သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)

ပြီးခဲ့သည့်အကြိမ်က ငါတို့ မည်သည့်အကြောင်းအရာနှင့် ပတ်သက်၍ မိတ်သဟာယ ဖွဲ့ခဲ့ကြသနည်း။ ငါတို့သည် သွင်ပြင်လက္ခဏာသုံးရပ်ဖြစ်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ တိကျသော သရုပ်သကန်အချို့အကြောင်းကို မိတ်သဟာယ ဖွဲ့ခဲ့ကြသည်။ ငါတို့သည် ဤတိကျသော သရုပ်သကန်များကို ဆွေးနွေးခဲ့ကြပြီး ဤနည်းဖြင့် ယင်းတို့က သွင်ပြင်လက္ခဏာ သုံးရပ်ထဲမှ မည်သည့်အရာနှင့် သက်ဆိုင်သည်ကို ပိုင်းခြားသိမြင်ခဲ့ကြသည်။ သင်တို့သည် ငါတို့မိတ်သဟာယဖွဲ့ခဲ့သော ဤသရုပ်သကန်များကို နေ့စဉ်ဘဝတွင် မြင်တွေ့ပါက ၎င်းတို့ကို ပင်ကိုအခြေအနေများနှင့်ဖြစ်စေ၊ လူ့သဘာဝနှင့်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဖြစ်စေ သက်ဆိုင်ခြင်း ရှိမရှိဟူသည်ကို အခြေခံအားဖြင့် သတ်မှတ်ကာ အမျိုးအစားခွဲခြားနိုင်သည်။ မိတ်သဟာယမဖွဲ့ခဲ့သော သရုပ်သကန်များနှင့်ပတ်သက်၍မူ သင်တို့သည် ယခုအခါ ၎င်းတို့ကို ဤစည်းမျဉ်းများအတိုင်း သို့မဟုတ် ၎င်းတို့ဖော်ပြသည့် အနှစ်သာရအတိုင်း အမျိုးအစားခွဲခြားနိုင်ကြပြီလော။ (ကျွန်ုပ်တို့သည် ဤအရာတွင် ယခင်ထက် အတော်အတန် ပို၍ တော်လာသည်ဟု ခံစားရပါသည်။ ကျွန်ုပ်တို့သည် ဤလမ်းကြောင်းများအတိုင်း တွေးတောဆင်ခြင်နိုင်စွမ်း ရှိကြသော်လည်း ပိုင်းခြားသိမြင်နိုင်သည့်အဆင့်သို့မူ အပြည့်အဝ မရောက်ရှိသေးပါ။) ငါတို့မိတ်သဟာယဖွဲ့ခဲ့သော သရုပ်သကန်များကို ယေဘုယျအားဖြင့် သင်တို့ ပိုင်းခြားသိမြင်နိုင်သော်လည်း မိတ်သဟာယ မဖွဲ့ခဲ့သည့်အရာများနှင့် ယခင် မိတ်သဟာယဖွဲ့ခဲ့သော သရုပ်သကန်များနှင့် လုံးဝ ဆက်စပ်မှု မရှိသည့်အရာများနှင့် ပတ်သက်၍မူ ယင်းတို့အား သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိဟူသည်ကို သင်တို့ မသိကြပေ။ (မှန်ပါသည်။) ပြီးခဲ့သည့် တရားဒေသနာအနည်းငယ်တွင် ငါတို့သည် ပင်ကိုအခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များ၏ သရုပ်သကန်အချို့အပြင် လူတို့၌ ထင်ရှားပေါ်လွင်လာသည့် ဤသွင်ပြင်လက္ခဏာများနှင့် စပ်လျဉ်းသော ကိစ္စရပ်များအကြောင်းကို မိတ်သဟာယ ဖွဲ့ခဲ့ကြသည်။ ဤကိစ္စရပ်များနှင့်စပ်လျဉ်း၍ လူတို့ထားရှိသင့်သော သဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပြင် စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များ ပိုင်ဆိုင်သောသူများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ အကြောင်းကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအကြောင်းကို မိတ်သဟာယဖွဲ့ခြင်းမှာ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များနှင့်စပ်လျဉ်း၍ လူတို့နားလည်သင့်သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့်အတူ ၎င်းတို့ရှိသင့်သော အတွေးများနှင့် ရှုထောင့်အမြင်များအပြင် ၎င်းတို့နားလည်သင့်သည့် ဤကဏ္ဍများပါဝင်သော ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များကို လူတို့အား အဓိကအားဖြင့် ပြောပြရန် ဖြစ်သည်။ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ငါတို့သည် ယေဘုယျသဘောဖြင့်သာ မိတ်သဟာယဖွဲ့ခဲ့ပြီး ဤကိစ္စရပ်များတွင် လူတို့၌ မည်သည့် မှားယွင်းသော အတွေးများနှင့် ရှုထောင့်အမြင်များ ရှိသည်၊ မည်သည့် မှားယွင်းသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများ ၎င်းတို့ လျှောက်လှမ်းနိုင်သည် သို့မဟုတ် ဤကိစ္စနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ပတ်သက်၍ မည်သည့် မှားယွင်းသော သိနားလည်မှုများ ၎င်းတို့၌ ရှိသည်ဟူသည်တို့ကို အတိအကျ မိတ်သဟာယမဖွဲ့ခဲ့ပေ။ သို့ဖြစ်၍ ယခု ငါတို့သည် လူတို့၌ရှိသော ဤကိစ္စရပ်များကို အခြေခံပြီး စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များနှင့်စပ်လျဉ်း၍ လူတို့နားလည်သင့်သော တိကျသည့်ကိစ္စရပ်များကို အသေးစိတ် မိတ်သဟာယဖွဲ့ကြစို့။

သင်တို့သည် စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များနှင့်စပ်လျဉ်း၍ မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော နားလည်မှုများ သို့မဟုတ် လွဲချော်သော သဘောပေါက်မှုများ ရှိသည်ကို သင်တို့ သတိပြုမိကြသလော။ ကိစ္စရပ်အများစုအတွက် သင်တို့သည် ငါ မိတ်သဟာယဖွဲ့သလောက်သာ နားလည်ပြီး ပြောသွားသည့်အရာကို နောက်ပိုင်းတွင် သင်တို့၏ အသက်တာရှိ အမှုအရာများနှင့်ယှဉ်၍ ဆင်ခြင်စဉ်းစားခြင်းဖြစ်စေ၊ နှိုင်းယှဉ်ချိန်ဆခြင်းဖြစ်စေ မရှိသည့်တိုင် သင်တို့သည် အရာအားလုံးကို နားလည်ဟု ခံစားရပြီး ကိစ္စရပ်တိုင်းကို အလွန်ရိုးရှင်းသည်ဟု မှတ်ယူခြင်းဖြစ်သလော။ ဦးစွာပထမ၊ ဤမေးခွန်းကို စဉ်းစားလော့။ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များအကြား ခြားနားချက်တစ်ခု ရှိသလော။ (ရှိပါသည်။) ခြားနားချက်မှာ အဘယ်နည်း။ ခြားနားချက်တစ်ခု ရှိသည်ကို သင် မြင်နိုင်ပါက ယင်းတို့သည် မည်သည့်နည်းလမ်းဖြင့် ကွဲပြားကြသနည်း။ (စိတ်ဝင်စားမှုနှင့် ဝါသနာတစ်ခုရှိခြင်းမှာ လူတစ်ဦးက အမှုအရာတစ်ခုခုကို အမှန်တကယ် ကြိုက်နှစ်သက်သည်ဟုသာ ဆိုလိုသည်။ ၎င်းတို့က ထိုနယ်ပယ်တွင် အားသာချက်တစ်ခု ပိုင်ဆိုင်သည်ဟု သေချာပေါက် မဆိုလိုပါ။) ခြားနားချက်၏ အဓိကအချက်များကို အခြေခံအားဖြင့် ဖော်ပြပြီးဖြစ်သည်၊ ယင်းမှာ အနည်းနှင့်အများ ထိုအတိုင်းပင် ဖြစ်သည်။ လူ့သဘာဝ၏ ရှုထောင့်အမြင်မှကြည့်လျှင် စိတ်ဝင်စားမှုများနှင့် ဝါသနာများဆိုသည်မှာ လူတစ်ဦးက အထူးပြုလုပ်ဆောင်မှု အမျိုးအစားတစ်ခု သို့မဟုတ် အမှုအရာတစ်မျိုးကို စိတ်ဝင်စားခြင်း၊ ထိုအရာများကို အာရုံစိုက်ရန် သို့မဟုတ် ပါဝင်ဆောင်ရွက်ရန် လိုလားခြင်းကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးနှစ်သက်မှုသည် ၎င်းတို့စိတ်ဝင်စားပြီး စိတ်အားထက်သန်သည့် အရာများအပေါ် အတော်အတန် တိမ်းညွှတ်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အနည်းငယ်မျှသာ ကြိုက်နှစ်သက်ခြင်း မဟုတ်ဘဲ သာမန်အရာများအပေါ် ၎င်းတို့ထားရှိနိုင်သည့် ကြိုက်နှစ်သက်မှု သို့မဟုတ် မြတ်နိုးမှုအဆင့်ကို ကျော်လွန်လျက် ထိုအရာများကို အလွန်စိတ်ဝင်စားကြခြင်း ဖြစ်သည်။ ဤသည်မှာ စိတ်ဝင်စားမှုများနှင့် ဝါသနာများ ဖြစ်သည့်အရာ ဖြစ်သည်။ သို့သော် ၎င်းတို့စိတ်ဝင်စားပြီး စိတ်အားထက်သန်သည့် အထူးပြုလုပ်ဆောင်မှု အမျိုးအစား သို့မဟုတ် အမှုအရာနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အစွမ်းအစအရ ၎င်းတို့သည် ထိုအရာကို ကျွမ်းကျင်ခြင်း ရှိမရှိ၊ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်နှင့် မည်သည့်အဆင့်အထိ လုပ်ဆောင်နိုင်သည်ဟူသည်တို့မှာမူ တစ်ခုမျှ မသေချာပေ။ ထို့ကြောင့် စိတ်ဝင်စားမှုများနှင့် ဝါသနာများဆိုသည်မှာ လူတို့စိတ်ဝင်စားပြီး ကြိုက်နှစ်သက်သည့်အရာများ၊ နေ့စဉ်ဘဝတွင် ၎င်းတို့ မကြာခဏ ပါဝင်လုပ်ဆောင်ရန် လိုလားပြီး အချိန်နှင့်အားအင်ကို အသုံးပြုပြီး အာရုံစိုက်ကာ လုပ်ဆောင်ရန် လိုလားသည့်အရာများကို ရည်ညွှန်းသည်။ ဤအရာများအား ၎င်းတို့ မည်မျှကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ဟူသည်နှင့်ပတ်သက်၍မ၊ ယင်းမှာ ၎င်းတို့၏ အစွမ်းအစနှင့် ၎င်းတို့ ကျွမ်းကျင်ခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ ဤအရာသည် ၎င်းတို့ အထူးစိတ်ဝင်စားပြီး စိတ်အားထက်သန်သည့်အရာတစ်ခုဖြစ်ကာ တစ်ချိန်တည်းတွင် ထိုအရာကို ၎င်းတို့ ကျွမ်းကျင်သည်ဟု ဆိုကြပါစို့။ ဆိုလိုသည်မှာ ဤအရာကို စိတ်ဝင်စားပြီး စိတ်အားထက်သန်ခြင်းအပြင် ၎င်းတို့သည် ယင်းကို အလွန်ကောင်းမွန်စွာလည်း လုပ်ဆောင်နိုင်သည်၊ သိသာထင်ရှားသော ရလဒ်များ စွမ်းဆောင်ရရှိနိုင်ပြီး ကြီးမားသော အောင်မြင်မှုများကို ရရှိနိုင်သည်ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့် ဤစိတ်ဝင်စားမှုနှင့် ဝါသနာတွင် ၎င်းတို့၏ ကျွမ်းကျင်မှုသည် သာမန်လူတစ်ဦး၏ ကျွမ်းကျင်မှုကို ကျော်လွန်ပြီး ဤနယ်ပယ်တွင် ၎င်းတို့၏ သိမြင်မှု၊ သင်ယူမှုအရှိန်နှင့် စည်းမျဉ်းများကို သဘောပေါက်သည့်အရှိန်တို့က သာမန်လူတစ်ဦး၏ အရှိန်ထက် ကျော်လွန်နေသည်။ ထိုသို့သော သရုပ်သကန်များ ရှိနေသည့်အခါ ဤသည်ကို အားသာချက်တစ်ခုရှိခြင်းအဖြစ် ရည်ညွှန်းသည်။ အခြားသူများသည် တစ်စုံတစ်ခုကို ကောင်းမွန်စွာ အမှီအခိုကင်းကင်းဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိမီ သမားရိုးကျဆန်သော၊ ရေရှည် လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်မှု၊ ပညာရေး၊ အသိပညာဆည်းပူးမှုနှင့် လက်တွေ့လုပ်ဆောင်မှုတို့ကို ဖြတ်သန်းရန် လိုအပ်နိုင်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ လမ်းညွှန်မှု၊ ဦးဆောင်မှု၊ စိစစ်မှု၊ စံသတ်မှတ်မှုနှင့် အကြံဉာဏ်တို့ကို လက်ခံရန် လိုအပ်ကောင်းလိုအပ်နိုင်သည်။ သို့သော် အားသာချက်ရှိသောလူများသည် ယေဘုယျအားဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်မှု သို့မဟုတ် စနစ်တကျသင်ယူမှုတို့ကို ကြုံရခြင်းမရှိဘဲ ၎င်းတို့ကျွမ်းကျင်သည့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများတွင် အတိုင်းအတာတစ်ခုအထိ သိမြင်မှု ရှိကြသည်။ ၎င်းတို့သည် ဤနယ်ပယ်တွင် လက်တွေ့ကျသော နားလည်မှု၊ လက်တွေ့အတွေ့အကြုံ သို့မဟုတ် ပုဂ္ဂိုလ်ရေးအောင်မြင်မှုအချို့ကို ပိုင်ဆိုင်ကြသည်။ လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်မှုနှင့်အတူ ဤနယ်ပယ်တွင် ၎င်းတို့၏ အားသာချက်သည် ပို၍ပင် မြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်သည်။ တိုတိုပြောရလျှင် အားသာချက်တစ်ခု ရှိခြင်းဆိုသည်မှာ လူတစ်ဦးစိတ်ဝင်စားပြီး စိတ်အားထက်သန်သည့်အရာများကို သာမန်လူအား ကျော်လွန်လျက် အလွန်ကျွမ်းကျင်သည်ဟု ဆိုလိုသည်။ “ကျွမ်းကျင်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ (အချို့သောနယ်ပယ်တွင် အားသာချက်တစ်ခုရှိခြင်း၊ ဤအရာများနှင့်ပတ်သက်၍ အတော်အတန် နှံ့စပ်ရှိခြင်းနှင့် သက်သောင့်သက်သာ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ကိုင်တွယ်ခြင်းတို့ ဖြစ်ပါသည်။) တစ်စုံတစ်ခုကို ကျွမ်းကျင်ခြင်းသည် ထိုအရာနှင့်ပတ်သက်၍ နှံ့စပ်ခြင်းအကြောင်းမျှသာ မဟုတ်ပေ။ ထိုအစား ယင်းမှာ ဤနယ်ပယ်တွင် ထူးချွန်သော ပင်ကိုစွမ်းရည်နှင့် အတော်အတန် အားကောင်းသော ရှိရင်းစွဲ ပင်ကိုစွမ်းရည်တစ်ခု ရှိခြင်းကို ဆိုလိုသည်။ အခြားသူများထံမှ ညွှန်ပြမှုများမရှိဘဲပင် ၎င်းတို့သည် အခြားသူများ နားမလည်နိုင်သည့်အရာများကို သဘောပေါက်နိုင်ကြသည်။ ထို့အပြင် ကျော်ကြားသော ဆရာတစ်ဦးထံမှ တရားဝင်လေ့ကျင့်ပေးခြင်း သို့မဟုတ် ညွှန်ကြားမှုတို့နှင့် ပေါင်းစပ်လိုက်ပါက ၎င်းတို့သည် ဤနယ်ပယ်တွင် ပို၍ပင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ အားသာချက်တစ်ခု ရှိခြင်းအကြောင်း ပြောဆိုသည့်အခါ ယင်းမှာ လူတစ်ဦးသည် စိတ်ဝင်စားမှု သို့မဟုတ် ဝါသနာတစ်ခုခုတွင် အထူးသဖြင့် အားကောင်းပြီး ဤနယ်ပယ်တွင် ထူးကဲသော ပါရမီရှိခြင်းကို ဆိုလိုသည်။ ဤနယ်ပယ်တွင် ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်း၊ သိမြင်မှုနှင့် သင်ယူနိုင်စွမ်းတို့သည် ထူးကဲစွာ အားကောင်းသည်ချည်းသာဖြစ်ပြီး ၎င်းတို့သည် ယင်းကို အလွန်လျင်မြန်စွာ သဘောပေါက်ကြသည်။ ၎င်းတို့သည် ဤနယ်ပယ်တွင် သာမန်လူနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျွမ်းကျင်ကြသည်။ ဤသည်မှာ အားသာချက်တစ်ခုရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။

ယခု သင်တို့သည် အားသာချက်များက အဘယ်အရာဖြစ်သည်ကို နားလည်ပြီဖြစ်သဖြင့် စိတ်ဝင်စားမှုများနှင့် ဝါသနာများအကြောင်း ပြောကြစို့။ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များအကြား ခြားနားချက်မှာ အဘယ်နည်း။ စိတ်ဝင်စားမှုများနှင့် ဝါသနာများသည် အားသာချက်များနှင့် တူသလော။ (မတူညီပါ။) အဘယ်ကြောင့် စိတ်ဝင်စားမှုများနှင့် ဝါသနာများသည် အားသာချက်များနှင့် မတူကြသနည်း။ (အကြောင်းမှာ တစ်စုံတစ်ခုကို စိတ်ဝင်စားခြင်းသည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းရှိသည်ဟု ဆိုလိုချင်မှ ဆိုလိုမည်ဖြစ်သည့်အပြင် ယင်းကို ကျွမ်းကျင်သည်ဟုလည်း ဆိုလိုချင်မှ ဆိုလိုမည်ဖြစ်သည်။ ထို့အပြင် လူတစ်ဦးသည် ထိုအရာကို အလွန်လျင်မြန်စွာ သဘောပေါက်နိုင်သည်ဟုလည်း ဆိုလိုချင်မှ ဆိုလိုမည်ဖြစ်သည်။) စိတ်ဝင်စားမှုများနှင့် ဝါသနာများရှိခြင်းဆိုသည်မှာ သင်သည် အမှုအရာအမျိုးအစား တစ်ခုခုကို ကြိုက်နှစ်သက်သည်ဟု ဆိုလိုသော်လည်း ယင်းက သင်၏အားသာချက် ဟုတ်မဟုတ်သည်မှာ ဤနယ်ပယ်နှင့်သက်ဆိုင်သည့် သင်၏ သဘောပေါက်နားလည်နိုင်စွမ်း၊ သင်၏ သင်ယူနိုင်စွမ်းနှင့် သင်၏ သိမြင်မှုအပြင် ဤနယ်ပယ်တွင် သင်၏ သဘာဝ ပါရမီ၊ သင်သည် ပင်ကိုအားဖြင့် ကျွမ်းကျင်ခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ သင်သည် ထိုအရာကို ကျွမ်းကျင်ပါက ယင်းမှာ သင်၏အားသာချက် ဖြစ်သည်။ သင်သည် ထိုအရာကို မကျွမ်းကျင်ဘဲ ယင်းမှာ သင်စိတ်ဝင်စားသည့် နယ်ပယ်တစ်ခုဖြစ်သည့် ပုဂ္ဂိုလ်ရေးနှစ်သက်မှုမျှသာ ဖြစ်သော်လည်း သင်၏ အစွမ်းအစက ညံ့ဖျင်းပြီး သင်၏ မွေးရာပါပါရမီက ချို့တဲ့နေပါက ဆိုလိုသည်မှာ သင်၏ ဤစိတ်ဝင်စားမှု၊ ဝါသနာနှင့်စပ်လျဉ်း၍ သင်၌ သဘောပေါက်နားလည်နိုင်စွမ်း အနည်းငယ်သာရှိသည်၊ လုံးဝကျွမ်းကျင်ခြင်းမရှိ၊ ယင်းကို ညံ့ဖျင်းစွာလုပ်ဆောင်သည်၊ ထိရောက်မှုမရှိသည့်အပြင် ဤနယ်ပယ်တွင် မည်သည့်ရလဒ်မျှ မရရှိသဖြင့် ဤနယ်ပယ်သည် သင်၏အားသာချက် မဟုတ်ဟု ဆိုလိုပေသည်။ ယင်းမှာ သင့်အတွက် စိတ်ဝင်စားမှုနှင့် ဝါသနာအဆင့်တွင်သာ ရှိနေသည်။ အဘယ်ကြောင့် ယင်းမှာ သင်၏ စိတ်ဝင်စားမှုနှင့် ဝါသနာမျှသာဖြစ်ပြီး သင်၏အားသာချက် မဟုတ်ရသနည်း။ အကြောင်းမှာ သင်သည် ထိုအရာကို မကျွမ်းကျင်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများက “ကျွန်ုပ် သီချင်းဆိုရခြင်းကို အမှန်တကယ် နှစ်သက်သည်”ဟု ပြောကြသည်။ ၎င်းတို့ မည်မျှ ကြိုက်နှစ်သက်သနည်း။ မနက်ခင်း မျက်စိဖွင့်သည့်အချိန်မှစ၍ ၎င်းတို့သည် ပေါ့ပ်သီချင်းများကို ဖွင့်ကြသည်။ ၎င်းတို့သည် နိုင်ငံခြားသီချင်းများ၊ အနောက်တိုင်းနှင့် တရုတ်အော်ပရာများအပါအဝင် သီချင်းမျိုးစုံကို နားထောင်ကြသည်။ တေးဂီတဟု သတ်မှတ်၍ရသည့် မည်သည့်အရာကိုမဆို နားထောင်ရသည်ကို ၎င်းတို့ ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့သည် သီချင်းလည်း ဆိုချင်ကြသော်လည်း ကြီးမားသော ပြဿနာတစ်ခုရှိသည်။ ၎င်းတို့သည် ပင်ကိုအားဖြင့် ကီးမှန်အောင် မဆိုနိုင်သူများဖြစ်သည် သို့မဟုတ် ဤနယ်ပယ်တွင် အားသာချက်တစ်ခု မရှိကြခြင်း ဖြစ်သည်။ သီချင်းဆိုခြင်းကို နှစ်အတန်ကြာ လေ့လာပြီးသည့်နောက်တွင်ပင် မှန်ကန်သော နည်းစနစ်များကို ရှာမတွေ့သေးသော လူများလည်း ရှိကြသည်။ ၎င်းတို့သည် အသာယာဆုံးနည်းလမ်းဖြင့် မည်သို့သီချင်းဆိုရမည်၊ ၎င်းတို့၏ သီချင်းဆိုခြင်းကို စိတ်ထိခိုက်လှုပ်ရှားဖွယ်ဖြစ်အောင် မည်သို့လုပ်ဆောင်ရမည်၊ သို့မဟုတ် ၎င်းတို့၏ သီချင်းဆိုခြင်းမှတစ်ဆင့် ကောင်းမွန်သောရလဒ်များအား မည်သို့စွမ်းဆောင်ရရှိအောင် လုပ်ဆောင်ရမည်ဟူသည်တို့ကို မသိကြပေ။ ၎င်းတို့သည် ငယ်စဉ်ကတည်းက သီချင်းဆိုခြင်းကို ကြိုက်နှစ်သက်ခဲ့ပြီး ယင်းမှာ ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းတို့ ပင်ကိုအခြေအနေများ၏ ကန့်သတ်ချက်များကြောင့် ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာသည် စိတ်ဝင်စားမှုနှင့် ဝါသနာအဆင့်တွင်သာ ရှိနေနိုင်သည်။ ယင်းမှာ အားသာချက်တစ်ခု မဟုတ်ပေ။ ဥပမာအားဖြင့် သီချင်းဆိုခြင်းကို ကျွမ်းကျင်သောသူတစ်ဦးသည် ဓမ္မသီချင်းတစ်ပုဒ်ကို သင်ယူသောအခါ ၎င်းသည် သုံးကြိမ်ခန့် ဆိုပြီးနောက်တွင်သာ အဓိကသံစဉ်ကို ဆိုနိုင်သည်။ လေးငါးကြိမ်ဆိုပြီးနောက်တွင်မူ ၎င်းသည် သီချင်းတစ်ပုဒ်လုံးကို အခြေခံအားဖြင့် ဆိုနိုင်သည်။ သို့သော် သီချင်းများ နားထောင်ခြင်းကို နှစ်သက်သော်လည်း သီချင်းဆိုခြင်းကို မကျွမ်းကျင်သောသူများသည် သုံးကြိမ်နားထောင်ပြီးသည့်တိုင် ယေဘုယျသံစဉ်ကို မမှတ်မိဘဲ ရှိနေနိုင်သေးသည်။ ငါးကြိမ်နားထောင်ပြီးသည့်နောက်တွင်ပင် ၎င်းသည် ယင်းကို မဆိုနိုင်သေးဘဲရှိနေနိုင်ပြီး သီချင်းစာသား သို့မဟုတ် တေးသွားစာရွက်ကို အဆက်မပြတ် ကြည့်ရှုရန် လိုအပ်နေဆဲ ဖြစ်သည်။ အမှန်တကယ် သီချင်းဆိုရမည့်အချိန်သို့ ရောက်သောအခါ ၎င်းသည် သီချင်းကို မခံစားနိုင် သို့မဟုတ် မှန်ကန်သော အသံနေအသံထားကို ရှာမတွေ့နိုင်ပေ။ ၎င်းသည် သီချင်းစာသားများကိုလည်း မမှတ်မိသည့်အပြင် တစ်ခါတစ်ရံ သံစဉ်ပင် လွဲသွားတတ်သည်။ ထို့အပြင် အတော်အတန် စိတ်ခံစားမှုပါသော သီချင်းများကို ဆိုသည့်အခါ ၎င်းဿည် စိတ်ခံစားမှုများ၏ ဖော်ပြချက်ကို မည်သည့်အခါမျှ ကောင်းစွာ မထိန်းချုပ်နိုင်ပေ။ အခြားသူများက ၎င်း၏ သီချင်းဆိုခြင်းသည် နားထောင်၍ မကောင်းသည့်အပြင် မနှစ်မြို့ဖွယ်ဖြစ်သည်ဟု ပြောကြသော်လည်း ၎င်းသည် စိတ်ဓာတ်မကျဘဲ သို့မဟုတ် လက်မလျှော့ဘဲ သင်ယူခြင်းနှင့် သီချင်းဆိုခြင်းကို မရမက ဆက်လက်လုပ်ဆောင်သည်။ သီချင်းဆိုခြင်းသည် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ရေးအခွင့်အရေးဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ မည်သူကမျှ ၎င်းကို ကန့်သတ်နေခြင်းမရှိပေ။ သို့သော် ယနေ့ ငါတို့မိတ်သဟာယဖွဲ့နေသည့်အရာမှာ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကြား ခြားနားချက် ဖြစ်သည်။ ဤသရုပ်သကန်များမှ အကဲဖြတ်ရလျှင် ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာသည် ၎င်းတို့ ကျွမ်းကျင်သည့်အရာတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် ဤကိစ္စနှင့်ပတ်သက်၍ အဘယ်ကြောင့် ရှင်းလင်းစွာ ငါတို့ မိတ်သဟာယဖွဲ့ရသနည်း။ လူတို့အား ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများသည် ၎င်းတို့၏ အားသာချက်များနှင့် မတူညီကြောင်း နားလည်စေရန် ဖြစ်သည်။ သင့် ပင်ကိုအခြေအနေများ၏ သွင်ပြင်လက္ခဏာအားလုံးကို အခြေခံ၍ သင်သည် နယ်ပယ်တစ်ခုခုတွင် မကျွမ်းကျင်ပါက ယင်းမှာ သင်၏ စိတ်ဝင်စားမှုနှင့် ဝါသနာဖြစ်လျှင်ပင် သင့် ပင်ကိုအခြေအနေများ၏ ကန့်သတ်ချက်များက သင်၏ စိတ်ဝင်စားမှုနှင့် ဝါသနာသည် သင်၏အားသာချက် မဟုတ်ကြောင်း ဆုံးဖြတ်ပေးသည်။ သင်သည် ယင်းကို သင်၏အသက်ကဲ့သို့ပင် ချစ်မြတ်နိုးသည့်အဆင့်အထိ အမှန်တကယ် ကြိုက်နှစ်သက်သော်လည်း ကံအကြောင်းမလှစွာဖြင့် ယင်းမှာ သင်ကျွမ်းကျင်သည့်အရာ မဟုတ်ပေ။ ဥပမာအားဖြင့် အချို့လူများသည် ကခုန်ခြင်းကို အမှန်တကယ် ကြိုက်နှစ်သက်ကြသည်။ တေးဂီတကို ၎င်းတို့ ကြားသည့်အခါတိုင်း ၎င်းတို့၏ ခန္ဓာကိုယ်များသည် စည်းချက်နှင့် သံစဉ်အတိုင်း စတင်လှုပ်ရှားကြပြီး ၎င်းတို့ လှုပ်ရှားနေသည်နှင့်အမျှ အတော်လေး ကျေနပ်နေကြသည်။ သို့သော် ၎င်းတို့၏ ပင်ကိုရုပ်ရည်မှာ ကြည့်မကောင်းပေ၊ ၎င်းတို့သည် အရပ်သိပ်မရှည်ကြ၊ ခြေလက်များမှာ အထူးရှည်လျားခြင်း မရှိသည့်အပြင် ၎င်းတို့၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း အထူးကြော့ရှင်းနေခြင်းမရှိပေ။ ယေဘုယျအားဖြင့် ၎င်းတို့၏ ကခုန်ခြင်းသည် အမြင်တွင် သိပ်ကြည့်မကောင်းလှပေ။ သို့သော် ၎င်းတို့သည် ကခုန်ခြင်းကို ကြိုက်နှစ်သက်ခြင်းသာဖြစ်ပြီး တစ်ခါတစ်ရံတွင် လူအများရှေ့တွင် သို့မဟုတ် လမ်းဘေးတွင် ၎င်းတို့သည် လုံးဝ စိတ်အလိုလိုက်လျက် ကခုန်ကြသည်။ လမ်းသွားလမ်းလာများက ယင်းကို မိုက်မဲသည်ဟု ထင်ကြသည့်တိုင် ၎င်းတို့သည် အခြားသူများ ၎င်းတို့ကို မည်သို့မြင်သည်ကို လုံးဝဂရုမစိုက်ဘဲ လုံးဝ သတိမမူသည့်အလား၊ မည်သူမျှမရှိသည့်အလား ကခုန်ကြသည်။ ၎င်းတို့သည် ဤအဆင့်အထိ ယင်းကို စွဲလမ်းနေကြသည်။ ၎င်းတို့သည် မိမိတို့ အတော်လေး ကောင်းမွန်စွာ ကခုန်သည်ဟု ခံစားရသော်လည်း အကယ်စင်စစ် ၎င်းတို့သည် ထိုအရာကို မကျွမ်းကျင်ကြပေ။ ၎င်းတို့သည် ကခုန်ခြင်း၏ အနှစ်သာရကို သဘောမပေါက်နိုင်သည့်အပြင် မည်သည့်လှုပ်ရှားမှုများက သင့်လျော်သည်၊ မည်သည့်လှုပ်ရှားမှုများက တင့်တယ်သည်၊ မည်သည့်လှုပ်ရှားမှုများက လူ့စိတ်ခံစားမှုအမျိုးမျိုးအား ပိုမိုဖော်ပြနိုင်သည်ကိုလည်း မသိကြပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် ကခုန်ခြင်းနှင့်ဆက်စပ်သည့် ကဏ္ဍများစွာကို အမှန်တကယ် နားမလည်ကြခြင်း ဖြစ်သည်။ ကျွမ်းကျင်သောဆရာတစ်ဦး၏ လမ်းညွှန်မှု၊ အတတ်ပညာကျောင်းတစ်ခုမှ လေ့ကျင့်မှုတို့နှင့်ပင် ၎င်းတို့၏ ပင်ကိုအရည်အသွေးအရ ၎င်းတို့သည် ထိုအရာကို မကျွမ်းကျင်သည့်အပြင် ယင်း၏အနှစ်သာရကိုလည်း သဘောမပေါက်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့ ပင်ကိုအခြေအနေများ၏ ကဏ္ဍအားလုံးကို ထည့်သွင်းစဉ်းစားပါက ၎င်းတို့ ကြိုက်နှစ်သက်သည့် ကခုန်ခြင်းသည် ၎င်းတို့ ကျွမ်းကျင်သည့်အရာတစ်ခု မဟုတ်ပေ။ ၎င်းတို့သည် ယင်းကို အမှန်တကယ် ကြိုက်နှစ်သက်ပြီး ယင်းကို ယစ်မူးနေကာ ကင်မရာရှေ့ သို့မဟုတ် မှန်ရှေ့တွင် ကခုန်သည့်အခါ မိမိတို့၏ လှုပ်ရှားမှုနှင့် ရှိနေပုံကို မကြာခဏ သဘောကျနေလျှင်ပင် အမှန်တကယ်ဖြစ်သော အခြေအနေကို ငါတို့ ကြည့်ရှုပါက ၎င်းတို့သည် ကခုန်ခြင်းကို မကျွမ်းကျင်ကြပေ။ တစ်နည်းအားဖြင့် ကခုန်ခြင်းသည် ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာမျှသာဖြစ်ပြီး ၎င်းတို့၏ အားသာချက် မဟုတ်ပေ။

အချို့လူများသည် စာပေကို အမှန်တကယ် ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့သည် စာများရေးသားခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် ရေးဖွဲ့ခြင်းတို့ကို ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့သည် စာပေဆွေးနွေးပွဲများကို ကြိုက်နှစ်သက်ကြပြီး နိုင်ငံခြားနှင့် ပြည်တွင်း၊ ခေတ်သစ်၊ ဂန္တဝင်ဝတ္ထုများနှင့် စာပေလက်ရာအမျိုးမျိုးအား ဖတ်ရှုခြင်းကိုလည်း ကြိုက်နှစ်သက်ကြသည်။ ဤလက်ရာအားလုံးကို ၎င်းတို့ ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့သည် စာရေးဆရာများက မိမိတို့၏ စာပေလက်ရာများတွင် အသုံးပြုသည့် ဝေါဟာရအမျိုးမျိုးနှင့် ဘာသာစကားဟန်ပန်အမျိုးမျိုးကို ကြိုက်နှစ်သက်ကြပြီး စာရေးဆရာများက ၎င်းတို့၏ လက်ရာများတွင် ဖော်ပြသည့် မတူကွဲပြားသော စိတ်ကူးများကိုလည်း ကြိုက်နှစ်သက်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာဖြစ်သည်မှာ အလွန်သိသာထင်ရှားသည်။ လူတစ်ဦး ကြိုက်နှစ်သက်သည့်အရာ၊ ၎င်း၏ စိတ်နှလုံးထဲတွင် စိတ်ဝင်စားသည့်အရာသည် ပင်ကိုဖြစ်သည်၊ ယင်းမှာ ဘဝတွင် ၎င်းတို့က နောက်ပိုင်းမှ ရရှိသည့်အရာမဟုတ်ဘဲ ၎င်းတို့၏ မိဘများ သို့မဟုတ် မိသားစုက ပျိုးထောင်ပေးသည့်အရာ သာ၍ပင် မဟုတ်ပေ။ အချို့လူများသည် စာပေကို ချစ်မြတ်နိုးပြီး စာပေလက်ရာများစွာကို ဖတ်ရှုပြီးဖြစ်သည်။ အချို့သည် တက္ကသိုလ်တွင် စာပေကို စနစ်တကျ လေ့လာကြပြီးဖြစ်သည်။ အချို့သည် ကျွမ်းကျင်သော စာပေပါမောက္ခများအဖြစ်ပင် လုပ်ကိုင်ကြပြီးဖြစ်သည်၊ သို့မဟုတ် စာပေနှင့်ဆက်စပ်သော အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းများတွင် ပါဝင်လုပ်ကိုင်ခဲ့ကြပြီး ဤအသက်မွေးဝမ်းကျောင်းများကို အချိန်ကြာမြင့်စွာပင် လုပ်ကိုင်ခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ဘဝအများစုကို ၎င်းတို့၏ စိတ်ဝင်စားမှု၊ ဝါသနာနှင့်ဆက်စပ်သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရင်း ကုန်ဆုံးခဲ့ကြသည်။ လက်တွေ့အားဖြင့် ၎င်းတို့ ဘဝ၏နေ့ရက်တိုင်းတွင် ၎င်းတို့စိတ်ဝင်စားပြီး စိတ်အားထက်သန်သည့် စာပေ ပါဝင်ခဲ့သည်။ သို့သော် ဤသည်မှာ ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာက ၎င်းတို့၏အားသာချက် အမှန်တကယ်ဖြစ်သည်ဟု ဆိုလိုသလော။ ဆိုလိုချင်မှ ဆိုလိုပေမည်။ ၎င်းတို့အနေဖြင့် သာမန်လူများထက် သာလွန်သော သို့မဟုတ် ကွဲပြားသော စာပေဆိုင်ရာ အသိပညာ သို့မဟုတ် အတွေးအခေါ်များနှင့် ရှုထောင့်များ ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်ကို သင်ကြည့်ရှုရမည်ဖြစ်သည်။ စာပေတွင် ၎င်းတို့ သိမြင်ခံစားပြီး သဘောပေါက်နားလည်ထားသည့်အရာသည် ၎င်းတို့ စာအုပ်များမှ သင်ယူခဲ့သည့်အရာမျှသာဖြစ်ပါက သို့မဟုတ် မည်သူမဆို သင်ယူနိုင်ပြီး သဘောပေါက်နိုင်သည့် သမားရိုးကျ အများသိအချက်အလက်များသာ ပါဝင်ပါက ဤသည်မှာ အားသာချက်တစ်ခုအဖြစ် သတ်မှတ်၍မရနိုင်ပေ။ ဥပမာအားဖြင့် သင်သည် ၎င်းတို့ကို ဆောင်းပါးတစ်ပုဒ်ရေးခိုင်းပါက သဒ္ဒါအမှားများမရှိ၊ ပုဒ်ဖြတ်ပုဒ်ရပ်ကို မှန်ကန်စွာအသုံးပြုထားသည်၊ စာပိုဒ်များကို ကောင်းမွန်စွာဖွဲ့စည်းထားပြီး ဆောင်းပါး၏ အလုံးစုံဖွဲ့စည်းပုံမှာ အတော်လေး ကောင်းမွန်သည်။ ဆောင်းပါးတစ်ခုလုံးတွင် ကွန့်လွန်းသော စကားလုံးများစွာကိုပင် အသုံးပြုထားသည်။ သို့သော် ပြဿနာတစ်ခုရှိသည်၊ အမှုအရာတစ်ခုခု၊ ရှုထောင့်တစ်ခုခု သို့မဟုတ် ဇာတ်လမ်းဇာတ်ကွက်တစ်ခုခုကို ဖော်ပြခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၌ တစ်မူထူးခြားသော ဖော်ပြနည်းဟန်ပန်တစ်ခု မရှိသကဲ့သို့ အထူးသဖြင့် အနုပညာဆန်သော သို့မဟုတ် ပါးနပ်သော ဖော်ပြနည်းဟန်ပန်များလည်း မရှိပေ။ ဤအရည်အသွေးများသည် ၎င်းတို့၏ စာပေလက်ရာအားလုံးတွင် ကင်းမဲ့နေသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ဆောင်းပါးများသည် သေချာစွာ ရွေးချယ်ထားသော စကားလုံးများဖြင့် အတော်လေး ကောင်းမွန်စွာ ဖွဲ့စည်းထားပြီး အလွန်ကျွမ်းကျင်ပိုင်နိုင်ပုံရသော်လည်း ကျွမ်းကျင်သော စာပေပညာရှင်တစ်ဦး၌ ရှိသင့်သည့် အတွေးအခေါ်များနှင့် ရှုထောင့်များ၊ ဖြစ်စဉ်များ သို့မဟုတ် ဇာတ်လမ်းဇာတ်ကွက်များကို ဖော်ပြသည့် တစ်မူထူးခြားသော နည်းလမ်းဟန်ပန်မှာမူ ကင်းမဲ့နေသည်။ ၎င်းတို့၏ ဆောင်းပါးအများစုမှာ သာမန်မျှသာဖြစ်သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံနှင့် အတွေးများကို ဖော်ပြသည့်နည်းလမ်းမှာ အထူးသဖြင့် ထောက်နေသည်၊ မပြေပြစ်ဘဲ တစ်ယူသန်ဆန်သည်။ ယင်းတို့သည် ဆန်းသစ်တီထွင်မှု မရှိသည့်အပြင် တစ်မူထူးခြားခြင်းလည်းမရှိ၊ ဉာဏ်ပညာနှင့် ပါးနပ်မှုကင်းမဲ့ပြီး ရည်မွန်ပြောင်မြောက်သည်ဟုလည်း သေချာပေါက် ယူဆ၍မရနိုင်ပေ။ ဤဖြစ်စဉ်က အဘယ်အရာကို ညွှန်ပြသနည်း။ (၎င်းတို့သည် စာရေးခြင်းကို မကျွမ်းကျင်သည့်အပြင် ထိုအရာအတွက် ပါရမီလည်း မရှိပါ။) ၎င်းတို့သည် စာရေးခြင်းကို မကျွမ်းကျင်သည့်အပြင် ဖြစ်ရပ်များ၏ နောက်ခံ သို့မဟုတ် ထိုသို့သောဇာတ်လမ်းများ၏ ရှေ့ပြေးပုံစံကိုအခြေခံ၍ ဇာတ်လမ်းများကို ပြောင်းလွယ်ပြင်လွယ် မဖန်တီးနိုင်ကြပေ။ အဆုံးတွင် လူတို့သည် ၎င်းတို့၏ ဆောင်းပါးများနှင့် စာပေလက်ရာများကို ဖတ်ရှုသောအခါ ယင်းတို့အားလုံးသည် တူညီသော ပုံသေနည်းကိုလိုက်၍ တစ်ပုံစံတည်းဖြစ်ပြီး ထပ်တလဲလဲဖြစ်သည်ဟု ခံစားရကြသည်။ အဘယ်ကြောင့် ယင်းတို့သည် တစ်ပုံစံတည်းဖြစ်ပြီး ထပ်တလဲလဲဖြစ်သည်ဟု ငါတို့ ဆိုရသနည်း။ ယေဘုယျအားဖြင့် ၎င်းတို့၏ ဆောင်းပါးများသည် အတော်လေး ကောင်းမွန်စွာဖွဲ့စည်းထားသည်၊ စံမီပြီး ပညာရှင်ဆန်သည်။ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်လာသည့်အခါ သာမန်လူတစ်ဦးသည် ဝေဖန်အပြစ်တင်စရာ အနည်းငယ်သာ တွေ့ရှိလိမ့်မည်၊ ဖွဲ့စည်းပုံပင်လျှင် အခြေခံအားဖြင့် အမြဲတစေ တူညီနေသည်။ ၎င်းတို့သည် နိုင်ငံခြားကဗျာ၊ စကားပြေနှင့် ဇာတ်ကြောင်း ရေးသားခြင်းအပါအဝင် စာပေလက်ရာပုံစံအမျိုးမျိုးကို သင်ယူနိုင်သော်လည်း ယင်းတို့ကို မိမိတို့၏ ကိုယ်ပိုင်စာပေဖန်တီးမှုတွင် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်စွမ်း သို့မဟုတ် အသုံးပြုနိုင်စွမ်း လုံးဝ မရှိကြပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ စာပေကျွမ်းကျင်မှုနှင့် ကြိုးပမ်းအားထုတ်၍ရရှိမှု အဆင့်သည် အမြဲတစေ စိတ်ဝင်စားမှုများနှင့် ဝါသနာများအဆင့်တွင်သာ ရှိနေမည်ဖြစ်ပြီး အားသာချက်တစ်ခုအဆင့်သို့ မည်သည့်အခါမျှ မရောက်ရှိနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့၌ စာပေဆိုင်ရာ အသိပညာကြီးမားစွာ ရှိနိုင်သော်လည်း စာပေဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှု အမှန်တကယ် မရှိပေ။ တစ်နည်းအားဖြင့် ၎င်းတို့သည် စာပေတွင် ဆန်းသစ်တီထွင်မှု အမှန်တကယ်ကို တစ်စက်မျှ မရှိ၊ ၎င်းတို့၏ ကိုယ်ပိုင် ကိုယ်စားပြုလက်ရာများ တစ်ခုတလေကို မထုတ်လုပ်နိုင်သည့်အပြင် ၎င်းတို့သည် တစ်မူထူးခြားသော အတွေးအခေါ်များနှင့် ရှုထောင့်များ၊ တစ်မူထူးခြားသော ဖော်ပြနည်းဟန်ပန်တို့ ကင်းမဲ့နေသည်။ ဤအရာက စာပေသည် ၎င်းတို့၏ အားသာချက် မဟုတ်ကြောင်း သက်သေပြနေသည်။ ၎င်းတို့အနေဖြင့် စာပေနှင့်ပတ်သက်၍ သင်ယူမှုနှင့် ဘုံအသိပညာကို ပိုင်ဆိုင်ခြင်းမှာ ဤနယ်ပယ်သည် ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာဖြစ်သောကြောင့်သာဖြစ်သည်။ သို့သော် စာပေတွင် ၎င်းတို့ အားသာချက်တစ်ခု မရှိပေ။ သင် မြင်သလော၊ လူများစွာသည် စာပေလက်ရာအမျိုးမျိုးအပါအဝင် စာအုပ်များကို ဖတ်ရှုကြသည်။ များစွာသောသူတို့သည် စာပေဝါသနာအိုးများ သို့မဟုတ် စာပေဖန်တီးသူများအဖြစ် အခိုင်အမာ ဆိုကြသော်လည်း စာပေဖန်တီးမှုတွင် ပါဝင်လုပ်ကိုင်နေသူများအနက် မည်မျှသည် မိမိတို့၏ ကိုယ်ပိုင်လက်ရာများ အမှန်တကယ် ရှိကြသနည်း။ မည်မျှသည် အချိန်၏စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး ဂန္တဝင်ဖြစ်လာနိုင်သည့် စာပေလက်ရာများကို ရေးသားကြပြီးဖြစ်သနည်း။ အလွန်နည်းပါးသည်၊ မှန်သလော။ ဤလူအများစုသည် စာပေ၌ ပင်ကိုစိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှု အနည်းငယ်ရှိကြပြီး နောက်ပိုင်းတွင် ၎င်းတို့သည် အတတ်ပညာကျောင်းများ၌ သင်ယူ၊ လေ့ကျင့်ပြီး လက်တွေ့လုပ်ဆောင်ကြကာ စာပေနှင့်ဆက်စပ်သော အလုပ်ကို တာဝန်ယူဖြစ်သွားကြသည်။ ၎င်းတို့သည် စာပေနှင့်ဆက်စပ်သော အလုပ်တွင် ပါဝင်လုပ်ကိုင်နေသော်လည်း ဤစိတ်ဝင်စားမှုနှင့် ဝါသနာသည် ၎င်းတို့၏ဘဝများတစ်လျှောက်လုံး ၎င်းတို့နှင့်အတူ ပါရှိနိုင်သည်ဟု ထင်ရနိုင်သော်လည်း ၎င်းတို့ နယ်ပယ်တွင် လုပ်ကိုင်နေစဉ်အတွင်း အချောသတ်လက်ရာ မည်မျှထုတ်လုပ်သည်၊ မည်မျှ ပံ့ပိုးမှုများပြုလုပ်သည်၊ မူရင်းဖန်တီးမှုများ မည်မျှရှိသည်ဟူသည်မှာ စာပေတွင် အားသာချက်တစ်ခု ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည်။ လူများစွာသည် ၎င်းတို့ကြိုက်နှစ်သက်ပြီး စိတ်အားထက်သန်သည့် အသက်မွေးဝမ်းကျောင်းတစ်ခုတွင် ပါဝင်လုပ်ကိုင်ကြပြီး ၎င်းတို့သည် ထိုအရာမှ အသက်မွေးဝမ်းကျောင်း နည်းလမ်းတစ်ခု သို့မဟုတ် အကျိုးကျေးဇူးတစ်ခုခုကို ရရှိကြသော်လည်း ဤအသက်မွေးဝမ်းကျောင်းတွင် ကောင်းမွန်သောရလဒ်များကို စွမ်းဆောင်ရရှိခြင်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့ ကြိုက်နှစ်သက်ပြီး စိတ်အားထက်သန်သည့် အသက်မွေးဝမ်းကျောင်းက ၎င်းတို့၏အားသာချက် မဟုတ်ကြောင်း သက်သေပြရန် လုံလောက်သည်။ အခြားတစ်ဖက်တွင် အချို့လူများသည် ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့်ဆက်စပ်သော အသက်မွေးဝမ်းကျောင်းတစ်ခုတွင် ပါဝင်လုပ်ကိုင်ခြင်း မရှိကြသော်လည်း ယင်းမှာ ၎င်းတို့၏အားသာချက်ဖြစ်သောကြောင့် စစ်မှန်သော အောင်မြင်မှုများကို ဖန်တီးနိုင်ကြသည်။ ဥပမာအားဖြင့် တီထွင်သူများ၊ နယ်ပယ်အသီးသီးတွင် ထူးချွန်သော ပံ့ပိုးမှုများပြုလုပ်ခဲ့သူများ၊ နယ်ပယ်အသီးသီးတွင် မိမိတို့၏ ကိုယ်ပိုင် တစ်မူထူးခြားသော ဟန်ပန်များအား ရှေ့ဆောင်လမ်းပြခဲ့သူများနှင့် နယ်ပယ်အသီးသီးမှ ဦးဆောင်သူများအပြင် အခြားသူများ ရှိကြသည်။ သို့ဖြစ်၍ ဤအခြေအနေများကို ထည့်သွင်းစဉ်းစားပါက စိတ်ဝင်စားမှုများနှင့် ဝါသနာများရှိခြင်းသည် ထိုနယ်ပယ်များတွင် အားသာချက်တစ်ခုရှိသည်ဟု ဆိုလိုချင်မှ ဆိုလိုပေမည်။ သို့သော် အချို့လူများသည် စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များအကြား ဆက်နွှယ်မှုကို မပိုင်းခြားနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများက မိမိတို့၏ အားသာချက်များဖြစ်သည်ဟု ထင်ကြသော်လည်း ၎င်းတို့စိတ်ဝင်စားပြီး စိတ်အားထက်သန်သည့် နယ်ပယ်တစ်ခုတွင် နှစ်ပေါင်းများစွာ ပါဝင်လုပ်ကိုင်ပြီးနောက်တွင် မည်သည့်ရလဒ်မျှ အမှန်တကယ် မရရှိကြပေ။ ဤအရာများကို ရှင်းလင်းစွာသိရှိပြီးနောက် လူတို့သည် ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များအား မည်သို့ သဘောထားသင့်သနည်း။ အလွန်ရိုးရှင်းသည်၊ ၎င်းတို့သည် ထိုအရာများကို မှန်ကန်စွာ သဘောထားသင့်သည်။ ဘုရားသခင်၏အိမ်တော်က သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့်ဆက်စပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုများ သို့မဟုတ် ပါရမီများပါဝင်သည့် နယ်ပယ်တစ်ခုခုတွင် တာဝန်တစ်ခု ထမ်းဆောင်ရန် သင့်ကို တောင်းဆိုပါက သင်သည် ယင်းကို တာဝန်ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများအတိုင်း သဘောထားသင့်သည်။ ယင်းကို ငြင်းပယ်ခြင်း မပြုသင့်သကဲ့သို့ ဟိတ်ဟန်ကြီးသော စိတ်ကူးများ ရေရွတ်ခြင်း သို့မဟုတ် မဆင်မခြင်ပြုမူခြင်းလည်း မပြုသင့်ပေ။ ယင်းမှာ သင်မကျွမ်းကျင်သည့်အရာ၊ သင်၏စွမ်းရည်ကို ကျော်လွန်ပြီး သင် မလုပ်ဆောင်နိုင်သည့်အရာတစ်ခု ဖြစ်ပါက အပျက်သဘောမဆောင်နှင့် သို့မဟုတ် ဘုရားသခင်အကြောင်း မညည်းညူနှင့်။ သင်သည် ယင်းကို မှန်ကန်စွာ သဘောထားနိုင်သင့်သည်။ မှန်ကန်စွာ သဘောထားခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် ဤနယ်ပယ်အတွက် သင်၏ စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှုက တစ်မူထူးခြားသည်ဟု ခံစားရသော်လည်း ယင်းနှင့်ဆက်စပ်သော အလုပ်ကို ဆောင်ရွက်သည့်အခါ သင်သည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို မည်သည့်အခါမျှ မဖြည့်ဆည်းနိုင်သကဲ့သို့ ဘုရားသခင်၏အိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများကိုလည်း မည်သည့်အခါမျှ မရရှိနိုင်ပါက သင် စွမ်းဆောင်ရရှိနိုင်သည့် မည်သည့်အရာကိုမဆို စွမ်းဆောင်ရရှိသင့်သည်။ ဘုရားသခင်သည် ငါးကို အတင်းအဓမ္မ ကုန်းပေါ် ရှင်ခိုင်းခြင်း သို့မဟုတ် ဝက်ကို ပျံခိုင်းခြင်း လုံးဝ မပြုပေ။ သင်မည်မျှ စွမ်းဆောင်ရရှိနိုင်သည်၊ သင် ဝန်မည်မျှ ထမ်းနိုင်သည်ဟူသည်ကို ဘုရားသခင် သိသည်။ အတွေ့အကြုံ များလာသည်နှင့်အမျှ သင်သည်လည်း သိလာလိမ့်မည်။ တကယ့် အခြေအနေများနှင့် သင်၏ ပင်ကိုအခြေအနေများကို အခြေခံ၍ သင်တတ်နိုင်သလောက် စွမ်းဆောင်ရရှိအောင် လုပ်ဆောင်လော့၊ သင့်ကိုယ်သင် အခက်အခဲမဖြစ်စေနှင့်။ သင်သည် လုပ်နိုင်စွမ်းရှိပါက နောက်မတွန့်နှင့်။ သင်သည် လုပ်နိုင်စွမ်းမရှိပါက အပျက်သဘောမဆောင်နှင့် သို့မဟုတ် သင်၏စွမ်းရည်ထက် ကျော်လွန်၍ သင့်ကိုယ်သင် အတင်းအကျပ်မပြုနှင့်။ ယင်းကို မှန်ကန်စွာ သဘောထားလော့။

သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာ သင်တို့အများစုသည် မိမိတို့၏ တာဝန်ကို သုံးနှစ်ထက်မက ထမ်းဆောင်ပြီး ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ တာဝန်တစ်ခုခုကို ထမ်းဆောင်နေခဲ့သည်မှာ တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှသာ မဟုတ်ပေ။ သို့ဆိုလျှင် သင်ထမ်းဆောင်သည့် တာဝန် သို့မဟုတ် သင်ဆောင်ရွက်သည့် အတတ်ပညာဆိုင်ရာ အလုပ်တစ်ခုခုနှင့်ပတ်သက်၍ သင်သည် မည်မျှအထိ ရရှိနိုင်ပြီး မည်သည့်အဆင့်သို့ ရောက်နိုင်သည်၊ မည်မျှအထိ အစပြုနိုင်ပြီး မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သည်ဟူသည်တို့ကို သင်၏စိတ်နှလုံးထဲတွင် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) သင်သည် ဤအရာအားလုံးနှင့်ပတ်သက်၍ အခြေခံအားဖြင့် ရှင်းလင်းသည်။ အချို့လူများသည် လေ့ကျင့်မှုအနည်းငယ်သာ ရှိခဲ့သောကြောင့် တာဝန်တစ်ခုခုတွင် ကျွမ်းကျင်မှု မရှိကြသေးပေ။ သို့သော် အခြားသူများမှာမူ ဤအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ဆောင်နေပြီးဖြစ်ကာ အလွန် လေ့ကျင့်ပြီးဖြစ်သော်လည်း ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများကိုမူ မအောင်မြင်နိုင်ကြသေးပေ။ ၎င်းတို့သည် ဤနယ်ပယ်တွင် သိပ်မကျွမ်းကျင်ကြပေ။ ၎င်းတို့သည် ဤတာဝန်ကို ထမ်းဆောင်ခြင်းအား အမှန်တကယ် နှစ်သက်ပြီး စိတ်အားထက်သန်ကာ ထမ်းဆောင်ရသည်ကို ဂုဏ်ယူရပြီး ထမ်းဆောင်ချင်စိတ် ရှိသော်လည်း ၎င်းတို့သည် ယင်းကို မကျွမ်းကျင်ကြပေ။ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များက မည်သည့်အရာပင်ဖြစ်စေကာမူ ၎င်းတို့က ပြည့်ကို မပြည့်မီနိုင်ကြပေ။ ယင်းမှာ ၎င်းတို့က ပုန်ကန်ပြီး မနာခံသောကြောင့် မဟုတ်သကဲ့သို့ မိမိတို့အပိုင်းကို မလုပ်ဆောင်သောကြောင့်လည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ပင်ကိုအခြေအနေများက ယင်းကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသည့်အပြင် ကန့်သတ်ချက်များ ရှိနေသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အမှုအရာများကို သူ့အလိုလိုသာ ဖြစ်ခွင့်ပေးလော့။ အပျက်သဘောမဆောင်နှင့်၊ အားမနည်းနှင့်၊ ညည်းညူခြင်းမပြုနှင့်၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် မျှတခြင်းမရှိဟု မခံစားနှင့်။ အချို့လူများက “ကခုန်ခြင်းကို ကျွန်ုပ် နှစ်သက်သည်။ သို့သော် ကျွန်ုပ်သည် မွေးရာပါ ကိုးရိုးကားရားနိုင်ပြီး ဆွဲဆောင်မှုမရှိပါ။ အကတာဝန်ကို ကျွန်ုပ် ထမ်းဆောင်ချင်သော်လည်း မထမ်းဆောင်နိုင်ပါ။ သို့ဆိုလျှင် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ် တကယ်ကို ကချင်ပါသည်”ဟု ပြောကြသည်။ သင်၏ ကချင်သောဆန္ဒသည် သင်၏ တစ်ကိုယ်ရေဆန္ဒနှင့် သင်၏ နှစ်သက်မှုဖြစ်သော်လည်း ဘုရားသခင်သည် သင်၏ နှစ်သက်မှုများကို ဖြည့်ဆည်းပေးဖို့ လိုအပ်သလော။ သူ ဖြည့်ဆည်းဖို့ မလိုအပ်ပေ။ ဘုရားအိမ်တော်တွင် ယင်းက သတ်မှတ်သော စည်းမျဉ်းများနှင့် ယင်း၏ ပြဋ္ဌာန်းချက်များရှိ၏။ မည်သူက မည်သည့်အလုပ်အား လုပ်ဆောင်ရမည်ကို ရွေးချယ်ခြင်းသည် စည်းမျဉ်းများကို အခြေခံသည်။ သင်၏ တစ်ကိုယ်ရေဆန္ဒ၊ တစ်ကိုယ်ရေနှစ်သက်မှု သို့မဟုတ် တစ်ကိုယ်ရေစိတ်ခံစားချက်ကို အခြေခံ၍ ဘုရားအိမ်တော်က သင့်ကို ဖြည့်ဆည်းပေးရန် သင် အတင်းအကျပ် တောင်းဆို၍မရပေ။ ဤသည်မှာ မသင့်လျော်ပေ။ သင်သည် ဤနယ်ပယ်တွင် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပါက သင်၏ စိတ်နှလုံးထဲတွင် ဤနယ်ပယ်၌ တာဝန်ထမ်းဆောင်နိုင်သူများကို တိတ်တဆိတ် ကောင်းချီးမေတ္တာ ပို့သလော့။ သင်တတ်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့ သို့မဟုတ် သင်သည် လမ်းညွှန်ခြင်းနှင့် စိစစ်ခြင်းဖြင့်ဖြစ်စေ၊ အစမ်းလေ့ကျင့်မှုများ သို့မဟုတ် အကဗီဒီယိုများ၏ ထုတ်လုပ်ပြီးနောက်ပိုင်း တည်းဖြတ်ခြင်းများဖြင့်ဖြစ်စေ၊ အမျိုးမျိုးသော အချက်အလက်များကို ရှာဖွေရာတွင်ဖြစ်စေ၊ သမ္မာတရားကို ရှာဖွေရာတွင်ဖြစ်စေ ကူညီလျက် နောက်ကွယ်မှ လုပ်ဆောင်ပေးသူတစ်ဦး ဖြစ်နိုင်သည်။ အမျိုးမျိုးသော နယ်ပယ်များတွင် လုပ်ဆောင်နိုင်သည့် အလုပ်များစွာရှိပြီး သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် ဆက်စပ်သော အလုပ်နယ်ပယ်သည် ကျယ်ပြန့်သည်။ သင်သည် ဖန်သားပြင်ပေါ်တွင် ပါဝင်ရသူ မဖြစ်မနေ ဖြစ်ရန်မလိုပေ၊ သင်သည် နောက်ကွယ်မှ အလုပ်ကို အချိန်ပိုင်းအနေဖြင့် တာဝန်ယူနိုင်သည်။ ဤသည်မှာလည်း သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏ တစ်ကိုယ်ရေဆန္ဒများကို ဖြည့်ဆည်းပြီးဖြစ်သည့်အပြင် လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို ကျေနပ်စေခြင်းဟူသည့် စည်းမျဉ်းနှင့် စံနှုန်းအတိုင်းလည်း အသက်ရှင်ပေသည်၊ ယင်းမှာ အလွန်ကောင်းပါတကား။ ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် သင့် ပင်ကိုအခြေအနေများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤနယ်ပယ်တွင် သင့်အား အားသာချက်များ မပေးထားသည့်အတွက် သင့်တွင် ရွေးချယ်စရာမရှိပေ။ သင်သည် ဤနယ်ပယ်တွင် ပင်ကိုအားဖြင့် ချို့တဲ့နေပြီး ဤနယ်ပယ်ရှိ ပင်ကိုစွမ်းရည်ရှိသူကို ရွေးချယ်ခြင်းနှင့်ဆိုင်သည့် ဘုရားအိမ်တော်၏စံနှုန်းကို မမီနိုင်ရုံမျှဖြင့် ညည်းညူခြင်းဖြစ်စေ၊ မြည်တမ်းခြင်းဖြစ်စေ၊ နာကျည်းခြင်းဖြစ်စေ ပြု၍မရသည့်အပြင် ထို့နောက်တွင် ဤနယ်ပယ်၌ တာဝန်ထမ်းဆောင်ရန် မလိုမလားဖြစ်လာခြင်း၊ ဘုရားအိမ်တော်က သင့်အား တောင်းဆိုလျှင်ပင် ယင်းကို လုပ်ဆောင်ရန် ငြင်းပယ်ခြင်း ပြု၍မရပေ၊ ဤသည်မှာ မသင့်လျော်ပေ။ ဤသည်မှာ တာဝန်ထမ်းဆောင်ရာတွင် မှန်ကန်သော သဘောထားမဟုတ်ပေ။ သင်လုပ်ဆောင်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့။ သင်သည် ယင်းကို လုပ်ဆောင်ရန် မသင့်တော်ရုံမျှဖြင့် သို့မဟုတ် မကျွမ်းကျင်ရုံမျှဖြင့် ဘုရားအိမ်တော်က သင့်အား တောင်းဆိုလျှင်ပင် ငြင်းပယ်လျက် ယင်းကို လုပ်ဆောင်ရန် ငြင်းဆန်နေ၍မရပေ။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းမဟုတ်၊ တစ်ကိုယ်ရေဆန္ဒများကို ဖြည့်ဆည်းနေခြင်းဖြစ်ပြီး သင်၏ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော သဘောထားဖြင့် တာဝန်ထမ်းဆောင်နေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်အပေါ် ရိုးသားမှုနှင့် သစ္စာစောင့်သိမှု သဘောထားဖြင့်လည်း တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ဤသည်မှာ မသင့်လျော်ပေ။ ဤသည်မှာ လူတို့ နားလည်သင့်သည့် အရာတစ်ခု ဖြစ်သည်။ တစ်ချက်အနေဖြင့် စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို မှန်ကန်စွာ နားလည်လော့။ ထို့အပြင် စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို မှန်ကန်စွာ သဘောထားလော့။

အချို့လူများသည် ဆောင်းပါးများရေးသားခြင်းနှင့် စာပေဆိုင်ရာ အလုပ်များတွင် ပါဝင်လုပ်ဆောင်ခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် ဆောင်းပါးများကို နေ့စဉ် ပြန်လည်ပြင်ဆင်ပြီး စိစစ်ပြင်ဆင်ရန် ဆောင်းပါးများကို ကိုင်တွယ်ဖြေရှင်းရန် အမြဲတစေ လိုလားကြသည်။ သို့သော် ပုဂ္ဂလဓိဋ္ဌာန်ရော ဓမ္မဓိဋ္ဌာန်ပါ နှစ်ခုလုံးပါဝင်သည့် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့သည် ဤအလုပ်အတွက် မသင့်တော်ကြပေ။ တစ်ချက်အနေဖြင့် ၎င်းတို့သည် စာပေနယ်ပယ်တွင် အခြေခံကျသော အသိပညာ ကင်းမဲ့ကြသည်၊ နောက်တစ်ချက်အနေဖြင့် ၎င်းတို့၏ အစွမ်းအစသည် အတော်အတန် ညံ့ဖျင်းပြီး သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် စာပေနှင့်ပတ်သက်၍ စိတ်အားထက်သန်ပြီး နှစ်အအနည်းငယ်ကြာ လေ့ကျင့်လျှင်ပင် စာရေးနိုင်စွမ်းကို ပိုင်ဆိုင်သည့် စံနှုန်းအား အလှမ်းမမီနိုင်ကြသေးပေ။ သို့သော် ဘုရားအိမ်တော်က လူတို့အနေဖြင့် စာနှင့်ဆက်စပ်သောအလုပ်တွင် ပါဝင်လုပ်ဆောင်ရန် အနည်းဆုံး အခြေခံအစွမ်းအစတစ်ခု ရှိဖို့ တောင်းဆိုသည်။ ၎င်းတို့၏ အစွမ်းအစသည် စာနှင့်ဆက်စပ်သောအလုပ်ကို လုပ်ဆောင်ရန် မသင့်တော်သည့်အပြင် ဆောင်းပါးများကို ၎င်းတို့၏ ပြန်လည်ပြင်ဆင်ခြင်းနှင့် စာစစ်ခြင်းကပင် စံနှုန်းမပြည့်မီပါက အခြားတာဝန်တစ်ခုကိုသာ ၎င်းတို့ ရွေးချယ်နိုင်သည်။ ထိုအစား ၎င်းတို့သည် အထွေထွေအလုပ်အချို့ကို လုပ်ဆောင်ခြင်းအတွက် သို့မဟုတ် အချက်အလက်အချို့ကို စုဆောင်းခြင်းအတွက်သာ သင့်တော်ပေမည်။ တိုတိုပြောရလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နှစ်သက်သော စာနှင့်ဆက်စပ်သည့်အလုပ်သည် ၎င်းတို့ မလုပ်ဆောင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ စာနှင့်ဆက်စပ်သောအလုပ်ကို လုပ်ဆောင်ခြင်းမှ ၎င်းတို့ ဖြုတ်ချခြင်းမခံရလျှင်ပင် ၎င်းတို့သည် ထိုင်ခုံနွေးစေရုံ သက်သက်ဖြစ်မည်ဖြစ်ပြီး မည်သည့်လက်တွေ့ကျသော ရလဒ်မျှ ရရှိမည်မဟုတ်ပေ။ ထိုသို့သောကိစ္စရပ်တစ်ခုကို လူတို့သည် မည်သို့လျှင် စင်ကြယ်သော နည်းလမ်းဖြင့် သဘောပေါက်နားလည်သင့်သနည်း။ (၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံပြီး ယုတ္တိတန်ရန် သင်ယူရမည်ဖြစ်သည်။) ဤသည်မှာ ယေဘုယျဦးတည်ချက်ဖြစ်သည်၊ လူတို့သည် အတိအကျ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ လွဲချော်မှုများ ဖြစ်တတ်သော လူတစ်ဦးဖြစ်ပါက ၎င်းတို့က “စိတ်ဝင်စားမှုများနှင့် ဝါသနာများကို ဘုရားသခင်က ပေးထားခြင်းဖြစ်သည်၊ ယင်းတို့သည် ပင်ကိုအခြေအနေများ ဖြစ်သည်ဟု လူတိုင်းက ပြောကြသည်။ ဘုရားသခင်က ကျွန်ုပ်ကို ဤစိတ်ဝင်စားမှုနှင့် ဝါသနာကို ပေးထားသည့်အတွက် ဘုရားသခင်က ကျွန်ုပ်ကို ဤအရာနှင့်ဆက်စပ်သည့် အလုပ်တွင် ပါဝင်လုပ်ဆောင်ဖို့ သေချာပေါက် စီမံထားခြင်း ဖြစ်သည်။ ဘုရားသခင်က စီမံထားသည့်အတွက် ဘုရားအိမ်တော်တွင်၊ ဤစိတ်ဝင်စားမှု၊ ဝါသနာနှင့် ဆက်စပ်သည့် အလုပ်ကို ကျွန်ုပ်အား ပေးသင့်သည်။ ကျွန်ုပ်က ထိုအရာတွင် ဝေစုတစ်ခု ရှိသင့်သည်။ ကျွန်ုပ်ကို ဤအလုပ်လုပ်ဆောင်ရန် စေခိုင်းခြင်းမရှိပါက ယင်းမှာ လူများနှင့်ပတ်သက်သည့် ပြဿနာဖြစ်သည်။ ယင်းမှာ လူတို့က ကျွန်ုပ်ကို အထင်သေးသည်ဟု ဆိုလိုသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက လူတို့အား မည်သို့အကဲဖြတ်ရမည်ကို မသိဟု ဆိုလိုသည်။ ဤနေရာတွင် ဆုကျေးဇူးရှိသည့်သူ ကျွန်ုပ် ရှိသော်လည်း ကျွန်ုပ်ကို သတိပြုမိမည့် ပင်ကိုစွမ်းရည်ရှိသူ ရှာဖွေစူးစမ်းခြင်းက မရှိပါ။ စာပေကို ကျွန်ုပ် အလွန်ချစ်ပြီး ယင်းကို တကယ် ကျွမ်းကျင်သည်။ ဆောင်းပါးများ ပြန်ပြင်ရခြင်းက ကျွန်ုပ်အတွက် အလွန်လွယ်သည်။ ကျွန်ုပ်ကို ဧဝံဂေလိတရားဟောဖို့ သို့မဟုတ် ကာယအလုပ်တစ်ခု လုပ်ဖို့ လွှတ်ခြင်းက အရည်အချင်းကြီးမားသူကို သေးငယ်သော အလုပ်တွင် အသုံးပြုနေခြင်း မဟုတ်လော။ ယင်းမှာ ပင်ကိုအရည်အချင်း ရှိသည့်သူတစ်ဦးကို အလဟဿဖြစ်စေခြင်း မဟုတ်လော။ ဤသည်မှာ ရွှံ့ထဲတွင် ရွှေကို မြှုပ်ထားသကဲ့သို့ဖြစ်သည် မဟုတ်လော။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ နိမ့်သော အမိုးအောက်တွင် ခေါင်းငုံ့ရုံမှလွဲပြီး ရွေးချယ်စရာမရှိပေ။ သို့သော် ဆိုရိုးစကားတစ်ခုရှိသည်။ ပတ္တမြားမှန်လျှင် နွံတွင်နစ်သော်လည်း မညစ်ပေ ဖြစ်သည်။ စောင့်ကြည့်လော့။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်ကို စစ်ဆေးနေခြင်း၊ စမ်းသပ်နေခြင်း ဖြစ်ကောင်းဖြစ်မည်။ တစ်နေ့တွင် ဘုရားသခင်က ကျွန်ုပ်အတွက် အမိန့်ဖြင့် ပြဋ္ဌာန်းထားသောအလုပ် ကျွန်ုပ်၏ စိတ်ဝင်စားမှုနှင့်ဆက်စပ်သည့် အလုပ်ကို ကျွန်ုပ် သေချာပေါက် လုပ်ဆောင်ရလိမ့်မည်။ ကောင်းသည့် အရာများကို စောင့်ရကျိုးနပ်သည်။ သင်တို့အားလုံး ဖယ်ရှားရှင်းလင်း ခံရသည့်အခါ ယင်းမှာ ကျွန်ုပ် တောက်ပရမည့်အချိန်ပင်ဖြစ်သည်၊ ယင်းမှာ ကျွန်ုပ်၏ ကျွမ်းကျင်မှုများကို အသုံးချခွင့်ရမည့် အချိန်ဖြစ်သည်။ ‘လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ’ဟူသည်နှင့် ‘အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်’ ဟူသည့် ဆိုရိုးစကားများအတိုင်းပင်ဖြစ်သည်” ဟု ပြောဆိုပေမည်။ ဤအမြင်များနှင့်ပတ်သက်၍ သင်တို့သည် မည်သို့ထင်သနည်း။ ယင်းတို့က မမှန်ကန်ပေ၊ မှန်သလော။ ထိုသို့သောလူများသည် အမှန်ပင် လိုချင်တောင့်တစွာ တွေးတောနေကြပြီး ရေရှည်အစီအစဉ်များပင် ရေးဆွဲနေကြသော်လည်း ၎င်းတို့တွင် အမှန်တကယ် စစ်မှန်သောစွမ်းရည် ရှိမရှိကိုမူ မသိရပေ။ အချို့လူများက “ကျွန်ုပ်က ပင်ကိုအားဖြင့် စာပေနှင့်ပတ်သက်၍ ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ဖြစ်သည်၊ သို့သော် ကျွန်ုပ်ကို တစ်နေ့လုံး ရွှံ့များနှင့် ဖုံးလွှမ်းနေသည့် ကာယအလုပ်ကို လုပ်ဆောင်ရန် စေလွှတ်ခံရပြီးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မည်သူ့ကို ကျွန်ုပ် အသနားခံ၍ရနိုင်သနည်း။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပါ။ ဤသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားထားသည့်ပုံစံ ဖြစ်သည်။ ကျွန်ုပ်တွင် ရွေးချယ်စရာ မည်သည့်အရာရှိသနည်း” ဟု ပြောဆိုလျက် မတရားခံရသည်ဟုပင် ခံစားကြရသည်။ အမှန်တွင် စာစစ်သည့်အဖွဲ့က ၎င်းတို့ကို စစ်ဆေးပြီးဖြစ်ကာ ၎င်းတို့၏ စာပေအရည်အချင်းမှာ မလုံလောက်ပေ။ ၎င်းတို့တွင် စာပေအခြေခံအုတ်မြစ်မရှိသည့်အပြင် မှန်ကန်သော ပုဒ်ဖြတ်ပုဒ်ရပ်ကိုပင် အသုံးမပြုနိုင်ပေ။ ဝါကျတစ်ကြောင်းကို ဖြတ်သင့်သည့်နေရာ သို့မဟုတ် ခေတ္တရပ်သင့်သည့် မည်သည့်နေရာတွင်မဆို ၎င်းတို့က ပုဒ်လေးကို အသုံးပြုသည်။ သို့တိုင်အောင် ၎င်းတို့က ကာယအလုပ်လုပ်ခြင်းသည် ပင်ကိုစွမ်းရည်ကို အလဟဿဖြစ်စေသည်ဟု ယုံကြည်လျက် မိမိတို့ကိုယ်ကို စာပေပါရမီရှင်တစ်ဦး ဖြစ်သည်ဟု ယူဆနေကြဆဲဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည်၊ “ကျွန်ုပ်က စာပေကို ချစ်မြတ်နိုးစိတ်ဖြင့် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကလေးတစ်ဦးအနေဖြင့် ပုံပြင်စာအုပ်များ ဖတ်ရသည်ကို ကျွန်ုပ် နှစ်သက်ခဲ့သည်။ ပိုအသက်ကြီးလာသည်နှင့်အမျှ ကျော်ကြားသူများ ရေးသားသည့် စာပေလက်ရာများ ဖတ်ရသည်ကို ကျွန်ုပ် နှစ်သက်သည်။ ပြည်တွင်းပြည်ပ စာရေးဆရာများ၏ စာပေဂန္ထဝင်မြောက် စာအုပ်ပေါင်းများစွာကို ကျွန်ုပ် ဖတ်ဖူးသည်၊ ပြဇာတ်၊ စကားပြေ၊ ကဗျာ အပါအဝင် အမျိုးအစားပေါင်းစုံက စာပေများစွာကို ကျွန်ုပ် ဖတ်ဖူးသည်။ စာနှင့်ဆက်စပ်သည့်အလုပ်ကို လုပ်ရခြင်းက ကျွန်ုပ်အတွက် အားစိုက်စရာမလိုပါ။ ဆောင်းပါးတစ်ပုဒ်ရေးရခြင်းသည် ကျွန်ုပ်အတွက် ထမင်းစားရေသောက်ဖြစ်၏။ သို့သော် ယခု ကျွန်ုပ်ကို ကြည့်ပါ၊ ကျွန်ုပ်သည် ညစ်ပတ်ပြီး ပင်ပန်းသည့်အလုပ်ကို လုပ်ရသည့် အဆင့်ကို ရောက်သွားပေပြီ။ ကျွန်ုပ်၏ ဘဝတစ်ဝက်လုံးလုံးရှိခဲ့သည့် စာပေအပေါ် ကျွန်ုပ်၏ ချစ်မြတ်နိုးစိတ်က ဘုရားအိမ်တော်တွင် ငြင်းပယ်ခြင်း ခံခဲ့ရသည်။ ကျွန်ုပ်၏ ဘဝတစ်လျှောက်လုံး စုဆောင်းပြီးဖြစ်သည့် အသိပညာအားလုံးက ဘုရားအိမ်တော်တွင် အသုံးမဝင်သည်ကို တွေ့ရလေပြီ။ ကျွန်ုပ်၏ စာပေလုပ်ငန်းက အဆုံးသတ်သွားပြီ။ ဘုရားအိမ်တော်သည် သမ္မာတရားက အာဏာရှိကိုင်စွဲသောနေရာ၊ မျှတမှုနှင့်ဖြောင့်မတ်မှုက အာဏာ ကိုင်စွဲသောနေရာဟု ကျွန်ုပ် ထင်လေ့ရှိခဲ့သည်။ ကျွန်ုပ်ကဲ့သို့ ကြီးမားသော ပင်ကိုစွမ်းရည်ရှိသူ၊ စာပေဝါသနာအိုးတစ်ယောက်က ကျွန်ုပ်၏ ကျွမ်းကျင်မှုများ အသုံးပြုခွင့်မရဘဲ လောကမှာ လျစ်လျူရှုခံရပြီး အထင်သေးခံခဲ့ရသည်။ ဘုရားအိမ်တော်တွင် ကျွန်ုပ်၏ ကျန်ရှိသည့် ကြိုးစားအားထုတ်မှုများကို အသုံးချနိုင်မည်ဟု ကျွန်ုပ် ထင်ခဲ့သည်။ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်ပြီး စာစစ်အဖွဲ့အတွက် ကျွန်ုပ် စာရင်းပေးခဲ့သော်လည်း ကျွန်ုပ် ရွေးချယ်မခံခဲ့ရသည်ကိုသာ တွေ့ခဲ့ရသည်။ ကျွန်ုပ်ကိုသာ ကြည့်ပါ၊ ယခု ဤနေရာတွင် ရပ်သည့်အခါ ကျွန်ုပ်က စာပေဝါသနာအိုးတစ်ယောက်၊ စာပေဆိုင်ရာ ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ဖြစ်သည်ကို မည်သူပြောနိုင်သနည်း။ ကျွန်ုပ်၏ စာပေပင်ကိုအစွမ်းအားလုံးက ဤညစ်ပတ်ပြီး ပင်ပန်းနွမ်းနယ်သည့်အလုပ်ကြောင့် ပျက်ပြယ်သွားပေပြီ။ ယခုတွင် ကျွန်ုပ်၏ ပါးစပ်မှထွက်လာသည့် တစ်ခုတည်းသောအရာများမှာ ရိုင်းစိုင်းပြီး တောဆန်သည့် စကားလုံးများဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အလွန်စိတ်ထိခိုက်ခံစားကြရသည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းကို ကျိုးနွံနာခံပြီး ဘုရားအိမ်တော်က ခိုင်းသမျှကို လုပ်ဆောင်မည်ဟု နှုတ်ဖြင့် ပြောဆိုသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ မမှန်ကန်သော မိမိကိုယ်ကို သုံးသပ်မှုရှိနေသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကို အားသာချက်များအဖြစ်၊ ဘုရားသခင်အသုံးပြုရန် သင့်တော်သောအရာတစ်ခုအဖြစ် မှားယွင်းစွာ မှတ်ယူခဲ့ကြသည်၊ မိမိတို့၏ နေရာကို မတွေ့ရှိခဲ့ကြ၊ မိမိတို့၏ တကယ့် အခြေအနေကို သတိမမူမိခဲ့ကြ၊ ကိုယ့်အတိုင်းအတာကိုယ် မသိကြ၊ မိမိတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများက ၎င်းတို့ အမှန်တကယ် ကျွမ်းကျင်သည့်အရာ ဟုတ်မဟုတ်ဟူသည်ကို မသိကြပေ။ ၎င်းတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ မရှင်းလင်းကြသည့်အပြင် မသိနားမလည် ဖြစ်နေကြသော်လည်း မိမိတို့ကိုယ်ကို စာပေဆိုင်ရာ ဆရာတစ်ဆူဟု မခေါ်ရုံတမယ် စာပေပင်ကိုစွမ်းရည်ရှိသူတစ်ဦးအဖြစ် အခိုင်အမာ ဆိုနေကြဆဲဖြစ်သည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်အရာဖြစ်သနည်း။ (၎င်းတို့သည် အသင်းတော်၏ စီစဉ်မှုများနှင့်ပတ်သက်၍ ညည်းညူမှုများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကျိုးနွံနာခံရန် လိုလားခြင်းမရှိကြပါ။) ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မတရားခံရသည်ဟု စဉ်ဆက်မပြတ် ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ပေါ့လျော့ခြင်းမရှိဘဲ အားအပြည့် စိုက်ထုတ်နိုင်သော်လည်း၊ မဆိုစလောက်သာ ကျိုးနွံနာခံနိုင်သော်လည်း၊ မှန်ကန်တိကျမှုမရှိသော မိမိကိုယ်ကို သုံးသပ်ခြင်းကြောင့် ၎င်းတို့ မတရားခံရသည်ဟု ခံစားကြရသည်။ အတွေးတစ်ခုက ၎င်းတို့၏ စိတ်ထဲတွင် မကြာခဏ ဖြတ်ခနဲ ပေါ်လာသည်၊ “လောကတွင် မြန်သောမြင်းများစွာ ရှိသော်လည်း မြင်းကို သိမြင်တတ်သူများက ရှားပါးသည်” ဟူ၍ ဖြစ်သည်။ မြန်သောမြင်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ မြင်းကို သိမြင်တတ်သူများက မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့သည် နယ်ပယ်တစ်ခုတွင် စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှု အနည်းငယ်ရှိသည့်အပြင် နောက်ပိုင်းတွင် စနစ်တကျ လေ့လာသောကြောင့် မိမိတို့ကိုယ်ကို “မြန်သောမြင်းများ”ဟု ထင်မှတ်လျက်၊ ပင်ကိုစွမ်းရည်ရှိသည်ဟု ယုံကြည်လျက် မိမိတို့ကိုယ်ကို ပြိုင်ဘက်ကင်းသည်ဟု တွေးထင်ကြလေသည်။ ဤသည်မှာ မိမိကိုယ်ကို သိရှိနားလည်မှု လုံးဝကင်းမဲ့ခြင်း မဟုတ်လော။ စိတ်ဝင်စားမှုများနှင့် ဝါသနာများကို ဘုရားသခင်က ပေးထားသည်ဟုသာ ၎င်းတို့ ယုံကြည်ကြသော်လည်း ဘုရားသခင်က ၎င်းတို့အား မည်သည့် အစွမ်းအစ ပေးထားသည်ကို အသိအမှတ်ပြုရန် ပျက်ကွက်ကြသည်။ ၎င်းတို့ စိတ်ဝင်စားပြီး စိတ်အားထက်သန်သည့်အရာများကို ၎င်းတို့ အမှန်တကယ် ကျွမ်းကျင်ခြင်း ရှိမရှိ၊ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် ဆက်စပ်သော အလုပ်နှင့် တာဝန်ကို ၎င်းတို့ အမှန်တကယ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ထိုအရာများတွင် ၎င်းတို့ အရည်အချင်းပြည့်မီခြင်း ရှိမရှိဟူသည်နှင့် ယင်းတို့ကို ၎င်းတို့ ထမ်းရွက်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ မရှင်းလင်းကြပေ။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ မရှင်းလင်းသည့်အပြင် ဤအရာအကြောင်းကို မသိကြပေ။ ဤသည်မှာ အလွန် ဒုက္ခများသောအရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ နေရာကို အသိအမှတ်မပြုနိုင်ကြသောကြောင့် သို့မဟုတ် မရှာဖွေနိုင်သောကြောင့် အလွန်မတရားခံရသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် မည်သည့်အရာကို ပြသကြသနည်း။ ၎င်းတို့သည် မကြာခဏ သက်ပြင်းမောရှိုက်ကြပြီး တစ်နေ့နေ့တွင် ဘုရားသခင်က ၎င်းတို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးမည်၊ ၎င်းတို့၏ မကျေနပ်ချက်များကို ပြေလည်စေမည်၊ ၎င်းတို့အတွက် တရားမျှတမှုကို ထိန်းသိမ်းပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် ဆက်စပ်သော တာဝန်တစ်ခုကို ထမ်းဆောင်လိုသည့် ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မည်ဟု မျှော်လင့်လျက် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့၏ စိတ်ပိုင်းဖြတ်ချက်ကို မကြာခဏ ထုတ်ဖော်ပြောဆိုကြသည်။ ၎င်းတို့ မကြာခဏ သီဆိုသည့် သီချင်းကို ကြည့်လော့၊ “ရှေ့ဆက်ရမည့် လမ်းခရီးကို ကျွန်ုပ် မစဉ်းစားပါ”ဟူ၍ ဖြစ်သည်။ နောက်တစ်ကြောင်းက မည်သည့်အရာနည်း။ (“ကျွန်ုပ်၏ တစ်ခုတည်းသော မလွှဲမရှောင်သာသည့် တာဝန်မှာ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် ဖြစ်သည်”) ဤဝိညာဉ်ရင့်ကျက်မှု အမှန်တကယ်ရှိသူများ၊ ဤလက်တွေ့ကျမှု အမှန်တကယ်ရှိသူများနှင့် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် လိုက်လျှောက်နိုင်သူများအတွက် ဤသီချင်းကို သီဆိုခြင်းသည် လုံးဝ သင့်လျော်သည်၊ ယင်းမှာ အတိအကျ သင့်တင့်လျောက်ပတ်ပေသည်။ သို့သော် ဤသို့သောလူစားမျိုးက ဤသီချင်းကို သီဆိုသောအခါ ၎င်းတို့၏ စိတ်ခံစားမှုအခြေအနေမှာ အဘယ်အရာဖြစ်သနည်း။ မည်သည့်အခြေအနေတွင် ၎င်းတို့က ယင်းကို သီဆိုနေခြင်း ဖြစ်သနည်း။ (၎င်းတို့ ညည်းညူပြီး မတရားခံရသည်ဟု ခံစားနေရချိန်တွင် ဖြစ်ပါသည်။) သို့ဖြစ်၍ ၎င်းတို့ သီဆိုသောအခါ ၎င်းတို့ သီဆိုသည့်အရာသည် နာကြည်းမှုဖြင့် ပြည့်နှက်မနေဘူးလော။ (ပြည့်နှက်နေပါသည်။) ၎င်းတို့ သီဆိုသည့်အရာသည် ညည်းညူမှုများ၊ အာခံမှုနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ ယင်းမှာ ဝမ်းနည်းပူဆွေးမှုနှင့် နာကြည်းမှုမှလွဲ၍ မည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် ဤသီချင်းအား ၎င်းတို့ သီဆိုသည်ကို ကြားသောအခါ ယင်းမှာ ၎င်းတို့ အလွန်အမင်း ဝမ်းနည်းညှိုးငယ်နေသည့်အချိန် ဖြစ်သည်။ တရုတ်ပြည်တွင် ဆိုရိုးစကားတစ်ခုရှိသည်၊ မည်သို့ဆိုသနည်း။ “ယောက်ျားများသည် သီချင်းဆိုခြင်းဖြင့် ဝမ်းနည်းမှုကို ဖော်ပြသည်၊ မိန်းမများသည် ငိုခြင်းဖြင့် ဝမ်းနည်းမှုကို ဖော်ပြသည်၊ အဖွားအိုများသည် အဓိပ္ပာယ်မရှိသောစကားများကို တတွတ်တွတ်ရွတ်ဆိုခြင်းဖြင့် ဝမ်းနည်းမှုကို ဖော်ပြသည်”ဟူ၍ ဖြစ်၏။ သင်တို့ မြင်သည့်အတိုင်းပင်၊ လူအမျိုးအစား အမျိုးမျိုးတို့သည်မိမိတို့၏ ဝမ်းနည်းမှုကို မတူညီသော နည်းလမ်းများဖြင့် ဖော်ပြကြသည်။ အချို့မိန်းမများသည် ဤအခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ တိတ်တဆိတ် မျက်ရည်များကို အဆက်မပြတ် သုတ်လျက် ငိုကြွေးရုံသာ ငိုကြွေးကြသည်။ ၎င်းတို့သည် ယင်းကို လက်မလွှတ်နိုင်ကြသည့်အပြင် ယင်းအကြောင်းကို စဉ်းစားမိတိုင်း ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များဖြင့် နီရဲနေပြီး ၎င်းတို့၏ စိတ်နှလုံးများသည် မတရားခံရသည်ဟု ခံစားရကာ ဝမ်းနည်းလေသည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာ သဘောမထားနိုင်ကြပေ။ အမှန်တွင် ဤသည်မှာ အလွန် ရိုးရှင်းသောကိစ္စရပ်တစ်ခု ဖြစ်သည်၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများအပြင် အားသာချက်များသည် ပင်ကိုအားဖြင့် သီးခြားအရာနှစ်ခု ဖြစ်သည်။ သင်သည် အားသာချက်တစ်ခုခု ရှိပါက ယင်းသည် သင်၏ စိတ်ဝင်စားမှုနှင့် ဝါသနာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သင်သည် ထိုအားသာချက်နှင့် ဆက်စပ်သော အလုပ်အတွက် ကောင်းစွာ သင့်တော်သည်။ ဆိုလိုသည်မှာ သင်၏ မွေးရာပါ အစွမ်းအစ၊ ပင်ကိုစွမ်းရည် သို့မဟုတ် ပါရမီက သင့်အား ထိုသီးခြားအရာကို လုပ်ဆောင်ရာတွင် ကျွမ်းကျင်စေပြီး သင်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်၊ ထိုသို့ဖြစ်ပါက သင်သည် ထိုအလုပ်တွင် ပါဝင်လုပ်ဆောင်သောအခါ အချို့သော ရလဒ်များကို စွမ်းဆောင်ရရှိနိုင်ပြီး သင့်အတွက် ယင်းကို လုပ်ဆောင်ရန်မှာ အတော်အတန် သင့်လျော်ပေသည်။ သို့သော် သင်သည် ဤနယ်ပယ်တွင် စိတ်ဝင်စားမှုနှင့် ဝါသနာတစ်ခုသာရှိပြီး ယင်း၌ အားသာချက်တစ်ခု မပိုင်ဆိုင်ပါက သင်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ချင်မှ လုပ်ဆောင်နိုင်ပေမည်။ ဤသည်မှာ အလွန် ရိုးရှင်းသောကိစ္စရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ မိုက်မဲမှု၊ မသိနားမလည်မှုတို့နှင့် ပေါင်းစပ်လျက် လူတို့၏ ခေါင်းမာခြင်းနှင့် လွဲချော်သော သဘောပေါက်နားလည်မှုတို့ကြောင့် ၎င်းတို့ စိတ်ဝင်စားသည့်အလုပ်တွင် ပါဝင်လုပ်ဆောင်နိုင်ခြင်း မရှိသောအခါ ၎င်းတို့သည် စိတ်ပျက်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့ ဖြစ်လာပြီး ညည်းညူကာ အပျက်သဘောဆောင်သော စိတ်ခံစားမှုအမျိုးမျိုးဖြင့် ပြည့်လျှံနေကြသည်။ ထို့ကြောင့် လူတို့သည် မိမိတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များ၏ တကယ့် အခြေအနေကို နားလည်ရန် အလွန်လိုအပ်ပေသည်။ ၎င်းတို့ နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို မှန်ကန်စွာ သဘောထားရမည်။ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံရမည်ဖြစ်ပြီး ဘုရားအိမ်တော်က သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည် ဖြစ်သည်။ ဘုရားအိမ်တော်က သင့်အား နယ်ပယ်တစ်ခုတွင် သင်၏ တာဝန်ကို ထမ်းဆောင်ရန် တောင်းဆိုသော်လည်း သင်သည် ဤအလုပ်နယ်ပယ်တွင် မကျွမ်းကျင်လျှင် ယင်းကို စိတ်ဝင်စားပြီး စိတ်အားထက်သန်ရုံသာရှိကာ ဤအလုပ်ကို လုပ်ဆောင်ခြင်းအား နှစ်သက်ရုံသာနှစ်သက်သည့်တိုင် ဘုရားအိမ်တော်က သတ်မှတ်သော အနိမ့်ဆုံးစံနှုန်းအရ သင်သည် ယင်းကို လက်ခံနိုင်လောက်ရုံသာ အရည်အချင်းပြည့်မီနိုင်ပါက သင်သည် ကျိုးနွံနာခံပြီး သင်၏ ကဏ္ဍကို လုပ်ဆောင်ရန် ကြိုးစားသင့်သည်။ ငြင်းပယ်ရန် သို့မဟုတ် ပယ်ချရန် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေအမျိုးမျိုးကို မရှာဖွေနှင့်။ အမျိုးမျိုးသော နယ်ပယ်များတွင် သင်၏ ပင်ကိုအခြေအနေများက အကန့်အသတ် ရှိလျှင် သို့မဟုတ် သင့်တွင် အချို့သော လက်တွေ့ကျသည့် ပြဿနာများရှိပြီး ဘုရားအိမ်တော်က သင့်အား ဤနယ်ပယ်တွင် တာဝန်ထမ်းဆောင်ရန် ခွင့်မပြုနိုင်လျှင် သင်သည် ညည်းညူခြင်းများ မရှိသင့်သည့်အပြင် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းလည်း ဖြစ်မလာသင့်ပေ။ သင်တတ်နိုင်သမျှ မည်သည့်အရာကိုမဆို လုပ်သာလုပ်ဆောင်လော့။ သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများနှင့်ပတ်သက်၍မူ ယင်းတို့ကို သင်ကိုယ်တိုင်အတွက်သာ ထိန်းသိမ်းလော့။ အသင်းတော်မှ လူများက ဝင်ရောက်စွက်ဖက်မည်မဟုတ်သကဲ့သို့ အချို့သောအရာများကို သင်၏ စိတ်ဝင်စားပိုင်ခွင့် သို့မဟုတ် စိတ်အားထက်သန်ပိုင်ခွင့်ကိုလည်း ၎င်းတို့က ရုတ်သိမ်းမည် မဟုတ်ပေ။ ယင်းမှာ သင်၏ တစ်ကိုယ်ရေကိစ္စရပ် ဖြစ်သည်။ သို့သော် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်သည် စိတ်ဝင်စားမှုများ၊ ဝါသနာများ၊ အားသာချက်များနှင့်စပ်လျဉ်း၍ အမျိုးမျိုးသော ကိစ္စရပ်အားလုံးကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး ယင်းတို့အားလုံးကို မှန်ကန်စွာ သဘောထားနိုင်ရမည်။ ဤသည်မှာ အရေးအကြီးဆုံးအရာ ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။)

