သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၃)
အချိန်အတန်ကြာကတည်းက ငါတို့သည် သမ္မာတရားကို မည်သို့ လိုက်စားရမည်ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေခဲ့ကြသည်။ ငါတို့သည် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း မပြီးဆုံးသေးပေ၊ ယင်းမှာ အလွန်ကြီးမားသော အကြောင်းအရာတစ်ခုဖြစ်ပြီး သမ္မာတရားကို လိုက်စားခြင်းတွင် ပါဝင်ပတ်သက်နေသည့် ပြဿနာများ အမှန်တကယ် များပြားလှသည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားကို မည်သို့ လိုက်စားရမည်ဟူသည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ လက်တွေ့လုပ်ဆောင်ခြင်း ကဏ္ဍနှစ်ခုနှင့်ပတ်သက်ပြီး ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လက်တွေ့လုပ်ဆောင်ခြင်း ကဏ္ဍတစ်ခုမှာ လက်လွှတ်ခြင်းဖြစ်ပြီး အခြားလက်တွေ့လုပ်ဆောင်ခြင်း ကဏ္ဍတစ်ခုမှာ မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်သည်။ ယခင်က “လက်လွှတ်ခြင်း” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ များစွာ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ မကြာသေးမီက ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း” ဖြစ်ပြီး ယင်းကို ကဏ္ဍများစွာအဖြစ် ပိုင်းခြားထားသည်။ ယင်းတို့မှာ အယူအဆများနှင့် စိတ်ကူးများ၊ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများ၊ သတိထားရှောင်ခြင်းနှင့် သံသယဖြစ်ခြင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် စပ်စုခြင်းတို့ ဖြစ်ကြသည်။ ပထမကဏ္ဍဖြစ်သည့် အယူအဆများ၊ စိတ်ကူးများနှင့်ပတ်သက်၍ ငါတို့ အတော်အတန်များများ မိတ်သဟာယဖွဲ့ခဲ့ကြသည် မဟုတ်လော။ အယူအဆများနှင့် စိတ်ကူးများ ကဏ္ဍအတွင်းတွင် ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ပါဝင်သော အကြောင်းအရာ၌ ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရနှင့် လူဇာတိခံယူထားသော ဘုရားသခင်တို့နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများ ပါဝင်သည်။ ယခင်က ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် လူတို့၏ အယူအဆများအကြောင်းကို ငါတို့ အဓိကထား၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရနှင့်ပတ်သက်သည့် လူတို့၏ အယူအဆများအကြောင်းကို ငါတို့က ပြတ်ပြတ်သားသားနှင့် ရည်ရွယ်ချက်ရှိရှိ မိတ်သဟာယမဖွဲ့ခဲ့သော်လည်း လူသားမျိုးနွယ်၏ အမျိုးမျိုးသော ကဏ္ဍများ ပါဝင်ပတ်သက်သည့် ပြဿနာအချို့နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူသားမျိုးနွယ်၏ အမျိုးမျိုးသော ပြဿနာများအပေါ် ဘုရားသခင်၏ သဘောထားကို လူတို့ နားလည်သင့်သည် မဟုတ်လော။ သို့ဆိုလျှင် လူတို့၏ ပင်ကိုအခြေအနေများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူ့သဘာဝတို့ကို ဘုရားသခင် မည်သို့ သဘောထားပြုမူသည်ကို လူတို့ နားလည်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများကို နားလည်ပြီးနောက်တွင် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတို့နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများကို ဖြေရှင်းပြီးဖြစ်သင့်သည်။ မကြာသေးမီက လူအမျိုးအစား ခပ်သိမ်း၏ ခွဲခြားသတ်မှတ်မှုများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါ့ကို ပြောလော့၊ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ အဘယ်ကြောင့် မိတ်သဟာယဖွဲ့ခဲ့သည်ဟု သင်တို့ ထင်သနည်း။ (လူအမျိုးအစား အလုံးစုံတို့၏ ခွဲခြားသတ်မှတ်မှုများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းသည် တစ်ဖက်တွင် မည်သူက လူသားများမှ လူဝင်စားသည်၊ မည်သူက တိရစ္ဆာန်များမှ လူဝင်စားသည်၊ မည်သူက နတ်ဆိုးများမှ လူဝင်စားသည်ဟူသည့် လူအမျိုးအစား ခပ်သိမ်းကို ပိုင်းခြားသိမြင်ရန် သင်ယူဖို့ ကျွန်ုပ်တို့ကို ကူညီပေးရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့တွင် ပိုင်းခြားသိမြင်မှု ရှိသည်နှင့်တစ်ပြိုင်နက် လူတို့ကို ကျွန်ုပ်တို့ ဆက်ဆံပုံတွင် စည်းမျဉ်းများ ရှိလာပါမည်။ အခြားတစ်ဖက်တွင် ယင်းက ဘုရားသခင်သည် မည်သည့်လူစားမျိုးကို အတိအကျ ကယ်တင်သည်ဟူသည်နှင့်ပတ်သက်သည့် သမ္မာတရားကို အတော်အတန် နားလည်မှုရှိစေရန် ကျွန်ုပ်တို့ကို လုပ်ဆောင်ပေးပါသည်။ သို့မှသာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုကို ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍ ဆက်ဆံမည် မဟုတ်ပါ။) အချုပ်အားဖြင့်ဆိုရလျှင် ဤအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းက ဘုရားသခင်သည် လူအမျိုးအစား အလုံးစုံတို့ကို မည်သို့ ရှုမြင်သည်၊ လူအမျိုးအစား အလုံးစုံတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူအမျိုးအစား အလုံးစုံတို့ကို သူ မည်သို့ ကိုင်တွယ်သည်တို့ကို လူများအား နားလည်ခွင့်ပေးသည်။ လူအမျိုးအစား အလုံးစုံတို့၏ အနှစ်သာရများကို နားလည်ခြင်းအားဖြင့် သို့မဟုတ် လူတို့ မွေးရာပါရှိသည့် အမျိုးအစားနှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် အမျိုးအစား နှစ်မျိုးလုံးဖြစ်သော လူသားမျိုးနွယ်၏ အမျိုးမျိုးသော ပြဿနာများကို နားလည်ခြင်းအားဖြင့် လူသားမျိုးနွယ်၏ အမျိုးမျိုးသော ပြဿနာများကို ကိုင်တွယ်ရာတွင် ဘုရားသခင်၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ဟူသည်နှင့်ပတ်သက်၍ လူတို့သည် အခြေခံအားဖြင့် တိကျသော အသိပညာကို ရရှိနိုင်ကြသည်။ လူတို့သည် ဤအရာများကို သိရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတို့ ပါဝင်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အများအားဖြင့် ဖြေရှင်းပြီးဖြစ်သွားသည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများဟူသည့် အကြောင်းအရာအောက်ရှိ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတို့ ပါဝင်ပတ်သက်သည့် ပြဿနာများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးသွားပြီဖြစ်သည်။ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည့်အရာကို သင်တို့ကိုယ်တိုင် ဖြည်းဖြည်းချင်း တွေ့ကြုံပြီး တန်ဖိုးထားနားလည်သင့်ကာ အချိန်ကြာလာသည်နှင့်အမျှ သင်တို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် သိကျွမ်းမှုအချို့ကို ရရှိလာလိမ့်မည်။ ဘဝတွင် ဤပြဿနာမျိုးများကို သင်တို့ ကြုံတွေ့ရသောအခါ ဤနှုတ်ကပတ်တော်များကို ယူ၍ ထိုပြဿနာများနှင့် နှိုင်းယှဉ်ချိန်ဆကြည့်သင့်သည်၊ ပို၍ ရှာဖွေပြီး ဆုတောင်းရင်းဖြင့် ဖတ်ရှုသင့်ကာ ထို့နောက် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည့် စည်းမျဉ်းများ သို့မဟုတ် အကြောင်းအရာများအပေါ် အခြေခံ၍ လက်တွေ့ဘဝတွင် သင်တို့ ကြုံတွေ့ခဲ့ရသည့် ပြဿနာများကို ဖြေရှင်းသင့်သည်။
လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့်စပ်လျဉ်း၍ ငါတို့ မိတ်သဟာယမဖွဲ့ရသေးသည့် နောက်ဆုံးအချက်တစ်ချက် ကျန်ရှိနေသေးပြီး ယင်းမှာ လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည်။ ဤပြဿနာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဤထူးခြားသော ပင်ကိုလက္ခဏာဖြစ်သည့် လူဇာတိခံယူထားသော ဘုရားသခင်နှင့်စပ်လျဉ်း၍ သင်တို့တွင် မည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိသနည်း။ လူဇာတိခံယူထားသော ဘုရားသခင်နှင့်စပ်လျဉ်း၍ သင်တို့၏ အကြီးမားဆုံးသော ပြဿနာ သို့မဟုတ် အခက်အခဲ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိသလော။ လူအများစုအတွက် လူဇာတိခံယူထားသော ဘုရားသခင်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းသည် တရားဒေသနာများကို နားထောင်ခြင်းနှင့် စုဝေးပွဲများအတွင်း မိတ်သဟာယကို နားထောင်ခြင်းထက် မပိုပေ။ လူအနည်းငယ်သာလျှင် လူဇာတိခံယူထားသော ဘုရားသခင်နှင့် အမှန်တကယ် တေ့တေ့ဆိုင်ဆိုင် ထိတွေ့ဆက်ဆံမှု ရှိကြသည်၊ သို့မဟုတ် ဘဝတွင် ကိုယ်တော်နှင့် အကန့်အသတ်ရှိသော ပတ်သက်ဆက်နွှယ်မှုအချို့ပင် ရှိကြသည်။ သို့ဆိုလျှင် စုဝေးပွဲများအတွင်း မိတ်သဟာယကို နားထောင်သောအခါ သို့မဟုတ် အလုပ်တွင်ဖြစ်စေ၊ ဘဝတွင်ဖြစ်စေ ကိုယ်တော်နှင့် ထိတွေ့ဆက်ဆံပြီး ပတ်သက်ဆက်နွှယ်သောအခါ လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် သင်တို့၏ အယူအဆများနှင့် စိတ်ကူးများမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်တို့၏ အမှန်တကယ်ဖြစ်သော ပြဿနာများနှင့် အခက်အခဲများမှာ အဘယ်အရာများ ဖြစ်သနည်း။ လူတို့တွင် လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများ သေချာပေါက် ရှိကြသည်၊ ၎င်းတို့တွင် မရှိရန်မှာ မဖြစ်နိုင်ပေ။ လူတို့သည် လေဟာနယ်ထဲတွင် နေထိုင်ကြခြင်း မဟုတ်သည့်အပြင် မတွေးခေါ်နိုင်သော စက်ရုပ်များနှင့်လည်း မတူကြပေ။ သင်သည် တွေးခေါ်နိုင်ပါက သင့်တွင် တက်ကြွသော စိတ်တစ်ခု ရှိပြီး သင့်တွင် တက်ကြွသော စိတ်တစ်ခု ရှိပါက လူဇာတိခံယူထားသော ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရသောအခါ သင့်တွင် အတွေးများ သေချာပေါက် ရှိလိမ့်မည်။ ဤအတွေးများသည် မကြာခဏဆိုသလို လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ဖြစ်ကြသည်။ ယင်းတို့သည် သမ္မာတရားနှင့် မသက်ဆိုင်သည့်အပြင် သမ္မာတရားနှင့်လည်း မကိုက်ညီကြပေ။ လူအများစုသည် ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီးနောက်တွင် လူဇာတိခံယူထားသော ဘုရားသခင်ကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်း အခြေခံအားဖြင့် ရှိကြသည်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့တွင် အယူအဆအချို့ ရှိလျှင်ပင် ၎င်းတို့သည် သမ္မာတရားများစွာကို ကြားဖူးသောကြောင့် ဤအရာများနှင့် ကြုံတွေ့ရသောအခါ အခြေခံစည်းမျဉ်းတစ်ခု သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် တစ်မူထူးခြားသော နည်းလမ်းများကို အသုံးပြု၍ ဖြစ်နိုင်သည်မှာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့်ဖြစ်စေ၊ မိမိတို့ကိုယ်ကို ပြုပြင်ခြင်းအားဖြင့်ဖြစ်စေ၊ ဆုတောင်းခြင်းအားဖြင့်ဖြစ်စေ ၎င်းတို့ကို ကိုယ်တိုင် ဖြေရှင်းနိုင်ကြပြီး အချိန်အများစုတွင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းနိုင်ကြသည်။ သို့ဆိုလျှင် လူတို့က သမ္မာတရားကို နားလည်သောကြောင့် ယင်းတို့ကို ဖြေရှင်းပြီးဖြစ်သွားခြင်းလော၊ သို့မဟုတ် လူ၏ နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြု၍ ယင်းတို့ကို ယာယီ လျော့ပါးပြေပျောက်စေခဲ့ခြင်းကြောင့်လော။ (ယင်းတို့ကို ယာယီ လျော့ပါးပြေပျောက်စေခဲ့ခြင်း ဖြစ်ပါသည်။) ဆိုလိုသည်မှာ ဤပြဿနာသည် မဖြေရှင်းရသေးဘဲ ကျန်ရှိနေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့၌ အရာအားလုံးက တည်ငြိမ်ပြီး အေးချမ်းပုံရကာ အချိန်အတန်ကြာ ၎င်းတို့တွင် အယူအဆများ မရှိကြသော်လည်း ဤပြဿနာ၏ အရင်းအမြစ်သည် ၎င်းတို့အတွင်း၌ ပုန်းကွယ်နေဆဲဖြစ်ပြီး ပပျောက်သွားခြင်း မရှိသေးပေ။ ငါ့ကို ပြောလော့၊ ဤပြဿနာ ပပျောက်မသွားခြင်းသည် ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် ယင်းက မကောင်းသနည်း။ ယင်းက လူတို့အပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိမည်နည်း။ (လူတို့တွင် လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိကြပြီး အခြေအနေများ တိုက်ဆိုင်လာသည်နှင့်တစ်ပြိုင်နက် ယင်းတို့ ပေါက်ကွဲထွက်လာပါမည်။ ဥပမာအားဖြင့် ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်း မဖြစ်သောအရာများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့သည် ဘုရားသခင်ကို အထင်လွဲပြီး ညည်းညူကြပါမည်၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံ လုပ်ကြပါမည်။) ဤသည်မှာ အမှန်တကယ်ဖြစ်သော ပြဿနာတစ်ခု ဖြစ်သည်။ လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများကို ၎င်းတို့၏ အရင်းအမြစ်မှ မဖြေရှင်းနိုင်ပါက ယင်းတို့သည် သင့်အတွင်း၌ ပြဿနာတစ်ခုအနေဖြင့် အစဉ်သဖြင့် တည်ရှိနေမည်ဖြစ်ပြီး ယင်းတို့က သင့်အပေါ် အကျိုးသက်ရောက်မှု တစ်ခုခု ရှိလိမ့်မည်။ သင်သည် သီးခြား အခြေအနေတစ်ခုတလေနှင့် မကြုံတွေ့ရသေးဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရုံမျှဖတ်ရှုပြီး သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရအပြင် ကိုယ်တော်၏ စိတ်သဘောထားကို ယုံကြည်သောအခါ ဤပြဿနာက သင့်အပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိသေးပေ။ လူဇာတိခံယူထားသော ဘုရားသခင်က သင်နှင့် ထိတွေ့ဆက်ဆံသောအခါ၊ သင်နှင့် စကားပြောသောအခါ သို့မဟုတ် သင့်အား အလုပ်တာဝန်ပေးသောအခါ သင်သည် ပြုပြင်ခြင်းကိုဖြစ်စေ၊ သင် မျှော်လင့်ထားသည့်အတိုင်း မဖြစ်သောအရာများနှင့်ဖြစ်စေ ကြုံတွေ့ရပါက သင်၏ အယူအဆများနှင့် စိတ်ကူးများသည် သင့်အတွင်း၌ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုအချို့ကို သက်ရောက်စေနိုင်သည်။ လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းပြီးဖြစ်ပါက ဤအရာများနှင့် သင် ကြုံတွေ့ရသောအခါ သင်သည် နာကျင်မှုနှင့် မသက်မသာဖြစ်မှုကို ခံစားရနိုင်သေးပြီး ပို၍ ဆိုးရွားသော အခြေအနေများတွင် ပုန်ကန်မှုပင် ဖြစ်ပေါ်လာနိုင်သော်လည်း သင်သည် လူဇာတိခံယူထားသော ဘုရားသခင်ကို သာမန်လူတစ်ဦးအဖြစ် ဆက်ဆံမည့်အစား သို့မဟုတ် ကိုယ်တော့်ကို ပုန်ကန်ခြင်း၊ ကိုယ်တော့်ကို အတိုက်အခံလုပ်ခြင်းနှင့် ကိုယ်တော်၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်းတို့ ပြုမည့်အစား ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ တက်တက်ကြွကြွ လာလိမ့်မည်။
လူတို့သည် လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို မည်သို့ ဖြေရှင်းသင့်သည်ဟူသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြစို့။ စင်စစ်အားဖြင့် ဤပြဿနာသည် ယခင်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတို့ ပါဝင်ပတ်သက်သော လူတို့၏ အယူအဆများနှင့် စိတ်ကူးများထက် ဖြေရှင်းရန် ပို၍ လွယ်ကူသည်။ ဘုရားသခင်၏ အမှုသည် နယ်ပယ်အလွန်ကျယ်ပြန့်ပြီး လူတို့ သိရှိရန်နှင့် နားလည်ရန် လိုအပ်သော သမ္မာတရားများစွာနှင့်အတူ အကြောင်းအရာများစွာ ပါဝင်သည်။ ထို့အပြင် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရသည် ဘုရားသခင်ကို ယုံကြည်သူများ နားလည်သင့်သည့် သမ္မာတရားအားလုံးထဲတွင် အနက်နဲဆုံးသော သမ္မာတရား သာ၍ပင်ဖြစ်ပြီး ယင်းသည် လူတို့ သိရှိရန် အခက်ခဲဆုံးလည်း ဖြစ်သည်။ သို့ရာတွင် သမ္မာတရား၏ ထိုကဏ္ဍနှစ်ခုနှင့် နှိုင်းယှဉ်ပါက လူဇာတိခံယူထားသော ဘုရားသခင်နှင့်စပ်လျဉ်းသည့် သမ္မာတရားသည် လူတို့အတွက် ပို၍ တိုက်ရိုက်ကျသောကြောင့် လူဇာတိခံယူထားသော ဘုရားသခင် ပါဝင်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများသည်လည်း ဖြေရှင်းရန် ပို၍ လွယ်ကူသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတို့နှင့် နှိုင်းယှဉ်ပါက လူဇာတိခံယူထားသော ဘုရားသခင်သည် မည်သို့ပင်ဖြစ်စေ လုံးလုံးလျားလျား စစ်မှန်သောကြောင့် ဖြစ်သည်။ ကိုယ်တော့်ကို လူတို့ မြင်တွေ့နိုင်ပြီး ထိတွေ့နိုင်သည်။ ကိုယ်တော်သည် စိတ်ကူးယဉ်သက်သက် မဟုတ်ပေ၊ ထို့ထက် ကိုယ်တော်သည် တိကျသော အသံတော်တစ်ခု ရှိပြီး နှုတ်ဖြင့် ဖော်ပြနိုင်ကာ ကိုယ်တော် ဖော်ပြသည့် သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများအပြင် လူတို့ ထိတွေ့ဆက်ဆံနိုင်သည့် တိကျသော အပြင်ပန်းအသွင်အပြင်၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် ပင်ကိုစရိုက်တို့ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတို့နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် နှိုင်းယှဉ်ပါက လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် ပို၍ တိကျရေရာသည်။ တစ်စုံတစ်ခုက ပို၍ တိကျရေရာလေလေ၊ လူတို့ သိရှိရန် ပို၍ လွယ်ကူလေလေ၊ ၎င်းတို့ကိုယ်တိုင် နှိုင်းယှဉ်ချိန်ဆကြည့်ရန် ပို၍ လွယ်ကူလေလေဖြစ်ပြီး ၎င်းတို့ ဖြေရှင်းရန် ပို၍ လွယ်ကူလေလေ ဖြစ်သည်။ သီအိုရီအရ ဤသို့ဖြစ်သော်လည်း အတိအကျအားဖြင့် လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို မည်သို့ ဖြေရှင်းသင့်သနည်း။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှစ်ခု ရှိသည်၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသော ဘုရားသခင်အပေါ် လူတို့ ထားရှိသင့်သည့် မှန်ကန်သော သဘောထားနှင့်စပ်လျဉ်း၍ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းနှစ်ခု ရှိသည်။ ပထမတစ်ခုမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ကိုယ်တော့်ကို မနှိုင်းယှဉ်ခြင်း ဖြစ်သည်။ အလွန်အရေးကြီးသည့် ဒုတိယတစ်ခုမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် ကိုယ်တော့်ကို တန်းတူမထားခြင်း ဖြစ်သည်။ သင်သည် ဤအရာနှစ်ခုကို လုပ်ဆောင်နိုင်ပါက လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများနှင့် စိတ်ကူးများသည် ယင်းတို့၏ အရင်းအမြစ်မှ ဖြေရှင်းပြီးဖြစ်သည်ဟု အခြေခံအားဖြင့် မှတ်ယူခံရလိမ့်မည်။ ကြည့်လော့၊ ဤစည်းမျဉ်းနှစ်ခုနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် မှန်ကန်သလော။ (မှန်ပါသည်။) အဘယ်ကြောင့် ဤလမ်းကြောင်းနှစ်ခုသည် လူဇာတိခံယူထားသော ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန် နည်းလမ်း ဖြစ်သနည်း။ (အကြောင်းမှာ လူတို့သည် ဤအမှားနှစ်ခုကို ပြုလုပ်ရန် အလွယ်ကူဆုံးဖြစ်သောကြောင့် ဖြစ်ပါသည်။ ဘုရားသခင် လူဇာတိခံယူသောအခါ လူတို့သည် လူဇာတိခံယူထားသော ဘုရားသခင်ကို အလွန် မရေရာဟု စိတ်ကူးကြပြီး ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သည် စသည်ဖြင့် တွေးထင်ကြပါသည်။ လူတို့သည် လူဇာတိခံယူထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တန်းတူထားရန်လည်း လွယ်ကူပြီး ယင်းက ဘုရားသခင်၏ စိတ်သဘောထားကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိစေပါသည်။) ဤကိစ္စကို သင်တို့ ရှင်းလင်းစွာ မြင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအချက်နှစ်ချက်က လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန်အတွက် လမ်းကြောင်းများနှင့် စည်းမျဉ်းများ ဖြစ်လာရသည့် အကြောင်းရင်းမှာ လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်၍ လူတို့ ဖြစ်ပေါ်လာသည့် အယူအဆများနှင့် စိတ်ကူးများတွင် ဤကဏ္ဍနှစ်ခု အဓိက ပါဝင်သောကြောင့် ဖြစ်သည်။ တစ်ဖက်တွင် လူဇာတိခံယူထားသော ဘုရားသခင်နှင့်စပ်လျဉ်း၍ ကိုယ်တော်သည် ကောင်းကင်ဘုံမှ ကြွလာသော ဘုရားသခင်ဖြစ်ကြောင်း၊ ကိုယ်တော်၏ အသက်အဖြစ် ကိုယ်တော်၌ ကိန်းဝပ်နေသော ဘုရားသခင်၏ ဝိညာဉ်တော် ရှိကြောင်းနှင့် ကိုယ်တော်သည် ဇာတိပကတိ၌ အကောင်အထည်ပေါ်လာသော ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ကြောင်း လူတို့ သတ်မှတ်ပါက၊ ပြီးလျှင် ကိုယ်တော်၏ ပင်ကိုလက္ခဏာသည် ထူးခြားကြောင်းနှင့် ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဖော်ပြချက်ဖြစ်ကြောင်း ၎င်းတို့ သတ်မှတ်ပါက ၎င်းတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ကိုယ်တော့်ကို နှိုင်းယှဉ်ကြလိမ့်မည်။ အခြားတစ်ဖက်တွင် လူဇာတိခံယူထားသော ဘုရားသခင်သည် အပြင်ပန်းအားဖြင့် လူသားများနှင့် ကွဲပြားမှုမရှိဘဲ သာမန်လူတစ်ဦးသာ ဖြစ်သောကြောင့် လူတို့သည် ကိုယ်တော့်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦးအဖြစ် မဆက်ဆံဘဲ မနေနိုင်ကြပေ။ လူတို့သည် ကိုယ်တော့်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် နှိုင်းယှဉ်ရန် သို့မဟုတ် တန်းတူထားရန် အလွန် နှစ်သက်ကြပြီး လူဇာတိခံယူထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူနှင့် ကွဲပြားမှုမရှိသည့် လူသားမျိုးနွယ်ဝင်တစ်ဦးအဖြစ်ပင် သဘောထားကြသည်။ ဤကဏ္ဍနှစ်ခုသည် လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်၍ လူတို့ ဖြစ်ပေါ်လာသည့် အယူအဆများနှင့် စိတ်ကူးများ၏ ဇာစ်မြစ် ဖြစ်သည်။ ဤကဏ္ဍနှစ်ခုသည် လူဇာတိခံယူထားသော ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံရာတွင် လူတို့ မကြာခဏ ပြုလုပ်လေ့ရှိသည့် အမှားများ၏ အရင်းခံအကြောင်းရင်းလည်း ဖြစ်သည့်အပြင် လူဇာတိခံယူထားသော ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံရာတွင် ပေါ်ပေါက်လာသည့် ပုန်ကန်မှု၊ အတိုက်အခံလုပ်မှု၊ ဆန့်ကျင်မှုတို့နှင့်ဆိုင်သော အမျိုးမျိုးသော ပြဿနာများ၏ အရင်းခံအကြောင်းရင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာနှစ်ခုကို ဖြေရှင်းပြီးဖြစ်ပါက လူဇာတိခံယူထားသော ဘုရားသခင်နှင့်စပ်လျဉ်း၍ သင် ဖြစ်ပေါ်လာသည့် အယူအဆများနှင့် စိတ်ကူးများအပြင် ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့သည်လည်း တဖြည်းဖြည်း ဖြေရှင်းပြီးဖြစ်သွားလိမ့်မည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှစ်ခုသည် အလွန် အရေးကြီးသောကြောင့် အသေးစိတ်အချက်များကို တစ်ခုချင်းစီ ငါတို့ မိတ်သဟာယဖွဲ့ကြစို့။
လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန်အတွက် ပထမဆုံး လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ကိုယ်တော့်ကို မနှိုင်းယှဉ်ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာဖြစ်ပြီး မြေကြီးပေါ်ရှိ ဘုရားသခင်သည် လူ့ဇာတိ ဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ကိုယ်တော့်ကို မနှိုင်းယှဉ်ခြင်းဟူသည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် လူဇာတိခံယူထားသော ဘုရားသခင်တို့ကို ယှဉ်တွဲ၍ ကြည့်ရှုရန် မကြိုးစားခြင်းကို သေချာပေါက် ဆိုလိုသည်။ လူဇာတိခံယူထားသော ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရအပြင် ကိုယ်တော် လုပ်ဆောင်သည့် အမှုတို့အားလုံးသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုသောကြောင့် လူတို့သည် လူဇာတိခံယူထားသော ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်တို့ကို နှိုင်းယှဉ်ရန် အတူတကွ ထားရှိလေ့ရှိခြင်းမှာ သဘာဝကျသည်။ သို့ဆိုလျှင် ကိုယ်တော်တို့ကို နှိုင်းယှဉ်ခြင်းတွင် အဘယ်အရာက မှားယွင်းသနည်း။ ကိုယ်တော်တို့ကို အဘယ်ကြောင့် နှိုင်းယှဉ်၍ မရနိုင်သနည်း။ ပထမဦးစွာ လူတို့ ယေဘုယျအားဖြင့် မည်သည့်အရာကို နှိုင်းယှဉ်သည်ဟူသည်ကို ကြည့်လော့၊ ထို့နောက် လူတို့က ကိုယ်တော်တို့ကို ဤနည်းလမ်းဖြင့် နှိုင်းယှဉ်ခြင်းသည် မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သင် သိလိမ့်မည်။ သို့ဆိုလျှင် လူတို့သည် လူဇာတိခံယူထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်သောအခါ မည်သည့်အရာကို နှိုင်းယှဉ်ကြသနည်း။ ၎င်းတို့သည် ကိုယ်တော်တို့၏ တန်ခိုး၊ ကိုယ်တော်တို့၏ သြဇာအာဏာနှင့် ကိုယ်တော်တို့၏ စိတ်သဘောထားများကို နှိုင်းယှဉ်ကြပြီး ကိုယ်တော်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ခြင်း ရှိမရှိ၊ ကိုယ်တော်တို့၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် ကိုယ်တော်တို့၏ နှုတ်ကပတ်တော်များအားဖြင့် ရရှိသည့် ရလဒ်များကို နှိုင်းယှဉ်လျက် ပို၍ပင် တိကျစွာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြားမည်သည့်အရာကို နှိုင်းယှဉ်ကြသေးသနည်း။ (ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မိုးခြိမ်းသံကဲ့သို့ စကားပြောဆိုပြီး လူတိုင်းကို ကြောက်ရွံ့စေသော်လည်း လူဇာတိခံယူထားသော ဘုရားသခင်သည် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်ကာ အလွန် စစ်မှန်သော နည်းလမ်းဖြင့် စကားပြောဆိုပါသည်။ လူတို့သည် ဤကဏ္ဍတွင်လည်း နှိုင်းယှဉ်မှုများ ပြုလုပ်ကြပါသည်။) ဆိုလိုသည်မှာ ၎င်းတို့သည် သဘာဝလွန် စွမ်းရည်များစွာကို နှိုင်းယှဉ်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မိုးခြိမ်းသံကဲ့သို့ စကားပြောဆိုသည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် သေလွန်သောသူများကို ရှင်ပြန်ထမြောက်စေနိုင်သည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အစအဦးမှစ၍ ပစ္စုပ္ပန်အထိ မြင်တော်မူသည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မိန့်တော်မူသည့်အခါ ယင်းက ဖြစ်တည်လာသည်၊ သူအမိန့်ပေးတော်မူပြီး ထိုအမိန့်က ခိုင်မာစွာ ဖြစ်တည်သည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မရှိသောအရာကို ရှိသောအရာ အဖြစ်သို့လည်းကောင်း၊ ရှိသောအရာကို မရှိသောအရာ အဖြစ်သို့လည်းကောင်း ပြောင်းလဲနိုင်သည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အမျိုးမျိုးသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သည် စသည်တို့ ဖြစ်သည်။ လူတို့သည် ဤအရာအားလုံးကို နှိုင်းယှဉ်ကြသည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင် လုပ်ဆောင်သည့်အရာနှင့် ပြောဆိုသည့်အရာ၊ ကိုယ်တော် ပြသသည့် တန်ခိုး၊ သြဇာအာဏာ၊ အနန္တတန်ခိုးနှင့် စိတ်သဘောထားအပြင် ကိုယ်တော်၏ အထွတ်အထိပ်ဖြစ်ခြင်းနှင့် အရာခပ်သိမ်းကို တတ်စွမ်းနိုင်ခြင်းတို့ ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး အရာခပ်သိမ်းကို စီစဉ်ညွှန်ကြားကာ လူတို့၏ ကံကြမ္မာများအပေါ်တွင်လည်း အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး စီစဉ်ပေးသည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် လူတို့အတွက် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသည်၊ ကိုယ်တော်သည် အရာခပ်သိမ်းကို စိစစ်သည်၊ မြေကြီးတစ်ပြင်လုံးကို စိစစ်ပြီး လူတိုင်း တွေးထင်သည့်အရာနှင့် ခံစားရသည့်အရာကို သိရှိလျက် လူတို့၏ လှုပ်ရှားမှုတိုင်းနှင့် စကားတိုင်း၊ လုပ်ရပ်တိုင်းကို စိစစ်သည်။ ထိုသို့သောအရာအားလုံးသည် လူတို့၏ အယူအဆများထဲတွင် စိတ်ကူးထားသည့်အရာများ ဖြစ်စေ၊ လူတို့ နက်ရှိုင်းစွာ ခံစားသိရှိခဲ့ရသည့်အရာများ ဖြစ်စေ အဆုံးတွင် ယင်းတို့အားလုံးသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ပိုင်ဆိုင်သော အနှစ်သာရနှင့် ကိုယ်တော် ပြသနိုင်သည့် အမှန်တကယ်ဖြစ်သော ဖြစ်စဉ်အချို့၏ အစိတ်အပိုင်းဖြစ်ပြီး ယင်းတို့ကို လူတို့သည် ၎င်းတို့၏ နားလည်နိုင်စွမ်း အတိုင်းအတာအတွင်း၌ စိတ်ကူးနိုင်သည်။ ဤအရာများသည် ကောင်းကင်ဘုံရှိ ဘုရားသခင် မည်သို့ ပြုမူဆောင်ရွက်သည်ဟူသည့် သရုပ်သကန်များ ဖြစ်သည်၊ တိကျစွာဆိုရလျှင် ယင်းတို့မှာ ဘုရားသခင်၏ ဝိညာဉ်တော် လုပ်ဆောင်နိုင်သည့်အရာများ ဖြစ်သည်။ ဤကဏ္ဍအချို့သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ကိုက်ညီပြီး ဆက်စပ်မှုရှိသော်လည်း အချို့မှာ လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ရောနှောနေသည်။ သို့သော် ယင်းတို့သည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြစ်စေ၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပတ်သက်၍ မှန်ကန်သောအရာဖြစ်စေ အဆုံးတွင် ဤအရာအားလုံးသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ပိုင်ဆိုင်ပြီး သယ်ဆောင်ထားသည့်အပြင် ကိုယ်တော် ရရှိနိုင်သည့် အသက်ရှင် နေထိုင်ခြင်း သို့မဟုတ် အနှစ်သာရနှင့် ထုတ်ဖော်ချက်များ၏ အစိတ်အပိုင်း ဖြစ်သည်။ ယင်းတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင် ပိုင်ဆိုင်ပြီး သယ်ဆောင်ထားသော အနှစ်သာရ၊ စိတ်သဘောထား သို့မဟုတ် တန်ခိုး ဖြစ်သောကြောင့်သာလျှင် ဤသရုပ်သကန်များနှင့် ထုတ်ဖော်ချက်များသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့်သာ ဆက်စပ်နေသည်၊ ဆိုလိုသည်မှာ ယင်းတို့သည် ဘုရားသခင်၏ မွေးရာပါ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် ဆက်စပ်နေသည်။ လူတို့ စိတ်ကူးနိုင်သော၊ ခံစားနိုင်သော သို့မဟုတ် သိရှိနိုင်သော ကောင်းကင်ဘုံရှိ ဘုရားသခင် ပိုင်ဆိုင်ပြီး သယ်ဆောင်ထားသည့် အနှစ်သာရ၊ စိတ်သဘောထား သို့မဟုတ် တန်ခိုးသည် ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် နှိုင်းယှဉ်လျှင် သာမန်ထက်လွန်ကဲပြီး ကြီးမြတ်ကာ ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ အရည်အသွေးများရှိသော မည်သည့်လူသား၏ လက်လှမ်းမီနိုင်မှုထက်မဆို သာ၍ပင် ကျော်လွန်နေသည်။ ကိုယ်တော်သည် ဖန်ဆင်းခံနှင့် ဖန်ဆင်းခံမဟုတ်သော သတ္တဝါအားလုံးထက် သာလွန်သည်။ လူဇာတိခံယူထားသော ဘုရားသခင်ကိုယ်တိုင် ပိုင်ဆိုင်ပြီး သယ်ဆောင်ထားသော သို့မဟုတ် ထုတ်ဖော်သော အနှစ်သာရနှင့် တန်ခိုးတို့အားလုံးသည် ဘုရားသခင်အတွက် မွေးရာပါဖြစ်သည်၊ ယင်းတို့သည် ဖန်ဆင်းခံနှင့် ဖန်ဆင်းခံမဟုတ်သော သတ္တဝါအားလုံး စိတ်ကူးနိုင်သည့်၊ သိရှိနိုင်သည့် သို့မဟုတ် နားလည်သဘောပေါက်နိုင်သည့်အရာထက် သာလွန်သော ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရအချို့ ဖြစ်သည်။ ဘုရားသခင်သည် အတိအကျ မည်မျှ ကြီးမြတ်သည်၊ ကိုယ်တော်၌ တန်ခိုး အတိအကျ မည်မျှရှိသည်နှင့် ကိုယ်တော်သည် အရာခပ်သိမ်းထက် အတိအကျ မည်မျှ သာလွန်သည်ဟူသည်နှင့်ပတ်သက်၍မူ ဖန်ဆင်းခံ လူသားမျိုးနွယ်အတွက် ဤအရာသည် ဖြေရှင်း၍မရနိုင်သော နက်နဲမှုတစ်ခု အစဉ်သဖြင့် ဖြစ်နေလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို အပြည့်အဝ သိရှိရန် မဖြစ်နိုင်ပေ၊ ၎င်းတို့ မြင်တွေ့ရသည့်အရာသည် အလွန်အမင်း အကန့်အသတ်ရှိလှသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ လက်တွေ့မကျသော အယူအဆများနှင့် စိတ်ကူးများနှင့်ဆိုင်သည့် အစိတ်အပိုင်းကို ဘေးဖယ်ထားပြီး ဘုရားသခင် ပိုင်ဆိုင်သော စစ်မှန်သည့် တန်ခိုး၊ သြဇာအာဏာနှင့် အနှစ်သာရတို့အကြောင်းကိုသာ ပြောရလျှင် လူဇာတိခံယူထားသော ဘုရားသခင် လုပ်ဆောင်နိုင်သည့်အရာ၊ အသက်ရှင် နေထိုင်နိုင်သည့်အရာနှင့် ထုတ်ဖော်နိုင်သည့်အရာတို့သည် အလွန်အမင်း အကန့်အသတ်ရှိလှသည်။ ယင်းကို ဖော်ပြရန် မသင့်လျော်သော လူသား၏ တင်စားချက်တစ်ခုကို အသုံးပြုရလျှင် လူဇာတိခံယူထားသော ဘုရားသခင် အသက်ရှင် နေထိုင်သည့်အရာ၊ ထုတ်ဖော်သည့်အရာနှင့် လုပ်ဆောင်နိုင်သည့်အရာတို့သည် ဘုရားသခင်၏ မွေးရာပါ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့၏ သမုဒ္ဒရာထဲမှ ရေတစ်စက် သို့မဟုတ် ရေခဲတောင်၏ ထိပ်ဖျားမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုထက်မပိုပေ။ ဆိုလိုသည်မှာ လူဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရနှင့် ဘုရားသခင်၏ တန်ခိုးတို့နှင့်ပတ်သက်၍ အသက်ရှင် နေထိုင်နိုင်ပြီး ထုတ်ဖော်နိုင်သည့်အရာမှာ အလွန် အကန့်အသတ်ရှိသည်။ လူဇာတိခံယူထားသော ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် လူတို့အလယ်တွင် နေထိုင်သော ဘုရားသခင် ဖြစ်သောကြောင့် ကိုယ်တော် လုပ်ဆောင်နိုင်သည့်အရာနှင့် ကိုယ်တော် အသက်ရှင် နေထိုင်နိုင်သည့် ဗီဇစိတ်များနှင့် မွေးရာပါ သဘာဝတို့သည် အလွန် အကန့်အသတ်ရှိသည်။ ကိုယ်တော်သည် ဇာတိပကတိ၌ အကောင်အထည်ပေါ်လာသော ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ပြီး ကိုယ်တော်၏ အသက်အဖြစ် ကိုယ်တော်၌ ကိန်းဝပ်နေသော ဘုရားသခင်၏ ဝိညာဉ်တော် ရှိသော်လည်း ဤဇာတိပကတိသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်တစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် ရှိသောကြောင့် ကိုယ်တော် အသက်ရှင် နေထိုင်နိုင်သည့်၊ ထုတ်ဖော်နိုင်သည့်၊ ဖော်ပြနိုင်သည့် ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့သည် အလွန် အကန့်အသတ်ရှိသည်။ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင် ဘုရားသခင် လူဇာတိခံယူသည့် အကြိမ်တိုင်းသည် ဘုရားသခင်၏ အမှု လိုအပ်ချက်များ၏ ရှောင်လွှဲ၍မရသော ရလဒ်တစ်ခု ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ အမှု အဆင့်တစ်ခု၏ ရှောင်လွှဲ၍မရသော လိုအပ်ချက်တစ်ခု ဖြစ်သည်၊ တစ်နည်းအားဖြင့် ဤဘုရားသခင်၏ အမှု အဆင့်သည် ဘုရားသခင်ကို လူဇာတိခံယူရန် လိုအပ်သည်၊ ဆိုလိုသည်မှာ ဤအမှု အဆင့်ကို လုပ်ဆောင်ရန် ဘုရားသခင်သည် လူဇာတိခံယူရမည် ဖြစ်သည်။ ဘုရားသခင်သည် လူဇာတိခံယူရန် လိုအပ်သောကြောင့် ကိုယ်တော်သည် ဤအမှု အဆင့်ကို ကိုယ်တော်၏ လူ့ဇာတိခံယူခြင်း နည်းလမ်းအားဖြင့် လုပ်ဆောင်ပြီး ဘုရားသခင် ဖော်ပြရမည့်အပြင် ဤအမှု အဆင့်အတွက် လိုအပ်သော ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရနှင့် တန်ခိုးတို့၏ အမျိုးမျိုးသော ကဏ္ဍများ ရှိသည်။ ဤအမှု အဆင့်တွင် ဘုရားသခင်သည် စိတ်သဘောထား၊ အနှစ်သာရနှင့် တန်ခိုးတို့၏ မည်သည့်ကဏ္ဍများကို လိုအပ်သည်ဖြစ်စေ ကိုယ်တော် လူဇာတိခံယူသောအခါ ဤအမှု အဆင့်၏ လိုအပ်ချက်များနှင့် ဆက်စပ်နေသော ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရနှင့် တန်ခိုးတို့ကို ဤဇာတိပကတိတွင် အကောင်အထည်ဖော်သည်။ ရိုးရှင်းစွာဆိုရလျှင် ဤဇာတိပကတိသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှု၏ ဤအဆင့်က လိုအပ်သော မည်သည့်အမှုကိုမဆို ပြီးမြောက်အောင်မြင်နိုင်သည်။ ဥပမာအားဖြင့် နောက်ဆုံးသော ကာလရှိ ဤအမှု အဆင့်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရန် လိုအပ်သည်။ ထိုအခါ လူဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်နှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ဖော်ပြနိုင်သည်၊ ကိုယ်တော်သည် ဤစိတ်သဘောထားမျိုးကို ဖော်ပြနိုင်ပြီး ဤအမှုမျိုးကိုလည်း လုပ်ဆောင်နိုင်သည်။ ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်းအတွင်းတွင် လူတို့ မြင်တွေ့ရပြီး တွေ့ကြုံရသည့်အရာ၌ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတို့ ပါဝင်သည်။ လူဇာတိခံယူထားသော ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် ရွေးနုတ်ခြင်း အမှုဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို ပေးသနားကာ လူတို့၏ အပြစ်များကို ခွင့်လွှတ်သောအခါ လူဇာတိခံယူထားသော ဘုရားသခင် ကိုယ်စားပြုသည့် ဘုရားသခင်၏ ပုံသဏ္ဌာန်သည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော် အပြည့်ရှိသော၊ သည်းခံခြင်းနှင့် ခန္တီတရား အပြည့်ရှိသော၊ ပြီးလျှင် မေတ္တာ အပြည့်ရှိသော ပုံသဏ္ဌာန်တစ်ခုဖြစ်ပြီး ကိုယ်တော်သည် လူတို့အပေါ် ကြွယ်ဝသော ကျေးဇူးတော်ကိုလည်း ပေးသနားသည်၊ ထိုအရာများသည် ထိုအမှု အဆင့်ရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့၏ သိသာထင်ရှားသော ထူးခြားသည့် လက္ခဏာများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းများထဲမှ မည်သည့်အရာပင်ဖြစ်စေ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို လူတို့ ပြည့်ပြည့်စုံစုံ မြင်တွေ့ရန် သို့မဟုတ် သိရှိရန် မဖြစ်နိုင်ပေ။ ဥပမာအားဖြင့် ကျေးဇူးတော်ခေတ်အတွင်း ယုံကြည်သူများ မြင်တွေ့ခဲ့ရသည့် သခင်ယေရှု၏ လက္ခဏာများထဲမှ တစ်ခုမှာ ကိုယ်တော်သည် လူတို့အပေါ် ကြီးမားသော ခန္တီတရား၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့အပြင် ကြွယ်ဝသော သနားကရုဏာနှင့် မေတ္တာကျေးဇူးတော် ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် သခင့်ကို ယုံကြည်သူအချို့သည် ဘုရားသခင်ထံမှလာသော သည်းခံခြင်း၊ ခန္တီတရားနှင့် အတိုင်းအဆမရှိသော၊ အတိုင်းအတာမရှိသော မေတ္တာ၊ ဆိုလိုသည်မှာ ဘုရားသခင်ထံမှလာသော သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို တွေ့ကြုံခံစားနိုင်ခဲ့ကြသည်။ ကျေးဇူးတော်ခေတ်တွင် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်သည့် လူဇာတိခံယူထားသော ဘုရားသခင်၏ အဓိက ထူးခြားသော လက္ခဏာမှာ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော် ဖြစ်သည်။ သို့ရာတွင် နောက်ဆုံးသော ကာလရှိ ဤအမှု အဆင့်တွင် လူဇာတိခံယူထားသော ဘုရားသခင်သည် လူတို့၏ အပြစ်များကို ခွင့်လွှတ်မည့်အစား လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ရည်ရွယ်သောကြောင့် ဤအမှု အဆင့်တွင် လူဇာတိခံယူထားသော ဘုရားသခင်ထံမှ လူတို့ တွေ့ကြုံခံစားရသည့်အရာမှာ ဘုရားသခင်၏ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ညှာတာမှုကင်းမဲ့သော ဘက်ကိုပင် မြင်တွေ့ရပြီး ကိုယ်တော်က လူတို့ကို ညှာတာမှုကင်းမဲ့စွာ တရားစီရင်ပြီး ဖော်ထုတ်သည်ကို မြင်တွေ့ရသည်၊ ကိုယ်တော် စကားပြောဆိုသည့် အကြိမ်တိုင်းနီးပါးတွင် အခြေခံအကြောင်းအရာမှာ လူတို့၌ရှိသော အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများနှင့် ဖောက်ပြန်ပျက်စီးသော အခြေအနေများကို အဆက်မပြတ်၊ မရပ်မနားနှင့် မမောမပန်း ဖော်ထုတ်ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် လူဇာတိခံယူထားသော ဘုရားသခင်၌ လူတို့ မြင်တွေ့ရသည့်အရာမှာ ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ၊ ဘုရားသခင်၏ ပုန်ကန်ပြစ်မှား၍ မရနိုင်မှုနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတို့ ဖြစ်သည်၊ ၎င်းတို့ တွေ့ကြုံခံစားရသည့်အရာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ ဖြစ်သည်။ ဘုရားသခင် ပြောဆိုသမျှ အရာအားလုံးတွင် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်နှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်မှုတို့ကို တွေ့ကြုံခံစားရပြီး လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ဒေါသ၊ အမုန်းတရား၊ ရွံရှာခြင်းနှင့် ပစ်ပယ်ခြင်းအပြင် ကိုယ်တော်၏ ကျိန်ခြင်းအမင်္ဂလာများနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကိုပင် မကြာခဏ ခံစားကြရသည်။ လူဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုရန်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အနှစ်သာရတို့ကို ကိုယ်စားပြုရန် အပြည့်အဝ စွမ်းဆောင်နိုင်သော်လည်း ဘုရားသခင်၏ လူဇာတိခံယူထားသော ဤဇာတိပကတိ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ မွေးရာပါ ပင်ကိုလက္ခဏာ ပုံသဏ္ဌာန်နှင့် ကွဲပြားသောကြောင့် ကိုယ်တော်သည် ဤဇာတိပကတိ ပုံသဏ္ဌာန်နှင့် ဤပုံသဏ္ဌာန်၏ ဗီဇစိတ်များအားဖြင့် ကန့်သတ်ခံရသည်။ လူဇာတိခံယူထားသော ဘုရားသခင်၌ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ တန်ခိုးတို့နှင့်ပတ်သက်၍ လူတို့ မြင်တွေ့နိုင်သည့်အရာသည် ဘုရားသခင်၏ မွေးရာပါ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် နှိုင်းယှဉ်လျှင် အကန့်အသတ်ရှိသည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်သည်။ လူတို့သည် ဤအရာကို နားလည်သင့်ပြီး လူဇာတိခံယူထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ကြောင်းကျိုးမမြင်ဘဲ မနှိုင်းယှဉ်သင့်ပေ၊ ထို့နောက် ၎င်းတို့သည် ကိုယ်တော်တို့ကို နှိုင်းယှဉ်ချိန်ဆ၍မရသောအခါ ကြီးစွာ စိတ်ပျက်လာခြင်း၊ ကိုယ်တော့်ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချခြင်း၊ ဘုရားသခင်ကို ပစ်ပယ်ခြင်းနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အမှု သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရတို့ကို ငြင်းပယ်ခြင်းတို့ မပြုသင့်ပေ။ အချို့လူတို့သည် ကိစ္စတစ်ခုတည်းကြောင့်ပင် အယူအဆများ ဖြစ်ပေါ်လာကြပြီး လူဇာတိခံယူထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်ချိန်ဆရန် ကြိုးစားကြကာ နှိုင်းယှဉ်ချိန်ဆ၍ မရသောအခါ အပျက်သဘောဆောင်လာပြီး အားနည်းလာကြကာ အချို့က ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ရန်ပင် တွေးတောကြသည်။ ဤသည်မှာ အလွန် မိုက်မဲသော သရုပ်သကန်တစ်ခုဖြစ်ပြီး အလွန် အသိဉာဏ်မဲ့သော သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။
ကိုယ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့အရ လူဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်နှင့် ဆက်စပ်နေသည်၊ ကိုယ်တော်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်သည်။ သို့ရာတွင် ကိုယ်တော်၏ ဇာတိပကတိ ပုံသဏ္ဌာန်နှင့် ဇာတိပကတိကိုယ်တိုင်၏ အရည်အသွေးများသည် ဖန်ဆင်းခံ လူသားမျိုးနွယ်၏ ဗီဇစိတ်များနှင့် ဆက်စပ်နေပြီး ဤဗီဇစိတ်များ၏ အတိုင်းအတာအတွင်း၌ ကန့်သတ်ခံရသောကြောင့် ဤတစ်ကြိမ်တွင် လူဇာတိခံယူထားသော ဘုရားသခင်သည် မည်သည့်အမှုကို လုပ်ဆောင်သည်ဖြစ်စေ၊ ကိုယ်တော် လုပ်ဆောင်နိုင်သည့်အရာ၊ ကိုယ်တော် ပြီးမြောက်အောင်မြင်နိုင်သည့်အရာနှင့် ကိုယ်တော် ကိုယ်စားပြုနိုင်သည့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့သည် ဤလူ့ဇာတိခံယူခြင်းရှိ ကိုယ်တော်၏ အလုပ်၊ ကိုယ်တော်၏ အမှုတော်တို့နှင့်သာ ဆက်စပ်နေသည်။ ကိုယ်တော်သည် ဤတစ်ကြိမ်တွင် ကိုယ်တော်၏ အမှုတော်နှင့် အလုပ်တို့နှင့် ကိုက်ညီသော ဘုရားသခင်၏ မည်သည့် ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုမဆို ကိုယ်စားပြုနိုင်သည်။ ဤတစ်ကြိမ်တွင် လုပ်ဆောင်ရမည့် အမှုသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ ကိုယ်တော်သည် ဘုရားသခင်၏ မည်သည့် စိတ်သဘောထားကို ကိုယ်စားပြုရမည်ဖြစ်စေ၊ ကိုယ်တော်သည် ဘုရားသခင်၏ မည်သည့် စိတ်သဘောထားကို ဖော်ပြရမည်ဖြစ်စေ၊ ပြီးလျှင် ကိုယ်တော်သည် ဘုရားသခင်၏ မည်သည့် အမှုကို လုပ်ဆောင်ရမည်ဖြစ်စေ ကိုယ်တော်သည် ဘုရားသခင်၏ သက်ဆိုင်ရာ စိတ်သဘောထားကို ကိုယ်စားပြုလိမ့်မည်၊ ကိုယ်တော်သည် ဘုရားသခင်၏ သက်ဆိုင်ရာ စိတ်သဘောထားကို ကိုယ်စားပြုနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သည့် သက်ဆိုင်ရာ အမှုကို လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သော်လည်း ကိုယ်တော်သည် ယင်းအားလုံးကို ကိုယ်စားပြုရန်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းများထဲမှ မည်သည့်အရာတွင်မဆို လုပ်ဆောင်သည့် အမှုသည် ထိုလူ့ဇာတိခံယူခြင်းတွင် ဘုရားသခင် ဖော်ပြရန် ရည်ရွယ်သည့် စိတ်သဘောထားကို ကိုယ်စားပြုရန် လုံလောက်ပြီး ထိုလူ့ဇာတိခံယူခြင်းတွင် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုကို ဖော်ပြရန်လည်း လုံလောက်သည်။ ထို့အပြင် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားနှင့် ကိုယ်တော် ထုတ်ဖော်သည့် အနှစ်သာရတို့သည် ဘုရားသခင်၏ မွေးရာပါ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် လုံးဝ ဆန့်ကျင်ဘက မဖြစ်သည့်အပြင် ဤကဏ္ဍတွင် ကိုယ်တော်သည် မည်သည့်အမှားမျှ မပြုလုပ်ပေ။ လူဇာတိခံယူထားသော ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့သည် ဘုရားသခင်၏ မွေးရာပါ အနှစ်သာရ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အနှစ်သာရတို့နှင့် လုံးလုံးလျားလျား တစ်လုံးတစ်ဝတည်းဖြစ်သောကြောင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များ၊ ကိုယ်တော် အသက်ရှင် နေထိုင်သည့် အသက်တာ သို့မဟုတ် ကိုယ်တော်၏ အလုပ်တို့အရဖြစ်စေ၊ ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရနှင့် လူတို့ မြင်တွေ့နိုင်သည့် အခြားကဏ္ဍများအရဖြစ်စေ လူဇာတိခံယူထားသော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် တစ်ထေရာတည်းဖြစ်သည်၊ ကိုယ်တော်တို့သည် တူညီကြသည်။ ကိုယ်တော်သည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သည်ဖြစ်စေ၊ မပြုနိုင်သည်ဖြစ်စေ၊ ပြီးလျှင် လူတို့သည် ဘုရားသခင်ကို အပြည့်အဝ မြင်တွေ့နိုင်သည်ဖြစ်စေ၊ မမြင်တွေ့နိုင်သည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ကိုယ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ မြစ်ဖျားခံသည်။ သင်၏ အမြင်တွင် လူဇာတိခံယူထားသော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်လျှင်ပင် ကိုယ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တိုင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ ဖြစ်နေဆဲဖြစ်သည်။ ကိုယ်တော်တို့ကို နှစ်ပေါင်းများစွာ နှိုင်းယှဉ်ပြီးနောက်တွင် သင် သိရှိသော လူဇာတိခံယူထားသော ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်တို့ကြား မည်သည့် ဆက်စပ်မှုကိုမျှ သင် ရှာမတွေ့နိုင်သေးလျှင်ပင် လူဇာတိခံယူထားသော ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့သည် ပြောင်းလဲမသွားသေးပေ၊ အကြောင်းမှာ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှန်တရားမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ လူဇာတိခံယူထားသော ဘုရားသခင်၏ အနှစ်သာရသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အနှစ်သာရဖြစ်ပြီး ကိုယ်တော်၏ ပင်ကိုလက္ခဏာသည် ကိုယ်တော်၏ အနှစ်သာရကြောင့် မည်သည့်အခါမျှ ပြောင်းလဲမသွားပေ၊ ယင်းမှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာ ဖြစ်သည်။ လွန်ခဲ့သော အနှစ်သုံးဆယ်က ငါ ဤသို့ပြောခဲ့လျှင် လူအများစုက ငါ့ကို ယုံကြည်ခဲ့ကြမည် မဟုတ်သော်လည်း အနှစ်သုံးဆယ်ကြာပြီးနောက်တွင် ဤသို့ပြောရန် ငါ အရည်အချင်းပြည့်မီသည်ဟု ငါ ထင်သည်။ ငါ အဘယ်ကြောင့် ထိုသို့ ပြောသနည်း။ ဤအနှစ်သုံးဆယ်ကြာ အမှုကို မလုပ်ဆောင်ခဲ့ပါက၊ ပြီးလျှင် ဤသမ္မာတရားများကို မဖော်ပြခဲ့ပါက “လူဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုသည်” ဟု ပြောရန် အနည်းငယ် စောလွန်းပေမည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ပြချက်၊ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်နှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့၏ ဖော်ပြချက်မရှိဘဲ “လူဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုသည်” ဟု သင် ပြောခဲ့ပါက လူတို့က သင့်ကို ပုံမှန်မဟုတ်ဟု ထင်ကြလိမ့်မည်ဖြစ်သောကြောင့် သို့မဟုတ် သင့်ကို အလွန်အမင်း ပုန်ကန်တတ်သည်ဟု ထင်ကြလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ပြချက်များစွာနှင့် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရနှင့် ဘုရားသခင်၏ မွေးရာပါ ပင်ကိုလက္ခဏာတို့၏ ဖော်ပြချက်များစွာတို့နှင့်အတူ “လူဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုသည်” ဟု ပြောခြင်းသည် လွန်ကဲလွန်းသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဤသည်မှာ ချဲ့ကားပြောဆိုခြင်းလော။ ယင်းမှာ မသင့်လျော်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ယင်းမှာ ကြွားလုံးထုတ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် လူဇာတိခံယူထားသော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခြင်း ရှိမရှိ၊ ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်ကို ကိုယ်တော်၏ အပြင်ပန်းအသွင်အပြင်အားဖြင့် အကဲဖြတ်၍ မရနိုင်ပေ။ ဖြစ်နိုင်သည်မှာ ကိုယ်တော်၏ အပြင်ပန်းအသွင်အပြင်သည် အလွန် အရေးမပါဘဲ ကိုယ်တော်သည် အလွန် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်ပုံရကာ အချို့လူတို့၏ ပစ်ပယ်ခြင်းကိုပင် ခံရနိုင်သည်၊ ဖြစ်နိုင်သည်မှာ ကိုယ်တော်၌ ပျမ်းမျှထက်သာလွန်သော မည်သည့် အရည်အသွေးများမျှ မရှိသည့်အပြင် မည်သည့် သဘာဝလွန် သရုပ်သကန်များမျှ မရှိပေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမြင်တွင် တစ်မူထူးခြားသော လက္ခဏာများဟု ခေါ်သောအရာ တစ်ခုတလေ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လေးစားသော၊ အထင်ကြီးသော သို့မဟုတ် အံ့သြမိသော အရာတစ်ခုတလေ ရှိဖို့ဟူသည်မှာ သာ၍ပင် ဝေးသေးသည်။ သို့သော် ကိုယ်တော် လုပ်ဆောင်သည့် အမှု၊ ကိုယ်တော်၏ အနှစ်သာရနှင့် ကိုယ်တော်၏ စိတ်သဘောထားတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြနိုင်စွမ်းရှိသောကြောင့် ကိုယ်တော်၏ ပင်ကိုလက္ခဏာသည် လူဇာတိခံယူထားသော ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်ကိုယ်တိုင်၏ ပင်ကိုလက္ခဏာဖြစ်ကြောင်း သတ်မှတ်နိုင်သည်။
လူဇာတိခံယူထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက် မိတ်သဟာယဖွဲ့ကြမည်။ လူအများစုသည် လူဇာတိခံယူထားသော ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရသောအခါ ကိုယ်တော့်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်လိုကြကြောင်း ငါတို့ ယခုလေးတင် ဖော်ပြခဲ့ကြသည်။ ဤနေရာအထိ မိတ်သဟာယဖွဲ့ပြီးဖြစ်ရာ ငါ့ကို ပြောလော့၊ ၎င်းတို့ကို ဤကဲ့သို့ နှိုင်းယှဉ်ခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ဤသည်မှာ ကြီးမားသော အမှားတစ်ခုကို ပြုလုပ်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤအမှားကို ပြုလုပ်ခြင်းသည် မိုက်မဲသလော။ ဆိုးရွားသော အကျိုးဆက်များ ရှိသလော။ (ရှိပါသည်။) ယင်းတို့မှာ အဘယ်အရာများ ဖြစ်သနည်း။ (လူတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ဘုရားသခင်ကို ဘောင်ခတ်သောအခါ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံ လုပဖွယ်ရှိသည့်အပြင် ဘုရားသခင်၏ အမှု သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံဖွယ်လည်း ရှိပါသည်၊ အကျိုးဆက်များမှာ အလွန် ဆိုးရွားပါသည်။) သင်သည် လူဇာတိခံယူထားသော ဘုရားသခင်ကို ဆင်ခြင်တုံတရားဖြင့် ဆက်ဆံရမည်။ သို့ဆိုလျှင် ဆင်ခြင်တုံတရားရှိရန် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင် စဉ်းစားဆင်ခြင်ရမည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ယခု ကိုယ်တော်၏အမှုကို လုပ်ဆောင်ရန် လူဇာတိခံယူထားသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်းဟူ၍ ဖြစ်သည်။ ယခုအချိန်တွင် အဆုံးသတ် ဆုံးဖြတ်ခွင့်ရှိသူမှာ လူဇာတိခံယူထားသော ဘုရားသခင် ဖြစ်သည်။ ကိုယ်တော်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်သည့် အလုပ်ကို လုပ်ဆောင်ရန် သြဇာအာဏာ အပြည့်အဝဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် သင်၌ ကိစ္စရပ်များ သို့မဟုတ် ပြဿနာများ တစ်စုံတစ်ရာ ရှိပါက လူဇာတိခံယူထားသော ဘုရားသခင်ထံမှ သင် ရှာဖွေရမည်။ ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုနိုင်သောကြောင့် ကိုယ်တော်သည် သင်၏ ပြဿနာများကို ဖြေရှင်းပေးနိုင်သည်၊ သင်၏ အသက်တာရှိ ပြဿနာများ၊ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းနှင့်ဆိုင်သော ပြဿနာများ၊ သင်၏ ကယ်တင်ခြင်းနှင့် သက်ဆိုင်သော ပြဿနာများအပြင် သင်၏ အနာဂတ် ခရီးဆုံးပန်းတိုင်၊ ကံကြမ္မာတို့နှင့်ဆိုင်သော ပြဿနာများကို ဖြေရှင်းပေးရာတွင် ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အခြားတစ်ဖက်တွင် သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ ဆုတောင်းပြီး ရှာဖွေကာ မြေကြီးပေါ်ရှိ ဤဘုရားသခင်ကို လျစ်လျူရှုပြီး လူဇာတိခံယူထားသော ဘုရားသခင်ကို လျစ်လျူရှုပါက သင်သည် ရှင်းလင်းသော ညွှန်ကြားချက်များ၊ ရှင်းလင်းသော ဉာဏ်ပွင့်စေခြင်းနှင့် အလင်းအပြင် ရှင်းလင်းသော လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ရရှိနိုင်သေးခြင်း ရှိမရှိ ဆက်လက်၍ ကြည့်ရှုလော့။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် မျှော်ကြည့်ခြင်းအားဖြင့် ဤအရာများကို ရရှိနိုင်ပါက ယင်းမှာ အမှန်တကယ် အတော်အတန် ကောင်းမွန်ပြီး သင်သည် လူဇာတိခံယူထားသော ဘုရားသခင်ထံမှ ရှာဖွေရန် လိုအပ်မည် မဟုတ်ပေ။ သို့သော် သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ အချိန်ကြာမြင့်စွာ ဆုတောင်းပြီး ရှာဖွေကာ မျှော်ကြည့်ပြီးနောက်တွင် ရှင်းလင်းသော အလင်း၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု သို့မဟုတ် ရှင်းလင်းသော ဖြေရှင်းချက်တစ်ခုကို မရရှိသေးပါက သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်ပါသည်။) သို့ဆိုလျှင် အခြားနည်းလမ်း မရှိပေ၊ သင်သည် လူဇာတိခံယူထားသော ဘုရားသခင် မိန့်မြွက်သည့် နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်သည့် အမှုကိုသာ ရှာဖွေနိုင်သည်။ သင်၏ မာနကို ချထားလော့၊ သင်၏ ခမ်းကြီးနားကြီးနိုင်ခြင်းက သင့်ကို မကယ်တင်နိုင်ပေ၊ ယင်းက သင့်ကို ဒုက္ခသာ ပေးနိုင်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်၊ မြင့်မြတ်သည်၊ ကြီးမြတ်သည်၊ သာမန်ထက်လွန်ကဲပြီး ထူးကဲမြင့်မားသော်လည်း လူသားမျိုးနွယ်သည် ကိုယ်တော့်ထံ လက်လှမ်းမမီနိုင်ပေ။ ကိုယ်တော် စကားပြောသောအခါ သင်သည် နားမလည်နိုင် သို့မဟုတ် ကိုယ်တော့်ကို မကြားနိုင်ပေ။ ဘုရားသခင်က သင့်ကို အမှန်တကယ် စကားပြောခဲ့ပါက သင်၏ သေတတ်သော ဇာတိပကတိသည် ယင်းကို လုံးဝ ခံနိုင်ရည်ရှိမည်မဟုတ် သို့မဟုတ် တောင့်ခံနိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် လူဇာတိခံယူထားသော ဘုရားသခင်ထံမှ ရှာဖွေရမည်ဖြစ်ပြီး လူဇာတိခံယူထားသော ဘုရားသခင်သည် မြေကြီးပေါ်တွင် မည်သည့် နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီး မည်သည့်အမှုကို လုပ်ဆောင်ခဲ့သည်ဟူသည်နှင့် သင့်အတွက် ကိုယ်တော်၏ အမျိုးမျိုးသော တောင်းဆိုချက်များမှာ အဘယ်အရာများ ဖြစ်သည်ကို ကြည့်ရှုရမည်။ ဤအရာများကို နားလည်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်က သင့်အား ဗျာဒိတ်တော်များ ပေးရန် အစဉ်သဖြင့်စောင့်ဆိုင်းလျက် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ အစဉ်သဖြင့် ဆုမတောင်းနှင့်၊ မျှော်မကြည့်နှင့်။ သင် ဤသို့လုပ်ဆောင်ပါက ကောင်းကင်ဘုံရှိ ဘုရားသခင်သည် သင့်ကို လျစ်လျူရှုလိမ့်မည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်က “ငါသည် ယခု မြေကြီးပေါ်တွင် အမှုပြုနေသည်၊ မိန့်မြွက်ချက်များ မြွက်ဆိုပြီး စကားပြောဆိုနေသည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များကို သင် ကြားနိုင်ပြီး နားလည်နိုင်ကာ ဤနှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့လုပ်ဆောင်မှုရှိ ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးနိုင်သည်” ဟု ပြောဆိုပြီးဖြစ်သည်။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်က သင့်အား ကိုယ်တိုင်ကိုယ်ကျ စကားပြောရန် သင် အစဉ်သဖြင့် စောင့်ဆိုင်း၍ မရနိုင်ပေ။ သင်သည် ထောက်ပံ့မှုနှင့် အကူအညီကို ရရှိနိုင်ရန်အလို့ငှာ သမ္မာတရားကို ရှာဖွေရန် လူဇာတိခံယူထားသော ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များ ရှေ့မှောက်သို့ လာရန် မိမိကိုယ်ကို နှိမ့်ချရမည်။ ဤသည်ကို ဆင်ခြင်တုံတရားရှိခြင်းဟု ခေါ်သည်၊ ဤသည်မှာ လူဇာတိခံယူထားသော ဘုရားသခင်ကို ဆင်ခြင်တုံတရားဖြင့် ဆက်ဆံခြင်း ဖြစ်သည်။ တစ်ဖက်တွင် သင်သည် လူဇာတိခံယူထားသော ဘုရားသခင်၏ အပြင်ပန်း ပုံပန်းသဏ္ဌာန်နှင့် ရုပ်ရည်ကို မြင်သောအခါ သို့မဟုတ် ကိုယ်တော် စကားပြောသည်ကို ကြားသောအခါ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ကိုယ်တော့်ကို မနှိုင်းယှဉ်နှင့်၊ ကိုယ်တော့်ကို ဘုရားသခင်အား ကိုယ်စားပြုနိုင်သည့် သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော၊ စစ်မှန်သည့် လူတစ်ဦးအဖြစ်သာ ဆက်ဆံလော့။ အခြားတစ်ဖက်တွင် ကိုယ်တော် ပြောဆိုသည့် နှုတ်ကပတ်တော်များ၊ သင့်အပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့် သင့်ထံ ကိုယ်တော်၏ ညွှန်ကြားချက်များကို ယူပြီး ယင်းတို့ကို စိစစ်ရန်၊ ယင်းတို့နှင့်ပတ်သက်၍ ခေါင်းစားရန်၊ ယင်းတို့ကို အတည်ပြုရန်၊ ယင်းတို့ကို ဆွေးနွေးရန် သို့မဟုတ် ယင်းတို့ကို ပြုပြင်မွမ်းမံမှု လုပ်ဆောင်ရန် သင် မလိုအပ်ပေ။ ယင်းတို့ကို တိုက်ရိုက် လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်ခြင်းကိုသာ လုပ်ဆောင်လော့၊ ပြီးလျှင် တိုက်ရိုက် ကျိုးနွံနာခံလော့၊ လူဇာတိခံယူထားသော ဘုရားသခင်၏ ကွယ်ရာတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ ဆုတောင်းရန်၊ ရှာဖွေရန် သို့မဟုတ် ယင်းတို့ကို အတည်ပြုရန် မလိုအပ်ပေ။ သင်သည် လက်တွေ့မလုပ်ဆောင်မီ၊ အကောင်အထည်မဖော်မီနှင့် ကျိုးနွံနာခံခြင်း မရှိမီ သင်၏ ဝိညာဉ်ထဲတွင် စိတ်သက်သာရာရစေရန်နှင့် သင်၏ စိတ်နှလုံးထဲတွင် လိုလားမှုရှိစေရန်အလို့ငှာ မရမက အတည်ပြုချက်ရယူပါက ဤသည်မှာ အလွန် ဒုက္ခများလှသည် မဟုတ်လော။ (များပါသည်။) ဤသို့လုပ်ဆောင်သော လူများ ရှိသလော။ ဘုရားသခင်ကို ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ခဲ့ကြပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ လုံးဝ သေချာသွားကြသည့် လူအများစုသည် ဤသို့ မလုပ်ဆောင်ကြပေ၊ ယင်းမှာ အလွန် ဒုက္ခများလှသည်ဟု ၎င်းတို့ မြင်ကြသည်။ ယုံကြည်မှုသက်တမ်း သုံးနှစ်အောက်သာ ရှိသေးသော လူများသည်သာ ဤသို့လုပ်ဆောင်လေ့ရှိကြသည်။ ၎င်းတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ မည်သို့ ဆုတောင်းကြသနည်း။ ၎င်းတို့က “ဘုရားသခင်၊ ကိုယ်တော်၏ လူဇာတိခံယူထားသော ဇာတိပကတိကို ကျွန်ုပ်အား ကျိုးနွံနာခံခွင့်ပြုတော်မူပါ။ ဘုရားသခင်၊ မြေကြီးပေါ်တွင် ကိုယ်တော် မိန့်မြွက်သည့် နှုတ်ကပတ်တော်များကို ကျွန်ုပ်အား ကျိုးနွံနာခံခွင့် ပြုတော်မူပါ။ ဘုရားသခင်၊ မြေကြီးပေါ်တွင် ကိုယ်တော် ဖော်ပြသည့်အရာကို ကျွန်ုပ်အား ကျိုးနွံနာခံခွင့်ပြုတော်မူပါ။ ဘုရားသခင်၊ ကိုယ်တော်၏ လူဇာတိခံယူထားသော ဇာတိပကတိနှင့်ပတ်သက်၍ ကျွန်ုပ်၌ရှိသော အယူအဆများကို စွန့်လွှတ်နိုင်ရန် ကျွန်ုပ်အား ကူညီတော်မူပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့ ဤကဲ့သို့ ဆုတောင်းသောအခါ မည်သူ့ထံ ဆုတောင်းနေကြခြင်း ဖြစ်သနည်း။ (ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ ဖြစ်ပါသည်။) ငါ့ကို ပြောလော့၊ ပုံမှန်အားဖြင့် ဤကဲ့သို့ ဆုတောင်းသော လူများတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်၏ မျက်မှောက်တော် ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် မရှိပေ၊ ပြီးလျှင် ယင်းကို ရရှိရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ထိုသို့သော လူများကို ဘုရားသခင်က အရေးစိုက်သလော။ (အရေးမစိုက်ပါ။)
