုပ်စဉ်မျှမရှိဘဲ သဘာဝအလျောက် ကန့်သတ်ချုပ်ချယ်မှုမရှိ ပေးထားသော အချိန်နှင့် အတိုင်းအတာအတိုင်း စားရင်း၊ အနားယူရင်း၊ အလုပ်လုပ်ရင်းနှင့် လှုပ်ရှားရင်း၊ စည်းမျဉ်းများကို လိုက်လျှောက်ရင်းဖြင့်သာ မည်သည့် လုပ်ရိုးလုပ်စဉ်မျှမရှိဘဲ ကျွန်ုပ်တို့ အသက်ရှင်ကြသည်”ဟု ပြောခဲ့သည်။ အထူး ဘာသာရေး ပစ္စည်းဖြစ်သည့် လက်ဝါးကပ်တိုင်နှင့် ပတ်သက်လာသည့်အခါ အလေးအမြတ်ထားအပ်သည်ဟု လူအချို့က ယုံကြည်ကြသည်မှာ ပြောစရာမလိုပေ။ ထိုလက်ဝါးကပ်တိုင်ကို အလေးအမြတ် ထားအပ်သလော။ အလေးအမြတ်ထားအပ်သော အရာအဖြစ် ဖော်ပြနိုင်သလော။ မာရိ၏ ပုံကို အလေးအမြတ် ထားအပ်သလော။ (မထားအပ်ပါ။) ယေရှု၏ ပုံကို အလေးအမြတ် ထားအပ်သလော။ ထိုအရာကို သင်တို့ ပြောရန် အလွန်ဝံ့ရဲခြင်း မရှိပေ။ ယေရှု၏ ပုံကို အဘယ်ကြောင့် အလေးအမြတ်မထားအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုပုံကို လူသားများက ရေးဆွဲထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သည့် ပုံသဏ္ဌာန် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ဘာမျှ မပတ်သက်ပေ။ ထိုအရာသည် ပန်းချီကားတစ်ချပ်သာ ဖြစ်သည်။ မာရိ၏ ပုံကိုမူ ပြောရန် မလိုပေ။ ယေရှုက မည်သည့်ပုံပေါက်သည်ကို မည်သူမျှ မသိသောကြောင့် သူ့ပုံကို မမြင်ဘဲ ရေးဆွဲရုံရေးဆွဲကြပြီး ပန်းချီကား ပြီးစီးသည့်အခါ ထိုပန်းချီကားကို မျက်နှာမူလျက် ကိုးကွယ်ရန် သင့်အား စေခိုင်းလေသည်။ ယင်းကို ကိုးကွယ်ရန်မှာ သင်သည် မိုက်မဲမည် မဟုတ်လော။ ဘုရားသခင်သည် သင် ကိုးကွယ်သင့်သူဖြစ်သည်။ ရုပ်တု၊ ပုံတူ သို့မဟုတ် ပန်းချီကားတစ်ခုခုကို ပျပ်ဝပ်ကိုးကွယ်သည့် ခမ်းနားကြီးကျယ်သော ပြစားမှုတစ်ခုကို သင် မပြုလုပ်သင့်ပေ။ ထိုအရာသည် အရာဝတ္ထုတစ်ခုရှေ့ ပျပ်ဝပ်ခြင်းအကြောင်း မဟုတ်ပေ။ ဘုရားသခင်ကို သင် ကိုးကွယ်ကာ သင်၏ စိတ်နှလုံးတွင် သူ့ကို ကြည်ညိုသင့်သည်။ လူတို့သည် ရုပ်တုများသာဖြစ်သည့် လက်ဝါးကပ်တိုင် သို့မဟုတ် မာရိ သို့မဟုတ် ယေရှု၏ ပုံများရှေ့တွင် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ စစ်မှန်သည့် ပုဂ္ဂိုလ်ရှေ့တွင် ဝပ်စင်းသင့်သည်။ လက်ဝါးကပ်တိုင်သည် ဘုရားအမှုတော်ထဲက ဒုတိယအဆင့်၏ သင်္ကေတတစ်ခုသာ ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရ သို့မဟုတ် လူသားမျိုးနွယ်အတွက် သတ်မှတ်ချက်များနှင့် ဘာမျှ ပတ်သက်ခြင်း မရှိပေ။ ဘုရားသခင်၏ အနှစ်သာရကို မဆိုထားနှင့်၊ သူ၏ ပုံရိပ်ကိုပင် ကိုယ်စားမပြုပေ။ ထို့ကြောင့် လက်ဝါးကပ်တိုင်တစ်ခုကို ဆွဲထားခြင်းသည် သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား ကိုယ်စားမပြုပေ၊ သို့မဟုတ် သင့်တွင် အကာအကွယ် အဆောင်တစ်ခု ရှိသည်ဟု ကိုယ်စားမပြုပေ။ ငါသည် လက်ဝါးကပ်တိုင်ကို မည်သည့်အခါကမျှ ကိုယ်စားမပြုဖူးပေ။ ငါ၏ အိမ်တွင် လက်ဝါးကပ်တိုင် သင်္ကေတတစ်ခုမျှ၊ ဤအရာများ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ခရစ္စမတ်နှင့် အီစတာပွဲတော်များကို မဆင်နွှဲခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် ဤအရာများကို အလွယ်တကူ လက်လွှတ်နိုင်ကြသော်လည်း လက်ဝါးကပ်တိုင်၊ မာရိနှင့် ယေရှု၏ ပုံများကဲ့သို့သော ဘာသာရေး သွင်ပြင်လက္ခဏာများနှင့်ပတ်သက်လျှင် သို့မဟုတ် သမ္မာကျမ်းစာအုပ်နှင့်ပင် ပတ်သက်လျှင် လက်ဝါးကပ်တိုင်တစ်ခု သို့မဟုတ် မာရိ သို့မဟုတ် ယေရှု၏ ပုံတစ်ပုံကို လွှင့်ပစ်ရန် ၎င်းတို့ကို သင် ပြောသည့်အခါ ၎င်းတို့က “အို၊ ယင်းမှာ အလွန် မရိုသေရာကျသည်၊ အလွန်မရိုသေရာကျသည်။ ခွင့်လွှတ်ဖို့အတွက်၊ ခွင့်လွှတ်ဖို့အတွက် ဘုရားသခင်ကို အလျင်အမြန် တောင်းခံလော့...”ဟု တွေးကြလိမ့်မည်။ အကျိုးဆက်များ ရှိလိမ့်မည်ဟု လူတို့ ခံစားကြသည်။ သင်သည် ဤအရာဝတ္ထုများကို ပျက်စီးစေသော အရာတစ်ခုမျှ တမင် လုပ်ရန် မလိုအပ်သကဲ့သို့ ယင်းတို့အတွက် လေးစားမှုတစ်ခုခု ရှိရန်လည်း မလိုအပ်သည်မှာ ပြောစရာမလိုပေ။ ယင်းတို့သည် အရာဝတ္ထုများသာ ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့်ဖြစ်စေ၊ ပင်ကိုလက္ခဏာနှင့်ဖြစ်စေ မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။ သင်သိထားသင့်သည့် အရာတစ်ခုရှိ၏။ လူသားတို့ ရွေးချယ်သတ်မှတ်ခဲ့သည့် ခရစ်စမတ်နှင့် အီစတာ အခါကြီးရက်ကြီးများနှင့် ပတ်သက်လာသည့်အခါတွင် ဤအရာများသည်လည်း ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်ဖြစ်စေ၊ အနှစ်သာရနှင့်ဖြစ်စေ၊ လူတို့အတွက် သူ၏ အမှုတော်နှင့်ဖြစ်စေ၊ လူတို့အတွက် သူ၏ သတ်မှတ်ချက်များနှင့်ဖြစ်စေ မည်သည့်အရာမျှ ပတ်သက်ခြင်း မရှိသည်မှာ ပြောစရာပင်မလိုပေ။ သင့်အနေဖြင့် ခရစ္စမတ် အကြိမ်တစ်ရာ သို့မဟုတ် အကြိမ်တစ်သောင်း ဆင်နွှဲလျှင်ပင် ခရစ္စမတ် သို့မဟုတ် အီစတာကို သင် ဆင်နွှဲသည့် ဘဝတစ်သက်တာ မည်မျှရှိသည်ဖြစ်စေ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်းအတွက် အစားထိုးတစ်ခု မဟုတ်ပေ။ သင်သည် ဤအရာများကို လေးစားကြည်ညိုပြီး “အနောက်တိုင်းသို့ ကျွန်ုပ် ခရီးသွားရမည်။ အနောက်တိုင်းတွင် ခရစ္စမတ်ကို ကျွန်ုပ် ဆင်နွှဲ၍ရသည်။ ခရစ္စမတ်ကို အလေးအမြတ်ထားအပ်၏။ ခရစ္စမတ်သည် ဘုရားသခင်၏ အမှုတော်ကို အထိမ်းအမှတ်အဖြစ် ကျင်းပရမည့် နေ့တစ်နေ့ဖြစ်သည်။ ကျွန်ုပ်တို့ အမှတ်တရဖြစ်စေရန် ကျင်းပသင့်သည့် နေ့တစ်နေ့လည်း ဖြစ်သည်။ ထိုနေ့ရက်နှင့်ပတ်သက်၍ ငါတို့ အလေးအနက်ထားသင့်သည်။ အီစတာသည် လူတိုင်း၏ အာရုံကို သာ၍ပင် ဆွဲဆောင်သည့် နေ့တစ်နေ့ ဖြစ်သည်။ ထိုနေ့သည် လူ့ဇာတိခံဘုရားသခင်၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပရမည့် နေ့တစ်နေ့ ဖြစ်သည်။ ထိုသို့သော နေ့ရက်တစ်ရက်တွင် ကျွန်ုပ်တို့ အတူတကွ ဝမ်းမြောက်သင့်သည်။ ဤနေ့ရက်ကို အစဉ်အမြဲ အထိမ်းအမှတ်အဖြစ် အမှတ်တရကျင်းပရင်း ပါဝင်ဆင်နွှဲကာ အချင်းချင်း ဝမ်းမြောက်ကြောင်း ပြောဆိုသင့်သည်”ဟု ပြောရန် မလိုပေ။ ဤအရာများသည် လူ့စိတ်ကူးများသာ ဖြစ်သည်၊ ဘုရားသခင်က မလိုအပ်ပေ။ ဘုရားသခင်သည် လူတို့အား ဤနေ့ရက်များကို အထိမ်းအမှတ်အဖြစ် အမှတ်တရကျင်းပစေရန် လိုအပ်ပါက သူသည် သင့်ကို နှစ်၊ လ၊ ရက်၊ နာရီ၊ မိနစ်နှင့် စက္ကန့် အတိအကျကို ပြောပြပေမည်။ သူသည် သင့်ကို နှစ်၊ လ၊ ရက် အတိအကျ မပြောရသေးလျှင် လူတို့အနေဖြင့် ဤနေ့ရက်များကို အထိမ်းအမှတ်အဖြစ် အမှတ်တရ ကျင်းပရန် ဘုရားသခင် မလိုအပ်ကြောင်း ဤအရာက သင့်ကို ပြောပြပေသည်။ သင်သည် ထိုနေ့များကို အထိမ်းအမှတ်အဖြစ် အမှတ်တရ ကျင်းပလျှင် ဘုရားသခင်၏ ကန့်သတ်ချက်များကို သင် ချိုးဖောက်မိလိမ့်မည်ဖြစ်ပြီး ထိုအရာကို သူ နှစ်သက်လိမ့်မည် မဟုတ်။ ဘုရားသခင်က မနှစ်သက်သော်လည်း သင်က ဤအရာကို မလျှော့တမ်းလုပ်ဆောင်ကာ ဘုရားသခင်ကို သင် ကိုးကွယ်နေခြင်းဖြစ်သည်ဟု အခိုင်အမာဆိုသည်။ ထိုအခါ ဘုရားသခင်သည် သင့်ကို သာ၍ပင် စက်ဆုပ်လာပြီး သင် သေထိုက်ပေသည်။ သင် နားလည်သလော။ (နားလည်ပါသည်။) ဤအားလပ်ရပ်များကို သင် ယခု ဆင်နွှဲလိုလျှင် ဘုရားသခင်သည် သင့်ကို အာရုံစိုက်လိမ့်မည် မဟုတ်သကဲ့သို့ သင်သည် အနှေးနှင့်အမြန် အဖိုးအခပေးရလိမ့်မည်ဖြစ်ကာ သင်၏ မှားယွင်းသော လုပ်ရပ်များအတွက် တာဝန်ခံရလိမ့်မည်။ ထို့ကြောင့် သင့်ကို ငါ ပြောသည်၊ လက်ဝါးကပ်တိုင်ရှေ့တွင် အကြိမ်ပေါင်း မည်ရွေ့မည်မျှ သင် ဝပ်စင်းပြီး ဦးညွှတ်ခြင်းထက် သူ၏ နှုတ်ကပတ်တော်များထဲမှ တစ်ခွန်းကို အမှန်တကယ် နားလည်ကာ သူ၏ နှုတ်ကပတ်တော်များကို နာခံရန်မှာ သင့်အတွက် သာ၍ အရေးကြီးပေသည်။ ဤအရာကို သင် အကြိမ်ပေါင်းမည်မျှ လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီးဖြစ်ပြီး သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နေကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကို လက်ခံနေကြောင်း သို့မဟုတ် သူ တောင်းဆိုသည့် စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်နေကြာင်း မဆိုလိုပေ။ ထိုအရာကို ဘုရားသခင်က အောက်မေ့သတိရလိမ့်မည် မဟုတ်။ ထို့ကြောင့် လက်ဝါးကပ်တိုင်ကို အထူးသဖြင့် အလေးအမြတ်ထားအပ်သည်ဟု သင် ခံစားလျှင် ဤနေ့မှစ၍ ရှေ့ဆက်ပြီး ဤအတွေးနှင့် ရှုထောင့်အမြင်ကို သင် လက်လွှတ်ကာ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ သင်၏ ချစ်ခင်မြတ်နိုးသော လက်ဝါးကပ်တိုင်ကို ထုတ်ပစ်သင့်ပေသည်။ ထိုအရာသည် ဘုရားသခင်ကို ကိုယ်စားမပြုသကဲ့သို့ ထိုအရာကို ကိုးကွယ်ခြင်းသည် သင်က ဘုရားတရားကိုင်းရှိုင်းသည်ဟု မဆိုလိုပေ။ ထိုအရာကို တန်ဖိုးထားခြင်း၊ ချစ်ခင်မြတ်နိုးခြင်း သို့မဟုတ် သင်၏ ပုခုံးထက်တွင်ပင် တစ်နေ့လုံး သယ်ဆောင်ခြင်းသည် ဘုရားသခင်ကို သင် ကိုးကွယ်နေသည်ဟု မဆိုလိုပေ။ လက်ဝါးကပ်တိုင်သည် ဘုရားသခင့်အမှုတော်၏ အဆင့်တစ်ဆင့်တွင် အသုံးပြုသည့် တန်ဆာပလာတစ်ခုသာ ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရ၊ စိတ်သဘောထား သို့မဟုတ် ပင်ကိုလက္ခဏာတို့နှင့် ဆက်စပ်ခြင်း မရှိပေ။ လက်ဝါးကပ်တိုင်ကို ဘုရားသခင်ဖြစ်သည့်အလား သင် မလျှော့တမ်း ကိုးကွယ်လျှင် ဤသည်မှာ ဘုရားသခင် စက်ဆုပ်မုန်းတီးသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ အောက်မေ့သတိရခြင်းကို သင် ရရှိလိမ့်မည် မဟုတ်သည်သာမက သူ၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံရလိမ့်မည်။ သင်သည် ထိုအရာနှင့်ပတ်သက်၍ မလျှော့တမ်း လုပ်ဆောင်ပြီး “သင့်ကို ကျွန်ုပ် နားထောင်မည်မဟုတ်။ ကျွန်ုပ်၏ အမြင်တွင် လက်ဝါးကပ်တိုင်ကို အလေးအမြတ်ထားအပ်ပြီး ချိုးဖောက်၍ မရပါ။ လက်ဝါးကပ်တိုင်က အရေးမကြီးသလို ဘုရားသခင်ကို ကိုယ်စားမပြုဟူသော သင်၏ စကားများကို ကျွန်ုပ် မယုံကြည်၊ လက်မခံပါ”ဟု ပြောလျှင် သင့်တော်သည်ဟု သင် မြင်သည့်အတိုင်း လုပ်ဆောင်နိုင်ပြီး နောက်ဆုံးတွင် ယင်းက သင့်အတွက် မည်သည့် အဆုံးသတ်ရလဒ် ဖြစ်စေသည်ကို သင်မြင်ရလိမ့်မည်။ ဘုရားသခင်သည် အချိန်ကြာမြင့်စွာက လက်ဝါးကပ်တိုင်မှ ဆင်းလာပြီးဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ အမှုတော် အဆင့်တစ်ဆင့်တွင် အသုံးပြုခဲ့သည့် မထင်ရှားဆုံးသော တန်ဆာပလာဖြစ်သည်။ ထိုအရာသည် အရာဝတ္ထုတစ်ခုသာဖြစ်ပြီး ဘုရားသခင်၏ အမြင်တွင် ယင်းကို ထိန်းသိမ်းရလောက်အောင် မည်သည့်တန်ဖိုးမျှ မရှိပေ။ ထိုအရာကို တန်ဖိုးထားရန်၊ ချစ်ခင်ရန် သို့မဟုတ် ကြည်ညိုရန် သို့မဟုတ် လေးစားရန် သင့်အတွက် မလိုအပ်သည်မှာ အမှန်ဖြစ်၏။ ဤအရာအားလုံး မလိုအပ်ပေ။ လူတို့၏ စိတ်နှလုံးများတွင် သမ္မာကျမ်းစာကိုလည်း အလွန် မြတ်နိုးတန်ဖိုးထားကြသည်။ သမ္မာကျမ်းစာကို ၎င်းတို့ မဖတ်ရှုတော့သော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် တိကျသည့် နေရာတစ်ခုကို စွဲကိုင်ထားဆဲဖြစ်၏။ သမ္မာကျမ်းစာနှင့်ပတ်သက်၍ မိမိတို့၏ မိသားစု သို့မဟုတ် ဘိုးဘေးများမှ လက်ဆင့်ကမ်းလာခဲ့သည့် ၎င်းတို့၏ အမြင်များကို လုံးဝ လက်မလွှတ်နိုင်ဖြစ်ကြဆဲ ဖြစ်သည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံ သင်သည် ကျမ်းစာကို ဘေးဖယ်ထားသည့်အခါ “အို၊ ငါ ဘာလုပ်နေမိသနည်း။ ယင်းမှာ သမ္မာကျမ်းစာဖြစ်သည်။ လူတို့က မြတ်နိုးသင့်သည်။ သမ္မာကျမ်းစာကို အလေးအမြတ်ထားအပ်သည်။ သာမန်တစ်အုပ်တစ်အုပ်ဖြစ်သည့်အလား ဂရုမစိုက်ဟန်ဖြင့် သဘောမထားသင့်ပါ။ ဖုန်မှုန့်များ အလွန်များစွာ စုနေပြီး မည်သူကမျှ ဒုက္ခခံပြီး သန့်ရှင်းရေးမလုပ်ပေးပါ။ စာအုပ်ထောင့်များ ကွေးနေပြီး မည်သူကမျှ မဖြောင့်ပေးကြပါ”ဟု သင် တွေးကောင်းတွေးနိုင်သည်။ လူတို့သည် သမ္မာကျမ်းစာအား အလေးအမြတ်ထားအပ်သကဲ့သို့ ချိုးဖောက်မရနိုင်သည့်အလား သဘောထားသည့် ဤအတွေးနှင့် ရှုထောင့်အမြင်မျိုးကို လက်လွှတ်သင့်ပေသည်။

ငါတို့ ယခုတင် ဆွေးနွေးပြီးဖြစ်သည့် မိသားစုထံမှဖြစ်သော ဤရိုးရာများနှင့် အယူသီးခြင်းများအပြင် ဘာသာတရားနှင့် ဆက်စပ်သည့် အမျိုးမျိုးသော အတွေးများ၊ ရှုထောင့်အမြင်များနှင့် ဘဝနေထိုင်မှုပုံစံများအပြင် လူတို့ အယူသီးကြသည့် သို့မဟုတ် ကြည်ညို၊ မြတ်နိုးတန်ဖိုးထားကြသည့် အရာဝတ္ထုများ အားလုံးသည် လူတို့အထဲသို့ အချို့သော မမှန်ကန်သည့် ဘဝနေထိုင်မှုပုံစံများ၊ အတွေးများနှင့် ရှုထောင့်အမြင်များကို သွတ်သွင်းပေးပြီး ၎င်းတို့၏ ဘဝများ၊ ၎င်းတို့၏ အသက်မွေးမှုများနှင့် ရှင်သန်မှုတွင် ၎င်းတို့ကို ဖော်မပြနိုင်အောင် လမ်းလွဲစေသည်။ နေ့စဉ်ဘဝတွင် ဤအကျိုးဆက် လမ်းလွဲမှုက မှန်ကန်သည့် အရာများ၊ အပြုသဘောဆောင်သည့် အတွေးများနှင့် အပြုသဘောဆောင်သည့် ကိစ္စရပ်များကို လက်ခံရန် ၎င်းတို့၏ ကြိုးပမ်းမှုများတွင် လူတို့အား အမှုမဲ့အမှတ်မဲ့ နှောင့်ယှက်လိမ့်မည် ဖြစ်ပြီး ထိုအခါ ၎င်းတို့သည် မိုက်မဲသည့်၊ ယုတ္တိမရှိသကဲ့သို့ ကလေးဆန်သည့် အရာအချို့ကို အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်မိကြလိမ့်မည် ဖြစ်သည်။ ဤအရာကြောင့် လူတစ်ဦးချင်းက ဤကိစ္စရပ်များနှင့်ပတ်သက်၍ မှန်ကန်သည့် အမြင်၊ မှန်ကန်သည့် အတွေးများနှင့် ရှုထောင့်အမြင်များရှိရန် လိုအပ်ပေသည်။ တစ်စုံတစ်ရာသည် သမ္မာတရား ပါဝင်ပြီး ထိုသမ္မာတရားနှင့် ကိုက်ညီလျှင် သင်သည် ထိုအရာကို သင်၏ ဘဝနှင့် ရှင်သန်မှုအတွက် လိုက်လျှောက်ရမည့် စည်းမျဉ်းတစ်ခုအနေဖြင့် လက်ခံရန်၊ လက်တွေ့လုပ်ဆောင်ပြီး ကျိုးနွံနာခံရန် လိုအပ်ပေသည်။ သို့ရာတွင် ထိုအရာက သမ္မာတရား မပါဝင်ဘဲ ရိုးရာ သို့မဟုတ် အယူသီးခြင်းမျှသာ ဖြစ်လျှင်၊ သို့မဟုတ် ဘာသာတရားမှ လာရုံမျှသာဖြစ်လျှင် သင်လက်လွှတ်သင့်ပေသည်။ နောက်ဆုံးအနေဖြင့် ယနေ့ ငါတို့မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာတွင် ရိုးရာများ၊ အယူသီးခြင်းများနှင့် ဘာသာတရားတို့ဖြင့် ဆက်စပ်ခြင်းရှိသဖြင့် ဤအရာများသည် ခြားနားသိသာပေသည်။ ယင်းတို့ကို သင် အသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ တွေ့ကြုံရပြီးဖြစ်သည်ဖြစ်စေ၊ မတွေ့ကြုံရသေးသည်ဖြစ်စေ၊ ယင်းတို့ကို သင်၏ အသိအမှတ်ပြုခြင်းက မည်မျှကြီးမားသည်ဖြစ်စေ အတိုချုပ်အားဖြင့် ရိုးရာနှင့် အယူသီးခြင်းတွင် ဓမ္မဓိဋ္ဌာန်ကျသော အချက်အလက်များအရ တည်ရှိပြီး လူသားမျိုးနွယ်၏ နေ့စဉ်ဘဝများကို အတိုင်းအတာတစ်ခုအထိ ထိခိုက်ကာ နှောင့်ယှက်သည့် အချို့သော ဆိုရိုးများ ရှိပေသည်။ သို့ဆိုလျှင် ဤကိစ္စရပ်ကို သင် မည်သို့ ရှုမြင်သင့်သနည်း။ လူအချို့က “ထိုအရာကို သင် ယုံကြည်ရမည်။ ထိုအရာက ပြောသည့်အရာကို သင် မလိုက်နာလျှင် အကျိုးဆက်များ ရှိလိမ့်မည်။ သို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်မည်နည်း”ဟု ပြောကြသည်။ ယုံကြည်သူများနှင့် ယုံကြည်ခြင်းမရှိသူတို့ကြား အကြီးမားဆုံးသော ကွာခြားချက်ကို သင် သိသလော။ (အကြီးမားဆုံးသော ကွာခြားချက်မှာ ယုံကြည်သူများက အရာရာသည် ဘုရားသခင်၏ လက်တွင်ရှိကြောင်း ယုံကြည်ကြစဉ်တွင် ယုံကြည်ခြင်း မရှိသူများက မိမိတို့၏ ကံကြမ္မာကို မိမိတို့ဘာသာ ပြောင်းလဲရန် အမြဲ ကြိုးစားကြခြင်း ဖြစ်သည်။) နောက်တစ်ချက်မှာ ယုံကြည်သူများတွင် ဘုရားသခင်၏ မျက်မှောက်တော်နှင့် ကွယ်ကာမှုရှိသည်။ ထို့ကြောင့် တကယ့် ဘဝတွင် တည်ရှိသည့် ဤအယူသီးသော ဖြစ်စဉ်အမျိုးမျိုးသည် ၎င်းတို့ကို