လူများစွာတို့သည် နယ်ပယ်တစ်ခုခုတွင် စိတ်ဝင်စားမှုများနှင့် ဝါသနာများ ရှိကြသည်။ စိတ်ဝင်စားမှုများ သို့မဟုတ် ဝါသနာများ လုံးဝ မရှိသည့် လူအချို့လည်း ရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လောကတွင် လူတို့ မကြာခဏ ထိတွေ့ဆက်ဆံရသည့် အလုပ်အကိုင်များ သို့မဟုတ် အထူးပြုအလုပ် အမျိုးအစားများ သို့မဟုတ် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များအပြင်၊ အမှုအရာများနှင့် ပတ်သက်လာသည့်အခါ၊ မည်သည့် သီးခြားစိတ်ဝင်စားမှု သို့မဟုတ် စိတ်ထက်သန်ပြင်းပြမှုမျှ မရှိကြပေ။ ၎င်းတို့သည် သာမန်လူများသာ ဖြစ်ကြသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးက ၎င်းတို့အား စာပေနှင့်ပတ်သက်၍ စိတ်ပြင်းပြခြင်း ရှိမရှိ၊ ပုံမှန်အားဖြင့် ဒိုင်ယာရီရေးခြင်း သို့မဟုတ် ဆောင်းပါးများရေးခြင်း ရှိမရှိ မေးမြန်းပါက၊ ၎င်းတို့က “ကျွန်ုပ်သည် ထိုအရနှင့်ပတ်သက်၍ စိတ်ထက်သန်ပြင်းပြခြင်း မရှိသည့်အပြင်၊ မကျွမ်းကျင်ပါ။ ကျွန်ုပ် စာဖတ်ခြင်း သို့မဟုတ် စာရေးခြင်း အစပြုသည်နှင့်တစ်ပြိုင်နက် ခေါင်းကိုက်လာသည်”ဟု ဆိုသည်။ ၎င်းတို့အား ဖတ်ရှုရန် စာပေဆိုင်ရာ အကောင်းဆုံးလက်ရာအချို့ကို ပေးထားလိုက်ပါက ၎င်းတို့သည် ယင်းကို စိတ်ဖိစီးစရာဖြစ်သည်ဟု မြင်ကြပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် လုံးဝ မလိုမလားဖြစ်ကြသည်။ အချို့က “တစ်ချိန်လုံး စာကို စိုက်ကြည့်နေခြင်းက ကျွန်ုပ်၏ မျက်စိများကို ညောင်းညာစေပြီး အိုမင်းရင့်ရော်စေသည်၊ ထို့ကြောင့် ကျွန်ုပ် စာပေကို မကြိုက်ပါ” ဟုပင် ပြောဆိုကြသည်။ အကယ်၍ သင်က ၎င်းတို့အား ကခုန်ခြင်းကို ကြိုက်နှစ်သက်ခြင်း ရှိမရှိ မေးမြန်းပါက၊ ၎င်းတို့က “ကခုန်ခြင်းသည် သင့်တော်သော အရေးကိစ္စ မဟုတ်ပါ။ ယင်းမှာ လူတို့ အားယားပြီး လုပ်ဆောင်ရန် ပိုကောင်းသည့်အရာ မည်သည့်အရာမျှ မရှိသည့်အခါ လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ ကခုန်ခြင်းကို ကျွန်ုပ် မကြိုက်ပါ”ဟု ဆိုသည်။ သင် မြင်သည့်အတိုင်း ၎င်းတို့သည် ယင်းကို မကြိုက်သည့်အပြင် ယင်းမှာ သင့်တော်သော အရေးကိစ္စ မဟုတ်ဟုဆိုလျက် ဤအတွက် အကြောင်းပြချက်တစ်ခုကိုပင် ရှာကြသည်။ အခြားသူများက ဘုရားသခင်ကို ချီးမွမ်းရန် ကခုန်ကြသည်၊ ဤသည်မှာ အပြုသဘောဆောင်သော အရာဖြစ်လိုက်လေခြင်းပါတကား။ ဘုရားသခင်ကို ချီးမွမ်းရန် သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ စောင်းနှင့် လိုင်ယာတူရိယာတို့ကို တီးခတ်ခြင်းအား ရှေးပဝေသဏီကတည်းက လုပ်ဆောင်ကြပြီးဖြစ်သည်။ ယင်းမှာ ဘုရားသခင် အသိအမှတ်ပြုသည့်အရာ ဖြစ်သည်၊ သို့ဖြစ်လျှင် ယင်းမှာ အဘယ်သို့ဖြစ်ပြီး သင့်တော်သော အရေးကိစ္စ မဖြစ်နိုင်ရသနည်း။ သို့သော် ၎င်းတို့အတွက်မူ ၎င်းတို့ မကြိုက်သည့်အရာတိုင်းကို အပျက်သဘောဆောင်သည့်အရာတစ်ခုအဖြစ် သေးသိမ်စေပြီး ပြောဆိုကြသည်။ “သင်က ကခုန်ခြင်းကို မကြိုက်ပါ၊ သို့ဆိုလျှင် သီချင်းဆိုခြင်းကို ကြိုက်သလော”ဟု မေးသောအခါ၊ “အဘယ် ‘သီချင်းဆိုခြင်း’နည်း။ ကျွန်ုပ် သီချင်းစဆိုသည်နှင့်တစ်ပြိုင်နက် အသံလွဲသွားသည်။ ထိုအရာကို ကျွန်ုပ် မကြားရက်နိုင်အောင် ဖြစ်မိသည်။ ကျွန်ုပ် သီချင်းဆိုခြင်းကို မကြိုက်ပါ။ ယခု ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်သာ ဘုရားနှုတ်ကပတ်တော်များနှင့် ဆိုင်သည့် ဓမ္မတေးအချို့နှင့် အတွေ့အကြုံဆိုင်ရာ ဓမ္မတေးအချို့ကို စတင်သင်ယူခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်မီက ကျွန်ုပ် မည်သည့်အခါတွင်မျှ သီချင်းမဆိုခဲ့ပါ။ အခြားသူများ သီချင်းဆိုသည့်အခါတွင်ပင် ကျွန်ုပ် နားထောင်ရန်ပင် လိုလားခြင်းမရှိခဲ့ပါ”ဟု ဆိုသည်။ “သို့ဆိုလျှင် သင် ပျော်ရွှင်သော စိတ်အခြေအနေ ရှိသည့်အခါ သင်ကိုယ်သင် မည်သို့ ဖော်ပြသနည်း။” “ကျွန်ုပ် ပျော်ရွှင်သော စိတ်အခြေအနေ ရှိသည့်အခါ တစ်ရေးသာအိပ်လိုက်သည်။” “သို့ဆိုလျှင် နာကျင်စရာကိစ္စရပ်များကို သင် ကြုံတွေ့ရပြီး မပျော်ရွှင်သော စိတ်အခြေအနေ ရှိသည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်သနည်း။” “ထိုအခါ ကျွန်ုပ် အဆာပြေစားစရာအချို့ စားသည်၊ သို့မဟုတ် တစ်ရေးသာအိပ်လိုက်သည်။” “သင်က သီချင်းဆိုခြင်းကို မကြိုက်ဘူးဆိုလျှင် တေးဂီတ နားထောင်ခြင်းကို ကြိုက်သလော။” “ကျွန်ုပ်၌ ထိုစိတ်ဝင်စားမှု မရှိသည့်အပြင် တေးဂီတဖြင့် မည်သည့်အရာအား ဖော်ပြလျက်ရှိသည်ကိုလည်း နားမလည်ပါ။ တေးဂီတသည် လူတို့၏ အမျိုးမျိုးသော စိတ်ခံစားချက်များကို ဖော်ပြကြောင်း၊ ယင်းက လူတို့၏ အတွေးများနှင့် ခံစားချက်များကို ဖော်ပြကြောင်း သင်တို့အားလုံး ဆိုကြသော်လည်း ကျွန်ုပ်သည် ဤအရာများကို နားမလည်သည့်အပြင် ယင်းတို့ကို မခံစားတတ်ပါ။ တေးဂီတသည် အဆင့်မြင့်အနုပညာဖြစ်သည်၊ ကျွန်ုပ်ကိုယ်တိုင်ကဲ့သို့ နိမ့်ကျသည့်သူတစ်ဦးသည် တေးဂီတကို မခံစားတတ်ပါ၊ ကျွန်ုပ် ယင်းကို မကြိုက်ပါ”ဟု ဆိုသည်။ “သင့်အနေဖြင့် အစားအသောက်ကောင်းများကို ကြိုက်သလော။” “အစားအသောက်ကောင်းများကိုလည်း ကျွန်ုပ် မကြိုက်ပါ။ မည်သည့်အရာကိုမဆို ကျွန်ုပ် စားနိုင်သည်။ ကျွန်ုပ်သည် ကြမ်းကြမ်းတမ်းတမ်းနေတတ်သောသူတစ်ဦးအဖြစ် မွေးဖွားလာခဲ့သည်။ ကျွန်ုပ် ပြောင်းဖူးမှုန့်ကို စားနိုင်သည်၊ ကိတ်မုန့်ကို စားနိုင်သည်၊ တရုတ်အစားအစာ သို့မဟုတ် အနောက်တိုင်းအစားအစာကို စားနိုင်သည်၊ မည်သည့်အရာမဆို စားနိုင်သည်။ ပြီးလျှင် ကျွန်ုပ် အလွန်ဆာလောင်ပြီး စားစရာ မည်သည့်အရာမျှမရှိပါက ခွေးစာကိုပင် စားနိုင်သည်။” ထိုသို့သောလူများသည် ဤမျှ ကြမ်းတမ်းကြသည်။ အချို့သော အမျိုးသမီးများအား “သင် အလှကုန်ပစ္စည်းများကို ကြိုက်သလော” ဟု မေးသောအခါ၊ ၎င်းတို့က “ကျွန်ုပ် ယင်းတို့ကို စိတ်မဝင်စားပါ။ ကျွန်ုပ် မွေးဖွားလာသည့် မည်သည့်ပုံစံမဆိုက ကျွန်ုပ်ဖြစ်သည့်ပုံစံပင် ဖြစ်သည်၊ ကျွန်ုပ်ကို ကြည့်ချင်သူ မည်သူမဆို ကြည့်နိုင်ပြီး ကျွန်ုပ်ကို မကြည့်ချင်သူ မည်သူမဆို လွှဲသွားနိုင်သည်” ဟု ဆိုသည်။ အချို့သော အမျိုးသားများကို “သင် အီလက်ထရောနစ်ပစ္စည်းများ သို့မဟုတ် ကားများကဲ့သို့ စက်မှုပစ္စည်းများကို ကြိုက်သလော”ဟု မေးသောအခါ၊ ၎င်းတို့က “ထိုအရာများကို ကြိုက်ခြင်းက မည်သည့်အသုံးဝင်မှုရှိသနည်း။ ယင်းက စိတ်ကို ပင်ပန်းစေပြီး ဦးနှောက်ကို မောပန်းစေသည်။ ကျွန်ုပ်၌ အချိန်ရှိပါက တစ်ရေးအိပ်ခြင်း သို့မဟုတ် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောခြင်းက ပိုကောင်းမည်”ဟု ဆိုသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မကြိုက်သည့်အပြင် လုံးဝ စိတ်ဝင်စားမှုများ သို့မဟုတ် ဝါသနာများ မရှိကြပေ။ ဇီဝဗေဒဆိုင်ရာဖြစ်စေ၊ နည်းပညာဆိုင်ရာဖြစ်စေ၊ စျေးကြီးသည်ဖြစ်စေ၊ စျေးနည်းသည်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုကိုမျှ ၎င်းတို့ မကြိုက်ကြပေ။ “ယင်းတို့သည် အဆင့်မြင့်ယဉ်ကျေးဖွယ်ရာဖြစ်သည်ဖြစ်စေ သို့မဟုတ် လူအများကြိုက်သည်ဖြစ်စေ၊ လူ့သဘာဝနှင့် သက်ဆိုင်သော ဤအရာများထဲမှ တစ်ခုကိုမျှ သင်သည် မနှစ်သက်ပေ။ သို့ဆိုလျှင် သင်သည် ကြောင်၊ ခွေးနှင့် ငှက်များကဲ့သို့ တိရစ္ဆာန်ငယ်လေးများကို နှစ်သက်သလော”ဟု မေးသောအခါ၊ “ကျွန်ုပ် ယင်းတို့ကို သာ၍ပင် မနှစ်သက်ပါ။ တိရစ္ဆာန်များသည် လူတို့ကို စကားမပြောနိုင်ပါ။ ၎င်းတို့ကို နှစ်သက်ခြင်းက အဘယ်အသုံးဝင်သနည်း”ဟု ဆိုသည်။ အချို့သောလူများသည် ခွေးများကို စိတ်ဝင်စားကြသည်။ ၎င်းတို့သည် ခွေးများနှင့် မကြာခဏ စကားပြောကြပြီး ခွေးများက လူ့စကားကို နားလည်နိုင်ကြသည်။ အချို့သောလူများမှာ ဝါသနာများ လုံးဝ မရှိကြသည့်အပြင် မည်သည့်အရာကိုမျှ စိတ်မဝင်စားကြပေ။ ထိုသို့သောလူများ များစွာရှိသည်။ အချို့သောလူများက “ကျွန်ုပ်တို့သည် အချို့သော စိတ်ဝင်စားမှုများနှင့်ရော ဝါသနာများဖြင့်ပါ မွေးဖွားလာကြသည်။ ယင်းတို့ကို ဘုရားသခင်က ပေးထားခြင်း ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်တို့ထဲမှ နယ်ပယ်တစ်ခုခုတွင် အစွမ်းအစတစ်ခုရှိသူများ၊ ဤနယ်ပယ်တွင် ထူးခြားပြီး ထူးချွန်သော အရည်အချင်းဖြင့် မွေးဖွားလာသူများ၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ ချီးမြှောက်ခြင်း၊ ဘုရားသခင်က ကျွန်ုပ်တို့အပေါ် မျက်နှာသာဖြင့် ကြည့်ရှုခြင်းသာ ဖြစ်ပေသည်။ အထူးသဖြင့် ယနေ့ခေတ်တွင် ဘုရားအိမ်တော်၌ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများ သို့မဟုတ် အားသာချက်များနှင့် သက်ဆိုင်သော တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက ကျွန်ုပ်တို့၏ အဆင့်အတန်းနှင့် တန်ဖိုးကို နှိုင်းယှဉ်၍မရအောင် ဂုဏ်ရှိစေပြီး ထူးခြားစေသည်။ ဝါသနာများ သို့မဟုတ် အားသာချက်များ မရှိသူတို့သည် ဧည့်ခံခြင်း၊ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း သို့မဟုတ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ ဝက်များ မွေးမြူခြင်းနှင့် ကြက်များကို အစာကျွေးခြင်းကဲ့သို့သော အခြေခံအလုပ်အချို့နှင့် နည်းပညာပိုင်းအရ မလိုအပ်သော အလုပ်များကိုသာ လုပ်ဆောင်နိုင်သည်။ သို့ဖြစ်၍ လူတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များအရ၊ လူတို့သည် အမြင့်အနိမ့်၊ မြင့်မြတ်ခြင်းနှင့် ယုတ်ညံ့ခြင်းတို့အကြား ခွဲခြားခြင်း ခံရသည် မဟုတ်လော။ ၎င်းတို့ကြားတွင် ကြီးစဉ်ငယ်လိုက် ကွာခြားမှုတစ်ခုရှိသည် မဟုတ်လော”ဟု ဆိုကြသည်။ ဤရှုထောင့်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သင် မြင်သည့်အတိုင်း ဘုရားသခင်သည် အချို့သောလူများအား အားသာချက်များ ပေးအပ်ထားပြီးဖြစ်သည်၊ အချို့သောလူများအား အချို့သော စိတ်ဝင်စားမှုများနှင့် ဝါသနာများဖြင့် ခွဲခန့်မှတ်သားထားပြီးဖြစ်စဉ်တွင်၊ အချို့သော အခြားလူများအတွက်မူ ဘုရားသခင်သည် မည်သည့်အရာကိုမျှ ခွဲခန့်မှတ်သားထားခြင်း မရှိလေပြီ။ ၎င်းတို့တွင် အားသာချက်များ လုံးဝ မရှိ၊ ၎င်းတို့ သီချင်းမဆိုနိုင် သို့မဟုတ် မကခုန်နိုင်ကြ၊ စာပေကို နားမလည်သည့်အပြင်၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုမျိုးစုံကို လုံးဝ မသိနားမလည်ကြပေ။ အကြောင်းအားလျော်စွာ၊ ခွေးနှစ်ကောင် မွေးထားသော ဧည့်ခံသည့်မိသားစုတစ်စု ရှိကောင်းရှိနိုင်သည်၊ သို့ဖြစ်၍ အားသာချက်မရှိသည့် ထိုသို့သောလူတစ်ဦးအား ခွေးများကို အစာကျွေးခိုင်းခြင်းသည် သင့်တော်သင့်ပေသည်၊ ဤသည်မှာ အရိုးရှင်းဆုံး တာဝန်ဖြစ်သည်။ သို့သော် ခွေးများကို အစာကျွေးခြင်းအပြင် ၎င်းတို့သည် ခွေးများကို လမ်းလျှောက်ထွက်ဖို့အတွက် မခေါ်သည့်အပြင်၊ ၎င်းတို့ကို မည်သို့ ဂရုစိုက်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ အစာကျွေးပြီးနောက်တွင် ခွေးများကပင် ၎င်းတို့အား မိမိတို့၏ သခင်အဖြစ် အသိအမှတ်မပြုသည့်အပြင် ၎င်းတို့နှင့် ရင်းနှီးခြင်းလည်း မရှိကြပေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ နယ်ပယ်တစ်ခုခုတွင် စိတ်ဝင်စားမှုများနှင့် ဝါသနာများ သို့မဟုတ် အားသာချက်များရှိသူတို့နှင့် နှိုင်းယှဉ်ပါက ကွာခြားမှုတစ်ခုရှိသည် မဟုတ်လော။ သိသာထင်ရှားစွာပင်၊ ဤသည်တို့မှာ မိမိတို့၏ ပင်ကိုအခြေအနေများတွင် ကွာခြားမှုများရှိသော လူအမျိုးအစားနှစ်မျိုး ဖြစ်ကြသည်။ တစ်မျိုးမှာ စိုပြည်ဆန်းစုံပြီး ပြည့်ဝသောဘဝဖြင့် နေထိုင်လျက် သာလွန်ခြင်းနှင့်ဆိုင်သည့် အားကောင်းသော ခံစားမှုဖြင့် အသက်ရှင်ကြသော်လည်း၊ အခြားတစ်မျိုးမှာမူ မည်သည့် သာလွန်ခြင်း ခံစားမှုမျှမရှိဘဲ အနှစ်မဲ့သော ဘဝတစ်ခုကို နေထိုင်ကြသည်။ သို့ဖြစ်၍ ဤစည်းမျဉ်းကိုအခြေခံ၍ လူတို့ကို အဆင့်အတန်းနှင့် တန်ဖိုးတွင်ရှိသည့် ကွာခြားမှုများဖြင့် ခွဲခြားပါက ယင်းမှာ သင့်လျော်သလော။ (မသင့်လျော်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို ခွဲခြားရန် မည်သည့်စည်းမျဉ်းအရ သင့်လျော်သနည်း။ ငါ့ကို ပြောလော့၊ လူတို့အကြားတွင် ကွာခြားမှုများ ရှိသလော။ (ရှိပါသည်။) ကွာခြားချက်များမှာ မည်သည့်နေရာတွင် တည်ရှိသနည်း။ လူတို့ကို မည်သို့ ခွဲခြားသင့်သနည်း။ အနည်းဆုံးအနေဖြင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံ၍ ၎င်းတို့၏ အနှစ်သာရ၊ ၎င်းတို့၏ အမြင့်နှင့်အနိမ့်၊ ၎င်းတို့၏ မြင့်မြတ်ခြင်းနှင့် ယုတ်ညံ့ခြင်းအပြင်၊ ၎င်းတို့၏ အမျိုးအစားကို ခွဲခြားလျက် လူတစ်ဦးက သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုသင့်သည်။ သဘောတရားအရ၊ လူတို့ကို ဤနည်းလမ်းဖြင့် အလွန်လွယ်ကူစွာ ခွဲခြား၍ မရနိုင်သလော။ (ရနိုင်ပါသည်။) လူတို့ကို ဤနည်းလမ်းဖြင့် ခွဲခြားခြင်းသည် ကောင်းသလော။ (ကောင်းပါသည်။) သို့သော် ၎င်းတို့ကို ဤနည်းလမ်းဖြင့် ခွဲခြားခြင်းသည် အနည်းငယ် ရိုးရှင်းလွန်းသလော။ အချို့သောလူများသည် ပင်ကိုယ်အားသာချက်များ တစ်ခုတလေမျှ မရှိသည့်အပြင်၊ စိတ်ဝင်စားမှုများ သို့မဟုတ် ဝါသနာများ တစ်ခုတလေမျှ မရှိကြပေ။ ၎င်းတို့သည် အလွန် သာမညဖြစ်သောလူများ၊ အလွန် ရိုးရှင်းသောလူများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသည်၊ သမ္မာတရားကို နားလည်သည်၊ သမ္မာတရားကို တွေ့ကြုံပြီး နားလည်မှု ရှိကြသည့်အပြင်၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သိနားလည်မှုကို မျှဝေနိုင်ကြသည်။ အသက်ဝင်ရောက်မှုတွင် ၎င်းတို့သည် သာမန်လူတစ်ဦးထက် ပိုတော်ကြသည်။ ၎င်းတို့သည် လူများစွာကို ကူညီနိုင်သည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် နိမ့်ကျပြီး တန်ဖိုးမဲ့သည်ဟု သင် ဆိုနိုင်သလော။ (မဆိုနိုင်ပါ။) သဘောတရားအရ၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားအား အခြေခံ၍ လူတို့၏ အနှစ်သာရ၊ ၎င်းတို့၏ အမြင့်နှင့်အနိမ့်၊ ၎င်းတို့၏ မြင့်မြတ်ခြင်းနှင့် ယုတ်ညံ့ခြင်းအပြင်၊ ၎င်းတို့၏ အမျိုးအစားကို ခွဲခြားသင့်သော်လည်း ၎င်းတို့ကို အတိအကျ မည်သို့ ခွဲခြားသင့်သနည်း။ ယင်းမှာ ယနေ့ ငါတို့ မိတ်သဟာယဖွဲ့မည့်အရာ ဖြစ်သည်။

လူတစ်ဦးတွင် ပင်ကိုအားဖြင့် စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အစွမ်းအစများ တစ်ခုတလေ ရှိမရှိဟူသည်မှာ ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်က ထိုအရာများကို သင့်အား ပေးအပ်ပါက ထိုအရာများကို သင်ရှိပေသည်။အကယ်၍ ဘုရားသခင်က ထိုအရာများကို သင့်အား မပေးအပ်ပါက သင် မရှိပေ၊ ယင်းတို့ကို သင် မသင်ယူနိုင်သည့်အပြင် အတုယူခြင်းမှတစ်ဆင့်လည်း မရရှိနိုင်ပေ။ သို့သော် အကယ်၍ သင်သည် နယ်ပယ်တစ်ခုခုတွင် အားသာချက်တစ်ခုကို ပိုင်ဆိုင်ပြီး သင်က “ဤအားသာချက်နှင့် ဆက်စပ်သည့်တာဝန်ကို ထမ်းဆောင်ခြင်းသည် အလွန်ပင်ပန်းစရာဖြစ်သည်။ ကျွန်ုပ် ဤအားသာချက်ကို မလိုချင်ပါ”ဟု ဆိုပါက၊ သင် မလိုချင်လျှင်ပင် ယင်းကို ဖယ်ရှား၍မရနိုင်သည့်အပြင် အခြားသူများကလည်း ယင်းကို ယူဆောင်သွား၍မရနိုင်ပေ။ သင်၌ ရှိသည့်အရာကို အခြားသူများက ယူဆောင်သွား၍မရနိုင်၊ သင်၌ မရှိသည့်အရာကို သင်သည် သိမ်းယူ၍မရနိုင် သို့မဟုတ် ယင်းအတွက် ပြိုင်ဆိုင်ခြင်းဖြင့် မရရှိနိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ဆက်စပ်သည်။ သို့သော် ထိုသို့ဆိုထားသဖြင့်၊ ဘုရားသခင်က သင့်အား စိတ်ဝင်စားမှု၊ ဝါသနာ သို့မဟုတ် အားသာချက်တစ်ခုခုကို ပေးအပ်ခြင်းက ဘုရားသခင်သည် သင့်အား သင်၏ စိတ်ဝင်စားမှု၊ ဝါသနာ သို့မဟုတ် အားသာချက်နှင့်ဆက်စပ်သော တာဝန် သို့မဟုတ် အလုပ်တစ်ခုခုကို လုပ်ဆောင်စေရမည်ဟု မဆိုလိုပေ။ အချို့သောလူများက “ကျွန်ုပ်သည် ဤနယ်ပယ်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် သို့မဟုတ် ဤအရာနှင့် ဆက်စပ်သည့်အလုပ်တွင် ပါဝင်ရန် စေခိုင်းခြင်း မခံရသည့်အတွက်၊ ကျွန်ုပ်အား အဘယ်ကြောင့် ထိုသို့သော စိတ်ဝင်စားမှု၊ ဝါသနာ သို့မဟုတ် အစွမ်းအစကို ပေးအပ်ထားခဲ့သနည်း”ဟု ဆိုကြသည်။ ဘုရားသခင်သည် လူတစ်ဦးစီ၏ အမျိုးမျိုးသော အခြေအနေများကို အခြေခံ၍ လူအများစုအား အချို့သော စိတ်ဝင်စားမှုများနှင့် ဝါသနာများကို ပေးအပ်ပြီးဖြစ်သည်။ ထည့်သွင်းစဉ်းစားထားသည့် များစွာသောအရာများ ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ တစ်ချက်အနေဖြင့်၊ ယင်းမှာ လူတို့၏ စားဝတ်နေရေးနှင့် ရှင်သန်မှုအတွက် ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့်၊ ယင်းမှာ လူတို့၏ ဘဝများကို တန်ဖိုးတက်စေရန် ဖြစ်သည်။ တစ်ခါတစ်ရံတွင်၊ လူတစ်ဦး၏ ဘဝသည် ဖျော်ဖြေရေးနှင့် အပျော်အပျက်အတွက်ဖြစ်စေ သို့မဟုတ် အချို့သော သင့်တော်သည့် အလုပ်တာဝန်များတွင် ပါဝင်ပြီး ထိုသို့ဖြင့် ၎င်းတို့၏ လူ့ဘဝကို စိတ်ချမ်းသာစေရန်ဖြစ်စေ အချို့သော စိတ်ဝင်စားမှုများနှင့် ဝါသနာများကို လိုအပ်ပေသည်။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဘုရားသခင်၏ ပေးအပ်ခြင်းနောက်ကွယ်တွင် အကြောင်းပြချက် ရှိသည်မှာ အမှန်ပင်ဖြစ်ပြီး ဘုရားသခင်၌ မပေးအပ်ခြင်းအတွက် သူ၏ အကြောင်းပြချက်များနှင့် အခြေခံအကြောင်းရင်းများလည်း ရှိပေသည်။ သင်၏ လူသားဘဝ သို့မဟုတ် သင်၏ ရှင်သန်မှုသည် ဘုရားသခင်က သင့်အား စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို ပေးအပ်ရန် မလိုအပ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည့်အပြင် သင်၏ အသက်မွေးဝမ်းကျောင်းမှုကို သင် ထိန်းသိမ်းနိုင်ခြင်း သို့မဟုတ် သင်၏ လူသားဘဝကို တန်ဖိုးတက်စေပြီး အခြားသောနည်းလမ်းမှတစ်ဆင့် စိတ်ချမ်းသာစေနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တိုတိုပြောရလျှင် ဘုရားသခင်သည် လူတို့အား စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို ပေးအပ်ပြီးသည်ဖြစ်စေ မပေးအပ်သေးသည်ဖြစ်စေ၊ ဤသည်မှာ လူတို့ကိုယ်တိုင်နှင့်ပတ်သက်သည့် ပြဿနာတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ဦးတွင် အားသာချက်များ မရှိလျှင်ပင် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ ချွတ်ယွင်းချက်တစ်ခု မဟုတ်ပေ။ လူတို့သည် ဤအရာကို မှန်ကန်စွာ သဘောပေါက်နားလည်သင့်ပြီး မှန်ကန်စွာ သဘောထားသင့်သည်။ အကယ်၍ လူတစ်ဦးသည် အချို့သော စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို ပိုင်ဆိုင်ပါက ၎င်းတို့သည် ယင်းတို့ကို တန်ဖိုးထားသင့်ပြီး မှန်ကန်စွာ အသုံးချသင့်သည်။ အကယ်၍ ၎င်းတို့၌ ထိုအရာများ မရှိပါက ညည်းညူခြင်း မပြုသင့်ပေ။ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များ၏ ရှုထောင့်မှကြည့်လျှင် ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေဖြစ်သည်။ သို့သော် လူတစ်ဦးတွင် ဤအရာများ ရှိမရှိဟူသည်က ထိုသူ၏ တန်ဖိုး၊ အဆင့်အတန်း သို့မဟုတ် ဂုဏ်ဒြပ်ကို မထင်ဟပ်စေပေ။ သို့ဖြစ်လျှင် ဤသည်က လူတို့အား အဘယ်အရာကို ပြောပြသနည်း။ ဘုရားသခင်က သင့်အား အဆင့်မြင့်ယဉ်ကျေးဖွယ်ရာသော စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို ပေးအပ်လျှင်ပင်၊ ဤသည်တို့မှာ သင်၏ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်၊ သင်၏ အားသာသော အခြေအနေများ ဖြစ်ကြလျှင်ပင်၊ ယင်းတို့ကို သင် ရှိခြင်းက သင်သည် အခြားမည်သူ့ထက်မဆို ပို၍ မြင့်မြတ်သည်၊ သင်သည် အခြားမည်သူ့ထက်မဆို မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ပို၍ အခွင့်အရေးရသည် သို့မဟုတ် အခွင့်ထူးပိုရှိသည်ဟု မဆိုလိုပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမြင်တွင် လူတစ်ဦး၌ မည်သည့် ပင်ကိုအခြေအနေများ ရှိသည်ဖြစ်စေ ၎င်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ ပင်ကိုအခြေအနေများတွင် ဖောက်ပြန်ပျက်စီးခြင်း၏ အရိပ်လက္ခဏာများမပါဝင်သော်လည်း ပင်ကိုအခြေအနေများကို ပိုင်ဆိုင်သော လူအားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်ကာ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပေသည်။ ၎င်းတို့၏ အသက်အနှစ်သာရမှာ ၎င်းတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်သည်။ ထို့ကြောင့်၊ သင်၏ ပင်ကိုအခြေအနေများ မည်သည့်အရာကဲ့သို့ပင်ဖြစ်စေ၊ သင်၌ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အမြင်တွင် လူအားလုံး၏ အသက်အနှစ်သာရသည် တူညီသည့်အတွက်၊ သင်၏ တန်ဖိုးသည် အခြားသူများနှင့် တန်းတူဖြစ်သည်။ လူတို့သည် ၎င်းတို့၌ အားသာသည့် အခြေအနေအချို့ သို့မဟုတ် အရေးသာမှုအချို့ရှိလျှင်ပင် လူ့အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအရ လူအားလုံး၏ အနှစ်သာရသည် တူညီပြီး လူအားလုံးသည် အတူတူပင်ဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်သင့်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုကို ကြုံတွေ့ရမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် ဘုရားသခင် ကယ်တင်လိုသောသူများ ဖြစ်ကြသည်။ လူတို့၏ ဇာတိပကတိနှင့်ဆိုင်သည့် အသက်အနှစ်သာရအရ လူတို့သည် အတူတူပင် ဖြစ်ကြသည်။ သို့သော် အခြားသောရှုထောင့်အမြင်တစ်ခုမှကြည့်လျှင် လူတို့အကြားတွင် အချို့သော ကွဲပြားမှုများ ရှိပြီး ဤကွဲပြားမှုများနှင့်ပတ်သက်၍ ငါတို့ အသေးစိတ် မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။ ဤကွဲပြားမှုများကို မည်သို့ ခွဲခြားသိမြင်သင့်သနည်း။ ယင်းတို့ကို လူတို့၏ ဇာစ်မြစ်များမှ ဆန်းစစ်ရမည်။ “ဇာစ်မြစ်များ”ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းက လူတစ်ဦးသည် မည်သည့်အရာမှ လူဝင်စားပြီးဖြစ်သည်ကို ရည်ညွှန်းသည်၊ ၎င်းတို့ ဖြစ်တည်လာခဲ့ပုံနှင့် ၎င်းတို့ မည်သည့်အရာမှ လာခဲ့သည်ဟူသည်တို့ကို အခြေခံ၍ ကွဲပြားမှုများကို ပြုလုပ်ခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဤလူသားမျိုးနွယ်ကို အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။ ပထမအမျိုးအစားမှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများဖြစ်သည်။ ဒုတိယမှာ အမျိုးမျိုးသော နတ်ဆိုးများမှ လူဝင်စားသောသူများဖြစ်ပြီး၊ တတိယမှာ လူသားများမှ လူဝင်စားသောသူများ ဖြစ်ကြသည်။ ဤအမျိုးအစားသုံးမျိုးသည် လူတို့ကို တကယ့် အရင်းအမြစ်တွင်ပင် ခွဲခြားလိုက်သည်။ ယင်းတို့က လူတို့ကို ခွဲခြားနိုင်သည့်အကြောင်းရင်းမှာ မတူညီသော လူအမျိုးအစားများ၏ ဇာစ်မြစ်များက မတူညီသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် မည်သူက တိရစ္ဆာန်များမှ လူဝင်စားသည်၊ မည်သူက နတ်ဆိုးများမှ လူဝင်စားသည်ဟူသည်နှင့် မည်သူက လူသားများမှ လူဝင်စားသည်ဟူသည်တို့ကို မည်သို့ သိနိုင်သနည်း။ ဤအရာကို ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် ၎င်းတို့ ပြသသည့် ထူးခြားသော လက္ခဏာများကို အခြေခံ၍ ဆုံးဖြတ်ရပေမည်။ သင်သည် ရှေးရိုးစဉ်သာလေ့လာမှုတွင်ဖြစ်စေ သို့မဟုတ် အခြားသော လမ်းကြောင်းများမှတစ်ဆင့်ဖြစ်စေ ထိုသို့သော သတင်းအချက်အလက်ကို ယခင်က ကြားဖူးသလော။ (ကြားဖူးပါသည်။) သို့ဆိုလျှင်၊ ဤအကြောင်းအရာသည် သင်တို့နှင့် လုံးဝ မစိမ်းပေ၊ ဟုတ်သလော။ (ဟုတ်ပါသည်။) တိရစ္ဆာန်များမှ လူဝင်စားသောသူများ၊ နတ်ဆိုးများမှ လူဝင်စားသောသူများ၊ လူသားများမှ လူဝင်စားသောသူများ၊ သင်တို့ မည်သည့်အမျိုးအစားအကြောင်းကို ဦးစွာ ကြားလိုသနည်း။ (ပထမအမျိုးအစားအကြောင်းဖြစ်ပါသည်။) ပထမအမျိုးအစားမှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများ ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ အမှန်တရားကို အမှန်တကယ် သိလာပါက ယင်းက သင်တို့၏ ဘဝများအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်လော။ ယင်းက ဒုက္ခပြဿနာ သို့မဟုတ် အဟန့်အတားများကို ဆောင်ကြဉ်းလိမ့်မည်လော။ (မည်သည့်အရာမှ ကျွန်ုပ် လူဝင်စားလေပြီနည်းဟု ကျွန်ုပ် စတင် တွေးမိနိုင်ပါသည်။) အချို့သောလူများအတွက်မူ ၎င်းတို့ မည်သည့်အမျိုးအစားတွင် ပါဝင်သည်ကို အမှန်တကယ် သိသွားပြီး မိမိတို့ကိုယ်ကို သီးခြား အမျိုးအစားတစ်ခုနှင့် ကိုက်ညီသည်ကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အနေဖြင့် အမှန်ပင် လူသားများမှ လူဝင်စားပါက ကံအကြောင်းလှသည်ဟု ခံစားရပြီး ထိုအရာနှင့်ပတ်သက်၍ အတော်လေး စိတ်ကျေနပ်မှုရကြသည်။ သို့သော် ၎င်းတို့သည် လူသားများမှ လူဝင်စားခြင်း မဟုတ်ပါက ယင်းကို စိတ်မချမ်းသာစရာဟု ၎င်းတို့ မြင်ကြမည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းက အချို့သော အခက်အခဲများကို ဆောင်ကြဉ်းမည်ဖြစ်ပြီး စိတ်မသက်မသာဖြစ်မှု တစ်ခုခုကိုလည်း ဆောင်ကြဉ်းလာမည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းက စိတ်မသက်မသာဖြစ်မှုနှင့် အချို့သော အခက်အခဲများကို ဆောင်ကြဉ်းလာနိုင်သည့်အတွက်၊ လူတို့အတွက် သိခြင်းက ပိုကောင်းသလော သို့မဟုတ် မသိခြင်းက ပိုကောင်းသလော။ (သိခြင်းက ပိုကောင်းမည်ဟု ကျွန်ုပ် ခံစားရပါသည်။) မည်သည့်နည်းလမ်းဖြင့် ပိုကောင်းမည်နည်။ (သိခြင်းအားဖြင့် လူတစ်ဦးသည် ဤကိစ္စနှင့်စပ်လျဉ်း၍ သမ္မာတရားကို နားလည်နိုင်ပြီး၊ ထို့အပြင် မိမိတို့အနီးဝန်းကျင်ရှိ အချို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ၎င်းက ပိုင်းခြားသိမြင်နိုင်မည် ဖြစ်ပါသည်။) သို့ဆိုလျှင် ဤအကြောင်းကို မိတ်သဟာယဖွဲ့ကြစို့။

တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့်ပတ်သက်၍ ငါတို့ ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ နာမည်က ညွှန်ပြသည့်အတိုင်းပင်၊ တိရစ္ဆာန်များမှ လူဝင်စားခြင်းဟူသည်မှာ ထိုသို့သော လူတစ်ဦးက တိရစ္ဆာန်တစ်ကောင်မှ လူဝင်စားခဲ့ခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ တိရစ္ဆာန်များ၏ နယ်ပယ်မှာ အတော်လေး ကျယ်ပြန့်သည်။ လူသားများအဖြစ် တိရစ္ဆာန်အမျိုးအစား အတိအကျ မည်မျှက လူဝင်စားနိုင်သည်ဟူသည်နှင့်ပတ်သက်၍မူ ယင်းမှာ ငါတို့၏ မိတ်သဟာယ နယ်ပယ်အတွင်း၌ မရှိပေ။ တိုတိုပြောရလျှင် ၎င်းတို့၏ ယခင်ဖြစ်တည်မှုက တိရစ္ဆာန်တစ်ကောင်ဖြစ်ခဲ့သော လူအမျိုးအစားတစ်မျိုး ရှိသည်၊ ဆိုလိုသည်မှာ ၎င်းတို့၏ မူလကိုယ်ပိုင်လက္ခဏာ သို့မဟုတ် ဖန်ဆင်းခံရသော အမျိုးအစားသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ထဲတွင် မပါဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ကနဦး၊ ပထမဆုံး ဇီဝဗေဒဆိုင်ရာ အမျိုးအစားမှာ တိရစ္ဆာန်တစ်ကောင်၏ အမျိုးအစား ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်၏ အမြင်တွင် ဇီဝဗေဒဆိုင်ရာ နယ်ပယ်အတွင်းရှိ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာမှာ တိရစ္ဆာန်တစ်ကောင်၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်သည်။ ဤလူဝင်စားခြင်းတွင် ၎င်းတို့သည် လူသားဖြစ်လာကြပြီးဖြစ်သည်၊ ဆိုလိုသည်မှာ ဤတိရစ္ဆာန်သည် တိရစ္ဆာန်များကြားတွင် နောက်တစ်ဖန် မွေးဖွားခြင်း မရှိတော့ဘဲ ထိုအစား အချိန်ကာလတစ်ခုခု၊ မိသားစုတစ်ခုခု၊ မျိုးနွယ်နှင့် နိုင်ငံတစ်ခုခုတွင် မွေးဖွားလျက် လူသားတစ်ဦးအဖြစ် လူဝင်စားပြီးဖြစ်ပေသည်။ တိရစ္ဆာန်တစ်ကောင်က လူသားတစ်ဦးအဖြစ်သို့ လူဝင်စားခြင်းဆိုသည်မှာ ၎င်းက လူသားတစ်ဦးအဖြစ် မွေးဖွားသော်လည်း ၎င်း၏ ယခင်ဖြစ်တည်မှုမှာ လူသားတစ်ဦးအဖြစ် မဟုတ်၊ တိရစ္ဆာန်တစ်ကောင်အဖြစ် ဖြစ်ခဲ့သည်ကို ဆိုလိုသည်။ ယခင်က ၎င်းတို့သည် တိရစ္ဆာန်များကြားတွင် ပြန်လည်မွေးဖွားလျက် တိရစ္ဆာန်ဘုံအတွင်း၌ တည်ရှိခဲ့ကြသည်။ ယခုတွင် ဤပြန်လည်မွေးဖွားခြင်းတွင် ၎င်းတို့သည် တိရစ္ဆာန်ဘုံအတွင်း၌ မရှိကြတော့ပေ။ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာက ပြောင်းလဲပြီးဖြစ်ကာ ၎င်းတို့သည် လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်လာပြီးဖြစ်သည်။ ဤသည်ကို တိရစ္ဆာန်များက လူသားများအဖြစ် လူဝင်စားခြင်းဟု ခေါ်သည်။ တိရစ္ဆာန်တစ်ကောင်သည် လူသားတစ်ဦးအဖြစ် လူဝင်စားသောအခါ ၎င်းတို့၏ အသွင်အပြင်နှင့် ပင်ကိုအသိစိတ်တို့သည် အခြေခံအားဖြင့် လူသားမျိုးနွယ်အတွင်းရှိ မည်သည့်လူပုဂ္ဂိုလ်နှင့်မဆို အတူတူပင် ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူသားတစ်ဦး၏ ထူးခြားသော လက္ခဏာများကို အပြည့်အဝ ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် မတ်မတ် လမ်းလျှောက်နိုင်သည်၊ လူ၏ ရုပ်ဆင်းအင်္ဂါများနှင့် အသွင်အပြင်ရှိပြီး လူ၏တွေးခေါ်ပုံ၊ လူ၏ပင်ကိုအသိစိတ်နှင့် ပုံမှန်လူသားဘဝတို့ကို ပိုင်ဆိုင်သည့်အပြင် ဘာသာစကားအတွက် တစ်မူထူးခြားသော လူသားစွမ်းရည်လည်း ရှိကြသည်။ ဤသည်မှာ တိရစ္ဆာန်တစ်ကောင်က လူသားတစ်ဦးအဖြစ် လူဝင်စားခြင်းအဖြစ် သိရှိရသည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာပုံစံ၊ အပြင်ပန်းသွင်ပြင်နှင့် ရုပ်ပိုင်းဆိုင်ရာ ဘဝ ထူးခြားသော လက္ခဏာများမှနေ၍၊ လူသားတို့၏ လက္ခဏာများကိုသာ သင် မြင်နိုင်သည်။ တိရစ္ဆာန် လက္ခဏာများမှာ မြင်၍မရနိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်မှ လူဝင်စားကြောင်းကို သင်က မည်သို့ သိရှိနိုင်သနည်း။ ဤသည်မှာ လူတို့ အလေးအထားဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့က တိရစ္ဆာန်တစ်ကောင်မှ လူဝင်စားခြင်းဖြစ်သည်ကို မြင်ရန်ဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့် လူသားများမှ လူဝင်စားသောသူများအကြားတွင် ခြားနားချက်များ မရှိခဲ့လျှင် ဤလူအမျိုးအစားတွင် သိသာထင်ရှားသော ထူးခြားသည့် လက္ခဏာများ တစ်ခုတလေမျှ ရှိမည်မဟုတ်ပေ။ တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့် စစ်မှန်သော လူသားများမှ လူဝင်စားသောသူများအကြားတွင် သိသာထင်ရှားသော ခြားနားချက်များ ရှိသောကြောင့်သာလျှင် ဤလူအမျိုးအစားနှစ်မျိုးကို ၎င်းတို့၏ ထူးခြားသော လက္ခဏာများအပေါ် အခြေခံ၍ ထိုသို့လွယ်ကူစွာ ခွဲခြားသိမြင်နိုင်ခြင်း ဖြစ်ပေသည်။ သို့ဆိုလျှင် တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ပထမ ထူးခြားသော လက္ခဏာမှာ ၎င်းတို့က လွဲချော်သော သဘောပေါက်နားလည်မှု ရှိခြင်း ဖြစ်သည်။ ဒုတိယ ထူးခြားသော လက္ခဏာမှာ ၎င်းတို့သည် အထူးသဖြင့် ထုံထိုင်းခြင်း ဖြစ်သည်။ တတိယ ထူးခြားသော လက္ခဏာမှာ ၎င်းတို့သည် အထူးသဖြင့် နားဝေတိမ်တောင်ဖြစ်ခြင်း ဖြစ်သည်။ စတုတ္ထ ထူးခြားသော လက္ခဏာမှာ ၎င်းတို့သည် မိုက်မဲခြင်း ဖြစ်သည်။ ဤထူးခြားသော လက္ခဏာလေးခုတည်းကပင်လျှင် တိရစ္ဆာန်တစ်ကောင်မှ လူဝင်စားသောသူတစ်ဦးနှင့် စစ်မှန်သော လူသားတစ်ဦးတို့ကြား ခြားနားချက်ကို ထင်ရှားစေရန် လုံလောက်ပေသည်။

တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ပထမ ထူးခြားသော လက္ခဏာမှာ ၎င်းတို့တွင် လွဲချော်သော သဘောပေါက်နားလည်မှုရှိခြင်း ဖြစ်သည်။ ပထမဦးစွာ၊ လွဲချော်ခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် ၎င်းတို့၏ အတွေးများ၊ ရှုထောင့်များနှင့်ပတ်သက်သော ပြဿနာများ ပါဝင်သည်။ အမှုအရာများကို ရှုမြင်ရန်၊ သဘောပေါက်ရန်နှင့် သိနားလည်ရန် ၎င်းတို့၏ သိမြင်တတ်သော စွမ်းရည်များလည်း ပါဝင်သည်။ ဤလူအမျိုးအစားသည် မည်သည့်အရာကိုမျှ မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ခြင်းမရှိသည့်အပြင်၊ မည်သည့်အရာကိုမျှ မှန်ကန်စွာ ရှုမြင်နိုင်ခြင်းလည်း မရှိပေ။ လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံအပြင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များသည် အထူးသဖြင့် အဓိပ္ပာယ်မဲ့သည်၊ ခေါင်းမာကာ ရယ်ဖွယ်ရာဖြစ်သည်၊ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံနှင့် အမှုအရာများအပေါ် ပုံမှန်လူ့သဘာဝ၏ အတွေးများ၊ ရှုထောင့်များနှင့် လုံးဝ သဟဇာတမဖြစ်ပေ။ လွဲချော်သော သဘောပေါက်နားလည်မှုရှိသည့် လူများသည် သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် သိလာခြင်းနှင့် မည်သည့်နေရာတွင်မျှ မနီးစပ်ပေ။ ၎င်းတို့အနေဖြင့် သမ္မာတရား စည်းမျဉ်းများကို နားလည်ရန် မဆိုထားနှင့်၊ သမ္မာတရားကို ၎င်းတို့ လုံးလုံးလျားလျား လက်လှမ်းမမီနိုင်ကြပေ။ အမှုအရာတစ်ခုတလေ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတလေကို ၎င်းတို့ ဆက်ဆံပုံနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့၏ ရှုထောင့်များက လုံးဝ လွဲချော်နေသည်။ သင်က ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် ယင်းကို အယူဝါဒအရ နားလည်ကြသော်လည်း နောက်ပိုင်းတွင် ၎င်းတို့၏ အသိပညာမှာ ယခင်ကဲ့သို့ပင် လွဲချော်မြဲလွဲချော်နေသည်။ ထို့နောက် သင်က ဥပမာများပေးလျက် အမှုအရာများကို ပို၍ရှင်းလင်းစွာနှင့် တိကျစွာ ရှင်းပြသောအခါ ထိုအချိန်တွင် ၎င်းတို့ နားလည်ကောင်း နားလည်နိုင်သော်လည်း နောက်ပိုင်းတွင် အလားတူအမှုအရာမျိုးကို ၎င်းတို့ ကြုံတွေ့ရသောအခါ ၎င်းတို့၏ ရှုထောင့်မှာ ယခင်အတိုင်းပင် လွဲချော်မြဲလွဲချော်နေပြီး ၎င်းတို့ မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ယင်းက ၎င်းတို့၏ ရှုထောင့်ကို ပြုပြင်ပေးခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့၏ ဤအခြေအနေ၊ အမှုအရာများကို ဤသို့သဘောပေါက်နားလည်ပုံသည် ပြောင်းလဲခြင်းမရှိဘဲ အကန့်အသတ်မရှိ ဆက်လက်ရှိနေလိမ့်မည်။ သမ္မာတရားနှင့်ဆိုင်သည့် မည်သူတစ်ဦးတစ်ယောက်၏ မိတ်သဟာယကမျှ ၎င်းတို့ကို မပြောင်းလဲစေနိုင်ပေ။ ငါ မိတ်သဟာယဖွဲ့ပြီး တရားဒေသနာများ ဟောပြောလျှင်ပင် ယင်းက ၎င်းတို့၏ လွဲချော်သော အတွေးများနှင့် ရှုထောင့်များ၊ အမှုအရာများအပေါ် လွဲချော်သော သဘောပေါက်နားလည်မှုတို့အား ပြောင်းလဲစေနိုင်ခြင်း မရှိပေ။ ထိုသို့သောလူများသည် အလွန် ဒုက္ခပေးတတ်သည်။ ဥပမာအားဖြင့် ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာကို အမှားလုပ်မိပြီး၊ သင်က ၎င်းတို့အား “သင်လုပ်ခဲ့သည့်အရာမှာ မမှန်ကန်ပါ၊ စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ထိုအရာတွင် ကိုယ်ရေးကိုယ်တာ ရောနှောခြင်း ပါနေသည်”ဟု ပြောသောအခါ ၎င်းတို့က “ကျွန်ုပ်က တမင်တကာ လုပ်ခဲ့ခြင်း မဟုတ်ပါ။ ထိုသို့ဖြစ်သွားရန် ကျွန်ုပ် ရည်ရွယ်ခဲ့ခြင်း မရှိပါ။ သင်တို့အားလုံး အလွန်တော်သည့်အတွက်၊ သင်တို့တွင် သမ္မာတရားရှိပြီး အမှုအရာများအား မည်သို့လုပ်ဆောင်ရမည်ကို သင်တို့ သိသည့်အတွက်၊ ကျွန်ုပ်ကို လုပ်စေမည့်အစား သင်တို့ကိုယ်တိုင် အဘယ်ကြောင့် မလုပ်ကြသနည်း။ ကျွန်ုပ် မှားလုပ်မိသည်ဟု သင်တို့ပြောသည်၊ ယင်းမှာ သင်တို့က ကျွန်ုပ်ကို မနှစ်မြို့စရာဟု မြင်သောကြောင့်သာ ဖြစ်သည် မဟုတ်လော။ သင်တို့အားလုံးတွင် လူ့သဘာဝရှိပြီး ကျွန်ုပ်တစ်ဦးတည်းသာ မရှိသောသူဖြစ်သည့်အတွက်၊ ကျွန်ုပ်က ငရဲသို့ သွားမည်သာဖြစ်ပြီး သင်တို့အားလုံး ကောင်းကင်ဘုံသို့ သွားနိုင်သည်”ဟု ပြောဆိုလိမ့်မည်။ ၎င်းတို့သည် အကြောင်းပြချက်ဖြင့် မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန်နှင့် မှန်ကန်ကြောင်း သက်သေပြရန်ပင် ကြိုးစားကောင်းကြိုးစားနိုင်ပြီး တာဝန်ကို ခေါင်းရှောင်ရန် ဆင်ခြေများကို စိတ်ကူးရကောင်းရနိုင်သည်။ ၎င်းတို့သည် မိမိတို့ မှားလုပ်ခဲ့ကြောင်းကို ဝန်ခံရန် ငြင်းပယ်ကြသည်၊ မှန်ကန်သော သဘောထား မရှိကြသည့်အပြင် နောင်အနာဂတ်တွင် မိမိတို့ကိုယ်ကို ပြုပြင်ရန်နှင့် နောက်တစ်ကြိမ် မည်သို့ပြုမူသင့်သည်ကို ၎င်းတို့ နားလည်ကြောင်း ပြောဆိုရန် ဆက်ကပ်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် ဘယ်သောအခါမျှ နားလည်မည်မဟုတ်သည့်အပြင်၊ အမှုကိစ္စကို လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ဖြူစင်သော နည်းလမ်းဖြင့် ဘယ်သောအခါမျှ သဘောပေါက်နားလည်မည် မဟုတ်ပေ။ သင်က ၎င်းတို့၏ အလုပ်တွင်ရှိသည့် ပြဿနာများကို ထောက်ပြပြီး ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ “သင်က ကျွန်ုပ်ကို အထင်သေးနေခြင်းသာ မဟုတ်လော။ ယင်းမှာ ကျွန်ုပ်က ပညာမတတ်သည့်အပြင်၊ ကျေးလက်ဒေသမှ လာသောကြောင့်သာဖြစ်သည် မဟုတ်လော။ ယင်းမှာ ကျွန်ုပ်၏ အဆင့်အတန်းက နိမ့်ကျသောကြောင့်သာဖြစ်သည် မဟုတ်လော။ ဘုရားသခင်ပင်လျှင် ကျွန်ုပ်ကို အထင်မသေးပါ၊ သို့ဖြစ်လျှင် သင့်မှာ အဘယ်လုပ်ပိုင်ခွင့် ရှိသနည်း”ဟု ပြောဆိုသော လူအချို့ပင် ရှိသည်။ ၎င်းတို့သည် မိမိတို့ မှားလုပ်ခဲ့ကြောင်းကို ဘယ်သောအခါမျှ ဝန်ခံပြီးနောက် သမ္မာတရားကို ရှာဖွေခြင်း၊ မိမိတို့ မည်သည့်နေရာတွင် မှားသွားသည်ကို သိမြင်ရန် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ယင်းကို ဖြေရှင်းရန် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအား ရှာဖွေခြင်းတို့ကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့သည် ဤသို့ ဘယ်သောအခါမျှ ပြုလုပ်မည်မဟုတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူသားမဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံ မရှိသည့်အပြင် ပေါ်ပေါက်လာသော အမှားများကို ပုံမှန်လူသားတစ်ဦး ချဉ်းကပ်သည့်နည်းလမ်းဖြင့် မချဉ်းကပ်နိုင်ကြပေ။ ၎င်းတို့သည် အမှားများအပေါ် ပုံမှန်လူသားတစ်ဦး ရှိသင့်သည့် သဘောထား မရှိကြပေ။ ထိုသို့သောလူများကို သင်တို့ ကြုံဖူးကြသလော။ သင်၏ ဆင်ခြင်တုံတရားက ပုံမှန်ဟုတ်သလော၊ မဟုတ်သလောဟူသည်ကို သိရှိရန် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ခြင်းက အကောင်းဆုံး ဖြစ်ပေမည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ကြမ်းတိုက်ပြီးနောက် ကြမ်းမျက်နှာပြင်မှာ အတော်လေး စိုစွတ်နေဆဲဖြစ်သည်။ ဤအကြောင်းကို မသိဘဲလျက်၊ အခြားတစ်စုံတစ်ဦးက လျှောက်လာပြီး ချော်လဲသွားသည်။ ထိုသူက ထပြီးလျှင် အခြားသူအား “သင် ကြမ်းတိုက်ပြီးနောက် ကြမ်းပြင်ကို ကောင်းစွာ မခြောက်စေခဲ့ပါ။ လူများကို သတိပေးရန် စာအနည်းငယ်ပါသော ဆိုင်းဘုတ်တစ်ခုကို သင် ထောင်ထားသင့်သည်။ ကံကောင်းထောက်မ၍၊ ကျွန်ုပ်က ငယ်ရွယ်သည်။ ကျွန်ုပ် လဲကျလျှင် ပြန်ထနိုင်သည်။ သို့သော် သက်ကြီးရွယ်အိုတစ်ဦးသာဆိုလျှင် အရိုးကျိုးသွားမည် မဟုတ်လော။ သင်က အမှန်တကယ်ပင် လုံလောက်အောင် အရေးထားမှုမရှိပါတကား”ဟု ပြောဆိုသည်။ ဤစကားများသည် သင့်လျော်ပြီး ပုံမှန်ဖြစ်သလော။ (ပုံမှန်ဖြစ်ပါသည်။) ကြမ်းတိုက်သူသည် ဤအလုပ်တာဝန်ကို လုပ်ဆောင်သည့်အခါ လုံလောက်အောင် အရေးမထားခဲ့ပါ။ သို့ဖြစ်၍ နောက်တစ်ကြိမ်တွင် ၎င်းတို့ ပို၍ အရေးထားသင့်သည်။ တစ်စုံတစ်ဦးက ထိုအရာကြောင့် လဲကျသွားခဲ့သောကြောင့် ဤကိစ္စတွင် ၎င်းတို့ အမှားလုပ်ခဲ့သည်မှာ သိသာထင်ရှားသည်။ ဤသည်မှာ သတိမမူမိခြင်းဖြစ်ပြီး မည်သူကမျှ ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိလေပြီ။ ၎င်းတို့က ယင်းကို ပြုပြင်ရန်သာ လိုအပ်သည်။ သို့သော် ၎င်းတို့သည် ဤကိစ္စကို လူသားတစ်ဦး၏ ရှုထောင့်အမြင်မှဖြစ်စေ၊ လူသားတစ်ဦး၏ တွေးခေါ်ပုံဖြင့်ဖြစ်စေ မှန်ကန်စွာနှင့် အကျိုးသင့်အကြောင်းသင့် မစဉ်းစားနိုင်ကြ သို့မဟုတ် မချဉ်းကပ်နိုင်ကြပေ။ ထိုအစား ၎င်းတို့က လှည့်ပြီး “ကြမ်းပြင်စိုနေသည်ကို သင် မမြင်နိုင်သလော။ သင် မျက်စိကန်းနေသလော။ သင် ချော်ပြီး လဲကျသွားသည်၊ သင့်ထိုက်နှင့်သင့်ကံဖြစ်သည်။ သင်က သင့်မျက်စိကို အသုံးမပြုသည့်အပြင် ယင်းမှာ ကျွန်ုပ်၏ အပြစ်ဖြစ်သလော။ သင် ကြမ်းတိုက်ပြီးသွားသောအခါ ကြမ်းပြင်က စိုနေမည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့် သင်က ထိုအပေါ် လမ်းလျှောက်ခဲ့သနည်း။ ထိုနေရာတွင် လျှောက်ရန် ကျွန်ုပ်က သင့်ကို ပြောခဲ့သည် မဟုတ်။ သင် လဲကျသွားသည်မှာ သင်၏ကံဆိုးမှုသာဖြစ်သည်ကို ဝန်ခံလိုက်လော့။ ယင်းက ကျွန်ုပ်နှင့်မည်သည့် ပတ်သက်မှုမျှမရှိပါ”ဟု ပြောဆိုသည်။ ဤစကားများသည် ယုတ္တိတန်သလော။ (ယုတ္တိမတန်ပါ။) ယင်းတို့သည် ယုတ္တိမတန်ပေ။ ဤအရာကို အရပ်သုံးစကားဖြင့် ပြောသည့်နည်းလမ်းမှာ အဘယ်နည်း။ ယင်းတို့က အကျိုးသင့်အကြောင်းသင့် မဟုတ်ပေ။ သင်က ကြမ်းတိုက်သော်လည်း မခြောက်စေဘဲ တစ်စုံတစ်ဦးကို ချော်လဲစေခဲ့သည်။ သင်က အပြစ်ရှိကြောင်းနှင့် တောင်းပန်ကြောင်း ဖော်ပြရန် လုံးဝ မလိုအပ်သော်လည်း သင်၏ အမှားနှင့်စပ်လျဉ်း၍ အခြားသူများ၏ သတိပေးချက်များနှင့် ထောက်ပြချက်များကို အနည်းဆုံး သင် လက်ခံသင့်သည်။ သင်က “သင် ထိခိုက်ဒဏ်ရာရသွားသလော။ ဆေးစစ်ခြင်းသို့မဟုတ် ကုသမှုအတွက် ဆေးရုံသို့ သွားရန် သင် လိုအပ်သလော။ ကျွန်ုပ် အပြည့်အဝ တာဝန်ယူပါသည်”ဟု မေးသင့်သည်။ ဤသည်မှာ မှန်ကန်သော သဘောထား ဖြစ်သည်။ ဤသည်မှာ လူတစ်ဦးက မိမိမှားလုပ်ခဲ့သည့်အရာတစ်ခုကို လူ့သဘာဝ၏ ရှုထောင့်အမြင်မှနေ၍ ဆင်ခြင်တုံတရားဖြင့် သဘောထားပြီး ဆင်ခြင်သုံးသပ်သင့်ပုံ ဖြစ်သည်။ သို့သော် တိရစ္ဆာန်များမှ လူဝင်စားသောသူများတွင် လူ့သဘာဝမရှိသည့်အပြင် လွဲချော်သော သဘောပေါက်နားလည်မှု ရှိကြသည်။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် ဘယ်သောအခါမျှ စကားမပြောသည့်အပြင်၊ မည်သည့်ကိစ္စကိုမဆို ဤနည်းလမ်းဖြင့် တစ်ကြိမ်တစ်ခါမျှ မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် တမင်တကာ ယုတ္တိမတန်ဖြစ်ကြသည်။ ၎င်းတို့သည် ကြမ်းတိုက်ပြီးနောက် ကြမ်းပြင်ကို မခြောက်စေဘဲ တစ်စုံတစ်ဦးကို ချော်လဲစေခဲ့သည်။ သို့ဆိုလျှင် နောက်တစ်ကြိမ်တွင် ၎င်းတို့က ကွဲပြားစွာလုပ်ဆောင်ရန်၊ ပို၍ အာရုံစိုက်ရန်နှင့် အမှားကို ပြုပြင်ရန်သာ လိုအပ်သည်၊ ထိုမျှသာဖြစ်သည်။ ပြဿနာက ပြေလည်သွားမည် ဖြစ်သည်။ ယင်းမှာ အလွန်ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်။ မည်သူကမျှ ထိုအကြောင်းကို တစ်ခုတလေ မပြောခဲ့သည့်အပြင်၊ မည်သူကမျှ ၎င်းတို့အား ထိုအတွက် ပြစ်တင်ရှုတ်ချခြင်း မရှိခဲ့ပေ။ ၎င်းတို့သည် မည်သည့်တရားဝင် တာဝန်ကိုမျှ ထမ်းဆောင်ရန်လည်း မလိုအပ်လေပြီ။ သို့သော် ၎င်းတို့သည် အဖြစ်မှန်များကို လက်ခံရန် ငြင်းပယ်ပြီး ထိုအစား “ဪ၊ သို့ဆိုလျှင် သင်တို့အားလုံးက လူကောင်းများဖြစ်သည်၊ သင်တို့သည်သာ လူ့သဘာဝရှိသူများ ဖြစ်ကြသည်။ ကျွန်ုပ်က ဆိုးယုတ်သောသူတစ်ဦး ဖြစ်ရပေမည်။ ကျွန်ုပ်က အခြားသူများကို တမင်တကာ ထိခိုက်နစ်နာစေသည်။ ကျွန်ုပ်တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိသည်။ သင်တို့အားလုံး ကောင်းကင်ဘုံသို့ သွားကြမည်ဖြစ်ပြီး ကျွန်ုပ်က ငရဲသို့ သွားမည်”ဟု ပြောဆိုသည်။ ငါ့ကို ပြောလော့၊ ပုံမှန်လူတစ်ဦးသည် ထိုသို့သော ပေါက်တတ်ကရစကားကို ပြောဆိုနိုင်မည်လော။ (ပြောဆိုနိုင်မည် မဟုတ်ပါ။) တိရစ္ဆာန်များမှ လူဝင်စားသော လူအမျိုးအစားသာလျှင် အရာရာကို သဘောပေါက်နားလည်ပြီး အရာရာကို အထူးသဖြင့် အစွန်းရောက်သော၊ ခေါင်းမာပြီး ရယ်ဖွယ်ရာဖြစ်သော ရှုထောင့်အမြင်မှ ရှုမြင်သည်။ လုံးဝ တရားနည်းလမ်းကျသော အရာတစ်ခုဖြစ်သည့် အသေးငယ်ဆုံးသော ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့သည် အကျိုးသင့်အကြောင်းသင့်မဟုတ်သော၊ အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အကြောင်းပြချက်များ အလုံးအရင်းကို ရေရွတ်ပြောဆိုနိုင်ပြီး အခြားသူများကို ရယ်ရခက် ငိုရခက် ဖြစ်စေသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရလျှင် ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့ ပြုမူခဲ့သည်ဟူသည်နှင့် ထိုအတွက် မည်မျှ ဆင်းရဲဒုက္ခခံခဲ့ရသည်ဟူသည်တို့ကို ရှင်းပြလျက်၊ အကြောင်းပြချက်မျိုးစုံဖြင့် ပြန်လည်ငြင်းခုံလျက်၊ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်း သက်သေပြရန်နှင့် ခုခံကာကွယ်ရန် အလွန်ကြိုးစားကြသည်။ သင်က အဘယ်ကြောင့် ၎င်းတို့ ပြုပြင်ခြင်းခံခဲ့ရသည်၊ အမှားများလုပ်သောအခါ ၎င်းတို့အား မည်သို့ ပြုပြင်သင့်သည်၊ သမ္မာတရား စည်းမျဉ်းများကို မည်သို့ ရှာဖွေသင့်သည်၊ ထိုကိစ္စကို ကိုင်တွယ်ရန် စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် စကားတစ်ခွန်းကိုမျှ ခံယူရန် ငြင်းပယ်သည်။ ထိုအစား ၎င်းတို့သည် မတရားခံရပြီး အရှက်ခွဲခံရသည်ဟု ခံစားလျက်၊ မိမိတို့၏ ဒေါသနှင့် အမျက်ကို ချုပ်တည်းထားကြသည်။ နောက်ကွယ်တွင် ၎င်းတို့သည် “ဟမ့်။ ကျွန်ုပ်က ထိုကိစ္စများကို မစဉ်းစားမိခဲ့ပါ၊ ကျွန်ုပ်က ထိုသို့ လုပ်ဆောင်ရန် တမင်တကာ ရည်ရွယ်ခဲ့ခြင်း မဟုတ်ပါ။ သို့သော်လည်း သူတို့က ကျွန်ုပ်ကို ပြစ်တင်ရှုတ်ချပြီး ကျွန်ုပ်က အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်နေသည်ဟု ပြောသည်။ ကျွန်ုပ်က အမှန်ပင် ထိုမျှ ဆိုးယုတ်ပါသလော။ ကျွန်ုပ်က ဆိုးယုတ်သောသူတစ်ဦးဖြစ်သလော”ဟု အခြားသူများကို ညည်းညူပြောဆိုကြသည်။ သမ္မာတရား စည်းမျဉ်းများနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် အမြဲတစေ ယင်းတို့ကို စံမမီကြသည့်အပြင်၊ ဘယ်သောအခါမျှ နားလည်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် အမြဲတစေ အထူးသဖြင့် လွဲချော်ပြီး အထူးသဖြင့် ရယ်ဖွယ်ရာဖြစ်သည်။ မည်သည့်သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ထံ ရောက်သောအခါ ယင်းသည် စကားစုတစ်ခု၊ ပြုမူပုံတစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခု၊ ထုံးတမ်းစဉ်လာတစ်ခု၊ စည်းမျဉ်းစည်းကမ်းတစ်ခု ဖြစ်လာသည်။ ယင်းမှာ သမ္မာတရား စည်းမျဉ်းများကို တစ်ဖက်သတ်ပုံစံဖြင့် သဘောပေါက်နားလည်သည့် ကိစ္စမျှသာ မဟုတ်။ ထို့ထက် ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် အထူးသဖြင့် ရယ်ဖွယ်ရာဖြစ်ပြီး အဓိပ္ပာယ်မဲ့သည်။ ဤလူအမျိုးအစားက သမ္မာတရားကို သဘောပေါက်နားလည်ပုံသည် အထူးသဖြင့် ထိုင်းမှိုင်းပြီး မိုက်မဲပုံရသည်။ ယင်းမှာ မည်သည့်အတိုင်းအတာအထိ မိုက်မဲသနည်း။ လူတို့သည် ၎င်းတို့အပေါ် သနားခြင်းကိုပင် မခံစားရဘဲ ထိုအစား လုံးလုံးလျားလျား စက်ဆုပ်ရွံရှာခြင်းကို ခံစားရကာ ရယ်ရခက် ငိုရခက်ဖြစ်ပြီး လုံးဝ အားစေးမိသည့် အတိုင်းအတာအထိ ဖြစ်သည်။ အမှုအရာများကို ဤမျှအတိုင်းအတာအထိ ရှင်းပြပြီးဖြစ်ရာ နောက်ထပ် တစ်စုံတစ်ရာ ပြောဆိုခြင်းသည် မလိုအပ်ပေ။ နောက်ထပ် မည်သည့် စကားလုံးမဆိုက မိုက်မဲရာကျမည်သာ ဖြစ်သည်။ ဤလူများနှင့် သမ္မာတရား စည်းမျဉ်းများအကြောင်း ဆက်လက်ပြောဆိုခြင်းသည် အဓိပ္ပာယ်မရှိပေ။ ၎င်းတို့ မည်သည့်အရာကို ကိုင်တွယ်သည်ဖြစ်စေ၊ နေ့စဉ်ဘဝတွင်ရှိသည့် အသေးငယ်ဆုံးသော ကိစ္စပင်ဖြစ်စေ၊ ၎င်းတို့သည် ထိုသို့သော ပုံမှန်မဟုတ်သည့်၊ ရယ်ဖွယ်ရာဖြစ်ပြီး လွဲချော်သော နည်းလမ်းဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ကိစ္စရပ်များကို လူ့ဆင်ခြင်တုံတရား၏ ဘောင်များအတွင်းမှ ရှုမြင်နိုင်စွမ်းမရှိသည့်အပြင် ကိုင်တွယ်နိုင်စွမ်းမရှိကြပေ။ အရာရာအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်သည် ဤမျှ ခေါင်းမာပြီး ဤမျှ ရယ်ဖွယ်ရာဖြစ်သည်၊ ကိစ္စရပ်တစ်ခုတလေနှင့်ပတ်သက်၍ ၎င်းတို့ ဖော်ပြနိုင်သည့် အမြင်များသည် ယင်းတို့ကို ကြားပြီးနောက် သင့်အား တစ်သက်လုံး စက်ဆုပ်ရွံရှာစေမည်ဖြစ်သည်။ အကယ်၍ သင်သည် ယင်းတို့ကို ကြားနေစဉ် အစာစားနေမိပါက ထိုနေရာ၌ပင် သင် အော့အန်မိကောင်းအော့အန်မိနိုင်သည်။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် မည်မျှ လွဲချာ်ရမှဖြစ်မည်နည်း။ ဤသည်မှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ အဓိက ထူးခြားသော လက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့သည် ခေါင်းမာပြီး ရယ်ဖွယ်ရာဖြစ်သည်။ လူ့သဘာဝ၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤခေါင်းမာခြင်းနှင့် ရယ်ဖွယ်ရာဖြစ်ခြင်းသည် အဓိကအားဖြင့် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံ ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်ကိစ္စကိုမဆို ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံအတိုင်း မစဉ်းစားနိုင်ကြပေ။ ၎င်းတို့သည် အစွန်းရောက်သည်၊ လွဲချော်မှုများ ဖြစ်တတ်ပြီး ခေါင်းမာကြသည်။ သင်က သမ္မာတရား၊ ဓမ္မဓိဋ္ဌာန်ကျသော အဖြစ်မှန်များ သို့မဟုတ် တိကျသော အခြေအနေများအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က မိမိတို့၏ အကြောင်းပြချက်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားပြီး လက်လွှတ်ရန် ငြင်းပယ်ကြသည်။၎င်းတို့က “ငါ့ဘက်တွင် အကြောင်းပြချက်ရှိသည်၊ ငါ့အပေါ် သင် အသုံးပြုနိုင်သည့် မည်သည့်အရာကိုမျှ ငါ မပေးထားလေပြီ. ဤအကြောင်းပြချက်ကိုသာ ငါ ဖက်တွယ်ထားမည်ဖြစ်ပြီး ထိုအရာက သမ္မာတရား ဖြစ်လာလိမ့်မည်။ သင် ပြောသည့် မည်သည့်အရာမျှ အသုံးဝင်မှု တစ်ခုတလေ ရှိလိမ့်မည် မဟုတ်”ဟု တွေးကြသည်။ ဤသည်မှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့၏ သဘောပေါက်နားလည်မှုက လွဲမှားနေပေသည်။

တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ နောက်ထပ်သရုပ်သကန်တစ်ခုမှာ ၎င်းတို့သည် များစွာသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရင်ဆိုင်ရာတွင် အထူးသဖြင့် ထုံထိုင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ကိစ္စရပ်များကို ခေါင်းမာပြီး လွဲချော်သော နည်းလမ်းဖြင့် ရှုမြင်သည်သာမက ပေါ်ပေါက်လာသည့် အရာတစ်ခုတလေ၏ သဘောသဘာဝ၊ အနှစ်သာရ သို့မဟုတ် အရင်းခံအကြောင်းတရားမှာ အဘယ်အရာဖြစ်သည်၊ ယင်းက မည်သည့် လွှမ်းမိုးမှု ဖြစ်စေနိုင်သည် သို့မဟုတ် မည်သည့် အကျိုးဆက်များ ဖြစ်စေနိုင်သည်ကိုလည်း လုံးဝ မသိမြင်နိုင်ကြပေ။ အချို့လူများက အချို့သောအရာများကို ပြောဆိုပြီးသည့်အခါ သို့မဟုတ် လုပ်ဆောင်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် အချို့သော လက္ခဏာများနှင့် အရိပ်နိမိတ်များကို ထုတ်ဖော်ပြီးသည့်အခါတွင်ပင် ၎င်းတို့သည် ဤအရာများကို မသိမြင်နိုင်သေးသည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ မသိနားမလည်ဖြစ်နေကြသည်။ ၎င်းတို့သည် လူနုံလူအများကဲ့သို့ ဖြစ်သည်။ ထိုအရာများကို ၎င်းတို့ သိမြင်သည့်အချိန်တွင်မူ ကိစ္စရပ်မှာ ပြီးဆုံးသွားနှင့်ပြီးဖြစ်ကာ အကျိုးဆက်များမှာလည်း ဖြစ်ပေါ်နှင့်ပြီးဖြစ်သည်။ များစွာသော သမ္မာတရားများကို ကြားပြီးသည့်နောက်တွင်ပင် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိလူများက မည်သည့် လူစားမျိုးများဖြစ်သည်၊ ၎င်းတို့၏ အနှစ်သာရက အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟူသည်တို့ကို ၎င်းတို့ မသိရှိသသည့်အပြင် မခံစားနိုင်ကြပေ။ အချို့လူများသည် သိသာထင်ရှားစွာပင် ခဲရာခဲစစ်ဖြစ်သောအရာများကို ပြောဆိုသော်လည်း၊ ၎င်းတို့က ယင်းကို သတိမပြုမိနိုင်ကြပေ။ ဥပမာအားဖြင့် အချို့လူများက ကိုယ်ရည်သွေးခြင်း၊ စကားကြီးစကားကျယ်ပြောခြင်း၊ ကြွားဝါခြင်းနှင့် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ခြင်းတို့ကို ပြုလုပ်သောအခါ ဤသည်မှာ သိသာထင်ရှားစွာပင် မာနထောင်လွှားသော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခုဖြစ်သော်လည်း၊ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ပြဿနာကို မသိမြင်နိုင်ကြပေ။ ထိုအစား ဤလူများမှာ တတ်စွမ်းနိုင်သည်ဟု ၎င်းတို့ ထင်ကြသည်၊ ၎င်းတို့သည် ထိုသူတို့ကို လေးစားပြီး အားကိုးကြည့်အပြင်၊ နောက်ပိုင်းတွင် ထိုသို့သောလူများနောက်သို့ လိုက်လိုကြသည်။ ဤသည်က ၎င်းတို့ ထုံထိုင်းကြောင်းကို ပြသသည်။ သိသာထင်ရှားသော ဆိုးယုတ်သည့်လူများနှင့် ဒုစရိုက်အမှုများ၊ သိသာထင်ရှားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ထုတ်ဖော်မှုများ၊ အမှုအရာများက သိသိသာသာ ဦးတည်နေသည့် လားရာတည်းဟူသော ဤအရာတစ်ခုကိုမျှ ထိုသို့သောလူများက မသိမြင်နိုင်ကြပေ။ ကိစ္စရပ်၏ အနှစ်သာရက အဘယ်အရာဖြစ်သည် သို့မဟုတ် ပြဿနာ၏ ရင်းမြစ်က အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ယင်းကို လုံးဝ သတိမပြုမိနိုင်ကြ၊ ၎င်းတို့တွင် သတိပြုမိခြင်းပင် မရှိပေ။ ၎င်းတို့သည် ငါတို့ မကြာခဏခေါ်လေ့ရှိသည့် ဝိညာဉ်များမရှိသော အလောင်းကောင်များ ဖြစ်ကြသည်။ ဤလူအမျိုးအစားသည် သမ္မာတရား စည်းမျဉ်းများ ပါဝင်သော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ သာ၍ပင် စံမမီကြပေ။ သင်က ၎င်းတို့အား မည်သည့်စည်းမျဉ်းနှင့်အညီ လက်တွေ့လုပ်ဆောင်သင့်သည်ကို ပြောပြသော်လည်း ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်သည့် စည်းမျဉ်းများကိုသာ အလွတ်ကျက်မှတ်ထားကြသည်။ သင် မိတ်သဟာယဖွဲ့သည့် စည်းမျဉ်းများကို ၎င်းတို့ နားမလည်နိုင်ကြပေ၊ ယင်းတို့ကို ၎င်းတို့ ဉာဏ်မမီနိုင်ကြပေ။ သင်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည့် ၎င်းတို့တွင်ရှိသော အခြေအနေတစ်ခုခုကို ထောက်ပြသော်လည်း၊ ဖြစ်သော်လည်း ၎င်းတို့က အခြားတစ်စုံတစ်ဦးအကြောင်း သင် ပြောနေသည်ဟု ထင်ကြသည်။ ၎င်းတို့တွင်လည်း ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး ရှိကြောင်း နှုတ်ဖြင့် ၎င်းတို့ ဝန်ခံလျှင်ပင် ဤအခြေအနေ သို့မဟုတ် ဤသရုပ်သကန်နှင့် ကိုက်ညီသော မည်သည့်စကားများကို ၎င်းတို့ ပြောဆိုခဲ့သည် သို့မဟုတ် မည်သည့်လုပ်ရပ်များ ၎င်းတို့ လုပ်ဆောင်ခဲ့သည်ကို ၎င်းတို့ မခွဲခြားနိုင်ကြပေ။ သင် ပြောနေသည့်အရာကိုလည်း ၎င်းတို့ နားမလည်သည့်အပြင် မသိကြပေ။ စုဝေးပွဲများအတွင်းတွင် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သောအခါ အခြားသူများက နောက်ခေါင်းစဉ်သို့ ရောက်သွားနှင့်ပြီးဖြစ်သော်လည်း ၎င်းတို့သည် အစောပိုင်းက ခေါင်းစဉ်ကိုပင် ပြန်ပြောင်းပြောဆိုဆွေးနွေးနေကြဆဲဖြစ်သည်။ ဤသည်မှာ ထူအပြီး ထုံထိုင်းခြင်းဖြစ်သည် မဟုတ်လော။ အခြားသူများက စကားပြောသောအခါ ၎င်းတို့ လိုက်မမီနိုင်ကြပေ၊ ယင်းမှာ ၎င်းတို့၏ တွေးခေါ်ပုံက လိုက်မမီနိုင်သောကြောင့် မဟုတ်ဘဲ ၎င်းတို့၏ အစွမ်းအစက မလုံလောက်သည့်အပြင် စံမမီသောကြောင့် ဖြစ်သည်။ အချို့သော ဆိုးယုတ်သည့်လူများက ၎င်းတို့ကို လှည့်စားရန်၊ ကစားရန် သို့မဟုတ် ညှဉ်းဆဲရန် ကြိုးစားသောအခါ ၎င်းတို့ သတိမပြုမိနိုင်ကြဘဲ၊ ထိုအစား ဆိုးယုတ်သည့်လူများကို ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားပြီး ၎င်းတို့နှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းကြကာ ၎င်းတို့၏ ထိခိုက်နစ်နာစေခြင်းကို ခံရပြီးသည့်နောက်တွင်သာ ၎င်းတို့ လှည့်စားခြင်းခံရပြီးဖြစ်ကြောင်းကို သဘောပေါက်ကြသည်။ ထို့နောက် ၎င်းတို့က “ငါအလွန်မိုက်မဲပါတကား။ လူတို့အား မည်သို့ အကဲဖြတ်ရမည်ကို ငါ မသိပါ၊ လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ငါ မသိပါ။ ဤတစ်ကြိမ်တွင် ငါအမှန်တကယ် သင်ခန်းစာရလေပြီ။ ရှေ့ဆက်ပြီး မည်သူ့ကိုမျှ ငါ ယုံကြည်တော့မည်မဟုတ်၊ ငါ့ကိုငါသာ ယုံကြည်မည်။ ယင်းသည် အမြင့်ဆုံးသော ဉာဏ်ပညာ ဖြစ်သည်”ဟု စဉ်းစားကြသည်။ တစ်ကြိမ် လှည့်စားခံရပြီးနောက် ၎င်းတို့သည် အစွန်းရောက်ခြင်းတစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်လျက် မိမိတို့ ထိုးထွင်းသိမြင်မှုရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြပြီး ယခုအခါ မိမိတို့ ပို၍ ပါးနပ်လာသည်ဟုပင် ထင်ကြလေသည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ကိစ္စတိုင်းတွင် ထုံထိုင်းကြသည်။ ဥပမာအားဖြင့် ထိုသို့သောလူတစ်ဦးသည် တိရစ္ဆာန်မွေးမြူရေးနှင့် စိုက်ပျိုးရေးကို တာဝန်ယူခဲ့သည်။ တစ်နေ့တွင် အပူချိန်ကျဆင်းသွားပြီး ငါက သူ့အား “ဤညတွင် အပူချိန် အနုတ်ငါးဒီဂရီ ဖြစ်လိမ့်မည်။ အအေးဒဏ်မခံနိုင်သော အပင်များနှင့် တိရစ္ဆာန်များကို ဂရုစိုက်သင့်သည် မဟုတ်လော”ဟု ပြောခဲ့သည်။ ဤသည်ကို ကြားပြီးနောက် သူက “ကျွန်ုပ်မှာ ဂွမ်းထုပ်ဂျာကင်အင်္ကျီတစ်ထည်ရှိပြီး ညဘက်မှာ အိပ်ရာလွှမ်းတစ်ထည်နှင့် စောင်တစ်ထည်ဖြင့် အိပ်သည်၊ ထို့ကြောင့် ကျွန်ုပ် အေးမည်မဟုတ်ပါ”ဟု တုံ့ပြန်ခဲ့သည်။ ငါ ဆိုလိုသည့်အရာကို သူ နားလည်ခဲ့သလော။ ဤတုံ့ပြန်မှုအပေါ် အခြေခံ၍ သူသည် ရှင်းလင်းစွာ နားမလည်ခဲ့ပေ။ ဤသည်မှာ ထုံထိုင်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ငါက “ဤညတွင် အပူချိန် အနုတ်ငါးဒီဂရီ ဖြစ်လိမ့်မည်။ ပန်းများက ခြံထဲတွင် ရှိနေပါက သေသည်အထိ အေးခဲသွားလိမ့်မည်။ အအေးဒဏ်မခံနိုင်သော တိရစ္ဆာန်များနှင့် အားနည်းသော တိရစ္ဆာန်များကို တင်းကုပ်များထဲတွင် ထားသင့်သည်။ သင်က တံခါးတွင် နောက်ထပ်ခန်းဆီးတစ်ခု ချိတ်ဆွဲသင့်ပြီး တင်းကုပ်များတွင် လေတိုးသည့်နေရာများ တစ်ခုတလေကို ဖာထေးသင့်သည်” ဟု ပြောခဲ့မည်ဆိုလျှင်၊ ဤသည်ကို ကြားပြီးနောက် သူသည် ခဏမျှ တွေးဆပြီး “ဪ၊ သင်က တိရစ္ဆာန်များနှင့် အပင်များအကြောင်း ပြောနေခဲ့ခြင်းဖြစ်သည်ကိုး။ သို့ဆိုလျှင် ပန်းများကို အိမ်ထဲရွှေ့လိုက်ရုံနှင့် အဆင်ပြေမည် မဟုတ်လော။ တိရစ္ဆာန်များ အလွန်များပြီး မည်သည့်တိရစ္ဆာန်များက အအေးဒဏ်မခံနိုင်သည်ဟူသည်နှင့် မည်သည့် တိရစ္ဆာန်များက ခံနိုင်သည်၊ မည်သည့် တိရစ္ဆာန်များကို အိမ်ထဲသွင်းသင့်ပြီး၊ မည်သည့် တိရစ္ဆာန်များကို မသွင်းသင့်ဟူသည်တို့ကို သင် မပြောခဲ့ပါ” ဟု တွေးပေမည်။ အမှန်ပင် ငါက အတိအကျ မပြောခဲ့ပေ။ သို့သော် သင်က စည်းမျဉ်းများအတိုင်း ပြုမူ၍ မရနိုင်သလော။ ဆောင်းရာသီတွင် အပြင်၌ထားသော ပန်းများသည် သေသည်အထိ အေးခဲသွားနိုင်သည်ကို သင် သဘောမပေါက်သည့်အပြင် ဤအရာများကို လုပ်ဆောင်ရန် ငါက သင့်အား တာဝန်မပေးပါက သင်က ယင်းတို့ကို လုပ်ဆောင်မည်မဟုတ်ပေ။ ဤသည်မှာ မည်သည့် ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ ထုံထိုင်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်က သူ ထုံထိုင်းကြောင်းကို ပြသသည်။ ဥပမာအားဖြင့် အပြင်တွင် နေသာနေပြီး အဝတ်များကို ခြောက်စေရန် ခြံထဲတွင် လှန်းထားကာ တစ်စုံတစ်ဦးက “နေ့လည်တွင် မိုးရွာမည့်ပုံပေါ်သည်။ အပြင်တွင် အခြောက်လှန်းထားသည့် အဝတ်များ စိုလိမ့်မည်လော”ဟု ပြောသည်။ ဤစကားများက သတိပေးသည့် အရိပ်အမြွက်ကို ဖော်ပြသည်။ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံရှိသော လူတစ်ဦးသည် ဤသည်ကို ကြားပြီး၊ “ငါ အာရုံစိုက်သင့်သည်၊ ကောင်းကင်က တိမ်ထူထပ်လာသည့်အခါ အဝတ်များကို အမြန်ရုပ်ရမည်”ဟု စဉ်းစားပေမည်။ သို့သော် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံ မပိုင်ဆိုင်သောသူများသည် ဤအရာကို သတိပြုမိကြလိမ့်မည် မဟုတ်ပေ။ နေ့လည်င် မိုးရွာမည်ဟု သင် ပြောသောအခါ ၎င်းတို့သည် ဤသည်ကို ကြားပြီး “ယင်းကို ပြောရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းက ငါနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပါ။ ငါ အိမ်ထဲတွင်နေမည်ဖြစ်သည်၊ သို့ဖြစ်၍ မိုးရွာလျှင် ငါ စိုမည် မဟုတ်။ ထို့အပြင်၊ မိုးရွာခြင်းနှင့်ပတ်သက်၍ ငါ မည်သည့်အရာကို လုပ်နိုင်မည်နည်း။ ဤအရာကို ငါ့အား ပြောပြခြင်းက အသုံးမဝင်ပါ”ဟု တွေးကြသည်။ ၎င်းတို့အား အဘယ်ကြောင့် ဤသို့ ပြောရသည် သို့မဟုတ် ဤကိစ္စအား အဘယ်ကြောင့် ထုတ်ဖော်ပြောရသည်ကို ၎င်းတို့ တကယ်ကို သဘောမပေါက်ကြပေ။ သို့ဆိုလျှင် ၎င်းတို့ အမှန်တကယ် နားလည်ရန်အတွက် ၎င်းတို့အား သင် မည်သို့ ပြောဆိုမှဖြစ်မည်နည်း။ သင်က ၎င်းတို့အား “နေ့လည် ထိုထိုသောအချိန်တွင် မိုးရွာလိမ့်မည်။ မိုးမရွာခင် ကောင်းကင်က တိမ်ထူလာသည်ကို သင် မြင်သည့်အခါ အဝတ်များကို အမြန်ရုပ်လော့။ မရုပ်သိမ်းလျှင်၊ အဝတ်များ စိုကုန်ပြီး ပြန်လျှော်ရန်လိုအပ်လိမ့်မည်။ ထို့အပြင်၊ အဝတ်များ စုစည်းသည့်အခါ၊ ခြံထဲတွင် မစိုသင့်သည့်အခြားအရာ သို့မဟုတ် မိုးမမိသင့်သည့်အခြားအရာ တစ်ခုတလေ ရှိမရှိဟူသည်ကို စစ်ဆေးပြီး ယင်းတို့ကိုလည်း အထဲသို့ သွင်းလော့” ဟု ပြောရမည်ဖြစ်သည်။ သင်သည် ၎င်းတို့အား ဤသို့ ညွှန်ကြားရမည်ဖြစ်သည်။ အကယ်၍ သင်က ၎င်းတို့အား ဤနည်းလမ်းဖြင့် မညွှန်ကြားပါက ၎င်းတို့အနေဖြင့် အဝတ်များ ရုပ်သိမ်းရန် လိုအပ်ကြောင်းကို သဘောပေါက်မည်မဟုတ်သည့်အပြင်၊ မိုးမိ၍မရသော အခြားပစ္စည်းများကို စုသိမ်းရန် လိုအပ်ကြောင်းကိုလည်း သဘောပေါက်မည်မဟုတ်ပေ။ ဤအရာများကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလွန် ထုံထိုင်းသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံကို မပိုင်ဆိုင်ကြသည့်အပြင် ပုံမှန်လူ့သဘာဝ၏ စံနှုန်းကိုလည်း မပြည့်မီကြပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ အသိဉာဏ်နှင့် အစွမ်းအစသည် ပုံမှန်လူ့သဘာဝ၏ စံနှုန်းသို့ မရောက်ရှိခြင်း ဖြစ်သည်။ ဤသည်မှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများက ဖြစ်သည့်ပုံစံ ဖြစ်သည်။ ထိုသို့သောလူတစ်ဦးအား တစ်စုံတစ်ခုလုပ်ရန် တောင်းဆိုသောအခါ ငါက ၎င်းတို့အား အကြိမ်များစွာ ညွှန်ကြားပြီးဖြစ်သည့်အပြင်၊ ၎င်းတို့က ယင်းကို ယခင်က အကြိမ်များစွာ လုပ်ဆောင်ပြီးဖြစ်သော်လည်း ငါက ၎င်းတို့အား ထပ်မံ ညွှန်ကြားရဦးမည်ဖြစ်သည်။ ငါက ၎င်းတို့အား မညွှန်ကြားပါက မည်သည့်အရာ လုပ်ဆောင်ရန် လိုအပ်သည်ကို ၎င်းတို့ သဘောပေါက်မည်မဟုတ်သည့်အပြင်၊ ယင်းကို လုပ်ဆောင်နိုင်လိမ့်မည်လည်း မဟုတ်ပေ။ သို့ဖြစ်၍ ဤအလုပ်တာဝန်မျိုးကို ၎င်းတို့ ကြုံတွေ့ရသည့်အခါတိုင်းတွင် သင်က ၎င်းတို့အား လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ညွှန်ကြားပေးလျက် မည်သည့်အရာအား လုပ်ဆောင်ရန်လိုအပ်ပြီး မည်သို့လုပ်ဆောင်ရန် လိုအပ်သည်ဟူသည်တို့ကို တိတိကျကျ ပြောပြရမည်ဖြစ်သည်။ သင်က အမှုအရာတစ်ခုတည်းကိုပင် ချန်လှပ်ထားပါက ၎င်းတို့သည် ထိုအရာကို လုပ်ဆောင်လိမ့်မည်မဟုတ်၊ သို့မဟုတ် အမှုအရာတစ်ခုလုံးကိုပင် ကမောက်ကမဖြစ်ကောင်းဖြစ်စေနိုင်လိမ့်မည်။ ထို့နောက် သင်က ၎င်းတို့၏ ပြဿနာများကို ထောက်ပြပါက ၎င်းတို့သည် လွဲချော်သော အကြောင်းပြချက်များ အပုံလိုက်ဖြင့် တုံ့ပြန်ပြီး တစ်ဖန် တမင်တကာပင် မလျော်မကန် ပြုမူကြလိမ့်မည်။ ဤသည်မှာ ထုံထိုင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။

တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ထုံထိုင်းခြင်းဟူသော ဤလက္ခဏာသည် အလွန်သိသာထင်ရှားသည်။ ဥပမာအားဖြင့် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အသင်းတော်ခေါင်းဆောင်တစ်ဦးက တကယ့် အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းသည် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ၊ အန္တိခရစ်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို အယူဝါဒအရ ၎င်းတို့ နားလည်ကြသည်။ သို့သော်လည်း မိမိတို့၏ အသင်းတော်ခေါင်းဆောင်က မည်သည့်အမျိုးအစားတွင် အကျုံးဝင်သည်ကို ပိုင်းခြားသိမြင်ခြင်းနှင် ပတ်သက်လာသည့်အခါတွင် အသင်းတော်ခေါင်းဆောင်က ပြသသည့် အချို့သော သရုပ်သကန်များကို မျက်မြင်ကိုယ်တွေ့ ကြုံရသည့်အခါ၌ပင် ယင်းတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ၎င်းတို့ မသိကြပေ။ သင်က ၎င်းတို့ကို “သင်တို့၏ အသင်းတော်ခေါင်းဆောင်သည် တကယ့်အလုပ်ကို လုပ်သလော” ဟု မေးလျှင် ၎င်းတို့က “သူသည် နေ့စဉ် စုဝေးပွဲများဖြင့် အလုပ်ရှုပ်နေပြီး အမှုအရာများကို စီစဉ်ရင်း လှုပ်ရှားသွားလာနေသည်ကို ကျွန်ုပ် မြင်ပါသည်၊ သူသည် ညီအစ်ကိုမောင်နှမများထံ စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဧဝံဂေလိအလုပ်ကိုလည်း နောက်ဆက်တွဲ လုပ်ပေးခဲ့ပါသည်”ဟု ဆိုကြသည်။ ထို့နောက် သင်က “သို့ဆိုလျှင် သူသည် သူ၏အလုပ်ကို မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်သနည်း။ သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်ပါသလော”ဟု မေးသည်။ ၎င်းတို့က “သူသည် သူ၏ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုကို စွန့်လွှတ်ပြီး ဖြစ်ပါသည်။ သူ၏ မိဘများက လာရောက်လည်ပတ်သည့်အခါ၌ပင် သူသည် သူ၏ တာဝန်ကို ထမ်းဆောင်ရင်း အလွန်အလုပ်ရှုပ်နေသဖြင့် ၎င်းတို့ကို မတွေ့ခဲ့ရပါ။ သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ရပေမည်”ဟု တုံ့ပြန်ကြသည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်၏ ဤအပြင်ပန်း သရုပ်သကန်များကိုသာ ကြည့်ကြသည်။ သို့သော် ခေါင်းဆောင်က မည်မျှများပြားသော မကောင်းမှုများကို တိတ်တဆိတ် ကျူးလွန်နေသည်ဖြစ်စေ၊ ဤအရာကို ၎င်းတို့မြင်လျှင်ပင် ပြဿနာတစ်ခုအဖြစ် ပိုင်းခြားသိမြင်ခြင်း မရှိကြပေ၊ ယင်းမှာ ပြဿနာတစ်ခုဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။ ဤအရာများထဲမှ မည်မျှများပြားသောအရာများ ၎င်းတို့၏ ရှေ့မှောက်၌ ဖြစ်ပျက်နေပါစေ၊ ၎င်းတို့သည် လူတို့ကြားတွင် အသက်ရှင်နေခြင်း မဟုတ်ဘဲ လုံးဝကွဲပြားသော အခြားကမ္ဘာတစ်ခုတွင် အသက်ရှင်နေသည့်အလား မည်သည့်အရာကိုမျှ ၎င်းတို့ မမြင်ခဲ့ရသကဲ့သို့ပင်ဖြစ်သည်။ ထိုသို့သော လူများသည် အလွန်အမင်း ထုံထိုင်းကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ထုံထိုင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ အလုပ်ရှိသောသူတစ်ဦး၊ သဘာဝလွန် ကိစ္စရပ်များကို အစဉ်သဖြင့် အာရုံစိုက်ပြီး မိမိတို့ ခံစားသိရှိရသည့်အရာများအကြောင်း အစဉ်သဖြင့် ပြောဆိုကာ “ကျွန်ုပ် အသံတစ်သံ ကြားခဲ့ရသည်၊ ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်ပွင့်စေခဲ့သည်၊ ဘုရားသခင်က ကျွန်ုပ်ကို အလင်းပေးခဲ့သည်၊ ဘုရားသခင်က ကျွန်ုပ်ကို လမ်းပြခဲ့သည်၊ ဘုရားသခင်က ကျွန်ုပ်အထဲ၌ တစ်စုံတစ်ရာကို တစ်ဖန် ထုတ်ဖော်ပြခဲ့သည်”ဟူသကဲ့သို့သော အရာများကို အစဉ်သဖြင့် ပြောဆိုနေသည့်သူတစ်ဦးနှင့် ကြုံတွေ့ရသောအခါ ထုံထိုင်းသောလူများက “သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသည်။ ဗျာဒိတ်တော်များ သူတို့ ရရှိပြီးဖြစ်သည်။ အဘယ်ကြောင့် ကျွန်ုပ် မရရှိရသနည်း”ဟု တွေးကြသည်။ ဤသည်မှာ ဝိညာဉ်ဆိုးများ၏ အလုပ်ဖြစ်ကြောင်းကို ၎င်းတို့ တကယ်ကို သဘောမပေါက်ကြပေ။ တစ်နေ့တွင် ထိုသူ ရုတ်တရက် ရူးသွပ်သွားပြီး မြေပေါ်တွင် လူးလိမ့်လျက် လူတိုင်း၏ရှေ့မှောက်၌ အလွန်ပင် ဆူညံစေကြပြီး အဝတ်အစားများ ချွတ်ကာ လမ်းများပေါ်တွင် အဝတ်မပါဘဲ ပြေးသည့်အခါမှသာ ဤသည်မှာ ဝိညာဉ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ၎င်းတို့ နောက်ဆုံးတွင် မြင်ကြသည်။ အမှန်တွင် ထိုသူ မရူးသွပ်မီက အရိပ်နိမိတ်များစွာ ရှိနှင့်ပြီးဖြစ်ကာ ဤသရုပ်သကန်များသည် ၎င်းတို့အား ဝိညာဉ်ဆိုးများ၏ အလုပ်ရှိခြင်းအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ရန်နှင့် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းဖြင့် စောစီးစွာ ကိုင်တွယ်ရန်အတွက် လုံလောက်ပြီး ဖြစ်ပေမည်။ သို့သော် ၎င်းတို့သည် ထုံထိုင်းကြသည်၊ ဤအရာများကို မသိမြင်နိုင်ကြသည့်အပြင် ထိုသို့သောလူတစ်ဦးကို အသင်းတော်၌ ထားရှိခြင်းက မည်သည့် အကျိုးဆက်များအား ဖြစ်ပေါ်စေနိုင်မည်ကို သဘောမပေါက်ကြပေ။ ဤသည်မှာ ဘေးအန္တရာယ်များကို ဖြစ်စေဖွယ်ရှိသည် မဟုတ်လော။ အချို့သော ဝိညာဉ်ဆိုးများနှင့် ဆိုးယုတ်သော မကောင်းဆိုးဝါးများသည် လူတို့အား ဘေးအန္တရာယ် ဖြစ်စေသည့်အဆင့်သို့ပင် ရောက်ရှိကြသည့်တိုင် ထုံထိုင်းသောလူများက ၎င်းတို့ကို ဖြစ်သည့်အတိုင်း မသိမြင်နိုင်ကြသေးပေ။ ထိုသို့သော လူပုဂ္ဂိုလ်များသည် မကြာခဏဆိုသကဲ့သို့ ညဉ့်နက်သည်အထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ ဓမ္မတေးများကို သင်ယူကြလျက်၊ ရက်ပေါင်းများစွာ အစာစားခြင်း သို့မဟုတ် အိပ်စက်ခြင်းမရှိသည့်တိုင် ပင်ပန်းသည်ဟုလည်း မခံစားရဘဲလျက် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြပြီး စိတ်အားထက်သန်မှု အပြည့်ရှိသည်ဟုပင် ၎င်းတို့က ယုံကြည်ကြလေသည်။ ဤသည်မှာ သိသာထင်ရှားစွာပင် ပုံမှန်မဟုတ်သော်လည်း ယင်းမှာ ဘုရားသခင်ကို ချစ်ခြင်းဖြစ်သည်ဟု ၎င်းတို့က အခိုင်အမာဆိုကြသည်။ ၎င်းတို့သည် အလွန်အမင်း ထုံထိုင်းလွန်းသည် မဟုတ်လော။ တစ်ချက်အနေဖြင့် ထုံထိုင်းသောလူများသည် ကိစ္စရပ်များကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်ရန် အပေါ်ယံဖြစ်စဉ်များကို ကျော်လွန်၍ မကြည့်နိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့အတွက် မည်သည့်ပြဿနာကိုမဆို တိကျစွာ စရိုက်လက္ခဏာ သရုပ်ဖော်ရန် အလွန် ခက်ခဲသည်။ ထို့အပြင် ထုံထိုင်းသောလူများသည် ပုံမှန် တွေးခေါ်ပုံနည်းလမ်းများ သို့မဟုတ် အမှုအရာများကို ခွဲခြားသိမြင်နိုင်စွမ်း မရှိကြသောကြောင့် ၎င်းတို့ အနီးဝန်းကျင်တွင် ဖြစ်ပျက်နေသော အမှုအရာများစွာကို လုံးဝ သတိမမူမိဘဲ ရှိနေကြသည်။ ဤကဲ့သို့သော လူများသည် နေရာတစ်ခုတွင် နှစ်အချို့ကြာ နေထိုင်နိုင်သော်လည်း “ထိုနေရာက ရာသီဥတု မည်သို့ရှိသနည်း။ ရာသီအလိုက် ပုံစံများက အဘယ်နည်း။ နေထိုင်ရန် သက်သောင့်သက်သာရှိသည့် နေရာတစ်ခုဖြစ်သလော”ဟု အမေးခံရသည့်အခါတွင်မူ ၎င်းတို့ မဖြေနိုင်ကြပေ။ ၎င်းတို့က “ရာသီဥတုနှင့်ပတ်သက်၍ အဘယ်နည်း။ ကျွန်ုပ် မသိပါ။ မည်သို့ပင်ဆိုစေ ဧပြီလတွင် ပန်းများပွင့်သည်။ စက်တင်ဘာ သို့မဟုတ် အောက်တိုဘာ ဝန်းကျင်တွင် သစ်ရွက်များ အဝါရောင်ပြောင်းပြီး ကြွေစပြုသည်၊ ဆောင်းရာသီရောက်လာသည့်အခါတွင် နှင်းကျချိန်ဖြစ်သည်”ဟု ဆိုကြသည်။ “ဒေသခံဓလေ့များက မည်သို့ရှိသနည်း။ လူမှုရေးစနစ်က မည်သို့နည်း။ လူမျိုးရေးခွဲခြားမှု ရှိသလော။ အစိုးရ၏ မူဝါဒများက မည်သို့နည်း။ အခြားနေရာများမှ ဖြစ်သော လူများကို သူတို့ မည်သို့ဆက်ဆံကြသနည်း”ဟု မေးလျှင် ၎င်းတို့သည် ကြောင်ငေးကြည့်လျက် မည်သည့်အရာကိုမျှ မပြောနိုင်ဘဲ လုံးဝ မသိကြပေ။ အရေးကြီးဆုံး ကိစ္စဖြစ်သည့် ဘာသာရေးယုံကြည်မှုအပေါ် အစိုးရ၏ သဘောထားနှင့် ပတ်သက်လာသည့်အခါတွင်ပင် ၎င်းတို့က “ကောင်းပြီ၊ ကျွန်ုပ်တို့ ထိုနေရာတွင် နေထိုင်ကြပြီး အစိုးရက ကျွန်ုပ်တို့ကို မည်သည့်ဒုက္ခမျှ မပေးပါ”ဟုသာ တုံ့ပြန်လျက် မည်သည့်အရာကိုမျှ မပြောနိုင်ကြပေ။ ၎င်းတို့သည် သစ်သားအရုပ်များကဲ့သို့ ဖြစ်သည်၊ မည်သည့်အရာကိုမျှ လုံးဝ သတိမမူမိကြပေ။ ဤသည်မှာ အစွန်းရောက်သော ထုံထိုင်းခြင်း ဖြစ်သည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရင်း အလွန်အလုပ်များပြီး ဤအရာများကို အကျဉ်းချုပ်သုံးသပ်ရန် အချိန်မရှိဟု ဆိုကြသော အချို့လူများလည်း ရှိသည်။ ဤသည်မှာ ဆင်ခြေတစ်ခုမျှသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာက ဆင်ခြေတစ်ခုဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ထိုသို့သော ရိုးရှင်းသည့်အရာများသည် တမင် အာရုံစိုက်ပြီး မှတ်တမ်းတင်ထားရန် လိုအပ်သလော။ မလိုအပ်ပေ။ သင်သည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံကို ပိုင်ဆိုင်ပါက နေရာတစ်ခုတွင် သုံးနှစ်ထက်ပို၍ နေထိုင်ပြီးနောက် ဒေသန္တရ ရာသီဥတု၊ ဓလေ့ထုံးစံများ၊ ဘဝနေထိုင်မှုပုံစံ အလေ့အထများ၊ ဘာသာရေးယုံကြည်မှုနှင့်စပ်လျဉ်းသည့် အခြေအနေနှင့် အခြားနေရာမှ လူများအပေါ် အစိုးရ၏ မူဝါဒများနှင့် ၎င်း၏ သဘောထားများကို အခြေခံအားဖြင့် သင် သဘောပေါက်ပြီး ဖြစ်သင့်သည်။ သင်သည် ဤအချက်အလက်ကို အထူးတလည် လေ့လာရန်၊ လေ့လာတွေ့ရှိရန် သို့မဟုတ် စုစည်းရန် မလိုအပ်၊ သင် သိရှိနေမည်သာ ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံရှိသောသူ မည်သူမဆို ဤအရာများကို အလွန်ပင် အလိုအလျောက် သဘောပေါက်နိုင်မည် ဖြစ်သည်။ ပုံမှန်လူများ သဘောပေါက်ပြီး ရှင်းလင်းစွာမြင်နိုင်သည့် ကိစ္စများကိုပင် သင် သဘောမပေါက်နိုင်လျှင် ဤအရာက မည်သည့်အရာကို ညွှန်ပြနေသနည်း။ ဤသည်မှာ သင်သည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံ သို့မဟုတ် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြောင်းနှင့် သင်သည် ပုံမှန်လူ့သဘာဝ၏ စံနှုန်းကို မပြည့်မီကြောင်း ညွှန်ပြနေသည်။ ဤလူစားမျိုးက ပုံမှန်လူ့သဘာဝ၏ စံနှုန်းကို မပြည့်မီရခြင်း၏ အခြေခံကျသော အကြောင်းရင်းမှာ ၎င်းတို့သည် လူများမှ လူဝင်စားခြင်းမဟုတ်ဘဲ တိရစ္ဆာန်များမှ လူဝင်စားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) တစ်ဦးတစ်ယောက်၏ ထုံထိုင်းခြင်းနှင့်ဆိုင်သော လက္ခဏာသည် အလွန် သိသာထင်ရှားပါက ဤအရာက ပြဿနာအကြောင်းကို များစွာ ဖော်ပြနေခြင်း ဖြစ်သည်။

တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ လက္ခဏာများနှင့်စပ်လျဉ်း၍ ယခုလေးတင် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းမှ အဘယ်အရာကို သင်တို့ နားလည်သဘောပေါက်လာကြပြီနည်း။ လွဲချော်သော သဘောပေါက်နားလည်မှုနှင့် ထုံထိုင်းခြင်းဟူသည့် ဤလက္ခဏာနှစ်ရပ်လုံးသည် ဤလူအမျိုးအစားတွင် အလွန် သိသာထင်ရှားသည်ဟူသော အချက်ကို သင်တို့ သတိပြုမိကြပြီလော။ (သတိပြုမိကြပါပြီ။) အဘယ်ကြောင့် ဤလူများတွင် ဤသရုပ်သကန်နှစ်ခု ရှိကြသနည်း။ ၎င်းတို့၏ လူ့သဘာဝတွင် အဘယ်အရာ ချို့တဲ့နေသနည်း။ (ပုံမှန်တွေးခေါ်မှု ဖြစ်ပါသည်။) ယင်းမှာ အတော်အတန် ကိုက်ညီသည်၊ ၎င်းတို့သည် လူသားအသိဉာဏ် မပိုင်ဆိုင်ကြပေ။ အပေါ်ယံအားဖြင့် ဤလူများတွင် ညံ့ဖျင်းသော အစွမ်းအစရှိပုံရသည်၊ ယင်းမှာ မည်မျှအထိသာလျှင် ညံ့ဖျင်းသနည်း။ ၎င်းတို့သည် လွဲချော်မှုများရော၊ ထုံထိုင်းမှုပါ ဖြစ်တတ်ကြသည်။ ပုံမှန်လူ့သဘာဝရှိသူများ မကြာခဏ ကြုံတွေ့ရပြီး အမှီအခိုကင်းစွာ ကိုင်တွယ်ကာ ဖြေရှင်းနိုင်သည့် အချို့သော ပြဿနာများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် အလွန် ကလေးဆန်သည့်ပုံ၊ ရယ်ဖွယ်ကောင်းသည့်ပုံ၊ ရင့်ကျက်မှုမရှိပုံပေါ်လျက် စံမမီသည့်အပြင် ယင်းတို့ကို မဖြေရှင်းနိုင်ကြပေ။ ပို၍ဆိုးသည်မှာ ဤလူများထဲမှ အချို့သည် အမှီအခိုကင်းစွာ ရှင်သန်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မထောက်ပံ့နိုင်ကြသည့်အပြင် အလုပ်လုပ်ရန် အပြင်ထွက်သည်ဖြစ်စေ၊ အလုပ်အကိုင်တစ်မျိုးမျိုးကို ပါဝင်လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ မတတ်စွမ်းနိုင်ကြပေ။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အလုပ်ရှင်များက ၎င်းတို့ကို မလိုချင်ကြ သို့မဟုတ် ၎င်းတို့ကို ဖြုတ်ချကြသည်။ ထို့အပြင် အဓိကအချက်မှာ ဘဝတွင် ဖြစ်နေကျ ပြဿနာများနှင့် အသေးအဖွဲကိစ္စအချို့ကဲ့သို့သောအရာများပင်ဖြစ်သည့် မိမိတို့ ဘဝများ၏ နယ်ပယ်အတွင်းရှိ အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်ရသောအခါ ၎င်းတို့သည် ယင်းတို့ကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အလွန်ရိုးရှင်းသော ပြဿနာတစ်ခုကိုပင် ရှုပ်ထွေးသွားစေနိုင်သည်၊ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို အမြဲတစေ ကြောင်းကျိုးမမြင်ဘဲ ဤအတိုင်း ပုံသေစောင့်ထိန်းကြသည်။ အမှုအရာများကို ကိုင်တွယ်ရန် ၎င်းတို့အသုံးပြုသော နည်းလမ်းများနှင့် လုပ်နည်းကိုင်နည်းများသည် အလွန့်အလွန် မိုက်မဲပြီး ကျွမ်းကျင်မှုမရှိပေ။ ၎င်းတို့သည် အရွယ်ရောက်ပြီးသူတစ်ဦးက လောကတွင် အမှုအရာများကို ကိုင်တွယ်ရန် အသုံးပြုမည့် နည်းစနစ်များနှင့် နည်းလမ်းများကို မပိုင်ဆိုင်ကြပေ။ ဤသည်မှာ ၎င်းတို့က လူသား အသိဉာဏ်ကို မပိုင်ဆိုင်ကြောင်း အလွန် သိသာထင်ရှားစေသည်။ ဥပမာအားဖြင့် ထိုသို့သောလူတစ်ဦးသည် နာမကျန်းမှုတစ်ခု ဖြစ်ပေါ်ပြီး အစဉ်သဖြင့် နေထိုင်မကောင်းခံစားနေရသည်။ ၎င်းတို့သည် အချက်အလက်တစ်ခုခုကို ရှာဖွေကြည့်ပြီး ယင်းမှာ ပြင်းထန်သောရောဂါ သို့မဟုတ် ကြီးမားသော နာမကျန်းမှုတစ်ခု ဖြစ်နိုင်သည်ဟု ဆိုသည်။ ၎င်းတို့သည် အလွန်ထိတ်လန့်သွားပြီး စစ်ဆေးမှုအတွက် ဆေးရုံသို့ အလျင်အမြန် သွားကြသည်။ ဆရာဝန်က “ဤရောဂါက သိပ်ပြင်းထန်သည်။ သေဆုံးမှုနှုန်း အလွန်မြင့်မားသည်။ မကုသဘဲထားလျှင် ပိုဆိုးလာလိမ့်မည်ဖြစ်ပြီး သေဆုံးရလိမ့်မည်။ ခွဲစိတ်ခြင်းက ကုသဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ သင် ခွဲစိတ်မှုမလုပ်လျှင် အသက်ရှင်ရန် အလွန်ဆုံး သုံးလသာရှိသည်”ဟု ပြောသည်။ ဤသည်ကို ကြားသောအခါ ၎င်းတို့သည် အလွန်ထိတ်လန့်သွားပြီး မည်သို့လုပ်ရမည်ကို မသိပေ။ ရောဂါစစ်တမ်းကို အတည်ပြုရန် နောက်ထပ်စစ်ဆေးမှုများ ခံယူခြင်းမရှိဘဲ ၎င်းတို့သည် ဆရာဝန်စကားကိုသာ နားထောင်ပြီး ခွဲစိတ်မှုပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ခွဲစိတ်မှုမပြုလုပ်မီ မည်သည့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်သည်၊ ခွဲစိတ်မှုပြီးဆုံးသောအခါ နောက်ဆက်တွဲအကျိုးဆက်များ ရှိမရှိဟူသည်ကို ၎င်းတို့ မေးပင်မမေးကြပေ။ ၎င်းတို့သည် ဤမေးခွန်းများကို မေးရန်ပင် မသိကြသည့်အပြင် ဆရာဝန်၏ခြိမ်းခြောက်ခြင်းကို ခံကြရသဖြင့် ခွဲစိတ်ကုတင်ပေါ်သို့ နာခံစွာ တက်သွားကြလေသည်။ အဆုံးတွင် ခွဲစိတ်မှုပြီးသည့်နောက် ၎င်းတို့သည် ဤနေရာ၊ ထိုနေရာတွင် မအီမသာ ခံစားရပြီး ဆေးသောက်ခြင်းကပင်လျှင် အထောက်အကူ မပြုပေ။ နောက်ပိုင်းတွင် ဤရောဂါသည် ခွဲစိတ်ရန် မလိုအပ်ကြောင်း၊ ယင်းမှာ အမှန်တကယ် ပြင်းထန်သောရောဂါမဟုတ်ကြောင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ သာမန်ဆေးဝါးအချို့ကို သောက်သုံးခြင်းတို့ဖြင့် တဖြည်းဖြည်း သက်သာလာလိမ့်မည်ဖြစ်ပြီး ရောဂါတိုးလိမ့်မည်မဟုတ်၊ ပိုမိုဆိုးရွားလိမ့်မည် မဟုတ်ကြောင်း အခြားသူများထံမှ ၎င်းတို့ ကြားသိရသည်။ ဆရာဝန်များသည် ငွေရရန်အလို့ငှာ လူများကို ခြောက်လှန့်ဖို့အတွက် တစ်ခါတစ်ရံ စိုးရိမ်ဖွယ်ရာ ပြောဆိုချက်များ ပြုလုပ်ကြပြီး ထုံထိုင်းသောသူမှာမူ မိမိ၏ ကိုယ်ပိုင်အတွေးအခေါ်များ မရှိသည့်အပြင် အကဲဖြတ်မှုများ တစ်ခုတလေကိုမျှ မပြုလုပ်နိုင်ကြပေ။ ဆရာဝန်ပြောသည့်အရာကို ကြားသောအခါ ၎င်းတို့သည် အလွန်အမင်း ထိတ်လန့်သွားပြီး ဆရာဝန်က ခွဲစိတ်မှု ခံယူရန် ပြောသောအခါ ၎င်းတို့ ရှေ့ဆက်လုပ်ဆောင်လိုက်ကြသည်။ ထိုသို့သော ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သောအခါ အနီးဝန်းကျင်တွင် မိမိ၏ ကိုယ်ပိုင်အတွေးအခေါ်များရှိပြီး စိတ်ခိုင်မာကာ အမှုအရာများအား စိစစ်ပေးရန် ၎င်းတို့ကို ကူညီမည့် ဉာဏ်ရည်ရှိသောသူတစ်ဦး ရှိနေပါက ၎င်းတို့သည် လမ်းလွဲများ လျှောက်လှမ်းခြင်းကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်ပြီး အနည်းငယ်လျော့၍ ဆင်းရဲဒုက္ခခံစားရမည် ဖြစ်သည်။ သို့သော် ထိုသို့သော ကိစ္စရပ်များ၊ အထူးသဖြင့် အဓိကကျသော ကိစ္စရပ်များကို မိမိတို့ဘာသာ ကိုင်တွယ်ရပါက ၎င်းတို့သည် တစ်နည်းမဟုတ် အခြားတစ်နည်းဖြင့် လမ်းလွဲသွားလိမ့်မည်။ ၎င်းတို့ လှည့်စားခြင်းခံရလိမ့်မည် သို့မဟုတ် ဒုက္ခပေးခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် အစွန်းရောက်သော နည်းလမ်းများကို အမြဲတစေ ခံယူကြသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ သို့မဟုတ် အများအားဖြင့် အသုံးပြုလေ့ရှိသော နည်းလမ်းများနှင့် နည်းစနစ်များကို အခြေခံ၍ အမှုအရာများကို နှံ့နှံ့စပ်စပ် အကဲဖြတ်နိုင်ခြင်း မရှိသည့်အပြင် ထို့နောက် ယင်းတို့ကို သဘောထားပြုမူရန် ယုတ္တိအတန်ဆုံးနှင့် ဆင်ခြင်တုံတရားအရှိဆုံး နည်းလမ်းကို ရှာဖွေနိုင်ခြင်းလည်း မရှိကြပေ။ မည်သူမဆို ၎င်းတို့ကို လိမ်လည်လှည့်စားနိုင်သည်၊ ကစားနိုင်သည်၊ လွှမ်းမိုးနိုင်ပြီး အထင်အမြင်မှားစေနိုင်သည်။ အချို့လူများက “ဤလူများတွင် မိမိတို့၏ ကိုယ်ပိုင်အတွေးများ သို့မဟုတ် ထင်မြင်ချက်များ မရှိကြသလော” ဟု မေးကြသည်။ အမှန်တွင် ၎င်းတို့၌ မိမိတို့၏ ကိုယ်ပိုင်အတွေးများ သို့မဟုတ် ထင်မြင်ချက်များ မရှိကြခြင်း မဟုတ်ပေ။ သင် မြင်သလော၊ ၎င်းတို့သည် မကောင်းမှုများကို ကျူးလွန်ကာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အကြောင်းပြချက်များကို ပြောဆိုသောအခါ ၎င်းတို့ သေချာပေါက် မိမိ၏ ထင်မြင်ချက်ကို တစ်ယူသန် အခိုင်အမာပြောကြသည်။ မည်သူက မှန်ကန်သောအရာများကို ပြောသည်ဖြစ်စေ ၎င်းတို့ နားမထောင်ကြသည့်အပြင် တစ်စုံတစ်ဦးက မှန်ကန်သောအရာများကို ပြောလျှင်ပင် ၎င်းတို့ အာခံတတ်ပြီး မိမိတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်၊ မူမမှန်သော အကြောင်းပြချက်များကိုသာ မရမကပြောဆိုကြသည်။ သို့သော် နေ့စဉ်ဘဝတွင် ပေါ်ပေါက်သော ကိစ္စရပ်များကို ရင်ဆိုင်ရန်နှင့် မှန်ကန်စွာ ချဉ်းကပ်ရန်နှင့် ကိုင်တွယ်ရန် ပုံမှန်ဆင်ခြင်တုံတရားနှင့် ပုံမှန်တွေးခေါ်မှုကို အမှန်တကယ် အသုံးပြုရန် လိုအပ်လာသောအခါတွင်မူ ယင်းတို့ကို ကိုင်တွယ်ရန်အတွက် မည်သည့်နည်းလမ်း သို့မဟုတ် လုပ်ထုံးလုပ်နည်းအား အသုံးပြုရမည်ကို ၎င်းတို့ မသိကြပေ။ မည်သို့ ချဉ်းကပ်ရမည်ကို မသိကြ၊ နည်းလမ်းများ သို့မဟုတ် နည်းစနစ်များ မရှိကြသည့်အပြင် မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များ သို့မဟုတ် ထင်မြင်ချက်များလည်း မရှိကြပေ။ အဆုံးတွင် ၎င်းတို့သည် အခြားသူများ၏ ကြိုးကိုင်ညွှန်ကြားမှုကိုသာ ခံရနိုင်ကြသည်။ အခြားသူများက ၎င်းတို့အား လုပ်ဆောင်ရန် ပြောဆိုသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြသည်။ ပုံမှန်လူ့သဘာဝ၏ အသိဉာဏ် မရှိခြင်းသည် တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ လက္ခဏာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်၊ မူမမှန်သော အကြောင်းပြချက်များကို မရမကပြောနိုင်ကြသနည်း၊ အဘယ်ကြောင့် ယင်းတို့ကို အသံထွက် ပြောဆိုနိုင်ပြီး နေရာအနှံ့ ဖြန့်ဝေနိုင်ကြသည်အထိပင် ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ အသိဉာဏ်အရ၊ အဘယ်အရာသည် သမ္မာတရားဖြစ်ပြီး အဘယ်အရာသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော တွေးခေါ်မြော်မြင်မှု ဖြစ်သည်၊ အဘယ်အရာသည် ပုံမှန်ဆင်ခြင်တုံတရားနှင့် ကိုက်ညီပြီး အဘယ်အရာက ကိုက်ညီခြင်း မရှိဟူသည်တို့ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် ဤအရာများကြား မခွဲခြားနိုင်ကြပေ။ ထို့ကြောင့် သင်က မှန်ကန်သော တွေးခေါ်မြော်မြင်မှုကို မျှဝေသောအခါ ၎င်းတို့သည် ယင်းကို လက်မခံနိုင်ကြသည့်အပြင် နားမလည်ကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် လွဲချော်သည့်၊ မူမမှန်သော တွေးခေါ်မြော်မြင်မှုကိုသာ မရမကပြောဆိုကြပြီး ယင်းမှာ မှန်ကန်သည်ဟု ယုံကြည်ကြသည်။ အခြားတစ်ဦးတလေက ၎င်းတို့အား စကားပြောရန် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ ထိုသူတို့၏ စကားပြောပုံက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ဉာဏ်ပညာနှင့် ပြည့်ဝသည်ဖြစ်စေ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ယင်းကို မခံယူနိုင်ကြသည့်အပြင် နားမလည်ကြပေ။ ၎င်းတို့ ကိစ္စပြတ်ပြီဖြစ်သည်။ ဤသည်မှာ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ၏ အသိဉာဏ်မရှိကြောင်း ပြသနေသည်။ နေ့စဉ်ဘဝတွင် အပုံမှန်ဆုံးသော ကိစ္စရပ်အတွက်ပင် သင်က ၎င်းတို့နှင့် အကျိုးသင့်အကြောင်းသင့် ပြောသောအခါ ယင်းကို သဘောပေါက်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ မူမမှန်သော တွေးခေါ်မြော်မြင်မှုကိုသာ မရမကပြောဆိုနေဆဲ ဖြစ်သည်။ လူတို့က ဤသည်ကို မြင်သောအခါ ၎င်းတို့က “အဘယ်ကြောင့် ဤသူသည် အလွန်ထူးဆန်းနေရသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် အလွန်ပင် အသိခေါက်ခက် အဝင်နက်သနည်း။ ၎င်းတို့သည် စိတ်ရောဂါရှိသူတစ်ဦးနှင့်ရော အရွယ်မရောက်သေးသူတစ်ဦးနှင့်ပါ တူသည်။ အဘယ်ကြောင့် ၎င်းတို့သည် အမြဲတစေ ကလေးဆန်သောနည်းလမ်းဖြင့် စကားပြောရသနည်း”ဟု တွေးကြသည်။ သို့သော် ၎င်းတို့သည် မငယ်ရွယ်ကြပေ၊ ၎င်းတို့ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်ဖြစ်ချိန်တွင် ဤကဲ့သို့ပင်ဖြစ်ပြီး အသက်ရှစ်ဆယ်သို့ ရောက်သောအခါတွင်လည်း ဤကဲ့သို့ပင် ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ တစ်သက်တာလုံးတွင် ၎င်းတို့သည် ချို့တဲ့သော အသိဉာဏ်ရှိသူများ ဖြစ်ကြသည်။ ၎င်းတို့၏ တစ်သက်တာလုံး၊ ၎င်းတို့သည် ပုံမှန်လူသားတွေးခေါ်မှု သို့မဟုတ် ပုံမှန်လူသား အသိဉာဏ် မပိုင်ဆိုင်ကြပေ။ ဤသည်မှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ လက္ခဏာတစ်ခု ဖြစ်သည်။ ဤလက္ခဏာသည် သိသာထင်ရှားသလော။ (သိသာထင်ရှားပါသည်။) ဥပမာအားဖြင့် ရုပ်ရည်အသင့်အတင့်ရှိသော စဉ်းစားဉာဏ်မဲ့သည့် အမျိုးသမီးတစ်ဦးရှိပြီး အကျင့်ပျက်သော လူယုတ်တစ်ဦး၏ မြူဆွယ်ခြင်းကို ခံရပြီးနောက် ၎င်းတို့ အတူတကွ နေထိုင်ကြသည် ဆိုပါစို့။ ထိုအကျင့်ပျက်သော လူယုတ်သည် အပြင်တွင် အမြဲတစေ ပရောပရည် လုပ်နေသော်လည်း သူမ သိရှိသွားသောအခါတွင်မူ စိတ်မဆိုးပေ။ မည်သို့ပင်ဖြစ်စေ သူက သူမအပေါ် ကောင်းစွာဆက်ဆံနေသမျှ သူမအတွက် အဆင်ပြေနေသည်။ နောက်ပိုင်းတွင် ထိုအကျင့်ပျက်လူယုတ်သည် အခြားတစ်စုံတစ်ဦးနှင့် ပတ်သက်သော်လည်း သူမ သိရှိသွားသောအခါတွင် ဂရုမစိုက်ဘဲ မယိမ်းမယိုင်သော သစ္စာစောင့်သိမှုဖြင့် ထိုအကျင့်ပျက်လူယုတ်နှင့်အတူ နေထိုင်ဆဲဖြစ်သည်။ သူမက “သူ ကျွန်မကို မစွန့်ပစ်သရွေ့တော့ ကျွန်မ အဆင်ပြေပါသည်” ဟုပင် ပြောသည်။ တစ်စုံတစ်ဦးက သူမအား “သူက ဤမျှပင် အောက်တန်းကျနှင့်လေပြီ၊ သင် သူနှင့် ဆက်မနေသင့်ပါ”ဟု အကြံပေးသည်။ သူမက “မဟုတ်ပါ၊ ကျွန်မ သူမရှိဘဲ မနေနိုင်ပါ။ သူက ကျွန်မကိုချစ်သည်၊ ကျွန်မလည်း သူ့ကို သဘောကျသည်”ဟု ဆိုသည်။ ထိုသို့သောလူသည် ဤအကျင့်ပျက်လူယုတ်နှင့်အတူ နေပြီး တစ်သက်လုံး ဆင်းရဲဒုက္ခခံစားရန် ထိုက်တန်သည်။ သူမသည် လူကောင်းဆိုသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် ရည်မွန်သောသူဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို ရိုးရှင်းစွာပင် မပိုင်းခြားနိုင်ပေ။ သူမသည် အကျင့်ပျက်လူယုတ်တစ်ဦးနှင့် ပေါင်းသင်းပြီး သူက သူမကို အမှန်တကယ် ချစ်သည်ဟုပင် ထင်နေသည်။ ထိုအကျင့်ပျက်လူယုတ်က သူမအား ချိုသာသောစကားအနည်းငယ် ပြောပြီး အစားကောင်း အသောက်ကောင်းအချို့ ဝယ်ပေးလိုက်ရာ ထိုသို့ဖြင့် သူက သူမအား ချော့မြှူကာ သူ၏ရင်ခွင်ထဲသို့ ရောက်စေသည်။ သူသည် သူမအား ရွှံ့စေးနှင့်ကစားသည့်အလား ကစားသည်။ သူက သူမ၏ကွယ်ရာတွင် ပရောပရည်လုပ်နေသည်ကို သူမ သိရှိသွားသောအခါ စကားအနည်းငယ်ဖြင့် ဖာထေးပြောဆိုပြီး သူမကို အထင်အမြင်မှားစေလိုက်သည့်အပြင် သူမသည် ထိုအရာကို ထိုးထွင်းမမြင်နိုင်ဘဲ ရှိနေသည်။ အဆုံးတွင် ထိုအကျင့်ပျက်လူယုတ်သည် သူမ၏ ပိုင်ဆိုင်မှုအားလုံးနှင့် အိမ်တို့ကို သိမ်းပိုက်ပြီးနောက် သူမကို စွန့်ပစ်လိုက်သည်။ သူမက သူ့ကို အသိတရားမရှိသူအဖြစ် ကျိန်ဆဲသော်လည်း သူမသည် လူများကို ထိုးထွင်းမမြင်နိုင်သောကြောင့်သာ လှည့်စားခြင်းခံခဲ့ရသည်ကို မပြောပေ။ အဘယ်ကြောင့် ထိုအကျင့်ပျက်လူယုတ်သည် အခြားသူများကို မလှည့်စားဘဲ သူမကို လှည့်စားနိုင်ခဲ့သနည်း။ သူမ စဉ်းစားဉာဏ်မဲ့သောကြောင့် မဟုတ်လော။ ဤလူစားမျိုး၏ အဓိက လက္ခဏာများမှာ အရာခပ်သိမ်းကို ၎င်းတို့ နားလည်သဘောပေါက်ပုံနှင့် သဘောထားပြုမူပုံတို့တွင် ခေါင်းမာပြီး ရယ်ဖွယ်ကောင်းသည့်အပြင် ပုံမှန်လူ့သဘာဝ၏ အသိဉာဏ်ကို ၎င်းတို့ မပိုင်ဆိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်များမှ လူဝင်စားကြသည်ဟု ငါတို့ ဆိုကြခြင်းဖြစ်သည်။ ၎င်းတို့သည် တိရစ္ဆာန်များဖြစ်သောကြောင့် လူသား အသိဉာဏ်ကို မပိုင်ဆိုင်ကြပေ။ လူသားအသိဉာဏ်ကို ၎င်းတို့ မပိုင်ဆိုင်ကြသည့် အချက်သည် ၎င်းတို့အတွင်းရှိ အနှစ်သာရက လူတို့၏ အနှစ်သာရမဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် လူ့ကိစ္စရပ်များကို နိုင်နင်းခြင်းမရှိ သို့မဟုတ် ပုံမှန်လူများ ကိုင်တွယ်ကာ ဖြေရှင်းသင့်သည့် ပြဿနာများကို မကိုင်တွယ်နိုင်သည့်အပြင် မဖြေရှင်းနိုင်ကြပေ။ မိမိတို့၏ နေ့စဉ် ကိုယ်ပိုင်ဘဝများတွင်ရှိသည့် အမှုအရာများဖြစ်သော ၎င်းတို့၏ နေ့စဉ် စားသောအစာ၊ အခြေခံလိုအပ်ချက်များအပြင် လူအချင်းချင်း ဆက်ဆံရေးနှင့် ပတ်ဝန်းကျင် အခြေအနေများအပေါ် ၎င်းတို့၏ ချဉ်းကပ်ပုံနှင့်ပတ်သက်လာသည့်အခါတွင်ပင် ၎င်းတို့ အလွန် ထုံထိုင်းကြသည်။ ထို့အပြင် ၎င်းတို့ ရင်ဆိုင်ပြီး ကိုင်တွယ်ရန် လိုအပ်သည့် အချို့သော ကိစ္စရပ်များနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့တွင် ဉာဏ်ပညာ မဆိုထားနှင့်၊ ပုံမှန်လူများ၏ အသိဉာဏ်ပင်မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ ၎င်းတို့ ဤပြဿနာများကို ရင်ဆိုင်ရသောအခါ ကြီးမားသော အခက်အခဲ၊ ကြီးမားသော ပင်ပန်းမှုနှင့် အလွန့်အလွန် မကျွမ်းကျင်မှုတို့ဖြင့် ကိုင်တွယ်ကြသည်။ ၎င်းတို့သည် အလွန်အသက်ကြီးပြီး ထိုမျှအချိန်ကြာမြင့်စွာ အသက်ရှင်ကြပြီး ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းလမ်းဖြင့် ကိုင်တွယ်နိုင်ရသနည်း။ အဘယ်ကြောင့် ၎င်းတို့ပြောသည့်အရာများသည် အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး အချိုးမပြေဖြစ်ပုံရသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ပုံမှန်လူများကဲ့သို့ စကားမပြောကြသနည်း။ ၎င်းတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်ကြပြီးဖြစ်ကာ အတော်များများ ကြုံတွေ့ပြီးဖြစ်သည့်တိုင် ထိုသို့သော ရိုးရှင်းသည့်ကိစ္စတစ်ခုကို ကိုင်တွယ်သောအခါ အဘယ်သို့ဖြစ်ပြီး ဤကဲ့သို့ ပြုမူနိုင်ရသနည်း။ ၎င်းတို့တွင် လူ့သဘာဝ၏ အခြေခံအကျဆုံးသော စည်းများ သို့မဟုတ် လူတို့ ရှိသင့်သည့် အခြေခံအကျဆုံးသော စည်းမျဉ်းများပင် မရှိကြပေ။

လွဲချော်သော သဘောပေါက်နားလည်မှုရှိခြင်းနှင့် ထုံထိုင်းခြင်းဟူသည့် ထူးခြားသော လက္ခဏာနှစ်ရပ်အပြင်၊ တိရစ္ဆာန်များမှ လူဝင်စားသောသူများတွင် နောက်ထပ်ထူးခြားသော လက္ခဏာတစ်ခု ရှိသည်။ ယင်းမှာ ၎င်းတို့သည် အထူးသဖြင့် နားဝေတိမ်တောင်ဖြစ်ကြခြင်း ဖြစ်သည်။ ယခင်က ငါတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သောအခါ ယေဘုယျကျသော အကြမ်းဖော်ပြချက်နှင့် ဦးတည်ချက်ကိုသာ ပြောဆိုခဲ့ကြသည်။ မိတ်သဟာယဖွဲ့ခြင်းမှာ အတော်အတန် ယေဘုယျကျခဲ့သည်။ သမ္မာတရား၏ အမျိုးမျိုးသော အသေးစိတ်အချက်များနှင့် ပတ်သက်၍မူ ငါတို့သည် ယင်းတို့နှင့်ပတ်သက်၍ တိကျစွာ မိတ်သဟာယမဖွဲ့ခဲ့ဘဲ အယူအဆပိုင်းဆိုင်ရာ ပြောဆိုချက်များနှင့် အကြောင်းအရာအချို့ကိုသာ ဆွေးနွေးခဲ့ကြသည်။ ဤမိတ်သဟာယဖွဲ့ခြင်း နှစ်များတစ်လျှောက်တွင် သမ္မာတရား၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများကို တိတိကျကျနှင့် အသေးစိတ် မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ သို့သော် တိရစ္ဆာန်များမှ လူဝင်စားသောသူများအတွက်မူ ယခု မိတ်သဟာယဖွဲ့ခြင်းတွင် ပြောဆိုလျက်ရှိသည့် နှုတ်ကပတ်တော်များကို ၎င်းတို့ နားထောင်သောအခါ ယင်းတို့သည် ယခင်က မိတ်သဟာယဖွဲ့ရာတွင် ပြောဆိုခဲ့သည့်အရာနှင့် အနည်းနှင့်အများ တူညီပြီး၊ အမှုအရာများကို ပြောဆိုသည့်နည်းလမ်းများ အတော်အတန် ပြောင်းလဲသွားခြင်း၊ အကြောင်းအရာက အတော်အတန် ပို၍ များပြားလာခြင်းအပြင်၊ မိတ်သဟာယဖွဲ့ခြင်း ပမာဏက ယခင်နှင့်နှိုင်းယှဉ်လျှင် သိသာထင်ရှားစွာ တိုးလာခြင်းသာ ဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ထို့ကြောင့်ဤသို့နားထောင်လာသည့် ကြာမြင့်သောအချိန်ကာလတစ်လျှောက်တွင်၊ အဘယ်ကြောင့် ၎င်းတို့ ပို၍ပင် နားဝေတိမ်တောင်လာကြသနည်းဟု ၎င်းတို့ တွေးမိကြသည်။ ၎င်းတို့သည် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးဖြစ်သော်လည်း ယင်းမှ မည်သည့်အရာမျှ မရရှိကြလေပြီ။ မည်သို့ ကျင့်ကြံပြုမူရမည်၊ အခြားသူများအား မည်သို့ ဆက်ဆံရမည်၊ မိမိကိုယ်ကိုယ် မည်သို့ သိရှိရမည်၊ ဘုရားသခင်ကို သိကျွမ်းခြင်း ရရှိရန် ဘုရားသခင်၏အမှုအား မည်သို့ တွေ့ကြုံခံစားရမည်ဟူသည်နှင့် အထူးသဖြင့် ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်များကို မည်သို့ သဘောထားရမည်ဟူသည်တို့နှင့် ပတ်သက်လာသည့်အခါ ဤအမှုအရာများကို အစကတည်းက ၎င်းတို့ နားမလည်နိုင်ခဲ့ကြသည့်အပြင် ယခုအချိန်တွင်ပင် ယင်းတို့ကို နားမလည်နိုင်ကြသေးပေ။ ဤသည်မှာ သေးငယ်သော နားဝေတိမ်တောင်ဖြစ်ခြင်း အတိုင်းအတာတစ်ခု မဟုတ်ဘဲ ပြင်းထန်သော နားဝေတိမ်တောင်ဖြစ်ခြင်း အတိုင်းအတာတစ်ခု ဖြစ်သည်။ သမ္မာတရား၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများကို မည်မျှပင် တိတိကျကျ ရှင်းပြသည်ဖြစ်စေ ထိုအရာအားလုံးကို ၎င်းတို့ ရောထွေးလိုက်ကြသည်။ ၎င်းတို့ သဘောပေါက်သည့်အရာမှာ “ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရမည်၊ ဘုရားသခင်ကို သစ္စာစောင့်သိရမည်ဖြစ်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်” ဟူသကဲ့သို့သော ဆောင်ပုဒ်အနည်းငယ်နှင့် အယူဝါဒ အနည်းငယ်သာ ဖြစ်သည်။ ၎င်းတို့သည် အနည်းငယ်သော စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ပုဒ်များနှင့် သီအိုရီများကို ဖက်တွယ်ပြီး၊ ထိုအရာများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်ကြသည်။ သင်က တိတိကျကျ မိတ်သဟာယဖွဲ့လေလေ ၎င်းတို့သည် ပို၍ပင် စိတ်ရှုပ်ထွေးလာလေလေဖြစ်ပြီး ယင်းကို ၎င်းတို့ ဉာဏ်မမီနိုင်ကြောင်း၊ မိတ်သဟာယဖွဲ့ခြင်းမှာ ရိုးရှင်းခဲ့သည့် ယခင်အချိန်က ပိုအဆင်ပြေခဲ့ကြောင်း ၎င်းတို့ ခံစားရလေဖြစ်သည်။ ထို့အပြင် ရှင်းပြချက်က ပို၍ အသေးစိတ်ဖြစ်လေလေ ၎င်းတို့တွင် အခက်အခဲများ ပိုရှိလေလေ ဖြစ်သည်။ “ဤမျှ အသေးစိတ်ကျသည့်အရာကို ကျွန်ုပ် မည်သို့ မှတ်မိနိုင်မည်နည်း။ လက်တွေ့လုပ်ဆောင်ခြင်းက အတော်လေး ရိုးရှင်းလေ့ရှိခဲ့ပါသည်။ အဘယ်ကြောင့် ယခုအခါ ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့လေလေ ပြောဆိုချက်များ ပိုများလေလေ ဖြစ်ရသနည်း။ အဘယ်ကြောင့် ပို၍ ပြောဆိုလေလေ ကျွန်ုပ်သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ပို၍ မသိလေလေဖြစ်လာရသနည်း။ တာဝန်ထမ်းဆောင်ခြင်းမှာ အတော်လေး ရိုးရှင်းလေ့ရှိခဲ့သည်၊ ယင်းမှာ စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ဟိုသည်ပြေးလွှားခြင်း၊ ဧဝံဂေလိတရားကို များစွာ ဟောပြောခြင်းနှင့် ဘုရားသခင်အတွက် များစွာ သက်သေခံခြင်းသာ ဖြစ်သည်။ ယခုအခါ တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားများကို အခြားသော သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကဲ့သို့ပင် အသေးစိတ် ရှင်းပြပြီးဖြစ်သော်လည်း ဤအမှုအရာများကို ပို၍ ရှင်းပြလေလေ ဤအမှုအရာများကို ကျွန်ုပ် ပို၍ နားမလည်လေလေဖြစ်ပြီး ယင်းတို့ကို ကျွန်ုပ် ဉာဏ်မမီနိုင်လေလေ ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ရှင်းပြချက်က ပို၍ အသေးစိတ်ကျလေလေ ဤသမ္မာတရားများကို ၎င်းတို့ ပို၍ ဉာဏ်မမီနိုင်လေလေဖြစ်သည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်ခြင်း မဟုတ်လော။ ၎င်းတို့သည် ပြင်းထန်စွာ နားဝေတိမ်တောင်ဖြစ်ကြသည်၊ မှန်သလော။ သမ္မာတရား၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများကို အသေးစိတ် ရှင်းပြပြီးဖြစ်သော်လည်း ၎င်းတို့သည် အယူအဆပိုင်းဆိုင်ရာနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုင်ရာ ဝေါဟာရအချို့နှင့်ပတ်သက်၍ ရှုပ်ထွေးနေဆဲဖြစ်ပြီး အမြဲတစေ နားဝေတိမ်တောင်ဖြစ်နေကြသည်။ ဥပမာအားဖြင့် ဆိုးယုတ်သောလူများဟူသည် အဘယ်အရာဖြစ်သည် သို့မဟုတ် အယောင်ဆောင် ခေါင်းဆောင်များဟူသည် အဘယ်အရာဖြစ်သည်ဟူသည်ကို ၎င်းတို့ မသိကြသည့်အပြင် ထိုးထွင်းမမြင်နိုင်ကြပေ။ ကောင်းသော လူ့သဘာဝဟူသည် အဘယ်အရာဖြစ်ပြီး မကောင်းသော လူ့သဘာဝဟူသည် အဘယ်အရာဖြစ်သည်ကိုလည်း ၎င်းတို့ မသိကြသည့်အပြင်၊ သမ္မာတရား စည်းမျဉ်းများအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာစောင့်ထိန်းခြင်းတို့ကြား ခြားနားချက်ကိုလည်း ၎င်းတို့ မသိကြပေ။ ဤတိကျသော ကိစ္စရပ်များအားလုံးသည် ၎င်းတို့အတွက် မရှင်းလင်းသောအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအယူအဆပိုင်းဆိုင်ရာ အမှုအရာများကိုပင် နားမလည်ကြပေ။ ၎င်းတို့၏ တွေးခေါ်မှုက ဖရိုဖရဲဖြစ်နေသည်။ ထို့အပြင် ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ စည်းမျဉ်းများကို မရှာတွေ့နိုင်ကြ၊ ၎င်းတို့တွင် လိုက်လျှောက်ရန် အဆင့်များ မရှိ၊ ခိုင်လုံသော အစီအစဉ်များ မရှိသည့်အပြင် မည်သည့်နည်းလမ်းများအား အသုံးပြုသင့်သည် သို့မဟုတ် မည်သည့်ရလဒ်များအား ရရှိသင့်သည်ကိုလည်း ၎င်းတို့ မသိကြပေ။ နည်းလမ်းတစ်ခုခုဖြင့် ပြုမူခြင်းက မည်သည့် အကျိုးဆက်များ ဆောင်ကြဉ်းပေးမည်ကိုလည်း ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်များတွင် ၎င်းတို့က “ဤအမှုအရာများကို ငါ အဘယ်ကြောင့် ဒုက္ခခံ၍ စိတ်ဝင်စားရမည်နည်း။ တစ်စုံတစ်ခုအား မည်သို့လုပ်ဆောင်ရမည်ကို ငါ မသိပါက ကြောင်းကျိုးမမြင်ဘဲသာ ငါ လုပ်လိုက်မည်။ မည်သို့ပင်ဖြစ်စေ ငါ၏ စိတ်နှလုံးက ဘုရားသခင်အပေါ် စစ်မှန်ရိုးသားသရွေ့ လုံလောက်သည်”ဟု တွေးကြသည်။ သင် မြင်သလော၊ ထိုသို့သောလူများသည် အလွန်အမင်း နားဝေတိမ်တောင်ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း မည်သည့် သမ္မတရား သွင်ပြင်လက္ခဏာများအား မိမိတို့ နားလည်လာပြီးဖြစ်သည်ကို မသိကြသည့်အပြင်၊ ၎င်းတို့အနေဖြင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ပြီးခြင်း ရှိမရှိဟူသည်ကိုလည်း မသိကြပေ။ ၎င်းတို့တွင် အသက်ဝင်ရောက်မှု ရှိမရှိဟူသည်ကို မေးသောအခါ ၎င်းတို့က “ကောင်းပြီ၊ ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာ ကျွန်ုပ်၏ မိသားစုကို စွန့်လွှတ်ပြီးဖြစ်သည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ မရှင်းလင်းကြပေ။ ဤသည်မှာ ပြင်းထန်စွာ နားဝေတိမ်တောင်ဖြစ်ခြင်း ဖြစ်သည်။ စုဝေးပွဲများတွင် သီချင်းဆိုကာ ကခုန်နေသည့် အတောအတွင်းတွင် ၎င်းတို့သည် အားအင်အပြည့် ရှိကြသော်လည်း တရားဒေသနာများနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့အတွက် အချိန်ကျရောက်လာသောအခါတွင်မူ ၎င်းတို့ ငိုက်မျဉ်းလာကြသည်၊ အိပ်ချင်စိတ်က ဝင်လာကာ အိပ်ပျော်ပင်အိပ်ပျော်သွားနိုင်သည်။ အလုပ်လုပ်ခြင်းနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် အားထုတ်လိုစိတ်ရှိကြပြီး “ကျွန်ုပ်တို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ကြစို့၊ ပြီးလျှင် ဘုရားသခင်ထံ ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ကြစို့”ဟု ပြောဆိုကြသည်။ သို့သော် သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့အား၊ “မကြာသေးမီက အကျိုးကျေးဇူး တစ်ခုတလေ ရရှိခံစားပြီးပြီလော။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား သင် ထုတ်ဖော်ပြပြီးဖြစ်သည်ကို သင်အသိအမှတ်ပြုပြီးပြီလော။ ယင်းတို့ကို အသိအမှတ်ပြုပြီးနောက် ဖြေရှင်းရန် လမ်းကြောင်းတစ်ခုကို ရှာတွေ့ပြီးပြီလော” ဟု မေးမြန်းပါက ၎င်းတို့က “မသိပါ။ ယင်းတို့ကို ကျွန်ုပ် အနည်းငယ် အသိအမှတ်ပြုပြီးဖြစ်သော်လည်း ကျွန်ုပ် အသိအမှတ်ပြုပြီးသည့်အရာက မှန်သလော သို့မဟုတ် မမှန်သလောဟူသည်ကို မသိပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ထိုအတိုင်းပင် ရှေ့ဆက်ကာ လက်တွေ့လုပ်ဆောင်ခဲ့သော်လည်း ယင်းမှာ မှန်ကန်တိကျခြင်း ရှိသလော၊ မရှိသလောဟူသည်ကို မသိပါ”ဟု တုံ့ပြန်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်း၍မမြင်နိုင်ကြသည့်အပြင် ၎င်းတို့၏ စိတ်များက နားဝေတိမ်တောင်ဖြစ်ပြီး မရှင်းလင်းပေ။ ၎င်းတို့သည် မည်သည့်အတွင် မိမိတို့ ကျွမ်းကျင်သည်ကို မသိကြသည့်အပြင်၊ မည်သည့်အရာတွင် မိမိတို့ ချို့တဲ့သည်ကိုလည်း မသိကြပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိလာခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့် အတောအတွင်းတွင် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်း၊ ၎င်းတို့သည်လည်း လိမ်ညာတတ်ကြောင်းနှင့် တစ်ခါတစ်ရံ မယုံရသည့်အပြင်ခိုကပ်တတ်ကြောင်း ဝန်ခံကြသည်။ သို့သော် လက်တွေ့အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သင်က ၎င်းတို့အား၊ “အဘယ်ကြောင့် သင်သည် မယုံရဖြစ်ပြီး ခိုကပ်ခဲ့သနည်း။ အဘယ်ကြောင့် လှည့်စားခြင်းကို လုပ်ဆောင်ခဲ့သနည်း” ဟု မေးပါက ၎င်းတို့က “ကျွန်ုပ် မလုပ်ခဲ့ပါ။ ကျွန်ုပ် တမင်တကာ လုပ်ခဲ့ခြင်းမဟုတ်ပါ၊ ဤသည်မှာ လုပ်ဆောင်ရန် သင့်လျော်သောနည်းလမ်းဖြစ်သည်ဟု ကျွန်ုပ် ထင်ခဲ့သောကြောင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်”ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “သင်သည် ထိုသို့လုပ်ဆောင်ခြင်းက သင့်လျော်သည်ဟု ထင်ခဲ့သည်၊ သို့သော် သင်၏အတွင်း၌ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ သို့မဟုတ် အကြံအစည်များ တစ်ခုတလေ ရှိခဲ့သလော။ သင့်ကိုယ်သင် မည်သို့ ဆင်ခြင်သုံးသပ်ရမည်ကို သိသလော။ ထိုသို့လုပ်ဆောင်ခြင်းက မည်သည့် အကျိုးဆက်များ ဆောင်ကြဉ်းပေးမည်ကို သင် သိသလော”ဟု ပြောဆိုလျက် ဖော်ထုတ်သည် ဆိုပါစို့။ ၎င်းတို့က “ကျွန်ုပ်တွင် မကောင်းသော ရည်ရွယ်ချက်များ မရှိသရွေ့ အဆင်ပြေပါသည်”ဟု တုံ့ပြန်ကြသည်။ “မကောင်းသော ရည်ရွယ်ချက် မရှိခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခြင်းနှင့် အတူတူပင် ဖြစ်သည် မဟုတ်လော။” “မသိပါ။” ၎င်းတို့သည် မည်သည့်အရာကိုမျှ မသိကြပေ။ အလွန်များသော သမ္မာတရားများနှင့် အလွန်များသော မိတ်သဟာယဖွဲ့ခြင်းကို ၎င်းတို့ နားထောင်ပြီးဖြစ်သည့်အပြင် ၎င်းတို့၏ နေ့စဉ်ဘဝများတွင် သမ္မာတရားနှင့် ဆက်စပ်သော ကိစ္စရပ်မျိုးစုံကို ၎င်းတို့ ကြုံတွေ့ပြီးဖြစ်သော်လည်း သမ္မာတရားတိုင်းနှင့်ပတ်သက်၍ မရှင်းလင်းသည့်အပြင် ဝေဝါးနေကြဆဲ ဖြစ်သည်။ မည်သည့်အရာများက သမ္မာတရားများဖြစ်ပြီး မည်သည့်အရာများက သမ္မာတရားများ မဟုတ်သည်ကို ၎င်းတို့ မခွဲခြားနိုင်ကြသည့်အပြင်၊ အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ မရှင်းလင်းကြသည့်အပြင်၊ ကောင်းသည်ဟု မိမိတို့ထင်သည့် မည်သည့်နည်းလမ်းဖြင့်မဆို အမှုအရာများကို လုပ်ဆောင်ကြသည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ စည်းမျဉ်းများ မရှိကြသည့်အပြင်၊ လူတစ်ဦးတလေကို ဆက်ဆံပုံတွင်လည်း စည်းမျဉ်းများ မရှိကြပေ။ ဥပမာအားဖြင့် ဆိုးယုတ်သောလူများကို ဆက်ဆံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အချို့သော ဆိုးယုတ်သည့်လူများတွင် အချို့သော အားသာချက်များ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ ရှိကြပြီး ယခုလောလောဆယ်၌ အစေခံနိုင်ကြသေးသည်။ ထိုသို့သောလူများကို အစေခံမှုပေးခွင့်ပြု၍ရနိုင်ပေသည်။ သို့သော် အချို့လူများက ဤအရာအား နားကိုမလည်နိုင်ကြပေ။ “ဘုရားသခင်သည် ဆိုးယုတ်သောလူများကို မနှစ်သက်သည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ကို အသုံးပြုနေဆဲ ဖြစ်သနည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဉာဏ်ပညာဖြစ်ပြီး စည်းမျဉ်းတစ်ခုလည်း ဖြစ်ကြောင်း သင်က ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့က ယင်းကို တွေးဆပြီး “အဘယ်စည်းမျဉ်းနည်း။ ဤသည်မှာ လူတို့ကို လှည့်ဖြားခြင်းသာဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူတို့ကို အမြတ်ထုတ်ခြင်းသာဖြစ်သည် မဟုတ်လော”ဟု တွေးကြသည်။ ဤသည်မှာ ၎င်းတို့ ထိုအရာကို သိမြင်ပုံ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု ရှိသလော။ ၎င်းတို့သည် တကယ့် အခြေအနေများအရ ပြုမူဆောင်ရွက်ခြင်းအတွက် စည်းမျဉ်းများအား မည်သို့ ခွဲခြားနိုင်ရမည်ကို မသိကြပေ။ ၎င်းတို့သည် ပုံမှန်လူသား အသိဉာဏ်အဆင့်သို့ ရောက်နိုင်သလော။ (မရောက်နိုင်ပါ။) ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် ပုံမှန်အသိဉာဏ်ရှိသူများသည် ဤကိစ္စရပ်ကို နားလည်ပြီး သဘောပေါက်နိုင်ကြသော်လည်း တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ဤရိုးရှင်းသော ကိစ္စရပ်ကိုပင် သဘောမပေါက်နိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားအား မည်သို့ နားလည်နိုင်ခြေရှိနိုင်မည်နည်း။ ၎င်းတို့ မကြာခဏ ပြောလေ့ရှိသည့် အရာတစ်ခုမှာ “ပြီးခဲ့သည့်အကြိမ်က ဤကိစ္စနှင့်ပတ်သက်၍ သင် ထိုသို့ ပြောခဲ့သည်။ အဘယ်ကြောင့် ယနေ့ သင်က မတူညီသောအရာတစ်ခုကို ပြောနေရသနည်း။ သင်၏ စကားများသည် ယုံကြည်၍မရပါ၊ သင်သည် အဘယ်သို့ဖြစ်ပြီး အချိန်မရွေး ပြောင်းလဲနိုင်ရသနည်း” ဟူ၍ ဖြစ်သည်။ ဤကိစ္စရပ်၏ အခြေအနေမှာ ယခုအခါ ကွဲပြားသောကြောင့် ယင်းကို ကိုင်တွယ်ခြင်းအတွက် လုပ်နည်းကိုင်နည်းလည်း ပြောင်းလဲရမည်ဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။ သို့သော် စည်းမျဉ်းများနှင့် ပန်းတိုင်များမှာမူ အတူတူပင် ဖြစ်နေဆဲ ဖြစ်သည်။ ကိစ္စရပ်ကို ကိုင်တွယ်သည့် နည်းလမ်းသာ ပြောင်းလဲသွားခြင်း ဖြစ်သည်၊ ပိုမိုကောင်းမွန်သော ရလဒ်များ စွမ်းဆောင်ရရှိရန်အလို့ငှာ ဤကိစ္စရပ်၏ အခြေအနေပေါ် အခြေခံ၍ လိုအပ်သည့်အခါတိုင်း လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ကာ တုန့်ပြန်လျက်၊ တိကျသော အခြေအနေများအရ အလိုက်သင့်ပြုမူနေထိုင်ခြင်း ဖြစ်သည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ထိုသို့သော ကိစ္စရပ်များကို ကြုံတွေ့ရသောအခါ ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများက စည်းမျဉ်းစည်းကမ်းများဖြစ်ပြီး ယင်းတို့ကို အချိန်တိုင်းတွင် ပြောင်းလဲခြင်းမရှိဘဲ လိုက်နာစောင့်ထိန်းရမည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ သင်သည် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် နည်းလမ်းကို ချိန်ညှိသောအခါ ၎င်းတို့က ဤအရာကို သဘောမပေါက် သို့မဟုတ် နားမလည်ကြသည့်အပြင် လက်မခံနိုင်ကြပေ။ ၎င်းတို့ထဲမှ အချို့သည် သင့်ကို ပြစ်တင်ရှုတ်ချပြီး သင့်ကို ဆန့်ကျင်အသုံးချဖို့ အရေးသာမှုတစ်ခုခုကိုပင် ရှာကောင်းရှာကြလိမ့်မည်။ စိတ်ထဲတွင်၊ ၎င်းတို့သည် တစ်ခုတလေ၏ အနှစ်သာရ သို့မဟုတ် သဘာဝကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ ၎င်းတို့၏ အတွေးများသည် နားဝေတိမ်တောင်ဖြစ်နေသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို ရှုမြင်သောအခါ စည်းမျဉ်းစည်းကမ်းများကိုသာ ကျင့်သုံးကြသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ မည်သို့ တိုင်းတာရမည်ကို မည်သည့်အခါမျှ မသိကြသည့်အပြင်၊ ယင်း၏ တိုးတက်ဖြစ်ပေါ်မှု နိယာမကို အခြေခံ၍ ဖြေရှင်းရန်နှင့် တုံ့ပြန်ရန် မတူညီသော နည်းလမ်းများအား မည်သို့ ကျင့်သုံးရမည်ကိုလည်း မသိကြပေ။ တိရစ္ဆာန်များမှ လူဝင်စားသောသူများတွင် ဤနားဝေတိမ်တောင်ဖြစ်ခြင်းဟူသည့် ထူးခြားသော လက္ခဏာက အလွန် သိသာထင်ရှားသည် မဟုတ်လော။ (ဟုတ်ပါသည်။)

တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် အခြားသူများကို မပိုင်းခြားနိုင်ကြပေ။ ၎င်းတို့သည် အတော်လေး ရိုးသားစွာ စကားပြောသော်လည်း အမှုအရာများအား အတော်အတန် မရိုးသားသော ပုံစံဖြင့် လုပ်ဆောင်သည့် တစ်စုံတစ်ဦးကို မြင်သောအခါ ထိုသူသည် အမှန်တကယ်တွင် မည်သည့်လူစားမျိုးဖြစ်သည်၊ သမ္မာတရားကို လိုက်စားသောသူ အမှန်တကယ် ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ ထိုးထွင်း၍မမြင်နိုင်ကြပေ။ ယုတ္တိဗေဒနည်းကျ သုံးသပ်စဉ်းစားရန် လိုအပ်သော ရှုပ်ထွေးသည့်အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ကာ ယင်းတို့ကို အဖြေမထုတ်နိုင်သည့်အပြင် မည်သို့ အကဲဖြတ်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့သည် မိမိတို့၏ တွေးခေါ်မှုတွင် နားဝေတိမ်တောင်ဖြစ်ကြသည်။ ၎င်းတို့၏ တွေးခေါ်မှုသည် သပွတ်အူလိုက်နေသော အရှုပ်အထွေးတစ်ခုနှင့်တူပြီး မိမိတို့၏ ကိုယ်ပိုင်အတွေးများကို ဘယ်သောအခါမျှ မဖြေရှင်းနိုင်ကြပေ။ သင်က ၎င်းတို့အား စည်းမျဉ်းများကို အကြိမ်မည်မျှပင် ပြောသည်ဖြစ်စေ မတူညီသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရန် သမ္မာတရား စည်းမျဉ်းများအား မည်သို့ ကျင့်သုံးရမည်ကို ၎င်းတို့ မသိကြပေ။ ဥပမာအားဖြင့် ပြဿနာများကို အစီရင်ခံခြင်းနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် တကယ့်အခြေအနေကို အခြေခံ၍ အမှုအရာများအာ မှန်ကန်တိကျစွာ အစီရင်မခံနိုင်ကြပေ။ အချို့သော ခေါင်းဆောင်များသည် တကယ့် အလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်စွမ်းရှိကြသော်လည်း အချို့သော ဖြစ်ရပ်များတွင် ၎င်းတို့၏ အလုပ်ဆောင်ရွက်မှု၌ သွေဖည်မှုအချို့ ရှိကောင်းရှိနိုင်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ထုတ်ဖော်မှုအချို့ကို ပြကောင်းပြသနိုင်သည်။ သို့သော်၊ ၎င်းတို့၏ လူ့သဘာဝနှင့် အလုပ်လုပ်နိုင်စွမ်းအရ၊ ၎င်းတို့သည် အခြေခံအားဖြင့် စံမီကြသည်။ သို့သော် အချို့သော နားဝေတိမ်တောင်ဖြစ်သည့်လူများသည် ဤခေါင်းဆောင်များက တကယ့်အလုပ်အား လုပ်ဆောင်နိုင်သည်ဟူသော အချက်ကို မကြည့်ကြသည့်အပြင်၊ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ကောင်းကွက်များကိုလည်း မကြည့်ကြပေ။ ထိုအစား ၎င်းတို့သည် အစီရင်ခံရန်အလို့ငှာ ၎င်းတို့၏ ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများနှင့် အရေးမပါသော၊ သေးငယ်သည့် ကိစ္စရပ်အချို့ကိုသာ သီးသန့် ရွေးထုတ်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် စစ်မှန်သော အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ၊ ကြီးမားသော မကောင်းမှုများကို ကျူးလွန်သည့် လူများသည် မည်သည့် တကယ့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင်၊ အခြားသူများကို အထင်အမြင်မှားစေရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြသည်။ ၎င်းတို့သည် အပြင်ပန်း၌ အလွန် ခမ်းကြီးနားကြီးဖြင့် အမှုအရာများကို လုပ်ဆောင်ကြသော်လည်း လက်တွေ့တွင် ၎င်းတို့၏ လူ့သဘာဝသည် စံမမီပေ။ ၎င်းတို့ ရွေးချယ်ပြီးသော လမ်းကြောင်းသည် မှားယွင်းသည်၊ ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ လူ့သဘာဝဖြစ်ပြီး ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းသည် အန္တိခရစ်များ၏ လမ်းကြောင်း၊ သမ္မာတရားကို မလိုက်စားခြင်း၏ လမ်းကြောင်းဖြစ်သည့်တိုင်၊ ဤနားဝေတိမ်တောင်ဖြစ်သည့် လူများသည် ဤအမှုအရာများကို ထိုးထွင်းမမြင်နိုင်ကြပေ။ ဤလူများက မိမိတို့၏ အလုပ်ကို လုပ်ဆောင်သောအခါ ဟိတ်ဟန်ကြီးဖြင့် လုပ်ဆောင်သည်ကို မြင်ကြပြီး ၎င်းတို့တွင် ခေါင်းဆောင်မှုအတွက် အရည်အချင်းနှင့် စည်းရုံးရေး ကျွမ်းကျင်မှုများ ရှိသည်ဟုလည်းကောင်း၊ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း ယူဆကြသည်။ ၎င်းတို့၏ အလုပ်က အမှန်တကယ် မည်သည့် ရလဒ်များ ထွက်ပေါ်စေသည်၊ ၎င်းတို့အနေဖြင့် နောင်တရပြီး ပြောင်းလဲပြီးခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝသည် စံမီခြင်း ရှိမရှိဟူသည်တို့နှင့်ပတ်သက်၍မူ ဤအမှုအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရလျှင်ပင် ယင်းကို သတိပြုမိလိမ့်မည်မဟုတ်။ ၎င်းတို့သည် အန္တိခရစ်များနောက်လိုက်ပြီး နာခံကြမည်ဖြစ်သော်လည်း မိမိတို့သည် ဘုရားသခင်နောက်သို့ လိုက်နေကြောင်း၊ ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံနေခြင်းဖြစ်ကြောင်း ယုံကြည်နေကြဆဲ ဖြစ်သည်။ လက်တွေ့တွင်မူ အန္တိခရစ်များသည် ၎င်းတို့ကို အချိန်ကြာမြင့်စွာကတည်းက ထိန်းချုပ်ထားပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နေခြင်းဖြစ်လိမ့်မည်မဟုတ်ဘဲ လူများနောက်လိုက်ခြင်း၊ နတ်ဆိုးများနှင့် စာတန်များနောက်လိုက်နေခြင်း ဖြစ်လိမ့်မည်။ သို့တိုင် ဤအရာကို ၎င်းတို့ သိကြလိမ့်မည်မဟုတ်ပေ။ စိတ်ထဲတွင်၊ ၎င်းတို့သည် အချိန်ကြာမြင့်စွာကတည်းက အမှောင်ထုဖြင့် ပြည့်နှက်နေပြီး ဖြစ်လိမ့်မည်၊ ဘုရားသခင်၏ မျက်မှောက်ကို အချိန်ကြာမြင့်စွာကတည်းက ဆုံးရှုံးပြီး ဖြစ်လိမ့်မည်ဖြစ်ကာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို အချိန်ကြာမြင့်စွာကတည်းက ဆုံးရှုံးပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် အလွန် ထုံထိုင်းသောကြောင့်၊ ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် လွဲမှားသောကြောင့်၊ ပြီးလျှင် မည်သည့် သမ္မာတရား စည်းမျဉ်းများကိုမျှ ၎င်းတို့ နားမလည်သောကြောင့်၊ ၎င်းတို့သည် အမှုအရာများကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် လူများကို မပိုင်းခြားနိုင်ကြပေ။ ၎င်းတို့သည် ပြဿနာများကို အစီရင်မခံကြသည့်အပြင် အန္တိခရစ်များကို ဖယ်ရှားရန်လည်း မလုပ်ဆောင်ဘဲ၊ ထိုသူတို့ကို ကာကွယ်ပင် ကာကွယ်ပေးကြသည်။ ဆန့်ကျင်ဘက်အားဖြင့် တကယ့်အလုပ်တစ်ခုခုကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်းရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် အသေးအဖွဲဖြစ်သော အပြစ်အနာအဆာများ သို့မဟုတ် သေးငယ်သော ပြဿနာများကို သတိပြုမိပါက၊ ယင်းတို့က စည်းမျဉ်းပိုင်းဆိုင်ရာ ကိစ္စရပ်များ မဟုတ်လျှင်ပင် မရမက အစီရင်ခံကြသည်။ ၎င်းတို့သည် အကြီးအကျယ် နားဝေတိမ်တောင်ဖြစ်ကြသည်တကား။ မည်သည့် စည်းမျဉ်းပိုင်းဆိုင်ရာ ကိစ္စရပ်များကိုမျှ ၎င်းတို့ ထိုးထွင်းမမြင်နိုင်ကြပေ။ နေ့စဉ်ဘဝတွင် မည်သူနှင့် ထိတွေ့ဆက်ဆံသင့်သည်၊ မည်သူ့ထံမှ အကူအညီနှင့် အကျိုးကျေးဇူးများ ရရှိနိုင်သည်၊ သို့မဟုတ် မည်သူ့ကို ရှောင်ကြဉ်သင့်သည်ဟူသည်တို့နှင့် ပတ်သက်လာသည့်အခါတွင်ပင် ဤအမှုအရာများကို ၎င်းတို့ မပိုင်းခြားနိုင် သို့မဟုတ် ထိုးထွင်းမမြင်နိုင်ကြပေ။ ယင်းတို့ထဲမှ အချို့သည် မယုံကြည်သူများ၊ ဘာသာတရား မရှိသူများနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေးရှိကြပြီး ဤလူများက အသိနှံ့စပ်သည်၊ အစွမ်းအစရှိသည်၊ ထို့ကြောင့် ၎င်းတို့ကို ကူညီနိုင်ပြီး ထိုသူတို့ကို အလွန်ပင် ပေါင်းသင်းဆက်ဆံထိုက်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မိမိတို့ ပုဂ္ဂိုလ်ရေး ကိုးကွယ်သည့်သူများအား မည်မျှ တတ်စွမ်းကြောင်းနှင့် မည်မျှ ဩဇာတိက္ကမရှိကြောင်းတို့ကို ပြောဆိုလျက် မကြာခဏပင် ချီးမွမ်းကြသည်။ ၎င်းတို့သည် နတ်ဆိုးများကို အသည်းကြော်များအဖြစ် ကိုးကွယ်ကြသည်၊ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)

နားဝေတိမ်တောင်ဖြစ်ခြင်းဟူသည် အတိအကျအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (ညံ့ဖျင်းသော အစွမ်းအစရှိခြင်း ဖြစ်ပါသည်။) ယင်းမှာ ယေဘုယျ ဝေါဟာရများဖြင့် ပြောဆိုခြင်းဖြစ်သည်။ တိတိကျကျဆိုရလျှင် နားဝေတိမ်တောင်ဖြစ်ခြင်းဆိုသည်မှာ လူတစ်ဦးသည် မည်သည့်အရာကိုမဆို ပိုင်းခြားသိမြင်ခြင်းအတွက် တိကျသော အတွေးများနှင့် ရှုထောင့်များ မရှိခြင်း၊ မည်သည့်အရာကိုမဆို ရှုမြင်ရာတွင် စည်းမျဉ်းများ သို့မဟုတ် အခြေခံအကြောင်းရင်းများ မရှိခြင်းနှင့် ယင်းအပေါ် ၎င်း၏အမြင်သည် နားဝေတိမ်တောင်ဖြစ်နေခြင်းဖြစ်သည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် ဤလူစားမျိုးသည် အမှားနှင့်အမှန်၊ အဖြူနှင့်အမည်းကို မခွဲခြားနိုင်ကြပေ။ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများကို အပြုသဘောဆောင်သော အရာများအဖြစ် မကြာခဏ တလွဲထင်ကြပြီး အပြုသဘောဆောင်သော အရာများကို အပျက်သဘောဆောင်သောအရာများဖြစ်သည်ဟု ခေါ်ဆိုတတ်ကြသည်။ အပြုသဘောဆောင်သော အရာများဟူသည် အဘယ်အရာများဖြစ်ပြီး အပျက်သဘောဆောင်သော အရာများဟူသည် အဘယ်အရာများဖြစ်သည်ကို ၎င်းတို့ မပိုင်းခြားနိုင်ကြပေ။ ဥပမာအားဖြင့် အချို့လူများက “သင်တို့ ယုံကြည်သော ဘုရားသည် လူတစ်ဦးသာ ဖြစ်သည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤအရာကို တွေးဆပြီး “မဟုတ်ပါ၊ ယင်းမှာ မမှန်ပါ။ ကျွန်ုပ် ယုံကြည်သောသူသည် ဘုရား ဖြစ်သည်။ အကယ်၍ သူသည် လူတစ်ဦးသာ ဖြစ်ပါက သမ္မာတရားကို မည်သို့ ဖော်ပြနိုင်မည်နည်း။ ကျွန်ုပ် ယုံကြည်သောသူသည် ဘုရား ဖြစ်သည်၊ ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ် သေချာပါသည်”ဟု ပြောဆိုကြသည်။ ဤအချက်နှင့်ပတ်သက်၍ ၎င်းတို့သည် နားဝေတိမ်တောင်မဖြစ်ကြပေ။ သို့သော် တစ်စုံတစ်ဦးက “သင်တို့ ယုံကြည်သော ဘုရားသည် အမေရိကန်သို့ အပျော်အပါးလိုက်ရန် တိမ်းရှောင်လျက် ငွေအမြောက်အမြားဖြင့် ထွက်ပြေးသွားသည်”ဟု ပြောသောအခါ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်လာပြီး အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ အသိဉာဏ်ရှိသော လူတစ်ဦးသည် ဤစကားများကို ကြားပါက ဤသည်မှာ လုပ်ကြံဖန်တီးထားသော ကောလာဟလဖြစ်ကြောင်း ပိုင်းခြားသိမြင်ပေမည်။ ဤအရာကို “ငွေအမြောက်အမြားဖြင့် တိမ်းရှောင်ခြင်း”ဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။ အကောက်ခွန်ရုံးကို ဖြတ်သန်းသောအခါ လူတိုင်းသည် တင်းကျပ်သော စစ်ဆေးမှုကို ခံကြရပြီး လူတစ်ဦးချင်းစီ သယ်ဆောင်နိုင်သော ငွေပမာဏကို ထိန်းညှိထားသည်။ ထိုငွေပမာဏအနည်းငယ်ကို ယူဆောင်လာခြင်းက “ငွေအမြောက်အမြားဖြင့် တိမ်းရှောင်ခြင်း” ဟု သတ်မှတ်၍ရနိုင်မည်လော။ ထို့အပြင် ယင်းမှာ မည်သူ၏ငွေဖြစ်သနည်း။ အကယ်၍ တစ်စုံတစ်ဦးသည် အခြားသူများ၏ငွေကို အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် သိမ်းယူခြင်းပြုပါက ယင်းကို “ငွေအမြောက်အမြားဖြင့် တိမ်းရှောင်ခြင်း” ဟု ခေါ်ဆိုပေမည်။ သို့သော် ယင်းမှာ မိမိ၏ ကိုယ်ပိုင်ငွေဖြစ်ပါက “ငွေအမြောက်အမြားဖြင့် တိမ်းရှောင်ခြင်း”ဟု ခေါ်ဆို၍ရနိုင်သလော။ ယင်းမှာ “ငွေဖြင့် တိမ်းရှောင်ခြင်း” မဟုတ်ဘဲ ငွေကို ပုံမှန်အတိုင်း သယ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် “တိမ်းရှောင်ခြင်း”ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ပြစ်မှုတစ်ခုကျူးလွန်ပြီးနောက် တရားခံပြေးတစ်ဦးက ထွက်ပြေးလွတ်မြောက်ခြင်းကို “တိမ်းရှောင်ခြင်း”ဟု ခေါ်ဆိုသည်။ လူ့ဇာတိခံယူသော ခရစ်တော်သည် ပြစ်မှုတစ်ခု ကျူးလွန်ခဲ့သလော။ သူသည် တရုတ်ပြည်မကြီးတွင် များစွာသော သမ္မာတရားများကို ဖော်ပြပြီး သူ၏ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ကာ သူ့နောက်သို့ လိုက်သော လူတစ်စုကို ရရှိခဲ့ခြင်းသာဖြစ်ပြီး ဤအတွက် သူသည် စီစီပီ၏ ရက်စက်ကြမ်းကြုတ်သော နှိပ်ကွပ်မှုနှင့် အရူးအမူး ဖမ်းဆီးမှုများကို ခံစားခဲ့ရသည်။ အဆုံးတွင် သူသည် ဘုရားသခင်၏အမှုကို ပင်လယ်ရပ်ခြားတွင် ဆက်လက်လုပ်ဆောင်ရန် လူအချို့ကို နိုင်ငံပြင်ပသို့ ဦးဆောင်ခေါ်သွားရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ယင်းကို အဘယ်သို့ဖြစ်ပြီး “ငွေအမြောက်အမြားဖြင့် တိမ်းရှောင်ခြင်း”ဟု ခေါ်ဆိုနိုင်မည်နည်း။ ယင်းမှာ လုံးဝ ပုံမှန်နည်းလမ်းဖြင့် အကောက်ခွန်ရုံးကို ဖြတ်သန်းပြီး အမေရိကန်ပြည်ထောင်စုသို့ လေယာဉ်ဖြင့် သွားသော ပုံမှန်ခရီးစဉ်တစ်ခု ဖြစ်သည်။ သူသည် အနားယူစရာနေရာနှင့် နေစရာနေရာမရှိဘဲ စီစီပီ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရသောကြောင့် နိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ စီစီပီ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်တွင် ဘာသာရေးလွတ်လပ်ခွင့် မရှိသည်သာမက ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဖြစ်စေသည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသော ခရစ်တော်နှင့်ပတ်သက်၍မူ အကယ်၍ သူ အဖမ်းခံရပါက သေဒဏ်နှင့် ကားစင်တင်သတ်ခြင်းကို ရင်ဆိုင်ရပေမည်။ ခရစ်တော်သည် ဒီမိုကရေစီနှင့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံသို့ သွားရန် ရွေးချယ်ခဲ့ခြင်းမှာ အလုပ်၏ လိုအပ်ချက်ကြောင့်သာဖြစ်ပြီး သူသည် အမေရိကန်ပြည်ထောင်စုသို့ မရောက်ရှိမီ ပုံမှန်လမ်းကြောင်းများမှတစ်ဆင့် ပတ်စ်ပို့နှင့် ဗီဇာကို ရရှိခဲ့သည်။ အမေရိကန်တွင် သူသည် မိတ်ဆွေသူငယ်ချင်းများ သို့မဟုတ် ဆွေမျိုးများ မရှိ၊ ထိုနေရာကို အကျွမ်းတဝင်မရှိသည့်အပြင် ရိုးရှင်းသော အိမ်ချက်အစားအစာများကို စားရင်း သာမန်ဘဝတစ်ခုကို နေထိုင်သည်။ “အပျော်အပါးလိုက်ခြင်း” လုံးဝမရှိပေ။ “အပျော်အပါးလိုက်ခြင်း” ဆိုသည်မှာ မသမာသော ရည်ရွယ်ချက်များရှိသူများ၏ စကားအသုံးအနှုန်းသာဖြစ်သည် မဟုတ်လော။ ယင်းမှာ အလိမ်အညာတစ်ခုဖြစ်သည် မဟုတ်လော။ ခရစ်တော်သည် အမေရိကန်တွင် သာမန်လူတစ်ဦး၏ ဘဝဖြင့် နေထိုင်သည်။ အိမ်ချက် ဟင်းလျာများကို စားသုံးသည်၊ အဆင့်မြင့် ဟိုတယ်တစ်ခုတွင်လည်း ဘယ်သောအခါမျှ တည်းခိုဖူးရန် မဆိုထားနှင့်၊ ခမ်းနားသော အစားအစာကို မွေ့လျော်ခံစားရန် အဆင့်မြင့် စားသောက်ဆိုင်တစ်ခုတွင် တစ်ခါမျှ ညစာမစားခဲ့ဖူးသည့်အပြင် ခရီးထွက်ရန် အဝေးကို အလွန်သွားခဲပေသည်။ အနီးအနား ဝန်းကျင် ဒေသများကို လှည့်ပတ်သွားလာရုံမျှက လုံလောက်သည်။ ဤအရာများထဲမှ တစ်ခုမျှ သူ့အတွက် အထူးဆွဲဆောင်နိုင်စွမ်း မရှိပေ။ အချို့လူများသည် အစားအသောက်ကို နှစ်သက်ပြီး ယခင်က မိမိတို့ မစားရသေးသည့် အရာအားလုံးကို မြည်းစမ်းကြည့်လိုကြသည်၊ မြည်းစမ်းကြည့်ရန်အတွက်သက်သက် လေကြောင်းဖြင့်ပင် တင်ပို့စေသည်အထိ ဖြစ်သည်။ ငါသည် ယင်းကို တစ်ခါမျှ လုပ်ဖူးသလော။ မည်သည့်အခါတွင်မျှ မလုပ်ဖူးပေ။ သို့တိုင်အောင်ပင် မသမာသော ရည်ရွယ်ချက်များရှိသည့် အချို့လူများသည် ဤကိစ္စနှင့်စပ်လျဉ်း၍ မရှိသည့်အရာကို တစ်စုံတစ်ခုရှိခြင်း ဖြစ်စေခဲ့ကြသည်။ ဤလူများသည် နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများအဖြစ် မွေးဖွားခဲ့ကြပြီး ဤသို့ ၎င်းတို့၏ ပြုမူခြင်းသည် ၎င်းတို့၏ ပင်ကိုသဘာဝ ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို လှည့်ဖြားရန်နှင့် ဘုရားသခင်ကို အသရေဖျက်ရန် လိမ်လည်ခြင်းအပေါ် အဓိက မှီခိုကြသည်။ ၎င်းတို့ နတ်ဆိုးများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့ဆိုလျှင် ဤနတ်ဆိုးများ၏ လိမ်လည်မှုများကို ယုံကြည်နိုင်သောသူသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည်လည်း နတ်ဆိုးများ ဖြစ်ရမည်မှာ အမှန်ပင်ဖြစ်သည်၊ နတ်ဆိုးများသာလျှင် နတ်ဆိုးများ၏ စကားကို ယုံကြည်ကြသည်။ အချို့လူများက “သင်တို့ ယုံကြည်သော ခရစ်တော်သည် ငွေအမြောက်အမြားဖြင့် တိမ်းရှောင်သွားသည်”ဟု ပြောဆိုကြပြီး ၎င်းတို့က ချက်ချင်းပင် ယင်းကို အပြည့်အဝ ယုံကြည်ကာ လက်ခံကြသည်။ အချို့လူများက “သင်တို့ ယုံကြည်သော ခရစ်တော်သည် အမေရိကန်သို့ ထွက်ပြေးသွားပြီး ထိုနေရာတွင် အပျော်အပါးလိုက်နေသည်၊ သူ ငြီးငွေ့သည်အထိ များစွာသော အရသာရှိသည့် အစားအစာများကို စားသောက်နေသည်၊ ဇိမ်ခံဟိုတယ်များတွင် နေထိုင်နေသည်၊ ဇိမ်ခံကားများကို လှည့်ပတ်စီးနေသည်၊ ကိုယ်ပိုင်စားဖိုမှူးနှင့် အခြွေအရံများ ရှိကာ၊ ကျော်ကြားသော ရှုခင်းသာနေရာများကို လှည့်လည်ကြည့်ရှုရန် နိုင်ငံခြားသို့ သွားသည်။ သူသည် သူ၏အချိန်အားလုံးကို အပျော်အပါးလိုက်ရင်း ကုန်ဆုံးနေသည်”ဟု ပြောဆိုကြသည်။ စာတန်၏ ဦးနှောက်ဆေးကြောခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဤနားဝေတိမ်တောင်ဖြစ်သည့်လူများက ချက်ချင်းပင် ယုံကြည်ကြသည်။ ထိုသို့သောလူများကို စာတန်ထံသို့ လွှဲအပ်သင့်သည်ဟု ငါဆို၏။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ထိုက်ကြပေ။ ၎င်းတို့သည် တရားဒေသနာ မည်မျှပင် ကြားရပြီးသည်ဖြစ်စေ နားကိုမလည်ကြသည့်အပြင် ဤကောလာဟလများကို ယုံကြည်နိုင်ကြဆဲဖြစ်သည်။ ထိုသို့သောလူများသည် လူသားများ မဟုတ်ကြပေ။ ၎င်းတို့သည် လူသားများ မဟုတ်ပါက အဘယ်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် တိရစ္ဆာန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်ကြသော်လည်း အကြီးအကျယ် နားဝေတိမ်တောင်ဖြစ်ကြပြီး အကောင်းနှင့်အဆိုး၊ အပြုသဘောနှင့်အပျက်သဘော၊ အမှန်နှင့်အမှား၊ သမ္မာတရားနှင့် ကောက်ကျစ်ဆိုးယုတ်မှု၊ မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုတို့ကို မခွဲခြားနိုင်ကြပေ။ ထိုသို့သောလူများကို ရှင်းလင်းဖယ်ရှားသင့်သည်။ ၎င်းတို့သည် မိမိတို့ဘာသာ မထွက်သွားပါက အသင်းတော်မှ ရှင်းလင်းဖယ်ရှားခြင်း ခံရမည်ဖြစ်သည်။ ၎င်းတို့ကို ချက်ချင်း မောင်းထုတ်သင့်ပြီး ၎င်းတို့ကို ဝမ်းမြောက်ဝမ်းသာပင် ငါတို့ နှင်ထုတ်မည်ဖြစ်သည်။ စီစီပီသည် လူများကို အသင်းတော်၏ ရှင်းလင်းခြင်းနှင့်ပတ်သက်၍ ၎င်း၏ ကိုယ်ပိုင်ဖော်ပြသည့် နည်းလမ်းရှိပြီး လူများကို ရှင်းလင်းခြင်းနှင့် နှင်ထုတ်ခြင်းသည် အင်အားပြသခြင်းဖြစ်သည်ဟု ဆိုသည်။ သင် မြင်သလော၊ နတ်ဆိုးများနှင့် စာတန်များသည် ကိစ္စရပ်တိုင်းကို ထိုသို့သော အဓိပ္ပာယ်မရှိသည့်နည်းလမ်းဖြင့် နားလည်ကြသည်။ ဤအရာက စီစီပီ၏ လုပ်ဆောင်ချက်များစွာသည် အင်အားပြသရန်အလို့ငှာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်လိုက်ခြင်းသာ ဖြစ်သည်၊ ထို့ကြောင့် ယင်းသည် လူများကို အသင်းတော်၏ ရှင်းလင်းဖယ်ရှားခြင်းအား အင်အားပြသခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုသည်။ အခြားသူများက မိမိနှင့် တစ်ပုံစံတည်း တွေးထင်သည်ဟု ၎င်းက ယူဆသည်။ အသင်းတော်က ဤအရာကို သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် လုံးဝ အခြေခံ၍ လုပ်ဆောင်ကြောင်း၊ အသင်းတော်ကို ရှင်းလင်းခြင်းသည် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းကို ၎င်းက ဘယ်သောအခါမျှ နားလည်လိမ့်မည်မဟုတ်ပေ။ နတ်ဆိုးများသည် ကောက်ကျစ်ဆိုးယုတ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှန်တကယ် ကောက်ကျစ်ဆိုးယုတ်ကြသည်။ နားဝေတိမ်တောင်ဖြစ်သည့်လူများ အများအပြားရှိသည်၊ နတ်ဆိုးများက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ကြောင်းကို နားဝေတိမ်တောင်ဖြစ်သည့်လူများက မမြင်နိုင်ကြပေ။ နတ်ဆိုးများသည် ဘုရားသခင်အကြောင်း ကောလာဟလများကို လုပ်ကြံဖန်တီးသောအခါ၊ ဘုရားသခင်ကို စော်ကားသောအခါ၊ ဘုရားသခင်ကို ပြစ်မှားစော်ကားသောအခါ ၎င်းတို့သည် စကားလုံးတိုင်းကို ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်မျှပင် စစ်မှန်ပြီး အပြုသဘောဆောင်သည်ဖြစ်စေ ၎င်းတို့ကို မယုံကြည်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ထံ အကျိုးကျေးဇူး မည်မျှပင် ဆောင်ကြဉ်းပေးသည်ဖြစ်စေ ၎င်းတို့ မမြင်နိုင်ကြပေ။ သို့သော် စာတန်က စကားတစ်ခွန်း ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အထင်အမြင်မှားစေခြင်းကို ခံရပြီး မေးခွန်းမထုတ်ဘဲ ယုံကြည်လိုက်ကြသည်။ ၎င်းတို့သည် စာတန်၏ မျိုးနွယ်ဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်သော်လည်း စာတန်သည် ၎င်းတို့ကို အမှန်တကယ် အလိုမရှိပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကဲ့သို့သော မိုက်မဲသူများ၊ ထိုသို့သော လုံးဝ လူနုံလူအများသည် စာတန်အတွက်ပင် အလွန် မိုက်မဲသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိ၊ သို့ဖြစ်၍ စာတန်လုပ်ဆောင်သမျှမှာ ဘုရားသခင်ကို မယုံကြည်စေရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်စေရန် သင့်ကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။ စာတန်သည် သင်ကဲ့သို့သော တစ်စုံတစ်ဦးကို အလိုမရှိပေ။ သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်ခြေရှိနိုင်မည်နည်း။ သင်သည် သူလျှိုလုပ်ငန်းကို ဆောင်ရွက်ရန် ကျွမ်းကျင်မှုများ ရှိသလော။ သင့်တွင် လူသား အသိဉာဏ်ပင် မရှိပေ။ သင်သည် စကားသုံးခွန်း မဆုံးမီတွင် သင်၏ကိုယ်ပိုင်လက္ခဏာကို ဖော်ထုတ်မိပေမည်။ သင်သည် စီစီပီအတွက် သူလျှိုတစ်ဦးဖြစ်လိုလျှင်ပင် စီစီပီသည် သင့်ကို အလိုရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် မိုက်မဲသည်၊ နားဝေတိမ်တောင်ဖြစ်သည်၊ လှည့်ဖြားရန် အလွန်လွယ်ကူပြီး၊ သင့်တွင် လူသား အသိဉာဏ်မပိုင်ဆိုင်ပေ။ စာတန်ပင်လျှင် သင့်ကို အထင်သေးပြီး သင့်ကို အလိုမရှိပေ။ သို့ဖြစ်၍ ဘုရားသခင်၏အိမ်တော်က သင်၏တာဝန်အား ထမ်းဆောင်ရန် သင့်ကို စေခိုင်းသည့်အခါ၊ ယင်းမှာ ဘုရားသခင်က သင့်ကို ချီးမြှောက်ခြင်း ဖြစ်သည်။ မတရားခံရသည်ဟု မခံစားနှင့်။ သင်သည် စာတန်ပြောသမျှကို ယုံကြည်သည့်တိုင်၊ ဘုရားသခင်က အလုပ်မည်မျှ လုပ်ဆောင်ပြီးသည်ဖြစ်စေ သို့မဟုတ် နှုတ်ကပတ်တော် မည်မျှ ပြောကြားပြီးသည်ဖြစ်စေ ယင်းတို့ကို သင်မယုံကြည်ပေ။ သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိသည့်အပြင်၊ သံသယများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ စာတန်က စကားတစ်ခွန်း ပြောလိုက်ပြီး သင်က ၎င်း၏ အမိဖမ်းခြင်းခံလိုက်ရသည်။ သင်ဟာ မည်သည် အယုတ်တမာမျိုးနည်း။ သင့်တွင် မည်သည့်ဂုဏ်သိက္ခာ ရှိသနည်း။ သင့်တွင် မည်သည့်တန်ဖိုး ရှိသနည်း။ သင်သည် နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦးမျှသာ ဖြစ်သည့်တိုင်၊ သင် အတော်လေး တော်သည်ဟု သင် ထင်ပြီး မိမိကိုယ်ကို မြင့်မြတ်သည်ဟု ယုံကြည်နေသည်။ သင်သည် စာတန်၏ ထိုသို့သော သိသာထင်ရှားသည့် အလိမ်အညာများကိုပင် မပိုင်းခြားနိုင်သည့်အပြင် ယင်းတို့နောက်ကွယ်ရှိ စာတန်၏ ရည်ရွယ်ချက်ကိုလည်း မခွဲခြားနိုင်ပေ။ ဤသည်မှာ အစွမ်းရောက်သော နားဝေတိမ်တောင်ဖြစ်ခြင်း မဟုတ်လော။ စီစီပီက “သင်တို့ ယုံကြည်သော ခရစ်တော်သည် ငွေအမြောက်အမြားဖြင့် တိမ်းရှောင်သွားပြီး အမေရိကန်တွင် အပျော်အပါးလိုက်နေသည်”ဟု ပြောဆိုသည်။ ဤနားဝေတိမ်တောင်ဖြစ်သည့်လူများက ဤအရာကို ကြားသောအခါ ရင်ခုန်သံမြန်သွားသည်။ “ထိုသို့ ဖြစ်သလော။ ဤအကြောင်းကို ကျွန်ုပ် မည်သို့ဖြစ်ပြီး မသိခဲ့ရပါသနည်း။ သူသည် ကျွန်ုပ် ပူဇော်ဆက်ကပ်ခဲ့သည့် ငွေအားလုံးဖြင့် တိမ်းရှောင်သွားခဲ့သလော။ ယင်းကို အသင်းတော်အလုပ်အတွက် အသုံးမပြုခဲ့လေသလော။ ယင်းကို သူ၏ ကိုယ်ရေးကိုယ်တာ ပျော်ရွှင်မှုအတွက်သုံးစွဲခဲ့သည် မဟုတ်လော။ ယင်းကို သူကိုယ်တိုင်အတွက် အစားအသောက်ကောင်း၊ အဝတ်အစားကောင်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများကို ဝယ်ယူရန် အသုံးပြုခဲ့သည် မဟုတ်လော။ ယင်းကို ကျွန်ုပ်ပင် မခံစားခဲ့ရပါ။ ကျွန်ုပ်သည် သူ့ကို ပူဇော်ဆက်ကပ်ခဲ့ပြီး သူက ယင်းကို သူ၏ ကိုယ်ရေးကိုယ်တာ ပျော်ရွှင်မှုအတွက် အသုံးပြုခဲ့သည်။ ဤအရာကို ကျွန်ုပ် လုံးဝ လက်မခံပါ။ ကျွန်ုပ် မယုံကြည်တော့ပါ။ ကျွန်ုပ်၏ငွေကို ပြန်ရရန် လိုအပ်သည်”ဟူ၍ ဖြစ်သည်။ သင်သည် ငွေပူဇော်ဆက်ကပ်ခဲ့ခြင်းကို နောင်တရပါက ဘုရားသခင်၏အိမ်တော်က သင့်ကို ပြန်ပေးနိုင်သည်၊ သို့သော် ထိုအချိန်မှစ၍ သင်သည် ဘုရားသခင်၏အိမ်တော်နှင့် လုံးဝ အဆက်အသွယ်ဖြတ်ခြင်းခံရလိမ့်မည်။ သင်သည် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးဖြစ်သည်၊ သင်သည် သမ္မာတရား မည်မျှကို အခမဲ့ ရရှိပြီးပြီနည်း။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီးများ၊ ကာကွယ်မှုနှင့် စောင့်ရှောက်မှုကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားပြီးဖြစ်သည်။ သင်သည် တစ်ပြားတစ်ချပ်မျှ သုံးစွဲရပြီလော။ ဘုရားသခင်သည် သင့်ထံမှ ငွေကို တောင်းဖူးသလော။ ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီးများ၊ စောင့်ရှောက်မှုနှင့် ကာကွယ်မှု၊ သင်၏ တကယ့်အသက်တည်းဟူသော အရာများကို ဘုရားသခင်က သင့်အပေါ် ပေးသနားခဲ့သည်ချည်းသာ ဖြစ်သည်။ ဘုရားသခင် ပေးသနားသောအရာကို သင် ငွေဖြင့် ဝယ်ယူ၍ရနိုင်သလော။ ယင်းအတွက် သင် အဘယ်အရာကို လဲလှယ်၍ရနိုင်မည်နည်း။ သင်၏ ထိုညစ်ပတ်သော ဒင်္ဂါးအနည်းငယ်ကို ယင်းအတွက် လဲလှယ်၍ရနိုင်သလော။ ဤအရာများသည် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ သင်သည် ယင်းတို့အတွက် မည်သည့်အရာကိုမျှ လဲလှယ်၍မရနိုင်ပေ။ မည်သူမျှ လဲလှယ်၍မရနိုင်ပေ။ ဘုရားသခင်က လိုလားသောကြောင့်၊ ဘုရားသခင်က သင့်ကို ကျေးဇူးပြုပြီး သင့်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ဆက်ဆံသောကြောင့် ထိုအရာများကို သင့်အပေါ် ပေးသနားခြင်းဖြစ်သည်။ ထိုအရာများသည် သင် ငွေဖြင့် ဝယ်ယူခဲ့သော အရာများ မဟုတ်သည့်အပြင်၊ အဖိုးအခပေးခြင်းအတွက် အလဲအလှယ်အဖြစ် သင် ရရှိခဲ့သော အရာများလည်း မဟုတ်ပေ။ နားဝေတိမ်တောင်ဖြစ်သည့်လူများသည် ဤအမှုအရာများကို ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ အမြဲတစေ ရှုပ်ထွေးနေကြသည်။ ၎င်းတို့က၊ “ဘုရားသခင်တွင် မကောင်းသော လျှို့ဝှက်ချက်တစ်ခုခု ရှိသလော။ တရားဒေသနာများ ပေးခြင်းအပြင် ကျွန်ုပ်တို့ကို ရှင်းလင်းစွာ ပြောကြားပြီး ရှင်းပြသင့်သော အခြားအရာများစွာ မရှိသလော။ ရှင်းပြချက်တစ်ခုခု၊ ဖြစ်စဉ်တစ်ခုခု မရှိသင့်လေသလော။ နောက်ကွယ်က သူ၏ သီးသန့်ဘဝ၊ သူ၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များကို လူတိုင်းထံ မထုတ်ဖော်သင့်လေသလော”ဟု အမြဲတွေးကြသည်။ နားဝေတိမ်တောင်ဖြစ်သည့် လူများစွာတွင် ဤစိတ်နေစိတ်ထား ရှိကြသည်။ ၎င်းတို့သည် ထိုသို့သောစကားများကို အသံထွက်၍ ပြောကောင်းမပြောနိုင်သော်လည်း ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွေးသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သမျှကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံ ထုတ်ဖော်ရန် လိုအပ်သလော။ ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြပြီးသားဖြစ်ကာ ယင်းမှာ အကြီးမားဆုံးသော ထုတ်ဖော်ခြင်းမျိုး ဖြစ်သည်။ ယင်းသည် လူအားလုံးကို ထုတ်ဖော်သည်။ ဘုရားသခင် လုပ်ဆောင်သမျှက သမ္မာတရားဖြစ်ကြောင်းကို သင် မယုံကြည်ပါက သင်သည် ဘုရားသခင်ကို သိကျွမ်းခြင်း လုံးဝမရှိပေ။ သင်သည် ဘုရားသခင်အကြောင်းကို ထင်ရာမြင်ရာ မှတ်ချက်များ ပေးပါက ဘုရားသခင်ကို တိုက်ခိုက်ပြီး အတိုက်အခံလုပ်နေခြင်း ဖြစ်သည်။ လူတို့က အမှုအရာများကို ရှုမြင်ရန် သမ္မာတရားကို အသုံးပြုနိုင်ရန်အလို့ငှာ ဘုရားသခင်က သမ္မာတရားအားလုံးကို လူသိရှင်ကြားဖြစ်စေပြီး ဖြစ်သည်။ လူများကို မည်သို့ ရှုမြင်သင့်သည်၊ အမှုအရာများကို မည်သို့ ရှုမြင်သင့်သည်၊ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတွင် မည်သည့်ရှုထောင့်များနှင့် စည်းမျဉ်းများ ရှိသင့်သည်၊ ဤအရာအားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ သင်သည် ဤအရာကို မသိသေးသည့်အပြင်၊ မရှင်းလင်းသေးပါက ယင်းမှာ သင်သည် နားဝေတိမ်တောင်ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် နားဝေတိမ်တောင်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်သည့်လူများသည် ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ ကိစ္စရပ်များအကြောင်း သိရှိရန် မထိုက်တန်ပေ။ နတ်ဆိုးများမှာမူ သာ၍ပင် မထိုက်တန်ပေ။ အဘယ်ကြောင့်ဆိုသော် နားဝေတိမ်တောင်ဖြစ်သည့်လူများနှင့် နတ်ဆိုးများသည် သမ္မာတရားကို ဘာဆိုဘာမျှ သိနားလည်မှုမရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘ ကျင့်သုံးတတ်သည်၊ ကြောင်းကျိုးမမြင်သော ဝေဖန်မှုများ ပြုလုပ်တတ်ပြီး၊ ဤအရေးကိစ္စများကို ကြောင်းကျိုးမမြင်ဘဲ ပြစ်တင်ရှုတ်ချတတ်သည်။ ၎င်းတို့တွင် ပိုင်းခြားသိမြင်မှု မရှိသည့်အပြင် စည်းမျဉ်းများ မရှိပေ။ ယင်းကို သေချာမှုဖြင့် ပြောဆို၍ရသည်။ နားဝေတိမ်တောင်ဖြစ်သည့်လူများနှင့် နတ်ဆိုးများသည် ဘုရားသခင်၏အိမ်တော်တွင် နေရန် မထိုက်တန်ပေ၊ ၎င်းတို့ ထွက်သွားသင့်သည်။ နားဝေတိမ်တောင်ဖြစ်သည့်လူများနှင့် အဓိပ္ပာယ်မရှိသော လူများသည် သမ္မာတရားကို နားလည်ရန် အခြေခံ သတ်မှတ်ချက်များ မပိုင်ဆိုင်ကြသည့်အပြင်၊ ကယ်တင်ခြင်း ရရှိရန် အခြေခံသတ်မှတ်ချက်များကိုလည်း မပိုင်ဆိုင်ကြပေ။ ၎င်းတို့ကို စာတန်က အချိန်မရွေး၊ နေရာမရွေး အမိဖမ်းနိုင်သည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်သည် မည်သည့်အခါတွင် တိရစ္ဆာန်များကို တရားဒေသနာများ ပေးဖူးသနည်း သို့မဟုတ် သမ္မာတရားကို ရှင်းပြဖူးသနည်း။ ထို့ကြောင့် ၎င်းတို့ နားလည်နိုင်သည်ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ လူတို့က များစွာသော တရားဒေသနာများကို ကြားနိုင်ခြင်းမှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဘုရားသခင်၏ ချီးမြှောက်မှုကြောင့် လုံးလုံးဖြစ်ပေသည်။ သင်က၊ “ငါ ယုံကြည်သည့်သူသည် အမှန်ပင် စစ်မှန်သော ဘုရားသခင် ဖြစ်သလော။ ဘုရားသခင်သည် အမှန်တကယ် တည်ရှိသလော။ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အမှန်တကယ် အချုပ်အခြာအာဏာရှိသလော။ ဘုရားသခင်သည် လူတွေအပေါ် အမှန်တကယ် ကောင်းမြတ်သလော သို့မဟုတ် သူသည် ဟန်ဆောင်နေခြင်းသာဖြစ်သလော။ ဘုရားသခင်သည် အမှန်တကယ် သမ္မာတရားဖြစ်ပြီး လူတို့ကို အမှန်တကယ် ကယ်တင်နိုင်သလော”ဟု တွေးလျက် ဘုရားသခင်ကို အမြဲ သံသယဝင်ပါက၊ သင်သည် ဤသို့ တွေးပြီး ဘုရားသခင်ကို ထိုသို့သော သဘောထားဖြင့် ဆက်ဆံပါက သင်သည် သေခြင်းနှင့် ထိုက်တန်သည်။ အနှေးနှင့်အမြန်၊ ဘုရားသခင်သည် သင့်ကို စာတန်ထံသို့ လွှဲအပ်ရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် လုံးဝ ပြတ်တောက်သွားပေလိမ့်မည်။ သင်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ဆက်ဆံရေးတစ်ခု ဖြစ်လိမ့်မည်မဟုတ်တော့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ဘုရားသခင်နှင့် မည်သည့် ပတ်သက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။

