သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

ပြီးခဲ့သည့်အကြိမ်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာမှာ လူတို့ကို မည်သို့ ပိုင်းခြားသိမြင်ပြီး ရှုမြင်ရမည်ဟူသည်နှင့် သက်ဆိုင်သည်။ ဤအကြောင်းအရာမျိုးသည် လူတို့ စိတ်ဝင်စားသည့်အရာဖြစ်သည်ဟု ဆိုနိုင်သော်လည်း ဤအကြောင်းအရာမှာ အတော်အတန် ထူးခြားပြီး လူတို့၏ ရှေ့ရေးနှင့် ကံကြမ္မာများ၏ အရေးပါသော ကိစ္စရပ်နှင့် ဆက်စပ်သောကြောင့်၊ ယင်းသည် နားထောင်သူများထဲတွင် သမ္မာတရား၏ အခြားသောသွင်ပြင်လက္ခဏာများကြောင့် နိုးကြားလာသည့် ခံစားချက်များနှင့် ကွဲပြားသော ခံစားချက်အချို့ကို ဖြစ်ပေါ်စေသည်။ အချို့အတွက်မူ၊ ဤခံစားချက်များသည် အထူးသဖြင့် နှစ်မြို့ဖွယ်မကောင်းလှပေ။ ဤအကြောင်းအရာကို ကြားပြီးနောက်တွင် အချို့လူတို့သည် သိသာထင်ရှားသော အတွင်းစိတ် လှုပ်ခတ်မှုများကို တွေ့ကြုံခံစားရနိုင်ပြီး ထုံထိုင်းနေသူတို့သည်လည်း အတွင်းစိတ်လှုပ်ခတ်မှု တစ်ခုခု တွေ့ကြုံခံစားရနိုင်သည်။ မှန်သလော။ (မှန်ပါသည်။) လူတို့တွင် မည်သည့် တုံ့ပြန်မှုများ ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤအကြောင်းအရာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ဘုရားသခင် ရွေးချယ်ထားသော လူများသည် လူတို့ကို ပိုင်းခြားသိမြင်ရာ၌လည်းကောင်း၊ အမျိုးမျိုးသော ကိစ္စရပ်များကို ထိုးထွင်းသိမြင်ရာ၌လည်းကောင်း အကူအညီတစ်ခုခု ရရှိကြပြီး အချို့သော ထိုးထွင်းအမြင် တစ်ခုခုနှင့် ပိုင်းခြားသိမြင်မှု တစ်ခုခုကို ရရှိနိုင်ကြသည်။ မှန်သလော။ (မှန်ပါသည်။) ပြီးခဲ့သည့်အကြိမ်က၊ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ အချို့သော သရုပ်သကန်များနှင့် ထူးခြားသည့် လက္ခဏာရပ်များအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ သို့ဆိုလျှင် ဤလူစားမျိုး၏ အဓိက ထူးခြားသော လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (ပြီးခဲ့သည့်အကြိမ်က တိရစ္ဆာန်များမှ လူဝင်စားသောသူများတွင် ထူးခြားသော လက္ခဏာလေးရပ်ရှိကြောင်းကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခဲ့ကြပါသည်၊ ပထမမှာ ၎င်းတို့သည် လွဲချော်သော သဘောပေါက်နားလည်မှု ရှိသည်။ ဒုတိယမှာ ၎င်းတို့သည် အထူးသဖြင့် ထုံထိုင်းသည်၊ တတိယမှာ ၎င်းတို့သည် အထူးသဖြင့် နားဝေတိမ်တောင်ဖြစ်ကြပြီး စတုတ္ထမှာ ၎င်းတို့သည် အထူးသဖြင့် မိုက်မဲကြခြင်း ဖြစ်ပါသည်။) ဤလက္ခဏာလေးရပ်သည် တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ပဓာနကျသည့် ထူးခြားသော လက္ခဏာများ ဖြစ်ကြသည်။ သို့ဆိုလျှင် ဤလူစားမျိုး၏ ပဓာနကျသည့် သရုပ်သကန်များ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သင်တို့အားလုံး အကျဉ်းချုပ်သုံးသပ်ပြီးပြီလော။ တစ်နည်းအားဖြင့် ၎င်းတို့၏ အပြင်ပန်းဖြစ်သည့်၊ ၎င်းတို့၏ စကားနှင့် ကျင့်ကြံပြုမူခြင်းအပြင်၊ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များအားဖြင့် အကဲဖြတ်ရလျှင် ဤထူးခြားသော လက္ခဏာလေးရပ်နှင့် ဆက်စပ်သည့် မည်သည့်သရုပ်သကန်များ ၎င်းတို့တွင် ရှိသနည်း။ ဥပမာအားဖြင့် ၎င်းတို့ သမ္မာတရားကို ချဉ်းကပ်ပုံနှင့် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ ထူးခြားသော လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဤလက္ခဏာများသည် လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်း၊ ထုံထိုင်းခြင်း၊ နားဝေတိမ်တောင်ဖြစ်ခြင်းနှင့် မိုက်မဲခြင်းဟူသည့် ထူးခြားသော လက္ခဏာလေးရပ်အတွင်းတွင် အခြေခံအားဖြင့် အကျုံးဝင်နေသည်မှာ အမှန်ပင်ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) ယခု သင်တို့ လက်တွေ့ဘဝတွင် မြင်နိုင်ပြီး ကြုံတွေ့နိုင်သည့် အချို့သော သရုပ်သကန်များကို အခြေခံ၍ ဤလက္ခဏာလေးရပ်ကို ပို၍ အသေးစိတ် ရှင်းပြကြလော့။ အခြားမည်သည့် သရုပ်သကန်များကို သင်တို့ သိရှိကြသနည်း။ ဥပမာအားဖြင့် တိရစ္ဆာန်များ လူဝင်စားသောသူများသည် အလွန် ထုံထိုင်းကြသည်။ အကယ်၍ သင်က ၎င်းတို့၏ ပြဿနာကို ပုံဆောင်သည့်ဥပမာတစ်ခု ပေးရုံမျှဖြင့် ထောက်ပြပါက ဤပြဿနာအကြောင်းကို သင်က ၎င်းတို့အား အကြိမ်အချို့ ပြောလျှင်ပင် ၎င်းတို့ နားလည်ဦးမည်မဟုတ်ပေ။ သို့ဖြစ်၍ ထိုအရာက ၎င်းတို့အကြောင်းဖြစ်သည်ကို ၎င်းတို့ သဘောပေါက်ရန်အတွက် သင်က “သင့်အကြောင်းကို ကျွန်ုပ် ပြောနေခြင်းဖြစ်သည်”ဟု ပြတ်ပြတ်သားသား ပြောဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့က ယင်းမှာ အခြားတစ်စုံတစ်ဦး၏ ပြဿနာအကြောင်းဖြစ်သည်၊ ယင်းက ၎င်းတို့နှင့် ဆက်စပ်မှုမရှိဟု ယူဆကြပြီး ၎င်းတို့ ဤအတိုင်း အဆင်ပြေနေသည်ဟု ထင်ကြသည်။ ဤသည်မှာ ထုံထိုင်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ အနည်းငယ်မျှ တုံ့ပြန်ရန်အတွက်ပင် သင်သည် ၎င်းတို့ကို တည့်တည့် လက်ညှိုးထိုးပြမှ ဖြစ်မည်။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်သလော။ (နားမလည်နိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြသနည်း။ (အကြောင်းမှာ ၎င်းတို့သည် တုံ့ပြန်ရန် နှေးကွေးလေးကန်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို နားမလည်နိုင်သောကြောင့် ဖြစ်ပါသည်။ အခြားသူများက ၎င်းတို့၏ ပြဿနာများကို ထောက်ပြသောအခါ ၎င်းတို့သည် အယူဝါဒတစ်ခု သို့မဟုတ် စည်းမျဉ်းစည်းကမ်းတစ်ခုကိုသာ သဘောပေါက်ကြသည်။ ၎င်းတို့သည် ယင်းကို အပြုသဘောဆောင်သော ရှုထောင့်အမြင်မှ နားမလည်နိုင်ကြသဖြင့် ၎င်းတို့အတွက် အပြုသဘောဆောင်သော ဝင်ရောက်မှုရှိရန် မဖြစ်နိုင်ပါ။) ဤသည်မှာ နားလည်သဘောပေါက်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ ထုံထိုင်းခြင်းအရ၊ တစ်စုံတစ်ဦးက အခြေအနေတစ်မျိုးကို ထောက်ပြသောအခါ ယင်းက ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုရှိသည်ကိုလည်းကောင်း၊ မိမိတို့တွင် ဤအခြေအနေမျိုး အမှန်တကယ် ရှိမရှိဟူသည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင်၌ ထိုသို့သော ပြဿနာမျိုး အမှန်တကယ် ရှိမရှိဟူသည်ကိုလည်းကောင်း ၎င်းတို့ လုံးဝ သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့သည် ဤအရာများကို သဘောမပေါက်နိုင်သည့်အပြင်၊ အခြားလူက မည်သည့်အရာ ပြောနေသည်ကိုလည်း နားမလည်နိုင်ကြပေ။ မည်သည့်နေ့တွင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်၊ မည်သည့်စကားများကို ပြောဆိုခဲ့သည်၊ သို့မဟုတ် မည်သည့်သရုပ်သကန်ကို ပြသခဲ့သည်ဟူသည်တို့ကို သင် တိတိကျကျ ပြောဆိုလျှင်ပင်၊ ၎င်းတို့အကြောင်း ပြောနေမှန်း ၎င်းတို့ သိကြသော်လည်း ၎င်းတို့ သဘောပေါက်သည့်အရာမှာ ကိစ္စတစ်ခု၊ ပြောဆိုချက်တစ်ခု သို့မဟုတ် ဝါကျတစ်ခုမျှသာဖြစ်ပြီး ၎င်းတို့က ယင်းကို မရေရာသည့်၊ အပေါ်ယံ ပုံစံဖြင့်သာ အလွတ်ကျက်မှတ်ထားကြသည်။ ယင်းကို ကျက်မှတ်ပြီးနောက်တွင် ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းတစ်ခုကိုသာ ဖက်တွယ်ထားကြသည်။ ထိုစကားများကို မပြောနှင့်ဟူသည်နှင့် ထိုအရာများကို မလုပ်နှင့်၊ ဤအရာများကို လုပ်ဆောင်လော့၊ ထိုနည်းလမ်းအတိုင်း ပြုမူလော့ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် တစ်ဦးတလေ၏ မိတ်သဟာယကို လက်ခံရန် ငြင်းပယ်လျက် ဤစည်းမျဉ်းစည်းကမ်းကို တစ်သက်လုံး စွဲမြဲထားနိုင်ပြီး မြင်းရိုင်းများကပင်လျှင် ၎င်းတို့ကို ဆွဲထုတ်သွားနိုင်မည် မဟုတ်ပေ။ အခြေအနေ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ၊ အချိန်၊ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ စသည်တို့ ပြောင်းလဲမှုများကြောင့် သင်က ၎င်းတို့အား ယခင်က ပြုမူခဲ့သည့်အတိုင်း ပြုမူခြင်းသည် အလုပ်မဖြစ်တော့ကြောင်းနှင့် စည်းမျဉ်းက အမှန်တကယ် မပြောင်းလဲသေးသော်လည်း ၎င်းတို့၏ လုပ်နည်းကိုင်နည်း သို့မဟုတ် နည်းဗျူဟာကို ပြင်ဆင်ချိန်ညှိရန် လိုအပ်ကြောင်းပြောဆိုသော်လည်း ၎င်းတို့ သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့က “ကျွန်ုပ်က ဤနည်းလမ်းအတိုင်း နှစ်ပေါင်းများစွာ လက်တွေ့လုပ်ဆောင်ပြီးဖြစ်ကာ ကျွန်ုပ်အတွက် အဆင်ပြေသည်ဟု ခံစားရပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ခေါင်းဆောင်များနှင့် အမှုဆောင်များ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို အခြေခံ၍ ကျွန်ုပ် လက်တွေ့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ် လက်တွေ့လုပ်ဆောင်ပုံကို အဘယ်ကြောင့် ပြောင်းလဲသင့်သနည်း”ဟု ပြောဆိုကြသည်။ ၎င်းတို့တွင် အခြေခံအကြောင်းရင်းတစ်ခုပင် ရှိသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်ပင် မသိရှိ သို့မဟုတ် သဘောမပေါက်ဘဲ နှစ်ပေါင်းများစွာ စည်းမျဉ်းစည်းကမ်းတစ်ခုကိုသာ စွဲမြဲနေခဲ့ခြင်း ဖြစ်သည်။

လွဲချော်သော သဘောပေါက်နားလည်ခြင်းနှင့်ဆိုင်သည့် ထူးခြားသော လက္ခဏာအရ၊ တိရစ္ဆာန်များမှ လူဝင်စားသောသူ အများစုသည် လွဲချော်သောသဘောပေါက်နားလည်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များကို ပြသကြသည်။ ၎င်းတို့၏ တွေးခေါ်ပုံသည် ပုံမှန်လူများ၏ တွေးခေါ်ပုံနှင့် ကွဲပြားသည်။ ၎င်းတို့၏ စိတ်ကူးများက အလွန်ပင် အများနှင့်မတူ တမူထူးသည်၊ ထူးဆန်းပြီး တစ်ခါတစ်ရံတွင် လူကို အံ့အားသင့်ရအောင်ပင် မမျှော်လင့်သောအရာဖြစ်တတ်သည်။ သင်သည် ၎င်းတို့ အဘယ်ကြောင့် ထိုသို့ တွေးခေါ်မည်ကို လုံးဝ စိတ်ကူးမရနိုင်သည့်အပြင်၊ ဤလောကတွင် တစ်ဦးတလေက ကိစ္စရပ်များကို ထိုသို့သော ထူးဆန်းသည့်ပုံစံဖြင့် စဉ်းစားလိမ့်မည်ဟု သင် ဘယ်သောအခါမျှ စိတ်ကူးမိခဲ့မည် မဟုတ်ပေ။ ၎င်းတို့၏ စိတ်ကူးများက သင့်ကို အံ့အားသင့်သွားစေနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ပုံမှန်တွေးခေါ်မှုရှိသော လူများသည် ယေဘုယျအားဖြင့် ကိစ္စရပ်များကို ပုံမှန်တွေးခေါ်ပုံအတိုင်း စဉ်းစားကြသော်လည်း တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ တွေးခေါ်ပုံမှာမူ အလွန်ထူးခြားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ထူးဆန်းပြီး ကိုးရိုးကားယားနိုင်သော ပြောဆိုချက်အချို့ကို မကြာခဏ ထုတ်ဖော်ပြောဆိုကြပြီး ပုံမှန်တွေးခေါ်မှုရှိသော တစ်စုံတစ်ဦးက ၎င်းတို့၏စကားကို ကြားသောအခါ ထိုသူသည် လန့်ဖျပ်သွားပေလိမ့်မည်။ အကယ်၍ သင်သည် ကိစ္စရပ်တစ်ခုကို စဉ်းစားဆင်ခြင်ရန် ၎င်းတို့၏ တွေးခေါ်ပုံအတိုင်း လိုက်လုပ်ဖို့ ကြိုးစားပါက ယင်းမှာ အလွန်ထူးဆန်းပြီး ထွက်ပေါက်မရှိသော အခြေအနေသို့ ရောက်သွားသည်ကို သင် တွေ့ရှိလိမ့်မည်။ ၎င်းတို့တွင် ဤသို့သော တွေးခေါ်ပုံရှိသောကြောင့် လက်တွေ့ဘဝတွင်၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည်ဖြစ်စေ၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံနေသည်ဖြစ်စေ၊ သို့မဟုတ် အချို့သော အခြေအနေများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရင်ဆိုင်နေရသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ကူးများသည် အမြဲတစေ အလွန်ထူးဆန်းနေပြီး ၎င်းတို့သည် လူအများစုနှင့် သဟဇာတမဖြစ်နိုင်ကြပေ။ ၎င်းတို့သည် လူ့လောကတွင် နေထိုင်သော သတ္တဝါများကဲ့သို့ မထင်ရဘဲ၊ ထိုအစား အခြားကမ္ဘာတစ်ခုတွင် ၎င်းတို့ နေထိုင်နေကြသကဲ့သို့ ထင်ရသည်။ သင်သည် ၎င်းတို့ အဘယ်ကြောင့် ထိုသို့တွေးခေါ်သည်ကိုဖြစ်စေ၊ အဘယ်ကြောင့် ထိုသို့သော အတွေးများ စိတ်ကူးရကြသည်ကိုဖြစ်စေ ဘယ်သောအခါမျှ နားမလည်နိုင်ပေ။ ၎င်းတို့ ကိစ္စရပ်များကို ၎င်းတို့ စဉ်းစားဆင်ခြင်ပုံသည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု အတိုင်းအတာကို မကြာခဏ ကျော်လွန်နေပြီး ပုံမှန်တွေးခေါ်မှု၏ မှန်ကန်သောလမ်းကြောင်းမှ သွေဖည်နေတတ်သည်။ အဆုံးသတ်ရလဒ်မှာ လူတိုင်းက ကိစ္စရပ်များကို စဉ်းစားဆင်ခြင်ခြင်းအတွက် ၎င်းတို့၏ ပုံစံ၊ ရပ်တည်ချက်နှင့် စည်းမျဉ်းများကို အလွန်ထူးဆန်းသည်ဟု မြင်ကြခြင်း ဖြစ်သည်။ အကယ်၍ လူတိုင်းက ကိစ္စရပ်တစ်ခုကို စဉ်းစားနေစဉ် သို့မဟုတ် မိတ်သဟာယဖွဲ့နေစဉ်တွင် ထိုသို့သောလူတစ်ဦး ရှိနေပြီး ထိုနေရာရှိ လူအများစုက ပိုင်းခြားသိမြင်မှု ကင်းမဲ့နေပါက၊ မိမိတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များ ကင်းမဲ့နေပါက သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြပါက၊ ထိုသူ၏ လွဲချော်သော အတွေးများနှင့် အမြင်များထဲမှ တစ်ခုကြောင့် ၎င်းတို့၏ အတွေးစဉ်များ ရပ်တန့်သွားခြင်း သို့မဟုတ် ပုံမှန်ဆွေးနွေးမှုတစ်ခု နှောင့်ယှက်ခံရပြီး အဆက်ပြတ်သွားခြင်းတို့ မကြာခဏ ဖြစ်လေ့ရှိသည်။ အဆုံးသတ်ရလဒ်မှာ အဘယ်အရာဖြစ်သနည်း။ အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးနောက်တွင် ထိုသူ တင်ပြခဲ့သော အမြင်က လမ်းကြောင်းမှန်မှ သွေဖည်နေကြောင်း၊ ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျခြင်းလည်း မရှိသည့်အပြင် လက်တွေ့ကျခြင်းလည်း မရှိကြောင်း၊ ထို့အပြင် အလွန်အမင်း အများနှင့်မတူ တမူထူးကြောင်းနှင့် ကိစ္စရပ်များကို ၎င်းတို့၏ စဉ်းစားဆင်ခြင်ပုံမှာ အလွန်အမင်းပင် ထူးဆန်းနေကြောင်းတို့ကို လူတို့ တွေ့ရှိကြသည်။ ပုံမှန်လူများ စကားစမြည်ပြောဆိုကာ ဆွေးနွေးကြသောအခါ စကားဝိုင်းက ပို၍ သက်ဝင်လှုပ်ရှားလာသည်၊ လူတိုင်းက မေးခွန်းထုတ်ထားသည့် ကိစ္စရပ်များအပေါ် ပို၍ ရှင်းလင်းလာကြပြီး ၎င်းတို့ စကားစမြည်ပြောဆိုလေလေ အကြောင်းအရာက ပို၍ ရှေ့ဆက် တိုးတက်လေလေ ဖြစ်သည်။ သို့သော် ဤသူက စကားတစ်ခွန်း ဝင်ပြောလိုက်ရပါက စကားဝိုင်းသည် အကြောင်းအရာမှ လွဲချော်သွားသည်။ အခြားသူများမှာ ဘာပြောရမှန်း မသိဖြစ်လာကြသည်၊ ဤသူ၏စကားများက အလွန်ထူးဆန်းသည်ဟု ၎င်းတို့အားလုံး ခံစားကြရကာ ယင်းတို့ကို မတုံ့ပြန်နိုင်ကြပေ။ ဤသို့ဖြင့် ဆွေးနွေးမှုအကြောင်းအရာမှာ ပြတ်တောက်သွားလေသည်။ ဤလူစားမျိုးတွင် “တစ်မူထူးခြားသော” အတွေးများနှင့် အမြင်များ ရှိသော်လည်း ယင်းတို့က ပုံမှန်တွေးခေါ်မှုရှိသူများ တင်ပြသော အမြင်များနှင့် တစ်စိုက်မတ်မတ် ကွဲပြားနေသည်။ ၎င်းတို့၏ အတွေးများနှင့် အမြင်များသည် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာများ မဟုတ်သည့်အပြင်၊ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု အတိုင်းအတာအတွင်း၌လည်း မရှိပေ။ သို့ဖြစ်၍ ၎င်းတို့ ပြောဆိုသည့်အရာများသည် အခြားသူများအတွက် ထူးဆန်းနေသည် သို့မဟုတ် စဉ်းစား၍မရနိုင်အောင်ပင် ဖြစ်နေပြီး ၎င်းတို့၏ ဖြေရှင်းချက်များနှင့် လမ်းကြောင်းများသည် လူတို့အတွက် မည်သည့်အကူအညီမျှ မဖြစ်သည့်အပြင်၊ ထို့ထက်မက အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်း၊ သေးသိမ်စေခြင်းနှင့် ဖျက်ဆီးခြင်း သဘောသဘာဝ ရှိကြသည်။ ၎င်းတို့ နှုတ်ဆိတ်နေပါက အဆင်ပြေပြီး လူတိုင်း၏ အတွေးစဉ်များက အတော်အတန် ရှင်းလင်းနေဆဲဖြစ်သော်လည်း ၎င်းတို့ ကြားဖြတ်ပြီး မိမိတို့၏ ထင်မြင်ချက်ကို ပြောဆိုသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် အကြံပြုချက်တစ်ခု ပေးသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ၎င်းတို့၏စကားကို ကြားသောအခါ နှောင့်ယှက်ခံရပြီး အလျဉ်ပြတ်သွားသည်၊ ဆွေးနွေးနေသည့် အကြောင်းအရာအရ သွေဖည်မှုများ ပေါ်ပေါက်လာပြီး ကောင်းမွန်သောရလဒ်များ ရရှိရန်အတွက် ခက်ခဲသွားသည်။ သို့သော် အမှန်တကယ် ကောင်းမွန်သော အစွမ်းအစရှိသည့် လူတစ်ဦးမှာမူ ပြဿနာတစ်ခု၏ အခရာကျသောအချက်ကို တိတိကျကျ ဖော်ထုတ်နိုင်ပြီး ယင်း၏ အရေးကြီးသော အချက်ကို သဘောပေါက်ကာ ပြဿနာကို ဖြေရှင်းရန် မှန်ကန်သောလမ်းကြောင်းကို မျှဝေနိုင်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အခြားသူများ၏ အတွေးစဉ်များအပေါ် အခြေပြု တည်ဆောက်ထားသည့် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသော အကြံပြုချက်အချို့ကို ပေးနိုင်ကြသည်။ အကယ်၍ ၎င်းတို့က အကြံပြုချက်တစ်ခုကို တင်ပြပြီး လူတိုင်းက ယင်းကို သင့်လျော်သည်ဟု မြင်ကာ လက်ခံရန် လိုလားပါက ဤသည်မှာ ဤအစွမ်းအစကောင်းရှိသောလူ တင်ပြသည့် အကြံပြုချက်သည် အရေးကြီးသော အချက်ကို ထိမိသည်ဟု ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော် ဤသူသည် အမှုအရာများကို ထိုးထွင်းသိမြင်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းတို့ စကားမပြောပါက လူတိုင်းသည် ကောက်ချက်ချနိုင်ခြင်းမရှိဘဲ သုံးရက်ကြာ ဆွေးနွေးကောင်းဆွေးနွေးရမည် ဖြစ်သည်။ ကြည့်လော့၊ ဤလူနှစ်မျိုးနှစ်စားလုံးတွင် အခြားသူများနှင့် ကွဲပြားသော တစ်မူထူးခြားသည့် အမြင်များ ရှိကြသော်လည်း အစွမ်းအစကောင်းရှိသော လူတစ်ဦး တင်ပြသည့် အမြင်များက အခြားသူများအား ကိစ္စရပ်တစ်ခု၏ အနှစ်သာရကို ထိုးထွင်းသိမြင်ရန် ကူညီနိုင်ပြီး လူတို့ လမ်းပျောက်နေချိန်တွင် မှန်ကန်သော ဦးတည်ချက်နှင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိရန် ကူညီပေးနိုင်သည်။ လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်း ရှိသောသူမှာမူ ကွဲပြားသည်။ ၎င်းတို့၏ အမြင်များနှင့် လွဲချော်သော တွေးခေါ်ပုံသည် လူတို့က ကိစ္စရပ်များကို ဆွေးနွေးနေချိန် သို့မဟုတ် ပုံမှန်စကားစမြည်ပြောဆိုမှုများ ရှိနေချိန်များတွင် ဖြိုဖျက်ခြင်းနှင့် နှောင့်ယှက်ခြင်း အကျိုးသက်ရောက်မှုကို မကြာခဏ ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ တိရစ္ဆာန်မှ လူဝင်စားသော လွဲချော်သည့် သဘောပေါက်နားလည်နိုင်စွမ်းရှိသော လူတစ်ဦးသည် အသင်းတော်တစ်ခုတလေ သို့မဟုတ် အလုပ်၏ ကဏ္ဍတစ်ခုတလေတွင် ပါဝင်ပါက ၎င်းတို့သည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေနိုင်ဖွယ်ရှိပြီး လူတိုင်းက၊ “သူတို့ကို မြန်မြန်သာ နှင်ထုတ်ပါ။ သူတို့ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။ နေ့တိုင်း မဆီလျော်သည့် အဓိပ္ပာယ်မရှိသောအရာကို လျှောက်ပြောပြီး သူတို့ပြောသည့်အရာအားလုံးက အမှန်တွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အယူအဆများချည်းသာ ဖြစ်ချိန်တွင် သူတို့ကိုယ်သူတို့ အလွန်နက်နဲသိမ်မွေ့သည်ဟု ထင်နေကြသည်”ဟု မိမိတို့ဘာသာ တွေးလျက်၊ ထိုသူတို့နှင့်ပတ်သက်၍ လုံးလုံးလျားလျား စိတ်ကုန်ကြလိမ့်မည်။ အစတွင် အချို့လူများက ၎င်းတို့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်ကောင်းကိုးကွယ်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ကို ထိုးထွင်းသိမြင်လာကြလိမ့်မည်ဖြစ်ပြီး “ဤလူသည် မည်သည့် နက်နဲသော ထိုးထွင်းသိမြင်မှုမျှ မရှိပါ။ သူက တစ်နေ့လုံး ဟန်လုပ်သောပုံစံဖြင့် ပညာရှိတစ်ဦးကဲ့သို့ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ အမှန်တွင်၊ သူတင်ပြသည့် အမြင်များနှင့် စိတ်ကူးများမှာ လုံးဝ အဓိပ္ပာယ်မရှိသည့်အပြင်၊ ကိုင်တွယ်သင့်သည့် ကိစ္စများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပါ” ဟု ပြောဆိုကြလိမ့်မည်။ ၎င်းတို့သည် ထိုသူတို့ကို စိတ်တိုစရာအဖြစ် စတင်မြင်လာကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို စက်ဆုပ်ရွံရှာလာကြလိမ့်မည်။ သို့ဖြစ်၍ ဤလူစားမျိုးသည် မိမိ၏တာဝန်ကို ထမ်းဆောင်စဉ်တွင် အလွန် နည်းပညာမြင့်မားသော သို့မဟုတ် အတတ်ပညာဆိုင်ရာ အလုပ်တစ်ခုခုအတွက် တာဝန်ယူရပါက သို့မဟုတ် အရေးကြီးသော အလုပ်တစ်ခုခုကို တာဝန်ယူရပါက ၎င်းတို့ တင်ပြသော အမြင်များနှင့် တောင်းဆိုချက်များက လူတို့ကို အမြဲတစေ ယုံရခက်စေပြီး ပြုမူဆောင်ရွက်ရန် သင့်လျော်သည့် နည်းလမ်းကို မသေမချာ ဖြစ်စေသောကြောင့် ၎င်းတို့သည် အခြားသူများကို မခံမရပ်နိုင်ဖြစ်အောင် အလျင်အမြန် စေ့ဆော်မိကြလိမ့်မည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ညွှန်ကြားချက်များနှင့် အမိန့်များကိုသာ နာခံသည့် သာမန်နောက်လိုက်တစ်ဦးမျှသာ ဖြစ်ပါက ၎င်းတို့လုပ်ဆောင်သည့်အရာများတွင် သွေဖည်မှုအချို့ မကြာခဏ ပေါ်ပေါက်လိမ့်မည်။ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိသူများသည် ၎င်းတို့ကို အဆက်မပြတ် နောက်ဆက်တွဲလုပ်ပေးပြီး ကြီးကြပ်နေရမည်ဖြစ်သည်။ ၎င်းတို့ကို အကြည့်လွှဲလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က အမှားများ ပြုလုပ်ကြလိမ့်မည်ဖြစ်ပြီး အခြားသူများသည် ၎င်းတို့၏ အမှားများကို ပြုပြင်ရန်နှင့် ကုစားရန်အပြင်၊ ၎င်းတို့ အရှုပ်အထွေးများကို ရှင်းလင်းပေးရန် အစဉ်သဖြင့် ကူညီပေးရလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင် ဤလူစားမျိုးသည် ပြုပြင်၍မရနိုင်တော့ကြောင်း လူတိုင်း မြင်သောအခါ ၎င်းတို့က “သူတို့က ဤနေရာတွင် အနှောင့်အယှက်များ အမြဲ ဖြစ်နေစေပြိး မည်သူမျှ အေးချမ်းမှု တစ်ခုတလေ မရနိုင်ကြပါ။ သူတို့ကို နှင်ထုတ်၍ မရနိုင်သလော။ သူတို့ သွားလိုသည့် မည်သည့်နေရာကိုမဆို သွားကြပါစေ” ဟု ပြောဆိုကြလိမ့်မည်။ ယင်းမှာ လူတိုင်းရှိကြလိမ့်မည့် တုံ့ပြန်မှုဖြစ်သည်။ အစပိုင်းတွင် ၎င်းတို့က၊ “ငါတို့အားလုံးက ညီအစ်ကိုမောင်နှမများဖြစ်သည်၊ ငါတို့ထဲမှ မည်သူမျှ သိပ်ကောင်းသည့် ဝိညာဉ်ရင့်ကျက်မှု မရှိသည့်အပြင် သမ္မာတရားအပေါ် ငါတို့၏ နားလည်မှုကလည်း ပေါ့တန်သည်။ အချင်းချင်း ထောက်ပံ့ပြီး ကူညီကြစို့” ဟု တွေးလျက် ၎င်းတို့နှင့်ပတ်သက်၍ စိတ်ရှည်ကြလိမ့်မည်။ သို့သော် ၎င်းတို့နှင့် ရေရှည်ထိတွေ့ဆက်ဆံရာမှတစ်ဆင့် ၎င်းတို့ကို ထိုးထွင်းသိမြင်လာကြလိမ့်မည်။ လက်စသတ်တော့၊ ၎င်းတို့၏ ပြဿနာမှာ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုရှိခြင်းနှင့်ဆိုင်သည့် ပြဿနာမဟုတ်ပေ။ ၎င်းတို့၏ အစွမ်းအစ၊ သဘောပေါက်နားလည်နိုင်စွမ်းတို့နှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိနေခြင်း ဖြစ်သည်။ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းက ပေါ့တန်ခြင်း သို့မဟုတ် ၎င်းတို့၏ တွေးခေါ်မှုက ကလေးဆန်ခြင်း မဟုတ်။ ထို့ထက်၊ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းက လွဲချော်နေခြင်းဖြစ်သည်။ အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံနှင့် ၎င်းတို့၏ အတွေးများ၊ အမြင်များသည် ပုံမှန်တွေးခေါ်မှု၏ အတိုင်းအတာပြင်ပတွင် ရောက်ရှိနေပြီး ၎င်းတို့၏ ထင်မြင်ချက်များက အခြားလူတိုင်းနှင့် မကြာခဏ ကွဲပြားနေတတ်သည်။ ၎င်းတို့သည် အခြားသူများ ပြောဆိုသည့်အရာ မှန်ကန်နေလျှင်ပင် လက်ခံရန် ငြင်းပယ်ကြပြီး မည်သည့် ရှင်းပြချက်မျိုးကိုမဆို နားထောင်မည်မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်နှင့်ပတ်သက်၍ ၎င်းတို့ စိတ်ပိုင်းဖြတ်သည်နှင့်တစ်ပြိုင်နက် ထိုအရာမှ မြင်းရိုင်းနှင့် ပြန်ဆွဲလျှင်ပင် မရနိုင်ပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် အကောင်းနှင့်အဆိုးကို မခွဲခြားနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ အတွေးများနှင့် အမြင်များတွင် ကောင်းသည်ဟု ၎င်းတို့ ယူဆသည့်အရာများသည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုရှိသော လူများအတွက်မူ လွဲချော်နေသော အရာများ၊ လူရှေ့သူရှေ့ ထုတ်ပြ၍မရနိုင်သောအရာများသာ ဖြစ်သည်။ ၎င်းတို့၏ အမြင်များသည် ကလေးဆန်ခြင်း သို့မဟုတ် ယုတ်ညံ့ပြီး တန်ဖိုးမဲ့ခြင်းသာ ဖြစ်သည် မဟုတ်။ ယင်းတို့သည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုကြောင့် ထွက်ပေါ်လာသော အတွေးများ သို့မဟုတ် အမြင်များ တကယ်ကို မဟုတ်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် လူအများစုနှင့် သဟဇာတမဖြစ်နိုင်ပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် သို့မဟုတ် နေထိုင်မှုအလေ့အထ ကွဲပြားခြင်း သို့မဟုတ် ဘာသာစကား အတားအဆီးများအားဖြင့် ဖြစ်သည့် အဟန့်အတားများကြောင့် မဟုတ်သည့်အပြင်၊ ၎င်းတို့က အချို့သော ဒုစရိုက်အမှုများကို ကျူးလွန်ခြင်း သို့မဟုတ် ထူးဆန်းသော အပြုအမူများကို လုပ်ဆောင်ခြင်းကြောင့်လည်း သေချာပေါက် မဟုတ်ပေ။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့၏ လူ့သဘာဝက ပြသသည့် ဤလက္ခဏာများဖြစ်သော လွဲချော်သည့် သဘောပေါက်နားလည်ခြင်း၊ ထုံထိုင်းခြင်း၊ နားဝေတိမ်တောင်ဖြစ်ခြင်းနှင့် မိုက်မဲခြင်းတို့ကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့ကို လူအများစုနှင့် အဆင်ပြေဖို့ မဖြစ်နိုင်အောင် ဖြစ်စေသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည်လည်း လူအများစုနှင့် အဆင်မပြေနိုင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ၎င်းတို့တွင် ဤတူညီသော လက္ခဏာရှိသော်လည်း အခြားသူများနှင့် ၎င်းတို့ အဆင်ပြေနိုင်စွမ်းမရှိခြင်း၏ အနှစ်သာရ သို့မဟုတ် ဖြစ်စဉ်မှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ အခြေအနေနှင့် ကွဲပြားသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များက အခြားသူများနှင့် အဆင်မပြေနိုင်ကြခြင်းမှာ ၎င်းတို့သည် အနှစ်သာရအားဖြင့် နတ်ဆိုးများဖြစ်သောကြောင့် ဖြစ်ပြီး၊ တိရစ္ဆာန်များမှ လူဝင်စားသောသူများမှာမူ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် ဉာဏ်ရည်အပြင် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ လုံးဝကင်းမဲ့နေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ပုံမှန်လူများအတွက် ၎င်းတို့နှင့် စကားစမြည်ပြောဆိုရန် အလွန်ခက်ခဲသည်။ ၎င်းတို့သည် စကားဝိုင်း၏ နယ်ပယ်ကို အလွန်အမင်း ကန့်သတ်သွားစေလျက် စည်းမျဉ်းများနှင့် မသက်ဆိုင်သော အသေးအဖွဲဖြစ်သည့်၊ အိမ်တွင်းရေးကိစ္စများကိုသာ ပြောဆိုနိုင်ကြသည်။ အမှန်တွင်တော့၊ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် နတ်ဆိုးများဝမှ လူဝင်စားသောသူများ မဟုတ်ကြပေ။ ၎င်းတို့သည် ထိုသို့သော လူစားမျိုးနှင့် ကွဲပြားပြီး သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်ခုတွင်လည်း ပါဝင်ကြသည်။ သို့ဖြစ်၍ အဓိကစည်းမျဉ်းများ မပါဝင်သရွေ့၊ ၎င်းတို့သည် မိမိတို့၏ နေ့စဉ်ဘဝတွင် သို့မဟုတ် တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အခြားသူများနှင့် ပတ်သက်ဆက်နွှယ်နိုင်ကြဆဲ၊ ဆက်သွယ်ပြောဆိုပြီး ဆက်ဆံနိုင်ကြဆဲဖြစ်သည်။ သို့သော် အဓိကသမ္မာတရား စည်းမျဉ်းများ သို့မဟုတ် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းရမည်နှင့်ပတ်သက်သော ရွေးချယ်မှုများ ပါဝင်လာသည်နှင့်တစ်ပြိုင်နက် ဤလူစားမျိုးသည် လူအများစုနှင့် လုံးဝ သဟဇာတမဖြစ်တော့သည့်အပြင် ၎င်းတို့နှင့် အဆင်မပြေနိုင်တော့ပေ။ ဥပမာအားဖြင့် သင်သည် ဤလူစားမျိုးနှင့် နေ့စဉ်ဘဝအကြောင်း၊ သင် ကြိုက်နှစ်သက်သော အစားအစာများနှင့် ဟင်းလျာများ၊ ယင်းတို့အား မည်သို့ ကောင်းမွန်စွာ ချက်ပြုတ်ရမည်၊ သင်၏ ဇာတိမြို့အကြောင်းစသည်တို့ကို စကားစမြည်ပြောဆိုသည်။ သင်တို့ ပို၍ စကားပြောဆိုလေလေ၊ ပြောစရာများ ပို၍ ရှိလာပြီး စကားဝိုင်းက ပို၍ နွေးထွေးလာလေလေ ဖြစ်သည်။ ဤသည်မှာ သင်တို့နှစ်ဦး သဟဇာတဖြစ်သည်ဟု ဆိုလိုသလော။ သင်တို့က တစ်မျိုးတစ်စားတည်းတွင် ပါဝင်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သင်သည် ထိုသို့သောအရာများကို ဤစကားဝိုင်းမျိုးကို အခြေခံရုံမျှဖြင့် ခွဲခြား၍မရနိုင်ပေ။ သို့သော် သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ရသည်ဟူသည်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် သင်တို့၏ အမြင်များကဲ့သို့သော အကြောင်းအရာများ၊ အတွေးများနှင့် အမြင်များ၊ သမ္မာတရား စည်းမျဉ်းများ၊ ဘဝအပေါ် သဘောထားအမြင်များ၊ စံတန်ဖိုးများ၊ လူတို့ လျှောက်လှမ်းသော လမ်းကြောင်းများ၊ လူတို့၏ လိုက်စားမှုများ စသည်တို့ ပါဝင်သော အကြောင်းအရာများကို ပြောဆိုသောအခါ သင်တို့၏ အတွေးများနှင့် အမြင်များ၊ သင်တို့၏ တွေးခေါ်ပုံများသည် တိုး၍ ကွဲပြားလာပြီး လမ်းကြောင်းတစ်ခုတည်းပေါ်တွင် မရှိတော့သည့်အပြင်၊ စကားစမြည်ပြောဆိုခြင်းက တန့်သွားသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းက လွဲချော်နေသောကြောင့် ဖြစ်သည်။ သင်သည် ၎င်းတို့စကားပြောသည်ကို ပထမဆုံးအကြိမ် ကြားသောအခါ ၎င်းတို့သည် အတော်လေး လိမ္မာပါးနပ်သည်ဟု သင် ထင်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုပြီး အတော်လေး မာနကြီးကြောင်း သင် တွေ့ရှိရသည်။ ၎င်းတို့အပေါ် သင်၏ ခံစားချက်က ပြောင်းလဲသွားသည်။ ထိုအရာက နွေးထွေးမှုမရှိတော့ပေ။ အတားအဆီးများ ပေါ်ပေါက်လာပြီး သင်တို့တစ်ဦးချင်းစီနှင့် သက်ဆိုင်သည့် အမျိုးအစားများက ခြားနားသွားသည်။ မြင်သလော၊ မိသားစုဘဝ သို့မဟုတ် သင်တို့၏ ကိုယ်ပိုင်အတိတ်ကို သင်တို့ ဆွေးနွေးသောအခါ သို့မဟုတ် အစားအသောက်၊ အားလပ်ချိန်၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများကဲ့သို့သော နေ့စဉ်ဘဝ နယ်ပယ်အတွင်းရှိ အကြောင်းအရာများကို စကားစမြည်ပြောဆိုသောအခါ သင်တို့ စကားပြောဆိုနိုင်ကြသေးသည်။ သို့သော် စကားဝိုင်းက အတွေးများနှင့် အမြင်များ၊ သမ္မာတရား စည်းမျဉ်းများ၊ ဘဝအပေါ် သဘောထားအမြင်များ၊ စံတန်ဖိုးများ၊ ဘဝလမ်းကြောင်းများ သို့မဟုတ် ဘုရားသခင်နှင့် တာဝန်အပေါ် သဘောထားများကို ထည့်သွင်းစဉ်းစားသည်နှင့်တစ်ပြိုင်နက် ရပ်တန့်သွားသည်။ ၎င်းတို့အပေါ် သင်၏ အမြင်များက ပြောင်းလဲသွားပြီး သင်၏အပေါ် ၎င်းတို့၏ အမြင်များလည်း ပြောင်းလဲသွားသည်။ သင်သည် သင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့အပေါ် စိတ်အနှောင့်အယှက်ဖြစ်မှု တစ်ခုခုကို စတင်ခံစားရပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် သင့်အပေါ် အတားအဆီးများ ပေါ်ပေါက်လာသည်။ ၎င်းတို့က သင့်ကို မနှစ်သက်သကဲ့သို့ သင်သည်လည်း ၎င်းတို့ကို မနှစ်သက်ပေ။ တဖြည်းဖြည်းနှင့် သင်တို့သည် ကင်းကွာသွားပြီး စိတ်တူကိုယ်တူ မဖြစ်တော့ပေ။ ထိုသို့ဖြင့် မတူညီသော လူအမျိုးအစားများက ကွဲပြားသွားကြသည်။ ထို့ကြောင့် တစ်စုံတစ်ဦးက မည်သည့်အမျိုးအစားတွင် ပါဝင်သည်ကို ခွဲခြားသိမြင်ရန်အလို့ငှာ ထိုသူ၏ သဘောပေါက်နားလည်နိုင်စွမ်းက မည်သို့ရှိသည်၊ ၎င်းတို့တွင် ပုံမှန်လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ၎င်းတို့တွင် ပုံမှန်တွေးခေါ်မှုနှင့် ဉာဏ်ရည် ရှိမရှိဟူသည်ကိုလည်းကောင်း ကြည့်ရှုရမည်ဖြစ်သည်။ တိရစ္ဆာန်မှ လူဝင်စားသော ဤလူစားမျိုးနှင့်ပတ်သက်၍မူ ငါတို့သည် ၎င်းတို့နှင့်ပတ်သက်၍ အတိအကျ မိတ်သဟာယဖွဲ့မည်မဟုတ်။ ဆက်လက်၍၊ ငါတို့သည် အခြားလူစားမျိုး နှစ်မျိုးအကြောင်းကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ဆက်လက်လုပ်ဆောင်သွားမည်။ ငါတို့ ယင်းကို ပြီးစီးသည့်နောက်တွင်၊ ငါတို့ ပြန်လည်ပြီး ဤအမျိုးအစားသုံးမျိုးကို နှိုင်းယှဉ်ကြမည်။ ဤနှိုင်းယှဉ်မှုမှတစ်ဆင့် ဤလူအမျိုးအစားသုံးမျိုးကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဟူသည်မှာ တိုး၍ ရှင်းလင်းကာ ပြတ်သားလာလိမ့်မည်။

ပြီးခဲ့သည့်အကြိမ်က လူတို့ကို ယေဘုယျအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားထားသည်ဟု ငါတို့ ဖော်ပြခဲ့ကြသည်။ ဤအမျိုးအစားသုံးမျိုးကို မည်သို့ ခွဲခြားထားသနည်း။ ၎င်းတို့၏ ဇာစ်မြစ်ကိုအခြေခံ၍ ၎င်းတို့ကို ခွဲခြားထားခြင်း ဖြစ်သည်။ ပထမအမျိုးအစားမှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများဖြစ်သည်။ ဒုတိယအမျိုးအစားမှာ နတ်ဆိုးများမှ လူဝင်စားသောသူများဖြစ်ပြီး၊ တတိယအမျိုးအစားမှာ လူသားများမှ လူဝင်စားသောသူများ ဖြစ်ကြသည်။ ငါတို့သည် တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာများကို ဆွေးနွေးပြီးဖြစ်ကာ၊ ယခုတွင် နတ်ဆိုးများမှ လူဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာများအကြောင်း ပြောဆိုကြစို့။ နတ်ဆိုးများမှ လူဝင်စားသောသူများ၏ မည်သည့်အဓိက ထူးခြားသော လက္ခဏာများကို သင်တို့ စဉ်းစားမိသနည်း။ (၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရန်မူလိုကြပါသည်။) ဤသည်မှာ အတော်အတန် ယေဘုယျကျသော ပြောဆိုချက်တစ်ခု ဖြစ်သည်။ သင်တို့သည် ၎င်းတို့၏ ပဓာနကျသော သရုပ်သကန်များကို ဖော်ပြရန် လိုအပ်ပြီး ဤသို့သော လူစားမျိုး၏ ထူးခြားသော လက္ခဏာများကို ၎င်းတို့၏ နေ့စဉ် ထုတ်ဖော်မှုများနှင့် ဘဝတွင်ရှိသည့် ၎င်းတို့၏ တိကျသော သရုပ်သကန်များကို အသုံးပြု၍ အကျဉ်းချုပ်ဖော်ပြရမည်ဖြစ်သည်။ ထူးခြားသော လက္ခဏာဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိသလော။ ထူးခြားသော လက္ခဏာဟူသည်မှာ လူစားတစ်မျိုးမျိုး၏ အနှစ်သာရကို ကိုယ်စားပြုသော သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် လူစားတစ်မျိုးမျိုး၏ ထူးခြားသော လက္ခဏာများကို ပိုင်ဆိုင်ပါက ၎င်းတို့တွင် ထိုလူစားမျိုး၏ အနှစ်သာရ ရှိကြပြီး၊ အကယ်၍ တစ်စုံတစ်ဦးသည် ထိုလူစားမျိုးဖြစ်ပါက ထိုထူးခြားသော လက္ခဏာများကို အလိုအလျောက် ပိုင်ဆိုင်ကြလိမ့်မည်။ မည်သူမျှ ခြွင်းချက်မဟုတ်ပေ။ ယင်းမှာ ထူးခြားသော လက္ခဏာတစ်ခုဖြစ်သည့်အရာ ဖြစ်သည်။ နတ်ဆိုးများမှ လူဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာများကို သင်တို့ စဉ်းစားနိုင်သလော။ (၎င်းတို့သည် သမ္မာတရားကို အထူးသဖြင့် အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးကြပါသည်။ သမ္မာတရားကို ကြားသည်နှင့်တစ်ပြိုင်နက် ဒေါသနှင့် စက်ဆုပ်ရွံရှာခြင်းဖြင့် တုံ့ပြန်ကြပါသည်။) သမ္မာတရားကို မြင်သည်နှင့်တစ်ပြိုင်နက် ဒေါသနှင့် စက်ဆုပ်ရွံရှာခြင်းဖြင့် တုံ့ပြန်ခြင်းသည် တိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ အခြားမည်သည့်အရာကို သင် စဉ်းစားနိုင်သေးသနည်း။ (၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်မာကြပါသည်။ ယင်းကို ထူးခြားသော လက္ခဏာတစ်ခုအဖြစ် သတ်မှတ်နိုင်ခြင်း ရှိမရှိဟူသည်ကို ကျွန်ုပ် မသိပါ။) ယင်းမှာ အတော်အတန် ဆီလျော်သည်။ (၎င်းတို့သည် အကြင်နာလည်းမဲ့ကြပြီး မာနထောင်လွှားကြပါသည်။) အကြင်နာမဲ့ခြင်းသည် အခြားသော တိကျသည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ မာနထောင်လွှားခြင်းသည် ဖောက်ပြန်ပျက်စီးသော လူသားများ ပိုင်ဆိုင်သည့် ဘုံထူးခြားသော လက္ခဏာတစ်ခုဖြစ်ပြီး ယင်းကို နတ်ဆိုးများမှ လူဝင်စားသောသူများသာ ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့် လူသားများမှ လူဝင်စားသောသူများဖြစ်သည့် ဤအမျိုးအစားနှစ်ခုကလည်း ယင်းကို ပိုင်ဆိုင်ကြသည်။ ထိုတိကျသော စာတန်ဆန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် နတ်ဆိုးများမှ လူဝင်စားသောသူများသည် ၎င်းတို့၏ လူ့သဘာဝအရ၊ မည်သည့်တိကျသော ထူးခြားသည့်လက္ခဏာများကို ပိုင်ဆိုင်ကြသနည်း။ ဆိုလိုသည်မှာ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့ ထုတ်ဖော်သည့်အရာ၊ ပြောဆိုသည့်အရာနှင့် လုပ်ဆောင်သည့်အရာတို့၏ အဓိက ထူးခြားသော လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ (ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်ပါသည်။) ဤသည်မှာ ထူးခြားသော လက္ခဏာတစ်ခု ဖြစ်သည်။ အခြားမည်သည့် ထူးခြားသော လက္ခဏာများ ရှိသနည်း။ နတ်ဆိုးများမှ လူဝင်စားသောသူများနှင့် တိရစ္ဆာန်များမှ လူဝင်စားသောသူများ နှစ်မျိုးစလုံးသည် အချို့သော သီးခြားဖြစ်ပြီး ပဓာနကျသည့် ထူးခြားသော လက္ခဏာများကို ပိုင်ဆိုင်ကြသော်လည်း ဤအမျိုးအစားနှစ်ခု၏ ထူးခြားသော လက္ခဏာများမှာ လုံးဝ ကွဲပြားခြားနားသည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာများမှာ လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်း၊ ထုံထိုင်းခြင်း၊ နားဝေတိမ်တောင်ဖြစ်ခြင်းနှင့် မိုက်မဲခြင်းတို့ ဖြစ်ကြသည်။ အဘယ်ကြောင့် ဤထူးခြားသော လက္ခဏာများ ဖြစ်ရသနည်း။ ဤထူးခြားသော လက္ခဏာများသည် ၎င်းတို့၏ အနှစ်သာရအရ ဤလူစားမျိုးသည် လူ၏ ထူးခြားသော လက္ခဏာများ၏စံကို မမီသည့်အပြင်၊ လူသားများ ပိုင်ဆိုင်သည့် သင့်လျော်သော ဉာဏ်ရည်နှင့် တွေးခေါ်ပုံတို့၏ စံကိုမမီကြောင်း သက်သေပြရန် လုံလောက်သည်။ ထို့ကြောင့် ဤအလွန်သမာရိုးကျဖြစ်သော ထူးခြားသော လက္ခဏာများက ဤလူစားမျိုးသည် တိရစ္ဆာန်များမှ လူဝင်စားသောသူများဖြစ်ကြောင်း သက်သေပြနေသည်။ နတ်ဆိုးများမှ လူဝင်စားသောသူများသည် တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့် ကွဲပြားသည်။ ၎င်းတို့၏ ထူးခြားသော လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် နတ်ဆိုးများမှ လူဝင်စားသောကြောင့် လူအဖြစ်ပြောင်းသွားသော နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့၏ အတွင်းပိုင်း အနှစ်သာရမှာ နတ်ဆိုးတစ်ကောင်၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် တိရစ္ဆာန်များ မဟုတ်ကြသော်လည်း၊ မိုက်မဲခြင်းမရှိ၊ ထုံထိုင်းခြင်းမရှိ၊ လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်း ရှိချင်မှရှိမည်ဖြစ်သော်လည်း၊ ၎င်းတို့သည် လူလည်း မဟုတ်ကြသည့်အပြင်၊ လူသားများ၏ ပုံမှန်တွေးခေါ်ပုံလည်း မရှိကြပေ။ ၎င်းတို့သည် နတ်ဆိုးများမှ လူဝင်စားသောကြောင့် အနှစ်သာရနှင့် စစ်မှန်သော ပုံသဏ္ဌာန်အရ၊ မည်သည့်ကွဲပြားမှုမျှမရှိဘဲ သေချာပေါက် နတ်ဆိုးများနှင့် လုံးဝ တစ်သမတ်တည်းဖြစ်ပြီး တစ်ထေရာတည်း ဖြစ်ကြသည်။ သို့ဆိုလျှင် နတ်ဆိုးများမှ လူဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ပထမ ထူးခြားသော လက္ခဏာမှာ ၎င်းတို့သည် အကျင့်ဖြစ်လျက် လိမ်ညာတတ်ခြင်း ဖြစ်သည်။ ၎င်းတို့ မည်သို့ပင် လိမ်ညာသည်ဖြစ်စေ ၎င်းတို့၏ မျက်နှာများ ရဲမသွားသည့်အပြင်၊ ၎င်းတို့၏ နှလုံးများလည်း တလှပ်လှပ်ခုန်ခြင်းမရှိသည့်အပြင်၊ လုံးဝ ချွတ်ချော်တိမ်းပါးခြင်း သို့မဟုတ် လစ်ဟာမှုတစ်ခုမျှ ပြခြင်းမရှိဘဲ အလွန်အမင်း ပုံမှန်ကျပြီး သဘာဝကျစွာ ပြုမူကြသည်။ ၎င်းတို့၏ မည်သည့်စကားများက မှန်ပြီး မည်သည့်စကားများသည် မှားသည်ကို မည်သူမျှ မပိုင်းခြားနိုင်ပေ။ ဒုတိယ ထူးခြားသော လက္ခဏာမှာ သွေဖည်ခြင်း ဖြစ်သည်။ တတိယ ထူးခြားသော လက္ခဏာကို ယခုလေးတင် သင်တို့ ဖော်ပြခဲ့ပြီးဖြစ်ကာ ယင်းမှာ ဆိုးယုတ်ခြင်း ဖြစ်သည်။ နတ်ဆိုးများမှ လူဝင်စားသောသူများတွင် ထူးခြားသော လက္ခဏာသုံးရပ်ရှိသည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများထက် ထူးခြားသောလက္ခဏာတစ်ခု ပိုနည်းသော်လည်း၊ ၎င်းတို့က နတ်ဆိုးများဖြစ်သောကြောင့် လူတို့အပေါ် ၎င်းတို့ ဖြစ်စေသည့် ဖျက်ဆီးတတ်သော စွမ်းအားနှင့် အလွန်ဆိုးရွားသော ဘေးအန္တရာယ် အတိုင်းအတာမှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများကြောင့် ဖြစ်ပေါ်သော နာကျင်မှု သို့မဟုတ် ပျက်စီးမှုထက် များစွာ ကြီးမားသည်။ အတိုင်းအတာအရ၊ လူတို့ကို အလွန်ဆိုးရွားစွာ အန္တရာယ်ဖြစ်စေသည့် နတ်ဆိုးများ၏ နည်းလမ်းများသည် လူတို့ကို နာကျင်စေသည့် တိရစ္ဆာန်များ၏ နည်းလမ်းများထက် များစွာ ပို၍ ပြင်းထန်သည်။ လူတို့ကို ထောင်ချောက်ဆင်ခြင်း၊ နင်းခြေခြင်း၊ ထုံထိုင်းစေခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် ဆိုးရွားစွာ ဘေးအန္တရာယ်ဖြစ်စေခြင်းတို့သည် နတ်ဆိုးများအတွက် မွေးရာပါဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ သဘာဝ အနှစ်သာရ ဖြစ်သည်။ တိရစ္ဆာန်များနှင့်ပတ်သက်၍မူ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ မဟုတ်သရွေ့ ယေဘုယျအားဖြင့် လူသားများအပေါ် ကြီးမားသော ဖျက်ဆီးတတ်သည့် စွမ်းအား မရှိကြပေ။ အချို့သော တိရစ္ဆာန်များသာ လူ့အသားကို စားခြင်း သို့မဟုတ် ဗီဇကြောင့် လူတို့ကို နာကျင်စေခြင်းဖြင့် အတော်အတန် ဆိုးရွားစွာ ဘေးအန္တရာယ်ဖြစ်စေကြသည်။ နတ်ဆိုးများမှာမူ ကွဲပြားသည်။ ၎င်းတို့သည် နတ်ဆိုးကြီးများဖြစ်စေ နတ်ဆိုးငယ်များဖြစ်စေ အရေးမကြီးပေ။ မတူညီသော နတ်ဆိုးအမျိုးအစားများကို ခွဲခြားရန် မလိုအပ်ပေ။ ၎င်းတို့အားလုံးသည် လူတို့အပေါ် တူညီသော နာကျင်မှုနှင့် ဆိုးရွားသော ဘေးအန္တရာယ်ကို ဖြစ်စေကြသည်။ ကွဲပြားမှုများဟု ဆိုသောအရာတစ်ခုတလေသည် နည်းလမ်းများ သို့မဟုတ် နည်းစနစ်များတွင်သာ ထင်ရှားပေါ်လွင်သော်လည်း နတ်ဆိုးများ၏ အနှစ်သာရအရမူ လူတို့ကို အမြဲ ဆိုးရွားစွာ ဘေးအန္တရာယ်ဖြစ်စေရန် ဖြစ်သည်။ သင်သည် ၎င်းတို့ကို ရန်စခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့၏ သဘာဝ အနှစ်သာရမှာ လူတို့ကို နာကျင်စေရန် အမြဲတစေ ဖြစ်သည်။ သင်သည် ၎င်းတို့နှင့် ရင်းနှီးသရွေ့၊ သင်၏ ဘဝထဲရှိ ကိစ္စကြီးငယ်များတွင် ၎င်းတို့ ပါဝင်ပတ်သက်နေသရွေ့ သင်သည် ၎င်းတို့၏ ဘေးအန္တရာယ်ဖြစ်စေခြင်းကို ခံရဖွယ်ရှိသည်။ အကယ်၍ သင်သည် အချို့သော သမ္မာတရားများကို နားလည်ပြီး အချို့သော သမ္မာတရား လက်တွေ့ကျမှုများကို ပိုင်ဆိုင်ကာ ဤနတ်ဆိုးများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှုရှိပါက ၎င်းတို့၏ ဘေးအန္တရာယ်ဖြစ်စေခြင်းကို သင်ခံရမည့် အတိုင်းအတာမှာ အတော်အတန် လျော့နည်းသွားသည် သို့မဟုတ် လျော့ကျသွားပေသည်။ သို့သော် သင်၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်ပြီး သင်သည် သမ္မာတရားကို နားမလည်သည့်အပြင်၊ သမ္မာတရားနှင့် အသက်မရှိသောသူတစ်ဦး ဖြစ်နေပါက သင် ဘေးအန္တရာယ်ဖြစ်မည့် အတိုင်းအတာကို လွယ်ကူစွာ ကောက်ချက်ချ၍ရသည်။ ၎င်းတို့က သင့်ကို ဘေးအန္တရာယ်ဖြစ်စေလိုသည့် မည်သည့်ပုံစံဖြင့်မဆို၊ ထိုနည်းအတိုင်း ၎င်းတို့က သင့်ကို ဘေးအန္တရာယ်ဖြစ်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့က သင့်ကို ဘေးဖြစ်စေလိုသည့် မည်သည့်အတိုင်းအတာအထိမဆို သင်သည် ထိုအတိုင်းအတာအထိ ဘေးဖြစ်စေခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ နတ်ဆိုးများမှ လူဝင်စားသောသူများက လူတို့ကို ဖြစ်စေသော ဘေးအန္တရာယ် ဖြစ်သည်။ သင် မြင်သလော၊ နတ်ဆိုးများက အာဏာရသောအခါ သင်သည် ၎င်းတို့ကို အားပေးထောက်ခံလျှင်ပင် ၎င်းတို့၏ ဘေးအန္တရာယ်ဖြစ်စေခြင်းကို သင် ခံရလိမ့်ဦးမည်ဖြစ်ပြီး အကယ်၍ သင်သည် ၎င်းတို့ကို အားပေးထောက်ခံခြင်းမရှိလျှင် သို့မဟုတ် ဆန့်ကျင်လျှင်လည်း ဘေးအန္တရာယ်ဖြစ်စေခြင်းကို ခံရလိမ့်ဦးမည်ဖြစ်သည်။ သင်သည် ၎င်းတို့၏ အုပ်စိုးခြင်းကို ခံနေရသရွေ့၊ ၎င်းတို့၏ အာဏာအောက်တွင် ရှိနေသရွေ့၊ ဘုရားသခင်နောက်သို့ လိုက်သော်လည်း သမ္မာတရားကို သင် မရရှိသေးသရွေ့ သို့မဟုတ် ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းကို မခံရသေးသရွေ့ သင်သည် လုံးလုံးလျားလျား နတ်ဆိုးများ၏ အနိုင်ယူခြင်းခံရသော ပြိုင်ဘက်၊ ၎င်းတို့၏ သားကောင်ဖြစ်ပြီး ဤအရာအတွက် မည်သူမျှ ခြွင်းချက်မရှိပေ။ ဤအရာက နတ်ဆိုးကြီးများကို ရည်ညွှန်းသည်။ နတ်ဆိုးများမှ လူဝင်စားသောသူများနှင့်ပတ်သက်၍မူ ၎င်းတို့သည် လက်တွေ့ဘဝ နတ်ဆိုးငယ်များဖြစ်သည်၊ အမျိုးမျိုးသော နတ်ဆိုးများ ဖြစ်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့နှင့်အတူ နေထိုင်ပါက အဖြစ်အများဆုံးသော အဖြစ်အပျက်များထဲမှ တစ်ခုမှာ ၎င်းတို့က အကျင့်ပါစွာ လိမ်ညာတတ်ခြင်း ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့၏ လှည့်စားခြင်းကို အမြဲခံရလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ လိမ်လည်လှည့်ဖြားခြင်းကို အမြဲခံရလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ မည်သည့်စကားများက မှန်ပြီး မည်သည့်စကားများက မှားသည်ကို သင် သိမည်မဟုတ်သည့်အပြင်၊ သင်သည် နေ့စဉ်နေ့တိုင်း စိတ်မသက်မသာ ခံစားရသည့်အထိ နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်။ “သူတို့ပြောသည့် ဤအရာက မှန်သလော၊ မှားသလော။ သူတို့က ငါ့ကို တစ်ဖန် လှည့်စားဖို့ ကြိုးစားနေခြင်းဖြစ်သလော။ သူတို့ပြောသည့်အရာ မှန်သလော သို့မဟုတ် မှားသလောဟူသည်ကို ငါ မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ သင်သည် ၎င်းတို့နှင့်အတူ နေထိုင်ပါက ၎င်းတို့၏ ဘေးအန္တရာယ်ဖြစ်စေခြင်းကြောင့် အလွန်အမင်း ဆင်းရဲဒုက္ခခံစားရလိမ့်မည်။ ၎င်းတို့၏ အတောမသတ်သော လိမ်ညာခြင်းနှင့်ဆိုင်သည့် ဤကိစ္စကပင်လျှင်သင့်ကို လုံးဝ ဖရိုဖရဲဖြစ်စေသည်အထိ နှောင့်ယှက်လိမ့်မည်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း၊ အေးချမ်းခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။