လူဇာတိခံယူထားသော ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သောကြောင့် ကိုယ်တော်သည် သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူသားတစ်ဦး ဖြစ်သည်။ သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူသားတစ်ဦးအကြောင်း ပြောဆိုရာတွင် ကိုယ်တော်သည် သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူတစ်ဦး၏ ဗီဇစိတ်များနှင့် ပင်ကိုအခြေအနေများအပြင် ပုံမှန် လူ့သဘာဝ၏ ပင်ကိုစရိုက်၊ စိတ်ခံစားချက် အတိုင်းအတာ၊ ထုတ်ဖော်ပြောသည့်ပုံစံနှင့် စကားပြောဆိုသည့်ဟန်တို့ကို ပိုင်ဆိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ တွေးခေါ်ပုံ၊ နေထိုင်မှုပုံစံနှင့် နေထိုင်မှုအလေ့အထများအပြင် ဘဝ၏ ကဏ္ဍအားလုံးနှင့်ပတ်သက်၍ ပုံမှန် လူ့သဘာဝ၏ အမျိုးမျိုးသော ရွေးချယ်မှုများ ဖြစ်သည်။ ဤရွေးချယ်မှုများတွင် အဘယ်အရာများ ပါဝင်သနည်း။ ဥပမာအားဖြင့် နှစ်သက်သော နေထိုင်မှုပတ်ဝန်းကျင်၊ အကြိုက်ဆုံး အရောင်များနှင့် အခြေခံ လိုအပ်ချက်များနှင့်ပတ်သက်သည့် အချို့သော နှစ်သက်မှုများနှင့် ရွေးချယ်မှုများ ဖြစ်သည်။ ဤအပြင်ပန်း ပုံပန်းသဏ္ဌာန်၊ ဤဗီဇစိတ်များနှင့် ပုံမှန် လူ့သဘာဝ၏ ပင်ကိုအခြေအနေများအပြင် ပုံမှန် လူသားဘဝ၏ အတိုင်းအတာအတွင်းရှိသော အမျိုးမျိုးသော သရုပ်သကန်များဖြင့် လူဇာတိခံယူထားသော ဘုရားသခင်သည် လုံးဝ စံမီသော၊ ပုံမှန်ဖြစ်သော လူတစ်ဦး၊ ဖန်ဆင်းခံ လူသားမျိုးနွယ်၏ သာမန် အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သေချာပေါက် ပြောဆိုနိုင်သည်။ ကိုယ်တော်၏ ဂုဏ်ရည်လက္ခဏာများနှင့် တည်ရှိမှု ပုံစံအရ လူဇာတိခံယူထားသော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် လုံးဝ ကွဲပြားသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် လုံးဝ ကွဲပြားသည်၊ ကိုယ်တော်၏ အပြင်ပန်း ပုံပန်းသဏ္ဌာန်သည်လည်း ဘုရားသခင်၏ ဝိညာဉ်တော်နှင့် လုံးဝ ကွဲပြားသည်။ လူဇာတိခံယူထားသော ဘုရားသခင်၏ အမှုကာလအတွင်း ကိုယ်တော် ထုတ်ဖော်သည့်အရာနှင့် လုပ်ဆောင်နိုင်စွမ်း ရှိသည့်အရာသည် လူ၏ မျက်စိဖြင့် မြင်နိုင်ပြီး လူ၏ စိတ်ဖြင့် သဘောပေါက်နားလည်နိုင်သော အရာများ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ ရှိရင်းစွဲပင်ကိုလက္ခဏာတို့နှင့်ပတ်သက်၍ လူတို့၏ သိနားလည်မှုသည် အလွန် ကန့်သတ်ချက်ရှိသည်။ လူတို့ကိုယ်တိုင်က ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများစွာကို ထားရှိကြသည်ဟူသော အချက်နှင့် ပေါင်းစပ်လိုက်သောအခါ လူဇာတိခံယူထားသော ဘုရားသခင်၏ လူ့သဘာဝနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များသည် လူတို့အတွက် အခက်အခဲအချို့ကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ငါ စကားပြောသောအခါ ငါ အသုံးပြုသော စကားလုံးများသည် နေ့စဉ်သုံး ဘာသာစကားဖြစ်ပြီး ငါသည် အချို့သော အရပ်သုံးစကားများနှင့် ဒေသသုံးစကားများကိုလည်း မကြာခဏ အသုံးပြုသည်။ ထိုအခါ လူတို့က ငါ့ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်ကြလိမ့်မည်ဖြစ်ပြီး “ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အဟောအပြောကောင်းစွာဖြင့် စကားပြောသင့်ပြီး တင့်တယ်သော စကားလုံးများကို အသုံးပြုသင့်သည်။ ဤသူ အသုံးပြုသော စကားလုံးများသည် အဘယ်ကြောင့် မတင့်တယ်သနည်း။ သူသည် အချို့သော အရပ်သုံးစကားများနှင့် ဒေသသုံး ဘာသာစကားများကိုပင် အသုံးပြုပြီး တစ်ခါတစ်ရံတွင် နေ့စဉ် အခြေခံ လိုအပ်ချက်များနှင့် သက်ဆိုင်သော ဝေါဟာရများနှင့် အသုံးအနှုန်းများကို သုံးလေသည်” ဟု ပြောဆိုကြလိမ့်မည်။ ဥပမာအားဖြင့် ငါသည် အရောင်တစ်မျိုးမျိုးကို နှစ်သက်ပြီး တစ်စုံတစ်ဦးက “ကိုယ်တော်သည် ဤအရောင်ကို မည်သို့ နှစ်သက်နိုင်သနည်း။ ဤအရောင်က စင်ကြယ်ပုံ သို့မဟုတ် သန့်ရှင်းပုံမပေါ်ပါ။ ဘုရားသခင်သည် အဖြူရောင်ကို နှစ်သက်သင့်သည် မဟုတ်လော။ ဘုရားသခင်သည် မိုးပြာရောင် သို့မဟုတ် အစိမ်းရောင်ကို နှစ်သက်သင့်သည် မဟုတ်လော။ ကိုယ်တော်သည် ဤအရောင်ကို မည်သို့ နှစ်သက်နိုင်သနည်း။ ဤအရောင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ကိုယ်စားမပြုပါ” ဟု ပြောဆိုသည်။ ထို့နောက် သူသည် မိမိ၏ စိတ်နှလုံးထဲတွင် အယူအဆများ ဖြစ်ပေါ်လာသည်။ သို့သော် ငါက ဤအရောင်ကို ငါ အမှန်တကယ် နှစ်သက်သည်ဟု ပြောသည်၊ သင်သည် ဤအရာကို မည်သို့ ချဉ်းကပ်သင့်သနည်း။ (ကျွန်ုပ်တို့သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်သင့်ပါသည်။) လူဇာတိခံယူထားသော ဘုရားသခင်တွင် ပုံမှန် လူ့သဘာဝ ရှိသည်။ ပုံမှန် လူ့သဘာဝအတွင်း အသက်ရှင်နေထိုင်လျက် ကိုယ်တော်သည် ပုံမှန် လူသားဘဝ၏ အတိုင်းအတာအတွင်း အကျုံးဝင်သော အမျိုးအစားစုံလင်သည့် အရာများနှင့် ထိတွေ့ဆက်ဆံရမည် ဖြစ်သည်။ ထို့ကြောင့် အခြေခံ လိုအပ်ချက်များနှင့်ပတ်သက်၍ ကိုယ်တော့်ထံတွင် သူ့တစ်ကိုယ်ရေ နှစ်သက်မှုများနှင့်သူ ရှိသည်။ ဤနှစ်သက်မှုများသည် သင်၏ အယူအဆများနှင့် စိတ်ကူးများထဲရှိ ဘုရားသခင်၏ နှစ်သက်မှုများနှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်သည် သို့မဟုတ် ကိုက်ညီချင်မှ ကိုက်ညီပေမည်။ ယင်းတို့ မကိုက်ညီပါက မည်သို့ဖြစ်မည်နည်း။ သင် မှားသလော သို့မဟုတ် ငါ မှားသလော။ ငါ နှစ်သက်သောအရာများကို ရွေးချယ်ပိုင်ခွင့် ငါ့တွင် ရှိသောကြောင့် ငါ မမှားဟု ငါ ထင်သည်။ ငါသည် ယင်းတို့ကို သင့်အပေါ် အတင်းအကျပ် မလုပ်ခဲ့သည့်အပြင် ယင်းတို့သည် သမ္မာတရားဖြစ်ပြီး သင် လက်ခံရမည်ဟုလည်း ငါ မပြောခဲ့ပေ။ သင်၌လည်း ကိုယ့်အခွင့်အရေးနှင့်ကိုယ် ရှိပြီး ငါသည် ယင်းတို့ကို မည်သည့်အခါမျှ ဝင်ရောက်မစွက်ဖက်ပေ။ အဖြူရောင် သို့မဟုတ် အပြာရောင်ကို နှစ်သက်ခြင်းအတွက် သင့်ကို ငါ မည်သည့်အခါမျှ ပြစ်တင်ရှုတ်ချခြင်း မရှိပေ၊ ထို့ကြောင့် အခြားအရောင်များကို နှစ်သက်ခြင်းအတွက် သင်သည်လည်း ငါ့ကို ပြစ်တင်မရှုတ်ချသင့်ပေ၊ မဟုတ်လော။ အချို့လူများက “ထိုသို့ လုပ်၍မရပါ။ ကိုယ်တော် ကိုယ်စားပြုသည့်အရာသည် ကျွန်ုပ် ကိုယ်စားပြုသည့်အရာနှင့် ကွဲပြားပါသည်။ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော လူသားများကို ကိုယ်စားပြုပြီး ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားပြုပါသည်။ ယင်းက မည်သို့ တူညီနိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အမှန်ပင် ကိုယ်စားပြုသော်လည်း ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ငါ နှစ်သက်သော အရောင်များကို ပြစ်တင်ရှုတ်ချခြင်း မရှိပေ။ အဖြူရောင်သည် သန့်ရှင်းသည်ဟု သင် ထင်သော်လည်း ကောင်းကင်ဘုံရှိ ဘုရားသခင် ဖန်ဆင်းထားသော အရာအားလုံးကို ကြည့်လော့၊ ယင်းတို့သည် အရောင်အသွေး စုံလင်လှသည်။ ဘုရားသခင် ဖန်ဆင်းထားသော ပန်းများသည် အရောင်အသွေး စုံလင်လှသည်။ တစ်ခါတစ်ရံတွင် ကောင်းကင်ရှိ အခြားအရာများကြား၌ တိမ်မည်းများပင် ရှိတတ်ပြီး တိမ်မည်းများသည် မီးခိုးရောင် ဖြစ်သည်။ နွေရာသီတွင် အလွန်ပူပြင်းသောအခါ တိမ်မည်းများက နေကို ကွယ်လိုက်သည်နှင့်တစ်ပြိုင်နက် သင်သည် အေးမြပြီး သက်သောင့်သက်သာ ရှိသည်ဟု ခံစားရကာ ကိုယ်တော်၏ ကျေးဇူးတော်အတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အခြားလူအချို့က “အစိမ်းရောင်သည် ကောင်းပါသည်၊ ဘုရားသခင် ဖန်ဆင်းထားသော အစိမ်းရောင်သည် အသက်ကို ကိုယ်စားပြုပါသည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ မမှန်ကန်ပေ။ ဘုရားသခင် ဖန်ဆင်းထားသော အစေ့အဆန်များကို ကြည့်လော့။ ဥပမာအားဖြင့် ပြောင်းဖူးတွင် အရောင်များစွာ ရှိသည် မဟုတ်လော။ အဝါရောင်၊ အဖြူရောင်၊ ခရမ်းရောင်နှင့် အနက်ရောင် ပြောင်းဖူးများ ရှိသည်။ ပြောင်းဖူးသည် အသက်ကို ကိုယ်စားမပြုဟု သင် ပြောနိုင်သလော။ ပြောင်းဖူးကို ဘုရားသခင်က ဖန်ဆင်းထားခြင်း ဖြစ်သည်။ ယင်းသည် အမြစ်တွယ်နိုင်သည်၊ အညှောက်ပေါက်နိုင်သည်၊ ပန်းပွင့်နိုင်ပြီး အသီးသီးနိုင်သည်။ ယင်းသည် သက်ရှိဖြစ်ပြီး ယင်းက အသက်ကိုလည်း ကိုယ်စားပြုသည်။ ထို့အပြင် သစ်ရွက်အားလုံးသည် အစိမ်းရောင် ဖြစ်သလော။ (မဟုတ်ပါ၊ ခရမ်းရောင်၊ အဝါရောင်နှင့် အနီရောင် အရွက်များလည်း ရှိပါသည်။) ဤအရာများအားလုံးသည် အရွက်များ၏ အရောင်များ ဖြစ်သည်၊ ယင်းတို့သည် အသက်ကို ကိုယ်စားမပြုသလော။ (ကိုယ်စားပြုပါသည်။) ထို့ကြောင့် အချို့လူများက “အစိမ်းရောင်သည် အသက်ကို ကိုယ်စားပြုသည်” ဟု ပြောသောအခါ ၎င်းတို့ မှားနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အချို့လူများက “အဖြူရောင်သည် စင်ကြယ်ခြင်းကို ကိုယ်စားပြုသည်” ဟု ပြောဆိုခြင်းသည် သင့်လျော်သလော။ ဤသည်မှာ အဓိပ္ပာယ်မရှိပေ၊ မဟုတ်လော။ အဖြူရောင်သည် အနည်းငယ် ပို၍ သန့်ရှင်းပြီး ပို၍ တောက်ပပုံပေါ်ရုံမျှသာ ဖြစ်သည်၊ ယင်းသည် စင်ကြယ်ခြင်းကို ကိုယ်စားမပြုပေ။ သင်သည် သင်၏ တစ်သက်လုံး အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်လျှင်ပင် ယင်းက သင် စင်ကြယ်သည်ဟု မဆိုလိုပေ၊ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် အရောင်များကို ရွေးချယ်ခြင်းနှင့်ပတ်သက်လာလျှင် စည်းမျဉ်းစည်းကမ်းများ မရှိပေ။ ယင်းမှာ လူတစ်ဦး၏ အသားအရောင်၊ တစ်ကိုယ်ရေ နှစ်သက်မှုနှင့် ပင်ကိုစရိုက်တို့အပေါ် အခြေခံရုံမျှသာ ဖြစ်ပြီး သေချာပေါက်ပင် ရာသီ၊ ရာသီဥတုနှင့် အပူချိန်တို့အပေါ်တွင်လည်း အခြေခံသည်။ အဖြူရောင်သည် အရောင်တစ်ရောင်မျှသာ ဖြစ်သည်၊ ယင်းသည် မည်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ အနက်ရောင်နှင့်ပတ်သက်၍မူ မည်သို့နည်း။ အချို့လူများက “အနက်ရောင်သည် အမှောင်ထု၊ သေခြင်းနှင့် နတ်ဆိုးကို ကိုယ်စားပြုသည်၊ ထို့ကြောင့် အနက်ရောင်သည် ဆိုးရွားပါသည်” ဟု ပြောဆိုကြသည်။ ငါ့ကို ပြောလော့၊ အနက်ရောင်ကို ပြစ်တင်ရှုတ်ချခြင်းသည် ကောင်းသလော။ (မကောင်းပါ။) တစ်ခါတစ်ရံတွင် ငါသည် အနက်ရောင် သိုးမွေး ကုတ်အင်္ကျီရှည်၊ လေကာအင်္ကျီ၊ ဆွယ်တာ သို့မဟုတ် ဘောင်းဘီကဲ့သို့သော အနက်ရောင် အဝတ်အစားများကိုလည်း ဝတ်ဆင်ပြီး ဆောင်းရာသီတွင် တစ်ခါတစ်ရံ အနက်ရောင် လည်စည်းနှင့် အနက်ရောင် လက်အိတ်များကို ဝတ်ဆင်သည်။ အချို့လူများက “အနက်ရောင်သည် အမှောင်ထုနှင့် စာတန်ကို ကိုယ်စားပြုသည် မဟုတ်လော။ ကိုယ်တော်သည် အနက်ရောင် အဝတ်အစားများကို မည်သို့ ဝတ်ဆင်နိုင်သနည်း။ ကိုယ်တော်သည် ဘုရားသခင်ကို ကိုယ်စားပြုသည် မဟုတ်လော။ ကိုယ်တော်သည် ဘုရားသခင်ကို ကိုယ်စားပြုနေစဉ် အနက်ရောင်ကို ဝတ်ဆင်ပါက ယင်းသည် ကိုယ်တော့်ကို မှားယွင်းစွာ ကိုယ်စားပြုနေခြင်း မဟုတ်လော။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အနက်ရောင်ကို သေချာပေါက် မနှစ်သက်ပါ” ဟု ပြောဆိုကြသည်။ သင် မှားသည်ဟု ငါ ပြောသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အနက်ရောင်ကို မနှစ်သက်ကြောင်း သင် မည်သို့ သိသနည်း။ ဘုရားသခင်က ကိုယ်တော်သည် အနက်ရောင်ကို မနှစ်သက်ဟု ပြောသည်ကို သင် မည်သည့်အချိန်က ကြားခဲ့သနည်း။ ယင်းကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသလော၊ သို့မဟုတ် တမန်တော်တစ်ဦးက သင့်ထံ ယင်းကို ပြောပြခဲ့သလော။ ပဲနက်၊ ဆန်မည်းနှင့် နှမ်းနက်ကဲ့သို့သော အစေ့အဆန်များနှင့် ပဲပင်များရှိ အနက်ရောင် အစားအစာများကို ကြည့်လော့၊ ယင်းတို့ကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤအနက်ရောင် အစားအစာများကို စားရန် နှစ်သက်ကြပြီး ယင်းတို့သည် ခန္ဓာကိုယ်ကို အာဟာရဖြစ်စေသည်ဟု ဆိုကြသည်။ ထို့အပြင် ကြက်မည်းများသည် လုံးဝ အနက်ရောင်ဖြစ်ပြီး ၎င်းတို့၏ အာဟာရတန်ဖိုးသည် သာမန်ကြက်များထက် ပို၍ ကြီးမားသည်။ ငါးများထဲတွင် ငါးရံ့များ၊ နို့တိုက်သတ္တဝါများထဲတွင် ဝက်ဝံနက်များနှင့် ငှက်များထဲတွင် ကျီးကန်းများလည်း ရှိသည်၊ ၎င်းတို့သည် အနက်ရောင် မဟုတ်လော။ (ဟုတ်ပါသည်။) အနက်ရောင် ကျောက်ခဲများ၊ ဆံပင်အနက်ရောင်ရှိသော လူများနှင့် အသားမည်းသော လူများ ရှိသည်။ အချို့လူများတွင် တောက်ပသော ဆံပင်အနက်ရောင် ရှိသောအခါ ၎င်းတို့က “ကျွန်ုပ်၏ ဆံပင် မည်မျှ နက်မှောင်သည်ကို ကြည့်ပါ၊ ယင်းမှာ အလွန် လှပပါသည်” ဟု ပြောဆိုလျက် အခြားသူများရှေ့တွင် အစဉ်သဖြင့် ကြွားလုံးထုတ်တတ်ကြသည်။ ဆံပင်ဖြူများ တိုးလာသောအခါ ၎င်းတို့သည် အိုမင်းလာပြီဟု ခံစားရလျက် စတင် စိုးရိမ်ပူပန်လာကြသည်။ သို့ဆိုလျှင် အဖြူရောင်သည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ (အိုမင်းခြင်းကို ဖြစ်ပါသည်။) ယင်းသည် အိုမင်းခြင်း၊ ခန္ဓာကိုယ် လုပ်ဆောင်ချက်များ ကျဆင်းခြင်းနှင့် သေခြင်းဆီသို့ ချီတက်ခြင်းကိုပင် ကိုယ်စားပြုသည်။ လူတို့တွင် ဆံပင်ဖြူများ ပိုများလာလေလေ၊ ၎င်းတို့သည် ပို၍ ညှိုးငယ်လာ၊ စိတ်မချမ်းမသာဖြစ်လာပြီး စိတ်ဆင်းရဲလာကြလေလေဖြစ်ကာ ၎င်းတို့ ငယ်ရွယ်စဉ်က ဆံပင်အနက်ရောင် ရှိခဲ့ခြင်းသည် မည်မျှ ကောင်းမွန်ခဲ့ကြောင်းကို ပြန်လည်တမ်းတကြသည်။ ဤအချိန်တွင် ၎င်းတို့က “အဖြူရောင်သည် သန့်ရှင်းခြင်းကို ကိုယ်စားပြုသည်” ဟု ပြောဆိုခဲ့ခြင်းမှာ မည်မျှ မိုက်မဲခဲ့ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြပြီး အနက်ရောင်သည် အမှောင်ထု၊ နတ်ဆိုးနှင့် စာတန်ကို ကိုယ်စားပြုသည်ဟု ၎င်းတို့ မပြောဆိုကြတော့ပေ၊ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို အခြေခံ၍ ကြောင်းကျိုးမမြင်ဘဲ မပြောဆိုကြတော့ပေ။ လူတို့သည် အတွေ့အကြုံအချို့ကို ဖြတ်သန်းပြီးနောက် ဤအရာများကို နားလည်လာကြလိမ့်မည် ဖြစ်သော်လည်း အချို့လူများသည် အသက်အရွယ် ကြီးရင့်လာသည့်တိုင် ယင်းတို့ကို မည်သည့်အခါမျှ နားမလည်ကြပေ။ လူတို့သည် အရာများစွာနှင့်ပတ်သက်၍ မိမိတို့၏ စိတ်နှလုံးထဲတွင် အယူအဆများကို ထားရှိကြသည်။ ၎င်းတို့သည် ငါပြောသည့်အရာကို ကြားသောအခါ သို့မဟုတ် ငါလုပ်ဆောင်မည့်အရာ သို့မဟုတ် ငါပြုလုပ်မည့် ရွေးချယ်မှုများကို မြင်သောအခါ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ငါ့ကို ကြိုးစား၍ မနှိုင်းယှဉ်ဘဲ မနေနိုင်ကြသည့်အပြင် ၎င်းတို့တွင် အယူအဆအချို့ ဖြစ်ပေါ်လာကြသည်။ အထူးသဖြင့် ၎င်းတို့ ထိတွေ့ဆက်ဆံနိုင်ပြီး မြင်တွေ့နိုင်သော ဘဝရှိ အရာများနှင့်ပတ်သက်၍ ၎င်းတို့တွင် အယူအဆများ မကြာခဏ ဖြစ်ပေါ်လာတတ်သည်။ သင် မြင်သလော၊ လူတို့သည် အရောင်များ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ အယူအဆများ မဖြစ်ပေါ်ဘဲ မနေနိုင်ကြသည့်အပြင် ဤအသေးအဖွဲ ကိစ္စရပ်ကိုပင် ဆင်ခြင်တုံတရားဖြင့် မချဉ်းကပ်နိုင်ကြသည့်အပြင် မှန်ကန်သော ဆုံးဖြတ်ချက်ကို မချနိုင်ကြပေ။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာ သီလရှင်များနှင့် ဘုန်းကြီးများ ဝတ်ဆင်သော အဝတ်အစားများသည် မီးခိုးရောင်ဖြစ်သည်ကို သင် မြင်သောကြောင့် မီးခိုးရောင်သည် ဗုဒ္ဓဘာသာ သီလရှင်များနှင့် ဘုန်းကြီးများကို ကိုယ်စားပြုသည်ဟု သင် ထင်သည်။ ထို့ကြောင့် သင့်အတွက် မီးခိုးရောင် အပေါ်ဝတ်အင်္ကျီတစ်ထည်ကို ငါ ရွေးချယ်ပါက သင်က “ကျွန်ုပ်တို့သည် ခရစ်ယာန်များ မဟုတ်လော။ ကိုယ်တော်သည် လူဇာတိခံယူထားသော ဘုရားသခင် မဟုတ်လော။ ကိုယ်တော်သည် မီးခိုးရောင် အဝတ်အစားများကို မည်သို့ဖြစ်၍များ ရွေးချယ်နိုင်သေးသနည်း။ ဗုဒ္ဓဘာသာ သီလရှင်များနှင့် ဘုန်းကြီးများသာ မီးခိုးရောင်ကို ဝတ်ဆင်ကြသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဗုဒ္ဓဘာသာ သီလရှင်များနှင့် ဘုန်းကြီးများ ဝတ်ဆင်သော အရောင်ကို မည်သို့ ဝတ်ဆင်နိုင်သနည်း။ ဤသည်မှာ ကျွန်ုပ်တို့ကို ဗုဒ္ဓဘာသာနှင့် တန်းတူထားနေခြင်း မဟုတ်လော။ ကိုယ်တော်သည် ဤမလုပ်အပ်သောအရာကိုပင် မရှောင်ကြဉ်ပါ” ဟု သင် တွေးတောသည်။ မလုပ်အပ်သောအရာ မည်သည့်အရာ ရှိသနည်းဟု ငါ ပြောသည်။ အရောင်အားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ ငါ နှစ်သက်သော မည်သည့်အရောင်အတွက်မဆို ငါ့တွင် ငါ၏ အကြောင်းပြချက်များ ရှိ၏၊ ထို့အပြင် ယင်းသည် သင့်အတွက် သေချာပေါက် ကောင်းမွန်ကာ သင့်အတွက် အကျိုးရှိသည်။ သင်သည် ဘုန်းကြီးများနှင့် သီလရှင်များကို မီးခိုးရောင်နှင့်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သူများနှင့်ဖြစ်စေ၊ သင်ကိုယ်တိုင်နှင့်ဖြစ်စေ အစဉ်သဖြင့် ဆက်စပ်တွေးတောတတ်သည်၊ ယင်းမှာ သင်၏ ပြဿနာ ဖြစ်သည်။ ငါသည် ယင်းကို ထိုမျှ ရှုပ်ထွေးသောနည်းလမ်းဖြင့် မတွေးပေ။ ထိုသို့ တွေးတောခြင်းသည် သင် ဆင်ခြင်တုံတရားမဲ့ကြောင်း ဆိုလိုသည်။ သင်သည် ဤအရောင်ကို သင်၏ အယူအဆများနှင့် စိတ်ကူးများ၏ ရှုထောင့်မှ ကြည့်ရှုနေခြင်းဖြစ်ပြီး ဤအရောင်အပေါ် သင်၏ ကိုယ်ပိုင် အဓိပ္ပာယ်ကို သင် ပေါင်းထည့်ထားကာ ဤအရောင်ကို လွဲချော်သော နည်းလမ်းဖြင့် သင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ နောက်ဆုံးတွင် သင်သည် အဖြူရောင်ကိုသာ နှစ်သက်ရန်နှင့် အဖြူရောင်ကိုသာ ဝတ်ဆင်ရန် သင့်ကိုယ်သင် ကန့်သတ်ထားသည်။ သို့သော် သင်၏ ခေါင်းတစ်ခုလုံး ဆံပင်ဖြူများ ပြည့်နေသည်ကိုဖြစ်စေ၊ သင်၏ အရေပြားနှင့် အသားအရေ ဖြူဖျော့လာသည်ကိုဖြစ်စေ မြင်သောအခါ သို့မဟုတ် သင် ခရုသင်းရောဂါ ဖြစ်လာသောအခါ သင်သည် မပျော်မရွှင်ဖြစ်လာပြီး အဖြူရောင်ကို နှစ်သက်သည်ဟု သင် မပြောတော့သည့်အပြင် အဖြူရောင်သည် စင်ကြယ်ခြင်းကို ကိုယ်စားပြုသည်ဟုလည်း သင် မပြောတော့ပေ။ လူတို့သည် လူဇာတိခံယူထားသော ဘုရားသခင် နှစ်သက်ပြီး ရွေးချယ်သည့် အရောင်များနှင့်ပတ်သက်၍ပင် အယူအဆများဖြင့် ပြည့်နှက်နေကြသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ အလွန် ဒုက္ခများလှသည် မဟုတ်လော။ ဤလူတို့သည် ငါ မိတ်သဟာယဖွဲ့ခဲ့သော များစွာသော သမ္မာတရားများကို အမှန်တကယ် နားလည်ပြီးပြီလောဟု ငါ တွေးမိသည်။ ၎င်းတို့သည် ဤအသေးအဖွဲ ကိစ္စရပ်ကိုပင် နားမလည်နိုင်ပါက အလွန် ရှုပ်ထွေးလှသော သမ္မာတရားကို ၎င်းတို့ နားလည်နိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် နားလည်ခြင်း ရှိမရှိဟူသည်ကို ငါ သံသယရှိသည်။ ပြောရခက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အယူဝါဒအချို့ကိုသာ နားလည်ပြီး သမ္မာတရားကို နားမလည်ကြသည့်တိုင် လက်တွေ့ဘဝရှိ အချို့သောအရာများအပေါ် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ပုံသေစောင့်ထိန်းကာ ဝေဖန်ကဲ့ရဲ့နေကြဆဲဖြစ်သည်။ ဤသည်မှာ လူတို့၏ လွဲချော်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)
ငါ့ကို ပြောလော့၊ လူတို့သည် အမျိုးမျိုးသော အရောင်များကို မည်သို့ ရှုမြင်ပြီး နားလည်သင့်သနည်း။ ဤလူ့လောကကို ကြည့်လော့၊ လူတို့ သာမန်မျက်စိဖြင့် မြင်နိုင်သော အရာဝတ္ထုများနှင့် သက်ရှိအရာများသည် ရွေ့လျားနိုင်သည်ဖြစ်စေ၊ ငြိမ်သက်နေသည်ဖြစ်စေ အရောင်အသွေး စုံလင်လှပြီး ယင်းတို့အားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ ငါးများ၊ ငှက်များ၊ ကြမ်းကြုတ်သော တိရစ္ဆာန်များ၊ အပင်စား တိရစ္ဆာန်များ၊ အိမ်မွေးကြက်ဘဲများနှင့် အိမ်မွေးတိရစ္ဆာန်များသည် အရောင်အသွေး စုံလင်လှသည်၊ သစ်ပင်များနှင့် မြေကြီးပေါ်တွင် သီးသော အသီးများသည်လည်း အရောင်အသွေး စုံလင်လှသည်။ ဤပေါများလှသော အရောင်များမှ သင် မည်သည့်အရာကို နားလည်သဘောပေါက်သနည်း။ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားမျိုးနွယ်အတွက် သင့်လျော်သော နေထိုင်မှု ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးရန် အမျိုးမျိုးသော ငြိမ်သက်နေသည့် အရာဝတ္ထုများ၏ အရောင်များကို ဖန်ဆင်းခဲ့သည်၊ ဤအရောင်များသည် လူတို့၏ မျက်စိများနှင့် အာရုံများအတွက်သာမက ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ရှင်သန်ရပ်တည်ရေးအတွက်ပါ အကျိုးရှိသည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားထားပြီးဖြစ်သည်။ ဘုရားသခင်အတွက်မူ အရောင်တစ်မျိုးမျိုးကို အသုံးပြုခြင်း သို့မဟုတ် တစ်စုံတစ်ခု၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားအပြင် ယင်း၏ နေထိုင်မှု အလေ့အထများနှင့် ပုံစံများကို ပုံဖော်ဖန်တီးရာတွင် သီးခြား အကြောင်းပြချက်တစ်ခု ရှိသည်၊ ဘုရားသခင်၌ စည်းမျဉ်းစည်းကမ်းများ မရှိပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းရာတွင် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း မရှိရုံသာမက အခြေခံအကျဆုံး စည်းမျဉ်းတစ်ခုလည်း ရှိသည်၊ ယင်းတို့၏ အရောင်များ၊ ပုံသဏ္ဌာန်များ၊ နေထိုင်မှု အလေ့အထများနှင့် လုပ်ဆောင်ချက်များအပြင် အရာခပ်သိမ်းကြားတွင် တစ်ခုချင်းစီ ပါဝင်လုပ်ဆောင်သော အခန်းကဏ္ဍတို့မှ အကဲဖြတ်ရလျှင် ယင်းတို့အားလုံးသည် လူတို့ကို ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် ရှင်သန်ရပ်တည်ရန် သင့်လျော်စေပြီး လူတို့ လိုအပ်သော မတူညီသည့် အာဟာရဓာတ်များကို အမျိုးမျိုးသော အစားအစာများမှ စုပ်ယူနိုင်စေသည်၊ ယင်းတို့ကို ဤအရာများအပေါ် အခြေခံ၍ ဖန်ဆင်းထားခြင်း ဖြစ်သည်။ လူတို့သည် အလွန် သေးနုပ်လွန်းပြီး ၎င်းတို့ သာမန်မျက်စိဖြင့် မြင်နိုင်သောအရာမှာ ကန့်သတ်ချက်ရှိသောကြောင့် ၎င်းတို့ သာမန်မျက်စိဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်း ၎င်းတို့သည် ဘုရားသခင်ကို ဤသို့ဖြစ်သည် သို့မဟုတ် ထိုသို့ဖြစ်သည်ဟု ဘောင်ခတ်ကြပြီး ဘုရားသခင်သည် ဤနည်းလမ်း သို့မဟုတ် ထိုနည်းလမ်းအတိုင်း ပြုမူသင့်သည်ဟု တွေးထင်ကြသည်။ ဥပမာအားဖြင့် လူတို့၏ စိတ်ကူးများထဲတွင် စာတန်သည် ယေဘုယျအားဖြင့် အမှောင်ထုထဲမှ ထွက်ပေါ်လာတတ်သောကြောင့် လူတို့က “အနက်ရောင်သည် ဆိုးရွားသည်။ ဘုရားသခင်သည် အနက်ရောင်ကို မနှစ်သက်ပါ၊ ဘုရားသခင်သည် အနက်ရောင် အရာများကို မဖန်ဆင်းပါ” ဟု တွေးထင်ကြသည်။ ဤသို့ တွေးထင်ခြင်းသည် သင် မှားသည်။ လူတို့အတွက် အကျိုးရှိသော အနက်ရောင် အရာများစွာ ရှိသည်။ ဥပမာအားဖြင့် ပဲနက်နှင့် နှမ်းနက်ကဲ့သို့သော အချို့သော အစားအစာများသည် အနက်ရောင်ဖြစ်သော်လည်း ယင်းတို့သည် လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိသည်။ ထို့အပြင် အချို့သော ငှက်များနှင့် တိရစ္ဆာန်များ၏ အရောင်များသည် အနက်ရောင်ဖြစ်ပြီး ၎င်းတို့သည် နိုင်ငံတော်က ကာကွယ်ထားသော မျိုးစိတ်အချို့ပင် ဖြစ်ကြသည်။ ထို့ကြောင့် တစ်စုံတစ်ခုသည် ကောင်းသည် သို့မဟုတ် ဆိုးသည်ဟူသည်ကို ယင်း၏ အရောင်အပေါ် အခြေခံ၍ သင် ဆုံးဖြတ်ခြင်းသည် မှားယွင်းသည်။ စာတန်က အနက်ရောင်ကို ရွေးချယ်ခြင်းသည် အနက်ရောင်က ဆိုးရွားကြောင်း သက်သေမပြသည့်အပြင် အနက်ရောင်သည် ဘုရားသခင် မနှစ်သက်သော သို့မဟုတ် ပြစ်တင်ရှုတ်ချသော အရာတစ်ခု ဖြစ်ကြောင်းကိုလည်း သက်သေမပြပေ။ သို့ဆိုလျှင် စာတန်သည် အဘယ်ကြောင့် အနက်ရောင်ကို ရွေးချယ်သနည်း။ အကြောင်းမှာ စာတန်သည် ဆိုးညစ်ပြီး ရက်စက်ကြမ်းကြုတ်သောကြောင့် ယင်းသည် အလင်းကို သည်းမခံနိုင်ဘဲ အမှောင်ထုထဲတွင် မိမိကိုယ်ကို ဖုံးကွယ်ထားရန် နှစ်သက်၍ဖြစ်သည်။ အမှောင်ထုထဲတွင် မိမိကိုယ်ကို ဖုံးကွယ်ထားခြင်းအားဖြင့်သာ ယင်းသည် လူတို့၏ ရှာဖွေတွေ့ရှိခြင်းကို ရှောင်လွှဲနိုင်သည်။ ပုန်းအောင်းရန်၊ လှည့်စားရန်၊ မကောင်းသောအရာများကို လုပ်ဆောင်ရန်နှင့် မကောင်းမှုပြုရန် ပို၍ လွယ်ကူစေဖို့ ယင်းသည် အနက်ရောင်ကို ရွေးချယ်သည်။ သို့သော် စာတန်က ယင်းကို ရွေးချယ်ရုံမျှဖြင့် သင်သည် အနက်ရောင်ကို ပြစ်တင်ရှုတ်ချ၍ မရနိုင်ပေ။ အဖြူရောင်နှင့် နှိုင်းယှဉ်ပါက အနက်ရောင်သည် အလွန်ဆုံး စာတန် ပုန်းအောင်းရန် ပို၍ လွယ်ကူစေရုံမျှသာဖြစ်ပြီး စာတန်၏ အသုံးချခြင်းကို ခံရသည်၊ ထို့ကြောင့် စာတန်သည် အနက်ရောင်ကို ပို၍ နှစ်သက်သည်။ ဘုရားသခင်သည် အလင်းဖြစ်သောကြောင့် ကိုယ်တော်သည် အလင်းထဲတွင် မကြာခဏ လျှောက်လှမ်းသည်၊ အလင်းထဲတွင် လူတို့ကို စကားပြောပြီး အလင်းထဲတွင် လူတို့ထံ ပေါ်ထွန်းသည်။ ဘုရားသခင်သည် အလင်းထဲတွင် အသက်ရှင်ပြီး ဘုရားသခင်သည် အဖြူရောင် အလင်းကို အစဉ်သဖြင့် ရွေးချယ်သည်။ ထို့ကြောင့် လူတို့က “ဘုရားသခင်သည် အခြားအရောင်များကို မနှစ်သက်ပါ၊ ဘုရားသခင်သည် အဖြူရောင်ကိုသာ နှစ်သက်သည်” ဟု ထင်ကြသည်။ ဤအမြင်ရှုထောင့်သည် မှားယွင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် ဖန်ဆင်းထားသော အရာအားလုံးကို ကြည့်လော့၊ ယင်းတို့သည် အရောင်အသွေး စုံလင်လှသည်။ သို့ဆိုလျှင် ဤမတူညီသော အရောင်များအားလုံးသည် အဘယ်မှ လာသနည်း။ ယင်းတို့အားလုံးသည် ဘုရားသခင်၏ အတွေးများမှ မြစ်ဖျားခံသည်။ သင်သည် ဘုရားသခင်၏ အတွေးများမှ မြစ်ဖျားခံသော အမျိုးမျိုးသော အရောင်များကို ပြစ်တင်ရှုတ်ချပါက ဤသည်မှာ မည်သည့် ပြဿနာမျိုး ဖြစ်သနည်း။ ဤသည်မှာ ပုန်ကန်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန် မိုက်မဲလှသည်။ သင်သည် လူဇာတိခံယူထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် သရုပ်သကန်များကို ထိတွေ့ဆက်ဆံနိုင်ပါက၊ မြင်နိုင် သို့မဟုတ် ကြားနိုင်ပါက သင်သည် ယင်းတို့ကို မှန်ကန်စွာ ဆက်ဆံသင့်သည်။ ယင်းတို့က သမ္မာတရားကို သင် လက်ခံခြင်းအပေါ် မထိခိုက်သရွေ့ သို့မဟုတ် မဟန့်တားသရွေ့ သင်သည် ဤအရာများအား တစ်ဆိတ်ကိုတစ်အိတ် မလုပ်သင့်ဘဲ ယင်းတို့ကို သုတေသနပြုပြီး ဆန်းစစ်ကာ ထို့နောက် ယင်းတို့ကို ပုံကြီးချဲ့ပြီး နောက်ဆုံးတွင် အယူအဆများ ဖြစ်ပေါ်လာလျက် လူဇာတိခံယူထားသော ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ မပြုသင့်ပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် အလွန် မှားယွင်းပေမည်။ ထိုသို့သော လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။
လူဇာတိခံယူထားသော ဘုရားသခင်သည် သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူတစ်ဦး ဖြစ်သောကြောင့် ကိုယ်တော်တွင် ကိုယ်တော်၏ ပုံသေဖြစ်သော၊ ပုံမှန်ဖြစ်သော နေထိုင်မှု နယ်ပယ်၊ နေထိုင်မှု အလေ့အထများနှင့် နေထိုင်မှု ပုံစံများပင် ရှိသည့်အပြင် လူသားဘဝတွင် ပါဝင်သော အမျိုးမျိုးသော ရွေးချယ်မှုများ၊ အပေးအယူများနှင့် စိတ်ခံစားချက် အတိုင်းအတာ အားလုံးလည်း ရှိသည်။ လူဇာတိခံယူထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝနှင့်ပတ်သက်၍ တစ်ဖက်တွင် လူတို့သည် ယင်းကို ဆင်ခြင်တုံတရားရှိသော ရှုထောင့်မှ မှန်ကန်စွာ ချဉ်းကပ်သင့်သည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ မှန်ကန်သော နားလည်မှုတစ်ခု ရှိသင့်သည်။ လူဇာတိခံယူထားသော ဘုရားသခင်၏ အသက်တာနှင့် ပုံမှန် လူ့သဘာဝနှင့်ပတ်သက်၍ ကိုယ်တော် လုပ်ဆောင်သည့်အရာကို သင် မြင်သောကြောင့်၊ ကြားသောကြောင့် သို့မဟုတ် ထိတွေ့ဆက်ဆံရသောကြောင့် သင့်တွင် အယူအဆများ ဖြစ်ပေါ်လာပါက ဤအရာသည် သင်၏ အသက် ဝင်ရောက်မှု သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ခံယူခြင်းအပေါ် မထိခိုက်စေရန် သေချာစေမည့် အလွယ်ကူဆုံး နည်းလမ်းမှာ လူဇာတိခံယူထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်ရန် မကြိုးစားခြင်း ဖြစ်သည်။ လူဇာတိခံယူထားသော ဘုရားသခင်သည် ပုံမှန် လူ့သဘာဝတွင် အသက်ရှင်နေထိုင်သည်၊ ကိုယ်တော့်ထံတွင် သူ့လွတ်လပ်ခွင့်နှင့်သူ ရှိသည်၊ ကိုယ်တော့်ထံတွင် သူထမ်းဆောင်ရမည့် သူ့အမှုတော်နှင့်သူရှိပြီး ကိုယ်တော်တွင် ပုံမှန် လူသားဘဝတစ်ခုလည်း ရှိသည်။ သင်သည် ဤအရာကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင် မြင်သလော၊ လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ တတိယအဆင့် အမှုသည် များစွာသော သမ္မာတရားများကို ဖော်ပြရန် လိုအပ်သည်။ သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သောအခါ ကိုယ်တော်သည် နေ့စဉ်သုံး ဘာသာစကားကို အသုံးပြုပြီး အရပ်သုံးစကားများ၊ ဒေသသုံး ဘာသာစကားများနှင့် ဒေသန္တရ စကားများကို မကြာခဏ ထည့်သွင်းကာ တစ်ခါတစ်ရံတွင် အထူး ဖော်ပြသည့်နည်းလမ်းများကို အသုံးပြုသည်။ ပြောဆိုသော စကားများအားလုံးသည် သမ္မာတရားဖြစ်ပြီး သင် နားလည်ကာ ဝင်ရောက်သင့်သော သမ္မာတရားများအားလုံး ဖြစ်နေသရွေ့ သင်သည် ကျိုးနွံနာခံသင့်သည်၊ ဤနည်းအားဖြင့် သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ သင်သည် အစဉ်သဖြင့် အပြစ်ရှာနေပါက၊ အစဉ်သဖြင့် စိစစ်နေပြီး အစဉ်သဖြင့် သံသယများ ရှိနေပါက သမ္မာတရားကို ရရှိမည်မဟုတ်သည့်အပြင် လူဇာတိခံယူထားသော ဘုရားသခင်က လူတို့ကို ကယ်တင်သည့် အဖိုးတန် အခွင့်အရေးကို သင် လက်လွတ်ဆုံးရှုံးရလိမ့်မည်။ သို့ဆိုလျှင် သင်သည် လူဇာတိခံယူထားသော ဘုရားသခင်၏ အမှုကို မည်သို့ မှန်ကန်စွာ ချဉ်းကပ်သင့်သနည်း။ ပထမဦးစွာ သင်၌ ဆင်ခြင်တုံတရား ရှိရမည်၊ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံရန် သင်ယူရမည်၊ သင်၏ လုပ်သင့်လုပ်ထိုက်သော အလုပ်များအပေါ် အာရုံစိုက်ပြီး သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ကာ ကယ်တင်ခြင်း ရရှိရန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းအပေါ် သင် အာရုံစိုက်ရမည်။ ဤသည်မှာ အရေးကြီးဆုံးအရာ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို တစ်နေ့လုံး စိစစ်နေရန် မလိုအပ်ပေ။ သင့်တွင် အယူအဆများနှင့် စိတ်ကူးများ မည်မျှပင် ရှိပါစေ ယင်းတို့သည် သမ္မာတရား မဟုတ်ပေ။ သင်သည် သင်၏ အယူအဆများကို တစ်သက်လုံး ဖက်တွယ်ထားနိုင်သော်လည်း သမ္မာတရားကို ရရှိမည်မဟုတ်ဘဲ အဆုံးတွင် ငရဲသို့ သွားရဦးမည်သာ ဖြစ်သည်။ ဤပြဿနာများကို သင် ထိုးထွင်းသိမြင်သည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းကြောင်းမှန်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ သင်၏ အယူအဆများနှင့် စိတ်ကူးများကို သင် စွန့်လွှတ်နိုင်လိမ့်မည်။ ပထမဦးစွာ ဤနှုတ်ကပတ်တော်များတွင် ရှာဖွေရမည့် သမ္မာတရား ရှိမရှိ ကြည့်ရှုလော့။ ဤနှုတ်ကပတ်တော်များတွင် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ ပါဝင်ပြီး ယင်းတို့က သင့်အား သမ္မာတရား စည်းမျဉ်းများ၏ ကဏ္ဍတစ်ခုကို နားလည်စေနိုင်ပါက ပို၍ အမြင်ကျယ်ကျယ်ဖြင့် ရှုလော့၊ အသေးစိတ်အချက်တိုင်းအပေါ် အပြစ်မရှာနှင့်၊ အမြင်မကျဉ်းနှင့်၊ ပြီးလျှင် ယင်းအပေါ် စွဲလမ်းမနေနှင့်။ သင်၏ စိတ်နှလုံးထဲတွင် သင် မည်သို့ တွေးသင့်သနည်း။ “လူဇာတိခံယူထားသော ဘုရားသခင်သည် ပုံမှန် လူ့သဘာဝရှိသော သာမန် လူတစ်ဦး ဖြစ်သော်လည်း ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြနိုင်ပြီး ကိုယ်တော်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ ကျွန်ုပ်တို့တွင် ပညာအချို့ရှိပြီး