ငါတို့ ခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ တတိယမြောက် သရုပ်သကန်ဖြစ်သည့် နားဝေတိမ်တောင်ဖြစ်ခြင်း ဖြစ်သည်။ နောက်ထပ် သရုပ်သကန်တစ်ခု ရှိသည်။ ယင်းမှာ ၎င်းတို့ စဉ်းစားဉာဏ်မဲ့ခြင်း ဖြစ်သည်။ စဉ်းစားဉာဏ်မဲ့ခြင်းသည် အသိဉာဏ်နှင့်လည်း ဆက်စပ်သည်။ သို့ဆိုလျှင် ဤလူများသည် မည်မျှပင် စဉ်းစားဉာဏ်မဲ့ကြသနည်း။ မည်သည့် သရုပ်သကန်များက စဉ်းစားဉာဏ်မဲ့ခြင်းကို ဖော်ပြသနည်း။ အချို့လူများသည် ဧဝံဂေလိ တရားဟောသောအခါ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားပါ။ ဘုရားသခင်မှာ ခေါင်းချစရာနေရာပင် မရှိပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အပင်ပန်းခံရသည်။ ဘုရားသခင်၏အမှုမှာ မလွယ်ကူပါ၊ ယင်းမှာ ခက်ခဲကြမ်းတမ်းပါသည်”ဟု ပြောဆိုကြသည်။ ဘာသာတရားမရှိသူများက ဤအရာကို ကြားသောအခါ “သင် ပြောနေသည့် ဤပေါက်တတ်ကရစကားများက အဘယ်နည်း” ဟု ပြောဆိုကြသည်။ ဤစကားများသည် ဘာသာတရားမရှိသူများအတွက် နားမလည်နိုင်သောအရာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြသဖြင့် ဤစကားများက မည်သည့်အရာကို ရည်ညွှန်းသည် သို့မဟုတ် ယင်းတို့၏ နောက်ခံအကြောင်းအရာက အဘယ်အရာဖြစ်သည်ဟူသည်ကို မသိကြပေ။ သို့ဖြစ်၍ သင့်အတွက် ဤအရာများကို ပြောဆိုခြင်းသည် စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်နည်းလမ်းအားဖြင့် စဉ်းစားဉာဏ်မဲ့ခြင်း ဖြစ်သနည်း။ ၎င်းတို့သည် ပရိသတ် မှား၍ ပြောဆိုနေခြင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) အချို့ နားဝေတိမ်တောင်ဖြစ်သော လူများသည် အဖမ်းခံရပြီးနောက်တွင် ကောက်ကျစ်ဆိုးယုတ်သော ရဲများ၏ စစ်ဆေးမေးမြန်းခြင်းကို ခံကြရသည်။ “သင်တို့က ဘုရားကို ယုံကြည်ကြသည်။ ဘုရားက သင်တို့ကို မည်သည့်အရာ လုပ်ဆောင်ရန် ပြောဆိုသနည်း။ ဘုရားကို ယုံကြည်ခြင်းက တရားမဝင်သည်ကို သင် မသိသလော။ သင်တို့က ဥပဒေကို ချိုးဖောက်ပြီးဖြစ်သည်။ နိုင်ငံတော်က ထိုသို့သောယုံကြည်မှုကို ခွင့်မပြုပါ”ဟူ၍ ဖြစ်သည်။ အမှန်တွင် ဤကောက်ကျစ်ဆိုးယုတ်သော ရဲအရာရှိများသည် ဘုရားသခင်ကို ယုံကြည်သူများအား ပြစ်ဒဏ်စီရင်ရန် အသုံးပြုနိုင်သည့် အပြစ်အနာအဆာတစ်ခုခုကို ရှာဖွေနေခြင်းသာ ဖြစ်သော်လည်း ဤစဉ်းစားဉာဏ်မဲ့သည့်လူစားမျိုးက ဤအရာကို ထိုးထွင်းမမြင်နိုင်ပေ။ ၎င်းတို့က “ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်မှုက တရားမဝင်ခြင်း မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောလူများဖြစ်ဖို့၊ လမ်းကြောင်းမှန်ကို လျှောက်လှမ်းဖို့နှင့် လူကောင်းများဖြစ်ဖို့ ပြောပါသည်”ဟု ပြောဆိုကြသည်။ နတ်ဆိုးများက ဤအရာကို ကြားသောအခါ ၎င်းတို့က “ဘုရားက သင်တို့ကို ရိုးသားသောလူများဖြစ်ဖို့ ပြောသည့်အတွက် သို့ဆိုလျှင် ငါတို့ကို ပြောပါ၊ သင်တို့အသင်းတော်၏ ခေါင်းဆောင်များက မည်သူများဖြစ်သနည်း။ သင်တို့အသင်းတော်၏ ငွေကို မည်သည့်နေရာတွင် သိမ်းထားသနည်း။ ရိုးသားစွာ ပြောပါ။ သင် ရိုးသားစွာ မပြောလျှင် သင့်ဘုရားက သင့်ကို ပြစ်တင်ရှုတ်ချလိမ့်မည်” ဟု ပြောဆိုကြသည်။ ဤအရာကို ကြားသောအခါ ဤစဉ်းစားဉာဏ်မဲ့သည့်လူစားမျိုးက ကြောင်သွားလေသည်။ ဤသည်မှာ စဉ်းစားဉာဏ်မဲ့ခြင်း မဟုတ်လော။ နတ်ဆိုးများကို မည်သို့ ရိုးသားစွာ ပြောဆို၍ရနိုင်မည်နည်း။ ဘုရားသခင်၏ သမ္မာတရားကို နတ်ဆိုးများအား မည်သို့ ပြောပြ၍ရနိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို လုံးဝ မပြောပြရပေ။ “အဘယ်ကြောင့် သင်တို့က ကျွန်ုပ်တို့ကို အစဉ်သဖြင့် ဖမ်းဆီးနေရသနည်း။ အဘယ်ကြောင့် သင်တို့က ဘုရားသခင်ကို ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့ကို အစဉ်သဖြင့် အခက်အခဲဖြစ်အောင် လုပ်နေရသနည်း။ အဘယ်ကြောင့် သင်တို့က ကျွန်ုပ်တို့အကြောင်း ကောလာဟလများကို အစဉ်သဖြင့် လုပ်ကြံဖန်တီးနေရသနည်း”ဟု ရဲကို မေးမြန်းကြသော စဉ်းစားဉာဏ်မဲ့သည့်လူများလည်း ရှိသေးသည်။ အဘယ်ကြောင့်ဖြစ်သည်ကို ၎င်းတို့ အမှန်တကယ် မသိကြသလော။ ၎င်းတို့ထံမှ အဖြေတစ်ခုရရှိရန် မျှော်လင့်နေကြသလော။ ၎င်းတို့ အဖြေတစ်ခု ရကြလိမ့်မည်လော။ ၎င်းတို့ကို အဘယ်ကြောင့်ဟု မေးမြန်းခြင်းသည် ဤမျှှိယုတ္တိမရှိခြင်း မဟုတ်လော၊ ဤမျှစဉ်းစားဉာဏ်မဲ့ခြင်း မဟုတ်လော။ သို့သော် ဤစဉ်းစားဉာဏ်မဲ့သောလူများသည် ထိုသို့သော စဉ်းစားဉာဏ်မဲ့သည့်အရာများကို အမှန်ပင် မေးနိုင်ကြသည်။ ၎င်းတို့သည် လုံးဝ နားမလည်ကြသည့်အပြင် “စီစီပီက ကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်သဖြင့် ညှဉ်းပန်းနှိပ်စက်နေရသနည်း။ ဘာကြောင့် ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သူတွေဖြစ်သည့် ကျွန်ုပ်တို့ကို အစဉ်သဖြင့် ဖမ်းဆီးပြီး ကျွန်ုပ်တို့အကြောင်း ကောလာဟလများကိုပင် လုပ်ကြံဖန်တီးနေရသနည်း။ ကျွန်ုပ်တို့က သိသာထင်ရှားစွာပင် ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အိမ်မပြန်နိုင်ကြပါ။ သို့တိုင်အောင် ၎င်းတို့က မိသားစုများကို ကျွန်ုပ်တို့ စွန့်ပစ်သည်ဟု ပြောသည်။ ဤနတ်ဆိုးများက သူတို့၏ စကားများကို အဖြစ်မှန်များပေါ်တွင် အခြေမခံပါ။ ဤသည်မှာ လုံးဝ လုပ်ကြံဖန်တီးမှုဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့က ဘုရားသခင်ကို သက်သေခံရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိရန် အနုပညာ ဖျော်ဖြေတင်ဆက်မှု ဗီဒီယိုအချို့ကို ဖန်တီးရုံဖန်တီးခြင်းဖြစ်သည်။ အဘယ်ကြောင့်နတ်ဆိုးများနှင့် စာတန်များက ဤအရာကို ဤမျှ မုန်းတီးနေရသနည်း။ သူတို့က ကျွန်ုပ်၏မိသားစုနှင့် ဆွေမျိုးများကို ခြိမ်းခြောက်ပြီး ကြောက်လန့်စေရန် ကျွန်ုပ်၏အိမ်ကို အစဉ်သဖြင့်လာကာ စောင့်ကြည့်ကင်မရာများပင် တပ်ဆင်သည်။ အဘယ်ကြောင့်နည်း”ဟု ဆက်လက် မေးမြန်းနေကြသည်။ ဤအရာကို မေးမြန်းရန်ပင် လိုအပ်သလော။ ယင်းမှာ စဉ်းစားဉာဏ်မဲ့သော ပြောဆိုချက်တစ်ခုဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ခါစဖြစ်ပါက အဘယ်အရာ ဖြစ်ပျက်နေသည်ကို နားမလည်ခြင်းသည် ပုံမှန်ပင် ဖြစ်ပေမည်။ သို့သော် သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည်၊ အဘယ်သို့ဖြစ်ပြီး သင် မသိရှိသေးသနည်း။ သင် သိရှိပါက အဘယ်ကြောင့် မေးမြန်းနေသနည်း။ အချို့လူများက “ကျွန်ုပ်တို့က ပါတီ သို့မဟုတ် နိုင်ငံတော်ကို လုံးဝ ဆန့်ကျင်ခြင်းမရှိခဲ့ပါ။ နိုင်ငံရေး လှုပ်ရှားမှုများတွင် ကျွန်ုပ်တို့ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ပါ၊ အစိုးရ သို့မဟုတ် ထိုအစိုးရ၏ အုပ်ချုပ်မှုကို မည်သည့်အခါတွင်မျှ ဖြုတ်ချရန် ကျွန်ုပ်တို့ မကြိုးစားဖူးပါ။ ကျွန်ုပ်တို့သည် ထိုအစိုးရ၏အုပ်ချုပ်မှုအပေါ် မည်သည့်ခြိမ်းခြောက်မှုကိုမျှ မဖြစ်စေဖူးပါ။ ထို့ကြောင့် စီစီပီက ကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်သဖြင့် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေရသနည်း။ ကျွန်ုပ်တို့က အစဉ်သဖြင့် ပုန်းရှောင်နေရသည်။ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်ပါ၊ မိသားစုကို ဖုန်းခေါ်ချင်သော်လည်း ခေါ်၍မရပါ။ ကျွန်ုပ် နားကိုမလည်နိုင်ပါ။ အဘယ်ကြောင့် စီစီပီက ကျွန်ုပ်တို့ကို အစဉ်သဖြင့်ပင် အခက်အခဲဖြစ်အောင် လုပ်နေရသနည်း”ဟု တွေးနေကြဆဲ ဖြစ်သည်။ သင်သည် ဤအရာကို အမှန်တကယ် ထိုးထွင်းမမြင်နိုင်ပါက သင်သည် အလွန်အမင်း မသိနားမလည်ဖြစ်ပေသည်။ သင်သည် အမှန်တကယ် စဉ်းစားဉာဏ်မရှိပေ။ မယုံကြည်သူ ခင်ပွန်းတစ်ဦးနှင့် လက်ထပ်သော အမျိုးသမီးတစ်ဦးရှိသည် ဆိုကြပါစို့။ ၎င်းတို့ ချိန်းတွေ့နေခဲ့စဉ် သူက “သင်နှင့်အတူ ကျွန်ုပ်လည်း ယုံကြည်မည်။ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ အတူတကွ ဝင်ကြမည်”ဟု ပြောခဲ့သည်။ သူသည် အလွန်ကောင်းမွန်စွာ ပြောဆိုခဲ့သော်လည်း အမှန်တွင် သူသည် မယုံကြည်သူတစ်ဦး၊ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူသည် သူမကို ကြိုးရှည်ရှည်နှင့် လံထားခြင်းသာ ဖြစ်သည်။ သို့သော် သူမသည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် အရာအားလုံးကို စွန့်လွှတ်သောအခါ သူ ဒေါသပေါက်ကွဲလေသည်။ သူသည် သူမကို စုဝေးပွဲများ တက်ရောက်ခွင့်မပြု၊ သူမ၏ တာဝန်ကို ထမ်းဆောင်ခွင့်မပြုသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့်မပြုပေ။ ဤစဉ်းစားဉာဏ်မရှိသော အမျိုးသမီးက “ယခင်က သူ ဤသို့မဟုတ်ခဲ့ပါ။ သူ ငါ့ကို အလွန်ချစ်ခဲ့သည်၊ အလွန်ဂရုစိုက်ခဲ့သည်၊ အလွန်နားလည်ပေးခဲ့ပြီး၊ ဘုရားသခင်ကို ကျွန်မ ယုံကြည်မှုအား အပြည့်အဝ အားပေးခဲ့သည်။ ယခုတွင် သူသည် အဘယ်ကြောင့် လုံးဝ အခြားလူတစ်ဦးကဲ့သို့ ထင်ရသနည်း။ သူလည်း ယုံကြည်လေ့ရှိခဲ့သည်။ အဘယ်ကြောင့် သူ ဤသို့ ဖြစ်သွားလေပြီနည်း”ဟု အံ့ဩနေဆဲ ဖြစ်သည်။ အိမ်နှင့်အဝေးတွင် သူမ၏ တာဝန်ကို နှစ်အတန်ကြာ ထမ်းဆောင်နေသည့် အတောအတွင်းတွင် သူမသည် ဤကိစ္စကို အဆက်မပြတ် စဉ်းစားနေသည်။ “ငါ့ယောက်ျားက အခြားမိန်းမတစ်ယောက်ကို ရှာမည် မဟုတ်ပါ။ သူက ငါ့ကို အချစ်ဆုံးဖြစ်သည်။ ငါက သူ၏တစ်ဦးတည်းသောသူ၊ ငါက သူ၏ အချစ်ဦးဖြစ်သည်။ သူသည် နောက်ထပ်မိန်းမတစ်ဦးကို လုံးဝ ချစ်မည် မဟုတ်ပါ။ ထို့အပြင် ငါ့ယောက်ျားက မာယာကင်းသော လူတစ်ဦးဖြစ်ပြီး သူ့တွင် ကြီးမားသည့် အစွမ်းအစများ သို့မဟုတ် ကျွမ်းကျင်မှုများ မရှိပါ။ မည်သူက သူနှင့်အတူနေချင်မည်နည်း”ဟူ၍ ဖြစ်သည်။ အမှန်တွင် သူမ ဤသို့ တွေးနေစဉ်မှာပင် သူမ၏ စိတ်နှလုံးထဲတွင် မသက်မသာ ခံစားနေရသည်။ သူမ၏ ခင်ပွန်းက သူမကို စောင့်နေဆဲဖြစ်ရန် သူမ မျှော်လင့်နေသည်။ သို့သော် အမှန်တွင်မူ သူမ အိမ်တွင် ရှိနေသေးသည့်အချိန်တုန်းကပင် သူမသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နေ့စဉ် တာဝန်ထမ်းဆောင်ခြင်းတို့ဖြင့် အလုပ်များနေသောကြောင့် သူသည် အခြားအမျိုးသမီးတစ်ဦးကို ရှာဖွေပြီးဖြစ်နေခဲ့သည်။ သို့တိုင် သူမက ထိုအရာမှာ မဖြစ်နိုင်ဟု ထင်နေသည်။ “အခြားမည်သူမဆိုကအခြားမိန်းမတစ်ယောက်ကို ရှာကောင်းရှာမည်ဖြစ်သော်လည်း သူက ရှာမည် မဟုတ်ပါ။ သူသည် ထိုလူစားမျိုး မဟုတ်ပါ။ အိမ်တွင် ငါ ရှိနေခဲ့ချိန်တုန်းက ဘုရားသခင်ကို ယုံကြည်ချင်သည်ဟုပင် သူ ပြောခဲ့သည်”ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ သူမသည် အလွန်အမင်း စဉ်းစားဉာဏ်ကင်းမဲ့နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤနှစ်များတစ်လျှောက်လုံး သူမ အိမ်တွင် မရှိခဲ့ပေ၊ သူမ၏ ခင်ပွန်းသည် အခြားတစ်စုံတစ်ဦးကို ရှာဖွေပြီးသည်သာမက သူမ၏ သားသမီးများနှင့် မိဘများကပင် သူမကို စွန့်ပစ်ကြပြီး ဖြစ်သည်။ သူမသည် ထိုမိသားစု၏ မိသားစုဝင်တစ်ဦးအဖြစ် မှတ်ယူခြင်းမခံရတော့သည်မှာ ကြာပြီဖြစ်သည်။ ၎င်းတို့သည် သူမ၏ ကွယ်ရာတွင် သူမကို မည်သို့ စော်ကားနေကြသည် သို့မဟုတ် သူမကို မည်မျှ နက်ရှိုင်းစွာ မုန်းတီးနေကြသည်ကို မည်သူ သိမည်နည်း။ သို့တိုင် သူမသည် ဤအရာကို ထိုးထွင်းမမြင်နိုင်ပေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ စဉ်းစားဉာဏ်ကင်းမဲ့ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သူမသည် မည်သည့်အတိုင်းအတာအထိ စဉ်းစားဉာဏ်ကင်းမဲ့သနည်း။ ပုံမှန်လူ့အသိဉာဏ် သူမ လုံးဝကင်းမဲ့သည့် အတိုင်းအတာအထိ ဖြစ်သည်။ ထို့ကြောင့် သူမသည် လူများနှင့် အရာများကို ရှုမြင်ရန် ပုံမှန်လူသားတွေးခေါ်မှုကို အသုံးမပြုနိုင်ပေ။ သူမသည် အမှုအရာများကို ရှုမြင်ရန်နှင့် တိုင်းတာရန် သူမ၏ ကလေးဆန်သော၊ လွဲချော်သော၊ အသိဉာဏ်မဲ့သော အတွေးများနှင့် ရှုထောင့်များကို အစဉ်သဖြင့် အသုံးပြုသည်။ အဆုံးတွင် သူမသည် ခက်ခဲသော အခြေအနေများတွင် မကြာခဏ ပိတ်မိကာ အလွန်ပင် မတက်မကြွဖြစ်လာပြီး အလွန် မသိနားမလည်သော နည်းလမ်းဖြင့် ပြုမူလေသည်။ ဤသည်မှာ စဉ်းစားဉာဏ်ကင်းမဲ့ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော စဉ်းစားဉာဏ်ကင်းမဲ့သည့် လူအချို့ ရှိသည်။ စဉ်းစားဉာဏ်ကင်းမဲ့ခြင်းဆိုသည်မှာ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ၏ အသိဉာဏ်မရှိခြင်းကို ဆိုလိုသည်။ သို့ဖြစ်၍ လူများနှင့် အမှုအရာများကို ရှုမြင်သောအခါ သို့မဟုတ် ကိစ္စရပ်များကို ကိုင်တွယ်သောအခါ ၎င်းတို့တွင် ကောင်းမွန်သောရလဒ်များ စွမ်းဆောင်ရရှိစေနိုင်ရန် အထောက်အပံ့အဖြစ် အခြေခံစည်းမျဉ်းများ မရှိပေ၊ မှန်သလော။ (မှန်ပါသည်။)

အချုပ်အားဖြင့်ဆိုသော် သမ္မာတရားအား စံတစ်ခုအဖြစ် အသုံးပြု၍ တိရစ္ဆာန်များမှ လူဝင်စားသောသူများကို အကဲဖြတ်ပါက ၎င်းတို့၏ အဓိက လက္ခဏာမှာ ၎င်းတို့သည် အခြေခံအားဖြင့် ယင်းကို စံမမီခြင်းဖြစ်သည်။ ယင်းမှာ မြင့်မားသော စံနှုန်းတစ်ခုဖြစ်သည်။ ၎င်းတို့ကို ပုံမှန်လူ့သဘာဝ၏ အသိဉာဏ်ဖြင့် အကဲဖြတ်ပါက ၎င်းတို့သည် မိမိတို့၏ နေ့စဉ်ဘဝများတွင် ပေါ်ပေါက်လာသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ သို့မဟုတ် အခြေအနေများကို ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုဖြင့် ရှုမြင်နိုင်စွမ်းပင် မရှိကြပေ။ တိတိကျကျပြောရလျှင် နေ့စဉ်ဘဝတွင် ထိုသို့သောလူများသည် မိမိတို့ကိုယ်တိုင်၏ အစားအသောက်၊ အဝတ်အထည်၊ အမိုးအကာ သို့မဟုတ် သယ်ယူပို့ဆောင်ရေးကိုပင် အမှီအခိုကင်းစွာ မစီမံနိုင်သည့်အပြင် ဤကိစ္စရပ်များကို အမှီအခိုကင်းစွာ တုံ့ပြန်ကာ ကိုင်တွယ်နိုင်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ငတ်မသေဘဲ အသက်ရှင်သန်နိုင်ရုံမျှ ရှင်သန်နိုင်လျှင်ပင် အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ သရုပ်သကန်များအရ ထိုသို့သောလူများသည် စစ်မှန်သော ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းမှ အလှမ်းဝေးလျက် အလွန် နုံအပြီး ထုံထိုင်းပုံပေါ်လေသည်။ ဥပမာအနေဖြင့် အချို့သော တိရစ္ဆာန်များကို ကြည့်လော့။ ၎င်းတို့သည် အစားအစာအား မည်မျှစားရန် သင့်လျော်သည်ကို မိမိတို့ဘာသာ မသိကြပေ။ လူများက ၎င်းတို့ကို သတ်မှတ်ထားသည့် အကြိမ်များနှင့် တိုင်းတာထားသည့် ပမာဏဖြင့် ကျွေးမွေးမှသာ ၎င်းတို့သည် ကောင်းမွန်သောပုံစံဖြင့် စားသောက်နိုင်ကြသည်။ ဥပမာအနေဖြင့် ခွေးများကို ကြည့်လော့။ မည်မျှစားရမည်ကို ကန့်သတ်ချက်များမရှိဘဲ ၎င်းတို့အား လွတ်လပ်စွာ စားသောက်ခွင့်ပြုပါက ၎င်းတို့သည် အလွန်များစွာ စားသောက်ကြလိမ့်မည်။ ၎င်းတို့သည် လုံးဝ ဗိုက်ပြည့်ပြီး ရုပ်ပိုင်းဆိုင်ရာအရ ဆက်မစားနိုင်တော့သည်အထိ ဆက်လက်စားသောက်နေကြလိမ့်မည်။ သို့ဖြစ်၍ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ အလွန်သိသာထင်ရှားသော လက္ခဏာတစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ ဘဝကဏ္ဍများစွာကို အမှီအခိုကင်းစွာ မစီမံနိုင်ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် အလွန်ပင် အမှီအခိုကင်းစွာ မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများက အဘယ်အရာဖြစ်သည်၊ အခြေခံသတ်မှတ်ချက်များက အဘယ်အရာဖြစ်သည် သို့မဟုတ် မည်သည့် စည်းများကို ၎င်းတို့ မကျော်လွန်သင့်ဟူသည်တို့ကို ၎င်းတို့ ဘယ်သောအခါမျှ မသိသောကြောင့် ဖြစ်သည်။ ယင်းမှာ အချို့သော တိရစ္ဆာန်များ စားသောက်သည့်အခါတွင်ကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် အစားအစာမည်မျှက သင့်လျော်သည်ကို မသိကြပေ။ လူများက ၎င်းတို့ကို မစီမံပေးပါက ၎င်းတို့သည် မိမိတို့ဘာသာ အလွန်အကျွံစားပြီး သေသည်အထိ စားကြလိမ့်မည်။ ၎င်းတို့ကို စီမံပေးပြီး ကျွေးမွေးသူတစ်ဦး ရှိပါက ၎င်းတို့သည် ကျန်းမာရေးကောင်းမွန်မှုကို ထိန်းသိမ်းနိုင်ပေမည်။ ဤလက္ခဏာသည် တိရစ္ဆာန်များမှ လူဝင်စားသောသူများတွင်လည်း အတော်လေး သိသာထင်ရှားသည်။ အချို့လူများက “၎င်းတို့သည် ဗိုက်ဆာသည် သို့မဟုတ် ဗိုက်ပြည့်သည်ကို မသိဘဲ စားကြပြီး နေ့ဖြစ်သလော သို့မဟုတ် ညဖြစ်သလောဟူသည်ကို မသိဘဲ အိပ်စက်ကြသည်”ဟု ပြောသကဲ့သို့ပင် ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သောလူများသည် လူ့သဘာဝ၏ အသိဉာဏ်ကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့ မပိုင်ဆိုင်ကြသည်မှာ အလွန် သိသာထင်ရှားပေသည်။ တစ်နှစ်၏ ရာသီလေးခုတစ်လျှောက်လုံး ၎င်းတို့၏ ခန္ဓာကိုယ်သည် မတူညီသော အခြေအနေများကို တွေ့ကြုံခံစားရသည်နှင့်အမျှ မိမိတို့၏ ကျန်းမာရေးကို ထိန်းညှိရန် မည်သို့ စားသောက်သင့်သည်၊ မည်သည့်ရာသီတွင် မည်သည့်အစားအစာများက ကျန်းမာရေးနှင့် ညီညွတ်ပြီး မည်သည့်အစားအစာများက ကျန်းမာရေးနှင့် မညီညွတ်သည်၊ မည်သည့်နေထိုင်မှုပုံစံများက ကျန်းမာရေးနှင့်ညီညွှတ်ပြီး မည်သည့်ပုံစံများက ကျန်းမာရေးနှင့် ညီညွှတ်ခြင်း မရှိသည်ဟူသကဲ့သို့သော စဉ်းစားသုံးသပ်မှုများကို ပုံမှန်လူတစ်ဦးသည် အသက်နှစ်ဆယ်အရွယ်တွင် မသိကောင်းမသိနိုင်သော်လည်း အသက်သုံးဆယ်အရွယ်တွင် အချို့ကို သိရှိပြီး အသက်လေးဆယ်တွင် ပို၍ပင် သိရှိပေသည်။ အသက်ငါးဆယ်တွင် မိမိတို့၏ တကယ့် ကာယပိုင်းဆိုင်ရာ အခြေအနေကို အခြေခံ၍ ၎င်းတို့သည် မိမိတို့နှင့် ကိုက်ညီသော နေထိုင်မှုစည်းမျဉ်းတစ်စုံကို အကျဉ်းချုပ်သုံးသပ်ပြီးဖြစ်လိမ့်မည်ဖြစ်ပြီး နောက်ထပ် ကြီးမားသော ပြောင်းလဲမှုများမရှိဘဲ ဤအရာကို အခြေခံအားဖြင့် သတ်မှတ်ကာ ပုံသေလုပ်ဆောင်လိမ့်မည်ဖြစ်သည်။ သို့သော် တိရစ္ဆာန်များမှ လူဝင်စားသောသူများမှာမူ အသက်ရှစ်ဆယ်အထိ အသက်ရှင်လျှင်ပင် နေထိုင်မှုစည်းမျဉ်းတစ်စုံကို အကျဉ်းချုပ်သုံးသပ်နိုင်ခြင်း မရှိသေးပေ။ ၎င်းတို့သည် အလွန်အကျွံစားခြင်း သို့မဟုတ် အနည်းငယ်သာစားခြင်း ဖြစ်တတ်ပြီး ဝမ်းပျက်ခြင်း သို့မဟုတ် အစာမကြေခြင်း ဖြစ်တတ်သည်။ မည်သည့်ဘဝနေထိုင်မှုပုံစံ အလေ့အထများ သို့မဟုတ် မည်သည့်အစားအစာများက မည်သည့်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေသည်ကို ၎င်းတို့ မသိကြ။ ၎င်းတို့က လက်လွတ်စပယ် စားသောက်ကြသည်။ သင်က ၎င်းတို့ကို မည်သည့်အစားအစာများက ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် သင့်လျော်သည် သို့မဟုတ် မသင့်လျော်သည်ကိုလည်းကောင်း၊ အမျိုးမျိုးသော သတင်းအချက်အလက်များကိုလည်းကောင်း အခြေခံ၍ ၎င်းတို့နှင့် ကိုက်ညီသော အစားအသောက် ကျင့်သုံးမှုပုံစံ သို့မဟုတ် စားသောက်နည်းတစ်ခုကို အကျဉ်းချုပ်သုံးသပ်ခိုင်းပါက ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ ဥပမာအားဖြင့် အွန်လိုင်းတွင် တစ်စုံတစ်ဦးက ကြက်ဥအခွံများတွင် ကယ်လ်စီယမ်ဓာတ် မြင့်မားပြီး ကြက်ဥအခွံကို စားခြင်းက ၎င်းတို့၏ ကယ်လ်စီယမ်စားသုံးမှုကို ဖြည့်တင်းပေးနိုင်သည်ဟု ပြောသောအခါ ၎င်းတို့က “ကယ်လ်စီယမ်ဓာတ် ချို့တဲ့သောကြောင့် ငါ အရပ်သိပ်မရှည်ခြင်းဖြစ်သည်။ ငါ၏ ကယ်လ်စီယမ်စားသုံးမှုကို ဖြည့်တင်းရန် ကြက်ဥအခွံများကို ငါ စားမည်”ဟု သေချာစွာ စဉ်းစားလေသည်။ သို့သော် အမှန်တွင်မူ ယင်းတို့ကို အချိန်အတန်ကြာ စားသုံးပြီးနောက်တွင် ၎င်းတို့၏ ကယ်လ်စီယမ်ပမာဏ တိုးတက်မှုရှိပုံ မပေါ်ပေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ လွဲချော်သည် မဟုတ်လော။ အွန်လိုင်းတွင် ကြက်ဥအခွံများ၌ ကယ်လ်စီယမ်ဓာတ် မြင့်မားပြီး ကယ်လ်စီယမ်ဖြည့်စွက်စာအဖြစ် အသုံးပြုနိုင်သည်ဟု ဆိုသော သတင်းအချက်အလက်ကို သင် အမှတ်မထင် ကြုံတွေ့ရသောအခါ ယင်းကို သင် မည်သို့ သဘောပေါက်နားလည်သင့်သနည်း။ ကြက်ဥအခွံစားသောလူများသည် လွဲချော်တတ်ကြသည်မှာ အလွန်သိသာထင်ရှားသည်။ ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် မမှန်ကန်သောကြောင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုက လွဲချော်သည်၊ အစွန်းရောက်ပြီး နုံအလေသည်။ သို့ဆိုလျှင် ဤအရာကို နားလည်သဘောပေါက်ရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ ကြက်ဥအခွံများတွင် ကယ်လ်စီယမ်ဓာတ် မြင့်မားကောင်း မြင့်မားနိုင်သော်လည်း ယင်းတို့သည် ကျွန်ုပ်တို့ စားသုံး၍ရသောအရာတစ်ခု မဟုတ်ပေ။ ယင်းတို့က ကယ်လ်စီယမ်ဖြည့်စွက်စာ၏ အာနိသင် အမှန်တကယ် ရှိနိုင်ခြင်း ရှိမရှိဟူသည်ကို မသိရသေးသည့်အပြင် ယင်းတို့က သင်၏ ကယ်လ်စီယမ်ပမာဏကို ဖြည့်တင်းပေးနိုင်လျှင်ပင် သင်က ယင်းကို စုပ်ယူနိုင်ခြင်း ရှိမရှိဟူသည်မှာလည်း မသေချာပေ။ ထို့ပြင် ကြက်ဥအခွံများသည် ကယ်လ်စီယမ်ဖြည့်စွက်စာ ဖြစ်နိုင်သည်ဟူသော သက်သေအထောက်အထား တစ်ခုတလေ ရှိသလော။ ဤအခိုင်အမာ ပြောဆိုချက်ကို အတည်ပြုပြီးပြီလော။ အမှန်တွင် ကယ်လ်စီယမ် စားသုံးမှုကို ဖြည့်တင်းပေးနိုင်သော အရာများစွာရှိပြီး ယင်းတို့အားလုံးကို ဆေးပညာအရ သက်သေပြပြီးဖြစ်သည်။ သင်သည် ဤသက်သေပြပြီးသော နည်းလမ်းများကို လက်ခံရန် ငြင်းပယ်ပါက သင်သည် ယုတ္တိမရှိသော လူတစ်ဦး ဖြစ်သည်။ သင်၏ ကယ်လ်စီယမ်စားသုံးမှုကို ဖြည့်တင်းရန် ကယ်လ်စီယမ်ဆေးပြားများကိုသာ သောက်သုံး၍ မရနိုင်သလော။ ယင်းမှာ အရိုးရှင်းဆုံးနည်းလမ်း ဖြစ်သည်။ ထိုဆေးပြားများသည် အစာအိမ်ကို ထိခိုက်စေခြင်းမရှိ၊ သို့မဟုတ် သွားများကို ပျက်စီးစေခြင်းမရှိ၊ အရသာကောင်းမွန်ပြီး အာနိသင်များကို သင် ခံစားနိုင်သည်။ ဤသည်မှာ မှန်ကန်သော သဘောပေါက်နားလည်မှု မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် လွဲချော်သော သဘောပေါက်နားလည်မှုရှိသူများသည် ယင်းကို ဤနည်းလမ်းဖြင့် သဘောပေါက်နားလည်ခြင်း မရှိကြပေ။ ၎င်းတို့သည် အမှုအရာများကို အစွန်းရောက်စွာ ခံယူကြသည်။ ၎င်းတို့က “ကြက်ဥအခွံများသည် သင်၏ကယ်လ်စီယမ်စားသုံးမှုကို ဖြည့်တင်းပေးနိုင်သည်ဟု တစ်စုံတစ်ဦးက ပြောလျှင် ကြက်ဥအခွံများကို စား၍ရသည်မှာ သေကို သေချာရမည်။ သင်၏ကယ်လ်စီယမ်စားသုံးမှုကို ဖြည့်တင်းဖို့ လိုအပ်လျှင် ယင်းတို့ကို သင် စားရမည်”ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် စားသုံးပြီးနောက် ခန္ဓာကိုယ်က ယင်းတို့ကို စုပ်ယူနိုင်ခြင်း ရှိမရှိဟူသည်ကိုပင် မစဉ်းစားကြပေ။ ဤသည်မှာ လွဲချော်သော သဘောပေါက်နားလည်မှုကို ထင်ဟပ်စေသည်။ ဤသည်မှာ အစွန်းရောက်ခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက “ငှက်ပျောခွံတွင် ဗီတာမင်ဓာတ်များ မြင့်မားပြီး ယင်းကို စားခြင်းက သင်၏အလှအပကို မြှင့်တင်ပေးနိုင်သည်”ဟု ပြောလျှင် ယင်းကို သင်တို့ စားမည်လော။ (စားမည်မဟုတ်ပါ။) အဘယ်ကြောင့် မစားသနည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းထားသည့် အချို့သော အစားအစာများကို သဘာဝတရား၏ စည်းမျဉ်းများအတိုင်း အခွံနွှာပြီးမှသာ စားသင့်သောကြောင့်ဖြစ်သည်။ အခွံကို မရမက စားခြင်းက အမှုအရာများကို အစွန်းရောက်စွာ သဘေထားခြင်း ဖြစ်ပါသည်။ တစ်စုံတစ်ယောက်က မိမိ၏အလှအပကို မြှင့်တင်ဖို့ ဗီတာမင်စားသုံးမှုကို ဖြည့်တင်းချင်လျှင် ပုံမှန်စားသုံး၍ရပြီး လှပစေသည့် အာနိသင်များလည်းရှိသော အစားအစာများကို စားသင့်ပါသည်။) ဤသည်မှာ မှန်ကန်သော သဘောပေါက်နားလည်မှု ဖြစ်သည်။ သို့သော် ထိုအစွန်းရောက်သည့် စဉ်းစားဉာဏ်မဲ့သူကို ကြည့်လော့၊ ၎င်းတို့သည် ဤနည်းလမ်းဖြင့် နားလည်သဘောမပေါက်ကြပေ။ ၎င်းတို့သည် အခွံအား မိမိတို့ကိုယ်ကိုယ် အတင်းစားစေပြီး “ငါ၏ဇာတိပကတိကို ငါ ဆန့်ကျင်တွန်းလှန်ရမည်။ တိကျသည့် အာဟာရဓာတ်တစ်မျိုး၏ ပမာဏကို ဖြည့်တင်းဖို့ ငါ ငှက်ပျောခွံကို စားရမည်”ဟုပင် ပြောဆိုကြသည်။ သို့သော် ၎င်းတို့က “ငှက်ပျောခွံက အရသာမရှိပါ။ ယင်းသည်အစားအစာ မဟုတ်ပါ။ ငါ စားမည်မဟုတ်ပါ။ ထိုအစား ဤအာဟာရဓာတ်ပါသည့် အခြားအရာတစ်ခုခုကိုသာ ငါ အဘယ်ကြောင့် မစားသနည်း”ဟု မစဉ်းစားကြပေ။ ဤသည်မှာ မှန်ကန်သော သဘောပေါက်နားလည်မှု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤနည်းလမ်းဖြင့် အကဲဖြတ်နိုင်စွမ်းရှိလျှင်၊ သင်သည် အရာများကို ဤနည်းလမ်းဖြင့် နားလည်သဘောပေါက်နိုင်လျှင် ယင်းက သင်သည် လူ့အသိဉာဏ်ကို ပိုင်ဆိုင်ကြောင်း သက်သေပြသည်။ သို့သော် သင်သည် ဤနည်းလမ်းဖြင့် အကဲဖြတ်နိုင်စွမ်းမရှိသည့်အပြင်၊ ငှက်ပျောခွံတွင် အာဟာရဓာတ်တစ်ခုခု ပါဝင်သည်ဟု ကြားသည်နှင့်တစ်ပြိုင်နက် အရသာမကောင်းလျှင်ပင် မရမက စားပါက၊ သင်သည် စဉ်းစားဉာဏ်မဲ့သောသူတစ်ယောက်ဖြစ်သည်။ သင်သည် တိရစ္ဆာန်မှ လူဝင်စားသောသူတစ်ဦးဖြစ်ပြီး ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုကို သင် မပိုင်ဆိုင်ပေ။ မိစ္ဆာအယူဝါဒ သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆတစ်ခုတလေကထိုသို့သောလူများကို အထင်အမြင်မှားစေနိုင်ပြီး ၎င်းတို့သည် အမျိုးမျိုးသော သတင်းအချက်အလက်များ၏ မှန်ကန်မှု သို့မဟုတ် အမှန်တရားဖြစ်မှုကို ပိုင်းခြားနိုင်ခြင်း တကယ်ကို မရှိကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် လှည့်စားခံကြရသည်။ ဤအရာအားလုံးသည် တိရစ္ဆာန်များမှ လူဝင်စားသောသူများက အမျိုးမျိုးသော တိကျသည့်ကိစ္စရပ်များကို သဘောထားပုံနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း စဉ်းစားဉာဏ်မဲ့ကြသည်၊ ၎င်းတို့၏ သဘောပေါက်နားလည်မှုသည် လွဲချော်ပြီး အဓိပ္ပာယ်မဲ့ကာ အရာရာကို အစွန်းရောက်စွာ သဘောထားကြသည်။ သုတေသနပြုလုပ်ခြင်းက တစ်စုံတစ်ခုကို စားသုံး၍ရကြောင်း အကြံပြုသည်ဟု လူများက ပြောသောအခါ ယင်းမှာ သင့်အနေဖြင့် ထိုအရာကို မဖြစ်မနေ စားရမည်ဟု ဆိုလိုခြင်းမဟုတ်သည့်အပြင်၊ အခြားမည်သည့်အရာကမျှ ယင်းကို အစားထိုးနိုင်ခြင်းမရှိဟုလည်း ဆိုလိုခြင်းမဟုတ်ပေ။ သမ္မာတရားကို မည်သည့်သဘောတရားကမျှ အစားထိုးနိုင်ခြင်းမရှိဟု သင် ပြောပါက ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျပြီး တိကျမှန်ကန်ပေသည်။ သို့သော် ဤအာဟာရဓာတ်များသည် ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများဖြစ်သည်၊ အစားထိုးစရာ တစ်ခုတလေမျှ မရှိခြင်းမှာ မဖြစ်နိုင်ပေ။ ဘုရားသခင်သည် ထူးကဲဆန်းစုံသည့် အစားအစာမျိုးစုံကို ဖန်ဆင်းခဲ့ပြီး မတူညီသော အာဟာရဓာတ်များ ပါဝင်သည့် အစားအစာများစွာ ရှိသည်။ လူတို့သည် မိမိတို့၏ တစ်ဦးချင်း ကြံ့ခိုင်မှုအခြေအနေ၊ အသက်အရွယ်အုပ်စုနှင့် လက်ရှိကျန်းမာရေးအခြေအနေတို့ကို အခြေခံ၍ တိကျသော ရွေးချယ်မှုများကို ပြုလုပ်နိုင်သည်။ စည်းမျဉ်းများကို စွဲမြဲနေရန် မလိုအပ်ပေ။ သတင်းအချက်အလက်တစ်ခုကို ကြားပြီးနောက်တွင် အစွန်းရောက်သောလူများသည် ယင်းကို မှန်ကန်စွာ သဘောမထားနိုင်သည့်အပြင် ပိုင်းခြားသိမြင်နိုင်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ဤအရာများ၏ အထင်အမြင်မှားစေခြင်းကို အစဉ်သဖြင့်ခံကြရပြီး အဆုံးတွင် ၎င်းတို့က “အွန်လိုင်းပေါ်က အရာရာတိုင်းသည် အလိမ်အညာတစ်ခုဖြစ်သည်။ တစ်လုံးတစ်ပါဒမျှ မမှန်ပါ”ဟု ပြောဆိုကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် ယခုအခါ အခြားအစွန်းတစ်ဖက်သို့ ရောက်သွားကြသည်။ သင်သည် အွန်လိုင်းတွင် သတင်းအချက်အလက်များကို ရှာဖွေနိုင်သော်လည်း ယင်းကို ပိုင်းခြားရန်၊ မည်သည့်အရာကို အသုံးပြုရမည်ဟူသည်နှင့် မည်သည့်အရာကို စွန့်ပစ်ရမည်ဟူသည်တို့အား မှန်ကန်စွာ ရွေးချယ်ရန် လူ့အသိဉာဏ်နှင့် လူ၏မှန်ကန်သော တွေးခေါ်ပုံအား မည်သို့အသုံးပြုရမည်ကို သင် သိရှိရမည်။ တစ်စုံတစ်ခုသည် သင့်အတွက် အကျိုးရှိပါက သင်သည် ယင်းကို အသုံးပြုနိုင်သည်။ ယင်းသည် သင့်အတွက် အကျိုးမရှိ သို့မဟုတ် မသင့်လျော်ပါက သင်သည် ယင်းကို ကိုးကားချက်တစ်ခုအဖြစ် သို့မဟုတ် သာမန်အသိပညာတစ်မျိုးအဖြစ် သဘောထားနိုင်သည်။ လူသားတွေးခေါ်မှုရှိသောလူများသည် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ကြသည်။ လူသားတွေးခေါ်မှု မပိုင်ဆိုင်သောသူများသည် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ သွေဖည်သော နည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် လှည့်စားခံရခြင်း သို့မဟုတ် အရာရာကို လုံးဝမယုံကြည်ခြင်း ဖြစ်တတ်သည်။ ၎င်းတို့သည် ထိုသို့သောကိစ္စရပ်များကို ဂရုစိုက်မှုဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ အမျိုးမျိုးသော သတင်းအချက်အလက်များကို ၎င်းတို့ သဘောထားပုံ သို့မဟုတ် လက်တွေ့ဘဝကိစ္စရပ်များကို ကိုင်တွယ်ပုံတွင် ထိုသို့သောလူများသည် အထူးသဖြင့် ခေါင်းမာပုံသည်၊ အဓိပ္ပာယ်မဲ့ပုံရသည်၊ နားဝေတိမ်တောင်ဖြစ်ပုံရပြီး နုံအသည့်ပုံပေါ်လေသည်။ ဤမျှ နုံအသောသူများ၊ မှန်ကန်ခြင်းနင့် မမှန်ကန်ခြင်း သို့မဟုတ် အမှန်နှင့်အမှားကို မပိုင်းခြားနိုင်သောလူများသည် ၎င်းတို့ဘဝများ၏ နေ့ရက်စဉ်တိုင်းတွင် မည်သို့ဖြစ်ပြီး နေ၍ရကြသနည်း။ ၎င်းတို့ ပြုမူပုံကို ကြည့်ရုံမျှက သင့်ကို စိုးရိမ်မိစေသည်။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု သင် မျှော်လင့်ချက်တစ်ခုတလေ ရှိနိုင်သေးသလော။