နတ်ဆိုးမှ လူဝင်စားသော လူစားမျိုးအတွက်၊ ၎င်းတို့သည် အကျင့်ဖြစ်စွာ လိမ်ညာကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှတိုင်းက အလွန် စဉ်းလဲတတ်သည်။ ၎င်းတို့သည် အခြားသူများကို တိတ်တဆိတ် မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ သို့မဟုတ် နောက်ကွယ်တွင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရာနှင့်ပတ်သက်၍ နောက်ပိုင်းတွင် အမှန်တရားကို မပြောကြပေ။ ထိုအစား ၎င်းတို့သည် မတူကွဲပြားသော အဖြစ်အပျက်တစ်ခုကို တင်ပြကြသည်။ ၎င်းတို့သည် သင့်ထံတွင် အခြားလူများအကြောင်း မကောင်းပြောပြီး အခြားလူများထံတွင် သင့်အကြောင်း မကောင်းပြောကြသည်။ ရလဒ်အနေဖြင့် သင်နှင့် ထိုအခြားသူများကြားတွင် အတားအဆီးများ ဖြစ်ပေါ်လာပြီး သင်တို့ တစ်ဦးကိုတစ်ဦး မကောင်းမြင်ကြသည်။ အမှန်တွင် သင်တို့သည် တစ်ဦးနှင့်တစ်ဦး လုံးဝမရင်းနှီးကြသည့်အပြင်၊ တစ်ဦးအကြောင်းတစ်ဦး များစွာမသိကြပေ။ ဤနတ်ဆိုးက သင်တို့ကြားတွင် သဘောထားကွဲလွဲမှုဖြစ်စေရန် အမှုအရာများကို လုပ်ကြံဖန်တီးခဲ့သောကြောင့်သာလျှင် သင်တို့သည် ရန်သူများ ဖြစ်လာကြခြင်း ဖြစ်သည်။ သင်သည် နတ်ဆိုး၏ ကစားခြင်းကို ခံခဲ့ရပြီးဖြစ်သော်လည်း မည်သည့်အရာဖြစ်နေသည်ကို မသိရှိသေးသည့်အပြင် နတ်ဆိုးပြောခဲ့သည့်အရာက မှန်သည်ဟုလည်းကောင်း၊ ၎င်းတို့က သင့်အပေါ် ကောင်းသည်ဟုလည်းကောင်း ထင်နေသည်။ မြင်သလော၊ လိမ်ညာတတ်သည့်အကျင့်ရှိသူတစ်ဦးသည် လူတို့ကို ဤအခြေအနေအထိ ကစားနိုင်ပေသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် လိမ်ညာကြသည်။ ၎င်းတို့သည် သင့်နှင့်အတူရှိနေချိန်တွင် အတင်းအဖျင်းပြောသည်၊ သဘောကွဲလွဲစေပြီး အဖြစ်အပျက်များကို ချဲ့ကားပြောဆိုခြင်းနှင့် မွမ်းမံခြင်းတို့အားဖြင့်လည်းကောင်း၊ အခြေအမြစ်မရှိသော အဆိုများကို ပြုလုပ်ခြင်းအားဖြင့်လည်းကောင်း ကောလာဟလများကို ထင်ရာမြင်ရာ လုပ်ကြံဖန်တီးကြသည်။ ဤအရာက သင့်အား စိတ်မသက်မသာဖြစ်သည့်အခြေအနေအထိ နှောင့်ယှက်ပြီး သင်သည် “မည်သူမည်ဝါက ငါ့အကြောင်း မည်သည့် မကောင်းသောအရာများ ပြောခဲ့သနည်း။ မည်သူမည်ဝါကို ငါ မည်သို့ ဆက်ဆံသင့်သနည်း”ဟု စဉ်ဆက်မပြတ် ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး သတိထားရမည်ဖြစ်သည်။ ၎င်းတို့သည် သင်၏ဘဝစည်းချက်၊ သင်၏နေထိုင်မှုပုံစံများနှင့် သင်၏ လက်ရှိအနေအထားတို့ကို ကမောက်ကမဖြစ်စေလျက်၊ သင့်အား လုံးဝ ဖရိုဖရဲဖြစ်သည့်အခြေအနေအထိ နှောင့်ယှက်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု နည်းပါးပြီး သမ္မာတရားကို နားမလည်သည့်အပြင်၊ သမ္မာတရားကို သင် မရရှိသေးသည့်အခါတွင်သင်သည် ၎င်းတို့၏ လွှမ်းမိုးမှုကို မကြာခဏ ခံရပြီး ၎င်းတို့၏ လိမ်ညာမှုအချို့ကြောင့် အထင်အမြင်မှားစေခြင်း၊ နှောင့်ယှက်ခြင်း၊ ဘောင်ခတ်ခြင်းနှင့် ချည်နှောင်ခြင်းတို့ကိုပင် ခံရလေသည်။ ဥပမာအားဖြင့် သင်သည် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရသည် ဆိုပါစို့။ ၎င်းတို့က သင့်အား “မည်သူမည်ဝါက ‘ထိုလူသည် သူခေါင်းဆောင်တစ်ဦး ဖြစ်နိုင်သည်ဟု ထင်နေသည်လော။ သူက အမှန်တွင် မည်သည့်အရာမျှမဟုတ်သော်လည်း၊ လူများကို သမ္မာတရား မိတ်သဟာယဖွဲ့ပေးရဲသေးသည်’ဟု သင့်အကြောင်း ပြောနေသည်” ဟု ဆိုပေမည်။ လက်တွေ့တွင် ထိုလူက ဤသို့ လုံးဝမပြောခဲ့ပေ။ ယင်းမှာ ဤနတ်ဆိုးက ပြောချင်သည့်အရာဖြစ်ပြီး ၎င်းတို့သည် ထိုအရာအတွက် အပြစ်ကို အခြားသူတစ်ဦးအပေါ် လွှဲချနေခြင်း ဖြစ်သည်။ ၎င်းတို့ထံမှ ဤမှတ်ချက်တစ်ခုတည်းကပင် သင့်အား အားနည်းစေပြီး သင်သည် ဘုရားသခင်၏ရှေ့မှောက်သို့လာ၍ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အမှန်ပင် နည်းပါးပြီး ဤအလုပ်ကို ကျွန်ုပ် မထမ်းဆောင်နိုင်ပါ။ ကိုယ်တော့်အပေါ် ကျွန်ုပ် အကြွေးတင်ပါသည်၊ ကျွန်ုပ်၏အလုပ်ကို ကောင်းစွာမလုပ်ဆောင်ခဲ့ပါ။ ကျွန်ုပ် နုတ်ထွက်ချင်သော်လည်း ယင်းမှာ သစ္စာစောင့်သိမှုမရှိခြင်း ဖြစ်မည်ကို စိုးရိမ်ပါသည်။ ကျွန်ုပ် ဘာလုပ်သင့်ပါသနည်း”ဟု ဆုတောင်းလေသည်။ ၎င်းတို့သည် သင့်အလုပ်ကို သင်ဆက်မလုပ်နိုင်သည့်အခြေအနေအထိ သင့်အား နှောင့်ယှက်ပြီး ဖြစ်သည်။ သင် ဆက်လုပ်ဆောင်လျှင်ပင် အသင်းတော်၏အလုပ်အတွက် သင်၏ဝန်တာကို တဖြည်းဖြည်း ဆုံးရှုံးကာ နောက်ဆုံးတွင် အလုပ်က ရပ်တန့်သွားသည်အထိတိုင်အောင် ဖြစ်လျက် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်မျိုးဖြင့် လုပ်ဆောင်လေသည်။ သင်သည် နှောင့်ယှက်ခြင်းခံရပြီး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးနှင့်အတူ နေထိုင်ခြင်း၊ ဆက်ဆံခြင်းနှင့် အလုပ်လုပ်ခြင်းသည် အမှန်ပင် ဒုက္ခများလှသည်။ ၎င်းတို့၏ စကားများတွင် မမှန်ကန်မှု အလွန်များပြားသည်၊ ရောနှောခြင်း အလွန်များပြားသည်၊ ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒ အလွန်များပြားပြီး ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များလည်း အလွန်များပြားလှသည်။ ၎င်းတို့ပြောသမျှသည် လိမ်ညာမှုများသာ ဖြစ်သည်။ သင်က “သူတို့၏ စကားများထဲမှ မည်သည့်အရာက အမှန်ဖြစ်ပြီး မည်သည့်အရာက အမှားဖြစ်သနည်း။ သူတို့သည် နောက်ကွယ်တွင် အမှန်တကယ် ဘာတွေလုပ်ခဲ့ပြီး ဘာတွေမလုပ်ခဲ့သနည်း။ သူတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူတစ်ဦး ဟုတ်ပါသလော။ ၎င်းတို့က အနာဂတ်တွင် မိမိတို့၏တာဝန်ကို မုချ ကောင်းစွာ ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ဘုရားအိမ်တော်က သူတို့အား ပေးအပ်သည့် ဤရာထူးတိုးမြှင့်ခြင်းနှင့် အမှန်ပင် လျော်ညီအောင်နေမည်ဖြစ်ကြောင်း ပြောဆိုကြသည်၊ ဤစကားများသည် အမှန်တကယ် စိတ်ရင်းမှန်ပါသလော။ သူတို့ ကျိန်ဆိုခဲ့သည့် သစ္စာနှင့် သူတို့ ဖော်ပြခဲ့သည့် သန္နိဋ္ဌာန်အတိုင်း သူတို့ လုပ်ဆောင်မည်လော”ဟု စဉ်ဆက်မပြတ် ပိုင်းခြားသိမြင်ရန် လိုအပ်သည်။ ၎င်းတို့၏ အပြုအမူကို သင်မြင်သည့်အခါ သင်၏စိတ်ထဲတွင် မေးခွန်းများ တစ်သီတစ်တန်းဖြင့် ပြည့်လျှံသွားသည်။ သင်သည် ၎င်းတို့ကို ထိတ်လန့်ဖွယ်ကောင်းသည်ဟု မကြာခဏ ခံစားရသော်လည်း ၎င်းတို့၏ စကားများသည် အတော်လေး ယုံကြည်ဖွယ်ကောင်းပြီး ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရသည်။ သို့သော် ညဘက် အိပ်မက်ထဲတွင် ၎င်းတို့၏မျက်နှာသည် နတ်ဆိုးတစ်ကောင်၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်ကိုလည်းကောင်း၊ ၎င်းတို့သည် အစွယ်များကို ထုတ်ပြပြီး လက်သည်းများကို ထုတ်ယမ်းပြနေသည်ကိုလည်းကောင်း သင်မြင်ရပြီး သင်သည် “သူတို့က တကယ်ပင် လူသားများလော။ သူတို့၏ စကားများထဲက မည်သည့်စကားက အမှန်ဖြစ်ပြီး မည်သည့်စကားက အမှားဖြစ်သနည်း။ ငါ ဘာလို့ ထွင်းဖောက်မမြင်နိုင်ရသနည်း။ ဤလူစားမျိုးက အလွန် ထိတ်လန့်ဖွယ်ဖြစ်သည်တကား”ဟု တွေးမိလေသည်။ ၎င်းတို့က ထိတ်လန့်ဖွယ်ကောင်းပြီး မယုံကြည်ထိုက်ဟု သင် ခံစားရသော်လည်း ၎င်းတို့၏အလုပ်ကို သင်စစ်ဆေးသည့်အခါ အခြေခံအားဖြင့် လက်ခံနိုင်ဖွယ်ရှိပြီး ၎င်းတို့စကားပြောသည်ကို သင်နားထောင်သည့်အခါ မည်သည့်အမှားအယွင်းကိုမျှ သတိမပြုမိပေ။ သို့သော် သင်သည် ၎င်းတို့ကို တကယ်ကို ထွင်းဖောက်မမြင်နိုင်ပေ။ သင်၏ ဝိညာဉ်ထဲတွင် အမည်မဖော်နိုင်သော သံသယတစ်ခုရှိနေပြီး ၎င်းတို့က ဒုက္ခပြဿနာဖြစ်စေနိုင်သည်ဟု သင်၏စိတ်နှလုံးထဲတွင် အမြဲခံစားနေရသည်၊ ၎င်းတို့၏စကားများက ရိုးသားစစ်မှန်မှုမရှိသည့်အပြင် လုံးလုံးလျားလျား မှန်ကန်မှုမရှိဟု အမြဲခံစားနေရသည်။ တစ်နေ့တွင် ၎င်းတို့၏ လိမ်ညာတတ်သော သဘာဝက ဖော်ထုတ်ခြင်းခံရပြီး ၎င်းတို့နှင့်ပတ်သက်သည့် သင်၏ ခံစားချက်က အတည်ပြုခြင်းခံရကောင်းခံရပေမည်။ ထိုအချိန်က ၎င်းတို့နှင့်ပတ်သက်သည့် သင်၏ သံသယနှင့် ခံစားချက်တို့သည် မှန်ကန်ခဲ့ကြောင်းနှင့် ၎င်းတို့ပြောဆိုခဲ့သည့် စကားများသည် အလွန်ကောင်းမွန်ပြီး ယုံကြည်ဖွယ်ကောင်းပုံရသော်လည်း အားလုံးက မှားယွင်းပြီး လှည့်ဖြားတတ်ခဲ့ကြောင်း၊ နောက်ကွယ်တွင် ၎င်းတို့သည် မည်သည့်စစ်မှန်သောအလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်ခဲ့ကြောင်းတို့ကို သင် ရှာဖွေတွေ့ရှိပေမည်။ သို့ဆိုလျှင် ဤလူစားမျိုးကို ယုံကြည်၍ရနိုင်သေးသလော။ (မရနိုင်ပါ။) သင်၏စိတ်နှလုံးထဲတွင် ၎င်းတို့ကို ယုံကြည်၍မရနိုင်တော့ကြောင်း ခံစားရသော်လည်း ၎င်းတို့ကို သင်ပြန်တွေ့ပြီး ၎င်းတို့စကားပြောသည်ကို ကြားသည့်အခါ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းက အတော်ပင် ဖြူစင်ပုံရပြီး ၎င်းတို့ပြောသည့်အရာက ကောင်းမွန်သည်ဟု ထင်ရကာ ၎င်းတို့၏စကားများတွင် မည်သည့်ပြဿနာကိုမျှ သင်ရှာမတွေ့နိုင်သည့်အပြင် အပြင်ပန်းအားဖြင့်လည်း ၎င်းတို့သည် အခက်အခဲကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးနိုင်သည်။ သင်က “ဤနေရာတွင် ဘာဖြစ်နေသနည်း။ သူတို့ကို ငါ ထင်မြင်ယူဆချက် လွဲခဲ့သည်ထင်သည်၊ ငါ စိတ်ထားညံ့ဖျင်းခဲ့သည် ထင်သည်။ သူတို့ကို နောက်တစ်ကြိမ် ယုံကြည်လိုက်ပါရစေ။ မည်သို့ပင်ဖြစ်စေ ယခု ဤအလုပ်၌ သူတို့ကို အစားထိုးဖို့ သင့်တော်သောလူတစ်ဦးကို ငါ ရှာမတွေ့နိုင်သေးသဖြင့် သူတို့ကို နောက်တစ်ကြိမ် အသုံးပြုလိုက်မည်” ဟု တွေးဆလေသည်။ ထို့နောက် သင်သည် ၎င်းတို့ကို ဆက်လက်အသုံးပြုပြီး နောက်ဆုံးရလဒ်မှာ ထို့အတူပင်ဖြစ်သည်။ သင်သည် ၎င်းတို့၏ လှည့်ဖြားခြင်းကို နောက်တစ်ကြိမ် ခံခဲ့ရကြောင်း ရှာဖွေတွေ့ရှိပေမည်။ ၎င်းတို့သည် ချိုသာစွာ ပြောဆိုသော်လည်း အမှန်တကယ်တွင်၊ နောက်ကွယ်၌ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ လုပ်ဆောင်ပြီး စစ်မှန်သောအရာ မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဧဝံဂေလိတရားကို ဟောပြောသည့် တစ်လအတွင်းတွင် လူဆယ်ဦးရရှိလျှင် အယောက်ငါးဆယ်ဖြစ်သည်ဟု မလျှော့တမ်း ပြောဆိုကြသည်။ ၎င်းတို့သည် အမှန်တရားကို ဤအတိုင်း ပြောမည်မဟုတ်ပေ။ ၎င်းတို့သည် လိမ်ညာတတ်သည့်အကျင့်ရှိသူ၊ လိမ်ညာရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သင်သည် ၎င်းတို့ကို အကြိမ်ကြိမ် ယုံကြည်ပြီး အသုံးပြုကာ ရလဒ်အနေဖြင့် သင်သည် အကြိမ်ကြိမ် လှည့်စားခြင်းခံရသည်။ အဆုံးတွင် ဆုံးရှုံးမှုကို ခံစားရသည့်သူမှာ မည်သူဖြစ်သနည်း။ ဤအမှုအရာများကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့် လူတို့သည် အခြားသူများနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှု တိုးပွားလာသည်၊ ၎င်းတို့၏ ထိုးထွင်းသိမြင်မှု ကြီးထွားလာသည်၊ ၎င်းတို့၏ အတွေ့အကြုံ တိုးပွားလာပြီး လူတို့ကို အကဲဖြတ်ရာတွင် ပို၍ကောင်းမွန်လာကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း အမှန်တကယ်တွင် ဆုံးရှုံးမှုကို မည်သည့်အရာက ခံစားရသနည်း။ အသင်းတော်၏အလုပ်က ခံစားရခြင်း ဖြစ်သည်။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ နတ်ဆိုးများမှ လူဝင်စားသောသူများ၏ ဤသဘာဝ အနှစ်သာရတစ်ခုသာဖြစ်သည့် လိမ်ညာတတ်သည့်အကျင့်ရှိခြင်းသည် အခြားသူများကို ကြီးမားသော ဘေးဖြစ်စေသလော၊ မဖြစ်စေသလော။ (ဖြစ်စေပါသည်။) ဤဘေးသည် မည်မျှကြီးမားသနည်း။ ၎င်းတို့သည် သင့်အား အထင်အမြင်မှားစေနိုင်သလော။ (ဟုတ်ကဲ့၊ ကျွန်ုပ်တို့ အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းကို ခံရနိုင်ပါသည်။) သင်သည် အထင်အမြင်မှားစေခြင်း၊ အသုံးချခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ခံရနိုင်သည်။ ယင်းသည် သင် ကြိုးကိုင်ခြယ်လှယ်ခြင်းခံရသည့် အခြေအနေအထိ ရောက်နိုင်သလော။ (ရောက်နိုင်ပါသည်။) အကယ်၍ သင်သည် ငယ်ရွယ်ပြီး အတွေ့အကြုံကင်းမဲ့ကာ သမ္မာတရားကို နားမလည်သည့်အပြင်၊ ကိစ္စရပ်များကို ထွင်းဖောက်မမြင်နိုင်ပါက သင်သည် ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံရနိုင်သည်။ ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံရသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် ၎င်းတို့အား မည်သို့မျှ မတတ်နိုင်ခြင်း၊ သင်သည် ၎င်းတို့၏ ထိန်းချုပ်မှုကို ခံရခြင်း၊ မည်သည့်အရာကိုမျှ စိတ်ကြိုက်မလုပ်ဆောင်နိုင်ခြင်းတို့ကို ဆိုလိုသည်။ အမှုအရာများကို သင်တွေးတောပုံနှင့် သင်၏ အတွေးများ၊ အမြင်များသည် ၎င်းတို့၏ လွှမ်းမိုးခြင်းနှင့် စိုးမိုးချယ်လှယ်ခြင်းကို ခံရပြီး သင် ဆက်လက်လုပ်ဆောင်သည့်အရာသည် ၎င်းတို့၏အစီအစဉ်အတိုင်း လုံးဝ စီမံပြုပြင်ခြင်းခံရကာ သင်သည် သင့်အတွက် ၎င်းတို့ စီစဉ်ထားသည့် ထောင်ချောက်ထဲသို့ လုံးလုံး ကျရောက်သွားခြင်း ဖြစ်သည်။ ဤသည်မှာ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရသည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် ကြံစည်ရန် နည်းဗျူဟာအမျိုးမျိုးကို အသုံးပြုလျက် နောက်ကွယ်တွင် အရာအားလုံးကို ကြိုတင်အစီအစဉ်ချထားသည်။ ၎င်းတို့သည် သင့်ကို ထွင်းဖောက်မြင်သည်၊ သင်နားလည်သည့်အရာနှင့် သင်ထွင်းဖောက်မမြင်နိုင်သည့်အရာ၊ သင်ပိုင်းခြားသိမြင်မှုရှိသည့် ကိစ္စရပ်များနှင့် မရှိသည့်ကိစ္စရပ်များ၊ သင်၏နယ်နိမိတ်ကန့်သတ်ချက်များက အဘယ်အရာများဖြစ်သည်၊ သင့်ကို မည်သို့အသုံးချ၍ရနိုင်သည်ဟူသည်နှင့် မည်သည့်စကားများက သင့်ကို အထင်အမြင်မှားစေနိုင်သည်ဟူသည်တို့ကို ၎င်းတို့ ထွင်းဖောက်မြင်သည်။ အဆုံးတွင် ၎င်းတို့သည် အလိမ်အညာများ လုပ်ကြံဖန်တီးကာ သင့်ကို လှည့်စားရန် သင်၏အပြစ်အနာအဆာများနှင့် အမျိုးမျိုးသော အားနည်းသည့်အချက်များကို အသုံးချကြသည်။ သင်၏စိတ်နှလုံးထဲတွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာသည် မှားယွင်းကြောင်း သို့မဟုတ် ၎င်းတို့ပြောခဲ့သည့်အရာနှင့်ပတ်သက်၍ ပြဿနာရှိပြီး ၎င်းတို့လိမ်ညာနေခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိသော်လည်း ယင်းကို ကိုင်တွယ်ဖြေရှင်းရန် သင့်တွင် ဉာဏ်ပညာမရှိပေ။ သင်သည် စိတ်ဆင်းရဲရသော်လည်း ၎င်းတို့အပေါ် မည်သို့မျှ မတတ်နိုင်သည့်အပြင်၊ သင်သည် ၎င်းတို့ ကြိုးဆွဲရာ ကရုံသာ တတ်နိုင်သည်။ ဤသည်မှာ ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံရခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) နောက်ဆုံးတွင်၊ နောက်ဆုံးရလဒ်အထိတိုင် အခြေအနေတိုးတက်လာသည့် ဦးတည်ရာက ၎င်းတို့၏အစီအစဉ်အတိုင်း ဆက်လက်ဖြစ်ပေါ်သည်။ ဤသည်မှာ သင်သည် ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဆိုလိုသည်မှာ သင်သည် အခြေအနေတိုးတက်မှု၏ ဦးတည်ရာကို ထိန်းချုပ်နိုင်စွမ်း လုံးဝဆုံးရှုံးသွားပြီး လုံးဝပင် ၎င်းတို့၏ ကြိုးဆွဲရာ ကကြရလေသည်။ ၎င်းတို့စွမ်းဆောင်ရရှိလိုသည့် မည်သည့်ပန်းတိုင်မဆို၊ ၎င်းတို့ပြီးမြောက်အောင်မြင်လိုသည့် မည်သည့်အရာမဆို၊ ၎င်းတို့အသုံးချလိုသည့် မည်သူ့ကိုမဆိုနှင့် ၎င်းတို့လုပ်ဆောင်လိုသည့် မည်သည့်ပုံစံမဆိုနှင့်ပတ်သက်၍ ၎င်းတို့သည် အဆုံးတွင် မိမိတို့သဘောအတိုင်း လုပ်ဆောင်၍ရသွားကြသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံရခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)

ငါ့ကို ပြောလော့၊ နတ်ဆိုးများမှ လူဝင်စားသောသူများ၏ အကျင့်ပါသည့် လိမ်ညာခြင်း သဘာဝအရ၊ ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် အထူးသဖြင့် အသင်းတော်၏အလုပ်အပေါ် ၎င်းတို့ ဖြစ်စေသည့် ပျက်စီးမှုသည် ကြီးမားသလော၊ မကြီးမားသလော။ (ကြီးမားပါသည်။) ပျက်စီးက အလွန်ကြီးမားလှပေသည်။ သို့ဖြစ်၍ လူအချို့၏ နေ့စဉ်ဘဝများကို ထိခိုက်စေခြင်းအပြင် ၎င်းတို့သည် လူတို့အား အခြားမည်သည့် ကြီးမားသော ထိခိုက်နစ်နာခြင်းကို ဖြစ်စေသနည်း။ (နတ်ဆိုးများမှ လူဝင်စားသောသူများ၏ လုပ်ရပ်များကြောင့် ၎င်းတို့၏ အနီးဝန်းကျင်ရှိသူများအပေါ် ဖြစ်ပေါ်စေသည့် နှောင့်ယှက်မှုသည် အလွန်ပြင်းထန်ပါသည်။ ယခင်က ထိုသို့သောလူတစ်ဦးကို ကျွန်ုပ် ကြုံတွေ့ခဲ့ရပါသည်။ သူရှိသည့် မည်သည့်နေရာမဆို ထိုနေရာသည် လျှို့ဝှက်ကြံစည်ခြင်းအပြင်၊ အာဏာနှင့် ရာထူးအတွက် ပြိုင်ဆိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။ လူတို့ကြားတွင် အတားအဆီးများ ဖြစ်ပေါ်မည်ဖြစ်ကာ ညီအစ်ကိုမောင်နှမများသည်လည်း ၎င်းတို့၏စိတ်နှလုံးများထဲတွင် မှောင်မိုက်မှုကို ခံစားကြရမည်ဖြစ်သည်။) ဤအရာက ဖရိုဖရဲအခြေအနေကို ဖန်တီးခဲ့သည်၊ မှန်သလော။ (မှန်ပါသည်။) လူတို့ကို တစ်ဦးနှင့်တစ်ဦး သံသယဝင်စေပြီး တိုက်ခိုက်စေကာ ဖရိုဖရဲအခြေအနေသို့ ဝင်ရောက်စေခြင်း၊ ဤထိခိုက်နစ်နာမှုသည် အလွန်ကြီးမားလှပေသည်။ ထို့ကြောင့်၊ နောက်ပိုင်းတွင် လူတိုင်းသည် ဤနတ်ဆိုးအပေါ် ပိုင်းခြားသိမြင်မှု ရရှိခဲ့ကြသလော။ (ရရှိခဲ့ကြပါသည်။) သူသည် ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရသလော။ (ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရပါသည်။) သူ ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရပြီးနောက် လူတိုင်းသည် အကြောင်းအရာများကို အနှစ်ချုပ်ခဲ့ကြသလော။ သူ၏လိမ်ညာမှုနှင့်ဆိုင်သည့် အဓိကတိကျသော သရုပ်သကန်များ၊ သူပြောခဲ့သည့် လိမ်ညာမှုများ၊ သူလိမ်ညာသည့်အခါ အသုံးပြုခဲ့သည့် နည်းလမ်းများနှင့် အသံနေအသံထား၊ သူစွမ်းဆောင်ရရှိလိုခဲ့သည့် ရည်ရွယ်ချက်အတွက် သူလိမ်ညာခဲ့သည့် အကြောင်းအရာများ၊ ဤတိကျသော နည်းလမ်းများနှင့် သရုပ်သကန်များကို သင်တို့အားလုံး အနှစ်ချုပ်ခဲ့ကြသလော။ (ကျွန်ုပ်တို့ အနှစ်ချုပ်ခဲ့ကြပါသည်။ ဥပမာအားဖြင့် သူသည် လိမ်ညာတတ်သည့်အကျင့်ရှိသူတစ်ဦး ဖြစ်ပါသည်။ သူ၏စကားများသည် အမှားနှင့်အမှန်ကို ရှုပ်ထွေးစေပြီး အဖြူကိုအမည်း၊ အမည်းကိုအဖြူဟု ပြောဆိုခြင်း၊ အပြုသဘောဆောင်သော ပုဂ္ဂိုလ်များကို အပျက်သဘောဆောင်သူများအဖြစ်လည်းကောင်း၊ အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များကို အပြုသဘောဆောင်သူများအဖြစ်လည်းကောင်း ဖြစ်စေခြင်း သဘာဝရှိပါသည်။ သူသည် မိမိမနာလိုဖြစ်သောသူ သို့မဟုတ် မုန်းတီးသောသူ မည်သူ့ကိုမဆို အခြေအမြစ်မရှိသော စွဲချက်များ တင်မည်ဖြစ်ပြီး ဖရိုဖရဲအခြေအနေကို ဖန်တီးလျက် ထိုသူတို့ကို ဆန့်ကျင်ရန် ညီအစ်ကိုမောင်နှမများကိုလည်း လှုံ့ဆော်မည်ဖြစ်သည်။ သူသည် လူကောင်းအချို့ သို့မဟုတ် မိမိတို့၏တာဝန်များတွင် ရလဒ်ကောင်းများ ရရှိသူများကိုလည်း ဖိနှိပ်စဉ်တွင် သူနှစ်သက်သဘောကျသူများနှင့် သူ့ထံတွင် မျက်နှာလုပ်သူများကိုမူ ရာထူးတိုးပေးခဲ့ပါသည်။) ဤသည်မှာ အန္တိခရစ်တစ်ဦးဖြစ်သည်၊ မှန်သလော။ (ဟုတ်ပါသည်။) ဤလူစားမျိုးက အသုံးပြုသည့် အဓိက လိမ်ညာနည်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ မရှိသည့်အရာကို လုပ်ကြံဖန်တီးခြင်း၊ အဖြစ်အပျက်များကို မွမ်းမံခြင်းနှင့် ချဲ့ကားပြောဆိုခြင်း၊ အခြားသူများအပေါ် အပြစ်လွှဲချခြင်း၊ ပဋိပက္ခဖန်တီးရန် ညာလုံးလှိမ့်လုံးများ ပြောဆိုခြင်းနှင့် သဘောထားကွဲလွဲစေခြင်း၊ အခြားမည်သည့်အရာ ရှိသေးသနည်း။ (မီးလောင်ရာလေပင့်လုပ်ခြင်း ဖြစ်ပါသည်။) မီးလောင်ရာလေပင့်လုပ်ခြင်းနှင့် ပဋိပက္ခများကို ပိုမိုပြင်းထန်စေခြင်းတို့ ဖြစ်သည်။ ဥပမာအားဖြင့် လူနှစ်ဦးသည် မည်သည့်အရာကိုမျှ ငြင်းခုံရန် သို့မဟုတ် မည်သူနှင့်မျှ ရန်သူဖြစ်ရန် မလိုလားကြဘဲ အတော်လေး ကောင်းမွန်စွာ အဆင်ပြေနေကြသော်လည်း၊ ဤလူစားမျိုးသည် ၎င်းတို့နှစ်ဦးကြားတွင် ရန်ဖြစ်လာစေရန် မီးလောင်ရာလေပင့်လုပ်လေသည်။ ထိုလူနှစ်ဦး ရန်ဖြစ်သည်ကို ၎င်းတို့မြင်ပါက ၎င်းတို့သည် ဝမ်းသာအားရဖြစ်ကြပြီး ၎င်းတို့၏ အကြံအစည် အောင်မြင်ပြီဖြစ်သည်။ အုပ်စုတိုင်းတွင် ဤလူစားမျိုးအချို့ ရှိကြသည်။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသော်လည်း လူသားများမှ လူဝင်စားသောသူများသည် ဤအရာများကို လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည် မဟုတ်ပါ။) အဘယ်ကြောင့် မလုပ်ဆောင်မည်နည်း။ ၎င်းတို့နှင့် နတ်ဆိုးများမှ လူဝင်စားသောသူများကြားတွင် ကွာခြားချက်မှာ အဘယ်အရာဖြစ်သနည်း။ (ပုံမှန်လူများတွင် အသိစိတ်၏ အနိမ့်ဆုံး စံနှုန်း ရှိပါသည်။) မှန်ပေသည်။ ၎င်းတို့တွင် အသိစိတ်၏ အနိမ့်ဆုံး စံနှုန်းရှိသည်။ ပြုမူကျင့်ကြံရာ၌ ၎င်းတို့သည် အသိစိတ်၏ ချုပ်ထိန်းခြင်းကို ခံရသည်။ ၎င်းတို့သည် ဤလူ့ကျင့်ဝတ်အရ ဖောက်ပြန်ပျက်စီးသည့်အရာများ၊ တည်ကြည်ဖြောင့်မတ်မှုနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးစေသော ဤအရာများ သို့မဟုတ် အခြားသူများကို ထိခိုက်နစ်နာမှုဖြစ်စေပြီး မိမိတို့ကိုယ်ကို အကျိုးဖြစ်ထွန်းစေသော ဤအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ အသိစိတ်ရှိခြင်းဆိုသည်မှာ ၎င်းတို့တွင် အနိမ့်ဆုံး စံနှုန်းတစ်ခုရှိသည်ဟု ဆိုလိုပြီး ၎င်းတို့၏လုပ်ရပ်များသည် ထိုသို့ဖြင့် ချုပ်ထိန်းခြင်းခံရသည်။ သို့ဆိုလျှင် နတ်ဆိုးများမှ လူဝင်စားသော ဤလူများတွင် အသိစိတ်များ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ၎င်းတို့တွင် မည်သည့် စိတ်နှလုံးသားမျိုးများ ရှိသနည်း။ (မလိုမုန်းထားသော စိတ်နှလုံးများ ဖြစ်ပါသည်။) ၎င်းတို့တွင် မလိုမုန်းထားပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်နှလုံးများ ရှိကြသဖြင့် ၎င်းတို့သည် အကျင့်ပါလျက် လိမ်ညာတတ်ပြီး မည်သို့ပင် လိမ်ညာသည်ဖြစ်စေ စိတ်ထဲတွင် ၎င်းတို့ မသက်မသာ မခံစားရပေ။ အဘယ်ကြောင့် ၎င်းတို့ မသက်မသာ မခံစားရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နတ်ဆိုးများဖြစ်ပြီး အသိစိတ်မရှိသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ လိမ်ညာပြီး မကောင်းမှုပြုသည့်အခါ မသက်မသာ မခံစားရသည့်အပြင်၊ ပြစ်တင်ခြင်းကိုလည်း မခံစားရပေ။ အပြန်အလှန်အားဖြင့်၊ ၎င်းတို့ မလိမ်ညာပါက၊ ၎င်းတို့ရှိရာနေရာတွင် မကောင်းမှုအချို့ကို မလုပ်ဆောင်ပါက သို့မဟုတ် ရုတ်ရုတ်သဲသဲဖြစ်ခြင်းနှင့် ဖရိုဖရဲအခြေအနေ တစ်ခုခုကို မဖြစ်ပေါ်စေသည့်အပြင်၊ လူတိုင်းသည် အေးချမ်းစွာနှင့် ရွှင်လန်းစွာ အသက်ရှင်ကြပြီး လူတိုင်းသည် ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်ကြပါက စိတ်ထဲတွင် ၎င်းတို့ စိတ်မချမ်းမသာဖြစ်ပြီး မသက်မသာ ခံစားရသည်။ အဘယ်ကြောင့် ၎င်းတို့ မသက်မသာ ခံစားရသနည်း။ အကြောင်းမှာ လူတိုင်းသည် ဘုရားသခင်၏ရှေ့မှောက်သို့ လာကြသောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ကြသောကြောင့်၊ ပုံမှန်လူ့သဘာဝအတွင်းတွင် နေထိုင်ကြပြီး ၎င်းတို့ကို မကိုးကွယ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူများကြားတွင် မထင်ပေါ်ကြပေ သို့မဟုတ် အရေးပါသည်ဟုလည်း မခံစားရပေ။ ထို့ကြောင့် ၎င်းတို့က၊ “ဤသို့နေထိုင်ခြင်းသည် အလွန်ပျင်းစရာကောင်းသည်၊ ပျော်စရာမကောင်းပါ”ဟု တွေးကြသည်။ ပျော်စရာကောင်းရန်၊ ဘဝကို စိတ်ဝင်စားစရာဖြစ်စေရန်၊ လေးစားဖွယ်ကောင်းစွာနှင့် အရေးပါသည်ဟူသော ခံစားချက်ဖြင့် အသက်ရှင်ရန်အလို့ငှာ၊ ၎င်းတို့သည် ဒုက္ခပြဿနာအချို့ကို လှုံ့ဆော်ရမည်ဖြစ်ပြီး ပြဿနာအချို့ကို ဖြစ်ပေါ်စေရမည်ဖြစ်သည်၊ လူများကြားတွင် စိတ်ခံစားမှုအခြေအနေအချို့ကို ဖန်တီးပြီး ဆူပူမှုနှင့် ဖရိုဖရဲအခြေအနေအချို့ကို ဖြစ်ပေါ်စေရမည်ဖြစ်သည်။ ထိုဆိုစကားမှာ အဘယ်အရာဖြစ်သနည်း။ ဂယက်ရိုက်အောင်လုပ်ခြင်း ဖြစ်သည်။ ဤလူစားမျိုးသည် ၎င်းတို့ရှိသည့် မည်သည့်နေရာတွင်မဆို ဂယက်ရိုက်အောင် လုပ်ရသည်ကို နှစ်သက်သည်။ ၎င်းတို့သည် မိမိတို့၏ သင့်တော်သောနေရာတွင် မနေချင်ကြပေ။ ပုံမှန်လူများသည် မိမိတို့၏ သင့်တော်သောနေရာကို ထိန်းသိမ်းချင်ကြသည်။ တည်ငြိမ်သောဘဝများဖြင့် နေထိုင်ပြီး မိမိတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ရိုးလုပ်စဉ်ပုံစံဖြင့် လုပ်ဆောင်ချင်ကြသည်။ ဂယက်ရိုက်အောင် ၎င်းတို့ မလုပ်ချင်ကြပေ။ သို့သော် နတ်ဆိုးများမှ လူဝင်စားသောသူများသည် မိမိတို့၏ သင့်တော်သောနေရာကို မထိန်းသိမ်းကြ။။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ သင့်တော်သောနေရာကို မထိန်းသိမ်းကြသနည်း။ အကြောင်းမှာ ဤလူစားမျိုး၏ အတွင်း၌ နတ်ဆိုးတစ်ကောင် အသက်ရှင်သောကြောင့်ဖြစ်ပြီး နတ်ဆိုးများသည် ၎င်းတို့ရှိသည့် မည်သည့်အုပ်စုတွင်မဆို ပြဿနာများ ဖြစ်ပေါ်စေချင်ကြသည်။ သင်သည် ၎င်းတို့ကို ရန်မစ သို့မဟုတ် စိတ်အနှောင့်အယှက်မဖြစ်စေလျှင်ပင် ၎င်းတို့သည် မိမိတို့ဘာသာ ဒုက္ခပြဿနာကို စတင်ကြသည်။ ဤသည်မှာ ဂယက်ရိုက်အောင်လုပ်ခြင်း ဖြစ်သည်။ ဤလူစားမျိုးက မည်သည့်အုပ်စုတွင် ရှိနေသည်ဖြစ်စေ သင်သည် ယင်းကို အဝေးမှကြည့်သည်ဖြစ်စေ သို့မဟုတ် ၎င်း၏ အဖွဲ့ဝင်များ၏ အခြေအနေများကို စုံစမ်းမေးမြန်းသည်ဖြစ်စေ ထိုနေရာတွင် နတ်ဆိုးဆန်သော လေထုတစ်ခုရှိသည်ဟု သင်အမြဲခံစားရသည်။ အခါအားလျော်စွာ လူ (က) သည် လူ (ခ) နှင့် ပဋိပက္ခဖြစ်သည်ကိုလည်းကောင်း၊ လူ (ဂ) သည် လူ (ဃ) နှင့် အဆင်မပြေသည့်အပြင်၊ တစ်ဦးနှင့်တစ်ဦး လျစ်လျူရှုနေကြသည်ကိုလည်းကောင်း၊ လူ (င) သည် လူ (စ) နှင့် ၎င်းတို့၏အလုပ်တွင် အငြင်းပွားမှုများရှိသည်ကိုလည်းကောင်း၊ လူ (ဆ) သည် ရာထူးအတွက် အမြဲ ပြိုင်ဆိုင်နေသည်ကိုလည်းကောင်း၊ ၎င်းတို့၏အလုပ်သည် ပြန်လည်လုပ်ဆောင်ရန် အမြဲလိုအပ်သည်ကိုလည်းကောင်း သင်ကြားရသည်။ အကယ်၍ သင်သည် အမြဲ ဖရိုဖရဲဖြစ်ပြီး နောက်ကျိသော လေထုရှိသည့်၊ ငြိမ်းချမ်းမှုမရှိသည့်၊ လူတို့ အမြဲ အဆင်မပြေနိုင်သည့် သို့မဟုတ် သဘောညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသည့် အသင်းတော် တစ်ခုတလေကို မြင်ပါက ထိုအသင်းတော်၏အတွင်း၌ နှောင့်ယှက်မှုများ ဖြစ်ပေါ်စေသည့် နတ်ဆိုးတစ်ကောင် သို့မဟုတ် အများအပြားပင်လျှင် ရှိနေပေသည်။ အသင်းတော်တစ်ခုတွင် နတ်ဆိုးမည်မျှက နှောင့်ယှက်မှုများ ဖြစ်ပေါ်စေသည်ဖြစ်စေ အသိစိတ်၏ အနိမ့်ဆုံး စံနှုန်းတစ်ခုခုရှိပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်လိုကြသည့် ထိုအခြားသူများသည် ၎င်းတို့ကြောင့် အလွန်အမင်း ထိခိုက်နစ်နာစေခြင်းကို ခံရသည်ချည်း ဖြစ်သည်။ နတ်ဆိုးအမျိုးအစားအားလုံး ဖယ်ရှားခြင်းခံရသည်နှင့်တစ်ပြိုင်နက် လူတိုင်းသည် အသင်းတော်အသက်တာကို နေထိုင်ပြီး မိမိတို့၏တာဝန်များကို အတူတကွ ပြန်လည်ထမ်းဆောင်သည့်အခါ လေထုသည် ကွဲပြားသွားသည်။ လူတိုင်းသည် စိတ်အားထက်သန်မှုဖြင့် တောက်လောင်နေသည်ဟု သင်မပြောနိုင်သော်လည်း အနည်းဆုံးအနေဖြင့် ထိုနေရာရှိလူများတွင် လူ့သဘာဝနွေးထွေးမှုရှိပြီး ဒုက္ခပြဿနာကို မလှုံ့ဆော်ကြသည်ကို လူတိုင်း ခံစားရသည်။ ထိုနေရာရှိလေထုသည် နတ်ဆိုးဆန်ခြင်းမရှိ၊ လူ့သဘာဝဆန်သော လေထုဖြစ်သည်။ နတ်ဆိုးဆန်သော လေထုရှိသည့် နေရာများတွင် လူတို့ အတူတကွ စကားပြောသည့်အခါ ၎င်းတို့၏ မျက်လုံးအကြည့်များတွင် တစ်ခုခုလွဲချော်နေသည့်အပြင်၊ ၎င်းတို့၏ အသံနေအသံထားနှင့် ၎င်းတို့စကားပြောသည့်အခါလည်း လေထုက တစ်ခုခုလွဲချော်နေသည်။ ၎င်းတို့ စကားပြောသည့်အခါ မျက်လုံးချင်းဆုံအောင် မကြည့်ကြပေ။ ထို့အပြင် ၎င်းတို့ပြောသည့်အရာသည် အလွန်ရိုးရှင်းသည်။ ၎င်းတို့ထဲမှ မည်သူမျှ လှိုက်လှိုက်လှဲလှဲ ပြောဆိုရန် မလိုလားကြသည့်အပြင်၊ နှုတ်ဖြင့်ပြောဆိုဆက်သွယ်ခြင်းလည်း မရှိပေ။ ၎င်းတို့ကြားတွင် တံတိုင်းတစ်ခု ခြားထားသကဲ့သို့ ဖြစ်သည်။ ၎င်းတို့ကြားတွင် ဆက်သွယ်ပြောဆိုမှုမရှိ။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲတွင် အမုန်းတရားကို ထားရှိကြသည်။ ဤလူများသည် သားကောင်များဖြစ်နိုင်ဖွယ်ရှိသည်။ ဤလူများသည် သားကောင်များဖြစ်စေ၊ ဒုက္ခပေးသူများဖြစ်စေ၊ တိုတိုပြောရလျှင်၊ လူတို့၏စိတ်နှလုံးများက ဖရိုဖရဲဖြစ်ကာ မည်သည့်အေးချမ်းမှုကိုမျှ ရှာမတွေ့နိုင်သည့်အခြေအနေအထိ နှောင့်ယှက်လျက်၊ ဤအုပ်စုတွင် ရောနှောနေပြီး နှောက်ယှက်မှုများ ဖြစ်စေသည့် နတ်ဆိုးများ ရှိပေသည်။ ဤအုပ်စုရှိလူများက အတူတကွနေထိုင်သည့်အခါ အမှုအရာများက ကျေနပ်ဖွယ်မရှိသည့်အပြင်၊ ချောမွေ့စွာ ဖြစ်နေခြင်းမရှိဟု ၎င်းတို့ အမြဲခံစားရသည်။ ၎င်းတို့သည် သဘောညီညွှတ်စွာ အတူတကွ မနေထိုင်နိုင်ကြသည့်အပြင်၊ သဘောညီညွှတ်သည့် ပူးပေါင်းဆောင်ရွက်မှုက သာ၍ပင် စဉ်းစားစရာ မလိုပေ။ ဤအုပ်စုတွင် စကားပြောသည့်အခါ၊ ပြုမူဆောင်ရွက်ပြီး မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါ လူတို့သည် စိတ်ထဲ၌ အမြဲ မကျေမနပ်ဖြစ်ကြပြီး ၎င်းတို့ကြားတွင် အတားအဆီးများလည်း ရှိနေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤအုပ်စုတွင် နှောင့်ယှက်မှုများ ဖြစ်ပေါ်စေသည့် နတ်ဆိုးများရှိသောကြောင့်ဖြစ်ပြီး သို့ဖြစ်၍ လူတိုင်းသည် ဘောင်ခတ်ခြင်းခံရကာ မပျော်မရွှင် ခံစားကြရသည်။

