သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃၀)

ပြီးခဲ့သည့်အကြိမ်က ငါတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် အယူအဆများနှင့် စိတ်ကူးများ ရှိခြင်း ပြဿနာအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယင်းမှာ “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ဟူသည့် အကြောင်းအရာအတွင်း တွေ့ရသော “လက်လွှတ်ခြင်း” ကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည့် “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း” တွင် ပါဝင်ပတ်သက်သည်၊ မှန်သလော။ (မှန်ပါသည်။) လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို မည်သို့ ဆက်ဆံသင့်သည်ဟူသည့် အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ သို့ဆိုလျှင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပါဝင်ပတ်သက်သည့် မည်သည့်သမ္မာတရားများကို ပြီးခဲ့သည့်အကြိမ်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ (ပြီးခဲ့သည့်အကြိမ်က ဘုရားသခင်က လူကို ဖြားယောင်းသွေးဆောင်မှု မရှိခြင်း၏ အစိတ်အပိုင်းဖြစ်သော ဘုရားသခင် စကားပြောရာတွင် မရေရာမှု မရှိခြင်းအကြောင်းအပြင် အဆင့်အတန်းအပေါ် ဘုရားသခင်၏ သဘောထားအကြောင်းကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခဲ့ကြပါသည်။) ဘုရားသခင်က လူကို ဖြားယောင်းသွေးဆောင်မှု မရှိခြင်းနှင့် သက်ဆိုင်သည့် လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တန်းတူမထားခြင်း အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပြီး လူ့ဇာတိခံထားသော ဘုရားသခင်သည် အဆင့်အတန်းကို မည်သို့ သဘောထားသည်ဟူသည့် အကြောင်းကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ မည်သည့်အရာကို မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ သင်တို့ သိရှိလာခဲ့သည့်အရာကို ငါ့ကို ပြောပြကြလော့။ (အတိတ်၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာသည် ဖန်ဆင်းရှင်၏ ပင်ကိုလက္ခဏာဖြစ်ပြီး ကိုယ်တော်၏ အဆင့်အတန်းသည် အလွန်မြင့်မားသည်ဟု ကျွန်ုပ် ခံစားခဲ့ရပါသည်။ ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်သည် မိမိကိုယ်ကို မြင့်မားသော အဆင့်အတန်းရှိသူအဖြစ် မည်သည့်အခါမျှ မသတ်မှတ်ကြောင်းနှင့် ဤအဆင့်အတန်း၌ မည်သည့်အခါမျှ သာယာကျေနပ်ခြင်း မရှိကြောင်းကို ကျွန်ုပ် မြင်တွေ့လာခဲ့ရပါသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် အဖိုးအခပေးခြင်းမှာလည်း ဤအဆင့်အတန်းကြောင့် မဟုတ်ပါ။ ထိုအစား ထိုသို့လုပ်ဆောင်ရာတွင် သူသည် လူသားမျိုးနွယ်အပေါ်ထားရှိသည့် သူ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းနေခြင်း ဖြစ်ပါသည်။ ထို့အပြင် အတိတ်က တစ်စုံတစ်ဦးတွင် မြင့်မားသော အဆင့်အတန်းရှိပါက ၎င်းတို့တွင် အာဏာရှိသည်ဟု ကျွန်ုပ် ထင်ခဲ့ပါသည်။ အဆင့်အတန်းသည် အမှန်တကယ်တွင် ဂုဏ်ပုဒ်တစ်ခုကိုသာ ကိုယ်စားပြုကြောင်းနှင့် လူတစ်ဦးသည် ဘုရားအိမ်တော်တွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်းမှာ ဘုရားသခင်က ထိုသူအား တာဝန်ပေးစေခိုင်းချက်တစ်ခု၊ ဝတ္တရားတစ်ခု ပေးအပ်ခြင်းနှင့် ညီမျှကြောင်းကို ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်သာ ကျွန်ုပ် နားလည်သဘောပေါက်ခဲ့ပါသည်။ ဤအရာများသည် ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးနောက် ကျွန်ုပ် ရရှိခဲ့သော နားလည်သဘောပေါက်မှုများ ဖြစ်ပါသည်။) ငါ မည်သည့်အရာကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ တစ်ဖက်တွင် ယင်းမှာ အမျိုးမျိုးသော အမှုအရာများနှင့်ပတ်သက်၍ ဘုရားသခင်၏ အမြင်ရှုထောင့်များနှင့် စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် မည်သည့် စစ်မှန်သော သရုပ်သကန်များနှင့် ထုတ်ဖော်မှုများ ရှိသည်ကိုလည်းကောင်း လူတို့အား ပို၍ ရှင်းလင်းတိကျစွာ သိရှိခွင့်ပေးရန် ဖြစ်သည်။ ဤသည်မှာ လူတို့ သိရှိရန် လိုအပ်သည့်အရာ ဖြစ်သည်။ အခြားတစ်ဖက်တွင် ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းက လူတို့အား အမျိုးမျိုးသော အမှုအရာများကို သဘောထားပြုမူရန်အတွက် မှန်ကန်သော အမြင်ရှုထောင့်အချို့ကို ပေးပြီး ယင်းတို့ကို သဘောထားပြုမူရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် စည်းမျဉ်းများကို ၎င်းတို့အား နားလည်ခွင့်ပေးသည်။ ဥပမာအားဖြင့် အဆင့်အတန်းကို ဘုရားသခင် သဘောထားပြုမူသည့်ပုံစံကို ကြည့်လော့။ တစ်ဖက်တွင် ဤအရာကို မိတ်သဟာယဖွဲ့ခြင်းက သူ လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်ဝင်တစ်ဦးဖြစ်လာရန် မြေကြီးပေါ်သို့ လာသည့်အခါ၊ ဆိုလိုသည်မှာ သူသည် ပုံမှန် လူ့သဘာဝအတွင်း အသက်ရှင်နေထိုင်သည့်အခါ အဆင့်အတန်းအပေါ် ဘုရားသခင်၏ အတွေးများနှင့် အမြင်များက မည်သို့ရှိသည်ကိုလည်းကောင်း၊ အဆင့်အတန်းကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သူ၏ စည်းမျဉ်းများက မည်သို့ရှိသည်ကိုလည်းကောင်း သင် နားလည်ရန် ကူညီပေးသည်။ ဤသည်မှာ လူတို့ နားလည်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် အဆင့်အတန်းကို မည်သို့ သဘောထားသည်ဟူသည့်အကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် လူတို့ သိသင့်သိထိုက်သော ဤသမ္မာတရားများကို ၎င်းတို့ နားလည်စေရန်အတွက်သာ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ လူတို့သည် သမ္မာတရားကို နားလည်ပြီးသည့်နောက်တွင် ဤပြဿနာကို ချဉ်းကပ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် မှန်ကန်သော အတွေးများနှင့် အမြင်များအပြင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ ရှိစေရန်အတွက် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် ငါတို့သည် မည်သည့် ပြဿနာမျိုးကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ တစ်ဖက်တွင် ယင်းမှာ ဤပြဿနာမျိုးကို သဘောထားပြုမူရန်အတွက် မှန်ကန်သော အမြင်ရှုထောင့်များကို သင် သိရှိစေရန်ဖြစ်ပြီး အခြားတစ်ဖက်တွင် ယင်းမှာ ဤပြဿနာမျိုးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို သင် သိရှိစေရန် ဖြစ်သည်။

လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဘုရားသခင်၏ ပင်ကိုလက္ခဏာရှိပြီး ဘုရားသခင် ရွေးချယ်ထားသောလူများအလယ်တွင် အဆင့်အတန်းလည်း ရှိသော်လည်း ဤအဆင့်အတန်းသည် ဖောက်ပြန်ပျက်စီးသော လူသားများ ပြောဆိုသည့် အဆင့်အတန်းနှင့် လုံးဝ ကွဲပြားခြားနားသည်။ ဘုရားသခင်အတွက်မူ တစ်ဖက်တွင် ဤအဆင့်အတန်းသည် သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တစ်ခုမျှသာ ဖြစ်သည်။ အခြားတစ်ဖက်တွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ အသက်၊ အနှစ်သာရတို့နှင့် ပတ်သက်သရွေ့ ဤအဆင့်အတန်းသည် ရာထူးတစ်မျိုး မဟုတ်ဘဲ လူ့ဇာတိခံထားသော ဘုရားသခင် ပိုင်ဆိုင်သည့် အသက်အနှစ်သာရအရ ပြောဆိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ အနှစ်သာရအားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားများ ပြောဆိုသည့် အဆင့်အတန်းသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဤအဆင့်အတန်းနှင့် အမှန်တကယ် ကွဲပြားခြားနားသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အလယ်တွင် အဆင့်အတန်းဟူသည်မှာ အဘယ်နည်း။ (အာဏာ၏ သင်္ကေတတစ်ခု ဖြစ်ပါသည်။) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အလယ်တွင် အဆင့်အတန်းသည် လူတစ်ဦး၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ ယင်းမှာ ဂုဏ်ပုဒ်တစ်ခုမျှသာ ဖြစ်သည်။ ဥပမာအားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အလယ်တွင် အချို့လူများသည် အမှုဆောင်အရာရှိချုပ်များ၊ မန်နေဂျာများ ဖြစ်ကြသည် သို့မဟုတ် တိကျသော လူမှုရေး အဆင့်အတန်းတစ်ခု ရှိကြသည်။ ဤသည်မှာ ဂုဏ်ပုဒ်တစ်ခု သို့မဟုတ် လူတို့အကြား လူတန်းစားနှင့် အဆင့်အတန်း ခွဲခြားမှုတစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ စစ်မှန်သော ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် လူတို့အလယ်ရှိ လူ့ဇာတိခံထားသော ဘုရားသခင်၏ “အဆင့်အတန်း” ဟုခေါ်သောအရာသည် လူ့အဖွဲ့အစည်းရှိ အုပ်ချုပ်သူများ၏ အဆင့်အတန်းနှင့် မတူညီပေ။ သူသည် အုပ်ချုပ်သူတစ်ဦး မဟုတ်သည့်အပြင် အကျိုးအမြတ် ခံစားခွင့်ရှိသူ တစ်ဦးလည်း မဟုတ်ပေ။ လူတို့အလယ်တွင် ဘုရားသခင်၏ အဆင့်အတန်းကို ကိုယ်တော်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာအရ ပြောဆိုခြင်းမျှသာ ဖြစ်ပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ဘုရားသခင်၏ အသက်အပြင် ဘုရားသခင်၏ ဩဇာအာဏာ၊ တန်ခိုးနှင့် စိတ်သဘောထားတို့ကြောင့်သာ ပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်၏ အဆင့်အတန်းသည် လူတို့အလယ်ရှိ ဂုဏ်ပုဒ်တစ်မျိုး မဟုတ်ပေ။ ထို့ကြောင့် လူတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို အမျိုးမျိုးသော လူမှုအလွှာများရှိ အဆင့်အတန်းရှိသော လူများနှင့် တန်းတူထား၍မရနိုင်ပေ။ အမျိုးမျိုးသော လူမှုအလွှာများရှိ အဆင့်အတန်းရှိသော လူများသည် မည်သည့်လူတန်းစားတွင် ပါဝင်သည်ဖြစ်စေ ၎င်းတို့ကို အားလုံးစုပေါင်းလျက် အုပ်ချုပ်သူ လူတန်းစားဟု ခေါ်ဆိုကြသည်။ အုပ်ချုပ်သူ လူတန်းစား၏ အနှစ်သာရမှာ တစ်ဖက်တွင် ၎င်းတို့၌ မိမိတို့၏ အဆင့်အတန်းနှင့် ကိုက်ညီသော အလုပ်ရှိခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် မည်သည့်ခေတ်ကာလ သို့မဟုတ် လူမှုရေး ပတ်ဝန်းကျင်ဖြစ်ပါစေ ဤအုပ်ချုပ်သူ လူတန်းစားတွင် လူတို့အလယ်ရှိ ခေါင်းဆောင်များ၊ ထင်ရှားသူများ၊ အကျိုးအမြတ် ခံစားခွင့်ရှိသူများ စသည်တို့ အခြေခံအားဖြင့် ပါဝင်သည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်က ပို၍ပင် ထင်ရှားခဲ့သည်။ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်ရှိသော အုပ်ချုပ်သူ လူတန်းစား၏ အများစုကြီးမှာ အကျိုးအမြတ် ခံစားခွင့်ရှိသူများ ဖြစ်ကြသည်။ သို့ဆိုလျှင် “အကျိုးအမြတ် ခံစားခွင့်ရှိသူများ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်များကို ရှာဖွေရန် ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို အသုံးပြုသော လူများကို ရည်ညွှန်းသည်။ ၎င်းတို့သည် မည်သည့် နည်းလမ်းများဖြင့် အကျိုးအမြတ်များကို ရှာဖွေကြသနည်း။ ၎င်းတို့၏ နိုင်ငံရေး ဩဇာလွှမ်းမိုးမှုနှင့် အာဏာမှတစ်ဆင့် ၎င်းတို့သည် မိမိတို့၏ လက်အောက်ခံများကို အုပ်ချုပ်ကြသည်။ ၎င်းတို့၏ အုပ်ချုပ်မှုနှင့် စီမံအုပ်ချုပ်မှုအောက်တွင် ဤလက်အောက်ခံများသည် ၎င်းတို့ကို အခွန်ပဏ္ဏာ ဆက်သကြသည်၊ သို့မဟုတ် ပို၍ တိတိကျကျဆိုရလျှင် အခွန်အခများ ပေးဆောင်ကြသည်။ သို့ရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ အဆင့်အတန်းနှင့် အုပ်ချုပ်သူ လူတန်းစား၏ အဆင့်အတန်းတို့အကြားတွင် အနှစ်သာရအားဖြင့် ကွဲပြားမှုတစ်ခု ရှိသည်။ လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ လူအုပ်စုများအလယ်တွင်ဖြစ်စေ ၎င်းတို့သည် မည်သည့် အုပ်ချုပ်သူ လူတန်းစား သို့မဟုတ် အာဏာနှင့် အဆင့်အတန်းရှိသော လူပုဂ္ဂိုလ်များ ဖြစ်ပါစေ အုပ်ချုပ်သူ လူတန်းစား၏ အဆင့်အတန်းသည် ရာထူးတစ်ခုနှင့် ဂုဏ်ပုဒ်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အုပ်ချုပ်သော လူများကိုသာ သို့မဟုတ် ၎င်းတို့၏ စီမံအုပ်ချုပ်မှုနှင့် အုပ်ချုပ်ရေး နယ်ပယ်အတွင်းရှိသူများကို ရိုးရှင်းသော နည်းလမ်းဖြင့် စီမံအုပ်ချုပ်ကြသည်။ ယေဘုယျအားဖြင့် ယင်းကို အုပ်ချုပ်ခြင်းဟု ခေါ်ဆိုပြီး ပို၍ အတိအကျဆိုရလျှင် ယင်းကို စီမံအုပ်ချုပ်ခြင်းနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဟု ခေါ်ဆိုသည်။ အုပ်ချုပ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းက ၎င်းတို့ကို ဆောင်ကြဉ်းပေးသော အာဏာနှင့် အမျိုးမျိုးသော အကျိုးအမြတ်များကို ရရှိကြသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်ပြီး ဘုရားသခင်၏ အဆင့်အတန်း ရှိသော်လည်း သူ လုပ်ဆောင်သည့် အလုပ်၊ သူ၏ အလုပ် အနှစ်သာရနှင့် သူ၏ အဆင့်အတန်း အနှစ်သာရတို့ကပင် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အလယ်ရှိ အမျိုးမျိုးသော အုပ်ချုပ်သူ လူတန်းစားများ၏ အရာများနှင့် ကွဲပြားခြားနားသည်။ လူတို့အပေါ် လူ့ဇာတိခံထားသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်သည် ၎င်းတို့ကို အုပ်ချုပ်ခြင်း သို့မဟုတ် စီမံအုပ်ချုပ်ခြင်း မဟုတ်ဘဲ၊ ၎င်းတို့ကို ဦးဆောင်ခြင်း၊ ထောက်ပံ့ခြင်း၊ လမ်းပြခြင်း၊ ပံ့ပိုးခြင်း၊ ကူညီခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သည်။ ဤအလုပ်အားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်စေရန်နှင့် ယင်းတို့မှ ရုန်းထွက်လွတ်မြောက်နိုင်စေရန် ဖြစ်သည်။ လူတို့အပေါ် သူ လုပ်ဆောင်သည့် အလုပ်အားလုံးနှင့်ပတ်သက်၍ ယင်း၏ အခြေခံအကျဆုံး သဘောသဘာဝမှာ ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာရန်အလို့ငှာ ၎င်းတို့ကို သမ္မာတရားနှင့် အသက် ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ဤသည်မှာ သူ လုပ်ဆောင်သည့် အလုပ်ဖြစ်သည်။ ၎င်းတို့ နားထောင်ပြီး နားလည်နိုင်စေရန်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ရှိစေရန်၊ ပြီးလျှင် နောက်ဆုံးတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကာ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်သော လူများ ဖြစ်လာစေရန်အလို့ငှာ မြေကြီးပေါ်တွင် ဘုရားသခင် လုပ်ဆောင်လိုပြီး ပြောဆိုလိုသည့် အလုပ်နှင့် နှုတ်ကပတ်တော်များကို သူ ယူဆောင်ကာ ထိုအလုပ်ကို လူတို့အပေါ် လုပ်ဆောင်ပြီး ထိုနှုတ်ကပတ်တော်များကို လူတို့အား ပြောဆိုသည်။ ဤဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသော လူသားများက လူ့ဇာတိခံထားသော ဘုရားသခင်ထံမှ ရရှိသည့်အရာမှာ အဓိကအားဖြင့် သမ္မာတရား၏ ထောက်ပံ့မှု၊ အသက်၏ ထောက်ပံ့မှုနှင့် လမ်းခရီး၏ ထောက်ပံ့မှုတို့ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံနိုင်ကြသည်၊ စစ်မှန်သော ဖန်ဆင်းခံများ၊ စံနှုန်းပြည့်မီသော ဖန်ဆင်းခံများ ဖြစ်လာကြပြီး ဘုရားသခင်ကို ကျေနပ်စေလာကြကာ ဘုရားသခင်၏ အသိအမှတ်ပြုမှုနှင့် လက်သင့်ခံခြင်းကို ရရှိကြသည့်အပြင် ဘုရားသခင်ကို ကိုးကွယ်သော လူသားများ ဖြစ်လာကြသည်။ ဤအရာများသည် လူသားများက လူ့ဇာတိခံထားသော ဘုရားသခင်ထံမှ ရရှိသည့် အရာများဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဤအဆင့်အတန်းရှိပြီး ဤအလုပ်ကို လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်၏ အခွန်ပဏ္ဏာများကို ခံစားခြင်း မရှိပေ။ လူ့ဇာတိခံထားသော ဘုရားသခင်တွင် အဆင့်အတန်း ရှိသော်လည်း အုပ်ချုပ်သူ လူတန်းစား၏ မည်သည့်အဖွဲ့ဝင်မဆို ခံစားရသည့် အဆင့်အတန်း၏ အကျိုးအမြတ်များကို သူ ပျော်မွေ့ခံစားခြင်း မရှိသည့်အပြင် သူ၏ အဆင့်အတန်းက သူ့အား ပေးအပ်သော အမျိုးမျိုးသော ရက်ရောသည့် ဆက်ဆံမှုများကိုလည်း သူ ပျော်မွေ့ခံစားခြင်း မရှိပေ။ သို့ဖြစ်၍ လူ့ဇာတိခံထားသော ဘုရားသခင်တွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ အဆင့်အတန်း ရှိသော်လည်း သူသည် အကျိုးအမြတ် ခံစားခွင့်ရှိသူတစ်ဦး မဟုတ်သည့်အပြင် ခေါင်းပုံဖြတ်သည့် လူတန်းစားတွင်လည်း မပါဝင်ပေ။ သူ၏ အလုပ်ကို လုပ်ဆောင်ရာတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်၊ ဘုရားသခင်၏ ဝိညာဉ်တော်က လူသားမျိုးနွယ် တစ်ရပ်လုံးကို ဦးဆောင်သကဲ့သို့ပင် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့သည်၊ လမ်းပြသည်၊ ပံ့ပိုးသည်၊ ကူညီပြီး လူသားမျိုးနွယ်ထံမှ ရုပ်ဝတ္ထုဆိုင်ရာ သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ မဟုတ်သော အရာတစ်ခုကိုမျှ မည်သည့်အခါမျှ တောင်းဆိုခြင်း မရှိပေ။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် အလုပ်လုပ်ရန် လူတို့အလယ်သို့ လာသည့်အခါ လူတို့ မိမိတို့၏ မျက်စိဖြင့် မြင်ရသော အဆင့်အတန်း သို့မဟုတ် ၎င်းတို့၏ အတွေးများနှင့် အယူအဆများအရ သူ ရယူထားသော အဆင့်အတန်း သူ၌ ရှိလျှင်ပင် သူသည် လူတို့ထံမှ အခွန်ပဏ္ဏာများကို ခံစားခြင်း မရှိပေ။ သူ လုပ်ဆောင်သည့် အလုပ်နှင့် လူသားမျိုးနွယ်အတွက် သူ၏ ထောက်ပံ့မှုတို့သည် အခမဲ့ဖြစ်ပြီး သူသည် လူသားမျိုးနွယ်ထံမှ မည်သည့် အခကြေးငွေများ၊ အခွန်အခများ သို့မဟုတ် လုပ်အားခများကိုမျှ တောင်းဆိုခြင်း မရှိပေ။ ယခုအချိန်အထိ သင်တို့သည် သူ့အား တစ်ပြားတစ်ချပ်မျှ ပေးဖူးသလော။ (မပေးဖူးပါ။) တရားဒေသနာများကို နားထောင်ရန် သင်တို့ ငွေပေးခဲ့ရဖူးသလော။ (မပေးခဲ့ရဖူးပါ။) ငါတို့၏ စုဝေးပွဲ နေရာများသည် ဝင်ခွင့်ကတ်များ မလိုအပ်ပေ၊ စုဝေးပွဲများ တက်ရောက်ရန် သင်တို့ လက်မှတ်များ ဝယ်စရာ မလိုသည့်အပြင် သင်တို့ တစ်ပြားတစ်ချပ်မျှ ပေးစရာ မလိုပေ။ ထို့အပြင် သင်တို့ ဖတ်ရှုသော စာအုပ်များ၊ သင်တို့ ကြည့်ရှုသော ဗီဒီယိုများနှင့် သင်တို့ နားထောင်သော တရားဒေသနာ အသံဖိုင်များသည် အားလုံး အခမဲ့ဖြစ်သည်။ သင်တို့ထံမှ တစ်ပြားတစ်ချပ်မျှ မည်သည့်အခါမျှ ကောက်ခံခြင်း မရှိခဲ့ပေ။ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) မည်သူ့ထံမှ တစ်ပြားတစ်ချပ်မျှ ကောက်ခံခြင်း မရှိခဲ့ပေ။ အရာအားလုံးသည် အခမဲ့ဖြစ်သည်။ အချို့လူများက “ကိုယ်ပိုင် ပူဇော်သက္ကာများသည် လူတစ်ဦး၏ ဝင်ငွေထဲမှ သတ်မှတ်ထားသော ရာခိုင်နှုန်းတစ်ခု ဖြစ်ရမည်လော” ဟု မေးကြသည်။ ထိုသို့ မဟုတ်ပေ။ ပူဇော်သက္ကာများအားလုံးကို မိမိသဘောအလျောက် ပေးလှူခြင်း ဖြစ်သည်။ ဆယ်ဖို့တစ်ဖို့သည် ယုံကြည်သူများ ပူဇော်သင့်သည့်အရာမျှသာ ဖြစ်သော်လည်း တစ်စုံတစ်ဦးက ၎င်းတို့၏ ဝင်ငွေထဲမှ ဆယ်ပုံတစ်ပုံ သို့မဟုတ် ငါးပုံတစ်ပုံကို ပူဇော်သည်ဖြစ်စေ ယင်းမှာ လုံးဝ ဆန္ဒအလျောက် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်သော လူများစွာတို့သည် ၎င်းတို့ ပူဇော်သင့်သည့်အရာကို မည်သည့်အခါမျှ မပူဇော်ခဲ့ကြသည့်တိုင် ၎င်းတို့သည် စုဝေးပွဲများကို တက်ရောက်ကြဆဲဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်ကာ တရားဒေသနာများကို နားထောင်နိုင်ကြဆဲ ဖြစ်သည်။ ပူဇော်သက္ကာများကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ရုံဖြင့် တရားဒေသနာများ နားထောင်ခွင့်၊ စုဝေးပွဲများ တက်ရောက်ခွင့် သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခွင့်တို့ကို မည်သူတစ်ဦးတစ်ယောက်မျှ ရုပ်သိမ်းခြင်း မခံခဲ့ရပေ။ ဤအရာသည် မည်သူ့အပေါ်၌မျှ မဖြစ်ပျက်ခဲ့ပေ၊ မှန်သလော။ (မှန်ပါသည်။)

ပညတ်တော်ခေတ်မှ ယခု နိုင်ငံတော်ခေတ်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အစဉ်သဖြင့် ထောက်ပံ့ပေးခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်က လူသားမျိုးနွယ်ကို စတင်စကားပြောဆိုချိန်မှ ဘုရားသခင်၏ ပထမအကြိမ် လူ့ဇာတိခံယူခြင်းအထိလည်းကောင်း၊ ထို့နောက် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းအထိလည်းကောင်း ဘုရားသခင်သည် မရေမတွက်နိုင်သော နှုတ်ကပတ်တော်များကို ပြောဆိုခဲ့ပြီး လူသားမျိုးနွယ်အပေါ် ရေတွက်၍မရနိုင်သော အလုပ်များကိုလည်း လုပ်ဆောင်ခဲ့သည်။ သူသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး လူသားမျိုးနွယ်အတွက် များစွာ ထောက်ပံ့ပေးခဲ့သည်။ ယင်းမှာ တိုင်းတာ၍မရနိုင်အောင်ပင် ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်သည် လူသားများထံမှ တစ်ပြားတစ်ချပ်မျှ တောင်းဆိုဖူးသလော။ သူ မည်သည့်အခါမျှ မတောင်းဆိုဖူးပေ။ သူသည် လူသားများထံမှ ဆန်တစ်အိတ်ကိုပင် မည်သည့်အခါမျှ မတောင်းဆိုဖူးပေ။ သူသည် လူတို့ကို ဤကဲ့သို့ အစဉ်အမြဲ အခမဲ့ ထောက်ပံ့ပေးရုံမျှသာ ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်ဖြစ်စေ၊ ဘုရားသခင် ကိုယ်တိုင်ဖြစ်စေ သူသည် အထွတ်အထိပ်ဖြစ်သော အဆင့်အတန်းကို ပိုင်ဆိုင်သော်လည်း လူသားမျိုးနွယ်ကို အခမဲ့ ထောက်ပံ့ပေးလေသည်။ ထို့အပြင် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူများနှင့် တန်းတူရည်တူ ဆက်ဆံပြီး လူသားများကို ရင်းရင်းနှီးနှီးနှင့် တေ့တေ့ဆိုင်ဆိုင် ထောက်ပံ့ပေးကာ သူ ၎င်းတို့ကို ဦးဆောင်သည့်နည်းလမ်းမှာ ပို၍ပင် လက်တွေ့ကျသည်။ ဘုရားသခင်သည် ခြေလှမ်းတိုင်းကို ဦးဆောင်ပြီး အလုပ်ကဏ္ဍတိုင်းကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်သည်။ ထို့အပြင် ဘုရားသခင်သည် သူ၏ အလုပ်ကို လုပ်ဆောင်ရာတွင် ကိုယ်စားလှယ်တစ်ဦးကို အသုံးမပြုပေ။ ဘုရားသခင် ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သည်။ လူ့အသုံးအနှုန်းအရဆိုလျှင် ဤသည်ကို ထိုက်တန်သူများထံ ယဉ်ကျေးပျူငှာစွာ နှိမ့်ချလျက် ချဉ်းကပ်ခြင်း သို့မဟုတ် လူတို့အလယ် ရုပ်ဖျက်၍ သွားလာခြင်းဟု ခေါ်ဆိုမည်ဖြစ်သည်။ ဘုရားသခင်သည် စကားပြောရန်နှင့် အလုပ်လုပ်ရန် လူတို့အလယ်သို့ ကိုယ်တိုင်ကိုယ်ကျ လာပြီး လူတို့အလယ်တွင် အသက်ရှင်နေထိုင်ကာ ၎င်းတို့နှင့် တေ့တေ့ဆိုင်ဆိုင် ရှိနေသည်။ လူတို့သည် ဘုရားသခင်၏ အသံကို နားဖြင့်ဆတ်ဆတ် ကြားနိုင်သည်၊ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ကို မျက်စိဖြင့်တပ်အပ် မြင်တွေ့နိုင်ပြီး ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ကို မိမိတို့ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်သည်။ ဘုရားသခင်တွင် အဆင့်အတန်းရှိပြီး မိမိတို့နှင့် ဘုရားသခင်ကြားတွင် အကွာအဝေးတစ်ခု ရှိသည်ဟု လူတို့ ခံစားရသော်လည်း ဘုရားသခင်နှင့်ပတ်သက်၍မူ လူတို့ မြင်သည့် သို့မဟုတ် ခံစားရသည့် ထိုသို့သော အကွာအဝေးမျိုး မရှိပေ။ ဘုရားသခင်သည် မိမိကိုယ်ကို ဘုရားသခင်၏ ပင်ကိုလက္ခဏာရှိသူအဖြစ် မသတ်မှတ်ဘဲ လူသားမျိုးနွယ်ကို အထက်စီးမှ အထင်သေးကာ ကြည့်ရှုခြင်း မရှိပေ။ ထိုအစား သူသည် လူသားများနှင့် တန်းတူရည်တူ စကားပြောပြီး အလုပ်လုပ်သည်။ နှစ်များတစ်လျှောက် သင်တို့နှင့်အတူ စုဝေးပွဲများတွင် ငါ စကားပြောပြီး မိတ်သဟာယဖွဲ့ခဲ့သည့် နည်းလမ်းမှာ ဤအတိုင်းပင် မဟုတ်လော။ ငါသည် အထက်စီးမှ မဆက်ဆံသည့်အပြင် ငါ့ထံတွင် ကြီးမားသော တန်ခိုးနှင့် မြင့်မားသော အဆင့်အတန်း ရှိသည်ဟု မည်သည့်အခါမျှ မခံစားခဲ့ရပေ။ ငါ့တွင် ထိုသို့သော ခံစားချက်မျိုး မရှိသည့်အပြင် ဤနည်းလမ်းအတိုင်းလည်း ငါ အလုပ်မလုပ်ခဲ့ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ဖောက်ပြန်ပျက်စီးမှုများနှင့် ပြည့်နှက်နေပြီး ဘုရားသခင်အပေါ် ရန်လိုမှုများနှင့် ပြည့်နှက်နေကာ ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသော်လည်း လူတို့ကို ကယ်တင်ရန် အလုပ်လုပ်ရာတွင် ဘုရားသခင်သည် လူသားများအပေါ် စိတ်ရှည်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ သနားကရုဏာနှင့် အကြင်နာမေတ္တာတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် လူသားများအပေါ် အလုပ်လုပ်ပြီး စကားပြောသည့်အခါ သူသည် မေတ္တာနှင့် ပြည့်နှက်နေသည်။ သူသည် အပင်ပန်းခံရသော အလေးအနက်ထားခြင်းဖြင့် ထိုသို့လုပ်ဆောင်သည်ဟုပင် ဆိုနိုင်ပေသည်။ လူသားများ မည်သည့်အရာကို လိုအပ်သည်ဖြစ်စေ ဘုရားသခင်သည် ၎င်းတို့ကို နှမြောတွန့်တိုခြင်း မရှိဘဲ ထောက်ပံ့ပေးသည်။ သူသည် လူတို့ကို စကားထာများဖြင့် စကားမပြောသည့်အပြင် ၎င်းတို့ကို ရင်တမမ ဖြစ်နေအောင်လည်း မလုပ်ပေ။ သို့သော် သူ၏ စိတ်ထဲရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုသည်။ သင်တို့ နားလည်သင့်သည့် သမ္မာတရားများကို စာကြောင်းတစ်ကြောင်းမျှ မချန်လှပ်ဘဲ သူ ထောက်ပံ့ပေးသည်။ ယင်းမှာ သင်တို့ နားလည်သဘောပေါက်နိုင်သည့် အရာတစ်ခုဖြစ်နေသရွေ့ သူသည် အနည်းငယ်မျှ ထိမ်ချန်ထားခြင်း မရှိပေ။ သူသည် သင်တို့ကို ဤသမ္မာတရားများ ရရှိစေပြီး ယင်းတို့က သင်တို့အတွက် ရှင်းလင်းကာ သင်တို့ နားလည်စေရန် ပြုလုပ်ပေးသည်။ အထူးသဖြင့် သင်တို့ နားမလည်ဘဲ မရှင်းမလင်း ဖြစ်သည်ဟု ထင်ရသော ကိစ္စရပ်များနှင့်ပတ်သက်လာလျှင် သင်တို့ နားလည်သည်အထိ သူက ယင်းတို့ကို အပင်ပန်းခံရသော အလေးအနက်ထားခြင်းဖြင့် အဖန်ဖန်အထပ်ထပ် ရှင်းပြပြီး ထပ်ခါတလဲလဲ အလေးပေးပြောဆိုလေသည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်နှင့် ဘုရားသခင်၏ ဝိညာဉ်တော် လုပ်ဆောင်သည့် အလုပ်တို့သည် အစဉ် တူညီနေခဲ့သည်။ သူ ကယ်တင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ဖြစ်သော်လည်း ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ အထင်အမြင်မသေးခဲ့ပေ။ လူနှင့် ဘုရားသခင်သည် အနှစ်သာရနှင့် အသက်အရ ကွဲပြားပြီး လုံးဝ ခြားနားသော်လည်း လူအပေါ် ဘုရားသခင်၏ သဘောထားနှင့်ပတ်သက်၍မူ ဘုရားသခင်သည် လူကို သူ၏ ရန်သူအနေနှင့်ဖြစ်စေ၊ အမှန်တကယ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေနှင့်ဖြစ်စေ၊ ပစ်ပယ်ခံရမည့် ပစ်မှတ်တစ်ခုအနေနှင့်ဖြစ်စေ မည်သည့်အခါကမျှ မဆက်ဆံခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်သည် လူကို သူ၏ အလုပ်နှင့် ကယ်တင်ခြင်းကို လက်ခံရရှိသူအဖြစ် ဆက်ဆံသည်။ ဤအရာအပြင် ပို၍ အရေးကြီးသော အချက်မှာ လူကို စကားပြောသည့်အခါ ဘုရားသခင်၏ သဘောထားနှင့် စိတ်ခံစားချက်အပြင် လူအပေါ် သူ၏ မျှော်လင့်ချက်များနှင့်ပတ်သက်၍ ဘုရားသခင်သည် လူကို မိသားစုကဲ့သို့ ဆက်ဆံခြင်း ဖြစ်သည်။ ထို့ကြောင့် လူကိုယ်တိုင်က ဘုရားသခင်၏ အဆင့်အတန်းကို မည်သို့ပင် ရှုမြင်ပါစေ၊ ဘုရားသခင်သည် မြင့်မားသော အဆင့်အတန်းဟူသည့် ရှုထောင့်မှ လူသားမျိုးနွယ်ကို ကြည့်ရန် အထက်စီးနေရာကို မည်သည့်အခါမျှ မယူခဲ့ပေ။ ထိုအစား မိမိကိုယ်ကို လူနှင့် တန်းတူရည်တူ နေရာတွင်ထားပြီး လူနှင့် ရင်းရင်းနှီးနှီး အချိန်ကြာမြင့်စွာပင် စကားပြောဆိုနိုင်သည်။ သူနှင့် လူကြားတွင် အကွာအဝေး မရှိသည့်အပြင် အဆင့်အတန်း ခွဲခြားမှုများလည်း မရှိပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အလုပ်အားလုံးကို ကြည့်လျှင်၊ လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အသက် ရှိသောကြောင့်သာလျှင် အပြင်ပန်းအားဖြင့် သူသည် သာမန်လူတစ်ဦးနှင့် တူပုံရလင့်ကစား သူသည် လူသားမျိုးနွယ်ကို အုပ်ချုပ်သူ လူတန်းစား၏ မည်သည့်အဖွဲ့ဝင်နှင့်မဆို ကွဲပြားသော စိတ်သဘောထားဖြင့် ဆက်ဆံနိုင်ခြင်း ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်သာလျှင် ဤအရာကို လုပ်ဆောင်နိုင်သည်။ မည်သည့် လူသားကမျှ ယင်းကို မလုပ်ဆောင်နိုင်သည့်အပြင် အုပ်ချုပ်သူ လူတန်းစားထဲမှ မည်သူကမျှ ပို၍ပင် မလုပ်ဆောင်နိုင်ပေ။ ဘုရားသခင်သည် လူကို မည်သည့် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည်ဖြစ်စေ၊ လူအပေါ် မည်သည့်အလုပ်ကို သူ လုပ်ဆောင်ခဲ့သည်ဖြစ်စေ လူထံမှ မည်သည့် အကျိုးအမြတ်များကိုမျှ မတောင်းဆိုခြင်းအပြင် ပို၍ပင် အရေးကြီးသည်မှာ ဘုရားသခင်သည် လူ နားလည်သင့်သည့် သမ္မာတရားများ၊ သူ လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်းများနှင့် သူ နားလည်သင့်သည့် ရှေ့ဆက်သွားရန် ဦးတည်ချက်တို့ကို လူ့အပေါ် ပို၍ ပေးသနားခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် လူ၏ နေ့စဉ်ဘဝအတွက် အခြေခံ လိုအပ်ချက်များအရ လူသားက လိုအပ်သောအရာများကိုလည်း ၎င်းအပေါ် ပေးသနားခဲ့သည်။ ဘုရားသခင်သည် လူ၏ အသက် အရင်းအမြစ် ဖြစ်ရုံသာမက ၎င်း၏ စားဝတ်နေရေးအတွက် အရင်းအမြစ်လည်း ဖြစ်သည်။ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “ငါသည် ဤနှစ်များတစ်လျှောက် အနန္တတန်ခိုးရှင် ဘုရားသခင်နောက်သို့ လိုက်ခဲ့ပြီး ငါ၏ တာဝန်ကို ထမ်းဆောင်ရန် ငါ၏ ကိုယ်ပိုင် အလားအလာများ၊ ငါ၏ ပညာရေးနှင့် ငါ၏ အိမ်ထောင်ရေးတို့ကို စွန့်လွှတ်ခဲ့သည့်တိုင် ယခုအချိန်အထိ ငါ မည်သည့်အရာကိုမျှ မရရှိသေးပါ” ဟု အစဉ် တွေးကြသည်။ ထို့နောက် ၎င်းတို့သည် နောင်တရပြုပြင်ပြီး ညည်းညူကြသည်။ ရှင်းလင်းပစ်ခြင်းခံရသော အချို့လူများနှင့် ဖမ်းဆီးခံရပြီး ထောင်ချခံရသူများအတွက် ဤသည်မှာ အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့သည် ဤနှစ်များတစ်လျှောက် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာကိုမျှ မရရှိခဲ့ဟု ၎င်းတို့ ယုံကြည်ကြသည်။ ငါ့ကို ပြောလော့၊ ဤအမြင်ရှုထောင့်က မှန်ကန်သလော။ (မဟုတ်ပါ။) ယင်းက မည်သည့်နည်းလမ်းဖြင့် မှားယွင်းသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းမှ ၎င်းတို့ အမှန်တကယ် ရရှိသင့်သည့်အရာမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အပြင် အဆင့်အတန်းကဲ့သို့သော ၎င်းတို့ မြင်နိုင်ပြီး ဆုပ်ကိုင်ထားနိုင်သည့် အရာများကို ၎င်းတို့ ရရှိသင့်သည်ဟုလည်းကောင်း၊ ဤအရာများကို ၎င်းတို့ မရရှိခဲ့ပါက ၎င်းတို့ မည်သည့်အရာကိုမျှ မရရှိခဲ့ဟုလည်းကောင်း ၎င်းတို့ ထင်ကြသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် လူ့အပေါ် သမ္မာတရား အမြောက်အမြားကို ပေးသနားသည်။ ထိုလူတို့သည် သမ္မာတရားကို မလိုက်စားခဲ့ခြင်း သို့မဟုတ် သမ္မာတရားကို လက်မခံခဲ့ခြင်းကြောင့်သာ ၎င်းတို့ မည်သည့်အရာကိုမျှ မရရှိခဲ့ခြင်း ဖြစ်သည်။ ဤနှစ်များတစ်လျှောက် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်အတွင်း ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်ခဲ့ကာ သမ္မာတရားကို လက်ခံနိုင်ခဲ့ပြီး ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်များကို ကျိုးနွံနာခံနိုင်ခဲ့ပါက ၎င်းတို့သည် သမ္မာတရားအချို့ကို သေချာပေါက် နားလည်ခဲ့မည်ဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာအချို့ကို ရရှိခဲ့မည်ဖြစ်သည်။ ၎င်းတို့သည် ရုပ်ဝတ္ထုဆိုင်ရာ အရာများကို မရရှိခဲ့ကောင်း မရရှိခဲ့နိုင်သော်လည်း ၎င်းတို့သည် ပို၍ တန်ဖိုးကြီးမားသောအရာများ၊ လူ့လောကတွင် အဖိုးအတန်ဆုံးသောအရာများဖြစ်၍ မည်သည့် ငွေကြေး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ် ပမာဏနှင့်မျှ လဲလှယ်၍မရနိုင်သော အရာများကို ရရှိခဲ့မည်ဖြစ်သည်။

လူတို့အလယ်တွင် သူ၏ အလုပ်ကို လုပ်ဆောင်သည့်အခါ လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့၏ အမြင်တွင် အဆင့်အတန်း ရှိသော်လည်း လူသားမျိုးနွယ်အလယ်ရှိ အဆင့်အတန်းရှိသော လူများ လုပ်ဆောင်သကဲ့သို့ အဆင့်အတန်း၏ အကျိုးအမြတ်များ၊ လူတို့ထံမှ အခွန်ပဏ္ဏာများ၊ သို့မဟုတ် သူ၏ အဆင့်အတန်းက သူ့အား ဆောင်ကြဉ်းပေးမည့် အာဏာ သို့မဟုတ် မည်သည့် မျက်နှာသာပေးသည့် ဆက်ဆံမှု ပုံစံမျိုးကိုမဆို သူ ခံစားခြင်း မရှိပေ။ သူသည် လူသားမျိုးနွယ်အလယ်ရှိ အဆင့်အတန်းရှိသော လူများ လုပ်ဆောင်သကဲ့သို့ ခမ်းကြီးနားကြီးနိုင်ခြင်း၊ အမိန့်များ ထုတ်ပြန်ခြင်း၊ သို့မဟုတ် အထက်စီးနေရာမှနေ၍ ဤအဆင့်အတန်းကို ခံစားခြင်းတို့လည်း မရှိပေ။ ယင်းမှာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် အထက်စီးနေရာကို မယူသည်သာမက လူများကို တန်းတူရည်တူ ဆက်ဆံပြီး ၎င်းတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန် ၎င်းတို့အလယ်တွင် အသက်ရှင်နေထိုင်သည်။ အသက်ဝင်ရောက်မှုအရ လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းအပြင်၊ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် အချို့သော အပိုလိုအပ်ချက်များကိုလည်း သူ ထောက်ပံ့ပေးသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် သင့်လျော်သည့်အခါ သို့မဟုတ် လိုအပ်သည့်အခါတွင် လူတို့၏ နေ့စဉ်ဘဝများနှင့် အလုပ်တွင်လည်း ပါဝင်ပတ်သက်ပြီး သင်တို့ကို သာမန်အတိုင်း ပုံမှန် အသက်ရှင်နေထိုင်ရန် ကူညီပေးကာ သင်တို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သင်တို့ကို ညွှန်ကြားပြီး ကူညီပေးသည်။ ထို့ကြောင့် သင် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ လူ့ဇာတိခံထားသော ဘုရားသခင်သည် အထူး အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်သော်လည်း အဆင့်အတန်းကို သူ သဘောထားပုံမှာ အဆင့်အတန်းရှိသော မည်သည့် လူသားနှင့်မျှ မတူညီပေ။ သူသည် ဤအဆင့်အတန်းကို ပိုင်ဆိုင်သော်လည်း သူ လုပ်ဆောင်သည့် အလုပ်တွင်လည်းကောင်း၊ သူ၏ နေ့စဉ်ဘဝတွင်လည်းကောင်း၊ လူတို့ကို သူ ဆက်ဆံသည့် သူ၏ စည်းမျဉ်းများတွင်လည်းကောင်း သူသည် သူ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်းမျှသာ ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင် ကိုယ်တိုင်အတွက်မူ သူသည် သူ၏ အမှုတော်ကို ထမ်းဆောင်နေခြင်းဖြစ်ပြီး လူသားမျိုးနွယ်အတွက်မူ သူသည် သူ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သူသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ အဆင့်အတန်းကို ပိုင်ဆိုင်ခြင်းအပေါ် အခြေခံ၍ လူသားမျိုးနွယ်အပေါ် လူ့ဇာတိခံထားသော ဘုရားသခင်၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းသည်။ တစ်ဖက်တွင် လူသားမျိုးနွယ်အပေါ် သူ၏ တာဝန်ဝတ္တရားမှာ လူသားများ ၎င်းတို့၏ အသက်အရ အလိုအပ်ဆုံးဖြစ်သော သမ္မာတရားကို ထောက်ပံ့ပေးရန် ဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်းမှာ ၎င်းတို့၏ ပုံမှန် လူ့သဘာဝအရ ၎င်းတို့ လိုအပ်နေသောအရာကို ဖြည့်ဆည်းပေးရန်၊ ပုံမှန် လူ့သဘာဝရှိသူများ ပိုင်ဆိုင်သင့်သည့် စည်းမျဉ်းများနှင့်အညီ လူတို့ အသက်ရှင်နေထိုင်နိုင်စေရန် ၎င်းတို့ကို လမ်းပြပေးရန် ဖြစ်သည်။ ဤသည်မှာ ငါ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရား ဖြစ်သည်။ သို့သော် အချို့လူများသည် ငါ ဤအရာများကို ပြောသည်ကို ကြားသောအခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ငါတို့အားလုံးက လူကြီးများဖြစ်ကြပြီး ငါတို့၏ နေ့စဉ်ဘဝများတွင် ပေါ်ပေါက်လာသော ဤအရာများအားလုံးကို ငါတို့ နားလည်ကြသည်။ ကိုယ်တော်၏ လမ်းပြမှုကို ငါတို့ အမှန်တကယ် လိုအပ်သလော” ဟု တွေးကြသည်။ သင်တို့အားလုံးသည် လူကြီးများ ဖြစ်ကြသော်လည်း၊ သင်တို့၏ နေ့စဉ်ဘဝများတွင် ချို့ယွင်းချက်များ အလွန်များပြားစွာ ပြသကြပြီး ပုံမှန် လူ့သဘာဝ၏ စံနှုန်းများကို မမီကြပေ။ အခြားအရာများကို ဖယ်ထားဦး၊ သင်တို့၏ နေ့စဉ်ဘဝတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး သင့်လျော်သော နည်းလမ်းဖြင့် စားသောက်ရန်မျှပင် သင်တို့အတွက် အတော်လေး ခက်ခဲသည်။ တစ်ခါတစ်ရံ ဤကိစ္စနှင့်ပတ်သက်၍ သင်တို့တွင် ပြဿနာတစ်ခုရှိသည်ကို ငါ အမှတ်မထင် မြင်တွေ့ရသောအခါ သင်တို့ စဉ်းစားဆင်ခြင်ရန်အတွက် လမ်းပြမှု အနည်းငယ်ပေးပြီး အကြံဉာဏ်အချို့ ပေးသည်။ ထို့အပြင် လူ့အသက်တာနှင့် ပတ်သက်သည့် ကိစ္စရပ်များကို သင်တို့ ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်လာလျှင် ဤကိစ္စနှင့်ပတ်သက်၍ သင်တို့တွင် ပြဿနာများရှိသည်ကို ငါ မြင်လျှင် သို့မဟုတ် ကြားလျှင်၊ သို့မဟုတ် သင်တို့၏ ထိုပြဿနာများနှင့် ငါ ထိတွေ့ရလျှင် ငါသည် သင်တို့ကို အကြံဉာဏ်အချို့ ပေးမည်၊ အမှုအရာများကို စိစစ်ရန် သင်တို့ကို ကူညီမည်၊ သင်တို့၏ မှားယွင်းသော အမြင်ရှုထောင့်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို ပြုပြင်ပေးမည်၊ သင်တို့ကို စည်းမျဉ်းအချို့ ပေးမည်ဖြစ်ပြီး မည်သို့ ကျင့်ကြံပြုမူရမည်နှင့် ဤကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သင်တို့ကို ပြောပြမည်ဖြစ်သည်။ ငါ မကြုံဖူးသော သို့မဟုတ် မကိုင်တွယ်ဖူးသော အထူးကိစ္စရပ်အချို့ ရှိသော်လည်း ထိုသို့သောအရာများနှင့် ငါ ကြုံတွေ့ရသောအခါ စည်းမျဉ်းများကို ငါ နားလည်သဘောပေါက်နိုင်သည်။ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ငါ သိသည်။ အမှုအရာများကို စိစစ်ရန် သင်တို့ကို ငါ ကူညီမည်ဖြစ်ပြီး ဘဝတွင် ပေါ်ပေါက်လာသော အမျိုးမျိုးသော ကိစ္စရပ်များတွင် ပုံမှန် လူ့သဘာဝ၏ စည်းမျဉ်းများနှင့် စံနှုန်းများနှင့်အညီ သင်တို့လည်း ပြုမူနိုင်စေရန်အလို့ငှာ သင်တို့ကို သတိပေးခြင်းနှင့် အကြံဉာဏ်အချို့ ပေးမည်ဖြစ်သည်။ သင်၏ အသိစိတ်ကို မဆန့်ကျင်နှင့်၊ ပြီးလျှင် ကိုယ်ကျင့်တရား၏ စည်းကို မကျော်လွန်နှင့်။ သင် လုပ်ဆောင်သည့်အရာတွင် ဆင်ခြင်တုံတရားရှိရမည်။ ဘာသာတရားမရှိသူများကဲ့သို့ စည်းကမ်းမဲ့သော နည်းလမ်းဖြင့် ပြုမူမည်အစား မိမိ၏ အသိစိတ်ကို မဆန့်ကျင်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရား၏ စည်းကို မကျော်လွန်ခြင်းဟူသည့် အခြေခံအကျဆုံး စည်းမျဉ်းအပေါ် အခြေခံ၍ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းလျက် စည်းကမ်းများကို လိုက်နာလော့။ ဤအရာများကို ငါ မြင်သောအခါ သင်တို့၏ နေ့စဉ်ဘဝများ၏ အခြေခံ လိုအပ်ချက်များကို စည်းကမ်းသတ်မှတ်လျက် သင်တို့ကို လမ်းညွှန်မှုများ ပေးမည်ဖြစ်ပြီး အမှုအရာများကို စိစစ်ရန် သင်တို့ကို ကူညီမည်ဖြစ်သည်။ ဤသည်မှာ သင်တို့၏ အပြုအမူနှင့် သင်တို့၏ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို စည်းကမ်းသတ်မှတ်ရာတွင် သင်တို့အတွက် အကျိုးရှိသည်။ အချို့လူများက “ကိုယ်တော်က ပညာအရည်အချင်း မြင့်မားသူ မဟုတ်ပါ၊ ပြင်ပလောကရှိ ကိစ္စရပ်များစွာတွင် ကိုယ်တော် ပါဝင်ပတ်သက်ဖူးခြင်း မရှိသည့်အပြင် လူ့အဖွဲ့အစည်းရှိ ဉပါယ်တံမျဉ် စည်းကမ်းများကို ကိုယ်တော် နားမလည်ပါ။ ကျွန်ုပ်တို့ကို စည်းကမ်းသတ်မှတ်ရအောင် ကိုယ်တော့်တွင် မည်သည့်လုပ်ပိုင်ခွင့် ရှိသနည်း” ဟု ပြောကောင်းပြောနိုင်သည်။ သင့်ကို စည်းကမ်းသတ်မှတ်ရန် ငါ အမှန်တကယ် အရည်အချင်းပြည့်မီသည်ဟု ငါ ပြောသည်။ ပြင်ပရှိ ထိုအရာများတွင် ငါ မပါဝင်သော်လည်း လူတစ်ဦး လျှောက်လှမ်းသော လမ်းကြောင်း၊ လူတစ်ဦး၏ လိုက်စားမှုနှင့် သမ္မာတရား စည်းမျဉ်းများ ပါဝင်ပတ်သက်သည့် ကိစ္စရပ်များနှင့်ပတ်သက်လာလျှင်၊ ဤအရာများနှင့်ပတ်သက်၍ သင်တို့ကို ငါ ကူညီနိုင်သည်။ စည်းမျဉ်းများကို ငါ သိပြီး လူတစ်ဦး၏ ကျင့်ကြံပြုမူခြင်းအတွက် စညးသည် မည်သည့်နေရာတွင် ရှိသင့်သည်ကို ငါ သိသည်။ သင်သည် ဤစည်းကို ကျော်လွန်ခဲ့ခြင်း ရှိမရှိ သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိဟူသည်ကို ငါ၏ စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ ငါ သိသည်။ ငါ သိသော်လည်း သင် မသိပေ။ အဘယ်ကြောင့် ဤအရာကို သင် မသိသနည်း။ အကြောင်းမှာ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း အသက်ရှင်နေထိုင်ပြီး လောက၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးမှုကို နက်ရှိုင်းစွာ ခံရသောကြောင့် ဖြစ်သည်။ ထို့အပြင် လူအများစုတွင် ကောင်းမွန်သော အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိကြသဖြင့် ၎င်းတို့သည် အချောင်ယူရန် အစဉ် နှစ်သက်ကြသည်၊ ကလိမ်ကကျစ်ကျရန်နှင့် အခွင့်အရေးသမားဆန်ဆန် ဖြတ်လမ်းနည်းများသုံးရန်၊ ပြီးလျှင် ဟာကွက်များကို အမြတ်ထုတ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့သည် အချောင်ယူရန်အလို့ငှာ ဥပဒေကိုပင် လက်တစ်လုံးခြား လုပ်ကြပြီး စက်ဆုပ်ဖွယ်ကောင်းကာ ယုတ်ညံ့သော အရာအချို့ကို မည်သို့ လုပ်ဆောင်ရမည်ကို အစဉ် တွေးတောကြသည်။ သင် ထိုသို့သောအရာများကို လုပ်ဆောင်လိုသည်ကို ငါ မြင်သောအခါ သင့်ကို လမ်းညွှန်မှုအချို့ ပေးမည်၊ သင့်အတွက် စိစစ်မှုအချို့ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ထိုသို့ ပြုမူခြင်းမှ ရှောင်ကြဉ်ရန် သင့်ကို သတိပေးမည်ဖြစ်သည်။ သင့်ကို ငါ သတိမပေးပါက သို့မဟုတ် သင့်အတွက် စိစစ်မှု မလုပ်ဆောင်ပေးပါက သင် လုပ်ဆောင်နေသည့်အရာသည် ကျိုးကြောင်းခိုင်လုံသည်ဟု သင် အစဉ် ခံစားရလိမ့်မည်။ သင်၏ ကျိုးကြောင်းခိုင်လုံမှုသည် အဘယ်မှ လာသနည်း။ “ဘာသာတရားမရှိသူများအားလုံး ဤသို့ လုပ်ဆောင်ကြသည်၊ သို့ဆိုလျှင် ငါတို့ အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။ ငါတို့ အဘယ်ကြောင့် ဆုံးရှုံးနစ်နာခံရမည်နည်း” ဟူသည့် သင်၏ ယုံကြည်ခြင်းမှ လာသည်။ ယင်းကို ဆုံးရှုံးနစ်နာခံရသည်ဟု မခေါ်ပေ။ ယင်းကို စည်းမျဉ်းစည်းကမ်းများကို လိုက်နာသည်ဟု ခေါ်သည်။ ကျင့်ကြံပြုမူသည့်အခါ အသိစိတ်၏ စည်းကို လိုက်နာခြင်းသည် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ဆုံးရှုံးနစ်နာခံရခြင်း မဟုတ်ပေ။ ဤသည်မှာ ငါ၏ စည်းမျဉ်း ဖြစ်သည်။ သင်သည် ဆုံးရှုံးနစ်နာမည်ကို အစဉ် ကြောက်ရွံ့ပြီး ထိုမျှသာမက အချောင်ယူရန်နှင့် ဟာကွက်များကို အမြတ်ထုတ်ရန်လည်း တက်တက်ကြွကြွ ကြိုးစားသည်။ ဤအရာသည် စည်းကမ်းသတ်မှတ်ရန် လိုအပ်ပြီး ဤအရာသည် ပြုပြင်ရန် လိုအပ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးက အမှုအရာများကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းသည့် လက္ခဏာများ ပြသနေသည်ကို ငါ မြင်သောအခါ ထိုသို့ မလုပ်ဆောင်ရန် ၎င်းတို့ကို ငါ အလျင်အမြန် သတိပေးသည်။ ထိုသို့ ပြုမူခြင်းသည် ရွံရှာဖွယ်ကောင်းသည်။ သင်သည် ထိုအသေးအဖွဲ အခွင့်ကောင်းကို ယူသောအခါ သင်၏ စိတ်နှလုံးထဲတွင် ဂုဏ်ယူပြီး ကျေနပ်သော်လည်း၊ ထိုသို့ လုပ်ဆောင်ရာတွင် သင် မည်သည့်အရာကို သစ္စာဖောက်သနည်း။ ယင်းမှာ သင်၏ အသိစိတ်နှင့် သင်၏ တည်ကြည်မှုဖြစ်ပြီး ယင်းက သင့်အတွက် ဘုရားသခင်ထံမှ “ဆိုးရွားသော သုံးသပ်ချက်” တစ်ခုကို ရရှိစေသည်။ ဤဆိုးရွားသော သုံးသပ်ချက်တစ်ခုက ကောင်းမှုမည်မျှကို ပယ်ဖျက်နိုင်သည်ကို သင် သိသလော။ သင် မသိသည့်အပြင် မခံစားရပေ။ သင် မသိသည့်အပြင် ယင်းနှင့်ပတ်သက်၍ သတိပြုမိခြင်း မရှိသောကြောင့် သင့်ကို ငါ သတိပေးရမည်။ အရေးကြီးသော အခိုက်အတန့်များနှင့် အရေးကြီးသော ကိစ္စရပ်များတွင် ငါသည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်၍ ထိုသို့ မပြုမူရန်၊ စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး အချောင်မယူရန် သင့်ကို ပြောရမည်ဖြစ်သည်။ ဤကိစ္စရပ်များတွင် သင့်ကို ဘောင်ခတ်ရန် ငါ၏ အဆင့်အတန်းကို ငါ အသုံးပြုနေခြင်း မဟုတ်ဘဲ ထိုအစား သင့်အပြုအမူကို စည်းကမ်းသတ်မှတ်ရန် ကူညီပေးလျက်၊ သင်၏ အသိစိတ်ကို သတိပြုမိစေကာ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းတစ်ခု ရှိစေရန် ပြုလုပ်ပေးပြီး ဘဝတွင် လူတစ်ဦး၏ မှန်ကန်သော ပန်းတိုင်နှင့် ဦးတည်ချက်သည် အဘယ်အရာ ဖြစ်သင့်သည်ကို သင့်အား မြင်တွေ့ခွင့်ပေးလျက် သင့်အား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့နေခြင်း ဖြစ်သည်။ ထို့နောက် သင်သည် ထိုသို့ ပြုမူရန် တစ်ဖန် တွေးမိသောအခါ သင်၏ အသိစိတ်၌ လိပ်ပြာသန့်မည် မဟုတ်ပေ။ သင်၏ မျက်နှာ ရဲလာလိမ့်မည်ဖြစ်ပြီး ထိုသို့သောအရာမျိုးကို လုပ်ဆောင်ရန် တွေးမိခြင်းက သင့်ကို ရှက်ရွံ့စေလိမ့်မည်။ ဤနည်းအားဖြင့် သင့်ကို ဤအရာ ပြောရခြင်း၏ ငါ၏ ရည်ရွယ်ချက်သည် အောင်မြင်သွားပြီး ယင်းက ရည်ရွယ်ထားသော အကျိုးသက်ရောက်မှု ရှိလေသည်။ ဤသည်ကို စည်းကမ်းသတ်မှတ်ခြင်းဟု ခေါ်ဆိုသည်။