ထိခိုက်လိမ့်မည် မဟုတ်။ သို့သော် မယုံကြည်သူများမှာမူ ဘုရားသခင်၏ ကွယ်ကာခြင်း ကင်းမဲ့ကာ သူ၏ ကွယ်ကာမှုကိုဖြစ်စေ၊ အချုပ်အခြာအာဏာကို ဖြစ်စေ မယုံကြည်ကြသောကြောင့် ၎င်းတို့၏ နေ့စဉ်ဘဝများတွင် အမျိုးမျိုးသော ညစ်ညူးသည့် မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများ၏ ထိန်းချုပ်ခြင်း ခံရကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သည့် အရာတိုင်းတွင် တားမြစ်ချက်များကို အာရုံစိုက်ကြရသည်။ ဤတားမြစ်ချက်များက မည်သည့်နေရာမှလာသနည်း။ ဘုရားသခင်ထံမှ ဖြစ်သလော။ (မဟုတ်ပါ။) ဤအရာများကို ၎င်းတို့က အဘယ်ကြောင့် ရှောင်ကြဉ်ရမည်နည်း။ ယင်းတို့ကို ရှောင်ကြဉ်သင့်ကြောင်း ၎င်းတို့က မည်သို့ သိရှိကြသနည်း။ အဘယ်ကြောင့်ဆိုသော် လူအချို့သည် ဤအရာများကို တွေ့ကြုံပြီးဖြစ်သောကြောင့်၊ ယင်းတို့မှ အချို့သော အတွေ့အကြုံများနှင့် သင်ခန်းစာများကို ရရှိပြီးဖြစ်ကာ ထို့နောက်တွင် လူတို့ထဲ ယင်းတို့ကို ဖြန့်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ထို့နောက်တွင် ဤအတွေ့အကြုံများနှင့် သင်ခန်းစာများသည် လူတို့ကြား ရေပန်းစားမှုတစ်မျိုးကို ဖန်တီးရင်း အကြီးအကျယ် ပျံ့နှံ့သွားပြီး လူတိုင်းက လျော်ညီစွာ စတင် အသက်ရှင်ကာ ပြုမူဆောင်ရွက်လာကြလေသည်။ ဤရေပန်းစားမှုသည် မည်သို့ ဖြစ်လာခဲ့သနည်း။ နတ်ဆိုးများနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများက သတ်မှတ်သည့် စည်းမျဉ်းများကို သင် မလိုက်လျှောက်လျှင်၊ ဤတားမြစ်ချက်များ တည်ရှိကြောင်းနှင့် ယင်းတို့ကို သင် ချိုးဖောက်မိလျှင် အကျိုးဆက်များ ရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့က သင့်ကို အတင်းအကျပ် ယုံကြည်စေရင်း သင်၏ ပုံမှန်ဘဝကို တားဆီး၊ နှောင့်ယှက်ကာ ကမောက်ကမဖြစ်စေလိမ့်မည်။ နှစ်ထောင်ချီ အတောအတွင်းတွင် လူတို့သည် ဤအတွေ့အကြုံများကို မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့်ကမ်းရင်း ၎င်းတို့၏ နေ့စဉ်ဘဝများတွင် စုဆောင်းကြပြီးဖြစ်ကာ နောက်ခံတွင် ထိုအရာများကို ထိန်းချုပ်နေသည့် မမြင်ရသော အင်အားစုတစ်ခု ရှိပြီး ထိုအင်အားစုကို ၎င်းတို့ နာခံရမည်ဖြစ်ကြောင်း သိရှိလာကြပြီးဖြစ်သည်။ ဥပမာအားဖြင့် တရုတ်နှစ်သစ်ကူး အတောအတွင်းတွင် ဗြောက်အိုးများကို သင် မဖောက်လျှင် သင်၏ စီးပွားရေးလုပ်ငန်းက ဤနှစ်တွင် အဆင်ချောလိမ့်မည်မဟုတ်။ နောက်ထပ် ဥပမာတစ်ခုမှာ နှစ်သစ်ကူးအတောအတွင်းတွင် ပထမဆုံး အမွှေးတိုင်ကို သင် ထွန်းလျှင် သင်၏ တစ်နှစ်တာကာလတစ်ခုလုံး အရာရာ အဆင်ချောလိမ့်မည်။ ဤအတွေ့အကြုံများက လူတို့အား ၎င်းတို့အနေဖြင့် ရိုးရာ ယဉ်ကျေးမှုမှလာသည့် ဤအယူသီးခြင်းများနှင့် ဤဆိုရိုးများကို ယုံကြည်ရမည်ဖြစ်ကြောင်း ပြောပြကာ လူတို့သည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဤကဲ့သို့ အသက်ရှင်ကြလေသည်။ ဤဖြစ်စဉ်များက လူတို့ကို မည်သည့်အရာ ပြောပြသနည်း။ ဤတားမြစ်ချက်များနှင့် ရှောင်ရန်အများသဘောတူထားသည့် အရာများသည် အချိန်ကြာသည်နှင့်အမျှ လူတို့ စုဆောင်းခဲ့ကြသည့် အတွေ့အကြုံများသာ ဖြစ်ကြောင်းနှင့် ယင်းတို့သည် လူတို့ လုပ်ဆောင်ရမည့်အရာများ၊ နောက်ကွယ်တွင် အရာရာကို ထိန်းချုပ်နေသည့် မမြင်နိုင်သော အင်အားစုအချို့ရှိသောကြောင့် ယင်းတို့သည် ၎င်းတို့ လုပ်ကိုလုပ်ရမည့် အရာများဖြစ်ကြောင်း ပြောပြပေသည်။ အဆုံးတွင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လူတို့သည် ဤစည်းမျဉ်းများကို လိုက်နာကြလေသည်။ ဘုရားသခင်ကို မယုံကြည်သည့်လူများသည် လူမှုအဖွဲ့အစည်းများတွင် အတော်အတန် ချောမွေ့သည့် ဘဝများကို အသက်ရှင်နေထိုင်ရန်အလို့ငှာ ဤအယူသီးခြင်းများနှင့် ရိုးရာများကို လိုက်နာရမည်ဖြစ်သည်။ ၎င်းတို့သည် ငြိမ်သက်ခြင်း၊ သောကကင်းဝေးခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ရှာဖွေရင်း အသက်ရှင်ကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သည့်လူများသည် ဤအယူသီးမှုများနှင့် ရိုးရာများကို လိုက်နာရန် အဘယ်ကြောင့် မလိုအပ်သနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ကွယ်ကာခြင်းခံရသောကြောင့် ဖြစ်သည်။) ဘုရားသခင်၏ ကွယ်ကာခြင်းကို ၎င်းတို့ ခံရကြသည်။ ဘုရားသခင်ကို ယုံကြည်သည့်လူများသည့် သူ့နောက်လိုက်ကြပြီး ဘုရားသခင်က ဤလူများကို သူ၏ မျက်မှောက်တော်နှင့် သူ၏ အိမ်တော်ထဲသို့ ခေါ်ဆောင်သည်။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် စာတန်သည် သင့်ကို အန္တရာယ်မပေးဝံ့ပေ။ ၎င်း၏ စည်းမျဉ်းကို သင် လိုက်နာစောင့်ထိန်းခြင်း မရှိလျှင်ပင် သင့်ကို ထိဝံ့မည်မဟုတ်။ သို့ရာတွင် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သူ့နောက် မလိုက်သည့်သူများအတွက်မူ စာတန်သည် ၎င်းတို့ကို သဘောရှိ ကြိုးကိုင်ခြယ်လှယ်နိုင်သည်။ လူတို့ကို စာတန်၏ ကြိုးကိုင်ခြယ်လှယ်သည့် နည်းလမ်းမှာ သင့်အတွက် လိုက်နာရမည့် အမျိုးမျိုးသော ဆိုရိုးများနှင့် ထူးဆန်းသော စည်းမျဉ်းများကို