သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)
ပြီးခဲ့သည့် စုဝေးပွဲတွင် မည်သည့်အရာကို မိတ်သဟာယပြုခဲ့သနည်း။ (ပြီးခဲ့သည့် စုဝေးပွဲတွင် အဓိကအားဖြင့် ရိုးရာ၊ အယူသီးခြင်း၊ ဘာသာတရားတို့နှင့်စပ်လျဉ်း၍ ကိုယ့်မိသားစု၏ ပုံစံသွင်းပေးခြင်းကို လက်လွှတ်ခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင် မိတ်သဟာယပြုခဲ့ပါသည်။ “ထွက်ခွာခြင်းအတွက် ဖက်ထုပ်၊ ပြန်ရောက်လာခြင်းအတွက် ခေါက်ဆွဲ” ဆိုသည်နှင့် “ဘယ်ဘက် မျက်ခမ်းလှုပ်ခြင်းက ကံကောင်းခြင်း နိမိတ်ဖြစ်သော်လည်း ညာဘက်မျက်ခမ်းလှုပ်ခြင်းက ကံဆိုးခြင်း နိမိတ်ဖြစ်သည်” ဟူသကဲ့သို့သော အယူသီးသည့် ဆိုရိုးအချို့အပြင် တရုတ်နှစ်သစ်ကူး၊ အခြားအခါကြီးရက်ကြီးများနှင့် သက်ဆိုင်သည့် ရိုးရာထုံးတမ်းအစဉ်အလာအချို့က လူတို့အပေါ် ရှိသည့် သက်ရောက်မှုနှင့်ပတ်သက်၍ ဘုရားသခင်က အသေးစိတ် မိတ်သဟာယပြုခဲ့သည်။ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့အတွက် ဤရိုးရာ၊ အယူသီးသော ဆိုရိုးများနှင့် အလေ့အထများကို ချဉ်းကပ်ရန် မှန်ကန်သည့် နည်းလမ်းနှင့်ပတ်သက်၍ ဘုရားသခင် မိတ်သဟာယပြုခဲ့ပါသည်။ ယင်းမှာ အချို့သော အဖြစ်အပျက်များ ဧကန်အမှန် ဖြစ်ပွားလိမ့်မည် ဖြစ်ကြောင်း ယုံကြည်ရန်ဖြစ်သော်လည်း အရာခပ်သိမ်းသည် ဘုရားသခင်လက်ထဲတွင် ရှိကြောင်းကိုလည်း ယုံကြည်ခြင်း ဖြစ်သည်။ ဤဆိုရိုးများက မည်သည့်အရာကို ညွှန်ပြကောင်း ညွှန်ပြနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် အဖြစ်အပျက်များ ဖြစ်ကောင်းဖြစ်နိုင်သည်ဖြစ်စေ လက်ခံကာ ကျိုးနွံနာခံသည့် သဘောထားတစ်ခုကို ကျွန်ုပ်တို့အားလုံး ခံယူရမည်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်ရမည်ဖြစ်သည်။) ဤသည်တို့မှာ ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့ မိတ်သဟာယ၏ အခြေခံ အကြောင်းအရာများဖြစ်သည်။ လူတို့အား မိသားစုများက ပုံစံသွင်းပေးသည့် ရိုးရာများ၊ အယူသီးခြင်းများ၊ ဘာသာတရားများနှင့် ဆက်စပ်သော အကြောင်းအရာအရ လူတို့အနေဖြင့် မိမိတို့၏ နေ့စဉ်ဘဝများတွင် ကြုံရသည့် အချို့သော အရာများနှင့်ပတ်သက်၍ ငါတို့ အသေးစိတ် မိတ်သဟာယပြုခဲ့ကြသည်။ ငါတို့၏ မိတ်သဟာယတွင် ပါဝင်သော အကြောင်းအရာသည် ငါတို့အားလုံး အကျွမ်းတဝင်ရှိသည့် တရုတ်လူမျိုးများ၏ နေ့စဉ်ဘဝများတွင် ပါဝင်သော ရိုးရာများ၊ အယူသီးခြင်းများနှင့် ဘာသာတရားများကိုသာ ခြုံငုံမိပြီး တိုင်းနိုင်ငံတိုင်းနှင့် လူမျိုးတိုင်းကို ကိုယ်စားမပြုသော်လည်း ဒေသအမျိုးမျိုးနှင့် မျိုးနွယ်အမျိုးမျိုးကြားတွင် အသက်ရှင်ကြသည့် လူတို့က ဖက်တွယ်သော ရိုးရာများ၊ အယူသီးခြင်းများနှင့် ဘာသာတရားများသည် သဘာဝအားဖြင့် ဤအရာများနှင့် တူညီပေသည်။ ၎င်းတို့အားလုံးသည် မိမိတို့၏ ဘိုးဘေးများမှ လက်ဆင့်ကမ်းလာပြီး ဖြစ်သည့် အချို့သော ရိုးရာများ၊ အသက်ရှင်ခြင်း အလေ့အထများနှင့် အယူသီးသော ဆိုရိုးများကို လိုက်နာစောင့်ထိန်းကြ၏။ ဤအယူသီးသော အရာများသည် လူတို့၏ စိတ်များနှင့်ပတ်သက်၍ စိတ်ဓာတ်ရေးရာ သက်ရောက်မှုတစ်ခုဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ တိုတိုပြောရပါက ယင်းတို့သည် ဓမ္မဓိဋ္ဌာန်ကျကျ စစ်မှန်လျှင် ယင်းတို့အပေါ် သင်တို့၏ သဘောထားမှာ ဤအယူသီးမှုများနောက်ကွယ်ရှိ အဓိက အတွေး သို့မဟုတ် အနှစ်သာရကို ရှင်းလင်းစွာ သတိပြုမိခြင်း ဖြစ်သင့်ပေသည်။ တစ်ချိန်တည်းတွင် ယင်းတို့၏ လွှမ်းမိုးမှု သို့မဟုတ် နှောင့်ယှက်ခြင်းကို သင် မခံသင့်ပေ။ ထိုအစား လူတို့နှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း၊ လူတို့ကို ကြိုးကိုင်ခြယ်လှယ်သည်မှာ အယူသီးမှုများမဟုတ်ကြောင်းအပြင် လူတို့၏ ကံကြမ္မာများ သို့မဟုတ် ၎င်းတို့၏ နေ့စဉ်ဘဝများကို ဆုံးဖြတ်ပေးသည်မှာ သေချာပေါက် အယူသီးမှုများမဟုတ်ကြောင်းကို သင် ယုံကြည်သင့်သည်။ အယူသီးခြင်းများက စစ်မှန်သည်ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ၊ ယင်းတို့သည် ထိရောက်သည်ဖြစ်စေ၊ စစ်မှန်သည်ဖြစ်စေ၊ မည်သို့ဆိုစေ ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ လူတို့သည် သမ္မာတရားနှင့် ကိုက်ညီသည့် စည်းမျဉ်းတစ်ခု ရှိသင့်ပေသည်။ ၎င်းတို့သည် ဤအယူသီးခြင်းများ၏ ညှို့ယူဖမ်းစားခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မခံရသင့်သကဲ့သို့ ယင်းတို့ကို ၎င်းတို့လိုက်စားမှု၏ ပုံမှန် ရည်မှန်းချက်များ သို့မဟုတ် စည်းမျဉ်းများအား ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုကို သေချာပေါက် ဝင်ရောက်စွက်ဖက်ခွင့် မပေးသင့်ပေ။ ရိုးရာ၊ အယူသီးခြင်းအပြင် ဘာသာရေးတို့နှင့်ဆိုင်သည့် အကြောင်းအရာများထဲတွင် အယူသီးခြင်းသည် လူတို့၏ ဘဝများ၊ အတွေးများနှင့် အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်သည့် ရှုထောင့်အမြင်များအပေါ် အကြီးမားဆုံး ဝင်ရောက်စွက်ဖက်မှုကို ဖြစ်ပေါ်စေပြီး အကြီးမားဆုံး လွှမ်းမိုးမှု ရှိလေသည်။ ယေဘုယျအားဖြင့် လူတို့သည် ဤအယူသီးသော ဆိုရိုးများနှင့် သတ်မှတ်ချက်များကို မစွန့်ဝံ့ကြသကဲ့သို့ ဤအယူသီးမှုများက ဖန်တီးသည့် ဘဝပြဿနာများက မည်သည့်အခါတွင်မျှ ပြေလည်မသွားပေ။ လူတို့အနေဖြင့် မိမိတို့၏ နေ့စဉ်ဘဝများတွင် ဤအယူသီးသော အဆိုများ၏ အချုပ်အနှောင်များကို မကျော်လွှားဝံ့ရသည့် အချက်က ၎င်းတို့အနေဖြင့် ဘုရားသခင်၌ လုံလောက်သည့် ယုံကြည်ခြင်း မရှိသေးကြောင်းကို သက်သေပြပေသည်။ ၎င်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းနှင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် သူ၏ အချုပ်အခြာအာဏာရှိခြင်း အမှန်တရားကို အမှန်တကယ် မရိပ်စားကြသေးပေ သို့မဟုတ် မှန်ကန်တိကျစွာ နားမလည်ကြသေးပေ။ ထို့ကြောင့် လူတို့သည် အယူသီးသော ဆိုရိုးတစ်ခု သို့မဟုတ် အယူသီးခြင်းနှင့် ဆက်စပ်သည့် ခံစားချက်အချို့ကို ကြုံရသည့်အခါ မလှုပ်သာအောင် ထိန်းချုပ်ထားခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် သေရေးရှင်ရေး၊ ၎င်းတို့၏ ရှေ့ရေးများ သို့မဟုတ် မိမိတို့ ချစ်ခင်ရသူများ၏ သေရေးရှင်ရေးတို့နှင့် ဆက်စပ်သည့် အဓိက အဖြစ်အပျက်များ ပါဝင်ပတ်သက်သည့်အခါ လူတို့သည် အယူသီးသော တားမြစ်ချက်များနှင့် အဆိုများဟုခေါ်သည့် ဤအရာများ၏ ချုပ်နှောင်မှုကို သာ၍ပင် ခံရကြပြီး အတော်အတန်များသော အတိုင်းအတာတစ်ခုအထိ ရုန်းထွက်လွတ်မြောက်အောင် ကြိုးစားအားထုတ်နိုင်စွမ်း မရှိကြချေ။ တားမြစ်ချက်တစ်ခု ချိုးဖောက်မိပြီး ထိုအရာ အမှန်တကယ် ဖြစ်လာမည်ကိုလည်းကောင်း၊ ကံအကြောင်း မလှသည့် ဖြစ်ရပ်တစ်ခုခု ၎င်းတို့ ကြုံရမည်ကိုလည်းကောင်း၊ ပြီးလျှင် ၎င်းတို့ထံ မကောင်းသည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်မည်ကိုလည်းကောင်း စဉ်ဆက်မပြတ် ကြောက်ရွံ့နေကြသည်။ အယူသီးခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် ပြဿနာ၏ အနှစ်သာရကို အမြဲ မရိပ်စားနိုင်ကြဘဲ အယူသီးသော အဆိုမျိုးစုံ၏ အချုပ်နှောင်များကို ချိုးဖျက်နိုင်စွမ်း သာ၍ပင် လျော့နည်းကြလေသည်။ လူတို့၏ ဘဝများအပေါ် အယူသီးခြင်းက ရှိသည့် လွှမ်းမိုးမှုကိုလည်း ၎င်းတို့ မရိပ်စားနိုင်ကြသည်မှာ အမှန်ဖြစ်၏။ လူသား အပြုအမူနှင့်ဆိုင်သော ရှုထောင့်အမြင်မှလည်းကောင်း၊ အယူသီးမှုများနှင့် ပတ်သက်သည့် လူတို့၏ အတွေးများနှင့် အမြင်များမှလည်းကောင်း ကြည့်လျှင် ၎င်းတို့ အတွေးများ၏ အသိနှင့် ရှုထောင့်အမြင်တို့သည် ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ စာတန်၏ ဒုက္ခပေးခြင်းခံရဆဲဖြစ်ပြီး ရုပ်ဝတ္ထုလောက ပြင်ပမှ မမြင်နိုင်သည့် အင်အားစုတစ်မျိုး၏ ထိန်းချုပ်ခြင်းကို ခံရဆဲ ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်နောက်လိုက်ပြီး သူ၏ နှုတ်ကပတ်တော်များကို လက်ခံကြလင့်ကစား ၎င်းတို့၏ ရှေ့ရေးများ၊ သေရေးနှင့်ရှင်ရေးအပြင် ၎င်းတို့၏ ရပ်တည်မှုနှင့် ဆက်စပ်သည့် အယူသီးသော ဆိုရိုးများ၏ ထိန်းချုပ်ခြင်းခံကြရဆဲဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ အတွေးများ အတွင်းနက်နက်တွင် ဤအယူသီးသည့် အဆိုများက အမှန်တကယ် စစ်မှန်သည်ဟု ယုံကြည်ကြဆဲဖြစ်၏။ ဤအရာကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့သည် ၎င်းတို့၏ ကံကြမ္မာများကို ဘုရားလက်တော်က အုပ်စိုးကာ စီစဉ်ညွှန်ကြားသည်ဟု အမှန်တကယ် အသိအမှတ်ပြုခြင်းထက် ဤအယူသီးမှုများ၏ နောက်ကွယ်ရှိ မမြင်နိုင်သည့် လက်သည်းများ၏ ထိန်းချုပ်ခြင်းကို ခံနေရဆဲဖြစ်သည်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် မိမိတို့၏ ကံကြမ္မာများကို ဘုရားလက်ထဲ ထားရှိခြင်းအား အပြည့်အဝ ဝမ်းသာပျော်ရွှင်ခြင်း သို့မဟုတ် စိတ်အေးချမ်းသာခြင်းမရှိဘဲ၊ ထို့ထက် စာတန်၏ ထိန်းချုပ်ခြင်းကို အလိုအလျောက်ခံနေကြသည်ဟုလည်း ဆိုလိုပေသည်။ ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်း ပုံမှန်လုပ်သည့် လူများ၊ မကြာခဏ ခရီးသွားသည့်လူများနှင့် မျက်နှာဖတ်၍ ဗေဒင်ကြည့်ခြင်း၊ သဘာဝစွမ်းအင်ကြီး ရှစ်ခုနှင့် အိုင်ချင်းဂမ္ဘီရကျမ်း၊ ယင်နှင့် ယန် လေ့လာမှုများနှင့် အလားတူအရာများကဲ့သို့သော အယူသီးသည့် လုပ်ဆောင်ချက်များနှင့် ဆိုရိုးများကို အတော်အတန် ယုံကြည်တတ်သည့်လူများ၏ နေ့စဉ်ဘဝများ၊ ရှင်သန်ခြင်း စည်းမျဉ်းများ၊ အယူအဆများ စသည်တို့သည် ဤအယူသီးခြင်းများ၏ အပြင်းအထန် လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်းတို့ကို ခံရကြလေသည်။ ဆိုလိုသည်မှာ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ အယူသီးခြင်းမှလာသည့် အယူအဆဆိုင်ရာ အခြေခံအကြောင်းရင်းတစ်ခု ရှိရန် လိုအပ်သည်။ ဥပမာအားဖြင့် ၎င်းတို့ အပြင်ထွက်သည့်အခါ ပြက္ခဒိန်တွင် မည်သည့်အရာ ပြောထားသည်ဆိုသည်နှင့် တားမြစ်ချက်တစ်ခုခု ရှိမရှိဆိုသည်တို့ကို ၎င်းတို့ ကြည့်ရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း ဦးစီးဦးရွက်ပြုသည့်အခါ၊ စာချုပ်များကို လက်မှတ်ထိုးသည့်အခါ၊ အိမ်များကို ဝယ်သည့်အခါ၊ သို့မဟုတ် ရောင်းသည့်အခါ၊ စသည်တို့ကို လုပ်ဆောင်သည့်အခါ ထိုနေ့တွင် ၎င်းတို့သည် ပြက္ခဒိန်မှ အကြံဉာဏ်ကို လုံးဝ ရယူကြရသည်။ အကြံဉာဏ်မယူလျှင် ၎င်းတို့ စိတ်မချနိုင်ဖြစ်ပြီး မည်သည့်အရာဖြစ်မည်ကို မသိကြချေ။ ပြက္ခဒိန်မှ အကြံဉာဏ်ရယူပြီးသည့်နောက် ပြုမူဆောင်ရွက်ကာ ဆုံးဖြတ်ချက်များချသည့်အခါတွင်သာ စိတ်ချနိုင်ကြပြီး စိတ်အေးချမ်းမှု ရှိကြလေသည်။ ထို့အပြင် တားမြစ်ချက်အချို့ ၎င်းတို့ ချိုးဖျက်မိသည့် အကျိုးဆက်အနေဖြင့် မကောင်းသည့်အရာ အနည်းငယ် ဖြစ်ပျက်သောကြောင့် ဤအယူသီးခြင်းများက စစ်မှန်သည်ဟူသော ၎င်းတို့၏ အသိနှင့် ယုံကြည်မှုတို့သည် နောက်ပိုင်းတွင် သာ၍ ခိုင်မာလာပြီး ဤအယူသီးခြင်းများ၏ ချည်နှောင်မှုကို ခံလာရကြလေသည်။ လူတို့၏ ကံကြမ္မာများ၊ ရှေ့ရေးများအပြင် သေရေးရှင်ရေးတို့ကို အယူသီးသော ဆိုရိုးများက ထိန်းချုပ်ထားပြီး မမြင်ရသည့် ထူးခြားဆန်းပြားသော လောကတွင် မမြင်နိုင်သည့် ကြီးမားသောလက်က ၎င်းတို့၏ ကိုယ်ပိုင် ရှေ့ရေးများကိုလည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်၏ သေရေးရှင်ရေးတို့ကိုလည်းကောင်း ထိန်းချုပ်နေသည်ဟု သာ၍ပင် ခိုင်မာစွာ ယုံကြည်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် လူတို့၏ ကံကြမ္မာများက ဘုရားလက်ထဲတွင် ရှိသည်ဟု နှုတ်ဖြင့်ဝန်ခံကာ ယုံကြည်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် အယူသီးသည့် အဆိုအမျိုးမျိုး၏ နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို မကြာခဏ အမှတ်တမဲ့ ခံရသည့်အတိုင်းအတာအထိ အယူသီးသည့် ဆိုရိုးများအားလုံး၊ အထူးသဖြင့် မိမိတို့၏ ဘဝများ၊ ရှင်သန်မှုတို့နှင့် နီးကပ်စွာ ဆက်စပ်သည့်အရာများကို ပြင်းထန်စွာ ယုံကြည်ကြလေသည်။ လူအချို့သည် ဤဘဝတားမြစ်ချက်များဟုခေါ်သောအရာများဖြစ်သည့် မည်သည်က မည်သည့်အရာနှင့် ကွဲလွဲဆန့်ကျင်သည်၊ အကြင်သူ၏ ကံကြမ္မာတွင် မည်သည့်အရာက ကံဆိုးမိုးမှောင်ကျစေမည်ဆိုသည်နှင့် အခြားထိုသို့သော အဆိုများကို သမ္မာတရား စည်းမျဉ်းများနှင့်ပင် ရောထွေးကုန်ကြပြီး ယင်းတို့ကို လိုက်နာစောင့်ထိန်းကြလေသည်။ အယူသီးခြင်းများအပေါ် လူတို့ ထားရှိသည့် ဤသဘောထားများသည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့ စွဲကိုင်သည့် သဘောထားများကို ပြင်းထန်စွာ သက်ရောက်မှုရှိလေသည်။ ယင်းတို့သည် ဖန်ဆင်းရှင်အပေါ် အဖန်ဆင်းခံများအဖြစ် လူတို့ကိုင်စွဲသည့် သဘောထားများကိုလည်း ပြင်းထန်စွာ ထိခိုက်ပြီး ယင်းတို့က ထိူလူများအပေါ် ဘုရားသခင်၏ သဘောထားကို ထိခိုက်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့က ဘုရားသခင်နောက်သို့လိုက်လင့်ကစား ၎င်းတို့သည် မိမိတို့ထဲသို့ စာတန်က သွတ်သွင်းခဲ့သည့် အယူသီးခြင်းပါဝင်သော အတွေးအမျိုးမျိုးနှင့် ဆိုရိုးအမျိုးမျိုး၏ ထိန်းချုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို လိုလိုလားလားနှင့် အမှတ်တမဲ့ ခံနေရဆဲဖြစ်သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် အယူသီးခြင်းနှင့် ဆက်စပ်သည့် ဤအမျိုးမျိုးသော အတွေးများနှင့် ဆိုရိုးများကို လက်လွှတ်ရန်လည်း လူတို့အတွက် ခက်ခဲပေသည်။
မိသားစုများက လူတို့ထဲသို့ ပုံစံသွင်းပေးသည့် အရာများထဲတွင် အမှန်အားဖြင့် အယူသီးခြင်းများက အပြင်းထန်ဆုံး အတိုင်းအတာဖြင့် လူတို့ကို နှောင့်ယှက်တတ်ပြီး ၎င်းတို့အပေါ် အနက်နဲဆုံးနှင့် တာရှည်အခံဆုံးသော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အယူသီးခြင်းများနှင့် ပတ်သက်လာသည့်အခါ လူတို့သည် မိမိတို့၏ လက်တွေ့ဘဝများတွင် ယင်းတို့ကို တစ်ခုပြီးတစ်ခု စုံစမ်းစစ်ဆေးကာ သိရှိလာသင့်ပြီး အယူသီးခြင်းနှင့်စပ်လျဉ်း၍ မိမိတို့၏ မိဘ၊ မောင်နှမနှင့် သားသမီးများ၊ ဆွေမျိုးများ သို့မဟုတ် မျိုးနွယ်စုများထံမှ ပုံစံသွင်းပေးခြင်းဖြစ်စေ၊ လွှမ်းမိုးမှုတစ်ခုခုဖြစ်စေ ခံရပြီးခြင်း ရှိမရှိဟူသည်ကို ကြည့်သင့်ပေသည်။ ခံရပြီးဖြစ်လျှင် ဤအယူသီးခြင်းများက သမ္မာတရားနှင့် ဆက်စပ်မှုတစ်ခုမျှ မရှိသည်နှင့်အမျှ ယင်းတို့ကို ဖက်တွယ်နေမည့်အစား တစ်ခုချင်း လက်လွှတ်သင့်ကြပေသည်။ ရိုးရာအသက်ရှင်နေထိုင်မှု နည်းလမ်းတစ်ခုနှင့်ဆိုင်သည့် အလေ့အထသည် လူတစ်ဦး၏ နေ့စဉ်ဘဝတွင် သူ့ဘာသာ မကြာခဏ ပေါ်ထွက်လာသည့်အခါ ထိုအရာက ၎င်းတို့ကို စာတန်၏ ထိန်းချုပ်မှုအောက်သို့ နာခံစွာဖြင့် အမှတ်တမဲ့ ရောက်လာအောင် လုပ်နိုင်သည်။ ထို့အပြင် လူတို့၏ အတွေးများကို လွှမ်းမိုးသည့် အယူသီးသော ဆိုရိုးများသည် စာတန်၏ တန်ခိုးအာဏာအောက်တွင် လူတို့ကို ခိုင်မာစွာ ထိန်းချုပ်ထားနိုင်စွမ်း သာ၍ပင် ရှိလေသည်။ ထို့ကြောင့် ရိုးရာများနှင့် ဘာသာတရားများအပြင် အယူသီးခြင်းနှင့် ဆက်စပ်သည့် အတွေးများ၊ အမြင်များ၊ ဆိုရိုးများ သို့မဟုတ် စည်းမျဉ်းများ တစ်ခုခုကို ချက်ချင်း လက်လွှတ်သင့်ပြီး မဖက်တွယ်သင့်ပေ။ ဘုရားသခင်နှင့်ဆိုပါက တားမြစ်ချက်များမရှိပေ။ ဘုရားနှုတ်ကပတ်တော်များ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အလိုတော်တို့ကို ဘုရားနှုတ်ကပတ်တော်တွင် ရှင်းလင်းစွာ ဖော်ပြပေးသည်။ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များတွင် ဘုရားသခင်က လူတို့ကို ပြောပြသောအရာများအားလုံးဖြစ်စေ၊ လူတို့ကို တောင်းဆိုသည့်အရာတိုင်းဖြစ်စေ သမ္မာတရားနှင့် သက်ဆိုင်ပြီး ထူးဆန်းသည့် အရိပ်လက္ခဏာများ မပါဝင်ပေ။ ဘုရားသခင်သည် လူတို့အား မည်သည့် ကိစ္စရပ်များတွင် မည်သို့ ပြုမူဆောင်ရွက်ပြီး မည်သည့် စည်းမျဉ်းများအား လိုက်နာစောင့်ထိန်းရမည်ဟူသည်ကို ရှင်းလင်းစွာနှင့် ရိုးရိုးစင်းစင်းသာ ပြောပြလေသည်။ တားမြစ်ချက် တစ်ခုတလေ မရှိသကဲ့သို့ ဇီဇာကြောင်သော အချက်အလက်များ သို့မဟုတ် ဆိုရိုးများ တစ်ခုတလေ မရှိပေ။ လူတို့ လိုက်နာစောင့်ထိန်းသင့်သည့်အရာမှာ မိမိတို့၏ကိုယ်ပိုင် တကယ့် အခြေအနေများအတိုင်း သမ္မာတရား စည်းမျဉ်းများပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန် ရက်စွဲကိုဖြစ်စေ၊ အချိန်ကိုဖြစ်စေ သင် ကြည့်ဖို့မလိုပေ။ တားမြစ်ချက်များမရှိပေ။ ဇာတာခွင်ကိုမဆိုထားနှင့်၊ ပြက္ခဒိန်မှဖြစ်စေ၊ ထိုနေ့က လပြည့်လော သို့မဟုတ် လဆန်းလော ဟူသည်ကိုဖြစ်စေ အကြံဉာဏ်ရယူရန် မလိုအပ်ပေ။ ဤအရာများကို သင်စိုးရိမ်ရန် မလိုအပ်။ ဘုရားသခင်၏ စိုးမိုးမှုအောက်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွင်းတွင် လူတို့သည် လွတ်လပ်ပြီး လွတ်မြောက်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက တည်ငြိမ်သည်၊ ဝမ်းမြောက်ပြီး အေးချမ်းကာ ကြေက်လန့်မှု သို့မဟုတ် အကြောက်တရားနှင့် ပြည့်နေခြင်း မရှိသကဲ့သို့ သေချာပေါက် ဖိနှိပ်ချုပ်ချယ်မှုနှင့် ပြည့်နေခြင်းလည်း မရှိပေ။ ကြောက်လန့်မှု သို့မဟုတ် အကြောက်တရားနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့သည် အမျိုးမျိုးသော အယူသီးသည့် အဆိုများက ဖြစ်စေသော ခံစားချက်များသာ ဖြစ်သည်။ သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်တို့သည် လူတို့ကို ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်း၊ စိုးရိမ်သောကကင်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ဆောင်ကြဉ်းပေးသည်။ သို့တိုင် အယူသီးခြင်းကမူ လူတို့ကို ဆန့်ကျင်ဘက် အတိအကျ ဖြစ်စေသည်။ ယင်းက ဤအရာ၊ ထိုအရာ မလုပ်ဆောင်ရန် သင့်ကို ဟန့်တားရင်း၊ ဤအရာ ထိုအရာ မစားရန် တားဆီးရင်း သင့်ကို မလှုပ်သာအောင် ထိန်းချုပ်ထား၏။ သင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် မှားယွင်းပြီး သင် လုပ်ဆောင်သည့် မည်သည့်အရာမဆို တားမြစ်ချက်တစ်ခု ပါဝင်ကာ အရာရာသည် ပြက္ခဒိန်စာအုပ်ဟောင်း၏ ဆိုရိုးများနှင့်အညီ ဖြစ်ရမည်ဖြစ်သည်။ လနှင့်ဆိုင်သော ပြက္ခဒိန်တွင် မည်သည့်အချိန်ဖြစ်သည်၊ မည်သည့်နေ့တွင် မည်သည့်အရာ လုပ်ဆောင်နိုင်သည်၊ သင် အပြင်ထွက်၍ ရမရ၊ ဆံပင်ညှပ်ခြင်း၊ ရေချိုးခြင်း၊ အဝတ်လဲခြင်းနှင့် လူတို့ကို တွေ့ဆုံခြင်းအားလုံးတို့သည်ပင် သူ့တားမြစ်ချက်များနှင့်သူ ပါဝင်ကြသည်။ အထူးသဖြင့် မင်္ဂလာဆောင်ခြင်းနှင့် ဈာပနများ၊ အိမ်ပြောင်းခြင်း၊ တောက်တိုမည်ရနှင့်ပတ်သက်၍ အပြင်ထွက်ခြင်းနှင့် အလုပ်တစ်ခု ရှာခြင်းတို့သည် ပြက္ခဒိန်စာအုပ်ပေါ် သာ၍ပင် မူတည်လေသည်။ လူတို့ကို မလှုပ်သာအောင် ထိန်းချုပ်ထားရန် စာတန်သည် အယူသီးပြီး ထူးခြားဆန်းကြယ်သော ဆိုရိုးမျိုးစုံကို အသုံးပြု၏။ ထိုသို့လုပ်ဆောင်ရာတွင် ၎င်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့ကို ထိန်းချုပ်ရန်ဖြစ်သည်။) ခေတ်သစ် ဝေါဟာရဖြင့်ပြောရလျှင် ၎င်း၏ အာဏာစက်ကို ပြခြင်း ဖြစ်သည်။ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်း၏ တန်ခိုးအာဏာကို လူတို့အား သိခွင့်ပေးခြင်း၊ တားမြစ်ချက်များနှင့် ပတ်သက်၍ ၎င်းက ပြင်ဆင်သတ်မှတ်သည့် ဤအဆိုများက စစ်မှန်ကြောင်း၊ ၎င်းက ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ ဤအရာများကို ၎င်းက လုပ်ဆောင်နိုင်ကြောင်းနှင့် သင် နားမထောင်လျှင် သူ့အကြောင်းကို သိအောင်ပြမည်ဖြစ်ကြောင်း ၎င်းတို့ကို သိခွင့်ပေးခြင်းဟု ဆိုလိုပေသည်။ ဤတင်စားချက်သည် အဘယ်သို့နည်း။ “အမျိုးသမီးအိုတစ်ဦးက သင် သတိပြုမိစေရန် နှုတ်ခမ်းနီဆိုးထားသည်” ဟူ၍ ဖြစ်သည်။ သင့်အနေဖြင့်နားမထောင်လျှင်၊ သို့မဟုတ် ဤတားမြစ်ချက်ကို သင် ချိုးဖောက်လျှင် သင် စောင့်ကြည့်ရုံ စောင့်ကြည့်ရလိမ့်မည်ဖြစ်ပြီး အကျိုးဆက်များကို ခံရလိမ့်မည်ဖြစ်သည်ဟု ဆိုလိုသည်။ လူတို့သည် ဘုရားသခင်ကို မယုံကြည်လျှင် ဤတားမြစ်ချက်များကို ကြောက်ကြ၏။ အဘယ့်ကြောင့်ဆိုသော် အမှန်မှာမူ လူတို့သည် လူ့ဇာတိနှင့်သက်ဆိုင်ကြပြီး ဝိညာဉ်လောကရှိ နတ်ဆိုးပုံစံမျိုးစုံနှင့် စာတန်တို့ကို မတိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ယခု သင်သည် ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာပြီးဖြစ်သဖြင့် သင်၏ အတွေးများနှင့် သင့်ဘဝ၏ နေ့ရက်စဉ်တိုင်းအပါအဝင်၊ သင်နှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိပေသည်။ ဘုရားသခင်သည် သင့်ကို စောင့်ကြပ်ပြီး ကာကွယ်ပေးသည်။ သင်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကာ တည်ရှိပြီး စာတန်၏ လက်ခုပ်ထဲတွင် မရှိပေ။ ထို့ကြောင့် သင်သည် ဤတားမြစ်ချက်များကို လိုက်နာစောင့်ထိန်းရန် မလိုအပ်တော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် စာတန်က သင့်ကို အန္တရာယ်ပေးနိုင်ကြောင်း၊ သို့မဟုတ် စာတန်ကို နားမထောင်လျှင် သို့မဟုတ် အယူသီးခြင်းများဖြင့် ပြောဆိုထားသည့် တားမြစ်သောအရာများကို မယုံကြည်လျှင် သင့်ထံ မကောင်းသည့်အရာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း သင် ကြောက်ရွံ့ဆဲဖြစ်လျှင် စာတန်သည် သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်သည်ဟု သင် ယုံကြည်ဆဲဖြစ်ကို ဤအရာက သက်သေပြပေသည်။ တစ်ချိန်တည်းတွင်ပင် သင်သည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်မှုကို ကျိုးနွံနာခံရန် လိုလားနေပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံရန် မလိုလားကြောင်းကိုလည်း သက်သေပြပေသည်။ ၎င်းက အမှန်တကယ် တည်ရှိသည်ကို လူတို့အား သိခွင့်ပေးရန် စာတန်သည် ဤအရာအားလုံးကို လုပ်ဆောင်ပေသည်။ လူသားမျိုးနွယ်ကို ထိန်းချုပ်ရန်၊ သက်ရှိအရာများအားလုံးကို ထိန်းချုပ်ရန် ၎င်းက မိမိ၏ မှော်ဆန်သော တန်ခိုးများကို အသုံးပြုချင်သည်။ ၎င်းအနေဖြင့် ဤသက်ရှိအရာများကို ထိန်းချုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ဖျက်ဆီးရန်ဖြစ်ပြီး ၎င်းတို့ကို ဖျက်ဆီးခြင်း၏ ရည်ရွယ်ချက်နှင့် နောက်ဆုံးရလဒ်မှာ ၎င်းတို့ကို ဝါးမျိုရန်ဖြစ်သည်။ ၎င်းတို့ကို ထိန်းချုပ်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အား မိမိကို ကိုးကွယ်အောင် ပြုလုပ်ရန်လည်းဖြစ်သည်မှာ အမှန်ဖြစ်၏။ နတ်ဆိုးစာတန်က အာဏာစက်ပြလိုလျှင် ထိရောက်မှုအချို့ကို ၎င်းက ပြသရန်လိုအပ်သည်။ ဥပမာအားဖြင့် ၎င်းက ကြက်ဥကို မစင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ ဤကြက်ဥကို ဝိညာဉ်ဆိုး၏ ယဇ်ပလ္လင်တစ်ခုအတွက် ပေးထားခြင်းဖြစ်ပြီး သင် ဆာလောင်ပြီး စားလိုကာ နတ်ဆိုးထံမှ ထိုအရာကို လုယူရန် ကြိုးစားလျှင် ၎င်းသည် သင့်အား ၎င်း၏ တန်ခိုးအာဏာပြရန် ထိုကြက်ဥကို မစင်အဖြစ်သို့ ပြောင်းလဲသွားစေလိမ့်မည်။ သင်သည် ၎င်းကို ကြောက်ရွံ့လာလိမ့်မည်ဖြစ်ပြီး အစားအစာအတွက် ပြိုင်ဝံ့မည်မဟုတ်ပေ။ တစ်ခုသောအရာက သင့်ကို ၎င်းအပေါ် ကြောက်စေပြီးနောက် နောက်တစ်ခုက သင့်ကို ကြောက်စေလျှင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းကို သင် မမြင်ရဘဲနှင့် စတင်ယုံကြည်မိလိမ့်မည်ဖြစ်သည်။ သင်သည် ၎င်းကို အချိန်အတော်ကြာအောင်ယုံကြည်လျှင် ၎င်းကို သင်၏ စိတ်နှလုံးအတွင်းနက်နက်နေရာများမှ စတင် ကိုးကွယ်လာလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ စာတန့်လုပ်ရပ်များ၏ ရည်မှန်းချက်များ ဖြစ်သည် မဟုတ်လော။ စာတန်သည် ဤရည်မှန်းချက်များအတွက် အတိအကျ ပြုမူဆောင်ရွက်၏။ တောင်ဘက်တွင်ဖြစ်စေ၊ မြောက်ဘက်တွင်ဖြစ်စေ လူသားများ၏ အမျိုးအနွယ်က မည်သည့်အရာ ဖြစ်လင့်ကစား ၎င်းတို့အားလုံးသည် ဒူးထောက်လျက် ဆိုးယုတ်ပြီး ညစ်ညူးသည့် ဝိညာဉ်များကို ကိုးကွယ်ကြလေသည်။ ၎င်းတို့သည် အဘယ်ကြောင့် ထိုအရာများကို ဒူးထောက်လျက် ကိုးကွယ်ကြသနည်း။ ၎င်းတို့ ဒူးထောက်လျက် ကိုးကွယ်သည့် ထိုဆိုးယုတ်ပြီး ညစ်ညူးသည့် ဝိညာဉ်များသည် အဘယ်ကြောင့် မျိုးဆက်တစ်ဆက်ပြီး နောက်တစ်ဆက်တိုင် ၎င်းတို့အတွက် အမွေးတိုင်များကို အဆက်မပြတ် ထွန်းအောင် လုပ်ကြသနည်း။ ထိုအရာများ အမှန်တကယ်မရှိဟု သင် ဆိုလျှင် အဘယ်ကြောင့် များစွာသော လူတို့က ၎င်းတို့ကို ယုံကြည်ပြီး ၎င်းတို့အတွက် အမွေးတိုင် ဆက်ထွန်းကြသနည်း၊ ၎င်းတို့ကို ကန်တော့ကြသနည်း၊ ၎င်းတို့ထံ သစ္စာဝတ်များဆိုပြီးနောက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မိမိတို့၏ သစ္စာဝတ်များကို ဖြည့်ဆည်းကြသနည်း။ ယင်းမှာ ထိုဆိုးယုတ်ပြီး ညစ်ညူးသည့် ဝိညာဉ်များက တစ်စုံတစ်ရာကို လုပ်ဆောင်ပြီးဖြစ်သောကြောင့် ဖြစ်သည် မဟုတ်လော။ နတ်ဆိုးများ၏ စကားများကို သင် နားမထောင်လျှင် ၎င်းတို့က သင့်ကို နာမကျန်းဖြစ်စေလိမ့်မည်၊ သင့်အတွက် အမှုအရာများကို တလွဲတချော်ဖြစ်စေလိမ့်မည်၊ သင့်အပေါ် ကပ်ဘေးများ ကျရောက်စေလိမ့်မည်ဖြစ်ပြီး သင်၏ မိသားစုနွားများကို နာမကျန်းဖြစ်စေကာ စိုက်ခင်းများကို မထွန်ယက်နိုင်အောင် ဖြစ်စေလိမ့်မည် ဖြစ်သည့်အပြင် သင်၏ မိသားစုကို ကားတိုက်မှုများဖြစ်အောင်ပင် လုပ်လိမ့်မည်ဖြစ်သည်။ သင့်ကို ဒုက္ခပေးရန် နည်းလမ်းများ ရှာကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ ရှာတွေ့လေ၊ သင် ဒုက္ခများလေ ဖြစ်လိမ့်မည်။ သင်သည် လိုက်နာရန် မငြင်းနိုင်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့ကို ဒူးထောက်ကိုးကွယ်ရန်မှလွဲ၍ သင် ရွေးချယ်စရာရှိလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို ကျိုးနွံနာခံရန် သင်သည် လိုလိုလားလား ဦးညွှတ်မိလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့ ပျော်ရွှင်သွားကြလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ၎င်းတို့နှင့် သက်ဆိုင်သွားလိမ့်မည်။ ယဇ်ပလ္လင်များပေါ်တွင် ပေါ်လာသည့် ဝိညာဉ်လောကရှိ မြေခွေးဝိညာဉ်များ သို့မဟုတ် သဏ္ဌာန်အမျိုးမျိုး၏ ထိန်းချုပ်ခြင်းခံနေရသော လူ့အဖွဲ့အစည်းရှိ လူများကို ကြည့်လော။ ဤအရာကို ငါတို့ အဘယ်သို့ ခေါ်ဆိုသနည်း။ နတ်ဆိုးများ ဝင်ပူးခံရခြင်းနှင့် နတ်ဆိုးစွဲခံရခြင်းဟု ငါတို့ ခေါ်သည်။ သာမန်လူများကြားတွင် ဤအရာကို ဝိညာဉ်တစ်ခု၏ ထိန်းချုပ်ခံရခြင်း သို့မဟုတ် မိမိခန္ဓာကိုယ်က တစ်စုံတစ်ရာ၏ သိမ်းပိုက်ခံရခြင်းဟု ခေါ်သည်။ နတ်ဆိုးများက သိမ်းပိုက်ရန် ခန္ဓာကိုယ်များကို စတင်ရှာဖွေသည့်အခါ ၎င်းတို့၏ ပစ်မှတ်များက ၎င်းတို့ကို ထိုသို့လုပ်ဆောင်ခွင့်မပေးလိုကြသောကြောင့် နတ်ဆိုးများက ထိုသူတို့၏ မိသားစုများ၌ မတော်တဆမှုများဖြစ်စေကာ ဒုက္ခပြဿနာများ ဖြစ်လာစေလျက် ထိုသူတို့ကို စွက်ဖက်ကာ နှောင့်ယှက်ကြလေသည်။ စီးပွားရေးလုပ်ငန်း လုပ်သည့်သူများသည် ဆုံးရှုံးမှုများ ခံစားရကြပြီး မည်သည့်အခါမျှ ဝယ်ယူသူတစ်ဦးမျှပင် မရှိကြချေ။ ၎င်းတို့ ပြည့်စုံလုံလောက်ခြင်းမရှိနိုင်သကဲ့သို့ ၎င်းတို့အတွက် တိုးတက်မှုတစ်ခုခု ဖြစ်အောင်လုပ်ဖို့ဟူသည်မှာ အလွန်ခက်ခဲသွားသည်အထိတိုင် ၎င်းတို့ တားဆီးပိတ်ဆို့ခံရကြလေသည်။ အဆုံးတွင် ၎င်းတို့ ကျိုးနွံနာခံကာ သဘောတူကြသည်။ ၎င်းတို့သဘောတူပြီးနောက်တွင် နတ်ဆိုးများက အမှုအရာများကို လုပ်ဆောင်ရန်၊ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာအချို့ကို လုပ်ပြရန်၊ အခြားလူတို့ကို ဆွဲဆောင်ရန်၊ နာမကျန်းမှုများကို ကုသရန်၊ ဗေဒင်ဖတ်ရန်၊ လူသေတို့၏ ဝိညာဉ်များကိုပင် ကူညီဆင့်ခေါ်ပေးရန် စသည်တို့ကိုပင် လုပ်ဆောင်ဖို့ ၎င်းတို့၏ ကိုယ်ခန္ဓာများကို အသုံးပြုကြလေသည်။ နတ်ဆိုးများသည် လူတို့ကို လှည့်ဖြားရန်၊ ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်ရန် ဤနည်းလမ်းများကို အသုံးပြုနေခြင်း မဟုတ်လော။