အမျိုးသမီးတစ်ဦးသည် လူရှုပ်လူပွေတစ်ဦးနှင့် လက်ထပ်ပြီး “ငါ့ယောက်ျားက ငါ့ကို အလွန်ချစ်သည်။ ငါ အချစ်စစ်ကို တွေ့ပြီ၊ ငါ ချစ်နေမိပြီ”ဟု တွေးကာ အလွန့်အလွန် ပျော်လေသည်။ သို့သော် အခြားသူများက သူမ၏ ခင်ပွန်းကို ကြည့်သောအခါ သူသည် လူပင်မဟုတ်၊ နတ်ဆိုးတစ်ကောင်ဖြစ်သည်ကို မြင်ကြပြီး သူမသည် မည်သို့ဖြစ်ပြီး ထိုမျှလောက် ယစ်မူးနေကာ ထိုမျှလောက် ပျော်နေနိုင်သည်ကို အံ့ဩကြသည်။ သူမနှင့်ပတ်သက်၍ပင် ၎င်းတို့ စိုးရိမ်ကြပြီး သူမကိုယ်စား ပူပန်ပေးကြသည်။ အဆုံးတွင် ထိုသူနှင့် ကလေးများ ရပြီးနောက် သူမသည် ဘေးဖယ်ခြင်းခံရပြီး အထောက်အပံ့မရှိတော့ပေ။ သူမ၏ဘဝသည် မခံနိုင်လောက်အောင် ခက်ခဲလာသည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများ လုပ်ဆောင်သည့် စဉ်းစားဉာဏ်မဲ့သောအရာများမှ ကြည့်လျှင် ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ရှင်သန်နိုင်သည့်အချက်မှာ အဓိကအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့ အသက်ရှင်နေနိုင်ရန်အလို့ငှာ ဘုရားသခင်က ထွက်သက်ဝင်သက် ပေးပြီး ၎င်းတို့ ရှင်သန်နိုင်ရန် အစာကို ပေးသည်။ ကောင်းကင်က ငှက်များ၊ မြေပေါ်က တိရစ္ဆာန်ငယ်များနှင့် ပုရွက်ဆိတ်များပင်လျှင် စားစရာအစာ ရှိကြသည်။ သို့ဆိုလျှင် လူသားများအတွက် ဤသည်မှာ မည်မျှ ပို၍ပင် မှန်ကန်သနည်း။ သင်သည် လူသားတစ်ဦးအဖြစ် လူဝင်စားခဲ့သောကြောင့် ဘုရားသခင်သည် သင့်အား ရှင်သန်ရန် နည်းလမ်းများကို ပေးသည်။ တစ်စုံတစ်ဦးက သင့်ကို ထောက်ပံ့ပေးခြင်း သို့မဟုတ် သင်၏ အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းနိုင်ရန် အစွမ်းအစတစ်ခုခုကို သင် ပိုင်ဆိုင်ခြင်း ဖြစ်မည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ငတ်သေခွင့်မပေးဘဲ ရှင်သန်ရန် နည်းလမ်းတစ်ခုကို ပေးသောကြောင့် သင်သည် အသက်အရွယ်အိုမင်းသည်အထိ အသက်ရှင်နိုင်သည်၊ အဆုံးတိုင်အောင် အသက်ရှင်နိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်မရှိပါက တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ မွေးရာပါ အစွမ်းအစ၊ ၎င်းတို့၏ ပုံမှန်တွေးခေါ်မှု ကင်းမဲ့ခြင်းနှင့် ပြဿနာများကို ကိုင်တွယ်နိုင်စွမ်း အနည်းငယ်မျှပင် မရှိခြင်းတို့ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အသက်မွေးဝမ်းကျောင်းကိုပင် ရှာဖွေနိုင်မည်မဟုတ်ပေ။ အခြားရှုထောင့်မှကြည့်လျှင် တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် အမှန်တကယ်တွင် အတော်လေး ကောင်းချီးခံစားရသည်။ ကဏ္ဍအားလုံးတွင်ရှိသည့် ၎င်းတို့၏ စွမ်းရည်များနှင့် ၎င်းတို့၏ အသိဉာဏ်တို့ကို ထည့်သွင်းစဉ်းစားသည့်အခါ၊ ဤရှုပ်ထွေးပြီး ဆိုးယုတ်သော လောကတွင် အသက်မွေးမှုတစ်ခု ရှာဖွေရန်မှာ ၎င်းတို့အတွက် မဖြစ်နိုင်သလောက်ပင် ဖြစ်ပေမည်။ သို့သော် ဘုရားသခင်သည် ဖန်ဆင်းခံအားလုံးအတွက် ကျေးဇူးပြုပြီး သနားကရုဏာရှိသောကြောင့် သင်သည် တိရစ္ဆာန်မှ လူဝင်စားသည်ဖြစ်စေ သို့မဟုတ် လူသားတစ်ဦးမှ လူဝင်စားသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး သူက သင့်အား ထွက်သက်ဝင်သက်ကို ပေးပြီးဖြစ်ပါက၊ သူသည် သင်၏အသက်ကို ထိန်းသိမ်းခွင့်ပေးပြီး ဆက်လက်အသက်ရှင်နိုင်ခွင့်ပေးလျက် သင် အသက်ရှင်ပြီး ရှင်သန်ရန် လိုအပ်သောအရာများကို ပုံမှန်အတိုင်း သူ ထောက်ပံ့ပေးလေသည်။ သို့ဖြစ်၍ သင်က “ကျွန်ုပ် ကောင်းစွာ အာဟာရပြည့်ဝပြီး ကျန်းမာရန်အလို့ငှာ မိမိကိုယ်ကို ထောက်ပံ့လျက် အပြင်ထွက်ပြီး ငွေရှာဖို့ ရုန်းကန်ခဲ့ရသည်။ ကျွန်ုပ် အဆင်ပြေနေသည် မဟုတ်လော။ ကျွန်ုပ်ကို စဉ်းစားဉာဏ်မဲ့သည်ဟုခေါ်ခြင်းဖြင့် သင်က ကျွန်ုပ်ကို စော်ကားနေခြင်းဖြစ်သည် မဟုတ်လော”ဟု ပြောပါက သင် မှားပေသည်။ သင်သည် ငွေရှာနိုင်ပြီး သင့်ကိုယ်သင် ထောက်ပံ့နိုင်သည့်အချက်က အမှန်တွင် သင်၏ကိုယ်ပိုင်စွမ်းရည်ကြောင့် သေချာပေါက် မဟုတ်ပေ။ ယင်း၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား အားမာန်တစ်ခုခုပေးပြီး ထိုသို့ဖြင့် အစာအတွက် ငွေရှာရန် ပင်ပန်းစွာ အလုပ်လုပ်နိုင်စေသည်။ သူသည် သင့်အား ကျန်းမာသော ခန္ဓာကိုယ်နှင့်အတူ ခွန်အားတစ်ခုခုပေးပြီး ထိုသို့ဖြင့် အလုပ်တစ်ခုလုပ်နိုင်စေသည်၊ ငွေရှာနိုင်စေသည်၊ မိသားစုကို ထောက်ပံ့နိုင်စေပြီး ရှင်သန်နိုင်စေသည်။ ဤအရာများကို သင် လုပ်ဆောင်နိုင်ခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းသည် ဘုရားသခင်က သင့်အား ပုံမှန်လူ့လုပ်အားတွင် ပါဝင်နိုင်စေသည့် အခြေခံအကျဆုံး မွေးရာပါအခြေအနေကို ပေးသနားခြင်းအပေါ် အခြေခံသည်ချည်းသာဖြစ်ပြီး နောက်ဆုံးတွင် သင့်ကိုယ်သင် ထောက်ပံ့ခွင့်ပေးကာ သင်၏ အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းခွင့်ပေးသည်။ တိုတိုပြောရလျှင်၊ မည်သို့ပင်ဖြစ်စေ သင်သည် စဉ်းစားဉာဏ်မဲ့သည်ဖြစ်စေ နားဝေတိမ်တောင်ဖြစ်သည်ဖြစ်စေ ယခုအချိန်တွင် လူသားတစ်ဦး၏ အပြင်ပန်းပုံပန်းသဏ္ဌာန်ရှိသော ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ ပင်ကိုလက္ခဏာနှင့် သင်၏ တန်ဖိုးကို သင် သိသင့်သည်။ ထို့ပြင် ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ ပေးသနားပြီးဖြစ်သည်၊ ဘုရားသခင်က သင့်အတွက် မည်သည့်အရာ ထောက်ပံ့ပြီးဖြစ်သည်ဟူသည်နှင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် သနားကရုဏာကို သင် မှန်ကန်စွာ နားလည်သဘောပေါက်သင့်သည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာအချို့နှင့် သင် ကိုက်ညီပြီး သင်သည် ဤလူအမျိုးအစားတွင် သေချာပေါက် ပါဝင်သည်ဟု ခံစားရပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ ကိုင်တွယ်ရန် လွယ်ကူပေသည်။ သင်၏ ဇာစ်မြစ်က မည်သည့်အရာပင်ဖြစ်စေ၊ သင်သည် လူ့အသိဉာဏ်နှင့် လူသားတွေးခေါ်မှုတို့ကို အလိုအလျောက်ပိုင်ဆိုင်သည်ဖြစ်စေ မပိုင်ဆိုင်သည်ဖြစ်စေ၊ အမှန်တရားမှာ သင်သည် ယခုတွင် လူသားပင်ကိုလက္ခဏာတစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သင်သည် လူသား ပင်ကိုလက္ခဏာတစ်ခု ရှိသည့်အတွက်၊ လူသားတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ သင်သည် လူသားတစ်ဦး လုပ်ဆောင်သင့်သောအရာကို တတ်နိုင်သမျှ၊ သင်၏ စွမ်းရည်ရှိသမျှနှင့် အတတ်နိုင်ဆုံးသော အတိုင်းအတာအထိ ပြီးမြောက်အောင်မြင်ပြီး ကောင်းမွန်စွာ လုပ်ဆောင်လော့။ အချို့လူများက “တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် လွဲချော်သော သဘောပေါက်နားလည်မှု၊ ထုံထိုင်းခြင်း၊ နားဝေတိမ်တောင်ဖြစ်ခြင်းနှင့် စဉ်းစားဉာဏ်မဲ့ခြင်းတို့ဖြင့် ထူးခြားသည့်သွင်ပြင်လက္ခဏာကို ဖော်ပြသည်ဟု သင် ပြောခဲ့သည်၊ ယင်းမှာ ၎င်းတို့တွင် လူ့အသိဉာဏ် မရှိဟု ဆိုလိုသည်။ ဤလူများ အများစုမှာ သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာနှင့် သင့်လျော်စွာ ထမ်းဆောင်နိုင်မည်နည်း”ဟု ပြောဆိုကြသည်။ အကယ်၍ သင့်ကို တင်းကျပ်သော စံနှုန်းများဖြင့် မသတ်မှတ်ပါက သင်သည် ယင်းကို ကောင်းမွန်စွာနှင့် သင့်လျော်စွာ လုပ်ဆောင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အဆုံးတွင် သင်သည် ယခုအခါ လူသားတစ်ဦး၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ သင်သည် နာခံပြီး မူမမှန်သော အကြောင်းပြချက်များကို မပြောဆိုသရွေ့ ဤအရာကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သင်သည် ဤအချက်နှစ်ချက်ကိုပင် မစီမံနိုင်ပါက သင်သည် အမှန်တကယ် အန္တရာယ်ရှိနေပြီး အသင်းတော်မှ သန့်စင်ဖယ်ရှားခြင်း ခံရလိမ့်မည်ဟု ငါပြော၏။ အကယ်၍ သင်က “ဤအချက်နှစ်ချက်ကို ကျွန်ုပ် စီမံနိုင်ပါသည်။ မူမမှန်သည့် အကြောင်းပြချက်များကို ကျွန်ုပ် ပြောဆိုလိမ့်မည် မဟုတ်သည့်အပြင်၊ မှန်ကန်သည့် ပြောဆိုချက်များကို ကျွန်ုပ် လက်ခံပါသည်။ ကျွန်ုပ်ကို လုပ်ဆောင်ရန် ပြောဆိုသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်မည်။ ပြီးလျှင် လုပ်ဆောင်ရန် ကျွန်ုပ်ကို မည်သို့စေခိုင်းသည်ဖြစ်စေ၊ ကျွန်ုပ် လုပ်မည်” ဟု ပြောပါက၊ သင်သည် ဤနည်းလမ်းအတိုင်း အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်၏ တာဝန်ကို ကောင်းမွန်စွာနှင့် သင့်လျော်စွာ ထမ်းဆောင်ခြင်းအား စွမ်းဆောင်ရရှိနိုင်လိမ့်မည်။ အချို့လူများက “ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ကောင်းမွန်စွာနှင့် သင့်လျော်စွာ ထမ်းဆောင်ပြီးဖြစ်သည့်အပြင်၊ သမ္မာတရား စည်းမျဉ်းတွေအတိုင်းလည်း ထိုတာဝန်ကို လုပ်ဆောင်ချင်ပါသည်”ဟု ပြောဆိုကြသည်။ အကယ်၍ သင်သည် သင်၏ တာဝန်ကို ကောင်းမွန်စွာနှင့် သင့်လျော်စွာ ထမ်းဆောင်နိုင်ခြင်းဟူသော အခြေခံအုတ်မြစ်ပေါ်တွင် သမ္မာတရား စည်းမျဉ်းများအတွက် ကြိုးပမ်းရန် ရည်ရွယ်ချက် အမှန်တကယ် ရှိပါက သင် ရောက်ရှိနိုင်သည့် မည်သည့်အဆင့်မဆိုသည် အဆင်ပြေ၏။ သတ်မှတ်ချက်များ မရှိပေ။ သင်သည် ခေါင်းမမာသရွေ့၊ မူမမှန်သော အကြောင်းပြချက်များကို မပြောဆိုသရွေ့၊ သင်၏ ကိုယ်ပိုင်အကြောင်းပြချက်များကို ဆက်အလေးမပေးသရွေ့၊ နားဝေတိမ်တောင်ဖြစ်သော နည်းလမ်းဖြင့် မပြုမူသည့်အပြင် စဉ်းစားဉာဏ်မဲ့သောအရာတစ်ခုခုကို သင် လုပ်ဆောင်မိသည့်အခါ ဝန်ခံရန် မငြင်းပယ်သရွေ့၊ ယင်းမှာ လုံလောက်ပေသည်။ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်းနှင့်ပတ်သက်၍မူ သင် တတ်နိုင်သမျှ လုပ်ဆောင်နိုင်သည်။ သင် လုပ်ဆောင်နိုင်သည်ဟု သင် ထင်သည့်မည်သည့်အရာကိုမဆို လုပ်သာလုပ်ဆောင်လော့။ ၎င်းတို့အတွက် သမ္မာတရား စည်းမျဉ်းများကို ရရှိရန် အနည်းငယ် ခက်ခဲသောကြောင့် ဤလူစားမျိုးအတွက် သတ်မှတ်ချက်များမှာ မမြင့်မားပေ။ သို့ဖြစ်၍ ၎င်းတို့၏ မွေးရာပါ အခြေအနေများကို အခြေခံ၍ ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန် တင်းကျပ်စွာ တောင်းဆိုထားခြင်းမရှိပေ။ အဘယ်ကြောင့် ၎င်းတို့ကို မတောင်းဆိုထားသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယင်းကို မတတ်စွမ်းနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန် သင် မရမက တောင်းဆိုပါက၊ ယင်းမှာ ငါးတစ်ကောင်ကို ကုန်းပေါ်တွင် နေထိုင်ရန် အတင်းအကျပ်ပြုခြင်းနှင့် တူပေမည်။ ဥပမာအနေဖြင့် အချို့သော တိရစ္ဆာန်များကို ကြည့်လော့။ သင်သည် ၎င်းတို့ကို အစာတစ်နပ်စီအတွက် မှန်ကန်သော ပမာဏကို စားသုံးရန်နှင့် အလွန်အကျွံမစားရန်၊ ၎င်းတို့၏ အစာအိမ်ကို မဖောင်းစေရန် တောင်းဆိုပါက ၎င်းတို့ လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် တစ်ကြိမ်တည်းတွင် ရုပ်ပိုင်ဆိုင်ရာအားဖြင့်ဆက်မစားနိုင်တော့သည့်တိုင်အောင် စားနိုင်သမျှ စားကြသည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သင်သည် ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန် တောင်းဆိုပါက ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ သို့ဆိုလျှင် ယင်းမှာ ထိုသို့သောလူများသည် စွန့်ပစ်ခြင်းခံရသည်ဟု ဆိုလိုသလော။ မဟုတ်ပေ၊ ၎င်းတို့ကို စွန့်ပစ်ခြင်း မရှိပေ။ သို့သော် ၎င်းတို့ကို မစွန့်ပစ်ခြင်းက ၎င်းတို့အား သမ္မာတရား စည်းမျဉ်းများကို နားလည်ရန် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများထဲသို့ ဝင်ရောက်ရန် တောင်းဆိုနေသည်ဟု မဆိုလိုပေ။ ယင်းမှာ ၎င်းတို့ စွမ်းဆောင်နိုင်သောအရာကို လုပ်ဆောင်ခွင့်ပေးလျက် ၎င်းတို့ကို မှန်ကန်စွာ သဘောထားခြင်းအား ရိုးရှင်းစွာ ဆိုလိုသည်။ ယင်းမှာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်းများကို ရုပ်သိမ်းခြင်းမဟုတ်သည့်အပြင်၊ ၎င်းတို့၏ သမ္မာတရားကို လိုက်စားရန် အရည်အချင်းများကို ရုပ်သိမ်းခြင်းလည်းမဟုတ်၊ ကယ်တင်ခြင်းကို ရရှိရန် ၎င်းတို့၏ အရည်အချင်းများကို ရုပ်သိမ်းခြင်းက ပို၍ပင် မဟုတ်ပေ။ ယင်းမှာ ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ရန် တင်းကျပ်စွာ မတောင်းဆိုထားသည့်အပြင်၊ အရာအားလုံးတွင် သမ္မာတရား စည်းမျဉ်းများကို ရရှိရန် တင်းကျပ်စွာ မတောင်းဆိုထားခြင်းကိုသာ ဆိုလိုသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ တတ်စွမ်းနိုင်သမျှလောက် လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် အနှောင့်အယှက်များကို တမင်တကာ ဖြစ်စေရန် မကြိုးစားသရွေ့၊ စည်းမျဉ်းနှင့်ဆိုင်သည့် အရေးပါသော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ မူမမှန်သော အကြောင်းပြချက်များကို မပြောဆိုသရွေ့ သို့မဟုတ် မကောင်းမှုများကို မဆင်မခြင် မကျူးလွန်သရွေ့ လုံလောက်ပေသည်။ ထိုသို့သောလူများအတွက် သတ်မှတ်ချက်များမှာ မမြင့်မားပေ။ သင် နားလည်သလော။ (နားလည်ပါသည်။)

တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့်ပတ်သက်၍ ၎င်းတို့၏ အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်အချို့ကို ငါတို့မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ငါတို့ အလွန်အသေးစိတ်ကျကျ မပြောဆိုရသေးသည့် သရုပ်သကန်အချို့ ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ငါတို့သည် ယင်းတို့နှင့်ပတ်သက်၍ ပို၍ တိကျစွာ ပြောဆိုမည်ဆိုလျှင် အချို့လူများသည် ယင်းကို ခံနိုင်မည် မဟုတ်သောကြောင့် ငါတို့သည် အချို့အရာများကို ချန်ထားလျက် ပို၍ ယေဘုယျကျစွာ ပြောဆိုပြီး ဖြစ်သည်။ သင်သည် မည်သည့်အရာမှ လူဝင်စားခဲ့သည်ဖြစ်စေ အဆုံးတွင် သင်သည် ယခုအခါ လူသားတစ်ဦး၏ ပင်ကိုလက္ခဏာတစ်ခု ရှိပေသည်။ သင်၌ လူသားတစ်ဦး၏ ပင်ကိုလက္ခဏာရှိသည့်အတွက် သင်သည် သင်၏ ပုံရိပ်နှင့် သင်၏ ဂုဏ်သိက္ခာကို ဂရုစိုက်သည်။ သို့ဖြစ်၍ ငါတို့သည် သင်၏ဂုဏ်သိက္ခာကို အနည်းငယ် ထောက်ထားပေးမည်။ ဤကဏ္ဍနှင့်ပတ်သက်၍ ငါတို့ အလွန်အသေးစိတ်ကျကျ ပြောဆိုမည်မဟုတ်ပေ။ ငါတို့ ဆွေးနွေးပြီးသားဖြစ်သည့်အရာမှာ အခြေခံအားဖြင့် အရှိအတိုင်းဖြစ်သည်။ မိမိကိုယ်ကို ထိုအရာနှင့် တိုက်ဆိုင်စစ်ဆေးလော့။ သင်၏ သရုပ်သကန်များသည် တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ သရုပ်သကန်များနှင့် ကိုက်ညီနေပြီး သင်၌ ဤပင်ကိုလက္ခဏာမျိုးရှိသည့်အတွက် တစ်နည်းအားဖြင့် သင်၏ တန်ဖိုးက ကျဆင်းသွားခဲ့ပြီး နောက်တစ်နည်းအားဖြင့် သင်၏ တည်ကြည်မှုမှာ စော်ကားခံရပြီးဖြစ်ကာ သင်၏ ဂုဏ်သိက္ခာက စိန်ခေါ်ခြင်းခံရပြီးဖြစ်သည်ဟု ခံစားရလျက်၊ သင်၏စိတ်နှလုံးထဲ၌ အတော်ပင် သောကရောက်သည်ဟု ဆိုကြပါစို့။ သင်သည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးအား မည်သို့ ကိုင်တွယ်ရမည်ကို မသိ။ ပြီးလျှင် သင်၏ အဆင့်အတန်းက ထိုးကျသွားပြီဖြစ်ကြောင်း၊ သင်သည် အခြားသူများထက် နိမ့်ကျကြောင်း ရုတ်တရက် ခံစားရကာ သင်ကိုယ်တိုင်နှင့်ပတ်သက်၍ ဂုဏ်ယူဖွယ်ရာ တစ်ခုတလေ ရှိသည်ဟု မခံစားရတော့ဘဲ၊ သင်၏ အကျင့်စရိုက်က မြင့်မြတ်သည် သို့မဟုတ် သင်သည် ဂုဏ်ယူထိုက်သောတန်ဖိုးရှိသူဖြစ်သည်ဟု နောက်ထပ် မခံစားရတော့ပေ။ ပြီးလျှင် သင်၏ စိတ်နှလုံးထဲတွင် သင်သည် မည်သည့် မျှော်လင့်ချက်မျှ သို့မဟုတ် မည်သည့် အထောက်အပံ့မျှ မရှိတော့ကြောင်းနှင့် သင်၏ အနာဂတ်ပန်းတိုင်မှာ မရေမရာဖြစ်နေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်တို့မှာ ကောင်းသော သရုပ်သကန်များ ဖြစ်မည်လော။ (ဖြစ်မည်မဟုတ်ပါ။) သို့ဆိုလျှင် သင်သည် ပြောင်းလဲသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသရုပ်သကန်များနှင့် ဤနားလည်သဘောပေါက်မှုမျိုးသည် မကောင်းသည့်အတွက် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ငါတို့သည် ဤသို့သော လူများအတွက် ထွက်ပေါက်တစ်ခု ရှာပေးရန်၊ ၎င်းတို့ကို အနည်းငယ် ပို၍ ခံစားရသက်သာအောင် ပြုလုပ်ရန် လိုအပ်သည်။ ဤသည်မှာ ၎င်းတို့ကို ဖျောင်းဖျခြင်းအကြောင်း မဟုတ်သည့်အပြင် ၎င်းတို့ကို လိမ်လည်လှည့်ဖြားခြင်းအကြောင်းလည်း မဟုတ်ပေ။ ယင်းမှာ ၎င်းတို့အား ဤကိစ္စရပ်ကို မှန်ကန်စွာ သဘောထားပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ရန် ကြိုးပမ်းနိုင်ဖို့ ထောက်ကူပေးခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ဤကိစ္စရပ်ကို မည်သို့ နားလည်သဘောပေါက်သင့်သနည်း။ ပထမဦးစွာ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် လူတစ်ဦးသည် မည်သည့်အရာမှ လူဝင်စားပြီးသည်ဖြစ်စေ ယင်းကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ လူတို့က ထိုအရာတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ သင်သည် ဤလူများထဲမှ တစ်ဦးဖြစ်သည်ဟု ဆိုကြပါစို့။ သင့်ကို ရွေးချယ်ခိုင်းမည်ဆိုလျှင် သင်သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားရန် ရွေးချယ်မည်လော သို့မဟုတ် လူသားတစ်ဦးအဖြစ် ဝင်စားရန် ရွေးချယ်မည်လော။ (လူသားတစ်ဦးအဖြစ် လူဝင်စားရန် ရွေးချယ်ပါမည်။) အဘယ်ကြောင့် သင်သည် ထိုသို့ ရွေးချယ်မည်နည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် လူသားတစ်ဦးအဖြစ် လူဝင်စားမှသာလျှင် ဘုရားသခင် ပြောဆိုသည့်အရာကို ကြားပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ရန် အခွင့်အရေး ရရှိနိုင်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။) သင်သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားခဲ့လျှင် မည်သို့နည်း။ (ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရန် အခွင့်အရေး ရှိမည်မဟုတ်ပါ။) ဤသည်မှာ သင်သည် ဘုရားသခင်၏ အသံတော်ကို ကြားရန် အခွင့်အရေး လုံးဝ ရှိမည်မဟုတ်ဟု ဆိုလိုသည်။ သို့ဖြစ်၍ တိရစ္ဆာန်တစ်ကောင်အနေဖြင့် လူသားတစ်ဦးအဖြစ် လူဝင်စားခြင်းသည် ကောင်းသောအရာဖြစ်ကြောင်း သင်သိသည့်အတွက်၊ သင်သည် ဘုရားသခင်ကို သာ၍ပင် ကျေးဇူးတင်သင့်သည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူသင့်ပေ။ သင့်ကို လူသားတစ်ဦးဖြစ်ရန် အခွင့်အရေးတစ်ခု ပေးသည့်အတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်သင့်သည်။ ထို့အပြင် ယင်းမှာ အနှစ်တစ်ထောင်တွင် တစ်ကြိမ်သာရသော အခွင့်အရေး ဖြစ်သည်။ အမှန်တွင်မူ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် လူ့ဇာတိခံယူခဲ့ပြီး လူအများစုသည် ဤကယ်တင်ခြင်း ကျေးဇူးတော်ကို မရရှိခဲ့ကြသော်လည်း သင်က ရရှိပြီးဖြစ်သည်။ သင်သည် ဘုရားသခင်၏ အသံတော်ကို ကြားရခြင်းနှင့် သမ္မာတရားကို ဘုရားသခင် ဖော်ပြသည်ကို ကြားရခြင်းဟူသည့် ကောင်းမွန်သော အခွင့်အလမ်းရှိလေပြီဖြစ်သည်။ ဤသည်မှာ သင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ယင်းမှာ ဖန်ဆင်းခံ သက်ရှိပုံစံတစ်ခုအနေဖြင့် သင် တောင်းခံလျှင်ပင် ဘဝသက်တမ်းအချို့ သို့မဟုတ် ခေတ်ကာလများစွာ ကြာသည့်တိုင်အောင်ပင် သင် ရရှိနိုင်မည်မဟုတ်သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင့်အား လူသားတစ်ဦးအဖြစ် လူဝင်စားခွင့်ပြုလျက်၊ ဘုရားအိမ်တော်၌ နေထိုင်ပြီး လူသားမျိုးနွယ်နှင့်အတူ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခွင့်ပြုလျက်၊ သင်၏ ပင်ကိုလက္ခဏာကို တိရစ္ဆာန်တစ်ကောင်၏ ပင်ကိုလက္ခဏာမှ လူသားမျိုးနွယ်ဝင်တစ်ဦး၏ ပင်ကိုလက္ခဏာအဖြစ်သို့ ပြောင်းလဲစေပြီး လူသားတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခွင့်ပြုလျက်၊ ဤခေတ်တွင် သင့်ကို တိတိကျကျ ရွေးချယ်ခဲ့သည်။ ဤသည်မှာ ကြီးမြတ်သော ဂုဏ်အသရေနှင့် အခွင့်ထူးပါတကား။ ဤသည်မှာ ဖန်ဆင်းခံ သက်ရှိပုံစံများစွာတို့က တောင့်တ၍သာရနိုင်သော်လည်း ဘယ်သောအခါမျှ မရရှိနိုင်သည့် အရာတစ်ခုဖြစ်သည်။ သို့တိုင် သင်သည် ယနေ့တွင် ထိုအရာကို ရရှိပြီး မွေ့လျော်ခံစားနေရပေသည်။ ဤအခွင့်အရေးသည် အလွန့်အလွန် ရှားပါးလှသည်။ ဖန်ဆင်းခံ သက်ရှိပုံစံတစ်ခုတလေအတွက် ယင်းမှာ အနှစ်တစ်ထောင်တွင် တစ်ကြိမ်သာရသော အခွင့်အရေး ဖြစ်သည်။ သို့ဖြစ်၍ သင်သည် စိတ်ပျက်အားငယ်ကာ ညည်းညူခြင်း မပြုသင့်သည်သာမက၊ စိတ်မကောင်းဖြစ်ခြင်း သို့မဟုတ် သင်၏ အဆင့်အတန်းသည် အခြားသူများထက် နိမ့်ကျသည်ဟု တွေးထင်ခြင်း မပြုသင့်ဘဲ၊ ယင်းနှင့် ပြောင်းပြန်ပင်ဖြစ်ပြီး အမှန်တွင် သင်သည် ကံကောင်းသည်ဟု ခံစားသင့်ပေသည်။ သင်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်သည်။ သင့်ကို သူ ပေးပြီးဖြစ်သည့် အခွင့်အရေးအတွက် သူ့ကို ကျေးဇူးတင်လော့။ သင့်အပေါ် သူ၏ ချီးမြှောက်ခြင်းအတွက် သူ့ကို ကျေးဇူးတင်လော့။ အကြောင်းမှာ သူ လုပ်ဆောင်ပြီးသည့်အရာက အလွန် ကြီးမြတ်သောကြောင့်ဖြစ်သည်။ သူ လုပ်ဆောင်ပြီးသည့်အရာသည် ဖန်ဆင်းခံများအတွက် အမှန်တကယ်ပင် ကျေးဇူးတော်နှင့် သနားကရုဏာ ဖြစ်သည်။ ဘုရားသခင်ထံမှ ဤကျေးဇူးတော်ကို လက်ခံပြီးနောက်တွင် သူသည် သင်၏ ပင်ကိုလက္ခဏာနှင့် သင်၏ အမျိုးအစားကို ပြောင်းလဲပေးပြီးဖြစ်သည့်အတွက် သင် ကျေးဇူးတင်သင့်သည်။ သို့သော် သင်သည် သူ့ကို ကျေးဇူးတင်ရုံသာတင်ပြီး ပြီးသွား၍မရပေ။ သူ့ကို ကျေးဇူးတင်ခြင်းအပြင် ဤအခွင့်အရေးအား မည်သို့ အမိအရအသုံးချရမည်ကိုလည်း သင် စဉ်းစားရန် လိုအပ်သည်။ သင်၏ မူလပင်ကိုလက္ခဏာက မည်သည့်အရာပင်ဖြစ်စေ ယခုတွင် သင်သည် လူသားတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ပြီဖြစ်သောကြောင့် ဤသည်မှာ သင်၏ ပင်ကိုလက္ခဏာကို ပြောင်းလဲရန်နှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ အမျိုးအစားကို ပြောင်းလဲရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သင်သည် ဤအပြောင်းအလဲကို မည်သို့ ပြုလုပ်နိုင်သနည်း။ ပထမဆုံး အဓိကအချက်မှာ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ဖြစ်သည်။ သင်၏ မွေးရာပါ အခြေအနေများနှင့်ဆိုင်သည့် အမျိုးမျိုးသော ကန့်သတ်ချက်များကြောင့် သင်သည် ပင်ပန်းစွာ အလုပ်လုပ်ခြင်းနှင့် ကာယလုပ်အားလုပ်ဆောင်ခြင်း၊ ညစ်ပေပြီး ပင်ပန်းသော အလုပ်အား လုပ်ဆောင်ခြင်းတို့ကိုသာ လုပ်နိုင်စွမ်းရှိပြီး သင်၏ ပင်ကိုလက္ခဏာနှင့် တန်ဖိုးကို အခြေခံ၍ သင် ထမ်းဆောင်သော တာဝန်သည် လျော့ပါးနိုင်ခြေ သို့မဟုတ် တိုးတက်နိုင်ခြေ မရှိဘဲ ဤအတိုင်းအတာအတွင်း၌သာ အစဉ်အမြဲ ရှိနေနိုင်ပါက သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မည်သည့်စည်းမျဉ်းကို သင် လိုက်နာသင့်သနည်း။ မည်သည့် သရုပ်သကန်များကို ငါတို့ ကြည့်နေသည်ဖြစ်စေ၊ ယင်းက သင်၏ အသိဉာဏ်ဖြစ်စေ၊ သင်၏ အကျင့်စရိုက်ဖြစ်စေ၊ သို့မဟုတ် သင်၏ မွေးရာပါ အခြေအနေများဖြစ်စေ၊ လူတို့ကြားတွင် သင်၏ တန်ဖိုးသည် အစဉ်အမြဲ ဤကဲ့သို့ ဖြစ်လိမ့်မည်။ သင်သည် အစဉ်အမြဲ လွဲချော်သော သဘောပေါက်နားလည်မှုရှိသည့် တန်ဖိုးမရှိသော၊ မိုက်မဲသော၊ နားဝေတိမ်တောင်ဖြစ်သော၊ ထုံထိုင်းသော၊ ဉာဏ်ထိုင်းသော လူတစ်ဦးသာ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ တန်ဖိုးသည် ဘယ်သောအခါမျှ တိုးပွားလိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် သင်၏ တာဝန်ကို မည်သို့ သဘောထားသင့်သနည်း။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ သင်၏ တန်ဖိုးသည် လုံးဝ တိုးပွားလိမ့်မည်မဟုတ်သည့်အပြင် လူတို့ကြားတွင် သင်သည် မည်သည့် ဂုဏ်သိက္ခာမျှ လုံးဝ ရှိလိမ့်မည်မဟုတ်ဟု ဆိုပါစို့။ ဘုရားသခင်၏ အမြင်တွင် သင်သည် ထာဝစဉ် တစ်နေရာတည်းတွင် ရှိနေသည်။ ဤသည်မှာ သင်၏ အရှိအတိုင်းပင်ဖြစ်သည်။ သင်၏ အမျိုးအစားသည် အပေါ်ယံတွင် မြင်နိုင်သော သိသာထင်ရှားသည့် ထူးခြားသော လက္ခဏာများ ရှိကောင်းရှိနိုင်ပြီး သင်သည် တိရစ္ဆာန်တစ်ကောင်မှ စစ်မှန်သော လူသားတစ်ဦးအဖြစ်သို့ ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားမလည်နိုင်သည့်အပြင်၊ လူ့အသိဉာဏ်ကိုပင် မပိုင်ဆိုင်သောကြောင့် ကယ်တင်ခြင်းကို ရရှိရန် မျှော်လင့်ချက် မရှိပေ။ သင်သည် ရူပါရုံများနှင့်ဆိုင်သော သမ္မာတရားများကို နားမလည်သည့်အပြင် ဘုရားအိမ်တော်၌ ဧဝံဂေလိတရားအား မည်သို့ ဟောပြောရမည်ကို မသိပေ။ သင်သည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ ပါဝင်သော မည်သည့်တာဝန်မျိုးကိုမျှ စံမမီသည့်အပြင်၊ ကိုက်ညီခြင်း မရှိပေ။ သင်သည် ညစ်ပေပြီး ပင်ပန်းသော အလုပ်များကို လုပ်ဆောင်ရာ၌ အစဉ်အမြဲ ပိတ်မိနေလိမ့်မည်ဖြစ်ပြီး သင်၏ အခြေအနေကို ပြောင်းလဲရန် သင်၌ နည်းလမ်းမရှိပေ။ ယင်းမှာ သင် ဖြစ်သည့်ပုံစံဖြစ်သည်ဆိုပါက သင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းအား သင် ရပ်တန့်မည်လော။ သင့်ကိုယ်သင် အရှုံးပေးမည်လော။ အချို့လူများက မိမိတို့ကိုယ်ကိုပင် အဆုံးစီရင်ကြမည်လော။ ၎င်းတို့က “ကျွန်ုပ် နောက်ထပ် အသက်မရှင်ချင်တော့ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တွင် ထွက်ပေါက်မရှိပါ။ ဤသို့ အသက်ရှင်နေရခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း”ဟု ပြောဆိုကြမည်လော။ သင် မည်မျှပင် အားထုတ်မှုများ ပြုလုပ်သည်ဖြစ်စေ၊ မည်မျှပင် ဇွဲလုံ့လရှိသည်ဖြစ်စေ၊ မည်မျှပင် ကြိုးပမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ကြီးမားသော အဖိုးအခကို ပေးသည်ဖြစ်စေ၊ သင်၏ တန်ဖိုးသည် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အပြင် ဘုရားအိမ်တော်၌ သင်သည် ပင်ပန်းစွာ အလုပ်လုပ်ပြီး ချွေးထွက်အောင် အလုပ်လုပ်သည့်သူ၊ လူတိုင်းက အထင်သေးသည့် ဂုဏ်သိက္ခာမရှိသော နိမ့်ကျသူတစ်ဦးသာ အစဉ်အမြဲ ဖြစ်နေမည်။ ထိုအခါတွင် သင်၏ တာဝန်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဖန်ဆင်းရှင်၏ အမျိုးမျိုးသော တောင်းဆိုချက်များကို သင် သဘောထားပုံနှင့်ပတ်သက်လာသည့်အခါ၊ သင်သည် မည်သည့် လက်တွေ့လုပ်ဆောင်နည်းကို ရွေးချယ်သင့်သနည်း။ ဤသည်မှာ အရေးအပါဆုံးသောအရာ ဖြစ်သည်။ စည်းမျဉ်းနှင့် သဘောတရားအရ သင်၏ တန်ဖိုးနှင့် ပင်ကိုလက္ခဏာတို့သည် သတ်မှတ်ပြီးဖြစ်သော်လည်း အမှန်တွင် ယခုအခါ လူတို့ကြားနှင့် ဘုရားသခင်၏ အမြင်တွင် သင်၏ စစ်မှန်သော ပင်ကိုလက္ခဏာသည် လူသားတစ်ဦး၏ ပင်ကိုလက္ခဏာဖြစ်သည်။ ယင်းမှာ လူသားတစ်ဦး၏ ပင်ကိုလက္ခဏာဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင် ထမ်းဆောင်နိုင်သော တာဝန်၊ သင်၏ နေ့စဉ် ထုတ်ဖော်ပြမှုများနှင့် သင်၏ မွေးရာပါ အခြေအနေများ၏ အမျိုးမျိုးသော ပင်ကိုဗီဇဆိုင်ရာ စွမ်းရည်များသည် လူသားတစ်ဦးအတွက် ပုံမှန်ဖြစ်သည့်အရာ၏ အခြေခံနယ်ပယ်အတွင်းတွင် အကျုံးဝင်သောကြောင့် ဖြစ်သည်။ သင်သည် လူသားတစ်ဦးဖြစ်ခြင်း၏ ဤအခြေခံကျသော အခြေအနေများကို ပိုင်ဆိုင်ပေသည်။ ဤအချက်အရပင် သင်သည် သင်၏ တာဝန်ကို မည်သို့ သဘောထားသင့်သနည်း။ တိရစ္ဆာန်များသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်အား မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်၊ မိမိတို့၏ တာဝန်အား မည်သို့ စွဲမြဲရမည်၊ သို့မဟုတ် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ မည်သို့ ထမ်းဆောင်ပြီး အဆုံးထိတိုင် မည်သို့ မရမက အစေခံမှုပေးရမည်ဟူသည်တို့ကို မသိကြပေ။ တိရစ္ဆာန်များသည် ဤအရာများကို နားမလည်ကြပေ။ သို့သော် ယခုတွင်၊ လူသားတစ်ဦးအနေဖြင့် သင် နားလည်သည်။ သင် သိသည်။ သို့ဖြစ်၍ သင်သည် ဤအရာများကို စွမ်းဆောင်ရရှိသင့်သည်။ သင်သည် ဤအရာများကို စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့်အတွက်ဘုရားသခင်သည် ဤစည်းမျဉ်းကို အခြေခံ၍ သင့်အပေါ် သတ်မှတ်ချက်များ ပြုလိမ့်မည်။ သို့သော် သင်သည် သင်၏ ပင်ကိုလက္ခဏာနှင့်ပတ်သက်၍ မကျေနပ်သည့်အပြင် ဘုရားသခင်သည် မျှတမှုမရှိဟု ခံစားရသောကြောင့် စိတ်ဓာတ်ကျလာပြီး သူနှင့်ပတ်သက်၍ ညည်းညူပါက၊ သင်၏ ဘဝသည် အရှက်ရဖွယ်ဖြစ်ပြီး ဂုဏ်သိက္ခာမဲ့သည်ဟု ခံစားရကာ၊ ထို့နောက်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား စွန့်လွှတ်ပါက၊ သင် လုပ်နိုင်စွမ်းရှိသည့်အရာကိုပင် လုပ်ဆောင်ရန် ငြင်းပယ်ပါက၊ သင်သည် လုံးလုံးပင် ပုန်ကန်သောသူ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် စံနှုန်းမပြည့်မီပေ။ သင်သည် စံသွေမှုတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်၏ တန်ဖိုးသည် ဂုဏ်ယူဖွယ်ဖြစ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ သင်သည် မည်သည့်အရာမှ လာခဲ့သည်ဖြစ်စေ သို့မဟုတ် သင်၏ မွေးရာပါ အခြေအနေများနှင့်ပတ်သက်၍ မည်သည့် ပြဿနာများ ရှိသည်ဖြစ်စေ၊ တိုတိုပြောရလျှင် သင် လုပ်နိုင်စွမ်းရှိသည့် မည်သည့်အရာကိုမဆို အကောင်းဆုံး လုပ်ဆောင်လော့။ ပြီးလျှင် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အကောင်းဆုံး လုပ်ဆောင်လော့။ အကောင်းဆုံး လုပ်ဆောင်ပြီးနောက်တွင်ပင် သင်သည် သမ္မာတရား စည်းမျဉ်းများကို စံမမီသေးလျှင် ဘုရားသခင်သည် လူမျိုးစုံအပေါ် တောင်းဆိုသည့် အနိမ့်ဆုံး စံနှုန်းတစ်ခု ရှိသည်။ သင်သည် သင်၏ အစွမ်းရှိသမျှ အားထုတ်သရွေ့၊ သင်၏ ရိုးသားစစ်မှန်မှုကို ပြသပြီး သင်၏ သစ္စာစောင့်သိမှုကို ပူဇော်သရွေ့၊ သင်သည် စံနှုန်းပြည့်မီလိမ့်မည်။ ဘုရားသခင်သည် လူတိုင်းကို ရာနှုန်းပြည့် စွမ်းဆောင်ရရှိရန် မတောင်းဆိုပေ။ ခြောက်ဆယ်ရာခိုင်နှုန်းက လုံလောက်သည်။ ဘုရားသခင်သည် အဘယ်အရာကို အလိုရှိသနည်း။ ဘုရားသခင် အလိုရှိသည့်အရာမှာ သဘောထားတစ်ခု ဖြစ်သည်။ သင်၏ သဘောထားသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်၊ နောင်တများမရှိစေဘဲ သင် လုပ်ဆောင်သင့်ပြီး စွမ်းဆောင်ရရှိသင့်သည့် အရာများကို ကောင်းမွန်စွာ လုပ်ဆောင်ရန်ဖြစ်ပါက၊ ဤသဘောထားကို ဘုရားသခင်က လက်ခံသည်။ ဘုရားသခင်သည် ဤသဘောထားကို အသိအမှတ်ပြုလိမ့်မည်ဖြစ်ပြီး သင်သည် လမ်းကြောင်း၏ အဆုံးသတ်သို့ ရောကိရှိရန်အတွက် ယင်းက သင့်ကို ကာကွယ်ပေးလိမ့်မည်။ အချို့လူများက “လမ်းကြောင်း၏ အဆုံးသတ်သို့ ရောက်သောအခါ ကျွန်ုပ် ဘာဖြစ်မည်နည်း”ဟု ပြောဆိုကြသည်။ ငါသည် သင့်ကို ယခု ပြောပြမည်မဟုတ်။ နောက်မှ ပြောပြမည်။ လမ်းကြောင်း၏ အဆုံးသတ်သို့ ရောက်သောအခါ သင် သိလိမ့်မည်။ တိုတိုပြောရလျှင်၊ ယခု အရေးကြီးဆုံးသောအရာမှာ သင်သည် ဤကိစ္စရပ်အား မည်သို့ သဘောထားသည်၊ ဘုရားသခင် သင့်အား ပေးထားပြီးဖြစ်သော တာဝန်ကို သင် မည်သို့ သဘောထားသည်ဟူသည်နှင့် ဘုရားသခင် သင့်အား ပေးထားပြီးဖြစ်သော တာဝန်ကို သင် မည်သို့ ဖြည့်ဆည်းသည်ဟူသည်ပင် ဖြစ်သည်။ ဤတာဝန်က မည်သည့်အရာပင်ဖြစ်စေ၊ ယင်းမှာ ဘုရားအိမ်တော်က သင့်အား တာဝန်ပေးအပ်သည့် အရာတစ်ခုဖြစ်သရွေ့ ယင်းကို လုပ်ဆောင်ရန် သင် အစွမ်းကုန်ပေးဆပ်ရမည်။ သင်၏ ကိုယ်ပိုင်ပြဿနာများကို သင် သတိပြုမိသောအခါ မူမမှန်သော အကြောင်းပြချက်များကို မပြောဆိုရန်၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာများအား မလုပ်ဆောင်ရန်နှင့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်စကားများအား မပြောဆိုရန် သင် အကောင်းဆုံး လုပ်ဆောင်သင့်သည်။ ထိုအစား သင်သည် လူတို့ကိုလည်းကောင်း၊ ဘုရားအိမ်တော်ကိုလည်းကောင်း အကျိုးပြုသည့်အရာများကို လုပ်ဆောင်သင့်ပြီး လူတို့ကိုလည်းကောင်း၊ ဘုရားအိမ်တော်ကိုလည်းကောင်း အကျိုးပြုသည့်စကားများကို ပြောဆိုသင့်သည်။ သင်တို့ထဲမှ အချို့က “ကျွန်ုပ်သည် ဤအရာကို ယခု လုပ်နိုင်စွမ်း မရှိသေးပါ”ဟု ပြောဆိုကြသည်။ သို့ဆိုလျှင် အချိန်ယူလော့၊ စိတ်မလောနှင့်။ သင်သည် ထိုအရာကို ယနေ့ မလုပ်နိုင်လျှင် မနက်ဖြန် လုပ်ဆောင်လော့။ သင်သည် ထိုအရာကို ယခုနှစ် မလုပ်နိုင်လျှင် နောက်နှစ်တွင် လုပ်ဆောင်ရန် ကြိုးစားလော့။ အချိန်ကိုသာ ယူလော့။ သို့သော် လူတို့၏ အဆုံးသတ်များကို ကြေညာသည့်အချိန်တွင် သင်သည် ထိုအရာကို စွမ်းဆောင်ရရှိခြင်း မရှိသေးပါက သင်၏ အကျိုးဆက်များကို သင်ကိုယ်တိုင်သာ ခံရလိမ့်မည်။ သင်၏ အပြုအမူကို ဖုံးဖိပေးရန် မည်သူမျှ အကျိုးဆက်များကို သင့်ကိုယ်စား ခံပေးလိမ့်မည် မဟုတ်ပေ။ နားလည်သလော။ (နားလည်ပါသည်။) ဤကိစ္စရပ်သည် ဖြေရှင်းရန် လွယ်ကူသင့်သည်၊ ယင်းမှာ လူတစ်ဦး၏ ဆင်ခြင်တုံတရားနှင့် ဤစကားများကို သူ နားလည်နိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ်တွင် လုံးလုံး မူတည်သည်။ သင် နားလည်နိုင်လျှင် ဤအရာများသည် ဖြေရှင်းရန် အတော်ပင် လွယ်ကူလိမ့်မည်။ လူအနည်းငယ်က ယင်းမှာ အနည်းငယ် ခက်ခဲသည်ဟု ပြောဆိုလျှင်ပင် ၎င်းတို့သည် ဤဦးတည်ချက်အတိုင်း ကြိုးပမ်းသရွေ့ နောက်ဆုံးတွင် အချို့သော ရလဒ်များကို ရရှိကြလိမ့်မည်။ သင်သည် ဤလမ်းကြောင်းကို မလျှောက်ပါက ရှင်သန်ကောင်းရှင်သန်နိုင်လိမ့်ဦးမည် ဖြစ်သော်လည်း အဆုံးတွင် သင့်ကို စောင့်ကြိုနေမည့် အဆုံးသတ်နှင့်ပတ်သက်၍မူ ပြောရန် ခက်ခဲသည်။ ထိုအရာကို မည်သူမျှ အာမမခံနိုင်သည့်အပြင် မည်သူကမျှ သင့်အား ထိုအရာနှင့်ပတ်သက်၍ မည်သည့် အာမခံချက်ကိုမျှ ပေးလိမ့်မည်မဟုတ်ပေ။

ယနေ့၏ အကြောင်းအရာကို ကြားပြီးနောက်တွင် သင်တို့ မည်သို့ ခံစားရသနည်း။ သင်တို့သည် စိတ်ခံစားမှုအရ အတော်လေး စိတ်မချမ်းမသာဖြစ်ကြမည်မှာ သေချာသလောက်ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်လာပြီးကတည်းက လူတို့ ရင်ဆိုင်ရန် လိုလားမှုအနည်းဆုံးဖြစ်သည့် အကြောင်းအရာများထဲမှ တစ်ခု ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ဤသည်မှာ အစေခံသူတစ်ဦးဖြစ်ခြင်းဟူသည့် အကြောင်းအရာထက်ပင် ပို၍ စိတ်ဆင်းရဲစရာဖြစ်ပြီး လက်ခံရန် ပို၍ ခက်ခဲသည် မဟုတ်လော။ လက်ခံရန် ခက်ခဲသလော။ အမှန်တကယ်တွင် သင်တို့ လက်ခံနိုင်သည်၊ မှန်သလော။ (မှန်ပါသည်။) လူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်ပတ်သက်၍ သေချာပြီး မိမိတို့၏ ကိုယ်ပိုင်နေရာကို ရှာတွေ့ပြီးဖြစ်ပါက ဤစကားများနှင့် ဤကိစ္စရပ်မျိုးသည် လူတို့အတွက် အလွန် မခက်ခဲသင့်ပေ။ ယင်းတို့နှင့်ပတ်သက်၍ လူအနည်းငယ်သာ အခက်အခဲတစ်ခုခု ရှိကောင်းရှိနိုင်သည်။ သို့သော် လူအများစုသည် ဤအရာကို ကြားပြီးနောက်တွင် ၎င်းတို့၏ တန်ဖိုးနှင့် ပင်ကိုလက္ခဏာတို့က အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ဆက်လက် ရှာဖွေလေ့လာရန် အလားအလာမရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ သရုပ်သကန်အချို့နှင့် အမှန်တကယ် ကိုက်ညီနေလျှင်ပင် ယင်းကို မှန်ကန်စွာ သဘောထားနိုင်လိမ့်မည်ဖြစ်ပြီး ခဏကြာပြီးနောက်တွင် ၎င်းတို့ အဆင်ပြေသွားကြလိမ့်မည်၊ မှန်သလော။ (မှန်ပါသည်။) သို့ဆိုလျှင် ယနေ့အတွက် ဤနေရာအထိ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။