အသင်းတော်အလုပ်နှင့် မသက်ဆိုင်သည့် အသေးအဖွဲ ကိစ္စရပ်များတွင် ငါ ယေဘုယျအားဖြင့် ဝင်ရောက်စွက်ဖက်လေ့မရှိသော်လည်း ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ ပါဝင်ပတ်သက်သည့် အချို့သော ကိစ္စရပ်များအတွက်မူ ငါသည် တစ်ခါတစ်ရံ စကားအနည်းငယ် ပြောဆိုပြီး အကြံဉာဏ်အချို့ ပေးသည်။ သို့ဆိုလျှင် ဤကိစ္စရပ်များတွင် ငါသည် မည်သည့် ပင်ကိုလက္ခဏာနှင့် မည်သည့် အဆင့်အတန်းမျိုးဖြင့် ဝင်ရောက်စွက်ဖက်သနည်း။ မိဘတစ်ဦးအနေဖြင့်လော။ ဆွေမျိုးစုတစ်ခု၏ အကြီးအကဲအနေဖြင့်လော။ သိုးထိန်းတစ်ဦးအနေဖြင့်လော။ ခေါင်းဆောင်တစ်ဦးအနေဖြင့်လော။ သို့တည်းမဟုတ် သင်၏ အထက်လူကြီးအနေဖြင့်လော။ ယင်းတို့ထဲမှ တစ်ခုမျှ မဟုတ်ဟု ငါ ထင်သည်။ သို့ဆိုလျှင် ထိုသို့သော ကိစ္စရပ်များတွင် ငါသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်သနည်း။ ပထမဦးစွာ အဆင့်အတန်း ခွဲခြားမှု မရှိပေ။ ငါသည် တာဝန်သိစိတ်ဖြင့် စကားပြောပြီး ပြုမူသည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ ယင်းကို ငါ သတိပြုမိပြီး သိရှိနေသရွေ့ သင့်ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ငါ လမ်းပြမည်ဖြစ်ပြီး သင်၏ အသိစိတ်နှင့်အညီ ပြီးလျှင် ဤအခြေခံအကျဆုံး၊ ပဓာနအကျဆုံးသော စည်းအပေါ် အခြေခံ၍ ပြုမူနိုင်စေမည်ဖြစ်သည်။ ယင်းက သင်၏ အပြုအမူကို စည်းကမ်းသတ်မှတ်စေမည်ဖြစ်ပြီး သင်၏ ရည်ရွယ်ချက်များကို ပြုပြင်ပေးမည်ဖြစ်ကာ သင့်ကို မှန်ကန်သော ဘဝအပေါ် သဘောထားအမြင်တစ်ခု တည်ဆောက်နိုင်စေမည်ဖြစ်ပြီး ဤကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဤပြဿနာမျိုးကို မှန်ကန်သော ရပ်တည်ချက်နှင့် အမြင်ရှုထောင့်မှ ရှုမြင်နိုင်စေမည်ဖြစ်သည်။ သင့်အတွက် အမှုအရာများကို စိစစ်ရန် ငါ ကူညီမည်ဖြစ်သည်။ သင့်အတွက် အမှုအရာများကို ငါ စိစစ်ပေးနေစဉ်တွင် သင်၏ မိမိကိုယ်ကို လေးစားမှုနှင့် ဂုဏ်သိက္ခာတို့ ထိခိုက်သွားသည်ဟု သင် ခံစားရနိုင်သော်လည်း သင့်ကို ငါ အလိုမလိုက်သည့်အပြင် သင့်အကြိုက်ကိုလည်း မလိုက်ပေ။ သင့်အပေါ်ထားရှိသည့် တာဝန်သိစိတ်ဖြင့် သင်နှင့် တန်းတူရည်တူ နေရာတွင် ရပ်တည်ကာ သင့်ကို ငါ ကူညီသည်။ ဤချဉ်းကပ်ပုံကို သင် မည်သို့ ထင်သနည်း။ (ကောင်းပါသည်။) သင့်ကို ဟိတ်ကြီးဟန်ကြီး စိတ်ကူးများ ငါ လျှောက်မပြောသည့်အပြင် ဆောင်ပုဒ်များလည်း ငါ မဟစ်ကြွေးပေ။ အရာတစ်ခုကို မည်သို့ လုပ်ဆောင်ရမည်နှင့် ယင်းကို မည်သို့ သင့်လျော်စွာ လုပ်ဆောင်ရမည်ကိုသာ သင့်ကို ငါ ပြောပြပြီး အကျိုးအပြစ်များကို သင့်အား ရှင်းလင်းစွာ ရှင်းပြသည်။ သင်၏ ရှုထောင့်မှကြည့်လျှင် ငါပြောသော စကားများသည် ရိုးရှင်းပြီး သာမန်ဖြစ်သည်။ ယင်းတို့မှာ နက်နဲသော အသိပညာ၊ အတွေးအခေါ်များ သို့မဟုတ် သီအိုရီများ မပါဝင်သည့် ရိုးရှင်းသော စကားများသာ ဖြစ်သည်။ သို့သော် ယင်းတို့ကို နားထောင်ပြီးနောက်တွင် သင်၌ လမ်းကြောင်းတစ်ခု ရှိလာပြီး မည်သို့ ပြုမူရမည်ကို သိလာသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့၏ အမြင်တွင် တစ်မူထူးခြားသော အဆင့်အတန်းတစ်ခု ရှိသော်လည်း၊ ပြီးလျှင် ယင်းမှာ အလွန်မြင့်မားသော အဆင့်အတန်းတစ်ခု ဖြစ်သော်လည်း သူ လုပ်ဆောင်သည့်အရာ၏ နယ်ပယ်သည် ဤမြင့်မားသော အဆင့်အတန်း၏ ကန့်သတ်ခြင်းကို မခံရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် မည်မျှပင် ကြီးကြီးငယ်ငယ် အရာအားလုံးကို ဂရုစိုက်သည်။ သင်၌ မည်သည့် ပြဿနာများ သို့မဟုတ် အခက်အခဲမျိုး ရှိသည်ဖြစ်စေ ယင်းတို့ကို ငါ သတိပြုမိသရွေ့ ယင်းတို့အကြောင်း သင့်ကို ငါ ပြောပြမည်ဖြစ်ပြီး အထက်စီးနေရာကို ငါ ယူမည်မဟုတ်ပေ။ သင် နားထောင်လိုလျှင် နားထောင်လော့၊ သင် နားမထောင်လိုလျှင် သင့်ကို ငါ အတင်းအကျပ် ပြုမည်မဟုတ်ပေ။ ယင်းသည် အသင်းတော်အလုပ်၊ သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သည့် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ပါက မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင့်ကို ငါ ပြောပြမည်ဖြစ်ပြီး နောက်ပိုင်းတွင် ငါ နောက်ဆက်တွဲ လုပ်ဆောင်မည်ဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်ဘဝရှိ ကိစ္စရပ်တစ်ခု ဖြစ်ပါက သင်နှင့် ငါ ရင်းရင်းနှီးနှီး စကားပြောမည်ဖြစ်ပြီး ဟိတ်ကြီးဟန်ကြီးနှင့် စကားများ လျှောက်မပြောဘဲ ငါ၏ ရိုးသားသော အမြင်များကို မျှဝေမည်ဖြစ်သည်။ သင် နားထောင်လိုလျှင် ယင်းကို သင် လက်ခံနိုင်ပြီး သင် နားမထောင်လိုလျှင် သင့်ကို ငါ ပြစ်တင်မောင်းမဲမည် မဟုတ်၊ သို့မဟုတ် သင့်ကို ဘောင်ခတ်မည် မဟုတ်ပေ။ သင်သည် ယင်းကို လက်ခံနိုင်ပါက သင်သည် သင့်လျော်ပြီး မှန်ကန်သော စကားများကို လက်ခံနိုင်သည့် လျောက်ပတ်သော လူတစ်ဦးဖြစ်ကြောင်း ငါ မြင်တွေ့မည်ဖြစ်ပြီး ထို့နောက်တွင် သင်နှင့် ပို၍ စကားပြောလိုမည်ဖြစ်သည်။ သင်သည် မှန်ကန်သော စကားများကို လက်မခံဘဲ ငါပြောသည့်အရာကို နားမထောင်ကြောင်း ငါ မြင်တွေ့ပါက နောင်တွင် သင့်ကို ငါ စကားပြောမည် မဟုတ်တော့ပေ၊ သို့မဟုတ် သင့်ကို စကားပြောဆိုမှု နည်းသွားမည်ဖြစ်သည်။ လူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ငါ့တွင် ကိုယ့်ရွေးချယ်မှုနှင့်ကိုယ်၊ ကိုယ့်စည်းမျဉ်းနှင့်ကိုယ် ရှိ၏။ ငါသည် အဆင့်အတန်းရှိသူ တစ်ဦးကဲ့သို့ စကားပြောပြီး ပြုမူသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဥပမာအားဖြင့် အတိတ်မှ စုဝေးပွဲများတွင် လူသုံးဆယ်မှ ငါးဆယ်အထိ ရှိသည်ဖြစ်စေ၊ ရှစ်ဆယ်မှ တစ်ရာအထိ ရှိသည်ဖြစ်စေ ငါသည် မိုက်ခရိုဖုန်းကို မည်သည့်အခါမျှ အသုံးမပြုခဲ့ပေ။ ငါသည် တိုက်ရိုက်သာ စကားပြောခဲ့ပြီး လူတို့သည် ငါ့စကားကို ကြားနိုင်ခဲ့ကြသည်။ ယနေ့ခေတ်တွင် အချို့နေရာများ၌ စုဝေးပွဲတစ်ခုတွင် လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်သာ ရှိသော်လည်း အချို့သော ဟောပြောသူများသည် မိုက်ခရိုဖုန်းကို အသုံးပြုကြသေး၏။ ယင်းက လိုအပ်သလော။ သင်ပြောသော စကားများသည် အခြားသူများအတွက် တစ်နည်းနည်းဖြင့် တည်ဆောက်မှုပေးသလော။ သို့တိုင်အောင် သင်သည် စကားပြောရန် မိုက်ခရိုဖုန်းကို အသုံးပြုရမှဖြစ်မည်။ ဤသည်မှာ ခမ်းကြီးနားကြီးနိုင်ခြင်း မဟုတ်လော။ ယင်းမှာ လောကီ အရာရှိများကို အတုယူနေခြင်း ဖြစ်သည်။ သင် မြင်သလော၊ ငါသည်လည်း ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ စကားစမြည်ပြောဆိုပြီး မိတ်သဟာယဖွဲ့သည်။ တစ်ခါတစ်ရံတွင် ငါတို့သည် လူအယောက် နှစ်ဆယ်ခန့်ဖြင့် ခြံဝင်းထဲ၌ ထိုင်၍ စကားပြောကြသည်။ နောက်ခံဆူညံသံများ ရှိသော်လည်း ငါသည် မိုက်ခရိုဖုန်းကို အသုံးမပြုဘဲ လူတိုင်းက ငါ့စကားကို ရှင်းလင်းစွာ ကြားရသည်။ မိတ်သဟာယဖွဲ့ရန် လိုအပ်သည့် မည်သည့်အရာကိုမဆို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီး မည်သည့်အရာမျှ နှောင့်နှေးကြန့်ကြာခြင်း မရှိပေ။ မိုက်ခရိုဖုန်းကို အသုံးပြုရန် လိုအပ်သေးသလော။ ထိုသို့သော လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ လောကီ ဓလေ့ထုံးစံတစ်ခု ဖြစ်သည်။ လူတိုင်းသည် ခမ်းနားကြီးကျယ်စွာ ဟန်ပြရန်နှင့် ခမ်းကြီးနားကြီးနိုင်ရန် နှစ်သက်ကြပြီး ဟိတ်ဟန်ထုတ်ခြင်းနှင့် ကိုယ်ရည်သွေးခြင်းတို့ကို အလေးထားကြသည်။ သာမန်လူများက ဤသို့ ပြုမူနိုင်ပါက လူတစ်ဦးတွင် အဆင့်အတန်း အနည်းငယ် ရှိလာလျှင် ၎င်းသည် မိမိကိုယ်ကို အထင်ကြီးကြမည် မဟုတ်လော။ ဤအရာများကို သင်တို့အား ငါ ပြောပြရခြင်း၏ ရည်ရွယ်ချက်မှာ အမှန်တရားတစ်ခုကို သင်တို့ သိရှိစေရန် ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် လူ၏ အမြင်တွင် အဆင့်အတန်း ရှိသော်လည်း ဤအဆင့်အတန်းနှင့်ပတ်သက်သည့် ငါ၏ ခံစားချက်များသည် သင်တို့၏ ခံစားချက်များနှင့် ကွဲပြားသည်။ ငါသည် သာမန်လူတစ်ဦးဖြစ်သည်ဟုသာ ခံစားရပြီး သင်တို့နှင့် စကားစမြည်ပြောဆိုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ငါ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင်တို့ထံမှ ငါ မည်သည့်အရာကို တောင်းဆိုသနည်း။ ယင်းမှာ သင်တို့သည် အပြုသဘောဆောင်သောအရာများကို လက်ခံနိုင်ရန်၊ သမ္မာတရားကို လက်ခံနိုင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ သင်တို့ကို အပိုအရာတစ်ခုခု လုပ်ဆောင်ရန် ငါ မတောင်းဆိုပေ။ ပထမဦးစွာ သင်တို့အား ဝပ်တွား၍ ကိုးကွယ်ရန် ငါ မတောင်းဆိုပေ။ ဒုတိယအနေဖြင့် ငါတို့ တွေ့ဆုံသည့်အခါ သင်တို့သည် ဖားယားသော နည်းလမ်းဖြင့် ငါ့ကို နှုတ်ဆက်ရန် ငါ မတောင်းဆိုပေ။ ပုံမှန်နှင့် သဘာဝကျကျ ပြုမူခြင်းက လုံလောက်သည်။ မိသားစုဝင်များသည် တွေ့ဆုံသည့်အခါ အစဉ် နှုတ်ဆက်ရန် လိုအပ်သလော။ ၎င်းတို့သည် အချင်းချင်း မကြာခဏ မတွေ့ရပါက ၎င်းတို့ ဆုံတွေ့သည့်အခါ နှုတ်ဆက်ခြင်းသည် ပုံမှန်ဖြစ်သည်။ ဤသည်မှာ ယဉ်ကျေးပျူငှာခြင်းဖြစ်ပြီး ယင်းမှာ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားက ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ တိရစ္ဆာန်များပင်လျှင် အချင်းချင်း နှုတ်ဆက်ရမည်ကို သိကြသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပေ။ သို့ရာတွင် ငါ့တွင် အဆင့်အတန်းရှိရုံဖြင့် သင် ငါ့ကို မြင်သည့်အခါ သင်သည် အရိုအသေပေးရန်နှင့် ငါ့အား ယဉ်ကျေးစွာ နှုတ်ခွန်းဆက်သရန် မလိုအပ်ပေ။ ဤသည်မှာ မလိုအပ်သော လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပြီး ယင်းမှာ သင့်ထံမှ ငါ တောင်းဆိုသည့်အရာ မဟုတ်ပေ။ သင်တို့အပေါ် ငါ၏ တောင်းဆိုချက်များသည် အလွန် ကျိုးကြောင်းဆီလျော်ပြီး သင့်တင့်လျောက်ပတ်သည်။ သင်တို့သည် ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်ပြီး သင်တို့သည် သမ္မာတရားကို ချစ်ကာ သမ္မာတရားကို လိုက်စားပါက ဤတောင်းဆိုချက်များအားလုံးကို ဖြည့်ဆည်းနိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤတောင်းဆိုချက်များသည် လုံးဝ အနှစ်မဲ့ခြင်း သို့မဟုတ် မြင့်မားလွန်းခြင်း မရှိသောကြောင့် ဖြစ်သည်။ ယင်းတို့အားလုံးသည် ပုံမှန်လူများ ဖြစ်မြောက်အောင်မြင်နိုင်သည့် အရာများ ဖြစ်ကြသည်။ သင်တို့သည် နှစ်များတစ်လျှောက် သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ခဲ့သည့် သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများကို သိမြင်ပြီး သဘောပေါက်နားလည်ခဲ့ကာ အတွေ့အကြုံဆိုင်ရာ အသိနှင့် အသက် ဝင်ရောက်မှု ရှိပါက သင်တို့အပေါ် အမျိုးမျိုးသော အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်တို့သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူနိုင်လိမ့်မည်ဖြစ်သည်။ လူတို့ကို သင် ဆက်ဆံပုံ၊ သင်၏ အလုပ်၊ သင်၏ တာဝန်များ၊ အန္တိခရစ်များ၊ အယောင်ဆောင်ခေါင်းဆောင်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်၏ အကြိုက်နှင့် မကိုက်ညီသော အမျိုးမျိုးသောအရာများနှင့် အခြားအရာများစွာတို့တွင် သင်တို့သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင်တို့ထံမှ တောင်းဆိုသည့်အရာ ဖြစ်သည်။ သင်တို့အပေါ် ငါပြုလုပ်သော တောင်းဆိုချက်များအားလုံးသည် ပုံမှန် လူ့သဘာဝတွင် သင်တို့ ဖြစ်မြောက်အောင်မြင်နိုင်သည့် နယ်ပယ်အတွင်းရှိ အရာများ ဖြစ်ကြသည်။ ငါ စကားပြောပြီးနောက်တွင် ဖြစ်မြောက်အာင်မြင်သင့်သည့် ရလဒ်များကို ဖြစ်မြောက်အောင်မြင်ရန် ဤနှုတ်ကပတ်တော်များနှင့်အညီ သင်တို့ လက်တွေ့လုပ်ဆောင်ရန် ငါ တောင်းဆိုသည်။

အချို့လူများသည် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ကြသော်လည်း ပူဇော်သက္ကာတစ်ခုကိုမျှ မည်သည့်အခါမျှ မပြုလုပ်ခဲ့ကြပေ။ ဘုရားအိမ်တော်က ဤကိစ္စကို ဖိအားပေးသလော။ မပေးပေ။ မည်သူက ပူဇော်သက္ကာတစ်ခုမျှ မည်သည့်အခါမျှ မပြုလုပ်ခဲ့ကြောင်း၊ သို့မဟုတ် မည်သူက ဘုရားအိမ်တော်ထံမှ နေထိုင်စရိတ်များကို အစဉ် တောင်းခံနေကြောင်းကိုလည်း ငါ မည်သည့်အခါမျှ မစုံစမ်းပေ။ ဤကိစ္စရပ်များကို ငါ မစုံစမ်းသည့်အပြင် ယင်းတို့ကို ငါ ဂရုလည်းမစိုက်ပေ။ ငါ ဂရုစိုက်သည့်အရာမှာ သင်၏ တာဝန်ကို သင် မည်သို့ ထမ်းဆောင်သည်၊ သင်သည် အဖိုးအခ ပေးဆပ်နိုင်ခြင်း ရှိမရှိနှင့် မှန်ကန်သော အကြံဉာဏ်ကို သင် လက်ခံနိုင်ခြင်း ရှိမရှိ၊ သင့်အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်သည် မိမိကိုယ်ကို ပုန်ကန်နိုင်ပြီး သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွန့်လွှတ်နိုင်ခြင်း ရှိမရှိ၊ သင့်တွင် အဆင့်အတန်းရှိသည့်အခါ သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး လူများကို တရားမျှတစွာ ဆက်ဆံနိုင်ခြင်း ရှိမရှိ၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ သင်သည် စည်းမျဉ်းများကို ရှာဖွေပြီး သင်၏ စိတ်နှလုံးထဲတွင် စည်းမျဉ်းများ ရှိမရှိ၊ သင် စည်းမျဉ်းများကို နားမလည်သော ကိစ္စရပ်များတွင် သင်၏ ကိုယ်ပိုင် အလိုဆန္ဒနှင့်အညီ သင် ပြုမူမည် ဟုတ်မဟုတ်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒနှင့်အညီ သင် ပြုမူပြီးနောက် တစ်စုံတစ်ဦးက ယင်းကို ထောက်ပြသည့်အခါ သင်သည် ယင်းကို လက်ခံနိုင်ခြင်း၊ နောင်တရပြုပြင်ခြင်းနှင့် မိမိကိုယ်ကို ပြောင်းလဲနိုင်ခြင်း ရှိမရှိ၊ သင့်ကို ဝေဖန်သူများကို သင် မုန်းတီးမည့်အရေး၊ ဖိနှိပ်မည့်အရေး သို့မဟုတ် ညှဉ်းပန်းမည့်အရေး ရှိမရှိ၊ စကားပြောခြင်းနှင့် ပြုမူခြင်းအပြင် အသက်ရှင်နေထိုင်မှုအတွက် အခြေခံ လိုအပ်ချက်များဖြစ်သည့် ပုံမှန် လူ့အသက်တာ၏ နယ်ပယ်အတွင်းရှိ ကိစ္စရပ်များနှင့်ပတ်သက်၍ သင်၏ သတ်မှတ်ထားသော စံနှုန်းများက အဘယ်အရာဖြစ်သည်နှင့် သင့်တွင် စည်းတစ်ခု ရှိမရှိဟူသည်တို့ ဖြစ်သည်။ သမ္မာတရား၊ လူတစ်ဦး ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ၊ လူတစ်ဦး၏ ဘဝအပေါ် သဘောထားအမြင်နှင့် လူတစ်ဦး လျှောက်လှမ်းသော လမ်းကြောင်းတို့နှင့် သက်ဆိုင်သည့် ဤကဲ့သို့သော ကိစ္စရပ်များကို ငါ ဂရုစိုက်သည်။ ထို့အပြင် ပူဇော်သက္ကာများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်း ငါ စုံစမ်းပြီး စစ်ဆေးသည်။ မည်သည့် ခေါင်းဆောင်မဆို ပူဇော်သက္ကာများ သုံးစွဲခြင်းနှင့် သက်ဆိုင်သည့် အလုပ်ကို လုပ်ဆောင်သည့်အခါ စည်းမျဉ်းများကို မလိုက်နာဘဲ ထိုအစား အသုံးအဖြုန်းကြီးပြီး ပူဇော်သက္ကာများကို အလွဲသုံးစားလုပ်သည့် လုပ်ရပ်ကို လုပ်ဆောင်ကာ ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်း ခံရပြီးနောက် ၎င်းတို့တွင် မည်သည့် ကြီးစွာသော နောင်တမျှ မရှိသည့်အပြင် ၎င်းတို့၏ အပြစ်များကို ဝန်ခံပြီး နောင်တရပြုပြင်ခြင်းလည်း မရှိဘဲ ၎င်းတို့သည် ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် ငြင်းပယ်သည်သာမက ၎င်းတို့အတွက် ကျိုးကြောင်းပြ ငြင်းခုံရန်နှင့် မှန်ကြောင်းရှင်းချက်ထုတ်ရန်လည်း ကြိုးစား၍ ၎င်းတို့ထဲမှ အချို့သည် အရာများကို လိမ်လည်ဖန်တီးပြီး သက်သေအထောက်အထား အတုများကို ဖန်တီးခြင်း သို့မဟုတ် ဆိုးရွားသော အခြေအနေများတွင် သက်သေအထောက်အထားများကို ဖျက်ဆီးခြင်း စသည်တို့ကိုပင် ပြုလုပ်ပါက ဤကိစ္စရပ်များကို ငါ စုံစမ်းပြီး စစ်ဆေးမည်ဖြစ်သည်။ ဤကိစ္စရပ်များအားလုံးသည် လူတစ်ဦး ကျင့်ကြံပြုမူပုံ၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းတို့နှင့် သက်ဆိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကိစ္စရပ်များကို ငါ ဂရုစိုက်ခြင်းသည် ကျိုးကြောင်းခိုင်လုံသည်ဟု သင် ပြောမည်လော။ (ဟုတ်ပါသည်။) အချို့လူများသည် အလွန်ကောင်းမွန်သော မိသားစုဝင်များ ဖြစ်ပြီး အတော်လေး ချမ်းသာကြသည်။ ၎င်းတို့၏ မိသားစုက တစ်နှစ်လျှင် မည်မျှ ဝင်ငွေရှိသည်၊ ၎င်းတို့ ပူဇော်သက္ကာများ ပူဇော်ဆက်ကပ်ဖူးခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့ ဆယ်ဖို့တစ်ဖို့ ပူဇော်ဆက်ကပ်ဖူးခြင်း ရှိမရှိကို ငါ စုံစမ်းသည်ဟု သင် ထင်သလော။ စုဝေးပွဲများတွင် တရားဟောနေစဉ် ထိုသို့သောအရာများကို ငါ မည်သည့်အခါမျှ မပြောဖူးပေ။ အချို့လူများက “ကိုယ်တော်က လူအများရှေ့တွင် ဤအကြောင်းကို မပြောသော်လည်း အချို့သော လူပုဂ္ဂိုလ်များထံမှ ယင်းအကြောင်းကို တိတ်တဆိတ် စုံစမ်းခြင်း ဖြစ်သလော” ဟု ပြောကြသည်။ ဤကိစ္စရပ်များကို ငါ စုံစမ်းဖူးခြင်း ရှိမရှိကို ငါနှင့် ထိတွေ့ဆက်ဆံပြီး ပေါင်းသင်းဖူးသော ညီအစ်ကိုမောင်နှမများကို သင် မေးမြန်းနိုင်သည်။ ငါ မစုံစမ်းဖူးပေ။ ငါ့ကို ပြောလော့၊ ငါက မမေးလိုခြင်းလော၊ သို့မဟုတ် ငါက စိတ်မဝင်စားခြင်းလော။ (ကိုယ်တော်က စိတ်မဝင်စားခြင်း ဖြစ်ပါသည်။) ငါ စိတ်မဝင်စားပေ၊ ဆိုလိုသည်မှာ ငါ၏ စိတ်ထဲတွင် ဤအရာများ မပါဝင်ပေ။ ဤအရာများသည် ငါ၏ စိတ်ထဲတွင် မရှိပေ။ ဤသည်မှာ ကိစ္စရပ်၏ ကဏ္ဍတစ်ခု ဖြစ်သည်။ အခြားတစ်ချက်မှာ ညီအစ်ကိုမောင်နှမများ၏ မိသားစုများ၏ စီးပွားရေး အခြေအနေများနှင့် လူမှုရေး အဆင့်အတန်းတို့က အဘယ်အရာဖြစ်သည်ကို ငါ အမှန်တကယ် မသိပေ။ အဘယ်ကြောင့် ငါ မသိသနည်း။ အကြောင်းမှာ ၎င်းတို့နှင့်ပတ်သက်၍ ငါ စူးစမ်းလိုစိတ် မရှိသည့်အပြင် ၎င်းတို့အကြောင်းကို ငါ မစုံစမ်းသောကြောင့် ဖြစ်သည်။ တစ်ဦးချင်းစီ၏ အခြေအနေများအကြောင်းကို ငါ သိလျှင်ပင် ယင်းမှာ ၎င်းတို့၏ မိသားစုက ချမ်းသာကြောင်း သင်တို့ ပြောသည်ကို ကြားရခြင်းမှသာ ဖြစ်သည်။ ဤအခြေခံ အချက်အလက် အနည်းငယ်ကိုသာ ငါ သိသည်။ ၎င်းတို့ မည်သည့်အလုပ်မျိုး လုပ်သည် သို့မဟုတ် တစ်နှစ်လျှင် ၎င်းတို့ မည်မျှ ဝင်ငွေရှိသည်နှင့်ပတ်သက်၍မူ ငါ အမှန်တကယ် မသိပေ။ သင်တို့၏ မိသားစုများထဲမှ မည်သည့်မိသားစု၏ စီးပွားရေး အခြေအနေကိုဖြစ်စေ၊ သင်တို့တွင် ဝင်ငွေ မည်မျှရှိသည်ကိုဖြစ်စေ၊ သင်တို့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ငါ မည်သည့်အခါမျှ မစုံစမ်းသည့်အပြင် ဂရုလည်းမစိုက်ပေ။ ဤအရာများကို ငါ ဂရုမစိုက်ပေ။ အချို့လူများသည် ညီအစ်ကိုမောင်နှမများနှင့် အကြိမ်အနည်းငယ် ထိတွေ့ဆက်ဆံပြီးနောက် ၎င်းတို့၏ မိသားစုများ၏ အခြေခံ အခြေအနေများ၊ ဆိုလိုသည်မှာ ၎င်းတို့၏ မိသားစုများ မည်သည့်အလုပ် လုပ်ကြသည်၊ မည်သည့် မိသားစုများက ချမ်းသာသည်၊ မည်သည့် မိသားစုများက ဆင်းရဲသည်၊ ပြီးလျှင် ၎င်းတို့၏ မိသားစုများတွင် ပိုင်ဆိုင်မှု မည်မျှရှိသည်တို့ကို အတော်လေး ကောင်းစွာ သဘောပေါက်သွားကြသည်။ ၎င်းတို့၏ ဘိုးဘေး မျိုးဆက်သုံးဆက်က အသက်မွေးဝမ်းကျောင်းအတွက် မည်သည့်အရာ လုပ်ဆောင်ခဲ့သည်ကို စုံစမ်းရန်သာ လိုတော့သည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို အထူးသဖြင့် စိတ်ဝင်စားကြပြီး ယင်းတို့အကြောင်းကို အထူးသဖြင့် လျင်မြန်စွာ သိရှိကြသည်။ ထိုသို့သော လူများသည် ၎င်းတို့၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို ချောင်ထိုးထားသည်ဟု သင်တို့ ပြောမည်လော။ (ပြောပါမည်။) တစ်စုံတစ်ဦးနှင့် တစ်ကြိမ်သာ ထိတွေ့ဆက်ဆံပြီးနောက် သို့မဟုတ် တွေ့ဆုံပြီးနောက် ဤသူသည် တစ်လလျှင် မည်မျှ ဝင်ငွေရှိသည်၊ ၎င်းတို့တွင် များသောအားဖြင့် မည်သည့် အစားအသောက်နှင့် အဝတ်အစား စံနှုန်းရှိသည်၊ ပြီးလျှင် လူ့အဖွဲ့အစည်းတွင် ဂုဏ်သတင်းနှင့် အဆင့်အတန်းရှိသော မည်သည့်လူများနှင့် ၎င်းတို့ ပေါင်းသင်းပြီး ထိတွေ့ဆက်ဆံသည်ကို ၎င်းတို့ သိကြသည်။ ဤအရာများအားလုံးကို ၎င်းတို့ သိရှိနိုင်ကြသည်။ ငါသည် တစ်စုံတစ်ဦးနှင့် အကြိမ်များစွာ ထိတွေ့ဆက်ဆံပြီးနောက်တွင်ပင် ဤအရာများကို ငါ မသိပေ။ ၎င်းတို့သည် လောကတွင် မည်သည့်အလုပ် လုပ်သည်နှင့် ၎င်းတို့၏ နှစ်စဉ် လစာက မည်မျှဖြစ်သည်ကို ငါ့အား ပြောပြရန် ၎င်းတို့က အစပြုမှသာ ငါ အနည်းငယ် သိမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ယင်းကို ငါ မမှတ်မိပေ။ အချို့လူများက “ကိုယ်တော်က လူကို ကယ်တင်သည့် အလုပ်ကို လုပ်ဆောင်သည်။ ပြင်ပလောကရှိ ကိစ္စရပ်များစွာအကြောင်းကို ကိုယ်တော် မသိခြင်းက အဆင်ပြေပါသလော” ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ သမ္မာတရားနှင့် မသက်ဆိုင်သော ထိုကိစ္စရပ်များအကြောင်းကို သိရန် လိုအပ်သလော။ (မလိုအပ်ပါ။) သမ္မာတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များကိုသာ ငါ စစ်ဆေးသည်။ သင်၏ စိတ်သဘောထား၊ သင်၏ လူ့သဘာဝ၊ သင် ကျင့်ကြံပြုမူခြင်းနှင့် သင် လျှောက်လှမ်းသော လမ်းကြောင်းတို့နှင့် သက်ဆိုင်သည့် ပြဿနာများကိုသာ ငါ စစ်ဆေးသည်။ သင့်တွင် ငွေမည်မျှရှိသည်ကို ငါ မစစ်ဆေးသည့်အပြင် သင်၏ ငွေက မည်သည့်နေရာမှ လာသည်ကိုလည်း ငါ မစစ်ဆေးပေ။ ဤအရာများကို ငါ မစုံစမ်းလို သို့မဟုတ် မသိလိုသည့်အပြင် ယင်းမှာ ငါ၏ ဝါသနာတစ်ခုလည်း မဟုတ်ပေ။ လူကို ငါ၏ လက်ဖမိုးကဲ့သို့ ငါ သိသည်ဟု ငါ ပြောသောအခါ လူ၏ စိတ်သဘောထားကို ငါ နားလည်သည်၊ သူ၏ ဖောက်ပြန်ပျက်စီးခြင်း၏ အနှစ်သာရနှင့် အမှန်တကယ်ဖြစ်သော အနေအထားကို ငါ နားလည်သည်၊ ပြီးလျှင် အမျိုးမျိုးသော လူများ၏ လူ့သဘာဝကို ငါ နားလည်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်၏ ကဏ္ဍတစ်ခု ဖြစ်သည်။ ယင်းက အမျိုးမျိုးသော လူများ ထုတ်ဖော်သည့် စိတ်သဘောထားများတွင် မည်သည့် အနှစ်သာရမျိုး ပါဝင်ပတ်သက်နေသည်၊ လူတို့ ထုတ်ဖော်သည့် အမျိုးမျိုးသော အခြေအနေများတွင် မည်သည့် ပြဿနာများ ပါဝင်ပတ်သက်နေသည်၊ ပြီးလျှင် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန်နှင့် ၎င်းတို့ ရှိနေသည့် အခြေအနေမှ ၎င်းတို့ကို ရုန်းထွက်နိုင်စေရန်အလို့ငှာ ၎င်းတို့ကို မည်သို့ မိတ်သဟာယဖွဲ့ရမည်၊ ထောက်ပံ့ရမည်နှင့် ကူညီရမည်တို့ကို နားလည်ခြင်းဟုလည်း ဆိုလိုသည်။ အချုပ်အားဖြင့်ဆိုရလျှင် ငါ၏ အလုပ်နှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များကိုသာ ငါ စစ်ဆေးသည်။

