သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၉)

လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်သည့် သမ္မာတရားအချို့ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ သမ္မာတရား၏ ဤကဏ္ဍနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်ကို သိကျွမ်းရန်အတွက် အထောက်အကူဖြစ်သည်ဟု သင်တို့ ခံစားရသလော။ (ခံစားရပါသည်။) သို့ဆိုလျှင် ကောင်းပေသည်။ ယခင်က ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ အနည်းငယ် မိတ်သဟာယဖွဲ့ခဲ့ဖူးသော်လည်း တစ်ချက်ချင်းစီ အသေးစိတ် မိတ်သဟာယမဖွဲ့ခဲ့ပေ၊ ထိုအစား ငါတို့သည် ယင်းကို တစ်စွန်းတစ်စသာ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤတစ်ကြိမ် ငါတို့ မိတ်သဟာယဖွဲ့နေသည့်အရာမှာ ဘုရားသခင်အပေါ် လူ၏ အယူအဆများအပြင် ဘုရားသခင်အပေါ် ၎င်း၏ သဘောထားများ၊ ဘုရားသခင်ကို ၎င်း၏ သိကျွမ်းခြင်းတို့နှင့် သက်ဆိုင်သည့် လူ့ဇာတိခံထားသော ဘုရားသခင်ဟူသည့် အကြောင်းအရာအတွင်းရှိ သမ္မာတရားများပင် ဖြစ်သည်။ တစ်ချက်အနေဖြင့် ဤသမ္မာတရားများကို မိတ်သဟာယဖွဲ့ခြင်းမှာ လူသည် ဘုရားသခင်ကို နားလည်ပြီး သိကျွမ်းနိုင်ရန်နှင့် ဘုရားသခင်အပေါ် ၎င်း၏ သဘောထားများ၊ ရှုထောင့်အမြင်များနှင့် ပတ်သက်၍ ၎င်း သိရမည့် သမ္မာတရားများကို နားလည်နိုင်ရန်အတွက် ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် ဤအကြောင်းအရာများသည် အလွန် အရေးကြီးသောကြောင့် ဖြစ်သည်။ ယင်းတို့ကို အရေးကြီးစေသည့်အရာမှာ အဘယ်အရာဖြစ်သနည်း။ လူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့်အပြင် သူ့ကို ခံစား၍ပင် မရနိုင်သလောက်ဖြစ်သည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် လူနှင့် အလွန် ဝေးကွာလှပေသည်။ လူတစ်ဦးသည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကြိုးစားမည်ဆိုပါက ၎င်းအတွက် အလွန် အပေါ်ယံဆန်ပြီး မရေရာဖြစ်နေလိမ့်မည်။ ဤအပေါ်ယံဆန်ခြင်းနှင့် မရေရာခြင်းသည် တစ်ဖက်တွင် လူ၌ ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးများ ပြည့်နှက်နေခြင်းကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ယင်းမှာ လူသည် ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့ကျမှု သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့အပေါ် မည်သည့် နားလည်သဘောပေါက်မှုမျှ မရှိဘဲ ၎င်း၏ ကိုယ်ပိုင် စိတ်ကူးယဉ် မျှော်လင့်ချက်မှ ပေါက်ဖွားလာသော အယူအဆများနှင့် စိတ်ကူးများအလယ်တွင် လုံးလုံးလျားလျား အသက်ရှင်နေခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ လူသည် ဘုရားသခင်နောက်သို့ စတင် လိုက်လျှောက်ပြီးနောက်တွင် ဘုရားသခင်နှင့် ၎င်း တည်ဆောက်သော ဆက်ဆံရေးသည် အခြေခံအားဖြင့် ၎င်း၏ အယူအဆများနှင့် စိတ်ကူးများအပေါ်တွင်လည်းကောင်း၊ ၎င်း၏ စိတ်ကူးယဉ် မျှော်လင့်ချက် အခြေခံအုတ်မြစ်အပေါ်တွင်လည်းကောင်း၊ ဘုရားသခင်အပေါ် ၎င်း၏ အမျိုးမျိုးသော တောင်းဆိုမှုများနှင့် လိုအင်ဆန္ဒများအပေါ်တွင်လည်းကောင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤအခြေခံအုတ်မြစ်မျိုးအပေါ် တည်ဆောက်ထားသော လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် အလွန် မတည်မြဲပေ၊ အလွန် မလုံခြုံသည့်အပြင် သေချာသည်မှာ အလွန် ယုံကြည်စိတ်ချရမှု မရှိပေ။ လေအနည်းငယ် တိုက်ခတ်ရုံမျှဖြင့် သို့မဟုတ် ပုံမှန်မဟုတ်သော အခြေအနေအချို့ ဖြစ်ပေါ်လာရုံမျှဖြင့် ဤဆက်ဆံရေးမျိုးသည် အလွယ်တကူ ပျက်စီးသွားနိုင်ပြီး အလွယ်တကူ ပြတ်တောက်သွားနိုင်သည်။ ဥပမာအားဖြင့် လူသည် ၎င်း အလိုရှိသည့်အတိုင်း မဖြစ်သောအရာများနှင့် ကြုံတွေ့ရသည့်အခါဖြစ်စေ၊ ဆင်းရဲဒုက္ခ၊ အဆင်မပြေမှုများနှင့် ကျရှုံးမှုများကို ကြုံတွေ့ရသည့်အခါဖြစ်စေ၊ ၎င်း၏ အယူအဆများနှင့် မကိုက်ညီသော သို့မဟုတ် ၎င်း၏ ဇာတိပကတိ အကျိုးစီးပွားများကို အထောက်အကူမပြုသော အမျိုးမျိုးသောအရာများနှင့် ကြုံတွေ့ရသည့်အခါ၊ ဆိုလိုသည်မှာ လူသည် ၎င်း၏ အယူအဆများအရ မဖြစ်ပျက်သင့်ဟု ယုံကြည်သော ဤအခြေအနေများထဲမှ တစ်ခုခုကို ရင်ဆိုင်ရသည့်အခါ ၎င်းသည် ဘုရားသခင်ကို အလိုအလျောက် သံသယဝင်လိမ့်မည်။ ၎င်းသည် ဘုရားသခင်၏ တည်ရှိမှုကို သံသယဝင်လိမ့်မည်၊ လူသားအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲထားသည့် နည်းလမ်းများနှင့် ၎င်းအတွက် ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးသည့် နည်းလမ်းများသည် မှန်ကန်မှု ရှိမရှိကို သံသယဝင်လိမ့်မည်ဖြစ်ကာ သေချာသည်မှာ ဘုရားသခင် ဤသို့ ပြုမူခြင်းသည် မှန်ကန်မှု ရှိမရှိအပြင် ဘုရားသခင်ထံတွင် လူသားအပေါ် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်များ ရှိမရှိ စသည်တို့ကို ၎င်း သံသယဝင်လိမ့်မည်။ အချုပ်အားဖြင့်ဆိုရသော် လူနှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးမျိုးသည် အလွန် မတည်မြဲဘဲ မလုံခြုံပေ၊ လူ့စကားအရဆိုလျှင် ယင်းသည် မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည်။ လူနှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးမျိုးသည် လူ၏ အယူအဆများနှင့် စိတ်ကူးများအပေါ်တွင်လည်းကောင်း၊ စိတ်ကူးယဉ် မျှော်လင့်ချက်ကြောင့်ဖြစ်ပေါ်သည့် လူက ဘုရားသခင်အပေါ် အမျိုးမျိုးသော တောင်းဆိုချက်များ၏ အခြေခံအုတ်မြစ်အပေါ်တွင်လည်းကောင်း တည်ဆောက်ထားသောကြောင့် လူသည် ဘုရားသခင်အပေါ် ၎င်း၏ ယုံကြည်ခြင်း မည်မျှကြီးမားသည်ဟု ခံစားရပါစေ သို့မဟုတ် ဘုရားသခင်နောက်သို့ လိုက်ရန် ၎င်း၏ စိတ်ပိုင်းဖြတ်မှု မည်မျှကြီးမားသည်ဟု ခံစားရပါစေ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် သူသည် ဤဆက်ဆံရေးမျိုးကို အသိအမှတ်မပြုပေ။ သေချာသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားများအရ ယင်းသည် မတည်မြဲပေ၊ အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အသီးသီးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပြောင်းလဲမှုများအပြင် အမျိုးမျိုးသော အထူးအခြေအနေများ ပေါ်ပေါက်လာမှုတို့ကြောင့် ယင်းသည် အချိန်မရွေး၊ နေရာမရွေး ပျက်စီးသွားနိုင်သည် သို့မဟုတ် ပြတ်တောက်သွားနိုင်သည်။ လူတစ်ဦးသည် သမ္မာတရားအချို့ကို နားလည်လျှင်ပင် ၎င်းသည် သူ့ကို နားမလည် သို့မဟုတ် မသိကျွမ်းသည့်အခါ ဘုရားသခင်ကို သံသယဝင်လိမ့်ဦးမည်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ တည်ရှိမှုကို သံသယမဝင်လျှင်ပင် ၎င်းအပေါ် ဘုရားသခင် ဤသို့ ပြုမူရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သူ ဤသို့ ပြုမူခြင်းသည် မှန်ကန်မှု ရှိမရှိကိုလည်းကောင်း ၎င်းက သံသယဝင်ကြလိမ့်ဦးမည်ဖြစ်သည်။ ထို့ကြောင့် လူသည် ဘုရားသခင်ကို နားမလည် သို့မဟုတ် မသိကျွမ်းသည့်အခါ ဘုရားသခင်နှင့် တည်ဆောက်သော ဤဆက်ဆံရေးသည် မည်သည့် စမ်းသပ်မှုကိုမျှ ခံနိုင်ရည်မရှိဟုလည်းကောင်း၊ မည်သည့် အထူးပတ်ဝန်းကျင်၏ ကြံခိုင်ဖွံ့ဖြိုးစေခြင်းကိုမဆို ခံနိုင်ရည်ရှိရန် ခဲယဉ်းသည်ဟုလည်းကောင်း ဆိုနိုင်ပေသည်။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များတွင် အမှားများ သို့မဟုတ် တိကျမှုမရှိခြင်းများ ရှိနေသောကြောင့် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်သည် လူ၏ အားနည်းချက်များ သို့မဟုတ် ၎င်း၏ အမျိုးမျိုးသော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်လျက် စာနာထောက်ထားမှု မရှိသောကြောင့် မဟုတ်ပေ။ ထိုအစား ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားများတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးများ မွေးရာပါ ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ အစကတည်းက လူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဘုရားသခင်နှင့် သူရှိသော ဤဆက်ဆံရေးသည် ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ပုံမှန်ဆက်ဆံရေး၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားခြင်း မဟုတ်ပေ။ သို့ဖြစ်၍ လူသည် မှားယွင်းသော ရပ်တည်ချက်နှင့် အမြင်များကို ယူကာ မှားယွင်းသော ရှုထောင့်အမြင်များကို အသုံးပြုလျက် ဘုရားသခင်နှင့် ၎င်း၏ ဆက်ဆံရေးကို တည်ဆောက်သည်၊ ပြီးလျှင် ၎င်းသည် ဤဆက်ဆံရေးကို ထိန်းသိမ်းရန် မှားယွင်းသော အတွေးများနှင့် အမြင်များအပြင် မှားယွင်းသော နည်းလမ်းများကိုလည်း အသုံးပြုလေသည်။ ဤနည်းအားဖြင့် လူနှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးသည် ပုံမှန်မဟုတ် ဖြစ်လာသည်။ ယင်းသည် လူ့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်အလို့ငှာ ဘုရားသခင်၊ သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် သူ၏ အစီအစဉ်များကို လူက ပို၍ကောင်းမွန်စွာ ကျိုးနွံနာခံရန် ထောက်ကူပေးဖို့ ပျက်ကွက်သည်သာမက ယင်းက ဘုရားသခင်ကို ၎င်းအား ရွံရှာစေပြီး စက်ဆုပ်စေသည့်အပြင် လူကို ကယ်တင်ခြင်းသို့ ရောက်ရန် ၎င်း၏ အခွင့်အရေး ဆုံးရှုံးစေသည်အထိပင် ဖြစ်စေသည်။ လူသည် ဘုရားသခင်နောက်သို့ အချိန်ပို၍ ကြာမြင့်စွာ လိုက်သည်နှင့်အမျှ ၎င်းသည် သမ္မာတရားများကို ပို၍ပို၍ နားလည်လာသည်နှင့်အမျှ၊ ပြီးလျှင် ၎င်း၏ တာဝန်ကို ထမ်းဆောင်ခြင်းတစ်လျှောက်တွင် အရင်းအနှီးအချို့ကို စုဆောင်းမိပြီး အတွေ့အကြုံများနှင့် သင်ခန်းစာအချို့ကို ရရှိလာသည်နှင့်အမျှ ဘုရားသခင်နှင့် ၎င်း၏ ဆက်ဆံရေးသည် မှန်ကန်ပြီး လုံခြုံသည်ဟု တိုး၍ ခံစားလာရသည်။ သို့သော်လည်း ဘုရားသခင်ကို လူသိကျွမ်းခြင်းနှင့် ပတ်သက်၍မူ လူနှင့် ဘုရားသခင်ကြားရှိ ဤဆက်ဆံရေးမျိုးသည် ဘုရားသခင်၏ အမြင်တွင် ပုံမှန်မဟုတ်သေးပေ။ ယင်းသည် ပြုပြင်ခံရရန်နှင့် စမ်းသပ်ခံရရန် လိုအပ်နေဆဲဖြစ်ပြီး လူသည် သမ္မာတရားများကို ပို၍ နားလည်ရန်နှင့် ဘုရားသခင်ကို ပို၍ ကြီးမားစွာ နားလည်မှုနှင့် သိကျွမ်းမှု ရှိရန် လိုအပ်နေဆဲဖြစ်သည်။ ဤနည်းအားဖြင့်သာလျှင် လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ဘုရားသခင်၏ အမြင်တွင် အမှန်တကယ် စံနှုန်းပြည့်မီနိုင်ပြီး သေချာသည်မှာ ထိုအခါမှသာလျှင် လူသည် ဖန်ဆင်းရှင်ကို ၎င်း ဆက်ဆံပုံတွင်လည်းကောင်း၊ ဘုရားသခင်ကို ၎င်း ဆက်ဆံပုံတွင်လည်းကောင်း ပို၍ တိကျစွာနှင့် ဆင်ခြင်တုံတရားရှိစွာ ဖန်ဆင်းခံတစ်ဦး၏ နေရာကို ယူနိုင်ပေမည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်း၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သက်ဆိုင်သော သမ္မာတရားသည် ပညာရပ်ဆိုင်ရာ အသိပညာတစ်မျိုးမျိုး သို့မဟုတ် အခြေခံအသိ တစ်မျိုး မဟုတ်ပေ၊ သီအိုရီ သို့မဟုတ် ဆောင်ပုဒ် တစ်မျိုးဖြစ်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ထိုအစား ယင်းမှာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်၊ ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ဆက်ဆံရေးကို တည်ဆောက်ရန်အလို့ငှာ လူ နားလည်ရမည့် သမ္မာတရား၏ ကဏ္ဍတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းခြင်း၊ ဘုရားသခင် အမှုပြုပြီး စကားပြောဆိုသည့် နည်းလမ်းများကို သိကျွမ်းခြင်းနှင့် ဘုရားသခင်က အမျိုးမျိုးသောအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းများကို သိကျွမ်းခြင်းတို့ ပါဝင်သော သမ္မာတရား၏ ကဏ္ဍတစ်ခု ဖြစ်သည်။ လူသည် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ပြီး လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းကာ ဘုရားသခင်နှင့်ပတ်သက်၍ အခြေခံ နားလည်မှုတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းသည် ဘုရားသခင်နှင့် အသင့်တော်ဆုံး၊ အဆီလျော်ဆုံးဖြစ်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိမ့်မည်၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ဆက်ဆံရေးပင် ဖြစ်သည်။ ဤဆက်ဆံရေးမျိုး၏ အခြေခံအုတ်မြစ်အပေါ်တွင်သာလျှင် ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် လူ၏ လိုက်စားမှုနှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သူ့ကို ကိုးကွယ်ခြင်းနှင့်ဆိုင်သည့် လူ၏ လိုက်စားမှုတို့သည် အပြုသဘောဆောင်သော ဦးတည်ချက်တစ်ခုဆီသို့ တိုးတက်လာလိမ့်မည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် မကောင်းမှုကို တိုး၍ ရှောင်ကြဉ်လိမ့်မည်ဖြစ်ပြီး ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းလိမ့်မည်။

ဤအရာကို ဆင်ခြင်တွေးတောလော့၊ လူတစ်ဦးသည် ဘုရားသခင်ကို သိကျွမ်းခြင်း လုံးဝမရှိပါက၊ ဆိုလိုသည်မှာ ၎င်းသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင် အမှုအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းများနှင့် နည်းလမ်းများအပြင် ယင်းတို့ကို လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ ပြည့်နှက်နေပြီး ဘုရားသခင်က အမျိုးမျိုးသောအရာများကို မည်သို့ လုပ်ဆောင်သည်ဟူသော အသေးစိတ်အချက်များနှင့် ပတ်သက်၍ ၎င်းတွင် အယူအဆများနှင့် စိတ်ကူးများ ပြည့်နှက်နေပါက ၎င်းသည် အမျိုးမျိုးသောအရာများနှင့် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို မည်သို့ ချဉ်းကပ်မည်နည်း။ ၎င်းသည် သမ္မာတရားကို မည်သို့ ရှာဖွေမည်နည်း။ ၎င်း၏ အခြေခံမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်း၏ စည်းမျဉ်းများမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်း၏ ပန်းတိုင်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ဤအရာများသည် ရိုးရှင်းသော မေးခွန်းများ မဟုတ်ပေ။ လူတစ်ဦးသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးများ ပြည့်နှက်နေပြီး ဘုရားသခင် အမှုအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းများနှင့် နည်းလမ်းများကို စိုးစဉ်းမျှ နားလည်သဘောပေါက်ခြင်း မရှိသည့်အပြင် အမျိုးမျိုးသောအရာများကို လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကို လုံးဝ နားမလည်ဘဲ ၎င်းသည် လူ၏ အယူအဆများနှင့် စိတ်ကူးများ၊ ရိုးရာယဉ်ကျေးမှုနှင့် အသိပညာအပေါ် အခြေခံသော ဆင်ခြင်သုံးသပ်မှုတို့အပေါ် လုံးလုံးလျားလျား အခြေခံ၍ ဘုရားသခင်ကို ဆက်ဆံပါက ၎င်းသည် ဘုရားသခင်ကို သိကျွမ်းလာပြီး ကျိုးနွံနာခံနိုင်မည်လော။ (မဟုတ်ပါ။) ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ဆိုင်သည့် လူတစ်ဦး၏ လိုက်စားမှုသည် ယေဘုယျအားဖြင့် လူ၏ အယူအဆများနှင့် စိတ်ကူးများ၊ အသိပညာနှင့် အတွေးအခေါ်အပြင် ရိုးရာယဉ်ကျေးမှုတို့အပေါ် အခြေခံထားပြီး ၎င်း၏ လိုက်စားမှုသည် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားကာ ဤအရာများ၏ ကန့်သတ်ခြင်းကို ခံရပါက ဤလိုက်စားမှုသည် ဘုရားသခင်၏ တောင်းဆိုချက်များ ပြည့်ဝရန် အလွန် ဝေးကွာနေမည် မဟုတ်လော။ ယင်းသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေမည် မဟုတ်လော။ (ဟုတ်ပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၊ သူ စကားပြောဆိုပြီး ပြုမူဆောင်ရွက်သည့် စည်းမျဉ်းများနှင့် နည်းလမ်းများအပြင် သူ စကားပြောဆိုပြီး ပြုမူဆောင်ရွက်ခြင်း နောက်ကွယ်ရှိ ရည်ရွယ်ချက်၊ စေ့ဆော်မှုများနှင့် ပန်းတိုင်များဟူသည့် ဤကဏ္ဍများကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်တို့ နားလည်သည်နှင့်တစ်ပြိုင်နက် သင်တို့သည် ဘုရားသခင် အမှုပြုပြီး စကားပြောဆိုသည့် စည်းမျဉ်းများနှင့် နည်းလမ်းများအပြင် ထိုသို့လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်တို့နှင့် ပတ်သက်၍ အခြေခံ နားလည်မှုတစ်ခု ရှိလိမ့်မည်။ ဤနားလည်မှုသည် ဘုရားသခင်နှင့်ပတ်သက်သော လူ၏ အယူအဆများနှင့် စိတ်ကူးများမှ လာခြင်းမဟုတ်သည့်အပြင် ယင်းမှာ ၎င်း၏ အသိပညာအပေါ် အခြေခံ၍ လူက ကောက်ချက်ချသည့်အရာလည်း မဟုတ်ပေ၊ ရိုးရာယဉ်ကျေးမှုအပေါ် အခြေခံ၍ လူက စိတ်ကူးယဉ်သည့် အရာဖြစ်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ထိုအစား ယင်းတွင် လူက မြင်တွေ့ရသော၊ ထိတွေ့ဆက်ဆံရသော၊ တွေ့ကြုံရသော မြေကြီးပေါ်ရှိ ဘုရားသခင်၏ အလွန် လက်တွေ့ကျသည့် သရုပ်သကန်များ ပါဝင်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင် စကားပြောဆိုပြီး ပြုမူဆောင်ရွက်သည့် စည်းမျဉ်းများနှင့် နည်းလမ်းများအပြင် ထိုသို့လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်တို့ကို သူက လုံးလုံးလျားလျား လက်တွေ့ကျသော နည်းလမ်းများဖြင့် ပြသထားရာ ယင်းတို့သည် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားအပြင် ဘုရားသခင် ပြုမူဆောင်ရွက်သည့်၊ အမှုပြုသည့်၊ စကားပြောဆိုသည့် အသေးစိတ် စည်းမျဉ်းများနှင့် နည်းလမ်းများ၊ ထိုသို့လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်တို့ကို သင် နားလည်ပြီး သိကျွမ်းရန်အတွက် လုံလောက်သည်ထက် ပိုပေသည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍများကို နားလည်ခြင်းသည် ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်ကို နားလည်ရန် လမ်းကြောင်းတစ်ခု ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဖန်ဆင်းရှင်ကို အပြည့်အဝနှင့် လုံးလုံးလျားလျား သိကျွမ်းခြင်းဆီသို့ မပို့ဆောင်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်းသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိကျွမ်းရန်နှင့် ဖန်ဆင်းရှင်ကို သိကျွမ်းရန် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤအရာများကို သင့်အား ငါပြောပြရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်ကို နားလည်ခြင်းနှင့် သိကျွမ်းခြင်းတို့သည် လူက ၎င်း၏ တစ်သက်တာလုံး အချိန်ယူ၍ သင်ယူရန် ကြိုးစားရမည့်အရာများ ဖြစ်ပြီး လူသည် တစ်သက်တာလုံး ရည်စူး၍ အားထုတ်ကြိုးပမ်းလျှင်ပင် ဘုရားသခင်ကို အပြည့်အဝနှင့် စေ့စေ့စပ်စပ် မသိကျွမ်းနိုင်သော်လည်း လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းလာခြင်းမှတစ်ဆင့် သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ဖန်ဆင်းရှင်ကို ပို၍ လက်တွေ့ကျသော နည်းလမ်းဖြင့်လည်းကောင်း၊ ပို၍ တိကျမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ဖြင့်လည်းကောင်း နားလည်လိမ့်မည်ဖြစ်ရာ ဤသည်မှာ လုံလောက်ပေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်းမှတစ်ဆင့် သင်သည် ဘုရားသခင်ကို နားလည်ပြီး သိကျွမ်းရန် လုံလောက်ပေသည်၊ ယင်းမှာ သင်သည် ဘုရားသခင်ကို သိကျွမ်းရန်နှင့် သူနှင့် ပုံမှန်ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် လိုအပ်ချက်များ ပြည့်စုံစေဖို့ လုံလောက်နေပြီ ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်းသည် သင့်အား ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ဖန်ဆင်းရှင်ကို သိကျွမ်းလာစေရန် လုံလောက်ပေသည်။

အကယ်၍ လူတစ်ဦးသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အပြည့်အဝ သိကျွမ်းလိုပြီး သူနှင့်ပတ်သက်၍ အပြည့်အဝနှင့် လုံးလုံးလျားလျား သိကျွမ်းမှုကို ရရှိရန် မျှော်လင့်ပါက ထိုသို့ဖြစ်နိုင်မည်လော။ (မဖြစ်နိုင်ပါ။) ၎င်းတို့သည် ထိုအရာကို မည်သည့်အခါမျှ ပြီးမြောက်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ မဖြစ်နိုင်သောကြောင့် လူကို ဘုရားသခင်အား သိကျွမ်းရန် အဘယ်ကြောင့် တောင်းဆိုနေသေးသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို တိကျစွာနှင့် လက်တွေ့ကျစွာ သိကျွမ်းနိုင်ပါက ဤသည်မှာ ဘုရားသခင်နောက်သို့ လိုက်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လာခြင်းတို့တွင် သင့်အတွက် အကျိုးရှိပြီး အထောက်အကူဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို သိကျွမ်းခြင်းသည် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ရန်နှင့် ကယ်တင်ခြင်းသို့ ရောက်ရန်အတွက် အလွန် အရေးကြီးပြီး အဓိကကျပေသည်။ သို့ဆိုလျှင် သင် မည်သို့ လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သက်ဆိုင်သော သမ္မာတရားများကို အရေးပါမှု ပေးသင့်ပါသည်။ သမ္မာတရား၏ ဤကဏ္ဍကို သာမန် သမ္မာတရားတစ်ခုမျှသာ ဖြစ်သည့်အလား နားလည်ရန် ကျွန်ုပ်တို့ မကြိုးစားသင့်ပါ။) တစ်ချက်အနေဖြင့် သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို မှန်ကန်သော သဘောထားဖြင့် ဆက်ဆံရမည်။ ထို့အပြင် သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပတ်သက်၍လည်းကောင်း၊ ဘုရားသခင်နှင့် ပတ်သက်၍လည်းကောင်း သင့်ထံတွင် မည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိသည်ကို ဆန်းစစ်ရမည်ဖြစ်ပြီး ယင်းတို့ကို မည်သို့ စွန့်လွှတ်ရမည်ကို သိအောင်လုပ်ရမည်။ နေ့စဉ်ဘဝတွင်ဖြစ်စေ၊ သင်၏ တာဝန်ကို ထမ်းဆောင်စဉ်အတွင်းဖြစ်စေ၊ သင်၏ အသက်တာကို သင် တွေ့ကြုံရစဉ်ဖြစ်စေ ဘုရားသခင်နှင့် သင်၏ ထိတွေ့ဆက်ဆံမှုများနှင့် ပတ်သက်ဆက်နွှယ်မှုများတွင် ဘုရားသခင်နှင့် ပတ်သက်၍ သင့်ထံတွင် မည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် သင်၏ သဘောထားတွင် အောက်ပါပြဿနာနှစ်ရပ် ရှိမရှိကိုလည်းကောင်း သင် ဆန်းစစ်သင့်သည်၊ တစ်ရပ်မှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းဖြစ်ပြီး အခြားတစ်ရပ်မှာ လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တန်းတူထားခြင်း ဖြစ်သည်။ ဤပြဿနာနှစ်ရပ်ကို ဆန်းစစ်ခြင်းက ဘုရားသခင်နှင့်ပတ်သက်သော သင်၏ အယူအဆများနှင့် စိတ်ကူးအချို့ကို သင့်အား သတိပြုမိနိုင်စေသည်၊ သို့မဟုတ် သင်နှင့် ဘုရားသခင်ကြားတွင် မည်သည့် ပြဿနာများ ရှိသည်ကို ရှာဖွေတွေ့ရှိစေနိုင်သည်၊ သို့တည်းမဟုတ် ယင်းက ဘုရားသခင်အပေါ် သင်၏ မှားယွင်းသော အတွေးများနှင့် အမြင်အချို့အပြင် မှားယွင်းသော သဘောထားများကိုလည်း သင့်အား ဖော်ထုတ်ခွင့်ပေးနိုင်သည်။ ဤကဲ့သို့ သင့်ကိုယ်သင် ဆန်းစစ်ရခြင်း၏ အဓိကအချက်မှာ ဘုရားသခင်နှင့်ပတ်သက်သော သင်၏ အမျိုးမျိုးသော မှားယွင်းသည့် အတွေးများ၊ အမြင်များနှင့် သဘောထားများကို ရှင်းလင်းစွာ သတိပြုမိရန် သင့်ကို ကူညီပေးဖို့ဖြစ်ပြီး သို့မှသာ သင်သည် ယင်းတို့ကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင် ကိုယ်​ေတိုင်ကို မှန်ကန်သော အတွေးများနှင့် အမြင်များဖြင့်၊ မှန်ကန်သော သဘောထားဖြင့်၊ မှန်ကန်သော နည်းလမ်းများဖြင့် ဆက်ဆံနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် တဖြည်းဖြည်း ပုံမှန်ဖြစ်လာနိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သည်၊ မှန်သလော။ (မှန်ပါသည်။) သင်သည် ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ဆက်ဆံရေးအပေါ် အခြေခံ၍လည်းကောင်း၊ လူ့ထံမှ ဘုရားသခင် တောင်းဆိုသော စံနှုန်း၏ အခြေခံအုတ်မြစ်အပေါ်တွင်လည်းကောင်း တဖြည်းဖြည်းချင်း တိုးတက်လာလိမ့်မည်။ ဤစံနှုန်းကို ပြည့်မီပြီးနောက်မှသာလျှင် လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လာနိုင်ပေသည်။ ဤနေရာတွင် “ပုံမှန်” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ သင်တို့ သိကြသလော။ (ယင်းမှာ လူသည် ဖန်ဆင်းရှင်ကို သူဆက်ဆံပုံတွင် ဖန်ဆင်းခံတစ်ဦး၏ နေရာကို ပို၍ကောင်းမွန်စွာ ရယူနိုင်သည်ဟု ဆိုလိုပါသည်။ ၎င်းသည် ဘုရားသခင်အပေါ် မည်သည့် သတိထားစောင့်ကြည့်မှုနှင့် သံသယမျှ မရှိတော့ဘဲ ဘုရားသခင်ကို ပွင့်လင်းမှုနှင့် ရိုးသားမှုတို့ဖြင့် ဆက်ဆံနိုင်ပါသည်။) အခြားတစ်စုံတစ်ဦး ဖြည့်စွက်ပြောစရာ ရှိသေးသလော။ (တစ်စုံတစ်ဦး၏ ဘုရားသခင်နှင့် ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာပြီးနောက်တွင် ၎င်းတို့သည် ဘုရားသခင်အပေါ် သတိထားရှောင်ခြင်း သို့မဟုတ် သံသယဝင်ခြင်း မရှိတော့သည်သာမက ဘုရားသခင်အပေါ် တောင်းဆိုမှုများလည်း မပြုလုပ်တော့ပေ၊ လွန်ကဲသော လိုအင်ဆန္ဒများ မရှိကြသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြပါသည်။) သင် ပြောသည်မှာ ကွက်တိမှန်ကန်ပေသည်။ ကယ်တင်ခြင်းသို့ ရောက်သော လူများတွင် တွေ့ရသည့် အဆုံးစွန်သော သရုပ်သကန်မှာ ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး၏ သင့်လျော်သော နေရာတွင် ရပ်တည်နိုင်ပြီး ဖန်ဆင်းရှင်ကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ လူသည် ဘုရားသခင်ကို ကျိုးနွံနာခံသည့်အခါ သူသည် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်လေသည်၊ ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ခြင်းအားဖြင့်သာလျှင် သူသည် ဘုရားသခင်ကို ကြောက်ရွံ့စိတ်ကို ရရှိနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့လာကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ပေသည်။ ထို့ကြောင့် လူ၌ ဘုရားသခင်နှင့် ရှိသော ဆက်ဆံရေးမျိုး သို့မဟုတ် ဘုရားသခင်နှင့် ၎င်း တည်ဆောက်သော ဆက်ဆံရေးမျိုးနှင့် ပတ်သက်လာလျှင် ယင်းသည် အဘယ်အရာအပေါ် မူတည်သနည်း။ ယင်းသည် လူ၏ လိုက်စားမှုနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားအပြင် ဘုရားသခင်ကို သူ မည်မျှ သိကျွမ်းသည်ဟူသည့်အချက်အပေါ် မူတည်လေသည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းခြင်း မရှိဘဲ သူနှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးများအပြင် သူ့အပေါ် လွန်ကဲသော လိုအင်ဆန္ဒများ ပြည့်နှက်နေပါက သင်သည် သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် တာဝန်အချို့ကို ထမ်းဆောင်နိုင်လျှင်ပင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးနှင့် ပတ်သက်လာသရွေ့ သင် ထမ်းဆောင်သော တာဝန်များ သို့မဟုတ် သင် လက်တွေ့လုပ်ဆောင်သော သမ္မာတရားများသည် အလွန် ကန့်သတ်ချက်ရှိပေသည်။ ဥပမာအားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အရာရာကို စွန့်လွှတ်ပြီး အသုံးခံနိုင်သည်၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သည်၊ သို့မဟုတ် အသင်းတော်တွင် သင်၏ လုပ်နိုင်စွမ်းအတွင်းရှိသော အလုပ်အချို့ကို သင် လုပ်ဆောင်နိုင်သည်။ သို့သော် သင်၏ အယူအဆများနှင့် မကိုက်ညီသောအရာများကို ဘုရားသခင်က သင့်အပေါ် လုပ်ဆောင်သည့်အခါ သို့မဟုတ် သူက သင့်ထံမှ ရုပ်သိမ်းသည့်အခါ သို့မဟုတ် သင့်ကို ရိုက်နှက်ပြီး ဆုံးမပဲ့ပြင်သည့်အခါ သင်သည် ကျိုးနွံနာခံနိုင်သလော။ သင့်တွင် ဘုရားသခင်ကို စစ်မှန်သော နားလည်မှုနှင့် သိကျွမ်းခြင်း ရှိပါက သင်သည် ဖန်ဆင်းခံတစ်ဦး၏ နေရာကို အလွန် သဘာဝကျစွာ ရယူလိမ့်မည်ဖြစ်ပြီး ကျိုးနွံနာခံသော သဘောထား ရှိလိမ့်မည်။ သို့သော် သင့်တွင် ဘုရားသခင်ကို စစ်မှန်သော နားလည်မှုနှင့် သိကျွမ်းခြင်း မရှိပါက သင် အလိုရှိသည့်အတိုင်း မဖြစ်သောအရာများနှင့် သင် ထိပ်တိုက်တွေ့ရသည့်အခါ သို့မဟုတ် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသောအရာများနှင့် သင် ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အမျိုးမျိုးသော အတွေးများနှင့် အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးများကို အလွန် သဘာဝကျစွာ ဖြစ်ပေါ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်ကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် စစ်မှန်စွာ ကျိုးနွံနာခံခြင်း ရရှိရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင့်တွင် အပေါ်ယံ ကျိုးနွံနာခံမှု သို့မဟုတ် ကျိုးနွံနာခံလိုစိတ် အချို့ ရှိလျှင်ပင် ယင်းက ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မကိုက်ညီပါက သင်၏ ဤကျိုးနွံနာခံခြင်းသည် ဘုရားသခင် အလိုရှိသောအရာ မဟုတ်ပေ။ သင်၏ ဤကျိုးနွံနာခံခြင်းသည် လူ၏ အယူအဆများနှင့် စိတ်ကူးများမှ လုံးလုံးလျားလျား မြစ်ဖျားခံကာ ဘုရားသခင်အပေါ်တွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုအပေါ်တွင်လည်းကောင်း သင်၏ သိကျွမ်းခြင်းနှင့် ပဋိပက္ခဖြစ်၍ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ပါက ယင်းသည် မသန့်စင်သော ကျိုးနွံနာခံခြင်း ဖြစ်သည်၊ ယင်းသည် စစ်မှန်သော ကျိုးနွံနာခံခြင်း မဟုတ်သည့်အပြင် ဘုရားသခင် အလိုရှိသော ကျိုးနွံနာခံခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်သည် ထိုသို့သော ကျိုးနွံနာခံခြင်းကို အသိအမှတ်မပြုပေ။ သူ၏ အမြင်တွင် သင်သည် ကျိုးနွံနာခံခြင်း လုံးဝ ကင်းမဲ့နေသည်။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံနိုင်ခြင်း မရှိပါက ယင်း၏ ဆိုလိုရင်းမှာ သင်၏ “လိုက်စားမှု” ဆိုသောအရာနှင့် “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” ဆိုသောအရာတို့သည် ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ဆက်ဆံရေးဖြစ်သော ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် သင့်အား ထောက်ကူပေးဖို့ အခြေခံအားဖြင့် ပျက်ကွက်ခဲ့သည်ဟူ၍ ဖြစ်သည်။ သင် လုပ်ဆောင်သည့်အရာ အများစုတွင် သင်သည် မိမိ၏ ကိုယ်ပိုင် ဆန္ဒများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်နေခြင်းဖြစ်ပြီး ယင်းက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မရရှိနိုင်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မရရှိခြင်းက နောက်ဆုံးတွင် အရာတစ်ခုဆီသို့ ဦးတည်သွားစေသည်၊ ဆိုလိုသည်မှာ သင် လုပ်ဆောင်သည့်အရာနှင့် သင် လက်တွေ့လုပ်ဆောင်သည့်အရာတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် အလွန် ကွာဟနေပြီး သင်သည် မိမိ၏ ကိုယ်ပိုင် စိတ်ကူးယဉ် မျှော်လင့်ချက်အလယ်တွင် သို့မဟုတ် မိမိ၏ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်နေခြင်း ဖြစ်သည်။ အဆုံးတွင် သင် လုပ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်သည့်အရာနှင့် သင် လျှောက်လှမ်းသော လမ်းကြောင်းသည် သင့်အား ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန်နှင့် ကယ်တင်ခြင်းသို့ ရောက်ရန် ပို့ဆောင်ပေးနိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သင်၏ လုပ်ရပ်များသည် အချည်းနှီး ဖြစ်သွားမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအခြေအနေများအောက်တွင် သင်၏ လုပ်ရပ်များသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ သို့ဆိုလျှင် ဤနှစ်များတစ်လျှောက် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းမှ သင်သည် အခြေခံအားဖြင့် မည်သည့်အရာကိုမျှ ရရှိခဲ့မည်မဟုတ်သည်မှာ မှန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အရာကိုမျှ မရရှိခဲ့ခြင်း၏ အကြောင်းရင်းမှာ အဘယ်အရာ ဖြစ်သနည်း။ (လူတို့သည် မိမိတို့၏ ကိုယ်ပိုင် ဆန္ဒများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အစဉ် အသက်ရှင်နေရင်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းကြသောကြောင့် ဖြစ်ပါသည်။) နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် သင် မည်သည့်အရာကိုမျှ မရရှိခြင်းဟူသော အမှန်တရားသည် သင်က အဖိုးအခ မပေးခဲ့သောကြောင့်၊ ဆင်းရဲဒုက္ခခံရန် မလိုလားခဲ့သောကြောင့် သို့မဟုတ် အသုံးခံရန် မလိုလားခဲ့သောကြောင့် မဟုတ်ပေ၊ သင်က မိမိ၏ တာဝန်ကို မထမ်းဆောင်ခဲ့သောကြောင့် ဖြစ်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ထိုအစား အကြောင်းရင်းမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးခြင်း၊ အရာရာကို စွန့်လွှတ်ပြီး မိမိကိုယ်ကို အသုံးခံခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် သင် လုပ်ဆောင်သည့်အရာ အများစုသည် သင်၏ စိတ်ကူးယဉ် မျှော်လင့်ချက်၏ ရလဒ်အနေဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူမည့်အစား သင်၏ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်နေစဉ် ယင်းကို သင် လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။ သို့တိုင် သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူနေသည်ဟု အစဉ် ယုံကြည်လေသည်။ သင်၏ ဤယုံကြည်ခြင်းသည် အယူအဆများနှင့် ပြည့်နှက်နေသောကြောင့် သင်သည် နောက်ဆုံးတွင် သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းသို့ ရောက်ခြင်း ရလဒ်ကို ဖြစ်မြောက်အောင်မြင်ဖို့ ပျက်ကွက်လေသည်။ သို့ဖြစ်၍ သင်၏ လုပ်ရပ်များအားလုံးသည် အချည်းနှီး ဖြစ်ခဲ့သည်။ တစ်စုံတစ်ဦးသည် နောက်ဆုံးတွင် ဤအခြေအနေသို့ ရောက်ရှိသွားပါက ယင်းမှာ အတော်လေး ဝမ်းနည်းဖွယ်ကောင်းသည်ဟု သင်တို့ ဆိုမည် မဟုတ်လော။ (ဟုတ်ပါသည်။) အပေါ်ယံအားဖြင့် လူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တရားဟောနေပြီး ဆင်းရဲဒုက္ခခံကာ အဖိုးအခပေးနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် များစွာသော အယူအဆများနှင့် စိတ်ကူးများအပြင် များစွာသော မှားယွင်းသည့် အတွေးများ၊ အမြင်များနှင့် သဘောထားများကို ထားရှိလျက် ဘုရားသခင်နောက်သို့ လိုက်လျှောက်ပြီး သူ့ကို အစေခံနေခဲ့ကြခြင်း ဖြစ်သည်။ သင်သည် ဤမသန့်စင်မှုများဖြင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ပါက နောက်ဆုံးတွင် ဘုရားသခင်က သင့်ကို စမ်းသပ်သည့်အခါ ဘုရားသခင် အဘယ်ကြောင့် ဤသို့ ပြုမူသည်ကိုဖြစ်စေ၊ ဘုရားသခင်က သင့်ထံမှ မည်သည့်အရာကို မျှော်လင့်ပြီး သင့်ကို ဤသို့ စမ်းသပ်ခြင်းအားဖြင့် သင့်ထံတွင် မည်သည့်ရလဒ်ကို ဖြစ်မြောက်အောင်မြင်ရန် သူ ရည်ရွယ်သည်ကိုဖြစ်စေ သင် သိမည် မဟုတ်ပေ။ အဆုံးတွင် ဘုရားသခင်က သင့်ကို စမ်းသပ်သည့်အခါ ဘုရားသခင်ထံ သင် ပြောဆိုသော စကားများနှင့် သင်၏ ဆုတောင်းချက်များသည် ညည်းညူမှုများ၊ သဘောပေါက်နားလည်ခြင်း မရှိမှုများ၊ သံသယများဖြင့် ပြည့်နှက်နေလိမ့်မည်ဖြစ်ပြီး ဝမ်းနည်းမှုနှင့် နာကျင်မှုအပြင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးများပင် ပြည့်နှက်နေလိမ့်မည်။ သို့ဆိုလျှင် ဤအချိန်တစ်လျှောက်လုံး သင်၏ လိုက်စားမှုသည် ကျရှုံးခြင်းဖြင့် အဆုံးသတ်သွားမည် မဟုတ်လော၊ ပြီးလျှင် သင် ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခနှင့် သင် ပေးခဲ့သော အဖိုးအခတို့သည် အချည်းနှီး ဖြစ်သွားမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဆင်းရဲဒုက္ခကို အစဉ် ခါးစည်းခံကာ အဖိုးအခပေးခဲ့သည်ဟု ဆိုကြပါစို့၊ သင်သည် ဘုရားသခင်က သင့်ကို လုပ်ဆောင်ရန် ပြောခဲ့သည့်အရာအားလုံးကို အပြင်ပန်းအားဖြင့် လုပ်ဆောင်ခဲ့ပြီး ဤနှုတ်ကပတ်တော်များကို စွဲကိုင်ထားခဲ့သည်။ သို့သော် တစ်နေ့တွင် ယောဘ၏ စမ်းသပ်မှုကဲ့သို့သော စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာပြီး သင်သည် ရုတ်တရက် သံသယဝင်လာသည်၊ “ငါ၏ ယုံကြည်ခြင်းက မှားယွင်းနေနိုင်သလော။ ငါသည် မှားယွင်းသော လမ်းကြောင်းကို လျှောက်လှမ်းနေခြင်း ဖြစ်နိုင်သလော။ ဘုရားသခင်သည် ငါ့အတွက် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုကို အဘယ်ကြောင့် စီစဉ်ဖွဲ့စည်းပေးရမည်နည်း။ ဘုရားသခင်သည် ငါ့အပေါ် ဤအမှုမျိုးကို အဘယ်ကြောင့် လုပ်ဆောင်ရမည်နည်း။ သူသည် ဤသို့သောအရာကို ငါ့အပေါ် အဘယ်ကြောင့် ဖြစ်ပျက်ခွင့်ပေးရမည်နည်း” ဟု ဖြစ်သည်။ သင်သည် နားမလည်သည့်အပြင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မသိပေ။ တစ်ချက်အနေဖြင့် ပုဂ္ဂလဓိဋ္ဌာန်ကျကျဆိုရလျှင် သင် နားမလည်သောအရာ များစွာ ရှိသည်။ ထို့အပြင် လူတို့တွင်ရှိသော အကြီးမားဆုံး ပြဿနာမှာ အဘယ်အရာ ဖြစ်သနည်း။ ၎င်းတို့သည် အမျိုးမျိုးသောအရာများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့ လုပ်ဆောင်တတ်သမျှမှာ ဆုတောင်းရန်နှင့် ဤအခြေအနေများမှ မိမိတို့ကိုယ်ကို ရုန်းထွက်ရန် ရှာဖွေဖို့သာ ဖြစ်သည်။ အနည်းငယ် ပိုတော်သောသူများသည် ၎င်းတို့က ဘုရားသခင်ကို ပုန်ကန်ပြစ်မှားထားခြင်း ရှိမရှိ၊ ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်နေခြင်း ရှိမရှိ၊ ၎င်းတို့နှင့်ပတ်သက်၍ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသောအရာ တစ်ခုခု ရှိမရှိ သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များက ၎င်းတို့အတွက် ဘုရားသခင်၏ ရွံရှာမှုကို ရရှိစေခဲ့ခြင်း ရှိမရှိဟူသည်ကို သိရှိရန် မိမိတို့ကိုယ်ကို သိကျွမ်းဖို့ ကြိုးစားကြလိမ့်မည်။ သို့သော် လူအများစုသည် ထိုသို့သောအရာများနှင့် ကြုံတွေ့ရသည့်အခါ အပြုသဘောဆောင်သော သဘောတရားအရ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့၏ အခန်းကဏ္ဍမှ တက်ကြွစွာ မည်သို့ လုပ်ဆောင်ရမည်နှင့် ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ကိုဖြစ်စေ၊ ဖန်ဆင်းခံတစ်ဦး လိုက်နာသင့်သည့် စည်းမျဉ်းများနှင့်အညီ သို့မဟုတ် ဖန်ဆင်းရှင်၏ ညွှန်ကြားချက်များအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုဖြစ်စေ၊ လက်ရှိပြဿနာကို ဖြေရှင်းရန် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုနှင့် သမ္မာတရား စည်းမျဉ်းများကို တက်ကြွစွာ မည်သို့ ရှာဖွေရမည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ဤသည်မှာ လူအများစု၏ စွမ်းဆောင်နိုင်မှုထက် ကျော်လွန်နေသည်။ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။) သင် မြင်သလော၊ လူတို့သည် အမှုအရာများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် မတူညီသော နေရာများတွင် အကြောင်းရင်းများကို ရှာဖွေရန် ကြိုးစားကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကြည့်ကောင်းကြည့်မည်၊ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကို ရှာဖွေရန် ကြိုးစားကောင်း ကြိုးစားမည်၊ ၎င်းတို့ ငြင်းခုံရန်နှင့် မှန်ကြောင်းရှင်းချက်ထုတ်ရန် အသုံးပြုနိုင်သည့် ဆင်ခြေအချို့ကို ရှာဖွေရန် ကြိုးစားကောင်း ကြိုးစားမည်၊ သို့မဟုတ် ၎င်းတို့သည် အခြားလူများကို သံသယဝင်ပြီး ၎င်းတို့ထံ၌ အကြောင်းရင်းများကို ရှာဖွေကောင်း ရှာဖွေမည်ဖြစ်သည်။ သို့သော် သမ္မာတရား စည်းမျဉ်းများကို တက်ကြွစွာ ရှာဖွေရန်နှင့် ပြဿနာကို တက်ကြွစွာ ဖြေရှင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသောသူ အလွန် ရှားပါးပေသည်။ နောက်ဆုံးတွင် လူတို့ ရင်ဆိုင်နေရသော အခြေအနေ သို့မဟုတ် ပတ်ဝန်းကျင်ကို ဘုရားသခင်က ဖယ်ရှားပေးလိုက်သည့်အခါ လူတို့သည် မည်မျှ ရရှိနိုင်သနည်း။ လူအများစုသည် နောက်တစ်ကြိမ် ထိုသို့သောအရာများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့ သတိထားရမည်ကိုသာ သိကြပြီး ယင်းတို့ ထပ်မံပေါ်ပေါက်လာနိုင်သည့် လက္ခဏာများ ရှိသည့်အခါ ဤအရာများကို မည်သို့ ရှောင်ရှားရမည် သို့မဟုတ် ချေဖျက်ရမည်ကိုသာ ၎င်းတို့ သိကြသည်။ သို့သော် ၎င်းတို့သည် ထိုသို့သောအရာများနှင့် ကြုံတွေ့ရသည့်အခါ တက်ကြွစွာ မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သည်၊ လူတို့ကို ဘုရားသခင် ပြောပြသော စည်းမျဉ်းများနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြဿနာကို မည်သို့ ဖြေရှင်းရမည်ဟူသည်တို့ကို ဆင်ခြင်တွေးတောသောသူ အလွန် နည်းပါးပေသည်။ ဤသည်မှာ လူအများစု လုပ်ဆောင်ရန် မလွယ်ကူပေ၊ မှန်သလော။ (မှန်ပါသည်။)

လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ခြင်းဟူသည့် အကြောင်းအရာအပေါ် မိတ်သဟာယဖွဲ့ခြင်းသည် လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိသလော။ (ရှိပါသည်။) မည်သို့သော ပတ်သက်မှု ရှိသနည်း။ (ကျွန်ုပ်တို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို မသိကျွမ်းဘဲ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံ၍သာ ဘုရားသခင်ကို ယုံကြည်ပါက အဆုံးတွင် ကျွန်ုပ်တို့သည် လက်ဗလာဖြင့် ကျန်ရစ်ခဲ့ပြီး ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများအားလုံးသည် အချည်းနှီးဖြစ်သွားကာ ကျွန်ုပ်တို့ မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်သည်မှာ အလွန် ဖြစ်နိုင်ချေရှိပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် လမ်းကြောင်းမှန်ပေါ် ရောက်လိုပါက လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းရမည် ဖြစ်ပါသည်။ ဤသမ္မာတရားသည် အလွန် အရေးကြီးပါသည်။) ဤသည်မှာ သဘောတရားအရ သင် နားလည်သင့်သည့်အရာ ဖြစ်သည်၊ သို့ဆိုလျှင် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်ကို သင် သိကျွမ်းပြီးနောက်တွင် သင်သည် ဤသိနားလည်မှုအပေါ် အခြေခံ၍ လက်တွေ့ဘဝရှိ အမျိုးမျိုးသောအရာများကို ကိုင်တွယ်ဖြေရှင်းသင့်ပြီး အမျိုးမျိုးသောအရာများအတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သင့်သည်ကို ဖော်ထုတ်ရန် ယင်းကို အသုံးပြုသင့်သည်။ သင့်တွင် မည်သည့် အသိပညာမျိုး ရှိသည်ဖြစ်စေ ဤသိနားလည်မှု ရှိရခြင်း၏ အဓိကအချက်မှာ ပြဿနာများကို ဖြေရှင်းရန်ဖြစ်ပြီး သင်က သဘောတရားတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ရန် မဟုတ်ပေ။ သင် မြင်သလော၊ လူ့ဇာတိခံထားသော ဘုရားသခင် ပါဝင်ပတ်သက်သည့် အကြောင်းအရာများစွာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော်လည်း မည်သည့်အကြောင်းအရာဖြစ်ပါစေ ယင်းသည် လက်တွေ့ဘဝရှိ အမှန်တကယ်ဖြစ်သော ပြဿနာများနှင့် ပတ်သက်ဆက်နွှယ်နေသည်။ ဤအမှန်တကယ်ဖြစ်သော ပြဿနာများနှင့် သင် ရင်ဆိုင်ရသည့်အခါ သင်သည် ယင်းတို့ကို စဉ်းစားဆင်ခြင်သင့်သည်။ ယင်းတို့နှင့်ပတ်သက်၍ သင် မည်သို့ ထင်သနည်း။ ယင်းတို့အပေါ် သင်၏ သဘောထားမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းတို့ကို ဖြေရှင်းရန် သင် မည်သို့ စီစဉ်သနည်း။ သင်သည် ယင်းတို့ကို ဤအတိုင်း လွှတ်ထားမည်လော၊ သို့မဟုတ် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေမည်လော။ ဤအကြောင်းအရာများနှင့်ပတ်သက်သော ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးနောက် သင်သည် သဘောတရားအချို့ကိုသာ မှတ်မိသော်လည်း သင်၏ အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းရန် ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့ဘဝတွင် အသုံးမချနိုင်ပါက သင် ရရှိထားသည့်အရာမှာ အယူဝါဒမျှသာဖြစ်ပြီး ယင်းက သင့်အတွက် မည်သည့်အကူအညီမျှ မဖြစ်ပေ။ သို့သော် ဤအကြောင်းအရာများနှင့်ပတ်သက်သော ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးနောက် သင်သည် ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့ဘဝတွင် အသုံးချကာ ဘုရားသခင်နှင့်ပတ်သက်သော သင်၏ မှားယွင်းသည့် ရှုထောင့်အမြင်များနှင့် မှားယွင်းသည့် သဘောထားများကို ပြင်ဆင်ကာ ဘုရားသခင်နှင့်ပတ်သက်သော သင်၏ အယူအဆများနှင့် စိတ်ကူးများကို ဖယ်ရှားပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေပါက သင် ရရှိထားသည့်အရာမှာ သမ္မာတရား ဖြစ်သည်။ သင်နှင့် ငါ မိတ်သဟာယဖွဲ့ခဲ့သော နှုတ်ကပတ်တော်များနှင့် အကြောင်းအရာများကို သင် အသုံးပြု၍ မိမိ၏ အယူအဆများနှင့် စိတ်ကူးများ၊ သင်၏ မှားယွင်းသော အတွေးများနှင့် အမြင်များအပြင် ဘုရားသခင်နှင့်ပတ်သက်သော သင်၏ မှားယွင်းသည့် သဘောထားများကို ဖြေရှင်းပါက သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ထံတွင်ရှိသော ပြဿနာများကို ဂရုမစိုက်စွာ သဘောထားပြုမူ၍ လျစ်လျူရှုထားကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သင် မည်သို့ ကိုက်ညီမှုရှိသည်ကို ကြည့်ခြင်းအားဖြင့် မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်မှု မပြုဘဲ ဘုရားသခင်အပေါ် သင်၏ သဘောထားတွင် ပြဿနာများရှိကြောင်း သင် ရှင်းလင်းစွာ သိလျက်နှင့် ဤအမှန်တကယ်ဖြစ်သော ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပါက ငါ၏ နှုတ်ကပတ်တော်များသည် သင့်အတွက် မည်သည့်အဓိပ္ပာယ်မျှ မရှိခဲ့ဘဲ သင်သည် ယင်းတို့ကို အချည်းနှီး နားထောင်ခဲ့ခြင်း ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) သင်တို့၏ အခြေအနေမှာ မည်သို့ ရှိသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အယူဝါဒများအဖြစ် ကျွန်ုပ်တို့ သဘောထားပြုမူခြင်း မရှိသင့်ကြောင်းနှင့် ယင်းတို့ကို လက်တွေ့ဘဝတွင် ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်သင့်ကြောင်းကို ကျွန်ုပ်တို့ သိသော်လည်း ယခုအချိန်တွင် ကျွန်ုပ်တို့၏ ဝင်ရောက်မှုသည် အတော်လေး အပေါ်ယံဆန်နေဆဲ ဖြစ်ပါသည်။) သင်တို့၏ အသက် ဝင်ရောက်မှု အပေါ်ယံဆန်ခြင်းသည် စိုးရိမ်စရာ မဟုတ်ပေ၊ သင်တို့သည် သမ္မာတရားကို အဆက်မပြတ် ရှာဖွေနေသရွေ့ တဖြည်းဖြည်း ပို၍နက်ရှိုင်းသော ဝင်ရောက်မှုကို ရရှိကြလိမ့်မည်။ ဤအခြေခံအုတ်မြစ်အပေါ်တွင် အမှုအရာများကို တဖြည်းဖြည်း ဆင်ခြင်တွေးတောပြီး သင့်ကိုယ်သင် ဆန်းစစ်လော့၊ ပြီးလျှင် သင့်ကိုယ်သင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆလော့၊ ထို့နောက် သင်၏ မှားယွင်းသော အတွေးများနှင့် အမြင်များအပြင် ဘုရားသခင်နှင့်ပတ်သက်သော သင်၏ မှားယွင်းသည့် သဘောထားများကို ပြင်ဆင်လော့၊ ပြီးလျှင် ဘုရားသခင်ကို မှန်ကန်သော အတွေးများ၊ အမြင်များ၊ မှန်ကန်သော သဘောထားဖြင့် ဆက်ဆံပြီး သိကျွမ်းလာလော့။ ဤနည်းအားဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တစ်ဆင့်ပြီးတစ်ဆင့် ပို၍ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်။