လူအချို့သည် နတ်ဆိုးများ၏ ပြင်းထန်သော နှောင့်ယှက်ခြင်းကို တွေ့ကြုံခဲ့ရပြီး အခြေခံအားဖြင့် ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံခဲ့ရသည်။ တစ်လ သို့မဟုတ် နှစ်လကြာပြီးနောက် ၎င်းတို့ကို ငါမြင်တွေ့သောအခါ အရူးလုပ်ခံရပြီးဖြစ်သည့်အလား ၎င်းတို့၏ မျက်နှာများက ဘာကြောင့်မှန်းမသိ တစ်မျိုးကြီးဖြစ်နေသည်။ ယင်းမှာ ၎င်းတို့၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ မျက်မှောက်တော် ကင်းမဲ့နေခြင်းကြောင့် ဖြစ်နိုင်သလော။ ၎င်းတို့သည် အဘယ်ကြောင့် ထိုမျှ အချိုးမပြေသည့်ပုံ ဖြစ်နေရသနည်း။ နောက်ပိုင်းတွင် သေချာစုံစမ်းမေးမြန်းခြင်းမှတစ်ဆင့် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီးဖြစ်ကြောင်းကို ငါသိရှိခဲ့ရသည်။ နတ်ဆိုးနှစ်ကောင်က ဤလူအားလုံးကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးများက ၎င်းတို့ကို မည်သည့်အတိုင်းအတာအထိ ထိန်းချုပ်ခဲ့သနည်း။ နတ်ဆိုးများက ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခဲ့ကြသည်။ အထက်မှ ထုတ်ပြန်သော အလုပ်အစီအစဉ်များနှင့် အထက်မှ မိတ်သဟာယဖွဲ့သော စည်းမျဉ်းများကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ ယင်းတို့အားလုံးသည် အမည်ခံမျှသာ ရှိခဲ့သည်။ ဤနတ်ဆိုးနှစ်ကောင်က လမ်းကို ပိတ်ဆို့ထားသဖြင့် မည်သူမျှ ထင်မြင်ချက်တစ်ခု ဖွင့်ပြောရန် သို့မဟုတ် ပြဿနာများကို တိုင်ကြားရန် မဝံ့ရဲခဲ့ကြပေ။ နောက်ပိုင်းတွင် ဤနတ်ဆိုးနှစ်ကောင်အကြောင်း ပြောမိသောအခါ လူအချို့သည် အလွန်ဒေါသထွက်ကာ မျက်ရည်များပင် ဖြိုင်ဖြိုင်ကျလာခဲ့ကြသည်။ ထိုအချိန်က သင်သည် ၎င်းတို့ကို အဘယ်ကြောင့် မဖော်ထုတ်ခဲ့သနည်း။ လူများစွာရှိခဲ့လျက်နှင့်ပင်၊ မည်သူမျှ ထရပ်၍ နတ်ဆိုးများကို ဖော်ထုတ်ရန် မဝံ့ရဲခဲ့ပေ။ ထိုနတ်ဆိုးများတွင် တန်ခိုးအာဏာ မည်မျှ ရှိခဲ့မည်နည်း။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် လူသားနှင့်တူသော်လည်း ၎င်းတို့၏ အနှစ်သာရမှာမူ အမှန်စင်စစ် နတ်ဆိုးတစ်ကောင်၏ အနှစ်သာရ ဖြစ်သည်။ ဤလူစားမျိုးကို ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အခြားလူများက ကြောက်ရွံ့ကြသည်။ လူတို့အနေဖြင့် ကြောက်ရွံ့ရန်၊ ကျောချမ်းရန် ၎င်းတို့နှင့် ထိတွေ့ဖို့သာလိုသည်။ ကလေးတစ်ဦးက ဤလူစားမျိုးနှင့် တွေ့လျှင် မျက်ရည်ကျအောင် ကြောက်လန့်လိမ့်မည်။ မာယာကင်းသော လူများသည် ဤလူစားမျိုးနှင့် တွေ့သောအခါ မည်သည့်အတိုင်းအတာအထိ ကြောက်ရွံ့ကြသနည်း။ ထိုသူတို့၏ ရှေ့မှောက်တွင် ရှိနေသောအခါ ၎င်းတို့သည် အသက်ပြင်းပြင်းရှူရန် သို့မဟုတ် အသံကျယ်ကျယ် ပြောဆိုရန် မဝံ့ရဲကြသည့်အပြင် ထိုသူတို့ကို ရှောင်ကွင်းသွားခြင်းဖြင့် အလျင်အမြန် ရှောင်ရှားရန်ပင် ကြိုးစားကြသည်။ ဤနတ်ဆိုးများက အလုပ်အစီအစဉ်များအတိုင်း အလုပ်ကို အကောင်အထည်ဖော်ခြင်းမရှိသည်ကို တစ်စုံတစ်ဦးက မြင်တွေ့ပြီး “ဤသို့လုပ်ဆောင်ခြင်းသည် မမှန်ကန်ပါ၊ ဤသည်မှာ အထက်မှ မိတ်သဟာယဖွဲ့သော စည်းမျဉ်းများနှင့် မကိုက်ညီပါ”ဟု ပြောဆိုခဲ့သည်။ ထိုနတ်ဆိုးများထဲမှ တစ်ကောင်က “ဤနေရာတွင် ငါက အဆုံးအဖြတ်ပေးသည်။ သင်က စည်းမစောင့်လျှင် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ ငါသည် သင့်ကို ယခုပင် နှင်ထုတ်နိုင်သည်”ဟု ပြန်ချေပပြောဆိုခဲ့သည်။ ဤအရာက ထိုသူကို အလွန်ကြောက်လန့်စေသဖြင့် သူ၏ မျက်နှာဖြူရော်သွားခဲ့ပြီး သူသည် မျက်ရည်စက်လက်ဖြင့် “ကျွန်ုပ် မှားသွားပါသည်၊ ကျွန်ုပ် ဘာမျှမပြောခဲ့သလိုပင် သဘောထားလိုက်ပါ၊ ကျေးဇူးပြု၍ ကျွန်ုပ်ကို မနှင်ထုတ်ပါနှင့်”ဟု ပြောဆိုလျက် နောက်တစ်ဖန် ထင်မြင်ချက်မပေးရဲတော့ပေ။ အခြားသူများက ဤသည်ကို မြင်တွေ့ပြီး “သူက အလွန်ပင် ရှိန်လောက်စရာဖြစ်သည်။ သူ၏ အာဏာက အလွန်ကြီးမားသည်တကား။ သူ့ကို မနာခံသော မည်သူ့ကိုမဆို သူ နှင်ထုတ်လိမ့်မည်။ ဘုရားအိမ်တော်၌ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ခွင့်ရသည့် ဤအခွင့်အရေးသည် ရခဲလှပါသည်။ အကယ်၍ သူက ကျွန်ုပ်တို့ကို နှင်ထုတ်လျှင် ကျွန်ုပ်တို့ အမှုကို မည်သည့်နေရာတွင် တောင်းပန်လျှောက်လဲနိုင်မည်နည်း။ ကျွန်ုပ်တို့ အဆုံးသတ်သွားမည် မဟုတ်လော။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း မျှော်လင့်ချက် ဆုံးရှုံးသွားမည် မဟုတ်လော။ ကျွန်ုပ်တို့သည် အမှန်တကယ်ပင် ထင်မြင်ချက်များ မပေးသင့်ပါ၊ ကျွန်ုပ်တို့သည် တဒင်္ဂ သတိမမူမှုကြောင့် နှင်ထုတ်ခြင်း မခံရသင့်ပါ”ဟု ပြောဆိုခဲ့ကြသည်။ ကြည့်လော့၊ ၎င်းတို့သည် ဤအတိုင်းအတာအထိ ကြောက်ရွံ့ခဲ့ကြသည်။ နောက်ဆုံးတွင် နတ်ဆိုးများက ဖော်ထုတ်ခြင်းခံရသောအခါ အချို့လူများက နတ်ဆိုးများအနေဖြင့် မည်သို့ သဘောထားကွဲလွဲမှုဖြစ်စေပြီး အုပ်စုဖွဲ့ခဲ့သည်ကို ဖော်ထုတ်ခဲ့ကြစဉ်တွင်၊ အခြားသူများက လူတို့ကို အထင်အမြင်မှားစေရန် နတ်ဆိုးများ ဖြန့်ဝေခဲ့သည့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများကို ဖော်ထုတ်ခဲ့ကြသည်။ အမှန်တွင် ဤလူတို့သည် ထိုအချိန်က နတ်ဆိုးများ ပြုခဲ့သော မကောင်းမှုအား ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ မည်သူမျှ စကားတစ်ခွန်းမျှ ပြောဆိုရန် သို့မဟုတ် အတိုက်အခံလုပ်ရန် မရဲခဲ့ခြင်းသာ ဖြစ်သည်။ အချို့သည် အလွန် သနားစရာကောင်းပုံပေါ်လျက် စကားပြောနေစဉ် ငိုပင်ငိုကြွေးခဲ့ကြသည်။ သို့သော် နတ်ဆိုးများက ၎င်းတို့ကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိန်းချုပ်နေခဲ့ချိန်တွင် ၎င်းတို့ အဘယ်ကြောင့် အတိုက်အခံ မလုပ်ခဲ့ကြသနည်း။ ထိုအချိန်က ၎င်းတို့ အဘယ်ကြောင့် အစွမ်းခွန်အားမဲ့နေခဲ့ကြသနည်း။ ယခု အထက်က နတ်ဆိုးများကို ကိုင်တွယ်တော့မည် ဖြစ်သဖြင့်၊ ၎င်းတို့သည် မိမိတို့၏ အစွမ်းခွန်အားကို ပြန်လည်တွေ့ရှိခဲ့ကြသည်။ ငါ့ကို ပြောလော့၊ အကယ်၍ ဘုရားသခင်သည် ဝိညာဉ်ရင့်ကျက်မှုနုနယ်ပြီး သမ္မာတရားကို နားမလည်သော ဤလူတို့အား ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်ပေးခြင်း မရှိခဲ့ပါက၊ ၎င်းတို့၌ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှု မရှိခဲ့ပါက၊ ၎င်းတို့သည် ပျက်စီးသွားသည်အထိ နတ်ဆိုးများ၏ ဆိုးရွားစွာ ထိခိုက်စေခြင်းကို ခံရမည် မဟုတ်လော။ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) သင်မြင်သလော၊ လူတို့သည် ဘုရားသခင်ကို ထိုမျှလောက် မကြောက်ရွံ့ကြသော်လည်း၊ နတ်ဆိုးများနှင့် စာတန်များက လူတို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ တစ်ကိုယ်လုံး တုန်ရီသည်အထိ ၎င်းတို့ ကြောက်လန့်ကြပြီး ပုံပျက်ပန်းပျက် ငိုကြွေးကြသည်၊ ၎င်းတို့ အလွန် ကြောက်လန့်ကြလေခြင်းပါတကား။ အထက်က ဤနတ်ဆိုးနှစ်ကောင်ကို ဖော်ထုတ်ပြီး ကိုင်တွယ်သောအခါ ထိုလူတို့သည် ထိုသတင်းကို ကြားသိပြီး နောက်ဆုံးတွင် လွတ်မြောက်ပြီဟု ခံစားခဲ့ကြရသည်။ လအနည်းငယ်ကြာ၊ ၎င်းတို့သည် နတ်ဆိုးများ၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရပြီး စာတန်၏ အာဏာအောက်တွင် နေထိုင်ခဲ့ကြရသည်။ ၎င်းတို့သည် မျက်စိတစ်ဆုံး အလင်းရောင်ကို မမြင်နိုင်သော အမှောင်ထဲသို့ ကျရောက်ခဲ့ပြီး အချည်းနှီး အော်ဟစ်ငိုယိုနေခဲ့ကြသည်။ ၎င်းတို့၏ ဘဝများက အလွန် သနားစရာကောင်းခဲ့သည်တကား။ နောက်ဆုံးတွင် ဤနတ်ဆိုးနှစ်ကောင်သည် ရှင်းလင်းပစ်ခြင်း ခံခဲ့ရပြီး လူတိုင်း လွတ်မြောက်ကာ ပျော်ရွှင်ခဲ့ကြသည်။ “အထက်က ဤနတ်ဆိုးနှစ်ကောင်ကို ဤတစ်ကြိမ် ရှင်းလင်းပစ်ခဲ့သည်။ ထို့ကြောင့် အကယ်၍ ဤလူတို့သည် မကောင်းမှုပြုပြီး လူတို့ကို ထိန်းချုပ်နေသော နတ်ဆိုးများနှင့် နောက်တစ်ဖန် ကြုံတွေ့ပါက၊ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်လော။ အထက်က ရှေ့ထွက်ပြီး ဤကိစ္စကို ဖြေရှင်းပေးရန် မလိုအပ်ဘဲ နတ်ဆိုးများကို ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားနိုင်ကြလိမ့်မည်လော။ ၎င်းတို့အားလုံး စုပေါင်း၍ နတ်ဆိုးများကို ဖော်ထုတ်ကာ၊ ထိုနတ်ဆိုးတို့၏ ဒုစရိုက်အမှုအားလုံးကို အကျဉ်းချုပ်ပြီးနောက် ရာထူးများမှ ဖယ်ရှားကာ၊ ၎င်းတို့စကားကို နားမထောင်ဘဲ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ချုပ်ချယ်ခြင်းကို မခံဘဲ၊ ၎င်းတို့ကို အသင်းတော်မှ နှင်ထုတ်နိုင်ကြလိမ့်မည်လော”ဟု ငါ တွေးမိသည်။ သို့သော် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုအားဖြင့် အကဲဖြတ်သည့်အခါ၊ ယင်းကို ၎င်းတို့ စွမ်းဆောင်နိုင်ခြင်းမရှိမည်ကို ငါ စိုးရွံ့မိသည်။ ဤလူတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ကြပြီး၊ ဆင်းရဲဒုက္ခခံရန် စိတ်ပိုင်းဖြတ်မှု ရှိကြသည်၊ မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်လိုစိတ် ရှိပြီး၊ သမ္မာတရားကို လိုက်စားလိုစိတ် ရှိကြသော်လည်း ၎င်းတို့သည် အလွန် သတ္တိနည်းလွန်းကြသည်သာ ဖြစ်သည်။ နတ်ဆိုးငယ်တစ်ကောင်မျှသာ နှောင့်ယှက်မှုများ ပြုလုပ်ရန် ထွက်ပေါ်လာသောအခါ၊ အသက်မည်မျှကြီးသည်ဖြစ်စေ၊ ဤလူတို့သည် တွန့်ဆုတ်သွားပြီး ကြောက်ရွံ့ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ထိုနတ်ဆိုးတို့၏ ထိန်းချုပ်ခြင်းကို ခံခဲ့ကြရပြီး အတိုက်အခံ မလုပ်ဝံ့ခဲ့ကြပေ။ ဤသည်ကို မြင်သောအခါ၊ ဤလူတို့သည် မည်မျှ သနားစရာကောင်းသည်ကို ငါ သဘောပေါက်လိုက်ရသည်။ အကယ်၍ ဘုရားသခင်သည် လူတို့ကို မကာကွယ်၊ ဂရုမစိုက်၊ မကြည့်ရှုခဲ့ပါက ဤလူသားမျိုးနွယ်သည် အသက်ရှင်ရန် နည်းလမ်းရှိမည် မဟုတ်ပေ။ လက်တွေ့ဘဝတွင် ဖြစ်ပျက်သော ဤအမှုအရာများကို ကြည့်လော့။ နတ်ဆိုးအမျိုးမျိုး၏ အပြုအမူ၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် အမှုအရာများကို လုပ်ဆောင်ရန် ၎င်းတို့၏ နည်းလမ်းများနှင့် နည်းဗျူဟာများသည် အခြေခံအားဖြင့် တသမတ်တည်းဖြစ်ပြီး ပိုင်းခြားသိမြင်ရန် လွယ်ကူသည့်တိုင်၊ နတ်ဆိုးအမျိုးမျိုးသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ပြုလုပ်ရန် ထွက်ပေါ်လာပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ချုပ်ချယ်၊ ထိန်းချုပ်၊ ချည်နှောင်ကာ ဆိုးရွားစွာ ထိခိုက်စေသောအခါ၊ လူအနည်းငယ်သာ ထရပ်ပြီး အတိုက်အခံလုပ်ဝံ့ကြသည်၊ မည်သူမျှ ဤနတ်ဆိုးများကို ဖော်ထုတ်ရန်၊ ၎င်းတို့ကို ရာထူးများမှ ဖယ်ရှားရန်နှင့် အသင်းတော်မှ ၎င်းတို့ကို ဖယ်ရှားရန် ကနဦးခြေလှမ်းလှမ်းခြင်း မရှိကြပေ။ ၎င်းတို့သည် နတ်ဆိုးများကို ဘုရားသခင် ရွေးချယ်ထားသော လူတို့အား ထိန်းချုပ်ခွင့်ပေးပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးခွင့် ပေးထားကြသည်။ ဤသနားစရာကောင်းသော လူတို့သည် အရာအားလုံးကို ဤအတိုင်းသာ ခါးစည်းခံနေကြရသည်။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးများထဲ၌ စိတ်မချမ်းမသာခံစားရပြီး ဘုရားသခင်ထံ ဆုတောင်းရင်း ပြင်းထန်စွာ ငိုကြွေးကြသော်လည်း ဖြေရှင်းချက်များ မရှိကြပေ။ ၎င်းတို့တွင် အမြော်အမြင်ရှိသော နည်းလမ်းများ မရှိသည့်အပြင်၊ နတ်ဆိုးများကို အတိုက်အခံလုပ်ရန်၊ တိုက်ပွဲဝင်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် သမ္မာတရားကို တန်ခိုးကြီးသော လက်နက်တစ်ခုအဖြစ် အသုံးမပြုကြပေ။ မည်သူမျှ ဤသို့ မလုပ်ဆောင်သည့်အပြင်၊ လုပ်ဆောင်ရန်လည်း မဝံ့ရဲကြပေ။ ၎င်းတို့တွင် နတ်ဆိုးများနှင့် တိုက်ပွဲဝင်ရန် သတ္တိပင် မရှိကြပေ။ မည်သည့်အသင်းတော်၌မဆို အကယ်၍ ဆိုးယုတ်သောလူများ သို့မဟုတ် နတ်ဆိုးများက လူတို့ကို ထိန်းချုပ်ရန်နှင့် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန် ပေါ်ထွက်လာပါက လူအများစုသည် ယင်းကို ဤအတိုင်းသာ ခါးစည်းခံကြရသည်။ အဆုံးတွင် ဘုရားအိမ်တော်သည် ဤနတ်ဆိုးအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် ရှေ့ထွက်လာခဲ့ပြီး အသင်းတော်တွင်းတွင် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်စေခဲ့သည်၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်ခြင်းခံရစေရန်၊ အသင်းတော်အသက်တာကို ပုံမှန်အတိုင်း နေထိုင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်ရန်နှင့် မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ရန် ဖြစ်နိုင်စေပြီးအသင်းတော်အလုပ်၏ ကိစ္စအမျိုးမျိုးကို စနစ်တကျပုံစံဖြင့် ရှေ့ဆက်သွားနိုင်စေခဲ့သည်။ ဤရင့်ကျက်မှုမရှိသည့်၊ မသိနားမလည်သည့်၊ အားနည်းသော လူတို့ကို ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ဆိုးရွားစွာ ထိခိုက်စေခြင်းတို့မှ ကာကွယ်ပေးခဲ့ခြင်းသည် ဘုရားသခင်က လူတို့ကို စေလွှတ်ခြင်းနှင့် ဘုရားအိမ်တော်က ဤတိကျသော အလုပ်၏ ဆောင်ရွက်မှုကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်လမ်းညွှန်ခြင်းမှတစ်ဆင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ သမ္မာတရားကို နားမလည်သော ဤမိုက်မဲပြီး မသိနားမလည်သည့် လူတို့သည် သနားစရာကောင်းလိုက်လေခြင်းပါတကား။ ပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင်တွင် လူသားမျိုးနွယ်တစ်ရပ်လုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံကြရပြီးဖြစ်သည်။ သတ်သတ်မှတ်မှတ်ဖြစ်သော နေထိုင်မှုပတ်ဝန်းကျင်များတွင် လူတို့သည် နတ်ဆိုးအမျိုးမျိုး၏ နှောင့်ယှက်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးရွားစွာ ထိခိုက်စေခြင်းတို့ကို ခံကြရသည်။ အချို့လူများသည် ဝိညာဉ်ရင့်ကျက်မှုနုနယ်ပြီး ပေါ့တန်သော အခြေခံအုတ်မြစ်တစ်ခု ရှိကြသောကြောင့် ၎င်းတို့သည် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်မှုများနှင့် ကြုံတွေ့သောအခါ ဤအမှုအရာများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသင်းတော်၌ ဆိုးယုတ်သောလူများ မတည်ရှိသင့်ဟု အမြဲတစေ ထင်မြင်ကြပြီး လူအချင်းချင်းကြားတွင် ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားချင်း နွေးထွေးမှု မရှိဟု ထင်မြင်ကြသည်။ အချို့က “အိမ်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းက ပိုကောင်းလိမ့်မည်။ အသင်းတော်တွင် အဘယ်ကြောင့် ထိုသို့သောလူများကို တည်ရှိခွင့်ပြုထားရသနည်း”ဟု ပြောဆိုလျက် မိမိတို့၏ တာဝန်များကိုပင် မထမ်းဆောင်ချင်ကြတော့ပေ။ သမ္မာတရားကို နားမလည်သော လူတို့သည် ဤအမှုအရာများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်များမှ သင်ခန်းစာများကို သင်ယူနိုင်ခြင်း မရှိကြပေ။ ထိုသို့သောအရာများကို ၎င်းတို့ ကြုံတွေ့ရခြင်း၏ နောက်ကွယ်တွင် ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များ ရှိသည်ကို ၎င်းတို့ မသိကြပေ။ မည်သူ့ဘက်တွင် ၎င်းတို့ ရပ်တည်သင့်သည် သို့မဟုတ် ဤကိစ္စရပ်များကို သမ္မာတရား စည်းမျဉ်းများအား အသုံးပြုလျက် ချဉ်းကပ်ရန်ကို ၎င်းတို့ မသိကြပေ။ နတ်ဆိုးများကို ဆန့်ကျင်ပြီး တိုက်ပွဲဝင်ရန် စစ်မှန်သော ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းနိုင်ခြင်း မရှိကြ။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှုနုနယ်ခြင်း မဟုတ်လော။ ဤသည်မှာ သနားစရာကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။)

၎င်းတို့၏ နေ့စဉ်အသက်တာတွင် ထုတ်ဖော်ပြသည့် နတ်ဆိုးများမှ လူဝင်စားသောသူ အမျိုးအစား၏ ပထမဆုံး ထူးခြားသည့် လက္ခဏာမှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း ဖြစ်သည်။ အသက်အရွယ်၊ လိင် သို့မဟုတ် နောက်ခံ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ တစ်စုံတစ်ဦး၏ စကားတွင် လိမ်ညာမှုများ အမြဲပါဝင်နေသမျှကာလပတ်လုံး၊ ၎င်းတို့သည် လိမ်ညာမှုများနှင့် ပြည့်နှက်နေပြီး အကျင့်ပါစွာဖြင့် လိမ်ညာနေသမျှကာလပတ်လုံး၊ ၎င်းတို့သည် နတ်ဆိုးမှ လူဝင်စားသောသူများ ဖြစ်ကြသည်၊ လူသားများ မဟုတ်ကြပေ။ လူသားများသည်လည်း လိမ်ညာကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းရှိ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့သည် လူသားများကို လိမ်ညာစေနိုင်သည်။ သို့သော် လူသားများ လိမ်ညာခြင်း၏ အတိုင်းအတာသည် နတ်ဆိုးများမှ လူဝင်စားသောသူများ၏ အတိုင်းအတာနှင့် မတူပေ။ အကယ်၍ တစ်စုံတစ်ဦးသည် အကျင့်ပါစွာဖြင့် လိမ်ညာပါက၊ ဤအချက်တစ်ခုတည်းကပင် ၎င်းတို့၏ အနှစ်သာရအားဖြင့် ၎င်းတို့သည် လူသားမဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ အသိစိတ်၏ အကျိုးသက်ရောက်မှုကြောင့် လူသားများအနေဖြင့် အကျင့်ပါစွာ လိမ်ညာသည့်အဆင့်သို့ ရောက်ရှိရန် လုံးဝမဖြစ်နိုင်ပေ။ လူသားများ လိမ်ညာပြီး လှည့်ဖြားမှုတွင် ပါဝင်သည့် အချိန်အခါများလည်း ရှိသော်လည်း၊ ၎င်းတို့၏ လိမ်ညာခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပုံမှန်ထုတ်ဖော်ပြမှုတစ်ခုမျှသာ ဖြစ်သည်။ ယင်းတွင် အချို့သောကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရံဖန်ရံခါ လိမ်ညာမှုများ ပါဝင်သည်။ လူသားများ လိမ်ညာခြင်းနှင့် နတ်ဆိုးများ လိမ်ညာခြင်းသည် အပြင်ပန်းအားဖြင့် တူညီပုံပေါ်သော်လည်း အနှစ်သာရအားဖြင့် ကွဲပြားမှုတစ်ခု ရှိသည်။ နတ်ဆိုးများ လိမ်ညာသောအခါ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် နောင်တရခြင်းကို မည်သည့်အခါမျှ မခံစားရပေ။ ထို့အပြင် ၎င်းတို့ပြောသော လိမ်ညာမှုများနှင့် ၎င်းတို့ကျူးလွန်သော လှည့်ဖြားသည့် လုပ်ရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကျေနပ်အားရကြသည်၊ စိတ်ကျေနပ်မှုရှိပြီး အောင်မြင်သည့် ခံစားချက် ရှိကြသည်။ အကယ်၍ လိမ်ညာမှုတစ်ခု မအောင်မြင်ပါက၊ ၎င်းတို့သည် နောက်ထပ် လိမ်ညာမှုများကို ပြောဆိုရန်နှင့် နောက်ထပ် လူတို့ကို လှည့်ဖြားရန် ပိုမိုအဆင့်မြင့်သော လှည့်ဖြားသည့် နည်းဗျူဟာများကို အသုံးပြုရာတွင် ၎င်းတို့၏ အားထုတ်မှုများကို အရှိန်မြှင့်ကြလိမ့်မည်။ သို့သော် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် ပုံမှန်လူသားများက လိမ်ညာပြီးနောက်တွင် မလုံမလဲဖြစ်သော အသိစိတ်ရှိပြီး အပြစ်တင်ခြင်းကို ခံစားရကာ ၎င်းတို့သည် အသက်ရှင်ရန် အလွန်ရှက်မိကြသည်။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ဦးကို လှည့်ဖြားခဲ့ပါက ထိုသူနှင့် နောက်တစ်ဖန် တွေ့ဆုံသောအခါ အတော်အတန် ရှက်ကြသည်။ အကယ်၍ ၎င်းတို့ကို လူအများရှေ့တွင် လိမ်ညာခဲ့ကြောင်း ဝန်ခံရန်နှင့် နောက်တစ်ဖန် မည်သည့်အခါတွင်မျှ မလိမ်ညာဘဲ အမှန်တရားကိုသာ ပြောဆိုမည်ဟု ကတိပြုရန် တောင်းဆိုပါက၊ ၎င်းတို့၏ လက်ရှိဝိညာဉ်ရင့်ကျက်မှုက ထိုသို့လုပ်ဆောင်ရန် စံမမီသေးပေ။ သို့ရာတွင် ၎င်းတို့တွင် အတွင်းစိတ်၌ သတိပြုမိခြင်း ရှိသည်။ ၎င်းတို့ပြောခဲ့သော လိမ်ညာမှုများအတွက် ရှက်ရွံ့ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ကို ၎င်းတို့ ခံစားရသည်။ အတွင်းတွင် စွပ်စွဲမှုကို ၎င်းတို့ ခံစားရသည်။ သို့သော် ဤနတ်ဆိုးမှ လူဝင်စားသောသူ အမျိုးအစားက အကျင့်ပါစွာဖြင့် လိမ်ညာသည်။ ၎င်းတို့ လိမ်ညာပြီးနောက်တွင် အတွင်းစိတ် စွပ်စွဲခြင်းကို မခံစားရသည့်အပြင် အပြစ်ရှိသည့်စိတ် ခံစားချက်လည်း မရှိပေ။ အဘယ်ကြောင့် အပြစ်ရှိသည့်စိတ်ကို ၎င်းတို့ မခံစားရသနည်း။ အကြောင်းမှာ ၎င်းတို့သည် နတ်ဆိုးတစ်ကောင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့အပေါ် သို့မဟုတ် ဘုရားသခင်အပေါ် အပြစ်ရှိသည့်စိတ် ခံစားရခြင်း၊ မိမိ၏ စိတ်နှလုံးထဲ၌ စွပ်စွဲခြင်းကို ခံစားရခြင်းသည် လူသားတစ်ဦး၏ ပုံမှန်သတိပြုမိခြင်း ဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင်ဖြစ်သည့်အတွက်၊ ထိုသို့သော သတိပြုမိခြင်း ကင်းမဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဆက်လက်လိမ်ညာနိုင်ပြီး မိမိတို့၏ အားထုတ်မှုကိုပင် အရှိန်မြှင့်နိုင်သည်။ ၎င်းတို့သည် ဆက်လက်လိမ်ညာနေလိမ့်မည်ဖြစ်ပြီး မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ နောက်ဆုံး၌ ၎င်းတို့၏ လိမ်ညာခြင်းသည် မည်သည့်အချိန်တွင် ရပ်တန့်သနည်း။ ၎င်းတို့ ရုပ်ခန္ဓာ နောက်ဆုံးထွက်သက် ကုန်ဆုံးသွားသည့်နောက်တွင်သာ၊ ၎င်းတို့ စကားမပြောနိုင်တော့သည့်အခါမှသာ ၎င်းတို့၏ လိမ်ညာခြင်းက ရပ်စဲသည်။ သို့သော် ၎င်းတို့အတွင်းရှိ လိမ်ညာတတ်သော နတ်ဆိုး၏ ဝိညာဉ်သည် နောက်ထပ်လူတစ်ဦးအဖြစ် လူဝင်စားပြီး ထို့နောက်တွင် ထိုလူက ဆက်လက်လိမ်ညာလိမ့်မည်။ ထို့ကြောင့် နတ်ဆိုးများ၏ လိမ်ညာတတ်သော သဘာဝက မည်သည့်အခါမျှ မပြောင်းလဲပေ။ ဤသည်မှာ အကျင့်ပါသော လိမ်ညာခြင်း ဖြစ်သည်။ နတ်ဆိုးများမှ လူဝင်စားသောသူများသည် မည်သူ့ကိုမဆို လှည့်ဖြားပြီး မည်သည့်လိမ်ညာစကားကိုမဆို ပြောဆိုနိုင်သည်။ ၎င်းတို့သည် မည်သည့်အခြေအနေတွင်မဆို၊ မည်သည့်ကိစ္စနှင့်ပတ်သက်၍မဆို လိမ်ညာနိုင်ပြီး ၎င်းတို့၏ လိမ်ညာသည့် နည်းဗျူဟာများက အထူးပင် ခေတ်မီဆန်းပြားသည်။ မည်သူမျှ ၎င်းတို့ လိမ်ညာနေသည်ကို မမြင်နိုင်ပေ။ သင် မြင်သလော၊ မကြာခဏ လိမ်ညာသောလူများက လိမ်ညာစကားပြောသောအခါ ပုံမှန်လူတစ်ဦးက အမှန်တရားကို ပြောနေသကဲ့သို့ ဖြစ်သည်။ ယင်းမှာ သိသာမြင်သာသော အပြစ်အနာအဆာများ တစ်ခုတလေ မရှိဘဲ အလွန်ပင် သဘာဝကျလေသည်။ အမှန်တရားကို ၎င်းတို့ ပြောနေခြင်းဖြစ်သည်ဟု သင် ထင်ကောင်းထင်မည်။ အကယ်၍ သင်သည် ၎င်းတို့၏ လိမ်ညာစကားများကို အမှန်တရားအဖြစ် မှတ်ယူပါက ၎င်းတို့က၊ “လူနုံလူအ၊ ငါက အပျော်သဘော ပြောလိုက်သည်ကို သင်က အမှန်တရားအဖြစ် မှတ်ယူသည်လော။ သင်သည် လုံးဝ မိုက်မဲပေသည်” ဟု တွေးလျက် ၎င်းတို့၏ စိတ်နှလုံးများတွင် သင့်ကို လှောင်ရယ်ကြလိမ့်မည်။ နောက်တစ်ကြိမ် ၎င်းတို့ သင့်ကို မြင်သောအခါ အလိမ်အညာကို ကြားပြီးနောက် သင်၏ တုံ့ပြန်မှု မည်သို့ရှိသည်ကို ကြည့်ရန် ၎င်းတို့သည် ဆက်လက်လိမ်ညာပြီး သင့်ကို ကစားလိမ့်မည်။ အကယ်၍ သင်သည် ယင်းကို အမှန်တရားအဖြစ် တစ်ဖန် မှတ်ယူပါက ၎င်းတို့သည် ပို၍ပင် ဝမ်းသာကြလိမ့်မည်ဖြစ်ပြီး ပိုမိုကြီးမားသော အောင်မြင်သည့် ခံစားချက်ကို ရရှိကာ မိမိတို့၏ ပြုမူကျင့်ကြံမှုတွင် အောင်မြင်သည်ဟု ပို၍ပင် ခံစားရလိမ့်မည်။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် လူသားများဖြစ်ကြသလော။ ၎င်းတို့တွင် လူသား အသိရှိသလော။ ၎င်းတို့တွင် လူသား အသိစိတ် ခံစားချက် ရှိသလော။ သိသာထင်ရှားစွာပင် မရှိပေ။ ၎င်းတို့၏ လိမ်ညာမှုများက ပို၍ ထိရောက်လေလေ၊ ၎င်းတို့သည် အတွင်းစိတ်၌ ပို၍ အားရကျေနပ်ကာ ပျော်ရွှင်လေလေဖြစ်သည်၊ ၎င်းတို့၏ အောင်မြင်သော ခံစားချက် ပိုမိုကြီးမားလေလေဖြစ်ပြီး၊ ၎င်းတို့ ပိုမိုစွမ်းဆောင်နိုင်သည်ဟု ခံစားရလေလေ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ဦးကို လိမ်ညာလှည့်ဖြားခြင်း သို့မဟုတ် ကစားခြင်း မရှိဘဲ တစ်နေ့တာ ကုန်ဆုံးသွားပါက ထိုနေ့သည် သက်သောင့်သက်သာမဖြစ်သည့်အပြင်၊ အကျိုးနပ်ခြင်းမရှိဟု ၎င်းတို့ ခံစားရကာ လူတို့ကို လှည့်ဖြားရန် အခွင့်အရေးတစ်ခုကို ရှာဖွေရမည် ဖြစ်သည်။ ဥပမာအားဖြင့် လူနှစ်ဦးက ကောင်းမွန်သော ဆက်ဆံရေးရှိပြီး မိမိတို့၏ တာဝန်များတွင် သဘောညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်နေသည်ကို နတ်ဆိုးတစ်ကောင်းက မြင်ပါက ၎င်းတို့သည် အတွင်းစိတ်၌ သက်သောင့်သက်သာ မခံစားရသည့်အပြင်၊ “သင်တို့နှစ်ယောက်ကို တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်စေဖို့အတွက် ငါ သဘောထားကွဲလွဲမှု တစ်ခုခုဖြစ်စေပြီး ကောလာဟလအချို့ စတင်လိုက်မည်ဖြစ်ပြီး သင်တို့ အလိုရှိလျှင်ပင် ကောင်းမွန်သည့် ဆက်ဆံရေးကို ပြန်ရနိုင်မည် မဟုတ်ပါ”ဟု တွေးဆလိမ့်မည်။ စကားအနည်းငယ်မျှဖြင့် ဤနတ်ဆိုးသည် ထိုလူနှစ်ဦးကို စိတ်ရှုပ်ထွေးသည့်ကွန်ယက်ထဲတွင် ပိတ်မိသွားစေသည်။ ထို့နောက်တွင် ၎င်းတို့၌ သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှုများ ရှိပြီး ယခင်လောက် သဘောညီညွှတ်ခြင်းမရှိကြတော့ပေ။ ယင်းက ဤနတ်ဆိုးကို အလွန်ပင် ကျေနပ်နှစ်သိမ့်စေသည်၊ ထူးကဲစွာ ပျော်ရွှင်စေသည်။ အသင်းတော်၌ ပုန်းကွယ်နေသော နတ်ဆိုးများသည် ဤအမှုအရာမျိုးများကို အမြဲ လုပ်ဆောင်နေကြသည်။ ဘာသာတရားမရှိသူများ၏ လောကမှ နတ်ဆိုးများသည် ညီအစ်ကိုမောင်နှမများကို ရက်စက်စွာ ဖမ်းဆီးကြသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်တော့ကြောင်း သို့မဟုတ် နောက်မလိုက်တော့ကြောင်း ပြောဆိုသမျှကာလပတ်လုံး၊ သို့မဟုတ် သင်သည် ဘုရားသခင်အပေါ် မကျေမနပ်ပြောဆိုခြင်း သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ခြင်း ပြုပါက ၎င်းတို့ ပျော်ရွှင်ကြသည်။ မည်သည့်အရာကိုမဆို သင် လုပ်ဆောင်၍ရသည်၊ သင်သည် စားနိုင်၊ သောက်နိုင်သည်၊ မိန်းမပျက်နှင့် ပျော်ပါးပြီး လောင်းကစားလုပ်နိုင်သည်။ သင်သည် မီးရှို့ခြင်း၊ လူသတ်ခြင်းနှင့် လုယက်ခြင်းတို့ကို ကျူးလွန်နိုင်သည်။ မည်သည့်ရာဇဝတ်မှုကိုမဆို သင် ကျူးလွန်နိုင်သည်၊ ဘုရားသခင်ကို သင် မယုံကြည်သမျှကာလပတ်လုံး ၎င်းတို့က ဝမ်းသာကြသည်။ လူသားများကြားတွင် နတ်ဆိုးများလုပ်ဆောင်သော အမှုအရာများနှင့် ဝိညာဉ်ရေးရာနယ်ပယ်တွင် စာတန်လုပ်ဆောင်သော အမှုအရာများအကြား ဆက်စပ်မှုတစ်ခု ရှိသလော။ တူညီမှုများ တစ်ခုတလေ ရှိသလော။ ဤနတ်ဆိုးများသည် ဘုရားသခင်ကို ယုံကြည်ပြီး မှန်ကန်သော လမ်းကြောင်း လျှောက်လှမ်းသော မည်သူ့ကိုမဆို အထူးသဖြင့် မုန်းတီးကြသည်။ သမ္မာတရားကို လိုက်စားသော မည်သူ့ကိုမဆို၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း မရမက ပြုမူဆောင်ရွက်သော မည်သူ့ကိုမဆို၊ သို့မဟုတ် ဘုရားသခင်အတွက် မကြာခဏ သက်သေခံသော မည်သူ့ကိုမဆို၊ သို့မဟုတ် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်သော မည်သူ့ကိုမဆို၊ ထိုသို့သောလူများကို ၎င်းတို့ မြင်သောအခါ ဒေါသထွက်ပြီး ရန်သူများအဖြစ် မှတ်ယူကြသည်။ ယင်းမှာ မနာလိုဝန်တိုခြင်း မဟုတ်၊ အမုန်းတရား ဖြစ်သည်။ ဖြိုဖျက်ခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန် ၎င်းတို့ကျင့်သုံးသော နည်းလမ်းများထဲမှ တစ်ခုမှာ သင့်ကို နှောင့်ယှက်ရန်၊ အထင်အမြင်မှားစေရန်နှင့် သင့်ကို ဆွဲချရန် လိမ်ညာခြင်းမှတစ်ဆင့် လှည့်ဖြားခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို အကျိုးအမြတ် ဖြစ်ကောင်းမဖြစ်စေနိုင်သော်လည်း၊ သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးရန်အလို့ငှာ၊ အပျက်သဘောဆောင်ပြီး အားနည်းလာကာ သင်၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိရန် သို့မဟုတ် အခြားသူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိတော့ရန်အလို့ငှာ သင့်ကို ၎င်းတို့ ဆွဲချပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ပျော်ရွှင်ကြပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။ ဤသည်မှာ နတ်ဆိုးများ လုပ်ဆောင်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) နတ်ဆိုးများသည် အကျင့်ပါသော လိမ်ညာသူများ ဖြစ်သည်ဟူသောအချက်သည် လုံးဝ သေချာပေသည်။ မည်သည့်လူကိုမဆို ကြည့်လော့၊ ၎င်းတို့၏ လူမျိုး၊ ၎င်းတို့၏ ရုပ်ရည်သွင်ပြင်၊ ၎င်းတို့ အရပ်ရှည်သည်ဖြစ်စေ၊ ပုသည်ဖြစ်စေ၊ ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ၊ ချောသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ ပညာရေးအဆင့် သို့မဟုတ် ပင်ကိုစရိုက် မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ ဆုကျေးဇူးများက ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ၎င်းတို့တွင် အားသာချက်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများက မည်သည့်အရာပင်ဖြစ်စေ၊ ၎င်းတို့တွင် ထူးခြားသော လက္ခဏာတစ်ခုသာ ရှိရန် လိုအပ်သည်၊ ယင်းမှာ ၎င်းတို့က အကျင့်ပါစွာဖြင့် လိမ်ညာနိုင်ပြီး မည်သည့်အခါမျှ မပြောင်းလဲခြင်း ဖြစ်သည်။ ဤသည်မှာ ရံဖန်ရံခါ လိမ်ညာခြင်းမဟုတ်၊ အခြားရွေးချယ်စရာ မရှိခြင်းလည်းမဟုတ်၊ အချို့သောကိစ္စတွင် အမြော်အမြင်ကို အသုံးပြုရန် လိုအပ်ခြင်းလည်းမဟုတ်ဘဲ၊ ထို့ထက် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ၊ အခြေအနေ သို့မဟုတ် နောက်ခံ မည်သို့ပင်ဖြစ်စေ၊ ကိစ္စရပ် မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် လိမ်ညာရန်၊ လုပ်ကြံဖန်တီးရန်၊ လှည့်ကွက်များ သုံးရန်နှင့် အသေးအဖွဲ လှည့်စားခြင်းများ ပြုလုပ်ရန် မရမက ပြုလုပ်ကြသည်။ အကယ်၍ ၎င်းတို့တွင် ဤထူးခြားသော လက္ခဏာရှိပါက ဤအမျိုးအစားသည် နတ်ဆိုးစစ်စစ် ဖြစ်သည်။ ၎င်းတို့ လူကောင်းတစ်ဦး ဖြစ်လာနိုင်သည်ဟု လုံးဝမယုံကြည်နှင့်၊ ပြီးလျှင် ၎င်းတို့၏ ပါးစပ်မှ ထွက်လာသော နားကြားကောင်းသည့် စကားများကိုလည်း လုံးဝမယုံကြည်နှင့်။ ၎င်းတို့သည် စိတ်ပိုင်းဖြတ်မှုကို ဖော်ပြသည်ဖြစ်စေ၊ ကြောက်မက်ဖွယ်ကောင်းသော သစ္စာကျိန်ဆိုမှုများ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့ကို မယုံကြည်နှင့်။ အကြောင်းမှာ ၎င်းတို့သည် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး လူသားမဟုတ်သောကြောင့် ဖြစ်သည်။ နတ်ဆိုးများသည် ကြောက်မက်ဖွယ်ကောင်းသော သစ္စာကျိန်ဆိုမှုများ ပြုလုပ်လျှင်ပင် ယင်းမှာ အခြေအနေကို ယာယီကိုင်တွယ်ဖြေရှင်းရန်မျှသာ ဖြစ်သည်။ ယင်းက လှည့်ဖြားမှုချည်းသာ ဖြစ်သည်။ ၎င်းတို့သည် အခြေခံအားဖြင့် မိမိတို့ ကျိန်ဆိုသော သစ္စာကျိန်ဆိုမှုများအတိုင်း မပြုမူမဆောင်ရွ့က်နိုင်ကြပေ။ အကယ်၍ သင်သည် ၎င်းတို့ကို ယုံကြည်ပါက မိုက်မဲပေသည်။ သင်သည် နတ်ဆိုးများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် မည်သည့်အရာနှင့်ပတ်သက်၍မဆို လိမ်ညာနိုင်သည်၊ သို့ဖြစ်၍ ၎င်းတို့ပြုလုပ်သော ကြောက်မက်ဖွယ်ကောင်းသည့် သစ္စာကျိန်ဆိုမှုများသည်လည်း လိမ်ညာမှုများ ဖြစ်သည်။ အဘယ်ကြောင့်သော် ဘုရားသခင်က အရာခပ်သိမ်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို ၎င်းတို့ မည်သည့်အခါတွင်မျှ မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်က လူတစ်ဦးချင်းစီ၏ လုပ်ရပ်များအတိုင်း အပြစ်ဒဏ်စီရင်မည်ဟူသည်ကိုလည်း မယုံကြည်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ဤနည်းလမ်းဖြင့် ပြုမူဆောင်ရွက်နိုင်သည်ကို ၎င်းတို့ မယုံကြည်ပေ။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကျေနပ်အားရသည့်အတိုင်း လိမ်ညာကာ လှည့်ဖြားလျက်၊ မိမိတို့၏ လုပ်ရပ်များတွင် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒကိုသာ လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ဤသည်မှာ နတ်ဆိုးများ၏ ထူးခြားသော လက္ခဏာတစ်ခုဖြစ်ပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရလည်း ဖြစ်သည်။ ဤကိစ္စကို ယခု ရှင်းလင်းစွာ သင် မြင်ပြီဖြစ်သည် မှန်သလော။ (မှန်ပါသည်။)

တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် နတ်ဆိုးများကဲ့သို့ပင် လိမ်ညာကြသော်လည်း ပြစ်တင်ခံရသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အတိုင်းအတာတစ်ခုအထိ ယင်းကို ဝန်ခံကြလိမ့်မည်။ ၎င်းတို့သည် ဝန်ခံနိုင်သော်လည်း ၎င်းတို့၏ တိရစ္ဆာန်စရိုက်ကြောင့် သမ္မာတရားကို သဘောမပေါက်နိုင်ပေ။ သို့ဖြစ်၍ မလိမ်ညာခြင်းက အတိအကျ မည်သည့်အရာကို ဆိုလိုကြောင်း သို့မဟုတ် စည်းမျဉ်းများအတိုင်း ပြုမူခြင်းက အဘယ်အရာ ဆိုလိုကြောင်းကို ၎င်းတို့ ဘယ်သောအခါမျှ နားမလည်ကြပေ။ “ကျွန်ုပ် မည်သည့်ခါတွင်မျှ တစ်ဖန် လိမ်ညာလိမ့်မည် မဟုတ်ပါ၊ အမှန်တရားကို ကျွန်ုပ်ပြောလိုပါသည်”ဟု ၎င်းတို့ ပြောဆိုလျှင်ပင်၊ ဤအရာကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့်အခါတွင် ၎င်းတို့သည် အလွန်တရာ အချိုးမပြေဖြစ်ပြီး စဉ်းစားဉာဏ်ကင်းမဲ့ပုံရသည်။ အခြားသူများက၊ “မည်သူသည် သမ္မာတရားကို ဤသို့ လက်တွေ့လုပ်ဆောင်သနည်း။ ဤသည်မှာ ကျွန်ုပ် မြင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုအရာက ကျွန်ုပ်၏ အမြင်ကို အမှန်ပင် ကျယ်စေပါသည်”ဟု ပြောဆိုလျက် ဤမြင်ကွင်းကို ရယ်စရာအဖြစ် မြင်ကြသည်။ ယင်းမှာ တိရစ္ဆာန်တစ်ကောင်က မတ်တပ်ရပ်ပြီး လူကဲ့သို့ မတ်မတ်လမ်းလျှောက်ခြင်းနှင့် တူ၏။ အလွန် အချိုးမပြေဖြစ်ပြီး ထူးဆန်းပုံပေါက်သည်။ တိရစ္ဆာန်များမှ လူဝင်စားသော သူအချို့သည်လည်း ရိုးသားလိုပြီး ကောင်းမွန်သောအရာအချို့ကို ပြုလုပ်လိုကြသော်လည်း လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော စည်းမျဉ်းများကို ၎င်းတို့ ရှာမတွေ့နိုင်ကြပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အခါ အလွန် အဓိပ္ပာယ်မဲ့ပြီး ရယ်စရာဟာသတစ်ခု ဖြစ်လာသည်။ အခြားသူများက ဤမြင်ကွင်းကို ရယ်စရာအဖြစ် မြင်ကြသော်လည်း ဤလူများကမူ ၎င်းတို့ ရိုးသားခြင်းဖြစ်ကြသည်ဟု ထင်နေဆဲဖြစ်သည်။ ဤသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်က ၎င်းတို့အား “သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုလျှင် လိမ်ညာခြင်း၊ ဆင်ခြေများပေးခြင်း၊ ကြိုးစားပြီး မိမိကိုယ်ကို မှန်ကန်ကြောင်း သက်သေပြခြင်း သို့မဟုတ် ယုတ္တိမတန်စွာ ငြင်းခုံခြင်းတို့ကို မပြုလုပ်ကြောင်း သေချာစေသင့်သည်။ ဤသို့လုပ်ဆောင်ခြင်းက လုံလောက်သည်။ ဤသည်မှာ ရိုးသားခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို ချိုးဖောက်သည့်အရာများကို ပြုလုပ်ပြီး ထိုသို့ဖြင့် ပြစ်မှားမိပါက ဖွင့်ဟပြီး မိမိကိုယ်ကို ဖွင့်ချနိုင်သည်။ သမ္မာတရားနှင့် ကိုက်ညီသည့် မည်သူ၏စကားကိုမဆို လက်ခံလိုက်လော့။ ဆင်ခြင်တုံတရားကင်းမဲ့သော သို့မဟုတ် ရယ်ဖွယ်ရာဖြစ်သော အမှုအရာများကို မလုပ်နှင့်”ဟု ပြောသည် ဆိုပါစို့။ သို့သော် ၎င်းတို့သည် ဤအရာကို နားမလည်ကြပေ။ ဤအရာကို လက်တွေ့လုပ်ဆောင်သည့်အခါ ၎င်းတို့ မှားယွင်းကြသည်။ ဤလူစားမျိုးနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ ဆိုမည်နည်း။ ယင်းမှာ ၎င်းတို့သည် ပုံမှန်လူသားများ၏ စံနှုန်းနှင့် မကိုက်ညီခြင်းပင် ဖြစ်သည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့် နတ်ဆိုးများမှ လူဝင်စားသောသူများအကြား ကွာခြားချက် ရှိသလော။ (ရှိပါသည်။) ကွာခြားချက်မှာ အဘယ်နေရာတွင် ရှိသနည်း။ (၎င်းတို့၏ လွဲချော်သော လက်တွေ့လုပ်ဆောင်မှုက ၎င်းတို့သည် နတ်ဆိုးသဘာဝရှိသော နတ်ဆိုးများ ဖြစ်သောကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် ၎င်းတို့တွင် အစွမ်းအစကင်းမဲ့ပြီး လူသားများ ပိုင်ဆိုင်သင့်သည့် ပုံမှန်တွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားကို မစွမ်းဆောင်မရရှိနိုင်သောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ၎င်းတို့၏ အစွမ်းအစက စံမမီပေ။ ညံ့ဖျင်းသော အစွမ်းအစရှိသည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပုဂ္ဂလဓိဋ္ဌာန်ကျကျ အလိုရှိကောင်း ရှိနိုင်သော်လည်း ၎င်းတို့သည် စည်းမျဉ်းများကို သဘောမပေါက်ကြပေ။ စည်းမျဉ်းစည်းကမ်းများကိုသာ ၎င်းတို့ စွဲကိုင်နိုင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုမှာ အစွန်းရောက်သည်၊ မိုက်မဲပြီး စဉ်းစားဉာဏ်ကင်းမဲ့သည်။ လူများက ၎င်းတို့ကို ကူညီလိုကြသော်လည်း ၎င်းတို့၏ စိတ်သဘောထားမှာ ဆူးများဖြင့် ဖုံးလွှမ်းနေသော ဖြူကောင်ကဲ့သို့ဖြစ်ပြီး လူတို့အား ဘယ်ကစရမှန်းမသိ ဖြစ်ကျန်ရစ်စေသည်။ သမ္မာတရားကို ၎င်းတို့ထံ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် နားလည်နိုင်ခြင်း သို့မဟုတ် သဘောပေါက်နိုင်ခြင်း မရှိပုံရသည်။ ငါးနှစ် သို့မဟုတ် ခြောက်နှစ် ကြာ ကူညီကာ ထောက်ပံ့ပေးပြီးသည့်နောက်တွင် ၎င်းတို့သည် အနည်းငယ်သော စကားများနှင့် အယူဝါဒများကိုသာ နားလည်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြသေးပေ။ ၎င်းတို့၏ အစွမ်းအစက အလွန် ညံ့ဖျင်းသည်။ သို့တိုင် ဤမိုက်မဲသောသူများသည် စက်ဆုပ်ဖွယ်အရာများကို အမြဲတစေ လုပ်ဆောင်နေကြသည်။ အဓိကကျသော သို့မဟုတ် သင့်လျော်သော ကိစ္စရပ်များနှင့် မသက်ဆိုင်သည့်အခါတွင်၊ လူမှုကျင့်ဝတ်အရ သို့မဟုတ် သိက္ခာကို ထောက်ထား၍ သင်သည် ၎င်းတို့နှင့် အားတင်းပြီး စကားပြောဆိုနိုင်သေးသည်။ သို့သော် ဥပမာအားဖြင့်၊ သင့်လျော်သော ကိစ္စရပ်များဖြစ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း သို့မဟုတ် အလုပ်အကြောင်း ဆွေးနွေးခြင်း ပါဝင်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က တစ်နည်းနည်းဖြင့် အတိုက်အခံလုပ်ခြင်း သို့မဟုတ် ကန့်ကွက်ခြင်းပြုကာ သင့်ကို အရှက်ရစေမည်ကို ကြောက်ရွံ့လျက် သင်သည် အနေခက်သည့်၊ မသက်မသာဖြစ်သည့် ခံစားချက်တစ်ခုကို ခံစားရလေသည်။ ဤလူစားမျိုးသည် သင့်လျော်သော ကိစ္စရပ်များကို အတူဆွေးနွေးပေးရန် မထိုက်တန်ပေ။ သင်သည် ၎င်းတို့နှင့် ပတ်သက်ဆက်ဆံ၍ မရပေ။ ၎င်းတို့နှင့် ပတ်သက်ဆက်ဆံခြင်းသည် ပြဿနာများစွာကို ဖြစ်ပေါ်စေပြီး သင့်လျော်သော ကိစ္စရပ်များကိုလည်း ထိခိုက်စေလိမ့်မည်။ ၎င်းတို့သည် လွဲချော်သော ကျိုးကြောင်းပြချက်များနှင့် အကြောင်းအရာနှင့်မဆိုင်သော မှတ်ချက်များကို အမြဲ ရေရွတ်ပြောဆိုနေကြပြီး ယင်းတို့ကို ကြားရခြင်းက တကယ်ပင် စက်ဆုပ်ဖွယ်ကောင်းသည်။ ဤလူစားမျိုးသည် အခြားမည်သည့် လွဲချော်သောအရာများကို လုပ်ဆောင်ပြီးဖြစ်သနည်း။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်တစ်ဦးအပေါ် ခံစားချက်များ ဖြစ်ပေါ်လာပြီး ကောက်ကျစ်ဆိုးယုတ်သည့် တပ်မက်ခြင်းရှိလာလျှင် ၎င်းတို့ မိမိတို့အနေဖြင့် ရိုးသားသောသူတစ်ဦး ဖြစ်ရမည်ဟုလည်းကောင်း၊ ဤအကြောင်းကို ဖွင့်ဟရမည်ဖြစ်ပြီး စိတ်ထဲတွင် အောင့်အည်းထား၍ မဖြစ်ဟုလည်းကောင်း တွေးထင်ကြသည်။ သို့ဖြစ်၍ စုဝေးပွဲတစ်ခုအတွင်းတွင် ဤကိစ္စကို ၎င်းတို့က လူသိရှင်ကြား ပြောဆိုကြသည်။ ၎င်းတို့ ခံစားချက်ရှိသည့် ဆန့်ကျင်ဘက်လိင်ဖြစ်သူသည် ဤအရာကို ကြားရသည့်အခါ အနေခက်ပြီး မသက်မသာ ခံစားရကာ ရှက်ရွံ့မိသည်။ သင်က ၎င်းတို့ကို တားဆီးရန် ကြိုးစားလျှင် ၎င်းတို့က၊ “ကျွန်ုပ်သည် စိတ်ရင်းဖြင့် ပြောဆိုနေခြင်းဖြစ်ပြီး ရိုးသားနေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ကျွန်ုပ်ကို တားဆီးရန် သင့်မှာ အဘယ်လုပ်ပိုင်ခွင့် ရှိသနည်း။ ဤသည်မှာ ကျွန်ုပ်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ ကျွန်ုပ်သည် ဤအကြောင်းကို ပြောဆိုရန် နောက်ဆုံးတွင် သတ္တိမွေးခဲ့သော်လည်း သင်က ကျွန်ုပ်ကို ချုပ်ချယ်ကန့်သတ်နေသည်။ ဘုရားသခင်သည်ပင် ကျွန်ုပ်ကို မချုပ်ချယ်မကန့်သတ်ပါ။ သို့ဖြစ်၍ ထိုသို့ပြုလုပ်ရန် သင့်မှာ အဘယ်လုပ်ပိုင်ခွင့် ရှိသနည်း။ ဘုရားသခင်က ကျွန်ုပ်ကို ရိုးသားသောသူတစ်ဦး ဖြစ်ခွင့်ပင် ပေးထားသည်။ ကျွန်ုပ်ကို အထင်သေးပြီး ရိုးသားခွင့်မပေးသူမှာ သင်သာ ဖြစ်သည်။ ဤကိစ္စကို ကျွန်ုပ် စိတ်ထဲတွင် အောင့်အည်းထားပြီး ထုတ်မပြောဘဲနေလျှင် ယင်းမှာ အဖြစ်မှန်များကို ဖုံးကွယ်ထားခြင်း မဟုတ်လော။ ယင်းမှာ လှည့်ဖြားတတ်သောသူတစ်ဦး ဖြစ်နေခြင်း မဟုတ်လော။ သို့ဆိုလျှင် ကျွန်ုပ်သည် ရိုးသားသောသူတစ်ဦး ဖြစ်မည်မဟုတ်ပါ။ ကျွန်ုပ်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်လိမ့်ဦးမည်လော”ဟု ပြောဆိုလျက် စိတ်မကောင်းဖြစ်ကြသည်။ သင်မြင်သည့်အတိုင်း နားထောင်နေသူတိုင်းသည် ကသိကအောက်ဖြစ်ကြပြီး စိတ်အနှောင့်အယှက်ဖြစ်ကြသော်လည်း ဤလူက မရမက အသေးစိတ်ပြောကာသင်သည် သူ့ကို ချုပ်ချယ်ကန့်သတ်၍ပင်မရပေ။ ငါ့ကို ပြောလော့၊ ဤကိစ္စနှင့်စပ်လျဉ်း၍ သည်းခံပြီး စိတ်ရှည်သင့်သလော၊ သို့မဟုတ် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့သင့်သလော။ (ကျွန်ုပ်တို့သည် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့သင့်ပါသည်။) အကယ်၍ တစ်စုံတစ်ဦးက ရှေးဦးစွာ မေတ္တာဖြင့် ကူညီရန် ကြိုးစားပြီး အနာဂတ်တွင် အခြားသူများကို တည်ဆောက်မှုမပေးသည့် ထိုသို့သောအရာများကို မပြောရန် ၎င်းတို့ကို တိုက်တွန်းအားပေးလျှင် ၎င်းတို့က ဤအရာကို နားလည်ပြီး လက်ခံနိုင်လိမ့်မည်လော။ (လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။) သို့ဆိုလျှင် ဤလူစားမျိုးသည် လွဲချော်မှုများ ဖြစ်တတ်သောသူဖြစ်သည်၊ အတော်အတန် မိုက်မဲပြီး ၎င်းတို့၏ ဆင်ခြင်တုံတရားက သိပ်မကောင်းပေ။ သို့ဖြစ်၍ တစ်ဦးတစ်ယောက်က ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရုံသာ တတ်နိုင်သည်။ လူတိုင်းတွင် ကောက်ကျစ်ဆိုးယုတ်သော တပ်မက်မှုရှိကြပြီး ရံဖန်ရံခါတွင် တစ်စုံတစ်ဦးသည် ဆန့်ကျင်ဘက်လိင်တစ်ဦးဦးအပေါ် ခံစားချက်အချို့ ရှိခြင်း သို့မဟုတ် အတွေးအချို့ ထားရှိခြင်းတို့ ရှိနိုင်ကောင်းရှိနိုင်သည်။ ဤအရာကို မိမိဘာသာ သီးသန့် သတိပြုမိရုံဖြင့် လုံလောက်သည်။ အခြေအနေများက မကောင်းသည့် ဦးတည်ချက်ဖြင့် ဦးတည်နေလျှင် ထိုသူနှင့် ထိတွေ့ဆက်ဆံမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချသင့်သည် သို့မဟုတ် အနာဂတ်တွင် ၎င်းတို့နှင့် နှစ်ယောက်တည်းရှိခြင်းကို ရှောင်ကြဉ်သင့်သည်။ ပုံမှန် လူ့သဘာဝရှိသောသူများသည် ထိုသို့သောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အမြော်အမြင်ရှိသော နည်းလမ်းများကို အသုံးပြုပြီး စည်းမျဉ်းများအတိုင်း ပြုမူကြလိမ့်မည်။ ဤကိစ္စမျိုးကို ရိုးသားသောသူတစ်ဦးဖြစ်ခြင်းအတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအား အသုံးချခြင်း သက်သက်ဖြင့် ကိုင်တွယ်၍မရနိုင်ကြောင်းနှင့် အမြော်အမြင်ရှိသောစည်းမျဉ်းအချို့ကိုလည်း ကျင့်သုံးရမည်ဖြစ်ကြောင်း ၎င်းတို့ သိကြသည်။ သို့သော် တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ထိုသို့သောကိစ္စရပ်များအား မည်သို့ကိုင်တွယ်ရမည်ကို မသိကြသည့်အပြင် ထိုသို့သောအရာများအကြောင်း လူသိရှင်ကြား ဖွင့်ဟခြင်းကိုပင် ရိုးသားခြင်းအဖြစ် မှတ်ယူကြသည်။ ဤအရာက မည်သည့်အကျိုးဆက်များအား ဆောင်ကြဉ်းလိမ့်မည်ကို ၎င်းတို့ မသိကြပေ။ ရိုးသားရန် ၎င်းတို့ ကြိုးစားသည့်အခါ စည်းမျဉ်းစည်းကမ်းတစ်ခုနှင့် လုပ်ရိုးလုပ်စဉ်တစ်ခုကိုသာ လိုက်နာစောင့်ထိန်းကြသည်။ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အပေါ်၊ ၎င်းတို့ ခံစားချက်ရှိသည့်သူအပေါ်နှင့် အခြားလူတိုင်းအပေါ် ဒုက္ခရောက်စေသည်။ ၎င်းတို့ ခံစားချက်ရှိသည့်သူသည် အခြေအနေကို ရင်မဆိုင်နိုင်ဟု ခံစားရလျက် ဤကိစ္စအားဖြင့် ထိခိုက်ခံရပြီး ကန့်သတ်ချုပ်ချယ်ခြင်း ခံရလေသည်။ အခြားလူတိုင်းသည်လည်း ဤအရာကို ကြားရသည့်အခါ “ငါတို့ နားထောင်လျှင် တစ်စုံတစ်ဦး၏ ကိုယ်ရေးကိုယ်တာကို စပ်စုနေသကဲ့သို့ ဖြစ်လိမ့်မည်။ သို့သော် ငါတို့ နားမထောင်လျှင်လည်း ၎င်းတို့က ရိုးသားနေသည်ဟု ယုံကြည်လျက် ပြောရန် မရမက ပြောနေလိမ့်ဦးမည်”ဟု တွေးလျက်၊ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ သင်မြင်သည့်အတိုင်း၊ လူတိုင်းက ဤကိစ္စကို ကိုင်တွယ်ရခက်ပြီး ဒုက္ခများသော အရာတစ်ခုအဖြစ် မြင်ကြသည်။ ဤလူစားမျိုးသည် ကြီးစွာသော ဒုက္ခပြဿနာတစ်ခုဖြစ်သည်ဟု သင် ဆိုမည်မဟုတ်လော။ သင်က စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လျှင် ၎င်းတို့၊ “သင်တို့ ရိုးသားပြီး ဖွင့်ဟပြောဆိုသည့်အခါ၊ မည်သည့်အရာကိုမဆို ပြော၍ရသော်လည်း၊ ကျွန်ုပ် တစ်ခုခုပြောသည့်အခါတွင်မူ အဆင်မပြေပါ။ ကျွန်ုပ်လည်း ရိုးသားနေခြင်း မဟုတ်လော။ ကျွန်ုပ်တွင် အဘယ်ကြောင့် စကားပြောပိုင်ခွင့်မရှိသနည်း”ဟု ပြောဆိုလက် လက်မခံကြပေ။ ၎င်းတို့သည် အခြားသူများ ပြောဆိုနေသည့်အရာကို အာရုံပင်မစိုက်ကြပေ။ ၎င်းတို့၏ ထိုကိစ္စကို လူသိရှင်ကြား မိတ်သဟာယဖွဲ့ရန် သင့်တော်သလော။ ဤလူစားမျိုးသည် ဤအရာကို ထိုးထွင်းမမြင်နိုင်သည့်အပြင် ရိုးသားခြင်း၏ စည်းမျဉ်းများကို နားမလည်ကြပေ။ အဆုံးတွင် ၎င်းတို့သည် လူတိုင်းကို အခြေအနေက ကိုင်တွယ်ရန် အလွန်ခက်ခဲသည်ဟု ခံစားရစေသည်။ ၎င်းတို့နှင့် တစ်မျိုးတစ်စားတည်းဖြစ်သောသူများက၊ “ကြည့်ပါ၊ သူတို့က ထိုကဲ့သို့သော ကိစ္စများအကြောင်းကိုပင် မိတ်သဟာယဖွဲ့နိုင်သည်။ သူတို့တွင် စိတ်ပိုင်းဖြတ်ချက် အမှန်တကယ် ရှိသည်၊ ၎င်းတို့က အမှန်တကယ် ရိုးသားနေခြင်း ဖြစ်သည်”ဟု ပြောဆိုလျက် အတုယူကြလိမ့်မည်။ ဖြူစင်သော သဘောပေါက်နားလည်မှုရှိသူများသည်က ကြားရသည်နှင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုက မှားယွင်းကြောင်းနှင့် သွေဖည်ပြီးဖြစ်ကြောင်းကို သိကြသည်။ သင်က ၎င်းတို့ကို ကူညီလိုလျှင် ၎င်းတို့ တကယ်ကိုပင် လက်ခံမည်မဟုတ်ပေ။ ၎င်းတို့က အဘယ်အရာကို ပြောလိမ့်မည်နည်း။ “သင် ကျွန်ုပ်ကို ကူညီနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်၏ သဘောပေါက်နားလည်နိုင်စွမ်းက သင်နှင့်မတူပါ။ ကျွန်ုပ်က ဤအတိုင်းသာ လက်တွေ့လုပ်ဆောင်မည်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် အဘယ်အရာ လုပ်ဆောင်၍ရနိုင်သနည်း။ သင်သည် ၎င်းတို့ကို ကူညီနိုင်သလော။ (မကူညီနိုင်ပါ။) သင်က ၎င်းတို့ကို အမှန်တကယ် ကူညီရန် ကြိုးစားလျှင် အမှုအရာများကို ပိုဆိုးသွားစေလိမ့်မည်သာ ဖြစ်သည်။ ၎င်းတို့က လက်ခံလိမ့်မည် မဟုတ်သည်သာမက သင်နှင့် ငြင်းခုံပြီး ငြိတွယ်နေမိကြလိမ့်မည်။ ဤသည်မှာ ဒုက္ခများစေသည် မဟုတ်လော။ (ဟုတ်ပါသည်။)

တိရစ္ဆာန်များမှ လူဝင်စားသောသူများသည်လည်း လိမ်ညာခြင်း၏ သရုပ်သကန်များကို ပြသကြသည်။ သို့သော် ၎င်းတို့၏ လိမ်ညာခြင်းမှာ နတ်ဆိုးများမှ လူဝင်စားသောသူများ၏ လိမ်ညာခြင်းနှင့် တစ်ထပ်တည်း ပေါ်လွင်ထင်ရှားခြင်းမရှိပေ။ လိမ်ညာခြင်းအပေါ် ၎င်းတို့၏ သဘောထားများနှင့် လိမ်ညာရာတွင် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများမှာလည်း ကွဲပြားသည်။ နတ်ဆိုးဖြစ်သောသူများ ပြောသည့် လိမ်ညာမှုများက ဖော်ထုတ်ခံရသည့်အခါ၊ အခြားရွေးချယ်စရာမရှိသဖြင့် ၎င်းတို့ လိမ်ညာခဲ့ကြောင်း အပြင်ပန်းအားဖြင့် ဝန်ခံလျှင်ပင်၊ ကျိုးကြောင်းခိုင်လုံသည်ဟု ၎င်းတို့ ခံစားနေရဆဲ ဖြစ်သည်။ ယင်းက အရေးကြီးသည့်ကိစ္စမဟုတ်ဟု ၎င်းတို့ တွေးထင်ကြသည်။ သို့မဟုတ် လူတိုင်း၏ရှေ့တွင် ၎င်းတို့၏ ရပ်တည်ချက်ကို ဖော်ပြပြီး လိမ်ညာခြင်းက မှားကြောင်း ဝန်ခံလျှင်ပင်၊ နောက်ကွယ်တွင် ၎င်းတို့သည် အနည်းငယ်မျှပင် မပြောင်းလဲဘဲ အလားတူပင်လိမ်ညာကာ လှည့်ဖြားနေဆဲဖြစ်သည်။ ၎င်းတို့သည် လိမ်ညာခြင်းကို ကောက်ကျစ်ဆိုးယုတ်သော ကိစ္စရပ် သို့မဟုတ် အပျက်သဘောဆောင်သောအရာအဖြစ် ယတိပြတ် မမှတ်ယူကြပေ။ ယင်းမှာ ရှင်သန်ရေးအတွက် ၎င်းတို့၏ လက်နက်ဖြစ်သည်။ ၎င်းကို မည်သို့ဖြစ်ပြီး စွန့်လွှတ်နိုင်မည်နည်း။ အကျင့်ပါစွာဖြင့် လိမ်ညာသောသူများက “ဤလူ့လောကတွင် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးက မလိမ်ညာလျှင်၊ အရာရာကို အခြားသူများထံ ဖွင့်ဟပြီးဖွင့်ချလျှင်၊ အရာရာကို အခြားသူများက သိရှိပြီး သဘောပေါက်လျှင်၊ ၎င်းတို့၌ ပင်ကိုဟူ၍ ရှိနေဦးမည်လော။ ဘဝက အဓိပ္ပာယ်တစ်ခုတလေ ရှိနေဦးမည်လော။ ၎င်းတို့၌ ဂုဏ်သိက္ခာ ရှိနေဦးမည်လော။ ထို့အပြင်၊ လူတစ်ဦးက အရာရာတိုင်းနှင့်ပတ်သက်၍ ရိုးရှင်းသော အမှန်တရားကို အမြဲပြောဆိုနေလျှင် ဘဝက ပေါ့ရွှတ်ပြီး ငြီးငွေ့ဖွယ်ဖြစ်လိုက်မည့် ဖြစ်ခြင်းပါတကား။ အကြောင်းပြချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတစ်ဦးက လိမ်ကိုလိမ်ရမည် ဖြစ်သည်”ဟု ယုံကြည်ကြသည်။ မည်သည့်ရှုထောင့်အမြင်မှ ကြည့်သည်ဖြစ်စေ၊ ၎င်းတို့က တမင်တကာ လိမ်ညာသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ လိမ်ညာသည်ဖြစ်စေ၊ ယင်းမှာ ၎င်းတို့ သဘာဝ၏ သဘာဝအလျောက်ဖြစ်သော ထုတ်ဖော်ပြချက် ဖြစ်သည်။ တိုတိုပြောရလျှင်၊ အကျင့်ပါသော လိမ်ညာခြင်းသည် နတ်ဆိုးများ၏ ထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိအောင် သေချာသည်။ ဤအချက်တစ်ခုတည်းမှ သုံးသပ်ကြည့်သည့်အခါ၊ ဤလူစားမျိုးအတွက် သမ္မာတရားကို လက်ခံပြီး ရိုးသားသောသူများ ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ၎င်းတို့သည် ထိုသို့ လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ ထို့အပြင်၊ ၎င်းတို့သည် ရိုးသားသောသူတစ်ဦးဖြစ်ရန် ဘုရားသခင်၏ တောင်းဆိုချက်ကို မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် တိကျသော ကိစ္စရပ်တစ်ခုနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ မရင်ဆိုင်ရသည်ဖြစ်စေ၊ ရိုးသားရန် လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်အပေါ် ၎င်းတို့၏ သဘောထားမှာ အမြဲပင် ပမာမထားခြင်း၊ လှောင်ပြောင်ခြင်း၊ စက်ဆုပ်ခြင်းနှင့် မုန်းတီးခြင်းတို့ပင် ဖြစ်သည်။ ၎င်းတို့သည် ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းကို မထီမဲ့မြင်ပြုသော သဘောထားဖြင့် ရှုမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှနေ၍၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် လက်မခံကြပေ။ ၎င်းတို့သည် ရိုးသားသောသူများ ဖြစ်ခြင်းကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး ထိုသို့ဖြစ်ရန် ငြင်းပင်ငြင်းပယ်ကြလေသည်။

အကျင့်ပါသော လိမ်ညာခြင်းသည် နတ်ဆိုးများမှ လူဝင်စားသောသူများတွင် အလွန်ထင်ရှားသော ထူးခြားသည့်လက္ခဏာတစ်ရပ် ဖြစ်သည်။ သင်သည် ၎င်းတို့နှင့် ရင်းနှီးသော ထိတွေ့ဆက်ဆံမှုရှိသရွေ့၊ အလုပ်တွင်ဖြစ်စေ၊ ဘဝတွင်ဖြစ်စေ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံ၊ ပြောဆိုဆက်သွယ်၊ ပေါင်းသင်းဆက်ဆံသရွေ့၊ ၎င်းတို့၏ အကျင့်ပါသော လိမ်ညာခြင်းနှင့်ဆိုင်သည့် ဤထူးခြားလက္ခဏာ သို့မဟုတ် စစ်မှန်သည့် သဘောသဘာဝက နည်းနည်းချင်း ဖော်ထုတ်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် ဤလူစားမျိုးကို ပိုင်းခြားသိမြင်ခြင်းက အလွန်လွယ်ကူသည်။ သင်သည် အခြားလူများ၊ ဖြစ်ရပ်များ၊ သို့မဟုတ် အမှုအရာများအပေါ်ထားသည့် တစ်စုံတစ်ဦး၏ အတွေးများနှင့် အမြင်များကို ကြည့်ရန်မလိုအပ်ပေ။ ၎င်းတို့က အကျင့်ပါသည့် လိမ်ညာသောသူတစ်ဦးဖြစ်ကြောင်း သင် သိရှိသရွေ့၊ ဤအချက်တစ်ခုတည်းကို အခြေခံ၍ ၎င်းတို့သည် လူမဟုတ်ဘဲ နတ်ဆိုးဖြစ်သည်ဟု သင် ရာနှုန်းပြည့် သေချာမှုဖြင့် ပြောနိုင်သည်။ အချို့လူများက “အကျင့်ပါစွာဖြင့် လိမ်ညာသောသူတစ်ဦးသည် နတ်ဆိုးမဟုတ်ဘဲ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက် ရှိနေသေးရန် အခွင့်အလမ်း ရာခိုင်နှုန်းတစ်ခုပင် ရှိပါသလော”ဟု မေးကြသည်။ ငါပြောမည်၊ လုံးဝဖြစ်နိုင်ခြေမရှိပေ။ အကျင့်ပါစွာဖြင့် လိမ်ညာသောသူ မည်သူမဆိုသည် ရာနှုန်းပြည့် နတ်ဆိုးဖြစ်သည်။ တစ်ရာခိုင်နှုန်းပင် ခြွင်းချက်မရှိပေ။ နားလည်ပြီလော။ အချို့လူများက “အချို့လူများသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်း ခံထားရသောကြောင့်၊ လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ အလွန်အမင်း လွှမ်းမိုးခြင်းကို ခံထားရသည့်အပြင်၊ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က သိုဝှက်ထားခြင်းခံရသောကြောင့် သို့မဟုတ် ၎င်းတို့သည် နတ်ဆိုးများကို လုံးဝ လက်သင့်ခံထားသောကြောင့် အကျင့်ပါစွာဖြင့် လိမ်ညာခြင်း ဖြစ်နိုင်မည်လော။ ယင်းမှာ ၎င်းတို့ အကျင့်ပါစွာဖြင့် လိမ်ညာရသည့်အကြောင်းရင်း ဖြစ်သလော။ အချိန်ကာလတစ်ခုကြာ ညီအစ်ကိုမောင်နှမများထံမှ အကူအညီနှင့် အထောက်အပံ့ကို ရရှိပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ရေလောင်းကာ ကျွေးမွေးခြင်း ခံရပြီးနောက်၊ ၎င်းတို့၏ အသိစိတ်သည် တဖြည်းဖြည်း နိုးထလာနိုင်ပြီး ၎င်းတို့၏ ဆင်ခြင်တုံတရားက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်ပါက ၎င်းတို့သည် ပြောင်းလဲပြီး အကျင့်ပါစွာဖြင့် လိမ်ညာခြင်းကို ရပ်မည် မဟုတ်လော”ဟု ပြောဆိုကြသည်။ ငါပြောမည်၊ ထိုသို့သော ဖြစ်နိုင်ခြေမရှိပေ၊ ဆယ်သန်းပုံ တစ်ပုံပင် အခွင့်အရေး မရှိပေ။ ထို့ကြောင့် အကျင့်ပါစွာဖြင့် လိမ်ညာသော မည်သူမဆိုသည် လူ့သဘာဝ အနည်းငယ်မျှမရှိသည့် လုံးဝ လူသားမဟုတ်သော နတ်ဆိုးဖြစ်သည်။ နားလည်ပြီလော။ (နားလည်ပါပြီ။) ဤသည်မှာ သေချာသည်။ ခြွင်းချက်မရှိသည့်အပြင်၊ အထူးအခြေအနေများလည်း မရှိပေ။ ဤကိစ္စအပေါ် သင်တို့ ရှင်းလင်းစွာ မြင်ရမည်။ တစ်စုံတစ်ဦးက ကိစ္စတစ်ခုကို ကိုင်တွယ်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ရန်နှင့် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်အလို့ငှာ မယုံကြည်သူများထံ အမှန်မဟုတ်သည့်အရာ၊လိမ်ညာမှုကဲ့သို့သော အရာတစ်ခုအား ပြောဆိုသည်ကို သင် မြင်ကောင်းမြင်နိုင်သည်။ ထို့နောက် သင်က “ သူ့ကို သမ္မာတရား လိုက်စားသောသူတစ်ဦးဟု အရင်က ကျွန်ုပ် ထင်ခဲ့သည်။ သို့ဖြစ်၍ ထိုသို့သော အဓိကကျသည့်ကိစ္စနှင့်ပတ်သက်၍ သူသည် မည်သို့ဖြစ်ပြီး လိမ်ညာနိုင်မည်နည်း။ ဤအဓိကကျသည့်ကိစ္စနှင့်ပတ်သက်၍ လိမ်ညာနိုင်လျှင် သူသည် နတ်ဆိုးတစ်ကောင်လော။ သူ၏ သမ္မာတရားကို လိုက်စားခြင်းက အပြင်ပန်းဟန်ဆောင်မှုတစ်ခုလော”ဟု တွေးလျက် ဤကိစ္စရပ်နှင့်ပတ်သက်၍ သံသယဖြစ်လာသည်။ ဤသို့ နားလည်ခြင်းနည်းလမ်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းနေသနည်း။ ဤကိစ္စကို မည်သို့ မှန်ကန်စွာ ရှုမြင်သင့်သနည်း။ (၎င်းတို့သည် ထိုသူ၏ လုပ်ဆောင်ချက်များနောက်ကွယ်က ရည်ရွယ်ချက် သို့မဟုတ် စွမ်းဆောင်ရရှိခဲ့သည့် အကျိုးတရားကို ပိုင်းခြားသိမြင်ခြင်း မရှိခဲ့ပါ။ တစ်စုံတစ်ဦးက အမှန်မဟုတ်သည့်အရာတစ်ခုကို ပြောဆိုသော်လည်း အပြုသဘောဆောင်သော အကျိုးတရားတစ်ခုကို ရရှိရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ရန်နှင့် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် ထိုသို့လုပ်ဆောင်ပါက၊ဤသည်မှာ လိမ်ညာခြင်းမဟုတ်၊ ဉာဏ်ပညာတစ်မျိုး ဖြစ်သည်။ ၎င်းတို့သည် လိမ်ညာခြင်းနှင့် ဉာဏ်ပညာကို အသုံးပြုခြင်းတို့အကြား ခြားနားချက်ကို ပိုင်းခြားသိမြင်ခြင်း မရှိခဲ့ပါ။) သင်သည် လိမ်ညာခြင်း၏ သဘောသဘာဝကို ရှင်းလင်းစွာ မြင်ရမည်။ လိမ်ညာမှုတစ်ခုက မည်သည့်စည်းမျဉ်းကို အခြေခံပြီး မည်သည့်ရည်ရွယ်ချက်အား စွမ်းဆောင်ရရှိရန် ရည်မှန်းသည်ကို ကြည့်လော့။ တစ်စုံတစ်ဦးက အပြုသဘောဆောင်သော အကျိုးတရားတစ်ခုကို ရရှိရန်နှင့် စည်းမျဉ်းများကို ထိန်းသိမ်းရန် အမှန်မဟုတ်သည့်အရာတစ်ခုကို ပြောဆိုပါက ဤသည်မှာ လိမ်ညာခြင်းမဟုတ်၊ ဉာဏ်ပညာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် နေ့စဉ်ဘဝတွင် အကျင့်ပါစွာဖြင့် လိမ်ညာသောသူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကို လေ့လာစောင့်ကြည့်လော့။ ၎င်းတို့သည် အဖြစ်အပျက်တစ်ခုတည်းတွင်သာ လိမ်ညာခဲ့ပါက ၎င်းတို့က လိမ်ညာသူတစ်ဦးဖြစ်သည် သို့မဟုတ် အကျင့်ပါစွာဖြင့် လိမ်ညာသောသူဖြစ်သည်ဟု သင် ဆုံးဖြတ်၍မရနိုင်ပေ၊ မှန်သလော။ (မှန်ပါသည်။) အဓိကကျသော ကိစ္စတစ်ခုတွင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ရန် အမှန်မဟုတ်သည့်အရာတစ်ခုကို ပြောဆိုခဲ့ပြီး သင်က ၎င်းတို့အား အကျင့်ပါစွာဖြင့် လိမ်ညာသောသူတစ်ဦးအဖြစ် သတ်မှတ်ပါက ဤသည်မှာ လွဲချော်ခြင်း ဖြစ်သည်။ လူတို့ကို ဤနည်းလမ်းဖြင့် သတ်မှတ်ခြင်းနှင့် ရှုမြင်ခြင်းသည် စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ၎င်းတို့သည် အဖြစ်အပျက်တစ်ခုတွင် မိမိတို့၏ သိက္ခာနှင့် နာမည်ဂုဏ်သတင်းအား ကာကွယ်ရန် လိမ်ညာခဲ့သော်လည်း ကိစ္စအများစုတွင် ယေဘုယျအားဖြင့် မလိမ်ညာသည့်အပြင်၊ ၎င်းတို့ လိမ်ညာလျှင်ပင် နောက်ပိုင်းတွင် အမှန်ပြင်နိုင်ပါက ထိုသို့သောသူကိုလည်း အကျင့်ပါစွာဖြင့် လိမ်ညာသောသူအဖြစ် သတ်မှတ်၍မရပေ။ နတ်ဆိုးများမှ လူဝင်စားသောသူများသာလျှင် အကျင့်ပါစွာဖြင့် လိမ်ညာကြသည်။ အချို့လူများက “သင်က ၎င်းတို့က အကျင့်ပါစွာဖြင့် လိမ်ညာသည်ဟု ဆိုသော်လည်း တစ်ခါတစ်ရံတွင် ၎င်းတို့သည် အမှန်တရားကိုလည်း ပြောကြပါသည်။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ခုကို ဝယ်ခဲ့ပြီး တစ်စုံတစ်ဦးက ဈေးနှုန်းကို မေးသည့်အခါ အမှန်အတိုင်း ပြောခဲ့သည်၊ ထိုအကြောင်းကို ၎င်းတို့ မလိမ်ညာခဲ့ပေ။ သင်က ၎င်းတို့ အကျင့်ပါစွာဖြင့် လိမ်ညာသည်ဟု မည်သို့ ဆိုနိုင်ရသနည်း”ဟု ပြောကြသည်။ ကိုယ်ရေးကိုယ်တာ၊ အကျိုးစီးပွား၊ အဆင့်အတန်း၊ သို့မဟုတ် သိက္ခာတို့နှင့် မပတ်သက်သည့်အခါ ၎င်းတို့ လိမ်ညာရန် မလိုအပ်ပေ။ လိမ်ညာခြင်းသည် ၎င်းတို့အတွက်လည်း ပင်ပန်းစရာဖြစ်သည်။ သို့ဖြစ်၍ ဒုက္ခပြဿနာ သက်သာစေရန် ၎င်းတို့သည် သေးငယ်သောကိစ္စများတွင် မလိမ်ညာကြပေ။ သို့သော် ၎င်းတို့သည် အခါသမယတစ်ခုတွင် မလိမ်ညာသောကြောင့်သက်သက် သို့မဟုတ် သေးငယ်သောကိစ္စများတွင် မလိမ်ညာသောကြောင့်သက်သက် အကျင့်ပါစွာ၎င်းတို့ လိမ်ညာခြင်းမရှိဟု မဆိုလိုပေ။ ၎င်းတို့က အဓိကကျသော ဖြစ်ရပ်များကို ဖော်ပြလျက် သို့မဟုတ် ပြန်ပြောပြလျက်၊ အခြားသူများနှင့် ပြောဆိုဆက်သွယ်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ အဆင့်အတန်း၊ ရှေ့ရေး၊ သို့မဟုတ် တာဝန်များ ပါဝင်ပတ်သက်သည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်ရှုထောင့်များ ပါဝင်လာသည့်အခါတွင် ၎င်းတို့ လိမ်ညာခြင်း ရှိမရှိဟူသည်ကို စောင့်ကြည့်ရန်သာ လိုအပ်သည်။ ထိုသို့သောအခြေအနေတွင် ၎င်းတို့၏ စကားများ၌ မမှန်ကန်မှု မည်မျှပါဝင်သည်၊ မှန်ကန်မှု မည်မျှပါဝင်သည်ဟူသည်နှင့် အများယုံကြည်လက်ခံနိုင်မှု မည်မျှပါဝင်သည်ဟူသည်တို့ကို လေ့လာစောင့်ကြည့်လော့။ ၎င်းတို့၏ စကားများတွင် မမှန်ကန်မှုအလွန်များစွာပါဝင်လျှင်၊ လက်တွေ့အားဖြင့် အဖြူကိုအမည်းပြောင်းခြင်း၊ ဘာမျှမဟုတ်သည့်အရာမှ အမှုအရာများကို လုပ်ကြံပြောဆိုခြင်း၊ သူတပါးအပေါ် အပြစ်ပုံချခြင်းတို့ ဖြစ်နေလျှင်၊ ၎င်းတို့လုပ်ခဲ့သည့် မကောင်းသည့်အရာများကို အခြားသူများအပေါ် ပုံချပြီး အခြားသူများလုပ်ခဲ့သည့် ကောင်းသည့်အရာများအတွက် မိမိတို့ကိုယ်တိုင် အမှတ်ယူယူလျှင်၊ ၎င်းတို့သည် ကိစ္စတစ်ခုတွင် အမှားလုပ်ခဲ့ပြီး တာဝန်ယူသင့်သော်လည်း မိမိတို့တာဝန်ကို လုံးဝ ခေါင်းရှောင်ကာ အခြားသူများအပေါ် ပုံချလျက် တာဝန်လွတ်အောင် ပြောဆိုလျှင်၊ ၎င်းတို့သည် မိမိတို့၏အလုပ်ကို ကောင်းစွာမလုပ်ခဲ့လျှင်၊ သို့မဟုတ် အဖိုးအခမပေးခဲ့လျှင် သို့မဟုတ် မိမိတို့၏တာဝန်ကို မဖြည့်ဆည်းခဲ့လျှင်၊ သို့မဟုတ် အန္တရာယ်ကို ကြောက်သောကြောင့် မလုပ်ခဲ့သည့်အပြင် အမှန်တရားကို ဖုံးကွယ်ရန်နှင့် မိမိတို့ကိုယ်ကို တာဝန်မှ ကင်းလွတ်စေရန် အတော်အသင့် ကျိုးကြောင်းဆီလျော်သော ဆင်ခြေတစ်ခုကို ပေးလျက် လိမ်ညာလျှင်၊ —ဤအရာများသည် လိမ်ညာမှုများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများသည် လိမ်ညာမှုများချည်းသာ ဖြစ်သည်။ ဤသည်မှာ အကျင့်ပါသော လိမ်ညာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ကိစ္စရပ်များသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများ၊ တာဝန်များ၊ သိက္ခာ၊ အဆင့်အတန်း စသည်တို့နှင့် ပတ်သက်လာသည့်အခါတိုင်း ၎င်းတို့သည် ထိုအရာအားလုံးတွင် လိမ်ညာကြသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ဧည့်ခံသည့်မိသားစုအတွက် ယွမ်ခုနစ်ဆယ် တန်ဖိုးရှိသည့် ကုလားထိုင်တစ်လုံးကို ဝယ်ခဲ့သည်။ ပြန်ရောက်ပြီးနောက် အသုံးစရိတ်ကို တင်ပြသည့်အခါ ၎င်းတို့က “ဤခရီးမှာ အတော်ပင်ပန်းစရာဖြစ်သည်၊ ငါ အချည်းနှီး ပြေးလွှားလုပ်ဆောင်၍ မဖြစ်ပါ။ ယွမ်သုံးဆယ်တော့ တစ်နည်းနည်းဖြင့် ငါ ရအောင်လုပ်ရမည်။ ဤသုံးဆယ်မှာ လုပ်အားခ၊ ခိုင်းသည့်ကိစ္စကို ပြေးလုပ်ပေးရသည့်အတွက် ဖြစ်သည်”ဟု တွေးသည်။ သို့ဖြစ်၍ ၎င်းတို့က ကုလားထိုင်သည် ယွမ်တစ်ရာ ကုန်ကျသည်ဟု ပြောလေသည်။ မြင်သလော၊ ၎င်းတို့ လိမ်ညာခဲ့သည် မဟုတ်လော။ အဘယ်ကြောင့် ၎င်းတို့ လိမ်ညာခဲ့သနည်း။ (၎င်းတို့သည် အကျိုးအမြတ် အနည်းငယ် လိုချင်ခဲ့ပါသည်။) ၎င်းတို့သည် အမြတ်အနည်းငယ် ဖန်တီးချင်ခဲ့ကြသည်။ ၎င်းတို့က ညီအစ်ကိုမောင်နှမများနှင့်အတူ တာဝန်ထမ်းဆောင်နေပြီး လူနှစ်ဦး ကောင်းစွာ အဆင်ပြေနေသည်ကို မြင်သောအခါ ၎င်းတို့က “မည်သူမျှ ငါနှင့် မိတ်ဆွေမဖြစ်ပါ၊ လူတိုင်းက ငါ့ကို အထင်သေးသည်၊ မည်သူမျှ ငါနှင့် အဆင်မပြေပါ။ သင်တို့နှစ်ယောက်ကြားထဲသို့ ငါ အမှုအရာများကို လှုံ့ဆော်ပြီး သင်တို့၏ ဆက်ဆံရေးတွင် သဘောထားကွဲလွဲမှု ဖြစ်စေမည်”ဟု စဉ်းစားလေသည်။ သို့ဖြစ်၍ ၎င်းတို့က လူတစ်ဦးကို “သင်သည် မိမိကိုယ်ကို ကောင်းစွာ ပညာတတ်ဟု ထင်နေပြီး သင် အလွန်ပညာတတ်သည်ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ဆောင်းပါးများကို မရေးနိုင်ရသနည်းဟု မည်သူမည်ဝါက ပြောသည်”ဟု ပြောလေသည်။ ထို့နောက် ၎င်းက အခြားတစ်ဦးထံ သွားပြီး “သင်သည် အရပ်ရှည်သော်လည်း သင်၏ ကိုယ်လုံးကိုယ်ပေါက်က အချိုးမကျပါ။ သင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းက အချိုးမကျပါဟု မည်သူမည်ဝါက ပြောသည်”ဟု ပြောလေသည်။ ဤစကားအနည်းငယ်ဖြင့် ၎င်းသည် ထိုနှစ်ဦးကြားတွင် သဘောထားကွဲလွဲမှု ဖြစ်စေသည်။ ထိုနှစ်ဦး နောက်တစ်ကြိမ် တွေ့ဆုံသည့်အခါ ထိုသွေးခွဲသောစကားများကို အမှတ်ရလျက်၊တစ်ဦးကိုတစ်ဦး မနှစ်မြို့သော အကြည့်ဖြင့် ကြည့်ကာ အနေခက်ကြသည်။ သွေးထိုးသူက အဘယ်အကျိုးအမြတ်ကို ရရှိခဲ့သနည်း။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခဲ့ဟု ထင်ရသော်လည်း ထိုနှစ်ဦး အလှမ်းဝေးသွားပြီး ၎င်းတို့၏ ဆက်ဆံရေး ပျက်ပြားသွားသည်ကို မြင်ရခြင်းက ၎င်းတို့ကို စိတ်ထဲတွင် သက်သောင့်သက်သာဖြစ်စေပြီး မနာလိုမဖြစ်တော့ပေ။ ထို့နောက် ၎င်းတို့က အကျိုးကျေးဇူးတစ်ခု ရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤကိစ္စတွင်ပင် လိမ်ညာကြသည်။ တစ်စုံတစ်ဦးက “ဤသည်မှာ မိမိကိုယ်တိုင် အကျိုးမရှိဘဲ အခြားသူများကို ထိခိုက်စေခြင်း မဟုတ်လော။ ထိုနှစ်ဦး အချင်းချင်း စကားပြောကြလျှင် ၎င်းတို့ကြားတွင် သင် သွေးထိုးခဲ့ကြောင်းကို ၎င်းတို့ သိသွားမည် မဟုတ်လော။ သင်သည် မိမိကိုယ်တိုင်အပေါ် ဘေးဒုက္ခ ဖြစ်စေပြီးဖြစ်မည် မဟုတ်လော”ဟု ပြောကောင်းပြောနိုင်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ၎င်းတို့ ဂရုစိုက်သလော။ ၎င်းတို့ ဂရုမစိုက်ပေ။ ထိုနှစ်ဦး ကွဲကွာသွားသရွေ့ ၎င်းတို့သည် မနာလိုမဖြစ်တော့သည့်အပြင်၊ အကျိုးကျေးဇူးတစ်ခု ရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ နတ်ဆိုးများ လုပ်ဆောင်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ နတ်ဆိုးများ ပြုမူဆောင်ရွက်ပုံပင် ဖြစ်သည်။

နတ်ဆိုးများမှ လူဝင်စားသူများသည် အသေးအဖွဲ၊ အရေးမပါသော ကိစ္စရပ်များအကြောင်းကို အမှန်အတိုင်း ပြောကောင်းပြောနိုင်သော်လည်း ဤသည်မှာ ၎င်းတို့၌ လိမ်ညာတတ်သော သဘာဝမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ သိသာထင်ရှားသည့်ဖြစ်စေ၊ သတိမထားမိသည်ဖြစ်စေ ကိစ္စရပ်အားလုံးတွင် ၎င်းတို့၏ ပုံရိပ်နှင့် သက်ဆိုင်သည်ဟု ၎င်းတို့ ယုံကြည်နေသရွေ့၊ ၎င်းတို့ သက်သောင့်သက်သာမခံစားရသရွေ့၊ သို့မဟုတ် ၎င်းတို့က အကျိုးအမြတ်တစ်ခုခု ရရှိရန် သို့မဟုတ် ရည်မှန်းချက်တစ်ခုခုကို စွမ်းဆောင်ရရှိရန် အလိုရှိနေသရွေ့၊ ၎င်းတို့၌ ရည်ရွယ်ချက်တစ်ခုရှိပြီး ပြုမူဆောင်ရွ့က်လိုနေသရွေ့ ၎င်းတို့၏ လုပ်နည်းကိုင်နည်းက ယင်းကို ပြီးမြောက်အောင်မြင်ရန် လိမ်ညာမှုများကို အသုံးပြုခြင်း မုချဖြစ်လိမ့်မည်။ ဤသည်မှာ အကျင့်ဖြစ်နေသော လိမ်ညာခြင်း ဖြစ်သည်။ အစားအသောက်၊ အဝတ်အစား သို့မဟုတ် အမိုးအကာ ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ လိမ်ကောင်းလိမ်ညာမည် မဟုတ်။ သာမန်အားဖြင့် ၎င်းတို့သည် အသေးအဖွဲကိစ္စများအတွက် လိမ်ညာရန် စိတ်ပိုင်းဆိုင်ရာ အားအင်ကို သုံးဖို့ ဒုက္ခခံမည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့၏ အမြင်တွင် အချို့လူများသည် ၎င်းတို့နှင့် အဆင့်မတူ သို့မဟုတ် တစ်ဆင့်တည်း မဟုတ်ကြပေ။ ထိုသူတို့ကို အသိအမှတ်ပြုရန်ပင် ၎င်းတို့ ဂရုမစိုက်ကြသည့်အပြင် ထိုသူတို့ကို ကစားခြင်း သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်ခြင်းမှ မည်သည့်ပြီးမြောက်အောင်မြင်သည့် ခံစားချက်ကိုမျှ မရရှိကြသောကြောင့် ထိုသူတို့ကို မည်သည့်နည်းဖြင့်မျှ ဆန့်ကျင်လုပ်ဆောင်ရန် ဂရုမစိုက်ကြပေ။ ၎င်းတို့သည် တစ်စုံတစ်ဦးကို ဆန့်ကျင်လုပ်ဆောင်မည်ဆိုလျှင် ထိုသူသည် ၎င်းတို့၏ အဆင့်တွင် ရှိသည်ဟု ၎င်းတို့ ယူဆသူတစ်ဦး ဖြစ်ရမည်၊ ၎င်းတို့နှင့်အတူ လိုက်လှည့်စားနိုင်သူနှင့် ၎င်းတို့၏ ပြိုင်ဘက် ဖြစ်ရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ၎င်းတို့သည် ထိုလူကို အသိအမှတ်ပြုကြလိမ့်မည်။ ဤသည်မှာ နတ်ဆိုးများ၏ နောက်ထပ် ထူးခြားသော လက္ခဏာတစ်ခု ဖြစ်သည်။ သင်သည် သာမန်လူတစ်ဦးဖြစ်လျှင်၊ ၎င်းတို့က သင်သည် အသိဉာဏ်ကင်းမဲ့သူဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့နှင့်အတူ တန်းတူလုပ်နိုင်စွမ်းမရှိ သို့မဟုတ် တန်းတူလုပ်ဆောင်ရန် မထိုက်တန်ဟုလည်းကောင်း တွေးထင်ကြပြီး ဤသည်မှာ စိတ်ဝင်စားစရာမကောင်းဟု ၎င်းတို့က မြင်သောကြောင့် သင့်ကို လျစ်လျူရှုကြသည်။ နတ်ဆိုးများသည် ၎င်းတို့ ကစားမည့်သူနှင့်ပတ်သက်၍ စိစိစစ်စစ်ရှိကြသည်။ ၎င်းတို့သည် သင်နှင့်အတူ နေထိုင်သည့်အခါ ၎င်းတို့ လိမ်ညာသည်ကို မည်သည့်အခါမျှ သင် မြင်ကောင်းမြင်ရမည် မဟုတ် သို့မဟုတ် အမှုအရာတစ်ခုတလေနှင့်ပတ်သက်၍ ၎င်းတို့ တမင်တကာ လိမ်ညာသည်ကို မည်သည့်အခါမျှ သတိပြုမိကောင်းသတိပြုမိမည် မဟုတ်သော်လည်း၊ ၎င်းတို့သည် နတ်ဆိုးများဖြစ်နေသရွေ့ မုချ လိမ်ညာကြလိမ့်မည်၊ ဤသည်မှာ နတ်ဆိုးများ၏ ပင်ကိုသဘာဝ ဖြစ်သည်။ ၎င်းတို့သည် သင့်ကို မလိမ်ညာပါက သင့်ကို မထိုက်တန်ဟု ၎င်းတို့က မြင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့က “ဟမ့်။ ကျွန်ုပ်သည် သင့်ကို လိမ်ညာရန်ပင် ဒုက္ခခံမည် မဟုတ်၊ သို့တိုင် သင်ကို ကျွန်ုပ် လှည့်စားမည်ကို သင် ကြောက်နေသေးသည်။ သင်က အဘယ်သူနည်း။ သင့်ကိုယ်သင် တစ်စုံတစ်ဦးဟု ထင်သလော” ဟု တွေးကြသည်။ ၎င်းတို့သည် သင့်ကို လုံးဝ အလေးမထားကြပေ၊ သင့်ကို လိမ်ညာရန် မဆိုထားနှင့်၊ သင့်ကို စကားပြောရန်ပင် ဒုက္ခမခံနိုင်ကြပေ။ ယင်းမှာ သင်က နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦးကို တစ်စုံတစ်ဦးနှင့် ၎င်း၏ ဆက်ဆံရေးအကြောင်း မေးမြန်းသည့်အခါ ၎င်းက “ကျွန်ုပ်သည် သူတို့၏ အဆင့်အတန်းထဲတွင် မပါဝင်ပါ။ သူတို့သည် ကျွန်ုပ်ထက် အစွမ်းအစ ပိုကောင်းသည်၊ သူတို့က ဉာဏ်ကောင်းသည်။ ကျွန်ုပ်က နိမ့်ကျသောလူတစ်ဦးဖြစ်သည်၊ သူတို့လောက် မမြင့်မြတ်ပါ။ သူတို့က ကျွန်ုပ်နှင့် ပါဝင်ပတ်သက်လိုခြင်း မရှိပါ”ဟု ပြောဆိုသကဲ့သို့ ဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်သောသူများပင် ဤသို့ ခံစားရသည်။ ယခု နတ်ဆိုးများက မည်သူ့ကို လှည့်စားချင်သည်၊ မည်သူ့ကို ယှဉ်ပြိုင်လိုသည်၊ မည်သူ့ကို အထင်အမြင်မှားစေလိုသည်၊ အမြတ်ထုတ်လိုပြီး ကြိုးကိုင်ခြယ်လှယ်လိုသည်ဟူသည်တို့ကို ကြည့်ကြစို့။ ၎င်းတို့၌လည်း စံနှုန်းများနှင့် အတိုင်းအတာတစ်ခုခု ရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် လူတစ်စုကို ရွေးချယ်သည့်အခါ ထိုလူများသည် ၎င်းတို့ကဲ့သို့ပင် စိတ်လှည့်စားမှုများကို လုပ်ဆောင်ပြီး လှည့်ကွက်များလုပ်တတ်သူများ ဖြစ်ရမည်။ ထိုသို့သော လူများနှင့် ဆက်ဆံသည့်အခါမှသာလျှင် ၎င်းတို့သည် ပျော်ရွှင်ပြီး ပျော်စရာကောင်းသည်ဟု မြင်ကာ ထိုအခါမှသာလျှင် ၎င်းတို့၏ လှည့်စားမှုများမှ အောင်မြင်မှုရသည့် ခံစားချက်တစ်ခုခုကို ရရှိနိုင်ကြသည်။ ထို့ကြောင့်၊ နတ်ဆိုးများမှ ဝင်စားသူများနှင့် ပတ်သက်လာသည့်အခါ၊ လူတစ်ဦးသည် ၎င်းတို့၏ အကျင့်ဖြစ်နေသော လိမ်ညာခြင်းနှင့်ဆိုင်သည့် ထူးခြားသော လက္ခဏာနှင့် အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ရမည်။ ၎င်းတို့က သင့်ကို မလိမ်ညာသေးခြင်းက ၎င်းတို့ လိမ်ညာခြင်းမရှိဟု မဆိုလိုသည့်အပြင်၊ ၎င်းတို့၌ လိမ်ညာတတ်သော သဘာဝမရှိဟုလည်း မဆိုလိုပေ။ ၎င်းတို့သည် သင်နှင့် နီးကပ်စွာ မပေါင်းသင်းဆက်ဆံခြင်း မရှိသေးသည့်အပြင်၊ သင့်ကို အသိအမှတ်ပင် မပြုဘဲ သင်သည် သာမန်ယုံကြည်သူတစ်ဦးဖြစ်သည်၊ အဆင့်မြင့် ပညာတတ်တစ်ဦးမဟုတ်၊ အိမ်ရှင်မ သို့မဟုတ် လယ်သမားတစ်ဦးမျှသာဖြစ်သည်ဟု တွေးထင်နေပြီး၎င်းတို့က သင့်ကို အလေးထားမှု တစ်ခုတလေမရှိလျှင် သင့်ကို လိမ်ညာခြင်းသည် မိမိတို့ကိုယ်ကို နှိမ့်ကျစေရာရောက်မည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဦးနှောက်ဆဲလ်များကို ဖြုန်းတီးရာရောက်မည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြလိမ့်မည်ဖြစ်ပြီး သင့်ကို လိမ်ညာရန် ဒုက္ခပင်ခံမည် မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် ဤလူအမျိုးအစားကို မည်သို့ဖြစ်ပြီး ထွင်းဖောက်မြင်နိုင်သနည်း။ ၎င်းတို့သည် အကျင့်ပါစွာဖြင့် လိမ်ညာသော နတ်ဆိုးများဖြစ်သောကြောင့် ၎င်းတို့၏ သဘာဝသည် ဤအခြေအနေတွင် ထုတ်ဖော်ခြင်းမခံရလျှင်ပင် အခြားသော သင့်တော်သည့် အခြေအနေများတွင် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ ၎င်းတို့က သင့်ကို မလိမ်ညာသေးသောကြောင့်သက်သက် ၎င်းတို့ လိမ်ညာမည်မဟုတ်ဟု မဆိုလိုပေ။ ၎င်းတို့၌ နတ်ဆိုးတစ်ကောင်၏ အနှစ်သာရ ရှိနေသရွေ့ ၎င်းတို့၏ လိမ်ညာတတ်သော သဘာဝက မုချ ဖော်ထုတ်ခြင်းခံရလိမ့်မည်။ ယင်းသည် ဖုံးကွယ်ထား၍မရနိုင်ပေ။ ၎င်းတို့သည် ယင်းကို ကောင်းစွာ ဖုံးကွယ်သည်ဖြစ်စေ၊ မဖုံးကွယ်သည်ဖြစ်စေ၊ ယင်းက မည်မျှဖော်ထုတ်ခြင်းခံရသည်ဖြစ်စေ ၎င်းတို့၌ လိမ်ညာတတ်သော သဘာဝရှိပြီး ၎င်းတို့ မကြာခဏ လိမ်ညာနေသရွေ့ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ လုံးဝ လူသားများ မဟုတ်ကြပေ။ စစ်မှန်သော လူသားများသည် မကြာခဏ မလိမ်ညာကြပေ။ ဆိုလိုသည်မှာ လူသားများမှ ဝင်စားသူများသည် မကြာခဏ မလိမ်ညာကြပေ။ ၎င်းတို့ မကြာခဏ လိမ်ညာခြင်းမရှိဟု အဘယ်ကြောင့် ငါပြောရသနည်း။ အကြောင်းမှာ ၎င်းတို့ လိမ်ညာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အသိစိက်က ၎င်းတို့ကို အပြစ်တင်ပြီး စွပ်စွဲသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အကျိုးဆက်များ ဖြစ်ပေါ်စေသည့် ကြီးမားသော လိမ်ညာမှုတစ်ခုကို ပြောဆိုမိပါက ၎င်းတို့သည် တစ်သက်လုံး မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာမိလိမ့်မည်။ ၎င်းတို့သည် စိတ်ထဲတွင် လိမ်ညာခြင်းအပေါ် ရွံရှာစပြုလာလိမ့်မည်ဖြစ်ပြီး မလိုအပ်သော အရာများနှင့်ပတ်သက်၍ လိမ်ညာမည် မဟုတ်ပေ။ ထိုသို့ဖြင့် ၎င်းတို့သည် ပိုလျော့သည်ထက် လျော့၍ လိမ်ညာကြလိမ့်မည်။ ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို အပြစ်တင်သောကြောင့် ၎င်းတို့သည် အလားတူ အမှားများကို ပိုမိုနည်းပါးစွာ ကျူးလွန်ရန် မိမိတို့ကိုယ်ကို ချုပ်ထိန်းကြလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် ထိုအမှားများကို လုံးဝမကျူးလွန်သည့် အဆင့်သို့ ရောက်ရှိသွားကြလိမ့်မည်။ ဤသည်မှာ လူသားများ စွမ်းဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ သို့သော် နတ်ဆိုးများသည် ဤအရာကို မစွမ်းဆောင်နိုင်ပေ။ ၎င်းတို့ လိမ်ညာပြီးနောက် မည်သည့် ပြစ်တင်မှုကိုမျှ မခံစားရသောကြောင့် ၎င်းတို့ လိမ်ညာလိုသည့်အခါ ချုပ်ထိန်းမှု တစ်ခုတလေမျှ မရှိပေ။ မည်သည့်အရာကမျှ ၎င်းတို့ကို မချုပ်ထိန်းနိုင်ပေ။ မည်သည့်ပတ်ဝန်းကျင်ကမျှ ၎င်းတို့ကို မချုပ်ထိန်းနိုင်သည့်အပြင်၊ အဆင့် သို့မဟုတ် အဆင့်အတန်းရှိသော မည်သည့်လူကမျှလည်း မချုပ်ထိန်းနိုင်ပေ။ ပြီးလျှင် သမ္မာတရားသည်လည်း ၎င်းတို့အပေါ် ချုပ်ထိန်းနိုင်သော စွမ်းအား မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့ကို ဖော်ထုတ်သည့် အခြားသူများကပင်လျှင် ၎င်းတို့ကို တကယ် မချုပ်ထိန်းနိုင်ကြပေ။ ၎င်းတို့အတွက် စာရွက်ပေါ်တွင် ရေးထားသော စာသားမျှသာ၊ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများမျှသာဖြစ်သည့် သမ္မာတရားက ၎င်းတို့ကို လုံးဝ မချုပ်တည်းနိုင်သည်မှာ ပြောစရာမလိုပေ။ ချုပ်ထိန်းမှုများမရှိဘဲ ၎င်းတို့ လိမ်ညာခြင်းသည် ၎င်းတို့၏ ပင်ကိုသဘာဝအတိုင်း ထုတ်ဖော်ခြင်း ဖြစ်သည်။ အချိန်မရွေး၊ နေရာမရွေး ၎င်းတို့သည် လိုအပ်သည့်အတိုင်း အမျိုးမျိုးသော မတူညီသည့် အလိမ်အညာများကို ပြောဆိုနိုင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ ဖြစ်သည်။ ယင်းသည် မည်သည့်အချိန်မဆို ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ၎င်းတို့၏ သဘာဝကို မည်သို့ ထွင်းဖောက်မြင်နိုင်မည်နည်း။ ၎င်းတို့ အနီးဝန်းကျင်ရှိသူများက ၎င်းတို့အား မည်သို့ အကဲဖြတ်ဆန်းစစ်သည်ကို ကြည့်လော့။ ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သူများက “ထိုလူသည် အကျင့်ပါစွာဖြင့် လိမ်ညာသည်။ သူ၏ ပါးစပ်မှ ထွက်သမျှတိုင်းသည် လိမ်ညာမှုဖြစ်သည်၊ သူသည် မျက်နှာရဲခြင်းမရှိ၊ စိတ်လှုပ်ရှားခြင်းမရှိဘဲ လိမ်ညာပြီး မည်သည့်အရာကိုမဆိုနှင့်ပတ်သက်၍ လိမ်ညာနိုင်သည်။ သူပြောသည့် စကားတစ်ခွန်းကို မည်သူမျှ မယုံဝံ့ပါ” ဟု ပြောဆိုပါက ၎င်းတို့သည် လူသားများမဟုတ်ဘဲ နတ်ဆိုးများဖြစ်ကြောင်း သတ်မှတ်၍ရနိုင်ပေသည်။ ယခု ငါ အလွန်များစွာ ပြောပြီးဖြစ်သဖြင့်၊ သင်တို့သည် နတ်ဆိုးများမှ လူဝင်စားသူများ၌ရှိသော အကျင့်ဖြစ်နေသည့် လိမ်ညာခြင်းဟူသည့် ဤထူးခြားသော လက္ခဏာကို ထွင်းဖောက်မြင်နိုင်ပြီး ၎င်းတို့၌ ရှိနေခြင်းကို အတည်ပြုနိုင်ပြီလော။ အချိန်တိုင်းတွင် “အကျင့်ပါစွာဖြင့် လိမ်ညာသောသူများသည် နတ်ဆိုးများနှင့် ညီမျှသည်”ဟူသည့် ဤစည်းမျဉ်း၊ ဤကောက်ချက်သည် မပြောင်းမလဲရှိနေသည်။ နားလည်ပြီလော။ (နားလည်ပါသည်။)