ငါ၏ အလုပ်ကို လုပ်ဆောင်ရာတွင် သင်တို့အပေါ် ငါ ကောင်းမွန်စွာ ဖြည့်ဆည်းသည့် တာဝန်ဝတ္တရားမှာ သင်တို့၏ ပြဿနာများကို ဖြေရှင်းပေးရန် ဖြစ်သည်။ အသေးစားအနေဖြင့် ဆိုရလျှင် ယင်းမှာ သင်တို့၏ နေ့စဉ်ဘဝများတွင် သင်တို့၏ လူ့သဘာဝက အသက်ရှင် နေထိုင်သည့်အရာနှင့်ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေးခြင်းဟု ဆိုလိုသည်။ အကြီးစားအနေဖြင့် ဆိုရလျှင် ယင်းမှာ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပြဿနာများကို ဖြေရှင်းပေးခြင်းနှင့် ကယ်တင်ခြင်း လမ်းကြောင်းကို သင်တို့အား ရှင်းလင်းစွာ ထောက်ပြခြင်းဟု ဆိုလိုသည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူသားမျိုးနွယ်၏ အခွန်ပဏ္ဏာများ၊ မြှောက်ပင့်ဖားယားခြင်း သို့မဟုတ် လိုက်လျှောက်ခြင်းတို့ကို ခံစားရန်၊ သို့မဟုတ် လူ့လောက၏ ပျော်ရွှင်မှုများကို ခံစားရန် လူတို့အလယ်သို့ လာခဲ့ခြင်း မဟုတ်ဘဲ သူ၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လာခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ပြီး ဘုရားသခင်၏ အသက်ကို ပိုင်ဆိုင်သည်။ ကိုယ်တော်သည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ကို လုပ်ဆောင်ရန်နှင့် ဘုရားသခင် ကိုယ်တိုင် ဖြည့်ဆည်းသင့်သည့် လူအပေါ်ထားရှိသော တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လူတို့အလယ်သို့ လာခဲ့ခြင်း ဖြစ်သည်။ မည်သည့် အဆင့်ဖြစ်ပါစေ သို့မဟုတ် မည်သည့် လူအုပ်စုအလယ်တွင် ဖြစ်ပါစေ လူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်၏ အခြေခံ ပန်းတိုင်မှာ အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းရန် ၎င်းတို့ကို ကူညီပေးဖို့ ဖြစ်သည်။ တစ်ခါတစ်ရံ နေ့စဉ်ဘဝ၏ အသေးအဖွဲ ကိစ္စရပ်အချို့အကြောင်းကို ငါ ပြောဆိုပြီး သင်တို့သည် ဇာတ်လမ်းအချို့ကို နားထောင်နေရုံမျှသာဖြစ်သည်ဟု ခံစားရနိုင်သော်လည်း အမှန်တကယ်တွင် သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သည့် ဤအသေးအဖွဲ ကိစ္စရပ်များတွင် သင်တို့၌ရှိသော ပြဿနာများနှင့် သင်တို့ နားလည်သင့်သည့် သမ္မာတရားများ ပါဝင်ပြီး ယင်းတို့မှာ သင်တို့ ဖြေရှင်းသင့်ပြီး ဝင်ရောက်သင့်သည့် အရာများ ဖြစ်ကြသည်။ နားထောင်ပြီးနောက် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် အာရုံစိုက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်သူများသည် သမ္မာတရားအချို့ကို နားလည်လာကြမည်ဖြစ်ပြီး ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းအတွက် စည်းမျဉ်းအချို့ကို ၎င်းတို့ သတိမပြုမိဘဲပင် နားလည်လာကြမည်ဖြစ်သည်။ သို့ရာတွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော လူများသည် နားထောင်ပြီးနောက်တွင်ပင် နားလည်မည် မဟုတ်သည့်အပြင် မိတ်သဟာယဖွဲ့ခြင်းသည် အိမ်တွင်းရေး အသေးအဖွဲ ကိစ္စရပ်များသာ ပါဝင်သည်ဟုပင် ခံစားရလိမ့်မည်။ အမှန်တကယ်တွင် သင်သည် ဤအသေးအဖွဲ ကိစ္စရပ်များမှ သင်ခန်းစာများကို အချိန်အများစုတွင် သင်ယူနိုင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် အမှုအရာများ၏ မည်သည့်ကဏ္ဍကို မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ၊ ယင်းမှာ နေ့စဉ်ဘဝနှင့် သက်ဆိုင်သည့်အရာ ဖြစ်စေ၊ လူတစ်ဦး၏ တာဝန်နှင့် သက်ဆိုင်သည့်အရာ ဖြစ်စေ၊ အသက် ဝင်ရောက်မှုနှင့် သက်ဆိုင်သည့်အရာ ဖြစ်စေ ငါတို့ မိတ်သဟာယဖွဲ့သည့် စည်းမျဉ်းများနှင့် နားလည်မှုတို့သည် စကားထာတစ်ခုခုကို ဖြေရှင်းရန် သို့မဟုတ် နက်နဲမှုတစ်ခုခုကို ဖော်ထုတ်ရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ ထိုအစား ငါတို့၏ မိတ်သဟာယသည် အမှန်တရားတစ်ခုကို ရှင်းပြရန်၊ လူတစ်ဦး၏ အတွေးများနှင့် အမြင်များနှင့်ပတ်သက်သော ပြဿနာများကို ဖြေရှင်းရန်၊ ပြီးလျှင် လူတစ်ဦးသည် အမျိုးမျိုးသော အမှုအရာများကို မည်သို့ ရှုမြင်သည်နှင့် အမျိုးမျိုးသော လူများကို မည်သို့ ဆက်ဆံသည်ဟူသည့် ပြဿနာများကို ဖြေရှင်းရန် နေ့စဉ်သုံး ဘာသာစကားကို အသုံးပြုသည်။ ဥပမာအားဖြင့် အဝတ်အစား၏ ဒီဇိုင်းနှင့် အရောင်ကို ရွေးချယ်ခြင်းကို ကြည့်လော့။ နေ့စဉ် ဝတ်ဆင်ရန်အတွက်ဖြစ်စေ၊ အစီအစဉ်များ ပြုလုပ်ရန်အတွက်ဖြစ်စေ အဝတ်အစား၏ ဒီဇိုင်းနှင့် အရောင်ကို ရွေးချယ်ခြင်းအတွက် ငါ၏ စည်းမျဉ်းများနှင့် ရည်ရွယ်ချက်များသည် သင်တို့၏ အရာများနှင့် ကွဲပြားသည်။ သင်တို့၏ စည်းမျဉ်းများနှင့် ကြံရွယ်ချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့မှာ မိမိတို့ကိုယ်ကို လှပရန် သို့မဟုတ် ခန့်ညားရန် ပြင်ဆင်ဖို့ ဖြစ်သည်။ သင်တို့သည် ဆွဲဆောင်မှုရှိပြီး အာရုံစိုက်ခံရသရွေ့ သင်တို့ ကျေနပ်ကြသည်။ ငါ၏ မူလ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့မှာ သင်တို့ကို ဣန္ဒြေရပြီး ဖြောင့်မတ်ပုံပေါက်စေရန်အပြင် လူသားပုံသဏ္ဌာန်နှင့် ဂုဏ်သိက္ခာတို့ကို ပိုင်ဆိုင်စေရန် ဖြစ်သည်။ သို့မှသာ လူတို့သည် သင့်ကို အလေးထားကြမည်ဖြစ်ပြီး သင့်ကို အထင်သေးခြင်း၊ သင့်ကို ကစားစရာအဖြစ် သဘောထားခြင်း၊ သို့မဟုတ် သင့်အပေါ် ကလိမ်ကကျစ်ကျသော စိတ်ကူးများ သို့မဟုတ် မလျော်ကန်သော အတွေးများ ထားရှိခြင်း ပြုဝံ့ကြမည် မဟုတ်ပေ။ ထိုသို့ လုပ်ဆောင်ရာတွင် ငါသည် သင့်ကို ကြွားဝါရန် အခွင့်အရေးကို ရုပ်သိမ်းနေခြင်း မဟုတ်ဘဲ ထိုအစား သင့်ကို ကာကွယ်ပေးနေခြင်း ဖြစ်သည်၊ သင့်ကို လူသားပုံသဏ္ဌာန် ပိုင်ဆိုင်စေပြီး ဖြောင့်မတ်သော အသွင်အပြင် ရှိပုံပေါက်စေခြင်း ဖြစ်သည်။ သို့မှသာ မကောင်းသော ရည်ရွယ်ချက်များ ရှိသူများသည် သင့်ကို အမြတ်ထုတ်ရန် အခွင့်အရေး တွေ့မည်မဟုတ်သည့်အပြင် ထိုဆိုးညစ်သောသူများသည် သင့်ကို အခွင့်ကောင်းယူဝံ့မည် မဟုတ်ပေ၊ သို့မဟုတ် သင့်ကို ကစားစရာတစ်ခုအဖြစ် ဆက်ဆံဝံ့မည် မဟုတ်ပေ။ ၎င်းတို့သည် သင့်ကို လေးစားရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တည်ကြည်မှုသည် ကာကွယ်ခံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဝတ်အစား၏ ဒီဇိုင်းနှင့် အရောင်ကို ရွေးချယ်ခြင်းကဲ့သို့ ရိုးရှင်းသော ကိစ္စရပ်တစ်ခုတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ဂုဏ်သတင်းကို ကာကွယ်ရန် ငါ ထိုသို့ လုပ်ဆောင်သည်ဟု သင်တို့ ထင်ကောင်းထင်နိုင်သော်လည်း အမှန်တကယ်တွင် ဤသည်မှာ အဓိက ရည်ရွယ်ချက် လုံးဝ မဟုတ်ပေ။ အဓိက ရည်ရွယ်ချက်မှာ သင်တို့ကို ကာကွယ်ရန် ဖြစ်သည်။ ဤအသေးအဖွဲ ကိစ္စရပ်လေးတွင်ပင် ငါ၏ အမြင်ရှုထောင့်များသည် သင်တို့၏ အမြင်ရှုထောင့်များနှင့် လုံးဝ ကွဲပြားသည်။ သင်တို့၏ ကိုယ်ပိုင်ဘဝများတွင် သင်တို့ မည်သို့ ဝတ်စားဆင်ယင်ပြီး ပြင်ဆင်သည်နှင့်ပတ်သက်၍မူ သင်တို့ကို ငါ နေရာပေးပြီး သင်တို့၏ အချည်းနှီးဖြစ်သော ဂုဏ်မောက်မှုကို ကျေနပ်စေရန် လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးသည်။ ဤကိစ္စရပ်များသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီးနောက် လူတို့သည် သမ္မာတရားကို နားလည်သွားကြကာ ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်လာခြင်းအပေါ် မူတည်သည်။ သို့မှသာ ၎င်းတို့သည် မိမိကိုယ်ကို ချုပ်တည်းမှုကို ဖြစ်မြောက်အောင်မြင်နိုင်ပြီး သိမ်မွေ့၍ ဖြောင့်မတ်လာနိုင်သည့်အပြင် လူသားပုံသဏ္ဌာန် ရှိလာနိုင်မည်ဖြစ်သည်။ သို့ရာတွင် သင်တို့သည် လူအများရှေ့တွင် ထွက်လာသည့်အခါ သင်တို့အတွက် အမှုအရာများကို ငါ စိစစ်ပေးရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ကို ထိန်းချုပ်ရန် သို့မဟုတ် ဘောင်ခတ်ရန် မဟုတ်ဘဲ သင်တို့ကို ကာကွယ်ရန် သက်သက်ဖြစ်သည်။ သင်တို့ မည်သို့ပင် ထင်ပါစေ၊ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ငါ၏ စည်းမျဉ်းများ ဖြစ်သည့်ပုံစံမျှသာ ဖြစ်ပြီး ဤကိစ္စတွင် ငါက အဆုံးသတ် ဆုံးဖြတ်ခွင့် ရှိသည်။ အချို့သော သူများသည် အနည်းငယ် မကျေမနပ်ဖြစ်ကာ စိတ်ထဲ၌ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ခံစားရလျှင်ပင် သို့မဟုတ် ဤကိစ္စနှင့်ပတ်သက်၍ သံသယများ ရှိလျှင်ပင် ကိစ္စမရှိပေ။ နောင်တွင် သင် နားလည်လာလိမ့်မည်။ ထို့အပြင် အဝတ်အစား၏ အရောင်၊ အထည်နှင့် ဒီဇိုင်းတို့နှင့်ပတ်သက်သည့် ငါ၏ ရွေးချယ်မှုများသည် ရှေးရိုးစွဲခြင်း သို့မဟုတ် ဟောင်းနွမ်းသော ဓလေ့ထုံးစံများ၏ ချုပ်နှောင်ခြင်းကို ခံရခြင်း မရှိပေ။ ငါ့ထံတွင် ခေတ်နောက်ကျသော အတွေးများနှင့် အယူအဆများ မရှိပေ။ သင်သည် အသက်ကြီးပါက၊ သင့်ကို ပို၍ တက်ကြွပုံပေါက်စေရန် ငါ ပြင်ဆင်ပေးပြီး သင်သည် ပို၍ နုပျိုပုံပေါက်သော်လည်း မြူဆွယ်သည့်ပုံစံ မပေါက်စေရန် သင့်အတွက် တောက်ပသော အရောင်ရှိသည့် အဝတ်အစားအချို့ကို ရွေးချယ်ပေးသည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာ ဖြစ်သည်။ သင်သည် အသက်ကြီးသော်လည်း တက်ကြွမှုအချို့ ရှိပုံရသေးကြောင်းနှင့် သင်သည် အတော်လေး သပ်ရပ်ပြီး ကြည့်ကောင်းပုံရကြောင်းကို လူတို့ မြင်သောအခါ ၎င်းတို့သည် သင့်ကို လေးစားကြမည်ဖြစ်ပြီး သင့်ကို အလေးထားကြမည်ဖြစ်ကာ ထိုသို့ဖြင့် သင်၏ ဂုဏ်သိက္ခာကို အပြည့်အဝ ကာကွယ်ပေးနိုင်သည်မှာ သေချာစေမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ တွေးမိမည့်အရာ မဟုတ်ပေ။ လူအနည်းငယ်က ယင်းကို တွေးမိကောင်း တွေးမိနိုင်သော်လည်း မည်သူက ဤစည်းမျဉ်းကို စွဲကိုင်နိုင်သနည်း၊ ပြီးလျှင် မည်သူက ဤစည်းမျဉ်းကို ကျွမ်းကျင်နိုင်သနည်း။ သင်တို့ အမှန်တကယ် မကျွမ်းကျင်နိုင်ပေ၊ မှန်သလော။ (ဟုတ်ပါသည်။) သင်တို့ထဲမှ အချို့က “ငါက အသက်ကြီးပြီ၊ အသက်ကြီးသူများသည် အသက်ကြီးသူများနှင့် တူသင့်သည်။ လူငယ်များအတွက် ငါ စံပြဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့က ငါ့ကို တန်ဖိုးထားလေးစားလာအောင် လုပ်ရမည်” ဟု ပြောကြသည်။ သင်သည် ဖြူနေသော ဆံပင်ကို ဆေးမဆိုးပေ၊ သင်သည် ဖြူဖျော့သော အသားအရေ ရှိသော်လည်း မိတ်ကပ်အနည်းငယ်မျှ မလိမ်းပေ၊ ကျွတ်နေသော ရှေ့သွားများကို အစားမထိုးသဖြင့် သင် စကားပြောသည့်အခါ သွားကြားများမှ လေများ ထွက်လာစေသည်၊ ပြီးလျှင် တက်ကြွသော အဝတ်အစားများကို မဝတ်ဆင်ဘဲ မီးခိုးရောင်နှင့် အနက်ရောင်ကိုသာ ဝတ်ဆင်သည်။ ရလဒ်အနေဖြင့် လူတို့က သင်၏ ပါးပြင်များတွင် အရောင်အသွေး လုံးဝ မရှိသည်ကို တွေ့ရသည်။ သင်သည် ဖျားနာနေပုံပေါက်ရုံသာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူငယ်များသည် သင့်ကို မြင်သောအခါ မည်သို့ ခံစားရသနည်း။ ၎င်းတို့က သင့်ကို ခေါ်ဆိုသည့်အခါ “အစ်မကြီး” သို့မဟုတ် “အစ်ကိုကြီး” ဟု ခေါ်ဆိုလျက် “အိုမင်းသော” ဟူသည့် စကားလုံးကို ထည့်ရမည်ဖြစ်သည်။ ယင်းက သင့်ကို သက်သောင့်သက်သာ ခံစားရစေသလော။ သင်သည် ယင်းကို လက်ခံရန် ဝန်လေးပြီး “ငါက သင်တို့ထက် အနည်းငယ် ပိုအသက်ကြီးသော်လည်း ငါ အမှန်တကယ်ပင် ထိုမျှ အိုမင်းနေပြီလား” ဟု မိမိကိုယ်ကို တွေးသည်။ သင့်ကိုယ်သင် ထိုမျှ အိုမင်းပုံပေါက်အောင် လုပ်ရန် သင့်ကို မည်သူက ပြောသနည်း။ သင်၏ အသားအရေကို ပိုမိုကောင်းမွန်စေမည့် အရောင်များရှိသော အဝတ်အစားများကို ရွေးချယ်ခြင်းက အဆင်ပြေမည် မဟုတ်လော။ လူတို့က သင့်တွင် တက်ကြွမှုရှိသည်ကို မြင်နိုင်စေရန်နှင့် သင်သည် အသက်အရွယ်ကြီးသော်လည်း သင်၏ စိတ်ဓာတ်က မအိုမင်းသေးကြောင်းကို မြင်နိုင်စေရန် အနည်းငယ် ပြင်ဆင်လော့။ ယင်းက သင့်အတွက် လေးစားမှု ရရှိစေမည် မဟုတ်လော။ အသက်လေးဆယ်ကျော်အရွယ် လူတစ်ဦး ရှိခဲ့ပြီး ဖျော်ဖြေပွဲတစ်ခုအတွက် ပန်းရောင် အဝတ်အစား ဝတ်ဆင်ရန် သူ့ကို ငါ တောင်းဆိုသောအခါ သူက “ကျွန်ုပ် အသက်အရွယ်နှင့် ပန်းရောင်ဝတ်ခြင်းသည် ကျွန်ုပ်က မိမိကိုယ်ကို အသက်ပိုငယ်သယောင် ဟန်ဆောင်ဖို့ ကြိုးစားနေခြင်း မဟုတ်ဘူးလား” ဟု ပြောခဲ့သည်။ သူ၏ အမြင်ရှုထောင့်သည် ငါ၏ အမြင်ရှုထောင့်နှင့် ကွဲပြားသည်။ ငါက “ယင်းမှာ သင့်ကိုယ်သင် အသက်ပိုငယ်သယောင် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ ကင်မရာရှေ့တွင် ရှိနေခြင်းက ယင်းကို လိုအပ်သည်။ သင်၏ ပါးပြင်များတွင် အရောင်အသွေးအချို့ ရှိပုံပေါက်စေရန်နှင့် လူရာဝင်ပြီး သပ်ရပ်ပုံပေါက်စေရန် သင့်ကို အကြံပြုချက်များ ငါ ပေးပြီး ပြင်ဆင်ရန် ကူညီပေးသည်။ ယင်းမှာ သင့်ကိုယ်သင် အသက်ပိုငယ်သယောင် ဟန်ဆောင်နေခြင်းဖြစ်သည်ဟု သင် ခံစားရပြီး ယင်းမှာ သင် ရှုမြင်သည့်ပုံစံ ဖြစ်ပါက ယင်းကို မဝတ်ဆင်နှင့်။ သင်သည် ခေတ်မမီသော အဝတ်အစားတစ်ခုကို လဲဝတ်လိုက်ပါက ချက်ချင်းပင် ဆယ်နှစ် ပိုအသက်ကြီးပုံပေါက်သွားလိမ့်မည်” ဟု ပြောခဲ့သည်။ သင်က သူသည် ဆယ်နှစ် ပိုအသက်ကြီးပုံပေါက်သည်ဟု သူ့ကို ပြောပါက သူသည် ယင်းနှင့်ပတ်သက်၍ မပျော်ရွှင်သော်လည်း သူ့ကို အနည်းငယ် ပို၍ နုပျိုပုံပေါက်စေရန် သင် ကြိုးစားနေခြင်းကိုလည်း သူ လက်မခံနိုင်ပေ။ ဤသူသည် ကိုင်တွယ်ဖြေရှင်းရန် အတော်လေး ခက်ခဲသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤရိုးရှင်းသော ကိစ္စရပ်များတွင်ပင် လူတို့တွင် မှန်ကန်သော အတွေးများနှင့် အမြင်များ ရှိပါက ၎င်းတို့သည် ယင်းတို့ကို သင့်လျော်စွာ၊ မှန်ကန်စွာနှင့် စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းကြလိမ့်မည်။ သို့ရာတွင် ဤကိစ္စရပ်များနှင့်ပတ်သက်၍ လူအများစု၏ အတွေးများနှင့် အမြင်များသည် အလွန် လွဲချော်သည်၊ ရှေးရိုးစွဲသည်၊ သို့မဟုတ် အစွန်းရောက်ပြီး အချို့လူများသည် ဟန်ဆောင်မှုတစ်ခုကိုပင် ပြုလုပ်ကြသည်။ ဤကိစ္စရပ်များနှင့်ပတ်သက်သည့် ငါ၏ အတွေးများနှင့် အမြင်များကို သမ္မာတရားဟု မခေါ်ဆိုနိုင်လျှင်ပင် ယင်းတို့သည် အနည်းဆုံးအနေဖြင့် သင့်လျော်ကာ မှန်ကန်ပြီး ပုံမှန် လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင် ရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ဤအသေးအဖွဲ ကိစ္စရပ်များတွင်ပင် သင့်ကို အတိုင်းအတာတစ်ခုအထိ သတိပေးချက်များနှင့် လမ်းညွှန်မှုအချို့ ငါ ပေးသည်။ သင်သည် အာရုံစိုက်ပြီး မှန်ကန်သော အတွေးများနှင့် အမြင်များကို လက်ခံနိုင်ပါက ဤအရာများကို အမှုမဲ့အမှတ်မဲ့ နားလည်သဘောပေါက်လာလိမ့်မည်။ သင်သည် အာရုံမစိုက်ပါက သို့မဟုတ် သင်၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးများ အစဉ်ရှိနေပါက သို့မဟုတ် သင်သည် ဟောင်းနွမ်းသော၊ ရိုးရာဖြစ်သော၊ မိုက်မဲပြီး ခေါင်းမာသော အတွေးများနှင့် အမြင်များစွာကို စိတ်ထဲ၌ စွဲကိုင်ထားဆဲဖြစ်ပါက သင်သည် ငါပြောသည့်အရာကို လက်ခံနိုင်မည် သို့မဟုတ် နားလည်နိုင်မည် မဟုတ်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ၊ မည်သည့်ကဏ္ဍများတွင်ဖြစ်စေ ယင်းမှာ ငါ လုပ်ဆောင်သည့် အလုပ်၏ နယ်ပယ်အတွင်း ကြုံတွေ့ရနိုင်သော ဤကိစ္စရပ်များတွင် ဖြစ်နေသရွေ့ သင်တို့ကို အကျိုးရှိစေရန်၊ သင်တို့ကို မှန်ကန်သော ဦးတည်ချက်ဆီသို့ လမ်းပြရန်၊ သင်တို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်များကို ပြုပြင်ရန် သင်တို့ကို ကူညီပေးဖို့နှင့် အမျိုးမျိုးသော မှန်ကန်သည့် အတွေးများနှင့် အမြင်များကို တည်ဆောက်ရန် ငါ အစွမ်းကုန် ကြိုးစားသည်။ ဤသည်မှာ ငါ၏ တာဝန်ဝတ္တရား ဖြစ်သည်။ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟူသည့် ဤအချက်တွင်ပင် လူ့ဇာတိခံထားသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်၏ သဘောသဘာဝသည် လူသားမျိုးနွယ်အလယ်ရှိ အဆင့်အတန်းရှိသော မည်သည့်လူမဆို လုပ်ဆောင်သည့် အလုပ်၏ သဘောသဘာဝနှင့် လုံးဝ ကွဲပြားခြားနားသည်၊ မှန်သလော။ (မှန်ပါသည်။)

ငါ့အမြင်တွင် အဆင့်အတန်းနှင့်ပတ်သက်၍ လူသားများ လုပ်ဆောင်သည့် အလုပ်တွင် အခြေခံအားဖြင့် အရာနှစ်ခု ပါဝင်သည်။ တစ်ခုမှာ ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ တစ်ကိုယ်ရေ အကျိုးအမြတ်များကို တောင်းဆိုခြင်း ဖြစ်သည်။ ဤသည်တို့မှာ အဆင့်အတန်းနှင့်ပတ်သက်၍ လူသားများ၏ လိုအပ်ချက်များနှင့် တောင်းဆိုချက်များ ဖြစ်သည်။ အဆင့်အတန်းရှိသော မည်သူမဆိုသည် မည်သည့်အလုပ်တွင် ပါဝင်ဆောင်ရွက်သည်ဖြစ်စေ ယင်းမှာ လူတို့အတွက် အသက်တာ၏ ဦးတည်ချက်နှင့် လမ်းကြောင်းကို ညွှန်ပြပေးဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ထောက်ပံ့ခြင်း သို့မဟုတ် အသက်ကို ထောက်ပံ့ခြင်း မဟုတ်ပေ။ ထိုအစား အတတ်ပညာဆိုင်ရာ နယ်ပယ်တစ်ခုခု သို့မဟုတ် အသိပညာ ကဏ္ဍတစ်ခုခု၊ အရာဝတ္ထုများ ထုတ်လုပ်ခြင်း သို့မဟုတ် အခြားသော အမျိုးမျိုးသော နယ်ပယ်များနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မဟုတ်သော အလုပ်တွင် ပါဝင်ဆောင်ရွက်ကြပြီး လူများကို စီမံခန့်ခွဲခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းပြုကာ လူများကို ၎င်းတို့၏ ဦးဆောင်မှုအား လက်ခံစေကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ သြဇာအာဏာကို တည်ဆောက်ရန်နှင့် ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစေရန် ၎င်းတို့၏ အာဏာကို အသုံးပြုကြပြီး ထိုအရာမှတစ်ဆင့် တစ်ကိုယ်ရေ အကျိုးအမြတ်များကို ရှာဖွေကြသည်။ ဤအကျိုးအမြတ်များကို ငွေကြေးဆိုင်ရာ အကျိုးအမြတ်များနှင့် ဂုဏ်သတင်းဆိုင်ရာ အကျိုးအမြတ်များဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားထားသည်။ ထို့ကြောင့် လူတို့အလယ် အဆင့်အတန်းရှိသော မည်သူမဆို လုပ်ဆောင်သည့် အလုပ်၏ သဘောသဘာဝသည် လူ့ဇာတိခံထားသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်နှင့် လုံးဝ ကွဲပြားသည်။ ၎င်းတို့သည် လူများထံမှ တောင်းဆိုမှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ဖို့ မဆိုထားနှင့်၊ လူများကို ထောက်ပံ့ခြင်းမရှိသည့်အပြင် ကူညီခြင်းလည်း မရှိပေ။ အဆင့်အတန်းကို ရရှိပြီးနောက်နှင့် အဆင့်အတန်းရှိသော နေရာတစ်ခုမှ အလုပ်လုပ်ပြီးနောက် ၎င်းတို့ ရရှိသည့် အဆင့်အတန်းနှင့် ငွေကြေးဆိုင်ရာ အကျိုးအမြတ်များမှ အကဲဖြတ်ကြည့်လျှင် လူတို့အလယ် အဆင့်အတန်းရှိသော မည်သူမဆိုသည် နောက်ဆုံးတွင် မလွှဲမရှောင်သာ အကျိုးအမြတ် ခံစားခွင့်ရှိသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ပိုင်ဆိုင်သော အဆင့်အတန်းသည် ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ အစေခံပြီး ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးသည် အဆင့်အတန်းနှင့် အကျိုးအမြတ်များအတွက် ဖြစ်သောကြောင့်တည်း။ ယင်းမှာ လူများကို ထောက်ပံ့ရန် သို့မဟုတ် ကူညီရန် မဟုတ်ပေ။ ဤကိစ္စရပ်တွင် ယင်းသည် လူ့ဇာတိခံထားသော ဘုရားသခင် လုပ်ဆောင်သည့်အရာနှင့် လုံးဝ ကွဲပြားသည်။ ထို့အပြင် အဆင့်အတန်းရှိသော မည်သူမဆိုသည် လူတို့အား မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ နောက်ဆုံးပန်းတိုင်မှာ လူတို့ထံမှ စိတ်ခံစားမှုဆိုင်ရာ သစ္စာခံမှု၊ ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများနှင့် အဆင့်အတန်းဆိုင်ရာ ပံ့ပိုးမှုများကို တောင်းဆိုရန် ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ကောင်းမွန်စွာ ပြောဆိုပြီး ကောင်းမွန်စွာ လုပ်ဆောင်ကာ လူတို့၏ စိတ်နှလုံးများကို သိမ်းသွင်းစည်းရုံးလျက် လူများကို ၎င်းတို့အား အထင်ကြီးလေးစားစေပြီး ၎င်းတို့ကို အသိအမှတ်ပြုစေပါက လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့နှင့်ပတ်သက်၍ ကောင်းသော အမြင်ရှိကြလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပို၍ ဂုဏ်သိက္ခာရှိမည်၊ ပို၍ ပြောရေးဆိုခွင့်ရှိမည်ဖြစ်ပြီး ပို၍ကြီးမားသော ကျော်ကြားမှု ရှိလိမ့်မည်ဖြစ်ကာ ပို၍များသော လူတို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် စုရုံးလာကြမည်ဖြစ်ပြီး ၎င်းတို့၏ သိမ်းသွင်းစည်းရုံးခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ လူများထံမှ ၎င်းတို့ တောင်းဆိုသော စိတ်ခံစားမှုဆိုင်ရာ သစ္စာခံမှု ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့ကို ပို၍ ပုဂ္ဂိုလ်ရေး ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ပို၍ အားကျကြလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ ခေါင်းဆောင်မှု အသွင်အပြင်၊ ၎င်းတို့၏ စကားနှင့် အမူအရာအပြင် ၎င်းတို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံရှိ ၎င်းတို့၏ ဟန်ပန်နှင့် အပြုအမူတို့၏ ဆွဲဆောင်ခြင်းနှင့် သိမ်းသွင်းစည်းရုံးခြင်းကို ပို၍ ခံရလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့၏ အဆင့်အတန်းသည် ပို၍ မြင့်မားလာပြီး ပို၍ လုံခြုံလာကာ ဤအရာက လူတို့အကြား ၎င်းတို့၏ အဆင့်အတန်းကို အပြည့်အဝ ခိုင်မာစေသည်။ လူတို့၏ စိတ်နှလုံးထဲရှိ ၎င်းတို့၏ အဆင့်အတန်းက လုံခြုံသွားသည်နှင့်တစ်ပြိုင်နက် တစ်ချိန်တည်းမှာပင် ၎င်းတို့ ရရှိသော ငွေကြေးနှင့် ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ်များသည် သာ၍ပင် ပေါများလာသည်။ အမှန်တကယ်တွင် ၎င်းတို့အနေဖြင့် ပို၍များသော ရုပ်ဝတ္ထုဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အကျိုးအမြတ်များကို ရရှိနိုင်ရန်အလို့ငှာ လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ အဆင့်အတန်းကို လုံခြုံစေရန် ၎င်းတို့ အလုပ်လုပ်ကြခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အလယ် လူ့ဇာတိခံထားသော ဘုရားသခင် ပိုင်ဆိုင်သော အဆင့်အတန်း၊ သူ လုပ်ဆောင်သည့် အမှုတို့နှင့် လုံးဝ ကွဲပြားသည်။ လူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်ရမည်။ ဤနေရာတွင် ကွဲပြားမှုတစ်ခု ရှိသလော။ (ရှိပါသည်။) သင် မြင်သလော၊ တစ်စုံတစ်ဦးသည် အဆင့်အတန်းကို ပိုင်ဆိုင်ပြီး ပရိသတ်များ ရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် မိမိ၏ အဆင့်အတန်းအတွက် အရာများစွာကို လုပ်ဆောင်သည်။ ၎င်းသည် မိမိ၏ ပုံရိပ်ကို အရောင်တင်သည်၊ စကားပြောဟန်ကို သင်ယူပြီး ၎င်း၏ အိမ်ထောင်ဖက် ရွေးချယ်မှု၊ ၎င်း၏ အိမ်ထောင်ရေး အခြေအနေနှင့် ၎င်း၏ ကိုယ်ပိုင် နေထိုင်ရာအိမ်နှင့် အခြားသော အသေးစိတ်အချက်များပင် အပါအဝင် ၎င်း၏ ကိုယ်ပိုင်ဘဝကို လုံးဝ ဖုံးကွယ်ထားသည်။ ၎င်းသည် ဤအရာများအားလုံးကို ဖုံးကွယ်ထားပြီး အခြားသူများကို ယင်းတို့အကြောင်း သိခွင့်မပေးပေ။ လူတို့အကြား ၎င်း၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ကာကွယ်ရန် ၎င်းသည် ဤအရာအားလုံးကို လုပ်ဆောင်သည်။ ၎င်းတွင် ဖုံးကွယ်ထားသော၊ ပွင့်လင်းစွာ ထုတ်ဖော်မပြသော၊ ပြီးလျှင် အခြားမည်သူမျှ မသိရှိသော ကိုယ်ရေးကိုယ်တာ ကိစ္စများစွာ ရှိသည်။ လူအများရှေ့တွင် ၎င်းသည် အထူးသဖြင့် မွန်မြတ်၊ ခမ်းနား၊ ဂုဏ်သရေရှိပြီး လှပပုံပေါက်စေရန် မိမိကိုယ်ကို ပြင်ဆင်ခြယ်သပြီး ၎င်း၏ စကားသည် အထူးသဖြင့် နူးညံ့သိမ်မွေ့ကာ စာနာတတ်သည်။ လူတို့ ကြားချင်သည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး လူတို့ မြင်ချင်သည့် မည်သည့်အရာကိုမဆို ၎င်းက သရုပ်ဆောင်လေသည်။ ၎င်းသည် မိမိ၏ ကိုယ်ပိုင် ပုံရိပ်ကို ဖန်တီးရန် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ပြီး အမျိုးမျိုးသော အရာများကို လုပ်ဆောင်သည်။ အရှုပ်တော်ပုံတစ်ခု သို့မဟုတ် ၎င်း လုပ်ဆောင်ခဲ့သော မကောင်းသည့်အရာတစ်ခုက ပေါက်ကြားသွားပြီး ၎င်း၏ ပရိသတ်များ သိရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းသည် ထိုကိစ္စကို ဖုံးကွယ်ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြံစည်လျက် မိမိကိုယ်ကို မှန်ကြောင်းရှင်းချက်ထုတ်ရန်နှင့် ဟန်လုပ်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်။ ထိုသို့သော လူအချို့သည် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ ပုံရိပ်ကို ထိန်းသိမ်းရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြံစည်လျက် ၎င်းတို့ကိုယ်တိုင် လုံးဝ အသွင်သစ်ပြောင်းလဲခြင်းပင် ပြုလုပ်ကြသည်။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့အကြား ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန် ဖြစ်သည်။ လူတို့အကြား ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းထားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ လိုက်စားသော ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများ၊ ငွေကြေးနှင့် သာယာမှုများသည်လည်း အားလုံး ထိန်းသိမ်းထားပြီး ဖြစ်သွားသည်။ ထို့ကြောင့် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ လူအများရှေ့တွင်ဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ ယင်းတို့အားလုံးသည် အလွန်အမင်း လှည့်ဖြားတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ မည်သည့်အရာကို တွေးတောနေသည်၊ ၎င်းတို့၏ လူ့သဘာဝနှင့် စရိုက်က မည်သို့ရှိသည်၊ သို့မဟုတ် အမျိုးမျိုးသော အရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်ရှုထောင့်များနှင့် ရွေးချယ်မှုများက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သင် မည်သည့်အခါမျှ သိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ အမှန်တကယ် တွေးတောသည့်အရာကို သင် မည်သည့်အခါမျှ ကြားရလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ပရိသတ်များနှင့် ၎င်းတို့၏ ကြည့်ရှုသူများအတွက် အပြောင်းအလဲများနှင့် စွန့်လွှတ်အနစ်နာခံမှုများစွာကို ပြုလုပ်လျှင်ပင် ယင်းကို ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်များနှင့် ဆန့်ကျင်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤကဲ့သို့ ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်များနှင့် ဆန့်ကျင်၍ ပြုမူကြသနည်း။ ယင်းမှာ ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့ မြင်တွေ့ရန် ၎င်းတို့၏ စစ်မှန်သော မျက်နှာကို လူအများရှေ့တွင် ထုတ်ဖော်ပြသပါက ၎င်းတို့သည် ပရိသတ်များစွာကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ပရိသတ်များ၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ကျိန်ဆဲခြင်းကိုလည်း ခံရလိမ့်မည်ကို ၎င်းတို့ သိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ပရိသတ်များကို ၎င်းတို့ ဆုံးရှုံးရသောအခါ ၎င်းတို့၏ အဆင့်အတန်း ဆိုးဆိုးရွားရွား ကျဆင်းမှုကို ခံစားရလိမ့်မည်ဖြစ်ပြီး ထို့နောက် ချက်ချင်းဆိုသလိုပင် ၎င်းတို့ လိုက်စားသော ငွေကြေး၊ အကျိုးအမြတ်များ၊ သာယာမှုများနှင့် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများအပြင် ၎င်းတို့၏ အဆင့်အတန်းက ၎င်းတို့ကို ပေးအပ်ထားသော မည်သည့် အဆင်ပြေသည့် အခြေအနေများနှင့် ရက်ရောသော ဆက်ဆံမှုများပင်မဆို အားလုံး ပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် မိမိတို့၏ ပုံရိပ်ကို ကာကွယ်ရန်နှင့် ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ထိန်းသိမ်းရန် ၎င်းတို့သည် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်လိမ့်မည်ဖြစ်ပြီး မည်သည့် နည်းလမ်းကိုမဆို အသုံးပြုကြလိမ့်မည်။ အချို့က ၎င်းတို့၏ လိင်ကို ပြောင်းလဲကြသည်၊ အချို့က ရုပ်ပြောင်းလဲပြုပြင်သည့် ခွဲစိတ်မှုကို ခံယူကြသည်၊ အချို့က ၎င်းတို့၏ အိမ်ထောင်ရေးများကို ဖုံးကွယ်ကြပြီး အချို့က တိတ်တဆိတ် လူသတ်မှုကိုပင် ကျူးလွန်ကြကာ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ သို့သော်ငြားလည်း လူတို့အကြား အခြားသူများအပေါ် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် ၎င်းတို့ထံမှ အခြားသူများ ရရှိနိုင်သည့်အရာတွင် လက်တွေ့အားဖြင့် အပြုသဘောဆောင်သော လမ်းညွှန်မှု သို့မဟုတ် အပြုသဘောဆောင်သော ထောက်ပံ့မှု တစ်ခုမျှ မရှိချေ။ လူတို့အကြား ၎င်းတို့ ပါဝင်သည့် အခန်းကဏ္ဍမှာ လူတို့၏ အချည်းနှီးဖြစ်သော ဂုဏ်မောက်မှုကို ကျေနပ်စေရန်နှင့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရန်သာဖြစ်ပြီး လူများကို ၎င်းတို့၏ အမည်အောက်တွင်လည်းကောင်း၊ ၎င်းတို့၏ အာဏာအောက်တွင်လည်းကောင်း စုရုံးစေလျက် ထို့နောက် လူများကို စိတ်ခံစားမှုအရ၊ စိတ်ပိုင်းဆိုင်ရာအရ၊ ငွေကြေးအရ ရက်စက်စွာ လမ်းမှားသို့ပို့ဆောင်ပြီး ဆုံးရှုံးစေရန် ဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းရှိသော မည်သူမဆိုသည် အခြေခံအားဖြင့် အကျိုးအမြတ် ခံစားခွင့်ရှိသူတစ်ဦး ဖြစ်သည်ဟု ငါ ပြောခြင်းဖြစ်သည်။ ဤသည်မှာ စကားအလှသုံးခြင်း ဖြစ်ပြီး ထိုထက် ပို၍ ကြမ်းတမ်းသော စကားတစ်လုံးမျှ ငါ မပြောလိုပေ။ သင်တို့ဘာသာ သင်တို့ စဉ်းစားသိမြင်နိုင်ကြသည်။ သို့ဖြစ်၍ အဆင့်အတန်းရှိသော မည်သူနှင့်မဆို သင်သည် ၎င်းတို့ကို မြင်သောအခါ ၎င်းတို့၏ စကားပြောဟန်သည် ထူးခြားသည်ဟုလည်းကောင်း၊ ၎င်းတို့သည် ယဉ်ကျေးပျူငှာကာ ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိသည်ဟုလည်းကောင်း သင် ခံစားရကောင်း ခံစားရနိုင်ပြီး သင်သည် ၎င်းတို့ကို အလွန်အမင်း ပုဂ္ဂိုလ်ရေး ကိုးကွယ်ကောင်း ကိုးကွယ်နိုင်သည်။ အထူးသဖြင့် ဆန့်ကျင်ဘက် လိင်ရှိသော လူအချို့သည် ၎င်းတို့ထံ မိမိတို့ကိုယ်ကို ဆက်ကပ်လိုခြင်းပင် ရှိကောင်းရှိနိုင်သည်။ ဤအရာအားလုံးသည် အထင်အမြင်မှားစေခြင်း ခံရမှုနှင့် ဦးနှောက်ဆေးခံရမှု၏ လက္ခဏာများ ဖြစ်သည်။ နောက်ကွယ်ရှိ ၎င်းတို့၏ ဘဝ၊ ၎င်းတို့၏ အမှန်တကယ်ဖြစ်သော လူ့သဘာဝနှင့် အပြုသဘောဆောင်သောအရာများအပေါ် ၎င်းတို့၏ သဘောထားအကြောင်းကို ငါတို့ မပြောကြစို့နှင့်၊ ဤအရာများအကြောင်းကို သိအောင်လုပ်ရန် မလိုအပ်ပေ။ သင်သည် ၎င်းတို့ထံ မိမိကိုယ်ကို အမှန်တကယ် ဆက်ကပ်လိုခဲ့ပါက သင်သည် ၎င်းတို့နှင့် စတင်နေထိုင်သည်နှင့်တစ်ပြိုင်နက် ဆွံ့အသွားလိမ့်မည်။ ထိုအချိန်ရောက်လျှင် ၎င်းတို့သည် သင်၏ စိတ်နှလုံးထဲတွင် သင် ယုံကြည့်ခဲ့သလောက် မြင့်မြတ်ပြီး ထူးခြားခြင်းမရှိကြောင်းကို သိလိမ့်မည်ဖြစ်ပြီး သင်သည် ၎င်းတို့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်တော့မည် မဟုတ်ဘဲ ၎င်းတို့ကို သာမန်လူတစ်ဦးအဖြစ် ဆက်ဆံလိမ့်မည်။ သင်တို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုဖြင့် ထိုအတိုင်းအတာအထိ သွားရန် လိုအပ်သလော။ (မလိုအပ်ပါ။)

လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသော လူများသည် လူအများရှေ့တွင်၊ လက်မှတ်ရေးထိုးပွဲများ၊ သတင်းစာရှင်းလင်းပွဲများ သို့မဟုတ် တိုက်ရိုက်ဖျော်ဖြေပွဲများတွင် ပေါ်ထွက်လာသောအခါ လူတို့သည် ၎င်းတို့အတွက် အားပေးကြပြီး ၎င်းတို့အပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိကြသည်။ အချို့လူများသည် ၎င်းတို့နှင့် တစ်ကြိမ်လက်ဆွဲနှုတ်ဆက်ခြင်းပင် ပြုကာ မိမိတို့၏ ဘဝတစ်သက်တာလုံး လက်မဆေးလိုတော့ဘဲ အချို့လူများသည် ၎င်းတို့ကို တစ်ကြိမ်ဖက်ရုံဖြင့် မိမိတို့၏ ဘဝတစ်သက်တာလုံး အိမ်ထောင်မပြုတော့ရန် ဆုံးဖြတ်ကြသည်။ ထိုသို့သော လူများသည် အလွန် မိုက်မဲသည်ဟု သင်တို့ မထင်ကြသလော။ (ဟုတ်ပါသည်။) သင်သည် ၎င်းတို့အတွက်ကြောင့် မည်သည့်အခါမျှ အိမ်ထောင်မပြုရန် ဆုံးဖြတ်သော်လည်း တစ်နေ့တွင် သင်သည် လမ်းပေါ်၌ ၎င်းတို့နှင့် ဆုံပြီး နှုတ်ဆက်ပါက ၎င်းတို့သည် သင့်ကို အရေးစိုက်မည်လော။ (စိုက်မည်မဟုတ်ပါ။) ၎င်းတို့သည် အဆင့်အတန်းရှိသော လူများ၊ ဂုဏ်သရေရှိသော လူများ၊ အထက်တန်းလွှာ ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ၎င်းတို့၏ မျက်စိထဲတွင် သင်သည် အညတြတစ်ဦးသာ ဖြစ်သည်။ ၎င်းတို့က သင့်ကို ၎င်းတို့၏ လက်မှတ်ထိုးပေးသောအခါတွင်လည်းကောင်း၊ သင်၏ လက်ကို ဆွဲသောအခါတွင်လည်းကောင်း၊ သင့်ကို ဖက်သောအခါတွင်လည်းကောင်း ၎င်းတို့က သင့်ကို သဘောကျသည်ဟု သင် အမှန်တကယ် ထင်သလော။ သင် မှားနေသည်၊ သင်သည် အလွန် ရိုးအလွန်းသည်။ ၎င်းတို့ သင့်ကို လိုအပ်သောအခါ သင်သည် ၎င်းတို့အတွက် ရတနာတစ်ခု ဖြစ်သည်၊ ၎င်းတို့ သင့်ကို မလိုအပ်သောအခါ သင်သည် တောပင်တစ်ပင်မျှသာ ဖြစ်သည်၊ သို့မဟုတ် သင်သည် အညတြတစ်ဦးသာဖြစ်သည်ဟု ဆိုနိုင်သည်။ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသော မည်သူမဆိုသည်၊ အနိမ့်ဆုံးအဆင့်ရှိသော အရာရှိပင်လျှင် သာမန် နိုင်ငံသားတစ်ဦးဖြစ်သည့် သင် လက်လှမ်းမီနိုင်သောသူ မဟုတ်ပေ။ သင်သည် လူကြီးတစ်ဦးဖြစ်စေ၊ စွမ်းဆောင်နိုင်သူတစ်ဦးဖြစ်စေ အရေးမကြီးပေ၊ ၎င်းတို့၏ မျက်စိထဲတွင် သင်သည် အညတြတစ်ဦးမျှသာ ဖြစ်ပြီး ၎င်းတို့သည် သင့်ကို လုံးဝ အလေးအနက် မထားကြပေ။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသော လူများ၏ စစ်မှန်သော သရုပ်မှန် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ကြည့်လျှင် လူ့လောကတွင် အာဏာနှင့် အဆင့်အတန်းရှိသော လူတန်းစားတွင် ပါဝင်သူများသည် အခြေခံအားဖြင့် အားလုံး အကျိုးအမြတ် ခံစားခွင့်ရှိသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သင့်အပေါ် ကြီးမားသော မျှော်လင့်ချက်များ မထားရှိသည့်အပြင် မည်သည့် တာဝန်ကိုမျှ ယူခြင်းမရှိပေ၊ အခမဲ့ တစ်စုံတစ်ရာ ပေးကမ်းခြင်း သို့မဟုတ် ပံ့ပိုးကူညီမှုများ ပြုလုပ်ခြင်းတို့ဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ၊ ၎င်းတို့က သင့်ကို မည်သည့်အရာမျှ ထောက်ပံ့ခြင်း မရှိသည်မှာ ပြောနေစရာပင် မလိုပေ။ ၎င်းတို့သည် သင့်ထံမှ အရာများကို တောင်းဆိုရန်သာ အလိုရှိကြသည်။ သင့်ကို စိတ်ခံစားမှုအဆင့်တွင် ၎င်းတို့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်စေရန်၊ အားကျစေရန်နှင့် လိုက်လံအားပေးစေရန်ဖြစ်ပြီး ထို့နောက် သင့်ထံမှ ငွေကြေးနှင့် ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ်များကို ရယူရန် ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်များကို ရရှိပြီး ၎င်းတို့၏ အဆင့်အတန်း လုံခြုံသွားသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းတို့၏ အပေါင်းအသင်း ဖြစ်လိုကာ ၎င်းတို့၏ မိတ်ဆွေ ဖြစ်လိုပြီး ၎င်းတို့နှင့် တန်းတူ အနေအထားတွင် ရှိလိုပါက ၎င်းတို့ သဘောတူမည်လော။ (မတူပါ။) သင်သည် ၎င်းတို့ကို သဘောတူရန် အတင်းအကျပ် ကြိုးစားပါက ၎င်းတို့ မည်သို့ လုပ်ဆောင်မည်ဟု သင် ထင်သနည်း။ (၎င်းတို့သည် သင့်ကို ပွင့်လင်းစွာ ဆန့်ကျင်ကြပါမည်။) သင်သည် ၎င်းတို့အတွက် အသုံးမဝင်တော့သည်ကို မြင်သောအခါ ၎င်းတို့သည် သင့်ကို ဘေးသို့ ကန်ထုတ်ကြလိမ့်မည်၊ သင့်ကို “ထွက်သွား” ဟု ပြောကြလိမ့်မည်ဖြစ်ပြီး သင်သည် ညစ်ပတ်သော သူတောင်းစားတစ်ဦးဖြစ်သည်ဟု ပြောဆိုလျက် သင့်ကို စော်ကားခြင်းပင် ပြုကြလိမ့်မည်။ သင် ဆွံ့အသွားလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) လူသားများသည် အဆင့်အတန်းကို ဤနည်းဖြင့် ရှုမြင်သောကြောင့်သာလျှင်၊ ပြီးလျှင် အဆင့်အတန်းက ၎င်းတို့ထံ အမျိုးမျိုးသော အဆင်ပြေသည့် အခြေအနေများ သို့မဟုတ် ပေါများသော အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးသောကြောင့်သာလျှင် ၎င်းတို့သည် အဆင့်အတန်းကို အလွန် အရေးကြီးသည်ဟု ရှုမြင်ကြပြီး ယင်းကို အလွန် တန်ဖိုးထားကြခြင်း ဖြစ်သည်။ သို့သော်ငြားလည်း လူသားမျိုးနွယ်အကြား အဆင့်အတန်းရှိသော မည်သူမဆို လုပ်ဆောင်သည့်အရာသည် လူသားမျိုးနွယ်အပေါ် တာဝန်တစ်ခုကို ဖြည့်ဆည်းနေခြင်း မဟုတ်ပေ၊ ယင်းမှာ ထောက်ပံ့မှု ပုံစံတစ်ခု မဟုတ်သည့်အပြင် အခမဲ့လည်း မဟုတ်ပေ၊ ထိုအစား ယင်းတွင် ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များ ရှိသည်။ အဆင့်အတန်းရှိသော ၎င်းတို့၏ နေရာမှ ၎င်းတို့ ပြောဆိုသည့် စကားတိုင်းတွင် ရည်ရွယ်ချက်တစ်ခု ရှိပြီး ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးသည်လည်း တိကျသော ရည်မှန်းချက်တစ်ခုကို ရရှိရန် ဖြစ်သည်။ သေချာသည်မှာ ယင်းမှာ သင့်ထံမှ ပို၍ကြီးမားသော အကျိုးအမြတ်များကို ရယူရန်ဖြစ်ပြီး သင့်ထံမှ အကုန်အစင် ညှစ်ယူရန်ပင် ဖြစ်သည်။ ၎င်းတို့ သင့်အပေါ် လုပ်ဆောင်သည့်အရာသည် အခြေခံအားဖြင့် သင့်ကို အထင်အမြင်မှားစေရန်၊ ထုံထိုင်းစေရန်နှင့် ခေါင်းပုံဖြတ်ရန် ဖြစ်သည်။ ယင်းကို အရှင်းလင်းဆုံးနှင့် တိုက်ရိုက်အကျဆုံး နည်းလမ်းဖြင့် ပြောရလျှင် ယင်းမှာ သင်၏ ငွေများကို ကုန်စင်အောင် ယူရန် ဖြစ်သည်။ အဘယ်အရာအတွက် သင်၏ ငွေများကို ကုန်စင်အောင် ယူသနည်း။ ၎င်းတို့၏ လက်မှတ်များကို ဝယ်ရန်၊ ၎င်းတို့၏ ထုတ်ကုန်များကို ဝယ်ရန်၊ ၎င်းတို့၏ ကုန်ပစ္စည်းများကို ဝယ်ရန်နှင့် ၎င်းတို့ အလိုအပ်ဆုံးသော အရာများကို ၎င်းတို့အား ပေးရန် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးတွင် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် အကျိုးအမြတ်များသည် သဘာဝအလျောက် လိုက်ပါလာသည်။ လူတို့သည် အဆင့်အတန်းရှိပြီး အဆင့်အတန်းရှိသော နေရာတစ်ခုတွင် ရပ်တည်သောအခါ ၎င်းတို့အတွက် အခြားသူများကို အထင်အမြင်မှားစေရန် လွယ်ကူပြီး ကိစ္စများကို လုပ်ဆောင်ရန် ၎င်းတို့၏ အဆင့်အတန်းကို အခွင့်ကောင်းယူဖို့လည်း လွယ်ကူသည်။ လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သင်သည် အဆင့်အတန်းကို ပုဂ္ဂိုလ်ရေး ကိုးကွယ်သောကြောင့် အဆင့်အတန်းရှိသော လူများ သို့မဟုတ် အဆင့်အတန်းရှိသော နေရာများတွင် ရပ်တည်နေသည့် လူများ၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် သွေးထိုးလှုံ့ဆော်ခြင်းကို ခံရရန်၊ ဤအရာနှင့် ထိုအရာကို လုပ်ဆောင်ရန် သွေးထိုးလှုံ့ဆော်ခြင်း ခံရရန် အလွန် လွယ်ကူသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းတွင် ကြီးမားသော ကျော်ကြားမှုရှိသည့် ထိုကြယ်ပွင့်များနှင့် နာမည်ကြီး ပုဂ္ဂိုလ်များသည် စင်မြင့်ပေါ်မှနေ၍ “သင်တို့အားလုံး နေကောင်းကြသလော။ မတွေ့ရတာ ကြာပြီ” ဟု အော်ပြောသောအခါ ပရိသတ်ထဲရှိ ၎င်းတို့ကို အားပေးသူများသည် အလင်းရောင်ထွက်သော တုတ်တံများကို ဝှေ့ယမ်းကြပြီး ၎င်းတို့သည် ရူးသွပ်သွားကာ ဟစ်ကြွေးပြီး စူးစူးဝါးဝါး အော်ဟစ်ကြလေသည်။ ၎င်းတို့ မည်မျှအထိ ရူးသွပ်သွားကြသနည်း။ အချို့လူများသည် ထိုနေရာ၊ ထိုအချိန်တွင်ပင် ၎င်းတို့၏ မျက်နှာများပေါ်၌ မျက်ရည်များ စီးကျလာကြပြီး အချို့လူများသည် ထိုနေရာတွင်ပင် သတိလစ်သွားကာ အရေးပေါ်ခန်းသို့ အလျင်အမြန် ပို့ဆောင်ခံရသည်။ ထိုစကား အနည်းငယ်မျှဖြင့် ထိုသီချင်း အနည်းငယ်ကို နားထောင်ရုံနှင့် ထိုဖျော်ဖြေမှုတစ်ခုကို ကြည့်ရုံမျှဖြင့် ၎င်းတို့သည် ဤကဲ့သို့ စိတ်လွတ်သွားကြပြီး ၎င်းတို့၏ ဦးနှောက်ထဲတွင် ရောဂါတစ်ခုခု ရှိနေသကဲ့သို့ ပြုမူကြသည်။ ဤလူများသည် မိုက်မဲသည်ဟု သင် ပြောမည်လော။ (မိုက်မဲပါသည်။) သို့ဆိုလျှင် ၎င်းတို့သည် နောက်ပိုင်းတွင် ဤဖျော်ဖြေပွဲများကို ဆက်လက် တက်ရောက်ကြမည်လော။ (တက်ရောက်ကြပါမည်။) ဤသည်မှာ အထင်အမြင်မှားစေခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော ဖျော်ဖြေပွဲမျိုးအတွက် လက်မှတ်များသည် အတော်လေး ဈေးကြီးဖွယ်ရှိသည်။ သင်သည် ထိုငွေအားလုံးကို ပေးချေရပြီး ၎င်းတို့က သီချင်းအနည်းငယ် ဆိုကာ စင်မြင့်ပေါ်တွင် အနည်းငယ် ခုန်ပေါက်ရုံမျှသာ ဖြစ်သည်။ ထိုငွေအားလုံးကို သုံးစွဲရသည်မှာ တန်သလော။ သင် လိမ်လည်ခံနေရသည် မဟုတ်လော။ အချို့လူများသည် ၎င်းတို့ အကြိုက်ဆုံး နာမည်ကြီး ပုဂ္ဂိုလ်၏ ဖျော်ဖြေပွဲအတွက် လက်မှတ်များ ဝယ်ရန် သို့မဟုတ် ၎င်းတို့၏ ကုန်ပစ္စည်းများကို ဝယ်ရန် ငွေထုတ်ပေးဖို့ မိမိတို့၏ မိဘများကို အတင်းအကျပ်ပင် ခိုင်းစေကြသည်။ ၎င်းတို့၏ မိသားစုက ဆင်းရဲပြီး မတတ်နိုင်ပါက ၎င်းတို့သည် မိမိတို့၏ မိဘများကို အသုံးမကျသူများနှင့် အရည်အချင်းမရှိသူများဟု ခေါ်ကြသည်။ ၎င်းတို့၏ မိဘများသည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မလုပ်နိုင်ကြပေ၊ ဤသည်မှာ ဤလူ့အဖွဲ့အစည်းရှိ ခေတ်ရေစီးကြောင်းသာ ဖြစ်သည်။ မိဘအချို့သည် မိမိတို့၏ သားသမီးများ ဤကဲ့သို့ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် အတော်လေး သိမ်ငယ်သည်ဟုပင် ခံစားရပြီး ၎င်းတို့သည် မည်သူမည်ဝါ၏ မိဘများဖြစ်ကြောင်းကို အခြားသူများရှေ့တွင် ဝန်ခံရန် မဝံ့ရဲကြပေ။ ဤသည်မှာ လူမှုရေး ခေတ်ရေစီးကြောင်းများကြောင့် ဖြစ်ရသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤခေတ်ရေစီးကြောင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အပေါ် လူသားမျိုးနွယ်၏ အတွေးများနှင့် အမြင်များက တိုး၍ ဆိုးညစ်လာခြင်း၏ ရလဒ်အနေဖြင့် ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းနှင့်အတူ ယနေ့ခေတ်အထိ ဖြစ်ပေါ်ပြောင်းလဲလာကာ လူမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို ဘေးအန္တရာယ် ဖြစ်စေခဲ့သည်။ အဆင့်အတန်းရှိသော ထိုလူများသည် အခြားသူများအပေါ် လုပ်ဆောင်သည့်အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ၎င်းတို့၏ မြင့်မားသော နေရာများမှနေ၍ လူတို့ကို ၎င်းတို့ အော်ပြောသော စကားများမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် လူတို့ကို မည်သည့်အရာ သွတ်သွင်းပေးသနည်း။ ၎င်းတို့သည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ ဆိုးညစ်သော အတွေးများနှင့် အမြင်များကို သွတ်သွင်းပေးသည်၊ ၎င်းတို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို သွတ်သွင်းပေးသည်၊ ၎င်းတို့ သွတ်သွင်းပေးသည့်အရာအားလုံးမှာ အပျက်သဘောဆောင်သောအရာများ ဖြစ်သည်။ အဆုံးတွင် သင်သည် ၎င်းတို့၏ လက်မှတ်များနှင့် ထုတ်ကုန်များအတွက် သင်၏ ငွေများကို သုံးစွဲရန် လိုလိုလားလား အလုအယက် ကြိုးစားနေဆဲဖြစ်ပြီး သင် မဝယ်နိုင်ပါက သင်သည် တိတ်တဆိတ် ငိုကြွေးကာ သိမ်ငယ်သည်ဟုပင် ခံစားရသည်။ ဤသည်မှာ မိမိကိုယ်ကို လိုလိုလားလား တန်ဖိုးချနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လောကကြီး၏ အမှန်တကယ် ဖြစ်တည်မှုဖြစ်သည်၊ ဤသည်မှာ လူသားမျိုးနွယ်၏ အမှန်တကယ် ဖြစ်တည်မှုဖြစ်သည်။ လူသားမျိုးနွယ်အကြားတွင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများသည် အစဉ် လွှမ်းမိုးနေပြီး ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများသည်လည်း အဆက်မပြတ် တိုးတက်ဖြစ်ပေါ်ကာ ပြောင်းလဲနေသည်။ ယင်းတို့ မည်သို့ပင် ပြောင်းလဲပါစေ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ ရှေ့တန်းတွင် စီးနင်းလိုက်ပါနေသော အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာရှိသည့် လူတစ်စု အစဉ် ရှိနေသည်။ ဤရှေ့တန်း၏ ထိပ်ဆုံးတွင် ရှိနေသူများအပေါ် နောက်ဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ငါ ပြောမည် မဟုတ်ပေ၊ သင်တို့ဘာသာသင်တို့ စဉ်းစားဆင်ခြင်နိုင်ကြသည်။

