သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၂)

လတ်တလော ကာလအတွင်း၌ မိတ်သဟာယဖွဲ့ခဲ့သည့် လူ့သဘာဝ၏ အရည်အသွေးများနှင့်ပတ်သက်သော ပြောဆိုချက်များနှင့် အကြောင်းအရာများကို ကြားပြီးနောက် သင်တို့ မည်သို့ ခံစားရသနည်း။ လူ့သဘာဝကို အမှန်တကယ် ပိုင်ဆိုင်သော လူများ၏ အရည်အသွေးများနှင့်ပတ်သက်၍ အနည်းငယ် ပို၍ ရှင်းလင်းသွားသလော။ (ကျွန်ုပ်တို့ ယခင်ကထက် အနည်းငယ် ပို၍ ရှင်းလင်းသွားပါသည်။) သို့ဆိုလျှင် ဤအရာကို ကြားပြီးနောက် လူ့သဘာဝ၏ အရည်အသွေးများကို ပိုင်ဆိုင်သော လူများ၏ အဓိက လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သည်နှင့်ပတ်သက်၍ သင်တို့ ကောက်ချက် တစ်စုံတစ်ရာ ချနိုင်ပြီလော။ မိတ်သဟာယဖွဲ့ခဲ့သည့် အသေးစိတ်အချက်များနှင့် တိကျသောအရာများကို အခြေခံ၍ တစ်စုံတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သည်ကို သင်တို့ မြင်နိုင်သလော။ (ဘုရားသခင်၏ လတ်တလော မိတ်သဟာယမှတစ်ဆင့် လူ့သဘာဝ၏ အရည်အသွေးများ ရှိသော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြပြီး အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြကြောင်းကို ယခု ကျွန်ုပ် နားလည်ပြီဖြစ်သည်။) မိမိ၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အရည်အသွေးများကို ပိုင်ဆိုင်သော လူတစ်ဦးသည် ၎င်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အခြေခံအုတ်မြစ်ပေါ်တွင် လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ ပြုမူဆောင်ရွက်လေသည်။ လူတို့အပေါ် ၎င်း၏ အမြင်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် ၎င်း၏ စည်းမျဉ်းများကို ဤအသိစိတ်နှင့် ဆင်ခြင်တုံတရား အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်။ ဤသည်မှာ အလွန် တိကျမှန်ကန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်သော လူတစ်ဦးတွင် လူတို့အပေါ် ၎င်း၏ အမြင်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် ၎င်း၏ စည်းမျဉ်းများနှင့်ပတ်သက်၍ အချို့သော လက္ခဏာများ ရှိသည်။ တစ်ချိန်တည်းတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော လူများတွင်လည်း လူတို့အပေါ် ၎င်းတို့၏ အမြင်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများနှင့်ပတ်သက်၍ အချို့သော လက္ခဏာများ ရှိကြပြီး ဤလက္ခဏာများသည် လုံးဝ အနှစ်မမဲ့ပေ။ ယင်းတို့ကို အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများ၏ နေ့စဉ်ဘဝများတွင် အမှန်တကယ် ထုတ်ဖော်ပြီး ပြသကြသည်။ လူတစ်ဦးသည် မည်သည့်ခေတ် သို့မဟုတ် မည်သို့သော လူမှုပတ်ဝန်းကျင်မျိုးတွင် နေထိုင်သည်ဖြစ်စေ ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ပါက လူ့သဘာဝ၏ အရည်အသွေးအချို့ကို အသက်ရှင်နေထိုင်လိမ့်မည်။ ၎င်း၏ ဘဝရှိ ကိစ္စရပ်တိုင်းတွင် သို့မဟုတ် အတွေးများနှင့် အမြင်များအပြင် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ ပါဝင်ပတ်သက်သည့် ကိစ္စရပ်အများစုတွင် ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အရည်အသွေးများကို သိသာထင်ရှားစွာ ထုတ်ဖော်ပြလိမ့်မည်။ ဤသည်မှာ လုံးဝ အနှစ်မဲ့သော အရာတစ်ခု မဟုတ်ပေ။ သင်တို့၏ ပတ်ဝန်းကျင်ရှိ လူများနှင့် ဤအရာကို တိုက်ဆိုင်စစ်ဆေးကြည့်လော့။ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောအခါ ၎င်းတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာခြင်း၏ သရုပ်သကန်များ ရှိလိမ့်မည်။ ၎င်း၏ အသိစိတ်က ၎င်းကို တွန်းအားပေးပြီး ၎င်းအပေါ် သက်ရောက်မှု ရှိသောကြောင့် ၎င်း ကျင့်ကြံပြုမူပြီး ပြုမူဆောင်ရွက်သည့်ပုံစံတွင် အချို့သော စည်းများ ရှိလိမ့်မည်ဖြစ်ကာ ၎င်း၏ ဆင်ခြင်တုံတရား၏ လုပ်ဆောင်ချက်နှင့် ယင်းက ၎င်းအပေါ် သက်ရောက်သည့် ချုပ်တည်းခြင်း အကျိုးသက်ရောက်မှုတို့ကြောင့် သို့မဟုတ် ၎င်း၏ ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ၎င်း၌ တိကျသော သရုပ်သကန်များနှင့် တိကျသော အသက်ရှင်နေထိုင်ခြင်း ရှိလိမ့်မည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ရန် ၎င်း၏ အမှန်တကယ်ဖြစ်သော သရုပ်သကန်များကို ကြည့်လော့။ လူများနှင့် အမှုအရာများကို ၎င်း ရှုမြင်ပုံ၊ ကျင့်ကြံပြုမူပြီး ပြုမူဆောင်ရွက်ပုံတို့အတွက် ၎င်း၏ ပုံမှန် ရှုထောင့်အမြင်များ၊ စည်းမျဉ်များနှင့် စည်းများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ၎င်း၏ အနိမ့်ဆုံး စည်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း၌ ရှိမရှိနှင့် ၎င်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ထိန်းချုပ်မှုအောက်တွင် ရှိမရှိ ဟူသည်ကိုလည်းကောင်း ကြည့်လော့။ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ ပြုမူဆောင်ရွက်သောအခါ လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက အလုပ်မလုပ်ပါက၊ ပြီးလျှင် ၎င်းကိုယ်တိုင်က ၎င်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ထိန်းချုပ်ခြင်းနှင့် ချုပ်တည်းခြင်းကို မခံရပါက ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်နေကြောင်း သို့မဟုတ် ၎င်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း မကြာခဏ ပြသလိမ့်မည်။ နေ့စဉ်ဘဝတွင် ဤသူ ပြသပြီး အသက်ရှင်နေထိုင်သည့်အရာမှာ အသိစိတ် ကင်းမဲ့ခြင်းနှင့် ဆင်ခြင်တုံတရား မရှိခြင်းသာ ဖြစ်သည်။ ၎င်းသည် ကိစ္စရပ်များနှင့် ကြုံရသောအခါ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကိုသာ လျှာအရိုးမရှိ လျှောက်ပြောတတ်ပြီး ၎င်း၏ အတွေးများနှင့် အမြင်များသည် အထူးသဖြင့် အစွန်းရောက်သည်၊ ခေါင်းမာပြီး ပုံမှန်မဟုတ်ပေ။ ၎င်းသည် မိမိ စကားပြောဆိုသည့်ပုံစံနှင့်ပတ်သက်၍ ဂရုမစိုက်သည့်အပြင် စကားပြောဆိုသောအခါ အတွင်းလူများနှင့် အပြင်လူများအကြား ခွဲခြားရန် ပျက်ကွက်လေသည်။ ၎င်း ပြောဆိုသမျှသည် အဓိပ္ပာယ်မရှိဘဲ ရှုပ်ထွေးနေသည်။ ၎င်း၏ လုပ်ရပ်များသည်လည်း ဆင်ခြင်တုံတရား၏ နယ်ပယ်ကို မကြာခဏ ကျော်လွန်သည်၊ စည်းမျဉ်းများ၊ စည်းများ ကင်းမဲ့ပြီး ဉာဏ်ပညာ ပို၍ပင် ကင်းမဲ့ကာ အထူးသဖြင့် စိတ်လိုက်မာန်ပါ ဖြစ်သည်။ ၎င်းသည် မိုက်မဲပြီး အသိဉာဏ်မဲ့သော အရာများကိုသာ လုပ်ဆောင်သည်။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ ၎င်းသည် မှန်ကန်သော စည်းမျဉ်းများ သို့မဟုတ် ဦးတည်ချက်ကို မည်သည့်အခါမျှ ရှာမတွေ့နိုင်ပေ။ ၎င်း ကျင့်ကြံပြုမူသည့်ပုံစံတွင် စည်းမျဉ်းများ သို့မဟုတ် စည်းများ တစ်စုံတစ်ရာ ရှိဖို့ဟူသည်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းသည် မည်သို့ ကျင့်ကြံပြုမူရမည်ကို မသိပေ။ ကျင့်ကြံပြုမူခြင်းဟူသည်မှာ အဘယ်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ၎င်းသည် မည်သို့သော လူစားမျိုး ဖြစ်ရန် ကြိုးစားသင့်သည်ကိုဖြစ်စေ မသိသည့်အပြင် စစ်မှန်သော ဘဝဟူသည်မှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ လူတို့သည် မည်သို့သော လမ်းကြောင်းမျိုးကို လျှောက်လှမ်းသင့်သည်ကိုဖြစ်စေ မသိပေ။ ၎င်း၏ စိတ်နှလုံးထဲတွင် ဤအရာများနှင့်ပတ်သက်၍ မည်သည့် သဘောတရားမျှ လုံးဝ မရှိပေ။ ၎င်းသည် မည်သည့် ပန်းတိုင်များ သို့မဟုတ် မည်သည့် ဦးတည်ချက်မျှမရှိဘဲ မိမိ၏ နေ့ရက်များကို ဝေဝေဝါးဝါးဖြင့် ဖြတ်သန်းလေသည်။ တစ်စုံတစ်ခုနှင့် ကြုံရသည့်အခါတိုင်း ယင်းမှ မည်သည့် အတွေ့အကြုံ သို့မဟုတ် သင်ခန်းစာများကိုမျှ မထုတ်ယူနိုင်ဘဲ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း၏ မှန်ကန်သော လမ်းကြောင်းတစ်ခုကိုမျှ မရရှိဘဲ ယင်းကို ဖြစ်သလို ဖြတ်သန်းသည်။ မည်မျှကြာကြာ အသက်ရှင်သည်ဖြစ်စေ ၎င်းသည် ခေါင်းရှုပ်ပြီး နားဝေတိမ်တောင်ဖြစ်သောသူအဖြစ် အစဉ်သဖြင့် ရှိနေလေသည်။ ထိုသို့သော လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) ၎င်းတို့သည် မည်သည့် အခက်အခဲများကိုမျှ မကြုံတွေ့ရဘဲ ပူပင်သောကကင်းသော အရူးတစ်ယောက်ကဲ့သို့ ပြုမူလျက် နေ့စဉ်နေ့တိုင်း အတော်အတန် ပျော်ရွှင်ပြီး လွယ်ကူစွာ အသက်ရှင်နေထိုင်ပုံရသည်။ သို့သော် ၎င်းတို့ ကိစ္စရပ်များနှင့် ကြုံရသောအခါ ဤကိစ္စရပ်များက အတွေးများ၊ အမြင်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများနှင့် ပို၍ ပါဝင်ပတ်သက်လေလေ၊ ၎င်းတို့သည် ပို၍ ရှုပ်ထွေးလာပြီး မည်သည့်အရာကို လုပ်ရမှန်းမသိ ဖြစ်လာလေလေ ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့သည် ရှုပ်ထွေးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံရသောအခါ ၎င်းတို့တွင် အခြေခံအကျဆုံး ဉာဏ်ပညာ၊ ဉာဏ်ရည်နှင့် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများပင် ကင်းမဲ့နေသည်။ ဉာဏ်ရည်ဉာဏ်သွေးအရဖြစ်စေ၊ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများအရဖြစ်စေ ထိုသို့သော လူများသည် လူ့သဘာဝ၏ အရည်အသွေးများကို ပိုင်ဆိုင်ခြင်း မရှိကြပေ။ ဤလောကတွင် အသက်ရှင်နေထိုင်ရာ၌ လူတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပြင် ဘဝ၏ ကိစ္စကြီးငယ်များကို ရင်ဆိုင်ရလိမ့်မည်။ စစ်မှန်သော လူသားတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ၎င်းသည် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံရသောအခါ ၎င်းတွင် စည်းမျဉ်းများရှိပြီး အတော်အတန် မှန်ကန်ကာ အပြုသဘောဆောင်သော အတွေးများနှင့် အမြင်အချို့ကို ပိုင်ဆိုင်လေသည်။ ထို့အပြင် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသောအခါ ၎င်းသည် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း၌ ဆုံးဖြတ်ချက်များ ချလိမ့်မည်။ ၎င်းသည် ဘုရားသခင်၏ အလုပ်ကို လက်မခံသေးဘဲ သမ္မာတရားကို နားမလည်လျှင်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း၌ ဆုံးဖြတ်ချက်များ ချပြီး ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်။ ၎င်းသည် အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ခေါင်းရှုပ်ခြင်း သို့မဟုတ် နားဝေတိမ်တောင်ဖြစ်ခြင်း မရှိဘဲ ၎င်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ တွန်းအားပေးခြင်းနှင့် ချုပ်တည်းခြင်းကို ခံရသဖြင့် ၎င်းတွင် ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကျင့်ကြံပြုမူခြင်း၏ အခြေခံ စည်းမျဉ်းများ ရှိလိမ့်မည်။ ဖြောင့်မှန်ခြင်းနှင့် ကြင်နာခြင်းအပြင် ၎င်းတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အရည်အသွေးများကို ပိုင်ဆိုင်သော လူများ၏ အသိသာဆုံးသော အခြားလက္ခဏာတစ်ခုမှာ ရှက်စိတ်ရှိခြင်း ဖြစ်သည်။ ယခင်က ဖြောင့်မှန်ခြင်းနှင့် ကြင်နာခြင်း၏ သရုပ်သကန်များအကြောင်းကို မိတ်သဟာယဖွဲ့စဉ်တွင် ရှက်စိတ်ရှိခြင်းနှင့်ပတ်သက်၍ ငါ အနည်းငယ် မိတ်သဟာယဖွဲ့ခဲ့သည်။ ထိုစဉ်က ငါ မိတ်သဟာယဖွဲ့ခဲ့သည့်အရာအပြင် ပို၍ တိကျသော အကြောင်းအရာများစွာ ရှိသေးပြီး ယင်းမှာ ယနေ့ ငါတို့ ဆက်လက်မိတ်သဟာယဖွဲ့မည့် အကြောင်းအရာ ဖြစ်သည်။

အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော လူတစ်ဦးသည် အလုပ်လုပ်နေသော အသိစိတ်တစ်ခု ရှိပြီး ဆင်ခြင်တုံတရားကိုလည်း ပိုင်ဆိုင်သောကြောင့် ၎င်း ကျင့်ကြံပြုမူသည့်ပုံစံတွင် ရှက်စိတ်ရှိခြင်း၏ လက္ခဏာကို သိသာထင်ရှားစွာ ပိုင်ဆိုင်လိမ့်မည်မှာ သေချာသည်။ ပထမဦးစွာ နေ့စဉ်ဘဝတွင် သင်တို့ ကြုံတွေ့ဖူးသည့် ရှက်စိတ်ရှိခြင်းနှင့်ပတ်သက်သော သရုပ်သကန်များ သို့မဟုတ် ပြောဆိုချက်အချို့အကြောင်းကို ပြောကြစို့။ ဥပမာအားဖြင့် သင် ပြောမထွက်သော ညစ်ညမ်းသည့် စကားအချို့ ရှိသည်။ ထိုသို့သောအရာများကို ပြောဆိုရန် တွေးမိခြင်းက သင့်ကို ရှက်ရွံ့စေသည်။ ဤသည်မှာ ရှက်စိတ်ရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ပြီးလျှင် အကျည်းတန်ပြီး ဆိုးညစ်သော အရာအချို့ ရှိသည်။ ယင်းတို့ကို လူသိရှင်ကြား ထုတ်ဖော်၍မရနိုင်သည့်အပြင် သင်သည်လည်း ယင်းတို့ကို လုပ်ဆောင်ရန် ခက်ခဲသည်။ ဤသည်မှာ ရှက်စိတ်ရှိခြင်းလော။ သင်သည် ရှက်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်မိသောအခါ သင်၏ စိတ်နှလုံးထဲတွင် နောင်တရပြီး မိမိကိုယ်ကို မုန်းတီးသည်။ ဤသည်မှာ ရှက်စိတ်ရှိခြင်းလော။ (ဟုတ်ပါသည်။) အခြား မည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ (ရှက်စိတ်ရှိသော လူများသည် မိမိတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်ကြပြီး လိုအပ်သလို ရှက်ရကောင်းမှန်း သိကြပါသည်။) ဤအရာများသည် မည်သူမဆို စဉ်းစားနိုင်သော အရာများ ဖြစ်သည်။ “ရှက်စိတ်ရှိခြင်း” ကို အခြားမည်သည့်နည်းလမ်းဖြင့် ပြောဆိုနိုင်သနည်း။ (ရှက်တတ်သော ခံစားချက် ရှိခြင်း ဖြစ်ပါသည်။) နေ့စဉ်ဘဝတွင် “သင့်၌ ရှက်စိတ် တစ်စုံတစ်ရာ မရှိသလော” ဟု ငါတို့ မကြာခဏ ပြောလေ့ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ရှက်စိတ်ရှိခြင်းတွင် အဓိကအားဖြင့် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ပါဝင်သလော။ (ပါဝင်ပါသည်။) လူတစ်ဦးတွင် ရှက်စိတ်ရှိသောအခါ ၎င်းသည် မိမိတို့၏ ကိုယ်ပိုင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို အထူးသဖြင့် ဂရုစိုက်သည်။ ၎င်းသည် လူတို့က ကောင်းသည်ဟု ယူဆသော အရာများ သို့မဟုတ် မိမိအတွက် အကျိုးရှိသော အရာများနှင့် လဲလှယ်ရန် ၎င်း၏ တည်ကြည်မှုကို စွန့်လွှတ်မည်မဟုတ် သို့မဟုတ် ၎င်းတို့၏ ဂုဏ်သိက္ခာကို အသုံးပြုမည် မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် ရှက်စိတ်ရှိခြင်း ဟူသည်မှာ ကိုယ်ကျိုးစီးပွားများကို စွန့်လွှတ်ရလျှင်ပင် မိမိ၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုသည်။ ရှက်စိတ်ရှိသော လူများ၏ အသိစိတ်သည် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါ အလုပ်လုပ်သည်။ ဆိုလိုသည်မှာ အခြားသူများ၏ အမြင်တွင် ၎င်းတို့၌ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ အတော်အတန် ပို၍ ရှိကြသည်။ ၎င်းတို့၏ စကားနှင့် လုပ်ရပ်များတွင် ၎င်းတို့၌ ဖုံးကွယ်စရာ မရှိဘဲ ပွင့်လင်းပြီး ရိုးသားဖြောင့်မတ်ကြသည်။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်ညံ့သော အရာများကို မလုပ်ဆောင်ကြပေ။ ပြီးလျှင် ၎င်းတို့ လိုက်နာစောင့်ထိန်းသော စည်းမျဉ်းများ သို့မဟုတ် ၎င်းတို့ ဖော်ပြသော ကျိုးကြောင်းဆင်ခြင်မှုသည် လူတို့၏ စိစစ်ခြင်းကို ခံနိုင်ရည်ရှိသည်။ အခြားသူများက ၎င်းတို့ကို ကွယ်ရာတွင် ဝေဖန်ခြင်း သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ အတင်းအဖျင်း ပြောဆိုခြင်းများ မပြုလုပ်ကြပေ။ ဆိုလိုသည်မှာ လူတစ်ဦးတွင် ရှက်စိတ်ရှိပါက အမှုအရာများကို လုပ်ဆောင်သည့် ၎င်း၏ နည်းလမ်းများနှင့် နည်းစနစ်များသည် အတော်အတန် ပွင့်လင်းပြီး ရိုးသားဖြောင့်မတ်လိမ့်မည် ဖြစ်သည်။ ၎င်းသည် မရိုးမသားဖြစ်သော အရာတစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မကြိုးစားသည့်အပြင် ၎င်းသည် စက်ဆုပ်ဖွယ်ကောင်းခြင်း သို့မဟုတ် ယုတ်ညံ့ခြင်း မရှိပေ။ ထိုသို့သော လူများ၏ လုပ်ရပ်များအတွက် စည်းများနှင့် ၎င်းတို့ ပြုမူဆောင်ရွက်သည့် နည်းလမ်းများသည် အခြေခံအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း၌ ရှိသည်။ ရှက်စိတ်ရှိသော လူများ ကျင့်ကြံပြုမူသည့် စည်းမျဉ်းများနှင့် နည်းလမ်းများအပြင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့ ချမှတ်ထားသော ပန်းတိုင်များသည် ဤအတိုင်းပင် ဖြစ်သည်။ ဤအရာများအပြင် ရှက်စိတ်ရှိသော လူများတွင် တိကျသော သရုပ်သကန်အချို့ သေချာပေါက် ရှိကြပြီး တိကျသော အရာအချို့ကို အသက်ရှင်နေထိုင်ပြကာ ထုတ်ဖော်ကြသည်။ သို့မဟုတ် ကိစ္စရပ်အချို့တွင် ၎င်းတို့သည် အတော်အတန် အပြုသဘောဆောင်သော အတွေးများနှင့် အမြင်အချို့ကို ပိုင်ဆိုင်ကြပြီး ဤအပြုသဘောဆောင်သော အတွေးများနှင့် အမြင်များ၏ လမ်းပြမှုအောက်တွင် ၎င်းတို့ ကျင့်ကြံပြုမူကာ ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့် အသင်းတော်က အဆင့်တိုင်းတွင် ခေါင်းဆောင်များကို ရွေးချယ်နေသောအခါ ရှက်စိတ်ရှိသော လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ၎င်းတို့သည် အခြားသူတိုင်းကဲ့သို့ပင် အဆင့်အတန်းကို နှစ်သက်ကြပြီး ရည်မှန်းချက်များ ရှိကြသည်။ ၎င်းတို့သည် အထင်ကြီးလေးစားခံရလိုကြပြီး လူတို့အကြားတွင် အဆင့်အတန်းနှင့် မြင့်မားသောဂုဏ် ရှိလိုကြသည်။ ဤကိစ္စတွင် ၎င်းတို့သည် အခြားလူတိုင်းနှင့် တူညီကြသည်။ သို့သော် ရှက်စိတ်ရှိသော လူတစ်ဦးက အဆင့်အတန်း ရရှိသည့် နည်းလမ်းမှာ ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားမှုကို ရရှိရန် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးပြီး ဝါကြွားရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခြင်းအားဖြင့် မဟုတ်ပေ။ သို့မဟုတ် ယုတ်ညံ့သော အရာများကို လုပ်ဆောင်ရန် ပုံမှန်မဟုတ်သော နည်းစနစ်များ သို့မဟုတ် ဂုဏ်သိက္ခာမဲ့သော နည်းလမ်းများကို အသုံးပြုလျက် အခြားသူများနှင့် အရှက်မဲ့စွာ ယှဉ်ပြိုင်ခြင်းအားဖြင့် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော စွမ်းရည်များကို အခြေခံ၍ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံလိုကြသည်။ ဥပမာအားဖြင့် မိမိတို့၏ အားသာချက်များကို အသုံးချခြင်းမှတစ်ဆင့်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို သည်းခံပြီး အဖိုးအခ ပေးခြင်းမှတစ်ဆင့်ဖြစ်စေ အတတ်ပညာဆိုင်ရာ နယ်ပယ်တစ်ခုတွင် ရလဒ်အချို့ ရရှိခြင်းအားဖြင့် ဖြစ်သည်။ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝကို ကောင်းမွန်စွာ အသက်ရှင်နေထိုင်ပြခြင်းမှတစ်ဆင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိသော အရာများကို လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သည်။ ထိုသို့ဖြင့် ညီအစ်ကိုမောင်နှမ အများစု၏ အသိအမှတ်ပြုမှုကို ရရှိရန်နှင့် ထိုနည်းအားဖြင့် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရရန် ဖြစ်သည်။ ၎င်းတို့ ရွေးချယ်မခံရပါက ၎င်းတို့သည် အတွင်း၌ မကျေနပ်မှု အနည်းငယ်ကိုလည်း ခံစားရသည်။ ဤမကျေနပ်မှုသည် ဖောက်ပြန်ပျက်စီးခြင်း၏ ပုံမှန် ထုတ်ဖော်ပြမှုတစ်ခုဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလွန် သဘာဝကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့သည် ဤကိစ္စကို မှန်ကန်စွာ သဘောထားနိုင်ကြသည်။ “လူများက ကျွန်ုပ်အား မရွေးချယ်ခဲ့သည့် အချက်က ကျွန်ုပ်သည် လိုအပ်ချက်များ ရှိနေသေးကြောင်းကို ပြသနေသည်။ ကျွန်ုပ်သည် ကဏ္ဍအချို့တွင် အားနည်းချက်များ ရှိနေသေးသည်မှာ ဖြစ်နိုင်သည်။ ကျွန်ုပ် ရွေးချယ်ခြင်း မခံရသဖြင့် ယခုအခါတွင် ယင်းအတွက် ခေါင်းမာမာနှင့် ယှဉ်ပြိုင်ရန် ကြိုးစား၍မဖြစ်ပါ။ အနည်းဆုံးအနေဖြင့် လူများသည် ကျွန်ုပ်ကို ရွေးချယ်ရန်အတွက် ကျွန်ုပ်ထံတွင် အစွမ်းအစ၊ လူ့သဘာဝ သို့မဟုတ် အလုပ်လုပ်နိုင်စွမ်းတို့နှင့် ပတ်သက်၍ လိုလားဖွယ်ကောင်းသည့် အရည်အသွေးများ ရှိရမည်။ ကျွန်ုပ်တွင် လိုလားဖွယ်ကောင်းသည့် အရည်အသွေး တစ်ခုမျှ မရှိသဖြင့် ရွေးချယ်မခံရခြင်းဖြစ်သော်လည်း ခေါင်းဆောင်တစ်ဦးဖြစ်ရန် အရှက်မဲ့စွာ တောင်းဆိုနေသေးပါက ယင်းမှာ အလွန် ဂုဏ်သိက္ခာမဲ့ရာကျပေလိမ့်မည်” ဟူ၍ ဖြစ်သည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ၎င်းတို့သည် စိတ်ထဲ၌ အနည်းငယ် စိတ်ပျက်ပြီး ဝမ်းနည်းရသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်နိုင်ကြကာ ၎င်းတို့တွင် မည်သည့် အားနည်းချက်များနှင့် မလုံလောက်မှုများ ရှိသည်ကို မြင်တွေ့နိုင်ကြသည်။ ထို့နောက် ရွေးချယ်ခံရသူတွင် အမှန်တကယ် မည်သည့် အားသာချက်များ ရှိသည်၊ ညီအစ်ကိုမောင်နှမများက ထိုသူကို အဘယ်ကြောင့် ရွေးချယ်ခဲ့သည်၊ မည်သည့် ကဏ္ဍများတွင် ၎င်းက အလုပ်ကို မိမိတို့ထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်သည်နှင့် ထိုသူ၏ အစွမ်းအစက မိမိတို့ထက် မည်သည့်နည်းလမ်းများဖြင့် ပိုကောင်းသည်တို့ကို ၎င်းတို့ ကြည့်ရှုကြသည်။ ရှက်စိတ်ရှိသော လူတစ်ဦးသည် ဤကိစ္စကို ဆင်ခြင်တုံတရားဖြင့် သဘောထားလိမ့်မည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ၎င်းသည် အတိုက်အခံလုပ်ခြင်း၊ ညည်းညူခြင်း၊ ဝေဖန်ခြင်း သို့မဟုတ် ဆဲရေးတိုင်းထွာခြင်းတို့ကို လုံးဝ ပြုလုပ်မည် မဟုတ်ပေ။ ၎င်းသည် ဤအရာများကို လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းသည် ဤအရာများကို လုပ်ဆောင်မည် မဟုတ်သနည်း။ အကြောင်းမှာ ဤလူစားမျိုးသည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ၎င်းသည် အဆင်မပြေမှုအချို့နှင့် ကျရှုံးမှုများကို ကြုံတွေ့ရသောအခါတွင်ပင် ၎င်း၏ ဆင်ခြင်တုံတရားကို မဆုံးရှုံးပေ။ ၎င်းသည် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း၌ အသက်ရှင်နေထိုင်ဆဲ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းသည် လက်ရှိကိစ္စကို ဆင်ခြင်တုံတရားဖြင့် သဘောထားလိမ့်မည်။ ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်ရန်၊ အပျက်သဘောဆောင်လာရန် သို့မဟုတ် အနည်းငယ် အာခံလိုစိတ်ပင်ဖြစ်ရန် တွန်းအားပေးလျှင်ပင် သို့မဟုတ် သက်ရောက်မှုရှိလျှင်ပင် ၎င်းသည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောကြောင့် အချိန်တိုအတွင်း ၎င်း၏ စိတ်နေစိတ်ထားနှင့် အခြေအနေကို အလျင်အမြန် ပြင်ဆင်ချိန်ညှိလိမ့်မည်ဖြစ်ပြီး ထို့နောက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည့်ကိစ္စကို ဆင်ခြင်တုံတရားဖြင့် သဘောထားလိမ့်မည်။ ၎င်းသည် ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်မည် မဟုတ်သည့်အပြင် ၎င်း၏ ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ရန် မသမာသော နည်းစနစ်များ သို့မဟုတ် နည်းလမ်းများကို အသုံးပြုမည် မဟုတ်ပေ။ ၎င်းသည် အလွန်အကျွံဖြစ်သော အရာများကို လုပ်ဆောင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ အခြားသူများ၏ အမြင်တွင် ဤသူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် အခြားလူများနှင့် တူညီသည်။ ၎င်းသည်လည်း အဆင့်အတန်းကို နှစ်သက်ခုံမင်ပြီး ယင်းကို ရရှိရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ရှိသည်။ သို့သော် အဆင့်အတန်းအပေါ် ၎င်း၏ နှစ်သက်မှုနှင့် ယင်းကို ရရှိသည့် ၎င်း၏ နည်းလမ်းသည် ၎င်း၏ လူ့သဘာဝအတွင်းရှိ ရှက်စိတ်ရှိခြင်း၏ အရည်အသွေးက ကန့်သတ်ထိန်းချုပ်ထားသော နယ်ပယ်အောက်တွင် ကျရောက်သည်။ ၎င်းသည် အဆင့်အတန်းကို ရရှိရန် ပုံမှန်မဟုတ်သော နည်းစနစ်များကို အသုံးပြုမည် မဟုတ်သည့်အပြင် အဆင့်အတန်းအတွက် သို့မဟုတ် ၎င်း၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်အတွက် အထင်ကြီးလေးစားမှုကို ရရှိရန် အရှက်မဲ့သော စကားများကို ပြောဆိုလျက် ကြွားလုံးထုတ်မည် မဟုတ်ပေ။ ၎င်းသည် ထိုသို့သောအရာများကို လုံးဝ ပြောဆိုမည် သို့မဟုတ် လုပ်ဆောင်မည် မဟုတ်ပေ။ ထိုအစား ၎င်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းတို့တွင် တိတ်ဆိတ်စွာ အားထုတ်လေသည်။ ၎င်းသည် အဆင့်အတန်းအတွက် မိမိ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ထိန်းချုပ်ထားရန် အကောင်းဆုံး ကြိုးစားလျက် ပို၍ လုပ်ဆောင်ပြီး စကားနည်းနည်းသာ ပြော၏။ ၎င်းသည် မိမိ၏ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ရလဒ်များ ရရှိရန်နှင့် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ရန် မျှော်လင့်ပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အစေခံရန် သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးဖို့ မိမိအတွက် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှုကို ပြင်ဆင်လေသည်။ ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို ညီအစ်ကိုမောင်နှမများက မြင်တွေ့ပြီး အသိအမှတ်ပြုနိုင်ရန်နှင့် အနာဂတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရနိုင်ရန်လည်း မျှော်လင့်၏။ ရှက်စိတ်ရှိသော လူတစ်ဦးတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရရန် ရည်မှန်းချက် ရှိလျှင်ပင် ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း၌ ရှိသော အတော်အတန် ဆင်ခြင်တုံတရားရှိသည့် အရာများကို လုပ်ဆောင်ဆဲ ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရည်မှန်းချက်များ ရှိလျှင်ပင် ၎င်းသည် မိမိ၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ဂရုစိုက်ဆဲ ဖြစ်သည်။ ၎င်းသည် မိမိတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စွန့်လွှတ်ခြင်းမရှိဘဲ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးများနှင့် အယူအဆများအရ မှန်ကန်သည်၊ သင့်လျော်သည်၊ အတော်အတန် အပြုသဘောဆောင်သည်ဟု ယူဆရသော အရာများကို လုပ်ဆောင်သည်။ သို့ဖြစ်၍ ရှက်စိတ်ရှိသော လူတစ်ဦးသည် အဆင့်အတန်းနှင့် လိုအင်ဆန္ဒကို ရင်ဆိုင်ရချိန်တွင်ပင် ဤရှက်စိတ်ရှိခြင်းကို အထူးသဖြင့် သိသာထင်ရှားစွာ ပြသသည်။ ၎င်းသည် အဆင့်အတန်းကို နှစ်သက်ပြီး ခေါင်းဆောင်တစ်ဦး ဖြစ်လိုလျှင်ပင် မိမိ၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ဂရုစိုက်ဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုသို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်း၏ အတွေးများနှင့် အမြင်များအပြင် ၎င်း ပြုမူဆောင်ရွက်သည့် နည်းလမ်းများနှင့် စည်းမျဉ်းများသည် အတော်အတန် ဆင်ခြင်တုံတရားရှိပြီး အပြုသဘောဆောင်သည်ဟူ၍ ဖြစ်လေသည်။ ပထမဦးစွာ ၎င်းသည် လူတို့၏ ယုံကြည်မှု သို့မဟုတ် အထင်ကြီးလေးစားမှုကို လှည့်စား၍ ရယူရန် အဖြစ်မှန်များကို လုပ်ကြံဖန်တီးခြင်း မပြုပေ။ ထို့အပြင် ၎င်းသည် လူတို့၏ အထင်ကြီးလေးစားမှုကို ရယူရန်အလို့ငှာ လူတို့က ၎င်းကို သဘောကျလာစေရန် လှည့်စားနိုင်သည့် ချိုသာသောစကား သို့မဟုတ် အတုအယောင်ဖြစ်သော အပြင်ပန်း ပုံပန်းသဏ္ဌာန်ကို အသုံးမပြုပေ။ ၎င်းသည် အဆင့်အတန်းကို နှစ်သက်ပြီး ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံလိုလျှင်ပင် အမှုအရာများကို လုပ်ကြံဖန်တီးခြင်း၊ လှည့်ဖြားခြင်း သို့မဟုတ် ပရိယာယ်များကို အသုံးပြုခြင်း မပြုပေ။ ၎င်း အများဆုံး စောင့်ထိန်းသင့်သည့် အခြေခံ စည်းမျဉ်းမှာ အမှုအရာများကို လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်ရန်၊ ဘုရားသခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆိုနှင့် မှန်ကန်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် မိမိကိုယ်ကို အပင်ပန်းခံ၍ အားထုတ်ရန်၊ ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ကြိုးပမ်းရန်နှင့် သမ္မာတရားတွင် ပို၍ ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်ဟု ယုံကြည်လေသည်။ ၎င်းက “ကျွန်ုပ်က သမ္မာတရားကို ပိုနားလည်ပြီး သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို သိပါက ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်မည် မဟုတ်လော” ဟု မိမိဘာသာ တွေးတောသည်။ ၎င်းသည် လုပ်ကြံဖန်တီးခြင်းမှတစ်ဆင့် မဟုတ်ဘဲ ဤအသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သရုပ်သကန်များကို လက်တွေ့ကျကျ အသက်ရှင်နေထိုင်ပြခြင်းအားဖြင့် မိမိ၏ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် အသိအမှတ်ပြုမှုကို ရရှိရန် မျှော်လင့်၏။ နေ့စဉ်သုံး ဘာသာစကားဖြင့် ပြောရလျှင် ၎င်းသည် မိမိ၏ စစ်မှန်သော စွမ်းရည်များ၊ အမှန်တကယ်ဖြစ်သော ပင်ကိုစွမ်းရည်များနှင့် လက်တွေ့ကျသော အလုပ်တို့အပေါ် မှီခိုခြင်းအားဖြင့် အသိအမှတ်ပြုမှုကို ရရှိလိုပြီး ထို့နောက်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရရန် အခွင့်အရေး ရရှိလိုသည်။ သို့ဆိုလျှင် ထိုသို့သော လူများသည် ရှက်စိတ်ရှိခြင်းကို ပိုင်ဆိုင်သည်ဟု သင် ထင်သလော။ (ပိုင်ဆိုင်ပါသည်။) ဤသည်မှာ ဤလူစားမျိုးနှင့်ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျသော အကဲဖြတ်မှုတစ်ခု ဖြစ်သည်ဟု သင်တို့ ပြောမည်လော။ (ဟုတ်ပါသည်။) ယင်းက မည်သည့်နည်းလမ်းဖြင့် ဓမ္မဓိဋ္ဌာန်ကျသနည်း။ (ဤလူစားမျိုးသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို နှစ်သက်ပြီး ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိသော်လည်း ၎င်းသည် မိမိကိုယ်ကို ချုပ်တည်းရန် အသိစိတ်၏ စံနှုန်းများကို အသုံးပြုနိုင်ဆဲဖြစ်ပြီး ၎င်း၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ဂရုစိုက်ပါသည်။ ၎င်းသည် လူတို့၏ အထင်ကြီးလေးစားမှုနှင့် ယုံကြည်ကိုးစားမှုကို ရရှိရန် ဟန်ဆောင်ခြင်း သို့မဟုတ် လှည့်ဖြားခြင်း မလုပ်ဆောင်ပါ။ ထိုအစား ၎င်းသည် အမှန်တကယ် အဖိုးအခပေးခြင်းနှင့် ကြိုးပမ်းအားထုတ်ခြင်းမှတစ်ဆင့် အသိအမှတ်ပြုမှုကို ရရှိလိုပါသည်။ နှိုင်းယှဉ်ပြောရလျှင် ထိုသို့သော လူများတွင် ရှက်စိတ် အတိုင်းအတာတစ်ခုအထိ ရှိသည်ဟု ကျွန်ုပ် ခံစားရပါသည်။) အဆင့်အတန်းကို ရင်ဆိုင်ရချိန်တွင် လူတစ်ဦး၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သရုပ်သကန်များပင် မရှိသည့်တိုင် ၎င်းတွင် ရှက်စိတ်ရှိသည်ဟု လူတို့က ပြောနေဆဲဖြစ်ပါက ဤစကားများသည် အနှစ်မဲ့ဖြစ်ပြီး လက်တွေ့မကျသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် လူတစ်ဦးတွင် ရှက်စိတ်ရှိသည်ဟု ပြောဆိုခြင်းက မည်သည့် အခြေအနေများအောက်တွင် ဓမ္မဓိဋ္ဌာန်ကျပြီး အနှစ်မမဲ့သနည်း။ ယင်းမှာ ၎င်းအနေဖြင့် ကိစ္စရပ်များနှင့် ကြုံရသောအခါ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိခြင်း၏ သရုပ်သကန်များကို အမှန်တကယ် ပိုင်ဆိုင်ချိန်တွင် ဖြစ်ပြီး ယင်းတွင် ပုံမှန် လူ့သဘာဝ၌ တွေ့ရသော ရှက်စိတ်ရှိခြင်း၏ သရုပ်သကန် ပါဝင်သည်။ ရှက်စိတ်ရှိခြင်းသည် ပုံမှန် လူ့သဘာဝရှိသော လူများ ပိုင်ဆိုင်သင့်သည့် အရာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။)