သတ်မှတ်ပေးရန် ဖြစ်သည်။ ယင်းတို့ကို သင် မလိုက်နာလျှင် ၎င်းက သင့်ကို အပြစ်ပေးလိမ့်မည်။ ဥပမာအားဖြင့် လနှင့်ဆိုင်သော ဆယ့်နှစ်လမြောက်လ၏ ၂၃ ရက်နေ့တွင် မီးဖိုချောင် နတ်ဘုရားကို သင် မကိုးကွယ်လျှင် အကျိုးဆက်များ ရှိမည်မဟုတ်လော။ (ရှိပါမည်။) အကျိုးဆက်များရှိလိမ့်မည် ဖြစ်ပြီး မယုံကြည်သူများက ဤထုံးတမ်းဓလေ့ကို ချန်လှပ်မထားဝံ့ပေ။ ထိုနေ့ရက်တွင် မီးဖိုချောင် နတ်ဘုရား၏ နှုတ်ကို ပိတ်ရန်နှင့် ကောင်းကင်ဘုံတွင် ၎င်းတို့နှင့်ပတ်သက်၍ မတိုင်အောင် တားဆီးရန် နှမ်းသကြားလုံးကိုလည်း ၎င်းတို့ စားပေးရန် လိုအပ်သည်။ ဤစည်းမျဉ်းများနှင့် အယူသီးခြင်းများက အဘယ်သို့ ဖြစ်လာခဲ့သနည်း။ နှုတ်ပြောဓလေ့မှတစ်ဆင့် လက်ဆင့်ကမ်း လာသည့် အရာအချို့ကို လုပ်ဆောင်သူမှာ စာတန်ဖြစ်သည်။ အရင်းအမြစ်တွင် ယင်းတို့သည် စာတန်နှင့် အမျိုးမျိုးသော ညစ်ညူးသည့် မကောင်းဆိုးဝါးများ၊ နတ်ဆိုးများနှင့် မကောင်းဆိုးဝါး ခေါင်းဆောင်များထံမှ ပေါ်ပေါက်ပေသည်။ ၎င်းတို့သည် လူတို့အား ၎င်းတို့ကို နာခံစေလျက် ဤစည်းမျဉ်းများကို ထူထောင်ပြီး ဤအယူသီးသော ဆိုရိုးများနှင့် စည်းမျဉ်းများကို အသုံးပြုလျက် လူတို့ကို ထိန်းချုပ်လေသည်။ ၎င်းတို့ကို သင် နားမထောင်လျှင် ပြင်းထန်သော တစ်စုံတစ်ရာဖြင့် သင့်ကို ၎င်းတို့က ထိုးနှက်ကြသည်။ သင့်ကို အပြစ်ပေးကြသည်။ လူအချို့သည် ဤအယူသီးသော ဆိုရိုးများကို မယုံကြည်ကြသကဲ့သို့ ၎င်းတို့၏ အိမ်များက အမြဲ ကမောက်ကမ အခြေအနေဖြစ်နေသည်။ ဗေဒင်မေးရန် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးကျောင်းတစ်ခုသို့ ၎င်းတို့ သွားသည့်အခါ “အလိုလေး၊ ထိုထိုသော တားမြစ်ချက်ကို သင် ချိုးဖောက်မိပြီးဖြစ်သည်။ သင့်အိမ်အောက်ရှိ မြေကို သင် တူးဆွရန်လိုသည်၊ မီးခိုးခေါင်းတိုင်ကို ညှိရန်လိုသည်၊ သင့်အိမ်ရှိ ပရိဘောဂများကို ပြောင်းလဲပြီး တံခါးထုပ်ပေါ်တွင် အဆောင်တစ်ခု ထားသင့်သည်။ ထို့နောက်တွင် ထိုမကောင်းဆိုးဝါးလေးများသည် အနီးအနား လာဝံ့မည်မဟုတ်တော့ပေ”ဟု အပြောခံရသည်။ မကောင်းဆိုးဝါးငယ်လေးကို ထိန်းချုပ်သည်မှာ ပိုကြီးမားသည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သောကြောင့် မကောင်းဆိုးဝါးငယ်လေးက သင့်ကို အနှောင့်အယှက် ပေးတော့မည် မဟုတ်ပေ။ ဤသို့ဖြင့် ဘဝက များစွာ သာ၍ အေးချမ်းလာသည်။ အစတွင် ဤလူသည် ထိုအရာကို မယုံကြည်သော်လည်း ယခု မြင်သည့်အခါ ၎င်းက “အို အလိုလေး၊ ဒုက္ခပြဿနာများစွာ ဖြစ်စေသည့် မကောင်းဆိုးဝါးငယ်လေး တကယ်ကို ရှိပါတကား”ဟု ပြောလေသည်။ ၎င်းသည် ထိုအရာကို ယုံကြည်ရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ ဘုရားသခင်ကို မယုံကြည်သကဲ့သို့ ဤလောကတွင် ပြည့်စုံလုံလောက်ကာ ရှင်သန်ရန် ကြိုးစားသူတို့သည် လုပ်ပိုင်ခွင့်မရှိ သို့မဟုတ် မိမိတို့ကိုယ်ကိုအတွက် ရွေးချယ်ရန် အခွင့်အရေးတစ်ခုမျှမရှိဘဲ ဆိုးယုတ်သူများ၏ ထိန်းချုပ်မှုကို လုံးဝ ခံရကြသည်။ ၎င်းတို့ ယုံကိုယုံကြည်ကြရသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်ကို ယုံကြည်သည့် သင်တို့သည် ဤ အယူသီးသည့်၊ ရိုးရာ အတွေးများ၊ ရှုထောင့်အမြင်များ သို့မဟုတ် ဘာသာတရားနှင့် ဆိုင်သည့်အရာများကို မလျှော့တမ်းလုပ်ဆောင်လျှင်၊ ၎င်းတို့၏ ပွဲတော်များကို ဆင်နွှဲလျှင်၊ ၎င်းတို့၏ ဆိုရိုးများကို ယုံကြည်ပြီး ၎င်းတို့၏ ရိုးရာများ၊ ဘဝနေနည်းများနှင့် ဘဝအပေါ် သဘောထားများကို ဆက်လက်ခံယူပြီး ဘဝတွင် သင်၏ ဝမ်းမြောက်ခြင်း ရင်းမြစ်က ဤဆိုရိုးများအပေါ် အခြေခံလျှင် သင်သည် ဘုရားသခင်အား “ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများကို ကျွန်ုပ် မယုံကြည်သကဲ့သို့ ယင်းတို့ကို လက်မခံချင်ပါ”ဟု အသံတိတ် ဘာသာစကားတစ်မျိုးကို သုံးလျက် ပြောနေခြင်း ဖြစ်ပြီး နတ်ဆိုးများ၊ ညစ်ညူးသည့် မကောင်းဆိုးဝါးများနှင့် စာတန်ကိုလည်း “လုပ်ပါ၊ သင်တို့၏ ဆိုရိုးများကို ငါ ယုံကြည်ပြီး သင်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားနေပါသည်”ဟု အသံတိတ် ဘာသာစကားတစ်ခု အသုံးပြုလျက် ပြောနေခြင်း ဖြစ်သည်။ အကြောင်းမှာ သင် ထိန်းသိမ်းသည့် အမျိုးမျိုးသော သဘောထားများ၊ သင်၏ အတွေးများ၊ ရှုထောင့်အမြင်များနှင့် လက်တွေ့လုပ်ဆောင်မှုများအရ သမ္မာတရားကို သင် လက်မခံဘဲ ထို့ထက် နတ်ဆိုးများ၊ ညစ်ညူးသည့် မကောင်းဆိုးဝါးများနှင့် စာတန်တို့၏ အတွေးများနှင့် ရှုထောင့်အမြင်များနောက်လိုက်ကာ သင် ကျင့်ကြံပြုမူပြီး ဆောင်ရွက်သည်နှင့်အမျှ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များကို သင် ဆောင်ရွက်သောကြောင့် သင်သည် ၎င်းတို့၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်နေခြင်း ဖြစ်သည်။ သင်သည် အပြင်ထွက်သည့်အခါ ဖက်ထုပ်များ လုပ်ကာ အိမ်ပြန်လာသည့်အခါ ခေါက်ဆွဲစားရင်း၊ ပြီးလျှင် တရုတ်နှစ်သစ်ကူးအတောအတွင်းတွင် အီကွေ့မုန့်များနှင့် ငါးကို စားရင်းဖြင့် ၎င်းတို့၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်ရန် လိုလားနေသည့်အတွက် ၎င်းတို့ကိုသာ လိုက်လျောလော့။ ဘုရားသခင်ကို သင် ယုံကြည်ရန် မလိုအပ်သကဲ့သို့ ဘုရားသခင်ကို ယုံကြည်သည်ဟု ကြွေးကြော်ရန် မလိုအပ်ပေ။ သင် သွားသည့် နေရာတိုင်းနှင့် လုပ်သည့်အရာရာတိုင်းတွင် သင့်အထဲတွင် စာတန် သွတ်သွင်းပြီးဖြစ်သည့် ဘဝနေနည်းအပြင် အတွေးများနှင့် ရှုထောင့်အမြင်များကို သင် လိုက်နာသည်။ သင်သည် ဘာသာရေး အယူအဆများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်သည်၊ ကျင့်ကြံပြုမူကာ ဆောင်ရွက်၍ အသက်ရှင်ပြီး ရှင်သန်သည့်အပြင် သင် လုပ်ဆောင်သည့်အရာသည် ဘုရားသခင် သင့်ကို သွန်သင်ခဲ့သည့်အရာနှင့် ဘာမျှပတ်သက်ခြင်းမရှိ၊ သမ္မာတရားနှင့် ဘာမျှ ပတ်သက်ခြင်းမရှိပေ။ ထို့ကြောင့် သင်သည် အမှန်တကယ်ပင် စာတန်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် စာတန်နောက် သင်လိုက်သဖြင့် အဘယ်ကြောင့် ဤနေရာတွင် ထိုင်နေသေးသနည်း။ တရားဒေသနာကို သင် အဘယ်ကြောင့် နားထောင်နေသေးသနည်း။ ဤသည်မှာ လှည့်ဖြားခြင်းတွင် ပါဝင်ပတ်သက်ခြင်း မဟုတ်လော။ ဘုရားသခင်ကို ပြစ်မှားစော်ကာခြင်း မဟုတ်လော။ သင်သည် စာတန်က သွတ်သင်းခဲ့သည့် ရိုးရာများ၊ အယူသီးခြင်းများနှင့် ဘာသာရေး အယူအဆများကို အလွန် စွဲလမ်းသည့်အတွက် ယင်းတို့ဖြင့် တွယ်ငြိကာ ယင်းတို့နှင့် တာရှည်နှောင်ဖွဲ့နေဆဲ ဖြစ်သည့်အတွက် ဘုရားသခင်ကို သင် မယုံကြည်သင့်တော့ချေ။ သင်သည် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးကျောင်းတွင် နေထိုင်သင့်သည်၊ အမွေ့နံ့သာထွန်းသင့်သည်၊ ကန်တော့သင့်သည်၊ ကံစမ်းမဲများနှိုက်ကာ ပိဋကတ်သုံးပုံကို ရွတ်ဆိုသင့်သည်။ သင်သည် ဘုရားအိမ်တော်တွင် ရှိမနေသင့်၊ ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ထိုက်၊ သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို လက်မခံထိုက်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်ကြောင်း ကြွေးကြော်သည့်အတွက် ဤမိသားစု ရိုးရာများ၊ အယူသီးခြင်းများနှင့် ဘာသာရေး အယူအဆများကို သင် လက်လွှတ်သင့်သည်။ သင်၏ ဘဝအခြေခံ နေနည်းများသည်ပင် ယင်းတို့က ရိုးရာနှင့် အယူသီးခြင်းများ ပါဝင်သရွေ့ ယင်းတို့ကို သင် လက်လွှတ်ကာ မဖက်တွယ်သင့်ပေ။ ဘုရားသခင် အစက်ဆုပ်ဆုံးမှာ နောက်ကွယ်တွင် အချို့သော အဓိပ္ပာယ်ကောက်ယူချက်များ ရှိသည့် ရိုးရာယဉ်ကျေးမှုနှင့် မိသားစုမှလာသော လူ့ရိုးရာများ၊ ပွဲတော်နေ့ရက်များ၊ အလေ့အထများနှင့် ရှင်သန်ခြင်းအတွက် စည်းမျဉ်းအချို့ ဖြစ်သည်။ ဥပမာအားဖြင့် လူအချို့သည် နတ်ဆိုးများကို တားဆီးကာကွယ်ရန် သုံးသည်ဟု ဆိုလျက် အိမ်တစ်အိမ်ဆောက်နေချိန်တွင် တံခါးထုပ်ပေါ်တွင် မှန်တစ်ချပ်ကို ထားရှိရလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း မကောင်းဆိုးဝါးများကို ကြောက်နေသေးသလော။ ဘုရားသခင်ကို သင် ယုံကြည်သောကြောင့် မကောင်းဆိုးများက အဘယ်သို့ သင့်ကို အလွယ်တကူ နှောင့်ယှက်နိုင်ကြသေးသနည်း။ သင်သည် အမှန်တကယ် ဘုရားသခင်ကို ယုံကြည်သူ အစစ်အမှန်တစ်ဦး ဖြစ်သလော။ တရုတ်နှစ်သစ်ကူးကာလအတောအတွင်းတွင် ကလေးတစ်ဦးဦးက “ကျွန်ုပ်သေလျှင်” သို့မဟုတ် “ကျွန်ုပ် မိခင်သေလျှင်”ဟူသကဲ့သို့သော ကံမကောင်းသည့် တစ်စုံတစ်ရာကို ပြောမိလျှင် ၎င်းတို့က “ဖတ် ဖတ်၊ ဖတ် ဖတ် ကလေးစကားများက တားမြစ်ချက်ကို မချိုးဖျက်နိုင်ပါ၊ ကလေးစကားများက တားမြစ်ချက်ကို မချိုးဖျက်နိုင်ပါ”ဟု ဆိုလျက် အမြန် လိုက်ပြောကြသည်။ ၎င်းတို့၏ စကားများ အမှန်တကယ် ဖြစ်လာမည်ကို ၎င်းတို့ သေအောင် ကြောက်ကြ၊ စိုးရွံ့ကြလေသည်။ သင်သည် အဘယ်ကြောင့် စိုးရွံ့သနည်း။ ထိုအရာ အမှန်တကယ် ဖြစ်လာလျှင်ပင် ဤလက်တွေ့အရှိတရားကို သင် လက်မခံဘဲ နေနိုင်မည်လော။ ထိုအရာကို သင် အတိုက်အခံလုပ်နိုင်မည်လော။ ထိုအရာကို ဘုရားသခင်ထံမှ သင် လက်ခံသင့်သည် မဟုတ်လော။ ဘုရားသခင်နှင့်ပတ်သက်၍ တားမြစ်ချက်များမရှိ၊ သမ္မာတရားနှင့် ကိုက်ညီသည့်အရာ၊ မကိုက်ညီသည့်အရာများသာ ရှိသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် မည်သည့် တားမြစ်ချက်ကိုမျှ သင် လိုက်နာစောင့်ထိန်းခြင်း မပြုသင့်ဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ဤကိစ္စရပ်များကို ကိုင်တွယ်သင့်ပေသည်။

ယနေ့ မိတ်သဟာယတွင် မိသားစုများက ရိုးရာများ၊ အယူသီးခြင်းများနှင့် ဘာသာတရားတို့ကို လူတို့အထဲသို့ ပုံစံသွင်းပေးပုံနှင့် ဆက်စပ်သည့် အကြောင်းအရာများ ပါဝင်သည်။ ဤအကြောင်းအရာများနှင့်ပတ်သက်၍ ငါတို့ များစွာ မသိကောင်း မသိနိုင်ကြသော်လည်း မည်သည့် သဘောထားမျိုး သင် ထိန်းသိမ်းသင့်ပြီး ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့် စည်းမျဉ်းများအတိုင်း မည်သို့ သင် ချဉ်းကပ်သင့်သည်ဟူသည်တို့ကို မိတ်သဟာယမှတစ်ဆင့် သင့်ကို ပြောပြရန် လုံလောက်ပေသည်။ အနည်းဆုံးအနေဖြင့် သင် ထိန်းသိမ်းသင့်သည့် လက်တွေ့လုပ်ဆောင်မှုမှာ ဤအကြောင်းအရာများနှင့် ဆက်စပ်သည့် အရာကို လက်လွှတ်ရန်နှင့် သင်၏ စိတ်နှလုံးတွင် ယင်းတို့ကို