သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၄)

ပြီးခဲ့သည့်အကြိမ်က ငါတို့သည် “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” မှ “လက်လွှတ်ခြင်း” ဟူသည့် ပို၍ကြီးမားသော အကြောင်းအရာအောက်တွင် အကျုံးဝင်သော မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအကြောင်းအရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်။ မည်သည့် ကဏ္ဍများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ (ပြီးခဲ့သည့်အကြိမ်က ဘုရားသခင်သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးအချို့ကို အဓိကထား၍ မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့ကာ ကျွန်ုပ်တို့အတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းနှစ်ခုကိုလည်း မိတ်သဟာယဖွဲ့ခဲ့ပါသည်။ တစ်ခုမှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ရန်ဖြစ်ပြီး အခြားတစ်ခုမှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားများနှင့် တန်းတူမထားရန် ဖြစ်ပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန် လူတို့ လက်တွေ့လုပ်ဆောင်ရမည့်အရာမှာ ပြီးခဲ့သည့် မိတ်သဟာယတွင် ဖော်ပြခဲ့သော ဤစည်းမျဉ်းနှစ်ခု ဖြစ်သည်။ ပထမတစ်ခုမှာ အဘယ်အရာ ဖြစ်သနည်း။ (လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ရန် ဖြစ်ပါသည်။) ပြီးလျှင် ဒုတိယတစ်ခုမှာ အဘယ်အရာ ဖြစ်သနည်း။ (လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားများနှင့် တန်းတူမထားရန် ဖြစ်ပါသည်။) အဓိကအားဖြင့် ဤနှစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ရန်ဟူသည့် ပထမစည်းမျဉ်းနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့ခဲ့ပြီး လူတို့ မြင်တွေ့နိုင်ကာ ၎င်းတို့ နားမလည်သေးသည့် လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်တာနှင့်ဆိုင်သော အကြောင်းအရာများကို အကျဉ်းချုပ် မိတ်ဆက်ပေးခဲ့သည်။ ယနေ့တွင် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ဆိုင်သည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါ ဆက်လက် မိတ်သဟာယဖွဲ့မည်။ ငါ မိတ်သဟာယဖွဲ့လေလေ လူတို့ ပို၍ နားလည်လေလေ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့၏ နားလည်မှုက ပို၍ စေ့စပ်သေချာလေလေ ဖြစ်လိမ့်မည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝ သို့မဟုတ် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့၏ အရေးပါမှုနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့လေလေ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ပို၍ နားလည်လေလေ ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုက ပို၍ လက်တွေ့ကျလေလေ ဖြစ်လိမ့်မည်။ ၎င်းတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ လက်တွေ့ကျသောဘက် သို့မဟုတ် လူတို့ မြင်တွေ့နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်သည့် သူ၏ ကဏ္ဍများနှင့်ပတ်သက်၍ ပို၍ နားလည်နိုင်ကြလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ အသိက ပို၍ တိကျပြီး လက်တွေ့ကျလိမ့်မည်။ ဤနည်းအားဖြင့် လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်သည့် လက်တွေ့အရှိတရားနှင့် မကိုက်ညီသော ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးအချို့ကို လက်လွှတ်ကြလိမ့်မည်။ လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်လေလေ၊ လူ့ဇာတိခံထားသော ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် ပုံမှန်ဖြစ်မှုတို့ကို ၎င်းတို့ သိရှိပြီး သဘောပေါက်လေလေ၊ လူများနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ပို၍ ပုံမှန်ဖြစ်လာလေလေ ဖြစ်လိမ့်မည်။ လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မနှိုင်းယှဉ်ခြင်းနှင့်ပတ်သက်သည့် အချက်တစ်ချက်မှာ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် ပုံမှန်ဖြစ်မှုတို့နှင့်ပတ်သက်သည့် နားလည်မှုတစ်ခု ရှိရမည်ဟူ၍ ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် ပုံမှန်ဖြစ်မှုတို့ကို သင် နားလည်လေလေ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သင် ပို၍ နားလည်လေလေဖြစ်မည်ဖြစ်ပြီး သင်၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သင် တိုင်းတာမည် မဟုတ်ပေ။ သေချာပေါက်ပင် ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်မှကြည့်လျှင် အခြားအရာတစ်ခုလည်း ဖြစ်ပျက်လိမ့်မည်။ သင်သည် ဘုရားသခင်အပေါ် မှန်ကန်သော သဘောထား ရှိလိမ့်မည်၊ လူ့ဇာတိခံထားသော ဘုရားသခင်က သူ၏ လူ့သဘာဝတွင် ထုတ်ဖော်သည့် အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်၍ ဓမ္မဓိဋ္ဌာန်ကျသော အမြင်တစ်ခု သင်၌ ရှိလိမ့်မည်ဖြစ်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုလည်း သင် ပို၍ တိတိကျကျနှင့် လက်တွေ့ကျကျ သိရှိလိမ့်မည်။ ဤသည်က လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်၍ လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အယူအဆများနှင့် စိတ်ကူးများ သင့်တွင် အစဉ်သဖြင့် ရှိနေခြင်းမှ တားဆီးပေးပြီး လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အစဉ်သဖြင့် နှိုင်းယှဉ်ခြင်းမှလည်း သင့်ကို တားဆီးပေးသည်။ ဘုရားသခင် လူ့ဇာတိခံထားသည့် ဇာတိပကတိဖြစ်သော ခရစ်တော်အကြောင်း ဆွေးနွေးသည့်အခါ မကြာခဏ ထုတ်ပြောလေ့ရှိသည့် အကြောင်းအရာတစ်ခု ရှိပြီး ယင်းမှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့ ဖြစ်သည်။ လူတို့သည် သူ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအကြောင်းကို မကြာခဏ ပြောဆိုကြပြီး သူ၏ နှိမ့်ချမှုနှင့် ဖုံးကွယ်မှုအကြောင်းကိုလည်း မကြာခဏ ပြောဆိုကြသည်။ သို့ရာတွင် ဤနေရာ၌ ပါဝင်ပတ်သက်နေသော လက်တွေ့ကျသည့် ပြဿနာများနှင့်ပတ်သက်လာလျှင် လူအားလုံးသည် ရှင်းလင်းမှု ကင်းမဲ့ကြသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုဟူသည်မှာ အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ သူ၏ နှိမ့်ချမှုနှင့် ဖုံးကွယ်မှုဟူသည်မှာ အဘယ်အရာ ဖြစ်သနည်း။ ဆိုလိုသည်မှာ လူတို့၏ စိတ်နှလုံးထဲတွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှု၊ လက်တွေ့ကျမှု၊ နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့မှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ဟူသည်နှင့် ဤအရာများကို မည်သို့ နားလည်ပြီး သိရှိရမည်ဟူသည်တို့နှင့် ပတ်သက်လာလျှင် လူတို့သည် ဤကဏ္ဍနှင့်ဆိုင်သော သမ္မာတရား သို့မဟုတ် အနှစ်သာရအပေါ် ရှင်းလင်းမှုမရှိကြဘဲ ယင်းတို့ကို သဘောတရားတစ်မျိုး သို့မဟုတ် ဝိညာဉ်ရေးရာ ဝေါဟာရတစ်ခုကဲ့သို့သာ ဟောပြောကြသည်။ သို့ဖြစ်၍ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့နှင့်ဆိုင်သော ဤအကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ်ကျပြီး စနစ်တကျရှိသော နည်းလမ်းဖြင့် ငါတို့ မိတ်သဟာယဖွဲ့ရန် ကြီးမားသော လိုအပ်ချက်တစ်ခု ရှိသည်။ ထိုသို့သော မိတ်သဟာယမှတစ်ဆင့် အထူး ပင်ကိုလက္ခဏာတစ်ခုကို ပိုင်ဆိုင်ထားသည့် ဤလူသားဖြစ်သော လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့၏ အသက်ရှင် နေထိုင်မှုတွင် အဘယ်အရာ ပါဝင်ဖွဲ့စည်းထားသည်ကို လူတို့ ရှင်းလင်းလာကြလိမ့်မည်။

သင်တို့၏ စာသားအတိုင်း သဘောပေါက်နားလည်မှုအရ သို့မဟုတ် သင်တို့၏ အယူအဆများနှင့် စိတ်ကူးများ ရှိသလောက် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့နှင့်ပတ်သက်၍ သင်တို့ အဘယ်အရာကို သဘောပေါက်နိုင်ကြသနည်း။ လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ထိတွေ့ခြင်း၊ ဆက်ဆံခြင်း သို့မဟုတ် စကားပြောခြင်းတို့ ပြုလုပ်ခဲ့သည့် ဤနှစ်များတစ်လျှောက်တွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့နှင့်စပ်လျဉ်း၍ သင်တို့ အတိအကျအားဖြင့် အဘယ်အရာကို ခံစားခဲ့ရပြီး သိရှိလာခဲ့ကြသနည်း။ ယခင်က မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာအများစုမှာ ဖောက်ပြန်ပျက်စီးသော လူသားများ၏ ပြဿနာများအကြောင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဘုရားသခင်ကို အစေခံခြင်းနှင့် တာဝန်များ ထမ်းဆောင်ခြင်းအပြင် လူ့သဘာဝ၊ အစွမ်းအစ၊ လူတို့၏ အယူအဆများနှင့် စိတ်ကူးများ၊ ဘုရားသခင်အပေါ် သဘောထားများနှင့် အမြင်ရှုထောင့်များ ပါဝင်ပတ်သက်နေသည့် သင်တို့၌ရှိသော အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဤအရာများအားလုံးအကြောင်းကို ငါတို့ ပြောဆိုခဲ့ကြသည်။ ငါသည် သမ္မာတရားကို တရားဟောပြီး တရားဒေသနာများကို နှစ်ပေါင်းများစွာ ဟောပြောခဲ့ကာ ယင်းတို့အားလုံးမှာ သင်တို့၏ ပြဿနာများအကြောင်း ဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင် ငါတို့သည် နောက်ဆုံး၌ သင်တို့၏ ပြဿနာများအကြောင်းကို ပြောဆိုနေခြင်းမဟုတ်ဘဲ ထိုအစား လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်နေသည့် အရာအချို့အကြောင်းကို ပြောဆိုနေခြင်းဖြစ်ကာ ငါတို့ကို အမှုအရာများအား မတူညီသော ရှုထောင့်တစ်ခုမှ ကြည့်ရှုစေသည်။ ဤအကြောင်းအရာသည် အတော်အတန် စိတ်အပန်းပြေစေသည်၊ မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ လုံးဝမရှိဘဲ ထိုမျှလောက် အနေရမခက်ဟု သင်တို့ မမြင်ကြသလော။ (မြင်ပါသည်။) သို့ဆိုလျှင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု သို့မဟုတ် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့နှင့် ပတ်သက်လာလျှင် သင်တို့ မြင်တွေ့နိုင်သော၊ တန်ဖိုးထားသိမြင်နိုင်သော သို့မဟုတ် နားလည်နိုင်သော အရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်တို့သည် သဘောတရားများ သို့မဟုတ် အမှန်တရားများအကြောင်း ပြောဆိုနိုင်သည်၊ မည်သည့်အရာမဆို အဆင်ပြေသည်။ သင်တို့သည် တုံ့ပြန်မှုတစ်ခု မပေးနိုင်ကြပေ။ ထိုသို့ဆိုလျှင် သင်တို့၏ စိတ်ထဲတွင် ဘုရားသခင် လူ့ဇာတိခထားသည့် ဇာတိပကတိနှင့်ပတ်သက်၍ ပုံမှန်အားဖြင့် မည်သည့် အတွေးများမျှ မရှိကြသလော။ မည်သည့် သိမြင်မှုမျှ လုံးလုံး မရှိသလော။ ပြီးလျှင် မည်သည့် ခံစားချက်မျှ မရှိသလော။ သင်တို့တွင် တစ်ခုခုတော့ ရှိရမည် မဟုတ်လော။ တစ်ခါတစ်ရံတွင် ယင်းက ခဏတာ အတွေးတစ်ခု ဖြစ်နိုင်သည်၊ တစ်ခါတစ်ရံတွင် ယင်းက သင်တို့ အနည်းငယ် စဉ်းစားမိသည့် အရာတစ်ခု ဖြစ်နိုင်ပြီး တစ်ခါတစ်ရံတွင် ယင်းက သင်တို့၏ စိတ်နှလုံးထဲတွင် ရှိသော နက်ရှိုင်းသည့် အထင်အမြင်အချို့ ဖြစ်နိုင်သည်။ ယင်းက ခဏတာ အတွေးတစ်ခုဖြစ်ပါက သင် မှတ်မိမည်မဟုတ်ပေ။ သို့မဟုတ် တစ်ခါတစ်ရံတွင် သင်၏ မသိစိတ်ထဲ၌ အတွေးတစ်ခုခု သို့မဟုတ် အမြင်ရှုထောင့်တစ်ခုခု ပေါ်လာတတ်ပြီး ထိုအရာကိုလည်း သင် မှတ်မိချင်မှ မှတ်မိပေမည်။ သို့သော် တစ်ခါတစ်ရံတွင် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်၍ သင့်တွင် အထင်အမြင်တစ်ခုခု ရှိပြီး ဤအထင်အမြင်က သင့်ကို အမြင်ရှုထောင့်တစ်ခု ဖြစ်ပေါ်လာစေသည်။ ဤအထင်အမြင်သည် သင်၏ စိတ်ထဲတွင် အချိန်ကြာမြင့်စွာ တည်ရှိနေလိမ့်မည်။ သင်သည် ယင်းကို သေချာပေါက် မှတ်မိနိုင်လိမ့်မည်။ သင်၏ စိတ်သည် ဗလာဖြစ်မနေသင့်ပေ၊ မှန်သလော။ သို့ဖြစ်၍ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု သို့မဟုတ် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့နှင့်ပတ်သက်သည့် သင်တို့၏ နားလည်မှုအကြောင်း ပြောဆိုကြလော့။ (ဘုရားသခင်၊ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့နှင့် ပတ်သက်သည့် ကျွန်ုပ်၏ နားလည်မှုမှာ ကိုယ်တော့်တွင်လည်း ဇာတိပကတိ၏ ပုံမှန် လိုအပ်ချက်များ ရှိသည်ဟူ၍ ဖြစ်ပါသည်။ ဥပမာအားဖြင့် ခရစ်တော်သည် အချိန်ကြာမြင့်စွာ စကားပြောသည့်အခါ ကိုယ်တော်သည် ရေဆာလာမည်ဖြစ်ပြီး ရေသောက်ရန် လိုအပ်ပါမည်။ ကိုယ်တော်သည် စုဝေးပွဲများတွင် ကျွန်ုပ်တို့နှင့် သုံးလေးနာရီကြာ မိတ်သဟာယဖွဲ့သည့်အခါ ကိုယ်တော်သည်လည်း ပင်ပန်းလာမည်ဖြစ်ပြီး အနားယူရန် လိုအပ်ပါမည်။ ကိုယ်တော်သည်လည်း အချိန်ကြာမြင့်စွာ လမ်းလျှောက်သည့်အခါ ခေတ္တနားရန် လိုအပ်ပါမည်။ ဆိုလိုသည်မှာ အပြင်ပန်းအားဖြင့် ခရစ်တော်သည် ပုံမှန်လူတစ်ဦးနှင့် တူညီပြီး ကိုယ်တော့်ထံတွင် ပုံမှန် လူ့သဘာဝ၏ ခံစားချက်များ အပြည့်အဝ ရှိပါသည်။ ကိုယ်တော်သည် ဝမ်းမြောက်ဖွယ်ရာများကို ကြားရသည့်အခါ ပျော်ရွှင်မှုကို ခံစားရပြီး စိတ်မချမ်းမြေ့ဖွယ်ရာများကို ကြားရသည့်အခါ ဝမ်းနည်းမှုကို ခံစားရပါသည်။ ဤအရာများသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့၏ သရုပ်သကန်များလည်း ဖြစ်ပါသည်။) သင်သည် အဖြစ်မှန်အချို့ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ဤအရာများသည် သင်တို့ မြင်တွေ့ခဲ့ရသောအရာများဖြစ်ပြီး သင်တို့ ထိတွေ့ဆက်ဆံနိုင်ကာ ခံစားနိုင်သောအရာများလည်း ဖြစ်သည်။ အခြားအရာ ရှိသေးသလော။ (ဘုရားသခင်၊ အချက်တစ်ချက်ကို ကျွန်ုပ် ဖြည့်စွက်ပါမည်၊ ကိုယ်တော်သည်လည်း အတတ်ပညာဆိုင်ရာ အလုပ်အချို့ကို ညွှန်ကြားတော့မည့်အခါ အထူးပြု အသိပညာအချို့ကို သင်ယူပြီး နားလည်ရသည်ဟု ယခင်က ကျွန်ုပ် ကြားဖူးပါသည်။) ဤသည်မှာ သင်တို့အားလုံး ကြားဖူးသည့်အရာ ဖြစ်သလော။ ငါသည် အတတ်ပညာဆိုင်ရာ အလုပ်အချို့ကို ညွှန်ကြားသည့်အခါ ငါသည်လည်း ယင်းနှင့်ပတ်သက်၍ လက်တွေ့ကျသော နည်းလမ်းဖြင့် သွားရောက်သင်ယူရပြီး ဆီလျော်သော အတတ်ပညာဆိုင်ရာ အသိပညာအချို့ကို နားလည်ကာ ကျွမ်းကျင်ရမည်ဟူသည်မှာ လူအများစု ရရှိထားသော သတင်းအချက်အလက် ဖြစ်သလော။ ဤသည်မှာ သင်တို့အားလုံး ထင်သည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။ ဥပမာအားဖြင့် ကိုယ်တော်သည် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့၏ အလုပ်ကို ညွှန်ကြားသည့်အခါ အခြေအနေကို နားလည်သဘောပေါက်ရန် ရုပ်ရှင်များနှင့် တီဗီအစီအစဉ်အချို့ကို တစ်ခါတစ်ရံ ကြည့်ရုံမျှသာဖြစ်ပါသည်။ ကိုယ်တော်သည် ယင်းနှင့်ပတ်သက်၍ သင်ယူရန် သို့မဟုတ် သုတေသနပြုရန် အချိန်ကို သီးသန့် ဖယ်ချန်ထားခြင်း မရှိပါ။) အဖြစ်မှန်ကို ရှင်းလင်းစွာ ပြောပြရန် လိုအပ်သည်။ အရင်းအမြစ်များကို ရှာဖွေရန် သို့မဟုတ် မည်သည့် အတတ်ပညာဆိုင်ရာ အသိပညာမျိုးကိုမဆို သင်ယူရန် ငါ့တွင် ခွန်အား အမှန်တကယ် မရှိပေ။ ငါသည် ရုပ်ရှင်အချို့ကို ကြည့်ဖူးသောကြောင့် ယင်းတို့ ယေဘုယျအားဖြင့် မည်သို့ရှိသင့်သည်နှင့်ပတ်သက်၍ ထင်မြင်ချက် အနည်းငယ် ရှိရုံမျှသာ ဖြစ်သည်။ ထို့အပြင် ညီအစ်ကိုမောင်နှမများ ပေးအပ်သော ဆီလျော်သည့် အတတ်ပညာဆိုင်ရာ ဗဟုသုတအချို့ကို အခြေခံ၍ ငါသည် ဆီလျော်သော စည်းမျဉ်းများကို စဉ်းစားဖော်ထုတ်ပြီး ရရှိကာ အတတ်ပညာဆိုင်ရာ အလုပ်အတွက် လမ်းညွှန်မှုအချို့ကို ပေးခြင်းဖြစ်သည်။ ဤနေရာတွင် ပဓာနကျသောအချက်မှာ စည်းမျဉ်းများကို သဘောပေါက်ခြင်းနှင့် စည်းမျဉ်းများကို အခြေခံ၍ ၎င်းတို့ကို ညွှန်ကြားခြင်း ဖြစ်သည်။ အလုပ်လုပ်နေသူများ၏ အခက်အခဲများမှာ တစ်ဖက်တွင် ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ဗဟုသုတက ပြည့်စုံမှုမရှိခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့်အတူ သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ သဘောမပေါက်ခြင်းတို့ ဖြစ်သည်။ သို့ဖြစ်၍ စည်းမျဉ်းများကို နားလည်ခြင်းအပေါ် အခြေခံလျက် ငါက ၎င်းတို့ကို လမ်းပြမှု အတိုင်းအတာတစ်ခုအထိ ပေးခြင်းဖြင့် ရလဒ်များသည် ၎င်းတို့ဘာသာ လုပ်ဆောင်သည်ထက် ပို၍ ကောင်းမွန်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိခြင်း၊ ဘုရားသခင်အတွက် သက်သေခံခြင်း၊ ဘုရားသခင်ကို အရှက်မရစေခြင်းနှင့် လူတို့အား ဘုရားသခင်၏ အလုပ်အကြောင်း ပို၍ လေ့လာသိရှိစေကာ သမ္မာတရားကို ပို၍ နားလည်စေခြင်းဟူသည့် စည်းမျဉ်းကို အခြေခံ၍ ငါ ဤသို့ လုပ်ဆောင်ခြင်းဖြစ်ပြီး ဤသည်က တိကျသော ရလဒ်များကို ဖြစ်ပေါ်စေခဲ့သည်။ အမှန်တကယ်ဖြစ်သော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့်ပတ်သက်၍ ငါ့တွင် လက်တွေ့အားဖြင့် ကျွမ်းကျင်မှုတစ်ခုမျှ မရှိပေ။ အစကတည်းက ငါ့တွင် ထိုအထူးပြု အသိပညာ မရှိသည့်အပြင် သင်တို့ ပြောသကဲ့သို့ ယင်းနှင့်ပတ်သက်၍ သင်ယူရန် ငါ မည်သည့်အခါမျှ သီးသန့် ကြိုးစားခဲ့ခြင်းလည်း မရှိပေ။ မည်သည့် အတတ်ပညာဆိုင်ရာ အလုပ်မျိုးကို ငါ လမ်းပြသည်ဖြစ်စေ ယင်းနှင့်ပတ်သက်၍ သင်ယူရန် ငါ မည်သည့်အခါမျှ မကြိုးစားခဲ့သည့်အပြင် လေ့လာစရာ စာရွက်စာတမ်းများ၊ အရင်းအမြစ်များ သို့မဟုတ် ဆီလျော်သော အတတ်ပညာဆိုင်ရာ အသိပညာများကိုလည်း ငါ ရှာဖွေခဲ့ခြင်း မရှိပေ။ အလွန်ဆုံးအနေဖြင့် ညီအစ်ကိုမောင်နှမများက ဆီလျော်သော လေ့လာစရာ စာရွက်စာတမ်းများ သို့မဟုတ် နမူနာအချို့ကို ရှာဖွေပြီး ငါ့ကို ကြည့်ရန် ပေးပို့ကြကာ ယင်းတို့မှတစ်ဆင့် ငါသည် ဆီလျော်သော စည်းမျဉ်းအချို့နှင့် ထိုအတတ်ပညာအတွက် အလုပ်လုပ်သည့် နည်းလမ်းအချို့ကို ဖော်ထုတ်ပြီး ဤအရာများကို အခြေခံ၍ ၎င်းတို့၏ အလုပ်ကို ညွှန်ကြားခြင်း ဖြစ်သည်။

လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုဟူသည့် ဤကဏ္ဍနှင့်ပတ်သက်၍ သူ၏ ဇာတိပကတိ ပင်ကိုသဘာဝများက ပြသသော ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအချို့ကို လူတို့ မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ဤအရာတွင် လူသားပင်ကိုသဘာဝများအပြင် ဇာတိပကတိ၏ အမျိုးမျိုးသော ပင်ကိုအခြေအနေများနှင့်ဆိုင်သည့် ထုတ်ဖော်ပြမှုများနှင့် ကန့်သတ်ချက်အချို့ ပါဝင်သည်။ ဤသည်မှာ ဤဝေါဟာရများ၏ စစ်မှန်သော အဓိပ္ပာယ်အရ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုပင် ဖြစ်သည်။ သူ အပြင်ပန်းအားဖြင့် ထုတ်ဖော်ပြသည့်အရာဖြစ်စေ၊ သူ၏ အတွင်းပိုင်း အတွေးများနှင့် အမြင်များဖြစ်စေ၊ သူ၏ လူ့သဘာဝနှင့်ဆိုင်သော စိတ်ထဲမှ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများဖြစ်စေ၊ အတိုချုပ်ဆိုရလျှင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့နှင့်ပတ်သက်သည့် အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံးသော နားလည်မှုမှာ သူသည် သာမန်ထက်လွန်ကဲခြင်း၊ သာလွန်မြင့်မြတ်ခြင်း သို့မဟုတ် သမားရိုးကျမဟုတ်ခြင်း မရှိဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ အပြင်ပန်း ပုံပန်းသဏ္ဌာန်မှနေ၍ သာမန်လူများနှင့် ကွဲပြားသော မည်သည့် အထူး သရုပ်သကန်များကိုမျှ သင် မမြင်တွေ့နိုင်ပေ။ သူသည် စကားမပြောပါက သို့မဟုတ် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပါက သူ၏ မျက်နှာသွင်ပြင်လက္ခဏာများ၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်နှင့် သူ၏ ဇာတိအဖြစ်တော် တစ်ခုလုံးကို ကြည့်ရုံမျှဖြင့် သင်သည် ထူးခြားသောအရာ တစ်ခုတလေကို မမြင်တွေ့နိုင်ပေ။ သူသည် သာမန်ထက်လွန်ကဲခြင်း၊ သာလွန်မြင့်မြတ်ခြင်း သို့မဟုတ် သမားရိုးကျ မဟုတ်ခြင်း မရှိပေ။ သူသည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ တိတိကျကျ သို့မဟုတ် ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် ဤသူသည် လူအုပ်ထဲတွင် ရှိနေပြီး စကားမပြော၊ အလုပ်မလုပ် သို့မဟုတ် သမ္မာတရားကို မဖော်ပြပါက ဤသူသည် အခြားမည်သူနှင့်မဆို မည်သို့ ကွဲပြားသည်ကို သင် မသိနိုင်ပေ။ ဥပမာအားဖြင့် ငါသည် သင်တို့အလယ်တွင် ထိုင်နေပြီး သူစိမ်းတစ်ဦး ဝင်လာပါက ငါသည် သင်တို့နှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို သူ မြင်တွေ့ရလိမ့်မည်။ ငါသည် ဂုဏ်သရေရှိသော နေရာတွင် ထိုင်ခြင်းမရှိသည့်အပြင် ထင်ပေါ်နေခြင်းလည်း မရှိပေ။ ငါ့တွင် သာမန် ပုံပန်းသဏ္ဌာန်တစ်ခု ရှိသည်။ ငါသည် သာမန်ထက်လွန်ကဲခြင်း မရှိ၊ ဒေါင်ကောင်းနေခြင်း မရှိသည့်အပြင် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်လည်း မတူပေ။ ငါသည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သို့ဖြစ်၍ လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သူဖြစ်ကြောင်းကို ၎င်းတို့ ခွဲခြားသိမြင်နိုင်ကြမည် မဟုတ်ပေ။ ငါသည် လူတစ်စုနှင့်အတူ နေထိုင်လျှင်လည်း ငါနှင့်ပတ်သက်၍ ကွဲပြားသောအရာ တစ်ခုတလေကို သင် မြင်တွေ့နိုင်မည် မဟုတ်ပေ။ ဤလူ့ဇာတိခံထားသော ဘုရားသခင်သည် အမျိုးသမီး ဖြစ်ကြောင်းကိုသာ သင် သိသော်လည်း ငါ၏ တရားဒေသနာများကို သင် များစွာ နားမထောင်ခဲ့လျှင် လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သူဖြစ်ကြောင်းကို သာမန်မျက်စိဖြင့် သင် လုံးဝ သိနိုင်မည် မဟုတ်ပေ။ နားထောင်ခဲ့လျှင်မူ ငါ၏ အသံဖြင့် သင် ခွဲခြားသိမြင်နိုင်ကောင်း သိမြင်နိုင်မည် ဖြစ်သည်။ လူတစ်ဦး၏ အသံသည် ငါ၏အသံနှင့် ဆင်တူပါက အချို့လူများသည် လူမှားပြီး သူမကို လူ့ဇာတိခံထားသော ဘုရားသခင်ဖြစ်သည်ဟုပင် ယူဆကောင်း ယူဆကြလိမ့်မည်။ ထိုသို့သောအရာများ ဖြစ်ပျက်သလော။ ဤသည်မှာ သေချာပေါက် ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ အချို့သော ပုဂ္ဂိုလ်များသည် သာလွန်မြင့်မြတ်ပြီး ထူးချွန်သည့်ပုံပေါက်ကာ အထူးသဖြင့် အရှိန်အဝါနှင့် ဟန်ပန်ကို ပိုင်ဆိုင်ထားကြပြီး အဆင့်အတန်းနှင့် တိကျသော ရာထူးရာခံ ရှိသူတစ်ဦးကဲ့သို့ အထူးမြင့်မြတ်သည့်ပုံ ပေါက်ကြသည်။ အချို့သော မိုက်မဲသည့် ညီအစ်ကိုမောင်နှမများ သို့မဟုတ် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် အထူးသဖြင့် တွေ့ဆုံလိုသူများသည် ထိုသို့သောသူကို လူ့ဇာတိခံထားသော ဘုရားသခင်ဖြစ်သည်ဟု မှားယွင်းစွာ ထင်မှတ်ကြလိမ့်မည်ဖြစ်ပြီး သူမကို ဦးညွှတ်ကာ ဒူးပင်ထောက်ကြမည် ဖြစ်သည်။ ဦးညွှတ်ခံရသူသည် စိတ်ထဲ၌ အတော်အတန် ဝမ်းမြောက်မှုကို ခံစားရပြီး ယင်းကို တိတ်တဆိတ်ပင် လက်ခံလေသည်။ သူမ ထွက်ခွာတော့မည့်အခါ ဦးညွှတ်ပြီး ဒူးထောက်ခဲ့ကြသော ထိုမိုက်မဲသည့် လူများသည် မျက်ရည်များပင် ကျကြပြီး သူမနှင့် ခွဲခွာရန် ဝန်လေးကြသည်။ ၎င်းတို့သည် သူမ၏ အဝတ်အစားများကို ဆွဲထားပြီး သူမကို သွားခွင့်မပြုဘဲ “ကိုယ်တော် မည်သည့်အချိန်တွင် ထပ်လာမည်နည်း။ ကိုယ်တော့်ကို ကျွန်ုပ်တို့ လွမ်းနေပါမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့က အထူးသဖြင့် စိတ်လှုပ်ရှားစွာဖြင့် “ကျွန်ုပ်သည် နောက်ဆုံးတွင် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် တွေ့ဆုံခဲ့ရပြီ။ ဤဘဝတွင် ကျွန်ုပ်၌ နောင်တမရှိတော့ပါ။ ကျွန်ုပ် သေရလျှင်ပင် ကျွန်ုပ်၏ အသက်တာသည် တန်ဖိုးရှိခဲ့ပြီ ဖြစ်သည်” ဟုပင် ပြောဆိုကြသည်။ ဦးညွှတ်ခံရသူသည် အခြေအနေကို လုံးဝ ရှင်းလင်းပြောပြခြင်း မရှိပေ။ ထိုသို့သောအရာများကို သင်တို့ ကြားဖူးသလော။ (ကြားဖူးပါသည်။) ဤသို့သောအရာမျိုးသည် နိုင်ငံရပ်ခြားတွင် ဖြစ်နိုင်ဖွယ်မရှိပေ။ တရုတ်ပြည်မကြီးတွင် အဘယ်ကြောင့် ယင်းက ဖြစ်ပျက်ခဲ့သနည်း။ အကြောင်းမှာ လူ့ဇာတိခံထားသော ဘုရားသခင်သည် တရုတ်နိုင်ငံတွင် ပေါ်ထွန်းပြီး အမှုပြုခဲ့သောကြောင့် သူ့ထံတွင် တရုတ်လူမျိုးတစ်ဦး၏ ပုံသဏ္ဌာန် သေချာပေါက် ရှိသဖြင့် ဤသို့သောအရာမျိုးသည် တရုတ်ပြည်မကြီးတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စတွင် ပါဝင်ပတ်သက်နေသော အဖွဲ့နှစ်ဖွဲ့သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငါတို့ အသေးစိတ် ဆွေးနွေးမည် မဟုတ်ပေ။ ဤကိစ္စရပ်ကိုယ်၌နှင့်ပတ်သက်၍ လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့ပင် နားလည်ကြသည်ဖြစ်စေ ၎င်းတို့၏ အယူအဆများအရ လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဒေါင်ကောင်းသော ပုံသဏ္ဌာန်တစ်ခု၊ မြင့်မြတ်သော ပုံပန်းသဏ္ဌာန်တစ်ခုနှင့် သာ၍ပင် မြင့်မြတ်သော ပင်ကိုလက္ခဏာတစ်ခု ရှိသင့်သည်ဟု လူတို့ ယုံကြည်ကြသည်။ သူ့ထံတွင် တစ်မူထူးခြားသော ပုံပန်းသဏ္ဌာန်နှင့် စကားပြောဆိုပုံလည်း ရှိသင့်ပြီး သူ့ကို ကြည့်ရှုသူတိုင်းအား သူသည် ဘုရားသခင်နှင့် တူကြောင်း၊ သူသည် ဘုရားသခင်ဖြစ်ကြောင်း သံသယ စိုးစဉ်းမျှ မရှိဘဲ ခံစားရစေသင့်သည်ဟူ၍ ဖြစ်၏။ သူသည် လူတို့အတွက် သာမန်သာဖြစ်နေပြီး သူ့ထံ၌ ဘုရားသခင်၏ အရှိန်အဝါ သို့မဟုတ် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ၎င်းတို့ မမြင်တွေ့နိုင်ပါက သူသည် ဘုရားသခင်ဖြစ်ရန် မဖြစ်နိုင်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်သည် သေချာပေါက် အထူးသဖြင့် ဒေါင်ကောင်းသည်၊ မွန်မြတ်သည်၊ အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး မင်းမျိုးမင်းနွယ်တို့၏ ပင်ကိုလက္ခဏာ ရှိသူတစ်ဦးနှင့် အထူးသဖြင့် တူသည်ဟု လူတို့ ယုံကြည်ကြသည်။ သူသည် လမ်းလျှောက်သည့်အခါ မတ်မတ်ရပ်သင့်သည်၊ သူ၏ မျက်လုံးများသည် တောက်ပပြီး စူးရှသင့်ကာ သူ၏ အကြည့်သည် အထူးသဖြင့် စူးရှသင့်သည်။ သူသည် မည်သူမဆို တွေးတောနေသည့်အရာကို ၎င်းတို့အား ကြည့်ရုံမျှဖြင့် ချက်ချင်း သိနိုင်စွမ်းရှိသင့်ပြီး မည်သူက ရန်လိုမှု သို့မဟုတ် မကောင်းသော အတွေးများကို စွဲကိုင်ထားသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်စွမ်းရှိသင့်သည်ဟူ၍ ဖြစ်လေသည်။ လူတို့၌ရှိသော ဤအတွေးများသည် တိကျသော ဖြစ်စဉ်တစ်ခုကို ထင်ဟပ်ပြသည်။ လူတို့တွင် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်၍ ထိုသို့သော များပြားလှသည့် စိတ်ကူးများ ရှိကြသည်။ သို့သော် အမှန်တွင် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲမှ ဘုရားသခင်နှင့် မတူညီပေ၊ ကွဲပြားမှုတစ်ခု ရှိသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ အပြင်ပန်း ပုံပန်းသဏ္ဌာန်သည် အထူးသဖြင့် သာမန်ဖြစ်သည်။ သူသည် လုံးဝ ဒေါင်ကောင်းခြင်းမရှိ၊ လုံးဝ သာလွန်မြင့်မြတ်ခြင်း မရှိသည့်အပြင် လုံးဝ သဘာဝလွန်ခြင်းလည်း မရှိပေ၊ သူနှင့်ပတ်သက်၍ ထူးခြားသောအရာ တစ်ခုမျှမရှိဟုပင် ဆိုနိုင်ပေသည်။ အပြင်ပန်းအားဖြင့် သူသည် ဖန်ဆင်းခံ လူသားအားလုံးနှင့် ကွဲပြားမှု မရှိသလောက်နီးပါးဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူသားတို့ ပိုင်ဆိုင်သော အမျိုးမျိုးသော လုပ်ဆောင်ချက်များအပြင် လူသားများ၏ ပင်ကိုသဘာဝများ၊ ပုံမှန် တွေးခေါ်မှုနှင့် အမျိုးမျိုးသော စွမ်းရည်များအရ ဘုရားသခင် ဖန်ဆင်းထားသော လူသားများနှင့် အတိအကျနီးပါး တူညီလေသည်။ ဤအရာများသည် လူတို့ သာမန်မျက်စိဖြင့် တိုက်ရိုက် မြင်တွေ့နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်သည့်အပြင် လူတို့ သဘောပေါက်နိုင်ကာ နားလည်နိုင်သော အပြင်ပန်းအရာများ ဖြစ်သည်။ ဤအပြင်ပန်းအရာများကို လူတို့ မြင်တွေ့ရန်နှင့် နားလည်ရန် လွယ်ကူသောကြောင့် ယင်းတို့သည် ငါတို့ မိတ်သဟာယဖွဲ့ခြင်း၌ အဓိကအာရုံစိုက်မည့်အရာ ဖြစ်မည်မဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် သူ၏ နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့သည် ငါတို့ မိတ်သဟာယဖွဲ့ခြင်း၌ အဓိကအာရုံစိုက်မည့်အရာ ဖြစ်သည်။

လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်၍ လူတို့ နားလည်သင့်သည့်အရာနှင့်စပ်လျဉ်း၍ ယင်းမှာ သူ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုဖြစ်စေ၊ သူ၏ နှိမ့်ချမှုနှင့် ဖုံးကွယ်မှုဖြစ်စေ ယင်းတွင် လူတို့၏ စိတ်နှလုံးထဲ၌ လုံးဝမရှိသော အတွေးများ သို့မဟုတ် သိရှိခြင်း နည်းလမ်းများ ပါဝင်ဖွဲ့စည်းထားသည်။ ဤအတွေးများသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတွင်း၌ပင် မတည်ရှိပေ။ ဤအရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့အလယ်တွင် မည်သို့ အသက်ရှင်နေထိုင်သည်၊ လူသားမျိုးနွယ်၏ လက်တွေ့ဘဝ ပတ်ဝန်းကျင်တွင် သူ မည်သို့ အသက်ရှင်နေထိုင်သည်၊ သူ၏ အသက်တာကို မည်သို့ ဖြတ်သန်းသည်နှင့် လူတို့အလယ်တွင် သူ မည်သို့ စကားပြောပြီး အမှုပြုသည်တို့ ပါဝင်ပတ်သက်နေသည်။ ဤအရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော ကိစ္စရပ်များ ပါဝင်ပတ်သက်နေပြီး ဤကိစ္စရပ်များသည် မိတ်သဟာယဖွဲ့ရန် ထိုက်တန်သည်။ ဤကဏ္ဍများသည် လူတို့ မမြင်တွေ့နိုင်သော သို့မဟုတ် လူတို့ နားလည်ရန် အလွန်ခက်ခဲသော အရာများလည်း ဖြစ်ပြီး သေချာပေါက်ပင် ယင်းတို့သည် လူတို့၏ အသိပညာအတွင်း သို့မဟုတ် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတွင်း၌ မတည်ရှိသောအရာများလည်း ဖြစ်ကြသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အသိ၊ နားလည်မှုနှင့် စိတ်ကူးများသည် အခြေခံအားဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်တာနှင့် တည်ရှိမှုတို့၏ လက်တွေ့အရှိတရားနှင့် အဆက်အစပ် ပြတ်တောက်နေသည်။ ရလဒ်အနေဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ အနှစ်သာရနှင့်ပတ်သက်သည့် လူတို့၏ အသိပညာ အများစုမှာ လက်တွေ့မကျသည့်အပြင် ဓမ္မဓိဋ္ဌာန်မကျဘဲ လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အယူအဆများနှင့် စိတ်ကူးအချို့ပင် ပါဝင်ဖွဲ့စည်းထားသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့အလယ်နှင့် ဤရုပ်ဝတ္ထုလောကတွင် အသက်ရှင်နေထိုင်သည်။ သူ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့သည် သူ၏ အသက်တာအပြင် သူ၏ တည်ရှိမှု ဖြစ်စဉ်တွင် ထင်ဟပ်နေသည်။ သူ၏ အသက်တာနှင့် သူ၏ တည်ရှိမှု ဖြစ်စဉ်တွင် တစ်ဖက်၌ ပါဝင်ပတ်သက်နေသည့်အရာမှာ ဤဇာတိပကတိ၏ အသက်တာဖြစ်ပြီး အခြားတစ်ဖက်၌ ပါဝင်ပတ်သက်နေသည့်အရာမှာ လူ့ဇာတိခံထားသော ဘုရားသခင် ထမ်းဆောင်သည့် အမှုတော် ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင် အသက်ရှင်နေထိုင်ပြီး ပိုင်ဆိုင်ထားသည့် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့သည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မည်သို့ ကွဲပြားသည်ကို ဤကဏ္ဍနှစ်ခုမှနေ၍ ငါတို့ ကြည့်ရှုကြစို့။ ဤပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ မည်သည့်အစိတ်အပိုင်းများကို လူတို့ နားမလည်နိုင်ကြသနည်း သို့မဟုတ် ယင်းတို့ကို မြင်တွေ့ပြီးနောက် မည်သည့်အစိတ်အပိုင်းများကို ပစ်ပယ်ကြသနည်း၊ သို့သော် ယင်းတို့သည် အမှန်တကယ်တွင် ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိ ပိုင်ဆိုင်သော ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤအရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်တာနှင့် တည်ရှိမှုတို့ ပါဝင်ပတ်သက်နေသောကြောင့် ဤသည်က များစွာသော အမှန်တကယ်ဖြစ်သည့် ကိစ္စရပ်များအပြင် ဤ်အမှန်တကယ်ဖြစ်သည့် ကိစ္စရပ်များနှင့်ပတ်သက်သော များစွာသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ဖြစ်ပေါ်စေသည်။ ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် အမှန်တကယ်တွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်တာနှင့် သူ ထမ်းဆောင်သည့် အမှုတော်တို့တွင် လက်တွေ့ကျကျနှင့် ဓမ္မဓိဋ္ဌာန်ကျကျ ထုတ်ဖော်ပြသပြီး အသက်ရှင် နေထိုင်ထားခြင်း ဖြစ်သည်။ သို့ရာတွင် လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်၍ဖြစ်စေ၊ မြေကြီးပေါ်ရှိ ဘုရားသခင်နှင့် ပတ်သက်၍ဖြစ်စေ အယူအဆများနှင့် စိတ်ကူးများ အလွန်များပြားစွာ စွဲကိုင်ထားသောကြောင့်လည်းကောင်း၊ ဤအရာများအားလုံးသည် အနှစ်သာရမဲ့ပြီး လက်တွေ့အရှိတရားနှင့် မကိုက်ညီသောကြောင့်လည်းကောင်း လူအများစုသည် ဘုရားသခင်၏ ဤအထူး ပင်ကိုလက္ခဏာဖြစ်သော လူ့ဇာတိခံထားသော ဘုရားသခင်က ပြသသည်ကို လူတို့ မြင်တွေ့နိုင်သော ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့ကို ပစ်ပယ်ကြသည်။ လူအများစု အာရုံစိုက်သည့်အရာများမှာ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ၊ နက်နဲသောအရာများ၊ သဘာဝလွန် စွမ်းရည်များနှင့် နက်နဲသိမ်မွေ့သော၊ ကြီးကျယ်ခမ်းနားသော သို့မဟုတ် အတော်အတန် သာလွန်မြင့်မြတ်ပြီး ထူးဆန်းသောအရာများ စသည်တို့ ဖြစ်ကြသည်။ သို့တိုင်အောင် လူတို့သည် ဘုရားသခင်ကိုယ်တော်တိုင် အသက်ရှင် နေထိုင်ပြီး ထုတ်ဖော်ပြသော အမှန်တကယ် ဓမ္မဓိဋ္ဌာန်ကျသည့်၊ လက်တွေ့ကျသည့်၊ စစ်မှန်သည့် အရာများကို ပစ်ပယ်ကြသည်။ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိသည် လူသားမျိုးနွယ်အလယ်တွင် နှစ်ပေါင်းမည်မျှပင် အသက်ရှင်နေထိုင်ပါစေ လူတို့သည် ဤအရာများကို ပစ်ပယ်သောကြောင့် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အသိသည် ၎င်းတို့၏ အနှစ်သာရမဲ့ပြီး မရေရာသော စိတ်ကူးများအပေါ်တွင် အစဉ်သဖြင့် သောင်တင်နေသည်။ ရလဒ်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အသိသည် အမြဲတစေ ထိုမျှ ဓမ္မဓိဋ္ဌာန်မကျဘဲ လက်တွေ့မကျပေ။ ယနေ့တွင် ဤအကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်တာနှင့် သူ ထမ်းဆောင်သည့် အမှုတော်တို့တွင် ထင်ဟပ်နေသော ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့ကို ငါတို့ သိနားလည်ကြစို့။ လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်တာဖြစ်စေ၊ သူ ထမ်းဆောင်သည့် အမှုတော်ဖြစ်စေ ကဏ္ဍနှစ်ခုလုံးတွင် သူ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့၏ အသက်ရှင် နေထိုင်မှု ပါဝင်ပတ်သက်နေသည်။ ဤအရာတွင် အထူး ပင်ကိုလက္ခဏာတစ်ခုကို ပိုင်ဆိုင်ထားသည့် ဤလူသားဖြစ်သော လူ့ဇာတိခံထားသော ဘုရားသခင်အနေဖြင့် အမျိုးအစားစုံလင်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သဘောထားအမြင်များနှင့် အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် သူ၏ စည်းမျဉ်းများနှင့် နည်းလမ်းများ ပါဝင်ပတ်သက်နေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်က အမျိုးမျိုးသော ကိစ္စရပ်များကို သဘောထားပြုမူပြီး ကိုင်တွယ်ဖြေရှင်းသည့် စည်းမျဉ်းများနှင့် နည်းလမ်းများအကြောင်းကို ဤနှစ်များတစ်လျှောက် မိတ်သဟာယဖွဲ့ခြင်းများတွင် သင်တို့ ကြားခဲ့ရပြီးဖြစ်ကာ ယခုအခါ ဤအရာများအကြောင်းကို သင်တို့ သိရှိကြသည်။ သင်တို့၏ စိတ်ထဲတွင် အတော်အတန် မြင့်မားပြီး ကြီးကျယ်ခမ်းနားပုံရသော ဤအရာများအားလုံးတွင် သမ္မာတရား ပါဝင်ပတ်သက်နေသည်။ တစ်ဖက်တွင် ယင်းတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စားပြုသည်။ ယင်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်ထားသော ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသည့်အရာနှင့် ၎င်းတို့ကို သူ သွန်သင်သည့်အရာကို ကိုယ်စားပြုသည်။ အခြားတစ်ဖက်တွင် ယင်းတို့သည် ဤလူသားဖြစ်သော လူ့ဇာတိခံထားသော ဘုရားသခင်က အမျိုးမျိုးသော ကိစ္စရပ်များကို မည်သို့ ရှုမြင်သည် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းသည်ဟူသည်နှင့်ဆိုင်သော သူ၏ စည်းမျဉ်းများ၊ နည်းလမ်းများနှင့် အတွေးများနှင့် အမြင်များကိုလည်း ကိုယ်စားပြုကြောင်း ငြင်းဆို၍မရပေ။ သမ္မာတရား စည်းမျဉ်းများ ပါဝင်ပတ်သက်နေသည့် ဤများပြားလှသော အကြောင်းအရာ ပမာဏနှင့်ပတ်သက်၍ သင်တို့နှင့်အတူ အချိန်ကြာမြင့်စွာ ငါ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ အကြောင်းအရာများစွာ ရှိပြီး ယင်းတို့သည် အတော်အတန် ရှည်လျားသည်။ ဤအကြောင်းအရာသည် လူ့ဇာတိခံထားသော ဘုရားသခင်ဖြစ်သည့် လူသား၏ အမျိုးမျိုးသော ကိစ္စရပ်များတွင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အတွေးများနှင့် အမြင်များ၊ သဘောထားများနှင့် စည်းမျဉ်းများကို ကိုယ်စားပြုရန် လုံလောက်သည်။ ယနေ့တွင် ဤကဏ္ဍအကြောင်းကို ငါတို့ ပြောဆိုမည် မဟုတ်ပေ။

ငါတို့ မိတ်သဟာယဖွဲ့မည့် အဓိက အကြောင်းအရာမှာ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အသက်တာနှင့် တည်ရှိမှုတို့တွင် ကိုယ်တော်၏ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများနှင့် အမှုအရာများကို လုပ်ဆောင်သည့် ကိုယ်တော်၏ နည်းလမ်းများ ဖြစ်သည်။ ဤကဏ္ဍနှစ်ခုနှင့်ပတ်သက်သည့် ငါ၏ မိတ်သဟာယမှတစ်ဆင့် သင်တို့သည် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့ကို ပို၍ ကောင်းမွန်စွာ နားလည်လာကြလိမ့်မည်ဖြစ်ပြီး လူ့ဇာတိခံယူထားသော ဘုရားသခင်ကို ပို၍ နားလည်လာကြလိမ့်မည်။ တစ်ဖက်တွင် လူသားမျိုးနွယ်အလယ် အသက်ရှင်နေထိုင်ရာ၌ လူ့ဇာတိခံယူထားသော ဘုရားသခင်တွင် ကိုယ်တော် မည်သို့ ကျင့်ကြံပြုမူသည်ဟူသည်နှင့်ဆိုင်သော စည်းမျဉ်းတစ်ခု ရှိပြီး အမှုအရာများကို ကိုယ်တော် မည်သို့ လုပ်ဆောင်သည်ဟူသည်နှင့်ဆိုင်သော စည်းမျဉ်းတစ်ခုလည်း ရှိသည်။ ဤစည်းမျဉ်းများသည် အလွန် ရိုးရှင်းသည်။ ငါ၏ ကျင့်ကြံပြုမူခြင်းအတွက် ငါ၏ စည်းမျဉ်းမှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူရန် ဖြစ်ပြီး အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ငါ၏ စည်းမျဉ်းမှာ ယင်းတို့ကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ရန် ဖြစ်သည်။ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဟူသည့် ဤအရာများသည် ငါ မည်သို့ ကျင့်ကြံပြုမူသည်၊ အမှုအရာများကို ငါ မည်သို့ လုပ်ဆောင်သည်ဟူသည်တို့နှင့်ဆိုင်သော ငါ၏ စည်းမျဉ်းများနှင့် ခံယူချက်များ ဖြစ်သည်။ ယင်းမှာ စုစုပေါင်း စကားလုံး မည်မျှရှိသနည်း။ (စကားလုံး အနည်းငယ် ဖြစ်ပါသည်။) ဤစကားလုံး အနည်းငယ်သည် အလွန် ရိုးရှင်းပြီး ယင်းတို့၏ စာသားအတိုင်း အဓိပ္ပာယ်မှာ နားလည်ရန် အတော်အတန် လွယ်ကူသည်။ ယင်းတို့သည် လုံးဝ စိတ်ကူးသက်သက်ဖြစ်ခြင်း သို့မဟုတ် အပေါ်ယံဆန်ခြင်း မရှိ၊ လုံးဝ နက်နဲသိမ်မွေ့ခြင်း မရှိသည့်အပြင် လုံးဝ မြင့်မားပြီး ကြီးကျယ်ခမ်းနားခြင်းလည်း မရှိပေ။ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဟူသည့် ဤအရာများသည် ငါ မည်သို့ ကျင့်ကြံပြုမူသည်၊ အမှုအရာများကို ငါ မည်သို့ လုပ်ဆောင်သည်ဟူသည်တို့နှင့်ဆိုင်သော ငါ၏ စည်းမျဉ်းများနှင့် ခံယူချက်များ ဖြစ်သည်။ ငါသည် ကျင့်ကြံပြုမူရာတွင်လည်းကောင်း၊ အမှုအရာများကို လုပ်ဆောင်ရာတွင်လည်ကောင်း ဤစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းသည်။ ဤသည်မှာ အတိအကျပင် ငါ လုပ်ဆောင်သည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ အဖြစ်မှန်တစ်ခုဖြစ်ကြောင်းကို သင်တို့ မြင်နိုင်သလော။ ဤအရာကို အဖြစ်မှန်များနှင့် သင်တို့ တိုက်ဆိုင်စစ်ဆေးနိုင်သလော။ တစ်ဖက်တွင် ငါ တရားဟောပြီး မိတ်သဟာယဖွဲ့သည့်အခါ၊ လူများနှင့် ငါ ထိတွေ့ဆက်ဆံသည့်အခါနှင့် လူများနှင့် ငါ စကားစမြည်ပြောဆိုသည့်အခါ ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူရန် ၎င်းတို့ကို ငါ အစဉ်သဖြင့် ပြောဆိုသည်။ အခြားတစ်ဖက်တွင် ငါကိုယ်တိုင်လည်း ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူသည်။ ငါသည် ဆောင်ပုဒ်များကို မကြွေးကြော်ပေ။ သို့ဆိုလျှင် ဤစည်းမျဉ်းများအကြောင်းကို လူတို့အား ငါ အဘယ်ကြောင့် ပြောပြသနည်း။ အကြောင်းမှာ ငါကိုယ်တိုင်က အမှုအရာများကို လုပ်ဆောင်ပြီး ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူသောကြောင့် ဖြစ်သည်။ နက်နဲသိမ်မွေ့သော အခြားမည်သည့်အရာမျှ ဖြစ်ပျက်နေခြင်း မရှိပေ။ အချို့လူများက “ကျင့်ကြံပြုမူခြင်းအတွက် ကိုယ်တော်၏ ဤခံယူချက်များသည် အတော်အတန် ရိုးရှင်းလွန်းပါသည်။ ယင်းတို့သည် လုံးဝ အဆန်းတကြယ် မွမ်းမံထားခြင်း မရှိပါ။ ယင်းတို့သည် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ကိုယ်စားမပြုနိုင်ပါ” ဟု ပြောဆိုကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဟူသည့် ဤအရာများသည် စည်းမျဉ်းများနှင့် ခံယူချက်များ ဖြစ်ကြသည်။ ငါ၏ နေ့စဉ်ဘဝတွင် ယင်းတို့ကို ငါ လက်တွေ့လုပ်ဆောင်ပြီး ငါ၏ အမှုတော်ကို ထမ်းဆောင်သည့်အခါ၊ ဆိုလိုသည်မှာ အလုပ်လုပ်သည့်အခါတွင်လည်း ယင်းတို့ကို ငါ လက်တွေ့လုပ်ဆောင်သည်။ ဤသည်မှာ ငါ ကျင့်ကြံပြုမူသည့်ပုံစံဖြစ်ပြီး ဤသည်မှာ အမှုအရာများကို ငါ လုပ်ဆောင်သည့်ပုံစံ ဖြစ်သည်။ သင်တို့ အနည်းငယ် စိတ်အပန်းပြေနိုင်ရန်နှင့် ငါ၏ အသက်တာအကြောင်းကို ငါ့ထံမှ အနည်းငယ် ပို၍ လေ့လာသိရှိနိုင်ရန်အလို့ငှာ ငါတို့သည် စကားစမြည်ပြောဆိုပြီး အာလာပသလ္လာပ ပြောနေကြသည့်အလား ဤအရာများအကြောင်းကို ပြောဆိုကြစို့။ အဆင်ပြေသလော။ (ပြေပါသည်။) ငါတို့၏ စကားဝိုင်းအတွင်း တစ်ချိန်ချိန်တွင် သင်တို့ထဲမှ အချို့က “ကျွန်ုပ် ကန့်ကွက်ပါသည်။ ကိုယ်တော် ပြောဆိုသည့်အရာသည် ကိုယ်တော်၏ သရုပ်သကန်များနှင့် မကိုက်ညီပါ” ဟု ပြောဆိုပါက ငါသည် ယင်းကို ပြန်လည်ပြောဆိုရန် ကြိုးစားမည်ဖြစ်ပြီး နောင်တွင် ယင်းကို ငါ ပြင်ဆင်မည် သို့မဟုတ် တည့်မတ်မည်။ သင်တို့ထဲမှ အချို့က လက်ထောင်ပြီး “ကျွန်ုပ် သဘောတူပါသည်။ ကိုယ်တော် ပြောဆိုသည့်အရာသည် ကိုယ်တော်၏ အသက်တာတွင် ကိုယ်တော် ထုတ်ဖော်ပြသည်ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပြီး ကြားခဲ့ရသည့်အရာနှင့် အပြည့်အဝ ကိုက်ညီပါသည်။ ကိုယ်တော် ပြောဆိုသည့်အရာသည် အဖြစ်မှန်တစ်ခု ဖြစ်ပါသည်” ဟု ပြောဆိုပါက ငါသည် ဤအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်။ အဆင်ပြေသလော။ (ပြေပါသည်။)

စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဟူသည်မှာ ဘဝတွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ ဤခံယူချက်များကို ငါ စွဲကိုင်ထားသည်။ ငါလုပ်ဆောင်သည့် အလုပ်တွင် ယင်းတို့ကို သင်တို့ အတော်အတန် တန်ဖိုးထားသိမြင်နိုင်ခဲ့ကြဖွယ် ရှိသောကြောင့် ယင်းတို့သည် ငါ၏ အသက်တာနှင့် မည်သို့ သက်ဆိုင်သည်ကို ငါတို့ ပထမဦးစွာ ပြောဆိုကြစို့။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် လူသားမျိုးနွယ်အလယ်တွင် အထူး ပင်ကိုလက္ခဏာတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်သော်လည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ ကိုယ်တော်သည် အထူးပုဂ္ဂိုလ်သကဲ့သို့ လုံးဝ မပြုမူပေ။ ကိုယ်တော်သည် မိမိကိုယ်ကို အထူးပုဂ္ဂိုလ်တစ်ဦးအဖြစ် မည်သည့်အခါမျှ မဆက်ဆံပေ။ ကိုယ်တော်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ ကိုယ်တော်သည် မည်သည့်နိုင်ငံတွင် ရှိနေပါစေ ထိုနိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းသည်။ ကိုယ်တော် လုပ်ဆောင်ရန် လိုအပ်သော်လည်း နားမလည်သောအရာတစ်ခု ရှိပါက ဒေသဆိုင်ရာ ဥပဒေများနှင့် မူဝါဒများက မည်သည့်အရာကို ပြဋ္ဌာန်းထားသည်ကိုလည်းကောင်း၊ မည်သည့်အရာကို လုပ်ဆောင်ခြင်းက တရားမဝင်ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အရာက တရားမဝင်မဟုတ်သည်ကိုလည်းကောင်း ကိုယ်တော်က အလျင်အမြန် တိုင်ပင်ပြီး သိရှိအောင်လုပ်ကာ မိမိကိုယ်ကို အထူးအခွင့်အရေးပေးခြင်း မရှိဘဲ သင့်လျော်သည့် မည်သည့်နည်းလမ်းဖြင့်မဆို ယင်းကို လုပ်ဆောင်သည်။ ဤနည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်းသည် စည်းမျဉ်းစည်းကမ်း လိုက်နာခြင်း ဖြစ်သလော၊ ပြီးလျှင် ယင်းသည် တာဝန်ကျေပွန်ခြင်း ဖြစ်သလော။ (ဖြစ်ပါသည်။) ဤသည်မှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း ဖြစ်သည်။ လွတ်လပ်ပြီး ဒီမိုကရေစီကျသော နိုင်ငံတစ်ခုတွင် ကိုယ်တော်သည် အမှုအရာများကို ပြီးမြောက်စေရန် ဆီလျော်သော ဥပဒေများကို နားလည်ဖို့ လိုအပ်ပါက ကိုယ်တော်သည် ရှေ့နေတစ်ဦးနှင့် တိုင်ပင်သည် သို့မဟုတ် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ရှာဖွေကြည့်ရှုသည်။ ကိုယ်တော်သည် တရားမဝင်သောအရာများကို မလုပ်ဆောင်သည့်အပြင် ဥပဒေဆိုင်ရာ ဟာကွက်များကိုလည်း အမြတ်မထုတ်ပေ။ နိုင်ငံအများစု၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသည် လူတစ်ဦးချင်းစီ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးပြီး လူတို့ လိုက်နာစောင့်ထိန်းသင့်သည့်အရာများ ဖြစ်သောကြောင့် ကိုယ်တော်သည် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာ လိုက်နာစောင့်ထိန်းသည်။ ဥပမာအားဖြင့် ငါတို့သည် ခြံဝင်းထဲတွင် ဆောက်လုပ်ရေးတစ်ခုခု လုပ်ဆောင်နေပြီး ထိုနေရာတွင် တစ်စုံတစ်ခုကို ထားရှိရန် လိုအပ်ပါက ဤအရာနှင့်ပတ်သက်၍ အစိုးရ၏ စည်းမျဉ်းစည်းကမ်းများမှာ အဘယ်အရာဖြစ်သည်၊ ဤအရာကို ခြံဝင်းထဲတွင် ထားရှိနိုင်ခြင်း ရှိမရှိနှင့် ထားရှိနိုင်ပါက မည်သည့်နေရာတွင် ထားရှိရန် သင့်လျော်သည်ကို ငါတို့ ပထမဦးစွာ ရှာဖွေလေ့လာရမည်။ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းမှု ရရှိပြီးနောက်တွင် ငါတို့သည် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ကြသည်။ အစိုးရက ခွင့်မပြုပါက ငါတို့ ယင်းကို လုပ်ဆောင်မည် မဟုတ်ပေ။ ငါတို့သည် အကြောင်းပြချက်မရှိဘဲ ပြဿနာဖြစ်အောင် လှုံ့ဆော်ရန် ကြိုးစားမည်မဟုတ်သည့်အပြင် ယင်းကို လုပ်ဆောင်ရန် ဥပဒေကို သိလျက်နှင့် လုံးဝ ချိုးဖောက်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ငါတို့သည် အဆောက်အအုံ တစ်မျိုးမျိုးကို တည်ဆောက်လိုပါက အစိုးရ၏ ခွင့်ပြုချက်အတွက် လျှောက်ထားရန် လိုအပ်သည်။ အစိုးရက ယင်းကို ခွင့်ပြုသည်နှင့်တစ်ပြိုင်နက် ဆောက်လုပ်ရေးကို စတင်နိုင်သည်။ စီမံကိန်း ပြီးစီးသွားသောအခါ ယင်းသည် အစိုးရ၏ စစ်ဆေးမှုကို အောင်မြင်ရန် လိုအပ်သေးသည်။ ယင်းက စစ်ဆေးမှုကို အောင်မြင်ပါက ငါတို့သည် ယင်းကို စိတ်အေးချမ်းသာစွာဖြင့် အသုံးပြုနိုင်သည်။ ဤသည်မှာ ဆောက်လုပ်ရေးအတွက် လုပ်ထုံးလုပ်နည်း ဖြစ်သည်။ အချို့လူများက “ဤသို့သော စီမံကိန်းငယ်မျိုးအတွက် ကျွန်ုပ်တို့ ခွင့်ပြုချက်ရယူရမည်ဟု အစိုးရက ပြဋ္ဌာန်းထားသလော။ ယင်းက မလုပ်မနေရ မဟုတ်ပါက ယင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရန် မလိုအပ်ပါ။ ကျွန်ုပ်တို့သည် ဒုက္ခမများအောင် နေနိုင်သည်” ဟု ပြောကောင်း ပြောကြလိမ့်မည်။ ငါက “ကျွန်ုပ်တို့ သေချာပေါက် ရှာဖွေလေ့လာရမည်။ ယင်းက အစိုးရ၏ ခွင့်ပြုချက် လိုအပ်ပြီး ကျွန်ုပ်တို့ မရရှိပါက ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေခြင်း ဖြစ်မည်မဟုတ်လော။ ကျွန်ုပ်တို့သည် ယင်းတို့ကို မချိုးဖောက်ရ။ ကျွန်ုပ်တို့သည် ဤအဆောက်အအုံကို တည်ဆောက်မည်ဖြစ်သောကြောင့် ခွင့်ပြုချက်ရရှိရန် ကြိုးစားသင့်သည်။ အစိုးရက ခွင့်ပြုချက်ရယူရန် မလိုအပ်ဟု ပြောပါက ယင်းအတွက် လျှောက်ထားခြင်းမပြုဘဲ ငါတို့ စိတ်အေးလက်အေး ရှိကြလိမ့်မည်။ အစိုးရက ယင်းကို ခွင့်ပြုချက်ရယူရမည်ဟု ပြောပါက ခွင့်ပြုချက်အတွက် ကျွန်ုပ်တို့၏ လျှောက်ထားခြင်းသည် ကျိုးကြောင်းဆီလျော်ပြီး ဥပဒေကို လိုက်နာခြင်း ဖြစ်လိမ့်မည်” ဟု ပြောဆိုသည်။ ဥပဒေ သို့မဟုတ် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများ ပါဝင်ပတ်သက်နေသည့် မည်သည့်အရာအတွက်မဆို ငါတို့သည် တိုင်ပင်ပြီး သေချာပေါက် ရှာဖွေလေ့လာရမည်။ သို့မဟုတ်ပါက တစ်စုံတစ်ရာ မှားယွင်းသွားလျှင် အလွန် ဒုက္ခများလိမ့်မည်။ နိုင်ငံရပ်ခြားတွင် နေထိုင်ခြင်း၏ အခြေခံ စည်းမျဉ်းတစ်ခုမှာ တရားမဝင်သောအရာ သို့မဟုတ် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သောအရာ တစ်ခုတလေကို မလုပ်ဆောင်ရန် ဖြစ်သည်။ ဥပမာအားဖြင့် ငါတို့သည် ကျေးလက်ဒေသတွင် နေထိုင်ပြီး ကြက်များ သို့မဟုတ် သိုးများကို မွေးမြူလိုပါက အစိုးရ၏ ခွင့်ပြုချက်ကို ရယူရမည်။ အစိုးရတွင် ဤအရာများနှင့်ပတ်သက်၍ အသေးစိတ် စည်းမျဉ်းစည်းကမ်းများ ရှိပြီး ငါတို့သည် ယင်းတို့ကို လုံးဝ မချိုးဖောက်ရ သို့မဟုတ် အထူး အခွင့်အရေးများ ရရှိရန် မကြိုးစားရပေ။ ငါတို့သည် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး ဖမ်းဆီးခံရပါက အလွန် ဒုက္ခများလိမ့်မည်။ သို့ဖြစ်၍ ဤသည်က ငါတို့ ဥပဒေကို လိုက်နာစောင့်ထိန်းရန် လိုအပ်ပြီး ယင်းတွင် ငါတို့ မည်သို့ ကျင့်ကြံပြုမူသည်၊ ငါတို့ မည်သို့ အသက်ရှင်နေထိုင်သည်ဟူသည်နှင့်ဆိုင်သော စည်းမျဉ်းများလည်း ပါဝင်ပတ်သက်နေသည်။ ငါတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ငါတို့သည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူသင့်ပြီး အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်သင့်သည်။ ငါ၏ နေ့စဉ်ဘဝတွင် ငါ၏ အိမ်နီးချင်းများနှင့်လည်း စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ငါ ထိတွေ့ဆက်ဆံသည်။ ငါသည် ဆူညံသံ မလုပ်သကဲ့သို့ အခြားသူများကိုလည်း မနှောင့်ယှက်ပေ။ အစိုးရက မည်သည့်အရာကို ပြဋ္ဌာန်းသည်ဖြစ်စေ ငါတို့သည် ယင်းကို လိုက်နာစောင့်ထိန်းရမည်။ သင်သည် ခွေးတစ်ကောင် မွေးထားလျှင်ပင် ယင်းက အဆက်မပြတ် ဟောင်ပြီး အိမ်နီးချင်းများ၏ အနားယူခြင်းကို မနှောင့်ယှက်စေရန် ယင်းကို သင့်လျော်စွာ ဂရုစိုက်ရမည်။ အထူးသဖြင့် သင်၏ အိမ်နီးချင်းများအားလုံး အိမ်တွင်ရှိနေသည့် စနေ၊ တနင်္ဂနွေနေ့များတွင် ၎င်းတို့ကို မနှောင့်ယှက်မိစေရန် သင် ပို၍ပင် သတိထားရမည်။ ဆောင်းရာသီတွင် နှင်းကျသည့်အခါ နှင်းများကို စတင်ရှင်းလင်းရန် နံနက်ရှစ်နာရီကျော်သည်အထိ သင် စောင့်ဆိုင်းရမည်။ နှင်းများကို စောလွန်းစွာ ရှင်းလင်းခြင်းက သင်၏ အိမ်နီးချင်းများ၏ အနားယူခြင်းကို နှောင့်ယှက်ပြီး ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် ဆူညံသံကို ဖြစ်ပေါ်စေသည်။ အစိုးရတွင် တိကျပြတ်သားသော စည်းမျဉ်းစည်းကမ်းများ ရှိပါက သင်သည် ယင်းတို့ကို လိုက်နာစောင့်ထိန်းရမည်။ အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို ရည်ရွယ်ချက်ရှိရှိ မချိုးဖောက်နှင့်၊ အစိုးရနှင့် ပြဿနာမဖြစ်စေနှင့်။ ဤသည်ကို စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းဟု ခေါ်သည်။ ငါ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ငါသည် အခြေခံအားဖြင့် ဆူညံသံ မလုပ်ပေ။ ငါသည် အပြင်ဘက်တွင် မည်သည့်အခါမျှ သီချင်း မဖွင့်သည့်အပြင် ဆူညံသံ မလုပ် သို့မဟုတ် ကျယ်လောင်စွာ စကားမပြောပေ။ ခွေးကို လမ်းလျှောက်ထွက်သည့်အခါ ယင်းကို အဆက်မပြတ် ဟောင်ခွင့်မပြုပေ။ ငါ၏ အိမ်နီးချင်းများကို မနှောင့်ယှက်ရန်၊ ၎င်းတို့၏ ဘဝများကို ဝင်ရောက်မစွက်ဖက်ရန်နှင့် ၎င်းတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေရန် ငါ အကောင်းဆုံး ကြိုးစားသည်။ ဤသည်မှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ယခု နှစ်ပေါင်းများစွာတိုင်အောင် ငါ၏ အိမ်နီးချင်းများနှင့် ငါ အဆင်ပြေခဲ့ခြင်း ဖြစ်သည်။ ငါတို့သည် တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာ နေထိုင်ကြသည်၊ တစ်ဦးကိုတစ်ဦး မြင်တွေ့သည့်အခါ နှုတ်ဆက်ကြပြီး ရင်းနှီးဖော်ရွေကာ သင့်မြတ်သော နည်းလမ်းဖြင့် အတူတကွ နေထိုင်ကြသည်။ ငါတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ငါတို့၏ အိမ်နီးချင်းများနှင့် ထိတွေ့ဆက်ဆံသည့်အခါ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရမည်။ ငါတို့သည် ၎င်းတို့အတွက် ပြဿနာ မဖြစ်စေရသည့်အပြင် ကျွန်သဖွယ်လည်း ဖြစ်နေရန် မလိုအပ်ပေ။ ငါတို့သည် အခြားသူများကို မှန်ကန်စွာ ဆက်ဆံသင့်ပြီး အမှုအရာများကို မျှတပြီး တရားမျှတစွာ လုပ်ဆောင်သင့်သည်။ ငါတို့ ဤသို့လုပ်ဆောင်ပါက အချိန်ကြာလာသည်နှင့်အမျှ မည်သည့် ပဋိပက္ခမျှ ရှိလာမည် မဟုတ်ပေ။

လူ့ဇာတိခံယူထားသော ဘုရားသခင်က စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ အချို့လူများက “ဤသည်မှာ အလွန် ပုံမှန်ဖြစ်သောအရာတစ်ခု မဟုတ်လော” ဟု ပြောဆိုကြပြီး ယင်းကို ငါက “သင် ပြောသည်မှာ လုံးဝ မှန်ကန်ပါသည်။ ယင်းမှာ ထိုမျှလောက် ပုံမှန်ဖြစ်ပါသည်” ဟု ပြောဆိုသည်။ ဤပုံမှန်ဖြစ်မှုသည် အဘယ်မှ လာသနည်း။ ယင်းသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားမှ လာသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ပုံမှန် လူ့သဘာဝ၏ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားသော အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ထားသောကြောင့်ပင် ကျင့်ကြံပြုမူခြင်းနှင့် ပတ်သက်လာလျှင် ဆိုလိုသည်မှာ လူတို့က အလွန် သာမန်ဖြစ်သော ကိစ္စရပ်တစ်ခုဟု ယူဆသည့်အရာနှင့် ပတ်သက်လာလျှင် ကိုယ်တော် လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်းမှာလည်း အလွန် သာမန်ဖြစ်ပြီး ယင်းမှာ စည်းမျဉ်းစည်းကမ်း လိုက်နာခြင်း ဖြစ်သည်။ ဤအရာကို ကြားပြီးနောက်တွင် အချို့လူများက “ဤအရာနှင့်ပတ်သက်၍ အဘယ်အရာက ထိုမျှ အရေးကြီးသနည်း။ ယင်းကို ထုတ်ပြောရန်ပင် တန်သလော။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျခြင်းလော။ ဤအရာများသည် အသေးအဖွဲ ကိစ္စရပ်များ ဖြစ်သည်” ဟု ပြောကောင်း ပြောကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ လူ့ဇာတိခံယူထားသော ဘုရားသခင်က စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းသည် ကိုယ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့၏ သရုပ်သကန်တစ်ခု ဖြစ်သောကြောင့် ယင်းမှာ ပြောဆိုရန် တန်ဖိုးရှိပြီး လူတို့တွင် ယင်းနှင့်ပတ်သက်သည့် အသိရှိရန် တန်ဖိုးရှိလေသည်။ ငါက စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းသည် သာမန်ဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့သော် ငါ၏ ဘဝတွင် နေရာတိုင်း၌ မိမိကိုယ်ကို အထူးအခွင့်အရေးပေးပြီး “ငါသည် ခရစ်တော်ဖြစ်သည်။ ငါသည် ကောင်းကင်ဘုံမှ လာသည်။ ငါသည် အခြားမည်သူနှင့်မျှ မတူပေ။ လူသားမျိုးနွယ်အလယ်တွင် ငါသည် တစ်ဦးတည်းသောသူ ဖြစ်သည်။ လူသားမျိုးနွယ်အားလုံး၊ သက်ရှိအရာအားလုံးနှင့် ဖန်ဆင်းခံအားလုံးတို့သည် ငါ၏ ခြေဖဝါးအောက်တွင် နင်းခြေခံရမည်။ အရာခပ်သိမ်းသည် ငါ၏ ခြေတင်ခုံ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူဖြစ်စေ၊ ဘာသာတရား မရှိသူဖြစ်စေ လူတိုင်းသည် ငါ့ကို ဦးညွှတ်ပြီး ကိုးကွယ်ရမည်။ ၎င်းတို့သည် ငါ၏ ရှေ့မှောက်သို့ လာသည့်အခါ အားလုံးက ရိုသေလေးစားပြီး ရိုသေကိုင်းရှိုင်းရမည်” ဟု ပြောဆိုလျက် အခွင့်အရေးရတိုင်း မိမိကိုယ်ကို ကိုယ်ရည်သွေးခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ ပုံမှန်ဖြစ်မည်လော။ (မဖြစ်ပါ။) ယင်းမှာ ပုံမှန်မဟုတ်ပေ။ ငါ ထိုသို့ ပြုမူသည်ကို သင် တွေ့ရသလော။ (မတွေ့ရပါ။) ငါ ထိုသို့ မပြုမူပေ။ ငါ ထိတွေ့ဆက်ဆံနိုင်သူတိုင်းနှင့်၊ အထူးသဖြင့် ဘာသာတရား မရှိသူများနှင့် ငါ ရင်းနှီးဖော်ရွေစွာ အဆင်ပြေသည်။ ၎င်းတို့ကို ငါ ဆက်ဆံပြီး ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရာတွင် စည်းမျဉ်းများနှင့် ယဉ်ကျေးမှုထုံးစံများအတိုင်း ပြုလုပ်သည်။ လူများနှင့် မည်သည့်အရာကိုမဆို ဆွေးနွေးသည့်အခါ သို့မဟုတ် တိုင်ပင်သည့်အခါ ၎င်းတို့ကို ငါ အထူးသဖြင့် ရိုသေလေးစားသည်။ ငါ နားမလည်သောအရာတစ်ခု ရှိသည့်အခါ ငါ ပို၍ မေးမြန်းပြီး စုံစမ်းကာ အချို့လူများသည် ငါ၏ မေးခွန်းများကို ကူညီဖြေကြားပေးရာတွင် အလွန် စိတ်ရှည်ကြသည်။ သေချာပေါက်ပင် ဤဆက်ဆံမှုကို ကျေးဇူးဆပ်ရန်အတွက်သာ ငါက စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း မဟုတ်ပေ။ ထိုအစား ဤလက်တွေ့ ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ရာ၌ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် လူများနှင့် ထိတွေ့ဆက်ဆံပြီး အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်သည့်အခါ ထိုသို့သော စည်းမျဉ်းတစ်ခုကို မွေးရာပါ လိုက်နာစောင့်ထိန်းသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် စာကြည့်တိုက်တစ်ခုသည် စာဖတ်ရန်နှင့် လေ့လာရန် နေရာတစ်ခု ဖြစ်သည်။ သင် ထိုနေရာသို့ သွားသည့်အခါ ယင်း၏ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းသင့်သည်။ သင်သည် ဆူညံ၍မရသည့်အပြင် တတ်နိုင်သမျှ စကားပြောခြင်းကို ရှောင်ကြဉ်ရန် ကြိုးစားသင့်သည်။ သင် စကားပြောလိုပါက အသံကို နှိမ့်သင့်သည် သို့မဟုတ် အပြင်သို့ ထွက်သင့်ပြီး အထူးသဖြင့် သင်၏ ဖုန်းမြည်လာပါက အခြားသူများ၏ စာဖတ်ခြင်းကို မနှောင့်ယှက်ရန် သို့မဟုတ် မထိခိုက်စေရန်အလို့ငှာ ဖုန်းဖြေရန် အပြင်သို့ အလျင်အမြန် ထွက်သင့်သည်။ ဤသည်ကို စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းဟု ခေါ်သည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် ငါ ဖုန်းလက်ခံရရှိပါက ယင်းကို ဖြေရန် အပြင်သို့ ငါ ထွက်မည်။ အချို့လူများက “ဤအရာကို မည်သူက မသိဘဲ နေမည်နည်း” ဟု ပြောဆိုကြသည်။ ဤအရာကို မသိသော လူများ အမှန်တကယ် ရှိကြသည်။ အနောက်နိုင်ငံများရှိ အချို့သော စားသောက်ဆိုင်များ၊ စူပါမားကတ်များနှင့် အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် လူတို့ သွားရောက်ကြသည့် နေရာများတွင် အချို့လူများက အလွန် ကျယ်လောင်စွာ စကားပြောနေကြသည်ကို သင် မကြာခဏ ကြားနိုင်ပြီး ထိုနေရာရှိ စားပွဲထိုးများနှင့် ဝန်ထမ်းများသည် အထူးသဖြင့် စက်ဆုပ်ရွံရှာမှုကို ခံစားကြရသည်။ အထူးသဖြင့် အချို့သော အာရှတိုက်သားများသည် စည်းမျဉ်းများကို လုံးဝ နားမလည်ကြဘဲ အလွန် အဆင့်အတန်းနိမ့်သည့်ပုံ ပေါက်ကြသည်။ အချို့နေရာများတွင် ရှင်းလင်းစွာ ရေးသားထားသော စည်းမျဉ်းများ ရှိသော်လည်း ၎င်းတို့သည် ယင်းတို့ကို လုံးဝ မမြင်ရသည့်အလား ပြုမူကြသည်။ ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် ရေးသားထားသော စည်းမျဉ်းများကို ၎င်းတို့ မြင်ရလျှင်ပင် ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ယင်းတို့ကို ချိုးဖောက်ပင် ချိုးဖောက်ကြသည်။ ဝန်ထမ်းများက ၎င်းတို့ကို သတိပေးသည့်အခါ ၎င်းတို့နှင့် ငြင်းခုံပင် ငြင်းခုံကြသည်။ ဤသည်မှာ မိမိကိုယ်ကို အရူးလုပ်နေခြင်း မဟုတ်လော။ အချို့လူများသည် မိမိတို့၏ မိခင်နိုင်ငံတွင် ဗိုလ်ကျရန် အသားကျနေကြသည်။ အနောက်နိုင်ငံများသို့ ၎င်းတို့ လာရောက်ကြသည့်အခါ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ပိုင်နက်ဖြစ်ဆဲဟု ထင်မှတ်ကြကာ ရန်လိုစွာ ပြုမူပြီး ဂေါ်ရီလာမျောက်ဝံများကဲ့သို့ ကြွားကြွားဝါဝါ လမ်းလျှောက်ကြကာ စည်းမျဉ်းများကို လုံးဝ လိုက်နာစောင့်ထိန်းခြင်း မရှိကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့ သွားလေရာရာတွင် လူတို့ကို ရွံရှာစေပြီး စက်ဆုပ်ရွံရှာမှုကို ခံစားရစေသည်။ အချို့လူများသည် ယာဉ်မောင်းလိုင်စင်ဌာနတွင် စာမေးပွဲဖြေဆိုသည့်အခါ ပြဿနာပင် ရှာကြသည်။ ထို့နောက်တွင် ၎င်းတို့၏ နိုင်ငံသားများကို တွေ့သည့်အခါ “ငါတို့ တရုတ်လူမျိုးများသည် သွားလေရာရာတွင် လွတ်လပ်ကြသည်။ ငါတို့သည် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန် မည်သည့်အခါမျှ မလိုလားကြပေ။ ငါတို့ ပို၍ ပေါ့ပေါ့ပါးပါး နေနိုင်လေလေ ပိုကောင်းလေလေ ဖြစ်သည်။ တစ်စုံတစ်ဦးက ငါ့ကို ဆုံးမပဲ့ပြင်ရန် ကြိုးစားပါက ငါသည် ကြီးမားသော ပြဿနာတစ်ခုကို ဖန်တီးမည်” ဟုပင် ကြေညာကြသည်။ ဤသို့သောသူသည် အသက်ရှင်နေသော နတ်ဆိုးတစ်ကောင် မဟုတ်လော။ သင်သည် မိမိ၏ မိခင်နိုင်ငံတွင် ရှိနေပြီး သင့်တွင် အာဏာနှင့် ဩဇာလွှမ်းမိုးမှု ရှိပါက ဗိုလ်ကျနိုင်သည်ဟု သင် ထင်သလော။ သင်သည် နိုင်ငံရပ်ခြားတွင်၊ တရားဥပဒေစိုးမိုးမှုဖြင့် အုပ်ချုပ်သော နိုင်ငံတစ်ခုတွင် နေထိုင်နေသည်။ သင်သည် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက ဥပဒေဆိုင်ရာ တာဝန်ယူမှုကို သင် ခံယူရမည်။ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်းသည် လူတစ်ဦး လုပ်ဆောင်သင့်သည့် အနည်းဆုံးအရာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤအခြေခံ စည်းမျဉ်းများကိုပင် နားမလည်ပါက ၎င်းတို့သည် လူသားပုံသဏ္ဌာန် လုံးဝ ကင်းမဲ့နေကြသည်။