နတ်ဆိုးများမှ လူဝင်စားသူများ၏ ပထမဆုံး ထူးခြားသော လက္ခဏာဖြစ်သည့် အကျင့်ဖြစ်နေသော လိမ်ညာခြင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးပြီလော။ (ရှင်းလင်းပါသည်။) ဤအကြောင်းအရာသည် လက်ခံရန်နှင့် နားလည်ရန် လွယ်ကူသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် ဤလူအမျိုးအစားကို သင်၏ နေ့စဉ်အသက်တာတွင် မကြာခဏ မြင်တွေ့ရသောကြောင့် ဖြစ်သည်၊ ၎င်းတို့၏ လိမ်ညာခြင်း သရုပ်သကန်များကို ဖောက်ပြန်ပျက်စီးခြင်း၏ ပုံမှန်ထုတ်ဖော်မှုများအဖြစ် ယခင်က သင် မှတ်ယူခဲ့ခြင်းသာ ဖြစ်သည်။ ယခုတွင်၊ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ၎င်းတို့၏ လိမ်ညာတတ်သော သဘာဝနှင့် လိမ်ညာခြင်း၏ သရုပ်သကန်များသည် အဘယ်ကြောင့် လုံးဝ မပြောင်းလဲသည်ကို သင်သိရှိရပြီး ဖြစ်သည်။ လက်စသတ်တော့၊ ဤအရာကို ၎င်းတို့၏ ဂုဏ်အင်္ဂါက ဆုံးဖြတ်သတ်မှတ်ခြင်းဖြစ်သောကြောင့်၊ ဤလူစားမျိုးသည် မပြောင်းလဲနိုင်ပေ။ အနာဂတ်တွင် ထိုသို့သော လူများနှင့် ကြုံတွေ့ရသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ထိုသို့သော လူများကို မိတ်သဟာယဖွဲ့ရန် သို့မဟုတ် ကူညီရန် မလိုအပ်ပါ။ သူတို့သည် ကြီးကြပ်ရေးမှူးများဖြစ်ပါက ဖြုတ်ချခြင်းခံရရမည်။ ဒုစရိုက်အမှုများ၏ သရုပ်သကန်အချို့ကို သူတို့ ပြသပြီးဖြစ်ကာ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်စပြုနေပြီဆိုလျှင် လိုအပ်သည့်အတိုင်း သူတို့ကို ရှင်းလင်းဖယ်ရှားသင့်ပြီး အသင်းတော်၌ နောက်တစ်နေ့ နေခွင့်မပြုသင့်ပါ။) နတ်ဆိုးများသည် အကျင့်စွာဖြင့် လိမ်ညာကြသည်။ ၎င်းတို့ မပြောင်းလဲနိုင်သည်မှာ သေချာသည်။ သို့သော် အချို့သော နယ်ပယ်များတွင် ဆုကျေးဇူးအချို့ သို့မဟုတ် အစွမ်းအစအချို့ရှိသည့် နတ်ဆိုးတစ်မျိုး ရှိသည်။ ၎င်းတို့သည် အစေခံမှုပေးရန် လိုလားလျက်ရှိပါက၊ အစေခံမှုအတွက် ၎င်းတို့ကို အသုံးပြု၍ရသည်။ ဘုရားသခင်သည် သူ၏အလုပ်တွင် အစေခံမှုပေးရန် အရာခပ်သိမ်းကို အသုံးပြုသည်။ အဆင်းနီသော နဂါးကြီးသည် ထိုသို့သော အစေခံသည့်အရာနှင့် အဖြည့်ခံတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်၌ အလုပ်လုပ်ရန် လူတစ်ဦး၌ ဉာဏ်ပညာရှိရမည်။ ဤသည်မှာလည်း စည်းမျဉ်းတစ်ခု ဖြစ်သည်။ နတ်ဆိုးများမှ ဝင်စားသူများသည် အစေခံမှုပေးရန် လိုလားပါက သို့မဟုတ် သင့်တော်ပါက ၎င်းတို့ကို အစေခံမှုအတွက် အသုံးပြုလော့။ ၎င်းတို့သည် အစေခံမှုပင် မပေးနိုင်လျှင် သို့မဟုတ် ၎င်းတို့၏ အစေခံမှုသည် အကျိုးထက် အပြစ်ကများပြီး ပျက်စီးမှု အလွန်များစွာ ဖြစ်စေသည့်အပြင် ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးပြုခြင်းမှ အပြုသဘောဆောင်သော အကျိုးတရားတစ်ခုမျှ မရရှိဘဲ၊ ထိုအစား ၎င်းတို့အတွက် စိုးရိမ်ပူပန်ရလျှင် ၎င်းတို့သည် အစေခံမှုပေးခြင်းအတွက် မသင့်တော်ပေ။ ထို့ကြောင့် အစေခံမှုပေးခြင်းအတွက် ၎င်းတို့၏ အရည်အချင်း ပြည့်မီခြင်းကို ပြန်ရုပ်သိမ်းသင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်တော်သလော။ (သင့်တော်ပါသည်။ ဤသို့ပြုလုပ်ခြင်းသည် စည်းမျဉ်းကျပါသည်။) ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံရမည်။ ပိုင်းခြားသိမြင်ခြင်းသည် တစ်ပိုင်းဖြစ်သည်။ သို့သော် ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ဟူသည်နှင့် ပတ်သက်လာသည့်အခါ သင်၌ ဉာဏ်ပညာနှင့် စည်းမျဉ်းများ ရှိရမည်ဖြစ်ပြီး လက်တွေ့အခြေအနေကို အခြေခံ၍ ထိုသို့လုပ်ဆောင်ရမည်ဖြစ်သည်။ ဤကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ သင် ပိုင်းခြားသိမြင်မှု ရရှိရန်၊ အမျိုးမျိုးသော လူအမျိုးအစားများ၏ အနှစ်သာရများက အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ သိရှိရန်နှင့် လူတစ်ဦး၏ အနှစ်သာရမှတစ်ဆင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဟူသည်နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကို ဆုံးဖြတ်ရန်အတွက် ဖြစ်သည်။ သို့သော် ယင်းမှာ သင်သည် နတ်ဆိုးများအဖြစ် သတ်မှတ်ခံရသူအားလုံးကို ရှင်းလင်းဖယ်ရှားခြင်းဖြင့် ကိုင်တွယ်လျက် တစ်ပြေးညီ ချဉ်းကပ်မှုကို ကျင့်သုံးရန်အတွက် မဟုတ်ပေ။ ထို့ထက် ယင်းမှာ သင့်အား စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ အလုပ် လိုအပ်ချက်များအတိုင်း နတ်ဆိုးများကို အစေခံမှုအတွက် ထိရောက်စွာ အသုံးပြုစေရန် ဖြစ်သည်။ အချို့နတ်ဆိုးများက “ကျွန်ုပ် နတ်ဆိုးတစ်ကောင်ဖြစ်သည်ကို မြင်သည့်အခါ၊ သင်တို့က ကျွန်ုပ်ကို အစေခံမှုအတွက် အသုံးပြုချင်သည်။ ကယ်တင်ခြင်းကို ကျွန်ုပ် မရရှိနိုင်ပါက အစေခံမှု ပေးမည်မဟုတ်”ဟု ပြောသည်ဆိုပါစို့။ ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ( အစေခံရန် သူတို့ မလိုလားလျှင်၊ သွားခွင့်ပြုလိုက်ပါ။) အစေခံမှုပေးရန်ပင် သူတို့ လိုလားခြင်းမရှိလျှင်၊ ၎င်းတို့ကို အမြန်ထွက်သွားခွင့်ပေးလော့အချို့နတ်ဆိုးများက “သင်တို့က ကျွန်ုပ်ကို အစေခံမှုအတွက် အသုံးပြုလိုသလော။ မဖြစ်နိုင်ပါ။ ကျွန်ုပ်သည် သင်တို့အတွက် အစေခံမှု ပေးမည်မဟုတ်။ ကျွန်ုပ်သည် မကောင်းသည့်အရာ မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်၊ ဘုရားအိမ်တော်၌ ကျွန်ုပ် ဤအတိုင်းသာ တော်စွလျော်စွ ကြုံရာကျပန်းနေမည်။ အလုပ်လုပ်ရမည့်အချိန်တွင် ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ လုပ်မည်၊ ဟန်ဆောင်လုပ်ပြရုံ လုပ်မည်။ သင့်အတွက် တာဝန်သိစိတ်ဖြင့် လုပ်မည်မဟုတ်”ဟု ပြောကြသည်။ ထိုသို့သော လူများကို တွေ့ရှိသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (၎င်းတို့ကို ရှင်းလင်းဖယ်ရှားသင့်ပါသည်။) နတ်ဆိုးတစ်ကောင်ကို ရှင်းလင်းစွာ ခွဲခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အမြန်သာ ရှင်းလင်းဖယ်ရှားလိုက်လော့။ သနားညှာတာမှုမပြနှင့်။ အချို့နတ်ဆိုးများသည် ကောင်းစွာပြုမူကြပြီး ၎င်းတို့ အကျင့်ပါစွာဖြင့် လိမ်ညာကြကာ နတ်ဆိုးများဖြစ်ကြောင်း၊ ၎င်းတို့၏ သဘာဝက ပြဋ္ဌာန်းသောကြောင့် ၎င်းတို့သည် ရိုးသားသူများ မဖြစ်နိုင်သည့်အပြင် ကယ်တင်ခြင်းကို မရရှိနိုင်ကြောင်း သိရှိကြသော်လည်း နှစ်ပေါင်းများစွာ သမ္မာတရားကို နားထောင်ပြီးနောက်တွင် ၎င်းတို့သည်လည်း ဘုရားသခင်နောက်လိုက်လိုပြီး နောက်ဆုံးတွင် ကောင်းချီးမင်္ဂလာများ ရရှိလိုကြကာ ဘုရားအိမ်တော်က ၎င်းတို့အား လုပ်ဆောင်ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလျှင်၊ ထိုသို့သော လူများသည် နှောင့်ယှက်မှုများ မဖြစ်စေသည့်အပြင်၊ ၎င်းတို့အတွက် သင့်တော်သော အလုပ်ရှိပါက ၎င်းတို့ကို အစေခံမှုပေးရန် အခွင့်အရေး ပေး၍ရသည်။ ဖန်ဆင်းရှင်က ပေးသော တာဝန်နှင့်ပတ်သက်လာသည့်အခါ ဖန်ဆင်းခံအားလုံးသည် ၎င်းတို့က မည်သည့် ဂုဏ်အင်္ဂါ အမျိုးအစားနှင့် သက်ဆိုင်သည်ဖြစ်စေ ယင်းကို မိမိတို့၏ ကိုယ်ပိုင်တာဝန်အဖြစ် သဘောထားသင့်သည်။ ဤသည်မှာ ခေါင်းရှောင်၍မရသော အရာဖြစ်သည်။ တစ်စုံတစ်ဦးသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်လျှင်ပင် ၎င်းတို့သည် ဘုရားသခင်အတွက် လိုလားစွာ အစေခံမှုပေးပါက၊ ဘုရားသခင်သည် ၎င်းတို့ကို မမျှမတ ဆက်ဆံလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံအားလုံးအပေါ် ဘုရားသခင်၏ ဆက်ဆံခြင်းအတွက် သူ၏ စည်းမျဉ်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ယူဆပြီး သင်၏ ဂုဏ်အင်္ဂါ မည်သို့ပင်ဖြစ်စေ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ရန် လိုလားနေလျှင်၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် အရှုံးပေးအပ်နှံရန် လိုလားလျက်ရှိကာ၊ ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဖြည့်ဆည်းလျှင်၊ အဆုံးတွင် သင့်အတွက် ကောင်းသော ရလဒ် သို့မဟုတ် ပန်းတိုင်ရှိမည် မဟုတ်လျှင်ပင် အစေခံမှုပေးရန် လိုလားနေလျှင်၊ ဤသည်မှာလည်း ခွင့်ပြု၍ရနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်သည် ဤအရာကို မငြင်းပယ်ပေ။ ဘုရားသခင်သည် လူတို့အား အစေခံမှုပေးရန် အခွင့်အရေး ပေးသည်။ ယင်းမှာ လူတို့က ဤကိစ္စအား မည်သို့ချဉ်းကပ်သည်ဟူသည့်အပေါ်တွင်သာ မူတည်သည်။ အချို့လူများက “ကျွန်ုပ်၏ ပင်ကို ဂုဏ်အင်္ဂါသည် မကောင်းသည့်အခါ မည်သည့်တာဝန်ကို ကျွန်ုပ်လုပ်ဆောင်သည်ဖြစ်စေ ကယ်တင်ခြင်းကို ရရှိရန် မျှော်လင့်ချက်မရှိသည့်အတွက်၊ ကျွန်ုပ်သည် တာဝန်တစ်ခုကို ထမ်းဆောင်တော့မည်မဟုတ်၊ အစေခံမှုကို ပေးတော့မည်မဟုတ်ပါ။ သင်တို့က ကျွန်ုပ်ကို အစေခံမှုအတွက် အသုံးပြုလိုပြီး နောက်ဆုံးတွင် သင်တို့သည် ကောင်းချီးမင်္ဂလာများ ရရှိကာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရလိမ့်မည်ဖြစ်သော်လည်း၊ ကျွန်ုပ်အတွက် ဝေစုရှိလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်သည် နောက်ထပ် ယုံကြည်တော့မည်မဟုတ်ပါ”ဟု ပြောကြသည်။ ယင်းမှာ အကောင်းဆုံးပင်ဖြစ်သည်။ နတ်ဆိုးများ ထွက်သွားလိုပါက ၎င်းတို့ကို သွားခွင့်ပြုလော့။ ၎င်းတို့ ထွက်မသွားပါက ၎င်းတို့ကို ရှင်းလင်းဖယ်ရှားခြင်းသည် စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်။ အချို့နတ်ဆိုးများက “ကျွန်ုပ်သည် အကျင့်ပါစွာဖြင့် လိမ်ညာသည်၊ လူတိုင်းကို လိမ်ညာသည်၊ ဘုရားသခင်ကိုပင် လိမ်ညာသည်ကို ကျွန်ုပ် မငြင်းနိုင်ပါ။ သို့သော် ဘုရားအိမ်တော်က ကျွန်ုပ်ကို အစေခံမှုပေးစေသည်ဖြစ်စေ၊ အဖြည့်ခံအဖြစ် ဆောင်ရွက်စေသည်ဖြစ်စေ၊ ကျွန်ုပ် မည်သို့ပင် ဆက်ဆံခံရသည်ဖြစ်စေ၊ လူသားတစ်ဦးအဖြစ်ပင် ဆက်ဆံခြင်းမခံရလျှင် ကျွန်ုပ်၌ မည်သည့်မကျေနပ်ချက်မျှ မရှိပါ။ ကျွန်ုပ် နတ်ဆိုးဖြစ်နေသည့်အချက်က မတတ်နိုင်ပါ၊ ဟုတ်သလော။ ကျွန်ုပ်ကို ပေးရန်စေခိုင်းသည့် မည်သည့်အစေခံမှုကိုမဆို၊ အားထုတ်ရန် စေခိုင်းခြင်းခံရသည့် မည်သည့်အားထုတ်မှုကိုမဆို ကျွန်ုပ် လုပ်ဆောင်ရန် လိုလားလျက်ရှိပါသည် ယင်းကို ဆန္ဒရှိရှိ”ဟု ပြောကြသည်။ ထိုသို့သော လူများကို လက်ခံသင့်သလော။ (လက်ခံသင့်ပါသည်။) စည်းမျဉ်းတွင်၊ ၎င်းတို့ကိုလည်း လက်ခံ၍ရနိုင်သည်။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် အရိပ်အမြွက်တစ်ခု ရှိနေသရွေ့ ၎င်းတို့ကို လက်ခံသင့်သည်။ ၎င်းတို့က နတ်ဆိုးများဖြစ်ကြောင်း ၎င်းတို့ ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ ၎င်းတို့၌ အနည်းဆုံး မိမိကိုယ်ကို သိသည့်အသိ တစ်ခုခုရှိသည်၊ အစေခံမှုပေးရန် လိုလားနေကြပြီး ကျိုးနွံနာခံမှု အနည်းငယ်ရှိသည်။ ယင်းမှာ လက်ခံခြင်းအတွက် သတ်မှတ်ချက်များကို ပြည့်မီရန် လုံလောက်ပေသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စံမီသည့်နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍မူ ယင်းကို ကြည့်ရဦးမည် ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) တိုတိုပြောရလျှင်၊ တစ်စုံတစ်ဦးသည် မည်သည့် လူစားမျိုးဖြစ်သည်ဖြစ်စေ၊ ၎င်း၏ ဂုဏ်အင်္ဂါကို ပိုင်းခြားသိမြင်ပြီးလျှင်ပင် ထိုလူကို ဆက်ဆံရာတွင် စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်သင့်ဆဲ ဖြစ်သည်။ ဤနေရာတွင် စည်းမျဉ်းတစ်ခုတည်းသာ မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ နတ်ဆိုးအားလုံးကို ငြင်းပယ်ပြီး ရှင်းလင်းဖယ်ရှားသင့်ခြင်း၊ နတ်ဆိုးအားလုံးကို ငရဲသို့ ပစ်ချသင့်ခြင်းမှာ မဟုတ်ပေ။ ယင်းမှာ တစ်ခုတည်းသော စည်းမျဉ်း မဟုတ်ပေ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ပြီး အစေခံမှုပေးရန် အရာခပ်သိမ်းကို အသုံးပြုသည်။ မည်သည့်အရာများက အစေခံမှုပေးနိုင်သည်၊ မည်သည့်အရာများက မည်သည့်အစေခံမှုကို ပေးပြီး မည်သို့အစေခံမှုပေးသည်၊ မည်သည့်အဆင့်တွင် အစေခံမှုပေးသည်၊ မည်မျှကြာအောင် အစေခံမှုပေးသည်၊ မည်မျှသော အစေခံမှုကို ပေးသည်၊ မည်သည့်အခြေအနေများအောက်တွင် ၎င်းတို့ကို နောက်ထပ် အသုံးမပြုတော့သည်ဟူသည်နှင့်၊ မည်သည့်အခြေအနေများအောက်တွင် ၎င်းတို့ ဆက်လက်၍ အသုံးပြုခံရနိုင်သည်၊ ဤအရာအားလုံးအတွက် စည်းမျဉ်းများ ရှိပြီး အားလုံးတွင် ဘုရားသခင်၏ ဉာဏ်ပညာ ရှိသည်။ လူတို့သည် ဤကိစ္စရပ်ကို စိတ်လိုက်မာန်ပါဖြင့် ချဉ်းကပ်၍မရပေ၊ စည်းမျဉ်းများကို ၎င်းတို့ ရှာဖွေရမည်ဖြစ်သည်။ လူတိုင်းက နည်းလမ်းတစ်ခုခုဖြင့် ပြုမူဆောင်ရွက်ခြင်းက မှန်ကန်ပြီး စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု ယုံကြည်ပါက ထိုနည်းလမ်းဖြင့် ပြုမူဆောင်ရွက်လော့။ သင် ပြုမူဆောင်ရွက်သင့်သည့် မည်သည့်နည်းလမ်းဖြင့်မဆို ပြုမူဆောင်ရွက်လော့။ စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ ခဏတာဖြစ်သော ဒေါသကို အခြေခံ၍ လူတစ်ဦးကို ကြောင်းကျိုးမမြင်ဘဲနှင့် အခြေအမြစ်မရှိဘဲ ကိုင်တွယ်ခြင်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် တင်းကျပ်စွာလိုက်နာမှုမရှိသော သဘောထားတစ်ခု ဖြစ်သည်။ တိကျပြတ်သားစွာ ပြောရလျှင် ယင်းသည်လည်း ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် လုံးဝ ပြုမူဆောင်ရွက်ခြင်း မရှိနှင့်။ ဤသည်မှာ နတ်ဆိုးများမှ ဝင်စားသူများ၏ ပထမဆုံး ထူးခြားသည့် လက္ခဏာဖြစ်သော အကျင့်ဖြစ်နေသည့် လိမ်ညာခြင်းအပေါ် မိတ်သဟာယဖွဲ့ရန် အခြေခံအားဖြင့် ရှိသည့်အရာ ဖြစ်သည်။ ကဏ္ဍအားလုံးရှိ စည်းမျဉ်းများကို ရှင်းလင်းစွာ ရှင်းပြထားပြီးဖြစ်သည်။

နတ်ဆိုးများမှ လူဝင်စားသူတို့၏ ဒုတိယမြောက် ထူးခြားသော လက္ခဏာရပ်မှာ “သွေဖည်ခြင်း” ဖြစ်သည်။ ယင်းသည် ထူးခြားသော လက္ခဏာရပ်တစ်ခု ဖြစ်သည့်အတွက်၊ ယာယီသရုပ်သကန်တစ်ခု မဟုတ်ဘဲ၊ ၎င်းတို့၏ သဘာဝမှ မကြာခဏ ထုတ်ဖော်သောအရာတစ်ခုဖြစ်ပြီး၊ ယင်းက ၎င်းတို့၏ အတွေးများနှင့် အမြင်များ၊ ၎င်းတို့၏ စိတ်သဘောထားများနှင့် အနှစ်သာရကို အလုံးစုံ ကိုယ်စားပြုနိုင်သည်။ သို့ဆိုလျှင် နတ်ဆိုးများဖြစ်ကြသည့် ထိုသူတို့၏ “သွေဖည်ခြင်း” တည်းဟူသော ထူးခြားသည့် လက္ခဏာရပ်နှင့်ဆိုင်သော တိကျသည့် သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ သွေဖည်ခြင်းဟူသည် အဘယ်အရာနည်း။ သွေဖည်ခြင်းဟူသော စကားလုံးကို မည်သည့်စကားလုံးနှင့် မကြာခဏ တွဲသုံးလေ့ရှိသနည်း။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) အခြား မည်သည့်အရာ ရှိသေးသနည်း။ (သွေဖည်သော သဘာဝ ဖြစ်ပါသည်။) သွေဖည်သော သဘာဝ၊ ကောက်ကျစ်ဆိုးယုတ်သော တပ်မက်မှုတို့ ဖြစ်သည်။ အခြား မည်သည့် သရုပ်သကန်များက သွေဖည်သနည်း။ စဉ်းလဲကောက်ကျစ်ခြင်းနှင့် ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) စဉ်းလဲကောက်ကျစ်ခြင်းနှင့် ပုံမှန်မဟုတ်ခြင်းတို့အပြင် အခြား မည်သည့်အရာ ရှိသေးသနည်း။ (အလွန်အမင်း အပိုင်ကြံတတ်ခြင်းနှင့် နားလည်ရခက်ခြင်း၊ ဝါရင့်အကြံသမားဖြစ်ခြင်း၊ အတော်အတန် ဉာဏ်မမီနိုင်သော ခံစားချက်ကို ပေးခြင်းတို့လည်း ဖြစ်ပါသည်။) ဤအရာများအားလုံးက အခြေခံအားဖြင့် ပါဝင်ပေသည်။ စဉ်းလဲကောက်ကျစ်ခြင်း၊ မသိမသာ အန္တရာယ်ပေးတတ်ခြင်း၊ ကောက်ကျစ်ခြင်း၊ အပိုင်ကြံတတ်ပြီး နားလည်ရခက်ခြင်းနှင့် ဝါရင့် အကြံသမားတစ်ဦးဖြစ်ခြင်း၊ ဤအရာများအားလုံးသည် သွေဖည်ခြင်း၏ တိကျသော သရုပ်သကန်များနှင့် ထူးခြားသော လက္ခဏာရပ်များ ဖြစ်ကြသည်။ သို့ဆိုလျှင် မည်သည့်ကိစ္စရပ်များတွင် နတ်ဆိုးတို့သည် ဤထူးခြားသော လက္ခဏာရပ်များကို ပေါ်လွင်ထင်ရှားစေသနည်း။ အနှစ်သာရအားဖြင့်၊ လူတို့ စဉ်းစားသည့်အရာများဖြစ်သော စိတ်သဘောထားနှင့် ဆက်စပ်သည့် သို့မဟုတ် ကျင့်ကြံပြုမူခြင်းနှင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်း နည်းလမ်းများတွင် ပေါ်လွင်ထင်ရှားသည့် စဉ်းလဲကောက်ကျစ်ခြင်း၊ မသိမသာ အန္တရာယ်ပေးတတ်ခြင်း၊ ကောက်ကျစ်ခြင်း စသည်တို့အပြင် နောက်ထပ် သွေဖည်ခြင်း အမျိုးအစားတစ်ခုမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော တပ်မက်မှုဖြစ်သည်။ ဤသွေဖည်ခြင်းမျိုးကို ကာမရာဂစိတ် လွန်ကဲခြင်းဟု ခေါ်သင့်သည်။ “သွေဖည်ခြင်း” ဟူသော စကားလုံးကို အသုံးပြုပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဇာတိပကတိ၏ ပုံမှန်ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များ သို့မဟုတ် တုံ့ပြန်မှုများကို ပြောနေခြင်းမဟုတ်ဘဲ ကာမရာဂစိတ် လွန်ကဲခြင်းကို ပြောနေခြင်းဖြစ်သည်။ ဤအရာကိုလည်း သွေဖည်ခြင်းဟု ခေါ်သည်။ ယခုတင် ဖော်ပြခဲ့သော စဉ်းလဲကောက်ကျစ်ခြင်း၊ မသိမသာ အန္တရာယ်ပေးတတ်ခြင်း စသည်တို့သည် စိတ်သဘောထားနှင့် ဆက်စပ်သည်။ ကာမရာဂစိတ် လွန်ကဲခြင်းသည် ဇာတိပကတိနှင့် ဆက်စပ်သော သွေဖည်ခြင်း ဖြစ်သည်။ “ကာမရာဂစိတ် လွန်ကဲခြင်း” ဟူသော စကားလုံးသည် အတော်လေး လိုက်ဖက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤနေရာတွင် ပို၍ပင် လိုက်ဖက်သော အသုံးအနှုန်းတစ်ခု ရှိသည်၊ ယင်းမှာ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ဖြစ်သည်။ တစ်စုံတစ်ယောက်က တိတ်တဆိတ် ကာမရာဂစိတ် ပြင်းပြသည်၊ မိန်းမပျက်ဖြစ်သည်ဟု ဘာသာတရားမရှိသူများက မကြာခဏ ပြောတတ်ကြသည်။ ဤအသုံးအနှုန်းများအားလုံးသည် ကောက်ကျစ်ဆိုးယုတ်သော တပ်မက်မှု၏ သွင်ပြင်လက္ခဏာကို ရည်ညွှန်းသည်။ ကာမရာဂစိတ် လွန်ကဲခြင်းနှင့် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတို့အပြင် အခြားအရာများ ရှိသေးသလော။ (ယုတ်ညံ့ခြင်းသည် တစ်ခု ဖြစ်ပါသလော။) ယုတ်ညံ့ခြင်း မဟုတ်ပေ။ ယုတ်ညံ့ခြင်းသည် ကာမရာဂစိတ် လွန်ကဲခြင်းနှင့် ကွဲပြားသည်။ ယုတ်ညံ့ခြင်းသည် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့နှင့် ဆက်စပ်စဉ်တွင် ကာမရာဂစိတ် လွန်ကဲခြင်းနှင့် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတို့မှာမူ လူတစ်ဦး၏ လူမှုဆက်ဆံရေးဆိုင်ရာ ကျင့်ကြံပြုမူခြင်း ကိစ္စရပ်များနှင့် အဓိက ဆက်စပ်မှုရှိသည်။ ငါတို့ ယခုလေးတင် ပြောဆိုခဲ့သည်မှာ သွေဖည်ခြင်း၏ သွင်ပြင်လက္ခဏာနှစ်ခုဖြစ်သည်။ တစ်ခုမှာ စိတ်သဘောထားနှင့် ဆက်စပ်ပြီး၊ အခြားတစ်ခုမှာ ဇာတိပကတိဆိုင်ရာတပ်မက်မှုနှင့် ဆက်စပ်သည်။ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသေးသည်၊ ယင်းမှာ ဤလူစားမျိုးသည် မကြာခဏ အကြားအာရုံနှင့် အခြားသော အာရုံခံစားမှုဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်းများကို တွေ့ကြုံရခြင်း ဖြစ်သည်။ ၎င်းတို့တွင် အမြဲတစေ ပုံမှန်မဟုတ်သော သရုပ်သကန်အချို့ ရှိကြသည်။ ဥပမာအားဖြင့် ၎င်းတို့က “ဤမနက် ခြောက်နာရီတွင် ကျွန်ုပ် အရှေ့ဘက်ကို သွားရမည်၊ ထိုနေရာတွင် ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသော သူတစ်ဦးက ကျွန်ုပ်ကို တွေ့ချင်နေသည်ဟု ဘုရားက ထုတ်ဖော်ပြသည်”၊ “မနေ့ညက ကျွန်ုပ် အိပ်မက်တစ်ခု မက်သည်၊ ယနေ့တွင် ညီအစ်ကို သို့မဟုတ် ညီအစ်မနှစ်ဦး ကျွန်ုပ်အိမ်ကို လာလည်ကောင်းလာလည်မည်” ဟု မကြာခဏ ပြောတတ်ကြသည်။ ၎င်းတို့သည် မကြာခဏ အကြားအာရုံနှင့် အခြားသော အာရုံခံစားမှုဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်းများ ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ဘဝများကို ပုံမှန်မဟုတ်သော အိပ်မက်များ၊ ရူပါရုံများ သို့မဟုတ် ရုတ်တရက်ပေါ်လာသော စကားများကဲ့သို့သော ဖြစ်စဉ်များအပေါ် အခြေခံ၍ အမြဲတစေ ကျင့်ကြံပြုမူကြကာ၊ သာမန်ထက်ထူးခြားသောအရာ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ပြုမူကြသည်၊ အထူးသဖြင့် အစွန်းရောက်ကြသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဆုတောင်းကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် နံနက် သုံးနာရီ သို့မဟုတ် လေးနာရီတွင် ထကြသည်။ တစ်ခါတစ်ရံ ညဘက်တွင် အခြားသူအားလုံး အနားယူနေချိန်၌ ၎င်းတို့သည် ညလယ်တွင် နိုးနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရမက ဖတ်ကြသည် သို့မဟုတ် ဓမ္မသီချင်းများကို မရမက သင်ယူကြသည်။ အခြားသူများ စားသောက်ချိန် သို့မဟုတ် အလုပ်လုပ်ချိန်တွင် ၎င်းတို့ အိပ်စက်ကြပြီး၊ အခြားသူများ အနားယူချိန်တွင် ၎င်းတို့က လန်းဆန်းတက်ကြွလာကြသည်။ ၎င်းတို့သည် အမြဲတစေ ပုံမှန်မဟုတ်ကြ၊ ပုံမှန်လူများနှင့် အမြဲ ကွဲပြားနေကြသည်။ ဤအရာကိုလည်း သွေဖည်ခြင်း၏ သရုပ်သကန်တစ်ခုအဖြစ် ယူဆ၍ရနိုင်သလော။ (ယူဆ၍ရနိုင်ပါသည်။) ဤပုံမှန်မဟုတ်ခြင်းကို ဖော်ပြရန် သင့်တော်သော စကားလုံးတစ်လုံး ရှိသလော။ တစ်စုံတစ်ယောက်သည် အပြင်ပန်းအားဖြင့် ပုံမှန်ဖြစ်ပုံရသော်လည်း၊ ၎င်းတို့သည် အမှုအရာများကို အထူးသဖြင့် လွဲချော်ပြီး အစွန်းရောက်သော နည်းလမ်းဖြင့် အမြဲတစေ လုပ်ဆောင်ကာ နားလည်သဘောပေါက်ကြသည်ဆိုပါစို့။ သင်က ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ နားမလည်နိုင်ကြပေ။ တစ်ခါတစ်ရံ ၎င်းတို့သည် အကြားအာရုံနှင့် အခြားသော အာရုံခံစားမှုဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်းများကို တွေ့ကြုံရသည်။ အခြားအချိန်များတွင်မူ ရှင်းလင်းသော အသံ သို့မဟုတ် ပြောဆိုချက် မရှိသော်လည်း ၎င်းတို့စိတ်ထဲတွင် ဤအရာ သို့မဟုတ် ထိုအရာကို လုပ်ဆောင်ရန် ပြောဆိုနေသော ထူးဆန်းသည့် အတွေးများ ရှိကြသည်။ သို့သော် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းမှာ သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသည့်အပြင်၊စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းနှင့်ပင် နှိုင်းယှဉ်၍မရပေ။ သင်တို့သည် ဤလူအမျိုးအစားကို ဖော်ပြရန် သင့်တော်သော စကားလုံးတစ်လုံးကို မစဉ်းစားနိုင်ပေ၊ ဟုတ်သလော။ (ကျွန်ုပ်တို့ မစဉ်းစားနိုင်ပါ။) “ထူးဆန်းသော” ဟူသော စကားလုံးက သင့်တော်သည်ဟု သင်တို့ ထင်သလော။ ၎င်းတို့၏ အပြင်ပန်း အပြုအမူသည် အထူးသဖြင့် ထူးဆန်းပြီး ပုံမှန်မဟုတ်ဟု ထင်ရကာ ၎င်းတို့သည် အမြဲတစေ စိတ်ဆတ်ပြီး ဂနာမငြိမ်ဖြစ်နေတတ်သည်။ သို့သော် သင်က ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျှင် သင်သည် ၎င်းတို့တွင်ရှိသော မည်သည့် အဓိကပြဿနာကိုမျှ ထောက်ပြနိုင်ခြင်းမရှိသည့်အပြင်၊ သင်က ၎င်းတို့ကို လူကောင်းတစ်ဦးအဖြစ် မှတ်ယူလျှင်၊ ၎င်းတို့သည် အတော်အတန် အများနှင့်မတူ တစ်မူထူးသည့်ပုံပေါ်နေဆဲဖြစ်သည်။ သင်သည် ၎င်းတို့ကို အတော်အတန် ထွင်းဖောက်မမြင်နိုင်ပေ။ သင်က ၎င်းတို့ စကားပြောသည်ကို ရံဖန်ရံခါ ကြားရသည့်အခါ၊၎င်းတို့ အဆင်ပြေသည်ဟု ထင်ရသော်လည်း၊ ၎င်းတို့ကို တိတ်တဆိတ် သင် စောင့်ကြည့်လေ့လာလျှင် ၎င်းတို့၏ လုပ်ဆောင်ချက်များက အများနှင့်မတူ အလွန်ထူးဆန်းကြောင်း၊ အလွန်ပုံမှန်မဟုတ်ကြောင်း သင် တွေ့ရှိလိမ့်မည်။ ဤသည်မှာ ကောင်းသော လက္ခဏာ မဟုတ်ပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နိုင်မည်ကို ပြောမရပေ။ နောက်ပိုင်းတွင် ၎င်းတို့သည် ဆုတောင်းစဉ်တွင် အခြားသောဘာသာစကားဖြင့် ပြောနိုင်ကြောင်း တွေ့ရှိရသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် တစ်စုံတစ်ယောက်နှင့် စကားစမြည်ပြောနေသည့်အလား မိမိဘာသာ စဉ်ဆက်မပြတ် စကားပြောတတ်ကြပြီး၊ ထိုသို့ပြုလုပ်ရင်း ရယ်ပင် ရယ်မောတတ်ကြရာ ယင်းမှာ အတော်လေး ကျောချမ်းစရာကောင်းသည်။ ဤသည်မှာလည်း သွေဖည်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာကို ဖော်ပြရန်အတွက် ယခုလောလောဆယ် “ထူးဆန်းသော” ဟူသည့် စကားလုံးကို သုံးကြစို့။ တိုတိုပြောရလျှင်၊ ငါတို့သည် နတ်ဆိုးများဖြစ်ကြသူတို့၏ သွေဖည်ခြင်းနှင့်ဆိုင်သော သရုပ်သကန်များကို အကျဉ်းချုပ်ပြီးဖြစ်သည်။ စုစုပေါင်း သွင်ပြင်လက္ခဏာသုံးခု ရှိသည်။ တစ်ခုမှာ ဇာတိပကတိ၏ ကောက်ကျစ်ဆိုးယုတ်သော တပ်မက်မှုဖြစ်သည်။ တစ်ခုမှာ အမြဲတစေ ပုံမှန်မဟုတ်သော သရုပ်သကန်အချို့ ရှိခြင်း၊ အထူးသဖြင့် ထူးဆန်းခြင်း ဖြစ်သည်။ ပြီးလျှင် နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ စိတ်သဘောထားနှင့် ဆက်စပ်သည်။ အလွန် စဉ်းလဲကောက်ကျစ်ခြင်း ဖြစ်သည်။ စဉ်းလဲကောက်ကျစ်ခြင်း ဆိုသည်မှာ ဤလူစားမျိုးသည် သာမန်လူများ ဉာဏ်မမီနိုင်သည့် အတိုင်းအတာတစ်ခုအထိ သစ္စာဖောက်ပြီး ဉာဏ်များခြင်း ဖြစ်သည်။ လူတို့သည် ဤလူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံသောအခါ ၎င်းတို့သည် မကြာခဏ စိုးရိမ်ပူပန်ကြသည်၊ သောကရောက်ပြီး ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ထိုသူတို့၏ သစ္စာဖောက်ရောင်းစားခြင်း ခံသွားရပြီး ၎င်းတို့အတွက် ငွေအား ရေတွက်ကူညီပေးနေရမည်ကို မကြာခဏ ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ထိုသူတို့၏ ထောင်ချောက်များထဲသို့ ကျရောက်သွားမည်ကို ကြောက်ရွံ့ကြသည်။ ဤလူစားမျိုးသည် အထူးသဖြင့် မသိမသာ အန္တရာယ်ပေးတတ်ပြီး ကောက်ကျစ်သည်။ ၎င်းတို့သည် သင့်ကို မျက်နှာစေ့စေ့ကြည့်ပြီး အလွန် ယဉ်ကျေးကာ သိမ်မွေ့သော ပုံစံဖြင့် စကားပြောနိုင်သော်လည်း၊ သင့်ကွယ်ရာတွင်မူ ၎င်းတို့သည် သင် မသိဘဲနှင့် အချိန်ကြာမြင့်စွာ သင့်ကို တိုက်ခိုက်ရင်း ကျိတ်ကြံနေခဲ့ကြပေသည်။ သင်က ဤအရာကို သိရှိသောအခါ “ကံကောင်းစွာပင်၊ ဘုရားသခင်က ကျွန်ုပ်ကို ကာကွယ်ပေးခဲ့သည်။ ကျွန်ုပ်သာ ဘုရားသခင်ကို မယုံကြည်ခဲ့လျှင် သူတို့၏ အန္တရာယ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ အသက်ပင် ဆုံးရှုံးသွားနိုင်သည်တကား”ဟု တွေးလျက် ချွေးစေးများပြန်လာလိမ့်မည်။ ဤသည်မှာ ဤနတ်ဆိုးအမျိုးအစား၏ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ထိုသို့သော လူများက သွေဖည်သည်ဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ ၎င်းတို့ အပြင်ပန်း ပုံစံအားဖြင့် ခွဲခြားရန် အမှန်တကယ် မလွယ်ကူပေ။ သင်သည် ၎င်းတို့ လုပ်ဆောင်ရန် စီစဉ်ထားသော အမှုအရာများနှင့် ၎င်းတို့ နေ့စဉ် ထုတ်ဖော်သော စကားများမှ စတင်ရမည်။ ဤသည်မှာ ဤလူအမျိုးအစား၏ သွေဖည်သော အနှစ်သာရနှင့် သဘာဝကို ရှင်းလင်းစွာ မြင်ရန် လုံလောက်ပေသည်။

နတ်ဆိုးများမှ လူဝင်စားသူတို့သည် နေ့စဉ်နေ့တိုင်း အဘယ်အရာကို တွေးတောကြသနည်း။ ဥပမာအားဖြင့် ညီအစ်မတစ်ဦးသည် ခေါင်းဆောင်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည်ဟု ဆိုပါစို့။ ထိုအခါ ၎င်းတို့က၊ “ထိုမိန်းကလေးက ထိုသို့သော နုပျိုသည့်အရွယ်တွင် ခေါင်းဆောင်ရာထူးတိုးသွားသည်။ သူက ကျွန်ုပ်ထက် မည်သို့မည်ပုံ ပိုတော်နေသနည်း။ ကျွန်ုပ်က သူ့ကို အထင်သေးလေ့ရှိခဲ့သည်၊ သူ့ကို မည်သည့်အခါတွင်မျှ မဖားခဲ့ပါ သို့မဟုတ် သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု မတည်ဆောက်ခဲ့ပါ။ ယခု သူက ခေါင်းဆောင်တစ်ယောက်၊ ကျွန်ုပ်၏ အနီးဆုံး ချက်ချင်းလက်ငင်း အထက်လူကြီး ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့်၊ ကျွန်ုပ် သူ့ကို ဖားရတော့မည်။ သူ၏ နေ့စဉ်ဘဝတွင်ဖြစ်စေ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဖြစ်စေ၊ ဝိညာဉ်ရေးရာပိုင်းဆိုင်ရာတွင်ဖြစ်စေ သူ အကူအညီလိုသလောဟူသည်ကို ကျွန်ုပ် ကြည့်ရမည်။ အကယ်၍ သူက ထိုသို့မဖြစ်လျှင်၊ ကျွန်ုပ် သူ့ကို မသိမ်းသွင်းနိုင်လျှင်၊ အခြားညင်သာသည့် လုပ်နည်းကိုင်နည်းများကို ကြိုးစားကြည့်မည်။ သူ့ရှေ့တွင် ညင်သာသည့် စကားအချို့၊ ကျိုးနွံနာခံသည့် စကားအချို့၊ မျက်နှာချိုသွေးသည့် စကားအချို့ကို ကျွန်ုပ် ပြောမည်။ သူနှင့်ပတ်သက်၍ မည်သည့် လုပ်နည်းကိုင်နည်းက အလုပ်ဖြစ်သည်ကို ငါ ဦးစွာ ကြည့်ဖို့ လိုသည်။ သူက ဖားခြင်းကို ခံသလော သို့မဟုတ် ဆိုးယုတ်သော လူများ၏ ဖောက်လွဲဖောက်ပြန် ဗျူဟာများ၏ လှည့်စားခြင်းကိုခံသလော။ သူက အစားအသောက် ကြိုက်သလော သို့မဟုတ် အပျော်အပါးကို ကြိုက်သလော။ သူက အဝတ်အစား ကြိုက်သလော သို့မဟုတ် လက်ဝတ်ရတနာ ကြိုက်သလော။ သူ မည်သည့်အရာကို ကြိုက်သနည်း။ ကျွန်ုပ် သူ့ကို သဘောပေါက်အောင်လုပ်ရမည်။ သူ့ကို ရင်းနှီးအောင်လုပ်ရမည်၊သူ့ကို ဖားယားရမည်၊ သူနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရမည်ဖြစ်ပြီး သူ့ကို ကျွန်ုပ် တီးခေါက်ကြည့်ရမည်”ဟု တွေးဆကြလေသည်။ မည်သူက ခေါင်းဆောင်ဖြစ်လာသည်ဖြစ်စေ၊ ထိုခေါင်းဆောင်နှင့် မည်သို့ ရင်းနှီးအောင်လုပ်ပြီး ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရမည်ကို ၎င်းတို့ တွေးဆကြသည်။ ယခင်က ဤညီအစ်မ ခေါင်းဆောင်တစ်ဦး မဟုတ်ခဲ့ချိန်တွင်၊ သူပြောသည့်မည်သည့်အရာကိုမဆို ၎င်းတို့က အာခံခဲ့ကြသည်။ ဥပမာအားဖြင့် အကယ်၍ သူက “ယခုအချိန်မှစ၍ တစ်ပတ်တစ်ခါ စုဝေးကြစို့”ဟု ပြောခဲ့လျှင်၊ ယင်းကို ကြားပြီးနောက် ၎င်းတို့က၊ “အခြားအသင်းတော်များက တစ်ပတ်နှစ်ခါ စုဝေးကြသည်။ သို့သော် ငါတို့က တစ်ခါသာ စုဝေးတော့မည်ဖြစ်သည်။။ သင် ပြောသည့်အတိုင်း ငါတို့ အဘယ်ကြောင့် လုပ်ဆောင်ရမည်နည်း။ သင် အဘယ်သူဖြစ်သည်ဟု သင် ထင်နေသနည်း”ဟု တွေးဆကြလေသည်။ ယခု ဤညီအစ်မသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသဖြင့်၊ သူစကားပြောသည့်အခါ ၎င်းတို့၏ တုံ့ပြန်မှုက ကွဲပြားသွားသည်။ ၎င်းတို့သည် ယခင်ကကဲ့သို့ ငြင်းခုံချေပသည့်စကားများကို မပြောတော့ဘဲ၊ ထိုအစား ၎င်းတို့က “ထိုညီအစ်မ ပြောသည့်အရာက အမှန်တရားဖြစ်သည်”ဟု ပြောကြသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် နာခံနိုင်သောသူတစ်ဦးကဲ့သို့ အလွန် ခယဝပ်တွားစွာ ပြုမူကြသော်လည်း၊ အတွင်းစိတ်ထဲတွင်မူ ၎င်းတို့က “သင် မည်သည့်အရာကို သိသနည်း။ သင်က ရက်အနည်းငယ်သာ ခေါင်းဆောင်ဖြစ်သေးသည်။ ကျွန်ုပ် ဤအလုပ်ကို လုပ်ဆောင်လေ့ရှိခဲ့သော်လည်း၊ ယခု သင်က ခေါင်းဆောင်ဖြစ်သည်။ ကိစ္စမရှိပါ၊ ခေါင်းဆောင်က အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသည်။ ကျွန်ုပ် အရင်ဆုံး သင့်ကို သဘောတူမည်ဖြစ်သော်လည်း၊ သင့်ကွယ်ရာတွင် ကျွန်ုပ် မည်သို့ ပြုမူမည်ဟူသည်မှာ ကျွန်ုပ်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ ကျွန်ုပ် သင့်ကို လှည့်စားရုံသာလှည့်စားမည်”ဟု ပြောကြလေသည်။ အချို့လူများသည် ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး၊ “သင်တို့၏ အသင်းတော်တွင် ခေါင်းဆောင်များကို ရွေးကောက်ခြင်းက စည်းမျဉ်းများအတိုင်း စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်သလော”ဟု မေးမြန်းခံရသောအခါ၊ ၎င်းတို့က၊ “ထိုအရာကို စည်းမျဉ်းများအတိုင်း စီမံဆောင်ရွက်ခဲ့လျှင်၊ ကျွန်ုပ် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ဦးမည်လော။ သို့သော် ကျွန်ုပ် သင့်ကို အမှန်တရား မပြောနိုင်ပါ”ဟု တွေးဆကြလေသည်။ သို့ဖြစ်၍ ၎င်းတို့က “စည်းမျဉ်းများအတိုင်း စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်သည် အသင်းတော်ခေါင်းဆောင်အဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ပြီးဖြစ်သည်။ ကျွန်ုပ် မူလက ထပ်ပြီး မလုပ်ချင်တော့ပါ။ ကျွန်ုပ်လုပ်လျှင် ညီအစ်ကိုမောင်နှမများက ကန့်ကွက်မည်ကို ကျွန်ုပ် စိုးရိမ်ခဲ့သည်။ ထို့ကြောင့်၊ ကျွန်ုပ်၏ ကိုယ်စားလှယ်လောင်းအဖြစ်မှ ကျွန်ုပ် နုတ်ထွက်ခဲ့သည်။ သို့သော် အဆုံးတွင်၊ ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကိုပဲ ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ်က အင်တင်တင်ဖြင့် လုပ်ဆောင်နေခဲ့ရခြင်း ဖြစ်သည်။ ခေါင်းဆောင်အတွက် ကိုယ်စားလှယ်လောင်းအသစ်တစ်ယောက် ရှိလာသည့်အခါတိုင်း ကျွန်ုပ် ရာထူးမှ ဆင်းပေးမည်ဖြစ်သည်”ဟု ပြောကြသည်။ ဤသည်မှာ ကြားကောင်းသော်လည်း ၎င်းတို့သည် အမှန်တကယ် ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်ကြသလော။ ၎င်းတို့တွင် ထိုသို့လုပ်ဆောင်ရန် လုံးဝ ရည်ရွယ်ချက်မရှိပေ။ ၎င်းတို့သည် ကြားကောင်းသည့်အရာ၊ သင့်ကို ကျေနပ်စေပြီး အထင်အမြင်မှားစေနိုင်သည့် အရာများကိုသာ ပြောဆိုလျက်၊ သင့်ကို လိမ်ညာပြီး လှည့်စားနေခြင်းသာ ဖြစ်သည်။ အထက်အဆင့်ခေါင်းဆောင်များနှင့် ပတ်သက်လာသည့်အခါ၊ ဤခေါင်းဆောင်များက ၎င်းတို့ကို တန်ဖိုးထားပြီး ရာထူးတိုးပေးရန်အလို့ငှာ ၎င်းတို့သည် ထိုခေါင်းဆောင်များအား မည်သို့ ဖားယားပြီး မျက်နှာလိုမျက်နှာရလုပ်ရမည်ကိုလည်းကောင်း၊ ၎င်းတို့ကို မည်သို့ အထင်အမြင်မှားစေရမည်ကိုလည်းကောင်း တွေးဆကြသည်။ အကယ်၍ ၎င်းတို့ ရာထူးတိုးမခံရနိုင်လျှင်၊ ၎င်းတို့က အလုပ်လုပ်စဉ် ယခင်က ဖြစ်စေခဲ့သော ချို့ယွင်းချက်များ၊ သွေဖည်မှုများနှင့် အမှားများအပြင်၊ နောက်ကွယ်တွင် ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှားခြင်းများနှင့် လှည့်ဖြားတတ်သည့် အပြုအမူများကို ခေါင်းဆောင်များ မသိရှိစေရန် မည်သို့ ဖုံးကွယ်၍ရနိုင်သည်ကိုလည်းကောင်း၊ မည်သည့်တာဝန်မျှ မယူဘဲ ဤအရာများနှင့်ပတ်သက်၍ မည်သို့ အလွယ်တကူ ရှောင်တိမ်း၍ရနိုင်သည်ကိုလည်းကောင်း တွေးဆကြသည်။ ဤအရာများသည် လူ့သဘာဝက ပိုင်ဆိုင်သင့်သော အပြုအမူများဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သလော သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်ပါသည်။) မည်သည့်အတိုင်းအတာအထိ အပျက်သဘောဆောင်သနည်း။ တစ်ဦးတလေက ၎င်းတို့၏ အလုပ်ကို နောက်ဆက်တွဲမလုပ်မီ သို့မဟုတ် မစစ်ဆေးမီမှာပင် ၎င်းတို့သည် ဤအရာများကို ၎င်းတို့၏ စိတ်ထဲတွင် ကြိုတင်ကြံစည်ပြီးဖြစ်သည့်အထိ၊ စိတ်ပိုင်းဆိုင်ရာအရ အချိန်ကြာမြင့်စွာက ၎င်းတို့ ပြင်ဆင်ထားပြီးဖြစ်သည့်အထိ ဖြစ်သည်။ ၎င်းတို့၏ စိတ်များသည် ဤအရာများဖြင့် အချိန်ကြာမြင့်စွာက ပြည့်နှက်နေပြီးဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ စဉ်းလဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် မတူကွဲပြားသောခေါင်းဆောင်များကို မတူကွဲပြားသော စကားများ ပြောဆိုလျက် ပရိသတ်စိတ်တိုင်းကျ မရိုးမသား စကားပြောတတ်သည်။ ခေါင်းဆောင်က အမျိုးသမီးဖြစ်လျှင် ၎င်းတို့က သူမကို နတ်သမီးတစ်ပါးအဖြစ် ချီးကျူးသည်။ ခေါင်းဆောင်က အမျိုးသားဖြစ်လျှင် ၎င်းတို့က သူ့ကို ရုပ်ချောသောသူ၊ ဆွဲဆောင်မှုရှိသော သူတစ်ဦးအဖြစ် ချီးကျူးသည်။ ဤသည်မှာ စဉ်းလဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သွေဖည်ခြင်း၏ အဓိက ထူးခြားသော လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ခေါင်းဆောင်များအပေါ် ၎င်းတို့၏ သဘောထားနှင့် သရုပ်သကန်များက ဤကဲ့သို့ဖြစ်သည်။ အလွန် စဉ်းလဲပြီး အလွန် မသိမသာ အန္တရာယ်ပေးတတ်သည်။ ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာက အလွန့်အလွန် ရှုပ်ထွေးသည်။ ထိုနေရာတွင် အတွေးများစွာ ပြည့်ကျပ်နေသော်လည်း တစ်ခုမျှ အပြုသဘောမဆောင်ပေ။ ၎င်းတို့သည် လူ့သဘာဝ၊ သမ္မာတရား သို့မဟုတ် မှန်ကန်သော လမ်းကြောင်းကို မတွေးဆကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များကို မည်သို့ ဖားယားပြီး မျက်နှာလုပ်ရမည်၊ မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို မည်သို့ ထိန်းသိမ်းရမည်၊ အမှုအရာများနှင့်ပတ်သက်၍ မည်သို့ ရှောင်ပြေးရမည်၊ မည်သို့ ဆက်လက် အချိန်ဖြုန်းနေရမည်၊ အသိခံရခြင်းမရှိဘဲ၊ မည်သည့်တာဝန်မျှ မယူဘဲ အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မပေးဘဲ၊ အသင်းတော်ကို မည်သို့ ဆက်လက် မှီခိုစားသောက်ရမည်ဟူသည်တို့ကိုသာ တွေးဆကြသည်။ ၎င်းတို့၏ စိတ်ထဲတွင် ဤပြဿနာများနှင့်ပတ်သက်၍သာ စီစဉ်ကြသည်၊ ကျိတ်ကြံစည်ပြီး တွေးတောကြသည်။ ၎င်းတို့သည် လှည့်ကွက်မျိုးစုံကို လုပ်ဆောင်ကြပြီး ၎င်းတို့၏ အသိစိတ်က မည်သည့် ပြစ်တင်မှုကိုမျှ သို့မဟုတ် မည်သည့် စွပ်စွဲခြင်းကိုမျှ မခံစားရပေ။ ၎င်းတို့သည် လူတစ်စုကြားသို့ ရောက်သောအခါ၊ ၎င်းတို့ကို မျက်စိဖြင့် အနှံ့ကြည့်ကြသည်၊ “ထိုအိမ်ရှင်မအနည်းငယ်က ထိုးထွင်းဉာဏ်ကင်းမဲ့ကြသည်၊ သူတို့က ငါ့အပေါ် ပိုင်းခြားသိမြင်မှု တစ်ခုတလေ ရှိနိုင်မည် မဟုတ်ပါ။ ငါ လုပ်ဆောင်သည့် လှည့်ကွက်များကို သူတို့ ခွဲခြားနိုင်မည် မဟုတ်ပါ။ သူတို့ ခွဲခြားနိုင်လျှင်ပင်၊ ငါ့ကို ပြိုလဲအောင်လုပ်နိုင်မည် မဟုတ်ပါ။ ငါးလေးများ လှိုင်းလုံးကြီးများကို မဖန်တီးနိုင်ပါ။ သူတို့က ပြဿနာတစ်ခု ဖြစ်မည် မဟုတ်ပါ။ သူတို့ကို အသိအမှတ်ပြုစရာ မလိုပါ။ ကျန်သည့်လူအနည်းငယ်မှာမူ၊ တစ်ယောက်က အသင်းတော်ခေါင်းဆောင်၊ နောက်တစ်ယောက်က ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည့် အသက်ကြီးသော ညီအစ်မတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က သိရသရွေ့ တက္ကသိုလ်တွင် စိတ်ပညာသင်ခဲ့သည့် ညီအစ်မငယ်တစ်ယောက်ဖြစ်သည်။ ဤလူအနည်းငယ်က ငါ့အတွက် ခြိမ်းခြောက်မှု အနည်းငယ် ဖြစ်စေသည်။ ငါ မည်သူ့ကို အရင်ဆုံး ကိုင်တွယ်သင့်သနည်း။ ငါ မည်သူနှင့် အရင်ဆုံး ပေါင်းသင်းဆက်ဆံပြီး သိမ်းသွင်းသင့်သနည်း။ သူတို့ထဲမှ တစ်ယောက် ငါ မည်သို့ ဖြစ်လာနိုင်မနည်း။ ဂုဏ်သိက္ခာကို ငါ မည်သို့ တည်ဆောက်နိုင်မည်နည်း။ မည်သူက ငါ၏ ကျွန်ုပ်ရဲ့ အကူအညီပေးသူ ဖြစ်မည်နည်း၊ မည်သူက ငါ၏ပြိုင်ဘက် ဖြစ်လိမ့်မည်နည်း။ ငါ မည်သူနှင့် မိတ်ဆွေဖြစ်သင့်သနည်း။ ဘယ်သူ့ထံမှ ရှောင်နေသင့်ပြီး မည်သူ့ကို သတိထားသင့်သနည်း။ ဤကိစ္စရပ်များက ရေရှည်အစီအစဉ် လိုအပ်သည်။ ဤအရာများကို ငါ သေချာ စဉ်းစားဖို့လိုသည်”ဟူ၍ ဖြစ်သည်။ ရက်အနည်းငယ်ကြာ လေ့လာစောင့်ကြည့်ပြီးနောက်၊ ၎င်းတို့သည် မည်သူနှင့် ပေါင်းသင်းဆက်ဆံပြီး ပူးပေါင်းကြံစည်သင့်သည်၊ မည်သူကို ဆွဲဆောင်ပြီး အသုံးချ၍ရနိုင်သည်၊ မည်သူက ၎င်းတို့၏ ဆန့်ကျင်ဘက်အင်အားစု ဖြစ်သည်၊ မည်သူက သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းကာ သတိထားသင့်သည်ဟူသည်တို့ကို ၎င်းတို့ သဘောပေါက်သွားကြသည်။ ဤအရာအားလုံးကို ၎င်းတို့ သဘောပေါက်သွားကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင်၊ “ငါ့အပေါ် ပိုင်းခြားသိမြင်နိုင်ခြင်း ရှိသူများကို ငါ သတိထားရမည်။ ငါ သူတို့ကို စိတ်အနှောင့်အယှက်ပေး၍ မဖြစ်သည့်အပြင်၊ သူတို့နှင့် ရင်းနှီးအောင်လည်း မလုပ်သင့်ပါ။ ငါ ချွတ်ချော်ပြီး ငါ့ကို သူတို့ ထိုးထွင်းသိမြင်မည် စိုးသဖြင့် သူတို့နှင့် ငါ လုံးဝကို ဝေးဝေး နေရမည်။ သူတို့က ငါ့ကို အသင်းတော်တွင် ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးဖို့အတွက် ငါ့အပေါ် အသုံးချနိုင်သည့် အရာတစ်ခုခု ရှာတွေ့သွားမည် စိုးသဖြင့်၊ သူတို့ရှိသည့်နေရာတွင်၊ ငါ လုံးဝကို သတိလက်လွတ် စကားမပြောရပါ။ ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်မှု ရရှိသွားလျှင်၊ သူတို့ ငါ့ကို ရှင်းလင်းဖယ်ရှားလိမ့်မည်။ ယင်းမှာ အဆင်ပြေမည် မဟုတ်ပါ”ဟု တွေးဆကြလေသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် ဤအရာများကိုသာ တွေးတောကြသည်။ ကျော်ကြားမှုရရှိရန်နှင့် မိမိတို့ကိုယ်ကို ကြည့်ကောင်းစေရန် မည်သူနှင့် ယှဉ်ပြိုင်ရမည်ဟူသည်နှင့် မည်သို့ ယှဉ်ပြိုင်ရမည်၊ ဆုံးရှုံးမှုများ မခံစားရဘဲ အကျိုးအမြတ်များ ရရှိနိုင်ရန်အလို့ငှာ မည်သူနှင့် ပေါင်းသင်းဆက်ဆံရမည်၊ အချို့သော ကိစ္စရပ်များတွင် ၎င်းတို့ ခံစားခဲ့ရသော ဆုံးရှုံးမှုများအား မည်သို့ ပြန်လည်ကုစားရမည်ဟူသော ဤအရာများကိုသာ ၎င်းတို့ တစ်နေ့လုံး တွေးဆကြသည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို ကြည့်သော အကြည့်တစ်ခုနှင့်ပတ်သက်၍ ၎င်းတို့သည် တွေးဆရင်း နေ့တစ်ဝက်ကိုပင် ကုန်ဆုံးသွားနိုင်သည်။ “မနေ့က မည်သူမည်ဝါက ငါ့ကို အတော်လေး စူးစိုက်ကြည့်သည်။ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ သူတို့ ငါ့ကို ပိုင်းခြားသိမြင်သွားပြီလော။ ဤသည်မှာ ကောင်းသည့် လက္ခဏာ မဟုတ်ပါ။ ငါ၏ မည်သည့်ပြဿနာကို သူတို့ မြင်သွားပြီနည်း။ လာမယ့်ရက်အနည်းငယ်တွင် ငါသတိထားဖို့ လိုပြီး၊ မည်သည့်အရာကိုမျှ ချွတ်ချော်ခွင့်ပေး၍ မရပါ။ ထို့အပြင်၊ အခြားသူများ၏ မျက်လုံးများတွင်ရှိသည့် အကြည့်များမှ ကိစ္စများကို ဖတ်တတ်ဖို့ ငါ သင်ယူဖို့ လိုပြီး ငါ သတိလက်လွတ်မဖြစ်ရပါ။ ဤလွန်ခဲ့သည့်နှစ်ရက်က ငါ၏ မျက်ခွံ လှုပ်နေခဲ့သည်။ မကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည့်ပုံရသည်။ ငါ ဂရုစိုက်ရမည်၊ မည်သည့်အရာမျှ မှားယွင်းမသွားဖို့ ငါ တကယ် မျှော်လင့်ပါသည်။ ငါ ဂရုမစိုက်လျှင် ရှင်းလင်းဖယ်ရှားခြင်း ခံရနိုင်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့ လူများနှင့် ဆက်ဆံပုံတွင် အပြင်ပန်းမှ ကြည့်လျှင် မည်သည့်ပြဿနာမျှ မမြင်ရနိုင်ပေ။ ၎င်းတို့၏ အစားအသောက်၊ အိပ်စက်ခြင်းနှင့် အလုပ်အားလုံးသည် ပုံမှန်ဖြစ်သည်ဟု ထင်ရသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးနှင့် စိတ်ထဲတွင် ရှိသောအရာမှာ ပုံမှန်မဟုတ်ပေ။ ဤပုံမှန်မဟုတ်ခြင်း၏ သရုပ်သကန်များမှာ အဘယ်အရာများဖြစ်သနည်း။ ယင်းမှာ ၎င်းတို့ တွေးတောသော အရာများသည် အလွန် စဉ်းလဲပြီး အခြားသူများအတွက် နားမလည်နိုင်သောအရာများ ဖြစ်နေခြင်းပင် ဖြစ်သည်။