ရှက်စိတ်ရှိသော လူတစ်ဦးသည် အခြားလူများအကြားတွင် ရှိနေသောအခါ မည်သို့သော သရုပ်သကန်မျိုး ရှိသနည်း။ ၎င်းသည် လက်တွေ့ကျသော လုပ်ရပ်ကို လုပ်ဆောင်သည်။ ၎င်းသည် မိမိ အလိုရှိသော ဂုဏ်နှင့် အဆင့်အတန်းကို ရရှိရန် ဖားယားခြင်းနှင့် မြှောက်ပင့်ခြင်း၊ ဂိုဏ်းများ ဖွဲ့ခြင်း၊ အခြားသူများကို သွေးထိုးလှုံ့ဆော်ခြင်း၊ အမှုအရာများကို လုပ်ကြံဖန်တီးခြင်း၊ ဟန်ဆောင်မှုကို အားထားခြင်း၊ လှည့်ဖြားခြင်း၊ လိမ်ညာခြင်း သို့မဟုတ် လူတို့၏ ရှေ့တွင် တစ်မျိုး ကွယ်ရာတွင် တစ်မျိုး ပြုမူခြင်းကဲ့သို့သော နည်းလမ်းများအပေါ် မမှီခိုပေ။ ထိုအစား ၎င်းသည် အလုပ်ကိုသာ ကြိုးကြိုးစားစား လုပ်ဆောင်သည်။ ဤနေရာတွင် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ ရှက်စိတ်ရှိသော လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အရည်အသွေးအချို့၊ အတွေးများနှင့် အမြင်များအပြင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အလွန် သဘာဝကျစွာ ပြသကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်သည်။ သို့သော် ရည်မှန်းချက်များ ရှိပြီး အဆင့်အတန်းကို နှစ်သက်ခုံမင်သော်လည်း ရှက်စိတ်ရှိသော လူများသည် အဆင့်အတန်းကို ရရှိရန် မမှန်ကန်သော နည်းလမ်းများကို အသုံးပြုမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် လက်တွေ့ကျသော လုပ်ရပ်ကို လုပ်ဆောင်ရန် မိမိတို့၏ စစ်မှန်သော စွမ်းရည်များအပေါ် မှီခိုလိုကြသည်။ သေချာပေါက်ပင် ဤလူစားမျိုးသည် ၎င်း၏ အစွမ်းအစ၊ လူ့သဘာဝနှင့် အခြားသော ကဏ္ဍအားလုံးအရ စံနှုန်းပြည့်မီပါက ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရရန်မှာ အနှေးနှင့်အမြန်ပင် ဖြစ်လေသည်။ သို့သော် လူမှုအဖွဲ့အစည်းတစ်ခု သို့မဟုတ် လုပ်ငန်းခွင်တစ်ခုတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော ဤလူများအပေါ် နောက်ဆုံးတွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် ရာထူးတိုးခံရခြင်း သို့မဟုတ် အရေးကြီးသော နေရာများတွင် နေရာပေးခံရခြင်း မရှိမည်သာမက ၎င်းတို့သည် ဖယ်ကြဉ်ခံရပြီး ဖိနှိပ်ခံရမည်ပင် ဖြစ်သည်။ ၎င်းတို့သည် ဖားယားခြင်းနှင့် မြှောက်ပင့်ခြင်း မပြုကြသည့်အပြင် ခေါင်းဆောင်များ၏ မျက်နှာသာရအောင် မလုပ်ကြ သို့မဟုတ် ၎င်းတို့ကို လက်ဆောင်များ မပေးကြပေ။ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များထံမှ မျက်နှာရအောင် လုပ်ဖို့ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းတို့သည် ပရိယာယ်များကို အသုံးမပြုကြ သို့မဟုတ် လှည့်ဖြားခြင်း ပြုရန် မကြိုးစားကြသည့်အပြင် လှေနံနှစ်ဖက်နင်းရန် ပါးနပ်သော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို အသုံးမပြုကြပေ။ သင်က ၎င်းတို့ကို ဤအရာများ လုပ်ဆောင်ရန် တောင်းဆိုပါက ၎င်းတို့သည် အမြဲတစေ ရှက်ရွံ့နေလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ယင်းတို့ကို လုပ်ဆောင်ရန် အားထုတ်နိုင်မည် မဟုတ်ပေ။ သင်က ၎င်းတို့ကို ခေါင်းဆောင်များအပေါ် ဖားယားရန်နှင့် ၎င်းတို့အကြောင်း ကောင်းသောအရာများကိုသာ ပြောဆိုရန် တောင်းဆိုပါက ၎င်းတို့သည် ခေါင်းဆောင်များထံတွင် ကောင်းသောအရာ တစ်ခုတလေကိုမျှ မမြင်ရသောကြောင့် ထိုသို့လုပ်ဆောင်ရန် အားထုတ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ အမှန်တကယ် ခံစားရသည့်ပုံစံကို ဆန့်ကျင်ကာ “ခေါင်းဆောင်များသည် နေ့စဉ် ကိစ္စရပ်မြောက်မြားစွာကို ကိုင်တွယ်ဖြေရှင်းရပြီး ကျွန်ုပ်တို့အတွက် အလွန်အမင်း ပင်ပန်းဆင်းရဲခံကြသည်” ဟူသည့် ဖားယားသော မှတ်ချက်မျိုးကို ပြောဆိုခဲ့ပါက ၎င်းတို့သည် ရှက်ရွံ့မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး ယင်းကို ပြောဆိုပြီးနောက်တွင် မိမိတို့ကိုယ်ကို ပါးရိုက်မိကြလိမ့်မည်။ ၎င်းတို့က “ဤခေါင်းဆောင်များသည် တစ်နေ့လုံး စားသောက်ပြီး ပျော်ပါးနေကြသည်။ ၎င်းတို့သည် ဝဖြိုးပြီး မျက်နှာများ နီရဲနေကြသည်။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ကိစ္စရပ်မြောက်မြားစွာကို မည်သို့ ကိုင်တွယ်ဖြေရှင်းနေကြသနည်း။ ၎င်းတို့အားလုံးသည် လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို မလုပ်ဘဲ စားလိုက်၊ သောက်လိုက်၊ မိန်းမလိုက်စားလိုက်၊ လောင်းကစားလုပ်လိုက်ဖြင့်သာ အကျင့်ပျက် ခြစားနေသည့် အရာရှိများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် လူ့အသားကို စားပြီး လူ့သွေးကို သောက်သော နတ်ဆိုးများ ဖြစ်ကြသည်” ဟု မိမိတို့ဘာသာ တွေးတောကြသည်။ ၎င်းတို့သည် ဤလူများကို စိတ်ထဲ၌ အလွန်အမင်း မုန်းတီးကြပြီး မိမိတို့ အမှန်တကယ် ခံစားရသည့်ပုံစံအား ဆန့်ကျင်ရခြင်းမျိုးကို မပြုလိုသည့်အပြင် ၎င်းတို့အား ဖားယားသော စကားတစ်ခွန်းမျှ မပြောလိုကြပေ။ ဖားယားသောအရာများကို ပြောဆိုခြင်းသည် ရွံရှာဖွယ်ကောင်းသည်ဟု ၎င်းတို့ ခံစားရပြီး ယင်းတို့ကို သေသည့်တိုင်အောင် ပြောဆိုမည် မဟုတ်ပေ။ ၎င်းတို့သည် လူမှုရေး ရေစီးကြောင်းများ၏ လွှမ်းမိုးမှုကို အတော်အတန် ခံထားရပြီး မိမိတို့ အမှန်တကယ် ခံစားရသည့်ပုံစံကို ဆန့်ကျင်သော အရာအချို့ကို ပြောဆိုနိုင်သော်လည်း ၎င်းတို့တွင် ကန့်သတ်ချက်တစ်ခု ရှိသည်။ ၎င်းတို့သည် အလွန်အကျွံ ဖြစ်သွားပြီး မြင်မကောင်းရှုမကောင်းအောင် ဖားယားသူများ ဖြစ်လာမည် မဟုတ်ပေ။ ၎င်းတို့သည် တစ်စုံတစ်ခုကို ပြီးမြောက်စေရန်အတွက် လက်ဆောင်များ အမှန်တကယ် ပေးပြီး အကူအညီများ တောင်းခံပါက ယင်းမှာ ၎င်းတို့တွင် အခြားရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် အကျပ်ရိုက်သွားပြီး အခြားရွေးချယ်စရာများ မရှိတော့သည့်အခါမှသာ မိမိတို့ အမှန်တကယ် ခံစားရသည့်ပုံစံကို ဆန့်ကျင်ပြီး ထိုသို့သောအရာကို လုပ်ဆောင်ကြလိမ့်မည်။ သို့သော် ယင်းကို လုပ်ဆောင်ပြီးနောက် ၎င်းတို့သည် မိမိတို့၏ ဂုဏ်သိက္ခာကို ဆုံးရှုံးသွားပြီဖြစ်သည်ဟုလည်းကောင်း၊ မည်သူ့ကိုမျှ မျက်နှာမပြရဲလောက်အောင် ရှက်ရွံ့ရသည်ဟုလည်းကောင်း ခံစားရလျက် နောင်တရကြလိမ့်မည်။ ယင်းက ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမာရွတ်တစ်ခု ကျန်ရစ်စေပြီး ၎င်းတို့သည် ဤကိစ္စကို တစ်သက်လုံး မေ့ဖျောက်နိုင်လိမ့်မည် မဟုတ်ပေ။ ရှက်စိတ်ရှိသော လူများသည် ကူကယ်ရာမဲ့သော ခံစားချက်၊ ဘဝ၏ ဖိအားများ သို့မဟုတ် ပြင်ပ ဖိအားတို့ကြောင့် ၎င်းတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စွန့်လွှတ်ရစေသည့် အရာများကို လုပ်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသော အချို့သော အထူး အခြေအနေများတွင် ကျရောက်သွားသည့်အခါ ဤသည်မှာ ၎င်းတို့၏ တစ်သက်တာလုံးအတွက် အရှက်ရစရာ အကြောင်းရင်းတစ်ခု ဖြစ်လာသည်။ ၎င်းတို့သည် ယင်းကို တွေးမိတိုင်း နောင်တရပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် တဆစ်ဆစ် နာကျင်မှုကို ခံစားရကာ ထိုသို့သောအရာကို နောက်တစ်ဖန် မည်သည့်အခါမျှ မလုပ်ဆောင်တော့ရန် သစ္စာဆိုကြသည်။

ရှက်စိတ်ရှိခြင်းသည် လူ့သဘာဝ၏ အရည်အသွေးများအကြားတွင် သိသာထင်ရှားသော လက္ခဏာတစ်ခု ဖြစ်သည်။ ဤလက္ခဏာသည် လူတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စွန့်လွှတ်ရစေသည့် အရာများကို လုပ်ဆောင်ခြင်းမှ ၎င်းတို့ကို ချုပ်တည်းထားနိုင်သည် သို့မဟုတ် ထိုသို့သောအရာများကို လျှော့၍ လုပ်ဆောင်ရန် ၎င်းတို့ကို ကူညီပေးနိုင်သည်။ ယင်းက လူတို့ကို အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စည်းများကို ကျော်လွန်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပြီး အတော်အတန် အပြုသဘောဆောင်ကာ မှန်ကန်သော အရာများကို လုပ်ဆောင်ရန် ရွေးချယ်ဖို့ ၎င်းတို့ကို ကူညီပေးနိုင်သည်။ ဤသည်မှာ အလွန် အရေးကြီးသည်။ ရှက်စိတ်ရှိသော လူများသည် အဆင့်အတန်း၊ ကိုယ်ကျိုးစီးပွားများနှင့် ငွေကြေးတို့ကို ရင်ဆိုင်ရချိန်တွင်ပင်၊ ပြီးလျှင် အဆင်ပြေရုံ နေထိုင်ရန်နှင့် အသက်ရှင်သန်ရန်အတွက်ပင် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းခြင်းကို ခံရဆဲဖြစ်ပြီး ဤစည်းများကို ကျော်လွန်မည် မဟုတ်ပေ။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် ယင်းတို့ကို ကျော်လွန်ပြီး ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သော အရာများကို လုပ်ဆောင်မိကာ ၎င်းတို့၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ရစေပြီး ၎င်းတို့၏ တည်ကြည်မှုကို ဆုံးရှုံးစေပါက ၎င်းတို့၏ ရှက်စိတ်သည် ပို၍ပင် အားကောင်းလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အသိစိတ်မှ ပြစ်တင်မောင်းမဲခြင်း ခံစားချက်က ပိုမို ပြင်းထန်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလူစားမျိုးသည် ၎င်းတို့၏ ရှက်စိတ်က ချမှတ်ထားသော စည်းများကို ကျော်လွန်သည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ၎င်းတို့၏ ရှက်စိတ်က ပေးစွမ်းသော ထိန်းချုပ်မှုနှင့် ချုပ်တည်းမှုတို့မှ ရုန်းထွက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ပို၍ပင် စိတ်မသက်မသာဖြစ်ကာ အပြစ်ရှိသလို ခံစားရလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိတို့ကိုယ်ကို ပို၍ပင် အပြစ်တင်ကြလိမ့်မည် ဖြစ်သောကြောင့်တည်း။ သို့ဖြစ်၍ ရှက်စိတ်ရှိသော လူများသည် အဆင့်အတန်းနှင့် ရာထူးရှိသော လူများ၏ မျက်မှောက်တွင် ရှိနေသောအခါ ၎င်းတို့သည် အလွန် အထီးကျန်ပြီး လူမှန်နေရာမှန် မဟုတ်သကဲ့သို့ ဖြစ်နေကာ အခြားသူများကို ၎င်းတို့သည် အတော်အတန် ထူးဆန်းသောသူများ ဖြစ်သည်ဟူသည့် အထင်အမြင်ကိုပင် ပေးကြောင်း သင် မြင်နိုင်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့သောသူများသည် အချင်းချင်း အပြည့်အဝ အဆင်ပြေကြသော်လည်း အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများမှာမူ ထိုသို့သော လူများနှင့်အတူ ရှိနေသောအခါ အထူးသဖြင့် အနေရခက်ကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသော လူများသည် ၎င်းတို့၏ စကားများက အဖြစ်မှန်များနှင့် မည်မျှပင် ဆန့်ကျင်နေပါစေ စိတ်ထဲ၌ စိတ်အနှောင့်အယှက်ဖြစ်ခြင်း မရှိကြသည့်အပြင် ၎င်းတို့ ပြောဆိုသည့်အရာများက မည်မျှပင် အရှက်မဲ့နေပါစေ မည်သည့်အရာကိုမျှ မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများတွင် ရှက်စိတ်ရှိသောကြောင့် ၎င်းတို့သည် ဤအရာများကို ပြောဆိုရန် အားမထုတ်နိုင်ရုံသာမက ထိုသို့သောအရာများကို ကြားရသောအခါ အနေရခက်ပြီး သည်းမခံနိုင်အောင် ဖြစ်ကြသည်။ သို့ဖြစ်၍ ရှက်စိတ် မရှိသော လူများနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် ၎င်းတို့အတွက် ညှဉ်းပန်းခြင်း တစ်မျိုး ဖြစ်သည်။ ဤညှဉ်းပန်းခြင်းသည် တစ်ဖက်တွင် ၎င်းတို့၏ ကိုယ်ပိုင် ရှက်စိတ်မှ မြစ်ဖျားခံပြီး အခြားတစ်ဖက်တွင် ဖယ်ကြဉ်ခံရခြင်းမှ မြစ်ဖျားခံသည်။ ကျင့်ကြံပြုမူခြင်းနှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများက ၎င်းတို့သည် လောကီရေးရာများနှင့် လုံးဝ ကင်းကွာနေသည့်အလား အလွန် ထူးဆန်းပြီး တစ်မူထူးခြားသည်ဟု အခြားသူများကို ခံစားရစေကာ ၎င်းတို့ကို သူတော်ကောင်း ယောင်ဆောင်သူများအဖြစ် ရှုမြင်ကြသောကြောင့် လူတို့သည် ၎င်းတို့ကို ဖယ်ထုတ်ကြသည် သို့မဟုတ် ၎င်းတို့နှင့် ဝေးဝေးနေကြသည်။ ထို့ကြောင့် ဤလူစားမျိုးသည် ဘာသာတရားမရှိသူများအကြားတွင် အထူးသဖြင့် လုပ်ငန်းခွင်တွင် ဘေးဖယ်ခံရလိမ့်မည်။ ဘာသာတရားမရှိသူများ၏ စကားအရဆိုလျှင် ထိုသို့သော လူများကို မည်သည့်နေရာတွင်မျှ ကြိုဆိုခြင်း မရှိပေ။ ဘာသာတရားမရှိသူများအားလုံးသည် မိမိတို့ အလိုရှိသောအရာကို ရရှိရန် လိုအပ်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလျက် သမားရိုးကျမဟုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး အထက်သို့ တက်လှမ်းလိုကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှက်စိတ်ရှိသော လူများသည် မိမိတို့၏ စွမ်းရည်များအပေါ် မှီခိုလျက် တရားမျှတစွာ၊ ဆင်ခြင်တုံတရားရှိစွာနှင့် ဖြောင့်မတ်စွာ အသက်မွေးဝမ်းကျောင်း ပြုလိုကြသည်။ ဤသည်က မည်သည့် လူမှုအဖွဲ့အစည်းတွင်မဆို ၎င်းတို့ကို မည်သည့်နေရာသို့မျှ ရောက်စေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော မည်သည့်အဖွဲ့အစည်းတွင်မဆို ကစားပွဲ၏ စည်းမျဉ်းများသည် တရားမျှတမှု မရှိသောကြောင့် ဖြစ်သည်။ ထိုအစား လူတိုင်းသည် မပြောဘဲသိထားသော စည်းမျဉ်းများကို လိုက်နာကြသည်။ အောင်မြင်ကြီးပွားပြီး ဂုဏ်ဒြပ်ရှိသောသူများသည် ဤမပြောဘဲသိထားသော စည်းမျဉ်းများဖြင့် အသက်ရှင်နေထိုင်ရာတွင် ကျွမ်းကျင်ကြသော်လည်း ရှက်စိတ်ရှိသော လူများမှာမူ ၎င်းတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်သောကြောင့် လူ့အဖွဲ့အစည်း၏ ထိုမပြောဘဲသိထားသော စည်းမျဉ်းများကို မည်သည့်အခါမျှ လက်မခံနိုင်ကြပေ။ ၎င်းတို့သည် ဤစည်းမျဉ်းများကို နားမလည်ကြ၊ ယင်းတို့ကို မနှစ်သက်ကြသည့်အပြင် ယင်းတို့ကို အသုံးပြုရန် သာ၍ပင် ငြင်းပယ်ကြသည်။ သို့ဖြစ်၍ လူအုပ်စုများအတွင်းတွင် အခြားသူများက ရာထူးတိုးခံရခြင်း သို့မဟုတ် ခေါင်းဆောင်များ၏ အထင်ကြီးလေးစားမှုကို ခံရခြင်းများ ရှိနိုင်သော်လည်း ၎င်းတို့တွင် ရှက်စိတ်ရှိသောကြောင့် ၎င်းတို့သည် မိမိတို့၏ စိတ်ထဲရှိ မည်သည့်အရာကိုမဆို ပြောဆိုလျက် စည်းမျဉ်းအတိုင်းသာ တစ်သဝေမတိမ်း အစဉ်သဖြင့် ပြောဆိုပြီး ပြုမူကြသည်။ သို့ဖြစ်၍ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ခေါင်းဆောင်များကို စိတ်ဆိုးစေမိပြီး ခေါင်းဆောင်များ၏ အားနည်းချက်များကို ထိမိကာ ခေါင်းဆောင်များ အကြားချင်ဆုံးသော စကားများကို ပြောဆိုမိကြသည်။ ၎င်းတို့ သတိပြုမိချိန်တွင် အချိန်နှောင်းနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့ မည်မျှပင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်ဖြစ်စေ၊ အလုပ်တွင် မည်မျှပင် ကြာမြင့်စွာ ရှိနေခဲ့သည်ဖြစ်စေ ၎င်းတို့သည် ရာထူးတိုးခံရခြင်း သို့မဟုတ် အရေးကြီးသော နေရာများ ပေးခံရခြင်း မည်သည့်အခါမျှ မရှိပေ။ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ်ရှိသော သူများအတွက် ထိုသို့သော လူများအကြားတွင် အသက်ရှင်နေထိုင်ခြင်းသည် သုခလော၊ သို့မဟုတ် ဒုက္ခလော။ (ဒုက္ခဖြစ်ပါသည်။) ၎င်းတို့သည် ဤလူ့အဖွဲ့အစည်းနှင့် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ထိုးထွင်းမသိမြင်နိုင်သောအခါ ၎င်းတို့သည် ဤလူ့အဖွဲ့အစည်းနှင့် ၎င်းတို့ အတူနေထိုင်သော လူများအကြားတွင် ဝင်ဆံ့ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြသည်။ သို့သော် ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောကြောင့် ၎င်းတို့သည် မိမိတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ဆန့်ကျင်သော အရာများကို လုပ်ရန် အားထုတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့ မည်မျှပင် ကြိုးစားသည်ဖြစ်စေ၊ ၎င်းတို့ မည်မျှပင် ကြိုးပမ်းအားထုတ်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှပင် စွန့်လွှတ်အနစ်နာခံသည်ဖြစ်စေ အဆုံးသတ်ရလဒ်မှာ ၎င်းတို့သည် ဤလူ့အဖွဲ့အစည်း သို့မဟုတ် ၎င်းတို့ အတူနေထိုင်သော လူများအကြားတွင် မည်သည့်အခါမျှ ဝင်ဆံ့နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ထိုလူများအကြားတွင် အမြဲတစေ ဝင်ဆံ့ခြင်းမရှိဘဲ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုပင် မသိကြပေ။ ၎င်းတို့က “ဤလူ့အဖွဲ့အစည်းသည် အလွန် တရားမျှတမှု မရှိပါ။ သင်သည် ပရိယာယ်များကို မည်သို့အသုံးပြုရကောင်းမှန်း မသိဘဲဖြစ်စေ၊ မည်သို့ဖားယားပြီး မြှောက်ပင့်ရကောင်းမှန်း မသိဘဲဖြစ်စေ သင်၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရန် သို့မဟုတ် သင်၏ ပန်းတိုင်များကို ရရှိရန် အစဉ်သဖြင့် လိုလားနေလျှင် မည်သည့်လူအုပ်စုတွင်မဆို သင်သည် မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ်ပါ” ဟု မိမိတို့ဘာသာ ပြောဆိုကြသည်။ ဤသည်မှာ ရှက်စိတ်ရှိသော လူများ လူ့အဖွဲ့အစည်းတွင် ရှင်သန်ခြင်းမှ ရရှိသော အတွေ့အကြုံ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့၌ ကျန်ရစ်သော ခံစားချက်မှာ အဘယ်အရာ ဖြစ်သနည်း။ ၎င်းတို့သည် ဤလူ့အဖွဲ့အစည်းကို နှစ်သက်ကြသလော သို့မဟုတ် ယင်းကြောင့် စိတ်ပျက်ကြသလော။ (စိတ်ပျက်ကြပါသည်။) ၎င်းတို့သည် စိတ်ပျက်ရုံသာ တတ်နိုင်ကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် လူကောင်းများက အများစုအဖြစ် ရှိနေဆဲဖြစ်ကြောင်းနှင့် လူ့အဖွဲ့အစည်းတွင် တရားမျှတမှု၊ ဖြောင့်မတ်မှုနှင့် လူတို့ မိမိတို့မှန်ကန်ကြောင်း ထုချေနိုင်သည့် နေရာတစ်ခု ရှိကြောင်း ခံစားရလျက် မျှော်လင့်ချက် အပြည့်ဖြင့် လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်ကြသည်။ သို့သော် လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်းများစွာ အလွန် ပင်ပန်းခက်ခဲစွာ ပြေးလွှားပြီးနောက် နောက်ဆုံးတွင် ၎င်းတို့အတွက် အဘယ်အရာ ရရှိသနည်း။ ၎င်းတို့ ရရှိသည့်အရာမှာ လူ့လောကတွင် တရားမျှတမှု သို့မဟုတ် ဖြောင့်မတ်ခြင်း မရှိသည်သာမက ယင်းမှာ ကောက်ကျစ်စဉ်းလဲကြောင်းကို နားလည်သဘောပေါက်ခြင်း ဖြစ်သည်။ ကျားတစ်ကောင်က သင့်အပေါ် ခုန်အုပ်သောအခါ သင်သည် အနည်းဆုံးအနေဖြင့် ယင်းကို ရှောင်ရှားရန် ကြိုးစားနိုင်သည်။ သို့သော် လူတို့က သင့်ကို ရန်ရှာသောအခါ သင်သည် ကြိုးစားရန် အခွင့်အရေးတစ်ခုပင် ရရှိမည် မဟုတ်ပေ။ ဤသည်မှာ နောက်ဆုံးတွင် ၎င်းတို့ ရရှိသွားသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အပေါ် စိတ်ဓာတ်ကျပြီး စိတ်ပျက်သွားကြသည်။ ၎င်းတို့သည် ပရိယာယ်များကို အသုံးပြုခြင်း၊ ဖားယားခြင်းနှင့် မြှောက်ပင့်ခြင်း၊ ခေါင်းဆောင်များနှင့် အထက်လူကြီးများနှင့် ရင်းနှီးအောင် နေခြင်း၊ လက်ဆောင်များ ပေးခြင်းနှင့် လူများထံမှ မျက်နှာရအောင် လုပ်ခြင်းတို့အားဖြင့် ဤလူများကို အတုယူလိုကြသော်လည်း ၎င်းတို့ မည်မျှပင် ကြိုးစားသည်ဖြစ်စေ ဤအရာများကို မည်သို့ လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ မသင်ယူနိုင်ကြပေ။ ၎င်းတို့သည် ဖားယားသော စကားအနည်းငယ်ကိုပင် ချောမွေ့စွာ မပြောနိုင်ကြသည့်အပြင် ၎င်းတို့ ကြိုးစားသောအခါတွင် ၎င်းတို့သည် အရှက်ကွဲပြီး ရယ်စရာတစ်ခု ဖြစ်လာကြသည်။ သို့သော် ဤလူ့အဖွဲ့အစည်းတွင် အသက်ရှင်နေထိုင်ရာ၌ ၎င်းတို့တွင် ဤကဲ့သို့ ပြုမူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ နေ့စဉ်နေ့တိုင်း ၎င်းတို့၏ အသိစိတ်သည် မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် စိတ်မသက်မသာဖြစ်ခြင်း ခံစားချက်တို့ဖြင့် လေးလံနေသည်။ ၎င်းတို့သည် ဘဝတွင် မျှော်လင့်ချက် မရှိဟု ခံစားရသည်။ အရာအားလုံးက ဖိစီးမှုများသည် သို့မဟုတ် ဒုက္ခဖြစ်စေပြီး ၎င်းတို့သည် နေ့စဉ်နေ့တိုင်း စိတ်ပျက်အားငယ်မှု ခံစားချက်ကို ခံစားကြရသည်။ ဤလူ့အဖွဲ့အစည်းနှင့် ဤလူအုပ်စုတို့နှင့်အတူ ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်ရခြင်းသည် ၎င်းတို့အတွက် ဒုက္ခဖြစ်စေပြီး ဤဒုက္ခက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကြီးမားသော စိတ်မသက်မသာဖြစ်ခြင်း ခံစားချက်ကို ပေးသည်။ ၎င်းတို့သည် အရှက်မဲ့သော အရာအချို့ကို ပြောဆိုရန် သင်ယူကြသော်လည်း သို့မဟုတ် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သော အရာများကို လုပ်ဆောင်ရာတွင် အခြားသူများကို အတုယူကြသော်လည်း အတွင်း၌ ၎င်းတို့သည် စိတ်မသက်မသာဖြစ်ခြင်း ခံစားချက်အပြင် မိမိကိုယ်ကို ပြစ်တင်မောင်းမဲခြင်းနှင့် မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ကို ခံစားကြရသည်။ ၎င်းတို့ အတွင်း၌ စိတ်မသက်မသာ ပို၍ ခံစားရလေလေ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်ကို ပို၍ မုန်းတီးလေလေ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။ ၎င်းတို့သည် ဤလူ့အဖွဲ့အစည်းက တရားမျှတမှု မရှိဟု ခံစားရပြီး ယင်းကို မုန်းတီးလာကြပါလိမ့်မည်။) ၎င်းတို့သည် လူသားမျိုးနွယ်ကို မုန်းတီးပြီး ဤလူ့အဖွဲ့အစည်းကို မုန်းတီးကြလိမ့်မည်။ ၎င်းတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်း ပေါ်ထွက်လာရန် မျှော်လင့်ကြပြီး တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ထိန်းသိမ်းနိုင်မည့် တစ်စုံတစ်ဦး ပေါ်လာရန်နှင့် လူတို့ မိမိတို့မှန်ကန်ကြောင်း ထုချေနိုင်သည့် နေရာတစ်ခု ရှိလာရန် မျှော်လင့်ကြသည်။ သို့သော် ဤအရာများသည် ဆန္ဒများမျှသာ ဖြစ်သည်။ ယင်းတို့ကို လက်တွေ့ဘဝတွင် အကောင်အထည် မဖော်နိုင်ပေ။ လူ့အဖွဲ့အစည်းတွင် လူတို့ မိမိတို့မှန်ကန်ကြောင်း ထုချေနိုင်သည့် နေရာ မရှိပေ။ ဤလူ့အဖွဲ့အစည်း၏ လွှမ်းမိုးမှုနှင့် အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့် လူအုပ်စုများအကြားတွင် အသက်ရှင်နေထိုင်ခြင်းက ဆိုးယုတ်သော ရေစီးကြောင်းများအားဖြင့် လူကြိုက်များစေပြီး အားပေးထောက်ခံသော သို့မဟုတ် အတော်အတန် ခေတ်စားနေသော အရာများဖြင့် ၎င်းတို့ကို မသိမသာ ကူးစက်စွန်းထင်းစေသော်လည်း ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာရှိ ရှက်စိတ်ရှိခြင်းနှင့် တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများအတွက် ၎င်းတို့၏ တောင့်တမှုသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားခြင်း သို့မဟုတ် ပြောင်းလဲသွားခြင်း မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်း ပေါ်ထွက်လာရန် မျှော်လင့်နေဆဲဖြစ်သည်၊ သို့မှသာ ၎င်းတို့သည် မိမိတို့ အမှန်တကယ် ခံစားရသည့်ပုံစံနှင့် ဆန့်ကျင်သော နည်းလမ်းဖြင့် ကျင့်ကြံပြုမူရန် မလိုအပ်တော့ပေ၊ ၎င်းတို့၏ ကိုယ်ပိုင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို သစ္စာဖောက်ရန် မလိုအပ်တော့ပေ၊ ပြီးလျှင် အသက်မွေးဝမ်းကျောင်းပြုရန်နှင့် ရှင်သန်ရန်အတွက် ၎င်းတို့၏ ရှက်စိတ်ကို စွန့်လွှတ်ဖို့ မလိုအပ်ဘဲ အလွန် အရှက်မဲ့စွာ အသက်ရှင်နေထိုင်ပြီး ကျင့်ကြံပြုမူရန် မလိုအပ်တော့ပေ။ လူ့အဖွဲ့အစည်းနှင့် ဖောက်ပြန်ပျက်စီးသော လူများအကြားတွင် အချိန်ကြာမြင့်စွာ ရောနှောနေထိုင်ခြင်းက ၎င်းတို့ကို အကျင့်ဆိုးအချို့ဖြင့် ကူးစက်စွန်းထင်းလာစေပြီး လူမှုရေး ရေစီးကြောင်းများနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန် ဦးတည်စေကာ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် တိုက်စားခံရပြီး ဖုံးကွယ်ခံရသကဲ့သို့ ထင်ရစေသော်လည်း ၎င်းတို့သည် စစ်မှန်သော လူသားများ ဖြစ်ပါက ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ပျောက်ကွယ်သွားမည် မဟုတ်သောကြောင့် ၎င်းတို့၏ ရှက်စိတ်သည် အစဉ်သဖြင့် တည်ရှိနေလိမ့်မည်။ လူ့အဖွဲ့အစည်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီး အသိပညာများစွာ ရရှိကာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များစွာကို သင်ယူခဲ့ရသောကြောင့် ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝတွင် အကျင့်ဆိုးအချို့ကို ရရှိခဲ့ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် စာတန်နှင့် နတ်ဆိုးများ၏ အရာအချို့ကို ရရှိခဲ့သဖြင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အတော်အတန် ထုံထိုင်းပြီး လေးကန်နေခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းတို့သည် လူသားများ ဖြစ်နေသရွေ့၊ ပြီးလျှင် ၎င်းတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အရည်အသွေးများကို ပိုင်ဆိုင်နေသရွေ့ ၎င်းတို့၏ ရှက်စိတ်သည် အစဉ်သဖြင့် တည်ရှိနေလိမ့်မည်။ ဤကဲ့သို့သော လူများသည် ကယ်တင်ခြင်း ခံရနိုင်သောသူများ ဖြစ်ကြသည်။

လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောအခါ ၎င်းသည် ရှက်စိတ်ကိုလည်း ပိုင်ဆိုင်သည်။ ရှက်စိတ်ရှိသူသည် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသောသူဖြစ်ပြီး ထိုသို့သောသူသည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းအပြင် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးလိမ့်မည်။ ဆိုလိုသည်မှာ ၎င်း၏ သဘာဝ အနှစ်သာရအားဖြင့် အကဲဖြတ်ရလျှင် ၎င်းသည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသည်။ အပြုသဘောဆောင်သော အရာများဟူသည်မှာ အဘယ်အရာဖြစ်ကြောင်းကို နားမလည်မီတွင် ၎င်း မည်သည့်အရာကို နှစ်သက်သင့်သည် သို့မဟုတ် မနှစ်သက်သင့်သည်ကို မသိခြင်းသာ ဖြစ်သည်။ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများဟူသည်မှာ အဘယ်အရာဖြစ်ကြောင်းကို နားလည်သည်နှင့်တစ်ပြိုင်နက် အပြုသဘောဆောင်သော အရာများအပေါ် ၎င်း၏ နှစ်သက်မှုသည် ပို၍ တိကျပြီး သေချာလာသည်။ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ပါက ၎င်း၏ လူ့သဘာဝ အရည်အသွေးများနှင့်ဆိုင်သော အခြေခံ သရုပ်သကန်တစ်ခုမှာ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးခြင်း ဖြစ်သည်။ အခြားသူများကြားတွင် နေထိုင်စဉ် ပရိယာယ်များကိုဖြစ်စေ၊ လှည့်ကွက်များကိုဖြစ်စေ အသုံးပြုရန် မလိုအပ်ဘဲ၊ မပြောဘဲသိထားသော စည်းမျဉ်းများ တစ်ခုတလေကို လိုက်နာရန် မလိုအပ်ဘဲ တရားမျှတစွာ ဆက်ဆံခံရနိုင်ရန် ၎င်းက မျှော်လင့်လေသည်။ လူအချင်းချင်းကြား ဆက်သွယ်လုပ်ဆောင်မှုများသည် တရားမျှတနိုင်ရန်နှင့် လူတို့သည် တရားမျှတစွာ ဆက်ဆံခံရနိုင်ရန် ၎င်းက မျှော်လင့်သည်။ ဆိုလိုသည်မှာ အမှုအရာများသည် ဖြောင့်မတ်ပြီး ရှင်းလင်းပြတ်သားနိုင်ရန် ၎င်းက မျှော်လင့်သည်။ သင်သည် အမှားတစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့ပါက သင် အမှားတစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သင်နှင့်ထိုက်တန်သော အပြစ်ဒဏ်ကို သင် ရရှိသင့်သည်။ သို့ရာတွင် သင်သည် မည်သည့်အရာကိုမျှ အမှားလုပ်ခဲ့ခြင်းမရှိဘဲ အကျိုးပြုမှုတစ်ခု လုပ်ဆောင်ခဲ့ပါက သင်သည် ဆုလာဘ်ချီးမြှင့်ခံရသင့်သည်။ လူတို့တွင် ကျွမ်းကျင်မှုများအပြင် စစ်မှန်သော အသိပညာနှင့် လက်တွေ့ကျသော အတတ်ပညာ ရှိပါက ၎င်းတို့သည် လေးစားခံရသင့်သည်၊ ရာထူးတိုးမြှင့်ခံရသင့်ပြီး အရေးကြီးသော နေရာများတွင် ခန့်ထားခံရသင့်သည်။ ၎င်းတို့တွင် စစ်မှန်သော အသိပညာနှင့် လက်တွေ့ကျသော အတတ်ပညာ ကင်းမဲ့ပါက ၎င်းတို့ကို အရေးကြီးသော နေရာများတွင် ခန့်ထားခြင်း မပြုသင့်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသည် ဤကဲ့သို့သော လူများကို သဘောကျကြပြီး ဤကဲ့သို့သော နေထိုင်မှု ပတ်ဝန်းကျင်မျိုးကို ၎င်းတို့ နှစ်သက်ကြသည်။ လူ့အသိုင်းအဝိုင်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးမှုအောက်တွင် ၎င်းတို့သည် အကျင့်ဆိုးအချို့ ဖြစ်ပေါ်လာခဲ့လျှင်ဖြစ်စေ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်အချို့ကို လက်ခံခဲ့လျှင်ဖြစ်စေ၊ ပြီးလျှင် အဆင်မပြေမှုများကို ခံစားရပြီး အဟန့်အတားများနှင့် ရင်ဆိုင်ခဲ့ရလျှင်ဖြစ်စေ အဆုံးတွင် ရှက်စိတ်ရှိခြင်းသို့ ပြန်သွားခြင်းသည်သာ သင့်လျော်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့၏ လုပ်ရပ်များတွင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်း စည်းမျဉ်းထံသို့ အမှုမဲ့အမှတ်မဲ့ ပြန်သွားကြလိမ့်မည်။ ဤလူစားမျိုးသည် လူ့အသိုင်းအဝိုင်းနှင့် အခြားသူများကြားတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီး ၎င်းတို့၏ လွှမ်းမိုးမှုကို ခံရသောအခါ ယင်းမှာ ကျောက်စိမ်းကောင်း တစ်တုံးသည် အမှိုက်ပုံထဲသို့ ပစ်ချခံရပြီး အညစ်အကြေးများ ဖုံးလွှမ်းသွားသည်နှင့် တူသည်။ အညစ်အကြေးသည် အလွန် ထူထပ်ပြီး ညစ်ပတ်နေလျှင်ပင် ကျောက်စိမ်း၏ အနှစ်သာရမှာ ပြောင်းလဲခြင်းမရှိဘဲ ကျန်ရှိနေသည်။ အညစ်အကြေးကို ဖယ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ထုတ်ဖော်ပြသသည့်အရာမှာ ကျောက်စိမ်းတစ်တုံးသာ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ်တို့ကို ပိုင်ဆိုင်သော လူများသည် ဘုရားအိမ်တော်သို့ လာကြသောအခါ ထိုနေရာရှိ နေထိုင်မှု ပတ်ဝန်းကျင်အပြင် ဘုရားသခင် လုပ်ဆောင်သည့် အလုပ်နှင့် ကိုယ်တော် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာရှိ လိုအပ်ချက်များကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးလေသည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာရှိ လိုအပ်ချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသည်၊ အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသည်၊ ဆိုးညစ်မှုကို ရွံမုန်းသည်၊ လူ့အသိုင်းအဝိုင်း၏ မပြောဘဲသိထားသော စည်းမျဉ်းများကို ရွံမုန်းပြီး လူတို့ကြား အချင်းချင်း တိုက်ခိုက်ခြင်းနှင့် နောက်ကျောကို ဓားနှင့်ထိုးခြင်းတို့ကို ရွံမုန်းကြသည်။ ထိုသို့သော လူများသည် ဘုရားအိမ်တော်သို့ လာကြပြီး ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားရခြင်းမှတစ်ဆင့်လည်းကောင်း၊ ထို့နောက် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ဖြတ်သန်းရခြင်းမှတစ်ဆင့်လည်းကောင်း၊ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းမှတစ်ဆင့်လည်းကောင်း ၎င်းတို့၏ လူ့သဘာဝမှ ထုတ်ဖော်ပြသသော အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် ၎င်းတို့အတွင်းရှိ သာမန် အညစ်အကြေးများနှင့် အကျင့်ဆိုးများကို တဖြည်းဖြည်း ဖယ်ရှားကြပါက ၎င်းတို့သည် လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဆိုလိုသည်မှာ ရှက်စိတ်ရှိသော လူများသည် သမ္မာတရားကို လက်ခံခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းဟူသည့် ဤအခြေခံ လူ့သဘာဝ စံနှုန်းကို ပြည့်မီသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော မှားယွင်းသည့် အတွေးများနှင့် အမြင်များအပြင် ၎င်းတို့ ကျင့်ကြံပြုမူသည့် မှားယွင်းသော နည်းလမ်းများနှင့် ၎င်းတို့ ရွေးချယ်ထားသော မှားယွင်းသည့် လမ်းကြောင်းများကို သိရှိနိုင်ကြသည်။ လူတစ်ဦးသည် ဤအရာများကို လူ့အသိုင်းအဝိုင်းမှ သင်ယူခဲ့သည်ဖြစ်စေ သို့မဟုတ် ယင်းတို့က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ တိုက်ရိုက် လာသည်ဖြစ်စေ ၎င်းသည် ရှက်စိတ်ကို ပိုင်ဆိုင်ပါက ဘုရားနှုတ်ကပတ်တော်များကို လက်ခံပြီးနောက်တွင် ၎င်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားနိုင်လိမ့်မည်ဖြစ်ကာ ထိုသို့ဖြင့် ကယ်တင်ခြင်းရရှိရန် ကြီးမားသော မျှော်လင့်ချက် ရှိလိမ့်မည်။