အဟောအပြောကောင်းစွာဖြင့် စကားပြောနိုင်လျှင်ပင် ကျွန်ုပ်တို့သည် သမ္မာတရားကို မဖော်ပြနိုင်သည့်အပြင် ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို မဖော်ပြနိုင်ပေ၊ သမ္မာတရား စည်းမျဉ်းများကိုလည်း ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့နိုင်ပေ။ ကျွန်ုပ်တို့တွင် အသိပညာ မည်မျှရှိသည်ဖြစ်စေ သို့မဟုတ် ကျွန်ုပ်တို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ ယင်းက ကျွန်ုပ်တို့တွင် သမ္မာတရားရှိသည်ဟု မဆိုလိုသည့်အပြင် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုလည်း ကိုယ်စားမပြုနိုင်ပေ။ လူဇာတိခံယူထားသော ဘုရားသခင်သည် ရိုးရှင်းပြီး နားလည်ရလွယ်ကူသော နေ့စဉ်သုံး ဘာသာစကားဖြင့် စကားပြောသော်လည်း ကိုယ်တော် မိန့်မြွက်သည့် နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရား ဖြစ်သည်။ ကိုယ်တော်သည် သမ္မာတရား စည်းမျဉ်းများကိုလည်း စေ့စပ်သေချာစွာ မိတ်သဟာယဖွဲ့နိုင်ပြီး လူတို့၏ အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ ဤသည်မှာ လုံလောက်ပေသည်။ လူတို့သည် သမ္မာတရားကို ရရှိရန် ဘုရားသခင်ကို ယုံကြည်ကြသည် မဟုတ်လော။ ကျွန်ုပ်သည် အစဉ်သဖြင့် ဇီဇာကြောင်ပြီး အမှားရှာရန် မကြိုးစားသင့်ပါ၊ ယင်းမှာ ကျွန်ုပ်၏ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို လျစ်လျူရှုခြင်း ဖြစ်သည်” ဟု တွေးသင့်သည်။ သင်၌ ဤသဘောထား ရှိပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ သမ္မာတရားကို နားလည်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားနိုင်လိမ့်မည်။ သင်၌ ဤသဘောထား မရှိဘဲ သမ္မာတရားကို မရှာဖွေပါက၊ တရားဒေသနာများကို နားထောင်သောအခါ စကားလုံးများအပေါ် အစဉ်သဖြင့် ဇီဇာကြောင်နေပါက၊ ပြီးလျှင် လူဇာတိခံယူထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့နှင့်ပတ်သက်၍ သင့်တွင် အယူအဆများ အစဉ်သဖြင့်ရှိနေပါက ဤသည်က သမ္မာတရားအပေါ် သင်၏ နားလည်မှုကို ထိခိုက်စေလိမ့်မည်။ အချို့လူများသည် လူဇာတိခံယူထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အစဉ်သဖြင့် နှိုင်းယှဉ်ကြပြီး “လူဇာတိခံယူထားသော ဘုရားသခင်သည် အဘယ်ကြောင့် ဝိညာဉ်ခန္ဓာ မဟုတ်သနည်း။ ဇာတိပကတိသည် အဘယ်ကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကဲ့သို့ မိုးခြိမ်းသံဖြင့် စကားမပြောသနည်း” ဟု အစဉ်သဖြင့် မေးတတ်ကြသည်။ လူဇာတိခံယူထားသော ဘုရားသခင်သည် မိန့်မြွက်ချက်များ မြွက်ဆိုပြီး စကားပြောဆိုနေသော စစ်မှန်သည့် ဘုရားသခင် မဖြစ်နိုင်ဟုလည်း ၎င်းတို့ ယုံကြည်ကြသည်။ စစ်မှန်သည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် လူတို့၏ စိတ်ကူးများထက် သာလွန်ရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ ကိုယ်တော်သည် ပုံမှန် လူတစ်ဦးကဲ့သို့သာ စကားပြောပါက ယင်းသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှု မည်သို့ ဖြစ်နိုင်မည်နည်း။ ၎င်းတို့က “လူတစ်ဦးသည် သမ္မာတရားကို ဖော်ပြနိုင်သလော။ လူဇာတိခံယူထားသော ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြနိုင်သည်၊ ဤသည်မှာ လူတစ်ဦး လုပ်ဆောင်နိုင်သည့် အရာတစ်ခုလော။ လူများစွာတို့သည် ဤအရာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဘုရားသခင်က များစွာသော သမ္မာတရားများကို ဖော်ပြခြင်းသည် လူသားမျိုးနွယ်ကြားတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သော အကြီးမြတ်ဆုံးအရာ ဖြစ်ပြီး ယင်းမှာ မည်သည့်လူမျှ မလုပ်ဆောင်နိုင်သော အရာတစ်ခု ဖြစ်သည်” ဟူ၍ စဉ်းစားဆင်ခြင်ခြင်း မရှိကြချေ။ လူတို့ နားလည်နိုင်ရန်အလို့ငှာ ငါသည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ ရှင်းလင်းပြီး နားလည်ရလွယ်ကူသော နည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ရမည်၊ ငါသည် အသေးစိတ် ပြောဆိုရမည်၊ အမှုအရာများကို ထပ်ခါတလဲလဲ ပြောဆိုရမည်ဖြစ်ပြီး ဥပမာများကိုလည်း ပေးရမည်။ ဤသည်က လူများစွာကို အယူအဆများ ဖြစ်ပေါ်စေသည်။ ငါသည် ယေဘုယျကျသော နည်းလမ်းဖြင့် အမှန်တကယ် မိတ်သဟာယဖွဲ့ခဲ့ပါက ငါပြောသည့်အရာကို လူမည်မျှ သဘောပေါက်နိုင်မည်နည်း။ အဓိကအားဖြင့် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် သေးငယ်သောကြောင့် လူတစ်ဦးတစ်ယောက်မျှ ယင်းကို သဘောပေါက်နိုင်မည် မဟုတ်ပေ။ ငါသည် အမှုအရာများကို အလွန် အသေးစိတ် ရှင်းပြသည်၊ စကားရှည်လွန်းသည်အထိ အသေးစိတ်ကျပြီး ငါကိုယ်တိုင်ပင် ယင်းကို စိတ်ကုန်လာကာ ဆက်မပြောချင်တော့သော်လည်း အချို့လူများသည် ငါပြောနေသည့်အရာကို နားမလည်သေးဘဲ “အဘယ်ကြောင့် ဥပမာ အနည်းငယ် ထပ်မပေးသနည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ ငါသည် စိတ်ကုန်ပြီး ဆက်မပြောချင်တော့သည့် အတိုင်းအတာအထိ ပြောဆိုပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် နားမလည်သေးသနည်း။ ယင်းက သင့်တွင် လူ၏ ဦးနှောက် မရှိကြောင်း၊ သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်းနှင့် ငါ မည်မျှပင် အသေးစိတ် ပြောဆိုပါစေ သင်သည် ယင်းကို နားလည်မည်မဟုတ်ကြောင်း သက်သေပြနေသည်။ ဤကဲ့သို့ မိတ်သဟာယဖွဲ့ခြင်း၊ သဘောပေါက်နားလည်နိုင်စွမ်း အနည်းငယ်ရှိသူ မည်သူမဆို နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ရှိနိုင်စေရန် သေချာအောင် ကြိုးပမ်းခြင်းသည် ရှောင်လွှဲ၍မရဘဲ အနည်းငယ် စကားရှည်လိမ့်မည် ဖြစ်သည်။ ထို့အပြင် ပုံမှန် လူ့သဘာဝ၏ ခွန်အားနှင့် အခြားသော ကဏ္ဍများသည် ကန့်သတ်ချက် ရှိသည်။ အထူးသဖြင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ အချို့သောအရာများကို စကားလုံးများဖြင့် ဖော်ပြရန် အလွန် ခက်ခဲပြီး လူသား ဘာသာစကားသည် အလွန် လိုအပ်ချက်ရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် နှစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်အတွင်း မှန်ကန်သော စကားလုံးကို ရှာဖွေရန် အလွန် ခက်ခဲပြီး အကျိုးသက်ရောက်မှု အနည်းငယ် ရရှိရန် အကြမ်းဖျင်း တူညီသော စကားလုံးတစ်လုံးကိုသာ ငါ အသုံးပြုနိုင်သည်၊ ယင်းမှာ လုံလောက်ပေသည်။ သို့သော် ငါ မိတ်သဟာယဖွဲ့သည့် အကြိမ်တိုင်းတွင် သင်တို့သည် သမ္မာတရား၏ ဤကဏ္ဍနှင့်ပတ်သက်၍ နားလည်မှုတစ်ခု ရှိနိုင်စေရန်နှင့် နောက်ဆုံးတွင် သင်တို့၏ လက်တွေ့ကျသော အတွေ့အကြုံ၌ အမျိုးအစားစုံလင်သည့် အရာများနှင့် ကြုံတွေ့ရသောအခါ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိနိုင်စေရန်အလို့ငှာ ငါ မိတ်သဟာယဖွဲ့သော စကားလုံးများသည် အကြောင်းအရာ တစ်ခုတည်းအပေါ် အသေအချာ ဗဟိုပြုနိုင်ရန် ငါ ကြိုးပမ်းသည်။ ဤသည်မှာ သင်တို့၏ အသက်တာ အတွေ့အကြုံအတွက် အလွန် အကျိုးရှိသည်။ ဤမျှ အသေးစိတ် ပြောဆိုခြင်းက ငါ့ကို စကားရှည်ပုံပေါ်စေသော်လည်း သင်တို့သည် ဤပြဿနာမျိုးများနှင့် ကြုံတွေ့ရသောအခါ လမ်းပျောက်နေသည်ဟု ခံစားရမည်မဟုတ်ပေ၊ သင်တို့တွင် လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ သင်တို့သည် စကားလုံးများနှင့် အယူဝါဒများကြားတွင် အသက်ရှင်နေထိုင်တော့မည် မဟုတ်ဘဲ ထိုအစား သင်တို့၏ ပြဿနာများကို ဖြေရှင်းရန် သင်တို့ ကြုံတွေ့ရသည့် အခြေအနေများနှင့် ကိုက်ညီနိုင်သော လက်တွေ့ကျသည့် လမ်းကြောင်းတစ်ခု၊ လက်တွေ့ကျသည့် အခြေခံတစ်ခုနှင့် လက်တွေ့ကျသည့် သမ္မာတရား စည်းမျဉ်းများ ရှိလိမ့်မည်။ ထို့ကြောင့် လူဇာတိခံယူထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝက စွမ်းဆောင်ရရှိနိုင်သည့်အရာကို လုပ်ဆောင်ရန် ငါ အစွမ်းကုန် ကြိုးစားပြီး ငါ စဉ်းစားမိသမျှ အရာအားလုံးကို ပြောဆိုရန် ငါ အစွမ်းကုန် ကြိုးစားသည်။ သင်တို့အားလုံး နားလည်ပြီဖြစ်ပြီး ငါ နောက်ထပ် မိတ်သဟာယဖွဲ့ရန် မလိုအပ်တော့ဟု သင်တို့ ပြောသည့် အတိုင်းအတာအထိ ငါ ပြောဆိုပြီးသောအခါ ငါ စကားပြောခြင်းကို ရပ်တန့်မည်၊ ဤမျှ ရှည်လျားစွာ ငါ အမှန်တကယ် ဆက်မပြောချင်တော့ပေ။
သင် မြင်သလော၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ရိုးရှင်းစွာ စကားပြောလေသည်။ ဥပမာအားဖြင့် ယေဟောဝါ ဘုရားသခင်က မောရှေအား “မောရှေ၊ လာလော့၊ သင့်ကို ငါ ပြောစရာရှိသည်” ဟု ပြောခဲ့သည်။ မောရှေသည် အလျင်အမြန် ဒူးထောက်လိုက်ပြီး ဘုရားသခင်က သူ့ကို ကြေညာရန် အရာအချို့ ပြောခဲ့ကာ မောရှေသည် ယေဟောဝါ ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ယင်းတို့ကို ကြေညာခဲ့သည်။ လက်ရှိတွင် လူဇာတိခံယူထားသော ဘုရားသခင်က သင့်ကို အရာအချို့ပြောပြီး ယင်းတို့ကို လုပ်ဆောင်ရန် သင့်အား တောင်းဆိုပါက သင်၏ လက်တွေ့လုပ်ဆောင်မှုအတွင်းတွင် သင်သည် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်လိမ့်မည်။ ဤအချိန်တွင် သင်သည် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) သင် ရရှိနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရိုးရှင်းစွာ စကားပြောသည်ကို သင် မြင်ရသော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်က အလုပ်လုပ်ပြီး နှုတ်ကပတ်တော်အချို့ ပြောဆိုသောအခါ ယင်းမှာ ထူးခြားသော အခြေအနေများနှင့် ထူးခြားသော နောက်ခံအကြောင်းအရာများတွင် ဆန်းပြားသည့် အရာအချို့ကို လုပ်ဆောင်သည့်အခါ၌သာ သူသည် ထိုသို့လုပ်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် လူဇာတိခံယူထားသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်မှာမူ တိကျရေရာပြီး အလုံးစုံ လွှမ်းခြုံမှုရှိလေသည်။ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်က လူတို့ကို ဗျာဒိတ်တော်များ ပေးရန် အရာအချို့ ပြောဆိုခြင်း၊ သို့မဟုတ် အမိန့်တစ်ခုပေးရန် သို့မဟုတ် ပရောဖက်ပြုချက်တစ်ခုကို ဖော်ပြရန် အရာအချို့ ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ဤရိုးရှင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် အဆုံးသတ်သွားခြင်းမျိုး မဟုတ်ပေ။ လူဇာတိခံယူထားသော ဘုရားသခင်၏ အလုပ်မှာ အချိန်ကာလရှည်ကြာစွာ စကားပြောဆိုရန် ဖြစ်သည်။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းတို့သည် အရာနှစ်ခုသုံးခုကို ရိုးရှင်းစွာ ပြောဆိုရုံဖြင့် ပြီးမြောက်နိုင်သည့် အရာများ မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေပြီးဖြစ်ကာ စာတန်၏ အမျိုးမျိုးသော အဆိပ်အတောက်များနှင့် စိတ်သဘောထားများသည် လူတို့အတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီးဖြစ်သောကြောင့် လူတို့၏ ဖောက်ပြန်ပျက်စီးမှုကို လုံးဝ သန့်စင်ရန်အလို့ငှာ လူဇာတိခံယူထားသော ဘုရားသခင်သည် တိကျရေရာသော အလုပ်ကို လုပ်ဆောင်ရမည်၊ တိကျရေရာသော စကားများကို ပြောဆိုရမည်ဖြစ်ပြီး လူတို့ ကယ်တင်ခြင်းရရှိရန် လိုအပ်သော သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများကို ဖော်ပြရမည်ဖြစ်သည်။ ဤမျှ ရှည်လျားသော အချိန်ကာလတစ်လျှောက် ဤကဲ့သို့ အလုပ်လုပ်ခြင်းအားဖြင့်သာ သူ ပြောဆိုသော စကားများနှင့် သူ လုပ်ဆောင်သော အလုပ်တို့သည် အလွန် တိကျရေရာပုံပေါ်ပြီး လူတို့၏ မျက်စိထဲတွင် အလွန်အမင်း စကားကြောရှည်ကာ ကြာညောင်းပုံပင် ပေါ်ကောင်းပေါ်နိုင်လေသည်။ လူတို့သည် ၎င်းတို့၏ အယူအဆများအတိုင်း “အို၊ လူဇာတိခံယူထားသော ဘုရားသခင်သည် သူ၏အလုပ်တွင် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်ခြင်း မရှိသည့်အပြင် အမှုအရာများကို လျင်မြန်စွာ ဖြေရှင်းခြင်းလည်း မရှိပေ၊ ကိုယ်တော်သည် အလွန် အသေးစိတ်ကျကျ ပြောဆိုပြီး အလွန်များစွာ ပြောဆိုသည်၊ ကိုယ်တော်သည် အနည်းငယ် စကားကြောရှည်သည်၊ ကိုယ်တော်သည် လူတို့ကို သုံးနှစ်အရွယ် ကလေးများကဲ့သို့ ဆက်ဆံသည်” ဟု တွေးထင်ကြသည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုကို ထောက်ရှုလျှင် သင်သည် သုံးနှစ်အရွယ် ကလေးတစ်ဦး၏ အဆင့်တွင်ပင် ရှိသည်ဟု ငါ မထင်ပေ၊ သင်သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အရွယ် ကလေးတစ်ဦး၏ အဆင့်တွင် ရှိကောင်းရှိမည်၊ သို့မဟုတ် မွေးကင်းစကလေးငယ်တစ်ဦး၏ အဆင့်တွင်ပင် ရှိကောင်းရှိမည်ဖြစ်သည်။ သင့်ကို သုံးနှစ်အရွယ် ကလေးတစ်ဦးကဲ့သို့ ဆက်ဆံခြင်းသည် စင်စစ်အားဖြင့် သင့်ကို ချီးမြှောက်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို အမှုအရာများ ပြောဆိုရန် ကောင်းကင်မှ မိုးကြိုးကဲ့သို့ စကားပြောသောအခါ သူသည် မည်သည့် လူစားမျိုးကို စကားပြောဆိုနေခြင်း ဖြစ်သနည်း။ သူသည် သူ၏ တမန်များနှင့် သူ အသုံးပြုသော လူများကို စကားပြောဆိုနေခြင်း ဖြစ်သည်။ ပြီးလျှင် လူဇာတိခံယူထားသော ဘုရားသခင်သည် ယခုအခါ မည်သည့် လူအုပ်စုကို ရင်ဆိုင်နေရသနည်း။ သူသည် သီးခြား ပုဂ္ဂိုလ်များကို စကားပြောဆိုခြင်းနှင့် ၎င်းတို့အပေါ် အလုပ်လုပ်ခြင်းတို့အစား ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၊ သူ ကယ်တင်ရန် ရည်ရွယ်ထားသော လူသားမျိုးနွယ်ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် လုပ်ဆောင်သော အလုပ်၏ သဘောသဘာဝနှင့် လူဇာတိခံယူထားသော ဘုရားသခင် လုပ်ဆောင်သော အလုပ်၏ သဘောသဘာဝတို့သည် လုံးဝ ကွဲပြားခြားနားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် မည်သည့်အခါမျှ အတူမနေထိုင်နိုင်ပေ။ လူဇာတိခံယူထားသော ဘုရားသခင်သာလျှင် လူတို့နှင့်အတူ နေထိုင်နိုင်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဤကဲ့သို့ မမောနိုင်မပန်းနိုင် ဆက်လက် စကားပြောဆိုကာ ၎င်းတို့အပေါ် အလုပ်လုပ်နိုင်လေသည်။ လူဇာတိခံယူထားသော ဘုရားသခင်သည် လူတို့အလယ်သို့ ကြွလာပြီး ၎င်းတို့နှင့်အတူ နေထိုင်သည်။ သူသည် ၎င်းတို့နှင့်အတူ နေထိုင်သောကြောင့် အရာအားလုံးကို ကြီးကြပ်လေသည်။ အရာအားလုံးကို ကြီးကြပ်သည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတို့ မည်သို့ ကျင့်ကြံပြုမူသည်၊ နေထိုင်သည်၊ အလုပ်လုပ်သည်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်နှင့် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းတို့ ပါဝင်ပတ်သက်သည့် ပြဿနာများအပြင် လူတို့၏ ကယ်တင်ခြင်း၊ လူတို့ ဘုရားသခင်ကို ဆက်ဆံပုံနှင့် လူတို့ ဘုရားသခင်ကို သိကျွမ်းပုံတို့ ပါဝင်ပတ်သက်သည့် ပြဿနာများအားလုံးကို ဖြေရှင်းရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ဘုရားသခင် လူဇာတိခံယူခဲ့ခြင်းမှာ လူတို့ကို အပြစ်မှ ရွေးနုတ်ရန်အလို့ငှာ လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခံရရန် ဖြစ်သည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်သည် လူတို့၏ အပြစ်ရှိသော သဘာဝကို အရင်းအမြစ်မှစ၍ ဖြေရှင်းရန် လူဇာတိခံယူထားခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဤအလုပ်အဆင့်သည် ဘုရားသခင်ကို စကားများစွာ ပြောဆိုရန်နှင့် သမ္မာတရားများစွာကို ဖော်ပြရန် လိုအပ်ပြီး ဘုရားသခင်၏ အလုပ် အချိန်ကာလသည်လည်း များစွာ ပို၍ကြီးမားသော အချိန်ကာလတစ်ခုအထိ ရှည်ကြာရမည်ဖြစ်သည်။ လူသားမျိုးနွယ်၏ ဂုဏ်အင်္ဂါများသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဘုရားသခင်၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာနှင့်လည်းကောင်း ကွဲပြားသောကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားမျိုးနွယ်နှင့်အတူ မနေထိုင်နိုင်ပေ။ ၎င်းတို့ အတူတကွ နေထိုင်ရန် နည်းလမ်းမရှိပေ။ သို့ဖြစ်၍ အနည်းငယ် ခန့်မှန်းခြေအားဖြင့် ပြောရလျှင် သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မော်ကြည့်သော်လည်း ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာတစ်ခုဖြစ်ပြီး သူသည် လူသားမျိုးနွယ်ကို အစဉ်သဖြင့် အဖော်မပြုနိုင်ပေ။ ဘုရားသခင်သည် လူဇာတိခံယူပြီး သာမန်လူတစ်ဦး ဖြစ်လာသည့်အခါမှသာ သူသည် လူသားမျိုးနွယ်ကို ဤနည်းလမ်းဖြင့် အဖော်ပြုနိုင်လေသည်။ ဤသို့ ပြောလိုက်သောအခါ နားလည်ရန် လွယ်ကူသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူဇာတိခံယူထားသော ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အတူတကွ နေထိုင်ပြီး နှစ်စဉ်နှစ်တိုင်း ဤကဲ့သို့ မမောနိုင်မပန်းနိုင် စကားပြောဆိုကာ အလုပ်လုပ်လေသည်။ လူဇာတိခံယူထားသော ဘုရားသခင်သည် လူတို့နှင့်အတူ နေထိုင်ပြီး သူနှင့် ထိတွေ့ဆက်ဆံနိုင်သော သူ့အနီးအနားရှိ သူများသည် အရာအချို့ကို တွေ့ကြုံဖူးကောင်း တွေ့ကြုံဖူးကြလိမ့်မည်။ သူသည် လူတို့အတွက် ဖြေရှင်းပေးရန် လိုအပ်သော အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်သည့် ပြဿနာအားလုံးကို ဖြေရှင်းပေးခဲ့ပြီး သူ လုပ်ဆောင်သင့်သည့် အလုပ်ထက်ကျော်လွန်၍ ရုပ်ရှင်များ ရိုက်ကူးခြင်း၊ ဇာတ်ညွှန်းများ ပြင်ဆင်တည်းဖြတ်ခြင်း၊ ဗီဒီယိုများ ညွှန်ကြားခြင်း၊ ဇာတ်ဝင်စကားများ ရေးသားခြင်း၊ အင်တာဗျူး ဇာတ်ညွှန်းများ ရေးသားခြင်းနှင့် အရေးကြီးသော ဆောင်းပါးများကို ပြင်ဆင်တည်းဖြတ်ခြင်းတို့ အပါအဝင် များစွာသော အရာများကိုလည်း လုပ်ဆောင်ခဲ့သည်။ မူလက ငါ လုပ်ဆောင်ရန် မရည်ရွယ်ထားသော ဤအလုပ်အားလုံးကို ငါ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဤအပိုအလုပ်များကို လုပ်ဆောင်ခြင်းက ငါ့ကို ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စေသည်၊ ငါ့ကို အနားမယူနိုင်အောင် ဖြစ်စေခဲ့ပြီး ငါ၏ ဒေသနာများကို တရားဟောခြင်း၌ပင် နှောင့်နှေးစေခဲ့သည်။ လူများစွာတို့သည် ဤအရာများကို မြင်ကြသော်လည်း ယင်းတို့နှင့်ပတ်သက်၍ မည်သို့မျှ မခံစားမိကြပေ။ ငါသည် အလွန် မမောနိုင်မပန်းနိုင် စကားပြောပြီး အလုပ်လုပ်သည့်တိုင် လူအများစုမှာ လိုအပ်ချက်များ ရှိနေသေးပြီး သိပ်ပြီး နားမလည်ကြပေ။ ဤလူသားမျိုးနွယ်သည် အမှန်တကယ် သနားစရာကောင်းသည်၊ အမှန်တကယ် သေးနုပ်ပြီး အမှန်တကယ် မသိနားမလည်ဖြစ်ကြောင်းကို ငါ မြင်ရသည်။ ကျားမ သို့မဟုတ် အသက်အရွယ်မရွေး လူတို့သည် မည်သည့်အရာမျှ မဟုတ်ကြပေ။ ဤအလုပ်ကို ငါ မလုပ်ဆောင်မီက ဤသို့ ငါပြောခဲ့လျှင် သင်က “ကိုယ်တော်သည် ခမ်းကြီးနားကြီးနိုင်နေခြင်း မဟုတ်လော၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အထင်သေးနေသည်” ဟု တွေးကောင်း တွေးခဲ့မည်ဖြစ်သည်။ သို့သော် ဤလူများနှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံပြီးနောက်တွင် ငါ၏ စိတ်နှလုံး နက်ရှိုင်းရာမှ ငါ သက်ပြင်းချမိသည်မှာ “သင်တို့ လူများသည် ငါ့ကို သင်တို့အတွက် အမှန်တကယ်ပင် အလွန်တရာ ကြိုးပမ်းအားထုတ်ရစေခဲ့ပြီတကား။ သင်တို့၏ အစွမ်းအစက ညံ့ဖျင်းပြီး သင်တို့၏ ပုန်ကန်မှုက ကြီးမားလှသည်။ ငါသည် သင်တို့ကို အထင်သေးနေခြင်း အမှန်တကယ် မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ငါသည် သင်တို့အလယ်တွင် မထင်ရှားဆုံးနှင့် သတိထားမိစရာ အနည်းဆုံးဖြစ်ပြီး စကားပြောဆိုမှုအရဖြစ်စေ၊ ရုပ်ရည်အရဖြစ်စေ၊ အရပ်အမောင်းအရဖြစ်စေ၊ ပညာအရဖြစ်စေ သင်တို့က ငါ့ကို သင်တို့ထက် နိမ့်ကျသည်ဟု မြင်ကြသော်လည်း ဤနှစ်များတစ်လျှောက် သင်တို့နှင့် ငါ၏ လက်တွေ့ကျသော ထိတွေ့မှုနှင့် ဆက်ဆံမှုများမှတစ်ဆင့် ငါ ပြောနိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်အရာဖြစ်သနည်း။ လူဇာတိခံယူထားသော ဘုရားသခင်နောက်သို့ လိုက်လျှောက်ရန် သင်တို့ ရွေးချယ်လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းက မှန်ကန်သည်ဟူသော အချက်မှလွဲ၍ သင်တို့သည် အခြား မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြပေ။ သင်တို့သည် အသက် လက်တွေ့ကျမှုမရှိသော အနှစ်သာရမဲ့သည့် အခွံများသာ ဖြစ်ကြသည်။ သင်တို့၏ လူ့ဘဝနှင့်ပတ်သက်၍မူ ယင်းမှာ လုံးဝ ရှုပ်ပွနေပြီး လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေခြင်းသာ ဖြစ်သည်။ လူအများစုတွင် စစ်မှန်သော ကျွမ်းကျင်မှုများ သို့မဟုတ် စစ်မှန်သော ပညာ မရှိကြပေ၊ မည်သို့ နေထိုင်ရမည်ကို မသိကြ၊ ပတ်ဝန်းကျင်ကို မည်သို့ စီမံခန့်ခွဲရမည် သို့မဟုတ် တိရစ္ဆာန်များကို မည်သို့ စီမံခန့်ခွဲရမည်ကို မသိကြသည့်အပြင် ၎င်းတို့၏ တစ်ကိုယ်ရေ သန့်ရှင်းရေးကို မည်သို့ ဂရုစိုက်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးတွင် လုပ်ထုံးလုပ်နည်းများ မရှိကြ၊ စနစ်တကျ မရှိကြသည့်အပြင် အမှုအရာများကို မည်သို့ စတင်ရမည် သို့မဟုတ် မည်သို့ အဆုံးသတ်ရမည်ကို မသိကြပေ။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည်လည်း ညံ့ဖျင်းလေသည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် လေးနက်သော၊ တာဝန်ယူမှုရှိသော၊ တိကျသေချာသော၊ အသေးစိတ်ကျသော သဘောထား ကင်းမဲ့ကြသည်။ ၎င်းတို့သည် အချောင်ခိုရန် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြပြီး တစ်နေ့ပြီးတစ်နေ့ ဖြစ်သလို ဖြတ်သန်းကြသည်။ သို့တိုင်အောင် ဤလူအားလုံး၌ လွန်ကဲသော လိုအင်ဆန္ဒများ ရှိကြသည်၊ အခြားသူများထက် မိမိတို့က ပိုသာသည်ဟု ခံစားရပြီး အကြီးအကဲ လုပ်ကာ အခြားသူများ လုပ်ဆောင်ရန် အမိန့်များပေးလိုကြသော်လည်း ၎င်းတို့အတွက် အလွန်ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းတို့ထဲမှ မည်သူမျှ ထိုစွမ်းရည် မရှိကြပေ။ အကြီးအကဲလုပ်ပြီး အမိန့်များပေးခြင်းကို ငါ မနှစ်သက်သည့်အပြင် အထက်စီးမှနေ၍ အမိန့်များပေးခြင်းနှင့် လူတို့ကို မည်သည့်အရာ လုပ်ဆောင်ရမည်ဟု ပြောဆိုခြင်းကိုလည်း ငါ မနှစ်သက်ပေ။ ငါသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း၊ အလုပ်တိုင်းကို သပ်ရပ်ပြီး ထိရောက်စွာ လုပ်ဆောင်ခြင်း၊ ယင်းတို့ကို စနစ်တကျ ကောင်းမွန်စွာ လုပ်ဆောင်ခြင်းနှင့် ယင်းတို့အတွက် အဆုံးထိတိုင် အလွန်တရာ လေးနက်မှုဖြင့် တာဝန်ယူခြင်းကိုသာ နှစ်သက်လေသည်။ သို့သော် လူအများစုတွင် လိုအပ်သည့် အရည်အချင်း အမှန်တကယ် မရှိကြပေ။ ၎င်းတို့သည် ဤတာဝန်ကို မယူနိုင်ကြသည့်အပြင် အမိန့်များပေးရန် ကျွမ်းကျင်မှုများ သို့မဟုတ် လုပ်နိုင်စွမ်း မရှိကြပေ။ သင်တို့သည် ပတ်ဝန်းကျင်ကို စီမံခန့်ခွဲခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း မပြုနိုင်ကြကြောင်းကို ငါ ပြောရမည်ဖြစ်သည်။ ငါ၏ စိတ်ထဲတွင် ပုံစံကြမ်းတစ်ခုနှင့် အစီအစဉ်တစ်ခု ရှိသောကြောင့် ငါ၏ အစီအစဉ်ကို သင်တို့အား ငါ ပြောပြသည်။ မည်သို့ အလုပ်လုပ်ရမည်၊ အမှုအရာများကို မည်သို့ စီစဉ်ရမည်၊ သစ်ပင်များကို မည်သည့်နေရာတွင် စိုက်ပျိုးရမည်၊ မြက်များကို မည်သည့်နေရာတွင် ခင်းရမည်၊ မည်သည့်နေရာတွင် မည်သည့်အရာကို တည်ဆောက်ရမည်၊ အချို့သောအရာများကို မည်သည့်နေရာတွင် ထားရှိရန် သင့်လျော်သည်နှင့် အချို့သောအရာများကို မည်သို့ စီမံခန့်ခွဲရမည်တို့ကို သင်တို့အား ငါ ပြောပြပြီး ထို့နောက် သင်တို့ သွား၍ လုပ်ဆောင်ကြသည်၊ ဤမျှသာ လိုအပ်သည်။ သင်တို့ ပြီးစီးသောအခါ လုပ်ဆောင်ပြီးသည့်အရာက အမှန်တကယ်ပင် အတော်လေး ကောင်းမွန်ပုံရကြောင်းကို လူတိုင်း မြင်ကြသည်။ ငါသည် ဤလူများနှင့် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ကြာ ထိတွေ့ဆက်ဆံခဲ့ပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် လုပ်နိုင်စွမ်းများ အားလုံးသည် ဖော်ထုတ်ခံရပြီးဖြစ်သည်။ ဤလူသားမျိုးနွယ်ဝင်များသည် အားလုံး ဤကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်ကြောင်းကို ယခု ငါ သိလေပြီ။ ငါသည် နိုင်ငံအမျိုးမျိုးမှ ရွေးချယ်ထားသောလူများနှင့်အတူ မနေထိုင်ခဲ့ဖူးသော်လည်း သင်တို့၏ လက်တွေ့ အခြေအနေသည် အမေရိကန်ရှိ တရုတ် အသင်းတော်များမှ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အခြေအနေနှင့် အကြမ်းဖျင်း တူညီသင့်ပေသည်။ ဤလူများနှင့် ငါ ထိတွေ့ဆက်ဆံသောကြောင့် ၎င်းတို့သည် အဆုံးတွင် အပို အကျိုးကျေးဇူး အနည်းငယ် ရရှိသွားကြပြီး ငါ၏ မျက်နှာသာပေးမှုကို အနည်းငယ် ခံစားရကြသည်။ သင်တို့သည် အဝေးတွင်ရှိပြီး သင်တို့နှင့် ငါ အဆက်အသွယ် မလုပ်နိုင်သောကြောင့် သင်တို့သည် သမ္မာတရားကိုသာ လိုက်စားနိုင်ကြသည်။ ရလဒ်မှာ အတူတူပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင် အလုပ်လုပ်ရန် လူဇာတိခံယူရာ၌ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ အဓိကအားဖြင့် အမျိုးမျိုးသော သမ္မာတရားများကို မိတ်သဟာယဖွဲ့ရန်ဖြစ်ပြီး သမ္မာတရားတစ်ခုစီကို နားလည်ခြင်း၊ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတို့ကို ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ စတင်ခြေချခွင့်ပေးကာ နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိစေရန်ဖြစ်ပြီး ထိုသို့ဖြင့် ယင်းက ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အလုပ်ကို အဆုံးသတ်ပေးမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ဤအလုပ်၏ အစိတ်အပိုင်း မည်မျှက လူတို့၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသည်ဖြစ်စေ၊ လူတို့ မြင်သည့်အတိုင်း ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် သိပ်ပြီး လိုက်လျောညီထွေမှု မရှိသည်ဖြစ်စေ ၎င်းတို့သည် ဤအရာအားလုံးကို စွန့်လွှတ်သင့်သည်။ သင့်တွင် မည်သည့် အယူအဆများ ရှိသည်ဖြစ်စေ လူဇာတိခံယူထားသော ဘုရားသခင် ပြောဆိုသည့် စကားများနှင့် လုပ်ဆောင်သည့် အလုပ်တို့က သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖော်ပြသရွေ့၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် ပင်ကိုလက္ခဏာကို ကိုယ်စားပြုသရွေ့ သင်သည် ယင်းတို့ကို လက်ခံသင့်ပြီး ဇီဇာမကြောင်သင့်ပေ။ ထို့အပြင် သင်သည် အစဉ်သဖြင့် ဇီဇာကြောင်ပြီး လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်၍ ဤအယူအဆ သို့မဟုတ် ထိုအယူအဆ ရှိနေကာ ယင်းက သမ္မာတရားကို လက်ခံခြင်းမှ သင့်ကို အစဉ်သဖြင့် ဟန့်တားနေပါက ဤသည်မှာ သင့်အတွက် ဒုက္ခအပေးဆုံးသော အရာဖြစ်သည်။ ယင်းက သင့်အတွက် စိုးစဉ်းမျှ အကျိုးကျေးဇူးမရှိဘဲ ဘေးအန္တရာယ်ကိုသာ ဆောင်ကြဉ်းပေးလိမ့်မည်။ ထို့ကြောင့် သင်သည် လူဇာတိခံယူထားသော ဘုရားသခင်ကို သင်၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍ မဆက်ဆံသင့်သည့်အပြင် လူဇာတိခံယူထားသော ဘုရားသခင်ကို သင်၏ အယူအဆများနှင့် စိတ်ကူးများကို အသုံးပြု၍ အကဲမဖြတ်သင့်ပေ။ ထိုအစား လူဇာတိခံယူထားသော ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ ကနဦး အယူအဆများနှင့် စိတ်ကူးများအပြင် သူနှင့်ပတ်သက်သည့် သင်၏ လက်ရှိ အယူအဆများနှင့် စိတ်ကူးများကို သင် စွန့်လွှတ်သင့်သည်။ သင့်တွင် မည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိသည်ဖြစ်စေ သင်သည် ယင်းတို့ကို ငြင်းပယ်သင့်သည်။ သင်သည် ယင်းတို့ကို စိစစ်ပြီး သိကျွမ်းလာသင့်ကာ ထို့နောက် ယင်းတို့ကို ပြစ်တင်ရှုတ်ချပြီး လက်လွှတ်သင့်သည်။ ယင်းတို့ကို လက်လွှတ်ပြီးနောက်မှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သင့်အပေါ် ဘုရားသခင် လုပ်ဆောင်သော ကယ်တင်ခြင်းအမှုကို လက်ခံရန် ရှင်းလင်းသော စိတ်နှလုံးတစ်ခု သင့်တွင် ရှိနိုင်မည်ဖြစ်ပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်ကာ ကယ်တင်ခြင်း ရရှိရန် မျှော်လင့်ချက် ရှိနိုင်မည်ဖြစ်သည်။ လူတို့ကို သမ္မာတရား ပံ့ပိုးပေးရန် စကားပြောဆိုခြင်းနှင့် လူတို့ကို ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကယ်တင်ခြင်း အမှုကို လုပ်ဆောင်ခြင်းအပြင် လူဇာတိခံယူထားသော ဘုရားသခင်သည် လူတို့၏ ဘဝများရှိ အချို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ အထောက်အကူဖြစ်စေသော လမ်းပြမှုအချို့ကိုလည်း အမှန်တကယ် ပေးလေသည်။ ဤအလုပ်သည် သမ္မာတရား သို့မဟုတ် လူတို့ကို ကယ်တင်ခြင်းအမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသည့်အပြင် လူဇာတိခံယူထားသော ဘုရားသခင်၏ အမှုတော်အတွင်း၌ ပါဝင်သော အလုပ် မဟုတ်သော်လည်း အမေရိကန်ရှိ တရုတ် အသင်းတော်များမှ လူများနှင့် ငါ၏ ထိတွေ့မှုနှင့် ဆက်ဆံမှုများတွင် ၎င်းတို့၏ ဘဝရှိ ပြဿနာများနှင့်ပတ်သက်၍ လမ်းပြမှု၊ ဝေဖန်မှုနှင့် ပြုပြင်တည့်မတ်မှု များစွာကိုလည်း ငါ ပေးခဲ့သည်။ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ ငါ အလျဉ်းသင့်သလို လုပ်ဆောင်သည့် အလုပ်သာ ဖြစ်သည်။ လူအများစုသည် အပြင်ပန်းတွင် အတော်အတန် လုပ်နိုင်စွမ်းရှိသကဲ့သို့ ထင်ရသော်လည်း ၎င်းတို့သည် အလုပ်တစ်ခုကိုမျှ တာဝန်မယူနိုင်ကြသည့်အပြင် ၎င်းတို့၏ နေထိုင်ရာ ပတ်ဝန်းကျင်များပင်လျှင် လုံးဝ ရှုပ်ပွနေသည်။ ဤလူများကို ၎င်းတို့၏ နေထိုင်ရာ ပတ်ဝန်းကျင်များကို သပ်ရပ်အောင်ထားရန်နှင့် ၎င်းတို့၏ ဘဝကို မှန်ကန်သော လမ်းကြောင်းပေါ် ရောက်စေရန် ဆယ်နှစ်အတွင်း၌ပင် အခြေခံအားဖြင့် မျှော်လင့်ချက်မရှိပုံရသည်ကို မြင်ရသဖြင့် ငါသည် အချို့သော အရာများတွင် ပါဝင်ပြီး ၎င်းတို့ကို လမ်းပြခဲ့ကာ ခြံဝင်းကို ရှင်းလင်းရန်နှင့် ပတ်ဝန်းကျင်ကို စီစဉ်ရန် ၎င်းတို့ကို ကူညီပေးခဲ့သည်။ အချို့သော နေရာများတွင် အခန်းများထဲရှိ စားပွဲများ၊ ကုလားထိုင်များ၊ ဆိုဖာများနှင့် ပန်းအိုးများ၊ နံရံများပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားများနှင့် မှန်များအပြင် ရေချိုးခန်းများထဲရှိ အရာအားလုံးသည် လုံးလုံးလျားလျား ဖရိုဖရဲ ဖြစ်နေခဲ့သည်။ ယင်းကို စကားနှစ်ခွန်းဖြင့် ဖော်ပြရလျှင် ယင်းမှာ “လုံးဝ စနစ်တကျမရှိခြင်း” ဖြစ်ပြီး သင့်အတွက် “ရပ်စရာနေရာပင် မရှိခြင်း” ဖြစ်သည်။ အတွင်း၌ လမ်းလျှောက်ရန် ကြိုးစားရုံမျှဖြင့်ပင် တစ်စုံတစ်ခုကို တိုက်မိမည်ကို