နတ်ဆိုးများမှ လူဝင်စားသူတို့သည် အလွန်ကလိန်ကကျစ်ကျသော နည်းလမ်းဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့၏ အတွေးများတွင်ရှိသည့် အရာရာတိုင်းကို ကွယ်ဝှက်သော သွင်ပြင်လက္ခဏာများဖြင့်သာ တွေးဆ၍ရသည်၊ တွက်ချက်၍ရသည်၊ စီစဉ်ပြီး ကြိုတင်ကြံစည်၍ရနိုင်ပေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခြင်း၊ ကျိတ်ကြံစည်ခြင်း၊ နှိုင်းယှဉ်ခြင်း၊ မနာလိုခြင်း၊ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း၊ လက်စားချေခြင်း စသည်တို့ကဲ့သို့သော အရာများဖြင့် လုံးလုံး ပြည့်နှက်နေသည်။ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လုံးဝ မရှာဖွေကြပေ။ ၎င်းတို့ မည်သည့်ကိစ္စရပ်ကို ကိုင်တွယ်နေသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းကို ပွင့်လင်းပြီး မြင်သာသော ပုံစံဖြင့် မိတ်သဟာယဖွဲ့ပြီး ဆုံးဖြတ်ချက်ချရန် စားပွဲပေါ်သို့ ယူဆောင်လာခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် လူအနည်းငယ်ကို တိတ်တဆိတ် ရှာဖွေပြီး ၎င်းတို့နှင့်အတူ ဆုံးဖြတ်ချက်ချကြသည်။ အသင်းတော်တိုင်းတွင် ဤလူစားမျိုးအချို့ ရှိကြသည်။ ၎င်းတို့သည် စကားနည်းပြီး မည်သည့်စိတ်ခံစားမှုကိုမျှ မပြပေ။ မည်သည့်အရာကို ၎င်းတို့ တွေ့ကြုံရသည်ဖြစ်စေ ၎င်းတို့သည် တိတ်ဆိတ်နေရန် ရွေးချယ်ပြီး မိမိတို့၏ ရပ်တည်ချက်ကို အလွယ်တကူ လုံးဝ မဖော်ပြကြပေ။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် လူတို့ကို ယဉ်ကျေးစွာ စကားပြောသော်လည်း၊ အမှန်တရားကို ဘယ်သောအခါမျှ မပြော သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ်ရှိသောအရာကိုလည်း မထုတ်ဖော်ကြပေ။ ၎င်းတို့တွင် မည်သူ့အတွက်မျှ ရိုးသားသော စကားများ မရှိပေ။ ဥပမာအားဖြင့် အချို့လူများသည် မည်သူနှင့် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ မိမိတို့၏ အတွင်းကျကျ အတွေးများကို ဘယ်သောအခါမျှ မထုတ်ဖော်ကြပေ။ ၎င်းတို့၏ အရင်းနှီးဆုံး မိသားစုဝင်များပင် ၎င်းတို့ နေ့စဉ် စဉ်းစားနေသည့်အရာကို မသိကြပေ။ သာမန်အပြင်လူများ မဆိုထားနှင့်၊ ၎င်းတို့၏ မိသားစုကပင် ၎င်းတို့ကို နားမလည်ကြပေ။ သင်သည် ၎င်းတို့၏ အကောင်းဆုံးမိတ်ဆွေ၊ ငယ်သူငယ်ချင်း၊ နှစ်ပေါင်းများစွာကြာသော မိတ်ဆွေဟောင်း သို့မဟုတ် အလုပ်မှ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦး ဖြစ်နေလျှင်ပင်၊ ၎င်းတို့ မည်သည့်အရာ တွက်ချက်နေကြသည်ကို သင် မသိရှိသေးပေ။ မည်သူမျှ ၎င်းတို့ကို သဘောပေါက်နားလည်နိုင်ခြင်း မရှိပေ။ ၎င်းတို့ မည်သို့ပင် စကားပြောပါစေ၊ ပြုမူပါစေ၊ မည်သူမျှ ၎င်းတို့ကို ထွင်းဖောက်မမြင်နိုင်ပေ။ သို့သော် ရံဖန်ရံခါတွင် ၎င်းတို့သည် “မည်သူမည်ဝါက ကျွန်ုပ်ထက် ပိုတော်သည်။ ထို့ကြောင့် အဘယ်အရေးနည်း။ တစ်နေ့နေ့တွင် ကျွန်ုပ် သူ့ထက် သာမည်ဖြစ်သည်။ သင် စောင့်သာကြည့်လော့”ဟူ၍ စကားအနည်းငယ်ကို လွှတ်ခနဲ့ပြောမိနိုင်သည်။ “သင် စောင့်သာကြည့်လော့”ဟူသည့် ဤစကားများနောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ရှိသည်။ ယင်းမှာ ၎င်းတို့က နေ့စဉ်နေ့တိုင်း မိမိတို့၏ စိတ်နှလုံးများနှင့် စိတ်များထဲတွင် ပြန်ပြောင်း စဉ်းစားပြီး တွေးဆနေသည်ဟု ဆိုလိုပေသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် တည်ငြိမ်ပြီး အေးဆေးပုံပေါ်သော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်း၌မူ မုန်တိုင်းထန်နေပြီး ဆူပူအုံကြွနေသည်။ ၎င်းတို့ တွေးတောသော အရာများမှာ အဘယ်အရာများဖြစ်သနည်း။ အကယ်၍ ၎င်းတို့သည် ပွင့်လင်းပြီး မြင်သာသော ကိစ္စရပ်များ၊ ဘဝတွင် မှန်ကန်သော လမ်းကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ အသိစိတ်အတိုင်း ပြုမူခြင်း၊ မည်သို့ ကျင့်ကြံပြုမူရမည်၊ ဘုရားသခင်ကို မည်သို့ ချစ်ရမည်၊ မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ မည်သို့ ထမ်းဆောင်ရမည်ဟူသကဲ့သို့သော အပြုသဘောဆောင်သည့် အရာများဖြစ်ခဲ့လျှင်၊ အကယ်၍ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ စိတ်နှလုံးထဲတွင် မကြာခဏ တွေးတော၊ ရှာဖွေ၊ တွေးဆ၊ ဆန်းစစ်ပြီး နားလည်ရန် ကြိုးစားခဲ့လျှင်၊ ၎င်းတို့၏ အတွင်း စိတ်နှလုံးများက အလွန်တည်ငြိမ်ပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ပိုင်ဆိုင်မည်ဖြစ်ကာ ၎င်းတို့သည် သွေဖည်စွာဖြင့် မဟုတ်ဘဲ ပို၍ပို၍ ပုံမှန်ဖြစ်စွာ နေထိုင်သွားကြမည်ဖြစ်သည်။ ဤအပြုသဘောဆောင်သော ဤအခြေအနေများတွင် အသက်ရှင်သောလူများသည် အခါအားလျော်စွာ မိမိတို့ အနီးဝန်းကျင်တွင်ရှိသောသူများ၊ မိမိတို့နှင့် အတော်အတန် ရင်းနှီးသူများနှင့် ဝိညာဉ်ရေးဆိုင်ရာ ထပ်တူညီမှုနှင့် ဆက်သွယ်မှုများ ရှိကြလိမ့်မည်။ သို့သော် နတ်ဆိုးတို့က မိမိတို့၏ စိတ်နှလုံးများထဲတွင် တွေးဆပြီး စဉ်းစားကြသည့်အရာမှာ စဉ်းလဲသော အရာများချည်းသာ ဖြစ်သည်။ စဉ်းလဲခြင်းသည် ပုံမှန်လူများ မမြင်နိုင်သော လက်ဆုပ်လက်ကိုင်ပြ၍မရနိုင်သော အရာများ၊ ထို့ထက် ပုံမှန်မဟုတ်သော အရာများ၊ လူတို့ ရှာဖွေတွေ့ရှိရန်နှင့် သိမြင်ရန် ခက်ခဲသော ကွယ်ဝှက်ထားသည့် နေရာများတွင်ရှိသည့် ဖုံးကွယ်ထားသော အရာများ၊ ပုံမှန်လူများ မလိုအပ်သော အရာများကို ရည်ညွှန်းသည်။ ဤကွယ်ဝှက်သော နေရာများသည် နတ်ဆိုးတို့၏ အတွင်းစိတ်ကမ္ဘာများ ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဤစဉ်းလဲသော အရာများဖြင့် ပြည့်နှက်နေသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် အခြားသူများနှင့် နှိုင်းယှဉ်ကြသည်၊ အခြားသူများနှင့် ယှဉ်ပြိုင်ကြသည်၊ အခြားသူများကို ကျိတ်ကြံစည်မှုများ ပြုလုပ်ကြပြီး လှည့်စားကြသည်၊ အဆင့်အတန်း၊ သိက္ခာနှင့် အဆုံးအဖြတ်ပေးပိုင်ခွင့်တို့အတွက် ပြိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကိုသာ တွေးတောကြသည်။ အကယ်၍ သင်က ၎င်းတို့အား ရိုးသားသောလူတစ်ဦးဖြစ်ရန် ယခုတွင် လမ်းကြောင်းတစ်ခုရှိသလောဟု မေးမြန်းလျှင်၊ ၎င်းတို့က သင့်ကို အဖြေပေးမည်မဟုတ်၊ သင့်ကို အသိအမှတ်ပြုမည်မဟုတ်သည့်အပြင်၊ ထိုအကြောင်းကို ဖော်ပြပြောဆိုလိုမည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြော့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးများသည် ဤအပျက်သဘောဆောင်သော၊ စဉ်းလဲသော ကိစ္စရပ်များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကိုသာ တွေးတောကြသည်။ ၎င်းတို့သည် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် ကျွမ်းကျင်မှုဆိုင်ရာ ကဏ္ဍများနှင့် ဆက်စပ်သော ပြဿနာများအကြောင်း အနည်းငယ် ရံဖန်ရံခါ စဉ်းစားရသည့်အခါတွင်၊ ၎င်းတို့၏ အလုပ် သို့မဟုတ် ဘဝ၏ လိုအပ်ချက်များကြောင့် ယာယီအားဖြင့်သာ ထိုသို့ပြုလုပ်ကြသည်။ ဤကဏ္ဍရှိ ၎င်းတို့၏ အလုပ် ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့က၊ “မည်သူ၏ ဆုကျေးဇူးများက ငါ့ထက် ပိုကြီးမြတ်သနည်း။ မည်သည့်ကဏ္ဍတွင် ငါက သူတို့ထက် ပိုအားကောင်းပြီး၊ မည်သည့်ကဏ္ဍတွင် သူတို့က ငါ့ထက် နိမ့်ကျသနည်း။ မည်သူမည်ဝါက နောက်ဆုံးအကြိမ်တွင် ငါ့ကို စကားပြောတုန်းက တမင်တကာ နှိမ့်ချသည်ဟု ထင်ရသည် မဟုတ်လော။ ထိုလူနှစ်ယောက်က အချိန်အတော်ကြာ ပုံမှန်ဆက်သွယ်ပြောဆိုခြင်း မရှိသည့်ပုံပေါ်သည်။ သူတို့ကြားတွင် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူတို့ကြားတွင် ပဋိပက္ခတစ်ခု သို့မဟုတ် ပြဿနာတစ်ခု ပေါ်ပေါက်ခဲ့လျှင်၊ ထိုအရာမှ အကျိုးအမြတ်တစ်ခုခုကို ငါ ရနိုင်သလော။ သူတို့ထဲက တစ်ယောက်က ငါ့အတွက် အကျိုးရှိပြီး ငါ့ကို ကူညီနိုင်သည့်အပြင်၊ ထိုလူနှင့် ငါ တကယ် ပေါင်းသင်းဆက်ဆံချင်သော်လည်း၊ သူတို့က ငါ့ကို မည်သည့်အခါတွင်မျှ အသိအမှတ်မပြုပါ။ သူတို့နှစ်ယောက်ကြားတွင် ပဋိပက္ခတစ်ခု ရှိခဲ့လျှင်၊ ဤအရာကို ငါ အခွင့်ကောင်းယူပြီး ထိုလူနှင့် အဆက်အသွယ်တစ်ခု တည်ဆောက်နိုင်မည်လော”ဟု တွေးဆလျက်၊ စဉ်းလဲသော ကိစ္စရပ်များအကြောင်းကို ချက်ချင်း တစ်ဖန် စစဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ တွေးဆပြီး စဉ်းစားသည့်အရာတိုင်းမှာ အပြုသဘောဆောင်သော အရာများနှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းတို့နှင့်လည်း မည်သည့် ပတ်သက်မှုမျှ မရှိကြပေ။ ဤလူအမျိုးအစားသည် ထိတ်လန့်ဖွယ်ရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်သည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံလျှင်၊ ယင်းမှာ နတ်ဆိုးတစ်ကောင်နှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့် ညီမျှသည်။ သင်သည် ၎င်းတို့ကို ကျိတ်ကြံစည်ခြင်း မရှိသော်လည်း၊ ၎င်းတို့က သင့်ကို နေ့စဉ်နေ့တိုင်း ကျိတ်ကြံစည်နေပြီး လေ့လာစောင့်ကြည့်နေသည်၊ သင့်ကွယ်ရာတွင် သင့်အကြောင်းကို တွေးဆနေပြီး လေ့လာနေသည်၊ “သူတို့က ထိုအရာအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာသည် ငါ့ကို ရည်ရွယ်သလော။ သူတို့ ငါ့ကို ထွင်းဖောက်မမြင်နိုင်ဖို့အလို့ငှာ ငါ မည်သို့ တုံ့ပြန်နိုင်မည်နည်း။ ငါ့အတွက် အကျိုးရှိမည့် နည်းလမ်းဖြင့် ငါ မည်သို့ တုံ့ပြန်နိုင်မည်နည်း။ ငါ မတုံ့ပြန်လျှင်၊ သူတို့က ငါ့ကို မိုက်မဲသည်၊ အနိုင်ကျင့်ရလွယ်သည်၊ သို့မဟုတ် ဘုရားသခင်ကို အမှန်တကယ် ငါ ယုံကြည်ခြင်းမရှိဟု ထင်ကြလိမ့်မည်လော။ သူတို့ ထိုသို့ ထင်ကောင်းထင်ကြမည်လော။ သူတို့၏ ခေါင်းထဲတွင် အမှန်တကယ် မည်သည့်အရာဖြစ်နေသည်ကို ငါ သဘောပေါက်ရန် လိုသည်”ဟူ၍ ဖြစ်သည်။ သင်သည် ၎င်းတို့၏ အကြံအစည်များကြားတွင် အဆက်မပြတ် အသက်ရှင်ရသောအခါ၊ သင် စိတ်နှလုံးထဲတွင် သက်သောင့်သက်သာ ခံစားရသလော။ (မခံစားရပါ။) ယင်းမှာ သင့်ဘေးတွင် မမြင်ရသော နတ်ဆိုးတစ်ကောင် ရှိနေသကဲ့သို့ ဖြစ်သည်။ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းကို မခံစားနိုင်ပေ။ ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ၊ သင့်တွင် ခံစားချက်တစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ စဉ်ဆက်မပြတ်ဖြစ်သော စိုးရိမ်ပူပန်သည့် ခံစားချက်ဖြစ်သည်။ ဤစိုးရိမ်ပူပန်မှုသည် အလွန်ပုံမှန်ဖြစ်သည်၊ အကြောင်းမှာ ပုံမှန်လူများ၏ အလိုလိုသိခြင်း သို့မဟုတ် ဆဋ္ဌမအာရုံသည် ၎င်းတို့အား နတ်ဆိုးများအပေါ်၊ ၎င်းတို့ပတ်ဝန်းကျင်ရှိ ပုံမှန်မဟုတ်သော သတ္တဝါများအပေါ် စိုးရိမ်ပူပန်စေသောကြောင့် ဖြစ်သည်။ သင်သည် ၎င်းတို့ကို အမှန်တကယ် ကောင်းစွာမသိသည့်အပြင်၊ မည်သည့်အရာ မှားယွင်းနေသည်ကို အတိအကျ မရှင်းပြနိုင်လျှင်ပင်၊ သင်သည် ၎င်းတို့နှင့် အတူရှိနေသောအခါတွင် မကောင်းသောအရာတစ်ခုခု ဖြစ်တော့မည့်အလား အမြဲတစေ စိုးရိမ်ပူပန်မှုကို ခံစားရသည်။ ဤသည်မှာ ၎င်းတို့သည် မကောင်းသော ရည်ရွယ်ချက်များ ထားရှိကြောင်း၊ သင့်အပေါ် ကျိတ် ကြံစည်နေကြောင်းနှင့် သင့်အပေါ် အကြံအစည်များ ရှိကြောင်း သက်သေပြရန် လုံလောက်ပေသည်။ သင်သည် ၎င်းတို့၏ စောင့်ကြည့်နေသည့် မျက်လုံးများအောက်တွင် နေထိုင်ရပြီး၊ ၎င်းတို့က သင့်ကို နေ့စဉ်နေ့တိုင်း လေ့လာနေသည်။ ဤအရာက သင့်ဘေးတွင် ကျားတစ်ကောင် သို့မဟုတ် ခြင်္သေ့တစ်ကောင် ရှိနေခြင်းထက် သင့်ကို ပို၍ စိုးရိမ်ပူပန်စေသည်။ အကယ်၍ ထိုကျား သို့မဟုတ် ခြင်္သေ့ကို သင် မွေးမြူထားလျှင်၊ ၎င်းသည် ကြမ်းတမ်းသော တိရစ္ဆာန်တစ်ကောင် ဖြစ်သော်လည်း၊ မည်သည့်အခါတွင်မျှ သင် စိုးရိမ်ပူပန်မှု ခံစားရမည်မဟုတ်ပေ။ သို့သော် သင့်ဘေးတွင် နတ်ဆိုးတစ်ကောင် ရှိနေလျှင်၊ ၎င်းတို့တွင် သွေဖည်သော သဘာဝအနှစ်သာရ ရှိသောကြောင့်၊ သင် စိုးရိမ်ပူပန်မှု ခံစားရသည်။ ဤစိုးရိမ်ပူပန်မှုသည် စိတ်ဝိညာဉ်ထဲရှိ ခံစားချက်တစ်ခုဖြစ်သည်။ ယင်းကို နတ်ဆိုးတစ်ကောင် အလုပ်လုပ်နေခြင်းက ဖြစ်စေခြင်း ဖြစ်သည်။ နတ်ဆိုးသည် သင့်ကို အတိုင်းအတာ တစ်ခုတလေအထိ ပြင်းထန်စွာ အန္တရာယ်ပြုရန် ပုဂ္ဂလဓိဋ္ဌာန်ကျကျ ရည်ရွယ်ခြင်းရှိကောင်းမရှိနိုင်သော်လည်း၊ သင့်အပေါ် ၎င်းတို့၏ စဉ်ဆက်မပြတ် ကျိတ်ကြံစည်နေခြင်းနှင့် စောင့်ကြည့်နေခြင်းကပင် သင်၏စိတ်ဝိညာဉ်ကို စိုးရိမ်ပူပန်စေလိမ့်မည်။ သင့်ဘေးတွင် နတ်ဆိုးတစ်ကောင် ရှိနေလျှင်၊ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြင့် လုံးဝ အသက်ရှင်လိမ့်မည် မဟုတ်။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင် မဟုတ်လျှင်၊ သို့မဟုတ် သင်တွင် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် ဘုရားသခင်အပေါ် လုံလောက်သော ယုံကြည်ခြင်း ရှိလျှင်၊ သို့မဟုတ် သင်က သမ္မာတရားကို သင်၏အသက်အဖြစ် ရှိလျှင်သာ၊ ဤအခြေအနေများထဲမှ တစ်ခုခုနှင့် ကိုက်ညီမှသာလျှင် ၎င်းတို့သည် သင့်ကို မည်သည့်ခြိမ်းခြောက်မှုမျှ ဖြစ်စေမည်မဟုတ် သို့မဟုတ် သင့်အပေါ် မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်သည့်အပြင်၊ သင်သည် စိုးရိမ်ပူပန်မှုမှုကို ခံစားရမည်မဟုတ်ပေ။ အကယ်၍ ဤအခြေအနေများထဲမှ တစ်ခုမျှ မကိုက်ညီလျှင်၊ နတ်ဆိုးတစ်ကောင်က သင့်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေသောအခါ၊ သင်သည် စိုးရိမ်ပူပန်မှုကို ခံစားရလိမ့်မည်။ ဤအရာသည် မည်သည့်အတိုင်းအတာအထိ တဖြည်းဖြည်း တိုးတက်ဖြစ်ပေါ်လိမ့်မည်နည်း။ သင်သည် ၎င်းတို့အပေါ် ရွံရှာခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် သတိထားလိမ့်မည်။ သင်သည် အတွင်းစိတ်၌ အနှောင့်အယှက်ခံရလိမ့်မည်ဖြစ်ပြီး၊ ကိစ္စရပ်များစွာတွင် သောကရောက်လိမ့်မည်၊ ဘောင်ခတ်ခံရလိမ့်မည်ဖြစ်ပြီး ချည်နှောင်ခြင်း ခံရလိမ့်မည်။ အကယ်၍ အနီးအနားတွင် ၎င်းတို့ ရှိနေလျှင်၊ သင်သည် အမှုအရာများကို လုပ်ဆောင်သည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ ၎င်းတို့၏ မျက်လုံးထဲက အကြည့်၊ ၎င်းတို့၏ အမူအရာ သို့မဟုတ် ၎င်းတို့၏ ထင်မြင်ချက်များကို အမြဲတစေ ထည့်သွင်းစဉ်းစားရလိမ့်မည်။ သင်က၊ “သူတို့ ငါ့ကို မည်သို့ တွေးထင်ကြမည်နည်း။ သူတို့ကို အဘယ်သို့ဖြစ်ပြီး ငါ ထွင်းဖောက်မမြင်နိုင်ရသနည်း။ သူတို့က အပိုင်ကြံတတ်ပြီး နားလည်ရခက်သည်ဟု ငါ အဘယ်ကြောင့် ခံစားနေရသနည်း။ အဘယ်ကြောင့် ထိုအပြုံးက သဘောတူညီမှုနှင့်ဆိုင်သည့် အပြုံးတစ်ခု မဟုတ်သကဲ့သို့ ထင်ရသနည်း။ ငါ အဘယ်ကြောင့် အလွန် စိုးရွံ့နေသနည်း။ ငါ အဘယ်ကြောင့် သူတို့၏လွှမ်းမိုးမှုကို အလွန် ခံနေရသနည်း” ဟု စဉ်ဆက်မပြတ် သဘောပေါက်ရန် ကြိုးစားနေရပေမည်။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်သည့်အပြင်၊ ပိုင်းခြားသိမြင်မှု မရှိလျှင်၊ ဤလူအမျိုးအစားနှင့် အချိန်ကာလတစ်ခုကြာ ပေါင်းသင်းဆက်ဆံပြီးနောက်၊ သင်သည် ၎င်းတို့၏ လွှမ်းမိုးမှုကို အလိုအလျောက် ခံရလိမ့်မည်ဖြစ်ပြီး ထိုသို့သော အခြေအနေတစ်ခုတွင် ရောက်သွားလိမ့်မည်၊ ယင်းမှာ အလွန် အလွန် ထိတ်လန့်ဖွယ်ဖြစ်သည်။

၎င်းတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့ အလိုအလျောက် ထုတ်ဖော်သောအရာများနှင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် တွေးတောသောအရာများမှ အကဲဖြတ်သည့်အခါ၊ နတ်ဆိုးများမှ လူဝင်စားသူတို့ကို သွေဖည်သော အနှစ်သာရရှိသူများအဖြစ် သတ်မှတ်၍ရနိုင်သည်။ အကယ်၍ သင်သည် ၎င်းတို့နှင့် ပိုမိုနက်ရှိုင်းသည့်၊ နောက်ထပ် ထိတွေ့ဆက်ဆံမှုမရှိခဲ့လျှင်၊ ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာများကို သင် နားလည်ကောင်းနားလည်မည် မဟုတ်သော်လည်း၊ ဤလူစားမျိုးကို ပိုင်းခြားသိမြင်ရန် တိုက်ရိုက်အကျဆုံးနှင့် အရှင်းလင်းဆုံးနည်းလမ်းမှာ ၎င်းတို့၏ အပြင်ပန်းသွင်ပြင်တွင်ရှိသည့် ထူးခြားသော လက္ခဏာရပ်တစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ မျက်လုံးထဲတွင် ကောက်ကျစ်ဆိုးယုတ်သောအကြည့်နှင့် စဉ်းလဲသော အပြုံးတစ်ခုကို မကြာခဏ ထုတ်ဖော်ပြကြသည်။ ၎င်းတို့၏ မျက်လုံးထဲရှိ ထိုကောက်ကျစ်ဆိုးယုတ်သော အကြည့်ဟူသည်မှာ ခိုးကြောင်ခိုးဝှက်နိုင်သော အကြည့်၊ သိပ်သန့်ရှင်းခြင်းမရှိသည့်အပြင် ကြည်လင်ခြင်းမရှိသော သို့မဟုတ် သိပ် ရိုးသားခြင်း မရှိသည့်အပြင် စစ်မှန်ခြင်းမရှိဘဲ ထို့ထက် နားလည်၍မရနိုင်သည့်ပုံရသော အကြည့်တစ်ခုကို ဆိုလိုသည်။ ဤအကြည့်ထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခု ရှိသည်ဟု သင် ခံစားရသော်လည်း၊ ယင်းမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့က သင့်အား ပြောပြမည်မဟုတ်ပေ။ ထို့ပြင်၊ ၎င်းတို့ စကားပြောသည့်အခါတွင် အမှုအရာများကို စောင်းပါးရိပ်ခြည်ပြောကာ ၎င်းတို့ တစ်နည်းတစ်ဖုံဖြင့် စဉ်းစားသည်ဟု သင့်ကို တလွဲယုံကြည်စေဖို့ စကားလုံးများကို အသုံးပြုလျက် အမှုအရာများကို မသိမသာ အရိပ်အမြွက်ပြခြင်းဖြင့်၊ သင့်ကို မှန်းဆစေသော်လည်း၊ အမှန်တကယ်တွင် ယင်းမှာ လှည့်ဖြားမှုတစ်ခုသာ ဖြစ်သည်။ သင် နားလည်သဘောပေါက်သောအရာသည် ယင်းတို့၏ စစ်မှန်သော အဓိပ္ပာယ် လုံးဝမဟုတ်ပေ၊ ၎င်းတို့သည် သင့်ကို လှည့်စားပြီး လှောင်ပြောင်လိုခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ မျက်လုံးထဲက အကြည့်တွင် မည်သည့်ရိုးသားစစ်မှန်မှုကိုမျှ သင် ရှာမတွေ့နိုင်ပေ။ ဤအကြည့်သည် ခိုးကြောင်ခိုးဝှက်ဖြစ်ပြီး လှည့်လည်နေသည်။ ယင်းတွင် မရေရာသည့်၊ ဖမ်းဆုပ်ရခက်သော ခံစားချက်တစ်ခု ရှိသည်။ သင်သည် ၎င်းတို့၏ မျက်လုံးထဲက အကြည့်ကို မြင်လိုက်သည့်အခိုက်တွင်၊ သင့်စိတ်နှလုံးထဲ၌ သံသယက ရုတ်တရက် ပေါ်ပေါက်လာပြီး၊ သင်ပြောခဲ့သောအရာ သို့မဟုတ် လုပ်ခဲ့သောအရာက မှားယွင်းသည်ဟု သင် သင်္ကာမကင်းဖြစ်လာသည်။ အကယ်၍ သင်သည် ၎င်းတို့၏ မျက်လုံးထဲက အကြည့်ကို မမြင်လျှင်၊ သင်၏အမြင်သည် မှန်ကန်သည်ဟုလည်းကောင်း၊ သင်၏ကိုယ်ပိုင်သဘောပေါက်နားလည်မှုသည် ဖြူစင်သည်ဟု လည်းကောင်း၊ ဤအရာများက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်ဟုလည်းကောင်း၊ သင်သည် နည်းလမ်းတစ်ခုခုဖြင့် ပြုမူသင့်သည်ဟုလည်းကောင်း သင်ခံစားရပြီး၊ ထိုသို့လုပ်ဆောင်ရန် သင့်တွင် ခိုင်မာသော ယုံကြည်ခံယူချက်တစ်ခု ရှိသည်။ သို့သော် သင်သည် ၎င်းတို့၏ အကြည့်နှင့် ဆုံလိုက်သည်နှင့် သို့မဟုတ် ၎င်းတို့က မိမိတို့၏ မျက်လုံးများတွင်ရှိသည့် ထိုကောက်ကျစ်ဆိုးယုတ်သော မျက်လုံးအကြည့်ဖြင့် သင် စိုက်ကြည့်လိုက်သည်နှင့်၊ သင်သည် မသိဘဲ ကျောချမ်းသွားသည်ကို ခံစားရသည်။ မည်သည့် တိကျသော စကားလုံးမျှ မပြောဆိုသော်လည်း၊ ၎င်းတို့၏ မျက်လုံးထဲရှိ ထိုကောက်ကျစ်ဆိုးယုတ်သောအကြည့်သည် သင့်အား စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်တစ်ခုကို ပေးသည်၊ ယင်းက သင့်ကို “ငါ တစ်စုံတစ်ရာကို မှားယွင်းစွာ ပြောမိခဲ့သလော။ တစ်စုံတစ်ရာကို မှားယွင်းစွာ လုပ်မိသလော။ မည်သည့်နေရာတွင် ငါ မှားသွားသနည်း”ဟု ချက်ချင်း သင့်ကိုယ်သင် သံသယဝင်စေလျက် သင့်ကို အထင်အမြင်မှားစေသည်။ မေးခွန်းတွင်ရှိသည့် ကိစ္စရပ်နှင့် စည်းမျဉ်းသည် သိသာထင်ရှားစွာပင် အလွန်ရှင်းလင်းပြီး ပြတ်သားသည့်အပြင်၊ယင်းကို ထိုနည်းလမ်းအတိုင်း လုပ်ဆောင်သင့်ကြောင်းနှင့် ယင်းမှာ မှန်ကန်ကြောင်း သင် သေချာခဲ့သော်လည်း၊ ၎င်းတို့၏ အကြည့်နှင့် ဆုံပြီးနောက်တွင်မူ သင် သံသယဝင်လာသည်။ ဤအကြည့်မျိုးသည် နတ်ဆိုးတစ်ကောင်၏ အကြည့်ဖြစ်သည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများထဲရှိ ကောက်ကျစ်ဆိုးယုတ်သောအကြည့်သည် သင့်အား သံသယဝင်စေသည်။ နောက်ထပ်သွင်ပြင်လက္ခဏာတစ်ခုမှာ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မျက်လုံးများထဲက ထိုကောက်ကျစ်ဆိုးယုတ်သော အကြည့်အတွင်းတွင် အဓိပ္ပာယ်တစ်ခုခု ရှိနေသည်၊ ယင်းမှာ အထင်သေးခြင်း ဖြစ်သည်။ သင်က ငယ်ရွယ်သည်၊ အတွေ့အကြုံနုနယ်သည်၊ ဘဝအတွေ့အကြုံကင်းမဲ့ပြီး၊ လူ့သဘာဝနှင့်ဆိုင်သည့် ချို့ယွင်းချက်အချို့ပင် ရှိနိုင်သောကြောင့်၊ ၎င်းတို့၏ မျက်လုံးများနှင့် သင်၏မျက်လုံးများ ဆုံသောအခါ၊ သင်သည် အလွန်အရေးမပါဟု ခံစားရလျက်၊ ၎င်းတို့ထက် နိမ့်ကျသည်ဟု ခံစားရပြီး ၎င်းတို့ရှေ့တွင် သေးသိမ်လာသည်ဟု ခံစားရလျက် ချက်ချင်းပင် မိမိကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးသွားသည်၊ သင် ပြိုလဲသွားပြီး၊ ချက်ချင်းပင် သင့်ကိုယ်သင် သံသယဝင်လေသည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ အကြည့်ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်သော အကြည့်သည် တစ်ခါတစ်ရံ လူတို့၏ အတွေးများကို ရှုပ်ထွေးစေသည်၊ တစ်ခါတစ်ရံ လူတို့၏ မိမိကိုယ်ကိုယ်ယုံကြည်မှုအား အနှောင့်အယှက်ပေးပြီး၊ တစ်ခါတစ်ရံတွင်လည်း လူတို့အား အပျက်သဘောခံစားစေပြီး စိတ်ဓာတ်ကျဆင်းစေသည်။

နတ်ဆိုးများမှ လူဝင်စားသူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် ၎င်းတို့၏ မျက်လုံးများထဲက အကြည့်ကို လေ့လာခြင်းအားဖြင့် ၎င်းတို့ကို ပိုင်းခြားသိမြင်ရာနှင့်ဆိုင်သည့် အတွေ့အကြုံမရှိသေးပါက၊ ၎င်းတို့ နေ့စဉ် အဘယ်အရာ တွေးတောသည်ကို ကြည့်လော့၊ နေ့စဉ် လူတို့နှင့် အဘယ်အရာအကြောင်း ၎င်းတို့ ပြောဆိုသည်ဟူသည်နှင့် ပုံမှန် ပြောဆိုဆက်ဆံခြင်း ရှိမရှိဟူသည်ကို ကြည့်လော့။ အကယ်၍ ပုံမှန် ပြောဆိုဆက်ဆံခြင်း မရှိသည့်အပြင်၊ လူအများစုက ၎င်းတို့ကို နားမလည်ကြလျှင်၊ လူအများစုနှင့် ပေါင်းသင်းဆက်ဆံရာတွင် ၎င်းတို့၏ စည်းမျဉ်းမှာ ရေငုံနှုတ်ပိတ်နေခြင်းဖြစ်ပြီး ၎င်းတို့နှင့် အရင်းနှီးဆုံးသောသူများပင် ၎င်းတို့ နေ့စဉ် အဘယ်အရာ တွေးတောသည်ကို မသိကြသည့်အပြင်၊ ၎င်းတို့၏ တိကျသော အတွေးများနှင့် အမြင်များကို အလွယ်တကူ သဘောမပေါက်နိုင် သို့မဟုတ် ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည့်အရာကို နားမလည်နိုင်လျှင်၊ ထိုသို့သော လူများသည် အမှန်တကယ်ပင် အပိုင်ကြံတတ်ပြီး နားလည်ရခက်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့၏ တိတ်ဆိတ်နေခြင်းက ၎င်းတို့တွင် အတွေးများနှင့် အမြင်များ မရှိဟု မဆိုလိုပေ။ အမှန်တွင် ၎င်းတို့၏ စစ်မှန်သော အတွေးများမှာ ၎င်းတို့၏ စိတ်ထဲတွင် ကွယ်ဝှက်နေသည်၊ ၎င်းတို့က ထုတ်မပြောခြင်းသာ ဖြစ်သည်။ ၎င်းတို့ ထုတ်မပြောလျှင် ၎င်းတို့ ဉာဏ်များသည်ကို သင် မည်သို့ သိရှိနိုင်မည်နည်း။ ၎င်းတို့တွင် စဉ်းလဲသော အပြုံးတစ်မျိုး ရှိသည်။ ၎င်းတို့သည် မကြာခဏ ဟန်ဆောင်ပြုံးတစ်ခု ဆင်ကြသည်။ ၎င်းတို့ သင့်ကို ရင်ဆိုင်သည့်အခါ၊ ဟန်ဆောင်အပြုံးတစ်ခု ပြသသော်လည်း၊ ၎င်းတို့ လှည့်ထွက်သွားသောအခါတွင်မူ ၎င်းတို့၏ မျက်နှာသည် မည်သည့်အပြုံးမျှမရှိဘဲ ခံစားချက်ကင်းမဲ့သွားသည်။ ဤလူစားမျိုးသည် ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ်ကောင်းသည်၊ ၎င်းတို့သည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ နားလည်ပြီလော။ (နားလည်ပါသည်။) ဥပမာအားဖြင့် သင်သည် ၎င်းတို့နှင့်အတူ တစ်စုံတစ်ခုကို ဆွေးနွေးသည် ဆိုပါစို့။ သင်၏ အမြင်ကို သင် ပြောပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ ရပ်တည်ချက်ကို မဖော်ပြဘဲ စဉ်းလဲသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသည်။ စဉ်းလဲသော အပြုံးက အဘယ်အရာအား ဆိုလိုသည်ကို သင်သိသလော။ ယင်းမှာ ဤအပြုံးသည် သဘောတူခြင်းလော သို့မဟုတ် သဘောမတူခြင်းလောဟူသည်ကို သင်မသိသည့်အပြင်၊ သင်ဆိုလိုသည့်အရာကို ၎င်းတို့ အမှန်တကယ် နားလည်သလောဟူသည်ကိုလည်း သင်မသိဟု ဆိုလိုသည်။ ၎င်းတို့သည် “ဟဲဟဲ” ဟူသော ရယ်သံမျိုးကိုသာ ပြုလုပ်သည်။ သင်ပြောခဲ့သည့်အရာနှင့် စပ်လျဉ်း၍ ၎င်းတို့က မှန်သည်ဟုလည်း မပြော၊ မှားသည်ဟုလည်း မပြော၊ နားလည်သည်ဟုလည်း မပြော၊ နားမလည်ဟုလည်း မပြောပေ။ သို့ဖြစ်၍ ဤရယ်သံက အမှန်တကယ် အဘယ်အရာ ဆိုလိုသည်ကို သင် နားမလည်နိုင်ပေ။ ၎င်းတို့သည် သင့်ကို တုံ့ပြန်ပြီးဖြစ်သော်လည်း ဤတုံ့ပြန်မှုသည် တုံ့ပြန်မှုမရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မတုံ့ပြန်ခဲ့ပါက ၎င်းတို့ နားမလည်ခြင်း ဖြစ်နိုင်သည်ဟု သင် ခန့်မှန်းပေမည်။ ၎င်းတို့ ဤနည်းလမ်းဖြင့် တုံ့ပြန်ခြင်းက သင့်ကို စိတ်ရှုပ်ထွေးလာစေသည်။ ဤရယ်သံက လှောင်ပြောင်ခြင်း၊ အထင်သေးခြင်း၊ ပြက်ရယ်ပြုခြင်း သို့မဟုတ် သဘောတူခြင်းနှင့် ထောက်ခံခြင်းတို့အား ဆိုလိုသလောဟူသည်ကို သင်မသိပေ။ သင်က ၎င်းတို့၏ အမြင်ကို မေးမြန်းလျှင် ၎င်းတို့က တစ်ဖန် “ဟဲဟဲ” ဟု ရယ်မောကာ “ကောင်းပြီ၊ ကောင်းပြီ”ဟု ပြောပြီး၊ စကားပြောပြီးသည့်နောက်တွင် ၎င်းတို့၏ မျက်နှာအမူအရာက ရုတ်တရက် မည်းမှောင်သွားသည်။ ဤသည်မှာ သင့်အပေါ် မသိမသာ ကြီးမားသော ဖိအားသက်ရောက်စေသည်။ အကယ်၍ သင်၏ ဝိညာဉ်ရင့်ကျက်က သေးငယ်ပြီး သင့်တွင် စစ်မှန်သော ရပ်တည်ချက် သို့မဟုတ် မှန်ကန်သော အတွေးများနှင့် အမြင်များ မရှိပါက သင်သည် ၎င်းတို့၏ ဖိနှိပ်မှုကို ခံရနိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ ဤအပြုံးကို စဉ်းလဲသော အပြုံးဟု ခေါ်ခြင်းဖြစ်သည်၊ မရိုးဖြောင့်ခြင်းနှင့် ဉာဏ်များခြင်းကိုပင် စဉ်းလဲခြင်းဟု ခေါ်သည်။ ၎င်းတို့သည် မိမိတို့၏ အမြင်များကို အလွယ်တကူ မထုတ်ဖော်ကြပေ။ စကားတစ်လုံးပြောခြင်းသည် အလွန်နည်းသည်၊ နှစ်လုံးပြောခြင်းသည် အလွန်များပြီး ၎င်းတို့ အမြင်တစ်ခုကို ရှင်းလင်းစွာ ပြောဆိုလိုက်သည်နှင့် သို့မဟုတ် တိကျသော တစ်စုံတစ်ရာကို ရည်ညွှန်းလိုက်သည်နှင့် ယင်းမှာ ရှုံးနိမ့်ခြင်း၊ အမှားတစ်ခု ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့အတွက် အကောင်းဆုံးနည်းလမ်းမှာ ပြုံးပြပြီး သင့်ကို မှန်းဆခွင့်ပြုခြင်း ဖြစ်သည်။ သင်အလိုရှိသည့် မည်သည့်အဓိပ္ပာယ်ကိုမဆို သင် မှန်းဆနိုင်သည်၊ သင်နှစ်သက်သလို သင် မှန်းဆနိုင်သည်၊ သို့သော် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် သင့်အပေါ် ရန်လိုခြင်းမရှိဟု သင်ခံစားရပြီး ထိုသို့ဖြင့် ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိလေသည်။ ကျိတ်ကြံစည်နေပြီး အလွန့်အလွန် စဉ်းလဲသော ထိုမြေခွေးအိုများနှင့် မသိမသာ အန္တရာယ်ပေးပြီး ကောက်ကျစ်သည့်အပြင်၊ ရက်စက်သော နည်းဗျူဟာများကို အသုံးပြုသည့် ထိုလူတို့ကို လေ့လာကြည့်လော့။ ၎င်းတို့သည် များများစားစား မပြောသည့်အပြင်၊ ၎င်းတို့၏ မျက်နှာများကလည်း ခံစားချက်ကို သိပ်မပြသော်လည်း ၎င်းတို့၏ မျက်လုံးများထဲက အကြည့်နှင့် ၎င်းတို့၏ အပြုံးများမှာ သွေဖည်လေသည်။ ပုံမှန် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် တိရစ္ဆာန်များမှ လူဝင်စားသူတို့အားလုံးသည် နတ်ဆိုးများမှ လူဝင်စားသူတို့ထံမှ ထွက်ပြေးကြသည်။ ၎င်းတို့သည် ထိုသို့သော လူများနှင့် ပေါင်းသင်းဆက်ဆံရန် မလိုလားကြသည့်အပြင်၊ ထိုသို့သော လူများနှင့် အတူရှိနေခြင်းသည် ၎င်းတို့အတွက် ထိတ်လန့်ဖွယ်ကောင်းသည်ဟု ခံစားရသည်။ ယင်းက ၎င်းတို့ကို ကျောချမ်းသွားစေသည်။ အဘယ်ကြောင့် ယင်းက ၎င်းတို့ကို ကျောချမ်းသွားစေသနည်း။ အကြောင်းမှာ ထိုသို့သော လူများသည် လူသားများမဟုတ်၊ နတ်ဆိုးများဖြစ်ကြပြီး နတ်ဆိုးများက မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိကြသောကြောင့် ဖြစ်သည်။ ပုံမှန်လူသားများက တစ်စုံတစ်ယောက်နှင့် ပြောဆိုဆက်ဆံသောအခါ ၎င်းတို့သည် ထိုသူကို ကျောချမ်းသွားစေခြင်း မရှိပေ။ ပုံမှန်လူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်၊ ၎င်းတို့သည် အစွန်းမရောက်ခြင်းနှင့် ချုပ်ထိန်းမှုဖြင့် ပြုမူကြပြီး ၎င်းတို့တွင် အနိမ့်ဆုံး စံနှုန်းများ ရှိကြသည်။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့ ဒေါသထွက်သောအခါ သင့်ကို အနည်းငယ် ကျိန်ဆဲကောင်း ကျိန်ဆဲနိုင်ပြီး သင်၏ မိမိကိုယ်ကိုလေးစားမှုအား အနည်းငယ် ထိခိုက်စေသော မနှစ်မြို့ဖွယ် အမှုအရာအချို့ကို ပြောဆိုကောင်း ပြောဆိုနိုင်သည်။ သို့သော် နတ်ဆိုးများမှာ မတူပေ၊ ၎င်းတို့သည် သင့်ကို မဆဲဆိုကြ သို့မဟုတ် သင်၏ မိမိကိုယ်ကိုလေးစားမှုကိုလည်း မထိခိုက်စေကြသော်လည်း သင့်ကို အမှန်ပင် ထိခိုက်နစ်နာစေသည်။ ၎င်းတို့သည် သင့်အား မည်သို့ အထင်အမြင်မှားစေရမည်ကို သင့်ကွယ်ရာတွင် တွေးဆကြသည်။ ၎င်းတို့သည် တွင်းတစ်တွင်းကို တူးပြီး သင့်ဘာသာ ထိုတွင်းထဲသို့ ခုန်ချစေသည်။ သင် ခုန်ချပြီးနောက်တွင် သင်၏ ကံအကြောင်းမလှသည့် ဖြစ်ရပ်အပေါ် နှစ်ထောင်းအားရဖြစ်နေစဉ်တွင်ပင် လူကောင်းတစ်ဦးအဖြစ် ဟန်ဆောင်လျက် “ကျွန်ုပ် သင့်ကို ကယ်တင်ပါမည်။ သင် အဘယ်သို့ဖြစ်ပြီး ပြုတ်ကျသွားသနည်း။ ဤနေရာတွင် တွင်းတစ်တွင်းရှိသည်ကို လူအများစုက သိသည်ဟု ကျွန်ုပ်ထင်ခဲ့သည်”ဟု ဆိုလျက်၊ အပေါ်မှနေ၍ သင့်ကို ကြည့်ရှုကြလေသည်။ ၎င်းတို့သည် သင့်အား ၎င်းတို့၏ ဟန်ဆောင်မှုကို အဟုတ်ထင်သွားစေလျက် လူကောင်းတစ်ဦးအဖြစ်ပင် ဟန်ဆောင်လိုကြသည်။ ဤလူစားမျိုးသည် ထိတ်လန့်ဖွယ် ဖြစ်သည် မဟုတ်လော။ ထိုတွင်းကို ၎င်းတို့ တူးခဲ့ခြင်းဖြစ်ပြီး သင့်အတွက် အံဝင်ခွင်ကျ တူးထားခြင်းဖြစ်သည်၊ သင် မခုန်ချလျှင် မည်သူ ခုန်ချမည်နည်း။ တွင်းထဲသို့ သင် ခုန်ချပြီးနောက် ၎င်းတို့သည် သင့်ကို ကယ်တင်ရန် လက်တစ်ဖက်ကို ဆန့်တန်းပေးပြီး သင့်ကို ကယ်တင်နေစဉ်တွင် “သင် အဘယ်ကြောင့် ခုန်ချခဲ့သနည်း”ဟု ပြောဆိုသည်။ သင်၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်ကို နှစ်ထောင်းအားရကြသော်လည်း၊ ထိုတွင်းကို ၎င်းတို့ တူးခဲ့ကြောင်း သင် မသိရှိစေရန်လည်း ၎င်းတို့ ဖန်တီးကြသည်။ သိသာထင်ရှားစွာပင် သင့်ကို ထိခိုက်နစ်နာစေခဲ့သူမှာ ၎င်းတို့ဖြစ်နေသော်လည်း ၎င်းတို့က သင့်အား ၎င်းတို့အပေါ် အလွန်အမင်း ကျေးဇူးတင်ရှိစေသည်။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လုံးလုံး သွေဖည်ခြင်းပင် ဖြစ်သည်။