ဤစကားများကို မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင် အဆင့်အတန်းဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သင့်အား သိခွင့်ပေးရန်ဖြစ်ပြီး အခြားတစ်ဖက်တွင် လူ့ဇာတိခံထားသော ဘုရားသခင် ပိုင်ဆိုင်သော အဆင့်အတန်းနှင့် လူသားများ ပိုင်ဆိုင်သော အဆင့်အတန်းတို့ကြား ကွဲပြားမှုကို သင့်အား သိရှိပြီး နားလည်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာများသည် လုံးဝ ကွဲပြားသော သဘောသဘာဝနှင့် အနှစ်သာရတို့ ရှိကြသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ အဆင့်အတန်းကို သူ၏ အနှစ်သာရနှင့် အသက်တို့က အဆုံးအဖြတ်ပေးသည်။ ယင်းမှာ ရာထူးတစ်ခု မဟုတ်ပေ၊ ယင်းကို လူသားမျိုးနွယ်က သူ့အား ပေးအပ်ထားခြင်း မဟုတ်သည့်အပြင် သူသည် အသိပညာနှင့် သဘောတရားများကို ဆည်းပူးခဲ့ပြီး လူ့အဖွဲ့အစည်းတွင် လုံလောက်သော ဘဝအတွေ့အကြုံကို ရရှိခဲ့သောကြောင့် လူသားများက သူ့အား ချီးမြှောက်ခြင်းမှတစ်ဆင့် သူ ရရှိခဲ့သောအရာတစ်ခုလည်း မဟုတ်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်၏ အဆင့်အတန်းကို သူ၏ ပင်ကိုလက္ခဏာက အဆုံးအဖြတ်ပေးပြီး သူ၏ ပင်ကိုလက္ခဏာကို သူ၏ အသက်နှင့် သူ၏ အနှစ်သာရတို့က အဆုံးအဖြတ်ပေးသည်။ ထိုသို့သော ပင်ကိုလက္ခဏာနှင့် အနှစ်သာရ ရှိသော်လည်း သူသည် လူသားမျိုးနွယ်အကြား ထင်ရှားသော အဆင့်အတန်းရှိသူများ လုပ်ဆောင်သကဲ့သို့ ခမ်းကြီးနားကြီး မပြုမူပေ၊ လူများကို ဖိနှိပ်ခြင်း၊ လူများကို သွေးဆောင်ခြင်း၊ လူသားမျိုးနွယ်ထံမှ တောင်းဆိုမှုများ ပြုလုပ်ခြင်း သို့မဟုတ် လူတို့အပေါ် ဆရာလုပ်ခြင်း မရှိပေ။ သေချာသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်သည် အကျိုးအမြတ် ခံစားပိုင်ခွင့် ရှိသူတစ်ဦး မဟုတ်ပေ။ သူသည် သူ့နောက်သို့ လိုက်လျှောက်သူများထံမှ ငွေကြေးနှင့် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်များ အပါအဝင် မည်သည့် အကျိုးအမြတ်များကိုမျှ မည်သည့်အခါတွင်မျှ မတောင်းဆိုခဲ့ပေ။ သို့ဖြစ်၍ သူသည် မိမိ၏ နောက်လိုက်များထံမှ မည်သည့် အခကြေးငွေကိုမျှလည်း မတောင်းဆိုခဲ့ပေ။ ထိုအစား သူသည် မိမိ၏ ပင်ကိုလက္ခဏာဖြင့် သူ၏ နေရာမှနေ၍ သူ၏ တာဝန်ကို တစ်သမတ်တည်း ကောင်းမွန်စွာ ဖြည့်ဆည်းပြီး သူ၏ အမှုကို ပြုကာ သူ၏နောက်သို့ လိုက်လျှောက်သူများ လိုအပ်သော သမ္မာတရားအားလုံးကို ထောက်ပံ့ပေးသည်။ သေချာသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏ အမှုကို ပြုပြီး သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသည့် ကာလအတောအတွင်းတွင် လူသားမျိုးနွယ်အကြား အဆင့်အတန်းရှိသူများဟု ခေါ်ဆိုသောသူများ လုပ်ဆောင်သကဲ့သို့ မြင့်မားသော နေရာမှနေ၍ လူတို့ကို အော်ခေါ်ခြင်း မရှိသည့်အပြင် လူတို့၏ စိတ်နှလုံးများကို အနိုင်ရရန်နှင့် ၎င်းတို့ကို သူ့အား ချီးမွမ်းစေရန်အလို့ငှာ စသည်တို့အတွက် အငွေ့အသက်တစ်ခု ဖန်တီးရန်၊ ခမ်းနားသော ပြသမှုတစ်ခု ပြုလုပ်ရန် သို့မဟုတ် အမှုအရာများကို ဟန်ပြလုပ်ဆောင်ရန် မြင့်မားသော နေရာတစ်ခုတွင် ရပ်တည်ခြင်းလည်း မရှိပေ။ ဘုရားသခင်သည် လူ့ဇာတိခံထားသော ဘုရားသခင်အဖြစ် သူ၏ ပင်ကိုလက္ခဏာဖြင့် ဤအရာများထဲမှ တစ်ခုကိုမျှ မလုပ်ဆောင်ပေ။ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို သူ၏ ကိုယ်ပိုင် အနှစ်သာရက အဆုံးအဖြတ်ပေးသည်။ ယင်းတို့သည် လူသားများ၏ ချီးမွမ်းခြင်း ရလဒ်အဖြစ် ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်သည့်အပြင် လူသားမျိုးနွယ်၏ မဲပေးရွေးချယ်မှု အနည်းငယ်၏ ရလဒ်လည်း မဟုတ်ပေ။ သို့ဆိုလျှင် ယင်းတို့သည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး ဤနက်နဲမှုများကို ဖွင့်ဟပြသောကြောင့်သာလျှင် ဤလူ့ဇာတိသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ပိုင်ဆိုင်သော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်းကို လူက သိရှိလာခြင်း ဖြစ်သည်။ အချို့လူများက “ဘုရားသခင်သည် အဘယ်ကြောင့် မိမိကိုယ်ကို သက်သေခံသနည်း” ဟု ပြောကြသည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ဘုရားသခင်ကို မသိရှိဘဲ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကိုသာ ပြုနိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရားကို ဖော်ပြခြင်းမှတစ်ဆင့်သာလျှင် သူ၏ ကိုယ်ပိုင် ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို သက်သေခံနိုင်ပေသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းရခြင်း အနည်းငယ် ရှိလျှင်ပင် ၎င်းတို့သည် ယင်းကို ရှင်းလင်းစွာ သက်သေခံနိုင်မည်ဟု မဆိုနိုင်ပေ။ လိုလားသော ရလဒ်ကို ရရှိရန် ဘုရားသခင်သည် မိမိကိုယ်ကို သက်သေခံရမည် ဖြစ်သည်။ ဘုရားသခင်ကို သက်သေခံရန် လူသားမျိုးနွယ်အပေါ် မှီခိုခြင်းက ရည်ရွယ်ထားသော ရလဒ်ကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) အဘယ်ကြောင့် မရရှိနိုင်သနည်း။ (လူသည် ဘုရားသခင်ကို လုံးဝ မသိသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ဘုရားသခင်ကို မသိသောကြောင့် ဖြစ်သည်၊ မည်သူမျှ မသိကြပေ။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သည်၊ လူသား ဖြစ်လာခဲ့ပြီး ပေါ်ထွန်းကာ အမှုပြုရန် စတင်ခဲ့လျက် လူတိုင်းက ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် နှုတ်ကပတ်တော်များကို ကြားနိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို အော်ခေါ်ခဲ့သည်။ ထို့နောက် သန့်ရှင်းသော ဝိညာဉ်တော်သည် လူများကို အတူတကွ စုရုံးစေလျက် အမှုပြုရန် စတင်ခဲ့ပြီး ထို့နောက် ဘုရားသခင်သည် လူတို့ကို စကားပြောရန်နှင့် ၎င်းတို့အကြား အမှုပြုရန် စတင်ခဲ့သည်။ အစပိုင်းတွင် လူအနည်းငယ်က ယင်းကို လက်မခံနိုင်ခဲ့ကြပေ။ ၎င်းတို့သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိခဲ့ကြပြီး သူ့ကို မသိရှိ သို့မဟုတ် နားမလည်ခဲ့ကြပေ။ သို့သော်ငြားလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ကြီးမားသော အမှုကို ပြုပြီး ဘုရားသခင် ကိုယ်တိုင်က သူ၏ ကိုယ်ပိုင် အမှုကို ထိန်းသိမ်းစောင့်ရှောက်သည်။ ဤနှစ်များတစ်လျှောက် စကားပြောခြင်းနှင့် အမှုပြုခြင်းမှတစ်ဆင့် လူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုလာခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။)

လူများစွာတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသော်လည်း သူနှင့်ပတ်သက်၍ မည်သည့် သိကျွမ်းခြင်းမျှ မရှိသေးပေ။ အထူးသဖြင့် သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများစွာ သို့မဟုတ် လူ့ဆန္ဒ၏ ရောနှောမှုများစွာ ရှိနေဆဲဖြစ်သည်။ သို့သော်ငြားလည်း ဤနှစ်များအားလုံးတစ်လျှောက် ဘုရားသခင် စကားပြောခြင်းနှင့် အမှုပြုခြင်း၊ လူတို့အပေါ် သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့အတွက် မိမိကိုယ်ကို အသုံးခံခြင်းတို့မှ ရလဒ်တစ်ခုကို မြင်တွေ့နိုင်နေပြီ ဖြစ်သည်။ ဤရလဒ်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ (ဤရလဒ်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သိမ်းပိုက်ခြင်းခံရပြီး ဘုရားသခင်၏ အနှစ်သာရကို အသိအမှတ်ပြုခဲ့ရခြင်း ဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။) လူတို့ သိမ်းပိုက်ခြင်းခံရသည်မှာ မှန်ကန်သည်။ လူတို့သည် ဘုရားသခင်၏ ရယူခြင်းကို မခံရမီ သွားရမည့် ခရီးအချို့ ရှိသေးသော်လည်း ၎င်းတို့သည် သူ၏ သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်။ သို့ဆိုလျှင် လူတို့ သိမ်းပိုက်ခြင်းခံရသည်ဟူသော သက်သေအထောက်အထားမှာ အဘယ်အရာ ဖြစ်သနည်း။ အစောပိုင်းကာလတွင် ဤသူသည် လူ့ဇာတိခံထားသော ဘုရားသခင်ဖြစ်ကြောင်း ဘုရားသခင် သက်သေခံသောအခါ လူများစွာတို့သည် အယူအဆများ ရှိခဲ့ကြကာ အတိုက်အခံလုပ်လိုစိတ် ခံစားခဲ့ကြရပြီး ဤအဖြစ်မှန်ကို အသိအမှတ်ပြုရန် သို့မဟုတ် လက်ခံရန် မလိုလားခဲ့ကြပေ။ သို့သော် ယခုအခါတွင် ဤသူသည် ဘုရားသခင်၊ လူ့ဇာတိခံထားသော ဘုရားသခင်ဖြစ်ကြောင်းကို အစပိုင်းက လုံးဝ အသိအမှတ်မပြုလိုခဲ့သော သင်တို့ထဲမှ သူများ အပါအဝင် သင်တို့တစ်သုတ်သည် စိတ်ရှည်သည်းခံမှုနှင့် မျှော်လင့်ချက် အပြည့်ဖြင့် ထိုင်နိုင်ကြပြီး ငါ မိတ်သဟာယဖွဲ့သည်ကို တိတ်ဆိတ်စွာနှင့် အလေးအနက် နားထောင်နိုင်ကြပြီ ဖြစ်သည်။ ဤအရာတစ်ခုတည်းကပင် လူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရကြောင်း သက်သေပြရန် လုံလောက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လွန်ခဲ့သော ဆယ်နှစ်ကျော်က သင်တို့နှင့်အတူ ငါ၏ စုဝေးပွဲများနှင့် မိတ်သဟာယဖွဲ့ခြင်းများတွင် မိနစ်လေးဆယ်ခန့် ငါ စကားပြောပြီးနောက် ငြိမ်ငြိမ်မထိုင်နိုင်တော့သော လူများစွာ ရှိခဲ့သည်။ အချို့က အိမ်သာသို့ သွားကြမည်၊ အချို့က ရေသောက်ကြမည်၊ အချို့က အချင်းချင်း တီးတိုးပြောဆိုကြမည်ဖြစ်ပြီး အချို့က သမ်းဝေကာ အကြောဆန့်ကြမည် ဖြစ်သည်။ လက်တွေ့အားဖြင့် လူ ခြောက်ဆယ်ရာခိုင်နှုန်းကျော်သည် ဂနာမငြိမ် ဖြစ်နေကြလိမ့်မည်။ ၎င်းတို့သည် ငါပြောနေခဲ့သည့်အရာကို နားမလည်နိုင်ခဲ့ကြပေ၊ ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ကြသည့်အပြင် ယင်းကို လက်မခံနိုင်ခဲ့ကြပေ။ ငါ့ကို ပြောကြလော့၊ သင်တို့နှင့် မိတ်သဟာယဖွဲ့ရသည်မှာ ငါ့အတွက် မပင်ပန်းခဲ့ဘူးလော။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းသည်ကိုလည်းကောင်း၊ တရားဒေသနာများကို နားထောင်ရန် သင်တို့ ငြိမ်ငြိမ်မထိုင်နိုင်ကြသည်ကိုလည်းကောင်း ငါ မြင်တွေ့ခဲ့ရသည်။ သင်တို့သည် လူများက ၎င်းတို့ကို ပြောသည့်အရာကို လက်မခံနိုင်သော သူငယ်တန်းကျောင်းသားများနှင့် တူနေခဲ့သည် မဟုတ်လော။ ထို့ကြောင့် ငါသည် စိတ်ရှည်ရမည်ဖြစ်ပြီး သင်တို့ကို စိတ်ရှည်စွာ မိတ်သဟာယဖွဲ့ကာ လမ်းပြပေးခဲ့ရသည်။ နောက်ပိုင်းတွင် လူတို့သည် ပို၍ နားထောင်လာပြီး အချို့သောအရာများကို နားလည်လာကာ သမ္မာတရားကို စတင်စိတ်ဝင်စားလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် အချင်းချင်း တီးတိုးပြောဆိုသူများ ပို၍ နည်းပါးလာပြီး သမ်းဝေကာ အကြောဆန့်သူများလည်း ပို၍ နည်းပါးလာခဲ့သည်။ စုဝေးပွဲများအတွင်းတွင် ယခုအခါ လူအများစုသည် တရားဒေသနာများကို အာရုံစူးစိုက်စွာ နားထောင်နိုင်ကြပြီ ဖြစ်သည်။ ၎င်းတို့သည် ငြိမ်ငြိမ်ထိုင်ကာ ယင်းတို့ကို လက်ခံနိုင်ကြပြီး အသက်လမ်းခရီး၏ အခြေခံများကို သဘောပေါက်နိုင်ကြသည်။ အခြားသော ကောင်းမွန်သည့် ညွှန်ပြချက်တစ်ခုလည်း ရှိသေးသည်။ သမ္မာတရား စည်းမျဉ်းများ၏ ကဏ္ဍအချို့အကြောင်းကို ငါ ပြောသောအခါ လူများစွာတို့သည် အလျင်စလို မှတ်စုများ မှတ်ယူကြသည်။ အရေးကြီးပြီး အခရာကျသော စကားများကို ကြားရသောအခါ ၎င်းတို့သည် နောက်ပိုင်းတွင် ယင်းတို့ကို ဆင်ခြင်တွေးတောနိုင်ရန်အလို့ငှာ အမြန် မှတ်သားထားကြသည်။ ဤသည်မှာ အလွန်ကောင်းမွန်သည်။ ဤလူများသည် သဘောပေါက်နားလည်နိုင်စွမ်း အမှန်တကယ် ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် အားထုတ်ရန် စတင်ခဲ့ကြပြီး လက်တွေ့ကျမှုအပေါ် အာရုံစိုက်ရန် သိရှိကြသည်။ ငါ၏ ပုံမှန် မိတ်သဟာယတွင်ဖြစ်စေ၊ လူများနှင့် စကားစမြည်ပြောဆိုရာတွင်ဖြစ်စေ အကြောင်းအရာက သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ လူတို့သည် အလေးအနက် နားထောင်ပြီး မှတ်စုများ မှတ်ယူကြသည်။ ဤသည်မှာ ကောင်းမွန်သော ညွှန်ပြချက်တစ်ခု ဖြစ်သည်။ သင် မြင်နိုင်သည့်အတိုင်း ဤခရီးစဉ်တစ်လျှောက်လုံးတွင် တစ်ဆင့်ပြီးတစ်ဆင့် လူတို့၏ အခြေအနေများသည် ပို၍ပို၍ ကောင်းမွန်လာခဲ့သည်။ ထို့အပြင် ဘုရားအိမ်တော်က ထုတ်လုပ်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများနှင့် ရုပ်ရှင်များမှ မြင်တွေ့ရသည့်အတိုင်း လူများစွာတို့သည် ၎င်းတို့၏ တာဝန်များကို စတင်ထမ်းဆောင်ချိန်မှ ယခုအချိန်အထိ စစ်မှန်သော အတွေ့အကြုံအချို့ ရှိခဲ့ကြသည်။ သို့ဆိုလျှင် လူတို့၏ အကြီးမားဆုံးသော ရရှိမှုမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ယင်းမှာ ဤနှစ်များတစ်လျှောက် ငါ မိတ်သဟာယဖွဲ့ခဲ့သော အမျိုးမျိုးသော သမ္မာတရားများကို အခြေခံ၍ ၎င်းတို့သည် အမျိုးမျိုးသော အရာများကို ရှုမြင်နိုင်ပြီး တွေ့ကြုံနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးသည် သမ္မာတရားအချို့ကို နားလည်ခဲ့ကြပြီး ပြဿနာအချို့ကို ဖြေရှင်းနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သဘောပေါက်နားလည်မှုနှင့် အသိအချို့ကို ရရှိခဲ့ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံလာခဲ့ကြပြီး ၎င်းတို့၏ အသက်စိတ်သဘောထားများတွင် ပြောင်းလဲမှုများ ရှိလာခဲ့သည်။ ဤအရာများသည် ၎င်းတို့ ရရှိခဲ့သောအရာများ မဟုတ်လော။ (ဟုတ်ပါသည်။) ယခင်က သင်တို့သည် တရားဒေသနာများကို စတင်နားထောင်သောအခါ ငြိမ်ငြိမ်မထိုင်နိုင်ခဲ့ကြပေ။ အချို့လူများက ယင်းမှာ သင်တို့ ငယ်ရွယ်သောကြောင့် ဖြစ်နိုင်သည်ဟု ပြောခဲ့ကြသည်။ အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ အသက်လေးဆယ်နှင့် ငါးဆယ်အရွယ် လူများပင်လျှင် ငြိမ်ငြိမ်မထိုင်နိုင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နားမလည်နိုင်ခဲ့ကြသည့်အပြင် ယင်းမှာ ၎င်းတို့ ဉာဏ်မမီနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့ ကြားရသော စကားတိုင်းသည် မှန်ကန်သည်ဟု ၎င်းတို့ ခံစားခဲ့ရသော်လည်း ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသောအရာတစ်ခုခုကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ယင်းကို စိတ်ထဲတွင် လက်မခံနိုင်ခဲ့ကြပေ။ ထို့နောက် ၎င်းတို့သည် ပုံမှန် လူသားပုံသဏ္ဌာန် စိုးစဉ်းမျှမရှိဘဲ ခါးကိုင်း၍ ထိုင်ခြင်း၊ လှုပ်ယမ်းနေခြင်း သို့မဟုတ် အချင်းချင်း တီးတိုးပြောဆိုခြင်းတို့ကို စတင်ပြုလုပ်ကြလိမ့်မည်။ ထို့ကြောင့် ငါသည် စိတ်ရှည်စွာဖြင့် စကားပြောခဲ့ရသည်။ ငါသည် လူတိုင်းကို အခြေခံများကို သဘောပေါက်နိုင်စေလျက် အမျိုးမျိုးသော ပြဿနာများအကြောင်းကို တစ်စတစ်စ ပြောဆိုရင်း နှစ်ပေါင်းများစွာ စကားပြောခဲ့သည်။ ယခုအခါ လူများစွာတို့သည် အသက် ဝင်ရောက်မှုနှင့်ပတ်သက်၍ အတွေ့အကြုံများစွာ မရှိကြဘဲ အချိန်အများစုတွင် ၎င်းတို့၌ အသက် ဝင်ရောက်မှု မရှိကြသော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် မည်သည့် ခံစားချက် ရှိသနည်း။ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားလာကြပြီး ယင်းနှင့်ပတ်သက်၍ အသိတစ်ခု ရှိကြကာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားအတွက် နှစ်သက်မြတ်နိုးမှုအချို့ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့တွင် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများနှင့်ပတ်သက်၍ သဘောတရားအချို့၊ မိမိတို့ကိုယ်ကို မည်သို့ ကျင့်ကြံပြုမူရမည်နှင့်ပတ်သက်၍ သဘောတရားအချို့၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခြင်းနှင့်ပတ်သက်၍ သဘောတရားအချို့နှင့် ကယ်တင်ခြင်းသို့ ရောက်ခြင်းနှင့်ပတ်သက်၍ သဘောတရားအချို့ ရှိကြသည်။ ထို့ကြောင့် တရားဒေသနာများကို နားထောင်သောအခါ ၎င်းတို့သည် ငြိမ်ငြိမ်ထိုင်နိုင်ပြီး ယင်းကို လက်ခံနိုင်ကြသည်။ ဤအရာများနှင့်ပတ်သက်၍ သဘောတရားတစ်ခု ရှိခြင်းက ၎င်းတို့သည် ဤနှုတ်ကပတ်တော်များနှင့် ဤသမ္မာတရားများ၏ သိမ်းပိုက်ခြင်းကို ခံရကြောင်း ဆိုလိုသည်။ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်ပြုခဲ့ကြသည်၊ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများကြား ကွဲပြားမှုတစ်ခု ရှိကြောင်းကို အသိအမှတ်ပြုခဲ့ကြပြီး ဘုရားသခင် ပြောဆိုပြီး လုပ်ဆောင်သမျှ အရာအားလုံးသည် သမ္မာတရားဖြစ်ကာ လူကို ကယ်တင်ရန်အတွက်သာ ဖြစ်ကြောင်းကို အသိအမှတ်ပြုခဲ့ကြသည်။ သင် မြင်သလော၊ လူတို့သည် ငြိမ်ငြိမ်မထိုင်နိုင်ခြင်းမှသည် ငြိမ်ငြိမ်ထိုင်နိုင်လာပြီး ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးသည် ကယ်တင်ခြင်းဖြစ်ကြောင်းကို အသိအမှတ်ပြုလာသည်အထိ ဖြစ်လာရန်၊ ဤမျှ ကြီးမားသော ထိုးတက်သွားခြင်းကို ပြုလုပ်ရန် နှစ်မည်မျှ ကြာခဲ့သနည်း။ ငါသည် စကားမည်မျှ ပြောခဲ့ရပြီး အမှုမည်မျှ ပြုခဲ့ရသနည်း။ လူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဖော်ထုတ်ခြင်း၊ သူ၏ အတွေးများနှင့် အမြင်များကို ပြောင်းလဲပေးခြင်း၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးခြင်း၊ သမ္မာတရားကို နားလည်ရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံမှု ရရှိရန် သူ့ကို ကူညီပေးခြင်း၊ ကယ်တင်ခြင်းသို့ ရောက်ခြင်း၏ လမ်းကြောင်းမှန်ပေါ်သို့ သူ့ကို ခေါ်ဆောင်လာခြင်းဟူသည့် လူ့အပေါ် ငါပြုခဲ့သော အမှုနှင့်ပတ်သက်၍သာ ပြောရလျှင် ဤရလဒ်များကို ရရှိရန် ငါသည် စကားမည်မျှ ပြောခဲ့ရသနည်း။ ငါ့ကို ပြောလော့၊ လူသားတစ်ဦးသည် ဤအမှုကို ပြုနိုင်ခဲ့မည်လော။ အဆင့်အတန်းရှိသူများထဲမှ မည်သူက ဤအမှုကို ပြုနိုင်သနည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ပါ။) အကြောင်းရင်းတစ်ခုမှာ လူသည် ယင်းကို မလုပ်ဆောင်နိုင်ပေ။ အခြားအကြောင်းရင်းတစ်ခုမှာ လူတစ်ဦးဦးက စကားပြောပြီး ပြုမူလုပ်ဆောင်နေကာ ၎င်းတို့ ပြောဆိုသော စကားများအားလုံးက မှန်ကန်ပြီး အခြားသူများက ယင်းတို့ကို စိတ်ဝင်စားလျှင်ပင် သန့်ရှင်းသော ဝိညာဉ်တော်က အမှုမပြုပါက ဤသူ၏ စကားများကို နားထောင်ပြီး ဟောပြောနေသော လူများစွာတို့သည် ငါတို့ ယခုရရှိထားသော ရလဒ်များကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ၊ ယင်းက လူတို့၏ စိတ်နှလုံးများကို မလှုပ်ရှားစေနိုင်ပါ။) ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအမှုကို ပြုရန် ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ဆောင်နေကြသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဟန်ချက်ညီညီ ပူးပေါင်း၍ စကားပြောပြီး အမှုပြုကာ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏ နေ့စဉ်ဘဝများတွင် လမ်းပြရန်နှင့် အသိဉာဏ်ပွင့်လင်းစေရန် လူ့ဇာတိခံထားသော ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များနှင့် ပူးပေါင်းလုပ်ဆောင်သည်။ ဤကဏ္ဍနှစ်ခု၏ ပေါင်းစပ်မှုက ငါတို့ ယခုရရှိထားသော ရလဒ်များအပြင် အနာဂတ်တွင် ရရှိမည့် ရလဒ်များကိုပါ ရရှိစေခဲ့သည်။ ငါ့ကို ပြောလော့၊ ဤသာမန်လူဖြစ်သော လူ့ဇာတိခံထားသော ဘုရားသခင်၏ အဆင့်အတန်းသည် အဆင့်အတန်းတစ်ခုမျှသာ ဖြစ်သလော။ မဟုတ်ပေ။ သူ၏ ဤအဆင့်အတန်းသည် ရာထူးတစ်မျိုးမျိုး မဟုတ်ပေ။ ယင်းမှာ လူသားများ ရည်ညွှန်းနိုင်သည့် တစ်စုံတစ်ဦး၏ မြင့်မြတ်သော ပုံရိပ် သို့မဟုတ် အာဏာ၏ သင်္ကေတတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် ယင်းမှာ အဘယ်အရာ ဖြစ်သနည်း။ (ယင်းမှာ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော သင်္ကေတတစ်ခု ဖြစ်ပါသည်။) သူ၏ အဆင့်အတန်းသည် သူက သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ပိုင်ဆိုင်ကြောင်း သင်္ကေတတစ်ခု ဖြစ်သည်။ ငါ့ကို ပြောလော့၊ အဆင့်အတန်းရှိသော ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးဦးက အမှုအရာများကို လုပ်ဆောင်သောအခါ ၎င်းတို့တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ပူးပေါင်းဆောင်ရွက်မှု ရှိသလော။ (မရှိပါ။) ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ အဆင့်အတန်းသည် ရိုးရှင်းသော သဘောအရ အဆင့်အတန်းမျိုး မဟုတ်ဘဲ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရနှင့် အသက်တို့၏ သင်္ကေတတစ်ခု ဖြစ်သည်။ ဤသို့ပြောခြင်းအားဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို လောကရှိ အဆင့်အတန်းရှိသော မည်သူ့ကိုမဆို ဆက်ဆံသကဲ့သို့ မဆက်ဆံသင့်ကြောင်းကို ဆိုလိုသည်။ သင်သည် လောကရှိ အဆင့်အတန်းရှိသော လူများကို ဆက်ဆံသောအခါ ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို အသုံးပြုသည်။ သင်သည် ၎င်းတို့ကို အရိုအသေပေးပြီး ဖားရမည်၊ ၎င်းတို့၏ စကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်အောင် ကြိုးစားပြီး ၎င်းတို့၏ မျက်နှာအမူအရာကို စောင့်ကြည့်ရမည်ဖြစ်ကာ ၎င်းတို့ကို နှစ်သက်စေရန် ကောင်းမွန်သော စကားများကို ပြောဆိုရမည်ဖြစ်သည်။ သင်သည် ရိုးသားစွာ စကားပြော၍မရပေ၊ သင်သည် မည်သည့် ခွန်အားကိုမျှ ပြသ၍မရပေ၊ သင်သည် ၎င်းတို့ထက် ပို၍ ထင်ပေါ်အောင် လုပ်၍မရပေ၊ စသည်တို့ ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် သင့်ကို ဖိနှိပ်လိမ့်မည် သို့မဟုတ် သင့်ကို ဒုက္ခခံစားရစေလိမ့်မည်။ သို့သော်ငြားလည်း သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံပြီး အပြန်အလှန် ဆက်သွယ်သောအခါ သင် စွဲကိုင်သင့်သည့်အရာမှာ သမ္မာတရား စည်းမျဉ်းများ ဖြစ်သည်။ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ သူနှင့် ပေါင်းသင်းဆက်ဆံပြီး အပြန်အလှန် ဆက်သွယ်ကာ သူ့ကို မှန်ကန်စွာ ဆက်ဆံနိုင်ပါက သင်သည် သူ၏ အဆင့်အတန်းကို အလေးအနက် မထားဘဲ သူ့ကို အထင်ကြီးလေးစားခြင်း၊ သူ့ကို ရိုသေလေးမြတ်ခြင်း သို့မဟုတ် သူ့ကို အားကျခြင်း မရှိသည့်အပြင် သူ့ကို မျက်နှာချိုသွေးပြီး မြှောက်ပင့်ခြင်း မရှိလျှင်ပင် သူသည် သင့်ကို မှန်ကန်စွာ ဆက်ဆံလိမ့်ဦးမည် ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) သင်တို့က “မှန်ပါသည်” ဟု ပြောကြသော်လည်း သင်တို့သည် လူ့ဇာတိခံထားသော ဘုရားသခင်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှန်တကယ် ဆက်ဆံနိုင်ကြသလော။ (ကျွန်ုပ် မလုပ်နိုင်သေးဟု ခံစားရပါသည်၊ ယင်းဆီသို့ ဦးတည်၍သာ ကြိုးပမ်းနိုင်ပါသည်။) သင်သည် ယင်းဆီသို့ ဦးတည်ကြိုးပမ်းရန် ပြင်းပြင်းထန်ထန် အလုပ်လုပ်ရမည်။ အရေးကြီးဆုံးအချက်မှာ သင်သည် သမ္မာတရားကို လိုက်စားရမည်ဖြစ်ပြီး အရာအားလုံးတွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်သည်။ ထိုအခါ သင်သည် တဖြည်းဖြည်းနှင့် ယင်းကို လုပ်ဆောင်နိုင်လိမ့်မည်။ သင်သည် သမ္မာတရားအပေါ် အာရုံစိုက်ပါက လူ့ဇာတိခံထားသော ဘုရားသခင်သည် ဤအထူး အဆင့်အတန်းကို ပိုင်ဆိုင်သော်လည်း သူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြား အဆင့်အတန်းရှိသော လူများနှင့် လုံးဝ ကွဲပြားကြောင်းကို သင် ခံစားရလိမ့်မည်။ သင်သည် ဤအရာကို သဘောပေါက်ပြီး သူသည် ဘုရားသဘောသဘာဝ အနှစ်သာရနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာရှိသူ တစ်ဦးဖြစ်ကြောင်းကို သင် အသိအမှတ်ပြုသောအခါ သင်သည် သူ့ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဆက်ဆံလိမ့်မည်။ သင်၏ စိတ်နှလုံးထဲတွင် သူ့အပေါ် ချစ်ခြင်းမေတ္တာနှင့် လေးစားမှု ရှိလိမ့်မည်ဖြစ်ပြီး သင်သည် သူ့ကို ပွင့်လင်းစွာနှင့် ရိုးသားစွာ ဆက်ဆံလိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်သည် ဖန်ဆင်းခံတစ်ဦး၏ နေရာမှနေ၍ နာခံမှုရှိပြီး ကျိုးနွံနာခံလိမ့်မည်လည်း ဖြစ်သည်။ သင်သည် ဤကဲ့သို့ ဖြစ်လိုလိမ့်မည်ဖြစ်ပြီး သင်၌ ထိုသို့သော သရုပ်သကန်များ ရှိလိမ့်မည်။ သင်သည် ဤအရာကို သဘောမပေါက်ပါက အမြဲတစေ ဤသို့ ဆင်ခြင်တွေးတောလိမ့်မည်၊ “လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသော လူများ၌ မည်မျှ စတိုင်ကျကြောင်းကို ကြည့်လော့၊ ၎င်းတို့ သွားလေရာရာတွင် လူများက ၎င်းတို့ကို ဝိုင်းရံနေကြသည်။ ၎င်းတို့သည် ပညာတတ်များဖြစ်ကြပြီး ယဉ်ကျေးသိမ်မွေ့သော ပုံစံဖြင့် စကားပြောကြသည်။ ၎င်းတို့၏ အသွင်အပြင်၊ ဝတ်စားဆင်ယင်မှု ပုံစံနှင့် ဖြီးလိမ်းပြင်ဆင်မှုတို့က ၎င်းတို့ကို အဆင့်အတန်းရှိသော အသွင်အပြင်ကို ပေးစွမ်းပြီး ၎င်းတို့၏ မျက်နှာအမူအရာများနှင့် ၎င်းတို့ လမ်းလျှောက်ပုံတို့က ကျက်သရေရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့သည် သာမန်လူများ မဟုတ်ကြောင်းကို သင် သိနိုင်သည်။ ပြီးလျှင် ၎င်းတို့တွင်ရှိသော အစီအစဉ်ကို ကြည့်လော့။ ၎င်းတို့တွင် ဘဝနှင့် အလုပ်အတွက် ၎င်းတို့ကို ကူညီရန် ကိုယ်ရေးအကူများ ရှိသည်၊ ၎င်းတို့၏ စားသောက်မှု လိုအပ်ချက်များအတွက် ကိုယ်ပိုင် စားဖိုမှူးအဖွဲ့များ ရှိသည်၊ ၎င်းတို့အတွက် ဆောင်းပါးများ ရေးသားပေးရန် ကိုယ်ပိုင် အတွင်းရေးမှူးအဖွဲ့များ ရှိပြီး အဓိက ကိစ္စရပ်များကို ဆွေးနွေးရန် အကြံပေးအဖွဲ့များနှင့် ပညာရှင်အဖွဲ့များ ရှိသည်။ ၎င်းတို့ အပြင်ထွက်သောအခါအတွက် ကိုယ်ပိုင် ယာဉ်မောင်းများ ရှိပြီး ၎င်းတို့ လေယာဉ်စီးရန် လိုအပ်သောအခါအတွက် ကိုယ်ပိုင် လေယာဉ်မှူးများ ရှိကာ ၎င်းတို့ သွားလေရာရာတွင် ကြယ်ပွင့်အဆင့်ရှိသော ဟိုတယ်များ၌ တည်းခိုကြသည်။ ဤအရာများအားလုံးသည် ပထမတန်းစား အစီအစဉ်များ ဖြစ်သည်။ ဘုရားသခင်တွင် အဆင့်အတန်းရှိသောကြောင့် သူသည် အဘယ်ကြောင့် ထိုသို့သော ဆက်ဆံမှုကို မရရှိသနည်း။ သူသည် ထိုသို့သော ဆက်ဆံမှုကို ရရှိပါက နောက်လိုက်များဖြစ်သော ငါတို့သည်လည်း ဂုဏ်သိက္ခာ ရရှိမည် မဟုတ်လော။ သူသွားသည့် မည်သည့်နိုင်ငံတွင်မဆို သူ့အတွက် ကော်ဇောနီ ခင်းပေးခြင်းနှင့် သူသွားရောက်သည့် မည်သည့်နေရာတွင်မဆို သူ့ကို ကြိုဆိုရန် လူများစွာ တန်းစီနေခြင်းတို့က မည်မျှ ဂုဏ်သိက္ခာရှိလိုက်မည်နည်း” ဟူ၍ ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်သော သိကျွမ်းခြင်းကို ရရှိသောအခါ သင်၌ ဤတောင်းဆိုချက်များ သို့မဟုတ် ဤအတွေးများ ရှိတော့မည် မဟုတ်ပေ။

လူ့ဇာတိခံထားသော ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြားတွင် အသက်ရှင်နေထိုင်သော်လည်း သူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦး မဟုတ်ပေ၊ ထို့ကြောင့် အဆင့်အတန်းနှင့် နေရာဟုခေါ်သောအရာများနှင့်ပတ်သက်၍ ဖောက်ပြန်ပျက်စီးသော လူသားများ၌ရှိသည့် လိုအပ်ချက်များ သူ့ထံ၌ မရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားများ၌ရှိသည့် လိုအပ်ချက်များ သူ့ထံ၌ အဘယ်ကြောင့် မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းနှင့် လူတစ်ဦး၏ တန်ဖိုးဟုခေါ်သောအရာနှင့်ပတ်သက်၍ သူသည် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် တူညီသော အမြင်ရှုထောင့်များ မရှိသောကြောင့် ဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးသော လူသားများကဲ့သို့ ပုံသွင်းပြုပြင်ခံရခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးစေခြင်း မခံရသည့်အပြင် အဆင့်အတန်း အလွှာနှင့် အဆင့်အတန်းကို ခံစားခြင်းတို့နှင့်ပတ်သက်၍ ဖောက်ပြန်ပျက်စီးသော လူသားများနှင့် တူညီသော အတွေးများနှင့် အမြင်များ သူ့ထံ၌ မရှိပေ။ ထို့ကြောင့် ငါကိုယ်တိုင်နှင့် ပြောရလျှင် အဆင့်အတန်းနှင့် လူတစ်ဦး၏ တန်ဖိုးနှင့်ပတ်သက်လာပါက ငါ့စိတ်နှလုံးထဲတွင် ဤအရာများ မရှိပေ။ ငါ၏ စိတ်နှလုံးထဲတွင် ရှိသမျှမှာ လူများနှင့် မိသားစုတစ်စုကဲ့သို့ အတူတကွရှိနေရန်၊ ဘဝနှင့် အလုပ် ကိစ္စများအကြောင်း ပြောဆိုရန်နှင့် လူတို့၏ အမျိုးမျိုးသော အခက်အခဲများအကြောင်း ပြောဆိုရန် သဘောကျခြင်းမျှသာ ဖြစ်သည်။ ငါသည် မည်သည့် ခမ်းနားသော ပြသမှုများကိုမျှ ပြုလုပ်ခြင်းကို မနှစ်သက်သည့်အပြင် ကျက်သရေရှိမှုဟု ခေါ်သောအရာကို သာ၍ပင် မနှစ်သက်ပေ။ ငါသည် သင်တို့ကို အကြိမ်များစွာ ပြောခဲ့ပြီးဖြစ်ကာ ဤသည်မှာ သင်တို့ မှတ်မိကောင်း မှတ်မိနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ငါ၏ ကိုယ်ပိုင်ဘဝတွင် ငါ၌ မည်သည့် ကိုယ်ရေး အစေခံများ၊ ကိုယ်ရေး အကူများ သို့မဟုတ် ကိုယ်ရေး အတွင်းရေးမှူးများမျှ မရှိပေ။ ငါ၌ ဤအရာများထဲမှ တစ်ခုမျှ မရှိပေ။ လူ့အဖွဲ့အစည်းရှိ ထိုအဆင့်မြင့် ပုဂ္ဂိုလ်များကို ကြည့်လော့၊ ၎င်းတို့တွင် ၎င်းတို့၏ အဝတ်အစားများကိုသာ လျှော်ဖွပ်ပေးပေးသူများ၊ ၎င်းတို့အတွက် အစားအစာများကိုသာ ချက်ပြုတ်ပေးပြီး မုန့်များကိုသာ ဖုတ်ပေးပေးသူများနှင့် ကိုယ်ပိုင် ယာဉ်မောင်းများ ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ဘဝများတွင် မည်သည့်အရာကိုမျှ ဂရုစိုက်ရန် မလိုအပ်ပေ၊ ၎င်းတို့အတွက် အရာများကို အထူးတလည် စီမံခန့်ခွဲပေးသော လူများ ရှိကြသည်။ လူတစ်ဦးသည် အဆင့်ပိုမြင့်လေလေ၊ ၎င်းတို့၏ အစီအစဉ်က ပို၍ ကြီးကျယ်လေလေ ဖြစ်သည်။ သာမန် မြို့တော်ဝန် သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး တစ်ဦးတွင်ပင် တရားဝင် မြို့တော်ဝန် အိမ်တော် သို့မဟုတ် အုပ်ချုပ်ရေးမှူး အိမ်တော် ရှိသည်၊ ထိုထက် ပို၍ မြင့်မားသော သူများအကြောင်းဆိုလျှင် ပြောနေစရာပင် မလိုပေ။ လူ့ဇာတိခံထားသော ဘုရားသခင်တွင် တရားဝင် နေအိမ် ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ငါ့အတွက် တစ်လုံး ပံ့ပိုးပေးရန် အသင်းတော်ကို ငါ တောင်းဆိုခဲ့ဖူးသလော။ (မတောင်းဆိုခဲ့ပါ။) ငါ့အတွက် တရားဝင် နေအိမ်တစ်ခု ပံ့ပိုးပေးရန် အသင်းတော်ကို ငါ မတောင်းဆိုခဲ့သည့်အပြင် ငါ့အတွက် အခြွေအရံများ သို့မဟုတ် အစောင့်များ ချထားပေးရန်လည်း ငါ မတောင်းဆိုခဲ့ပေ၊ အခြားသော တောင်းဆိုမှုများ ပြုလုပ်ခြင်းဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။ တစ်ခုတည်းသောအရာမှာ စာမူကြမ်းကို စိစစ်ပြင်ဆင်သည့်အဖွဲ့မှ လူများသည် ငါ၏ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများ၏ စကားလုံးအသုံးအနှုန်းများကို ချောမွေ့အောင် ပြုလုပ်ကြသည်၊ ယင်းတို့ကို စာသားအဖြစ် ပြုစုကြပြီး ယင်းတို့ကို ဖြန့်ဝေကြခြင်း ဖြစ်သည်။ ၎င်းတို့ကို အလုပ်တွင် အထူးကျွမ်းကျင် ဝန်ထမ်းများအဖြစ် သတ်မှတ်နိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ငါ့အတွက် ကိုယ်ရေးကိုယ်တာအရ အရာများကို လုပ်ဆောင်ပေးနေခြင်း မဟုတ်ပေ။ ဤသည်မှာ အသင်းတော်၏ အလုပ် ဖြစ်သည်။ ထို့ကြောင့် ငါ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့်ပတ်သက်၍ သင်တို့ကို ငါ ဒုက္ခပေးခဲ့ဖူးသလော။ (မပေးဖူးပါ။) ငါ့အတွက် အဝတ်လျှော်ပေးခြင်း၊ ငါ့အတွက် ချက်ပြုတ်ပေးခြင်း၊ ငါ၏ အခန်းကို ရှင်းလင်းပေးခြင်း၊ ကိုယ်ပိုင် ခရီးသွားလာခြင်းစသည့် ဤအရာများနှင့်ပတ်သက်၍ သင်တို့ကို ငါ ဒုက္ခပေးခဲ့ဖူးသလော။ ငါ့အတွက် ကိုယ်ရေး အစေခံများ သို့မဟုတ် ကိုယ်ရေး အကူများ ပံ့ပိုးပေးရန် အသင်းတော်ကို ငါ တောင်းဆိုခဲ့ဖူးသလော။ ထိုသို့သော တောင်းဆိုမှုများကို ငါ မည်သည့်အခါမျှ မပြုလုပ်ခဲ့ပေ။ ငါ့ကို ပြောလော့၊ ထိုသို့သောအရာများ မရှိခြင်းက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသလော။ ယင်းက ငါ့ကို ဝမ်းနည်းစေသလော။ ငါသည် သင်တို့ကို ပြစ်တင်မောင်းမဲပြီး သင်တို့သည် အသိစိတ် ကင်းမဲ့သည်ဟု သင်တို့ကို ပြောသင့်သလော။ ထိုသို့သော ကိစ္စများနှင့်ပတ်သက်၍ သင်တို့ကို ငါ မည်သည့်အခါမျှ ပြစ်တင်မောင်းမဲခြင်း မပြုခဲ့ပေ။ သင်တို့ထံမှ တောင်းဆိုမှုများ ပြုလုပ်ဖို့ဟူသည်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။ ငါ၏ ကိုယ်ပိုင် စားဝတ်နေရေးနှင့် သွားလာရေးကို ငါကိုယ်တိုင် တာဝန်ယူဆောင်ရွက်သည်။ ပုံမှန်အားဖြင့် ငါသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ပြီး စုဝေးပွဲများအတွင်းတွင် တရားဝင် ဝတ်စုံကို ဝတ်ဆင်သည်၊ ယင်းမှာ အလွန် ရိုးရှင်းလှသည်။ ငါ၏ အဝတ်အစားများကို အခြောက်လျှော်ရန် ငါ ပို့လေ့ရှိသည်မှာ ရှားလှသည်၊ ယင်းတို့ကို အခြေခံအားဖြင့် လက်ဖြင့် သို့မဟုတ် စက်ဖြင့်သာ လျှော်ဖွပ်သည်။ ငါ ခွေးတစ်ကောင် မွေးသောအခါ ယင်းမှာ ဇိမ်ခံ အမျိုးအစားတစ်မျိုးမျိုး မဟုတ်ပေ။ လူအများစုသည် လောကရှိ နာမည်ကြီး ပုဂ္ဂိုလ်များနှင့် အဆင့်အတန်းရှိသော လူများ စားသောက်သည့်အရာ၊ ဝတ်ဆင်သည့်အရာနှင့် အသုံးပြုသည့်အရာများကို လိုက်လုပ်ပြီး အတုယူကြသည်။ ငါသည် ၎င်းတို့နှင့် တူညီသည်ဟု သင် ထင်သလော။ အချို့လူများသည် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး ပိုင်ဆိုင်သော ခွေးအမျိုးအစားကို မြင်သောအခါ ၎င်းတို့သည်လည်း ထိုအမျိုးအစားကို ရယူလိုကြသည်။ ဘာသာတရား မရှိသူများအားလုံးတွင် ဤအမြင်ရှုထောင့် ရှိကြသည်၊ ခွေးတစ်ကောင် မွေးရာတွင်ပင် ၎င်းတို့သည် ခေတ်ရေစီးကြောင်းများကို လိုက်စားကြပြီး နာမည်ကြီး ပုဂ္ဂိုလ်များ မွေးဖူးသော ခွေးမျိုးဖြစ်သည့် မျိုးကောင်းမျိုးသန့် အလှမွေးခွေးကို မွေးရမှဖြစ်သည်။ ငါမွေးသော ခွေးမှာ သာမန် ခွေးတစ်ကောင်မျှသာ ဖြစ်သည်။ ခွေးတွင် ကောင်းမွန်သော ပင်ကိုစရိုက် ရှိပြီး ချစ်ခင်တွယ်တာတတ်ကာ သစ္စာရှိ၍ စကားနားထောင်ပြီး အမှုအရာများကို နားလည်သည့်အပြင် လူများနှင့် အဆင်ပြေပြီး သက်တောင့်သက်သာရှိမှုကို မွေ့လျော်ခံစားခြင်း မရှိသရွေ့ ယင်းမှာ အဆင်ပြေသည်။ အချို့လူများက “မျိုးကောင်းမျိုးသန့် အလှမွေးခွေးတစ်ကောင်း မွေးခြင်းက ကိုယ်တော့်အတွက် အလွန် လွယ်ကူမည် မဟုတ်လော” ဟု ပြောကြသည်။ ယင်းမှာ အလွန် လွယ်ကူလိမ့်မည်ဖြစ်သော်လည်း ငါသည် ထိုအရာကို မနှစ်သက်ပေ။ နာမည်ကြီးသော လူများ မည်သည့်အရာကို ဝတ်ဆင်သည် သို့မဟုတ် အသုံးပြုသည်ကို ငါ မည်သည့်အခါမျှ မစုံစမ်းသည့်အပြင် ယင်းကို ရှာဖွေကြည့်ရန်လည်း ငါ အားထုတ်ခြင်း မရှိပေ။ အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် “ယခု ငါသည်လည်း နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ နာမည်ကြီး ပုဂ္ဂိုလ်များ စားသမျှ၊ ဝတ်သမျှ၊ သုံးသမျှနှင့် ၎င်းတို့ အပြင်ထွက်သောအခါ စီးသည့် မည်သည့်ကားများကိုမဆို ငါ အတုခိုးရမည်။ ငါ နောက်ကျကျန်ရစ်၍ မဖြစ်ပေ” ဟု တွေးတတ်သော အချို့လူများနှင့် ငါ မတူပေ။ ဤအရာများအပေါ် ငါ မည်သည့်အခါမျှ အားထုတ်ခြင်း မရှိခဲ့ပေ။ ငါသည် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်မဖြစ်ကို ငါ မသိသည့်အပြင် ငါ ဂရုလည်း မစိုက်ပေ။ မည်သို့ပင်ဖြစ်စေ ငါလုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို ငါ၏ နေ့စဉ်ဘဝနှင့် အလုပ်စရိတ်များကဲ့သို့သော ကဏ္ဍအားလုံးနှင့်ပတ်သက်၍ ငါ့ထံတွင် ကိုယ့်စည်းမျဉ်းနှင့်ကိုယ်၊ ကိုယ့်လိုအပ်ချက်နှင့်ကိုယ်၊ ကိုယ့်ရွေးချယ်မှုအတိုင်းအတာနှင့်ကိုယ်၊ ကိုယ့်စံနှုန်းနှင့်ကိုယ် ရှိသည်။ ဤစံနှုန်းမှာ လုံးဝ သာမန်ဖြစ်လွန်းပြီး ရိုးရှင်းလွန်းသည်။ သာမန်ဖြစ်ခြင်းကပင် အဆင်ပြေသည်။ ငါ၏ ဝတ်စားဆင်ယင်မှု၊ ဖီးလိမ်းပြင်ဆင်မှုနှင့် စားဝတ်နေရေး၊ သွားလာရေးတို့ကို လူများ မြင်သောအခါ ငါ့ကို လေးစားမှု ပေးသရွေ့၊ အနည်းဆုံးအနေဖြင့် ငါသည် ဂုဏ်သိက္ခာရှိပြီး ဖြောင့်မတ်သော လူတစ်ဦးနှင့် တူနေသရွေ့ ယင်းမှာ လုံလောက်သည်၊ ယင်းမှာ ထိုမျှ ရိုးရှင်းလှသည်။ ငါ ဝတ်စားဆင်ယင်ပုံ၊ ငါ့ကိုယ်ငါ ပြင်ဆင်ပုံနှင့် ငါ၏ အသွင်အပြင်ကို လူများ မြင်ပြီးနောက် ၎င်းတို့က ငါ့ကို အထင်ကြီးလေးစားမည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ငါသည် မည်သည့် အဆင့်အတန်း ရှိမည်ဖြစ်စေ ယင်းတို့နှင့် ပတ်သက်၍မူ ဤအရာများထဲမှ တစ်ခုမျှ ငါ့အတွက် အရေးမကြီးပေ။ အဆင့်အတန်းနှင့်ပတ်သက်၍ ငါ၌ လွန်ကဲသော တောင်းဆိုမှု တစ်ခုတလေ ရှိသည်ဟု သင်တို့ ထင်သလော။ (မရှိပါ။) ဤသည်မှာ သင်တို့ စိတ်ကူး၍မရနိုင်သော၊ ပြီးလျှင် သင်တို့ ထိုးထွင်းမသိမြင်နိုင်သော အရာတစ်ခု ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ငါ သင်တို့ကို ပြောနေသည့်အရာကို သင်တို့ ယုံကြည်နိုင်ရန်သာ ငါ တောင်းဆိုသည်။ ဤအရာကပင်လျှင် သင့်အတွက် အလွန် ခက်ခဲသည်။ သင်၏ ကိုယ်ပိုင် ခေါင်းထဲတွင် မည်သည့်အရာ ရှိသည်နှင့် သင် မည်သည့်အရာကို တွေးတောနေသည်ကို သင်ကိုယ်တိုင် သိသည်။ ငါပြောခဲ့သော ဤစကားများကို ယုံကြည်နိုင်ရန်၊ ယင်းတို့ကို သမ္မာတရားအဖြစ် လက်ခံရန်နှင့် ယင်းတို့ကို အဖြစ်မှန်အဖြစ် လက်ခံရန်မှာ သင့်အတွက် အလွန် ခက်ခဲသည်။ ဤအရာကို မည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ရမည်နည်း။ ယင်းကို ယုံကြည်ကိုးစားမှု၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများသည် အဆင့်အတန်းအပေါ် ငါ၏ အတွေးများနှင့် အမြင်များဖြစ်ပြီး ဤအရာများသည် ယင်းတို့နှင့် သက်ဆိုင်သော ငါ၏ သရုပ်သကန်များ ဖြစ်သည်။ လူ၏ အမြင်တွင် အထင်ကြီးခံရသော သို့မဟုတ် လူက တောင်းဆိုသော အဆင့်အတန်း၏ ပုံမှန် အဆောင်အယောင်များ ငါ၌ မရှိသော်လည်း ဤအရာက ငါပြုသော အမှုအပေါ် လုံးဝ ထိခိုက်မှု မရှိသည့်အပြင် သင်တို့အပေါ် ငါ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင်လည်း ငါ့ကို ထိခိုက်မှု မရှိပေ။ အဆင့်အတန်းအတွက် သင်တို့က ငါ့ကို အထင်ကြီးလေးစားစေရန် ငါ့ကိုယ်ငါ မည်သည့်အခါမျှ အမွှမ်းတင်မည် မဟုတ်ပေ။ လက်တွေ့တွင် သင်တို့သည် ယခုအချိန်အထိ တရားဒေသနာများကို နားထောင်နေခဲ့ကြပြီး အတော်လေး အဆင်ပြေနေကြဆဲဖြစ်ကာ သင်တို့၏ လက်ရှိ သရုပ်သကန်များမှ အကဲဖြတ်ကြည့်လျှင် သင်တို့အားလုံးသည် အပြုသဘောဆောင်သော ဦးတည်ချက်တစ်ခုဆီသို့ တိုးတက်နေကြသည်။ ထို့ကြောင့် အဆင့်အတန်း၊ ပုံရိပ်နှင့် အဆင့်အတန်း၏ အဆောင်အယောင်များကို လိုက်စားခြင်းသည် အသုံးမဝင်ပေ။ သမ္မာတရားကသာ လူကို သိမ်းပိုက်နိုင်ပြီး သမ္မာတရားကသာ လူကို ပြောင်းလဲပေးနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို ပြောင်းလဲပေးနိုင်ပြီး အရာခပ်သိမ်းကိုလည်း ဖန်ဆင်းနိုင်သည်။ တစ်ဖက်တွင် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သြဇာအာဏာတို့အားဖြင့် ရရှိသော ရလဒ် ဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုအားဖြင့် ရရှိသော ရလဒ်လည်း ဖြစ်သည်။ လူတွင် ဝါကြွားစရာ တစ်ခုမျှ မရှိပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကောင်းမြတ်သည်၊ သမ္မာတရားက ကောင်းမြတ်သည်၊ ပြီးလျှင် ဘုရားသခင်၏ အမှုနှင့် လူ့အပေါ် ဘုရားသခင်၏ ဝိညာဉ်တော် ပြုခဲ့သော အမှုတို့က အလွန် ကောင်းမွန်လွန်းခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ဤနည်းဖြင့် အမှုပြုပြီး လူ၌ ဤရလဒ်ကို ရရှိခြင်းဖြင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူအတွက် ကယ်တင်ခြင်း ဖြစ်သည်” ဟူသော စကားစုက မှန်ကန်ကြောင်းကို သင်တို့ မြင်နိုင်ကြသလော။ (မြင်နိုင်ပါသည်။) ဘုရားသခင်သည် သစ္စာရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်အခါမျှ အချည်းနှီး မဖြစ်သည့်အပြင် ဘုရားသခင်သည် အနန္တတန်ခိုးရှင်လည်း ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်မျှ အရေးမပါပုံပေါက်နေပါစေ သို့မဟုတ် သူ့ထံ၌ ခွန်အား မည်မျှ နည်းပါးပုံပေါက်နေပါစေ အရေးမကြီးပေ။ ဤအရာများထဲမှ တစ်ခုမျှက သူ သမ္မာတရား ဖော်ပြခြင်းအပေါ် မထိခိုက်နိုင်သည့်အပြင် လူ၌ သူ၏ နှုတ်ကပတ်တော်များ ရရှိသည့် ရလဒ်များကိုလည်း မထိခိုက်နိုင်ပေ။ လူ့ဇာတိခံထားသော ဘုရားသခင်သည် အပြင်ပန်းအားဖြင့် အလွန် အရေးမပါပုံပေါက်နိုင်ကာ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျပုံပေါက်နိုင်သည့်အပြင် လူ၏ အထင်သေးခြင်းကို ခံရနိုင်ပြီး လူသည် မည်သည့်အချိန်တွင်မဆို သူနှင့်ပတ်သက်၍ အယူအဆများနှင့် ရန်လိုမှုများပင် ဖြစ်ပေါ်လာနိုင်သော်လည်း သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အသက်ကို ပိုင်ဆိုင်သောကြောင့် သူ ဖော်ပြသော သမ္မာတရားသည် လူကို သိမ်းပိုက်နိုင်စွမ်း အပြည့်အဝ ရှိသည်။ နောက်ဆုံးတွင် သူသည် လူကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ပြီး ဘုရားသခင်၏ ရယူခြင်းကို သူ ခံရနိုင်ရန်အလို့ငှာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပေးနိုင်ကာ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်စေပြီး ဤအစီအစဉ်ကို အဆုံးသတ်ပေးနိုင်သည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်နှင့် သက်ဆိုင်သော အဆင့်အတန်း၊ ပုံရိပ်နှင့် အခြားသော ထိုသို့သောအရာများသည် အရေးမကြီးပေ။ အဘယ်အရာက အရေးကြီးသနည်း။ (လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရ ရှိခြင်း၊ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပြီး သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြနိုင်ခြင်း ဖြစ်ပါသည်။) အရေးကြီးသောအရာမှာ ဤလူ့ဇာတိခံထားသော ဘုရားသခင်သည် ဘုရားသခင်၏ အဆင့်အတန်း ရှိရုံသာမက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်း ပိုင်ဆိုင်ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြနိုင်ပြီး သူ၏ နှုတ်ကပတ်တော်များသည် လူကို သိမ်းပိုက်နိုင်သည်၊ လူကို ကယ်တင်နိုင်ပြီး လူကို စုံလင်အောင် ပြုလုပ်ပေးနိုင်ကာ သူ့ကို ဘုရားသခင်၏ အပြည့်အဝ ရယူခြင်း ခံရခွင့်ပေးနိုင်သည်။ ဤသည်မှာ အရေးအကြီးဆုံးသော အရာဖြစ်သည်။