သင် စိုးရိမ်ရလိမ့်မည်ဖြစ်သည်။ ထိုနေရာသို့ ငါ သွားတိုင်း ငါ၏ စိတ်ထဲ၌ မခံမရပ်နိုင်အောင် မွန်းကျပ်မှုကို ခံစားခဲ့ရသည်။ အတွင်း၌ အမှုအရာများကို စီစဉ်ထားပုံကို မြင်ရခြင်းက ငါ့ကို အနေရခက်စေခဲ့သည်။ အမျိုးမျိုးသော ပစ္စည်းများကို ပုံထားပြီး များစွာသော ပစ္စည်းများသည် နေရာတကျ မရှိကြချေ။ ဆန်နှင့် ဂျုံမှုန့် ပုံးပေါင်းများစွာကို စာကြည့်ခန်းထဲတွင် ပုံထားသည့်တိုင် ကောက်နှံများ သိုလှောင်ရန် ရည်ရွယ်ထားသော မီးဖိုချောင် ဗီဒိုများထဲတွင် မည်သည့်အရာမျှ မရှိပေ။ ပန်းကန်စင်ပေါ်တွင် ဝက်အူလှည့်များ ရှိပြီး ရေခဲသေတ္တာထဲတွင် ပစ္စည်းကိရိယာဘူးများ ရှိနေခဲ့သည်။ ထိုနေရာရှိ လူများကို ငါက “သင်တို့၏ ပစ္စည်းကိရိယာများကို အေးခဲထားရန် လိုအပ်သလော။ အပြင်ဘက်တွင် ထားလျှင် ယင်းတို့ အရမ်းပူသွားမည်ကို သင်တို့ ကြောက်နေကြသလော” ဟု ပြောခဲ့သည်။ ယင်းမှာ စဉ်းစား၍ မရနိုင်အောင်ဖြစ်သည်ဟု ငါ ထင်မိသည်။ ငါ့တွင် အလေ့အကျင့်တစ်ခု ရှိသည်။ အိမ်ထဲသို့ ဝင်ဝင်ချင်း နေရာတစ်ခုကို စနစ်တကျနှင့် သင့်လျော်စွာ စီစဉ်ထားခြင်း ရှိမရှိနှင့် ပစ္စည်းတစ်ခုချင်းစီကို ထားသင့်သည့်နေရာတွင် ထားရှိခြင်း ရှိမရှိကို ငါ ပထမဆုံး ကြည့်ရှုရသည်ကို နှစ်သက်သည်။ ၎င်းတို့၏ နေရာကို အကြိမ်အနည်းငယ် ငါ စောင့်ကြည့်လေ့လာခဲ့ပြီး ယင်းကို မြင်ရသည်ကို အမှန်တကယ်ပင် ဆက်၍ သည်းမခံနိုင်တော့ပေ။ ငါက “ယနေ့ ငါ အားလပ်ချိန် အနည်းငယ်ရှိသောကြောင့် သင်တို့အတွက် သင်တို့၏ နေရာကို ငါ ရှင်းလင်းသပ်ရပ်အောင် လုပ်ပေးမည်။ ငါ ရှင်းလင်းသပ်ရပ်အောင် လုပ်ပြီးနောက်တွင် ယင်းမှာ သင့်လျော်သည်ဟု သင်တို့ ထင်ပါက ဤအတိုင်းထားလော့၊ သင့်လျော်မှုမရှိဟု သင်တို့ ထင်ပါက သင်တို့ ပြောင်းလဲနိုင်သည်” ဟု ပြောခဲ့သည်။ အခြေခံ ပရိဘောဂ မည်သည့်အရာများ ရှိသည်ကို ငါ အကြမ်းဖျင်း လေ့လာကြည့်ရှုခဲ့ပြီး ထို့နောက် နေရာ၏ အရွယ်အစားနှင့် ဖွဲ့စည်းပုံအပေါ် အခြေခံ၍ ပရိဘောဂများ၊ အမျိုးမျိုးသော မီးဖိုချောင်သုံး ပစ္စည်းများနှင့် ၎င်းတို့၏ အဝတ်အစားများကို သင့်တော်ရာ နေရာအသီးသီးတွင် ထားရှိစေကာ ယင်းတို့ကို သင့်တင့်လျောက်ပတ်စွာ စီစဉ်စေခဲ့သည်။ ပင့်ကူအိမ်များနှင့် ကြမ်းပြင်ပေါ်ရှိ သဲနှင့် ဖုန်မှုန့်များကိုလည်း ၎င်းတို့အား ဖယ်ရှားရှင်းလင်းစေခဲ့သည်။ ရှင်းလင်းသပ်ရပ်အောင် လုပ်ပြီးနောက်တွင် လူတိုင်းက ယင်းနှင့်ပတ်သက်၍ အတော်လေး သဘောကျခဲ့ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဤအခြေခံ အပြင်အဆင်အတိုင်း ထားခဲ့ကြပြီး ယင်းကို သန့်ရှင်းနေအောင်ထားရန်သာ လိုအပ်ခဲ့သည်။ လူတို့၏ ခြံဝင်း ပတ်ဝန်းကျင်ကို ပုံစံထုတ်ရာတွင်လည်း ငါ ကူညီပေးခဲ့ဖူးသည်။ ငါတို့သည် အချို့သော နေရာများတွင် ပန်းပင်များကို စိုက်ပျိုးပြီး အခြားနေရာများတွင် မေပယ်ပင်များကို စိုက်ပျိုးကာ ပန်းခင်းများထဲတွင် ပန်းအချို့ကို စိုက်ပျိုးခဲ့ကြသည်။ ဤကဲ့သို့ မြေယာရှုခင်း ပြင်ဆင်ခြင်းသည် အတော်လေး ကောင်းမွန်လေသည်။ အရာအားလုံးကို စီစဉ်ပြီးနောက်တွင် အချို့သော နေရာများ၌ ယင်းကို အတော်လေး ကောင်းမွန်စွာ ထိန်းသိမ်းထားသော်လည်း အခြားနေရာများတွင်မူ မည်သူကမျှ အမှုအရာများကို လေးလေးနက်နက် မထားကြဘဲ ၎င်းတို့သည် မည်သည့်အရာကိုမျှ မထိန်းသိမ်းကြပေ။ ပန်းများနှင့် အပင်များ ပို၍ ရှည်လာပြီး အကိုင်းအခက်များ ထွက်လာသောအခါ ယင်းတို့ကို ကိုင်းများတိပေးသင့်သည်ကိုပင် ၎င်းတို့ မသိကြပေ။ ဤလူများသည် ထုံထိုင်းနေကြခြင်းလော သို့မဟုတ် မည်သို့ဖြစ်နေကြသနည်းဟု ငါ တွေးမိခဲ့သည်။ ပတ်ဝန်းကျင်ကို စီစဉ်ပြီးနောက်တွင် ယင်းမှာ ကောင်းမွန်ခြင်း ရှိမရှိကို ၎င်းတို့ မသိကြသည့်အပြင် မည်သည့်အရာကို မည်သည့်နေရာတွင် ထားရှိသင့်သည်ကိုလည်း ၎င်းတို့ မသိနိုင်ကြပေ။ သင်သည် အခန်းထဲတွင် စားပွဲတစ်လုံးကို ထားရှိပြီး ယင်းအပေါ်တွင် စားပွဲတင်မီးအိမ်တစ်ခုကို တင်ကာ ယင်း၏ပတ်လည်တွင် ကုလားထိုင်အနည်းငယ်ကို ထားရှိသည်။ ညဘက်တွင် မီးရောင်အောက်၌ စာအုပ်များ ဖတ်ရှုခြင်းနှင့် ဓမ္မသီချင်းများ နားထောင်ခြင်းတို့ ပြုလုပ်လျက် ဤနေရာတွင် တိတ်ဆိတ်စွာဖြင့် မိမိတို့၏ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများကို လုပ်ဆောင်ရန် လူတစ်ဦးအတွက် အတော်လေး ကောင်းမွန်လေသည်။ ဤအရာကို နားမလည်သော လူများသည် အခန်းထဲတွင် ပစ္စည်းအလုံအလောက် မရှိဟု ခံစားရသောကြောင့် ၎င်းတို့သည် နောက်ထပ် စားပွဲငယ်နှစ်လုံးကို ထည့်သွင်းပြီး စားပွဲများပေါ်တွင် ဆန်၊ ဂျုံမှုန့်နှင့် ခွေးစာအချို့ကို ပုံထားကြသည်။ နေရာလွတ် အနည်းငယ်ရှိသည့် နေရာတိုင်းတွင် ၎င်းတို့သည် ပစ္စည်းများကို စုပုံထားကြပြီး အခန်းက ကုန်လှောင်ရုံတစ်ခုနှင့် တူလာသည်အထိ ရှုပ်ပွနေစေကြသည်။ အရာအားလုံးကို အမျိုးအစားခွဲခြားပြီး သိမ်းဆည်းထားသောအခါ ပစ္စည်းများယူရန် အဆင်မပြေဟု ၎င်းတို့ ခံစားရပြီး အရာအားလုံးကို အတူတကွ ပုံထားသောအခါ အချိန်မရွေး ယူရန် အဆင်ပြေသည်ဟု ခံစားရကြသည်။ ငါက “ဤသည်မှာ လူများ နေထိုင်ရန် ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ ယင်းကို မည်သို့ ဂရုစိုက်ရမည် သို့မဟုတ် ထိန်းသိမ်းရမည်ကို သင် မသိပါက ဤကဲ့သို့ နေထိုင်ခြင်းနှင့် ဝက်ခြံထဲတွင် နေထိုင်ခြင်းတို့အကြား မည်သည့် ကွာခြားချက် ရှိသနည်း” ဟု ပြောလေသည်။ အချို့လူများသည် နေထိုင်ရာ ပတ်ဝန်းကျင်ကို ငါ မည်သို့ သပ်ရပ်အောင်ထားသည်ကို ကြည့်ရှုပြီး ဤအရာမှ သင်ယူကြသည်၊ ၎င်းတို့သည် အရာအချို့ကို မှတ်သားနိုင်ပြီး အနည်းငယ် နားလည်နိုင်ကြသည်။ သို့သော် အချို့လူများသည် သင်ယူရန်ပင် မကြိုးစားကြပေ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် နေထိုင်ရာ ပတ်ဝန်းကျင် သို့မဟုတ် ၎င်းတို့၏ တစ်ကိုယ်ရေ သန့်ရှင်းရေးကို မည်သည့်အခါမျှ မထိန်းသိမ်းကြပေ။ ငါ သွားသည့် မည်သည့်နေရာတွင်မဆို ထိုနေရာသည် အတော်လေး သန့်ရှင်းပြီး ပစ္စည်းများ အလွန်အကျွံ မရှိသည်ကိုလည်းကောင်း၊ ယင်းမှာ ဇိမ်ခံပစ္စည်းများ မဟုတ်သော်လည်း အတော်လေး သပ်ရပ်ကာ လုံးဝ ရှုပ်ပွမနေဘဲ မည်သည့် အမှိုက်မျှ မရှိသည်ကိုလည်းကောင်း ငါ မြင်ရပါက ထိုနေရာတွင် နေထိုင်ရန် ငါ အတော်လေး လိုလိုလားလား ရှိသည်ဟု ခံစားမိသည်။ ဤနေရာသည် အမှန်တကယ် ကောင်းမွန်သည်ဟု ငါ ခံစားရသည်၊ ယင်းမှာ လင်းထိန်ပြီး သန့်ရှင်းကာ တိတ်ဆိတ်ငြိမ်သက်လေသည်။ ငါကိုယ်တိုင် နေထိုင်သည့် နေရာသည် ဇိမ်ခံပစ္စည်းများ သို့မဟုတ် ခမ်းနားသော ပရိဘောဂများ မလိုအပ်ပေ။ မျက်နှာကြက် ဆွဲမီးဆိုင်းများ၊ ဆင်းမွန်း မွေ့ရာများ၊ ဥရောပစတိုင် ပရိဘောဂများဟူသည့် ဤအရာများကို ငါ မလိုအပ်ပေ။ ရိုးရှင်းသော ကုတင်တစ်လုံး၊ မှန်တင်ခုံတစ်ခု၊ စာရေးစားပွဲတစ်ခုနှင့် ကုလားထိုင်တစ်လုံးသာ လိုအပ်သည်။ ထိုနေရာတွင် ထိုင်လျက် ငါသည် စာအုပ်များ ဖတ်ရှုနိုင်သည်၊ ကွန်ပျူတာကို အသုံးပြုနိုင်ပြီး သီချင်းများကို နားထောင်နိုင်သည်။ ဤသည်မှာ အတော်လေး ကောင်းမွန်ပြီး အတော်လေး ရိုးရှင်းလေသည်။ ရိုးရှင်းသောအရာများ ရှိခြင်းသည် အဓိကအရာ မဟုတ်ပေ။ အဓိကအရာမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ အရာအားလုံးကို သပ်ရပ်စွာ ထားရှိခြင်း ဖြစ်သည်။ စာအုပ်များကို ထိုနေရာတွင် သပ်ရပ်စွာ စီစဉ်ထားသည်။ ငါ လက်ရှိ ဝတ်ဆင်နေခြင်း မရှိသည့် အဝတ်အစားများကိုပင် ငါသည် ဖြစ်သလို ဘေးသို့ ပစ်မထားပေ၊ ထိုအစား ငါသည် ယင်းတို့ကို ခေါက်ပြီး သပ်ရပ်စွာ သိမ်းဆည်းထားသည်၊ ယင်းတို့ကို ကြည့်ရုံဖြင့် ယင်းတို့ကို စနစ်တကျ စီစဉ်ထားကြောင်း သင် သိနိုင်လေသည်။ စားပွဲများ သို့မဟုတ် မှန်တင်ခုံပေါ်တွင် ဖုန်မှုန့် မရှိပေ၊ ရှိပါက ငါ သုတ်ပစ်လေသည်။ အချို့သော နေရာများသို့ ငါ သွားပြီး အခန်းများသည် အတော်လေး သန့်ရှင်းနေသည်ကို မြင်ရသောအခါ ယင်းက အိမ်ရှင်သည် သန့်ရှင်းရေးနှင့်ပတ်သက်၍ အတော်လေး အလေးအနက်ထားကြောင်း ပြသလေသည်။ အချို့သော နေရာများတွင် အခန်းများထဲရှိ ပစ္စည်းများသည် လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေပြီး ဆံပင်များ၊ ဖုန်မှုန့်များ၊ ပင့်ကူအိမ်များ၊ ပိုးကောင်များနှင့် အခြားအရာအားလုံးတို့ဖြင့် အထူးသဖြင့် ညစ်ပတ်နေသည်၊ ယင်းမှာ ရွံရှာဖွယ်ကောင်းပုံရလေသည်။ ထိုသို့သော နေရာမျိုးသို့ သွားရန် ငါ လိုလားမည် မဟုတ်ပေ။ ငါ နေထိုင်ရန် နှစ်သက်သော နေရာများသည် အထူးသဖြင့် သက်တောင့်သက်သာ ရှိရန် မလိုအပ်သော်လည်း ယင်းတို့သည် သေချာပေါက် သပ်ရပ်ပြီး သန့်ရှင်းနေလိမ့်မည် ဖြစ်သည်။ အချို့သော နေရာများတွင် သင်သည် အတွင်းသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသော အနံ့တစ်ခုကို ရနိုင်ပြီး အခန်းထဲရှိ ပစ္စည်းများကို မည်သူကမျှ စနစ်တကျ မစီစဉ်ထားပေ၊ ယင်းမှာ လုံးဝ ရှုပ်ပွနေလေသည်။ ထိုသို့သော နေရာမျိုးတွင် နေထိုင်ရန် ငါ လိုလားမည် မဟုတ်ပေ။ ငါသည် တစ်စုံတစ်ရာကို ကိုင်တွယ်ရန် ထိုနေရာသို့ သွားရမည်ဆိုပါက ငါသည် ယင်းကို သည်းခံရန် ကြိုးစားနိုင်သော်လည်း သည်းမခံနိုင်တော့သည့်အခါ ၎င်းတို့ကို ငါ သပ်ရပ်အောင် ရှင်းလင်းခိုင်းလိမ့်မည်။ အချို့လူများသည် သပ်ရပ်အောင် ရှင်းလင်းရန် မလိုလားကြပေ၊ ထိုအခြေအနေမျိုးတွင် ငါသည် စကားကို ပွင့်ပွင့်လင်းလင်း ပြောဆိုလေသည်။ ငါက “သင်၏ ထိုဝက်ခြံကို သပ်ရပ်အောင် ရှင်းလင်းလော့” ဟု ပြောလေသည်။ ငါ့ကို ပြောလော့၊ တစ်စုံတစ်ဦးသည် မိမိ၏ ကိုယ်ပိုင် နေထိုင်ရာ ပတ်ဝန်းကျင်ကို မည်သို့ ထိန်းသိမ်းရမည်ကိုပင် မသိပါက ၎င်းသည် မည်သည့်အရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်နည်း။ အချို့သော နေရာများတွင် မီးဖိုချောင်ကို အတော်လေး သန့်ရှင်းအောင် ထားရှိသည်။ ယင်ကောင်များ မရှိသလောက်ပင်၊ ထမင်းစားပွဲပေါ်တွင် ဖုန်မှုန့် မရှိပေ၊ စားကြွင်းစားကျန်များကို ဇကာများဖြင့် ဖုံးအုပ်ထားသည်၊ ဘေစင်ပတ်လည်တွင် ရေများ တင်ကျန်နေခြင်း မရှိပေ၊ အဝတ်စုတ်တိုင်းသည် သန့်ရှင်းပြီး သပ်ရပ်ကာ ဗီဒိုတံခါးလက်ကိုင် တစ်ခုတလေပေါ်တွင်မျှ ဆီစွန်းထင်းမှုများ မရှိပေ။ ယင်းမှာ အလွန် သန့်ရှင်းပါတကား။ ဤသည်မှာ နေထိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို မည်သို့ ထိန်းသိမ်းရမည်ကို သိရှိခြင်း ဖြစ်သည်။ သို့ရာတွင် လူအများစုသည် ၎င်းတို့၏ နေထိုင်ရာ ပတ်ဝန်းကျင်များကို မည်သို့ ထိန်းသိမ်းရမည်ကို မသိကြပေ။ သင်သည် ၎င်းတို့၏ အခန်းများကို သပ်ရပ်အောင် ကူရှင်းပေးလျှင်ပင် ၎င်းတို့သည် ယင်းတို့ကို ရက်အနည်းငယ်မျှသာ ထိုအတိုင်း ထားရှိနိုင်ကြသည်။ သင်သည် ရက်အနည်းငယ်အကြာတွင် ပြန်သွားပါက ယင်းတို့သည် လုံးဝ မှတ်မိနိုင်စရာမရှိအောင် ယခင်ကနှင့် တခြားစီ ဖြစ်နေလိမ့်မည်၊ သင်သည် အခန်းမှားဝင်လာသည်ဟု သင် ထင်လိမ့်မည်။ သို့ရာတွင် နေရာအများစု၌ ငါသည် မည်သူ၏ အိပ်ခန်းထဲသို့မျှ မဝင်ပေ၊ ဧည့်ခန်း၊ မီးဖိုချောင်နှင့် ထမင်းစားခန်းကဲ့သို့သော လူအားလုံးသုံးသည့် နေရာများသို့သာ သွားလေသည်။ သန့်ရှင်းမှုမရှိသော နေရာများကို ငါ တွေ့ရှိပါက ယင်းတို့ထဲမှ တစ်ခု သို့မဟုတ် နှစ်ခုကို ငါ သပ်ရပ်အောင် ရှင်းလင်းပေးမည်။ ငါ သွားလေ့မရှိသော နေရာများနှင့်ပတ်သက်၍မူ ယင်းတို့ကို ၎င်းတို့ နှစ်သက်သလို စီစဉ်နိုင်ကြလေသည်။
အချို့လူများသည် ရုပ်ရှင်များ သို့မဟုတ် သီချင်းနှင့် အက အစီအစဉ်များ ရိုက်ကူးသောအခါ မိမိတို့ကိုယ်ကို အလွန် သပ်ရပ်စွာ ပြင်ဆင်ထားကြပြီး အတော်လေး ကြည့်ကောင်းကြလေသည်။ သို့သော် တစ်ခါတစ်ရံတွင် အထူး အခြေအနေများအောက်၌ အလုပ်ကိစ္စများကို ဆွေးနွေးရန် ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပြုလုပ်ဖို့ ငါတို့ လိုအပ်ပြီး ၎င်းတို့သည် ပြင်ဆင်ထားခြင်း၊ မိတ်ကပ်လိမ်းထားခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို သပ်ရပ်အောင် ဖြီးလိမ်းထားခြင်းမရှိဘဲ ဗီဒီယိုခေါ်ဆိုမှုတွင် ပါဝင်လာကြသည်။ ၎င်းတို့ကို ငါ မြင်သည်နှင့်တစ်ပြိုင်နက် “ဤလူများသည် အဘယ်ကြောင့် ဤမျှ ဖရိုဖရဲ ဖြစ်နေကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုပင် သပ်သပ်ရပ်ရပ် မနေကြ။ ၎င်းတို့သည် အမှန်တကယ်ပင် ထိုမျှ အလုပ်များနေကြသလော” ဟု ငါ တွေးမိလေသည်။ အချို့လူများသည် ၎င်းတို့၏ အိပ်ခန်းများတစ်လျှောက်တွင် အမှိုက်များစွာကို ဖုံးကွယ်ထားကြသည်။ ၎င်းတို့သည် ဘီစကွတ်များ၊ နေကြာစေ့များ စသည်တို့ကဲ့သို့သော အစားအစာများစွာအပြင် အတွင်းခံများ၊ ခြေအိတ်များနှင့် ကွန်ပျူတာများ၊ ဆဲလ်ဖုန်းများ၊ မှတ်စုစာအုပ်များ စသည်တို့ကိုပင် ၎င်းတို့၏ ခေါင်းအုံးများနှင့် စောင်များအောက်တွင် ဝှက်ထားကြသည်။ ညဘက် အိပ်ရာဝင်သောအခါ ၎င်းတို့သည် အိပ်ရန် နေရာရစေဖို့ ဤအရာများကို ဘေးသို့ တွန်းဖယ်ထားရသည်။ ဤလူများသည် စတုရန်းမီတာ လေးမီတာပင် မရှိသော ၎င်းတို့၏ ကုတင်ပေါ်ရှိ နေရာကိုပင် သပ်ရပ်အောင် မထားနိုင်ကြပေ။ ၎င်းတို့သည် အရာအားလုံးကို ၎င်းတို့၏ ကုတင်များပေါ်တွင် ထားရှိကြပြီး ယင်းကို သပ်ရပ်အောင် မရှင်းလင်းဘဲ ရက်ပေါင်းမည်မျှကြာအောင် နေမည်ကို မည်သူ သိနိုင်မည်နည်း။ ၎င်းတို့၏ စောင်များ စိုထိုင်းလာပြီး မှိုစော်နံလာသောအခါ ယင်းတို့ကို နေလှန်းခြင်း မပြုကြပေ။ သင်သည် အခန်းထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် အနံ့ဆိုးကို ရနိုင်ပြီး ယင်းက ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း ဆိုးရွားလေသည်။ မည်သည့်အိမ်အမျိုးအစားပင်ဖြစ်စေ အိပ်ခန်းသည် လေဝင်လေထွက်ကောင်းရမည်။ နေရောင်ခြည်ကို ဝင်ခွင့်ပြုမှသာ လေက လတ်ဆတ်နိုင်လေသည်။ သင် အိပ်သည့် ဂွမ်းကပ်များနှင့် သင် ခြုံသည့် စောင်များကို မကြာခဏ နေလှန်းရမည်ဖြစ်သည်။ ယင်းတို့တွင် မသတီစရာ အနံ့တစ်ခု ဖြစ်လာပါက သို့မဟုတ် ညစ်ပတ်လာပါက ယင်းတို့ကို လျှော်ဖွပ်ရမည်ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ထိန်းသိမ်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့အပြင် ခေါင်းအုံးအောက်တွင် ပစ္စည်းများကို ရှုပ်ပွနေအောင် ထားရှိခြင်းသည် လုံးဝ လက်ခံနိုင်စရာမရှိပေ၊ ထိုအရာများ ထိုနေရာတွင် ရှိနေပါက ငါ အိပ်၍မရနိုင်ပေ။ အချို့လူများတွင် ဤအလေ့အကျင့် ရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများအားလုံးကို ၎င်းတို့၏ ခေါင်းအုံးများအောက်နှင့် ၎င်းတို့၏ အိပ်ရာခင်းများအောက်တွင် သွတ်သွင်းထားကြသည်။ ၎င်းတို့သည် တစ်စုံတစ်ရာကို ရှာမတွေ့ပါက ထိုနေရာတွင် ယင်းကို သေချာပေါက် ရှာတွေ့နိုင်လေသည်။ ဤဆိုးရွားသော အလေ့အကျင့်များ ရှိကြသည်မှာ အမျိုးသားများသာ မဟုတ်ပေ၊ အံ့သြစရာကောင်းသည်မှာ အချို့က အမျိုးသမီးငယ်များ ဖြစ်ကြသည်။ ဤလူများသည် များသောအားဖြင့် အပြင်ပန်းတွင် အတော်လေး သန့်ရှင်းပုံရကြသည်။ ဗီဒီယိုများ ရိုက်ကူးခြင်းနှင့် အစီအစဉ်များ ပြုလုပ်သောအခါ ၎င်းတို့သည် အလွန် ကြည့်ကောင်းကြပြီး ၎င်းတို့၏ ရုပ်ရည်သည်လည်း မဆိုးလှပေ။ ၎င်းတို့သည် အတော်လေး သက်ဝင်လှုပ်ရှားပြီး ဆွဲဆောင်မှုရှိပုံရကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် နေထိုင်ရာ ပတ်ဝန်းကျင်များကို မည်သို့ ထိန်းသိမ်းရမည်ကိုပင် မသိကြသည့်အပြင် အခြေခံ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုပင် မထိန်းသိမ်းနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများသည် မည်သည့်အရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်နည်း။ မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် ကိုယ့်စည်းကမ်းနှင့်ကိုယ် နေခြင်း လိုအပ်သည်၊ သင်သည် အမှုအရာများကို စနစ်တကျနှင့် အစီအစဉ်တကျ လုပ်ဆောင်သင့်ပြီး တိကျသေချာသော၊ အသေးစိတ်ကျသော၊ လေးနက်သော၊ တာဝန်ယူမှုရှိသောသူ ဖြစ်သင့်သည်၊ ဤလူ့သဘာဝ အရည်အသွေးများကို သင် ပိုင်ဆိုင်ရမည်ဖြစ်သည်။ သင်၏ ကိုယ်ပိုင် သီးသန့်နေရာ၊ ပတ်ဝန်းကျင်နှင့်ပတ်သက်လာသောအခါ သင့်တွင် ပျင်းရိသော၊ ခိုကပ်သော၊ ဖြစ်သလိုနေသော၊ တာဝန်ယူမှုမရှိသော သဘောထားတစ်ခု ရှိပါက အသင်းတော် အလုပ်၏ အမျိုးမျိုးသော ကဏ္ဍများကို သင် မည်သို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်နည်း။ အချို့လူများက “ကျွန်ုပ်သည် အလွန် အလုပ်များနေပါသည်။ ဤအရာများကို ဂရုစိုက်ရန် အချိန်မရှိပါ” ဟု ပြောကြသည်။ ဤသည်မှာ ဆင်ခြေတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုသို့သော လူများသည် ပျင်းရိကြခြင်းသာ ဖြစ်သည်။
ပုံမှန် လူ့သဘာဝရှိသော လူအားလုံးတွင် ၎င်းတို့၏ နေထိုင်ရာ ပတ်ဝန်းကျင်များနှင့်ပတ်သက်၍ သတ်မှတ်ချက်များ ရှိကြသည်။ ငါ၏ နေထိုင်ရာ ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ငါ့တွင်လည်း သတ်မှတ်ချက်များ ရှိသည်။ အနည်းဆုံးအနေဖြင့် ယင်းသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းကာ သပ်ရပ်ရမည်ဖြစ်ပြီး ကြည့်ရသည်မှာ သက်သောင့်သက်သာ ရှိရမည်ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ငါ ဆက်လက် ပြောဆိုမည် မဟုတ်ပေ။ ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် စီမံခန့်ခွဲခြင်းကိုသာ ဥပမာယူကြည့်ကြစို့၊ သူသည် ယင်းတို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲသလော။ ဘုရားသခင် ဖန်ဆင်းထားသော အရာခပ်သိမ်းဖြစ်သည့် မြစ်များနှင့် ရေကန်များအပြင် ယင်းတို့ထဲရှိ အရာအားလုံး၊ တောင်များ၊ ချိုင့်ဝှမ်းများနှင့် လွင်ပြင်များအပြင် အမျိုးမျိုးသော တိရစ္ဆာန်များနှင့် အပင်များအားလုံးကို သူက စီမံခန့်ခွဲလေသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်သည် ယင်းတို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲသလော။ (စီမံခန့်ခွဲပါသည်။) သက်ရှိအမျိုးအစားတိုင်းကို ကောင်းမွန်စွာ စီမံခန့်ခွဲထားသလော။ (စီမံခန့်ခွဲထားပါသည်။) ဖရိုဖရဲဖြစ်နေသော သို့မဟုတ် မသဲကွဲသော အရာတစ်ခုတလေ ရှိသလော။ (မရှိပါ၊ ဘုရားသခင်သည် ယင်းတို့ကို အလွန် စနစ်တကျနှင့် အစီအစဉ်တကျ စီမံခန့်ခွဲထားပါသည်။) ဘုရားသခင်သည် ယင်းတို့ကို ပုံမှန်ဖြစ်မှု၊ စနစ်တကျရှိမှု၊ အစီအစဉ်တကျရှိမှုနှင့် ရှင်းလင်းမှုတို့ဖြင့် အထူး တိကျသေချာမှုနှင့် တိကျမှန်ကန်မှုတို့ဖြင့် စီမံခန့်ခွဲလေသည်။ လူတို့၏ စကားဖြင့် ပြောရလျှင် ဤအရာများကို သူ၏ စီမံခန့်ခွဲမှုသည် အထူးသဖြင့် သပ်ရပ်ပြီး စနစ်တကျရှိကာ မည်သည့်အရာကမျှ အခြားအရာတစ်ခုခုကို နှောင့်ယှက်ခြင်းမရှိသကဲ့သို့ မည်သည့်အရာကမျှ ပြောင်းပြန်ဖြစ်မနေပေ။ သင် မြင်သလော၊ သမုဒ္ဒရာများတွင် ၎င်းတို့၏ နယ်နိမိတ်များ ရှိသည်၊ မြစ်များတွင် ၎င်းတို့၏ အတိုင်းအတာ ရှိပြီး တောင်များ၊ ကုန်းမြေနှင့် လွင်ပြင်များတွင် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ဆောင်ချက်များ အသီးသီး ရှိကြသည်။ မည်သည့် သစ်ပင်အမျိုးအစားများက မည်သည့်နေရာများတွင် ပေါက်ရောက်သည်နှင့် တိရစ္ဆာန်များ၊ ငှက်များနှင့် သားရဲများက မည်သည့် ပတ်ဝန်းကျင်များနှင့် ဇုန်များတွင် ကြီးထွားကြသည်ဟူသည့် ဤအရာအားလုံးကို စနစ်တကျ စီစဉ်ထားပြီး အတိုင်းအတာ သတ်မှတ်ထားလေသည်။ ဘုရားသခင်သည် ယင်းတို့ကို ပြီးပြည့်စုံသော စနစ်တကျရှိမှုဖြင့် စီမံခန့်ခွဲလေသည်။ ပင်လယ်ထဲရှိ ငါးများနှင့် အခြားသော အမျိုးမျိုးသော သက်ရှိများသည်လည်း အထူး ပုံမှန်ဖြစ်မှုဖြင့် အသက်ရှင်နေထိုင်ကြသည်။ ဘုရားသခင်သည် ၎င်းတို့အတွက် အရာအားလုံးကို နေရာချထားပေးခဲ့သည်။ သက်ရှိအမျိုးအစားတစ်ခုစီ၏ နေထိုင်မှု အတိုင်းအတာအပေါ် အခြေခံ၍ သူသည် ယင်း၏ ရှင်သန်မှု အလေ့အကျင့်များ၊ လုပ်ရိုးလုပ်စဉ်နှင့် ယင်းနှင့် သင့်လျော်သော အပူချိန်တို့ကို သတ်မှတ်ပေးခဲ့ပြီး ယင်း လိုအပ်သော အစားအစာကိုလည်း သူ ဖန်ဆင်းပေးခဲ့သည်။ ဘုရားသခင်သည် ကိစ္စရပ်တစ်ခုစီကို သူ၏ စဉ်းစားဆင်ခြင်မှုတွင် အထူးသဖြင့် စေ့စပ်သေချာပြီး အရာခပ်သိမ်းကို အထူးသဖြင့် အစီအစဉ်တကျ စီမံခန့်ခွဲလေသည်။ ယခု ကြည့်လော့၊ လူတို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်များကို မည်သို့ ထိန်းသိမ်းကြသနည်း။ သင့်ကို အသင်းတော်တစ်ခု သို့မဟုတ် ဒေသတစ်ခုကို စီမံခန့်ခွဲခိုင်းခြင်းကို မေ့ထားလော့၊ သင်သည် မိမိ၏ ကိုယ်ပိုင် အိပ်ခန်း သို့မဟုတ် သင် အနားယူသည့်နေရာကိုပင် ကောင်းမွန်စွာ မထိန်းသိမ်းနိုင်ပေ။ အချို့လူများသည် ၎င်းတို့၏ ကိုယ်ပိုင် ကုတင်ကဲ့သို့ သေးငယ်သော နေရာကိုပင် သပ်ရပ်အောင် မထားနိုင်ကြပေ။ ငါ့ကို ပြောလော့၊ သင်သည် မည်သည့်အရာကို လုပ်နိုင်စွမ်း ရှိနိုင်မည်နည်း။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများကို ပြည့်မီရန် မဆိုထားနှင့်၊ သင်သည် လူဇာတိခံယူထားသော ဘုရားသခင်၊ ဆိုလိုသည်မှာ ငါက သင့်ကို လုပ်ဆောင်ရန် တောင်းဆိုသည့်အရာကို ပြည့်မီနိုင်ပါက ယင်းမှာ မဆိုးပေ။ ဤအရာအားလုံးသည် ပုံမှန် လူ့သဘာဝရှိသော လူများ ပြီးမြောက်အောင် လုပ်ဆောင်သင့်သည့် အရာများ ဖြစ်သည်။ သင်သည် ပုံမှန် လူ့သဘာဝ၏ စံနှုန်းများကိုပင် မပြည့်မီနိုင်ပါက သင် ကယ်တင်ခြင်းရရှိရန် အမှန်တကယ်ပင် အနည်းငယ် ခက်ခဲလိမ့်မည်ဖြစ်သည်။ ဤသည်တို့မှာ လူတစ်ဦး၏ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းနှင့်ပတ်သက်လာသောအခါ လူတို့အတွက် သတ်မှတ်ချက်များ ဖြစ်သည်။ လူတို့သည် ဤအရာတွင် အားထုတ်မှု အနည်းငယ် ပြုလုပ်ပါက ၎င်းတို့သည် ဤသတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်သည်၊ ယင်းမှာ ခက်ခဲသောအရာ မဟုတ်ပေ။ သင်၏ ကိုယ်ပိုင် နေထိုင်ရာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် သင်၏ ဝင်ရောက်မှုကို စတင်လော့၊ ထို့နောက် သင်၏ အလုပ်နှင့် သင် ထမ်းဆောင်သော တာဝန်ကို စီမံခန့်ခွဲရန် သင်ယူလော့။ ဤအရာများထဲသို့ တဖြည်းဖြည်း ဝင်ရောက်လော့၊ ပုံမှန် လူ့သဘာဝနှင့်ပတ်သက်၍ ကောင်းမွန်သော အလေ့အကျင့်အချို့ကို ပျိုးထောင်ပြီး ပုံမှန် လူ့သဘာဝရှိသော လူများ ပြီးမြောက်အောင်မြင်နိုင်သည့် အလုပ်လုပ်ခြင်း သို့မဟုတ် နေထိုင်ခြင်း စွမ်းရည်အချို့ကို ပျိုးထောင်လော့။ ဤပုံမှန် လူ့သဘာဝအတွင်း၌ နေထိုင်ရန် သင် ကြိုးစားသည်နှင့်အမျှ တဖြည်းဖြည်းနှင့် သင်သည် အပြုသဘောဆောင်သော၊ ကောင်းမွန်သော နေထိုင်မှု အလေ့အကျင့်အချို့နှင့် နေထိုင်ရာ ပတ်ဝန်းကျင်အချို့ကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်သင့်ပြီး ယင်းတို့ကို သင်၏ ပုံမှန် လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တဖြည်းဖြည်း ပြုလုပ်သင့်သည်။ ဤသည်မှာ သင်၏ တာဝန်ထမ်းဆောင်မှု၊ သင်၏ အလုပ်နှင့် သင်၏ ရှင်သန်မှုတို့အတွက် အကျိုးရှိလိမ့်မည်ဖြစ်သည်။ မှန်သလော။ (မှန်ပါသည်။) ဤသည်တို့မှာ နေ့စဉ်ဘဝနှင့် သက်ဆိုင်သော ပြဿနာအချို့ ဖြစ်သည်။
လူ့ဇာတိခံထားသော ဘုရားသခင်သည် ဇာတိပကတိဖြစ်သည်ကို ထောက်လျှင် သူသည် ပုံမှန် လူ့သဘာဝနှင့် ဖန်ဆင်းခံ လူသားမျိုးနွယ်၏ ဗီဇတို့ကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဖန်ဆင်းခံ လူသားမျိုးနွယ်၏ အသက်တာ နယ်ပယ်အတွင်း၌ အသက်ရှင်ရမည်ဖြစ်သည်။ သို့ဖြစ်၍ လူ့ဇာတိခံထားသော ဘုရားသခင်တွင် ပုံမှန် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် သရုပ်သကန်အချို့လည်း ရှိလေသည်။ အပြင်ပန်းအားဖြင့် ဤလိုအပ်ချက်များနှင့် သရုပ်သကန်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ သို့မဟုတ် ဘုရားသခင် ကိုယ်စားပြုသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိသော်လည်း ယင်းတို့သည် အနည်းဆုံးအနေဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသော ပုံမှန် လူ့သဘာဝနှင့် ကိုက်ညီပေသည်။ ယင်းတို့သည် ထိုအရာနှင့် ဆန့်ကျင်ဘက်မဖြစ်သည့်အပြင် ဤအရာများသည် လုံးဝ ပဋိပက္ခလည်း မရှိပေ။ ထို့အပြင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်မှုများနှင့် ဖော်ပြချက်များသည် လူသားမျိုးနွယ်အပေါ် မည်သည့် ဘေးအန္တရာယ်မျှ မဖြစ်စေပေ။ လူ့ဇာတိခံထားသော ဘုရားသခင်သည် ပုံမှန် လူ့သဘာဝ၏ နယ်ပယ်အတွင်း၌ သင့်ထံမှ မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ၊ သင့်ကို ဆက်ဆံရာတွင် သူက မည်သည့်အရာကို ထုတ်ဖော်သည်ဖြစ်စေ ဤအရာများသည် သင့်ကို သေချာပေါက် နာကျင်စေမည် မဟုတ်သည့်အပြင် သင့်ကို ဧကန်အမှန် ဘေးအန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို ဘေးအန္တရာယ်ဖြစ်စေမည့် အရာများကို လုပ်ဆောင်မည် မဟုတ်သည်သာမက ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်သော သူ၏ လူ့သဘာဝ နယ်ပယ်အတွင်း၌ သူ လုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကို လုပ်ဆောင်မည်ဖြစ်ပြီး သူ ပြောဆိုရန် ရည်ရွယ်သော နှုတ်ကပတ်တော်များကို ပြောဆိုမည်ဖြစ်ကာ သူ ဖော်ပြရန် ရည်ရွယ်သော စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြလျက် လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့လည်းကောင်း၊ ကယ်တင်ခြင်းရရှိမည့် လမ်းကြောင်းပေါ်သို့လည်းကောင်း ဦးဆောင်မည်ဖြစ်သည်။ ထိုသို့ လူ့ဇာတိခံထားသော ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်သည် သင့်အတွက် မည်မျှပင် အရေးမပါသကဲ့သို့ ထင်ရပြီး မည်မျှပင် ပုံမှန်ဖြစ်ကာ လက်တွေ့ကျသည်ဟု ထင်ရပါစေ၊ ပြီးလျှင် သူသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ကြားတွင် မည်မျှပင် သာမန်ဖြစ်ပြီး ထူးခြားမှုမရှိပါစေ သူ အသက်ရှင် နေထိုင်သည့် ပုံမှန် လူ့သဘာဝသည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုနေဆဲဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်နေဆဲဖြစ်သည်။ သို့ဖြစ်၍ သူက ပုံမှန် လူ့သဘာဝကို ထုတ်ဖော်သောကြောင့် သို့မဟုတ် သင်၏ နေထိုင်ရာ ပတ်ဝန်းကျင်ကို ရှင်းလင်းရန် သို့မဟုတ် သင်၏ ပတ်ဝန်းကျင်ကို စီမံရန် သင့်ကို ကူညီပေးခြင်းကဲ့သို့သော ပုံမှန် လူ့သဘာဝနှင့် သက်ဆိုင်သည့် အရာအချို့ကို လုပ်ဆောင်သောကြောင့် သင်က “ဘုရားသခင်သည် ဤအရာများကို မည်သို့ လုပ်ဆောင်နိုင်သနည်း။ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် မဟုတ်လော။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသင့်သည် မဟုတ်လော။ သူသည် ဤအရာများကို မည်သို့ စီမံနေနိုင်သနည်း။ ဤသည်မှာ မရောင်ရာဆီလူးနေခြင်း မဟုတ်လော” ဟု မတွေးသင့်ပေ။ သင်၌ ဤအတွေးများ ရှိပါက သင်သည် လုံးလုံးလျားလျားနှင့် အပြည့်အဝ မှားယွင်းနေပေသည်။ “ဘုရားသခင်သည် လူ့ဇာတိခံထားသော ဘုရားသခင် ဖြစ်သည်။ ဤလူ့ဇာတိခံထားသော ဘုရားသခင်သည် ခမ်းကြီးနားကြီးနိုင်သလော။ သူသည် လောကီရေးရာများနှင့် ကင်းကွာနေသလော။ သူ နေထိုင်သည့် ပတ်ဝန်းကျင်၊ သူ၏ အသက်တာ နယ်ပယ် သို့မဟုတ် အသက်တာအတွက် သူ၏ လိုအပ်ချက်များသည် သာမန်လူများဖြစ်သည့် ကျွန်ုပ်တို့၏ အရာများနှင့် ကွဲပြားသလော” ဟု တွေးသော လူအချို့လည်း ရှိကောင်းရှိနိုင်ပေသည်။ ဤလူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်တာနှင့်ဆိုင်သည့် ကဏ္ဍတိုင်း၏ သရုပ်သကန်များသည် အလွန်အမင်း သာမန်ဖြစ်ပြီး အလွန်အမင်း ပုံမှန်ဖြစ်ကြောင်း သင့်ကို ငါ ပြောပြမည်။ ယင်းတို့သည် လုံးဝ မြင့်မားခြင်းမရှိသည့်အပြင် လူများစွာ၏ အမြင်တွင် ရိုးရှင်းစွာပင် အရေးမပါလှပေ။ သူ၏ ဘဝအရည်အသွေးအတွက် သူ့တွင် တင်းကျပ်သော တောင်းဆိုချက်များ သို့မဟုတ် လွန်ကဲသော လိုအင်ဆန္ဒများ မရှိပေ။ သူသည် အရှင်းလင်းဆုံး၊ အရိုးစင်းဆုံး နည်းလမ်းဖြင့် နေထိုင်ခြင်းကိုသာ နှစ်သက်လေသည်။ လူအချို့က “လူ့ဇာတိခံထားသော ဘုရားသခင်သည် မြင့်မားသော လူနေမှုအဆင့်အတန်းကို မည်သို့ ပျော်မွေ့ခံစားရမည်ကို မသိသလော” ဟု ပြောဆိုကြသည်။ ယင်းမှာ ငါ မည်သို့ လုပ်ရမည်ကို မသိခြင်း တကယ်ကို မဟုတ်သည့်အပြင် ကောင်းမွန်သော အရာများနှင့် ငါ မရင်းနှီးခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို ငါ မနှစ်သက်ခြင်းသာ ဖြစ်သည်။ ငါ့တွင် ထိုသို့သော လိုအပ်ချက်မျိုး မရှိပေ။ ဘဝအတွက် ငါ၏ လိုအပ်ချက်များနှင့် စံနှုန်းများသည် သာမန်လူများ၏ လိုအပ်ချက်များ၊ စံနှုန်းများနှင့် အတူတူပင် ဖြစ်သည်။ နွေရာသီတွင် အကြော်ဟင်းလျာအချို့နှင့် အရွက်သုပ်များ စားခြင်း၊ ဆောင်းရာသီတွင် စွပ်ပြုတ်အချို့နှင့် တို့ဟူးစွပ်ပြုတ် စားခြင်း၊ အေးလာပြီး နှင်းကျသည့်အခါ ဖက်ထုပ်အချို့ စားခြင်းတို့ ဖြစ်သည်။ လူအချို့က “သို့ဆိုလျှင် ကိုယ်တော်သည် ဟင်းမည်သို့ ချက်ရမည်ကို သိသလော” ဟု ပြောဆိုကြသည်။ ငါသည်လည်း ဟင်းမည်သို့ ချက်ရမည်ကို သိပြီး လက်လုပ်ခေါက်ဆွဲကို ငါ ပြုလုပ်နိုင်ပေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ငါသည် ပေါက်စီများနှင့် ဂျုံမုန့်များ ပြုလုပ်ခြင်း၊ ပန်းကန်ဆေးခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ကိုလည်း ပြုလုပ်လေ့ရှိသည်။ ငါသည် ငါ၏ စောင်များကို အလွန် သပ်ရပ်စွာ ခေါက်လေသည်။ ငါ၏ အဝတ်အစားများ အနည်းငယ် ညစ်ပတ်သွားသည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို ငါ လျှော်ချင်မည်ဖြစ်ပြီး မသတီစရာ အနံ့အသက်များ ရခြင်းကို ငါ မနှစ်သက်ပေ။ နေထိုင်မှုဘဝနှင့် ပတ်သက်လာလျှင် ငါ့တွင် တင်းကျပ်သော လိုအပ်ချက်များ မရှိပေ။ ငါသည် တိတ်ဆိတ်မှုကို နှစ်သက်ပြီး ဆူညံမှုကို မနှစ်သက်ပေ။ အလွန်ကျယ်လောင်စွာ စကားပြောနေသော လူများစွာရှိသည့် နေရာများနှင့် ဆူညံမှုများစွာရှိသည့် နေရာများတွင် နေရန် ငါ မလိုလားသည့်အပြင် မြို့ပြများကို ငါ မနှစ်သက်ပေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ မြင့်မားသော စံနှုန်းများ ရှိခြင်းဖြစ်သလော။ (မဟုတ်ပါ။) ငါ ကားစီးသည့်အခါ ကားထဲတွင် တိတ်ဆိတ်နေရန်သာ လိုအပ်ပြီး ယင်းမှာ အဆင်ပြေပေသည်။ လေအေးပေးစက်ကို အလွန်အေးအောင် ဖွင့်ထားခြင်းကို ငါ မနှစ်သက်သည့်အပြင် အပူပေးစက်နှင့်ပတ်သက်၍ အနည်းငယ် နွေးထွေးနေပြီး ဂွမ်းထည့်ချုပ်ထားသော အင်္ကျီကို ဝတ်ဆင်ထားစဉ် ငါ အေးသည်ဟု မခံစားရသရွေ့ ယင်းမှာ အဆင်ပြေပေသည်။ ပရိဘောဂ ဝယ်ယူသည့်အခါ ငါ အထဲတွင် ထည့်ထားသည့် မည်သည့်အရာမဆို သပ်ရပ်စွာ စီစဉ်ထားနိုင်ရန်အလို့ငှာ ပစ္စည်းများစွာ ဆံ့နိုင်သော ဗီရိုကြီးများကို ဝယ်ယူရန် ငါ နှစ်သက်သည်။ ငါ အသုံးပြုသော ပစ္စည်းများကို သန့်ရှင်းစွာ ထားရှိရန် ငါ နှစ်သက်သည်။ ယင်းတို့ကို အချိန်ကြာမြင့်စွာ အသုံးပြုပြီးနောက် ဟောင်းနွမ်းသွားသည့်တိုင်အောင် ယင်းတို့အပေါ်တွင် ချွေးကွက်များ မရှိသည့်အပြင် မသတီစရာ အနံ့အသက်များလည်း မထွက်ပေ၊ ယင်းတို့အပေါ်တွင် ဆံပင် သို့မဟုတ် ဗောက်များ ရှိနေရန်ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ငါ ဝတ်ဆင်ထားသော အဝတ်အစားများကို ဗီရိုထဲ မထည့်မီ ငါ သေချာပေါက် လျှော်ဖွပ်မည်ဖြစ်သည်။ ညစ်ပတ်သော အဝတ်အစားများကို ဗီရိုထဲသို့ ငါ မည်သည့်အခါမျှ မထည့်ပေ။ နေထိုင်မှုနှင့် ပတ်သက်လာလျှင် ငါ့တွင် တင်းကျပ်သော လိုအပ်ချက်များ မရှိပေ။ ငါ ခွေးမွေးသည့်အခါ မည်သည့် ထင်ရှားသော မျိုးစိတ်များကိုမျှ ငါ မမွေးပေ။ ယင်းက စကားနားထောင်ပြီး ကြင်နာကာ အသိဉာဏ်ရှိသရွေ့၊ ပြဿနာ မရှာသရွေ့၊ လမ်းလျှောက်ထွက်ရန် သို့မဟုတ် ကစားရန် အမြဲတစေ မလိုလားသရွေ့ ယင်းမှာ လုံလောက်ပေသည်။ လူအချို့က “လူ့ဇာတိခံထားသော ဘုရားသခင်သည် အဆင့်မြင့်ပြီး ခမ်းနားသော အရာများကိုသာ နှစ်သက်သလော” ဟု ပြောဆိုကြသည်။ ထိုသို့သောအရာများနှင့် ငါ မစိမ်းသော်လည်း ယင်းတို့ကို ငါ တကယ်ကို မနှစ်သက်ပေ။ ငါသည် လက်တွေ့ကျသော အရာများကို နှစ်သက်သည်။ ငါ၏ အဝတ်အစားများဖြစ်စေ၊ ငါ အသုံးပြုသော ပစ္စည်းများဖြစ်စေ၊ ငါ၏ နေထိုင်ရာ နေရာဖြစ်စေ ယင်းက လက်တွေ့ကျသရွေ့ လုံလောက်ပေသည်။ နှစ်ပေါင်းများစွာ ဝတ်ဆင်နိုင်သော အဝတ်အစား တစ်ထည် သို့မဟုတ် ဖိနပ်တစ်ရံ ရှိပြီး ယင်းမှာ ငါ လိုအပ်သောအရာ ဖြစ်ပါက ယင်းကို ငါ သေချာပေါက် ဝယ်ယူမည်ဖြစ်သည်။ ပစ္စည်းတစ်ခုသည် အလွန် အဆင့်မြင့်ပြီး အဖိုးတန်ကာ တန်ဖိုးကြီးသော်လည်း ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်မျှသာ ငါ အသုံးပြုမည့်အရာ ဖြစ်ပါက ယင်းကို ငါ့အား အလကားပေးလျှင်ပင် ငါ လိုချင်မည် မဟုတ်ပေ။ ထိုသို့သောအရာများကို ငါ မနှစ်သက်ပေ။ လူအချို့က “ကိုယ်တော်၏ ကွန်ပျူတာအတွက် အဈေးအကြီးဆုံး၊ အဆင့်အမြင့်ဆုံး၊ ခေတ်အမီဆုံးနှင့် အမြန်ဆုံးဖြစ်သည့်အရာကို ကိုယ်တော် အသုံးပြုသလော” ဟု ပြောဆိုကြသည်။ ငါ အသုံးပြုသော ကွန်ပျူတာသည် အတော်အတန် မြန်ဆန်သော်လည်း ယင်းမှာ အဆင့်အမြင့်ဆုံး မဟုတ်ပေ။ ရာသီဥတုကို စစ်ဆေးရန်နှင့် မက်ဆေ့ချ်များကို ဖတ်ရန်အပြင် နေ့စဉ် အလုပ်အချို့ကို လုပ်ဆောင်ရန် ယင်းကို ငါ အသုံးပြုနိုင်သရွေ့ ယင်းမှာ လုံလောက်ပေသည်။ ငါ မည်သည့် စက်ပစ္စည်းများကို အသုံးပြုသည်ဖြစ်စေ အဆင့်အမြင့်ဆုံးအရာများကို ငါ မည်သည့်အခါမျှ အသုံးမပြုပေ။ သာမန်ဖြစ်ပြီး လက်တွေ့ကျသောအရာများက အဆင်ပြေပေသည်။ ငါ၏ သာမန် ပစ္စည်းများသည် အသုံးပြုခြင်းကြောင့် ဟောင်းနွမ်းသွားလျှင်ပင် ယင်းတို့ကို လုံးဝ သန့်ရှင်းပြီး မပျက်မစီးဘဲ ရှိနေစေရန်နှင့် ယင်းတို့ကို ပုံမှန် အသုံးပြုနိုင်ကြောင်း သေချာစေရန် ငါ အကောင်းဆုံး ကြိုးစားလေသည်။