ငါသည် ယေဘုယျအားဖြင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် အလွန် သတိထားသည်။ အထူးသဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရအေဂျင်စီများသို့ သွားသည့်အခါ ငါသည် သတိထား၍ ပြုမူပြီး ၎င်းတို့၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းမှ ရှောင်ကြဉ်သည်။ ငါသည် မည်သည့်ပုံစံကို ဖြည့်စွက်ရသည်ဖြစ်စေ၊ မည်သည့်မေးခွန်းများကို ဖြေဆိုရသည်ဖြစ်စေ ငါသည် စည်းမျဉ်းများအတိုင်း အမြဲ ပြုမူသည်။ ကိစ္စရပ်များကို အကြိမ်အနည်းငယ် ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် ငါသည် အတွေ့အကြုံ ရရှိခဲ့ပြီးဖြစ်သည်။ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းသည် လွယ်ကူသည်။ စိုးရိမ်စရာကောင်းသည့်အရာမှာ စည်းမျဉ်းများကို နားမလည်ခြင်း ဖြစ်သည်။ အရှက်ကွဲရခြင်းကို အသာထားလိုက်ပါ၊ ယင်းက အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းအပေါ် ထိခိုက်နိုင်သလော။ ထိခိုက်နိုင်သောကြောင့် လူတစ်ဦးသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူရမည်။ အနောက်နိုင်ငံသားများသည် အခြေခံအားဖြင့် ဤအရာများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်တွင် ပုံမှန် ဆင်ခြင်တုံတရားနှင့် အသိစိတ် ရှိသောကြောင့် သေချာပေါက် ကိုယ်တော်သည်လည်း ယင်းတို့ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး ကိုယ်တော်သည် ယင်းကို တက်တက်ကြွကြွ လုပ်ဆောင်သည်။ ကိုယ်တော်သည် မိမိကိုယ်ကို ဖန်ဆင်းခံ လူသားမျိုးနွယ်အလယ်တွင် တစ်ဦးတည်းသောသူအဖြစ် အမျိုးအစား မသတ်မှတ်သည့်အပြင် မိမိကိုယ်တိုင်အတွက် အထူးအခွင့်အရေးကို ရှာဖွေရန် ဤဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ဘယ်သောအခါမျှ ရှောင်ကွင်းခြင်း မရှိပေ။ အစိုးရအေဂျင်စီတစ်ခုတွင် ငါ မည်သည့်ကိစ္စကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ ငါသည် လုပ်ထုံးလုပ်နည်းများအတိုင်း အစဉ်သဖြင့် လုပ်ဆောင်သည်။ ငါသည် “ငါ့တွင် အထူး အဆင့်အတန်းတစ်ခုနှင့် အထူး ပင်ကိုလက္ခဏာတစ်ခု ရှိသည်။ ငါ့ကို အထူး ဆက်ဆံမှုအချို့ ပေးနိုင်သလော” ဟု ပြောဆိုလျက် တောင်းဆိုမှုများကို မည်သည့်အခါမျှ မပြုလုပ်ပေ။ အကြောင်းရင်းတစ်ခုမှာ ဤသို့သော လမ်းကြောင်းမျိုးကို ရှာဖွေရန် ငါ မည်သူနှင့်မျှ မတိုင်ပင်သောကြောင့် ဖြစ်သည်။ အခြားအကြောင်းရင်းတစ်ခုမှာ ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံသို့ “ဘုရားသခင်၊ လူသားများကဲ့သို့ ဤလုပ်ထုံးလုပ်နည်းများအတိုင်း ငါ လုပ်ဆောင်ရန် မလိုအပ်စေဖို့အလို့ငှာ ဤကိစ္စကို ချက်ချင်း ပြီးမြောက်စေလျက် ငါ့အတွက် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ကိုယ်တော် လုပ်ဆောင်ပေးနိုင်သလော” ဟု ပြောဆိုလျက် မည်သည့်အခါမျှ ဆုမတောင်းသောကြောင့် ဖြစ်သည်။ ငါသည် ဤသို့ မည်သည့်အခါမျှ ဆုမတောင်းပေ။ ထိုအစား ငါသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည်။ သေချာပေါက် ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ငါသည် အချို့သော အထူး အခြေအနေများနှင့်လည်း ကြုံတွေ့ရလိမ့်မည်။ အထူး အခြေအနေများသည် အထူး ကိုင်တွယ်ဖြေရှင်းမှုကို လိုအပ်သည်။ အခကြေးငွေ ပေးဆောင်ရန် လိုအပ်ပါက ပေးဆောင်သည်။ ငါ စောင့်ဆိုင်းရန် လိုအပ်ပါက စောင့်ဆိုင်းသည်။ ငါသည် တစ်စုံတစ်ရာအတွက် လျှောက်ထားရန် သို့မဟုတ် အစိုးရထံမှ အတည်ပြုချက်ကို ထပ်မံရယူရန် လိုအပ်ပါက ငါ လျှောက်ထားပြီး အတည်ပြုချက်ကို ထပ်မံရယူသည်။ ငါသည် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ထုံးလုပ်နည်းများကို သေချာပေါက် တင်းကျပ်စွာ လိုက်နာမည်ဖြစ်ပြီး မည်သူ့ကိုမျှ ကျော်လွန်၍ လုပ်ဆောင်မည် မဟုတ်ပေ။ ငါသည် စူပါမားကတ်တစ်ခုတွင် ဈေးဝယ်နေသည်ဖြစ်စေ သို့မဟုတ် အစိုးရအေဂျင်စီတစ်ခုတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ လူများ တန်းစီနေပါက ငါသည် ၎င်းတို့နှင့်အတူ တန်းစီသည်။ ငါ့အလှည့်ရောက်သည့်အခါ ငါသည် ချက်ချင်း ရှေ့သို့ ထွက်သည်။ ၎င်းတို့က ငါ့ကို မည်သည့်အရာ လုပ်ဆောင်ရန် တောင်းဆိုသည်ဖြစ်စေ ၎င်းတို့၏ တောင်းဆိုချက်များအတိုင်း စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ငါ လုပ်ဆောင်သည်။ ဤသည်မှာ ငါ ကျင့်ကြံပြုမူသည့်ပုံစံ ဖြစ်သည်။ ဘဝတွင် အမှုအရာများနှင့် ကြုံတွေ့ရသည့်အခါ ဤသည်မှာ ငါ ပြုမူပြီး ယင်းတို့ကို တွေ့ကြုံသည့်ပုံစံ ဖြစ်သည်။ ငါသည် မတရားမှုအချို့ကို ခံစားရမည့် အထူး အချိန်အချို့ ရှိသော်လည်း ယင်းက “စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း” ဟူသည့် ငါ၏ ခံယူချက်များကို မည်သည့်အခါမျှ မထိခိုက်ပေ။ ငါ လုပ်ဆောင်သင့်သည့်အရာကို ငါ လုပ်ဆောင်ဆဲဖြစ်သည်။ အထူးသဖြင့် ငါသည် အာရှတိုက်သားပုံပေါက်သည်၊ သေးငယ်သော ခန္ဓာကိုယ်နှင့် သာမန် ပုံပန်းသဏ္ဌာန် ရှိသည်၊ ကျယ်လောင်သော အသံဖြင့် စကားမပြောသကဲ့သို့ လူတို့အတွက် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်ပုံရသည်၊ လူအုပ်ထဲတွင် ထင်ပေါ်နေခြင်း မရှိသည့်အပြင် မည်သူ၏ အာရုံစိုက်မှုကိုမျှ လုံးဝ မရရှိပေ။ ထို့ကြောင့် အချို့သော အထူး ပတ်ဝန်းကျင်များတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ငါသည် မတူညီသော အတိုင်းအတာများရှိသည့် ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်ရသည် သို့မဟုတ် မတူညီသော အတိုင်းအတာများရှိသည့် “အထူး ဆက်ဆံမှု” ကို ရရှိသည်။ သင်တို့သည် ဤအရာများနှင့် ကြုံတွေ့ရပါက သင်တို့ မည်သို့ လုပ်ဆောင်မည်နည်း။ သင်တို့သည် ထိုလူများနှင့် ငြင်းခုံမည်လော၊ ၎င်းတို့ကို တိုင်ကြားမည်လော၊ သို့မဟုတ် ၎င်းတို့ကို ကျိန်ဆဲရန် ဘုရားသခင်ထံ ဆုတောင်းမည်လော။ မည်သည့်နည်းလမ်းကို သင်တို့ အသုံးပြုမည်နည်း။ (အခြေအနေများက သင့်လျော်ပါက ၎င်းတို့နှင့် ကျွန်ုပ် ငြင်းခုံကောင်း ငြင်းခုံပါမည်။) ပြီးလျှင် ၎င်းတို့ကို ကျိန်ဆဲရန် သင်၏ စိတ်နှလုံးထဲတွင် သင် ဆုတောင်းမည်လော။ (ကျွန်ုပ် ထိုအထိ လုပ်ဆောင်မည်မဟုတ်ပါ၊ သို့သော် စိတ်ထဲ၌ အတော်အတန် ဒေါသထွက်ပါမည်။) သင်သည် ခြားနားစွာ ဆက်ဆံခံရသည့်အခါ သို့မဟုတ် ခွဲခြားဆက်ဆံခံရသည့်အခါ စိတ်အေးအေးထားသင့်သည်။ ငါနှင့်ပတ်သက်၍မူ ၎င်းတို့ကို ကျိန်ဆဲရန် ငါ ဆုမတောင်းသည့်အပြင် ၎င်းတို့နှင့် ငြင်းခုံခြင်း သို့မဟုတ် အငြင်းပွားခြင်းလည်း မပြုပေ။ ထိုအစား ငါသည် စိတ်အေးအေးထားပြီး ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်သည်။ ငါ၏ စိတ်နှလုံးထဲတွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်လိမ့်မည်ဖြစ်သော်လည်း ရက်အနည်းငယ်ကြာပြီးနောက်တွင် ငါ အဆင်ပြေသွားလိမ့်မည်၊ ယင်းကို ငါ လက်ခံနိုင်သွားလိမ့်မည်။ သင်၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုအပေါ် စော်ကားမှုကို သင် ခံရလျှင်ပင် သင်သည် တဇောက်ကန်းဖြစ်ခြင်းကို ပြသ၍မရပေ၊ အမှုအရာများကို တဇောက်ကန်းဖြစ်သော နည်းလမ်းဖြင့် သင် မိုင်တွယ်ဖြေရှင်း၍ မရနိုင်ပေ။ သို့ဆိုလျှင် ယင်းတို့ကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ တစ်စုံတစ်ဦးက သင့်ကို ခွဲခြားဆက်ဆံပါက သို့မဟုတ် သင့်ကို စော်ကားပါက သင်သည် ၎င်းတို့ကို စိတ်ရှည်စွာဖြင့် ဆက်ဆံသင့်သည်၊ ၎င်းတို့နှင့် ဝေးဝေးနေသင့်ပြီး တဇောက်ကန်းဖြစ်ခြင်းကို မပြသသင့်ပေ၊ ထိုသို့ဆိုလျှင် ၎င်းတို့သည် သင့်ကို မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤတစ်ကြိမ်တွင် အနည်းငယ် အရှုံးခံရခြင်းကို သင်ခန်းစာတစ်ခုအဖြစ်သာ သဘောထားလော့။ ငါသည် ဤသို့သောအရာမျိုးနှင့် ကြုံတွေ့ရပါက ငါ၏ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်ကြောင့် ငါသည် နာကျင်မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး ငါ၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့သည် ထိခိုက်ခံရသည်ဟုလည်း ငါ ခံစားရလိမ့်မည်။ အတွင်း၌ စိတ်မသက်မသာဖြစ်ပြီး နာကျင်မှုကို ငါ ခံစားရလိမ့်မည်။ သို့သော် ငါ့တွင် အထူး ပင်ကိုလက္ခဏာတစ်ခုနှင့် အထူး အဆင့်အတန်းတစ်ခု ရှိသောကြောင့် ငါသည် မတရားခံရသည်ဟု လုံးဝ ခံစားရမည်မဟုတ်သည့်အပြင် ငါ့ကို ခွဲခြားဆက်ဆံသူများကို မုန်းတီးခြင်း သို့မဟုတ် ကျိန်ဆဲခြင်း ပို၍ပင် ပြုလုပ်မည် မဟုတ်ပေ။ ငါ အသက်ပိုကြီးလာလေလေ ဤအရာများသည် လုံးဝ ပုံမှန်ဖြစ်သည်ဟု ငါ ပို၍ ခံစားရလေလေ ဖြစ်သည်။ ဤလူ့လောကတွင်၊ ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အလယ်တွင် အသက်ရှင်နေထိုင်ရာ၌ ဤအရာများသည် လုံးဝ ပုံမှန်ဖြစ်သည်။ ငါသည် ထိုသို့သောအရာများကို အသားကျနေပြီး ယင်းတို့နှင့်ပတ်သက်၍ ထုံထိုင်းသွားသောကြောင့် ဤသို့ ခံစားရခြင်းမဟုတ်ဘဲ လူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး ဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ခွဲခြားဆက်ဆံမှုသည် သင့်ကို ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ခြင်း မဟုတ်ပေ၊ ထို့ထက် လူသားမျိုးနွယ်တစ်ရပ်လုံးသည် ဤကဲ့သို့ ဖြစ်သည်။ သင် မြင်သလော၊ လူမျိုးစုံ ရွှေ့ပြောင်းနေထိုင်သူများရှိသော နိုင်ငံတစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် လူမျိုးတိုင်းမှ လူတို့က ၎င်းတို့သည် ခွဲခြားဆက်ဆံခံရသည်ဟု ပြောဆိုကြလိမ့်မည်၊ လူဖြူများပင်လျှင် ဤသို့ ပြောဆိုကြလိမ့်မည်။ လူတို့သည် မတူညီသော အချိန်အခါများတွင်၊ မတူညီသော ပတ်ဝန်းကျင်များတွင်နှင့် မတူညီသော လူအုပ်စုများအလယ်တွင် ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်ရလိမ့်မည်။ တစ်ခါတစ်ရံတွင် ယင်းသည် အခြားလူမျိုးများထံမှ ခွဲခြားဆက်ဆံမှုဖြစ်ပြီး တစ်ခါတစ်ရံတွင် လူတစ်ဦးသည် မိမိ၏ ကိုယ်ပိုင်လူမျိုးထံမှ ခွဲခြားဆက်ဆံမှုအချို့ သို့မဟုတ် မတရားသော ဆက်ဆံမှုကိုလည်း ရင်ဆိုင်ရသည်။ သင်က ခွဲခြားဆက်ဆံမှုဟု ယူဆသောအရာသည် ဖောက်ပြန်ပျက်စီးသော လူသားများက တစ်ဦးကိုတစ်ဦး မည်သို့ ဆက်ဆံသည်ဟူသည်နှင့် ပတ်သက်လာလျှင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသည့် အဖြစ်အများဆုံးသော နည်းလမ်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသည်မှာ အတိအကျပင် ဤလူသားမျိုးနွယ် ဖြစ်သည့်ပုံစံဖြစ်သောကြောင့် ထိုသို့သောအရာများကို အလွန်အမင်း အလေးအနက် မထားနှင့်။ ဒေါသထွက်ခြင်းသည် ပုံမှန်ဖြစ်သော်လည်း သင်သည် ဤကိစ္စရပ်များကို အလျင်အမြန် ထိုးထွင်းသိမြင်သင့်ပြီး ထို့နောက် ယင်းတို့ကို လက်လွှတ်သင့်သည်။ ယင်းတို့ကို တဇောက်ကန်းဖြစ်သော နည်းလမ်းဖြင့် မချဉ်းကပ်နှင့်။ မည်သူ့ကိုမဆို လက်စားချေရန် မတွေးနှင့် သို့မဟုတ် မည်သူ့ကိုမဆို ကျိန်ဆဲရန် ဆုမတောင်းနှင့်။ သင်သည် သာမန်မဟုတ်ဟု မခံစားရနှင့်။ သင်သည် သာမန်လူတစ်ဦးဖြစ်ပြီး ယင်းမှာ အခြားသူများက သင့်ကို ဆက်ဆံသည့်ပုံစံ ဖြစ်သည်။ သင်သည် အနိုင်ကျင့်ရလွယ်သူဖြစ်ကြောင်း ၎င်းတို့ မြင်ပါက ၎င်းတို့သည် သင့်ကို အနိုင်ကျင့်ကြလိမ့်မည်။ ဤသည်မှာ လုံးဝ ပုံမှန်ဖြစ်သည် မဟုတ်လော။ “ငါသည် သာမန်လူတစ်ဦး မဟုတ်ပေ။ ငါ့တွင် ထိုသို့သော မြင့်မားသည့် တန်ဖိုးနှင့် ထိုသို့သော မြင့်မားသည့် အဆင့်အတန်း ရှိသည်။ ငါ့ကို အနိုင်ကျင့်သူ မည်သူ့ကိုမဆို ကျိန်ဆဲရန် ငါ ဆုတောင်းမည်။ ငါ့ကို မည်သူက ကျောထောက်နောက်ခံပေးထားသည်ကို သင့်အား ငါ ပြောပြပါက ယင်းက သင့်ကို အလွန်အမင်း ကြောက်လန့်သွားစေလိမ့်မည်။ နောင်တွင် ငါ အာဏာရလာသည့်အခါ သင့်ကို ဒူးထောက်ပြီး သနားညှာတာရန် တောင်းပန်စေမည်ဖြစ်ကာ သင့်ကို ဆန်စေ့ကောက်နေသော ကြက်တစ်ကောင်ကဲ့သို့ ဦးချစေမည်” ဟု တွေးရန် အယူအဆများနှင့် စိတ်ကူးများကို အားမကိုးနှင့်။ ငါ့တွင် ထိုသို့သော အတွေးများ မည်သည့်အခါမျှ မရှိခဲ့ပေ။ ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် ခွဲခြားဆက်ဆံမှု ရှိသည်။ လူတို့၏ ခွဲခြားဆက်ဆံမှုသည် သင့်တစ်ဦးတည်းကိုသာ ရည်ရွယ်ခြင်း မဟုတ်ပေ။ ဤလောကကိုယ်၌သည် မတရားမှု၊ ခွဲခြားဆက်ဆံမှု၊ အမျိုးမျိုးသော ဆိုးညစ်မှုနှင့် အမျိုးမျိုးသော မကောင်းမှုပြုခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ဤသို့သောအရာများနှင့် ငါ ကြုံတွေ့ရသည့်အခါ ငါသည် မိမိကိုယ်ကို မည်သည့် အထူးပုဂ္ဂိုလ်မျိုးအဖြစ်မျှ မဆက်ဆံသောကြောင့် ဤအရာများကို လက်လွှတ်ရန် ငါ့အတွက် အလွန် လွယ်ကူသည်။ ဤသည်မှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဟူသည့် ခံယူချက်များကို လိုက်နာစောင့်ထိန်းခြင်းလည်း မဟုတ်လော။ (ဟုတ်ပါသည်။)

ဘုရားသခင်၏ ဘဝတွင်၊ လူ့ဇာတိခံထားသော ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သော ညီအစ်ကိုမောင်နှမ အချို့အပြင် ဘာသာတရား မရှိသူများ အပါအဝင် လူများနှင့် မလွဲမသွေ ဆက်ဆံပြီး ပတ်သက်ဆက်နွှယ်လေသည်။ ဘုရားသခင်ကို ယုံကြည်သော ညီအစ်ကိုမောင်နှမများနှင့် ဆက်ဆံသည့်အခါတွင် သူသည် သေချာပေါက်ပင် လူ့သဘာဝအရ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းအချို့ ရှိလေသည်။ သူသည် ယဉ်ကျေးမှုနှင့် အပြန်အလှန် တုံ့ပြန်မှု စည်းမျဉ်းများနှင့် လောကီနည်းလမ်းများကို တစ်သဝေမတိမ်း လိုက်နာခြင်း မရှိသော်လည်း အပြန်အလှန် ကျေးဇူးဆပ်ခြင်းနှင့် ပတ်သက်၍ သူသည် အခြားသူများကို အမြတ်ထုတ်ခြင်း သို့မဟုတ် မိမိအတွက် အထူးအခွင့်အရေး ရှာဖွေခြင်း မပြုရန် ကြိုးစားလေသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ငါ့အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန် ၎င်းတို့၏ ခွန်အားနှင့် အချိန်အချို့ကို အသုံးပြုကြသည့်အခါ ငါသည် ၎င်းတို့ကို လက်ဆောင်ငယ်တစ်ခုပေးရန်၊ ၎င်းတို့ထံ အလည်အပတ်သွားရန်၊ ၎င်းတို့ကို အစားအသောက် ကျွေးမွေးရန် သို့မဟုတ် အခြားတစ်စုံတစ်ရာ လုပ်ဆောင်ပေးရန် အခွင့်အရေးတစ်ခုကို ရှာဖွေမည်ဖြစ်သည်။ ဤသည်မှာ လာဘ်ပေးလာဘ်ယူခြင်း မဟုတ်ပေ၊ ဤသည်မှာ ယဉ်ကျေးမှုနှင့် အပြန်အလှန် တုံ့ပြန်မှုဖြစ်ပြီး အခြားသူများကို အမြတ်မထုတ်ခြင်း ဖြစ်၏။ ငါနှင့် မည်သည့် သီးသန့် အပြန်အလှန် ဆက်သွယ်မှုမျှ မရှိဖူးသော ညီအစ်ကိုမောင်နှမများနှင့် ပတ်သက်၍မူ ၎င်းတို့တွင် အဆင့်အတန်း ရှိသောကြောင့်ဖြစ်စေ၊ ဘုရားသခင်၏ အိမ်တော်တွင် ပံ့ပိုးကူညီမှုများ ပြုလုပ်ထားသောကြောင့်ဖြစ်စေ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ လက်ဆောင်များ မပေးဖူးသည့်အပြင် ၎င်းတို့ကို ငါ တန်ဖိုးထားသောကြောင့်ဖြစ်စေ၊ ၎င်းတို့နှင့် သင့်တင့်လျောက်ပတ်သော ဆက်ဆံရေးတစ်ခု ရှိသောကြောင့်ဖြစ်စေ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ အရာဝတ္ထုများ သို့မဟုတ် အထူးဆက်ဆံမှုမျိုး ငါ မပေးဖူးပေ။ ထိုသို့သောအရာများ မည်သည့်အခါမျှ မဖြစ်ဖူးပေ။ အချုပ်အားဖြင့်ဆိုရလျှင် လူများနှင့် ပတ်သက်ဆက်နွှယ်ပြီး ဆက်ဆံသည့်အခါ ၎င်းတို့ကို အမြတ်ထုတ်ခြင်း သို့မဟုတ် ငါ့ကိုယ်တိုင်အတွက် အထူးအခွင့်အရေး ရှာဖွေခြင်း မပြုရန် ငါ ကြိုးစားလေသည်။ ငါ၏ အထူး ပင်ကိုလက္ခဏာက “သင့်ကို ငါ မည်သို့ပင် အသုံးပြုသည်ဖြစ်စေ သင့်လျော်ပြီး သင်သည် ယင်းကို လက်ခံသင့်သည်၊ ယင်းမှာ သင့်ကို ချီးမြှောက်ခြင်း ဖြစ်သည်” ဟု ငါ့ကို တွေးစေမည် မဟုတ်ပေ။ ငါသည် ဤသို့ တွေးမည် မဟုတ်ပေ။ သင်သည် အသင်းတော်အလုပ် ပြင်ပရှိ ကိစ္စရပ်များဖြစ်သော ကိုယ်ရေးကိုယ်တာ ကိစ္စရပ်အချို့ကို ငါ့အတွက် ကိုင်တွယ်ဖြေရှင်းပေးပါက ဤကျေးဇူးကို ငါ မှတ်ထားပြီး သင့်ကို ကျေးဇူးဆပ်မည်ဖြစ်သည်။ ဤအခြေခံပေါ်တွင် ငါသည် သင်နှင့်အတူ အပြန်အလှန် ကျေးဇူးဆပ်မည်ဖြစ်သည်။ ဘာသာတရား မရှိသူများနှင့် ပတ်သက်လာလျှင် ပြောစရာပင် မလိုတော့ပေ၊ ဘာသာတရား မရှိသူတစ်ဦးက ငါ့အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းပေးပြီး ငွေကြေးပမာဏတစ်ခုကို သုံးစွဲခဲ့ပါက တစ်ချက်အနေဖြင့် ၎င်းကို ငွေကြေးအရ အကြွေးမတင်စေရန် ငါ သေချာပေါက် လုပ်ဆောင်မည်ဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင်အိတ်ကပ်ထဲမှ ၎င်းကို စိုက်ထုတ်ရှင်းခိုင်းမည် မဟုတ်ပေ၊ လိုအပ်သည့် ငွေကြေးမည်မျှကိုမဆို ၎င်းကို ငါ ပေးမည်ဖြစ်သည်။ ထို့အပြင် ဤကိစ္စကို ငါ့အတွက် ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းသည် အလွန်အမင်း ပင်ပန်းခံခဲ့သည်၊ အားထုတ်မှုများစွာ ပြုလုပ်ခဲ့ပြီး ဟိုဟိုဒီဒီ များစွာ ပြေးလွှားခဲ့သောကြောင့် ယဉ်ကျေးမှုအရ ၎င်းကို လက်ဆောင်တစ်ခု ငါ ပေးရမည်၊ ထိုအကူအညီအတွက် လျော်ကြေးအချို့ ပေးရမည်ဖြစ်ပြီး ၎င်းကို အမြတ်ထုတ်ခြင်း မပြုရ။ ၎င်းသည် ဤအလုပ်ကို လုပ်ကိုင်ပြီး ယင်းမှ အသက်မွေးဝမ်းကျောင်း ပြုသည်၊ ၎င်းက ငါ့အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းပေးခဲ့သောကြောင့် ၎င်းကို ဆုံးရှုံးမှုတစ်ခု ခံစားရစေရန် သို့မဟုတ် ၎င်း၏ ကိုယ်ပိုင်အိတ်ကပ်ထဲမှ ငွေကြေးပေးချေစေရန် ငါ ခွင့်မပြုနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက မသင့်လျော်ပေ။ ထို့ကြောင့် ဤသို့သော ကိစ္စရပ်များတွင် ငါကိုယ်တိုင်အတွက် အထူးအခွင့်အရေးကို ငါ မရှာဖွေပေ။ သေချာပေါက်ပင် ဤသည်မှာ ကစားပွဲ၏ စည်းမျဉ်းများကို လိုက်နာနေခြင်း မဟုတ်ပေ၊ ယင်းမှာ အခြေခံအကျဆုံးသော လောကီနည်းလမ်းများ၊ ယဉ်ကျေးမှုနှင့် အပြန်အလှန် တုံ့ပြန်မှုတို့ကို စွဲကိုင်ထားရမည် ဖြစ်ခြင်းသာ ဖြစ်သည်၊ ဤကိစ္စနှင့် ပတ်သက်၍ မည်သည့် ခြွင်းချက်မျှ ပြုလုပ်၍ မရနိုင်ပေ။ သင်သည် တစ်စုံတစ်ဦးကို ကိစ္စတစ်ခု ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုပြီး ၎င်းကို ငွေမပေးပါက၊ ပြီးလျှင် ၎င်းကို အမြတ်ထုတ်ရန် အစဉ် ကြိုးစားပါက ဤသည်မှာ တည်ကြည်မှု မရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤကိစ္စရပ်များတွင် ငါ၏ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်သည် တစ်စုံတစ်ရာကို ပြီးမြောက်အောင် လုပ်ဆောင်လိုပြီး ၎င်းတို့ ပေးအပ်သော အစီအစဉ်က သင့်လျော်ကာ ၎င်းတို့၏ ဈေးနှုန်းကို သင် တတ်နိုင်ပါက ယင်းကို ဆက်လက်လုပ်ဆောင်လော့။ သင် မတတ်နိုင်ပါက မလုပ်ဆောင်ပါနှင့်၊ ယင်းကို လုပ်ဆောင်ရန် ပို၍ ဈေးသက်သာသော သူတစ်ဦးကို ရှာဖွေလော့။ သင် တတ်နိုင်သည့်အရာကိုသာ လုပ်ဆောင်လော့။ မိမိလုပ်နိုင်စွမ်းထက် ကျော်လွန်၍ မလုပ်နှင့်၊ ပြီးလျှင် အခြားသူများကို သင် မည်သို့ အမြတ်ထုတ်နိုင်သည်ဟူသည်ကို မစဉ်းစားနှင့်။ သင့်တွင် ယင်းကို ကိုင်တွယ်ဖြေရှင်းရန် ငွေကြေးအင်အား မရှိပါက ငွေချေးလော့၊ ချေးငွေယူလော့၊ သို့မဟုတ် ယင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ငွေအလုံအလောက် ရှာဖွေရရှိသည်အထိ စောင့်ဆိုင်းလော့။ အချုပ်အားဖြင့်ဆိုရလျှင် သင့်ဘာသာ တစ်စုံတစ်ရာကို အဖြေရှာလော့၊ အခြားသူများကို သင် အမြတ်ထုတ်၍ မရပေ။ ဤသည်မှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအလုပ် ဖြစ်ပါက ၎င်းတို့က သင့်အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းပေးသည့်အခါ သင်သည် ကတိတည်သင့်ပြီး ၎င်းတို့ကို ငွေပေးချေသင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ အခြားသူများကို အမြတ်မထုတ်ခြင်း၊ အခြားသူများကို မလှည့်စားခြင်း၊ အခြားသူများကို အကြွေးမတင်ခြင်း၊ အရှက်မဲ့စွာ မပြုမူခြင်းနှင့် အကြွေးများ မတင်ခြင်း၊ ဤသည်ကို စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းဟု ခေါ်ဆိုလေသည်။ သင် အခက်အခဲကြုံရသည့်အခါ အခြားသူများကို သင်၏ ဒုက္ခများအကြောင်း ရင်ဖွင့်ပြောဆိုခြင်း မပြုနှင့်၊ သင် ဆင်းရဲသည့်အခါ အခြားသူများကို အမြတ်မထုတ်နှင့်၊ သင် ချမ်းသာသည့်အခါ သင်၏ ကြွယ်ဝချမ်းသာမှုကို ကြွားဝါခြင်း မပြုနှင့်၊ ပြီးလျှင် သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကြောင့် ဟိတ်ဟန်ထုတ်ခြင်း မပြုနှင့်။ ဤသည်မှာ လူများနှင့် ဆက်ဆံခြင်းနှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ငါ၏ ခံယူချက် ဖြစ်သည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံတွင် ငါ့အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းပေးရန် တစ်စုံတစ်ဦးကို ငါ ရှာဖွေမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤအရာက ဒေါ်လာတစ်ထောင်သာ ကုန်ကျမည်ဖြစ်သော်လည်း ၎င်းတို့က ငါးထောင် လိုချင်သည်ဟု ဆိုကြပါစို့။ ဤအရာကို ငါ တတ်နိုင်သော်လည်း ဤကဲ့သို့ လိမ်လည်ခံရခြင်းကို ငါ လက်ခံမည် မဟုတ်ပေ။ ဤအရာကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ပုံမှန်အားဖြင့် လိုအပ်သည့် မည်သည့်ပမာဏကိုမဆို ငါ သုံးစွဲမည်ဖြစ်ပြီး လူများကို ငါ ဈေးဆစ်မည် မဟုတ်ပေ။ ငါ မတတ်နိုင်ပါက ပို၍ ဈေးသက်သာသော သူတစ်ဦးကို ငါ ရှာဖွေမည်ဖြစ်သည်။ ငါသည် အရှက်မဲ့စွာ လုံးဝ ပြုမူမည် မဟုတ်သည့်အပြင် ၎င်းကို ဈေးလျှော့ပေးစေရန် ဆင်းရဲချို့တဲ့ဟန် ဆောင်မည်လည်း မဟုတ်ပေ၊ ထိုသို့သောအရာများကို ငါ မည်သည့်အခါမျှ မပြောပေ။ ဤအရာကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် ငွေကြေးမည်မျှကိုမဆို ငါ ပေးသည်၊ ဈေးကွက်ပေါက်ဈေးအတိုင်း ပေးချေပြီး စည်းမျဉ်းများနှင့်အညီ ပြုမူလေသည်။ ဤသည်မှာ ငါ မည်မျှ တိကျသေချာသည်ဟူခြင်းပင် ဖြစ်သည်။ အချို့သော ချမ်းသာကြွယ်ဝသူများသည် အထူးသဖြင့် ဟိတ်ဟန်ကြီးပြီး မောက်မာကြသည်။ ၎င်းတို့သည် နာမည်ကြီး တံဆိပ်များ၊ စိန်လက်စွပ်များနှင့် ဆွဲကြိုးများကို ဝတ်ဆင်ကြပြီး မျက်စိကျိန်းမတတ် တောက်ပသော လက်ဝတ်ရတနာများဖြင့် ခေါင်းအစခြေအဆုံး အလှဆင်ထားကြသည်။ ထို့အပြင် ၎င်းတို့သည် မည်သည့်နေရာသို့သွားသွား ဒေါက်မြင့်ဖိနပ်များကို စီးကြပြီး အသံမမြည်ပါက ခပ်လျှိုလျှိုနေလွန်းသည်ဟု တွေးလျက် ကော်ဇောများပေါ်တွင် လမ်းလျှောက်ခြင်းကို ယေဘုယျအားဖြင့် ရှောင်ကြဉ်ကြသည်၊ ၎င်းတို့ ရောက်ရှိလာသည်ကို လူများ သတိပြုမိစေရန် စကျင်ကျောက် သို့မဟုတ် သစ်သားကြမ်းပြင်များပေါ်တွင် အထူးတလည် လမ်းလျှောက်ကြသည်။ ၎င်းတို့သည် အခန်းတစ်ခုထဲသို့ ဝင်သည့်အခါ ၎င်းတို့၏ နာမည်ကြီး နေကာမျက်မှန်များကိုပင် မချွတ်ကြဘဲ “မိဖုရား ကြွလာသည်ကို သင်တို့ မြင်သလော” ဟု ပြောနေသည့်အလား မည်သူရှိသည်ကို မြင်ရန် တံခါးဝမှနေ၍ အခန်းကို အကဲခတ်ကြည့်ရှုကြသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ ၎င်းတို့သည် ဦးစွာ ဟိတ်ဟန်ထုတ်မှရမည် ဖြစ်သည်။ နွေရာသီတွင် ငါ အပြင်ထွက်သည့်အခါ နေကာမျက်မှန် တပ်ထားပါက ငါ နေကာမျက်မှန် တပ်ထားသည်ကို လူများမြင်ပြီး ငါ ဟိတ်ဟန်ထုတ်နေသည်ဟု တွေးကာ နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်စေမည်ကို စိုးရိမ်သဖြင့် ငါ၏ သွားမည့်နေရာသို့ ရောက်သည့်အခါ ယင်းတို့ကို ငါ၏ အိတ်ထဲသို့ အမြန်ထည့်လိုက်သည်။ ငါ စီးသော ဖိနပ်အများစုတွင် ရော်ဘာ သို့မဟုတ် ရေမြှုပ် ဖိနပ်ခုံများ ပါရှိပြီး လမ်းလျှောက်သည့်အခါ မည်သည့်အသံမျှ မထွက်စေရန် ငါ ကြိုးစားလေသည်။ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် တစ်နေရာရာသို့ ငါ သွားသည့်အခါ လူခေါ်ခေါင်းလောင်း တီးရန် လိုအပ်ပါက ငါ တီးလေသည်။ လူခေါ်ခေါင်းလောင်း တီးရန် မလိုအပ်ပါက ငါ အထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မည်သူမည်ဝါနှင့် အချိန်တစ်ခုတွင် ချိန်းဆိုထားကြောင်း ဧည့်ကြိုကို ငါ ဦးစွာ ပြောပြပြီးနောက် ထိုနေရာတွင် ထိုင်၍ စောင့်ဆိုင်းလေသည်။ လူအချို့သည် လုပ်စရာမရှိသည့်အခါ ထိုင်လျက် ၎င်းတို့၏ ဖုန်းများကို ကြည့်နေကြသည်ကို ငါ မြင်ရသည်။ ၎င်းတို့သည် ခြေချိတ်ထိုင်ထားကြသည်၊ ၎င်းတို့၏ ကောက်ထားသော ဆံပင်များကို ခါနေကြပြီး ၎င်းတို့ဘေးတွင် နာမည်ကြီး တံဆိပ်ပါသော အိတ်တစ်လုံး ရှိကြသည်၊ ၎င်းတို့သည် အလွန် ဟိတ်ဟန်ကြီးကြလေသည်။ ငါ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ ငါသည် အထူးသဖြင့် ခပ်လျှိုလျှိုနေလေသည်။ ငါ၏ အိတ်ကို လူဆိုးများ လုယူသွားခြင်းမှ ကာကွယ်ရန် ငါ၏ ရင်ဘတ်တွင် ပိုက်ထားလျက် ထိုင်ရန် ထောင့်တစ်နေရာကို ငါ ရှာဖွေလေသည်။ ငါသည် သတိထားပြီး ခပ်လျှိုလျှိုနေလေသည်။ ငါ၏ အလှည့်ရောက်သည့်အခါ အချိန်မဆွဲဘဲ ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ငါ အမြန်သွားပြီး အာရုံစိုက်ခံရမှု နည်းနိုင်သမျှ နည်းစေရန် ကြိုးစားလေသည်။ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ စည်းမျဉ်းများကို ငါ လိုက်နာပြီး လူများကို အကြွေးမတင်စေပေ။ ငါ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ ငါ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားသည်၊ မည်သူ၏ အာရုံစိုက်မှုကိုမျှ ငါ မရယူလိုပေ။ ဆိုလိုသည်မှာ တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းရန် ငါ သွားရောက်သည့် မည်သည့်နေရာတွင်မဆို ငါသည် တိတ်ဆိတ်စွာ လှုပ်ရှားပြီး ငါ ရောက်ရှိနေကြောင်း ကြေညာသည့်အလား မည်သည့်အခါမျှ အသံမကျယ်ပေ။ ဘာသာတရား မရှိသူများနှင့် ဆက်ဆံသည့်အခါ ၎င်းတို့တွင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သီးခြား စည်းမျဉ်းအချို့ ပုံမှန်အားဖြင့် ရှိပါက ထိုစည်းမျဉ်းများကို ငါ လိုက်နာလေသည်။ ဥပမာအားဖြင့် လုပ်ငန်းနယ်ပယ် တစ်ခုခုတွင် စည်းမျဉ်းမှာ တစ်စုံတစ်ဦးက သင့်အတွက် ကိစ္စတစ်ခုကို ကိုင်တွယ်ဖြေရှင်းပေးပြီးနောက် ၎င်းကို အစားအသောက်တစ်ခု သင် ကျွေးမွေးရမည် ဖြစ်သည်။ ငါတို့၏ အရောင်းအဝယ် ဈေးနှုန်းအရ အစားအသောက်သည် ယေဘုယျအားဖြင့် ဒေါ်လာ ဆယ့်ငါးဒေါ်လာခန့် ကုန်ကျသင့်သောကြောင့် ထိုပမာဏခန့် ကုန်ကျသော အစားအသောက်တစ်ခုကို ၎င်းကို ငါ ကျွေးမွေးလေသည်။ “သင်က ၎င်းကို အစားအသောက် ကျွေးမွေးနေသည်ဖြစ်ရာ ကြွားဝါရန်အတွက် ငွေအနည်းငယ် ပိုသုံးပါ” ဟု လူအချို့က ပြောကြသည်။ ထိုသို့လုပ်ဆောင်ရန် မလိုအပ်ပေ။ ၎င်းတို့၏ စည်းမျဉ်းများ မည်သို့ပင်ဖြစ်စေ ငါတို့သည် ယင်းတို့ကို လိုက်နာကြသည်။ အတိုင်းအတာထက် မကျော်လွန်စေနှင့်၊ ပြီးလျှင် ကြွားဝါရန်သက်သက်အတွက် ငွေကို မဖြုန်းတီးနှင့်။ အနောက်နိုင်ငံများတွင် သင့်အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းပေးရန် တစ်စုံတစ်ဦးကို တောင်းဆိုသည့်အခါ သို့မဟုတ် အချိန်ပိုင်း အလုပ်သမားများဖြစ်စေ၊ အလုပ်ကြမ်းသမားများနှင့် အလားတူသူများကိုဖြစ်စေ ငှားရမ်းသည့်အခါ ဘောက်ဆူးပေးခြင်းသည် ဓလေ့ထုံးစံတစ်ခု ဖြစ်သည်။ အချို့သော လုပ်ငန်းနယ်ပယ်များတွင် ဘောက်ဆူး ပမာဏနှင့် ပတ်သက်၍ စည်းမျဉ်းများ ရှိသော်လည်း အခြားလုပ်ငန်းများတွင် မရှိကြပေ။ ထိုသို့သော စည်းမျဉ်းများ မရှိသည့် လုပ်ငန်းများအတွက် အချိန်အများစုတွင် ယဉ်ကျေးမှုနှင့် အလုပ်သမားအပေါ် လေးစားမှုတို့ကြောင့် ၎င်း၏ နှုန်းထား၊ ၎င်း၏ အလုပ်အရည်အသွေးနှင့် ၎င်း၏ သဘောထားတို့အပေါ် အခြေခံ၍ သင့်လျော်သော ဘောက်ဆူးတစ်ခုကို ငါ ပေးလေသည်။ ၎င်းက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပါက ၎င်းကို နောက်ထပ် ငါးဒေါ်လာ ငါ ပေးမည်ဖြစ်သည်။ ၎င်းက အလုပ်ကို သာမန်မျှသာ လုပ်ဆောင်ခဲ့ပြီး အနာဂတ်တွင် ၎င်းကို ငါ ထပ်မသုံးလိုပါက၊ ၎င်းကို အပိုငွေ ငါ ပေးမည် မဟုတ်သော်လည်း ၎င်း အလုပ်လုပ်၍ရရှိသည့်နှုန်းထက် ငါ လျှော့ပေးမည် မဟုတ်ပေ။ ဘောက်ဆူးပေးခြင်းနှင့် ပတ်သက်၍ ငါသည် ငါ့ကိုယ်ငါ သူဌေးကြီးတစ်ဦးကဲ့သို့ သဘောမထားသည့်အပြင် ငွေတစ်ဆုပ်ကို ထုတ်ယူကာ မရေတွက်ဘဲ တစ်စုံတစ်ဦးကို ပေးလျက် ငါ၏ ကြွယ်ဝချမ်းသာမှုကို တမင်တကာ ကြွားဝါခြင်း မပြုပေ။ ထိုသို့သောအရာများကို ငါ မည်သည့်အခါမျှ မလုပ်ပေ။ ထိုအစား ၎င်းတို့ အလုပ်မစတင်မီ ၎င်းတို့၏ နှုန်းထားအပေါ် အခြေခံ၍ ငွေကို ကြိုတင်၍ ငါ ပြင်ဆင်ထားပြီး ၎င်းတို့ ပြန်သည့်အခါ ၎င်းတို့ကို ပေးလေသည်။ လူအများစုသည် ဤအရာကို အတော်လေး ကျေနပ်ကြသည်။ ဤသည်ကို အနောက်နိုင်ငံများတွင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းတစ်ခုအဖြစ်လည်း မှတ်ယူနိုင်ပေသည်။ ယင်းမှာ စည်းမျဉ်းတစ်ခု ဖြစ်သောကြောင့် ငါတို့သည် ယင်းကို လိုက်နာရမည်ဖြစ်ပြီး မချိုးဖောက်ရပေ။ သင်သည် တစ်နေရာရာတွင် လူသစ်ဖြစ်နေပြီး စည်းမျဉ်းများကို နားမလည်ပါက ယင်းတို့ကို သင် လေ့လာသင်ယူခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။ ယင်းတို့ကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် မသိချင်ယောင် မဆောင်ပါနှင့်၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် သင်၏ အကောင်းဆုံး ကြိုးစားလော့။ သေချာပေါက်ပင် ယင်းမှာ လူများက ငါ၏ နောက်ကွယ်တွင် ငါ့ကို ဝေဖန်မည်ကို သို့မဟုတ် ငါသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း မရှိဟု ပြောဆိုမည်ကို ငါ ကြောက်ရွံ့နေခြင်း မဟုတ်ပေ၊ ဤအရာများကို ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ပေ။ ထိုအစား ဤသည်မှာ လုပ်ဆောင်သင့်သည့် ပုံစံဖြစ်သည်ဟု ငါ ခံစားရသည်၊ ယင်းမှာ ငါ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ “သင်က ၎င်းတို့ကို ဆယ်ဒေါ်လာ လျှော့ပေးလိုက်ပါက သင့်အတွက် နောက်ထပ် တစ်နပ်စာ ရမည် မဟုတ်လော” ဟု လူအချို့က ပြောကြသည်။ သင်သည် ယင်းကို ထိုနည်းအတိုင်း ရှုမြင်၍ မရပေ။ ယင်းမှာ ၎င်းတို့ အလုပ်လုပ်၍ ရရှိသည့်အရာ ဖြစ်သည်။ သင်က ၎င်းတို့ကို ဆယ်ဒေါ်လာ လျှော့ပေးပါက ယင်းမှာ ၎င်းတို့ထံမှ ဆယ်ဒေါ်လာ ယူခြင်းနှင့် ညီမျှလေသည်။ အခြားသူများထံမှ သင် ယူခဲ့သော ငွေကို သင်၏ ကိုယ်ပိုင် အသုံးစရိတ်များအတွက် အသုံးပြုခြင်းသည် အသိစိတ်မဲ့ရာကျသည်။ သင်၏ အသိစိတ်နှင့် ဆန့်ကျင်၍ အမှုအရာများကို လုပ်ဆောင်ခြင်းသည် လူ့သဘာဝနှင့် မကိုက်ညီပေ၊ ယင်းမှာ လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့ကို ထိုကဲ့သို့ လျှော့ပေးရန် ကြိုးစားပါက သင်သည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူနေခြင်း မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း ဆိုသည်မှာ အနည်းဆုံးအနေဖြင့် ဘက်မလိုက်ဘဲ ပြုမူခြင်းနှင့် အရှိကိုအရှိအတိုင်း ပြောဆိုခြင်းကို ဆိုလိုသည်။ သင်သည် ဝန်ဆောင်မှု လုပ်ငန်းတွင် ရှိနေပြီး အသက်မွေးဝမ်းကျောင်းပြုရန် ဘောက်ဆူးများကို မှီခိုရန် လိုအပ်သည်ဟု ဆိုပါစို့။ တစ်စုံတစ်ဦးက သင့်ကို ဘောက်ဆူး မပေးဘဲ သင့်ကို အမြတ်ထုတ်ပါက သင် မည်သို့ ခံစားရမည်နည်း။ ယင်းမှာ တူညီသော ယုတ္တိပင် ဖြစ်သည်။ ဘောက်ဆူး မပေးခြင်းသည် လုပ်ငန်းတစ်ခုခုတွင် ဥပဒေကို ဆန့်ကျင်ခြင်းမျိုး မဟုတသည့်အပြင် ယင်းအတွက် မည်သူကမျှ သင့်ကို အရေးယူမည် မဟုတ်သော်လည်း သင်၏ အသိစိတ်က လိပ်ပြာလုံနိုင်သလော။ သင်၏ အသိစိတ်က လိပ်ပြာမလုံနိုင်ပါက သင်သည် သင်၏ အသိစိတ်ကို အကြွေးတင်လေသည်။ ဤဘဝတွင် သင် ထိုသို့သော အကြွေးများစွာ တင်နေပါက ယင်းတို့ကို သင် မည်သည့်အချိန်တွင် ဆပ်နိုင်မည်နည်း။ သင်သည် သင့်ကိုယ်သင် ဤကဲ့သို့ ကျင့်ကြံ၍ မရပေ။ ၎င်းတို့ကို ဘောက်ဆူး မပေးခြင်းအားဖြင့် တစ်စုံတစ်ဦးကို သင် အနည်းငယ် အမြတ်ထုတ်ကောင်း ထုတ်နိုင်သော်လည်း သင်၏ အသိစိတ်ထံမှ လိပ်မပြာမလုံခြင်း ခံစားချက်တစ်ခုကို သင် မခံစားရသလော။ သင် အမှန်တကယ် မခံစားရပါက သင့်ထံတွင် ပြဿနာတစ်ခု အမှန်တကယ် ရှိနေလေသည်။ သင်သည် ဤမျှ သေးငယ်သော အရာတစ်ခုနှင့်ပတ်သက်၍ တစ်စုံတစ်ဦးကို အမြတ်ထုတ်ရန် ကြိုးစားပါက သင်သည် ပို၍ ဆိုးရွားသော အရာများကိုပင် လုပ်ဆောင်နိုင်စွမ်း ရှိမည် မဟုတ်လော။ ထိုသို့သော စိတ်ဓာတ်မျိုးဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သေးသလော။

