သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃၁)
ပြီးခဲ့သည့်အကြိမ်က “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ဟူသည့် အကြောင်းအရာတွင် ပါဝင်သော လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်သည့် လူတစ်ဦး၏ အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ခြင်းအကြောင်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်၊ မှန်သလော။ (မှန်ပါသည်။) ဤကိစ္စနှင့်စပ်လျဉ်း၍ “လူ့ဇာတိခံထားသော ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် တစ်တန်းတည်း မဖော်ပြခြင်း” ဟူသည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဤအကြောင်းအရာအတွင်း၌ လူ့ဇာတိခံထားသော ဘုရားသခင်သည် ဆင်းရဲဒုက္ခအား ခါးစည်းခံခြင်းကို မည်သို့ ရှုမြင်သည်ဆိုသည့်အကြောင်းကိုလည်း မိတ်သဟာယပြုခဲ့ကြပြီး ယင်းတွင် ဆင်းရဲဒုက္ခအား ခါးစည်းခံခြင်းနှင့်ပတ်သက်သော အတွေးအခေါ်များ၊ အမြင်များနှင့် ထင်မြင်ချက်များ ပါဝင်သည်။ ဆင်းရဲဒုက္ခကို မည်သို့ ရှုမြင်သင့်သည်ဟူသည့်အကြောင်း မိတ်သဟာယဖွဲ့ခြင်းက လူတို့ကို ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ မှန်ကန်သော အတွေးများနှင့် အမြင်များ ရှိစေပြီး ဆင်းရဲဒုက္ခကို မှန်ကန်စွာ သဘောပေါက်နားလည်ရန်နှင့် ဆင်းရဲဒုက္ခကို မှန်ကန်စွာ ချဉ်းကပ်ရန် ၎င်းတို့ကို စွမ်းဆောင်ပေးသည်။ ဆိုလိုသည်မှာ သင်သည် မိမိ ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခကို ခါးစည်းခံရမည်ဖြစ်သည်။ သင်သည် မိမိ ခါးစည်းခံသင့်ခြင်း မရှိသည့် သို့မဟုတ် အကျိုးမရှိသည့် ဆင်းရဲဒုက္ခကို ခါးစည်းခံပါက ဘုရားသခင်သည် ယင်းကို အမှတ်ရမည် မဟုတ်ပေ။ ယင်းသည် သင် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခဖြစ်ပြီး ယင်းကို ခါးစည်းခံခြင်းသည် သင်လုပ်ဆောင်သင့်သောအရာ ဖြစ်ပါက သင်သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်ရမည်၊ ဘုရားသခင်ထံမှ ခံယူရမည်ဖြစ်ပြီး ကျိုးနွံနာခံသော စိတ်သဘောထား ရှိရမည်ဖြစ်သည်။ သင်သည် ညည်းညူခြင်း မပြုသင့်သည့်အပြင် ယင်းကို ငြင်းပယ်ခြင်း သို့မဟုတ် ရှောင်လွှဲခြင်း မပြုသင့်ဘဲ ယင်းကို မှန်ကန်စွာ သဘောပေါက်နားလည်သင့်သည်။ ယင်းကို မှန်ကန်စွာ သဘောပေါက်နားလည်ခြင်းဆိုသည်မှာ ဆင်းရဲဒုက္ခ၏ အရေးပါမှု၊ ဆင်းရဲဒုက္ခ၏ တန်ဖိုးအပြင် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီးနောက်တွင် မည်သည့်အရာကို ရရှိသင့်သည်နှင့် မည်သည့်အရာကို အကျိုးအမြတ်ရသင့်သည်တို့ကို မှန်ကန်စွာ ရှုမြင်ခြင်း ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် ဆင်းရဲဒုက္ခသည် လူတိုင်း တွေ့ကြုံရမည့်အရာ ဖြစ်သည်။ ဇာတိပကတိ၌ အသက်ရှင်နေထိုင်သော လူအားလုံးသည် ဆင်းရဲဒုက္ခ ခါးစည်းခံကြရမည်ဖြစ်သည်။ သင်သည် ကောင်းမွန်သော ဘဝတစ်ခုကို လိုက်စားနေသည်ဖြစ်စေ၊ ရည်သန်မျှော်မှန်းချက်များကို လိုက်စားနေသည်ဖြစ်စေ၊ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းသို့ ရောက်ရန် သမ္မာတရားကို လိုက်စားနေသည်ဖြစ်စေ ဆင်းရဲဒုက္ခသည် လူတို့ တွေ့ကြုံရမည့်အရာဖြစ်ပြီး လူတို့ မှန်ကန်စွာ ချဉ်းကပ်သင့်သောအရာ ဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို မှန်ကန်စွာ ရှုမြင်ရမည်ဖြစ်ပြီး မှန်ကန်စွာ သဘောပေါက်နားလည်ရမည်ဖြစ်သည်။ ယင်းသည် လူတစ်ဦး ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခဖြစ်ပါက ထိုသူသည် ယင်းကို လက်ခံပြီး ကျိုးနွံနာခံသင့်ကာ ညည်းညူခြင်း မပြုသင့်၊ ယင်းကို ငြင်းပယ်ခြင်း မပြုသင့်သည့်အပြင် ယင်းကို ရှောင်လွှဲခြင်း မပြုသင့်ပေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဆင်းရဲဒုက္ခအလယ်တွင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရမည်ဖြစ်သည်။ ဆင်းရဲဒုက္ခအား ခါးစည်းခံရသည့် ဖြစ်စဉ်တွင် သင်သည် မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်မှုတို့ကို သိရှိနိုင်ပြီး သင်၏ ကိုယ်ပိုင် ချို့တဲ့မှုများနှင့် မလုံလောက်မှုများကို သိရှိနိုင်ကာ ဤပတ်ဝန်းကျင် သို့မဟုတ် အခက်အခဲ အခြေအနေတွင် မည်သည့် သမ္မာတရားများနှင့် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများကို သင့်အား တွေ့ကြုံရန်၊ နားလည်သဘောပေါက်ရန်နှင့် ရရှိရန် ဘုရားသခင် ခွင့်ပြုသည်ကို သင် သိရှိနိုင်ပါက ပို၍ပင် ကောင်းမွန်သည်မှာ သေချာသည်။ အချုပ်အားဖြင့်ဆိုရလျှင် ဆင်းရဲဒုက္ခသည် လူတိုင်း တွေ့ကြုံသင့်ပြီး လက်ခံသင့်သောအရာ ဖြစ်သည်။ သေချာသည်မှာ လူတစ်ဦး ခါးစည်းခံသော ဆင်းရဲဒုက္ခသည် လိုအပ်ပြီး တန်ဖိုးရှိ၍ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရပြီး လူတို့ ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခဖြစ်ပါက ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် ဆင်းရဲဒုက္ခ ဖြစ်ကြောင်းကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူတစ်ဦး ခါးစည်းခံသော ဆင်းရဲဒုက္ခသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပါက၊ ယင်းသည် လူလုပ်သော ဆင်းရဲဒုက္ခ သို့မဟုတ် လူ၏ အလိုဆန္ဒကြောင့် လိုက်စားသော ဆင်းရဲဒုက္ခဖြစ်ပါက ဤသည်မှာ ငါတို့ အားပေးထောက်ခံသော ဆင်းရဲဒုက္ခ မဟုတ်ပေ။ အခက်အခဲများနှင့် ပြဿနာအချို့ကို ဖန်တီးခြင်း၊ ဒုက္ခအချို့ကို ဖန်တီးခြင်းနှင့် ထို့နောက် ယင်းတို့ကို တွေ့ကြုံရန် တမင်တကာ လုပ်ဆောင်ခြင်း၊ ဤအရာအားလုံးသည် မလိုအပ်သည့်အပြင် ယင်းမှာ ပိုလျှံသောအရာ ဖြစ်သည်။ ထို့အပြင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်၊ အဆင့်အတန်းအတွက် ၎င်းတို့၏ တပ်မက်မှုကို ဖြည့်ဆည်းရန် သို့မဟုတ် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ခါးစည်းခံသော ဆင်းရဲဒုက္ခသည်လည်း မလိုအပ်ပေ။ ဤဆင်းရဲဒုက္ခမျိုးကို ခါးစည်းခံခြင်း၏ သဘောသဘာဝသည် စစ်မှန်သော ဆင်းရဲဒုက္ခ၊ သမ္မာတရားကို ရရှိရန်နှင့် ရိုးသားစစ်မှန်သော အကျိုးအမြတ်များ ရရှိရန် ခါးစည်းခံသော ဆင်းရဲဒုက္ခ၏ သဘောသဘာဝနှင့် ကွဲပြားသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုအခါ ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို သင်တို့ မည်သို့ ရှုမြင်ကြသနည်း။ (ယခင်က ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ လွဲချော်သော အမြင်များနှင့် နားလည်မှုများစွာ ရှိခဲ့ပြီး ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ပတ်သက်လာလျှင် ကျွန်ုပ် မည်မျှဆင်းရဲဒုက္ခ ခါးစည်းခံရပါစေ၊ မည်သည့် ဆင်းရဲဒုက္ခမျိုးကို ခါးစည်းခံရပါစေ ဘုရားသခင်က ယင်းကို လက်ခံမည်ဖြစ်ပြီး အသိအမှတ်ပြုမည်ဟု ယုံကြည်ခဲ့ပါသည်။ မည်သည့် ဆင်းရဲဒုက္ခမျိုးကို ဘုရားသခင်က အသိအမှတ်ပြုသည်နှင့် မည်သည့် ဆင်းရဲဒုက္ခမျိုးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဖြစ်သည်ဟူသည်ကို ဘုရားသခင် မိတ်သဟာယဖွဲ့ပြီးနောက်မှသာ အမှုအရာများအပေါ် ကျွန်ုပ်၏ ကိုယ်ပိုင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များကို ကျွန်ုပ် စတင် ပိုင်းခြားသိမြင်လာခဲ့ပါသည်။ ထိုအချိန်မှသာ ဆင်းရဲဒုက္ခကို ကျွန်ုပ် မည်သို့ ချဉ်းကပ်သည်ကိုလည်းကောင်း၊ ယခု ကျွန်ုပ် ခါးစည်းခံရသော မည်သည့် ဆင်းရဲဒုက္ခက ဖန်တီးထားပြီး ပိုလျှံသော ဆင်းရဲဒုက္ခဖြစ်သည်၊ မည်သည့် ဆင်းရဲဒုက္ခကို ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း သို့မဟုတ် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအတွက် ကျွန်ုပ် ခါးစည်းခံရသည်၊ ပြီးလျှင် မည်သည့် ဆင်းရဲဒုက္ခကို ကျွန်ုပ် ခါးစည်းခံသင့်ပြီး ငြင်းပယ်ခြင်း မပြုသင့်သည်တို့ကိုလည်းကောင်း ကျွန်ုပ် စတင်၍ ဆင်ခြင်သုံးသပ်လာခဲ့ပါသည်။ ဥပမာအားဖြင့် သမ္မာတရားကို နားလည်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် ခါးစည်းခံရသော ဆင်းရဲဒုက္ခ၊ ဘုရားသခင်အတွက် သက်သေခံရန် ခါးစည်းခံရသော ဆင်းရဲဒုက္ခ၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်ကို ကျေနပ်စေရန် ခါးစည်းခံရသော ဆင်းရဲဒုက္ခ၊ ပြီးလျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအတွက် ခါးစည်းခံရသော ဆင်းရဲဒုက္ခ၊ ဤဆင်းရဲဒုက္ခမျိုးကို ခါးစည်းခံရမည်ဖြစ်ပြီး ဤဆင်းရဲဒုက္ခကို ခါးစည်းခံပြီးနောက် ရရှိသည့်အရာမှာ သမ္မာတရား ဖြစ်ပါသည်။ ဤအရာကို ဘုရားသခင် မိတ်သဟာယဖွဲ့ပြီးနောက်မှသာ ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို ကျွန်ုပ် မှန်ကန်စွာ သဘောပေါက်နားလည်ရမည်ဖြစ်ကြောင်းနှင့် ကျွန်ုပ် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခအပေါ် အတိုက်အခံလုပ်သည်ဟု မခံစားရသင့်ဘဲ ထိုအစား ယင်းကို လက်ခံပြီး ကျိုးနွံနာခံလျက် တဖြည်းဖြည်း ရှေ့သို့ ကြိုးပမ်းအားထုတ်သင့်ကြောင်းကို ကျွန်ုပ် သိရှိခဲ့ရပါသည်။ တစ်နေ့တွင် ပေတရု ပြုလုပ်ခဲ့သကဲ့သို့ ဘုရားသခင်ထံ ဆုတောင်းသည့် အဆင့်အထိ ကျွန်ုပ် ရောက်ရှိနိုင်ရန်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုတို့က ကျွန်ုပ်ကို မစွန့်ခွာသွားရန် ဆန္ဒရှိလျက်၊ စစ်မှန်သော အသက် ဝင်ရောက်မှု ကျွန်ုပ် ရရှိနိုင်ရန်အလို့ငှာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအပြင် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့၏ ဆင်းရဲဒုက္ခကို လက်ခံနိုင်ရန် ကျွန်ုပ် မျှော်လင့်ပါသည်။) သင်တို့သည် ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်ရမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ စင်ကြယ်သော သဘောပေါက်နားလည်မှု ရှိရမည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် သင် ခါးစည်းခံသင့်ခြင်း မရှိသည့် ဆင်းရဲဒုက္ခနှင့်ပတ်သက်လာပါက သင့်ကိုယ်သင် ခက်ခဲစေရန် ကိုယ့်ဒုက္ခကိုယ် မရှာနှင့်၊ သို့မဟုတ် အမျိုးမျိုးသော အတားအဆီးများကို မဖန်တီးနှင့်။ သင့်ကိုယ်သင် ခက်ခဲစေခြင်းသည် လူမဆန်သည့်အပြင် ယင်းမှာ ဆင်ခြင်တုံတရားလည်း မဲ့ပေသည်။ အရေးကြီးဆုံးမှာ သင်သည် သင့်ကိုယ်သင် မည်သို့ပင် ခက်ခဲစေပါစေ၊ ယင်းမှာ သင်၏ ကိုယ်ပိုင် ပြဿနာအချို့ကို ကျော်လွှားခြင်းဖြစ်စေ၊ သင့်ကိုယ်သင် ခက်ခဲစေရန် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းဖြစ်စေ အဆုံးတွင် သင်ရရှိသည့်အရာသည် အလွန်ဆုံးရှိမှ သင်၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်း သို့မဟုတ် သင်၏ ကိုယ်ပိုင် စိတ်ခံစားမှုဆိုင်ရာ ကျေနပ်မှုသာ ဖြစ်လိမ့်မည်ဖြစ်သော်လည်း သင်သည် သမ္မာတရား လက်တွေ့ကျမှုကို အမှန်တကယ် ရရှိလိမ့်မည် မဟုတ်ပေ။ သင် ခါးစည်းခံရသော ဆင်းရဲဒုက္ခသည် အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ရန်၊ တရားမျှတမှု၏ တည်ရှိမှုကို ကာကွယ်ရန်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်ဖြစ်ပါက၊ ပြီးလျှင် ယင်းသည် သစ္စာရှိရန်၊ သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို ကျေနပ်စေသည့် အဆင့်အထိ ရောက်ရှိရန် သင် ခါးစည်းခံရသော ဆင်းရဲဒုက္ခဖြစ်ပါက ထိုသို့သော ဆင်းရဲဒုက္ခကို ခါးစည်းခံရခြင်းသည် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသည်။ ယင်းမှာ လူတစ်ဦး ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခ ဖြစ်သည်။ သင် ခါးစည်းခံရသော ဆင်းရဲဒုက္ခသည် သင်၏ ကိုယ်ပိုင် ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်နှင့် သင်၏ ကိုယ်ပိုင် ရည်မှန်းချက်များကို ဖြည့်ဆည်းရန်အပြင် အဆင့်အတန်းကို ရရှိရန်နှင့် လူတို့အကြား ကြီးမားသော ဂုဏ်ဒြပ်ကို ရရှိရန်ဖြစ်သည့်တိုင် ယင်းကို ခါးစည်းခံရာတွင် သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ပျက်ကွက်ပြီး အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန် ပျက်ကွက်သည့်အပြင် ယင်းသည် သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်အလို့ငှာ ခါးစည်းခံခြင်း မဟုတ်ဘဲ သစ္စာစောင့်သိသည့် အဆင့်အထိ ရောက်ရှိရန်နှင့် ဘုရားသခင်ကို ကျေနပ်စေသည့် အဆင့်အထိ ရောက်ရှိရန်ဆိုလျှင် ပို၍ပင် မဟုတ်ပါက ထိုသို့သော ဆင်းရဲဒုက္ခအားလုံးသည် မလိုအပ်သော ဆင်းရဲဒုက္ခနှင့် တန်ဖိုးမဲ့သော ဆင်းရဲဒုက္ခ ဖြစ်သည်။ သင်သည် ယင်းကို ခါးစည်းခံရလျှင်ပင် အချည်းနှီး လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ သင်သည် ထိုသို့သော ဆင်းရဲဒုက္ခကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်သည်။ ယင်းကို ရှောင်ကြဉ်ရန် သင် မည်သို့ စီမံနိုင်မည်နည်း။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ (ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ လာသော ဆင်းရဲဒုက္ခနှင့်ပတ်သက်သည့် မှန်ကန်သော အမြင်များကို ဦးစွာ လက်ခံသင့်ပြီး ထို့နောက် ကျွန်ုပ်တို့၏ အတွေ့အကြုံများတွင် ယင်းတို့ကို ကျွန်ုပ်တို့ကိုယ်တိုင်နှင့် နည်းနည်းချင်း နှိုင်းယှဉ်ကြည့်သင့်ပါသည်။ ထိုသို့သော ဆင်းရဲဒုက္ခသည် တန်ဖိုးမရှိကြောင်း ကျွန်ုပ်တို့ သဘောပေါက်သောအခါ ထိုသို့သော အကျိုးမရှိသည့် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့ ခါးစည်းခံတော့မည် မဟုတ်ပါ။)
အချို့သော အသင်းတော်များသည် နေထိုင်မှု အခြေအနေများ ကြမ်းတမ်းသည့် ဒေသများတွင် ရှိကြသည်။ စားသောက်မှုနှင့် တည်းခိုနေထိုင်မှု ပတ်ဝန်းကျင်များသည် ဆိုးရွားပြီး သန့်ရှင်းသော ရေတစ်ခွက်ရရန်ပင် ခက်ခဲသော်လည်း ထိုနေရာတွင် သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင် တောင်းဆိုခံရသည်၊ ဤအခြေအနေတွင် မည်သို့ လုပ်ဆောင်သင့်သနည်း။ သင်က “ဤပြင်ပ အခြေအနေများနှင့်အတူ လာသော ဆင်းရဲဒုက္ခသည် ငါ ခါးစည်းခံသင့်သောအရာ မဟုတ်။ ငါသည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် မွေးဖွားလာခြင်း ဖြစ်သည်၊ ငါသည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ငါ ခံစားရသော ဆက်ဆံမှုသည် သာမန်လူများ ရရှိသည့်အရာထက် ပို၍ ကောင်းမွန်သင့်သည်။ ဤနေရာရှိ နေထိုင်မှု အခြေအနေများသည် ကြမ်းတမ်းလွန်းသဖြင့် ငါ၏ စိတ်ခံစားချက်ကို ထိခိုက်စေပြီး ငါ၏ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်အောင် တားဆီးထားသည်။ ဤသို့ဆိုလျှင် အလုပ်ဖြစ်မည် မဟုတ်။ ဤကြမ်းတမ်းသော ပတ်ဝန်းကျင်သည် ငါ၏ တာဝန်ကို ထမ်းဆောင်ရန် ငါ့အတွက် မသင့်တော်ပေ။ ငါ၏ တာဝန်ကို ထမ်းဆောင်ရန် လှပသော ရှုခင်းနှင့် သာယာသော ပတ်ဝန်းကျင်ရှိသည့် နေရာတစ်ခုသို့ ငါ ပြောင်းရမည်။ အစားအစာ အရသာရှိပြီး ငါ သက်သောင့်သက်သာ အိပ်စက်နိုင်သည့်၊ အိမ်တွင်း၌ လေအေးပေးစက်ရှိပြီး အပြင်ဘက်တွင် လှပသော ရှုခင်းများနှင့် လမ်းလျှောက်ရန် နေရာများရှိသည့် ကောင်းမွန်သော ဧည့်ခံသည့်နေအိမ်တစ်ခုလည်း ငါ့ထံတွင် ရှိရမည်။ ထိုသို့သော နေရာမျိုးသည် ငါ၏ တာဝန်ကို ထမ်းဆောင်ရန် ငါ့အတွက် သင့်တော်သည်” ဟု သင့်ဘာသာ တွေးသည်ဟု ဆိုကြပါစို့။ ထို့ကြောင့် သင်သည် ကြမ်းတမ်းသော နေရာမှ ထွက်ခွာရန် ရွေးချယ်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန် ကောင်းမွန်သော ပတ်ဝန်းကျင်ရှိသည့် နေရာတစ်နေရာကို ရှာဖွေလေသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သို့ ရှိသနည်း။ (မကောင်းပါ။) အချို့လူများက “ကိုယ့်ဒုက္ခကိုယ်မရှာရန် ကိုယ်တော် ပြောခဲ့သည် မဟုတ်လော။ အစားအသောက်နှင့် တည်းခိုနေထိုင်မှု ဆိုးရွားသည့် ဤဆင်းရဲနွမ်းပါးပြီး ကြမ်းတမ်းသော ပတ်ဝန်းကျင်သို့ လာခြင်းသည် ကိုယ့်ပြဿနာကိုယ် ရှာခြင်းနှင့် ကိုယ့်ဒုက္ခကိုယ် ရှာခြင်း မဟုတ်လော။ ဤသည်မှာ ဆင်းရဲဒုက္ခကို ရှာခြင်းနှင့် ပြဿနာကို ရှာခြင်းဖြစ်ပြီး အလုပ်အတွက် အတားအဆီးများ ဖန်တီးနေခြင်းဖြစ်သောကြောင့် ဒုက္ခကင်းစင်သော နေရာတစ်ခုကို ကျွန်ုပ် ရှာဖွေသင့်သည်” ဟု ပြောကြသည်။ ဤကဲ့သို့ ပြုမူခြင်းသည် လက်ခံနိုင်ဖွယ် ရှိသလော။ (မဟုတ်ပါ။) ငါ့ကို ပြောလော့၊ အမှုအရာများကို ဤနည်းဖြင့် သဘောပေါက်နားလည်သူ တစ်ဦးတစ်ယောက် ရှိသလော။ (ရှိပါသည်။) အမှုအရာများကို ဤနည်းဖြင့် သဘောပေါက်နားလည်ခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ၊ ဤသဘောပေါက်နားလည်မှုမျိုးသည် အနည်းငယ် လွဲချော်နေပါသည်။) သို့ဖြစ်၍ စားသောက်မှုနှင့် တည်းခိုနေထိုင်မှု ပတ်ဝန်းကျင် ဆိုးရွားပြီး အစားအသောက်များက သန့်ရှင်းမှုမရှိဘဲ ယင်ကောင်များ၊ ခြင်များနှင့် အမျိုးမျိုးသော ပိုးမွှားများ အစဉ် ပျံဝဲနေကာ သင့်အနေဖြင့် သစ်သားကုတင်မာမာပေါ်တွင် အိပ်ရပြီး စောင်က စိုထိုင်း၍ ညစ်ပတ်နေသည့်အပြင် ညဘက်တွင် ကောင်းစွာ အိပ်မပျော်နိုင်ဘဲ စုဝေးပွဲများ ကျင်းပရန် တိတ်ဆိတ်သော နေရာမရှိသည့်အပြင် ပတ်ဝန်းကျင်က မလုံခြုံဘဲ စာတန်၏ အစိုးရက ထိုနေရာတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူဖမ်းပွဲများကို လုပ်ဆောင်နေသည့် ဤကဲ့သို့သော အခက်အခဲ ပတ်ဝန်းကျင်မျိုးကို သင်တို့ ကြုံတွေ့ရသောအခါ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် သင်တို့သည် ဆင်းရဲဒုက္ခများစွာကို မလွဲမသွေ ခါးစည်းခံရမည်ဟု သင်တို့ ပြောမည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် ဤနေရာတွင် အသင်းတော်တစ်ခု ရှိပြီး လုပ်ဆောင်ရမည့် အလုပ်ရှိသောကြောင့် သင် မည်သို့ လုပ်ဆောင်သင့်သနည်း။ သင်သည် ဤဆင်းရဲဒုက္ခကို ခါးစည်းခံမည်လော၊ သို့မဟုတ် ခါးစည်းမခံဘဲ နေမည်လော။ (ကျွန်ုပ်တို့ ခါးစည်းခံရပါမည်။) အယူဝါဒ ကိစ္စရပ်တစ်ခုအနေဖြင့် လူတို့သည် ဤအရာကို လက်ခံနိုင်ကြပြီး ဤဆင်းရဲဒုက္ခကို ၎င်းတို့ ခါးစည်းခံရမည်ဖြစ်ကြောင်း သိရှိကြသော်လည်း ၎င်းတို့ အဘယ်ကြောင့် ယင်းကို ခါးစည်းခံရမည်နည်း။ (အကြောင်းမှာ အသင်းတော်၏ အလုပ်က ယင်းကို တောင်းဆိုပြီး ကျွန်ုပ်တို့၏ တာဝန်ကလည်း တောင်းဆိုသောကြောင့် ဤဆင်းရဲဒုက္ခကို ခါးစည်းခံရမည် ဖြစ်ပါသည်။) ဤသည်မှာ သင် လုပ်ဆောင်သင့်သော အလုပ်ဖြစ်ပြီး ယင်းမှာ သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရား ဖြစ်သည်။ ဤသို့ဖြစ်လာသောအခါ ယင်းက သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင် သစ္စာစောင့်သိမှု ရှိမရှိဟူသည့် ကိစ္စရပ်နှင့် သက်ဆိုင်သည်။ ပတ်ဝန်းကျင်က သက်သောင့်သက်သာ ရှိမရှိကို သင် စဉ်းစား၍ မရနိုင်သည့်အပြင် သင်၏ ဇာတိပကတိက သက်သောင့်သက်သာ ရှိမရှိ သို့မဟုတ် နာကျင်မှု ရှိမရှိအပေါ် အခြေခံ၍လည်း သင် ပြုမူ၍ မရနိုင်ပေ၊ ဤခံစားချက်များအတိုင်း သင် လုပ်ဆောင်၍ မရနိုင်ပေ။ သင်၏ တာဝန်ဝတ္တရားများနှင့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အလို့ငှာ အမျိုးမျိုးသော အခက်အခဲများကို ကျော်လွှားရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို သင် ကြိုးစားရမည်ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်ကိုယ်တိုင် သွားမည် မဟုတ်။ သွားရောက်ပြီး ဤအလုပ်ကို လုပ်ဆောင်ရန်နှင့် ဤဆင်းရဲဒုက္ခကို ခါးစည်းခံရန် သင့်တော်သူ တစ်ဦးဦးကို ကျွန်ုပ် ရှာဖွေမည်။ အခြားသော အရေးကြီးသည့် အလုပ်အချို့ကို လုပ်ဆောင်ရန် ကျွန်ုပ်၏ ခွန်အားကို ချွေတာမည်ဖြစ်ပြီး ထိုအကျိုးမရှိသော ဆင်းရဲဒုက္ခကို ကျွန်ုပ် ခါးစည်းခံမည် မဟုတ်ပေ” ဟု ပြောကြသည်။ ယင်းကို ဤနည်းဖြင့် သဘောပေါက်နားလည်ခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။ ဤသည်မှာ ကျွန်ုပ် သွားသင့်သော နေရာဖြစ်ပြီး ကျွန်ုပ် လုပ်ဆောင်သင့်သော အလုပ်ရှိသည်မှာ သေချာသော်လည်း ဆင်းရဲဒုက္ခကို ကြောက်ရွံ့သောကြောင့် အခြားတစ်စုံတစ်ဦးကို လုပ်ဆောင်ခိုင်းရန် ကျွန်ုပ် စီစဉ်ပေးပါက ဤသည်မှာ ကလိမ်ကကျစ်ကျခြင်းနှင့် ခိုကပ်ခြင်း ဖြစ်ပါသည်။) ဤသည်မှာ သင် သွားသင့်သော နေရာဖြစ်ပြီး ထိုနေရာတွင် သင် လုပ်ဆောင်သင့်သော အလုပ်၊ သင် ထမ်းဆောင်သင့်သော တာဝန်နှင့် သင် ကိုင်တွယ်သင့်သော ပြဿနာများ ရှိသည်မှာ သေချာသည့်တိုင် သင် သွားရမည့်အစား အခြားတစ်စုံတစ်ဦးကို သွားခိုင်းရန် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို ထုတ်ပြပါက ဤသည်မှာ သစ္စာစောင့်သိခြင်း မဟုတ်ဘဲ ဤသည်မှာ အခက်အခဲကို ရှောင်လွှဲခြင်းနှင့် ငြင်းပယ်ခြင်း ဖြစ်သည်။ အခြားတစ်စုံတစ်ဦးကို သင် သွားခိုင်းမည့် အခြေခံအကျဆုံး အကြောင်းရင်းမှာ သင် သွားရန် အဆင်မပြေသောကြောင့် မဟုတ်သည့်အပြင် သွားခြင်းသည် သင့်အတွက် ရွေးချယ်ခွင့်ရှိသောကြောင့်လည်း မဟုတ်ဘဲ ထိုနေရာတွင် ပတ်ဝန်းကျင်က ဆိုးရွားပြီး နေထိုင်မှု အခြေအနေများ ဆိုးရွားကာ သင်သည် ဆင်းရဲဒုက္ခအား ခါးစည်းခံရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် သင် သွားရန် မလိုလားခြင်း ဖြစ်သည်။ သင့်ထံတွင် ဤစိတ်ဓာတ်နှင့် ဤရည်ရွယ်ချက်မျိုး ရှိပါက ဤသည်မှာ သစ္စာစောင့်သိမှု ကင်းမဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဆင်းရဲဒုက္ခကို ရှောင်လွှဲခြင်းနှင့် ဆင်းရဲဒုက္ခအား ခါးစည်းခံရန် ငြင်းပယ်ခြင်း ဖြစ်သည်။ သင်သည် မိမိ ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခကို လက်ခံရမည်ဖြစ်သည်။ အခက်အခဲများ မည်မျှပင် ရှိပါစေ သင်သည် ယင်းကို ခေါင်းရှောင်၍မရနိုင်ပေ။ အန္တရာယ် မည်မျှပင် ရှိပါစေ သင်သည် ယင်းကို ရင်ဆိုင်ရမည်ဖြစ်သည်။ ပြီးလျှင် ထိုနေရာတွင် ဘေးအန္တရာယ် တစ်မျိုးမျိုး ဖြစ်ပျက်နေလျှင်ပင် သင် သွားရမည်ဖြစ်ပြီး ယင်းကို သင် ရှောင်လွှဲ၍ မရနိုင်သည့်အပြင် အခက်အခဲများကို သင် ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။ ဤသည်ကို သစ္စာစောင့်သိခြင်းဟု ခေါ်သည်။ ထိုနေရာသို့ သွားခြင်းက သင်၏ ဇာတိပကတိကို ဆင်းရဲဒုက္ခ ခါးစည်းခံရစေမည်ဖြစ်ပြီး အန္တရာယ် ရှိလိမ့်မည်ကို သင် သိသော်လည်း သင်သည် ယင်းကို ငြင်းပယ်ခြင်း သို့မဟုတ် ခေါင်းရှောင်ခြင်း မပြုဘဲ အသင်းတော်၏ အလုပ်အတွက်လည်းကောင်း၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက်လည်းကောင်း အန္တရာယ်ကိုပင် ရင်ဆိုင်နိုင်ပြီး အခက်အခဲများကို ကျော်လွှားနိုင်ကာ ရှေ့တန်းမှ ဦးဆောင်နိုင်သည်ဟု ဆိုကြပါစို့။ ဤသည်ကို သစ္စာစောင့်သိခြင်းဟု ခေါ်သည်၊ ဤသည်ကို သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟု ခေါ်ပြီး ဤသည်ကို ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းဟု ခေါ်သည်။ အခက်အခဲ ပတ်ဝန်းကျင်တစ်ခုတွင် မိမိ၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းသည် လူတို့ ရရှိရမည့်အရာဖြစ်ပြီး ယင်းမှာ လူတို့ ရှိသင့်သော လက်တွေ့လုပ်ဆောင်ခြင်းလည်း ဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအခြေအနေမျိုးကို ကြုံတွေ့ရသောအခါ သင်သည် ယင်းကို ဤနည်းဖြင့် သဘောပေါက်နားလည်ရမည်ဖြစ်ပြီး ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။
သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် တစ်နေရာရာသို့ သွားပြီး ထိုနေရာတွင် နေထိုင်မှု အခြေအနေများ ကောင်းမွန်ကာ ပတ်ဝန်းကျင်က သာယာ၍ အစားအစာက အတော်လေး ကောင်းမွန်ပြီး အစားအစာတိုင်းနီးပါးတွင် အသားစားနိုင်သည့်အပြင် သင်၏ တည်းခိုနေထိုင်မှုများကလည်း ဆောင်းရာသီတွင် အပူပေးစနစ်နှင့် နွေရာသီတွင် လေအေးပေးစက်တို့ဖြင့် အတော်လေး သက်သောင့်သက်သာ ရှိ၍ အခြေအနေအားလုံးက အတော်လေး ကောင်းမွန်ပါက ဤကဲ့သို့သော အလုပ်ပတ်ဝန်းကျင်မျိုးကို သင် ကြုံတွေ့ရသောအခါ ယင်းကို သင် မည်သို့ ချဉ်းကပ်သင့်သနည်း။ အချို့လူများက “ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် အလုပ်လုပ်ရခြင်းသည် တကယ်ကို သာယာပါသည်။ ဤနေရာတွင် ကျွန်ုပ်၏ အလုပ်ကို ကျွန်ုပ် လုပ်ဆောင်ပါက ကျွန်ုပ်သည် သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားနေခြင်း ဖြစ်သလော။ ကျွန်ုပ်၏ တာဝန်အပေါ် ကျွန်ုပ် သစ္စာမရှိခြင်း ဖြစ်သလော။ ဤသည်မှာ မှားယွင်းသည် မဟုတ်လော” ဟု ပြောကြသည်။ သင်သည် ဤကဲ့သို့ ကောင်းမွန်သော နေထိုင်မှု အခြေအနေများရှိသည့် ပတ်ဝန်းကျင်တစ်ခုကို ကြုံတွေ့ရပါက ယင်းကို သင် မည်သို့ သဘောပေါက်နားလည်သနည်း။ (ပထမဦးစွာ ဤသည်မှာ အသင်းတော်၏ အလုပ်အတွက် လိုအပ်ခြင်း ရှိမရှိကို ကျွန်ုပ် ဆုံးဖြတ်ရန် လိုအပ်ပါသည်။ အလုပ်က ဤနေရာတွင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်ကို လိုအပ်ပါက ကျွန်ုပ်သည် ဤပတ်ဝန်းကျင်ကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်၊ သက်သောင့်သက်သာ ရှိခြင်းကို မွေ့လျော်ခံစားခြင်း မပြုသင့်သည့်အပြင် ကောင်းမွန်စွာ စားသောက်ရန် သို့မဟုတ် လှပစွာ ဝတ်ဆင်ရန် အာရုံစိုက်ရမည့်အစား ကျွန်ုပ်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် အာရုံစိုက်သင့်ပါသည်။ ဤသည်သာလျှင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူ တစ်ဦး ဖြစ်ခြင်း ဖြစ်ပါသည်။ သို့သော် အလုပ်က ထိုနေရာတွင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် မလိုအပ်ဘဲ ပို၍ကြီးမားသော ဇာတိပကတိဆိုင်ရာ သာယာမှုအတွက် ကောင်းမွန်သော နေထိုင်မှု အခြေအနေများရှိသည့် နေရာတစ်ခုကို ကျွန်ုပ် တမင်တကာ ရွေးချယ်ပါက ယင်းမှာ သက်သောင့်သက်သာ ရှိမှုကို မွေ့လျော်ခံစားခြင်း ဖြစ်ပါသည်။) သင်သည် ကောင်းမွန်သော နေထိုင်မှု အခြေအနေများရှိသည့် ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေလျှင်ပင် ယင်းက သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းမှ သင့်ကို တားဆီးခွင့် မပြုသင့်ပေ။ သင်သည် ထိုသို့သော နေထိုင်မှု ပတ်ဝန်းကျင်မျိုးတွင် မွေ့လျော်ခံစားခြင်း မပြုသင့်ပေ။ သင် လုပ်ဆောင်သင့်သောအရာကိုသာ လုပ်ဆောင်ပြီး သင်၏ တာဝန်ကို မည်သို့ ထမ်းဆောင်သင့်သည်ဖြစ်စေ ထိုအတိုင်း ထမ်းဆောင်လော့။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်သောကြောင့် ဧည့်ခံသည့်မိသားစုက သင့်ကို အထူး ဂရုစိုက်ကာ သင့်ကို စားစရာ အစားအစာကောင်းများနှင့် သုံးစရာ ပစ္စည်းကောင်းများ ပေးပြီး သင့်ကို အထူး ဂရုစိုက်မှုနှင့် အထူး ဆက်ဆံမှုအချို့ ပေးပါက သင်က “ဤအရာကို ဘုရားသခင်ထံမှ ကျွန်ုပ် ခံယူရမည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အပေါ် ကျေးဇူးပြုနေခြင်းဖြစ်ပြီး ယင်းမှာ ကျွန်ုပ် မွေ့လျော်ခံစားသင့်သောအရာ ဖြစ်သောကြောင့် ယင်းကို ကျွန်ုပ် မွေ့လျော်ခံစားမည်သာ ဖြစ်သည်။ ကျွန်ုပ် ငြင်းပယ်၍ မရနိုင်” ဟု တွေးပါက သင် ဤသို့ တွေးခြင်းသည် မှားယွင်းပေသည်။ အမှန်တွင် ဧည့်ခံသည့်မိသားစုက သင့်ကို ဆက်ဆံပြီး စောင့်ရှောက်သည့်ပုံစံသည် သာမန် ညီအစ်ကိုမောင်နှမများကို ၎င်းတို့ ဧည့်ခံသည့်အခါ ပြုမူသည့်ပုံစံထက် များစွာ ပို၍ ကောင်းမွန်သည်။ ယင်းသည် ဧည့်ခံခြင်း၏ စံနှုန်းများနှင့် စည်းမျဉ်းများကို များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ သို့ဆိုလျှင် ဤအခြေအနေကို သင် မည်သို့ ချဉ်းကပ်သင့်သနည်း။ (ကျွန်ုပ်သည် ငြင်းပယ်ရန် သင်ယူရပါမည်။) သင် မည်သို့ ငြင်းပယ်သင့်သနည်း။ (ပထမဦးစွာ ကျွန်ုပ်သည် ဧည့်ခံခြင်း စည်းမျဉ်းများနှင့်ပတ်သက်၍ ဧည့်ခံသည့်မိသားစုနှင့် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အဆင့်အတန်းရှိရုံမျှဖြင့် ၎င်းတို့ကို အထူး ဂရုစိုက်မှု မပေးသင့်ကြောင်း ၎င်းတို့အား ပြောပြသင့်ပါသည်။ အကြောင်းမှာ ဤသည်က ခေါင်းဆောင်များနှင့် အမှုဆောင်များကို သက်သောင့်သက်သာ ရှိမှု၌ မွေ့လျော်ခံစားရန် လွယ်ကူစေသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်ကိုယ်တိုင်လည်း ဤအထူး ဆက်ဆံမှုကို မွေ့လျော်ခံစားခြင်း မပြုဘဲ ၎င်းတို့ကို ငြင်းပယ်ရန် သင်ယူရပါမည်။ ကျွန်ုပ်၏ လက်တွေ့ကျသော ကျင့်ကြံပြုမူခြင်းနှင့် ကျွန်ုပ်၏ လုပ်ရပ်များမှတစ်ဆင့် ကျွန်ုပ်၏ ငြင်းပယ်မှုကို ပြသသင့်ပါသည်။) သို့ဆိုလျှင် ဤအရာကို ဘုရားသခင်ထံမှ သင် ခံယူရန် လိုအပ်သလော။ (မလိုအပ်ပါ။) သင်ကိုယ်တိုင်သည် အခြေအနေများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိရှိရမည်ဖြစ်ပြီး ယင်းတို့ကို လျော်ညီစွာ မည်သို့ ကိုင်တွယ်ရမည်ကို သိရှိရမည်ဖြစ်သည်။ အချို့လူများက “ဤသည်မှာ ဧည့်ခံသည့်မိသားစု နေထိုင်သည့်ပုံစံသာ ဖြစ်သည်။ ကျွန်ုပ် ငြင်းပယ်ပါက ယင်းမှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ငြင်းပယ်ခြင်း မဟုတ်လော။ ယင်းမှာ ပြဿနာရှာခြင်း မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်သည့်အခါ ကောင်းမွန်သော ဧည့်ခံသည့် အခြေအနေများကို မွေ့လျော်ခံစားသင့်သည်” ဟု ပြောကြသည်။ ဤသဘောပေါက်နားလည်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသဘောပေါက်နားလည်မှုသည် သေချာပေါက် မှားယွင်းပေသည်။ သင်သည် ထိုဒေသရှိ နေထိုင်မှု အခြေအနေများ အလွန်ကောင်းမွန်သော နေရာတစ်ခုသို့ ရောက်ရှိပြီး ဧည့်ခံသည့်မိသားစုက သင့်အတွက် ထောက်ပံ့ပေးသောအရာသည် ၎င်းတို့၏ နေ့စဉ်ဘဝများရှိ ပုံမှန် ကုန်ကျစရိတ်များနှင့် လိုအပ်ချက်များ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး ဤသည်မှာ ၎င်းတို့၏ ဘဝတွင် ပုံမှန်အခြေအနေသာ ဖြစ်ပါက သင်သည် ၎င်းတို့၏ နေထိုင်မှု အလေ့အထများကို လေးစားသင့်သည်။ ယင်းမှာ ဒေသခံ နေထိုင်မှု အခြေအနေများ ရှိသည့်ပုံစံသာ ဖြစ်သည်။ သင် ငြင်းပယ်ပါက ယင်းမှာ အနည်းငယ် ဟန်လုပ်လွန်းရာ ကျပေမည်။ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပြီး မှန်ကန်စွာ ချဉ်းကပ်သင့်သည်၊ သင့်အပေါ် ကျေးဇူးပြုသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပြီး သင့်ကိုယ်သင် ဆင်းရဲဒုက္ခဖြစ်စေရန် မကြိုးစားသင့်ပေ။ သို့သော် ဧည့်ခံသည့်မိသားစုက သင့်အတွက် ထောက်ပံ့ပေးသော ဆက်ဆံမှုသည် ၎င်းတို့၏ နေ့စဉ် နေထိုင်မှု စံနှုန်းများထက် ကျော်လွန်နေပါက၊ ဆိုလိုသည်မှာ ၎င်းတို့က သင့်ကို အထူး နည်းလမ်းအချို့ဖြင့် စောင့်ရှောက်ပါက ဤသည်မှာ စည်းမျဉ်းများနှင့် မညီပေ။ သင်သည် ငြင်းပယ်သင့်ပြီး စည်းမျဉ်းများနှင့်ပတ်သက်၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သင့်သည်။ ၎င်းတို့ကို အခက်အခဲ မဖြစ်စေသင့်ပေ။ ဤသည်မှာ သင် လက်တွေ့လုပ်ဆောင်သင့်သည့် ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။) သင်က “ဤသည်မှာ ၎င်းတို့၏ ပုံမှန် နေထိုင်မှု စံနှုန်းသာ ဖြစ်သည်။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ဖွယ်ဖွယ်ရာရာ စားသောက်ကြပြီး လတ်ဆတ်သော သစ်သီးဝလံ အမျိုးမျိုး အစဉ် ရရှိနိုင်သောကြောင့် ဤအရာများကို ကျွန်ုပ်လည်း မွေ့လျော်ခံစားသင့်သည်” ဟု ပြောလျက် ဆင်ခြေများ ပေးပါက သင် ထိုသို့သော ဆင်ခြေများ ပေးခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသည်မှာ သက်သောင့်သက်သာ ရှိမှုကို မွေ့လျော်ခံစားခြင်း ဖြစ်သည်။ အချို့လူများသည် ကောင်းမွန်သော နေထိုင်မှု အခြေအနေများရှိသည့် နေရာတစ်ခုသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ထွက်မသွားလိုကြဘဲ ထိုသို့သော နေရာမျိုးတွင် အထူးသဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ကြသည်။ ၎င်းတို့သည် အခြားတစ်နေရာသို့ သွားပါက ဆင်းရဲဒုက္ခအား ခါးစည်းခံရမည်ကို ကြောက်ရွံ့ကြသဖြင့် မသွားရန် အမျိုးမျိုးသော ဆင်ခြေများကို ပေးကြသည်။ အခြားနေရာတွင် အလုပ်ရှိပြီး ၎င်းတို့ ကိုင်တွယ်ရန် လိုအပ်သော ပြဿနာများ ရှိလျှင်ပင် ၎င်းတို့သည် အလုပ်များကို ရက်အနည်းငယ်အတွင်း ပြီးစီးအောင် လုပ်ဆောင်ရန်သာ သွားကြပြီးနောက် ဤနေရာကောင်းသို့ အလျင်စလို ပြန်လာကြသည်။ ဤသည်မှာ ဆင်းရဲဒုက္ခအား ခါးစည်းခံရမည်ကို ကြောက်ရွံ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဆင်းရဲဒုက္ခအား ခါးစည်းခံရမည်ကို ကြောက်ရွံ့ခြင်းဖြစ်ပြီး ယင်းမှာ သက်သောင့်သက်သာ ရှိမှုကို မွေ့လျော်ခံစားခြင်း ဖြစ်သည်။ ၎င်းတို့သည် ဝဖြိုးပြီး အသားအရေ ကောင်းမွန်လာသည်အထိ ၎င်းတို့၏ ဇာတိပကတိကို အလိုလိုက်ကြပြီး “ကျွန်ုပ် ကောင်းစွာ မစားသောက်ရလျှင် သို့မဟုတ် နေရာကောင်းတစ်ခုတွင် မနေရလျှင်၊ ပြီးလျှင် ကျွန်ုပ် ဖျားနာပါက ဤသည်က ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထိခိုက်မည် မဟုတ်လော။ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ကျွန်ုပ်၏ ဇာတိပကတိကို အလိုလိုက်ရမည်၊ ကျွန်ုပ်၏ ဇာတိပကတိကို ကျန်းမာအောင် ထားရှိရမည်ဖြစ်ပြီး ခွန်အားများ ပြည့်ဝနေရမည်၊ ထိုသို့မှသာ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကျွန်ုပ် ထိရောက်မှု ရှိလိမ့်မည်” ဟု ပြောလျက် အကြောင်းပြချက်များနှင့် ဆင်ခြေများကို ပေးနေကြဆဲ ဖြစ်သည်။ ဤအရာများသည် ဆင်ခြေများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သက်သောင့်သက်သာ ရှိမှုကို မွေ့လျော်ခံစားခြင်းအတွက် ဆင်ခြေများ ပေးနေခြင်း ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် ယင်းသည် ဒုက္ခခံစားရသော ပတ်ဝန်းကျင်တစ်ခု ဖြစ်စေ၊ သက်သောင့်သက်သာ ရှိသော ပတ်ဝန်းကျင်တစ်ခု ဖြစ်စေ သင်သည် ယင်း၏ လွှမ်းမိုးခြင်း သို့မဟုတ် ဘောင်ခတ်ခြင်း ခံရမှုမှ ရှောင်ရှားနိုင်သင့်သည်။ ဒုက္ခ မရှိပါက သင့်ဒုက္ခသင် မရှာနှင့်၊ အခက်အခဲ ရှိပါက ယင်းကို မငြင်းပယ်နှင့်။ သင် ကြုံတွေ့ရသော ပတ်ဝန်းကျင်က ဆင်းရဲဒုက္ခကို ခါးစည်းခံရန် လိုအပ်ပါက သင်သည် ယင်းကို ခါးစည်းခံရမည်ဖြစ်သည်။ အခက်အခဲ မည်မျှပင် ကြီးမားပါစေ သင်သည် ယင်းကို ကျော်လွှားရမည်ဖြစ်သည်။ ယင်းကို ကျော်လွှားခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ရန်ဖြစ်ပြီး သင်၏ ကိုယ်ပိုင် ဇာတိပကတိကို တမင်တကာ ဒုက္ခပေးရန် မဟုတ်ပေ။ အခက်အခဲများ မည်မျှပင် ကြီးမားပါစေ သင်သည် ယင်းတို့ကို ငြင်းပယ်ခြင်း သို့မဟုတ် ရှောင်လွှဲခြင်း မပြုသင့်ပေ။ ထိုအစား အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်၊ သင် လုပ်ဆောင်သင့်သော တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အပြင် ပြောသင့်သောအရာကို ပြောရန်နှင့် ပြဿနာများကို ကိုင်တွယ်ပြီး ဖြေရှင်းရန် နည်းလမ်းပေါင်းစုံကို သင် စဉ်းစားသင့်ပြီး ထို့နောက် သင် ထွက်ခွာသွားနိုင်သည်။ ယင်းမှာ သင့်လျော်ပေမည်။ နေထိုင်မှု အခြေအနေများ ကောင်းမွန်သည့် တစ်နေရာရာသို့ သင် သွားသောအခါ သင်သည် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာ ရှိမှုနှင့် သာယာမှုတို့အပေါ် တွယ်တာခြင်း ရှိရမည့်အစား အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းအပေါ် သင်၏ စိတ်နှလုံးထဲတွင် အာရုံစိုက်လျက် သင်၏ တာဝန်နှင့် သင်၏ အလုပ်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ သေချာသည်မှာ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် သင့်ကိုယ်သင် ခက်ခဲစေရန် သို့မဟုတ် ဘုရားသခင်ထံ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ရန် သို့မဟုတ် သင်၏ သန္နိဋ္ဌာန်ကို ဖော်ပြရန် သင်သည် အပိုဆောင်း အခက်အခဲများကို ဖန်တီးဖို့ မလိုအပ်ပေ။ ထိုအစား သင်သည် ဤပတ်ဝန်းကျင်၏ လွှမ်းမိုးခြင်းကို မခံရသင့်၊ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာ ရှိမှုတွင် မွေ့လျော်ခံစားခြင်း မပြုသင့်သည့်အပြင် သင်သည် အကျင့်ပျက်မသွားသင့်ပေ။ ကောင်းမွန်သော နေထိုင်မှု အခြေအနေများနှင့် သက်သောင့်သက်သာ ရှိသော ပတ်ဝန်းကျင်က အလုပ်၏ တိုးတက်မှုအပေါ် ထိခိုက်စေခြင်း သို့မဟုတ် ဆင်းရဲဒုက္ခအား ခါးစည်းခံရန် သင်၏ သန္နိဋ္ဌာန်နှင့် သင်၏ တာဝန်အပေါ် သင်၏ သစ္စာစောင့်သိမှုကို ထိခိုက်စေခြင်းမျိုး သင် ခွင့်မပြုသင့်ပေ။ သက်သောင့်သက်သာ ရှိသော ပတ်ဝန်းကျင်တစ်ခုတွင် သင်သည် မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်ဖြစ်ပြီး သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်သာ ဖြစ်သည်။ အခြားနေရာတွင် အလုပ်ရှိပြီး သင် သွားသင့်ပါက သင် သွားရမည်ဖြစ်သည်။ သင်၏ ဇာတိပကတိက သက်သောင့်သက်သာ ရှိပြီး စိတ်အေးလက်အေးဖြစ်ကာ ဤနေရာတွင် သင်၏ ဘဝက သာယာနေရုံမျှဖြင့် သင်၏ တာဝန်များကို မေ့လျော့သွားပြီး အခြားမည်သည့်နေရာသို့မျှ မသွားလိုတော့သည်အထိ သင်၏ သာယာမှုထဲတွင် သင် နစ်မြောနေ၍မရပေ။ ဤသည်မှာ မှားယွင်းပေသည်။ ဤသည်မှာ ဆင်းရဲဒုက္ခအား ခါးစည်းခံရန် ငြင်းပယ်ခြင်းဖြစ်သည်၊ ယင်းမှာ သက်သောင့်သက်သာ ရှိမှုကို မွေ့လျော်ခံစားခြင်းဖြစ်ပြီး ယင်းမှာ သင်၏ တာဝန်အပေါ် သစ္စာစောင့်သိမှု မရှိခြင်းဖြစ်သည်။ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။)