မစွဲကိုင်ရန် သို့မဟုတ် ပုံမှန် ဘဝနေနည်းကဲ့သို့ မထိန်းသိမ်းရန် ဖြစ်သည်။ သင် အလုပ်သင့်ဆုံးသောအရာမှာ ယင်းတို့ကို လက်လွှတ်ကာ ယင်းတို့၏ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်း မခံရန် ဖြစ်သည်။ သင်၏ အသက်နှင့် သေခြင်း၊ ကံနှင့် ဘေးဒုက္ခတို့ကို ယင်းတို့ပေါ်အခြေခံ၍ သင် အကဲမဖြတ်သင့်သကဲ့သို့ ယင်းတို့ကို အခြေခံ၍ သင်၏ အနာဂတ် လမ်းကြောင်းကို သေချာပေါက် မရင်ဆိုင်သင့်၊ သို့မဟုတ် မရွေးချယ်သင့်သည်မှာ အမှန်ပင်ဖြစ်၏။ အပြင်ထွက်သည့်အခါ ကြောင်နက်တစ်ကောင်ကို သင် တွေ့ပြီး “ယနေ့သည် ကံအကြောင်းမလှဖြစ်မည်လော။ ကံခေသည့်အရာ တစ်စုံတစ်ခု ဖြစ်လိမ့်မည်လော”ဟု ပြောလျှင် ဤရှုထောင့်အမြင်သည် အဘယ်သို့နည်း။ (မမှန်ကန်ပါ။) ကြောင်တစ်ကောင်က သင့်ကို ဘာလုပ်နိုင်မည်နည်း။ ထိုအရာနှင့်ပတ်သက်၍ အယူသီးသည့် ဆိုရိုးများရှိလျှင်ပင် ဤအရာများသည် သင်နှင့် ဘာမျှ ပတ်သက်ခြင်းမရှိ။ ထို့ကြောင့် ကြောက်ရန် မလိုအပ်ပေ။ ကြောင်နက်တစ်ကောင် မဆိုထားနှင့်၊ ကျားနက်တစ်ကောင်ကိုပင်လျှင် မကြောက်နှင့်။ အရာရာသည် ဘုရားသခင်၏ လက်တွင်ရှိပြီး ကြောင်နက်တစ်ကောင် မဆိုထားနှင့် စာတန် သို့မဟုတ် မည်သည့်နတ်ဆိုးတစ်ကောင်ကိုမျှ သင် မကြောက်သင့်ပေ။ သင်၏ စိတ်နှလုံးတွင် မည်သည့်တားမြစ်ချက်မျှ မရှိလျှင်၊ သမ္မာတရားကိုသာ လိုက်စားကာ အရာရာသည် ဘုရားသခင်၏လက်တွင်ရှိကြောင်း ယုံကြည်လျှင်၊ ထိုအရာနှင့်ပတ်သက်၍ ဆိုရိုးအချို့ရှိလျှင်ပင်၊ သို့မဟုတ် ထိုအရာက သင့်ကို ကံအကြောင်းမလှသည့်အဖြစ် ဆောင်ကြဉ်းနိုင်လျှင်ပင် သင် စိုးရိမ်ရန် မလိုအပ်ပေ။ ဥပမာအားဖြင့် သင်၏ အိပ်ရာနံဘေးတွင် ဇီးကွက်တစ်ကောင် အော်မြည်နေသည်ကို သင် ရုတ်တရက်ကြားသည်။ တရုတ်ရိုးရာပုံပြင်တွင် “ဇီးကွက်အော်မြည်သံကို မကြောက်နှင့်၊ ဇီးကွက်ရယ်သံကို ကြောက်ပါ”ဟု ပြောထား၏။ ဤဇီးကွက်သည် အော်လည်းအော်နေသကဲ့သို့ ရယ်လည်းရယ်နေသည်။ ယင်းက သင့်ကို သေအောင် ကြောက်လန့်သွားစေပြီး သင်၏ စိတ်နှလုံးတွင် အနည်းငယ် ထိခိုက်လေသည်။ သို့ရာတွင် “ဖြစ်ဖို့ အလားအလာ ရှိသည့်အရာ ဖြစ်လိမ့်မည်ဖြစ်ပြီး ဖြစ်ဖို့ အလားအလာ မရှိသည့်အရာကို ဘုရားသခင်က ခွင့်ပြုလိမ့်မည် မဟုတ်။ ငါသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသကဲ့သို့ အခြားအရာရာတိုင်းသည်လည်း ရှိသည်။ ဤအရာဖြင့် ငါ မစိုးရွံ့ပါ၊ သို့မဟုတ် ထိခိုက်ခြင်း မရှိပါ။ အသက်ရှင်သင့်သည့်အတိုင်း ငါ အသက်ရှင်မည်၊ သမ္မာတရားကို လိုက်စားမည်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အားလုံးကို ကျိုးနွံနာခံမည်။ ဤအရာ မည်သည့်အခါတွင်မျှ မပြောင်းလဲနိုင်ပါ”ဟု ခဏ ဆင်ခြင်စဉ်းစားကြည့်လော့။ မည်သည့်အရာကမျှ သင့်ကို မနှောင့်ယှက်နိုင်သည့်အခါ ယင်းမှာ မှန်ကန်ပေသည်။ တစ်နေ့ သင့်ထံတွင် အိပ်မက်ဆိုးတစ်ခု မက်လျှင်၊ သင်၏ သွားများ ကျွတ်ထွက်လျှင်၊ သင် ဆံပင်များ ကျွတ်ထွက်လျှင်၊ ပန်းကန်လုံးတစ်ခုကို သင် ခွဲလိုက်လျှင်၊ မိမိကိုယ်ကို သေသည်ကို မြင်ရပြီး အိပ်မက်တစ်ခုတည်းတွင် အခြားမကောင်းသည့်အရာ မှန်သမျှအားလုံး တစ်ပြိုင်နက် ဖြစ်လျှင် ဤဖြစ်ရပ်များထဲမှ တစ်ခုမျှ သင့်အတွက် ကောင်းသည့် နိမိတ်မဟုတ်လျှင် သင် မည်သို့ တုံ့ပြန်လိမ့်မည်နည်း။ သင် စိတ်ဓာတ်ကျလိမ့်မည်လော။ သင် စိတ်ပျက်လိမ့်မည်လော။ စိတ်ထိခိုက်ရလိမ့်မည်လော။ ယခင်က သင်သည် တစ်လ သို့မဟုတ် နှစ်လကြာ စိတ်ပျက်ကောင်း စိတ်ပျက်ခဲ့မည်ဖြစ်ကာ နောက်ဆုံးတွင် မည်သည့်အရာမျှ မဖြစ်ခဲ့သောကြောင့် သက်ပြင်းမောတစ်ခုကို သင် ချနိုင်ခဲ့သည်။ သို့သော် ယခုတွင် သင်သည် အနည်းငယ်မျှသာ စိတ်အနှောင့်အယှက်ဖြစ်မိပြီး ဘုရားလက်ထဲတွင် အရာရာ ရှိကြောင်း သင် စဉ်းစားမိသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်နှလုံးက အလျင်အမြန် တည်ငြိမ်သွားသည်။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ ကျိုးနွံနာခံတတ်သည့် သဘောထားဖြင့် လာပြီး ဤသည်မှာ မှန်ကန်ပေသည်။ ဤမကောင်းသည့် နိမိတ်များက အမှန်တကယ် မကောင်းသည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်စေလျှင်ပင် ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိ၏။ သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ မကောင်းသည့်အရာများသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် စာတန်နှင့် နတ်ဆိုးများသည် သင့်ခန္ဓာကိုယ်ပေါ်ရှိ ဆံပင်တစ်ပင်ကိုပင် မထိခိုက်နိုင်ပေ။ အထူးသဖြင့် သေရေးရှင်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် ဆုံးဖြတ်ရန်မှာ ၎င်းတို့၏ သဘောအတိုင်း မဟုတ်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် ဤကိစ္စကြီးငယ်တို့သည် ဖြစ်ပျက်လိမ့်မည် မဟုတ်။ ထို့ကြောင့် တစ်ညတွင် အိပ်မက်၌ မည်သည့် မကောင်းသော ဖြစ်စဉ်များကို သင် မျက်မြင် ကြုံတွေ့ရသည်ဖြစ်စေ၊ သင်၏ ခန္ဓာကိုယ်တွင် မူမမှန်သည့် အရာတစ်ခုခု ခံစားကောင်း ခံစားရနိုင်သည်ဖြစ်စေ မစိုးရိမ်နှင့်၊ စိတ်မသက်မသာဖြစ်နှင့်၊ ပြီးလျှင် ရှောင်ရှားရန်၊ ငြင်းပယ်ရန် သို့မဟုတ် အတိုက်အခံလုပ်ရန် သေချာပေါက် မစဉ်းစားနှင့်။ ဤအန္တရာယ်များကို ရှောင်ရှားရန် ဗူးဒူးအရုပ်များ၊ နတ်မေးခြင်း၊ ကံစမ်းမဲများ နှိုက်ခြင်း၊ ဗေဒင်ဟောခြင်း သို့မဟုတ် အွန်လိုင်း သတင်းအချက်အလက်များကို ရှာဖွေခြင်းတို့ကဲ့သို့သော လူ့နည်းစနစ်များကို အသုံးပြုရန် မကြိုးစားနှင့်။ ထိုအရာတစ်ခုမျှ မလိုအပ်ပေ။ ငွေရေးကြေးရေး ချွတ်ခြုံကျသွားခြင်း၊ သင်၏ စတော့များထိုးကျခြင်း၊ သင်၏ စီးပွားရေးလုပ်ငန်းကို အခြားသူတို့က သိမ်းခြင်း၊ စုဝေးပွဲတစ်ခုအတောအတွင်း အစိုးရ၏ ဖမ်းဆီးမှုခံရခြင်း၊ ဧဝံဂေလိ ဖြန့်နေစဉ် တိုင်ကြားခံရခြင်း စသည်တို့ကဲ့သို့သော မကောင်းသည့် တစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပျက်လိမ့်မည်ကို သင်၏အိပ်မက်က ညွှန်ပြခြင်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် ဘာအရေးနည်း။ အရာရာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိ၏။ မကြောက်ရွံ့နှင့်။ မပူပန်နှင့်၊ ဝမ်းနည်းကြေကွဲခြင်း မရှိနှင့်၊ ပြီးလျှင် မဖြစ်သေးသည့် မကောင်းသော အရာတစ်ခုခုကို မကြောက်နှင့်။ ထို့အပြင် မကောင်းသည့် အရာတစ်ခုခု ဖြစ်ပွားခြင်းကို တကယ်ကို အတိုက်အခံ မလုပ်နှင့်၊ မဆန့်ကျင်နှင့်။ အဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လော့၊ အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းပြီး အဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် နေရာနှင့် ရှုထောင့်အမြင်တို့ကို ယူလော့။ ဤသည်မှာ အမှုအရာများကို ရင်ဆိုင်နေရချိန် လူတိုင်း ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဆိုလိုသည်မှာ ညည်းညူခြင်းမရှိဘဲ သူ၏ စီစဉ်ညွှန်ကြားမှုများကို လက်ခံခြင်းနှင့် နာခံခြင်း၊ ကျိုးနွံနာခံခြင်းတို့ ဖြစ်သည်။ ဤသို့ဖြင့် မည်သည့် ဘာသာရေး၊ ရိုးရာ သို့မဟုတ် အယူသီးသည့် ဆိုရိုးတစ်ခုမျှ သို့မဟုတ် အကျိုးဆက်တစ်ခုမျှသည် သင့်အတွက် ပြဿနာဖြစ်လိမ့်မည်မဟုတ်သကဲ့သို့ မည်သည့် အနှောင့်အယှက်မျှ ဖြစ်စေလိမ့်မည် မဟုတ်ပေ။ သင်သည် အမှောင်စွမ်းအား သို့မဟုတ် စာတန်၏ အတွေးတစ်ခုတလေ၏ ထိန်းချုပ်ခြင်းကို မခံရဘဲ စာတန်၏ တန်ခိုးအာဏာအောက်မှလည်းကောင်း၊ အမှောင်စွမ်းအားမှလည်းကောင်း အမှန်တကယ် ထွက်လာလိမ့်မည်။ သင်၏ အတွေးများ၊ သင်၏ ဝိညာဉ်၊ သင်၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားနှုတ်ကပတ်တော်များက သိမ်းပိုက်ကာ ရယူလိမ့်မည် ဖြစ်သည်။ ဤသည်မှာ လွတ်လပ်မှုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပြီးပြည့်စုံသည့် လွတ်လပ်မှု၊ လွတ်မြောက်ခြင်းနှင့် လွတ်လပ်မှုတွင် အသက်ရှင်ခြင်းနှင့် လူသား ပုံသဏ္ဌာန်ရှိခြင်း ဖြစ်သည်။ ကောင်းလိုက်လေခြင်း။

ယနေ့ မိတ်သဟာယတွင် ပါဝင်သည့် အကြောင်းရာသည် အခြေခံအားဖြင့် ဤအရာဖြစ်၏။ ဥပမာအားဖြင့် အချို့သော နာမကျန်းမှုများကို တွေ့ကြုံနေရချိန် မည်သည့် အစားအစာကို မစားရမည်ဆိုသည်နှင့် လူအချို့သည် ကိုယ်တွင်းပိုင်း အပူလွန်ကဲလေ့ရှိသောကြောင့် စပ်သည့်အစားအစာကို မစားနိုင်ကြဟူသည့် နေ့စဉ်ဘဝ အလေ့အထများတွင်ရှိသည့် အချို့သော တားမြစ်ချက်များအတွက်မူ ဤအရာများတွင် အကြင်သူ လျှောက်သည့်လမ်းကြောင်းများ ပါဝင်ရန် မဆိုထားနှင့်၊ အကြင်သူ ကျင့်ကြံပြုမူပုံ သို့မဟုတ် အတွေးများနှင့် ရှုထောင့်အမြင်များ တစ်ခုတလေမျှ ပါဝင်ခြင်းမရှိပေ။ ဤသည်တို့မှာ ငါတို့ မိတ်သဟာယ၏ နယ်ပယ်အတွင်းတွင် မရှိပေ။ မိသားစု ပုံစံသွင်းပေးခြင်း ပါဝင်သည့် ငါတို့မိတ်သဟာယ၏ အကြောင်းအရာသည် လူတို့၏ အတွေးများနှင့် ရှုထောင့်များ၊ ၎င်းတို့၏ ပုံမှန် ဘဝနေနည်းများနှင့် အသက်ရှင်ခြင်းအတွက် စည်းမျဉ်းများအပြင် အမျိုးမျိုးသော အရာများအပေါ် ၎င်းတို့၏ အတွေးများ၊ ရှုထောင့်များ၊ အနေအထားများသာမက ရှုထောင့်အမြင်များနှင့် ပတ်သက်ပေသည်။ ကဏ္ဍတိုင်းတွင်ရှိသည့် ဤမမှန်ကန်သည့် အတွေးများ၊ ရှုထောင့်များနှင့် သဘောထားများကို ဖြေရှင်းခြင်းအားဖြင့် လူတစ်ဦးချင်းအတွက် နောက်ထပ် ဝင်ရောက်ရမည့်အရာမှာ အမှုအရာများအပေါ် မှန်ကန်သည့် အတွေးများ၊ ရှုထောင့်များ၊ သဘောထားများနှင့် ရှုထောင့်အမြင်များကို ရှာဖွေကာ လက်ခံရန် ဖြစ်သည်။ ကောင်းပေပြီ၊ ယနေ့ အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယအတွက် ထိုမျှသာ ဖြစ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်

အောက်ခြေမှတ်စု(များ)-

က။ တိုင်ဆွီးသည် တိုင်ဆွီးဘုရား၏ အတိုကောက် ဖြစ်သည်။ တရုတ် နက္ခတ်ဗေဒင်တွင် တိုင်ဆွီးဆိုသည်မှာ နှစ်ကာလကို စောင့်ကြပ်သည့် ဘုရားဟု ဆိုလိုသည်။ တိုင်ဆွီးက နှစ်တစ်နှစ်၏ ကံများအားလုံးကို အုပ်စိုးသည်။

ခ။ မူရင်းစာသားတွင် “တစ်ချိန်လုံး ချမ်းသာကြွယ်ဝခြင်းဟု ဆိုလိုသည့်...တရုတ်မန်ဒရင်းဘာသာစကားဖြင့် ယင်း၏ အသံထွက်မှာ နံပါတ် ၁၊ ၆၊ ၈ တို့နှင့် ဆင်တူပေ” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။