နတ်ဆိုးများမှ လူဝင်စားသူတို့ မကြာခဏ လုပ်ဆောင်လေ့ရှိသည့်၊ လူတိုင်း မြင်ရပြီးဖြစ်သော အရာတစ်ခု ရှိသည်။ နတ်ဆိုးများသည် လူတို့ကို မျက်နှာလိုမျက်နှာရလုပ်ရန် နားဝင်ချိုသော စကားများ ပြောဆိုရာ၌ အတော်ဆုံး ဖြစ်ကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ ထိုသို့သော လူတစ်ဦးက သင် အလုပ်လုပ်နေသည်ကို မြင်သောအခါ ၎င်းတို့သည် အထဲတွင် ပုန်းအောင်းပြီး စောင့်ကြည့်ကြသည်။ သင် အလုပ်ပြီးသွားသောအခါ ၎င်းတို့ ထွက်လာပြီး “အို၊ သင် အလုပ်လုပ်နေပြီးဖြစ်သည်တကား။ ကျွန်ုပ်ကို အဘယ်ကြောင့် သိခွင့်မပေးသနည်း။ ကျွန်ုပ် သင့်ကို ကူညီပြီး ဝန်ကို မျှထမ်းပေးနိုင်ခဲ့မည်ဖြစ်သည်။ ပင်ပန်းစရာဖြစ်မည်ဆိုလျှင်၊ ကျွန်ုပ်တို့ အတူတကွကိုင်တွယ်၍ရသည်။ နောက်တစ်ခါ သင် အလုပ်လုပ်လျှင်၊ ကျွန်ုပ်ကိုသာ သိခွင့်ပေးလော့။ ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ခုသာ ဖြစ်သည်။ ကျွန်ုပ်ကို အကူအညီတောင်းဖို့ အားမနာပါနှင့်”ဟု ပြောဆိုသည်။ ဤအရာကို သင်ကြားသောအခါ သင်၏ စိတ်နှလုံးက နွေးထွေးမှုကို ခံစားပြီး ၎င်းတို့ မကူညီခဲ့သော်လည်း ထိုသို့ကူညီရန် ရည်ရွယ်ချက်ရှိခဲ့သည့်အပြင် ၎င်းတို့၏ စကားများမှာ လုံလောက်သည်ဟု သင် စဉ်းစားမိလေသည်။ ၎င်းတို့သည် နားဝင်ချိုသော စကားများဖြင့် သင့်ကို လှည့်စားကြသည်။ မြင်သလော၊ ၎င်းတို့သည် ထိုသို့သော အရာများကို အမှန်တကယ် ပြောထွက်နိုင်ပြီး ယင်းတို့အား ပြောဆိုရာ၌ ရှက်စိတ်မခံစားကြပေ။ သို့ဆိုလျှင် ၎င်းတို့၏ စကားများက မှားယွင်းကြောင်းကို သင် မည်သို့ သိနိုင်မည်နည်း။ နောက်တစ်ကြိမ် သင်၏ အလုပ်တာဝန်များကို သင် ပြီးစီးသောအခါ ၎င်းတို့ ရောက်လာပြီး နားဝင်ချိုသော စကားများကို တစ်ဖန် ပြောဆိုသည်။ “သင် အလုပ်လုပ်နေခဲ့သည်ကို ကျွန်ုပ်အား အဘယ်ကြောင့် သိခွင့်မပေးခဲ့သနည်း။ အကြိမ်တိုင်း ကျွန်ုပ်ကို သင် အကူအညီမတောင်းခဲ့ပါ။ သင်က ကျွန်ုပ်ကို အမှန်ပင် အပြင်လူတစ်ယောက်လို သဘောထားနေသည်။ အဘယ်ကြောင့် ကျွန်ုပ်နှင့်ပတ်သက်၍ သင် အလွန် အပေါ်ယံဆန်ရသနည်း” ဟူ၍ ဖြစ်သည်။ ဤအရာ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဖြစ်ပျက်ပြီးနောက်တွင် ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ သင့်ကို အမှန်တကယ် ကူညီလိုခြင်းမရှိကြောင်းနှင့် သင့်ကို လှည့်စားရန်နှင့် မျက်နှာလုပ်ရန် နားဝင်ချိုသော စကားအချို့ကိုသာ ပြောဆိုနေခြင်းဖြစ်ကြောင်း သင်သိလေသည်။ ၎င်းတို့၏ အကူအညီ အမှန်တကယ် လိုအပ်သည့်အရာ တစ်စုံတစ်ခု ရှိသည့်အခါတွင်မူ ၎င်းတို့ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ နတ်ဆိုးတစ်ကောင်ဖြစ်သည်၊ လူသားတစ်ဦး မုချ မဟုတ်ပေ။ နတ်ဆိုးများမှ လူဝင်စားသူတို့သည် ၎င်းတို့တွေ့ဆုံသည့် မည်သူ့ကိုမဆို လှည့်စားရန်နှင့် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် နားဝင်ချိုသော စကားများကို ပြောဆိုကြလိမ့်မည်။ ၎င်းတို့သည် ကောက်ကျစ်သော အကြံအစည်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် လူသားများမဟုတ်ဘဲ နတ်ဆိုးများ ဖြစ်ကြသည်။ ဤကဲ့သို့သော လူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ တန်ဖိုးတစ်ခုတလေ ရှိသလော။ သင်သည် ၎င်းတို့ကို မည်သည့်အရေးမျှပင် မလုပ်သင့်ပေ။ သင်၏ နေ့စဉ်ဘဝတွင် ထိုသို့သော လူများ ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ထိုသို့သော လူတစ်ဦးက ဤကိစ္စတွင် ပြုမူပုံဖြစ်ပြီး အခြားကိစ္စများတွင်လည်း ၎င်းတို့က ထိုနည်းအတိုင်းပင် ပြုမူကြသည်။ ၎င်းတို့က လူတို့ကို အမြဲ လှည့်စားကြသည်။ ယင်းမှာ ၎င်းတို့ သွေဖည်သည့်ပုံစံ ဖြစ်သည်။ ၎င်းတို့သည် လူတို့အပေါ် စိတ်ရင်းမှန် မရှိကြပေ။

နတ်ဆိုးများမှ လူဝင်စားသူတို့၏ “သွေဖည်ခြင်း”နှင့်ဆိုင်သည့် ထူးခြားသော လက္ခဏာ၏ သရုပ်သကန်တစ်ခု၊ အတိအကျပြောရလျှင် စဉ်းလဲခြင်းကို သင်တို့အားလုံး အတော်အတန် ပိုင်းခြားသိမြင်နိုင်ကြသလော။ (သိမြင်နိုင်ပါသည်။) ဤလူစားမျိုးသည် အထူးသဖြင့် လှည့်ဖြားတတ်သည်၊ အထူးသဖြင့် စဉ်းလဲသည့်အပြင်၊ အထူးသဖြင့် မသိမသာ အန္တရာယ်ပေးတတ်ပြီး ကောက်ကျစ်သည်။ အကယ်၍ သင်သည် ၎င်းတို့၏ သရုပ်သကန်များကို ပုံမှန်ဖြစ်သော ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြမှုများအဖြစ် သဘောထားနေဆဲဖြစ်ပြီး ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် ကူညီကာ အားပေးနေဆဲဖြစ်ပါက၊ ဤသည်မှာ မိုက်မဲခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အနာဂတ်တွင် ဤမိုက်မဲသော အရာများကို နောက်တစ်ဖန် မလုပ်ရပေ။ ၎င်းတို့သည် လူသားများမဟုတ်ဘဲ နတ်ဆိုးများဖြစ်ကြပြီး သင် ကူညီအားပေးရမည့်သူများ မဟုတ်ကြပေ။ သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းက ကောင်းသည်ကိုလည်းကောင်း မိမိတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ သိကြသည်။ သို့သော် သိခြင်းမှာ တစ်ပိုင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် ထိုသို့သော သတ်မှတ်ချက်မရှိသည့်အပြင်၊ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ယင်းမှာ ၎င်းတို့က လက်တွေ့လုပ်ဆောင်ချင်သော်လည်း မလုပ်ဆောင်နိုင်ခြင်း မဟုတ်။ ထို့ထက်၊ ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဘယ်သောအခါမျှ ၎င်းတို့ မရည်ရွယ်ကြခြင်းဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားကြည့်လော့၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် အဘယ်အရာကို ကျိတ်ကြံစည်ပြီး စီစဉ်ကြသနည်း။ တစ်ခုတလေကမျှ အပြုသဘောဆောင်သော အရာများနှင့် ဆက်စပ်ခြင်းမရှိသည့်အပြင်၊ အတွေးတစ်ခုတလေကမျှ အပြုသဘောဆောင်သော အတွေးများနှင့် အမြင်များနှင့် ဆက်စပ်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ခြင်းမရှိသည့်အပြင်၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန်လည်း ရည်ရွယ်ခြင်းမရှိပေ။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရား စည်းမျဉ်းများကို ဘယ်သောအခါမျှ မရှာဖွေကြသည့်အပြင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ ပြုမူရမည်ကိုလည်း မရှာဖွေကြပေ။ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် သို့မဟုတ် သစ္စာစောင့်သိပြီး မိမိတို့၏ ရိုးသားစစ်မှန်မှုကို ပေးအပ်ပူဇော်ရန်လည်း ရည်ရွယ်ခြင်းမရှိပေ။ ၎င်းတို့ တွက်ချက်သမျှအားလုံးမှာ စဉ်းလဲသော အရာများသာ ဖြစ်သည်။ အချို့လူများက “သူတို့ တွက်ချက်သည့်အရာက သူတို့ အတွင်းစိတ်ကမ္ဘာများနှင့် ဆိုင်သည်။ ပိုင်းခြားသိမြင်ရန် မလွယ်ကူပါ။ သူတို့ မပွင့်လင်းသည့်အပြင် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမဖွဲ့သည့်အခါ သူတို့ အဘယ်အရာ တွေးတောနေသည်ကို အခြားသူများက မည်သို့ သိနိုင်မည်နည်း။ သူတို့သည် အပြင်ပန်းအားဖြင့် အတော်လေး ကောင်းမွန်စွာ ပြုမူပြီး လက်ရှိတာဝန်များနှင့်ပတ်သက်၍လည်း အလုပ်များနေကြသည်။ သူတို့က စဉ်းလဲသည်ဟု အဘယ်ကြောင့် သင်က ပြောဆိုပြီး နတ်ဆိုးများအဖြစ် သတ်မှတ်ရသနည်း”ဟု ပြောဆိုကြသည်။ အခြားသူများကမူ “သူတို့သည် မိမိတို့၏မျက်လုံးထဲတွင် ကောက်ကျစ်ဆိုးယုတ်သောအကြည့် အနည်းငယ်၊ စဉ်းလဲသောအပြုံး အနည်းငယ်ကိုသာ ထုတ်ဖော်ပြခြင်းဖြစ်သည်။ ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာထဲတွင် မည်သည့်အရာ တွေးနေသည်ကို ကျွန်ုပ်တို့ ထွင်းဖောက်မမြင်နိုင်သေးပါ”ဟု ပြောဆိုကြသည်။ သို့ဆိုလျှင် ၎င်းတို့က နတ်ဆိုးများဖြစ်ကြောင်းကို မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ လူတစ်ဦး၏ အတွေးများက လက်ဆုပ်လက်ကိုင်ပြ၍ မရပေ။ ၎င်းတို့က ထုတ်မဖော်ပြလျှင် ယင်းတို့ကို သင် မြင်နိုင် သို့မဟုတ် သိရှိနိုင်ခြင်း မရှိသည့်အပြင်၊ သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်လည်း မဟုတ်ပေ။ သို့သော် လူတစ်ဦးတွင် မည်သည့် အတွေးများနှင့် အမြင်များ ရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာထဲတွင် မည်သည့်အရာကို တမ်းတသည် သို့မဟုတ် တွက်ချက်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် သေချာပေါက် ပြုမူဆောင်ရွက်ကြလိမ့်မည်ဖြစ်ပြီး၊ သို့ဖြစ်၍ ၎င်းတို့ အသက်ရှင်နေထိုင်သည့် အရာအချို့၊ သရုပ်သကန်အချို့ အမြဲရှိလိမ့်မည်။ ၎င်းတို့သည် လူတို့ကြားတွင် အသက်ရှင်နေသမျှကာလပတ်လုံး အခြားသူများသည် ၎င်းတို့လုပ်ဆောင်သည့် အရာများကို မြင်နိုင်လိမ့်မည် သို့မဟုတ် ထိတွေ့နိုင်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာနေရာများတွင် အဘယ်အရာကို ၎င်းတို့ အပိုင်ကြံနေသည်၊ ကျိတ်ကြံစည်နေသည်၊ စီစဉ်နေသည်ကို သင် သိကောင်းမသိနိုင်သော်လည်း၊ ၎င်းတို့ ကြံစည်သည့်၊ စီစဉ်ပြီး၊ အပိုင်ကြံသည့် အရာများကို ၎င်းတို့အားဖြင့် တစ်နေ့တွင် ထုတ်ဖော်ခြင်းခံရပြီး ထင်ရှားလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို လက်တွေ့ဖြစ်စေလိမ့်မည်ဖြစ်ပြီး လူတို့ကြားတွင် အရေးယူဆောင်ရွက်မှုအချို့ ပြုလုပ်ကြလိမ့်မည်။ ဤအရာများက သင်၏ မျက်စိရှေ့တွင် ဖြစ်ပျက်သောအခါ သင် မြင်နိုင်မည် မဟုတ်လော။ ထိုလူကို သင် ပိုင်းခြားသိမြင်နိုင်မည် မဟုတ်လော။ အချို့လူများက “၎င်းတို့၏ သရုပ်သကန်များကို ကျွန်ုပ် မြင်လျှင်ပင်၊ ဤလူစားမျိုးအား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ မည်သို့သတ်မှတ်ရမည်ဟူသည်ကို ကျွန်ုပ် မသိသေးပါ” ဟု ပြောဆိုကြသည်။ ယင်းမှာ ကိုင်တွယ်ရန် လွယ်ကူသည်၊ ဤလူစားမျိုးတွင် ထူးခြားသော လက္ခဏာရပ်အချို့ ရှိပြီး သင်သည် ဤထူးခြားသော လက္ခဏာရပ်များမှတစ်ဆင့် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်။ ပထမဆုံး ထူးခြားသော လက္ခဏာရပ်မှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း အမြဲ ပြုမူပြီး သမ္မာတရား စည်းမျဉ်းများကို ဘယ်သောအခါမျှ မရှာဖွေခြင်း ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ကြိုတင် စီစဉ်ပြီး မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များ၊ အတွေးအခေါ်လမ်းစဉ်များနှင့် ရည်ရွယ်ချက်များအတိုင်း လုံးလုံးလျားလျား ပြုမူဆောင်ရွက်ကြသည်၊ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုံးလုံးလျားလျား ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့သည် လူတိုင်း၏ ထင်မြင်ချက်များကို မတောင်းဆိုသည့်အပြင်၊ သမ္မာတရား စည်းမျဉ်းများကိုလည်း ပို၍ပင် မရှာဖွေကြ သို့မဟုတ် အလုပ်အစီအစဉ်များအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိကြပေ။ အကယ်၍ သင်သည် ဤသရုပ်သကန်များကို မြင်နိုင်ပါက နတ်ဆိုးများသည် လုံးဝ ဖော်ထုတ်ခြင်းခံရပြီး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “သူတို့က သမ္မာတရားကို နားလည်ပြီး သမ္မာတရား စည်းမျဉ်းများကို သိသောကြောင့် အခြားသူများနှင့် မဆွေးနွေးဘဲ မည်သို့လုပ်ဆောင်ရမည်ကို သိရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်”ဟု ပြောဆိုကြသည်။ ဤပြောဆိုချက်က တစ်ဖန် မှားယွင်းပြန်သည်။ ယင်းက အမှုအရာများကို ထွင်းဖောက်မြင်နိုင်စွမ်းမရှိခြင်းကို ထင်ဟပ်စေသည်။ သင်တို့အတွက်မူ နတ်ဆိုးများ ပြောဆိုလုပ်ဆောင်သည့် အရာများသည် ခက်ခဲသော အကျပ်အတည်း တစ်သီတစ်တန်း ဖြစ်နေပေသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ချက်များကို ရှာဖွေပြီးသည်ဖြစ်စေ မရှာဖွေသေးသည်ဖြစ်စေ၊ ၎င်းတို့ လုပ်ရပ်များ၏ ရည်ရွယ်ချက်၊ စေ့ဆော်မှု၊ စမှတ်နှင့် စည်းမျဉ်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် သိက္ခာတို့ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သလော သို့မဟုတ် အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သလောဟူသည်နှင့် စွမ်းဆောင်ရရှိသည့် နောက်ဆုံးအကျိုးတရားက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်း ရှိမရှိဟူသည့်အပြင်၊လူအများစုအတွက် ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဆောင်ကြဉ်းပေးသလော သို့မဟုတ် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးသလောဟူသည်တို့ကို သင် ရှင်းလင်းစွာ မြင်သင့်သည်။ နတ်ဆိုးများမှ လူဝင်စားသူတို့က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းမှာ အမြဲပင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးများမှ လူဝင်စားသူတို့၏ နောက်ထပ် ထူးခြားသော လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ၎င်းတို့၏ အကျိုးစီးပွားများက အရာအားလုံးထက် သာလွန်သည်၊ ကုန်သည်တစ်ဦး စီးပွားရေးလုပ်သကဲ့သို့ပင်ဖြစ်သည်။ အကျိုးစီးပွားများက ပဓာနဖြစ်သည်။ မည်သူ၏ အကျိုးစီးပွားများက ပဓာနဖြစ်သနည်း။ နတ်ဆိုးများ၏ ကိုယ်ပိုင်အကျိုးစီးပွားများက ပဓာနဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းက ၎င်းတို့၏ အကျိုးစီးပွားများ၊ သိက္ခာ၊ အဆင့်အတန်း၊ ဂုဏ်သတင်း သို့မဟုတ် ရုပ်ဝတ္ထုပိုင်ဆိုင်မှုများနှင့် ငွေကြေးကို ကာကွယ်စောင့်ရှောက်နိုင်လျှင် ၎င်းတို့က လုံးဝ နောက်တွန့်နေမည်မဟုတ်ဘဲ တကယ့် အဆုံးထိတိုင် လုပ်ဆောင်လျက် အဆုံးတိုင်အောင် ဆောင်ရွက်ကြလိမ့်မည်။ အထက်အဆင့် ခေါင်းဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ထိုအရာကို နောက်ထပ် ဆက်လက်ဆောင်ရွက်မရနိုင်သည့်အပြင်၊ ၎င်းတို့ ရှေ့မတိုးသာအောင်ဖြစ်လျှင်ပင်၊ ၎င်းတို့သည် မိမိတို့လုပ်ဆောင်လိုသည့်အရာကို ဆက်လက်လုပ်ဆောင်ရန်အတွက် ပြိုင်ဘက်အားလုံးကို ရှင်းလင်းပြီး အတားအဆီးအားလုံးကို ဖယ်ရှားရန် နည်းလမ်းတိုင်းကို ကြိုးစားလျက် ဝေ့ဝိုက်သော နည်းဗျူဟာများကို အသုံးပြုကြလိမ့်ဦးမည်ဖြစ်သည်။ ၎င်းတို့ လုံးဝ နောက်တွန့်နေလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ ကာကွယ်စောင့်ရှောက်သမျှအားလုံးမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများသာ ဖြစ်သည်။ ယခုတွင်၊ ဤအရာကို သင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ၎င်းတို့ ကြံစည်၊ စီစဉ်ပြီး၊ ဖန်တီးသည့် အစီအစဉ်များဖြစ်စေ၊ နည်းလမ်းများဖြစ်စေ၊ စီမံချက်များဖြစ်စေ၊ အဆင့်များဖြစ်စေ၊ ဤအရာအားလုံးကို ၎င်းတို့၏ စိတ်ထဲတွင် တွက်ချက်ပြီးဖြစ်သည်။ ၎င်းတို့ တွေးတောသမျှအားလုံးမှာ အကျိုးစီးပွားများဖြစ်ပြီး ၎င်းတို့၏ စိတ်များက အကျိုးစီးပွားနှင့်ဆိုင်သည့် အတွေးများဖြင့် ပြည့်နှက်နေသည်။ မည်သူ့ကို အသုံးချမည်၊ မည်သူ့ကို ရင်းနှီးအောင်လုပ်မည်၊ မည်သူ့နှင့် ဝေးဝေးနေမည်၊ မည်သူ့ကို ထောက်ခံမည်၊ မည်သူ့ကို ဆန့်ကျင်မည်၊ မည်သူ့ကို ရာထူးမှ ဖြုတ်ချမည်၊ ဤအရာအားလုံးကို ၎င်းတို့၏ အကျိုးစီးပွားများအတိုင်း ၎င်းတို့က ဗျူဟာချကြသည်။ အကယ်၍ အလုပ်လုပ်ဆောင်ခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းတွင် ၎င်းတို့ ဤအဆင့်သို့ ရောက်ရှိသွားပါက ၎င်းတို့သည် အန္တိခရစ်များ၊ မိမိတို့၏ သရုပ်အမှန်ကို ဖော်ပြနေသော နတ်ဆိုးများ ဖြစ်ကြသည်။ ထိုသို့သော လူများသည် အလွန့်အလွန် နားလည်ရခက်ပြီး အပိုင်ကြံတတ်ကြသည်။ ၎င်းတို့သည် ဤအရာများကို နေ့စဉ် တွေးဆကြသည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်ရှိ လူတိုင်းကို အပြည့်အဝ သဘောပေါက်ရမည်ဆိုလျှင် အချိန်မည်မျှ ကြာမည်နည်း။ အသင်းသားအားလုံး၏ အခြေအနေ၊ လူတစ်ဦးချင်းစီ၏ အမှန်တကယ် ပြဿနာများနှင့်ဆိုင်သည့် အခြေအနေနှင့် စစ်မှန်သော အခက်အခဲများကို ရှင်းလင်းပြတ်သားသော သဘောပေါက်နားလည်မှု ရရှိပြီး အချိန်အခါသင့်သည့်အခါမှသာ ၎င်းတို့သည် မိမိတို့အလိုရှိသမျှကို လုပ်ဆောင်လျက် စတင်ပြုမူဆောင်ရွက်ကြသည်၊ ၎င်းတို့သည် မည်သူ့ကိုမျှ သက်ညှာမှုမပြသည့်အပြင်၊ မည်သူကမျှ ၎င်းတို့ကို မဟန့်တားနိုင်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အကျိုးကျေးဇူးများ ရရှိရန် ကြိုးပမ်းလျက် အသင်းတော်အလုပ်ကို လုပ်နေသယောင် ဟန်ဆောင်မှုအောက်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်ကြသည်။ နောက်ဆုံးတွင်၊ ဆုံးရှုံးမှုများကို ခံစားရသည်မှာ အသင်းတော်၏ အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတို့ ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမအားလုံး၏ အသက်ဝင်ရောက်မှုနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးစေလျက် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းခြင်းအား ပဓာနဖြစ်စေခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိကြသည်။ ဤအချိန်တွင် ၎င်းတို့ကို သင် ရှင်းလင်းစွာ မမြင်နိုင်သလော။ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပုံနှင့် နောက်ဆုံးရလဒ်များကို အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်၊ လူသားများ မဟုတ်ကြပေ။ တစ်နေ့လုံး ၎င်းတို့သည် အလွန် စကားနည်းပြီး မိမိတို့၏ အမြင်များကို ဖော်ပြပြောဆိုခဲသော်လည်း၊ အကျိုးကျေးဇူးများ ရရှိနိုင်ရန်အလို့ငှာ မည်သို့ ပြုမူရမည်ကို တွက်ချက်လျက် နေ့ရက်တိုင်းကို အချိန်ကုန်ဆုံးကြပေသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အတော်လေး တည်ငြိမ်ပုံရသော်လည်း၊ အတော်လေး ယဉ်ကျေးပုံရသော်လည်း၊ အတော်လေး နူးညံ့သိမ်မွေ့ပြီး၊ အတော်လေး အမူအကျင့်ကောင်းကာ စကားနည်းပုံရသော်လည်း၊ အတွင်း၌မူ ၎င်းတို့၏ စိတ်နှလုံးများသည် လှိုင်းထန်သော ပင်လယ်ကဲ့သို့ ထိန်းမရဖြစ်နေသည်။ ၎င်းတို့သည် ဤအရာများကို အပြည့်အဝ သဘောပေါက်နားလည်သွားပြီးနောက် ၎င်းတို့ ချင့်ချိန်ထားသည့် အစီအစဉ်များကို အကောင်အထည်ဖော်ကြကာ နောက်ဆုံးရလဒ်မှာ ၎င်းတို့ ကြံစည်ထားသည့်အတိုင်း အောင်မြင်သွားခြင်း ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ လုပ်ဆောင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ လုပ်ဆောင်မှု ဖြစ်သည်။ ဤအချိန်တွင်၊ ၎င်းတို့ကို သင် ထွင်းဖောက်မြင်နိုင်သည် မဟုတ်လော။

ပြီးခဲ့သည့်နှစ်က ဧဝံဂေလိအလုပ်တွင် ထိုသို့သော ကြီးမားသည့် ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းမှာ နတ်ဆိုးအနည်းငယ်နှင့် တိုက်ရိုက် ဆက်စပ်မှုရှိခဲ့သည်၊ နတ်ဆိုးများ၏ လုပ်ရပ်များနှင့် တိုက်ရိုက် ဆက်စပ်မှုရှိခဲ့ပေသည်။ ထိုနတ်ဆိုးများသည် ၎င်းတို့ ပြုမူသောအခါ သမ္မာတရား စည်းမျဉ်းများကို ဘယ်သောအခါမျှ မရှာဖွေခဲ့ကြပေ။ အထက်က အလုပ်တာဝန်ပေးပြီးနောက် ၎င်းတို့သည် လူကိုယ်တိုင် အလွယ်တကူ လက်ခံခဲ့ကြသော်လည်း အသင်းတော်များတွင် အလုပ်လုပ်ရန် သွားသောအခါတွင်မူ မကောင်းသောအရာများကိုသာ လုပ်ဆောင်လျက် သောင်းကျန်းခဲ့ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်စောင့်ရှောက်ခဲ့သည့်အပြင်၊ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ ပူဇော်သက္ကာများက ဆုံးရှုံးမှုများ ခံစားခဲ့ရသည်၊ ဧဝံဂေလိအလုပ်က ဆုံးရှုံးမှုများ ခံစားခဲ့ရပြီးအသင်းတော်အသက်တာက ဆုံးရှုံးမှုများ ခံစားခဲ့ရသည်။ နယ်ပယ်အချို့တွင် ဆုံးရှုံးမှုများ ခံစားခဲ့ရပြီး အသင်းတော်၏ အလုပ်တွင်လည်း ကမောက်ကမအခြေအနများ ဖြစ်စေခဲ့ကြသည်။ နတ်ဆိုးတစ်ကောင်က မည်သည့်အရာ စဉ်းစားနေသည်ကို ထွင်းဖောက်မမြင်နိုင်သည့်အပြင်၊ စည်းမျဉ်းများကို ၎င်းတို့ ရှာဖွေပြီးခြင်း ရှိမရှိဟူသည်ကိုလည်း သင်မသိပေ။ သို့သော် ၎င်းတို့ ပြုမူဆောင်ရွက်ပြီး ပထမဆုံး အရိပ်နိမိတ်များကို သင် မြင်သောအခါ၊ ၎င်းတို့လုပ်ရပ်များ၏ နည်းလမ်းနှင့် ရင်းမြစ်မှာ မှားယွင်းကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးလုံးလျားလျား ကြွားနေခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း အမှုအရာများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူဆောင်ရွက်ပြီး အမှီအခိုကင်းသော နယ်ပယ်တစ်ခုကို တည်ထောင်နေခြင်းဖြစ်ကြောင်း သင်သိလိမ့်မည်။ ထို့အပြင် နတ်ဆိုးအုပ်စုများက အချင်းချင်း ကာကွယ်ပေးကြသည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်မစောင့်ရှောက်ကြပေ။ အဓိက နတ်ဆိုးများက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ နောက်လိုက်များနှင့် နတ်ဆိုးငယ်များက ၎င်းတို့ကို မြှောက်ပင့်ကာ လွန်လွန်ကဲကဲ မြှောက်စားရန် အစွမ်းကုန် ကြိုးစားကြသည်။ အဓိက နတ်ဆိုးများက မဆင်မခြင်နှင့် တစ်ဇွတ်ထိုးပြုမူကြပြီး နတ်ဆိုးငယ်များက အလားတူ လိုက်လုပ်ကာ ဖော်လံဖားကြသည်။ ၎င်းတို့က အချင်းချင်း လက်တွဲလုပ်ဆောင်ကြသည်။ အချို့လူများက တစ်စုံတစ်ယောက်၏ အနှစ်သာရမှာ နတ်ဆိုးတစ်ကောင်၏ အနှစ်သာရဖြစ်သည်ဟူသော အချက်ကို ၎င်းတို့ ထွင်းဖောက်မမြင်နိုင်သေးကြောင်း ပြောဆိုကြသည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့လုပ်ဆောင်သည့် တစ်စုံတစ်ခု၏ သဘောသဘာဝနှင့် ယင်း၏ အကျိုးဆက်များကို ကြည့်လော့။ အကယ်၍ သဘောသဘာဝနှင့် အကျိုးဆက်များက အလွန်ဆိုးရွားလျှင်၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ လုပ်ဆောင်မှုဖြစ်ကြောင်း သေချာနိုင်သည်။ ဥပမာအားဖြင့်၊ ဧဝံဂေလိတရားကို ဟောပြောရာ၌ ရရှိသော လူအရေအတွက်အမှားကို တင်ပြသည့် ကိစ္စနှင့်စပ်လျဉ်၍ အချို့လူများက “လူအရေအတွက် အမှားကို တင်ပြခြင်းက စည်းမျဉ်းများကို ဆန့်ကျင်သည် မဟုတ်လော။ စစ်မှန်သည့် အရေအတွက်ကို ကျွန်ုပ်တို့ တင်ပြရမည်၊ လူမည်မျှ ရသည်ဖြစ်စေ၊ ထိုအတိုင်း ကျွန်ုပ်တို့ တင်ပြသင့်သည်။ ကျွန်ုပ်တို့၏ အစီရင်ခံစာများတွင် အဘယ်သို့ဖြစ်ပြီး ကျွန်ုပ်တို့ လိမ်ညာနိုင်ရသနည်း။ လူတစ်ရာရချိန်တွင် အဘယ်သို့ဖြစ်ပြီး တစ်ထောင်ဟု ကျွန်ုပ်တို့ တင်ပြနိုင်ရသနည်း သို့မဟုတ် လူတစ်ထောင်ရချိန်တွင် တစ်သောင်းဟု အဘယ်သို့ဖြစ်ပြီး တင်ပြနိုင်ရသနည်း။ ”ဟု ပြောဆိုခဲ့ကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များထဲမှ တစ်ဦးက အဘယ်အရာကို ပြောဆိုခဲ့သနည်း။ “သင်တို့ ဤနည်းလမ်းအတိုင်း တင်ပြရမည်။ လူတိုင်း ဤနည်းလမ်းအတိုင်း တင်ပြသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ မှားယွင်းပြီး လုပ်ကြံဖန်တီးထားသော အရေအတွက်များကို တင်ပြခြင်းသည် သိသာထင်ရှားစွာပင် ဘုရားသခင်ကို လှည့်စားရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ ယင်းမှာ အဘယ်သို့ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ နည်းစနစ်ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား လိမ်ညာရန် သို့မဟုတ် အရေအတွက်အမှားများ တင်ပြရန် ဘယ်သောအခါမျှ မပြောခဲ့ပေ။ နတ်ဆိုးများသာလျှင် ထိုသို့သော အရာများကို ပြောဆိုနိုင်သည်။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ထိုအယောင်ဆောင် ခေါင်းဆောင်သည် ထိုသို့သော အဓိပ္ပာယ်မဲ့သည့် စကားများကို ပြောဆိုနိုင်ခဲ့သည့်အတွက်၊ ပုံမှန်လူတစ်ဦး မဟုတ်ပေ။ ထိုအယောင်ဆောင် ခေါင်းဆောင်သည်လည်း နတ်ဆိုးများ၏ အမျိုးအစားတွင် ပါဝင်သည်။ ဤကိစ္စကို သင်တို့ ထွင်းဖောက်မြင်နိုင်သလော။ ထိုသို့သော စကားများကို နတ်ဆိုးများက ပြောဆိုကြောင်း သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ နတ်ဆိုးများနှင့် စာတန်များသာလျှင် ထိုသို့သော အရာများကို ပြောဆိုနိုင်သည်။ အကယ်၍ ဤကိစ္စကို သင်တို့ ထွင်းဖောက်မမြင်နိုင်ပါက သင်တို့သည် ပိုင်းခြားသိမြင်မှု အလွန်ကင်းမဲ့နေပေသည်။ အကယ်၍ တိရစ္ဆာန်များမှ လူဝင်စားသူတို့က ယင်းကို ထွင်းဖောက်မမြင်နိုင်ပါက အတော်အတန် ခွင့်လွှတ်၍ရနိုင်စာ ဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့သည် လူသားများမဟုတ်၊ ၎င်းတို့တွင် လူသားဝိညာဉ် မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် အမှန်တကယ် ပိုင်းခြားသိမြင်မှုရှိပြီး ဤကိစ္စကို ထွင်းဖောက်မြင်နိုင်ပါက သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးပြီလော။ ဤကိစ္စကို တားဆီးပြီး ဖော်ထုတ်ရန် သင် ထရပ်ပြီးပြီလော။ သင်က “ထိုအရာကို ကျွန်ုပ် ထွင်းဖောက်မြင်ပြီးဖြစ်သော်လည်း၊ ကျွန်ုပ်၏ နိမ့်ချသော အဆင့်အတန်းကြောင့် ကျွန်ုပ်၏ စကားများက သိပ်အရာမရောက်သည့်အပြင်၊ ကျွန်ုပ် အားနည်းပြီး တစ်ကိုယ်တည်း ဖြစ်နေသည်။ ထိုအရာကို ကျွန်ုပ် မတားဆီးဝံ့ပါ သို့မဟုတ် ဖော်ထုတ်ဝံ့ပါ” ဟု ပြောသည် ဆိုပါစို့။ ထိုသို့ဖြစ်လျှင် သင်သည် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦး ဖြစ်သည်။ သင်သည် သင်၏ ရပ်တည်ချက်တွင် မရပ်တည်ခဲ့သည့်အပြင်၊ သင်၏ သက်သေခံချက်တွင်လည်း ခိုင်မာစွာ မရပ်တည်ခဲ့ပေ။ သင်သည် ဘုရားသခင်၏ သစ္စာစောင့်သိသော အစေခံတစ်ဦး မဟုတ်၊ လူတစ်ဦး၏ တာဝန်ကို သင် မဖြည့်ဆည်းခဲ့ပေ။ သင်သည် နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦး၊ အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦးသာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်သည် အသုံးမကျသော သူရဲဘောကြောင်သူများကို နှစ်သက်သလော။ (မနှစ်သက်ပါ။) ဘုရားသခင်သည် သင့်အပေါ် အသက်ကို ပေးသနားသည်၊ သင့်ကို သမ္မာတရားဖြင့် ထောက်ပံ့ပြီး၊ သင်၏ နေ့စဉ်ဘဝတွင် စာတန်၏ အန္တရာယ်မှ သင့်ကို ကာကွယ်ပေးသည်။ သို့သော် လက်စသတ်တော့၊ သင်သည် သမ္မာတရားကို လက်မခံသည့်အပြင်၊ ထိုအစား နတ်ဆိုးများကြားတွင် နေထိုင်ပြီး စာတန်ကို သင့်အား အန္တရာယ်ပြုခွင့်ပေးလျက် မကောင်းမှုပြုရာတွင် သင်သည် စာတန်နောက်သို့ လိုက်နေပေသည်။ သင်သည် စာတန်များ၏ စစ်မှန်သော သရုပ်အမှန်များကို ရှင်းလင်းစွာ မြင်နေသည်တိုင်၊ ၎င်းတို့ကို မဖော်ထုတ်ပေ။ ယင်းမှာ ဒုက္ခပြဿနာကို တောင်းဆိုနေခြင်း ဖြစ်သည်။ သင်သည် စာတန်၏ လှည့်စားခြင်း ခံရထိုက်သည်။ ဘုရားသခင်သည် သင့်အား ပိုင်းခြားသိမြင်မှု ကြီးထွားလာစေရန် သမ္မာတရားဖြင့် ထောက်ပံ့သည်။ သင်သည် ပိုင်းခြားသိမြင်မှု ရှိသော်လည်း အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဖော်ထုတ်ရန် ထရပ်ခြင်းမရှိဘဲ၊ ဆွံ့အနားမကြားသည့်ဟန် အယောင်ဆောင်နေသေးလျှင်၊ သင်သည် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦး ဖြစ်သည်။ သင်သည် လူတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မရှိလေပြီ။ သင်၏ တာဝန်တွင် သင် တမင်တာဝန်ပျက်ကွက်ပေသည်။ သင်သည် အမှိုက်၊ အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦး၊ ဆန်ကုန်မြေလေးတစ်ဦး၊ အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ဧဝံဂေလိတရား ဟောပြောရာတွင် အရေအတွက်အမှားများ တင်ပြရန် နတ်ဆိုးများက လူတို့ကို အတင်းအကျပ်ခိုင်းစေခြင်း၊ ဤကျင့်သုံးမှုသည် အတော်လေး သိသာထင်ရှားသင့်ပြီး ပိုင်းခြားသိမြင်ရန် မခက်ခဲသင့်ပေ။ တစ်စုံတစ်ယောက်က သင့်ကို ကန်သည် သို့မဟုတ် လက်သီးဖြင့် ထိုးသည် ဆိုပါစို့။ ၎င်းတို့က သင့်အပေါ် အဘယ်ကြောင့် ဤသို့ ဆက်ဆံနေသည်ကို သင်မသိသည့်အပြင် ဤအရာအားဖြင့် ၎င်းတို့ မည်သည့်အရာ ဆိုလိုသည်ကိုလည်း သင် ပိုင်းခြားမသိမြင်နိုင်ပေ။ ထို့နောက် ၎င်းတို့က သင့်လည်ပင်းကို ဓားဖြင့် ထိုးပြီး ထိုအခါမှသာ သင်က “သူတို့ ငါ့ကို သတ်ဖို့ ကြိုးစားနေခြင်းဖြစ်သည်” ဟု နားလည်သဘောပေါက်သည်။ ငါ့ကို ပြောလော့၊ သင် မည်မျှပင် စဉ်းစားဉာဏ်ကင်းမဲ့လိုက်လေသနည်း။ ၎င်းတို့က သင့်ကို မလိုမုန်းထားစိတ်ဖြင့် ကန်သည်၊ သို့တိုင် ၎င်းတို့က ဆိုးယုတ်သောသူတစ်ဦးဖြစ်ကြောင်းကို သင် မခွဲခြားနိုင်သည့်အပြင်၊ “ကျွန်ုပ် သင့်ကို ပုန်ကန်ပြစ်မှားခြင်း မရှိခဲ့ပါ၊ ၊ အဘယ်ကြောင့် ကျွန်ုပ်ကို ကန်ရသနည်း။ သင့်မှာ လူ့သဘာဝတစ်ခုတလေ ရှိသလော” ဟူ၍ ၎င်းတို့နှင့် အကျိုးသင့်အကြောင်းသင့်ပြောဆိုရန် ကြိုးစားနေဆဲ ဖြစ်သည်။ ၎င်းတို့က သင့်ကို အကြောင်းပြချက်မရှိဘဲ ကန်လျှင် ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်လော။ ဆိုးယုတ်သောသူတစ်ဦးနှင့် အကျိုးသင့်အကြောင်းသင့် ပြောဆိုခြင်းတွင် အသုံးဝင်မှု တစ်ခုတလေရှိသလော။ အကယ်၍ ၎င်းတို့က သင့်ထံ ဓားဖြင့် လာမည်ဆိုလျှင် နောင်တရရန် အလွန်နောက်ကျသွားပေလိမ့်မည်။ သင် အကူအညီအတွက် အော်ဟစ်သည့် အချိန်တွင် အလွန်နောက်ကျသွားပေလိမ့်မည်။ သင်၏ အသက်က ကုန်ဆုံးပြီး ဖြစ်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှ သေးငယ်သည်၊ သင် မည်မျှ စဉ်းစားဉာဏ်ကင်းမဲ့သည်ကို ကြည့်လော့။ စာတန်များနှင့် တွေ့ကြုံသောအခါ သင်သည် တိုက်ခိုက်ရန် အစပြုလုပ်ဆောင်ရမည်၊ မလှုပ်မယှက်မဖြစ်နှင့်။ အကယ်၍ သင်သည် အမြဲ မလှုပ်မယှက်ဖြစ်နေပြီး စာတန်များက သင်၏ အသက်ကို နုတ်ယူတော့မည့်အချိန်မှသာ တုံ့ပြန်ကာ သင့်ကို ကယ်တင်ရန် ဘုရားသခင်ထံ အော်ဟစ်မည်ဆိုလျှင် ယင်းမှာ အလွန် မလှုပ်မယှက်ဖြစ်လွန်းသည်၊ အလွန် ဉာဏ်ထိုင်းလွန်းသည်။ ထိုသို့သော လူများကို ဘုရားသခင် မနှစ်သက်ပေ။

အချို့သောလူတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့်စပ်လျဉ်းသည့် ပြဿနာများကို အလွန်ဝေ့ဝိုက်သောနည်းလမ်းဖြင့် တိုင်ကြားကြသည်။ ၎င်းတို့သည် မိမိတို့၏ ဒေသခံအသင်းတော်၌ ထိုသူတို့ကို မတိုင်ကြားဝံ့ကြဘဲ၊ ထိုအစား ထိုသို့တိုင်ကြားရန် အခြားဒေသများရှိ အသင်းတော်များထံသို့ သွားကြသည်။ မိမိတို့၏ ဒေသခံနယ်မြေမှ တစ်စုံတစ်ဦးက သတင်းဖြန့်မည်ကိုလည်းကောင်း၊ ဆိုးယုတ်သောလူတို့က သိရှိသွားပြီး ၎င်းတို့အား ညှဉ်းဆဲမည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ ဤလူတို့၌ ထိုသို့သော သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများကို အလွန် ကြောက်ရွံ့နေသလော။ နတ်ဆိုးများ၌ ထိုသို့သော ကြီးမားသည့် တန်ခိုးအာဏာ ရှိသလော။ နတ်ဆိုးများက သင်၏အသက်ကို နုတ်ယူနိုင်သလော။ သင်၏ကံကြမ္မာသည် နတ်ဆိုးများ၏ လက်ထဲတွင် ရှိနေသလော။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို အလွန် ကြောက်ရွံ့နေရသနည်း။ ၎င်းတို့သည် ဆိုးယုတ်သောလူများသာ ဖြစ်သည်၊ ၎င်းတို့က သင့်ကို အဘယ်အရာ လုပ်နိုင်သနည်း။ အဆိုးဆုံးအခြေအနေ၌ပင် ဤနိုင်ငံ၌ ဥပဒေများ ရှိသည်၊ သင်သည် အဘယ်အရာကို ကြောက်ရွံ့နေသနည်း။ ဤသည်မှာ နတ်ဆိုးများ သောင်းကျန်းနေသည့် တရုတ်ပြည်မဟုတ်ပေ။ ဤသည်မှာ တရားဥပဒေစိုးမိုးမှုအောက်တွင်ရှိသည့် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်သည်။ ထို့အပြင် အသင်းတော်၌ သင့်အနေဖြင့် ညီအစ်ကိုမောင်နှမများ ရှိသည်ဟူသောအချက်ကို ပြောရန်မလိုပေ။ ထိုဆိုးယုတ်သောလူတို့က သင့်ကို အဘယ်အရာ လုပ်နိုင်မည်နည်း။ အချို့သောလူတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်ဆိုင်သော ပြဿနာများကို တိုင်ကြားရုံမျှဖြင့် ဤမျှ ကြောက်လန့်နေကြသည်။ ဤသည်မှာ ၎င်းတို့က သေးငယ်သော ယုံကြည်ခြင်းရှိခြင်းနှင့်ဆိုင်သည့် ပြဿနာမဟုတ်ပေ။ ဤသည်တို့မှာ အသက်ရှင်ရန်ပင် မထိုက်တန်သည့် အသုံးမကျသော သူရဲဘောကြောင်သူများနှင့် ငကြောက်များ ဖြစ်ကြသည်။ ဘုရားသခင် သင့်အား ပေးခဲ့သည့် ထွက်သက်ဝင်သက်သည် သင့်အပေါ်၌ အလဟဿဖြစ်နေသည်။ ယင်းကို တိရစ္ဆာန်တစ်ကောင်အား ပေးလိုက်ခြင်းက ပို၍ပင် ကောင်းပေမည်။ တိရစ္ဆာန်တစ်ကောင်ပင်လျှင် ဖိအားပေးခံရသည့်အခါ လူတစ်ဦးကို ကိုက်နိုင်သည်။ သင်သည် အသက်ရှင်နေသော်လည်း ဤဇွဲသတ္တိအနည်းငယ်မျှပင် ကင်းမဲ့နေသည်။ သင်သည် အလွန် သူရဲဘောကြောင်လှသည်။ အချို့သောလူတို့သည် ဆိုးယုတ်သောလူများကို တွေ့ကြုံသည့်အခါ ၎င်းတို့နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် မဝံ့ရဲကြသော်လည်း၊ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်ရန် ဉာဏ်ပညာကို အသုံးပြုကြသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူတို့နှင့်ဆိုင်သည့် ပြဿနာများကို အထက်လူကြီးများထံ သတင်းပို့ပြီး ထိုဆိုးယုတ်သောလူတို့ကို ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားရန် သမ္မာတရားကို ချစ်မြတ်နိုးသူတို့နှင့် ပူးပေါင်းကြသည်။ ၎င်းတို့၌ ဤစိတ်ပိုင်းဖြတ်မှုမျိုး ရှိသည်။ “သင်သည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သော်လည်း သင့်ကို ကျွန်ုပ် မကြောက်ပါ။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ကာ ဖျက်ဆီးရန် မကောင်းမှုပြုလုပ်ဖို့ သင့်ကို ကျွန်ုပ်ခွင့်ပြုမည်မဟုတ်။ သင့်သဘောအတိုင်း ကျွန်ုပ် ဖြစ်ခွင့်ပြုမည်မဟုတ်။ သင့်ကို တိုက်ခိုက်ရန် ကျွန်ုပ်အသက်ကို စွန့်စားမည်၊ ကျွန်ုပ်ကို သင် အဘယ်အရာ လုပ်နိုင်သနည်း။ အဆိုးဆုံးအနေဖြင့် သင်သည် ကျွန်ုပ်၏အသက်ကို နုတ်ယူလိမ့်မည်ဖြစ်သော်လည်း ကျွန်ုပ်၌ ထွက်သက်ဝင်သက်ရှိသရွေ့၊ သင့်ကို အဆုံးတိုင် တိုက်ခိုက်မည်”ဟူ၍ ဖြစ်သည်။ သင်တို့၌ ဤယုံကြည်ခြင်း ရှိသလော။ ထိုအသုံးမကျသော သူရဲဘောကြောင်သူများတွင် ထိုသို့သော ယုံကြည်ခြင်း မရှိကြပေ။ ၎င်းတို့သည် နတ်ဆိုးများက အသင်းတော်၏အလုပ်အား နှောင့်ယှက်နေသည်ကို မြင်သောအခါ၊ ဤသည်မှာ မှားယွင်းကြောင်း၊ ဤသူတို့သည် မကောင်းမှုကို ပြုလုပ်နေသည့် နတ်ဆိုးများနှင့် အန္တိခရစ်များဖြစ်ကြောင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ သိကြသည်။ သို့သော် ၎င်းတို့က “ငါ သူတို့ကို ဖော်ထုတ်၍မဖြစ် သို့မဟုတ် တိုင်ကြား၍ မဖြစ်ပါ။ ငါ့ကိုယ်ငါ ဒုက္ခပြဿနာတစ်ခုတလေ မဖြစ်စေသင့်ပါ။ ပြဿနာနည်းလေ၊ ပိုကောင်းလေဖြစ်သည်။ မိမိကိုယ်ကို ကာကွယ်ခြင်းက အရေးကြီးသည်။ အကယ်၍ ဆိုးယုတ်သောလူတို့ကို ေ ဖော်ထုတ်သည့်အတွက် အသင်းတော်မှ ၎င်းတို့၏ နှင်ထုတ်ခြင်းကို ငါ ခံရပြီး၊ ဘုရားသခင်ကို ယုံကြည်ကာ ကယ်တင်ခြင်းရရှိမည့် အခွင့်အရေးကိုပင် ပိတ်ပင်ခြင်းခံရသည့်အပြင်၊ ငါ၏တာဝန်ကိုပင် မထမ်းဆောင်နိုင်လျှင်၊ ငါ လုံးဝ ဖယ်ရှားရှင်းလင်းခြင်းခံရမည် မဟုတ်လော”ဟု တွေးကြသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူတို့၏ လက်စားချေခြင်းကို အလွန်ကြောက်လျက် ထိုသူတို့ကို မဖော်ထုတ်ဝံ့ကြပေ။ သို့ဖြစ်၍ အဆင်းနီသော နဂါးကြီးက ဘုရားသခင် ရွေးချယ်ထားသောလူများကို သဲသဲမဲမဲ ဖိနှိပ်ပြီး ညှဉ်းပန်းနှိပ်စက်သည့်အခါ ၎င်းတို့သည်လည်း ဧကန်မုချ ကြောက်ရွံ့ကြပြီး၊ အကယ်၍ အဖမ်းခံရလျှင် ၎င်းတို့သည် ဧကန်မုချ ယုဒများဖြစ်လာပြီး ဘုရားသခင်ကို သစ္စာဖောက်ကြလိမ့်မည်။ သို့ဖြစ်၍ အကယ်၍ သင်သည် အသင်းတော်တွင်ရှိသည့် ဆိုးယုတ်သောလူများကို ကြောက်ရွံ့ပြီး၊ ၎င်းတို့ မကောင်းမှုပြုလုပ်နေသည်ကို သင်မြင်သည့်အခါ ၎င်းတို့ကို ဖော်ထုတ်ရန် မဝံ့ရဲလျှင်၊ ဤသည်မှာ စာတန်ကို အရှုံးပေးခြင်း မဟုတ်လော။ ဘုရားသခင်သည် သင့်အား သမ္မာတရားဖြင့် ထောက်ပံ့ပေးသည်၊ သင့်ကို ယုံကြည်ခြင်း ပေးပြီး ယခုအချိန်အထိ ကာကွယ်စောင့်ရှောက်ကာ အသက်ရှင်စေခဲ့သည်။ သင်သည် ဘုရားသခင် ပေးခဲ့သည့် ထွက်သွက်ဝင်သက်ကို ရှူရှိုက်သည်၊ သင့်ကို သူ ထောက်ပံ့ပေးသည့် သမ္မာတရားကို မွေ့လျော်ခံစားပြီး သူ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားသည်။ သင့်တွင် ထိုသို့သော ကောင်းမွန်သည့် အသင်းတော်အသက်တာ၏ အခြေအနေများရှိပြီး အတော်လေး သက်သောင့်သက်သာ နေထိုင်ရသည်။ သို့သော် ဘုရားအိမ်တော်၌ နှောင့်ယှက်မှုများ ဖြစ်စေသည့် ဆိုးယုတ်သောလူများ ရှိသောအခါ၊ သင်သည် ဤအရာကို မြင်ပြီး ပိုင်းခြားသိမြင်သော်လည်း၊ စကားတစ်ခွန်းမျှပင် မပြောဝံ့၊ အသက်ပင် ပြင်းပြင်း မရှူဝံ့ပေ။ ၊ သင်သည် မည်သည့် သတ္တဝါမျိုး ဖြစ်သနည်း။ သင်သည် အသက်ရှင်ရန်ပင် မထိုက်တန်။ သင်သည် သင်၏ဒေသခံအသင်းတော်ရှိ ပြဿနာများကို ဒေသခံခေါင်းဆောင်များထံ သတင်းမပို့ဘဲ၊ ထိုအစား ၎င်းတို့ကို တိုင်ကြားရန်အခြားဒေသများရှိ အသင်းတော်များသို့ သွားသည်။ ဤသေးသိမ်ပြီး သူရဲဘောကြောင်သော စိတ်နေစိတ်ထားဖြင့် ကြီးမြတ်သောအရာများကို သင် ပြီးမြောက်အောင်မြင်နိုင်သလော။ သို့တိုင်၊ သင်က ဘုရားသခင်အတွက် သက်သေခံပြီး အောင်မြင်သူတစ်ဦး ဖြစ်လိုသည်ဟု ဆိုသည်။ သင်သည် အချည်းနှီးဖြစ်သည်၊ တိရစ္ဆာန်တစ်ကောင်ထက်ပင် ဆိုးရွားသည်။ ခွေးတစ်ကောင်ပင်လျှင် ၎င်း၏သခင်ကို ကာကွယ်ရန် သိသည်။ အကယ်၍ သူစိမ်းတစ်ဦး ရောက်လာလျှင်၊ ခွေးသည် ၎င်းသခင်၏ ဘေးကင်းလုံခြုံမှုအား ခြိမ်းခြောက်မည်ကို ကြောက်ရွံ့လျက်၊ ခွန်အားရှိသမျှဖြင့် ဟောင်သည်။ အချို့သောခွေးများသည် မကြီးမားသည့်အပြင်၊ တစ်ချက်ကန်ရုံဖြင့် မြေပေါ်သို့ လဲကျသွားနိုင်သော်လည်း ၎င်းတို့သည် မကြောက်ရွံ့သည့်အပြင်၊ မိမိတို့ ခွန်အားရှိသမျှဖြင့် ဟောင်နေကြဆဲ ဖြစ်သည်။ ၎င်းတို့က မိမိတို့ သခင်များကို ကာကွယ်ရန် ဤအရာကို လုပ်ဆောင်ကြသည်။ အချို့သောခွေးများသည် မိမိတို့၏သခင်များကို ကာကွယ်ရန် ၎င်းတို့၏အသက်ကိုပင် စွန့်စားကြသည်။ ဤလူတို့သည် ဤယုံကြည်ခြင်း အနည်းငယ်မျှပင် ကင်းမဲ့ပြီး အစောင့်ခွေးတစ်ကောင်က ၎င်း၏သခင်အပေါ် သစ္စာရှိသည်ထက်ပင် သစ္စာစောင့်သိမှု နည်းပါးကြသည်။ ၎င်းတို့အားလုံးသည် အသုံးမကျသည့် အယုတ်တမာများ ဖြစ်ကြသည်တကား။ ၎င်းတို့သည် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ ပေးခြင်းမရှိဘဲ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်ပံ့မှုကို အခမဲ့ မွေ့လျော်ခံစားကြပြီး၊ ဘုရားသခင်က လူတို့ကို ချစ်သင့်ကာ လူတို့ကို သနားကရုဏာပြသင့်သည်မှာ မှန်သည်ဟု မှတ်ယူကြသည်။ အသင်းတော်၏အလုပ်က နှောင့်ယှက်ပြီး ဖျက်ဆီးခြင်းခံနေရသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စိတ်မကောင်း မဖြစ်ကြပေ။ ဤသည်မှာ ၎င်းတို့သည် သားရဲတိရစ္ဆာန်တစ်ကောင်ထက် ပိုဆိုးရွားကြောင်း၊ အစောင့်ခွေးတစ်ကောင်ထက် များစွာ ဆိုးရွားကြောင်းကို ဆိုလိုသည်။ အနာဂတ်တွင် သင်သည် နတ်ဆိုးများကို တစ်ဖန်တွေ့ကြုံသည့်အခါ အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ အကယ်၍ သင်သည် ၎င်းတို့ကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိသည့်အပြင်၊ ၎င်းတို့ ပြုံးလိုက်သည့်အခါ မည်သည့် မကောင်းသောအရာများကို လုပ်ဆောင်ရန် ၎င်းတို့ စီစဉ်နေသည်ကို မသိလျှင်၊ သို့မဟုတ် ၎င်းတို့၏ မျက်လုံးများထဲက အကြည့်တွင် မည်သည့် ကောက်ကျစ်ဆိုးယုတ်သော ရည်ရွယ်ချက်များ ဖုံးကွယ်ထားသည်ကို မသိလျှင်၊ သင်သည် ၎င်းတို့ကို ဦးစွာပထမ စောင့်ကြည့်လေ့လာနိုင်သည်။ ၎င်းတို့ကို ကြီးကြပ်ရန် ယုံကြည်စိတ်ချရသော လူတစ်ဦးကို ရှာဖွေပြီး၊ ၎င်းတို့ တိတ်တဆိတ် မည်သည့်အရာကို ပြောဆိုပြီး လုပ်ဆောင်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကြံရာပါများနှင့် မည်သည့်အရာအား ပူးပေါင်းကြံစည်သည်ကိုလည်းကောင်း ကြည့်ရှုလော့။ သင်သည် ၎င်းတို့၏ လှည့်ကွက်များနှင့် အကြံအစည်များ အားလုံးကို အောင်မြင်ခွင့်မပေးဘဲ၊ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား ဆုံးရှုံးမှုများ ခံစားခွင့်မပေးဘဲ အညွှန့်မှာပင် ချိုးပစ်ရမည်။ အချို့သောလူတို့၌ ဤစိတ်ပိုင်းဖြတ်မှုမျိုး ရှိသည်၊ “ငါသည် ဘုရားအိမ်တော်၏တံခါးကို ကောင်းစွာ စောင့်ကြပ်ရမည်၊ ငါသည် တော်သော အစောင့်ခွေးတစ်ကောင် ဖြစ်ရမည်။ ဤကိစ္စကို အခြားသူများက မည်သို့ သဘောထားမည်ကို ငါမသိသော်လည်း၊ ငါ့အတွက်မူ၊ ထိုအရာကို ငါ လွတ်ထွက်ခွင့်ပေးမည် မဟုတ်။ နတ်ဆိုးများကို အဆုံးတိုင် တိုက်ခိုက်မည်”ဟူ၍ ဖြစ်သည်။ ဤသည်ကို ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းဟု ခေါ်သည်။ ဤသည်မှာ ၎င်းတို့က မည်မျှစွမ်းဆောင်နိုင်သည်ကို သက်သေပြရန် ကြိုးစားနေခြင်း မဟုတ်ပေ။ “ကျွန်ုပ်သည် ဤအရာကို လုပ်ဆောင်ရန် ဘုရားသခင်အပေါ် မှီခိုမည်၊ ဤနေရာတွင် ကျွန်ုပ်ရှိနေလျှင် မည်သည့်နတ်ဆိုးကမျှ ၎င်းတို့၏သဘောအတိုင်းဖြစ်ရန် သို့မဟုတ် အောင်မြင်ရန် အခွင့်အရေးမရှိပါ။ ကျွန်ုပ်သည် ဘုရားအိမ်တော်အတွက် တံခါးကို စောင့်ကြပ်ပေးမည်၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်မည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မည်ဖြစ်ပြီး ဘုရားအိမ်တော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်မည်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ နှောင့်ယှက်မှုများပြုလုပ်ရန် သို့မဟုတ် ဖျက်ဆီးရာတွင် ပါဝင်ရန် အခွင့်အရေးမရှိပါ။ အကယ်၍ တစ်ဦးတလေက ထိုအရာများအား လုပ်ဆောင်နေသည်ကို ကျွန်ုပ်မြင်လျှင်၊ ၎င်းတို့နှင့်ပတ်သက်၍ ကျွန်ုပ် သက်ညှာမည် မဟုတ်ပါ။ ၎င်းတို့ကို ဖြုတ်ချသင့်လျှင် ဖြုတ်ချမည်၊ ၎င်းတို့ကို နှင်ထုတ်သင့်လျှင် နှင်ထုတ်မည်ဖြစ်ပြီး၎င်းတို့ကို ရှင်းလင်းပစ်သင့်လျှင် ရှင်းလင်းပစ်မည်ဖြစ်သည်။ ကျွန်ုပ် လုံးဝ ချုပ်တည်းထားမည်မဟုတ်”ဟူ၍ ဖြစ်သည်။ သင်တို့၌ ဤယုံကြည်ခြင်း ရှိသလော။ (ရှိပါသည်။) အကယ်၍ သင်သည် လူများ သို့မဟုတ် တိရစ္ဆာန်များနှင့် တိုက်ခိုက်သည့်အခါ အတော်လေး စွမ်းဆောင်နိုင်သော်လည်း၊ နတ်ဆိုးများနှင့် တိုက်ခိုက်ရသည့်အခါတွင်မူ သင်သည် တွန့်ဆုတ်ပြီး ကြောက်ရွံ့လာကာ လိပ်တစ်ကောင်ကဲ့သို့ သင်၏အခွံထဲသို့ ပြန်ဝင်သွားလျှင်၊ သင်သည် ကိစ္စပြတ်ပြီဖြစ်သည်၊ သင်သည် အသုံးမကျသူဖြစ်သည်၊ သင်သည် သမ္မာတရားကို ရရှိနိုင်လိမ့်မည်မဟုတ်သည့်အပြင်၊ ကယ်တင်ခြင်းကို မရရှိနိုင်ဟု ဘုရားသခင်က ဆိုသည်။ နတ်ဆိုးများနှင့် တိုက်ခိုက်ခြင်းသည် စစ်မှန်သော တိုက်ပွဲတစ်ခုဖြစ်သည်။ ယင်းမှာ ဘုရားသခင်အတွက် သက်သေခံရမည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ ယင်းမှာ အောင်မြင်သူများ၊ သန့်ရှင်းသူများနှင့် ဘုရားသခင်၏ နောက်လိုက်များ ပါဝင်ဆင်နွှဲရမည့် တိုက်ပွဲတစ်ခု၊ ၎င်းတို့ ခံယူရမည့် ရပ်တည်ချက်တစ်ခု၊ ပြီးလျှင် ၎င်းတို့ ပိုင်ဆိုင်ရမည့် စိတ်ပိုင်းဖြတ်မှုနှင့် သဓိဋ္ဌာန်တစ်ခု ဖြစ်သည်။ “နတ်ဆိုးများကို အဆုံးတိုင် တိုက်ခိုက်လော့။ ၎င်းတို့သေလျှင်သေ၊ မသေလျှင် ကျွန်ုပ် သေမည်။ ကျွန်ုပ်သည် လုံးဝ ကြောက်ရွံ့မည်မဟုတ်၊ လုံးဝ တွန့်ဆုတ်မည်မဟုတ်သည့်အပြင်၊ လုံးဝ စိတ်ဓာတ်ကျမည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ သင်တို့၌ ဤစိတ်ပိုင်းဖြတ်မှု ရှိသလော။ (ယခု ရှိပါပြီ။)