ဘုရားသခင်ကို ယုံကြည်သူများက ဤအယူသီးသော ဆိုရိုးများနှင့် စပ်လျဉ်း၍ မယုံကြည်သူများကဲ့သို့ အလားတူ အမြင်များနှင့် အယူအဆများ ခံယူစွဲကိုင်ကြလျှင် ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်ကို အာခံခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။) မှန်ပေ၏၊ ဤအဖြေသည် အလွန်တိကျမှန်ကန်၏၊ ထိုအရာသည် ဘုရားသခင်ကို ဆိုးရွားသည့် ပုန်ကန်ပြစ်မှားမှုဖြစ်သည်။ သင်သည် ဘုရားသခင်နောက်သို့လိုက်ပြီး သူ့ကို ယုံကြည်ကြောင်း ပြောသော်လည်း တစ်ချိန်တည်းတွင်ပင် အယူသီးခြင်းများ၏ ထိန်းချုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို သင် ခံနေရသည်။ အယူသီးခြင်းများက လူတို့အထဲတွင် သွတ်သွင်းထားသည့် အတွေးများကိုပင် သင် လိုက်နာနိုင်စွမ်းရှိပြီး သာ၍ဆိုးရွားစွာပင် သင်တို့ထဲမှအချို့သည် အယူသီးမှုများပါဝင်သည့် ဤအတွေးများနှင့် အချက်အလက်များကို ကြောက်ရွံ့ကြ၏။ ဤသည်မှာ ဘုရားသခင်ကို အကြီးမားဆုံး ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ရုံတင်မက ဘုရားသခင်၏ အချုပ်အခြာအာဏာကို အတိုက်အခံလုပ်ရာတွင် စာတန်နောက်သို့လည်း သင် လိုက်လျှောက်နေပေသည်။ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းတစ်ခု ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) အယူသီးခြင်းများကို လူတို့ ယုံကြည်ခြင်း သို့မဟုတ် အယူသီးခြင်းများနောက်လိုက်ခြင်း၏ အနှစ်သာရသည် ဘုရားသခင်ကို ပြစ်မှားစော်ကားရန်ဖြစ်သောကြောင့် သင့်အပေါ် အယူသီးခြင်းများက ထားရှိသည့် ပုံစံသွင်းပေးခြင်း အမျိုးမျိုးကို သင် လက်လွှတ်သင့်သည် မဟုတ်လော။ (လက်လွှတ်သင့်ပါသည်။) ယင်းတို့ကို လက်လွှတ်ခြင်းကို လက်တွေ့လုပ်ဆောင်ရန် အရိုးရှင်းဆုံးသော နည်းလမ်းမှာ ထိုအယူသီးခြင်းများက စစ်မှန်သည်ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ၊ ပြီးလျှင် ယင်းတို့က မည်သည့်အရာများ ဖြစ်စေမည်ဖြစ်စေ မိမိကိုယ်ကို ယင်းတို့၏ နှောင့်ယှက်ခြင်း မခံစေရန်ဖြစ်သည်။ အမှုအရာတစ်ခုခုနှင့်ပတ်သက်၍ အယူသီးခြင်းများက ဖြစ်စေသည့် အဆိုများက ဓမ္မဓိဋ္ဌာန်ကျကျ စစ်မှန်လျှင်ပင် ယင်းတို့၏ နှောင့်ယှက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို သင် မခံသင့်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထား၍ဖြစ်သည်။ စာတန်က တစ်စုံတစ်ရာကို ပြီးမြောက်နိုင်လျှင်ပင် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် စာတန်သည် သင်၏ ခေါင်းပေါ်ရှိ ဆံပင်တစ်မျှင်ကိုမျှပင် မထိဝံ့သည်မှာ ဘုရားသခင် ပြောထားခဲ့သကဲ့သို့ပင် ဖြစ်၏။ ဤသည်မှာ အမှန်တရား ဖြစ်ပြီး လူတို့ ယုံကြည်သင့်သည့် သမ္မာတရားတစ်ခု ဖြစ်သည်။ ထို့ကြောင့် သင်၏ မည်သည့် မျက်ခမ်းလှုပ်သည်ဖြစ်စေ၊ သင်၏ သွားများ ကျွတ်ထွက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သေခြင်းအကြောင်း အိပ်မက်များ မက်သည်ဖြစ်စေ၊ အိပ်မက်ဆိုးတစ်မျိုးမျိုး မက်သည်ဖြစ်စေ ဤအရာများက ဘုရားလက်ထဲတွင်ရှိသည်ကို သင် ယုံကြည်သင့်ပြီး ယင်းတို့၏ လွှမ်းမိုးခြင်း၊ သို့မဟုတ် နှောင့်ယှက်ခြင်းတို့ကို မခံသင့်ပေ။ ဘုရားသခင် ပြီးမြောက်လိုသည့် အရာများကို မည်သူမျှ မပြောင်းလဲစေနိုင်သကဲ့သို့ ဘုရားသခင် စီမံထားပြီးဖြစ်သည့်အရာများကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ဘုရားသခင် စီမံထားပြီး စီစဉ်ထားသည့် အရာများသည် ပြီးမြောက်နှင့်ပြီးသားဖြစ်သော အမှန်တရားများဖြစ်သည်။ သင့်ထံတွင် စိတ်ထင့်ခြင်းတစ်ခု ရှိသည်ဖြစ်စေ၊ ဝိညာဉ်လောက၏ ဤနတ်ဆိုးများနှင့် စာတန်က မည်သည့် နိမိတ်မျိုး သင့်ကို ပေးသည်ဖြစ်စေ ယင်းတို့အားဖြင့် သင် စိတ်မပူပန်သင့်ပေ။ ဤအရာအားလုံး ဘုရားလက်ထဲတွင်ရှိကြောင်းနှင့် လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ကြိုတင်စီစဉ်မှုကို ကျိုးနွံနာခံသင့်ကြောင်းကိုသာ ယုံကြည်လော့။ ဖြစ်တော့မည့် အရာများ သို့မဟုတ် မဖြစ်နိုင်သည့် အရာများအားလုံး ဘုရားသခင်၏ ထိန်းချုပ်မှုအတွင်းနှင့် သူ၏ စီမံမှုအတွင်းတွင် ရှိ၏။ ယင်းတို့ကို မည်သူမျှ မပြောင်းလဲနိုင်သကဲ့သို့ ယင်းတို့နှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်က စွက်ဖက်နိုင်ဖို့ဟူသည်မှာ ဝေးသေး၏။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ လူတို့ ဒူးထောက်ကိုးကွယ်သင့်သည်မှာ အယူသီးခြင်းများ အမှန်တကယ် ဖြစ်လာစေနိုင်သည့် သို့မဟုတ် နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်နိုင်သည့် ဝိညာဉ်လောကရှိ အင်အားစုတစ်ခုတလေ မဟုတ်ဘဲ ဖန်ဆင်းရှင်ဖြစ်သည်။ နတ်ဆိုးများနှင့် စာတန်က ပိုင်ဆိုင်သည့် မှော်တန်ခိုးများက မည်မျှ ကြီးမားကျယ်ပြန့်သည်ဖြစ်စေ၊ မည်သည့် နိမိတ်လက္ခဏာများကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ မည်သည့်အရာကိုမဆို ၎င်းတို့ အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်သည်ဖြစ်စေ၊ လူ၏ စိတ်ထင့်ခြင်းက မည်သည့်အရာဖြစ်ပြီး မည်သည့် အယူသီးသော ဆိုရိုးများကို လက်တွေ့အရှိတရားအဖြစ်သို့ ၎င်းတို့ ပြောင်းလဲနိုင်သည်ဖြစ်စေ ဤအရာတစ်ခုကမျှ လူတို့၏ ကံကြမ္မာများကို ၎င်းတို့၏ လက်တွင် စွဲကိုင်ထားသည်ဟု မဆိုလိုပေ။ လူတို့ ဒူးထောက်ကိုးကွယ်ပြီး ယုံကြည်သင့်သည့်အရာသည် နတ်ဆိုးများနှင့် စာတန်မဟုတ်ဘဲ ဖန်ဆင်းရှင်ဖြစ်သည်။ ရိုးရာများ၊ အယူသီးခြင်းများနှင့် ဘာသာတရားများပါဝင်သည့် မိသားစု ပုံစံသွင်းပေးခြင်း အကြောင်းအရာနှင့် ပတ်သက်လာသည့်အခါ ဤသည်တို့မှာ လူတို့ နားလည်သင့်သည့်အရာများ ဖြစ်သည်။ တိုတိုပြောရလျှင် ရိုးရာ၊ အယူသီးခြင်း သို့မဟုတ် ဘာသာတရားပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ တစ်စုံတစ်ရာသည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား သို့မဟုတ် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသရွေ့ ထိုအရာကို လူတို့ စွန့်လွှတ်ကာ လက်လွှတ်သင့်ပေသည်။ ထိုအရာက ဘဝနေထိုင်မှု ပုံစံတစ်ခုဖြစ်သည်ဖြစ်စေ၊ တွေးခေါ်ခြင်းတစ်မျိုး ဖြစ်သည်ဖြစ်စေ၊ စည်းမျဉ်းတစ်ခုဖြစ်သည်ဖြစ်စေ၊ သဘောတရားတစ်ခု ဖြစ်သည်ဖြစ်စေ သမ္မာတရားမပါဝင်သရွေ့ လူတို့ စွန့်ပစ်သင့်သည့်အရာတစ်ခုသာ ဖြစ်သည်။ ဥပမာအားဖြင့် လူတို့၏ အယူအဆများတွင် ခရစ်ယာန်ဘာသာ၊ ကက်သလစ်အယူဝါဒ၊ ယုဒဘာသာအယူဝါဒ စသည်တို့ကဲ့သို့သော ဘာသာတရားနှင့် ပတ်သက်သည့် အရာများကို အယူသီးခြင်း၊ ရိုးရာ သို့မဟုတ် ရုပ်တုကိုးကွယ်ခြင်းတို့နှင့် နှိုင်းယှဉ်ရာတွင် အတော်အတန် မြင့်မြတ်ကာ အလေးအမြတ်ထားအပ်သည်ဟု ယူဆထားကြသည်။ လူတို့သည် ထိုအရာများအတွက် ၎င်းတို့၏ အယူအဆများနှင့် စိတ်အတွင်းနက်နက် နေရာများတွင် လေးစားကြည်ညိုမှု သို့မဟုတ် ထောက်ခံမှုအချို့ ခံစားရသော်လည်း၊ ထိုသို့ဖြစ်သည့်တိုင် ဘာသာတရားနှင့် ဆက်စပ်သည့် သင်္ကေတများ၊ အခါကြီးရက်ကြီးများနှင့် အမှတ်သညာများကို လူတို့ လက်လွှတ်သင့်ပြီး ယင်းတို့ကို အလွန်အကျွံ ချစ်ခင်မြတ်နိုးခြင်း မရှိသင့်၊ သို့မဟုတ် ယင်းတို့ကို ဒူးထောက်ကိုးကွယ်လျက် သို့မဟုတ် မိမိတို့၏ စိတ်နှလုံးများတွင် ယင်းတို့အတွက် နေရာတစ်ခုပင် ထိန်းသိမ်းထားလျက် သမ္မာတရားနှင့် တစ်ပုံစံတည်းဖြစ်သကဲ့သို့ သဘောမထားသင့်ပေ။ ဤအရာကို မလုပ်ဆောင်သင့်ပေ။ ဘာသာရေး သင်္ကေတများ၊ ဘာသာရေး လှုပ်ရှားမှုများ၊ ဘာသာရေး အခါကြီးရက်ကြီးများ၊ အချို့သော အမွှမ်းတင်ခံရသည့် ဘာသာရေး ပစ္စည်းများအပြင် ဘာသာတရားထဲရှိ အတော် မြင့်မြတ်သော ဆိုရိုးများ စသည်တို့အားလုံးသည် ငါတို့ ပြောဆိုပြီးဖြစ်သည့် ဘာသာတရား အကြောင်းအရာ နယ်ပယ်အတွင်းတွင် ကျရောက်ပေသည်။ တိုတိုပြောရလျှင် ဤအရာအားလုံးကို ပြောရခြင်း၏ ရည်ရွယ်ချက်မှာ အမှန်တရားတစ်ခုကို သင့်အား နားလည်စေရန်ဖြစ်သည်။ အယူသီးခြင်း၊ ရိုးရာနှင့် ဘာသာတရားပါဝင်သော အမှုအရာများနှင့် ပတ်သက်လာသည့်အခါ ယင်းတို့က မြင့်မြတ်သည်ဖြစ်စေ၊ အတော် ထူးဆန်းသည်ဖြစ်စေ သမ္မာတရားမပါဝင်သရွေ့၊ သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသရွေ့ အားလုံးကို လက်လွှတ်သင့်ပြီး လူတို့အနေဖြင့် ယင်းတို့ကို မဖက်တွယ်သင့်ပေ။ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အကြောင်းအရာများကို အထူးသဖြင့် စွန့်ပစ်သင့်ပြီး လုံးဝ ထိန်းသိမ်းရမည်မဟုတ်။ လူတို့သည် မိမိတို့ မိသားစုများ၏ ပုံစံသွင်းပေးခြင်းနှင့် လွှမ်းမိုးမှုများမှလာသော ဤအရာများအားလုံးကို ပြတ်သားတိကျစွာ တစ်ခုချင်း လက်လွှတ်သင့်ပြီး မိမိတို့ကိုယ်ကို ယင်းတို့၏ ထိခိုက်စေခြင်းကို ခံခွင့်မပေးသင့်ပေ။ ဥပမာအားဖြင့် ခရစ္စမတ်အချိန်တွင် ညီအစ်ကို မောင်နှမအချို့ကို သင် တွေ့ဆုံသည့်အခါ ၎င်းတို့ကို တွေ့သည်နှင့် သင်က “ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ပါ။ ပျော်စရာ ခရစ္စမတ်ပါ” ဟု ပြောသည်။ “ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ပါ” ဟု ပြောရန် ကောင်းသလော။ (မကောင်းပါ။) “ယေရှု မွေးဖွားခဲ့သည့် နေ့ရက်ကို အထိမ်းအမှတ်အဖြစ် အမှတ်တရကျင်းပခြင်းဖြစ်သဖြင့် ကျွန်ုပ်တို့ ခွင့်ရက်ယူပြီး ဘာမျှမလုပ်ဘဲ နေသင့်သည် မဟုတ်လော၊ ပြီးလျှင် ကျွန်ုပ်တို့ အလုပ်နှင့် တာဝန်များဖြင့် မည်မျှ အလုပ်များသည်ဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် ရပ်တန့်ပြီး ဘုရား အမှုတော်၏ လွန်ခဲ့သော ကာလရှိ အောက်မေ့ဖွယ်အကောင်းဆုံးသော နေ့ရက်ကို အထိမ်းအမှတ်အဖြစ် အမှတ်တရကျင်းပခြင်းကို ကျွန်ုပ်တို့ အာရုံစိုက်သင့်သည် မဟုတ်လော” ဟု ပြောရန် သင့်တော်သလော။ (မသင့်တော်ပါ။) အဘယ်ကြောင့် မသင့်တော်သနည်း။ (အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အတိတ်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုဖြစ်ပြီး သမ္မာတရားနှင့် ဘာမျှ မပတ်သက်သည့်အရာတစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်။) အယူဝါဒအားဖြင့် ဤသည်မှာ အမှန်ဖြစ်၏။ သဘောတရားအရ ဤပြဿနာ၏ ရင်းမြစ်ကို သင်တို့ သဘောပေါက်ပြီးဖြစ်သော်လည်း လက်တွေ့အရှိတရားတွင်မူ အဘယ်သို့ရှိနည်း။ ဤသည်မှာ အရိုးရှင်းဆုံး ကိစ္စရပ်ဖြစ်သော်ငြား သင်တို့က ငါ့ကို အဖြေတစ်ခု မပေးနိုင်ပေ။ ထိုသို့သောအရာများကို လူတို့ လုပ်ဆောင်သည့်အခါ ဘုရားသခင် မနှစ်သက်ပေ။ သူသည် ထိုအရာကို မြင်ရသည်ကို အလွန်မုန်းတီးသည်။ ထိုမျှလောက် ရိုးရှင်းပေသည်။ အခါကြီးရက်ကြီး ကျင်းပခြင်းများအတောအတွင်းတွင် မယုံကြည်သူများက “ပျော်စရာ နှစ်သစ်ဖြစ်ပါစေ။ ပျော်စရာ ခရစ္စမတ်ဖြစ်ပါစေ”ဟု ဆိုကြသည်။ ၎င်းတို့က ငါ့ကို နှုတ်ဆက်လျှင် ငါက ခေါင်းညိတ်ရုံညိတ်ကာ “သင်လည်း ဖြစ်ပါစေ”ဟုသာ ပြော၏။ ဆိုလိုသည်မှာ “သင်လည်း ပျော်ရွှင်ဖွယ် ခရစ္စမတ်ဖြစ်ပါစေ”ဟူ၍ ဖြစ်သည်။ ဤနှုတ်ဆက်ခြင်းကို ငါ ဟန်ဆောင်လုပ်ပြပြီး ထိုမျှသာ ဖြစ်သည်။ သို့ရာတွင် ညီအစ်ကို မောင်နှမများကို ဆုံဆွေ့ချိန်တွင် ဤအရာကို ငါ လုံးဝ မပြောပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် မယုံကြည်သူများ၏ အခါကြီးရက်ကြီးတစ်ရက်၊ စီးပွားဖြစ် အခါကြီးရက်ကြီးတစ်ရက် ဖြစ်သောကြောင့် ဖြစ်သည်။ အနောက်တိုင်းတွင် ရိုးရာနှင့်ဆိုင်သည်ဖြစ်စေ၊ လူဖန်တီးသည့်အရာဖြစ်စေ အခါကြီးရက်ကြီးတိုင်းနီးပါးသည် ကုန်သွယ်မှုနှင့် ဆက်နွှယ်ပြီး စီးပွားရေးနှင့် ဆက်စပ်ပေသည်။ ရှည်လျားသည့် သမိုင်းကြောင်းများ ရှိသော အချို့တိုင်းနိုင်ငံများအတွက်ပင်လျှင် ၎င်းတို့၏ အခါကြီးရက်ကြီးများသည် ရိုးရာနှင့် ဆက်စပ်ရုံမျှသာ ရှိပြီး ၂၀ ရာစုနှစ်ကတည်းက စီးပွားဖြစ်လှုပ်ရှားမှုများ အဖြစ်သို့ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲသွားပြီးဖြစ်ကာ ကုန်သည်များအတွက် ထူးကဲသော အခွင့်အရေးများ ဖြစ်ပေသည်။ ဤအခါကြီးရက်ကြီးများသည် စီးပွားဖြစ်ဖြစ်စေ၊ ရိုးရာနှင့်ဆိုင်သည်ဖြစ်စေ၊ မည်သို့ဆိုစေ ဘုရားသခင်ကို ယုံကြည်သောလူတို့နှင့် ဘာမျှ ပတ်သက်ခြင်းမရှိပေ။ ဤအခါကြီးရက်ကြီးများနှင့်ပတ်သက်၍ မယုံကြည်သူများ သို့မဟုတ် ဘာသာရေး ပုဂ္ဂိုလ်များက မည်မျှ စိတ်ထက်သန်ကောင်း စိတ်ထက်သန်နိုင်သည်ဖြစ်စေ၊ မည်သည့် တိုင်းပြည် သို့မဟုတ် တိုင်းနိုင်ငံတွင်မဆို ဤအခါကြီးရက်ကြီးများက မည်မျှ ထည်ဝါခံ့ညားကာ ခမ်းနားသည်ဖြစ်စေ ယင်းတို့သည် ဘုရားသခင် နောက်လိုက်သည့် ငါတို့နှင့် မည်သည့်ပတ်သက်မှုမျှမရှိသကဲ့သို့ ငါတို့ ဆင်နွှဲသင့်သည်ဟု သို့မဟုတ် အထိမ်းအမှတ်အဖြစ် အမှတ်တရ ကျင်းပသင့်သည်ဟု မဆိုထားနှင့်၊ ငါတို့ လိုက်နာစောင့်ထိန်းသင့်သည့် အခါကြီးရက်ကြီးများပင် မဟုတ်ပေ။ မယုံကြည်သူများထံမှလာသည့် ရိုးရာအခါကြီးရက်ကြီးများကို မဆိုထားနှင့်၊ မည်သည့်မျိုးနွယ်၊ လူမျိုးစု သို့မဟုတ် အချိန်ကာလမှ ဖြစ်လာသည်ဖြစ်စေ ယင်းတို့သည် ငါတို့နှင့် ဘာမျှပတ်သက်ခြင်း မရှိပေ။ ဘုရားအမှုတော် အဆင့်သုံးဆင့်၏ ကာလအသီးသီးနှင့်ဖြစ်စေ၊ အကန့်အသီးသီးနှင့်ဖြစ်စေ ဆက်စပ်သည့် နှစ်ပတ်လည်နေ့များသည်ပင်လျှင် ငါတို့နှင့် ဘာမျှပတ်သက်ခြင်း မရှိပေ။ ဥပမာအားဖြင့် ပညတ်တော်ခေတ်မှ အခါကြီးရက်ကြီးများသည် ငါတို့နှင့် ဘာမျှပတ်သက်ခြင်း မရှိသကဲ့သို့ ကျေးဇူးတော်ခေတ်မှ အီစတာနေ့၊ ခရစ္စမတ်နေ့ စသည်တို့သည် သေချာပေါက် ငါတို့နှင့် ဘာမျှပတ်သက်ခြင်း မရှိပေ။ ဤအရာများအကြောင်း မိတ်သဟာယပြုခြင်းအားဖြင့် လူတို့အား ငါ နားလည်စေလိုသည့်အရာမှာ အဘယ်နည်း။ ဘုရားသခင်က သူ လုပ်ဆောင်သည့်အရာများတွင် အားလပ်ရက်များကိုဖြစ်စေ၊ မည်သည့် စည်းမျဉ်းစည်းကမ်းကိုမျှဖြစ်စေ လိုက်နာစောင့်ထိန်းခြင်းမရှိဟူ၍ ဖြစ်သည်။ သူသည် မည်သည့်တားမြစ်ချက်မျှမရှိဘဲ လွတ်လပ်စွာ လုပ်ဆောင်ပြီး လွတ်မြောက်ကာ မည်သည့် အခါကြီးရက်ကြီးကိုမျှ သူ လုံးဝ အထိမ်းအမှတ်အဖြစ် အမှတ်တရ ကျင်းပခြင်း မရှိပေ။ ဘုရားသခင်၏ ပြီးခဲ့သည့် အမှုတော်နှင့်သက်ဆိုင်သော နိဒါန်း၊ နိဂုံး သို့မဟုတ် အထူးနေ့ရက်တစ်ရက်ဖြစ်လျှင်ပင် ဘုရားသခင်က လုံးဝ အထိမ်းအမှတ်အဖြစ် အမှတ်တရ ကျင်းပခြင်းမရှိပေ။ ဘုရားသခင်သည် အထိမ်းအမှတ်အဖြစ် အမှတ်တရ မကျင်းပသကဲ့သို့ ဤရက်စွဲများ၊ နေ့ရက်များ သို့မဟုတ် အချိန်များကို လူတို့အား စူးစူးစိုက်စိုက် သတိမပြုနေအောင် မလုပ်ပေ။ တစ်နည်းအားဖြင့် ဤအရာက လူတို့အား ဘုရားသခင်က ဤနေ့ရက်များကို အထိမ်းအမှတ်အဖြစ် အမှတ်တရ မကျင်းပကြောင်း၊ ဤနေ့ရက်များနှင့်ပတ်သက်၍ ဘုရားသခင် ဂရုမစိုက်ကြောင်း ပြောပြပေသည်။ နောက်တစ်နည်းအားဖြင့် ဤနေ့ရက်များကို အထိမ်းအမှတ်အဖြစ် အမှတ်တရ ကျင်းပရန် သို့မဟုတ် ဆင်နွှဲရန် မလိုအပ်ကြောင်း၊ ဤနေ့ရက်များကို ၎င်းတို့ မစောင့်ထိန်းသင့်ကြောင်းတို့ကို လူတို့အား ပြောပြသည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်နှင့် ဆက်စပ်သည့် နေ့ရက် သို့မဟုတ် အချိန်တစ်ခုခုကို အထိမ်းအမှတ်အဖြစ် အမှတ်တရ ကျင်းပရန် မဆိုထားနှင့် အောက်မေ့ရန်ပင် မလိုအပ်ပေ။ မည်သည့်အရာကို လူတို့ လုပ်ဆောင်ရန် လိုအပ်သနည်း။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံပြီး သူ၏ လမ်းပြမှုအောက်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံရန် လိုအပ်ပေသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန် လိုအပ်ပြီး မိမိတို့၏ နေ့စဉ်ဘဝများတွင် သမ္မာတရားကို လိုက်နာရန် လိုအပ်သည်။ ထိုမျှလောက်ရိုးရှင်းပေသည်။ ဤသို့ဖြင့် ဘဝသည် လူတို့အတွက် သာ၍ လွယ်ကူကာ နှစ်လိုဖွယ်ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤကိစ္စရပ်များနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းသည် လူတိုင်းကို လွတ်မြောက်ခြင်းနှင့် လွတ်လပ်မှု အမှန်တကယ် ဆောင်ကြဉ်းပေးပြီး ကျေးကျွန်ဘဝကို မဆောင်ကြဉ်းပေ။ အဘယ်ကြောင့်ဆိုသော် တစ်နည်းအားဖြင့် ဤအကြောင်းအရာများသည် လူတို့နားလည်သင့်သည့် ဓမ္မဓိဋ္ဌာန်ကျသော အချက်များနှင့် စစ်မှန်သော အရာများဖြစ်ကာ နောက်တစ်နည်းအားဖြင့် ယင်းတို့က လူတို့အား လွတ်မြောက်စေကာ ၎င်းတို့ မစောင့်ထိန်းသင့်သည့် ဤအရာများကို လက်လွှတ်ခွင့်ပြုသောကြောင့်လည်း ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်းတို့က လူတို့အား ဤအရာများက သမ္မာတရားကို ကိုယ်စားမပြုကြောင်းနှင့် လူတို့ စောင့်ထိန်းသင့်သည့် ဘုရားသခင်၏ လမ်းခရီးတစ်ခုတည်းသာရှိပြီး ယင်းမှာ သမ္မာတရားဖြစ်ကြောင်းကို သိခွင့်ပေးလေသည်။ သင် နားလည်သလော။ (နားလည်ပါသည်။)
မိသားစုနှင့်ဆိုင်သည့် အကြောင်းအရာနှင့် ပတ်သက်လာသည့်အခါ မိမိ မိသားစု၏ ပုံစံသွင်းပေးခြင်းအား လက်လွှတ်ခြင်းအပြင် လူတို့ လက်လွှတ်သင့်သည့် အခြားသွင်ပြင်လက္ခဏာများ ရှိ၏။ မိမိ၏ တွေးခေါ်ခြင်းအပေါ် မိသားစုက ထားရှိသည့် ပုံစံသွင်းပေးခြင်းနှင့် ပတ်သက်၍ ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ပြီးသည့်နောက်တွင် လူတို့အထဲသို့ ၎င်းတို့၏ မိသားစုများက ပုံစံသွင်းပေးခဲ့သည့် ဘဝနှင့်ပတ်သက်သော ဆိုရိုးအမျိုးမျိုးကိုလည်း ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ မိသားစုအားလုံးက လူတို့အား တည်ငြိမ်သည့် ဘဝနှင့် ကြီးထွားခြင်းအတွက် အခွင့်အရေး ထောက်ပံ့ပေး၏။ ၎င်းတို့သည် လူတို့အား ဘေးကင်းလုံခြုံသည့် အသိစိတ်၊ မှီခိုအားထားရမည့် တစ်စုံတစ်ရာနှင့် ၎င်းတို့၏ ကြီးထွားမှုဖြစ်စဉ်အတောအတွင်း အခြေခံလိုအပ်ချက်များ၏ ရင်းမြစ်တစ်ခုတို့ကိုလည်း ထောက်ပံ့ပေးသည်။ ၎င်းတို့၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းအပြင် လူတို့သည် မိမိတို့၏ ရုပ်ဝတ္ထုလိုအပ်ချက်များကိုလည်း မိမိတို့ မိသားစုများအားဖြင့် ဖြည့်ဆည်းခြင်းခံရကြသည်။ ကြီးပြင်းလာကြစဉ် ၎င်းတို့ လိုအပ်သည့် ဘဝ လိုအပ်ချက်များနှင့် အချို့သော အထွေထွေ ဘဝအသိပညာတို့ကိုလည်း ၎င်းတို့ ရရှိကြသည်မှာ အမှန်ဖြစ်သည်။ လူတို့က မိမိတို့၏ မိသားစုများထံမှ ရရှိသည့် အရာများစွာရှိသောကြောင့် လူတစ်ဦးချင်းစီအတွက် မိသားစုသည် အဆက်ဖြတ်ရန်ခက်သည့် ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့ထံ မိသားစုက ဆောင်ကြဉ်းပေးသည့် အကျိုးကျေးဇူးများမှာ များပြားသော်လည်း ငါတို့ မိတ်သဟာယအကြောင်းအရာ၏ ရှုထောင့်အမြင်မှကြည့်သည့်အခါ လူတို့အပေါ် မိသားစုက ဆောင်ကြဉ်းပေးလာသည့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် လွှမ်းမိုးမှုများနှင့် အပျက်သဘောဆောင်သည့် ဘဝ သဘောထားများအပြင် ရှုထောင့်အမြင်များမှာလည်း များပြားပေသည်။ ဆိုလိုသည်မှာ သင်၏ မိသားစုက သင်၏ အခြေခံလိုအပ်ချက်များအတွက် ထောက်ပံ့ပေးရင်းနှင့် စိတ်ခံစားမှုဆိုင်ရာ မှီခိုအားထားရာနှင့် ပံ့ပိုးမှုတို့ကို ပေးလျက် သင်၏ ရုပ်ပိုင်းဆိုင်ရာ ဘဝအတွက် မရှိမဖြစ်လိုအပ်သော အရာများစွာကို ယူဆောင်လာစဉ်တွင် တစ်ချိန်တည်းတွင်ပင် မလိုလားအပ်သည့် ဒုက္ခပြဿနာအချို့ကိုလည်း ယူဆောင်လာသည်။ လူတို့အတွက် သမ္မာတရားကို နားမလည်မီတွင် ဤဒုက္ခပြဿနာများမှ လွတ်မြောက်ပြီး ယင်းတို့ကို လက်လွှတ်ရန် ခက်ခဲပေသည်။ အတိုင်းအတာတစ်ခုအထိ သင်၏ မိသားစုက သင်၏ နေ့စဉ်ဘဝနှင့် ရပ်တည်မှုထဲသို့ အနှောင့်အယှက် အကြီး၊ အသေးနှစ်ခုလုံး ယူဆောင်လာတတ်သည်။ ယင်းက သင်၏ မိသားစုအပေါ် သင်၏ ခံစားချက်များကို မကြာခဏ ရှုပ်ထွေးကာ ဆန့်ကျင်ကွဲလွဲစေသည်။ သင်၏ မိသားစုက သင်၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေစဉ်တွင် စိတ်ခံစားမှုဆိုင်ရာ အဆင့်တစ်ခုထိလည်း သင့်ဘဝကို စွက်ဖက်နှောင့်ယှက်သည့်အတွက် “မိသားစု”ဟူသည့် ဝေါဟာရသည် လူအများစုအတွက် ခက်ခဲရှုပ်ထွေးပြီး ရှင်းလင်းစွာပြောဆိုရန် ခက်ခဲသည့် အတွေးများ ဖြစ်စေသည်။ သင်သည် သင်၏ မိသားစုအပေါ် တသလွမ်းဆွတ်ခြင်း၊ သံယောဇဉ်နှင့် ကျေးဇူးတင်ရှိခြင်း အပြည့်ခံစားရသည်မှာ အမှန်ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် သင်၏ မိသားစုက သင့်အပေါ် ဖြစ်စေသည့် အနှောင်အဖွဲ့များက ဒုက္ခပြဿနာ၏ ကြီးမားသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း သင့်ကို ခံစားစေသည်။ ဆိုလိုသည်မှာ လူတစ်ဦးက အရွယ်ရောက်သူတစ်ဦး ဖြစ်လာသည့်နောက်တွင် ၎င်း၏ မိသားစုအပေါ် ၎င်း၏ အယူအဆ၊ အတွေးများနှင့် ရှုထောင့်အမြင်တို့က အတော် ရှုပ်ထွေးလာသည်။ မိမိတို့ မိသားစုနှင့်ပတ်သက်၍ စဉ်းစားခြင်းကို ၎င်းတို့ လုံးဝ လက်လွှတ်လျှင်၊ စွန့်ပစ်လျှင် သို့မဟုတ် ရပ်တန့်လိုက်လျှင် ၎င်းတို့၏ အသိစိတ်က ခံနိုင်မည်မဟုတ်။ ၎င်းတို့၏ မိသားစုအကြောင်းကို ၎င်းတို့ အမှန်တကယ် စဉ်းစားလျှင်၊ ထပ်တလဲလဲ ပြန်တွေးပြီး မိမိတို့ ငယ်စဉ်အချိန်ကကဲ့သို့ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ ခေါင်းမဖော်ဘဲ တွေးတောလျှင် ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ လိုလိုလားလား ရှိနေလိမ့်မည် မဟုတ်။ လူတို့သည် မိမိတို့ မိသားစုများကို ရင်ဆိုင်ရသည့်အခါ ဤအခြေအနေမျိုး၊ အတွေးမျိုး၊ အမြင် သို့မဟုတ် အနေအထားကို မကြာခဏ တွေ့ကြုံရပြီး ဤအတွေးများနှင့် အမြင်များ သို့မဟုတ် အနေအထားများသည်လည်း ၎င်းတို့ မိသားစုများ၏ ပုံစံသွင်းပေးခြင်းမှ လာပေသည်။ ယနေ့ ငါတို့ မိတ်သဟာယပြုမည့် အကြောင်းအရာမှာ ဤသို့ဖြစ်သည်။ မိသားစုများက လူတို့အပေါ် ဆောင်ကြဉ်းသည့် ဝန်ထုပ်ဟူ၍ ဖြစ်၏။
ယခုတင် မိသားစုက လူတစ်ဦးကို မကြာခဏ စိတ်ထဲတွင် ခလောက်ဆန်ရှုပ်ထွေးစေပြီး စိတ်မသက်မသာ ဖြစ်စေပုံအကြောင်းကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ ၎င်းတို့သည် လုံးဝ လက်လွှတ်လိုသော်လည်း မိမိတို့၏ အသိစိတ်တွင် အပြစ်တင်စိတ်ခံစားရပြီး လက်မလွှတ်ရက်ပေ။ ၎င်းတို့သည် လက်လွှတ်ရမည့်အစား မိမိတို့ မိသားစု၌ စိတ်နှလုံးအကြွင်းမဲ့ ရည်စူးမြှုပ်နှံထားကာ မိမိတို့မိသားစုနှင့် တစ်သားတည်း ပေါင်းစည်းလျှင် ၎င်းတို့၏ အမြင်အချို့သည် ၎င်းတို့ မိသားစုနှင့် ဆန့်ကျင်ကွဲလွဲသည့်အတွက် မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ မကြာခဏ အကြံအိုက်ကြရလေသည်။ ထို့ကြောင့် ၎င်းတို့၏ မိသားစုကို ကိုင်တွယ်ဖြေရှင်းရန် အထူးသဖြင့် ခက်ခဲသည်ဟု လူတို့ ခံစားကြသည်။ ၎င်းတို့သည် မိမိတို့၏ မိသားစုနှင့် လုံးဝဥဿုံ သဟဇာတဖြစ်ခြင်းသို့ မရောက်ရှိနိုင်ကြဘဲ မိမိတို့၏ မိသားစုကို လုံးဝလည်း အဆက်မဖြတ်နိုင်ကြပေ။ သို့ဖြစ်၍ ယနေ့တွင် လူတစ်ဦးက မိမိ၏ မိသားစုနှင့် ဆက်ဆံရေးအား မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြစို့။ ဤအကြောင်းအရာတွင် မိမိတို့၏ မိသားစုမှလာသည့် ဝန်ထုပ်အချို့ ပါဝင်သည်။ ယင်းမှာ မိသားစုကို လက်လွှတ်ခြင်း၊ မိမိ၏ မိသားစုမှလာသည့် ဝန်ထုပ်များကို လက်လွှတ်ခြင်း အကြောင်းအရာထဲမှ တတိယ ခေါင်းစဉ်ဖြစ်သည်။ ဤသည်မှာ အရေးကြီးသော အကြောင်းအရာတစ်ခု ဖြစ်သည်။ မိသားစုမှလာသည့် ဝန်ထုပ်များနှင့် ဆက်စပ်၍ သင်တို့ နားလည်နိုင်သည့် အရာအချို့မှာ အဘယ်နည်း။ ယင်းတို့သည် မိမိ၏ တာဝန်များ၊ ဝတ္တရားများ၊ သားသမီးဝတ် စသည်တို့နှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) မိသားစုထံမှလာသည့် ဝန်ထုပ်များတွင် လူတစ်ဦးက မိမိ၏ မိသားစုအတွက် ဖြည့်ဆည်းသင့်သည့် တာဝန်များ၊ ဝတ္တရားများနှင့် သားသမီးဝတ်တို့ ပါဝင်သည်။ တစ်ဖက်တွင် ဤသည်တို့မှာ လူတစ်ဦး ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများဖြစ်သော်လည်း အခြားတစ်ဖက်တွင် အချို့သော အခြေအနေများနှင့် အချို့သောလူများနှင့်ပတ်သက်၍ ယင်းတို့သည် လူတစ်ဦး၏ ဘဝတွင် အနှောင့်အယှက်များ ဖြစ်လာကြပြီး ဤအနှောင့်အယှက်များသည် ငါတို့က ဝန်ထုပ်များဟုခေါ်သည့်အရာ ဖြစ်သည်။ မိသားစုမှလာသော ဝန်ထုပ်များနှင့် ပတ်သက်လာသည့်အခါ ကဏ္ဍနှစ်ခုမှ ငါတို့ ဆွေးနွေးနိုင်သည်။ ကဏ္ဍတစ်ခုမှာ မိဘ၏ မျှော်မှန်းချက်များ ဖြစ်သည်။ မိဘ သို့မဟုတ် လူကြီးသူမတိုင်းတွင် မိမိတို့ သားသမီးများအတွက် အမျိုးမျိုးသော မျှော်မှန်းချက် ကြီးကြီးငယ်ငယ် ရှိကြသည်။ ၎င်းတို့က မိမိတို့ သားသမီးများအနေဖြင့် စာကြိုးစားလေ့လာမည့်အရေး၊ လိမ္မာစွာ ပြုမူဆောင်ရွက်မည့်အရေး၊ ကျောင်းတွင် ထူးချွန်ပြီး တောက်လျှောက် အမှတ်အများဆုံးရသော ကျောင်းသားများဖြစ်ကာ မခိုမကပ်ဘဲ နေကြမည့်အရေးတို့ကို မျှော်လင့်ကြသည်။ မိမိတို့၏ သားသမီးများကို ဆရာများနှင့် အတန်းဖော်များ၏ လေးစားမှုကို ခံရစေချင်ကြပြီး ၎င်းတို့၏ အမှတ်ကို ၈၀ အထက်တွင် ပုံမှန်ရှိစေချင်ကြသည်။ ကလေးက အမှတ် ၆၀ ရလျှင် အရိုက်ခံရလိမ့်မည်ဖြစ်ပြီး အမှတ် ၆၀ အောက်ရလျှင် နံရံကို မျက်နှာမူကာ မိမိတို့၏ အမှားများကို စဉ်းစားရမည် သို့မဟုတ် အပြစ်ဒဏ်အဖြစ် လုံးဝ မလှုပ်မယှက် မတ်တပ်ရပ်ခိုင်းသည်ကို ခံရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် စားခွင့်၊ အိပ်ခွင့်၊ ရုပ်မြင်သံကြား ကြည့်ရှုခွင့် သို့မဟုတ် ကွန်ပြူတာသုံး၍ ကစားခွင့် ရမည်မဟုတ်သကဲ့သို့ ယခင်က ကတိပြုထားခဲ့သည့် ဝတ်ကောင်းစားလှများနှင့် အရုပ်များကို ၎င်းတို့အတွက် ဝယ်ပေးတော့မည် မဟုတ်ပေ။ မိဘနှစ်ပါးတိုင်းတွင် မိမိတို့၏ သားသမီးများအတွက် အမျိုးမျိုးသော မျှော်မှန်းချက်များရှိကြပြီး ၎င်းတို့အပေါ် ကြီးမားသည့် မျှော်လင့်ချက်များ ထားရှိကြသည်။ မိမိတို့၏ သားသမီးများက ဘဝတွင် အောင်မြင်မှုရလိမ့်မည်၊ ၎င်းတို့၏ အသက်မွေးမှုလုပ်ငန်းများတွင် မြန်ဆန်သော တိုးတက်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဘိုးဘေးများနှင့် မိသားစုကို လေးစားမှုနှင့် ဂုဏ်အသရေ ဆောင်ကြဉ်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ မည်သည့် မိဘများကမျှ မိမိတို့၏ သားသမီးများကို သူတောင်းစားများ၊ လယ်သမားများ သို့မဟုတ် လုယက်သူများနှင့် ဓားပြများ မဖြစ်စေလိုကြပေ။ မိဘများက မိမိတို့သားသမီးများကို လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ပြီးနောက်တွင် ဒုတိယတန်းစား နိုင်ငံသားများ ဖြစ်မလာစေချင်ကြပေ၊ အမှိုက်ကောက်သူ၊ လမ်းဘေးပျံကျစျေးသည်၊ လမ်းတကာလှည့်ရောင်းသည့် စျေးသည်များဖြစ်ရန် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းကို မခံစေလိုကြပေ။ မိဘများ၏ ဤမျှော်မှန်းချက်များကို ၎င်းတို့၏ သားသမီးများက အကောင်အထည် ဖော်နိုင်သည်ဖြစ်စေ၊ မဖော်နိုင်သည်ဖြစ်စေ မိဘများတွင် မိမိတို့၏ သားသမီးများအတွက် မျှော်မှန်းချက်မျိုးစုံ ရှိကြလေသည်။ မိဘများ၏ မျှော်မှန်းချက်များမှာ ၎င်းတို့က ကောင်းမွန်ပြီး မြင့်မြတ်သည့်အရာများ ဖြစ်သည်ဟု တွေးထင်သည့်အရာများ သို့မဟုတ် လိုက်စားမှုများကို ၎င်းတို့ သားသမီးများအပေါ် လွှဲပြောင်းပေးခြင်း ဖြစ်ကာ ၎င်းတို့၏ သားသမီးများအပေါ် မျှော်လင့်ချက် ပေး၍ သားသမီးများက ၎င်းတို့၏ ဤအလိုဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်လေသည်။ သို့ဆိုလျှင် မိဘများထံမှ ဤစိတ်ဆန္ဒများသည် ၎င်းတို့၏ သားသမီးများအတွက် မည်သည့်အရာကို အမှုမဲ့အမှတ်မဲ့ ဖန်တီးသနည်း။ (ဖိအားကို ဖန်တီးပါသည်။) ယင်းတို့က ဖိအားဖန်တီးပြီး အခြားမည်သည့်အရာကို ဖန်တီးသေးသနည်း။ (ဝန်ထုပ်များကို ဖန်တီးပါသည်။) ယင်းတို့သည် ဖိအားများဖြစ်လာပြီး အချုပ်အနှောင်များလည်း ဖြစ်လာသည်။ မိဘများက မိမိတို့ သားသမီးများအတွက် မျှော်လင့်ချက်များရှိသည့်အတွက် ထိုမျှော်မှန်းချက်များအတိုင်း မိမိတို့၏ သားသမီးများကို ၎င်းတို့က ဆုံးမပဲ့ပြင်ကြလိမ့်မည်၊ လမ်းပြကာ သွန်သင်လေ့ကျင့် ပေးကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းရန် ၎င်းတို့ သားသမီးများ၌ပင်လျှင် ရည်စူးမြှုပ်နှံကြလိမ့်မည် သို့မဟုတ် မိမိတို့သားသမီးများအတွက် မည်သည့် အဖိုးအခမဆို ပေးကြလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် မိဘများတွင် မိမိတို့ သားသမီးများကို ကျောင်းတွင် ထူးချွန်မည်၊ အတန်းထဲတွင် ထိပ်ဆုံး၌ ရှိလိမ့်မည်၊ စာမေးပွဲတိုင်းတွင် အမှတ် ၉၀ အထက်ရလိမ့်မည်၊ အမြဲ နံပါတ်တစ်ဖြစ်လိမ့်မည် သို့မဟုတ် အဆိုးဆုံးအနေဖြင့် အဆင့် ၅ အောက်တွင် မည်သည့်အခါတွင်မျှ ရှိမည်မဟုတ်ဟု မျှော်လင့်ကြသည်။ ဤမျှော်မှန်းချက်များကို ဖော်ပြပြီးသည့်နောက်တွင် မိဘများသည် တစ်ချိန်တည်းတွင်ပင် ဤရည်မှန်းချက်များကို လက်လှမ်းမီရန် မိမိတို့၏သားသမီးများကို ကူညီဖို့ စတေးမှုအချို့ကိုလည်း ပြုလုပ်ကြသည်မဟုတ်လော။ (ပြုလုပ်ကြပါသည်။) ၎င်းတို့၏ သားသမီးများက ဤရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အတွက် အလို့ငှာ သင်ခန်းစာများကို ပြန်လည်းဆန်းစစ်ပြီး စာများကို အလွတ်ကျက်ရန် နံနက်စောစော ထကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ မိဘများကလည်း ၎င်းတို့ကို အဖော်ပြုပေးရန် စောစောထကြလိမ့်မည် ဖြစ်သည်။ ပူပြင်းသော နေ့များတွင် ၎င်းတို့၏ သားသမီးများကို ကူ၍ ယပ်ခတ် ပေးကြလိမ့်မည်၊ အအေးများ ဖျော်ပေးကြလိမ့်မည်၊ သို့မဟုတ် ၎င်းတို့ စားဖို့အတွက် ရေခဲမုန့်များ ဝယ်ပေးကြလိမ့်မည်။ ၎င်းတို့ အိပ်ရာမှ နိုးနိုးချင်း ဦးဆုံးအနေဖြင့် ၎င်းတို့၏ သားသမီးများအတွက် ပဲနို့၊ အီကြာကွေးများနှင့် ကြက်ဥများကို ပြင်ဆင်ပေးကြလိမ့်မည်။ အထူးသဖြင့် စာမေးပွဲများအတောအတွင်းတွင် အီကြာကွေးတစ်ချောင်းနှင့် ကြက်ဥနှစ်လုံးကို စားခြင်းသည် အမှတ် ၁၀၀ ရဖို့ ကူညီပေးလိမ့်မည်ဟု မိဘများက မျှော်လင့်လျက် မိမိတို့၏သားသမီးများကို ထိုသို့ စားခိုင်းကြလိမ့်မည်ဖြစ်သည်။ သင်က “ဤအရာအားလုံးကို ကျွန်ုပ် မစားနိုင်ပါ၊ ကြက်ဥတစ်လုံးမျှက လုံလောက်ပါသည်”ဟု ပြောလျှင် ၎င်းတို့က “မိုက်သည့်ကလေး၊ ကြက်ဥတစ်လုံး စားလျှင် ဆယ်မှတ်သာ ရလိမ့်မည်။ မေမေ့အတွက် နောက်တစ်လုံးကို စားလော့။ တတ်နိုင်သမျှ ဝင်အောင် စားကြည့်ပါ။ ဤတစ်လုံးကို သင် စားနိုင်လျှင် အမှတ်တစ်ရာ ရလိမ့်မည်”ဟု ပြောလိမ့်မည်။ ကလေးက “ကျွန်ုပ် ယခုတင် အိပ်ရာထပါသည်။ မစားနိုင်သေးပါ”ဟု ပြောသည်။ “မဟုတ်ပါ၊ သင် စားမှဖြစ်မည်။ လိမ္မာပြီး သင့်မိခင်စကား နားထောင်လော့။ မေမေက သင်ကောင်းဖို့အတွက် ဤအရာကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် မိမိ၏မိခင်အတွက် စားသာ စားချလိုက်လော့” ကလေးက “မေမေက အရမ်းဂရုစိုက်သည်။ သူ လုပ်သမျှတိုင်းက ငါကောင်းဖို့အတွက် ဖြစ်သောကြောင့် ငါ စားလိုက်မည်”ဟု ချင့်ချိန်စဉ်းစား၏။ စားလိုက်သည့်အရာမှာ ကြက်ဥတစ်လုံး ဖြစ်သော်လည်း အမှန်တကယ် မျိုချလိုက်သည့်အရာမှာ မည်သည့်အရာနည်း။ ဖိအားဖြစ်၏။ မလိုလားခြင်းနှင့် စိတ်မပါခြင်းဖြစ်သည်။ စားခြင်းက ကောင်းပြီး ၎င်းတို့ မိခင်၏ မျှော်မှန်းချက်များက မြင့်မားကာ လူ့သဘာဝနှင့် အသိစိတ်တို့၏ ရှုထောင့်မှကြည့်လျှင် ယင်းတို့ကို လက်ခံသင့်သော်လည်း ဆင်ခြင်တုံတရားအရ ဤချစ်ခြင်းမေတ္တာမျိုးကို အတိုက်အခံလုပ်သင့်ပြီး အမှုအရာများကို ဤသို့လုပ်ဆောင်ပုံလုပ်ဆောင်နည်းကို လက်မခံသင့်ပေ။ သို့ရာတွင် ကံမကောင်းအကြောင်းမလှစွာပင် သင် လုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ သင် မစားလျှင် သူမက ဒေါသထွက်လိမ့်မည်ဖြစ်ပြီး သင် အရိုက်ခံရလိမ့်မည်၊ ကြိမ်းမောင်းခံရလိမ့်မည်၊ သို့မဟုတ် ကျိန်ဆဲခြင်းပင် ခံရလိမ့်မည်။ မိဘအချို့က “သင့်ကို ကြည့်လော့။ အလွန် အသုံးမကျသည်မှာ ကြက်ဥတစ်လုံးစားခြင်းသည်ပင် များစွာ အားထုတ်ရသည်။ အီကြာကွေးတစ်ချောင်းနှင့် ကြက်ဥနှစ်လုံးသည် အမှတ်တစ်ရာဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးက သင်ကောင်းဖို့အတွက်သာ ဖြစ်သည် မဟုတ်လော။ သို့သော် သင်က မစားနိုင်ဘဲရှိသေးသည်။ မစားနိုင်လျှင် နောင်တွင် အစားအစာအတွက် သင် တောင်းစားရလိမ့်မည်။ ကြိုက်သလိုလုပ်လော့”ဟု ပြောကြသည်။ တကယ်ပင် မစားနိုင်သည့် ကလေးအချို့ ရှိသော်လည်း ၎င်းတို့၏ မိဘများက အတင်းစားခိုင်းကြပြီး ထို့နောက်တွင် ၎င်းတို့က အားလုံးကို အန်ထုတ်ပစ်လိုက်ကြသည်။ အန်ခြင်းကိုယ်၌က ကိစ္စမရှိသော်လည်း ၎င်းတို့၏ မိဘများက သာ၍ပင် ဒေါသထွက်သွားပြီး သားသမီးများက စာနာမှု သို့မဟုတ် နားလည်မှု မရရှိရုံမက အပြစ်တင်ခြင်းလည်း ခံရကြလေသည်။ အပြစ်တင်ခံရခြင်းနှင့်အတူ ၎င်းတို့၏ မိဘများကို စိတ်ပျက်အောင်လုပ်မိသကဲ့သို့ သာ၍ပင် ၎င်းတို့ ခံစားကြရပြီး မိမိတို့ကိုယ်ကို သာ၍ပင် အပြစ်တင်မိကြသည်။ ဘဝသည် ဤကလေးများအတွက် မလွယ်ကူပေ၊ ဟုတ်သည် မဟုတ်လော။ (မလွယ်ကူပါ။) အန်ပြီးနောက်တွင် အန်နေသေးသည့်အလား ဟန်ဆောင်လျက် ရေချိုးခန်းထဲတွင် သင် တိတ်တဆိတ် ငိုသည်။ ရေချိုးခန်းမှ ထွက်လာသည့်အခါ သင်၏ မိခင် မမြင်အောင် သေချာထွက်ရင်း သင်၏ မျက်ရည်များကို အမြန် သုတ်လိုက်သည်။ အဘယ်ကြောင့်နည်း။ သူ မြင်လျှင် သင် အဆူခံရပြီး “သင့်ကို ကြည့်လော့၊ အလွန် အသုံးမကျပါ။ ဘာအတွက် ငိုနေသနည်း။ သင်သည် အသုံးမကျသောသူဖြစ်သည်၊ အင်မတန်ကောင်းသည့် အစားအစာကိုပင် သင် မစားနိုင်ပါ။ မည်သည့်အရာကို သင် စားချင်သနည်း။ သင် နောက်ထပ် အစာမစားဘဲနေလျှင် ဤတစ်ခုကို သင် စားနိုင်မည် မဟုတ်လော။ သင်သည် ဆင်းရဲဒုက္ခခံဖို့ မွေးလာခဲ့ခြင်းဖြစ်သည်။ စာကြိုးစားမလေ့လာလျှင်၊ စာမေးပွဲများနှင့်ပတ်သက်၍ အမှတ်ကောင်းကောင်း မရလျှင်၊ အစားအစာကို တောင်းစားသွားရလိမ့်မည်”ဟုပင် ကျိန်ဆဲခံရလိမ့်မည်။ သင်၏ မိခင် ပြောသည့် စကားလုံးတိုင်းက ပညာပေးရန် ရည်ရွယ်ပုံရသော်လည်း အပြစ်တင်သည့်ပုံလည်း ထင်ရသည်။ သို့ရာတွင် သင်ခံစားရသည်မှာ မည်သည့်အရာနည်း။ သင့် မိဘများ၏ မျှော်မှန်းချက်များနှင့် ချစ်ခြင်းမေတ္တာကို သင် ခံစားရ၏။ ထို့ကြောင့် ဤအခြေအနေတွင် သင်၏ မိခင်က မည်မျှ ကြမ်းတမ်းစွာ ပြောသည်ဖြစ်စေ၊ သင်၏ မျက်လုံးများတွင် မျက်ရည်များဖြင့် သူ၏ စကားများကို လက်ခံပြီး မျိုချရမည်ဖြစ်သည်။ သင် မစားနိုင်လျှင်ပင် သည်းညည်းခံပြီး စားရမည်ဖြစ်ကာ အော့ချင်အန်ချင်ဖြစ်လျှင်လည်း စားရဦးမည် ဖြစ်သည်။ ဤဘဝကို သည်းညည်းခံရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အဘယ်ကြောင့် မလွယ်ကူသနည်း။ သင့်မိဘများ၏ မျှော်မှန်းချက်များမှ မည်သည့် သွန်သင်လေ့ကျင့်ပေးမှုမျိုးကို သင် ရရှိသနည်း။ (စာမေးပွဲများတွင် အမှတ်ကောင်းကောင်း ရရှိရန်နှင့် အောင်မြင်သည့် အနာဂတ်တစ်ခု ရှိရန်ဖြစ်ပါသည်။) သင့်အနေဖြင့် အလားအလာရှိကြောင်း ပြရမည်၊ သင့်မိခင်၏ ချစ်ခြင်းမေတ္တာ၊ သူ၏ ကြိုးစားလုပ်ဆောင်မှုနှင့် စွန့်လွှတ်စတေးမှုများနှင့်လျော်ညီအောင် နေရမည်ဖြစ်ပြီး သင့်မိဘများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းကာ ၎င်းတို့ကို စိတ်ပျက်အောင် မလုပ်ရပေ။ ၎င်းတို့က သင့်ကို အလွန်ချစ်ကြသည်၊ သင့်အတွက် အရာရာ ပေးဆပ်ထားပြီးဖြစ်ကာ ၎င်းတို့၏ ဘဝတစ်ခုလုံးပေး၍ သင့်အတွက် အရာရာ လုပ်ဆောင်နေကြသည်။ ထို့ကြောင့် ၎င်းတို့၏ အားလုံးသော စွန့်လွှတ်စတေးမှုများ၊ ၎င်းတို့၏ သွန်သင်လေ့ကျင့်ပေးမှုနှင့် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည်ပင်လျှင် မည်သည့်အရာ ဖြစ်လာပြီနည်း။ သင် ပြန်ဆပ်ရမည့် တစ်စုံတစ်ရာ ဖြစ်လာပြီး တစ်ချိန်တည်းတွင် သင်၏ ဝန်ထုပ်ဖြစ်လာပေသည်။ ဤသည်မှာ ဝန်ထုပ်ဖြစ်လာပုံ ဖြစ်သည်။ မိဘများက ဤအရာများကို ပင်ကို အသိစိတ်ဖြင့်၊ ချစ်ခြင်းမေတ္တာကြောင့် လုပ်ဆောင်သည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းဆိုင်ရာ မလုပ်မဖြစ် ဝတ္တရားကြောင့် လုပ်ဆောင်သည်ဖြစ်စေ အဆုံးတွင် သင့်ကို သွန်သင်လေ့ကျင့်ပေးပြီး ဆက်ဆံရန် ဤနည်းလမ်းများကို အသုံးပြုခြင်းနှင့် သင့်အထဲသို့ ဤအယူအဆမျိုးစုံ သွတ်သွင်းခြင်းသည်ပင်လျှင် သင်၏ စိတ်ဝိညာဉ်ကို လွတ်လပ်မှု၊ လွတ်မြောက်မှု၊ ကိုယ်စိတ်ချမ်းသာခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မဆောင်ကြဉ်းပေးချေ။ ယင်းတို့က သင့်ထံ မည်သည့်အရာ ဆောင်ကြဉ်းပေးသနည်း။ ဖိအား ဖြစ်သည်၊ အကြောက်တရား ဖြစ်သည်၊ သင့် အသိစိတ်နှင့်ဆိုင်သော ရှုတ်ချခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အချုပ်အနှောင်များနှင့် ကန့်သတ်ချုပ်ချယ်မှုများ ဖြစ်ပါသည်။) အချုပ်အနှောင်များနှင့် ကန့်သတ်ချုပ်ချယ်မှုများဖြစ်၏။ ထို့အပြင် သင်၏ မိဘများထံမှ ထိုသို့သော မျှော်မှန်းချက်များအောက်တွင် ၎င်းတို့၏ မျှော်လင့်ချက်များအတွက် သင် အသက်မရှင်ဘဲ မနေနိုင်ပေ။ ၎င်းတို့၏ မျှော်မှန်းချက်များကို ပြည့်မီရန်အလို့ငှာ၊ ၎င်းတို့၏ မျှော်မှန်းချက်များကို မပျက်ကွက်ရန်အလို့ငှာနှင့် ၎င်းတို့အနေဖြင့် သင့်အပေါ် မျှော်လင့်ချက် မဆုံးရှုံးစေရန်အလို့ငှာ ဘာသာရပ်တိုင်းကို နေ့စဉ် ကြိုးကြိုးစားစားနှင့် ကျေကျေပွန်ပွန် လေ့လာကာ လုပ်ဆောင်ရန် ၎င်းတို့ စေခိုင်းသည့်အရာတိုင်းကို သင် လုပ်ဆောင်ပေသည်။ ၎င်းတို့က သင့်ကို ရုပ်မြင်သံကြား ကြည့်ခွင့် မပေးသောကြောင့် သင်က အမှန်တကယ် ကြည့်ရှုချင်သော်လည်း နာခံမှုရှိစွာ မကြည့်ဘဲအောင့်ထားသည်။ အဘယ်ကြောင့် သင် အောင့်ထားနိုင်သနည်း။ (ကျွန်ုပ်၏ မိဘများကို စိတ်ပျက်အောင် လုပ်မိမည်ကို ကြောက်သည့်အတွက် ဖြစ်ပါသည်။) သင်၏ မိဘများကို နားမထောင်လျှင် သင်၏ ပညာရေး စွမ်းဆောင်မှုက တကယ် ကျဆင်းသွားမည်ဖြစ်ပြီး ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုကို တက်ရောက်နိုင်မည်မဟုတ်သည်ကို သင် စိုးရွံ့မိသည်။ သင်၏ ကိုယ်ပိုင် အနာဂတ်နှင့်ပတ်သက်၍ သင် မရေမရာဖြစ်သည်။ သင်၏ မိဘများထံမှ ထိန်းချုပ်မှု၊ အပြစ်တင်မှုနှင့် ဖိနှိပ်မှုမရှိဘဲနှင့် သင့်လမ်းကြောင်းပေါ် ရှေ့ဆက် မည်သည့်အရာရှိသည်ကို သင် မသိရှိသည့်အလား ဖြစ်သည်။ ၎င်းတို့၏ ကန့်သတ်ချုပ်ချယ်မှုများမှ ရုန်းထွက်လွတ်မြောက်ဝံ့ခြင်း မရှိသကဲ့သို့ ၎င်းတို့၏ အချုပ်အနှောင်များမှလည်း ရုန်းထွက်လွတ်မြောက်ဝံ့ခြင်း မရှိပေ။ ၎င်းတို့အား သင့်အတွက် စည်းမျဉ်းမျိုးစုံ ချခင်းခွင့်၊ သင့်ကို ကြိုးကိုင်ခြယ်လှယ်ခွင့်သာ ပေးနိုင်ပြီး ၎င်းတို့ကို သင် အာမခံဝံ့ပေ။ တစ်နည်းအားဖြင့် သင်သည် သင်၏ အနာဂတ်နှင့်ပတ်သက်၍ သေချာရေရာခြင်းမရှိ။ နောက်တစ်နည်းအားဖြင့် အသိစိတ်နှင့် လူ့သဘာဝကြောင့် သင်သည် ၎င်းတို့ကို အာခံရန် လိုလားခြင်းမရှိသကဲ့သို့ ၎င်းတို့ကို နာကျင်စေရန် လိုလားခြင်း မရှိပေ။ ၎င်းတို့၏ သားသမီးတစ်ဦးအနေဖြင့် ၎င်းတို့ လုပ်ဆောင်သမျှ အရာရာတိုင်းက သင်ကောင်းဖို့အတွက်၊ သင်၏ အနာဂတ်နှင့် သင်၏ တက်လမ်းအတွက် ဖြစ်သောကြောင့် ၎င်းတို့စကားကို သင် နားထောင်သင့်သည်ဟု သင် ခံစားရသည်။ ထို့ကြောင့် ၎င်းတို့က သင့်အတွက် စည်းမျဉ်းမျိုးစုံ ချမှတ်သည့်အခါ သင်က တိတ်ဆိတ်စွာဖြင့်သာ နာခံလေသည်။ သင်၏ စိတ်နှလုံးတွင် အကြိမ်ရာနှင့်ချီအောင် အဖန်ဖန်တလဲလဲ လိုလားနေခြင်းမရှိလျှင်ပင် ၎င်းတို့ထံမှ အမိန့်များကို သင် မခံယူဘဲမနေနိုင်ပေ။ ၎င်းတို့က သင့်ကို ရုပ်မြင်သံကြား ကြည့်ခွင့်မပေးသောကြောင့်၊ သို့မဟုတ် အပန်းဖြေစရာ စာအုပ်များကို ဖတ်ခွင့်မပေးသောကြောင့် သင် ယင်းတို့ကို မကြည့်ပေ၊ သို့မဟုတ် မဖတ်ပေ။ ၎င်းတို့က သင့်ကို ဤအတန်းဖော်၊ သို့မဟုတ် ထိုအတန်းဖော်နှင့် မိတ်ဖွဲ့ခွင့်မပေးသောကြောင့် ၎င်းတို့နှင့် သင် မိတ်မဖွဲ့ပေ။ မည်သည့်အချိန်တွင် အိပ်ရာထရမည်ကို ၎င်းတို့ ပြောသောကြောင့် ထိုအချိန်တွင် သင် အိပ်ရာထ၏။ မည်သည့်အချိန်တွင် အနားယူရမည်ကို ၎င်းတို့က ပြောသောကြောင့် ထိုအချိန်တွင် သင် အနားယူသည်။ အချိန်မည်မျှကြာ စာကြည့်ရမည်ကို ၎င်းတို့က ပြောသောကြောင့် ထိုမျှကြာအောင် သင် စာကြည့်လေသည်။ စာအုပ်မည်မျှ ဖတ်ရမည်၊ သင်ရိုးပြင်ပဖြစ်သော ကျွမ်းကျင်မှုများ မည်မျှ သင်ယူရမည်ဟူသည်တို့ကို ၎င်းတို့က သင့်အား ပြောပြပြီး သင်ယူဖို့အတွက် ငွေကြေးဥစ္စာဓနများကို ၎င်းတို့က ထောက်ပံ့ပေးသရွေ့ သင်သည် ၎င်းတို့အား သင့်ကို စေစားကာ ထိန်းချုပ်ခွင့်ပေးလေသည်။ အထူးသဖြင့် အချို့သော မိဘများက မိမိတို့၏ သားသမီးများအနေဖြင့် မိမိတို့ထက် သာလွန်နိုင်မည်ဟု မျှော်လင့်ရင်း ၎င်းတို့ ပြီးပြည့်စုံအောင် မလုပ်နိုင်ခဲ့သည့် ဆန္ဒတစ်ခုကို ၎င်းတို့ သားသမီးများက ဖြည့်ဆည်းပေးနိုင်မည်ဟု သာ၍ပင် မျှော်လင့်လျက် ၎င်းတို့ သားသမီးများအပေါ် အထူး မျှော်မှန်းချက်များ ထားရှိကြလေသည်။ ဥပမာအားဖြင့် အချို့သော မိဘများသည် မိမိတို့ကိုယ်တိုင် အကသမားများ ဖြစ်လိုစိတ် ရှိကောင်းရှိနိုင်ခဲ့ကြမည် ဖြစ်သော်လည်း ၎င်းတို့ ကြီးပြင်းခဲ့ကြသည့် ခေတ် သို့မဟုတ် မိသားစု အခြေအနေများကဲ့သို့သော အကြောင်းအမျိုးမျိုးကြောင့် အဆုံးတွင် ထိုဆန္ဒကို မဖြည်ဆည်းနိုင်ခဲ့ကြပေ။ ထို့ကြောင့် ထိုဆန္ဒကို သင့်အပေါ် ၎င်းတို့ လွှဲချကြလေသည်။ သင်၏ စာလေ့လာမှုများ၌ အတော်ဆုံးထဲတွင် ရှိရန်နှင့် ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုတွင် တက်ရောက်ရန် သင့်ကို တောင်းဆိုထားပြီးသားဖြစ်သည့်အပြင် အကသင်တန်းများတွင်လည်း သင့်ကို စာရင်းသွင်းကြသည်။ ကျောင်းပြင်ပတွင် သင့်ကို ၎င်းတို့က အကပုံစံအမျိုးမျိုး သင်ယူစေသည်၊ အကသင်တန်းတွင် ပိုမိုသင်ယူစေသည်၊ အိမ်တွင် ပိုမိုလေ့ကျင့်စေပြီး သင်၏ အတန်းထဲတွင် အကြွင်းမဲ့ အတော်ဆုံး ဖြစ်စေကြသည်။ အဆုံးတွင် ၎င်းတို့က သင့်အား ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုသို့ တက်ခွင့်ရရှိရန် တောင်းဆိုရုံမက အကသမားတစ်ဦး ဖြစ်ရန်လည်း တောင်းဆိုကြလေသည်။ သင်၏ ရွေးချယ်စရာများမှာ အကသမားတစ်ဦးဖြစ်လာရန် သို့မဟုတ်လျှင် ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုသို့ သွားရန်ဖြစ်ပြီး ထို့နောက်တွင် ဘွဲ့လွန်သင်တန်း တက်ပြီးနောက် ဒေါက်တာဘွဲ့ရယူရန် ဖြစ်သည်။ သင့်ထံတွင် ရွေးချယ်စရာ ဤလမ်းကြောင်းနှစ်ခုသာ ရှိသည်။ တစ်နည်းအားဖြင့် ၎င်းတို့၏ မျှော်မှန်းချက်များတွင် ၎င်းတို့က သင့်အား ကျောင်းတွင် စာကြိုးစားမည်၊ ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုကို တက်ရောက်မည်၊ သက်တူရွယ်တူများထဲတွင် ထင်ပေါ်ကာ ကြီးပွားချမ်းသာပြီး ဂုဏ်အသရေတင့်သောအနာဂတ်တစ်ခု ရှိမည်ဟု မျှော်လင့်ကြသည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့ကိုယ်စား ဖြည့်ဆည်းနိုင်မည်ဟု မျှော်လင့်လျက် ၎င်းတို့၏ မပြည့်ဝခဲ့သော ဆန္ဒများကို သင့်အပေါ် လွှဲပြောင်းပေးကြလေသည်။ ဤသို့ဖြင့် ပညာရေးအရဖြစ်စေ၊ သင်၏ အနာဂတ် အသက်မွေးမှု လုပ်ငန်းအရဖြစ်စေ၊ သင်သည် ဝန်ထုပ်နှစ်ခုကို တစ်ချိန်တည်းတွင် သယ်ဆောင်လေသည်။ သဘောတရားတစ်ခုအနေဖြင့် သင်သည် ၎င်းတို့၏ မျော်မှန်းချက်များနှင့် လျော်ညီစွာ နေရမည်ဖြစ်ပြီး ၎င်းတို့က ကောင်းမွန်သည့် ဘဝကို မွေ့လျော်ခံစားနိုင်ရန်အလို့ငှာ သက်တူရွယ်တူကြားတွင် နောက်ဆုံး၌ ထင်ပေါ်ရန် ကြိုးပမ်းရင်း သင့်အတွက် ၎င်းတို့ လုပ်ဆောင်သမျှ အရာရာအတွက် ပြန်ပေးဆပ်ရမည်ဖြစ်သည်။ နောက်သဘောတရားတစ်ခုအနေဖြင့် ၎င်းတို့၏ ငယ်ရွယ်ချိန်တွင် ပြီးမြောက်အောင်မြင်နိုင်ခြင်း မရှိခဲ့ကြသည့် အိပ်မက်များကို သင် ဖြည့်ဆည်းရမည်ဖြစ်ပြီး ၎င်းတို့၏ အလိုဆန္ဒများကို အကောင်အထည်ဖော်ဖို့ ကူညီရမည်ဖြစ်သည်။ ပင်ပန်းဖွယ်ရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဝန်ထုပ်များထဲမှ တစ်ခုခုက သင် သယ်ဆောင်ဖို့ လုံလောက်သည်ထက် ပိုနှင့်ပြီးသားဖြစ်သည်။ တစ်ခုခုက သင့်အပေါ် ဖိစီးမည်ဖြစ်ကာ သင်သည် လေကို အငမ်းမရရှုရှိုက်နေရမည် ဖြစ်သည်။ အထူးသဖြင့် ပြိုင်ဆိုင်မှု အလွန့်အလွန် ပြင်းထန်သည့် ယနေ့ခေတ်တွင် မိမိတို့၏ သားသမီးများအပေါ် မိဘများက ထားရှိသည့် တောင်းဆိုချက်မျိုးစုံမှာ တကယ်ကို မခံမရပ်နိုင်ဖြစ်ပြီး လူမဆန်ပေ။ ယင်းတို့သည် စင်စစ် ယုတ္တိမတန်ပေ။ ဘာသာတရားမရှိသူများက ဤအရာကို မည်သို့ခေါ်သနည်း။ စိတ်ခံစားမှုဆိုင်ရာ အကျပ်ကိုင်ခြင်းဖြစ်သည်။ ထိုအရာကို ဘာသာတရားမရှိသူများက မည်သို့ခေါ်သည်ဖြစ်စေ၊ ၎င်းတို့က ဤပြဿနာကို မဖြေရှင်းနိုင်သကဲ့သို့ ဤပြဿနာ၏ အဖြစ်အနှစ်ကို ရှင်းလင်းစွာ မရှင်းပြနိုင်ပေ။ ၎င်းတို့က ထိုအရာကို စိတ်ခံစားမှုဆိုင်ရာ အကျပ်ကိုင်ခြင်းဟု ခေါ်သော်လည်း ငါတို့က အဘယ်သို့ ခေါ်သနည်း။ (အချုပ်အနှောင်များနှင့် ဝန်ထုပ်များ ဖြစပါ်သည်။) ဝန်ထုပ်များဟု ငါတို့ ခေါ်ကြသည်။ ဝန်ထုပ်များနှင့် ပတ်သက်လာသည့်အခါ ထိုအရာသည် လူတစ်ဦး သယ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ထိုအရာသည် သင် လက်ခံသည့် ဖြည့်စွက်သော အရာတစ်ခု၊ အပိုဖြစ်သောအရာတစ်ခု ဖြစ်သည်။ သင်၏ တစ်စိတ်တစ်ပိုင်း မဟုတ်။ သင်၏ ခန္ဓာ၊ နှလုံးသားနှင့် ဝိညာဉ်တို့ ရှိသည့် သို့မဟုတ် လိုအပ်သည့်အရာတစ်ခု မဟုတ်ဘဲ ဖြည့်စွက်ထားသည့်အရာတစ်ခု ဖြစ်သည်။ ယင်းသည် အပြင်မှလာသည်၊ သင်ကိုယ်တိုင်၏ အတွင်းမှ မဟုတ်ပေ။
သင်၏ မိဘများတွင် သင်၏ စာလေ့လာမှုများနှင့် အသက်မွေးလုပ်ငန်း ရွေးချယ်မှုများအတွက် မျှော်မှန်းချက်မျိုးစုံ ရှိကြသည်။ ထိုအချိန်အတောအတွင်းတွင် ၎င်းတို့သည် ၎င်တို့၏ မျှော်မှန်းချက်များကို သင့်အား ဖြည့်ဆည်းခွင့်ပေးရန်အလို့ငှာ အမျိုးမျိုးသော စတေးမှုများ ပြုလုပ်ပြီးဖြစ်ကာ အချိန်နှင့် အားအင်များစွာ ရည်စူးမြှုပ်နှံပြီးဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ ၎င်းတို့၏ ဆန္ဒများကို ဖြည့်ဆည်းဖို့ သင့်ကို ကူညီရန်ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်လည်း ဖြစ်သည်။ သင့်မိဘများ၏ မျှော်မှန်းချက်များက ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိုတိုပြောရလျှင် မိဘများ၏ အမြင်များ၊ သဘောထားများ၊ နည်းလမ်းများနှင့်အတူ ၎င်းတို့ထံမှ ဤအပြုအမူများသည် လူတစ်ဦးစီတိုင်းအတွက် မမြင်နိုင်သည့် အချုပ်အနှောင်များအဖြစ် ရှိနေလေသည်။ ၎င်းတို့၏ မူမမှန်သော အကြောင်းပြချက်မှာ သင့်အတွက်၊ သင်၏ အနာဂတ် တက်လမ်းအတွက် သို့မဟုတ် အနာဂတ်တွင် ကောင်းမွန်သည့် ဘဝ၌ သင် အသက်ရှင်နိုင်ရန်အတွက် ချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်ခြင်းဖြစ်စေ၊ ၎င်းတို့၏ မူမမှန်သည့် အကြောင်းပြချက်များက မည်သည့်အရာဖြစ်စေ တိုတိုပြောရလျှင် ဤတောင်းဆိုချက်များ၏ ရည်မှန်းချက်၊ ဤတောင်းဆိုချက်များ၏ နည်းစနစ်များနှင့် ၎င်းတို့ စဉ်းစားတွေးခေါ်ခြင်းထဲက စမှတ်သည် မည်သူအတွက်မဆို ဝန်ထုပ်တစ်မျိုး ဖြစ်ပေသည်။ ယင်းတို့သည် လူ့သဘာဝ၏ လိုအပ်ချက်တစ်ခု မဟုတ်ပေ။ ယင်းတို့သည် လူ့သဘာဝ၏ လိုအပ်ချက်မဟုတ်သည့်အတွက်၊ ဤဝန်ထုပ်များ ဆောင်ကြဉ်းနိုင်သည့် အကျိုးဆက်များမှာ အကြင်သူ၏ လူ့သဘာဝကို ပုံပျက်စေရန်၊ သွေဖည်စေရန်နှင့် တစ်ပိုင်းတစ်စစီ ဖြစ်စေရန်သာ ဖြစ်နိုင်ပေသည်။ ယင်းတို့က အကြင်သူ၏ လူ့သဘာဝကို နှိပ်စက်သည်၊ ထိခိုက်နစ်နာစေကာ ဖိနှိပ်သည်။ ဤအကျိုးဆက်များက ဘေးကင်းမှု မရှိဘဲ အန္တရာယ်ပေးနိုင်ပြီး လူတစ်ဦး၏ ဘဝကိုပင် ထိခိုက်နိုင်သည်။ မိဘများအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍတွင် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ဆန့်ကျင်သည့် အရာအမျိုးမျိုး သို့မဟုတ် လူ့သဘာဝ၏ ပင်ကိုစရိုက်ကို ဆန့်ကျင်သည့် သို့မဟုတ် ကျော်လွန်သည့် အရာအချို့ကို လုပ်ဆောင်ရန် ၎င်းတို့က သင့်အား တောင်းဆိုသည်။ ဥပမာအားဖြင့် ၎င်းတို့က မိမိတို့၏ ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ တစ်ညကို ငါးနာရီ သို့မဟုတ် ခြောက်နာရီသာ အိပ်စက်ခွင့် ပေးကောင်းပေးနိုင်သည်။ ည ၁၁နာရီ မတိုင်မီတွင် ကလေးများသည် အနားယူခွင့်မရဘဲ မနက် ၅နာရီတွင် ထရမည်ဖြစ်သည်။ ၎င်းတို့သည် အပန်းဖြေစရာ လှုပ်ရှားမှုတစ်ခုမျှ မလုပ်နိုင်သကဲ့သို့ တနင်္ဂနွေနေ့များတွင်လည်း အနားမယူနိုင်ကြပေ။ အိမ်စာပမာဏတစ်ခုခုကို ၎င်းတို့ ပြီးစီးရမည်ဖြစ်ပြီး သင်ရိုးပြင်ပ စာဖတ်ရှုခြင်း အတိုင်းအတာတစ်ခုခုကို လုပ်ဆောင်ရမည်ဖြစ်ကာ အချို့သော မိဘများက မိမိတို့ကလေးများကို နိုင်ငံခြား ဘာသာစကားတစ်ခု သင်ယူရမည်ဟု မရမကပင် ပြောဆိုကြသည်။ တိုတိုပြောရလျှင် ကျောင်းတွင် သင်ကြားပေးသည့် အတန်းများအပြင် အပိုဆောင်း ကျွမ်းကျင်မှုများနှင့် အသိပညာများစွာကိုလည်း သင် လေ့လာရမည်ဖြစ်သည်။ သင် မလေ့လာလျှင် သင်သည် လိမ္မာသည့်၊ နာခံမှုရှိသည့်၊ အလုပ်ကြိုးစားသည့် သို့မဟုတ် အသိတရားရှိသော သားသမီးတစ်ဦး မဟုတ်ပေ။ ထိုအစား သင်သည် တန်ဖိုးမဲ့သည့်အရာတစ်ခု၊ အသုံးမကျသူတစ်ဦးနှင့် မိုက်မဲသူတစ်ဦး ဖြစ်သည်။ မိမိတို့ သားသမီးများအတွက် အကောင်းဆုံး မျှော်လင့်သည့် အကြောင်းပြချက်အောက်တွင် မိဘများက သင့်အား လွတ်လပ်စွာအိပ်ခွင့်၊ သင့်ကလေးဘဝ၏ လွတ်လပ်ခွင့်အပြင် သင့် ကလေးဘဝ၏ ပျော်စရာ အချိန်များကိုလည်း ခံစားခွင့် ပိတ်ပင်ထားရင်း တစ်ချိန်တည်းတွင်ပင် အသက်မပြည့်သေးသည့် ကလေးတစ်ယောက်အဖြစ် သင် ရှိသင့်သည့် လုပ်ပိုင်ခွင့်မျိုးစုံကိုလည်း ပိတ်ပင်ထားလေသည်။ ဥပမာအားဖြင့် သင့်ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်သည့်အခါတွင် သင်၏ ခန္ဓာကိုယ် နာလန်ထူလာရန် အိပ်ချိန် အနည်းဆုံးအနေဖြင့် ခုနှစ်နာရီမှ ရှစ်နာရီထိ သင် လိုအပ်သည်၊ ၎င်းတို့က သင့်ကို ငါးနာရီမှ ခြောက်နာရီထိသာ အနားယူခွင့်ပေး၏၊ သို့မဟုတ် တစ်ခါတစ်ရံ ခုနှစ်နာရီမှ ရှစ်နာရီထိ အမှန်တကယ် သင် အိပ်စက်သော်လည်း သင် သည်းမခံနိုင်သည့်အရာတစ်ခု ရှိ၏။ ယင်းမှာ သင်၏ မိဘများက သင့်ကို မရပ်မနား နားပူနားဆာလုပ်လိမ့်မည် သို့မဟုတ် “ယခုမှစ၍၊ သင် ကျောင်းသွားစရာ မလိုပါ။ အိမ်တွင်သာနေပြီး အိပ်လော့။ အိပ်စက်ခြင်းကို သင် နှစ်သက်သည့်အတွက် သင့် ဘဝတစ်ခုလုံး အိမ်တွင် ဆက်တိုက် အိပ်စက်ပစ်လိုက်နိုင်သည်။ သင် ကျောင်းမသွားချင်သည့်အတွက် အနာဂတ်တွင် အစားအစာ တောင်းစားရလိမ့်မည်”ဟူသကဲ့သို့သော အရာများကို ပြောကြလိမ့်မည်။ ဤတစ်ကြိမ်တွင်သာ သင် စောစောမထခြင်း ဖြစ်ပြီး ဤကဲ့သို့ သင် ဆက်ဆံခံရ၏။ ဤသည်မှာ လူမဆန်သည့် ဆက်ဆံမှု မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ထိုသို့သော ကသိကအောက်ဖြစ်ရသည့် အခြေအနေတစ်ခုကို ရှောင်ရှားရန်အလို့ငှာ သင်သည် အလျှော့ပေးကာ မိမိကိုယ်ကို ချုပ်ထိန်းရုံသာ တတ်နိုင်ပေသည်။ မနက် ၅ နာရီထပြီး ည ၁၁ နာရီနောက်ပိုင်းတွင်မှ အိပ်ရာဝင်ဖို့ သင် သေချာအောင်လုပ်သည်။ သင်သည် ဤကဲ့သို့ လိုလိုလားလား မိမိကိုယ်ကို ချုပ်ထိန်းသလော။ ထိုအရာကို လုပ်ဆောင်ရသည်ကို သင် ကျေနပ်အားရသလော။ ကျေနပ်အားရခြင်းမရှိပေ။ သင့်ထံတွင် အခြားရွေးချယ်စရာ မရှိ။ သင်၏ မိဘများက တောင်းဆိုသည့်အရာကို သင် မလုပ်လျှင် သင့်ကို ၎င်းတို့က မနှစ်သက်စရာ အကြည့်များဖြင့် ကြည့်မည် သို့မဟုတ် သင့်ကို ဆူကောင်းဆူပေမည်။ ၎င်းတို့က သင့်ကို ရိုက်နှက်မည်မဟုတ်၊ “သင်၏ ကျောင်းလွယ်အိတ်ကို အမှိုက်ပုံးထဲ ငါတို့ ပစ်ထားခဲ့သည်။ သင် ကျောင်းသွားစရာ မလိုတော့ပါ။ ဤသို့သာ နေလော့။ သင် အသက် ၁၈ ရောက်သည့်အခါ အမှိုက်ကောက်သမားတစ်ဦး သွားလုပ်နိုင်သည်”ဟုသာ ပြောကြလိမ့်မည်။ ဤဝေဖန်မှုတစ်ပြုံကြီးဖြင့် ၎င်းတို့က သင့်ကို ရိုက်မည်မဟုတ်သကဲ့သို့ ဆူလည်းဆူမည်မဟုတ်ဘဲ ဤကဲ့သို့သာ သင့်ကို ဆွပေးပြီး သင်သည်လည်း မခံနိုင်ပေ။ မည်သည့်အရာကို သင် မခံနိုင်သနည်း။ သင်၏ မိဘများက “တစ်နာရီ သို့မဟုတ် နှစ်နာရီအပို အိပ်လျှင် အနာဂတ်၌ သင်သည် အိမ်ခြေယာမဲ့တစ်ဦးကဲ့သို့ အစာတောင်းစားရလိမ့်မည်”ဟု ပြောသည့်အချိန်တွင် သင် မခံနိုင်ပေ။ စိတ်ထဲတွင် ထိုအချိန်ပိုနှစ်နာရီ အိပ်စက်ခြင်းနှင့်ပတ်သက်၍ သင် အထူးသဖြင့် စိတ်မအေးဖြစ်ကာ ဝမ်းနည်းမိသည်။ ထိုအပိုအိပ်စက်ချိန် နှစ်နာရီအတွက် သင်၏ မိဘများကို အကြွေးတင်သည်ဟုလည်းကောင်း၊ နှစ်များစွာအတွင်း ၎င်းတို့ အလုပ်ကြိုးစားပြီး သင်၌ ရည်စူးမြှုပ်နှံခဲ့ကြသည့်အပြင် သင့်အတွက် အလေးအနက်ထားသည့် ပူပန်မှုများနောက်တွင် ၎င်းတို့ကို သင် စိတ်ပျက်အောင် လုပ်မိပြီ ဖြစ်သည်ဟုလည်းကောင်း သင် ခံစားရသည်။ သင်က “အဘယ်ကြောင့် ငါ အလွန် အသုံးမကျသနည်း။ ထိုအပိုအိပ်စက်ချိန် နှစ်နာရီဖြင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ထိုအရာက ငါ၏ အမှတ်များကို တိုးစေလိမ့်မည်လော သို့မဟုတ် ဂုဏ်သတင်းကြီးသည့် တက္ကသိုလ်တစ်ခုကို တက်ရောက်ရန် အထောက်အကူဖြစ်လိမ့်မည်လော။ ငါသည် အဘယ်သို့ အလွန် သတိမထားမိနိုင်ရသနည်း။ နှိုးစက်သံမြည်သည့်အခါ ငါ အိပ်ရာထကို ထသင့်သည်။ အဘယ်ကြောင့် အနည်းငယ် ပိုကြာအောင် မှေးခဲ့ရသနည်း”ဟု တွေးလျက် မိမိကိုယ်ကို မုန်းမိသည်။ သင်က “ငါ တကယ်ကို ပင်ပန်းသည်။ အနားယူဖို့ တကယ် လိုအပ်သည်”ဟု အချိန်ယူစဉ်းစားသည်။ ထို့နောက် သင်က “ဤသို့ ငါ တွေး၍မဖြစ်။ ဤကဲ့သို့ တွေးခြင်းသည် ငါ့မိဘများကို အာခံခြင်း မဟုတ်လော။ ဤကဲ့သို့ ငါ စဉ်းစားလျှင် အနာဂတ်၌ အမှန်တကယ် သူတောင်းစားတစ်ဦး ဖြစ်လာမည် မဟုတ်လော။ ဤသို့ တွေးခြင်းက ငါ့မိဘများကို စိတ်ပျက်အောင် လုပ်ခြင်း ဖြစ်သည်။ သူတို့စကားကို ငါ နားထောင်ပြီး အလွန် တစ်ဇွတ်ထိုးမလုပ်သင့်ပါ”ဟု နောက်ထပ် အနည်းငယ် သင် တွေးဆမိလေသည်။ သင့်မိဘများက ချမှတ်သည့် အမျိုးမျိုးသာ စည်းမျဉ်းများနှင့် အပြစ်ဒဏ်များအပြင် ယုတ္တိတန်သည့်အရာရော၊ ယုတ္တိမတန်သည့်အရာပါ ၎င်းတို့၏ အမျိုးမျိုးသော တောင်းဆိုမှုများအောက်တွင် သင်သည် ပိုပိုပြီး အလျှော့ပေးလွန်းလာသော်လည်း တစ်ချိန်တည်းတွင်ပင် သင့်အတွက် သင့်မိဘများက လုပ်ဆောင်သည့် အရာရာတိုင်းသည် အမှုမဲ့အမှတ်မဲ့ဆိုသလို သင့်အတွက် အချုပ်အနှောင်များနှင့် ဝန်ထုပ်များ ဖြစ်လာသည်။ သင် မည်မျှအစွမ်းကုန်ကြိုးစားပါစေ ထိုအရာကို သင် ခါမချနိုင် သို့မဟုတ် ထိုအရာမှ မပုန်းကွယ်နိုင်ပေ။ သင် သွားသည့်နေရာတိုင်းတွင် ဤဝန်ထုပ်ကို သယ်ရုံသာ သယ်သွားနိုင်သည်။ ယင်းမှာ မည်သည့် ဝန်ထုပ်ဖြစ်သနည်း။ “ကျွန်ုပ်၏ မိဘများ လုပ်ဆောင်သမျှတိုင်းသည် ကျွန်ုပ်၏ အနာဂတ်အတွက်ဖြစ်သည်။ ကျွန်ုပ်သည် ငယ်ရွယ်ပြီး မသိနားမလည်ပါ။ ထို့ကြောင့် ကျွန်ုပ်၏ မိဘများစကားကို နားထောင်ရမည်ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းက မှန်ကန်ပြီး ကောင်းမွန်သည်။ ၎င်းတို့သည် ကျွန်ုပ်အတွက် များစွာ ဆင်းရဲဒုက္ခခံပြီး များစွာ ရင်းနှီးမြှုပ်နှံကြပြီး ဖြစ်သည်။ ၎င်းတို့အတွက် ကျွန်ုပ် အလုပ်ကြိုးစားသင့်သည်၊ စာကြိုးစားသင့်သည်၊ အနာဂတ်တွင် အလုပ်ကောင်းတစ်ခု ရှာပြီး ၎င်းတို့ကို ထောက်ပံ့ရန်၊ ၎င်းတို့အတွက် ကောင်းမွန်သည့် ဘဝတစ်ခု ပေးရန်နှင့် ၎င်းတို့ကို ပြန်လည်ပေးဆပ်ရန် ကျွန်ုပ် ငွေရှာသင့်သည်။ ယင်းမှာ ကျွန်ုပ်လုပ်ဆောင်သင့်သည့်အရာနှင့် တွေးသင့်သည့်အရာ ဖြစ်သည်”ဟူ၍ ဖြစ်သည်။ သို့ရာတွင် သင့်ကို သင့်မိဘများ ဆက်ဆံသည့်ပုံစံများကို သင် စဉ်းစားသည့်အခါ သင် တွေ့ကြုံခဲ့ရသည့် ခက်ခဲသော နှစ်ကာလများ၊ သင် ဆုံးရှုံးခဲ့သည့် ပျော်စရာ ကလေးဘဝနှင့် အထူးသဖြင့် သင်၏ မိဘများက စိတ်ခံစားမှုဆိုင်ရာ အကျပ်ကိုင်ခြင်းတို့ကို သင် သတိရသည့်အခါ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းက သင်၏ လူ့သဘာဝ လိုအပ်ချက်များအတွက် မဟုတ်သကဲ့သို့ သင့် စိတ်ဝိညာဉ်၏ လိုအပ်ချက်များအတွက်လည်း မဟုတ်ကြောင်းကို စိတ်ထဲတွင် သင် ခံစားရဆဲဖြစ်သည်။ ထိုအရာမှာ ဝန်ထုပ်တစ်ခုဖြစ်ခဲ့၏။ ဤသို့ သင် စဉ်းစားမိသော်လည်း ထိုအရာကို သင် လုံးဝ မမုန်းဝံ့၊ လုံးဝ မှန်မှန်ကန်ကန် အတိအလင်း ရင်မဆိုင်ဝံ့သကဲ့သို့ သင်၏ မိဘများ လုပ်ဆောင်ခဲ့သည့် အရာရာ သို့မဟုတ် သင့်အပေါ် ၎င်းတို့၏ သဘောထားများကို သင့်အား ဘုရားသခင် ပြောပြခဲ့သည့် နည်းလမ်းဖြင့် လုံးဝ အကျိုးသင့်အကြောင်းသင့် မဆန်းစစ်ဝံ့ခဲ့ပေ။ သင်သည် သင်၏ မိဘများကို အသင့်တော်ဆုံးသော နည်းလမ်းဖြင့် လုံးဝ မဆက်ဆံဝံ့ချေ။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုထိတိုင် စာလေ့လာခြင်းနှင့် အသက်မွေးမှုလုပ်ငန်း ရွေးချယ်သည့် ကိစ္စရပ်များတွင် သင်တို့အတွက် သင်တို့၏ မိဘများက ပေးဆပ်ခဲ့သည့် အားထုတ်မှုနှင့် အဖိုးအခများအပြင် သင်တို့ လုပ်ဆောင်ဖို့ ၎င်းတို့ စေခိုင်းသည့်အရာနှင့် သင်တို့ လိုက်စားသင့်သည်ဟု ၎င်းတို့ အခိုင်အမာပြောဆိုသည့်အရာတို့ကို သင်တို့ သိနားလည်ပြီး ဖြစ်သလော။ (ဤအရာများကို ယခင်က သိနားလည်ခြင်း မရှိခဲ့သကဲ့သို့ ကျွန်ုပ်၏ မိဘများ လုပ်ဆောင်ခဲ့သည့်အရာမှာ ကျွန်ုပ်အတွက်နှင့် ကျွန်ုပ်၏ အနာဂတ် ပို၍တိုးတက်ကောင်းမွန်ခြင်းအတွက် ချစ်ခြင်းမေတ္တာဖြင့် ဖြစ်သည်ဟု တွေးထင်ခဲ့သည်။ ယခုတွင် ဘုရားသခင်၏ မိတ်သဟာယဖြင့် ကျွန်ုပ်တွင် ချင့်ချိန်နိုင်စွမ်း အနည်းငယ် ရှိသောကြောင့် ထိုသို့ ကျွန်ုပ် မမြင်ပါ။) သို့ဆိုလျှင် ဤချစ်ခြင်းမေတ္တာနောက်ကွယ်တွင် မည်သည့်အရာရှိသနည်း။ (အချုပ်အနှောင်များ၊ အနှောင်အဖွဲ့နှင့် ဝန်ထုပ်တစ်ခု ဖြစ်ပါသည်။) အမှန်တွင် ထိုအရာသည် လူသား လွတ်လပ်မှုကို ပိတ်ပင်ခံရခြင်းနှင့် ကလေးဘဝ ပျော်ရွှင်မှုကို ပိတ်ပင်ခံရခြင်း ဖြစ်သည်။ လူမဆန်သည့် ဖိနှိပ်မှုဖြစ်၏။ ထိုအရာကို မတရားဖိနှိပ်ခြင်းဟု ခေါ်မည်ဆိုလျှင် ဤဝေါဟာရကို သင်တို့ အသိစိတ်၏ ရှုထောင့်မှ လက်ခံနိုင်မည်မဟုတ်။ ထို့ကြောင့် လူသား လွတ်လပ်မှုနှင့် ကလေးဘဝ ပျော်ရွှင်မှုတို့ကို ပိတ်ပင်ခံရခြင်းအပြင် အရွယ်မရောက်သေးသူများကို ဖိနှိပ်ခြင်းပုံစံတစ်ခုဟုသာ ဖော်ပြ၍ ရနိုင်ပေသည်။ ထိုအရာကို အနိုင်ကျင့်ခြင်းဟု ဆိုရမည်ဆိုလျှင် ယင်းသည် အတော် လျော်ကန်မည် မဟုတ်ပေ။ ယင်းမှာ သင်က ငယ်ရွယ်ပြီး မသိနားမလည်ဖြစ်ကာ ၎င်းတို့က အရာရာတွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသောကြောင့်သာ ဖြစ်ပေသည်။ သင်၏ လောကကို ၎င်းတို့က အပြည့်အဝထိန်းချုပ်ထားပြီး သင်က ၎င်းတို့၏ ရုပ်သေးရုပ်တစ်ရုပ် အမှတ်တမဲ့ ဖြစ်လာပေသည်။ ၎င်းတို့က မည်သည့်အရာ လုပ်ဆောင်ရမည်ကို ပြောသောကြောင့် သင် လုပ်ဆောင်သည်။ ၎င်းတို့က အက သင်ယူစေလိုလျှင် သင့်အနေဖြင့် သင်ယူရန် လိုအပ်သည်။ သင်က “အက သင်ရသည်ကို ကျွန်ုပ် မကြိုက်ပါ။ ကျွန်ုပ် ထိုအရာကို မနှစ်သက်ပါ၊ စည်းချက်ကို လိုက်မမီနိုင်သကဲ့သို့ ဟန်ချက်မကောင်းပါ”ဟု ပြောလျှင် ၎င်းတို့က “စိတ်တော့မကောင်းပါ။ ငါ ကြိုက်သောကြောင့် သင်သည် ထိုအရာကို သင်ယူရမည်ဖြစ်သည်။ ငါ့အတွက် ထိုအရာကို သင် လုပ်ရမည်”ဟု ပြောကြလိမ့်မည်။ သင် မျက်ရည်ကျလျှင်ပင် လေ့လာရမည်ဖြစ်သည်။ တစ်ခါတစ်ရံ သင်၏ မိခင်က “မေမေ့အတွက် အကသင်ယူလော့။ သင့် မိခင်ပြောသည့်အရာကို နားထောင်လော့။ ယခုတွင် သင်သည် ငယ်ရွယ်ပြီး နားမလည်သော်လည်း အရွယ်ရောက်သည့်အခါ နားလည်သွားလိမ့်မည်။ သင့်ကိုယ်ကျိုးအတွက် ဤအရာကို ငါ လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင် မြင်သလော၊ ငါ ငယ်ရွယ်ချိန်တွင် လူအင်အားငွေအင်အား မရှိခဲ့ပါ၊ မည်သူကမျှ ငါ့အတွက် အကသင်တန်းကြေးများ မပေးပေးခဲ့ပါ။ မေမေ့တွင် ပျော်စရာ ကလေးဘဝ မရှိခဲ့ပါ။ သို့ရာတွင် ယခု သင်ရထားသည့်ဘဝသည် အလွန်ကောင်းမွန်သည်။ သင့်ဖခင်နှင့် ငါသည် သင် အကသင်ယူနိုင်ရန်အလို့ငှာ ငွေရှာပြီး စုထားသည်။ သင်သည် မင်းသမီးလေး၊ မင်းသားလေးတစ်ပါးကဲ့သို့ ဖြစ်သည်။ သင် အလွန်ကံကောင်းသည်။ မေမေနှင့် ဖေဖေသည် သင့်ကို ချစ်သောကြောင့် ဤအရာကို လုပ်ဆောင်နေခြင်းဖြစ်သည်”ဟုပင် ပြောလိမ့်မည်။ ဤအရာကို သင် ကြားသည့်အခါ မည်သို့ တုံ့ပြန်သနည်း။ သင် အာစေးမိသွားသည်၊ ဟုတ်သလော။ (ဟုတ်ပါသည်။) ကလေးများက မည်သည့်အရာကိုမျှ နားမလည်ကြောင်းနှင့် အရွယ်ရောက်သူများ ပြောသည့် မည်သည့်အရာမဆို မှန်ကန်ကြောင်း မိဘများက မကြာခဏ ယုံကြည်ကြသည်။ ကလေးသူငယ်များက အမှန်နှင့် အမှားကို မပိုင်းခြားနိုင် သို့မဟုတ် မိမိတို့ကိုယ်တိုင်အတွက် မည်သည့်အရာ မှန်ကန်သည်ကို စေ့စေ့စပ်စပ် မစစ်ဆေးနိုင်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ သားသမီးများ အရွယ်မရောက်လာမီတွင် မိမိတို့၏ သားသမီးများအနေဖြင့်လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ မည်သည့်ရွေးချယ်စရာမျှမရှိဘဲ ၎င်းတို့၏ အစီအစဉ်များကို အတင်းအကျပ် လိုက်နာခိုင်းရင်း ထိုသားသမီးများကို အထင်မြင်မှားစေကာ သူတို့၏ နုနယ်သည့် နှလုံးသားများကို ခံစားချက်မဲ့စေရန် မိမိတို့ကိုယ်တိုင်ပင် သိပ်ယုံကြည်စိတ်ချမှုမရှိသည့် အရာများကို မကြာခဏ ပြောဆိုကြလေသည်။ ပညာရေး၊ အယူအဆများကို သွတ်သွင်းခြင်းနှင့် မိမိတို့သားသမီးများ လုပ်ဆောင်ဖို့ တောင်းဆိုသည့် အချို့သော အရာများနှင့် ပတ်သက်လာသည့်အခါ သာ၍များသော မိဘများက မိမိတို့ ပြောလိုသည့် မည်သည့်အရာမဆို ပြောဆိုရင်း မိမိတို့ကိုယ်ကို မှန်ကြောင်း မကြာခဏ ပြကြသည်။ ထို့အပြင် အခြေခံအားဖြင့် ၉၉.