လူ့ဇာတိခံထားသော ဘုရားသခင်နှင့် သက်ဆိုင်သော ဤအကြောင်းအရာများကို မိတ်သဟာယဖွဲ့ခြင်းက လူကို ဘုရားသခင်အား သိကျွမ်းစေရန် ကူညီပေးသလော။ (ကူညီပေးပါသည်။) လူ့ဇာတိခံထားသော ဘုရားသခင်နှင့် သက်ဆိုင်သော အမျိုးမျိုးသော အကြောင်းအရာများ အပါအဝင် သင်တို့နှင့် ငါ မည်သည့် အကြောင်းအရာကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ယင်းမှာ သင်တို့ကို ငါ့အား အထင်ကြီးလေးစားစေရန်နှင့် ရိုသေလေးမြတ်စေရန် မည်သည့်အခါမျှ မဟုတ်ပေ၊ ထို့နောက် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံရန်နှင့် ဘုရားသခင်၏ ထိန်းချုပ်မှုကို လက်ခံရန် သင်တို့ကို အတင်းအကျပ် ခိုင်းစေလျက် ဘုရားသခင် ပြောသည့်အရာကို သင်တို့ လုပ်ဆောင်ရန်အလို့ငှာ သင်တို့ကို ဘောင်ခတ်ရန် မဟုတ်ပေ။ သင်တို့အပေါ် ငါ၏ သဘောထားကို သင်တို့ နားလည်ရမည်။ သမ္မာတရား၏ ကဏ္ဍအချို့ကို သင်တို့ကို ငါ ထောက်ပံ့ပေးသည့်အခါတိုင်း သင်တို့ ယင်းကို နားလည်နိုင်ရန်အလို့ငှာ ယင်းနှင့်ပတ်သက်၍ ငါ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပေးပြီး ထို့နောက် သင်တို့ဘာသာ ဆင်ခြင်သုံးသပ်ကာ တွေ့ကြုံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံရန် လိုလားစိတ်ရှိပြီး အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသူများသည် ငါ မိတ်သဟာယဖွဲ့သော ဤအမြင်များနှင့် ပြောဆိုချက်များကို နည်းနည်းချင်း လက်ခံရန် ကြိုးစားကြလိမ့်မည်ဖြစ်ပြီး ထို့နောက် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများရှိ အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းရန် ဤနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ကြလိမ့်မည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံရန်နှင့် အပြုသဘောဆောင်သောအရာများကို လက်ခံရန် မလိုလားဘဲ ဤနှုတ်ကပတ်တော်များကို ကောင်းမွန်သည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခံစားရုံမျှသာ ဖြစ်စဉ်တွင် ယင်းတို့ကို မည်သည့်အခါကမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ ထိုအစား ယင်းတို့ကို သီအိုရီတစ်မျိုးအဖြစ် ၎င်းတို့၏ ဦးနှောက်ထဲတွင် သိုလှောင်ထားရုံသာ သိုလှောင်ထားပြီး ထိုအတိုင်းသာ ထားရှိပါက ထိုသို့သော လူများကို ငါတို့ ပြစ်တင်ရှုတ်ချခြင်း မပြုပေ။ ၎င်းတို့ကို ငါတို့ ပြစ်တင်ရှုတ်ချခြင်း မပြုသည့် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းတစ်ခုမှာ လူတို့တွင် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းရမည်ကို ရွေးချယ်ပိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်။ အခြားအကြောင်းရင်းတစ်ခုမှာ အချို့လူများသည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် အပေါ်ယံဆန်သော အခြေခံအုတ်မြစ်တစ်ခုဖြင့် ယခုအချိန်တွင် အမှန်တကယ် ငယ်ရွယ်နေသောကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် လူ့အသက်တာအပေါ် ဆင်ခြင်သုံးသပ်နိုင်ခြင်း မရှိမီ ကြီးမားသော စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်ဖြစ်ပြီး ဘဝတွင် ကြီးမားသော အခက်အခဲအချို့ကို ဖြတ်သန်းရမည်ဖြစ်သည်။ အခြားလူအချို့အတွက်မူ ယင်းမှာ ၎င်းတို့ ငယ်ရွယ်သောကြောင့် မဟုတ်ဘဲ ၎င်းတို့သည် အမှုအရာများကို လုံလောက်အောင် မတွေ့ကြုံရသေးဘဲ နိုးကြားလာခြင်း မရှိသေးသောကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့တွင် အပြုသဘောဆောင်သော အရာများ၊ အပျက်သဘောဆောင်သောအရာများနှင့်ပတ်သက်၍ဖြစ်စေ၊ ကယ်တင်ခြင်းသို့ ရောက်ရန် သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်၍ဖြစ်စေ မည်သည့် သဘောတရားမျှ လုံးဝ မရှိကြပေ။ တစ်နည်းအားဖြင့် ၎င်းတို့၏ စိတ်များ ပွင့်လင်းလာခြင်း မရှိသေးဘဲ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုကို ၎င်းတို့ မသိကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘာသာရေး ဟိတ်ဟန်ပုံစံတစ်ခုဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ လူကောင်းတစ်ဦးဖြစ်ခြင်းနှင့် မကောင်းသောအရာများကို မလုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်၊ ပြီးလျှင် ယင်းက ၎င်းတို့ကို ကောင်းမွန်သော ခရီးဆုံးပန်းတိုင်တစ်ခုနှင့် ကောင်းမွန်သော အဆုံးသတ်တစ်ခု ရရှိခွင့်ပေးသည်ဟုသာ ၎င်းတို့ ထင်ကြသည်၊ ယင်းမှာ ၎င်းတို့ ထင်မြင်သည့် ရိုးရှင်းသော ပုံစံဖြစ်သည်။ ထို့ကြောင့် ၎င်းတို့တွင် သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် အပြုသဘောဆောင်သောအရာများ၊ အပျက်သဘောဆောင်သောအရာများနှင့်ပတ်သက်၍ သဘောတရား မရှိပေ။ ဤလူများထဲမှ တစ်စုသည် အထူး ကိစ္စရပ်အချို့ကို တွေ့ကြုံပြီးနောက် တိုးတက်လာကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကာ အပြုသဘောဆောင်သောအရာများကို လက်ခံနိုင်ကြလိမ့်မည်ဖြစ်သည့်အပြင် မိမိတို့ကိုယ်ကို အမှန်တကယ် ပြောင်းလဲနိုင်ကြလိမ့်မည် ဖြစ်နိုင်သည်။ တစ်ချိန်တည်းမှာပင် မည်သည့် ကြီးမားသော အခက်အခဲများကိုမျှ မည်သည့်အခါမျှ မတွေ့ကြုံဖူးသော သို့မဟုတ် ယင်းတို့ကို တွေ့ကြုံပြီးနောက်တွင်ပင် အထူးသဖြင့် စိတ်နှလုံးမာကျောနေဆဲဖြစ်သော အခြားလူတစ်စု ရှိသေးသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ အမှန်တကယ် ပြောင်းလဲခြင်း မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန်နှင့် အပြုသဘောဆောင်သောအရာများကို လက်ခံရန် မတတ်စွမ်းနိုင်ဆဲဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်ဆန္ဒကို လိုက်လျှောက်ရန်နှင့် ၎င်းတို့ ပြုမူပုံတွင် ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် နှစ်သက်ဆဲဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းကြသည်။ ရလဒ်အနေဖြင့် ဤလူစုသည် နောက်ဆုံးတွင် တိုးတက်ရန် ပျက်ကွက်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိလိမ့်မည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့် ၎င်းတို့၏ အချိန်ကာလအတွင်း မည်သည့်အရာကို တွေ့ကြုံရသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သူများသည် နောက်ဆုံးတွင် ကယ်တင်ခြင်းသို့ ရောက်နိုင်ကြလိမ့်မည်။ သမ္မာတရားကို လက်မခံနိုင်သူများသည် နောက်ဆုံးတွင် မည်သည့်အခါမျှ အမှန်တကယ် နောင်တရပြုပြင်လိမ့်မည် မဟုတ်သည့်အပြင် သမ္မာတရားကို မည်သည့်အခါမျှ အမှန်တကယ် လက်ခံမည် မဟုတ်ပေ၊ သို့မဟုတ် ကျိုးနွံနာခံမည် မဟုတ်ပေ။ ထိုသို့သော လူများသည် အချည်းနှီး ယုံကြည်ကြပြီး နောက်ဆုံးတွင် ၎င်းတို့သည် ကယ်တင်ခြင်းသို့ ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤကာလအတောအတွင်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ၎င်းတို့သည် ကောင်းမှုများကို ပြုလုပ်ကောင်း ပြုလုပ်နိုင်သည်၊ ထိုသို့ဆိုလျှင် ၎င်းတို့သည် နောက်ဆုံးတွင် အလွန်ဆုံးအနေဖြင့် အသက်ရှင်ကျန်ရစ်နိုင်ရုံသာ ရှိလိမ့်မည်။ ငါ့အနေဖြင့် သင်တို့အပေါ် ငါ၏ သဘောထားမှာ လူ့ဇာတိခံထားသော ဘုရားသခင်နှင့် သက်ဆိုင်သော သမ္မာတရား အပါအဝင် သမ္မာတရား၏ အမျိုးမျိုးသော ကဏ္ဍများနှင့်ပတ်သက်၍ ရှုထောင့်ပေါင်းစုံနှင့် အမြင်ပေါင်းစုံမှ သင်တို့နှင့် မိတ်သဟာယဖွဲ့ရန် ငါ အကောင်းဆုံး လုပ်ဆောင်မည်ဟူ၍ ဖြစ်သည်။ ငါတို့ ယခုလေးတင် ပြောဆိုခဲ့သော အဆင့်အတန်းကို ချဉ်းကပ်ပုံနှင့် သက်ဆိုင်သည့် သမ္မာတရားသည် သင်တို့အနေဖြင့် အဆင့်အတန်းကို မည်သို့ ချဉ်းကပ်သင့်ကြောင်းကို နားလည်ရန် ကူညီပေးဖို့နှင့် အဆင့်အတန်းအပေါ် မှန်ကန်သော အတွေးများနှင့် အမြင်များကို တည်ဆောက်ရန် သင်တို့ကို ကူညီပေးဖို့ ရည်ရွယ်သည်။ အဆင့်အတန်းနှင့်ပတ်သက်သော ငါ၏ အတွေးများနှင့် အမြင်များအပြင် ငါ၏ နေထိုင်မှုပုံစံသည် ငါ၏ အထူး ပင်ကိုလက္ခဏာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဆိုလျှင် ငါ၏ အထူး ပင်ကိုလက္ခဏာ၏ ရလဒ်ဖြစ်သော အဆင့်အတန်းအပေါ် ငါ၏ အတွေးများနှင့် အမြင်များသည် သမ္မာတရား ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သောအရာများ ဖြစ်သလော။ ယင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ရန် ဖောက်ပြန်ပျက်စီးသော လူသားများ ပိုင်ဆိုင်ရမည့်အရာများ ဖြစ်သလော။ ယင်းတို့သည် ဖန်ဆင်းခံများ ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်သလော။ (ဟုတ်ပါသည်။) ငါ ပြောဆိုခဲ့သောအရာများသည် သမ္မာတရားများနှင့် အပြုသဘောဆောင်သောအရာများ ဖြစ်သောကြောင့် ဤအဆင့်အတန်းကို ငါ မည်သည့် ပင်ကိုလက္ခဏာဖြင့် ချဉ်းကပ်သည်ဖြစ်စေ၊ ပြီးလျှင် ငါ၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ဖြစ်စေ သင်တို့သည် ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်ခံသင့်သည်။ ဤအရာများသည် ငါ၏ အတွေးများနှင့် အမြင်များ ဖြစ်သော်လည်း ယင်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် သင်တို့သည် ယင်းတို့ကို လက်ခံသင့်သည်၊ ယင်းတို့ကို စွဲမှတ်သင့်ပြီး မှန်ကန်သော အမြင်ရှုထောင့်များနှင့်အညီ အဆင့်အတန်းကို ချဉ်းကပ်သင့်သည်။ ဤအကြောင်းအရာများအကြောင်း ပြောဆိုခြင်းနှင့် ဤအကြောင်းအရာကို သင်တို့နှင့် မိတ်သဟာယဖွဲ့ခြင်းတွင် ငါ၏ ရည်ရွယ်ချက်မှာ သမ္မာတရား၏ ကဏ္ဍတစ်ခုကို သင်တို့ကို နားလည်ခွင့်ပေးရန် ဖြစ်သည်။ ငါ့ကိုယ်ငါ မှန်ကြောင်း ရှင်းချက်ထုတ်ရန် သို့မဟုတ် ကာကွယ်ရန် နည်းလမ်းတစ်ခုအနေဖြင့် ဤအရာများအကြောင်းကို ငါ ပြောဆိုခြင်း မဟုတ်ပေ၊ ငါသည် အခြားသူများနှင့် ကွဲပြားကြောင်း သို့မဟုတ် ငါသည် ထူးခြားသော လူတစ်ဦးဖြစ်ကြောင်း သင်တို့ကို သိခွင့်ပေးရန် ထိုသို့ လုပ်ဆောင်ခြင်းဆိုလျှင် ပို၍ပင် မဟုတ်ပေ။ သင်တို့သည် လူ့ဇာတိခံထားသော ဘုရားသခင်တွင် ဖောက်ပြန်ပျက်စီးခြင်း မရှိကြောင်း၊ လူ့ဇာတိခံထားသော ဘုရားသခင်သည် လူသားမျိုးနွယ်၏ သာမန် အဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်းနှင့် သူသည် အထူး လူတစ်ဦးဖြစ်ကြောင်းကိုသာ သဘောပေါက်ပါက ဤသည်မှာ သင်တို့ကို ငါ နားလည်စေချင်သော သမ္မာတရား လုံးလုံးလျားလျား မဟုတ်ပေ။ ငါ မည်သည့် အကြောင်းအရာကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ မည်သည့် တိကျသော ဥပမာများ ပါဝင်သည်ဖြစ်စေ နောက်ဆုံးတွင် ယင်းတို့အားလုံးသည် သမ္မာတရားကို သင်တို့ နားလည်ရန် ကူညီပေးခြင်းဆီသို့သာ ဦးတည်သွားသည်။ သင်တို့ကို ငါ ထောက်ပံ့ပေးပြီး သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့သမျှ အရာအားလုံးတွင် အမျိုးမျိုးသော အရာများကို မည်သို့ ချဉ်းကပ်ရမည်နှင့်ပတ်သက်သော အမြင်များ ပါဝင်သည်။ သင်တို့အတွက် ငါ၏ တောင်းဆိုချက်မှာ သင်တို့သည် မှန်ကန်သော အတွေးများနှင့် အမြင်များကို နားလည်ပြီး လက်ခံနိုင်ရန်အပြင် ထိုမှားယွင်းသော အတွေးများနှင့် အမြင်များကို အသိအမှတ်ပြုပြီး စွန့်လွှတ်နိုင်ရန် ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့သည် အပြုသဘောဆောင်သောအရာများအပြင် အပျက်သဘောဆောင်သောအရာများကို ပိုင်းခြားသိမြင်နိုင်ရမည်၊ အပြုသဘောဆောင်သောအရာများကို လက်ခံပြီး အပျက်သဘောဆောင်သောအရာများကို စွန့်လွှတ်ရမည် ဖြစ်သည်။ အဆင့်အတန်းကို ချဉ်းကပ်ပုံနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာများမှ အကဲဖြတ်ကြည့်လျှင် အဆင့်အတန်းနှင့် သက်ဆိုင်သော ငါ၏ အတွေးများ၊ အမြင်များ၊ စည်းမျဉ်းများနှင့် နည်းလမ်းများသည် အပြုသဘောဆောင်သောအရာများ ဖြစ်သည်ဟု သင်တို့ ပြောမည်လော။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသလော။ ယင်းတို့သည် သင်တို့ လိုက်နာသင့်သော သမ္မာတရား စည်းမျဉ်းများ ဖြစ်သလော။ (ဟုတ်ပါသည်။) သင်တို့သည် ငါ့ကို နားလည်ခဲ့ပါက ငါသည် ဤစကားများကို အချည်းနှီး ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ အဆင့်အတန်းနှင့်ပတ်သက်၍ ဘာသာတရား မရှိသူများ၏ အတွေးများနှင့် အမြင်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့တွင် သမ္မာတရားနှင့်ဖြစ်စေ၊ လူ့သဘာဝနှင့်ဖြစ်စေ ကိုက်ညီသော ကဏ္ဍတစ်ခုတလေ ရှိသလော။ အဆင့်အတန်းနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးများနှင့် အမြင်များ၏ အနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းသည် စက်ဆုပ်ဖွယ်ကောင်းပြီး ဆိုးညစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ အတွေးများနှင့် အမြင်များအားလုံးသည် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ကောင်းပြီး ဆိုးညစ်သည်၊ ယင်းတို့သည် လူတိုင်းအတွက် ဖောက်ပြန်ပျက်စီးစေပြီး ဖျက်ဆီးတတ်သောအရာများ ဖြစ်သည်။ သင်သည် လူတို့အကြား အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သင် လက်ခံသည့်အရာသည် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်များ ဖြစ်ပါက သင်သည် အဆင့်အတန်း ရှိလျှင်ပင် ဤအတွေးများနှင့် အမြင်များ၏ သားကောင်များထဲမှ တစ်ဦး ဖြစ်သည်၊ သင်သည် အကျိုးအမြတ် ခံစားပိုင်ခွင့်ရှိသူတစ်ဦး ဖြစ်လျှင်ပင် ယင်းတို့၏ သားကောင်များထဲမှ တစ်ဦး ဖြစ်သည်၊ သင်သည် အုပ်ချုပ်သူ လူတန်းစားတွင် ပါဝင်လျှင်ပင် ယင်းတို့၏ သားကောင်များထဲမှ တစ်ဦး ဖြစ်သည်။ ဤအတွေးများနှင့် အမြင်များ၏ သားကောင်တစ်ဦး ဖြစ်သည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် ထိုသို့သော အတွေးများနှင့် အမြင်များအားဖြင့်လည်းကောင်း၊ ထိုသို့သော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများအားဖြင့်လည်းကောင်း ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရသူတစ်ဦးလည်း ဖြစ်ကြောင်းကို ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် သင် လက်ခံသည့်အရာသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ ဆိုးညစ်သော အတွေးများနှင့် အမြင်များ ဖြစ်သောကြောင့်ဖြစ်ပြီး သင်သည် ယင်းတို့ကို လက်ခံရုံသာမက အသုံးပါချသောကြောင့် သင်သည် ယင်းတို့၏ သားကောင်များထဲမှ တစ်ဦး ဖြစ်သည်။ သို့ဆိုလျှင် ဤဖောက်ပြန်ပျက်စီးခြင်းနှင့် ဖျက်ဆီးခြင်းမှ မည်သို့ ရုန်းထွက်နိုင်ပြီး ယင်း၏ နောက်ထပ် ဘေးအန္တရာယ်ဖြစ်စေခြင်းမှ မည်သို့ ရှောင်ရှားနိုင်မည်နည်း။ နည်းလမ်း တစ်ခုတည်းသာ ရှိပြီး ယင်းမှာ မှန်ကန်သော အတွေးများနှင့် အမြင်များကို လက်ခံရန် ဖြစ်သည်။ မည်သည့် မှန်ကန်သော အတွေးများနှင့် အမြင်များနည်း။ အဆင့်အတန်းကို မည်သို့ မှန်ကန်စွာ ချဉ်းကပ်ရမည်နှင့်ပတ်သက်သော အတွေးများနှင့် အမြင်များ ဖြစ်သည်။ ယင်းတို့မှာ အဆင့်အတန်း၏ ထိန်းချုပ်ခြင်း သို့မဟုတ် ချည်နှောင်ခြင်းကို မခံရခြင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်ကို ရှာဖွေရန် အဆင့်အတန်းကို အသုံးမပြုခြင်း၊ အခြားသူများကို ဖျက်ဆီးရန်နှင့် ဖောက်ပြန်ပျက်စီးစေရန် သို့မဟုတ် အခြားသူများကို ခေါင်းပုံဖြတ်ရန် အဆင့်အတန်းကို အသုံးမပြုခြင်းတို့ ဖြစ်ပြီး အခြားသူများကို တစ်စုံတစ်ခု လုပ်ဆောင်ရန် အတင်းအကျပ် မခိုင်းစေခြင်း ဖြစ်သည်။ သင်၌ အဆင့်အတန်း ရှိသောအခါ သင် လုပ်ဆောင်သမျှ အရာအားလုံးတွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်သည်၊ သင်၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို စွန့်လွှတ်နိုင်ပြီး အဆင့်အတန်းက သင့်ထံ ဆောင်ကြဉ်းပေးသော အဆင်ပြေမှုများနှင့် အခွင့်သာသော အခြေအနေများကိုပင် ပုန်ကန်ပြီး ငြင်းပယ်နိုင်သည်။ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားမည့်အစား သင်သည် မိမိ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ပြီး သင် ကိုင်စွဲထားသော အဆင့်အတန်းနှင့်အညီ သင် ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည်။ ဤဝါကျ အနည်းငယ်၏ အကြောင်းအရာသည် မများပြားသော်လည်း ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဖောက်ပြန်ပျက်စီးသော လူသားများအတွက် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။ သင်၌ အဆင့်အတန်း မရှိသောအခါ “အဆင့်အတန်း၏ အကျိုးအမြတ်များကို မခံစားခြင်း” သည် ပြောသည့်အတိုင်း လုပ်ဆောင်ရုံမျှသာဖြစ်ပြီး ရရှိရန် လွယ်ကူသည်ဟု သင် ခံစားရသည်။ သို့သော် သင်သည် အဆင့်အတန်းကို ပိုင်ဆိုင်သောအခါ “အဆင့်အတန်း၏ အကျိုးအမြတ်များကို မခံစားခြင်း” သည် ပုံသေကားချပ်အတိုင်း လုပ်ဆောင်ရုံမျှသာ မဟုတ်တော့ပေ။ ယင်းက သင့်ကို အရာများကို စွန့်လွှတ်ရန် တောင်းဆိုသည်၊ ယင်းက သင့်ကို ပုန်ကန်ရန် တောင်းဆိုသည်၊ ယင်းက သင့်ကို အရာများကို လက်လွှတ်ရန် တောင်းဆိုပြီး လူတိုင်းကို တရားမျှတစွာ ဆက်ဆံလျက်၊ ကိစ္စရပ်တိုင်းကို တရားမျှတစွာနှင့် ဓမ္မဓိဋ္ဌာန်ကျကျ သဘောထားပြုမူလျက် မှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် သင့်ကို တောင်းဆိုသည်။ ဤစကားကို သင် လက်တွေ့လုပ်ဆောင်ရန် လိုအပ်သောအခါ ထိုအရာတွင် သင်၏ အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသည်။ သင်၌ အဆင့်အတန်း မရှိသောအခါ သင်က “ငါသည် အဆင့်အတန်း၏ အကျိုးအမြတ်များကို မခံစားပါ၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားရန် ငါ မလိုလားပါ” ဟု ပြောသည်။ မည်သူမဆို ဤစကားများကို ပြောနိုင်သည်။ သို့သော် သင်သည် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်သော နေရာတစ်ခုတွင် ရှိနေသောအခါ ယင်းတို့ကို စွန့်လွှတ်ခြင်းနှင့် ဘုရားသခင်၏ မေတ္တာကို ကျေးဇူးဆပ်ရန် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့သာ လိုက်စားခြင်းသည် ထိုမျှ မရိုးရှင်းတော့ပေ၊ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ သင် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိဟူသည်နှင့် သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်ခြင်း ရှိမရှိဟူသည့်အချက်အပေါ် မူတည်လေသည်။

ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ လူ့ဇာတိခံထားသော ဘုရားသခင်က အဆင့်အတန်းကို မည်သို့ သဘောထားပြုမူသည်ဟူသည့် အကြောင်းအရာနှင့် သက်ဆိုင်သည်။ အဆင့်အတန်းကို မည်သို့ ရှုမြင်သင့်သည်ဟူသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ပြီးပြီဖြစ်ရာ ဆင်းရဲဒုက္ခခံစားရခြင်းကို လူတစ်ဦး မည်သို့ ရှုမြင်သင့်သည်ဟူသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြစို့။ ဤသည်မှာ လူတို့ အချင်းချင်း မကြာခဏ ပြောဆိုလေ့ရှိသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ဆင်းရဲဒုက္ခခံစားရခြင်းကို လူတစ်ဦး မည်သို့ ရှုမြင်သည်ဟူသောအချက်တွင် ၎င်း၏ အတွေးများနှင့် အမြင်များအပြင် ၎င်း၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများလည်း ပါဝင်သည်။ လူတို့သည် ဆင်းရဲဒုက္ခခံစားရခြင်းကို မည်သို့ ရှုမြင်ကြသနည်း။ ဆင်းရဲဒုက္ခခံစားရခြင်းသည် လူတို့ မိမိတို့၏ ဘဝများတွင် သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သည့် လုပ်ငန်းစဉ်တွင် မကြာခဏ ရင်ဆိုင်ရပြီး တွေ့ကြုံရသည့်အရာတစ်ခုဖြစ်ကာ ယင်းမှာ ၎င်းတို့ မကြာခဏ ဆွေးနွေးလေ့ရှိသည့် အကြောင်းအရာတစ်ခုလည်း ဖြစ်သည်။ လူအများစုသည် ဆင်းရဲဒုက္ခခံစားရခြင်းကို ၎င်းတို့၏ ကိုယ်ပိုင်အရင်းအနှီး၊ ၎င်းတို့၏ ရပ်တည်မှုနှင့် ၎င်းတို့၏ အဆင့်အတန်းအပြင် ၎င်းတို့၏ အနာဂတ် ခရီးဆုံးပန်းတိုင်တို့နှင့် ဆက်စပ်တွေးတောကြသည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့ ဆင်းရဲဒုက္ခခံစားရသည့်အခါတွင် အချို့သော အတွေးများ ရှိကြပြီး ယင်းကို အလွန် အလေးထားကြသည်။ အထူးသဖြင့် လူတစ်ဦးသည် မည်သည့် အခက်အခဲများကို ခံစားခဲ့ရသည်၊ မည်သည့် ဆင်းရဲဒုက္ခမျိုးကို ကြုံတွေ့ခဲ့ရသည်၊ မည်မျှကြာအောင် ဆင်းရဲဒုက္ခခံစားခဲ့ရသည်၊ ထိုသူ၏ ဆင်းရဲဒုက္ခခံစားရခြင်းအကြောင်းကို အခြားလူမည်မျှက သိရှိသည်၊ အခြားလူမည်မျှက ယင်းကို မြင်တွေ့ခဲ့သည်၊ ပြီးလျှင် အခြားလူမည်မျှက ယင်းကို အသိအမှတ်ပြုသည်ဟူသည့် ဤအရာများအားလုံးသည် လူတို့ကို အလွန်အမင်း စိတ်ဝင်စားစေသော အကြောင်းအရာများ ဖြစ်ကြသည်။ ထို့အပြင် အခြားသူများ၏ စိတ်နှလုံးထဲတွင် အဆင့်အတန်းရရှိရန် ဆင်းရဲဒုက္ခခံစားရခြင်းကို မည်သို့ အသုံးပြုနိုင်သည်၊ အကျိုးအမြတ်များ၊ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အခြားသူများ၏ အထင်ကြီးလေးစားမှုနှင့် ကိုယ်ပိုင် ဘုန်းအသရေကဲ့သို့သော မိမိအလိုရှိသည့်အရာများကို ရရှိရန် ယင်းကို မည်သို့ အသုံးပြုနိုင်သည်၊ ပြီးလျှင် ဆင်းရဲဒုက္ခခံစားရခြင်းမှတစ်ဆင့် ဘုရားအိမ်တော် သို့မဟုတ် ဘုရားသခင်၏ ချစ်ခင်နှစ်သက်မှု၊ အသိအမှတ်ပြုမှု၊ လက်ခံမှုနှင့် အမှတ်ရမှုတို့ကိုပင် မည်သို့ ရရှိနိုင်သည်ဟူသည့် ဤအရာများသည်လည်း လူတို့ မိမိတို့၏ စိတ်နှလုံးထဲတွင် အာရုံစိုက်သည့်အရာများ ဖြစ်ကြသည်။ ထို့ကြောင့် ဆင်းရဲဒုက္ခခံစားရခြင်းနှင့်ဆိုင်သော ကိစ္စရပ်သည် လူတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထက် ပို၍ အလေးသာလေသည်။ သို့ဆိုလျှင် မှန်ကန်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီဖြစ်သော နည်းလမ်းဖြင့် ဆင်းရဲဒုက္ခခံစားရခြင်းကို အတိအကျ မည်သို့ ရှုမြင်သင့်သနည်း။ ဆင်းရဲဒုက္ခခံစားရခြင်းကို ငါ မည်သို့ ရှုမြင်သနည်း။ နှစ်များတစ်လျှောက် သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ခဲ့သည့်အခါတွင်၊ ပြီးလျှင် သင်တို့နှင့် ငါ၏ နေ့စဉ် ထိတွေ့ဆက်ဆံမှုများအတွင်းတွင် ငါသည် မည်သည့် အခက်အခဲများကို ခံစားခဲ့ရသည်၊ မည်မျှကြာအောင် ငါ ဆင်းရဲဒုက္ခခံစားခဲ့ရသည်၊ ငါ ဆင်းရဲဒုက္ခခံစားရခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့မှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ဆင်းရဲဒုက္ခခံစားရပြီးနောက် ငါ၏ ခံစားချက်များမှာ အဘယ်အရာဖြစ်သည်တို့နှင့်ပတ်သက်၍ ငါ ပြောဆိုခဲ့ဖူးသလော။ သင်တို့ မှတ်မိသလောက်ဆိုလျှင် ဤအကြောင်းအရာများနှင့်ပတ်သက်၍ ငါ ပြောဆိုခဲ့ဖူးသလော။ ရေးသားထားသော စာသားတွင်ဖြစ်စေ၊ တရားဒေသနာများ၏ အသံဖိုင်များတွင်ဖြစ်စေ၊ သင်တို့ ကြားဖူးသည့် စကားများတွင်ဖြစ်စေ ဤအရာနှင့်ပတ်သက်သော မှတ်တမ်းတစ်ခုတလေ ရှိသလော။ (မရှိပါ၊ ကျွန်ုပ်တို့ မှတ်မိသလောက် မရှိပါ။) အတိတ်တွင် တရုတ်နှစ်သစ်ကူးကာလ နှစ်တစ်နှစ်၌ ငါ့မှာ သွားစရာနေရာမရှိဘဲ ပြန်စရာအိမ်မရှိဖြစ်ခဲ့ကြောင်း၊ ညီအစ်ကိုမောင်နှမများက ငါ့ကို ဧည့်ခံခြင်းမပြုခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် ငါသည် လမ်းများပေါ်၌ လေလွင့်သွားလာခဲ့ရကြောင်း၊ ငါသည် ဤဆင်းရဲဒုက္ခကို ခံစားခဲ့ရသည်ဟု ပြောဆိုကြကြောင်း သင်တို့အကြား ပျံ့နှံ့နေသည်ကို ငါ ကြားခဲ့ရသည်။ ဤအရာက အမှန်တကယ် ဖြစ်ပျက်ခဲ့သလော။ (ကိုယ်တော်သည် ဤအရာကို မည်သည့်အခါမျှ မတွေ့ကြုံခဲ့ရကြောင်း ယခင် တရားဒေသနာတစ်ခုတွင် ဘုရားသခင် ပြောဆိုခဲ့ပါသည်။ ဤသည်မှာ လူတို့ ဖြန့်ဝေခဲ့သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။) ငါကိုယ်တိုင်ပင် ဤအရာနှင့်ပတ်သက်၍ မသိခဲ့ပေ။ ငါ မည်သည့်အခါမျှ မတွေ့ကြုံခဲ့ရသည့် အရာတစ်ခုနှင့်ပတ်သက်၍ ငါ မည်သို့ သိနိုင်မည်နည်း။ ငါ လုပ်ဆောင်ခဲ့သည့်အရာမှာ ဤကိစ္စရပ်ကို ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်၊ မှန်သလော။ ဤအခြေအနေသည် လုံးဝကို မဖြစ်ပျက်ခဲ့ပေ။ သို့ဖြစ်၍ သင်တို့ မှတ်မိနိုင်သလောက်ဆိုလျှင် ငါသည် ဆင်းရဲဒုက္ခခံစားရခြင်းအကြောင်းကို အခြေခံအားဖြင့် မပြောဆိုပေ၊ မှန်သလော။ (မှန်ပါသည်။) ဆင်းရဲဒုက္ခခံစားရခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ လူအများစုက ဆင်းရဲဒုက္ခခံစားရခြင်းသည် ကိုယ်ပိုင်အရင်းအနှီး ရရှိရန်၊ အခြားသူများ၏ အထင်ကြီးလေးစားမှုကို ရရှိရန်နှင့် မိမိအပေါ် ၎င်းတို့၏ ကောင်းမွန်သော အထင်အမြင်ကို ရရှိစေရန်အတွက် အလွန်ကောင်းမွန်သော လက်တွေ့လုပ်ဆောင်ခြင်း ပုံစံတစ်ခုဖြစ်သည်ဟု ယုံကြည်ကြသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ပါဝင်သော အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူတို့က ယင်းကို မည်သို့ပင် ရှုမြင်ကြပါစေ ဆင်းရဲဒုက္ခခံစားရခြင်း ကိစ္စရပ်အပေါ် ငါ၏ အတွေးများနှင့် အမြင်များမှာ အဘယ်အရာဖြစ်သည်ကို ယခု နားထောင်ကြလော့။

ဆင်းရဲဒုက္ခခံစားရခြင်း အမျိုးအစား အချို့ရှိသည်။ အဖြစ်အများဆုံးသော ဆင်းရဲဒုက္ခခံစားရခြင်း အမျိုးအစားမှာ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ရန်၊ အခြားသူများအကြား ၎င်းတို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်နှင့် ကောင်းမွန်သော ရှေ့ရေးများနှင့် ကောင်းမွန်သော ခရီးဆုံးပန်းတိုင်တစ်ခုကို ရရှိရန်အတွက် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံခြင်း ဖြစ်သည်။ ဤအရာတွင် မိမိ၏ တာဝန်များကို ထမ်းဆောင်ရာ၌ ညဉ့်နက်မှအိပ်ပြီး စောစောထခြင်း၊ ပြီးလျှင် ကောင်းသော အစားအစာများကို မစားခြင်း သို့မဟုတ် ကောင်းမွန်စွာ မဝတ်ဆင်ခြင်းတို့ ပါဝင်သည်။ ဧဝံဂေလိတရား ဟောရန်နှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် မိမိတို့၏ မိသားစုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်သော လူအချို့လည်း ရှိသည်။ အစိုးရက ၎င်းတို့ကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သည်သာမက ၎င်းတို့၏ မိသားစုများကလည်း ၎င်းတို့ကို နားမလည်ကြသည့်အပြင် ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ဟန့်တားခြင်းပင် ပြုကြသည်။ အချို့သော အိမ်ထောင်ဖက်များက ကွာရှင်းမည်ဟုပင် ခြိမ်းခြောက်ကြပြီး ၎င်းတို့၏ ဆွေမျိုးများ၏ အခြေအမြစ်မရှိသော အတင်းအဖျင်းပြောခြင်း၊ အသရေဖျက်ခြင်းနှင့် ကောလာဟလဖြန့်ခြင်းတို့လည်း ရှိသည်။ ၎င်းတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ကြရသည်။ သို့ရာတွင် ကောင်းမွန်သော ရှေ့ရေးများနှင့် ကောင်းမွန်သော ခရီးဆုံးပန်းတိုင်တစ်ခုကို ရရှိရန်အလို့ငှာနှင့် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိန်းသိမ်းရန်အလို့ငှာ၊ ၎င်းတို့ မည်မျှပင် ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ ၎င်းတို့၏ ဆင်းရဲဒုက္ခက မည်မျှပင် ကြီးမားသည်ဖြစ်စေ ဤနည်းလမ်းဖြင့် ဆင်းရဲဒုက္ခခံစားရသော လူတို့သည် မည်သည့်အခါမျှ လက်မလျှော့ဘဲ အလုပ်ကို အမြဲတစေ ဆက်လက်လုပ်ဆောင်ကြသည်။ အတိုချုပ်ဆိုရလျှင် ဤကဲ့သို့သော လူတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက်လည်းကောင်း၊ ၎င်းတို့၏ အလားအလာများနှင့် ခရီးဆုံးပန်းတိုင်အတွက်လည်းကောင်း ဆင်းရဲဒုက္ခခံစားကြရခြင်း ဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ အိမ်နှင့်ဝေးရာတွင် အလုပ်များနေကြပြီး အခြားသူများ၏ ခပ်တန်းတန်းဆက်ဆံခြင်းကို ခံရကာ၊ အခြားသူများ၏ ဖယ်ကြဉ်ခြင်းနှင့် အထင်လွဲခြင်းတို့ကို ခံကြရလျက် သာမန်လူများ ကြံ့ကြံ့မခံသော ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံကြရသည်။ ငါ့ကို ပြောလော့၊ မိမိ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက်ဖြစ်စေ၊ မိမိ၏ အလားအလာများနှင့် ခရီးဆုံးပန်းတိုင်အတွက်ဖြစ်စေ ဆင်းရဲဒုက္ခခံစားရခြင်းတွင် တန်ဖိုးတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် ဤအရာကို အမှတ်ရသလော။ (အမှတ်မရပါ။) ၎င်းတို့ ဆင်းရဲဒုက္ခခံစားရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အထင်ကြီးလေးစားပြီး အားကျစေရန်ဖြစ်ကာ ထိုသို့ဖြင့် ညီအစ်ကိုမောင်နှမများက နောက်ရွေးကောက်ပွဲတွင် ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ဆက်လက် ရွေးချယ်ကြစေရန် ဖြစ်သည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံစားရခြင်းကို ၎င်းတို့ လိုက်စားမှု၏ ပန်းတိုင်အဖြစ် သဘောထားကြသည်။ ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန်အလို့ငှာ ၎င်းတို့သည် မည်သည့် ဆင်းရဲဒုက္ခမျိုးကိုမဆို ခါးစည်းခံနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ လောကီရေးရာ အလားအလာများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်ကြပြီး ၎င်းတို့၏ သာလွန်သော နေထိုင်မှု ပတ်ဝန်းကျင်များကိုပင် စွန့်ခွာကာ များစွာသော ဆင်းရဲဒုက္ခကို ခါးစည်းခံကြသည်။ ဤလူစားမျိုးသည် ဤဆင်းရဲဒုက္ခကို ခါးစည်းခံပြီးနောက်တွင် နေရာတိုင်း၌ ကြွားလုံးထုတ်ကြပြီး စုဝေးပွဲများအတွင်း သို့မဟုတ် အခြားသူများကို ပြုပြင်သည့်အခါ ၎င်းတို့ မည်သို့ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းကို မကြာခဏ မိတ်သဟာယဖွဲ့ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အလွန် ရိုးရှင်းသည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သိက္ခာကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် အချည်းနှီး ဂုဏ်မောက်ခြင်းကို ကာကွယ်ရန်သာ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ ခါးစည်းခံသော ဆင်းရဲဒုက္ခသည် မည်သည့်တန်ဖိုးမျှ မရှိပေ။ ၎င်းတို့သည် ဤဆင်းရဲဒုက္ခမှတစ်ဆင့် မိမိတို့ကိုယ်ကို သိကျွမ်းလာခြင်း မရှိကြဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လာရန်ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ဤဆင်းရဲဒုက္ခမျိုးသည် ထုတ်ပြောရန်ပင် မတန်ပေ။ အချို့လူများသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက်လည်းကောင်း၊ ၎င်းတို့၏ ရှေ့ရေးများနှင့် ခရီးဆုံးပန်းတိုင်အတွက်လည်းကောင်း ဆင်းရဲဒုက္ခခံစားကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်အလို့ငှာ ခပ်သိမ်းသော ပင်ပန်းဆင်းရဲမှုမျိုးစုံကို သည်းခံနိုင်ကြပြီး ကောင်းချီးများရရှိရန်အတွက် မည်သည့် ဆင်းရဲဒုက္ခမျိုးကိုမဆို ခါးစည်းခံနိုင်ကြသည်။ သို့ရာတွင် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ကာကွယ်ရန် ၎င်းတို့သည် အလုပ်အနည်းငယ် လုပ်ဆောင်ဖို့ဖြစ်စေ၊ စကားတစ်ခွန်း ပြောဆိုဖို့ဖြစ်စေ မည်သည့်အခါမျှ ရှေ့ထွက်မလာကြပေ။ ထိုသို့လုပ်ဆောင်ခြင်းက မည်သည့် ဆင်းရဲဒုက္ခခံခြင်းမျှ မလိုအပ်ပါက သို့မဟုတ် စကားတစ်ခွန်းသာ လိုအပ်မည်ဆိုပါကပင် ၎င်းတို့သည် ယင်းကို မလုပ်ဆောင်နိုင်ကြပေ။ ထို့ကြောင့် ဤလူစားမျိုး ခါးစည်းခံသော ဆင်းရဲဒုက္ခအားလုံးသည် အချည်းနှီးဖြစ်ပြီး ဘုရားသခင်က ယင်းကို အသိအမှတ်မပြုပေ။ ဤလူစားမျိုးသည် ကြောင်သူတော်ဆန်သော ဖာရိရှဲစစ်စစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေပြီး ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသော လူများ ဖြစ်ကြသည်။ ၎င်းတို့၏ အဆင့်အတန်းအတွက် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် စောစောထပြီး ညဉ့်နက်မှအိပ်ခြင်း ပြုနိုင်ကြကာ ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုကို ခါးစည်းခံနိုင်ကြသည်။ ၎င်းတို့သည် မရပ်မနားဘဲ နာရီပေါင်းများစွာ အလုပ်လုပ်နိုင်ကြသည်၊ သို့မဟုတ် တစ်နှစ်ပတ်လုံး တစ်ရက်မျှ အနားမယူဘဲပင် နေနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းအတွက်သာ အလုပ်များ ပြေးလွှားနေကြပြီး ၎င်းတို့ပြောသမျှအရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကို ကာကွယ်ရန် ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များနှင့် အမှန်တကယ် ဆန့်ကျင်သည့် အရာတစ်ခုခုကို လုပ်ဆောင်သည့်အခါတွင် ၎င်းတို့သည် ထိုသူတို့ကို မည်သည့်အခါမျှ မဝေဖန်ကြဘဲ ၎င်းတို့ကို တားဆီးရန်ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ သို့ဖြစ်၍ ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက်လည်းကောင်း သက်သက်သာ ဖြစ်သည်။ ယင်းကို ဘုရားသခင်က အမှတ်မရသည်သာမက ယင်းသည် ပြစ်တင်ရှုတ်ချခြင်းကိုလည်း ခံရသည်။ အထူးသဖြင့် ၎င်းတို့သည် အခြားသူများကို မကြာခဏ ဆုံးမစကားပြောရန်နှင့် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားဖို့အလို့ငှာ ဆင်းရဲဒုက္ခခံစားရခြင်းကို ကိုယ်ပိုင်အရင်းအနှီးအဖြစ် အသုံးပြုကြပြီး ဘုရားသခင်က ၎င်းတို့၏ ဆင်းရဲဒုက္ခကို မြင်တွေ့ကာ ၎င်းတို့ကို ကောင်းမွန်သော အကဲဖြတ်မှုတစ်ခု ပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းကို ကျေနပ်မှုရှိမရှိဟူသည်ကိုလည်းကောင်း၊ ၎င်းတို့ ခါးစည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခအတွက် ၎င်းတို့ ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း ကြည့်ရန် ၎င်းတို့သည် ဘုရားသခင်ကို မကြာခဏ စမ်းသပ်ကြသေးသည်။ ထို့ကြောင့် ထိုသို့သော လူများ၏ ဆင်းရဲဒုက္ခခံစားရခြင်း သဘောသဘာဝအရ ယင်းကို အမှတ်မရသည်သာမက ယင်းသည် ပြစ်တင်ရှုတ်ချခြင်းကိုပင် ခံရသည်။ ပြီးလျှင် ယင်းသည် ကောင်းမှုတစ်မျိုး မဟုတ်သည်သာမက ယင်းသည် ဒုစရိုက်အမှုတစ်မျိုး ဖြစ်သည်။ ဤလူစားမျိုးသည် အသင်းတော်အလုပ်နှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် ၎င်းတို့ မည်မျှ ခရီးဝေးသွားခဲ့ရကြောင်းနှင့် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းအပြင် ၎င်းတို့ ခံစားခဲ့ရသော ပြင်းထန်သော ရောဂါများနှင့် ၎င်းတို့ ဆေးမည်မျှ သောက်ရကြောင်းတို့ကို မကြာခဏ ကြွားလုံးထုတ်ကြသည်။ ၎င်းတို့ ဆေးသောက်သည့်အခါ ညီအစ်ကိုမောင်နှမများက ၎င်းတို့ ဆေးသောက်နေသည်ကို မြင်တွေ့စေရန်အလို့ငှာ ထိုသူတို့ရှေ့တွင် မကြာခဏ သောက်လေ့ရှိကြသည်။ ၎င်းတို့ မည်မျှအလုပ်လုပ်ခဲ့ပြီးကြောင်း၊ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းနှင့် ၎င်းတို့ အဖိုးအခ မည်မျှ ပေးဆပ်ခဲ့ရကြောင်းတို့ကို ပိုများသော လူများ သိလာစေရန် နည်းလမ်းများကို ကြံစည်ကြပြီး ၎င်းတို့သည် အလုပ်လွန်ကဲမှုကြောင့် ဖျားနာသွားမှသာ ဆေးသောက်ကြကြောင်းကို လူများ သိစေရန် ပြုလုပ်ကြသည်။ လူများက ၎င်းတို့ကို အထင်ကြီးလေးစားရန်၊ အားကျရန်နှင့် ကိုးကွယ်ရန်အလို့ငှာ ၎င်းတို့ ဤသို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဤလူစားမျိုးသည် ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဤကဲ့သို့သော လူများ၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် တစ်ပြားတစ်ချပ်မျှပင် တန်ဖိုးမရှိပေ။ ယင်းမှာ အော့အန်ချင်စရာကောင်းသည်။ ဤလူစားမျိုး၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုသည် မည်သည့် အလုပ်အစစ်အမှန်ကိုမျှ မလုပ်ဆောင်နိုင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် အခြားသူများ မြင်တွေ့ရန် အပေါ်ယံ ဟန်ဆောင်မှုတစ်ခုကို ဖန်တီးဖို့အလို့ငှာ အပေါ်ယံ ဟန်ပြသက်သက်သာ အလုပ်လုပ်ကြသည်။ ၎င်းတို့သည် မည်သူ့ကိုမဆို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည့် စကားတစ်ခွန်းကိုမျှ မပြောဆိုကြပေ၊ သို့မဟုတ် အရာတစ်ခုကိုမျှ မလုပ်ဆောင်ကြပေ။ အသင်းတော်၏ အလုပ်ကို ကာကွယ်ခြင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် စကားတစ်ခွန်းမျှ မဟကြပေ၊ သို့မဟုတ် အလုပ်အနည်းငယ်မျှပင် မလုပ်ဆောင်ကြပေ။ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသူ တစ်စုံတစ်ဦးနှင့် ၎င်းတို့ ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် ထိုသူကို စည်းမျဉ်းများနှင့်အညီ မဆက်ဆံကြဘဲ ခံစားချက်များကို အခြေခံ၍သာ ပြုမူကြသည်။ ၎င်းတို့ မနှစ်သက်သူတစ်ဦးက အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသည်ကို ၎င်းတို့ မြင်တွေ့ပါက ၎င်းတို့သည် ကြွားဝါရန်နှင့် ကိုယ်ပိုင်အရင်းအနှီး စုဆောင်းရန် အခွင့်အရေးကို အသုံးချလျက် စကားအနည်းငယ် ပြောဆိုမည်ဖြစ်ပြီး အလုပ်အနည်းငယ် လုပ်ဆောင်မည်ဖြစ်ကာ အချိန်တန်သောအခါ ၎င်းတို့သည် ဂုဏ်ယူဝင့်ကြွားရန်နှင့် ဆုချီးမြှင့်ခံရရန် ကြိုးစားကြလိမ့်မည်။ သို့သော် အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေသူသည် ၎င်းတို့ နှစ်သက်သူတစ်ဦး သို့မဟုတ် ၎င်းတို့ကို အားပေးထောက်ခံသူတစ်ဦး ဖြစ်နေပါက ၎င်းတို့သည် ထိုသူကို ဖော်ထုတ်ခြင်း သို့မဟုတ် တားဆီးခြင်း မပြုသည်သာမက “သူ၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်သည်၊ ထို့ကြောင့် ငါတို့သည် စိတ်ရှည်ရမည်ဖြစ်ပြီး သူ့ကို ထောက်ပံ့ပေးရမည်” ဟူသည့် ကြားကောင်းသော ဆင်ခြေကို အသုံးပြုလျက် ၎င်းကို လိုက်လျောခြင်း၊ အကာအကွယ်ပေးခြင်းနှင့် ဖုံးဖိပေးခြင်းတို့ကိုလည်း ပြုကြသည်။ လက်တွေ့တွင် ၎င်းတို့က မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေရန် ကြိုးစားခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ရန်အတွက် ဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် လူများက မိမိတို့ကို အထင်ကြီးလေးစားလာစေရန် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းကို အသုံးချလိုကြသေးပြီး ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ရန် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းကို အသုံးချလိုကြသေးသည်။ အချို့လူများသည် မကြာခဏ အလွန် အလုပ်များဟန်ဆောင်တတ်ကြသည်။ အစာစားသည့်အခါ ၎င်းတို့သည် ထမင်း သို့မဟုတ် ပေါက်စီအနည်းငယ်ကို ရေကျက်အေးထဲတွင် တမင်တကာ စိမ်ပြီး ချဉ်ဖတ်အနည်းငယ်နှင့် တွဲစားကြကာ ၎င်းတို့သည် အခက်အခဲကို အမှန်တကယ် ခါးစည်းခံနိုင်ကြောင်း ညီအစ်ကိုမောင်နှမများ မြင်တွေ့စေလျက် အစာစားပြီးသည်နှင့်တစ်ပြိုင်နက် စုဝေးပွဲတစ်ခုသို့ သွားကြသည်။ ၎င်းတို့သည် အဝတ်အစား တစ်ထည်တည်းကိုသာ အစဉ် ဝတ်ဆင်ကြပြီး ညစ်ပတ်နေလျှင်ပင် မလျှော်ဖွပ်ကြဘဲ အခြားသူများကို “ကြည့်ပါ၊ ကျွန်ုပ် အလွန်အလုပ်များလွန်းသဖြင့် အစာစားရန် သို့မဟုတ် အဝတ်လျှော်ရန်ပင် အချိန်မရှိပါ” ဟု ပြောဆိုကြသည်။ အချို့လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အခြားသူများနှင့် အကျိုးမဲ့ စကားစမြည်ပြောဆိုကြပြီး အချိန်ဖြုန်းကြသည့်တိုင် ၎င်းတို့နှင့်အတူ စုဝေးပွဲတစ်ခု ပြုလုပ်နေပြီး မိတ်သဟာယဖွဲ့နေသကဲ့သို့ ဟန်ဆောင်ကြသည်။ ၎င်းတို့သည် မနက်မှ ညအထိ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အလုပ်များနေသကဲ့သို့ ထင်ရပြီး ၎င်းတို့ အနားယူသင့်သည့် ညအချိန်တွင် ကွန်ပျူတာပေါ်၌ မှောက်လျက်ပင် အိပ်ပျော်သွားကြသည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရကြောင်းနှင့် အဖိုးအခ မည်မျှ ပေးဆပ်ရကြောင်းကို လူများ မြင်တွေ့စေရန်အလို့ငှာ ၎င်းတို့ ဤသို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မကြာခဏဆိုသလို ဆံပင်ဖရိုဖရဲနှင့် မျက်နှာညစ်ပတ်နေတတ်ပြီး ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရကြောင်းနှင့် အဖိုးအခ မည်မျှ ပေးဆပ်နိုင်ကြောင်းကို လူများ သိရှိစေရန်သက်သက်အတွက် ၎င်းတို့၏ အဝတ်အစားများကို မလဲလှယ်ဘဲ သို့မဟုတ် မလျှော်ဖွပ်ဘဲ သို့မဟုတ် ရေမချိုးဘဲ အချိန်ကြာမြင့်စွာပင် နေကြသည်။ ငါ့ကို ပြောလော့၊ ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းတွင် မည်သည့်တန်ဖိုး ရှိသနည်း။ ယင်းတို့အားလုံးသည် အပေါ်ယံ ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်ရှိ အလုပ်အချို့သည် အနည်းငယ် အလုပ်များသော်လည်း လူတို့ကို ဆံပင်ဖရိုဖရဲ၊ မျက်နှာညစ်ပတ်ပြီး လူသားပုံသဏ္ဌာန် မရှိဖြစ်စေသည့် အတိုင်းအတာအထိ မဟုတ်ပေ၊ မှန်သလော။ အချို့သော အသင်းတော်များတွင် နေထိုင်မှု အခြေအနေများက အတော်အတန် ဆင်းရဲသော်လည်း ထိုနေရာရှိ လူများက နေ့စဉ်နေ့တိုင်း ပေါက်စီနှင့် ချဉ်ဖတ်ကိုသာ စားရသည့် အတိုင်းအတာအထိ မဟုတ်ပေ၊ မဟုတ်လော။ ဤသည်မှာ သီးခြားနေရာအနည်းငယ်တွင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နေရာအများစုက ဤကဲ့သို့ ဖြစ်နေရန် မဖြစ်နိုင်ပေ။ ဘုရားအိမ်တော်၏ အလုပ်က မည်မျှပင် အလုပ်များလွန်းနေပါစေ အနည်းဆုံးအနေဖြင့် သင်သည် အနားရစေသော အိပ်စက်ခြင်း ရှစ်နာရီကို ထိန်းသိမ်းထားရမည်။ သင်သည် အိပ်ချိန် ရှစ်နာရီကိုပင် မရနိုင်သည်အထိ မဖြစ်နိုင်ပေ၊ မှန်သလော။ ဤသည်မှာ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ ဆက်ရှိနေနိုင်သည့် ရံဖန်ရံခါဖြစ်သော အထူး အခြေအနေကို ချန်လှပ်ထားခြင်း ဖြစ်သည်။ တရုတ်ပြည်မကြီးတွင် ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် စာတန်၏ အစိုးရအဖွဲ့က ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ရှောင်ရှားရန် ထွက်ပြေးပုန်းရှောင်ကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဂူများ၊ ကောက်ရိုးပုံများနှင့် မြင်းတင်းကုပ်များတွင် အိပ်စက်ပြီး အနားယူကြရသည်။ ဤအရာများသည် အထူး အခြေအနေများ ဖြစ်ကြသည်။ နိုင်ငံရပ်ခြားသို့ ရောက်ရှိလာပြီးနောက်တွင် လူတို့သည် “ဆင်းရဲဒုက္ခခံစားရသည့် ပတ်ဝန်းကျင်များ” အချို့ကို တမင်တကာ ဖန်တီးပြီး မည်သို့ ဆင်းရဲဒုက္ခခံစားရမည်ကို တမင်တကာ “လေ့ကျင့်” ကြပါက ၎င်းတို့သည် အခြေခံအားဖြင့် အစွန်းရောက် ခြိုးခြံကျင့်ကြံသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့ ခေါ်ဆိုရမည်နည်း။ အကြောင်းမှာ ၎င်းတို့ လုပ်ဆောင်နေသမျှအရာအားလုံးသည် ဆင်းရဲဒုက္ခအချို့ကို တမင်တကာ ခါးစည်းခံခြင်း၊ စည်းမျဉ်းစည်းကမ်းအချို့ကို ပုံသေစောင့်ထိန်းခြင်းနှင့် ကိုယ်ကိုထိုး၍နှိပ်စက်ခြင်းတို့သာ ဖြစ်ပြီး ထိုသို့လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့ ပြောင်းလဲသွားပြီဟု ခံစားကြရသောကြောင့် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ကောင်းကင်ဘုံနှင့် သာမန်လူများ နှစ်ရပ်လုံးကို တို့ထိခံစားရစေရန် မျှော်လင့်လျက် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းကို အခြားသူများရှေ့တွင် ကြွားလုံးထုတ်ကြပြီး ထိုသို့ဖြင့် မိမိတို့အတွက် ဂုဏ်သတင်းနှင့် အကျိုးအမြတ်များကို ရှာဖွေကြကာ ၎င်းတို့အလိုရှိသော ကောင်းမွန်သည့် ခရီးဆုံးပန်းတိုင်ကို ရယူကြသည်။ ဤလမ်းကြောင်းသည် လက်တွေ့မကျပေ။ ဘုရားသခင်သည် တစ်စုံတစ်ဦး၏ အဆုံးသတ်ကို ဆုံးဖြတ်သည့်အခါ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရသည်ကိုဖြစ်စေ၊ ၎င်းတို့သည် ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ပြီး ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ မည်သည့်အခါမျှ မကြည့်သည့်အပြင် ၎င်းတို့၏ အသက်အရွယ်ကိုလည်း မည်သည့်အခါမျှ မကြည့်ပေ။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို သူ၏ ဆုံးဖြတ်ခြင်းအား အဘယ်အရာအပေါ် အခြေခံသနည်း။ လူတို့တွင် သမ္မာတရား ရှိမရှိဟူသည့်အချက်အပေါ် သူ အခြေခံသည်။ သင်သည် ဆင်းရဲဒုက္ခခံစားရခြင်းကိုသာ အာရုံစိုက်သော်လည်း သမ္မာတရားကို မရရှိသေးပါက သင် မည်မျှပင် ဆင်းရဲဒုက္ခခံစားခဲ့ရပါစေ ယင်းမှာ အချည်းနှီးဖြစ်ခဲ့သည်။ သင်သည် စည်းမျဉ်းများမရှိဘဲ ဆင်းရဲဒုက္ခခံစားရပြီး မိမိအတွက် အခက်အခဲများကိုလည်း ဖန်တီးကာ တမင်တကာ ဆင်းရဲဒုက္ခခံစားရပါက သင်သည် ဆင်းရဲဒုက္ခခံစားရရန် ဖန်လာခြင်းသာ ဖြစ်သည်။ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် သနားခံရရန် မထိုက်တန်ပေ။ သင်သည် ယင်းကို မိမိဘာသာ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူကို ဆင်းရဲဒုက္ခခံစားရန် မတောင်းဆိုခဲ့ပေ။ ဘုရားသခင်သည် လူကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်၊ ပြီးလျှင် လူကို စစ်ကြောပြီး စစ်ဆေးသည်မှာ သူ့ကို ဆင်းရဲဒုက္ခခံစားရစေရန် မဟုတ်ဘဲ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ သူ့ကို ကယ်တင်ရန် ဖြစ်သည်။ လူ ခါးစည်းခံရသော ဆင်းရဲဒုက္ခများစွာသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူကို ဆင်းရဲဒုက္ခခံစားရစေရန်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် မည်သည့်အခါမျှ မဟုတ်ခဲ့ပေ။

ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့သည်၊ ယင်းတို့မှာ နေ၊ လနှင့် ကြယ်များ၊ နေရောင်ခြည်၊ လေ၊ မြေဆီလွှာ၊ ရေ၊ ဥတုလေးပါးအပြင် လူသားမျိုးနွယ်၏ အသက်တာနှင့် ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သော အမျိုးမျိုးသော အရာဝတ္ထုများ ဖြစ်၏။ စားစရာ၊ သောက်စရာ၊ သုံးစရာနှင့် ကြည့်စရာ အရာများ ရှိသည်။ ဥတုလေးပါးတစ်လျှောက်ရှိ အမျိုးမျိုးသော သက်ရှိအရာအားလုံးကို အပြည့်အဝ ထောက်ပံ့ပေးထားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ကောက်နှံများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အခွံမာသီးများ၊ သစ်ပင်များပေါ်နှင့် မြေကြီးထဲတွင် ပေါက်ရောက်သောအရာများ ရှိသည်။ အမျိုးမျိုးသော မတူညီသည့် ရုပ်ပိုင်းဆိုင်ရာ အရာများသည် အလွန် ပေါများကြွယ်ဝပြီး အရသာနှင့် အရောင်အသွေးတိုင်းကို အပြည့်အဝ ထောက်ပံ့ပေးထားသည်။ ဘုရားသခင်သည် လူကို သူ့ထံမှလာသော ထောက်ပံ့မှုကို မွေ့လျော်ခံစားစေရန် ရည်ရွယ်သည်။ ဘုရားသခင်ထံမှ လူရရှိသော ထောက်ပံ့မှုသည် ကြွယ်ဝပြီး ပေါများကာ လူသည် ယင်းအားဖြင့် အာဟာရဖြည့်တင်းခြင်း ခံရသည်။ သင် မြင်ရသည့်အတိုင်း ဖန်ဆင်းခံများက ဖန်ဆင်းရှင်ထံမှ ရရှိသောအရာသည် ကြွယ်ဝပြီး ပေါများကာ အဆုံးအစမရှိသည့်အပြင် ကုန်ခမ်းသွားခြင်းမရှိပေ။ ဘုရားသခင်သည် လူကို ဤအရာအားလုံးကို မွေ့လျော်ခံစားခွင့်ပေးရန် အပြည့်အဝ လိုလားပြီး ဖန်ဆင်းခံများသည် ဖန်ဆင်းရှင် ထောက်ပံ့ပေးထားသော ဤအရာအားလုံးကို မှန်ကန်စွာ မွေ့လျော်ခံစားသင့်ပေသည်။ ဖန်ဆင်းခံများက ဘုရားသခင်ထံမှ မွေ့လျော်ခံစားရသည့်အရာမှာ ကောင်းချီးများဖြစ်ပြီး ဆင်းရဲဒုက္ခ မဟုတ်ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ မူလ ရည်ရွယ်ချက်မှာ လူကို ဆင်းရဲဒုက္ခခံစားရစေရန် မဟုတ်ဘဲ လူသည် ဘဝခရီးလမ်းကို တွေ့ကြုံနေစဉ်တွင် ဘုရားသခင်ထံမှလာသော ထောက်ပံ့မှုကို မွေ့လျော်ခံစားစေရန် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းထားသော အမျိုးမျိုးသော သက်ရှိသတ္တဝါများနှင့် သက်ရှိအရာများသည် အပြည့်အဝ ထောက်ပံ့ပေးခြင်း ခံထားရသည်။ မည်သည့်အရာမျှ လိုအပ်နေခြင်း မရှိပေ။ ဤအရာတွင် ကြားစရာအရာများ ပါဝင်သည်။ ဘုရားသခင်သည် လူအတွက် ငှက်များ၏ တေးဆိုသံနှင့် ပုရစ်များ၏ အော်မြည်သံကိုပင် မည်သို့ စဉ်းစားပေးထားသည်ကို ကြည့်လော့။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ၏ အတွင်းကမ္ဘာသို့ ရောင့်ရဲခြင်း၊ နှစ်သိမ့်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ဆောင်ကြဉ်းပေးသည့် အရာအားလုံးကို စဉ်းစားပေးထားခြင်း ဖြစ်သည်။ ဖန်ဆင်းခံများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသောအရာကို အပြည့်အဝ ထောက်ပံ့ပေးထားသည်။ ဖန်ဆင်းခံများသည် ဘုရားသခင် ပေးသနားထားသမျှအရာအားလုံးကို မွေ့လျော်ခံစားကြသောအခါ ၎င်းတို့သည် ကောင်းချီးများကို မွေ့လျော်ခံစားနေကြခြင်း ဖြစ်သည်။ အစွန်းရောက် ခြိုးခြံကျင့်ကြံသူများနှင့်တူသော ထိုလူတို့က ဘုရားသခင်သည် လူကို ဆင်းရဲဒုက္ခခံစားရစေလိုရုံသာဖြစ်ကြောင်း၊ သူသည် လူကို ကောင်းချီးများ မွေ့လျော်ခံစားစေလိုခြင်း မရှိကြောင်း၊ အခြေအနေများက ခွင့်ပြုလျှင်ပင် သူသည် လူကို ယင်းတို့ကို ပျော်မွေ့ခံစားခွင့်မပေးဘဲ လူကို ဆင်းရဲဒုက္ခခံစားရစေရုံသာဖြစ်ကြောင်း ယုံကြည်ကြသည်။ လူသည် အလွန်အမင်း ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ရင်ဆိုင်ရသောအခါ ဘုရားသခင်သည် ပျော်ရွှင်ပြီး ကျေနပ်ကာ သူ၏ ပန်းတိုင်ကို အောင်မြင်ပြီးဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ငါ့ကို ပြောလော့၊ ဤလူစားမျိုးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို စိတ်ထဲတွင် ထားရှိကြသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို လွဲမှားစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤစိတ်ကူးသည် အဘယ်မှ လာသနည်း။ ယင်းသည် စာတန်ထံမှ လာခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော်လည်း စာတန်က ဤအရာကို အသိအမှတ်မပြုပေ။ ယင်းတို့ကို မည်သို့ စီမံခန့်ခွဲရမည် သို့မဟုတ် ထိန်းသိမ်းရမည်ကို ၎င်းက မသိသည့်အပြင် ဤသက်ရှိအရာအားလုံးကို ဆက်လက် တည်ရှိနေစေရန်လည်း ၎င်း မလိုလားပေ။ သို့ဖြစ်၍ လူသည် ဘုရားသခင် ဖန်ဆင်းထားသမျှ အရာအားလုံးကို ပျောမွေ့ခံစားနိုင်ခြင်း မရှိစေရန်အလို့ငှာ ၎င်းသည် ယင်းတို့ကို အတိဒုက္ခရောက်စေကာ ဖျက်ဆီးလေသည်။ လူသည် ၎င်းအပေါ် အကောင်းမြင်စေရန်နှင့် လူက ၎င်းကို ကိုးကွယ်ပြီး အထင်ကြီးလေးစားစေရန်အလို့ငှာ ၎င်းသည် လူကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေသည်။ စာတန်သည် ၎င်း၏ ကိုယ်ပိုင်အလုပ်ကို လုပ်ဆောင်ပြီး အရာရာတိုင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤအရာအားလုံးအား ပျော်မွေ့ခံစားခွင့်ပေးသော်လည်း စာတန်ကမူ လူသားမျိုးနွယ်ကို ယင်းအား ပျော်မွေ့ခံစားခွင့်မှ ပိတ်ပင်သည်၊ လူသားမျိုးနွယ်ကို ယင်းအား မွေ့လျော်ခံစားခွင့်မပေးဘဲ လူကို ဆင်းရဲဒုက္ခခံစားရစေရုံသာ ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အရာခပ်သိမ်းအား စီမံခန့်ခွဲခွင့်နှင့် အရာခပ်သိမ်းအား မွေ့လျော်ခံစားခွင့်ပေးသော်လည်း စာတန်ကမူ အရာခပ်သိမ်းကို ဖျက်ဆီးလေသည်။ ၎င်းသည် အရာခပ်သိမ်း၏ တည်ရှိမှုကို လျစ်လျူရှုသည်၊ အရာခပ်သိမ်း၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာသည်၊ အရာခပ်သိမ်း၏ တည်ရှိမှုကို ပြစ်တင်ရှုတ်ချပြီး လူအား ဆင်းရဲဒုက္ခခံစားရခြင်းကို တမင်တကာ ရှာဖွေစေသည်။ လူအတွက် ဘုရားသခင် ပြဋ္ဌာန်းထားသော နိယာမများကို ကြည့်လော့။ နေဝင်ပြီး ညဘက် မှောင်လာသောအခါ လူတစ်ဦးသည် မိမိ၏ ခန္ဓာကိုယ်ကို အနားပေးသင့်သည်။ တစ်နေ့တာ အလုပ်လုပ်ခြင်းမှရသော ပင်ပန်းနွမ်းနယ်မှုသည် အနားယူခြင်းမှတစ်ဆင့် သက်သာရာရစေသည်။ တစ်ညတာ အနားယူပြီးနောက်တွင် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ပြန်လည်ပြည့်ဝလာပြီး ထိုသူသည် ခွန်အားများ အပြည့်ရှိနေသည်။ နောက်တစ်နေ့ နေထွက်လာသောအခါ လူတစ်ဦးသည် လန်းဆန်းမှုကို ခံစားရပြီး နောက်ထပ် တစ်နေ့တာ အလုပ်ကို စတင်လေသည်။ ဤသည်မှာ အလွန် အံ့ဩဖွယ်ကောင်းသော နိယာမတစ်ခု ဖြစ်သည်။ အချို့လူများသည် ဤနိယာမကို မလိုက်နာကြပေ။ ၎င်းတို့သည် ညဘက် မှောင်လာသောအခါမှသာ အလုပ်စတင်လုပ်ဆောင်ကြပြီး အလုပ်နှင့် အနားယူခြင်း အချိန်ဇယားကို ပြောင်းပြန်လှန်ပစ်လိုလျက် မနက် လေးနာရီ သို့မဟုတ် ငါးနာရီမှသာ အိပ်ကြ၏။ နေဝင်ပြီး လထွက်လာသောအခါ လူသည် ထိုနေ့အတွက် သူ၏ အလုပ်ကို ရပ်နားသင့်ပြီး တဖြည်းဖြည်း အရှိန်လျှော့ကာ စတင်အနားယူသင့်ကြောင်း၊ သူသည် နေ၊ လနှင့် ကြယ်များ၏ ရွေ့လျားမှုကို အုပ်စိုးသော နိယာမများနှင့်အညီ အလုပ်လုပ်ခြင်း သို့မဟုတ် အနားယူခြင်း ပြုသင့်ပြီး ဤနိယာမကို မဆန့်ကျင်သင့်ကြောင်း ဘုရားသခင်က ပြောဆိုသည်။ “ဆင်းရဲဒုက္ခခံစားရသော” ဤလူတို့သည် လုံးဝ ဆန့်ကျင်ဘက်ကိုသာ မရမက လုပ်ဆောင်ကြသည်။ ၎င်းတို့ အနားယူသင့်သည့်အချိန်တွင် ၎င်းတို့ မအိပ်ကြပေ။ ၎င်းတို့သည် တမင်တကာ ညဉ့်နက်မှအိပ်ကြပြီး အထူးသဖြင့် စိတ်လှုပ်ရှားနေတတ်ကြသည်။ အခြားသူများ အနှစ်ခြိုက်ဆုံး အိပ်ပျော်နေချိန်သည် ၎င်းတို့ အလုပ်အများဆုံးအချိန်၊ ၎င်းတို့ ဆင်းရဲဒုက္ခခံစားရပြီး မိမိတို့ကိုယ်ကို ပင်ပန်းနွမ်းနယ်စေသည့်အချိန် ဖြစ်သည်။ ထို့နောက် နေ့ဘက်တွင် အလုပ်လုပ်ရမည့် အချိန်ရောက်သောအခါ ၎င်းတို့တွင် ခွန်အား ရှိသေးသလော။ ၎င်းတို့၏ ခွန်အားက တစ်နေ့တာ အလုပ်ကို ပံ့ပိုးပေးနိုင်သေးသလော။ (မပေးနိုင်ပါ။) ၎င်းတို့သည် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် အိပ်စက်ပြီးနောက် အလုပ်ဆက်လုပ်ရန် အိပ်ရာမှထခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိကြပေ။ မနက်ခင်းတွင် အခြားသူများ အစာစားနေချိန်၌ ၎င်းတို့က အိပ်နေကြသည်။ နေ့ဘက်တွင် အခြားသူများ ပုံမှန် အလုပ်လုပ်နေချိန်၌ ၎င်းတို့က ငိုက်မျဉ်းနေပြီး မူးဝေနေကြသည်။ သို့သော် ညဘက်တွင် အခြားသူများ အနားယူနေချိန်၌ ၎င်းတို့က တက်ကြွလာပြီး အလုပ်စတင်လုပ်ဆောင်ကာ အလုပ်များနေကြသည်။ ဤသည်မှာ အလုပ်နှင့် အနားယူခြင်း အချိန်ဇယားကို ပြောင်းပြန်လှန်ပစ်ခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ပုံမှန်မဟုတ်ပေ၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်လေး ကျေနပ်နေကြပြီး ၎င်းတို့လောက် မည်သူမျှ ဆင်းရဲဒုက္ခကို ခါးစည်းမခံနိုင်ကြောင်းနှင့် အခြားလူများအားလုံးသည် သာမန်လူများသာ ဖြစ်ကြကြောင်း တွေးထင်ကြသည်။ သန်းခေါင်ယံအချိန်တွင် အခြားသူများ အနားယူတော့မည့်အခါ ၎င်းတို့က “သင် ဤမျှစောစော အနားယူနေသလော” ဟုပင် ပြောဆိုကြသည်။ အခြားသူက “သန်းခေါင်ယံအချိန် ရောက်နေပြီဖြစ်ရာ အလွန် နောက်ကျနေပြီ ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တွင် မည်သည့် ခွန်အားမျှ မကျန်တော့ပေ။ ကျွန်ုပ်၏ အလုပ်စွမ်းဆောင်ရည် ထိခိုက်လိမ့်မည်ဖြစ်ပြီး ကောင်းမွန်သော ရလဒ်များကို ရရှိမည်မဟုတ်ပေ။ အနားယူရမည့်အချိန်ရောက်သောအခါ ကျွန်ုပ်တို့ အနားယူရမည်” ဟု ပြောဆိုသည်။ ၎င်းတို့က “သန်းခေါင်ယံအချိန်တွင် အိပ်ရာဝင်ခြင်းသည် စောလွန်းသည်။ ကျွန်ုပ်သည် သန်းခေါင်ယံအချိန်တွင် အလုပ်စတင်လုပ်ဆောင်ပြီး မနက် လေးနာရီ သို့မဟုတ် ငါးနာရီအထိ မအိပ်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ ဦးနှောက်ထဲတွင် ရောဂါတစ်ခုခု ရှိနေသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ညှဉ်းပန်းသည်သာမက၊ အခြားသူများကိုလည်း ဘောင်ခတ်ကြသည်။ သန်းခေါင်ယံအချိန်တွင် အခြားသူများ အနားယူသောအခါ ၎င်းတို့က “သင်သည် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုတွင် မွေ့လျော်ခံစားပြီး ဆင်းရဲဒုက္ခခံစားရန် စိတ်ပိုင်းဖြတ်ထားမှု မရှိပေ။ ဘုရားသခင်က သင့်ကို ဤမျှ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ပေးထားသောကြောင့် သင်သည် ညဉ့်နက်သည်အထိ အလုပ်လုပ်ရမည်ဖြစ်ပြီး ဆင်းရဲဒုက္ခခံစားရမည်။ သင်သည် မအိပ်မီ အနည်းဆုံး မနက် နှစ်နာရီအထိ နေရမည်။ ဤသည်သာလျှင် သင်၏ တာဝန်အပေါ် သစ္စာစောင့်သိခြင်း ဖြစ်သည်” ဟု ပြောဆိုလျက် ၎င်းတို့ကို ဝေဖန်ကဲ့ရဲ့ကြသေးသည်။ တစ်စုံတစ်ဦးသည် မအိပ်မီ မနက် နှစ်နာရီအထိ နေပါက နေ့ဘက်တွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၌ ခွန်အား ရှိဦးမည်လော။ (မရှိပါ။) လူ့ခန္ဓာကိုယ်ကို အုပ်စိုးသော သဘာဝ နိယာမများနှင့်အညီ တစ်စုံတစ်ဦးသည် မနက် နှစ်နာရီတွင် အိပ်ရာဝင်ပါက ၎င်းတို့သည် မနက် ခုနစ်နာရီ သို့မဟုတ် ရှစ်နာရီအထိ ထနိုင်မည် မဟုတ်ပေ။ ၎င်းတို့ ထပြီးနောက်တွင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာအရ ခြေကုန်လက်ပန်းကျနေမည်ဖြစ်ကာ စိတ်ပိုင်းဆိုင်ရာအရ ထိုင်းမှိုင်းနောက်ကျိ၍ ၎င်းတို့၏ ခြေထောက်များ ရောင်ရမ်းနေမည်ဖြစ်ပြီး တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်နေလိမ့်မည်။ ၎င်းတို့သည် နေ့လယ်ဘက်တွင် တစ်ရေးအိပ်လျှင်ပင် ၎င်းတို့၏ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာမည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့သည် လူအတွက် ဘုရားသခင် ပြဋ္ဌာန်းထားသော နိယာမများကို ဆန့်ကျင်ခဲ့သောကြောင့် ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ဤကဲ့သို့ ဆင်းရဲဒုက္ခခံစားရသည်သာမက အခြားသူများကိုလည်း ၎င်းတို့ကဲ့သို့ပင် ဆင်းရဲဒုက္ခခံစားရန် တောင်းဆိုကြသည်။ အခြားသူများက ၎င်းတို့၏ နည်းလမ်းအတိုင်း အမှုအရာများကို မလုပ်ဆောင်ပါက ၎င်းတို့သည် ထိုသူတို့ကို ပြစ်တင်ရှုတ်ချရန် သဘောတရားပိုင်းဆိုင်ရာ အခြေခံတစ်ခုကို ရှာဖွေကြသည်။ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး ပိုင်းခြားသိမြင်မှု မရှိသော နားဝေတိမ်တောင်ဖြစ်သည့် လူများသည် ထိုသို့ဖြင့် ဘောင်ခတ်ခံရကြသည်။ ၎င်းတို့သည် အတုခိုးကြပြီး နိုးကြားနေစေရန် မိမိတို့ကိုယ်ကို တဖြည်းဖြည်း အတင်းအကျပ် လုပ်ဆောင်ကြကာ နှစ်နာရီနောက်ပိုင်းမှ အနားယူသည့် အတိုင်းအတာအထိ တဖြည်းဖြည်း ရောက်ရှိသွားကြသည်။ ၎င်းတို့က “ဆင်းရဲဒုက္ခခံစားရန် စိတ်ပိုင်းဖြတ်ထားမှု ရှိခြင်းသည် အမှန်တကယ် မလွယ်ကူပေ။ ကျွန်ုပ်တို့သည် ခါးစည်းခံရန် သင်ယူရမည်၊ ဇွဲလုံ့လသက်သက်ကို အားကိုးရန် သင်ယူရမည်၊ ဇာတိပကတိကို ပုန်ကန်ရန် သင်ယူရမည်ဖြစ်ပြီး သဘာဝ နိယာမများကို ဆန့်ကျင်ရန် သင်ယူရမည်။ ကျွန်ုပ်တို့သည် အမှန်တကယ် အိပ်ချင်လွန်း၍ မခံမရပ်နိုင်ဖြစ်နေပါက ကျွန်ုပ်တို့၏ ဇာတိပကတိကို မအိပ်စေရန် တားဆီးဖို့အလို့ငှာ မိမိတို့ကိုယ်ကို လက်တွေ့ကျကျ ညှဉ်းပန်းနှိပ်စက်သင့်သည်။ ဤသည်သာလျှင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာစောင့်သိခြင်းနှင့် ဆင်းရဲဒုက္ခခံစားရန် စိတ်ပိုင်းဖြတ်ထားမှု ရှိခြင်းဖြစ်ပြီး ဤသို့လုပ်ဆောင်သော လူများသာလျှင် ကယ်တင်ခြင်းသို့ ရောက်နိုင်သည်” ဟုပင် တွေးထင်ကြသည်။ ကြည့်လော့၊ ၎င်းတို့၏ ဤတွန်းအားသည် ဘုရားကျောင်းများရှိ ဘုန်းကြီးများနှင့် သီလရှင်များ၏ တွန်းအားနှင့် အနည်းနှင့်အများ တူညီသည် မဟုတ်လော။ (တူညီပါသည်။) အစွန်းရောက် ခြိုးခြံကျင့်ကြံသူများကဲ့သို့ပင် ၎င်းတို့သည် ဆင်းရဲဒုက္ခကို မည်သို့ ခါးစည်းခံရမည်ကိုသာ သိကြသည်။ သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကယ်တင်ခြင်းသို့ ရောက်ခြင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လုံးဝ ကင်းမဲ့နေသည်။ သို့ဆိုလျှင် ထိုသို့သော လူများသည် ကယ်တင်ခြင်းသို့ ရောက်နိုင်သလော။ ၎င်းတို့သည် ပျက်စီးသွားကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာက မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ မှားယွင်းသော အတွေးများနှင့် အမြင်များ၏ ဦးနှောက်ဆေးခံရခြင်း၊ မှားယွင်းသော အတွေးများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရခြင်းတို့၏ ရလဒ်ဖြစ်သည်။ ဤအရာအားလုံးသည် လူတို့က သမ္မာတရားကို နားမလည်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် မှားယွင်းသော အတွေးများနှင့် အမြင်များ၏ နက်ရှိုင်းစွာ ဘေးအန္တရာယ်ဖြစ်စေခြင်းကို ခံရပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဆိုလျှင် အဆုံး၌ သင့်ကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေနေသည်မှာ အခြားလူများလော၊ သို့မဟုတ် သင့်ကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေနေသည်မှာ စာတန်လော။ အတိုချုပ်ဆိုရလျှင် လူ လက်ခံသော မှားယွင်းသည့် အတွေးများနှင့် အမြင်များသည် ဘုရားသခင်ထံမှ လာခြင်း မဟုတ်ဘဲ စာတန်ထံမှ လာခြင်း ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား မဟုတ်ဘဲ အပျက်သဘောဆောင်သောအရာများ ဖြစ်ကြသည်။ အပြင်ပန်းအားဖြင့် သင်သည် အခြားလူများထံမှ အချို့သော အတွေးများနှင့် အမြင်များကို လက်ခံထားသကဲ့သို့ ထင်ရသည်။ သို့ရာတွင် အမှန်တကယ်၌ ဤအတွေးများနှင့် အမြင်များသည် ဘုရားသခင်ထံမှ မဟုတ်ဘဲ စာတန်ထံမှ လာခြင်း ဖြစ်သည်။ အပြင်ပန်းအားဖြင့် အခြားလူများက သင့်ကို စကားပြောနေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်၌ ဤအမြင်များကို သင့်ထဲသို့ သွတ်သွင်းနေသည်မှာ စာတန် ဖြစ်သည်။ စာတန်က လူ့ထဲသို့ သွတ်သွင်းသော အမြင်များသည်လည်း လူမှတစ်ဆင့် ဖြန့်ဝေခြင်း မဟုတ်လော။ သင်သည် သမ္မာတရားကို နားမလည်ဘဲ သမ္မာတရား စည်းမျဉ်းများကို မစောင့်ထိန်းနိုင်ပါက သင်သည် အဆုံး၌ အထင်အမြင်မှားစေခြင်း ခံရလိမ့်မည်။ အထင်အမြင်မှားစေခြင်း ခံရသည်နှင့်တစ်ပြိုင်နက် သင်သည် အစွန်းရောက် ခြိုးခြံကျင့်ကြံသူများကဲ့သို့ပင် ဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု တွေးထင်နေဆဲဖြစ်လျက် နေ့စဉ်နေ့တိုင်း ဆင်းရဲဒုက္ခခံစားရန်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းရန်သာ သိလိမ့်မည်။ အဆုံးတွင် သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်ပြီး မည်သည့်အရာကိုမျှ မရရှိဘဲ သေဆုံးသွားလိမ့်မည်။ ဤဆင်းရဲဒုက္ခမျိုးကို ခါးစည်းခံခြင်းက သင့်အတွက် တန်သည်ဟု ထင်သလော။ (မထင်ပါ။) ထိုသို့သော ဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းက အဆုံး၌ လူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသနည်း။ (ငရဲသို့ ဖြစ်ပါသည်။) ၎င်းတို့သည် ငရဲတွင် အဆုံးသတ်သွားကြပြီး ထိုနေရာတွင် ၎င်းတို့သည် စာတန်ထံ သတင်းပို့ကြသည်။ ဘုရားသခင်က ၎င်းတို့ကို အလိုရှိခဲ့သလော။ (မရှိပါ။) ထိုသို့သော လူများသည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့ကြပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အပေါ် အလွန် သစ္စာစောင့်သိသည်ဟု ယုံကြည်ခဲ့ကြသည်၊ သို့ဆိုလျှင် ၎င်းတို့သည် အဆုံး၌ စာတန်ထံ သတင်းပို့ခြင်းဖြင့် အဘယ်ကြောင့် အဆုံးသတ်သွားခဲ့ကြသနည်း။ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် အလိုမရှိခဲ့သနည်း။ ဤသည်မှာ သနားစရာကောင်းသလော။ (မဟုတ်ပါ၊ မကောင်းပါ။) ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းနှင့် ဆင်းရဲဒုက္ခခံစားရခြင်းကိုသာ အာရုံစိုက်ကာ ကောင်းချီးများရရှိရန်သာ လိုက်စားပြီး သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မပြုနိုင်သည့်အပြင် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေဆဲဖြစ်ပြီး စာတန်နှင့် သက်ဆိုင်နေဆဲဖြစ်ပါက ထိုသို့သော လူများသည် မည်မျှပင် ဆင်းရဲဒုက္ခခံစားရပါစေ ၎င်းတို့ ကယ်တင်ခြင်းသို့ ရောက်ရန် မဖြစ်နိုင်ပေ။ ဤအရာအားလုံးသည် လူတို့ကိုယ်တိုင် လျှောက်လှမ်းသော လမ်းကြောင်းအားဖြင့် အဆုံးအဖြတ်ပေးခြင်း ခံရသည်။

လူအချို့သည် ဆင်းရဲဒုက္ခခံစားရန် ကြီးမားသော စိတ်ပိုင်းဖြတ်ထားမှုရှိသည့် တစ်စုံတစ်ဦးကို မြင်တွေ့ရသောအခါ ထိုသူ ခါးစည်းခံသော ဆင်းရဲဒုက္ခသည် အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်သော လူတစ်ဦးဖြစ်လာရန် အထူးသဖြင့် တောင့်တကြသည်။ အထူးသဖြင့် ၎င်းတို့သည် ကိုယ်ကိုထိုး၍နှိပ်စက်နိုင်ကာ မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိကို ပုန်ကန်နိုင်ပြီး ဇာတိပကတိ၏ လွန်ကဲသော လိုအင်ဆန္ဒများကို ပုန်ကန်နိုင်သော လူစားမျိုး ဖြစ်လာရန် တောင့်တကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံစားနိုင်စွမ်းရှိသူများကို အထူး အထင်ကြီးလေးစားကြသည်။ ၎င်းတို့ ဖြစ်လာရန် တောင့်တသော လူစားမျိုးသည် လောကီဘဝမှ ကင်းကွာပြီး လေဟာနယ်တစ်ခုထဲတွင် နေထိုင်သူ၊ လူ၏ ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများ မရှိသူ ဖြစ်သည့်အပြင် မည်သည့် ကိုယ်ပိုင် ဝါသနာများ၊ စိတ်ဝင်စားမှုများ သို့မဟုတ် ကိုယ်ပိုင် ရွေးချယ်မှုများပင် မရှိသူ၊ ဤအရာများ လုံးဝမရှိဘဲ လိုအင်ဆန္ဒများနှင့် တပ်မက်မှုများ ကင်းစင်သူတစ်ဦး ဖြစ်ပုံရသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဤလူစားမျိုးကို အထူး အထင်ကြီးလေးစားကြပြီး “သူတို့တွင် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိကြသနည်း။ သူတို့တွင် အဘယ်ကြောင့် မည်သည့် ကိုယ်ပိုင် နှစ်သက်မှုများ သို့မဟုတ် လိုအင်ဆန္ဒများ မရှိဘဲ ဆင်းရဲဒုက္ခခံစားရန် ဤမျှ စွမ်းဆောင်နိုင်ကြသနည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် ဆင်းရဲဒုက္ခ မခံစားနိုင်သနည်း။ ကျွန်ုပ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးမှုသည် သူတို့ထက် ပို၍ နက်ရှိုင်းသည်ဟုသာ ကျွန်ုပ် ပြောနိုင်သည်” ဟု ပြောဆိုကြသည်။ ၎င်းတို့တွင် ထိုသို့သော အတွေးများနှင့် အမြင်များ ရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင်တိုက်ခိုက်ကြသည်။ ၎င်းတို့ ဆာလောင်ပြီး အစာစားချင်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းပြီး မစားကြပေ။ ၎င်းတို့ ရေဆာပြီး ရေသောက်ချင်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ပြီး မသောက်ကြပေ။ အိပ်ရမည့်အချိန်ရောက်သောအခါ ၎င်းတို့သည် တမင်တကာ မအိပ်ကြပေ။ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ တမင်တကာ မလုပ်ကြဘဲ ၎င်းတို့ မလုပ်ချင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ တမင်တကာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် လုံးဝ ဆန့်ကျင်ဘက်ကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ပုံမှန် လူ့သဘာဝအရ မည်သည့်အရာ လိုအပ်သည်၊ မည်သည့်အရာ လုပ်ဆောင်သင့်သည်၊ မည်သည့် တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ ပြီးလျှင် ဘဝ၏ မည်သည့် စည်းမျဉ်းများနှင့် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းသင့်သည် ဟူသည်တို့ကို လုံးဝ ဂရုမစိုက်ကြဘဲ ထိုအစား ဤအရာများကို တမင်တကာ ဆန့်ကျင်ကြသည်။ အချို့က စည်းမျဉ်းများကို ချိုးဖောက်လျက် တမင်တကာ ပြုမူပြီး ဆင်းရဲဒုက္ခခံစားရခြင်းကို တမင်တကာ ရှာဖွေသည့် အတိုင်းအတာအထိပင် လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် ညဘက် အနားယူရမည့်အချိန်ရောက်သောအခါ ၎င်းတို့သည် မိမိတို့၏ ပင်ပန်းနွမ်းနယ်မှုကို ခါးစည်းခံရန်နှင့် မအိပ်ရန် မိမိတို့ကိုယ်ကို အတင်းအကျပ် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အချိုစာကို နှစ်သက်ပါက ၎င်းတို့သည် အစပ် သို့မဟုတ် အခါးစာများကိုသာ စားကြသည်။ အလုပ်လုပ်သည့်အခါ ၎င်းတို့သည် မိမိတို့ မနှစ်သက်သော အလုပ်များကို အထူးရွေးချယ်ကြသည်။ ၎င်းတို့သည် အခက်အခဲများကို ကျော်လွှားရန် မိမိတို့ကိုယ်ကို လေ့ကျင့်ပေးပြီး ဆင်းရဲဒုက္ခခံစားနိုင်ရန် မိမိတို့ကိုယ်ကို လေ့ကျင့်ပေးရုံသာဖြစ်ကာ ၎င်းတို့ လိုအပ်ပြီး နှစ်သက်သည့် အရာအားလုံးကို ငြင်းပယ်ပြီး ပုန်ကန်ကြလျက် ၎င်းတို့ မနှစ်သက်ဘဲ မလိုအပ်သည့် အရာအားလုံးကို လက်ခံကြသည်။ ဤသို့ ပြုမူခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ခံစားရပြီး ဘုရားသခင်က ယင်းကို အမှန်တကယ် နှစ်သက်ကာ လက်သင့်ခံလိမ့်မည်ဟု သေချာပေါက် ခံစားရသည်။ ၎င်းတို့ ခါးစည်းခံရသော ဆင်းရဲဒုက္ခက ပို၍ ကြီးမားလေလေ၊ ၎င်းတို့ ခံစားရသော နေမထိထိုင်မသာဖြစ်မှုနှင့် နာကျင်မှုက ပို၍ များပြားလေလေ၊ ဘုရားသခင်သည် ပို၍ ဝမ်းမြောက်ပြီး ယင်းကို လက်သင့်ခံလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ငါ့ကို ပြောလော့၊ ဤအရာများသည် မည်သည့် အတွေးများနှင့် အမြင်များ ဖြစ်သနည်း။ ဤသည်မှာ အစွန်းရောက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်းရဲဒုက္ခခံစားရန်နှင့် ကိုယ်ကိုထိုး၍နှိပ်စက်ရန်အလို့ငှာ ၎င်းတို့တွင် လုပ်စရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကွန်ပျူတာရှေ့တွင် အချိန်ပြည့် ထိုင်နေကြပြီး ဤသည်က ရလဒ်များ ရရှိသည်ဖြစ်စေ၊ ၎င်းတို့ အလုပ်တွင်ကျယ်မှု ရှိသည်ဖြစ်စေ နေ့စဉ်နေ့တိုင်း ဆယ့်နှစ်နာရီကြာ အလုပ်လုပ်ရမည်ဟူသည့် စည်းမျဉ်းတစ်ခုကို မိမိတို့အတွက် သတ်မှတ်ထားသော လူအချို့ပင် ရှိသေးသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်များ မကြည်မလင်ဖြစ်လာသည့်အခါတွင်ပင် မနားကြသည့်အပြင် ၎င်းတို့ ဖျားနာသည့်အခါတွင်ပင် ဆရာဝန်ထံ သွားမပြကြပေ။ ဤသည်မှာ ဇာတိပကတိကို ပုန်ကန်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး “ဤဇာတိပကတိအိုကြီးကို ၎င်း၏ သဘောအတိုင်း လုပ်ခွင့်မပေးနိုင်ပေ။ ဇာတိပကတိသည် သက်သောင့်သက်သာ မဖြစ်ရပေ။ ယင်းက သက်သောင့်သက်သာဖြစ်ပါက ယင်းသည် မကောင်းသောအရာများကို လုပ်ဆောင်လိမ့်မည်၊ ထို့ကြောင့် ယင်းကို ဆင်းရဲဒုက္ခခံစားရစေရမည်။ ယင်းက ဆင်းရဲဒုက္ခခံစားရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင် အလုပ်လုပ်ရသည်မှာ မည်မျှ ခက်ခဲကြောင်းကို ယင်းက သိလိမ့်မည်ဖြစ်ပြီး ယင်းက ဆင်းရဲဒုက္ခခံစားရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ရှေ့မှောက်တွင် တိတ်ဆိတ်ငြိမ်သက်နိုင်လိမ့်မည်” ဟု တွေးထင်ကြသည်။ ဤသည်မှာ မည်သည့် တွေးခေါ်ဆင်ခြင်မှုစနစ်မျိုး ဖြစ်သနည်း။ ၎င်းတို့၏ တွန်းအားကို အကဲဖြတ်ကြည့်လျှင် ၎င်းတို့သည် စိတ်ပိုင်းဖြတ်ထားမှု အနည်းငယ်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားပုံရသော်လည်း ၎င်းတို့၏ နည်းလမ်းနှင့် ချဉ်းကပ်ပုံက အနည်းငယ် လွဲချော်ပြီး အနည်းငယ် အစွန်းရောက်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်းရဲဒုက္ခခံစားရခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား ကိုယ်စားပြုသည်ဟုလည်းကောင်း၊ ဆင်းရဲဒုက္ခခံစားရခြင်းသည် ၎င်းတို့၏ တာဝန်ကို သစ္စာစောင့်သိခြင်းဖြင့် ထမ်းဆောင်ခြင်းအား ကိုယ်စားပြုသည်ဟုလည်းကောင်း၊ ဆင်းရဲဒုက္ခခံစားရခြင်းသည် ၎င်းတို့၏ တာဝန်ကို စွမ်းဆောင်ရည်ရှိစွာ ထမ်းဆောင်ခြင်းအား ကိုယ်စားပြုသည်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဆင်းရဲဒုက္ခခံစားရခြင်းသည် အမြင့်မားဆုံးသော သမ္မာတရား စည်းမျဉ်းနှင့် အတိကျဆုံးသော လက်တွေ့လုပ်ဆောင်ခြင်း ပုံစံဖြစ်သည်ဟုလည်းကောင်း၊ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ အမှုအရာများကို ဤသို့ သဘောပေါက်နားလည်ခြင်းသည် အလွန်အမင်း ပြဿနာရှိပေသည်။ တစ်စုံတစ်ဦးသည် ဆင်းရဲဒုက္ခခံစားနိုင်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ ခံစားရသည်ဟူသောအချက်သည် ၎င်းတို့ အဆုံး၌ မည်သည့် အဆုံးသတ် ရရှိမည်ကို တရားစီရင်ရန် ဘုရားသခင် အသုံးပြုသော စံနှုန်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ဤအမြင်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ယင်းကို ဆက်လက် စွဲကိုင်ထားကြသနည်း။ (အကြောင်းမှာ ၎င်းတို့သည် စာတန်၏ မှားယွင်းသော အတွေးများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို ခံရသောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ ကိစ္စရပ်၏ ကဏ္ဍတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်း၊ ၎င်းတို့၏ အယူအဆများနှင့်လည်း သက်ဆိုင်သည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံစားရခြင်းကို ကောင်းမွန်သော အဆုံးသတ်နှင့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လဲလှယ်နိုင်သည်ဟု တွေးထင်လျက် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကာ စိတ်ကူးယဉ်မှုများထဲ၌သာ မှီတင်းနေထိုင်ကြသည်။ ဤကိစ္စရပ်တွင် ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ဘုရားသခင်က ဆင်းရဲဒုက္ခခံစားရခြင်းကို မည်သို့ ရှုမြင်သည်၊ လူ့ထံမှ ဘုရားသခင် တောင်းဆိုသော စံနှုန်းများမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်က လူကို ဆင်းရဲဒုက္ခခံစားရစေခြင်းတွင် မည်သည့် အရေးပါမှု ရှိသည်ဟူသည်တို့ကို နားလည်ရန် ၎င်းတို့ မည်သည့်အခါမျှ မရှာဖွေကြပေ။ ၎င်းတို့သည် မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်းလည်း မရှိကြဘဲ “ကျွန်ုပ် ကြုံတွေ့နေရသော ဆင်းရဲဒုက္ခမျိုးသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဖြစ်သလော။ ထိုသို့သော ဆင်းရဲဒုက္ခသည် လူအတွက် ဘုရားသခင်၏ တောင်းဆိုချက် ဖြစ်သလော။ ယင်းသည် လူ့အပေါ် သူ၏ အလုပ်မှတစ်ဆင့် ဘုရားသခင် ရရှိရန် ရည်ရွယ်သော အကျိုးသက်ရောက်မှုကို ရရှိနိုင်သလော။ ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းအားဖြင့် လူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းတို့ကို ရရှိနိုင်သလော။ မရရှိနိုင်ပါက ဤလမ်းကြောင်းသည် မှားယွင်းကြောင်း သက်သေပြနေပြီး ကျွန်ုပ် နောက်လှည့်သင့်သည်” ဟု မိမိတို့ဘာသာ တွေးတောခြင်း မရှိကြပေ။ ဤလူစားမျိုးသည် ၎င်းတို့၏ အတွေးများနှင့် အမြင်များ ပြဿနာရှိသောကြောင့် ဆင်းရဲဒုက္ခခံစားကြရသည်။ ၎င်းတို့တွင် ဆင်းရဲဒုက္ခခံစားရခြင်းနှင့်ပတ်သက်၍ လူသား၏ အယူအဆများနှင့် စိတ်ကူးများစွာ ရှိကြသည်။ ဤသည်မှာ လူတို့၏ ရည်မှန်းချက်များ၊ လိုက်စားမှုများနှင့်လည်း သက်ဆိုင်သည်။ အချို့လူများသည် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းကို ကောင်းမွန်သော ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လဲလှယ်လိုကြသည်။ အချို့က မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ရန်နှင့် အခြားသူများက မိမိတို့ကို အထင်ကြီးလေးစားလာစေရန် ဆင်းရဲဒုက္ခခံစားရခြင်းကို အသုံးပြုလိုကြသည်။ ပြီးလျှင် အချို့က ၎င်းတို့သည် ကိုယ်ကိုထိုး၍နှိပ်စက်ပြီးဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြောင်း သက်သေပြရန် ဆင်းရဲဒုက္ခခံစားရခြင်းကို အသုံးပြုလိုကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား ဆင်းရဲဒုက္ခခံစားရသည့် လုပ်ရပ်ဖြင့် အစားထိုးရန် ရည်ရွယ်ကြသည်။ အချို့လူများသည် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ပြဿနာရှိသောကြောင့် ဤကဲ့သို့ ဖြစ်ကြပြီး၊ အခြားသူများအတွက်မူ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်း ပြဿနာရှိသောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်ခြင်း မရှိသေးပါက ပြဿနာက မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ သင် ခါးစည်းခံသော ဆင်းရဲဒုက္ခသည် မည်သည့်တန်ဖိုးမျှ မရှိပေ။ အခြားတစ်ဖက်တွင် ဆင်းရဲဒုက္ခကို သင် ခါးစည်းခံခြင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်စေပါက ယင်းသည် မည်သည့်အရေးပါမှုမျှ လုံးဝ မရှိပေ။ ဤသည်မှာ သင့်အတွက် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးထားသော ဆင်းရဲဒုက္ခ မဟုတ်သည့်အပြင် ပုံမှန်လူတစ်ဦးအနေဖြင့် သမ္မာတရားကို လိုက်စားရန်အလို့ငှာ သင် ခါးစည်းခံရမည့် ဆင်းရဲဒုက္ခလည်း မဟုတ်ပေ။ ထို့ကြောင့် သင် ခါးစည်းခံသော ဆင်းရဲဒုက္ခသည် မည်သည့် အရေးပါမှုမျှ လုံးဝ မရှိပေ။ သင်၏ ခရီးဆုံးပန်းတိုင်အတွက်ဖြစ်စေ၊ အဆင့်အတန်းအတွက်ဖြစ်စေ ဆင်းရဲဒုက္ခခံစားရခြင်းသည် မသင့်လျော်ပေ။ ယင်းသည် အချည်းနှီးဖြစ်ပြီး အရေးပါမှု လုံးဝ ကင်းမဲ့သည်။ ဘုရားသခင်သည် ယင်းကို အသိအမှတ်မပြုသည့်အပြင် သူသည် ယင်းကို အမှတ်မရပေ။ သို့ဆိုလျှင် သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် အဓိပ္ပာယ်ရှိစေရန်အလို့ငှာ သင်သည် အဘယ်အရာအတွက် ဆင်းရဲဒုက္ခခံစားသင့်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အလို့ငှာ ဆင်းရဲဒုက္ခခံစားရခြင်း၊ သင်၏ စိတ်သဘောထားကို ပြောင်းလဲရန်အလို့ငှာ ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ကယ်တင်ခြင်းသို့ ရောက်ရန်အလို့ငှာ ဆင်းရဲဒုက္ခခံစားရခြင်းသည် အဓိပ္ပာယ်ရှိသည်။ ဤသည်မှာ သင် ခါးစည်းခံရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ သင်သည် မိမိ၏ အဆင့်အတန်းကို ကာကွယ်ရန်နှင့် လူသား၏ အယူအဆများနှင့် စိတ်ကူးများကို ဖြည့်ဆည်းရန်အလို့ငှာ ဆင်းရဲဒုက္ခခံစားရပါက သင် ခါးစည်းခံသော ဆင်းရဲဒုက္ခသည် မည်သည့် အရေးပါမှုမျှ လုံးဝ မရှိပေ။ ယင်းသည် မလိုလားအပ်သောအရာ ဖြစ်သည်။ “မလိုလားအပ်သောအရာ” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လုံးဝ မလိုအပ်ကြောင်း ဆိုလိုသည်။ သင်သည် လမ်းလွဲသွားပြီဖြစ်ပြီး သင် လျှောက်လှမ်းသော လမ်းကြောင်းသည် မှားယွင်းနေသည်။ သင် မည်မျှပင် ဆင်းရဲဒုက္ခခံစားရပါစေ သို့မဟုတ် သင် မည်မျှ ကြီးမားသော အဖိုးအခကို ပေးဆပ်ရပါစေ ဘုရားသခင်သည် ယင်းကို လုံးဝ အမှတ်မရသည့်အပြင် ဘုရားသခင်သည် ယင်းကို အသိအမှတ်မပြုပေ။ အကြောင်းမှာ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်၊ ကယ်တင်ခြင်းသို့ ရောက်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်၊ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့် ဘုရားသခင်သည် ယင်းကို လုံးဝ အာရုံမစိုက်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ဤသည်မှာ အတန်ဖိုးမဲ့ဆုံးနှင့် အဓိပ္ပာယ်အမဲ့ဆုံးသော ဆင်းရဲဒုက္ခမျိုး ဖြစ်သည်။