ပုဂ္ဂိုလ်အချို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးကြသည်။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် အဆင့်အတန်းရှိသော လူများကို တွေ့ကြုံသည့်အခါ၊ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်ပုံရသည့်၊ အတွေ့အကြုံရင့်ပြီး အလွန့်အလွန် ဉာဏ်များသည့်အပြင် မသိမသာ အန္တရာယ်ပေးတတ်ပြီး ကောက်ကျစ်သောသူများကို တွေ့ကြုံသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးတွင် ကြောက်ရွံ့မှုကို ခံစားကြရသည်။ ဤလူတို့သည် နတ်ဆိုးများဖြစ်ကြောင်း အပြည့်အဝ သိရှိလင့်ကစား၊ ၎င်းတို့သည် ထိုသူတို့ကို မြှောက်ပင့်ရန်၊ ချော့မော့ပြောဆိုရန်နှင့် လိုက်လျောပေးရန် မရမက လုပ်ဆောင်နေဆဲဖြစ်ပြီး၊ ၎င်းတို့ကို ဖော်ထုတ်ရန်မဆိုထားနှင့်၊ အနည်းငယ်မျှပင် ပုန်ကန်ပြစ်မှားဝံ့ခြင်း မရှိကြပေ။ နတ်ဆိုးများနှင့် စာတန်များကို ၎င်းတို့ မြင်သည့်အခါ၊ မည်သည့်စည်းမျဉ်းများကိုမျှ မထိန်းသိမ်းဝံ့ကြသည့်အပြင်၊ သန့်ရှင်းသူတစ်ဦး၏ တင့်တယ်လျောက်ပတ်သော အမူအကျင့် တစ်ခုတလေမျှ မရှိကြပေ။ အချို့က၊ “ကျွန်ုပ်တို့သည် ဤလူတို့နှင့် အံဝင်ခွင်ကျဖြစ်အောင်နေပြီး သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရမည်။ သို့မဟုတ်ပါက အသင်းတော်၏အလုပ်က မတိုးတက်နိုင်ပါ”ဟုပင် ဆိုကြသည်။ သိသာထင်ရှားစွာပင်၊ ဤလူတို့သည် ဘုရားအိမ်တော်၌ မည်သည့်ကောင်းမွန်သော ရည်ရွယ်ချက်အတွက်မျှ အစေမခံသည့်အပြင်၊ သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် နတ်ဆိုးများနှင့် အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းခံရသူများဖြစ်ပြီး နှင်ထုတ်ခံရသင့်သူများ သို့မဟုတ် ရှင်းလင်းပစ်ခြင်း ခံရသင့်သူများဖြစ်သည်။ သို့တိုင်၊ လူအချို့က ထိုသူတို့ကို သည်းခံကြသည်။ ဤပုဂ္ဂိုလ်များက ထိုသူတို့ကို ၎င်းတို့ အနိုင်မယူနိုင်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့ကာ ထိတ်လန့်နေကြသည်။ မိမိတို့၏ ကိုယ်ပိုင် အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြပြီး ထိုသူတို့၏ အဆက်အသွယ်ဖြတ်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်းကို ခံရမည်ကို စိုးရိမ်ကြသည်။ ၎င်းတို့သည် ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းရန် ဉာဏ်ပညာ ကင်းမဲ့သည်၊ ထိုသူတို့ကို တိုက်ခိုက်ရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ကြပြီး ၎င်းတို့သည် ထပ်တလဲလဲ နောက်တွန့်ကာ ထပ်တလဲလဲ အလျှော့ပေးပြီး အပေးအယူလုပ်ကြသည်။ ရလဒ်အနေဖြင့်၊ သုံးလကုန်လွန်ပြီးနောက် ခြောက်လကုန်လွန်သွားပြီး၊ အသင်းတော်၏အလုပ်သည် ရပ်တန့်သည့်အခြေအနေသို့ ရောက်သွားကာ အသင်းတော်အသက်တာက ဖရိုဖရဲဖြစ်သည့်အခြေအနေသို့ ဆိုက်ရောက်သွားသည်။ ၎င်းတို့သည် ဤဆိုးယုတ်သောလူများနှင့် နတ်ဆိုးများက နှောင့်ယှက်မှုများ ဖြစ်စေကြသည်ကို ရှင်းလင်းစွာ မြင်ကြသည်၊ ဤဒေသခံအနိုင်ကျင့်သူများက အသင်းတော်တွင် သောင်းကျန်းနေသည်ကို ၎င်းတို့ မြင်ကြသော်လည်း၊ မိမိတို့၏ ဘေးကင်းလုံခြုံမှု၊ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအား ငြိစွန်းစေမည်စိုးသဖြင့်၊ ထိုသူတို့ကို မဖော်ထုတ်ဝံ့ကြ သို့မဟုတ် မကိုင်တွယ်ဝံ့ကြပေ။ သင်၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှုတို့သည် အဘယ်သို့ဖြစ်ပြီး အလွန်အရေးကြီးနိုင်ရသနည်း။ ဘုရားအိမ်တော်ရှိ အလုပ်ကိစ္စ တစ်ခုတလေသည် သင်၏ ထိုသေးငယ်သောဘဝထက် ပို၍ အရေးကြီးသည် မဟုတ်လော။ အဆိုးဆုံးသော အခြေအနေ၌၊ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကြောင့် အန္တရာယ်အချို့ကို ရင်ဆိုင်ရလျှင်ပင်၊ ဘုရားသခင်သည် သင့်ကို ကာကွယ်မည်မဟုတ်လော။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဉာဏ်ပညာကို အသုံးပြုပြီး စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်လျှင်၊ ဘုရားသခင်သည် သင့်ကို သဘောရှိ အနိုင်ကျင့်ခံရစေပြီး ဆိုးရွားစွာ ထိခိုက်နာကျင်စေရန် စာတန်များထံသို့ လွှဲအပ်လိမ့်မည်လော။ (လွှဲအပ်လိမ့်မည် မဟုတ်ပါ။) ဘုရားသခင်သည် ဤလူစားမျိုးကို အလွန် ချစ်ခင်မြတ်နိုးသည်။ သူသည် ၎င်းတို့ကို တန်ဖိုးထား၍မဆုံး ဖြစ်သည်။ သူသည် သင့်အား စာတန်များထံသို့ အဘယ်သို့ လွှဲအပ်နိုင်မည်နည်း။ သင်၏ယုံကြည်ခြင်းသည် အလွန်သေးငယ်သည်။ သင်သည် ထိုစဉ်အခါက ပေတရုနှင့် တူသည်။ သခင်ယေရှုက သူ့ကို၊ “လာလော့” ဟု ပင်လယ်ထဲမှ ခေါ်ခဲ့သည်။ ပေတရုသည် ပင်လယ်ရေမျက်နှာပြင်ကို မြေပြန့်ဖြစ်သည့်အလား လျှောက်လှမ်းသင့်သည်ဟု ဆိုလိုသော်လည်း၊ ပေတရုက လျှောက်လှမ်းလေလေ၊ ပို၍ ကြောက်ရွံ့လာလေလေဖြစ်ပြီး၊ သူသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားခဲ့သည်။ အကယ်၍ ဘုရားသခင်က သင့်အား လာရန် တောင်းဆိုလျှင်၊ သူသည် သင့်အား ကတိတစ်ခု ပြုပြီးဖြစ်ကာ သင့်ကို ဧကန်မုချ ကာကွယ်နိုင်သည်။ သူသည် သင့်အား အန္တရာယ်နှင့် တွေ့ကြုံခွင့်ပေးမည်မဟုတ်။ သင်၏အသက် အန္တရာယ်ရှိနေလျှင်ပင်၊ သင်သည် ဤအရာကို မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် သင်၏အသက်ကို ဘုရားသခင်ထံသို့ လိုလိုလားလား အပ်နှံသင့်သည်သာ မဟုတ်လော။ မည်သည့်အရာက ခက်ခဲသနည်း။ နတ်ဆိုးများသည် အမှန်တကယ်ပင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသလော။ အဆင်းနီသော နဂါးကြီးသည် ယုံကြည်သူများကို ဖိနှိပ်ကာ ဖမ်းဆီးသည့်တိုင်၊ သင်သည် သင်၏ယုံကြည်ခြင်းကို မဆုတ်မနစ် ပိုင်ဆိုင်နိုင်သည်။ ထိုသို့သော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်သည် သင့်ကို မတုန်လှုပ်စေပေ။ သို့သော်လည်း၊ အသင်းတော်၌ နတ်ဆိုးငယ်အချို့ ပေါ်လာသည့်အခါ၊ သင်သည် အလွန်ကြောက်လန့်လာပြီး တွန့်ဆုတ်သွားကာ၊ မကောင်းမှုပြုလုပ်ရာတွင် ၎င်းတို့နောက်သို့ လိုက်ရန် အနိုင်အထက်ပြုခြင်းခံရသည်ဟု ခံစားရသည်။ ဤသည်မှာ သင်၏သက်သေခံချက်ကို ဆုံးရှုံးခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အချို့သောအသင်းတော်များနှင့် အချို့သောအလုပ်ပတ်ဝန်းကျင်များတွင် နတ်ဆိုးများက ၎င်းတို့၏သဘောအတိုင်း လုပ်ခွင့်ရနေခြင်း၊ အသင်းတော်၏အလုပ်ကို ထိုသို့သော ဖရိုဖရဲအခြေအနေ ဖြစ်စေခြင်းနှင့် ၎င်းတို့အလိုရှိသည့်အတိုင်း ကမောက်ကမဖြစ်စေခြင်း၊ ညီအစ်ကိုမောင်နှမများအား မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန် သင့်တော်သော ပတ်ဝန်းကျင်တစ်ခု ကင်းမဲ့သွားစေခြင်းသည် ဤနတ်ဆိုးများကို ထွင်းဖောက်မြင်သော်လည်း ၎င်းတို့ကို တိုက်ခိုက်ရန် ထမရပ်သည့်အပြင်၊၊ ထိုအစား မိမိတို့ကိုယ်ကို ကာကွယ်ရန် ဤနတ်ဆိုးများ၊ စာတန်များနှင့် အပေးအယူလုပ်ကြသော အချို့သောလူများနှင့် ဆက်စပ်သည်ဟု ဆိုနိုင်သည်။ ဤလူတို့သည် နတ်ဆိုးများကို မကောင်းမှုပြုပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ရန် တမင်တကာ ခွင့်ပြုကြသည်ဟု ဆိုနိုင်သည်။ အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေသော နတ်ဆိုးများအား သင် ထွင်းဖောက်မြင်သော်လည်း ၎င်းတို့ကို တိုက်ခိုက်ခြင်းမရှိ သို့မဟုတ် ဖော်ထုတ်ခြင်းမရှိလျှင်၊ ဤသည်မှာ နတ်ဆိုးများကို မကောင်းမှုပြုလုပ်ရန် ခွင့်ပြုနေခြင်း မဟုတ်လော။ အကယ်၍ မကောင်းမှုပြုလုပ်နေသော နတ်ဆိုးများကို တွေ့ရှိသည့်အခါ၊ သင်သည် ၎င်းတို့ကို ချက်ချင်း ဖော်ထုတ်၊ ကိုင်တွယ်ပြီး တားဆီးလျှင်၊ ဆုံးရှုံးမှုများကို လျှော့ချနိုင်ပြီး ဖရိုဖရဲအခြေအနေကို အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏အလုပ်အတွက်ရော၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက်ပါ အကျိုးရှိသည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် ထိုသို့မလုပ်ဆောင်သနည်း။ သင် မလုပ်ဆောင်လျှင်၊ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု မရှိပေ။ သင်သည် မည်သည့်အဆင့်ရှိ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် သာမန်နောက်လိုက်တစ်ဦးဖြစ်စေ၊ မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေသော နတ်ဆိုးများကို သင် ထွင်းဖောက်မြင်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့ကို မဖော်ထုတ်သရွေ့၊ သင်သည် သင်၏သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ခြင်း မရှိသေးပေ။ သင်သည် နားဝေတိမ်တောင်ဖြစ်သောသူ တစ်ဦးဖြစ်ပြီး၊ အသက်ရှင်ရန် မထိုက်တန်ပေ။ သင်သည် လူသားတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းသေးပေ။ သို့ဖြစ်၍ ဘုရားသခင်ပေးသည့် ထွက်သက်ဝင်သက်ကို ရှူရှိုက်ရန် သင် မထိုက်တန်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ဤကိစ္စ၌ လူတို့သည် အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် မည်သည့် နတ်ဆိုးမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ၊ သွေဖည်သော၊ ဆိုးယုတ်သော၊ မသိမသာ အန္တရာယ်ပေးတတ်သော၊ ရက်စက်ကြမ်းကြုတ်သော၊ သို့မဟုတ် စဉ်းလဲသော နတ်ဆိုးဖြစ်သည်ဖြစ်စေ၊ ၎င်းတို့၏ ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေ၊ အသင်းတော်၏အလုပ်အား ၎င်းတို့ နှောင့်ယှက်နေသည်ကို သင် မြင်ပြီး ယင်းကို ပိုင်းခြားသိမြင်သရွေ့၊ သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး တားဆီးရန် ထရပ်သင့်သည်။ ဤသည်မှာ သင်၏တာဝန် တည်ရှိရာနေရာ ဖြစ်သည်။ အချို့က “သူတို့ကို တားဆီးရန် အဘယ်အရာ ပြောရမည်ကို ကျွန်ုပ်မသိပါ”ဟု ဆိုကြသည်။ သို့ဆိုလျှင် ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို အမြော်အမြင်ရှိသော နည်းလမ်းများ အသုံးပြုလျက် ဆက်ဆံလော့။ ယခုတွင်၊၎င်းတို့ကို ရန်မစနှင့်။ ၎င်းတို့ကို တိုက်ရိုက်ဖော်ထုတ်ခြင်းဖြင့် ရန်မစနှင့်။ ထိုအစား၊ ၎င်းတို့၏ ကြံစည်မှုများနှင့် ရည်ရွယ်ချက်များ အောင်မြင်ခြင်းမှ တားဆီးရန် နည်းလမ်းမျိုးစုံကို ကြိုးစားလော့။ ဦးစွာပထမ၊ အသင်းတော်၏အလုပ်ကို ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ ကာကွယ်စောင့်ရှောက်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ကာကွယ်ခြင်းခံရကြောင်းကို သေချာစေလော့။ ထို့နောက်၊ နတ်ဆိုးကို ကိုင်တွယ်ရန် အသင့်တော်ဆုံးနည်းလမ်းနှင့်ပတ်သက်၍ သမ္မာတရားကို နားလည်သူများ၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့် တိုင်ပင်ဆွေးနွေးရန် အခွင့်အရေးတစ်ခုကို ရှာဖွေလော့။ ဤအလုပ်ကို ဉာဏ်ပညာဖြင့် လုပ်ဆောင်ရမည်။ တစ်ဖက်တွင်၊ သင်က စာတန်ကို တိုက်ခိုက်ရမည်၊ စာတန်များနှင့် နတ်ဆိုးများ၏ ဒုစရိုက်အမှုများကို တားဆီးရမည်၊ ညီအစ်ကိုမောင်နှမများကို ပိုင်းခြားသိမြင်မှု ရရှိစေရန် ကူညီရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများအပြင် ဘုရားအိမ်တော်၏အလုပ်ကိုပါ ကာကွယ်ရမည်။ အခြားတစ်ဖက်တွင်၊ သင်သည် သင့်ကိုယ်သင်လည်း ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ ကာကွယ်ရမည်။ သင့်အနေဖြင့် အန္တရာယ် သို့မဟုတ် အခက်အခဲကို ရင်ဆိုင်ရန် အမှန်တကယ် လိုအပ်ပါက၊ သင်သည် သင်၏ကိုယ်ပိုင် ထွက်ပေါက် သို့မဟုတ် ဘေးကင်းလုံခြုံရေးကို မစဉ်းစားဘဲ၊ သင်၏ မလွှဲမရှောင်သာ ဆောင်ရွက်ရမည့် တာဝန်အဖြစ် ထိုသို့ လုပ်ဆောင်သင့်သည်။ ဤသည်မှာ အသင်းတော်၏အလုပ်၏ လိုအပ်ချက်များကြောင့်ဖြစ်ပြီး ယင်းမှာ သင်၏တာဝန် တည်ရှိရာနေရာ ဖြစ်သည်။ သင်သည် ယင်းကို လုပ်ဆောင်ရမည်ဖြစ်ပြီး လုပ်ဆောင်သင့်ပေသည်။ သို့မဟုတ်ပါက၊ သင်သည် ဘုရားသခင် သင့်ကို ပေးထားသည့် အသက်နှင့်လည်းကောင်း၊ နှစ်ပေါင်းများစွာ သင့်ကို သူ ပေးပြီးသည့် ထောက်ပံ့မှုနှင့်လည်းကောင်း ထိုက်တန်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) နတ်ဆိုးများကို ဆက်ဆံခြင်းနှင့်ပတ်သက်လာသည့်အခါ လူတိုင်း၌ ထိုသို့သော ရပ်တည်ချက် ရှိသင့်သည်။ သင်သည် ဘုရားသခင်၏လက်ဖြင့် ဖန်ဆင်းခံရသော ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ သင်သည် လူသားအမျိုးအစားဝင် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် အခြားသက်ရှိသတ္တဝါ အမျိုးအစားဝင် ဖြစ်သည်ဖြစ်စေ၊ သင်၏ လက်ရှိပင်ကိုလက္ခဏာက လူသား၊ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်နေသရွေ့၊ သင်သည် ဖန်ဆင်းခံလူသားတစ်ဦး၏ တာဝန်များကို ထမ်းဆောင်သင့်သည်၊ ယင်းတို့ကို သင် ခေါင်းရှောင်၍မရပေ။ တစ်စုံတစ်ဦးက ပူဇော်သက္ကာများ ခိုးယူနေသည်ကို သင်သိသော်လည်း သင်က၊ “ကျွန်ုပ်သည် သူတို့ကို စိတ်အနှောင့်အယှက်ပေးမိမည် စိုးပါသည်။ အကယ်၍ ကျွန်ုပ်သည် သူတို့ကို ဖော်ထုတ်ပြီး စိတ်အနှောင့်အယှက်ပေးမိလျှင်၊ ကျွန်ုပ်၏ကွယ်ရာတွင် သူတို့က ကျွန်ုပ်ကို အခက်အခဲဖြစ်စေမည်သာမက၊ ထိုအရာကို မည်သည့်အခါတွင်မျှ လွှတ်လိမ့်မည်မဟုတ်ပါ။ သူသည် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် သူ့ကိုမဖော်ထုတ်ဝံ့ပါ သို့မဟုတ်မတိုင်ကြားဝံ့ပါ” ဟု ပြောလျက် ဂရုစိုက်ခြင်း မရှိသည့်အပြင်၊ မေးမြန်းခြင်းမရှိဟု ဆိုပါစို့။ ထိုအခြေအနေတွင်၊ သင်သည် ကိစ္စပြတ်ပြီဖြစ်သည်။ သင်သည် အသုံးမကျသော သူရဲဘောကြောင်သူတစ်ဦးဖြစ်ပြီး၊ သင်၏တာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်ပြီးဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းလိုပါက အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ခေါင်းဆောင်ထံသို့ စာတိုတစ်စောင်ရေးရန် အခွင့်အရေးတစ်ခုကို ရှာဖွေလော့၊ သင်၏အမည်ကို လက်မှတ်မထိုးနှင့်၊ ပြီးလျှင် ခေါင်းဆောင်က သိရှိပြီး ဤအရာကို ချက်ချင်း ကိုင်တွယ်၊ တားဆီးနိုင်ကာ၊ ထိုသို့ဖြင့် ပူဇော်သက္ကာများကို ဆုံးရှုံးခြင်းအား တားဆီးနိုင်ရန်အလို့ငှာ အဖြစ်မှန်များကို ရှင်းလင်းစွာ ဖော်ပြလော့။ ခေါင်းဆောင်သည် မည်သူ တိုင်ကြားသည်ကို သိရန်မလိုအပ်ပေ။ ဘုရားသခင် သိလျှင် လုံလောက်သည်။ သို့ဆိုလျှင် ပူဇော်သက္ကာများကို ကာကွယ်ခြင်းကိစ္စ၌ ထိန်းသိမ်းသင့်သော စည်းမျဉ်းမှာ အဘယ်နည်း။ မှန်ကန်သော စိတ်နေစိတ်ထားမှာ အဘယ်နည်း။ ယင်းမှာ ပူဇော်သက္ကာများကို ဆုံးရှုံးမှုများမှ တားဆီးရန်နှင့် ဆိုးယုတ်သောလူများကို အောင်မြင်ခွင့်မပေးရန် ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန် ဖြစ်သည်။ ဘုရားအိမ်တော်သည် ၎င်း၏အကျိုးစီးပွားများကို ကာကွယ်ရန်၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်၊ ၎င်း၏အလုပ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဘုရားသခင်၏ ပူဇော်သက္ကာများကို ကာကွယ်ရန် လူတိုင်းအား အန္တရာယ်များကို ရင်ဆိုင်စေလိုခြင်း မရှိပေ။ ဤအတွက် သင်တို့အားလုံးအား အခြားလူများကို စိတ်အနှောင့်အယှက်ပေးရန် သို့မဟုတ် သင်တို့ကိုယ်သင်တို့ ခက်ခဲသော အခြေအနေများတွင် ရှိစေရန် တောင်းဆိုနေခြင်း မဟုတ်ပေ။ ယင်းမှာ ဘုရားအိမ်တော်က ဆိုလိုသည့်အရာ မဟုတ်ပေ။ အကယ်၍ သင်သည် ဆိုးယုတ်သောလူများကို ကြောက်ရွံ့လျှင် သို့မဟုတ် လူများအား စိတ်အနှောင့်အယှက်ပေးမိမည်ကို ကြောက်ရွံ့လျှင်၊ ပြဿနာများကို အမည်မဖော်ဘဲ သတင်းပို့နိုင်သည်။ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများကိုလည်း အမည်မဖော်ဘဲ သင် ဖော်ထုတ်နိုင်သည်။ ထိုနည်းဖြင့်၊ သင်သည် သင်၏အမည်ကို လက်မှတ်မထိုးခဲ့သော်လည်း၊ သင်သည် သင်၏တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေဆဲဖြစ်ကာ၊ သင်၏တာဝန်ကို သင် ခေါင်းရှောင်ခြင်း မရှိခဲ့ပေ။ အကယ်၍ သင်သည် ဤအရာကို လုပ်ဆောင်နိုင်လျှင်၊ သင်သည် သင်၏တာဝန်ဝတ္တရားတွင် တမင် ပျက်ကွက်ခြင်း မရှိခဲ့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်က ဤသည်မှာ သင်၏တာဝန် တည်ရှိရာနေရာဖြစ်သည့်အပြင်၊ ဘုရားအိမ်တော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်ပြီး ၎င်း၏အကျိုးစီးပွားများကို ကာကွယ်လျက် ဤတာဝန်ကို သင် ဖြည့်ဆည်းသင့်သည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ ဤသည်မှာ ကောင်းသော လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်က ထိုအရာကို အမှတ်ရလိမ့်မည်။ သင်တို့အတွက် ရှင်းလင်းသော အမှန်တရားတစ်ခုမှာ ဤသို့ဖြစ်သည်။ နတ်ဆိုးများကို တိုက်ခိုက်ခြင်းအတွက် သတ်မှတ်ထားသော ပုံစံမရှိ၊ နတ်ဆိုးများကို အနိုင်ယူနိုင်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်း၊ အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကဏ္ဍများကို ကာကွယ်ခြင်း၊ အသင်းတော်အသက်တာကို ကာကွယ်ခြင်းနှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဤသည်မှာ အမြင့်ဆုံးသော စည်းမျဉ်း ဖြစ်သည်ဟူ၍ ဖြစ်၏။ သင် နားလည်သလော။ (ကျွန်ုပ်တို့ နားလည်ပါသည်။) နတ်ဆိုးများကို တိုက်ခိုက်ခြင်းအတွက် သတ်မှတ်ထားသော ပုံစံမရှိ။ သင်သည် ၎င်းတို့အား ပြုပြင်ခြင်းနည်းလမ်းကို အသုံးပြုနိုင်သည်၊ သင်သည် ၎င်းတို့အား ဖော်ထုတ်ခြင်းနည်းလမ်းကို အသုံးပြုနိုင်သည်၊ ပြီးလျှင်၊ သင်သည် ၎င်းတို့ကို ဖြုတ်ချခြင်းနှင့် ၎င်းတို့၏တာဝန်များကို ပြန်လည်ခန့်အပ်ခြင်း နည်းလမ်းအပြင် ၎င်းတို့ကို ထိန်းထားရန်အလို့ငှာ ၎င်းတို့နှင့် စကားပြောဆိုဆွေးနွေးခြင်းနှင့် နှစ်သိမ့်ခြင်းနည်းလမ်းကိုလည်း အသုံးပြုနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ နတ်ဆိုးများကို ကန့်သတ်ရန် အမျိုးမျိုးသော အမြော်အမြင်ရှိသည့် နည်းလမ်းများကို အသုံးပြုစဉ် တစ်ချိန်တည်းတွင် အသင်းတော်၏ မတူကွဲပြားသော အလုပ်ကဏ္ဍများကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်။ ဤသည်မှာ ဉာဏ်ပညာရှိခြင်း ဖြစ်သည်။ ဤလူတို့သည် နတ်ဆိုးများဖြစ်ကြောင်းနှင့် ၎င်းတို့သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများ မဟုတ်၊ စစ်မှန်သော လူသားများ မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံခဲ့ရသူများ မဟုတ်သောကြောင့် သင်က ၎င်းတို့ကို မည်သို့ပင် ဆက်ဆံသည်ဖြစ်စေ၊ မှားယွင်းခြင်းမရှိကြောင်း သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ ၎င်းတို့သည် အသင်းတော်ကို နှောင့်ယှက်ရန် စာတန်၏အစေခံများအဖြစ် ဘုရားအိမ်တော်သို့ ရောက်လာခဲ့ကြသည်။ သင်သည် နတ်ဆိုးများအပေါ် ဤသဘောထား ရှိသင့်သည်။ “အကယ်၍ သင်သည် ဤနေရာသို့ နှောင့်ယှက်မှုများ ဖြစ်စေရန် ရောက်လာလျှင်၊ ကျွန်ုပ်သည် သင့်အပေါ် သက်ညှာမည်မဟုတ်ပါ။ အကယ်၍ သင်သည် ဤနေရာသို့ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် ရောက်လာလျှင်၊ လုံးဝ ခွင့်မပြုပါ။ အကယ်၍ သင်သည် နှောင့်ယှက်မှုများ ဖြစ်စေခြင်းမရှိ သို့မဟုတ် အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ခြင်းမရှိသည့်အပြင်၊ အသင်းတော်၌ သင့်ဘာသာ တိတ်ဆိတ်စွာ နေလျှင်၊ ကျွန်ုပ်သည် သင့်ကို လျစ်လျူရှုမည်။ သို့သော် သင်သည် မကောင်းမှု လုပ်ဆောင်ရန် ရည်ရွယ်လျက် လှုပ်ရှားမှုတစ်ခု ပြုလုပ်သည်နှင့်တစ်ပြိုင်နက် သို့မဟုတ် တစ်စုံတစ်ခုကို ပြောဆိုသည်နှင့်တစ်ပြိုင်နက်၊ သင့်ကို ကျွန်ုပ် သက်ညှာမည် မဟုတ်ပါ။ မကောင်းသည့်အရာ မည်သည့်အရာကို သင် လုပ်ဆောင်လိုသည်ဖြစ်စေ၊ အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော မည်သည့် အယူအဆများကို သင် ဖြန့်ဝေလိုသည်ဖြစ်စေ၊ ပထမဆုံး ကျွန်ုပ်ကို သင် ကျော်ဖြတ်ရလိမ့်မည်။ ကျွန်ုပ် သင့်ကို ချမ်းသာပေးမည် မပေးမည်ကို သင်မြင်ရလိမ့်မည်။ သို့မဟုတ်ပါက၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ရန် စဉ်းပင်မစဉ်းစားနှင့်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတို့က နတ်ဆိုးများကို ဆက်ဆံပုံတွင် ရှိသင့်သော သဘောထားနှင့် စည်းမျဉ်းဖြစ်ပြီး၊ လူတို့ ပေးသင့်သော သက်သေခံချက်လည်း ဖြစ်သည်။

အဘယ်ကြောင့် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးသနည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူတို့သည် သမ္မာတရားကို မိမိတို့၏အသက်အဖြစ် ရရှိနိုင်ရန်ဖြစ်ပြီး၊ လူတို့က နတ်ဆိုးများကို ပိုင်းခြားသိမြင်နိုင်ရန်၊ နတ်ဆိုးများကို ဖယ်ရှားနိုင်ရန်နှင့် ဆိုးယုတ်သောနတ်ဆိုးဖြစ်သည့် စာတန်ကို လုံးလုံးလျားလျား ပုန်ကန်နိုင်ရန် ဖြစ်သည်။ လူတို့သည် သမ္မာတရားများစွာကို ကြားပြီးဖြစ်ကာ သမ္မာတရား၏ ထောက်ပံ့မှုများစွာကို လက်ခံရရှိပြီးဖြစ်သော်လည်း၊ နောက်ဆုံးတွင်၊ ၎င်းတို့သည် မကောင်းမှုပြုပြီး နှောင့်ယှက်မှုများ ပြုလုပ်နေသော နတ်ဆိုးများကို တွေ့ကြုံသည့်အခါ၊ ပိုင်းခြားသိမြင်ရန် ပျက်ကွက်ကြသည်။ အချို့သောလူတို့သည် နတ်ဆိုးများအပေါ် အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်မှုရှိသော်လည်း ၎င်းတို့ကို မဖော်ထုတ်ဝံ့ကြသည့်အပြင်၊ ထို့ထက်ပင်ပို၍ ၎င်းတို့ကို မကိုင်တွယ်ဝံ့ကြပေ။ ဤလူစားမျိုးတို့သည် အသုံးမကျသူများ ဖြစ်ကြသည်။ သင်သည် သက်သေခံချက်မရှိသည့်အပြင်၊ ဘုရားသခင်၏ဘက်၌ ရပ်တည်ခြင်း မရှိလေပြီ။သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေပြီး ဖြစ်သည်။ လူတို့က သမ္မာတရားကို လိုက်စားပြီး သိနားလည်ခြင်း၏ ရည်ရွယ်ချက်မှာ နတ်ဆိုးများကို ၎င်းတို့ ရှောင်ကြဉ်ရန်၊ နတ်ဆိုးများကို ငြင်းပယ်ရန်နှင့် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှု ရရှိနိုင်ရန်၊ ဘုရားသခင်၏ဘက်၌ ရပ်တည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ နတ်ဆိုးများနှင့်ပတ်သက်လာသည့်အခါ၊ အသင်းတော် သန့်စင်နေရန်အလို့ငှာ၊ တစ်ယောက်ကို တွေ့ရှိသည့်အခါတိုင်း၊ တစ်ယောက်ကို ရှင်းလင်းပစ်လော့၊ နှစ်ယောက်ကိုတွေ့ရှိသည့်အခါတိုင်း၊ နှစ်ယောက်လုံးကို ရှင်းလင်းပစ်လော့။ ဤနည်းဖြင့်၊ စာတန်နှင့် နတ်ဆိုးများသည် လုံးလုံးလျားလျား အရှက်ရမည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို နောက်ထပ် နှောင့်ယှက်နိုင်တော့မည်မဟုတ်။ လောကီတွင် ၎င်းတို့ မည်သို့ နှောင့်ယှက်မှုများ ပြုလုပ်သည်မှာ ငါတို့ထဲမှ တစ်ဦးနှင့်မျှ သက်ဆိုင်ခြင်းမရှိ။ ၎င်းတို့ တရားမဝင်သော မည်သည့် လုပ်ရပ်များကို ကျူးလွန်သည်၊ မည်သည့်မကောင်းမှုများကို ပြုလုပ်သည်၊ ပြီးလျှင် လောကီတွင် မည်သူနှင့် ၎င်းတို့ တိုက်ခိုက်သည်မှာ ငါတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ငါသည် ဤအရာကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့်အပြင်၊ စုံစမ်းမေးမြန်းခြင်းလည်း မပြု၊ ထိုအကြောင်းကို ဂရုလည်းမစိုက်ပေ။ သို့သော် အချက်တစ်ချက်သာ ရှိသည်။ ဘုရားအိမ်တော်၌ ထိုသို့သော နှောင့်ယှက်မှုများကို ၎င်းတို့ ဖြစ်စေခြင်းအား ခွင့်ပြု၍မရနိုင်သည့်အပြင်၊ ၎င်းတို့ကို ကိုင်တွယ်၊ တားဆီးပြီး ရှင်းလင်းပစ်ရမည်ဖြစ်သည်။ ပထမဦးစွာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို လုပ်ဆောင်ရာတွင် ဦးဆောင်သင့်သည်။ ၎င်းတို့သည် ဤအရာကို မိမိတို့၏ ရှောင်လွှဲ၍မရသော တာဝန်အဖြစ် ခံယူသင့်သည်။ ဒုတိယအနေဖြင့်၊ ကြီးကြပ်ရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်များနှင့် သာမန်ညီအစ်ကိုမောင်နှမများအားလုံးသည် ဤဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သင့်ပြီး ဤသက်သေခံချက်ကိုလည်း ရှိသင့်သည်။ အချို့သောလူတို့က “ဘုရားအိမ်တော်သည် လှုပ်ရှားမှုတစ်မျိုးမျိုးကို စတင်နေသလော။ ဤသည်မှာ လူတို့ကို ညှဉ်းဆဲနေခြင်းဖြစ်သလော”ဟု ဆိုကြသည်။ ဤသည်မှာ လူတို့ကို ညှဉ်းဆဲနေခြင်း မဟုတ်၊ နတ်ဆိုးများကို ညှဉ်းဆဲနေခြင်း ဖြစ်သည်။ နတ်ဆိုးများကို ညှဉ်းဆဲခြင်းသည် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်၊ ငါတို့သည် လူတို့ကို မညှဉ်းဆဲပေ။ ညီအစ်ကိုမောင်နှမများက ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြမှုများ ရှိသော်လည်း၊ ၎င်းတို့သည် ပုံမှန်လူများဖြစ်ကြပြီး၊ ၎င်းတို့၏ လုပ်ရပ်များနှင့် ပြုမူကျင့်ကြံခြင်းတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပြင်၊ အနိမ့်ဆုံးသော စံနှုန်းများလည်း ရှိကြသည်။ ၎င်းတို့၏ သမ္မာတရားကို လိုက်စားမှုနှင့် အသက်ဝင်ရောက်မှုတို့သည် အတော်အတန် ညံ့ဖျင်းနေပြီး ၎င်းတို့က ဝိညာဉ်ရင့်ကျက်မှု နည်းပါးကာ သမ္မာတရား လက်တွေ့ကျမှု များစွာ မပိုင်ဆိုင်လျှင်ပင်၊ ၎င်းတို့နှင့်ပတ်သက်၍ ငါတို့ သည်းခံသင့်သည်၊ ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်ပြီး စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ သို့သော် နတ်ဆိုးများအား မည်သို့ဆက်ဆံရမည်ဟူသည်အတွက် စည်းမျဉ်းမှာ မတူပေ။ အကယ်၍ ၎င်းတို့သည် အစေခံမှု ပေးရန် လိုလားလျှင်၊ အစေခံမှုပေးရန် ၎င်းတို့ကို ငါတို့ အသုံးပြုနိုင်သည်။ အကယ်၍ ၎င်းတို့သည် အစေခံမှု ပေးလိုခြင်းမရှိလျှင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းဖြင့် ငါတို့ ကိုင်တွယ်သင့်သည်။ ၎င်းတို့အပေါ် ငါတို့ လုံးဝ မသက်ညှာသင့်ပေ။ ဤသည်မှာ နတ်ဆိုးများကို ဆက်ဆံခြင်းအတွက် စည်းမျဉ်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက အားနည်းချက်များ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြမှုများ ရှိသည့်အခါ၊ ၎င်းတို့ကို ခွင့်လွှတ်ပြီး လွတ်ငြိမ်ချမ်းသာခွင့်ပေးနိုင်သည့်အပြင်၊ သည်းခံခြင်းနှင့် နားလည်မှုတို့ဖြင့် ဆက်ဆံနိုင်သည်။ သို့သော် နတ်ဆိုးများသည် ညီအစ်ကိုမောင်နှမများ မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် အပျက်သဘောဆောင်သော သို့မဟုတ် တာဝန်မဲ့သော အရာအချို့ကိုသာ ပြောဆိုပြီး၊ လူတို့ကို အထင်အမြင်မှားစေရန် မိစ္ဆာဒိဠိအယူများ သို့မဟုတ် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများကို မဖြန့်ဝေသည့်အပြင်၊ မည်သည့်အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းများကိုမျှ မဖြစ်စေခဲ့လျှင်၊ ၎င်းတို့ကို ချမ်းသာပေးနိုင်ပြီး၊ သင်သည် ၎င်းတို့ကို မသိကျိုးကျွန်ပြုနိုင်သည်။ ၎င်းတို့က ပြဿနာအချို့ကို ဖြစ်စေပြီး မကောင်းမှုပြုလုပ်တော့မည်ဖြစ်ကာ ယင်းသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိနေသည်ကို သင်မြင်လျှင်၊ ၎င်းတို့ကို ဖော်ထုတ်ပြီး ကန့်သတ်ရမည်။ အကယ်၍ ၎င်းတို့ကို မကန့်သတ်နိုင်လျှင်၊ တိုက်ရိုက် ရှင်းလင်းပစ်လော့။ နတ်ဆိုးတို့က အသင်းတော်သည် တော်စွလျော်စွ ကြုံရာကျပန်းနေရန် လွယ်ကူသောနေရာတစ်ခုဟု ထင်ကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင်ကဲ့သို့ပင် မည်သူမဆို အသင်းတော်၌ မွှေနှောက်နိုင်သည်ဟု ထင်ကြသည်။ ၎င်းတို့အနေဖြင့် ဤသို့ထင်မြင်ခြင်းက မှားယွင်းပေသည်။ အသင်းတော်သည် ဘုရားသခင် ရွေးချယ်ထားသောလူများက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရရှိရန် နေရာတစ်ခုဖြစ်သည်။ နတ်ဆိုးများ မွှေနှောက်ရန် နေရာမဟုတ်သည့်အပြင်၊ နတ်ဆိုးများက မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းများကို လုပ်ဆောင်ရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် နေရာတစ်ခု မဟုတ်၊ နတ်ဆိုးများက မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် နေရာလည်း မဟုတ်ပေ။ နတ်ဆိုးများက မိမိတို့၏ သရုပ်မှန်ကို ဖော်ပြန်ပြီး မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းများကို လုပ်ဆောင်တော့မည်၊ မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်သော နယ်ပယ်များကို တည်ထောင်တော့မည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်ကာ ဖျက်ဆီးတော့မည်ဆိုသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ သရုပ်အမှန်များ ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ဤအချိန်၌ သင်သည် အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်လော့။ ညီအစ်ကိုမောင်နှမများက ထရပ်ပြီး ဤနတ်ဆိုးများကို တိုက်ခိုက်ရမည်ဖြစ်ကာ ၎င်းတို့သည် လုံးဝ သနားကြင်နာမှု သို့မဟုတ် သက်ညှာမှု မပြရပေ။ အကယ်၍ သင်သည် နတ်ဆိုးများကို အမြဲ သက်ညှာနေလျှင်၊ သင်သည် မိမိကိုယ်ကို ရက်စက်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်တွင်ရှိသည့် လူတို့ကို အမြဲ အထင်အမြင်မှားစေပြီး နှောင့်ယှက်နေခြင်းဖြစ်ကာ အသင်းတော်၏အလုပ်ကို ဖျက်ဆီးနေခြင်း ဖြစ်သည်။ ထိုသို့သော အခြေအနေများအောက်တွင် သင်သည် ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ရရှိခဲ့သော ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် အသိပညာသည် ဤနတ်ဆိုးများ၏ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှတစ်ဆင့် ရက်အနည်းငယ်အတွင်း၌ပင် ကုန်ခန်းသွားလိမ့်မည်။ ထို့ကြောင့်၊ အကယ်၍ သင်သည် သမ္မာတရားကို ရရှိလိုလျှင်၊ သင်သည် နတ်ဆိုးများနှင့် ယှဉ်ပြိုင်ကာ ယှဉ်ပြိုင်ရန် တက်ကြွစွာ ထရပ်ရမည်။ ၎င်းတို့၏ အမြီးများ အပြည့်အဝ ပေါ်ထွက်လာပြီး ၎င်းတို့၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာ ပေါ်လွင်လာသည်ကို သင်မြင်သည့်အခါ၊ သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ၎င်းတို့၏ အနှစ်သာရကို သတ်မှတ်ကာ၊ ထို့နောက်တွင် ၎င်းတို့ကို သန့်စင်ဖယ်ရှားသင့်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ လုပ်ဆောင်သင့်သည့်အရာနှင့် ၎င်းတို့ ဖြည့်ဆည်းသင့်သည့် တာဝန် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အောင်မြင်သူများ ရှိသင့်သော သက်သေခံချက် အတိအကျ ဖြစ်သည်။ လူတိုင်းသည် ဤအရာကို နားလည်သင့်ပြီး မည်သည့်အခါတွင်မျှ မမေ့သင့်ပေ။ စာတန်များနှင့် နတ်ဆိုးများကို မကြောက်ရွံ့ခြင်းသည် လုပ်ရိုးလုပ်စဉ်အနေဖြင့် ၎င်းတို့နှင့် မပတ်သက်ဘဲနေခြင်းကို မဆိုလို၊ ထိုအစား ယင်းမှာ အမှားအမှန်နှင့်ဆိုင်သည့် အဓိကပြဿနာများ၊ စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များ၊ မိမိ၏လမ်းကြောင်းကို ရွေးချယ်ခြင်းကိစ္စနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ရင်ဆိုင်ရာတွင် နတ်ဆိုးများနှင့် တိုက်ခိုက်ရန် ထရပ်ခြင်း၊ ၎င်းတို့၏ ဒုစရိုက်အမှုများကို တားဆီးခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် ညီအစ်ကိုမောင်နှမများ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန် ပုံမှန်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းတို့အား ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူတိုင်း၏ တာဝန်ဝတ္တရား ဖြစ်သည်။

နတ်ဆိုးတစ်ဦး၏ အနှစ်သာရရှိသူတို့နှင့်ဆိုင်သည့် ဤသရုပ်သကန်နှစ်မျိုးဖြစ်သော အကျင့်ပါနေသည့် လိမ်လည်ခြင်းနှင့် သွေဖည်ခြင်းတို့အပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို အနည်းနှင့်အများ ငါတို့ ပြီးစီးပြီးဖြစ်သည် မဟုတ်လော။ ဤလူစားမျိုးအပေါ် လူတို့ စွဲကိုင်သင့်သော ရှုထောင့်နှင့် ရပ်တည်ချက်တို့သည် ရှင်းလင်းပြီး၊ လူတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများသည်လည်း ရှင်းလင်းပေသည်။ သို့ဆိုလျှင် နောက်ထပ် မည်သည့်ပြဿနာကို သင်တို့ ရင်ဆိုင်ရသနည်း။ ယင်းမှာ ငါတို့မိတ်သဟာယဖွဲ့ပြီးသည့် သရုပ်သကန်များနှင့် ထုတ်ဖော်ပြမှုများကို ယူ၍ ဤလူများနှင့် တိုက်ဆိုင်စစ်ဆေးပြီးနောက် ၎င်းတို့ကို ပိုင်းခြားသိမြင်ရန်နှင့် ဤလူစားမျိုး၏ အနှစ်သာရကို ထွင်းဖောက်မြင်ရန် မည်သို့လုပ်ဆောင်ရမည်ဟူသည်ပင် ဖြစ်သည်။ သင့်အနေဖြင့် ပိုင်းခြားသိမြင်မှု ရှိသည်နှင့်တစ်ပြိုင်နက်၊ အမျိုးမျိုးသော လူစားမျိုးတို့၏ ဂုဏ်အင်္ဂါများက အမှန်တကယ် မည်သည့်အရာများဖြစ်သည်ကို သင်တို့၏ စိတ်နှလုံးထဲ၌ ရှင်းလင်းလာလိမ့်မည်၊ လူတို့အား မည်သို့ဆက်ဆံရမည်ဟူသော သင်တို့၏ စည်းမျဉ်းများက ပို၍ တိကျလာလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် မိုက်မဲသောအရာများ သို့မဟုတ် စဉ်းစားဉာဏ်ကင်းမဲ့သောအရာများကို လုပ်ဆောင်လိမ့်မည်မဟုတ်၊ သို့မဟုတ် ယင်းတို့ကို များစွာ လုပ်ဆောင်မည် မဟုတ်ပေ။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းက ထိုမျှသာ ဖြစ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၅)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။