လူတစ်ဦးတွင် ရှက်စိတ် မရှိပါက ၎င်းသည် ဘုရားနှုတ်ကပတ်တော်များကို လက်ခံခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းဟူသည့် ဤအခြေခံ လူ့သဘာဝ အခြေအနေကို လုံးဝ ပိုင်ဆိုင်ခြင်း မရှိပေ။ ၎င်းသည် ဤအခြေခံ အခြေအနေကို အဘယ်ကြောင့် မပြည့်မီသနည်း။ အကြောင်းမှာ ရှက်စိတ်မရှိသော လူများသည် အပျက်သဘောဆောင်သော အရာများကိုဖြစ်စေ၊ လူ့အသိုင်းအဝိုင်း၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများကိုဖြစ်စေ၊ သို့မဟုတ် စာတန်၏ အတွေးအခေါ်များကိုဖြစ်စေ မနှစ်မြို့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ဤအရာများကို စိတ်အားထက်သန်ပြီး ဤအမြင်များကို လက်ခံခြင်း၊ အားပေးထောက်ခံခြင်းနှင့် ဖြန့်ချိခြင်းတို့ကိုပင် ပြုလုပ်နိုင်သည်။ ဤသည်မှာ ရှက်ဖွယ်ကောင်းသည်ဟု ၎င်းတို့က မခံစားရသည့်အပြင် ယင်းက အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သည်ဟုလည်း မခံစားရပေ။ ဆိုလိုသည်မှာ ၎င်းတို့ထံတွင် ရှက်တတ်သည့် ခံစားချက် တစ်ခုတလေမျှ လုံးဝ မရှိကြပေ။ ၎င်းတို့သည် လှည့်ကွက်များကို မည်သို့ပင် အသုံးပြုသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ အမှန်တကယ် ခံစားရပုံကို ဆန့်ကျင်သည့် အရာများကို မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ရှက်ရွံ့ခြင်း မရှိပေ။ လူ့သဘာဝနှင့် ရှက်စိတ်ရှိသော လူများသည် ၎င်းတို့အတွက် ရှက်ရွံ့မိကြသော်လည်း ရှက်စိတ်မရှိသော လူများသည် ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် စိုးစဉ်းမျှ ပစ်ပစ်ခါခါငြင်းခြင်း မရှိသည်သာမက ၎င်းတို့သည် ယင်းတို့၌ အမှန်တကယ်ပင် ပျော်မွေ့ကြလေသည်။ ရှက်စိတ်မရှိသော လူများသည် လူ့အသိုင်းအဝိုင်းဟူသည့် ဧရာမ အညစ်အကြေးကန်ကြီးထဲတွင် ပစ်ပစ်ခါခါငြင်းခြင်း သို့မဟုတ် မုန်းတီးခြင်း ခံစားချက် တစ်ခုတလေမျှမရှိဘဲ ၎င်းတို့၏ ပတ်ဝန်းကျင်အမှန်တွင် ရောက်ရှိနေကြသည်။ ယင်းမှာ ၎င်းတို့ ကစားပျော်မြူးရာ နေရာအတိအကျပင် ဖြစ်သည်။ ၎င်းတို့သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို မုန်းတီးကြပြီး အခြားသူများက ၎င်းတို့ကို တရားမျှတသော နည်းလမ်းဖြင့် ဆက်ဆံသည့်အခါတွင်လည်း ၎င်းတို့ မုန်းတီးကြသည်။ ဤအရာက ၎င်းတို့ အလိုရှိသည့်အရာကို အမျိုးမျိုးသော မလျော်ကန်သည့် နည်းလမ်းများမှတစ်ဆင့် ရယူရန် အခွင့်အရေး ပေးသောကြောင့် ၎င်းတို့သည် လူ့အသိုင်းအဝိုင်းရှိ ဤတရားမျှတမှုမရှိဘဲ မဖြောင့်မတ်သော နည်းလမ်းများကိုသာ နှစ်သက်ကြသည်။ မတရားမှုသည် ကြီးမားသည်ဟုလည်းကောင်း၊ ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် မပြောဘဲသိထားသော စည်းမျဉ်းများသည် အံ့သြဖွယ်ကောင်းသည်ဟုလည်းကောင်း ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့ကို အလွန် ကြီမားသည်ဟု ၎င်းတို့ အဘယ်ကြောင့် မြင်ကြသနည်း။ အကြောင်းမှာ ဤဆိုးညစ်သော လူ့လောက၏ အမျိုးမျိုးသော ခေတ်ရေစီးကြောင်းများနှင့် မပြောဘဲသိထားသော စည်းမျဉ်းများသည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအပြင် ၎င်းတို့၏ အမျိုးမျိုးသော ဆိုးညစ်သည့် တောင်းဆိုမှုများကို ဖြည့်ဆည်းပေးလျက် ၎င်းတို့ အလိုရှိသမျှကို ရယူခွင့်ပေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤလောကသည် အံ့သြဖွယ်ကောင်းသည်ဟု ၎င်းတို့ ခံစားကြရသည်။ လူ့အသိုင်းအဝိုင်းတွင် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ ပေါ်ပေါက်လာပါက ၎င်းတို့ ရှင်သန်ရန် နေရာရှိမည်မဟုတ်သည့်အပြင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။ လူ့အသိုင်းအဝိုင်းသည် တရားမျှတမှုမရှိဘဲ မပြောဘဲသိထားသော စည်းမျဉ်းများ ရှိနေခြင်းကြောင့်သာလျှင် ၎င်းတို့သည် ကြီးပွားတိုးတက်ရန်နှင့် အခြားသူများထက် သာလွန်သူများ ဖြစ်လာရန် အခွင့်အရေး ရှိကြခြင်းဖြစ်သည်။ ဤလောကတွင် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်း ရှိပါက ရှက်စိတ်မရှိသော ဤဆိုးညစ်သည့် လူများသည် ထင်ပေါ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်း စကားများကို ကြားရသောအခါ ယင်းတို့ကို အလွန်အမင်း ပစ်ပစ်ခါခါငြင်းကြပြီး ဒေါသတကြီး ဖြစ်ကြလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှက်စိတ်ရှိသော လူများသည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်း စကားများကို ကြားရသောအခါ ဘဝသည် အလင်းနှင့် ပြည့်နှက်နေသည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခံစားကြရပြီး ၎င်းတို့တွင် မျှော်လင့်ချက် ရှိကြသည်။ အလင်းကို မြင်ရသဖြင့် ၎င်းတို့၏ စိတ်နှလုံးများသည် လွတ်မြောက်သွားကြသည်။ လူ့အသိုင်းအဝိုင်းသည် ဆိုးညစ်မှုများနှင့် ပြည့်နှက်နေပြီး လူအားလုံးသည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကာ မပြောဘဲသိထားသော စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ကြသည်ကို ၎င်းတို့ မြင်ရပါက ရှေ့ဆက်ရမည့် လမ်းကြောင်းသည် မှုန်မှိုင်းနေပြီး အလင်းကင်းမဲ့နေသည်ဟု ၎င်းတို့ ခံစားကြရသည်။ ထို့ကြောင့် ရှက်စိတ်ရှိသော လူများအတွက် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုအပြင် ဘုရားသခင် ဖော်ပြသော သမ္မာတရားများသည် ၎င်းတို့၏ အတွင်းကမ္ဘာက လိုအပ်သည့်အရာ အတိအကျဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ ငတ်မွတ်ကာ မျှော်လင့်သည့်အရာလည်း ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ ဘုရားသခင်၏ အမှုနှင့် ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်ဟူသော အမှန်တရားတို့က ရှက်စိတ်နှင့် လူ့သဘာဝ အရည်အသွေးများရှိသော လူများကို မျှော်လင့်ချက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း မြင်တွေ့ရစေသည်။ ဘုရားအိမ်တော်သို့ လာပြီးနောက် ၎င်းတို့ စကားပြောပြီး ပြုမူသည့်အခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကြီးစိုးနေဆဲဖြစ်သော်လည်း ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အပြုသဘောဆောင်သော အရာများကို တောင့်တကြပြီး သမ္မာတရားကို လက်ခံရန် လိုလားကြသည်။ ၎င်းတို့၏ လူ့သဘာဝ လိုအပ်ချက်များအရ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စိုးမိုးခြင်းကို ခံရသည်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များကို ချုပ်တည်းထားနိုင်ပြီး ၎င်းတို့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သောအခါ မိမိတို့ကိုယ်ကို သိရှိနိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာနိုင်ပြီး စည်းမျဉ်းများအတိုင်း ပြုမူနိုင်ပါက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြသည်။ ဘုရားအိမ်တော်တွင် နေထိုင်ရသဖြင့် ၎င်းတို့သည် မျှော်လင့်ချက်ရှိသည်ဟု ခံစားကြရသည်၊ ၎င်းတို့၏ ရှေ့တွင် တောက်ပသော အနာဂတ်ကို မြင်တွေ့ရပြီး ၎င်းတို့၏ စိတ်နှလုံးများသည် မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေကြသည်။ “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်၊ ဘုရားသခင်သည် ဖြောင့်မတ်ပြီး ဘုရားသခင် စိုးစံသည့် မည်သည့်နေရာတွင်မဆို တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်း ရှိသည်” ဟု ပြောဆိုသည့်အခါတိုင်း အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝမ်းမြောက်ပြီး နှစ်သိမ့်မှု ခံစားကြရကာ ယင်းကို ၎င်းတို့ တောင့်တကြသည်မှာ သေချာပေသည်။ “တောင့်တခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်” ဟု ပြောဆိုသည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ပျော်ရွှင်ပြီး လွတ်မြောက်သွားသည်ဟု ခံစားရကြောင်း၊ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဤစကားများကို အာမင်ဟု ဆိုကြပြီး သာယာမှုတစ်မျိုးကို ခံစားရကြောင်း ဆိုလိုသည်။ “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်၊ ဘုရားသခင် အမှုပြုသည့် မည်သည့်နေရာတွင်မဆို တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ စိုးစံသည်” ဟု ပြောဆိုသည့်အခါ ၎င်းတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အရည်အသွေးများကို ပိုင်ဆိုင်သော လူများသည် စိတ်ထဲ၌ အထူးသဖြင့် ကျေနပ်မှု ခံစားကြရသည်။ ဤပြောဆိုချက် နှစ်ခုသည် ၎င်းတို့၏ ဘဝများအတွက် ဦးတည်ချက်ကို ဆောင်ကြဉ်းပေးပြီး ၎င်းတို့၏ လူ့သဘာဝ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလေသည်။ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ချင်မှ နားလည်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များစွာကို လက်တွေ့လုပ်ဆောင်နိုင်ချင်မှ လုပ်ဆောင်နိုင်မည်ဖြစ်သော်လည်း “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်” ဟူသော စကားစုကို ကြားရုံမျှဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထူးသဖြင့် နှစ်သိမ့်မှုနှင့် ကျေနပ်မှုကို ခံစားရစေသည်။ ဤစကားစုသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ပဲ့တင်ထပ်ပြီး ၎င်းတို့၏ စိတ်နှလုံးများကို လှုပ်ရှားစေသည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ လိုအပ်ချက်များနှင့်ဆိုင်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤစကားစုအပေါ် လူတစ်ဦး၏ သဘောထားနှင့် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့ ခံစားရသည့်အရာက ၎င်းတို့၏ အနှစ်သာရနှင့် အမျိုးအစား ခွဲခြားခြင်းအကြောင်း များစွာ ပြောပြနေသည်။ သင် မြင်သလော၊ စာတန်နှင့် နတ်ဆိုးများသည် “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်” ဟူသောအရာကို ကြားရသောအခါ ၎င်းတို့က အော်ဂလီဆန်သည်ဟု ခံစားကြရသည်။ “‘သမ္မာတရားက စိုးစံသည်’ ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သမ္မာတရားက စိုးစံနေသည်ကို ငါ မမြင်ဖူးပါ” ဟူ၍ ဖြစ်သည်။ “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်” ဟူသောအရာကို ၎င်းတို့ ကြားရသောအခါ ယင်းက ၎င်းတို့ကို ပြစ်တင်ရှုတ်ချနေပြီး ၎င်းတို့၏ အသက်များကို ခြိမ်းခြောက်နေသည်ဟု ၎င်းတို့ ခံစားကြရသဖြင့် ယင်းကို အော်ဂလီဆန်ကြသည်။ ဤသည်မှာ စာတန်နှင့် နတ်ဆိုးများသည် ဤစကားများကို ကြားရသောအခါ တုံ့ပြန်သည့်ပုံစံ ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် နားဝေတိမ်တောင်ဖြစ်သော လူများနှင့် တိရစ္ဆာန်များမှ ဖြစ်သောသူများသည် ဤစကားများကို ကြားရသောအခါ ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်ကို ၎င်းတို့က နှုတ်ဖြင့် အသိအမှတ်ပြုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် လုံးဝ မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့သည် ပျော်ရွှင်မှု သို့မဟုတ် ဝမ်းမြောက်မှု တစ်ခုတလေမျှ မခံစားရသည့်အပြင် ပဲ့တင်ထပ်မှု တစ်ခုတလေမျှလည်း မခံစားရပေ။ ၎င်းတို့သည် ဤပြောဆိုချက်ကို သဘောတူနိုင်ပြီး ယင်းကို မဆန့်ကျင်သော်လည်း ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ လိုအပ်သည့်အရာ မဟုတ်ပေ။ သို့သော် စစ်မှန်သော လူသားတစ်ဦးမှာမူ ကွဲပြားသည်။ ၎င်းတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကို တောင့်တပြီး ငတ်မွတ်ကြသဖြင့် ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်ကို ၎င်းတို့ ကြားရသောအခါ ၎င်းတို့၏ စိတ်နှလုံးများသည် မျှော်လင့်ချက်ဖြင့် ပြည့်လျှံသွားကြသည်။ ၎င်းတို့သည် အထူး အခက်အခဲများနှင့် အဆင်မပြေမှုအချို့ကို ကြုံတွေ့ရလျှင်ပင် သို့မဟုတ် အန္တိခရစ်များနှင့် ဆိုးယုတ်သော လူများထံမှ မတရားသော ဆက်ဆံမှုကို ခံစားရလျှင်ပင် ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံပုံကို ၎င်းတို့ တွေးမိသောအခါ ၎င်းတို့၏ စိတ်နှလုံးများသည် မျှော်လင့်ချက်ဖြင့် ပြည့်လျှံသွားကြသည်၊ ၎င်းတို့၏ အခြေအနေမှာ ပို၍ပို၍ ကောင်းမွန်လာပြီး အချို့မှာ အတိုင်းအဆမဲ့သော ဝမ်းမြောက်မှုဖြင့်ပင် ပြည့်နှက်လာကြသည်။ “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်” ဟူသော စကားများကို ကြားရသောအခါ လူသားစင်စစ်တစ်ဦး ခံစားရသည့် ခံစားချက်များသည် စာတန်နှင့် နတ်ဆိုးအုပ်စုဝင် ဖြစ်သောသူများ သို့မဟုတ် တိရစ္ဆာန်များနှင့် တူသောသူများ၏ ခံစားချက်များနှင့် ကွဲပြားသည်။ သင် မြင်သလော၊ ယုန်တစ်ကောင်သည် မုန်လာဥနီများနှင့် မြက်များကို မြင်သောအခါ ယင်းတို့ကို နှစ်သက်ပြီး အဆက်မပြတ် စားသောက်လေသည်။ သို့သော် ဝံပုလွေတစ်ကောင်သည် မုန်လာဥနီများနှင့် မြက်များကို မြင်သောအခါ ယင်းတို့ကို အော်ဂလီဆန်သည်ဟု ခံစားရပြီး “ဤအရာက မည်သို့များ အရသာရှိသနည်း။ ယုန်များနှင့် ကြက်များသည် များစွာ ပို၍ အရသာရှိသည်ဟု ငါ ထင်သည်” ဟု ပြောဆိုလေသည်။ မုန်လာဥနီများနှင့် မြက်များသည် အာဟာရပြည့်ဝကြောင်း သင်က ၎င်းကို မည်မျှပင် ပြောဆိုသည်ဖြစ်စေ ဝံပုလွေသည် လုံးဝ စိတ်ဝင်စားခြင်း မရှိပေ။ ထို့ကြောင့် တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်” ဟူသော စကားများကို ကြားရသောအခါ ဤစကားများသည် မှန်ကန်ကြောင်းကို အယူဝါဒအရ ၎င်းတို့ အသိအမှတ်ပြုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းတို့ကို အော်ဂလီဆန်ကြသည်။ ၎င်းတို့သည် ဤစကားများကို စိုးစဉ်းမျှ လက်မခံကြသည့်အပြင် ယင်းတို့သည် အမှန်တရား ဖြစ်ကြောင်းကို မည်သည့်အခါမျှ အသိအမှတ်ပြုမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားစင်စစ်တစ်ဦးသည် “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်၊ ဘုရားသခင်ထံ၌ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်း ရှိသည်” ဟူသောအရာကို ကြားရသောအခါ ၎င်း၏ စိတ်နှလုံးထဲတွင် အထူးသဖြင့် ပြည့်စုံသည်ဟု ခံစားရသည်။ ၎င်းတွင် ယခုအခါ လမ်းကြောင်းတစ်ခု ရှိပြီဖြစ်ကြောင်းနှင့် လူတစ်ဦးအနေဖြင့် ၎င်းအတွက် မျှော်လင့်ချက် ရှိကြောင်းကို ၎င်းက ခံစားရသည်။ သင် မြင်သလော၊ မတူညီသော အမျိုးအစားများမှ လူများသည် တူညီသော ကိစ္စရပ်တစ်ခုကို ၎င်းတို့ ဆက်ဆံပုံတွင် မတူညီသော သရုပ်သကန်များ ရှိကြသည်။ လူသားစင်စစ်တစ်ဦးသည် “ဘုရားအိမ်တော်တွင် သမ္မာတရားက စိုးစံသည်” ဟူသော စကားစုအပေါ် ထိုသို့သော သိသာထင်ရှားသည့် ခံစားချက်များ ရှိသောကြောင့် အချို့သော တိကျသည့် လက်တွေ့လုပ်ဆောင်မှုများနှင့် လူတို့အပေါ် ဘုရားသခင်၏ တိကျသည့် သွန်သင်ချက်များ ပါဝင်သော အခြားသမ္မာတရားများနှင့် ပတ်သက်လာလျှင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသည် ယင်းတို့ကို အထူးသဖြင့် ငတ်မွတ်ကြလိမ့်မည်။ လက်ရှိတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ လုံးဝ မပြောင်းလဲသေးဘဲ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်ပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်း ခံထားရသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အတော်အတန် ခက်ခဲနေလျှင်ပင် ဤဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုရသည့်အခါတိုင်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် တို့ထိခံစားရပြီး စိတ်အားတက်ကြွမှုကို ခံစားကြရသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်နှင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ကြလိမ့်မည်။ ၎င်းတို့အတွက် ဘုရားနှုတ်ကပတ်တော်များသည် လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှိနေရန် ၎င်းတို့ကို စိတ်အားတက်ကြွစေသည့် တွန်းအားဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင် ချစ်မြတ်နိုးသောသူတစ်ဦး ဖြစ်လာရန် လိုက်စားဖို့အတွက် လက်တွေ့ကျသော လမ်းကြောင်းလည်း ဖြစ်သည်မှာ သေချာပေသည်။ ဥပမာအားဖြင့် ဘုရားသခင်သည် နောဧ၊ ယောဘ၊ အာဗြဟံနှင့် ပေတရုတို့၏ ဇာတ်ကြောင်းများကို ပြောဆိုသောအခါ လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် ယင်းတို့ကို ကြားပြီးနောက် ပထမဦးစွာ အားကျမှုကို ခံစားကြရလိမ့်မည်။ ၎င်းတို့ မည်မျှ အားကျကြသနည်း။ မလျော်ကန်သော အသုံးအနှုန်းတစ်ခုကို အသုံးပြုရလျှင် ၎င်းတို့သည် ထိုသူတို့ကို “သွားရည်ကျ” ကြလေသည်။ ဆိုလိုသည်မှာ ဤလူများသည် ဘုရားသခင်ကို ထိုသို့သော ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်းမျိုးကို ပိုင်ဆိုင်နိုင်ကြောင်း ၎င်းတို့ ကြားရသောအခါ ၎င်းတို့သည်လည်း ထိုကဲ့သို့သော လူစားမျိုး ဖြစ်ချင်ကြပြီး “ကျွန်ုပ်သည် ယောဘနှင့် နောဧကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်လိုသည်၊ ပြီးလျှင် မည်သည့် ကိုယ်ပိုင် ရောနှောမှုမျှမပါဘဲ အာဗြဟံကဲ့သို့ ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံမှု ရရှိရန် ကျွန်ုပ် မျှော်လင့်သည်” ဟု တွေးကြသည်။ ၎င်းတို့တွင် တောင့်တမှုတစ်မျိုး ရှိကြသည်။ ဆိုလိုသည်မှာ ဤပုဂ္ဂိုလ်များ၏ ဇာတ်ကြောင်းများနှင့် သက်သေခံချက်များကို ၎င်းတို့ ကြားရသောအခါ ၎င်းတို့၏ စိတ်နှလုံးများသည် လှုပ်ရှားသွားပြီး ၎င်းတို့သည် စိတ်အားတက်ကြွမှုကို ခံစားကြရသည်။ ၎င်းတို့၏ စိတ်နှလုံးများ လှုပ်ရှားသွားသည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် ဤကဲ့သို့သော လူစားမျိုး ဖြစ်ချင်ကြသည်ကို ဆိုလိုသည်။ ဤကဲ့သို့သော လူစားမျိုးဖြစ်ခြင်းသည် ကောင်းမွန်ပြီး ယင်းမှာ ၎င်းတို့၏ စိတ်ထဲမှ လိုအပ်ချက်ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ဤကဲ့သို့သော လူစားမျိုးဖြစ်ခြင်းက ၎င်းတို့ကို ဘုရားသခင်အား ကျေနပ်စေရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် အခွင့်အရေးပေးကြောင်းနှင့် ဤသည်မှာ အံ့သြဖွယ်အကောင်းဆုံး၊ အဓိပ္ပာယ်အရှိဆုံးနှင့် တန်ဖိုးအရှိဆုံးအရာ ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့၏ အမြင်တွင် ဤအရာများသည် အဖိုးတန်ဆုံးဖြစ်ပြီး မြတ်နိုးတန်ဖိုးထားထိုက်ဆုံး ဖြစ်သည်။ ထို့ကြောင့် ဤအပြုသဘောဆောင်သော အရာများအကြောင်းကို ၎င်းတို့ ကြားရသောအခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တို့ထိခံစားကြရသည်။ ၎င်းတို့သည် ယင်းတို့ကို အထူးသဖြင့် ချစ်မြတ်နိုးကြသည်၊ ယင်းတို့ကို အထူးသဖြင့် စိတ်ဝင်စားကြပြီး ယင်းတို့ကြောင့် အလွန်အမင်း သဘောကျသွားကြသည်။ ဤအရာများသည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းအတွက် ၎င်းတို့၏ စိတ်ထဲမှ လိုအပ်ချက်အပြင် အပြုသဘောဆောင်သော အရာများအတွက် ၎င်းတို့၏ ငတ်မွတ်မှုကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးသောကြောင့် ဤအရာများသည် ၎င်းတို့ စိတ်ဝင်စားသည့်အရာများဖြစ်ပြီး ၎င်းတို့၏ ဘဝများတွင် မရှိမဖြစ် လိုအပ်သည့်အရာများ ဖြစ်ကြသည်။ တန်ဖိုးမရှိဘဲ အဓိပ္ပာယ်မဲ့သော အရာများနှင့်ပတ်သက်၍မူ ၎င်းတို့သည် ယင်းတို့ကို စိတ်မဝင်စားကြပေ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို မထိတွေ့မီတွင် ၎င်းတို့သည် လောကီဆိုင်ရာ စာပေလက်ရာအချို့ သို့မဟုတ် ဘဝအပေါ် သဘောထားအမြင်များနှင့် ဘဝနှင့်ပတ်သက်သော အတွေးအခေါ်များအကြောင်း ဆောင်းပါးအချို့ကို ဖတ်ရှုခဲ့ဖူးချင် ဖတ်ရှုခဲ့ဖူးမည်ဖြစ်သော်လည်း ဘုရားသခင်ကို ယုံကြည်လာပြီး ဘုရားနှုတ်ကပတ်တော်များကို ကြုံတွေ့ရပြီးနောက်တွင် ထိုအရာများကို ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ၏ ဇာတ်ကြောင်းများ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားများနှင့် ၎င်းတို့ နှိုင်းယှဉ်ချိန်ဆကြည့်သောအခါ ဘာသာတရားမရှိသော လောက၏ ထိုအရာများကို ၎င်းတို့ မနှစ်သက်ကြတော့ပေ။ ၎င်းတို့ အနှစ်သက်ဆုံးအရာမှာ သမ္မာတရား ပါဝင်သော ဤအကြောင်းအရာ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများအတွက်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များအတွက်လည်းကောင်း၊ သမ္မာတရား ပါဝင်သော ပုဂ္ဂိုလ်များ၏ ဇာတ်ကြောင်းများအတွက်လည်းကောင်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ငတ်မွတ်မှုနှင့် တောင့်တမှုတစ်ခု ရှိကြသည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင်သာ လူတို့သည် သမ္မာတရားကို တစ်ဆင့်ပြီးတစ်ဆင့် နားလည်နိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ကြသည်။ ပထမဦးစွာ အပြုသဘောဆောင်သော အရာများ၊ သမ္မာတရားအပြင် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့သည် ၎င်းတို့၏ လူ့သဘာဝ လိုအပ်ချက်များ ဖြစ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝတွင် ဤလိုအပ်ချက်များ ရှိခြင်းဖြင့် ၎င်းတို့သည် သမ္မာတရားကို ကြားရသောအခါ ယင်းအတွက် ငတ်မွတ်မှုနှင့် တောင့်တမှုကို ပြသနိုင်ကြပြီး ထိုအခါမှသာလျှင် ၎င်းတို့သည် ယင်းကို လက်ခံရန်၊ ယင်းကို ကျိုးနွံနာခံရန်နှင့် ယင်းထဲသို့ ဝင်ရောက်ရန် နောက်တစ်ဆင့်သို့ သွားနိုင်ကြသည်။ ထိုသို့သော လူများသာလျှင် သန့်စင်ခံရရန်နှင့် ကယ်တင်ခံရရန် မျှော်လင့်ချက် ရှိကြသည်။ ထို့ကြောင့် လူတစ်ဦး၏ လူ့သဘာဝတွင် ရှက်စိတ်ရှိရန် အလွန် အရေးကြီးပေသည်။

သင်သည် ရှက်စိတ်ရှိသော လူတစ်ဦးကို ၎င်း၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ဆန့်ကျင်ရန် တောင်းဆိုပါက ၎င်းသည် စိတ်ထဲတွင် ဆင်းရဲဒုက္ခခံစားရလိမ့်မည်။ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုဖြင့် အသက်ရှင်ခြင်းသည် ၎င်း၏ လူ့သဘာဝ လိုအပ်ချက်တစ်ခု ဖြစ်သည်။ ဤအရာအပေါ် အခြေခံ၍ သမ္မာတရားကို ၎င်းက လက်ခံခြင်းသည် အလွန် သဘာဝကျသောအရာတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းမှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်ပြီး သဘာဝအားဖြင့် ၎င်းအတွက် အတော်အတန် လွယ်ကူသောအရာတစ်ခု ဖြစ်သည်ဟုလည်း ငါတို့ ဆိုနိုင်ပေသည်။ ယင်းမှာ အတော်အတန် လွယ်ကူသည်ဟု ငါတို့ ဆိုနိုင်သည့် အကြောင်းရင်းမှာ လူတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေဆဲဖြစ်သော်လည်း လူ့သဘာဝအရသာဆိုလျှင် ရှက်စိတ်ရှိသော လူများအတွက် သမ္မာတရားကို လက်ခံရန် ပို၍ လွယ်ကူသောကြောင့် ဖြစ်သည်။ ထို့အပြင် ရှက်စိတ်ရှိသော လူများတွင် အားသာချက်များ၊ ကောင်းကွက်များနှင့် ဆုကျေးဇူးအချို့ ရှိပါက အသင်းတော်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ် ၎င်းတို့က အကျိုးပြုမှုအချို့ လုပ်ဆောင်ပြီး ရရှိလာသည့်အရာအချို့ ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအရ အခြားသူများကို အလွန် သဘာဝကျကျ မျှဝေကြလိမ့်မည်။ လူအားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရပြီး ရှက်စိတ်ရှိသော လူများသည် ၎င်းတို့၏ အတွေ့အကြုံများ၊ နားလည်သဘောပေါက်မှုနှင့် ရရှိလာသည့်အရာများကို မျှဝေသောအခါ ၎င်းတို့သည် မိမိတို့၏ အားသာချက်များနှင့် ကောင်းကွက်များကို တစ်ခါတစ်ရံ ကိုယ်ရည်သွေးတတ်ကြသည်။ သို့ရာတွင် ၎င်းတို့၌ ရှက်စိတ်ရှိသောကြောင့် ၎င်းတို့သည် မိမိတို့၏ လုပ်ရပ်များတွင် ချုပ်တည်းထားပြီး ချင့်ချိန်တတ်ကြသည်။ ၎င်းတို့ကို ချင့်ချိန်တတ်စေသည့်အရာမှာ အဘယ်အရာနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားမှ လာခြင်းဖြစ်သည်။ ၎င်းတို့သည် အမှုမဲ့အမှတ်မဲ့ဆိုသလို တစ်ခါတစ်ရံ ကိုယ်ရည်သွေးပြီး အခြားသူများ၏ အထင်ကြီးလေးစားခြင်းကို ခံရရန် ဆန္ဒရှိကြသော်လည်း ၎င်းတို့၏ ရှက်စိတ်နှင့် ၎င်းတို့ လူ့သဘာဝ၏ ဆင်ခြင်တုံတရားက ချုပ်တည်းထားမှုကြောင့် ၎င်းတို့ ကိုယ်ရည်သွေးလျှင်ပင် အလွန်အမင်း လွန်ကျူးမည်မဟုတ်၊ သို့မဟုတ် အလွန်အမင်း အကျင့်ပျက်ကာ ချုပ်တည်းမှုကင်းမဲ့မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့၏ စကားသည် အတော်အတန် ဓမ္မဓိဋ္ဌာန်ကျပြီး ဆင်ခြင်တုံတရားရှိပေသည်။ ဥပမာအားဖြင့် ၎င်းတို့၏ ဝါကြွားမှုသည် ၎င်းတို့၏ ရှက်စိတ်ကို ဆန့်ကျင်သည့် အတိုင်းအတာအထိ ရောက်ရှိသွားသောအခါ ၎င်းတို့သည် မျက်နှာပြောင်တိုက်ကာ စည်းကမ်းမဲ့စွာ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ ကိုယ်ရည်သွေးခြင်းနှင့် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခြင်းတို့ကို ပြုလုပ်မည့်အစား သို့မဟုတ် မည်သည့်နည်းလမ်းဖြင့်မဆို လူတို့၏ အထင်ကြီးလေးစားမှု၊ အားကျမှုနှင့် ရိုသေလေးမြတ်မှုတို့ကို ရှက်ကြောက်စိတ်မဲ့စွာ ရှာဖွေမည့်အစား ၎င်းတို့ကိုယ်တိုင် ချုပ်တည်းပြီး ရပ်တန့်သွားကြလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်မှုများနှင့် သရုပ်သကန်များအပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက စေစားသည့် အတွေးများ သို့မဟုတ် လိုအင်ဆန္ဒများ ရှိသော်ငြားလည်း ရှက်စိတ်ရှိသော လူများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံ၍လည်းကောင်း၊ မိမိတို့ကိုယ်ပိုင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်း အခြေခံအုတ်မြစ်အပေါ်တွင်လည်းကောင်း ပြုမူဆောင်ရွက်ကြလိမ့်မည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်လျှင်ပင် ယင်းအတွက် ကန့်သတ်ချက်များ ရှိလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှက်စိတ်မရှိသော လူများသည် မည်သည့် အခြေအနေများအောက်တွင်မဆို၊ မည်သည့် ပတ်ဝန်းကျင်တွင်မဆို မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးပြီး ချီးမြှောက်ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြိုးစားကြသည်။ ၎င်းတို့သည် မဆင်မခြင် စကားပြောကြပြီး အမျိုးမျိုးသော အရာအားလုံးကို ပြောဆိုကြသည်။ ၎င်းတို့သည် အခြားသူများ လုပ်ဆောင်ခဲ့သော ကောင်းသည့်အရာများအတွက်ပင် ၎င်းတို့၏ လုပ်ဆောင်ချက်အဖြစ် နာမည်ယူကြသည်၊ သို့မဟုတ် ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး ပို၍ တော်ကြောင်း ကိုယ်ရည်သွေးရန် အခြားသူများ၏ အားနည်းချက်များနှင့် အမှားများအကြောင်း ပြောဆိုမှုကို အသုံးပြုကြကာ အခြားသူများကို ဖိနှိပ်ခြင်းနှင့် နှိမ်ခြင်း အခြေခံပေါ်တွင် ၎င်းတို့ မည်မျှ ကောင်းမွန်ကြောင်းနှင့် ၎င်းတို့သည် အခြားသူများထက် မည်သို့ သာလွန်ကြောင်းကို ပြောဆိုကြသည်။ အချို့လူများအတွက်မူ လူပိုများလေလေ ကိုယ်ရည်သွေးလိုသော ၎င်းတို့၏ ဆန္ဒက ပို၍ ကြီးမားလာလေလေ ဖြစ်သည်။ လူနည်းသောအခါ ၎င်းတို့၏ ဆန္ဒကို မဖြည့်ဆည်းနိုင်ဟု ၎င်းတို့ ခံစားကြရသည်။ ထို့ကြောင့် လူပိုများလေလေ ၎င်းတို့သည် ပို၍ ကိုယ်ရည်သွေးပြီး ဟန်လုပ်ပြချင်လေလေ ဖြစ်သည်။ လူပိုများလေလေ ၎င်းတို့သည် ပို၍ မျက်နှာပြောင်တိုက်လာပြီး ရှက်စိတ် ပို၍ နည်းပါးလာလေလေ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ အဆုံးအစမရှိ တစ်ကိုယ်တော် စကားပြောနေကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန်နှင့် ကြွားလုံးထုတ်ရန် အခွင့်အရေးတိုင်းကို ရှာဖွေကြပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် ရာထူးက မည်မျှ မြင့်မြတ်ကြောင်း၊ ၎င်းတို့၏ ပညာအရည်အချင်းများက မည်မျှ မြင့်မားကြောင်း၊ ၎င်းတို့၏ အသိပညာက မည်မျှ ကြွယ်ဝကြောင်း၊ လူ့အသိုင်းအဝိုင်းတွင် ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားကြောင်း၊ ဘုရားအိမ်တော်တွင် ၎င်းတို့သည် မည်သည့်အဆင့်ရှိ ခေါင်းဆောင် ဖြစ်ခဲ့ဖူးကြောင်း၊ ၎င်းတို့ မည်သည့် အကျိုးပြုမှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း စသည်တို့ကို ကြွားလုံးထုတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ထူးချွန်သော အရည်အသွေးများကို ကြွားလုံးထုတ်ရန်နှင့် ၎င်းတို့သည် အခြားသူများနှင့် ကွဲပြားကြောင်း ကိုယ်ရည်သွေးရန် အခွင့်အရေးတိုင်းကို ရှာဖွေကြသည်။ ၎င်းတို့သည် အဆုံးအစမရှိ ကိုယ်ရည်သွေးကြပြီး ၎င်းတို့ ပို၍ စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ သင်သည် သမ္မာတရားနှင့်ဆိုင်သော ၎င်းတို့၏ အသိပညာ သို့မဟုတ် အသက် ဝင်ရောက်မှုနှင့်ဆိုင်သော ၎င်းတို့၏ အတွေ့အကြုံများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် ၎င်းတို့ကို တောင်းဆိုပါက ၎င်းတို့၏ စကားများသည် စိတ်အားတက်ကြွဖွယ် မကောင်းဘဲ ၎င်းတို့သည် အရာအနည်းငယ်ကိုသာ ပြောဆိုကြသည်။ သို့သော် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ခြင်း၊ ၎င်းတို့သည် အခြားသူများနှင့် မည်သို့ ကွဲပြားကြောင်းနှင့် ၎င်းတို့ မည်သည့် အကျိုးပြုမှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း ပြောဆိုခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် စိုးစဉ်းမျှ ရှက်စိတ်မရှိဘဲ အဆက်မပြတ်နှင့် အဆုံးအစမရှိ စကားပြောကြပြီး ရပ်တန့်ခြင်းမရှိ ပြောဆိုကြလေသည်။ ၎င်းတို့သည် ဤအရာများကို ပြောဆိုပြီးစီး၍ ပြောစရာ မရှိတော့သည့်အခါ ၎င်းတို့ ငယ်ရွယ်စဉ်က မည်သို့သော အကြမ်းတမ်းဆုံး ခိုက်ရန်ဖြစ်ပွားသူများ ဖြစ်ခဲ့ကြောင်း၊ ၎င်းတို့ကို မည်သူကမျှ မရိုက်နှက်နိုင်ခဲ့ကြောင်းနှင့် အခြားကလေးတစ်ဦးကို မျက်စိတစ်ဖက် ကန်းသွားစေရန်ပင် ၎င်းတို့ မည်သို့ လုပ်ဆောင်ခဲ့ကြောင်းတို့ကို ပြောဆိုကြသည်။ ၎င်းတို့က “လူကြီးများအားလုံးက ‘ဤကလေးသည် သာမန်မဟုတ်ပေ၊ သူ ကြီးလာသောအခါ သာမန်လူတစ်ဦး ဖြစ်လာမည်မဟုတ်’ ဟု ပြောခဲ့ကြသည်” ဟုပင် ပြောဆိုကြသည်။ ဤအရာများကို ပြောဆိုသော လူများသည် ရှက်စိတ် ကင်းမဲ့နေကြသည် မဟုတ်လော။ ၎င်းတို့တွင် ရှက်စိတ် မရှိပေ။ ဤသည်မှာ ကြွားလုံးထုတ် ပြောဆိုခြင်းနှင့် ကိုယ်ရည်သွေးခြင်း ဖြစ်သည်။ ရှက်စိတ်မရှိသော လူများသည် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန်နှင့် ချီးမြှောက်ရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ကြပြီး ထိုသို့လုပ်ဆောင်ရန် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်ရန် လိုလားကြသည်။ အခြားသူများက ၎င်းတို့ကို မည်သို့ပင် ရှုမြင်ပါစေ ၎င်းတို့တွင် ရှက်စိတ် လုံးဝ မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှက်စိတ်ရှိသော လူများသည်လည်း မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးပြီး ချီးမြှောက်ကြလိမ့်မည်ဖြစ်သော်လည်း ၎င်းတို့သည် သမ္မာတရားကို နားမလည်ဘဲ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မကြုံတွေ့ရသေးလျှင်ပင် ထိုသို့သောအရာများကို လုပ်ဆောင်သောအခါ ၎င်းတို့သည် ချင့်ချိန်တတ်ကြသည်။ ၎င်းတို့၏ စကားများသည် အနည်းဆုံးအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျပေသည်။ ၎င်းတို့သည် မိမိတို့ မလုပ်နိုင်သောအရာများကို လုပ်နိုင်သည်ဟု ပြောဆိုမည်မဟုတ်၊ ၎င်းတို့သည် ကြွားလုံးထုတ်ခြင်း သို့မဟုတ် ဝါကြွားခြင်း ပြုမည်မဟုတ်သည့်အပြင် အခြားသူများ လုပ်ဆောင်ခဲ့သော ကောင်းသည့်အရာများကို ၎င်းတို့၏ လုပ်ဆောင်ချက်အဖြစ် နာမည်ကောင်းယူခြင်းကို ပို၍ပင် ပြုမည်မဟုတ်ပေ။ ၎င်းတို့သည် အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးထားသောအရာများကို ပြောဆိုမည်မဟုတ် သို့မဟုတ် အဖြစ်မှန်များကို လုပ်ကြံဖန်တီးမည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် ထိုသို့သောအရာများကို ပြောဆိုရန် အားမထုတ်နိုင်ကြပေ။ ၎င်းတို့က “ကျွန်ုပ် မလုပ်ခဲ့လျှင် ကျွန်ုပ် လုပ်ခဲ့သည်ဟု အဘယ်ကြောင့် ပြောသင့်သနည်း” ဟု တွေးကြသည်။ ၎င်းတို့သည် မိမိတို့၏ အသိစိတ်က စွပ်စွဲသည်ဟု ခံစားကြရလိမ့်မည်။ ဥပမာအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပြင် ရှက်စိတ်ရှိသောသူတစ်ဦးသည် ကျောင်းတွင် အမှတ်များ ညံ့ဖျင်းခဲ့ပါက ၎င်းသည် မိမိတွင် အစွမ်းအစကောင်းရှိပြီး ပျမ်းမျှလူတစ်ဦးထက် မညံ့ကြောင်း ဝါကြွားလိုသော်လည်း ၎င်းက အများဆုံးအနေဖြင့် “ကျွန်ုပ် ကြိုးစားပမ်းစား လေ့လာခဲ့သည်။ ကျွန်ုပ်သည် အလယ်တန်းနှင့် အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲများကို အဆင်ပြေချောမွေ့စေရန် ငွေကြေး တစ်ပြားတစ်ချပ်မျှ မကုန်ကျဘဲ ကျွန်ုပ်ဘာသာ အောင်မြင်ခဲ့ပြီး နောက်ပိုင်းတွင် ကောလိပ်တစ်ခုသို့ ဝင်ခွင့်ရရန် ခက်ခဲစွာ ကြိုးစားခဲ့ရသည်” ဟု ပြောဆိုလိမ့်မည်။ ၎င်းက “ကျွန်ုပ်လည်း ကောလိပ်တက်ခဲ့သည်” ဟုသာ ပြောဆိုပြီး မည်သည့်အရာကိုမျှ ဝါကြွားခြင်း မပြုပေ။ ၎င်း ပြောဆိုသည့်အရာသည် ဓမ္မဓိဋ္ဌာန်ကျပြီး မှန်ကန်သောကြောင့် ဤသည်ကို ကိုယ်ရည်သွေးခြင်းဟု မသတ်မှတ်နိုင်ပေ။ ၎င်းသည် မိမိကို အရှက်ရစေသော သို့မဟုတ် သိက္ခာကျစေသော အရာများကို ချန်လှပ်ထားကောင်း ချန်လှပ်ထားနိုင်သော်လည်း ၎င်းက “ကျွန်ုပ်သည် ကျောင်းသားကောင်းတစ်ဦး ဖြစ်ခဲ့သည်၊ ကျွန်ုပ်သည် အတန်းထဲတွင် အစဉ်သဖြင့် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ခဲ့သည်” ဟု လုံးဝ ပြောဆိုမည် မဟုတ်ပေ။ ၎င်းသည် အဖြစ်မှန်များကို လုပ်ကြံဖန်တီးမည် မဟုတ်၊ မရှိသောအရာများကို လုပ်ကြံဖန်တီးမည် မဟုတ်၊ သို့မဟုတ် မည်သည့်အခါမျှ မဖြစ်ပျက်ခဲ့သောအရာများကို ပြောဆိုမည်မဟုတ်ပေ။ ၎င်းအနေဖြင့် ဤအရာများကို မပြောဆိုရသည့် အကြောင်းရင်းမှာ အဘယ်အရာနည်း။ ယင်းမှာ ၎င်း၏ စိတ်ထဲ၌ အသိစိတ်နှင့် ရှက်စိတ် ရှိသောကြောင့် ဖြစ်သည်။ အချို့လူများက “ယင်းမှာ ၎င်းတို့၏ ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ဦးက ၎င်းတို့နှင့်ပတ်သက်သော အမှန်တရား အစစ်အမှန်ကို သိရှိသောကြောင့်လော” ဟု ပြောဆိုကြသည်။ ၎င်းတို့နှင့်ပတ်သက်သော အမှန်တရား အစစ်အမှန်ကို မည်သူမျှ မသိလျှင်ပင် ၎င်းတို့တွင် ရှက်စိတ်ရှိပြီး မိမိတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်သောကြောင့် ၎င်းတို့သည် ဤအရာများကို ပြောဆိုရန် မိမိတို့ကိုယ်ကို ခွင့်မပြုနိုင်ကြသေးပေ။ မရှိသောအရာများကို လုပ်ကြံဖန်တီးခြင်းနှင့် အဖြစ်မှန်များကို လုပ်ကြံဖန်တီးခြင်းသည် အလွန် ရှက်ဖွယ်ကောင်းပြီး တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့သည်ဟု ၎င်းတို့ ခံစားကြရသည်။ အချို့လူများက “အခြားသူများက ၎င်းတို့နှင့်ပတ်သက်သော အမှန်တရား အစစ်အမှန်ကို မသိပါက ၎င်းတို့သည် ယင်းကို အနည်းငယ် ဟန်ဆောင်နိုင်ကြသည်။ ဟန်ဆောင်ခြင်းက ဘာများ အရေးကြီးသနည်း” ဟု ပြောဆိုကြသည်။ သို့သော် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်မည် မဟုတ်သေးပေ။ ဤသည်မှာ လူတစ်ဦး၏ သဘာဝနှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်ပြီး ယင်းမှာ လူတစ်ဦး၏ အမျိုးအစား ခွဲခြားခြင်းအပေါ် မူတည်လေသည်။ သင်သည် ရှက်စိတ်ရှိသော တစ်စုံတစ်ဦးဖြစ်ပါက သင်၏ စကားများနှင့် လုပ်ရပ်များသည် ရှက်စိတ်ရှိခြင်း၏ စည်းများအတွင်း၌ အစဉ်သဖြင့် ရှိနေလိမ့်မည်။ သင်သည် ထိုစည်းများကို မကျော်လွန်နိုင်ပေ။ သင်သည် တစ်ခါတစ်ရံတွင် ယင်းတို့ကို တစ်လှမ်း ကျော်လွန်သွားပါက ယင်းမှာ အလွန် ထူးခြားသော အခြေအနေတစ်ခု ဖြစ်သည်။ သင်သည် ယင်းတို့ကို ကျော်လွန်သွားသည်နှင့်တစ်ပြိုင်နက် သင်၏ အသိစိတ်ထဲတွင် စိတ်မသက်မသာဖြစ်မှုနှင့် မိမိကိုယ်ကို စွပ်စွဲမှု ခံစားချက်တစ်ခုကို သင် ခံစားရသည်၊ သင်သည် အတွင်း၌ နေရခက်သည်ဟု ခံစားရလေသည်။ ထို့ကြောင့် ရှက်စိတ်ရှိသော လူများသည် ကိုယ်ရည်သွေးပြီး ကြွားလုံးထုတ်လျှင်ပင် သက်ရောက်မှုရှိသော ကန့်သတ်ချက်နှင့် စည်း ရှိလေသည်။ ၎င်းတို့သည် ကြွားလုံးထုတ်ရန်နှင့် ကိုယ်ရည်သွေးရန် ရှက်ကြောက်စိတ်မဲ့စွာနှင့် မျက်နှာပြောင်တိုက်စွာ အနှစ်သာရမဲ့သော စကားများကို ပြောဆိုမည်မဟုတ် သို့မဟုတ် ကြွားလုံးထုတ်မည် မဟုတ်သည့်အပြင် ကောင်းမွန်သော အလုပ်အားလုံးကို ၎င်းတို့၏ လုပ်ဆောင်ချက်အဖြစ် နာမည်ယူရန် မရှိသောအရာများကို လုပ်ကြံဖန်တီးခြင်းနှင့် အဖြစ်မှန်များကို လုပ်ကြံဖန်တီးခြင်းတို့ကိုလည်း ပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤကဲ့သို့သော လူစားမျိုး လုံးဝ မဟုတ်ပေ။ ရှက်စိတ်ရှိခြင်းအကြောင်း ပြောရလျှင် ဤရှက်စိတ်သည် လူတို့အတွင်း၌ လုပ်ဆောင်ချက်တစ်ခုကို အကျိုးဆောင်သည်၊ ယင်းမှာ ပေါ့တန်သောအရာတစ်ခု မဟုတ်ပေ။ ရှက်စိတ်သည် လူ့သဘာဝ၏ အရည်အသွေးတစ်ခု ဖြစ်သောကြောင့် ယင်းမှာ လူတို့အတွင်း၌ မွေးရာပါဖြစ်သောအရာတစ်ခု ဖြစ်သည်။ ယင်းမှာ ပြင်ပလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ချုပ်တည်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုတစ်ခု လုံးဝ မဟုတ်ပေ။ ပြင်ပအရာများသည် သင်၏ အတွေးများနှင့် လုပ်ရပ်များကို မချုပ်တည်းနိုင်ပေ။ လူတစ်ဦး၏ အတွေးများ၊ ၎င်းတို့၏ အတွင်းပိုင်း လိုအပ်ချက်များနှင့် ၎င်းတို့၏ အနှစ်သာရနှင့် အမျိုးအစား ခွဲခြားခြင်းတို့သည် ၎င်းတို့အတွက် အတွင်းပိုင်း ကိစ္စရပ်များ ဖြစ်ကြသည်။ ရှက်စိတ်ရှိသော လူတစ်ဦးသည် လူတို့ကြားတွင် ဂုဏ်အနည်းငယ် ရရှိရန် မိမိကိုယ်ကို ကိုယ်ရည်သွေးလိုလျှင်ပင် သို့မဟုတ် ချီးမြှောက်ပြီး သက်သေခံလိုလျှင်ပင် ၎င်းတွင် ရှက်စိတ်ရှိသောကြောင့် ဤအရာများကို လုပ်ဆောင်သောအခါ သက်ရောက်မှုရှိသော ကန့်သတ်ချက်နှင့် စည်း ရှိလေသည်။ ဆိုလိုသည်မှာ ၎င်း၏ အသိစိတ်က ၎င်း၏ စိတ်နှလုံးထဲတွင် “ဤသို့လုပ်ဆောင်ခြင်းသည် လွန်ကျူးလွန်းပြီး ရှက်ကြောက်စိတ်မဲ့ရာကျသည်။ ဤသို့ မလုပ်ဆောင်နှင့်။ သင် ဤသို့လုပ်ဆောင်ပါက နောက်ပိုင်းတွင် လူများက သင်၏ စရိုက်မှန်ကို ဖော်ထုတ်သောအခါ ယင်းမှာ အလွန် ရှက်ဖွယ်ကောင်းပြီး ဂုဏ်သိက္ခာမဲ့လိမ့်မည်။ သင်သည် ဤကဲ့သို့ ကျင့်ကြံပြုမူပါက သင်သည် လူသားတစ်ဦး ဖြစ်သေးသလော” ဟု အဆက်မပြတ် သတိပေးလေသည်။ ဤအတွေးများနှင့် အမြင်များသည် ၎င်းကို အစဉ်သဖြင့် ချုပ်တည်းထားသဖြင့် ထိုသို့သောအရာများကို လုပ်ဆောင်သောအခါ သက်ရောက်မှုရှိသော ကန့်သတ်ချက်တစ်ခု ရှိလေသည်။ သင် မြင်သလော၊ ရှက်စိတ်ရှိသော လူများသည် အဝတ်အစား ဝတ်ဆင်သောအခါ ၎င်းတို့က အဝတ်အစားတစ်ထည်သည် ကြည့်ကောင်းသည်ဟု ထင်လျှင်ပင် မှန်ထဲတွင် ကြည့်လိုက်၍ ယင်းမှာ အတွင်းပိုင်း အနည်းငယ် အထင်းသားပေါ်နေသည်ကို မြင်ပါက ယင်းကို အပြင်တွင် ဝတ်ဆင်ရန် မကောင်းဟု ၎င်းတို့ ခံစားကြရသည်။ အခြားသူများက “အတွင်းပိုင်းမြင်ရလည်း အဘယ်အရေးကြီးသနည်း။ ယနေ့ခေတ် လူများအားလုံး ဤကဲ့သို့ ဝတ်ဆင်ကြသည်။ ယင်းမှာ အနည်းငယ်သာ အထင်းသားဖြစ်နေပြီး သင်က ရှက်ရွံ့နေသည်၊ အခြားသူများက များစွာ ပို၍ အထင်းသားဖြစ်သော အဝတ်အစားများကို ဝတ်ဆင်ကြပြီး ဂရုပင်မစိုက်ကြပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့က “လုံးဝ မဖြစ်နိုင်ပါ၊ ယင်းကို ဝတ်ပြီး အပြင်မထွက်နိုင်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ထိုကဲ့သို့ အပြင်ထွက်ရန် သေသည့်တိုင်အောင် လုပ်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ရှက်စိတ်ဖြင့် ယင်းကို လုံးဝ ခွင့်ပြု၍မရနိုင်ပေ။ ၎င်းတို့၏ ရှက်စိတ်က ၎င်းတို့ကို ချုပ်တည်းထားသည်။ ရှက်စိတ်ရှိသော လူများသည် ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် အမှုအရာများကို ကိုင်တွယ်ပုံတွင် သို့မဟုတ် ၎င်းတို့၏ ဝတ်စားဆင်ယင်မှုနှင့် အလှပြင်ဆင်မှုတွင် ချင့်ချိန်တတ်ကြလိမ့်မည် ဖြစ်သော်လည်း ရှက်စိတ်မရှိသော လူများမှာမူ ကွဲပြားသည်။ ယင်းမှာ အချို့လူများသည် ညီအစ်ကိုမောင်နှမများနှင့် အတူရှိနေချိန်တွင် သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ကြသော်လည်း အိမ်ပြန်ရောက်ပြီးနောက်တွင် ဘာသာတရားမရှိသူများ ဝတ်ဆင်လိုသည့် မည်သည့်အရာကိုမဆို ဝတ်ဆင်လျက် ကွဲပြားစွာ ဝတ်ဆင်ကြသည်နှင့် တူသည်။ အချို့က အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် စုဝေးပွဲသို့ ၎င်းတို့ ဝတ်ဆင်သွားသော အဝတ်အစားများကိုပင် ဆွဲချွတ်ကာ “ဤအဝတ်အစားများကို ဝတ်ရသည်ကို ကျွန်ုပ် တကယ် မနှစ်သက်ပါ။ ယင်းတို့က အလွန် ရိုးအီလွန်းသည်၊ ကျွန်ုပ်သည် တောသားတစ်ဦးနှင့် လုံးဝ တူနေသည်။ ဤအဝတ်အစားကို မည်သူက ဝတ်ဆင်လိုမည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အတူရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှက်စိတ် အမှန်တကယ်ရှိသော လူများ၏ ဝတ်စားဆင်ယင်မှုနှင့် အလှပြင်ဆင်မှုသည် အစဉ်သဖြင့် ဂုဏ်သိက္ခာရှိပြီး သင့်တင့်လျောက်ပတ်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ခဲ့လျှင်ပင် ဤနည်းအတိုင်း ဝတ်ဆင်ကြလိမ့်မည်ဖြစ်ပြီး အလွန်အမင်း လွန်ကျူးမည် မဟုတ်ပေ။

စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့ပြီး ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို ဝေမျှသည့်အခါ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသော တစ်စုံတစ်ဦးသည် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးပြီး ချီးမြှောက်ပါက လူများစွာက ၎င်းတို့ကို ကြည့်နေသည့်အလား ၎င်းတို့၏ စိတ်ထဲ၌ ရှက်ရွံ့မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး ဤခံစားချက်က ၎င်းတို့ကို “ဤသို့ပြောခြင်းက မကောင်းပေ၊ မှန်သလော။ ဤသို့လုပ်ခြင်းက မကောင်းပေ၊ မှန်သလော” ဟု သတိပေးလေသည်။ ၎င်းတို့သည် မျက်နှာပူမှုကို ခံစားရလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ ၎င်းတို့၏ စကားများ သို့မဟုတ် လုပ်ရပ်များက မည်မျှပင် လွန်ကျူးသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ ရှက်စိတ်က ၎င်းတို့ကို အစဉ်မပြတ် သတိပေးသည်၊ ချုပ်တည်းပြီး ထိန်းချုပ်လေသည်။ သို့ဖြစ်၍ အတိုင်းအတာတစ်ခုအထိ ၎င်းတို့ ပြောသော စကားများနှင့် လုပ်သော အရာများသည် အတိုင်းအတာတစ်ခုအထိ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ထင်ဟပ်ပြလေသည်။ ဤလူစားမျိုးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ၌ အချို့သော ချို့ယွင်းချက်များ ရှိလျှင်ပင် သို့မဟုတ် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးမှုကို ခံရလျှင်ပင် ၎င်းတို့၏ မွေးရာပါ အမျိုးအစား သတ်မှတ်ချက်ကြောင့် လူတို့ကို ဖော်ထုတ်ပြီး တရားစီရင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရသည့်အခါ ၎င်းတို့သည် အမှုမဲ့အမှတ်မဲ့ဆိုသလို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်နိုင်ကြဆဲ ဖြစ်သည်။ ၎င်းတို့က “ဤစကားဖြင့် ဘုရားသခင်က ငါ့အကြောင်းကို ပြောနေခြင်း ဖြစ်သည်။ ငါ့တွင် ဤအခြေအနေမျိုးနှင့် ထုတ်ဖော်မှုမျိုး ရှိခဲ့ပြီး ငါ့တွင် ဤသရုပ်သကန်မျိုးလည်း ရှိခဲ့သည်” ဟု တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့ကိုယ်ကို သတိရှိရှိဖြင့် နှိုင်းယှဉ်ချိန်ဆကြည့်သည့် အခြေအနေနှင့် သရုပ်သကန်တစ်ခုကို ပြသကြလိမ့်မည်။ တစ်နည်းအားဖြင့် ရှက်စိတ်ရှိသော လူတစ်ဦးသည် လူတို့ကို ဖော်ထုတ်ပြီး တရားစီရင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရသည့်အခါ ၎င်းတို့သည် ယင်းတို့ကို အမှုမဲ့အမှတ်မဲ့ လက်ခံကြလိမ့်မည်ဖြစ်ပြီး ယင်းတို့နှင့် မိမိတို့ကိုယ်ကို အမှုမဲ့အမှတ်မဲ့ နှိုင်းယှဉ်ကြည့်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဤနည်းလမ်းဖြင့် ဖောက်ပြန်ပျက်စီးကြောင်းနှင့် ၎င်းတို့တွင် ဤထုတ်ဖော်မှုများနှင့် သရုပ်သကန်များ ရှိကြောင်းကို ဝန်ခံကြလိမ့်မည်။ ၎င်းတို့သည် စိတ်နှလုံး နက်ရှိုင်းရာ၌ စိတ်မသက်မသာ ခံစားရလိမ့်မည်။ “လက်စသတ်တော့ ငါ့တွင်လည်း ဖောက်ပြန်ပျက်စီးမှု ရှိနေသည်ကိုး။ လက်စသတ်တော့ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်ထားသည့်အတိုင်း မာနထောင်လွှားသော စိတ်သဘောထားရှိသူ တစ်ဦး ဖြစ်နေသည်ကိုး။ ငါသည် ပုန်ကန်ပြီး မနာခံတတ်သူလည်း ဖြစ်ကာ ငါသည် လူကောင်းတစ်ဦး မဟုတ်ပေ။ ငါသည် မည်သို့ ဤမျှ ဖောက်ပြန်ပျက်စီးနိုင်ရသနည်း။ ငါသည် ရည်မွန်သူ ဖြစ်သည်ဟုလည်းကောင်း၊ အခြားသူများကို ပေးကမ်းရသည်ကို နှစ်သက်ပြီး အခြားသူများကို ကိုယ်ချင်းစာကာ သနားတတ်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူကောင်းတစ်ဦး ဖြစ်သည်ဟုလည်းကောင်း ငါ ယခင်က ထင်ခဲ့သည်။ ဘုရားသခင်၏ အလုပ်ကို လက်ခံပြီးနောက် ငါသည် တိုက်ရိုက် ခေါ်ဆောင်ခြင်း ခံရနိုင်သည်ဟု ငါ ထင်ခဲ့သည်။ ငါသည်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် တစ်ဦးဖြစ်သည်ဟု ငါ ထင်ပင် မထင်ခဲ့ပေ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ရှက်စိတ်ရှိခြင်းဟူသည့် ဤအခြေခံ အခြေအနေကို ပိုင်ဆိုင်သောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်ထားသည့် လူတို့နှင့်ပတ်သက်သော အမှန်တကယ်ဖြစ်သည့် အဖြစ်မှန်များကို သဘာဝကျကျနှင့် ပုံမှန်အားဖြင့် လက်ခံကြလိမ့်မည်ဖြစ်ပြီး ထို့နောက် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရန်နှင့် သိမြင်ရန် ယင်းတို့နှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်ကြလိမ့်မည်။ ဤအရာက ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်စွာ ရင်ဆိုင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဟန့်အတားမရှိဘဲ လက်ခံရန်နှင့် ထို့နောက် တဖြည်းဖြည်းနှင့် ကျိုးနွံနာခံမှုကို ရရှိရန် ကြီးမားသော အခွင့်အရေးတစ်ခု ပေးလေသည်။ ဤအရာအားလုံးသည် အဘယ်အရာအပေါ် အခြေခံသနည်း။ ယင်းသည် ၎င်းတို့၌ ရှက်စိတ်ရှိခြင်းအပေါ် အခြေခံလေသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့အတွင်း၌ အရှက်ရဖွယ်ကောင်းပြီး ကောက်ကျစ်ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးမှု၏ ထုတ်ဖော်မှုအချို့ ရှိကြောင်းကို သဘောပေါက်နိုင်ကြပြီး ထို့နောက် ၎င်းတို့အပေါ် သက်ရောက်မှုရှိနေသည့် ၎င်းတို့၏ ရှက်စိတ်ဖြင့် ၎င်းတို့က အပျက်သဘောဆောင်ပြီး အရှက်ရဖွယ်ကောင်းသော အရာများအဖြစ် ယူဆသည့်အရာများကို တက်ကြွစွာ ငြင်းပယ်နိုင်ကြသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ပြောဆိုချက်များ၊ အခြေအနေများ၊ တိကျသော ထုတ်ဖော်မှုများနှင့် တိကျသော ဖြစ်ရပ်များကိုပင် ၎င်းတို့ ကြားရသည့်အခါ ၎င်းတို့သည် မိမိတို့အတွင်း၌ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်းကို သဘောပေါက်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရန်နှင့် သိမြင်ရန် ယင်းတို့ကို လက်ခံကြလိမ့်မည်။ ထို့နောက်တွင် ထိုသို့သော ကိစ္စရပ်များနှင့် တစ်ဖန် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်ပါက သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်ထားသည့် အခြေအနေများကို တစ်ဖန် ထုတ်ဖော်ပါက ၎င်းတို့၏ ရှက်စိတ်က ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဤသို့လုပ်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်နေခြင်း မဟုတ်လော။ သင်သည် လူကောင်းတစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံသူ သို့မဟုတ် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးလည်း မဟုတ်ပေ” ဟု ၎င်းတို့ကို သတိပေးနေဦးမည် ဖြစ်သည်။ ၎င်းတို့သည် ရှက်စိတ်ကို ပိုင်ဆိုင်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံနိုင်ကြသည်။ ထိုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အပေါ် ချုပ်တည်းသည့် အကျိုးသက်ရောက်မှု ရှိလာပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များကို ပြုပြင်ပေးနိုင်သည်။ သင် မြင်သလော၊ ရှက်စိတ်၏ လုပ်ဆောင်ချက်သည် အလွန် ကြီးမားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ၎င်းတို့တွင် အခြေခံ ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခု ရှိသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သည့်အခါ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အသေးစိတ်အချက်များကို သဘောပေါက်သည့်အခါ ၎င်းတို့၏ ရှက်စိတ်က ၎င်းတို့ကို ချုပ်တည်းသည့် စံနှုန်းသည် ၎င်းတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမဟုတ်တော့သည့်အပြင် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စည်းမျှသာလည်း မဟုတ်တော့ပေ။ ထို့ထက် သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ စည်းဖြစ်လာလေသည်။ ဤစည်းသည် လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စည်းထက် သာလွန်သည် မဟုတ်လော။ ဤစည်း၏ စံနှုန်းသည် မြင့်မားလာပြီ မဟုတ်လော။ (ဟုတ်ပါသည်။) မူလက ရှက်စိတ်ရှိသော လူများသည် သမ္မာတရားကို နားမလည်သည့်အခါ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များတွင် အခြေခံ ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခု ရှိကြသည်။ ၎င်းတို့ သမ္မာတရားကို နားလည်ပြီးနောက် ၎င်းတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းသည် မြင့်မားလာပြီး သမ္မာတရား စည်းမျဉ်းများဘက်သို့ တဖြည်းဖြည်း ဦးတည်သွားလေသည်။ ဤလူစားမျိုးသည် ပြောင်းလဲသွားပြီဟု သင် မထင်သလော။ ငါ ဥပမာတစ်ခု ပေးမည်ဖြစ်ပြီး သင်တို့ နားလည်သွားလိမ့်မည်။ ဥပမာအားဖြင့် မူလက အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ၎င်းတို့သည် လူတို့ကို အခွင့်ကောင်းမယူခဲ့ပေ၊ လူတို့ကို ရိုက်နှက်ခြင်း သို့မဟုတ် ဆဲဆိုခြင်း မပြုခဲ့ပေ၊ အခြားသူများကို လိမ်လည်ပြီး ဒုက္ခပေးရန် တမင်တကာ မလုပ်ဆောင်ခဲ့သည့်အပြင် အခြားသူများကို လှည့်ဖြားခြင်းနှင့် လိမ်လည်လှည့်စားခြင်း မပြုခဲ့ပေ။ ဤသို့ ပြုမူခြင်းသည် အတော်လေး ကောင်းမွန်သည်ဟု ၎င်းတို့ ထင်ခဲ့ကြသည်။ လူတို့ကို ရိုက်နှက်ခြင်း သို့မဟုတ် ဆဲဆိုခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် လူတို့ကို လိမ်လည်ခြင်းမှ သို့မဟုတ် ဒုက္ခပေးခြင်းမှ ရှောင်ကြဉ်ခြင်းသည် လူတို့ကို ဆက်ဆံခြင်းအတွက် သမ္မာတရား စည်းမျဉ်းတစ်ခု ဖြစ်သလော။ (ဤသည်မှာ လူ့သဘာဝ၏ အခြေခံကျသော သရုပ်သကန်တစ်ခုမျှသာ ဖြစ်ပါသည်၊ ယင်းမှာ သမ္မာတရား စည်းမျဉ်းတစ်ခု မဟုတ်ပါ။) ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများက မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူသည့်ပုံစံအတွက် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျှသာ ဖြစ်သည်။ လူတို့ကို ရိုက်နှက်ခြင်း သို့မဟုတ် ဆဲဆိုခြင်း မပြုရန်နှင့် အခြားသူများကို လိမ်လည်သည့် သို့မဟုတ် ဒုက္ခပေးသည့် အရာများကို မလုပ်ဆောင်ရန် ၎င်းတို့ အကောင်းဆုံး ကြိုးစားကြခြင်း ဖြစ်သည်။ ယင်းမှာ မကောင်းမှုပြုခြင်းမှ ရှောင်ကြဉ်ခြင်းမျှသာ ဖြစ်သည်။ သို့သော် သမ္မာတရား စည်းမျဉ်းများသည် လူတစ်ဦး၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းထက် ပို၍ မြင့်မားလေသည်။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လူတို့ကို ဆက်ဆံခြင်းသည် သင်၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းကို လိုက်နာရုံမျှ မဟုတ်တော့ပေ။ ယင်းသည် ထိုအရာထက် ပို၍ မြင့်မားလေသည်။ သို့ဆိုလျှင် လူတို့ကို ဆက်ဆံခြင်းအတွက် လူတစ်ဦး၏ ကိုယ်ကျင့်တရားဆိုင်ရာ စည်းထက် ပို၍ မြင့်မားသော ဤစည်းမျဉ်းနှင့်ပတ်သက်လာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အဘယ်အရာကို တောင်းဆိုသနည်း။ (စည်းမျဉ်းများနှင့်အညီ လူတို့ကို တရားမျှတစွာ ဆက်ဆံရန် ဖြစ်ပါသည်။) မှန်ပေသည်၊ လူတို့ကို တရားမျှတစွာ ဆက်ဆံခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဤသမ္မာတရား စည်းမျဉ်းသည် ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခု ဖြစ်သလော။ (မဟုတ်ပါ၊ ဤစည်းမျဉ်းသည် ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခုထက် သာလွန်ပါသည်။) ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခု မဟုတ်ပေ။ ယင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခုအပေါ် အခြေခံပြီး ယင်းထက်လည်း သာလွန်သော သမ္မာတရား စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတို့ကို မည်သို့ ဆက်ဆံရမည်နှင့်ပတ်သက်သည့် စစ်မှန်သော စည်းမျဉ်း ဖြစ်သည်။ လူတို့ကို ရိုက်နှက်ခြင်း သို့မဟုတ် ဆဲဆိုခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် အခြားသူများကို လိမ်လည်သည့် သို့မဟုတ် ဒုက္ခပေးသည့် အရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် သမ္မာတရား စည်းမျဉ်းတစ်ခု မဟုတ်ပေ။ ယင်းမှာ အပျက်သဘောဆောင်သော သဘောအရ အမှုအရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်းမျှသာ ဖြစ်သည်။ သို့သော် သင်သည် ယင်းတို့ကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ရုံမျှဖြင့် လူတို့ကို ဆက်ဆံပုံအတွက် သင့်တွင် စည်းမျဉ်းများ ရှိသည်ဟု မဆိုလိုပေ။ လူတို့ကို မရိုက်နှက်ခြင်း သို့မဟုတ် မဆဲဆိုခြင်းက လူတို့ကို ဆက်ဆံခြင်းအတွက် သင်၏ စည်းမျဉ်းများ မှန်ကန်သည်ဟု မဆိုလိုပေ။ ၎င်းတို့ကို ရိုက်နှက်ခြင်း သို့မဟုတ် ဆဲဆိုခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် ၎င်းတို့ကို လိမ်လည်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်းမှ ရှောင်ကြဉ်ခြင်းသည် ၎င်းတို့ကို တရားမျှတစွာ ဆက်ဆံခြင်းနှင့် ညီမျှသလော။ မညီမျှပေ၊ မှန်သလော။ ထိုသူသည် တစ်ချိန်က သင့်ကို စော်ကားခဲ့သူ သို့မဟုတ် သင်နှင့် အဆင်မပြေခဲ့သူ ဖြစ်ပါက၊ သို့မဟုတ် သင် မနှစ်သက်သူတစ်ဦး ဖြစ်သော်လည်း ၎င်းတို့၏ လူ့သဘာဝနှင့် အစွမ်းအစကို အခြေခံ၍ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်တော်ပါက သင်သည် ၎င်းတို့ကို ရွေးချယ်မည်လော။ သင်သည် ဤအရာကို လူတို့ကို မရိုက်နှက်ခြင်း သို့မဟုတ် မဆဲဆိုခြင်း၊ ၎င်းတို့ကို မလိမ်လည်ခြင်း သို့မဟုတ် ဒုက္ခမပေးခြင်းဟူသည့် စည်းမျဉ်းဖြင့် တိုင်းတာပါက သင် မည်သို့ လုပ်ဆောင်မည်နည်း။ သင့်တွင် လိုက်လျှောက်ရန် လမ်းကြောင်း ရှိမည် မဟုတ်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးအနေဖြင့် လူတို့ကို ဆက်ဆံခြင်းအတွက် တိကျမှန်ကန်သော စည်းမျဉ်းများ မရှိဘဲ အလွန်ဆုံးအနေဖြင့် သင်က “ကျွန်ုပ်သည် ၎င်းတို့ကို မရိုက်နှက်ခဲ့ သို့မဟုတ် မဆဲဆိုခဲ့ပေ၊ ၎င်းတို့ ကောင်းသည် သို့မဟုတ် ဆိုးသည်ကိုလည်း ငါ မပြောခဲ့ပေ။ ငါသည် ၎င်းတို့ကို မဟန့်တားခဲ့သဖြင့် ငါက ၎င်းတို့ကို လိမ်လည်ခဲ့သည် သို့မဟုတ် ဒုက္ခပေးခဲ့သည်ဟု သင် ပြော၍မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ငါသည် ၎င်းတို့ကို မနှစ်သက်သောကြောင့် ၎င်းတို့ကို ရွေးချယ်မည် မဟုတ်ပေ” ဟု ပြောလိမ့်မည်။ ၎င်းတို့ကို မရွေးချယ်ခြင်းသည် လူတို့ကို တရားမျှတစွာ ဆက်ဆံခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အမှန်တွင် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအတွက် သင့်လျော်သော ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ပါက သင်သည် ၎င်းတို့ကို ရွေးချယ်သင့်သည်။ ဤသည်သာလျှင် လူတို့ကို တရားမျှတစွာ ဆက်ဆံခြင်း ဖြစ်သည်။ ၎င်းတို့ကို ရွေးချယ်ခြင်းသည် လူတို့ကို မရိုက်နှက်ခြင်း သို့မဟုတ် မဆဲဆိုခြင်း၊ ၎င်းတို့ကို မလိမ်လည်ခြင်း သို့မဟုတ် ဒုက္ခမပေးခြင်းဟူသည့် စည်းမျဉ်းအပေါ် အခြေခံခြင်း မဟုတ်ဘဲ အဘယ်အရာအပေါ် အခြေခံသနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက တောင်းဆိုသည့်အတိုင်း လူတို့ကို တရားမျှတစွာ ဆက်ဆံခြင်းဟူသည့် စည်းမျဉ်းအပေါ် အခြေခံလေသည်။ ဤသည်သာလျှင် သမ္မာတရား စည်းမျဉ်းတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အချို့လူများက “ငါသည် လူတို့ကို မရိုက်နှက် သို့မဟုတ် မဆဲဆိုပေ၊ ၎င်းတို့ကို လိမ်လည်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်းလည်း မရှိပေ၊ သို့ဆိုလျှင် ယင်းက ငါ့ကို လူကောင်းတစ်ဦး ဖြစ်စေသည် မဟုတ်လော” ဟု တွေးကြပြီး ယင်းနှင့်ပတ်သက်၍ ငါက “သင်သည် လူကောင်းတစ်ဦး မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် သင်သည် လူတစ်ဦးအဖြစ် သတ်မှတ်ခံရရန်ပင် ကံကောင်းနေခြင်း ဖြစ်သည်” ဟု ပြောလေသည်။ အမှန်တကယ် ကောင်းမွန်သော လူတစ်ဦးသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သူ ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့ကို မည်သို့ ဆက်ဆံရမည်နှင့်ပတ်သက်လာလျှင် ၎င်းတို့ကို ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်းတို့မှ ရှောင်ကြဉ်သည့်အပြင် သင်သည် ၎င်းတို့ကို တရားမျှတစွာနှင့် ဖြောင့်မတ်စွာ ဆက်ဆံနိုင်သေးသည်။ ထိုအခါမှသာ သင်သည် လူကောင်းတစ်ဦး ဖြစ်လေသည်။ ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်းက ရှင်းလင်းစေသလော။ (ရှင်းလင်းစေပါသည်။) ကိုယ်ကျင့်တရားဆိုင်ရာ စည်းသည် ၎င်းတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော လူများအတွက် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သည့် အခြေခံ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ကျင့်ကြံပြုမူခြင်းအတွက် ဤစည်းမျဉ်းသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီသော်လည်း ယင်းသည် သမ္မာတရား စည်းမျဉ်းများကို အစားမထိုးနိုင်ပေ။ သမ္မာတရား စည်းမျဉ်းများနှင့် နှိုင်းယှဉ်ပါက ကွာဟချက်တစ်ခု ရှိနေသေးသည်။ အလွန်ဆုံးအနေဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းရှိသူ တစ်ဦးသည် စံမီသော လူတစ်ဦးဖြစ်သော်လည်း ၎င်းကို လူကောင်းတစ်ဦးဟု ခေါ်၍မရနိုင်ပေ။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကျင့်ကြံပြုမူပြီး ပြုမူဆောင်ရွက်နိုင်သူများသာလျှင် လူကောင်းများ ဖြစ်ကြသည်။ ဥပမာအားဖြင့် သာမန်လူတစ်ဦးသည် အခြားသူများကို မည်သို့ ဆက်ဆံသည်နှင့်ပတ်သက်လာလျှင် အခြားသူများကို မလိမ်လည်ရန် သို့မဟုတ် ဒုက္ခမပေးရန်နှင့် လူတို့ကို မရိုက်နှက်ရန် သို့မဟုတ် မဆဲဆိုရန် လုပ်ဆောင်နိုင်ပါက ယင်းမှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ သို့သော် လူကောင်းတစ်ဦး၏ လူတို့ကို ဆက်ဆံခြင်းအတွက် စည်းမျဉ်းများသည် ဤအရာထက် ပို၍ မြင့်မားလေသည်။ ၎င်းတို့သည် လူတို့ကို တရားမျှတစွာနှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဆက်ဆံနိုင်ကြသည်။ ဆိုလိုသည်မှာ စစ်မှန်သော လူသားတစ်ဦးတွင် ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခုနှင့် ရှက်စိတ်တစ်ခု ရှိပြီး ၎င်းတို့သည် သင့်တင့်လျောက်ပတ်စွာ မည်သို့ ကျင့်ကြံပြုမူရမည်နှင့်ပတ်သက်သည့် အခြေခံ အခြေအနေများကို ပိုင်ဆိုင်ကြသည်။ သို့ဖြစ်၍ ထိုသို့သော လူတစ်ဦးသည် လူတို့ကို တရားမျှတစွာ ဆက်ဆံခြင်း၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကျင့်ကြံပြုမူခြင်းနှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်းတို့ကို စွမ်းဆောင်ရရှိရန် အခွင့်အရေး ရှိလေသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စည်းတစ်ခုနှင့် သမ္မာတရား စည်းမျဉ်းများအကြားတွင် ကွာခြားချက်တစ်ခု ရှိသလော။ (ရှိပါသည်။)

လူတစ်ဦးသည် ၎င်းတို့၏ လူ့သဘာဝတွင် ရှက်စိတ်ရှိပါက ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် ပြုမူဆောင်ရွက်ပုံတို့တွင် ၎င်းတို့၌ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ရှိလေသည်။ ၎င်းတို့၏ စည်းမှာ ၎င်းတို့သည် မိမိတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး ယင်းတို့ကို အဆုံးရှုံးမခံရဟူ၍ ဖြစ်သည်။ နေ့စဉ်သုံးစကားဖြင့် ပြောရလျှင် ထိုသို့သော လူတစ်ဦးသည် အခြေခံအားဖြင့် ၎င်းတို့၏ အသိစိတ်ကို အဆုံးရှုံးမခံခဲ့ပေ။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပုံနှင့်ပတ်သက်၍ စေ့စပ်သေချာကြသည်၊ ၎င်းတို့သည် တည်ကြည်မှုနှင့် ကိုယ်ကျင့်စရိုက်ကို တန်ဖိုးထားကြပြီး ၎င်းတို့တွင် လူသားဆန်မှု ရှိကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများ၊ အဆင့်အတန်း သို့မဟုတ် ငွေကြေးတို့နှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် စည်းတစ်ခု ရှိသည်။ ဤစည်းသည် ၎င်းတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်လေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှု သို့မဟုတ် လူသား ကျင့်ဝတ်များအရ မျှတမှုမရှိသော အမှုအရာများကို အရှက်အကြောက်ကင်းမဲ့စွာ လုပ်ဆောင်ရန် ၎င်းတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာက ခွင့်ပြုသည့်အရာထက် ကျော်လွန်သွားမည် မဟုတ်ပေ။ ဤသည်မှာ ရှက်စိတ်ရှိခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အရည်အသွေးများရှိသော လူများသည် စားသောက်ပျော်ပါးခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ လူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့၏ ကိုယ်ပိုင် အမြင်များနှင့် ရွေးချယ်မှုများ ရှိကြသည်။ ၎င်းတို့သည် တွေဝေမိုက်မဲပြီး ကာမဂုဏ်လိုက်စားသော ဘဝဖြင့် နေထိုင်ရန်၊ မိမိတို့ကိုယ်ကို ထင်ရာမြင်ရာ အလိုလိုက်ပြီး အကျင့်ပျက်စွာ ပြုမူရန် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက်သို့ လုံးဝ လိုက်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် လူ့လောက၏ ကိစ္စရပ်များ သို့မဟုတ် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့်ပတ်သက်၍ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ် ရွေးချယ်မှုများ ရှိကြသည်။ ဤရွေးချယ်မှုများသည် ၎င်းတို့၏ ဖြောင့်မှန်ခြင်းနှင့် ကြင်နာခြင်းအပေါ် အခြေခံကောင်း အခြေခံနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ ရှက်စိတ်အပေါ် အခြေခံကောင်း အခြေခံနိုင်သည်။ ယင်းမှာ လက်ရှိကိစ္စရပ်အပေါ် မူတည်လေသည်။ လောကတွင် ပေါ်ပေါက်လာသော အမျိုးမျိုးသော အရာများသည် မည်မျှပင် ရေပန်းစားနေပါစေ၊ ပြီးလျှင် ယင်းတို့ကို လူ့အဖွဲ့အစည်းနှင့် အများပြည်သူက မည်မျှပင် သဘောတူလက်ခံကြပါစေ၊ ထိုသို့သော လူများသည် ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ ကိုယ့်အတွေးအခေါ်နှင့်ကိုယ်၊ ကိုယ်အမြင်နှင့်ကိုယ် ရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်ကြဦးမည်သာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “မည်သည့်အခြေအနေမျိုးတွင်မဆို လူတစ်ဦးသည် မိမိ၏ လူ့သဘာဝကို အဆုံးရှုံးခံ၍မရပေ။ အချိန်တိုင်းတွင် သင်သည် လူသားတစ်ဦး ဖြစ်သည်။ သားရဲများ လုပ်သောအရာများကို သင် လုပ်ဆောင်၍မရပေ။ နတ်ဆိုးများ လုပ်သောအရာများကို သင် လုပ်ဆောင်၍မရပေ။ သင်သည် မိမိကိုယ်ကို သားရဲများနှင့် နတ်ဆိုးများနည်းတူ ဖြစ်အောင် မလုပ်နိုင်ပေ” ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းခြင်းကို ခံရလေသည်။ တိတိကျကျ ပြောရလျှင် ဤချုပ်တည်းမှုဆိုသည်မှာ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက အစဉ်မပြတ် သတိပေးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဤသို့သော လူတစ်ဦးနှင့် အခြားလူတစ်ဦးတို့ နှစ်ဦးစလုံး စီးပွားရေး လုပ်နေကြသည်ဟု ဆိုကြပါစို့။ အခြားလူက လူတို့ကို အစဉ်မပြတ် လှည့်ဖြားပြီး ကလိမ်ကျကာ ယွမ်ဆယ်တန် ပစ္စည်းတစ်ခုကို ယွမ် သုံးရာမှ ငါးရာအထိ ရောင်းချသော်လည်း ၎င်းတို့ကမူ ယင်းကို ယွမ် ငါးဆယ်ဖြင့်သာ ရောင်းချပြီး စားဝတ်နေရေး ဖူလုံရုံမျှသာ ရှာဖွေကြသည်။ အခြားလူက ကြီးမားသော အမြတ်အစွန်းများ ရရှိနေသည်ကို မြင်ရပြီး ၎င်းတို့ကမူ ဝမ်းစာဖူလုံရန်အတွက်သာ နှစ်ပေါင်းများစွာ ဤမျှ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရချိန်တွင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမြဲတစေ မကျေမချမ်း ဖြစ်ကြရသည်။ ၎င်းတို့သည်လည်း အခြားလူကဲ့သို့ အရှက်အကြောက်ကင်းမဲ့လိုကြသော်လည်း ထို့နောက် “ထိုသို့လုပ်ခြင်းက ငါ့အနေဖြင့် အလွန်ပင် လိပ်ပြာမသန့်ဖြစ်လိမ့်မည်။ ငါသည် ယင်းကဲ့သို့ လုပ်ဆောင်ရန် အားမထုတ်နိုင်ပေ။ ငါ ယင်းကို လုပ်ပြီးနောက် ဖော်ထုတ်ခံရလျှင် မည်သို့ဖြစ်မည်နည်း။ ယင်းကို လုပ်ခြင်းက ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်မည်လော။ ငါ ထောင်ကျမည်လော” ဟု တွေးကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ များစွာ တွေးတောကြပြီး ဤကဲ့သို့ ယင်းကို အချိန်ယူ စဉ်းစားဆင်ခြင်ရင်း ၎င်းတို့၏ အသိစိတ်ထံ၌ အစဉ်မပြတ် လိပ်ပြာမလုံခြင်းကို ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် လောက၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများ၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရပြီး ကောင်းမွန်သော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘဝတစ်ခုကို ခံစားရန် ငွေပိုရှာလိုကြသော်လည်း ယင်းကို အချိန်ယူ စဉ်းစားဆင်ခြင်ပြီးနောက် အဆုံးတွင် ၎င်းတို့သည် အခြားသူများကို လှည့်ဖြားရန်နှင့် ကလိမ်ကျရန် အားမထုတ်နိုင်ကြသေးပေ။ အချို့လူများက “ထိုသို့သော လူများသည် ကြောက်တတ်ရုံမျှသာ ဖြစ်သည်၊ မဟုတ်လော” ဟု ပြောကြသည်။ ၎င်းတို့ထဲမှ အချို့သည် ကြောက်တတ်ကြသော်လည်း အချို့မှာမူ မကြောက်တတ်ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းခြင်းကို ခံရရုံမျှသာဖြစ်ပြီး အခြားသူများကို မလိမ်လည်နိုင်၊ မလှည့်စားနိုင်ဟု ခံစားကြရသည်။ ၎င်းတို့သည် တစ်ခါတစ်ရံ ယင်းကို လုပ်မိလျှင်ပင် နောက်ပိုင်းတွင် နောင်တရကြပြီး တစ်စုံတစ်ရာ မှားယွင်းသွားမည်ကိုလည်းကောင်း၊ တစ်စုံတစ်ဦးက ၎င်းတို့၏ တံခါးကို လာခေါက်မည်ကိုလည်းကောင်း နေ့စဉ်နေ့တိုင်း ကြောက်ရွံ့စွာ နေထိုင်ကြရသည်။ ၎င်းတို့က “ငါသည် ဤငွေကို ဂုဏ်သိက္ခာရှိရှိ ရှာဖွေခဲ့ခြင်း မဟုတ်ပေ။ လူများ သိသွားပါက ၎င်းတို့သည် ငါ့ကွယ်ရာတွင် ငါ့ကို ဝေဖန်ကြမည်လော။ ငါ ဤအရာကို ထပ်၍ လုံးဝ လုပ်မည် မဟုတ်ပေ။ ငါသုံးစွဲသော ငွေသည် ငါ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုမှတစ်ဆင့် ရှာဖွေထားခြင်း ဖြစ်မှသာ ငါ၏ စိတ်သည် ငြိမ်းချမ်းမှုကို ခံစားရပြီး ထိုအခါမှသာ ငါ၏ အိပ်စက်ခြင်းသည် အိပ်မက်ဆိုးများ ကင်းစင်လေသည်” ဟု မိမိတို့ဘာသာ တွေးကြသည်။ ဤကဲ့သို့ တစ်စုံတစ်ဦးကို တစ်ကြိမ် လိမ်လည်ပြီးနောက် ၎င်းတို့အတွက် အချိန်အတန်ကြာ အမှုအရာများ ခက်ခဲသွားလေသည်။ ၎င်းတို့ ကောင်းစွာ အိပ်မပျော်ကြပေ၊ ၎င်းတို့ အစာမဝင်နိုင်ကြသည့်အပြင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြဲတစေ စိတ်မသက်မသာ ခံစားကြရသည်။ သေချာပေါက် ဤလူစားမျိုးသည် လူ့အဖွဲ့အစည်းတွင် အခြေခံအားဖြင့် မရှိသလောက် ဖြစ်သည်။ လူ့အဖွဲ့အစည်းသည် နတ်ဆိုးများနှင့်ဆိုင်သော၊ တိရစ္ဆာန်များနှင့်ဆိုင်သော လူများနှင့် ပြည့်နှက်နေသည်။ ဤကဲ့သို့ အခြားသူများကို လှည့်ဖြားခြင်း၊ ကလိမ်ကျခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။

အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် စားသောက်ပျော်ပါးခြင်းနှင့် ပတ်သက်သော အမျိုးမျိုးသော ကိစ္စရပ်များနှင့် မကြာခဏ ထိတွေ့ရလျှင်ပင် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ယင်းတို့၏ လုပ်ဆောင်ချက်ကို လုပ်ဆောင်နေဦးမည်သာ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အမျိုးမျိုးသော လိုအင်ဆန္ဒများကို အပြည့်အဝ အလိုလိုက်ရန် ဇာတိပကတိ သို့မဟုတ် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက်သို့ လိုက်ကြမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့ မည်သည့်အရာကို စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ ခံစားသည်ဖြစ်စေ ကန့်သတ်ချက်တစ်ခု ရှိလေသည်။ ၎င်းတို့က “ကောင်းသော အစားအစာများကို စားခြင်း၊ ကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်ခြင်းနှင့် အကောင်းဆုံးသော ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့ခံစားမှုများ ရှိခြင်းသည် အချည်းနှီးသာ ဖြစ်သည်။ ဤသည်မှာ လူတို့ အသက်ရှင်ရသည့် အကြောင်းရင်း အမှန်တကယ် ဖြစ်သလော” ဟု တွေးကြသည်။ ဤလူစားမျိုး၏ စိတ်နှလုံးထဲတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သာယာမှုများ၊ စားသောက်ပျော်ပါးခြင်းတို့သည် ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာ၏ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ပေ။ ၎င်းတို့က “လူတို့သည် ကောင်းသောအရာများကို ပျော်မွေ့ခံစားရန် အစဉ်သဖြင့် လိုက်စားကြသည်။ ယခု ငါကိုယ်တိုင် ယင်းတို့ကို ပျော်မွေ့ခံစားပြီးဖြစ်သော်လည်း မည်သည့် ပျော်ရွှင်မှုကိုမျှ ငါ မခံစားရပေ။ ပျော်ရွှင်မှုဆိုသည်မှာ အဘယ်အရာ ဖြစ်သနည်း။ စစ်မှန်သော ပျော်ရွှင်မှုရရှိရန် လူတစ်ဦးသည် မည်သို့ အသက်ရှင်သင့်သနည်း။ ဤစားသောက်ပျော်ပါးခြင်း အားလုံးအပြင် အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာ သာယာမှုများကို ငါ ခံစားပြီးဖြစ်သည်။ ယင်းမှာ လူ့ဘဝတွင် ပါဝင်သည့်အရာ မဟုတ်လော။ ဤသည်မှာ ဘဝဖြစ်သလော။ လူတစ်ဦးသည် စားသောက်ပျော်ပါးခြင်းကို လိုက်စားရန်နှင့် ရုပ်ပိုင်းဆိုင်ရာ သာယာမှုများကို လိုက်စားရန်အတွက်သာ ၎င်း၏ တစ်သက်တာလုံး ဤကဲ့သို့ အသက်ရှင်ပါက ၎င်းသည် တိရစ္ဆာန်တစ်ကောင်နှင့် မည်သို့ ကွဲပြားသနည်း။ လူသားများသည် တိရစ္ဆာန်များကဲ့သို့ တစ်နေ့ သုံးနပ်အတွက်သာ အသက်ရှင်ပြီး ဘဝဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို နားမလည်ပါက၊ ၎င်းတို့၏ အတွေးများ၊ ၎င်းတို့၏ ဝိညာဉ်ရေးရာကမ္ဘာနှင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မပြည့်စုံဘဲ ရှိနေပြီး ဘဝနှင့်ပတ်သက်သည့် အမှုအရာများစွာကို နားမလည်ပါက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဤကဲ့သို့ အသက်ရှင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာ ဖြစ်သနည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ လူတို့သည် ငယ်ရွယ်စဉ်အခါက လောကနှင့်ပတ်သက်၍ သိချင်စိတ်များ ပြည့်နှက်နေကြသည်။ ၎င်းတို့ မသိသောအရာများနှင့် မမြင်ဖူးသောအရာများစွာ ရှိပြီး ၎င်းတို့ မကြုံဖူးသောအရာများစွာ ရှိကာ ၎င်းတို့သည် အပြင်ထွက်ပြီး လောကကို ရင်ဆိုင်ပါက ၎င်းတို့၏ ဘဝသည် အလွန် ပျော်ရွှင်ပြီး ပြည့်စုံကောင်း ပြည့်စုံနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် အံ့သြဖွယ်ကောင်းပြီး တစ်မူထူးခြားသော ဘဝတစ်ခုကို နေထိုင်ကောင်း နေထိုင်နိုင်သည်ဟု ၎င်းတို့ ခံစားကြရသည်။ သို့သော် လူ့အဖွဲ့အစည်းကို အမှန်တကယ် ကြုံတွေ့ပြီးနောက် လူသားမျိုးနွယ်သည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဤကဲ့သို့ အသက်ရှင်နေကြသည်ကို ၎င်းတို့ မြင်တွေ့ကြရသည်။ ၎င်းတို့၏ လူငယ်ဘဝတွင် မိုက်မဲပြီး အသိဉာဏ်ကင်းမဲ့ခြင်းမှသည် လူ့အဖွဲ့အစည်းတွင် အချို့သောအရာများကို ဖြတ်သန်းပြီးနောက် များစွာ ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ဘဝအတွေ့အကြုံအချို့ ရရှိခြင်းအထိ ဤသည်မှာ လူတိုင်း မိမိတို့၏ ဘဝကို ဖြတ်သန်းသည့်ပုံစံ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ရှေ့ရေးများ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းနှင့် စားသောက်ပျော်ပါးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ သာယာမှုများအပေါ် အာရုံစိုက်ခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းကြရသည်။ ၎င်းတို့၏ နှောင်းပိုင်းနှစ်များတွင် ၎င်းတို့သည် ဘဝအတွေ့အကြုံအချို့ကို ရရှိခဲ့သော်လည်း မည်သည့်အရာကိုမျှ ရိတ်သိမ်းရရှိခဲ့ပုံ မပေါ်သည့်အပြင် ဘဝဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း ၎င်းတို့ နားမလည်ကြပေ။ လူတစ်ဦးသည် ၎င်း၏ တစ်သက်တာလုံး ဤကဲ့သို့ အသက်ရှင်ခြင်းက အတော်လေး အဓိပ္ပာယ်မရှိပေ၊ မဟုတ်လော။ လူတို့သည် ရှင်းပြ၍မရနိုင်သော ဟာလာဟင်းလင်းဖြစ်မှုကို မကြာခဏ ခံစားကြရသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘဝအကြောင်းကို အမှန်တကယ် စဉ်းစားဆင်ခြင်ပြီး အဓိပ္ပာယ်ရှိကာ တန်ဖိုးရှိသော အရာတစ်ခုခုကို တွေးတောရန် ကြိုးစားသည့်အခါ ၎င်းတို့သည် မည်သည့်အရာကိုမျှ မတွေးတောနိုင်ကြဘဲ ၎င်းတို့၏ စိတ်နှလုံးများသည် လုံးဝ ဟာလာဟင်းလင်းဖြစ်နေသည်ဟု ခံစားကြရသည်။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အပြင် ၎င်းတို့၏ စိတ်နှလုံးများက အဘယ်အရာကို လိုအပ်သင့်သည် သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးများက မည်သည့်နေရာတွင် အနားယူသင့်သည်ကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် မှီခိုစရာ မည်သည့်အရာမျှ မရှိဟု ခံစားကြရပြီး အလွန်အမင်း ဦးနှောက်ခြောက်သွားကာ “ငါသည် ဤဘဝတွင် အတော်များများသော အရာများကို ကြုံတွေ့ခဲ့ရပြီး အမျိုးမျိုးသော အခက်အခဲများနှင့် နာကျင်မှုများကို ငါ မြည်းစမ်းခဲ့ရသည်။ ဤသည်မှာ အမှန်တကယ်ပင် ဘဝအဆုံးသတ်သည့်ပုံစံ ဖြစ်သလော” ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် သက်ကြီးရွယ်အိုများကို ကြည့်သည့်အခါ ထိုသူတို့သည်လည်း ဤနည်းလမ်းဖြင့် ဘဝကို ဖြတ်သန်းခဲ့ကြပုံပေါ်သည်။ ထိုအခါ လူတို့၏ ဘဝများသည် အဓိပ္ပာယ်မရှိဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သာယာမှုများကို အစဉ်သဖြင့် လိုက်စားနေခဲ့ကြသည်။ ၎င်းတို့တွင် ထိုအရာများ မရှိသည့်အခါ ၎င်းတို့သည် ယင်းတို့ကို ရရှိရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ၎င်းတို့ ယင်းတို့ကို ရရှိသည့်အခါ ၎င်းတို့သည် ပျော်ရွှင်မှု အနည်းငယ်ကို ခံစားရပြီး အချိန်အတန်ကြာ အနည်းငယ် ဝမ်းမြောက်ကြသော်လည်း ရေရှည်တွင် ၎င်းတို့၌ ပြောပလောက်သော ပျော်ရွှင်မှု မရှိပေ။ ၎င်းတို့၏ ဘဝအချိန်အများစုအတွက် ဟိုဟိုဒီဒီ ပြေးလွှားပြီးနောက် ၎င်းတို့သည် ဖက်တွယ်ထားသင့်သည့် အရာတစ်ခုမျှ မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေဆဲဟု ခံစားကြရသည်။ ၎င်းတို့သည် လက်နှစ်ဖက်ဖြင့် လေကို ဖမ်းဆုပ်နေသည့်တိုင် ယင်းထံမှ တစ်စုံတစ်ရာ ရရှိရန် မျှော်လင့်နေသကဲ့သို့ အစဉ်သဖြင့် ခံစားကြရသည်။ ဤခံစားချက်က ကောင်းသည်ဟု သင်တို့ ပြောမည်လော။ (မကောင်းပါ။) သို့ဆိုလျှင် ဤခံစားချက်က မည်သို့ ဖြစ်ပေါ်လာသနည်း။ (လောကရှိ ထိုစားသောက်ပျော်ပါးခြင်း အားလုံးသည် လူတို့၏ စိတ်အတွင်းပိုင်း လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။) လူတိုင်း ဤသို့ တွေးကြသလော။ မည်သည့် လူစားမျိုးက ဤသို့ တွေးကြသနည်း။ (အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများက ဤသို့ တွေးကြပါသည်။) ငါ့ကို ပြောလော့၊ အတွေးများ မရှိသော၊ ယုတ္တိတန်သော တွေးခေါ်မှု မရှိသော၊ ပြီးလျှင် ဦးနှောက်မရှိသော လူများသည် ဤသို့ တွေးကြမည်လော။ (မတွေးကြပါ။) ဦးနှောက်မရှိသော လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သားရဲများနှင့်ဆိုင်လေသည်။ ၎င်းတို့သည် လူ့သဘာဝ၏ ဤကိစ္စရပ်များအကြောင်းကို မတွေးကြသည့်အပြင် လူ့ဘဝ၊ အနာဂတ် သို့မဟုတ် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းရမည် ဟူသည်ကိုလည်း ၎င်းတို့ မစဉ်းစားကြပေ။ ၎င်းတို့သည် ဤအရာများကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ၎င်းတို့ စားနိုင်သောက်နိုင်သရွေ့ ၎င်းတို့ ကျေနပ်ကြသည်။ ၎င်းတို့သည် ရောက်လာသည့် နေ့ရက်တိုင်းကို ဖြစ်သလို ဖြတ်သန်းကြပြီး ၎င်းတို့ အသက်ရှင်သည့် နေ့ရက်တိုင်းတွင် ပျော်ပါးကြကာ ၎င်းတို့ ပျော်ပါးနိုင်သည့် နေ့ရက်တိုင်းကို ပျော်မွေ့ခံစားကြသည်။ ၎င်းတို့သည် ဘဝနှင့်ပတ်သက်သော ဤကိစ္စရပ်များကို မစဉ်းစားကြပေ။ သို့ဆိုလျှင် ဤအရာများသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့် မည်သို့ ပတ်သက်သနည်း။ လူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါက ၎င်း လုပ်ဆောင်သည့်အရာတွင် ဆင်ခြင်တုံတရားကို ပြသလိမ့်မည်။ ဆင်ခြင်တုံတရား ရှိခြင်းသည် လူတို့အတွက် အလွန် အရေးကြီးလေသည်။ လူတို့တွင် ဆင်ခြင်တုံတရား ရှိသည့်အခါ အချိန်အများစုတွင် ၎င်းတို့သည် စိတ်ခံစားချက်ဖြင့် အသက်မရှင်ကြဘဲ ဆင်ခြင်တုံတရားဖြင့် အသက်ရှင်ကြပြီး ပစ္စုပ္ပန်အခိုက်အတန့်တွင် ဆင်ခြင်တုံတရားဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့က “ငါသည် ဤဘဝတွင် တစ်စုံတစ်ရာကို အမှန်တကယ် ရရှိခဲ့သလော။ ဤဘဝသည် အသက်ရှင်ရကျိုးနပ်ခဲ့သလော။ ငါသည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသော အရာတစ်ခုခုကို လုပ်ဆောင်ခဲ့သလော။ ငါလိုက်စားသည့်အရာများသည် ငါ့အတွင်း၌ လိုအပ်သည့်အရာများ ဖြစ်သလော။ ငါ၏ အတွင်းပိုင်း လိုအပ်ချက်များ ပြည့်ဝခဲ့သလော။ ယင်းတို့ မပြည့်ဝခဲ့ပေ၊ ပြီးလျှင် ငါသည် အလွန် ဟာလာဟင်းလင်းဖြစ်နေသည်ဟု ခံစားရသည်။ မည်သည့် ရုပ်ဝတ္ထုပစ္စည်းတစ်ခုကမျှ သို့မဟုတ် မိသားစု ချစ်ခင်တွယ်တာမှုကမျှ သို့မဟုတ် အပေါင်းအသင်းကဏ္ဍကမျှ ငါ့ကို စိတ်နှလုံး နက်ရှိုင်းရာ၌ မကျေနပ်စေနိုင်ပေ။ ဤအရာများထဲမှ တစ်ခုမျှ ငါ၏ လူ့သဘာဝက လိုအပ်သည့်အရာများ မဟုတ်ပေ” ဟု စဉ်းစားကြလိမ့်မည်။ ၎င်းတို့သည် ဤအရာများအကြောင်းကို ဆင်ခြင်တုံတရားဖြင့် တွေးတောကြလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အရွယ်ရောက်လာလေလေ ဤအရာများကို ဆင်ခြင်တုံတရားဖြင့် ပို၍ ရှုမြင်လေလေဖြစ်ပြီး ၎င်းတို့ အဖြေများ ရရှိရန် ပျက်ကွက်လေလေ ၎င်းတို့သည် နာကျင်မှုကို ပို၍ ခံစားရလေလေ ဖြစ်သည်။ ဤအရာများကို မကြုံတွေ့မီ လူတို့သည် စီစဉ်ထားပြီး ပုံမှန် ဆင်ခြင်တုံတရားကို အသုံးပြုသည့် နည်းလမ်းဖြင့် ဆင်ခြင်တုံတရား၏ အတိုင်းအတာအတွင်းရှိ အချို့သောအရာများကို အကဲဖြတ်ပြီး စိတ်ကူးကြလိမ့်မည်။ သို့သော် ၎င်းတို့သည် ဤအရာများ၏ လုပ်ငန်းစဉ်ကို ဖြတ်သန်းပြီး နောက်ကြောင်းပြန်ကြည့်သည့်အခါ ပို၍ ဆင်ခြင်တုံတရား ရှိလာကြသည်။ ၎င်းတို့သည် မိမိတို့ ကြုံတွေ့ခဲ့ရသောအရာများနှင့် မိမိတို့ ဖြတ်သန်းခဲ့ရသောအရာများကို ဆင်ခြင်တုံတရားဖြင့် ရှုမြင်ကြလိမ့်မည်ဖြစ်ပြီး ဤအရာများအားလုံးသည် အချည်းနှီး ဂုဏ်မောက်လိုစိတ် ဖြစ်ကြောင်းနှင့် တစ်ခုမျှ အဓိပ္ပာယ်မရှိကြောင်းကို ၎င်းတို့ မြင်တွေ့ကြလိမ့်မည်။ ငါ အဘယ်ကြောင့် ဤသို့ ပြောသနည်း။ အကြောင်းမှာ လူတို့ လုပ်ဆောင်သမျှသည် အစားအစာနှင့် အဝတ်အစားအတွက်၊ ၎င်းတို့၏ ဇာတိပကတိအတွက် တစ်နေ့ သုံးနပ်ကို ထိန်းသိမ်းထားရန်နှင့် ရုပ်ပိုင်းဆိုင်ရာ သာယာမှုများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အပြိုင်အဆိုင် လုပ်ကြပြီး တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ကြသည်။ လူတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသက်ရှင်လျက် ဤအရာများအတွက်သာ ၎င်း၏ တစ်သက်တာလုံး အသက်ရှင်ပါက ၎င်းသည် တိရစ္ဆာန်တစ်ကောင်ထက် များစွာ ပို၍ အဆင့်မြင့်ခြင်း မရှိပေ။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် မည်သည့်တန်ဖိုးမျှ မရှိပေ။ လူ့ဆင်ခြင်တုံတရားရှိသော လူများသည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် စဉ်းစားဆင်ခြင်ကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် အသက်အရွယ်တစ်ခုသို့ ရောက်ရှိလာသည့်အခါ ဤအစဉ်မပြတ် ထပ်တလဲလဲဖြစ်နေသော နေထိုင်မှုပုံစံများ၊ ကစားပွဲ၏ စည်းမျဉ်းများနှင့် အမှုအရာများကို ကိုင်တွယ်သည့် နည်းလမ်းများသည် ၎င်းတို့ကို ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အမင်း မနှစ်မြို့ခြင်း၊ စက်ဆုပ်ရွံရှာခြင်းနှင့် စိတ်ကုန်ခြင်းတို့ကို ခံစားရစေလိမ့်မည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဤအရာများအားလုံးကို ခံစားပြီး ကြုံတွေ့ခဲ့ရသည့်တိုင် မည်သည့်အရာကိုမျှ ရိတ်သိမ်းရရှိခဲ့ခြင်း မရှိသည့်အပြင် ၎င်းတို့၏ လူ့သဘာဝ၏ လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးသည့် စစ်မှန်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော မည်သည့်အရာကိုမျှ မရရှိခဲ့ဟု ခံစားရလျက် ဟာလာဟင်းလင်းဖြစ်မှု ခံစားချက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ဤအခြေအနေများအောက်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ဆက်လက်၍ စူးစမ်းလေ့လာခြင်း၊ ရှာဖွေခြင်းနှင့် စမ်းတဝါးဝါး ရှာဖွေခြင်းတို့ကို ပြုလုပ်ကြလိမ့်မည်။ စစ်မှန်သော လူ့ဘဝဆိုသည်မှာ အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ လူတစ်ဦးသည် ၎င်းတို့၏ ဘဝကို အတိအကျအားဖြင့် မည်သို့ အသက်ရှင်သင့်သနည်း။ အချို့သော ဉာဏ်ကောင်းသည့် လူများသည် ဘဝတွင် လမ်းကြောင်းတစ်ခုကို ရှာဖွေကြလိမ့်မည်ဖြစ်ပြီး ဘာသာရေး ယုံကြည်မှုကို ရှာဖွေရန် ကြိုးစားကြလိမ့်မည်။ ဤအခြေအနေတွင် အချို့လူများသည် ဘုရားအိမ်တော်သို့ ရောက်လာကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ပံ့ပိုးပေးသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့သာလျှင် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်းကို ၎င်းတို့ ရှာဖွေတွေ့ရှိကြသည်။ ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သနည်းဟူသည့် မေးခွန်းများကို ၎င်းတို့ စူးစမ်းလေ့လာသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ ၎င်းတို့ကို အဖြေများ ပေးနိုင်လေသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်မှုတစ်ခု ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံကာ ထို့နောက် ယင်းတို့ကို ကျိုးနွံနာခံရန် နောက်တစ်ဆင့်သို့ တက်လှမ်းကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ဆာငတ်မှု၊ လက်ခံမှုနှင့် ကျိုးနွံနာခံမှုတို့အားလုံးသည် ၎င်းတို့၏ ဘဝအတွေ့အကြုံအပေါ် အခြေခံပြီး ဘဝတွင် ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အချို့သောအရာများနှင့်ပတ်သက်သော ၎င်းတို့၏ ဆင်ခြင်သုံးသပ်မှုများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုလေးတင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာသည် စိတ်ကူးယဉ်ဆန်သည်ဟု သင်တို့ ခံစားရသလော။ ယင်းကို သင်တို့ နားလည်နိုင်သလော။ (ယင်းမှာ စိတ်ကူးယဉ်မဆန်ပါ။ ကျွန်ုပ်တို့ ယင်းကို နားလည်နိုင်ပါသည်။) ဤအကြောင်းအရာသည် စိတ်ကူးယဉ်ဆန်ခြင်း မရှိသည့်အပြင် အနှစ်မဲ့ခြင်းလည်း မရှိချေ။ ယင်းမှာ လက်တွေ့ဘဝတွင် လူတို့ မြင်တွေ့နိုင်ပြီး ထိတွေ့နိုင်သည့် အရာများအားလုံး ဖြစ်သည်။ တစ်စုံတစ်ဦးက လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အကြောင်းကို မိတ်သဟာယဖွဲ့ခြင်းသည် လက်တွေ့ဘဝနှင့် ကင်းကွာနေသည်ဟု ထင်ပြီး ဤအကြောင်းအရာသည် အခြားကမ္ဘာတစ်ခုတွင် ဖြစ်ပျက်နေသည့်အရာတစ်ခုကဲ့သို့၊ ပြီးလျှင် လူတို့နှင့် အလွန် ကင်းကွာနေသကဲ့သို့ အလွန် အနှစ်မဲ့ကာ စိတ်ကူးယဉ်ဆန်သည်ဟု ခံစားရပါက ထိုသူတွင် ပြဿနာတစ်ခု ရှိနေသည်၊ မှန်သလော။ သင်သည် ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်သော ကိစ္စရပ်များကို နားမလည်သည့်အပြင် သင်၏ ကျင့်ကြံပြုမူခြင်းတွင် သင့်၌ မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိပေ။ သို့ဆိုလျှင် သင်သည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ နတ်ဆိုးတစ်ကောင်လော သို့မဟုတ် တိရစ္ဆာန်တစ်ကောင်လော။ ယင်းမှာ ပြောရခက်သော်လည်း မည်သို့ပင်ဖြစ်စေ သင်သည် လူသားတစ်ဦး မဟုတ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သည့် အတွေးများ သို့မဟုတ် သရုပ်သကန်များကို သတိပြုမိနိုင်ပြီး နားလည်နိုင်ကြသည်။ လူတစ်ဦးသည် ဤအပြုသဘောဆောင်သော အတွေးများ သို့မဟုတ် သရုပ်သကန်များကို နားမလည်နိုင်သော်လည်း အပျက်သဘောဆောင်သောအရာများကို နားလည်နိုင်ပါက ယင်းက ၎င်းတို့အတွင်း၌ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြောင်းကို ပြသလေသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသော အချို့လူများသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သည့် အတွေးများနှင့် အမြင်များအပြင် ကျင့်ကြံပြုမူသည့် နည်းလမ်းများကိုပင် အလွန်အမင်း မနှစ်မြို့ဖြစ်ကြပြီး ယင်းတို့သည် အရှက်ရဖွယ်ကောင်းသည်၊ စက်ဆုပ်ဖွယ်ကောင်းသည် သို့မဟုတ် အထင်အမြင်သေးဖွယ်ကောင်းသည်ဟု ခံစားကြရသည်။ ဤသူတို့သည် လူ့သဘာဝ၏ အရည်အသွေးများ မရှိသော လူများ ဖြစ်ကြသည်။ လူ့သဘာဝ၏ အရည်အသွေးများ မရှိသော လူများသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ သရုပ်သကန်များကို ပြင်းပြင်းထန်ထန် အော်ဂလီဆန်ကြသည့်အပြင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသော လူများ၏ လူ့သဘာဝက ပြသသည့် အမျိုးမျိုးသော တိကျသည့် အတွေးများ၊ အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုလည်း သတိမပြုမိနိုင်ကြပေ။ ၎င်းတို့သည် အမျိုးအစားတူ မဟုတ်သောကြောင့် ယင်းတို့ကို သတိမပြုမိနိုင်ကြပေ။ ငါ့ကို ပြောလော့၊ လူတို့သည် မည်သည့်စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူသည် သို့မဟုတ် ၎င်းတို့ အဘယ်ကြောင့် ထိုသို့ ပြုမူသည်ကို တိရစ္ဆာန်များ နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) တိရစ္ဆာန်များ မသိကြပေ။ တိရစ္ဆာန်များ အဘယ်အရာကို သိကြသနည်း။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်ရမည်နှင့် ယင်းကို မည်သည့်အချိန်တွင် လုပ်ဆောင်ရမည်ကို သိကြသည်။ မည်သည့်အချိန်တွင် စားရမည်၊ မည်မျှကြာအောင် ကစားရမည်နှင့် ၎င်းတို့၏ ပိုင်ရှင်များက ၎င်းတို့ကို ပုံမှန်အားဖြင့် မည်သည့်နေရာသို့ ခေါ်သွားသည်ဟူသည့် ထိုပုံသေကိစ္စများကိုသာ သိကြသည်။ ၎င်းတို့၏ ပိုင်ရှင်များက ၎င်းတို့ကို ထိုနေရာသို့ အဘယ်ကြောင့် ခေါ်သွားသည် သို့မဟုတ် အဘယ်ကြောင့် မခေါ်သွားသည်နှင့်ပတ်သက်၍မူ ဤအရာများသည် ၎င်းတို့ မသိသောအရာများ ဖြစ်သည်။ ၎င်းတို့ ရရှိသည့် အစားအစာ ပမာဏသည် ဆောင်းရာသီနှင့် နွေရာသီအကြား အဘယ်ကြောင့် ကွာခြားသည်ကို ၎င်းတို့ မသိကြသည့်အပြင် ၎င်းတို့အတွက် ၎င်းတို့၏ ပိုင်ရှင်များ လုပ်ဆောင်ပေးသမျှအရာအားလုံး၏ နောက်ကွယ်ရှိ ပိုင်ရှင်များ၏ ရည်ရွယ်ချက်များကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့က “မည်သို့ပင်ဖြစ်စေ ငါ၏ ပိုင်ရှင်သည် ငါ့အပေါ် ကောင်းသည်။ ငါ၏ ပိုင်ရှင်သည် ငါ့ကို နေ့တိုင်း အရသာရှိသော အစားအစာများ ကျွေးမွေးပြီး ငါ့ကို အဖော်ပြုပေးကာ ကာကွယ်ပေးသည်။ သူသည် ငါ့အပေါ် ကောင်းသောကြောင့် သူသည် ငါ၏ ပိုင်ရှင် ဖြစ်သည်။ အခြားလူများသည် ငါ့ကို အစာမကျွေး သို့မဟုတ် ငါ့ကို ကောင်းစွာ မဆက်ဆံသောကြောင့် ၎င်းတို့သည် ငါ၏ ပိုင်ရှင် မဟုတ်သည့်အပြင် ငါသည်လည်း ၎င်းတို့နှင့် မရင်းနှီးပေ” ဟုသာ သိကြသည်။ တိရစ္ဆာန်များသည် ဤရိုးရှင်းသောအရာများကိုသာ သိကြသည်။ အလားတူပင် တိရစ္ဆာန်များကဲ့သို့ လူများသည် လူ့သဘာဝ၊ ကျင့်ကြံပြုမူခြင်းနှင့် အတွေးများနှင့် အမြင်များ ပါဝင်သော ဤကိစ္စရပ်များကို မည်သည့်အခါမျှ နားလည်နိုင်မည် သို့မဟုတ် သဘောပေါက်နိုင်မည် မဟုတ်ပေ။ သင်သည် ၎င်းတို့ကို သင်ကြားပေးလျှင်ပင် ၎င်းတို့ သင့်ထံမှ သင်ယူနေမည့်အရာအားလုံးမှာ အယူဝါဒများသာ ဖြစ်လိမ့်မည်။ သို့သော် တစ်စုံတစ်ရာကို အယူဝါဒအရ နားလည်ခြင်းသည် ယင်းကို အမှန်တကယ် နားလည်ခြင်း မဟုတ်ပေ။ ၎င်းတို့သည် သွယ်ဝိုက်သော အဓိပ္ပာယ်များကို နားမလည်ကြသည့်အပြင် သင် ၎င်းတို့ကို သင်ကြားပေးသည့် အရာများ၏ တန်ဖိုးကိုလည်း ၎င်းတို့ နားမလည်ကြပေ။ ထို့ကြောင့် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပါဝင်သော ကိစ္စရပ်များကို ပြောဆိုသည့်အခါ တိရစ္ဆာန်များကဲ့သို့ လူများသည် နားမလည်နိုင်ကြပေ။ နတ်ဆိုးများသည် ဤအရာများကို အယူဝါဒအရ နားလည်နိုင်သော်လည်း ၎င်းတို့သည် ယင်းတို့ကို လက်မခံကြပေ။ ၎င်းတို့သည် ဤပြောဆိုချက်များကို အလွန်အမင်း အော်ဂလီဆန်ကြပြီး ရွံရှာကြကာ သင်သည် စကားကြီးစကားကျယ်များ ပေါက်ကရ ပြောနေသည်ဟုလည်းကောင်း၊ ဤအရာများသည် လူသားမျိုးနွယ်၏ လက်တွေ့ဘဝနှင့် ကင်းကွာနေသော စကားများဖြစ်သည်ဟုလည်းကောင်း တွေးကြသည်။ ၎င်းတို့က ယင်းတို့ကို လက်မခံသည်ဖြစ်စေ၊ ယင်းတို့ကို နားမလည်နိုင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်ပါစေ နတ်ဆိုးများနှင့်ဆိုင်သော သို့မဟုတ် တိရစ္ဆာန်များနှင့်ဆိုင်သော လူများ ကြားရန်အတွက် ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်သော ဤအရာများကို ငါ မပြောပေ။ ၎င်းတို့သည် ယင်းတို့ကို အယူဝါဒများအဖြစ် လက်ခံရန် လိုလားပါက အဆင်ပြေသည်။ ၎င်းတို့ မလိုလားပါက ငါ့တွင် ကန့်ကွက်စရာ မရှိပေ။ လူတို့ကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့ကို အတင်းအကျပ် လုပ်၍မရနိုင်ပေ။ သင်၏ အမျိုးအစား သတ်မှတ်ချက်က မည်သည့်အရာပင်ဖြစ်ပါစေ ယင်းက သင် နှစ်သက်သောအရာများကို ဆုံးဖြတ်ပေးလေသည်။ သင့်တွင် လူ့သဘာဝ မရှိဘဲ လူသားမျိုးနွယ်နှင့် မဆိုင်ပါက သင်သည် သမ္မာတရားနှင့်ပတ်သက်သော စကားများကို နားလည်မည် မဟုတ်သည့်အပြင် လူသားများ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းကို လျှောက်လှမ်းရန် သင် လိုလားမည် မဟုတ်ပေ။ လူသား အမျိုးအစား သတ်မှတ်ချက်နှင့်ဆိုင်သော လူများသာလျှင် ကျင့်ကြံပြုမူခြင်းနှင့် သမ္မာတရားတို့ ပါဝင်သည့် ဤအကြောင်းအရာများကို နားထောင်ရန် လိုလားကြလိမ့်မည်။ အချို့လူများသည် နားထောင်ရန် မလိုလားဘဲ ယင်းကို လက်မခံနိုင်ပါက ၎င်းတို့ နားထောင်ရန် မလိုအပ်ပေ။ ထိုသို့သော လူများသည် လူသား အမျိုးအစား သတ်မှတ်ချက်နှင့် မဆိုင်သကဲ့သို့ သမ္မာတရားကို ၎င်းတို့ ကြားရန်အတွက် ပြောဆိုထားခြင်း မဟုတ်ပေ။

မိမိတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများအတွက် စားသောက်ပျော်ပါးခြင်းကဲ့သို့သော ဘဝရှိ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ဤအရာများကို ပို၍ တွေ့ကြုံပြီး ရင်ဆိုင်ရသည်နှင့်အမျှ ယင်းတို့အပေါ် အစဉ်မပြတ် ဆင်ခြင်သုံးသပ်ကြလိမ့်မည်ဖြစ်ကြောင်း ငါတို့ ယခုလေးတင် ဖော်ပြခဲ့ကြသည်။ ဘဝတွင် စားသောက်ပျော်ပါးခြင်းနှင့် ဇာတိပကတိဆိုင်ရာ သာယာမှုများကို ၎င်းတို့ ပို၍ တွေ့ကြုံရလေလေ၊ ဤအရာများသည် အဓိပ္ပာယ်မရှိဘဲ အနှစ်မဲ့ကြောင်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပို၍ ခံစားရလေလေ ဖြစ်သည်။ ၎င်းတို့သည် ဤကဲ့သို့ အသက်ရှင်နေထိုင်ခြင်းကို မစွန့်လွှတ်နိုင်လျှင်ပင် ယင်း၌ ဝမ်းမြောက်မှုကို မတွေ့ရှိကြဘဲ ထိုအစား အလွန် ကူကယ်ရာမဲ့သကဲ့သို့ ခံစားကြရသည်။ ဤအခြေအနေက အသက်တာ၏ အဓိပ္ပာယ်နှင့် လူတို့ အဘယ်ကြောင့် အသက်ရှင်ရသည်ဟူသည်ကဲ့သို့သော မေးခွန်းများကို နားလည်ရန် ရှာဖွေဖို့ ၎င်းတို့ကို ပို၍ တွန်းအားပေးလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီး ဤမေးခွန်းများအတွက် အဖြေများကို ရရှိသောအခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကြီးမားသော ကျေနပ်မှုတစ်ခုကို ခံစားကြရပြီး ဤသည်မှာ လူ့ဘဝတွင် အမှန်တကယ် မှန်ကန်သော လမ်းကြောင်းဖြစ်သည်ဟု တွေးထင်ကြသည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား၏ ထောက်ပံ့မှုကို လက်ခံသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် အမျိုးမျိုးသော အပြုသဘောဆောင်သော အရာများနှင့် လူတို့အတွက် အမျိုးမျိုးသော တောင်းဆိုချက်များသည် ၎င်းတို့၏ လူ့သဘာဝအတွင်းရှိ လိုအပ်ချက်များကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးသည် သို့မဟုတ် အတိုင်းအတာတစ်ခုအထိ ကိုက်ညီသည်ဟု ၎င်းတို့ ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များကို လိုလိုလားလား လက်ခံကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း အမှန်တကယ်ဖြစ်ကြောင်းနှင့် ဤအရာများသည် ကျင့်ကြံပြုမူခြင်းအတွက် လူတို့ ပိုင်ဆိုင်သင့်သည့် စည်းမျဉ်းများ အမှန်တကယ်ဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့တွင် ထိုသို့သော လိုအပ်ချက်များနှင့် ထိုသို့သော စဉ်းစားဆင်ခြင်မှုများ ရှိသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အတွက် ထောက်ပံ့မှုဖြစ်ပြီး ၎င်းတို့အတွက် အချိန်ကိုက် အကူအညီ ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို လက်ခံရရှိပြီးသောအခါ ဘုရားသခင်ကို ကျေနပ်စေရန်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာရန် ဆန္ဒနှင့် စိတ်ပိုင်းဖြတ်မှု ရှိကြလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် နောဧ၊ အာဗြဟံ၊ ယောဘနှင့် ပေတရုတို့ကဲ့သို့သော ဘုရားသခင် ဖော်ပြသည့် ဖြောင့်မတ်သောသူများ၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံခဲ့ပြီး သူ၏ တာဝန်ပေးစေခိုင်းချက်များကို မည်သို့ လက်ခံခဲ့သည်ဟူသည့် ဇာတ်ကြောင်းများသည် ဤလူစားမျိုးက ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထူးသဖြင့် တောင့်တပြီး အားကျသည့်အရာများ ဖြစ်သည်။ တစ်နေ့တွင် ၎င်းတို့သည်လည်း နောဧ၊ အာဗြဟံနှင့် အခြားသူများကဲ့သို့ပင် ဘုရားသခင်ကို စစ်မှန်ပြီး အကြွင်းမဲ့ ကျိုးနွံနာခံမှု ရှိနိုင်မည်ဟု ၎င်းတို့ မျှော်လင့်ကြပြီး တစ်နေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကာ ဘုရားသခင် ပြောဆိုသည့် ဖြောင့်မတ်သောသူများထဲမှ တစ်ဦး ဖြစ်လာနိုင်မည်ဟုလည်း ၎င်းတို့ မျှော်လင့်ကြသည်။ ၎င်းတို့သည် လူကောင်းတစ်ဦး၊ ဖြောင့်မတ်သောသူတစ်ဦး ဖြစ်ရန် တောင့်တကြသည်။ ဘုရားသခင် ပြောပြသည့် ဤဖြောင့်မတ်သောသူများ၏ ဇာတ်ကြောင်းများသည် ၎င်းတို့ကို နက်ရှိုင်းစွာ လှုပ်ရှားစေပြီး ၎င်းတို့၏ စိတ်နှလုံးသည် ထိုသူတို့၏ ဇာတ်ကြောင်းများနှင့် ဘုရားသခင်အပေါ် ထားရှိသည့် ထိုသူတို့၏ သဘောထားများကြောင့် မကြာခဏ ထိရှကာ တို့ထိခြင်းခံရသည်။ ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အရည်အသွေးများကို ပိုင်ဆိုင်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် ဤပုဂ္ဂိုလ်များကို အတုယူရမည့် စံပြများနှင့် နမူနာများအဖြစ် သတ်မှတ်နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိကြောင်း လက္ခဏာတစ်ခုလည်း ဖြစ်သည်။ သေချာပေါက်ပင် ဤသရုပ်သကန်မျိုးသည် လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံနိုင်ရန်အပြင် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းခံရရန်အတွက် အခြေခံ အခြေအနေတစ်ခုလည်း ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ထိုသို့သော လူတစ်ဦး၏ သရုပ်သကန်များနှင့် ဘဝကို တွေ့ကြုံရသည့် လုပ်ငန်းစဉ်အတွင်း ၎င်းတို့ ထုတ်ဖော်သည့်အရာများမှ အကဲဖြတ်ရလျှင် ၎င်းတို့သည် ထုံထိုင်းပြီး ခံစားချက်မဲ့နေခြင်း မရှိပေ။ ၎င်းတို့သည် အတွေးများမရှိသောသူတစ်ဦး မဟုတ်သည့်အပြင် အသက်ရှင်နေထိုင်ခြင်း၊ လက်တွေ့အရှိတရား သို့မဟုတ် စားသောက်ပျော်ပါးခြင်းကဲ့သို့သော အရာများအပေါ် မည်သည့်အမြင်မျှ မရှိသောသူတစ်ဦးလည်း မဟုတ်ပေ။ ၎င်းတို့တွင် ထင်မြင်ချက်များ ရှိသည်၊ ၎င်းတို့၏ ကိုယ်ပိုင် အမြင်များ ရှိကြပြီး ထို့ထက်မက ၎င်းတို့တွင် အပြုသဘောဆောင်သော အတွေးများနှင့် အမြင်များ ရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘဝရှိ အမျိုးမျိုးသော အရာများအပေါ် ထုံထိုင်းပြီး ခံစားချက်မဲ့နေခြင်း မရှိဘဲ ထိုအစား ယင်းတို့အကြောင်းကို တွေးတောကြသည်။ အထူးသဖြင့် အမျိုးမျိုးသော အခက်အခဲများ၊ အဆင်မပြေမှုများနှင့် ကျရှုံးမှုများကို တွေ့ကြုံပြီးနောက်၊ ပြီးလျှင် ဘဝ၏ ဝမ်းနည်းပျော်ရွှင်မှုများကို မြည်းစမ်းပြီးနောက်တွင် ၎င်းတို့၏ ဘဝသည် ဤအတိုင်း ဆက်သွားနေပါက အနှစ်မဲ့ပြီး တန်ဖိုးမဲ့ကြောင်းကို ၎င်းတို့ ပို၍ပင် ခံစားကြရသည်။ ၎င်းတို့သည် ဤလောကကို ဖြတ်သန်းသွားရုံမျှသာဖြစ်ပြီး ဤကဲ့သို့ ကျင့်ကြံပြုမူပါက ယင်းမှာ တန်ဖိုးမရှိသည့်အပြင် အဓိပ္ပာယ်မရှိကြောင်းနှင့် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းအားဖြင့် ၎င်းတို့သည် နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ကြောင်းကို ၎င်းတို့ ပို၍ပင် ခံစားကြရသည်။ ၎င်းတို့သည် ဤအရာကို လက်မြှောက်အရှုံးပေးရန် လိုလားမည်မဟုတ်ဘဲ ယင်းကို စဉ်းစား၍မရနိုင်အောင် ဖြစ်ကြလိမ့်မည်။ “ဤသည်မှာ လူတို့ အသက်ရှင်သင့်သည့်ပုံစံ အမှန်တကယ် ဖြစ်သလော၊ ၎င်းတို့၏ တစ်သက်တာလုံးကို ဤကဲ့သို့ ဖြတ်သန်းရမည်လော။ မျိုးဆက်တစ်ခုပြီးတစ်ခု ဤကဲ့သို့ အသက်ရှင်နေခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ ၎င်းတို့သည် လူတို့ မည်သို့ အသက်ရှင်သင့်သည်ဟူသည်နှင့်ပတ်သက်၍ နောက်ဆုံးတွင် ကောက်ချက်တစ်ခုသို့ မရောက်ရှိသော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ယင်းအကြောင်းကို တွေးတောကြသည်။ ၎င်းတို့သည် စားသောက်ပျော်ပါးခြင်းနှင့် ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာမှုကို ခံစားခြင်း၊ ၎င်းတို့ မိသားစု၏ ချစ်ခင်တွယ်တာမှု သို့မဟုတ် မိသားစုဘဝ၏ ပျော်ရွှင်မှုတို့တွင် နစ်မွန်းမနေဘဲ ၎င်းတို့၏ နေ့ရက်များကို အိုးနက်းခွက်နင်းဖြင့် ဖြစ်သလို ဖြတ်သန်းနေခြင်း မဟုတ်ပေ။ ဘဝအပေါ် ၎င်းတို့၏ သဘောထားသည် ဖြစ်သလို ဖြတ်သန်းရုံမျှသာ လုံးဝ မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဆင်ခြင်တုံတရား၏ စိုးမိုးမှုကို ခံရသဖြင့် ၎င်းတို့သည် မကြာခဏ ဆင်ခြင်သုံးသပ်ကြသောကြောင့် ဖြစ်သည်။ စားသောက်ပျော်ပါးခြင်းနှင့် ဇာတိပကတိဆိုင်ရာ သာယာမှုများကဲ့သို့သော အရာများသည် ၎င်းတို့ စိတ်နှလုံး၏ လိုအပ်ချက်များကို လုံးဝ ဖြည့်ဆည်းပေးလိမ့်မည် မဟုတ်ပေ။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် မိမိတို့ စိတ်နှလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အရာများကို ရှာဖွေကြလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အလုပ်ကသာ ၎င်းတို့ တွေးတောသည့် ဘဝနှင့်ပတ်သက်သော ဤမေးခွန်းများအတွက် အဖြေများကို ပေးနိုင်ပြီး ၎င်းတို့ စိတ်နှလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။