ဆင်းရဲဒုက္ခခံစားရခြင်း အခြားတစ်မျိုးလည်း ရှိသေးပြီး ယင်းမှာ လူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူ၏ အသက်တာ၊ သူ၏ လိုက်စားမှုနှင့် သူလျှောက်လှမ်းသော လမ်းကြောင်းတို့အားလုံးသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အုပ်စိုးခြင်းကို ခံရသည်။ လူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် သူ၌ ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်းတို့ မလွဲမသွေ ရှိသည်။ လူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် သူသည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေဆဲ ဖြစ်သည်။ လူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ကယ်တင်ခြင်းသို့ ရောက်လိုပါက သူသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် လိုအပ်ပြီး ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းများစွာအပြင် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးထားသော အမျိုးမျိုးသော စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို သူ တွေ့ကြုံရမည်ဖြစ်သည်။ အချို့လူများသည် ကြီးမားသော ကပ်ဘေးအချို့ကိုပင် တွေ့ကြုံရမည်ဖြစ်သည်။ ဤအရာအားလုံးသည် လူကို သမ္မာတရား ရရှိစေရန်၊ သူ၏ စာတန်ဆန်သော စိတ်သဘောထားများကို ဖယ်ရှားစေရန်နှင့် အဆုံး၌ ကယ်တင်ခြင်းသို့ ရောက်စေရန် ဖြစ်သည်။ ဤသည်မှာ မည်သူမဆို ကယ်တင်ခြင်းသို့ ရောက်ရန်အတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းစဉ် ဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ကယ်တင်ခြင်းသို့ ရောက်ရန်အလို့ငှာ ဖောက်ပြန်ပျက်စီးသော လူသားတိုင်းသည် များစွာသော ဆင်းရဲဒုက္ခကို ခါးစည်းခံရမည်ဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့်အခါ ၎င်းတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်၊ ပြုပြင်ခြင်းကို လက်ခံရမည်ဖြစ်ပြီး စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို လက်ခံရမည်ဖြစ်သည်။ ဤသည်မှာ ခါးစည်းခံရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ အခြားတစ်ဖက်တွင် လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အလို့ငှာ အချို့သော ကိုယ်ပိုင် အားနည်းချက်များနှင့် ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေများ၏ မလုံလောက်မှုများကို ကျော်လွှားရမည်ဖြစ်ပြီး ၎င်းတို့သည် အတတ်ပညာဆိုင်ရာ အသိပညာအချို့ကို ဆည်းပူးရန် လိုအပ်သည်။ ဤအရာကလည်း လူတို့ကို ဆင်းရဲဒုက္ခခံစားရန်နှင့် အဖိုးအခပေးဆပ်ရန် လိုအပ်စေသည်။ အထူးသဖြင့် လူတို့သည် နေထိုင်မှု အခြေအနေများ ဆင်းရဲသော အန္တရာယ်ရှိသည့် ပတ်ဝန်းကျင်များတွင် တာဝန်များကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် ဆင်းရဲဒုက္ခအချို့ကိုလည်း ခါးစည်းခံရမည်ဖြစ်သည်။ ထို့အပြင် လူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် စာတန်ဆန်သော စိတ်သဘောထားများအတွင်း အသက်ရှင်သည့်အခါ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူကြပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အရာများကိုပင် လုပ်ဆောင်ကြသဖြင့် ၎င်းတို့သည် နေ့စဉ်နေ့တိုင်း မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရန်နှင့် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် လိုအပ်သည်။ ၎င်းတို့သည် ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းခံရသည့် ဆင်းရဲဒုက္ခ သို့မဟုတ် ထုတ်ဖော်ခြင်း၊ ဖြုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည့် ဆင်းရဲဒုက္ခကိုလည်း ခါးစည်းခံရမည်ဖြစ်သည်။ ဤဆင်းရဲဒုက္ခအားလုံးသည် လူတို့ ခါးစည်းခံရမည့်အရာ ဖြစ်သည်။ သင်သည် ဤဆင်းရဲဒုက္ခကို ခါးစည်းမခံပါက အဆုံး၌ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ကယ်တင်ခြင်းသို့ ရောက်ရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းကို ခံရသည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ ပြုပြင်ခြင်းကို ခံရသည်ဖြစ်စေ၊ လူတို့ကို စမ်းသပ်ရန်နှင့် စစ်ဆေးရန် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးထားသော ပတ်ဝန်းကျင်များကို ရင်ဆိုင်ရသည်ဖြစ်စေ ဤအရာအားလုံးသည် လူတို့ ခါးစည်းခံရမည့် ဆင်းရဲဒုက္ခ အမျိုးအစားများ ဖြစ်ကြသည်။ ယင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ရန်အလို့ငှာ ဖောက်ပြန်ပျက်စီးသော လူသားတိုင်း တွေ့ကြုံရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး ယင်းတို့အားလုံးသည် အဓိပ္ပာယ်ရှိကာ တန်ဖိုးရှိကြသည်။ ဤဆင်းရဲဒုက္ခ အမျိုးအစားများကို ခါးစည်းခံရခြင်း၏ ရည်ရွယ်ချက်မှာ အဆုံး၌ သင်သည် ကယ်တင်ခြင်းသို့ ရောက်နိုင်ပြီး ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ရန် ဖြစ်သည်။ ဤသည်မှာ ကိုယ်ပိုင်အရင်းအနှီး တစ်မျိုးမျိုး လုံးဝ မဟုတ်ပေ။ အကြောင်းမှာ သင်သည် အခြားလူများအတွက် ဤဆင်းရဲဒုက္ခကို ခါးစည်းခံနေခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် မိမိ၏ တာဝန်ကို သင့်အတွက်သင် ထမ်းဆောင်သည်၊ သင်သည် သမ္မာတရားကို သင့်အတွက်သင် လက်တွေ့လုပ်ဆောင်သည်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးအတွက် သင်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံပြီး အမျိုးမျိုးသော ဆင်းရဲဒုက္ခကို ခါးစည်းခံသည်။ ထို့အပြင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ပုန်ကန်ခြင်း၊ သင်၏ အမျိုးမျိုးသော နှစ်သက်မှုများနှင့် တောင်းဆိုမှုများကို စွန့်လွှတ်ခြင်း စသည်တို့ဖြစ်သည့် ဤအရာအားလုံးသည် အဆုံး၌ သင် ကယ်တင်ခြင်းသို့ ရောက်နိုင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ရရှိနိုင်ရန်နှင့် ဘုရားသခင်ကို ကိုးကွယ်သောသူတစ်ဦး ဖြစ်လာနိုင်ရန်အတွက် ဖြစ်သည်။ အဆုံး၌ သင် ရှင်သန်ရပ်တည်နိုင်ပြီး လူသားမျိုးနွယ်သစ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ရန်အလို့ငှာ သင်သည် ဤဆင်းရဲဒုက္ခကို ခါးစည်းခံသည်။ ယင်းသည် တန်ဖိုးရှိသော်လည်း ဘုရားသခင်အတွက် ပံ့ပိုးကူညီမှုတစ်ခု မဟုတ်ပေ။ ယင်းသည် ပံ့ပိုးကူညီမှုတစ်ခု မဟုတ်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အကြောင်းမှာ သင် ခါးစည်းခံသော ဆင်းရဲဒုက္ခသည် ကိုယ်ပိုင်အရင်းအနှီး တစ်မျိုးမျိုး မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် ယင်းကို သင်၏ ကိုယ်ပိုင် အကျိုးအတွက် လုံးလုံးလျားလျား ခါးစည်းခံခြင်း ဖြစ်သည်။ ယင်းမှာ အစာစားခြင်းနှင့် ရေသောက်ခြင်းကဲ့သို့ပင် ဖြစ်သည်။ သင် ရှင်သန်ရပ်တည်နိုင်ရန်သက်သက်အတွက် သင် စားသောက်ခြင်း ဖြစ်သည်။ သင်၏ နေ့စဉ်ဘဝအတွင်း သင် လုပ်ဆောင်သော လှုပ်ရှားမှုတိုင်းသည် သင်၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာနှင့် ရှင်သန်ရပ်တည်ရေးကို ထိန်းသိမ်းရန် ဖြစ်သည်။ ယင်းသည် အခြားလူများအတွက် မဟုတ်ဘဲ သင့်ကိုယ်သင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် သင်သည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံရကာ ခက်ခဲသော လုပ်ငန်းစဉ်အချို့ကို တွေ့ကြုံရလျှင်ပင် ဤသည်မှာ သင်သည် ကိုယ်ပိုင်အရင်းအနှီး တစ်မျိုးမျိုးကို ဆည်းပူးရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ယင်းသည် ထုတ်ပြောရန် မတန်ပေ၊ ယင်းမှာ သင် ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်။ “ကျွန်ုပ် အစာစားသည့်အခါ ဘုရားသခင်အတွက် ကျွန်ုပ် စားသည်၊ ပြီးလျှင် ကျွန်ုပ်၏ ဘဝကို ဘုရားသခင်အတွက် ကျွန်ုပ် အသက်ရှင်သည်” ဟု သင် ပြော၍မရနိုင်ပေ။ သင်သည် ဤအရာများကို ဘုရားသခင်အတွက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ သင်သည် ယင်းတို့ကို သင့်အတွက်သင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာတွင် ကြွားရလောက်အောင် တန်သောအရာ တစ်ခုမျှ မရှိပေ။ သို့ဖြစ်၍ အချို့လူများက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့သည် မိမိတို့၏ အလုပ်များကို စွန့်လွှတ်ခဲ့ပြီး ၎င်းတို့၏ ပညာသင်ကြားမှုများကို စွန့်လွှတ်ခဲ့ကြောင်း သို့မဟုတ် ၎င်းတို့သည် ပြုပြင်ခြင်းကို မည်မျှ ခါးစည်းခံခဲ့ရကြောင်း၊ ၎င်းတို့သည် တိတ်တဆိတ် မျက်ရည်မည်မျှ ကျခဲ့ရကြောင်းနှင့် ၎င်းတို့သည် တိတ်တဆိတ် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းတို့ကို အစဉ် ပြောဆိုကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ကယ်တင်ခြင်းသို့ ရောက်ရန်အလို့ငှာ ၎င်းတို့ ခါးစည်းခံခဲ့ရသည့် များစွာသော ဆင်းရဲဒုက္ခသည် ကိုယ်ပိုင်အရင်းအနှီး ပုံစံတစ်ခုဖြစ်သည်ဟု တွေးထင်လျက် ၎င်းတို့သည် ဤအရာများကို အစဉ် ထုတ်ပြောကြသည်။ ဤသည်မှာ လုံးဝ မှားယွင်းသည်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ကယ်တင်ခြင်းသို့ ရောက်ရန်အလို့ငှာ ဆင်းရဲဒုက္ခခံစားသင့်သည်။ သင် ဆင်းရဲဒုက္ခခံစားရခြင်းသည် မှန်ကန်သည်။ အဘယ်ကြောင့် ယင်းက မှန်ကန်သနည်း။ အကြောင်းမှာ သင်သည် စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သောကြောင့်လည်းကောင်း၊ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်လည်းကောင်း၊ သင်၌ စာတန်ဆန်သော သဘာဝတစ်ခု ရှိသောကြောင့်လည်းကောင်း ဖြစ်သည်။ သင်သည် ကယ်တင်ခြင်းသို့ ရောက်ပြီး သမ္မာတရားကို လက်ခံနိုင်ကာ သင် မည်မျှ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေကြောင်းကို နားလည်သဘောပေါက်မှု ရရှိနိုင်မည်ဆိုပါက သင်သည် များစွာသော နာကျင်မှုကို ခါးစည်းခံရမည်ဖြစ်သည်။ အထူးသဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းသည် ပို၍ပင်များသော နာကျင်မှုကို ခါးစည်းခံရန် လိုအပ်သည်။ ယင်းမှာ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားခြင်းနှင့် တူသည်။ သူမသည် သားဖွားခြင်း နာကျင်မှုများကို ဖြတ်သန်းရမည်ဖြစ်ပြီး ကလေးမွေးဖွားခြင်း၏ ဆင်းရဲဒုက္ခကို ခါးစည်းခံရမည်ဖြစ်သည်။ သင် လွတ်မြောက်လိုလျှင်ပင် မလွတ်မြောက်နိုင်ပေ။ ကယ်တင်ခြင်းသို့ ရောက်ရန် သင် ခါးစည်းခံသော ဆင်းရဲဒုက္ခသည် သင်၏ ကိုယ်ပိုင် အကျိုးအတွက် သင် ခါးစည်းခံသောအရာ ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် နာကျင်မှုကို ခါးစည်းခံနေသည်ဟု ပြော၍မရနိုင်ပေ။ သင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းအပြင် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို သင်၏ ကိုယ်ပိုင် ကယ်တင်ခြင်းအတွက် လုံးလုံးလျားလျား ခါးစည်းခံခြင်း ဖြစ်သည်။ ဤသည်မှာ သင် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခဖြစ်ပြီး ယင်းသည် မရှိမဖြစ်လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်း၊ ကယ်တင်ခြင်းသို့ ရောက်ရန် သင် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်း၊ ဘုရားအိမ်တော်အတွက် အလုပ်မည်မျှ သင် လုပ်ဆောင်ခဲ့ကြောင်း၊ ဘုရားသခင်အတွက် သင် မည်မျှ ပြေးလွှားခဲ့ကြောင်း သို့မဟုတ် ဧဝံဂေလိတရား ဟောခြင်းအားဖြင့် လူမည်မျှကို သင် ရရှိခဲ့ကြောင်းတို့ကို ကြွားလုံးမထုတ်နှင့်။ ဤအရာတစ်ခုမျှသည် ကိုယ်ပိုင်အရင်းအနှီး ရှိခြင်းနှင့် မညီမျှသည့်အပြင် ဤအရာများအတွက် သင်သည် မည်သည့်နည်းနှင့်မျှ ဂုဏ်ယူဝင့်ကြွားရန် မကြိုးစားသင့်ပေ။ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်ခြင်း ရှိမရှိဟူသည်ကို သင်ကိုယ်တိုင်ပင် မသိသည့်အပြင် သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်ခြင်း ရှိမရှိဟူသည်ကိုလည်း သင် မသိပေ။ သို့တိုင်အောင် သင်သည် ထိုသို့သောအရာများအတွက် ဂုဏ်ယူဝင့်ကြွားရန် အစဉ် ကြိုးစားသည်။ ဤသည်မှာ မည်သည့် ဆင်ခြင်တုံတရားမျှ မရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်သည် ဂုဏ်ယူဝင့်ကြွားပါက ဘုရားသခင်သည် သင့်အား ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ ကြွယ်ဝသော အသက်တာနှင့် လူ့ဇာတိဆိုင်ရာ သက်သောင့်သက်သာ ရှိမှုတို့ကို ပေးလျက်၊ လူ့လောက၏ ဘုန်းအသရေနှင့် စည်းစိမ်ချမ်းသာတို့ကို သင့်အား မွေ့လျော်ခံစာစေကာ ယခုချက်ချင်းပင် သင့်ကို အဆတစ်ရာ ဆုချီးမြှင့်နိုင်သည်။ သို့ရာတွင် သင်သည် ဤအရာများကို အပြန်အလှန်ရရှိရန်သက်သက်အတွက် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို မလိုက်စားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှား၍မရနိုင်သည့်အပြင် သင်သည် ကယ်တင်ခြင်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ သင်သည် ဤဘဝကို ပျော်မွေ့ခံစားနိုင်သော်လည်း ဘုရားသခင်သည် သင့်ကို နောင်ဘဝသို့ ဝင်ရောက်ခွင့်ပေးမည် မဟုတ်ပေ။ သို့ရာတွင် သင်သည် ဤဘဝကို ပျော်မွေ့ခံစားရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ဘဲ ကယ်တင်ခြင်းသို့ ရောက်ရန်နှင့် လူသားမျိုးနွယ်သစ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန်အလို့ငှာ၊ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် ဘုရားသခင်ကို ကိုးကွယ်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန်အလို့ငှာ ယုံကြည်ခြင်းဖြစ်ပါက သင် ခါးစည်းခံသော ဆင်းရဲဒုက္ခသည် သင် ခါးစည်းခံသင့်သည့်အရာဖြစ်ပြီး ယင်းထက်ပို၍ ထုတ်ပြောရလောက်အောင် မတန်ပေ။ ယင်းကို မည်သူ့ကိုမဆို ထုတ်ပြောခြင်းသည် မည်သည့် ဆင်ခြင်တုံတရားမျှ မရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပေမည်။ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်း၏ ပန်းတိုင်၊ တန်ဖိုးနှင့် အရေးပါမှုတို့သည် သင့်ကိုယ်တိုင် ကယ်တင်ခြင်းသို့ ရောက်ရန်အတွက် ဖြစ်သည်။ ဤအရာတွင် ကြွားလုံးထုတ်ရလောက်အောင် တန်သောအရာ တစ်ခုမျှ မရှိပေ။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများသည် ၎င်းတို့ ဘုရားသခင်ကို စတင်ယုံကြည်ကတည်းက ၎င်းတို့ မည်မျှ ပြေးလွှားခဲ့ရကြောင်းနှင့် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းအပြင် ၎င်းတို့သည် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်မျှ တွေ့ကြုံခဲ့ရကြောင်းကို အစဉ် ပြောဆိုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းနှင့်ဆိုင်သော “ဘုန်းအသရေရှိသည့် မှတ်တမ်း” ကို အစဉ် ကြွားဝါနေကြသည်။ သင့်ကို ငါ ပြောပြမည်။ ဤသည်မှာ ရှက်ဖွယ်ကောင်းသည်၊ စက်ဆုပ်ဖွယ်ကောင်းပြီး အော်ဂလီဆန်စရာကောင်းသည်။ ဤအရာအားလုံးသည် သင် လုပ်ဆောင်သင့်ပြီး ခါးစည်းခံသင့်သည့် အရာများ ဖြစ်ကြသည်။ သင်သည် မိမိကိုယ်ကို မှန်ကန်ကြောင်း ထုချေရန် မကြိုးစားသင့်ပေ။ သင်သည် မည်သူ့ထံမှ မည်သည့် ကောင်းမှုမျှ မရရှိခဲ့ပေ။ သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ပြီး အသင်းတော်တစ်ခုကို ဦးဆောင်ကာ လူတို့ကို ထောက်ပံ့မှုနှင့် အကူအညီအချို့ ပေးလျှင်ပင် ယင်းမှာ သင်၏ တာဝန်၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး သင် လုပ်ဆောင်သင့်သည့်အရာသာ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ တစ်ချက်အနေဖြင့် သင်သည် လူသားတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ အခြားတစ်ချက်အနေဖြင့် သင်သည် လူတို့ကို ထောက်ပံ့ပေးခြင်း၊ ကူညီခြင်းနှင့် ပံ့ပိုးပေးခြင်းများ ပြုလုပ်လျှင်ပင် ယင်းမှာ သမ္မာတရားကို နားလည်ပြီးနောက်တွင် လူသားတစ်ဦးအနေဖြင့် သင်၏ ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရုံသာဖြစ်ပြီး အခြားသူများကို ယင်းမှ အကျိုးကျေးဇူးရရှိခွင့်ပေးခြင်း ဖြစ်သည်။ သို့ရာတွင် သမ္မာတရားသည် သင်၏အပိုင် မဟုတ်ပေ။ ယင်းသည် ဘုရားသခင်ထံမှ လာခြင်း ဖြစ်သည်။ သင်သည် ယင်းကို တစ်ဆင့်ပြန်ပြောပြပြီး မျှဝေရုံသာ ဖြစ်သည်။ သမ္မာတရားသည် သင်၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ အသက်ဖြစ်ပြီး ဘုရားသခင်၏ ထောက်ပံ့မှု ဖြစ်သည်။ သို့ဖြစ်၍ လူတို့ကို ထောက်ပံ့ပေးရန်နှင့် ကူညီရန် သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်သည့်အခါ ယင်းသည် ကောင်းမှုတစ်မျိုးမျိုး မဟုတ်ပေ။ သင်သည် ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခုကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပါက သင်သည် မိမိ၏ ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရုံသာဖြစ်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ဤအရာတွင် ကြွားလုံးထုတ်ရလောက်အောင် တန်သောအရာ တစ်ခုမျှ မရှိပေ။ သင်သည် ယင်းကို ကောင်းမွန်စွာ မလုပ်ဆောင်ပါက သင်သည် မိမိကိုယ်ကို ဆန်းစစ်ပြီး ဆင်ခြင်သုံးသပ်သင့်သည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်နေစဉ် သင်သည် တစ်ချိန်က လူမည်မျှကို ဦးဆောင်ခဲ့သည်ဖြစ်စေ၊ တစ်ချိန်က လူမည်မျှကို သင် ထောက်ပံ့ပေးပြီး ကူညီခဲ့သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ဤအရာများသည် သူ အမှတ်ရသော ကောင်းမှုများမျှသာ ဖြစ်ကြသည်။ သို့ရာတွင် လူတို့နှင့်ပတ်သက်လာလျှင် သင်သည် ၎င်းတို့ထံမှ မည်သည့် ကောင်းမှုကိုမျှ လုံးဝ မရရှိခဲ့ပေ။ ဤအလုပ်ကို လုပ်ဆောင်ရာတွင် သင်သည် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရပြီး များစွာသော ဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ရကာ နောက်ကွယ်တွင် အိပ်ရေးများစွာ ပျက်ခဲ့ရကာ သင်တို့ထဲမှ အချို့သည် ဖျားနာပြီး ရောဂါ၏ ညှဉ်းပန်းမှုကို ခါးစည်းခံခဲ့ရလျှင်ပင် ဤသည်မှာ သင်သည် ကုသိုလ်တစ်ခုခု ရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဤဆင်းရဲဒုက္ခအားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားများ ကယ်တင်ခြင်းသို့ မရောက်မီ သမ္မာတရားကို ရရှိရန်အလို့ငှာ ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကြွားလုံးထုတ်ရလောက်အောင် စိုးစဉ်းမျှ မတန်ပေ။ ထို့ကြောင့် သင်သည် ယင်းအတွက် ဘုန်းအသရေကို မတောင်းဆိုသင့်သည့်အပြင် ယင်းအတွက် ကောင်းမှုကိုလည်း မတောင်းဆိုသင့်ပေ။ ငါသည် သင်တို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခဲ့ပြီး သင်တို့ကို ဤမျှနှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့သော်လည်း သင်တို့ထံမှ မည်သည့် ကောင်းမှုကိုမျှ ငါ ရရှိပြီးဖြစ်သည်ဟု ငါ မခံစားရပေ။ တစ်ချိန်တည်းတွင် သင်သည် ဆင်းရဲဒုက္ခခံစားရခြင်းနှင့် အဖိုးအခပေးဆပ်ခြင်းမှတစ်ဆင့် သမ္မာတရားကို နားလည်ရုံသာဖြစ်ပြီး ထို့နောက် ယင်းကို အခြားသူများနှင့် မျှဝေခဲ့သည်။ ဤသည်မှာ သင်သည် ကောင်းမှုအချို့ ရရှိပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏ လုပ်ရပ်များသည် အခြားသူများအတွက် အကူအညီအချို့ ဖြစ်ခဲ့လျှင်ပင် ယင်းမှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့က ရရှိစေသော ရလဒ်မျှသာ ဖြစ်သည်။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များ သို့မဟုတ် ဤသမ္မာတရားများကို ဖော်ပြခြင်း မရှိခဲ့ပါက လူတို့ကို ကူညီရန် သင့်ထံတွင် အဘယ်အရာ ရှိမည်နည်း။ သင်သည် လူတို့ထံ ဖောက်ပြန်ပျက်စီးခြင်းအပြင် လူသား၏ အယူအဆများနှင့် စိတ်ကူးများကိုသာ ဝေမျှလိမ့်မည်ဖြစ်သည်။ သမ္မာတရား ရှိနိုင်ရန် အကြောင်းမရှိပေ။ သမ္မာတရားသည် ဘုရားသခင်ထံမှသာ လာနိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ အရင်းအမြစ်ဖြစ်ပြီး သူသည် လူသားမျိုးနွယ်ကို အသက် ထောက်ပံ့ပေးသော အရင်းအမြစ် ဖြစ်သည်။ သင်သည် ဘုရားသခင်ထံမှ၊ အရင်းအမြစ်ထံမှ ရေတစ်ပေါက်ကို ရရှိပြီး ထို့နောက် ယင်းကို အခြားလူများနှင့် မျှဝေသည်။ ယင်းက ၎င်းတို့၏ ရေငတ်ခြင်းကို ပြေစေလျှင်ပင် သင်သည် သင်၏ တာဝန်နှင့် ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရုံသာ ဖြစ်သည်။ ယင်းသည် ထိုလူများအတွက် ကျေးဇူးတော်၊ မျက်နှာသာပေးမှု၊ ပေးသနားမှု သို့မဟုတ် ထောက်ပံ့မှု တစ်မျိုးမျိုး လုံးဝ မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် ယင်းသည် အကူအညီမျှသာ ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သည့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရုံသာ ဖြစ်သည်။ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အခြားသူများထံ မျှဝေပြီး လက်ဆင့်ကမ်းကာ ၎င်းတို့ကို ယင်းတို့ထံမှ အာဟာရနှင့် ထောက်ပံ့မှု ရရှိခွင့်ပေးသည်။ သို့ဖြစ်၍ ငါ၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားများက သမ္မာတရားကို လက်ခံပြီး ကယ်တင်ခြင်းသို့ ရောက်နေသည့် ကာလအတွင်း ၎င်းတို့ ခါးစည်းခံရသော မည်သည့် ဆင်းရဲဒုက္ခမဆိုသည် ၎င်းတို့ ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်။ လူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး စာတန်၏ ဖျက်ဆီးခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရကာ စာတန်၏ ခြေအောက်တွင် ပြင်းထန်စွာ နင်းခြေခံရပြီး စာတန်၏ အမျိုးမျိုးသော အတွေးများနှင့် အမြင်များအပြင် ၎င်း၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းများ၏ သွတ်သွင်းခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရသောကြောင့် လူသားများအနေဖြင့် သမ္မာတရားကို လက်ခံရန် ခက်ခဲသည်။ လူသားတစ်ဦးက သမ္မာတရားကို လက်ခံပြီး ကယ်တင်ခြင်းသို့ ရောက်သည့် လုပ်ငန်းစဉ်သည် ပြင်းထန်စွာ ဖျားနာနေသော လူနာတစ်ဦး ကုသမှုခံယူခြင်းနှင့် တူသည်။ ၎င်းသည် ဆင်းရဲဒုက္ခကို ခါးစည်းခံရမည်ဖြစ်ပြီး ယင်းမပါဘဲ ၎င်းကို ကုသ၍မရနိုင်ပေ။ ကယ်တင်ခြင်းသို့ ရောက်ရန်အလို့ငှာ ဖောက်ပြန်ပျက်စီးသော လူသားများသည် သမ္မာတရားကို လက်ခံရမည်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်ဖြစ်ပြီး စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို လက်ခံရမည်ဖြစ်သည်။ များစွာသော ဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းအားဖြင့်သာ ၎င်းတို့သည် အဆုံး၌ စေ့စပ်သေချာသော အသွင်ပြောင်းလဲခြင်းကို ဖြတ်သန်းနိုင်ပြီး လူသားမျိုးနွယ်သစ်၏ အဖွဲ့ဝင်များ ဖြစ်လာနိုင်ကြသည်။ အမျိုးမျိုးသော ဆင်းရဲဒုက္ခခံစားရသည့် ပတ်ဝန်းကျင်များကို မဖြတ်သန်းဘဲ လူသည် သမ္မာတရားကို ထိုမျှ သဘာဝကျကျနှင့် ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုအနေဖြင့် လက်ခံရန် မဖြစ်နိုင်ပေ။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အမြစ်တွယ်နေပြီး သူ၏ အသက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ သို့ဖြစ်၍ လူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပုန်ကန်ရန်၊ အမျိုးမျိုးသော လူသား၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ပုန်ကန်ရန်၊ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော လူသား၏ အတွေးများနှင့် အမြင်များကို လက်လွှတ်ရန်နှင့် သမ္မာတရားကို လက်ခံရန်အလို့ငှာ အမျိုးမျိုးသော ဆင်းရဲဒုက္ခများ၏ စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်ပြီး များစွာသော နာကျင်မှုကို ခါးစည်းခံရမည်ဖြစ်သည်။ ဤဆင်းရဲဒုက္ခအတွက် အပြန်အလှန်အနေဖြင့် လူရရှိသောအရာမှာ ကယ်တင်ခြင်းနှင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်း ဖြစ်သည်။ သူရရှိသောအရာမှာ သမ္မာတရားကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ကိုးကွယ်ခြင်း ဖြစ်သည်။ သူရရှိသောအရာမှာ ဖန်ဆင်းခံတစ်ဦးဖြစ်သည့် သူ့ကို ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤဆင်းရဲဒုက္ခသည် အကြီးမားဆုံးသော တန်ဖိုးရှိသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် သင် မည်သည့် ဆင်းရဲဒုက္ခမျိုးကို ခါးစည်းခံရသည်ဖြစ်စေ အရာတစ်ခုကို မှတ်ထားလော့။ ဤသည်မှာ သင် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခဖြစ်ပြီး သင်သည် ယင်းကို နေရာတိုင်းတွင် မကြေညာသင့်ပေ။ ဤဆင်းရဲဒုက္ခသည် သင် လိုလိုလားလား ခါးစည်းခံသောအရာဖြစ်ပြီး သင် ခါးစည်းခံသင့်သောအရာဖြစ်ပါက သင်သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်သင့်ပြီး ဘုရားသခင်ထံမှ လက်ခံသင့်သည်။ သင်သည် မိမိ၏ ဆင်းရဲဒုက္ခခံစားရခြင်း အတွေ့အကြုံများကို ကြွားဝါရန်နှင့် သင့်ကိုယ်သင်အတွက် ကိုယ်ပိုင်အရင်းအနှီးကို လုယူရန် ပြောဆိုမည့်အစား ယင်းကို သင်၏ ကိုယ်ပိုင် ရိုးသားစစ်မှန်သော တန်ဖိုးထားလေးမြတ်မှုနှင့် အံ့ဩဖွယ်ကောင်းသော အတွေ့အကြုံများအဖြစ် ပြောင်းလဲသင့်ပြီး ယင်းအကြောင်းကို ရေးသားခြင်း သို့မဟုတ် ပြောဆိုခြင်းမှတစ်ဆင့် အခြားသူများနှင့် မျှဝေသင့်သည်။ သင် မည်မျှပင် ဆင်းရဲဒုက္ခခံစားရပါစေ ယင်းသည် သင်၏ ကိုယ်ပိုင်အရင်းအနှီး မဟုတ်သည့်အပြင် ယင်းသည် သင်၌ ဝါရင့်သည်ဟု မဆိုလိုပေ။ ဘုရားသခင်သည် လူတစ်ဦး အဆုံး၌ ကယ်တင်ခြင်းသို့ ရောက်ရန် အရည်အချင်းပြည့်မီခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဟူသောအချက်ဖြင့် မတိုင်းတာပေ။ ဆင်းရဲဒုက္ခခံစားရခြင်းကို ဤသို့ ရှုမြင်ခြင်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။)

ငါ့ကို ပြောလော့၊ လူတို့ ပိုင်ဆိုင်သင့်သော ဆင်းရဲဒုက္ခခံစားရခြင်းနှင့်ပတ်သက်၍ ငါပြောခဲ့သည့် ဤအတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် အညီဖြစ်သလော။ (ဖြစ်ပါသည်။) ဆင်းရဲဒုက္ခခံစားရခြင်းကို ဤနည်းလမ်းအတိုင်း မရှုမြင်သင့်သလော။ (ရှုမြင်သင့်ပါသည်။) သင်သည် အမှုအရာများကို ဤနည်းလမ်းအတိုင်း ရှုမြင်နိုင်ပါက သင်၏ လုပ်ရပ်များတွင် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝ ရှိလာမည်ဖြစ်ပြီး သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် အတော်အတန် လျော့နည်းသွားလိမ့်မည်။ ဦးစွာ မှန်ကန်သော အတွေးများနှင့် အမြင်များကို လက်ခံလော့၊ ထို့နောက် ဤအတွေးများနှင့် အမြင်များကို သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုနှင့် နှိုင်းယှဉ်ချိန်ဆရန် စံနှုန်းတစ်ခုအဖြစ် အသုံးပြု၍ ယင်းကို ဖြေရှင်းလော့။ အမှုအရာများကို လုပ်ဆောင်ရာတွင် ဤအတွေးများနှင့် အမြင်များ၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်လော့၊ သို့ဆိုလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်မသိလိုက်ဘဲ ဖြေရှင်းခံရလိမ့်မည်။ အချိန်အများစုတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းသည် လူတစ်ဦးက မှန်ကန်သော အတွေးနှင့် အမြင်တစ်ခုကို လက်ခံပြီး ၎င်း၏ ရှုထောင့်အမြင်များတွင် အပြောင်းအလဲတစ်ခုကို ဦးစွာ ကြုံတွေ့ရခြင်း၊ ထို့နောက် ၎င်း ပြုမူသည့်နည်းလမ်းနှင့် ၎င်း၏ စိတ်သဘောထား ထုတ်ဖော်မှုများတွင် တဖြည်းဖြည်း ပြောင်းလဲလာခြင်းတို့အားဖြင့် ဖြစ်သည်။ ဆင်းရဲဒုက္ခခံစားရခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ သင်သည် မှန်ကန်သော အတွေးများနှင့် အမြင်များကို ဦးစွာ ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဆင်းရဲဒုက္ခခံစားရခြင်းဟူသည်မှာ အဘယ်အရာဖြစ်ကြောင်း၊ သင် အဘယ်ကြောင့် ဆင်းရဲဒုက္ခခံစားရကြောင်းနှင့် သင်၏ ဆင်းရဲဒုက္ခခံစားရခြင်း၏ ပန်းတိုင်နှင့် ဦးတည်ချက်တို့ မှန်ကန်ခြင်း ရှိမရှိဟူသည်တို့ကို သေချာစွာ သိရမည်။ သင်သည် ဆင်းရဲဒုက္ခခံစားရခြင်းအပေါ် မှန်ကန်သော အတွေးများနှင့် အမြင်များ ရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းနိုင်ရန်အလို့ငှာ ယင်းကို သင် ခါးစည်းခံသည့်အပြင် ဤဆင်းရဲဒုက္ခကို ခါးစည်းခံရာတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နေခြင်းဖြစ်ပါက ဤဆင်းရဲဒုက္ခသည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်။ ယင်းမှာ သင် ပိုင်ဆိုင်သင့်သော လက်တွေ့လုပ်ဆောင်မှုဖြစ်ပြီး သင်၏ တာဝန်လည်း ဖြစ်သည်။ ယင်းမှာ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ သင် ရှောင်လွှဲ၍မရနိုင်သော တာဝန်ယူမှုတစ်ခု ဖြစ်သည်၊ ဆိုလိုသည်မှာ ဤဆင်းရဲဒုက္ခသည် သင် ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ မိဘများသည် သားသမီးများကို မွေးဖွားသောအခါ ၎င်းတို့ကို ပြုစုပျိုးထောင်ရမည်ဖြစ်ကာ ၎င်းတို့ကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ခြင်းသည် မိဘများ၏ တာဝန်ယူမှုဖြစ်ခြင်းနှင့် တူညီပေသည်။ ၎င်းတို့၏ သားသမီးများကို ပြုစုပျိုးထောင်သည့် လုပ်ငန်းစဉ်တွင် ၎င်းတို့ မည်မျှပင် ဆင်းရဲဒုက္ခခံစားရပါစေ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ယူမှုဖြစ်ပြီး ဤအရာတွင် ဝါကြွားရလောက်အောင် တန်သည့်အရာ တစ်ခုမျှ မရှိပေ။ ဤသည်မှာ လူတို့က မိမိတို့၏ မျိုးဆက်သစ်များကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြုစုပျိုးထောင်ခဲ့ကြသည့် ပုံစံဖြစ်သည်။ သားသမီးများကို ပြုစုပျိုးထောင်ရန် လူတစ်ဦးသည် ဤနာကျင်မှုကို ခံစားရမည်ဖြစ်ပြီး ယင်းကိုယ်တိုင်က တာဝန်ယူမှုတစ်ခု ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းရန်နှင့် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် လူတို့သည် ဆင်းရဲဒုက္ခများစွာကိုလည်း ခါးစည်းခံရမည်ဖြစ်သည်။ သို့ရာတွင် အရာတစ်ခုမှာ သေချာသည်၊ ဤဆင်းရဲဒုက္ခသည် အချည်းနှီးသော စွန့်လွှတ်အနစ်နာခံမှုတစ်ခု လုံးဝမဟုတ်သည့်အပြင် အဓိပ္ပာယ်မဲ့သော ဆင်းရဲဒုက္ခလည်း မဟုတ်ပေ၊ ထိုအစား ယင်းမှာ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိလေသည်။ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်း၏ ပန်းတိုင်သည် ဘုရားသခင်အတွက် သက်သေခံရန်၊ သမ္မာတရား၏ တည်ရှိမှုကို ကာကွယ်ရန်၊ အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ရန်၊ တရားမျှတသော အကြောင်းတရားများ၏ တည်ရှိမှုကို ကာကွယ်ရန်နှင့် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းပြီး ထိုသို့ဖြင့် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ဖြစ်ပါက သင် ခါးစည်းခံသော ဆင်းရဲဒုက္ခသည် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသည်။ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်း၏ ပန်းတိုင်သည် မှန်ကန်ပြီး အပြုသဘောဆောင်ပါက ဤဆင်းရဲဒုက္ခသည် သင် ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ သင် ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူသားတစ်ဦးအနေဖြင့်လည်းကောင်း၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ ဖန်ဆင်းခံတစ်ဦးအနေဖြင့်လည်းကောင်း သင် ခံယူသင့်သည့် တာဝန်ယူမှုတစ်ခုနှင့် သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်ဟု ဆိုလိုသည်၊ အတိုချုပ်ဆိုရလျှင် သင်သည် “မလွဲမသွေ တာဝန်ရှိသည်”။ မလွဲမသွေ တာဝန်ရှိသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သည့်အရာကိုမျှ တောင်းဆိုခြင်းမရှိဘဲ၊ အပေးအယူလုပ်ရန် မကြိုးစားဘဲနှင့် ကုသိုလ်ရရန် မရှာဖွေဘဲ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းဟု ဆိုလိုသည်၊ ယင်းမှာ သင် လုပ်ဆောင်သင့်သည့်အရာမျှသာ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က နောဧအား သင်္ဘောတည်ဆောက်ရန် တာဝန်ပေးစေခိုင်းခဲ့သည့်အချိန်ကဲ့သို့ပင် ဖြစ်သည်။ နောဧသည် သင်္ဘောတည်ဆောက်ရန် နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်ဟူသော အဖိုးအခကို ပေးဆပ်ခဲ့သော်လည်း သူသည် မည်သူ့ထံမှ အသိအမှတ်ပြုခံရရန် ကြိုးစားခဲ့သနည်း။ သူသည် မည်သူ့ထံမှ အသိအမှတ်ပြုခံရရန် မကြိုးစားခဲ့ပေ။ ထိုနှစ်ပေါင်းတစ်ရာ့နှစ်ဆယ်အတွင်း သင်္ဘောတည်ဆောက်စဉ်တွင် သူသည် ဆင်းရဲဒုက္ခ မည်မျှကို ခါးစည်းခံခဲ့ရသနည်း။ သူ မည်မျှပင် ဆင်းရဲဒုက္ခခံစားခဲ့ရပါစေ ဘုရားသခင်၏ အမြင်တွင် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံရာ၌ သူ ခါးစည်းခံခဲ့ရသည့် မည်သည့်ဆင်းရဲဒုက္ခမဆိုသည် သူ ခါးစည်းခံသင့်ခဲ့သည့်အရာ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် လူသားတစ်ဦးဖြစ်ပြီး ဤတာဝန်ယူမှုကို ထမ်းဆောင်စဉ်တွင် ဤနာကျင်မှုကို သူ လက်ခံရမည်ဖြစ်ကာ ဤနာကျင်မှုနှင့် သူ၏ တာဝန်ယူမှုတို့သည် တစ်ချိန်တည်းတွင် ပေါ်ပေါက်လာပြီး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးသည်နှင့်တစ်ပြိုင်နက် ယင်းတွင် ပါဝင်သော နာကျင်မှု အမျိုးအစားတိုင်းကို သင် လက်ခံရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် သင့်ထံတွင် မလွဲမသွေ တာဝန်ရှိသည်။ နောဧသည် သူ၏ ဆင်းရဲဒုက္ခခံစားရခြင်းအတွက် အဆုံးတွင် မည်သည့်အရာကို အစားပြန်ရခဲ့သနည်း။ သူသည် သင်္ဘောထဲတွင် အသက်ရှင်ကျန်ရစ်နိုင်ခဲ့ပြီး နောက်ထပ် လူသားမျိုးဆက်၏ ဘိုးဘေး ဖြစ်လာခဲ့သည်၊ သူသည် သူ၏ ဆင်းရဲဒုက္ခခံစားရခြင်းကို အသက်ရှင်ကျန်ရစ်ခြင်းနှင့် လဲလှယ်ခဲ့သည်။ ထို့ကြောင့် သင်္ဘောတည်ဆောက်စဉ်တွင် သူ မည်မျှပင် ဆင်းရဲဒုက္ခခံစားခဲ့ရပါစေ ယင်းမှာ လူသားမျိုးနွယ် သို့မဟုတ် ဘုရားသခင်အတွက် ပံ့ပိုးကူညီမှုတစ်ခုဖြစ်သည်ဟု သူ မည်သည့်အခါမျှ မခံစားခဲ့ရပေ။ သူ့တွင် ဆင်ခြင်တုံတရား ရှိခဲ့သဖြင့် သူသည် ထိုသို့သောအရာများကို မည်သည့်အခါမျှ မပြောခဲ့ပေ။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်ဟု သူ ခံစားခဲ့ရသည်။ ယနေ့ခေတ် လူသားမျိုးနွယ်သည်လည်း ဤသဘောထား ရှိသင့်သည်။ သင်သည် မိမိ၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုလိုလားလား လက်ခံကာ သင် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင် မည်မျှ ဆင်းရဲဒုက္ခခံစားရပြီး မည်သည့်အရာကို ကြုံတွေ့ရသည်ဖြစ်စေ သင်၏ ပန်းတိုင်သည် ဖန်ဆင်းရှင်က သင့်အား ပေးအပ်ထားသော တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် ကယ်တင်ခြင်းသို့ ရောက်ရန် ဖြစ်ပါက မည်သည့် ဆင်းရဲဒုက္ခကို သင် မခံစားသင့်သနည်း။ သင် ခါးစည်းခံသော မည်သည့်ဆင်းရဲဒုက္ခမဆိုသည် သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်ယူမှုနှင့် တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်။ ရှင်းလင်းစွာ ဆိုရလျှင် ယင်းကို ခါးစည်းခံရန်မှာ သင်၏ တာဝန်ယူမှုနှင့် တာဝန်ဝတ္တရား ဖြစ်သည်၊ ယင်းမှာ ကြွားရလောက်အောင် မတန်ပေ။ လူတို့က “ငါသည် ဆင်းရဲဒုက္ခခံစားခဲ့ရပြီး အဖိုးအခ ပေးဆပ်ခဲ့ရသည်။ ငါ့ကိုယ်ငါ ချီးမွမ်းရမည်၊ ဘုရားသခင်ကို သိစေရမည်ဖြစ်ပြီး လူတို့ကိုလည်း သိစေရမည်၊ သို့မှသာ လူတို့၏ စိတ်နှလုံးထဲတွင် ငါ့အပေါ် ကောင်းသော အထင်အမြင် ရှိကြမည်ဖြစ်ပြီး လူတို့အကြားတွင် ငါ၌ မြင့်မားသော အဆင့်အတန်းနှင့် ဂုဏ်ဒြပ် ရှိမည်” ဟု အစဉ် တွေးကြသည်။ ဤသည်မှာ ပိုလျှံနေပြီး မလိုအပ်ပေ။ ဆင်းရဲဒုက္ခခံစားရခြင်းမှတစ်ဆင့် သင် ရရှိသင့်သည့်အရာကို သင် ရရှိပြီးဖြစ်သည်။ ဘုရားသခင်က သင့်အပေါ် ချပေးသနားသော သမ္မာတရားနှင့် အသက်သည် အဖိုးတန်ဆုံးသော အရာများ ဖြစ်ကြသည်။ အခြားသူများထံမှ မည်သည့် ဂုဏ်ဒြပ်၊ အဆင့်အတန်း သို့မဟုတ် အထင်ကြီးလေးစားမှုကမျှ သင် ရရှိထားသော သမ္မာတရားနှင့် မယှဉ်နိုင်ပေ။ သင်သည် အဖိုးတန်ဆုံးသောအရာကို ရရှိပြီးဖြစ်သောကြောင့် အခြားသူများက သင့်ကို အထင်ကြီးလေးစားလာစေရန် သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းနှင့် သင် ပေးဆပ်ခဲ့ရသော အဖိုးအခတို့အကြောင်း ဝါကြွားရန် လိုအပ်သေးသလော။ ထိုသို့လုပ်ရန် မလိုအပ်ပေ။ သင်သည် သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းသို့ ရောက်ရန် ဆင်းရဲဒုက္ခခံစားရပြီး အဖိုးအခ ပေးဆပ်ရသောကြောင့် ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းအကြောင်း သင် ဝါကြွားခြင်း မပြုသင့်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူများသည် ဤကိစ္စရပ်ကို မှန်ကန်စွာ သဘောထားကြလိမ့်မည်။ ထို့အပြင် သင်သည် ဆင်းရဲဒုက္ခခံစားရခြင်းမှတစ်ဆင့် သမ္မာတရားများကို ပို၍ နားလည်လာပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပို၍ တိကျစွာ နားလည်လာပါက သင့်အတွက် ဤပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသည့်အတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်လိမ့်မည်ဖြစ်ပြီး သင် ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခအတွက် ကျေးဇူးတင်လိမ့်မည်။ သင်က “ကျေးဇူးတင်စရာကောင်းသည်မှာ ထိုဆင်းရဲဒုက္ခ ပတ်ဝန်းကျင်များ ရှိခဲ့သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးထားသော ထိုရောဂါများ၊ စိတ်ပျက်မှုများ၊ အဆင်မပြေမှုများ၊ ဖြုတ်ချခြင်းများ၊ ပြုပြင်ခြင်းများနှင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့ ရှိခဲ့သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ ကျွန်ုပ်နှင့်အတူ အဖော်ပြုပေးသည့် ဤအရာများ ရှိခဲ့သည်” ဟု ပြောလိမ့်မည်။ သင်နှင့်အတူ အဖော်ပြုရန် ဤဆင်းရဲဒုက္ခ ပတ်ဝန်းကျင်များ မရှိခဲ့ပါက ယနေ့ သင်ရရှိထားသောအရာများ သင့်တွင် ရှိနိုင်မည်မဟုတ်ပေ။ သင်သည် ဆင်းရဲဒုက္ခခံစားရခြင်းကို အခြားသူများရှေ့တွင် အသိအမှတ်ပြုခံရရန်နှင့် ပြန်လည်ပြောပြရန် သင် အသုံးပြုနိုင်သည့် အရင်းအနှီးတစ်ခုအဖြစ် သဘောထားမည့်အစား ဘုရားသခင်ကို ကျေးဇူးတင်ရမည်။ သင် မြင်သလော၊ လူသည် သမ္မာတရားနှင့် အညီဖြစ်သော အရာတစ်မျိုးမျိုးနှင့်ပတ်သက်၍ တိကျသော နားလည်မှုတစ်ခု ရှိသောအခါ ထိုသို့သောအရာများအပေါ် သူ၏ ရှုထောင့်အမြင်များသည် တိကျလာမည်ဖြစ်ပြီး သူ၏ ရပ်တည်ချက်သည် မှန်ကန်လာမည်ဖြစ်ကာ သူ၏ ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်လာလိမ့်မည်။ လူ၏ ဆင်ခြင်တုံတရားတွင် ပုံမှန်မဟုတ်ခြင်း၏ အရင်းခံအကြောင်းရင်းမှာ အမှုအရာများစွာအပေါ် သူ၏ ထင်မြင်ချက်များ၊ ရှုထောင့်အမြင်များ၊ ရပ်တည်ချက်များနှင့် အမြင်ရှုထောင့်များသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ စာတန်က လူ့ထံ သွတ်သွင်းထားသော အတွေးများနှင့် အမြင်များအပေါ် အခြေခံထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်များကို အသုံးပြုပြီး ဤအရာများကို မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်ရှုထောင့်မှ ရှုမြင်သည်။ ဆင်းရဲဒုက္ခခံစားရရာတွင် သင်သည် အလွန်အမင်း မတရားပြုခံရပြီး အနိုင်ကျင့်ခံရသည်ဟု အစဉ် ခံစားရသည်၊ သင်သည် အစဉ် သင်္ကာရှင်းလိုသည်၊ တစ်စုံတစ်ဦးထံ သင်၏ နာကြည်းချက်များကို အစဉ် ရင်ဖွင့်လိုသည်၊ ပြီးလျှင် အခြားသူများ၏ အထင်ကြီးလေးစားခြင်းကို အစဉ် ခံလိုပြီး ၎င်းတို့၏ အထင်ကြီးလေးစားမှုမှတစ်ဆင့် ကျေနပ်မှုတစ်ခုကို ရရှိလိုသည်။ သို့ရာတွင် ယခု သင်သည် ဆင်းရဲဒုက္ခခံစားရခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို အသိအမှတ်ပြုပြီဖြစ်သောကြောင့် ဘုရားသခင်ထံမှ လာသော ဆင်းရဲဒုက္ခကို သင် မှန်ကန်စွာ လက်ခံနိုင်ပြီး ယင်းကို သင် အတိုက်အခံ မလုပ်တော့ပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ပို၍ ကြီးမားလာပြီး သင်၏ အသက် အနည်းငယ် ကြီးထွားရင့်ကျက်လာသောအခါ သင်တို့ထဲမှ အချို့သည် ပေတရု ဆုတောင်းခဲ့သကဲ့သို့ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုက မိမိတို့ထံမှ မည်သည့်အခါမျှ မခွာသွားရန် တောင်းလျှောက်လျက် ဆုတောင်းကြလိမ့်မည်။ ယခု သင်တို့တွင် ဤဝိညာဉ်ရင့်ကျက်မှု ရှိသလော။ (မရှိသေးပါ၊ သို့သော် ကျွန်ုပ်တို့သည် ယင်းအတွက် ကြိုးပမ်းရန် လိုလားကြပါသည်။) သမ္မာတရားကို ဆက်လက် လိုက်စားပြီး ယင်းအတွက် ကြိုးပမ်းလော့။ သင်သည် သမ္မာတရားကို ပို၍ နားလည်လာသည်နှင့်အမျှ အမှုအရာများကို သင် စိတ်ထဲ၌ ရှုမြင်သည့်နည်းလမ်းသည် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မည်ဖြစ်ပြီး သင်၏ အသက်သည် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။