၉ ရာခိုင်နှုန်းသော မိဘများသည် မိမိတို့၏ သားသမီးများအား အရာရာကို လုပ်ဆောင်ရမည့် နည်းလမ်းနှင့် နားလည်ရမည့်နည်းလမ်းတို့နှင့်ပတ်သက်၍ လမ်းညွှန်ပေးရန် မှန်ကန်ပြီး အပြုသဘောဆောင်သည့် နည်းစနစ်များကို အသုံးမပြုကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ တစ်ဖက်သတ် နှစ်သက်မှုများနှင့် ကောင်းမွန်သည်ဟု မိမိတို့ တွေးထင်သည့်အရာများကို မိမိတို့ သားသမီးများထဲသို့ အတင်းအဓမ္မ သွတ်သွင်းပြီး အတင်းအကျပ် လက်ခံခိုင်းကြသည်။ သားသမီးများက လက်ခံကြသည့် အရာများ၏ ၉၉.၉ ရာခိုင်နှုန်းသည် သမ္မာတရားနှင့် မကိုက်ညီရုံသာမက လူတို့ ရှိသင့်သည့် အတွေးများနှင့် အမြင်များလည်း မဟုတ်သည်မှာ ပြောစရာမလိုပေ။ တစ်ချိန်တည်းတွင် ယင်းတို့သည် ဤအရွယ်ရှိ ကလေးသူငယ်များအတွက် လူ့သဘာဝ လိုအပ်ချက်များနှင့် ကိုက်ညီခြင်းလည်း မရှိပေ။ ဥပမာအားဖြင့် အသက် ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ် ကလေးအချို့သည် အရုပ်များဖြင့် ကစားကြသည်၊ ကြိုးခုန်ကြသည်၊ သို့မဟုတ် ကာတွန်းများကို ကြည့်ကြလေသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည် မဟုတ်လော။ ဤအခြေအနေတွင် မိဘများ၏ တစ်ခုတည်းသော တာဝန်များမှာအဘယ်နည်း။ ဤကာလအတောအတွင်းတွင် အပျက်သဘောဆောင်သည့် အရာများကို လက်မခံစေဖို့ မိမိတို့၏ သားသမီးများကို ကြီးကြပ်ရန်၊ စည်းကမ်းဖြင့် ထိန်းရန်၊ အပြုသဘောဆောင်သည့် ဦးဆောင်လမ်းပြမှုကို ပေးရန်၊ ကူညီရန်ဖြစ်ပြီး ဤအသက်အရွယ်အုပ်စုက လက်ခံသင့်သည့် အပြုသဘောဆောင်သည့် အရာများကို လက်ခံခွင့်ပေးရန် ဖြစ်သည်။ ဥပမာအနေဖြင့် ဤအရွယ်တွင် ၎င်းတို့သည် အခြားကလေးများနှင့် အဆင်ပြေရန်၊ မိမိတို့၏ မိသားစုကို ချစ်ရန်နှင့် မိမိတို့၏ မိခင်နှင့် ဖခင်တို့ကို ချစ်ရန် သင်ယူသင့်သည်။ လူသည် ဘုရားသခင်ထံမှ လာကြောင်း၊ ၎င်းတို့အနေဖြင့် လိမ္မာသည့်ကလေးများ ဖြစ်သင့်ပြီး စိတ်သောကရောက်သည့်အခါ သို့မဟုတ် နာခံဖို့ ဝန်လေးသည့်အခါ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ဖို့၊ ဆုတောင်းဖို့အပြင် အခြားထိုသို့သော အပြုသဘောဆောင်သည့် သွန်သင်လေ့ကျင့်ပေးခြင်း ကဏ္ဍများကို သင်ယူသင့်ကြောင်း ၎င်းတို့အား နားလည်ခွင့်ပေးလျက် မိဘများက ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ သွန်သင်လေ့ကျင့်ပေးသင့်ပေသည်။ ကျန်သည့်အရာမှာ ၎င်းတို့၏ ကလေးဆန်သည့် စိတ်ဝင်စားမှုများကို ဖြည့်ဆည်းခြင်းနှင့် ပတ်သက်ပေသည်။ ဥပမာအနေဖြင့် ကလေးများသည် ကာတွန်းများ ကြည့်ကာ အရုပ်များဖြင့် ကစားချင်သည့်အတွက် အပြစ်တင်ခြင်း မခံရသင့်ပေ။ အချို့သော မိဘများသည် မိမိတို့၏ အသက် ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ်ကလေးက ကာတွန်းများကြည့်ကာ အရုပ်များနှင့် ကစားသည်ကို မြင်ပြီး “သင်သည် အသုံးမကျပေ။ ဤအရွယ်တွင် စာလေ့လာခြင်း သို့မဟုတ် သင့်တော်သည့် အလုပ်လုပ်ခြင်းကို သင် အာရုံမစိုက်။ ကာတွန်းများ ကြည့်ခြင်းက အဘယ်အကျိုးရှိသနည်း။ ထိုအရာသည် ကြောင်များနှင့်ကြွက်များသာဖြစ်သည်။ ပိုကောင်းမွန်သည့်အရာကို သင် မလုပ်နိုင်သလော။ ထိုကာတွန်းများသည် တိရစ္ဆာန်များအကြောင်းသာဖြစ်သည်၊ ထိုအရာတွင် လူတို့ပါဝင်သည့်အရာ တစ်ခုခုကို သင် မကြည့်နိုင်သလော။ မည်သည့်အချိန်တွင် သင် ရင့်ကျက်လိမ့်မည်နည်း။ ထိုအရုပ်ကို လွှင့်ပစ်လိုက်လော့။ အရုပ်များနှင့် ကစားရန် သင် အလွန်ကြီးနေပြီဖြစ်သည်။ သင် အလွန် အသုံးမကျပေ”ဟု အပြစ်ဖော်ဆုံးမကြသည်။ ကလေးများသည် ဤအရာကို ကြားသည့်အခါ လူကြီးများက မည်သည့်အရာ ဆိုလိုသည်ကို နားလည်နိုင်သည်ဟု သင် ထင်သလော။ ဤအရွယ်ကလေးတစ်ဦးက အရုပ်များဖြင့် သို့မဟုတ် ရွှံ့ဖြင့် မကစားလျှင် မည်သည့်အရာကို လုပ်နေမည်နည်း။ အဏုမြူဗုံးကို ဖန်တီးပြုလုပ်နေသင့်သလော။ ဆော့ဖ်ဝဲလ်ကို ရေးနေသင့်သလော။ ယင်းကို ၎င်းတို့ လုပ်နိုင်စွမ်းရှိကြသလော။ ဤအရွယ်တွင် ၎င်းတို့သည် လေးထောင့်တုံးများ၊ အရုပ်ကားများနှင့် အရုပ်များကဲ့သို့သော အရာများနှင့် ကစားနေသင့်သည်။ ယင်းမှာ ပုံမှန်ဖြစ်၏။ ၎င်းတို့ ကစားရာမှ မောပန်းသည့်အခါ အနားယူသင့်ပြီး ကျန်းမာကာ ပျော်ရွှင်သင့်ကြပေသည်။ ၎င်းတို့ တစ်ဇွတ်ထိုး ပြုမူသည့်အခါ သို့မဟုတ် ကျိုးကြောင်းပြပြောဆို၍ နားမဝင်သည့်အခါ၊ သို့မဟုတ် တမင် ပြဿနာရှာကြသည့်အခါ လူကြီးများက “သင်သည် စာနာထောက်ထားမှု မရှိပေ။ ဤသည်မှာ လိမ္မာသည့် ကလေးတစ်ဦး ပြုမူသင့်သည့်ပုံ မဟုတ်။ ဘုရားသခင်က မနှစ်သက်သကဲ့သို့ မေမေနှင့် ဖေဖေကလည်း မနှစ်သက်ပါ”ဟု ၎င်းတို့ကို သွန်သင်လေ့ကျင့်ပေးသင့်သည်။ မိမိတို့ သားသမီးများကို အကြံပြုတိုက်တွန်းရန်၊ ၎င်းတို့အပေါ် တစ်စုံတစ်ရာ သွတ်သွင်းရန် သို့မဟုတ် စွဲမှတ်အောင်သွန်သင်ရန် လူကြီး၏ ဆန္ဒများ၊ ရည်မှန်းချက်နှင့်အတူ ၎င်းတို့၏ကိုယ်ပိုင် လူကြီး နည်းစနစ်များနှင့် ထိုးထွင်းအမြင်များကို အသုံးမပြုရန်မှာ မိဘများ၏ တာဝန်ဖြစ်သည်။ ကလေးများ၏ မည်သည့်အရွယ်ရှိသည်ဖြစ်စေ ၎င်းတို့၏ သားသမီးများအပေါ် မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များမှာ အပြုသဘောဆောင်သည့် လမ်းညွှန်ပေးခြင်း၊ သွန်သင်လေ့ကျင့်ပေးခြင်း၊ ကြီးကြပ်ပေးခြင်းနှင့် ထို့နောက်တွင် အကြံပေးတိုက်တွန်းခြင်းတို့ကို ပေးရန်သာ ဖြစ်သည်။ မိမိတို့၏ သားသမီးများက အချို့သော အစွန်းရောက်သည့် အတွေးများ၊ အလေ့အထများနှင့် အပြုအမူများ ပြသသည်ကို မိဘများက မြင်သည့်အခါ မည်သည့်အရာက ကောင်းပြီး မည်သည့်အရာ ဆိုးသည်၊ မည်သည့်အရာက အပြုသဘောဆောင်ပြီး မည်သည့်အရာက အပျက်သဘောဆောင်သည်ဆိုသည်တို့ကို ၎င်းတို့အား သိခွင့်ပေးလျက် ၎င်းတို့ကို ပြုပြင်ပေးရန် အပြုသဘောဆောင်သည့် အကြံနှင့် လမ်းညွှန်မှုတို့ကို ပေးသင့်ပေသည်။ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့ မိဘများ၏ မှန်ကန်သော သွန်သင်လေ့ကျင့်ခြင်းနှင့် လမ်းညွှန်ပေးခြင်း နည်းစနစ်အောက်တွင် သားသမီးများသည် ယခင်က ၎င်းတို့ မသိခဲ့ကြသည့် အရာများစွာကို မရည်ရွယ်ဘဲ သင်ယူမိကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ငယ်သောအရွယ်မှ အပြုသဘောဆောင်သည့်အရာများစွာကို လက်ခံပြီး အမှန်နှင့်အမှားအကြောင်း အနည်းငယ် သင်ယူမိကြသည့်အခါ ၎င်းတို့၏ စိတ်ဝိညာဉ်နှင့် လူ့သဘာဝတို့က ပုံမှန်ဖြစ်ကာ လွတ်လပ်လိမ့်မည်။ ၎င်းတို့၏ စိတ်ဝိညာဉ်သည် ထိခိုက်မှု သို့မဟုတ် ဖိနှိပ်မှု တစ်ခုတလေကိုမျှ ခံရလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက မည်သို့ဖြစ်စေ၊ အန္တရာယ်မပေးသော သွန်သင်လေ့ကျင့်ပေးခြင်းဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုတွင် ကြီးပြင်းလာခဲ့သောကြောင့်၊ ဒုက္ခပေးနိုင်သည့် ပတ်ဝန်းကျင်တစ်ခုအတွင်း ဖိနှိပ်ခြင်း မခံခဲ့ရသောကြောင့် အနည်းဆုံးအနေဖြင့် စိတ်သည် ကျန်းမာကာ ပုံပျက်သွားလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ သားသမီးများက အရွယ်ရောက်သည်နှင့်အမျှ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ဝတ္တရားများသည် ၎င်းတို့၏ သားသမီးများအပေါ် ဖိအားပေးရန်၊ ၎င်းတို့ကို ချည်နှောင်ရန်၊ သို့မဟုတ် ဝန်ထုပ်တစ်ခုပြီးတစ်ခု တိုးစေရင်း ၎င်းတို့၏ ရွေးချယ်မှုများနှင့် ပတ်သက်၍ မစွက်ဖက်ရန် ဖြစ်သည်။ ထိုအစား ၎င်းတို့၏ သားသမီးများ အရွယ်ရောက်လာနေသည်နှင့်အမျှ ၎င်းတို့၏ ပင်ကိုစရိုက်နှင့် အစွမ်းအစ မည်သို့ရှိစေ မိဘများ၏ တာဝန်မှာ ၎င်းတို့ကို အပြုသဘောဆောင်ပြီး မထိခိုက်စေသည့် ဦးတည်ချက်ဖြင့် လမ်းညွှန်ပေးရန်ဖြစ်သည်။ တစ်မူထူးပြီး မလျော်ကန်သည့် ဘာသာစကား၊ အပြုအမူ သို့မဟုတ် အတွေးများက မိမိတို့ သားသမီးများထံမှ ပေါ်ထွက်လာသည့်အခါ မိဘများက အချိန်မီ ဝိညာဉ်ရေးရာ အကြံပေးခြင်းနှင့် အပြုအမူဆိုင်ရာ လမ်းညွှန်ပေးခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကို ပေးသင့်ပေသည်။ ၎င်းတို့၏ သားသမီးများက စာလေ့လာရန် လိုလားနေသည်ဖြစ်စေ၊ မလိုလားနေသည်ဖြစ်စေ၊ ၎င်းတို့ မည်မျှကောင်းစွာ စာလေ့လာသည်ဖြစ်စေ၊ အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာရာတွင် ၎င်းတို့ မည်မျှ စိတ်ဝင်စားမှုရှိသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့ ကြီးပြင်းလာသည့်အခါ မည်သည့်အရာ လုပ်ဆောင်နိုင်သည်ဖြစ်စေ ဤအရာများကို ၎င်းတို့၏ သဘာဝကျသော ပင်ကိုအရည်အချင်းများနှင့် နှစ်သက်မှုများအပြင် ၎င်းတို့၏ စိတ်ဝင်စားမှုများကို ဖော်ထုတ်ခြင်းတို့နှင့် အံဝင်ခွင်ကျ စီမံသင့်ပြီး ထိုသို့ဖြင့် ၎င်းတို့၏ ကြီးပြင်းလာရသည့် ဖြစ်စဉ်အတောအတွင်းတွင် ကျန်းမာစွာ၊ လွတ်လပ်စွာနှင့် သန်မာစွာ ကြီးပြင်းခွင့်ပေးသင့်ပေသည်။ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ထို့အပြင် ဤသည်မှာ မိဘများက မိမိတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ရည်မှန်းချက်များ၊ နှစ်သက်မှုများအပြင် စိတ်ဆန္ဒတို့ကို ၎င်းတို့၏ သားသမီးများအား အတင်းအကျပ် အကောင်အထည် ဖော်ခိုင်းခြင်းထက် မိမိတို့ သားသမီးများ၏ ကြီးထွားဖြစ်ထွန်းမှု၊ လေ့လာမှုများနှင့် အသက်မွေးလုပ်ငန်းအပေါ် မိဘများက ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသို့ဖြင့် တစ်ဖက်တွင် မိဘများသည် နောက်ထပ် စွန့်လွှတ်စတေးမှုများပြုလုပ်ရန် မလိုအပ်ပေ။ နောက်တစ်နည်းအားဖြင့် သားသမီးများသည် လွတ်လပ်စွာ ကြီးထွားနိုင်ပြီး ၎င်းတို့ မိဘများ၏ မှန်ကန်ပြီး သင့်လျော်သည့် သွန်သင်လေ့ကျင့်ပေးခြင်းမှ ၎င်းတို့ သင်ယူသင့်သည့်အရာကို ဆည်းပူးနိုင်ပေသည်။ အရေးအကြီးဆုံးသော အချက်မှာ မိဘများက မိမိတို့၏ သားသမီးများကို ထိုသားသမီးတို့၏ ပါရမီများ၊ စိတ်ဝင်စားမှုများနှင့် လူ့သဘာဝအတိုင်း မှန်ကန်စွာ ဆက်ဆံရန် ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ သားသမီးများကို “လူတို့၏ ကံကြမ္မာများက ဘုရားသခင်၏ လက်တွင်ရှိသည်”ဟူသော စည်းမျဉ်းအတိုင်း ဆက်ဆံလျှင် နောက်ဆုံး ရလဒ်သည် ဧကန် ကောင်းမွန်လိမ့်မည် ဖြစ်သည်။ သားသမီးများကို “လူတို့၏ ကံကြမ္မာများက ဘုရားသခင်၏ လက်တွင်ရှိသည်”ဟူသော စည်းမျဉ်းအတိုင်း ဆက်ဆံခြင်းသည် သင့်အား သင်၏ သားသမီးများကို မထိန်းကျောင်းရန် တားမြစ်ခြင်း မဟုတ်ပေ။ ၎င်းတို့ ဆုံးမပဲ့ပြင်ခြင်းခံရရန် လိုအပ်သည့်အခါ ၎င်းတို့ကို သင် ဆုံးမပဲ့ပြင်သင့်ပြီး လိုအပ်သည့်အတိုင်း စည်းကမ်းတင်းကျပ်သင့်ပေသည်။ စည်းကမ်းတင်းကျပ်သည်ဖြစ်စေ၊ သက်ညှာသည်ဖြစ်စေ ငါတို့ပြောခဲ့သည့်အတိုင်းပင် သားသမီးများကို ဆက်ဆံခြင်း စည်းမျဉ်းမှာ ၎င်းတို့၏ သဘာဝ ဖြစ်တည်မှုအတိုင်း ဖြစ်ခွင့်ပေးခြင်း၊ အပြုသဘောဆောင်သည့် လမ်းညွှန်မှုနှင့် အကူအညီအချို့ပေးခြင်းနှင့် ထို့နောက်တွင် ကလေးများ၏ တကယ့် အခြေအနေများနှင့်အညီ ကျွမ်းကျင်မှုများ၊ အသိပညာ သို့မဟုတ် အရင်းအမြစ်များအရ အချို့သော အကူအညီနှင့် ပံ့ပိုးမှုတို့ကို သင် တတ်နိုင်သမျှ ပေးခြင်းဖြစ်သည်။ ဤသည်မှာ မိမိတို့ လုပ်ဆောင်ရန် မလိုလားသည့်အရာ သို့မဟုတ် လူ့သဘာဝကို ဆန့်ကျင်သည့် အရာတစ်ခုခုကို မိမိတို့၏ သားသမီးများအား အတင်းလုပ်ဆောင်ခိုင်းမည့်အစား မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ တိုတိုပြောရလျှင် သားသမီးများအပေါ် မျှော်မှန်းချက်များသည် လတ်တလော လူမှုပြိုင်ဆိုင်မှုနှင့် လိုအပ်ချက်များ၊ လူမှုရေးဆိုင်ရာ ရေပန်းစားမှုများ သို့မဟုတ် အဆိုများ၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် လူတို့က မိမိတို့၏ သားသမီးများကို ဆက်ဆံပုံနှင့်ပတ်သက်သည့် အမျိုးမျိုးသော အယူအဆများအပေါ် အခြေမခံသင့်ပေ။ ယင်းတို့သည် အရာအားလုံးထက် ဘုရားနှုတ်ကပတ်တော်များနှင့် “အရာရာက ဘုရားလက်ထဲတွင် ရှိသည်”ဟူသော စည်းမျဉ်းအပေါ် အခြေခံသင့်ပေသည်။ ဤသည်မှာ လူတို့ အလုပ်သင့်ဆုံးသော အရာဖြစ်သည်။ အကြင်သူ၏ သားသမီးများက အနာဂတ်တွင် မည်သည့်လူစားမျိုး ဖြစ်လာလိမ့်မည်၊ မည်သည့်အလုပ်မျိုးကို ၎င်းတို့ ရွေးချယ်လိမ့်မည်ဆိုသည်နှင့် ၎င်းတို့၏ ရုပ်ဝတ္ထုဆိုင်ရာ ဘဝက မည်သည့်အရာကဲ့သို့ဖြစ်လိမ့်မည် ဆိုသည်တို့အတွက်မူ ဤအရာများသည် မည်သူ၏ လက်တွင်ရှိသနည်း။ (ဘုရားသခင်၏ လက်တွင်ရှိပါသည်။) ယင်းတို့သည် ဘုရားသခင်၏ လက်တွင် ရှိပေသည်၊ မိဘများ၏ လက်တွင်ဖြစ်စေ၊ အခြားတစ်ဦးတစ်ယောက်၏ လက်တွင်ဖြစ်စေ မရှိပေ။ မိဘများသည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို မထိန်းချုပ်နိုင်လျှင် ၎င်းတို့ သားသမီးများ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ကြသလော။ လူတို့က မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို မထိန်းချုပ်နိုင်လျှင် ၎င်းတို့၏ မိဘများက ထိန်းချုပ်နိုင်သလော။ ထို့ကြောင့် မိဘများအနေဖြင့် လူတို့သည် မိမိတို့ သားသမီးများ၏ လေ့လာမှုများနှင့် အသက်မွေးမှုလုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ မိုက်မဲသည့်အရာများကို မလုပ်ဆောင်သင့်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် မျှော်မှန်းချက်များကို ၎င်းတို့သားသမီးများအတွက် ဝန်ထုပ်များအဖြစ်သို့ ပြောင်းလဲမသွားစေဘဲ ၎င်းတို့၏ ကိုယ်ပိုင် စွန့်လွှတ်စတေးမှုများ၊ အနစ်နာခံမှုများနှင့် အခက်အခဲများကို ၎င်းတို့၏ သားသမီးများအတွက် ဝန်ထုပ်များအဖြစ်သို့ ပြောင်းလဲမသွားစေသင့်သကဲ့သို့ မိသားစုကို ၎င်းတို့၏ သားသမီးများအတွက် ငရဲငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲမသွားစေသင့်ဘဲ ချင့်ချိန်တတ်သော နည်းလမ်းတစ်ခုဖြင့် ၎င်းတို့ သားသမီးများကို ဆက်ဆံသင့်ကြပေသည်။ ဤသည်မှာ မိဘများ နားလည်သင့်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ သင်တို့ထဲမှ အချို့က “သို့ဆိုလျှင် သားသမီးများသည် မိမိတို့၏ မိဘများနှင့် မည်သည့် ဆက်ဆံရေးမျိုး ရှိသင့်သနည်း။ ၎င်းတို့ကို သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များအဖြစ် ဆက်ဆံသင့်သလော သို့မဟုတ် သက်ကြီးသက်ငယ် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းသင့်သလော”ဟု မေးကောင်းမေးနိုင်သည်။ သင့်တော်သည်ဟု သင် မြင်သည့်အတိုင်း ထိုအရာကို ကိုင်တွယ်နိုင်သည်။ သားသမီးများအနေဖြင့် မိမိတို့ နှစ်သက်သည့်အရာကို ရွေးချယ်ပါစေ၊ ပြီးလျှင် အကောင်းဆုံးဟု သင် ထင်သည့်အရာကို လုပ်ဆောင်လော့။ ဤအရာများက အသေးအဖွဲကိစ္စများသာ ဖြစ်သည်။
သားသမီးများသည် ၎င်းတို့ မိဘများ၏ မျှော်မှန်းချက်များကို မည်သို့ ကိုင်တွယ်သင့်သနည်း။ မိမိတို့၏ သားသမီးများကို စိတ်ခံစားမှုဆိုင်ရာ အကျပ်ကိုင်ကြသည့် မိဘများကို သင် ကြုံရလျှင်၊ ထိုသို့သော မလျော်ကန်သကဲ့သို့ ဘီလူးသရဲစီးသော မိဘများကို သင် ကြုံရလျှင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ (သူတို့၏ သွန်သင်မှုများကို ကျွန်ုပ် နားထောင်မည်မဟုတ်ပါ။ ဘုရားနှုတ်ကပတ်တော်အတိုင်း အမှုအရာများကို ရှုမြင်ပါမည်။) တစ်နည်းအားဖြင့် စည်းမျဉ်းများအရ ၎င်းတို့၏ သွန်သင်လေ့ကျင့်ပေးသည့် နည်းစနစ်များက မှားယွင်းပြီး သင့်ကို ၎င်းတို့ ဆက်ဆံပုံက သင်၏ လူ့သဘာဝအတွက် အန္တရာယ်ရှိကာ သင်၏ လူ့အခွင့်အရေးများကိုလည်း ပိတ်ပင်ကြောင်း သင် သိမြင်ရမည်။ နောက်တစ်နည်းအားဖြင့် လူတို့၏ ကံကြမ္မာများက ဘုရားလက်ထဲတွင် ရှိကြောင်းကို သင်ကိုယ်တိုင် ယုံကြည်သင့်၏။ သင် လေ့လာရန် နှစ်သက်သည့်အရာ၊ သင် ထူးချွန်သည့်အရာ၊ သို့မဟုတ် သင်၏ လူ့အစွမ်းအစက စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အရာ၊ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်ပြီး မည်သူကမျှ မပြောင်းလဲနိုင်ပေ။ သင်၏ မိဘများကို သင့်ကို မွေးဖွားပေးသော်လည်း ၎င်းတို့ကလည်း ဤအရာတစ်ခုကိုမျှ မပြောင်းလဲပေးနိုင်ပေ။ ထို့ကြောင့် သင်၏ မိဘများက သင့်ကို လုပ်ဆောင်ရန် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ ထိုအရာသည် သင် မလုပ်ဆောင်နိုင်သည့်အရာ၊ မစွမ်းဆောင်နိုင်သည့်အရာ သို့မဟုတ် သင် မလုပ်လိုသည့်အရာ တစ်စုံတစ်ခုဖြစ်လျှင် သင် ငြင်းပယ်နိုင်သည်။ ၎င်းတို့ကို အကျိုးသင့်အကြောင်းသင့်လည်း သင် ပြောနိုင်ပြီး ထို့နောက်တွင် သင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို သက်သာစေလျက် အခြားကဏ္ဍများတွင် ထိုအရာအတွက် ထေမိအောင် သင် လုပ်ပေးနိုင်သည်။ သင်က “စိတ်လျှော့ပါ။ လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ မှားယွင်းသည့် လမ်းကြောင်းကို ကျွန်ုပ် လုံးဝလျှောက်မည်မဟုတ်ပါ။ ကျွန်ုပ်သည် မှန်ကန်သည့် လမ်းကြောင်းကိုသာ ဧကန်မုချလျှောက်မည် ဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုဖြင့် ကျွန်ုပ်သည် စစ်မှန်ရိုးသားသည့်လူတစ်ဦး၊ လူကောင်းတစ်ဦး မုချဖြစ်လိမ့်မည်။ ကျွန်ုပ်အတွက် သင်တို့၏ မျှော်မှန်းချက်များကို ကျွန်ုပ် စိတ်ပျက်အောင် လုပ်မည် မဟုတ်သကဲ့သို့ ကျွန်ုပ်ကို ပျိုးထောင်ရာတွင် သင်တို့၏ ကြင်နာမှုကို မေ့လျော့လိမ့်မည် မဟုတ်ပါ”ဟု ပြောသည်။ ဤစကားများကို ကြားသည့်နောက်တွင် မိဘများက မည်သို့ တုံ့ပြန်ကြမည်နည်း။ မိဘများက မယုံကြည်သူများဖြစ်လျှင် သို့မဟုတ် နတ်ဆိုးနှင့်သက်ဆိုင်လျှင် ၎င်းတို့ ဒေါသထွက်လာကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်က “ကျွန်ုပ်ကို ပျိုးထောင်ရာတွင် သင်တို့၏ ကြင်နာမှုကို ကျွန်ုပ် မေ့လျော့လိမ့်မည်မဟုတ်သကဲ့သို့ သင်တို့ကို စိတ်ပျက်အောင် လုပ်မည် မဟုတ်ပါ”ဟု ပြောသည့်အခါ ယင်းတို့သည် အနှစ်မဲ့သော စကားများ ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို သင် ဖြစ်မြောက်ပြီးပြီလော။ ၎င်းတို့ တောင်းဆိုသည့်အရာကို သင် လုပ်ဆောင်ခဲ့သလော။ သင်သည် သင်၏ သက်တူရွယ်တူများကြားတွင် ထင်ပေါ်နိုင်သလော။ သင်သည် ၎င်းတို့ ကောင်းမွန်သည့်ဘဝ နေထိုင်နိုင်ရန်အလို့ငှာ အဆင့်မြင့် အရာရှိ ဖြစ်လာနိုင်သလော၊ သို့မဟုတ် ငွေအမြောက်အမြား ရှာနိုင်သလော။ ၎င်းတို့အား လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးကျေးဇူးများ ရရှိရန် ၎င်းတို့ကို သင် ကူညီနိုင်သလော။ (မကူညီနိုင်ပါ။) ယင်းတို့ကို မသိနိုင်ပေ။ ဤအရာများက မသေချာမရေရာမှုများသာ ဖြစ်သည်။ ၎င်းတို့ ဒေါသထွက်သည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ၊ သို့မဟုတ် တိတ်တဆိတ် သည်းညည်းခံသည်ဖြစ်စေ၊ သင် မည်သည့်သဘောထား ရှိသင့်သနည်း။ လူတို့သည် ၎င်းတို့ကို ဘုရားသခင် ပေးအပ်သည့် တာဝန်ကို ဖြည့်ဆည်းရန် ဤလောကထဲသို့ ရောက်လာကြပေသည်။ လူတို့အနေဖြင့် မိမိတို့ မိဘများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်၊ ၎င်းတို့ကို ပျော်ရွှင်စေရန်၊ ၎င်းတို့ထံ ဂုဏ်အသရေဆောင်ကြဉ်းပေးရန် သို့မဟုတ် အခြားသူများရှေ့တွင် ဂုဏ်သတင်းကြီးသော ဘဝတစ်ခု ရှိစေရန်အလို့ငှာ အသက်မရှင်သင့်ပေ။ ဤသည်မှာ သင်၏ တာဝန်မဟုတ်ပေ။ ၎င်းတို့က သင့်ကို ပြုစုပျိုးထောင်ခဲ့ကြသည်။ မည်သည့်ပေးဆပ်ရမှုရှိသည်ဖြစ်စေ ၎င်းတို့က လိုလိုလားလား ထိုသို့လုပ်ဆောင်ခဲ့ကြသည်။ သင့်ကို ပြုစုပျိုးထောင်ဖို့က ၎င်းတို့၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ သင့်အပေါ် မျှော်မှန်းချက်မည်မျှ ၎င်းတို့ ထားရှိသည်၊ ဤမျှော်မှန်းချက်များကြောင့် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံရပြီးဖြစ်သည်၊ ၎င်းတို့ ငွေမည်မျှကုန်ခဲ့သည်၊ ၎င်းတို့ကို လူမည်မျှက ငြင်းပယ်ပြီး အထင်သေးခဲ့သည်ဆိုသည်နှင့် ၎င်းတို့ မည်မျှ စွန့်လွှတ်စတေးခဲ့ကြသည်ဆိုသည်တို့မှာမူ ဆန္ဒအလျောက်သာ ဖြစ်ပေသည်။ ထိုအရာကို သင် မတောင်းဆိုခဲ့ပေ။ ထိုအရာကို ၎င်းတို့အား သင် မလုပ်ဆောင်ခိုင်းခဲ့သကဲ့သို့ ဘုရားသခင်ကလည်း မလုပ်ဆောင်ခိုင်းခဲ့ပေ။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့တွင် ကိုယ်ပိုင် ရည်ရွယ်ချက်များရှိခဲ့ကြသည်။ ၎င်းတို့၏ ရှုထောင့်အမြင်မှကြည့်လျှင် ထိုအရာကို မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ခဲ့ကြခြင်း ဖြစ်သည်။ အပြင်ပန်းတွင် သင် ကောင်းမွန်သည့် ဘဝနှင့် ကောင်းမွန်သည့် တက်လမ်းတစ်ခု ရှိရန်အတွက်ဖြစ်သော်လည်း အမှန်တွင် ထိုအရာမှာ ၎င်းတို့ကို ဂုဏ်အသရေ ဆောင်ကြဉ်းပေးရန် ဖြစ်ပြီး အရှက်မရစေရန် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ပြန်ဆပ်ရန် သင့်တွင် ဝတ္တရားမရှိသကဲ့သို့ သင့်အပေါ် ၎င်းတို့၏ ဆန္ဒများနှင့် မျှော်မှန်းချက်များကို ဖြည့်ဆည်းရန် သင် ဝတ္တရားမရှိပေ။ အဘယ်ကြောင့် သင့်ထံတွင် ဤဝတ္တရားမရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်က သင့်ကို လုပ်ဆောင်စေသည့်အရာ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုအရာသည် သင့်ကို သူ ပေးထားသည့် ဝတ္တရားတစ်ခုမဟုတ်။ ၎င်းတို့အတွက် သင်၏ တာဝန်မှာ သားသမီးတစ်ဦးအနေဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အစွမ်းကုန်လုပ်ဆောင်ရင်း ၎င်းတို့က သင့်ကို လိုအပ်သည့်အခါ သားသမီးများ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းတို့သည် သင့်ကို မွေးပေးခဲ့ကြပြီး ပြုစုပျိုးထောင်ပေးခဲ့ကြသူများဖြစ်သော်လည်း ၎င်းတို့အတွက် သင်၏ တာဝန်မှာ ၎င်းတို့အား အလုပ်အကျွေးပြုရန် ၎င်းတို့က သင့်ကို လိုအပ်သည့်အခါ အဝတ်လျှော်ပေးရန်၊ ချက်ပြုတ်ကာ သန့်ရှင်းရေး လုပ်ပေးရန်၊ ၎င်းတို့ နာမကျန်းဖြစ်သည့်အခါ ၎င်းတို့၏ အိပ်ရာနံဘေးတွင် ၎င်းတို့ကို အဖော်ပြုပေးရန်သာ ဖြစ်သည်။ ထိုမျှသာဖြစ်သည်။ သင်သည် ၎င်းတို့ ပြောသည့် မည်သည့်အရာမဆိုအပေါ် ပြုမူဆောင်ရွက်ရန် ဝတ္တရားမရှိသကဲ့သို့ ၎င်းတို့၏ ကျေးကျွန်ဖြစ်ရန် ဝတ္တရား မရှိပေ။ ထို့အပြင် ၎င်းတို့၏ မပြည့်ဝခဲ့သည့် ဆန္ဒများကို တာဝန်ယူဆောင်ရွက်ပေးရန်လည်း သင့်တွင် ဝတ္တရားမရှိပေ၊ မှန်သလော။ (မှန်ပါသည်။)
မိမိတို့၏သားသမီးများအတွက် မိဘများ၏ မျှော်မှန်းချက်များနှင့်ဆိုင်သော နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသည်။ ယင်းမှာ မိသားစု စီးပွားရေးလုပ်ငန်း သို့မဟုတ် ဘိုးဘွားပိုင် ကုန်သွယ်မှုကို အမွေဆက်ခံရန် ဖြစ်သည်။ ဥပမာအနေဖြင့် အချို့သော မိသားစုများမှာ ဆေးသုတ်သမား မိသားစုများဖြစ်သည်။ ၎င်းတို့၏ ဘိုးဘေးများမှ လက်ဆင့်ကမ်း လာခဲ့ကြသည့် စည်းမျဉ်းမှာ မျိုးဆက်တစ်ဆက်စီတိုင်းတွင် မိသားစုလုပ်ငန်းကို ဆက်ခံပြီး မိသားစု အစဉ်အလာကို ဆက်လက်လုပ်ဆောင်သောသူ တစ်စုံတစ်ဦး ရှိရမည်ဟူ၍ ဖြစ်သည်။ သင်၏ မိသားစုတွင် ဤကဏ္ဍက သင့်အပေါ် ကျရောက်သော်လည်း ဆေးသုတ်ခြင်းကို သင် မနှစ်သက်သကဲ့သို့ စိတ်ဝင်စားခြင်းမရှိဟု ဆိုပါစို့။ ပိုရိုးရှင်းသည့် ဘာသာရပ်များအား လေ့လာခြင်းကို သင် နှစ်သက်သည်။ ထိုသို့သော အခြေအနေတစ်ခုတွင် သင့်မှာ ငြင်းပိုင်ခွင့်ရှိပေသည်။ သင့်မိသားစု၏ အစဉ်အလာကို သင် ဆက်ခံရန် ဝတ္တရားမရှိသကဲ့သို့ ကိုယ်ခံပညာရပ်များ၊ သီးသန့် လက်မှုပညာ သို့မဟုတ် ကျွမ်းကျင်မှုတစ်ခုခု စသည်တို့ကဲ့သို့သော မိသားစု စီးပွားရေးလုပ်ငန်း သို့မဟုတ် ဘိုးဘွားပိုင် ကုန်သွယ်မှုကို အမွေဆက်ခံရန် ဝတ္တရားမရှိပေ။ သင့်ကို ၎င်းတို့က အမွေဆက်ခံရန် စေခိုင်းသည့်အရာကို ဆက်လက်ဆောင်ရွက်ဖို့ သင့်ထံတွင် ဝတ္တရားမရှိပေ။ အခြားမိသားစုအချို့တွင် မျိုးဆက်တိုင်းက အော်ပရာပြဇာတ်သီချင်းကို သီဆိုကြသည်။ သင်၏ မျိုးဆက်တွင် သင်၏ မိဘများက သင့်အား ငယ်သည့်အရွယ်မှစ၍ အော်ပရာပြဇာတ်သီချင်းကို သီဆိုရန် သင်ယူခိုင်းသည်။ ထိုအရာကို သင် အမှန်တကယ် သင်ယူခဲ့သော်လည်း သင်၏ စိတ်နှလုံးထဲတွင် မနှစ်သက်ပေ။ ထို့ကြောင့် အသက်မွေးမှုလုပ်ငန်းတစ်ခု ရွေးချယ်ရန် စေခိုင်းခံရမည်ဆိုလျှင် အော်ပရာပြဇာတ်သီချင်းနှင့် ဆက်စပ်သည့် မည်သည့် အသက်မွေးမှုလုပ်ငန်းကိုမျှ သင် လုံးဝ ပါဝင်ပတ်သက်မည်မဟုတ်ပေ။ သင်သည် ဤအလုပ်အကိုင်ကို အူထဲအသည်းထဲမှ နှစ်သက်ခြင်း မရှိပေ။ ထိုသို့သော ကိစ္စတစ်ခုတွင် သင့်မှာ ငြင်းပိုင်ခွင့်ရှိ၏။ သင်၏ ကံကြမ္မာသည် သင့်မိဘများလက်ထဲတွင် မရှိသောကြောင့် အသက်မွေးမှုလုပ်ငန်းအပေါ် သင်၏ ရွေးချယ်မှု၊ သင်၏ စိတ်ဝင်စားမှုများ၏ ရှေးရှုရာ၊ သင် လုပ်ဆောင်လိုသည့်အရာနှင့် သင် လျှောက်လိုသည့် လမ်းကြောင်းမျိုး၊ ဤအရာအားလုံးက ဘုရားလက်ထဲတွင် ရှိပေသည်။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြား၏၊ သင့်မိသားစုဝင်တစ်ဦးဦးက စီစဉ်ညွှန်ကြားခြင်း မဟုတ်သကဲ့သို့ သင်၏ မိဘများ စီစဉ်ညွှန်ကြားခြင်း မဟုတ်သည်မှာ သေချာသည်။ မည်သည့် ကလေးမဆို၏ ဘဝတွင် မိဘများက ဆောင်ရွက်သည့် အခန်းကဏ္ဍမှာ ကလေး ကြီးပြင်းလာသည်နှင့်အမျှ အုပ်ထိန်းမှု၊ စောင့်ရှောက်ခြင်းနှင့် အဖော်ပြုပေးခြင်းတို့ကို ပေးရန်သာ ဖြစ်သည်။ သာ၍ ကောင်းမွန်သည့် အခြေအနေများတွင် မိဘများသည် မိမိတို့ သားသမီးများအား အပြုသဘောဆောင်သော ဦးဆောင်လမ်းပြမှု၊ သွန်သင်လေ့ကျင့်ပေးခြင်းနှင့် လမ်းညွှန်မှုတို့ကို ပေးနိုင်ကြသည်။ ဤသည်မှာ ၎င်းတို့ ဖြည့်ဆည်းနိုင်သည့် တစ်ခုတည်းသော အခန်းကဏ္ဍ ဖြစ်သည်။ သင် အရွယ်ရောက်ပြီး အမှီအခိုကင်းလာသည်နှင့် သင့်မိဘများ၏ အခန်းကဏ္ဍမှာ စိတ်ခံစားမှုဆိုင်ရာ အမာခံကျောရိုးနှင့် စိတ်ခံစားမှုဆိုင်ရာ အားထားမှုတစ်ခု ဖြစ်ရန်သာ ဖြစ်သည်။ အတွေးနှင့် ဘဝနေထိုင်မှုပုံစံတို့တွင် သင် အမှီအခိုကင်းလာသည့်နေ့သည် သင့်အပေါ် သင့်မိဘများ၏ တာဝန်နှင့် ဝတ္တရာများ ပြီးပြည့်စုံသည့်နေ့ ဖြစ်သည်။ ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည် ထိုသို့ဖြင့် ပညာပေးသူနှင့် ကျောင်းသားမှသည် အုပ်ထိန်းသူနှင့် အအုပ်ထိန်းခံကလေးအဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်သည့်ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့၏ မိဘများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ဘုရားသခင်ကို မယုံကြည်ကြပေ။ ၎င်းတို့ကိုယ်တိုင်ကသာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ဤနေရာတွင် အဘယ်အရာ ဖြစ်နေသနည်း။ ဤသည်မှာ ဘုရားသခင်၏ စီမံမှုနှင့် ပတ်သက်ရပေမည်။ ဘုရားသခင်က ၎င်းတို့ကို မရွေးချယ်ဘဲ သင့်ကို ရွေးချယ်ပြီးဖြစ်သည်။ ဘုရားသခင်က သင့်ကို လူလားမြောက်သောအရွယ်သို့ ပြုစုပျိုးထောင်ပေးရန် ၎င်းတို့၏ လက်များကို အသုံးပြုပြီးနောက် ဘုရားသခင်၏ မိသားစုထဲသို့ သင့်ကို ခေါ်ဆောင်လေသည်။ ကလေးတစ်ဦးအနေဖြင့် သင့်မိဘများ၏ မျှော်မှန်းချက်များအပေါ် သင် ထားရှိသင့်သည့် သဘောထားမှာ အမှန်နှင့် အမှားကြား ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ ၎င်းတို့က သင့်ကို ဆက်ဆံပုံသည် ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် “လူတို့၏ ကံကြမ္မာများက ဘုရားသခင်၏လက်တွင်ရှိသည်”ဟူသော အမှန်တရားနှင့် ကိုက်ညီခြင်းမရှိလျှင် ၎င်းတို့၏ မျှော်မှန်းချက်များကို သင် ငြင်းပယ်နိုင်ပြီး သင်၏ မိဘများ နားလည်အောင် ၎င်းတို့နှင့် အကျိုးသင့်အကြောင်းသင့် ပြောနိုင်ပေသည်။ သင်သည် အသက်မပြည့်သေးဘဲ ၎င်းတို့ တောင်းဆိုသည့်အရာကို သင့်အား လုပ်ဆောင်စေလျက် ၎င်းတို့က သင့်ကို အတင်းအဓမ္မ ဖိနှိပ်လျှင် ဘုရားသခင်ထံ တိတ်တဆိတ်သာ သင် ဆုတောင်းနိုင်ပြီး သင့်အတွက် ထွက်ပေါက်တစ်ခု ဖွင့်ပေးရန် သူ့အား အခွင့်ပေးနိုင်သည်။ သို့ရာတွင် သင်သည် အရွယ်ရောက်သူတစ်ဦးဖြစ်လျှင် သင်က “မဟုတ်ပါ၊ ကျွန်ုပ်အတွက် သင် ချမှတ်သည့် နည်းလမ်းအတိုင်း ကျွန်ုပ် အသက်ရှင်စရာမလိုပါ။ ဘဝတွင် ကျွန်ုပ်၏ လမ်းကြောင်း၊ ကျွန်ုပ်၏ ဖြစ်တည်မှုပုံစံနှင့် ကျွန်ုပ်၏ လိုက်စားမှု ရည်မှန်းချက်တို့ကို ကျွန်ုပ်အတွက် သင် ချမှတ်ထားသည့် နည်းလမ်းအတိုင်း ရွေးချယ်ရန် မလိုပါ။ ကျွန်ုပ်၏ ပြုစုပျိုးထောင်ရန် သင်တို့၏ တာဝန်က ပြည့်စုံနှင့်ပြီးသား ဖြစ်သည်။ ကျွန်ုပ်တို့ တစ်ယောက်နှင့်တစ်ယောက် သင့်မြတ်ပြီး တူညီသည့် လိုက်စားမှုများနှင့် ရည်မှန်းချက်များ ရရှိနိုင်လျှင် ကျွန်ုပ်တို့၏ ဆက်ဆံရေးက ထိုအတိုင်း ရှိနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် တူညီသည့် ပြင်းပြသောဆန္ဒနှင့် ရည်မှန်းချက်များ မရှိကြတော့လျှင် ယခု တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ရုံသာ တတ်နိုင်သည်”ဟူ၍ ၎င်းတို့အား ဧကန်မုချ ပြော၍ရသည်။ ယင်းမှာ မည်သို့ထင်ရသနည်း။ ဤအရာကို သင် ပြောဝံ့မည်လော။ သင်၏မိဘများနှင့် ဤကဲ့သို့ ဆက်ဆံရေးကို တရားဝင် အဆုံးသတ်ရန် မလိုအပ်သော်လည်း အနည်းဆုံးအနေဖြင့် သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ဤအချက်ကို သင် ရှင်းလင်းစွာ မြင်သင့်ပေသည်။ သင်၏ မိဘများက သင်နှင့် အရင်းနှီးဆုံးသောလူများ ဖြစ်သော်လည်း ၎င်းတို့သည် သင့်ကို အသက်ပေးသူ၊ ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရန် သင့်အား ထောက်ကူပေးပြီး ပြုမူကျင့်ကြံမှု စည်းမျဉ်းများအားလုံးကို နားလည်စေသူမှာ ၎င်းတို့ မဟုတ်။ ဘုရားသခင် ဖြစ်ပေသည်။ သင်၏ မိဘများက သင့်ကို သမ္မာတရား မထောက်ပံ့နိုင်၊ သို့မဟုတ် သမ္မာတရားပါဝင်သည့် မှန်ကန်သော အကြံတစ်ခုခုကို မပေးနိုင်ပေ။ ထို့ကြောင့် သင်၏ မိဘများနှင့် သင်၏ ဆက်ဆံရေးအတွက်မူ သင်၌ ၎င်းတို့ မည်မျှ ရည်စူးမြှုပ်နှံပြီးသည်ဖြစ်စေ၊ သင့်အပေါ် ငွေနှင့် အားထုတ်မှု မည်မျှ ၎င်းတို့ သုံးပြီးသည်ဖြစ်စေ အပြစ်ရှိသည့်ခံစားချက်တစ်ခုခုဖြင့် မိမိကိုယ်ကို ဝန်ပိစေရန် မလိုအပ်ပေ။ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများရှိကြသည့် တာဝန်နှင့် ဝတ္တရားဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများအနေဖြင့် သက်တူရွယ်တူများကြား ထင်ပေါ်နိုင်ရန်လည်းကောင်း၊ မိဘများ၏ ကိုယ်ပိုင် အလိုဆန္ဒများကို ဖြည့်ဆည်းရန်လည်းကောင်း မိဘများက ဤအရာအားလုံးကို လုပ်ဆောင်လျှင် ဤသည်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ရန် ဘုရားသခင် စီမံထားသည့်အရာ မဟုတ်ပါ။ ထို့ကြောင့် အပြစ်ရှိသည့်စိတ်တစ်ခုခု ခံစားရန် မလိုအပ်ပါ။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုသာ ဖြစ်သည်။ အခြားသော သွင်ပြင်လက္ခဏာမှာ သင်သည် လတ်တလောတွင် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်နေခြင်း၊ သမ္မာတရားကို လိုက်စားနေခြင်းနှင့် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန် ဖန်ဆင်းရှင်ရှေ့တွင် သင် လာနေခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အပေါ် မည်သည့် အပြစ်ရှိသည့် ခံစားချက်မျှ မရှိသင့်ပေ။ ၎င်းတို့၏အဆိုအရ သင့်အပေါ် ၎င်းတို့ ဖြည့်ဆည်းခဲ့သည့် တာဝန်မှာ ဘုရားသခင့် အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ၎င်းတို့က သင့်ကို ပြုစုပျိုးထောင်ပေးသည့် အတောအတွင်းတွင် သင် ပျော်ရွှင်ခဲ့လျှင် ယင်းမှာ သင်၏ ကောင်းသောကံဖြစ်သည်။ သင် မပျော်ရွှင်ခဲ့ပါက ယင်းမှာလည်း ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ယနေ့တွင် ဘုရားသခင်က သင့်ကို ထွက်သွားခွင့်ပေးပြီး သင့်မိဘများ၏ အနှစ်သာရနှင့် ၎င်းတို့ မည်သည့်လူစားမျိုးဖြစ်သည်ကို ရှင်းလင်းစွာ မြင်ခွင့်ပေးခြင်းအတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်သင့်သည်။ သင်၏ အတွင်းစိတ်နှလုံးထဲတွင် ဤအရာအားလုံးအပေါ် မှန်ကန်တိကျသည့် သိနားလည်မှုအပြင် မှန်ကန်တိကျသည့် ဖြေရှင်းချက်နှင့် ထိုအရာကို ကိုင်တွယ်ရမည့်နည်းလမ်းတစ်ခု ရှိသင့်ပေသည်။ ဤသို့ဖြင့် စိတ်ထဲတွင် သာ၍ တည်ငြိမ်မှု ခံစားရသည် မဟုတ်လော။ (ခံစားရပါသည်။) သင်သည် သာ၍ ငြိမ်သက်အေးချမ်းလျှင် ယင်းမှာ အလွန်ကောင်းပေသည်။ မည်သို့ဆိုစေ ဤကိစ္စရပ်များတွင် သင်၏ မိဘများက သင့်အတွက် ယခင်က မည်သည့် တောင်းဆိုချက်များ ရှိသည်ဖြစ်စေ၊ ယခုတွင် မည်သည့်တောင်းဆိုချက်များ ၎င်းတို့၌ ရှိသည်ဖြစ်စေ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို သင် နားလည်သည့်အတွက်၊ ပြီးလျှင် လူတို့ လုပ်ဆောင်သင့်သည်ဟု ဘုရားသခင် တောင်းဆိုသည့်အရာအပြင် သင့်မိဘများ၏ မျှော်မှန်းချက်များက သင့်အား မည်သည့်အရာ ဆောင်ကြဉ်းသည်ကို သင် နားလည်သည့်အတွက် ဤကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့်နည်းနှင့်မျှ သင် ဝန်မလေးသင့်တော့ပေ။ သင်၏ မိဘများကို သင် စိတ်ပျက်အောင်လုပ်မိပြီဟု ခံစားရန် သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရန် ရွေးချယ်သောကြောင့် သင်၏ မိဘများအတွက် သာ၍ ကောင်းမွန်သည့် ဘဝတစ်ခုကို ပေးရန် သင် ပျက်ကွက်ပြီးဖြစ်သကဲ့သို့ ၎င်းတို့ကို အဖော်ပြုပြီး သင်၏ သားသမီးဝတ် တာဝန်ကို ၎င်းတို့အတွက် ဖြည့်ဆည်းရန် ပျက်ကွက်ပြီးဖြစ်ကာ ယင်းက ၎င်းတို့အား စိတ်ခံစားမှုဆိုင်ရာ အနှစ်မဲ့သွားစေသည်ဟု ခံစားရန် မလိုအပ်ပေ။ ထိုအကြောင်းနှင့်ပတ်သက်၍ အပြစ်ရှိသည့်စိတ်ခံစားရန် သင့်အတွက် မလိုအပ်။ မိဘများက မိမိတို့၏ သားသမီးများထံ ယူဆောင်သည့် ဝန်ထုပ်များရှိပြီး ဤသည်တို့မှာ သင် လက်လွှတ်သင့်သည့် အရာများသာ ဖြစ်သည်။ အရာရာက ဘုရားလက်ထဲတွင်ရှိသည်ဟု သင် အမှန်တကယ် ယုံကြည်လျှင် ၎င်းတို့၏ ဘဝများတစ်လျှောက်လုံး အခက်အခဲမည်မျှ ၎င်းတို့ ခံစားရပြီး ပျော်ရွှင်မှုမည်မျှ ၎င်းတို့ မွေ့လျော်ခံစားရသည်ဟူသော ကိစ္စသည်လည်း ဘုရားလက်ထဲတွင် ရှိသည်ဟု သင် ယုံကြည်သင့်ပေသည်။ သင်က သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဆိုသည်က မည်သည့်အရာကိုမျှ ပြောင်းလဲစေလိမ့်မည် မဟုတ်။ သင်သားသမီးဝတ်ကျေပွန်သောကြောင့် သင်၏ မိဘများက ဆင်းရဲဒုက္ခခံရခြင်း လျော့နည်းသွားလိမ့်မည် မဟုတ်သကဲ့သို့ သင် သားသမီးဝတ်မကျေပွန်သောကြောင့် ၎င်းတို့က သာ၍ ဆင်းရဲဒုက္ခ ခံစားရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာများကို အချိန်ကြာမြင့်စွာကပင် စီမံခဲ့ကာ ၎င်းတို့အပေါ် သင်၏ သဘောထား သို့မဟုတ် သင်တို့ကြားက ခံစားချက် အတိမ်အနက်ကြောင့် ဤအရာတစ်ခုမျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်။ ၎င်းတို့တွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် ၎င်းတို့ ဆင်းရဲကြသည်ဖြစ်စေ၊ ချမ်းသာကြွယ်ဝကြသည်ဖြစ်စေ၊ ၎င်းတို့အတွက် အမှုအရာများက အဆင်ပြေချောမွေ့သည်ဖြစ်စေ၊ မချောမွေ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ဘဝအဆင့်အတန်း၊ ရုပ်ဝတ္ထု အကျိုးအမြတ်များ၊ လူမှု အဆင့်အတန်းနှင့် အသက်ရှင်နေထိုင်မှု အခြေအနေများကို ၎င်းတို့ မွေ့လျော်ခံစားကြသည်ဖြစ်စေ ဤအရာတစ်ခုမျှသည် သင်နှင့် ထိုမျှပတ်သက်မှု မရှိပေ။ ၎င်းတို့အပေါ် သင် အပြစ်ရှိသည့်စိတ် ခံစားရလျှင်၊ ၎င်းတို့ကို သင် တစ်စုံတစ်ရာ အကြွေးတင်သည်ဟုလည်းကောင်း၊ သင်သည် သူတို့၏ အနားတွင် ရှိသင့်သည်ဟုလည်းကောင်း ခံစားရလျှင် သင်က ၎င်းတို့ အနားတွင်ရှိခဲ့မည်ဆိုလျှင်ပင် မည်သည့်အရာ ပြောင်းလဲသွားမည်နည်း။ (မည်သည့်အရာမျှ ပြောင်းလဲမည် မဟုတ်ပါ။) သင်၏ အသိစိတ် ရှင်းလင်းသွားပြီး အပြစ်ရှိသည့်စိတ် ကင်းသွားကောင်း ကင်းသွားနိုင်သည်။ သို့သော် သင်သည် ၎င်းတို့၏ နံဘေးတွင် နေ့စဉ်ရှိနေပြီး ဘုရားသခင်ကို ၎င်းတို့ မယုံကြည်ခြင်း၊ လောကီအရာများကို လိုက်စားခြင်းနှင့် အရေးမပါသည့် စကားစမြည် ပြောခြင်းများနှင့် အတင်းအဖျင်းများ ပါဝင်ပြောဆိုခြင်းတို့ကို မြင်နေလျှင် သင် မည်သို့ ခံစားရမည်နည်း။ သင်၏ စိတ်နှလုံးတွင် သက်သောင့်သက်သာဖြစ်မည်လော။ (သက်သောင့်သက်သာ ဖြစ်မည်မဟုတ်ပါ။) ၎င်းတို့ကို သင် ပြောင်းလဲစေနိုင်သလော။ ကယ်တင်နိုင်သလော။ (မကယ်တင်နိုင်ပါ။) ၎င်းတို့ နာမကျန်းဖြစ်ပြီး ၎င်းတို့၏ သားသမီးတစ်ဦးအနေဖြင့် ၎င်းတို့ကို နှစ်သိမ့်မှုအချို့ပေးရင်း ၎င်းတို့ အိပ်ရာဘေးတွင် ၎င်းတို့ကို ပြုစုစောင့်ရှောက်ကာ ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားမှုကို အနည်းငယ် သက်သာစေမည့် နည်းလမ်းရှိလျှင် ၎င်းတို့ နာလန်ထူသည်နှင့် ရုပ်ပိုင်းဆိုင်ရာလည်း နှစ်သိမ့်မှု ခံစားရလိမ့်မည် ဖြစ်သည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် အရာတစ်ခုကို သင် ပြောလျှင် နှစ်ဘဝတာ သင့်ကို အော်ဂလီဆန်စေလောက်အောင် မနှစ်မြို့စရာဖြစ်သော အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသောအရာများကို ပြောဆိုရင်း တန်ပြန် အကြောင်းပြချက် ရှစ်ခု သို့မဟုတ် ဆယ်ခုဖြင့် သင့်ကို ၎င်းတို့ ပြန်ပြောနိုင်ပေသည်။ အပြင်ပန်းအနေဖြင့် သင်၏ အသိစိတ်က အေးချမ်းကောင်း အေးချမ်းနိုင်ပြီး ၎င်းတို့က သင့်ကို အချည်းနှီး မပျိုးထောင်ခဲ့ကြကြောင်း၊ သင်သည် ဂရုမစိုက်သည့် ကျေးဇူးကန်းသူတစ်ဦး မဟုတ်ကြောင်းနှင့် သင့်အိမ်နီးချင်းအား လှောင်ရယ်စရာ တစ်ခုမျှ မပေးခဲ့ကြောင်း သင် ခံစားကောင်းခံစားနိုင်သည်။ သို့သော် သင်၏ အသိစိတ်က အေးချမ်းနေရုံဖြင့် ယင်းမှာ ဘဝနှင့်ပတ်သက်သည့် ၎င်းတို့၏ အမျိုးမျိုးသော စိတ်ကူးများ၊ အမြင်များ၊ သဘောထားများနှင့် အသက်ရှင်နေထိုင်မှု ပုံစံများကို သင်၏ စိတ်နှလုံး အတွင်းနက်နက်မှ အမှန်တကယ် လက်ခံသည်ဟု မဆိုလိုပေ။ သင်သည် ၎င်းတို့နှင့် အမှန်တကယ် သဟဇာတဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) မတူကွဲပြားသည့် လမ်းကြောင်းများကို လျှောက်ပြီး မတူကွဲပြားသည့် အမြင်များကို စွဲကိုင်သည့် လူနှစ်မျိုးနှစ်စားသည် ၎င်းတို့တွင် မည်သည့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေး သို့မဟုတ် ဆက်စပ်မှုရှိသည်ဖြစ်စေ၊ မည်သည့်စိတ်ပိုင်းဆိုင်ရာ ဆက်ဆံရေး သို့မဟုတ် ဆက်စပ်မှုရှိသည်ဖြစ်စေ မည်သည့်ဘက်၏ ရှုထောင့်ကိုမျှ မပြောင်းလဲစေနိုင်ပေ။ နှစ်ဦးနှစ်ဘက်က အမှုအရာများကို အတူတကွ မဆွေးနွေးလျှင် ကိစ္စမရှိသော်လည်း အမှုအရာများကို ၎င်းတို့ စတင်ဆွေးနွေးသည်နှင့် ၎င်းတို့ စတင်၍ အငြင်းပွားကြသည်၊ သဘောထားကွဲလွဲမှု ဖြစ်ပေါ်ပြီး တစ်ယောက်နှင့်တစ်ယောက် မုန်းတီးကြလိမ့်မည်ဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် စိတ်ကုန်လာကြလိမ့်မည် ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် သွေးသားတော်စပ်သော်လည်း အတွင်းဘက်တွင် ၎င်းတို့သည် ရေနှင့် မီးလောက်ကို သဟဇာတမဖြစ်နိုင်သည့် လူနှစ်မျိုးနှစ်စားများဖြစ်သော ရန်သူများ ဖြစ်ကြသည်။ ထိုအခြေအနေတွင် သင်သည် ၎င်းတို့၏ အနားတွင် ရှိနေဆဲဖြစ်လျှင် ဤအရာကို သင် အဘယ်အတွက်များ လုပ်ဆောင်နေခြင်း ဖြစ်သနည်း။ စိတ်မကောင်းဖြစ်ရမည့် တစ်စုံတစ်ရာကိုသာ သင် ရှာဖွေနေခြင်း ဖြစ်သလော၊ သို့တည်းမဟုတ် အခြား အကြောင်းပြချက်တစ်ခုခုလော။ ၎င်းတို့ကို သင် တွေ့သည့်အခါတိုင်းတွင် နောင်တရလိမ့်မည်ဖြစ်ပြီး ဤအရာကို ကိုယ့်ဒုက္ခကိုယ်ရှာခြင်းဟု ခေါ်ပေသည်။ လူအချို့က “ငါ့မိဘများကို နောက်ဆုံးအခေါက် တွေ့ခဲ့သည်မှာ နှစ်များစွာ ကြာညောင်းပြီဖြစ်သည်။ ယခင်က သူတို့သည် ဘုရားသခင်ကို ပြစ်မှားစော်ကားရင်းနှင့် ဘုရားသခင်၌ ငါ၏ ယုံကြည်မှုကို ဆန့်ကျင်ရင်း စက်ဆုပ်ဖွယ် အမှုအရာအချို့ကို လုပ်ဆောင်ခဲ့ကြသည်။ ယခု သူတို့က များစွာ သာ၍ အသက်အရွယ်အိုမင်းလာကြပေပြီ။ ယခု သူတို့ ပြောင်းလဲကုန်လောက်ပြီ ဖြစ်ရမည်။ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်ခဲ့သည့် မကောင်းသော အရာများနှင့်ပတ်သက်၍ ငါ ရေးကြီးခွင့်ကျယ်မလုပ်သင့်ပါ။ ယင်းတို့အားလုံးသည် မည်သို့ဆိုစေ မေ့ပျောက်ခံရလုနီး ဖြစ်ပေသည်။ ထို့အပြင် စိတ်ခံစားမှုအရကော၊ အသိစိတ်ဖြင့်ပါ သူတို့ကို ငါ လွမ်းဆွတ်ကာ သူတို့ နေများကောင်းကြသလောဟူသည်ကို ငါ တွေးနေမိသည်။ ထို့ကြောင့် ငါ သူတို့ထံပြန်၍ အကျိုးအကြောင်း မေးမြန်းလိုက်ဦးမည်”ဟု တွေးကြလေသည်။ သို့သော် အိမ်ပြန်လာသည့် တစ်ရက်တာအတောအတွင်းတွင် ယခင်က ၎င်းတို့အပေါ် သင် ခံစားခဲ့ရသည့် စက်ဆုပ်မှုက ပြန်ပေါ်လာပြီး သင် နောင်တရလေသည်။ “ဤသည်ကို မိသားစုဟု ခေါ်သလော။ ဤသူများက ငါ့မိဘများဖြစ်သလော။ ရန်သူများ မဟုတ်လော။ ၎င်းတို့သည် ယခင်ကလည်း ထိုအတိုင်းသာ ဖြစ်ပြီး ယခု မပြောင်းလဲသည့် အကျင့်စရိုက် ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့ အနည်းငယ်မျှ မပြောင်းလဲကြသေးပါ”ဟူ၍ဖြစ်သည်။ ၎င်းတို့ အဘယ်သို့ ပြောင်းလဲပြီးဖြစ်နိုင်မည်နည်း။ နဂိုမူလက ၎င်းတို့ ဖြစ်ခဲ့သည့်အရာမှာ ၎င်းတို့ အမြဲဖြစ်မည့်အရာ ဖြစ်သည်။ ၎င်းတို့ အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲကုန်ကြကာ သင်တို့ သင့်မြတ်နိုင်ကြမည်ဟု ထင်သလော။ ၎င်းတို့နှင့် သင့်မြတ်ရန်ဟူသည်မှာ မရှိပေ။ ပြန်လာချိန် အိမ်ထဲဝင်လိုက်သည်နှင့် ပင်လယ်ခရု၊ ပင်လယ်မျှော့၊ ငါးမန်းဆူးတောင်၊ သို့မဟုတ် ငါးအစာအိမ် သို့မဟုတ် ဒီဇိုင်နာ အိတ်နှင့် အဝတ်အစားများ၊ သို့မဟုတ် ရွှေငွေ လက်ဝတ်ရတနာများကဲ့သို့သော တန်ဖိုးကြီးသည့် တစ်စုံတစ်ရာဖြစ်သလောဟူသည်ကို မြင်ရရန် သင့်လက်ထဲတွင် မည်သည့်အရာ သယ်ထားသည်ကို ၎င်းတို့က ကြည့်ကြလိမ့်မည်။ တစ်ထုပ်က ပေါက်စီများရှိပြီး၊ အခြားတစ်ထုပ်က ငှက်ပျောသီးနှစ်လုံးပါသည့် ပလပ်စတစ်အိတ်နှစ်အိတ် သင် သယ်ဆောင်လာသည်ကို ၎င်းတို့က မြင်သည်နှင့်တစ်ပြိုင်နက် သင် ဆင်းရဲနေဆဲဖြစ်သည်ကို မြင်ပြီး “ထိုထိုသောသူ၏ သမီးသည် နိုင်ငံခြားသွားပြီး နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ပြုသည်။ သူတို့အတွက် သူမ ဝယ်ပေးသည့် လက်ကောက်များမှာ ရွှေစစ်စစ်ဖြစ်ပြီး အခွင့်အရေးရတိုင်း သူတို့က ကြွားကြသည်။ ထိုထိုသောသူ၏ သားသည် ကားတစ်စီးဝယ်ပြီး သူ အားသည့်အခါတိုင်း သူ့မိဘများကို အပျော်ခရီးများတွင်လည်းကောင်း၊ နိုင်ငံခြားခရီးများတွင်လည်းကောင်း ခေါ်သွားသည်။ သူတို့အားလုံးက သူတို့၏ သားသမီးများ၏ အောင်မြင်မှုကို ပျော်မွေ့ခံစားနေကြသည်။ ထိုထိုသောသူ၏ သမီးသည် အိမ်ကို မည်သည့်အခါမျှ လက်ဗလာဖြင့်ပြန်မလာပါ။ သူမသည် သူမ၏ မိဘများအတွက် ခြေဆေးခွက်နှင့် အနှိပ်စက်ကုလားထိုင်များ ဝယ်ပေးပြီး သူမက ဝယ်ပေးသည့် အဝတ်အစားများမှာ ပိုးသား သို့မဟုတ် သိုးမွေးထည် ဖြစ်သည်။ သူတို့သည် ထိုမျှ သားသမီးဝတ်ကျေသည့် သားသမီးများ ရကြသည်။ သူတို့ ပြုစုစောင့်ရှောက်သမျှက အချည်းနှီးမဟုတ်ခဲ့ပါ။ ဤမိသားစုတွင် ငါတို့ ပြုစုပျိုးထောင်ခဲ့သမျှမှာမူ မစာနာတတ်သည့် ကျေးဇူးကန်းသူများသာ ဖြစ်သည်”ဟု စတင်၍ တကျည်ကျည် ပြောကြလေတော့သည်။ ဤသည်မှာ စော်ကားခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ ပေါက်စီများနှင့် ငှက်ပျောသီးများကို သူတို့က စာရင်းထဲပင် မထည့်လင့်ကစား သင်ကမူ သားသမီးတစ်ဦးအနေဖြင့် သင်၏ တာဝန်များနှင့် သားသမီးဝတ်တို့ကို ဖြည့်ဆည်းဖို့အကြောင်းကိုသာ စဉ်းစားနေဆဲဖြစ်သည်။ သင်၏ မိဘများက ပေါက်စီများနှင့် ငှက်ပျောသီးများကို အလွန်နှစ်သက်ခဲ့ကြသည်။ ပြီးလျှင် သင်သည်လည်း ၎င်းတို့ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် ၎င်းတို့ကို စိတ်လှုပ်ရှားစေပြီး သင်၏ လိပ်ပြာမလုံသည့် အသိစိတ်ကို ထေမိစေရန် ဤအရာများကို သင် ဝယ်သွားပေသည်။ သို့သော် ပြန်လာသည့်အချိန်တွင် ဤလိပ်ပြာမလုံမှုအတွက် သင်သည် ထေမိအောင် လုပ်ခွင့်မရမျှရုံမက ဝေဖန်မှုကိုပင် ခံစားရသည်။ စိတ်ဓာတ်ကျခြင်းဖြင့် မွှန်ထူလျက် အိမ်ထဲမှ သင် ပြေးထွက်လာခဲ့သည်။ သင်၏ မိဘများထံ လည်ပတ်ဖို့ အိမ်ပြန်ရာတွင် အကျိုး တစ်စုံတစ်ရာရှိသလော။ (မရှိပါ။) သင်သည် အချိန်အတော်ကြာ အိမ်မပြန်ခဲ့သော်လည်း ၎င်းတို့က သင့်ကို သတိမရကြပေ။ ၎င်းတို့က “သင် ပြန်လာရုံဖြင့်ပင် လုံလောက်ပေပြီ။ မည်သည့်အရာကိုမျှ ဝယ်လာရန် မလိုပါ။ ကျန်းမာသည့် ဘဝတစ်ခုကို ရှင်သန်ရင်း၊ မှန်ကန်သည့် လမ်းကြောင်းပေါ် သင် ရှိကာ ကဏ္ဍအားလုံးတွင် ဘေးကင်းလုံခြုံကြောင်း မြင်ရသည်မှာ ဝမ်းသာ၏။ တစ်ယောက်နှင့်တစ်ယောက် တွေ့ရပြီး စိတ်ပါလက်ပါ စကားစမြည်ပြောဆိုနိုင်ခြင်းသည် အတော်ပင် စိတ်ကျေနပ်ဖွယ် ဖြစ်ပါသည်”ဟု မပြောပေ။ ဤနှစ်ကာလများတွင် သင် အဆင်ပြေနေခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် သင့်မိဘများ၏ အကူအညီလိုအပ်သည့် အခက်အခဲတစ်ခုခု သို့မဟုတ် သောကရောက်စေသည့် ကိစ္စရပ်တစ်ခုခု သင် ရင်ဆိုင်ခဲ့ရခြင်း ရှိမရှိဟူသည်ကို ၎င်းတို့က ဂရုမစိုက်ကြပေ။ နှစ်သိမ့်စရာ စကားတစ်ခွန်းမျှ သူတို့ မပြောကြပေ။ သို့ရာတွင် ထိုသို့သောအရာများကို ၎င်းတို့ အမှန်တကယ် ပြောခဲ့လျှင် သင် ထွက်မသွားနိုင်ဘဲ နေမည်မဟုတ်လော။ ၎င်းတို့က သင့်ကို ဆူသည့်နောက်တွင် သင်သည် ကိုယ်ကိုမတ်ကာ လိပ်ပြာမလုံသည့်စိတ် တစ်စက်မျှ မရှိဘဲ၊ “ငါဤနေရာမှ ထွက်သွားရမည်။ ဤသည်မှာ တကယ်ကို ပြိတ္တာဘုံငတစ်ခု ဖြစ်သည်။ သူတို့က ငါ့ကို အရေခွံနွှာလိမ့်မည်၊ ငါ့အသားကို စားကာ ငါ့အသွေးကိုပင် သောက်ချင်ကြလိမ့်ဦးမည်ဖြစ်သည်”ဟု သင့်ဘာသာ စဉ်းစားရင်း လုံးဝ တရားသည်ဟု ခံစားရသည်။... (မမှန်ပါ။ ကျွန်ုပ်သည် သားသမီးဝတ် မကျေပွန်သူ မဟုတ်ပါ။) သင်၏ အကြောင်းပြချက်ကို ရှင်းပြလော့။ (ဤနှစ်များအတောအတွင်းတွင် ကျွန်ုပ်သည် ကျွန်ုပ် မိဘများနံဘေးတွင် ရှိမနေခဲ့သော်လည်း၊ သို့မဟုတ် လောကီလူများကဲ့သို့ သူတို့၏ ဆန္ဒများကို မဖြည့်ဆည်းနိုင်ခဲ့သော်လည်း ဘုရားသခင်ကို ယုံကြည်သည့် ဤလမ်းကြောင်း ကျွန်ုပ်တို့ လျှောက်လှမ်းခြင်းကို ဘုရားသခင်က စီမံထားခြင်း ဖြစ်ပါသည်။ ထိုလမ်းကြောင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဖြောင့်မတ်သည့်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ဟု ကျွန်ုပ် ပြောရခြင်း ဖြစ်သည်။) သင်တို့၏ အကြောင်းပြချက်သည် ယခင်က လူတို့ နားလည်ခဲ့ကြသည့် အယူဝါဒများအပေါ် အခြေခံနေဆဲဖြစ်သည်။ သင်သည် စစ်မှန်သော ရှင်းပြချက်နှင့် စစ်မှန်သော သိနားလည်မှုတို့ ကင်းမဲ့ပေသည်။ အခြားမည်သူက မိမိ၏ အတွေးများကို မျှဝေလိုသနည်း။ (ပထမဆုံး ကျွန်ုပ် နိုင်ငံခြားသွားခဲ့ချိန်တွင် ရေခြားမြေခြားတွင် ကျွန်ုပ် လုပ်ဆောင်နေသည့်အရာကို ကျွန်ုပ်၏ မိသားစုက မသိရှိခဲ့ပုံ၊ ကျွန်ုပ်ကို သူတို့ ဝေဖန်ပြီး သားသမီးဝတ် ကျေပွန်ခြင်းမရှိကြောင်း၊ ကျွန်ုပ်၏ မိဘများကို စောင့်ရှောက်ရန် ရှိမနေခဲ့သည့်အတွက် သားသမီးဝတ် မကျေပွန်သည့် သမီးတစ်ယောက် ဖြစ်ကြောင်း ပြောမည်မှာ သေချာသလောက် ဖြစ်ပုံတို့နှင့်ပတ်သက်၍ ကျွန်ုပ် တွေးမိခဲ့သည့်အချိန်တိုင်းတွင် ဤအတွေးများ၏ ချည်နှောင်ခြင်းနှင့် ဘောင်ခတ်ခြင်းခံခဲ့ရသည်ကို ကျွန်ုပ် သတိရမိပါသည်။ ဤအရာကို ကျွန်ုပ် စဉ်းစားသည့်အချိန်တိုင်းတွင် ကျွန်ုပ်၏ မိဘများကို အကြွေးတင်သည်ဟု ခံစားခဲ့ရသည်။ သို့သော် ယနေ့ ဘုရားသခင်၏ မိတ်သဟာယမှတစ်ဆင့် ယခင်က ကျွန်ုပ်ကို ကျွန်ုပ်၏ မိဘများက ပြုစုစောင့်ရှောက်ခြင်းသည် မိမိတို့၏ မိဘတာဝန်များကို ၎င်းတို့ ဖြည့်ဆည်းခြင်းဖြစ်ကြောင်း၊ ကျွန်ုပ်အပေါ် သူတို့၏ ကြင်နာမှုကို ဘုရားသခင်က စီမံထားခြင်းဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်ရှိသင့်ပြီး သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်သင့်ကြောင်း ကျွန်ုပ်ခံစားရသည်။ ယခု ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီး ဘဝတွင် မှန်ကန်သည့်လမ်းကြောင်းလျှောက်သည်၊ ယင်းမှာ ဖြောင့်မတ်သည့်အရာ ဖြစ်သည်။ ကျွန်ုပ်၏ မိဘများကို အကြွေးတင်သည်ဟု ကျွန်ုပ် မခံစားသင့်ပါ။ ထို့အပြင် ၎င်းတို့၏ သားသမီးများက အနားတွင် ပြုစုစောင့်ရှောက်ပေးသည်ကို ကျွန်ုပ်၏ မိဘများက မွေ့လျော်ခံစားနိုင်ခြင်း ရှိမရှိဆိုသည်ကိုလည်း ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။ ဤအရာများကို နားလည်သည့်နောက်တွင် ကျွန်ုပ်၏ စိတ်နှလုံးတွင် ခံစားခဲ့ရသည့် အကြွေးတင်သည့်စိတ်ကို အတော်အတန် ကျွန်ုပ် လက်လွှတ်နိုင်ပါသည်။) အလွန်ကောင်းပေ၏။ ပထမအချက်အနေဖြင့် လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် နေအိမ်မှ စွန့်ခွာဖို့ ရွေးချယ်ကြသည်။ ယင်းမှာ ဆက်စပ်လွှမ်းခြုံမှုရှိသော အပြင်ပန်း အခြေအနေများကြောင့် တစ်စိတ်တစ်ဒေသဖြစ်ပြီး ထိုအခြေအနေများကြောင့် ၎င်းတို့၏ မိဘများကို စွန့်ခွာရန် လိုအပ်လာခြင်း ဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ မိဘများကို စောင့်ရှောက်ပြီး အဖော်ပြုပေးရန် ၎င်းတို့ဘေးတွင် မနေနိုင်ကြပေ။ ထိုသူတို့အနေဖြင့် မိမိတို့ မိဘများကို စွန့်ခွာရန် လိုလိုလားလား ရွေးချယ်ကြခြင်း မဟုတ်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် ခံစားချက်အရ ပြောရလျှင် သင်သည် သင်၏ မိဘများကို စွန့်ခွာကာ သင်၏ ဝတ္တရားများကို ရှောင်ရှားလိုသောကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကြောင့် သင်၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သင်၏ မိဘများကို စွန့်ခွာရန်မှလွဲ၍ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ၎င်းတို့ကို အဖော်ပြုပေးပြီး စောင့်ရှောက်ရန် ၎င်းတို့ နံဘေးတွင် သင် မနေနိုင်ပေ။ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို သင် စွန့်ခွာခဲ့ခြင်း မဟုတ်၊ မှန်သလော။ သင်၏ ဝတ္တရားများကို ရှောင်ရှားရန် ၎င်းတို့ကို စွန့်ခွာခြင်းနှင့် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကို ပြန်ကြားကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့ကို စွန့်ခွာရခြင်းဟူသည့် ဤအရာများသည် မတူကွဲပြားသည့် သဘာဝနှစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်၏ စိတ်နှလုံးတွင် သင့်မိဘများအတွက် စိတ်ခံစားမှုဆိုင်ရာ သံယောဇဉ်နှင့် အတွေးများ ရှိသည်မှာ အမှန်ဖြစ်သည်။ သင်၏ ခံစားချက်များက အနှစ်မဲ့ခြင်း မရှိပေ။ အပြင်ပန်း အခြေအနေများက အခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်ရင်း ၎င်းတို့ နံဘေးတွင် သင် နေနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ပုံမှန် စောင့်ရှောက်ကာ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းရင်း ၎င်းတို့ နံဘေးတွင်နေရန် လိုလားနေပေမည်။ သို့ရာတွင် အပြင်ပန်း အခြေအနေများကြောင့် ၎င်းတို့ကို သင် စွန့်ခွာရမည်ဖြစ်သည်။ ၎င်းတို့နံဘေးတွင် သင် ရှိမနေနိုင်ပေ။ ၎င်းတို့၏ သားသမီးအနေဖြင့် သင်၏ ဝတ္တရားများကို သင် မဖြည့်ဆည်းချင်သောကြောင့် မဟုတ်ဘဲ မဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။ ဤအရာသည် သဘာဝအားဖြင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။) သားသမီးဝတ် ကျေပွန်ခြင်းနှင့် သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းအား ရှောင်ရှားရန် သင် အိမ်ကို စွန့်ခွာခဲ့လျှင် ယင်းမှာ သားသမီးဝတ် မကျေပွန်ခြင်းနှင့် လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်၏ မိဘများက သင့်ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သင်သည် ဘဝတွင် အခြေချရန်နှင့် သင့်ဘာသာ အလျင်အမြန် ထွက်သွားရန် မစောင့်နိုင်ပေ။ သင်၏ မိဘများကို သင် မမြင်လိုသကဲ့သို့ ၎င်းတို့ ကြုံရသည့် အခက်အခဲတစ်ခုခုနှင့်ပတ်သက်၍ ကြားသည့်အခါ သင်သည် အရေးစိုက်မှု တစ်စက်မျှ မရှိပေ။ ကူညီရန် နည်းလမ်း သင့်တွင် ရှိလျှင်ပင် သင် မကူညီ။ မကြားသလိုသာ ဟန်ဆာင်ပြီး အခြားသူများအား သင့်အကြောင်း ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလိုက်သည်။ သင်၏ ဝတ္တရားများကို သင် တကယ်ကို မဖြည့်ဆည်းလိုပေ။ ဤသည်မှာ သားသမီးဝတ်မကျေပွန်ခြင်း ဖြစ်၏။ သို့ရာတွင် ယခု ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) များစွာသော လူတို့သည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကောင်တီများ၊ မြို့များ၊ ပြည်နယ်များ၊ သို့မဟုတ် ၎င်းတို့၏ နိုင်ငံများကိုပင် စွန့်ခွာကြပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဇာတိမြို့များမှ အလှမ်းဝေးနှင့်ကြပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ မိသားစုများနှင့် အဆက်အသွယ်ရှိနေရန် ၎င်းတို့အတွက် အဆင်မပြေပေ။ ၎င်းတို့သည် ဇာတိမြို့တစ်မြို့တည်းမှလာသည့် လူများထံမှ မိမိတို့ မိဘများ၏ လက်ရှိ အခြေအနေအကြောင်းကို ရံဖန်ရံခါ မေးမြန်းကြပြီး ၎င်းတို့၏ မိဘများက ကျန်းမာကာ အဆင်ပြေနေဆဲဖြစ်ကြောင်းကို ကြားသည့်အခါ စိတ်သက်သာရာရကြသည်။ အမှန်တွင် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်။ သင်သည် သင်၏ မိဘများကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ၎င်းတို့အပေါ် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်ပင် အလိုမရှိသည့် လူ့သဘာဝကင်းမဲ့သောအဆင့်သို့ မရောက်ရှိသေးပေ။ ဤရွေးချယ်မှုကို သင် ပြုလုပ်ရခြင်းမှာ အမျိုးမျိုးသော အပြင်ပန်း အကြောင်းရင်းများကြောင့် ဖြစ်သည့်အတွက် သင်သည် သားသမီးဝတ် မကျေပွန်ခြင်း မဟုတ်ပေ။ ဤသည်တို့မှာ အကြောင်းရင်းနှစ်ခု ဖြစ်သည်။ နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိသေး၏။ သင်၏ မိဘများသည် သင့်ကို အထူးသဖြင့် နှိပ်စက်သည့် သို့မဟုတ် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့တားဆီးသည့် လူစားမျိုးများ မဟုတ်လျှင်၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ၎င်းတို့ အားပေးလျှင်၊ သို့မဟုတ် ၎င်းတို့သည် သင်ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သည့် ညီအစ်ကို မောင်နှမများဖြစ်လျှင်၊ ၎င်းတို့ကိုယ်တိုင်က ဘုရားအိမ်တော်သားများဖြစ်လျှင် သင်၏ မိဘများအကြောင်းကို စဉ်းစားနေချိန် သင်တို့ထဲမှ မည်သူသည် စိတ်ထဲ၌ ဘုရားသခင်ထံ တိတ်တဆိတ် ဆုမတောင်းဘဲနေသနည်း။ သင်တို့ထဲမှ မည်သူသည် သင့်မိဘများ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့၏ ဘဝလိုအပ်ချက်များအားလုံးနှင့်အတူ ၎င်းတို့ကို ဘုရားလက်ထဲသို့ အပ်နှံခြင်း မရှိသနည်း။ သင်၏ မိဘများကို ဘုရားလက်ထဲသို့ အပ်နှံခြင်းသည် ၎င်းတို့ကို သားသမီးဝတ်ဆိုင်ရာ လေးစားမှုပြသရန် အကောင်းဆုံး နည်းလမ်းဖြစ်၏။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ ဘဝများတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရဖို့ သင် မမျှော်လင့်သကဲ့သို့ ၎င်းတို့အနေဖြင့် မကောင်းသည့် ဘဝတစ်ခုကို နေထိုင်ရန်၊ နွမ်းပါးစွာ စားရန် သို့မဟုတ် ညံ့ဖျင်းသည့် ကျန်းမာရေးကို ခံစားရန် သင် မမျှော်လင့်ပေ။ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာပြီး ဘေးကင်းလုံခြုံအောင် ထားလိမ့်မည်ဟု သင် မျှော်လင့်ပေသည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သူများဖြစ်လျှင် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်နိုင်မည်ဟု သင် မျှော်လင့်ပြီး ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည်ဟုလည်း သင် မျှော်လင့်ပေသည်။ ဤသည်မှာ မိမိ၏ လူ့တာဝန်များကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် လူ့သဘာဝဖြင့်သာ ဤမျှ စွမ်းဆောင်ရရှိနိုင်ပေသည်။ ထို့အပြင် အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီး အလွန်များသည့် သမ္မာတရားများကို နားထောင်ပြီးသည့်နောက်တွင် အနည်းဆုံးအနေဖြင့် လူတို့သည် ဤသို့သိနားလည်မှုနှင့် သဘောပေါက်မှု အနည်းငယ်မျှ ရှိကြလေသည်။ လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက သတ်မှတ်သည်၊ လူသည် ဘုရားသခင်၏ လက်တွင် အသက်ရှင်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ ရခြင်းသည် အကြင်သူ၏ သားသမီးများ၏ ပူပန်မှုများ၊ သားသမီးဝတ်ကျေပွန်ခြင်း သို့မဟုတ် အဖော်ပြုခြင်းတို့ထက် များစွာ သာ၍ အရေးကြီးပေသည်။ သင်၏ မိဘများက ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုအောက်တွင်ရှိသည်မှာ သင် စိတ်သက်သာရာမရသလော။ ၎င်းတို့နှင့် ပတ်သက်၍ သင် စိုးရိမ်ရန် မလိုအပ်ပေ။ သင် အမှန်တကယ် စိုးရိမ်မိလျှင် ဘုရားသခင်ကို သင် ယုံကြည်ကိုးစားခြင်းမရှိဟု ဆိုလိုပေသည်။ သူ့အပေါ် သင်၏ ယုံကြည်ခြင်းက အလွန်သေးငယ်သည်။ သင်သည် သင်၏ မိဘများနှင့်ပတ်သက်၍ ရိုးသားစစ်မှန်စွာ စိုးရိမ်ပြီး ပူပန်လျှင် မကြာခဏ ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို ဘုရားလက်အပ်ကာ ဘုရားသခင်အား အရာရာကို စီစဉ်ညွှန်ကြားစေပြီး ကြိုတင်စီစဉ်ခွင့်ပေးသင့်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အုပ်စိုးပြီး ၎င်းတို့၏ နေ့ရက်စဉ်တိုင်းနှင့် ၎င်းတို့ထံ ဖြစ်ပျက်သည့်အရာရာတိုင်းကို အုပ်စိုးသောကြောင့် မည်သည့်အရာနှင့်ပတ်သက်၍ သင် စိုးရိမ်နေသေးသနည်း။ သင်၏ ကိုယ်ပိုင်ဘဝကိုပင် သင် မထိန်းချုပ်နိုင်က၊ သင်ကိုယ်တိုင်၌ အခက်အခဲအမြောက်အမြား ရှိ၏။ သင်၏ မိဘများအား နေ့စဉ် ပျော်ရွှင်စွာ အသက်ရှင်ခွင့်ပေးရန် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်မည်နည်း။ သင် လုပ်နိုင်သမျှမှာ အရာရာကို ဘုရားလက်ထဲ အပ်နှံရန် ဖြစ်သည်။ ၎င်းတို့က ယုံကြည်သူများဖြစ်လျှင် နောက်ဆုံးတွင် ကယ်တင်ခံရနိုင်ရန်အလို့ငှာ ၎င်းတို့ကို မှန်ကန်သည့် လမ်းကြောင်းပေါ် ဦးဆောင်ရန် ဘုရားသခင်ကို တောင်းလျှောက်လော့။ ယုံကြည်သူများမဟုတ်လျှင် ၎င်းတို့ လျှောက်လိုသည့် မည်သည့်လမ်းကြောင်းကိုမဆို လျှောက်ကြပါစေ။ သာ၍ ကြင်နာတတ်ပြီး လူ့သဘာဝအချို့ရှိသည့် မိဘများအတွက်မူ ၎င်းတို့၏ ကျန်ရှိသည့် နှစ်ကာလများကို ပျော်ရွှင်မှုဖြင့် ကုန်ဆုံးနိုင်ရန်အလို့ငှာ ၎င်းတို့ကို ကောင်းချီးပေးဖို့ ဘုရားသခင်ထံ သင် ဆုတောင်းနိုင်သည်။ ဘုရားသခင် အမှုပြုပုံနှင့် ပတ်သက်၍မူ သူ့တွင် သူ၏ အစီအစဉ်များရှိပြီး လူတို့က ယင်းတို့ကို ကျိုးနွံနာခံသင့်ကြပေသည်။ ထို့ကြောင့် ခြုံငုံကြည့်လျှင် လူတို့သည် မိမိတို့ မိဘများအပေါ် ၎င်းတို့ ဖြည့်ဆည်းသည့် တာဝန်များနှင့်ဆိုင်သည့် အသိစိတ်တွင် အသိတစ်ခု ရှိကြ၏။ ဤအသိက မိမိ၏ မိဘများအပေါ် မည်သည့် သဘောထား ဖြစ်စေသည်ဖြစ်စေ၊ ထိုအရာက ပူပန်မှုဖြစ်စေ၊ ၎င်းတို့နံဘေးတွင် ရှိနေပေးရန် ရွေးချယ်ခြင်း ဖြစ်စေ၊ မည်သို့ဆိုစေ အပြင်ပန်း အခြေအနေများ၏ ထိခိုက်မှုခံရခြင်းကြောင့် ၎င်းတို့၏ မိဘများအပေါ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် လူတို့သည် အပြစ်ရှိသည့်စိတ် မခံစားသင့် သို့မဟုတ် ဝန်ပိသည့် အသိစိတ် မရှိသင့်ကြပေ။ ဤကိစ္စများနှင့် ဤကဲ့သို့သော အခြားအရာများသည် ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်း အသက်တာတွင် ဒုက္ခပြဿနာများ ဖြစ်မလာသင့်ပေ။ ယင်းတို့ကို လက်လွှတ်သင့်ပေသည်။ မိမိ၏ မိဘများအပေါ် တာဝန်များ ဖြည့်ဆည်းခြင်းနှင့် ဆက်စပ်သည့် ဤအကြောင်းအရာများနှင့် ပတ်သက်လာသည့်အခါ လူတို့တွင် ဤတိကျမှန်ကန်သည့် သိနားလည်မှုများ ရှိသင့်ပြီး ဘောင်ခတ်မခံရသင့်တော့ပေ။ တစ်ချက်မှာ သင်သည် သားသမီးဝတ်မကျေပွန်ခြင်း မရှိကြောင်းနှင့် သင်သည် သင်၏ တာဝန်များကို ခေါင်းရှောင်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းမရှိကြောင်း သင်၏စိတ်နှလုံးနက်ရှိုင်းရာထဲမှ သင်သိသည်။ နောက်တစ်ချက်မှာ သင်၏ မိဘများသည် ဘုရားလက်ထဲတွင်ရှိသောကြောင့် စိုးရိမ်ရမည့်အရာ မည်သည့်အရာ ရှိသေးသနည်း။ အကြင်သူ ရှိကောင်းရှိမည့် မည်သည့် စိုးရိမ်မှုများမဆိုသည် မလိုလားအပ်ပေ။ လူအသီးသီးသည် မည်သည့်သွေဖည်မှုမျှမရှိဘဲ မိမိတို့၏ လမ်းကြောင်း အဆုံးထိ ရောက်ရှိရင်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအတိုင်း အဆုံးထိတိုင် အဆင်ပြေချောမွေ့စွာ အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ စိုးရိမ်စရာ မလိုအပ်တော့ပေ။ သင့်အနေဖြင့် သားသမီးဝတ် ကျေပွန်သည်ဖြစ်စေ၊ သင်၏ မိဘများအပေါ် သင်၏ တာဝန်များကို သင် ဖြည့်ဆည်းပြီးသည်ဖြစ်စေ၊ သို့မဟုတ် သင့်မိဘများ၏ ကြင်နာမှုကို သင် ပြန်ဆပ်သင့်သည်ဖြစ်စေ ဤအရာများသည် သင် စဉ်းစားသင့်သည့်အရာများ မဟုတ်။ သင် လက်လွှတ်သင့်သည့်အရာများ ဖြစ်သည်။ ယင်းမှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။)