လူ့ဇာတိခံထားသော ဘုရားသခင်၏ အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ပြောဆိုခဲ့သည့်အရာသည် ယုတ္တိမရှိခြင်း သို့မဟုတ် အပေါ်ယံဆန်ခြင်း မဟုတ်ပေ။ ယင်းသည် အလွန် တိကျသည်၊ လက်တွေ့ဘဝနှင့် ပတ်သက်ဆက်နွှယ်နေပြီး လက်တွေ့ဘဝနှင့် လုံးဝ ကင်းကွာနေခြင်း မရှိပေ၊ ထို့ကြောင့် ယင်းသည် အပေါ်ယံဆန်ခြင်း သို့မဟုတ် ယုတ္တိမရှိခြင်း မဟုတ်ဟု ငါ ပြောခြင်းဖြစ်သည်။ သင်သည် မိမိ၏ စိတ်နှလုံးဖြင့် နားထောင်ပြီး ဆင်ခြင်တွေးတောပါက သမ္မာတရား၏ ဤကဏ္ဍနှင့်ပတ်သက်၍ သင် တိုး၍ ရှင်းလင်းလာလိမ့်မည်။ အချုပ်အားဖြင့်ဆိုရသော် လူတစ်ဦးသည် ဘုရားသခင်ကို စစ်မှန်စွာ သိကျွမ်းခြင်း ရရှိလိုပြီး ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ပုံမှန်ဆက်ဆံရေးကို တည်ဆောက်လိုပါက ဘုရားသခင်ကို သိကျွမ်းခြင်းဟူသော ဤသင်ခန်းစာသည် ၎င်းတို့ သင်ယူရမည့်အရာဖြစ်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်း လုပ်ငန်းစဉ်သည် ၎င်းတို့ တွေ့ကြုံရမည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းဟူသော ဤသင်ခန်းစာသည် အရာနှစ်ခုဖြင့် စတင်သင့်သည်၊ ယင်းတို့မှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို သိကျွမ်းခြင်းနှင့် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ခြင်းတို့ ဖြစ်သည်။ ဤသင်ခန်းစာသည် ရှိသမျှထဲတွင် အခြေခံအကျဆုံးသော ကဏ္ဍများဖြင့် စတင်သင့်သည်ဟုလည်း ဆိုနိုင်ပေသည်။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်အတူ ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်ကြားရှိ ပုံမှန်ဆက်ဆံရေးကို တည်ဆောက်ပြီး လူနှင့် ဘုရားသခင်ကြားရှိ ပုံမှန်ဆက်ဆံရေးတစ်ခုကို တည်ဆောက်သည်နှင့်တစ်ပြိုင်နက် လူသား ရှုထောင့်အမြင်ကို ယူကာ လူ့ဇာတိခံထားသော ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုအပြင် သင့်အပေါ် သူထားရှိသော မည်သည့်သဘောထားကိုမဆို မှန်ကန်သော အတွေးများနှင့် အမြင်များဖြင့်လည်းကောင်း၊ မှန်ကန်သော သဘောထားဖြင့်လည်းကောင်း ဆက်ဆံလိမ့်မည်။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး၊ လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးကို တည်ဆောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် ပွင့်လင်းပြီး ရိုးသားရန်၊ သူ့ကို ရိုသေလေးစားရန်နှင့် သူ့ကို ကျိုးနွံနာခံရန် သင့်အတွက် သိပ်မခက်ခဲအပ်ပေ၊ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ လူက လိုက်စားသင့်သော ပန်းတိုင်တစ်ခုဖြစ်ပြီး ယင်းသည် လူက လက်တွေ့လုပ်ဆောင်သင့်သော စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် သူနှင့် ထိတွေ့ဆက်ဆံခြင်း၊ ပတ်သက်ဆက်နွှယ်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်းနှင့် အပေးအယူလုပ်ခြင်းတို့ဖြင့် စတင်သင့်သည်။ ဤအခြေခံအုတ်မြစ်အပေါ်တွင် သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်အပေါ် သင်၏ နားလည်မှုကို မြှင့်တင်သင့်ပြီး သူနှင့် မကြာခဏ စကားပြောဆိုကာ ဆက်သွယ်သင့်သည်၊ ထိုသို့ဖြင့် ဘုရားသခင်ကို စစ်မှန်သော နားလည်မှုနှင့် သိကျွမ်းခြင်းကို ရရှိသင့်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် စကားပြောဆိုခြင်း၊ ဆက်သွယ်ခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းသည် လူအတွက် အလွန် ဝေးကွာပြီး လက်လှမ်းမမီနိုင်သောအရာပင် ဖြစ်နေကာ လက်တွေ့မကျဘဲ ဓမ္မဓိဋ္ဌာန်မကျသောအရာလည်း ဖြစ်နေပါက လူသည် သူနှင့် ပုံမှန်ဆက်ဆံရေးတစ်ခု တည်ဆောက်ထားခြင်း၏ အခြေခံအုတ်မြစ်အပေါ်တွင် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန်၊ ဆက်သွယ်ရန်နှင့် ပတ်သက်ဆက်နွှယ်ရန် မည်သို့ စွမ်းဆောင်နိုင်မည်နည်း။ လူ့ဇာတိခံထားသော ဘုရားသခင် စကားပြောဆိုပြီး အမှုပြုနေသည့် ဤကာလအတွင်းတွင် လူက ဤအရာများကို ပြီးမြောက်ရန် အခြေအနေများ တည်ရှိနေသည်၊ ဘဝတွင်ဖြစ်စေ၊ အလုပ်လုပ်ဆောင်ရာတွင်ဖြစ်စေ ဤအခြေအနေများကို ရရှိနိုင်ပေသည်။ ဤအခြေအနေများကို ရရှိနိုင်သောကြောင့် လူသည် လက်လွတ်မခံသင့်ပေ။ ဤသည်မှာ လူသားအနေဖြင့် ဖန်ဆင်းရှင်ကို မှန်ကန်စွာ မည်သို့ ဆက်ဆံရမည်ဟူသည်ကို လေ့ကျင့်ရန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။ လူသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ယင်းကို ကောင်းစွာ အသုံးချပါက သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ပို၍ လက်တွေ့ကျသော နည်းလမ်းဖြင့် နားလည်ပြီး သိကျွမ်းရန် အခွင့်အရေးနှင့် နည်းလမ်းများ ရှိလိမ့်မည်။ လူသားအနေဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို နားလည်ခြင်းနှင့် သိကျွမ်းခြင်းသည် မရေရာဘဲ အပေါ်ယံဆန်သောအရာ မဟုတ်တော့ပေ၊ သေချာသည်မှာ ယင်းသည် သူ တွေးတောရုံသာ တွေးတောနိုင်ပြီး မပြီးမြောက်နိုင်သောအရာ မဟုတ်တော့ပေ။ လူသားများသည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံပြီး ပတ်သက်ဆက်နွှယ်သည့် လုပ်ငန်းစဉ်တွင် တစ်ချက်အနေဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို တဖြည်းဖြည်း သိလာကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့တွင်ရှိသော အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများကို သိကျွမ်းလာကြသည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ ဝမ်းမြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်း၊ လူ့အပေါ် ဘုရားသခင်၏ အမျိုးမျိုးသော သဘောထားများနှင့် ဘုရားသခင် စကားပြောဆိုပြီး အမှုပြုသည့် စည်းမျဉ်းများနှင့် နည်းလမ်းများအပြင် ထိုသို့လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်တို့ကိုလည်း တဖြည်းဖြည်း သိလာကြသည်။ ဤနေရာတွင် အရေးကြီးသောအရာမှာ လူကို သူ၏ မျက်စိဖြင့် မြင်သောအရာ၊ သူ၏ နားဖြင့် ကြားသောအရာနှင့် သူ၏ စိတ်နှလုံးဖြင့် တွေ့ကြုံခံစားရသောအရာတို့မှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များ၏ အမျိုးမျိုးသော ကဏ္ဍများကို ပို၍ လက်တွေ့ကျကျနှင့် တိကျမှန်ကန်စွာ နားလည်စေရန် ဖြစ်သည်။ ဤအခြေအနေများအောက်တွင် လူသည် ဘုရားသခင်နှင့်ပတ်သက်သော သူ၏ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်နေတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူ့ဇာတိမခံယူခဲ့ပါက လူသည် ကျေးဇူးတော်ခေတ်၏ သခင်ယေရှုကို ယုံကြည်ဆဲဖြစ်ပြီး နှစ်ပေါင်းများစွာ ထိုသို့ ယုံကြည်ခဲ့လျှင်ပင် ဘုရားသခင်အပေါ် သူ၏ နားလည်မှုနှင့် သိကျွမ်းခြင်းသည် အနှစ်သာရအားဖြင့် သုညဖြစ်နေလိမ့်မည်၊ သူသည် ဘုရားသခင်ကို စစ်မှန်စွာ သိကျွမ်းခြင်း စိုးစဉ်းမျှပင် ရှိလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ ဘာသာရေးလောကတွင် ဘုရားသခင်ကို စစ်မှန်စွာ သိကျွမ်းသောသူ တစ်ဦးမျှ မရှိပေ။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံထားသော ဘုရားသခင်ကို လက်ခံသောသူများ ရရှိသည့် ဘုရားသခင်ကို သိကျွမ်းခြင်းမှာ ကွဲပြားသည်၊ ယင်းကို ပိုင်ဆိုင်သောသူများသည် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုကို ယုံကြည်ခဲ့သောသူများထက် ဘုရားသခင်အကြောင်းကို များစွာ ပို၍ သိကြသည်။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံထားသော ဘုရားသခင်သည် အမှုပြုနေခဲ့သည် အချိန်ကြာမြင့်ပြီဖြစ်ကာ သမ္မာတရားများစွာကို ဖော်ပြပြီး ကြီးမားလှသော အလုပ်ပမာဏကို လုပ်ဆောင်၍ လူနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံ၊ ပတ်သက်ဆက်နွှယ်ပြီး အတူနေထိုင်ခဲ့သည့်အပြင် ကျယ်ပြန့်သော လူအမျိုးအစားများနှင့် ထိတွေ့ဆက်ဆံသောကြောင့် လူက ဘုရားသခင်ကို နားလည်ပြီး သိကျွမ်းရန် အခြေအနေများသည် အကျိုးဆက်အနေဖြင့် ပို၍ သာယာကောင်းမွန်ပေသည်။ ဆိုလိုသည်မှာ ဤလူ့ဇာတိခံယူခြင်းက လူသားအား ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် ပို၍ သာယာကောင်းမွန်သော အခြေအနေများနှင့် အခွင့်အရေးများကို ပံ့ပိုးပေးထားပြီး ဘုရားသခင်၏ အသံကို ၎င်း၏ နားနှင့်ဆတ်ဆတ် ကြားခွင့်ပေးကာ ဘုရားသခင်၏ လှုပ်ရှားမှုတိုင်း၊ ဘုရားသခင်၏ ဝမ်းမြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းအပြင် ဘုရားသခင်၏ နေ့စဉ်ဘဝ အမျိုးမျိုးသော ကဏ္ဍများ၏ အသေးစိတ်အချက်များစွာကို မျက်စိဖြင့်တပ်အပ် မြင်စေရန် အခွင့်ပေးခဲ့သည်။ လူက ထိတွေ့ဆက်ဆံနိုင်သော လူ့ဇာတိခံထားသော ဘုရားသခင်၏ လူ့သဘာဝနှင့်ဆိုင်သည့် အပြင်ပန်း ပုံပန်းသဏ္ဌာန်အပြင် ဘုရားသခင်၏ အသက်တာနှင့် သူ၏ အနှစ်သာရ ပါဝင်ပတ်သက်နေသော အသေးစိတ်အချက်များအားလုံးသည် လူကို ဘုရားသခင်အပေါ် ပို၍ နက်ရှိုင်းပြီး ပို၍ တိကျမှန်ကန်သော နားလည်မှုတစ်ခု ရှိခွင့်ပေးရန် လုံလောက်သင့်ပေသည်။ သေချာသည်မှာ ဤပို၍ နက်ရှိုင်းပြီး ပို၍ တိကျမှန်ကန်သော နားလည်မှုသည် လူကို ဘုရားသခင်နှင့် ပို၍ကောင်းမွန်ပြီး ပို၍ ကျန်းမာသော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်စေသင့်ပြီး အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများမှ ရုန်းထွက်လွတ်မြောက်စေကာ ၎င်းထံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးများအားလုံးကို ဖယ်ရှားပစ်စေသင့်သည်၊ မှန်သလော။ (မှန်ပါသည်။) ထို့ကြောင့် ငါ မည်သည့်အရာကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ လူကို ဘုရားသခင်အား ပို၍ကောင်းမွန်စွာ နားလည်ပြီး သိကျွမ်းရန် ကူညီပေးဖို့ ဖြစ်သည်။ သေချာသည်မှာ လူတစ်ဦးအနေဖြင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ မိသားစု၊ သူ ရရှိခဲ့သော ပညာရေး သို့မဟုတ် သူ ကြီးပြင်းခဲ့သော ပတ်ဝန်းကျင်အကြောင်းကို ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးပေ၊ သူ၏ မိသားစု သမိုင်းကြောင်း၊ သူ၏ မိသားစု ဓလေ့ထုံးစံများ၊ သူ၏ နေအိမ်ပတ်ဝန်းကျင် သို့မဟုတ် သူ၏ မိသားစုက ကျင့်သုံးခဲ့သော အသေးစိတ် နေထိုင်မှုပုံစံနှင့် ပညာရေး နည်းလမ်းများအကြောင်းကို ငါ ပြောဆိုခဲ့ဖူးဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ သေချာသည်မှာ ငါ့တွင် မည်သည့် ပင်ကိုစရိုက်မျိုး ရှိသည်၊ သို့မဟုတ် ငါ၏ နေထိုင်မှု အလေ့အထများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်း သင်တို့ကို ငါ မည်သည့်အခါမျှ မပြောပြခဲ့ဖူးသည့်အပြင် အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်သည့် ငါ၏ အသက်တာမှ အသေးအဖွဲ အသေးစိတ်အချက်များအကြောင်းကိုလည်း ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးပေ။ ထိုအစား ငါ မည်သည့်အရာအကြောင်းကို ပြောဆိုခဲ့သနည်း။ (လူ့ဇာတိခံထားသော ဘုရားသခင် ကျင့်ကြံပြုမူပြီး အမှုအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းအချို့ ဖြစ်ပါသည်။) ဥပမာများ ပေးခြင်းဖြစ်စေ၊ ကဏ္ဍအချို့ရှိ အမှန်တရားများအကြောင်း ပြောဆိုခြင်းဖြစ်စေ၊ သမ္မာတရား၏ ကဏ္ဍအချို့အကြောင်း ပြောဆိုခြင်းဖြစ်စေ ငါ လွှမ်းခြုံပြောဆိုခဲ့သမျှ အရာအားလုံးသည် ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာတို့နှင့် သက်ဆိုင်နေသည်။ ယင်းတို့အားလုံးသည် လူက ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သက်ဆိုင်လေသည်။ အခြေခံ လိုအပ်ချက်များ ပါဝင်ပတ်သက်သည့် ဥပမာအချို့ကို ငါ ပေးလျှင်ပင် ငါ၏ ရည်ရွယ်ချက်မှာ ငါ မည်သည့်အရာကို စားသည်၊ ငါ မည်သည့်အရာကို ဝတ်ဆင်သည်၊ သို့မဟုတ် ငါ၏ နေထိုင်မှု အလေ့အထများမှာ အဘယ်အရာ ဖြစ်သည်ဟူသည့်အပေါ် သင်တို့ကို အာရုံစိုက်စေရန် မဟုတ်ဘဲ ထိုအစား ဘုရားသခင်သည် လူ့ဇာတိခံယူပြီး လူများနှင့်အတူ နေထိုင်သည့်အခါ သူ ကျင့်ကြံပြုမူပြီး အမှုအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိစေရန် ကူညီပေးဖို့ ဖြစ်သည်။ ငါ ပြောဆိုသည့်အရာသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ နေထိုင်မှု နည်းလမ်းအချို့ ပါဝင်ပတ်သက်နေလျှင်ပင် ယင်းမှာ ဤအရာများနှင့်ပတ်သက်၍ သူ၏ ရှုထောင့်အမြင်များနှင့် စည်းမျဉ်းများကို သင်တို့ နားလည်ရန်၊ ကဏ္ဍတစ်ခုရှိ စည်းမျဉ်းများကို နားလည်ပြီး သဘောပေါက်ရန်နှင့် ဤအခြေခံအုတ်မြစ်အပေါ်တွင် ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပြင် သူ ကျင့်ကြံပြုမူပြီး အမှုအရာများကို လုပ်ဆောင်သည့် သူ၏ စည်းမျဉ်းများကို ပို၍ကောင်းမွန်စွာ နားလည်ရန် ကူညီပေးဖို့ ဖြစ်သည်။ ဤစည်းမျဉ်းများ၏ တိကျသော အသေးစိတ်အချက်များကို နားလည်ခြင်းသည် ဤသာမန်လူဖြစ်သော လူ့ဇာတိခံထားသော ဘုရားသခင်တွင် မည်သို့သော အသက်တာမျိုး ရှိသည်ကိုလည်းကောင်း၊ သူ၏ အသက်တာသည် ဘုရားသခင်နှင့် မည်သို့ ဆက်စပ်နေသည်ကိုလည်းကောင်း သင်တို့ကို နားလည်နိုင်စေရန် အတိအကျပင် ဖြစ်သည်။ ဤစည်းမျဉ်းအတိုင်း ငါ မိတ်သဟာယဖွဲ့သည်။ ငါ၏ ရည်ရွယ်ချက်မှာ အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်သည့် ငါ၏ ရွေးချယ်မှုများ၊ ငါ၏ တိကျသော နေထိုင်မှုပုံစံ သို့မဟုတ် ငါ မည်သည့် အရောင်များကို ကြိုက်နှစ်သက်သည်ဟူသည်တို့ကို သင်တို့အား အတုခိုးစေရန် မဟုတ်ပေ။ ယင်းမှာ ငါ၏ ရည်ရွယ်ချက် မဟုတ်ပေ။ ငါ၏ စည်းမျဉ်းများကို သင်တို့အား ငါ ပြောပြနေခြင်းမျှသာ ဖြစ်သည်။ ဥပမာအားဖြင့် ငါ မည်သည့်အရာကို စားသည် သို့မဟုတ် ငါ၏ နေ့စဉ် အလေ့အထများမှာ အဘယ်အရာဖြစ်သည်ကို သင့်အား ငါ ပြောပြသည့်အခါ ယင်းမှာ သင်က ငါ့ကို အတုခိုးနိုင်ရန် သို့မဟုတ် သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုကို စောင့်ထိန်းနိုင်ရန် မဟုတ်ဘဲ ထိုအစား လူ့ဇာတိခံထားသော ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာသည့်အခါ သူ၏ သာမန်ဖြစ်မှုနှင့် ပုံမှန်ဖြစ်မှုအတွင်း၌ မည်သည့်အရာ ပါဝင်သည်ကိုလည်းကောင်း၊ သူ ကျင့်ကြံပြုမူပြီး အမှုအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း သင့်အား သိခွင့်ပေးရန် ဖြစ်သည်။ ငါပေးသော ဥပမာများမှတစ်ဆင့်လည်းကောင်း၊ အမှန်တရားအချို့မှတစ်ဆင့်လည်းကောင်း သင်သည် စည်းမျဉ်းများ၊ သမ္မာတရား၏ ဤကဏ္ဍနှင့် သင် သိကျွမ်းသင့်သော ဘုရားသခင်၏ အသက်နှင့် စိတ်သဘောထားတို့ကို နားလည်ရန် လုံလောက်ပေသည်။ သို့ဖြစ်၍ ငါသည် ဆံပင်အရှည်ကို ကြိုက်သည်၊ သို့မဟုတ် ဆံပင်အတိုကို ကြိုက်သည်ဟူသည်ကို သင့်အား ငါ မည်သည့်အခါမျှ မပြောပြပေ၊ သင်သည် စည်းမျဉ်းများကို နားလည်နိုင်ရန်အလို့ငှာ ဆံပင်ကို အရှည်ထားခြင်း သို့မဟုတ် အတိုထားခြင်းအတွက် အကြောင်းရင်းများနှင့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုသာ သင့်အား ငါ ပြောပြလေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သော ဤသမ္မာတရားများကို မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို လူသား သိကျွမ်းခြင်းနှင့် သက်ဆိုင်နေပြီး ယင်းသည် ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့နှင့် သက်ဆိုင်သည်။ တစ်စုံတစ်ဦးက မြေကြီးပေါ်ရှိ ဘုရားသခင်သည် ဘုရားသခင်၏ အမှုတော်၊ နှုတ်ကပတ်တော်တို့နှင့်သာ သက်ဆိုင်ပြီး ဘုရားသခင်၏ လုပ်ရပ်များနှင့် သက်ဆိုင်သည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်သာ ဖြစ်သည်ဟု ယုံကြည်ပါက ဤသဘောပေါက်နားလည်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် မြေကြီးပေါ်ရှိ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်သော အမှုတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ မြစ်ဖျားခံသလော။ (ဟုတ်ပါသည်။) သင်သည် ယင်းကို ဤနည်းအားဖြင့် သဘောပေါက်နားလည်နိုင်ပါက ကောင်းပေသည်။ ငါ မည်သည့်နေရာတွင် မွေးဖွားခဲ့သည်၊ ကြီးပြင်းလာရခြင်းက ငါ့အတွက် မည်သို့ ရှိခဲ့သည်၊ သို့မဟုတ် ငါ မည်သည့် ပညာရေးမျိုး ရရှိခဲ့သည်ကို သင်တို့အား ငါ မည်သည့်အခါမျှ မပြောပြခဲ့ဖူးသည့်အပြင် ငါ ကြီးပြင်းခဲ့ရသော ပတ်ဝန်းကျင်၊ ငါ ကြုံတွေ့ခဲ့ရသော ပညာရေး ပတ်ဝန်းကျင် သို့မဟုတ် ငါ၏ မိသားစု သမိုင်းကြောင်းအကြောင်းကိုလည်း ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးပေ၊ ပြောဆိုခဲ့ဖူးသလော။ (မပြောခဲ့ဖူးပါ။) အချို့လူများက “ကိုယ်တော်၏ မိသားစုသည် ထင်ရှားကျော်ကြားသော မိသားစု မဟုတ်ပါ။ ကိုယ်တော်သည် သာမန်လူတစ်ဦးကဲ့သို့ပင် ကြီးပြင်းလာခဲ့ခြင်း ဖြစ်ပါသည်။ ယင်းမှာ စကားထဲထည့်ပြောရလောက်အောင် မတန်ပါ၊ ထို့ကြောင့် ကိုယ်တော်က ယင်းကို ထုတ်မပြောခြင်း ဖြစ်ပါသည်” ဟု ပြောကြသည်။ ဤသည်မှာ ဤအရာများအကြောင်းကို ငါ မပြောဆိုရခြင်း၏ အကြောင်းရင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းတို့အကြောင်းကို ငါ အဘယ်ကြောင့် မပြောဆိုသနည်း။ (ထိုအရာများအကြောင်း ပြောဆိုခြင်းသည် လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းရာတွင် ကျွန်ုပ်တို့အတွက် မည်သည့်အကူအညီမျှ ဖြစ်မည်မဟုတ်ပါ။) ယင်းတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ထို့ကြောင့် ယင်းတို့အကြောင်းကို ငါ မပြောဆိုပေ။ ထိုအရာများအကြောင်းကို ငါ ပြောဆိုမည်ဆိုပါက သင်တို့သည် ထွက်သွားနိုင်ပြီး နားမထောင်ဘဲ နေ၍ရသည်။ သို့သော် လူ့ဇာတိခံထားသော ဘုရားသခင်၏ အမှု၊ နှုတ်ကပတ်တော်များ၊ စိတ်သဘောထားနှင့် အနှစ်သာရအပြင် သူ၏ အသက်တာနှင့်ဆိုင်သော အမျိုးမျိုးသော သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများအကြောင်းကို သင်တို့အား ငါ ပြောပြပါက သင်တို့သည် ဂရုတစိုက်နှင့် လေးလေးနက်နက် နားထောင်သင့်သည်။ သမ္မာတရားနှင့် သက်ဆိုင်သည့်အရာကို သင်တို့ နားထောင်ရမည်၊ ဤအကြောင်းအရာကို နားထောင်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းရန် သင်တို့အတွက် အထောက်အကူဖြစ်ပေသည်။ အချို့လူများက “ဘုရားသခင်ကို သိကျွမ်းခြင်းသည် သမ္မာတရားကို ငါ၏ လိုက်စားမှုနှင့် မည်သို့ ပတ်သက်သနည်း” ဟု ပြောကြသည်။ ငါ့အား ပြောပြလော့၊ ပတ်သက်မှု ရှိသလော။ (ရှိပါသည်။) ဘုရားသခင်ကို သိကျွမ်းခြင်းက သမ္မာတရားကို လိုက်စားခြင်းအား အစားထိုးနိုင်သလော။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းကြားရှိ ပတ်သက်မှုမှာ အဘယ်အရာ ဖြစ်သနည်း။ ယခု သင်တို့နှင့်အတူ ငါ မိတ်သဟာယဖွဲ့နေသည့် အကြောင်းအရာဖြစ်သော လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတွင် ထင်ရှားပြသထားသော အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် စကားပြောဆိုခြင်းအတွက် စည်းမျဉ်းများသည် သမ္မာတရားနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည်ဟု သင်တို့ ထင်ကြသလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်ကို သိကျွမ်းခြင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် မည်သို့ ပတ်သက်သနည်း။ (ဘုရားသခင်ကို သိကျွမ်းခြင်းကပင် သမ္မာတရားကို လိုက်စားခြင်းဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သိကျွမ်းခြင်းက ဘုရားသခင် အမှုအရာများကို လုပ်ဆောင်သည့် အမျိုးမျိုးသော စည်းမျဉ်းများနှင့် ဘုရားသခင် ထုတ်ဖော်သည့် အမျိုးမျိုးသော စိတ်သဘောထားများကို ကျွန်ုပ်တို့အား သိခွင့်ပေးပြီး ကျွန်ုပ်တို့၏ ကိုယ်ပိုင် လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအပြင် ကျွန်ုပ်တို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ရန် ကျွန်ုပ်တို့ကို အထောက်အကူပြုသောကြောင့် ဖြစ်ပါသည်။ ယင်းက ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဦးတည်ချက်တစ်ခုကိုလည်း ကျွန်ုပ်တို့အား ပေးပါသည်။ ဤသည်မှာ အချက်တစ်ချက် ဖြစ်ပါသည်။ နောက်ထပ် အချက်တစ်ချက်မှာ ဘုရားသခင်ကို သိကျွမ်းခြင်းက လူကို သမ္မာတရား လိုက်စားရန် တွန်းအားပေးနိုင်ခြင်း ဖြစ်ပါသည်။ လူတစ်ဦးတွင် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သိကျွမ်းခြင်း အချို့ ရှိသည့်အခါ ၎င်း၏ စိတ်နှလုံးထဲတွင် အပြုသဘောဆောင်သော လိုအင်ဆန္ဒနှင့် စိတ်ပိုင်းဖြတ်မှုတစ်ခု ပေါ်ပေါက်လာလိမ့်မည်၊ ၎င်းသည် ဘုရားသခင်ကို ပို၍ သိကျွမ်းလိုလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းလိုလိမ့်မည်ဖြစ်ကာ ၎င်းသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားပြီး ဘုရားသခင် တောင်းဆိုသော ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်ကို သိကျွမ်းခြင်းကပင် သမ္မာတရားကို လိုက်စားခြင်းဖြစ်ပြီး ယင်းက လူကို သမ္မာတရား လိုက်စားရန် တွန်းအားပေးနိုင်သည်ဟု ကျွန်ုပ် ထင်ပါသည်။) တစ်စုံတစ်ဦးသည် ဘုရားသခင်ကို သိကျွမ်းခြင်းအား လိုက်စားနေသည့်အခါ ၎င်းသည် အမှန်တကယ်တွင် သမ္မာတရားကိုလည်း လိုက်စားနေခြင်း ဖြစ်သည်၊ ၎င်းသည် သမ္မာတရားကို အလေးအနက်ထားနေပြီး ဘုရားသခင် မည်သို့ ပြုမူဆောင်ရွက်သည်နှင့် အမျိုးမျိုးသော နယ်ပယ်များတွင် ဘုရားသခင် မည်သည့်အရာကို တောင်းဆိုသည်ဟူသည်ကို တိတိကျကျ မြင်တွေ့နေခြင်း ဖြစ်သည်။ လူသည် ဤအရာများကို အသေးစိတ် နားလည်သည်နှင့်တစ်ပြိုင်နက် သူ၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် ပို၍ ရှင်းလင်းသော ပန်းတိုင်တစ်ခုနှင့် ပို၍ တိကျသော ဦးတည်ချက်တစ်ခု ရှိလိမ့်မည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအား လိုက်စားခြင်းကပင် သမ္မာတရားကို လိုက်စားခြင်း ဖြစ်သည်ဟူသော ဤပြောဆိုချက်သည် မမှားယွင်းသည့်အပြင် ဤအရာနှစ်ခုသည် ပဋိပက္ခမဖြစ်ပေ။ သို့ဖြစ်၍ သမ္မာတရားကို လိုက်စားခြင်းက သင့်ကို ဘုရားသခင်အား သိကျွမ်းလာခွင့် ပေးနိုင်သလော။ (ပေးနိုင်ပါသည်။) သင်သည် သမ္မာတရားကို လိုက်စားစဉ်တွင် ဘုရားသခင်ကိုလည်း တဖြည်းဖြည်း သိကျွမ်းလာလေသည်။ သမ္မာတရားကို လိုက်စားခြင်း လုပ်ငန်းစဉ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်စဉ်တွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို တဖြည်းဖြည်း နားလည်လာပြီး အသေးစိတ် ကိစ္စရပ်များတွင် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများ၊ လိုအင်ဆန္ဒများနှင့် ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် နားလည်လေသည်။ ဤအရာများကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို တဖြည်းဖြည်း သိကျွမ်းလာလေသည်။ ဤနားလည်ခြင်း လုပ်ငန်းစဉ်သည် ဘုရားသခင်ကို သိကျွမ်းခြင်း လုပ်ငန်းစဉ်ပင် ဖြစ်သည်။ ဤအရာနှစ်ခုသည် အချင်းချင်း အပြန်အလှန် ဖြည့်ဆည်းပေးကြသည်၊ မည်သည့်အရာမျှ သီးခြား တည်ရှိခြင်း မရှိပေ။ သမ္မာတရား၏ မည်သည့်ကဏ္ဍတွင်မဆို သင့်၌ စစ်မှန်သော အတွေ့အကြုံ၊ သိမြင်မှုနှင့် တန်ဖိုးထားနားလည်မှု ရှိသည်ဖြစ်စေ၊ သမ္မာတရား၏ မည်သည့်ကဏ္ဍတွင်မဆို သင့်၌ ဤရရှိမှုများ ရှိသည်ဖြစ်စေ သင် ရရှိသည့်အရာတွင် ဘုရားသခင်ကို သိကျွမ်းခြင်းလည်း ပါဝင်လိမ့်မည်။ သမ္မာတရားနှင့်ပတ်သက်သော အတွေ့အကြုံနှင့် သိနားလည်မှု သင့်ထံတွင် ရှိသည့်အခါ တစ်ချိန်တည်းမှာပင် သင့်ထံတွင် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် နားလည်ခြင်းလည်း ရှိလေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်း သင့်ထံတွင် ရှိသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများကို ပို၍ အတည်ပြုနိုင်ပေသည်။ ထို့နောက် သင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် ပို၍ တိကျမှန်ကန်လိမ့်မည်ဖြစ်ပြီး အယူအဆများနှင့် စိတ်ကူးများကို ဆုပ်ကိုင်ထားမည် မဟုတ်ပေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်သည်နှင့် ဘုရားသခင်က သင့်ကို မည်သည့်အရာ လုပ်ဆောင်စေလိုသည်ဟူသည်ကို သင် ရှင်းလင်းစွာ သိလိမ့်မည်။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် သီးသန့်စီ မဟုတ်သည့်အပြင် အချင်းချင်း ပဋိပက္ခလည်း မဖြစ်ကြပေ၊ ထိုအစား ယင်းတို့သည် အချင်းချင်း အပြန်အလှန် ဖြည့်ဆည်းပေးကြသည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်းသည် သမ္မာတရားကို သင်၏ လိုက်စားမှုနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် အထောက်အကူဖြစ်ပြီး အကျိုးရှိပေသည်။ ယင်းသည် ဤကဏ္ဍတွင် တွန်းအားတစ်ခုအဖြစ် အကျိုးဆောင်နိုင်သည်။ ဤအရာမတိုင်မီက လူများစွာတို့က “ယခု လူ့ဇာတိခံထားသော ဘုရားသခင် ဖော်ပြသော ဤနှုတ်ကပတ်တော်များ ငါ့တွင် ရှိပြီဖြစ်သောကြောင့် ငါသည် ဘုရားသခင်ကို ရရှိပြီးဖြစ်သည်။ ငါသည် အမှုအရာများနှင့် ကြုံတွေ့ရသည့်အခါ ဤနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ ငါ့ထံတွင် ဘုရားသခင်ကို နားလည်မှု သို့မဟုတ် သိကျွမ်းခြင်း မရှိလျှင်ပင် အဆင်ပြေသည်၊ ယင်းက သမ္မာတရားကို ငါ၏ လက်တွေ့လုပ်ဆောင်ခြင်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်” ဟု တွေးခဲ့ကြသည်။ သို့သော် ၎င်းတို့သည် လက်တွေ့ဘဝ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသည့်အချိန်တွင် ဘုရားသခင်သည် အလွန် အသေးစိတ် စကားပြောဆိုခဲ့ပြီး အသေးစိတ် ကိစ္စရပ်များစွာအတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများမှာ အဘယ်အရာ ဖြစ်သည်ကို သူ၏ နှုတ်ကပတ်တော်များမှ ၎င်းတို့ နားလည်နိုင်ခဲ့သော်လည်း ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ဖြစ်ပျက်ခဲ့သော အရာများစွာနှင့် ပတ်သက်လာသည့်အခါ သေချာမှု ကင်းမဲ့နေဆဲဖြစ်ကြောင်းကို ၎င်းတို့အားလုံး ခံစားနိုင်ခဲ့ကြသည်။ ဤနည်းအားဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် မှန်ကန်ကြောင်း သို့မဟုတ် ဤနည်းအားဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်ကြောင်းကို ၎င်းတို့ ရာနှုန်းပြည့် မသေချာခဲ့ကြပေ။ သို့သော် လူ့ဇာတိခံထားသော ဘုရားသခင် ကျင့်ကြံပြုမူပြီး ပြုမူဆောင်ရွက်သည့် အသေးစိတ် စည်းမျဉ်းများကို သင် နားလည်သည့်အခါ သင်သည် လုံးဝ စိတ်အေးသက်သာ ခံစားရလိမ့်မည်။ သင်သည် အလားတူအရာများနှင့် ထပ်မံကြုံတွေ့ရသည့်အခါ ယခင်ကကဲ့သို့ လောင်းကစားလုပ်နေသည့်အလား ခန့်မှန်းချက်အပေါ် အခြေခံ၍ ဆောင်ရွက်တော့မည် မဟုတ်ဘဲ ထိုသို့ပြုလုပ်ပြီးနောက် သင် လုပ်ဆောင်ခဲ့သည့်အရာသည် မှန်သည် သို့မဟုတ် မှားသည်ဟူသည်ကို မသိဘဲ နေတော့မည် မဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင် စကားပြောဆိုပြီး ပြုမူဆောင်ရွက်သည့် စည်းမျဉ်းများကို နားလည်ခြင်းမှတစ်ဆင့် ဘုရားသခင်နှင့်ပတ်သက်သော လူ၏ အယူအဆများနှင့် စိတ်ကူးများသည် သူကိုယ်တိုင်ပင် သတိမထားမိဘဲ လျော့နည်းသွားပြီး လျော့ကျသွားလိမ့်မည်ဖြစ်ကာ ယင်းတို့သည် တဖြည်းဖြည်း ဖြေရှင်းခံရလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းသည့်အခါ၊ အထူးသဖြင့် ကိုယ်တော် ကျင့်ကြံပြုမူပြီး ပြုမူဆောင်ရွက်သည့် စည်းမျဉ်းများနှင့် နည်းလမ်းများကို သင် သိကျွမ်းသည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘဝရှိ အမျိုးမျိုးသောအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ပို၍ တိကျသော ပန်းတိုင်နှင့် ဦးတည်ချက်တစ်ခု သင့်ထံတွင် ရှိလိမ့်မည်။ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ဘဲ လူ့အပေါ် အမှုပြုနေသည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ခဲ့သည့်အခါ လူသည် ဤအရာများအတွက် အဖြေများကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့်အပြင် လူနားလည်သင့်သော လူ့ဘဝ၏ အမျိုးမျိုးသော အသေးစိတ် ကိစ္စရပ်များကို နားလည်ခြင်းအားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကိုမျှ သူ မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ လူသည် ပညတ်တရားအချို့နှင့် ပညတ်တော်အချို့ကို စောင့်ထိန်းနိုင်လျှင်ပင် သမ္မာတရား စည်းမျဉ်းများနှင့် သူလျှောက်လှမ်းသော လမ်းကြောင်းနှင့် ပတ်သက်၍မူ ဘုရားသခင်သည် အမှုပြုရန်နှင့် စကားပြောဆိုရန် လူ့ဇာတိမခံယူခဲ့ပါက လူသားမျိုးနွယ်သည် ယင်းတို့ကို မည်သည့်အခါမျှ သိကျွမ်းနိုင်မည် သို့မဟုတ် နားလည်နိုင်မည် မဟုတ်ပေ။ လူသည် ယင်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရခြင်းမှ မရရှိနိုင်သည့်အပြင် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှလည်း မရရှိနိုင်ပေ။ လူသည် အသက်ရှင်ပြီး ရှင်သန်ရန်အလို့ငှာ နားလည်ရမည့် ဤသမ္မာတရား စည်းမျဉ်းများကို လူ့ဇာတိခံထားသော ဘုရားသခင်ထံမှ ရရှိရန်မှာ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် လူ့ဇာတိခံထားသော ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားသခင်ကို သိကျွမ်းရန် လမ်းကြောင်းတစ်ခု၊ ဘုရားသခင်ကို နားလည်ရန် လမ်းကြောင်းတစ်ခုဖြစ်ပြီး ထိုထက်ပို၍ပင် လူသားအနေဖြင့် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် သို့မဟုတ် ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က ငါတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် လူ့ဇာတိခံ ဘုရားသခင်ကို တန်းတူမထားခြင်းဟူသည့် ပို၍ကျယ်ပြန့်သော အကြောင်းအရာတွင် ပါဝင်သော “ဘုရားသခင်က လူကို ဖြားယောင်းသွေးဆောင်ခြင်း မရှိ” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါတို့ မည်သည့်နေရာတွင် ရပ်နားခဲ့ကြသနည်း။ (ဘုရားသခင်က လူကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည့် အသေးစိတ် သရုပ်သကန် သုံးခုဖြစ်သော လူကို နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိ၊ လူကို သွေးထိုးလှုံ့ဆော်ခြင်း မရှိနှင့် လူကို ရန်တိုက်ပေးခြင်း မရှိဟူသည်တို့နှင့်ပတ်သက်၍ ဘုရားသခင် မိတ်သဟာယဖွဲ့ခဲ့ပါသည်။ လူကို ရန်တိုက်ပေးခြင်း မရှိဟူသည့်အရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ကျွန်ုပ်တို့ ပြီးစီးခဲ့ပါသည်။) လူကို နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိ၊ လူကို သွေးထိုးလှုံ့ဆော်ခြင်း မရှိနှင့် လူကို ရန်တိုက်ပေးခြင်း မရှိဟူသည့် ဤအကြောင်းအရာသုံးခုလုံးသည် ဘုရားသခင်က လူကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည့် အသေးစိတ် သရုပ်သကန်များနှင့် သက်ဆိုင်သည်။ ပြီးခဲ့သည့်အကြိမ် ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက် သင်တို့တွင် စဉ်းစားမိသည့်အရာ တစ်ခုခု ရှိခဲ့သလော။ နှစ်များတစ်လျှောက် သင်တို့ကို ငါပြောခဲ့သည့်အရာများကို ကြည့်လော့၊ ယင်းတို့က ဘုရားသခင်သည် လူကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည့် စည်းမျဉ်းကို ထင်ဟပ်သလော။ (ဟုတ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို စကားပြောသည့်အခါ ကျွန်ုပ်တို့ထံမှ နားချဖျောင်းဖျ စကားနှိုက်ရန် မည်သည့်အခါမျှ မကြိုးစားခဲ့ပါ။ ကိုယ်တော်သည် အစဉ်သဖြင့် ပွင့်လင်းဖြောင့်မတ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို စိတ်ရှည်စွာနှင့် တဖြည်းဖြည်းချင်း လမ်းညွှန်ပေးကာ ကျွန်ုပ်တို့အတွက် အစဉ်သဖြင့် လမ်းပြပြီး ထောက်ပံ့ပေး၍ ကျွန်ုပ်တို့ကို ပံ့ပိုးပြီး ကူညီပေးပါသည်။) သင်တို့ကို စကားပြောသည့်အခါ ငါ၏ စည်းမျဉ်းများထဲမှ တစ်ခုမှာ သင်တို့ကို ဖြားယောင်းသွေးဆောင်ခြင်း မပြုရန်ဖြစ်ပြီး ယင်း၏ အသေးစိတ် သရုပ်သကန်များမှာ သင်တို့ကို နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိ၊ သင်တို့ကို သွေးထိုးလှုံ့ဆော်ခြင်း မရှိသည့်အပြင် သင်တို့ကို ရန်တိုက်ပေးခြင်း မရှိဟူ၍ ဖြစ်သည်။ တစ်ခါတစ်ရံ အချို့သောအရာများနှင့်ပတ်သက်၍ သင်တို့ကို ငါ မေးကောင်းမေးနိုင်သော်လည်း ဤအရာတွင် ဖြားယောင်းသွေးဆောင်ခြင်း လုံးဝ မရှိပေ။ သို့ဖြစ်၍ သင်သည် ဘုရားသခင်ကို အထင်လွဲသည့်အခါ “ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များတွင်မဆို ဖြားယောင်းသွေးဆောင်ခြင်း သို့မဟုတ် နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိပေ။ ကျွန်ုပ်သည် ဘုရားသခင်ကို အထင်မလွဲရ။ ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်းဖြစ်သော အဓိပ္ပာယ်သည် ကိုယ်တော် ဆိုလိုသည့်အရာ အတိအကျပင် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို မည်သည့်အရာမေးသည်ဖြစ်စေ ကျွန်ုပ်သည် မှန်ကန်စွာ ဖြေဆိုမည်ဖြစ်ပြီး ကိုယ်တော့်အား ပွင့်လင်းစွာနှင့် ရိုးသားစွာ ပြောဆိုမည်။ ကျွန်ုပ် မည်မျှသိသည်ဖြစ်စေ ထိုသိသမျှကို ပြောမည်ဖြစ်ပြီး ကျွန်ုပ် တစ်စုံတစ်ခုကို မသိပါက မသိကြောင်းကို ပြောမည်ဖြစ်ကာ မဖြေဆိုမီ ယင်းကို လေ့လာစုံစမ်းရန် လိုအပ်ကြောင်း ဘုရားသခင်ကို ပြောမည်” ဟု သင် ဆင်ခြင်တွေးတောရမည်။ ဤသည်ကို ပွင့်လင်းပြီး ရိုးသားခြင်းဟု ခေါ်သည်။ သင်တို့နှင့် စကားပြောရာတွင်ဖြစ်စေ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်ဖြစ်စေ သင်တို့ အခက်အခဲများ ရင်ဆိုင်နေရသည်ကို ငါမြင်ပါက သို့မဟုတ် သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်တို့၌ရှိသော ပြဿနာများဖြစ်စေ၊ သင်တို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများဖြစ်စေ သင်တို့၌ ပြဿနာတစ်ခုခု ရှိသည်ကို ငါတွေ့ရှိပါက သင်တို့နှင့် စကားပြောဆိုရန် အခွင့်အရေးတစ်ခုကို ငါရှာဖွေမည်။ ဤသို့ပြုလုပ်ရခြင်း၏ ငါ၏ ရည်ရွယ်ချက်မှာ သင်တို့၏ ပြဿနာများ၏ အနှစ်သာရသည် အဘယ်အရာဖြစ်ကြောင်းကို သင်တို့ ရှင်းလင်းစွာ မြင်တွေ့ရန် ကူညီပေးဖို့ဖြစ်ပြီး ထိုသို့ဖြင့် သင်တို့သည် ယင်းတို့ကို သိရှိလာပြီးနောက် ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏ ပြဿနာများကို ဖြေရှင်းရန် သင့်ကို ကူညီပေးခြင်းတွင် ငါ၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင် သင်၏ လူ့သဘာဝရှိ ချို့ယွင်းချက်များ သို့မဟုတ် ပြဿနာများကို ပြုပြင်ပေးရန်နှင့် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်မရှင်ဘဲ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ အခြားတစ်ဖက်တွင် သင်၏ တာဝန်ကို ပို၍ ကောင်းမွန်စွာ ထမ်းဆောင်ရန် ဖြစ်သည်။ ငါ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အိမ်တော်အတွက် အားထုတ်ရန် သင့်ကို အသုံးပြုဖို့ မဟုတ်ဘဲ စံနှုန်းပြည့်မီသည့် နည်းလမ်းဖြင့် သင်၏ တာဝန်ကို ပို၍ ချောမွေ့စွာ ထမ်းဆောင်လာရန်၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်စေရန်၊ သင် လုပ်ဆောင်သင့်သည့်အရာများကို သင်၏ အကောင်းဆုံးစွမ်းရည်ဖြင့် လုပ်ဆောင်ရန်၊ သင်၏ အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန်နှင့် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သင့်ကို ကူညီပေးဖို့ ဖြစ်သည်။ သင်၏ လူ့သဘာဝနှင့်ပတ်သက်၍ သင့်တွင် ပြဿနာများရှိပါက ယင်းတို့အကြောင်းကို သင့်အား ငါ အကျဉ်းချုပ် ပြောပြမည်။ သင်သည် ယင်းကို လက်ခံနိုင်ပါက ယင်းမှာ သဘာဝအားဖြင့် အကောင်းဆုံးဖြစ်သည်၊ ထိုအချိန်တွင် သင် လက်မခံနိုင်ပါက သင်၏ ပြဿနာများမှာ အဘယ်အရာဖြစ်ကြောင်းကို သင် သိရှိစေရန်အလို့ငှာ သင့်အား အသိပေးဖို့ ငါ၏ ကိုယ်ပိုင်နည်းလမ်းကို ငါ အသုံးပြုမည်။ အတိုချုပ်ဆိုရလျှင် ငါ၏ ရည်ရွယ်ချက်မှာ အမြဲတစေ သင့်ကို ပံ့ပိုးပြီး ကူညီပေးရန် ဖြစ်သည်။ သင့်ကို မှားယွင်းသော သို့မဟုတ် ဆိုးယုတ်သော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရန် ဖြားယောင်းသွေးဆောင်လျက် သင့်ကို ယိုယွင်းပျက်စီးစေရန် သို့မဟုတ် မကောင်းမှုကျူးလွန်စေရန် ပြုလုပ်ခြင်းသည် ငါ၏ ရည်ရွယ်ချက် မည်သည့်အခါမျှ မဟုတ်ပေ။ ငါ၏ ရည်ရွယ်ချက်မှာ သင့်ကို ကူညီပေးရန်သာ ဖြစ်သည်။ ငါသည် စေတနာကောင်းရှိပြီး ဤအရာ၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ မှန်ကန်ကာ အပြုသဘောဆောင်သည်။ သေချာသည်မှာ ငါ ဤစကားများကို ပြောပြီး ဤအရာများကို လုပ်ဆောင်သည့်အခါတွင် အကျပ်ကိုင်ခြင်း မပါဝင်ပေ။ ဆိုလိုသည်မှာ သင်သည် ဤစကားများကို ကြားပြီးနောက် ငါ့အားဖြင့် ဘောင်ခတ်ခြင်းကို မခံရသင့်ပေ။ သင်၏ လူ့သဘာဝရှိ ပြဿနာများနှင့်ပတ်သက်၍ ငါက သေချာရေရာစွာ ပြောဆိုလျှင်ပင် သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်မှုရှိ ပြဿနာများကို ငါ စိစစ်လျှင်ပင် သင်က “ကျွန်ုပ်၌ ကိုယ်တော် ဖော်ထုတ်ထားသည့် ဤပြဿနာများကို ကျွန်ုပ် မသိမှတ်နိုင်သေးပါ။ ယင်းတို့အပေါ် ကျွန်ုပ် ဆင်ခြင်သုံးသပ်ရန် လိုအပ်ပါသည်” ဟု ပြောဆိုနိုင်သေးသည်။ သင်သည် ဤနည်းလမ်းအတိုင်း ဆင်ခြင်သုံးသပ်သင့်သည် သို့မဟုတ် ဤပြဿနာနှင့်ပတ်သက်၍ လူတိုင်းနှင့် မိတ်သဟာယဖွဲ့သင့်သည်ဟု ငါပြောသည်။ ငါ၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း တစ်စုံတစ်ရာကို လုပ်ဆောင်ရန် သင့်ကို ငါ အတင်းအကျပ် မတောင်းဆိုပေ၊ ထိုအစား သင့်ကို လုံလောက်သော လွတ်လပ်ခွင့် ငါပေးသည်။ သင်၏ ပြဿနာများကို ငါ ဖော်ထုတ်သည့်အခါ သင့်ကို သတိပေးချက်တစ်ခု ငါပေးနေခြင်း ဖြစ်သည်။ သင့်ကို သတိပေးသည့် ဤနည်းလမ်းသည် မရေရာစွာ ပြောဆိုခြင်းကို မဆိုလိုဘဲ သင် ထုတ်ဖော်ပြီး ပြသသည့် စကားများ သို့မဟုတ် အပြုအမူများကို ဖော်ထုတ်ခြင်းအားဖြင့် သင့်ထံတွင် ဤပြဿနာများ အမှန်တကယ် ရှိကြောင်းကို သင့်အား သိစေရန်အလို့ငှာ အချို့သော အဖြစ်မှန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ သင့်ကို ရှင်းလင်းစွာနှင့် ပြတ်သားစွာ ငါ ပြောပြမည်။ သင့်ကို မှားယွင်းသော အထင်အမြင်တစ်ခုပေးရန် မရေရာသော စကားများကို ငါ လုံးဝ အသုံးပြုမည်မဟုတ်ဘဲ သင့်ကို အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းနှင့် လမ်းပျောက်ခြင်းတို့ထဲသို့ ကျဆင်းစေမည် မဟုတ်၊ သို့မဟုတ် ငါ့အား အထင်ကြီးစေရန်အလို့ငှာ ငါ၏ စကားများသည် အလွန် နက်နဲသည်၊ နားလည်ရန် ခက်ခဲပြီး ဉာဏ်မမီနိုင်ဟု သင့်ကို ခံစားရစေမည် မဟုတ်ပေ။ ငါ ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။ သင့်ကို ပွင့်လင်းပြတ်သားစွာနှင့် ရှင်းလင်းစွာ ငါ ပြောပြမည်၊ ငါသည် စကားကို လှည့်ပတ်ပြောဆိုပြီး သင့်ကို မှန်းဆနေစေမည် မဟုတ်ပေ။ ဥပမာအားဖြင့် အချို့လူများသည် ခံစားချက် အလွန်များကြပြီး မသန့်စင်မှုဖြင့် စကားပြောဆိုတတ်ကြသည်။ “သင်၏ စကားများသည် အလွန် မသန့်စင်ပေ၊ သင်သည် သင်၏ ခံစားချက်များအပေါ် လုံးလုံးလျားလျား အခြေခံ၍ စကားပြောဆိုပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် မကာကွယ်ပေ။ သင်သည် လူ့အကြိုက်လိုက်သူ တစ်ဦးသာ ဖြစ်သည်” ဟု ၎င်းတို့ကို ပွင့်လင်းဖြောင့်မတ်စွာ ငါ ပြောသည်။ ဤသည်မှာ ငါ မည်မျှ ပွင့်လင်းဖြောင့်မတ်ခြင်းပင်တည်း။ အချို့လူများသည် အခြေအနေတစ်ခုခုကို ကြုံတွေ့ရသည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြချိန်တွင် “ဤကိစ္စနှင့်ပတ်သက်၍ သင်သည် ဤနည်းလမ်းအတိုင်း ပြုမူရမည်၊ ထိုကိစ္စအတွက် ဤကဲ့သို့ လက်တွေ့လုပ်ဆောင်လော့” ဟု ၎င်းတို့ကို တိုက်ရိုက် ငါ ပြောသည်။ ၎င်းတို့ကို ငါ ပြောပြသည့်အခါ ထိုမျှ ရှင်းလင်းပါသည်။ ဤအရာကို ကြားပြီးနောက် အမှုအရာများတွင် မိမိတို့၏ စိတ်နှစ်ထားသူများနှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ရှင်းလင်းစွာ နားလည်နိုင်ကြသည်၊ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ခြင်း သို့မဟုတ် ရှုပ်ထွေးခြင်း မရှိကြဘဲ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် သိရှိကြသည်။ သေချာသည်မှာ လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်းရှိသည့် နားဝေတိမ်တောင်ဖြစ်သော လူအချို့သည် ငါ ဤသို့ စကားပြောသည်ကို ကြားပြီးနောက် ရှုပ်ထွေးသွားကြသည်။ ၎င်းတို့ မည်သို့ပင် နားထောင်ရန် ကြိုးစားပါစေ ယင်းကို နားမလည်နိုင် သို့မဟုတ် စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြပေ၊ ၎င်းတို့သည် ငါက ဥပမာများပေးရန်နှင့် အမှုအရာများကို အသေးစိတ် ရှင်းပြရန် လိုအပ်နေသေးသည်။ သို့သော် ငါက ဥပမာတစ်ခုပေးပြီး ၎င်းတို့ကို တစ်ဖန် သွန်သင်ပေးလျှင်ပင် ၎င်းတို့သည် နားမလည်နိုင်သေးဘဲ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြပေ။ ဤသည်မှာ ငါက အမှုအရာများကို ရှင်းလင်းစွာ မရှင်းပြခဲ့သောကြောင့် မဟုတ်ဘဲ ၎င်းတို့၏ အစွမ်းအစက အလွန် ညံ့ဖျင်းပြီး ၎င်းတို့ကိုယ်တိုင်က အလွန် နားဝေတိမ်တောင် ဖြစ်နေသောကြောင့် ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် စကားပြောဆိုခြင်းအတွက် ငါ၏ စည်းမျဉ်းမှာ သင်တို့သည် ငါ စကားပြောသည်ကို နားထောင်ပြီးနောက် သင်တို့ ရှုပ်ထွေးမသွားစေရန်နှင့် သင်တို့၏ စိတ်ထဲတွင် ရှင်းလင်းသော လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ရှိစေရန်အပြင် တိကျမှန်ကန်စွာ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိစေရန် ပြုလုပ်ဖို့ ဖြစ်သည်။ ဤသည်မှာ သင်တို့ကို စကားပြောဆိုရာတွင် ငါ၏ ရည်ရွယ်ချက် ဖြစ်သည်။

လူကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည့် ဤစည်းမျဉ်းအတွင်းတွင် လူကို နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိ၊ လူကို သွေးထိုးလှုံ့ဆော်ခြင်း မရှိနှင့် လူကို ရန်တိုက်ပေးခြင်း မရှိဟူသည့် ဤသရုပ်သကန်သုံးခုအပြင် အခြားသော သရုပ်သကန်တစ်ခု ရှိသေးသည်၊ ယင်းမှာ မရေရာခြင်း မရှိဟူ၍ ဖြစ်သည်။ မရေရာခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အပေါ်ယံအားဖြင့် မှန်ကန်သယောင်ရှိသောအရာများကို ပြောဆိုခြင်း၊ ရှင်းလင်းပြီး ပြတ်သားသော စကားများဖြင့် မပြောဆိုခြင်း၊ အမှုအရာများကို ဝေဝါးနေသယောင် ဖြစ်စေခြင်းနှင့် မှန်ကန်သည်ဟု ထင်ရသော်လည်း လက်တွေ့လုပ်ဆောင်၍ သို့မဟုတ် အကောင်အထည်ဖော်၍ မရနိုင်သည့်အပြင် အနှစ်သာရမဲ့သော စကားများသက်သက်သာဖြစ်သည့် စကားများကို ပြောဆိုခြင်းတို့ကို ဆိုလိုသည်။ ဤသည်ကို မရေရာခြင်းနှင့် မရှင်းလင်းခြင်းဟု ခေါ်သည်။ သို့ဆိုလျှင် မရေရာခြင်း မရှိဟူသည်မှာ လူတစ်ဦး၏ စကားများသည် ဤအရည်အသွေးများ ကင်းမဲ့ပြီး ဤအနှစ်သာရ မရှိခြင်းကို ဆိုလိုသည်၊ ထိုအစား ယင်းတို့သည် ရှင်းလင်းကာ ပြတ်သားပြီး အဓိပ္ပာယ် တိကျကာ လူကို လျှောက်လှမ်းရန် လမ်းကြောင်းတစ်ခု ပေးလေသည်။ သင် မြင်သလော၊ သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာသစ်တစ်ခုကို ငါ မိတ်ဆက်သည့် အကြိမ်တိုင်းတွင် သမ္မာတရား၏ ဤကဏ္ဍအတွက် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခုကို သင်တို့အား ပထမဆုံး ပေးရန် ငါ ကြိုးစားသည်။ သင်တို့ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခု ပေးရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ သဘောတရားကို သင် ရှင်းလင်းစွာ သိရှိစေရန်နှင့် ငါပြောဆိုနေသည့် သမ္မာတရား၏ တိကျမှန်ကန်သော အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သင် သိရှိနိုင်စေရန် ဖြစ်သည်။ ဤတိကျမှန်ကန်သော အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သင် ရှင်းလင်းစွာ သိရှိပြီး ယင်းကို အတိအကျ သတ်မှတ်နိုင်သည်နှင့်တစ်ပြိုင်နက် သင်၌ ပန်းတိုင်တစ်ခုနှင့် ဦးတည်ချက်တစ်ခု ရှိလိမ့်မည်။ လူကို ငါပေးသည့် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များမှတစ်ဆင့် လူနှင့်အတူ ဤရလဒ်ကို ရရှိခြင်းအားဖြင့် ၎င်းသည် မည်သည့်အရာကို လက်တွေ့လုပ်ဆောင်ပြီး စောင့်ထိန်းသင့်သည်ကို ၎င်း၏ စိတ်နှလုံးထဲတွင် ပို၍ ရှင်းလင်းစွာ သိရှိနိုင်လေသည်။ ထို့နောက် တိကျသော ဥပမာအချို့ကို ငါ ပေးသည်။ ဥပမာများ ပေးရာတွင် ငါ၏ ရည်ရွယ်ချက်မှာ သမ္မာတရား၏ ဤကဏ္ဍနှင့်ပတ်သက်၍ လူကို ပို၍ ရှင်းလင်းစွာ သိရှိလာစေရန် ကူညီပေးဖို့၊ ယင်းနှင့်ပတ်သက်သည့် တိကျမှန်ကန်သော သိနားလည်မှုကို ရရှိရန် ကူညီပေးဖို့နှင့် ယင်းကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိရန် ကူညီပေးဖို့ ဖြစ်သည်။ ထိုအခါ ငါ၏ စကားပြောဆိုခြင်းသည် ယင်း၏ အကျိုးသက်ရောက်မှုနှင့် ယင်း၏ ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖြစ်လိမ့်မည်။ ဤရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့် ဥပမာများမှတစ်ဆင့် သင်သည် မည်သည့် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းသင့်ကြောင်း သင့်ကို သိစေရန် ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဘဲ ဆွေးနွေးနေသည့်အရာများအတွင်းရှိ သမ္မာတရား စည်းမျဉ်းများကို နားမလည်နိုင်သည့် လူများစွာ ရှိသော်လည်း ၎င်းတို့သည် အချို့သော စည်းမျဉ်းစည်းကမ်းများကို မည်သို့ ပုံသေစောင့်ထိန်းရမည်ကိုသာ သိရှိကြသည်ဆိုစေကာမူ အနည်းဆုံးအနေဖြင့် ၎င်းတို့ ပုံသေစောင့်ထိန်းသော စည်းမျဉ်းစည်းကမ်းများသည် ရှင်းလင်းပေသည်။ ဥပမာအားဖြင့် သမ္မာတရား စည်းမျဉ်းများ၏ အချို့သော ကဏ္ဍနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ လူသည် အချို့သောအရာများကို စားခြင်းက ကျန်းမာရေးနှင့် မညီညွတ်ကြောင်းနှင့် လူပြုလုပ်သည့် အချို့သော ရွေးချယ်မှုများနှင့် လုပ်ဆောင်သည့် အချို့သောအရာများသည် မှားယွင်းကြောင်း ပြောဆိုလျက် ဥပမာအချို့ကို ငါ ပေးကောင်းပေးနိုင်သည်။ ထိုအခါ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုနှင့် သဘောပေါက်နားလည်နိုင်စွမ်း ရှိသောလူများက ဤသို့ သိရှိကြလိမ့်မည်။ “သို့ဆိုလျှင် ဤသည်မှာ ဤအရာမျိုးနှင့်ပတ်သက်သည့် တိကျမှန်ကန်သော နားလည်မှု ဖြစ်သည်။ ယခု စည်းမျဉ်းများကို ငါ သိရှိပြီဖြစ်ပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့ ရွေးချယ်ရမည်နှင့် မည်သည့်အရာကို လက်ခံရမည် သို့မဟုတ် ငြင်းပယ်ရမည်ကို ငါ သိရှိပြီ” ဟူ၍ ဖြစ်သည်။ သို့သော် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောလူများက ဤအရာကို ကြားသည့်အခါ ၎င်းတို့က “ကျွန်ုပ် နားလည်ပါပြီ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဤအရာကို စားခွင့်မပြုပါ၊ ပြီးလျှင် ကိုယ်တော်က ကျွန်ုပ်တို့ကို ထိုအရာကို အသုံးပြုခွင့် မပြုပါ” ဟု ပြောဆိုကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော ဤလူများ၏ သရုပ်သကန်များက အရာတစ်ခုကိုလည်း ရှင်းပြသည်၊ ယင်းမှာ ငါပေးသည့် ဥပမာများသည် အလွန် အသေးစိတ်ကျပြီး လူ၏ လက်တွေ့ဘဝတွင် ကြုံတွေ့နိုင်သောအရာများ ဖြစ်ကြောင်းကို ယင်းတို့က ပြသခြင်း ဖြစ်သည်။ ယင်းတို့သည် လုံးဝ အပေါ်ယံဆန်ခြင်း မရှိသည့်အပြင် သီအိုရီများ၊ ဆောင်ပုဒ်များ သို့မဟုတ် နက်နဲသော အသိပညာများ မဟုတ်ကြပေ။