သင်၏ တာဝန်ကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်၊ သင်၏ အလုပ်ပတ်ဝန်းကျင် သို့မဟုတ် သင်၏ နေထိုင်မှု ပတ်ဝန်းကျင်တွင် အခက်အခဲ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် သင်သည် ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို မှန်ကန်စွာ သဘောပေါက်နားလည်သင့်ပြီး ယင်းကို မှန်ကန်သော သဘောထားဖြင့် ဆင်ခြင်တုံတရားရှိစွာ ချဉ်းကပ်သင့်သည်။ သင် ခါးစည်းခံရသော ဆင်းရဲဒုက္ခသည် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက်၊ သင်၏ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ရန်အတွက်နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ရန်အတွက် ဖြစ်ပါက သင်သည် ယင်းကို လက်ခံသင့်သည်။ အခက်အခဲများ မည်မျှပင် ကြီးမားပါစေ သင်သည် ယင်းတို့ကို ကျော်လွှားရမည်ဖြစ်ပြီး ယင်းတို့ကို ခါးစည်းခံရမည်ဖြစ်သည်။ သင်သည် ယင်းတို့ကို ငြင်းပယ်ခြင်း သို့မဟုတ် ရှောင်လွှဲခြင်း မပြုသင့်ပေ။ သို့သော် အခက်အခဲ သို့မဟုတ် ပြဿနာ မရှိဘဲ သင်သည် ကောင်းစွာ စားသောက်ရပြီး သက်သောင့်သက်သာ နေထိုင်ရပြီး အချိန်ကြာမြင့်စွာ မည်သည့် ဆိုးရွားသော အခြေအနေများနှင့်မျှ သင် မရင်ဆိုင်ရပါက၊ အရာရာတိုင်းသည် ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်နေပါက သင်သည် အတွင်း၌ စိတ်မသက်မသာ မဖြစ်သင့်ပေ။ ထိုသို့သော သက်သောင့်သက်သာရှိသည့် ပတ်ဝန်းကျင်မျိုးတွင် သင်သည် ဘုရားသခင်၏ ရှေ့မှောက်၌ သင်၏ စိတ်နှလုံးကို သာ၍ပင် ငြိမ်ဝပ်စွာထားသင့်သည်၊ သင်၏ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများကို ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်၊ သင့်ကိုယ်သင် သမ္မာတရားဖြင့် ပြင်ဆင်သင့်ပြီး သင်၏ နားလည်မှုကို ကြွယ်ဝစေသင့်သည်။ ဤကာလအတွင်း သင်၏ မလုံလောက်မှုများက အဘယ်အရာများ ဖြစ်ခဲ့သည်ကိုဖြစ်စေ၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ခဲ့ပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သိရှိရန်နှင့် ဖြေရှင်းရန် လိုအပ်သည်ကိုဖြစ်စေ သင် ဆင်ခြင်သုံးသပ်သင့်သည်။ ထို့နောက် သင့်ထံတွင် မည်သည့် ပြဿနာများ ရှိနေသေးကြောင်း၊ မည်သည့် ပြဿနာများကို မည်သို့ ဖြေရှင်းရမည်ကို သင် မသိရှိသေးကြောင်း၊ သမ္မာတရား၏ မည်သည့် ကဏ္ဍများကို သင် လိုအပ်နေသေးကြောင်းနှင့် မည်သည့် ကဏ္ဍများသို့ သင် ဝင်ရောက်ရန် လိုအပ်ပြီး တိုးတက်ရန် လိုအပ်ကြောင်းတို့ကို ကြည့်ရှုလော့။ ဤသည်မှာ ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်ရန်နှင့် သင့်အတွက် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်များကို မှန်ကန်စွာ ချဉ်းကပ်ရန်အတွက် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ဖြစ်သည်။ ဤသည်မှာ သင် လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းဖြစ်ပါက သင်သည် ပြင်ပ ပတ်ဝန်းကျင်၏ လွှမ်းမိုးခြင်းကို အခြေခံအားဖြင့် မည်သည့်အခါမျှ ခံရလိမ့်မည် မဟုတ်ပေ။ ပြင်ပ ပတ်ဝန်းကျင်ရှိ အခက်အခဲက မည်မျှပင် ကြီးမားပါစေ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးထဲတွင် မှန်ကန်သော ပန်းတိုင်တစ်ခုနှင့် လိုက်စားမှု၏ မှန်ကန်သော ဦးတည်ချက်တစ်ခု ရှိနိုင်သရွေ့၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်ဝပ်စွာ နေနိုင်သရွေ့၊ အမှုအရာများကို ကြုံတွေ့ရသောအခါ သမ္မာတရား စည်းမျဉ်းများက အဘယ်အရာဖြစ်သည်နှင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို စဉ်းစားနိုင်သရွေ့၊ ပြီးလျှင် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ကာ မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်သရွေ့၊ ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို ဤနည်းဖြင့် ချဉ်းကပ်ခြင်းအားဖြင့် ၎င်းတို့သည် ၎င်းတို့ ရရှိသင့်သော အပြုသဘောဆောင်သည့် အရာအချို့ကို နောက်ဆုံးတွင် ရရှိလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် အရေးတကြီး ကိုင်တွယ်ရန် လိုအပ်သော ကြီးမားသည့် ပြဿနာများကို သင် ကြုံတွေ့ရနိုင်ပြီး စောစောထကာ နောက်ကျမှ အိပ်ရခြင်း သို့မဟုတ် အစာလွတ်သွားသည်အထိ မစားဘဲ နေရခြင်း သို့မဟုတ် ခရီးဝေးများကို ခြေလျင်လျှောက်ရန်နှင့် တောင်များ၊ တောင်ကြောများကို ဖြတ်ကျော်ရခြင်းတို့ကို လိုအပ်လာနိုင်သည်။ အထူးသဖြင့် အချို့သော ဝေးလံခေါင်ဖျားသည့် နေရာများသို့ ယာဉ်ဖြင့် သွားရောက်၍ မရနိုင်သည့်အပြင် စက်ဘီးစီးရန် လမ်းပင် မရှိသောကြောင့် သင်သည် လမ်းလျှောက်ခြင်းဖြင့်သာ ထိုနေရာသို့ ရောက်ရှိနိုင်သည်။ သို့ဖြစ်၍ ဤကဲ့သို့သော ခက်ခဲသည့် ပတ်ဝန်းကျင်မျိုးနှင့် သင် ရင်ဆိုင်ရသောအခါ သင် မည်သို့ ပြုမူသင့်သနည်း။ ဤအရာများသည် အချို့သော သီးခြား အခက်အခဲ အမျိုးအစားများ ဖြစ်သည်။ ဤပတ်ဝန်းကျင်များကို သင် ကြုံတွေ့ရသောအခါ သင်သည် ယင်းတို့ကို ငြင်းပယ်ခြင်း သို့မဟုတ် ရှောင်လွှဲခြင်း ပြု၍မရပေ။ ဤသည်မှာ သင် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခ ဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သင်သည် ထိုသို့သော ဆင်းရဲဒုက္ခကို ခါးစည်းခံရမည်ဖြစ်သည်။ သို့သော် အချို့သော အထူး အခြေအနေများကို ကွဲပြားစွာ ကိုင်တွယ်ရန် လိုအပ်သည်။ ဥပမာအားဖြင့် အသင်းတော်များရှိသည့် အချို့သော ဒေသများတွင် အခြေအနေများက အတော်လေး ဆိုးရွားပြီး တရုတ်ကွန်မြူနစ်ပါတီက ဖမ်းဆီးမှုများကို အရူးအမူး လုပ်ဆောင်နေသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖမ်းဆီးခံရပြီး အချို့သော ညီအစ်ကိုမောင်နှမများသည် တရုတ်ကွန်မြူနစ်ပါတီ၏ တင်းကျပ်သော စောင့်ကြည့်မှုအောက်တွင် ရှိနေကြသည်။ အသင်းတော်၏ အလုပ်သည် ပြင်းထန်စွာ ထိခိုက်ခံရပြီး ကိုင်တွယ်ရန် လိုအပ်သည်။ သင် ထိုနေရာသို့ သွားပါက ဖမ်းဆီးခံရမည့် အန္တရာယ်ရှိမည်ဖြစ်ပြီး သင်၏ အသက်ပင် အန္တရာယ်ရှိနိုင်သည်။ ထိုသို့သော အခြေအနေများတွင် သင်သည် ဉာဏ်ပညာအချို့ကို ကျင့်သုံးရမည်ဖြစ်သည်။ သင်သည် စာဖြင့် ဆက်သွယ်နိုင်သည်၊ သို့မဟုတ် ဒေသခံ ကြီးကြပ်ရေးမှူးများကို အခြားဒေသတစ်ခုတွင် စုဝေးစေပြီး မိတ်သဟာယဖွဲ့နိုင်ကာ အသင်းတော်၏ အလုပ်သည် လမ်းကြောင်းမှန်ပေါ်သို့ အမြန်ဆုံး ရောက်ရှိနိုင်ရန်အလို့ငှာ နောက်ဆက်တွဲ အလုပ်များကို ကိုင်တွယ်ရာတွင် ၎င်းတို့ကို ကူညီပေးနိုင်သည်။ အချုပ်အားဖြင့်ဆိုရလျှင် ထိုသို့သော အန္တရာယ်ရှိသည့် ပတ်ဝန်းကျင်များတွင် သင်သည် အထူးသဖြင့် သတိထားရမည်ဖြစ်ပြီး စွန့်စားမှုများ မပြုလုပ်နိုင်ပေ။ အချို့သော အခြေအနေများတွင် သင်သည် စွန့်စားရန် ကြိုးစားနိုင်သော်လည်း အခြားသော အခြေအနေများတွင် ထိုသို့ လုပ်ဆောင်ရန် မသင့်တော်ပေ။ မည်သို့ပင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို သင် မှန်ကန်စွာ သဘောပေါက်နားလည်သည်နှင့်တစ်ပြိုင်နက် ဤမှန်ကန်သော အတွေးများ၊ အမြင်များနှင့်အညီ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏ ဘဝနှင့် သင်၏ တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် သင် ရင်ဆိုင်ရသော ဆင်းရဲဒုက္ခကို ကြည့်ရှုလော့။ မည်သည့် ဆင်းရဲဒုက္ခမျိုးက သင် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခဖြစ်ပြီး မည်သည့် ဆင်းရဲဒုက္ခမျိုးက သမ္မာတရား စည်းမျဉ်းများနှင့် အညီဖြစ်သော ဆင်းရဲဒုက္ခဖြစ်သည်ကို ကြည့်ရှုလော့၊ ဤသည်မှာ သင် ခါးစည်းခံရမည့် ဆင်းရဲဒုက္ခမျိုး ဖြစ်သည်။ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူရမည်ဖြစ်သည်။ မည်သည့် ဆင်းရဲဒုက္ခမျိုးက မလိုအပ်သည်ကိုလည်းကောင်း၊ ယင်းမှာ သင့်ကိုယ်သင်အတွက် သင် ဖန်တီးထားသော အရှုပ်အထွေးမျှသာ ဖြစ်သည်ကိုလည်းကောင်း ကြည့်ရှုလော့၊ ဤဆင်းရဲဒုက္ခမျိုးကို သင် မည်မျှပင် ခါးစည်းခံရပါစေ ဘုရားသခင်သည် ယင်းကို အမှတ်ရမည် မဟုတ်ပေ။ အခြားတစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကို ထိခိုက်စေသော အရှုပ်အထွေးကို ဖန်တီးပြီး သင်သည် ဤအရှုပ်အထွေးကို ရှင်းလင်းသင့်ပါက၊ ပြီးလျှင် သင်သည် သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ပါက သင်သည် ညည်းညူ၍ မရနိုင်ပေ။ သင် ကိုင်တွယ်သင့်သည့် မည်သည့်အရာကိုမဆို သင် ဖြေရှင်းရမည်ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် အသင်းတော်၏ စက်ပစ္စည်းများ၊ ကိရိယာများနှင့် အခြား ပစ္စည်းများကို ဖျက်ဆီးကြသည်၊ သို့မဟုတ် ဆိုးရွားသော အခြေအနေတစ်ခုကို ဖြစ်စေသည့် မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ကြသည်၊ သို့မဟုတ် နားဝေတိမ်တောင်ဖြစ်သော လူများ သို့မဟုတ် အစွမ်းအစ ညံ့ဖျင်းသော လူများက တစ်စုံတစ်ရာကို ဖြစ်ကတတ်ဆန်း လုပ်ပစ်ကြသည်၊ ဤအရာကို သင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ ထိုသို့သော အချိန်များတွင် သင်က “၎င်းတို့ကိုယ်တိုင် ပြဿနာကို ဖန်ဆီးခဲ့ကြခြင်းဖြစ်သည်။ ယခုအခါတွင် ၎င်းတို့ပင် အကျိုးဆက်ကို ခံစားရမည်ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်။ ဤသည်မှာ ကျွန်ုပ် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခ မဟုတ်။ ဤတာဝန်ကို လက်ခံရန် ကျွန်ုပ် ငြင်းပယ်သည်” ဟု ပြော၍ မရနိုင်ပေ။ ဤနည်းဖြင့် ပြောဆိုခြင်းသည် မှန်ကန်သလော။ (မဟုတ်ပါ၊ ဤသည်မှာ သစ္စာရှိခြင်း မဟုတ်သည့်အပြင် တာဝန်သိစိတ် မရှိခြင်း ဖြစ်ပါသည်။) ဤသည်မှာ လူတစ်ဦး၏ သစ္စာရှိခြင်း ပါဝင်လာပြန်ပြီဖြစ်သည်။ ယင်းသည် သင် လုပ်ဆောင်ရန် ကျရောက်လာသောအရာ ဖြစ်ပါက သင်သည် သွားရောက်၍ ယင်းကို ဖြေရှင်းပြီး ကိုင်တွယ်ရမည်ဖြစ်သည်။ ယင်းကို ကိုင်တွယ်ခြင်းဆိုသည်မှာ အခြေအနေဆိုးကို ပြန်လည်ကုစားခြင်းဖြစ်လျှင်ပင် သင် သွားရမည်သာ ဖြစ်သည်။ သင်သည် ငြင်းခုံခြင်း မပြုရသည့်အပြင် “ဤနားဝေတိမ်တောင်ဖြစ်သော လူများ၊ အစွမ်းအစ ညံ့ဖျင်းသော ဤမိုက်မဲသည့် လူများက ဤအရှုပ်အထွေးကို ဖြစ်သွားစေခဲ့သည်၊ သို့ဆိုလျှင် ယင်းကို ရှင်းလင်းရမည့်သူမှာ အဘယ်ကြောင့် ကျွန်ုပ် ဖြစ်သင့်သနည်း။ ကျွန်ုပ်သည် လိုအပ်သည်ထက်ပို၍ ဆင်းရဲဒုက္ခခါးစည်းခံနေရမည် မဟုတ်လော။ ဤအခြေအနေကို လူတို့က ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ထံမှ လာခြင်း မဟုတ်” ဟု ပြောလျက် ညည်းညူခြင်း မပြုရပေ။ သင် ဤနည်းဖြင့် ပြောဆိုခြင်းသည် မှားယွင်းပေသည်။ အရှုပ်အထွေးကို ရှင်းလင်းခြင်းနှင့် အခြေအနေကို ပြန်လည်ထိန်းသိမ်းခြင်းသည် သင်၏ တာဝန် မဟုတ်ကောင်း မဟုတ်နိုင်သည့်အပြင် သင်၏ ကိုယ်ပိုင် အလုပ်နယ်ပယ်အတွင်း၌ မရှိကောင်း မရှိနိုင်သော်လည်း ဤကိစ္စသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်နေသောကြောင့် ယင်းကို သင် မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် ဤအရှုပ်အထွေးကို သွားရောက် ရှင်းလင်းခြင်း မပြုပါက အသင်းတော်၏ အလုပ်သည် နှောင့်နှေးသွားမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများသည် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ သို့သော် ဤအရှုပ်အထွေးကို ရှင်းလင်းဖို့ သင်သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန်နှင့် ပြဿနာများကို ဖြေရှင်းရန် စကားများစွာ ပြောဆိုရမည်ဖြစ်သည်။ ဤအခြေအနေတွင် သင်သည် ပြဿနာအားလုံးကို ဖြေရှင်းရန်နှင့် အလုပ်ကို သေချာစွာ ကောင်းမွန်အောင် လုပ်ဆောင်ရန် ဇွဲရှိနိုင်သလော။ အခြားလူများသည် ပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်ခဲ့ပြီး အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့သောကြောင့် သင်သည် ပြဿနာများကို ဖြေရှင်းရန်နှင့် အလုပ်ကို သေချာစွာ ကောင်းမွန်အောင် လုပ်ဆောင်ရန် အားထုတ်မှု ပိုမို ပြုလုပ်ရမည်ဖြစ်သည်။ ဤသည်သာလျှင် သင့်ကို ဘုရားသခင် အသုံးပြုရန် သင့်တော်စေသည်။ သင်သည် ဆင်းရဲဒုက္ခခါးစည်းခံရန် လိုအပ်လာသောအခါ ယင်းကို ခါးစည်းခံရမည်ဖြစ်သည်။ ပြဿနာများ မည်မျှပင် ရှိပါစေ သင်သည် ယင်းတို့ကို ဖြေရှင်းရမည်ဖြစ်သည်။ အလုပ်တွင် ဤအခက်အခဲများ ပေါ်ပေါက်လာသောအခါ သင်သည် အလုပ်ကို လုပ်ဆောင်ဆဲ ဖြစ်သလော၊ သို့မဟုတ် မလုပ်ဆောင်ဘဲ နေသလော။ (ကျွန်ုပ်တို့ လုပ်ဆောင်ရမည်သာ ဖြစ်ပါသည်။) သင်၏ နေထိုင်မှု ပတ်ဝန်းကျင်သည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် သင်၏ စိတ်အခြေအနေသည် မည်သို့ပင် ရှိနေပါစေ သင်သည် သင့်အား ဘုရားသခင် အပ်နှံထားသော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်ဖြစ်သည်။ သင်သည် ဤတာဝန်ကို လက်မခံလိုပါက ထွက်သွားနိုင်သည်၊ ဘုရားအိမ်တော်က သင့်ကို အတင်းအကျပ် ပြုမည် မဟုတ်ပေ။ သို့သော် သင်သည် ယင်းကို လက်ခံပြီးဖြစ်သောကြောင့် ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ အထူးသဖြင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ် ပါဝင်လာသောအခါ ဘုရားသခင် ရွေးချယ်ထားသောလူများ အားလုံးတွင် တာဝန်ရှိသည်။ သင်သည် အခက်အခဲများနှင့် ရင်ဆိုင်ရလျှင်ပင် သို့မဟုတ် ကြီးမားသော ဆင်းရဲဒုက္ခကို ခါးစည်းခံရလျှင်ပင် သင်သည် ယင်းကို ဇွဲရှိရှိ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသို့ ငါ အဘယ်ကြောင့် ပြောသနည်း။ (အကြောင်းမှာ ဤသည်က ကျွန်ုပ်တို့၏ တာဝန်နှင့် သက်ဆိုင်ပြီး လူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်သင့်သောကြောင့် ဖြစ်ပါသည်။) လူတစ်ဦး၏ တာဝန် ပါဝင်ပတ်သက်သော ကိစ္စရပ်များသည် ရိုးရှင်းသော အရာမဟုတ်ပေ။ တစ်ဖက်တွင် ယင်းတို့သည် လူတို့၏ အသက် ဝင်ရောက်မှုနှင့် သက်ဆိုင်ပြီး တစ်ချိန်တည်းမှာပင် ယင်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဤပြဿနာများကို ကိုင်တွယ်ရာတွင် လူတို့သည် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ ဤသည်မှာ ခေါင်းရှောင်၍မရသော တာဝန်ဝတ္တရား ဖြစ်သည်။ ခေါင်းရှောင်၍မရသော တာဝန်ဝတ္တရား ရှိခြင်းဆိုသည်မှာ သစ္စာစောင့်သိခြင်းနှင့် သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဖြစ်သည်။ သင်သည် မည်သည့် ပြဿနာများ သို့မဟုတ် အခက်အခဲများကို ကြုံတွေ့ရပါစေ ညည်းညူခြင်း မပြုနှင့်၊ ပြီးလျှင် သင် ဒေါသထွက်သောအခါ အသင်းတော်၏ အလုပ်အပေါ် ဒေါသ မပုံချနှင့်။ အလုပ်ကို လုပ်ဆောင်သင့်သည့်အတိုင်း တိတိကျကျ လုပ်ဆောင်လော့၊ စုဝေးပွဲများ စီစဉ်ပြီး လူများနှင့် စည်းမျဉ်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့လော့၊ ထို့နောက် အသင်းတော်၏ အလုပ်သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိရန်နှင့် နှောင့်နှေးသွားသော အလုပ်သည် ပုံမှန်ပြန်ဖြစ်ရန်အလို့ငှာ ဤအရှုပ်အထွေးကို ရှင်းလင်းလော့။ ဥပမာအားဖြင့် ယခင်က နားဝေတိမ်တောင်ဖြစ်သော လူအချို့နှင့် ဆိုးယုတ်သော လူအချို့သည် အာဏာကိုင်စွဲခဲ့ပြီး ခေါင်းဆောင်များအဖြစ် အစေခံခဲ့ကြသည်။ ၎င်းတို့သည် အသင်းတော် အလုပ်၏ ထိရောက်မှုကို နှေးကွေးစေခဲ့သည် သို့မဟုတ် ယင်းကို ရပ်တန့်သွားစေခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုများ ခံစားရစေခဲ့သည်။ ယခုအခါ သင်သည် အလုပ်လုပ်သူများအား သင့်လျော်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်၊ အလုပ် အစီအစဉ်များနှင့် နည်းလမ်းများကို သင့်လျော်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်၊ ပြီးလျှင် အမှုအရာများကို မြန်ဆန်စေရန် နည်းလမ်းပေါင်းစုံကို စဉ်းစားလျက် ဤအရာကို ကုစားရန် အလျင်စလို လုပ်ဆောင်ရမည်ဖြစ်သည်။ ယခင်က သင်သည် တစ်နေ့လျှင် ရှစ်နာရီ အလုပ်လုပ်ခဲ့ကောင်း လုပ်ခဲ့နိုင်သည်၊ ယခုအခါ အလုပ်ကို အရှိန်ပြန်တင်ရန်နှင့် အလုပ်တွင် ယခင်က ဆုံးရှုံးမှုများကို ဖြည့်ဆည်းရန် သင်သည် နေ့စဉ် နှစ်နာရီ အပို အလုပ်လုပ်ရသည်။ ဤသည်ကို သစ္စာစောင့်သိခြင်းဟု ခေါ်သည်။ ဤဆင်းရဲဒုက္ခကို ခါးစည်းခံရမည်ဖြစ်သည်။ ဤဆင်းရဲဒုက္ခကို ခါးစည်းခံရခြင်းသည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည်၊ ယင်းမှာ ကောင်းမှုတစ်ခုဖြစ်ပြီး ဘုရားသခင်သည် ယင်းကို အမှတ်ရလိမ့်မည်။ ထိုသို့ လုပ်ဆောင်ရာတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤနေရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် အလုပ်တွင် ခံစားရသော ဆုံးရှုံးမှုများကို ဖြည့်ဆည်းခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဤသည်ကို ကောင်းမှုတစ်ခု လုပ်ဆောင်ခြင်းဟု ခေါ်သည်။ သင် ဤအလုပ်ကို လုပ်ဆောင်နေသည့် အချိန်အတွင်း သင်သည် အလွန် အလုပ်များကောင်း များနိုင်သည်၊ ည ဆယ့်နှစ်နာရီနောက်ပိုင်းမှသာ သင် အနားယူနိုင်ပြီး မိုးမလင်းမီ သင် ထရသည်။ သင်သည် အစားအစာများကို အလျင်စလို စားသောက်ပြီးနောက် အလုပ်များစွာ ဆက်လက်လုပ်ကိုင်ရန် အလျင်အမြန် ပြန်သွားရသည်။ အကြောင်းမှာ သင်၏ ရှေ့တည့်တည့်တွင် လုပ်ကိုင်စရာအလုပ်များ ရှိနေသောကြောင့် ဖြစ်သည်၊ အလုပ်လုပ်သူများ၏ တာဝန်များကို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် လိုအပ်ပြီး ကိုင်တွယ်ရန် လိုအပ်သော ကိစ္စရပ်များစွာ ရှိသည်။ အလုပ်အချို့ မပြီးသေးသောကြောင့် စောစောအိပ်၍ မရနိုင်ပေ။ လူတိုင်းက အလုပ်ကို စီစဉ်ပေးရန် သင့်ကို စောင့်ဆိုင်းနေသောကြောင့် နောက်ကျမှ ထ၍လည်း မရနိုင်ပေ၊ လူတိုင်း မထမီ ယနေ့ လုပ်ဆောင်ရမည့် အလုပ်ကို သင် စီစဉ်ထားရမည်ဖြစ်ပြီး ထို့နောက် ယင်းကို စီစဉ်ကာ တာဝန်ချထားပေးရမည်။ ဤတစ်လအတွင်း သင်သည် ဆင်းရဲဒုက္ခ အတော်လေး ခါးစည်းခံရသည်။ သင်၏ ဇာတိပကတိသည် အနည်းငယ် ခြေကုန်လက်ပန်းကျပြီး အနည်းငယ် မောပန်းသည်၊ သင်သည် ယခင်ကထက် အနားယူရန် အချိန်ပိုနည်းပြီး ကိုယ်အလေးချိန် အတော်လေး ကျသွားသော်လည်း တစ်လကြာ ဇွဲရှိရှိ လုပ်ဆောင်ပြီးနောက် အသင်းတော် အလုပ်၏ တိုးတက်မှုသည် ကဏ္ဍပေါင်းစုံတွင် ပုံမှန်ဖြစ်လာပြီး အရာအားလုံးသည် နောက်ဆုံးတွင် နေသားကျသွားသည်။ အရာအားလုံး နေသားကျသွားသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ နေရာတစ်ခုစီတွင် တာဝန်ချထားခံရသူများသည် အားလုံး သင့်တော်သည်၊ မည်သူမျှ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်စေဘဲ သို့မဟုတ် ပြဿနာ မဖြစ်စေဘဲ မည်သူမျှ ဆောင်ပုဒ်များ မဟစ်ကြွေး သို့မဟုတ် စကားကြီးစကားကျယ်များကို မပြောဆိုသည့်အပြင် မည်သူမျှ အမြဲတစေ အပျက်သဘော မဆောင်ကြသည်ကို ဆိုလိုသည်။ လူတိုင်းသည် ၎င်းတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြပြီး နေရာတိုင်းရှိ လူများသည် ၎င်းတို့၏ အလုပ်တွင် အရည်အချင်း ပြည့်မီကြသည်။ အလုပ်မလုပ်ဘဲ အချိန်ဖြုန်းသူများ မရှိသည့်အပြင် အလကားစားသူများလည်း မရှိပေ။ အလုပ်ကဏ္ဍအားလုံးသည် အလုပ် အစီအစဉ်များ၏ တောင်းဆိုချက်များနှင့်အညီ ပုံမှန် လည်ပတ်နေသည်၊ ရလဒ်များ ထွက်ပေါ်နေပြီး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်မှသာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်နေထိုင်သူ တစ်ဦး ဖြစ်သည်။ သင်သည် မိမိ ကြုံတွေ့ရသော မည်သည့် အခက်အခဲများကိုမဆို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ပြီး သင်၏ ကိုယ်ပိုင် အလုပ်နယ်ပယ်အတွင်းရှိအရာကို ကောင်းမွန်စွာ လုပ်ဆောင်ပါက သင် ခါးစည်းခံရသော ဤဆင်းရဲဒုက္ခအားလုံးသည် တန်သလော။ (တန်ပါသည်။) ယင်းမှာ အလွန် တန်ပေသည်။ အချို့လူများသည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အလို့ငှာ ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံကြရပြီး ၎င်းတို့ အသက် လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်သို့ ရောက်သောအခါ အသေးစား ရောဂါဝေဒနာအချို့ ဖြစ်ပေါ်လာကြသည်။ အချို့တွင် ဦးခေါင်းထဲ၌ အသံမြည်ခြင်း သို့မဟုတ် နားအူခြင်း ရှိကြပြီး အခြားသူများတွင် လည်ပင်းရိုး ကျီးပေါင်းတက်ရောဂါ သို့မဟုတ် ၎င်းတို့၏ ခါးအောက်ပိုင်းနှင့် ခြေထောက်များတွင် နာကျင်မှု ရှိကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံခဲ့ရသော်လည်း ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီး အသင်းတော်၏ အလုပ်ကို ကာကွယ်ခဲ့ကြသည်။ ဤရောဂါများနှင့် နာကျင်မှုများအတွက် အပြန်အလှန်အားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကို ရရှိခဲ့ကြပြီး ဘုရားသခင်၏ လက်သင့်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းအပြင် ဘုရားသခင်၏ အမှတ်ရခြင်းတို့ကို ရရှိခဲ့ကြသည်။ ယင်းမှာ တန်သည်ဟု သင်တို့ ပြောမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်းရဲဒုက္ခခါးစည်းခံရသည့် အတွေ့အကြုံတိုင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်သည့် အတွေ့အကြုံတိုင်းနှင့် သင်၏ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်သည့် အတွေ့အကြုံတိုင်းသည် သင့်အတွက် အံ့သြဖွယ်ကောင်းသော အမှတ်ရစရာတစ်ခု ဖြစ်သည်၊ ယင်းတို့အားလုံးသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း ဖြစ်ပေါ်လာသော အံ့သြဖွယ်အကောင်းဆုံး အမှတ်ရစရာများ ဖြစ်ကြသည်။ တစ်ခါတစ်ရံ သင်၏ ခန္ဓာကိုယ်တွင် ဤကိုက်ခဲမှုများနှင့် နာကျင်မှုများကို သင် ခံစားရပြီးနောက် သင်၏ တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ဤနှစ်များတစ်လျှောက် သင် ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခအပြင် အသက်နှင့်ဆိုင်သော ရလဒ်များ၊ သင် ရရှိခဲ့သော အလုပ်နှင့်ဆိုင်သည့် ရလဒ်များကို သင် ဆင်ခြင်တွေးတောသောအခါ ယင်းမှာ တန်သည်ဟု သင် ခံစားရလိမ့်မည်၊ သင် နောင်တရမည် မဟုတ်သည့်အပြင် သင်၏ စိတ်နှလုံးထဲတွင် နှစ်သိမ့်မှု ခံစားချက်တစ်ခု ရှိလိမ့်မည်။ ငါ့ကို ပြောလော့၊ ဤဆင်းရဲဒုက္ခကို ခါးစည်းခံရခြင်းသည် တန်သလော။ (တန်ပါသည်။) ယင်းမှာ အလွန်ပင် တန်ပေသည်။ သင်၏ စိတ်နှလုံးထဲရှိ ဤနှစ်သိမ့်မှု ခံစားချက်သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ (ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန် ဆင်းရဲဒုက္ခခါးစည်းခံခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းအားဖြင့် ဖြစ်ပါသည်။) သင် လုပ်ဆောင်သော ဤအရာများနှင့် သင် ထမ်းဆောင်သော ဤအလုပ်တို့သည် အပြုသဘောဆောင်သောအရာများ အားလုံးဖြစ်ကာ တရားမျှတသော အမှုကိစ္စ၏ တည်ရှိမှုကို ကာကွယ်ခြင်း အားလုံးဖြစ်၍ ဘုရားသခင်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း အားလုံးဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း အားလုံးဖြစ်သောကြောင့် သင်သည် ဆင်းရဲဒုက္ခမှ နှစ်သိမ့်မှု ခံစားချက်တစ်ခုကို ရရှိသည်။ သင်၏ အသိစိတ်က လိပ်ပြာသန့်သောကြောင့် သင်၏ စိတ်နှလုံးထဲတွင် နှစ်သိမ့်မှု ခံစားချက်တစ်ခုကို သင် ရရှိသည်။ သင် ခါးစည်းခံရသော ဤဆင်းရဲဒုက္ခအားလုံးသည် အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ရန်အတွက် ဖြစ်သည်။ မည်သည့် အပြုသဘောဆောင်သောအရာများနည်း။ (ဥပမာအားဖြင့် အသင်းတော် အလုပ်၏ ပုံမှန် တိုးတက်မှု၊ ဧဝံဂေလိအလုပ်၏ ပုံမှန် တိုးတက်မှု၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အခြားအရာများ ဖြစ်သည်၊ ဤအရာအားလုံးသည် အပြုသဘောဆောင်သောအရာများ ဖြစ်ပါသည်။) ယင်းမှာ မှန်ကန်ပေသည်။ အသင်းတော် အလုပ်၏ ကဏ္ဍတိုင်းသည် ပုံမှန်နှင့် ထိရောက်စွာ တိုးတက်ကြောင်း၊ လူတိုင်းသည် ၎င်းတို့နှင့် သင့်တော်သော တာဝန်တစ်ခုကို ထမ်းဆောင်နေကြောင်းနှင့် လူတိုင်းသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ကြောင်း သေချာစေလျက် သင်သည် အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်သည်။ မည်သူမျှ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်စေသည့်အပြင် မည်သူမျှ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို လျစ်လျူရှုပြီး ကပ်ပါးရပ်ပါး မဖြစ်ကြပေ။ အလုပ်လုပ်ပေးသူများနှင့် အလုပ် အစီအစဉ်များ အားလုံးသည် သင့်တော်ပြီး အားလုံး သင့်လျော်သည်။ တစ်စုံတစ်ဦးက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေပါက သင်သည် ၎င်းတို့ကို ချက်ချင်း ရှာဖွေတွေ့ရှိပြီး တားဆီးနိုင်ကာ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားနှင့်ပတ်သက်၍ သင် မိတ်သဟာယဖွဲ့နိုင်သည်။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသူသည် သမ္မာတရားကို လက်ခံနိုင်ပြီး သင်သည် ၎င်းနှင့် အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပြီး ကူညီကာ ၎င်းကို နောင်တရပြုပြင်ရန် အခွင့်အရေးတစ်ခု ပေးပြီးနောက် ၎င်းသည် နောက်ဆုံးတွင် ပြောင်းလဲသွားပါက ဤသည်မှာ သင်၏ အလုပ်၏ ရလဒ်ဖြစ်ပြီး ဤသည်မှာ အပြုသဘောဆောင်သောအရာ ဖြစ်သည်။ ၎င်းသည် သမ္မာတရားကို လက်မခံဘဲ အကြိမ်များစွာ မိတ်သဟာယဖွဲ့ခြင်း၊ ကူညီခြင်းနှင့် ပြုပြင်ခြင်းတို့ပြီးနောက် ပြုပြင်၍မရနိုင်ဆဲဖြစ်၍ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဆက်လက် ဖြစ်စေပြီး အပျက်သဘောဆောင်ခြင်းကို အစဉ် ပွင့်အံချနေပါက ၎င်းကို ချက်ချင်း ရှင်းလင်းပစ်ပြီး ကိုင်တွယ်သင့်သည်။ ဤအရာအားလုံးသည် အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် သင်သည် အလုပ်၏ မည်သည့် အစိတ်အပိုင်းများတွင် အမှားများ ပေါ်ပေါက်ခဲ့သည် သို့မဟုတ် လစ်ဟာမှုများ ပေါ်ပေါက်ခဲ့ပြီး အလုပ်ကို ဆုံးရှုံးမှုများ ခံစားရစေခဲ့သည်ကို ရှာဖွေတွေ့ရှိနိုင်ကာ ယင်းတို့ကို ချက်ချင်း တားဆီးခြင်း၊ ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းတို့ ပြုလုပ်နိုင်ပါက ဤသည်မှာ အသင်းတော်၏ အလုပ်ကို ကာကွယ်ခြင်း မဟုတ်လော။ ဤသည်မှာ အပြုသဘောဆောင်သောအရာများကို ကာကွယ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာအားလုံးသည် အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ခြင်း ဖြစ်သည်။ သင် ခါးစည်းခံရသော ဆင်းရဲဒုက္ခသည် ဤတိကျသော အပြုသဘောဆောင်သည့် အရာများ၏ တည်ရှိမှုကို ကာကွယ်ရန်အတွက် အားလုံးဖြစ်ပါက သင်သည် မိမိ လုပ်ဆောင်ခဲ့သော ဤအရာများကို နောက်ဆုံးတွင် ပြန်လည်အမှတ်ရသောအခါ သင်၏ စိတ်နှလုံးထဲတွင် နှစ်သိမ့်မှု ခံစားချက်တစ်ခုခုကို သင် ခံစားရမည် မဟုတ်လော။ သင်သည် အတွင်း၌ နှစ်သိမ့်မှု အပြည့်အဝ ခံစားရမည်မှာ သေချာပါသည်။ သို့သော် သင်သည် အမှုအရာများကို နည်းနည်းချင်း ပြန်လည်အမှတ်ရပြီး သင်၏ ဆင်းရဲဒုက္ခခါးစည်းခံရသည့် အဖြစ်အပျက်တိုင်း၏ နောက်ကွယ်တွင် သင်၏ ဇာတိပကတိဆိုင်ရာ သာယာမှုကို ဖြည့်ဆည်းလိုသော ဆန္ဒရှိခဲ့ကြောင်းကိုဖြစ်စေ၊ သင်၏ ကိုယ်ပိုင် မာနကို ကာကွယ်ရန်၊ သင်၏ ကိုယ်ပိုင် အဆင့်အတန်းကို ထိန်းသိမ်းရန်နှင့် သင်၏ ကိုယ်ပိုင် အာဏာကို ခိုင်မာစေရန်၊ သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်များ၊ ငွေကြေးဆိုင်ရာ အကျိုးအမြတ်များ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကျိုးအမြတ်များဖြစ်သည့် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ် တစ်မျိုးမျိုးအတွက် ကြိုးပမ်းရန် သင် ဆင်းရဲဒုက္ခ ခါးစည်းခံခဲ့ရကြောင်းကိုဖြစ်စေ တွေ့ရှိပြီး သင်သည် အပြုသဘောဆောင်သောအရာ တစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ဟု ဆိုကြပါစို့။ ပြီးလျှင် သင်သည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့ရသော်လည်း သင်ပြောဆိုခဲ့သော စကားတိုင်း၊ သင်လုပ်ဆောင်ခဲ့သော လုပ်ရပ်တိုင်းနှင့် သင်လုပ်ဆောင်ခဲ့သော အလုပ်ကဏ္ဍတိုင်းသည် လူရှေ့သူရှေ့တွင်ဖြစ်စေ၊ ကွယ်ရာတွင်ဖြစ်စေ သင့်အတွက်၊ သင်၏ ကိုယ်ပိုင် မာနနှင့် အဆင့်အတန်းအတွက်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် ဂုဏ်သတင်းအတွက် လုံးလုံးလျားလျား ဖြစ်ခဲ့ပြီး သင် ကာကွယ်ခဲ့သည့်အရာများသည် အပျက်သဘောဆောင်သောအရာများ အားလုံးဖြစ်ခဲ့သည်။ ထိုသို့ဆိုလျှင် သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း နှိုင်းယှဉ်ကြည့်သောအခါ အတွင်း၌ မည်သို့ ခံစားရမည်နည်း။ သင် စိတ်ချမ်းသာမည်လော။ (မဟုတ်ပါ။) ယခု သင်၏ အလုပ်၏ ရလဒ်များကို စဉ်းစားကြည့်လော့။ သင်သည် အလုပ်၏ မည်သည့် အစိတ်အပိုင်းတွင်မဆို ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းဖို့နေနေသာသာ ချက်ချင်းပင် မကိုင်တွယ်ခဲ့ချေ။ မည်သူက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ပြုပါစေ ယင်းက သင်၏ အဆင့်အတန်းနှင့် အကျိုးစီးပွားများကို မထိခိုက်သရွေ့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ မည်မျှပင် ထိခိုက်နစ်နာပါစေ သင်သည် ၎င်းတို့ကို မတားဆီး သို့မဟုတ် မကန့်သတ်ဘဲ ထိုအစား အမှုအရာများကို လျစ်လျူရှုထားသည်၊ မျက်ကွယ်ပြုထားသည်၊ ဂရုမစိုက်ဘဲ နေပြီး ၎င်းတို့ကို အရေးမစိုက်ပေ။ နောက်ပိုင်းတွင် အထက်က စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို ကိုင်တွယ်ရန်နှင့် ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးစေရန် တောင်းဆိုသောအခါ သင်သည် ယင်းကို အကောင်အထည်ဖော်ပြီး ဆောင်ရွက်ရုံမျှသာ လုပ်ဆောင်သည်၊ ဝတ်ကျေတမ်းကျေလုပ်ပြီး ထိုအတိုင်း ထားလိုက်သည်။ သင်သည် မိမိ၏ ကိုယ်ပိုင် အလုပ်တွင် ပေါ်ပေါက်လာသော ပြဿနာများကို တက်ကြွစွာ မည်သည့်အခါမျှ မဖြေရှင်းခဲ့ပေ၊ သင်သည် လုံးလုံးလျားလျား တက်ကြွမှုမရှိပေ။ သင် လုပ်ဆောင်ရန် လိုလားပြီး သင် ကိုယ်တိုင် အစပြုလုပ်ဆောင်သည့် အလုပ်မှာ အဘယ်အရာနည်း။ ယင်းမှာ သင်၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ကာကွယ်ရန်နှင့် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန် သင်လုပ်ဆောင်သည့် အရာအားလုံး ဖြစ်သည်၊ သင် ကာကွယ်သည့်အရာများသည် အပျက်သဘောဆောင်သောအရာများ အားလုံးဖြစ်သည်။ သင်သည် ဤအရာများကို မမောနိုင်မပန်းနိုင် စိတ်အားထက်သန်မှုဖြင့် လုပ်ဆောင်သည့်တိုင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သောအရာများကို ကာကွယ်ခြင်းကဲ့သို့သော အရာများကို လုပ်ဆောင်ရန် သင် မည်သည့်အခါမျှ ကိုယ်တိုင် အစပြုလုပ်ဆောင်ခြင်း မရှိခဲ့ပေ။ တစ်နေ့တွင် သင်သည် ဤအရာကို ပြန်လည်အမှတ်ရပြီး သင်၏ ကိုယ်ပိုင် လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များကို ဆန်းစစ်သောအခါ သင်သည် စိတ်ထဲ၌ အပြစ်ရှိသကဲ့သို့ ခံစားရမည် မဟုတ်လော။ သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်သောအခါ သင် စိတ်ထဲ၌ အပြစ်ရှိသောစိတ် အပြည့်အဝ ရှိလိမ့်မည်။ သင်သည် အပြစ်ရှိသကဲ့သို့ ခံစားရပါက သင်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်း ရှိနိုင်သလော။ သင် နှစ်သိမ့်မှု ရှိနိုင်သလော။ သင်သည် မည်သည့် နှစ်သိမ့်မှုမျှ ရှိမည်မဟုတ်သည့်အပြင် မည်သည့် ငြိမ်သက်ခြင်းမျှ ရှိမည်မဟုတ်ပေ။ ဤဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ရခြင်းမှ မည်သည့် နှစ်သိမ့်မှု ခံစားချက်ကိုမျှ သင် ခံစားရမည် မဟုတ်ပေ၊ သို့ဆိုလျှင် ယင်းကို ခါးစည်းခံရခြင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့ရသည့်တိုင် သင်လုပ်ဆောင်ခဲ့သောအရာသည် အမှန်တကယ် ကောင်းမှုတစ်ခု ဖြစ်မဖြစ်၊ သင်၏ သစ္စာစောင့်သိမှုကို သင် ပူဇော်ဆက်ကပ်ခဲ့ခြင်း ရှိမရှိ၊ သင်လုပ်ဆောင်ခဲ့သောအရာကို ဘုရားသခင်က လက်ခံခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏ အမြင်တွင် သင်သည် ကယ်တင်ခြင်းသို့ ရောက်သူတစ်ဦး အမှန်တကယ် ဖြစ်မဖြစ်တို့ကို သင် မသိရှိပေ။ ဤအရာများထဲမှ တစ်ခုနှင့်ပတ်သက်၍မျှ သင် မသိရှိသကဲ့သို့ သင်သည် အတွင်း၌ အထူးသဖြင့် ထိတ်လန့်နေသည်၊ သင်သည် နှစ်သိမ့်မှု ခံစားချက်တစ်ခုကို ခံစားရနိုင်သေးသလော။ (မခံစားရပါ။) အဆုံးတိုင်အောင် ဘုရားသခင်ကို ယုံကြည်ပြီးနောက် သင်၏ စိတ်နှလုံးထဲတွင် နှစ်သိမ့်မှု ခံစားချက်တစ်ခု ရှိခြင်းသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ ဘုရားသခင် နှစ်သက်သောသူတစ်ဦး ဖြစ်ခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ကောင်းမှုများစွာကို ပြင်ဆင်ခြင်းအားဖြင့်သာ သင် ရရှိနိုင်သောအရာတစ်ခု ဖြစ်သည်၊ ယင်းမှာ ဆင်းရဲဒုက္ခ ပမာဏတစ်ခုကို ခါးစည်းခံရခြင်းအားဖြင့် သင် ရရှိသောအရာ မဟုတ်ပေ။ သင်၏ ဆင်းရဲဒုက္ခ၏ သဘောသဘာဝသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက်နှင့် အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန်အတွက် ဖြစ်ပါက နောက်ဆုံးတွင် သင်သည် ယင်းမှ နှစ်သိမ့်မှု ခံစားချက်တစ်ခုကို ရရှိလိမ့်မည်။ သို့သော် သင်၏ ဆင်းရဲဒုက္ခခံခြင်း၏ သဘောသဘာဝသည် သင်၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက်နှင့် အပျက်သဘောဆောင်သောအရာများကို ကာကွယ်ရန်အတွက် ဖြစ်ပါက နောက်ဆုံးတွင် သင်သည် ယင်းမှ နှစ်သိမ့်မှု ခံစားချက်တစ်ခုကို ရရှိရန် အရေးနိမ့်မည်သာမက သင်၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲခြင်းနှင့် စိတ်မသက်မသာဖြစ်ခြင်း ခံစားချက်တစ်ခုကိုလည်း သင် ခံစားရလိမ့်မည်။ မိမိတို့၏ စိတ်နှလုံးထဲတွင် စိတ်မသက်မသာဖြစ်ခြင်း ခံစားချက်တစ်ခုကို ခံစားရသူများသည် “ဘုရားသခင်ကို ယုံကြည်ခြင်းမှ ငါ မည်သည့်အရာကို ရရှိခဲ့သနည်း။ အန္တိခရစ်များသည် ပူဇော်သက္ကာ မည်မျှကို ခိုးယူခဲ့သည်နှင့် ၎င်းတို့သည် ကောင်းမွန်သော အဝတ်အစားများ၊ ကောင်းမွန်သော အိမ်အသုံးအဆောင်များနှင့် အခြား ကောင်းမွန်သော ပစ္စည်းများ မည်မျှကို ၎င်းတို့ကိုယ်တိုင်အတွက် ယူဆောင်ခဲ့သည်ကို ကြည့်ရှုလော့။ ၎င်းတို့ မွေ့လျော်ခံစားရသည့်အရာကို ကြည့်ရှုလော့၊ ပြီးလျှင် ငါ မွေ့လျော်ခံစားရသည့်အရာကို ကြည့်ရှုလော့။ ဆင်းရဲဒုက္ခများစွာကို ခံစားရခြင်းမှ ငါ မည်သည့်အရာကို ရရှိခဲ့သနည်း” ဟု အစဉ် ဆင်ခြင်တွေးတောကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် ထိုသို့သောအရာများကို ပြောဆိုနိုင်စွမ်း ရှိကြသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်ုပ် မည်သည့်အရာကို ရရှိခဲ့သနည်း” ဟု ၎င်းတို့ မေးမြန်းနိုင်သည်ဟူသော အချက်က ၎င်းတို့၏ စိတ်နှလုံးထဲတွင် နှစ်သိမ့်မှု ခံစားချက်တစ်ခု မရှိကြောင်း သက်သေပြနေသည်၊ ၎င်းတို့သည် အတွင်း၌ ပြည့်စုံသည်ဟု မခံစားရဘဲ အနှစ်မဲ့နေကြသည်။ နှစ်သိမ့်မှု ခံစားချက် မရှိသူများသည် အတွင်း၌ ဂနာမငြိမ် ဖြစ်နေကြသည်။ နှစ်သိမ့်မှု ခံစားချက် ရှိသူများနှင့်ပတ်သက်၍မူ ၎င်းတို့တွင် ဤခံစားချက် အဘယ်ကြောင့် ရှိသနည်း။ ယင်းမှာ ၎င်းတို့ ဆင်းရဲဒုက္ခ ခါးစည်းခံရသောကြောင့်သာ မဟုတ်ဘဲ အဓိကအားဖြင့် ၎င်းတို့သည် သမ္မာတရားအချို့ကို နားလည်လာခဲ့ပြီး ဆင်းရဲဒုက္ခခါးစည်းခံရသည့် လုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သော အကျိုးအမြတ်များ ရရှိခဲ့သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆင်းရဲဒုက္ခ ခါးစည်းခံရသည့် လုပ်ငန်းစဉ်မှ မည်သည့်အရာကိုမျှ မရိတ်သိမ်းရသူများသည် နောက်ဆုံးတွင် ၎င်းတို့ မည်သည့်အရာကိုမျှ မရရှိခဲ့ဟုလည်းကောင်း၊ ၎င်းတို့သည် မတရားသဖြင့် ဆင်းရဲဒုက္ခခံခဲ့ရပြီး ယင်းမှာ မတန်ဟုလည်းကောင်း တွေးထင်ကြကာ ၎င်းတို့သည် ဆုံးရှုံးနစ်နာခဲ့ရသည်ဟု ခံစားကြရသည်။ ဤအခြေအနေတွင် ၎င်းတို့က ဘုရားသခင်သည် မဖြောင့်မတ်သည့်အပြင် ဘုရားသခင်သည် ၎င်းတို့အပေါ် တရားမမျှတဟုလည်းကောင်း၊ အခြားလူများကို ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မြှင့်တင်ပေးခဲ့ပြီး ၎င်းတို့ထက် ပိုမိုမြင့်မားသော အဆင့်အတန်း ရှိကြသော်လည်း ၎င်းတို့သည် ယခုအခါ နိမ့်ကျနေပြီး မည်သည့်အရာကိုမျှ မွေ့လျော်ခံစားခွင့် မရရှိခဲ့ဟုလည်းကောင်း ခံစားကြရသည်။ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခါးစည်းခံပြီး မိမိတို့ကိုယ်ကို အသုံးခံပြီးနောက် ၎င်းတို့သည် အဆုံးတွင် မည်သည့်အရာမျှ မရရှိသောကြောင့် ၎င်းတို့သည် စိတ်ထဲ၌ အာခံလိုစိတ် ခံစားကြရသည်။ ၎င်းတို့သည် အာခံလိုစိတ် ခံစားရနိုင်ပြီး မတရားခံရသည်ဟုလည်း ခံစားရနိုင်ပါက ငါ့ကို ပြောလော့၊ ၎င်းတို့သည် သမ္မာတရားကို ရရှိခဲ့ကြသလော။ (မရရှိခဲ့ပါ။) ၎င်းတို့သည် သမ္မာတရားကို သေချာပေါက် မရရှိခဲ့ကြပေ။ လူတို့ ရရှိသည့်အရာသည် သမ္မာတရားဖြစ်ပါက အမျိုးမျိုးသော ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများကို ၎င်းတို့ မည်သို့ သဘောထားပြုမူသည်၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ၎င်းတို့ မည်သို့ သဘောထားပြုမူသည်၊ ဆင်းရဲဒုက္ခကို ၎င်းတို့ မည်သို့ သဘောထားပြုမူသည်၊ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ မည်သို့ သဘောထားပြုမူသည်၊ အခြား ထိုသို့သောအရာများနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် မှန်ကန်သော သဘောပေါက်နားလည်မှုနှင့် မှန်ကန်သော အတွေးများ၊ အမြင်များ ရှိလိမ့်မည်ဖြစ်သည်။ ဘဝအပေါ် ၎င်းတို့၏ သဘောထားအမြင်နှင့် ၎င်းတို့ ရွေးချယ်သော ဘဝလမ်းကြောင်းသည် ပြောင်းလဲသွားလိမ့်မည်၊ ဆိုလိုသည်မှာ ၎င်းတို့အတွင်းရှိ အသက်သည် ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ လိုက်စားမှုနောက်ကွယ်ရှိ အမျိုးမျိုးသော အမြင်ရှုထောင့်များသည်လည်း ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ လူတို့သည် ဤအပြောင်းအလဲများကို တွေ့ကြုံရသောအခါ၊ ပြီးလျှင် ဤအရာများကို ၎င်းတို့ ရရှိသောအခါ ၎င်းတို့သည် ပြည့်ဝသည်ဟု ခံစားကြရသည်။ ၎င်းတို့က “ဘုရားသခင်နောက်သို့ လိုက်သည့် ဤနှစ်များတွင် ကျွန်ုပ်သည် သမ္မာတရားများစွာကို နားလည်ခဲ့ပြီး များစွာ ရရှိခဲ့သည်။ ကျွန်ုပ်၏ အကျိုးအမြတ်များသည် ကြွယ်ဝပြည့်စုံပြီး ကျွန်ုပ်၏ ခွက်ဖလားသည် လျှံလျက်ရှိသည်” ဟု ခံစားကြရသည်။ ၎င်းတို့၏ ဇာတိပကတိသည် အနည်းငယ် ပင်ပန်းနွမ်းနယ်သော်လည်း ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထူးသဖြင့် ငြိမ်သက်ခြင်း၊ သက်သောင့်သက်သာရှိခြင်း၊ ပျော်ရွှင်ခြင်းနှင့် နှစ်သိမ့်ခြင်းတို့ကို ခံစားကြရသည်။ ဆန့်ကျင်ဘက်အနေဖြင့် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားရန်အတွက် ဆင်းရဲဒုက္ခခါးစည်းခံသူများသည် နောက်ဆုံးတွင် လုံလောက်သော အကျိုးကျေးဇူးများကို ရရှိရန် အရေးနိမ့်ရုံသာမက ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းလည်း ခံရသည်။ ကောင်းချီးများ ရရှိရန် ၎င်းတို့တွင် မျှော်လင့်ချက် မရှိကြောင်းကို မြင်ရသဖြင့် ၎င်းတို့သည် ဆုံးရှုံးနစ်နာခဲ့ရသည်ဟု ခံစားကြရသည်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို ပို၍ပင် အလွန်အမင်း မနှစ်မြို့လာကြပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းကို ဆုံးရှုံးကြသည်၊ အချို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်ဝင်စားမှုပင် ကင်းမဲ့လာကြသည်။ ယင်းမှာ ၎င်းတို့၏ တစ်သက်တာလုံး သခင်ကို ယုံကြည်ခဲ့ကြသော ဘာသာရေးသမား အချို့ကဲ့သို့ပင် ဖြစ်သည်၊ နောက်ဆုံးတွင် ၎င်းတို့ မည်သည့်အရာကိုမျှ မရရှိခဲ့ဟု ၎င်းတို့ ခံစားရသောအခါ ၎င်းတို့ ပြောဆိုသည့်အရာမှာ အဘယ်အရာနည်း။ ၎င်းတို့က “သခင်ယေရှုသည် ကျွန်ုပ်၏ လမ်းကို ပိတ်ဆို့ထားသော နံရံတစ်ခုနှင့်တူသည်၊ ကျွန်ုပ်ကို ရှေ့သို့ မသွားနိုင်အောင် တားဆီးထားပြီး ကျွန်ုပ် မည်သည့် အလင်းကိုမျှ မမြင်နိုင်အောင် ပြုလုပ်ထားသည်” ဟု ပြောကြသည်။ ဤသည်မှာ မိမိတို့၏ တစ်သက်တာလုံး ယုံကြည်သော ယုံကြည်သူများ နောက်ဆုံးတွင် ရရှိသည့်အရာ ဖြစ်သည်။ ၎င်းတို့က ဤမျှလောက် အလွန်တရာ ပုန်ကန်သော အရာတစ်ခုကို ပြောဆိုခြင်း၊ ဤကဲ့သို့သောအရာကို ကြားရခြင်းက ဆိုးရွားသည်ဟု သင် မထင်သလော။ (ထင်ပါသည်။)
ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံသူများသည် ၎င်းတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများအတွက် အစဉ် အကြံအစည်ထုတ်ကြပြီး ၎င်းတို့အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် ဆင်းရဲဒုက္ခကို ခါးစည်းခံရန် လိုလားကြသည်။ အဆင့်အတန်း၏ အကျိုးအမြတ်များကို ၎င်းတို့ မွေ့လျော်ခံစားနိုင်သရွေ့ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကျေနပ်သည်ဟု ခံစားကြရသည်။ ၎င်းတို့၏ လုပ်ရပ်တိုင်းနှင့် လုပ်ဆောင်ချက်တိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ သာယာမှုအတွက် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြ၊ အသင်းတော်၏ အလုပ်ကို မကာကွယ်ကြသည့်အပြင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း မကာကွယ်ကြပေ။ ၎င်းတို့ လုပ်ဆောင်သော အလုပ်သည် တရားမျှတသော အမှုကိစ္စ၏ တည်ရှိမှုကို ကာကွယ်ရန် မဟုတ်ဘဲ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက်သာ ဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းအားဖြင့် ၎င်းတို့ မည်သည့်အရာကို ရရှိနိုင်သနည်း။ ၎င်းတို့ မည်သည့်အရာကိုမျှ မရရှိပေ၊ ယင်းမှာ အချည်းနှီး အားထုတ်မှုမျှသာဖြစ်ပြီး လုံးဝ အကျိုးမရှိပေ။ အချို့လူများသည် ခြိုးခြံချွေတာသော ရသေ့များကဲ့သို့ ၎င်းတို့၏ နေ့ရက်များကို အလွန် ခါးသီးစွာ အသက်ရှင်နေထိုင်ကြသည်၊ ကောင်းစွာ မစားသောက်ကြသည့်အပြင် မည်သည့် ကောင်းမွန်သောအရာများကိုမျှ မွေ့လျော်ခံစားခြင်း မရှိကြဘဲ ပို၍ ပြေးလွှားအလုပ်ရှုပ်ရန်နှင့် မိမိတို့ကိုယ်ကို ပို၍ အသုံးခံရန်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် စည်းမျဉ်းစည်းကမ်းများစွာကို သတ်မှတ်ကြပြီး မိမိတို့ကိုယ်ကို အတော်လေး ဆင်းရဲဒုက္ခ ခါးစည်းခံရစေသည်။ အချို့သည် ဖျားနာသည်အထိပင် အလုပ်လုပ်ကြသည်။ သို့တိုင်အောင် နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို မရရှိကြ သို့မဟုတ် ကောင်းမှုများစွာကို မပြင်ဆင်ကြပေ။ ဤသည်မှာ ဝမ်းနည်းဖွယ်ကောင်းသော အရာဖြစ်သည်။ ယင်းကို အဘယ်အရာက ဝမ်းနည်းဖွယ်ကောင်းစေသနည်း။ ပြဿနာ၏ အရင်းအမြစ်မှာ အဘယ်မှာနည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ ဆင်းရဲဒုက္ခခါးစည်းခံကြပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကိုသာ လိုက်စားကြသည်။ ၎င်းတို့သည် “အကျိုးအမြတ်” ကို အရာအားလုံးထက် အထက်တွင်ထားရှိပြီး ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို မည်သည့်အရာထက်မဆို ဦးစားပေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို မည်သည့်အခါမျှ မချစ်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများအတွက်သာ အလုပ်များပြီး ဆင်းရဲဒုက္ခ ခါးစည်းခံကြကာ အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ရန် မည်သည့်အခါမျှ စိုးစဉ်မျှပင် ဆင်းရဲဒုက္ခ ခါးစည်းမခံကြပေ။ ဆိုးယုတ်သော လူများက အသင်းတော်၏ အလုပ်တွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသောအခါ ၎င်းတို့ မည်သည့်နေရာ ရောက်နေကြသနည်း။ အဆင်းနီသော နဂါးကြီးက ဘုရားသခင် ရွေးချယ်ထားသော လူများကို ဖမ်းဆီးသောအခါ သို့မဟုတ် ယုဒတစ်ဦးက အသင်းတော်ကို သစ္စာဖောက်သောအခါ ၎င်းတို့ မည်သည့်နေရာ ရောက်နေကြသနည်း။ ၎င်းတို့သည် ဤအရာများကို မြင်သော်လည်း မမြင်ယောင် ဟန်ဆောင်ကြသည်။ ၎င်းတို့သည် ယင်းတို့အကြောင်းကို သိသော်လည်း မသိယောင် ဟန်ဆောင်ကြသည်။ ကိစ္စရပ်ကို ကိုင်တွယ်ပြီးနောက်မှသာ ၎င်းတို့ ပေါ်လာပြီး “ဤအကြောင်းကို ကျွန်ုပ် မသိခဲ့ပါ။ ကျွန်ုပ် သိခဲ့ပါက ယင်းကို ကျွန်ုပ် ကိုင်တွယ်ခဲ့မည် ဖြစ်သည်။ ကျွန်ုပ်၏ တာဝန်ဝတ္တရားကို ကျွန်ုပ် မဖြည့်ဆည်းခဲ့ပါ၊ ဘုရားသခင်ထံ ကျွန်ုပ် နောင်တရပြုပြင်ရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကို ကျွန်ုပ် တောင်းပန်ရပါမည်” ဟု ပြောကြသည်။ ကိစ္စရပ်ကို ကိုင်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လူရွှင်တော်တစ်ဦးကဲ့သို့ ခုန်ထွက်လာကြသည်။ သို့တိုင်အောင် ပြဿနာတစ်ခု ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ကြွက်တစ်ကောင်ကဲ့သို့ တွင်းထဲသို့ ပြေးဝင်သွားကြပြီး အစအနပင် မပေါ်ဘဲ ပျောက်ကွယ်သွားကြသည်။ တရားမျှတမှုကို ကာကွယ်ရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန် ရှေ့ထွက်ဖို့ ၎င်းတို့ကို အမှန်တကယ် လိုအပ်သောအခါ ၎င်းတို့ မည်သည့်အခါမျှ ရှေ့မထွက်ကြပေ။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်ခုအောင် မလုပ်ကြပေ။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ ဖြစ်ရန်သာ ရွေးချယ်ကြသည်၊ မကြားချင်ယောင်ဆောင်ကာ မသိချင်ယောင်ဆောင်ပြီး မည်သည့်အရာကိုမျှ မမြင် သို့မဟုတ် မကြားရသကဲ့သို့ ဟန်ဆောင်ကြသည်။ ဆိုးယုတ်သော လူများက အသင်းတော်၏ အလုပ်တွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသောအခါ မည်သူက နှောင့်ယှက်ခြင်းများကို ဖြစ်စေနေသည်ကို ၎င်းတို့ ကောင်းစွာ သိကြသော်လည်း ၎င်းတို့ကို ဖော်ထုတ်မည် မဟုတ်ဘဲ အတိအကျ မည်သူ လုပ်ဆောင်ခဲ့သည်ကို ပြောရန် ငြင်းပယ်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို “လူ့အကြိုက်လိုက်သူတစ်ဦး မလုပ်ပါနှင့်။ သင်သည် ဆိုးယုတ်သော လူများကို ဖော်ထုတ်ပြီး အသင်းတော်မှ ၎င်းတို့ကို ဖယ်ရှားပါက သင်သည် လူတို့ကို စိတ်ခုအောင်လုပ်ပြီး အေးစက်သော အကြည့်များနှင့် ရင်ဆိုင်ရလျှင်ပင် နောက်ဆုံးတွင် သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏ သစ္စာစောင့်သိမှုကို ပူဇော်ပြီးဖြစ်လိမ့်မည်” ဟု ပြောလျက် အကြံပေးသည်။ ၎င်းတို့သည် ဆင်ခြေများ ပေးနေဆဲဖြစ်ပြီး “အသေးစိတ်အချက်များကို ကျွန်ုပ် မသိပါ၊ ယင်းကို ကျွန်ုပ် စုံစမ်းရန် လိုအပ်သည်” ဟု ပြောလျက် ဝေ့လည်ကြောင်ပတ် ပြုမူကြပြီးနောက် အလျင်အမြန် ထွက်ပြေးသွားကြသည်။ သို့သော် တစ်စုံတစ်ဦးက ၎င်းတို့အပေါ် အမြင်မကြည်လင်မှုများ ရှိပါက သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ ထင်မြင်ချက်များ ရှိပါက သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်ကို ထိခိုက်စေသော ပြဿနာများ ၎င်းတို့၏ အလုပ်တွင် ပေါ်ပေါက်လာပါက ၎င်းတို့သည် ယင်းကို ဘေးအန္တရာယ်တစ်ခုအဖြစ် မြင်ကြသည်။ ၎င်းတို့သည် စား၍လည်း မဝင်၊ အိပ်၍လည်း မပျော်နိုင်ကြပေ၊ မနက် တစ်နာရီတွင် ၎င်းတို့၏ သိက္ခာကို မည်သို့ ပြန်ဆယ်ရမည်ကို ၎င်းတို့ ဆင်ခြင်တွေးတောနေဆဲ ဖြစ်သည်။ မနက်ပိုင်းတွင် နံနက်စာပင် မစားဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်း ရှင်းချက်ထုတ်ရန်နှင့် ကာကွယ်ရန်အလို့ငှာ လူတိုင်းကို စုဝေးပွဲတစ်ခုအတွက် စတင်ခေါ်ယူကြသည်၊ ၎င်းတို့ အဘယ်ကြောင့် ထိုသို့ ပြုမူခဲ့ကြောင်းနှင့် ထိုသို့ လုပ်ဆောင်ရာတွင် အမှားက အဘယ်မှာ ရှိကြောင်းကို ရှင်းပြကြသည်။ ၎င်းတို့သည် မည်သူမျှ ၎င်းတို့ကို အထင်အမြင်မလွဲရန် မျှော်လင့်လျက် လူတိုင်းကို တောင်းပန်ကြသည်၊ ၎င်းတို့က အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်လိုခြင်း မဟုတ်ဘဲ လက်တွေ့ အခြေအနေကို နားမလည်ခြင်းအပြင် အခြားအရာများနှင့် အလုပ်များနေပြီး ယင်းကို ဂရုစိုက်ရန် အချိန်မရှိခဲ့ကြောင်း၊ ထိုအကြောင်းကြောင့် အလုပ်တွင် အမှားဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့က အခိုင်အမာ ပြောဆိုကြသည်။ ၎င်းတို့သည် လူတိုင်း၏ မျက်နှာသာပေးမှုကို ရရှိပြီး ၎င်းတို့ကို ကိုယ်ချင်းစာမှုနှင့် အသိအမှတ်ပြုမှု ပေးရန် လူတိုင်းကို လှည့်စားပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ထဲ၌ လုံခြုံသည်ဟု ခံစားကြရသည်။ “ကောင်းပြီ၊ အလုပ်ကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ပြီးပြီ။ ယခု ငါသည် ငြိမ်းချမ်းပြီး သက်သောင့်သက်သာ အိပ်စက်နိုင်ပြီဖြစ်ကာ အစားအစာကို မွေ့လျော်ခံစားနိုင်သည်။ ဤရက်များတွင် အလုပ်လုပ်ပေးသူများ၏ တာဝန်ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ပြဿနာများ အစဉ် ရှိနေသည်၊ လုပ်ဆောင်ရန် အဆုံးမရှိသော အလုပ်များ အစဉ် ရှိနေပြီး အလုပ်တွင် ဖြေရှင်းရန် အဆုံးမရှိသော ပြဿနာများ အစဉ် ရှိနေသည်၊ ငါ မည်မျှ ခြေကုန်လက်ပန်းကျနေသည်ကို ကြည့်ပါဦး” ဟူ၍ ဖြစ်သည်။ အသင်းတော်၏ အလုပ်တွင် ပြဿနာများ ပေါ်ပေါက်လာပြီး ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည်ကို ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မေးမြန်းသောအခါ ၎င်းတို့က “အလျင်စလို လုပ်စရာ မလိုပါ။ တစ်စုံတစ်ဦးက ထိုအလုပ်ကို လုပ်ဆောင်နေသရွေ့၊ အလုပ်နေရာတိုင်းတွင် တစ်စုံတစ်ဦး ရှိနေပြီး လူတိုင်း အလုပ်များနေသရွေ့ အဆင်ပြေပါသည်။ ဘုရားအိမ်တော်၏ အလုပ်သည် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ပြီးစီးမည် မဟုတ်ပါ။ အလုပ်ကို လုပ်ဆောင်ရန် သင်သည် ရေရှည်လုပ်ဆောင်ရမည့် စိတ်သဘောထားဖြင့် ယင်းကို ချဉ်းကပ်ရမည်၊ နေထွက်ပြီးနောက် အလုပ်လုပ်ကာ နေဝင်ပြီးနောက် အနားယူရမည်၊ အလျင်စလို မလုပ်ဘဲ သို့မဟုတ် မည်သည့် အရေးတကြီးဖြစ်သော ခံစားချက်ကိုမျှ မခံစားရဘဲ လုပ်ဆောင်ရမည်။ အနည်းငယ် လျှော့လုပ်ခြင်းက အမှုအရာများကို ထိုမျှလောက် ပိုဆိုးသွားစေမည် မဟုတ်သည့်အပြင် အနည်းငယ် ပိုလုပ်ခြင်းကလည်း အမှုအရာများကို ထိုမျှလောက် ပိုကောင်းသွားစေမည် မဟုတ်ပါ၊ ကျွန်ုပ်တို့ကိုယ်တိုင် ထိုမျှလောက် ခြေကုန်လက်ပန်းကျနေအောင် လုပ်ရန် မလိုအပ်ပါ။ အကယ်၍ ကျွန်ုပ်တို့သည် ခြေကုန်လက်ပန်းကျမှုကြောင့် ဖျားနာပါက အနာဂတ်တွင် ဘုရားအိမ်တော်၏ အလုပ်ကို မည်သူ လုပ်ဆောင်မည်နည်း။ ယင်းမှာ ကျွန်ုပ်တို့အပေါ်တွင် မူတည်နေဦးမည် မဟုတ်လော။ ကျွန်ုပ်တို့သည် ခြေကုန်လက်ပန်းကျမှုကြောင့် လဲကျသွားပါက ဘုရားအိမ်တော်က ကျွန်ုပ်တို့၏ ဆေးကုသမှုအတွက် ပေးချေရဦးမည် မဟုတ်လော။ ကျွန်ုပ်တို့သည် ထိုမျှလောက် ခြေကုန်လက်ပန်းကျအောင် မလုပ်နိုင်ပါ၊ ကျွန်ုပ်တို့ အနည်းငယ် ထိန်းထားရပါမည်” ဟု ပြောကြသည်။ ၎င်းတို့၏ အမြင်ရှုထောင့်ကို သင် မည်သို့ ထင်သနည်း။ (ယင်းမှာ မှားယွင်းပါသည်။) အသင်းတော်၏ အလုပ်တွင် ပြဿနာများ ပေါ်ပေါက်လာပြီး တစ်စုံတစ်ဦးက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသောအခါ ဤသည်က ပြဿနာများကို ဖြေရှင်းရန်နှင့် တာဝန်ရှိသူများကို ကိုင်တွယ်ရန် သင် ရှေ့ထွက်ဖို့ တောင်းဆိုသည်။ ဤလူအချို့ကို ဖြုတ်ချရမည်ဖြစ်ပြီး အချို့ကို သာမန် အသင်းတော်များ သို့မဟုတ် ဘီ အုပ်စုများသို့ပင် ပို့ရမည်ဖြစ်သည်။ သင်သည် လူတို့ကို စိတ်ခုမိစေခြင်းမှ ရှောင်ရှားရန် မဖြစ်နိုင်ပေ၊ ပြီးလျှင် သင်သည် အခြားသူများ၏ မုန်းတီးခြင်းကို ခံရမည်၊ အခြားသူများ၏ ဆဲဆိုခြင်းကို ခံရမည်၊ အခြားသူများ၏ ဝေဖန်ခြင်းနှင့် ဖယ်ကြဉ်ခြင်းကို ခံရမည်ဖြစ်ပြီး သဘောထားသေးသိမ်သော လူများ၏ အကောက်ကြံမှုဖြင့် တိုက်ခိုက်ခြင်းကိုပင် ခံရမည်ဖြစ်သည်။ သို့သော် ထိုလူများက ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဆိုးယုတ်သော လူများကို ကျွန်ုပ် ကိုင်တွယ်စေချင်သလော။ ယင်းက အခြားသူများကို စိတ်ခုအောင်လုပ်ခြင်း ဖြစ်လိမ့်မည်။ ကျွန်ုပ်သည် ထိုမျှလောက် မမိုက်မဲပါ။ ၎င်းတို့ကို ကျွန်ုပ် လုံးဝ ကိုင်တွယ်မည် မဟုတ်ပါ။ ဘုရားအိမ်တော်၏ အလုပ်သည် နှောင့်ယှက်ခံရသည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများသည် ထိခိုက်နစ်နာသည်ဖြစ်စေ ယင်းက ကျွန်ုပ်နှင့် မည်သို့ သက်ဆိုင်သနည်း။ လူတစ်ဦးတစ်ယောက်က ပြဿနာရှာပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေလျှင်ပင် ယင်းက အခြေအနေတစ်ခုလုံးကို မထိခိုက်သည့်အပြင် အလုပ်ကိုလည်း လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ၎င်းတို့ကို အဘယ်ကြောင့် ကိုင်တွယ်သင့်သနည်း။ ထို့အပြင် ၎င်းတို့ကို ကျွန်ုပ် ကိုင်တွယ်ပါက ၎င်းတို့က ကျွန်ုပ်ကို မုန်းတီးမည် မဟုတ်လော။ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်လျှင်ပင် မည်သူကမျှ ကျွန်ုပ်နှင့်ပတ်သက်၍ ကောင်းသောအရာ တစ်ခုကိုမျှ ပြောမည်မဟုတ်သည့်အပြင် အထက်ကလည်း သိမည်မဟုတ်ပေ။ ကျွန်ုပ်သည် လူတို့ကို စိတ်ခုအောင်လုပ်မိမည်ဖြစ်ပြီး ထို့နောက် ၎င်းတို့၏ ဖယ်ကြဉ်ခြင်းကို ခံရမည်ဖြစ်ကာ ၎င်းတို့၏ အေးစက်သော အကြည့်များကို ခံရမည်ဖြစ်သည်။ ထိုဆင်းရဲဒုက္ခကို ကျွန်ုပ် ခံစားမည် မဟုတ်သည်မှာ သေချာပါသည်” ဟု ဆင်ခြင်တွေးတောကြသည်။ ဆိုးယုတ်သော လူများက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် ကိစ္စရပ်နှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မည်သည့်အခါမျှ ရှေ့မထွက်ကြ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မကာကွယ်ကြသည့်အပြင် တရားမျှတမှုကို ကာကွယ်သည့် အလုပ်ကိုလည်း မလုပ်ဆောင်ကြပေ။ လူတို့ကို စိတ်ခုအောင် လုပ်မိမည်ကိုလည်းကောင်း၊ ဝေဖန်ကဲ့ရဲ့ခံရမည် သို့မဟုတ် လက်စားချေခံရမည်ကိုလည်းကောင်း အလွန်အမင်း ကြောက်ရွံ့သဖြင့် ၎င်းတို့ကို ဖော်ထုတ်ရန် သို့မဟုတ် တားဆီးရန် စကားတစ်ခွန်းမျှပင် မပြောကြပေ။ လူများက ၎င်းတို့ကို အထင်အမြင်လွဲမှားခြင်းမှ ကာကွယ်ရန်နှင့် လူတို့အကြား ၎င်းတို့၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ကာကွယ်ရန် ၎င်းတို့သည် စုဝေးပွဲများကို မလျှော့တမ်း ကျင်းပကြသည်၊ မိမိတို့ကိုယ်ကို မှန်ကြောင်း ရှင်းချက်ထုတ်ရန်နှင့် ကာကွယ်ရန် အပင်ပန်းခံကြပြီး အဆုံးမရှိ ဆက်တိုက် ပြောဆိုကြသည်။ သို့တိုင်အောင် အသင်းတော်၏ အလုပ်ကို ကာကွယ်သည့် ကိစ္စရပ်များနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် ပြောစရာ တစ်ခုမျှ မရှိသည့်အပြင် အားထုတ်မှု စိုးစဉ်းမျှပင် မပြုလုပ်ကြပေ။ ထိုသို့သော လူများတွင် ကောင်းမှု တစ်ခုတလေ ရှိသလော။ ၎င်းတို့၏ ကောင်းမှုများသည် အဘယ်မှာနည်း။ နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်တော်သို့ ရောက်ရှိသောအခါ သူ့ကို ဖြေရှင်းချက် ပေးနိုင်မည်လော။ (ပေးနိုင်မည် မဟုတ်ပါ။) ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ရာတွင် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့ရသည်ဟု ခံစားနေကြဆဲဖြစ်သော်လည်း ၎င်းတို့သည် အမှန်တကယ်တွင် အဘယ်အရာအတွက် ဆင်းရဲဒုက္ခကို ခါးစည်းခံနေကြသနည်း။ ၎င်းတို့သည် တရားမျှတသော အမှုကိစ္စအတွက်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အတွက်လည်းကောင်း ဆင်းရဲဒုက္ခကို ခါးစည်းခံနေကြသလော။ (မဟုတ်ပါ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ဆင်းရဲဒုက္ခကို ခါးစည်းခံနေကြပါသည်။) ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံနိုင်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် စိုးစဉ်းမျှသော ဆင်းရဲဒုက္ခကိုပင် ခါးစည်းခံမည် မဟုတ်ပေ။ ထိုသို့သော လူများသည် တစ်ကိုယ်ကောင်းဆန်လွန်းပြီး ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်လှမ်းကြပေ၊ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အသင်းတော်၏ အလုပ်အတွက် အကျိုးရှိသောအရာ တစ်ခုမျှ လုံးဝ မလုပ်ဆောင်ကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို အကျိုးပြုသည့် အရာအားလုံးကိုမူ တစ်ခုမျှ မလွတ်စေဘဲ လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန်သာ ဂရုစိုက်ကြသည်။ ဤကဲ့သို့သော လူများသည် အလွန် ရှက်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန်သာ ဆင်းရဲဒုက္ခ ခါးစည်းခံကြသော်လည်း ဘုရားသခင်ထံမှ အသိအမှတ်ပြုမှုကို တောင်းဆိုနေဆဲဖြစ်ပြီး သူ့ထံမှ ဆုလာဘ်များကို တောင်းဆိုနေဆဲ ဖြစ်သည်။ ဤသည်မှာ စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော လူများသည် တစ်ကိုယ်ကောင်းဆန်လွန်းပြီး စက်ဆုပ်ဖွယ်ကောင်းလွန်းသည်၊ ၎င်းတို့တွင် အသိစိတ် မရှိသည့်အပြင် ဆင်ခြင်တုံတရားလည်း မရှိပေ၊ အတိုချုပ်ပြောရလျှင် ၎င်းတို့တွင် လူ့သဘာဝ မရှိပေ။ ဤလူစားမျိုးသည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်လှမ်းပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို မကျေနပ်ဘဲ ၎င်းတို့၏ ကွယ်ရာတွင် ၎င်းတို့ကို ပိုင်းခြားသိမြင်ပါက၊ သို့မဟုတ် ၎င်းတို့ကို အထက်သို့ပင် တိုင်ကြားပြီး ၎င်းတို့သည် လက်တွေ့ အလုပ်ကို လုပ်ဆောင်ရမည့်အစား အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အရာအချို့ကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်ပါက ဤအရာကို ကြားပြီးနောက် ၎င်းတို့သည် ၎င်းတို့ကို ဖော်ထုတ်သူအပေါ် အမုန်းတရား ထားရှိပြီး ထိုသူကို လိုက်လံရန်ပြိုလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ခြင်း မရှိသည့်အပြင် လူတို့ကို မှန်ကန်စွာ မဆက်ဆံကြပေ။ ထိုအစား ၎င်းတို့သည် လူတို့ကို လက်တုံ့ပြန်ကြကာ ၎င်းတို့ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် အရာများကို အမိအရ ဖမ်းဆုပ်ပြီး ၎င်းတို့တွင် အပြစ်ရှာကြသည်။ ၎င်းတို့သည် လူတို့ကို တိုက်ခိုက်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြစ်မှားစော်ကားခြင်းနှင့် သမ္မာတရားကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤသည်မှာ မိမိ၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ အခြားသူများကို တိုက်ခိုက်ရန်နှင့် လက်စားချေရန် သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည်။ လူကွယ်ရာတွင် ဆိုးယုတ်သော လူအချို့သည် ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားကြသည်၊ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များကို ဝေဖန်ကဲ့ရဲ့ကြပြီး ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များ၏ ကဏ္ဍတစ်ခုခုအပေါ် မကျေနပ်မှု သို့မဟုတ် ဘုရားအိမ်တော်၏ အဆင့်တစ်ခုခုရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် မကျေနပ်မှုကို ဖော်ပြကြသည်။ ဤအရာကို ကြားပြီးနောက် ဤလူများသည် ယင်းကို လျစ်လျူရှုပြီး မကြားချင်ယောင်ဆောင်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ နာမတော်ကို ကာကွယ်ရန် သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန် မည်သည့်အခါမျှ ရှေ့မထွက်ကြဘဲ ဆိုးယုတ်သော လူများကိုလည်း မဖော်ထုတ်ကြပေ။ သင်သည် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်လိုပြီး ဆိုးယုတ်သော လူများကို မဖော်ထုတ်ရဲပါက သင်သည် ၎င်းတို့ကို အထက်သို့ တိုင်ကြားနိုင်သေးသည်၊ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားအချို့ကို ဖြည့်ဆည်းခြင်းအဖြစ် မှတ်ယူခံရမည်ဖြစ်သည်။ သို့သော် ဤကဲ့သို့သော လူများသည် ဤတာဝန်ဝတ္တရား အနည်းငယ်ကိုပင် ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြပေ။ ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများ၊ ၎င်းတို့၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ ၎င်းတို့သည် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်မည်၊ အခက်အခဲပေါင်းမျိုးစုံကို ဖြတ်ကျော်မည်ဖြစ်ပြီး မည်သည့် ဆင်းရဲဒုက္ခမျိုးကိုမဆို ခါးစည်းခံမည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ရန် သို့မဟုတ် သမ္မာတရားသည် အတားအဆီးမရှိ ရှေ့ဆက်သွားနိုင်ကြောင်း သေချာစေရန် မည်သည့် အဖိုးအခကိုမျှ မည်သည့်အခါမျှ မပေးဆပ်ကြ သို့မဟုတ် မည်သည့် ဆင်းရဲဒုက္ခကိုမျှ ခါးစည်းမခံကြပေ။ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဤကိစ္စရပ်များ ပေါ်ပေါက်လာပြီး အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ရန် တစ်စုံတစ်ဦး ရှေ့ထွက်ဖို့ တောင်းဆိုသည့်အခါတိုင်း ဤလူများကို မည်သည့်နေရာတွင်မျှ သင် မတွေ့ရ၊ သို့မဟုတ် ၎င်းတို့၏ ထင်မြင်ချက်များ သို့မဟုတ် အမြင်ရှုထောင့်များထဲမှ တစ်ခုကိုမျှ သင် မကြားရပေ။ ၎င်းတို့တွင် အမြင်ရှုထောင့်များ မရှိပေ၊ ၎င်းတို့သည် မကြားချင်ယောင်ဆောင်ကာ မသိချင်ယောင်ဆောင်လျက် ထိုနေရာတွင် ရပ်နေရုံသာဖြစ်ပြီး ထုတ်ပြောခြင်း သို့မဟုတ် ၎င်းတို့၏ ရပ်တည်ချက်ကို ဖော်ပြခြင်းကို မပြုဘဲ မည်သူ့ကိုမျှ စိတ်ခုအောင်မလုပ်ကြချေ။ ၎င်းတို့သည် လူတို့ကို ပြစ်မှားမည်ကို အလွန် ကြောက်ရွံ့ကြသော်လည်း ဘုရားသခင်ကို ပြစ်မှားမည်ကို မကြောက်ရွံ့ကြပေ။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ ချဉ်းကပ်ပုံ၊ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်ထားသော တာဝန်ပေးစေခိုင်းချက်ကို ၎င်းတို့ ချဉ်းကပ်ပုံ၊ ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ချဉ်းကပ်ပုံနှင့် အပြုသဘောဆောင်သောအရာများကို ၎င်းတို့ ချဉ်းကပ်ပုံ ဖြစ်သည်။ ဤလူစားမျိုးအတွက် အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်ခြင်းနှင့် တရားမျှတသော အမှုကိစ္စ၏ တည်ရှိမှုကို ကာကွယ်ခြင်းသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ဤအရာကို လုပ်ဆောင်သူ မည်သူမဆိုသည် လူမိုက်ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ယင်းကို လုပ်ဆောင်မည် မဟုတ်ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန် စကားတစ်ခွန်းမျှ မည်သည့်အခါမျှ မပြောကြသည့်အပြင် ဘုရားသခင်၏ အလုပ်ကို ကာကွယ်ရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ ပြဿနာများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လိပ်များကဲ့သို့ ၎င်းတို့၏ အခွံထဲသို့ ပြန်ဝင်သွားကြသော်လည်း နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်ထံမှ ဆုလာဘ်များကို တောင်းဆိုနေကြဆဲ ဖြစ်သည်။ ဘုရားသခင်က “သင်သည် သမ္မာတရားအတွက် လုံးဝ ဆင်းရဲဒုက္ခကို ခါးစည်းမခံခဲ့ပါ” ဟု ပြောသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့ရသည်၊ ကျွန်ုပ်သည် ပြေးလွှားမှုများစွာကို လုပ်ဆောင်ခဲ့ပြီး ကျွန်ုပ်သည် များစွာ စွန့်လွှတ်ကာ မိမိကိုယ်ကို အသုံးခံခဲ့သည်။ ကျွန်ုပ် မည်သည့်အရာကို မွေ့လျော်ခံစားခွင့် ရရှိခဲ့သနည်း။ ကျွန်ုပ် မည်သည့်အရာကို ရရှိခဲ့သနည်း” ဟု ပြောလျက် ညည်းညူခြင်းပင် ပြုကြသေးသည်။ ဤစကားတစ်ခွန်းက ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များကို ဖော်ထုတ်ပြီး ၎င်းတို့သည် သမ္မာတရားကို ရရှိရန် မဟုတ်ဘဲ ကောင်းချီးများ ရရှိရန်အတွက်သာ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ပြီး မိမိတို့ကိုယ်ကို အသုံးခံခဲ့ကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံခဲ့ကြသည့်အပြင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ မရောက်ရှိခဲ့ကြသောကြောင့် နောက်ဆုံးတွင် ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ မရရှိကြပေ။ ဤသည်မှာ ရှောင်လွှဲ၍မရနိုင်ပေ၊ သင် စိုက်ပျိုးသည့်အရာကို သင် ရိတ်သိမ်းရသည်။ ထို့ကြောင့် ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကိစ္စရပ်ကို ရှုမြင်ရာတွင် တစ်ဖက်တွင် သင်သည် မှန်ကန်သော အတွေးများနှင့် အမြင်များ ရှိရမည်၊ အခြားတစ်ဖက်တွင်မူ အရေးကြီးဆုံးမှာ သင်၏ ဆင်းရဲဒုက္ခ၏ သဘောသဘာဝက အဘယ်အရာဖြစ်သည်၊ သင်ခါးစည်းခံရသော ဆင်းရဲဒုက္ခသည် တန်ဖိုးရှိမရှိနှင့် ယင်းသည် အဓိပ္ပာယ်ရှိမရှိ၊ ပြီးလျှင် ဤဆင်းရဲဒုက္ခသည် သင် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခ ဟုတ်မဟုတ်တို့ကို သင် ဆန်းစစ်ရမည်ဖြစ်သည်။ ယင်းသည် သင် ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခ၊ အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန် ခါးစည်းခံရသော ဆင်းရဲဒုက္ခနှင့် ဘုရားသခင်အတွက် သက်သေခံရန် ခါးစည်းခံရသော ဆင်းရဲဒုက္ခဖြစ်ပါက သင်သည် ဤဆင်းရဲဒုက္ခကို ခါးစည်းခံရန် မလွဲမသွေ တာဝန်ရှိသည်၊ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပြီး ယင်းကို မရှောင်လွှဲသင့်ပေ။
လူအချို့က “ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ကျွန်ုပ်သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ခါးစည်းခံခဲ့ရသည်၊ သို့ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို ရရှိခဲ့သနည်း” ဟု အစဉ်ပြောဆိုကြသည်။ ဤသို့ပြောဆိုခြင်းသည် မှန်ကန်သလော။ (မဟုတ်ပါ။) ယင်းက မည်သို့ မှားယွင်းသနည်း။ (၎င်းတို့က ဤသို့ပြောဆိုနိုင်သည်ဟူသော အချက်က ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ မရရှိခဲ့ကြောင်းနှင့် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်း မဟုတ်ကြောင်း သက်သေပြနေပါသည်။) လူတို့ ခါးစည်းခံသင့်သော ဆင်းရဲဒုက္ခများစွာ ရှိသည်၊ သို့ဆိုလျှင် ၎င်းတို့သည် ဆင်းရဲဒုက္ခခါးစည်းခံရခြင်းမှ တစ်စုံတစ်ခုကို ရရှိရမည်လော။ ဤသည်မှာ ဆင်းရဲဒုက္ခနှင့်ပတ်သက်သည့် လူတို့၏ နားလည်မှုနှင့် အမြင်ရှုထောင့်များနှင့် သက်ဆိုင်လေသည်။ ဤဆင်းရဲဒုက္ခသည် သင် ခါးစည်းခံသင့်သောအရာ၊ သင် မလွဲမသွေ ခါးစည်းခံရမည့်အရာနှင့် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသောအရာ ဖြစ်ပါက၊ ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းအားဖြင့် သင် အတိအကျ မည်သည့်အရာကို ရရှိနိုင်သနည်း။ ဥပမာအားဖြင့် လူတို့သည် သားသမီးများကို ပြုစုပျိုးထောင်ရသည့် ဆင်းရဲဒုက္ခ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခံရသည့် ဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းမှ တစ်စုံတစ်ခုကို မလွဲမသွေ ရရှိချင်မှ ရရှိနိုင်ပေမည်။ သို့ဆိုလျှင် သင်သည် ဤဆင်းရဲဒုက္ခကို ခါးစည်းခံမည်လော၊ သို့မဟုတ် ခါးစည်းမခံဘဲ နေမည်လော။ ဤသည်မှာ လူတစ်ဦး လျှောက်လှမ်းသော လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်လေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ အမှုကို တွေ့ကြုံနေစဉ် အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိပါက၊ ၎င်းတို့သည် ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းမှ အကျိုးကျေးဇူးများ ရရှိလိမ့်မည်။ ဤအရာက လူတို့တွင် ကျိုးနွံနာခံရန် စိတ်ပိုင်းဖြတ်မှု ရှိဖို့နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံဖို့ လိုအပ်သည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို အပေးအယူလုပ်လိုသော စိတ်ထားဖြင့် ချဉ်းကပ်၍ မရနိုင်ပေ။ လူအချို့က “ကျွန်ုပ်သည် အားထုတ်မှု အနည်းငယ် ပြုလုပ်ပါက အပြန်အလှန် တစ်စုံတစ်ခုကို ရရှိသင့်သည်။ ကျွန်ုပ်သည် ဆင်းရဲဒုက္ခ အနည်းငယ်ကို ခါးစည်းခံပါက ချိုမြိန်မှု အနည်းငယ်ကို ရိတ်သိမ်းသင့်သည်။ ထိုသို့မှသာ ဤဆင်းရဲဒုက္ခသည် ခါးစည်းခံရကျိုးနပ်ပြီး ဤသည်မှာသာ ကျွန်ုပ်၏ ဆင်းရဲဒုက္ခ၏ တန်ဖိုး တည်ရှိရာ ဖြစ်သည်” ဟု ပြောဆိုကြသည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်သလော။ (မမှန်ပါ။) သို့ဆိုလျှင် ဆင်းရဲဒုက္ခ ကိစ္စရပ်နှင့်ပတ်သက်လာလျှင် မည်သို့သော နားလည်မှုမျိုးနှင့် မည်သို့သော သဘောပေါက်နားလည်မှုမျိုးက မှန်ကန်သနည်း။ (ကျွန်ုပ်တို့ ခါးစည်းခံသော ဆင်းရဲဒုက္ခသည် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသောအရာဖြစ်ပြီး ကျွန်ုပ်တို့ ခါးစည်းခံသင့်သောအရာ ဖြစ်ပါက ကျွန်ုပ်တို့သည် ယင်းကို လက်ခံရန် မလွဲမသွေ တာဝန်ရှိပါသည်။ အဆုံးတွင် ကျွန်ုပ်တို့ မည်သည့်အရာကိုမျှ မရရှိလျှင်ပင် ကျွန်ုပ်တို့ မညည်းညူသင့်ပါ။ ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံလျက် ကျိုးနွံနာခံသော သဘောထားတစ်ခု ရှိသင့်ပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံစဉ်တွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သမ္မာတရားကို ရရှိခြင်းအပေါ် အာရုံစိုက်သင့်ပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့ ခါးစည်းခံသော ဆင်းရဲဒုက္ခသည် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိပါသည်။) မကြာခဏဆိုသလို ဆင်းရဲဒုက္ခ၏ အပြုသဘောဆောင်သော ရည်ရွယ်ချက်မှာ အပြုသဘောဆောင်သောအရာများ၏ တည်ရှိမှုကို ကာကွယ်စောင့်ရှောက်ရန်နှင့် နောက်ဆုံး၌ တစ်စုံတစ်ခုကို ရရှိနိုင်ရန်အပြင် သမ္မာတရားကို ရရှိနိုင်ပြီး သမ္မာတရားကို သိကျွမ်းလာနိုင်ရန် ဖြစ်သည်။ ဤသည်မှာ အလွန်ကောင်းမွန်သော ပန်းတိုင်တစ်ခု ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်၌ ဆင်းရဲဒုက္ခကို ထူးခြားမှုမရှိသော ဖြစ်စဉ်တစ်ခုအတွင်း မကြာခဏ တွေ့ကြုံရပြီး ခါးစည်းခံရလေသည်။ သင်သည် ရေတိုအတွင်း ယင်းကို အကျဉ်းချုပ်သုံးသပ်သောအခါ သင် မည်သည့်အရာကိုမျှ မရရှိခဲ့ကြောင်း၊ သင်သည် ရုပ်ပိုင်းဆိုင်ရာအရ အတော်အတန် ပင်ပန်းနွမ်းနယ်နေကြောင်း၊ ရောဂါအချို့ကိုပင် သင် ခံစားရနိုင်ကြောင်းနှင့် သမ္မာတရားတွင် သင် မည်သည့် တိုးတက်မှုမျှ မရှိခဲ့ကြောင်း၊ အသက်နှင့်ပတ်သက်၍ ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှု မရှိကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမိုနက်ရှိုင်းစွာ နားလည်မှု မရရှိခဲ့ကြောင်းတို့ကို သင် တွေ့ရှိရသည်။ သို့ဆိုလျှင် ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းသည် အချည်းနှီးဖြစ်သလော။ လူအချို့က “ဤအခြေအနေတွင် ထိုသို့သော ခက်ခဲသည့် ပတ်ဝန်းကျင်မှ ကျွန်ုပ်ကို ဖယ်ရှားပေးရန် ဘုရားသခင်ထံ ကျွန်ုပ် ဆုတောင်းနိုင်သလော။ သို့ဆိုလျှင် ထိုသို့သော ခက်ခဲသည့် ပတ်ဝန်းကျင်ကို ရှောင်ရှားရန်နှင့် ငြင်းပယ်ရန် ကျွန်ုပ်တွင် အကြောင်းပြချက်များ ရှိသလော” ဟု တွေးကြသည်။ ဤသို့တွေးခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤကိစ္စကို သင် ဤနည်းဖြင့် နားလည်ရန် လိုအပ်သည်။ ဆင်းရဲဒုက္ခမှ အပြုသဘောဆောင်ပြီး ကောင်းမွန်သောအရာအချို့ကို ရရှိနိုင်ခြင်းသည် လူတစ်ဦး အသည်းအသန် မျှော်လင့်တောင့်တမိမည့်အရာဖြစ်ပြီး ယင်းမှာ ဆင်းရဲဒုက္ခက နောက်ဆုံးတွင် ဆောင်ကြဉ်းပေးနိုင်သည့် အကောင်းဆုံး ရလဒ် ဖြစ်သည်။ သို့ရာတွင် သင်၏ နေ့စဉ်ဘဝတွင် သင်ခါးစည်းခံသော ဆင်းရဲဒုက္ခသည် ဘုရားသခင် စီစဉ်ထားသောအရာနှင့် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသောအရာ ဖြစ်ပါက၊ ပြီးလျှင် ကယ်တင်ခြင်းသို့ ရောက်ရန် သင် မလွဲမသွေ တွေ့ကြုံရမည့်အရာ ဖြစ်ပါက၊ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူရမည်ဖြစ်ပြီး ယင်းကို မှန်ကန်စွာ ချဉ်းကပ်ရမည်ဖြစ်သည်။ ယင်းကို သင် မည်သို့ မှန်ကန်စွာ ချဉ်းကပ်နိုင်သနည်း။ သင်သည် မှန်ကန်သော အတွေးနှင့် အမြင်တစ်ခု ရှိရမည်။ ဆင်းရဲဒုက္ခသည် လူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် လူတို့ အသက်ရှင်နေထိုင်စဉ် ၎င်းတို့ မလွဲမသွေ တွေ့ကြုံရမည့် အဆင့်တစ်ခုဖြစ်ကာ မည်သူမျှ မရှောင်လွှဲနိုင်ကြောင်းကို သင် နားလည်ရမည်ဖြစ်သည်။ သေချာသည်မှာ ယင်းသည် ကယ်တင်ခြင်းသို့ ရောက်ရန် လူတိုင်း မလွဲမသွေ တွေ့ကြုံရမည့် အဆင့်တစ်ခုလည်း ဖြစ်သည်။ အဆုံးတွင် သင်သည် မည်သည့် နှစ်သိမ့်မှု ခံစားချက်ကိုမျှ မရရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင် ဆင်းရဲဒုက္ခခါးစည်းခံရသည့် အကြိမ်တိုင်းတွင် သင် လိုလားသည်၊ ယင်းကို ဘုရားသခင်ထံမှ ခံယူနိုင်ပြီး ကျိုးနွံနာခံသော သဘောထားတစ်ခု ရှိကာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် မည်သည့်အခါမျှ မကြိုးစားပေ။ ထိုသို့သော လမ်းကြောင်းကို လျှောက်လှမ်းခြင်းနှင့် ဤရွေးချယ်မှုကို ပြုလုပ်ခြင်းသည် ဖန်ဆင်းခံတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဖြစ်သည်။ ပြီးလျှင် ယင်းမှာ ဖန်ဆင်းရှင် စီစဉ်ထားသော ဘဝခရီးလမ်းအပေါ် သင် ထားရှိသင့်သည့် သဘောထား ဖြစ်သည်။ ယင်းမှာ ဘဝ၏ အခက်အခဲများအပေါ် လူတစ်ဦး ထားရှိသင့်သည့် သဘောထား ဖြစ်လေသည်။ အခက်အခဲများကို လက်ခံခြင်းနှင့် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်းသည် သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းတွင် ပါဝင်သောကြောင့် သင်သည် ယင်းတို့ကို မရှောင်ရှားသင့်သည့်အပြင် ယင်းတို့ကို ခါးစည်းခံမည် သို့မဟုတ် ခါးစည်းခံမည် မဟုတ်ဟူသည်ကိုလည်း မရွေးချယ်သင့်ပေ။ ကယ်တင်ခြင်းသို့ ရောက်ရန် လူတိုင်းသည် ဘဝတွင်လည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်သည့် ဖြစ်စဉ်တွင်လည်းကောင်း ဆင်းရဲဒုက္ခအချို့ကို မလွဲမသွေ ခါးစည်းခံရမည်ဖြစ်သည်။ သေချာသည်မှာ ကျွန်ုပ်တို့ ပြောဆိုနေသည့် ဆင်းရဲဒုက္ခသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားရန် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကို လိုက်စားရန် လူတို့ ခါးစည်းခံသည့် အမျိုးအစားမဟုတ်ဘဲ ထိုအစား လူ့ဘဝ၏ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်းနှင့် ကယ်တင်ခြင်းကို လိုက်စားခြင်း ဖြစ်စဉ်တွင် လူတိုင်း မလွဲမသွေ ခါးစည်းခံရမည့် ဆင်းရဲဒုက္ခအချို့ ဖြစ်သည်။ ဤဆင်းရဲဒုက္ခမျိုးသည် ဘဝ၏ အစိတ်အပိုင်းတစ်ခု၊ ရှင်သန်ခြင်း ဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထို့ထက်မက နောက်ဆုံးတွင် ကယ်တင်ခြင်းသို့ ရောက်ရန် လူတို့ မလွဲမသွေ တွေ့ကြုံရမည့် အဆင့်တစ်ခု ဖြစ်သည်။ သင်သည် ယင်းကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ ဤသည်မှာ ခက်ခဲသည့် ပတ်ဝန်းကျင်များအပေါ် သင် ထားရှိသင့်သည့် သဘောထားဖြစ်ပြီး ယင်းသည် သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုလည်း ဖြစ်သည်။ ဆိုလိုသည်မှာ ဆင်းရဲဒုက္ခသည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သင်၏ ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ယင်းမှာ အပိုအရာတစ်ခု မဟုတ်ပေ။ ယင်းမှာ ဖန်ဆင်းခံတိုင်းအတွက် ဖန်ဆင်းရှင် စီစဉ်ပေးသောအရာ ဖြစ်သည်။ ဆင်းရဲဒုက္ခ၏ အတိုင်းအတာ၊ အချိန်ကိုက်ဖြစ်မှုနှင့် ကြာမြင့်ချိန်တို့သည် လူတိုင်းအတွက် ကွဲပြားသော်လည်း လူတိုင်းသည် ယင်းကို မလွဲမသွေ တွေ့ကြုံရမည်ဖြစ်သည်။ လူတိုင်းသည် ဤအတားအဆီးကို မလွဲမသွေ ကျော်လွှားရမည်ဖြစ်သည်။ ဤသည်မှာ လူတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခု ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ ထမ်းဆောင်လိုပါက ဆင်းရဲဒုက္ခကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်သည်၊ ယင်းကို မငြင်းပယ်သင့်သည့်အပြင် ယင်းအပေါ် အတိုက်အခံလုပ်လိုစိတ် မခံစားရသင့်ပေ။ သေချာသည်မှာ သင်သည် ဂုဏ်ယူဝင့်ကြွားရန် သို့မဟုတ် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားဖို့ ဆင်းရဲဒုက္ခကို ပို၍ပင် အသုံးမပြုသင့်ဘဲ ထိုအစား ဆင်းရဲဒုက္ခကို သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုအနေဖြင့် လက်ခံသင့်သည်။ ယင်းကို ဤနည်းဖြင့် သဘောပေါက်နားလည်ခြင်းသည် စင်ကြယ်သည်ဟု သင်တို့ ဆိုမည်လော။ ယင်းသည် သမ္မာတရားနှင့် အညီဖြစ်သလော။ (ဖြစ်ပါသည်။) ယင်းကို ဤနည်းဖြင့် သဘောပေါက်နားလည်ခြင်းအားဖြင့် သင်သည် ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ ပိုမိုနက်ရှိုင်းပြီး ပို၍ လက်တွေ့ကျသော နားလည်မှုအပြင် မှန်ကန်သော စိတ်ထားတစ်ခုကို ရရှိမည်မဟုတ်လော။ (ဟုတ်ပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်သည် ဆင်းရဲဒုက္ခအပေါ် အတိုက်အခံလုပ်လိုစိတ် ခံစားရမည်မဟုတ်သည့်အပြင် အချို့သော ပတ်ဝန်းကျင်များတွင် ကျွန်ုပ် ရောက်ရှိနေသည့်အခါ ကျိုးနွံနာခံရန် လွယ်ကူပါလိမ့်မည်။) ကျိုးနွံနာခံနိုင်ခြင်းနှင့် အတိုက်အခံလုပ်လိုစိတ် မခံစားရခြင်းဟူသည်မှာ ဆင်းရဲဒုက္ခအပေါ် ဖန်ဆင်းခံတစ်ဦး ထားရှိသင့်သည့် သဘောထား ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဖြစ်စဉ်တွင် သင်သည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံပြီး အဖိုးအခများစွာ ပေးဆပ်ရလျှင်ပင်၊ ပြီးလျှင် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအချို့ကို သင် ခါးစည်းခံရလျှင်ပင် ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းနှင့် ဤအဖိုးအခကို ပေးဆပ်ခြင်းနှင့်ပတ်သက်၍ သင့်တွင် မှန်ကန်သော သဘောပေါက်နားလည်မှု ရှိသည်နှင့်တစ်ပြိုင်နက် ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းသည် သင့်အတွက် အရင်းအနှီးတစ်မျိုး ဖြစ်သည်ဟု သင် ခံစားရမည်မဟုတ်ပေ။ သင်၏ ဆင်းရဲဒုက္ခကြောင့် သင့်ကိုယ်သင် ကုသိုလ်ပြုထားသူတစ်ဦးအဖြစ် ရှုမြင်မည်မဟုတ်သည့်အပြင် အခြားသူများက သင့်ကို အထင်ကြီးလေးစားစေရန်အလို့ငှာ သင်၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် ဖြည့်ဆည်းကူညီမှုများအတွက် သက်သေခံရန် သင် မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်းကိုလည်း သင် ကြွားဝါမည်မဟုတ်ပေ။ သင်သည် မိမိ၏ ဝါရင့်မှုကို ကြွားဝါမည်မဟုတ်၊ အတိတ်မှ အောင်မြင်မှုများအပေါ် သာယာ၍နေမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားမည်မဟုတ်ပေ။ သင်သည် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့ရသောကြောင့် ဘုရားအိမ်တော်တွင် အထူးဆက်ဆံမှုကို တောင်းဆိုရန် သို့မဟုတ် မည်သူ့ထံမှမဆို အသိအမှတ်ပြုခံရရန် တောင်းဆိုဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ဆင်းရဲဒုက္ခသည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် ထမ်းဆောင်သင့်ပြီး ဖန်ဆင်းရှင်ရှေ့မှောက်တွင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုဖြစ်သည်ဟု သင် ယုံကြည်ပါက ဘုရားသခင်ထံမှ ဆုလာဘ်များ တောင်းဆိုရန် သို့မဟုတ် ဘုရားသခင်က သင့်ကို ကယ်တင်စေရန် ဆင်းရဲဒုက္ခကို အရင်းအနှီးအဖြစ် သင် အသုံးမပြုသင့်ပေ၊ မှန်သလော။ (မှန်ပါသည်။) သင်သည် ဤနည်းအတိုင်း ပြုမူပါက ယင်းက သမ္မာတရားကို လိုက်စားရန် သင်၏ စိတ်ပိုင်းဖြတ်မှုကို လှုံ့ဆော်ပေးနိုင်သလော။ (မလှုံ့ဆော်ပေးနိုင်ပါ။) ဤနည်းအတိုင်း ပြုမူခြင်းသည် ဘုရားသခင်နှင့် အပေးအယူတစ်ခု လုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်မှာ သိသာထင်ရှားပြီး ယင်းမှာ သူ ရွံရှာသောအရာ ဖြစ်သည်။