တစ်စုံတစ်ဦးသည် မိမိ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသင့်သည် သို့မဟုတ် မည်သို့ အသက်ရှင်သင့်သည်ကို မည်သည့်အခါမျှ မစဉ်းစားဘဲ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ၎င်းတို့၏ နေ့ရက်များကို ဤကဲ့သို့ ဖြတ်သန်းရုံမျှသာ ဖြတ်သန်းပါက၊ အဆင်မပြေမှုများ၊ ကျရှုံးမှုများ၊ အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို တွေ့ကြုံပြီးနောက်၊ ပြီးလျှင် ဘဝ၏ ဝမ်းနည်းပျော်ရွှင်မှုများကို မြည်းစမ်းပြီးနောက်တွင် ၎င်းတို့သည် ဤအရာများကို လုံးဝ မစဉ်းစားသေးဘဲ ဘဝနှင့်ပတ်သက်၍ဖြစ်စေ၊ မည်သို့ ကျင့်ကြံပြုမူရမည် ဟူသည်နှင့်ပတ်သက်၍ဖြစ်စေ အမြင်များ မရှိပါက၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သာယာမှုတို့ကို ဆက်လက် လိုက်စားကာ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများထဲသို့ မိမိတို့ကိုယ်ကို သွတ်သွင်းရန် အထူးသဖြင့် စိတ်အားထက်သန်နေပါက၊ ထို့အပြင် ၎င်းတို့တွင် မည်သည့် သတိပြုမိခြင်းမျှ မရှိဘဲ စိတ်ဆင်းရဲခြင်း သို့မဟုတ် နာကျင်ခြင်းကို မခံစားရသည့်အပြင် ဤကဲ့သို့ အသက်ရှင်ခြင်းသည် အနှစ်မဲ့သည်ဟု မခံစားရပါက ထိုသို့သော လူသည် လူသားတစ်ဦး သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် လူသားတစ်ဦး ဖြစ်ခဲ့ပါက အသက်အရွယ်တစ်ခုသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဘဝနှင့်ပတ်သက်သော ဤမေးခွန်းများအကြောင်းကို ၎င်းတို့ တွေးတောကြလိမ့်မည်။ အချို့လူများသည် ၎င်းတို့၏ အသက်နှစ်ဆယ်အရွယ်များတွင် ဘဝ၏ ကိစ္စရပ်များကို စတင်တွေးတောကြသည်။ “ကျွန်ုပ်၏ အဘိုးအဘွားများ မျိုးဆက်နှင့် ကျွန်ုပ်၏ မိဘများ မျိုးဆက်တို့အားလုံးသည် ထိုကဲ့သို့ အသက်ရှင်ခဲ့ကြသည်။ ကျွန်ုပ်သည်လည်း အသက်အရွယ်တစ်ခုတွင် အိမ်ထောင်ပြုပြီး ကလေးယူကာ ၎င်းတို့ကဲ့သို့ အသက်ရှင်မည်လော၊ ကျွန်ုပ်၏ တစ်သက်တာလုံး ထိုမျှနှင့် ပြီးသွားပြီလော။ ကျွန်ုပ်သည် ကလေးများကို ပြုစုပျိုးထောင်ရန်နှင့် မျိုးဆက်ပွားရန်အတွက်သာ အမှန်တကယ် အသက်ရှင်သလော။ လူတစ်ဦးသည် မိမိ၏ တစ်သက်တာလုံးကို ဤကဲ့သို့ အသက်ရှင်ပါက ယင်းမှာ အဓိပ္ပာယ်မရှိပေ။ မျိုးဆက်တစ်ခုပြီးတစ်ခု ဤကဲ့သို့ အသက်ရှင်ပါက ယင်းမှာ အနှစ်မဲ့နေဆဲ မဟုတ်လော” ဟူ၍ ဖြစ်သည်။ အနာဂတ်သည် အနှစ်မဲ့ပြီး မသေချာဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် သဲ့သဲ့မျှ ခံစားကြရသည်။ ၎င်းတို့က “လူတစ်ဦးသည် မိမိ၏ တစ်သက်တာလုံး စားသောက်ပျော်ပါးခြင်းနှင့် ဇာတိပကတိဆိုင်ရာ သာယာမှုများကိုသာ လိုက်စားပြီး ထို့နောက် ကလေးများယူကာ ပြုစုပျိုးထောင်လျက် မိမိ အိုမင်းလာချိန်တွင် ထိုကလေးများကို မိမိအား ပြုစုစောင့်ရှောက်စေပြီး သင့်တင့်လျောက်ပတ်စွာ သင်္ဂြိုဟ်စေကာ မိမိ၏ နှောင်းပိုင်းနှစ်များကို အေးချမ်းစွာ ခံစားနိုင်မည်ဆိုလျှင်၊ ၎င်းသည် ဤပန်းတိုင်နောက်သို့ လိုက်ပါက ၎င်းတို့၏ ဘဝသည် အဓိပ္ပာယ် လုံးဝ ကင်းမဲ့နေလိမ့်မည်” ဟု ခံစားကြရသည်။ ၎င်းတို့သည် ဘဝကို အမှန်တကယ် စတင်မတွေ့ကြုံမီမှာပင် ရှေ့ဆက်ရမည့် လမ်းသည် မှောင်မိုက်နေပြီး အလင်းရောင် ကင်းမဲ့နေကြောင်းကို ၎င်းတို့ မြင်တွေ့ပြီးဖြစ်သည်။ ၎င်းတို့၏ ရှေ့တွင်ရှိသော ကြိုတင်စီစဉ်ထားသည့် ဘဝ၏ အဆင့်တစ်ခုစီကို ၎င်းတို့ မြင်တွေ့ပြီးဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် အဓိပ္ပာယ်မရှိကြောင်းနှင့် တက်တက်ကြွကြွ မျှော်လင့်စောင့်စားစရာ တစ်စက်မျှ မရှိကြောင်းကို ၎င်းတို့၏ စိတ်ထဲ၌ ဝိုးတဝါး ခံစားကြရသည်။ အချို့လူများသည် အသက်နှစ်ဆယ်အရွယ်များသို့ ရောက်သောအခါ မိသားစုတစ်ခု စတင်ရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု တည်ထောင်ရန်နှင့် ကောင်းမွန်သော ဘဝတစ်ခုကို နေထိုင်ရန်အပြင် ၎င်းတို့၏ မိဘများကို ကောင်းမွန်သော ဘဝတစ်ခု ခံစားခွင့်ပေးရန် စတင်တွေးတောကြသည်။ အမြဲတစေ ရည်မှန်းချက်များရှိသော လူအချို့လည်း ရှိကြသည်။ ၎င်းတို့သည် ကြီးပွားချမ်းသာရန် သို့မဟုတ် အရာရှိတစ်ဦးဖြစ်လာရန်၊ အခြားသူများထက် သာလွန်ပြီး ၎င်းတို့၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပေးရန် အမြဲတစေ အလိုရှိကြသည်။ ၎င်းတို့သည် မိဘများ၏ လွှမ်းမိုးမှုကို ခံရသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်း၏ လွှမ်းမိုးမှုကို ခံရသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ၎င်းတို့သည် ဘဝအပေါ် ဆင်ခြင်သုံးသပ်ရကောင်းမှန်း မသိကြပေ။ ဘဝဟူသည် ကောင်းမွန်သော အစားအစာ၊ ကောင်းမွန်သော အဝတ်အစားများနှင့် ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်ခြင်းသာဖြစ်သည်ဟု ၎င်းတို့က ခိုင်မာစွာ ယုံကြည်ကြပြီး အခြားမည်သည့်အရာကိုမျှ ၎င်းတို့ ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ အချို့လူများသည် ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်သည် လူတို့ စိတ်ကူးထားသကဲ့သို့ မကောင်းမွန်ကြောင်းကို ရှင်းလင်းစွာ မမြင်တွေ့မီ အဆင်မပြေမှုများစွာကို တွေ့ကြုံရပြီး တန်ဖိုးရှိကာ အဓိပ္ပာယ်ရှိသော၊ ပြီးလျှင် အချည်းနှီးမဖြစ်သော ဘဝတစ်ခုကို မည်သို့ နေထိုင်ရမည်ဟူသည်ကို ၎င်းတို့ စတင်စဉ်းစားလာကြသည်။ ထိုသို့သော လူများသည် အလွန်နည်းပါးသော လူနည်းစုသာ ဖြစ်ကြသည်။ အချုပ်အားဖြင့်ဆိုရလျှင် ဘဝ၏ တန်ဖိုးကို တွေးတောပြီး လူတို့သည် အသက်ရှင်နေစဉ်တွင် လက်တွေ့ကျသော ကိစ္စရပ်များကို ဂရုစိုက်ရမည်ဖြစ်ကြောင်း သဘောပေါက်သူအားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဤအရာများကို တွေးတောနိုင်သည်ဟူသော အချက်က ၎င်းတို့၏ စံတန်ဖိုးများသည် အခြားသူများ၏ စံနှုန်းများနှင့် ကွဲပြားကြောင်း ပြသနေသည်။ ၎င်းတို့၏ စံနှုန်းများသည် ကောင်းမွန်စွာ စားသောက်ခြင်းနှင့် ကောင်းမွန်သောအရာများကို ခံစားခြင်း၊ ကြီးပွားချမ်းသာခြင်း၊ အခြားသူများထက် ထင်ပေါ်ကျော်ကြားခြင်းနှင့် ဤဘဝတွင် ကောင်းမွန်သော ရှေ့ရေးများရှိခြင်းတို့နှင့် မသက်ဆိုင်ဘဲ ထိုအရာများဖြင့်သာ ရပ်တန့်မနေပေ။ ထိုရာထူးကြီးမြင့်သော အရာရှိများကဲ့သို့ ကောင်းမွန်သော ရှေ့ရေးများရှိသည့် လူများစွာ ရှိကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကို စောင့်ကြိုနေသည့် ကောင်းမွန်သောအရာ တစ်စုံတစ်ရာ ရှိသလော။ ၎င်းတို့သည် ပျော်ရွှင်စွာ အသက်ရှင်ကြသလော။ နောက်ကွယ်ရှိ ၎င်းတို့၏ ဘဝများကို သေချာစွာ ကြည့်ရှုပါက ၎င်းတို့သည်လည်း ပျော်ရွှင်ခြင်း မရှိကြပေ။ ဤအရာက သင်သည်လည်း အဆင့်အတန်းနှင့် အလားအလာများကို ရှာဖွေပါက ၎င်းတို့ကဲ့သို့ပင် သင်လည်း ပျော်ရွှင်လိမ့်မည်မဟုတ်ဟု သင့်ကို ခံစားရစေသည်။ ပုံမှန် လူ့သဘာဝ၏ တွေးခေါ်မှုရှိသော လူများက “ထိုရာထူးကြီးမြင့်သော အရာရှိများသည် ပျော်ရွှင်ခြင်းမရှိပေ၊ ယင်းက ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းသည် မှားယွင်းကြောင်း သက်သေပြနေသည်။ သို့ဆိုလျှင် ၎င်းတို့၏ စိတ်နှလုံးကို အမှန်တကယ် နှစ်သိမ့်မှုပေးနိုင်သည့် လူတို့ လျှောက်လှမ်းရန် မှန်ကန်သော လမ်းကြောင်းမှာ အဘယ်အရာ ဖြစ်သနည်း” ဟု တွေးတောကြလိမ့်မည်။ လူတို့၏ စိတ်နှလုံးများသည် ၎င်းတို့ကို နှစ်သိမ့်ပေးမည့် အရာတစ်ခုခု လိုအပ်သည်။ ဤနှစ်သိမ့်မှု အရင်းအမြစ်သည် ငွေ၊ ဇိမ်ခံအိမ်များ သို့မဟုတ် ဇိမ်ခံကားများကဲ့သို့သော ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများ မဟုတ်သည့်အပြင် ၎င်းတို့နှင့်အတူ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ဖြတ်သန်းနိုင်သည့် ရင်ဖွင့်တိုင်ပင်ဖော်တစ်ဦးလည်း မဟုတ်ပေ၊ ပြီးပြည့်စုံသော အိမ်ထောင်ရေး သို့မဟုတ် သားသမီးဝတ်ကျေပွန်သော ကလေးများဆိုလျှင် ပို၍ပင် မဟုတ်သေးပေ။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတို့၏ စိတ်နှလုံးကို အမှန်တကယ် နှစ်သိမ့်မှု မပေးနိုင်ပေ။ လူတို့၏ စိတ်နှလုံးကို အမှန်တကယ် နှစ်သိမ့်မှု ပေးနိုင်သောအရာများမှာ ၎င်းတို့၏ စိတ်နှလုံးက လိုအပ်သော အရာများ ဖြစ်သည်။ ၎င်းတို့သည် အဖြေအချို့ ရရှိရန် လိုအပ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘဝခရီးစဉ်တွင် နားလည်လိုသော အရာအချို့ ရှိကြသည်။ လူတို့သည် မည်သည့်နေရာမှ လာကြသနည်း။ ၎င်းတို့ မည်သည့်အချိန်တွင် သေဆုံးကြမည်နည်း။ သေခြင်းတရားကို မည်သူက ထိန်းချုပ်သနည်း။ ဘဝတွင် ကံကြမ္မာကဲ့သို့သော အရာမျိုး ရှိသလော။ ကံကြမ္မာကို မည်သူက စီမံခန့်ခွဲသနည်း ဟူ၍ ဖြစ်သည်။ လူတစ်ဦး၏ မိဘများက ယင်းကို စီမံခန့်ခွဲပါက ထိုသူ၏ မိဘများ၏ ကံကြမ္မာများကို မည်သူက စီမံခန့်ခွဲသနည်း။ မိဘများသည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာများကိုပင် မထိန်းချုပ်နိုင်ကြပေ၊ သို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့၏ ကလေးများ၏ ကံကြမ္မာများကို ထိန်းချုပ်နိုင်သလော။ ထို့အပြင် လူတို့သည် မည်သို့ ကျင့်ကြံပြုမူသင့်သနည်း။ ၎င်းတို့၏ ဘဝများသည် တန်ဖိုးရှိစေရန်နှင့် ဤလောကကို အချည်းနှီး မဖြတ်သန်းသွားစေရန် ၎င်းတို့ မည်သို့ ကျင့်ကြံပြုမူသင့်သနည်း။ လူတို့တွင် ဝိညာဉ်များရှိပါက ၎င်းတို့ သေဆုံးပြီးနောက် ၎င်းတို့၏ ဝိညာဉ်များ သွားရန် နေရာတစ်ခု ရှိသလော။ ဝိညာဉ်များ သွားရန် နေရာတစ်ခု ရှိပါက ယင်းသည် ဤဘဝနှင့် ဆက်စပ်မှု ရှိသလော။ သေဆုံးပြီးနောက် ၎င်းတို့၏ ဝိညာဉ်များ ကောင်းမွန်သော နေရာတစ်ခုခုသို့ သွားနိုင်ရန် ဤဘဝတွင် လူတို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဆိုးရွားသော နေရာတစ်ခုခုသို့ သွားရခြင်းမှ ၎င်းတို့ မည်သို့ ရှောင်လွှဲနိုင်မည်နည်း၊ သို့မဟုတ် လမ်းကြောင်းပြောင်းနိုင်မည်နည်း။ ဤအရာများအားလုံးသည် လူတို့ တွေးတောသင့်သည့် မေးခွန်းများ ဖြစ်ကြသည်။ လူတို့သည် ဤမေးခွန်းများအကြောင်းကို တွေးတောသော်လည်း အဖြေများ မရရှိနိုင်သောအခါ ၎င်းတို့၏ စိတ်ထဲ၌ စိတ်ဆင်းရဲရသည်ဟု ခံစားကြရသလော။ (ခံစားရပါသည်။) သင်သည် အဖြေများကို မရရှိလေလေ၊ သင်၏ အတွင်း၌ စိတ်ဆင်းရဲရသည်ဟု ပို၍ ခံစားရလေလေဖြစ်ပြီး ဘဝ၊ မိသားစု၏ ချစ်ခင်တွယ်တာမှု သို့မဟုတ် သမီးရည်းစား အချစ်တို့ကို ခံစားရန် စိတ်ပါဝင်စားမှု ပို၍ နည်းပါးလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ယင်းတို့ကို မည်မျှပင် ခံစားရသည်ဖြစ်စေ ဤအရာများသည် သင်၏ စိတ်နှလုံးထဲရှိ ဟာလာဟင်းလင်းဖြစ်မှုကို ယာယီမျှသာ ဖြည့်ဆည်းပေးနိုင်သောကြောင့် ဖြစ်သည်။ ဤအရာများကို သင် ခံစားပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ပို၍ပင် အနှစ်မဲ့သည်ဟု သင် ခံစားရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင် ယာယီ ပိုင်ဆိုင်သော သို့မဟုတ် ပျော်မွေ့ခံစားရသော အရာများသည် သင်၏ စိတ်နှလုံးကို ထုံထိုင်းစေရုံမျှသာဖြစ်ပြီး သင်၏ ယာယီ လိုအပ်ချက်များကိုသာ ဖြည့်ဆည်းပေးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သင် တွေးတောသည့် မေးခွန်းများအတွက် အဖြေများကို မပေးနိုင်ပေ။ နောက်ဆုံးတွင် သင့်၌ ငွေမည်မျှရှိသည်ဖြစ်စေ၊ မည်မျှ ကောင်းမွန်သော ရုပ်ဝတ္ထုဆိုင်ရာ ဘဝတစ်ခုကို သင် ခံစားရသည်ဖြစ်စေ၊ သင့်ကို ရိုသေလေးစားသော ကလေးမည်မျှ သင့်အနားတွင် ရှိသည်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှက သင်၏ စိတ်နှလုံး နက်ရှိုင်းရာရှိ ထိုမေးခွန်းများကို မဖြေဆိုနိုင်သည့်အပြင် ယင်းတို့ထဲမှ မည်သည့်အရာကမျှ သင် အလိုရှိသော အဖြေများကို ရှာတွေ့ရန် သင့်ကို မကူညီနိုင်ပေ။ ဆိုလိုသည်မှာ ဤဘဝတွင် သင် ခံစားရသော အရာများ၊ သင် ရရှိပြီးဖြစ်သော အရာများသည် သင်၏ အနာဂတ် မည်သို့ရှိမည်၊ ဤဘဝ ပြီးဆုံးပြီးနောက် သင် မည်သည့်နေရာသို့ သွားရမည်၊ သို့မဟုတ် သင်သည် အပြစ်ဒဏ်ပေးခြင်းခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခြင်းခံရမည် ဟူသည်တို့ကို သင့်အား မပြောပြနိုင်ပေ။ မည်သူကမျှ ဤမေးခွန်းများအတွက် တိကျသော အဖြေတစ်ခုကို သင့်အား မပေးနိုင်သည့်အပြင် မည်သည့် စာအုပ်မျိုး သို့မဟုတ် အရင်းအမြစ်မျိုးတွင်မဆို တိကျမှန်ကန်သော အဖြေများကို သင် ရှာမတွေ့နိုင်ပေ။ ဤမေးခွန်းများကို တွေးတောနေစဉ်တွင် ဘဝသည် အနှစ်မဲ့ကြောင်းကို သင် သဲ့သဲ့မျှ ခံစားနိုင်ပါက၊ ဆိုလိုသည်မှာ မိသားစု၏ ချစ်ခင်တွယ်တာမှုကို ခံစားရခြင်းသည် အနှစ်မဲ့ကြောင်း၊ သမီးရည်းစား အချစ်၊ အိမ်ထောင်ရေးနှင့် မိမိ၏ မိသားစုကို ပျော်မွေ့ခံစားရခြင်းသည် အနှစ်မဲ့ကြောင်း၊ မိမိ၏ ကလေးများ၏ မိဘဝတ်ကျေပွန်မှုကို ခံစားရခြင်းသည် အနှစ်မဲ့ကြောင်းနှင့် စားသောက်ပျော်ပါးခြင်းကဲ့သို့သော အရာများကို ခံစားရခြင်းသည် အားလုံး အနှစ်မဲ့ကြောင်းကို သင် ခံစားနိုင်ပါက၊ ပြီးလျှင် ဤအရာများကို သင် ပို၍ ခံစားရပြီး ရရှိလေလေ၊ ဤအနှစ်မဲ့ခြင်း ခံစားချက်က ပို၍ အားကောင်းလာပြီး ပို၍ ပြင်းထန်လာလေလေ ဖြစ်ပါက သင်၏ စိတ်နှလုံးသည် နှစ်သိမ့်မှုအတွက် ဤအရာများမှလွဲ၍ အခြားအရာတစ်ခုခု လိုအပ်ကြောင်းကို သင် တိုး၍ ခံစားရလိမ့်မည်။ ဤအရာက သင်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ပေးနိုင်သော အရာများကို ရှာဖွေရန်အပြင် ဘဝအတွက် အဖြေများနှင့် ဘဝ၏ လမ်းကြောင်းကို ရှာဖွေရန် သင့်ကို ပို၍ တွန်းအားပေးလိမ့်မည်။ ဤအရာများကို မရရှိနိုင်သောအခါ လူတို့သည် လောကီရေးရာ ကိစ္စရပ်များအပေါ် ကူကယ်ရာမဲ့ပြီး ဝတ်ကျေတမ်းကျေလုပ်သော သဘောထားတစ်ခုကို ခံယူကြသည်။ “ငါ ဤအတိုင်းသာ အသက်ရှင်တော့မည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ လူတို့ ၎င်းတို့၏ တစ်သက်တာလုံး အသက်ရှင်ကြသည့် ပုံစံပင် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော တစ်စုံတစ်ဦး ပိုင်ဆိုင်သည့် သို့မဟုတ် ခံစားရသည့် အရာများသည် မည်မျှပင် ကောင်းမွန်နေပါစေ ၎င်းအတွက်မူ ယင်းတို့အားလုံးသည် အချည်းနှီးသာ ဖြစ်သည်။ ၎င်းတို့သည် မည်မျှပင် စားသောက်ရပါစေ မည်သည့်အခါမျှ မဝအီနိုင်သော၊ မည်မျှပင် ပျော်မွေ့ခံစားရပါစေ မည်သည့်အခါမျှ မကျေနပ်နိုင်သော၊ ပြီးလျှင် “လူတို့သည် ၎င်းတို့၏ တစ်သက်တာလုံး ဤကဲ့သို့ ပျော်ရွှင်စွာ နေထိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဤဘဝတွင် ရောဂါဖြစ်ခြင်းသည် အဆိုးရွားဆုံးအရာဖြစ်ပြီး ငွေမရှိခြင်းသည် အဆိုးရွားဆုံးအရာ ဖြစ်သည်” ဟုပင် တွေးထင်ကြသော တိရစ္ဆာန်နှင့်မခြားသော ထိုလူများနှင့် မတူကြပေ။ ဤသည်မှာ တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ယုတ္တိဗေဒ ဖြစ်သည်။ “ရောဂါဖြစ်ခြင်းသည် အဆိုးရွားဆုံးအရာဖြစ်ပြီး ငွေမရှိခြင်းသည် အဆိုးရွားဆုံးအရာ ဖြစ်သည်” ဟူသော ဤဆိုရိုးစကားသည် ဘဝကို တွေ့ကြုံပြီးနောက် ၎င်းတို့ ရရှိလာသည့် ဘဝနှင့်ပတ်သက်သော အတွေးအခေါ် ဖြစ်သည်။ သို့ရာတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးက ဤစကားများကို ကြားသောအခါ ၎င်းက “ဆင်းရဲခြင်းသည် ဆိုးရွားပုံရသည်မှာ အမှန်ပင်ဖြစ်သည်။ သင် ငွေလိုအပ်သော်လည်း ငွေမရှိသောအခါ ယင်းက သင့်ကို အကျပ်အတည်းတစ်ခုထဲ ရောက်သွားစေသည်။ သို့သော် ငွေရှိခြင်းက အနှစ်မဲ့ခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်သလော။ ယင်းက ထိုပြဿနာကို စိုးစဉ်းမျှ မဖြေရှင်းပေးနိုင်ပေ။ ပိုက်ဆံရှိလွန်းခြင်းသည်လည်း စိတ်ရှုပ်စရာတစ်ခု ဖြစ်သည်။ ယင်းကို တပ်မက်နေသူများ အစဉ်သဖြင့် ရှိနေပြီး ယင်းကို မည်သည့်နေရာတွင် သိမ်းဆည်းရသည်မှာ လုံခြုံမည်ကို သင် သိလိမ့်မည်မဟုတ်ပေ။ ယင်းကို ဘဏ်ထဲတွင် ထည့်ထားခြင်းက လုံခြုံပုံမရပေ၊ ယင်းကို ရင်းနှီးမြှုပ်နှံရန် မည်သည့် အာမခံချက်ကိုမျှ သင် မခံစားရသည့်အပြင် မည်သို့ပင်ဖြစ်စေ ထိုမျှလောက်များစွာကို သင် သုံးစွဲနိုင်မည် မဟုတ်ပေ။ သင်သည် ထိုငွေများကို စားသောက်ပျော်ပါးခြင်း၏ သာယာမှုများ၊ ဇိမ်ခံအိမ်တစ်ခုတွင် နေထိုင်ခြင်း၊ ဇိမ်ခံကားများ မောင်းနှင်ခြင်းနှင့် လူတို့၏ ဖားယားမှု၊ အားကျမှုနှင့် အထင်ကြီးလေးစားမှုတို့ကို ခံစားခြင်းတို့အတွက် သုံးစွဲပါက၊ သင်သွားလေရာရာ၌ လူများက သင့်နောက်သို့ လိုက်ပြီး ဝန်းရံနေလျက်၊ ယင်ကောင်အုပ်တစ်အုပ်ကဲ့သို့ သင့်အနားတွင် အဆက်မပြတ် တဝီဝီမြည်နေကာ သင့်ကို တစ်ခဏမျှပင် မခွာဘဲ နေပါက အချိန်ကြာလာသည်နှင့်အမျှ ဤအရာများကို ပျော်မွေ့ခံစားပြီးနောက်တွင် သင်၏ စိတ်ထဲ၌ ယင်းတို့ကို အလွန်အမင်း မနှစ်မြို့ဟု ခံစားရလိမ့်မည်ဖြစ်ပြီး ခဏတာမျှ တိတ်ဆိတ်စွာနေရန်နှင့် သင်၏ စိတ်ကို ငြိမ်သက်စေရန် နေရာတစ်ခုကို ရှာတွေ့လျှင် မည်မျှ အံ့သြဖွယ်ကောင်းမည်နည်းဟု တွေးတောလိမ့်မည်။ သင်သည် ကမ္ဘာအနှံ့ ခရီးသွားနိုင်ပြီး သင်၏ မျက်စိပွင့်နားပွင့် ဖြစ်စေနိုင်လျှင်ပင် ထို့နောက်တွင် သင်၏ စိတ်ထဲ၌ ငြိမ်သက်သွားသောအခါ ဤကဲ့သို့ အသက်ရှင်ခြင်းသည် အဓိပ္ပာယ်မရှိကြောင်းကို သင် ခံစားရဦးမည်ဖြစ်ပြီး ပို၍ပင် အနှစ်မဲ့သည်ဟု သင် ခံစားရလိမ့်မည်” ဟု တွေးတောလိမ့်မည်။ အမှန်တွင် လူတို့သည် ဤအရာအားလုံးအပေါ် အနှစ်မဲ့သည်ဟု ခံစားရသောအခါ ၎င်းတို့၏ စိတ်နှလုံးများသည် နှစ်သိမ့်မှုကို လိုအပ်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အသက်အရွယ်တစ်ခုသို့ ရောက်ရှိပြီး ဘဝလမ်းကြောင်းရှိ အဆင့်တစ်ခုသို့ ရောက်ရှိသောအခါ ၎င်းတို့ နားမလည်သော ဘဝနှင့်ပတ်သက်သည့် မေးခွန်းများနှင့် ရှုပ်ထွေးမှုများစွာ ၎င်းတို့တွင် ရှိလာလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို အဖြေပေးရန်နှင့် ဖြေရှင်းပေးရန် ၎င်းတို့ လိုအပ်လိမ့်မည်။ ဤမေးခွန်းများကို မဖြေရှင်းနိုင်ပါက ၎င်းတို့သည် အရာရာတိုင်းကို အင်တင်တင်ဖြင့် ကိုင်တွယ်ဖြေရှင်းလျက် ဝိညာဉ်မဲ့သော အလောင်းကောင်ကဲ့သို့သာ အသက်ရှင်နိုင်ပြီး အရာရာတိုင်းအပေါ် ၎င်းတို့၏ အမြင်များသည် တက်ကြွမှုရှိမည့်အစား အထူးသဖြင့် အပျက်သဘောဆောင်ပြီး လှုပ်ရှားမှုမဲ့နေလိမ့်မည် ဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော လူများက လက်ကိုင်ထားသည့် အသက်ရှင်နေထိုင်ခြင်းနှင့်ပတ်သက်သော ခံစားချက်အချို့ ဖြစ်သည်။

အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများအနေဖြင့် အသက်ရှင်နေထိုင်ခြင်းနှင့်ပတ်သက်၍ ခံစားချက်အချို့ ရှိသည့်အပြင် ၎င်းတို့သည် အသက်အရွယ်တစ်ခုသို့ ရောက်ရှိသောအခါ လူ့ဘဝနှင့်ပတ်သက်၍ သဘောပေါက်နားလည်မှုအချို့ ရှိလာလိမ့်မည်ဖြစ်ပြီး အမျိုးမျိုးသော မေးခွန်းများကို တွေးတောကြလိမ့်မည်။ ၎င်းတို့တွင် အသိစိတ်တစ်ခု ရှိသောကြောင့် သို့မဟုတ် တိတိကျကျဆိုရလျှင် ထိုသို့သော လူများတွင် စိတ်နှလုံးနှင့် ဝိညာဉ် ရှိသောကြောင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ အဆက်မပြတ် သက်ရောက်မှုအောက်တွင် ၎င်းတို့သည် ဘဝ၏ အဆင့်အမျိုးမျိုး၌ မတူညီသော မေးခွန်းများကို တွေးတောကြလိမ့်မည်။ အမျိုးမျိုးသော လူများကို မည်သို့ ဆက်ဆံသင့်သနည်း။ မိမိ၏ မိဘများနှင့် သားသမီးများကို မည်သို့ ဆက်ဆံသင့်သနည်း။ ဘဝဟူသည် အမှန်တကယ် အဘယ်အရာ ဖြစ်သနည်း။ ဘဝတွင် စားသောက်ပျော်ပါးခြင်းအပြင် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ရှေ့ရေးများဟူသည် အမှန်တကယ် အဘယ်အရာများ ဖြစ်သနည်း ဟူ၍ ဖြစ်သည်။ ဘဝ၏ အမျိုးမျိုးသော အဆင့်များကို တွေ့ကြုံပြီးနောက် ၎င်းတို့သည် သမ္မာတရားကို နားမလည်လျှင်ပင် ဘဝနှင့်ပတ်သက်၍ ကောက်ချက်အချို့ ချကြလိမ့်မည်။ ၎င်းတို့သည် တွေးတောသောကြောင့် ကောက်ချက်များ ချကြလိမ့်မည်။ ဤကောက်ချက်များသည် ဓမ္မဓိဋ္ဌာန်ကျကောင်း ကျနိုင်သည်၊ သို့မဟုတ် ယင်းတို့သည် ကိုယ်ပိုင် သဘောပေါက်နားလည်မှုများသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ဘဝကို တွေ့ကြုံရသည့် လုပ်ငန်းစဉ်အတွင်း အချို့သော အရာများကို ဖြတ်သန်းပြီးဖြစ်ကြသည်။ ဘဝအတွေ့အကြုံ ပမာဏတစ်ခုနှင့်အတူ ၎င်းတို့က “ဤဘဝတွင် အရာများစွာသည် မိမိတို့ အလိုရှိသည့်အတိုင်း ဖြစ်မလာပေ၊ အရာများစွာသည် မိမိတို့၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိသည်။ ယင်းမှာ မမြင်ရသော နေရာတစ်နေရာတွင် ကောင်းကင်က ယင်းတို့အားလုံးကို စီစဉ်ထားသည့်အလား ဖြစ်သည်” ဟု ခံစားကြရလိမ့်မည်။ ဤသည်မှာ ဘဝကို တွေ့ကြုံခြင်းမှ ၎င်းတို့ ရရှိသည့် သဘောပေါက်နားလည်မှုတစ်ခု ဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ ရရှိမှုများထဲမှ တစ်ခုလည်း ဖြစ်သည်။ လူ့သဘာဝအရ ဤရရှိမှုသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာသော အလွန် အပြုသဘောဆောင်ပြီး သဘာဝကျသည့် ဆင်ခြင်သုံးသပ်မှုမျိုး ဖြစ်သည်။ ၎င်းတို့တွင် ဤဆင်ခြင်သုံးသပ်မှုမျိုး အဘယ်ကြောင့် ရှိသနည်း။ အကြောင်းမှာ ဘဝကို တွေ့ကြုံရသည့် လုပ်ငန်းစဉ်အတွင်း ၎င်းတို့ အလိုရှိသည့်အတိုင်း ဖြစ်လာသောအရာများနှင့် ထိုသို့မဖြစ်သောအရာများ၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ကိုက်ညီသောအရာများနှင့် ထိုသို့မကိုက်ညီသောအရာများ များစွာ ရှိသောကြောင့် ဖြစ်သည်။ ဤအရာများကို တွေ့ကြုံရသည့် လုပ်ငန်းစဉ်အတွင်း ၎င်းတို့သည် သင်ခန်းစာများကို အစဉ်မပြတ် ရယူကြလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် လူတို့တွင် ကံကြမ္မာများ ရှိကြသည် ဟူ၍ ကောက်ချက်တစ်ခုသို့ ရောက်ရှိကြလိမ့်မည်။ လူတစ်ဦး၏ ဘဝသည် ချောမွေ့ပြီး မိမိ အလိုရှိသည့်အတိုင်း ဖြစ်သည်ဖြစ်စေ၊ အခက်အခဲများနှင့် စိတ်ပျက်စရာများ ပြည့်နှက်နေသည်ဖြစ်စေ၊ ယင်းတွင် ဆင်းရဲဒုက္ခ သို့မဟုတ် သုခ ပါဝင်သည်ဖြစ်စေ ကံကြမ္မာကဲ့သို့သော အရာမျိုး ရှိလေသည်။ ဤအခြေခံပေါ်တွင် ၎င်းတို့သည် မေးခွန်းအချို့ကို တွေးတောကြလိမ့်မည်။ “လူတို့တွင် ကံကြမ္မာများ ရှိသည်မှာ သေချာသော်လည်း လူတို့သည် ကိုယ့်ကံကြမ္မာကိုယ် ရွေးချယ်ကြသလော။ ယင်းကို လူတို့၏ မိဘများက ပုံဖော်ပေးသလော။ ဤသည်မှာ ပကတိအခြေအနေ ဟုတ်ပုံမရပေ။ ကလေးများ၏ ကံကြမ္မာကို ၎င်းတို့၏ မိဘများက ပုံဖော်ပြီး ဆုံးဖြတ်ပါက မိဘတိုင်းသည် ၎င်းတို့၏ ကလေးများကို ကြီးပွားချမ်းသာရန်နှင့် အခြားသူများထက် ထင်ပေါ်ကျော်ကြားရန်အပြင် ၎င်းတို့ အလိုရှိသည့်အတိုင်း ဖြစ်လာမည့် ပျော်ရွှင်သော ဘဝတစ်ခု ရှိရန် မျှော်လင့်ကြလိမ့်မည်။ သို့သော် ကျွန်ုပ်၏ ဘဝသည် ကျွန်ုပ်၏ မိဘများ၏ ဆန္ဒများအတိုင်းဖြစ်စေ၊ ကျွန်ုပ်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်းဖြစ်စေ အဘယ်ကြောင့် ဖြစ်မလာခဲ့သနည်း။ ကံကြမ္မာကို လူတို့က ဆုံးဖြတ်ခြင်း မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ လူတို့၏ ကံကြမ္မာများကို သဘာဝတရားက ပုံဖော်သည်ဟု ပြောဆိုခြင်းမှာ အနှစ်သာရမဲ့သော စကားသာ ဖြစ်သည်၊ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ မမြင်ရသော လောကတွင် ဤကိစ္စကို စီစဉ်နေသည့် အချုပ်အခြာအာဏာရှင်၊ ကောင်းကင် သေချာပေါက် ရှိလေသည်” ဟူ၍ ဖြစ်သည်။ ဘဝ၏ အဆင့်အချို့ကို တွေ့ကြုံပြီးနောက် ၎င်းတို့တွင် သဘောပေါက်နားလည်မှုအချို့ ရှိလာကြသည်။ သို့မဟုတ် ၎င်းတို့ မတွေ့ကြုံရသေးသော ဘဝ၏ အဆင့်အချို့အတွက် ၎င်းတို့သည် မိမိတို့၏ မိဘများ သို့မဟုတ် ရှေ့လူများထံမှ နားလည်မှုနှင့် ထိုးထွင်းသိမြင်မှုအချို့ကို ရယူကြသည်၊ သေချာပေါက်ပင် ဤအရာများသည်လည်း ဘဝနှင့်ပတ်သက်သော သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ ပထမဦးစွာ ၎င်းတို့သည် ကံကြမ္မာကို ယုံကြည်ကြပြီး ဤအခြေခံပေါ်တွင် ကောင်းကင် တည်ရှိကြောင်းကို ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသလော။ (ကျပါသည်။) အချို့လူများက “သင် ပြောသည့်အရာသည် ဓမ္မဓိဋ္ဌာန်မကျပေ။ ကျွန်ုပ်တို့သည်လည်း လူသားများ ဖြစ်ကြသော်လည်း ထိုနည်းအတိုင်း မတွေးကြပါ” ဟု ပြောကောင်း ပြောကြလိမ့်မည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ဘဝ၏ မေးခွန်းများကို တွေးတောကြသည်ဟု ငါတို့ ပြောဆိုသောအခါ ယင်းက ၎င်းတို့သည် အတန်းထဲတွင် ရှိနေသကဲ့သို့ လုပ်စရာမရှိဘဲ ထိုနေရာတွင် ထိုင်ကာ ယင်းအကြောင်းကို လေးဆယ့်ငါးမိနစ်ကြာ တွေးတောပြီးနောက် အဖြေတစ်ခု ရရှိလာသည်ဟု မဆိုလိုပေ။ ထိုအစား ၎င်းတို့ အသက်ကြီးလာပြီး အရာများကို ပို၍ တွေ့ကြုံလာရသည်နှင့်အမျှ ၎င်းတို့သည် ယင်းကို သတိပင်မထားမိဘဲ ဘဝနှင့်ပတ်သက်သော သဘောပေါက်နားလည်မှုများကို ရရှိကြသည်။ ဤသဘောပေါက်နားလည်မှုများသည် ညတွင်းချင်း ဖြစ်မလာသည့်အပြင် တစ်နှစ်ကြာပြီးနောက်တွင်လည်း ရောက်မလာပေ။ အသက်သုံးဆယ်အရွယ်မှ စတင်၍ ၎င်းတို့သည် ဘဝကို စတင်တွေ့ကြုံပြီး လူ့အဖွဲ့အစည်းအပြင် အခြားလူများနှင့် စတင်ပတ်သက်ကောင်း ပတ်သက်ကြလိမ့်မည်။ အမျိုးမျိုးသော အရာများကို တဖြည်းဖြည်း တွေ့ကြုံပြီးနောက် ၎င်းတို့သည် နည်းနည်းချင်း စုဆောင်းမိလာကာ ထိုသို့သော ကောက်ချက်တစ်ခုသို့ ၎င်းတို့ကို ရောက်ရှိစေသည်။ ဆိုလိုသည်မှာ အသက်အရွယ်တစ်ခုသို့ ရောက်ရှိသောအခါ ဘဝ၏ ခရီးစဉ်အချို့ကို ဖြတ်သန်းပြီးနောက် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ပထမဦးစွာ လူတို့တွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြောင်း၊ ၎င်းတို့၏ ကံကြမ္မာသည် ကောင်းကင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ရှိကြောင်းကို ယုံကြည်ကြလိမ့်မည်။ ၎င်းတို့သည် ဤကောက်ချက်ကို ချကြသည်။ ၎င်းတို့ အခြားမည်သည့် ကောက်ချက်ချကြသေးသနည်း။ “လူတစ်ဦးသည် ဤဘဝတွင် ကောင်းချီးများကို ခံစားရသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခများကို ခံစားရသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရာထူးကြီးမြင့်သော အရာရှိတစ်ဦး ဖြစ်လာသည်ဖြစ်စေ၊ သာမန်လူတစ်ဦးသာ ဖြစ်သည်ဖြစ်စေ ယင်းတို့ထဲမှ မည်သည့်အရာကမျှ မိမိအပေါ် မမူတည်ပေ” ဟူ၍ ဖြစ်သည်။ သင်သည် ယင်းကို လူသား ရှုထောင့်မှ တွေးတောပါက မည်သူက အရာရှိတစ်ဦး မဖြစ်လိုဘဲ နေမည်နည်း၊ ကောင်းမွန်သော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘဝတစ်ခုကို မခံစားလိုဘဲ နေမည်နည်း၊ ပြီးလျှင် အရာရာတိုင်း မိမိ အလိုရှိသည့်အတိုင်း ဖြစ်လာသည့် ပျော်ရွှင်ပြီး အခက်အခဲကင်းသော ဘဝတစ်ခုကို မပိုင်ဆိုင်လိုဘဲ နေမည်နည်း။ သို့သော် ထိုသို့သော ရည်သန်မျှော်မှန်းချက်များသည် မလွဲမသွေ အကောင်အထည်ပေါ်လာမည် မဟုတ်ပေ၊ လူတိုင်း၏ ကံကြမ္မာသည် ကွဲပြားသည်။ ဥပမာအားဖြင့် အချို့လူများသည် ငယ်ရွယ်စဉ်တွင် သာမန်သာဖြစ်ပြီး ဖိုသီဖတ်သီ ဖြစ်ပုံပေါ်သော်လည်း ၎င်းတို့ ကြီးပြင်းလာသောအခါ အောင်မြင်မှုကို ရှာတွေ့ကြသည်၊ လူတို့သည် ဤအရာကို နားမလည်နိုင်ကြပေ။ သာဓကအားဖြင့် ငယ်ရွယ်စဉ်ကတည်းက ထူးချွန်ရန် အထူးသဖြင့် စိတ်အားထက်သန်ခဲ့သော မိန်းကလေးတစ်ဦး ရှိသည်ဆိုပါစို့၊ သူမသည် ပညာရေးတွင် ထူးချွန်ပြီး အထူးသဖြင့် ထင်ပေါ်သော ရုပ်ရည်သွင်ပြင် ရှိသည်။ သို့သော် နောက်ဆုံးတွင် သူမ၌ မည်သည့်အရာ ဖြစ်ပျက်သနည်း။ သူမသည် လူမိုက်တစ်ဦးနှင့် အိမ်ထောင်ကျပြီး နေ့စဉ် အရိုက်ခံရကာ သူမ မွေးသော ကလေးများသည် သူမ စိတ်ကူးထားသကဲ့သို့ ရုပ်ရည်မချောမောကြပေ၊ ၎င်းတို့အားလုံးသည် ရုပ်ထူးဆန်းပြီး ဆွဲဆောင်မှု မရှိကြပေ။ သူမသည် အလွန် စိတ်အားထက်သန်သည်၊ ထိုမျှ ကောင်းမွန်သော ရုပ်ရည်ရှိပြီး သူမကို ပိုးပန်းသူများစွာ ရှိသော်လည်း နောက်ဆုံးတွင် သူမ၏ ရွေးချယ်စရာများ အားလုံးထဲမှ ဖြတ်သန်းပြီးနောက် လူမိုက်တစ်ဦးကို သူမ ရွေးချယ်ခဲ့သည်၊ ဤသည်မှာ လူတို့ မည်သည့်အခါမျှ မျှော်လင့်ထားမည်မဟုတ်သော အရာတစ်ခု ဖြစ်သည်။ သို့တည်းမဟုတ် ကြီးပြင်းလာသောအခါ စစ်ဗိုလ်ချုပ် သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်လာရန် အိပ်မက်မက်ပြီး အထူးသဖြင့် ရည်မှန်းချက်ကြီးသော အခြားတစ်စုံတစ်ဦး ရှိသည်ဆိုပါစို့။ ပြီးလျှင် သူ့၌ မည်သည့်အရာ ဖြစ်ပျက်သနည်း။ သူ ကြီးပြင်းလာသောအခါ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလေသည်။ သူသည် ပညာအရည်အချင်း အတော်အတန် မြင့်မားပြီး တစ်နေ့လုံး မျက်မှန်တပ်ကာ အဟောအပြော ကောင်းမွန်စွာ စကားပြောဆိုနိုင်သည်။ သူသွားလေရာရာ၌ အခြားသူများကို သမိုင်းဝင် ပုံပြင်များနှင့် ဇာတ်လမ်းများကို ပြောပြတတ်သည်။ သူသည် နက္ခတ္တဗေဒမှသည် ပထဝီဝင်အထိ အရာအားလုံးကိုပင် သိရှိပြီး ဗေဒင်ဟောနိုင်သည်။ သို့သော် နောက်ဆုံးတွင် သူသည် မည်သည့်အရာကိုမျှ အောင်မြင်မှုမရရှိဘဲ သူ၏ တစ်သက်တာလုံး လယ်သမားတစ်ဦးအဖြစ်သာ နေထိုင်သွားရသည်။ ဤအရာများမှနေ၍ လူတစ်ဦး၏ တစ်သက်တာလုံးရှိ မိမိ၏ ကံကြမ္မာကို ကောင်းကင်က စီစဉ်ထားကြောင်း မြင်တွေ့နိုင်သည်။ သင်သည် ကောင်းမွန်သော ရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများ ရှိလျှင်ပင် ယင်းတို့သည် မလွဲမသွေ အကောင်အထည်ပေါ်လာမည် မဟုတ်ပေ၊ ပြီးလျှင် သင်၌ ထိုအရာများ မရှိလျှင်ပင် ကောင်းသောကံသည် သင့်ထံသို့ မမျှော်လင့်ဘဲ ရောက်လာကောင်း ရောက်လာလိမ့်မည်။ ဤသည်မှာ ကောင်းကင်ဘုံက မျက်လုံးများရှိသည်ဟူသော ဘာသာတရား မရှိသူတို့၏ ဆိုရိုးစကားကို ပြည့်စုံစေသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် လုံးလုံးလျားလျား ရှိလေသည်။ ထို့အပြင် ယခု ဆင်းရဲသော မည်သူမဆို မိမိ၏ တစ်သက်တာလုံး ဆင်းရဲနေမည်ဟု မဆိုလိုပေ။ တစ်စုံတစ်ဦး ဆင်းရဲသောအခါ သူ၏ ဇနီးက သူ့ကို အထင်သေးပြီး သူ့ကို စွန့်ခွာသွားကောင်း သွားနိုင်သည်။ သို့တိုင်အောင် နှစ်အနည်းငယ်ကြာပြီးနောက် သူ၏ စီးပွားရေး တိုးတက်လာပြီး သူသည် ဇိမ်ခံကားများ မောင်းနှင်ကာ စံအိမ်ကြီးတစ်ခုတွင် နေထိုင်လျက်၊ ရွှေနှင့် ငွေတို့ကို ဝတ်ဆင်ထားသော သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာသည်။ ထိုအခါ သူ၏ ဇနီးက ပြန်ပေါင်းချင်သော်လည်း သူက သူမကို ပြန်လက်ခံမည့်အစား နောက်ထပ် မည်သည့်အခါမျှ အိမ်ထောင်မပြုဘဲ နေလိုက်မည် ဖြစ်သည်။ သင် မြင်သလော၊ သူ၏ ဇနီးသည် ကံမကောင်းခြင်းသာ ဖြစ်သည်၊ သူမသည် ဆင်းရဲရန် ကံပါလာသည်။ ဤဘဝတွင် လူတစ်ဦးသည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိသည်။ သင် မည်သည့်အချိန်တွင် ချမ်းသာလာနိုင်သည်ကို သင် မည်သည့်အခါမျှ သိမည်မဟုတ်သည့်အပြင် သင့်ကို ဆင်းရဲသွားစေနိုင်သည့် အရာကိုလည်း သင် မည်သည့်အခါမျှ သိမည်မဟုတ်ပေ။ အချို့သော လူချမ်းသာများသည် ၎င်းတို့၏ တစ်သက်တာလုံး ချမ်းသာကြွယ်ဝလိမ့်မည်ဟု တွေးထင်ကြသဖြင့် ၎င်းတို့သည် ဆင်းရဲသားများကို အထင်သေးပြီး ထိုလူတို့ကို လျစ်လျူရှုကြသည်။ သို့သော် နှစ်အနည်းငယ်ကြာပြီးနောက် ၎င်းတို့သည် ဆင်းရဲသွားကြပြီး ၎င်းတို့ အနိုင်ကျင့်ကာ လျစ်လျူရှုခဲ့ဖူးသော သူများသည် ယခုအခါ ၎င်းတို့ထက် ပို၍ ချမ်းသာလာကြကာ ၎င်းတို့ကို အာရုံစိုက်လိုစိတ် မရှိကြတော့ပေ။ လူတစ်ဦးသည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ယင်းမှာ မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို သဘောပေါက်ခြင်းအပြင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ဘဝနှင့်ပတ်သက်သော အခြားမည်သည့် သဘောပေါက်နားလည်မှုများကို ရရှိကြသနည်း။ အချို့လူများက “ဤဘဝတွင် သင်သည် ကောင်းသောအရာများကို မလုပ်ဆောင်လျှင်ပင် မကောင်းမှုကို မကျူးလွန်ပါနှင့်။ ကောင်းကင်ဘုံက မျက်လုံးများရှိသည်။ ထိုမိသားစုကို ကြည့်ပါ၊ ၎င်းတို့သည် ၎င်းတို့၏ အဘိုးအဘွားများ မျိုးဆက်ကတည်းက ပျက်စီးနေခဲ့ပြီး အခြားသူများကို အစဉ်သဖြင့် လိမ်လည်လှည့်ဖြားကာ ဘေးအန္တရာယ် ဖြစ်စေကြသည်။ ပြီးလျှင် နောက်ဆုံးတွင် ၎င်းတို့၌ မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ၎င်းတို့၏ မြေးဖြစ်သူသည် ကံကြွေးသင့်ခဲ့သည်၊ သူသည် မွေးကတည်းက မသန်မစွမ်း ဖြစ်ခဲ့သည်။ ထို့ကြောင့် မကောင်းမှုကို မကျူးလွန်ပါနှင့်။ ကောင်းကင်ဘုံက မျက်လုံးများရှိသည်၊ သင်သည် မကောင်းမှုကို ကျူးလွန်ပါက အနှေးနှင့်အမြန် သင်သည် ကံကြွေးသင့်လိမ့်မည်” ဟု ပြောဆိုကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် သမ္မာတရားကို နားမလည်သောအခါ အရာများစွာကို တွေ့ကြုံရပြီး များစွာ ဆင်းရဲဒုက္ခခံစားကြရသည်။ ၎င်းတို့ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်များသို့ ရောက်ရှိချိန်တွင် ၎င်းတို့၌ ဘဝနှင့်ပတ်သက်သော အမျိုးမျိုးသော သဘောပေါက်နားလည်မှုများ ရှိလာလိမ့်မည်။ ဤသဘောပေါက်နားလည်မှုများသည် နောက်ဆုံးတွင် ကံကြမ္မာနှင့် ကောင်းကင် တည်ရှိခြင်း၊ မမြင်ရသော လောကတွင် လူတို့၏ ကံကြမ္မာများသည် ကောင်းကင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ရှိခြင်း၊ လူတို့သည် သေဆုံးပြီးနောက် ကံကြွေးသင့်ခြင်း၊ လူတစ်ဦးသည် မကောင်းမှုကို မကျူးလွန်သင့်ခြင်းနှင့် လူတစ်ဦးသည် မည်သည့် မကောင်းမှုကို ကျူးလွန်သည်ဖြစ်စေ ကောင်းကင်ဘုံက မျက်လုံးများရှိပြီး စောင့်ကြည့်နေခြင်းတို့အပေါ် အခြေခံလေသည်။ သင် မကောင်းမှု ကျူးလွန်ထားသည်ကို အခြားသူများ လုံးဝ မသိဟု မတွေးပါနှင့်၊ လူများက မသိကောင်း မသိနိုင်သော်လည်း ကောင်းကင်ကမူ သေချာပေါက် သိလေသည်။ လူတစ်ဦးသည် ဤဘဝတွင် တင်ရှိသော အကြွေးများကို နောက်ဘဝတွင် ပြန်ဆပ်ရမည်ဖြစ်ပြီး ယင်းတို့ကို ပြန်ဆပ်ရန် ဘဝအချို့ပင် အချိန်ယူရကောင်း ယူရနိုင်သည်။ သင် မြင်သလော၊ ရှေးခေတ်မှသည် ယနေ့တိုင်အောင် မကောင်းမှုကို လွန်ကျူးစွာ ကျူးလွန်ခဲ့သူအားလုံးသည် ဆိုးရွားသော အဆုံးသတ်များနှင့် ကြုံတွေ့ခဲ့ရပြီး ကံကြွေးသင့်ခဲ့ကြသည်။ အချို့သည် လူသတ်မှုကို လွန်ကျူးစွာ ကျူးလွန်ခဲ့ကြပြီး အပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်၊ နှစ်ပေါင်းရာနှင့်ချီ၍ ၎င်းတို့သည် လူအဖြစ် တစ်ကြိမ်မျှပင် ဝင်စားခြင်း မခံခဲ့ရပေ။ ၎င်းတို့သည် နွားများနှင့် ဝက်များအဖြစ် အဆက်မပြတ် ဝင်စားခဲ့ကြပြီး သတ်ဖြတ်ခံရပြီးနောက်တွင် ဝက်များနှင့် နွားများအဖြစ် တစ်ဖန် ပြန်လည်ဝင်စားခဲ့ကြကာ မျိုးဆက်တစ်ခုပြီးတစ်ခု ဤသံသရာကို ဖြတ်သန်းခဲ့ကြရသည်။ ဤသည်မှာ အပြစ်ဒဏ်ကို ရင်ဆိုင်ရခြင်း ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် သမ္မာတရားကို နားမလည်လျှင်ပင် ၎င်းတို့သည် ဘဝ၏ ကိစ္စရပ်များနှင့်ပတ်သက်၍ ခံစားချက်အချို့ ရှိနိုင်သေးသည်၊ အပြုသဘောဆောင်သော အရာများအချို့ကို သဘောပေါက်နိုင်ပြီး နောက်ဆုံးတွင် အပြုသဘောဆောင်သော အဖြေအချို့ကို ရရှိနိုင်ကြသည်။ ဤအပြုသဘောဆောင်သော အဖြေများက လူတို့ ပိုင်ဆိုင်သင့်သည့် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းအချို့နှင့် လူတို့ လျှောက်လှမ်းသင့်သည့် ကျင့်ကြံပြုမူခြင်း လမ်းကြောင်းတို့ကို ရယူရန် ၎င်းတို့ကို လုပ်ဆောင်နိုင်စွမ်း ပေးသည်။ ၎င်းတို့၏ တစ်သက်တာလုံး ဤနည်းအတိုင်း အသက်ရှင်ခြင်းအားဖြင့် ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မကောင်းမှုကို လျှော့၍ ကျူးလွန်နိုင်ပြီး အပြစ်ပေးခံရခြင်းအချို့မှ ကင်းလွတ်ခွင့် ရနိုင်ကြသည်။ လူတို့တွင် ဘဝအတွေ့အကြုံ ပို၍ ရှိလေလေ၊ ဘဝနှင့်ပတ်သက်သော သဘောပေါက်နားလည်မှုများကို ၎င်းတို့ ပို၍ ရရှိလေလေ၊ ၎င်းတို့၏ အလားအလာများနှင့် အနာဂတ်များကို ၎င်းတို့ ပို၍ မှန်ကန်စွာ ရင်ဆိုင်နိုင်လေလေဖြစ်ပြီး ဤအရာများအားလုံးကို အတင်းအဓမ္မ၊ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ရန် ကြိုးစားမည့်အစား အရာရာတိုင်းကို ဖြစ်လာမည့်အတိုင်း ဖြစ်ခွင့်ပေးလျက် အမှုအရာများကို ယင်းတို့၏ သဘာဝလမ်းကြောင်းအတိုင်း ၎င်းတို့ ပို၍ ဖြစ်ခွင့်ပြုနိုင်လေလေ ဖြစ်သည်။ ဥပမာအားဖြင့် မိမိ၏ ကလေးများ၏ အလားအလာများနှင့် အိမ်ထောင်ရေး၊ သို့မဟုတ် မိမိ၏ ကလေးများက သက်ကြီးရွယ်အိုများကို မည်သို့ ဆက်ဆံသည်ဟူသည့် အရာများနှင့်ပတ်သက်၍ မိဘများသည် ယင်းတို့အားလုံးကို ကြိုးကိုင်ညွှန်ကြားရန် ဖန်တီးထားသော နည်းလမ်းများ သို့မဟုတ် အစွန်းရောက်သော အပြုအမူများကို အသုံးပြုမည့်အစား အမှုအရာများကို ယင်းတို့၏ သဘာဝလမ်းကြောင်းအတိုင်း ဖြစ်ခွင့်ပြုကြလိမ့်မည်ဖြစ်ပြီး ဤအရာများကို မှန်ကန်စွာ ရင်ဆိုင်ကြလိမ့်မည်။ ထို့ကြောင့် တစ်စုံတစ်ဦးတွင် ဘဝနှင့်ပတ်သက်သော ဤသဘောပေါက်နားလည်မှုများ ရှိသောအခါ အတိုင်းအတာတစ်ခုအထိ ၎င်းသည် ကောင်းကင်၏ အစီအစဉ်များနှင့် ကံကြမ္မာ၏ အစီအစဉ်များကို လိုက်နာနိုင်ကြပြီး မိုက်မဲသောအရာများကို လျှော့၍ လုပ်ဆောင်နိုင်သည် သို့မဟုတ် လုံးဝ မလုပ်ဆောင်ဘဲ နေနိုင်ကြသည်။

ဘဝနှင့်ပတ်သက်၍ ရရှိရန် သဘောပေါက်နားလည်မှုများစွာ ရှိသည်။ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အရာများအပြင်၊ သင်တို့သည် အခြားမည်သည့် သဘောပေါက်နားလည်မှုများကို ရရှိပြီးဖြစ်သနည်း။ (မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့သည်လည်း လူတို့၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိသည်ဟူ၍ ဖြစ်ပါသည်။) မှန်ပေသည်၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့သည် လူတို့၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိသည်။ သင် မြင်သလော၊ အချို့လူများသည် အလွန် ကျန်းမာရေးကောင်းမွန်သော်လည်း ထို့နောက်တွင် အအေးမိပြီး ရက်အနည်းငယ်အတွင်း သေဆုံးသွားကြသည်။ တစ်ချိန်တည်းမှာပင် အချို့လူများသည် ဖျားနာတတ်ပြီး တစ်နှစ်ပတ်လုံး ဆေးသောက်နေရသည့်တိုင် ၎င်းတို့၏ အသက်ရှစ်ဆယ်အရွယ်အထိ ကောင်းမွန်စွာ အသက်ရှင်ကြသည်။ လူတစ်ဦး မည်သည့်အချိန်တွင် သေဆုံးမည်ဟူသည်မှာလည်း မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိသည်၊ ယင်းမှာ လူတစ်ဦး ရွေးချယ်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ဘဝနှင့်ပတ်သက်သော အခြားမည်သည့် သဘောပေါက်နားလည်မှုများ ရှိသေးသနည်း။ (သမီးရည်းစား အချစ်နှင့် အိမ်ထောင်ရေးတို့သည်လည်း မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိသည်ဟူ၍ ဖြစ်ပါသည်။) လူတို့သည် ထိုအချိန်တွင် အရာများစွာကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြသော်လည်း အသက်အရွယ်တစ်ခုသို့ ရောက်ရှိသောအခါ သဘောပေါက်နားလည်မှုအချို့ကို ၎င်းတို့ ရရှိကြလိမ့်မည်။ ဥပမာအားဖြင့် လူသားများ ဖန်တီး၍မရနိုင်သော အရာများစွာ ရှိသည်၊ ယင်းတို့သည် လူသား၏ အလိုဆန္ဒအတိုင်း ပြောင်းလဲခြင်းမရှိသည့်အပြင် ယင်းအားဖြင့် ဆုံးဖြတ်ခြင်းလည်း မခံရပေ။ ငါ့ကို ပြောလော့၊ ဤမေးခွန်းများကို တွေးတောနိုင်ပြီး ဘဝနှင့်ပတ်သက်သော ဤသဘောပေါက်နားလည်မှုများ ရှိနိုင်သည့် လူတစ်ဦးအနေဖြင့် ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသောအခါ ၎င်း၏ စိတ်နှလုံးသည် အတော်အတန် လင်းလက်သွားသည် မဟုတ်လော။ (လင်းလက်သွားပါသည်။) ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အဖြေများကို ရရှိနိုင်ပါက ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ မှန်ကန်မှုကို ၎င်းသည် အသိအမှတ်ပြုမည်လော။ (အသိအမှတ်ပြုပါမည်။) အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ဘဝ၏ အဆင့်အချို့ကို တွေ့ကြုံပြီးနောက် ၎င်းတို့သည် ဘဝနှင့်ပတ်သက်သော သဘောပေါက်နားလည်မှုအချို့ကို ရရှိကြလိမ့်မည်။ ဤသဘောပေါက်နားလည်မှုများထဲမှ အခြေခံအကျဆုံး အချက်မှာ ကံကြမ္မာကို ယုံကြည်ခြင်းနှင့် ဘုရားသခင် တည်ရှိကြောင်းကို ယုံကြည်ခြင်း ဖြစ်သည်။ ဤအခြေခံပေါ်တွင် ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို အဖြေများပေးပြီး လမ်းကြောင်းတစ်ခုကိုလည်း ပေးကာ ဘဝကို တွေ့ကြုံရသည့် လုပ်ငန်းစဉ်အတွင်း ၎င်းတို့ ရရှိခဲ့သော သဘောပေါက်နားလည်မှုများကို အတည်ပြုပေးသည့်အပြင် တိကျသော အဖြေများကိုလည်း ၎င်းတို့အား ပေးလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘဝကို တွေ့ကြုံရသည့် လုပ်ငန်းစဉ်အတွင်း ၎င်းတို့ သဘောပေါက်ရန် ပျက်ကွက်ခဲ့သော တိကျသည့် အသေးစိတ်အချက်အချို့ကို ပြီးပြည့်စုံစွာ ဖြည့်စွက်ပေးပြီး ဘုရားသခင် တည်ရှိကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည်မှာ သံသယဖြစ်ဖွယ် လုံးဝ မရှိကြောင်းကိုလည်းကောင်း ၎င်းတို့ ပို၍ ကောင်းမွန်စွာ နားလည်ရန်နှင့် ပို၍ ခိုင်မာစွာ ယုံကြည်ရန် ကူညီပေးသည်။ ၎င်းတို့တွင် ဤအခြေခံအုတ်မြစ်သည် ပထမနေရာ၌ ရှိခဲ့ပြီး ဘဝကို တွေ့ကြုံရသည့် လုပ်ငန်းစဉ်အတွင်း ထိုသို့သော အဖြေများကို ရရှိပြီးဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို နားလည်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူ၏ တည်ရှိခြင်းနှင့် လူတို့၏ ကံကြမ္မာများအပေါ် သူ အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အမှန်တရားကို ၎င်းတို့အား ပို၍ ခိုင်မာစွာ ယုံကြည်စေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ သဘောပေါက်နားလည်မှုများ မှန်ကန်ပြီး တိကျကြောင်းကို အတည်ပြုရန် ၎င်းတို့ကို လုပ်ဆောင်ခွင့် ပေးသည်။ ထို့ကြောင့် ဘဝနှင့်ပတ်သက်သော သဘောပေါက်နားလည်မှုများ ရှိခြင်း အခြေခံပေါ်တွင် ဘုရားသခင်သည် အမှန်တကယ် တည်ရှိကြောင်းကို ၎င်းတို့ ပို၍ပင် ခိုင်မာစွာ ယုံကြည်ကြပြီး သူ့ကို မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သော်လည်း သူ၏ တည်ရှိခြင်းကို ငြင်းဆို၍မရနိုင်ကြောင်းကို ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မလာမီကတည်းက ဤအရာနှင့်ပတ်သက်သော သတိပြုမိခြင်းနှင့် ခံစားချက်တစ်ခု အမှန်တကယ် ရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထံမှ အတည်ပြုချက်ကို ရရှိသောအခါ ၎င်းတို့၏ ယုံကြည်ခြင်းသည် အလိုအလျောက် တိုးပွားလာသည်၊ ပို၍ သံသယဖြစ်လာမည့်အစား ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပို၍ ရှိကြပြီး သူ၏ တည်ရှိခြင်းကို ပို၍ ခိုင်မာသော ယုံကြည်ခြင်း ရှိကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် လူအများစုထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရာတွင် အခက်အခဲ ပို၍ နည်းပါးကြသည်။ ယောဘကဲ့သို့ပင် ဘဝနှင့်ပတ်သက်သော သူ၏ သဘောပေါက်နားလည်မှုမှာ အဘယ်အရာ ဖြစ်သနည်း။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္ထု ၁:၂၁) ဘုရားသခင်က သူ့ကို စစ်ကြောခြင်း မပြုမီနှင့် ဘုရားသခင်က သူ့ကို တေ့တေ့ဆိုင်ဆိုင် မတွေ့ဆုံမီတွင် သူသည် ဤအရာကို ခံစားခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူ့ကို စစ်ကြောသောအခါ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်ကြောင်းနှင့် ယင်းမှာ မှားယွင်းနိုင်ဖွယ် မရှိကြောင်းကို သူ၏ စိတ်နှလုံးထဲတွင် ပို၍ ခိုင်မာစွာ ယုံကြည်ခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်က သူ့ကို စစ်ကြောသောအခါ သူသည် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ထိတွေ့ပြီး သိကျွမ်းခြင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိကျွမ်းခြင်းတို့တွင် အစကတည်းက စတင်ခဲ့ခြင်း မဟုတ်ပေ၊ ထိုအစား သူသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ပြီး သဘောပေါက်ပြီး ဖြစ်လေသည်။ ဤအခြေခံပေါ်တွင် သူ၏ အသိနှင့် သဘောပေါက်နားလည်မှုများသည် မှန်ကန်ကြောင်းနှင့် ဘုရားသခင်သည် ဤနည်းအတိုင်း အမှန်တကယ် ပြုမူကြောင်းကို သူ ပို၍ အတည်ပြုခဲ့သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများနှင့်ပတ်သက်၍မူ ၎င်းတို့သည် ဘဝနှင့်ပတ်သက်သော သဘောပေါက်နားလည်မှုများကို ရရှိပြီးနောက် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသောအခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခံယူရာတွင် အခက်အခဲ လုံးဝနီးပါး မရှိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှန်ကန်ကြောင်းကို ၎င်းတို့ ပို၍ပင် ခိုင်မာစွာ ယုံကြည်နိုင်ကြသည်။ ဘဝနှင့်ပတ်သက်သော ၎င်းတို့၏ သဘောပေါက်နားလည်မှုများတွင် အသေးစိတ်အချက်များစွာ ကင်းမဲ့နေခြင်းသာဖြစ်ပြီး ဤအရာက ၎င်းတို့ကို ပို၍ပင် ခိုင်မာစွာ ယုံကြည်စေကာ ၎င်းတို့၏ အသိသည် မှန်ကန်ကြောင်းကို အတည်ပြုစေလျက် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့တွင် မည်သည့် သံသယမျှ မရှိစေပေ။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် သံသယမျှ မရှိဘဲ သူ၏ တည်ရှိခြင်းကို ခိုင်မာစွာ ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲသလော။ ဘုရားသခင်၏ တည်ရှိခြင်းကို လုံးဝ မယုံကြည်သော သို့မဟုတ် အသိအမှတ်မပြုသောသူများ၊ သို့မဟုတ် ယင်းကို မေးခွန်းထုတ်သောသူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့အတွက် အခက်အခဲ ပို၍ နည်းပါးသလော။ (နည်းပါးပါသည်။) ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် အဟန့်အတားဖြစ်လျှင်ပင် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားသည် ဘုရားသခင်က လူသားမျိုးနွယ်၏ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်ကြောင်းကို မည်သည့် သံသယမျှမရှိဘဲ ၎င်းတို့ ခိုင်မာစွာ ယုံကြည်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်။ ဆိုလိုသည်မှာ ဘုရားသခင်က ၎င်းတို့ကို စမ်းသပ်သောအခါ သို့မဟုတ် ၎င်းတို့ကို ပြစ်တင်ဆုံးမပြီး တရားစီရင်သောအခါ ပထမဦးစွာ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မငြင်းဆိုကြပေ၊ ဒုတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မေးခွန်းမထုတ်ကြပေ၊ ပြီးလျှင် တတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မငြင်းပယ်ကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်သာ အာရုံစိုက်ကြသည်။ ဤအခြေအနေသည် ဘုရားသခင် တည်ရှိကြောင်းကို လုံးဝ မယုံကြည်သော သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ သံသယရှိသော လူများ၏ အခြေအနေနှင့် ကွဲပြားသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို လုံးဝ မယုံကြည်သောသူများနှင့်ပတ်သက်၍မူ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းက ၎င်းတို့အပေါ် ကျရောက်သောအခါ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်ရန် ပတ်ဝန်းကျင်များကို ဖန်တီးသောအခါ ၎င်းတို့သည် ပထမဦးစွာ ဘုရားသခင်ကို အတိုက်အခံလုပ်ကြသည်။ ၎င်းတို့က “ဤသည်မှာ ဘုရား၏ လုပ်ဆောင်ချက် မဟုတ်ပေ၊ ဘုရားသည် ဤနည်းအတိုင်း ဘယ်သောအခါမျှ ပြုမူမည် မဟုတ်ပေ” သို့မဟုတ် “ဘုရား အဘယ်မှာနည်း။ ဤသည်မှာ လူတို့၏ လုပ်ဆောင်ချက် ဖြစ်သည်” ဟု ပြောဆိုလျက် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းဆိုကြသည်။ ၎င်းတို့သည် မယုံကြည်သူများ၏ ပုံမှန်ဖြစ်သော အပြုအမူများကို ပြသကြပြီး ပြောဆိုချက်များကို ပြုလုပ်ကြသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ပတ်သက်၍ သံသယရှိသောသူများသည် “ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်လော။ ဘုရားသခင်က ဤနည်းအတိုင်း ပြုမူမည်ဟု ကျွန်ုပ် လုံးဝ မယုံကြည်ပါ။ ဘုရားသခင်သည် လူတို့ကို ချစ်ပြီး ဂရုစိုက်မှု ပြသသည်၊ သူသည် သူ၏ အချုပ်အခြာအာဏာကို ဤကဲ့သို့ ကျင့်သုံးမည်လော။ သူ ထိုသို့ ပြုမည်ဟု ကျွန်ုပ် မထင်ပါ။ မည်သို့ပင်ဖြစ်စေ ဤအရာကို ကျွန်ုပ် လက်မခံလိုပါ၊ တစ်စုံတစ်ခုက ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီပါက ယင်းကို ကျွန်ုပ် လက်မခံပါ” ဟု အစဉ်သဖြင့် တွေးတောကြသည်။ သင် မြင်သလော၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စမ်းသပ်မှုများအပေါ် ဤလူစားမျိုး နှစ်မျိုး၏ သဘောထားများသည် ကွဲပြားကြသည်။ မိမိတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အရည်အသွေးများကို ပိုင်ဆိုင်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို အမှန်တကယ် ယုံကြည်သော လူများနှင့်ပတ်သက်၍မူ ဘုရားသခင်က ၎င်းတို့ကို စစ်ကြောရန် ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသောအခါ ၎င်းတို့သည် ပထမဦးစွာ ဘုရားသခင် စီစဉ်ထားသော ပတ်ဝန်းကျင်များကို ဖန်ဆင်းခံ လူသားမျိုးနွယ်၏ ရှုထောင့်မှ သဘောထားပြုမူကြသည်။ ၎င်းတို့သည် ဖန်ဆင်းရှင်နှင့် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကျိုးနွံနာခံသော သဘောထားတစ်ခုဖြင့် ဆက်ဆံကြသည်။ ၎င်းတို့၏ သဘောထားသည် မေးခွန်းထုတ်ခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ငြင်းဆိုခြင်း သဘောထားတစ်ခု မဟုတ်ပေ၊ ထိုအစား ၎င်းတို့က “ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်” ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ပုန်ကန်မှုနှင့် အယူအဆများကို ဖြစ်ပေါ်စေကောင်း ဖြစ်ပေါ်စေနိုင်ပြီး ငြင်းခုံရန် ကြိုးစားကောင်း ကြိုးစားနိုင်သော်လည်း အနည်းဆုံးအနေဖြင့် ပတ်ဝန်းကျင်များအပေါ် ၎င်းတို့၏ သဘောထားမှာ “ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သည်၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်” ဟူ၍ ဖြစ်သည်။ ထို့အပြင် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိဟူသည်ကို သံသယဝင်ကြလိမ့်မည် မဟုတ်ပေ၊ ဤသည်မှာ လုံးဝ ဖြစ်လာမည်မဟုတ်သော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့အပေါ် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည် သာမန်လူသားတစ်ဦးအပေါ် ထားရှိသည့် သဘောထားမျိုး မဟုတ်ဘဲ ဘုရားသခင်အပေါ် ဖန်ဆင်းခံ လူသားတစ်ဦး၏ သဘောထားမျိုး ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများ၏ ဘုရားသခင်အပေါ် သဘောထားသည် မယုံကြည်သူများနှင့် သူ့ကို သံသယရှိသော လူများ၏ သဘောထားနှင့် ကွဲပြားသည် မဟုတ်လော။ (ကွဲပြားပါသည်။)