လူ့ဇာတိခံ ဘုရားသခင်သည် မရေရာစွာ သို့မဟုတ် ဝေဝါးစွာ စကားမပြောပေ၊ ဤသည်မှာ စုဝေးပွဲများအတွင်း ငါ မိတ်သဟာယဖွဲ့သည့်အခါတွင်သာမက သင်တို့နှင့် သာမန်အားဖြင့် ငါ စကားပြောသည့်အခါတွင်လည်း မှန်ကန်လေသည်။ တစ်ခါတစ်ရံ သင်တို့၏ တာဝန်များအကြောင်းကို ငါ ပြောသည်၊ တစ်ခါတစ်ရံ အသင်းတော်အလုပ်အကြောင်းကို ငါ ပြောသည်၊ ပြီးလျှင် တစ်ခါတစ်ရံ လူ၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် ရှိသော လမ်းလွဲခြင်းများအကြောင်းကို ငါ ပြောသည်။ မည်သည့်ကိစ္စရပ်နှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ငါ၏ မိတ်သဟာယကို သင်တို့၏ အခြေအနေများ၊ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သင်တို့၏ လက်ရှိ ပြဿနာများအပေါ် အမြဲတစေ ငါ အခြေခံသည်။ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သည့်အခါ ဆောင်ပုဒ်များကို ငါ မည်သည့်အခါမျှ မဟစ်ကြွေးပေ၊ ထိုအစား တိကျသော ရှင်းပြချက်များကို ငါပေးပြီး အမှုအရာများကို အသေးစိတ် ရှင်းလင်းဖော်ပြကာ ထို့နောက် သင်တို့အတွက် လမ်းကြောင်းတစ်ခုကို ထောက်ပြသည်။ တစ်ခါတစ်ရံ ငါသည် စကားများလွန်းနေသည်ဟု ကိုယ်တိုင်ပင် ခံစားရသည်အထိ ငါ စကားပြောလွန်းသော်လည်း အဆုံးတွင် သင်တို့ နားလည်ကြသေးသည်။ ဤသည်မှာ အတော်အတန် ကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်သည်။ ဤသို့ပြောခြင်းအားဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ငါ ဆိုလိုသည့်အရာမှာ နေ့စဉ်ဘဝတွင် သင်တို့နှင့် တစ်စုံတစ်ခုအကြောင်း ငါ မိတ်သဟာယဖွဲ့သည့်အခါ ထိုမိတ်သဟာယဖွဲ့ခြင်းတွင် သင်တို့ကို ရိုးရှင်းသော လုပ်ငန်းဆောင်တာတစ်ခု ခိုင်းစေခြင်းသာ ပါဝင်လျှင်ပင် ငါပြောသည့်အရာသည် သင်တို့အတွက် ရှင်းလင်းပြီး သင်တို့ ယင်းကို နားလည်ကြောင်းကို မရေရာမှု တစ်ခုတလေမျှ မရှိဘဲ ငါ သေချာစေသည်ဟူ၍ ဖြစ်သည်။ ငါ၏ စကားများတွင် မရေရာမှု တစ်ခုတလေမျှ မရှိဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ငါသည် ဟိတ်ကြီးဟန်ကြီး စိတ်ကူးများကို မပြောဆိုကြောင်း၊ ဗျူရိုကရက်တစ်ဦးကဲ့သို့ စကားမပြောကြောင်းနှင့် စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် အနှစ်သာရမဲ့ပြီး ကြွားလုံးထုတ်သော စကားများကို ငါ မပြောဆိုကြောင်းကို ဆိုလိုသည်။ ငါပြောသည့်အရာ၏ အဓိပ္ပာယ်မှာ တိကျပြီး ရှင်းလင်းကာ ဝေဝါးမှု တစ်ခုတလေမျှ မရှိပေ။ ငါသည် ရှင်းလင်းပြတ်သားစွာ စကားပြောသည်သာမက မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သင်တို့ကို သိစေသည်။ ဥပမာအားဖြင့် နိုင်ငံရပ်ခြားတွင် နေထိုင်သည့်အခါ ငါတို့သည် ခြံဝင်းထဲ၌ နေ့စဉ်အသုံးပြုရန် အဆောက်အအုံအချို့ကို တည်ဆောက်ဖို့ လိုအပ်ပါက ထိုသို့သော အဆောက်အအုံများကို တည်ဆောက်ခြင်းအတွက် မည်သည့် တောင်းဆိုချက်များနှင့် စည်းကမ်းချက်များ ရှိသည်နှင့်ပတ်သက်၍ အစိုးရကို မေးမြန်းရန် ဤအရာကို ကိုင်တွယ်နေသူအား ငါ ပြောမည်။ ၎င်းသည် အရာအားလုံးကို ရှင်းလင်းစွာ နားလည်ပြီးနောက် အစိုးရက တောင်းဆိုထားသည့် စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များအတိုင်း တိကျစွာ အဆောက်အအုံများကို တည်ဆောက်ရမည် ဖြစ်သည်။ ငါတို့သည် အစိုးရက တောင်းဆိုထားသည့် စည်းကမ်းချက်များကို မပြည့်မီနိုင်ပါက ယင်းတို့ကို မတည်ဆောက်ရန် ငါတို့ ရိုးရှင်းစွာ ရွေးချယ်နိုင်သည်။ ဤကိစ္စကို ကိုင်တွယ်သည့်အခါ ဂရုပြုရမည့် အရာအချို့ကို ထိုသူအား ငါ ပြောပြပြီး ၎င်း စဉ်းစားမိမည်မဟုတ်သည့် အချို့သော အထူးအခြေအနေများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နှင့်ပတ်သက်၍လည်း ၎င်းကို ငါ ညွှန်ကြားသည်။ ငါသည် အရာအားလုံးကို ရှင်းလင်းစွာ ပြောပြပြီး ငါ စကားပြောသည်ကို ကြားပြီးနောက် ထိုကိစ္စကို မည်သို့ ကိုင်တွယ်ရမည်ကို သူ သိရှိလေသည်။ အချို့လူများသည် အခြားသူများကို လုပ်ငန်းဆောင်တာများ တာဝန်ချပေးသည့်အခါ ၎င်းတို့သည် မရေရာဘဲ မရှင်းမလင်း စကားပြောကြသည်၊ ၎င်းတို့သည် ဗျူရိုကရက်တစ်ဦးကဲ့သို့ စကားပြောခြင်းနှင့် အယူဝါဒများအပြင် အနှစ်သာရမဲ့သော စကားများကို ပြောဆိုခြင်းတို့ကိုသာ လုပ်ဆောင်လေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရဌာနတစ်ခုသို့ သွားဖို့ တစ်စုံတစ်ဦးကို ၎င်းတို့ စီစဉ်ပေးသည့်အခါ ၎င်းတို့က “အစိုးရဆီသွားပြီး မည်သည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်ကို သိရအောင် စုံစမ်းကြည့်လော့” ဟုသာ ပြောဆိုကြသည်။ ဤအရာကို ကြားပြီးနောက် ထိုကိစ္စကို ကိုင်တွယ်နေသူသည် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ သို့မဟုတ် ဤကိစ္စနှင့်ပတ်သက်၍ မည်သို့ စုံစမ်းမေးမြန်းသင့်သည်ကို မသိပေ၊ သူသည် သာမန်အားဖြင့် လှည့်ပတ်မေးမြန်းကြည့်ရုံသာ ပြုပြီး ထိုမျှဖြင့်ပင် ပြီးသွားကာ အဆုံးတွင် မည်သည့်ရလဒ်ကိုမျှ မရရှိပေ။ ဤကဲ့သို့ လူများကို လုပ်ငန်းဆောင်တာများ ခိုင်းစေခြင်းသည် ဗျူရိုကရက်တစ်ဦးကဲ့သို့ ပြုမူခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တစ်ခုကို ငါ လုပ်ဆောင်နေသည့်အခါ အလုပ်တွင် တည်ရှိနေသော ပြဿနာများ၊ ကြိုတင်မြင်နိုင်သော ပြဿနာများအပြင် သင်တို့ တင်ပြသော ပြဿနာများကို တစ်ခုချင်းစီ ငါ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းမည်။ ပြဿနာတစ်ခုချင်းစီနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ တစ်ချက်အနေဖြင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ယင်းကို ဖြေရှင်းရန် ငါ ရည်ရွယ်သည်၊ ထို့အပြင် အချို့သော အထူးအခြေအနေများ ပါဝင်လာသည့်အခါ ယင်းတို့ကို ငါ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး ယင်းတို့နှင့်ပတ်သက်၍ လျော်ညီစွာ မိတ်သဟာယဖွဲ့မည်။ ငါ ချမှတ်ထားသော စည်းမျဉ်းများနှင့် ငါ မိတ်သဟာယဖွဲ့သော အကြောင်းအရာများသည် မည်သည့်အခါမျှ မရေရာခြင်း မရှိပေ။ အနည်းဆုံးအနေဖြင့် ငါ၏ ကြံရွယ်ချက်မှာ ရှင်းလင်းပြတ်သားမှုအတွက် ကြိုးပမ်းရန်ဖြစ်ပြီး သင့်အား ကျယ်ပြန့်သော စည်းမျဉ်းတစ်ခုကို ပေးရန်ဖြစ်သည်၊ ထိုသို့ဖြင့် ထိုသို့သောအရာများကို သင် ကြုံတွေ့ရသည့်အခါ ဤစည်းမျဉ်းကို သင် အသုံးချနိုင်ပြီး ယင်းနှင့်အညီ ပြုမူနိုင်မည် ဖြစ်သည်။ ဤသည်က သင့်တွင် လျှောက်လှမ်းရန် လမ်းကြောင်းတစ်ခု ရှိကြောင်းကို သေချာစေပြီး နေ့စဉ်ဘဝတွင် အမှုအရာများကို ကြုံတွေ့ရသည့်အခါ သင် မည်သည့်အရာ လုပ်ရမှန်း မသိ ဖြစ်မနေစေဘဲ ပြဿနာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နှင့် အလုပ်ကို မည်သို့ လုပ်ဆောင်ရမည်ကို သိရှိစေသည်။ အပေါ်ယံအားဖြင့် မှန်ကန်သယောင်ရှိသော အယူဝါဒများနှင့် သီအိုရီများအကြောင်း စကားကြီးစကားကျယ်များကို သင့်ကို အထင်အမြင်မှားစေရန်ဖြစ်စေ၊ ဖိနှိပ်ရန်ဖြစ်စေ ငါ မပြောဆိုပေ၊ သို့မဟုတ် သင့်ကို လက်ခံစေရန်နှင့် ကျိုးနွံနာခံစေရန် အပေါ်ယံအားဖြင့် မှန်ကန်သယောင်ရှိသော အသိပညာ သို့မဟုတ် သီအိုရီ အပိုင်းအစများဖြင့် သင့်ကို မသွန်သင်ပေ၊ ငါ ထိုသို့ မလုပ်ဆောင်ပေ။ လူများကို ငါ၏ရှေ့တွင် ထိုင်စေပြီး သီအိုရီများအကြောင်း ငါ စကားကြီးစကားကျယ် ပြောဆိုသည်ကို နားထောင်စေကာ ငါ ပြီးဆုံးသွားပြီးနောက် ၎င်းတို့အားလုံးကို လုံးဝ ခေါင်းခြောက်စေလျက် ကျန်ရစ်စေရန်သာ ရှိပြီး ၎င်းတို့က တစ်စုံတစ်ခုကို နားလည်ပြီး ရရှိခဲ့သည့်အလား ခံစားရသည့်တိုင် မည်သည့်ပြဿနာမျှ လုံးဝ ပြေလည်မသွားသကဲ့သို့လည်း ခံစားရစေလျက် ဤမိတ်သဟာယဖွဲ့သည့် နာရီအနည်းငယ်သည် အချိန်ဖြုန်းခြင်းဖြစ်သည်ဟူသော ခံစားချက်မျိုး ပေးရအောင် ငါ မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ချေ။ ငါ ထိုသို့ မလုပ်ဆောင်ပေ။ သင်တို့တွင် ပြဿနာများရှိပါက ယင်းတို့ကို ငါ ဖြေရှင်းပေးသည်၊ သင်တို့တွင် မည်သည့်ပြဿနာမျှ မရှိပါက သင်တို့ကို မနှောင့်ယှက်ရန် ငါ အစွမ်းကုန် ကြိုးစားသည်။ သင်တို့ကို ငါပြောသည့်အရာအားလုံးသည် အလွန် တိကျသည်။ ဥပမာအားဖြင့် ဓမ္မတေးအလုပ်နှင့်ပတ်သက်၍ ပြဿနာများရှိသည့်အခါ ဓမ္မတေးများနှင့်ပတ်သက်သည့် ကိစ္စရပ်များအပေါ် သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သည်။ ဤနယ်ပယ်ရှိ သက်ဆိုင်ရာ အတတ်ပညာဆိုင်ရာ အသိပညာကို ငါ မလေ့လာခဲ့ဖူးသော်လည်း စည်းမျဉ်းများနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့နိုင်သည်။ ဘာသာပြန်အလုပ်နှင့်ပတ်သက်၍ ပြဿနာများရှိသည့်အခါ ငါသည် အင်္ဂလိပ်စာ ကျွမ်းကျင်မှုမရှိသော်လည်း ဘာသာပြန်ခြင်း စည်းမျဉ်းများနှင့်ပတ်သက်၍ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့မည်ဖြစ်ပြီး သင်တို့ မကိုင်တွယ်နိုင်သော စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် သင်တို့ကို ကူညီပေးမည်ဖြစ်ကာ ငါ၏ မိတ်သဟာယမှတစ်ဆင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းအချို့ကို သင်တို့ နားလည်နိုင်ကြောင်း သေချာစေရန် ကြိုးပမ်းမည်။ ဖြစ်နိုင်သည်မှာ သင်တို့သည် ငါ့စကားကို နားထောင်ပြီးနောက် မည်သည့် နက်နဲသော သမ္မာတရားများ သို့မဟုတ် နက်နဲမှုများကိုမျှ နားမလည်ကြသော်လည်း လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ၏ ကဏ္ဍတစ်ခုကို သင်တို့ သိရှိလာကြသည်၊ သို့မဟုတ် သင်တို့ ဆောင်ရွက်နေသော အလုပ်ရှိ ပြဿနာများကို ဖြေရှင်းရန် လမ်းကြောင်းတစ်ခုကို သင်တို့ သိရှိလာကြသည်၊ ဤသည်မှာ သင်တို့နှင့် ငါ ထိတွေ့ဆက်ဆံသည့်အခါ၊ ပတ်သက်ဆက်နွှယ်သည့်အခါနှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ သင်တို့၌ ရရှိရန် ငါ ရည်ရွယ်သော ရလဒ်ပင် ဖြစ်သည်။

မရေရာခြင်း မရှိဟူသည့် အကြောင်းအရာအတွင်းတွင် ပါဝင်သော အခြားအချက်တစ်ခု ရှိသေးသည်၊ လူစားတစ်မျိုး သို့မဟုတ် ကိစ္စတစ်မျိုးကို ပိုင်းခြားသိမြင်ခြင်းနှင့်ပတ်သက်လာလျှင် သင်နှင့် ငါ မိတ်သဟာယဖွဲ့သော စည်းမျဉ်းများသည် ထိုလူစားမျိုး၏ အနှစ်သာရနှင့် ထိုကိစ္စမျိုး၏ သဘောသဘာဝကို သင် ရှင်းလင်းစွာ သတိပြုမိစေရန် ကူညီပေးဖို့ ရည်ရွယ်သည်၊ ပြီးလျှင် ထိုလူစားမျိုး၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ ထိုကိစ္စမျိုး၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတို့ကို သင် မည်သို့ သဘောထားပြုမူသင့်သည်နှင့် ၎င်းတို့နှင့်စပ်လျဉ်း၍ မည်သည့် မှန်ကန်သော ရှုထောင့်အမြင်များနှင့် သဘောထားများ သင့်တွင် ရှိသင့်သည်တို့နှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးထဲတွင် ရှင်းလင်းမှုရှိရန် သင့်ကို ကူညီပေးဖို့ ရည်ရွယ်သည်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရာတွင် ငါ၏ ရည်ရွယ်ချက်မှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အမျိုးအစားအားလုံးအပေါ် မှန်ကန်သော ရှုထောင့်အမြင်များ၊ သဘောထားများနှင့် ရပ်တည်ချက်များ သင့်တွင် ရှိစေရန် ကူညီပေးဖို့ဖြစ်ပြီး ထိုသို့ဖြင့် သင်သည် စည်းမျဉ်းများကို စောင့်ထိန်းသည့်အခါ မှားယွင်းသော စည်းမျဉ်းများကို မဟုတ်ဘဲ မှန်ကန်သော စည်းမျဉ်းများကို စောင့်ထိန်းနေကြောင်း သေချာစေရန် ဖြစ်သည်။ ငါ၏ ရည်ရွယ်ချက်မှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် ပိုင်းခြားသိမြင်နိုင်စေရန်၊ ထိုသို့ဖြင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အမျိုးအစားအားလုံး၏ အနှစ်သာရနှင့် စရိုက်မှန်တို့မှာ အဘယ်အရာဖြစ်ကြောင်းကို သင် သိရှိစေရန်၊ အပြုသဘောဆောင်သောအရာများနှင့် တစ်ချိန်တည်းမှာပင် အပျက်သဘောဆောင်သောအရာများကို သင် သိရှိခွင့်ပေးရန်၊ ပြီးလျှင် သင်၏ နေ့စဉ်ဘဝတွင် မည်သည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အမျိုးအစားကို သင် ကြုံတွေ့ရသည်ဖြစ်စေ သင်၏ ကိုယ်ပိုင် မှန်ကန်သော ရပ်တည်ချက် ရှိစေရန် သင့်ကို ကူညီပေးဖို့ ဖြစ်သည်။ မှန်ကန်သော ရပ်တည်ချက်တစ်ခု ရှိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် စည်းမျဉ်းများကို စောင့်ထိန်းရန် မှန်ကန်သော ရပ်တည်ချက်ကို ယူနိုင်ကြောင်းကို ဆိုလိုသည်၊ ကြားနေလမ်းစဉ်ကို မယူဘဲ၊ ပြီးလျှင် မရှင်းမလင်း ဖြစ်နေသူတစ်ဦး၊ နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး သို့မဟုတ် လူ့အကြိုက်လိုက်သူတစ်ဦး မဖြစ်ခြင်းကို ဆိုလိုသည်။ သင် မြင်သလော၊ အစအဦး၌ မြွေသည် အာဒံနှင့် ဧဝကို ဖြားယောင်းသွေးဆောင်ခဲ့စဉ်က ယင်းက ၎င်းတို့ကို ပြောခဲ့သည်မှာ “ဘုရားသခင်က သင်တို့အား ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကို စားခွင့် မပြုပေ။ ယင်းကို စားပြီးနောက် သင်တို့ ဧကန်အမှန် သေရမည်ဟု ဘုရားသခင်က ပြောခဲ့သော်လည်း အမှန်တကယ်တွင် သင်တို့ သေရချင်မှ သေရပေမည်” ဟူ၍ ဖြစ်သည်။ မြွေထံမှ ဤပြောဆိုချက်သည် အလွန် မရေရာခဲ့သော်လည်း ယင်းက အာဒံနှင့် ဧဝအပေါ် ဖြားယောင်းသွေးဆောင်သည့် အကျိုးသက်ရောက်မှုတစ်ခု ရှိခဲ့ပြီး အလွန်ဆိုးရွားသော အကျိုးဆက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဤအကျိုးဆက်မှာ အဘယ်အရာ ဖြစ်သနည်း။ အာဒံနှင့် ဧဝသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်တော့ပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်တော့ပေ၊ မှန်ကန်သော ရပ်တည်ချက်တစ်ခု မရှိတော့ပေ၊ ပြီးလျှင် ၎င်းတို့၏ မူလ ရပ်တည်ချက်နှင့် မူလ စည်းမျဉ်းများကို မစောင့်ထိန်းတော့ပေ။ ထိုအစား ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယကို အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ ညွှန်ကြားချက်များကို မယုံကြည်ခဲ့ကြပေ၊ ပြီးလျှင် ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကို ၎င်းတို့ စားပါက သေရမည်ကို မယုံကြည်ခဲ့ကြပေ။ ထို့နောက် ၎င်းတို့သည် စိတ်ကူးများ စတင်ရရှိလာခဲ့ပြီး ဤသို့ဖြစ်နေစဉ်တွင် ၎င်းတို့သည် လက်လှမ်းကာ ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကို ခူးယူခဲ့ကြသည်။ ဤသည်မှာ ဖြားယောင်းသွေးဆောင်ခြင်း လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး ယင်းမှာ အာဒံနှင့် ဧဝ ဖြားယောင်းသွေးဆောင်ခံရခြင်း၏ ရလဒ်လည်း ဖြစ်သည်။ ဤဖြားယောင်းသွေးဆောင်ခြင်း လုပ်ငန်းစဉ်တွင် ၎င်းတို့က စာတန်၏ စကားများကို နားထောင်ခြင်းနှင့် ယုံကြည်ခြင်း၊ စိတ်ကူးများ ဖြစ်ပေါ်လာခြင်း၊ ဘုရားသခင်ကို စတင်သံသယဝင်ခြင်း၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်တော့ခြင်းတို့ ပါဝင်သည်။ အာဒံနှင့် ဧဝ ဖြားယောင်းသွေးဆောင်ခံရခြင်း၏ ရလဒ်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်ခဲ့ကြပြီး ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကို စားခဲ့ကြခြင်း ဖြစ်သည်။ မြွေက “သင်တို့ ယင်းကို စားပါက သေချာပေါက် သေရမည်မဟုတ်၊ ဘုရားသခင် ပြောခဲ့သည့်အရာက မှားယွင်းပြီး ဘုရားသခင်က သင်တို့ကို လှည့်ဖြားနေသည်” ဟု မပြောခဲ့သော်လည်း “သင်တို့ ယင်းကို စားပါက သေချင်မှ သေရပေမည်” ဟူသည့် မြွေ၏ ပြောဆိုချက်တွင် ဤ “သေချင်မှ သေရပေမည်” ဟူသည်မှာ မရေရာသော စကားလုံးအသုံးအနှုန်း ဖြစ်သည်။ ဤမရေရာသော စကားလုံးအသုံးအနှုန်းသည် သဘောသဘာဝအရ ဖြားယောင်းသွေးဆောင်ခြင်းဖြစ်သည်၊ ယင်းက လူကို ဘုရားသခင်အား သံသယဝင်စေခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်စေခဲ့ပေ။ ဤမရေရာသော စကားလုံးအသုံးအနှုန်းသည် လူကို သူ၏ မှန်ကန်သော ရပ်တည်ချက်အပြင် စည်းမျဉ်းများကို စောင့်ထိန်းရန် သူ၏ တွန်းအားနှင့် ယုံကြည်ခြင်းတို့ကိုလည်း ဆုံးရှုံးစေခဲ့သည်။ အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ လူသည် မြွေ၏ ဖြားယောင်းသွေးဆောင်ခံရခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်၊ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး အပြစ်ထဲတွင် အသက်ရှင်ခဲ့သည်။ ဤရှုထောင့်မှ ကြည့်လျှင် မြွေက လူကို ဖြားယောင်းသွေးဆောင်ခဲ့စဉ်က ယင်းပြောဆိုခဲ့သော “သေချင်မှ သေရပေမည်” ဟူသည့် စကားစုသည် အလွန်ကြီးမားလွန်းသော အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုတစ်ခု ရှိခဲ့သည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် မငြင်းပယ်ခဲ့ပေ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ရန် လူကို တိုက်ရိုက် မပြောခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်ကို မသင်္ကာဖြစ်ရန်နှင့် သံသယဝင်ရန် လူကို တိုက်ရိုက် မပြောခဲ့ပေ၊ “သင် ယင်းကို စားပြီးနောက် သေရမည်မဟုတ်” ဟု လူကို ရှင်းလင်းပြတ်သားစွာ ပြောခဲ့ခြင်း ပို၍ပင် မရှိပေ။ သို့သော် “သေချင်မှ သေရပေမည်” ဟူသည့် မရေရာသော စကားစုတစ်ခုကပင် လူ၏ စိတ်ကို အလုပ်လုပ်စေရန်၊ သူ့ကို လှည့်ဖြားရန်နှင့် ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကို စားရန် သူ့ကို ဖြားယောင်းသွေးဆောင်ဖို့ လုံလောက်ခဲ့သည်။ ဤသည်တို့မှာ မရေရာသော စကားလုံးအသုံးအနှုန်းက လူ့အပေါ် ကျရောက်စေခဲ့သည့် အကျိုးဆက်များ ဖြစ်သည်။ ဤမရေရာသော စကားစုဖြစ်သည့် “သေချင်မှ သေရပေမည်” ဟူသည်မှာ အဘယ်မှ လာခဲ့သနည်း။ အစအဦး၌ ဤစကားစုသည် ဧဝကို ဖြားယောင်းသွေးဆောင်စဉ်က မြွေပြောဆိုခဲ့သော စကားများမှ လာခဲ့ခြင်း ဖြစ်သည်။ ဤအရာမတိုင်မီတွင် အာဒံနှင့် ဧဝကို ဘုရားသခင် ပေးခဲ့သော ညွှန်ကြားချက်အနည်းငယ်တွင် မရေရာသော စကားလုံးတစ်လုံးကိုမျှ သင် ရှာမတွေ့နိုင်သည့်အပြင် မရေရာမှု၏ အရိပ်အယောင် စိုးစဉ်းမျှကိုလည်း သင် ရှာမတွေ့နိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များအားလုံးသည် ရိုးသားသည်၊ စစ်မှန်ပြီး တိကျမှန်ကန်သည်။ သူ ပြောဆိုသော စကားတိုင်းသည် မှန်ကန်သော ရပ်တည်ချက်တစ်ခုနှင့် မှန်ကန်ပြီး တိကျသော ရှုထောင့်အမြင်တစ်ခုကို ကိုယ်စားပြုသည်၊ ယင်းတို့အားလုံးကို လူက စောင့်ထိန်းသင့်ပြီး ယင်းတို့ကို လူက မည်သည့်အခါမျှ သံသယမဝင်ဘဲ ထာဝစဉ် ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ တစ်ခုမျှ မရေရာခြင်း မရှိပေ၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ တစ်ခုမျှ လူကို ဖြားယောင်းသွေးဆောင်ခြင်း မရှိပေ။ အပျက်သဘောဆောင်သော အဓိပ္ပာယ်ဖြင့် ပြောရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် လူအတွက် ဖြားယောင်းသွေးဆောင်ခြင်း သို့မဟုတ် လှည့်ဖြားခြင်း အနည်းငယ်မျှ မပါဝင်ပေ၊ အပြုသဘောဆောင်သော အဓိပ္ပာယ်ဖြင့် ပြောရလျှင် ဘုရားသခင် ပြောဆိုသမျှသည် လူကို ကာကွယ်ရန်နှင့် စောင့်ရှောက်ရန် အသုံးဝင်ပြီး လူ၏ အသက်ကို ထိန်းသိမ်းပေးနိုင်ကာ သူနှင့် ဘုရားသခင်ကြားရှိ ဤအလွန်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းပေးနိုင်သည်ဟု ဆိုနိုင်သည်။ သို့သော် မြွေ၏ ဤမရေရာသော စကားစုဖြစ်သည့် “သေချင်မှ သေရပေမည်” ဟူသည်က ဤဆက်ဆံရေးကို လုံးဝ ပြတ်တောက်သွားစေခဲ့ပြီး လူကို ဘုရားသခင်ထံမှ လုံးဝ ဆွဲထုတ်သွားခဲ့ကာ သူ့ကို ဘုရားသခင်အား သံသယဝင်စေပြီး ဘုရားသခင်နှင့် ဝေးကွာသွားစေခဲ့သည့်အပြင် ဘုရားသခင်၏ မြင်တွေ့ခံရရန် အလွန် ရှက်ရွံ့သည်ဟု သူ့ကို ခံစားရစေခဲ့သည်။ ဤအခြေခံအုတ်မြစ်အပေါ်တွင် မြွေက လူကို ထပ်မံ၍ ဖြားယောင်းသွေးဆောင်ခဲ့သည်၊ ဖောက်ပြန်ပျက်စီးစေခဲ့ပြီး ဖျက်ဆီးခဲ့သည်။ အာဒံနှင့် ဧဝအတွက် ဘုရားသခင်၏ ညွှန်ကြားချက်များ ပါဝင်သော စာပိုဒ်မှ အကဲဖြတ်ရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရနှင့် စကားပြောဆိုရာတွင် သူ၏ ရည်ရွယ်ချက်သည် လူအတွက် အလွန်အမင်း အကျိုးရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် လူ၌ ရှိသင့်သော ရပ်တည်ချက်ဖြစ်ပြီး ယင်းမှာ လူက ထာဝစဉ် လိုက်နာသင့်သည့် သမ္မာတရား စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်သည် လူကို ထာဝစဉ် ချစ်သည်၊ ဂရုစိုက်သည်၊ ကာကွယ်ပြီး တန်ဖိုးထားသည်၊ သို့သော် စကားပြောဆိုခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတွင် စာတန်၏ ရည်ရွယ်ချက်မှာ လူကို ဖြားယောင်းသွေးဆောင်ရန်နှင့် ဖောက်ပြန်ပျက်စီးစေရန်၊ ဘုရားသခင်ကို သံသယဝင်ပြီး ဘုရားသခင်နှင့် ဝေးကွာသွားအောင် လူကို ဖြားယောင်းသွေးဆောင်ရန်၊ ပြီးလျှင် ၎င်းကို ကိုးကွယ်ရန်နှင့် ၎င်း၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရရန် လူကို ဖြားယောင်းသွေးဆောင်ဖို့ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်တွင် ဘုရားသခင်၏ အသက်နှင့် ဘုရားသခင်၏ အနှစ်သာရ ရှိသောကြောင့် သူသည် သူ၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များတွင် မရေရာခြင်း မရှိဟူသည့် ဤအသေးစိတ် သရုပ်သကန်နှင့် စည်းမျဉ်းကို အလားတူ ပိုင်ဆိုင်လေသည်။ ငါ၏ တရားဒေသနာများ အားလုံးမှတစ်ဆင့်လည်းကောင်း၊ သင်တို့၏ နေ့စဉ်ဘဝများတွင် လူ့ဇာတိခံ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့်လည်းကောင်း လူကို ဘုရားသခင် ပံ့ပိုးပေးသော သမ္မာတရားများအားလုံးတွင် စာတန်၏ စကားများ၌ သင်တွေ့ရသည့် မရေရာသော ဝေါဟာရမျိုး တစ်ခုမျှ မရှိကြောင်းနှင့် စာတန် အသုံးပြုသည့်အရာများကဲ့သို့သော မရေရာသည့် ဖော်ပြချက်များ တစ်ခုမျှ မရှိကြောင်းကို သင်တို့ သေချာပေါက် တဖြည်းဖြည်းချင်း တွေ့ရှိလာကြလိမ့်မည်၊ မှန်သလော။ (မှန်ပါသည်။) မရေရာခြင်း မရှိဟူသည်မှာ ဘုရားသခင် စကားပြောပြီး အမှုပြုသည့်အခါ သူ၏ စစ်မှန်ခြင်းနှင့် သစ္စာရှိခြင်းတို့၏ ထုတ်ဖော်ချက်တစ်ခုဖြစ်ပြီး ယင်းမှာ ဘုရားသခင် အနှစ်သာရ၏ ထုတ်ဖော်ချက်တစ်ခုလည်း ဖြစ်သည်။ ဆိုလိုသည်မှာ လူကို ဖြားယောင်းသွေးဆောင်ရန် စာတန်က စကားပြောသည့်အခါ ၎င်း၌ ရှိသော အနှစ်သာရမျိုး ဘုရားသခင်ထံတွင် မရှိပေ၊ ဘုရားသခင်၏ အနှစ်သာရသည် ဤအရာ ကင်းမဲ့သည်။ ထို့ကြောင့် အချို့သော အသေးအဖွဲကိစ္စများနှင့်ပတ်သက်လာလျှင် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန် အသေးစိတ်ကျခြင်း သို့မဟုတ် ရှင်းလင်းခြင်း မရှိလျှင်ပင် လူကို ဖြားယောင်းသွေးဆောင်ရန် စာတန် အသုံးပြုသည့်အရာများနှင့် ဆင်တူသော မရေရာသည့် စကားလုံး တစ်ခုတလေကို သူ လုံးဝ အသုံးပြုမည်မဟုတ်ပေ၊ ပြီးလျှင် သင့်ကို မည်သည့်အရာ လုပ်ရမှန်းမသိ ဖြစ်စေသော သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ သင် မသင်္ကာမှုများ ထားရှိစေပြီး ဘုရားသခင်နှင့် ဝေးကွာသွားစေသော ဘာသာစကားမျိုး၊ စကားပြောဆိုပုံ သို့မဟုတ် အလုပ်လုပ်သည့် နည်းလမ်းကို သူ လုံးဝ အသုံးပြုမည်မဟုတ်ပေ။ ထိုအစား ဘုရားသခင် မည်သို့ စကားပြောသည်ဖြစ်စေ၊ သူ မည်သည့်အရာကို ပြောသည်ဖြစ်စေ သူ ရရှိရန် ရည်ရွယ်သော အန္တိမ ပန်းတိုင်မှာ သင်သည် ဘုရားသခင်ထံ ပို၍ ပို၍ တိုးဝင်ချဉ်းကပ်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ၏ ရည်ရွယ်ချက်များကို သင် နားလည်ရန်၊ သင့်တွင် မှန်ကန်သော အတွေးများနှင့် အမြင်များအပြင် မှန်ကန်သော ရပ်တည်ချက်တစ်ခု ရှိရန်နှင့် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းဖို့ သင် ပို၍ စေ့ဆော်ခံရဖို့ ဖြစ်သည်။ ဤသည်မှာ ဤကိစ္စရပ်၏ ကဏ္ဍတစ်ခု ဖြစ်သည်။ အခြားတစ်ချက်အနေဖြင့် ဤရှင်းလင်း၍ ပြတ်သားသော နှုတ်ကပတ်တော်များမှ ပန်းတိုင်တစ်ခု၊ ဘဝတွင် မှန်ကန်သော ဦးတည်ချက်တစ်ခုနှင့် ရှေ့ဆက်သွားရန်အတွက် ဦးတည်ချက်တစ်ခုကို သင် ရရှိရန် ဘုရားသခင် ရည်ရွယ်သည်။ သေချာသည်မှာ ပို၍ပင် အရေးကြီးသော အချက်သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အမျိုးအစားအားလုံးအပေါ် သင့်ထံတွင် မှန်ကန်သော ရှုထောင့်အမြင်များနှင့် ရပ်တည်ချက်များ ရှိပြီး သမ္မာတရား စည်းမျဉ်းများကို သင် စောင့်ထိန်းသည့်အခါ သင်သည် ဘုရားသခင်၏ ကာကွယ်ခြင်းနှင့် စောင့်ရှောက်ခြင်းကို ရရှိမည်ဖြစ်ပြီး ထို့နောက်တွင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် လက်သင့်ခံခြင်းကို ရရှိမည် ဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် အကျိုးခံစားရသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များသည် မရေရာခြင်း မရှိဟူသည့် အချက်ကပင်လျှင် သင်တို့ကို ဤမျှ ကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တွင် ဤအရာကို သင်တို့ အနည်းငယ် သဘောပေါက်လာကြပြီလော။ (သဘောပေါက်လာပါသည်။) ငါက ဤအရာအားလုံးကို မပြောပါက သင်တို့သည် သင်တို့၏ တစ်သက်တာလုံး ယင်းကို မည်သည့်အခါမျှ သဘောပေါက်မည် မဟုတ်ပေ။ သင်တို့က “ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အတော်အတန် တိကျမှန်ကန်ပြီး ဓမ္မဓိဋ္ဌာန်ကျပါသည်၊ ပြီးလျှင် ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ နားလည်မှုသည် အတော်အတန် နက်ရှိုင်းပါသည်” ဟုသာ ခံစားရလိမ့်မည်ဖြစ်သော်လည်း လူ့ဇာတိခံ ဘုရားသခင်သည် စကားပြောသည့်အခါ မရေရာခြင်း မရှိကြောင်းကို သင်တို့ သိမှတ်နိုင်မည် မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။)

လူ့ဇာတိခံထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် မရေရာခြင်း ကင်းမဲ့မှု၌ အခြားသော သရုပ်သကန်တစ်ခု ရှိသေးသည်၊ ယင်းမှာ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သော အမျိုးမျိုးသော အကြောင်းအရာများတွင် ယင်းတို့သည် အတတ်ပညာဆိုင်ရာ အလုပ် သို့မဟုတ် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည်ဖြစ်စေ ငါ၏ မိတ်သဟာယဖွဲ့ခြင်းတွင် မည်သည့် အသိပညာ၊ အတွေးအခေါ် သို့မဟုတ် ဓမ္မပညာမျှ မပါဝင်ပေ၊ ယင်းသည် ဤအရာများ လုံးဝ ကင်းမဲ့လေသည်။ ယင်းက အတတ်ပညာဆိုင်ရာ အလုပ်၏ ကိစ္စရပ်တစ်ခုနှင့် သက်ဆိုင်လျှင်ပင် ငါ မိတ်သဟာယဖွဲ့သည့် အရာအများစုနှင့်အတူ ငါပြောသည့်အရာ၏ အခရာမှာ အဓိကအားဖြင့် သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းများကို မည်သို့ သဘောပေါက်ရမည်ကိုလည်းကောင်း၊ ဤနယ်ပယ်ရှိ အတတ်ပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများကို မည်သို့ မှန်ကန်စွာ အသုံးချရမည်ကိုလည်းကောင်း သင်တို့ကို ပြောပြခြင်းဖြစ်ပြီး ထိုသို့ဖြင့် သင်တို့သည် ဘုရားသခင်အတွက် ပို၍ ကောင်းမွန်စွာ သက်သေခံနိုင်မည်ဖြစ်ကာ သင်တို့၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်နိုင်မည် ဖြစ်သည်။ သင်တို့ထဲသို့ အသိပညာကို ငါ မသွတ်သွင်းပေ။ တစ်ခါတစ်ရံ အအေးမိခြင်းကို ကာကွယ်ရန်အတွက် အခြေခံအသိကဲ့သို့သော အခြေခံအသိအချို့ကို သင်တို့နှင့် ငါ မျှဝေသည်၊ ဆောင်းရာသီတွင် အသေအချာ နွေးနွေးထွေးထွေး နေလော့။ အအေးမမိစေနှင့်။ ပြတင်းပေါက် ဖွင့်ထားသည့်အခါ လေတိုက်သည့်နေရာတွင် ထိုင်ခြင်းကို ရှောင်ရှားရန်အလို့ငှာ ယင်း၏အနီးတွင် မထိုင်နှင့်။ ဤသည်မှာ အခြေခံအသိချည်းသာ ဖြစ်သည်။ အခြေခံအသိဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ (လူတစ်ဦး၏ နေ့စဉ်ဘဝတွင် သူ သိထားသင့်သည့် ဘဝအတွေ့အကြုံအချို့ ဖြစ်ပါသည်။) ယင်းမှာ လူတစ်ဦး၏ ကျန်းမာရေးကို မည်သို့ ထိန်းသိမ်းရမည်နှင့်ပတ်သက်သည့် ဘဝအတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှု ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) လူမှုရေး အသိပညာ သို့မဟုတ် ဓမ္မပညာဆိုင်ရာ အသိပညာကို သင်တို့ထဲသို့ ငါ မသွတ်သွင်းပေ။ ဤအရာများကို သင်တို့ထဲသို့ ငါ အဘယ်ကြောင့် မသွတ်သွင်းသနည်း။ (ဤအရာများသည် ကျွန်ုပ်တို့အတွက် မည်သည့် အကျိုးကျေးဇူးမျှ မရှိပါ။) ယင်းက တစ်ဖက်ကိုသာ ဖြေထားခြင်းဖြစ်၏။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (လူမှုရေး အသိပညာသည် စာတန်နှင့်ဆိုင်ပါသည်၊ ကျွန်ုပ်တို့ကို လမ်းလွဲသွားစေရန် ဘုရားသခင်က ဤအရာများကို ကျွန်ုပ်တို့ထဲသို့ သွတ်သွင်းမည် မဟုတ်ပါ။) ငါ့ကို ပြောလော့၊ စာတန်နှင့်ဆိုင်သည့် တစ်စုံတစ်ရာကို ငါ ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ပြီး စကားစမြည်ပြောဆိုသည့်အခါ ငါပြောဆိုသည့်အရာမှာ အဘယ်အရာ ဖြစ်သနည်း။ (ယင်းတို့အားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်ပြီး ယင်းတို့အားလုံးသည် သမ္မာတရား ဖြစ်ပါသည်။) စာတန်၏ အသိပညာ၊ အတွေးအခေါ်၊ ယုတ္တိဗေဒ၊ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ဓမ္မပညာဟူသည့် ဤအရာများကို လေ့လာရန် ငါ မည်သည့်အခါမျှ မကြိုးစားသည့်အပြင် ငါ့အထဲတွင် ယင်းတို့ကို သင်တို့ တွေ့ရမည်မဟုတ်ပေ။ အချို့လူများက “ကိုယ်တော် အဘယ်ကြောင့် အနည်းငယ် လေ့လာရန် မကြိုးစားသနည်း” ဟု ပြောဆိုကြသည်။ ယင်းမှာ အမှန်တကယ်ပင် ငါ၏ ဝါသနာတစ်ခု မဟုတ်ပေ။ ထိုအရာများကို ငါ မနှစ်သက်ပေ။ လူများက ဓမ္မပညာအကြောင်း ပြောဆိုသည်ကို ငါ ကြားရသည့်အခါ စက်ဆုပ်ခြင်းနှင့် အလွန်အမင်း မနှစ်မြို့ခြင်း ခံစားချက်တစ်ခုကို ငါ ခံစားရသည်။ ဓမ္မပညာဟူသည်မှာ အပေါ်ယံအားဖြင့် မှန်ကန်သယောင်ရှိသော အယူဝါဒများနှင့် သီအိုရီများသာ ဖြစ်သည်၊ ယင်းက လက်တွေ့မကျပေ၊ မှန်သလော။ အချို့လူများသည် သမ္မာကျမ်းစာကို နောကျေနေကြပြီး ပရောဖက်များ၏ စာအုပ်များနှင့် ပရောဖက်ပြုချက် စာအုပ်များကို အမြဲတစေ လေ့လာနေကြသည်၊ အခန်းကြီးနှင့် အခန်းငယ်တစ်ခုခုတွင် မည်သည့်အရာကို ပရောဖက်ပြုထားသည်၊ ယင်းက မည်သို့ ပြည့်စုံလာမည်နှင့် ယင်းအတွင်းရှိ နက်နဲသောအရာများမှာ အဘယ်အရာများဖြစ်သည်တို့ကို လေ့လာနေကြသည်။ ဤအရာများကို ငါ မည်သည့်အခါမျှ မလေ့လာသည့်အပြင် ယင်းတို့ကို လေ့လာရန် အားထုတ်ဖို့ ငါ့အတွက် မည်သည့် လိုအပ်ချက်မျှ မရှိပေ။ ဤအရာများကို ပင်ကိုအားဖြင့် ငါ မနှစ်သက်ပေ။ နေ့စဉ်ဘဝတွင် အမှုအရာများကို ငါ ကြုံတွေ့ရသည့်အခါ မည်သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူရမည်၊ ဤပြဿနာများကို ဖြေရှင်းနိုင်ရန်အလို့ငှာ မည်သို့ ပြုမူရမည်နှင့် ယင်းတို့ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ အဘယ်အရာဖြစ်သည်ကိုသာ ငါ စဉ်းစားဆင်ခြင်သည်။ လူများစွာအတွက်မူ ၎င်းတို့သည် အမှုအရာများကို ကြုံတွေ့ရသည့်အခါ ညည်းညူကြသည်၊ နောင်တရကြသည် သို့မဟုတ် မရှင်းမလင်း ဖြစ်လာကြသည်၊ သို့မဟုတ် ၎င်းတို့သည် စကားကြီးစကားကျယ် အယူဝါဒများကို ပြောဆိုပြီး ဆောင်ပုဒ်များကို ဟစ်ကြွေးကြသည်။ အမှုအရာများကို ငါ ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ဖြေရှင်းရန် သင့်တင့်လျောက်ပတ်သော နည်းလမ်းကို တည်ငြိမ်စွာ ငါ ဆင်ခြင်တွေးတောသည်၊ ငါ ဆင်ခြင်တွေးတောသည့်အရာမှာ ဖြေရှင်းချက်များ ဖြစ်သည်။ ထို့ကြောင့် သင်တို့နှင့် ငါ စကားပြောပြီး မိတ်သဟာယဖွဲ့သည့်အခါ အမှန်တကယ်ဖြစ်သော အရာများအကြောင်း၊ သင်တို့၏ တာဝန်များကို သင်တို့ ထမ်းဆောင်နေစဉ် ပေါ်ပေါက်လာသောအရာများအကြောင်းနှင့် အချို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၊ အခြေခံ လိုအပ်ချက်များ စသည်တို့ကဲ့သို့သော နေ့စဉ်ဘဝနှင့် ပတ်သက်သည့် အရာများအကြောင်းကိုပင် ငါ ပြောဆိုလိုသည်။ အမှန်တကယ်ဖြစ်သော အရာများအကြောင်းကိုသာ ငါ ပြောဆိုသည်။ အနှစ်သာရမဲ့သော စကားများဖြင့် ပြည့်နှက်နေသည့် ဟိတ်ကြီးဟန်ကြီး စကားများကို ငါ မပြောဆိုပေ။ ငါနှင့်အတူ အချိန်ကြာမြင့်စွာ သင်တို့ နေပြီးသည်နှင့်တစ်ပြိုင်နက် ဘဝရှိ အမှန်တကယ်ဖြစ်သော အရာများနှင့် အမှန်တကယ်ဖြစ်သော ပြဿနာများနှင့်ပတ်သက်၍ ငါသည် အလွန် အလေးအနက်ထားပြီး စိတ်အားထက်သန်ကြောင်းကို သင်တို့ မြင်တွေ့ရလိမ့်မည်။ ငါသည် ထိုလူစားမျိုး ဖြစ်၏။ မည်သည့်အရာနှင့်ပတ်သက်၍မဆို ငါသည် မရေရာခြင်း မရှိပေ၊ အထူးသဖြင့် သင်တို့၏ တာဝန်ထမ်းဆောင်မှုနှင့်ဖြစ်စေ၊ သင်တို့၏ အသက်ဝင်ရောက်မှုနှင့်ဖြစ်စေ သက်ဆိုင်လာသည့်အခါတွင် ဤသည်မှာ သာ၍ပင် မှန်ကန်သည်၊ မှန်သလော။ (မှန်ပါသည်။) ယင်းက မရေရာခြင်း မရှိဟူသည့် ကဏ္ဍတစ်ခုကို ခြုံငုံထားလေသည်။