လူတိုင်းသည် ၎င်းတို့၏ ဘဝနှင့် ရှင်သန်မှု လမ်းကြောင်းတစ်လျှောက်တွင် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ဤဥပမာများကို ကြုံတွေ့ရနိုင်ပေသည်။ ဤလူသားမျိုးနွယ်အလယ်တွင် နေထိုင်သော လူ့ဇာတိခံထားသော ဘုရားသခင်အတွက် ဤအရာများသည် ရှောင်လွှဲရန် မဖြစ်နိုင်သည့်အပြင် သူ ရင်ဆိုင်ရမည့် အရာများလည်း ဖြစ်လေသည်။ ဤအရာများကို လုပ်ဆောင်သည့်အခါ ယေဘုယျအားဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း၏ ခံယူချက်များနှင့် စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာလေသည်။ ငါကိုယ်တိုင်သည် ဤအတိုင်း အတိအကျ လုပ်ဆောင်လေသည်။ သေချာပေါက်ပင် သင်တို့နှင့် ငါ၏ ဆက်ဆံမှုများသည် အသင်းတော်အလုပ် သို့မဟုတ် သင်တို့၏ ကိုယ်ပိုင်ဘဝနှင့် ပတ်သက်သည့်အခါ သင်တို့က မိမိတို့နှင့် မိတ်သဟာယဖွဲ့ရန် ငါ့ကို တောင်းဆိုပါက သို့မဟုတ် ကိစ္စတစ်ခုကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နှင့် ပတ်သက်၍ ငါ့ကို တိုင်ပင်ပါက ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ငါ၏ ခံယူချက်များနှင့်အညီ တစ်သဝေမတိမ်း သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့မည် ဖြစ်သည်။ ယင်းတို့ကို သင်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ငါ၏ အမြင်များနှင့် ငါ ကျင့်ကြံပြုမူသည့် နည်းလမ်းများနှင့် စည်းမျဉ်းများသည် ပြောင်းလဲခြင်းမရှိဘဲ တည်ရှိနေသည်။ အပို အမြတ်ထုတ်ရန် ဥပဒေ လစ်ဟာမှုများကို အသုံးချဖို့ သင်တို့ကို ငါ လုံးဝ သွန်သင်မည် မဟုတ်ပေ၊ ထိုသို့လုပ်ဆောင်ခြင်းသည် လုံးဝ မသင့်လျော်ပေ။ မည်သည့်အရာပင် ဖြစ်ပျက်ပါစေ ထိုကိစ္စသည် ဥပဒေများ၊ မူဝါဒများ သို့မဟုတ် လုပ်ငန်းတစ်ခုခု၏ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ခြင်း ရှိမရှိကို သင်တို့ကို ငါ ဦးစွာ ရှင်းလင်းစွာ နားလည်သဘောပေါက်စေမည် ဖြစ်သည်။ ယင်းက ဤအရာများနှင့် ပတ်သက်ပါက အစိုးရ အရာရှိများနှင့် တိုင်ပင်ရန်၊ ရှေ့နေတစ်ဦးနှင့် တိုင်ပင်ရန် သို့မဟုတ် သက်ဆိုင်ရာ စည်းမျဉ်းများကို အွန်လိုင်းတွင် ရှာဖွေရန် သင်တို့ကို ငါ ပြောမည် ဖြစ်သည်။ ယင်းက ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပါက သင်သည် စာရင်းကိုင်တစ်ဦးနှင့် တိုင်ပင်သင့်သည်။ သင် မည်သည့်နိုင်ငံတွင် ရှိနေပါစေ ဤနည်းလမ်းအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်။ ဤသည်မှာ အမှုအရာများကို ငါ လုပ်ဆောင်သည့် ပုံစံဖြစ်ပြီး ဤခံယူချက်များကို ချိုးဖောက်ရန် သင့်ကို ငါ လုံးဝ အားပေးမည် မဟုတ်ပေ။ ထိုအစား မည်သည့် အများပြည်သူဆိုင်ရာ နေရာ သို့မဟုတ် မည်သည့် လုပ်ငန်းနယ်ပယ်၏မဆို စည်းမျဉ်းများနှင့် ပြဋ္ဌာန်းချက်များ အပါအဝင် နိုင်ငံတစ်ခုစီ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း လိုက်နာရန် သင့်ကို ငါ တောင်းဆိုလေသည်။ ယင်းတို့ကို သင် မသိရှိပါက ယင်းတို့အကြောင်းကို ကိုယ်တိုင် အစပြု၍ လေ့လာသင်ယူရမည်ဖြစ်ပြီး ယင်းတို့နှင့် ပတ်သက်၍ လူများနှင့် တိုင်ပင်ရမည်။ ယင်းတို့ကို သင် သိရှိပါက ယင်းတို့ကို လိုက်နာရန် အစွမ်းကုန် ကြိုးစားရမည်။ စည်းမျဉ်းများက မည်သို့ပင် ဆိုစေကာမူ ယင်းမှာ အမှုအရာများကို ငါတို့ လုပ်ဆောင်သင့်သည့် ပုံစံဖြစ်သည်။ တစ်ခါတစ်ရံတွင် နိုင်ငံ၏ စည်းမျဉ်းများ သို့မဟုတ် ဥပဒေများသည် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင် အသုံးပြုသည့် အချိန်ကို ထိခိုက်သည်ဖြစ်စေ၊ သို့မဟုတ် သင်၏ တာဝန်နှင့် သက်ဆိုင်သော ကိစ္စရပ်အချို့ကို ထိခိုက်သည်ဖြစ်စေ၊ ယင်းတို့ကို သင် လိုက်နာရမည်သာ ဖြစ်သည်။ နိုင်ငံ၏ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းခြင်းကို ရှောင်ရှားရန်အပြင် နိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့် အပြုအမူများ လုပ်ဆောင်ခြင်း သို့မဟုတ် ဖြစ်ရပ်များ ဖြစ်ပေါ်စေခြင်းကို ရှောင်ရှားရန် သင်၏ တာဝန်ကို ထမ်းဆောင်သည့် အချိန် သို့မဟုတ် ယင်းကို သင် လုပ်ဆောင်သည့် ပတ်ဝန်းကျင်ကို ပြင်ဆင်ချိန်ညှိဖို့ နည်းလမ်းများကို သင် ရှာဖွေနိုင်လေသည်။ ဤနည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်းက သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤသည်မှာ တစ်ဖက်တွင် ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ယင်းတို့သည် မည်သည့်နိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပါစေ၊ ပြီးလျှင် ယင်းတို့သည် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ အစိုးရက ယင်းတို့ကို ပြတ်သားစွာ ပြဋ္ဌာန်းထားသရွေ့နှင့် ယင်းတို့သည် ငါ၏ ဘဝနှင့် တည်ရှိမှု နယ်ပယ်အတွင်း ပေါ်ပေါက်လာသရွေ့ ငါ တတ်နိုင်သမျှ ယင်းတို့ကို ငါ လိုက်နာပြီး နာခံလေသည်။ ကျိုးကြောင်းမဆီလျော်သော သို့မဟုတ် လူတို့၏ အကျိုးစီးပွားအတွက် မဟုတ်သော အစိုးရ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ၏ မည်သည့် ကဏ္ဍများကိုမဆို ငါသည် လုံးဝ မှတ်ချက်ပေးမည် မဟုတ်သည့်အပြင် ဝေဖန်မည်လည်း မဟုတ်ပေ၊ ထိုအစား အစိုးရက သတ်မှတ်သည့် မည်သည့် စည်းမျဉ်းများကိုမဆို ငါ လိုက်နာလေသည်။ သေချာပေါက်ပင် အစိုးရ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းအကြောင်း ငါ ပြောသည့်အခါ ဤအရာတွင် ဘာသာရေး ယုံကြည်မှုကို ဆန့်ကျင်သော ထိုဥပဒေများ သို့မဟုတ် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သော ဥပဒေများ မပါဝင်ပေ။ ထိုအစား ယင်းက နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးသော၊ လူမှုအသိုင်းအဝိုင်း စည်းစနစ်ကျနမှုကို ထိန်းသိမ်းသော၊ ပြီးလျှင် တရားမျှတမှုကို မြှင့်တင်ပေးသော ထိုဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ရည်ညွှန်းသည်၊ ဤအရာများသည် လူတို့ လိုက်နာစောင့်ထိန်းသင့်သည့် အရာများ ဖြစ်လေသည်။ လူတို့၏ စိတ်ထဲတွင် မည်သည့် အတွေးများ ရှိနေပါစေ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းက အရေးကြီးသည်။ လူတစ်ဦးသည် နိုင်ငံ၏ ဥပဒေများကို လေးစားသင့်ပြီး မည်သည့် လုပ်ငန်းနယ်ပယ်၏မဆို စည်းမျဉ်းများနှင့် ပြဋ္ဌာန်းချက်များကို လေးစားသင့်သည်။ ယင်းတို့နှင့် သင် အသားမကျနိုင်ပါက သို့မဟုတ် ယင်းတို့ကို သင် မနှစ်သက်ပါက ဤလုပ်ငန်းနယ်ပယ်ကို သင် ရှောင်ရှားနိုင်သည်၊ သို့မဟုတ် နိုင်ငံမှ သင် ထွက်ခွာသွားနိုင်လေသည်။ သို့သော် ယုတ္တိရှိရှိပြောရလျှင် သင်သည် နိုင်ငံတစ်ခုခုတွင် နေထိုင်ပါက သို့မဟုတ် လုပ်ငန်းခွင်တစ်ခုခုရှိ လူများနှင့် သင် ဆက်ဆံမှုများ ရှိပါက နိုင်ငံ၏ ဥပဒေများကိုလည်းကောင်း၊ လုပ်ငန်းနယ်ပယ် သို့မဟုတ် အချို့သော အထူး အခါသမယများနှင့် ပတ်ဝန်းကျင်များ၏ ပြဋ္ဌာန်းချက်များနှင့် ညွှန်ကြားချက်များကိုလည်းကောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းအချို့ကိုပင်လည်းကောင်း သင် လိုက်နာသင့်လေသည်။ လူသားမျိုးနွယ်၏ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ အများပြည်သူဆိုင်ရာ နေရာများရှိ အချို့သော အထူး စည်းမျဉ်းများနှင့် ညွှန်ကြားချက်များကိုလည်းကောင်း၊ လူ့သဘာဝ၏ အခြေခံ ကိုယ်ကျင့်တရားနှင့် အပြုအမူဆိုင်ရာ စံနှုန်းများကိုလည်းကောင်း တစ်သဝေမတိမ်း လိုက်နာရန် ငါ ကြိုးစားလေသည်။ ငါ၏ အထူး ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ငါ မည်သည့်အခါမျှ အဓိကမထားသည့်အပြင် မည်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်နှင့် အလားတူအရာများကိုမဆို ငါ ဆန့်ကျင်ခြင်းလည်း မရှိပေ။ ယင်းတို့ကို ငါ စိန်မခေါ်သည့်အပြင် ယင်းတို့ကို တမင်တကာ ချိုးဖောက်ပြီး ငါ၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း မသွားပေ။ ထိုအစား ယင်းတို့ကို ငါ တစ်သဝေမတိမ်း လိုက်နာလေသည်။ ငါ၏ ဤတစ်သဝေမတိမ်း လိုက်နာမှု နောက်ကွယ်တွင် ၎င်းတို့၏ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြဋ္ဌာန်းချက်များနှင့် စည်းမျဉ်းများကို လေးစားမှုတစ်ခု ရှိလေသည်။ ဤသည်မှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်သည့်အခါ လူတစ်ဦးက အမှန်တကယ် လက်တွေ့လုပ်ဆောင်ပြီး လိုက်နာသော စည်းမျဉ်းလည်း ဖြစ်လေသည်။ ဤအရာများအပေါ် ငါ၏ သဘောထားက အဘယ်အရာ ဖြစ်သည်ကို လူအချို့သည် နားမလည်ဘဲ နေကောင်းနေနိုင်သည်၊ ၎င်းတို့၏ စိတ်ထဲတွင် လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အတွေးအချို့ ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းအတွက် ငါ၏ စည်းမျဉ်းများနှင့် ခံယူချက်များနှင့် ပတ်သက်၍ အနှစ်မဲ့သော အယူအဆများနှင့် စိတ်ကူးအချို့ ရှိကောင်းရှိနိုင်လေသည်။ ဤကဲ့သို့ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဤနေရာတွင် အနှစ်မဲ့သောအရာ တစ်စုံတစ်ရာ ရှိသည်ကို သင်တို့ တွေ့ရှိသလော။ (မရှိပါ။) အနှစ်မဲ့သောအရာ မရှိဟု ပြောဆိုခြင်းက ဤအရာများအပေါ် ငါ၏ သဘောထားမှာ လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ယင်းတို့ကို ယုတ္တိရှိရှီ သဘောထားရန် ဖြစ်သည်ကို ဆိုလိုလေသည်။ ငါသည် သာလွန်သော အနေအထားတစ်ခုကို မခံယူပေ၊ တတိယကောင်းကင်၏ ရှုထောင့်အမြင်မှ ငါ မရပ်တည်ပေ၊ ပြီးလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာ ရှိခြင်း၏ အထူး အဆင့်အတန်းမှ ဤအရာများကို ငါ သဘောထားပြုမူခြင်း မရှိပေ။ ထိုအစား ဆင်ခြင်တုံတရားရှိသော ရှုထောင့်အမြင်မှ ယင်းတို့ကို အလွန် လူသားဆန်သော နည်းလမ်းဖြင့် ငါ သဘောထားပြုမူလေသည်။ ဤအရာများကို ငါ သဘောထားပြုမူသည့် နည်းလမ်းတွင် လူ့ဇာတိခံထားသော ဘုရားသခင်အဖြစ် ငါ၏ ပင်ကိုလက္ခဏာကို ငါ မည်သည့်အခါမျှ အဓိကမထားသည့်အပြင် ယင်းတို့ကို အထက်စီးဆန်သော နည်းလမ်းဖြင့် ရှုမြင်ရန် ဤပင်ကိုလက္ခဏာကို အသုံးချခြင်းလည်း ငါ မည်သည့်အခါမျှ မပြုပေ။ ဤအရာများကို ငါ မည်သည့်အခါမျှ စိန်မခေါ်သည့်အပြင် နိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် မည်သည့် လုပ်ငန်းနယ်ပယ်၏ စည်းမျဉ်းများကိုမဆို ငါ အဖျက်အမှောင့် မလုပ်ပေ။ ထိုအစား ဤဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြဋ္ဌာန်းချက်များနှင့် အခြား ထိုသို့သောအရာများကို နာခံမှုရှိစွာနှင့် တာဝန်ကျေပွန်စွာ ငါ တစ်သဝေမတိမ်း လိုက်နာလေသည်။ ပို၍ပင် လက်တွေ့ကျသည်မှာ လူများနှင့် ဆက်ဆံခြင်းနှင့် ပတ်သက်လာလျှင် အလွန် လူသားဆန်သော စည်းမျဉ်းတစ်ခုကိုလည်း ငါ လိုက်နာလေသည်။

လူ့ဇာတိခံထားသော ဘုရားသခင်က စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း၏ သရုပ်သကန်အချို့နှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဖြစ်သည်။ ဤအရာများသည် သင်တို့ မည်သည့်အခါမျှ မတွေးဖူးသောအရာများ၊ သို့မဟုတ် သင်တို့ မည်သည့်အခါမျှ အလေးအနက် မထားဖူးသောအရာများ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဤအရာများနှင့် ပတ်သက်၍ အလွန် အနှစ်မဲ့သော စိတ်ကူးတစ်ခု သင်တို့တွင် ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် ဤအရာများကို သင်တို့ မြင်သည့်အခါ၊ ထိတွေ့ဆက်ဆံရသည့်အခါ သို့မဟုတ် ကြားရသည့်အခါ ယင်းတို့ကို သင်တို့ လုံးဝ ပစ်ပယ်ကောင်း ပစ်ပယ်မည် ဖြစ်သည်။ သို့သော်လည်း ဤအရာများသည် ဘုရားသခင်၏ လူ့ဇာတိခံထားသော ဇာတိပကတိက ထင်ရှားပြသသည့် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့၏ ထင်ဟပ်မှုတစ်ခု ဖြစ်လေသည်။ ထို့အပြင် ယင်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်က လူ့ဇာတိကို ယူတင်ဝတ်ဆင်ပြီး လူများအကြား ကြွလာသည့်အခါ သူ၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ပုံမှန်အဖြစ်ဆုံးနှင့် အလက်တွေ့အကျဆုံး သရုပ်သကန်များလည်း ဖြစ်လေသည်။ ဤသရုပ်သကန်များမှတစ်ဆင့် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကျင့်ကြံပြုမူခြင်းနှင့် လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်လာခြင်း ကိစ္စရပ်ကို မည်သို့ ရှုမြင်သည်၊ သဘောထားပြုမူသည်နှင့် ကိုင်တွယ်ဖြေရှင်းသည်ကို လူတို့ ပို၍ ကောင်းမွန်စွာ နားလည်နိုင်လေသည်။ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ဤခံယူချက်များနှင့် စည်းမျဉ်းများက ဘုရားသခင်သည် မည်သည့်အရာကိုမျှ အနှစ်မဲ့သော နည်းလမ်းဖြင့် မလုပ်ဆောင်ကြောင်း၊ သူသည် အရာအားလုံးကို လက်တွေ့ကျကျ လုပ်ဆောင်ကြောင်းနှင့် လူသားမျိုးနွယ်၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းလျက်၊ လူ့အဖွဲ့အစည်း၏ မတူညီသော နယ်ပယ်များရှိ စည်းမျဉ်းများကို လိုက်နာလျက် လက်တွေ့ကျသော နည်းလမ်းဖြင့် စည်းမျဉ်းများနှင့်အညီ သူ လက်တွေ့လုပ်ဆောင်ကြောင်းကို လူတို့အား မြင်စေပြီး သိစေလေသည်။ ဤဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းနေစဉ်တွင် လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏ အမှုတော်ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပြီး သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အလုပ်ကိုလည်း လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းမှာ ပုံမှန် လူ့သဘာဝကို သူ အသက်ရှင် နေထိုင်ခြင်း ဖြစ်စေ၊ သို့မဟုတ် ဘုရားသဘောသဘာဝနှင့်ဆိုင်သော အလုပ်ကို သူ လုပ်ဆောင်ခြင်း ဖြစ်စေ၊ ဤအရာများထဲမှ မည်သည့်အရာကမျှ အခြားတစ်ခုနှင့် ငြိစွန်းခြင်း သို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်ခြင်း မရှိပေ။ သူ၏ ပုံမှန် လူသားဘဝတွင် ဘုရားသခင် ပြသသည့် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ခံယူချက်များနှင့် စည်းမျဉ်းများသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို ပြသသည်၊ ဤသည်မှာ တစ်ဖက်တွင် ဖြစ်သည်။ အခြားတစ်ဖက်တွင် လူတစ်ဦး ဖြစ်လာရာတွင် သို့မဟုတ် လူများအလယ်တွင် လူ့ဇာတိကို ယူတင်ဝတ်ဆင်ရာတွင် ဘုရားသခင်၏ ဝိညာဉ်တော်၌ ရှိသင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော ပုံမှန် လူ့သဘာဝကို သူ အသက်ရှင် နေထိုင်လေသည်။ ဤအသက်ရှင် နေထိုင်ခြင်းသည် အချိန်အများစုတွင် သူ၏ ဘုရား၏သဘောသဘာဝ၌ လူ့ဇာတိခံထားသော ဘုရားသခင် ဆောင်ရွက်သည့် အမှုတော်နှင့် မသက်ဆိုင်သကဲ့သို့ ထင်ရသော်လည်း လူ့သဘာဝ၌ ဘုရားသခင်၏ အသက်ရှင် နေထိုင်ခြင်းက လိုက်နာသော ခံယူချက်များနှင့် စည်းမျဉ်းများသည် သမ္မာတရား၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ ဘုရားနှင့်ဆိုင်သော အလုပ်တွင် ဖော်ပြထားသည့် လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များနှင့် တူညီလေသည်။ သူ၏ လူသားဘဝတွင် လူ့ဇာတိခံထားသော ဘုရားသခင် လိုက်နာသည့် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများမှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းတို့ ဖြစ်လေသည်။ ထို့နောက် ဘုရား၏သဘောသဘာဝ၌ သူ၏ အလုပ်ကို လုပ်ဆောင်သည့်အခါ သူ လိုက်နာသော အလုပ်စည်းမျဉ်းများသည် အခြေခံအားဖြင့် တူညီသည်၊ သူသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူပြီး အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်သည်၊ စည်းမျဉ်းများသည် ပြောင်းလဲခြင်း မရှိပေ။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူ၏ လူ့သဘာဝနှင့် ဘုရားသဘောသဘာဝတို့သည် မည်သည့်အခါမျှ ကွဲကွာခြင်း မရှိပေ၊ ယင်းတို့သည် လုံးဝ ပေါင်းစည်းထားလေသည်။ သူ၏ ဘုရား၏သဘောသဘာဝကို သူ၏ လူ့သဘာဝမှတစ်ဆင့် ဖော်ပြနိုင်ပြီး သူ၏ လူ့သဘာဝသည် သူ၏ ဘုရား၏သဘောသဘာဝ အစိတ်အပိုင်းတစ်ခု၏ သရုပ်သကန်တစ်ခု ဖြစ်လေသည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူသားမျိုးနွယ်အကြား နေထိုင်သည့်အခါ ဤကာလအတွင်း လူတို့ မြင်တွေ့နိုင်သော သူ၏ လူ့သဘာဝနှင့် ဘုရားသဘောသဘာဝတို့သည် အဆက်အစပ် မရှိခြင်း သို့မဟုတ် ကွဲကွာနေခြင်း မဟုတ်ပေ၊ ယင်းတို့သည် ပေါင်းစည်းထားလေသည်။ သူ၏ လူ့သဘာဝကို အသက်ရှင် နေထိုင်ခြင်းနှင့်ဆိုင်သော၊ သူ၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ခံယူချက်များနှင့် စည်းမျဉ်းများသည် အတိုင်းအတာတစ်ခုအထိ ဘုရားသခင် ဝိညာဉ်တော်၏ ကြီးကြပ်မှု၊ လွှမ်းမိုးမှုနှင့် ညွှန်ကြားမှုတို့ကို ခံရလေသည်။ အခြားတစ်ဖက်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော သူ၏ ပုံမှန် လူ့သဘာဝကို သူ အသက်ရှင် နေထိုင်သည်ဟုလည်း ဆိုနိုင်ပေသည်။ ထိုသို့သော လူ့သဘာဝဖြင့်သာလျှင် ဘုရားသခင်၏ လူ့ဇာတိခံထားသော ဇာတိပကတိသည် သူ၏ ဘုရားနှင့်ဆိုင်သော အလုပ်တစ်ခုလုံးကိုလည်းကောင်း၊ သူ၏ ဘုရားသဘောသဘာဝ၌ သူ လုပ်ဆောင်သင့်သည့် အလုပ်ကိုလည်းကောင်း ပခုံးထမ်း တာဝန်ယူနိုင်သည်၊ ထိုသို့သော လူ့သဘာဝဖြင့်သာလျှင် ဘုရားသခင်၏ လူ့ဇာတိခံထားသော ဇာတိပကတိသည် သူ ဆောင်ရွက်ရမည့် အမှုတော်ကို ဖြည့်ဆည်းနိုင်ပြီး ယင်းကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်လေသည်။ ဤသည်မှာ နားလည်မှုတစ်ခု ဖြစ်သည်။ အခြား နားလည်မှုတစ်ခုမှာ လူ့ဇာတိခံထားသော ဘုရားသခင် ဆောင်ရွက်သည့် အမှုတော်သည် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို ပိုင်ဆိုင်သော ထိုသို့သော လူ့သဘာဝမှတစ်ဆင့် အောင်မြင်ရရှိခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝ အနှစ်သာရနှင့် ဘုရားသဘောသဘာဝ နှစ်ခုလုံးသည် ခရစ်တော်၏ အထူး ပင်ကိုလက္ခဏာ ရှိသည့် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖွဲ့စည်းထားလေသည်။ ထို့ကြောင့် သင် မြင်တွေ့ရသည့် လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝနှင့်ဆိုင်သော ကျင့်ကြံပြုမူခြင်း ခံယူချက်များနှင့် စည်းမျဉ်းများသည် သူ လုပ်ဆောင်သမျှ အရာတိုင်းရှိ သူ၏ တိကျသော သရုပ်သကန်များ၊ သဘောထားများနှင့် အမြင်များအထိ သူ၏ လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သေချာပေါက်ပင် သူ၏ ဘုရားသဘောသဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။ ဤနှစ်ခုကို ခွဲခြား၍ မရနိုင်ပေ။ ဆိုလိုသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်၌ ထိုသို့သော လူ့သဘာဝကို သင် မြင်တွေ့ရသည့်အခါ သူသည် ဘုရားသခင် ယူတင်ဝတ်ဆင်ထားသော လူ့ဇာတိ ဖြစ်ကြောင်းကို သင် သေချာသင့်လေသည်။ သေချာပေါက်ပင် ဘုရားသခင် ဖော်ပြသော သမ္မာတရားနှင့် သင် ထိတွေ့ဆက်ဆံရသည့်အခါ လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဘုရား၏သဘောသဘာဝ ရှိကြောင်းကို အသိအမှတ်ပြုစဉ်တွင် သူ၏ လူ့သဘာဝသည် အထူး ပင်ကိုလက္ခဏာတစ်ခု ရှိသည့် လူ့ဇာတိခံထားသော ဘုရားသခင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းကိုလည်း သင် အသိအမှတ်ပြုသင့်လေသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဤပုံမှန်ဖြစ်ပြီး လက်တွေ့ကျသောဘက်ခြမ်းနှင့် သူ အသက်ရှင် နေထိုင်သည့် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ခံယူချက်များနှင့် စည်းမျဉ်းများကို လူတို့အား မြင်တွေ့ခွင့် ပေးထားသည်၊ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ဘုရားသခင်၏ ဇာတိပကတိက သူ၏ တည်ရှိမှုနှင့် ဘဝတွင် ရင်ဆိုင်ရသော ပြဿနာများစွာနှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ လူသားဘဝရှိ ဤလက်တွေ့ကျသော သရုပ်သကန်များသည် သူ ဆောင်ရွက်သည့် အမှုတော် သို့မဟုတ် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို သူ၏ ပံ့ပိုးပေးမှု အဆင့်အထိ မရောက်ရှိသော်လည်း ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ဤစည်းမျဉ်းများနှင့် ခံယူချက်များသည် လူ့ဇာတိခံထားသော ဘုရားသခင်အတွင်းရှိ ဘုရား၏သဘောသဘာဝနှင့် အဆက်အစပ် မရှိခြင်း မဟုတ်ပေ။ ဤဇာတိပကတိသည် ဘုရားသခင်၏ လူ့ဇာတိခံထားသော ဇာတိပကတိ ဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော် ယူတင်ဝတ်ဆင်ထားသော လူ့ဇာတိ ဖြစ်သောကြောင့်သာလျှင် ဤလူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန် လူ့သဘာဝသည် ထိုသို့သော ကျင့်ကြံပြုမူခြင်း ခံယူချက်များနှင့် စည်းမျဉ်းများကို ပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။ ဤအရာက ဆိုလိုသည်မှာ ဖောက်ပြန်ပျက်စီးသော မည်သည့် လူသားမျိုးနွယ်ဝင်အတွက်မဆို၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အလယ်ရှိ အခွင့်ထူးခံ နောက်ခံ၊ ပင်ကိုလက္ခဏာ၊ လူမှုရေး တန်ဖိုးနှင့် မြင့်မြတ်သော အဆင့်အတန်း ရှိသူ မည်သူ့အတွက်မဆို စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူရန်နှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ရန် အလွန် ခက်ခဲသည်ဟူ၍ ဖြစ်သည်၊ မည်သူမျှ ခြွင်းချက် မဟုတ်ပေ။ ထို့ကြောင့် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ ဤကဏ္ဍသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်ပြီး သေချာပေါက်ပင် ယင်းသည် လူ့ဇာတိခံထားသော ဘုရားသခင် ဘုရားသဘောသဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်၊ ယင်းကို သူ၏ လူ့သဘာဝမှတစ်ဆင့် သူ ဖော်ပြပြီး ထုတ်ဖော်ခြင်းသာ ဖြစ်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ သွားလေရာရာ၌ ကြွားဝါပါက၊ သူ၏ အဆင့်အတန်းကို အစဉ်သဖြင့် တင်စီးပါက၊ စကားကြီးစကားကျယ်ပြောပါက၊ သူသည် မြင့်မြတ်သည်ဟု ခံစားရပါက၊ လူတိုင်းကို အထင်သေးပြီး မောက်မာစွာ ပြုမူပါက၊ ပြီးလျှင် လူတိုင်းကို ခြေအောက်တွင် နင်းခြေရန် အစဉ် အလိုရှိပါက၊ သူသည် ဦးညွှတ်ကိုးကွယ်ခြင်း မရှိသူ မည်သူ့ကိုမဆို ကျိန်ဆဲလျက် ၎င်းတို့ကို ပြာအဖြစ် ပြောင်းလဲစေပါက၊ ၎င်းတို့ကို ချက်ချင်း သတ်ပစ်ပါက သို့မဟုတ် သူ၏ စူးရှသော အကြည့်ဖြင့် ၎င်းတို့ကို ဒဏ်ခတ်ပါက သူ၏အထဲတွင် ဘုရားသဘောသဘာဝ အနှစ်သာရ အမှန်တကယ် ရှိမရှိဟူသည်ကို ပြောရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ တစ်ဖက်တွင် လူ့ဇာတိခံထားသော ဘုရားသခင်၌ သူ၏ လူ့ဇာတိ၏ ဘဝ၊ စကားများနှင့် လုပ်ရပ်များအားလုံးကို ထိန်းသိမ်းရန် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိလေသည်။ အခြားတစ်ဖက်တွင် သူ၏ ဘုရားသဘောသဘာဝသည်လည်း သူ၏အထဲတွင် အလုပ်လုပ်နေသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသဘောသဘာဝသည် မည်သို့ပင်ဖြစ်စေ သူ၏ စစ်မှန်သော အသက် ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ လူ့သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားများ၏ လူ့သဘာဝကဲ့သို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပါက ဤသူသည် လူ့ဇာတိခံထားသော ဘုရားသခင် ဖြစ်သည်ဟု သင် ပြောမည်လော။ (မပြောပါ။) လူတစ်ဦးသည် သဘာဝလွန် သရုပ်သကန်များ အစဉ်ရှိသည်၊ ၎င်းသည် မြေကြီးပေါ်သို့ ဆင်းသက်လာသော ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အစဉ်တွေးသည်၊ ဤခံစားချက် အစဉ်ရှိသည်၊ ပြီးလျှင် လူတို့အား အထက်စီးမှနေ၍ အစဉ် စကားပြောဆိုကာ ၎င်း၏ စကားများနှင့် လုပ်ရပ်များကို လူတို့က အထင်ကြီးလေးစားစေသည်ဟု ဆိုပါစို့။ ၎င်း၏ စိတ်နှလုံးထဲတွင် သဘာဝလွန်ဖြစ်ပြီး သာမန်ထက်လွန်ကဲသော အတွေးများ အစဉ်ရှိကာ တစ်စုံတစ်ဦး၏ အတိတ်ဘဝတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်၊ ထိုသူ မည်သည့် မကောင်းမှုများကို ကျူးလွန်ခဲ့သည်၊ ထိုသူသည် မည်သည့်အရာများကို လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ထိုသူသည် လူ သို့မဟုတ် တိရစ္ဆာန်အဖြစ် အကြိမ်ရေမည်မျှ လူဝင်စားခဲ့သည်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောပြနိုင်သည်ဟု ဆိုပါစို့။ ထို့အပြင် ဤပုဂ္ဂိုလ်သည် မိမိကိုယ်ကို အထူးသဖြင့် မြင့်မြတ်သည်ဟု အစဉ် ခံစားရသည်၊ စကားပြောသည့်အခါ သဘာဝလွန် သရုပ်သကန်များ အစဉ်ရှိသည်၊ ပြီးလျှင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ ခြံရံလျက်ရှိကာ ၎င်းသည် အထူးဖြစ်သည်ဟု လူတို့ကို ခံစားရစေသည်ဟု ဆိုပါစို့။ ထိုသို့သောသူသည် ပုံမှန်ဖြစ်မည် မဟုတ်ပေ။ တစ်ဖက်တွင် ၎င်း၏ စိတ်ထဲရှိ အသက်စိတ်သဘောထားသည် ပုံမှန်ဖြစ်မည် မဟုတ်ပေ၊ အခြားတစ်ဖက်တွင် ၎င်း၏ အတွင်းရှိ အသက်သည် ဘုရားသဘောသဘာဝနှင့်ဆိုင်သော အသက် ဖြစ်မည် မဟုတ်ပေ။ ဤသည်မှာ ယင်းကို ဖော်ပြရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေသည်။