မိမိတို့၏ သားသမီးများအတွက် မိဘများ၏ မျှော်မှန်းချက်များနှင့်ဆိုင်သော အကြောင်းအရာနှင့် စပ်လျဉ်း၍၊ စာသင်ကြားလေ့လာမှု၊ အလုပ် ကဏ္ဍများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤအရာနှင့်စပ်လျဉ်း၍ လူတို့ နားလည်သင့်သည့် အချက်များမှာ အဘယ်နည်း။ သင်သည် သင်၏ မိဘများကို နားထောင်ပြီး ၎င်းတို့၏ မျှော်မှန်းချက်များနှင့်အညီ အထူးသဖြင့် ကြိုးစားလေ့လာလျှင် ယင်းမှာ ကြီးမားသည့် အောင်မြင်မှုရဖို့ သေချာသည်ဟု ဆိုလိုသလော။ ဤအရာကို လုပ်ဆောင်ခြင်းက သင်၏ ကံကြမ္မာကို အမှန်တကယ် ပြောင်းလဲစေနိုင်သလော။ (မပြောင်းလဲစေနိုင်ပါ။) ဤသို့ဆိုလျှင် အနာဂတ်၌ မည်သည့်အရာက သင့်ကို စောင့်ကြိုနေသနည်း။ ယင်းမှာ ဘုရားသခင်က သင့်အတွက် စီစဉ်ပေးပြီးဖြစ်သည့်အရာ ဖြစ်သည်။ သင် ရှိသင့်သည့် ကံကြမ္မာ၊ လူတို့ကြား သင် ရှိသင့်သည့် ရာထူး၊ သင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်းနှင့် သင် ရှိသင့်သည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်တို့ ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများကို အချိန်ကြာမြင့်စွာက သင့်အတွက် စီစဉ်နှင့်ပြီးသားဖြစ်၏။ ထို့ကြောင့် သင့်မိဘများ၏ မျှော်မှန်းချက်များနှင့် ပတ်သက်လာသည့်အခါ မည်သည့် ဝန်ထုပ်မျှ သင် မထမ်းရွက်သင့်ပေ။ သင်၏ မိဘများ စေခိုင်းသည့်အတိုင်း သင် လုပ်ဆောင်လျှင် သင်၏ ကံကြမ္မာက ပြောင်းလဲခြင်းမရှိပေ။ သင့်မိဘများ၏ မျှော်မှန်းချက်များကို သင် မလိုက်လျှောက်သကဲ့သို့ ၎င်းတို့ကို သင် စိတ်ပျက်အောင်လုပ်လျှင် သင်၏ ကံကြမ္မာက မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ သင့်ရှေ့တွင်ရှိသည့် လမ်းကြောင်းက မည်သို့သောအလားအလာ ရှိမည်ဖြစ်စေ ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်။ ထိုအရာကို ဘုရားသခင်က စီမံနှင့်ပြီးသားဖြစ်၏။ အလားတူစွာပင် သင့်မိဘများ၏ မျှော်မှန်းချက်များကို သင် ပြည့်မီလျှင်၊ သင့်မိဘများကို စိတ်ကျေနပ်စေပြီး ၎င်းတို့ကို စိတ်ပျက်အောင် မလုပ်လျှင် ယင်းမှာ သာ၍ ကောင်းမွန်သည့် ဘဝကို ၎င်းတို့ အသက်ရှင်ရမည်ဟု ဆိုလိုသလော။ ထိုအရာက ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားခြင်းနှင့် မတရားဖိနှိပ်ခံရခြင်း ကံကြမ္မာကို ပြောင်းလဲပေးနိုင်သလော။ (မပြောင်းလဲပေးနိုင်ပါ။) လူအချို့က ၎င်းတို့၏ မိဘများသည် ၎င်းတို့ကို ပြုစုပျိုးထောင်ပေးရာတွင် ကြင်နာမှုအလွန်များစွာ ပေးထားပြီးဖြစ့်သည်၊ ထိုအချိန်အတောအတွင်းတွင် ၎င်းတို့၏ မိဘများက အလွန်များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရသည်ဟု တွေးကြသည်။ ထို့ကြောင့် ငွေများစွာ ရပြီး ငွေအမြောက်အမြား ရှာဖွေရန် အလုပ်ကောင်းတစ်ခုကို ၎င်းတို့ ရှာဖွေလိုကြပြီးနောက် ဒုက္ခကို ခါးစီးခံလိုကသည်။ ပင်ပန်းခက်ခဲသော အလုပ်ကို တွေ့ကြုံခံစားလိကြသည်။ လုံ့လဝီရိယရှိလိုပြီး အလုပ်ကြိုးစားလိုကသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့၏ မိဘများအား အနာဂတ်၌ အိမ်ကြီးရခိုင်တစ်ခုတွင် နေထိုင်လျက်၊ ကား အကောင်းစားတစ်စီးကို စီးကာ ကောင်းစွာ စားသောက်လျက် အခွင့်ထူးရသည့် ဘဝတစ်ခုကို ပေးရန်ဖြစ်သည်။ သို့သော် နှစ်ချီ အားသွန်ခွန်စိုက် အလုပ်လုပ်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်ရှင်နေထိုင်မှု အနေအထားများနှင့် အခြေအနေများ တိုးတက်ပြီးဖြစ်သော်လည်း ၎င်းတို့၏ မိဘများသည် ထိုချမ်းသာကြွယ်ဝမှုကို တစ်ရက်မျှ မွေ့လျော်ခံစားလိုက်ရခြင်းမရှိဘဲ ကွယ်လွန်သွားကြသည်။ ဤအတွက် အဘယ်သူကို အပြစ်တင်ရမည်နည်း။ သင်သည် အမှုအရာများကို သူ့အလိုလို ဖြစ်ခွင့်ပေးလျှင်၊ ဘုရားသခင်ကို စီစဉ်ညွှန်ကြားခွင့်ပေးပြီး ဤဝန်ထုပ်ကို မထမ်းရွက်လျှင် သင်၏ မိဘများ ကွယ်လွန်သည့်အခါ သင် အပြစ်ရှိသည့်စိတ် ခံစားရမည်မဟုတ်ပေ။ သို့ရာတွင် သင်၏ မိဘများကို ပြန်ပေးဆပ်ကာ သူတို့အနေဖြင့် သာ၍ကောင်းမွန်သည့် ဘဝတစ်ခု အသက်ရှင်စေရန် ကူညီပေးဖို့ အလွန် အပင်ပန်းခံကာ ကြိုးစားပြီး အလုပ်လုပ်သော်လည်း ထို့နောက် ၎င်းတို့ သေဆုံးသွားလျှင် သင် မည်သို့ ခံစားရမည်နည်း။ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို သင် နှောင့်နှေးစေပြီး သမ္မာတရား ရရှိခြင်းကို နှောင့်နှေးစေလျှင် သင်၏ တစ်သက်တာ ကျန်သည့်အချိန်များတွင် သင်သည် စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်ဦးမည်လော။ (နေထိုင်နိုင်မည်မဟုတ်ပါ။) သင်၏ ဘဝသည် ထိခိုက်လိမ့်မည်ဖြစ်ပြီး သင့်ဘဝ၏ ကျန်ရှိသည့်အချိန်တွင် သင်သည် “သင်၏ မိဘများကို တာဝန်မကျေခဲ့ခြင်း”ဝန်ထုပ်ကို အမြဲ ထမ်းရလိမ့်မည်။ လူအချို့သည် မိမိတို့ မိဘများကို စိတ်ပျက်အောင် မလုပ်ရန်နှင့် ၎င်းတို့ကို ပြုစုပျိုးထောင်ပေးသည့် ကြင်နာမှုအတွက် ၎င်းတို့၏ မိဘများကို ပြန်ဆပ်ရန်အလို့ငှာ အလုပ်လုပ်ဖို့၊ ကြိုးပမ်းကာ ငွေရှာဖို့ ကြီးမားသည့် အားထုတ်မှုများ ပြုလုပ်ကြသည်။ ထို့နောက်တွင် ၎င်းတို့ ကြွယ်ဝလာကြပြီး စားကောင်းသောက်ဖွယ်များကို အကုန်အကျခံရန် ငွေကြေးများ ရှိကြသည့်အခါ အစားအစာ စားသုံးရန်အတွက် မိဘများကို ဖိတ်ကာ “သုံးဆောင်ကြလော့။ ကျွန်ုပ် ငယ်ရွယ်ချိန်က ဤသည်တို့မှာ အဖေတို့အမေတို့၏ အကြိုက်ဆုံးအစားအစာများ ဖြစ်သည်ကို ကျွန်ုပ် မှတ်မိသည်။ အားပါးတရ စားကြလော့”ဟု ဆိုလျက် ဟင်းကောင်းများကို စားပွဲအပြည့် မှာကြလေသည်။ သို့ရာတွင် ၎င်းတို့၏ မိဘများက အသက်ကြီးရင့်လာပြီဖြစ်သည်နှင့်အမျှ သွားအများစုကလည်း မရှိကြတော့သကဲ့သို့ ယခုတွင် အစာစားချင်စိတ် အနည်းငယ်သာ ရှိသောကြောင့် ဟင်းသီးဟင်းရွက်များနှင့် ခေါက်ဆွဲများကဲ့သို့သော နူးညံ့ပြီး အစာကြေလွယ်သည့် အစားအစာများကို ရွေးချယ်ကြပြီး တစ်လုတ်နှစ်လုတ်မျှ စားပြီးနောက်တွင် ဗိုက်ပြည့်သွားကြသည်။ လက်ရာပင်မပျက်သော စားပွဲကြီးတစ်ခုလုံးအပြည့် အစားအစာများကို သင် မြင်သည့်အခါ စိတ်မကောင်းဖြစ်ရသည်။ သို့ရာတွင် သင်၏ မိဘများက အတော်လေး စိတ်ချမ်းသာကြသည်။ ထိုသို့သော ကြီးရင့်သည့် အရွယ်တစ်ခုတွင် ၎င်းတို့ စားသင့်သည်မှာ ဤမျှသာ ဖြစ်သည်။ ထိုအရာမှာ ပုံမှန်ဖြစ်၏။ ၎င်းတို့က များစွာ မတောင်းဆိုကြပေ။ စိတ်ထဲတွင် သင် ဝမ်းနည်းသော်လည်း မည်သည့်အရာနှင့်ပတ်သက်၍ သင် ဝမ်းနည်းသနည်း။ ဤအရာများကို လုပ်ဆောင်ရန်မှာ သင့်အတွက် မလိုလားအပ်ပေ။ သင်၏ မိဘများက ၎င်းတို့၏ တစ်သက်တာတွင် ပျော်ရွှင်ခြင်းနှင့် အခက်အခဲမည်မျှ တွေ့ကြုံခံစားရမည်ဆိုသည်ကို အချိန်ကြာမြင့်စွာကတည်းက သတ်မှတ်ထားပြီးဖြစ်သည်။ သင်၏ ဆန္ဒကြောင့် ထိုအရာ မပြောင်းလဲနိုင်သကဲ့သို့ သင်၏ ခံစားချက်များကို ဖြည့်ဆည်းရန် ထိုအရာ မပြောင်းလဲနိုင်ပေ။ ထိုအရာကို ဘုရားသခင်က အချိန်ကြာမြင့်စွာက စီမံထားပြီးဖြစ်သည်။ ထို့ကြောင့် လူတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆိုက မလိုလားအပ်သောအရာ ဖြစ်သည်။ ဤအချက်များက လူတို့ကို မည်သည့်အရာ ပြောပြသနည်း။ မိဘများ လုပ်ဆောင်သင့်သည့်အရာမှာ သင့်ကို ပြုစုပျိုးထောင်ပေးပြီး ကျန်းမာစွာနှင့် ချောမွေ့စွာ ကြီးပြင်းခွင့်ပေးရန်၊ မှန်ကန်သည့် လမ်းကြောင်းပေါ် အစပြုခွင့်ပေးပြီး ဖန်ဆင်းခံအနေဖြင့် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းရန် ဖြစ်သည်။ ဤအရာအားလုံးမှာ သင်၏ ကံကြမ္မာကို ပြောင်းလဲမည့် ရည်ရွယ်ချက်အတွက် မဟုတ်သကဲ့သို့ ထိုအရာက သင်၏ ကံကြမ္မာကို ဧကန်အမှန် မပြောင်းလဲစေနိုင်ပေ။ ၎င်းတို့သည် သင့်ကို လူသားမြောက်သောအရွယ်သို့ ပြုစုပျိုးထောင်ကာ ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းပေါ် ဦးတည်ပေးလျက် ထပ်မံဖြည့်စွက်ပေးပြီး လမ်းပြသည့် အခန်းကဏ္ဍတစ်ခုအဖြစ် အသုံးတည့်ရုံမျှသာ ရှိသည်။ သင် လုပ်ဆောင်မနေသင့်သည့်အရာမှာ သင်၏ မိဘများအတွက် ပျော်ရွှင်မှု ဖန်တီးပေးရန်၊ ၎င်းတို့၏ ကံကြမ္မာကို ပြောင်းလဲရန် သို့မဟုတ် ကောင်းမြတ်သည့် ကံနှင့် အစားကောင်း၊ အသောက်ကောင်းများ မွေ့လျော်ခံစားခွင့်ပေးရန် ကိုယ့်လက်ကိုယ့်ခြေဖြင့် ဖန်တီးခြင်းဖြစ်သည်။ ဤသည်တို့မှာ မိုက်မဲသည့် အတွေးများဖြစ်၏။ ဤဝန်ထုပ်မှာ သင် ထမ်းရွက်သင့်သည့် ဝန်ထုပ်တစ်ခု မဟုတ်။ သင် လက်လွှတ်သင့်သည့်အရာတစ်ခု ဖြစ်သည်။ သင်၏ အသိစိတ် သို့မဟုတ် ခံစားချက်နှင့်ဆိုင်သော ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအတွက်၊ ပြီးလျှင် ၎င်းတို့ကို စိတ်ပျက်အောင် လုပ်ခြင်းအား ရှောင်ရှားရန်အတွက် သင်၏ မိဘများကို ကျေးဇူးဆပ်ရန်၊ ၎င်းတို့၏ ကံကြမ္မာကို ပြောင်းလဲရန်နှင့် ၎င်းတို့ ကောင်းချီးများကို သာ၍ ခံစားရပြီး ဆင်းရဲဒုက္ခလျော့နည်းဖို့ ထောက်ကူပေးရန် အဓိပ္ပာယ်မဲ့သည့် စွန့်လွှတ်စတေးမှုများကို သင် မပြုလုပ်သင့်၊ သို့မဟုတ် အဓိပ္ပာယ်မဲ့သည့် အရာများကို မလုပ်ဆောင်သင့်ပေ။ ဤသည်မှာ သင်၏ တာဝန် မဟုတ်သကဲ့သို့ သင် စဉ်းစားနေသင့်သည့်အရာ မဟုတ်ပေ။ မိဘများသည် မိမိတို့၏ ကိုယ်ပိုင် အခြေအနေများအတိုင်း၊ ပြီးလျှင် ဘုရားသခင် ပြင်ဆင်ထားသည့် အခြေအနေများနှင့် ပတ်ဝန်းကျင်များအတိုင်း မိမိတို့ သားသမီးများအတွက် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသင့်ကြပေသည်။ သားသမီးများက ၎င်းတို့၏ မိဘများအတွက် လုပ်ဆောင်သင့်သည့် အရာမှာလည်း ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့် အခြေအနေများအပေါ် အခြေခံပြီး ၎င်းတို့ရှိနေကြသည့် ပတ်ဝန်းကျင်အတိုင်းသာ ဖြစ်သည်။ ထိုမျှသာဖြစ်၏။ မိဘများကဖြစ်စေ၊ သားသမီးများကဖြစ်စေ လုပ်ဆောင်သည့်အရာရာတိုင်းသည် မိမိတို့ကိုယ်ပိုင် အားထုတ်မှုကြောင့် တစ်ဖက်လူအနေဖြင့် သာ၍ကောင်းမွန်၊ သာ၍ပျော်ရွှင်ပြီး သာ၍ အကောင်းဆုံးဖြစ်သော ဘဝတစ်ခုကို အသက်ရှင်နိုင်ရန်အလို့ငှာ မိမိ၏ ကိုယ်ပိုင် အစွမ်း သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဆန္ဒများမှတစ်ဆင့် တစ်ဖက်လူ၏ ကံကြမ္မာကို ပြောင်းလဲမည့် ရည်ရွယ်ချက်အတွက် မဖြစ်သင့်ပေ။ ယင်းမှာ မိဘများဖြစ်စေ၊ သားသမီးများဖြစ်စေ လူတိုင်းသည် မိမိတို့ကိုယ်ပိုင် အားထုတ်မှုများ သို့မဟုတ် တစ်ကိုယ်ရေ စိတ်ပိုင်းဖြတ်ချက်တစ်ခုခုမှတစ်ဆင့် အမှုအရာများကို ပြောင်းလဲရန် ကြိုးစားခြင်းထက် ဘုရားသခင် စီစဉ်ထားသည့် ပတ်ဝန်းကျင်အတွင်းတွင် ထိုအမှုအရာများကို သူ့အလိုလို ဖြစ်ခွင့်ပေးသင့်ပေသည်။ သင့်ထံတွင် ၎င်းတို့နှင့်ပတ်သက်သည့် ဤအတွေးမျိုး ရှိသောကြောင့် သင့်မိဘများ၏ ကံကြမ္မာပြောင်းလဲသွားလိမ့်မည် မဟုတ်။ ၎င်းတို့၏ ကံကြမ္မာကို ဘုရားသခင်က အချိန်ကြာမြင့်စွာက စီမံထားပြီးဖြစ်သည်။ ၎င်းတို့ ဘဝ၏ နယ်ပယ်အတွင်းတွင် နေထိုင်ရန်၊ ၎င်းတို့ထံမှ မွေးဖွားရန်၊ ၎င်းတို့၏ ပြုစုပျိုးထောင်ပေးခြင်းကို ခံရရန်နှင့် ၎င်းတို့နှင့် ဤဆက်ဆံရေးရှိရန် ဘုရားသခင်က သင့်အတွက် စီမံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အတွက် သင်၏ တာဝန်မှာ သင်၏ ကိုယ်ပိုင် အခြေအနေများအတိုင်း ၎င်းတို့ကို အဖော်ပြုပေးရန်နှင့် အချို့သော ဝတ္တရားများကို ထမ်းဆောင်ရန်သာ ဖြစ်သည်။ သင့်မိဘများ၏ လတ်တလော အခြေအနေကို ပြောင်းလဲရန် အလိုရှိခြင်းအတွက် သို့မဟုတ် ၎င်းတို့ကို သာ၍ကောင်းမွန်သည့် ဘဝတစ်ခု ရှိစေလိုခြင်းအတွက်မူ ယင်းတို့အားလုံးမှာ မလိုလားအပ်သောအရာသာ ဖြစ်၏။ သို့မဟုတ် သင့်အိမ်နီးချင်းများနှင့် ဆွေမျိုးများက သင့်ကို အထင်ကြီးစေရန်၊ သင်၏ မိဘများကို ဂုဏ်အသရေ ဆောင်ကြဉ်းပေးရန်၊ မိသားစုအတွင်းတွင် သင့်မိဘများအတွက် ဩဇာ ရရှိစေရန် သာ၍ပင် မလိုအပ်ပေ။ မိမိတို့၏ အိမ်ထောင်ဖက်က စွန့်ပစ်သည်ကို ခံရပြီး သင့်ကို လူလားမြောက်သည့်အရွယ်ထိ မိမိတို့ဘာသာ ပြုစုပျိုးထောင်ခဲ့သည့် တစ်ခုလပ် မိခင်များ သို့မဟုတ် ဖခင်များလည်း ရှိပေသည်။ ၎င်းတို့အတွက် အဘယ်မျှ ခက်ခဲခဲ့သည်ကို သင် သာ၍ပင် ခံစားရပြီး ၎င်းတို့ ပြောဆိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အဆင့်ထိပင် ၎င်းတို့ကို ပြန်လည်ပေးဆပ်ရန်နှင့် အလျော်ပေးရန် သင့်ဘဝတစ်ခုလုံးကို သင် အသုံးပြုချင်လေသည်။ သင့်အပေါ် ၎င်းတို့ တောင်းဆိုသည့်အရာ၊ သင့်ထံမှ ၎င်းတို့ မျှော်လင့်သည့်အရာအပြင် သင့်ကိုယ်သင် လုပ်ဆောင်ရန် လိုလားနေသည့်အရာ အားလုံးတို့သည် သင်၏ ဤဘဝ၌ ဝန်ထုပ်များ ဖြစ်လာကြလေသည်။ ဤသို့ မဖြစ်သင့်ပေ။ ဖန်ဆင်းရှင်၏ မျက်မှောက်တွင် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ဤဘဝတွင် သင် လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ မိဘများထံ သင်၏ ဝတ္တရားများကို ဖြည့်ဆည်းခြင်းသာ မဟုတ်ဘဲဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်သည် သင်၏ မိဘများအတွက် သင်၏ ဝတ္တရားများကို သင်၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များ၊ သို့မဟုတ် သင့်အသိစိတ်၏ လိုအပ်ချက်များကို အခြေခံ၍ ၎င်းတို့အတွက် တစ်ခုခု လုပ်ဆောင်ခြင်းအားဖြင့်မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းမျာကို အခြေခံ၍သာ ဖြည့်ဆည်းနိုင်သည်။ ၎င်းတို့အတွက် သင်၏ ဝတ္တရားများနှင့် တာဝန်များကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ဖြည့်ဆည်းခြင်းသည် အဖန်ဆင်းခံတစ်ဦးအဖြစ် သင့်တာဝန်များတွင် ပါဝင်သည် မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ လူကို ဘုရားသခင် ပေးထားသည့် တာဝန်ဖြစ်သည်။ ဤတာဝန်ကို ဖြည့်ဆည်းခြင်းသည် လူသားများ၏ လိုအပ်များပေါ် အခြေမခံဘဲ ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံပေသည်။ ထို့ကြောင့် သင်သည် မိမိ၏ မိဘများအပေါ် သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းလျက် ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အလွယ်တကူ ဆက်ဆံနိုင်သည်။ ထိုမျှလောက် ရိုးရှင်းပေသည်။ ဤအရာသည် လုပ်ဆောင်ရန်လွယ်ကူသလော။ (လွယ်ကူပါသည်။) အဘယ်ကြောင့် လုပ်ဆောင်ရန် လွယ်ကူသနည်း။ ဤနေရာတွင်ရှိသည့် အနှစ်သာရအပြင် လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် သမ္မာတရား စည်းမျဉ်းများမှာ အလွန် ရှင်းလင်းပေသည်။ အနှစ်သာရမှာ မိဘများဖြစ်စေ၊ သားသမီးများကဖြစ်စေ တစ်ဦးက တစ်ဦး၏ ကံကြမ္မာကို မပြောင်းလဲနိုင်ခြင်း ဖြစ်သည်။ သင် ကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေ၊ သင်၏ တာဝန်များကို သင် ဖြည့်ဆည်းလိုသည်ဖြစ်စေ၊ မဖြည့်ဆည်းလိုသည်ဖြစ်စေ ထိုအရာတစ်ခုကမျှ အခြားသူ၏ ကံကြမ္မာကို မပြောင်းလဲပေးနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် ထိုအရာများကို ထည့်ထားခြင်း ရှိမရှိဟူသည်မှာ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များ၏ ခြားနားမှုတစ်ခုသာဖြစ်ပြီး မည်သည့် အမှန်တရားကိုမျှ ပြောင်းလဲပေးလိမ့်မည် မဟုတ်။ ထို့ကြောင့် လူတို့အတွက် လုပ်ဆောင်ရမည့် အရိုးရှင်းဆုံးအရာမှာ မိမိတို့ မိဘများ၏ မျှော်မှန်းချက်များက ဖြစ်စေသည့် အမျိုးမျိုးသော ဝန်ထုပ်များကို လက်လွှတ်ရန် ဖြစ်သည်။ ဦးစွာပထမ ဤအရာများအားလုံးကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင် ကြည့်သင့်ပြီး ဒုတိယအနေဖြင့် သင့်မိဘများနှင့် ဆက်ဆံရေးကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သဘောထားကာ ကိုင်တွယ်သင့်ပေသည်။ ထိုမျှလောက်ရိုးရှင်း၏။ မလွယ်ကူသလော။ (လွယ်ကူပါသည်။) သင်သည် သမ္မာတရားကို လက်ခံလျှင် ဤအရာများအားလုံး လွယ်ကူလိမ့်မည်ဖြစ်ပြီး သင်၏ အတွေ့အကြုံ ဖြစ်စဉ်တွင် ဤသည်မှာ အမှန်တကယ်ဖြစ်သည်ဟု သင် ပိုပိုပြီး ခံစားမိလိမ့်မည်။ လူတစ်ဦး၏ ကံကြမ္မာကိုမည်သူမျှ မပြောင်းလဲပေးနိုင်ပေ။ အကြင်သူ၏ ကံကြမ္မာသည် ဘုရားလက်ထဲတွင်သာ ရှိ၏။ သင်မည်မျှ ကြိုးစားသည်ဖြစ်စေ အလုပ်ဖြစ်လိမ့်မည်မဟုတ်။ လူအချို့က “ကိုယ်တော် ပြောပြီးသည့်အရာများအားလုံး အမှန်တရားများ ဖြစ်သော်လည်း ဤသို့ပြုမူဆောင်ရွက်ခြင်းက အလွန် ခံစားမှုကင်းမဲ့သည်ဟု ကျွန်ုပ် ခံစားရသည်။ ကျွန်ုပ်၏ အသိစိတ်က အမြဲ လိပ်ပြာမလုံဖြစ်ရသည်၊ ကျွန်ုပ် မခံနိုင်ပါ”ဟု ပြောကြလိမ့်မည်မှာ အမှန်ဖြစ်၏။ သင် မခံနိုင်လျှင် သင်၏ ခံစားချက်များကိုသာ ဖြည့်ဆည်းလော့။ သင်၏ မိဘများကို အဖော်ပြုပေးကာ သူတို့နံဘေးတွင် နီးနီးကပ်ကပ် နေလော့၊ သူတို့ကို အလုပ်အကျွေးပြုလော့၊ သားသမီးဝတ်ကျေပွန်ပြီး ၎င်းတို့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့ ပြောဆိုသည့်အရာကို လုပ်ဆောင်လော့။ ၎င်းတို့၏ အခြွေအရံတစ်ဦးကဲ့သို့ဖြစ်လာပြီး နောက်သို့ ထပ်ကြပ်မကွာလိုက်လော့။ ဤအရာအားလုံး ကိစ္စမရှိပေ။ ဤသို့ဖြင့် မည်သူကမျှ သင့်နောက်ကွယ်တွင် သင့်အကြောင်းကို ဝေဖန်ကဲ့ရဲ့ကြလိမ့်မည်မဟုတ်သကဲ့သို့ သင်၏ ဆွေမျိုးသားချင်းများကပင် သင် မည်မျှ သားသမီးဝတ်ကျေပွန်ကြောင်း ပြောဆိုကြလိမ့်မည်။ သို့ရာတွင် အဆုံး၌ ဆုံးရှုံးမှု ခံစားရမည့် တစ်ဦးတည်းသောသူမှာ သင်ကိုယ်တိုင် ဖြစ်လိမ့်မည်။ သင်သည် သားသမီးဝတ်ကျေပွန်သည့် သားသမီးတစ်ဦးအဖြစ် သင်၏ ဂုဏ်သတင်းကို ထိန်းသိမ်းပြီးဖြစ်သည်။ သင်၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပြီးဖြစ်ကာ သင်၏ အသိစိတ်က မည်သည့်အခါတွင်မျှ လိပ်ပြာမသန့်ခြင်း မရှိသကဲ့သို့ သင့်မိဘများ၏ ကြင်နာမှုကို သင် ပြန်ဆပ်ပြီးဖြစ်သော်လည်း သင် လျစ်လျူရှုကာ ဆုံးရှုံးခဲ့သည့်အရာတစ်ခု ရှိ၏။ ဤကိစ္စရပ်များအားလုံးကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင်သဘောထားကာ ကိုင်တွယ်ခဲ့ခြင်း မရှိသကဲ့သို့ အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရမည့် အခွင့်အရေးကို သင် ဆုံးရှုံးပြီးဖြစ်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်ပြီးဖြစ်သော်လည်း ဘုရားသခင်ကို သစ္စာဖောက်မိပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ သင်သည် သားသမီးဝတ် ကျေပွန်ခြင်းကို ပြသခဲ့ပြီး သင့်မိဘများ၏ ဇာတိပကတိနှင့်ဆိုင်သော စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းခဲ့သော်လည်း ဘုရားသခင်ကို သင် ပုန်ကန်ခဲ့ပေသည်။ သင်သည် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်များကို ထမ်းဆောင်ရန်ထက် သားသမီးဝတ်ကျေသည့် ကလေးတစ်ဦးဖြစ်ရန် သင် ရွေးချယ်မည်ဖြစ်သည်။ ဤအရာက ဘုရားသခင်အပေါ် အကြီးမားဆုံး မလေးစားခြင်း ဖြစ်သည်။ သင့်အနေဖြင့် သားသမီးဝတ်ကျေပွန်သည့် သားသမီးတစ်ဦးဖြစ်သောကြောင့်၊ သင်၏ မိဘများကို စိတ်ပျက်အောင် မလုပ်ခဲ့သောကြောင့်၊ သင့်တွင် အသိစိတ်တစ်ခုရှိပြီး သားသမီးတစ်ဦးအနေနှင့် သင်၏ တာဝန်များကို ဖြည့်ဆည်းရုံသက်သက်ဖြင့် ဘုရားသခင်က သင်သည် သူ့ကို ကျိုးနွံနာခံသည့်လူတစ်ဦး သို့မဟုတ် လူ့သဘာဝ ပိုင်ဆိုင်သည့် လူတစ်ဦးဖြစ်သည်ဟု ပြောလိမ့်မည် မဟုတ်ပေ။ သင့်အသိစိတ်၏ လိုအပ်ချက်များနှင့် သင့်ဇာတိပကတိ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကိုသာ သင် ဖြည့်ဆည်းသော်လည်း ဤကိစ္စရပ်အား သဘောထားခြင်းအတွက် သို့မဟုတ် ကိုင်တွယ်ခြင်းအတွက် ဘုရားနှုတ်ကပတ်တော်ကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ အခြေပြုချက်နှင့် စည်းမျဉ်းများအဖြစ် လက်မခံလျှင် ဘုရားသခင်ကို အကြီးမားဆုံးသော ပုန်ကန်မှုကို သင် ပြသနေခြင်းဖြစ်သည်။ သင့်အနေဖြင့် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံတစ်ဦးဖြစ်လိုလျှင် ပထမဦးစွာ အရာရာကို ဘုရားနှုတ်ကပတ်တော်များအတိုင်း ရှုမြင်ပြီး လုပ်ဆောင်ရမည်။ ဤအရာကို အရည်အချင်းပြည့်မီခြင်း၊ လူ့သဘာဝရှိခြင်းနှင့် အသိစိတ်ရှိခြင်းဟု ခေါ်သည်။ အပြန်အလှန်အားဖြင့် ဤကိစ္စရပ်အား သဘောထားခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းအတွက် ဘုရားနှုတ်ကပတ်တော်များကို စည်းမျဉ်းများနှင့် အခြေပြုချက်အဖြစ် သင် လက်မခံသကဲ့သို့ သင်၏ တာဝန်များကို သွားရောက် ထမ်းဆောင်ရန်အတွက် ဘုရားသခင်၏ ခေါ်ဆောင်ခြင်းကိုလည်း လက်မခံလျှင် သို့မဟုတ် သင့်မိဘများနံဘေးတွင် ရှိနေရန်၊ ၎င်းတို့ကို အဖော်ပြုပေးရန်၊ ၎င်းတို့ထံ ပျော်ရွှင်မှု ဆောင်ကြဉ်းပေးရန်၊ ၎င်းတို့၏ နေဝင်ချိန်နှစ်ကာလများကို မွေ့လျော်ခံစားခွင့်ပေးပြီး ၎င်းတို့၏ ကြင်နာမှုကို ပြန်ဆပ်ရန်အလို့ငှာ သင်၏ တာဝန်များကို ထမ်းဆောင်ရမည့် အခွင့်အရေးအား အချိန်ဆွဲချင်လျှင် သို့မဟုတ် အဆုံးခံချင်လျှင် သင်သည် လူ့သဘာဝ သို့မဟုတ် အသိစိတ်မရှိသည့်အရာတစ်ခုဖြစ်သည်ဟု ဘုရားသခင်က ပြောလိမ့်မည်။ သင်သည် အဖန်ဆင်းခံတစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။
မိဘများ၏ မျှော်မှန်းချက်များကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သည့် စည်းမျဉ်းများ လိုက်လျှောက်သင့်ပြီး မည်သည့် ဝန်ထုပ်များ လက်လွှတ်သင့်သည်တို့မှာ ရှင်းသလော။ (ရှင်းပါသည်။) သို့ဆိုလျှင် ဤနေရာ၌ လူတို့ သယ်ဆောင်သည့် ဝန်ထုပ်များမှာ အဘယ်အရာများ အတိအကျဖြစ်သနည်း။ ၎င်းတို့အနေဖြင့် မိမိတို့ မိဘများကို နားထောင်ရမည်ဖြစ်ပြီး မိမိတို့ မိဘများကို ကောင်းမွန်သည့်ဘဝကို အသက်ရှင်ခွင့်ပေးရမည် ဟူ၍ဖြစ်သည်။ ၎င်းတို့၏ မိဘများ လုပ်ဆောင်သည့် အရာရာတိုင်းသည် မိမိတို့၏ကိုယ်ပိုင် ကောင်းကျိုးအတွက်ဖြစ်ပြီး သားသမီးဝတ်ကျေပွန်ရန် မိမိတို့၏ မိဘများပြောသည့်အရာကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် အရွယ်ရောက်သူများအနေဖြင့် အမှုအရာများကို ၎င်းတို့၏ မိဘများအတွက် လုပ်ဆောင်ပေးရမည်၊ ၎င်းတို့မိဘများ၏ ကြင်နာမှုကို ပြန်ဆပ်ရမည်၊ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်၊ မိဘများကို အဖော်ပြုပေးရမည်၊ မိဘများကို ဝမ်းနည်းအောင် မလုပ်ဘဲ သို့မဟုတ် စိတ်ပျက်အောင် မလုပ်ဘဲ၊ မိဘများကို တာဝန်မပျက်ကွက်ဘဲ မိဘများ၏ ဆင်းရဲဒုက္ခကို နည်းနိုင်သမျှနည်းစေရန် သို့မဟုတ် လုံးဝ ဖယ်ထုတ်ပစ်ရန်ပင် ၎င်းတို့ တတ်နိုင်သည့်အရာမှန်သမျှ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤအရာကို သင် မစွမ်းဆောင်နိုင်လျှင် သင်သည် ကျေးဇူးကန်းသူ၊ သားသမီးဝတ် မကျေပွန်သူဖြစ်သည်။ မိုးကြိုးပစ်ခြင်းကို ခံရထိုက်ပြီး အခြားသူများ၏ ပစ်ပယ်ခြင်း ခံရထိုက်ကာ သင်သည် မကောင်းသည့် လူတစ်ဦးဖြစ်သည် ဟူ၍ဖြစ်ပေသည်။ ဤသည်တို့မှာ သင်၏ ဝန်ထုပ်များ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤအရာများက လူတို့၏ ဝန်ထုပ်များဖြစ်သည့်အတွက် လူတို့သည် သမ္မာတရားကို လက်ခံပြီး မှန်ကန်စွာ ရင်ဆိုင်သင့်ပေသည်။ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဤဝန်ထုပ်များ၊ မှားယွင်းသည့် အတွေးများနှင့် အမြင်များကို လက်လွှတ်နိုင်ပြီး ပြောင်းလဲစေနိုင်ပေသည်။ သမ္မာတရားကို သင် လက်မခံလျှင် သင့်အတွက် လျှောက်လှမ်းရန် အခြားလမ်းကြောင်း ရှိသလော။ (မရှိပါ။) ထိုသို့ဖြင့် မိသားစုနှင့်ဆိုင်သည့် ဝန်ထုပ်များကို လက်လွှတ်ခြင်းဖြစ်စေ၊ ဇာတိပကတိနှင့်ဆိုင်သည့် ဝန်ထုပ်များကို လက်လွှတ်ခြင်းဖြစ်စေ၊ အားလုံးက မှန်ကန်သည့် အတွေးများနှင့် အမြင်များကို လက်ခံခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့ဖြင့် အစပြုပေသည်။ သမ္မာတရားကို သင် စတင်လက်ခံသည်နှင့်အမျှ သင့်အတွင်းရှိ ဤမှားယွင်းသော အတွေးများနှင့် အမြင်များသည် တဖြည်းဖြည်း ဖြိုဖျက်ဖယ်ရှားခြင်းခံရကာ ပိုင်းခြားသိမြင်ခြင်းခံရပြီး ရိပ်စားမိခြင်းခံရ၍ ထို့နောက်တွင် တဖြည်းဖြည်း ငြင်းပယ်ခြင်းခံရလိမ့်မည် ဖြစ်သည်။ ဤမှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြိုဖျက်ဖယ်ရှားခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် ထို့နောက်တွင် လက်လွှတ်ကာ ငြင်းပယ်ခြင်း ဖြစ်စဉ်အတောအတွင်းတွင် ဤကိစ္စရပ်များအပေါ် သင်၏ သဘောထားနှင့် ချဉ်းကပ်နည်းတို့ကို သင် တဖြည်းဖြည်း ပြောင်းလဲပစ်လိမ့်မည်။ သင်၏ လူ့အသိစိတ် သို့မဟုတ် ခံစားချက်များမှလာသည့် ထိုအတွေးများသည် တဖြည်းဖြည်း အားနည်းသွားလိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်းနက်နက်တွင် သင့်ကို ထိုအရာများက ဒုက္ခပေးလိမ့်မည်မဟုတ်တော့ သို့မဟုတ် ချည်နှောင်လိမ့်မည် မဟုတ်တော့ပေ၊ သင့်ဘဝကို ထိန်းချုပ် သို့မဟုတ် လွှမ်းမိုးလိမ့်မည် မဟုတ်တော့၊ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို စွက်ဖက်နှောင့်ယှက်လိမ့်မည် မဟုတ်တော့ပေ။ ဥပမာအားဖြင့် သင်သည် မှန်ကန်သည့် အတွေးများနှင့် အမြင်များကို လက်ခံကာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို လက်ခံပြီးဖြစ်လျှင် သင့်မိဘများဆုံးပါးသည့် သတင်းကို ကြားသည့်အခါ သင့်ကို ပြုစုပျိုးထောင်ပေးရာတွင် ၎င်းတို့၏ ကြင်နာမှုကို ဤနှစ်များအတောအတွင်း သင် ပြန်မဆပ်ခဲ့ပုံ၊ ၎င်းတို့ကို သင် အလွန်ဆင်းရဲဒုက္ခခံစေခဲ့ပုံ၊ ၎င်းတို့ကို သင် အနည်းငယ်မျှ အလျော်မပေးခဲ့ပုံ သို့မဟုတ် ကောင်းမွန်သည့်ဘဝကို ၎င်းတို့အား သင် အသက်ရှင်ခွင့်မပေးခဲ့ပုံအကြောင်းကို စဉ်းစားခြင်းမရှိဘဲ ၎င်းတို့အတွက် သင် မျက်ရည်ကျရုံမျှသာ ကျလိမ့်မည် ဖြစ်သည်။ ဤအရာများအတွက် မိမိကိုယ်ကို သင် အပြစ်တင်တော့မည်မဟုတ်၊ ထိုအစား ပုံမှန် လူ့ခံစားချက်များ၏ လိုအပ်ချက်များမှ အရင်းခံနေသည့် ပုံမှန် ဖော်ပြချက်များကို သင် ပြသလိမ့်မည်။ သင်သည် မျက်ရည်များကျကာ၊ ထို့နောက်တွင် ၎င်းတို့အတွက် တမ်းတမှုအနည်းငယ် တွေ့ကြုံခံစားရလိမ့်မည်။ မကြာမီ ဤအရာများက သဘာဝကျကာ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် မိမိကိုယ်ကို ပုံမှန်ဘဝနှင့် သင်၏ တာဝန်များ ထမ်းဆောင်မှုထဲသို့ အလျင်အမြန် နှစ်မြှုပ်ထားလိမ့်မည်။ ဤကိစ္စရပ်အားဖြင့် သင် စိတ်သောကရောက်လိမ့်မည် မဟုတ်။ သို့ရာတွင် ဤသမ္မာတရားများကို သင် လက်မခံလျှင် သင့်မိဘများ ကွယ်လွန်သည့် သတင်းကို သင် ကြားသည့်အခါ မပြီးနိုင်မဆုံးနိုင် သင် ငိုကြွေးမိလိမ့်မည်။ သင်၏ မိဘများအတွက် စိတ်မကောင်း ဖြစ်လိမ့်မည်၊ ၎င်းတို့၏ ဘဝတစ်ခုလုံး သာယာချမ်းမြေ့မှု မရှိခဲ့ကြောင်းနှင့် သင်ကဲ့သို့သော သားသမီးဝတ်မကျေပွန်သည့် သားသမီးတစ်ဦးကို ၎င်းတို့ ပြုစုပျိုးထောင်ခဲ့ကြောင်း စိတ်မကောင်းဖြစ်မိလိမ့်မည်။ ၎င်းတို့ နာမကျန်းဖြစ်သည့်အခါ ၎င်းတို့၏ အိပ်ရာနံဘေးတွင် သင် ဝတ်ကြီးဝတ်ငယ် မလုပ်ကျွေးခဲ့သကဲ့သို့ ၎င်းတို့ သေဆုံးသည့်အခါ ၎င်းတို့၏ အသုဘတွင် သင် အော်ငိုခြင်း သို့မဟုတ် ဝမ်းနည်းကြေကွဲကြောင်းပြသည့် အနေအထားဖြင့် မနေခဲ့ပေ။ သင်သည် ၎င်းတို့ကို တာဝန်ပျက်ကွက်ခဲ့သည်၊ စိတ်ပျက်အောင် လုပ်ခဲ့ပြီး ကောင်းမွန်သည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ခွင့် မပေးခဲ့ပေ။ သင်သည် အချိန်အတော်ကြာ ဤအပြစ်ရှိသည့်စိတ်ဖြင့် အသက်ရှင်လိမ့်မည်ဖြစ်ပြီး ထိုအကြောင်းကို သင် တွေးသည့်အခါတိုင်းတွင် သင် ငိုကြွးကာ သင်၏ စိတ်နှလုံးတွင် စူးအောင့်သည့် ဝေဒနာတစ်ခု ခံစားရလိမ့်မည်။ ဆက်စပ်သည့် အခြေအနေများ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သင် ကြုံရသည့်အခါတိုင်းတွင် စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုတစ်ခု ရှိလိမ့်မည်။ ဤအပြစ်ရှိသည့်စိတ်က သင့်ဘဝ၏ ကျန်သည့်အချိန်များတွင် သင့်ကို ဖော်ပြုကောင်းပြုနိုင်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် သမ္မာတရား သို့မဟုတ် မှန်ကန်သည့် အတွေးများနှင့် အမြင်များကို သင့်ဘဝအဖြစ် မည်သည့်အခါတွင်မျှ လက်မခံခဲ့ခြင်း ဖြစ်သည်။ ထိုအစား သင်၏ အတွေးဟောင်းနှင့် အမြင်ဟောင်းများက သင့်ဘဝကို လွှမ်းမိုးလျက် သင့်အပေါ် ဆက်လက် အုပ်စိုးနေပြီဖြစ်သည်။ ထို့ကြောင့် သင်သည် သင့်မိဘများ ကွယ်လွန်ခြင်းကြောင့် သင့်ဘဝ၏ ကျန်သည့်အချိန်ကို နာကျင်မှုဖြင့် ကုန်ဆုံးရလိမ့်မည်။ ဤအဆက်မပြတ်ဖြစ်သော ဆင်းရဲဒုက္ခခံစားခြင်းသည် အနည်းငယ်သော စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခြင်းများစွာထက်ပိုသည့် အကျိုးဆက်များ ရှိလိမ့်မည်။ ထိုအရာက သင်၏ ဘဝ၊ သင်၏ တာဝန်များ ထမ်းဆောင်မှုအပေါ် သင်၏ သဘောထား၊ အသင်းတော်၏ အလုပ်အပေါ် သင်၏ သဘောထား၊ ဘုရားသခင်အပေါ် သင်၏ သဘောထားအပြင် သင့် စိတ်ဝိညာဉ်ကို တို့ထိသည့် လူ သို့မဟုတ် ကိစ္စရပ်တစ်ခုခုအပေါ် သင်၏ သဘောထားကို ထိခိုက်လိမ့်မည်။ သင်သည် သာ၍များသည့် ကိစ္စရပ်များအပေါ် အားငယ်စရာဖြစ်ကာ စိတ်ဓာတ်ကျလာနိုင်သည်၊ မျှော်လင့်ချက်ကုန်ကာ အပျက်သဘောဆောင်လာနိုင်သည်၊ ဘဝတွင် ယုံကြည်ခြင်း ပျောက်ဆုံးနိုင်သည်၊ မည်သည့်အရာမဆိုအတွက် စိတ်ထက်သန်မှုနှင့် လှုံ့ဆော်မှုတို့ ပျောက်ဆုံးနိုင်သည်၊ စသည်တို့ ဖြစ်နိုင်ပေသည်။ နောက်ဆုံးတွင် သက်ရောက်မှုက သင်၏ ရိုးရှင်းသည့် နေ့စဉ်ဘဝအပေါ် သက်ရောက်မှုကိုပင် ကျော်သွားလိမ့်မည်။ သင်၏ တာဝန်များ ထမ်းဆောင်ခြင်းနှင့် ဘဝတွင် သင် လျှောက်သည့်လမ်းကြောင်းတို့အပေါ် သင်၏ သဘောထားကိုလည်း ထိခိုက်လိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များပေသည်။ ဤအန္တရာယ်၏ အကျိုးဆက်မှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်များကို သင် ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်၏ တာဝန်များ ထမ်းဆောင်ခြင်းကို တစ်ဝက်တစ်ပျက် သင် ရပ်ပင်ရပ်နိုင်သည်၊ သို့မဟုတ် သင် ထမ်းဆောင်သည့် တာဝန်များအပေါ် အတိုက်အခံလုပ်သည့် စိတ်အခြေအနေနှင့် သဘောထားတစ်ခု ထားရှိကောင်းထားရှိနိုင်ပေသည်။ တိုတိုပြောရလျှင် ဤအခြေအနေမျိုးသည် အချိန်ကြာလာသည်နှင့်အမျှ မလွဲမသွေ ပိုမိုဆိုးဝါးလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်အခြေအနေ၊ စိတ်ခံစားမှုများနှင့် စိတ်နေစိတ်ထားတို့ကို ဆိုးဝါးသော ဦးတည်ချက်ဖြင့် ပြောင်းလဲသွားစေလိမ့်မည်။ သင် နားလည်သလော။ (နားလည်ပါသည်။) တစ်နည်းအားဖြင့် ယနေ့ ဤအကြောင်းအရာများနှင့်ဆိုင်သော မိတ်သဟာယသည် မှန်ကန်သည့် အတွေးများနှင့် အမြင်များကို ထားရှိရန် သင့်ကို ပြောပြခြင်းဖြစ်ပေသည်။ ယင်း၏ အရင်းအမြစ်မှာ ဤကိစ္စရပ်များကိုယ်၌၏ အနှစ်သာရအပေါ် အခြေခံပေသည်။ အရင်းအမြစ်နှင့် အနှစ်သာရတို့က ထိုသို့ဖြစ်သောကြောင့် လူတို့သည် ထိုအရာများကို နားလည်သဘောပေါက်သင့်ပြီး ဤသရုပ်ဖော်မှုများအားဖြင့်သော်လည်းကောင်း၊ စိတ်ခံစားချက်များနှင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းတို့မှ အရင်းခံသည့် အတွေးများနှင့် အမြင်များအားဖြင့်သော်လည်းကောင်း လှည့်ဖြားခြင်း မခံသင့်ပေ။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အခြားတစ်ခုမှာ လူတို့အနေဖြင့် ဤအရာကို လုပ်ဆောင်သည့်အခါတွင်သာ လမ်းလွဲခြင်းနှင့် သွေဖည်မှုများကို ၎င်းတို့ ရှောင်ရှားနိုင်ပြီး ထိုအရာများအစား ဘုရားသခင် အုပ်စိုးပြီး စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်တစ်ခုတွင် ဘဝကို ဖြစ်လာသည့်အတိုင်း အသက်ရှင်နိုင်ကြပေသည်။ အကျဉ်းချုပ်အနေဖြင့် ဤမှန်ကန်သည့် အတွေးများနှင့် အမြင်များကို လက်ခံခြင်းနှင့် ယင်းတို့၏ လမ်းညွှန်မှုခံရခြင်းအားဖြင့်သာ လူတို့သည် ၎င်းတို့၏ မိဘများထံမှလာသည့် ဤဝန်ထုပ်များကို စွန့်ပယ်နိုင်ကြသည်၊ ဤဝန်ထုပ်များကို လက်လွှတ်နိုင်ကြပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ကြပေသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် အကြင်သူသည် စိတ်မြန်လက်မြန်ဖြစ်ခြင်း၊ ခံစားချက်များ သို့မဟုတ် အသိစိတ်တို့၏ သက်ရောက်မှုများအားဖြင့် စဉ်ဆက်မပြတ် လှုံ့ဆော်ခံရခြင်းထက် သာ၍ လွတ်လပ်စွာနှင့် အထိန်းအချုပ်မရှိဘဲ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် အသက်ရှင်နိုင်ကြပေသည်။ များစွာ ဆွေးနွေးပြီးသည့်နောက်တွင် မိဘများ၏ မျှော်မှန်းချက်များက ဖန်တီးသည့် ဝန်ထုပ်များအပေါ် သိနားလည်မှုအချို့ ယခု သင်တို့ ရှိကြပြီလော။ (ရှိပါပြီ။) ယခုတွင် သင်၌ မှန်ကန်သည့် သိနားလည်မှုအချို့ ရှိကြသဖြင့် သင်၏စိတ်ဝိညာဉ်သည် များစွာ သာ၍ စိုးရိမ်သောကကင်းကာ လွတ်မြောက်သည် မဟုတ်လော။ (လွတ်မြောက်ပါသည်။) သင့်ထံတွင် စစ်မှန်သည့် သိနားလည်မှုနှင့် စစ်မှန်သည့် လက်ခံမှု၊ ကျိုးနွံနာခံမှုတို့ ရှိသည့်အခါ သင်၏ စိတ်ဝိညာဉ် လွတ်မြောက်လိမ့်မည်။ သင်သည် ဆက်လက် အတိုက်အခံလုပ်ကာ ငြင်းပယ်လျှင် သို့မဟုတ် ဤကိစ္စရပ်များကို အမှန်တရားများပေါ် အခြေခံ၍ အလေးထားမည့်အစား ဤသမ္မာတရားများကို သဘောတရားအဖြစ် သဘောထားရုံမျှ သဘောထားလျှင် သင့်အတွက် လက်လွှတ်ရန် ခက်ခဲလိမ့်မည်။ ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ဇာတိပကတိ၏ အတွေးများနှင့် ခံစားချက်များ၏ စီစဉ်ညွှန်ကြားမှုများအတိုင်းသာ သင် ပြုမူဆောင်ရွက်နိုင်လိမ့်မည်။ နောက်ဆုံးတွင် သင်သည် နာကျင်မှုနှင့် ဝမ်းနည်းမှုတို့သာ ရှိသည့် ဤခံစားချက်များ၏ ထောင်ချောက်အတွင်းတွင် အသက်ရှင်ရလိမ့်မည်ဖြစ်ပြီး မည်သူကမျှ သင့်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်။ ဤစိတ်ခံစားမှုဆိုင်ရာ ထောင်ချောက်ထဲ တွယ်ငြိနေသည့် ဤကိစ္စရပ်များကို ရင်ဆိုင်နေချိန်တွင် လူတို့၌ ထွက်ပေါက်မရှိပေ။ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ခံစားချက်များ၏ တွယ်ငြိခြင်းနှင့် ချည်နှောင်ခြင်းတို့မှ သင် လွတ်မြောက်နိုင်သည်၊ မှန်သလော။ (မှန်ပါသည်။)
၎င်းတို့ သားသမီးများ၏ လေ့လာမှုနှင့် အသက်မွေးအလုပ် ရွေးချယ်မှုများနှင့် ပတ်သက်လာသည့်အခါ မိဘများတွင် အမျိုးမျိုးသော မျှော်မှန်းချက်များနှင့် ချဉ်းကပ်နည်းများ ရှိရုံသာမက အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်း၍လည်း ၎င်းတို့တွင် အမျိုးမျိုးသော မျှော်မှန်းချက်များ ရှိကြသည်၊ ဟုတ်သည် မဟုတ်လော။ ဤမျှော်မှန်းချက်များထဲမှ အချို့မှာ အဘယ်နည်း။ ကျေးဇူးပြုပြီး ဝေမျှလော့။ (ထုံးစံအတိုင်းဆိုလျှင် မိဘများက မိမိတို့၏ သမီးများကို ၎င်းတို့၏ ခင်ပွန်းလောင်းအနေဖြင့် အနည်းဆုံး ချမ်းသာရမည်၊ အိမ်နှင့်ကားရှိရမည်ဖြစ်ပြီး ၎င်းတို့၏သမီးကို တာဝန်ယူ စောင့်ရှောက်နိုင်ရမည်ဟု ပြောကြလိမ့်မည်။ ဆိုလိုသည်မှာ ထိုသူအနေဖြင့် သမီးဖြစ်သူ၏ ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သင့်ပြီး တာဝန်သိစိတ်လည်း ရှိသင့်သည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ခင်ပွန်းတစ်ယောက်ကို ရွေးချယ်ခြင်းအတွက် စံများဖြစ်သည်။) မိဘများ ပြောဆိုသည့်အရာများထဲမှ အချို့မှာ ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံများမှလာပြီး ၎င်းတို့သည် စိတ်ထဲတွင် သင့်အကျိုးအတွက် အကောင်းဆုံး စဉ်းစားပေးကြသော်လည်း ပြဿနာအချို့ ရှိနေဆဲဖြစ်သည်။ သင်၏ အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်လာသည့်အခါ မိဘများတွင် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် နှစ်ခြိုက်မှုများရှိလေသည်။ ၎င်းတို့သည် မိမိတို့ သားသမီးများအား အနည်းဆုံးအနေဖြင့် ငွေ၊ အဆင့်အတန်းနှင့် စွမ်းဆောင်ရည်ရှိပြီး နေအိမ်ပြင်ပတွင် အခြားသူများ၏ ဩဇာပေးခြင်း မခံရရန်အလို့ငှာ ရှိန်လောက်သည့် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖို့ တောင်းဆိုကြသည်။ အခြားသူများက သင့်ကို အနိုင်ကျင့်လျှင် ဤလူသည် ၎င်းတို့ကို ရင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်ကို ကာကွယ်ပေးနိုင်ရမည်ဖြစ်သည်။ သင်က “ကျွန်ုပ် ဂရုမစိုက်ပါ။ ကျွန်ုပ်သည် ထိုသို့သော ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းကို အဓိကထားသော လူတစ်ဦး မဟုတ်ပါ။ ကျွန်ုပ်ကို ချစ်ပြီး ကျွန်ုပ်ကလည်း ချစ်သောသူတစ်ဦးကိုသာ ကျွန်ုပ် ရှာတွေ့ချင်ပါသည်”ဟု ပြောကောင်းပြောမည်။ ဤအရာကို သင်၏ မိဘများက “သင်သည် အဘယ်ကြောင့် ထိုမျှ ဉာဏ်ထိုင်းသူတစ်ဦး ဖြစ်ရသနည်း။ သင်သည် အဘယ်ကြောင့် အလွန်တုံးအရသနည်း။ သင်သည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသကဲ့သို့ ဘဝတွင်ရှိသည့် အခက်အခဲကို နားမလည်ပါ။ ‘ဆင်းရဲသောစုံတွဲတစ်တွဲအတွက် အရာရာ၌ အခက်အခဲကြုံရသည်’ဟူသည့် ဆိုရိုးကို သင် ကြားဖူးသလော။ ဘဝတွင် ထိုထိုဤဤသော အရာများအတွက် သင် ငွေလိုအပ်သည်။ ငွေမရှိလျှင် ကောင်းမွန်သည့် ဘဝတစ်ခုကို သင် ရှင်သန်ရလိမ့်မည်ဟု ထင်သလော။ ကြွယ်ဝချမ်းသာပြီး တတ်စွမ်းနိုင်သည့် တစ်စုံတစ်ဦးကို သင် ရှာဖွေရန် လိုအပ်သည်”ဟု ပြောကြသည်။ သင်က “သို့သော် ကြွယ်ဝချမ်းသာပြီး တတ်စွမ်းနိုင်သည့်လူများပင်လျှင် ယုံကြည်စိတ်ချ၍ မရနိုင်ပါ”ဟု ပြန်ပြောသည်။ သင်၏မိဘများက “သူတို့ကို ယုံကြည်စိတ်ချ၍မရနိုင်လျှင်ပင် သင့်အနေဖြင့် သင်၏ အခြေခံလိုအပ်ချက်များကို အရင်ဆုံး ဖြေရှင်းရမည်။ သင့်အနေဖြင့် သင် စားလိုသည့်အရာနှင့် ဝတ်လိုသည့်အရာ မည်သည့်အရာမဆို ရှိမည်ဖြစ်ပြီး ကောင်းကောင်းစားကာ ကောင်းကောင်းဝတ်ရပေမည်။ လူတိုင်း အားကျမည့်အရာတစ်ခု ဖြစ်သည်”ဟု ပြန်ဖြေကြသည်။ သင်က “သို့သော် ကျွန်ုပ်၏ စိတ်ဝိညာဉ်က ပျော်ရွှင်မည်မဟုတ်ပါ”ဟု ပြန်ပြောလေသည်။ ဤသည်ကို သင်၏ မိဘများက “စိတ်ဝိညာဉ်သည် မည်သည့်အရာပင် ဖြစ်သနည်း။ အဘယ်မှာရှိသနည်း။ သင်၏ စိတ်ဝိညာဉ် မပျော်လျှင်ကော အဘယ်အရေးနည်း။ သင်သည် ရုပ်ပိုင်းဆိုင်ရာအရ သက်သောင့်သက်သာဖြစ်သရွေ့ အရေးကြီးသည်မှာ ထိုမျှသာ ဖြစ်သည်”ဟု ပြောကြသည်။ ၎င်းတို့၏ လတ်တလော ဘဝအခြေအနေများအရ တစ်ကိုယ်ရေတစ်ကာယ ရှိနေဖို့ ဆန္ဒရှိကြသည့် လူအချို့ရှိသည်။ ၎င်းတို့ အတော်လေး အသက်အရွယ်ကြီးရင့်ကြသော်လည်း အိမ်ထောင်ပြုရန်မဆိုထားနှင့်၊ ချစ်သူရည်းစားပင် မထားလိုကြပေ။ ဤအရာက ၎င်းတို့၏ မိဘများကို စိုးရိမ်သောကရောက်စေသောကြောင့် ၎င်းတို့၏ မိဘများက ၎င်းတို့ကို အိမ်ထောင်ပြုရန် တိုက်တွန်းမြဲတိုက်တွန်းနေကြသည်။ ၎င်းတို့သည် မတွေ့ဖူးသူနှစ်ဦးကို အောင်သွယ်လုပ်ပေးပြီး အလားအလာရှိသည့် ကြင်ရာလောင်းများဖြင့် မိတ်ဆက်ပေးကြသည်။ ၎င်းတို့ သားသမီးများ အိမ်ထောင်ပြုရန် လိုက်ဖက်ညီပြီး ဂုဏ်သရေရှိသော သူတစ်ဦးကို အမြန်ရှာတွေ့ဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို လုပ်ဆောင်ကြသည်။ ၎င်းတို့က လိုက်ဖက်ညီခြင်းမရှိလျှင်ပင် အနည်းဆုံးအနေဖြင့် တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ခြင်း၊ မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့တစ်ခု ရှိခြင်း သို့မဟုတ်လျှင် နိုင်ငံခြားတွင် ပညာသင်ယူခဲ့ခြင်းတို့ကဲ့သို့ ၎င်းတို့၏ အရည်အချင်းများက ကောင်းမွန်ရမည်ဖြစ်သည်။ လူအချို့သည် ၎င်းတို့ မိဘများ၏ နားပူနားဆာလုပ်ခြင်းကို မခံနိုင်ကြပေ။ အစပထမတွင် ၎င်းတို့ တစ်ကိုယ်ရေတစ်ကာယဖြစ်ပြီး ကိုယ့်တစ်ဝမ်းတစ်ခါးသာ တာဝန်ယူစရာရှိသည်မှာ ကောင်းသည်ဟု တွေးထင်ကြသည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့သည် မိမိတို့တာဝန်များကို နေ့စဉ်ထမ်းဆောင်ရင်း အလုပ်အလွန်များကြပြီး ဤအရာများအကြောင်းကို စဉ်းစားရန် အချိန်မရှိကြသောကြောင့် ၎င်းတို့ ချစ်သူရည်းစား မထားကြသကဲ့သို့ အနာဂတ်တွင် အိမ်ထောင်ပြုကြမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ မိဘများ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ၎င်းတို့ မကျော်ဖြတ်နိုင်ကြပေ။ ၎င်းတို့၏ မိဘများက သဘောမတူကြဘဲ ၎င်းတို့ကို အမြဲ တိုက်တွန်းကာ ဖိအားပေးကြသည်။ ၎င်းတို့၏ သားသမီးများကို မြင်သည့်အခါတိုင်း စတင်နားပူနားဆာလုပ်ကြသည်။ “သင် တစ်ယောက်ယောက်နှင့် တွဲနေသလော။ သင် အကြိုက်တွေ့သည့် တစ်ယောက်ယောက် ရှိသလော။ သင့်အတွက် ငါတို့ စစ်ဆေးပေးနိုင်ဖို့ အမြန် အိမ်သို့ခေါ်လာလော့။ ၎င်းက သင့်တော်လျှင် ယခုပင် အိမ်ထောင်ပြုလိုက်လော့။ သင် မည်သို့မျှ ပိုမိုငယ်ရွယ်လာမည် မဟုတ်ပါ။ အမျိုးသမီးများက အသက် သုံးဆယ်နောက်ပိုင်းတွင် အိမ်ထောင်မပြုကြတော့သကဲ့သို့ အမျိုးသားများက အသက် သုံးဆယ့်ငါးနောက်ပိုင်းတွင် လက်တွဲဖော် မရှာကြတော့ပါ။ သင် မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသနည်း။ ကမ္ဘာကြီးကို မှောက်လှန်ဖို့လော။ သင် အိမ်ထောင်မပြုလျှင် အိုမင်းသည့်အခါ မည်သူက သင့်ကို စောင့်ရှောက်လိမ့်မည်နည်း”ဟူ၍ ဖြစ်သည်။ မိဘများသည် သင့်အား ဤလူမျိုးကိုဖြစ်စေ၊ ထိုလူမျိုးကိုဖြစ်စေ ရှာစေချင်လျက် ကြင်ရာရှာပြီး အိမ်ထောင်ပြုရန် တိုက်တွန်းရင်း အမြဲစိုးရိမ်ကာ ဤအရာဖြင့် မိမိတို့ဘာသာ အလုပ်ရှုပ်ကြသည်။ သင် အမှန်တကယ် အိမ်ထောင်ပြုပြီးသည့်နောက်တွင် သင်၏ မိဘများက သင့်ကို ဆက်အပူကပ်သည်။ “ငါ အသက်ငယ်တုန်း ကလေးတစ်ယောက် အမြန် ယူလော့။ သင့်အတွက် သူတို့ကို ငါ စောင့်ရှောက်ပေးမည်”ဟူ၍ ဖြစ်သည်။ သင်က “ကျွန်ုပ်၏ သားသမီးများကို စောင့်ရှောက်ရန် သင့်ကို ကျွန်ုပ်မလိုအပ်ပါ။ မစိုးရိမ်ပါနှင့်”ဟု ပြောလေသည်။ ၎င်းတို့က “‘မစိုးရိမ်ပါနှင့်’ဟူသည်မှာ သင် မည်သည့်အရာကို ဆိုလိုသနည်း။ ကလေးတစ်ယောက် အမြန်ယူလော့။ သူတို့ မွေးပြီးနောက်တွင် သင့်အတွက် သူတို့ကို ငါ စောင့်ရှောက်ပေးမည်။ သူတို့ အနည်းငယ် အသက်ကြီးလာသည်နှင့် သင် လွှဲယူ၍ ရသည်”ဟု ပြန်ပြောကြသည်။ မိမိတို့ သားသမီးများအတွက် မိဘများက ရှိကြသည့် မျှော်မှန်းချက်များက မည်သည့်အရာဖြစ်စေ၊ မိဘများ၏ သဘောထားများက မည်သည့်အရာဖြစ်စေ၊ ဤမျှော်မှန်းချက်များက မှန်ကန်သည်ဖြစ်စေ သားသမီးများအတွက်မူ ဝန်ထုပ်တစ်ခုကဲ့သို့ အမြဲခံစားရလေသည်။ ၎င်းတို့၏ မိဘများကို ၎င်းတို့ အမှန်တကယ် နားထောင်လျှင် ၎င်းတို့ အနေခက်ကာ စိတ်မချမ်းမြေ့ဖြစ်ကြလိမ့်မည်။ မိမိတို့ မိဘများကို နားမထောင်လျှင် လိပ်ပြာမလုံ ဖြစ်ကြလိမ့်မည်။ “ကျွန်ုပ်၏ မိဘများက မမှားပါ။ သူတို့ အလွန် အိုမင်းကြပြီဖြစ်ပြီး ကျွန်ုပ် အိမ်ထောင်ပြုသည်ကိုဖြစ်စေ၊ ကလေးများရှိသည်ကိုဖြစ်စေ မြင်ခွင့်မရကြပါ။ သူတို့ ဝမ်းနည်းသောကြောင့် ကျွန်ုပ်ကို အိမ်ထောင်ပြုပြီး ကလေးယူရန် တိုက်တွန်းခြင်း ဖြစ်သည်။ ဤသည်မှာလည်း သူတို့၏ တာဝန်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဤအရာနှင့် စပ်လျဉ်း၍ မိဘများ၏ မျှော်မှန်းချက်များကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် စိတ်ထဲတွင် ထိုအရာက ဝန်ထုပ်တစ်ခုဖြစ်သည်ဟူသော မရေရာသည့် ခံစားချက် အမြဲ ရှိကြသည်။ ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ထိုအရာမှာ မှားယွင်းပုံရပြီး မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ မိဘများ၏ တောင်းဆိုချက်များ၊ သို့မဟုတ် စိတ်ဆန္ဒများကို မနာခံခြင်းက ရှက်ဖွယ်ကောင်းပြီး အကျင့်ပျက်သကဲ့သို့ ခံစားကြရသည်။ ထိုအရာသည် ၎င်းတို့၏ အသိစိတ်ကို ဖိစီးသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ အချို့သော မိဘများသည် မိမိတို့ သားသမီးများ၏ ဘဝများကိုပင် ဝင်ရောက်စွက်ဖက်ကြသည်။ “အမြန် အိမ်ထောင်ပြုကာ ကလေးများ ယူလော့။ အရင်ဆုံး ထွားကြိုင်း ကျန်းမာသည့် မြေးလေးတစ်ယောက် ငါ့ကို ပေးလော့”ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ကလေး၏ လိင်အမျိုးအစားနှင့်ပတ်သက်၍ စွက်ဖက်ရန်ပင် ကြိုးစားကြသည်။ အချို့သော မိဘများက “သင့်တွင် သမီးတစ်ယောက် ရှိပြီးသားဖြစ်ပြီး ငါ့ကို မြေးယောက်ျားလေးတစ်ဦး အမြန် ပေးလော့။ မြေးယောက်ျားလေးနှင့် မြေးမိန်းကလေးနှစ်ဦးလုံးကို ငါ လိုချင်သည်။ သင်နှင့် သင်၏ ခင်ပွန်းတို့သည် ဘုရားသခင်ကို ယုံကြည်ကာ တစ်နေ့လုံး သင်တို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေကြသည်။ သင်တို့သည် သင်တို့၏ လျော်ကန်သော အလုပ်ကို လုပ်မနေပါ။ ကလေးများယူခြင်းက အရေးကြီးသည့်ကိစ္စ ဖြစ်သည်။ ‘သားသမီးဝတ် မကျေပွန်ခြင်းသုံးမျိုးထဲတွင် အမွေခံ မရှိခြင်းက အဆိုးဆုံးဖြစ်သည်’ဟူသည်ကို သင် မသိသလော။ သမီးတစ်ယောက်ရှိခြင်းမျှက လုံလောက်သည်ဟု သင် ထင်သလော။ ငါ့အား မြေးယောက်ျားလေးတစ်ယောက်ကိုလည်း အမြန် ပေးလျှင် ပိုကောင်းမည်။ သင်သည် ငါတို့ မိသားစုတွင် တစ်ဦးတည်းသော သမီးဖြစ်သည်။ ငါ့ကို မြေးယောက်ျားလေးတစ်ဦး မပေးလျှင် ငါတို့၏ မိသားစုမျိုးဆက် အဆုံးသတ်သွားမည် မဟုတ်လော”ဟု ပြောကြသည်။ သင်က “ယင်းမှာ မှန်ပါသည်။ မိသားစုမျိုးဆက်သည် ငါနှင့်သာ အဆုံးသတ်သွားလျှင် ငါ၏ဘိုးဘေးများကို တာဝန်ပျက်ကွက်မည် မဟုတ်လော” ဟု ချင့်ချိန်စဉ်းစားလေသည်။ ထို့ကြောင့် အိမ်ထောင်မပြုခြင်းသည် မှားယွင်းပြီး အိမ်ထောင်ပြုသော်လည်း သားသမီးများမရှိခြင်းသည်လည်း မှားယွင်းပေသည်။ သို့ရာတွင် ထို့နောက် သမီးတစ်ဦး ရှိခြင်းသည်လည်း မလုံလောက်၊ သင့်အနေဖြင့် သားတစ်ဦး ရှိရမည် ဟူ၍ဖြစ်သည်။ လူအချို့သည် သားတစ်ဦး အရင်ရကြသော်လည်း ၎င်းတို့ မိဘများက “တစ်ဦးတည်းသည် မလုံလောက်ပါ။ တစ်စုံတစ်ရာ ဖြစ်လျှင် အဘယ်သို့နည်း။ အချင်းချင်း အဖော်ပြုနိုင်ရန်အလို့ငှာ နောက်တစ်ဦး ယူကြလော့”ဟု ပြောကြသည်။ ၎င်းတို့၏ သားသမီးများနှင့် ပတ်သက်လာသည့်အခါ မိဘများ၏ စကားသည် ဥပဒေဖြစ်ပြီး ၎င်းတို့အနေဖြင့် အလွန်အမင်း ယုတ္တိမတန်ဖြစ်နိုင်သည်၊ အလွဲချော်ဆုံးသော ဆင်ခြင်တွေးခေါ်မှုစနစ်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောနိုင်စွမ်းရှိကြသည်။ ၎င်းတို့ကို မည်သို့ ကိုင်တွယ်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၏ သားသမီးများက တကယ်ကို ဘာလုပ်ရမှန်းမသိ ဖြစ်ကြသည်။ မိဘများသည် မိမိတို့ သားသမီးများ၏ ဘဝများ၊ အလုပ်၊ အိမ်ထောင်ရေးနှင့် အမျိုးမျိုးသော အရာများအပေါ် သဘောထားများကို စွက်ဖက်ကြသည်။ သားသမီးများက မိမိတို့၏ ဒေါသကို မျိုသိပ်ရုံသာ တတ်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ မိဘများထံမှ မပုန်းကွယ်နိုင် သို့မဟုတ် ခါမထုတ်နိုင်ကြချေ။ ၎င်းတို့၏ မိဘအရင်းများကို ၎င်းတို့ ဆူ၍မရ၊ ပဲ့ပြင်၍မရနိုင်ကြ။ ထို့ကြောင့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသနည်း။ ထိုအရာကို ၎င်းတို့ ခါးစည်းခံကြသည်၊ မိမိတို့ မိဘများကို ဖြစ်နိုင်သမျှ တွေ့ရခဲအောင် ကြိုးစားကြပြီး ၎င်းတို့ လုံးဝ တွေ့ဆုံရမည်ဆိုလျှင်လည်း ဤကိစ္စများကို ထုတ်ပြောခြင်းအား ရှောင်ရှားကြသည်။ ထိုကိစ္စရပ်များကို အမှန်တကယ် ထုတ်ပြောလာလျှင် ချက်ချင်း စကားဖြတ်ကာ တစ်နေရာရာတွင် သွားပုန်းကြလိမ့်မည် ဖြစ်သည်။ သို့ရာတွင် မိမိတို့ မိဘများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းကာ ၎င်းတို့ကို စိတ်မပျက်စေရန်အလို့ငှာ မိမိတို့ မိဘများ၏ တောင်းဆိုချက်များကို သဘောတူကြသည့် လူအချို့ရှိသည်။ သင်သည် ချစ်သူရည်စားထားခြင်း၊ အိမ်ထောင်ပြုခြင်းနှင့် ကလေးယူခြင်းတို့ကို အင်တင်တင်ဖြင့် ကမန်းကတန်း ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ သို့သော် ကလေးတစ်ယောက်ရခြင်းက မလုံလောက်ပေ။ သင် အတော်များများ ရှိရမည်ဖြစ်သည်။ သင်သည် သင့်မိဘများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန်နှင့် ၎င်းတို့ကို ပျော်ရွှင်ကာ ဝမ်းမြောက်စေရန် ဤအရာကို လုပ်ဆောင်သည်။ သင့်မိဘများ၏ ဆန္ဒများကို သင် ဖြည့်ဆည်းနိုင်သည်ဖြစ်စေ၊ မဖြည်ဆည်းနိုင်သည်ဖြစ်စေ ၎င်းတို့၏ တောင်းဆိုချက်များသည် မည်သည့်ကလေးမဆိုအတွက် ဒုက္ခပေးတတ်မည်ဖြစ်သည်။ သင်၏ မိဘများသည် ဥပဒေနှင့် ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်နေခြင်း မဟုတ်သကဲ့သို့ ၎င်းတို့ကို သင် ဝေဖန်၍မရ၊ အခြားတစ်ဦးတစ်ယောက်ထံ ထိုအကြောင်းကို ပြော၍မရ၊ သို့မဟုတ် ၎င်းတို့ကို အကျိုးသင့်အကြောင်းသင့် ပြော၍မရပေ။ သင်သည် ဤသို့ ချီတုံချတုံ ဖြစ်နေသည်နှင့်အမျှ ထိုကိစ္စရပ်က သင်၏ ဝန်ထုပ်ဖြစ်လာသည်။ အိမ်ထောင်ရေးနှင့် သားသမီးများအတွက် သင့်မိဘများ၏ တောင်းဆိုချက်များကို သင် မပြည့်မီနိုင်သရွေ့ သင့်မိဘများနှင့် ဘိုးဘေးများကို လိပ်ပြာသန့်သန့်ဖြင့် သင် ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ဟု အမြဲ ခံစားရလိမ့်မည်။ သင့်မိဘများ၏ တောင်းဆိုချက်များကို သင် မပြည့်မီလျှင်၊ ဆိုလိုသည်မှာ သင် ချစ်သူရည်းစား မထားရသေး၊ အိမ်ထောင်မပြုရသေးသကဲ့သို့ ကလေးများ မယူရသေးသည့်အပြင် ၎င်းတို့ တောင်းဆိုသကဲ့သို့ မိသားစုမျိုးရိုး ဆက်အောင် မလုပ်ရသေးပေ။ သင်သည် စိတ်ထဲတွင် ဖိအားခံစားရသည်။ သင်၏မိဘများက အမှုအရာများကို ဖြစ်လာသည့် အခြေအနေအရ လုပ်ဆောင်ရန် သင့်ကို လွတ်လပ်မှုပေးလျက် ဤကိစ္စရပ်များတွင် စွက်ဖက်မည်မဟုတ်ဟု ပြောမှသာလျှင် သင် အနည်းငယ် စိတ်အေးလက်အေးဖြစ်နိုင်သည်။ သို့ရာတွင် သင်၏ ဆွေမျိုးများ၊ မိတ်ဆွေများ၊ အတန်းဖော်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အခြားလူတိုင်းထံမှလာသည့် လူမှုရေးတုံ့ပြန်ချက်က သင့်ကို ရှုတ်ချရန်နှင့် သင့်နောက်ကွယ်တွင် သင့်အကြောင်း ပြောဆိုရန်ဖြစ်လျှင် ထိုအရာမှာလည်း သင့်အတွက် ဝန်ထုပ်တစ်ခု ဖြစ်သည်။ သင်သည် ၂၅ နှစ်ဖြစ်ပြီး အိမ်ထောင်မပြုရသေးချိန်တွင် ထိုအရာက သိပ်အရေးကြီးသည်ဟု သင် မထင်သော်လည်း အသက် ၃၀ ရောက်သည့်အခါ ထိုအရာက သိပ်မကောင်းဟု သင် စတင်ခံစားရသောကြောင့် ဤဆွေမျိုးများနှင့် မိသားစုဝင်များကို သင် ရှောင်ရှားပြီး ထိုအရာကို ထုတ်မပြောပေ။ ပြီးလျှင် အသက် ၃၅ နှစ်တွင် သင် အိမ်ထောင်မပြုရသေးလျှင် လူတို့က “သင် အဘယ်ကြောင့် အိမ်ထောင်မပြုသနည်း။ သင်နှင့်ပတ်သက်၍ မှားသည့်အရာတစ်ခုခု ရှိသလော။ သင်သည် လူထူးဆန်းတစ်မျိုး ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော”ဟု ပြောကြလိမ့်မည်။ သင် အိမ်ထောင်ပြုသော်လည်း သားသမီးမလိုချင်လျှင် ၎င်းတို့က “အိမ်ထောင်ပြုပြီးနောက်တွင် အဘယ်ကြောင့် ကလေးများ မရှိသနည်း။ အခြားလူများက အိမ်ထောင်ပြုပြီး သမီးတစ်ယောက် ရပြီးနောက် သားတစ်ယောက် ယူကြသည်၊ သို့မဟုတ် သားတစ်ယောက် ရပြီးနောက် သမီးတစ်ယောက်ယူကြသည်။ အဘယ်ကြောင့် သင် ကလေးမလိုချင်သနည်း။ သင် မည်သည့် ပြဿနာရှိသနည်း။ သင့်ထံတွင် လူ့ခံစားချက်တစ်ခုတလေ မရှိသလော။ သင်သည် ပုံမှန်လူတစ်ဦးပင် ဟုတ်ပါ၏လော”ဟု ဆိုကြလိမ့်မည်။ မိဘများထံမှလာသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းထံမှ လာသည်ဖြစ်စေ ဤပြဿနာများသည် မတူကွဲပြားသော ပတ်ဝန်းကျင်များနှင့် နောက်ခံများတွင် သင့်အတွက် ဝန်ထုပ်တစ်ခု ဖြစ်လာသည်။ သင်က တာဝန်ရှိသည်ဟု ခံစားရသည်၊ အထူးသဖြင့် အရွယ်တစ်ခုရလာသည့် အချိန်တွင် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အသက် သုံးဆယ်နှင့် လေးဆယ်ကြားတွင်ရှိပြီး အိမ်ထောင်မပြုရသေးလျှင် လူတို့ကို သင် မတွေ့ဆုံဝံ့ပေ။ ၎င်းတို့က “ထိုအမျိုးသမီးသည် သူမ၏ တစ်သက်လုံး အိမ်ထောင်မပြုဖူးပါ။ သူသည် အပျိုဟိုင်းကြီးတစ်ယောက်ဖြစ်သည်၊ မည်သူကမျှ သူ့ကို အလိုမရှိကြ၊ မည်သူကမျှ လက်ထပ်မည်မဟုတ်ပါ”၊ “ထိုလူလေ၊ သူသည် သူ့တစ်သက်လုံး မိန်းမမယူဖူးပါ”၊ “အဘယ်ကြောင့် သူတို့ အိမ်ထောင်မပြုကြသနည်း”၊ “မည်သူသိနိုင်မည်နည်း၊ သူတို့နှင့်ပတ်သက်၍ တစ်ခုခု မှားနေ၍ဖြစ်နိုင်သည်”ဟု ပြောကြသည်။ သင်က “ငါနှင့်ပတ်သက်၍ မှားယွင်းသည့်အရာ တစ်ခုမျှမရှိပါ။ သို့ဆိုလျှင် အဘယ်ကြောင့် ငါ အိမ်ထောင်မပြုသေးသနည်း။ ငါ့မိဘများကို ငါ နားမထောင်ခဲ့သကဲ့သို့ သူတို့ကို စိတ်ပျက်အောင် လုပ်ခဲ့မိသည်”ဟု တွေးဆသည်။ လူတို့က “ထိုလူ အိမ်ထောင်မပြုပါ၊ ထိုမိန်းကလေး အိမ်ထောင်မပြုပါ။ သူတို့ မိဘများ ယခု သနားဖွယ်ဖြစ်လိုက်ပုံကို ကြည့်ပါ။ အခြားမိဘများက မြေးများနှင့် မြစ်များရှိကြသော်လည်း သူတို့က တစ်ကိုယ်ရေတစ်ကာယ ဖြစ်ကြသေးသည်။ သူတို့၏ ဘိုးဘေးများသည် တစ်စုံတစ်ရာ ဆိုးဆိုးရွားရွားလုပ်ခဲ့၍ ဖြစ်ရမည်၊ ဟုတ်သလော။ ဤသည်မှာ မိသားစုကို အမွေခံသူမရှိဘဲ ထားခဲ့ခြင်း မဟုတ်လော။ မိသားစုမျိုးဆက်ကို ဆက်ရန် သူတို့တွင် မည်သည့် သားစဉ်မြေးဆက်မျှ ရှိမည်မဟုတ်ပါ။ ထိုမိသားစု ဘာပြဿနာများ ရှိကြသနည်း”ဟု ပြောကြသည်။ သင်၏ လတ်တလော သဘောထားက မည်မျှ တစ်ပြားသားမလျှော့ဘဲနေသည်ဖြစ်စေ သင်သည် သေမျိုး၊ သာမန်လူတစ်ဦးဖြစ်ပြီး ဤကိစ္စရပ်ကို နားလည်ရန် လုံလောက်သည့် သမ္မာတရား မရှိသရွေ့ ထိုအရာအားဖြင့် သင်သည် အနှေးနှင့်အမြန် စိတ်သောကရောက်ကာ စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မည်။ ယနေ့ခေတ်တွင် အိမ်ထောင်မပြုသေးသည့် အသက် ၃၄ သို့မဟုတ် ၃၅ နှစ်အရွယ်များစွာ လူ့အဖွဲ့အစည်းတွင်ရှိသည်၊ ယင်းမှာ အရေးကြီးသည့်ကိစ္စ မဟုတ်ပေ။ သို့သော် ၃၅ သို့မဟုတ် ၃၆ နှစ်နှင့် အထက်တွင် အိမ်ထောင်မပြုသေးသည့်လူ ပိုမိုနည်းပါးသွားသည်။ အိမ်ထောင်မပြုရသေးသည့် လူတို့၏ လက်ရှိ အသက်အရွယ် အပိုင်းအခြားအရ သင်သည် ၃၅ နှစ်အောက်ဖြစ်လျှင် “အိမ်ထောင်မပြုခြင်းက ပုံမှန်ဖြစ်သည်၊ ထိုအကြောင်းကို မည်သူကမျှ မည်သည့်အရာမျှ မပြောကြပါ။ ငါ့မိဘများက တစ်စုံတစ်ရာ ပြောချင်လျှင် ပြောကြပါစေ။ ငါ မကြောက်ပါ”ဟု တွေးကောင်းတွေးပေမည်။ သို့ရာတွင် အသက် ၃၅ နှစ်အရွယ်ကို သင် ကျော်လွန်သည်နှင့်တစ်ပြိုင်နက် လူတို့က သင့်ကို အမြင်တစ်မျိုးဖြင့် ကြည့်ကြလိမ့်မည်။ သင်သည် တစ်ကိုယ်ရေတစ်ကာယသမား၊ လူပျိုကြီးတစ်ယောက် သို့မဟုတ် ကျန်ရစ်ဖြစ်သော အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ပြောကြလိမ့်မည်ဖြစ်ပြီး ထိုအရာကို သင် ခံနိုင်မည် မဟုတ်။ ဤကိစ္စရပ်က သင့်အတွက် ဝန်ထုပ်တစ်ခု ဖြစ်လာလိမ့်မည်။ သင်သည် ဤကိစ္စရပ်အတွက် ရှင်းလင်းသည့် သိနားလည်မှု သို့မဟုတ် တိကျသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ မရှိလျှင် ထိုအရာသည် အနှေးနှင့်အမြန်ဆိုသလို သင့်အတွက် ဒုက္ခတစ်ခု ဖြစ်လာလိမ့်မည် သို့မဟုတ် ထိုအရာက သီးသန့်အချိန်တစ်ခု အတောအတွင်းတွင် သင့်ဘဝကို နှောင့်ယှက်လိမ့်မည်ဖြစ်သည်။ ဤအရာတွင် လူတို့နားလည်သင့်သည့် သမ္မာတရားအချို့ ပါဝင်သလော။ (ပါဝင်ပါသည်။)