လူ့ဇာတိခံထားသော ဘုရားသခင်သည် လူများနှင့် ဆက်ဆံရာတွင်လည်း ရွေးချယ်တတ်ပေသည်။ သူသည် ကျယ်ပြန့်စွာ ပေါင်းသင်းဆက်ဆံခြင်းကို မနှစ်သက်သည့်အပြင် လူများနှင့် အလွန်အမင်း နက်ရှိုင်းသော ပတ်သက်မှုများ ရှိခြင်းကိုလည်း မနှစ်သက်ပေ။ သို့သော် အခြားသူများနှင့် ဆက်ဆံရာတွင် သူ၌ လူများနှင့်ပတ်သက်သော အခြေခံ အမြင်အချို့နှင့် ၎င်းတို့အပေါ် တောင်းဆိုချက်များလည်း ရှိလေသည်။ အနည်းဆုံးအနေဖြင့် သူ ဆက်ဆံသောသူများသည် အခြားသူများကို ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံရမည်ဖြစ်သည်။ စကားပြောသည့်အခါ ကြွားလုံးထုတ်ပြီး စကားကြီးစကားကျယ် ပြောဆိုရုံသာရှိသော လူစားတစ်မျိုး ရှိလေသည်။ ၎င်းတို့ ပြောဆိုသည့်အရာ ဆယ်ခုတွင် ကိုးခုမှာ မမှန်ကန်သည့်အပြင် လက်တွေ့မကျဟု ထင်ရသည်၊ သို့မဟုတ် ၎င်းတို့၏ စကားများတွင် အခြားသူများအပေါ် အထင်သေးခြင်းနှင့် သေးသိမ်စေခြင်းတို့ ရောယှက်နေပြီး ၎င်းတို့သည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိကြသည်။ ထိုသို့သော လူများနှင့် သင် စကားပြောပြီး ဆက်ဆံသည့် အကြိမ်တိုင်းတွင် ၎င်းတို့သည် ဤအတိုင်းပင် ဖြစ်ကြသည်။ ၎င်းတို့ အမှန်တကယ် မည်သို့ရှိသည်ကို သင် မည်သည့်အခါမျှ အခြေအမြစ်ကို သိနိုင်မည် မဟုတ်သည့်အပြင် ၎င်းတို့၏ ရိုးသားစစ်မှန်မှုကို သင် ခံစား၍ရမည် မဟုတ်ပေ။ ထိုသို့သော လူများသည် ယုံကြည်စိတ်ချရခြင်း မရှိသည့်အပြင် ပေါ့တန်ကြသည်။ ၎င်းတို့သည် အချိန်ဖြုန်းသူများဖြစ်ကြပြီး ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းကို ငါ မနှစ်သက်ပေ။ အချိန်တိုင်း လိမ်ညာပြီး အကျိုးမဲ့ စကားများပြောဆိုရန်နှင့် အဓိပ္ပာယ်မရှိသောအရာများကို လျှောက်ပြောရန် နှစ်သက်ကာ စစ်မှန်သောအရာ တစ်ခုကိုမျှ မည်သည့်အခါမျှ မပြောဆိုသော အခြားလူစားတစ်မျိုးလည်း ရှိလေသည်။ သင်က ၎င်းတို့ကို တစ်စုံတစ်ရာအကြောင်း မေးမြန်းပြီး လေးနက်သော အဖြေတစ်ခုရရန် ကြိုးစားပါက ၎င်းတို့သည် လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် လုပ်ကြပြီး သင့်ကို အမှန်တရား ပြောပြမည် မဟုတ်ပေ။ ငါသည် ၎င်းတို့ကို လုံးဝ ရိုးသားစစ်မှန်သော နည်းလမ်းဖြင့် အစဉ်သဖြင့် စကားပြောဆိုပြီး ၎င်းတို့ကို အထင်အမြင်သေးခြင်း မရှိသည့်အပြင် ၎င်းတို့ကို ငါ တစ်ကြိမ်တစ်ခါ ဘေးအန္တရာယ် ဖြစ်စေမည်ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ သို့တိုင်အောင် ၎င်းတို့သည် ငါ့အား အမှန်တရားကို မပြောပြကြသေးပေ။ ထိုသို့သော လူများနှင့် စကားပြောဆိုရန် မဖြစ်နိုင်ချေ။ တစ်မျိုးမှာ ကြွားလုံးထုတ်ပြီး စကားကြီးစကားကျယ် ပြောဆိုကာ ပေါ့တန်၍ အချိန်ဖြုန်းသူများ ဖြစ်သည်။ ထိုသို့သော လူများနှင့် ဆက်ဆံရန် ငါ မလိုလားပေ။ အခြားတစ်မျိုးမှာ အချိန်တိုင်း မုသားပြောပြီဂ စစ်မှန်သောအရာ တစ်ခုကိုမျှ မည်သည့်အခါမျှ မပြောဆိုသောသူများ ဖြစ်သည်။ ဤလူစားမျိုးနှင့် ဆက်ဆံခြင်းကိုလည်း ငါ မနှစ်သက်ပေ။ ထိုသို့သော လူများကို ငါ စက်ဆုပ်ရွံရှာပြီး မုန်းတီးလေသည်။ အသင်းတော် အလုပ်ကို လုပ်ဆောင်နေစဉ်အတွင်း ထိုသို့သော လူများနှင့် ငါ ဆက်ဆံရပါက ငါ သည်းခံနိုင်ပေသည်။ ယင်းမှာ အလုပ်ကို အလုပ်နှင့်တူအောင် တိတိကျကျ ထားရှိခြင်းသာ ဖြစ်သည်။ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော အလုပ်တစ်ခုတလေ မရှိပါက ထိုသို့သော လူများနှင့် ဝေးဝေးနေရန်နှင့် ၎င်းတို့နှင့် မဆက်ဆံရန် ငါ အကောင်းဆုံး ကြိုးစားလေသည်။ အခြား လူစားတစ်မျိုးလည်း ရှိသေးသည်။ ၎င်းတို့နှင့် သင် အမှန်တကယ် မဆက်ဆံရသေးမီပင် ၎င်းတို့က သင့်ကို မည်သို့ အသုံးချနိုင်မည်၊ သင့်ထံမှ အသုံးဝင်သော သတင်းအချက်အလက်အချို့ကို မည်သို့ ရယူနိုင်မည်၊ သင့်ထံမှ ငွေမည်သို့ ရှာနိုင်မည်၊ သို့မဟုတ် သင်၏ ကိုယ်ချင်းစာမှု၊ သင့်ထံမှ ယုံကြည်မှုနှင့် အထင်ကြီးလေးစားမှုတို့ကို ရရှိရန် သင့်ကို မည်သို့ လှည့်ဖြားယူနိုင်မည်ဟူသည်တို့ကို ၎င်းတို့ စတင် တွက်ချက်ကြလေသည်။ ၎င်းတို့သည် သင့်ကို အကောက်ကြံရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားကြသည်။ ထိုသို့သော လူများနှင့် ဆက်ဆံရန် ငါ မလိုလားပေ။ ၎င်းတို့ကို စက်ဆုပ်ဖွယ်ကောင်းသည်ဟု ငါ မြင်ပြီး ၎င်းတို့နှင့် တတ်နိုင်သမျှ အဝေးဆုံးတွင် ငါ နေလေသည်။ အခြား လူစားတစ်မျိုးလည်း ရှိသေးသည်။ သင် လုပ်ရမည့်အရာအားလုံးမှာ ၎င်းတို့နှင့် အဆက်အသွယ် အနည်းငယ် ရှိရန်သာဖြစ်ပြီး ၎င်းတို့သည် သင့်ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်ကို ကြည့်ရန် ကြိုးစားမည်ဖြစ်ကာ မိမိတို့ကိုယ်ကို သင်နှင့် နှိုင်းယှဉ်ကြမည်ဖြစ်ပြီး သင့်ကို မနာလိုပင် ဖြစ်ကြလိမ့်မည်။ ဥပမာအားဖြင့် သင် ဆံပင်ညှပ်ပါက သင်၏ ဆံပင်ပုံစံမှာ ကြည့်မကောင်းဟု ၎င်းတို့ ပြောလိမ့်မည်ဖြစ်သော်လည်း ရက်အနည်းငယ် ကြာပြီးနောက် ၎င်းတို့သည် ထိုဆံပင်ပုံစံအတိုင်း အတိအကျ ညှပ်ကြလိမ့်မည်။ သို့မဟုတ် သင် အဝတ်အစားကောင်းများ ဝတ်ဆင်ထားသည်ကို ၎င်းတို့ မြင်ပြီး ယင်းတို့ကို မည်သည့်နေရာမှ ဝယ်ယူခဲ့ကြောင်း မေးမြန်းလိမ့်မည်ဖြစ်ကာ အရောင်က ရင့်လွန်းသည်၊ ပုံစံက ခေတ်နောက်ကျနေသည်၊ သင့်အတွက် ကြည့်မကောင်း စသည်တို့ကို သင့်ရှေ့တည့်တည့်တွင် ပြောဆိုနေစဉ်မှာပင် ရက်အနည်းငယ် ကြာပြီးနောက် ၎င်းတို့သည် ထိုအဝတ်အစားအတိုင်း အတိအကျ ဝယ်ယူကြပြီး ယင်းတို့ကို ထုတ်ကြွားလျက် သင်၏အနီးတစ်ဝိုက်တွင် အဆက်မပြတ် လျှောက်သွားနေကြလိမ့်မည်။ သင် ပိုင်ဆိုင်သည့် မည်သည့်အရာနှင့်မဆို ၎င်းတို့ မြင်သရွေ့ ၎င်းတို့လည်း ယင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ သင်က ဂေါ်ဖီထုပ်ကို တစ်ပေါင်လျှင် ပြားငါးဆယ်ဖြင့် ဝယ်ပါက ၎င်းတို့က “ယင်းမှာ အလွန် ဈေးကြီးသည်” ဟု ပြောဆိုကြသည်။ သို့သော် ၎င်းတို့သည် လှည့်ထွက်သွားပြီး အခြားဆိုင်တစ်ဆိုင်သို့ သွားကာ ဂေါ်ဖီထုပ်ကို တစ်ပေါင်လျှင် တစ်ဒေါ်လာဖြင့် ဝယ်ယူကြပြီး “ငါဝယ်ခဲ့သော ဟင်းသီးဟင်းရွက်များသည် သင်၏ ဟင်းသီးဟင်းရွက်များထက် ပို၍ ဈေးပေါသည်” ဟုပင် ပြောဆိုကြသည်။ ၎င်းတို့သည် ဗြောင်ကျကျ လိမ်ညာနေကြခြင်း မဟုတ်လော။ သင်သည် ၎င်းတို့နှင့် သိပ်မရင်းနှီးသည့်အပြင် ၎င်းတို့နှင့် မည်သည့် ရင်းနှီးသော ဆက်ဆံမှုမျှ မရှိသည့်တိုင် ၎င်းတို့က သင့်ကို ဤသို့ ယှဉ်ပြိုင်ရန် ကြိုးစားကြပြီး မနာလိုဖြစ်ကြကာ ကဏ္ဍတိုင်းတွင် သင်နှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကြသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့က သင့်ထက် သာလွန်အောင်ပင် ကြိုးစားကြလေသည်။ ဤသည်မှာ ခွေးရူးတစ်ကောင်နှင့် ကြုံတွေ့ရသည်နှင့် တူသည် မဟုတ်လော။ ထိုသို့သော လူများနှင့် ငါ ကြုံတွေ့ရသည့်အခါ ၎င်းတို့ကို ငါ ရှောင်ရှားပြီး လျစ်လျူရှုလေသည်။ ပုံမှန် လူ့သဘာဝ မရှိသော ဤလူစားမျိုးနှင့် အဆင်ပြေရန်မှာ မဖြစ်နိုင်ပေ။ သင်တို့လည်း ကြုံတွေ့ဖူးကောင်း ကြုံတွေ့ဖူးနိုင်သည့် အခြား လူစားတစ်မျိုးလည်း ရှိသေးသည်။ ဤလူစားမျိုးမှာ ကိုင်တွယ်ဖြေရှင်းရန် အလွန်အမင်း ခက်ခဲပေသည်။ ဥပမာအားဖြင့် အခန်းထဲတွင် ပူသည်ဟု ၎င်းတို့ ညည်းညူကြသည်။ လေဝင်လေထွက်ကောင်းစေရန် တံခါးဖွင့်ထားဖို့ သင်က ၎င်းတို့ကို ပြောပါက ၎င်းတို့က “မရပါ၊ တံခါးဖွင့်ထားလျှင် ယင်ကောင်များ ဝင်လာလိမ့်မည်” ဟု ပြောဆိုကြသည်။ ခြင်လုံဇကာတံခါး တပ်ဆင်ရန် သင်က အကြံပြုပါက ယင်းက အဝင်အထွက်လုပ်ရာတွင် အခက်အခဲဖြစ်စေလိမ့်မည်ဟု ၎င်းတို့ ပြောဆိုကြသည်။ ပန်ကာဖွင့်ရန် သင်က ၎င်းတို့ကို ပြောပါက လေတိုက်ခံရသဖြင့် အအေးမိမည်ကို ကြောက်ကြောင်းနှင့် ယင်းက လျှပ်စစ်မီး ဖြုန်းတီးရာကျကြောင်း ၎င်းတို့ ပြောဆိုကြသည်။ အခန်းပူသည်ဟု ၎င်း ညည်းညူချိန်တွင် သင်ပေးသော အကြံပြုချက်တိုင်းကို ပယ်ချသည့် ဤသို့သော လူတစ်ဦးနှင့် သင် ကြုံတွေ့ရပါက ဤသူသည် တကယ်ကို ဆက်ဆံရခက်သူဖြစ်ကြောင်း သင် သိလိမ့်မည်။ ၎င်းသည် မည်သို့သော လူဆိုးလူယုတ်မျိုး ဖြစ်သနည်း။ ၎င်းသည် မှန်ကန်သော စကားများကို လက်ခံနိုင်ကြသလော။ (မလက်ခံနိုင်ပါ။ ၎င်းတွင် ပုံမှန် လူ့သဘာဝ မရှိပါ။) သို့ဆိုလျှင် သင်သည် ၎င်းကို စကားပြောဦးမည်လော။ (မပြောပါ။) ဤလူစားမျိုးနှင့် ငါ ကြုံတွေ့ရသည့်အခါ ငါ၏ စိတ်နှလုံးထဲတွင် ၎င်းနှင့်ပတ်သက်၍ အထင်အမြင်တစ်ခု ဖြစ်ပေါ်လာသည်။ “အို၊ သို့ဆိုလျှင် သင်သည် ဤလူစားမျိုး ဖြစ်သည်။ သင့်တွင် ပုံမှန် လူ့သဘာဝ မရှိ၊ သင်သည် မှန်ကန်သော စကားများကို လက်မခံ၊ သင်သည် အမြဲတစေ အပြစ်ရှာပြီး အမှားရှာကာ အခြားသူများကို တမင်သက်သက် အခက်တွေ့စေရန် ခက်ခဲသော ပြဿနာများကို ဖန်တီးရန် နှစ်သက်သည်။ သင်သည် မကောင်းပေ” ဟူ၍ ဖြစ်သည်။ ဤလူစားမျိုး၏ စရိုက်လက္ခဏာကို မည်သို့ သရုပ်ဖော်သင့်သနည်း။ လူအများသုံးသော စကားအရဆိုလျှင် ထိုသို့သော လူများကို “အဖျက်ပြောသူများ” ဟု ခေါ်ဆိုကြသည်။ ဤကဲ့သို့သော လူများသည် အသိခေါက်ခက် အဝင်နက်ကြ၏။ အခန်းပူသည်ဟု ၎င်းတို့ ညည်းညူကြသော်လည်း သင်က မည်သည့် ဖြေရှင်းချက်ကို အဆိုပြုသည်ဖြစ်စေ ယင်းမှာ မှားယွင်းသည် သို့မဟုတ် အလုပ်မဖြစ်ဟု ၎င်းတို့ ပြောဆိုကြသည်။ သို့သော် သင် အခန်းထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ယင်ကောင်များ ဝင်လာမည်ကိုဖြစ်စေ၊ လေတိုက်ခံရသဖြင့် အအေးမိမည်ကိုဖြစ်စေ စိုးရိမ်ပူပန်ခြင်းမရှိဘဲ တံခါးနှင့် ပြတင်းပေါက်များကို ချက်ချင်းဖွင့်ကာ ပန်ကာကို ဖွင့်ကြလေသည်။ ထိုသို့သော လူများသည် ငါနှင့် သဘောထားချင်း မတိုက်ဆိုင်ကြပေ။ ၎င်းတို့နှင့် ဆက်သွယ်ပြောဆိုရန် မဖြစ်နိုင်သည့်အပြင် ၎င်းတို့နှင့် ဆက်ဆံခြင်းကို ငါ မနှစ်သက်ပေ။ လူအချို့က “ကိုယ်တော်သည် ဤလူစားမျိုးကို မနှစ်သက်၊ ကိုယ်တော်သည် ထိုလူစားမျိုးကို မနှစ်သက်ပေ။ ကိုယ်တော်က ၎င်းတို့ကို မနှစ်သက်ရုံမျှဖြင့် တစ်စုံတစ်ဦးနှင့် မဆက်ဆံဘဲ နေနိုင်သလော” ဟု ပြောဆိုကြသည်။ ၎င်းတို့ကို ငါ မနှစ်သက်ရုံမျှဖြင့် ၎င်းတို့နှင့် ငါ မဆက်ဆံနိုင်ဟု ငါ ပြောနေခြင်း မဟုတ်ပေ။ အလုပ်အတွက်ဖြစ်စေ၊ နေ့စဉ်ဘဝတွင်ဖြစ်စေ ၎င်းတို့နှင့် ငါ ဆက်ဆံရပါက ငါ သည်းခံနိုင်ပေသည်။ ၎င်းတို့ကို ငါ မနှစ်သက်ရုံမျှဖြင့် ထိုသို့သော လူများနှင့် ဆက်ဆံရန် ငါ ငြင်းပယ်၍ မရနိုင်ပေ။ ထိုသို့ပြုလုပ်ခြင်းက အလုပ်ကို နှောင့်နှေးစေမည် သို့မဟုတ် လုပ်ဆောင်ရမည့် အချို့သော အရာများကို ထိခိုက်စေမည်ဖြစ်သည်။ သို့သော် မလိုအပ်သည့်အခါတွင် ထိုသို့သော လူများနှင့် ငါ လုံးဝ ဆက်ဆံမည် မဟုတ်ပေ။
စားသောက်ရန်နှင့် ပျော်ပါးရန်ကိုသာ နှစ်သက်ပြီး လုပ်သင့်လုပ်ထိုက်သော အလုပ်များကို လျစ်လျူရှုသည့် အခြား လူစားတစ်မျိုးလည်း ရှိသေးသည်။ ၎င်းတို့သည် ငယ်ရွယ်ပြီး မရင့်ကျက်သောကြောင့်၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မတည်ငြိမ်သေးသောကြောင့် သို့မဟုတ် အိမ်တွင် အလိုလိုက်ခံရသောကြောင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်များကို မည်သို့ ဂရုစိုက်ရမည် သို့မဟုတ် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မည်သို့ အာရုံစိုက်ရမည်ကို ၎င်းတို့ မသိခြင်းဖြစ်ပါက၊ ပြီးလျှင် မည်သည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကိုမျှ သင်ယူရန် သို့မဟုတ် အသိပညာနှင့် ကျွမ်းကျင်မှုများကို ရယူရန် ၎င်းတို့ မကြိုးစားပါက ဤအရာကို ခွင့်လွှတ်နိုင်ပေသည်။ သို့သော် လူအချို့သည် အသက်နှစ်ဆယ်၊ သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်များတွင် ရှိနေပြီဖြစ်လင့်ကစား လုပ်သင့်လုပ်ထိုက်သော အလုပ်များကို လျစ်လျူရှုဆဲဖြစ်ပြီး တစ်နေ့လုံး အကျိုးမဲ့ အချိန်ဖြုန်းနေကြသည်။ ၎င်းတို့ လုပ်စရာမရှိသည့်အခါ အကျိုးမဲ့ စကားပြောရခြင်းကိုလည်းကောင်း၊ စကားစမြည် ပြောရခြင်းကိုလည်းကောင်း၊ ဘဝကို ဖြစ်သလို ဖြတ်သန်းလျက် လျှောက်သွားရခြင်းကိုလည်းကောင်း နှစ်သက်ကြသည်။ ၎င်းတို့သည် သင့်လျော်သော ကိစ္စရပ်များအကြောင်းကို မည်သည့်အခါမျှ မစဉ်းစားသည့်အပြင် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို အာရုံမစိုက်ကြပေ၊ ပြီးလျှင် ၎င်းတို့သည် မည်သည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကိုမျှ သင်ယူရန် သို့မဟုတ် မည်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများကိုမျှ ရယူရန် မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုကြ၊ အသက်တာ၏ ကိစ္စရပ်များကို မစဉ်းစားကြ သို့မဟုတ် လူတို့ မည်သည့် လမ်းကြောင်းကို လျှောက်လှမ်းသင့်သည်ကို မဆင်ခြင်ကြပေ။ အခြားသူများ မှားယွင်းသော လမ်းကြောင်းပေါ်သို့ လျှောက်သွားသည်ကို မြင်ပြီးနောက် ၎င်းတို့အနေဖြင့် ထိုလမ်းကြောင်းကို လျှောက်လှမ်းခြင်းမှ မည်သို့ ရှောင်ကြဉ်သင့်သည်ကို ၎င်းတို့ မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားထဲသို့ ဝင်ရောက်မှုရှိပြီး ယင်းတို့ထံမှ တစ်စုံတစ်ရာ ရရှိထားသူများကို ကြည့်ကာ ထိုလူများထံမှ သင်ယူရန်လည်း မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဤသင့်လျော်သော ကိစ္စရပ်များကို မည်သည့်အခါမျှ မဆင်ခြင်ကြပေ။ ၎င်းတို့ အားလပ်သည့်အခါ ဖျော်ဖြေရေး သတင်းများကို ဖတ်ရှုခြင်းနှင့် မတူညီသော လုပ်ငန်းနယ်ပယ်များမှ တိုးတက်မှုများကို စောင့်ကြည့်ခြင်းတို့ ပြုလုပ်လျက် စားသောက်ရန်နှင့် ပျော်ပါးရန်ကိုသာ ပြုလုပ်ကြသည်။ အမျိုးအစားစုံလင်သော သတင်းရင်းမြစ်များ၊ မဂ္ဂဇင်းများနှင့် လူမှုရေး ရေစီးကြောင်းများထဲတွင် နစ်မြုပ်နေလျက် ၎င်းတို့သည် ဖြစ်သလို နေထိုင်ပြီး ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းကာ ကြုံသလိုသာ နေထိုင်ကြသည်။ ဆယ်စုနှစ်တစ်ခုခန့် ဖြစ်သလို ဖြတ်သန်းပြီးနောက်တွင်ပင် ၎င်းတို့၌ မည်သည့် သတိပြုမိခြင်းမျှ မရှိသည့်အပြင် မည်သည့်အခါမျှ စိတ်ဆင်းရဲခြင်း မရှိကြပေ။ မည်သူက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ၊ ဖော်ထုတ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ဂရုမစိုက်ဘဲ ထုံထိုင်းကာ ဉာဏ်ထိုင်းလျက်ရှိနေပြီး သမ္မာတရားကို ရှာဖွေရကောင်းမှန်း မသိကြပေ။ ထိုသို့သော လူများသည် ဘဝကို ဖြစ်သလို ဖြတ်သန်းနေကြပြီး အလကားစားကာ သေမည့်အချိန်ကို စောင့်နေကြခြင်းသာ ဖြစ်သည်။ ဤလူစားမျိုးသည် မကြာခဏ အဆိုးမြင်တတ်ပြီး အရာရာတိုင်းသည် တရားမမျှတဟု ခံစားရကာ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့၏ ပင်ကိုစွမ်းရည်ကို ပြသရန် နေရာမရှိဟု ခံစားကြရသည်။ သို့သော် ၎င်းတို့သည် ကြိုးစားအားထုတ်မှု မရှိခြင်းကြောင့် မည်သည့်အရာကိုမျှ မသင်ယူနိုင်ကြပေ၊ မည်သည့် အလုပ်ကိုမျှ လေးလေးနက်နက် မလုပ်ဆောင်ဖူးကြပေ၊ မှန်ကန်သော စကားတစ်ခွန်းကိုမျှ လေးလေးနက်နက် မမှတ်ယူဖူးကြသည့်အပြင် အနာဂတ်တွင် ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို မည်သည့်အခါမျှ မစဉ်းစားကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်အတန် ရှင်းလင်းစွာ ဖော်ပြကြပြီး စိတ်ကူးများ၊ ရည်မှန်းချက်များနှင့် ဆန္ဒများ ရှိကြသော်လည်း ယင်းတို့ကို လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့ ပြောဆိုသော အယူဝါဒများသည် အတော်အတန် ကောင်းမွန်ပြီး မြင့်မားကာ လူတို့က ယင်းတို့ကို အဓိပ္ပာယ်ရှိပြီး ကျိုးကြောင်းဆီလျော်သည်ဟု မြင်ကြသည့်အပြင် နားထောင်ရ အတော်အတန် ကောင်းသည်ဟုပင် ထင်ကြသော်လည်း လက်တွေ့ဘဝတွင် လက်တွေ့ကျသော အရာများကို လုပ်ဆောင်ရန် ကြုံလာသည့်အခါ ၎င်းတို့သည် မည်သည့် ခွန်အားကိုမျှ မထုတ်နိုင်ကြသည့်အပြင် မည်သည့် လက်တွေ့ကျသော လုပ်ဆောင်ချက်ကိုမျှ မလုပ်ဆောင်ကြပေ။ ထိုသို့သော လူများကို ငါ မနှစ်သက်ပေ။ သင်၏ အစွမ်းအစသည် အလွန် သာမန်ဖြစ်ကောင်း ဖြစ်နိုင်သည်၊ သို့မဟုတ် သင်သည် အတော်အတန် ဉာဏ်နှေးကောင်း ဉာဏ်နှေးနိုင်သည်၊ သင်၏ မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေး ကင်းမဲ့နေပြီး သင့်တွင် ဆုကျေးဇူးများ သို့မဟုတ် ပင်ကိုစွမ်းရည်များ တစ်ခုမျှ မရှိပေ။ သို့သော် သင်သည် အထူးသဖြင့် တည်ငြိမ်သည်၊ အမှုအရာများအပေါ် ကြိုးစားအားထုတ်မှု များစွာ ထည့်ဝင်ပြီး ယင်းတို့ကို လုံ့လစိုက်ကာ လုပ်ဆောင်သည်၊ သင်သည် ဆင်းရဲဒုက္ခကို သည်းခံရန် လိုလားပြီး အဖိုးအခ ပေးဆပ်နိုင်သည်။ မည်သူက သင့်ကို အလုပ်တစ်ခု အပ်နှံသည်ဖြစ်စေ သင်သည် အထူးသဖြင့် စိတ်အားထက်သန်ပြီး တာဝန်ယူတတ်ကာ ယင်းအတွက် အဆုံးထိတိုင် တာဝန်ယူနိုင်သည်။ သင်သည် စည်းမျဉ်းများကိုလည်း တင်းကျပ်စွာ လိုက်နာပြီး တစ်ခါတစ်ရံတွင် အခြားသူများကို ဘောင်ခတ်ခံရစေသည့် အတိုင်းအတာအထိပင် ဖြစ်သည်။ သင်သည် အလွန် လေးနက်လွန်းပြီး စည်းမျဉ်းများကို အလွန် တင်းကျပ်စွာ လိုက်နာစောင့်ထိန်းသည်ဟု လူတို့ ခံစားရသော်လည်း သင်သည် ထိုသို့ ဆက်လက်လုပ်ဆောင်နိုင်ပေသည်။ ဤလူစားမျိုးကို ငါ နှစ်သက်သည်။ သင်၏ အစွမ်းအစ အနည်းငယ် ညံ့ဖျင်းပြီး သင် အနည်းငယ် ဉာဏ်နှေးခြင်းမှာ သိပ်အရေးမကြီးပေ။ အနည်းဆုံးအနေဖြင့် သင်သည် အပြောကောင်းပြီး ကောက်ကျစ်ကာ လှည့်ဖြားတတ်သောသူ သို့မဟုတ် ဘဝကို ဖြစ်သလို ဖြတ်သန်းနေသူတစ်ဦး မဟုတ်ပေ။ သင်၏ အစွမ်းအစ မမြင့်မားဘဲ သင်၏ မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေး ကင်းမဲ့နေသော်လည်း သင်သည် ကိစ္စများကို သင်ယူရန် နှစ်သက်ပြီး ဝတ်ကျေတမ်းကျေ မလုပ်ဘဲ အထူးသဖြင့် လေးနက်ကာ လက်တွေ့ကျသော နည်းလမ်းဖြင့် သင်ယူလေသည်။ အခြားသူများက တစ်စုံတစ်ခုကို သင်ယူရန် ကြိုးစားခြင်းကို ရပ်တန့်လိုက်သည့်အခါ သင်သည် ယင်းကို နားလည်သဘောပေါက်သည်အထိ ဆက်လက် ကြိုးစားလေသည်။ ဤလူစားမျိုးကို ငါ နှစ်သက်သည်။ ၎င်းတို့သည် တည်ငြိမ်ပြီး ချင့်ချိန်ထားသော ခြေလှမ်းများဖြင့် ကျင့်ကြံပြုမူကာ လုပ်ဆောင်ကြသည်၊ မည်သည့်အခါမျှ မျှော်မှန်းချက် အလွန်မကြီးဘဲ အထူးသဖြင့် စိတ်အားထက်သန်ကြသည်။ ၎င်းတို့သည် လူများနှင့် အရာဝတ္ထုများကို ရိုးသားမှုဖြင့် ဆက်ဆံကြသည်။ ခွေးတစ်ကောင်ကို ရေချိုးပေးသည့်အခါတွင်ပင် ၎င်းတို့သည် ယင်းကို လုံးဝ သန့်ရှင်းပြီး စေ့စပ်သေချာစွာ ရေချိုးပေးကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဝတ်ကျေတမ်းကျေ လုပ်နေသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် ခွေးတစ်ကောင်အပေါ်တွင်ပင် မှန်ကန်စွာ ဆက်ဆံကြ၏။ ဤကဲ့သို့သော လူများကို ငါ နှစ်သက်သည်။ လူအချို့သည် အခြားသူများကို လှည့်ဖြားနိုင်ပြီး ဘုရားသခင်ကိုလည်း လှည့်ဖြားနိုင်ကာ သူနှင့်ပတ်သက်၍ ဝတ်ကျေတမ်းကျေ လုပ်နိုင်ကြသည်။ ၎င်းတို့သည် အလွန် ကောင်းမွန်စွာ ပြောဆိုကြသော်လည်း လက်တွေ့ကျသော အရာများကို မလုပ်ဆောင်ကြပေ။ ထိုသို့သော လူများကို ဂရုစိုက်ရန် သို့မဟုတ် ဆက်ဆံရန် ငါ မလိုလားပေ။ သင်သည် အပြောအဆို ကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပြီး မြှောက်ပင့်ရကောင်းမှန်း၊ နားထောင်ကောင်းသော စကားများကို ပြောရကောင်းမှန်း သိကောင်းသိနိုင်သော်လည်း ထိုသို့သော စကားများကို နားထောင်ရန် ငါ မလိုလားပေ။ ထိုသို့သောအရာများကို ငါ ယုံမည် မဟုတ်ပေ။
သင်တို့ ငါ့ကို နားလည်နိုင်ရန်အလို့ငှာ ဤစကားများကို ငါ ပြောဆိုခြင်း ဖြစ်သည်။ ငါသည် ပုံမှန် လူ့သဘာဝတွင် အသက်ရှင်နေသော သာမန်လူတစ်ဦးသာ ဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်ပါက ငါသည် အလွန် အရေးမပါပေ။ ငါသည် အလွန် သာမန်ဖြစ်ပြီး အလွန် ရိုးရိုးစင်းစင်းဖြစ်သော လူတစ်ဦး ဖြစ်သည်။ ငါ့တွင် မြင့်မားသော ပုံသဏ္ဌာန် မရှိသည့်အပြင် ထူးကဲသော စွမ်းရည်များလည်း မရှိပေ။ ငါသည် အခြားသူများထက် သာလွန်နေခြင်း မရှိသည့်အပြင် လူအများကြားတွင် ထင်ပေါ်လိုခြင်းလည်း မရှိပေ။ ငါသည် အလွန် သာမန်ဖြစ်သော လူတစ်ဦးသာဖြစ်ပြီး အလွန် ရိုးရှင်းသော လူတစ်ဦးလည်း ဖြစ်သည်။ ပုံမှန် လူ့သဘာဝတွင် အသက်ရှင်နေသော ငါ့ကဲ့သို့ သာမန်လူတစ်ဦးသည် နောက်ဆုံးသော ကာလရှိ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော ဤအဆင့်ကို ထမ်းဆောင်ရန် အပြည့်အဝ စွမ်းဆောင်နိုင်သည်ဟု ငါ ခံစားရပြီး နောက်ဆုံးသော ကာလတွင် ဘုရားသခင် ဖော်ပြရန် ရည်ရွယ်သော သမ္မာတရားအားလုံးကိုလည်း ဖော်ပြနိုင်စွမ်း ရှိသည်ဟု ငါ ခံစားရသည်။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းရရှိရန် လိုအပ်သော ဘုရားသခင်ထံမှ လာသည့် သမ္မာတရား၏ ကဏ္ဍအားလုံးကို ငါ့ထံမှ ရရှိနိုင်မည်ဖြစ်သည်။ သင်တို့အတွက် ဘုရားသခင်၏ လူ့ဇာတိခံထားသော ဇာတိပကတိသည် သင်တို့ကို ကယ်တင်ခြင်းရရှိခွင့်ပေးရန် လုံလောက်ပေသည်။ သင်တို့ မြင်နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်သော ဤလူ့ဇာတိ၏ မည်သည့် ကဏ္ဍ သို့မဟုတ် သွင်ပြင်လက္ခဏာမဆိုသည် အမှန်တကယ်တွင် ဤရည်ရွယ်ချက်အတွက် လုံလောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ပုံမှန်လူတစ်ဦးအနေဖြင့် သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါက သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အမြဲတစေ မနှိုင်းယှဉ်သင့်ပေ။ သင် ဤသို့ ပြုလုပ်ပါက တစ်ချက်အနေဖြင့် ယင်းက သင့်အတွက် မည်သည့် အကျိုးကျေးဇူးမျှ မရှိသည့်အပြင် အခြားတစ်ချက်အနေဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် သင် ဤသို့ ပြုလုပ်ခြင်းကို နှစ်သက်မည် မဟုတ်ပေ။ ထို့အပြင် သင်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အမြဲတစေ နှိုင်းယှဉ်ပါက ယင်းက လူ့ဇာတိခံထားသော ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်သည့် အလုပ်ကို သင်၏ လက်ခံမှုအပြင် သူ့ထံမှ လာသည့် သင်လိုအပ်သော သမ္မာတရား၏ ကဏ္ဍအားလုံး ထောက်ပံ့ပေးခြင်းကို ကြီးမားသော အတိုင်းအတာတစ်ခုအထိ ထိခိုက်စေလိမ့်မည်။ ပို၍ပင် အရေးကြီးသော ကဏ္ဍတစ်ခုလည်း ရှိသေးသည်။ ယင်းမှာ လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်မျှပင် အရေးမပါပါစေ၊ မည်မျှပင် ပုံမှန်ဖြစ်ပါစေ သို့မဟုတ် မည်မျှပင် သာမန်ဖြစ်ပါစေ သူသည် မည်သို့ပင်ဖြစ်စေ မြေကြီးပေါ်ရှိ ဘုရားသခင်၏ ဖော်ပြချက်၊ မြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်နှင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်စားလှယ် ဖြစ်သည်ဟူသောအချက် ဖြစ်သည်။ သူသည် ဘုရားသခင်ကို မည်မျှ ကိုယ်စားပြုနိုင်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်ကို မည်မျှ ဖော်ပြနိုင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမြင်တွင် သူသည် ဘုရားသခင်ကို ကိုယ်စားပြုပြီး သူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ စိတ်နေသဘောထားတို့၏ တစ်စိတ်တစ်ပိုင်း ကိုယ်စားလှယ် ဖြစ်ပေသည်။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် သူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုပြီး မြေကြီးပေါ်တွင် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကိုလည်း ကိုယ်စားပြုသည်။ သူသည် ဘုရားသခင်အတွက် ကိုယ်စားပြုရပ်တည်ပေးသည်၊ သို့မဟုတ် သူသည် မြေကြီးပေါ်တွင် အလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင်အတွက် ကိုယ်စားပြုရပ်တည်ပေးသည်ဟု ဆိုနိုင်ပေသည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် မျှော်ကြည့်သည်ဖြစ်စေ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ကိုးကွယ်သည်ဖြစ်စေ သင်က လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းကို ဘုရားသခင် မနှစ်သက်သည့်အပြင် သင်က လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ခွဲခြားခြင်းကိုလည်း သူ မနှစ်သက်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်သည့်အခါ သင်က ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အထင်ကြီးပြီး မြေကြီးပေါ်ရှိ ဘုရားသခင်ကို အထင်သေးပါက၊ သို့မဟုတ် သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်အတွက် ကြည်ညိုမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်အပေါ် ရန်လိုမှုနှင့် ခွဲခြားဆက်ဆံမှုတို့ဖြင့် ပြည့်နှက်နေကာ သူ့ကို ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တိုက်ခိုက်ခြင်းပင် ပြုလုပ်ပါက သူသည် သာ၍ပင် မနှစ်သက်ပေ။ ထို့ကြောင့် လူတို့က လူ့ဇာတိခံထားသော ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်ဟူသည်နှင့် ပတ်သက်လာလျှင် တစ်ချက်အနေဖြင့် ၎င်းတို့သည် သူ့ကို မှန်ကန်စွာ ဆက်ဆံရမည်ဖြစ်ပြီး သူ၏ ပုံမှန် လူ့သဘာဝကို လက်ခံရမည်ဖြစ်သည်။ အခြားတစ်ချက်အနေဖြင့် ၎င်းတို့သည် သူ ဖော်ပြသော သမ္မာတရားနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့အရ သူ ဖော်ပြသော စိတ်သဘောထားကို လက်ခံရမည်ဖြစ်သည်။ သူသည် ပုံမှန် လူ့သဘာဝကို ထုတ်ဖော်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြသည့်အခါ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို သရုပ်ဖော်သည့်အခါ သင် မြင်ရသည့်အရာနှင့် သင် နားလည်သဘောပေါက်နိုင်သည့်အရာသည် ထိုအရာ အတိအကျပင် ဖြစ်သည်။ နောက်ဆုံးတွင် သင်သည် ဖန်ဆင်းခံတစ်ဦး၏ အမြင်ရှုထောင့်နှင့် သဘောထားဖြင့် သူ ဖော်ပြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ ထုတ်ဖော်သော ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ကျိုးနွံနာခံပြီး လက်ခံရမည်ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ဘဲ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကွဲပြားစွာ မဆက်ဆံသင့်ပေ။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သို့ပင်ဖြစ်စေ အနှစ်သာရအားဖြင့် တစ်လုံးတစ်ဝတည်း ဖြစ်သောကြောင့်၊ သာမန်မျက်စိဖြင့် တိုက်ရိုက်ကြည့်သည့်အခါ ၎င်းတို့၏ ပေါ်ထွန်းခြင်း ပုံသဏ္ဌာန်တွင် ကွဲပြားမှုတစ်ခု ရှိနေခြင်းသာ ဖြစ်သောကြောင့် သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်သည်ဖြစ်စေ၊ မနှိုင်းယှဉ်သည်ဖြစ်စေ နောက်ဆုံးတွင် လူ့ဇာတိခံထားသော ဘုရားသခင်ကို သင် မည်သို့ ဆက်ဆံသည်ဟူသည်မှာ သူ့ထံတွင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရ ရှိသည်ဟူသောအချက်အပေါ်တွင်သာ မူတည်ရမည်ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်တွင် မည်သို့သော ပုံမှန် လူ့သဘာဝ သို့မဟုတ် မည်သို့သော ထုတ်ဖော်မှုများနှင့် သရုပ်သကန်များ ရှိသည်ကို သင်က သာမန်မျက်စိဖြင့် မြင်သည်ဖြစ်စေ၊ သူသည် မည်မျှ ပုံမှန်ဖြစ်သည်၊ သာမန်ဖြစ်သည်၊ လက်တွေ့ကျသည်ဟု ထင်ရပါစေ သင်သည် သူ့ကို အာခံမည့်အစား ဖန်ဆင်းခံတစ်ဦး၏ အမြင်ရှုထောင့်မှ သူ့ကို လက်ခံရမည်၊ ယုံကြည်လက်ခံရမည်ဖြစ်ပြီး ကျိုးနွံနာခံရမည်ဖြစ်သည်။ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်ရန် အစဉ်သဖြင့် နှစ်သက်ကြသည်။ ဤအရာနှင့်ပတ်သက်၍ အဆိုးရွားဆုံးအရာမှာ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဝေဖန်ရန်၊ ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ငြင်းပယ်ရန် ဘုရားသခင်နှင့်ပတ်သက်သော လူသား၏ အယူအဆများနှင့် စိတ်ကူးများကို အသုံးပြုရန် အလွယ်ကူဆုံး ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းသည် သင့်အတွက် သေခြင်းသို့ ဦးတည်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သေခြင်းတရားသို့ ဦးတည်သော လမ်းကြောင်းတစ်ခုဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ယခင်က ငါပြောခဲ့သည့်အရာကို ရည်ညွှန်းသည်။ သင်သည် သေလိုစိတ်ရှိနေခြင်း ဖြစ်ရမည်။ ပြီးလျှင် သေလိုစိတ်ရှိနေခြင်း ဟူသည်မှာ အဘယ်အရာနည်း။ ယင်းမှာ ဘုရားအိမ်တော်က သင့်ကို ရှင်းလင်းပစ်မည် သို့မဟုတ် သင့်ကို နှင်ထုတ်မည်ဟု မဆိုလိုပေ။ ထိုအစား ယင်းမှာ သင် ကျူးလွန်ခဲ့သော မကောင်းမှုသည် အလွန် ပြင်းထန်ဆိုးရွားသဖြင့် သင်သည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး ဖျက်ဆီးခံရမည်ဟု ဆိုလိုသည်။ ယင်းမှာ ကံကြမ္မာကို စမ်းသပ်နေခြင်း ဖြစ်သည်။ သင်သည် ထိုသို့သော မကောင်းမှုကို ကျူးလွန်သည့်အခါ လူတို့က သင့်ကို မည်သည့်အရာမျှ မလုပ်နိုင်သော်လည်း ဘုရားသခင်သည် သင်၏ ဒုစရိုက်အမှုများကို အခြေခံ၍ သင့်ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ သို့ဆိုလျှင် ဤသည်မှာ သေလိုစိတ်ရှိနေခြင်း ဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ “သင် သေလိုစိတ်ရှိနေခြင်း ဖြစ်ရမည်” ဟူသော စကားစုကို ငါ အသုံးပြုရသည့် အကြောင်းရင်းတစ်ခု ရှိသည်။ သင်၏ ဤချဉ်းကပ်ပုံက သင် လျှောက်လှမ်းသော လမ်းကြောင်းကို ကိုယ်စားပြုသည်။ သင်သည် ယခု မည်သို့သော လမ်းကြောင်းကို လျှောက်လှမ်းနေသနည်း။ သင်၏ ဤချဉ်းကပ်ပုံက သင်သည် ပျက်စီးခြင်းသို့ ဦးတည်သော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေကြောင်း ကိုယ်စားပြုသည်။ ပျက်စီးခြင်းသို့ ဦးတည်သော ဤလမ်းကြောင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ မြေကြီးပေါ်ရှိ ဤလူ့ဇာတိခံထားသော ဘုရားသခင်သည် သူ့ကို ကိုယ်စားပြုပြီး နောက်ဆုံးသော ကာလရှိ သူ၏ ရည်ရွယ်ချက်များကို ကိုယ်စားပြုကြောင်း၊ ပြီးလျှင် ဤလူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏ သရုပ်သကန်ဖြစ်ပြီး နောက်ဆုံးသော ကာလရှိ သူ၏ အလုပ်ကို သယ်ဆောင်သူဖြစ်ကြောင်း ဘုရားသခင်က ရှင်းလင်းစွာ သက်သေခံသည့်တိုင် သင်က ဤနှုတ်ကပတ်တော်များကို လက်မခံကြောင်း ဆိုလိုသည်။ သင်သည် ဤလူ့ဇာတိခံထားသော ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းပယ်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် အလုပ်ကို သင် လက်မခံပေ။ သင်သည် ယင်းတို့ကို လက်မခံသည်သာမက ယင်းတို့ကို ငြင်းပင် ငြင်းပယ်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပြီး တောင်းပန်ခြင်းပြု၍ ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ အသိအမှတ်ပြုမှုကို ရရှိရန်နှင့် ထိုသို့ဖြင့် ကယ်တင်ခြင်းရရှိရန်အလို့ငှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ကျော်လွန်သွားလိုကြသည်။ ဆိုလိုသည်မှာ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ယုံကြည်ပြီး မြေကြီးပေါ်ရှိ ဘုရားသခင်၏ အလုပ်ကို အပ်နှံခြင်းခံရသူဖြစ်သော လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်၍မူ သင်သည် သူ့ကို လက်မခံပေ။ ထိုသို့ဆိုလျှင် သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာပြီးနောက် သူ လုပ်ဆောင်ခဲ့သော အလုပ်နှင့် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို ငြင်းပယ်နေခြင်း ဖြစ်သည်။ သင်သည် မြေကြီးပေါ်တွင် ဘုရားသခင် ဖြစ်လာသော ပုဂ္ဂိုလ်ကို ငြင်းပယ်နေခြင်းဖြစ်ပြီး သို့ဖြစ်၍ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ပျက်စီးခြင်း လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ကိုးကွယ်ပြီး မျှော်ကြည့်သည်ဖြစ်စေ ဘုရားသခင်သည် ယင်းကို လက်မခံ သို့မဟုတ် အသိအမှတ်မပြုပေ။ သင် လျှောက်လှမ်းနေသော လမ်းကြောင်းသည် ပျက်စီးခြင်း လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤအရာကို သေလိုစိတ်ရှိနေခြင်းဟု ခေါ်ဆိုသည်။ သေလိုစိတ်ရှိနေခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင် ကျူးလွန်ခဲ့သော မကောင်းမှုသည် ကြီးမားလွန်းပြီး သင့်ကို အပြစ်ဒဏ် ပေးခံရစေနိုင်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ကံကြမ္မာကို စမ်းသပ်နေခြင်း ဖြစ်သည်။ သင် လျှောက်လှမ်းသော လမ်းကြောင်းနှင့် သင် လိုက်လျှောက်သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတို့သည် မှားယွင်းပေသည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်နေသည်၊ သင်သည် ဘုရားသခင်အပေါ် ရန်လိုနေသည်။ “ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ကိုးစားသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သူ ပြောဆိုသော နှုတ်ကပတ်တော်များကို ငါ လက်ခံသော်လည်း ကိုယ်တော်တိုင်နှင့် ပတ်သက်၍မူ သူသည် ခရစ်တော်ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်ဖြစ်ကြောင်းကို ငါ လက်မခံပေ။ သူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို မည်သို့ ကိုယ်စားပြုနိုင်မည်နည်း။ သူသည် မြေကြီးပေါ်ရှိ ဘုရားသခင် ဖြစ်ကြောင်းကို ငါ အသိအမှတ်မပြုပေ။ ကောင်းကင်ဘုံရှိ ဘုရားသခင်မှလွဲ၍ အခြား ဘုရားသခင် မရှိပါ” ဟု မတွေးနှင့်။ သင်သည် ဤစကားများကို ပြောဆိုပါက ဒုက္ခရောက်နေပြီဖြစ်၏။ သင်သည် ပျက်စီးခြင်း လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေသည်။ ဤသည်မှာ သေလိုစိတ်ရှိနေခြင်း ဖြစ်သည်။ သမိုင်းတွင် “သေလိုစိတ်ရှိနေသော” လူများ ရှိခဲ့သလော။ ပျက်စီးခြင်း လမ်းကြောင်းတစ်ခုကို သိသိသာသာ လျှောက်လှမ်းခဲ့သော လူများ ရှိခဲ့သလော။ ပေါလုသည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သလော။ (ဟုတ်ပါသည်။) ပေါလုသည် ထိုသို့သော လူတစ်ဦးဖြစ်ပြီး ထိုကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲများသည်လည်း ထိုသို့ပင် ဖြစ်ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ နာမတော်ကိုသာ ယုံကြည်ခဲ့ကြပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ယုံကြည်ခဲ့ကြသည်။ ဘုရားသခင် လူ့ဇာတိခံပြီး မြေကြီးပေါ်သို့ ကြွလာသောအခါ သခင်ယေရှုသည် သာမန်လူတစ်ဦးသာဖြစ်ပြီး ဆင်းရဲသော လက်သမားတစ်ဦး၏ သားဖြစ်သည်ကို ၎င်းတို့ မြင်ခဲ့ကြသဖြင့် ၎င်းတို့သည် သူ့ကို မည်သို့ပင်ဖြစ်စေ လက်ခံရန် ငြင်းပယ်ခဲ့ကြသည်။ “ငါသည် သင့်ကို လုံးဝ လက်ခံမည် မဟုတ်ပေ။ ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ယုံကြည်သည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ကောင်းကင်ဘုံရှိ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ပြောဆိုခဲ့သနည်း။ “သင်တို့ သေလိုစိတ်ရှိနေခြင်း ဖြစ်ရမည်” ဟူ၍ ဖြစ်သည်။ ယခုလေးတင် ငါ အသုံးပြုခဲ့သော စကားစု အတိုင်းပင် ဖြစ်သည်။ ရလဒ်မှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့ သေချင်နေခဲ့ကြောင်းကို အဖြစ်မှန်များက သက်သေပြသည် မဟုတ်လော။ (သက်သေပြပါသည်။) သင်တို့သည် ထိုသို့သော လမ်းကြောင်းမျိုးကို လျှောက်လှမ်းလိုကြသလော။ (မလျှောက်လှမ်းလိုပါ။) သို့ဆိုလျှင် ထိုသို့သော လမ်းကြောင်းမျိုးကို မလျှောက်လှမ်းနှင့်။ သင်သည် ဤလမ်းကြောင်းမျိုးကို ယခင်က လျှောက်လှမ်းခဲ့ဖူးပါက မြန်မြန် ပြန်လှည့်လော့၊ နောင်တရလော့၊ ပြီးလျှင် သင်၏ အပြစ်များကို ဝန်ခံလော့။ ယခု ပြန်လှည့်ရန် နောက်မကျသေးပေ။ သို့သော် သင်တို့သည် “သင် သေလိုစိတ်ရှိနေခြင်း ဖြစ်ရမည်” ဟူသော စကားစုကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ပေ။ သင်တို့ ယင်းကို ပြောဆိုသည့်အခါတိုင်း ယင်းတွင် တဇောက်ကန်းဖြစ်ခြင်း ပါရှိသည်။ ရာဇဝတ်မှုလောကရှိ လူတို့က “သင် သေလိုစိတ်ရှိနေခြင်း ဖြစ်ရမည်” ဟု မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့ ဆိုလိုသည်မှာ တစ်စုံတစ်ဦးကို သတ်လိုခြင်း ဖြစ်သည်။ သို့သော် ဤအရာကို ငါ ပြောဆိုသည့်အခါ ၎င်းတို့ ပြောဆိုသည့်အခါနှင့် ကွဲပြားပေသည်။ ဤအရာကို ငါ ပြောဆိုသည့်အခါ ယင်းတွင် တဇောက်ကန်းဖြစ်ခြင်း မပါရှိသည့်အပြင် ငါသည် ကြမ်းတမ်းစွာ ပြောဆိုရန် ကြိုးစားနေခြင်း မဟုတ်ပေ။ သင့်ကို ငါ သတိပေးလိုရုံသာ ဖြစ်သည်။ ပေါလု၏ လမ်းကြောင်းကို မလျှောက်လှမ်းနှင့်။ ယင်းက သေလိုစိတ်ရှိနေခြင်းကို ဆိုလိုမည်ဖြစ်ပြီး ယင်းမှာ ပျက်စီးခြင်း လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်သည် ဤလမ်းကြောင်းကို လျှောက်လှမ်းပါက ဖျက်ဆီးခံရမည်ဖြစ်ပြီး ပေါလုကဲ့သို့ တူညီသော အဆုံးသတ်ကို သင် ရရှိလိမ့်မည်။ ယင်းမှာ အလွန်ဆိုးရွားပေလိမ့်မည်။ ထိုအချိန်က ပေါလုသည် သမ္မာတရားများစွာကို မကြားခဲ့ရပေ။ သူ သေလိုစိတ်ရှိနေခြင်းမှာ သူ၏ ကိုယ်ပိုင်အမှားဖြစ်ပြီး သူ၏ သဘာဝက ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ သို့သော် ယခု သင်တို့တွင် ပေါလုနှင့်ပတ်သက်သည့် သတိပေးချက် ဇာတ်လမ်း ရှိနေပြီဖြစ်သဖြင့် သင်တို့သည် သေလိုစိတ်ရှိနေခြင်း မဖြစ်ရပေ။ ထိုပျက်စီးခြင်း လမ်းကြောင်းကို မလျှောက်လှမ်းနှင့်။ လူ့ဇာတိခံယူခြင်း၏ သမ္မာတရားကို ယခုအခါ အလွန် ရှင်းလင်းစွာ ရှင်းပြထားပြီးဖြစ်ကာ ကယ်တင်ခြင်း ရရှိခြင်းနှင့်ပတ်သက်သော အမျိုးမျိုးသော သမ္မာတရားများကိုလည်း အလွန် ရှင်းလင်းစွာ ရှင်းပြထားပြီးဖြစ်သည်။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်နေဆဲဖြစ်ပြီး လက်ခံရန် ခေါင်းမာစွာ ငြင်းပယ်နေဆဲဖြစ်ပါက ဤသည်မှာ သေလိုစိတ်ရှိနေခြင်း မဟုတ်လော။ ဤသည်က သင်သည် ပေါလုကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း သက်သေပြနေသည်။ သင်တို့သည် ဤလမ်းကြောင်းကို လုံးဝ မလျှောက်လှမ်းရပေ။
ယခု ငါသည် များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်ရာ သင်တို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို မည်သို့ ဆက်ဆံသင့်သည်၊ လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကြား ဆက်ဆံရေးကို သင့်တင့်လျောက်ပတ်စွာ မည်သို့ ကိုင်တွယ်ဖြေရှင်းရမည် ဟူသည်နှင့်ပတ်သက်၍ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) သို့ဆိုလျှင် ဤကိစ္စနှင့်ပတ်သက်၍ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ စည်းမျဉ်း မည်မျှ ရှိသနည်း။ အကျဉ်းချုပ်ဖော်ပြလော့။ (ယနေ့ ဘုရားသခင်၏ မိတ်သဟာယမှတစ်ဆင့် ကျွန်ုပ် နားလည်သဘောပေါက်လာသည့် ပထမ စည်းမျဉ်းမှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝကို လက်ခံရန်နှင့် ကိုယ်တော်၏ ပုံမှန် လူ့သဘာဝအတွင်းရှိ ကိုယ်တော်၏ အခြေခံ လိုအပ်ချက်များနှင့် ရွေးချယ်မှုများကို မှန်ကန်စွာ ချဉ်းကပ်ခြင်း အပါအဝင် ဘုရားသခင် ယူတင်ဝတ်ဆင်ထားသော လူ့ဇာတိ၏ ပုံမှန် လူ့သဘာဝကို မှန်ကန်စွာ ချဉ်းကပ်ရန် ဖြစ်ပါသည်။ အခြား စည်းမျဉ်းတစ်ခုမှာ မြေကြီးပေါ်ရှိ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရ ရှိသောကြောင့် ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြနိုင်ပြီး လူတို့ကို ကယ်တင်နိုင်သရွေ့ ကျွန်ုပ်တို့သည် ကိုယ်တော့်ကို လက်ခံသင့်ပြီး ကိုယ်တော့်ကို ကျိုးနွံနာခံသင့်သည်ဟူ၍ ဖြစ်ပါသည်။ ဤသည်မှာ အဓိကကျပါသည်။) အခြားအရာ အနည်းငယ်ကို ငါ အလေးပေး ပြောဆိုမည်။ သဘောတရားအရ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝသည် သမ္မာတရားနှင့် မသက်ဆိုင်သည့်အပြင် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အလုပ်နှင့်လည်း မသက်ဆိုင်ပေ။ တိတိကျကျ ဆိုရလျှင် ပုံမှန် လူ့သဘာဝသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဘဝနယ်ပယ်အတွင်းရှိ အရာများကို ရည်ညွှန်းသည်။ ဤပုဂ္ဂိုလ်နှင့် ပတ်သက်၍ သူ နှစ်သက်သောအရာ၊ သူ၏ ပင်ကိုစရိုက်၊ သူ တွေ့ကြုံခံစားရသည့် စိတ်ခံစားချက် အတိုင်းအတာအပြင် ဘဝ၊ လူ့အဖွဲ့အစည်းတို့နှင့်ပတ်သက်သည့် သူ၏ အမျိုးမျိုးသော ထင်မြင်ချက်များ၊ အမြင်များ၊ နားလည်မှုများ၊ ရွေးချယ်မှုများနှင့် အခြားအရာများကို လူ့သဘာဝ၏ ရှုထောင့်မှ အကဲဖြတ်ရလျှင် သူ၏ ဤသရုပ်သကန်များသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) “ကိုက်ညီပါသည်” ဟု ပြောသောသူများသည် ထိုအရာအတွက် တာဝန်ယူရမည်။ သင်သည် အသေအချာ ရှင်းပြရမည်၊ သင်၏ ဤ “ကိုက်ညီပါသည်” ဟူသောအရာက အဘယ်မှ လာသနည်း။ ယင်းမှာ အယူဝါဒလော၊ သံယောင်လိုက်ခြင်းလော၊ သို့မဟုတ် ဤအရာနှင့်ပတ်သက်၍ သင့်တွင် အတွေ့အကြုံနှင့် အသိ အမှန်တကယ် ရှိသလော။ (ဘုရားသခင်၊ ကျွန်ုပ်၏ အမြင်မှာ ဘုရားသခင်သည် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ရာတွင် ကျွန်ုပ်တို့ကို လမ်းပြသည်ဖြစ်စေ၊ သို့မဟုတ် ကျွန်ုပ်တို့ ကြုံတွေ့ရသော အချို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကျွန်ုပ်တို့အား ပိုင်းခြားသိမြင်စေသည်ဖြစ်စေ၊ ယင်းတို့အားလုံးက ပုံမှန် လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်နှင့် ရိုးသားသောလူများ မည်သို့ဖြစ်ရမည်ကို ကျွန်ုပ်တို့အား ပြောပြနေခြင်း ဖြစ်ပါသည်၊ ယင်းတို့အားလုံးက ကျွန်ုပ်တို့ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးဆောင်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကဏ္ဍအားလုံးတွင် လူတို့အပေါ် ဘုရားသခင်၏ လမ်းပြမှုသည် ၎င်းတို့အတွက် အကျိုးရှိပါသည်။) ယင်းတို့အားလုံးက လူတို့အတွက် အကျိုးရှိသည်ဟု ပြောရန် ငါ သတိထားမည်ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် “ပုံမှန် လူ့သဘာဝ” ရှိ “ပုံမှန်” ဟူသော စကားလုံးကို ရှင်းပြထိုက်သည်ဟု ငါကိုယ်တိုင် ယုံကြည်သည်။ သို့ဆိုလျှင် “ပုံမှန်” ဟူသည်ကို မည်သို့ ရှင်းပြသင့်သနည်း။ တစ်ဖက်တွင် ယင်းက လူ့ဇာတိခံထားသော ဘုရားသခင်က လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရှုမြင်သည့် အမြင်ရှုထောင့်နှင့် ရပ်တည်ချက်တို့သည် မှန်ကန်ကြောင်းကို ဆိုလိုသည်။ လူအမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို ငါ မည်သို့ ဆက်ဆံသည်ဟူသည်နှင့် ပတ်သက်၍ ငါ၏ မိတ်သဟာယများတွင် ငါ ပြောဆိုပြီးဖြစ်သည်။ လောကနှင့်ပတ်သက်၍၊ လူသားမျိုးနွယ်နှင့်ပတ်သက်၍၊ အမျိုးမျိုးသော ဆိုးယုတ်သည့် ရေစီးကြောင်းများနှင့် သဘောတရားရေးရာ ရေစီးကြောင်းများနှင့်ပတ်သက်၍ ငါ၏ အမျိုးမျိုးသော အမြင်များကို လူတစ်ဦးအနေဖြင့် ငါ ပိုင်ဆိုင်သည်ဟု ဆိုနိုင်သော်လည်း ယင်းတို့သည် ဘုရားသခင်ထံမှ လာသည်ဟုလည်း ဆိုနိုင်သည်။ ဤနေရာတွင် ဤအရာများနှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုရန် မဖြစ်နိုင်ပေ၊ သင်တို့ဘာသာ ယင်းတို့ကို ဖြည်းဖြည်းချင်း စဉ်းစားသုံးသပ်ကြလော့။ လူ့ဇာတိခံထားသော ဘုရားသခင်က လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရှုမြင်သည့် ရပ်တည်ချက်နှင့် အမြင်ရှုထောင့်တို့သည် ပုံမှန်ဖြစ်သည်၊ ဤသည်မှာ ရှုထောင့်တစ်ဖက်မှ ဖြစ်သည်။ အခြားတစ်ဖက်တွင် အမျိုးမျိုးသော အရာများအပေါ် သူ၏ နားလည်မှုမှတစ်ဆင့် သူ ဖြစ်ပေါ်စေသည့် အမြင်များနှင့် အတွေးများသည် ပုံမှန်ဖြစ်သည်၊ ယင်းတို့သည် လွဲချော်နေခြင်း သို့မဟုတ် အစွန်းရောက်နေခြင်း မရှိပေ။ သင်တို့နှင့်အတူ ငါ နေထိုင်ပြီး ဆက်ဆံသည့်အခါ ငါ၏ ပုံမှန် လူ့သဘာဝ၏ ထုတ်ဖော်ချက်များမှ သင်တို့ မည်မျှ အကျိုးရရှိနိုင်သည်ကိုဖြစ်စေ၊ ယင်းတို့က သမ္မာတရားကဲ့သို့ တူညီသော အကျိုးကျေးဇူးများကို သင်တို့ကို ပေးနိုင်သည်ဟုဖြစ်စေ ငါ ရဲရဲကြီး မပြောလိုသော်လည်း အနည်းဆုံးအနေဖြင့် ငါသည် သင်တို့ကို ဘေးဖြစ်စေမည် မဟုတ်ပေ။ အခြေခံအကျဆုံး အချက်တစ်ချက်လည်း ရှိသေးသည်၊ ယင်းမှာ ငါ၏ ကိုယ်ပိုင် အတွေးများနှင့် ဆန္ဒများအရ ငါသည် မည်သူ့ကိုမျှ ဘေးမဖြစ်စေလိုခြင်း ဖြစ်သည်။ သင်၏ စကားပြောဆိုမှုတွင် သင် အမှားများ ပြုလုပ်သည်ကိုဖြစ်စေ၊ သင့်ထံတွင် မှားယွင်းသော နေထိုင်မှုပုံစံများ၊ နေထိုင်မှု အလေ့အထများ၊ သို့မဟုတ် ဘဝအပေါ် သဘောထားများ ရှိသည်ကိုဖြစ်စေ ငါ မြင်ပါက၊ ဥပမာအားဖြင့် အစားအစာ တစ်မျိုးမျိုး စားခြင်းနှင့်ပတ်သက်၍ သင့်ထံတွင် လွဲချော်သော နားလည်မှု ရှိပါက ငါသည် သင်နှင့် စကားပြောမည်ဖြစ်ပြီး သင်၏ အတွေးများနှင့် အမြင်များကို ပြုပြင်ပေးမည်။ တစ်ဖက်တွင် ပုံမှန် လူ့သဘာဝ၏ နားလည်မှုမှတစ်ဆင့် အချို့သော မှားယွင်းသည့် နေထိုင်မှု အလေ့အထများကို ပြုပြင်ရန် ငါသည် သင့်ကို ကူညီသည်၊ သို့မှသာ သင့်တွင် မှန်ကန်သော အတွေးများနှင့် အမြင်များ ရှိမည်ဖြစ်ပြီး ဤကိစ္စကို ဆင်ခြင်တုံတရားရှိစွာ ချဉ်းကပ်နိုင်မည် ဖြစ်သည်။ ပို၍ နက်ရှိုင်းသော အခြားတစ်ဖက်တွင် ငါ ဤသို့ လုပ်ဆောင်ခြင်းမှာ အချို့သော သမ္မာတရားများကို သင် နားလည်ပြီး ဝင်ရောက်နိုင်စေရန် ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ပုံမှန် လူ့သဘာဝရှိ ဘုရားသခင်၏ ဘဝတွင် အမျိုးမျိုးသော လိုအပ်ချက်များ၊ လူအမျိုးမျိုးနှင့် သူ မည်သို့ ဆက်ဆံသည်ဟူသည်တို့သည် ပုံမှန်လည်း ဖြစ်သည်။ ဤ “ပုံမှန်” ဟူသည်က အဘယ်အရာကို ရည်ညွှန်းသနည်း။ ငါက မည်သူ့ကိုမဆို အနိုင်ကျင့်သည်ကိုဖြစ်စေ၊ မည်သူ့ကိုမဆို ဘေးဖြစ်စေသည်ကိုဖြစ်စေ၊ မည်သူ့ကိုမဆို ဖိနှိပ်သည်ကိုဖြစ်စေ၊ မည်သူ့ကိုမဆို လှည့်ဖြားသည်ကိုဖြစ်စေ သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) ငါသည် ထိုသို့သောအရာများကို အမှန်တကယ် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ ငါ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းအရ ရက်စက်သော စကားအချို့ ပြောရန် သို့မဟုတ် တစ်စုံတစ်ဦးကို ဖိနှိပ်ရန် ငါ့အတွက် အလွန် လွယ်ကူမည် မဟုတ်လော။ ငါ့ထံတွင် ထိုသို့လုပ်ဆောင်ရန် အခွင့်အရေး ရှိမည်ဖြစ်သော်လည်း ငါသည် မည်သူ့ကိုမျှ အမှန်တကယ် အနိုင်မကျင့်ခဲ့ဖူးပေ၊ မည်သူနှင့်မျှ ရန်မဖြစ်ခဲ့ဖူးပေ၊ မည်သူနှင့်မျှ မယှဉ်ပြိုင်ခဲ့ဖူးပေ၊ သို့မဟုတ် မည်သူ့ကိုမျှ ကွယ်ရာတွင် ပြဿနာမရှာခဲ့ဖူးပေ၊ ငါ့တွင် ဤသရုပ်သကန်များထဲမှ တစ်ခုတလေမျှ လုံးဝ မရှိခဲ့ဖူးပေ။ လူတို့ကြားတွင် ရှိသောအခါ ငါသည် ၎င်းတို့နှင့် ပုံမှန်သာ ဆက်ဆံသည်၊ လူ့သဘာဝကောင်းသော သူများနှင့် ငါ အနည်းငယ် ပို၍ ရင်းနှီးပြီး လူ့သဘာဝဆိုးသော သူများကို ရှောင်ရှားသည်။ ငါ တတ်နိုင်သည့်အခါ ကူညီပြီး ငါ မတတ်နိုင်သည့်အခါ အမှုအရာများကို ၎င်းတို့၏ သဘာဝအတိုင်း ဖြစ်ခွင့်ပေးသည်။ ပုံမှန် လူ့သဘာဝ၏ ဤသရုပ်သကန်များနှင့် ပတ်သက်၍ ယင်းတို့သည် ငါ၏ စိတ်ခံစားချက် အတိုင်းအတာ သို့မဟုတ် နေထိုင်မှု အလေ့အကျင့်များ ဖြစ်စေ၊ လူတို့နှင့် ဆက်ဆံရာတွင် ငါ၏ နည်းလမ်းများနှင့် စည်းမျဉ်းများ ဖြစ်စေ သင်တို့ မြင်နိုင်သည့်၊ ထိတွေ့ဆက်ဆံနိုင်သည့်၊ သဘောပေါက်နားလည်နိုင်သည့်အပြင် ကိုယ်တိုင်ကိုယ်ကျ လေ့လာသိရှိနိုင်သည့် အရာများမှ ပုံမှန်မဟုတ်သော မည်သည့်ကဏ္ဍကိုမဆို သင်တို့ မြင်သလော။ (ပုံမှန်မဟုတ်သောအရာ မရှိပါ၊ ယင်းတို့အားလုံးက အမှန်တကယ် လက်တွေ့ကျပါသည်။) “ယင်းတို့အားလုံးက အမှန်တကယ် လက်တွေ့ကျသည်” ဟူသောအရာကို အချို့လူများက သိပ်နားလည်မည် မဟုတ်ပေ၊ ထို့ကြောင့် သင့်ကို ငါ ပြင်ပေးမည်၊ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝ၏ ဤသရုပ်သကန်များ အားလုံးတွင် စည်းမျဉ်းများ ရှိသည်၊ ယင်းတို့နှင့်ပတ်သက်၍ အနှစ်သာရမဲ့သော သို့မဟုတ် ဟန်ဆောင်သော အရာတစ်ခုမျှ မရှိပေ။ ငါသည် မည်သည့်အခါမျှ ဟိတ်ဟန်မထုတ်ဟု ယုံကြည်ပြီး အမိန့်ပေးခြင်းကို ငါ အထူးသဖြင့် မနှစ်သက်ပေ၊ ထိုအစား လက်တွေ့ အလုပ်လုပ်ခြင်းကို ငါ နှစ်သက်သည်။ မည်သည့်အရာကိုမျှ ထိမ်ချန်မထားဘဲ ငါ သိပြီး နားလည်သမျှ အရာအားလုံးကို သင်ကြားပေးသည်။ သင် မြင်သလာ၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ ပါဝင်သော အလုပ်တစ်ခုနှင့် ပတ်သက်၍ သင်တို့ကို လမ်းညွှန်သည့်အခါ ငါ သိသလောက် ပြောပြသည်။ ငါသည် တစ်စုံတစ်ရာကို ထိမ်ချန်ထားခဲ့ဖူးသလော။ (မထိမ်ချန်ခဲ့ဖူးပါ။) ငါသည် အမှုအရာများကို ဖုံးကွယ်ထားခြင်း သို့မဟုတ် ထိမ်ချန်ထားခြင်း မရှိပေ၊ သင့်ကို လမ်းပြရန်နှင့် သင်ကြားပေးရန် ငါ အစွမ်းကုန် လုပ်ဆောင်သည်။ သင်သည် အလွန် လေးလေးနက်နက် သင်ယူသည်၊ အားထုတ်မှု များစွာ ပြုလုပ်ပြီး ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံနိုင်ကာ အဆုံးတွင် ငါသင်ကြားပေးခဲ့သည့်အရာကို သင် ကျွမ်းကျင်တတ်မြောက်ပြီး ငါ၏ လမ်းပြမှု မလိုအပ်တော့ဘဲ အမှီအခိုကင်းစွာ ပြုမူဆောင်ရွက်နိုင်သည်။ ဤအရာက ငါ့ကို အတော်အတန် ပျော်ရွှင်စေပြီး ငါ မနာလို မဖြစ်ပေ။ အမှီအခိုကင်းစွာ အမှုအရာများကို လုပ်ဆောင်ရန် သင့်ကို ငါ အားပင် ပေးပြီး သင့်ကို အောင်မြင်မှုများ ရရှိစေရန် ငါ လိုလားသည်။ သင် အောင်မြင်မှုများ ရရှိပြီး လူတိုင်းက သင့်ကို လေးစားအားကျသည့်အခါ သင့်ကို ငါ ဂုဏ်ပင်ပြုလေသည်။ ငါ့ထံမှ အမှုအရာများကို သင်ယူပြီး အောင်မြင်မှုများ ရရှိကာ လူတိုင်းက သင့်ကို အထင်ကြီးသည့်အခါ ဤသည်မှာ သင် အရည်အချင်း ရှိကြောင်း သက်သေပြပြီး ငါသည် အမှန်တကယ် မနာလို မဖြစ်ပေ၊ သင်၏ အောင်မြင်မှုကို လုယူရန် ငါ မကြိုးစားသည့်အပြင် သင့်ထံမှ အသိအမှတ်ပြုခံရမှုကို ရယူရန်လည်း ငါ မကြိုးစားပေ။ “ဤအရာကို ငါ့ထံမှ သင် သင်ယူခဲ့ကြောင်း လူတိုင်းကို သင် အဘယ်ကြောင့် မပြောသနည်း၊ ငါ့ကို သင် အဘယ်ကြောင့် ကျေးဇူးမတင်သနည်း” ဟု ငါ ပြောမည် မဟုတ်ပေ။ ငါ ပြောသည်မှာ “ငါသည် စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ပေးရုံသာ ဖြစ်ပြီး ထိုမျှလောက် များများစားစား မသင်ပေးခဲ့ပါ၊ ယင်းကို ကောင်းစွာ သဘောပေါက်ခဲ့သူမှာ သင် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝအတွင်းတွင် လက်တွေ့ကျသောအရာ များစွာ ရှိပြီး ဤလက်တွေ့ကျမှုအတွင်းတွင် တိကျရေရာသောအရာ များစွာ ရှိသည်။ ငါ့ကိုယ်ငါ ဤကဲ့သို့ မိတ်ဆက်ခြင်းဖြင့် ငါနှင့် ထိတွေ့ဆက်ဆံဖူးသော သင်တို့သည် ဖြည်းဖြည်းချင်း နားလည်လာကြလိမ့်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတို့နှင့် ငါ၏ ဆက်ဆံရေးများတွင် ငါသည် အလွန် ရိုးရှင်းသည်၊ ငါသည် ပွင့်လင်းဖြောင့်မတ်သည်၊ ငါသည် မည်သည့် လှည့်ကွက်ကိုမျှ မသုံးပေ၊ လူတို့ကို ငါ အကောက်မကြံသည့်အပြင် လူတို့ကို ငါ အသုံးမချပေ၊ အလုပ်လုပ်နေစဉ် အခြားသူများအပေါ် ငါ၏ အဆင့်အတန်းကို အသုံးချ၍ ဆရာလုပ်ခြင်း သို့မဟုတ် မည်သည့် ကိုယ်ကျိုးစီးပွားကိုမဆို ရှာဖွေရန် ငါ၏ အဆင့်အတန်း အားသာချက်များကို အသုံးပြုခြင်းတို့ဆိုလျှင် ပို၍ပင် မလုပ်ဆောင်ချေ။ သင်သည် ငါ့ထံမှ မျက်နှာသာရရန် ကြိုးစားပြီး ငါ့ကို မြှောက်ပင့်ပါက ငါသည် အတော်အတန် သက်သောင့်သက်သာမရှိဘဲ အနေရခက်ပြီး သင့်ကို ငါ ရှောင်ရှားရမည် ဖြစ်သည်။ ငါ့ထံမှ မျက်နှာသာရရန် ကြိုးစားခြင်း သို့မဟုတ် ငါ့ကို မြှောက်ပင့်ခြင်း မရှိဘဲ သင်သည် ငါနှင့် ပုံမှန် ဆက်ဆံပါက ငါသည် အတော်အတန် သက်သောင့်သက်သာ ခံစားရပြီး သင်နှင့် ဆက်ဆံရန် ငါ အတော်အတန် လိုလားသည်။
လူတို့နှင့် ဆက်ဆံခဲ့သော ငါ၏ နှစ်များတစ်လျှောက် ဤမျှကြာအောင် အသက်ရှင်နေထိုင်ခဲ့ပြီး ငါ၏ ပုံမှန် လူ့သဘာဝတွင် အမျိုးအစားစုံလင်သော လူအတော်များများနှင့် ငါ ထိတွေ့ဆက်ဆံခဲ့ရသည်။ အလွန် ရှုပ်ထွေးသော လူများနှင့် အလွန် မိုက်မဲသော လူများ၊ အလွန် မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့သော လူများနှင့် အလွန် ဆိုးယုတ်သော လူများဟူ၍ ၎င်းတို့အားလုံးကို ငါ မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် လူတို့သည် တစ်ဦးနှင့်တစ်ဦး အမှန်တကယ် ကွဲပြားကြကြောင်း ငါ တွေ့ရှိခဲ့သည်။ လူတို့နှင့် ငါ၏ ဆက်ဆံရေးများတွင် ငါသည် ရိုးရှင်းသည်၊ ငါသည် အလွန် ရိုးရှင်းပြီး ပွင့်လင်းဖြောင့်မတ်စွာ စကားပြောသည့်အပြင် ငါသည် ပွင့်ပွင့်လင်းလင်းလည်း ရှိနိုင်သည်။ သို့တိုင်အောင် အမျိုးအစားစုံလင်သော လူများနှင့် ကြုံတွေ့ရရာတွင် လူ့သဘာဝသည် အတွင်း၌ အလွန်အမင်း ရှုပ်ထွေးလွန်းကြောင်း ငါ မြင်တွေ့ခဲ့ရသည်။ သို့သော် ငါ ရင်ဆိုင်ရသော လူများသည် မည်မျှပင် ရှုပ်ထွေးပါစေ ငါ၏ ပုံမှန် လူ့သဘာဝတွင် တစ်စုံတစ်ရာကို ဖော်ပြသည့်အခါ သို့မဟုတ် ကိစ္စရပ်တစ်ခုခုကို ဖြေရှင်းသည့်အခါ ငါ၏ ရပ်တည်ချက်၊ စည်းမျဉ်းများ၊ နည်းလမ်းများနှင့် ကိုယ်ပိုင် နှစ်သက်မှုများသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ မည်သည့် လူစားမျိုးနှင့် ငါ ဆက်ဆံရသည်ဖြစ်စေ အဆုံးတွင် လူတို့ကို ငါ ဆက်ဆံသည့် နည်းလမ်းသည် ငါ၏ အတွင်း၌ ရှိနှင့်ပြီးဖြစ်သော စည်းမျဉ်းများအပေါ် အခြေခံသည်။ သင်သည် သမ္မာတရားကို လိုက်စားပြီး လူ့သဘာဝရှိသော သူတစ်ဦး ဖြစ်ပါက ငါတို့ ပို၍ ဆက်ဆံနိုင်သည်၊ ပို၍ ထိတွေ့ဆက်ဆံနိုင်ပြီး ရင်းရင်းနှီးနှီး စကားပြောဆိုလျက် ပို၍ မိတ်သဟာယဖွဲ့နိုင်သည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူ မဟုတ်ပါက၊ သင်၏ တာဝန်ကို မထမ်းဆောင်ပါက၊ ပြီးလျှင် သင်၏ လူ့သဘာဝသည် အလွန် ဆိုးယုတ်ပါက သင်နှင့် ထိတွေ့မှုနှင့် ဆက်ဆံမှု ပိုနည်းရန် ငါ အစွမ်းကုန် လုပ်ဆောင်မည်ဖြစ်ပြီး ယဉ်ကျေးပျူငှာမှု ရှိစေရန် လုံလောက်ရုံမျှသာ ငါ လုပ်ဆောင်သည်။ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး သင့်ထံတွင် ပြဿနာများ ရှိသည့်အခါ ရိုးသားစွာ ရှာဖွေနိုင်ပါက သင်နှင့် ငါ မိတ်သဟာယဖွဲ့နိုင်သည်၊ သို့သော် ယင်းကို သင် လက်ခံနိုင်ခြင်း ရှိမရှိဟူသည်မှာ သင်၏ ကိစ္စသာ ဖြစ်သည်။ မလိုမုန်းထားသော ရည်ရွယ်ချက်များ သို့မဟုတ် မကောင်းသော အကြံအစည်များ ထားရှိသူများနှင့် ပတ်သက်၍ ၎င်းတို့ကို ကိုင်တွယ်ရန်နှင့် ဆက်ဆံရန် သင့်လျော်သော နည်းလမ်းများနှင့် စည်းမျဉ်းများ ငါထံ့တွင် ရှိသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့ကို ငါ ဆက်ဆံသည့် နည်းလမ်းသည် မပြောင်းလဲပေ၊ ထိုစကားများကို ငါ မိတ်သဟာယဖွဲ့ဆဲ ဖြစ်ပြီး ဤအရာများကို လုပ်ဆောင်ဆဲ ဖြစ်ကာ ယင်းမှာ ငါ၏ ပုံမှန် လူ့သဘာဝ၏ ထုတ်ဖော်ချက် ဖြစ်ဆဲပင် ဖြစ်သည်၊ သို့သော် ဤသည်မှာ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ကြောင်းကို ငါ မမြင်နိုင်ဟု မဆိုလိုပေ။ အပြင်ပန်းအားဖြင့် ငါသည် အမြဲတစေ ဤကဲ့သို့ ဖြစ်သည်ကိုလည်းကောင်း၊ လူတို့ကို ငါ ဆက်ဆံပုံတွင် ရိုးရှင်းပြီး ပုံမှန် လူ့သဘာဝတွင် လူတိုင်းကို ဆင်ခြင်တုံတရားရှိစွာ ဆက်ဆံသည်ကိုလည်းကောင်း သင် မြင်သည်။ ဤသည်မှာ အပြင်ပန်းအားဖြင့် သင် မြင်ရသောအရာ ဖြစ်သည်၊ သို့သော် ငါ၏ စိတ်နှလုံးထဲတွင် ၎င်းတို့နှင့် ပတ်သက်၍ ငါ မည်သို့ ထင်သည်ကို သင် သိသလော။ ဤလူစားမျိုးနှင့် ပတ်သက်၍ ငါ့ထံတွင် စည်းမျဉ်းများနှင့် အမြင်များ ရှိသည်။ ဤစည်းမျဉ်းများနှင့် အမြင်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ငါ၏ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှုထောင့်မှ ၎င်းတို့ကို ငါ တိုင်းတာပါက ၎င်းတို့၏ ပြဿနာသည် ကြီးမားသောအရာ မဟုတ်ပေ၊ သို့သော် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းနှင့် ၎င်းတို့၏ အနာဂတ် အဆုံးသတ်ကို ငါ၏ ဘုရားသဘောသဘာဝ ရှုထောင့်မှ ငါ ရှုမြင်ပါက ၎င်းတို့၏ ပြဿနာသည် အလွန် ဆိုးရွားသည်။ ထို့ကြောင့် ငါနှင့်ပတ်သက်၍ တစ်ခါတစ်ရံတွင် ငါ၏ ပုံမှန် လူ့သဘာဝနှင့် ငါ၏ ဘုရားသဘောသဘာဝတို့သည် စေ့စပ်ညှိနှိုင်းလျက် ရှိသည်။ ယင်းတို့ကို ငါ စေ့စပ်ညှိနှိုင်းနေစဉ်တွင် သင့်အပေါ် ငါ သက်ညှာနေခြင်း၊ သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်း၊ သင့်ကို စောင့်ကြည့်လေ့လာနေခြင်းနှင့် သင် လမ်းကြောင်း ပြောင်းရန် စောင့်ဆိုင်းနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ငါနှင့်ပတ်သက်၍ ယင်းမှာ ငါ၏ ပုံမှန် လူ့သဘာဝနှင့် ငါ၏ ဘုရားသဘောသဘာဝတို့ကြား စေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သင်နှင့် ထိတွေ့ဆက်ဆံရန် ငါ မလိုလားပေ၊ သို့သော် သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ သို့မဟုတ် ဘုရားအိမ်တော်၏ စည်းမျဉ်းများကို မချိုးဖောက်ခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ သင်သည် ဘုရားအိမ်တော်တွင် ရှိနေဆဲ ဖြစ်သည်။ ငါ့အတွက် ငါ၏ လူ့သဘာဝ ရှုထောင့်မှ သင့်အပေါ် ငါ စိတ်ရှည်နိုင်ပြီး သင် လုပ်ဆောင်ခဲ့သည့်အရာကို ပြဿနာမရှာဘဲ နေနိုင်သည်၊ သို့သော် ငါ၏ ဘုရားသဘောသဘာဝ ရှုထောင့်မှ သင့်ကို ငါ ပြစ်တင်ရှုတ်ချပြီးသား ဖြစ်သည်။ လူတို့ကို ငါ ပြစ်တင်ရှုတ်ချနေစဉ် တစ်ချိန်တည်းမှာပင် ၎င်းတို့ကို ချမ်းသာပေးပြီး ခွင့်လွှတ်ကာ အမှုအရာများကို လျစ်လျူရှုထားစဉ်တွင် အချို့သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို ခံရပြီး အခြားသူများက ကြီးမားသော ဆိုးယုတ်မှုကို ကျူးလွန်ကြကာ ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေပြီး နှင်ထုတ်ခြင်း ခံရကြသည်။ ငါ စောင့်ဆိုင်းနေစဉ် အချို့လူများသည် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေဆဲ ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ၎င်းတို့သည် အခြေအနေများကို တဖြည်းဖြည်း ပြောင်းလဲကြသည်၊ ပြောင်းလဲကြပြီး သမ္မာတရားဆီသို့ ကြိုးပမ်းအားထုတ်ကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လမ်းကြောင်းပြောင်းကြသည်။ ငါ၏ ပုံမှန် လူ့သဘာဝ ရှုထောင့်မှ သင့်လျော်သည့်အခါ လမ်းကြောင်းပြောင်းသော သူများနှင့် ငါ ဆက်ဆံပြီး စကားပြောဆိုကောင်း ပြောဆိုနိုင်ကာ ၎င်းတို့ကို မိတ်သဟာယနှင့် အကူအညီအချို့ ပေးနိုင်သည်။ သို့သော် ဤလုပ်ငန်းစဉ်အတွင်းတွင် အချို့လူများသည် လုံးဝ မပြောင်းလဲသေးပေ။ ၎င်းတို့တွင် ယခင်ကဲ့သို့ တူညီသော သရုပ်သကန်များ ရှိနေဆဲ ဖြစ်ပြီး သမ္မာတရားကို မလိုက်စားဘဲ ၎င်းတို့၏ မူလ လမ်းကြောင်းကို လျှောက်လှမ်းနေဆဲ ဖြစ်သည်။ သို့ဆိုလျှင် ငါ၏ ရှုထောင့်မှ ငါ့အပေါ် သင် မည်သည့်အရာ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ငါ့ကို သင် မည်သို့ ရှုမြင်သည်ဖြစ်စေ သင့်ကို ဘုရားသခင်အား ယုံကြည်သော သူတစ်ဦးအနေဖြင့်သာ ငါ ဆက်ဆံသည်။ သို့သော် ငါ၏ ပုံမှန် လူ့သဘာဝ၏ အကဲဖြတ်မှုတွင် ယခုအချိန်အထိ သင် မပြောင်းလဲသေးသောကြောင့် အနာဂတ်တွင် ထိုသို့ပြောင်းလဲရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ စင်စစ်အားဖြင့် ငါ၏ ဘုရားသဘောသဘာဝ၌ ဤကဲ့သို့သော သူသည် ပျက်စီးခြင်းသို့ရောက်မည့် အမျိုးအစား ဖြစ်ပြီး ဖျက်ဆီးခံရမည့်အရာ ဖြစ်ကာ ၎င်းတို့ ပြောင်းလဲရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေဟု ဆုံးဖြတ်ပြီး ဖြစ်သည်။ သို့သော် ဤသည်မှာ ငါ၏ ဘုရားသဘောသဘာဝ ရှုထောင့်မှ ယင်းကို ကြည့်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူ့သဘာဝတွင် ယင်း၏ ကန့်သတ်ချက်များ ရှိသည်၊ တစ်ခါတစ်ရံတွင် သူ၏ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား၏ ကန့်သတ်ချက်များအောက်တွင် လူ့ဇာတိခံထားသော ဘုရားသခင်၌ လူသားဆန်ပြီး ကောင်းမွန်သော ရည်ရွယ်ချက်အချို့ ရှိလိမ့်မည်ဖြစ်ပြီး လူတို့အတွက် အကောင်းဆုံးကို မျှော်လင့်လိမ့်မည်၊ အချို့လူများသည် အချိန်ကာလတစ်ခုအတွင်းဖြစ်စေ၊ အနာဂတ် ကိစ္စရပ်တစ်ခုခုတွင်ဖြစ်စေ၊ အဓိက ဖြစ်ရပ်တစ်ခုအတွင်းဖြစ်စေ အလှည့်အပြောင်းတစ်ခု ပြုလုပ်လိမ့်မည်ဟု သူ မျှော်လင့်လိမ့်မည်ဖြစ်ကာ ၎င်းတို့ ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မည်။ ထိုသို့သော အခြေအနေများအောက်တွင် သူသည် လူတို့ကို ဆက်ဆံသည့် နည်းလမ်းအရ အချို့လူများကို အခွင့်အရေးများ ပေးသည်။