လူ့ဇာတိခံထားသော ဘုရားသခင်၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ခံယူချက်များ ဖြစ်စေ၊ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သူ၏ စည်းမျဉ်းများ ဖြစ်စေ လူ့ဇာတိခံထားသော ဘုရားသခင် ထုတ်ဖော်ပြီး အသက်ရှင် နေထိုင်သည့် အရာအားလုံးသည် အထူးသဖြင့် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျလေသည်။ ငါ ပြောဆိုခဲ့သောအရာများနှင့် ငါ၏ ဘဝတွင် ငါ လုပ်ဆောင်သောအရာများကို ကြည့်လော့၊ ယင်းတို့ထဲတွင် ပုံမှန်မဟုတ်သောအရာ တစ်စုံတစ်ရာ ရှိသလော။ ယင်းတို့ထဲတွင် သဘာဝလွန်ဖြစ်သောအရာ သို့မဟုတ် သမားရိုးကျမဟုတ်သောအရာ မဟုတ်ခြင်း တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ငါ မည်သည့်အရာကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ ငါနှင့် ပတ်သက်၍ ပုံမှန်မဟုတ်သောအရာ တစ်စုံတစ်ရာကို သင် တွေ့ရှိမည် မဟုတ်ပေ။ ငါသည် ပုံမှန်မဟုတ်သော သူတစ်ဦး မဟုတ်ပေ၊ ငါသည် ပုံမှန် လူတစ်ဦးသာ ဖြစ်လေသည်။ ထို့အပြင် ကိစ္စရပ်တိုင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ငါ၏ အတွေးများ၊ အမြင်များ၊ တွေးခေါ်မှုနှင့် ယုတ္တိတို့သည် လွဲချော်ခြင်း၊ အစွန်းရောက်ခြင်း သို့မဟုတ် သဘာဝလွန်ဖြစ်ခြင်း မရှိပေ။ လူများနှင့် ဆက်ဆံပြီး ပတ်သက်ဆက်နွှယ်သည့်အခါ ငါသည် တည်ငြိမ်ပြီး ခေါင်းအေးအေးထား၏။ လူတို့က ငါနှင့် ဆက်ဆံရန် လိုလားပါက ၎င်းတို့နှင့် ငါ ဆက်ဆံသည်၊ ၎င်းတို့ မလိုလားပါက ၎င်းတို့နှင့် ရင်းနှီးအောင် ငါ မကြိုးစားပေ။ လူများနှင့် ဆက်ဆံခြင်း၊ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ အမျိုးမျိုးသော အရာများကို လုပ်ဆောင်ခြင်းနှင့် ကျင့်ကြံပြုမူခြင်းတို့နှင့် ပတ်သက်လာလျှင် ငါ၏ တွေးခေါ်မှုသည် ပုံမှန်ဖြစ်သည်ဟု သင် မြင်သလော။ (မြင်ပါသည်။) ယင်းတို့အားလုံးသည် ပုံမှန် ဖြစ်လေသည်။ မည်သည့်နိုင်ငံ၏ အစိုးရကိုမျှ ဆန့်ကျင်ရန် သင်တို့ကို ငါ မည်သည့်အခါမျှ မတောင်းဆိုဖူး၊ မလှုံ့ဆော်ဖူးပေ၊ “ဘုရားသခင်ကို ယုံကြည်သူအားလုံးသည် ဘုရားသခင်ထံမှ လာကြသည်၊ သင်တို့အားလုံးသည် တတိယကောင်းကင်မှ လာကြသည်။ ဤလောကကို မကြောက်ရွံ့ကြနှင့်၊ ဤလောကကို သင်တို့၏ ခြေအောက်တွင် နင်းခြေကြလော့။ သင်တို့အားလုံးသည် အောင်ပွဲခံသော သားယောက်ျားများ ဖြစ်ကြသည်၊ ဤလောကကို အုပ်စိုးရန်နှင့် ဤလူသားမျိုးနွယ်ကို အုပ်စိုးရန် သံလှံတံကို ကိုင်ဆောင်ကြလော့။ အရာခပ်သိမ်းသည် သင်တို့၏ ခြေအောက်တွင် ရှိသည်” ဟူသည့်အရာမျိုးကိုလည်း သင်တို့ကို ငါ မည်သည့်အခါမျှ မပြောဖူးပေ။ ဤအရာကို ငါ တစ်ခါဖူးမျှ ပြောဖူးသလော။ (မပြောဖူးပါ။) ငါ မည်သည့်အရာကို ပြောခဲ့သနည်း။ သင်တို့ လုပ်ဆောင်သမျှ အရာတိုင်းတွင် သင်တို့သည် စည်းမျဉ်းစည်းကမ်း လိုက်နာရမည် ဖြစ်သည်။ သင်တို့သည် မည်သည့်နိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ပြီး သင်တို့၏ တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်တို့သည် ဥပဒေကို လိုက်နာရမည်ဖြစ်ပြီး အစိုးရ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်ရမည် ဖြစ်သည်။ သင်တို့သည် မဆင်မခြင် မိမိသဘောအတိုင်း လုံးဝ မပြုမူရပေ၊ သင်တို့သည် သတိထားရမည်ဖြစ်ပြီး အကျင့်ပျက်ခြင်း မရှိရပေ။ သင်တို့သည် အစိုးရ၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက သင့်အပေါ် တိုင်ကြားခံရသည်နှင့်တစ်ပြိုင်နက် ယင်းက သင်၏ တာဝန်ကို သင် ထမ်းဆောင်ခြင်းအပေါ် ထိခိုက်လိမ့်မည် ဖြစ်သည်။ ဤအရာနှင့် ပတ်သက်၍ ငါ အဆက်မပြတ် ပြောဆိုနေလေသည်။ ယင်းက အတော်လေး သာမန်ဖြစ်သည်ဟု ထင်ရသော်လည်း ယင်းသည် အလွန် လက်တွေ့ကျသည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဘဝအတွေ့အကြုံ အလွန်နည်းပါးပြီး ထိုးထွင်းသိမြင်မှု ကင်းမဲ့ကာ အမှားများ ပြုလုပ်ရန် အလွန် လွယ်ကူသောကြောင့် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်ကြသည်။ သင်တို့၏ တာဝန်ကို ထမ်းဆောင်ရန် မတူညီသော နိုင်ငံများသို့ သွားရောက်ခြင်း၏ သင်တို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် ဖြစ်သည်၊ မည်သည့်နိုင်ငံကိုမျှ သို့မဟုတ် မည်သည့် အာဏာရပါတီကိုမျှ ဆန့်ကျင်ရန် မဟုတ်ပေ။ သင်တို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သော ဖန်ဆင်းခံများသာ ဖြစ်ကြသည်၊ သင်တို့သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို လုံးလုံးလျားလျား ကျိုးနွံနာခံသင့်ပြီး ဘုရားသခင်က အမှုအရာများကို မည်သို့ပင် စီစဉ်ညွှန်ကြားပြီး စီစဉ်သည်ဖြစ်စေ သင်တို့ ကျိုးနွံနာခံသင့်လေသည်။ သင်တို့သည် မည်သည့်နိုင်ငံသို့ သွားသည်ဖြစ်စေ၊ မည်သို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့် ညီအစ်ကိုမောင်နှမများ၏ အိမ်များတွင် တည်းခိုသည်ဖြစ်စေ သင်တို့သည် စည်းမျဉ်းစည်းကမ်း လိုက်နာရမည်ဖြစ်ပြီး သင်တို့ တတ်နိုင်သမျှ ကူညီပေးရမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတွင် ရှိသည့် မည်သည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကိုမဆို သင်တို့ လိုက်နာရမည် ဖြစ်သည်။ စည်းမျဉ်းများကို မချိုးဖောက်ရန်နှင့် သင်တို့အပေါ် တိုင်ကြားခြင်း မခံရစေရန် သင်တို့ကို ငါ အကြိမ်ကြိမ် တိုက်တွန်းနှိုးဆော်လေသည်။ သင့်အပေါ် တိုင်ကြားခံရပါက သင် မည်သည့်အမှားကို ပြုလုပ်ခဲ့သည်ကိုလည်းကောင်း၊ မည်သည့် စည်းမျဉ်းစည်းကမ်းကို သင် ချိုးဖောက်ခဲ့သည်ကိုလည်းကောင်း၊ အဘယ်ကြောင့် တိုင်ကြားခံခဲ့ရသည်ကိုလည်းကောင်း သင် နားလည်သဘောပေါက်သင့်လေသည်။ ယင်းက ထပ်မဖြစ်စေရန် သင်ခန်းစာယူလော့။ သင်သည် သင်ခန်းစာမယူပါက သင့်အား ဆက်လက်၍ တိုင်ကြားသည်ကို ခံရလိမ့်မည် ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ငါ၏ စကားများအားလုံးသည် လက်တွေ့ အခြေအနေများအပေါ် အခြေခံသော ပြဿနာများအတွက် ဖြေရှင်းချက်များ ဖြစ်သည်၊ သင်၏ ကိုယ်ပိုင် ဘဝနှင့် ရှင်သန်မှုအတွက် မလိုအပ်သော ပြဿနာများ မယူဆောင်လာစေရန်အလို့ငှာ၊ မည်သို့ နေထိုင်ရမည်ကိုလည်းကောင်း၊ မည်သို့ ရှင်သန်ရမည်ကိုလည်းကောင်း၊ စည်းမျဉ်းများကို မည်သို့ လိုက်နာရမည်ကိုလည်းကောင်း သင့်ကို ငါ ပြောပြနေခြင်း ဖြစ်သည်။ သင် မည်သည့်နိုင်ငံသို့ သွားသည်ဖြစ်စေ၊ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရန် ထိုနေရာတွင် ရောက်နေခြင်း ဖြစ်သည်။ ပထမဦးစွာ သင်သည် နိုင်ငံနှင့် ဝင်ဆံ့ရမည်ဖြစ်ပြီး ၎င်း၏ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည် ဖြစ်သည်။ ၎င်းတို့၏ တည်ဆဲငြိမ်ဝပ်ပိပြားရေးကို သင် အဖျက်အမှောင့် မလုပ်ရ၊ ၎င်းတို့ကို မည်သည့် ပြဿနာမျှ မယူဆောင်ပေးရပေ။ ထိုအခါမှသာ ၎င်းတို့က သင့်ကို လက်ခံမည်ဖြစ်ပြီး သင့်ကို နိုင်ငံသားတစ်ဦးအဖြစ် သဘောထားမည်ဖြစ်ကာ ဤနည်းလမ်းဖြင့်သာ သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အခြေချနိုင်မည် ဖြစ်သည်။ သင်သည် ဒေသခံ စည်းမျဉ်းများကိုပင် မလိုက်နာဘဲ စည်းမျဉ်းများကို ချိုးဖောက်သည့် အရာများကို လုပ်ဆောင်ပါက၊ လူများကို အဆက်မပြတ် ညည်းညူစေပြီး သင့်အတွက် ပြဿနာများ ဖန်တီးစေပါက၊ ၎င်းတို့က သင့်ကို စက်ဆုပ်ရွံရှာပြီး ထိုနေရာတွင် သင့်ကို ဆက်မနေစေချင်တော့သည့် အတိုင်းအတာအထိ ဖြစ်စေပါက သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင် မည်သို့ မျှော်လင့်နိုင်မည်နည်း။ သင် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ဒေသခံ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို သင် လိုက်နာရမည် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက မှန်ကန်သလော။ သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ယင်းက သင်တို့အတွက် အကျိုးရှိသလော။ (ရှိပါသည်။) ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် လက်တွေ့ကျလေသည်။ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းသည် လက်တွေ့ဘဝတွင် အခြေခံ အသိတရား ဖြစ်လေသည်။ ယင်းမှာ မရှိသည့်အရာကို အကြီးအကျယ် ပြဿနာရှာနေခြင်း မဟုတ်သည့်အပြင် အလွန်အမင်း အကဲဆတ်နေခြင်းလည်း မဟုတ်ပေ၊ ယင်းမှာ လက်တွေ့ဘဝတွင် သင် လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းတစ်ခု ဖြစ်လေသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်ပါက သို့မဟုတ် ပြဿနာတစ်ခု ပေါ်ပေါက်လာပါက၊ ယင်းကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းနှင့် ယင်းမှ သင်ခန်းစာတစ်ခုကို မည်သို့ သင်ယူရမည်ကို ငါတို့ ဆွေးနွေးကြသည်၊ သို့မှသာ အနာဂတ်တွင် အမှားများ လျှော့ပြုလုပ်ရန် သို့မဟုတ် ယင်းတို့ကို လုံးဝ မပြုလုပ်ရန် သင် ကြိုးစားနိုင်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူကာ တာဝန်ကျေပွန်သော သူတစ်ဦး ဖြစ်နိုင်မည် ဖြစ်သည်။ အချို့လူများသည် ၎င်းတို့ သွားလေရာရာ၌ စည်းမျဉ်းများကို မလိုက်နာကြပေ။ ၎င်းတို့သည် နေရာတိုင်းတွင် အမှိုက်ပစ်ကြပြီး အခါအားလျော်စွာ ၎င်းတို့သည် ဆူညံသံများ ပြုလုပ်ကာ ၎င်းတို့၏ အိမ်နီးချင်းများ၏ အနားယူခြင်းကို နှောင့်ယှက်ကြလေသည်။ ရွာတစ်ရွာထဲသို့ ဝင်ရောက်လာသော တောရိုင်းတိရစ္ဆာန်များကဲ့သို့ ၎င်းတို့သည် ရပ်ရွာ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး နှောင့်ယှက်ကြကာ ၎င်းတို့ သွားလေရာရာ၌ လူများထံမှ အထင်သေးမှုနှင့် မနှစ်မြို့မှုတို့ကို ရရှိကြလေသည်။ ဤလူများသည် ဒေသခံ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း လိုက်နာသင့်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်းနှင့် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းအားဖြင့်သာ လူတစ်ဦးတွင် ပုံမှန် လူ့သဘာဝ ရှိကြောင်းကို ၎င်းတို့ကို ငါ ပြောလေသည်။ ငါ့ကို ပြောလော့၊ ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ငါ၏ တွေးခေါ်ပုံနှင့် ငါ၏ အစပြုသည့်အချက်က မှန်ကန်သလော။ (မှန်ကန်ပါသည်။) ငါသည် မြင့်မားပြီး ကြီးကျယ်ခမ်းနားသော၊ သို့မဟုတ် စိတ္တဇဆန်သော၊ သို့မဟုတ် သာမန်ထက်လွန်ကဲသော၊ သို့မဟုတ် သမားရိုးကျ မဟုတ်သော အရာများကို မလုပ်ဆောင်ပေ။ ၎င်းတို့၏ ဘဝရှိ ဤအသေးအဖွဲ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ၎င်းတို့၏ ဘဝများတွင် ပေါ်ပေါက်လာသော အမှားများ၊ အားနည်းချက်များနှင့် ပတ်သက်၍လည်းကောင်း လူတို့ကို ငါ ပြုပြင်ပေးပြီး ညွှန်ကြားရုံသာဖြစ်ကာ ၎င်းတို့၏ ပြဿနာများကို ထောက်ပြပြီး ပြုပြင်ပေးလျက် ၎င်းတို့ကို အကြံပြုချက်များ ပေးလေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်အတွက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းက လက်တွေ့ကျသလော။ (လက်တွေ့ကျပါသည်။) ယင်းသည် အလွန် လက်တွေ့ကျလေသည်။ ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် လုံးဝ အနှစ်မဲ့ခြင်း မရှိသည့်အပြင် ယင်းသည် လက်တွေ့ဘဝနှင့် လုံးဝ ကင်းကွာနေခြင်း မရှိပေ။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ နေ့စဉ်ဘဝတွင် ထင်ဟပ်နေသော ကျင့်ကြံပြုမူခြင်း၊ အမှုအရာများကို လုပ်ဆောင်ခြင်းတို့နှင့်ဆိုင်သည့် ခံယူချက်များနှင့် စည်းမျဉ်းများကို ကြည့်သည်ဖြစ်စေ၊ သူ ဆောင်ရွက်သည့် အမှုတော်တွင် သူ မိတ်သဟာယဖွဲ့သော သမ္မာတရားများကို ကြည့်သည်ဖြစ်စေ ကဏ္ဍနှစ်ခုလုံးသည် အလွန် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျလေသည်။ ကဏ္ဍနှစ်ခုလုံးသည် ပုံမှန် တွေးခေါ်မှု ရှိသော၊ အပြုသဘောဆောင်သော အရာများကို ချစ်သော၊ ပြီးလျှင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသော လူများ နားလည်နိုင်သည့်၊ သဘောပေါက်နိုင်သည့်၊ လက်ခံနိုင်သည့်၊ စွမ်းဆောင်ရရှိနိုင်သည့် အရာများ ဖြစ်လေသည်။ မည်သည့် ကဏ္ဍကမျှ လက်တွေ့ဘဝနှင့် လုံးဝ ကင်းကွာနေခြင်း မရှိပေ၊ ဤသည်မှာ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျခြင်း ဖြစ်လေသည်။

ယခုလေးတင် ငါပြောခဲ့သော ဘဝ၏ ဤအသေးအဖွဲ ကိစ္စရပ်များသည် ကျင့်ကြံပြုမူခြင်း၊ အမှုအရာများကို လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် ပတ်သက်သလော။ ယင်းတို့က သင်တို့အတွက် အကူအညီဖြစ်သလော။ (ဖြစ်ပါသည်။) သို့ဆိုလျှင် ငါတို့ ဆက်ပြောကြစို့။ တစ်ခါက ငါတို့ခြံဝင်း၏ မြက်ခင်းရေဖျန်းစနစ်ရှိ ရေပိုက်တစ်ခုသည် တစ်ချိန်ချိန်တွင် ကျိုးပေါက်သွားပြီး ယိုစိမ့်နေသောရေသည် အိမ်နီးချင်း၏ ခြံဝင်းထဲသို့ စီးဝင်သွားခဲ့လေသည်။ အိမ်နီးချင်းထံ အမြန်သွားပြောရန်နှင့် သူ့အတွက် ငါတို့ ရှင်းလင်းပေးရန် လိုအပ်ခြင်း ရှိမရှိကို ကြည့်ရန် တစ်စုံတစ်ဦးကို ငါ စေခိုင်းခဲ့လေသည်။ ရေများစွာ ဝင်ရောက်လာသည်ကို မြင်ရသဖြင့် ထိုအိမ်နီးချင်းသည် အနည်းငယ် စိတ်မကြည်မသာ ဖြစ်ခဲ့သော်လည်း ၎င်းကို ငါတို့က အလျင်ဦးအောင် ပြောပြခဲ့သောကြောင့် ၎င်းက ယဉ်ကျေးမှုအရ ပြဿနာ အကြီးအကျယ် မလုပ်ခဲ့ပေ။ နောက်ပိုင်း ခရစ္စမတ်အချိန်တွင် တောင်းပန်သည့်အနေဖြင့် ၎င်းကို ချောကလက်တစ်ဘူး ငါတို့ ပေးခဲ့လေသည်။ ၎င်းသည် အတော်လေး အံ့အားသင့်ပြီး ပျော်ရွှင်သွားကာ ငါတို့ အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက အသိပေးပြောကြားရန် သို့မဟုတ် ၎င်း၏ တံခါးဝသို့ လာရောက်တောင်းဆိုဖို့ အားမနာရန် ငါတို့ကို ပြောခဲ့လေသည်။ ညနေပိုင်းတွင် ၎င်းသည် ၎င်း၏ ကလေးကိုပင် ခေါ်လာခဲ့ပြီး ငါတို့ကို သစ်သီးတစ်ခြင်း ပေးခဲ့ကာ “ပျော်ရွှင်ဖွယ် အားလပ်ရက်များ ဖြစ်ပါစေ။ သင်တို့၏ လက်ဆောင်အတွက် ကျေးဇူးတင်ပါသည်၊ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းမှ ကြိုဆိုပါသည်” ဟု ပြောဆိုခဲ့လေသည်။ ငါတို့သည် အာလာပသလ္လာပ စကားအနည်းငယ် ပြောခဲ့ကြပြီးနောက် ၎င်းတို့ ထွက်ခွာသွားခဲ့ကြလေသည်။ ဤနည်းလမ်းအတိုင်း ကိစ္စကို ကိုင်တွယ်ဖြေရှင်းခြင်းက အတော်လေး ကောင်းမွန်သည်ဟု ငါ တွေးခဲ့သည်၊ ငါတို့၏ အိမ်နီးချင်းများနှင့် ဤကဲ့သို့ အဆင်ပြေပါက ဆက်ဆံရေးသည် သိပ်ဆိုးရွားမည် မဟုတ်ပေ။ ဤသည်မှာ ပြဿနာတစ်ခု ပေါ်ပေါက်လာသည့်အခါ ဆက်ဆံရေးကို ပြေလည်စေရန် သို့မဟုတ် အမှုအရာများကို ပြေပြစ်သွားစေရန်အလို့ငှာ အပြန်အလှန် ရိုးရိုးရှင်းရှင်း ကူညီစောင်မသည့်သဘောဖြင့် တစ်ဖက်လူကို တောင်းပန်ရင်း လက်ဆောင်တစ်ခု ပေးခြင်း ဖြစ်လေသည်။ သေချာပေါက်ပင် ၎င်းက သင့်ကို အမြတ်ထုတ်လျက် သင်၏ လက်ဆောင်ကို အလကား လက်ခံရယူခြင်း မဟုတ်ပေ၊ ၎င်းက တစ်စုံတစ်ရာကို ပြန်လည်ပေးအပ်လေသည်။ သင် မြင်သလော၊ အနောက်နိုင်ငံသားများသည် အတော်လေး တိကျကြလေသည်။ ၎င်းတို့ လက်ဆောင်များ ပေးသည့်အခါ ၎င်းတို့သည် အလွန်အမင်း ရိုးသားကြလေသည်။ လက်ဆောင်များက ဈေးကြီးသည်ဖြစ်စေ အရေးမကြီးပေ၊ အဓိကအချက်မှာ ၎င်းတို့၏ စိတ်နှလုံးများက အထူးသဖြင့် ရိုးသားခြင်း ဖြစ်လေသည်။ ဤသည်မှာ အပြန်အလှန် ကူညီစောင်မခြင်း ဖြစ်ပြီး ဤနည်းလမ်းအတိုင်း ကိစ္စကို ကိုင်တွယ်ဖြေရှင်းခြင်းက အတော်လေး သင့်လျော်လေသည်။ သေချာပေါက်ပင် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် နောက်ခံအခြေအနေတစ်ခု ရှိလေသည်။ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါ အကြောင်းပြချက်မရှိဘဲ မည်သူနှင့်မျှ ရင်းနှီးအောင် လုပ်ရန်၊ ၎င်းတို့အတွက် မိမိက အစပြု၍ တရုတ်အစားအစာ ချက်ပြုတ်ပေးရန် သို့မဟုတ် ၎င်းတို့ကို လက်ဆောင်များပေးရန် မလိုအပ်သကဲ့သို့ ၎င်းတို့နှင့် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းရန် အထူးတလည် ကြိုးပမ်းဖို့ မလိုအပ်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုအပ်ပေ။ ပုံမှန် ဆက်ဆံမှုများတွင် ၎င်းတို့ကို မြင်သည့်အခါ နှုတ်ဆက်ခြင်းနှင့် အခင်အမင်မပျက် အတူယှဉ်တွဲနေထိုင်ခြင်းက လုံလောက်လေသည်။ သို့သော် ပြဿနာတစ်ခု ပေါ်ပေါက်လာသည့်အခါ ဥပမာအားဖြင့် သင်သည် အမှားတစ်စုံတစ်ရာကို လုပ်ဆောင်မိပြီး တောင်းပန်ရန် လိုအပ်ပါက သွား၍ တောင်းပန်လော့။ သင် ဤသို့လုပ်ဆောင်ခြင်းသည် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားကြောင့် ဖြစ်သည်၊ ယင်းသည် လုံးဝ ချဲ့ကားထားခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း မဟုတ်ပေ။ ငါ့ကို ပြောလော့၊ ဤနည်းလမ်းအတိုင်း ယင်းကို ကိုင်တွယ်ဖြေရှင်းခြင်းက သင့်လျော်သလော။ ယင်းက စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) ယင်းသည် ရိုကျိုးခယခြင်း မဟုတ်သည့်အပြင် မာနထောင်လွှားပြီး ဗိုလ်ကျခြယ်လှယ်ခြင်းလည်း မဟုတ်ပေ။ သင်သည် သာလွန်သကဲ့သို့ မပြုမူသော်လည်း သင်၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းလေသည်။ လူအချို့က “အနောက်နိုင်ငံသားများသည် တရုတ်အစားအစာ စားရသည်ကို နှစ်သက်ကြသည်။ အနာဂတ်တွင် ငါတို့က စည်းမျဉ်းအချို့ကို ချိုးဖောက်မိပါက ၎င်းတို့က ငါတို့အပေါ် တိုင်ကြားခြင်းကို ရှောင်ရှားရန်၊ ၎င်းတို့အတွက် ဖက်ထုပ်အချို့ လုပ်ပေးပြီး သရေစာအချို့ ပေးကြစို့” ဟု တွေးကြလေသည်။ ငါ့ကို ပြောလော့၊ အကြောင်းပြချက်မရှိဘဲ မျက်နှာလိုမျက်နှာရ လုပ်ခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) တစ်ဖက်တွင် သင် ပြုလုပ်သော အစားအစာသည် စစ်မှန်သော စားသောက်ဆိုင်တစ်ခုမှ လာသကဲ့သို့ အရသာရှိမရှိနှင့် အခြားတစ်ဖက်က ယင်းကို စားရန် လိုလားခြင်း ရှိမရှိဟူသည်ကို ပြော၍မရနိုင်ပေ။ ထို့အပြင် ၎င်းတို့သည်လည်း သင့်ကို ကောင်းစွာ မသိကြပေ။ သင် ကိုယ်တိုင် ပြုလုပ်ထားသော အစားအစာကို ၎င်းတို့ကို သင် ပေးပါက ၎င်းတို့က သင့်ကို ယုံကြည်မည်လော။ အခြားတစ်ဖက်တွင် ထူးခြားသောအရာ တစ်ခုမျှ မဖြစ်ပျက်ဘဲနှင့် သင်သည် ၎င်းတို့ကို အဘယ်ကြောင့် လက်ဆောင်များ ပေးနေသနည်း။ ၎င်းတို့က သင့်ကို ကောင်းစွာ သိကြသလော။ သင့်တွင် ၎င်းတို့နှင့် မည်သည့် ဆက်ဆံမှု သို့မဟုတ် အပေါင်းအသင်းကဏ္ဍ ရှိသလော။ သင့်တွင် မရှိပေ၊ သို့ဆိုလျှင် ၎င်းတို့ကို တရုတ်အစားအစာ ပေးရန် အစဉ်သဖြင့် ကြိုးစားနေခြင်းသည် ရူးသွပ်သောသူတစ်ဦး လုပ်ဆောင်မည့်အရာ ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့က ယင်းကို စိတ်အနှောင့်အယှက်ဖြစ်စရာဟု ထင်မည် မဟုတ်လော။ (ဟုတ်ပါသည်။) အိမ်နီးချင်းများနှင့် ဆက်ဆံခြင်းအတွက် ငါ၏ စည်းမျဉ်းများကို ကြည့်လော့။ ငါ၏ တွေးခေါ်မှုက ပုံမှန်ဖြစ်သလော။ ငါသည် စည်းမျဉ်းများကို တိကျစွာနှင့် သင့်လျော်စွာ အသုံးချသလော။ (အသုံးချပါသည်။) ငါ၌ ကမောက်ကမဖြစ်နေသော တွေးခေါ်မှုပုံစံ၏ သရုပ်သကန် တစ်ခုတလေ ရှိသလော။ (မရှိပါ။) လူများနှင့် ငါ၏ ဆက်ဆံမှုများအားလုံးသည် ပုံမှန် ဖြစ်လေသည်။ ပုံမှန် အခြေအနေများအောက်တွင် ငါသည် လူများကို လက်ဆောင်များ မည်သည့်အခါမျှ မပေးပေ။ တစ်စုံတစ်ဦးက ငါ့ကို အမှန်တကယ် ကူညီပါက ငါ၏ ကျေးဇူးတင်မှုကို ဖော်ပြရန် ထိုသူကို တစ်စုံတစ်ရာ ငါ ပေးမည်ဖြစ်သည်။ ဤနည်းလမ်းအတိုင်း လူများနှင့် ဆက်ဆံခြင်းက သင့်လျော်လေသည်။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျခြင်း ဖြစ်သည်၊ ပြီးလျှင် ဤသည်မှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းလည်း ဖြစ်လေသည်။ လူအများစုသည် ဤစည်းမျဉ်းများကို နားမလည်ကြပေ၊ ဤသည်ကို မိုက်မဲပြီး အသိဉာဏ်မဲ့ခြင်းဟု ခေါ်ဆိုလေသည်။ သင်တို့ သဘောမတူကြဘူးလော။ (သဘောတူပါသည်။) လူအချို့သည် ၎င်းတို့ အမှုအရာများကို လုပ်ဆောင်သည့် ပုံစံတွင် ၎င်းတို့၏ မိုက်မဲမှုကို ပြသကြလေသည်။ ၎င်းတို့သည် လူများကို လက်ဆောင်များ အစဉ်သဖြင့် ပေးနေပြီး အကြောင်းပြချက်မရှိဘဲ မျက်နှာလိုမျက်နှာရ လုပ်နေကြကာ လူတို့က ဤအရာကို မြင်သည့်အခါ ၎င်းတို့၌ အမှားတစ်စုံတစ်ရာ ရှိသည်ဟု တွေးကြလေသည်။ ငါသည် ဤသို့ မလုပ်ဆောင်ပေ။ ငါသည် လူများနှင့် ရင်းနှီးအောင် မကြိုးစားပေ။ ငါ၌ ဂုဏ်သိက္ခာ ရှိသည်၊ ပြီးလျှင် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ကိုယ့်စည်းမျဉ်းနှင့်ကိုယ် ရှိလေသည်။ ပြဿနာတစ်ခု အမှန်တကယ် ပေါ်ပေါက်လာသည့်အခါ ငါသည် စည်းမျဉ်းများနှင့်အညီ ပြုမူလေသည်။ ငါသည် စည်းကမ်းများကို လိုက်နာသည်၊ ငါ၌ စည်းတစ်ခု ရှိသည်၊ ပြီးလျှင် ငါ၏ တွေးခေါ်ပုံသည် ယုတ္တိရှိသည်၊ ပုံမှန် တွေးခေါ်မှုနှင့် ကိုက်ညီသည်၊ ပြီးလျှင် ဆင်ခြင်တုံတရားနှင့် ကိုက်ညီလေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုဖြစ်သည့် ဤကဏ္ဍနှင့် ပတ်သက်၍ အသေးစိတ်အချက်များစွာ ရှိသော်လည်း ကိစ္စများစွာနှင့် ပတ်သက်၍ အသေးစိတ် ပြောဆိုရန် မလိုအပ်ပေ။ အချုပ်အားဖြင့်ဆိုရလျှင် ဤကိစ္စနှင့် ပတ်သက်၍ သူ၏ တွေးခေါ်မှုသည် သေချာပေါက် ပုံမှန် ဖြစ်လေသည်။

ငါသည် လူများနှင့် ဆက်ဆံသည့်အခါ ငါ့ကိုယ်ငါ မည်သည့်အခါမျှ မိတ်ဆက်လေ့မရှိပေ၊ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသည့်အခါတွင်ပင် ငါ့ကိုယ်ငါ မည်သည့်အခါမျှ မိတ်ဆက်လေ့မရှိပေ။ လူများနှင့် ငါ၏ ဆက်ဆံမှုများတွင် လူ့ဇာတိခံထားသော ဘုရားသခင်အဖြစ် ငါသည် မည်သည့်အခါမျှ ဟိတ်ဟန်မထုတ်ပေ။ ဤအရာများကို စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း၏ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော သရုပ်သကန်များ ဖြစ်သည်ဟု သင် မြင်သလော။ (မြင်ပါသည်။) ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမ အချို့က “ကိုယ်တော်သည် ဘုရားသခင် ဖြစ်သည်၊ ကိုယ်တော်သည် ဖန်ဆင်းရှင် ဖြစ်သည်။ ကိုယ်တော့်အတွက် အမှုအရာများကို လုပ်ဆောင်ပေးရခြင်းသည် မည်သူ့အတွက်မဆို ဂုဏ်ယူစရာ ဖြစ်သည်။ ၎င်းတို့က ကောင်းမွန်စွာ မလုပ်ဆောင်ပါက ၎င်းတို့သည် သေခြင်းတရားကို လက်ယပ်ခေါ်နေခြင်း ဖြစ်သည်” ဟု ပြောကြလေသည်။ ထိုသို့သော လူများနှင့် ငါ တွေ့ဆုံသည့်အခါ “ငါ့အနားမှ ဖယ်သွားစမ်း။ ထိုအရာများကို ပြောဆိုခြင်းက မည်သည့် အကျိုးရှိသနည်း။ ညီအစ်ကိုမောင်နှမများက ငါ့အတွက် အမှုအရာများကို လုပ်ဆောင်ပေးလျှင်ပင် ၎င်းတို့အပေါ် ထိုသို့သော တောင်းဆိုမှုများကို ငါ မပြုလုပ်ပေ” ဟု ငါ ပြောလေသည်။ ငါသည် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ၊ ငါ၏ ပင်ကိုလက္ခဏာကို ၎င်းတို့ကို ငါ မည်သည့်အခါမျှ မပြောပြပေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ ပုံမှန် တွေးခေါ်မှုနှင့် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ (ဖြစ်ပါသည်။) သင် မြင်သလော၊ ရူးသွပ်သော သူတစ်ဦးသည် မိမိကိုယ်ကို အစဉ်သဖြင့် မိတ်ဆက်နေမည်ဖြစ်ပြီး “ငါသည် ကျောက်စိမ်း ဧကရာဇ် ဖြစ်သည်။ ငါသည် မြေကြီးပေါ်သို့ ဆင်းသက်လာသော အနောက်ဘက် မယ်တော်မိဖုရား ဖြစ်သည်။ ငါသည် ကောင်းကင်ဘုံမှ လာသည်။ သင်တို့ နောက်လိုက်ပါမွှားလေးများက ငါ့စကားကို နားမထောင်ပါက သင်တို့ကို ငါ သုတ်သင်ပစ်မည်” ဟု ပြောဆိုမည် ဖြစ်သည်။ ဤကဲ့သို့သော သူသည် မည်သည့်အရာ ဖြစ်မည်နည်း။ (စာတန်တစ်ကောင်နှင့် နတ်ဆိုးတစ်ကောင် ဖြစ်ပါသည်။) ၎င်းသည် စာတန်တစ်ကောင်နှင့် နတ်ဆိုးတစ်ကောင် ဖြစ်မည် ဖြစ်သည်။ လူ့အသုံးအနှုန်းများအရ ၎င်းကို စိတ်ကျန်းမာရေး မကောင်းသူ၊ ပုံမှန် ဆင်ခြင်တုံတရား မရှိသူဟု ခေါ်ဆိုမည် ဖြစ်သည်။ ပုံမှန် ဆင်ခြင်တုံတရား မရှိသူတစ်ဦးသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူပြီး အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်မည်လော။ (မလုပ်ဆောင်ပါ။) အနည်းဆုံးအနေဖြင့် သင်သည် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားသော အသိစိတ်နှင့် စံချိန်မီ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်မှသာလျှင် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူနိုင်ပြီး အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်တွင် ပုံမှန် လူ့သဘာဝ ရှိသောကြောင့် သူ၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များကို ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ထိန်းချုပ်ထားပြီး သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသော ထိုသို့သော ပုံမှန် လူ့သဘာဝအတွင်း၌ သဘာဝကျကျ အသက်ရှင် နေထိုင်လေသည်၊ ထို့ကြောင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ရာတွင် သူသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာလေသည်။ ဘာသာတရား မရှိသူအချို့က ငါ့အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကို ရှုပ်ထွေးသွားစေပါက သို့မဟုတ် ငါ့ကို တမင်တကာ လှည့်စားပါက သို့မဟုတ် အရာဝတ္ထုများကို တမင်တကာ ဖျက်ဆီးပါက ဤအရာမှ ငါ သင်ခန်းစာယူပြီး ၎င်းတို့ကို မည်သည့်အခါမျှ ထပ်မသုံးတော့ပေ။ ဘာသာတရား မရှိသူများနှင့် ပတ်သက်၍မူ၊ ၎င်းတို့၏ စကားများက မည်မျှပင် နားထောင်ကောင်းနေပါစေ၊ ငါသည် သတိထားရမည် ဖြစ်သည်၊ ငါ သတိမထားပါက၊ ၎င်းတို့၏ လှည့်ကွက်များတွင် ငါ ယုံစားမိမည် ဖြစ်သည်။ ဤလောကတွင် လှည့်ဖြားတတ်သူများ အလွန်များပြားလေသည်။ သင် မည်သူဖြစ်သည်ကို ၎င်းတို့ ဂရုမစိုက်ပေ၊ သင့်ကို ၎င်းတို့ လှည့်စားနိုင်သရွေ့ ၎င်းတို့ လှည့်စားမည် ဖြစ်သည်။ ဝိညာဉ်ရေးရာ နယ်ပယ်တွင် စာတန်နှင့် နတ်ဆိုးများသည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ကို ရှင်းလင်းစွာ မြင်တွေ့ကြပြီး ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဘုရားသခင်၏ အနှစ်သာရကို မြင်တွေ့ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ မလေးစားကြ၊ ဘုရားသခင်ကို မကြောက်ရွံ့ကြ၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုကြပေ။ ယခု ဘုရားသခင်သည် လူ့ဇာတိခံထားပြီးဖြစ်ရာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသော လူသားမျိုးနွယ်အကြားတွင် မည်သူက ဘုရားသခင်ကို အသိအမှတ်ပြုပြီး သူ့ကို ကျိုးနွံနာခံနိုင်သနည်း၊ ငါ့ကို ပြောလော့။ ဘုရားသခင်ကို ယုံကြည်သော လူများပင်လျှင် သူ့ကို အပြည့်အဝ အသိအမှတ်မပြုကြပေ၊ သူ့ကို ကျိုးနွံနာခံရန် ဆိုသည်မှာ ပြောစရာပင် မလိုတော့ပေ။ လူအချို့က ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် ဦးညွှတ်ပြီး ကိုးကွယ်မည်ဟု ပြောကြသည်၊ ၎င်းတို့သည် ကောင်းကင်ရှေ့တွင် ဒူးထောက်ရန်၊ လက်ဝါးကပ်တိုင်ရှေ့တွင် ဒူးထောက်ရန်၊ ယေဟောဝါ၏ နာမတော်ရှေ့တွင် ဒူးထောက်ရန်၊ သို့မဟုတ် သခင်ယေရှု၏ ပုံတူပန်းချီကားရှေ့တွင် ဒူးထောက်ရန် အဆင်ပြေကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤလူဖြစ်သော ငါ့ရှေ့တွင် ဒူးထောက်ရန်ကိုမူ ၎င်းတို့ အားမထုတ်နိုင်ကြပေ၊ “ငါ ယုံကြည်သည်မှာ သင်လော။ သင်သည် ဘုရားနှင့် မတူပေ။ သင့်ရှေ့တွင် ငါ ဒူးထောက်ပါက ငါ့ကိုယ်ငါ နှိမ့်ချရာ မကျဘူးလော။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ငါ၏ မိဘများရှေ့တွင် ဒူးထောက်နိုင်သည်၊ သင့်ကဲ့သို့သော အရေးမပါသူတစ်ဦးရှေ့တွင် ငါ မည်သို့ ဒူးထောက်နိုင်မည်နည်း။ အထူးသဖြင့် သင်သည် အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် သင်၏ အသွင်အပြင်က သာမညောင်ညသာ ဖြစ်၏၊ သင်သည် နာမည်မကြီးပေ၊ ပြီးလျှင် လောကတွင် သင့်၌ အဆင့်အတန်း သို့မဟုတ် ဂုဏ်သတင်း မရှိပေ၊ သင့်ရှေ့တွင် ငါ အဘယ်ကြောင့် ဒူးထောက်ရမည်နည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် စိတ်ထဲ၌ အနေရခက်ကြလေသည်။ ၎င်းတို့ ဒူးထောက်လိုသည့်အခါ ၎င်းတို့ တွေဝေကြပြီး ၎င်းတို့ ဒူးမထောက်မီတွင်ပင် မလိုလားဘဲ အင်တင်တင်ဖြင့် ၎င်းတို့ ပြန်ထရပ်ကြလေသည်။ ငါက “ငါ့ရှေ့တွင် ဒူးမထောက်နှင့်။ သင် ဒူးထောက်လိုပါက ကောင်းကင်ဘုံရှိ ဘုရားသခင်ရှေ့တွင် ဒူးထောက်လော့။ ငါ့ရှေ့တွင် သင် ဒူးထောက်ရန် ငါ မလိုအပ်ပေ၊ ယင်းကို ငါ လက်မခံနိုင်ပေ။ သင့်ကို လေထဲသို့ ချီဆောင်သွားပြီး တတိယကောင်းကင်သို့ သင့်ကို ခေါ်ဆောင်သွားနိုင်လောက်အောင် ဤမျှ ကြီးမားသော တန်ခိုး ငါ၌ မရှိပေ။ ငါသည် သာမန် လူတစ်ဦးသာ ဖြစ်လေသည်။ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်သည့် သင့်ကို ဘုရားသခင်ရှေ့သို့ ငါ ခေါ်ဆောင်လာလေသည်။ ထို့နောက် သင် ကယ်တင်ခြင်း ရရှိနိုင်စေရန်အလို့ငှာ သင့်ကို ပုံမှန်ဖန်ဆင်းခံတစ်ဦးအဖြစ် အပြည့်အဝ ပြောင်းလဲစေပြီးနောက် ဖန်ဆင်းရှင်ထံသို့ သင့်ကို ပြန်လည်ပို့ဆောင်ပေးရန်အလို့ငှာ သင် လက်တွေ့လုပ်ဆောင်ရန်အတွက် ငါ သိရှိပြီး နားလည်သော သမ္မာတရားများကို သင့်ကို ငါ ပြောပြသည်၊ ဤသည်မှာ ငါ၏ တာဝန်နှင့် ငါ၏ အမှုတော် ဖြစ်လေသည်။ သင်တို့အားလုံး၏ အမြင်တွင် ယင်းမှာ ငါ၌ရှိသော တစ်ခုတည်းသော အသုံးဝင်မှု ဖြစ်လေသည်။ သင်နှင့် ပတ်သက်၍ အသိအမှတ်ပြု ခံရထိုက်သော အရာတစ်ခုမျှ ငါ ဖြစ်မြောက်အောင်မြင်ထားခြင်း မရှိသည့်အပြင် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်၍လည်း ထိုသို့ ငါ မလုပ်ဆောင်ထားပေ။ ငါသည် ငါ လုပ်ဆောင်သင့်သည့် အရာများကို လုပ်ဆောင်ခဲ့သော၊ ငါ ပြောဆိုသင့်သည့် စကားများကို ပြောဆိုခဲ့သော၊ ပြီးလျှင် ငါ လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ဆောင်ခဲ့သော သာမန် လူတစ်ဦးသာ ဖြစ်လေသည်။ သင်၏ စိတ်နှလုံးထဲတွင် သင် လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ငါ၏ လူ့သဘာဝ ရှုထောင့်အမြင်မှကြည့်လျှင်၊ သင်၏ ဒူးထောက်ခြင်းနှင့် ကိုးကွယ်ခြင်းကို လက်ခံရန် ငါ လုံးဝ မလိုလားပေ။ ထို့အပြင် သင်၏ စိတ်နှလုံးထဲတွင် သင်သည် မလိုလားဘဲ အတိုက်အခံလုပ်နေသည်ဖြစ်ရာ ယင်းကို ငါ ပို၍ပင် လက်မခံနိုင်ပေ” ဟု ပြောလေသည်။ သင် မြင်သလော၊ ငါ၏ တွေးခေါ်မှုက ပုံမှန်ဖြစ်သလော။ ယင်းက လူ့သဘာဝ၏ မည်သည့် ကဏ္ဍမှ လာသည်ဖြစ်စေ ဤသည်မှာ ပုံမှန် တွေးခေါ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် ပုံမှန် လူ့သဘာဝအတွင်း၌ အသက်ရှင် နေထိုင်ပြီး လက်တွေ့ဘဝတွင် သာမန် လူတစ်ဦးကဲ့သို့ အသက်ရှင် နေထိုင်ကာ သာမန်ထက်လွန်ကဲခြင်း မရှိသောကြောင့် အမျိုးမျိုးသော ကိစ္စရပ်များကို သူ မည်သို့ သဘောထားပြီး ကိုင်တွယ်ဖြေရှင်းသည်ဟူသည်ကို သူ၏ လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက အများအားဖြင့် ထိန်းချုပ်ထားလေသည်။ ဤအရာက လူများစွာကို အယူအဆများ ဖြစ်ပေါ်လာစေသည်၊ ၎င်းတို့က “ကိုယ်တော်သည် သာမန်၊ ပုံမှန် လူတစ်ဦးသာ မဟုတ်လော” ဟု တွေးကြလေသည်။ လူတို့သည် လူ့ဇာတိခံယူခြင်းကို အသိအမှတ်ပြုပြီး ဘုရားသခင်၏ အလုပ်ကို လက်ခံလျှင်ပင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤလူရှေ့၌ ဒူးထောက်ပြီး ကိုးကွယ်ရန် သို့မဟုတ် သူ့ကို ကျိုးနွံနာခံရန် ၎င်းတို့ မလိုလားကြပေ။ အမှန်တကယ်တွင် ငါ၏ စိတ်နှလုံးထဲမှ ပြောရလျှင် သင်၏ ဒူးထောက်ခြင်းနှင့် ကိုးကွယ်ခြင်းကို ငါ လက်မခံလိုပေ၊ အဘယ်ကြောင့်ဆိုသော် ငါ့ထံတွင် ဂုဏ်သိက္ခာနှင့် ဆင်ခြင်တုံတရား ရှိသောကြောင့် ဖြစ်သည်။ သင် ဝန်လေးနေသည့်အချိန်ကို ထားလိုက်ပါ၊ ငါ့ရှေ့တွင် ဒူးထောက်ပြီး ကိုးကွယ်ရန် သင် လိုလားနေလျှင်ပင် ယင်းကို လက်ခံရန် ငါ လိုလားမည် မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဤလူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွင်းတွင် ရှက်တတ်သော စိတ်တစ်ခုလည်း ရှိသည်ကို ဆိုလိုလေသည်။ ရှက်တတ်သော စိတ်တစ်ခု ရှိခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက တစ်စုံတစ်ဦးက “ဤလူရှေ့တွင် ဒူးထောက်ပြီး ကိုးကွယ်ရန် ငါ ဝန်လေးသည်၊ စိတ်ထဲတွင် ငါ အနည်းငယ် မလိုလားပေ” ဟု ပြောမည်ဆိုလျှင် သို့မဟုတ် တစ်စုံတစ်ဦးသည် နားဝေတိမ်တောင်ဖြစ်သော အခြေအနေတစ်ခုတွင် အသက်ရှင် နေထိုင်နေမည်ဆိုလျှင် သို့မဟုတ် တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် ပတ်သက်သော စိတ်ကူးများဖြင့် ပြည့်နှက်နေစဉ်တွင် ဒူးထောက်ပြီး ကိုးကွယ်နေမည်ဆိုလျှင် ဤကဲ့သို့သော ဒူးထောက်ခြင်းနှင့် ကိုးကွယ်ခြင်း အားလုံးသည် အကျုံးမဝင်ဟု ငါ ပြောမည်ဖြစ်ကြောင်းကို ဆိုလိုလေသည်။ ဤကဲ့သို့သော လုပ်ရိုးလုပ်စဉ်များကို ငါ မလိုအပ်ပေ၊ သင်တို့သည် ထိုသို့သော လုပ်ရိုးလုပ်စဉ်များကို လုံးဝ မလုပ်ဆောင်ရပေ။ ငါ့ရှေ့တွင် သင် ဒူးထောက်ခဲ့လျှင်ပင် ယင်းကို လက်ခံရန် ငါ ကသိကအောက် ဖြစ်နေမည်။ ငါ့ရှေ့တွင် သင် မရမက ဒူးထောက်ပါက “သင့်ကို ကောင်းချီးပေးပါစေ” သို့မဟုတ် “ကျေးဇူးတင်ပါသည်” ဟု ငါ ပြောသင့်သလော။ မည်သည့်အရာ ပြောရမည်ကို ငါ အမှန်တကယ် သိမည် မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ ယခုအချိန်တွင် ကဏ္ဍအသီးသီး၌ သင်၏ ကိုယ်ပိုင် အခြေအနေနှင့် ပတ်သက်၍ သင် ရှင်းလင်းစွာပင် မသိရှိသေးဘဲလျက် ငါ့ရှေ့တွင် ဒူးထောက်ပြီး ကိုးကွယ်ရန် သင် ကြိုးစားနေဆဲ ဖြစ်သည်၊ ယင်းကို ငါ အမှန်တကယ် လက်မခံနိုင်ပေ။ သင်သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ကိုးကွယ်နေခြင်း ရှိမရှိကို ငါ မသိပေ။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော သူတစ်ဦးအဖြစ် သင့်ကို လက်ခံရန် ငါ ကြိုးစားပါက သင်သည် အမှန်တကယ် စံချိန်မီမည် မဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ အမှုအရာများ ရပ်တန့်သွားသည့် နေရာမှာ ထိုနေရာပင် ဖြစ်သည်၊ ယင်းသည် အလွန် ရှက်စရာကောင်းလေသည်။ သင့်ကို မည်သည့်အရာအဖြစ် ငါ လက်ခံသင့်သည်ကိုဖြစ်စေ၊ သင့်ကို မည်သည့်အရာ ပြောဆိုခြင်းက သင့်လျော်မည်ဟူသည်ကိုဖြစ်စေ ငါ ရှင်းလင်းစွာ မသိရှိသေးပေ၊ ထို့ကြောင့် စိတ်ထဲ၌ ဤကိစ္စကို ငါ အထူးသဖြင့် အတိုက်အခံဖြစ်၏။ သင်တို့အားလုံးသည် ငါ့ရှေ့တွင် လုံးဝ ဒူးမထောက်ရသည့်အပြင် မကိုးကွယ်ရပေ။ ယင်းကို ငါ မလိုအပ်သည့်အပြင် ယင်းကို ငါ မနှစ်သက်ပေ။ သင်တို့သည် သမ္မာတရား၏ ကဏ္ဍတစ်ခုခုကို နားလည်ရန် လိုအပ်ပါက သို့မဟုတ် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်း စည်းမျဉ်းများ၏ ကဏ္ဍတစ်ခုခုကို လိုအပ်ပါက ယင်းတို့နှင့် ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့နိုင်လေသည်။ သို့သော် သင်တို့သည် ဤလုပ်ရိုးလုပ်စဉ်တွင် ပါဝင်လိုပါက ယင်းကို မလုပ်ဆောင်ရန် သင်တို့ကို ငါ အကြံပြုသည်၊ အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် မလုပ်ဆောင်လေနှင့်။ သင်တို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှု မရှိမီနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းကြောင်းပေါ်သို့ သင်တို့ မလျှောက်လှမ်းမီတွင် ဤအရာကို မလုပ်ဆောင်လေနှင့်၊ ဤလုပ်ရိုးလုပ်စဉ်ကို မလုပ်ဆောင်လေနှင့်။ ဤသို့လုပ်ဆောင်ခြင်းက ကောင်းမည် မဟုတ်ပေ၊ ယင်းက ငါတို့ နှစ်ဦးစလုံးအတွက် အနေရခက်စေလိမ့်မည် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်းက အကောင်းဆုံး ဖြစ်သည်၊ ထိုသို့သော လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်ခြင်းသည် အကျိုးမရှိပေ။

လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ပြဿနာအကြောင်း မိတ်သဟာယဖွဲ့ရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့ ပါဝင်သော ဥပမာများစွာကို ငါ ပေးခဲ့လေသည်။ ဤဥပမာများတွင် လူ့ဇာတိခံထားသော ဘုရားသခင်သည် သာမန်ထက်လွန်ကဲခြင်း၊ သာလွန်ခြင်း၊ သဘာဝလွန်ဖြစ်ခြင်း သို့မဟုတ် သမားရိုးကျ မဟုတ်ခြင်း မရှိကြောင်းကို သင်တို့ မြင်တွေ့နိုင်လေသည်။ ဤအရာများနှင့် အခြား ထိုသို့သောအရာများသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့နှင့် ပတ်သက်၍ လူတို့ နားလည်သင့်သည့် အရာများ ဖြစ်လေသည်။ သူ၏ အသက်ရှင် နေထိုင်ခြင်း၊ သူ၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ခံယူချက်များနှင့် စည်းမျဉ်းများအားလုံးသည် အထူးသဖြင့် လက်တွေ့ကျပြီး အထူးသဖြင့် ပုံမှန်ဖြစ်ကာ သူသည် အမှုအရာများနှင့် ကြုံတွေ့ရသည့်အခါ စိတ်ရှည်ပြီး သည်းခံနိုင်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူ၏ ဘဝတွင် အသက်ရှင် နေထိုင်ပြီး ထုတ်ဖော်သည့် အရာအားလုံးသည် ဘုရားသခင်၏ လူ့ဇာတိခံထားသော ဇာတိပကတိက ကိုယ်တော်တိုင် ကျင့်ကြံပြုမူသည့် နည်းလမ်းတွင် လက်တွေ့ကျသော ဘက်ခြမ်းတစ်ခု ရှိကြောင်းကို ထင်ဟပ်လေသည်။ ဆိုလိုသည်မှာ သူသည် အမျိုးမျိုးသော အရာများကို မည်သို့ ရင်ဆိုင်သည်နှင့် အမျိုးမျိုးသော ပြဿနာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသည်ဟူသည်မှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းတို့ဖြစ်သည့် သူ၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ခံယူချက်များနှင့် စည်းမျဉ်းများအပေါ် လုံးလုံးလျားလျား အခြေခံလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ငါတို့ အိမ်နီးချင်း၏ ကလေးသည် ကောလိပ်သွားတက်မည်ဖြစ်ပြီး ၎င်းတို့သည် အောင်ပွဲခံရန် ခြံဝင်းထဲတွင် ပါတီပွဲတစ်ခု ကျင်းပကာ သီချင်းဆိုပြီး ကခုန်ခဲ့ကြလေသည်။ ၎င်းတို့သည် မနက် တစ်နာရီ သို့မဟုတ် နှစ်နာရီအချိန်တွင် မိုက်ခရိုဖုန်းဖြင့် သီချင်းဆိုနေကြဆဲဖြစ်ပြီး အနီးအနားရှိ အိမ်နီးချင်းများစွာက ယင်းကို ရှင်းလင်းစွာ ကြားနိုင်ခဲ့ကြလေသည်။ အနောက်နိုင်ငံသားများသည် တိုင်ကြားရသည်ကို နှစ်သက်ကြသော်လည်း ဤအခြေအနေတွင် မည်သူကမျှ မတိုင်ကြားခဲ့ကြပေ၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ငါတို့အားလုံးသည် အိမ်နီးချင်းများ ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သောကြောင့်တည်း။ လူတိုင်းက “ကလေးများ ကျောင်းတက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်၊ ပြီးလျှင် သူတို့ စိတ်လွတ်ကိုယ်လွတ် နေခွင့်ရဖို့ဟူသည်မှာ ရှားလှသည်၊ သို့ဖြစ်၍ သူတို့ကို ပျော်ခွင့်ပေးလိုက်ပါ။ တစ်ခါတစ်ရံ ဤကဲ့သို့ နှောင့်ယှက်ခံရပြီး တစ်ညလောက် ကောင်းကောင်း အိပ်မပျော်သည်မှာ ပြဿနာကြီး မဟုတ်ပါ၊ ငါတို့ အိပ်ရာဝင်နောက်ကျသည်ဟုသာ သဘောထားလိုက်မည်” ဟု ခံစားခဲ့ကြရသည်။ ဤကဲ့သို့ တွေးခေါ်ခြင်းက ပုံမှန်ဖြစ်သလော။ လူတစ်ဦးသည် အခြားသူများအပေါ် ဤကဲ့သို့သော စိတ်ရှည်မှုနှင့် သည်းခံမှုမျိုး ရှိသင့်သလော။ (ရှိသင့်ပါသည်။) လူအချို့က “ကိုယ်တော်သည် ဘုရားသခင် ဖြစ်သည်၊ ဆူညံသံများ ပြုလုပ်နေသော ဖောက်ပြန်ပျက်စီးသည့် လူသားများအပေါ် ကိုယ်တော် မည်သို့ စိတ်ရှည်နိုင်သနည်း။ ကိုယ်တော် စိတ်မရှည်သင့်ပေ၊ ကိုယ်တော်၏ အနားယူခြင်းက အလွန် အရေးကြီးသည်” ဟု ပြောကြလေသည်။ ငါက “မည်သူ့ အနားယူခြင်းက အရေးမကြီးသနည်း။ လူတိုင်း၏ အနားယူခြင်းက အရေးကြီးသည်” ဟု ပြောလေသည်။ သို့သော် လူကြီးများသည် တစ်ခါတစ်ရံတွင် သည်းခံမှုအချို့ ရှိရန်နှင့် နားလည်မှုအချို့ ပြသရန် လိုအပ်သည်၊ အထူးသဖြင့် ကလေးများအပေါ်တွင် ငါတို့သည် ၎င်းတို့ကို သည်းခံမှုအချို့ ပြသသင့်လေသည်။ ထို့အပြင် ဤလောကတွင် သင် နေထိုင်သည့်အခါ အရာများစွာသည် သင်၏ အလိုကျ ဖြစ်မလာသည့်အပြင် အချိန်အများစုတွင် သင်သည် စိတ်ရှည်လိုက်ရုံသာ ရှိသည်။ ဤအရာများသည် ကိစ္စမရှိပေ။ သင်သည် ဤအရာထက် ပို၍ ဆိုးရွားသော၊ ပြီးလျှင် သင့်ကို အမှန်တကယ် ဘေးအန္တရာယ်ဖြစ်စေသော အရာများကိုလည်း ခါးစည်းခံရမည်ဖြစ်သည်။ ဤလောကတွင် နေထိုင်ရာ၌ ရှင်သန်မှု လမ်းကြောင်းတစ်လျှောက်တွင် လူတိုင်းသည် ၎င်းတို့ ရွေးချယ်စရာ မရှိသော အခြေအနေများစွာကို ရင်ဆိုင်ရလေသည်။ ထိုသို့သော အခြေအနေများကို သင် ရင်ဆိုင်ရသည့်အခါ သင်သည် အမှန်တကယ်ပင် ပိတ်မိနေမည်လော။ သင် ဆက်လက် မရှင်သန်နိုင် ဖြစ်မည်လော။ နောက်တစ်နေ့တွင် နေသည် ဆက်လက် ထွက်ပေါ်လာဦးမည် ဖြစ်သည်။ ဘဝသည် ဆက်လက် ရှင်သန်ရမည် ဖြစ်သည်။ အသေးအဖွဲ ကိစ္စရပ်တစ်ခုအပေါ် သဘောထားသေးသိမ်ရန် မလိုအပ်ပေ၊ ယင်းအပေါ် သောကရောက်နေပြီး လောကကြီး အဆုံးသတ်သွားသကဲ့သို့ ပြုမူရန် မလိုအပ်ပေ။ အရေးတယူ လုပ်ရန် သို့မဟုတ် တစ်ဆိတ်ကိုတစ်အိတ်လုပ်ရန် မလိုအပ်ပေ။ ဤကဲ့သို့သော အရာများအတွက် သင်သည် သည်းခံပြီး စိတ်ရှည်ရမည် ဖြစ်သည်။ တစ်နေ့တွင် သင် ပို၍ တွေ့ကြုံရသည့်အခါ သင်သည် ထိုးထွင်းသိမြင်မှုကို ရရှိမည်ဖြစ်ပြီး ယင်းတို့ကို မည်သို့ သဘောထားပြုမူရမည်ကို သိရှိမည် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော တွေးခေါ်မှုက ပုံမှန်ဖြစ်သလော။ (ဖြစ်ပါသည်။) ပုံမှန်မဟုတ်သော တွေးခေါ်မှု ရှိသူတစ်ဦးက မည်သို့ တွေးမည်နည်း။ “အသင် ကလေးဆိုး၊ သင် ကြီးပြင်းလာပြီး ပါတီပွဲများ စလုပ်နေပြီ။ ဤဘာသာတရား မရှိသူများသည် အမှန်တကယ်ပင် နတ်ဆိုးများ ဖြစ်ကြသည်။ ငါ မည်သူဖြစ်သည်ကို သင် သိသလော။ သင်သည် ငါ၏ အနားယူခြင်းကို နှောင့်ယှက်ခဲ့သည်၊ ထို့ကြောင့် သင့်ကို နောင်တရအောင် လုပ်မည်။ သင့်ကို ငါ ကျိန်ဆဲသည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော အတွေးများသည် ပုံမှန်ဖြစ်သလော။ (မဖြစ်ပါ။) ဤအတွေးများသည် ပုံမှန်မဟုတ်ပေ၊ ထို့ကြောင့် သင်သည် ထိုနည်းအတိုင်း မတွေးရပေ။ ငါကိုယ်တိုင်သည် ထိုနည်းအတိုင်း တွေးမည် မဟုတ်ပေ။ ဤအရာများ ဖြစ်ပျက်သည့်အခါ ငါသည် စိတ်ရှည်နိုင်ပြီး ယင်းတို့ကို မှန်ကန်စွာ သဘောထားပြုမူနိုင်သည်၊ လူကြီးတစ်ဦး၏ အတွေးအခေါ်များ၊ အမြင်များဖြင့် ဤအရာများကို ငါ သဘောထားပြုမူပြီး ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။ ဤအရာများသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း၏ တိကျသော သရုပ်သကန်များလည်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်လေသည်။ လူအချို့က “ဘုရားသခင်၏ သဘောထားကြီးမှုသည် ပင်လယ်နှင့် ကောင်းကင်ကဲ့သို့ ကျယ်ဝန်းသည်၊ ထို့ကြောင့် ထိုသို့သော အရေးမပါသည့် လူများသည် ဘုရားသခင်အတွက် မည်သည့်အရာမျှ မဟုတ်ပေ။ မည်မျှပင် ဆူညံနေပါစေ၊ သူသည် မကြားပေ၊ သူသည် မည်သည့်အရာကိုမျှ မခံစားရပေ။ ဤသည်ကို ပို၍ မြင့်မားသော အဆင့်တစ်ခုတွင် ရှိခြင်းဟု ခေါ်ဆိုသည်၊ ဤသည်ကို ကွဲပြားသော အဆင့်အတန်းတစ်ခုတွင် ရှိခြင်းဟု ခေါ်ဆိုသည်၊ ဤသည်ကို စိတ်သဘောထား ကြီးမြတ်ခြင်း ရှိသည်ဟု ခေါ်ဆိုသည်” ဟု ပြောကြလေသည်။ ဤသည်မှာ ပကတိအခြေအနေ ဖြစ်သလော။ (မဟုတ်ပါ။) ငါသည် “စိတ်သဘောထား ကြီးမြတ်ခြင်း” ကို အမှန်တကယ် အာရုံမစိုက်ပေ။ “စိတ်သဘောထား ကြီးမြတ်ခြင်း” က မည်သည့်အရာကို ဆိုလိုသည်ကို ငါ သေချာမသိသည့်အပြင် “ကွဲပြားသော အဆင့်အတန်းတစ်ခုတွင် ရှိခြင်း” က မည်သည့်အရာဖြစ်သည်ကိုလည်း ငါ နားမလည်ပေ၊ ပြီးလျှင် ငါသည် ထိုမျှ “မြင့်မားသော” အဆင့်တစ်ခုတွင် မရှိပေ။ ပုံမှန် တွေးခေါ်မှုနှင့် ပုံမှန် ဆင်ခြင်တုံတရားက အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီသော နည်းလမ်းဖြင့် မည်သို့ ပြုမူရမည်ကိုလည်းကောင်း၊ မည်သည့်အရာများကို စိတ်ရှည်စွာ ခါးစည်းခံသင့်ပြီး မည်သည့်အရာများကို အလေးအနက် သဘောထားသင့်သည်ကိုလည်းကောင်း၊ လူများနှင့် ဆက်ဆံသည့်အခါ မည်သည့် စည်းမျဉ်းများနှင့် ခံယူချက်များကို တစ်သဝေမတိမ်း လိုက်နာသင့်သည်ကိုလည်းကောင်း၊ ထို့အပြင် အချို့သော အခြေအနေများတွင် လွဲချော်ခြင်း၊ အစွန်းရောက်ခြင်း၊ သဘာဝလွန်ဖြစ်ခြင်း သို့မဟုတ် လွန်ကဲခြင်း မရှိသော နည်းလမ်းဖြင့် မည်သို့ တွေးခေါ်ရမည်ကိုလည်းကောင်း၊ တစ်ဖက်စောင်းနင်း မရှိဘဲ ပုံမှန်အားဖြင့် မည်သို့ တွေးခေါ်ရမည်ကိုလည်းကောင်း ယင်းတို့ကိုသာ ငါ သိလေသည်။ ဤအရာများကို ငါ သိသော်လည်း “ကွဲပြားသော အဆင့်အတန်းတစ်ခုတွင် ရှိခြင်း”၊ “စိတ်သဘောထား ကြီးမြတ်ခြင်း ရှိခြင်း” နှင့် “ကျင့်ကြံပြုမူရာတွင် သိုသိပ်စွာနေခြင်း” တို့က မည်သည့်အရာကို ဆိုလိုသည်ကို ငါ မည်သည့်အခါမျှ မသိခဲ့ပေ။ ငါသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုသာ လိုက်နာလေသည်။ ဤသည်မှာ ရိုးရှင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ မည်သည့် ကိစ္စကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ၊ ငါ၏ ရှုထောင့်အမြင်နှင့် ရပ်တည်ချက်မှနေ၍ ကိစ္စတိုင်းနှင့် လူတိုင်းကို သာမန်၊ ပုံမှန် လူတစ်ဦးအနေဖြင့် မှန်ကန်စွာ၊ တရားမျှတစွာ၊ ကျိုးကြောင်းဆီလျော်စွာနှင့် ဆင်ခြင်တုံတရားရှိစွာ ငါ ရှုမြင်သည်၊ ငါ လုပ်ဆောင်သမျှ အရာတိုင်းတွင် တရားမျှတမှု၊ မျှတမှု၊ ကျိုးကြောင်းဆီလျော်မှုနှင့် ဆင်ခြင်တုံတရားရှိမှုတို့ကို စွမ်းဆောင်ရရှိရန် ကြိုးစားသည်၊ အစွန်းရောက်ခြင်း၊ အနှစ်မဲ့ခြင်း သို့မဟုတ် သမားရိုးကျ မဟုတ်ခြင်း မရှိပေ။ ထို့အပြင် ငါသည် သာလွန်သကဲ့သို့ မပြုမူဘဲ တတိယကောင်းကင်ကဲ့သို့သော အနှစ်မဲ့သည့် အနေအထားမှ မည်သည့်အရာကိုမျှ ငါ မည်သည့်အခါမျှ မရှုမြင်ပေ။ လက်တွေ့ဘဝတွင် ဤကဲ့သို့သော အရာများစွာကို ငါ ကိုင်တွယ်ဖြေရှင်းခြင်းက လူတို့အတွက် အလွန် ထူးခြားမှု မရှိသည့်အလား ထင်ရသော်လည်း ဤအရာများသည် လူသားမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် အသက်ရှင် နေထိုင်ခြင်းနှင့် ရှင်သန်ခြင်းတွင် လူတစ်ဦး၌ ရှိရမည့် အချို့သော အတွေးအခေါ်များနှင့် အမြင်များ၊ ပြီးလျှင် ကျင့်ကြံပြုမူသည့် နည်းလမ်းများ ဖြစ်လေသည်။ ဤနည်းလမ်းအတိုင်း အသက်ရှင် နေထိုင်ခြင်းက အတော်လေး လက်တွေ့ကျပြီး မပင်ပန်းပေ၊ ထို့ကြောင့် လူများစွာက ငါသည် ပေါင်းသင်းဆက်ဆံရန် လွယ်ကူသည်ဟု ခံစားရသည်၊ မလိုအပ်သော ရှုပ်ထွေးမှု အမျိုးမျိုး မရှိပေ။ ဤအရာများကို သင်တို့ကို ငါ ပြောပြခြင်း၏ ရည်ရွယ်ချက်မှာ အရာအချို့ကို သင်တို့ကို သိရှိစေရန်သက်သက် မဟုတ်ဘဲ မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ငါ၌ စည်းမျဉ်းများ ရှိကြောင်းကို သင်တို့ကို ပြောပြရန် ဖြစ်သည်၊ ငါသည် အမှုအရာများကို အတင်းအဓမ္မ သို့မဟုတ် လှည့်စားမှုဖြင့် မည်သည့်အခါမျှ မယူပေ၊ ငါသည် မည်သည့်အခါမျှ လေချိုမသွေးပေ၊ လူများနှင့် ဆက်ဆံသည့်အခါ မည်သူ့ကိုမျှ အမြတ်ထုတ်ရန် ငါ မည်သည့်အခါမျှ မလိုလားပေ၊ ပြီးလျှင် မည်သည့် ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းရန် ငါသည် ဥပဒေကို သေချာပေါက် ချိုးဖောက်မည် မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုရလျှင် ငါ၏ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများမှာ ငါ၏ အသိစိတ်တွင် ငြိမ်းချမ်းရန်နှင့် အမှုအရာများကို လုပ်ဆောင်ရာတွင် တရားမျှတရန်၊ မည်သူ့ကိုမျှ ဒုက္ခမပေးရန် သို့မဟုတ် မလှည့်စားရန်၊ ပြီးလျှင် အခြားလူများ၏ အကျိုးစီးပွားများကို ဘေးအန္တရာယ် မဖြစ်စေရန်အလို့ငှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း၏ ခံယူချက်များကို လိုက်နာရန် ဖြစ်လေသည်။ ငါသည် တစ်နည်းနည်းဖြင့် အကျိုးအမြတ် ရရှိလျှင်ပင် ယင်းသည် အခြားလူများ၏ အကျိုးစီးပွားများကို ဘေးအန္တရာယ်ဖြစ်စေခြင်း အခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်ပေါ်မည် မဟုတ်ပေ၊ ထိုအစား တရားမျှတပြီး မျှတရန် ငါ ကြိုးစားလေသည်။ ဤအရာများကို သင်တို့ကို ငါ ပြောပြခဲ့ပြီး ဤဥပမာများကို ပေးခဲ့သည်၊ ပြီးလျှင် ဤကဏ္ဍ၏ စည်းမျဉ်းများ၊ မည်သို့ ကျင့်ကြံပြုမူရမည်ဟူသည်ကို သဘောတရားအရ သင်တို့ကို ငါ ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။ ငါသည် ဤလူစားမျိုးဖြစ်၏။ သင်တို့သည် ငါ ပြောဆိုခဲ့သော ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့ကို အတည်ပြုရန်အလို့ငှာ၊ ပြီးလျှင် “စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း” ဖြစ်သည့် ဤစည်းမျဉ်းများနှင့်အညီ ငါ အမှန်တကယ် ပြုမူကြောင်းကို အတည်ပြုရန်အလို့ငှာ ပို၍ လေ့လာသင်ယူလိုပါက ငါ ပြောသည့်အရာက အဖြစ်မှန် ဟုတ်မဟုတ်ကို ကြည့်ရန် နေရာတိုင်းတွင် စုံစမ်းစစ်ဆေးပြီး သက်သေအထောက်အထားများ စုဆောင်းရန် သင်တို့ကို ငါ ကြိုဆိုလေသည်။ အချုပ်အားဖြင့်ဆိုရလျှင် သင်တို့အားလုံးသည် ဤအရာများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိသင့်လေသည်။ ဤအရာများသည် အခြေခံအားဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဘဝနှင့် တည်ရှိမှုနှင့် ပတ်သက်သော ကိစ္စရပ်များအားလုံး ဖြစ်လေသည်။ ဤအရာများသည် သင်တို့ နားလည်သင့်သည့် အရာများ ဖြစ်ပြီး သင်တို့ နားလည်ရမည့် အရာများလည်း ဖြစ်လေသည်။

လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏ လူ့အသက်တာတွင် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဟူသည့် ခံယူချက်များနှင့် စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းရုံသာမက သူ ထမ်းဆောင်သည့် အမှုတော်တွင်လည်း ဤခံယူချက်များနှင့် စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းလေသည်။ ငါသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး တရားဟောခဲ့ကာ သင်တို့သည် ငါ မိတ်သဟာယဖွဲ့သည့် နှုတ်ကပတ်တော်များကို အစဉ်သဖြင့် ဖတ်ရှုနေခဲ့ကြသည်။ အမျိုးမျိုးသော အကြောင်းအရာများမှတစ်ဆင့်၊ အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်၍ ငါ၏ ရှုထောင့်အမြင်များ၊ ရပ်တည်ချက်များနှင့် သဘောထားများကို သင်တို့ နားလည်နိုင်ခဲ့သင့်ပေသည်။ သင်တို့သည် ဤအရာကို သဘောတရားအရ သိကြသော်လည်း ငါထမ်းဆောင်သော အမှုတော်တွင် ငါ မည်သို့ ကျင့်ကြံပြုမူပြီး အမှုအရာများကို မည်သို့ လုပ်ဆောင်သည်ကို သင်တို့ သိကြသလော။ သင်တို့ထဲမှ အချို့သည် ငါ အမှုအရာများကို လုပ်ဆောင်ခဲ့ကြောင်းကိုသာ သိပြီး ငါ မည်သည့် သရုပ်သကန်များကို ပြသခဲ့သည်ကို သိကောင်းသိနိုင်သော်လည်း အသေးစိတ် ကိစ္စရပ်များနှင့်ပတ်သက်လာလျှင် ငါ၏ စိတ်နှလုံးထဲတွင် မည်သို့ တွေးသည်ကိုဖြစ်စေ၊ ငါ၏ အစီအစဉ်များနှင့် ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ သင်တို့ သိကြဦးမည် မဟုတ်ပေ။ သို့ဖြစ်၍ ငါသည် အကျဉ်းချုပ် မိတ်ဆက်ပေးမည်။ ငါ၏ အမှုတော်ကို ထမ်းဆောင်ခြင်း ကိစ္စရပ်နှင့်ပတ်သက်လာလျှင် အခြေခံအားဖြင့် ငါ၏ အမှုတော် ပါဝင်ပတ်သက်သည့် ငါ လုပ်နိုင်ပြီး လုပ်သင့်လုပ်ထိုက်သော အလုပ်နှင့်စပ်လျဉ်း၍ ငါသည် အစွမ်းကုန် ကြိုးစားပြီး မည်သည့် ဘောင်ခတ်မှုများကိုမျှ မခံရပေ။ ငါသည် သင်တို့ထံမှ မည်သည့်အရာကိုမျှ တောင်းဆိုခြင်း မရှိသည့်အပြင် အသိအမှတ်ပြုခံလိုခြင်းလည်း မရှိပေ။ ငါ လုပ်နိုင်သည့်အရာ၊ ငါ နားလည်သည့်အရာနှင့် ငါ သိရှိသည့်အရာတို့ကို အသေအချာ ရှင်းပြရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ငါ ကြိုးစားရုံသာ ဖြစ်သည်။ အမှုအရာများကို အသေအချာ ရှင်းပြရန်အလို့ငှာ ယင်းက စကားရှည်သည်ဖြစ်စေ၊ ဒုက္ခများသည်ဖြစ်စေ အမှုအရာများကို ရှင်းလင်းစေရန် ငါ အကောင်းဆုံး ကြိုးစားလေသည်။ သင်တို့ နားလည်သွားပြီဖြစ်ကြောင်းနှင့် ငါက အမှုအရာများကို အသေအချာ ရှင်းပြပြီးဖြစ်ကြောင်း ငါ၏ စိတ်နှလုံးထဲတွင် ခံစားရသည့် အခြေအနေတစ်ခုသို့ ရောက်ရန် ငါ ကြိုးပမ်းပြီး ထိုအချိန်တွင် ငါ စကားပြောခြင်းကို ရပ်တန့်ကာ အကြောင်းအရာက ထိုနေရာတွင် အဆုံးသတ်သွားလေသည်။ ငါ ပြောသည်မှာ နည်းလွန်းပြီး သင်တို့ နားလည်နိုင်မည် မဟုတ်ဟု ခံစားရပါက ငါသည် အသေးစိတ် ဆွေးနွေးမည်၊ ပို၍ ပြောဆိုမည်ဖြစ်ပြီး ယင်းကို ထပ်ခါတလဲလဲပင် ပြောဆိုကာ အကြောင်းအရာကို အသေအချာ ရှင်းပြရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားမည် ဖြစ်သည်။ သင်တို့က ငါ့ကို ရယ်မောလှောင်ပြောင်မည်ကို ငါ မကြောက်ပေ၊ ပညာတတ်အချို့က ရယ်မောပြီး “သင် စကားပြောသည့်အခါ တကယ်ကို စကားကြောရှည်သည်” ဟု ပြောဆိုမည်ကိုလည်း ငါ မကြောက်ပေ။ ငါသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း စည်းမျဉ်းများအပေါ် အခြေခံ၍ ငါ၏ တာဝန်ကို ဖြည့်ဆည်းရုံသာဖြစ်ပြီး ငါ ပြောဆိုရန် ရည်ရွယ်ထားသည့် စကားများကို အသေအချာ ပြတ်သားစွာ ရှင်းပြလေသည်။ သမ္မာတရားနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့သည့် စကားအချို့ကို လူတို့ သဘောမပေါက်နိုင်ဘဲ ယင်းတို့ကို ကြားပြီးနောက်တွင် မရှင်းမလင်း ဖြစ်နေဆဲဆိုပါက ငါသည် ဥပမာတစ်ခု ပေးပြီး ပို၍ တိတိကျကျ ပြောဆိုမည် ဖြစ်သည်။ ဤနည်းအားဖြင့် ငါသည် စကားများစွာ ပြောရသဖြင့် အားအင်ကုန်ခမ်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပန်းကျခြင်းနှင့် ငါ အာခြောက်ခြင်းတို့ကို ခံစားရသော်လည်း အမှုအရာများကို အသေအချာ ရှင်းပြရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ငါ ကြိုးစားရဦးမည်သာ ဖြစ်သည်။ ထိုအချိန်က ငါ စကားပြောပြီးစီးပြီးနောက် သင်တို့ နားမလည်ပါက ငါသည် နောက်ထပ် စုဝေးပွဲတစ်ခုကို ပြုလုပ်မည် ဖြစ်သည်။ ထိုအရာက အဘယ်အရာ ပါဝင်သနည်း။ နောက်ထပ် စုဝေးပွဲတစ်ခုကို ပြုလုပ်ခြင်းနှင့် ငါ အာခြောက်သည်အထိ စကားပြောခြင်းက ငါ အလွန် ခြေကုန်လက်ပန်းကျခြင်း ပါဝင်သည်၊ ယင်းက ခြေကုန်လက်ပန်းကျခြင်းကို နောက်တစ်ကြိမ် ဒုက္ခခံစားရခြင်း ပါဝင်သည်။ သို့သော် ငါသည် ပေါ့လျော့၍ မရနိုင်ပေ။ ပြီးခဲ့သည့်အကြိမ်က ဤအကြောင်းအရာကို ငါ ပြောခဲ့ရုံမျှဖြင့် သင်တို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ခြေကုန်လက်ပန်းကျမည်ကို ကြောက်ရွံ့သောကြောင့် နောက်တစ်ကြိမ်တွင် ယင်းအကြောင်းကို မပြောဘဲ ငါ နေ၍ မရနိုင်ပေ။ ဤအကြောင်းအရာကို အသေအချာ ရှင်းပြရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ငါ ကြိုးစားရမည် ဖြစ်သည်။ ဤစကားများကို ကြားပြီးနောက် သင်တို့သည် သမ္မာတရားကို နားလည်နိုင်ခြင်း၊ လက်ခံနိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်နှင့်ပတ်သက်၍မူ ယင်းမှာ သင်တို့၏ ကိုယ်ပိုင် လိုက်စားမှုအပေါ် မူတည်သည်၊ ထိုအရာနှင့်ပတ်သက်၍ ငါ ဂရုမစိုက်ပေ။ သို့ရာတွင် ငါ ပြောဆိုလိုပြီး မပြောရသေးသော အကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း၊ ငါ မဖြည့်ဆည်းရသေးသော တာဝန်များ သို့မဟုတ် ငါ မထမ်းဆောင်ရသေးသော ဝန်တာများနှင့်ပတ်သက်၍လည်းကောင်း၊ “ယခု အသေအချာ ရှင်းပြပြီးပြီ၊ ဤအကြောင်းအရာတွင် ပါဝင်သည့် အရာအားလုံးကို ငါ လွှမ်းခြုံပြောဆိုပြီးပြီ၊ အနည်းဆုံးအနေဖြင့် သင်တို့သည် ယင်းအကြောင်းကို သိရှိပြီး နားလည်ကြသည်” ဟု စိတ်ထဲ၌ ငါ ခံစားရသည့်အချိန်အထိ ယင်းတို့ကို ငါ ဧကန်အမှန် အဆုံးတိုင် ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ကောင်းမွန်စွာ ကိုင်တွယ်ရမည် ဖြစ်သည်။ ထိုအခါမှသာ စိတ်ထဲ၌ ငါ စိတ်သက်သာရာ ရလေသည်။ သင်တို့အတွက် အပို စုဝေးပွဲ နှစ်ခုခန့် ကျင်းပခြင်းက ငါ့ကို ရက်အတန်ကြာ အိပ်မပျော်နိုင်လောက်အောင် အလွန် ခြေကုန်လက်ပန်းကျစေနိုင်သော်လည်း နောက်တစ်ကြိမ် ဤသို့ဖြစ်လာသည့်အခါတွင် ဤနည်းလမ်းကို ငါ ကျင့်သုံးမည်သာ ဖြစ်သည်။ “ခြေကုန်လက်ပန်းကျမှုကို ရှောင်ရှားရန် ငါ သိပ်များများ ပြောမည်မဟုတ်ဘဲ စုဝေးပွဲတစ်ခု လျှော့၍ ပြုလုပ်မည်၊ ဤအကြောင်းအရာကို ဤနေရာတွင် အဆုံးသတ်ကြစို့၊ မည်သို့ပင်ဖြစ်စေ လူအများစုက သမ္မာတရားကို မလိုက်စားကြပါ” ဟု ပြောဆိုလျက် ငါ ပေါ့လျော့မည် မဟုတ်ပေ။ ငါသည် သင်တို့အပေါ် ဝတ်ကျေတမ်းကျေလုပ်မည် မဟုတ်သည့်အပြင် ငါ ထမ်းဆောင်သော အမှုတော်အပေါ်တွင်လည်း ဝတ်ကျေတမ်းကျေလုပ်မည် မဟုတ်ပေ။ ငါ ဤသို့ လုပ်ဆောင်သည့်အခါ ငါ၏ အသိစိတ်က မှန်သည်ထင်သည့်အရာအတိုင်း လုပ်ဆောင်ရမည်ဟုဖြစ်စေ၊ ဤနေရာတွင် ထိုင်လျက် ငါ၏ တရားဒေသနာကို နာရီပေါင်းများစွာ နားထောင်ခဲ့ကြသည့် ညီအစ်ကိုမောင်နှမများအပေါ် တာဝန်ကျေပွန်ရမည်ဟုဖြစ်စေ ငါ မည်သည့်အခါမျှ မပြောပေ။ ထိုအစား ငါ လုပ်သင့်လုပ်ထိုက်သောအရာ၊ လုပ်လိုသောအရာနှင့် ပြောလိုသောအရာအားလုံးကို သင်တို့ ကြားသိပြီး ရရှိစေရန် ငါသည် သဘာဝကျကျနှင့် ငါ၏ အစွမ်းအစရှိသမျှ သင်တို့ထံ ပုံအောဖွင့်ချလေသည်။ ငါသည် ပေါ့လျော့ခြင်း မရှိသည့်အပြင် ဝတ်ကျေတမ်းကျေလည်း မလုပ်ဆောင်ပေ။ ငါသည် ပထမအကြိမ်တွင် တစ်စုံတစ်ရာကို အသေအချာ မရှင်းပြပါက မတူညီသော နည်းလမ်းများဖြင့် ယင်းကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ထပ်ပြောမည် ဖြစ်သည်။ သင်တို့၏ စိတ်နှလုံးထဲတွင် ငါနှင့်ပတ်သက်၍ အချို့သော ထင်မြင်ချက်များ ရှိလျှင်ဖြစ်စေ၊ ငါက စကားကြောရှည်သည်ဟု ပြောဆိုလျှင်ဖြစ်စေ ငါ ဂရုမစိုက်ပေ။ ငါသည် အမှုအရာများကို အသေအချာ ရှင်းပြနိုင်ပြီး ရလဒ်ကို ရရှိနိုင်သရွေ့ ယင်းမှာ လုံလောက်လေသည်။ ငါ စကားပြောသည့်အခါ “အမှုအရာများကို ကောင်းမွန်ပြီး စေ့စပ်သေချာစွာ လုပ်ဆောင်ခြင်း၊ ငါ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့် ငါ၏ အတွင်းရှိ အရာအားလုံးကို သင်တို့ထံ ပုံအောဖွင့်ချခြင်း” ဟူသည့် စည်းမျဉ်းအပေါ် အခြေခံ၍ ငါ ပြုမူဆောင်ရွက်လေသည်။ ငါသည် ပေါ့လျော့ခြင်း သို့မဟုတ် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း မရှိပေ။ ဤသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ရာတွင် သူ၏ သဘောထား ဖြစ်သည်။

သင်တို့၏ တာဝန်များ နယ်ပယ်အတွင်းရှိ ကိစ္စရပ်များတွင် တစ်ခါတစ်ရံ သင်တို့ကို လမ်းပြခြင်းကဲ့သို့သော ငါ၏ အမှုတော်နှင့် မပတ်သက်သည့် အရာများနှင့်ပတ်သက်၍မူ ဤသည်မှာ ငါ၏ အမှုတော် ပြင်ပတွင် ရှိလေသည်။ သင်တို့သည် ဤအရာကို သတိပြုမိမည် မဟုတ်ပေ။ စင်စစ်အားဖြင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို နားလည်ရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သင်တို့ကို လမ်းပြခြင်းမှလွဲ၍ အခြား မည်သည့်အရာကမျှ ငါနှင့် သက်ဆိုင်ခြင်း မရှိပေ၊ ယင်းမှာ ငါ လုပ်ဆောင်ရမည့်အရာ မဟုတ်ပေ။ ဤအရာကို သင်တို့အား ငါ ရှင်းလင်းစွာ ပြောပြမည်။ သင်တို့၏ အလုပ်ကို လမ်းပြခြင်းသည် ငါ၏ အမှုတော် နယ်ပယ်အတွင်း၌ မရှိသည့်အပြင် ငါနှင့်လည်း မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ ဤအလုပ်ကို ငါ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အဆင်ပြေသည်၊ ယင်းမှာ လူသားများဖြစ်သည့် သင်တို့၏ ကိစ္စ ဖြစ်သည်။ ဤသည်မှာ လူသားများဖြစ်သည့် သင်တို့၏ ကိစ္စဟူ၍ ဤအရာကို ငါ ပထမဆုံးအကြိမ် ဖော်ပြပြောဆိုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့၏ ကိစ္စဖြစ်သည့် လူသားများ၏ ကိစ္စသည် ငါနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ ငါ အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ သင်တို့ ထမ်းဆောင်သည့်အရာမှာ သင်တို့၏ တာဝန်ဖြစ်ပြီး ငါ ထမ်းဆောင်သည့်အရာမှာ ငါ၏ အမှုတော် ဖြစ်သည်။ ငါသည် အလုပ်ကို လုပ်ဆောင်ပြီး သင်တို့သည် တာဝန်ကို ထမ်းဆောင်ကြသည်၊ ကွဲပြားမှုတစ်ခု ရှိလေသည်။ သင်တို့၏ တာဝန်များ နယ်ပယ်အတွင်းရှိ ကိစ္စရပ်များတွင် သင်တို့ကို လမ်းပြခြင်းနှင့်စပ်လျဉ်း၍ သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ခြင်းမှလွဲ၍ သင်တို့က အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် သာမန် အလုပ်တာဝန်များနှင့်ပတ်သက်၍ ငါ့ကို မေးမြန်းပါက သင်တို့ သိရှိပြီး နားလည်စေရန်အလို့ငှာ ငါ နားလည်သည့်အရာ၊ ငါ ထိုးထွင်းသိမြင်မှုရှိသည့်အရာနှင့် ငါ သဘောပေါက်ထားသည့် စည်းမျဉ်းများကို ရှင်းလင်းစွာ ဖော်ပြရန် ငါ အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။ သင်တို့ကို သင်ကြားပေးရန်နှင့် သင်တို့ သင်ယူလေ့လာရန် ကူညီပေးဖို့ ငါ အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။ ငါ မသိသောအရာအတွက် သင်တို့အား အရင်းအမြစ်များ ငါ ရှာဖွေကြည့်ရှုခိုင်းမည်၊ သို့မဟုတ် သင်တို့ထဲတွင် ယင်းအကြောင်းကို သိသူ တစ်ဦးတစ်ယောက် ရှိပါက “သင်သည် ဤအတတ်ပညာကို လေ့လာခဲ့သည်ဖြစ်ရာ ဤကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းနယ်ပယ်ရှိ ပညာရေးဆိုင်ရာ အထောက်အထားများက မည်သို့ဆိုသနည်း၊ ဤအသိပညာ နယ်ပယ်ရှိ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း၊ ငါတို့၏ အလုပ်သည် ကျွမ်းကျင်သူများ၏ အကြိုက်နှင့် ပိုင်းခြားသိမြင်နိုင်သော အမြင်တို့နှင့် ပို၍ ကိုက်ညီစေရန်အလို့ငှာ၊ ငါတို့ လှောင်ပြောင်မခံရစေရန် သို့မဟုတ် လှောင်ပြောင်သရော်စရာ မဖြစ်လာစေရန်အလို့ငှာ၊ ငါတို့ အရှက်မကွဲစေရန်နှင့် ဘုရားအိမ်တော်ကို အသရေမပျက်စေရန်အလို့ငှာ ဤနေရာတွင် စည်းမျဉ်းများကို ရှာဖွေကြစို့” ဟု ပြောဆိုလျက် ၎င်းတို့ကို ငါ တိုင်ပင်ဆွေးနွေးမည် ဖြစ်သည်။ သင် မြင်သလော၊ ငါ လမ်းပြသော ဓမ္မတေးသံစုံကျူးများ၊ ဂီတပြဇာတ်များ၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ ဇာတ်ညွှန်းရေးခြင်း၊ အနုပညာအပြင် ကခုန်ခြင်း၊ ဝတ်စုံများ စသည်တို့သည် အတတ်ပညာဆိုင်ရာ သို့မဟုတ် အတတ်ပညာဆိုင်ရာ မဟုတ်သော အလုပ်၏ မည်သည့်ကဏ္ဍပင်ဖြစ်ပါစေ၊ ယင်းသည် ငါ ထမ်းဆောင်သော အမှုတော် နယ်ပယ်အတွင်းရှိ အလုပ် မဟုတ်ပေ။ ယင်းမှာ သင်တို့၏ တာဝန် ဖြစ်သည်။ ယင်းကို “သင်တို့၏ တာဝန်” ဟု ခေါ်ဆိုခြင်းက ယင်းမှာ သင်တို့၏ ကိစ္စဖြစ်ကြောင်းနှင့် သင်တို့ကိုယ်တိုင် ယင်းကို ကိုင်တွယ်သင့်ကြောင်း ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စရပ်များသည် အချို့သော အသိပညာ နယ်ပယ်များနှင့် အချို့သော လုပ်ငန်းများ၏ နည်းစနစ်ပိုင်းဆိုင်ရာနှင့် အတတ်ပညာဆိုင်ရာ ပြဿနာများ ပါဝင်ပတ်သက်နေပြီး ဤအရာများသည် သင်တို့ သင်ယူလေ့လာရမည့် အရာများ ဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့ လေ့လာသင့်သောအရာကို သင်တို့ လေ့လာရမည်၊ သင်တို့ စုံစမ်းမေးမြန်းသင့်သောအရာကို သင်တို့ စုံစမ်းမေးမြန်းရမည်ဖြစ်ပြီး သင်တို့ လက်တွေ့လုပ်ဆောင်သင့်သောအရာကို သင်တို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ အမှန်တကယ်တွင် ဤအရာသည် ငါနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ ငါ လုပ်ဆောင်သော အလုပ်မှာ နှုတ်ကပတ်တော်များကို ဖော်ပြရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့ဇာတိကို ကိုယ်စားပြုရန်နှင့် သင်တို့ကို စကားပြောဆိုရာတွင်လည်းကောင်း၊ သင်တို့အပေါ် အလုပ်လုပ်ဆောင်ရာတွင်လည်းကောင်း ဘုရားသခင်ကို ကိုယ်စားပြုရန် ဖြစ်သည်။ ငါ၏ အမှုတော်နှင့် မသက်ဆိုင်သော အလုပ်နှင့်ပတ်သက်၍မူ ယင်းမှာ လူသားများဖြစ်သည့် သင်တို့၏ ကိစ္စ ဖြစ်သည်။ ဤအလုပ်အတွက် ဘုရားသခင်သည် သင်တို့ကို ဦးဆောင်ရန် ခေါင်းဆောင်တစ်ဦးနှင့် သိုးထိန်းတစ်ဦးကို စီစဉ်ပေးထားပြီး သူသည် အမျိုးမျိုးသော အလုပ် အစီအစဉ်များနှင့် အမျိုးမျိုးသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းစည်းကမ်းများကိုလည်း ချမှတ်ထားလေသည်။ သင်တို့သည် မိမိတို့အတွက် ဘုရားသခင် ချမှတ်ထားပေးသော ခေါင်းဆောင်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူ၏ အစီအစဉ်များကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းသင့်ပြီး သူ၏ ဦးဆောင်မှုကို ကျိုးနွံနာခံသင့်သည်။ ငါ၏ အမှုတော် ပြင်ပတွင် ငါ လုပ်ဆောင်သော မည်သည့်အလုပ်နှင့်ပတ်သက်၍မဆို ယင်းကို မည်သို့ မှတ်ယူရမည်နည်း။ ဤအရာအားလုံးကို အပို အလုပ်အဖြစ် မှတ်ယူလေသည်။ ငါသည် တာဝန်ထမ်းဆောင်ရန် မလိုအပ်ပေ။ ငါသည် အလုပ်ကို လုပ်ဆောင်ပြီး ငါ၏ အမှုတော်ကို ထမ်းဆောင်ကာ သင်တို့သည် သင်တို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ ထို့ကြောင့် ငါသည် သင်တို့၏ အလုပ်ကို လမ်းပြနိုင်သော်လည်း ဤသည်မှာ ငါ လုပ်ဆောင်ရမည့်အရာ မဟုတ်ပေ။ သင်တို့က “သင်သည် ဤအလုပ်ကို လုပ်ဆောင်ရမည်၊ ဤသည်မှာ သင့်အလုပ် ဖြစ်သည်။ သင် မလုပ်ဆောင်ဘဲ နေ၍ မည်သို့ ရနိုင်မည်နည်း။ သင် မလုပ်ဆောင်ပါက ငါသည် သင့်အပေါ် တာဝန်ကို ပုံချမည်ဖြစ်ပြီး သင့်ကို အလွတ်ပေးရန် ငြင်းဆန်မည်” ဟု တွေးပါက သင်တို့ မှားယွင်းသည်ဟု ငါ ပြောမည်။ သင်တို့သည် ဤအရာကို ငါ့အပေါ် ပုံချ၍ မရနိုင်ပေ။ ယင်းမှာ လူသားများဖြစ်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ သင်တို့၏ တာဝန်နှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သင်တို့ နားမလည်သည့်အခါ သင်တို့အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်းနှင့် ရှာဖွေခြင်းတို့ ပြုလုပ်သင့်သည်။ သင်က ငါ့ကို မေးမြန်းပြီး ထိုအချိန်က ငါ၏ အခြေအနေများက ခွင့်ပြုပါက သင့်ကို ငါ ကူညီနိုင်လေသည်။ ငါ့တွင် အချိန်မရှိဘဲ သင့်ကို မကူညီနိုင်ပါက ယင်းမှာ ငါ့တာဝန် မဟုတ်ပေ။ သင်တို့ထဲမှ အချို့က ပေါက်ကရ အကြောင်းပြချက်ကို အသုံးပြု၍ ဤသည်မှာ ငါ လုပ်သင့်လုပ်ထိုက်သောအရာ ဖြစ်သည်ဟု ပြောဆိုပါက သင် မှားယွင်းလေသည်။ ဤသည်မှာ သင်တို့ လုပ်သင့်လုပ်ထိုက်သော တာဝန်ဖြစ်ပြီး ယင်းက ငါနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ သင်သည် သင်၏ တာဝန်ကို ကောင်းမွန်စွာ မလုပ်ဆောင်ပါက ယင်းမှာ သင်သည် တာဝန်မဲ့ပြီး သစ္စာမစောင့်သိခြင်း ဖြစ်သည်။ သင်သည် မိမိ၏ တာဝန်ကို မဖြည့်ဆည်းဘဲ တာဝန်ကို ငါ့အပေါ် တွန်းချရန် ကြိုးစားပါက ဤသည်မှာ ဆင်ခြင်တုံတရား မရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး ဘုရားသခင်သည် ဤအရာကို အလွန်အမင်း ရွံရှာဖွယ်ကောင်းသည်ဟု မြင်လေသည်။ သို့ရာတွင် သင်တို့သည် တစ်စုံတစ်ရာကို အမှန်တကယ် မလုပ်ဆောင်နိုင်ကြောင်း၊ ယင်းက သင်တို့၏ စွမ်းရည်ထက် ကျော်လွန်နေကြောင်းနှင့် ဤအလုပ်ကို လုပ်ဆောင်ရန်အတွက် စည်းမျဉ်းများကို သင်တို့ မသိရှိကြောင်းကို ငါ မြင်ပါက ငါသည် ကူညီပေးရမည်၊ သင်တို့ကို ဥပမာ တစ်ခု သို့မဟုတ် နှစ်ခု ပေးရမည်ဖြစ်ပြီး သင်တို့ကို လမ်းကြောင်းမှန်ပေါ် ရောက်စေရမည် ဖြစ်သည်။ သင်တို့သည် ယင်းကို မလုပ်ဆောင်နိုင်သေးဘဲ ငါ၏ အခြေအနေများကလည်း ယင်းကို လုပ်ဆောင်ရန် ငါ့ကို ခွင့်မပြုပါက သို့မဟုတ် ငါကိုယ်တိုင်လည်း ယင်းကို မလုပ်ဆောင်နိုင်ပါက ငါတို့ လုပ်နိုင်သမျှမှာ ဤအလုပ်ကို ရပ်တန့်လိုက်ရန်သာ ဖြစ်သည်။ ယင်းမှာ ငါတို့ လုပ်နိုင်သမျှသာ ဖြစ်သည်၊ သင်တို့၏ စွမ်းရည်များ အလွန် နည်းပါးပြီး သင်တို့၏ အစွမ်းအစ အလွန် ညံ့ဖျင်းခြင်းအတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ သို့သော် ငါသည် အလုပ်တစ်ခုခုကို ထမ်းဆောင်ပါက ယင်းကို ငါ တတ်နိုင်သမျှ အကောင်းဆုံး ထမ်းဆောင်လေသည်။ ငါသည် တစ်စုံတစ်ရာကို မည်သို့ လုပ်ဆောင်ရမည်ကို သိပါက သင့်ကို ငါ ထိုအတိုင်း ပြောပြမည်ဖြစ်ပြီး ငါ မည်သို့ လုပ်ဆောင်ရမည်ကို မသိသောအရာကိုလည်း သင့်အား ငါ အသိပေးမည် ဖြစ်သည်။ ငါ မသိသော အစိတ်အပိုင်းများအတွက် သင်တို့ကို ငါ တိုင်ပင်ဆွေးနွေးမည် ဖြစ်သည်။ သင်တို့လည်း မသိပါက ငါကိုယ်တိုင် စဉ်းစားဆင်ခြင်မည်၊ တွေးတောမည်ဖြစ်ပြီး ရှာဖွေမည် ဖြစ်သည်။ ငါသည် လမ်းကြောင်းတစ်ခု၊ စိတ်ကူးအချို့နှင့် လိုက်နာစောင့်ထိန်းရမည့် အချက်အချို့ကို ရရှိသည်နှင့်တစ်ပြိုင်နက် ဤအလုပ်ကို ကောင်းမွန်ပြီး စေ့စပ်သေချာစွာ လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားလျက် သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့မည် ဖြစ်သည်။ တစ်ဖက်တွင် ဤသည်မှာ အလုပ်အတွက် တာဝန်ယူခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ဤသည်က သင်တို့ကို ငါ လမ်းပြနေစဉ်အတွင်း သင်တို့ကို တစ်စုံတစ်ရာ သင်ယူလေ့လာခွင့် ပေးလေသည်။ ဤအတတ်ပညာဆိုင်ရာ အလုပ်၏ ကဏ္ဍအတွက် သဘောပေါက်ဖို့ လိုအပ်သည့် စည်းမျဉ်းများနှင့် နားလည်ဖို့ လိုအပ်သည့် သမ္မာတရားများကို သင်တို့ သင်ယူလေ့လာခွင့် ရရှိကြသည်။ အတတ်ပညာဆိုင်ရာ အသိပညာကို အနည်းငယ် နားလည်သော်လည်း အချောသတ် ထုတ်ကုန်တစ်ခုကို မထုတ်လုပ်နိုင်သော လူအချို့ ရှိကြသဖြင့် ၎င်းတို့ကို ငါ လမ်းပြလေသည်။ ယင်းကို လုပ်ဆောင်ပြီးစီးပြီးနောက်တွင် ငါသည် ယင်းနှင့်ပတ်သက်၍ မသေမချာ ဖြစ်နေဆဲဖြစ်သောကြောင့် ၎င်းတို့ကို လုပ်ငန်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးခိုင်းပြီး ယင်းကို ကျွမ်းကျင်သူအား စစ်ဆေးခိုင်း၏။ ဤနည်းအတိုင်း လုပ်ဆောင်ခြင်းက လုပ်ငန်းနယ်ပယ်၏ စံနှုန်းများနှင့် ကိုက်ညီပြီး ငါတို့ကို လှောင်ပြောင်သရော်စရာ မဖြစ်စေဟု ကျွမ်းကျင်သူက ပြောပါက ငါတို့သည် ဤလုပ်ဆောင်မှု လမ်းကြောင်းအတိုင်းသာ ဆက်သွားမည် ဖြစ်သည်။ ယင်းက အပျော်တမ်းသမားတစ်ဦး လုပ်ဆောင်ထားသည့်ပုံပေါက်ကြောင်း၊ ယင်းက အရှက်ရစရာကောင်းပုံပေါက်ပြီး မှန်ကန်မှုမရှိသည့်အပြင် စံနှုန်းများနှင့် မကိုက်ညီကြောင်း ကျွမ်းကျင်သူက ပြောပါက ငါတို့သည် ကျွမ်းကျင်သူကို ယင်းနှင်းပတ်သက်၍ အပြောင်းအလဲအချို့ ချက်ချင်း ပြုလုပ်ခိုင်းမည် ဖြစ်သည်။ ငါတို့သည် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်၍ မရနိုင်ပေ၊ ငါတို့ နားမလည်သည့်အခါ တစ်စုံတစ်ရာကို နားလည်ဟန်ဆောင်၍ မရနိုင်သည့်အပြင် ငါတို့တွင် မိမိကိုယ်ကို သတိပြုမိခြင်း ရှိရမည် ဖြစ်သည်။ ငါတို့သည် မိမိကိုယ်ကို မလှည့်စားသင့်ပေ၊ ငါတို့သည် အမှုအရာများကို အလေးအနက်ထားရမည်ဖြစ်ပြီး အလုပ်တစ်ခုကို ပြီးစီးပြီးနောက်တွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ရရှိရန် ကြိုးပမ်းရမည် ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သောအရာကို လုပ်ဆောင်သည့်အခါ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့်ပတ်သက်၍ ငါသည် အပျော်တမ်းသမားတစ်ဦး ဖြစ်ပြီး များစွာ နားမလည်လျှင်ပင် ငါ၏ အစွမ်းကုန် ကြိုးစားမည်သာ ဖြစ်သည်။ လူအချို့က “သင် နားမလည်သည့်တိုင်အောင် အဘယ်ကြောင့် ၎င်းတို့ကို လမ်းပြနေသေးသနည်း” ဟု ပြောဆိုကြသည်။ အကြောင်းမှာ ဤလူများတွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ နည်းပါးသောကြောင့် ဖြစ်သည်၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ ပါဝင်ပတ်သက်သည့် အနုပညာ ဖန်တီးမှုများနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် ဖန်တီးနိုင်စွမ်း သို့မဟုတ် ကောင်းမွန်သော စိတ်ကူးများ အမှန်တကယ် မရှိကြပေ။ ငါ့တွင် ဤနယ်ပယ်၌ အားသာချက် အနည်းငယ်ရှိပြီး စိတ်ကူးအချို့ ရှိသောကြောင့် အချို့သော အတတ်ပညာတစ်ခုတွင် အခြေခံအုတ်မြစ် တစ်စုံတစ်ရာ သို့မဟုတ် အခြေခံအသိပညာ အချို့ရှိသော ဤလူများကို ယင်းတို့ကို ငါ ပေးအပ်ပြီး ဤလူအားလုံးက ငါ၏ ဤစိတ်ကူးများကို အတော်အတန် ကောင်းမွန်သည်ဟု ထင်ကြလေသည်။ ငါ၏ စိတ်ကူးများကို ၎င်းတို့က အတော်အတန် ကောင်းမွန်သည်ဟု ထင်ကြသည်ကို မြင်ရသဖြင့် ငါသည် ရှေ့ဆက်ပြီး ၎င်းတို့ကို “ရဲတင်းစွာ” လမ်းပြလေရာ ဤနည်းဖြင့် ငါ လမ်းပြသော အလုပ်အချို့မှာ လက်ခံနိုင်ဖွယ် ရှိလေသည်။ ထိုသို့ ပြောဆိုရာတွင် ငါသည် အရှက်မရှိခြင်း မဟုတ်ပေ၊ ဤ “လက်ခံနိုင်ဖွယ်ရှိခြင်း” တွင် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်၊ လုပ်ငန်းနယ်ပယ် ကျွမ်းကျင်သူများက ယင်းတို့ကို မြင်တွေ့ခဲ့ပြီး ယင်းတို့မှာ လက်ခံနိုင်ဖွယ်ရှိသည်ဟု ပြောဆိုခဲ့သောကြောင့်သာ ဤအရာကို ငါ ပြောဆိုခြင်း ဖြစ်သည်။ ဤ “လက်ခံနိုင်ဖွယ်ရှိခြင်း” က ယင်းတို့သည် အလွန် ကောင်းမွန်သည် သို့မဟုတ် အတတ်ပညာဆိုင်ရာ စံနှုန်းတစ်ခုသို့ ရောက်ရှိသွားသည်ဟု မဆိုလိုဘဲ အနည်းဆုံးအနေဖြင့် ယင်းတို့သည် လက်ခံနိုင်ဖွယ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက အတည်ပြုပေးခဲ့သဖြင့် ငါ စိတ်သက်သာရာ ရသည်ဟုသာ ဆိုလိုလေသည်။ ယခုအချိန်အထိ ငါ လမ်းပြခဲ့သော အလုပ်အနည်းငယ်သည် လက်ခံနိုင်ဖွယ်ရှိသည်ဟု လူအများစုက ထင်ကြပြီး ယင်းတို့ထဲမှ အချို့သည် အချို့သော ပြိုင်ပွဲများတွင် ဆုများပင် ရရှိခဲ့ကြသည်မှာ ထင်ရှားသည်၊ မှန်သလော။ (မှန်ပါသည်။) ငါသည် အလုပ်၏ မည်သည့်ကဏ္ဍ သို့မဟုတ် မည်သည့်အရာမျိုးကို လုပ်ဆောင်နေသည်ဖြစ်စေ ငါ့တွင် အတွေးများနှင့် စိတ်ကူးအချို့ ရှိနေသရွေ့ သို့မဟုတ် ငါ့တွင် ကောင်းမွန်သော ဖန်တီးမှုဆိုင်ရာ အယူအဆတစ်ခု ရှိသည်ဟု ငါ ခံစားရသရွေ့ ငါသည် ဧကန်အမှန် ထုတ်ပြောမည် ဖြစ်သည်။ ပို၍များသော လူများက ယင်းကို ကြည့်ရှုလိုစိတ် ရှိလာစေရန်အလို့ငှာ ညီအစ်ကိုမောင်နှမများအနေဖြင့် ဤစိတ်ကူးများကို ထုတ်လုပ်ရေးတွင် အသုံးချစေရန် ငါသည် ကူညီပေးနိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားမည် ဖြစ်သည်။ ရလဒ်မှာ ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍၊ ပိုမိုကောင်းမွန်စွာနှင့် ပိုမိုကျယ်ပြန့်စွာ ဖြန့်ချိနိုင်ခြင်း ဖြစ်ပြီး ဤသို့ဖြင့် ငါတို့၏ ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်လေသည်။ ငါ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများနှင့် နည်းစနစ်များနှင့်ပတ်သက်၍မူ ယင်းတို့သည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း စည်းမျဉ်းများအပေါ် အခြေခံထားဆဲ ဖြစ်သည်။ ငါ အမှုအရာများကို လုပ်ဆောင်သည့်အခါ ငါသည် သိုသိုသိပ်သိပ် ပြုမူဆောင်ရွက်ပြီး တာဝန်ကို ပြီးစီးရန်နှင့် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးပမ်းလေသည်။ အလုပ် ပြီးစီးပြီး အင်တာနက်ပေါ် တင်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုအဆင့်က ပြီးဆုံးသွားလေသည်။

လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ ထမ်းဆောင်သည့် အမှုတော် နယ်ပယ်အတွင်း၌ လုပ်ဆောင်သောအရာများသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဟူသည့် သူ၏ စည်းမျဉ်းများအပေါ် အခြေခံထားလေသည်။ ဤနယ်ပယ်ပြင်ပရှိ အမှုအရာများကို လုပ်ဆောင်သည့်အခါတွင်လည်း သူသည် ဤစည်းမျဉ်းများမှ သွေဖည်ခြင်း မရှိပေ၊ သူသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူပြီး အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်လေသည်။ ငါ မြင်နိုင်ပြီး ရှာဖွေတွေ့ရှိနိုင်သော ပြဿနာများအတွက် ငါသည် တစ်စုံတစ်ဦးကို ယင်းတို့အား ပြောပြခိုင်းသည်၊ သို့မဟုတ် လမ်းပြမှုနှင့် ပြုပြင်တည့်မတ်မှု ပေးရန်နှင့် ယင်းတို့ကို ဖြေရှင်းရာတွင် ကူညီပေးရန် ငါကိုယ်တိုင် ပါဝင်ပတ်သက်လေသည်။ အချုပ်အားဖြင့်ဆိုရလျှင် သင်တို့၏ လက်တွေ့ဘဝတွင် သင်တို့ ထိတွေ့ဆက်ဆံနိုင်သော သို့မဟုတ် ကြားဖူးသော အရာများနှင့်ပတ်သက်၍ အခြေခံအားဖြင့် ငါသည် မည်သည့်အရာပင်ဖြစ်ပါစေ အရာအားလုံးကို ထိုသို့သော စည်းမျဉ်းတစ်ခုအပေါ် အခြေခံ၍ ကိုင်တွယ်လေသည်။ ထို့အပြင် ငါသည် ကိစ္စကြီးငယ်များကို ခွဲခြားခြင်း မရှိပေ။ ကြောင်များ မွေးမြူခြင်း၊ ခွေးများ မွေးမြူခြင်း၊ ဝက်ခြံများ ဆောက်လုပ်ခြင်း၊ သိုးခြံများ ဆောက်လုပ်ခြင်း သို့မဟုတ် ဟင်းချက်ခြင်း၊ အဝတ်အစားများ ချုပ်လုပ်ခြင်း သို့မဟုတ် သန့်ရှင်းရေးလုပ်ခြင်းပင် ဖြစ်ပါစေ ငါ မြင်သမျှအရာတိုင်းတွင် ငါ ပါဝင်ပတ်သက်လေသည်။ သင်တို့ အမှုအရာများကို မှားယွင်းစွာ လုပ်ဆောင်နေသည်ကို ငါ မြင်သောအခါ သင်တို့ကို ငါ ညွှန်ကြားပြီး ပြုပြင်တည့်မတ်ပေးလေသည်။ နာခံလိုစိတ် ရှိသူတို့သည် နားထောင်ပြီး လက်ခံကြမည်ဖြစ်ကာ နာခံလိုစိတ် မရှိသူတို့ကမူ ထိုသို့ ပြုမည်မဟုတ်ပေ။ ထို့နောက်တွင် မည်သူက နားထောင်ပြီး ငါ၏ ညွှန်ကြားချက်များကို လိုက်နာနိုင်သည်ကို ငါ ကြည့်ရှုကာ ၎င်းတို့ကို ငါ အသုံးပြုလေသည်။ သင်တို့နှင့် ထိတွေ့ဆက်ဆံခဲ့ရသည့် နှစ်များတစ်လျှောက်တွင် ဤသည်မှာ ငါ အမှုအရာများကို လုပ်ဆောင်ခဲ့သည့် နည်းလမ်း ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သင်တို့အား ပြောပြပြီးနောက်တွင် ကိစ္စရပ် ပြီးစီးပြီး ကောင်းမွန်စွာ လုပ်ဆောင်ပြီးစီးသည်အထိ ငါ ဆက်လက်၍ နောက်ဆက်တွဲ လုပ်ဆောင်လေသည်။ ငါ၏ ကိုယ်ပိုင်လက်ဖြင့် ငါ မလုပ်ဆောင်သောအရာများစွာ ရှိသော်လည်း ငါ၏ စိတ်နှလုံးသည် ငါ နောက်ဆက်တွဲ လုပ်ဆောင်နေသည့် မည်သည့်အရာကိုမဆို အစဉ်သဖြင့် အာရုံစိုက်ထားသည်၊ ငါ၏ စိတ်နှလုံးသည် ဤအရာများကို မည်သည့်အခါမျှ မစွန့်ခွာပေ။ တစ်စုံတစ်ရာကို အရေးတကြီးနှင့် အလျင်အမြန် ကိုင်တွယ်ရန် လိုအပ်ပါက ယင်းကို ပြီးစီးစေရန် ငါသည် မိုးလင်းမှ မိုးချုပ်အထိနှင့် ညဉ့်နက်သည်အထိ အလုပ်လုပ်ကာ အဆက်မပြတ် နောက်ဆက်တွဲ လုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ညွှန်ကြားခြင်းတို့ကို ပြုလုပ်လေသည်။ သို့သော် ငါ၏ ခန္ဓာကိုယ် အခြေအနေအရ သင်တို့ စိတ်ကူးကြည့်နိုင်သည့်အတိုင်း ဤအလုပ်ကို လုပ်ဆောင်ခြင်းက အတော်အတန် ပင်ပန်းလေသည်။ ယင်းက နောက်ဆုံးတွင် ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် ထိုနေရာသို့ သွားခြင်းကို ငါ ရပ်တန့်လိုက်သည်။ နောက်ဆုံးတွင် တစ်စုံတစ်ဦးက သတိပြုမိပြီး “ဘုရားသခင်သည် ဤနေရာတွင် ကျွန်ုပ်တို့အတွက် အမှုအရာများကို အလွန် ကောင်းမွန်စွာ စီစဉ်ပေးခဲ့သော်လည်း ကိုယ်တော်က ယင်းကို မခံစားရပါ၊ ကျွန်ုပ်တို့ကသာ ယင်းတို့အားလုံးကို ခံစားရသူများ ဖြစ်သည်” ဟု ပြောဆိုလေသည်။ သင်တို့ ခံစားရသရွေ့ ယင်းမှာ လုံလောက်သည်ဟု ငါ ပြောလေသည်။ သင်တို့အတွက် အမှုအရာများ နေသားတကျဖြစ်သွားပြီး သင်တို့၏ ဘဝနှင့် သင်တို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်၍ အရာအားလုံးက သင်တို့အတွက် သင့်လျော်သွားသည်နှင့်တစ်ပြိုင်နက် ဤအရာများနှင့်ပတ်သက်၍ ငါ အလုပ်များနေရန် မလိုအပ်တော့ပေ။ အမှန်တကယ်တွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ အလုပ်မှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်နှင့် သမ္မာတရားကို ထောက်ပံ့ပေးရန် ဖြစ်သည်၊ အခြားအလုပ်မှာ ငါနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ သို့သော် ဤနှစ်များတစ်လျှောက်တွင် ငါ၏ အလုပ်ကို လုပ်ဆောင်ခြင်းအပြင် သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သင်တို့ ကြုံတွေ့ရသည့် ပြဿနာများကို ဖြေရှင်းရန် ကူညီပေးရာတွင်လည်း ငါ အလုပ်များနေခဲ့ပြီး ယင်းက ငါ့ကို အတော်အတန် အပင်ပန်းခံရစေခဲ့သည်။ အလုပ်များစွာသည် ငါ လုပ်ဆောင်ရမည့်အရာ မဟုတ်သည့်အပြင် ငါ ယခင်က တစ်ခါမျှပင် မလုပ်ဖူးသောအရာများစွာ ရှိသော်လည်း အချို့သော အသိပညာ သို့မဟုတ် ကျွမ်းကျင်မှုများကို စနစ်တကျ မသင်ယူခဲ့ဖူးခဲ့သော်လည်း၊ ဘဝတွင် ဤအရာများကို မကိုင်တွယ်ခဲ့ဖူးသော်လည်း အသင်းတော်နှင့် ဘုရားအိမ်တော်သည် အမျိုးမျိုးသော အရာများနှင့် ကြုံတွေ့ရသည့်အခါ ငါသည် လက်ပိုက်ကြည့်မနေခဲ့ပေ။ ထိုအစား သင်တို့အားလုံးကို လမ်းပြရန်နှင့် ကူညီရန် ငါ၏ အစွမ်းကုန် ကြိုးစားပြီး နေ့စဉ်ဘဝ ကိစ္စရပ်များနှင့်ပတ်သက်လာလျှင်လည်း သင်တို့အတွက် အမှုအရာများကို ဖြေရှင်းပေးဖို့ ငါ တတ်နိုင်သမျှ အားလုံးကို လုပ်ဆောင်လေသည်။ လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ပြုမူဆောင်ရွက်လျက် ငါ တတ်နိုင်သမျှကို ငါ လုပ်ဆောင်လေသည်။ လုပ်ဆောင်ရန် လိုအပ်သောအရာတစ်ခုကို ငါ မြင်သော်လည်း ယင်းကို မလုပ်ဆောင်ပါက စိတ်ထဲ၌ ငါ ဘဝင်မကျ ဖြစ်ရလိမ့်မည်။ ပြဿနာတစ်ခုကို ငါ ရှာဖွေတွေ့ရှိသော်လည်း ယင်းကို ပြုပြင်တည့်မတ်ခြင်း မရှိပါက စိတ်ထဲ၌ ငါ ဘဝင်မကျ ဖြစ်ရလိမ့်မည်။ မည်သူမျှ မည်သို့ လုပ်ဆောင်ရမည်ကို မသိသော အလုပ်တစ်ခု ရှိပြီး ငါ့တွင် စိတ်ကူးများရှိကာ ယင်းကို ငါ လုပ်ဆောင်နိုင်သော်လည်း ယင်းကို ငါ မလုပ်ဆောင်ပါက အတွင်း၌ ငါ စိတ်မသက်မသာ ဖြစ်ရလိမ့်မည်။ သို့ဖြစ်၍ ငါသည် ပြုမူဆောင်ရွက်ရမည်သာ ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ငါသည် စကားပြောခြင်းနှင့် တရားဒေသနာများ ပေးခြင်းမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ဟု ထင်ရလေသည်။ သို့သော် သင်တို့၏ နေ့စဉ်ဘဝများနှင့် သင်တို့၏ တာဝန်များကို ထမ်းဆောင်ရန် သင်တို့ လိုအပ်သော အခြေခံ လိုအပ်ချက်များအတွက် ငါသည် များစွာ အပင်ပန်းခံခဲ့လေသည်။ လူအများစု၏ အစွမ်းအစမှာ အလွန် ညံ့ဖျင်းသဖြင့် ၎င်းတို့သည် ဤအရာများကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြသောကြောင့် သင်တို့ကို လမ်းပြရန် ငါ စဉ်းစားရလေသည်။ ငါသည် ထူးခြားမှုမရှိပုံပေါက်ပြီး အရေးပါသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည့်အပြင် လူ့အဖွဲ့အစည်းတွင် မည်သည့် လေ့ကျင့်မှုမျိုးကိုမျှ မရရှိခဲ့သော်လည်း ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသော အလုပ်လုပ်သူများ၏ အခြေခံ လိုအပ်ချက်များနှင့်ပတ်သက်လာလျှင် သင်တို့နှင့် ငါ စတင် ထိတွေ့ဆက်ဆံခဲ့သည့်အချိန်မှစ၍ ယခုအချိန်အထိ သင်တို့၏ အခြေခံ နေထိုင်မှု ပတ်ဝန်းကျင်၊ နေထိုင်မှု အခြေအနေများနှင့် နေ့စဉ် လိုအပ်ချက်များ၏ ကဏ္ဍတိုင်းတွင် ငါ အပင်ပန်းမခံခဲ့ရသည့်အရာ တစ်ခုမျှ မရှိပေ။ ခြံထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကို ဥပမာအဖြစ် ကြည့်လော့။ အစပိုင်းတွင် ခြံထဲရှိ လူအများစုသည် ကျေးလက်ဒေသတွင် နေထိုင်ခဲ့ကြပြီး စိုက်ပျိုးရေးအလုပ်ကို နှစ်အတန်ကြာ လုပ်ဆောင်ခဲ့ကြသည်ကို မြင်ရသဖြင့် ဤအလုပ်ကို တာဝန်ယူရန် မည်သို့ စိုက်ပျိုးရမည်ကို သိသော လူအချို့ကို ငါ ရွေးချယ်ခဲ့သည်။ မည်သည့်ရာသီတွင် မည်သည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရမည်ကိုလည်းကောင်း၊ ယင်းတို့ကို မည်သို့ စိုက်ပျိုးရမည်ကိုလည်းကောင်း ၎င်းတို့အား ငါ ပြောပြခဲ့ပြီး ထိုနောက်ပိုင်းတွင် ယင်းနှင့်ပတ်သက်၍ ငါ စိုးရိမ်ရန် မလိုအပ်တော့ဟု တွေးခဲ့လေသည်။ သို့သော် အချိန်အတန်ကြာပြီးနောက် ငါသည် ခြံထဲသို့ သွားခဲ့ရာ အရာအားလုံးက လုံးဝ ဖရိုဖရဲဖြစ်နေသည်ကို ငါ မြင်တွေ့ခဲ့ရသည်။ ကြီးကြပ်ရေးမှူးသည် တာဝန်ကို မကိုင်တွယ်နိုင်သည့်အပြင် အလုပ်သမားများသည်လည်း အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြပေ။ နောက်ဆုံးတွင် ငါ ပါဝင်ပတ်သက်ခြင်း၊ နောက်ဆက်တွဲ လုပ်ဆောင်ခြင်းနှင့် ၎င်းတို့ကို နည်းနည်းချင်းစီ ညွှန်ကြားခြင်းမှလွဲ၍ ငါ လုပ်နိုင်သောအရာ မရှိတော့ပေ။ မျိုးစေ့များကို ရွေးချယ်ခြင်းနှင့် ဝယ်ယူခြင်းမှသည် မည်မျှ စိုက်ပျိုးရမည်နှင့် မြေကို မည်သို့ ရွေးချယ်ရမည်ကို စဉ်းစားခြင်းအပြင် ရာသီအလိုက် မည်သည့်အရာကို စိုက်ပျိုးရမည်၊ မည်မျှ စိုက်ပျိုးရမည်၊ ယင်းကို မည်သို့ စိုက်ပျိုးရမည်၊ စိုက်ပျိုးခြင်းအတွက် မည်သူက တာဝန်ယူသင့်သည်၊ မြေဩဇာကို မည်သို့ အသုံးပြုရမည်နှင့် မည်သည့်အရာများကို သတိပြုရမည်ဟူသည်တို့အထိ အရာအားလုံးကို ၎င်းတို့အား ငါ အသေအချာ ရှင်းပြခဲ့သည်။ ဤနည်းဖြင့် ၎င်းတို့ကို ငါကိုယ်တိုင် ညွှန်ကြားခဲ့သည်၊ ၎င်းတို့အတွက် ဟင်းချက်ပေးခြင်းနှင့် ၎င်းတို့ကို ခွံ့ကျွေးခြင်းမှလွဲ၍ အရာအားလုံးကို ငါ လုပ်ဆောင်ခဲ့လေသည်။ လူအချို့က “ကိုယ်တော်သည် ၎င်းတို့ကို သုံးနှစ်အရွယ် ကလေးများကဲ့သို့ ဆက်ဆံနေခဲ့ခြင်း မဟုတ်လော” ဟု ပြောဆိုကြသည်။ အမှန်တကယ်တွင် ယင်းမှာ ထိုသို့ပင် ဖြစ်လေသည်။ ဤလူအားလုံးသည် အပြင်ပန်းအားဖြင့် လူကြီးများဖြစ်ကြသော်လည်း ဤတာဝန်များကို ၎င်းတို့ အမှန်တကယ် မထမ်းဆောင်နိုင်ကြပေ။ အမှုအရာများ နောက်ဆုံးတွင် အဆင်ပြေလာခြင်း မရှိမီ ၎င်းတို့ကို ငါ လက်ဆွဲခေါ်ကာ ဤနည်းဖြင့် ကိုယ်တိုင် ညွှန်ကြားပြီး သင်ကြားပေးခဲ့ရလေသည်။ နောက်ပိုင်းတွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသော လူအားလုံးသည် ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးထားသော ကောက်နှံများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ခဲ့ကြသည်။ နွေရာသီတွင် ၎င်းတို့သည် သစ်သီးအချို့ကိုလည်း စားသုံးနိုင်ခဲ့ပြီး ဆောင်းရာသီတွင် ၎င်းတို့ သိုလှောင်ထားသော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ခဲ့ကြသည်။ အထက်ကသာ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ဤအလုပ်ကို စုံစမ်းစစ်ဆေးခြင်း မရှိခဲ့သည့်အပြင် အောက်ခြေရှိ လူများကိုသာ လုပ်ဆောင်ခွင့်ပြုခဲ့ပါက အရာအားလုံး ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင်တို့ကို ငါ ပြောပြနေသည့် အချက်မှာ အဘယ်အရာ ဖြစ်သနည်း။ ငါသည် အမှုအရာများစွာကို မပြောဘဲ လုပ်ဆောင်ခဲ့သော်လည်း ငါ ပြောဆိုသောအရာများသည် ငါ လုပ်ဆောင်ခဲ့သောအရာများ အတိအကျပင် ဖြစ်လေသည်။

ငါသည် အမှုအရာ မည်မျှကို လုပ်ဆောင်ခဲ့ကြောင်း၊ ခြေကုန်လက်ပန်းကျမှု မည်မျှကို ငါ ခံစားခဲ့ရကြောင်း သို့မဟုတ် သင်တို့အတွက် ငါ အပင်ပန်းခံခဲ့ရသည့် ပမာဏကို သင်တို့အား ပြောပြရန် ဤအရာများနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့ခြင်း မဟုတ်ပေ။ ဤအရာများနှင့်ပတ်သက်၍ ပြောဆိုရန် မလိုအပ်ပေ။ သို့ဆိုလျှင် သင်တို့ကို ငါ အဘယ်အရာ ပြောပြနေခြင်း ဖြစ်သနည်း။ လူ့ဇာတိခံထားသော ဘုရားသခင်သည် အလုပ်လုပ်ဆောင်ရာတွင် ဘုရားသခင်ကို ကိုယ်စားပြုရန် ဤလူ့လောကသို့ ကြွလာလေသည်။ သူ၏ အလုပ်မှာ သူ ထမ်းဆောင်သည့် အမှုတော် ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ ဤအဆင့်တွင် သူ၏ အလုပ်မှာ လူတို့ ကယ်တင်ခြင်းရရှိရန် ၎င်းတို့ လိုအပ်သော သမ္မာတရားအားလုံးကို ၎င်းတို့အား ထောက်ပံ့ပေးရန် ဖြစ်သည်။ သူ ထမ်းဆောင်သည့် အမှုတော်တွင် သူသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဟူသည့် ခံယူချက်များနှင့် စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းလေသည်။ ဤအရာအပြင် သူ၏ လူ့အသက်တာ၌နှင့် သူ၏ လူ့သဘာဝ သရုပ်သကန်များနှင့်ပတ်သက်၍ သူသည် ဤစည်းမျဉ်းများနှင့် ခံယူချက်များကို အလားတူပင် ကျော်လွန်ခြင်း မရှိခဲ့ပေ။ သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သင်တို့ကို လမ်းပြခြင်းဖြစ်စေ သို့မဟုတ် ဘဝ၏ အခြေခံ လိုအပ်ချက်များနှင့်ပတ်သက်သည့် အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် သင်တို့ကို ကူညီခြင်းဖြစ်စေ ငါသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူဆောင်ရွက်လေသည်။ ငါသည် ဆောင်ပုဒ်များကို မည်သည့်အခါမျှ မအော်ဟစ်သည့်အပြင် ခမ်းကြီးနားကြီး မည်သည့်အခါမျှ မပြောဆိုပေ၊ ပြီးလျှင် ငါသည် အမိန့်များကို မစဉ်းမစား မည်သည့်အခါမျှ မပေးပေ၊ ငါသည် အမှုအရာများကို လက်တွေ့ကျကျ လုပ်ဆောင်ရုံသာ ဖြစ်သည်။ ဤအရာကို မည်သည့်အတိုင်းအတာအထိ ငါ လုပ်ဆောင်သနည်း။ ဥပမာအားဖြင့် ခြံထဲတွင် စိုက်ပျိုးခြင်းကို ညွှန်ကြားသည့်အခါ ၎င်းတို့ သိရှိသော ဟင်းသီးဟင်းရွက် အမျိုးအစားအားလုံး၊ ထိုဟင်းသီးဟင်းရွက်များ၏ အမည်များမှာ အဘယ်အရာဖြစ်သည်၊ ယင်းတို့က မည်သို့ ပုံပေါက်သည်၊ ယင်းတို့၏ ကြီးထွားချိန်က မည်မျှကြာသည်နှင့် မည်သည့် အမျိုးအစားက ဒေသတွင်း စိုက်ပျိုးရန်အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးဖြစ်သည်တို့ကို ၎င်းတို့အား ငါ စာရင်းပြုစုခိုင်းခဲ့သည်။ ငါ သိရှိသောအရာအပေါ် အခြေခံ၍ ဟင်းသီးဟင်းရွက် တစ်မျိုးစီ၏ အမျိုးအစား တစ်ခု သို့မဟုတ် နှစ်ခုကို ငါ ရွေးချယ်ခဲ့သည်၊ ယင်းတို့ကို စိုက်ပျိုးရန် မည်သူက တာဝန်ယူမည်ကို ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတွင် လူတိုင်းက ရာသီတိုင်း၌ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်စေရန် ငါ ဖန်တီးပေးခဲ့သည်။ “ဤဟင်းသီးဟင်းရွက်က အလွန် အာဟာရပြည့်ဝသည်။ ယင်းကို စားသုံးခြင်းမှ လူတို့သည် များစွာ အကျိုးကျေးဇူး ရရှိကြသည်။ ဤသို့ ဤပုံစံက ယင်းကို စိုက်ပျိုးသည့် သိပ္ပံနည်းကျ နည်းလမ်းတစ်ခု ဖြစ်သည်” ဟု ပြောဆိုလျက် ငါသည် ဆောင်ပုဒ်များကို မည်သည့်အခါမျှ မအော်ဟစ်ပေ။ ငါသည် အာဟာရဗေဒကို မည်သည့်အခါမျှ မလေ့လာခဲ့ဖူးသည့်အပြင် စိုက်ပျိုးရေးကိုလည်း ငါ နားမလည်ပေ။ ငါ အဘယ်အရာကို သိသနည်း။ အချို့သော နေရာတစ်ခုတွင် စိုက်ပျိုးရန် သင့်လျော်သည့် ဟင်းသီးဟင်းရွက် အမျိုးအစားကို မည်သို့ ရွေးချယ်ရမည်ကို ငါ သိသည်၊ သို့မှသာ ယင်းက ကြီးထွားလာပြီးနောက်တွင် အရသာရှိမည်၊ လူတိုင်းက ယင်းကို စားသုံးလိုကြမည်ဖြစ်ပြီး ယင်းကို အချည်းနှီး စိုက်ပျိုးခဲ့ခြင်း မဟုတ်ပေ၊ ငါ၏ လုပ်နည်းကိုင်နည်းမှာ ဤမျှ လက်တွေ့ကျလေသည်။ ဤအရာအားလုံးသည် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာများသည် ငါ လိုက်နာစောင့်ထိန်းသော စည်းမျဉ်းများနှင့် ခံယူချက်များ ဖြစ်သည်၊ ဤသည်မှာ နှစ်များတစ်လျှောက် ငါ ကျင့်ကြံပြုမူခဲ့သည့် နည်းလမ်း ဖြစ်သည်။ ငါသည် ဆောင်ပုဒ်များကို မည်သည့်အခါမျှ မအော်ဟစ်သည့်အပြင် သင်တို့၏ ကျေးဇူးတင်ရှိခြင်းများကိုလည်း ငါ မလိုအပ်ပေ။ သင်တို့၏ အစားအသောက်နှင့် နေထိုင်စရာက သင့်လျော်ပြီး အမှုအရာများက လုံးဝ ဖရိုဖရဲ မဖြစ်နေသရွေ့ ငါ စိတ်သက်သာရာ ရလေသည်။ အနှောင့်အယှက်များ ဖြစ်စေသော သို့မဟုတ် ပြဿနာရှာသောသူ တစ်ဦးတစ်ယောက်မျှ မရှိသည့်အခါ၊ နေရာတိုင်းတွင် အတော်အတန် သန့်ရှင်းပုံပေါက်သည့်အခါ၊ ကောက်နှံများနှင့် ဟင်းသီးဟင်းရွက်များကို သင့်လျော်စွာ စိုက်ပျိုးထားပြီး ဝက်များ၊ သိုးများနှင့် အခြား တိရစ္ဆာန်များကို သင့်လျော်စွာ မွေးမြူထားသည့်အခါ၊ အခြားသော နယ်ပယ်အားလုံးက အတော်အတန် ကောင်းမွန်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသော လူအများစုအတွက် အခြေခံ လိုအပ်ချက်များက ပြဿနာတစ်ခု မဟုတ်တော့သည့်အခါတွင် ငါသည် စိုးရိမ်ပူပန်ခြင်းကို ရပ်တန့်နိုင်လေသည်။ ဤကိစ္စရပ်တွင် ငါ၏ တောင်းဆိုချက်များသည် မတင်းကျပ်ပေ။ သင်တို့ မြင်သလော၊ မည်သည့်အလုပ်တွင်မဆို သို့မဟုတ် သင်တို့၏ အခြေခံ လိုအပ်ချက်များနှင့် ပါဝင်ပတ်သက်သည့် ပြဿနာများတွင် သင်တို့ကို လမ်းပြသည့်အခါ ငါသည် ဆောင်ပုဒ်များကို အော်ဟစ်ခဲ့ဖူးသလော။ ငါသည် ဆောင်ပုဒ်များကို မည်သည့်အခါမျှ မအော်ဟစ်ခဲ့ဖူးပေ။ သင်တို့အတွက် အမှုအရာများကို နေသားတကျဖြစ်အောင် လုပ်ဆောင်ပေးပြီးနောက်တွင် အလုပ်ကို အကောင်အထည်ဖော်ရန် သင့်လျော်သော လူများကို ငါ ရှာဖွေလေသည်။ ရှာတွေ့သော လူများသည် မသင့်လျော်ဘဲ အလုပ်ကို အကောင်အထည် မဖော်နိုင်ပါက ၎င်းတို့သည် အစားထိုးခြင်း ခံရလေသည်။ အလုပ်ကို နောက်ဆုံးတွင် အကောင်အထည်ဖော်ပြီး အမှုအရာအများစုကို သင့်လျော်စွာ ကိုင်တွယ်ပြီးစီးသည့်အခါ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသော အလုပ်လုပ်သူများ၏ အခြေခံ လိုအပ်ချက်များကို သင့်လျော်စွာ စီစဉ်ပြီးစီးသည့်အခါမှသာ ငါသည် ငါ၏ လူသားအလုပ်ကို ရပ်တန့်နိုင်ပြီး ဤကိစ္စရပ်တွင် အပင်ပန်းခံရန် မလိုအပ်တော့ပေ။ လူအချို့က အသေးအဖွဲ ကိစ္စရပ်များနှင့်ပတ်သက်၍ ငါ့ကို အစဉ်သဖြင့် မေးမြန်းနေကြဆဲ ဖြစ်သည်။ တစ်ဦးက “မွေးကင်းစ သိုးသူငယ်လေး နို့မစို့နိုင်လျှင် ငါတို့ မည်သို့ လုပ်ဆောင်သင့်သနည်း” ဟု ပြောဆိုလေသည်။ အခြားတစ်ဦးက “ငါတို့ ချုပ်လုပ်သော အဝတ်အစားများက အစဉ်သဖြင့် ကျုံ့သွားလျှင် ငါတို့ မည်သို့ လုပ်ဆောင်သင့်သနည်း” ဟု ပြောဆိုလေသည်။ ဤအရာများကို မည်သို့ ဖြေရှင်းရမည်ကို သင်တို့ကိုယ်တိုင် စဉ်းစားရမည်၊ ယင်းမှာ သင်တို့၏ ကိစ္စဖြစ်ပြီး ယင်းက ငါနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါတွင်ပင် ငါသည် ယင်းကို တစ်ကြိမ်သာ ပြောဆိုလေသည်။ တရားဒေသနာများနှင့် မိတ်သဟာယများ၏ အသံဖိုင်များ ရှိလေသည်။ သင်တို့ နားမလည်ပါက ယင်းတို့ကို နောက်ထပ် အကြိမ်အနည်းငယ် နားထောင်နိုင်ပြီး တွေးတောရန်၊ ရှာဖွေရန်နှင့် မိတ်သဟာယဖွဲ့ရန် သင်တို့ အချိန်ကို ယူနိုင်လေသည်။ ဤအရာအပေါ် အခြေခံ၍ ပြဿနာအနည်းငယ်နှင့်ပတ်သက်ပြီး သင်တို့ အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်ကာ ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည်ကို မသိပါက ငါတို့ တွေ့ဆုံသည့်အခါ ယင်းတို့နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့နိုင်လေသည်။ သို့သော် လူတို့ ရရှိနိုင်သောအရာနှင့်ပတ်သက်လာလျှင် ထိုသို့သောအရာများကို သင်တို့ကိုယ်တိုင် ကိုင်တွယ်ခြင်းက အကောင်းဆုံး ဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို လူတို့အတွက် ဖန်ဆင်းခဲ့သည်၊ နေ၊ လ၊ ကြယ်များ၊ ရေ၊ လေ၊ နေရောင်ခြည်၊ အစားအစာအပြင် လူတို့ လိုအပ်သော အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် သက်ရှိသတ္တဝါများကို ဖန်ဆင်းခဲ့ပြီး ထို့နောက်တွင် လူတို့ကို မြေကြီးပေါ်၌ သူ နေရာချထားခဲ့လေသည်။ ဘုရားသခင်သည် လူတို့အတွက် အရာခပ်သိမ်း၏ ကြီးထွားမှုနှင့် လည်ပတ်မှု နိယာမများကို ထိန်းသိမ်းပေးပြီး လူတို့၏ နေထိုင်မှု ပတ်ဝန်းကျင်များကို ထိန်းသိမ်းပေးသည်၊ အမှန်တကယ် အသက်ရှင်နေထိုင်သွားရန်မှာ လူတို့အပေါ်တွင် မူတည်လေသည်။ မည်သည့်ရာသီတွင် မည်သည့်အရာများကို စိုက်ပျိုးရမည်၊ ယင်းတို့ကို မည်သည့်အချိန်တွင် ရိတ်သိမ်းရမည်၊ ရိတ်သိမ်းပြီးနောက် ယင်းတို့ကို မည်သို့ သိုလှောင်ရမည်၊ ယင်းတို့ကို အစားအစာအဖြစ် ပြုလုပ်သည့်အခါ မည်သည့် နည်းလမ်းများကို အသုံးပြုရမည်၊ မည်သည့်အရာကို ပို၍ စားသုံးရမည်၊ မည်သည့်အရာကို လျှော့၍ စားသုံးရမည်၊ မည်သည့်ရာသီတွင် မည်သည့်အရာကို စားသုံးရမည်၊ နေ့စဉ် မည်မျှ စားသုံးရမည်ဟူသည်တို့နှင့်ပတ်သက်၍မူ ယင်းမှာ သင်တို့၏ ကိုယ်ပိုင် ကိစ္စ ဖြစ်သည်။ ယခုအခါ အမှန်တရားကို အလွန် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်ကာ ဘဝနှင့်ပတ်သက်သည့် ကိစ္စရပ်များအားလုံးကို သင်တို့အတွက် သင့်လျော်စွာ နေသားတကျဖြစ်အောင် လုပ်ဆောင်ပေးပြီးဖြစ်ရာ သင်တို့က ဤအရာနှင့် ထိုအရာကို လုပ်ဆောင်ရန် ငါ့ကို ကူညီခိုင်းနေဆဲဖြစ်ပြီး ဤအရာနှင့် ထိုအရာအကြောင်း သင်တို့နှင့် မိတ်သဟာယဖွဲ့ရန် ငါ့ကို ရှာဖွေနေဆဲဆိုပါက သင်တို့သည် ဆင်ခြင်တုံတရား အလွန် ကင်းမဲ့လေသည်။ ငါ မိတ်သဟာယဖွဲ့ပြီး ဖြစ်သောအရာများနှင့်ပတ်သက်၍မူ ဤအရာများကို သင်တို့ကိုယ်တိုင် ကိုင်တွယ်ပြီး ဖြေရှင်းရန် သင်တို့ကို ငါ ပြောလေသည်။ အသင်းတော်တွင် အဆင့်တိုင်း၌ ခေါင်းဆောင်များ ရှိသည့်အပြင် သင်တို့ကို ဦးဆောင်ရန် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူလည်း ရှိလေသည်။ သင်တို့သည် အမှုအရာများကို ကိုယ်တိုင် ရှာဖွေပြီး ဖြေရှင်းသင့်သည်၊ အရာအားလုံးအတွက် ငါ့ထံသို့ မလာကြနှင့်။ အကြောင်းရင်းမှာ ပြောသင့်ပြောထိုက်သောအရာ အားလုံးကို ငါ ပြောပြီးဖြစ်သည်၊ သင်တို့၏ အခြေခံ လိုအပ်ချက်များကိုပင် သင်တို့အတွက် ငါ စီစဉ်ပေးပြီးဖြစ်ကာ ထိုအသေးအဖွဲ ကိစ္စရပ်များနှင့်ပတ်သက်လာလျှင် ယင်းသည် ငါ ဖြေရှင်းသင့်သောအရာများ မဟုတ်ဘဲ သင်တို့၏ ကိုယ်ပိုင် ကိစ္စများဖြစ်ပြီး ယင်းတို့ကို သင်တို့ကိုယ်တိုင် ကိုင်တွယ်သင့်သောကြောင့် ဖြစ်သည်။

လူ့ဇာတိခံထားသော ဘုရားသခင်သည် နှုတ်ကပတ်တော်များ မည်မျှပင် ပြောဆိုသည်ဖြစ်စေ၊ အမှုအရာများ မည်မျှပင် လုပ်ဆောင်သည်ဖြစ်စေ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၊ ပြီးလျှင် နှိမ့်ချမှုနှင့် ဖုံးကွယ်မှုတို့နှင့်ပတ်သက်သည့် အရေးကြီးဆုံးသော အချက်မှာ ဤအရာဖြစ်ကြောင်းကို လူတို့ သိရမည်၊ လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့ကြားတွင် နေထိုင်သည်ဖြစ်စေ သို့မဟုတ် သူ၏ အမှုတော်ကို ထမ်းဆောင်သည်ဖြစ်စေ သူ၏ လူ့ဇာတိက အသက်ရှင်နေထိုင်သော သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် အခြေခံအကျဆုံး ခံယူချက်များနှင့် စည်းမျဉ်းများမှာ စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူရန်နှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ရန် ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ လူ့ဇာတိခံထားသော လူ့ဇာတိတွင် ထင်ဟပ်နေပြီး သဘာဝကျစွာပင် ယင်းသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်သော ဘုရားသခင်၊ သူ၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာရှိသော ဘုရားသခင်တွင်လည်း ထင်ဟပ်နေလေသည်။ သေချာပေါက်ပင် ဘုရားသခင်၏ ကိစ္စတွင် ယင်းကို “စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း” ဟု မခေါ်ဆိုသော်လည်း အနည်းဆုံးအနေဖြင့် ဘုရားသခင် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတွင်လည်းကောင်း၊ လူများနှင့် အမှုအရာများကို သူ ဆက်ဆံသည့် နည်းလမ်းတွင်လည်းကောင်း သူသည် ဤစည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းသည်မှာ သေချာလေသည်။ ဤသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင် လူ့သဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်းဖြစ်သည့်အပြင် သူ၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာရှိသော ဘုရားသခင် ဘုရားသဘောသဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်းလည်း ဖြစ်သည်။ သူ့လူ့သဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတွင် စည်းမျဉ်းစည်းကမ်း လိုက်နာသော နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းတို့ ပါဝင်ပြီး သူ၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာရှိသော ဘုရားသခင်၏ အနှစ်သာရတွင် ဘုရားသခင်က လူတို့ကို စည်းမျဉ်းစည်းကမ်း လိုက်နာစောင့်ထိန်းသော နည်းလမ်းဖြင့် ဆက်ဆံခြင်းနှင့် အမှုအရာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းတို့ ပါဝင်လေသည်။ ဤအကြောင်းကို ငါတို့ များစွာ ဆက်ပြောမည် မဟုတ်ပေ။ သင်သည် မည်သည့် ရှုထောင့်အမြင်ကို ယူသည်ဖြစ်စေ ဘုရားသခင် ဖန်ဆင်းထားသော အရာခပ်သိမ်း၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လမ်းပြမှု၊ ကိစ္စကြီးများမှသည် အသေးအဖွဲများအထိ၊ ကြီးမားကျယ်ပြန့်သောအရာမှသည် သေးငယ်သောအရာအထိ ဘုရားသခင်သည် အရာအားလုံးကို စည်းမျဉ်းစည်းကမ်း လိုက်နာစောင့်ထိန်းသော နည်းလမ်းဖြင့် တာဝန်ကျေပွန်စွာ လုပ်ဆောင်လေသည်။ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့သည့်အခါ သူသည် အရာခပ်သိမ်းကြားတွင် ပုန်းကွယ်နေခဲ့သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ပုံသဏ္ဌာန် သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ခဲ့ရသော်လည်း ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အစဉ်သဖြင့် ဦးဆောင်နေခဲ့လေသည်။ သူသည် စကြဝဠာအတွင်းရှိ အရာတိုင်းကို လက်တွေ့ကျသော နည်းလမ်းဖြင့် အစဉ်သဖြင့် လုပ်ဆောင်နေခဲ့သည်၊ အရာတိုင်းကို စီမံခန့်ခွဲနေခဲ့ပြီး အရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနေခဲ့သည်၊ သူ လုပ်ဆောင်သည့် မည်သည့်အရာမျှ အနှစ်သာရမဲ့ခြင်း မရှိပေ။ သေချာပေါက်ပင် ဘုရားသခင်၏ လက်ဖြင့် လုပ်ဆောင်သောအရာ တစ်ခုတလေမျှ သဘောတရားများ သို့မဟုတ် ဆောင်ပုဒ်များ အဆင့်တွင် ကျန်ရစ်နေခြင်း မရှိပေ။ ထိုအစား ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းတွင် သင်သည် ယင်းကို တန်ဖိုးထားနိုင်သည်ဖြစ်စေ၊ မထားနိုင်သည်ဖြစ်စေ၊ သင်သည် ယင်းကို မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ သူသည် ယင်းကို စည်းမျဉ်းစည်းကမ်း လိုက်နာစောင့်ထိန်းသော နည်းလမ်းဖြင့် လုပ်ဆောင်နေပြီး ယင်းကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နေလေသည်။ သူသည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသော အလုပ်ကို လက်တွေ့ကျကျ လုပ်ဆောင်လေသည်။ သူသည် ကြေညာချက်များကို မည်သည့်အခါမျှ မထုတ်ပြန်သည့်အပြင် လူတို့ထံ မိမိကိုယ်ကို ဆင်ခြေပေးခြင်းလည်း မရှိပေ၊ ပြီးလျှင် သူသည် မည်သည့် ဆောင်ပုဒ်များကိုမျှ မအော်ဟစ်ပေ။ ထိုအစား သူသည် မိန့်မြွက်ချက်များကို အစဉ်သဖြင့် မိန့်မြွက်ပြီး စကားပြောဆိုနေခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံးကို လက်တွေ့ကျကျ ဦးဆောင်ပြီး ထောက်ပံ့ပေးနေခဲ့လေသည်။ ဤသည်မှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းလည်း ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အရာအားလုံးနှင့် သူ၏ ဖြစ်ခြင်းတို့မှ လုံးဝပင် အဆက်အသွယ်ပြတ်နေမည် မဟုတ်၊ သို့မဟုတ် ယင်းနှင့် ပဋိပက္ခဖြစ်နေမည် မဟုတ်ပေ။ ထို့ကြောင့် လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ အရာအားလုံးနှင့် သူ၏ ဖြစ်ခြင်းကို သိရှိပြီးနောက် သို့မဟုတ် လူ့ဇာတိခံထားသော ဘုရားသခင် လိုက်နာစောင့်ထိန်းသည့် ကျင့်ကြံပြုမူခြင်း၏ ခံယူချက်များနှင့် စည်းမျဉ်းများကို သိရှိပြီးနောက်တွင် ၎င်းတို့သည် သူ၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာရှိသော ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့် သူ၏ ဖြစ်ခြင်းတို့ကို အတိုင်းအတာတစ်ခုအထိ သိရှိလာကြလိမ့်မည် ဖြစ်သည်။ ရလဒ်အနေဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့်ပတ်သက်သော လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ သိမြင်မှု၊ နားလည်မှု သို့မဟုတ် အမြင်များသည် ပို၍ လက်တွေ့ကျလာလိမ့်မည် ဖြစ်သည်။ နှိုင်းယှဉ်ပြောရလျှင် ၎င်းတို့သည် သူ့လူ့သဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ပြစ်တင်ရှုတ်ချမည့်အစား သို့မဟုတ် သူ့လူ့သဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အထင်သေးခြင်းဖြစ်စေ၊ ပစ်ပယ်ခြင်းဖြစ်စေ ပြုမည့်အစား လူ့ဇာတိခံထားသော ဘုရားသခင်ကို ပို၍ တိကျစွာ၊ ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဆင်ခြင်တုံတရားရှိစွာ ဆက်ဆံနိုင်ကြလိမ့်မည်လည်း ဖြစ်သည်။ ထိုအစား တစ်ဖက်တွင် ၎င်းတို့သည် ယင်းကို မှန်ကန်စွာ ဆက်ဆံနိုင်ကြလိမ့်မည်ဖြစ်ပြီး အခြားတစ်ဖက်တွင် ၎င်းတို့သည် သူ့လူ့သဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှတစ်ဆင့် သူ့ဘုရားသဘောသဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ပို၍ပင် မြင်တွေ့နိုင်ကြလိမ့်မည်ဖြစ်ကာ ဤသို့ဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ ဘုရားသခင် နှစ်ပါးစလုံးကို ပို၍ တိကျစွာ သိရှိနိုင်ကြလိမ့်မည် ဖြစ်သည်။

ကောင်းပြီ၊ ဤအကြောင်းအရာနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယကို ယနေ့အတွက် ဤနေရာတွင် အဆုံးသတ်ကြမည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၃)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၆)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။