လူ့ဇာတိခံထားသော ဘုရားသခင် မရေရာခြင်း မရှိဟူသည်မှာ ဘုရားသခင်က လူကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည့် အကြောင်းအရာနှင့်လည်း သက်ဆိုင်သည်။ ဘုရားသခင် မရေရာခြင်း မရှိဟူသည်မှာ ငါ စကားပြောပြီး အလုပ်လုပ်သည့် နည်းလမ်းသည် အလွန် ရှင်းလင်းကြောင်းကို ဆိုလိုသည်။ ငါသည် အရှိကို အရှိအတိုင်း ပြောသည်၊ အပေါ်ယံအားဖြင့် မှန်ကန်သယောင်ရှိသော စကားများကို ငါ အသုံးမပြုပေ၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် အပေါ်ယံအားဖြင့် မှန်ကန်သယောင်ရှိသော နည်းလမ်းများ ငါ့တွင် မရှိပေ။ ချက်ချင်း အလျင်စလို ကောက်ချက်ချ၍မရနိုင်သည့် ကိစ္စအချို့ ရှိသည့်အချိန်တွင်ပင် “ဤလူကို ခေတ္တခဏ စောင့်ကြည့်လေ့လာကြစို့။ ဤကိစ္စနှင့်ပတ်သက်၍ အနည်းငယ် စောင့်ကြစို့။ လောလောဆယ်တွင် ငါတို့ လုပ်ဆောင်နိုင်သမျှမှာ လူသားတို့ စွမ်းဆောင်နိုင်သည့် အရာကို လုပ်ဆောင်ရန်သာ ဖြစ်သည်။ နောက်တစ်ဆင့်အတွက်မူ အမှုအရာများက မည်သည့် ဦးတည်ချက်သို့ ပြောင်းလဲဖြစ်ပေါ်လာသည်ကို ကြည့်ကြစို့။ အမှုအရာများ ပြောင်းလဲဖြစ်ပေါ်လာသည့် ဦးတည်ချက်အပေါ် အခြေခံ၍ အစီအစဉ်များကို ငါတို့ တဖြည်းဖြည်း ရေးဆွဲနိုင်ပြီး ပန်းတိုင်များကို သတ်မှတ်နိုင်သည်” ဟု သင်တို့ကို ငါ ပြောပြမည်။ သင်တို့ မြင်တွေ့နိုင်သည့်အတိုင်း အမှုအရာများကို သင်တို့အား ငါ အသေအချာ ရှင်းပြမည်ဖြစ်ပြီး လက်ရှိ စည်းမျဉ်းများနှင့် သင်တို့၏ လုပ်ရပ်များကို မည်သို့ ဦးတည်သင့်သည်ကို ရှင်းလင်းစွာ ဖော်ပြမည်။ သင်တို့ မည်သည့်အရာ လုပ်ဆောင်ရမှန်းမသိသကဲ့သို့ဖြစ်စေ၊ အချို့သောအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိသကဲ့သို့ဖြစ်စေ ခံစားရစေရန် သင်တို့အပေါ် အပေါ်ယံအားဖြင့် မှန်ကန်သယောင်ရှိသော စကားများကို ငါ လုံးဝ အသုံးပြုမည်မဟုတ်ပေ။ အချို့လူများ၏ စရိုက်လက္ခဏာကို သရုပ်ဖော်သည့်အခါတွင်ပင် ဤလူစားမျိုး၏ အနှစ်သာရကို သင်တို့ ရှင်းလင်းစွာ သတိပြုမိစေရန်နှင့် ၎င်းတို့ကို မည်သို့ ဆက်ဆံရမည်ကို သိရှိရန် ကူညီပေးဖို့အလို့ငှာ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အချို့သော အထူးကိစ္စများအပေါ် အခြေခံ၍လည်းကောင်း၊ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များအပေါ် အခြေခံ၍လည်းကောင်း ငါ မိတ်သဟာယဖွဲ့သည်။ မှန်သလော။ (ဟုတ်ပါသည်။) ဆိုလိုသည်မှာ ကိစ္စရပ်များကို ငါ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းထဲသို့ ကိုယ်ရေးကိုယ်တာ ခံစားချက်များ သို့မဟုတ် ပုဂ္ဂလိက မကျေနပ်ချက်များကို ငါ မည်သည့်အခါမျှ မရောနှောပေ။ အချို့လူများကို ကိုင်တွယ်ဖြေရှင်းသည့်အခါတွင်ပင် ဤလူစားမျိုး၏ အနှစ်သာရနှင့်ပတ်သက်၍ သင်တို့ မရှင်းလင်းပါက ယင်းနှင့်ပတ်သက်၍ ငါ အတိအကျ မိတ်သဟာယဖွဲ့မည်ဖြစ်ပြီး ၎င်းတို့၌ရှိသော ပြဿနာများကို သင်တို့အား အသေအချာ ရှင်းပြမည်ဖြစ်ကာ ထို့နောက် ၎င်းတို့ မည်သည့်နေရာနှင့် ကိုက်ညီသည်ကို ခွဲခြားသတ်မှတ်ရန်နှင့် ၎င်းတို့၏ အနှစ်သာရကို စိစစ်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်သည့်အပြင် ဘုရားအိမ်တော်က ၎င်းတို့ကို အဘယ်ကြောင့် ဤသို့ ကိုင်တွယ်ဖြေရှင်းသည်၊ ဤလူစားမျိုးကို ဆက်ဆံခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများသည် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်သည်နှင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်း၏ ရလဒ်သည် အဘယ်ကြောင့် ပုံစံတစ်မျိုး ဖြစ်ရသည်တို့နှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းမှုရရှိရန် ကူညီပေးမည်။ အချို့လူများသည် ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် ၎င်းတို့၏ အပြစ်များကို ဝန်မခံဘဲ သို့မဟုတ် နောင်တမရဘဲ ၎င်းတို့ အဘယ်ကြောင့် ဖြုတ်ချခံရသည်ကိုဖြစ်စေ၊ နှင်ထုတ်ခံရသည်ကိုဖြစ်စေ၊ ၎င်းတို့ အဘယ်ကြောင့် ရှင်းလင်းပစ်ခြင်း ခံရသည်ကိုဖြစ်စေ မသိရှိလျှင်ပင် ဤသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိရှိခြင်းနှင့် ကြီးစွာသော နောင်တမရခြင်းသာ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်း၏ ရလဒ်သည် အဘယ်ကြောင့် ပုံစံတစ်မျိုး ဖြစ်ခဲ့သည်ဟူသည်နှင့်ပတ်သက်၍မူ ဤကိစ္စများ၏ အသေးစိတ်အချက်များ၊ ဤလူများတွင် မည်သည့်ပြဿနာများ ရှိသည်၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဘုရားအိမ်တော်၏ အကြောင်းပြချက်များမှာ အဘယ်အရာဖြစ်သည်နှင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် အခြေခံမှာ အဘယ်အရာဖြစ်သည်တို့ကို သင်တို့ သိရှိနိုင်စေရန်အလို့ငှာ ပြဿနာများကို ငါတို့ ပွင့်ပွင့်လင်းလင်း ချပြရန် လိုအပ်သည်။ အတိုချုပ်ဆိုရလျှင် အစမှ ယခုအချိန်အထိ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ခဲ့သော နှုတ်ကပတ်တော်များအားလုံးတွင် လူများအနေဖြင့် မည်သည့်အရာကို ပြောဆိုနေကြောင်း မသိရှိသည့်၊ ထိုးထွင်းမသိမြင်နိုင်သည့်အပြင် ထိုထဲရှိ သမ္မာတရားကို မသိနားမလည်သည့် ဘုရား၏သဘောသဘာဝ ဘာသာစကားဖြင့် ပြောဆိုထားသော အပိုင်းမှလွဲ၍ သင်တို့၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်သည့် မည်သည့်ကိစ္စရပ်နှင့်ပတ်သက်လာလျှင်မဆို ယင်းမှာ လူ၏ အန္တိခရစ် စိတ်သဘောထားကို ဖော်ထုတ်ခြင်းဖြစ်စေ၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များကို ဖော်ထုတ်ခြင်းဖြစ်စေ မည်သည့်အရာများသည် အပြုသဘောဆောင်ကြောင်း၊ မည်သည့်အရာများသည် အပျက်သဘောဆောင်ကြောင်း၊ သင်တို့ မည်သည့်အရာကို စောင့်ထိန်းသင့်ကြောင်းနှင့် သင်တို့ မည်သည့်အရာကို ပြုပြင်သင့်ကြောင်း၊ ပုန်ကန်သင့်ကြောင်းနှင့် ငြင်းပယ်သင့်ကြောင်းတို့ကို သင်တို့ သိရှိရန် ကူညီပေးကာ ဤအရာများကို ငါ အမြဲတစေ ထောက်ပြပြီး အထူးသဖြင့် အသေအချာနှင့် တိကျမှန်ကန်စွာ ရှင်းပြလေသည်။ အတိုချုပ်ဆိုရလျှင် စကားပြောဆိုခြင်းအတွက် ငါ၏ တစ်သမတ်တည်းဖြစ်သော စည်းမျဉ်းမှာ သမ္မာတရား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ လူအတွက် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများနှင့် လူက လိုက်နာစောင့်ထိန်းသင့်သည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ၏ အမျိုးမျိုးသော ကဏ္ဍများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန် ဖြစ်သည်၊ ထိုသို့ဖြင့် သင်တို့ကို တိကျမှန်ကန်သော ပန်းတိုင်တစ်ခု၊ တိကျမှန်ကန်သော ဦးတည်ချက်တစ်ခုနှင့် တိကျမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ပေးလေသည်။ ထို့အပြင် သင်တို့ကို စကားပြောသည့်အခါ အမျိုးမျိုးသော စည်းမျဉ်းများကို မစောင့်ထိန်းသည့် လူများအတွက် အန္တိမ အဆုံးသတ်နှင့် အကျိုးဆက်အကြောင်းကိုလည်း ငါ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သည်၊ အထူးသဖြင့် လူတိုင်းတွင် တွေ့ရသော အမျိုးမျိုးသော ပြဿနာများ၏ စရိုက်လက္ခဏာကို မည်သို့ သရုပ်ဖော်ထားကြောင်းကို သင်တို့ကို ငါ ပွင့်လင်းပြတ်သားစွာ ပြောပြသည်။ ဥပမာအားဖြင့် အချို့လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ လုပ်ကြသည်၊ သမ္မာတရားကို မလိုက်စားကြသည့်အပြင် အသက်ဝင်ရောက်မှု မည်သည့်အခါမျှ မရှိကြပေ၊ ယင်းကို ငါက “သင်၏ တာဝန်ထမ်းဆောင်မှု၏ စရိုက်လက္ခဏာကို သရုပ်ဖော်ပြီးဖြစ်သည်။ သင်သည် အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်။ သင်သည် အဆုံးတိုင်အောင် ဤနည်းလမ်းအတိုင်း ဆက်လက်ယုံကြည်ပါက သင် ကယ်တင်ခြင်းသို့ ရောက်ရန် မဖြစ်နိုင်ပေ။ သင်သည် သမ္မာတရားကို လိုက်စားရမည်၊ အသက်ဝင်ရောက်မှု ရှိရမည်၊ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ခြင်းဟူသည့် ဤအခြေအနေကို ဖယ်ရှားရမည်ဖြစ်ပြီး ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းသို့ ရောက်ရန်ဖြစ်ပြီး အားထုတ်ရန် သို့မဟုတ် အလုပ်လုပ်ပေးရန် မဟုတ်ပေ” ဟု ပြောသည်။ သင် မြင်သလော၊ ဤသည်မှာ အလွန် ရှင်းလင်းသည် မဟုတ်လော။ (ရှင်းလင်းပါသည်။) ယင်းက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှု မရှိခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာဖြစ်ကြောင်းကို သင့်အား ရှင်းလင်းစွာ သိစေသည်။ ထို့အပြင် သမ္မာတရား၏ မည်သည့် ကဏ္ဍနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ယင်းကို ရှုထောင့်တစ်မျိုး သို့မဟုတ် အမြင်တစ်မျိုးတည်းမှ ငါ မိတ်သဟာယမဖွဲ့ဘဲ အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုပြီး ဥပမာများစွာကို ပေးကာ ရှုထောင့်များနှင့် အမြင်များစွာမှ ငါ မိတ်သဟာယဖွဲ့သည်။ အယူဝါဒ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ၏ ကဏ္ဍအချို့ကိုသာ သင်တို့ နားလည်စေရန် သို့မဟုတ် အသိပညာ၏ ကဏ္ဍအချို့အကြောင်းကို ရိုးရှင်းသောနည်းလမ်းဖြင့် လေ့လာသိရှိစေရန်အစား လက်ရှိ သမ္မာတရား စည်းမျဉ်းများကို သင်တို့ နားလည်နိုင်စေရန် ငါ ကြိုးပမ်းသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ပထမဆုံး ထိတွေ့ဆက်ဆံခဲ့ပြီး လူကို သူ၏ ပထမဆုံး ညွှန်ကြားချက်ကို ပေးခဲ့သည့်အချိန်မှ ယခုအချိန်အထိ စကားပြောဆိုခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းသည် ပြောင်းလဲခြင်းမရှိဘဲ တည်ရှိနေခဲ့သည်။ ဘုရားသခင်သည် ဝိညာဉ်တော်အနေဖြင့် စကားပြောပြီး အမှုပြုသည်ဖြစ်စေ၊ ဇာတိပကတိ၌ စကားပြောပြီး အမှုပြုသည်ဖြစ်စေ သူသည် ရှင်းလင်းပြတ်သားစွာနှင့် တင်းကျပ်စွာ စကားပြောရန်ဟူသည့် ဤစည်းမျဉ်းကို အမြဲတစေ လိုက်နာခဲ့သည်။ လူသား ရှုထောင့်အမြင်မှကြည့်လျှင် သူ ပြောဆိုသည့်အရာနှင့် လူကို ပံ့ပိုးပေးသည့်အရာအားလုံးသည် ညွှန်ကြားချက်များဖြစ်ပြီး သေချာသည်မှာ ယင်းတို့သည် ထောက်ပံ့မှုများလည်း ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဖန်ဆင်းခံ လူသားများအနေဖြင့် လူတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်တိုင်းကို စိတ်ထဲတွင် ခိုင်မာစွာ မှတ်ထားသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဓမ္မပညာဆိုင်ရာ သီအိုရီများစုစည်းမှုတစ်ခုအဖြစ် သဘောထားမည့်အစား ၎င်းတို့၏ နေ့စဉ်ဘဝများတွင်၊ အထူးသဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့်ပတ်သက်လာလျှင် ယင်းကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းသင့်သည်။ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်တိုင်းနှင့် လူကို ဘုရားသခင် ပံ့ပိုးပေးသော သမ္မာတရား၏ ကဏ္ဍတိုင်းသည် လူကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးဆောင်သွားရန်နှင့် လူကို ရှင်းလင်းသော ပန်းတိုင်တစ်ခုနှင့် ဦးတည်ချက်တစ်ခု ပေးရန် ရည်ရွယ်သည်။ လူသည် ယင်းတို့ကို လိုက်နာစောင့်ထိန်းပါက သူသည် စံနှုန်းပြည့်မီပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသော ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာလိမ့်မည်။

မရေရာခြင်း မရှိဟူသည့် ဤကဏ္ဍနှင့်ပတ်သက်၍ အခြားပြဿနာများ ရှိသေးသလော။ အခြားမည်သည့်အရာကို သင်တို့ စဉ်းစားမိနိုင်သေးသနည်း။ ယခင်က တရုတ်ပြည်မကြီးတွင် ဤအမှုအဆင့် တရားဝင် မစတင်မီက ခေါင်းဆောင်များဟု ခေါ်သောသူအချို့သည် တစ်စုံတစ်ဦးက လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ပြားမှု ကျူးလွန်ခဲ့ကြောင်း သိရှိရသည့်အခါ ၎င်းတို့သည် ယင်းကို ပြင်းထန်စွာ အပြစ်ရှာတိုက်ခိုက်လေ့ရှိခဲ့ကြသည်။ ၎င်းတို့သည် ပါဝင်ပတ်သက်သူကို မြေကြီးပေါ်တွင် ဒူးထောက်စေပြီး ထိုသူ၏ အပြစ်များကို ဝန်ခံစေမည်ဖြစ်ကာ ထိုခေါင်းဆောင်များသည် ထိုသူ ပြောသမျှကို နားထောင်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်နေရာတွင် ဝင်ကြပြီး ဤသာမန် ယုံကြည်သူက မိမိ၏ အပြစ်များကို ဝန်ခံသည်ကို နားထောင်ကြကာ လုံလောက်အောင် အသေအချာ မရှင်းပြထားသည့် အပိုင်းများကို ၎င်းတို့ ကြားရသည့်အခါ အသေးစိတ်အချက်များကိုပင် အတင်းအကျပ် မေးမြန်းခဲ့ကြသည်။ အမှန်တကယ်တွင် ထိုသို့လုပ်ဆောင်ခြင်းသည် မလိုအပ်ပေ၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီက မိမိတို့၏ အပြစ်များကို ဝန်ခံပြီး နောင်တရပြုပြင်ကာ ယင်းတို့ကို ထပ်မံ မကျူးလွန်သရွေ့ ယင်းမှာ လုံလောက်သင့်သည်။ လူတို့သည် ၎င်းတို့၏ အပြစ်များကို ဘုရားသခင်ထံ ဝန်ခံကြသည်၊ လူကို ဝန်ခံခြင်း မဟုတ်ချေ။ လူတို့သည် ဘုရားသခင်ကို ကိုယ်စားပြုရန် ကြိုးစားဖို့ မဆိုထားနှင့်၊ တရားသူကြီးများအဖြစ် မပြုမူသင့်ပေ။ သို့သော် ဤခေါင်းဆောင်များဟု ခေါ်သောသူများသည် ထိုသူ၏ အပြစ်များနှင့်ဆိုင်သော အသေးစိတ်အချက်များကို အထူးတလည် အတင်းအကျပ် မေးမြန်းကြမည်ဖြစ်ပြီး အခြားသူများကို ယင်းကို နားထောင်ရုံမျှဖြင့် စက်ဆုပ်ပြီး စိတ်မသက်မသာ ဖြစ်စေသည်။ ၎င်းတို့သည် ထိုသူကို အလွန်အမင်း အရှက်ရသည့်အထိ စစ်ကြောမေးမြန်း၍ မပြီးမချင်း အနားယူကြမည် မဟုတ်ပေ။ ဤအရာကို ကြားရသည့်အခါ သင်တို့ မည်သို့ ခံစားရသနည်း။ (ကျွန်ုပ်တို့ အလွန် စက်ဆုပ်မိပါသည်။) ထိုသို့သော ခေါင်းဆောင်များသည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြပြီး ၎င်းတို့တွင် ဆိုးယုတ်သောသူများ၏ အနှစ်သာရ ရှိကြသည်။ ၎င်းတို့သည် တရားသူကြီးများအဖြစ် ပြုမူပြီး အမှုများကို စစ်ဆေးလိုကြသည်အထိပင် ဖြစ်သည်၊ ၎င်းတို့တွင် အမှန်ပင် ရှက်စိတ် မရှိကြပေ။ သာမန် ယုံကြည်သူများက အပြစ်များ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ပြားမှု အပြစ်ကို ကျူးလွန်သည့်အခါ ဤခေါင်းဆောင်များသည် အထူးသဖြင့် စိတ်ဝင်စားလာကြပြီး အသေးစိတ် မေးခွန်းများကို မေးကာ စေ့စေ့ပေါက်ပေါက် ဖိစစ်ကြ၏။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ဤနည်းလမ်းအတိုင်း မည်သည့်အခါမျှ ကိုင်တွယ်မည်မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ပြားမှု ပြဿနာများကို ၎င်းတို့ တွေ့ရှိသည့်အခါ ထူးထူးဆန်းဆန်း စိတ်ဝင်စားလာကြပြီး အလွန်အမင်း အလေးအနက်ထားလာကြကာ အပြစ်ကျူးလွန်သူကို မြေမျိုခံချင်စိတ် ပေါက်သည်အထိ စစ်ကြောမေးမြန်းကြသည်။ ၎င်းတို့သည် အမှုအရာများကို အလေးအနက်ထားပြီး မရေရာခြင်း မရှိဟုပင် ခံစားခဲ့ကြကာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ခံစားခဲ့ကြသည်။ ဤသည်မှာ ယုတ္တိတန်လွန်းသည် မဟုတ်လော။ အချို့လူများက ၎င်းတို့တွင် အဆင့်အတန်းရှိသောကြောင့် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်ဟု ထင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် အချို့သောအရာများကို လုပ်ဆောင်ရန် ၎င်းတို့၏ အဆင့်အတန်းကို အခွင့်ကောင်းယူကြသည်။ သာမန် ယုံကြည်သူများတွင် ပိုင်းခြားသိမြင်မှု သိပ်မရှိဘဲ အမှားနှင့် အမှန်ကို မသိရှိကြသည့်အပြင် လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်အရာ ဖြစ်သည်ကို မသိရှိကြသောကြောင့် ၎င်းတို့သည် ထိုခေါင်းဆောင်များဟု ခေါ်သောသူများက ၎င်းတို့ကို လုပ်ဆောင်ခိုင်းသည့် မည်သည့်အရာကိုမဆို နာခံကြမည်ဖြစ်ပြီး ခေါင်းဆောင်များကို မနာခံခြင်းသည် ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်မည်ဟု ထင်ကြသည်။ အလွန်အမင်း အရှက်ရသည့်အထိ စစ်ကြောမေးမြန်းခံရသည့်အခါတွင်ပင် ၎င်းတို့သည် မညည်းညူခဲ့ကြဘဲ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနေပြီး ဘုရားသခင်နှင့် ရိုးသားကာ ပွင့်လင်းနေခဲ့ခြင်း ဖြစ်သည်ဟုပင် ယုံကြည်ခဲ့ကြသည်။ ထိုခေါင်းဆောင်များဟု ခေါ်သောသူများက “ဤမျှ ကြီးမားသောအရာ ဖြစ်ပျက်ခဲ့သည်၊ ယင်းကို ငါတို့ ဆက်ဆံသည့်ပုံစံတွင် ငါတို့ မရေရာ၍ မရနိုင်ပေ။ သင်သည် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ပြားမှု ကျူးလွန်ခဲ့သည်၊ အသေးစိတ်အချက်များအားလုံးကို လူသိအောင် လုပ်ဆောင်ရမည်။ သင်သည် မိမိ၏ အပြစ်များကို လူတိုင်းအား ဝန်ခံရမည်” ဟု တွေးခဲ့ကြသည်။ အဆုံးတွင် ၎င်းတို့သည် ထိုသူကို အလွန်အမင်း အရှက်ရပြီး နာကျင်ရကာ ၎င်းတို့ အသက်မရှင်ချင်တော့သည့် အတိုင်းအတာအထိ စစ်ကြောမေးမြန်းကြလိမ့်မည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အလုပ်နှင့်ပတ်သက်၍ သင်တို့ မည်သို့ ထင်သနည်း။ (ယင်းကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပါ။) ငါ ဤသို့သောအရာများကို လုပ်ဆောင်သည်ကို သင်တို့ တစ်ခါမျှ မြင်ဖူးသလော။ သင်တို့နှင့် ငါ ထိတွေ့ဆက်ဆံသည့်အခါ သင်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအကြောင်းကို လေ့လာသိရှိရန် ငါ တစ်ခါမျှ ကြိုးစားဖူးသလော။ (မည်သည့်အခါမျှ မကြိုးစားဖူးပါ။) ငါ့ကို ပြောလော့၊ သင်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ သို့မဟုတ် တိတ်တဆိတ် သင်တို့ လုပ်ဆောင်ခဲ့သည့် ဒုစရိုက်အမှုများအကြောင်းကို ငါ သိလိုသလော။ ဤအရာများအကြောင်းကို ငါ မသိလိုပေ။ ယင်းတို့အကြောင်းကို ငါ မသိလိုဟု ငါပြောသည့်အခါ ယင်းမှာ ငါက ဟန်ဆောင်နေခြင်းလော၊ သို့မဟုတ် ဤအရာများအကြောင်းကို လေ့လာသိရှိရန် ငါ့တွင် မည်သည့် အခွင့်အရေးမျှ မရှိခြင်းလော။ (နှစ်ခုလုံး မဟုတ်ပါ၊ ဘုရားသခင်က ယင်းတို့အကြောင်းကို မသိလိုခြင်း ဖြစ်ပါသည်။) ၎င်းတို့ကို ငါ စိတ်မဝင်စားသောကြောင့်လည်းကောင်း၊ ယင်းတို့အကြောင်းကို ငါ သိရှိရန် မည်သည့် လိုအပ်ချက်မျှ မရှိသောကြောင့်လည်းကောင်း ယင်းတို့အကြောင်းကို ငါ မသိလိုပေ။ သင်တို့တွင် ပြဿနာတစ်ခုခု ရှိပါက သင်တို့ကိုယ်တိုင် ဘုရားသခင်ထံ ဆုတောင်းသင့်သည်၊ သို့မဟုတ် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်၊ ဤသည်မှာ အကောင်းဆုံး ဖြစ်သည်။ အချို့လူများသည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အဆင့်အတန်းရှိသော လူများ လုပ်ဆောင်လိုသည့် အရာများကို လုပ်ဆောင်ရန် ၎င်းတို့၏ အဆင့်အတန်းကို အခွင့်ကောင်းယူလိုကြပြီး လူတို့၏ အတွေးများနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို သဘောပေါက်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် လက်တွေ့ကျသော အလုပ် တစ်ခုတလေကိုမျှ မလုပ်ဆောင်ကြသော်လည်း လူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို စပ်စုခြင်းနှင့်ပတ်သက်၍မူ အတော်လေး အလေးအနက်ထားကြသည်။ ၎င်းတို့က ဤနည်းလမ်းအတိုင်း အလုပ်လုပ်ခြင်းအားဖြင့် လူတိုင်းက ၎င်းတို့၏ သိမ်းသွင်းစည်းရုံးခြင်းကို ခံရသည်ဟုပင် ထင်ကြသည်၊ ၎င်းတို့သည် အတော်လေး ဂုဏ်ယူကြသည်။ ထိုသို့သော လူများတွင် ဆင်ခြင်တုံတရား တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့ကြပြီး လူ့သဘာဝ လုံးဝ မရှိကြပေ။

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့မှတစ်ဆင့် ဘုရားသခင်သည် မရေရာခြင်း မရှိဟူသည့် အချက်ကို လူတိုင်း သဘောပေါက်နိုင်သည်။ သင်သည် ဘုရားသခင် ပြောဆိုသော စကားတိုင်းနှင့် သူ၏ စကားပြောဆိုခြင်း အကြိမ်တိုင်းကို လေးနက်စွာ သဘောပေါက်ပြီး သင့်အပေါ် ဘုရားသခင်၏ အမှုတော်ကို လေးနက်စွာ သဘောပေါက်၍ တွေ့ကြုံပါက ဘုရားသခင်သည် သစ္စာရှိကြောင်းနှင့် သူ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များတွင် လူအတွက် သူ၏ မေတ္တာနှင့် ဂရုစိုက်မှုတို့ ပါဝင်ကြောင်းကို သင် ပို၍ပင် ယုံကြည်လိမ့်မည်။ လူအတွက် ဘုရားသခင်၏ အသက် ထောက်ပံ့ပေးမှုသည် ၎င်းကို မည်သည့်အခါမျှ အထင်အမြင် မမှားစေခဲ့ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူကို မှားယွင်းသော လမ်းပြမှု သို့မဟုတ် မှားယွင်းသော သရုပ်ပြမှုများကို မည်သည့်အခါမျှ မပေးခဲ့သည့်အပြင် သူသည် မှားယွင်းသော ပြောဆိုချက်များကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ပေ၊ လူကို ရှုပ်ထွေးသွားစေသည့် အပေါ်ယံအားဖြင့် မှန်ကန်သယောင်ရှိသော ပြောဆိုချက်များကို မပြုလုပ်ခဲ့သည်မှာ ဆိုဖွယ်ရာပင် မရှိပေ။ ထိုအစား အကြောင်းအရာသည် အဘယ်အရာဖြစ်စေ၊ သမ္မာတရား၏ မည်သည့် ကဏ္ဍ ပါဝင်သည်ဖြစ်စေ သူသည် လူကို အပြုသဘောဆောင်ပြီး မှန်ကန်သော ပြောဆိုချက်များဖြင့် မမောမပန်း ထောက်ပံ့ပေးလေသည်။ လူတို့၏ နေ့စဉ်ဘဝများနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် သက်ဆိုင်သည့်အခါတွင်ပင် ငါ၏ ကိုယ်ပိုင်အတွေ့အကြုံကို အသုံးချလျက် ဘဝနှင့်ပတ်သက်သည့် အခြေခံအသိ အပိုင်းအစအချို့ကို ငါ မျှဝေမည်။ အထူးသဖြင့် လူငယ်အချို့ကို ငါ လမ်းပြနေသည့်အခါ ၎င်းတို့သည် မလိုအပ်သော လမ်းလွှဲများကို ရှောင်ရှားရန်နှင့် မှားယွင်းသော နေထိုင်မှုပုံစံများကို မကျင့်သုံးရန် သို့မဟုတ် မှားယွင်းသော နေထိုင်မှုအလေ့အထများကို မမွေးမြူရန်အလို့ငှာ နေထိုင်ခြင်းအတွက် အခြေခံအသိ အပိုင်းအစအချို့ကို ၎င်းတို့အား ငါ ပြောပြမည်။ ထို့ကြောင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့်ပတ်သက်လာလျှင်ဖြစ်စေ၊ နေ့စဉ်ဘဝတွင်ဖြစ်စေ လူ့ဇာတိခံထားသော ဘုရားသခင်သည် သင်တို့ကို ထောက်ပံ့ပေးရန်၊ သင်တို့ကို ပံ့ပိုးပေးရန်နှင့် သင်တို့ကို ကူညီပေးရန်အတွက် လုံးဝ အသုံးဝင်လေသည်။ လူ့ဇာတိခံထားသော ဘုရားသခင် အမှုပြုခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတို့နှင့်ပတ်သက်၍ သူ လုပ်ဆောင်သော အမှုနှင့် သူ ပြောဆိုသော နှုတ်ကပတ်တော်များသည သင်တို့အနေဖြင့် လိုက်နာစောင့်ထိန်းရန်နှင့် ယင်းတို့ကို လုံးလုံးလျားလျားနှင့် ရှင်းလင်းပြတ်သားစွာ စောင့်ထိန်းပြီး ကျိုးနွံနာခံရန် ထိုက်တန်လေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသက်နှင့် ဘုရားသခင်၏ အနှစ်သာရမှ လာသောကြောင့် ဖြစ်သည်၊ ယင်းတို့က သင်တို့ကို ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ လမ်းပြပေးပြီး ယင်းတို့သည် ဘုရားသခင်ထံသို့ လှည့်လာရန် သင်တို့ကို လမ်းပြပေးသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ နေ့စဉ်ဘဝတွင် ငါပြောသည့် စကားအချို့ကို သင် နှလုံးသွင်းရန် မလိုအပ်သော်လည်း ငါကိုယ်တိုင်နှင့်ပတ်သက်၍မူ ငါ၏ ကြံရွယ်ချက်မှာ မည်သူ့ကိုမျှ နာကျင်စေရန် လုံးဝ မဟုတ်ပေ။ သင်၏ ပင်ကိုစရိုက်၊ သင်၏ စိတ်သဘောထား၊ အမှုအရာများကို သင် လုပ်ဆောင်သည့် နည်းလမ်း သို့မဟုတ် သင်၏ ကဏ္ဍအချို့ကို ငါ သိပ်မနှစ်သက်လျှင်ပင် သင့်ကို ငါ လုံးဝ နာကျင်စေမည်မဟုတ်သည့်အပြင် မြွေပြုလုပ်ခဲ့သကဲ့သို့ သင့်ကို ဖြားယောင်းသွေးဆောင်ရန် မည်သည့်အရာကိုမျှ ငါ တစ်ခါမျှ လုပ်ဆောင်မည်မဟုတ်ပေ။ မှားယွင်းသော သို့မဟုတ် ဆိုးယုတ်သော လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရန် သင့်ကို ငါ ဖြားယောင်းသွေးဆောင်မည် မဟုတ်သည့်အပြင် ယိုယွင်းပျက်စီးရန်၊ အပြစ်များ ကျူးလွန်ရန် သို့မဟုတ် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် အရာများကို လုပ်ဆောင်ရန် သင့်ကို ငါ ဖြားယောင်းသွေးဆောင်မည် မဟုတ်ပေ၊ ငါ ဤသို့ လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ သင်နှင့်ပတ်သက်၍ ငါ သိပ်မနှစ်သက်သော သို့မဟုတ် ငါ၏ ပင်ကိုစရိုက်နှင့် သိပ်ပြီး သဟဇာတမဖြစ်သော အရာတစ်ခုခု ရှိလျှင်ပင်၊ နေ့စဉ်ဘဝတွင် သင်နှင့် ငါ ပတ်သက်ဆက်နွှယ်မည် သို့မဟုတ် ထိတွေ့ဆက်ဆံမည် မဟုတ်လျှင်ပင် ငါ၏ ပင်ကိုလက္ခဏာအရ သင့်ကို ငါ လုံးဝ မှန်ကန်စွာ ဆက်ဆံမည်။ သင်သည် သမ္မာတရား သို့မဟုတ် အသက်ဝင်ရောက်မှု ပါဝင်သည့် တစ်စုံတစ်ရာကို ရှာဖွေပါက လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှင်းလင်းပြီး မရေရာခြင်း မရှိသည့် နည်းလမ်းဖြင့် သင့်အား ငါ သေချာပေါက် ပြောပြမည်။ တစ်ခုမှာ သေချာသည်၊ သင့်ကို ငါ မနှစ်သက်လျှင်ပင် သင့်ကို ငါ လမ်းလွဲသွားစေမည် မဟုတ်ပေ။ သင့်ကို မှန်ကန်သော နည်းလမ်းဖြင့် ငါ ဆက်ဆံမည်။ သင်သည် သမ္မာတရားကို လိုက်စားရန် လိုလားပြီး ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ တက်ရောက်ရန် လိုလားပါက သင် စောင့်ထိန်းသင့်သည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့်ပတ်သက်၍ သင်နှင့် ငါ မိတ်သဟာယဖွဲ့မည်၊ ဤသည်မှာ သေချာလေသည်။