အချို့လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် အဖြစ်နည်းသော သို့မဟုတ် ကုသရန်ခက်ခဲသော ရောဂါများ ဖြစ်ကြသည်။ ဤရောဂါများကို တွေ့ကြုံခံစားရခြင်းမှတစ်ဆင့် ၎င်းတို့သည် အဆုံးတွင် တစ်စုံတစ်ရာကို ရရှိကြသည်။ ဖျားနာမှုက ပိုဆိုးလာသည်ဖြစ်စေ၊ မပြောင်းလဲဘဲရှိနေသည်ဖြစ်စေ၊ ပျောက်ကင်းသွားသည်ဖြစ်စေ အတိုချုပ်ဆိုရလျှင် ဤဆင်းရဲဒုက္ခကို တွေ့ကြုံခံစားရခြင်းမှ ၎င်းတို့ အဆုံးတွင် ရရှိသည့်အကျိုးမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းနှင့် အမျိုးမျိုးသော ကဏ္ဍများတွင် ၎င်းတို့၏ ကိုယ်ပိုင် ပြဿနာများကို သိရှိခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ၎င်းတို့ အသုံးပြုလေ့ရှိသော မှားယွင်းသည့် သဘောထားများနှင့် နည်းလမ်းများဖြင့် မဆက်ဆံကြတော့ပေ။ ဤအကျိုးကျေးဇူးသည် အခြားမည်သည့် အတွေ့အကြုံမျိုးမှတစ်ဆင့်မျှ သင် မရရှိနိုင်သောအရာ ဖြစ်သည်၊ ယင်းကို ဆင်းရဲဒုက္ခခံစားရခြင်းမှတစ်ဆင့်သာ ရရှိနိုင်သည်။ ထိုအချိန်တွင် သင်သည် ဤရောဂါအတွက် ကျေးဇူးတင်လိမ့်မည်ဖြစ်ပြီး “ကံကောင်းထောက်မစွာဖြင့် ကျွန်ုပ်တွင် ဤဖျားနာမှု ရှိခဲ့သည်၊ သို့မဟုတ်ပါက ကျွန်ုပ်အတွက် ဤသို့သော အကျိုးများ ရှိရန် မဖြစ်နိုင်ပါ” ဟု ပြောလိမ့်မည်။ သို့ဖြစ်၍ သင်သည် ဤအတွေ့အကြုံကို အခြားသူများနှင့် မိတ်သဟာယဖွဲ့ပြီး မျှဝေသောအခါ သင် ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခကို အလေးပေးမည့်အစား သင်၏ အတွေ့အကြုံမှ သင် ရရှိခဲ့သည့်အရာ၊ ယင်းမှ သင် ရိတ်သိမ်းခဲ့ရသည့်အရာနှင့် ယင်းအတွင်း၌ လူတို့ နားလည်သင့်သည့် သမ္မာတရားများအကြောင်းကို သင် မိတ်သဟာယဖွဲ့နေလိမ့်မည်။ သင် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်း၊ ယင်းက မည်မျှ စိတ်ဆင်းရဲစရာကောင်းကြောင်းနှင့် အဆုံးတွင် ဆင်းရဲဒုက္ခခံစားရန် စိတ်ပိုင်းဖြတ်မှုကို သင် မည်သို့ ရရှိလာခဲ့ကြောင်းတို့နှင့်ပတ်သက်၍ အခြားသူများရှေ့တွင် သင်သည် မိမိကိုယ်ကို ချီးမြှောက်ပြီး သက်သေခံနေမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကို သက်သေခံရန်နှင့် ချီးမွမ်းရန် ယင်းကို လုပ်ဆောင်နေမည်မဟုတ်ဘဲ သင်၏ ကိုယ်ပိုင် အတွေ့အကြုံများကို မျှဝေရန်နှင့် ဘုရားသခင်အတွက် သက်သေခံရန် လုပ်ဆောင်နေမည်ဖြစ်သည်။ ဆင်းရဲဒုက္ခခံစားရခြင်း ကိစ္စရပ်ကို ဤနည်းလမ်းအတိုင်း သဘောပေါက်နားလည်ရမည်။ အဓိကအရာမှာ ဆင်းရဲဒုက္ခခံစားရခြင်းတွင် သင်၏ ပန်းတိုင်က အဘယ်အရာ ဖြစ်သည်ဟူသည်နှင့် သင်၏ ဆင်းရဲဒုက္ခခံစားရခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်က အဘယ်အရာဖြစ်သည်ဟူသည်တို့ ဖြစ်သည်။ သို့သော် ယင်းက မည်သည့်အရာပင်ဖြစ်ပါစေ လူတို့ ခါးစည်းခံရသော မည်သည့်ဆင်းရဲဒုက္ခမဆိုနှင့် ၎င်းတို့ မည်မျှပင် ဆင်းရဲဒုက္ခခံစားရပါစေ ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် ၎င်းတို့အတွက် တစ်ကိုယ်ရေ အရင်းအနှီး ပုံစံတစ်ခု မည်သည့်အခါမျှ မဖြစ်နိုင်ပေ။ ထို့အပြင် ဖောက်ပြန်ပျက်စီးသော လူသားများသည် ဇာတိပကတိ၌ အသက်ရှင်ကြသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် လူတို့အကြားတွင် အသက်ရှင်ကျန်ရစ်ရန်အလို့ငှာ သင် ဆင်းရဲဒုက္ခ မခံစားရသလော။ (ခံစားရပါသည်၊ ဤအရာအတွက်လည်း ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံစားရပါမည်။) ဇာတိပကတိသည် လုံးဝ ဆင်းရဲဒုက္ခမခံစားရရန် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) လူတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် ၎င်းတို့သည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံရဆဲဖြစ်သည်။ လူတစ်ဦး၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ပညာရေး အောင်မြင်မှုနှင့် စည်းစိမ်ဥစ္စာတို့ကို လိုက်စားရာတွင်အပြင် သားသမီးများကို ပြုစုပျိုးထောင်ခြင်း စသည်တို့တွင် ဤအရာအားလုံးက ဆင်းရဲဒုက္ခခံစားရခြင်းကို ဖြစ်စေသည်။ မည်သူက ဆင်းရဲဒုက္ခ မခံစားရသနည်း။ ဤလူ့လောကတွင် အသက်ရှင်နေထိုင်ရာ၌ လူတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံရမည်၊ အချို့သော ဆင်းရဲဒုက္ခများသည် တန်ဖိုးကင်းမဲ့နေခြင်းမျှသာ ဖြစ်သည်၊ ယင်းမှာ လူတို့က အသက်ရှင်ကျန်ရစ်ရေးအတွက်လည်းကောင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်လည်းကောင်း အပြေးအလွှား လုပ်ဆောင်ကြပြီး အချင်းချင်း ယှဉ်ပြိုင်ကြကာ အချင်းချင်း ပထုတ်ရန် ကြိုးစားခြင်းနှင့် အချင်းချင်း မတရားအမှုဆင်ခြင်းတို့ ဖြစ်သည်။ အဆုံးတွင် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ၎င်းတို့ နောက်ဆုံးတွင် ရရှိသောအခါ ၎င်းတို့သည် ယင်းတို့ကို ဆုံးရှုံးမည်ကို အစဉ် စိုးရိမ်ပူပန်ကြပြီး ၎င်းတို့၏ အဆင့်အတန်းကို မဆုံးရှုံးစေရန်အလို့ငှာ ဆင်းရဲဒုက္ခကို ပို၍ ခါးစည်းခံကြရသည်။ အခက်အခဲများစွာဖြင့် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းကို ထိန်းသိမ်းထားကြသော်လည်း ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရ ခြေကုန်လက်ပန်းကျပြီး စိတ်ခံစားမှုအရ ချုံးချုံးကျသွားကြသည်။ ဤလောကတွင် ချမ်းသာသောသူရော ဆင်းရဲသောသူပါ ဆင်းရဲဒုက္ခခံစားကြရသည်။ ချမ်းသာသောသူများတွင် ကိုယ့်ဒုက္ခနှင့်ကိုယ် ရှိကြပြီး ဆင်းရဲသောသူများတွင်လည်း ကိုယ့်ဒုက္ခနှင့်ကိုယ် ရှိကြသည်။ အတိုချုပ်ဆိုရလျှင် ဤလူ့လောကတွင် အသက်ရှင်နေထိုင်ရန် မလွယ်ကူပေ၊ လူတိုင်း ဆင်းရဲဒုက္ခခံစားကြရသည်။ ဘုရားသခင်ကို ယုံကြည်သောသူများသည် ၎င်းတို့၏ အသက်ရှင်နေထိုင်မှုနှင့် အသက်ရှင်ကျန်ရစ်ရေးတို့အရ ဆင်းရဲဒုက္ခခံစားရခြင်း အတော်အတန် ပိုနည်းသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံပြီးနောက်တွင် ၎င်းတို့၏ အတွေးများနှင့် အမြင်များစွာသည် ဘာသာတရားမရှိသူများ၏ အတွေးများ၊ အမြင်များနှင့် ကွဲပြားလာပြီး ၎င်းတို့သည် အရာများစွာကို စွန့်လွှတ်နိုင်ကာ ထိုအချည်းနှီးသော စွန့်လွှတ်အနစ်နာခံမှုများကို မပြုလုပ်တော့သောကြောင့် သို့မဟုတ် အချည်းနှီးသော ရုန်းကန်မှုများတွင် မပါဝင်တော့သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် ဤကဏ္ဍတွင် ဆင်းရဲဒုက္ခခံစားရခြင်း အတော်အတန် ပိုနည်းသည်။ ၎င်းတို့သည် စားစရာနှင့် ဝတ်စရာ ရှိရုံမျှဖြင့် ရောင့်ရဲနိုင်ကြသည်၊ ၎င်းတို့သည် ကျန်ရှိသော အချိန်များကို သမ္မာတရားကို လိုက်စားခြင်း၊ ကယ်တင်ခြင်းကို လိုက်စားခြင်းနှင့် ဖန်ဆင်းခံများအနေဖြင့် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းတို့တွင် အသုံးပြုကြသည်၊ မှန်သလော။ (မှန်ပါသည်။) လူတို့သည် ၎င်းတို့၏ ဇာတိပကတိ အသက်တာများအတွက် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံရမည်၊ ၎င်းတို့သည် ပင်ပန်းနွမ်းနယ်မှုနှင့် ရောဂါ၏ နာကျင်မှုများ၊ လောကရှိ အမျိုးမျိုးသော ဆိုးယုတ်သည့် ရေစီးကြောင်းများ၏ သွေးဆောင်ဖြားယောင်းမှု၊ ဖယ်ကြဉ်ခံရမှုနှင့် လူတို့အကြား တိုက်ခိုက်မှုနှင့် ပဋိပက္ခတို့ကို ခံစားရမည်၊ ၎င်းတို့သည် ဤဆင်းရဲဒုက္ခအားလုံးကို ခါးစည်းခံရမည်ဖြစ်သည်။ ထို့အပြင် အချို့လူများသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြပြီး ၎င်းတို့ ဖျားနာသောအခါ ဆေးကုသမှုအတွက် ငွေမရှိကြပေ။ အရာများစွာသည် ၎င်းတို့ အလိုရှိသည့်အတိုင်း ဖြစ်မလာဘဲ ၎င်းတို့သည် မကြာခဏ အကူအညီမဲ့သည်ဟု ခံစားကြရသော်လည်း ၎င်းတို့သည် ဤဆင်းရဲဒုက္ခအားလုံးကို ခါးစည်းခံကြရသည်။ လူတို့သည် မည်သို့ပင်ဖြစ်စေ ဆင်းရဲဒုက္ခခံစားကြရသည်၊ သို့သော် ဇာတိပကတိအတွက် သင် မည်မျှပင် ဆင်းရဲဒုက္ခခံစားရပါစေ ယင်းမှာ ခံစားရကျိုးနပ်သည်၊ ယင်းမှာ သင် ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်။ သင် အသက်ရှင်လိုပါက သင် ဆင်းရဲဒုက္ခခံစားရမည်။ ဘုရားသခင်ကို ယုံကြည်သောသူများ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခသည် ဘာသာတရားမရှိသူများ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခနှင့် ပုံစံအရ အနည်းငယ် ဆင်တူသော်လည်း ယုံကြည်သူများ အဆုံးတွင် ရရှိသည့်အရာမှာ သမ္မာတရား ဖြစ်သည့်အပြင် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ဖြစ်သည်။ သို့ဆိုလျှင် ဤဆင်းရဲဒုက္ခသည် မယုံနိုင်လောက်အောင် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသည်။ ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားရသည့် အတွေ့အကြုံကို မိမိကိုယ်ကို ကိုယ်ရည်သွေးရန်နှင့် ချီးမြှောက်ရန် အရင်းအနှီးတစ်ခုအဖြစ် အသုံးပြုမည့်အစား သင်သည် ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားရသည့် အကြိမ်တိုင်းတွင် သင်ခန်းစာများ သင်ယူနိုင်ရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန သင်ယူနိုင်စေဖို့အလို့ငှာ သင့်အတွက် ဤဆင်းရဲဒုက္ခနှင့် ပြည့်နှက်နေသော နေထိုင်မှု ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးသည့်အတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်သင့်သည်။ အခြားသူများ၏ အထင်ကြီးလေးစားမှုကို ရရှိရန်အလို့ငှာ မိမိ ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခအကြောင်းကို ပြောဆိုခြင်းဖြင့် မိမိကိုယ်ကို အစဉ် ချီးမြှောက်ပြီး သက်သေခံခြင်းပြုသည့် ဤလူစားမျိုးသည် ရှက်ဖွယ်ကောင်းသည်။ ဆင်ခြင်တုံတရား ကင်းမဲ့သောသူများသည် ရှက်ဖွယ်ကောင်းသောအရာများကိုသာ လုပ်ဆောင်ကြသည်။ ဆင်ခြင်တုံတရားရှိသောသူများသည် ဆင်ခြင်တုံတရား ကင်းမဲ့သောအရာတစ်ခုကို လုပ်ဆောင်မိသောအခါ ၎င်းတို့သည် ရှက်ရွံ့သည်ဟု ခံစားရသည်၊ ၎င်းတို့သည် ယင်းကို ရပ်တန့်လိုက်ပြီး ရှေ့ဆက်မလုပ်တော့ပေ၊ မှန်သလော။ (မှန်ပါသည်။)

ဆင်းရဲဒုက္ခခံစားရခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ ငါ များစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဤနည်းလမ်းအတိုင်း ငါ မိတ်သဟာယဖွဲ့ခြင်းက သင်တို့အတွက် အထောက်အကူဖြစ်သလော။ (ဖြစ်ပါသည်။) ယင်းက သင်တို့ကို မည်သို့ အထောက်အကူဖြစ်စေသနည်း။ (ဘုရားသခင်၏ မိတ်သဟာယကို ကြားနာပြီးနောက် ဇာတိပကတိက ခါးစည်းခံရသော ဆင်းရဲဒုက္ခ အမျိုးအစားများသည် လူတို့ ခါးစည်းခံသင့်သည့်အရာ ဖြစ်ကြောင်းနှင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများ စသည်တို့ကို တွေ့ကြုံခံစားရခြင်း၏ ဆင်းရဲဒုက္ခသည်လည်း လူတို့ ခါးစည်းခံသင့်သည့်အရာ ဖြစ်ကြောင်းကို ကျွန်ုပ် နားလည်ခဲ့ပါသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတွင် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်ပြီး လူသည် ဤဆင်းရဲဒုက္ခကို ခါးစည်းမခံပါက သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှား၍မရနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အလို့ငှာ လူ ခါးစည်းခံရသော မည်သည့်ဆင်းရဲဒုက္ခမဆိုသည် သူ၏ တာဝန်ဝတ္တရားနှင့် တာဝန်ယူမှု ဖြစ်ကြောင်းနှင့် ဘုရားသခင်ထံမှ အသိအမှတ်ပြုခံရရန် ကြိုးစားဖို့ ဤအရာကို အရင်းအနှီးတစ်ခုအဖြစ် သူ အသုံးမပြုသင့်ကြောင်းကို ဘုရားသခင်က ယခုလေးတင် ဖော်ပြခဲ့ပါသည်။ ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းပြီးနောက် ယခုအခါတွင် ဆင်းရဲဒုက္ခခံစားရခြင်းကို ဆင်ခြင်တုံတရားဖြင့် ရှုမြင်နိုင်ပြီဟု ကျွန်ုပ် ခံစားရပါသည်။) ဤကဲ့သို့ မိတ်သဟာယဖွဲ့ပြီးနောက် ဆင်းရဲဒုက္ခခံစားရခြင်းကို အစဉ် လိုက်စားသော အချို့လူများသည် လွတ်မြောက်သွားကြလိမ့်မည်။ အချို့လူများက “ငါ ဆင်းရဲဒုက္ခခံစားရမည်၊ သို့မဟုတ်ပါက ညီအစ်ကိုမောင်နှမများက ငါ့ကို အထင်သေးကြမည်ဖြစ်ပြီး နောက်တစ်ကြိမ်တွင် ငါ့ကို ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ကြမည် မဟုတ်ပေ၊ ငါသည် ဟန်လုပ်နိုင်ရမည်ဖြစ်ပြီး အခြားသူများရှေ့တွင် ဆင်းရဲဒုက္ခခံစားရန် သင်ယူရမည်” ဟု အစဉ် တွေးကြသည်။ သင်သည် ဟန်လုပ်ရန် မလိုအပ်ပေ။ သင့်ထံတွင် ထိုသို့လုပ်ဆောင်ရန် အချိန်ရှိပါက ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုခြင်း၊ သမ္မာတရားကို ပို၍ နားလည်ခြင်း၊ သင်၏ တာဝန်ယူမှုများနှင့် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့် သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းတို့တွင် ယင်းကို အသုံးပြုခြင်းက သင့်အတွက် ပိုကောင်းမည်ဖြစ်ပြီး အဆုံးတွင် သမ္မာတရားနှင့်ပတ်သက်၍ ရရှိသောအရာများကို ရိတ်သိမ်းရမည်ဖြစ်သည်။ အခြားသူများက သင့်ကို အထင်ကြီးလေးစားသည်ဖြစ်စေ၊ မလေးစားသည်ဖြစ်စေ သင်ကိုယ်တိုင်က သမ္မာတရားနှင့်ပတ်သက်၍ အကျိုးအမြတ်များကို ရိတ်သိမ်းရပြီးဖြစ်ပါက၊ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီးဖြစ်ပါက၊ ထို့အပြင် အဆုံးတွင် ကယ်တင်ခံရမည့် အခွင့်အရေးနှင့် ဖန်ဆင်းရှင်၏ လက်သင့်ခံခြင်းကို သင်ကိုယ်တိုင်အတွက် ရရှိပါက ဤသည်မှာ အဖိုးတန်ဆုံးသောအရာ ဖြစ်သည်၊ ဤသည်မှာ ဉာဏ်ကောင်းသောသူတစ်ဦး ရွေးချယ်မည့်အရာ ဖြစ်သည်။ သင်သည် အခြားသူများက သင့်ကို အထင်ကြီးလေးစားလာစေရန် ၎င်းတို့ရှေ့တွင် အစဉ် ဟန်လုပ်ပါက၊ ပြီးလျှင် သင် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်း၊ နစ်နာချက် မည်မျှကို သင် ခါးစည်းခံခဲ့ရကြောင်း၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် မည်သို့ အသုံးခံခဲ့ကြောင်း၊ အဖိုးအခ မည်မျှကို သင် ပေးဆပ်ခဲ့ကြောင်းနှင့် သင် မည်မျှ ပူဇော်ဆက်ကပ်ခဲ့ကြောင်းတို့ကို သက်သေခံလျက် အခြားသူများရှေ့တွင် အသိအမှတ်ပြုခံရရန် အစဉ် ကြိုးစားပြီး ဆုလာဘ်များကို ရှာဖွေပါက ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သည့် မိုက်မဲသော နည်းလမ်းတစ်ခု ဖြစ်သည်။ သင်သည် ထိုသို့သော ကြီးမားသည့် အဖိုးအခကို ပေးဆပ်ခဲ့ပြီး များစွာ ပူဇော်ဆက်ကပ်ခဲ့ကာ များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရသောကြောင့် ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းနှင့် ဤအဖိုးအခကို ပေးဆပ်ခြင်းတို့မှ သင်၏ အတွေ့အကြုံများနှင့် ယင်းမှ သင် ရရှိခဲ့သည့်အရာကို လူတိုင်းနှင့် မျှဝေလော့၊ သို့မှသာ လူတိုင်းသည် အကျိုးကျေးဇူးအချို့ကို ရရှိနိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၏ မည်သည့်ကဏ္ဍများကို သင် နားလည်ခဲ့ကြောင်းနှင့် သမ္မာတရား၏ မည်သည့်ကဏ္ဍများက သင်၏အထဲတွင် အမြစ်တွယ်ပြီး သင်၏ အသက် ဖြစ်လာခဲ့ကြောင်းဟူသည့် သင် ရရှိပြီး ရိတ်သိမ်းခဲ့ရသော ရလဒ်များကို သင် တင်ပြသင့်သည်။ သင်သည် ဤအရာများကို မိတ်သဟာယဖွဲ့ပြီး မျှဝေသင့်သည်။ ညီအစ်ကိုမောင်နှမများသည် သမ္မာတရား၏ သီးခြားကဏ္ဍတစ်ခုကို နားမလည်သောအခါ သို့မဟုတ် သီးခြားကိစ္စရပ်တစ်ခုတွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူရမည်ကို မသိသောအခါ သင်သည် အကူအညီနှင့် လမ်းပြမှုပေးရန် သင်၏ ကိုယ်ပိုင် အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သင့်သည်။ သင်သည် များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရသောကြောင့် သင်သည် အတော်အတန် များစွာ ရရှိခဲ့မည်မှာ သေချာသည်၊ ထို့ကြောင့် ယင်းကို မျှဝေလော့၊ လူများစွာတို့သည် သင့်ထံမှ အကူအညီ ရယူလိုကြသည်။ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်း လုပ်ငန်းစဉ်အကြောင်း သို့မဟုတ် သင် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းကို သင် ပြောဆိုရန် မလိုအပ်ပေ။ ဆင်းရဲဒုက္ခခံစားရပြီးနောက် သမ္မာတရား၏ မည်သည့်ကဏ္ဍများကို သင် သိရှိလာခဲ့ကြောင်းကိုသာ ပြောဆိုလော့။ လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာရန်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် သူ့အပေါ် ၎င်းတို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြေရှင်းရန် သင်၏ အသိနှင့် သင် ရရှိခဲ့သည့်အရာကို အသုံးပြုလော့။ ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခြင်းသည် ၎င်းတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။ ဤသည်မှာ သင့်ထံမှ တောင်းဆိုထားသည့် အရာအားလုံး ဖြစ်သည်၊ ယင်းကို သင် ရရှိနိုင်ခြင်း ရှိမရှိ ကြည့်လော့။ သင် ရရှိနိုင်ပါက သင်သည် မိမိ၏ တာဝန်ယူမှုနှင့် တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်ကာ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသည်။ သင်သည် ဤတောင်းဆိုချက်ကိုပင် မပြည့်မီနိုင်ပါက သင်၏ ပါးစပ်ကိုသာ ပိတ်ထားလော့၊ သင် ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခသည် အသုံးမဝင်ပေ။ သင်သည် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းကို အစဉ် ပြောဆိုနေပါက သင်သည် ဝါကြွားနေခြင်းဖြစ်ပြီး ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်နေခြင်း ဖြစ်သည်၊ သင်သည် စာတန်အတွက် သက်သေခံနေသည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက် သက်သေခံနေပြီး စာတန်၏ အတွေးများနှင့် အမြင်များအတွက် သက်သေခံနေသည်၊ သင်သည် လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ခြင်းများကို ဖြစ်စေနေသည်။ သင်သည် များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရပြီး ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရကြောင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို သင် ခံခဲ့ရကြောင်းနှင့် သင်သည် နာကျင်မှုနှင့် စစ်ဆေးခြင်းများစွာကို တွေ့ကြုံခံစားခဲ့ရကြောင်း ပြောဆိုပါက သင်သည် မိမိ၏ ဆင်းရဲဒုက္ခခံစားရသည့် ကာလမှ အတွေ့အကြုံယူသင့်သည်၊ သင် မည်သို့ ကျိုးနွံနာခံခဲ့ကြောင်း၊ ဘုရားနှုတ်ကပတ်တော်များကို မှန်ကန်သော အတွေးများ၊ အမြင်များနှင့် သဘောထားများဖြင့် သင် မည်သို့ ဆက်ဆံနိုင်ခဲ့ကြောင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို သင် မည်သို့ လက်ခံခဲ့ကြောင်းနှင့် နာကျင်မှုနှင့် စစ်ဆေးခြင်းမှ ရုန်းထွက်ရန် သမ္မာတရားကို သင် မည်သို့ ရှာဖွေခဲ့ကြောင်းတို့ဖြစ်ပြီး ယင်းတို့အကြောင်းကို မိတ်သဟာယဖွဲ့ကာ လူတိုင်းနှင့် မျှဝေသင့်သည်။ လူများစွာတို့သည် ဖြောင့်မတ်ခြင်းအတွက် ဆာလောင်ကာ မွတ်သိပ်နေကြပြီး ဤအရာများကို ကြားနာရန် စောင့်ဆိုင်းနေကြသည်။ လူအများစုသည် မည်သို့ ဆင်းရဲဒုက္ခခံစားရမည်၊ အဖိုးအခ မည်သို့ ပေးဆပ်ရမည်၊ ဆင်းရဲဒုက္ခခံစားရပြီး အဖိုးအခ ပေးဆပ်ပြီးနောက် မိမိကိုယ်ကို မည်သို့ ကိုယ်ရည်သွေးပြီး သက်သေခံရမည် စသည်တို့ကို သင်ကြားပေးခံရစရာမလိုဘဲ သိကြသည်။ ၎င်းတို့အားလုံးသည် မိမိတို့၏ ကောင်းကွက်များကို မည်သို့ ကိုယ်ရည်သွေးပြီး ဝါကြွားရမည်ကို သိကြသည်။ ၎င်းတို့ နားမလည်သည့် တစ်ခုတည်းသောအရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ မည်သည့် ပြုမူပုံနည်းလမ်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟူသည်နှင့် မည်သည့် ပြုမူပုံနည်းလမ်းက လွဲချော်နေသည်ဟူသည်ကို ၎င်းတို့ နားမလည်ကြပေ၊ မည်သည့် ပြုမူပုံနည်းလမ်းက ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးသည်ဟူသည်နှင့် မည်သည့်နည်းလမ်းက ယင်းတို့ကို ချိုးဖောက်သည်ဟူသည်ကိုဖြစ်စေ၊ လူတို့၏အထဲတွင် မည်သည့် မှားယွင်းသော အတွေးများနှင့် အမြင်များ ရှိသည်ဟူသည်ကိုဖြစ်စေ၊ ၎င်းတို့သည် အမှုအရာများနှင့် ကြုံတွေ့ရပြီး ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သောအခါ မိမိတို့ကိုယ်ကို မည်သို့ သိရှိပြီး စိတ်ဖြာလေ့လာဆွေးနွေးရမည်ဟူသည်ကိုဖြစ်စေ၊ မည်သည့် ပြုမူပုံနည်းလမ်းက ၎င်းတို့ လှည့်ပြန်လာပြီဟု ဆိုလိုကြောင်းနှင့် မည်သည့် ပြုမူပုံနည်းလမ်းက ၎င်းတို့ ပြောင်းလဲပြီး ကြီးထွားရင့်ကျက်လာပြီဟု ဆိုလိုကြောင်းကိုလည်းကောင်း ၎င်းတို့ နားမလည်ကြပေ။ ဤအရာများသည် လူအများစု ကင်းမဲ့နေသည့် အရာများ ဖြစ်သည်။ လူ့သဘာဝအရ လူတို့၏အထဲရှိ အသက်က သဘာဝကျကျ ထုတ်ဖော်ပြီး အသက်ရှင် နေထိုင်သည့်အရာမှာ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ မိမိကိုယ်ကို သက်သေခံခြင်းနှင့် အခြားသူများက မိမိကို အထင်ကြီးလေးစားလာစေရန် ဝါကြွားခြင်းတို့ ဖြစ်သည်၊ ဤသည်မှာ လူတို့ အတော်ဆုံးနှင့် အကျွမ်းကျင်ဆုံးသော အရာဖြစ်သည်။ လူတို့ အကျွမ်းကျင်ဆုံးဖြစ်သည့် အရာများကို သင် မိတ်သဟာယဖွဲ့ရန် သို့မဟုတ် မျှဝေရန် မလိုအပ်ပေ၊ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သင်၏ အတွေ့အကြုံများ၊ အသိနှင့် တန်ဖိုးထားနားလည်မှု အချို့ကို မျှဝေလော့။ ဤအရာများသည် လူတို့ လိုအပ်သောအရာများ ဖြစ်သည်။ လူတို့ လိုအပ်သောအရာ တစ်စုံတစ်ခု၊ လူတို့၏ လက်တွေ့လုပ်ဆောင်မှု၊ လူတို့၏ အတွေ့အကြုံများနှင့် လူတို့ ကယ်တင်ခြင်းသို့ ရောက်ခြင်းတို့အတွက် အထောက်အကူဖြစ်သည့်အပြင် ဘုရားသခင်နှင့် ၎င်းတို့၏ ပဋိပက္ခများကို ဖြေရှင်းရန် ၎င်းတို့ကို ကူညီပေးသည့် အကြောင်းအရာများကို မိတ်သဟာယဖွဲ့လော့။ ဤသည်မှာ တန်ဖိုးရှိသည်။ သင်သည် များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်း၊ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းတွင် ခွန်အားများစွာနှင့် သင်၏ နှလုံးသွေးများစွာကို သင် အသုံးခံခဲ့ကြောင်းနှင့် သင့်တွင် ကျိုးနွံနာခံခြင်းလည်း ရှိကြောင်း သင် ပြောသည်၊ သို့ဆိုလျှင် သင် မည်သည့်အရာကို ရရှိခဲ့သနည်း။ လူတိုင်း ကြားနိုင်ရန် ယင်းကို အသံကျယ်ကျယ် ပြောလော့။ သမ္မာတရားနှင့်ပတ်သက်၍ သင်၏ အသိနှင့် တန်ဖိုးထားနားလည်မှုတို့ကို လူတိုင်းနှင့် မျှဝေခြင်းသည် လူတို့ လိုအပ်သောအရာဖြစ်ပြီး အလွန် လက်ခံသောအရာ ဖြစ်သည်။ ယင်းမှာ လူတို့ လိုအပ်သောအရာ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် စစ်မှန်သော ကောင်းမှုတစ်ခုဖြစ်ပြီး ယင်းမှာ သင်၏ တာဝန်ယူမှုနှင့် တာဝန်ဝတ္တရား ဖြစ်သည်။ ကိုယ်ရည်သွေးရန်အလို့ငှာ သင်သည် မည်သည့် ဆင်းရဲဒုက္ခ အမျိုးအစားများကို ခါးစည်းခံခဲ့ရကြောင်း သက်သေခံပြီး လူတို့က သင့်ကို အထင်ကြီးလေးစားလာစေရန်နှင့် သင့်ကို ကိုးကွယ်လာစေရန်အလို့ငှာ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းက သင့်ကို ပေးစွမ်းခဲ့သည်ဟု သင် ယုံကြည်သော အရင်းအနှီးကို ဝါကြွားပါက ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များမှ သွေဖည်ခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် သင်၏ တာဝန်ယူမှု သို့မဟုတ် တာဝန်ဝတ္တရား မဟုတ်ပေ၊ ထိုအစား ယင်းမှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ဆုံးရှုံးသွားခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်သည် အမှန်တကယ် မထိန်းချုပ်နိုင်ဘဲ ဝါကြွားလိုပါက သင်၏ အချည်းနှီးဖြစ်သော ဂုဏ်မောက်မှုကို ကျေနပ်စေရန် လူအနည်းငယ်နှင့် ယင်းအကြောင်းကို အနည်းငယ် ပြောဆိုနိုင်သော်လည်း မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သင် သိသင့်သည်။ လူအများရှေ့တွင် ယင်းကို ဗြောင်ကျကျ မကြေညာမိစေရန် လုံးဝ သေချာပါစေ၊ ဤသည်ကို ကိုယ်ရည်သွေးခြင်းဟု ခေါ်ပြီး မိမိကိုယ်ကို အရူးလုပ်ခြင်းဟု ခေါ်သည်။ ကိုယ်ရည်သွေးခြင်းနှင့် မိမိကိုယ်ကို အရူးလုပ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတို့ ကြည့်ရှုရန် လူအများရှေ့တွင် အဝတ်အစားချွတ်ပြခြင်းနှင့် ညီမျှသည်၊ ယင်းမှာ ထိုမျှလောက် စက်ဆုပ်ဖွယ်ကောင်းသည်။ မည်သည့်လူစားမျိုးက ထိုသို့သောအရာကို လုပ်ဆောင်သနည်း။ ယင်းမှာ စိတ်ရောဂါရှိသူများ၊ အရှက်တရား ကင်းမဲ့ပြီး ဆင်ခြင်တုံတရား ကင်းမဲ့သောသူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ သင့်တွင် ဆင်ခြင်တုံတရား ရှိပါက သင်သည် ဤသို့သောအရာမျိုးကို လုံးဝ မလုပ်ဆောင်ရပေ။ ဆင်းရဲဒုက္ခခံစားရခြင်းသည် သင် ခါးစည်းခံသင့်သည့်အရာ ဖြစ်သော်လည်း ဆင်းရဲဒုက္ခခံစားရပြီးနောက် သင် မည်သည့်အရာကို ရရှိခဲ့သနည်း။ ဤအရာကို ထိမ်ချန်မထားနှင့်၊ ဘုရားသခင်နောက်သို့ လိုက်ပြီး သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများအားလုံးနှင့် ယင်းကို ခြွင်းချက်မရှိ သင် မျှဝေသင့်သည်။ သင်သည် ယင်းကို မျှဝေပါက ဘုရားသခင်သည် သင့်ကို ကောင်းချီးပေးလိမ့်မည်ဖြစ်ပြီး သူသည် သင့်အပေါ် ပို၍ ချပေးသနားလိမ့်မည်။ သင်သည် အသက်တာ အတွေ့အကြုံများ၊ ဘုရားသခင်အတွက် သက်သေခံခြင်းတို့နှင့် သက်ဆိုင်သော အကြောင်းအရာများကို ပြောမည့်အစား သင် မည်သို့ ဆင်းရဲဒုက္ခခံစားခဲ့ရပြီး အဖိုးအခ ပေးဆပ်ခဲ့ရကြောင်းနှင့် သင့်တွင် အရင်းအနှီး မည်မျှရှိကြောင်းတို့ကို အစဉ် ပြောဆိုကာ အခြားသူများရှေ့တွင် သင်၏ ပိုမို ကောင်းမွန်အောင် ပြင်ဆင်ထားသော ပုံစံကို အစဉ် ပုံဖော်ပြသနေ၍ သင်၏ ပုံရိပ်ကို မြှင့်တင်ပြီး သင်၏ ဂုဏ်သတင်းကို မြှင့်တင်သည့်အပြင် သင်၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် ပြောဆိုပြီး ပြုမူပြီး နေရာတိုင်းတွင် ရှက်ကြောက်စိတ်မဲ့စွာ ဝါကြွားပါက ဘုရားသခင်သည် သင့်ကို ကောင်းချီးပေးမည်မဟုတ်သည့်အပြင် သူသည် သင် မူလက ပိုင်ဆိုင်ထားသောအရာကိုပင် ရုပ်သိမ်းသွားလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ လုပ်ရပ်များကို ဘုရားသခင်က လက်သင့်မခံ သို့မဟုတ် အသိအမှတ်မပြုဘဲ သူ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဤလမ်းကြောင်းကို လုံးဝ မရွေးချယ်ရဟု ငါ သင်တို့ကို ပြောနေခြင်း ဖြစ်သည်။ သင် မည်မျှပင် ဆင်းရဲဒုက္ခခံစားခဲ့ရပြီး ယင်းမှာ သင် ခါးစည်းခံသင့်ခဲ့သည့်အရာ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင်သည် လိုလိုလားလား ဆင်းရဲဒုက္ခခံစားခဲ့ရသည်ဖြစ်စေ၊ အကူအညီမဲ့မှုကြောင့် အပျက်သဘောဖြင့် ဆင်းရဲဒုက္ခခံစားခဲ့ရသည်ဖြစ်စေ သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းကို ဝါကြွားရန် အရင်းအနှီးတစ်ခုအဖြစ် လုံးဝ သဘောမထားရပေ။ ပြီးလျှင် လူတို့က သင့်ကို အထင်ကြီးလေးစားလာစေရန် သို့မဟုတ် ဆင်းရဲဒုက္ခခံစားဖို့ သင်၏ စိတ်ပိုင်းဖြတ်မှု၊ သင်၏ ဆင်းရဲဒုက္ခခံစားရသည့် နည်းလမ်း သို့မဟုတ် ဆင်းရဲဒုက္ခခံစားရခြင်းအပေါ် သင်၏ သဘောထားတို့ကို ၎င်းတို့က အတုယူလာစေရန်အလို့ငှာ သင် မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရကြောင်းကို ယင်းက သမ္မာတရားဖြစ်သည့်အလား မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့နှင့်။ ဤသို့ မည်သည့်အခါမျှ မလုပ်ဆောင်နှင့်၊ ဤသည်မှာ သင်၏ ကိုယ်ပိုင် လမ်းကြောင်းကို လိုက်လျှောက်နေခြင်း ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူတစ်ဦး မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ကို မည်သည့်အခါမျှ မကြည့်ပေ။ သမ္မာတရားအတွက်၊ တရားမျှတမှုကို စောင့်ထိန်းရန်နှင့် ဘုရားသခင်၏ အလုပ်ကို ကာကွယ်ရန်အတွက်၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက်၊ ဘုရားသခင်၏ အစီအစဉ်များနှင့် သမ္မာတရားကို ကျိုးနွံနာခံရန်အတွက်နှင့် သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ရန်အတွက် သင်သည် ဆင်းရဲဒုက္ခ မည်မျှကို ဖြတ်သန်းရကြောင်း၊ နာကြည်းချက် မည်မျှကို သင် ခါးစည်းခံရကြောင်းနှင့် မည်မျှ ကြီးမားသော အဖိုးအခကို သင် ပေးဆပ်ရကြောင်းတို့ကိုသာ သူ ကြည့်ရှုသည်။ သင်၏ ဆင်းရဲဒုက္ခက မည်မျှ ကြီးမားကြောင်း သို့မဟုတ် သင် မည်မျှ ဆင်းရဲဒုက္ခခံစားရကြောင်းကို ကြည့်မည့်အစား ဆင်းရဲဒုက္ခခံစားရခြင်းအတွက် သင်၏ ပန်းတိုင်များ၊ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများက အဘယ်အရာများ ဖြစ်သည်ကို သူ ကြည့်ရှုသည်။ ဆင်းရဲဒုက္ခခံစားရခြင်းတွင် သင်၏ ပန်းတိုင်သည် သင်၏ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် တစ်ကိုယ်ရေ အကျိုးစီးပွားများကို ကာကွယ်ရန် ဖြစ်ပါက သင်၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် တစ်ပြားတစ်ချပ်မျှပင် မတန်ပေ။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဆင်းရဲဒုက္ခခံစားရပါက သင်သည် အဆုံးတွင် အချို့လူများကို စိတ်ခုစေသော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးပြီး အသင်းတော်၏ အလုပ်အတွက် အကျိုးရှိစေသည့် စကားတစ်ခွန်းတည်းကိုသာ သင် ပြောဆိုလျှင်ပင် ဤစကားတစ်ခွန်းတည်းကို ဘုရားသခင်က အမှတ်ရလိမ့်မည်။ သူသည် ဤစကားကို အဖိုးတန်သည်ဟု ရှုမြင်လိမ့်မည်ဖြစ်ပြီး သူသည် သင့်အပေါ် ပို၍ ပေးသနားလိမ့်မည်၊ သင့်ကို ခွန်အားရှိစေရန် ယုံကြည်ခြင်း ပေးလိမ့်မည်၊ သို့မှသာ သင်သည် အမှုအရာများနှင့် ကြုံတွေ့ရသောအခါ ဆိုးယုတ်သောလူများ သို့မဟုတ် ရန်လိုသော အင်အားစုများကို ကြောက်ရွံ့မည် မဟုတ်ပေ။ သူသည် သင့်အား ရှင်းလင်းသော စိတ်ကို ပေးလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့်ပတ်သက်၍ အသိ၊ ထိုးထွင်းသိမြင်မှု၊ အလင်းနှင့် ဉာဏ်အလင်းရခြင်းတို့ကို သင့်အား ပိုင်ဆိုင်နိုင်စေလိမ့်မည်။ သင် မြင်နိုင်သည့်အတိုင်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် အလွန် ကြီးမားလှပေ။

ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ ဆင်းရဲဒုက္ခခံစားရခြင်းနှင့်ပတ်သက်သော မှန်ကန်သည့် အတွေးများနှင့် အမြင်များ ဖြစ်သည်။ သင်သည် ယခင်က မည်သို့ ပြုမူခဲ့သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခခံစားရခြင်းကို သင် ယခင်က မည်သို့ ရှုမြင်ခဲ့သည်ဖြစ်စေ သင်သည် ဆင်းရဲဒုက္ခခံစားရခြင်းနှင့် သက်ဆိုင်သော သမ္မာတရားများကို နားလည်သောအခါ သင်သည် လှည့်ပြန်သင့်သည်၊ မှန်ကန်သော အတွေးများနှင့် အမြင်များကို လက်ခံသင့်ပြီး သင်၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကို ဖြောင့်မတ်အောင် လုပ်သင့်သည်၊ သင်၏ လုပ်ရပ်များ၏ စည်းမျဉ်းများ၊ နည်းလမ်းများနှင့် ဦးတည်ချက်တို့ကို လမ်းပြရန် မှန်ကန်သော အတွေးများနှင့် အမြင်များကို အသုံးပြုသင့်သည်။ ဤနည်းအားဖြင့် သင်သည် သမ္မာတရားကို ရရှိနိုင်လိမ့်မည်။ လူတစ်ဦး၏ စိတ်သဘောထားသည် မမှန်ကန်ဘဲ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံပါက လူတို့က ၎င်းတို့ကို အထင်ကြီးလေးစားလာစေရန်အလို့ငှာ ဝါကြွားဖို့နှင့် ကိုယ်ရည်သွေးဖို့ ၎င်းတို့ နားလည်သော စကားလုံးများနှင့် အယူဝါဒများအကြောင်းကိုသာ ပြောဆိုပြီး ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်သောအခါ မိမိတို့ အလိုရှိသည့်အတိုင်း ပြုမူပြီး ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်သော်လည်း လုံးဝ မပြောင်းလဲပါက ဤသူသည် သမ္မာတရားကို မချစ်သောသူနှင့် သမ္မာတရားကို လက်မခံသောသူ ဖြစ်သည်။ သမ္မာတရားကို လက်ခံသောသူများသည် မှန်ကန်သော အတွေးများနှင့် အမြင်များကို လက်ခံကြပြီး ယင်းတို့ကို ကြားနာပြီးနောက် ၎င်းတို့ကို နှလုံးသွင်းကြသည်။ ၎င်းတို့သည် အမှုအရာများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့၏ အပြုအမူကို ထိန်းညှိရန်နှင့် ၎င်းတို့၏ မှားယွင်းသော ရည်ရွယ်ချက်များနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်များကို ပြုပြင်ရန် သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် အသုံးပြုကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းရန်နှင့် ၎င်းတို့၏ အပြုအမူကို လမ်းပြရန် မှန်ကန်သော အတွေးများနှင့် အမြင်များကို စည်းမျဉ်းများအဖြစ်လည်းကောင်း၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုအဖြစ်လည်းကောင်း အသုံးပြုကြသည်။ အဆုံးတွင် ၎င်းတို့ အသက်ရှင် နေထိုင်ပြီး ထုတ်ဖော်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်တော့ဘဲ သမ္မာတရား စည်းမျဉ်းများနှင့် အညီဖြစ်ကာ ယင်းက ၎င်းတို့သည် စစ်မှန်သော ပြောင်းလဲမှုကို တွေ့ကြုံခံစားရပြီးဖြစ်ကြောင်း ပြသသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူတို့ သမ္မာတရားကို လိုက်စားသင့်သည့် ပုံစံ အတိအကျပင် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် သဘာဝကျကျ အာဏာကိုင်စွဲလာလိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များသည် သင်၏အထဲတွင် အသက် ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားနှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်နိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက သင်၏အထဲတွင် တာဝန်ယူဆောင်ရွက်၍ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အုပ်စိုးနေခြင်း မဟုတ်တော့သောအခါ သင်သည် သမ္မာတရားကို သင်၏ အသက်အဖြစ် ပိုင်ဆိုင်ပြီး သင်သည် ဘုရားသခင် ချစ်မြတ်နိုးသောသူတစ်ဦး ဖြစ်သည်။ ဘုရားသခင် ချစ်မြတ်နိုးသောသူများသည် ပျော်ရွှင်ကြသလော။ (ပျော်ရွှင်ကြပါသည်။) ၎င်းတို့၏ ပျော်ရွှင်မှုသည် လုံးဝပင် ၎င်းတို့၏အခွင့်ဖြစ်၏၊ ၎င်းတို့သည် ဆင်းရဲဒုက္ခခံစားရသော်လည်း ယင်းမှာ ဂုဏ်ယူစရာတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့ တွေ့ကြုံခံစားရသည့်အရာမှာ ဆင်းရဲဒုက္ခခံစားရခြင်း ဖြစ်သော်လည်း ၎င်းတို့ ရရှိသည့်အရာမှာ ချိုမြိန်သောအရာတစ်ခု ဖြစ်သည်။ ဤပျော်ရွှင်မှုသည် လက်ရှိတွင် သင့်အတွက် လက်လှမ်းမမီနိုင်သောအရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သို့မဟုတ် အလွန် ဝေးကွာနေကောင်း ဝေးကွာနေနိုင်သော်လည်း သင်သည် ဤဦးတည်ချက်အတိုင်း လုံ့လစိုက်ထုတ်၍ လိုက်စားပါက အနှေးနှင့်အမြန်ဆိုသလို သင်သည် ဤဝမ်းမြောက်မှုကို ရိတ်သိမ်းရပြီး ဤပျော်ရွှင်မှုကို ခံစားရမည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်ဖြစ်ကာ ဤဝမ်းမြောက်မှုနှင့် ပျော်ရွှင်မှုသည် သင့်အတွက် ထိုမျှ ဝေးကွာနေတော့မည် မဟုတ်ပေ။ ဤပန်းတိုင်ဆီသို့ ကြိုးပမ်းပြီး လိုက်စားပေလော့။ အနှေးနှင့်အမြန်ဆိုသလို သမ္မာတရားသည် သင်၏ အသက် ဖြစ်လာမည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်း သို့မဟုတ် ချည်နှောင်ခြင်းကို မခံရတော့ဘဲ ထိုအခါ သင်က “ဤဆင်းရဲဒုက္ခကို ခါးစည်းခံရခြင်းသည် ထိုက်တန်ပါသည်။ ကျွန်ုပ် ယခင်က ဆင်းရဲဒုက္ခခံစားခဲ့ရသောအခါ ယင်းမှာ စိတ်ဆင်းရဲစရာကောင်းပြီး နာကျင်ရကာ ဆင်းရဲဒုက္ခခံစားရခြင်းသည် ခက်ခဲသောအရာတစ်ခုဖြစ်သည်ဟု ကျွန်ုပ် ထင်ခဲ့သည်။ ကျွန်ုပ် အနည်းငယ် ဆင်းရဲဒုက္ခခံစားရမည်ဖြစ်ပြီး ထို့နောက် ကျွန်ုပ်တွင် အရင်းအနှီးရှိသည်ဟု ထင်ခဲ့သည်။ ယခုအခါ ဆင်းရဲဒုက္ခခံစားရခြင်းသည် အရင်းအနှီး လုံးဝမဟုတ်သည့်အပြင် မည်သည့်တန်ဖိုးမျှ မရှိဟု ကျွန်ုပ် ခံစားရသည်၊ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ကျွန်ုပ် ဆင်းရဲဒုက္ခခံစားသင့်သည်။ အနည်းငယ် ဆင်းရဲဒုက္ခခံစားရခြင်းသည် ကောင်းသည်၊ ဇာတိပကတိသည် ဆင်းရဲဒုက္ခခံစားသင့်သည်။ ကံကောင်းထောက်မစွာဖြင့် ဤဆင်းရဲဒုက္ခသည် ကျွန်ုပ်နှင့်အတူ ရှိနေခဲ့သည်၊ ဤနည်းအားဖြင့်သာ ကျွန်ုပ်သည် သမ္မာတရားကို ရရှိနိုင်ခဲ့သည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချည်နှောင်မှုနှင့် ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ခဲ့ပြီး ဝမ်းမြောက်မှုနှင့် ပျော်ရွှင်မှုတို့ဖြင့် အသက်ရှင်နေထိုင်နိုင်ခဲ့သည်။ ဆင်းရဲဒုက္ခခံစားရပြီးနောက် ချိုမြိန်မှု ရောက်လာသည်” ဟု တွေးလိမ့်မည်။ သင် မြင်သလော၊ ယင်းကို မြည်းစမ်းဖူးသောသူများသည် သိကြသည်၊ ယင်းကို ရရှိပြီးသောသူများသည် သိကြသည်။ ထိုနေ့ ရောက်လာသောအခါ အမှုအရာများသည် အတော်လေး ကွဲပြားသည်ဟု ခံစားရလိမ့်မည်၊ မဟုတ်လော။ (ဟုတ်ပါသည်။)

ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၉)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။