အိမ်ထောင်ပြုခြင်းနှင့် ကလေးများယူခြင်းအရ လူတို့သည် ဤကိစ္စရပ်များက ဖြစ်ပေါ်စေသည့် ဝန်ထုပ်များကို လက်လွှတ်ရန်အလို့ငှာ မည်သည့်သမ္မာတရားများကို နားလည်သင့်သနည်း။ ဦးစွာပထမ အိမ်ထောင်ဖက် ရွေးချယ်ခြင်းကို လူ့အလိုဆန္ဒက သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ထိုအရာမှာ သင် တွေ့လိုသည့် မည်သည့်လူစားမျိုးကိုမဆို သွားရောက်ပြီး တွေ့ဆုံခြင်းမျှသာ မဟုတ်သကဲ့သို့ သင် လိုချင်သည့် လူစားမျိုး အတိအကျကို သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးလိမ့်မည်ဟူ၍လည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား သင်၏ အိမ်ထောင်ဖက် မည်သူဖြစ်မည်ဆိုသည်ကို ဘုရားသခင်က စီမံနှင့်ပြီးသား ဖြစ်သည်။ ရည်ရွယ်ထားသူ မည်သူဖြစ်စေ၊ ဖြစ်ရမည်ဖြစ်သည်။ သင့်မိဘများ၏ လိုအပ်ချက်များ သို့မဟုတ် ၎င်းတို့ အဆိုပြုသည့် သတ်မှတ်ချက်များက ဖြစ်စေသည့် မည်သည့်ဝင်ရောက်စွက်ဖက်မှုမဆို၏ ထိခိုက်ခြင်းကို သင် ခံရန် မလိုအပ်ပေ။ ထို့အပြင် သင့်မိဘများက သင့်ကို ရှာရန် စေခိုင်းသည့် ချမ်းလည်းချမ်းသာပြီး မြင့်မားသည့် အဆင့်အတန်းလည်း ရှိသော အိမ်ထောင်ဖက်သည် သင်၏ ကိုယ်ပိုင် အနာဂတ် ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းကို အဆုံးအဖြတ် ပေးနိုင်သလော။ (မပေးနိုင်ပါ။) မပေးနိုင်ပေ။ အမျိုးသမီး အတော်များများသည် ချမ်းသာကြွယ်ဝသော မိသားစုနှင့် အိမ်ထောင်ပြုခဲ့ပြီးမှ မောင်းထုတ်ခံရကာ လမ်းများပေါ်တွင် အမှိုက်ကောက်ရသည့်အဖြစ်သို့ ရောက်သွားကြသည်လည်း ရှိသည်။ ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သိက္ခာအတွက် လူမှုရေး လမ်းကြောင်းအဆင့်ဆင့်ကို တက်ရန် စဉ်ဆက်မပြတ်ကြိုးစားရင်း အဆုံးသတ်တွင် ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်း စုတ်ပြတ်သတ်သွားလျက် ပျက်စီးသွားကြသည်မှာ သာမန်လူများထက်ပင် များစွာ သာ၍ပင် ဆိုးဝါးသွားကြပေသည်။ ၎င်းတို့သည် စျေးပေါသော ပိတ်စအိတ်တစ်အိတ်ကို သယ်ဆောင်ကာ ပလတ်စတစ်ဘူးများနှင့် ဒန်ဘူးများ စုဆောင်းပြီးနောက် ယင်းတို့ကို ငွေအနည်းငယ်ဖြင့် အလဲအလှယ်လုပ်ကာ နောက်ဆုံးတွင် ချမ်းသာကြွယ်ဝသူတစ်ဦး၏ ဘဝကို ရှင်သန်နေကြဆဲဖြစ်ကြောင်း ခံစားနိုင်ရန်အလို့ငှာ ကော်ဖီဆိုင်တွင် ကော်ဖီတစ်ခွက်ဝယ်ရင်း မိမိတို့၏ နေ့ရက်များကို ကုန်ဆုံးကြလေသည်။ စိတ်မချမ်းမြေ့ဖွယ် ဖြစ်လိုက်လေခြင်းပါတကား။ အိမ်ထောင်ပြုခြင်းသည် တစ်ဦးတစ်ယောက်၏ ဘဝတွင် အရေးပါသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ အကြင်သူက မည်သည့် မိဘမျိုး ရှိမည်ဆိုသည်ကို ကံစီမံထားသကဲ့သို့ပင် အိမ်ထောင်ပြုခြင်းသည် သင်၏ မိဘများ၏ လိုအပ်ချက်များအပေါ်ဖြစ်စေ၊ သင်၏ မိသားစု၏ လိုအပ်ချက်များအပေါ်ဖြစ်စေ အခြေမခံသကဲ့သို့ သင်၏ ကိုယ်ရေးကိုယ်တာ အကြိုက်နှင့် နှစ်ခြိုက်မှုများပေါ် အခြေမခံပေ။ ဘုရားသခင်၏ စီမံမှုအတွင်းတွင် လုံးဝ ရှိပေသည်။ မှန်ကန်သည့်အချိန်တွင် မှန်ကန်သည့်လူကို သင် တွေ့ဆုံလိမ့်မည်။ သင့်တော်သည့်အချိန်တွင် သင်နှင့် သင့်တော်သည့်သူတစ်ဦးကို သင် ဆုံရလိမ့်မည်။ မမြင်ရသည့်၊ ထူးခြားဆန်းပြားသော လောက၏ ဤကြိုတင်စီစဉ်မှုများ အားလုံးက ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာအောက်တွင် ရှိ၏။ ဤကိစ္စရပ်တွင် လူတို့အနေဖြင့် အခြားသူများ၏ ကြိုတင်စီစဉ်မှုများကို အလေးဂရုပြုရန်၊ အခြားသူများ၏ ညွှန်ကြားပေးခြင်းကိုခံရန် သို့မဟုတ် ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် လွှမ်းမိုးခြင်းတို့ကို ခံရန် မလိုအပ်ပေ။ ထို့ကြောင့် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်မိဘများတွင် မည်သည့် မျှော်မှန်းချက်များ ရှိသည်ဖြစ်စေ၊ သင့်တွင် မည်သည့် အစီအစဉ်များ ရှိသည်ဖြစ်စေ၊ သင့်မိဘများ၏ လွှမ်းမိုးမှုခံရန် သင် မလိုအပ်သကဲ့သို့ သင်၏ ကိုယ်ပိုင် အစီအစဉ်များ၏ လွှမ်းမိုးခြင်းလည်း မခံသင့်ပေ။ ဤကိစ္စရပ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် လုံးဝ အခြေခံသင့်ပေသည်။ လက်တွဲဖော်တစ်ဦးကို သင် ရှာဖွေနေခြင်း ရှိမရှိဆိုသည်မှာ အရေးမကြီးပေ၊ လက်တွဲဖော်တစ်ယောက်ကို သင် ရှာဖွေနေလျှင်ပင် ထိုအရာသည် ဘုရားနှုတ်ကပတ်တော်အတိုင်း ဖြစ်သင့်၏၊ သင့်မိဘများ၏ တောင်းဆိုချက်များ သို့မဟုတ် လိုအပ်ချက်များအတိုင်း မဖြစ်သင့်သကဲ့သို့ ၎င်းတို့၏ မျှော်မှန်းချက်များအတိုင်းလည်း မဖြစ်သင့်ပေ။ ထို့ကြောင့် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်လာသည့်အခါ သင့်မိဘများ၏ မျှော်မှန်းချက်များသည် သင်၏ ဝန်ထုပ်ဖြစ်မလာသင့်ပေ။ အိမ်ထောင်ဖက်တစ်ဦးကို ရှာခြင်းသည် သင့်ကိုယ်ပိုင်ဘဝ၏ ကျန်ရှိသောအချိန်အတွက်၊ ပြီးလျှင် သင်၏ အိမ်ထောင်ဖက်အတွက် တာဝန်ကို လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းအကြောင်း ဖြစ်သည်။ သင့်မိဘများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခြင်း သို့မဟုတ် ၎င်းတို့၏ မျှော်မှန်းချက်များကို ပြီးပြည့်စုံစေခြင်းအကြောင်း မဟုတ်ပေ။ သင်သည် အိမ်ထောင်ဖက်တစ်ဦး ရှာဖွေခြင်း ရှိမရှိနှင့် မည်သည့် အိမ်ထောင်ဖက်မျိုးကို သင်ရွေးချယ်သည်တို့မှာ သင့်မိဘများ၏ မျှော်မှန်းချက်များအပေါ် အခြေမခံသင့်ချေ။ သင့်မိဘများသည် ဤကိစ္စရပ်တွင် သင့်ကို ထိန်းချုပ်ပိုင်ခွင့်မရှိ။ ဘုရားသခင်သည် ၎င်းတို့အား သင်၏ အိမ်ထောင်ရေးကို အစမှအဆုံးထိ စီစဉ်ရန် လုပ်ပိုင်ခွင့်ပေးမထားပေ။ အိမ်ထောင်ပြုခြင်းအတွက် လက်တွဲဖော်တစ်ဦးကို သင် ရှာဖွေနေလျှင် ဘုရားနှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။ လက်တွဲဖော်တစ်ဦးကို မရှာဖွေဖို့ သင် ရွေးချယ်လျှင် ယင်းမှာ သင်၏ လွတ်လပ်ခွင့်ဖြစ်၏။ သင်က “ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ တစ်ကိုယ်ရေတစ်ကာယ ဖြစ်ခြင်းကိုသာ ကျွန်ုပ် ကြိုက်ပါသည်။ ကိုယ့်ဘာသာကိုယ် နေခြင်းသည် အလွန် လွတ်လပ်သည်။ ငှက်တစ်ကောင်ကဲ့သို့ပင် ကျွန်ုပ်၏ အတောင်များ တစ်ချက်ခတ်ရုံဖြင့် ထိုအတိုင်း ပျံသန်းသွားနိုင်သည်။ မိသားစုနှင့်ပတ်သက်၍ ကျွန်ုပ် ဝန်လေးခြင်းမရှိသကဲ့သို့ မည်သည့်နေရာ သွားသွား ကျွန်ုပ် တစ်ယောက်တည်းသွားသည်။ အလွန်ကောင်း၏။ ကျွန်ုပ် တစ်ကိုယ်တည်းဖြစ်သော်လည်း အထီးမကျန်ပါ။ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်ကို အဖော်ပြုပေးနေသည့် ဘုရားရှိသည်။ ကျွန်ုပ်သည် မကြာခဏ အထီးကျန်နေခြင်း မဟုတ်ပါ။ အခါအားလျော်စွာ ကျွန်ုပ်သည် လောကနှင့် လုံးဝ အဆက်အသွယ်ပြတ်နေသလို ခံစားရပြီး ယင်းမှာ ခန္ဓာကိုယ်က လိုအပ်သည့်အရာ ဖြစ်သည်။ လောကနှင့် လုံးဝ အဆက်အသွယ်ပြတ်ရန် အချိန်ယူခြင်းသည် မကောင်းသည့်အရာတစ်ခု မဟုတ်ပါ။ မကြာခဏဆိုသလို ကျွန်ုပ်သည် ဟာတာတာဖြစ်ပြီး အထီးကျန်သည့်အခါ ဘုရားသခင်နှင့် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ပြောဆိုကာ စကားအနည်းငယ် ဝေမျှဖို့ သူ့ရှေ့မှောက်သို့ ကျွန်ုပ် သွားမည်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်မည်၊ ဓမ္မတေးများကို သင်ယူမည်၊ ဘဝအတွေ့အကြုံများနှင့်ဆိုင်သော သက်သေခံချက် ဗီဒီယိုများကို ကြည့်ရှုမည်ဖြစ်ပြီး ဘုရားအိမ်တော်မှဖြစ်သော ရုပ်ရှင်များကို ကြည့်မည်။ ထိုအရာမှာ အလွန်ကောင်းပြီး၊ ထို့နောက်တွင် ကျွန်ုပ် အထီးကျန်ခြင်း မခံစားရတော့ပါ။ နောက်ပိုင်းတွင် ကျွန်ုပ် အထီးကျန်မည်လော၊ အထီးမကျန်မည်လောဟူသည်နှင့်ပတ်သက်၍ ကျွန်ုပ် ဂရုမစိုက်ပါ။ မည်သို့ဆိုစေ ယခု ကျွန်ုပ် အထီးမကျန်ပါ။ ကျွန်ုပ် အနီးအနားတွင် စိတ်ရင်းအတိုင်း စကားစမြည် ပြောဆို၍ရသည့် ညီအစ်ကို မောင်နှမများစွာ ရှိသည်။ အိမ်ထောင်ဖက် ရှာဖွေခြင်းက အတော် ဒုက္ခဖြစ်စေနိုင်သည်။ ကောင်းမွန်သည့် ဘဝတစ်ခုကို လေးနက်စွာ အသက်ရှင်နိုင်သည့် ပုံမှန်လူ သိပ်မများသောကြောင့် ကျွန်ုပ်လည်း ထိုသို့သောသူကို မရှာချင်ပါ။ တစ်စုံတစ်ဦးကို ရှာတွေ့ပြီး ပေါင်းဖက်၍ မရနိုင်ဘဲ ကွာရှင်းရလျှင် ထိုကသီလင်တဖြစ်ခဲ့ရခြင်း အားလုံး၏ ရည်ရွယ်ချက်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ဤအချက်ကို ရိပ်စားမိနှင့်ပြီးနောက်တွင် လက်တွဲဖော်မရှာခြင်းက ပိုကောင်းပါသည်။ တစ်စုံတစ်ဦးကို လက်ထပ်ရန် ရှာဖွေခြင်း၏ ရည်ရွယ်ချက်က ခဏတာ ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်ခြင်းအတွက်သာ ဖြစ်ပြီး မည်သို့ဆိုစေ ကွာရှင်းခြင်းဖြင့် အဆုံးသတ်သွားရလျှင် ယင်းမှာ ကသီလင်တ ဖြစ်ခြင်းတစ်ခုသာဖြစ်ပြီး ထိုသို့သော ကသီလင်တဖြစ်ခြင်းမျိုးကို သည်းညည်းခံရန် ကျွန်ုပ် လိုလားနေခြင်းမရှိပါ။ ကလေးများယူခြင်း ကိစ္စအတွက်မူ လူသားတစ်ဦးအနေဖြင့် အမွေခံသူများကို မွေးထုတ်သည့် တန်ဆာပလာတစ်ခုမျှသာ မဟုတ်သဖြင့် ကျွန်ုပ်၏မိသားစု မျိုးဆက်ကို သယ်ဆောင်ရန်မှာ ကျွန်ုပ်၏ တာဝန်မဟုတ်သကဲ့သို့ ဝတ္တရားလည်း မဟုတ်ပါ။ မျိုးဆက်ကို သယ်ဆောင်လိုသူ မည်သူမဆို ဆက်လက်၍ လုပ်ဆောင်နိုင်သည်။ မည်သည့် မိသားစုနာမည်ကမျှ လူတစ်ဦးတည်းနှင့် မသက်ဆိုင်ပါ”ဟု ပြောသည်။ မိသားစု မျိုးရိုး အဆက်ပြတ်သွားလျှင် အဘယ်အရေးနည်း။ ဇာတိပကတိနှင့်ဆိုင်သော မိသားစုနာမည်နှင့် ပတ်သက်သည့် ကိစ္စတစ်ခုသာ ဖြစ်သည် မဟုတ်လော။ ဝိညာဉ်များသည် အချင်းချင်း ဆက်နွှယ်မှုများ မရှိပေ။ ၎င်းတို့ကြားတွင် ပြောစရာ အမွေဆက်ဆံခြင်း သို့မဟုတ် အဆက် မရှိပေ။ လူသားမျိုးနွယ်တွင် ဘိုးဘေးတစ်ယောက်သာ ရှိသည်။ လူတိုင်းသည် ထိုဘိုးဘေး၏ သားစဉ်မြေးဆက်တစ်ဦး ဖြစ်သောကြောင့် လူသားမျိုးနွယ်၏ မျိုးရိုး အဆုံးသတ်ရန် အကြောင်းမရှိပေ။ မျိုးရိုးတစ်ခုကို သယ်ဆောင်ခြင်းသည် သင်၏ တာဝန်မဟုတ်။ ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ လွတ်လပ်ပြီး လွတ်မြောက်သည့် ဘဝတစ်ခုကို အသက်ရှင်ခြင်းနှင့် စစ်မှန်သည့် အဖန်ဆင်းခံတစ်ဦးဖြစ်ခြင်းတို့သည် လူတို့ လိုက်စားသင့်သည့်အရာများ ဖြစ်သည်။ လူသားမျိုးနွယ် မျိုးပွာ;ခြင်းအတွက် စက်တစ်ခုဖြစ်ခြင်းသည် သင် ထမ်းရွက်သင့်သည့် ဝန်ထုပ်တစ်ခု မဟုတ်။ အချို့သော မိသားစုအတွက် မိသားစု မျိုးရိုးတစ်ခုကို မျိုးပွားရန် သို့မဟုတ် ဆက်ရန်မှာလည်း သင်၏ တာဝန် မဟုတ်ပေ။ ဘုရားသခင်က ဤတာဝန်ကို သင့်အား ပေးထားခြင်း မရှိ။ လိင်ဆက်ဆံမှုဖြင့် မျိုးပွားလိုသူ မည်သူမဆို ဆက်လက်၍ လိင်ဆက်ဆံမှုဖြင့် မျိုးပွားနိုင်သည်။ မိမိတို့၏ မျိုးရိုးကို ဆက်လိုသူ မည်သူမဆို ဆက်နိုင်သည်။ ထိုတာဝန်ကို ယူရန် လိုလားနေသူ မည်သူမဆို ယူနိုင်သည်။ ယင်းမှာ သင်နှင့် ဘာမျှ ပတ်သက်ခြင်းမရှိ။ ထိုတာဝန်ကို ယူရန် သင် လိုလားနေခြင်းမရှိသကဲ့သို့ ဤဝတ္တရားကို ဖြည့်ဆည်းရန် လိုလားနေခြင်းမရှိလျှင် ယင်းမှာ ကိစ္စမရှိ၊ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည် မဟုတ်လော။ (သင့်တင့်လျောက်ပတ်ပါသည်။) သင်၏ မိဘများက နားပူနားဆာ ဆက်လုပ်နေလျှင် ၎င်းတို့ကို သင် ပြောနိုင်သည်။ “သင်တို့အတွက် မိသားစုမျိုးရိုးကို ကျွန်ုပ် မျိုးပွားကာ မျိုးဆက်ဆက်ခြင်းမရှိဟု သင် မကျေမချမ်းဖြစ်နေလျှင် နောက်ထပ် ကလေးရမည့် နည်းလမ်းကို အဖြေရှာပြီး ထိုကလေးက ဆက်လက်၍ မျိုးရိုးဆက်ပါစေ။ မည်သို့ဆိုစေ ဤကိစ္စသည် ကျွန်ုပ် အလေးထားသည့်အရာ မဟုတ်ပါ။ သင် အလိုရှိသည့် မည်သူကိုမဆို သင် တာဝန်ပေးနိုင်သည်”ဟူ၍ဖြစ်သည်။ ဤအရာကို ပြောပြီးနောက်တွင် သင်၏ မိဘများတွင် တုံ့ပြန်စရာ ဘာမျှမရှိဘဲ နေလိမ့်မည် မဟုတ်လော။ ၎င်းတို့ သားသမီးများ၏ အိမ်ထောင်ပြုခြင်း၊ ကလေးယူခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ လူတစ်ဦး၏ ကြွယ်ဝချမ်းသာခြင်း သို့မဟုတ် ဆင်းရဲခြင်း၊ ကလေးအရေအတွက်နှင့် ဘဝတွင် အိမ်ထောင် ရှိမရှိဆိုသည်တို့ကို ကောင်းကင်ဘုံက ဆုံးဖြတ်ထားခြင်းဖြစ်သည်ကို မိဘများက ၎င်းတို့၏ အိုမင်းသော အရွယ်တွင် သိသင့်ကြပေသည်။ ထိုအရာအားလုံးကို ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ကာ မည်သူမဆို ဆုံးဖြတ်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် မိဘများက ၎င်းတို့၏ သားသမီးများထံ အမှုအရာများကို ဤသို့ အတင်းအဓမ္မ တောင်းဆိုလျှင် ၎င်းတို့သည် ဧကန် မသိနားမလည်သော မိဘများဖြစ်သည်၊ မိုက်မဲပြီး နုံအကြပေသည်။ မိုက်မဲပြီး နုံအသောမိဘများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ၎င်းတို့ ပြောသည့်အရာကို လေအဝှေ့တစ်ချက်လိုသာ သဘောထားပြီး နားတစ်ဖက်မှထည့်ကာ တစ်ဖက်မှ ထုတ်လော့၊ ပြီးလျှင် အဆုံးသတ်ပြီဖြစ်သည်။ ၎င်းတို့ အလွန် နားပူနားဆာ လုပ်လွန်းလျှင် သင်က “ကောင်းပါပြီ၊ သင့်ကို ကျွန်ုပ် ကတိပေးပါသည်၊ မနက်ဖြန်တွင် ကျွန်ုပ် အိမ်ထောင်ပြုမည်ဖြစ်ပြီး နောက်တစ်နေ့တွင် မြစ်တစ်ဦးကို သင့်အား ချီရစေမည်။ အဘယ်သို့နည်း”ဟု ပြောနိုင်သည်။ ၎င်းတို့ကို ပြေရာပြေကြောင်းသာ ပြောပြီးနောက် လှည့်ကာ ထွက်သွားလော့။ ယင်းမှာ ထိုအရာကို စိတ်တည်ငြိမ်သော ကိုင်တွယ်ပုံကိုင်တွယ်နည်းတစ်ခု မဟုတ်လော။ မည်သို့ဆိုစေ ဤကိစ္စရပ်ကို အကုန်အစင် သင် သိမြင်ရမည်ဖြစ်သည်။ အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်သရွေ့ ထိုအိမ်ထောင်ပြုခြင်းကို ဘုရားသခင် စီမံထားခြင်းဖြစ်သည်ဟူသော အချက်ကို ဦးစွာပထမ ဘေးဖယ်ထားကြစို့။ ဤကိစ္စရပ်အပေါ် ဘုရားသခင်၏ သဘောထားမှာ လူတို့အား မိမိတို့ဘာသာ ရွေးချယ်ပိုင်ခွင့်ပေးရန် ဖြစ်သည်။ သင့်အနေဖြင့် တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ရန် ရွေးချယ်နိုင်သည် သို့မဟုတ် အိမ်ထောင်ပြုရန် သင် ရွေးချယ်နိုင်သည်။ ဘဝကို စုံတွဲတစ်တွဲအဖြစ် အသက်ရှင်ရန် သင် ရွေးချယ်နိုင်သည် သို့မဟုတ် မိသားစုကြီးတစ်ခု ရှိရန် သင် ရွေးချယ်နိုင်သည်။ ဤသည်မှာ သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ ဤရွေးချယ်မှုများကို ပြုလုပ်ခြင်းအတွက် သင်၏ အခြေခံအကြောင်းရင်းက မည်သည့်အရာ ဖြစ်စေ၊ မည်သည့် ရည်ရွယ်ချက်၊ သို့မဟုတ် ရလဒ်ကို သင် စွမ်းဆောင်ရရှိလိုသည်ဖြစ်စေ အတိုချုပ်ပြောရလျှင် ဤလုပ်ပိုင်ခွင့်ကို သင့်အား ဘုရားသခင်က ပေးထားခြင်း ဖြစ်၏။ သင့်ထံတွင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ သင်က “ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်သည့်အလုပ်ဖြင့် ကျွန်ုပ် အလုပ်များလွန်းသည်၊ ကျွန်ုပ် ငယ်ရွယ်သေးပြီး အိမ်ထောင်မပြုချင်ပါ။ ကျွန်ုပ် တစ်ကိုယ်ရေတစ်ကာယ နေချင်သည်၊ မိမိကိုယ်ကို ဘုရားသခင်အတွက် အချိန်ပြည့် အသုံးတော်ခံပြီး ကျွန်ုပ်၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ချင်ပါသည်။ နောက်ပိုင်းတွင် အိမ်ထောင်ပြုခြင်းနှင့်ဆိုင်သော ကြီးမားသည့် ကိစ္စကို ကျွန်ုပ် ကိုင်တွယ်ဖြေရှင်းပါမည်။ ကျွန်ုပ် အသက် ငါးဆယ်ရှိပြီး အထီးကျန်ခံစားရသည့်အခါ ပြောစရာများစွာရှိသော်လည်း ကျွန်ုပ် ပြောသောစကားအတွက် ထွက်ပေါက်မရှိသည့်အခါ တစ်စုံတစ်ဦးကို ကျွန်ုပ် ရှာပါမည်”ဟု ပြောလျှင် ယင်းမှာလည်း ကိစ္စမရှိသကဲ့သို့ ဘုရားသခင်က သင့်ကို ရှုတ်ချလိမ့်မည် မဟုတ်။ သင်က “ကျွန်ုပ်၏ ငယ်ရွယ်မှုကို တစ်စတစ်စ လက်လွတ်ဆုံးရှုံးနေသကဲ့သို့ ခံစားရသည်၊ ကျွန်ုပ်၏ ငယ်ရွယ်မှု အစွန်အဖျားကို ကျွန်ုပ် လက်မလွှတ်တမ်း အသုံးချရမည်။ ကျွန်ုပ် ငယ်ရွယ်ပြီး ရုပ်ခံတစ်ခုခုရှိကာ ဆွဲဆောင်မှုအနည်းငယ် ရှိနေသေးချိန်တွင် ကျွန်ုပ်ကို အဖော်ပြုကာ စကားစမြည် ပြောပေးမည့် အဖော်တစ်ယောက်ယောက်၊ ကျွန်ုပ်ကို မြတ်နိုးပြီး ချစ်သည့်၊ ကျွန်ုပ်၏ နေ့ရက်များကို အတူကျော်ဖြတ်ပြီး အိမ်ထောင်ပြု၍ရမည့် တစ်စုံတစ်ယောက်ကို ကျွန်ုပ် အမြန် ရှာသင့်သည်”ဟု ပြောလျှင် ယင်းမှာလည်း သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ အချက်တစ်ခု ရှိသည်မှာ ပြောစရာမလိုပေ။ သင့်အနေဖြင့် အိမ်ထောင်ပြုရန် ဆုံးဖြတ်လျှင် အသင်းတော်အတွင်း၌ လတ်တလော မည်သည့်တာဝန်များ သင် ထမ်းဆောင်နေသည်၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်သည်လော၊ ဘုရားအိမ်တော်အတွင်းတွင် ပျိုးထောင်ပေးခြင်းအတွက် သင် အရွေးချယ်ခံရပြီးဖြစ်သလော၊ အရေးကြီးသည့် အလုပ် သို့မဟုတ် တာဝန်များကို သင် တာဝန်ယူဆောင်ရွက်နေခြင်း ရှိမရှိ၊ မည်သည့် အလုပ်တာဝန်များကို လတ်တလော သင် ရရှိပြီးဖြစ်သည်ဆိုသည်နှင့် သင်၏ လက်ရှိ အခြေအနေများက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ပထမဆုံး သေချာစွာ စဉ်းစားရန် လိုအပ်သည်။ သင်သည် အိမ်ထောင်ပြုလျှင် ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုကို လွှမ်းမိုးလိမ့်မည်လော။ ထို့နောက် သင်၏ သမ္မာတရား လိုက်စားမှုကိုလည်း လွှမ်းမိုးလိမ့်မည်လော။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်၏ အလုပ်ကို ထိုအရာက သက်ရောက်မှုရှိလိမ့်မည်လော။ သင်၏ ကယ်တင်ခြင်း ရရှိခြင်းကို သက်ရောက်လိမ့်မည်လော။ ဤသည်တို့မှာ သင် စဉ်းစားရန် လိုအပ်သည့် မေးခွန်းများ ဖြစ်သည်။ ဘုရားသခင်က ထိုသို့သော လုပ်ပိုင်ခွင့်ကို သင့်အား ပေးထားပြီးဖြစ်သော်လည်း ဤလုပ်ပိုင်ခွင့်ကို သင် ကျင့်သုံးသည့်အခါ မည်သည့် ရွေးချယ်မှုကို သင်ပြုလုပ်တော့မည်ဆိုသည်နှင့် ဤရွေးချယ်မှုက မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်ဆိုသည်တို့ကို သေချာစွာ စဉ်းစားရန် လိုအပ်သည်။ ဖြစ်ပေါ်နိုင်သည့် အကျိုးဆက်များ မည်သည့်အရာဖြစ်လင့်ကစား အခြားသူများကို သင် အပြစ်မတင်သင့်သကဲ့သို့ ဘုရားသခင်ကိုလည်း အပြစ်မတင်သင့်ပေ။ သင့်ကိုယ်ပိုင် ရွေးချယ်မှုများ၏ အကျိုးဆက်များအတွက် သင် တာဝန်ယူသင့်သည်။ လူအချို့က “ကျွန်ုပ် အိမ်ထောင်ပြုမည်သာမက ကလေးတစ်ပြုံတစ်မလည်း ယူချင်သေးသည်။ သားတစ်ယောက်ရပြီးနောက်တွင် သမီးတစ်ယောက် ယူမည်ဖြစ်ပြီး ဝမ်းမြောက်ခြင်းနှင့် စိတ်သဘောညီညွတ်ခြင်းဖြင့် အချင်းချင်း ဆက်လက် အဖော်ပြုလျက် တစ်သက်တာအတွက် မိသားစုအနေဖြင့် ပျော်ရွှင်စွာ အသက်ရှင်နေထိုင်သွားမည်ဖြစ်သည်။ ကျွန်ုပ် အိုမင်းသည့်အခါ ကျွန်ုပ်ကို ပြုစုစောင့်ရှောက်ဖို့ ကျွန်ုပ်၏ သားသမီးများက အနီးအနားတွင် စုဝေးကြလိမ့်မည်ဖြစ်ပြီး မိသားစုဘဝ၏ ချမ်းမြေ့ပျော်ရွှင်မှုကို ကျွန်ုပ် မွေ့လျော်ခံစားလိမ့်မည်။ ယင်းမှာ အလွန်ပင် နှစ်သက်ပျော်ရွှင်ဖွယ် ဖြစ်လိမ့်မည်တကား။ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းတို့အတွက်မူ ထိုအရာအားလုံးက သာမညဖြစ်သည်။ ယခု ထိုအရာများကို ကျွန်ုပ် မပူပန်ပါ။ သားသမီးများ ရှိခြင်း ကိစ္စကို ဦးစွာပထမ ကျွန်ုပ် ဖြေရှင်းမည် ဖြစ်သည်”ဟု ပြောကြသည်။ ယင်းမှာလည်း သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သို့သော် အဆုံးတွင် သင်၏ ရွေးချယ်မှုများက မည်သည့်အကျိုးဆက်များကို သင့်ထံ ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ယင်းတို့က ခါးသီးသည်ဖြစ်စေ၊ ချိုမြိန်သည်ဖြစ်စေ၊ ချဉ်သည်ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ ယင်းတို့ကို သင်ကိုယ်တိုင် သည်းညည်းခံရမည်ဖြစ်သည်။ သင်၏ ရွေးချယ်မှုများအတွက် ဘုရားသခင်အပါအဝင် မည်သူကမျှ ဝင်ခံပေးလိမ့်မည်မဟုတ် သို့မဟုတ် ယင်းတို့အတွက် တာဝန်ယူပေးလိမ့်မည် မဟုတ်ပေ။ နားလည်သလော။ (နားလည်ပါသည်။) ဤကိစ္စရပ်များကို ရှင်းလင်းစွာ ရှင်းပြထားပြီးဖြစ်သည်။ အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်း၍ သင် လက်လွှတ်သင့်သည့် ဝန်ထုပ်များကို လက်လွှတ်သင့်သည်။ တစ်ကိုယ်ရေတစ်ကာယဖြစ်ရန် ရွေးချယ်ခြင်းသည် သင်၏ လွတ်လပ်ခွင့်ဖြစ်သည်၊ အိမ်ထောင်ပြုရန် ရွေးချယ်ခြင်းသည်လည်း သင်၏ လွတ်လပ်ခွင့်ဖြစ်ပြီး သားသမီးများစွာရှိရန် ရွေးချယ်ခြင်းသည် သင်၏ လွတ်လပ်ခွင့်ပင် ဖြစ်သည်။ သင်၏ ရွေးချယ်မှုက မည်သည့်အရာ ဖြစ်နိုင်သည်ဖြစ်စေ ထိုအရာမှာ သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ တစ်ဖက်တွင် အိမ်ထောင်ပြုရန် ရွေးချယ်ခြင်းအားဖြင့် သင့်မိဘများ၏ ကြင်နာမှုကို သင် ပြန်ဆပ်ရမည် သို့မဟုတ် သင်၏ သားသမီးဝတ်တာဝန်ကို သင် ဖြည့်ဆည်းရမည်ဟု မဆိုလိုပေ။ တစ်ကိုယ်ရေတစ်ကာယဖြစ်ရန် ရွေးချယ်ခြင်းက သင်သည် သင်၏ မိဘများကို အာခံနေသည်ဟုလည်း မဆိုလိုသည်မှာ အမှန်ဖြစ်၏။ အခြားတစ်ဖက်တွင် အိမ်ထောင်ပြုခြင်းထဲသို့ ဝင်ရောက်ရန် သို့မဟုတ် သားသမီးများစွာရှိရန် ရွေးချယ်ခြင်းသည် ဘုရားသခင်ကို မနာခံခြင်းမဟုတ်သကဲ့သို့ သူ့ကို အာခံခြင်းလည်း မဟုတ်ပေ။ ထိုအတွက် သင် ရှုတ်ချခံရလိမ့်မည် မဟုတ်။ တစ်ကိုယ်ရေတစ်ကာယဖြစ်ရန် ရွေးချယ်ခြင်းသည်လည်း ဘုရားသခင်က သင့်ကို နောက်ဆုံးတွင် ကယ်တင်ခြင်းပေးသည့် အကြောင်းရင်း ဖြစ်လိမ့်မည် မဟုတ်။ အတိုချုပ်ပြောရလျှင် သင် တစ်ကိုယ်ရေတစ်ကာယသမားဖြစ်သည်ဖြစ်စေ၊ အိမ်ထောင်ရှိသည်ဖြစ်စေ၊ သားသမီးများစွာရှိသည်ဖြစ်စေ၊ ဘုရားသခင်သည် ဤအချက်များပေါ်အခြေခံ၍ နောက်ဆုံးတွင် သင် ကယ်တင်ခြင်း ရရှိနိုင်ခြင်းရှိမရှိဟူသည်ကို ဆုံးဖြတ်လိမ့်မည် မဟုတ်။ ဘုရားသခင်သည် သင်၏ အိမ်ထောင်ရေးဆိုင်ရာ နောက်ခံ သို့မဟုတ် အိမ်ထောင်ရှိမရှိဟူသည်ကို မကြည့်ပေ။ သင့်အနေဖြင့် သမ္မာတရား လိုက်စားခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထား၊ သမ္မာတရား မည်မျှ သင် ရရှိပြီးဖြစ်ကာ နာခံပြီးဖြစ်သည်ဆိုသည်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း သင် ပြုမူဆောင်ရွက်ခြင်း ရှိမရှိဟူသည်တို့ကိုသာ သူ ကြည့်သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သင် ကယ်တင်ခံရမည်၊ မခံရမည်ကို ဆုံးဖြတ်ရန် ဘဝတွင်ရှိသော လမ်းကြောင်း၊ သင် အသက်ရှင်သည့် စည်းမျဉ်းများနှင့် သင် ရွေးချယ်ထားပြီးဖြစ်သည့် သင် ရှင်သန်ရာ စည်းမျဉ်းများကို ဆန်းစစ်ဖို့ သင်၏ အိမ်ထောင်ရှိမရှိဟူသည်ကိုလည်း ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ ငါတို့ ဖော်ပြရမည့် အချက်တစ်ခု ရှိသည်မှာ အမှန်ဖြစ်၏။ တစ်ကိုယ်ရေတစ်ကာယသမားဖြစ်သူ သို့မဟုတ် ကွာရှင်းထားသူများအတွက် အိမ်ထောင်မပြုသေးသူ သို့မဟုတ် အိမ်ထောင်သည်ဘဝကို စွန့်ခွာခဲ့သူ၌ ဖြစ်သည့်အားလျော်စွာ ၎င်းတို့တွင် အားသာချက် တစ်ခုရှိသည်။ ယင်းမှာ အိမ်ထောင်ရေး၏ ကန့်သတ်ဘောင်အတွင်းရှိ မည်သူအတွက်မျှ သို့မဟုတ် မည်သည့်အရာအတွက်မျှ ၎င်းတို့ တာဝန်ယူရန် မလိုအပ်ခြင်းဖြစ်သည်။ ဤတာဝန်နှင့် ဝတ္တရားများကို ၎င်းတို့ သယ်ပိုးရန် မလိုအပ်ပေ။ ထို့ကြောင့် ၎င်းတို့သည် အတော်အတန် သာ၍ လွတ်လပ်ပေသည်။ ၎င်းတို့သည် အချိန်အရ လွတ်လပ်မှု သာ၍ ရှိသည်၊ အားအင်အရ သာ၍ အလျှံပယ်ရှိပြီး အတိုင်းအတာတစ်ခုခုထိ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် သာ၍ ရှိလေသည်။ ဥပမာအားဖြင့် အရွယ်ရောက်သူတစ်ဦးအဖြစ် သင်၏တာဝန်များကို ထမ်းဆောင်ရန် သင် အပြင်ထွက်သည့်အခါ မည်သူကမျှ သင့်ကို ချုပ်ချယ်၍မရပေ၊ သင်၏ မိဘများပင်လျှင် ဤလုပ်ပိုင်ခွင့်မရှိပေ။ ဘုရားသခင်ထံ သင့်ဘာသာ ဆုတောင်းသည်၊ သူသည် သင့်အတွက် အစီအစဉ်များ ပြုလုပ်ပေးလိမ့်မည်ဖြစ်ပြီး သင်သည် အထုပ်အပိုးများ ပြင်ကာ ထွက်ခွာနိုင်သည်။ သို့ရာတွင် သင်သည် အိမ်ထောင်ပြုပြီး မိသားစုရှိလျှင် ထိုမျှ မလွတ်လပ်ပေ။ ၎င်းတို့အတွက် သင် တာဝန်ယူရမည်ဖြစ်သည်။ ဦးစွာပထမ အသက်ရှင်နေထိုင်မှု အခြေအနေများနှင့် ငွေရေးကြေးရေး ရင်းမြစ်များအရ သင်သည် ၎င်းတို့အတွက် အနည်းဆုံး အစားအစာနှင့် အဝတ်အထည် ထောက်ပံ့ပေးရမည်ဖြစ်ပြီး သင်၏ သားသမီးများ ငယ်ရွယ်ချိန်တွင် ကျောင်းသို့ ပို့ရမည်ဖြစ်သည်။ သင်သည် ဤတာဝန်များကို ယူရမည်ဖြစ်သည်။ ဤအခြေအနေများတွင် အိမ်ထောင်ရှိသူများသည် ဖြည့်ဆည်းရမည့် လူမှုရေးနှင့် မိသားစု ဝတ္တရားများ ရှိကြသောကြောင့် မလွတ်လပ်ကြပေ။ အိမ်ထောင်မရှိသကဲ့သို့ သားသမီးမရှိသူများအတွက် သာ၍ ရိုးရှင်း၏။ ဘုရားအိမ်တော်၌ မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ၎င်းတို့ ဆာလောင်လိမ့်မည် မဟုတ်၊ ချမ်းအေးလိမ့်မည်မဟုတ်ပေ။ ၎င်းတို့တွင် အစားအစာရော၊ အမိုးအကာပါ ရှိကြလိမ့်မည်။ ၎င်းတို့သည် မိသားစုဘဝ လိုအပ်ချက်များကြောင့် ဟိုသည်ပြေးလွှားပြီး ငွေရှာကာ အလုပ်လုပ်ရန် မလိုအပ်ပေ။ ယင်းမှာ ကွာခြားချက်ဖြစ်၏။ အဆုံးတွင် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်လာသည့်အခါ လိုရင်းက မပြောင်းမလဲ ရှိနေသည်။ မည်သည့်တာဝန်ကိုမျှ သင် မထမ်းရွက်သင့်ပေ။ သင့်မိဘများ၏ မျှော်မှန်းချက်များဖြစ်စေ၊ လူမှုအဖွဲ့အစည်းမှ ရိုးရာ အမြင်များဖြစ်စေ၊ သင်၏ လွန်ကဲသော စိတ်ဆန္ဒများဖြစ်စေ မည်သည့် တာဝန်ကိုမျှ သင် မထမ်းသင့်ပေ။ တစ်ကိုယ်ရေတစ်ကာယဖြစ်ရန်ဖြစ်စေ၊ အိမ်ထောင်ပြုရန်ဖြစ်စေ ရွေးချယ်ရမှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး တစ်ကိုယ်ရေတစ်ကာယသမား ဖြစ်ခြင်းကို မည်သည့်အချိန်တွင် စွန့်ခွာမည်ဆိုသည်နှင့် မည်သည့်အချိန်တွင် အိမ်ထောင်ပြုမည်ဆိုသည်တို့ကို ဆုံးဖြတ်ရန်မှာလည်း သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ ဘုရားသခင်သည် ဤကိစ္စရပ်နှင့် ပတ်သက်၍ ပြည့်စုံခိုင်လုံသော စီရင်ချက်ကို မပြုပေ။ အိမ်ထောင်ပြုပြီးနောက်တွင် သားသမီးမည်မျှ ယူသည်ဆိုသည်အတွက်မူ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်သော်လည်း သင်၏ လက်တွေ့ကျသော အခြေအနေများနှင့် လိုက်စားမှုများပေါ် အခြေခံ၍ မိမိဘာသာလည်း သင် ရွေးချယ်နိုင်ပေသည်။ ဘုရားသခင်သည် သင့်အပေါ် စည်းမျဉ်းများ ချမှတ်လိမ့်မည် မဟုတ်။ သင်သည် သန်းကြွယ် သူဌေးတစ်ဦး၊ သန်းပေါင်းများစွာကြွယ်ဝသူတစ်ဦး သို့မဟုတ် ဘီလျံနာ သူဌေးတစ်ဦးဖြစ်ပြီး သင်က “သားသမီး ရှစ်ယောက်၊ သို့မဟုတ် ဆယ်ယောက်ရှိခြင်းက ကျွန်ုပ်အတွက် ပြဿနာမဟုတ်ပါ။ ကလေးတစ်ပြုံတစ်မကို ပြုစုပျိုးထောင်ခြင်းက ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွက် ကျွန်ုပ်၏ စွမ်းအားကို ထိခိုက်မည်မဟုတ်ပါ”ဟု ပြောသည်ဆိုပါစို့။ သင့်အနေဖြင့် ကသီလင်တဖြစ်ခြင်းကို မကြောက်လျှင် ဆက်၍သာ ကလေးများကို ယူလော့။ ဘုရားသခင်က သင့်ကို ရှုတ်ချလိမ့်မည် မဟုတ်။ အိမ်ထောင်ပြုခြင်းအပေါ် သင်၏ သဘောထားများကြောင့် သင်၏ ကယ်တင်ခြင်းအပေါ် သူ၏ သဘောထားကို ဘုရားသခင် ပြောင်းလဲလိမ့်မည် မဟုတ်။ ယင်းမှာ ထိုသို့ဖြစ်ပေသည်။ ဤသည်မှာ ရှင်းသလော။ (ရှင်းပါသည်။) နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိ၏။ ယင်းမှာ သင်သည် လတ်တလောတွင် တစ်ကိုယ်ရေတစ်ကာယသမား ဖြစ်ရန် ရွေးချယ်လျှင် သင်သည် “ကျွန်ုပ်သည် တစ်ကိုယ်ရေတစ်ကာယဖြစ်သော အခွင့်ထူးခံများထဲမှ တစ်ဦးဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တော်ထဲမှ ကယ်တင်ခြင်းအတွက် ဦးစားပေးခြင်း ခံရပိုင်ခွင့် ကျွန်ုပ်၌ ရှိသည်”ဟု ဆိုလျက် သင်သည် တစ်ကိုယ်ရေတစ်ကာယသမား ဖြစ်ရုံဖြင့် သာလွန်ခြင်းနှင့်ဆိုင်သည့် ခံစားချက်တစ်ခုမျှ မရှိရပေ။ ဘုရားသခင်သည် သင့်ကို ဤအခွင့်ထူးပေးမထားပေ၊ နားလည်သလော။ သင်က “ကျွန်ုပ် အိမ်ထောင်သည်ဖြစ်သည်။ ယင်းက ကျွန်ုပ်ကို နိမ့်ကျသွားစေသလော”ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် မနိမ့်ကျပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ သင်သည် အိမ်ထောင်ပြုသောကြောင့် အဆင့်ကျစေခြင်း မခံရ သို့မဟုတ် နင်းချေခြင်း မခံရသကဲ့သို့ သင်သည် ဘုရားသခင်အား သင့်ကို ကယ်တင်ရန် အလိုမရှိဖြစ်စေလျက် အခြားသူများထက် သာ၍ ဖောက်ပြန်ပျက်စီးလာခြင်း၊ ကယ်တင်ရန် သာ၍ ခက်ခဲခြင်း သို့မဟုတ် ဘုရားသခင်၏ စိတ်နှလုံးကို သာ၍ ထိခိုက်နာကျင်စေခြင်း မရှိလေပြီ။ ဤသည်တို့မှာ လူတို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များသာ ဖြစ်သည်။ လူတစ်ဦး၏ အိမ်ထောင်ရှိမရှိဟူသည်က ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားနှင့် ဘာမျှ ပတ်သက်ခြင်း မရှိသကဲ့သို့ လူတစ်ဦး၏ အိမ်ထောင်ရှိမရှိဟူသည်က နောက်ဆုံးတွင် ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ဘာမျှ ပတ်သက်ခြင်း မရှိပေ။ ထို့ကြောင့် ကယ်တင်ခြင်း ရရှိခြင်းသည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ (ထိုအရာသည် သမ္မာတရား လက်ခံခြင်းအပေါ် အကြင်သူ၏ သဘောထားကို အခြေခံပါသည်။) မှန်ပေ၏၊ ထိုအရာသည် သမ္မာတရားကို သဘောထားခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့အပေါ် လူတစ်ဦး၏ သဘောထားအပြင် ၎င်းတို့အနေဖြင့် လူများနှင့် အမှုအရာများကို ရှုမြင်ရန်နှင့် ကျင့်ကြံပြုမူကာ ဆောင်ရွက်ရန် ဘုရားနှုတ်ကပတ်တော်များကို အခြေခံ အကြောင်းရင်းတစ်ခုအဖြစ်၊ ပြီးလျှင် သမ္မာတရားကို စံတစ်ခုအဖြစ် အသုံးပြုနိုင်ခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံပေသည်။ ဤသည်မှာ လူတစ်ဦး၏ နောက်ဆုံးရလဒ်ကို တိုင်းတာခြင်းအတွက် အခြေခံအကြောင်းရင်း ဖြစ်သည်။ ယခု ငါတို့၏ မိတ်သဟာယတွင် ဤအဆင့်ကို ရောက်ရှိပြီးဖြစ်သဖြင့် အိမ်ထောင်ပြုခြင်း ကိစ္စက ဖြစ်စေသည့် ဝန်ထုပ်များကို သင်တို့သည် အခြေခံအားဖြင့် လက်လွှတ်နိုင်ကြပြီလော။ (လက်လွှတ်နိုင်ကြပါသည်။) ယင်းတို့ကို လက်လွှတ်နိုင်ခြင်းသည် သင်၏ သမ္မာတရား လိုက်စားခြင်းကို အကျိုးပြုလိမ့်မည် ဖြစ်သည်။ ဤအရာကို သင် မယုံကြည်လျှင် အိမ်ထောင်ပြုပြီးသူများကို ကယ်တင်ခြင်း ရရှိခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ မျှော်လင့်ချက်က မည်သည့်အရာနှင့်တူသည်ကို သင် မေးနိုင်ပြီး ၎င်းတို့က “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အိမ်ထောင်ပြုခဲ့ပြီး ဘုရားသခင်ကို ကျွန်ုပ်၏ ယုံကြည်မှုကြောင့် ကွာရှင်းခဲ့သည်။ ကျွန်ုပ် ကယ်တင်ခံရလိမ့်မည်ဟု ပြောဝံ့မည်မဟုတ်ပါ”ဟု ပြောမည်မဟုတ်။ အိမ်ထောင် မပြုသေးသော်လည်း ၎င်းတို့ ယုံကြည်ပြီးသည့် နှစ်များစွာတွင် သမ္မာတရားကို မလိုက်စားခဲ့သကဲ့သို့ မယုံကြည်သူများကဲ့သို့ ဖြစ်သော အနည်းငယ် အသက်ကြီးသည့် အသက်သုံးဆယ်အရွယ်လူများကို သင် မေးနိုင်သည်။ ၎င်းတို့ကို သင်က “ဘုရားသခင်ကို ဤသို့ ယုံကြည်ခြင်းအားဖြင့် သင် ကယ်တင်ခံရနိုင်သလော”ဟု မေးနိုင်သည်။ ၎င်းတို့သည်လည်း မိမိတို့ ကယ်တင်ခံရနိုင်သည်ဟု ပြောဝံ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လက်တွေ့အရှိတရားပင် မဟုတ်လော။ (ဟုတ်ပါသည်။)
အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ လူတို့ နားလည်သင့်သည့် သမ္မာတရားများ ရှိ၏။ ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာထဲမှ တစ်ခုမျှကို စကားလုံးအနည်းငယ်ဖြင့်သာ ရှင်းလင်းစွာ ရှင်းပြ၍ မရနိုင်ပေ။ စိတ်ဖြာလေ့လာဆွေးနွေးသင့်သည့် အမျိုးမျိုးသော အချက်များစွာအပြင် လူအမျိုးမျိုးတို့၏ အခြေအနေများ ရှိသည်။ ဤအခြေအနေအမျိုးမျိုးကို အခြေခံ၍ လူတို့ နားလည်သင့်သည့် သမ္မာတရားများကို စကားလုံးအနည်းငယ်မျှဖြင့်ပင် ရှင်းလင်းစွာ ရှင်းပြမရနိုင်ပေ။ ပြဿနာတိုင်းအတွက် လူတို့နားလည်သင့်သည့် သမ္မာတရားများအပြင် လူတို့ နားလည်သင့်သည့် အဖြစ်မှန် လက်တွေ့အရှိတရားများရှိပြီး လူတို့ ထားရှိသည့် မှားယွင်းသော အတွေးများနှင့် အမြင်များလည်း သာ၍ပင် ရှိပေသည်။ ယင်းတို့ကိုလည်း နားလည်သင့်ပေသည်။ ဤမှားယွင်းသော အတွေးများနှင့် အမြင်များသည် လူတို့ လက်လွှတ်သင့်သည့် အရာများဖြစ်သည်။ ဤအရာများကို သင် လက်လွှတ်သည့်အခါ ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ သင်၏ အတွေးများနှင့် အမြင်များသည် အတော်လေး အပြုသဘောဆောင်လိမ့်မည်ဖြစ်ပြီး အတော်လေး မှန်ကန်တိကျလိမ့်မည် ဖြစ်သည်။ ထို့နောက် ဤကိစ္စရပ်မျိုးကို သင် တစ်ဖန် ရင်ဆိုင်ရသည့်အခါ ထိုအရာ၏ ဘောင်ခတ်ခြင်းကို ခံရမည်မဟုတ်တော့ပေ။ အချို့သော မှားယွင်းပြီး အဓိပ္ပာယ်မရှိသည့် အတွေးများနှင့် အမြင်များ၏ ဘောင်ခတ်ခြင်းနှင့် လွှမ်းမိုးခြင်းတို့ကို သင် ခံရလိမ့်မည် မဟုတ်ပေ။ ထိုအရာ၏ ချည်နှောင်ခြင်းနှင့် နှောင့်ယှက်ခြင်းကို သင် ခံရလိမ့်မည် မဟုတ်။ ထိုအစား သင်သည် ဤကိစ္စရပ်ကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်ပြီး အခြားသူများ သို့မဟုတ် မိမိကိုယ်ကိုအပေါ် သင်၏ ဆန်းစစ်ချက်သည် အတော်လေး မှန်ကန်တိကျလိမ့်မည်။ ဤသည်မှာ လူတို့က ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်သည့်အခါ၊ ကျင့်ကြံပြုမူပြီး ဆောင်ရွက်သည့်အခါ ၎င်းတို့၌ သရုပ်ထင်နိုင်သည့် အပြုသဘောဆောင်သော ရလဒ်ဖြစ်သည်။ ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာတွင် “သင်သည် သင့်ကိုယ်သင်ပင် မထိန်းချုပ်နိုင်” ဟူ၍ ဖော်ပြပါသည်။