ဘုရားသခင်က လူကို ဖြားယောင်းသွေးဆောင်ခြင်း မရှိဟူသည့် အကြောင်းအရာတွင် လူသားများက လူ့ဇာတိခံထားသော ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်ဟူသည်လည်း ပါဝင်သည်၊ မှန်သလော။ (ဟုတ်ပါသည်။) အဘယ်ကြောင့်ဆိုသော် လူများကို သွေးထိုးလှုံ့ဆော်ခြင်း၊ လူများကို ရန်တိုက်ပေးခြင်း၊ လူများထံမှ နားချဖျောင်းဖျ စကားနှိုက်ရန် ကြိုးစားခြင်းနှင့် ဝေဝါးစွာနှင့် မရေရာစွာ စကားပြောဆိုခြင်းဟူသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဤထုတ်ဖော်ချက်များသည် လူတွင် အလွန် အဖြစ်များပြီး ဤအရာများအားလုံးသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၏ ထုတ်ဖော်ချက်များ ဖြစ်သောကြောင့် လူသည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဤတူညီသော နည်းလမ်းများ၊ ရှုထောင့်များနှင့် အမြင်များဖြင့် ဆက်ဆံလေသည်။ သို့ဖြစ်၍ လူသည် ဤကဏ္ဍများကို သိရှိရန် လိုအပ်ပြီး လူ့ဇာတိခံထားသော ဘုရားသခင် ပြသသော ဤသရုပ်သကန်များဖြစ်သည့် လူကို သွေးထိုးလှုံ့ဆော်ခြင်း မရှိ၊ လူကို ရန်တိုက်ပေးခြင်း မရှိ၊ လူကို နားချဖျောင်းဖျ စကားနှိုက်ခြင်း မရှိ၊ မရေရာခြင်း မရှိဟူသည်တို့ကို လူအား အသေအချာ ရှင်းပြရန်လည်း လိုအပ်သည်။ ဤအရာများကို နားလည်ပြီးသည့်နောက် လူသည် လူ့ဇာတိခံထားသော ဘုရားသခင်ကို ယခင်ကနှင့်မတူ တစ်မူထူးခြားစွာ သိကျွမ်းလာလိမ့်မည်။ တစ်ဖက်တွင် ဤသည်က လူကို ဘုရားသခင်၏ အနှစ်သာရ ပါဝင်သည့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ကဏ္ဍများနှင့်ပတ်သက်၍ ပို၍ သိကျွမ်းစေနိုင်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ပို၍ ကောင်းမွန်စွာ သိရှိပြီး နားလည်စေနိုင်သည်။ အခြားတစ်ဖက်တွင် ယင်းက လူသားများအား လူ့ဇာတိခံထားသော ဘုရားသခင်ကို ဆက်ဆံရာတွင် အခြားသော ဖောက်ပြန်ပျက်စီးသည့် လူသားများအား ၎င်းတို့ ဆက်ဆံသည့် နည်းလမ်းအတိုင်း ဆက်ဆံခြင်းမှလည်း တားဆီးပေးနိုင်သည်။ ဤအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းက လူ့ဇာတိခံထားသော ဘုရားသခင်ကို မှန်ကန်သော နည်းလမ်းဖြင့် ဆက်ဆံရန် လူကို ကြီးမားစွာ အထောက်အကူ ပြုလိမ့်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် သူ၏ သဘောထားကို ပြုပြင်ရန်လည်း သူ့ကို ကြီးမားစွာ အထောက်အကူ ပြုလိမ့်မည်ဖြစ်ကာ လူ့ဇာတိခံထားသော ဘုရားသခင်ကို မှန်ကန်သော သဘောထားနှင့် နည်းလမ်းများကို အသုံးပြုလျက် ဆက်ဆံခွင့်ပေးလိမ့်မည်။ အလားတူပင် လူ့ဇာတိခံထားသော ဘုရားသခင်ကို မှန်ကန်သော နည်းလမ်းဖြင့် ဆက်ဆံခြင်းက ဖန်ဆင်းရှင်ကို မှန်ကန်သော နည်းလမ်းဖြင့် ဆက်ဆံရန်လည်း လူကို ကူညီပေးလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ဖန်ဆင်းရှင်ကို မှန်ကန်သော သဘောထားနှင့် မှန်ကန်သော နည်းလမ်းများကို အသုံးပြုလျက် ဆက်ဆံလိုပါက၊ ပြီးလျှင် သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိုပြီး ဖန်ဆင်းရှင်ကို ဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သော သဘောထားဖြင့် ဆက်ဆံလိုပါက သင်သည် ရှေးဦးစွာ လူ့ဇာတိခံထားသော ဘုရားသခင်ကို မှန်ကန်သော သဘောထားနှင့် နည်းလမ်းများကို အသုံးပြုလျက် ဆက်ဆံရမည်။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို မှန်ကန်သော သဘောထားနှင့် နည်းလမ်းများကို အသုံးပြုလျက် ဆက်ဆံသည်နှင့်တစ်ပြိုင်နက် ဖန်ဆင်းရှင်ကို မှန်ကန်သော နည်းလမ်းဖြင့် ဆက်ဆံရန် အခွင့်အရေး သို့မဟုတ် အခြေခံ နည်းလမ်းများ သင့်တွင် ရှိလိမ့်မည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်ကို မည်သို့ ဆက်ဆံရမည်ဟူသည်မှာ လူ ရှောင်လွှဲ၍မရနိုင်သော အခက်အခဲတစ်ခု ဖြစ်သည်။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို မှန်ကန်စွာ ဆက်ဆံခြင်းဟူသည့် ဤအခက်အခဲကို ချောမွေ့စွာ ကျော်လွှားလိုပါက လူ့ဇာတိခံထားသော ဘုရားသခင်၏ အနှစ်သာရကို သင် သိရှိရမည်၊ လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို သိရှိရမည်ဖြစ်ပြီး လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်အနှစ်သာရ၊ သူ၏ အသက်ကို အသက်ရှင်နေထိုင်ခြင်းနှင့် အသက် ထုတ်ဖော်ချက်များမှာ အဘယ်အရာဖြစ်သည်ကို သိရှိပြီး နားလည်ရမည်။ သင်သည် ဤအရာများကို သိရှိပြီး နားလည်သည့်အခါမှသာ လူ့ဇာတိခံထားသော ဘုရားသခင်ကို မှန်ကန်စွာ ဆက်ဆံရန် အခွင့်အရေးနှင့် နည်းလမ်းများ သင့်တွင် ရှိလိမ့်မည်။ ဤသည်မှာ လူသည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်လိုပါက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းတွင် သူ ကျော်လွှားရမည့် အခက်အခဲတစ်ခု ဖြစ်သည်။ သင်သည် ဤအခက်အခဲကို ကျော်လွှားနိုင်ပါက ဘုရားသခင်၏ အမြင်တွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် သင့်အတွက် မျှော်လင့်ချက် ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လက်သင့်ခံခြင်းကို ခံရသူတစ်ဦး ဖြစ်လာရန် သင့်အတွက် မျှော်လင့်ချက် ရှိလိမ့်မည်။

ယခုလေးတင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာအချို့အပြင် သင်တို့ နားလည်ရန် လိုအပ်သည့် အခြားအကြောင်းအရာတစ်ခု ရှိသေးသည်၊ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်သည် အဆင့်အတန်းကို အတိအကျ မည်သို့ သဘောထားပြုမူသည်ဟူသောအရာ ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်ပြီး အသက်တာ အတွေ့အကြုံတွင် ရှောင်လွှဲ၍မရနိုင်သော အကြောင်းအရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လူ၏ ဝိညာဉ်ရေးရာ အသက်တာထဲရှိ လက်တွေ့ကျသော စိတ်နေသဘောထားနှင့် တိုက်ရိုက် ပတ်သက်နေပြီး သူ၏ အသက်တာ ကဏ္ဍပေါင်းစုံနှင့် ပတ်သက်နေသည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် အဆင့်အတန်းကို မည်သို့ သဘောထားပြုမူသည်ဟူသော ကိစ္စရပ်နှင့်ပတ်သက်၍ သူ၏ သဘောထားနှင့် စည်းမျဉ်းများအကြောင်းကို သင်တို့နှင့် မိတ်သဟာယဖွဲ့ရန်လည်း လိုအပ်ပေသည်။ လူသားမျိုးနွယ်အလယ်တွင် အဆင့်အတန်းကို လူတို့ မိမိတို့၏ တစ်သက်တာလုံး ရှောင်လွှဲ၍မရနိုင်သော ကိစ္စရပ်တစ်ခုဟု ခေါ်ဆိုနိုင်ပြီး ယင်းမှာ လူအများစု လိုက်စားသည့် အရာတစ်ခုလည်း ဖြစ်သည်။ အဆင့်အတန်းအကြောင်း ပြောရလျှင် ယင်းသည် လူတိုင်း၏ စိတ်နှလုံးထဲတွင် အတိုင်းအတာတစ်ခုအထိ နေရာယူထားပြီး အရေးပါမှုတစ်ခုလည်း ရှိသည်။ လူတိုင်းအတွက် အဆင့်အတန်းရှိခြင်းသည် မြင့်မြတ်သော ရပ်တည်မှု၏ သင်္ကေတဖြစ်သည့်အပြင် လူ့အဖွဲ့အစည်းအတွင်း လူတန်းစားနှင့် အာဏာ၏ သင်္ကေတလည်း ဖြစ်သည်။ အဆင့်အတန်းရှိသော် လူသည် ယင်းက ဆောင်ကြဉ်းပေးသည့် ဂုဏ်ကျက်သရေနှင့် အထက်တန်းစား ဘဝနေထိုင်မှုပုံစံကို ပျော်မွေ့ခံစားနိုင်သည့်အပြင် ယင်းက ပေးအပ်သည့် အမျိုးမျိုးသော အကျိုးအမြတ်များနှင့် အာဏာများကိုလည်း ခံစားနိုင်သည်၊ ထို့ကြောင့် အဆင့်အတန်းသည် လူတိုင်းအတွက် အသက်တမျှ အရေးကြီးသည်။ သို့သော် လူသားမျိုးနွယ်က အဆင့်အတန်းကို မည်မျှပင် တန်ဖိုးထားသည်ဖြစ်စေ၊ အဆင့်အတန်းသည် လူသားမျိုးနွယ်အတွက် မည်မျှပင် အရေးကြီးသည်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်က ယင်းကို ထိုနည်းတူ ရှုမြင်သလော။ (မရှုမြင်ပါ။) လုံးဝ မရှုမြင်ပေ။ အဆင့်အတန်းသည် လူသားမျိုးနွယ်အတွက် အလွန် အရေးကြီးသော်လည်း လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် ဤသာမန်လူအတွက်၊ ဆိုလိုသည်မှာ ငါကိုယ်တိုင်အတွက်ဆိုလျှင် ငါ့ထံတွင် အဆင့်အတန်းနှင့်ပတ်သက်သည့် အယူအဆ လုံးဝမရှိသည့်အပြင် ယင်းကို လိုက်စားရန် ဆန္ဒတစ်ခုတလေလည်း မရှိပေ။ သေချာသည်မှာ ယင်းနှင့်ပတ်သက်၍ ငါ့တွင် မည်သည့် အတွေးများ သို့မဟုတ် သတိပြုမိခြင်းများ ရှိသည်ဟူ၍ မေးခွန်းထုတ်စရာ မရှိပေ၊ ဤအရာများထဲမှ တစ်ခုမျှ ငါ့တွင် မရှိချေ။ ငါသည် မွေးကတည်းက ထိုသို့သော ခံစားချက်များ ကင်းမဲ့ခဲ့သည်။ ဆိုလိုသည်မှာ ငါ မှတ်မိနိုင်သည့် အရွယ်ရောက်ကတည်းကလည်းကောင်း၊ အမှုအရာများ မည်သို့ အလုပ်လုပ်သည်ကို နားလည်နိုင်ကတည်းကလည်းကောင်း ဤသတိပြုမိခြင်းမျိုး ငါ့တွင် မရှိခဲ့ပေ။ မိသားစုထဲရှိ အဆင့်အတန်းဖြစ်စေ၊ ကျောင်းရှိ အဆင့်အတန်းဖြစ်စေ၊ လူတို့အလယ်ရှိ ငါ၏ နေရာနှင့် တန်ဖိုးဖြစ်စေ ငါ၏ စိတ်နှလုံးသည် ဤအရာများနှင့် ကင်းလွတ်သည်။ ငါ့တွင် ဤသတိပြုမိခြင်း လုံးဝ မရှိပေ။ ဤသတိပြုမိခြင်း ကင်းမဲ့မှုသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ ငါသည် အခြားသူများနှင့် ယှဉ်ပြိုင်ရန် မည်သည့်အခါမျှ မတွေးသည့်အပြင် မည်သူနှင့်မဆို အဆင့်အတန်းအတွက် ယှဉ်ပြိုင်ရန် စိတ်ကူးကိုလည်း မည်သည့်အခါမျှ လက်မခံပေ။ တစ်စုံတစ်ဦးက ငါ့ကို ယှဉ်ပြိုင်ရန် ကြိုးစားသည့်အခါ ငါက “သင် အဘယ်အရာအတွက် ယှဉ်ပြိုင်နေသနည်း။ ဤသို့လုပ်ခြင်း၏ အကျိုးမှာ အဘယ်အရာဖြစ်သနည်း” ဟု ပြောသည်။ ငါ တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ လူများနှင့် အမှုအရာများကို ပို၍ ရှင်းလင်းစွာ ရှုမြင်ပုံကို ငါ သင်ယူခဲ့သည်။ အမျိုးအစားစုံလင်သော လူများနှင့် အမှုအရာများကို တွေ့ကြုံပြီး ရင်ဆိုင်ရသည့် ဖြစ်စဉ်တွင် လူအားလုံးသည် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ရသည်ကို နှစ်သက်ကြကြောင်း ငါ သိလာခဲ့သည်။ လူတို့ ယှဉ်ပြိုင်သည့်အရာမှာ အဆင့်အတန်း၊ အာဏာ၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများ ဖြစ်သည်။ လူတို့သည် ဤအရာများအတွက် ယှဉ်ပြိုင်ကြသည်။ ငါ ငယ်ရွယ်စဉ်က ဤအရာများအတွက် ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်သည့် အယူအဆ ငါ့တွင် မရှိခဲ့ပေ။ ကြီးပြင်းလာပြီးနောက်တွင် ငါသည် ထိုသို့သော ယှဉ်ပြိုင်ခြင်းကို ပိုင်းခြားသိမြင်နိုင်ရုံသာ ဖြစ်လာခဲ့ပြီး လူတို့ ငါ့ကို အဘယ်ကြောင့် ယှဉ်ပြိုင်ကြသည်ကို နားလည်ရုံသာ နားလည်ခဲ့သော်လည်း ငါကိုယ်တိုင်ကမူ အခြားမည်သူနှင့်မျှ ယှဉ်ပြိုင်လိုသည့် ဆန္ဒ မရှိသေးပေ။ လူတို့နှင့် မယှဉ်ပြိုင်ခြင်း၏ မည်သည့် သရုပ်သကန်များကို ငါ ပြသသနည်း။ အခြားသူများက ငါ့ကို ယှဉ်ပြိုင်ရန် ကြိုးစားသည့်အခါ ငါက “သင်သည် ငါနှင့် ယှဉ်ပြိုင်ခြင်းမှ သင်အလိုရှိသောအရာကို ရရှိနိုင်ပါက သင်သည် ငါ့ထက် သာလွန်သွားပြီဖြစ်သည်။ သင် မရရှိနိုင်ပါက ငါက သင့်ထက် သာလွန်သွားပြီဖြစ်သော်လည်း ငါသည် သင့်ထက် ပို၍ ကြီးမြတ်သည်ဟု ငါ မခံစားရပေ။ ငါက သင့်ထက် သာလွန်လျှင်ပင် ငါသည် သင့်ကို အနိုင်ကျင့်မည် သို့မဟုတ် ညှဉ်းပန်းမည် မဟုတ်ပေ။ ယင်းအားဖြင့် ငါသည် မည်သည့် အကျိုးကျေးဇူးကိုမျှ ရရှိမည်မဟုတ်သည့်အပြင် သင့်ထက် များစွာ ပို၍ မြင့်မြတ်သည်ဟုလည်း ခံစားရမည် မဟုတ်ပေ” ဟု ငါ့ဘာသာ တွေးမိသည်။ သင် မြင်သလော၊ ဤသည်မှာ ငါ့တွင်ရှိသော စိတ်နေသဘောထားမျိုး၊ ပုံမှန် အခြေအနေမျိုးသာ ဖြစ်သည်။ ဤသည်မှာ အဆင့်အတန်းနှင့်ပတ်သက်၍ ငါ၏ သတိပြုမိခြင်းနှင့် အယူအဆတို့၏ပုံစံ ဖြစ်သည်။ အသင်းတော်သို့ ငါ ရောက်လာပြီးနောက်တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ငါသည် သာမန် ယုံကြည်သူတစ်ဦး ပထမဆုံး ဖြစ်လာချိန်တွင် အတော်လေး စိတ်အားထက်သန်ခဲ့ပြီး အထက်အဆင့် ခေါင်းဆောင်များ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသောကြောင့် အချို့လူများက ငါ့ကို မနာလိုဖြစ်လာခဲ့ကြသည်။ ငါက “မနာလိုဖြစ်စရာ အဘယ်အရာ ရှိသနည်း။ သင်သည်လည်း ထိုနည်းတူ စိတ်အားထက်သန်ပြီး အဖိုးအခပေးပါက၊ ဓမ္မသီချင်းများကို ပို၍ သင်ယူပါက၊ ပို၍ ဆုတောင်းပါက၊ အသင်းတော်အသက်တာတွင် ပို၍ ပါဝင်ပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများကို ပို၍ ကူညီပါက သင်သည်လည်း အထက်အဆင့် ခေါင်းဆောင်များ၏ အသိအမှတ်ပြုခြင်းကို ခံရမည် မဟုတ်လော” ဟု တွေးခဲ့သည်။ ထိုအခြေအနေများအောက်တွင် အသိအမှတ်ပြုခံရခြင်းသည် ဂုဏ်ကျက်သရေ တစ်မျိုးမျိုးဖြစ်သည်ဟုဖြစ်စေ၊ အဆင့်အတန်းရှိခြင်း၏ သင်္ကေတတစ်ခုဖြစ်သည်ဟုဖြစ်စေ၊ မြင့်မြတ်သော ပင်ကိုလက္ခဏာ တစ်မျိုးမျိုးကို ရရှိထားခြင်းဖြစ်သည်ဟုဖြစ်စေ ငါ မခံစားခဲ့ရပေ။ ဤအရာများထဲမှ တစ်ခုကိုမျှ ငါ မခံစားခဲ့ရပေ။ နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ငါ၏ အဆင့်အတန်းသည် တိုး၍ အထူးတလည် ဖြစ်လာခဲ့ပြီး ယင်းသည် ပို၍ပို၍ မြင့်မားလာခဲ့သည်။ ငါ တရားဝင် စတင်အလုပ်လုပ်သောအခါတွင် ငါ၏ အဆင့်အတန်းသည် ထိုမျှ မြင့်မားသည်ဟုဖြစ်စေ၊ ငါသည် အခြားသူများထက် ပို၍ မြင့်မြတ်သည်ဟုဖြစ်စေ၊ အခြားသူများနှင့် ကွဲပြားသည်ဟုဖြစ်စေ ငါ မခံစားခဲ့ရသေးပေ။ ပုဂ္ဂလဓိဋ္ဌာန်ကျကျဆိုရလျှင် ငါကိုယ်တိုင်တွင် ဤသတိပြုမိခြင်း မရှိခဲ့သော်လည်း အချို့လူများက ငါ့ကို ကြည့်ရှုပြီး ဆက်ဆံသည့်နည်းလမ်းမှာ ယခင်နှင့် ကွဲပြားနေခဲ့သည်။ လူတစ်ဦးသည် အဆင့်အတန်း ရရှိပြီးနောက် လူတို့အလယ်တွင် ရှိနေရခြင်း၏ ခံစားချက်မှာ ဤသို့ဖြစ်ကြောင်းကို ထိုအခါမှသာ ငါ သဘောပေါက်ခဲ့သည်။ ငါ့ထံတွင် အဆင့်အတန်းရှိလာပြီး စတင်အလုပ်လုပ်သောအခါ လူတို့ ငါ့ကို ကြည့်ရှုသည့်နည်းလမ်းမှာ ကွဲပြားခဲ့သည်၊ ငါ့ကို စကားပြောဆိုရာတွင် ၎င်းတို့၏ သဘောထားမှာ ကွဲပြားသွားပြီး ၎င်းတို့၏ စကားလုံး ရွေးချယ်မှု၊ လေသံနှင့် အခြားသော ကဏ္ဍတိုင်းသည်လည်း အားလုံး ကွဲပြားခဲ့သည်။ လူတစ်ဦးအနေဖြင့် ငါသည် ပြောင်းလဲသွားခြင်း မရှိပေ။ ငါ့တွင် တူညီသော ရုပ်ရည်သွင်ပြင် ရှိနေဆဲဖြစ်ပြီး ငါ၏ ပင်ကိုစရိုက်၊ ငါ၏ နေထိုင်မှု အလေ့အထများနှင့် ငါ၏ စကားပြောဆိုပုံတို့သည် ပြောင်းလဲသွားခြင်း မရှိပေ။ သို့ဆိုလျှင် လူတို့က ငါ့အပေါ်ထားရှိသည့် သဘောထားသည် အဘယ်ကြောင့် ကွဲပြားသနည်း။ ဤသည်မှာ အဆင့်အတန်းအတွက် လူတို့၏ လိုအင်ဆန္ဒက ထကြွလာခြင်း ဖြစ်သည်။ လူအားလုံးသည် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ငါ့တွင် အဆင့်အတန်း ရှိလာသည်နှင့်တစ်ပြိုင်နက် ငါ့အပေါ် လူတို့၏ သဘောထားက ပြောင်းလဲသွားခဲ့သည်။ လူတို့ နှစ်သက်ခဲ့သည့်အရာမှာ အဆင့်အတန်းဖြစ်ပြီး ငါ့ကို မဟုတ်ပေ။ အကြောင်းမှာ ငါသည် ပြောင်းလဲသွားခြင်း မရှိသောကြောင့် ဖြစ်သည်။ ပြောင်းလဲသွားခဲ့သည့် တစ်ခုတည်းသောအရာမှာ ငါ၏ ရာထူးအဆင့်အတန်းပင် ဖြစ်သည်။ ငါသည် တရားဒေသနာများကို နားထောင်သည့် သာမန် ယုံကြည်သူတစ်ဦးဖြစ်ရာမှ စင်မြင့်ပေါ်မှ တရားဟောပြောသူတစ်ဦး ဖြစ်လာခဲ့ပြီး ငါ့အပေါ် လူတို့၏ သဘောထားမှာ ကွဲပြားလာခဲ့သည်။ ငါ့အပေါ် လူတို့၏ သဘောထား ကွဲပြားလာသောအခါမှသာ ငါ့တွင် အဆင့်အတန်းရှိကြောင်းကို ငါ သဘောပေါက်ခဲ့သည်။ လူတို့သည် ငါ့ကို ပို၍ ယဉ်ကျေးစွာ စကားပြောဆိုခဲ့ကြပြီး လေးစားသမှုရှိသော ဂုဏ်ပုဒ်များဖြင့် ငါ့ကို ရည်ညွှန်းခေါ်ဝေါ်ခဲ့ကြသည်။ ငါ ထိုနေရာတွင် ထိုင်ပြီး စကားပြောနေသောအခါ တစ်စုံတစ်ဦးက ငါ့အတွက် ရေငှဲ့ပေးလိမ့်မည်။ အစားစားရမည့်အချိန် ရောက်သောအခါ တစ်စုံတစ်ဦးက ငါ့အတွက် အစားအစာ ခူးပေးပြီး တူများ ယူပေးလိမ့်မည်။ ငါ့တွင် အဆင့်အတန်း ရှိသောကြောင့်သာ လူတို့က ငါ့ကို ဤသို့ ဆက်ဆံကြခြင်းဖြစ်ကြောင်းကို ထိုအခါမှသာ ငါ သတိပြုမိခဲ့သည်။ သို့ရာတွင် ငါ့အနေဖြင့်မူ “အဆင့်အတန်းရှိခြင်းက အာဏာရှိခြင်းကို ဆိုလိုသည်၊ အဆင့်အတန်းရှိခြင်းက မိမိနှင့် အခြားသူများကြားတွင် အကွာအဝေးကို ဖန်တီးပေးသည်၊ လူတစ်ဦးကို သာလွန်မှုပေးပြီး လူတစ်ဦးကို မိမိအလိုရှိသည့်အတိုင်း ဖြစ်စေကာ မိမိလုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခွင့်ပေးသည်” ဟု ငါ မခံစားခဲ့ရသေးပေ။ ငါ့တွင် ဤသတိပြုမိခြင်း မရှိခဲ့သည့်အပြင် ဤသို့လည်း ငါ မခံစားခဲ့ရပေ။ ထို့ကြောင့် ငါသည် သာမန် ယုံကြည်သူတစ်ဦးဖြစ်စဉ်က လူတို့နှင့် ပုံမှန် အပြန်အလှန် ဆက်ဆံနိုင်ခဲ့ပြီး ငါ့တွင် အဆင့်အတန်း ရှိလာသောအခါတွင်လည်း လူတို့နှင့် ငါ အပြန်အလှန် ဆက်ဆံသည့် ငါ၏နည်းလမ်းမှာ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ ၎င်းတို့နှင့် ပုံမှန်အတိုင်း ငါ သင့်မြတ်နိုင်သေးသည်။

အဆင့်အတန်းရှိခြင်းက အာဏာရှိခြင်းကို ကိုယ်စားပြုသော်လည်း ငါသည် မည်သူ့ကိုမျှ ဖိနှိပ်ရန် အာဏာကို မည်သည့်အခါမျှ အသုံးမပြုခဲ့ပေ၊ သို့မဟုတ် မည်သူ့ကိုမျှ ဆရာလုပ်ရန် ငါ၏ အဆင့်အတန်းကို အသုံးမပြုခဲ့ပေ။ ငါ့တွင် အဆင့်အတန်းရှိသောကြောင့် အရာအားလုံးတွင် ငါ အဆုံးသတ် ဆုံးဖြတ်ခွင့် ရှိနိုင်သည်၊ ပြီးလျှင် ငါ၏ အဆင့်အတန်းကို အခွင့်ကောင်းယူနိုင်ပြီး ငါလုပ်ချင်သောအရာများကို လုပ်ဆောင်ရန် ငါစွဲကိုင်ထားသော အာဏာကို အသုံးပြုနိုင်သည်ဟုလည်း ငါ မည်သည့်အခါမျှ မခံစားခဲ့ရပေ။ ငါ့တွင် ထိုသို့သော အတွေးများ မည်သည့်အခါမျှ မရှိခဲ့သည့်အပြင် ဤနည်းလမ်းအတိုင်းလည်း မည်သည့်အခါမျှ မပြုမူခဲ့ပေ။ ငါသည် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ အသင်းတော်၏ စည်းကမ်းများနှင့် အသင်းတော်၏ အလုပ် အစီအစဉ်များကို လိုက်နာဆဲဖြစ်သည်။ ငါ့တွင် အဆင့်အတန်းနှင့် ပတ်သက်သည့် သတိပြုမိခြင်း မရှိသည့်အပြင် တစ်စုံတစ်ရာကို လုပ်ဆောင်ရန် သို့မဟုတ် ငါ့ကိုယ်တိုင်အတွက် အကျိုးကျေးဇူး တစ်ခုခုကို ရှာဖွေရန် အာဏာကို အသုံးပြုခြင်းနှင့်ပတ်သက်သည့် သတိပြုမိခြင်း တစ်ခုတလေလည်း မရှိပေ။ ငါသည် ထိုသို့သောအရာများကို မည်သည့်အခါမျှ မပြောခဲ့သည့်အပြင် ထိုသို့သောအရာများကိုလည်း မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ တစ်စုံတစ်ဦးက ငါ့ထံလာပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲအချို့ ရှိနေသည်ဟု ပြောကာ ၎င်းတို့ကို အခြားတာဝန်တစ်ခုသို့ ငါ ပြောင်းလဲခန့်အပ်ပေးနိုင်ခြင်း ရှိမရှိ မေးသည် ဆိုပါစို့။ အာဏာရှိသော လူတစ်ဦးက ယေဘုယျအားဖြင့် မည်သို့ ပြောမည်နည်း။ “ငါလုပ်စရာရှိသည်မှာ စကားတစ်ခွန်း ပြောလိုက်ရန်သာ ဖြစ်သည် မဟုတ်လော။ ဤကိစ္စတွင် အဆုံးသတ် ဆုံးဖြတ်ခွင့်ရှိသူမှာ ငါပင် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားများ မကြာခဏ အသုံးပြုသည့် လက်သုံးစကား ဖြစ်သော်လည်း ငါသည် ဤကဲ့သို့သော အရာတစ်ခုကိုမျှ မည်သည့်အခါမျှ မပြောခဲ့ပေ။ ငါက “ဤတာဝန်ကို ထမ်းဆောင်ရာတွင် သင့်၌ အခက်အခဲများ ရှိသောကြောင့် သီးခြားအခြေအနေနှင့်ပတ်သက်၍ ငါ မေးမြန်းရမည်။ အသင်းတော်သည် ယေဘုယျအားဖြင့် စည်းမျဉ်းများကို အခြေခံ၍လည်းကောင်း၊ တစ်ဦးချင်းစီ၏ အခြေအနေများကို အခြေခံ၍လည်းကောင်း လူတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ပေးသည်။ ဤအရာနှင့်ပတ်သက်၍ သိရှိရန်နှင့် ယင်းကို ဖြေရှင်းရန် ငါသည် ခေါင်းဆောင်များနှင့် အမှုဆောင်များထံ သွားရမည်” ဟု ပြောသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ ငါ၏ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ ငါ၏ စဉ်းစားဆင်ခြင်မှုများမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့က ဤကိစ္စရပ်ကို ငါ့ထံ တင်ပြကြပြီး ၎င်းတို့ ပြောစရာရှိသည့်အရာကိုသာ ငါ ကြားရကာ နောက်ကွယ်တွင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ထားသည် သို့မဟုတ် မည်သည့် သရုပ်သကန်များ ၎င်းတို့တွင် ရှိသည်ကို ငါ မသိပေ၊ ၎င်းတို့၏ စကားကို ငါ ဤအတိုင်း ယုံလိုက်၍ မရပေ။ ၎င်းတို့သည် ငါနှင့် ဆက်ဆံရေးကောင်းလျှင်ပင် သို့မဟုတ် ငါ့ကို မည်သည့်အခါမျှ မစော်ကားလျှင်ပင် ငါ၏ အာဏာကို ပြသရန် ငါ့ဘာသာ ၎င်းတို့၏ တာဝန်ကို ထင်သလို စီစဉ်၍ မရပေ။ ၎င်းတို့ ယေဘုယျအားဖြင့် မည်သို့ ပြုမူသည်ကိုလည်းကောင်း၊ ဤတာဝန်ကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးခြင်းသည် သင့်လျော်ခြင်း ရှိမရှိကိုလည်းကောင်း၊ ခေါင်းဆောင်များတွင် စဉ်းစားဆင်ခြင်မှု တစ်ခုတလေ ရှိမရှိကိုလည်းကောင်း၊ ယင်းမှာ စည်းမျဉ်းများကို အခြေခံထားခြင်း ရှိမရှိကိုလည်းကောင်း အသင်းတော် ခေါင်းဆောင်များကို ငါ မေးမြန်းရမည်။ ယင်းသည် စည်းမျဉ်းများကို အခြေခံထားပါက ၎င်းတို့၏ တာဝန်ကို ထင်သလို ပြုပြင်၍ မရနိုင်ပေ၊ မှန်သလော။ (မှန်ပါသည်။) ငါက “ငါလုပ်ရမည့်အရာအားလုံးမှာ စကားတစ်ခွန်း ပြောလိုက်ရန်သာ ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရန် ငါ့တွင် အာဏာရှိသည်။ ခေါင်းဆောင်များကို ငါ သွားပြောမည်၊ ငါပြောသည့်အတိုင်း ၎င်းတို့ မည်သို့ လုပ်ဆောင်သည်ကို စောင့်ကြည့်လော့” ဟု လုံးဝ ပြောမည် မဟုတ်ပေ။ ငါသည် ဤသို့ လုပ်ဆောင်မည် မဟုတ်သည့်အပြင် ထိုသို့သောအရာများကိုလည်း မည်သည့်အခါမျှ မပြောခဲ့ပေ။ ငါ၏ ဇာတိမြို့ရှိ အသင်းတော်တွင် ငါ ရှိနေစဉ်က ဤကဲ့သို့သောအရာမျိုးကို ငါ မလုပ်ဆောင်ခဲ့သည့်အပြင် နောက်ပိုင်းတွင် အသင်းတော်၏ အလုပ်တစ်ခုလုံးကို လုပ်ဆောင်ပြီး ပြည်နယ်အသီးသီးရှိ အသင်းတော်များသို့ ခရီးသွားသောအခါတွင်လည်း ထိုသို့သောအရာများကို ငါ မလုပ်ဆောင်ခဲ့ပေ။ ဆိုလိုသည်မှာ လူပုဂ္ဂိုလ်များအပေါ် စည်းမျဉ်းနှင့်မညီသော မျက်နှာသာပေးမှုများ ချီးမြှင့်ရန် ငါစွဲကိုင်ထားသော အာဏာကို ငါ မည်သည့်အခါမျှ အသုံးမပြုခဲ့ပေ၊ ထိုသို့သော အစဉ်အလာမျိုးကို ငါ မည်သည့်အခါမျှ မဖန်တီးခဲ့ပေ။ ယခု ငါတို့၏ အသင်းတော်ရှိ လူအရေအတွက် မည်မျှပင် ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် လူမျိုး မည်မျှတွင် ပါဝင်ပြီး နိုင်ငံ မည်မျှမှ လာသည်ဖြစ်စေ ငါ၏ ပင်ကိုလက္ခဏာအရသာဆိုလျှင် ငါ၏ အဆင့်အတန်းသည် အတော်အတန် မြင့်မားသည်ဟု သင်တို့ ပြောမည် မဟုတ်လော။ ငါ၏ အာဏာသည် အတော်အတန် ကြီးမားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အလယ်တွင် ဤအဆင့်အတန်းသည် အလွန်ကြီးမားသော ကိစ္စတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး ဤအာဏာသည် ကြီးမားလိမ့်မည် ဖြစ်သည်။ သာမန်လူတစ်ဦးသည် ယင်းကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ၊ ဤအာဏာကို မည်သို့ အသုံးပြုရကောင်းမှန်း ၎င်းတို့ သိမည်မဟုတ်သည့်အပြင် မည်သည့်အရာကို စားရမည် သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုပင် ၎င်းတို့ သိမည် မဟုတ်ပေ။ သို့သော် သင်တို့နှင့် ငါ စကားပြောဆိုပြီး အပြန်အလှန် ဆက်ဆံသည့်ပုံစံကို ကြည့်လော့။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ၊ သာမန် ယုံကြည်သူများဖြစ်စေ လူတိုင်းနှင့် ငါ အပြန်အလှန် ဆက်ဆံသည်။ အားထုတ်ပြီး ကာယအားဖြင့် အလုပ်လုပ်ပေးသူများ၊ မြင်သာထင်ရှားမရှိသော လူများ၊ ယုံကြည်သူသစ်များနှင့်ပင် ငါ အပြန်အလှန် ဆက်ဆံခဲ့သည်။ သင်တို့တွင် ပြဿနာများရှိသည်ကို ငါ မြင်သောအခါ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ပြီး စကားပြောဆိုသည်။ တစ်ခါတစ်ရံ ယုံကြည်သူသစ်များနှင့် အပြန်အလှန် ဆက်ဆံသောအခါ ငါ၏ ပင်ကိုလက္ခဏာကို ၎င်းတို့ မသိစေရန် ငါ အကောင်းဆုံး ကြိုးစားသည်။ ငါ့ကို သာမန်လူတစ်ဦးအဖြစ်သာ ၎င်းတို့ကို မြင်ခွင့်ပေးခြင်းက အကောင်းဆုံး ဖြစ်သည်။ ၎င်းတို့သည် ငါ့စကားကို နားထောင်ရန် လိုလားပါက ၎င်းတို့ အနည်းငယ် နားထောင်နိုင်ကြသည်၊ ၎င်းတို့ မလိုလားပါက ၎င်းတို့ကို ငါ အတင်းအကျပ် မလုပ်ပေ။ ၎င်းတို့ကို လွတ်လပ်ခွင့် ငါ ပေးသည်။ ငါသည် အခြားသူများအထက်တွင် ငါ့ကိုယ်ငါ လုံးဝ နေရာပေးမည် မဟုတ်သည့်အပြင် ဟိတ်ကြီးဟန်ကြီးလည်း လုပ်မည် မဟုတ်ပေ။ ငါသည် မည်သူဖြစ်ကြောင်း ၎င်းတို့ကို သိစေရန်၊ ငါ၏ အဆင့်အတန်း မည်မျှ မြင့်မားကြောင်း သို့မဟုတ် ငါ၏ အာဏာ မည်မျှ ကြီးမားကြောင်း ၎င်းတို့ကို သိစေရန်နှင့် ငါ့ကို ကြောက်ရွံ့စေရန် ငါသည် မိမိကိုယ်ကို မိတ်ဆက်ခြင်းကို လုံးဝ ပြုလုပ်မည် မဟုတ်ပေ။ ဤသို့ လုပ်ဆောင်ခြင်းကို ငါ မနှစ်သက်သည့်အပြင် ထိုသို့လည်း မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ တစ်ခါတစ်ရံ ငါ မရင်းနှီးသော ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံပြီး ၎င်းတို့နှင့် စကားစမြည်ပြောဆိုသောအခါ ၎င်းတို့က ငါ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ကြပြီး “သင်က သင့်ကိုယ်သင် မည်သူများ အောက်မေ့နေသနည်း။ သင်က အဘယ်ကြောင့် ကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့နေသနည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ ဤသူသည် သူစိမ်းတစ်ဦးဖြစ်ကြောင်း၊ ၎င်းက ငါ့ကို ရန်လိုမှုအချို့ဖြင့် သဘောထားကြောင်းနှင့် ၎င်းက ငါ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အထင်သေးလိုကြောင်း ငါ မြင်သော်လည်း ငါ ဂရုမစိုက်ပေ။ ၎င်းက ငါ့ကို အထင်သေးပြီး ငါ၏ မိတ်သဟာယကို နားထောင်ရန် မလိုလားပါက ငါ၏ မိတ်သဟာယကို ငါ ရပ်လိုက်မည်သာ ဖြစ်သည်၊ ၎င်းက ငါ့စကားကို နားထောင်ရန် လိုလားပါက ၎င်းနှင့် ငါ အနည်းငယ် ပို၍ စကားစမြည်ပြောဆိုမည်။ အချို့လူများသည် ငါ၏ မိတ်သဟာယအား နားထောင်ရသည်ကို နှစ်သက်ကြပြီး စိတ်ဝင်စားလာကြကာ ၎င်းတို့က ငါ့ကို ထမင်းစားရန်ပင် နေခိုင်းပြီး ၎င်းတို့က အစပြု၍ ငါနှင့် စကားစမြည်ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် မည်သည့် အသင်းတော်မှ ဖြစ်သည်၊ မည်သည့် တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်၊ သို့မဟုတ် ၎င်းတို့၏ အခြေအနေမှာ အဘယ်အရာဖြစ်သည်ကို ငါ မမေးပေ၊ ၎င်းတို့ကို ပုံမှန်အတိုင်းနှင့် မှန်မှန်ကန်ကန်သာ ငါ ဆက်ဆံလိုက်သည်။