တစ်ဖက်တွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဤပုံမှန် လူ့သဘာဝသည် သူ၏ ဘုရားသဘောသဘာဝ၏ အလုပ်အချို့နှင့် ပူးပေါင်းဆောင်ရွက်နေသည်၊ သို့မဟုတ် အချို့သော ထင်မြင်ချက်များနှင့် အမြင်များကို ဖော်ပြနေသည်။ အခြားတစ်ဖက်တွင် ယင်းက အကူအညီလည်း ပေးနေသည်၊ သို့မဟုတ် ဘုရားသခင်၏ ဘုရားသဘောသဘာဝက မြင်တွေ့သည့် လူတို့၏ အချို့သော အနှစ်သာရများ၊ သဘာဝများ သို့မဟုတ် လမ်းကြောင်းများကို အစဉ်မပြတ် အတည်ပြုပေးနေသည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဤပုံမှန် လူ့သဘာဝသည် ခရစ်တော်နှင့် လူသား၏ အမှုတော်ကို ထမ်းဆောင်ရန်အတွက်သာ မဟုတ်ပေ။ လူတို့အတွက် ပို၍ အရေးကြီးသောအရာမှာ ယင်းက ၎င်းတို့ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်၍ ပို၍ ကြီးမားသော နားလည်မှု ရရှိစေနိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းက လူတို့အား ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ပို၍ ကောင်းမွန်စွာ နားလည်ရန်နှင့် လူ့ဇာတိခံထားသော ဘုရားသခင်ထံမှ သူ၏ အနှစ်သာရကို ပို၍ မြင်တွေ့ရန် အခွင့်အရေးများ ပို၍ ပေးခြင်း ဖြစ်သည်။ နောက်ထပ် အခြားတစ်ဖက်တွင်မူ ယင်းက ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကြား ဆက်ဆံရေးကို ပို၍ ကောင်းမွန်စွာ စေ့စပ်ညှိနှိုင်းပေးရန် အကျိုးပြုသည်။ သင်တို့သည် “စေ့စပ်ညှိနှိုင်းသည်” ဟူသော စကားလုံးကို သိပ်နားလည်မည် မဟုတ်သည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သင်တို့ ယင်းကို နားမလည်ပါက လုပ်ဆောင်နိုင်သည့်အရာ မရှိပေ၊ ပို၍ သင့်လျော်သော စကားလုံး မရှိပေ။ ငါ ဥပမာတစ်ခု ပေးမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၏ သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များ၏ ကဏ္ဍတစ်ခုခုနှင့် ပတ်သက်၍ သင်သည် အယူအဆများ ဖြစ်ပေါ်လာသည့်အခါ သင်သည် ဤရည်ရွယ်ချက်များ သို့မဟုတ် တောင်းဆိုချက်များကို လက်မခံနိုင်ပေ။ သင်သည် အတွေးများ စတင်ရှိလာပြီး ပုန်ကန်မှု ဖြစ်ပေါ်လာကာ ထို့နောက် ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ဤအချိန်တွင် လူ့ဇာတိခံထားသော ဘုရားသခင်က သင်၏ အခက်အခဲများနှင့် အားနည်းချက်များကို နားလည်ပြီး အလေးထားမှု ပြသည်။ သူသည် စကားအချို့ ပြောသည်၊ အလုပ်အချို့ လုပ်ဆောင်ပြီး ဥပမာအချို့ ပေးသည်။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် သင်၏ သဘောထားရှိ အမှားများက မည်သည့်နေရာတွင် ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ရရှိရန် ဤပုန်ကန်တတ်သော အခြေအနေကို သင် မည်သို့ လမ်းကြောင်းပြောင်းသင့်သည်ကိုလည်းကောင်း မြင်တွေ့ရန် သူက သင့်ကို ကူညီသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ လူသားဆန်သော မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် လူသားဆန်သော အကူအညီနှင့် ပံ့ပိုးမှုမှတစ်ဆင့် ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများသည် ပပျောက်သွားသည်။ ထို့နောက် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် အနည်းငယ် ပြောင်းလဲသွားသည်၊ ယင်းက ပုန်ကန်ခြင်းနှင့် အာခံခြင်းမှ ကျိုးနွံနာခံရန် လိုလားခြင်းသို့ ပြောင်းလဲသွားသည်။ ထို့နောက် သင်သည် မိမိကိုယ်ကို သိလာသည်၊ မိမိကိုယ်ကို မုန်းတီးလာပြီး ဘုရားသခင် ဤသို့ ပြုမူခြင်းသည် သင့်လျော်ကြောင်းနှင့် ဘုရားသခင်တွင် အပင်ပန်းခံရသော ရည်ရွယ်ချက်များ ရှိကြောင်းကို နားလည်လာသည်။ လူ့ဇာတိခံထားသော ဘုရားသခင်ထံမှ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်း၊ စေ့စပ်ညှိနှိုင်းပေးခြင်း၊ ပံ့ပိုးခြင်းနှင့် ကူညီခြင်းတို့မှတစ်ဆင့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရနှင့် ရည်ရွယ်ချက်များမှာ အဘယ်အရာ ဖြစ်သည်ကို မိတ်ဆက်ပေးခြင်းအားဖြင့် သူသည် သင့်ကို ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်စေပြီး သင် မည်သည့်နေရာတွင် မှားယွင်းနေကြောင်းနှင့် မည်သို့ နောင်တရပြုပြင်ရမည်ကိုလည်း သူက သင့်ကို သိစေသည်။ ဤကဏ္ဍနှစ်ခုကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် ဘုရားသခင်ကို သင် နောက်ထပ် မပုန်ကန်တော့သည့် သို့မဟုတ် သူ့ကို မအာခံတော့သည့်အပြင် သင့်တွင် ကျိုးနွံနာခံရန် လိုလားစိတ် ရှိလာသည့် အဆင့်တစ်ခုသို့ အဆုံးတွင် သင် ရောက်ရှိသွားသောအခါ သင့်အပေါ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ သဘောထားသည် အနည်းငယ် ပြောင်းလဲသွားလိမ့်မည်။ သူသည် သင့်ကို နောက်ထပ် ပြစ်တင်ရှုတ်ချမည် မဟုတ်သည့်အပြင် နောက်ထပ် မုန်းတီးမည် မဟုတ်ပေ၊ သင့်အပေါ် သူ၏ ဒေါသသည် ပပျောက်သွားလိမ့်မည်။ ဘုရားသခင်၏ ဒေါသ ပပျောက်သွားသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်း၊ နှစ်သိမ့်မှုနှင့် ပျော်မွေ့ခြင်းတို့ကို သင် ခံစားရသည်၊ သင်သည် ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ တစ်ဖန် လာသောအခါ သူ့ကို ပြောစရာများ ရှိသည်ဟု ခံစားရသည်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရပြီး သင်၏ စိတ်နှလုံးသည် တည်ငြိမ်ကာ အေးချမ်းသည်။ ပြန်လည်စဉ်းစားကြည့်သောအခါ ယခင်က သင်သည် ဘုရားသခင်အပေါ် အလွန် ပုန်ကန်တတ်ခဲ့ပြီး သင်၏ ကိုယ်ပိုင် အလိုဆန္ဒက အလွန် ပြင်းထန်ခဲ့ကာ ဘုရားသခင်ကို သင့်အား မုန်းတီးစေခဲ့ကြောင်းကို သင် နားလည်သဘောပေါက်သည်။ ထို့နောက် သင်သည် နောင်တရပြီး အနာဂတ်တွင် ထိုသို့သောအရာများကို တစ်ဖန် ကြုံတွေ့ရသောအခါ ဘုရားသခင်ကို မည်သည့်အခါမျှ တစ်ဖန် ပုန်ကန်မည် မဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းနှင့် ပံ့ပိုးမှုမှတစ်ဆင့် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် လုံးဝ ပြောင်းလဲသွားပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် လုံးဝ အလှည့်အပြောင်းဖြစ်သွားကာ တိုးတက်လာသည်၊ သို့ဖြစ်၍ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင် အခြေအနေတွင် မရှိတော့ဘဲ အပြုသဘောဆောင်သော ဦးတည်ချက်သို့ တိုးတက်လာသည်။ သင် မြင်သလော၊ လူ့ဇာတိခံထားသော ဘုရားသခင်သည် ဤစကားများကို မပြောခဲ့ပါက သို့မဟုတ် ဤအလုပ်ကို မလုပ်ဆောင်ခဲ့ပါက သင်၏ ကိုယ်ပိုင် အလိုဆန္ဒနှင့် သင်၏ သဘာဝအရ သင်သည် ဘုရားသခင်ကို အာခံသည့် အခြေအနေတစ်ခုတွင် ထာဝရ အသက်ရှင်နေထိုင်လိမ့်မည် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ဆက်လက်၍ အကျပ်ရိုက်နေလိမ့်မည်ဖြစ်ပြီး ယင်းသည် ထိုသို့သော သံသရာလည်မှုထဲတွင် ရှိနေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ဤကဲ့သို့ ဆက်လက်၍ အကျပ်ရိုက်နေသောကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် သင့်အပေါ် သူ၏ သဘောထားကို ပြောင်းလဲမည်လော။ ယင်းမှာ မဖြစ်နိုင်ပေ။ သင်သည် ဘုရားသခင်နှင့် ဤကဲ့သို့ ဆက်လက်၍ အကျပ်ရိုက်နေပါက ဘုရားသခင်သည် သင့်ကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သင့်ကို မုန်းတီးခြင်းမှသည် သင့်ကို ပစ်ပစ်ခါခါငြင်းခြင်းသို့ ရောက်သွားလိမ့်မည်။ သူက သင့်ကို ပစ်ပစ်ခါခါငြင်းသည့် အဆင့်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေး သင့်တွင် ရှိသေးသလော။ (မရှိတော့ပါ။) သင့်တွင် အခွင့်အရေး ရှိမည် မဟုတ်ဘဲ ဘုရားသခင်သည် သင့်ကို လွှတ်ထားလိမ့်မည်။ သူက သင့်ကို လွှတ်ထားလိုက်သည်နှင့်တစ်ပြိုင်နက် ယုံကြည်သူတစ်ဦးအနေဖြင့် သင်၏ ဘဝသည် ထိုနေရာတွင်ပင် အဆုံးသတ်သွားသည်။ ငါသည် သင့်ကို ကယ်တင်လိုတော့မည် မဟုတ်သည့်အပြင် ငါသည် သင်နှင့် ထိတွေ့ဆက်ဆံရန် လိုအပ်တော့မည် မဟုတ်ပေ။ သင်သည် ငါ ကယ်တင်သော သူများ၏ အတန်းအစားထဲမှ လုံးဝ ရှင်းလင်းပစ်ခြင်း ခံရလိမ့်မည်။ ငါသည် သင့်ကို တစ်ဖန် မြင်တွေ့လိုမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ငါ စောင့်ဆိုင်းခဲ့သည့် အချိန်အတွင်းတွင် သင်သည် မည်သည့်အခါမျှ လမ်းကြောင်းမပြောင်းခဲ့သောကြောင့် ဖြစ်သည်။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အလုပ်မလုပ်ခဲ့သည့်အပြင် မည်သူကမျှ သင့်ကို လမ်းကြောင်းပြောင်းအောင် မလုပ်နိုင်ခဲ့ပေ။ ငါသည် သင့်ကို ဤမျှ အချိန်ကြာမြင့်စွာ အခွင့်အရေးများ ပေးခဲ့သည့်တိုင် သင်သည် လမ်းကြောင်းမပြောင်းခဲ့ပေ။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေများတွင် ဘုရားသခင်နှင့် လူကြား ဆက်ဆံရေးကို စေ့စပ်ညှိနှိုင်းပေးရန် မည်သူမျှ ပေါ်ထွက်မလာခဲ့ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပြတ်တောက်သွားလိမ့်မည်။ အဆုံးသတ် ရလဒ်မှာ ဘုရားသခင်က သင့်ကို ပစ်ပစ်ခါခါငြင်းလိမ့်မည် ဖြစ်ပြီး သင်သည် ဘုရားသခင်၏ မျက်နှာတော်အလင်းနှင့် ထာဝရ ကင်းကွာသွားလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်တော့မည် မဟုတ်ပေ၊ သင်သည် လုံးဝ ပျက်စီးသွားလိမ့်မည်။ သို့သော် လူ့ဇာတိခံထားသော ဘုရားသခင်၏ မျက်မှောက်တော်က ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ညှိနှိုင်းရန် သင့်ကို အခွင့်အရေးတစ်ခု ပေးသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် ပေါ်ထွန်းပြီး အလုပ်မလုပ်ခဲ့ပါက လူများနှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကြား ဆက်ဆံရေးသည် အကျပ်ရိုက်သွားသည်နှင့်တစ်ပြိုင်နက် ယင်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို ပစ်ပစ်ခါခါငြင်းခြင်းသို့ အလွယ်တကူ ဦးတည်သွားစေလိမ့်မည်။ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ချောမွေ့စေရန် အပြင်လူ သို့မဟုတ် ပြင်ပလောကထံမှ အခွင့်အရေးတစ်ခု သို့မဟုတ် သတင်းစကား တစ်မျိုးမျိုးကို ရရှိရန် လူတို့အတွက် မဖြစ်နိုင်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်သာလျှင် ဤအခန်းကဏ္ဍမှ ပါဝင်နိုင်ပြီး ဤအလုပ်ကို လုပ်ဆောင်နိုင်သည်၊ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား စေ့စပ်ညှိနှိုင်းပေးသူတစ်ဦး ဖြစ်လာသည်။ ထိုသို့သော စေ့စပ်ညှိနှိုင်းပေးခြင်းကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း ကာလအတွင်းတွင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် အခွင့်အရေးများစွာကို ပို၍ အမှုမဲ့အမှတ်မဲ့ ရရှိသည်။ ဤအခွင့်အရေးများသည် လူတို့ ကယ်တင်ခြင်း ရရှိရန်အတွက် လိုအပ်ပြီး မည်သူမျှ ယင်းတို့မပါဘဲ မလုပ်ဆောင်နိုင်ပေ။ သင်သည် လက်ရှိတွင် သမ္မာတရားကို လိုက်စားနေသည်ဖြစ်စေ သို့မဟုတ် အနာဂတ်တွင် သမ္မာတရားကို လိုက်စားမည်ဖြစ်စေ သင်သည် ကယ်တင်ခြင်း ရရှိလိုသရွေ့ ဤအခွင့်အရေးများသည် သင့်အတွက် အရေးကြီးဆုံးသော အရာများ ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဤအခန်းကဏ္ဍသည် သင့်အတွက် အလွန် အရေးကြီးပါတကား။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝသာလျှင် ထိုသို့သော အခွင့်အရေးကို မြင်တွေ့နိုင်သည်၊ ထိုသို့သော အခွင့်အရေးကို ဆုပ်ကိုင်နိုင်သည်၊ လူသားမျိုးနွယ်သည် ထိုသို့သော အခွင့်အရေးကို လိုအပ်ကြောင်း သိနိုင်ပြီး လူသားမျိုးနွယ်အတွက် ထိုသို့သော အခွင့်အရေးကို ရယူပေးနိုင်ကာ ထိုသို့ဖြင့် လူများနှင့် ဘုရားသခင်ကြား အကျပ်ရိုက်နေသော ဆက်ဆံရေး ပြဿနာကို ဖြေရှင်းပေးနိုင်သည်။ သို့သော် လူ့ဇာတိခံထားသော ဘုရားသခင်တွင် ပုံမှန် လူ့သဘာဝ မရှိဘဲ ဘုရားသဘောသဘာဝသာ ရှိခဲ့ပါက လူနှင့် ဘုရားသခင်ကြား ဆက်ဆံရေးသည် လူသားမျိုးနွယ်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကြား ဆက်ဆံရေးအဖြစ် ဆက်လက် တည်ရှိနေလိမ့်မည်။ ထိုသို့ဆိုလျှင် လူတို့အတွက် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေးကို ရရှိဖို့နှင့် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ချောမွေ့စေဖို့ အလွန် ခက်ခဲလိမ့်မည်ဟု ပြောနိုင်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်တွင် ပုံမှန် လူ့သဘာဝ ရှိသောကြောင့်လည်းကောင်း၊ ဤပုံမှန် လူ့သဘာဝသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောကြောင့်လည်းကောင်း သူသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်းမှ လူများနှင့် ဘုရားသခင်ကြား ပေါ်ပေါက်လာသော အမျိုးမျိုးသော ပဋိပက္ခများအတွက် အဓိကအချက်များ၊ အကြောင်းရင်းများနှင့် ဇာစ်မြစ်များမှာ အဘယ်အရာဖြစ်သည်ကို မြင်တွေ့နိုင်သည်။ လူများနှင့် ဘုရားသခင်ကြား မည်သည့် ပဋိပက္ခမျှ မရှိတော့စေရန်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် နောက်ထပ် အကျပ်မရိုက်တော့စေရန် ဤပဋိပက္ခများနှင့် အခြေခံ ပြဿနာများကို မည်သို့ ဖြေရှင်းရမည်ဟူသည်နှင့် ပတ်သက်၍ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်း အသက်ရှင်နေထိုင်သော လူသားဖြစ်သည့် လူ့ဇာတိခံထားသော ဘုရားသခင်သာလျှင် ဤအရာကို မြင်တွေ့နိုင်သည်၊ ဤပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်ပြီး ဤအလုပ်ကို လုပ်ဆောင်နိုင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်ကို ပုန်ကန်သည့် လုပ်ငန်းစဉ်နှင့် ကယ်တင်ခြင်း ရရှိသည့် လုပ်ငန်းစဉ်တွင် လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်မှု၊ ဘုရားသခင်ကို ၎င်းတို့၏ အာခံမှုနှင့် ဘုရားသခင်ကို ၎င်းတို့၏ ဆန့်ကျင်မှုတို့ကို အစဉ်မပြတ် ဖြေရှင်းနိုင်သည်၊ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်ကို ပုန်ကန်မှု၊ ဆန့်ကျင်မှုနှင့် အာခံမှုတို့၏ ဤပြဿနာများကို သင် ဖြေရှင်းသည့်အခါ ဘုရားသခင်သည် သင့်ကို အဆက်မပြတ် ခွင့်လွှတ်သည်၊ သင့်ကို လက်ခံပြီး သင့်ကို အသိအမှတ်ပြုမှု ပေးသည်။ သင်သည် ပုန်ကန်မှု၊ ဆန့်ကျင်မှုနှင့် အာခံမှုတို့မှသည် သင်၏ အပြစ်များကို အစဉ်မပြတ် ဝန်ခံခြင်းနှင့် နောင်တရခြင်းသို့ ရောက်သွားပြီး ထို့နောက် သမ္မာတရားကို လက်ခံရန် လိုလားစိတ် ရှိလာကာ ရိုးသားစစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိပြီး ဘုရားသခင်ကို နောက်ထပ် မပုန်ကန်တော့ပေ။ ဤလုပ်ငန်းစဉ်တွင် သင်သည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံရပြီး ထို့နောက် သမ္မာတရားကို ရရှိကာ ဘုရားသခင်၏ ရှေ့မှောက်သို့ တဖြည်းဖြည်း လာသည်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို တဖြည်းဖြည်း တိုးတက်စေပြီး ဘုရားသခင်၏ လက်ခံခြင်းကို တဖြည်းဖြည်း ခံရသည်။ သင် မြင်သလော၊ ဤနေရာတွင် နောက်ဆုံး၌ အကျိုးခံစားရသူမှာ မည်သူနည်း။ (လူတို့ ဖြစ်ပါသည်။) လူတို့သည် အလွန်များစွာ အကျိုးခံစားရသည်။ ဤလုပ်ငန်းစဉ်က အသက်ရှင်နေထိုင်ခြင်း၏ မျှော်လင့်ချက်နှင့် ရှင်သန်ခြင်း၏ မျှော်လင့်ချက်ကို သင့်အား မြင်တွေ့စေသည်။ သို့သော် လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏ အလုပ်ကို မလုပ်ဆောင်မီတွင် လူတို့၌ ဘုရားသခင်နှင့် ပတ်သက်၍ များစွာသော အယူအဆများနှင့် စိတ်ကူးများ ရှိခဲ့သည့်အပြင် အမျိုးမျိုးသော ပုန်ကန်မှုများလည်း ရှိခဲ့သည်၊ လူနှင့် ဘုရားသခင်ကြား ဆက်ဆံရေးတွင် ပြဿနာများစွာ ရှိခဲ့သည်။ လူ့ဇာတိခံထားသော ဘုရားသခင်က အလုပ်လုပ်ပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့သည့် ကာလအတွင်းတွင် လူသားမျိုးနွယ်၏ ဤပြဿနာများသည် တဖြည်းဖြည်း ဖြေရှင်းခြင်း ခံခဲ့ရသည်။ ဘုရားသခင်အပေါ် လူတို့၏ အမြင်များ၊ သဘောထားများ၊ ရပ်တည်ချက်များနှင့် အမြင်ရှုထောင့်များသည် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ယင်းတို့ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ ဘုရားသခင်အပေါ် လူတို့၏ သဘောထားများသည်လည်း ပြောင်းလဲလာခဲ့သည်။ လူတို့ ပြောင်းလဲသောအခါမှသာ ဘုရားသခင်သည် ၎င်းတို့ကို တဖြည်းဖြည်း အသိအမှတ်ပြုမှု ပေးလိမ့်မည်၊ ၎င်းတို့ကို တဖြည်းဖြည်း လက်ခံပြီး နှစ်သက်လိမ့်မည်ဖြစ်ကာ ၎င်းတို့အပေါ် သူ၏ မုန်းတီးခြင်း၊ ရွံရှာခြင်း၊ ပစ်ပယ်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို တဖြည်းဖြည်း ဖယ်ရှားပေးလိမ့်မည်။ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက ဤနှစ်များတစ်လျှောက် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းတွင် သင်သည် ခွန်အား မည်မျှပင် အသုံးခံခဲ့သည်ဖြစ်စေ၊ အဖိုးအခ မည်မျှပင် ပေးဆပ်ခဲ့သည်ဖြစ်စေ ဤအကျိုးကျေးဇူးများကို သင် ရရှိနိုင်ခဲ့မည်လော။ (မရရှိနိုင်ပါ။) လူ့ဇာတိခံထားသော ဘုရားသခင် မရှိပါက လူများနှင့် ဘုရားသခင်ကြား ဆက်ဆံရေးသည် မည်သည့်အခါမျှ တိုးတက်လာမည် မဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်၍ အရေးကြီးဆုံးသော အချက်မှာ သူ့ထံတွင် ပုံမှန် လူ့သဘာဝ ရှိပြီး ပုံမှန် လူ့သဘာဝအတွင်း အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ပုံမှန် လူ့သဘာဝအတွင်း အသက်ရှင်နေထိုင်ခြင်း၊ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းနှင့် မှန်ကန်စွာ တွေးခေါ်နိုင်ခြင်း၊ အကဲဖြတ်နိုင်ခြင်းနှင့် ဆုံးဖြတ်ချက်များ ချနိုင်ခြင်းအပြင် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့ကို နားလည်ပြီး သိရှိနိုင်ခြင်းအားဖြင့်သာ သူသည် လူတို့ လိုအပ်သော အမျိုးမျိုးသော သမ္မာတရားများကို ပုံမှန်အားဖြင့် တစ်စစီ ပံ့ပိုးပေးနိုင်သည်၊ သို့မှသာ လူတို့သည် ဘုရားသခင်၏ လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းကို တဖြည်းဖြည်း ခံရနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူတို့သည် ၎င်းတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ရုန်းထွက်နိုင်သည်၊ ဘုရားသခင်ကို နောက်ထပ် မပုန်ကန်တော့ဘဲ ဘုရားသခင်ကို အာခံရန် စာတန်၏ ချည်နှောင်မှုအောက်တွင် နောက်ထပ် အသက်မရှင်တော့ပေ၊ ထိုအစား ဘုရားသခင်က သမ္မာတရားကို ဖော်ပြသည့် လုပ်ငန်းစဉ်တွင်၊ ဆိုလိုသည်မှာ ဘုရားသခင်က သူ၏ အလုပ်ကို လုပ်ဆောင်သည့် လုပ်ငန်းစဉ်တွင် ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်းတို့ တဖြည်းဖြည်း ရှိလာကြသည်။ သို့ဖြစ်၍ သင် မည်သို့ပင် ရှုမြင်သည်ဖြစ်စေ လူသားမျိုးနွယ်အတွက် လူ့ဇာတိခံထားသော ဘုရားသခင်၏ အရေးပါမှုသည် ရိုးရှင်းစွာပင် အလွန် ကြီးမားလှပေသည်။
လူ့ဇာတိခံထားသော ဘုရားသခင်၏ အဓိက ကိုယ်စားပြုမှုမှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝ ဖြစ်ပြီး ဤပုံမှန် လူ့သဘာဝသည် မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝနှင့် ပတ်သက်၍ မည်သည့်အခါမျှ စွန့်လွှတ်၍မရနိုင်သော အယူအဆများစွာ ရှိနေပြီး လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် သင် မကြာခဏ နှိုင်းယှဉ်ပါက သင်သည် လူ့သဘာဝ လုံးဝ ကင်းမဲ့သည်ဟု ငါ ပြောသည်။ ဘုရားသခင်၏ ဤပုံမှန် လူ့သဘာဝထံမှ သင်သည် များစွာ ရရှိခဲ့သည်တိုင် သမ္မာတရား၏ ဤအမျိုးမျိုးသော ကဏ္ဍများကို မည်သို့ ရရှိခဲ့သည်ကိုပင် သင် မသိပေ။ သင်သည် မျက်ကန်းဖြစ်နေသည် မဟုတ်လော။ သင်သည် အသိစိတ် ကင်းမဲ့နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အသိစိတ် ကင်းမဲ့ပြီး အမှုအရာများ မည်သို့ အလုပ်လုပ်သည်ကို မသိပေ။ အချို့လူများက “ဘုရားသခင်သည် စကားပြောရန်နှင့် အလုပ်လုပ်ရန် လူ့ဇာတိမခံယူခဲ့ပါက ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို လွန်ခဲ့သောအချိန်ကတည်းက ရရှိခဲ့ပြီးဖြစ်မည်ဖြစ်ကာ ဘုရားသခင်၏ ရှေ့မှောက်သို့ လွန်ခဲ့သောအချိန်ကတည်းက ခေါ်ဆောင်ခြင်းခံရပြီး ဖြစ်လိမ့်မည်” ဟု ပြောဆိုကြသည်။ ဤသည်တို့ကို ပြောဆိုခြင်းသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ မဟုတ်လော။ ထိုသို့သောအရာများကို ပြောဆိုခြင်းသည် အလွန်အမင်း ယုတ္တိမတန်လွန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤနှစ်များတစ်လျှောက် လူ့ဇာတိခံထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ် မရှိပါက သင်တို့သည် ယနေ့တိုင် အသက်ရှင်နေဦးမည်လော။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပြီးနောက်လည်းကောင်း၊ သူက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို နှစ်ပေါင်းများစွာ နားထောင်ပြီးနောက်တွင်လည်းကောင်း “လူ့ဇာတိခံထားသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်သည် ငါ့အတွက် အလွန် ကြီးမားသော အကျိုးကျေးဇူး ဖြစ်သည်၊ ငါသည် အမှန်တကယ် အတိုင်းမသိ အကျိုးခံစားရသည်” ဟု သင်သည် နက်ရှိုင်းစွာ ခံစားရပြီး တန်ဖိုးထားနားလည်ပါက၊ ဤအရာကို သင် အမှန်တကယ် တန်ဖိုးထားနားလည်နိုင်ပါက ဤသည်က အဘယ်အရာကို ပြသသနည်း။ ယင်းက သင့်တွင် အသိစိတ် ရှိကြောင်းနှင့် သင်၏ တန်ဖိုးထားနားလည်မှုသည် မှန်ကန်ကြောင်းကို ပြသသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသော လူများသည် ယခုအချိန်အထိ ဤအရာကို တန်ဖိုးထားနားလည်နိုင်ခြင်း မရှိသေးပေ၊ ယင်းမှာ အန္တရာယ်များသည်။ ၎င်းတို့သည် ယခုအချိန်အထိ ယင်းကို တန်ဖိုးထားနားလည်ခြင်း မရှိသေးပါက နောက်ထပ် အနှစ်နှစ်ဆယ်ကြာလျှင် ၎င်းတို့သည် ယင်းကို တန်ဖိုးထားနားလည်နိုင်ကြမည်လော။ သေချာပေါက် တန်ဖိုးထားနားလည်နိုင်မည် မဟုတ်ပေ။ ဤကဲ့သို့သော သူသည် အသိစိတ် ကင်းမဲ့ကြောင်း သိသာထင်ရှားသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်သည် လူတို့အတွက် ကယ်တင်ခြင်းသာ ဖြစ်ကြောင်းကို ၎င်းတို့ တန်ဖိုးထားနားလည်နိုင်ခြင်း မရှိသည်သာမက ၎င်းတို့က “ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခြင်းမှ ကျွန်ုပ် မည်သည့်အရာ ရရှိခဲ့သနည်း” ဟုလည်း ပြောဆိုကြလိမ့်မည်။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်၊ ယင်းတို့ကို သင် မရရှိခဲ့သလော။ သမ္မာတရားသည် အဖိုးတန်ဆုံးသော အရာဖြစ်သည်ဟု သင် မခံစားရသလော။ သမ္မာတရားသည် အဖိုးတန်ဆုံးသော အရာဖြစ်သည်ဟု သင် မခံစားရပါက သင်သည် စစ်မှန်သော ယုံကြည်သူတစ်ဦး မဟုတ်ပေ၊ သင်သည် ကပ်ပါးရပ်ပါးတစ်ဦးသာ ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မခံစားရပါက သင့်တွင် အသိစိတ် မရှိပေ။ အသိစိတ် မရှိသော သူတစ်ဦးသည် လူသားတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) အသိစိတ် မရှိသော သူတစ်ဦးသည် လူသားတစ်ဦး မဟုတ်ပေ။ သင် မြင်သလော၊ တိရစ္ဆာန်တစ်ကောင်သည် နှစ်ပေါင်း မည်မျှပင် အသက်ရှင်နေထိုင်ပါစေ ဖန်ဆင်းရှင် တည်ရှိကြောင်းကို ယင်းက မည်သည့်အခါမျှ သိမည် မဟုတ်ပေ၊ ပြီးလျှင် နတ်ဆိုးတစ်ကောင်သည် နှစ်ပေါင်း သောင်းချီ သို့မဟုတ် သန်းရာချီ၍ မည်မျှပင် အသက်ရှင်နေထိုင်ပါစေ ဘုရားသခင် တည်ရှိကြောင်းကို ယင်းက မည်သည့်အခါမျှ အသိအမှတ်ပြုမည် မဟုတ်ပေ။ ဘုရားသခင် တည်ရှိကြောင်းကို မသိခြင်းအတွက် တိရစ္ဆာန်များသည် ပြစ်တင်ရှုတ်ချခြင်း ခံရမည်လော။ (မခံရပါ။) ခွေးများသည် ဆယ်နှစ်ခန့် အသက်ရှင်ကြသည်၊ မြင်းများသည် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ် အသက်ရှင်ကြပြီး ဆင်များသည် အနှစ်တစ်ရာကျော်ပင် အသက်ရှင်ကောင်း အသက်ရှင်နိုင်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို မသိကြသည့်တိုင် ၎င်းတို့၏ အမျိုးအစားသတ်မှတ်ချက်မှာ တိရစ္ဆာန်များ ဖြစ်သောကြောင့် ဤအရာအတွက် ယင်းတို့ထဲမှ မည်သည့်အရာမျှ ပြစ်တင်ရှုတ်ချခြင်း မခံရပေ။ ဘုရားသခင်သည် ၎င်းတို့အပေါ် တောင်းဆိုချက်များ မရှိသည့်အပြင် သူသည် ၎င်းတို့ကို ကယ်တင်ခြင်းလည်း မရှိပေ။ လူသားများမှာမူ ကွဲပြားသည်။ ဘုရားသခင်သည် လူတို့အပေါ် မျှော်လင့်ချက်များ ရှိပြီး ၎င်းတို့အပေါ် သူ၏ မျှော်လင့်ချက်များကို ထားရှိသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ အလုပ်ကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးနောက်တွင် သင်သည် ဤအရာကို တန်ဖိုးထားနားလည်နိုင်သင့်သည်၊ မှန်သလော။ သို့ဆိုလျှင် လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို မည်သို့ ဆက်ဆံသင့်သနည်း။ ယင်းအားလုံးက ယခင်က ငါပြောခဲ့သည့်အရာဆီသို့ ပြန်သွားသည်၊ လူ့ဇာတိခံထားသော ဘုရားသခင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများ သို့မဟုတ် သင် အလိုရှိသောအရာနှင့် မကိုက်ညီဟု မည်မျှပင် ထင်ရပါစေ၊ သူသည် သင့်လောက် အရပ်မရှည်ခြင်း၊ သင့်လောက် ရုပ်ရည်မချောမောခြင်း၊ သင့်လောက် အသိပညာနှင့် ပညာရေး မရှိခြင်း၊ ပြီးလျှင် သင့်လောက် မြင့်မားသော လူမှုရေး အဆင့်အတန်း မရှိခြင်းတို့ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဤနှစ်များတစ်လျှောက် သူ မိတ်သဟာယဖွဲ့ခဲ့သည့် သမ္မာတရားများက သင့်ကို ကြီးမားသော ရိတ်သိမ်းမှုတစ်ခု ရရှိစေခဲ့ပြီး သမ္မာတရားကို ရရှိစေခဲ့ကြောင်း သင် တန်ဖိုးထားနားလည်နိုင်ပါက သူသည် ဘုရားသခင် ဖြစ်ကြောင်းနှင့် သူ့ထံတွင် ဘုရားသခင်၏ ပင်ကိုလက္ခဏာ ရှိကြောင်း အမှန်တရားကို သင် လက်ခံသင့်သည်။ သင့်ထံတွင် ဆင်ခြင်တုံတရား အမှန်တကယ် ရှိပါက သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အစဉ်သဖြင့် မနှိုင်းယှဉ်သင့်ပေ။ သူတို့ကို ထိုကဲ့သို့ နှိုင်းယှဉ်ခြင်းတွင် မည်သည့် အကျိုးရှိသနည်း။ သူတို့ကို ဤကဲ့သို့ အစဉ်သဖြင့် နှိုင်းယှဉ်၍ သင်သည် မိမိကိုယ်ကို အခက်ကြုံအောင် လုပ်နေခြင်းသာ ဖြစ်လိမ့်မည်၊ ထို့အပြင် ဘုရားသခင်သည် သင့်ကို ရွံရှာလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ပေ။ သူတို့ကို ဤကဲ့သို့ အစဉ်သဖြင့် နှိုင်းယှဉ်ခြင်းက သင် သမ္မာတရား ရရှိခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်းအပေါ် ထိခိုက်စေလိမ့်မည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများက သင့်ကို ကယ်တင်ခြင်း ရရှိစေနိုင်သောကြောင့် သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နောက်ထပ် မနှိုင်းယှဉ်သင့်တော့ဘဲ လူ့ဇာတိခံထားသော ဘုရားသခင်ကို သင် လက်ခံသင့်သည်၊ သူ့ကို ယခု လက်ခံရန် နောက်မကျသေးပေ။ အချို့လူများက “သို့ဆိုလျှင် လက်ခံခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ကျွန်ုပ်သည် ကိုယ်တော်၏ တရားဒေသနာများကို တစ်လျှောက်လုံး နားထောင်နေခဲ့သည် မဟုတ်လော။ ယင်းမှာ လက်ခံခြင်း မဟုတ်လော” ဟု ပြောဆိုကြသည်။ တရားဒေသနာများကို နားထောင်ခြင်းသည် လက်ခံခြင်းနှင့် မညီမျှပေ။ သို့ဆိုလျှင် လက်ခံခြင်းဟူသည်မှာ အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ ဤအရာကို သင်တို့ဘာသာ စဉ်းစားသုံးသပ်ကြလော့၊ သူ့ကို လက်မခံခြင်း၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သည်ကိုလည်းကောင်း၊ သူ့ကို လက်ခံခြင်း၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သည်ကိုလည်းကောင်း စဉ်းစားသုံးသပ်ကြလော့။ ယင်းကို စဉ်းစားသုံးသပ်ပြီး သင်တို့အချင်းချင်း ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြလော့။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်လိုက်ပါသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်