မယုံကြည်သူများသည် ဘုရားသခင်ကို လေဟာနယ်တစ်ခုကဲ့သို့ ဆက်ဆံကြပြီး သူ့ကို ၎င်းတို့နှင့် အဆင့်အတန်းတူညီသော သာမန်လူသားတစ်ဦးကဲ့သို့ပင် ဆက်ဆံကြသည်။ ဘုရားသခင်ကို သံသယရှိသောသူများသည် ၎င်းတို့၌ မည်သည့်အရာမျှ မဖြစ်ပျက်သောအခါ ဘုရားသခင်နှင့်ပတ်သက်၍ အချည်းနှီးဖြစ်ပြီး မရေရာသော စိတ်ကူးများ ရှိကြသည်။ ၎င်းတို့သည် ပြဿနာများနှင့် ကြုံတွေ့ရသောအခါ ဘုရားသခင်အပေါ် အမျိုးမျိုးသော သံသယဝင်မှုများ၊ သံသယများနှင့် မယုံကြည်မှုများကိုပင် ထားရှိကြသည်။ သို့ရာတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူများအတွက်မူ ၎င်းတို့သည် ဘုရားသခင် တည်ရှိကြောင်းကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် သေချာပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သေချာသောကြောင့် ၎င်းတို့သည် ဘုရားသခင်အပေါ် မည်သည့် ပုန်ကန်မှု သို့မဟုတ် အယူအဆများကို ဖြစ်ပေါ်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဖန်ဆင်းရှင်အပေါ် ဖန်ဆင်းခံတစ်ဦး၏ သဘောထားဖြင့် ဆက်ဆံကြသည်။ ဤလူစားမျိုးနှင့် ယခင် လူစားမျိုး နှစ်မျိုးတို့ကြား ကွာခြားချက်သည် ကြီးမားသလော။ (ကြီးမားပါသည်။) ၎င်းတို့သည် ဘုရားသခင်ကို သံသယဝင်ကြမည် မဟုတ်သည့်အပြင် ဘုရားသခင်ကို သာမန်လူသားတစ်ဦးကဲ့သို့ ဆက်ဆံကြမည်လည်း မဟုတ်ပေ။ ဤကွာခြားချက်အကြောင်းကို ငါတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ အကြောင်းမှာ လူ့သဘာဝရှိသော လူတစ်ဦးအတွက် မိမိသည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည်ဖြစ်စေ၊ ပြီးလျှင် မိမိသည် ဘုရားသခင်အပေါ် အယူအဆများ သို့မဟုတ် ပုန်ကန်မှုကို ဖြစ်ပေါ်စေသည်ဖြစ်စေ ဤအရာအားလုံးသည် မိမိ၏ လူ့သဘာဝရှိ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အတိုင်းအတာအတွင်း၌သာ ဖြစ်ပေါ်လာသောကြောင့် ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်ကို ကျိန်ဆဲမည် မဟုတ်ပေ၊ ဒုတိယအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်မည် သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားစော်ကားမည် မဟုတ်ပေ၊ ပြီးလျှင် တတိယအနေဖြင့် ၎င်းတို့သည် ၎င်းတို့အပေါ် ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ကို အတိုက်အခံလုပ်မည် မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ငြင်းခုံရန် ကြိုးစားကောင်း ကြိုးစားနိုင်သည်၊ သို့မဟုတ် လက်ရှိအခြေအနေကို လက်ခံရန် မလိုလားဘဲ နေနိုင်သည်၊ သို့မဟုတ် ဘုရားသခင်၏ ထိုသို့သော အလုပ်ကို လက်ခံရန် မလိုလားဘဲ နေနိုင်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံကြပြီး ၎င်းတို့တွင် ပုန်ကန်မှုနှင့်ဆိုင်သော သရုပ်သကန်အချို့ ရှိလျှင်ပင် ဤအရာများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အတိုင်းအတာအတွင်း၌သာ ကန့်သတ်ထားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို ငြင်းပယ်သော လူများသည် မည်သည့်အခြေအနေများနှင့်မျှ မရင်ဆိုင်ရသောအခါ ဘုရားသခင် တည်ရှိခြင်း ရှိမရှိဟူသည်နှင့်ပတ်သက်၍ မည်သည့် သတိပြုမိခြင်းမျှ မရှိကြပေ။ သို့သော် ၎င်းတို့သည် အခြေအနေအချို့နှင့် ကြုံတွေ့ရသောအခါ ဘုရားသခင်က ၎င်းတို့အတွက် မလိုလားအပ်သော အရာတစ်ခုခုကို လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ သူက ၎င်းတို့ကို ဆုံးမပဲ့ပြင်နေခြင်း သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားအချို့ ဆုံးရှုံးသွားစေရန် ၎င်းတို့ထံမှ တစ်စုံတစ်ခုကို ရုပ်သိမ်းနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မဆင်မခြင် ဝေဖန်ကြလိမ့်မည်၊ ဘုရားသခင်ကို ကျိန်ဆဲကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားကြလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများ၏ သဘောထားနှင့် ကွဲပြားသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိန်ဆဲရဲကြပြီး ဤကျိန်ဆဲခြင်းသည် ပုန်ကန်မှုသက်သက် မဟုတ်ပေ၊ ၎င်းတို့သည် မည်သည့် ချုပ်တည်းမှု သို့မဟုတ် နောက်တွန့်ခြင်းမျှမရှိဘဲ ဘုရားသခင်ကို ကျိန်ဆဲကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ချုပ်တည်းခြင်း မရှိကြသနည်း သို့မဟုတ် နောက်တွန့်ခြင်း မရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် လူသားများ မဟုတ်ကြဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ပတ်ဝန်းကျင်ရှိ သာမန်အဖြစ်ဆုံး လူသားတစ်ဦးကဲ့သို့ပင် ဆက်ဆံကြသည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ပြဿနာများကို ထိခိုက်ပါက ၎င်းတို့သည် ဘုရားသခင်ကို ရန်သူတစ်ဦးကဲ့သို့ ဆက်ဆံကြပြီး “ကိုယ်တော်၏ စကားများသည် ကျွန်ုပ်အတွက် မလိုလားအပ်ပါက ကျွန်ုပ် ဒေါသထွက်ပြီး ကိုယ်တော့်ကို တန်ပြန်တိုက်ခိုက်မည်။ ကိုယ်တော်၏ စကားများနှင့် လုပ်ရပ်များက ကျွန်ုပ်နှင့် မသက်ဆိုင်သရွေ့ ကိုယ်တော့်အပေါ် ကျွန်ုပ် မည်သည့် ပြဿနာမျှ ရှိမည်မဟုတ်ပေ။ ကျွန်ုပ်၏ အကျိုးစီးပွားများကို ထိခိုက်စေသည့် အရာတစ်ခုခု ဖြစ်ပျက်ပါက သို့မဟုတ် ကျွန်ုပ် ဖမ်းဆီးခံရမည့်အရေးနှင့် ရင်ဆိုင်ရပါက ကျွန်ုပ်သည် ချက်ချင်းပင် ဘုရားကို ငြင်းဆိုပြီး ငြင်းပယ်မည်” ဟု တွေးတောကြသည်။ ၎င်းတို့က “ဘုရားကို ယုံကြည်ခြင်းသည် အကျိုးမရှိပေ၊ ကျွန်ုပ်တို့သည် ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖိနှိပ်မှုတို့ကိုပင် ခံစားရသည်။ ကျွန်ုပ်အနေဖြင့် ဤဆင်းရဲဒုက္ခကို ခံစားမည် မဟုတ်ပါ” ဟုလည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပြောဆိုကြလိမ့်မည်။ သင် မြင်သလော၊ ၎င်းတို့သည် အချိန်တိုင်းတွင် ဘုရားသခင်ကို ယုံကြည်ခြင်းအား စွန့်လွှတ်ရန်နှင့် သူ့ကို စွန့်ပစ်ရန် အတွေးများကို ထားရှိကြသည်။ ၎င်းတို့သည် မိမိတို့ အလိုရှိသည့်အတိုင်း ဖြစ်မလာသောအရာများနှင့် ကြုံတွေ့ရသောအခါ ဤအတွေးများ ရှိကြပြီး ဘုရားသခင်နှင့် ဝေးဝေးနေလိုကြသည်။ ဤသည်မှာ နတ်ဆိုးများနှင့် မယုံကြည်သူများ၏ အဖြစ်အများဆုံးသော အခြေအနေ ဖြစ်သည်။ ဤလူများသည် ၎င်းတို့အတွက် မလိုလားအပ်သောအရာများနှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်ကို ငြင်းဆိုလိုကြသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်တန့်လိုကြပြီး ဘုရားသခင်၏ နာမတော်ကို ငြင်းပယ်ကာ ထွက်ပြေးလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နာမတော်ကို စွန့်ပစ်ရုံသာမက ဘုရားသခင်က ၎င်းတို့ကို မကာကွယ်နိုင် သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများကို မစောင့်ရှောက်နိုင်ဟုလည်း ညည်းညူကြသည်။ အချို့လူများက “ဘုရားသခင် အမှန်တကယ် တည်ရှိသလော။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမှန်တကယ် ကိုင်စွဲနိုင်သလော” ဟုပင် ပြောဆိုကြသည်။ ပြီးလျှင် အခြားသူများက “ဘုရားသခင်ကို အစေခံခြင်းသည် မလွယ်ကူပေ၊ ဘုရင်နှင့် နီးနီးကပ်ကပ် နေရခြင်းက ကျားတစ်ကောင်နှင့် လှဲနေရသကဲ့သို့ အန္တရာယ်များသည်” ဟု ပြောဆိုကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် အင်မတန် ပုန်ကန်သော အရာများကို ရဲဝံ့စွာ ပြောဆိုကြသည်။ သင်သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် အမှန်တကယ် ဆက်ဆံပြီး ဘုရားသခင်တစ်ပါး ရှိကြောင်းကို အမှန်တကယ် ယုံကြည်ကာ ယင်းကို ပုံမှန်လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားမှ တွေးတောပါက သင်သည် သင့်အတွက် အဆင်မပြေသောအရာများနှင့် ကြုံတွေ့ရသောအခါ ဘုရားသခင်ကို ဤကဲ့သို့ ဝေဖန်ကဲ့ရဲ့ပြီး သူ့ကို ပြစ်မှားစော်ကားမည်လော။ သင် ထိုသို့ ပြုမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်၏ အသိစိတ်က ယင်းကို လုံးဝ ခွင့်ပြုမည်မဟုတ်သောကြောင့် ဖြစ်ပြီး ထို့ကြောင့် သင်သည် ဤအတွေးများကို လုံးဝ ဖြစ်ပေါ်စေမည် မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် ထိုသို့သော စကားများကို ပြောဆိုနေဦးမည်လော။ ထိုသို့သော စကားများသည် သင်၏ နှုတ်မှ မည်သည့်အခါမျှ ထွက်လာမည် မဟုတ်ပေ။ ထိုနတ်ဆိုးများနှင့် မယုံကြည်သူများသည် ၎င်းတို့အတွက် မလိုလားအပ်သော အရာများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့သည် ဘုရားသခင်ကို ကျိန်ဆဲပြီး ပြစ်မှားစော်ကားကြလိမ့်မည်ဖြစ်ကာ နောက်ဆုံးတွင် ဘုရားသခင်ကို စွန့်ပစ်ပြီး ယုံကြည်ခြင်းကို ရပ်တန့်ကြလိမ့်မည်။ မိမိတို့ အလိုရှိသည့်အတိုင်း ဖြစ်မလာသောအရာများနှင့် ကြုံတွေ့ရသောအခါ သပိတ်မှောက်ခြင်း၊ ၎င်းတို့၏ အလုပ်ကို ပစ်ထားခဲ့ခြင်းနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ငြင်းဆန်ခြင်းတို့ဖြင့် ဆန္ဒပြသော လူအချို့လည်း ရှိကြသည်။ တစ်ချိန်က မကောင်းမှုကို ကျူးလွန်ပြီး ဘုရားအိမ်တော်ကို ပြင်းထန်သော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည့် မယုံကြည်သူတစ်ဦး ရှိခဲ့သည်။ ဘုရားအိမ်တော်က သူ့ကို ဖြုတ်ချခဲ့ပြီး သာမန် အသင်းတော်တစ်ခုသို့ တာဝန်ချထားသောအခါ သူက ငြင်းဆန်လျက် “ကျွန်ုပ်ကို သာမန် အသင်းတော်တစ်ခုသို့ တာဝန်ချထားပါက ကျွန်ုပ် အစားစားမည်မဟုတ်ပါ။ ကျွန်ုပ် ဤနေရာတွင်ပင် သေလိုက်မည်” ဟု ပြောဆိုခဲ့သည်။ ထိုအခါ ညီအစ်ကိုမောင်နှမအချို့က သူ့ကို ပြုပြင်ပေးပြီး သူနှင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါက “သင်သည် ထိုသို့သော လူတစ်ဦးနှင့်အပြိုင် မိုက်မဲနေခြင်း မဟုတ်လော။ ဤသည်မှာ နတ်ဆိုးတစ်ကောင်က ၎င်း၏ စရိုက်မှန်ကို ပြသနေခြင်း ဖြစ်သည်၊ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် သူ့ကို အလွန် အလေးအနက်ထားနေသနည်း” ဟု ပြောခဲ့သည်။ သူသည် လူသားတစ်ဦး ဖြစ်ခဲ့ပါက ထိုသို့သောအရာကို လုပ်ဆောင်နိုင်မည်လော။ သူသည် မည်သူ့ကို ဆန့်ကျင်နေသနည်း။ သူသည် မကောင်းမှုများစွာကို ကျူးလွန်ခဲ့ပြီး ဘုရားအိမ်တော်ကို ထိုသို့သော ပြင်းထန်သည့် ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်ဟူသော အချက်ကို ဘေးဖယ်ထားလျက် ထိုအခြေအနေတွင် ဘုရားအိမ်တော်က သူ့ကို ကိုင်တွယ်ခြင်းသည် လုံးဝ ကျိုးကြောင်းခိုင်လုံမျှတပြီး သင့်လျော်သည်၊ သူသည် မည်သည့် မကောင်းမှုကိုမျှ မကျူးလွန်ခဲ့လျှင်ပင် အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့် ဘုရားအိမ်တော်က သူ့ကို ဖြုတ်ချခြင်းသည်လည်း သင့်လျော်သည် မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်၊ သို့ဆိုလျှင် သူသည် မည်သို့သော အရှက်မဲ့သည့် အကွက်မျိုးကို သုံးရန် ကြိုးစားနေခဲ့သနည်း။ ထိုအရှက်မဲ့သည့် အကွက်ကို သုံးရန် ကြိုးစားခြင်းအားဖြင့် သူသည် ထုတ်ဖော်ခြင်းခံခဲ့ရပြီး ဤသည်မှာ သူ့ကို နှင်ထုတ်ရန် ပို၍ပင် အကြောင်းပြချက်ကောင်း ဖြစ်ခဲ့သည်။ သူသည် သွားလိုသည့် မည်သည့်နေရာကိုမဆို သွားနိုင်သည်၊ အသင်းတော်အနေဖြင့် သူ၏ နာမည်ကို ဖယ်ရှားရန်သာ လိုအပ်ပြီး ယင်းမှာ ထိုကိစ္စ၏ အဆုံးသတ် ဖြစ်လိမ့်မည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင် ဖြစ်သည်၊ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် သူ့ကို အလွန် အလေးအနက် ထားနေသနည်း။ သူ့ကို အလေးအနက်ထားခြင်းသည် မိုက်မဲခြင်း ဖြစ်သည်၊ သင်သည် နတ်ဆိုးတစ်ကောင်နှင့် အကျိုးအကြောင်းပြ ပြောဆိုနိုင်သလော။ ဤမယုံကြည်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိပေ၊ ယုတ်ညံ့သည့် အရာအမျိုးမျိုးကို လုပ်ဆောင်ပြီး အရှက်မဲ့သည့် အကွက်များကို သုံးရန် ကြိုးစားကာ မိမိက ထိုသို့လုပ်ဆောင်ပါက ဘုရားအိမ်တော်သည် တုံ့ပြန်နိုင်မည်မဟုတ်ဟု တွေးထင်လေသည်။ ထိုသို့သော လူတစ်ဦးကို ကိုင်တွယ်ရန် လွယ်ကူသည်၊ သူ့ကို နှင်ထုတ်လိုက်ရုံသာဖြစ်ပြီး ယင်းမှာ ပြီးသွားပြီ ဖြစ်သည်၊ မျက်စိနောက် သက်သာသွား၏။ နတ်ဆိုးတစ်ကောင်ဖြစ်သော မယုံကြည်သူတစ်ဦးကို ပုံမှန်လူတစ်ဦးကဲ့သို့ ဆက်ဆံခြင်းသည် မိုက်မဲသည် မဟုတ်လော။ နတ်ဆိုးတစ်ကောင်သည် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသည့်အပြင် သူသည် မည်သို့ပင် ယုံကြည်သည်ဖြစ်စေ သမ္မာတရားကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် သူနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပါက ယင်းမှာ အားထုတ်မှု အလဟဿဖြစ်ခြင်း မဟုတ်လော။ သင်သည် သူ့ကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းခံရစေလိုပါက ယင်းမှာ မဖြစ်နိုင်ပေ။ သူသည် မိမိ၏ စရိုက်မှန်ကို ပြသနေသည့် နတ်ဆိုးတစ်ကောင်သာဖြစ်ပြီး သူ့ကို ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ မယုံကြည်သူများကို ကိုင်တွယ်သင့်သည့် ပုံစံ ဖြစ်သည်။

တိရစ္ဆာန် အမျိုးအစားတွင် ပါဝင်သော ထိုနားဝေတိမ်တောင်ဖြစ်သည့် လူများသည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ ဘုရားသခင်ကို အသိအမှတ်မပြုကြသည့်အပြင် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မဆက်ဆံကြပေ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိအပေါ် ရိုသေလေးစားမှု မရှိကြ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြပေ။ ၎င်းတို့အတွက်မူ ကိုယ်ပိုင် အကျိုးအမြတ်ကသာ အရေးကြီးသည်။ ယနေ့တွင် ၎င်းတို့အတွက် အကျိုးရှိသော ကောင်းချီးများကို ၎င်းတို့ ရရှိပါက ၎င်းတို့က “ဘုရားသည် ကောင်းမြတ်သည်၊ ဘုရားသည် ကြီးမြတ်သည်၊ ဘုရားသည် ဖြောင့်မတ်သည်၊ ဘုရားသည် မွန်မြတ်သည်” ဟု ပြောဆိုကြသည်။ သို့သော် တစ်နေ့တွင် ဘုရားသခင်က ၎င်းတို့၏ အကျိုးအမြတ်များကို ပြန်နုတ်ယူပြီး ၎င်းတို့ကို ဆင်းရဲဒုက္ခခံစားရစေပါက ၎င်းတို့သည် ဘုရားသခင်ကို ငြင်းဆိုပြီး သစ္စာဖောက်ကြလိမ့်မည်ဖြစ်ကာ “ဘုရားသည် အရာရာတိုင်းတွင် ကောင်းမြတ်သည်ဟူသည်မှာ မလွဲမသွေ မှန်ကန်ခြင်းမျိုး မဟုတ်ပေ၊ ကျွန်ုပ်သည် ဘုရားကို မယုံကြည်တော့ပါ” ဟုပင် ပြောဆိုကြလိမ့်မည်။ ဘုရားအိမ်တော်က အကျိုးအမြတ်အချို့ကို ဝေငှပြီး ၎င်းတို့ကို တစ်စုံတစ်ခု အခမဲ့ ရရှိခွင့်ပေးပါက ၎င်းတို့သည် ပျော်ရွှင်သည်ဟု ခံစားကြရပြီး “ဘုရားသည် လူတို့ကို အလွန် ချစ်သည်၊ ဘုရားသည် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားကို ကျွန်ုပ် ချီးမွမ်းပါသည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အလွန် ပျော်ရွှင်လာကြသဖြင့် ဝမ်းသာအားရ ခုန်ပေါက်ကြပြီး ညဘက်တွင် ၎င်းတို့၏ အိပ်မက်များမှ ရယ်မောလျက်ပင် နိုးလာနိုင်သည်။ ယင်းမှာ အခမဲ့ မဟုတ်တော့ကြောင်း ၎င်းတို့ကို ပြောပါက ၎င်းတို့သည် ချက်ချင်းပင် လေသံပြောင်းသွားပြီး မပျော်မရွှင် ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်က ချစ်ခင်နှစ်လိုဖွယ်ကောင်းသည် သို့မဟုတ် ဘုရားသခင်က လူတို့ကို ဂရုစိုက်သည်ဟု မပြောဆိုကြတော့ဘဲ ထိုအစား ဘုရားအိမ်တော်သည် အလွန် ကပ်စေးနှဲပြီး မေတ္တာမရှိဟု ဝေဖန်ကြသည်၊ ၎င်းတို့၏ အမူအရာသည် အလွန် လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထိုသို့သော လူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ။) အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသော လူများသည် ရှက်စိတ် မရှိကြပေ။ ၎င်းတို့ အကျိုးအမြတ်ရသောအခါ ဘုရားသခင်သည် ကောင်းမြတ်သည်ဟု ၎င်းတို့ ပြောဆိုကြသည်၊ ၎င်းတို့ အကျိုးအမြတ် မရနိုင်သောအခါ ၎င်းတို့သည် လေသံပြောင်းသွားပြီး “ဘုရားသည် မကောင်းမြတ်ပေ၊ ဘုရား မရှိပေ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ထိုသို့သောအရာများကို အမှန်တကယ် ပြောဆိုနိုင်သည်။ ၎င်းတို့သည် ကိုယ်ရည်ကိုယ်သွေး နှစ်ခွရှိသည့်အလား ၎င်းတို့၏ နှုတ်မှ နှစ်ခွ ပြောဆိုကြသည်၊ ၎င်းတို့သည် ဘုရားသခင် ကောင်းမြတ်သည်ဟု ပြောဆိုသူများဖြစ်ပြီး ဘုရားသခင် မကောင်းမြတ်ဟု ပြောဆိုသူများလည်း ဖြစ်ကြသည်။ ၎င်းတို့၏ စကားများသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ ယင်းတို့သည် ၎င်းတို့ တစ်စုံတစ်ခု ရရှိရန် အခွင့်အရေး ရှိမရှိဟူသည်အပေါ်တွင်သာ သီးသန့် အခြေခံသည်၊ ၎င်းတို့ တစ်စုံတစ်ခု ရရှိရန် အခွင့်အရေး မရှိပါက ဘုရားသခင်သည် မကောင်းမြတ်ဟု ၎င်းတို့ ပြောဆိုကြသည်၊ ၎င်းတို့သည် ထိုသို့သောအရာများကို အမှန်တကယ် ပြောဆိုနိုင်သည်။ ယေဘုယျအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော တစ်စုံတစ်ဦးက ထိုသို့သောအရာများကို ပြောဆိုပါက ၎င်းသည် အတွင်း၌ အပြစ်ရှိသကဲ့သို့ ခံစားရလိမ့်မည်။ “အို၊ ကျွန်ုပ်တွင် အသိစိတ် မရှိပေ။ ကျွန်ုပ် ယခုလေးတင် ပြောခဲ့သည့်အရာသည် မသင့်လျော်ပေ။ အနာဂတ်တွင် ထိုသို့ ကျွန်ုပ် မပြောနိုင်ပေ။ သင် စကားကျွံသည်နှင့် ယင်းကို ပြန်ရုပ်သိမ်း၍ မရနိုင်ပေ၊ ထိုသို့ ပြောဆိုခြင်းက ကျွန်ုပ်၏ လူ့သဘာဝကို ထုတ်ဖော်ပြသခဲ့သည်” ဟူ၍ ဖြစ်သည်။ ထို့နောက် ၎င်းသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိလိမ့်မည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် သိရှိခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ ကျိုးကြောင်းခိုင်လုံမျှတသည်ဟု တွေးထင်ကြသည်၊ ၎င်းတို့ ပျော်ရွှင်သောအခါ တစ်မျိုးပြောပြီး မပျော်ရွှင်သောအခါ အခြားတစ်မျိုး ပြောကြသည်။ ၎င်းတို့တွင် ရှက်စိတ် မရှိသကဲ့သို့ တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာလည်း မရှိကြပေ၊ ပြီးလျှင် အခြားသူများက ၎င်းတို့ကို မည်သို့ ရှုမြင်သည်ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ သို့ဆိုလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် အမှန်တကယ် ရှိသလော။ တိတိကျကျ ပြောရလျှင် ၎င်းတို့တွင် ဘုရားသခင် မရှိပေ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် ၎င်းတို့ သူ့ကို လိုအပ်သောအခါ ဘုရားသခင်တစ်ပါး ရှိကြောင်း၊ ဘုရားသခင်သည် ၎င်းတို့နှင့်အတူ ရှိကြောင်း၊ ဘုရားသခင်သည် ၎င်းတို့အပေါ် ကျေးဇူးတော် ပေးသနားပြီး ၎င်းတို့ကို ကူညီကြောင်း၊ ပြီးလျှင် ဘုရားသခင်သည် ၎င်းတို့ကို စောင့်ကြည့်ပြီး ကာကွယ်ကြောင်း ၎င်းတို့ ပြောဆိုကြသည်။ သို့ရာတွင် ဘုရားသခင်က ၎င်းတို့ကို ပြစ်တင်မောင်းမဲပြီး ဆုံးမပဲ့ပြင်ကာ ၎င်းတို့ကို သိက္ခာကျစေပြီး အရှက်ရစေသောအခါ၊ ပြီးလျှင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ၎င်းတို့အတွက် မလိုလားအပ်ဟု ခံစားရသောအခါ ဘုရားသခင်သည် မကောင်းမြတ်ဟု ၎င်းတို့ ပြောဆိုကြပြီး ဘုရားသခင်ကို စတင်သံသယဝင်ကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများတွင် မည်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသနည်း။ ၎င်းတို့သည် လူများကို ဆက်ဆံသကဲ့သို့ပင် ဘုရားသခင်ကို ဆက်ဆံကြပြီး အသိစိတ်၏ မည်သည့် စည်းများကိုမျှ လုံးဝ မစောင့်ထိန်းကြပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် ရန်ဖြစ်ရန်နှင့် ငြင်းခုံရန်ပင် ရဲဝံ့ကြပြီး ဘုရားသခင်ကို အနည်းငယ်မျှ ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းမရှိဘဲ သူ့ကို ဆဲရေးတိုင်းထွာရဲကြသည်။ ထို့နောက်တွင် ၎င်းတို့က “အို၊ ကျွန်ုပ်သည် ဘုရားသခင်ကို စိတ်ပျက်စေခဲ့ပြီ” ဟု နောင်တရကြသည်။ သို့သော် ၎င်းတို့သည် ထိုသို့သောအရာများနှင့် တစ်ဖန် ကြုံတွေ့ရသောအခါ ၎င်းတို့သည် ထိုနည်းအတိုင်းပင် ပြုမူကြဆဲဖြစ်၏။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း မည်သည့်အခါမျှ ရှိလိမ့်မည်မဟုတ်ပေ၊ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ သို့ရာတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ်ရှိသော လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် သတ်မှတ်ထားသော နေရာတစ်ခု ရှိပြီး ဤသတ်မှတ်ထားသော နေရာက ၎င်းကို အခြားမည်သူ့အပေါ်မှာထက်မဆို ဘုရားသခင်အပေါ် ပို၍ ရိုးသားစေသည်၊ စိတ်အားထက်သန်စေပြီး ရိုသေလေးစားစေသည်။ ၎င်းတွင်ရှိသော အခြေခံ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုကြောင့် ဤရိုးသားမှု၊ စိတ်အားထက်သန်မှုနှင့် ရိုသေလေးစားမှုတို့သည် ဘုရားသခင်အပေါ် ၎င်း၏ သဘောထား ဖြစ်လာသည်။ ထို့ကြောင့် ၎င်းသည် အားနည်းသည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ ကျရှုံးခဲ့သည်ဖြစ်စေ၊ ဆုံးမပဲ့ပြင်ခံရသည်ဖြစ်စေ ၎င်းသည် ဤစည်းကို မည်သည့်အခါတွင်မျှ ကျော်လွန်လိမ့်မည် မဟုတ်ပေ။ ၎င်း ကြုံတွေ့ရသော အခက်အခဲများသည် မည်မျှပင် ကြီးမားပါစေ သို့မဟုတ် ၎င်းသည် မည်မျှပင် နာကျင်မှုကို ခံစားရပါစေ ၎င်းသည် ဤစည်းကို ကျော်လွန်လိမ့်မည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စစ်မှန်သော လူသားတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင် တည်ရှိကြောင်းနှင့် သူသည် လူတို့၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲကြောင်းကို ၎င်း ယုံကြည်သည်၊ ထို့ကြောင့် ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားရန် အသိစိတ်၏ စည်းကို ကျော်လွန်လိမ့်မည် မဟုတ်သည့်အပြင် မိမိ ထိုသို့လုပ်ဆောင်နေကြောင်းကို သတိပြုမိလျက်နှင့် ဘုရားသခင်ကို တမင်တကာ ကျိန်ဆဲခြင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ခြင်းတို့ ပြုလိမ့်မည် မဟုတ်ပေ။ ၎င်းက ထိုသို့ တမင်တကာ လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်သည်ဟူသောအချက်က ၎င်းသည် မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအားဖြင့် ချုပ်တည်းခံရကြောင်း ဆိုလိုသည်။ သေချာပေါက်ပင် ၎င်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုအောက်တွင် ၎င်းသည် ပုံမှန်လူ့သဘာဝရှိသော တစ်စုံတစ်ဦး လုပ်ဆောင်သင့်သည့် အရာအချို့ကိုလည်း လုပ်ဆောင်နိုင်သည်။ ဥပမာအားဖြင့် ဘုရားသခင်သည် မိမိ၏ အယူအဆများနှင့် မကိုက်ညီသော မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့် နှုတ်ကပတ်တော်များကို ပြောဆိုသည်ဖြစ်စေ ၎င်းသည် တမင်တကာ ဝေဖန်ကဲ့ရဲ့ခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်း ပြုလိမ့်မည် မဟုတ်ပေ။ ၎င်းသည် ဤအရာများကို မှန်ကန်စွာ ဆက်ဆံနိုင်သည် သို့မဟုတ် မိမိ၏ ကိုယ်ပိုင် အယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ၎င်း၏ မသိစိတ်တွင် အခြေခံ စည်းတစ်ခု ရှိသည်။ ဘုရားသခင် တည်ရှိကြောင်းကို ၎င်း ယုံကြည်သဖြင့် ၎င်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုကြောင့် ၎င်းတွင် ဤဆင်ခြင်သုံးသပ်မှုများ ရှိလိမ့်မည်။ ဆင်ခြင်သုံးသပ်ပြီးနောက် ၎င်းသည် ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်ဟူသည်နှင့်ပတ်သက်၍ အခြေခံ သဘောထားတစ်ခုနှင့် အခြေခံ စည်းမျဉ်းများ ရှိလိမ့်မည်။ ဤအခြေခံ စည်းမျဉ်းများ၏ အခြေခံအုတ်မြစ်ပေါ်တွင်သာ လူတို့သည် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ဖန်ဆင်းရှင်အပေါ် ဖန်ဆင်းခံတစ်ဦး၏ ဆက်ဆံရေးအဖြစ် ထိန်းသိမ်းထားနိုင်ပြီး ထိုသို့သော မှန်ကန်သည့်၊ ပုံမှန်ဖြစ်သည့်၊ သင့်လျော်သည့် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်သည်။ ဤဆက်ဆံရေး ရှိနေမှသာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း လက်ခံနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း ကျိုးနွံနာခံကာ လက်တွေ့လုပ်ဆောင်နိုင်သည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်ကို မကြာခဏ ကျိန်ဆဲသော လူများ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအား ချက်ချင်း ရပ်တန့်လိုသော လူများနှင့် ဘုရားသခင်ကို အလိုလိုနေရင်း ညည်းညူပြီး မုန်းတီးသော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ဤလူများက ဘုရားသခင်အပေါ် ထားရှိသည့် သဘောထားသည် နတ်ဆိုးများက ဘုရားသခင်အပေါ် ထားရှိသည့် သဘောထား ဖြစ်သည်။ နတ်ဆိုးများသည် ဘုရားသခင်အပေါ် ထိုသို့သော သဘောထား ရှိကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ဆက်ဆံနိုင်သလော။ မည်သည့်အခါမျှ မဆက်ဆံနိုင်ပေ။ ဖန်ဆင်းခံ လူသားများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားပြုမူနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားပြုမူခြင်းအားဖြင့်သာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် လိုလားနိုင်ပြီး ထို့နောက် ယင်းတို့ကို ပို၍ ကျိုးနွံနာခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ယင်းတို့ထဲသို့ ဝင်ရောက်ခြင်းတို့ ပြုနိုင်ကာ နောက်ဆုံးတွင် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းခံရနိုင်သည်။

မိမိ၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အရည်အသွေးများကို ပိုင်ဆိုင်သော လူတစ်ဦးသည် ဘုရားသခင်ကို မိမိ မည်သို့ ဆက်ဆံသည်ဟူသည်နှင့်ပတ်သက်၍ အခြေခံ စည်းမျဉ်းတစ်ခု ရှိပြီး ယင်းမှာ ကျိုးနွံနာခံရန် ရည်ရွယ်ချက် ရှိခြင်း ဖြစ်သည်။ ၎င်း၌ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းသည် ထင်ရာမြင်ရာ လုံးဝ ဝေဖန်ကဲ့ရဲ့လိမ့်မည် မဟုတ်ဘဲ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေလိမ့်မည်၊ ဤသည်မှာ ပုံမှန်လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သရုပ်သကန် ဖြစ်သည်။ လူတစ်ဦး၏ သရုပ်သကန်များသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားနှင့် ကိုက်ညီပါက သို့မဟုတ် ၎င်းတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စည်းမျဉ်း၊ ချုပ်တည်းမှုနှင့် ထိန်းချုပ်မှုတို့ ရှိပါက ဤသူသည် စစ်မှန်သော လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင် ကယ်တင်ရန် ရည်ရွယ်သောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းမှု ရှိရန်မဆိုထားနှင့်၊ စည်းမျဉ်းစည်းကမ်းမရှိဘဲ ပြုမူပြီး နားဝေတိမ်တောင်ဖြစ်ပါက၊ ၎င်းသည် ဘုရားသခင်အပေါ် ကောင်းမွန်သော သဘောထားတစ်ခု ရှိလိုသော်လည်း မည်သည့်အခါမျှ မရှိနိုင်ပါက၊ ဘုရားသခင်ကို ၎င်း မည်သို့ ဆက်ဆံသင့်သည်ကို မသိပါက၊ ပြီးလျှင် မှန်ကန်ရန်အတွက် ဘုရားသခင်၏ ရှေ့မှောက်တွင် လူတို့ မည်သည့် စည်းမျဉ်းများကို လိုက်နာသင့်သည်ကို မသိပါက၊ ၎င်းသည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ မသိဘဲ နားဝေတိမ်တောင်ဖြစ်ကာ ရှုပ်ထွေးနေပြီး လူကောင်းများအနားတွင် ကောင်းစွာ ပြုမူလျက် ဆိုးယုတ်သောလူများအနားတွင် ဆိုးယုတ်စွာ ပြုမူပါက ၎င်းသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများအနားတွင် ရှိသောအခါ ၎င်းသည် မည်သည့် မကောင်းမှုကိုမျှ မလုပ်ဆောင်ပေ၊ သို့သော် ယင်းက ၎င်းသည် လူ့သဘာဝရှိသောသူတစ်ဦး ဖြစ်သည်ဟု မဆိုလိုပေ။ ၎င်းသည် ဆိုးယုတ်သောလူများအနားတွင် ရှိပါက ၎င်းသည် မကောင်းမှုများကို လုပ်ဆောင်လိမ့်မည်။ ဆိုးယုတ်သောလူများက ဘုရားသခင်ကို ကျိန်ဆဲသောအခါ ၎င်းသည်လည်း ဘုရားသခင်ကို သံသယဝင်လာသည်၊ ဆိုးယုတ်သောလူများက ဘုရားသခင်ကို ငြင်းဆိုပြီး ဝေဖန်ကဲ့ရဲ့သောအခါ ၎င်းသည် အော်ဂလီဆန်ခြင်း မရှိပေ၊ ၎င်းသည် မည်သည့် ပိုင်းခြားသိမြင်မှုကိုမျှ မကျင့်သုံးဘဲ ဆိုးယုတ်သောလူများနှင့် ဆက်လက်၍ ပေါင်းသင်းနေဆဲ ဖြစ်သည်။ ၎င်းသည် ဘုရားအိမ်တော်၏ အလုပ်၊ ဘုရားသခင်အတွက် သက်သေခံချက် သို့မဟုတ် အသင်းတော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မစောင့်ရှောက်ဘဲ၊ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကိုပင် မသိဘဲ ဘေးမှကြည့်နေသူတစ်ဦးအဖြစ် ပြုမူသည်။ ထိုသို့သော လူတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်မှ လူဝင်စားသောသူများထဲမှ တစ်ဦးဖြစ်သည်၊ ၎င်းသည် လူသားတစ်ဦး လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် ဘုရားသခင်၏ အလုပ်နှင့် မကြုံတွေ့မီတွင် ၎င်း၌ လူသားများ ရရှိနိုင်သည့် ကောင်းကင်အပေါ် အခြေခံ ရိုသေလေးစားမှု၊ ထိတ်လန့်မှု သို့မဟုတ် ကြောက်ရွံ့ရိုသေမှု ရှိသည်။ အနည်းဆုံးအနေဖြင့် ကောင်းကင်သည် ၎င်းအတွက် အထွတ်အမြတ်ထားသောအရာ၊ တရားမျှတသောအရာနှင့် မြင့်မြတ်သောအရာ ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အလုပ်ကို ခံယူပြီး လူတို့ ပိုင်ဆိုင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားအချို့ကို နားလည်ပြီးနောက် ၎င်း၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုကြောင့် ၎င်းသည် သမ္မာတရားများစွာကို နားမလည်လျှင်ပင် ဘုရားသခင်အပေါ် လူတို့ ထားရှိသင့်သည့် ဆင်ခြင်တုံတရားနှင့် သဘောထားကို နားလည်သဘောပေါက်နိုင်သည်။ ယင်းက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်သက်ဆိုင်သည်ဖြစ်စေ၊ သူ၏ လူ့ဇာတိ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများနှင့် သက်ဆိုင်သည်ဖြစ်စေ ၎င်းတွင် ရိုသေလေးစားမှု၊ ကြောက်ရွံ့ရိုသေမှုနှင့် ထိတ်လန့်မှု အတိုင်းအတာတစ်ခု ရှိလိမ့်မည်။ ပို၍ပင် ကောင်းမွန်သည်မှာ သမ္မာတရားအချို့ကို နားလည်ခြင်း အခြေခံပေါ်တွင် ၎င်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းကို ပိုင်ဆိုင်နိုင်သည်။ ၎င်းသည် ဘုရားသခင်ကို ပေါ့ပေါ့တန်တန်၊ ဂရုမစိုက်ဘဲ၊ ထင်ရာမြင်ရာ သို့မဟုတ် ရိုသေလေးစားမှုမရှိသော ပုံစံဖြင့် မဆက်ဆံဘဲ သူ့ကို ကြီးမားသော ဂရုစိုက်မှုနှင့် သတိထားမှုတို့ဖြင့် ဆက်ဆံသည်။ အထူးသဖြင့် ယင်းက ဘုရားသခင်၏ အလုပ်၊ သူ့အတွက် သက်သေခံချက်၊ သူ၏ နာမတော်၊ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း၊ ပြီးလျှင် သူ့အတွက် ပူဇော်သက္ကာများအပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားသခင်ထံမှ တိကျသော ညွှန်ကြားချက်တစ်ခုတို့နှင့် သက်ဆိုင်သောအခါ ၎င်းသည် အထူးသဖြင့် ဂရုစိုက်ပြီး သတိထားသည်။ ၎င်းသည် ဤအရာများကို ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် ရိုသေလေးစားသော သဘောထားဖြင့် ဆက်ဆံသည်။ ၎င်းသည် ယင်းတို့ကို ဝတ်ကျေတမ်းကျေ မကိုင်တွယ်သည့်အပြင် ဟန်ပြရုံမျှသာ မလုပ်ဆောင်ဘဲ ဘုရားသခင်နှင့် သက်ဆိုင်သော မြင်ရသည့် သို့မဟုတ် မမြင်ရသည့် အရာအားလုံးအပေါ် နှိမ့်ချသော စိတ်နှလုံးနှင့် သဘောထားဖြင့် ယင်းတို့ကို အလေးအနက်ထား၍ ဆက်ဆံနိုင်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးက အခြားအရာအားလုံးထက် ဘုရားသခင်အပေါ် ထားရှိသင့်သည့် သဘောထား ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်သောအခါ “ဘုရားသခင်” ဟူသော စကားလုံးနှင့်ပတ်သက်၍ အလွန် တိကျသော နားလည်မှုတစ်ခု သင့်တွင် ရှိချင်မှရှိမည်ဖြစ်သည့်အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို သင် နားမလည်သော်လည်း သင့်တွင် ကောင်းကင်အပေါ် ရိုသေလေးစားမှုနှင့် ထိတ်လန့်မှု အတိုင်းအတာတစ်ခု ရှိသည်။ သင်သည် ဘုရားသခင်၏ အလုပ်ကို နားလည်ပြီး ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီးနောက် ဘုရားသခင်အပေါ် သင်၏ ကြောက်ရွံ့ရိုသေမှုနှင့် ထိတ်လန့်မှုသည် မည်သည့်အရာအဖြစ်သို့ ပြောင်းလဲသွားမည်နည်း။ ယင်းတို့သည် ရိုးသားမှု၊ စိတ်အားထက်သန်မှုနှင့် ကြောက်ရွံ့ခြင်း၊ သို့မဟုတ် ထိတ်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်၊ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးက ဘုရားသခင်အပေါ် ဖြစ်ပေါ်လာသင့်သည့် သဘောထား ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဘုရားသခင် တည်ရှိကြောင်းကို ယုံကြည်သည်ဟု ဆိုကာ ဘုရားသခင် တည်ရှိကြောင်းကို နှုတ်ဖြင့် အသိအမှတ်ပြုသည့်တိုင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုကြောင့် ဘုရားသခင်အပေါ် ၎င်း ထားရှိသင့်သည့် သဘောထားကို မည်သည့်အခါမျှ မဖြစ်ပေါ်စေခဲ့ပါက ဤသူ၏ အတွင်း၌ မည်သည့်အရာ ကင်းမဲ့နေသည်ကို စိတ်ကူးကြည့်ရန် လွယ်ကူသည်။ ၎င်းသည် ဘုရားသခင်အပေါ် ရိုးသားမှုနှင့် စိတ်အားထက်သန်မှုသာ ကင်းမဲ့နေသော်လည်း ဘုရားသခင်အပေါ် ထိတ်လန့်မှုနှင့် ကြောက်ရွံ့ခြင်း အနည်းငယ်ကို ပိုင်ဆိုင်ထားသေးပါက ဤသူသည် သိပ်မကောင်းမွန်ဟုသာ ဆိုနိုင်သည်၊ ၎င်းသည် လူသားတစ်ဦး ဖြစ်သော်လည်း ထိုမျှ ကောင်းမွန်သော လူသားတစ်ဦး မဟုတ်ပေ။ ၎င်းသည် လူ့အဖွဲ့အစည်းရှိ စာတန်၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ ညစ်ညမ်းစေခြင်းနှင့် လွှမ်းမိုးခြင်းကို အလွန်အမင်း ခံခဲ့ရခြင်း သို့မဟုတ် ၎င်းသည် အလွန်အမင်း အဆိပ်ခတ်ခံခဲ့ရပြီး အလွန်အမင်း ဦးနှောက်ဆေးခံခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းကို ပိုင်ဆိုင်ပါက အနည်းဆုံးအနေဖြင့် သင်သည် လူသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ သင့်ထံတွင် ဘုရားသခင်အပေါ် ရိုးသားမှု သို့မဟုတ် ထိတ်လန့်မှု စိုးစဉ်းမျှ မရှိဘဲ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပါက သင်သည် လူသားတစ်ဦး မဟုတ်ဟု ဆိုနိုင်သည်၊ သင်သည် လူသားတစ်ဦးဟု ခေါ်ဆိုခံရရန် မထိုက်တန်သည့်အပြင် လူသားတစ်ဦး၏ စံနှုန်းကို မမီပေ။ ဘုရားသခင်နှင့် သက်ဆိုင်သော မြင်ရသည့် သို့မဟုတ် မမြင်ရသည့် အရာအားလုံးနှင့်ပတ်သက်လာလျှင် သင်သည် ယင်းတို့ကို ဂရုမစိုက်ဘဲ၊ ပေါ့ပေါ့တန်တန်နှင့် ဖြစ်သလို ဆက်ဆံပါက သို့မဟုတ် ယင်းတို့ကို ရိုင်းစိုင်းပြီး အရိုင်းအစိုင်းဆန်သော ပုံစံဖြင့်ပင် ဆက်ဆံပါက သင်သည် လူသားတစ်ဦး မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်ဟူသည်နှင့်ပတ်သက်၍ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စည်းမျဉ်းနှင့် ချုပ်တည်းမှုပင် ကင်းမဲ့နေသောကြောင့် ဖြစ်ပြီး ယင်းက ပြဿနာကို သရုပ်ဖော်ပြရန် လုံလောက်ကာ သင့်ကဲ့သို့သော လူတစ်ဦးကို လူသားတစ်ဦး မဟုတ်ဟု သတ်မှတ်ရန် လုံလောက်လေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ဘဲ ဘုရားအိမ်တော်သို့ မလာခဲ့ရသေးသောအခါ သင့်တွင် ဘုရားသခင်အပေါ် ရှင်းလင်းသော ရိုသေလေးစားမှု သို့မဟုတ် မှန်ကန်သော သဘောထားတစ်ခု ကင်းမဲ့နေခြင်းမှာ ခွင့်လွှတ်နိုင်စရာဖြစ်ပြီး သင့်အပေါ် တင်းကျပ်သော ဝေဖန်ကဲ့ရဲ့မှုများ မရှိခဲ့ပေ၊ သို့သော် ယခု သင်သည် ဘုရားသခင်ကို ယုံကြည်နေပြီဖြစ်ရာ သင်သည် ဘုရားသခင်နောက်သို့ လိုက်ပြီး သူ၏ အသက်နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို လက်ခံသည့် အချိန်အတွင်း သင်သည် ဘုရားသခင်အပေါ် ရိုးသားမှု၊ စိတ်အားထက်သန်မှုနှင့် ကြောက်ရွံ့ခြင်းတို့ကို မဖြစ်ပေါ်စေနိုင်သေးဘဲ သူ့အပေါ် သင်၏ သဘောထားက ရိုင်းစိုင်းပြီး အရိုင်းအစိုင်းဆန်နေဆဲဖြစ်ပါက၊ ကြောက်ရွံ့ခြင်း ကင်းမဲ့နေရုံသာမက ဘုရားသခင်အပေါ် စာတန်၏ သဘောထားကဲ့သို့ပင် အလွန် ပေါ့ပေါ့တန်တန်ဖြစ်ပြီး ဂရုမစိုက်ဘဲ နေပါက သင့်ကဲ့သို့သော သူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိဟုသာ ဆိုနိုင်လေသည်။ ထိုသို့သော လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းမှုမရှိဘဲ ဘုရားသခင်ကို ဤကဲ့သို့ပင် ဆက်ဆံပါက ၎င်းသည် လူသားတစ်ဦး ဖြစ်နေသေးသလော။ ၎င်းသည် လူသားတစ်ဦး မဟုတ်ပေ။

ယင်းမှာ လူ့အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့မည့်အရာ အားလုံးနီးပါး ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ မည်သည့် သရုပ်သကန်များအကြောင်းကို ငါတို့ ပြောဆိုနေသည်ဖြစ်စေ ယင်းတို့အားလုံးသည် အချို့သော လူ့အတွေးများ၊ အမြင်များနှင့် အပြုအမူတို့နှင့် သက်ဆိုင်သည်။ ဤသွင်ပြင်လက္ခဏာများထဲမှ မည်သည့်အရာကမျှ အနှစ်မမဲ့ချေ၊ အချို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မည်သို့ ဆက်ဆံရမည်ဟူသည်နှင့် သက်ဆိုင်သည်၊ အချို့သည် လောကီရေးရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် ဘဝ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများကို မည်သို့ ချဉ်းကပ်ရမည်ဟူသည်နှင့် သက်ဆိုင်သည်၊ ပြီးလျှင် အခြားအရာများသည် သမ္မာတရားနှင့် ဘုရားသခင်ကို မည်သို့ ဆက်ဆံရမည်ဟူသည်နှင့် သက်ဆိုင်သည်။ သင်သည် မည်သည့် သွင်ပြင်လက္ခဏာကို အာရုံစိုက်သည်ဖြစ်စေ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော တစ်စုံတစ်ဦး၏ ထင်ရှားသော လက္ခဏာတစ်ခုမှာ ၎င်း၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းမှုနှင့် ထိန်းချုပ်မှုကို ခံရခြင်း ဖြစ်သည်။ ၎င်း၏ လုပ်ရပ်များတွင် ကန့်သတ်ချက်များနှင့် စည်းများ ရှိသည်၊ ဤသည်မှာ ၎င်းကို သတ်မှတ်ပေးသည့် လက္ခဏာ ဖြစ်သည်။ ဤလက္ခဏာကို ပိုင်ဆိုင်ခြင်းအားဖြင့်သာ ၎င်းသည် ကယ်တင်ခြင်းရရှိရန်အတွက် အခြေခံ အခြေအနေနှင့် ကိုက်ညီသည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သင်တို့ နားမလည်သည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ယနေ့ မိတ်သဟာယဖွဲ့ခဲ့သည့် သွင်ပြင်လက္ခဏာ သုံးရပ်ဖြစ်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ရှက်စိတ်ကို ပိုင်ဆိုင်သည်၊ ဘဝအပေါ် ဆင်ခြင်သုံးသပ်နိုင်ကြသည်၊ ပြီးလျှင် ဘုရားသခင်အပေါ် အခြေခံ ရိုသေလေးစားမှုနှင့် ထိတ်လန့်မှု ရှိကြသည်ဟူသည်တို့နှင့်ပတ်သက်၍ သင်တို့ကိုယ်တိုင် မမီနိုင်ဟု သင်တို့ ခံစားရသည့်အရာ တစ်ခုခု ရှိသလော။ ယင်းတို့ထဲမှ တစ်ခုခုသည် အနှစ်မဲ့သည်ဟု သင်တို့ ခံစားရသလော။ (မခံစားရပါ။ ကျွန်ုပ်တို့သည် ယင်းတို့အားလုံးကို မီနိုင်သည်ဟု ခံစားရပါသည်။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၁)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။