ငါသည် မည်သူနှင့် အပြန်အလှန် ဆက်ဆံသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများဖြစ်စေ သို့မဟုတ် မလိုက်စားသူများဖြစ်စေ၊ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသူများဖြစ်စေ သို့မဟုတ် မရှိသူများဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ သို့မဟုတ် သာမန် ယုံကြည်သူများဖြစ်စေ အလုပ်အကြောင်း သင်တို့နှင့် မိတ်သဟာယဖွဲ့သောအခါ သို့မဟုတ် နေ့စဉ်ဘဝတွင် သင်တို့နှင့် အပြန်အလှန် ဆက်ဆံသောအခါ ငါသည် ငါ့ကိုယ်ငါ သာလွန်သူအဖြစ် မည်သည့်အခါမျှ မသတ်မှတ်ပေ။ ဥပမာအားဖြင့် သင်က ရေဆာသည်ဟု ပြောပါက သင့်အတွက် ရေတစ်ခွက် ငါ ငှဲ့ပေးမည်။ ငါသည် ဟိတ်ကြီးဟန်ကြီး လုပ်ပြီး သင့်ကို ငါ့အား ပြုစုစေရမည်ဟု မဟုတ်သည့်အပြင် “ငါတို့ကြားတွင် အဆင့်အတန်းနှင့် တန်ဖိုး ကွာခြားချက် ရှိသည်။ တစ်စုံတစ်ဦးကို ပြုစုရသည့် ဤအလုပ်မျိုးကို ငါ လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ” ဟုလည်း ငါ ပြောမည် မဟုတ်ပေ။ ငါ့တွင် ထိုသို့သော အတွေးများ မရှိပေ။ သင်က ငါ့အတွက် ရေငှဲ့ပေးပါက ယင်းကို ညီအစ်ကိုမောင်နှမဆန်သော လုပ်ရပ်တစ်ခုအဖြစ် ငါ သဘောထားသည်၊ သင် ရေဆာပြီး သင့်အတွက် ရေငှဲ့ပေးရန် ငါ့ကို လိုအပ်ပါက သင့်အတွက် ရေတစ်ခွက်ကိုလည်း ငါ ငှဲ့ပေးနိုင်သည်။ ငါသည် စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့နေသောအခါ အချို့လူများသည် အယူအဆများနှင့် ရန်လိုမှုများကို ထားရှိကြသည်၊ သို့မဟုတ် မကောင်းသော သဘောထား ရှိကြသည်၊ သို့မဟုတ် စိတ်မဝင်စားကြဘဲ ငါ့ကို လျစ်လျူရှုကြသည်။ ထိုအခြေအနေတွင် ငါသည် စည်းမျဉ်းအတိုင်း လုပ်ဆောင်သည်။ မိတ်သဟာယဖွဲ့ရန် လိုအပ်ပါက ငါ မိတ်သဟာယဖွဲ့ပြီး ပြဿနာများကို ဖြေရှင်းရန် လိုအပ်ပါက ပြဿနာများကို ဖြေရှင်းသည်။ ငါသည် မိမိကိုယ်ကို သာလွန်သူအဖြစ် မသတ်မှတ်သည့်အပြင် ဟိတ်ကြီးဟန်ကြီးလည်း မလုပ်ပေ။ သင်သည် ငါ့အပေါ် ရန်လိုမှု ထားရှိလျှင်ပင် ငါလုပ်သင့်သည့် အလုပ်ကို ငါ လုပ်ဆောင်ဆဲဖြစ်ပြီး ငါပြောသင့်သည့် စကားများကို ပြောဆိုဆဲဖြစ်သည်။ ငါသည် သင့်ကြောင့် လုံးဝ ထိခိုက်မှု မရှိသည့်အပြင် အလုပ်ကိုလည်း စိုးစဉ်းမျှ နှောင့်နှေးကြန့်ကြာစေခြင်း မရှိပေ။ သင် ရရှိသင့်သည့်အရာသည်လည်း စိုးစဉ်းမျှ ထိခိုက်မှု မရှိပေ။ ယင်းသည် ငါ့အမှုတော်တွင် ပါဝင်ပြီး သမ္မာတရား၊ စည်းမျဉ်းများနှင့် အသင်းတော်၏ အလုပ်တို့ ပါဝင်ပတ်သက်နေပါက ပြဿနာတစ်ခုနှင့်ပတ်သက်၍ မည်သူက ငါ့ထံ လာသည်ဖြစ်စေ ငါက “သင်၏ ရာထူးက လုံလောက်အောင် မြင့်မားသလော။ သင်က မည်သူနည်း။ သင်က ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးလော သို့မဟုတ် ခရိုင်ခေါင်းဆောင်တစ်ဦးလော။ သို့တည်းမဟုတ် သင်က အဖွဲ့ခေါင်းဆောင်တစ်ဦးလော သို့မဟုတ် အဆင့်တစ်ခုခုရှိ ကြီးကြပ်ရေးမှူးတစ်ဦးလော” ဟု လုံးဝ ပြောမည် မဟုတ်ပေ။ ဤအရာများကို ငါ မမေးပေ။ သင်သည် ပြဿနာတစ်ခုနှင့်ပတ်သက်၍ ငါ့ထံ လာပါက သို့မဟုတ် ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုခုနှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို တင်ပြပါက လိုအပ်သလို သင်နှင့် ငါ မိတ်သဟာယဖွဲ့မည်။ ငါသည် မိမိကိုယ်ကို သာလွန်သူအဖြစ် သတ်မှတ်မည် မဟုတ်သည့်အပြင် သင်၏ ရာထူးအကြောင်းကိုလည်း ငါ မေးမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်မှာ မကြာသေးဘဲ ဘုရားအိမ်တော်တွင် သင်၏ အဆင့်အတန်းက မမြင့်မားဟု သင် ခံစားရသောကြောင့် မေးမြန်းရန် အလွန် ရှက်ရွံ့နေကောင်း နေနိုင်သည်။ သို့သော် ယင်းမှာ အမှုအရာများကို ငါ ရှုမြင်သည့်ပုံစံ မဟုတ်ပေ။ လူတစ်ဦးကို သူ၏ အဆင့်အတန်းအပေါ် အခြေခံ၍ ငါ မဆက်ဆံပေ။ ထို့ကြောင့် သင်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ၊ သာမန် ညီအစ်ကိုမောင်နှမများဖြစ်စေ အသက် ဝင်ရောက်မှုနှင့်ပတ်သက်၍ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သောအခါ သို့မဟုတ် သင်တို့၏ အလုပ်ကို လမ်းပြသောအခါ ငါသည် ဗျူရိုကရက်တစ်ဦးကဲ့သို့ လုံးဝ စကားပြောမည် မဟုတ်သည့်အပြင် သင်တို့ကို မှန်းဆနေစေမည် မဟုတ်ပေ၊ ပြီးလျှင် သင်တို့အတွက် အမှုအရာများကို ခက်ခဲစေရန် အမျိုးမျိုးသော မေးခွန်းများကိုလည်း ငါ မေးမည် မဟုတ်ပေ။ သင်တို့အပေါ် အလုပ်လုပ်ရာတွင်လည်းကောင်း၊ သင်တို့ကို စကားပြောဆိုရာတွင်လည်းကောင်း ငါသည် အားသွန်ခွန်စိုက် လုပ်ဆောင်သည်။ ငါသည် အရှိကိုအရှိအတိုင်း ပြောဆိုပြီး ငါသိသမျှကို ပြောပြသည်။ ငါသည် မိမိကိုယ်ကို သာလွန်သူအဖြစ် မသတ်မှတ်ပေ။ သင်တို့ကို ငါ မလှောင်ပြောင်သည့်အပြင် သင်တို့အတွက် အမှုအရာများကိုလည်း ခက်ခဲအောင် မလုပ်ပေ။ သင်တို့၏ အလုပ်တွင် အခက်အခဲများရှိပြီး ယင်းကို မည်သို့ လုပ်ဆောင်ရမှန်း မသိသည်ကို ငါ မြင်သောအခါ သင်တို့ကို လမ်းပြမှုနှင့် အကြံဉာဏ် ငါ ပေးသည်။ သင်တို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများတွင် ပို၍ သင်ယူနိုင်ရန်နှင့် စည်းမျဉ်းအချို့ကို သဘောပေါက်နိုင်ရန်အပြင် သမ္မာတရားနှင့်ပတ်သက်သည့် နားလည်မှု အနည်းငယ် ပို၍ ရရှိနိုင်ရန် သင်တို့ကို ကူညီပေးဖို့ ငါ ပြောဆိုပြီး လုပ်ဆောင်သည်။ လူရှေ့သူရှေ့တွင်ဖြစ်စေ၊ သီးသန့်ဖြစ်စေ ဤသည်မှာ ငါ ပြုမူသည့်ပုံစံ ဖြစ်သည်။ မျက်နှာချင်းဆိုင် အပြန်အလှန် ဆက်ဆံသည်ဖြစ်စေ၊ အွန်လိုင်းတွင် သင်တို့နှင့် မိတ်သဟာယဖွဲ့ပြီး စကားစမြည်ပြောဆိုသည်ဖြစ်စေ ငါသည် မည်သည့်အခါမျှ ဟန်မလုပ်ပေ။ ဟန်လုပ်သည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အမြဲတစေ ဟိတ်ကြီးဟန်ကြီး လုပ်ပြီး ဩဇာညောင်းသော အသွင်အပြင် ရှိခြင်းဖြစ်ကာ ငါသည် သာမန်ထက် လွန်ကဲပြီး နိုင်ထက်စီးနင်းလုပ်သည်ဟုလည်းကောင်း၊ သင်တို့အထက်တွင် ရှိသည်ဟုလည်းကောင်း သင်တို့ကို ခံစားရစေခြင်းကို ဆိုလိုသည်။ ငါသည် ဤသို့ မည်သည့်အခါမျှ ဟန်မလုပ်ပေ။ ထို့အပြင် စုဝေးပွဲများအတွင်းတွင် ငါသည် မြင့်မြတ်သော ပုံရိပ်တစ်ခု ရှိခြင်း သို့မဟုတ် ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းတို့နှင့်ပတ်သက်၍ အထူးတလည် ဂရုမစိုက်သည့်အပြင် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အခန်းကဏ္ဍကိုလည်း ငါ မယူပေ။ ထိုသို့သောအရာများကို ငါ မလုပ်ဆောင်ပေ။ စုဝေးပွဲများအတွင်း ငါ အသုံးပြုရန်အတွက် စားပွဲတစ်လုံးကို အထူးတလည် ပြုလုပ်ဖို့ လိုအပ်ခြင်း ရှိမရှိ တစ်စုံတစ်ဦးက ငါ့ကို တစ်ခါက မေးခဲ့သည်။ ငါက “ထိုသို့လုပ်ရန် မလိုအပ်ပါ။ မည်သည့်စားပွဲမဆို အဆင်ပြေပါသည်” ဟု ပြောခဲ့သည်။ ထို့နောက် ၎င်းတို့က အလွန်ဟောင်းနွမ်းသော စားပွဲတစ်လုံးကို ရှာတွေ့ခဲ့ပြီး ငါသည် ယင်းကိုပင် အဆင်ပြေအောင် ကြည့်သုံးခဲ့သည်။ ငါက “ငါ့အတွက် သင် ရှာပေးသည့် ဤစားပွဲက မည်သို့သော စားပွဲမျိုးနည်း။ ငါ၏ ပင်ကိုလက္ခဏာအရ ငါ့အတွက် ကောင်းမွန်သော စားပွဲတစ်လုံးကို သင် အဘယ်ကြောင့် မရှာပေးခဲ့သနည်း။ ဤသည်မှာ အမှုအရာများကို သင် ကိုင်တွယ်သည့်ပုံစံလော” ဟု မပြောခဲ့ပေ။ ငါသည် မည်သည့်အရာကိုမျှ မပြောခဲ့သည့်အပြင် ဈေးကြီးသော သို့မဟုတ် ရွှေရောင်သုတ်ထားသော စားပွဲတစ်လုံးကို အသုံးပြုရန်လည်း မတောင်းဆိုခဲ့ပေ။ ဤအရာများနှင့်ပတ်သက်၍ ငါ မည်သည့်အခါမျှ ဇီဇာမကြောင်ခဲ့ပေ။ နောက်ပိုင်းတွင် အွန်လိုင်း၌ စုဝေးသောအခါတွင်လည်း ငါသည် သာမန် ခွေးခြေတစ်လုံးပေါ်တွင် ထိုင်ပြီး သာမန် စာရေးစားပွဲတစ်လုံးကို အသုံးပြုခဲ့ကာ ယင်းအပေါ်တွင် စားပွဲတင်မီးအိမ်တစ်ခုနှင့် မိတ်သဟာယတစ်ခုစီ၏ အကြောင်းအရာနှင့် အကြမ်းဖျင်းမှတ်စုကို မှတ်သားရန် မှတ်စုစာအုပ်တစ်အုပ် ရှိသည်။ ယင်းမှာ ထိုမျှ ရိုးရှင်းပေသည်။ အသင်းတော်တစ်ခုတွင် စုဝေးသောအခါ ငါသည် ရိုးရှင်းသော အလုပ်ဝတ်စုံကို ဝတ်ဆင်သည်၊ ယေဘုယျအားဖြင့် အနောက်တိုင်းဝတ်စုံ အပေါ်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် သားရေဖိနပ်တို့ကို ဝတ်ဆင်ပြီး ဆောင်းရာသီတွင် သိုးမွေး ကုတ်အင်္ကျီရှည်ကိုလည်း ဝတ်ဆင်သည်။ ယင်းမှာ အလွန် သာမန်ဖြစ်သော ဝတ်စုံသာဖြစ်ပြီး နေ့စဉ်ဝတ် အဝတ်အစားများထက် အနည်းငယ် ပို၍ သပ်ရပ်တည်ကြည်ရုံသာ ဖြစ်သည်။ စုဝေးပွဲများအတွင်း အသုံးပြုသည့် အဆင့်မြင့် ပစ္စည်းကိရိယာများမှာ မိုက်ခရိုဖုန်း၊ အသံချဲ့စက်နှင့် ကွန်ပျူတာတို့သာ ဖြစ်သည်။ ဤအရာများသာလျှင် အဆင့်မြင့်ပြီး တန်ဖိုးရှိသော အရာများ ဖြစ်ကြသည်။ သင် မြင်သလော၊ ယင်းမှာ ထိုမျှ ရိုးရှင်းပေသည်။ ဤသည်မှာ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိပြီး ဤအခြေအနေများ တည်ရှိသည့် နိုင်ငံရပ်ခြားတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။ အသံချဲ့စက်ကို အသုံးပြုခြင်းအားဖြင့် ညီအစ်ကိုမောင်နှမများသည် အခန်းထောင့်များမှပင် ရှင်းလင်းစွာ ကြားနိုင်ကြပြီး ယင်းက ငါ့အတွက် စကားပြောရသည်ကို များစွာ သက်သာစေသည်။ တရုတ်ပြည်မကြီးတွင်မူ ဤအခြေအနေများ မရှိခဲ့ပေ။ ငါ့တွင် အားနည်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိပြီး တိုးညင်းသော အသံ ရှိသည်။ စုဝေးပွဲတစ်ခုတွင် လူများစွာ ရှိသောအခါ ငါသည် ကျယ်လောင်စွာ စကားပြောခဲ့ရပြီး ထိုသို့ပြောလျှင်ပင် ပရိသတ်က ငါ၏အသံကို တိုးညင်းသည်ဟု ခံစားခဲ့ရသေးသည်။ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာသည့် စုဝေးပွဲတစ်ခုအတွက် ငါသည် ဤကဲ့သို့ အချိန်တစ်လျှောက်လုံး ကျယ်လောင်စွာ ဆက်ပြောနေခဲ့ရသည်။ ငါ့ကို ပြောလော့၊ ယင်းမှာ ပင်ပန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) တရုတ်ပြည်မကြီးတွင် ငါတို့ ကြီးမားသော စုဝေးပွဲများ ပြုလုပ်ခဲ့စဉ်က ငါသည် အလွန် ပင်ပန်းခဲ့သည်။ ယခု ငါတို့သည် နိုင်ငံရပ်ခြားသို့ ရောက်ရှိလာပြီး လွတ်လပ်မှုရှိသောကြောင့် အသံချဲ့စက်ကို အသုံးပြုခြင်းအားဖြင့် ငါသည် ထိုမျှ ကျယ်လောင်စွာ စကားပြောရန် မလိုအပ်တော့ပေ။ ယင်းက ငါ့အတွက် အားစိုက်ထုတ်ရမှုကို များစွာ သက်သာစေပြီး လူတို့သည်လည်း အလွန် ရှင်းလင်းစွာ ကြားနိုင်ကြသည်။ စုဝေးပွဲများတွင် သင်တို့ကို တရားဒေသနာများ ငါ ဟောပြောပြီး လူလိုအပ်သည့် သမ္မာတရား၏ ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သောအခါ မည်သည့် ထုံးတမ်းစဉ်လာဆန်မှုမျှ မရှိသည့်အပြင် ကြီးကျယ်ခမ်းနားသော ပြသမှုတစ်ခုခုကို လုပ်ဆောင်ရန်လည်း ငါ မကြိုးစားပေ။ သင်တို့ နားလည်သင့်ပြီး သင်တို့ လိုအပ်သည့် သမ္မာတရား၏ ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ရုံသာ မိတ်သဟာယဖွဲ့သည်။ သို့မှသာ သင်တို့သည် ယင်းတို့ကို နားလည်နိုင်မည်၊ စစ်မှန်သော လမ်းခရီးပေါ်တွင် အခြေခံအုတ်မြစ်တစ်ခု ချနိုင်မည်၊ တဖြည်းဖြည်း ရှင်းလင်းမှု ရရှိလာပြီး သမ္မာတရား၏ ကဏ္ဍအသီးသီးကို စိတ်ဝင်စားလာနိုင်မည်ဖြစ်ကာ ထို့နောက်တွင် ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိပြီး သင်တို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံသို့ နည်းနည်းချင်း လှည့်လာနိုင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည် ဖြစ်သည်။ ဤသည်မှာ လုံလောက်ပေသည်။ သင် မြင်သလော၊ ဤသည်မှာ နှစ်များတစ်လျှောက် ငါ ပြုမူခဲ့သည့်ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။) စုဝေးပွဲများတွင် ငါ မိတ်သဟာယဖွဲ့သည့် စကားများကို စာအုပ်များအဖြစ် ပုံနှိပ်ထားသည်။ ဖောက်ပြန်ပျက်စီးသော လူသားများ၏ စိတ်ကူးများအရဆိုလျှင် ဤစကားများသည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ ဖော်ပြချက်များ ဖြစ်သောကြောင့် ယင်းတို့ကို ထုံးတမ်းစဉ်လာဆန်မှု တစ်မျိုးမျိုးဖြင့် သို့မဟုတ် ကြီးကျယ်ခမ်းနားသော ပြသမှု တစ်မျိုးမျိုးဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်ရမည်ဟူ၍ ဖြစ်သည်။ အမှန်တွင် ယင်းမှာ အလွန် သာမန်ဖြစ်ပေသည်။ စုဝေးပွဲများတွင် ငါ တရားဟောသောအခါ ငါ့ကို ပြုစုရန် အနီးအနားတွင် မည်သူမျှ မရှိပေ။ စကားပြောရသဖြင့် ငါ အာခြောက်လာသောအခါ ငါ့ဘာသာ ရေငှဲ့သောက်သည်။ တစ်ခါတစ်ရံ ငါ၏ လည်ချောင်းကို သက်သာစေရန် ပျားရည်ရေ အချို့ကို ငါ သောက်ပြီး တစ်ခါတစ်ရံ ရိုးရိုးရေကိုသာ ငါ သောက်သည်။ ငါ၏ ဘဝသည် အထူးသဖြင့် ရိုးရှင်းသည်၊ ယင်းမှာ သင်တို့ စိတ်ကူးနိုင်သည်ထက်ပင် ပို၍ ရိုးရှင်းပေသည်။ အချို့လူများက “ကိုယ်တော်က ဟန်ဆောင်နေခြင်း ဖြစ်သည်။ ကိုယ်တော်က အဘယ်အရာကို လိုအပ်နိုင်မည်နည်း။ ကိုယ်တော်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းအရဆိုလျှင် ကိုယ်တော် ဤမျှ ရိုးရှင်းစွာ နေထိုင်ရန် မဖြစ်နိုင်ပါ” ဟု တွေးကောင်း တွေးနိုင်သည်။ ငါ၏ ဘဝသည် အမှန်တကယ်ပင် ဤမျှ ရိုးရှင်းပေသည်။ ငါသည် သောက်ရေခွက် တစ်ခွက်တည်းကို နှစ်ပေါင်းများစွာ အသုံးပြုမည်ဖြစ်ပြီး ယင်းက ကျိုးပဲ့သွားသောအခါ သို့မဟုတ် အလွန် ဟောင်းနွမ်းသွားသောအခါမှသာ အသစ်ဖြင့် အစားထိုးမည်ဖြစ်ကာ ထို့နောက်တွင် အစားထိုးထားသည့် ခွက်ကို နောက်ထပ် နှစ်အတန်ကြာ အသုံးပြုမည်ဖြစ်သည်။ ဤသည်မှာ လက်တွေ့အရှိတရား ဖြစ်သည်။ မွေးကတည်းက ယခုအချိန်အထိ ဤသည်မှာ အဆင့်အတန်းကို ငါ သဘောထားသည့်ပုံစံ ဖြစ်သည်။ ငါ့တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါ့အတွက် အတူတူပင် ဖြစ်သည်။ ငါသည် ရိုးရှင်းပြီး ပုံမှန်ဖြစ်သော ပုံစံဖြင့်သာ နေထိုင်သည်။ မသိသော လူများက “ကိုယ်တော့်တွင် ဤအဆင့်အတန်းနှင့် ဤနည်းလမ်းများ ရှိသည်။ ကိုယ်တော်က မည်မျှ မွေ့လျော်ခံစားနေသည်ကို မည်သူ သိမည်နည်း” ဟု တွေးကြလိမ့်မည်။ ငါသည် မည်သည့်အရာကိုမျှ အမှန်တကယ် မွေ့လျော်ခံစားခဲ့ခြင်း မရှိပေ။ တစ်ခါတစ်ရံ ညီအစ်ကိုမောင်နှမများက ဟင်းသီးဟင်းရွက်အချို့ ယူလာကြပြီး ၎င်းတို့ ယူလာသည့် မည်သည့်အရာကိုမဆို ငါ စားသည်။ ယင်းမှာ ထိုမျှ ရိုးရှင်းပေသည်။ ငါစားသည့်အရာကို ငါ ရှုပ်ထွေးအောင် မလုပ်ပေ။ ငါသည် အသားများကို ဖြစ်သလို မစားသည့်အပြင် ထူးဆန်းပြီး ပုံမှန်မဟုတ်သော အစားအစာများကိုလည်း မစားပေ။ ငါသည် အလွန် ရိုးရှင်းစွာ စားသည်၊ ယင်းတို့အားလုံးမှာ သာမန် အိမ်ချက်ဟင်းလျာများသာ ဖြစ်သည်။ ထို့အပြင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်သော်လည်း “ငါတို့၏ အသင်းတော်တွင် လူများစွာ ရှိသည်။ ငါ့တွင် ဂုဏ်သရေရှိသည့် ခံစားချက်နှင့် သာလွန်သည့် ခံစားချက် ရှိသည်” ဟု ငါ မည်သည့်အခါမျှ မခံစားခဲ့ရပေ။ ငါသည် ဂုဏ်သရေရှိသည့် ခံစားချက် တစ်ခုတလေကို မခံစားရသည့်အပြင် အသင်းတော်အတွက် ငါ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်ဟုဖြစ်စေ၊ ငါသည် ရောင်ဝါတစ်ခုကို ဆင်မြန်းထားသည်ဟုဖြစ်စေ ငါ မခံစားရပေ။ ငါ့တွင် ဤခံစားချက်များ မရှိသည့်အပြင် ဤအရာများ၌ ငါ မွေ့လျော်ခံစားခြင်းလည်း မရှိပေ။ အပြင်လူများက “ကိုယ်တော်သည် အပြင်ပန်းတွင် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်ပုံပေါ်သော်လည်း ကိုယ်တော် လုပ်ဆောင်သည့် အလုပ်နှင့် ကိုယ်တော်၏ လက်ရှိ အခြေအနေများအရ ကိုယ်တော့်နောက်သို့ လိုက်သည့် လူများစွာရှိသဖြင့် ကိုယ်တော်၏ အဆင့်အတန်းသည် လုံလောက်အောင် မြင့်မားပြီး ကိုယ်တော်၏ အာဏာသည် လုံလောက်အောင် ကြီးမားသည်။ ကိုယ်တော်သည် မိမိ၏ အဆင့်အတန်းကို မွေ့လျော်ခံစားသင့်သည်၊ ကိုယ်တော် လုပ်ဆောင်သည့် အရာအားလုံးတွင် ဦးစားပေးခံရသင့်ပြီး သာလွန်သည့် ခံစားချက်တစ်ခု ရှိသင့်သည်” ဟု တွေးကောင်း တွေးနိုင်သည်။ ငါ့တွင် သာလွန်သည့် ခံစားချက် တစ်ခုတလေ မည်သည့်အခါမျှ မရှိခဲ့သည့်အပြင် အဆင့်အတန်း၏ အကျိုးခံစားမှုများကိုလည်း ငါ မွေ့လျော်ခံစားခြင်း မရှိဟု ငါ ပြောသည်။ ဤသည်မှာ ဤသတိပြုမိခြင်း သို့မဟုတ် ဤအတွေးများနှင့် ခံစားချက်များကို ငါ ပုန်ကန်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ဤအတွေးများကို ငါ့ထံတွင် လုံးဝ ရှာမတွေ့နိုင်ခြင်းသာ ဖြစ်သည်။ ထိုသို့သောအရာများ တည်ရှိနေသည်ကို ငါ မခံစားရပေ။ ထို့ကြောင့် တစ်ခါတစ်ရံ ဘဝတွင် ငါ့ဘာသာ ကိုင်တွယ်နိုင်သည့် အရာများနှင့် ကြုံတွေ့ရသောအခါ အခြားသူများကို ငါ့အတွက် လုပ်ဆောင်ခိုင်းခြင်း မရှိဘဲ ငါသွားပြီး ကိုင်တွယ်လိုက်ရုံသာ ဖြစ်သည်။ တစ်စုံတစ်ဦးက “ဤကိစ္စကို ကိုင်တွယ်ရန် ထိုညီအစ်ကို သို့မဟုတ် ထိုညီအစ်မက ကိုယ်တော့်အား ကူညီပေးနိုင်သည့် အနေအထားတစ်ခုတွင် ရှိပါသည်” ဟု ပြောကောင်း ပြောနိုင်သည်။ ငါက “ယင်းကို ငါ အဘယ်ကြောင့် မတွေးမိခဲ့သနည်း။ ငါ၏ စိတ်က အဘယ်ကြောင့် ထိုနေရာသို့ မရောက်ခဲ့သနည်း” ဟု ပြောသည်။ လူတို့၏ အမြင်တွင် ငါသည် အလွန် မိုက်မဲပြီး မိမိကိုယ်ကို မည်သို့ မွေ့လျော်ခံစားရမည်ကို မသိဟူ၍ ဖြစ်သည်။ ၎င်းတို့က “ကိုယ်တော့်နောက်သို့ လိုက်သည့် လူများစွာရှိပြီး ဤမျှ သင့်လျော်ကောင်းမွန်သော အခြေအနေများ ရှိသော်လည်း ကိုယ်တော်သည် အသေးအဖွဲ ကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်နေဆဲဖြစ်သည်။ ကိုယ်တော်၏ အဆင့်အတန်းကို မည်သို့ မွေ့လျော်ခံစားရမည်ကို ကိုယ်တော် မသိသလော၊ ကိုယ်တော်သည် လောကီရေးရာများထက် သာလွန်နေသလော၊ သို့မဟုတ် ကိုယ်တော်သည် ဟန်ဆောင်နေခြင်းလော။ ကိုယ်တော် အဘယ်ကြောင့် နားမလည်သနည်း။ ဤသို့လုပ်ဆောင်ရကောင်းမှန်း ကိုယ်တော် အဘယ်ကြောင့် မသိသနည်း” ဟု တွေးကြသည်။ အကြောင်းမှာ ငါ၏ စိတ်ထဲတွင် ဤသတိပြုမိခြင်း မည်သည့်အခါမျှ မရှိခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ အရှိတရားတစ်ခု ဖြစ်သည်။

ဘာသာတရားမရှိသူများသည် အာဏာအနည်းငယ် ရသောအခါ ၎င်းတို့သည် ခမ်းကြီးနားကြီးနိုင်လာကြသည်။ ၎င်းတို့သည် အဆင့်အတန်း အနည်းငယ် ရရှိသောအခါ မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်သည့်အလား ပြုမူကြသည်။ ၎င်းတို့ကို ကြိုပို့ရန် ကိုယ်ပိုင်ကားများ ရှိပြီး ၎င်းတို့ကို အစောင့်အရှောက်ပေးရန် အထူး ဝန်ထမ်းများ ရှိသည်သာမက ၎င်းတို့ အပြင်ထွက်သောအခါ ၎င်းတို့၏ အိတ်များကို သယ်ပေးရန်နှင့် ၎င်းတို့၏ အဝတ်အစားများကို ကိုင်ပေးရန် လူများလည်း ရှိကြသည်။ ၎င်းတို့ကို ရေချိုးပေးရန်၊ နှိပ်နယ်ပေးရန်နှင့် ၎င်းတို့အတွက် အာဟာရပြည့်ဝသော အစားအစာများ ပြင်ဆင်ပေးရန် လူများလည်း ၎င်းတို့တွင် ရှိကြသည်။ ငါ့တွင် ဤအရာများထဲမှ တစ်ခုမျှ မရှိသည့်အပြင် ငါ့ကို ဤသို့ ဆက်ဆံရန် လူတို့ကိုလည်း ငါ မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် လုပ်နိုင်စွမ်း အနည်းငယ် ရှိလာသောအခါ သို့မဟုတ် တစ်စုံတစ်ရာကို အနည်းငယ် အောင်မြင်ရရှိသောအခါ ၎င်းတို့သည် ခမ်းကြီးနားကြီးနိုင်လာကြသည်။ ၎င်းတို့သည် ရောင်ဝါတစ်ခုကို ဆင်မြန်းထားသည်ဟု ခံစားရသည်၊ မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်သည့်အလား ပြုမူကြပြီး မင်းမျိုးမင်းနွယ်များကဲ့သို့ စတင်ပြုမူလာကြသည်။ လူတို့သည် အဆင့်အတန်း ရရှိသောအခါ ၎င်းတို့၏ တန်ဖိုး တိုးလာသည်ဟု ခံစားရသော်လည်း ၎င်းတို့သည် အဘယ်ကြောင့် ထိုမျှ စွမ်းဆောင်ရည်မဲ့ ဖြစ်လာကြသနည်း။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မိမိတို့ဘာသာ မလုပ်ဆောင်နိုင်တော့ပေ။ လုံးဝ ကျန်းမာပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသော လူတစ်ဦးသည် ၎င်းတို့ကို တွဲပေးမည့်သူ မရှိဘဲ လမ်းပင် မလျှောက်နိုင်ပေ။ ငါ့ကို တွဲပေးရန် မည်သူ့ကိုမျှ ငါ လုံးဝ မလိုအပ်ကြောင်း ငါ ပြောသည်။ ကားပေါ်တက်သောအခါ တစ်စုံတစ်ဦးက အနီးအနားတွင် ငါ့အတွက် တံခါးဖွင့်ပေးခြင်းကို ငါ တတ်နိုင်သမျှ ရှောင်ရှားသည်။ ငါ့တွင် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက် ရှိသည်။ အရာအားလုံးကို ငါ့ဘာသာ လုပ်ဆောင်နိုင်သည်။ သင်၏ အကူအညီကို ငါ မလိုအပ်ပေ။ သင် မြင်သလော၊ အဆင့်အတန်းကို သဘောထားခြင်းနှင့်ပတ်သက်လာလျှင် လူ့ဇာတိခံ ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသော လူသားများ၏ သဘောထားများသည် လုံးဝ ကွဲပြားခြားနားပေသည်။ ဖောက်ပြန်ပျက်စီးသော လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများမှ အကဲဖြတ်ရလျှင် ၎င်းတို့သည် အဆင့်အတန်းကို အထူးသဖြင့် အရေးထားပြီး ယင်းကို အထူးသဖြင့် စွဲလမ်းကြသည်၊ ဤသို့ဖြင့် လူကြားတွင် မကောင်းသော အငွေ့အသက်နှင့် ရေပန်းစားမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ အဆင့်အတန်းသည် လူတစ်ဦး၏အရာအားလုံးကို ဆုံးဖြတ်သည်ဟု ဆိုနိုင်သည်၊ ယင်းက ၎င်းတို့၏ တန်ဖိုး၊ ၎င်းတို့၏ စကားများ မည်မျှအရာရောက်သည်နှင့် ၎င်းတို့ ပျော်မွေ့ခံစားနိုင်သည့် အကျိုးအမြတ်များနှင့် အာဏာကို ဆုံးဖြတ်သည်။ အဆင့်အတန်း မရှိသူများသည် ဤအရာများကို စဉ်းစားရန် သို့မဟုတ် ပျော်မွေ့ခံစားရန် အရည်အချင်းမပြည့်မီပေ၊ ထို့ကြောင့် လူသည် အဆင့်အတန်းကို မိမိ၏ အစွမ်းခွန်အားရှိသမျှဖြင့် လိုက်စားကြသည်။ သို့ဆိုလျှင် ဘုရားအိမ်တော်တွင် အဆင့်အတန်းက အဘယ်အရာကို ကိုယ်စားပြုသနည်း။ ဘုရားသခင်သည် အဆင့်အတန်းကို မည်သို့ ရှုမြင်သနည်း။ ဘုရားသခင်က သင့်ကို အဆင့်အတန်း ပေးပါက ယင်းသည် ဘုရားသခင်က သင့်ကို တာဝန်ပေးစေခိုင်းချက်တစ်ခုနှင့် တာဝန်ဝတ္တရားတစ်ခု ပေးခြင်းနှင့် ညီမျှသည်။ ယင်းသည် တာဝန်ဝတ္တရား၏ သင်္ကေတတစ်ခု၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် သင်၏ ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆည်းခြင်း၏ သင်္ကေတတစ်ခု ဖြစ်သည်။ ယင်းက အခြားမည်သည့်အရာကိုမျှ မဆိုလိုပေ။ သင့်တွင် ဤအဆင့်အတန်းရှိပြီး သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရာတွင် ကောင်းမွန်စွာ လုပ်ဆောင်ပါက သင်သည် မိမိအပေါ် ဘုရားသခင်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ခြင်း မဟုတ်သည့်အပြင် ဘုရားသခင်က သင့်ကို ပေးထားသည့် ဤအဆင့်အတန်းနှင့် တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ခြင်းလည်း မဟုတ်ပေ။ သင်သည် ဤတာဝန်ဝတ္တရားကို သင့်တင့်လျောက်ပတ်စွာ မစောင့်ထိန်းဘဲ ယင်းကို ဖြည့်ဆည်းရန် ပျက်ကွက်ပါက သင်သည် ဘုရားသခင်က သင့်ကို ပေးထားသည့် ဤအဆင့်အတန်းနှင့် တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို အဆင့်အတန်း ပေးခြင်းမှာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်စေရန်၊ ၎င်းတို့၏ အထူးတာဝန်များကို ပြီးမြောက်နိုင်စေရန်၊ ဤအဆင့်အတန်းကို ပိုမိုကောင်းမွန်စွာ အသုံးပြု၍ ၎င်းတို့ ပြုသင့်သည့်အရာများကို ပြုရန်နှင့် ၎င်းတို့၏ လုပ်သင့်လုပ်ထိုက်သော တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် ဖြစ်၏။ ဘုရားသခင်က သင့်ကို အဆင့်အတန်း ပေးသောအခါ သူသည် သင့်အား အထူး အာဏာတစ်ခုခုကို ပေးအပ်နေခြင်း မဟုတ်သည့်အပြင် အဆင့်အတန်းကို မွေ့လျော်ခံစားရန် သို့မဟုတ် အထူး ဆက်ဆံမှု တစ်မျိုးမျိုးကို မွေ့လျော်ခံစားရန် အာဏာကို သင့်အား ပေးသနားနေခြင်းလည်း မဟုတ်ပေ။ ထို့အပြင် သင်သည် ဤတာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ အထူးတာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်ပါက သင်၏ ပင်ကိုလက္ခဏာနှင့် တန်ဖိုးသည် ဤအဆင့်အတန်းနှင့် ကိုက်ညီလိမ့်မည်။ သို့သော် သင်သည် မိမိ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်ပါက၊ ဤအထူးတာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်ပါက၊ ပြီးလျှင် ဤအထူးတာဝန်ကို သို့မဟုတ် တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ မပြီးမြောက်ပါက သင်သည် ဤအဆင့်အတန်းကို ပိုင်ဆိုင်ရန် မထိုက်တန်သည့်အပြင် သင့်တွင် မည်သည့် တန်ဖိုးမျှ မရှိပေ။ သင်သည် မိမိ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းပါက ဘုရားသခင်၏ အမြင်တွင် သင်သည် မြင့်မြတ်သော တန်ဖိုးရှိသည်။ သင်သည် မိမိ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်ပါက ဘုရားသခင်၏ အမြင်တွင် သင်၏ တန်ဖိုးသည် နိမ့်ကျပေသည်။ လူတစ်ဦးသည် မြင့်မြတ်ခြင်း ရှိမရှိနှင့် ၎င်း၏အသက်တာက အဖိုးတန်ခြင်း ရှိမရှိသည် ၎င်း၏ အဆင့်အတန်း မြင့်မားခြင်း သို့မဟုတ် နိမ့်ကျခြင်းအပေါ်တွင် မူမတည်ဘဲ ၎င်းသည် ဘုရားသခင် ပေးအပ်သော တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိနှင့် ၎င်းသည် မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိအပေါ်တွင်သာ မူတည်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် သင့်အား တာဝန်ပေးစေခိုင်းချက်တစ်ခုကို အပ်နှံပြီး ဤတာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် သင့်ကို တောင်းဆိုကာ သူသည် ဤတာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လိုအပ်သော အခြေအနေအမျိုးမျိုးကိုလည်း သင့်အား ပေးအပ်လေသည်။ သင်သည် မိမိ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းပါက သင်သည် မိမိ၏ အထူးတာဝန်တွင် ကျေပွန်ပြီးဖြစ်ကာ ဘုရားသခင်လည်း စိတ်ကျေနပ်လိမ့်မည်။ သို့သော် သင်သည် မိမိ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည့်အစား သင်၏ အဆင့်အတန်းကိုသာ ရှေ့တန်းတင်ပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ပြုမူဆောင်ရွက်ပါက ဤသည်မှာ ဘုရားသခင် အလွန်အမင်း ရွံမုန်းပြီး စက်ဆုပ်ရွံရှာသည့်အရာ ဖြစ်သည်။ သင်သည် သင်စွဲကိုင်ထားသော အာဏာကို သင်၏ ကိုယ်ပိုင် ဂုဏ်သတင်း၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက်သာ လုံးလုံးလျားလျား အသုံးပြုပြီး ကိုယ်ကျိုးအတွက် အကြံထုတ်ပါက၊ အခြားသူများကို ဖိနှိပ်ပြီး အဆင့်အတန်း၏ အကျိုးခံစားမှုများတွင် မွေ့လျော်ခံစားပါက သင်သည် ဘုရားသခင်က သင့်အား အပ်နှံထားသည့် ဤတာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ပြီး သင်သည် ဤတာဝန်ပေးစေခိုင်းချက်နှင့် မထိုက်တန်ပေ။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက် သင်သည် အဆင့်အတန်း၏ အကျိုးခံစားမှုများတွင် မွေ့လျော်ခံစားခြင်း မရှိဘဲ သို့မဟုတ် ကိုယ်ကျိုးရှာရန် သင်၏ အဆင့်အတန်းကိုဖြစ်စေ၊ သင်၏ ရာထူးအာဏာများကိုဖြစ်စေ အသုံးမပြုဘဲ သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပါက သင်သည် မိမိ၏ အထူးတာဝန်ကို ပြီးမြောက်နေခြင်းဖြစ်သည်၊ သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်းဖြစ်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင် ရရှိနိုင်လိမ့်မည် ဖြစ်သည်။

ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် အဆင့်အတန်းကို နှစ်သက်ကြသည်။ ၎င်းတို့တွင် အဆင့်အတန်း ရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အားလုံးသည် အဆင့်အတန်း၏ အကျိုးခံစားမှုများတွင် မွေ့လျော်ခံစားကြသည်။ တစ်စုံတစ်ဦးသည် အဆင့်တစ်ခုခုရှိ ခေါင်းဆောင်တစ်ဦး ဖြစ်ပါက သို့မဟုတ် လူတို့အလယ်တွင် ဂုဏ်ဒြပ် အနည်းငယ်ရှိပြီး အာဏာ အနည်းငယ်မျှ ရှိရုံမျှဖြင့် ၎င်းတို့သည် ခမ်းကြီးနားကြီးနိုင်လာကြလိမ့်မည်။ ၎င်းတို့ အဆင့်အတန်း ရရှိသည့် အခိုက်အတန့်မှစ၍ ၎င်းတို့သည် ကိုယ်ကျိုးရှာရန် ၎င်းတို့၏ အာဏာကို အသုံးပြုကြလိမ့်မည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အရာများစွာကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ကာ ယုတ္တိမရှိသော အရာအချို့ကိုပင် လုပ်ဆောင်ကြလိမ့်မည်။ လူပုဂ္ဂိုလ်အနည်းငယ်က စကားလုံးများနှင့် အယူဝါဒအချို့ကို ပြောဆိုနိုင်လျှင်ပင် ၎င်းတို့သည် လူတို့နှင့် အပြန်အလှန် ဆက်ဆံပြီး မိတ်သဟာယဖွဲ့သောအခါ မျက်နှာလိုက်ကြလိမ့်မည်။ ၎င်းတို့က ချမ်းသာပြီး အဆင့်အတန်းရှိသော၊ ၎င်းတို့ကို အားပေးထောက်ခံသော၊ ၎င်းတို့နှင့် အဆင်ပြေသော၊ ပြီးလျှင် ၎င်းတို့ကို မြှောက်ပင့်ပေးသော တစ်စုံတစ်ဦးကို မြင်ပါက ထိုသူနှင့် ပို၍ စကားပြောဆိုကြလိမ့်မည်။ ၎င်းတို့က ဆင်းရဲသော၊ မြှောက်ပင့်ပေးရကောင်းမှန်း မသိသော၊ ၎င်းတို့ မနှစ်မြို့သော၊ သို့မဟုတ် အခြေခံအုတ်မြစ်မရှိသည့် ယုံကြည်သူသစ်ဖြစ်သော တစ်စုံတစ်ဦးကို မြင်ပါက ထိုသူကို လျစ်လျူရှုရန် ဆင်ခြေများ ပေးကြလိမ့်မည်။ သင် မြင်သလော၊ ၎င်းတို့ ပြုမူသည့်ပုံစံတွင် စည်းမျဉ်း တစ်ခုတလေ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် အဆင့်အတန်း ရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ခမ်းကြီးနားကြီးနိုင်လာကြသည်၊ ဗျူရိုကရက်တစ်ဦးကဲ့သို့ မည်သို့စကားပြောဆိုရမည်ကိုလည်းကောင်း၊ ဆောင်ပုဒ်များ မည်သို့ဟစ်ကြွေးရမည်ကိုလည်းကောင်း သိကြပြီး ၎င်းတို့၏ အဆင့်အတန်းကို မည်သို့အခိုင်အမာပြသရမည်ကိုလည်းကောင်း၊ ဟိတ်ကြီးဟန်ကြီး မည်သို့လုပ်ရမည်ကိုလည်းကောင်း သိကြသည်။ လူတို့တွင် ထိုသို့သော သရုပ်သကန်များစွာ ရှိသည် မဟုတ်လော။ (ရှိပါသည်။) ဥပမာအားဖြင့် အခြားသူများ နားမလည်သော်လည်း ၎င်းတို့ နားလည်သည့် ပြဿနာတစ်ခု ရှိပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ကို မည်သူမျှ မေးမြန်းခြင်း မရှိသည်ကို ၎င်းတို့ မြင်ပါက ၎င်းတို့က “သင်တို့ထဲမှ မည်သူမျှ ငါ့ကို တောင်းပန်ခြင်း သို့မဟုတ် ချော့မော့ခြင်း မရှိသည့်အပြင် မည်သူမျှ ငါ့ကို ချီးမြှောက်ခြင်း သို့မဟုတ် ငါ့ကို အထင်ကြီးခြင်း မရှိပေ။ သင်တို့က ငါ့ကို တောင်းပန်ပါက သင်တို့ကို ငါ ပြောပြကောင်း ပြောပြနိုင်သော်လည်း ယင်းမှာ ငါ၏ စိတ်ခံစားချက်အပေါ် မူတည်နေဆဲဖြစ်သည်။ မည်သူကမျှ ငါ့ကို မတောင်းပန်ပါက ငါ မည်သည့်အရာကိုမျှ ပြောမည် မဟုတ်ပေ။ သင်တို့ကို ငါ သိခွင့်ပေးမည် မဟုတ်ပေ။ ငါ့ထံမှ စကားတစ်ခွန်းသာ လိုအပ်မည်ဖြစ်သော်လည်း ငါ မပြောပါက သင်တို့ထဲမှ မည်သူမျှ နားလည်မည် မဟုတ်ပေ” ဟု မိမိတို့ဘာသာ တွေးကြသည်။ ဤကဲ့သို့သော လူများသည် ကြင်နာတတ်သလော။ (မကြင်နာတတ်ပါ။) ထို့အပြင် လူတို့တွင် အဆင့်အတန်း ရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့က မိမိတို့ကို အလျှော့မပေးသော သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ မကျေမနပ် ပြောခြင်းများရှိသော တစ်စုံတစ်ဦးကို မြင်ပါက ထိုသူကို မည်သို့ ညှဉ်းပန်းပြီး တိုက်ခိုက်ရမည်ကိုလည်းကောင်း၊ ၎င်းတို့ကို မည်သို့ အရှုံးပေးအပ်နှံစေရမည်ကိုလည်းကောင်း ၎င်းတို့ ဆင်ခြင်တွေးတောကြလိမ့်မည်။ သင် မြင်သလော၊ ငါ့တွင် အဆင့်အတန်းနှင့် အာဏာ ရှိသော်လည်း ဘာသာတရားမရှိသူများ အပါအဝင် လူတို့ကို ငါ ဆက်ဆံသည့်ပုံစံတွင် ထိုသရုပ်သကန်များ ငါ့တွင် ရှိသလော။ (မရှိပါ။) ဆိုးယုတ်သောလူများသည် ၎င်းတို့ မနှစ်သက်သူများကို နှိမ်ရန်နှင့် ညှဉ်းပန်းရန် နည်းလမ်းများကို စဉ်းစားကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို နင်းခြေရန်ပင် စဉ်းစားကြလိမ့်မည်။ ငါ မနှစ်သက်သော လူများကို ဤအရာများ ငါ မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သည့်အပြင် ငါ့အတွက် အမှုအရာများကို ဂရုစိုက်ပေးရန် အခြားသူများကို ငါ တောင်းဆိုလေ့ သိပ်မရှိပေ။ အချို့လူများသည် နေ့စဉ် ဟင်းသီးဟင်းရွက်များနှင့် အစားအစာများကို ငါ့ထံ ဝေငှပေးသောအခါ ၎င်းတို့က ငါ့အတွက် မကောင်းသော၊ ညံ့ဖျင်းသောအရာများကို အထူးတလည် ရွေးချယ်ပေးသည်ကို ငါ မြင်တွေ့ခဲ့ရသည်။ အခြားသူများက ကောင်းသောအရာအချို့ကို ရွေးချယ်သောအခါ ၎င်းတို့က ယင်းတို့ကို မကောင်းသောအရာများနှင့်ပင် လဲလှယ်ကြသည်။ တစ်စုံတစ်ဦးက ငါ့ထံ အစားအစာအချို့ ပို့ပေးသောအခါ သိုလှောင်ရေး တာဝန်ခံက ယင်းကို ထိုနေရာတွင်သာ ပစ်ထားပြီး သက်တမ်းကုန်ကာ ပုပ်သိုးသွားစေသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤလူများက “သင်က သာမန်လူတစ်ဦးသာ ဖြစ်သည့်တိုင် သင့်အတွက် အမှုအရာများကို ငါ့အား ကိုင်တွယ်စေလိုသည်။ ငါ ဤသို့ လုပ်ဆောင်ပေးသည်ကပင် အတော် ကောင်းမွန်နေပြီဖြစ်သည်။ သင့်ထံတွင် မဟာလူသား အစွမ်းအစများ ရှိပါက၊ သို့မဟုတ် သင်က ခရိုင်တရားသူကြီးချုပ် ဖြစ်ပါက သင့်အတွက် ငါ အနည်းငယ် အလုပ်လုပ်ပေးမည်” ဟု တွေးကြသည်။ ၎င်းတို့သည် ငါ့အတွက် အမှုအရာများကို လုပ်ဆောင်ပေးရန် မလိုလားကြကြောင်းကို ငါ သဘောပေါက်ခဲ့သည်။ ၎င်းတို့သည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသောကြောင့် ငါ့အပေါ် အနည်းဆုံးအနေဖြင့် လေးစားမှု အနည်းငယ် ရှိလိမ့်မည်ဟု ငါ ယူဆခဲ့သည်။ ၎င်းတို့ မလိုလားကြမည်ကိုလည်းကောင်း၊ ၎င်းတို့က ငါ့ကို အထင်သေးပြီး အမှိုက်ကဲ့သို့ ဆက်ဆံကြမည်ကိုလည်းကောင်း ငါ မမျှော်လင့်ခဲ့ပေ။ ၎င်းတို့သည် ၎င်းတို့၏ မိဘများအတွက်၊ ၎င်းတို့၏ သူဌေးများအတွက်၊ အစိုးရ အရာရှိများအတွက်နှင့် အဆင့်အတန်း ရှိသူများအတွက် အမှုအရာများကို လုပ်ဆောင်ပေးကြလိမ့်မည်။ သို့သော် ငါသည် ၎င်းတို့အတွက် မည်သည့်အရာမျှ မဟုတ်သောကြောင့် ၎င်းတို့သည် ငါ့အတွက် အမှုအရာများကို လုပ်ဆောင်ပေးမည် မဟုတ်ပေ။ ငါက “သို့ဆိုလျှင် သင်သည် ဤလူစားမျိုး ဖြစ်သည်။ ထိုသို့ဆိုလျှင် ငါ့အတွက် အမှုအရာများကို လုပ်ဆောင်ပေးရန် သင့်ကို ငါ တောင်းဆိုမည် မဟုတ်ပေ။ သင်သည် ယင်းကို လုပ်ဆောင်ရန် မလိုလားပါက သင့်ကို ငါ အတင်းအကျပ် ခိုင်းမည်မဟုတ်သည့်အပြင် သင့်ကို ဖိနှိပ်ရန် ငါ၏ အဆင့်အတန်းကိုလည်း ငါ အသုံးပြုမည် မဟုတ်ပေ။ ငါသည် သာမန်လူတစ်ဦးသာ ဖြစ်ပြီး သင့်ကို ညီအစ်ကိုမောင်နှမအဖြစ် ငါ ဆက်ဆံသော်လည်း သင်ကမူ မမျှော်လင့်ဘဲ ငါ့ကို ဤသို့ ဆက်ဆံသည်။ ထိုသို့ဆိုလျှင် ယင်းကို လုပ်ဆောင်ရန် အခြားတစ်စုံတစ်ဦးကိုသာ ငါ ရှာမည်။ သင့်ကို ငါ အသုံးမပြုတော့ပေ” ဟု ငါ့ဘာသာ တွေးခဲ့သည်။ အသင်းတော်တွင် ဤကဲ့သို့သော လူများ အတော်များများ ရှိသည်။ ၎င်းတို့အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် တရားဒေသနာ မည်မျှပင် နားထောင်သည်ဖြစ်စေ သမ္မာတရားကို နားမလည်ကြသည့်အပြင် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိကြပေ။ ဤကဲ့သို့သော အခြေအနေများမှတစ်ဆင့် ၎င်းတို့သည် ထုတ်ဖော်ခြင်း ခံရသည်။ ထိုသို့သော လူများသည် တရားဒေသနာများစွာကို နားထောင်ခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့သည် အဘယ်ကြောင့် ငါ့ကို ဤသို့ ဆက်ဆံနေကြဆဲဖြစ်သနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ငါ့ကို ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများထက် ပိုမိုဆိုးရွားစွာ ဆက်ဆံကြသနည်း။ ထိုသို့သော လူများသည် အလွန် အကျိုးအမြတ်ကိုသာ ကြည့်လွန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) နေရာတိုင်းရှိ အသင်းတော်များတွင် ဤကဲ့သို့သော လူများ ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြပေ၊ သို့ဆိုလျှင် ၎င်းတို့တွင် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံခြင်း စိုးစဉ်းမျှ မည်သို့များ ရှိနိုင်မည်နည်း။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း ကင်းမဲ့ရုံသာမက အမုန်းတရားကိုပင် ထားသိုကြသည်။ ၎င်းတို့သည် အခြားလူများကို ကောင်းမွန်သော ဟင်းသီးဟင်းရွက်များနှင့် အစားအစာများ ပေးနိုင်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ငါ့ကို အညံ့ဖျင်းဆုံးအရာများကို အထူးတလည် ပေးကြသနည်း။ ဤဟင်းသီးဟင်းရွက်များနှင့် အစားအစာများအတွက် မည်သူက အတိအကျ ပေးချေခဲ့သနည်း။ ဤခြံကို တည်ထောင်ရန် မည်သူက ပေးချေခဲ့သနည်း။ မည်သူမျှ ဤအရာများကို စဉ်းစားဆင်ခြင်ခြင်း မရှိပေ။ နောက်ပိုင်းတွင် ဤကိစ္စရပ်များကို စိစစ်သောအခါ အချို့လူများသည် နောက်ဆုံးတွင် အသိတရား ရလာခဲ့ကြသော်လည်း ထိုအချိန်က ဤလူများကို ဖော်ထုတ်ပြီး ကိုင်တွယ်ရန် မည်သူမျှ အစပြုခြင်း မရှိခဲ့ပေ။

လူ့လောကတွင် နိုင်ငံတစ်ခု၏ အဆင့်အမြင့်ဆုံး အုပ်စိုးသူသည် လူတို့အလယ်တွင် အမြင့်ဆုံး အဆင့်အတန်းရှိသူ ဖြစ်သည်။ အမြင့်ဆုံး အဆင့်အတန်းရှိသူများသည် မည်သည့်အရာကို စားပြီး မွေ့လျော်ခံစားကြသနည်း။ အခြေခံအားဖြင့် ၎င်းတို့သည် လူတို့၏ အသားကိုစားပြီး သွေးကိုသောက်ကြသည်။ ဤသို့ ငါ အဘယ်ကြောင့် ပြောသနည်း။ အတိတ်မှ တရုတ် ဧကရာဇ်များ ဝတ်ဆင်ခဲ့သော နဂါးဝတ်ရုံများကို မည်သို့ ပြုလုပ်ခဲ့သည်ကို ကြည့်လော့။ ယင်းတို့အားလုံးကို အထူးမှာယူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နဂါးဝတ်ရုံ တစ်ထည်ကို အမျိုးမျိုးသော အထည်အလိပ်များနှင့် ရက်လုပ်သည့် နည်းလမ်းများကို အသုံးပြု၍ သုံးနှစ်ကျော်ကြာ စေ့စပ်သေချာစွာ ပန်းထိုးခဲ့ရသည့်တိုင် ဤအဝတ်အထည်ထဲမှ အချို့ကို တစ်သက်တွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဝတ်ဆင်ကောင်း ဝတ်ဆင်ကြလိမ့်မည်။ ဧကရာဇ်များတွင် ထိုအဆင့်အတန်း မရှိခဲ့ပါက ၎င်းတို့သည် ဤအရာများကို မွေ့လျော်ခံစားနိုင်မည်လော။ (မခံစားနိုင်ပါ။) အဆင့်အတန်းရှိခြင်းက အာဏာရှိခြင်းကို ဆိုလိုပြီး အာဏာရှိခြင်းက လူတစ်ဦးသည် မိမိအလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ပြီး စည်းစိမ်နှင့် ဘုန်းအသရေအားလုံးကို မွေ့လျော်ခံစားနိုင်ကာ မည်သူကမျှ ၎င်းတို့ကို ဆန့်ကျင်၍ စကားတစ်ခွန်းမျှ မပြောရဲခြင်းကို ဆိုလိုသည်။ လူတို့က “ငါတို့နိုင်ငံ၏ ဧကရာဇ်သည် ဤအရာများကို မွေ့လျော်ခံစားသင့်သည်။ သူ ထိုသို့လုပ်ဆောင်ခြင်းက တရားနည်းလမ်းကျပေသည်။ သူသည် ကောင်းမွန်သော ဘဝကို မွေ့လျော်ခံစားခြင်း မရှိပါက ယင်းက သာမန်လူများဖြစ်သည့် ငါတို့အပေါ် ဆိုးရွားစွာ ရောင်ပြန်ဟပ်စေသည်။ ဧကရာဇ်က ဤမျှ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားခြင်းသည် ငါတို့၏ ဂုဏ်ကျက်သရေ ဖြစ်သည်” ဟုပင် ခံစားကြရသည်။ ဤလူများသည် မည်မျှ နိမ့်ကျလိုက်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ အုပ်စိုးသူများ၏ ပုံသွင်းခြင်းကို ခံထားရသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာပြီးနောက် အနည်းငယ် ပို၍ ကောင်းမွန်သော ဘဝကို မွေ့လျော်ခံစားပါက လူတို့ မည်သို့ တွေးကြမည်နည်း။ “ထိုသို့လုပ်၍ မရပါ။ ကိုယ်တော်သည် ဘုရားသခင် ဖြစ်သည်။ ကိုယ်တော် ဆင်းရဲဒုက္ခခံရမည်။ ကိုယ်တော် ဆင်းရဲဒုက္ခမခံရပါက ကျွန်ုပ်တို့က ကိုယ်တော့်နောက် လိုက်လျှောက်သည်ကို ခံရလောက်အောင် ကိုယ်တော်သည် ထိုက်တန်သလော။ ကိုယ်တော်သည် ကောင်းစွာ မစားရ၊ သို့မဟုတ် ကောင်းစွာ မဝတ်ဆင်ရ။ ကိုယ်တော်သည် များစွာ ဆင်းရဲဒုက္ခခံရမည်၊ ထိုအခါမှသာ ကိုယ်တော်သည် ဘုရားသခင် ဖြစ်သည်” ဟု တွေးကြမည်။ ထိုသို့သော လူသားများတွင် လူ့သဘာဝ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤလူသားမျိုးနွယ်တွင် ဘုရားသခင်အပေါ် ကောင်းမွန်သော ရည်ရွယ်ချက်များ တစ်ခုတလေ ရှိသလော။ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန် ပုပ်ပွနေသည် မဟုတ်လော။ အုပ်စိုးသူများသည် လူတို့ကို အမြတ်ထုတ်သည်၊ ထိန်းချုပ်ပြီး ဆိုးရွားစွာ ဘေးအန္တရာယ်ဖြစ်စေသော်လည်း လူတို့သည် ၎င်းတို့၏ ထိန်းချုပ်ခြင်းနှင့် ဆိုးရွားစွာ ဘေးအန္တရာယ်ဖြစ်စေခြင်းကို လိုလိုလားလား ခံကြသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူကို ကယ်တင်ရန် အလုပ်လုပ်သည်၊ သူသည် လူအတွက် စိုးရိမ်ပူပန်သည်၊ လူကို ချစ်ပြီး သနားသည်၊ ပြီးလျှင် သူသည် လူ့အပေါ် အရာအားလုံးကို ပေးသနားသည်။ သို့တိုင်အောင် ဘုရားသခင်အပေါ် လူ၏ သဘောထားမှာ အဘယ်အရာ ဖြစ်သနည်း။ လူက “ဘုရားသခင် ဆင်းရဲဒုက္ခခံရခြင်းက မှန်ကန်ပေသည်။ ကိုယ်တော် ပို၍ ဆင်းရဲဒုက္ခခံရလေလေ၊ ငါ ပို၍ ပျော်ရွှင်လေလေ ဖြစ်သည်။ ငါ လုံးဝ စိတ်မကောင်းမဖြစ်ပါ။ ဘုရားသခင် ကြွလာပြီးဖြစ်သောကြောင့် ကိုယ်တော်သည် ဤကဲ့သို့ ဆင်းရဲဒုက္ခခံသင့်သည်” ဟု ခံစားရသည်။ ဤသည်မှာ လူသားများ၏ စိတ်နေသဘောထား မဟုတ်လော။ သို့သော် အမှန်တွင် မည်သည့် လူ့ဇာတိခံယူခြင်းပင် ဖြစ်ပါစေ ဘုရားသခင်တွင် ဤအဆင့်အတန်းနှင့် အာဏာ ရှိသည့်တိုင် သူသည် ယင်းတို့၌ မည်သည့်အခါမျှ မွေ့လျော်ခံစားခြင်း မရှိခဲ့သည့်အပြင် လောကီရေးရာ သာယာမှုများ သို့မဟုတ် လူ၏ ပူဇော်ဆက်သမှုများကိုလည်း မည်သည့်အခါမျှ မတပ်မက်ခဲ့ပေ။ သင် မြင်သလော၊ လူ့လောကတွင် အဆင့်အတန်း အနည်းငယ်ရှိသူ မည်သူမဆိုသည် အထူး ဆက်ဆံမှုကို မွေ့လျော်ခံစားလိုကြသည်၊ ၎င်းတို့ စားသည့် အစားအစာနှင့် ၎င်းတို့ သောက်သည့် ရေကို ၎င်းတို့အတွက် အထူးတလည် ထောက်ပံ့ပေးထားသည်။ ဘုရားသခင်တွင် သူ့အတွက် အထူးတလည် ထောက်ပံ့ပေးထားသည့် အရာတစ်ခုတလေ ရှိသလော။ (မရှိပါ။) ခြံထဲတွင် စိုက်ပျိုးထားသည့် မည်သည့် ဟင်းသီးဟင်းရွက်များကိုမဆို ငါ စားသည်။ ယင်းတို့အားလုံးမှာ သာမန် အိမ်ချက်ဟင်းလျာများသာ ဖြစ်သည်။ ကြင်နာတတ်သော လူအချို့က ရာသီအလိုက် ငါ့အတွက် ကောင်းမွန်သော ဟင်းသီးဟင်းရွက်အချို့ကို ရွေးချယ်ပေးကောင်း ပေးနိုင်သော်လည်း သို့တည်းမဟုတ်ပါက မည်သည့် ကွဲပြားမှုမျှ မရှိပေ။ အခြေခံအားဖြင့် သင်တို့ စားသည့် မည်သည့်အရာကိုမဆို ငါ စားသည်။ သင်တို့သည် ကောင်းသောအရာအချို့ကို တိတ်တဆိတ် စားပြီး ငါ့ထံ တစ်ခုတလေမျှ မပို့ပေးသောအခါတွင်ပင် ဤအရာနှင့်ပတ်သက်၍ သင်တို့အား ငါ ပြဿနာရှာဖူးသလော။ (မရှာဖူးပါ။) အချို့လူများသည် ငါ့ကို ကောင်းမွန်သော ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးရန် မည်သည့်အခါမျှ မလိုလားကြပေ။ ၎င်းတို့သည် ၎င်းတို့ မစားလိုသော အကြွင်းအကျန်များကိုသာ ငါ့အတွက် ရွေးချယ်ပေးကြသည်။ ငါက ကောင်းမွန်သော ဟင်းသီးဟင်းရွက်အချို့ကို စားနေသည်ကို မြင်ရခြင်းက ၎င်းတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။ ငါ မည်သည့်အရာကို စားသည်ဖြစ်စေ ငါ၏ ကိုယ်ပိုင် အစားအစာကို ငါ စားနေခြင်း ဖြစ်သည်။ သင်၏ အစားအစာကို ငါ စားနေခြင်း မဟုတ်ပေ၊ သို့ဆိုလျှင် သင် အဘယ်ကြောင့် မပျော်မရွှင် ဖြစ်ရသနည်း။ ငါ့အတွက် အထူးတလည် ထောက်ပံ့ပေးထားသည့် မည်သည့်အရာကိုမျှ ငါ မမွေ့လျော်ခံစားဖူးသည့်အပြင် ပူဇော်သက္ကာများကို အစုစုများအဖြစ် ခွဲဝေပြီး ငါ၏ ကျန်းမာရေးကို ထိန်းသိမ်းရန်အတွက် တစ်စု၊ ငါ၏ နေ့စဉ် အဝတ်အစားဝတ်ခြင်းနှင့် ကျော့မော့အောင်ပြင်ခြင်းအတွက် တစ်စု၊ ပြီးလျှင် ငါ၏ ခရီးသွားခြင်းနှင့် ဖျော်ဖြေရေးအတွက် တစ်စု ဖယ်ထားခြင်းမျိုးကိုလည်း ငါ မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ ဤသို့ ငါ မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ ငါ၏ ဘဝသည် ရိုးရှင်းပေသည်။ ပူဇော်သက္ကာများ အများစုကို ဘုရားအိမ်တော်၏ အလုပ်အတွက်လည်းကောင်း၊ သင်တို့၏ အသက်တာများနှင့် သင်တို့၏ အခြေခံ လိုအပ်ချက်များကို တာဝန်ယူရန်အတွက်လည်းကောင်း အသုံးပြုသည်။ ငါ့ကိုယ်တိုင်အတွက် မည်သည့်အရာကိုမျှ ငါ မချန်ထားခဲ့ပေ။ မှန်သလော။ (မှန်ပါသည်။) ကြည့်လော့၊ သာမန် အစိုးရ အရာရှိများသည် အဘယ်အရာကို မွေ့လျော်ခံစားကြသနည်း။ ထိုသတင်းဌာန ပြောရေးဆိုခွင့် ရှိသူများသည် အလှကုန်ပစ္စည်းများအတွက်သက်သက် တစ်နှစ်လျှင် ယွမ်ငွေ သောင်းနှင့်ချီ၍ သုံးစွဲကြပြီး အလုပ်စရိတ်တိုင်းအတွက် ၎င်းတို့တွင် အထူး ရန်ပုံငွေများ ရှိကြသည်။ ငါ ဝတ်ဆင်သည့်အရာ၊ ငါ အသုံးပြုသည့်အရာနှင့် ငါ မွေ့လျော်ခံစားသည့်အရာကို ကြည့်လော့။ ၎င်းတို့နှင့် နှိုင်းယှဉ်ပါက ယင်းသည် သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့ပင် ဖြစ်သလော။ ယင်းသည် ထိုမျှပင် မဟုတ်ပေ။ အခြား ဥပမာတစ်ခု ငါ ပေးမည်။ ငါတို့၏ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအလယ်မှ ငွေကြေးတတ်နိုင်သော ချမ်းသာသည့် လူများကို ကြည့်လော့။ ၎င်းတို့သည် အဘယ်အရာကို မွေ့လျော်ခံစားကြသနည်း။ ၎င်းတို့သည် အဘယ်အရာကို ဝတ်ဆင်ပြီး အသုံးပြုကြသနည်း။ (နာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်ပါသည်။) ၎င်းတို့သည် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားများနှင့် အသုံးအဆောင်များကို ဝတ်ဆင်ကြပြီး ချမ်းသာသူများနှင့် အထက်တန်းလွှာများ၏ နေထိုင်မှုပုံစံကို မွေ့လျော်ခံစားကြသည်။ တရုတ်နိုင်ငံတွင် အချို့လူများသည် နိုင်ငံခြားဖြစ် ပစ္စည်းများကို အထူးတလည် ကိုးကွယ်ကြသည်။ ၎င်းတို့သည် ဝတ်ဆင်ရန်နှင့် အသုံးပြုရန် နိုင်ငံခြားဖြစ် ပစ္စည်းများကို အထူးတလည် ဝယ်ယူကြသည်။ ၎င်းတို့ ရှူရှိုက်သည့် လေက ပြည်တွင်းဖြစ် ဖြစ်သည်မှလွဲ၍ ၎င်းတို့ စားသည့်၊ ဝတ်ဆင်သည့်နှင့် အသုံးပြုသည့် အရာအားလုံးသည် နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်ကြသည်။ ၎င်းတို့ မွေ့လျော်ခံစားသည့် အရာများထဲမှ အချို့မှာ ငါတို့ မည်သည့်အခါမျှ မမြင်ဖူးသည့် အရာများပင် ဖြစ်သည်။ လူချမ်းသာများသည် အဆင့်အတန်း ရှိလာသောအခါ မည်သည့်အရာကို ဝယ်ယူကြသနည်း။ ဇိမ်ခံ စံအိမ်ကြီးများ၊ ကားများနှင့် အပျော်စီးသင်္ဘောများအပြင် ကိုယ်ပိုင် ဂျက်လေယာဉ်များ၊ ကိုယ်ပိုင် ဂေါက်ကွင်းများ၊ ကိုယ်ပိုင် ကလပ်များ စသည်တို့ ဖြစ်သည်။ ၎င်းတို့ မွေ့လျော်ခံစားသည့်အရာသည် ဖြုန်းတီးလွန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများကို ငါ မွေ့လျော်ခံစားနေသည်ကို သင် မြင်သလော။ (မမြင်ပါ။) ငါသည် ဖိနပ်တစ်ရန်တည်းကိုပင် နှစ်ပေါင်းများစွာ ဝတ်ဆင်မည်ဖြစ်ပြီး ထိုဖိနပ် မပြတ်သေးပါက ငါ ဆက်လက် ဝတ်ဆင်မည်ဖြစ်သည်။ အသစ်ဝယ်ရန် ငါ့တွင် ငွေမရှိ၍ အမှန်တကယ် မဟုတ်ပေ။ ယင်းမှာ ငါ၏ နေထိုင်မှု အလေ့အထများထဲမှ တစ်ခုသာ ဖြစ်သည်။ ဤသည်မှာ အဆင့်အတန်းနှင့် အာဏာကို ငါ သဘောထားသည့်ပုံစံ ဖြစ်သည်။ ငါ့တွင် မြင့်မားပြီး ကြီးကျယ်ခမ်းနားသော လိုအင်ဆန္ဒများ မရှိပေ။ ငါ၏ ဘဝသည် သာမန်ဖြစ်သည်၊ ရိုးရှင်းပြီး အလွန် ပုံမှန်ဖြစ်ပေသည်။ အချို့လူများ၏ အမြင်တွင် ငါ၏ ဘဝသည် အထူးသဖြင့် ပျင်းစရာကောင်းပေသည်။ ယင်းကို ပုံမှန် လုပ်ရိုးလုပ်စဉ်တစ်ခု၊ ချွေတာခြင်းနှင့် အတော်လေး တိတ်ဆိတ်ပြီး သပ်ရပ်ခြင်းတို့ဖြင့်သာ စရိုက်လက္ခဏာ သတ်မှတ်ထားသည်။ ယင်းနှင့်ပတ်သက်၍ ဇိမ်ကျကျဖြစ်သော၊ အဆင့်မြင့်သော သို့မဟုတ် အထူးတလည် သပ်ရပ်လှပသော အရာတစ်ခုမျှ မရှိပေ။ သို့သော် အသင်းတော်ရှိ အချို့လူများသည် အဆင့်တစ်ခုခုရှိ ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့တွင် မည်သို့သော သရုပ်သကန်မျိုး ရှိကြသနည်း။ (၎င်းတို့သည် အရာရာတိုင်း၏ အကောင်းဆုံးကို မွေ့လျော်ခံစားလိုကြပါသည်။) ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ခမ်းကြီးနားကြီးနိုင်လာကြပြီး ၎င်းတို့တွင် အဆင့်အတန်းရှိသည်ဟု ခံစားရသည်။ ၎င်းတို့ သွားသည့် နေရာတိုင်းတွင် တစ်စုံတစ်ဦးက ၎င်းတို့ကို ထိုင်ခုံတစ်ခု ပေးရမည်ဖြစ်ပြီး မည်သူမျှ မပေးပါက ၎င်းတို့ ဒေါသထွက်ကြသည်။ ၎င်းတို့ စကားပြောသောအခါ အခြားသူများက ၎င်းတို့ကို အမြဲတစေ အလိုလိုက်ရမည်။ ၎င်းတို့ သွားသည့် နေရာတိုင်းတွင် ၎င်းတို့နောက်သို့ လိုက်နေသည့် လူများ၊ ၎င်းတို့၏ အိတ်ကို သယ်ပေးသည့် တစ်စုံတစ်ဦးနှင့် အခြွေအရံများ အမြဲတစေ ရှိကြသည်။ ၎င်းတို့သည် အပြင်တစ်နေရာရာတွင် အချိန်ကြာမြင့်စွာ ရောက်နေပြီး ရေဆာ သို့မဟုတ် ဗိုက်ဆာလာပါက တစ်စုံတစ်ဦးက ၎င်းတို့ထံသို့ အစားအစာနှင့် သောက်စရာကို ချက်ချင်း ယူလာပေးသည်။ ၎င်းတို့ ပင်ပန်းလာပါက တစ်စုံတစ်ဦးက ၎င်းတို့ကို နှိပ်နယ်ပေးသည်။ ငါပြောမည်၊ ဤသည်မှာ အတော်လေး ထူးခြားပေသည်။ ၎င်းတို့တွင် အဆင့်အတန်း ရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အထူးပုဂ္ဂိုလ် ဖြစ်လာကြပြီး လူသားများ မဟုတ်ကြတော့ပေ၊ မှန်သလော။ (မှန်ပါသည်။) သို့ဆိုလျှင် အဆင့်အတန်းရှိခြင်းနှင့်ပတ်သက်၍ ငါသည် အဘယ်ကြောင့် မည်သည့်အရာကိုမျှ မခံစားရသနည်း။ အဆင့်အတန်း မရှိဘဲနှင့် ငါသည် အတော်လေး သက်သောင့်သက်သာ နေထိုင်နိုင်သည်။ ငါ့ထံတွင် အဆင့်အတန်း ရှိသောအခါ အခြားသူများက ငါ့ကို အထူး ပုဂ္ဂိုလ်တစ်ဦးအဖြစ် အစဉ် ဆက်ဆံကြပြီး ငါသည် တစ်ကိုယ်လုံး အနေရခက်ကာ စိတ်မသက်မသာ ဖြစ်ရသည်။ အဆင့်အတန်း မရှိခြင်းက အတော်လေး ကောင်းမွန်သောကြောင့် ငါ့တွင် အဆင့်အတန်း လုံးဝ မရှိသည့်အလား ပြုမူပြီး လူတို့နှင့် သာမန်လူတစ်ဦးအဖြစ် အပြန်အလှန် ဆက်ဆံကာ အထူးသဖြင့် လွတ်လပ်သည်ဟု ခံစားရသည်။ သင်တို့ လွတ်လပ်သည်ဟု ခံစားရပြီး ငါလည်း လွတ်လပ်သည်ဟု ခံစားရသည်။ ဤကဲ့သို့ လူတို့နှင့် အဆင်ပြေပြေ နေရခြင်းက အတော်လေး ကောင်းမွန်ပေသည်။ ယေဘုယျအားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားများသည် အဆင့်အတန်း ရရှိပြီးနောက် ၎င်းတို့ကို အလုပ်အကျွေးပြုရန် အနီးအနားတွင် လူအနည်းငယ် အစဉ် ရှိရမည်ဖြစ်သည်။ ၎င်းတို့ ရေလိုချင်သောအခါ တစ်စုံတစ်ဦးက ၎င်းတို့အတွက် ငှဲ့ပေးရမည်။ ၎င်းတို့ စားလိုသောအခါ တစ်စုံတစ်ဦးက ၎င်းတို့ကို တူများ ကမ်းပေးရမည်။ ၎င်းတို့ အပြင်ထွက်သောအခါ တစ်စုံတစ်ဦးက ၎င်းတို့နောက်မှ လိုက်ရမည်။ ၎င်းတို့သည် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားများကိုလည်း ဝယ်ယူရမည်ဖြစ်ကာ ၎င်းတို့၏ အဆင့်အတန်းနှင့် လိုက်ဖက်ရန် ခေါင်းအစခြေအဆုံး အဝတ်အစား အသစ်များ ပြောင်းလဲဝတ်ဆင်ကြသည်။ ငါက “ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံခြင်းသည် ဘုရားသခင်က သင့်ကို ပေးသည့် တာဝန်ပေးစေခိုင်းချက်တစ်ခုနှင့် တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်။ ယင်းက အဆင့်အတန်းရှိခြင်းလော။ သင်သည် ဟန်လုပ်နေပြီဖြစ်ရာ မည်သည့် လက်တွေ့ကျသော အလုပ်ကို သင် လုပ်ဆောင်နိုင်သနည်း။ သင်သည် အလုပ်ကို အမှန်တကယ် လုပ်ဆောင်နိုင်ပါက ဘုရားအိမ်တော်က သင့်ကို အဝတ်အစားနှင့် အလုပ်သုံး ပစ္စည်းကိရိယာများအပြင် ကောင်းမွန်သော လက်ကိုင်ဖုန်းနှင့် ကွန်ပျူတာတို့ကို ထောက်ပံ့ပေးလိမ့်မည်။ သို့သော် သင်သည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ဘဲနှင့် မစဉ်းမစား ကြွားဝါနေဆဲဖြစ်သည်။ သင်သည် ဤအရာများဖြစ်သည့် အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သလော။ သင် အဘယ်ကြောင့် ဤမျှ အပေါ်ယံဆန်ရသနည်း” ဟု ပြောသည်။ ငါသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ငါ၏ အလုပ် အတိုင်းအတာမှာ အတော်လေး ကြီးမားသော်လည်း ငါ့တွင် အဆင့်အတန်းရှိသည်ဟု ငါ မခံစားရပေ။ ငါ့တွင် မည်သည့် ထုံးစံအတိုင်းဖြစ်သော အထူးခံစားခွင့်များမျှ မရှိသည့်အပြင် ငါ့ကို ပြုစုရန်နှင့် စောင့်ရှောက်ရန် အထူး ဝန်ထမ်းများလည်း မရှိပေ။ ဤအရာများနှင့်ပတ်သက်၍ ငါ လုံးဝ ဇီဇာမကြောင်ပေ။ ငါသည် အမှုအရာများနှင့်ပတ်သက်၍ မည်သို့ ဇီဇာကြောင်ရမည်ကို မသိဟု သင် ပြောမည်လော။ (မဟုတ်ပါ၊ ဘုရားသခင်သည် ဤအရာများကို ဂရုမစိုက်ခြင်းသာ ဖြစ်ပါသည်။) ငါ ဇီဇာကြောင်လိုပါက ငါ ဇီဇာကြောင်နိုင်ပြီး ကောင်းသောအရာများကို မည်သို့ ရွေးချယ်ရမည်ကိုလည်း ငါ သိလိမ့်မည်ဖြစ်သည်။ သို့သော် သင်တို့နှင့် ငါ ကွဲပြားသည့် နည်းလမ်းတစ်ခုမှာ အဘယ်အရာ ဖြစ်သနည်း။ ဤအရာများကို ငါ မှန်ကန်စွာ သဘောထားသည်။ ငါ့ထံတွင် အဆင့်အတန်း ရှိရုံဖြင့် ငါ၏ အဆင့်အတန်းနှင့် လိုက်ဖက်ရန် ငါ၏ အဝတ်အစားနှင့် ကျော့မော့အောင်ပြင်ခြင်းအတွက် ငါ အသုံးပြုမည် မဟုတ်သည့်အပြင် ငါ၏ အဆင့်အတန်းနှင့် တန်ဖိုးကို သက်သေပြရန်လည်း ယင်းကို အသုံးပြုမည် မဟုတ်ပေ။ ငါ မည်သည့်အရာကို ဝယ်ယူသည်ဖြစ်စေ၊ ပိုင်ဆိုင်သည်ဖြစ်စေ ယင်းမှာ ငါ နှစ်သက်သောကြောင့် သို့မဟုတ် လိုအပ်သောကြောင့်သာ ဖြစ်ပြီး ယင်းကို ငါ၏ အသုံးပြုမှုအတွက် သင့်လျော်သည်ဟု ငါ မြင်သောကြောင့် ဖြစ်သည်။ ငါ့တွင် အဆင့်အတန်းနှင့် အာဏာ ရှိသောကြောင့်ဖြစ်စေ၊ ငါ၏ တန်ဖိုးကြောင့်ဖြစ်စေ တစ်စုံတစ်ရာကို ငါ ဝယ်ယူမည် သို့မဟုတ် ပိုင်ဆိုင်မည် မဟုတ်ပေ။

လူ့ဇာတိခံထားသော ဘုရားသခင်သည် အဆင့်အတန်းကို မည်သို့ သဘောထားသည်ဟူသော အကြောင်းအရာနှင့်ပတ်သက်၍ သင်တို့နှင့် ငါ စကားပြောဆိုနေခြင်းမှာ သင်တို့သည် ငါ့ကို အနည်းငယ် နားလည်နိုင်ရန်နှင့် အဆင့်အတန်းအပေါ် ငါ၏ ရှုထောင့်အမြင်မှာ အတိအကျ အဘယ်အရာဖြစ်ကြောင်းနှင့် ယင်းကို ငါ မည်သို့ သဘောထားကြောင်းကို သိရှိနိုင်ရန် ဖြစ်သည်။ သေချာသည်မှာ ဤနေရာတွင် သင်တို့ကို ငါ အပြောချင်ဆုံးအရာမှာ အဘယ်အရာ ဖြစ်သနည်း။ တစ်ချက်အနေဖြင့် လူ့ဇာတိခံထားသော ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဖောက်ပြန်ပျက်စီးသော လူသားများအကြား အဆင့်အတန်းကို ၎င်းတို့ သဘောထားသည့်ပုံစံတွင် ကွာခြားချက်ကို သင်တို့ သိရှိရန် လိုအပ်ပေသည်။ အခြားတစ်ချက်အနေဖြင့် အဆင့်အတန်းဟူသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်ကြောင်းနှင့် လူသည် မိမိ၏ သင့်လျော်သော နေရာကို မည်သို့ စောင့်ထိန်းသင့်ပြီး သူ၏ တာဝန်ဝတ္တရားများနှင့် ၎င်း၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ကြောင်းကို လူအား တိကျစွာ နားလည်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာများသည် လူတိုင်း ပိုင်ဆိုင်သင့်သည့် မှန်ကန်သော အတွေးများနှင့် အမြင်များ ဖြစ်ကြသည်။ ထိုသို့သော မှန်ကန်သည့် အတွေးများနှင့် အမြင်များဖြင့် သင်၏ တာဝန်၊ သင်၏ တာဝန်ဝတ္တရားများနှင့် ဘုရားအိမ်တော်က သင့်ကို ပေးထားသည့် အဆင့်အတန်းတို့နှင့် ပတ်သက်လာသောအခါ သင်သည် ဤအရာများကို သမ္မာတရားနှင့် စည်းမျဉ်းများနှင့်အညီ သဘောထားလိမ့်မည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် အဆင့်အတန်းကို မည်သို့ သဘောထားသည်ဟူသော အကြောင်းအရာနှင့်ပတ်သက်၍ သင်တို့နှင့် ငါ အတော်လေး များများ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤအရာအချို့ကို သင်တို့ မြင်တွေ့ပြီးဖြစ်ကာ လက်တွေ့အရှိတရားနှင့် နှိုင်းယှဉ်ချိန်ဆ ကြည့်နိုင်သည်။ အခြားအရာများနှင့်ပတ်သက်၍မူ သင်တို့သည် ငါ ပြောဆိုသည်ကိုသာ ကြားဖူးသော်လည်း ငါနှင့် ထိတွေ့ဆက်ဆံဖူးခြင်း မရှိသောကြောင့် သင်တို့အနေဖြင့် ယင်းတို့ကို လက်တွေ့အရှိတရားနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ရန် မဖြစ်နိုင်ပေ။ သင်တို့သည် ယင်းတို့ကို မြင်တွေ့ဖူးသည်ဖြစ်စေ၊ ငါပြောခဲ့သည့် အရှိတရားများကိုသာ ကြားဖူးသည်ဖြစ်စေ ယင်းတို့ကို မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ပြီး ယုံကြည်နိုင်သရွေ့ လုံလောက်ပေသည်။ သင့်ထံတွင် သံသယများ ရှိနေသေးပါက ငါပြောခဲ့သည့်အရာသည် အရှိတရားဖြစ်ပြီး မှန်ကန်တိကျမှု ရှိမရှိကို ကြည့်ရန် အချိန်နှင့်အမျှ သင်၏ နေ့စဉ်ဘဝရှိ အမှုအရာများကို စောင့်ကြည့်လေ့လာလော့။ သင် အတည်ပြုချက် ရရှိသောအခါ အဆင့်အတန်းသည် ဘုရားသခင်အတွက် အမှန်တကယ်တွင် မည်သည့်အဓိပ္ပာယ်ရှိကြောင်း၊ ဘုရားသခင်သည် အဆင့်အတန်းကို မည်သို့ သဘောထားကြောင်း၊ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများ၏ သဘောထားပုံနှင့် မည်သို့ ကွဲပြားကြောင်းနှင့် ဤကိစ္စရပ်တွင် လူ နားလည်သင့်သည့် သို့မဟုတ် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ မည်သည့်အရာ ဖြစ်ကြောင်းကို သင် သိရှိလိမ့်မည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ အခြေခံ နားလည်မှုတစ်ခု ရှိခြင်းက သင်တို့ကို ဘုရားသခင်အား ပို၍ ကောင်းမွန်စွာ နားလည်နိုင်စေမည်ဖြစ်ပြီး ဘုရားသခင်ကို ပို၍ တိကျမှန်ကန်စွာ သိကျွမ်းနိုင်စေမည် ဖြစ်သည်။ ဤအရာအပြင် ယင်းက အဆင့်အတန်းနှင့်ဆိုင်သော ပြဿနာကို မှန်ကန်စွာ သဘောထားရန် သင်တို့ကို အထောက်အကူ ပြုမည့်အပြင် သင်တို့အား ယင်းကို ကိုင်တွယ်ရန် မှန်ကန်သော ရှုထောင့်အမြင်တစ်ခုနှင့် မှန်ကန်သော နည်းလမ်းတစ်ခုကိုလည်း ပေးလိမ့်မည်၊ မှန်သလော။ (မှန်ပါသည်။)

ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်လိုက်ပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၈)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃၀)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။