အတိတ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံခဲ့ကြပြီး သေချာသည်မှာ ထိုနေ့ရက်များကို ဖြတ်သန်းရန် အတော်အတန် ခက်ခဲခဲ့ကြသည်။ အဆင်းနီသော နဂါးကြီး ပြုလုပ်သည့် ဖမ်းဆီးခြင်းများနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကြောင့် ပတ်ဝန်းကျင်သည် အလွန်အမင်း ဆိုးရွားခဲ့သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်းအတွက် ဖမ်းဆီးခံရပြီး ထောင်ချခံရမည့် အန္တရာယ်ရှိခဲ့ကြသည်။ လူအချို့သည် ဝရမ်းထုတ်ခြင်းခံရပြီး နေရပ်မှ စွန့်ခွာကာ ပြည်ပြေးများကဲ့သို့ နေထိုင်ရုံသာ တတ်နိုင်ခဲ့ကြပြီး အိမ်သို့ မပြန်နိုင်ခဲ့ကြပေ၊ ပြီးလျှင် မိမိတို့ဘာသာ အထီးကျန်ပြီး အကူအညီမဲ့သည်ဟု ခံစားရသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မကြာခဏ ခါးသီးစွာ ငိုကြွေးပြီး ဆုတောင်းခဲ့ကြသည်။ ၎င်းတို့၏ နေထိုင်မှု အခြေအနေများအရဖြစ်စေ၊ ၎င်းတို့ လိုက်လံဖမ်းဆီးခံရသော ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေခြင်းအရဖြစ်စေ ၎င်းတို့သည် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံခဲ့ကြသည်။ ထို့နောက်တွင် ဤလူတို့သည် ဘုရားအိမ်တော်နှင့် ဘုရားအိမ်တော်၏ အလုပ်အတွက် ၎င်းတို့က ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်အတွက် ဂုဏ်ပြုထိုက်သော အစေခံမှု ပြုလုပ်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်သည် ကြီးမားသော ဘုန်းအသရေကို ရရှိသည့်အခါ ၎င်းတို့သည် သူ၏ ဘုန်းအသရေတွင် ဝေစုတစ်ခု ရရှိသင့်သည်ဟုလည်းကောင်း အစဉ် ခံစားခဲ့ကြသည်။ ဤသို့သော အမြင်နှင့် သဘောထားဖြင့် ၎င်းတို့သည် မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်း၊ မည်သည့်နှစ်နှင့် လသည် ၎င်းတို့အတွက် နာကျင်ရဆုံးဖြစ်ကြောင်း၊ ပြီးလျှင် ထိုအချိန်က ၎င်းတို့သည် နေ့ဘက်တွင် အစာမစားနိုင်သည်အထိ မည်သို့ ညှဉ်းပန်းခံခဲ့ရကြောင်းနှင့် ညဘက်တွင် အိပ်မက်ဆိုးများကြောင့် မကြာခဏ လန့်နိုးခဲ့ရကြောင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ကိုယ်အလေးချိန် များစွာ ကျဆင်းသွားသည်အထိ မည်သို့ ညှဉ်းပန်းခံခဲ့ရကြောင်းတို့ကို အမျိုးမျိုးသော အချိန်အခါများတွင် မကြာခဏ သက်သေခံလေ့ရှိကြသည်။ ၎င်းတို့ကို ကြားရသူအားလုံးက အထင်ကြီးလေးစားမှုနှင့် အားကျမှုကို ခံစားခဲ့ကြရသည်။ သေချာသည်မှာ လူအနည်းငယ်က မနာလိုမှုကိုလည်း ခံစားရလိမ့်မည်။ ထိုလူများ ပြန်လည်ပြောပြသည့် အခက်အခဲ အတွေ့အကြုံများကြောင့် မျက်ရည်ကျသည်အထိ တို့ထိခံစားခဲ့ရသူအချို့လည်း ရှိပြီး ၎င်းတို့က “သင် ဤမျှလောက် ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရသည်မှာ တကယ်ကို အထင်ကြီးလေးစားဖွယ် ကောင်းလှပါသည်။ သင်က ကျွန်ုပ်တို့ကို ဤကဲ့သို့ မျက်ရည်ကျသည်အထိ တို့ထိခဲ့သည်၊ ဘုရားသခင်လည်း အလွန် တို့ထိခံရမည်မှာ သေချာပါသည်။ သင်၏ ဆင်းရဲဒုက္ခသည် အလွန် တန်လှပါသည်။ သင်က အံ့မခန်းဖြစ်ပါသည်” ဟု ပြောဆိုခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအကြောင်းကို အချိန်အခါ တစ်ခုတည်းတွင်သာ သက်သေခံလေ့မရှိကြပေ။ ထိုအစား မတူညီသော အချိန်အခါများစွာတွင် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်းနှင့် ဤဆင်းရဲဒုက္ခမှတစ်ဆင့် ၎င်းတို့ မည်မျှ ပြီးမြောက်အောင်မြင်ခဲ့ကြောင်းနှင့် ဘုရားအိမ်တော်အတွက် မည်မျှ ပံ့ပိုးကူညီခဲ့ကြောင်းတို့ကို မကြာခဏ သက်သေခံလေ့ရှိကြသည်။ သို့တိုင်အောင် ၎င်းတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့် သမ္မာတရားကို ၎င်းတို့ မည်မျှ နားလည်လာခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ဖယ်ရှားခဲ့ကြောင်း၊ အသက်တာတွင် ၎င်းတို့ မည်မျှ ကြီးထွားလာခဲ့ကြောင်း၊ ဘုရားသခင်အတွက် မည်သည့် သက်သေခံချက်များကို ၎င်းတို့ ပေးခဲ့ကြောင်း၊ အသင်းတော်အလုပ်ကို လုပ်ဆောင်ရာတွင် မည်သည့် ရလဒ်များကို ၎င်းတို့ ရရှိခဲ့ကြောင်း၊ သို့မဟုတ် မည်သည့် တရားမျှတသော ကိစ္စရပ်များကို ၎င်းတို့ ကာကွယ်ပေးခဲ့ကြောင်းတို့ကိုမူ ၎င်းတို့ လုံးဝ ပြောဆိုလေ့မရှိကြပေ။ ၎င်းတို့တွင် ပေးစရာ ထိုသို့သော သက်သေခံချက် မရှိခဲ့ပေ။ ၎င်းတို့ ပြောဆိုခဲ့သောအရာအားလုံးမှာ ၎င်းတို့ မည်သို့ ဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ရကြောင်းနှင့် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ရကြောင်းတို့သာ ဖြစ်သည်။ ၎င်းတို့၏ အဆုံးစွန်သော ပန်းတိုင်မှာ ၎င်းတို့သည် ကြိုးစားလုပ်ဆောင်ခဲ့ပြီး ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဤပံ့ပိုးကူညီမှုများသည် ဖျောက်ဖျက်၍မရနိုင်ကြောင်း၊ ၎င်းတို့သည် ဘုရားအိမ်တော်တွင် မဏ္ဍိုင်များဖြစ်ပြီး ထောက်တိုင်များဖြစ်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အထူး ဆက်ဆံမှုကို ပျော်မွေ့ခံစားသင့်ပြီး လူတို့၏ ရိုသေလေးစားမှုကို ပျော်မွေ့ခံစားသင့်ကြောင်း လူတို့ကို သိစေရန် ဖြစ်သည်။ လူတို့သည် ၎င်းတို့ကို အားကျပြီး အထင်ကြီးလေးစားရုံသာမက ၎င်းတို့ကို ချီးမြှောက်ပြီး ၎င်းတို့၏ ဆင်းရဲဒုက္ခအတွက် သက်သေခံသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ဆင်းရဲဒုက္ခသည် မည်မျှ “အံ့မခန်းဖြစ်သည်” နှင့် မည်မျှ “ဒုက္ခခံရကျိုးနပ်သည်” ကို ကြည့်လော့။ ၎င်းတို့သည် လူတိုင်း၏ ချီးမွမ်းမှုကို ရရှိခဲ့ကြကာ ချီးမွမ်းသံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၍ ၎င်းတို့၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။ ငါ့ကို ပြောလော့၊ ၎င်းတို့၏ ဆင်းရဲဒုက္ခသည် ဒုက္ခခံရကျိုးနပ်သလော။ ဤလူတို့သည် အံ့မခန်းဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်နှင့်အတူ သူ၏ ဘုန်းအသရေတွင် ဝေမျှခံစားနိုင်သလော။ (မခံစားနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ကိုယ်တိုင်အကြောင်းကို ဤနည်းဖြင့် သက်သေခံခြင်းတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (၎င်းတို့သည် ဆင်းရဲဒုက္ခများစွာ ခါးစည်းခံခဲ့ရကြောင်းကို လူတို့ မြင်တွေ့စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လူတို့က ၎င်းတို့ကို အထင်ကြီးလေးစားစေရန်နှင့် ၎င်းတို့ကို ကြည်ညိုစေရန် ဖြစ်ပါသည်။) ၎င်းတို့သည် ဘုန်းအသရေကို ရရှိလိုခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ ဆင်းရဲဒုက္ခကို ဘုန်းအသရေနှင့် လဲလှယ်ရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့သည် သရဖူများနှင့် ဆုလာဘ်များနှင့် လဲလှယ်ရန်အတွက်သာ လုံးလုံးလျားလျား လုပ်ဆောင်နေခဲ့ခြင်း မဖြစ်နိုင်ပေ။ အရေးအကြီးဆုံးမှာ ၎င်းတို့သည် လူတို့အကြားတွင် ဘုန်းအသရေကို ရရှိလိုခဲ့ကြသည်၊ လူတို့အား ၎င်းတို့ကို ကိုးကွယ်စေလိုခဲ့ကြပြီး လူတို့က ၎င်းတို့ကို အထင်ကြီးလေးစားကာ ၎င်းတို့ကို မှတ်မိနေစေလိုခဲ့ကြသည်။ ၎င်းတို့သည် များစွာ တောင်းဆိုနေခဲ့ကြသလော။ ၎င်းတို့၏ ရည်မှန်းချက်များသည် ကြီးမားသလော။ (ဟုတ်ကဲ့၊ ကြီးမားပါသည်။) ငါပင်လျှင် သင်တို့အကြားတွင် ဘုန်းအသရေ ရရှိခြင်းအကြောင်းကို မည်သည့်အခါမျှ မပြောဝံ့ခဲ့ပေ။ ငါသည် မည်သည့်အရာအကြောင်းကို အစဉ် ပြောဆိုသနည်း။ သင်တို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခြင်း၊ သင်တို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ခေါ်ဆောင်လာခြင်း၊ သင်တို့ကို သမ္မာတရား နားလည်ရန်၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိရန်နှင့် စည်းမျဉ်းများနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိရန် ကူညီပေးခြင်း၊ ပြီးလျှင် သင်တို့အားလုံး ကယ်တင်ခြင်းခံရနိုင်စေရန်အလို့ငှာ သင်တို့ကို ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်လာခြင်းတို့ ဖြစ်သည်။ သို့သော် ငါသည် ဘုန်းအသရေ ရရှိခြင်းအကြောင်းကို မည်သည့်အခါမျှ မပြောဆိုပေ။ သို့ရာတွင် ထိုလူစားမျိုးသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့အတွက် ၎င်းတို့ မည်သို့ ဆင်းရဲဒုက္ခခါးစည်းခံရကြောင်းနှင့် အဖိုးအခကို မည်သို့ ပေးဆပ်ရကြောင်းတို့ကို အထူးတလည် သက်သေခံကြပြီး အစိုးရ၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ၎င်းတို့ မည်သို့ ခံခဲ့ရကြောင်းနှင့် လောကီသားများ၏ အသရေဖျက်ခြင်းနှင့် ဝေဖန်ခြင်းကို မည်သို့ ခံခဲ့ရကြောင်း၊ ၎င်းတို့သည် ဖယ်ကြဉ်ခံရမှု မည်မျှကို ခံစားခဲ့ရကြောင်း၊ မတရားမှု မည်မျှကို ၎င်းတို့ ခံစားခဲ့ရကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု မည်မျှကို ၎င်းတို့ ခါးစည်းခံခဲ့ရကြောင်းနှင့် ယင်းကို ၎င်းတို့ မည်သို့ ကျော်လွှားခဲ့ကြောင်းတို့ကို ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ ဆင်းရဲဒုက္ခအကြောင်းကို သက်သေခံလိုရုံသာမက ၎င်းတို့၏ ဆင်းရဲဒုက္ခကို ခါးစည်းခံနေစဉ်အတွင်း ၎င်းတို့ မည်မျှ ကြီးမြတ်ခဲ့ကြောင်း၊ ၎င်းတို့သည် မည်မျှ မြင့်မားသော အဆင့်အတန်းတွင် ရှိခဲ့ကြောင်းနှင့် ၎င်းတို့ မည်မျှ တစ်မူထူးခြားခဲ့ကြောင်းအပြင် ဤဖြစ်စဉ်အတွင်း ၎င်းတို့သည် ဇာတိပကတိ၏ အလိုဆန္ဒများကို မည်မျှ ကျော်လွန်နိုင်ခဲ့ကြောင်းတို့ကိုလည်း သက်သေခံလိုကြသည်။ ၎င်းတို့သည် ဘုန်းအသရေကို ရရှိလိုကြသည် မဟုတ်လော။ (ရရှိလိုကြပါသည်။) တစ်စုံတစ်ဦးသည် ၎င်းတို့ မည်သို့ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်းကို အစဉ် သက်သေခံနေပါက၊ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ရှုမြင်သည့် မှန်ကန်သော နည်းလမ်းကို ဖြန့်ဝေရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု သင်တို့ ထင်သလော၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခနှင့်ပတ်သက်သော ဇာတ်ကြောင်းကို သက်သေခံရန်နှင့် ဖြန့်ဝေရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု သင်တို့ ထင်သလော။ (၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခ ဇာတ်ကြောင်းကို သက်သေခံရန်နှင့် ဖြန့်ဝေလိုကြပါသည်။) ၎င်းတို့သည် မိမိတို့ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို အသုံးချ၍ ဘုရားသခင်နှင့် အပေးအယူလုပ်ကာ သူ၏ ဘုန်းအသရေကို သူနှင့်အတူ မျှဝေခံစားရန် လိုလားကြသည်။ ဤသည်မှာ ၎င်းတို့ အားပေးထောက်ခံသည့်အရာ ဖြစ်သည်။ ၎င်းတို့ သွားလေရာရာတိုင်းတွင် ဧဝံဂေလိတရား ဟောကြားနေစဉ်အတွင်း ဘာသာရေးသမားများ၏ ရိုက်နှက်ခြင်း၊ ကျိန်ဆဲခြင်း၊ နှင်ထုတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ၎င်းတို့ အကြိမ်မည်မျှ ခံခဲ့ရကြောင်းနှင့် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်း၊ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် လောကီသားများ၏ ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်းနှင့် နှုတ်ဖြင့် ဆဲရေးခြင်းတို့မှ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်း၊ ပြီးလျှင် အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရခြင်း၊ နေရာအနှံ့ ပုန်းအောင်းနေရခြင်း၊ ပြန်စရာ အိမ်မရှိခြင်းနှင့် လူသားကဲ့သို့ပင် ခေါင်းချစရာ နေရာပင် မရှိခြင်းတို့ကြောင့် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်းတို့ကို သက်သေခံကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း ဇာတိပကတိ၏ နာမကျန်းဖြစ်မှုကို ကျော်လွှားခဲ့စဉ်က အခက်အခဲ မည်မျှကို ၎င်းတို့ ကျော်လွှားခဲ့ကြောင်းနှင့် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်းကို သက်သေခံသည့် လူအချို့လည်း ရှိသည်။ ၎င်းတို့သည် ဤအရာများကို အခြားသူများရှေ့တွင် မကြာခဏ ကြေညာတတ်သော်လည်း ၎င်းတို့၏ အသက်တာ အတွေ့အကြုံများနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မည်သည့်အခါမျှ မဝေမျှကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခ ဇာတ်ကြောင်းကိုသာ ဟောပြောပြီး သက်သေခံကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့က ၎င်းတို့ကို အထင်ကြီးလေးစားစေရန်သက်သက်သာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် လူတို့က အထင်ကြီးလေးစားသည်ကို လိုလားကြသည်။ သို့သော် ၎င်းတို့သည် ဘုရားသခင်ထံမှ မည်သည့်အရာကို အလိုရှိကြသနည်း။ ဘုရားသခင်ကလည်း ၎င်းတို့ကို အထင်ကြီးလေးစားသည်ကို ၎င်းတို့ လိုချင်ရုံသက်သက်သာလော။ ယင်းမှာ ၎င်းတို့ အလိုရှိသည့်အရာ အားလုံးမဟုတ်ပေ၊ မှန်သလော။ သို့ဆိုလျှင် ၎င်းတို့သည် ပေါလုနှင့် တူညီသော အမြင်ကို မျှဝေကြသည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ၎င်းတို့က “ဘုရားသခင်သည် ဘုန်းအသရေကို ရရှိပြီးဖြစ်သဖြင့် ကျွန်ုပ်သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေကို ရရှိသင့်သည်။ ကျွန်ုပ်သည် ဘုရားသခင်နှင့်အတူ ဆင်းရဲဒုက္ခခါးစည်းခံခဲ့သောကြောင့် ဘုရားသခင်၏ ဘုန်းအသရေတွင် ကျွန်ုပ်လည်း ဝေစုတစ်ခု ရရှိသည်။ ဘုရားသခင်သည် ရွှေသရဖူကို ဆောင်းထားပြီးဖြစ်သဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကိုလည်း ကျောက်မျက်ရတနာတစ်ခု ပေးသင့်သည်။ ဘုရားသခင်ကဲ့သို့ပင် ကျွန်ုပ်သည်လည်း လူသားမျိုးနွယ်၏ ကိုးကွယ်မှုနှင့် ကြည်ညိုလေးစားမှုကို မခံစားသင့်ပေလော” ဟု ပြောဆိုလျက် အဆုံးတွင် ဘုရားသခင်နှင့် အပေးအယူလုပ်ကြလေသည်။ ဤသည်မှာ ၎င်းတို့ ဆိုလိုနေသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ၎င်းတို့၏ ဆင်းရဲဒုက္ခအကြောင်းကို ဤနည်းဖြင့် သက်သေခံခြင်းသည် ၎င်းတို့အတွက် ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်နှင့် တန်းတူထားလိုကြပြီး ယင်းမှာ ကိုယ်တော် ရွံရှာသောအရာ ဖြစ်ပါသည်။ ၎င်းတို့သည် လူများကို လုယူရန် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေကြခြင်းလည်း ဖြစ်ပါသည်။) ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များနှင့် စေ့ဆော်ချက်များမှာ အဘယ်အရာဖြစ်သည်ကို ဘေးဖယ်ထားကြစို့၊ ၎င်းတို့ မိတ်သဟာယဖွဲ့သည့်အရာအရဆိုလျှင် သမ္မာတရားကို နားမလည်သော လူမည်မျှကို ၎င်းတို့ အထင်အမြင်မှားစေမည်နည်း။ လူတို့သည် ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ စင်ကြယ်သော သဘောပေါက်နားလည်မှု ကင်းမဲ့နေနှင့်ပြီးဖြစ်ကာ သမ္မာတရား၏ ဤကဏ္ဍကို နားမလည်ကြပေ။ ထို့အပြင် လူတို့၏ ဇာတိပကတိဆိုင်ရာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရအားဖြင့် အကဲဖြတ်ရလျှင် လူတိုင်းသည် ကောင်းချီးများရရှိခြင်းနှင့် ဆုလာဘ်များရရှိခြင်းကို နှစ်သက်ကြသည်။ သို့တိုင်အောင် ဤသို့သော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအကြောင်းကို အစဉ် သက်သေခံနေကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များအပြင် ၎င်းတို့၏ ပြောဆိုချက်များနှင့် လုပ်ရပ်များကိုယ်တိုင်ကလည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ လိုအင်ဆန္ဒများနှင့် တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနေသည်။ ဤနည်းဖြင့် ပြောဆိုခြင်းနှင့် ဤနည်းဖြင့် ပြုမူခြင်းအားဖြင့် ၎င်းတို့သည် လူတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ပိုမိုကြီးထွားစေသည်၊ ဆင်းရဲဒုက္ခကို ကောင်းချီးများနှင့် လဲလှယ်လိုသော လူတို့၏ လိုအင်ဆန္ဒကို ပိုမိုကြီးထွားစေသည့်အပြင် ဆင်းရဲဒုက္ခကို ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် လဲလှယ်ခြင်း၊ သူနှင့် အပေးအယူလုပ်ခြင်းဟူသည့် အတွေးနှင့် လက်တွေ့လုပ်ဆောင်မှုတို့ကိုလည်း ပိုမိုကြီးထွားစေသည်။ ဤအရာ၏ ရလဒ်အနေဖြင့် လူတို့သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း ပိုများသလော၊ သို့မဟုတ် ကျိုးနွံနာခံခြင်း ပိုနည်းသလော။ (ကျိုးနွံနာခံခြင်း ပိုနည်းပါသည်။) အဘယ်ကြောင့် ၎င်းတို့တွင် ကျိုးနွံနာခံခြင်း ပိုနည်းသနည်း။ (အကြောင်းမှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေနှင့်ပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခ အနည်းငယ်ကို ခါးစည်းခံရသောအခါ ယင်းကို ဘုရားသခင်နှင့် အပေးအယူလုပ်နိုင်သည့် အရင်းအနှီးတစ်ခုအဖြစ် သဘောထားတတ်ကြပြီး ထို့နောက် ထိုသို့သော လူများ၏ ပြောဆိုချက်များနှင့် လက်တွေ့လုပ်ဆောင်မှုများ၏ အထင်အမြင်မှားစေခြင်းကို ၎င်းတို့ ခံရသောအခါ ဆင်းရဲဒုက္ခကို ကောင်းချီးများနှင့် လဲလှယ်ခြင်းသည် တရားမျှတသည်ဟု ၎င်းတို့ ပို၍ပင် ခံစားကြရကာ ဘုရားသခင်နှင့် အပေးအယူလုပ်လိုသည့် ၎င်းတို့၏ ကိုယ်ပိုင် စက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်ကို ၎င်းတို့ ပို၍ပင် သတိမပြုမိနိုင်ကြပါ။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း ပို၍ပင် နည်းပါးသွားကြပါသည်။) ၎င်းတို့သည် ဤသို့လုပ်ဆောင်ရန်အတွက် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်ဟု ခံစားကြရပြီး ထောက်ခံအားပေးမည့်သူ ရှိသည်ဟု ခံစားကြရသည်။ ပြီးလျှင် ၎င်းတို့ စုပေါင်းသွားကြသောအခါ ၎င်းတို့က ပို၍ပင် အင်အားကြီးသည်ဟု ခံစားကြရသည်။ “လူများလေ အင်အားကြီးလေ ဖြစ်သည်။ အယောက်တိုင်းက ချိုးဖောက်နေချိန်တွင် ဥပဒေ မသက်ရောက်နိုင်။ လူတိုင်းက ဤနည်းအတိုင်း တွေးကြသည်၊ ဤနည်းအတိုင်း သဘောပေါက်နားလည်ကြပြီး ဤနည်းအတိုင်း လိုက်စားကြသည်။ ကျွန်ုပ်တို့အားလုံးက ဘုရားသခင်နှင့် အပေးအယူလုပ်ပြီး ကိုယ်တော့်ကို အကျပ်ကိုင်ပါက ကိုယ်တော်သည် ကျွန်ုပ်တို့ကို မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် ပြဿနာဖြစ်စေရန် လူအုပ်စုဖွဲ့နေကြပြီး ဘုရားသခင်ကို ဆန့်ကျင်ရန် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူများကို အသုံးပြုဖို့ စုပေါင်းနေကြသည်မှာ သိသာထင်ရှားလှသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအကြောင်းကို အဆက်မပြတ် သက်သေခံခြင်းအားဖြင့် ထိုလူတို့သည် အခြားသူများကို အထင်အမြင်မှားစေနေခြင်း မဟုတ်လော။ ၎င်းတို့သည် လူတို့ကို ပို၍ ဖောက်ပြန်ပျက်စီးစေနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအကြောင်းကို အဆက်မပြတ် သက်သေခံခြင်းသည် လူတို့ကို တည်ဆောက်ပေးရန် သို့မဟုတ် အပြုသဘောဆောင်သော ရလဒ်များ ထွက်ပေါ်စေရန် ပျက်ကွက်ရုံသာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက လူတို့ကို အမှန်တကယ် အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေသည်။ သို့ဆိုလျှင် ထိုသို့သော လူတို့သည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်နေကြသနည်း။ (စာတန်၏ အခန်းကဏ္ဍမှ ဖြစ်ပါသည်။) ၎င်းတို့သည် စာတန်၏ အခန်းကဏ္ဍမှ ပါဝင်နေကြသည်။ ဤသည်မှာ စာတန်က လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် လုံးဝ တူညီသည်။ စာတန်က “လူကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ။ လောကတွင် ဘုရားသခင် လုံးဝ မရှိပေ။ လူသည် မျောက်ဝံများမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်။ တစ်ဆင့်ပြီးတစ်ဆင့် မျောက်ဝံများသည် မတ်တတ်လမ်းလျှောက်လာကြပြီး ဆင့်ကဲပြောင်းလဲခဲ့လာကာ ယနေ့ခေတ် လူသားများဖြစ်လာကြသည်” ဟု ပြောဆိုသည်။ ဤအရာကို ကြားရသောအခါ လူတို့က ယင်းကို လက်ခံကြသည်။ “လူကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ။ လောကတွင် ဘုရားသခင် မရှိပေ။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ကျွန်ုပ်တို့ မမြင်နိုင်သော်လည်း မျောက်ဝံများသည် လူနှင့် အတော်အတန် ဆင်တူသည်ကို ကျွန်ုပ်တို့ မြင်နိုင်သောကြောင့် လူသည် မျောက်ဝံများမှ ဆင့်ကဲပြောင်းလဲလာကြောင်း ကျွန်ုပ်တို့ သေချာပါသည်” ဟူ၍ဖြစ်သည်။ လူတို့သည် စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူများကို လက်ခံသောအခါ ယင်းမှာ ရိုးရှင်းသော လက်ခံမှုတစ်ခု ဖြစ်သလော။ ယင်းမှာ တစ်စုံတစ်ခုကို စားလိုက်သော် အစာအိမ်ထဲသို့ ရောက်သွားပြီး မည်သည့်တုံ့ပြန်မှုမျှ မဖြစ်ပေါ်သကဲ့သို့ မဟုတ်ပေ။ ထိုအစား ဖြစ်ပျက်သည့်အရာမှာ စာတန်၏ သီးခြား အတွေးနှင့် အမြင်တစ်ခုက လူတို့၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားပြီး ၎င်းတို့၏ သွေးနှင့် ရိုးတွင်းခြင်ဆီထဲသို့ စိမ့်ဝင်သွားခြင်း ဖြစ်သည်။ ထို့နောက်တွင် လူတို့၏ အတွေးများနှင့် အမြင်များ ပြောင်းလဲသွားပြီး ၎င်းတို့၏ စာတန်ဆန်သော သဘာဝက ဖြစ်တည်လာလေသည်။ ဤအရာပြီးနောက်တွင် လူတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သံသယများ ဖြစ်ပေါ်လာပြီး အတိုက်အခံလုပ်လိုစိတ် ခံစားကြရကာ ယင်းတို့ကို လက်ခံရန် ငြင်းပယ်ကြသည်။ ၎င်းတို့က ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားခြင်းကို ငြင်းပယ်ကြပြီး “လူသည် မျောက်ဝံများမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်။ လူကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ” ဟု တွေးကြသည်။ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး အရာခပ်သိမ်းကို စီစဉ်ညွှန်ကြားသည်ဟူသည်နှင့် လူ၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟူသည်တို့နှင့်ပတ်သက်၍မူ လူတို့သည် ဤအမှန်တရားများကို မယုံကြည်ကြတော့ပေ။ ထို့နောက် စာတန်က သင့်ကို ပို၍ ဖောက်ပြန်ပျက်စီးစေပြီး “လူသည် သဘာဝကို အောင်နိုင်လိမ့်မည်” ဟု လည်းကောင်း၊ “ဘုရားသခင်နှင့် စစ်ခင်းရသည်မှာ ပျော်စရာကြီးဖြစ်၏။ ကမ္ဘာမြေကြီးနှင့် စစ်ခင်းရသည်မှာ ပျော်စရာကြီးဖြစ်၏။ ပြည်သူတို့နှင့် စစ်ခင်းရသည်မှာ ပျော်စရာကြီးဖြစ်၏။” ဟုလည်းကောင်း သင့်ကို ပြောဆိုသည်။ ဤအရာကို ကြားပြီးနောက် သင်သည် စာတန်၏ ပြောဆိုချက်များကို လက်ခံပြီး ဤအရာကို လုပ်ရန်နှင့် ထိုအရာကို လုပ်ရန် သဘာဝတရား၏ နိယာမများကို ဆန့်ကျင်လေသည်။ စာတန်၏ ဤအတွေးများနှင့် အမြင်များသည် သင့်ကို မသိမသာ လွှမ်းမိုးပြီး သင့်ကို တဖြည်းဖြည်းချင်း တစ်သားတည်းဖြစ်အောင် ပြောင်းလဲပုံသွင်းလိုက်သည်။ “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်” ဟူသော စကားများကို သင် တစ်ဖန် ကြားရသောအခါ သင်က “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် မည်သို့ အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ကို ကျွန်ုပ် မမြင်နိုင်ပေ။ ဘုရားသခင် မရှိပေ” ဟု ခံစားရသည်။ မြင်သလော။ လူတို့သည် စာတန်၏ လုံးလုံးလျားလျား ဖမ်းစားခြင်းကို ခံရပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ ဖမ်းစားခြင်းကို ခံရခြင်းသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးနှင့် အမြင်တစ်ခုကို လက်ခံခြင်းမှ စတင်လေသည်။
လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအကြောင်းကို အစဉ် သက်သေခံကြပြီး ဆင်းရဲဒုက္ခနှင့်ပတ်သက်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်ရှုထောင့်များကို ဖြန့်ဝေကြသည်။ လူတို့သည် ဤအတွေးများနှင့် အမြင်များကို လက်ခံသည်နှင့်တစ်ပြိုင်နက် ၎င်းတို့တွင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိသည်ဟူသော အချက်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ဟူသော အချက်တို့နှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းတို့သည် မိမိတို့၏ ဆင်းရဲဒုက္ခကို ကောင်းချီးများနှင့် လဲလှယ်နိုင်မည်ဟုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခများကို အသုံးချ၍ ဘုရားသခင်နှင့်အတူ သူ၏ ဘုန်းအသရေကို ဝေမျှခံစားနိုင်မည်ဟုလည်းကောင်း သေချာသည်ဟု ၎င်းတို့ အခိုင်အမာ ယူဆကြသည်။ ထို့နောက် ၎င်းတို့အားလုံး သွား၍ ဆင်းရဲဒုက္ခခံကြပြီး ၎င်းတို့အားလုံးသည် ဆင်းရဲဒုက္ခခါးစည်းခံခြင်းအပေါ် အာရုံစိုက်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြ၊ ၎င်းတို့ထဲမှ မည်သူမျှ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်းအပေါ် အာရုံမစိုက်ကြသည့်အပြင် ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားထဲသို့ အားထုတ်မှု မပြုလုပ်ကြပေ။ ထိုအစား ၎င်းတို့သည် မည်သူက ဆင်းရဲဒုက္ခကို ပို၍ ခါးစည်းခံနိုင်သည်ကို ကြည့်ရန် ယှဉ်ပြိုင်ကြသည်၊ မည်သူက ဆင်းရဲဒုက္ခ ပို၍ ခါးစည်းခံရသည်ကို ကြည့်ရန် ယှဉ်ပြိုင်ကြသည်၊ မည်သူက ပို၍ ဆိုးရွားသော အစားအစာကို စားပြီး ပို၍ စုတ်ပြတ်သော အဝတ်အစားများကို ဝတ်ဆင်သည်ကို ကြည့်ရန် ယှဉ်ပြိုင်ကြသည့်အပြင် မည်သူက ပို၍ စောစောထပြီး ပို၍ နောက်ကျမှ အိပ်ရာဝင်သည်ကို ကြည့်ရန် ယှဉ်ပြိုင်ကြသည်။ ဤသည်မှာ ၎င်းတို့ ယှဉ်ပြိုင်ကြသည့်အရာ ဖြစ်သည်။ လူအချို့သည် ထမင်းစားချိန်ရောက်သောအခါ သွား၍ မစားကြပေ။ ၎င်းတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရသည်မှာ အလွန် အလုပ်များလွန်းသဖြင့် မစားနိုင်ဟု ပြောဆိုကြပြီး ထမင်းတစ်နပ်ကို လွှတ်လိုက်ကြသည်။ ဤအရာကို ကြားရသောအခါ အခြားလူအချို့က “တစ်ခါတစ်ရံ ထမင်းတစ်နပ် လွှတ်လိုက်ရခြင်းက အဘယ်အရေးကြီးသနည်း။ ကျွန်ုပ်တွင် အစာအိမ်ရောဂါ ရှိသော်လည်း ယင်းက ကျွန်ုပ်၏ တာဝန်ထမ်းဆောင်မှုကို မနှောင့်နှေးစေခဲ့ပါ” ဟု ပြောဆိုကြသည်။ ထို့နောက် အခြားတစ်ဦးက “သင့်တွင် အစာအိမ်ရောဂါ ရှိသည်၊ ကျွန်ုပ်တွင်မူ အစာအိမ်အနာ ရှိသည်” ဟု ဖြည့်စွက်ပြောဆိုသည်။ ဤလူတို့ ပြောဆိုသည့်အရာကို နားထောင်ကြည့်လော့၊ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် မည်သူက ပို၍ ဆင်းရဲဒုက္ခခံရသည်နှင့် မည်သူ၏ ရောဂါက ပို၍ ဆိုးရွားသည်ကိုသာ ယှဉ်ပြိုင်ကြပြီး ဆင်းရဲဒုက္ခ အများဆုံးခံရသူကို ဘုရားသခင်က အနှစ်သက်ဆုံးဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုသို့သောအရာများကို ၎င်းတို့ ပြောဆိုသောအခါ ၎င်းတို့တွင် မည်သည့် ဆင်ခြင်တုံတရားမဆို ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် စိတ်ဖောက်ပြန်နေကြသည် မဟုတ်လော။ စိတ်ဖောက်ပြန်နေခြင်း၏ ဤသရုပ်သကန်များသည် အဘယ်မှ လာသနည်း။ ယင်းတို့သည် လူတို့က အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူများကို လက်ခံခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြပေ။ ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် သမ္မာတရား၏ ကဏ္ဍအားလုံးကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ထားပြီးဖြစ်သည့်တိုင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း မရှိသည့်အပြင် သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ပြုမူကြပြီး စာတန်က ၎င်းတို့ထဲသို့ သွတ်သွင်းထားသော အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးများနှင့် အမြင်များကို အခြေခံ၍ ပြုမူကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် တိုး၍ ဝေးကွာသွားကြပြီး အဆုံးတွင် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ် ဖြစ်လာကြသည်။ သို့ဖြစ်၍ မိမိ၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအကြောင်းကို အဆက်မပြတ် သက်သေခံခြင်းသည် ငါ့အမြင်တွင် မသင့်လျော်ပေ။ သင်တို့ မည်သို့ ထင်သနည်း။ (ယင်းမှာ မသင့်လျော်ပါ။ ဤအရာ၏ သဘောသဘာဝသည် အထူးသဖြင့် ဆိုးရွားပါသည်။) ဤအရာ၏ သဘောသဘာဝသည် ဆိုးရွားပြီး ယင်းက ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ဆင်းရဲဒုက္ခကို ဆုလာဘ်များနှင့် ကောင်းချီးများဖြင့် လဲလှယ်နိုင်သည်ဟု သင် ယုံကြည်ပါက သင်သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ သမ္မာတရားကို ရှာဖွေသင့်သည်။ သင်သည် ဘုရားသခင်နှင့် အငြင်းပွားရန် အစဉ် ကြိုးစားပြီး “ဘုရားသခင်၊ ကိုယ်တော့်ကို ယုံကြည်သည့် နှစ်များအတွင်း ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ကျွန်ုပ် မည်သို့ စွန့်လွှတ်ခဲ့ကြောင်းကို ကြည့်ရှုတော်မူပါ။ ကျွန်ုပ်သည် စီစီပီ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း ခံခဲ့ရပြီး ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့ရပါသည်။ ကျွန်ုပ်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် နာမကျန်းဖြစ်ခဲ့ပြီး ယခုအခါ ကျွန်ုပ်သည် လူလတ်ပိုင်းအရွယ်ဖြစ်ကာ ကျန်းမာရေး ချို့တဲ့နေပါသည်။ ကျွန်ုပ် ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခအားလုံးအတွက် အဆုံးတွင် ကိုယ်တော်သည် ကျွန်ုပ်ကို ဆုလာဘ်အချို့ သို့မဟုတ် သရဖူတစ်ခု ပေးနိုင်မည်လော။ အနာဂတ်တွင် နိုင်ငံတော်၌ တပ်မှူးတစ်ဦးဖြစ်ရခြင်းဖြင့်ပင် ကျွန်ုပ် ကျေနပ်ပါမည်” ဟု ဆုတောင်းပါက ဤသို့ ဆုတောင်းပြီးနောက် သင်၏ စိတ်ထဲ၌ မည်သို့ ခံစားရသည်ကို ကြည့်လော့။ သင်၏ ဆုတောင်းချက်တွင် မသန့်စင်မှုများ ပါဝင်ပြီး စေ့ဆော်ချက်များ ပါဝင်ကြောင်းကို သင် သတိမပြုမိနိုင်ပါက ယင်းက သင့်အတွက် ပြဿနာဖြစ်နေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်း၍မရနိုင်မည်ကို ငါ စိုးရိမ်သည်။ ထို့ကြောင့် သင့်ထံတွင် ဆင်ခြင်တုံတရား ရှိပါက သင်သည် ဆုတောင်းခြင်းတွင် သင်၏ အမြင်ရှုထောင့်များနှင့် သင်၏ စေ့ဆော်ချက်များကို ဘုရားသခင်ထံ တင်ပြသင့်သည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းကို တောင်းခံသင့်ပြီး ဘုရားသခင်အား သင့်အတွက် အမှုအရာများကို စစ်ဆေးခွင့်ပြုသင့်သည်။ သင်၏ အမြင်ရှုထောင့်များ မှန်ကန်ခြင်း ရှိမရှိဟူသည်နှင့်ပတ်သက်၍ သေချာမှု မရရှိမီတွင် သင်သည် မိမိ၏ အတွေးများနှင့် အမြင်များကို ညီအစ်ကိုမောင်နှမများအကြားတွင် လုံးဝ မဖြန့်ဝေသင့် သို့မဟုတ် သက်သေမခံသင့်ပေ။ သင် မည်သို့ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်းနှင့် အဖိုးအခကို မည်သို့ ပေးဆပ်ခဲ့ရကြောင်းတို့ကို သက်သေခံရန်ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ သင်သည် ဤသို့လုပ်ဆောင်ပါက သင့်တွင် မည်သည့် ဆင်ခြင်တုံတရားမျှ မရှိပေ။ ဤသည်မှာ ပေါလု၏ လိုက်စားမှုနှင့် တူညီသည်။ တစ်ချက်အနေဖြင့် သင်၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအကြောင်းကို ဤကဲ့သို့ သတင်းဖြန့်ခြင်းနှင့် သက်သေခံခြင်းသည် အခြားလူများကို ထိခိုက်စေလိမ့်မည်။ ထို့အပြင် သင်သည် လူများကို အထင်အမြင်မှားစေပြီး လူတိုင်းက သင့်ကို ကိုးကွယ်ကာ သင့်နောက်သို့ လိုက်ကြသည်နှင့်တစ်ပြိုင်နက် ဤအရာ၏ သဘောသဘာဝသည် ဆိုးရွားလာသည်။ သင် ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခသည် အချည်းနှီးဖြစ်သွားမည်သာမက သင်သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကိုလည်း ခံရလိမ့်မည်။ သို့ဆိုလျှင် သင် မည်သို့ ဆင်းရဲဒုက္ခခါးစည်းခံရကြောင်းနှင့် အဖိုးအခ ပေးဆပ်ရကြောင်းကို သက်သေခံခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ သင်၏ ကိုယ်ပိုင် ဆင်းရဲဒုက္ခအကြောင်းကို ဤနည်းဖြင့် သက်သေခံခြင်းသည် လူများကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ယင်းမှာ ပေါလု ပြုမူခဲ့သော နည်းလမ်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကို သက်သေခံရန် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူများကို ဖြန့်ဝေနေခြင်း ဖြစ်သည်။ သင် မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံရပါစေ ယင်းကို ကြွားဝါရန် မလိုအပ်ပေ။ သင်သည် ဆင်းရဲဒုက္ခခံရန် လိုလားပါက ဆက်လက်၍သာ လုပ်ဆောင်လော့။ သင်သည် လုံလောက်အောင် ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အရည်အချင်းပြည့်မီသည်ဟု ခံစားရပါက ဘုရားသခင်၏ ရှေ့မှောက်သို့ သွား၍ ကိုယ်တော့်ထံ ဆုတောင်းလော့။ ဘုရားသခင်က သင့်ကို အသိအမှတ်မပြုပါက ဆင်းရဲဒုက္ခကို ဆုလာဘ်များနှင့် လဲလှယ်ရန် ကြိုးစားသည့် ဤချဉ်းကပ်မှုသည် ဖြစ်နိုင်ခြေရှိမရှိဟူသည်ကို သင် ဆင်ခြင်သုံးသပ်ရမည်။ ယင်းက ဖြစ်နိုင်ခြေမရှိပါက ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိရန်အလို့ငှာ သင်သည် မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ရမည်။ သင်သည် “ငါ၏ ဆင်းရဲဒုက္ခမှာ အပြုသဘောဆောင်သည်။ ဤမျှလောက် ဆင်းရဲဒုက္ခ ခါးစည်းခံရခြင်းအတွက် ငါ ဆုလာဘ်တစ်ခု ရရှိခြင်းသည် တရားမျှတသည်။ အခြားသူများ ခါးစည်းမခံသော ဆင်းရဲဒုက္ခကို ငါ ခါးစည်းခံရမည်ဖြစ်ပြီး အခြားသူများ မခံရပ်နိုင်သော အခက်အခဲများကို ကျွန်ုပ် ခံရပ်ရမည်။ အကြောင်းမှာ ‘လူတို့တွင် အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမြတ်ဆုံးသော ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ရမည်’ ဟူသော ဆိုရိုးစကားရှိသောကြောင့် ဖြစ်သည်။ ဤအမြင်ရှုထောင့်သည် အတော်အတန် ကောင်းသည် မဟုတ်လော။ ယင်းက အလွန် ကြီးကျယ်ခမ်းနားပြီး အလွန် မှန်ကန်ပါသည်။ ငါသည် ယင်းကို စွဲကိုင်ထားရမည်ဖြစ်ပြီး မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်ပေ။ ဤသည်မှာ ဆုလာဘ်များ ရရှိရန်နှင့် ကောင်းချီးများ ရရှိရန်အတွက် လျှို့ဝှက်လက်နက်တစ်ခု ဖြစ်သည်” ဟု တွေးလျက် သင်၏ ကိုယ်ပိုင် လမ်းကြောင်းကို ခေါင်းမာစွာ ဖက်တွယ်ထားသည်ဟု ဆိုကြပါစို့။ ယင်းသည် လျှို့ဝှက်လက်နက်တစ်ခု ဖြစ်သလော။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေခြင်း မဟုတ်လော။ ဖြစ်နိုင်သည်မှာ သင်သည် နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်း၊ ကြိုးစားလုပ်ဆောင်ခဲ့ပြီး ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်းကို ဘုရားသခင် မြင်သောအခါ သူသည် သင့်အပေါ် ကျေးဇူးတော်အချို့ကို ပေးသနားကောင်း ပေးသနားမည်ဖြစ်ပြီး သင့်ကို ကျန်းမာသန်စွမ်းစေကာ သင်၏ ရောဂါဝေဒနာတိုင်းကို ကုသပေးကောင်း ကုသပေးမည်ဖြစ်သည်။ သို့မဟုတ် သင်သည် ထိုမျှလောက် မမိုက်မဲတော့စေရန် သူသည် သင့်ကို ဉာဏ်ရည်နှင့် ဉာဏ်ပညာအချို့ ပေးကောင်း ပေးမည်ဖြစ်သည်။ ဤအရာများအားလုံးသည် လွယ်ကူစွာ လုပ်ဆောင်နိုင်သောအရာများ ဖြစ်သည်။ ဤသည်မှာ သင် လိုချင်နေသောအရာ မဟုတ်လော။ ဘုရားသခင်က ဤအရာများကို လူတို့အပေါ် ပေးသနားရန်မှာ အလွန် လွယ်ကူလှပေမည်။ သို့သော် သင်၏ ဆင်းရဲဒုက္ခကို ဤအရာများနှင့် လဲလှယ်ခြင်းတွင် တန်ဖိုးတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။)
ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာကို ရရှိရန် သင်တို့ မျှော်လင့်ကြသနည်း။ သင်တို့တွင် ပန်းတိုင်များ ရှိသလော။ (ရှိပါသည်။) ဘုရားသခင်ကို ယုံကြည်ခြင်းတွင် သင်တို့၏ ပန်းတိုင်များသည် ယခုအခါ ရှင်းလင်းပြီလော။ (ယခုအခါ ရှင်းလင်းပါပြီ။) ဘုရားသခင်ကို ယုံကြည်ခြင်းတွင် သင် လုပ်သင့်သောအရာနှင့် မလုပ်သင့်သောအရာ၊ သင် လျှောက်လှမ်းသင့်သော လမ်းကြောင်းနှင့် သင် ငြင်းပယ်သင့်သော လမ်းကြောင်း၊ အချို့သော ပြဿနာများနှင့် အမှုအရာများ၏ အချို့သော ကဏ္ဍများကို သင် မည်သို့ သဘောပေါက်နားလည်ပြီး သိမြင်သင့်ပုံ၊ မည်သည့် အတွေးများနှင့် အမြင်များသည် မှန်ကန်ပြီး အပြုသဘောဆောင်ကာ လူတို့ ပိုင်ဆိုင်သင့်သည်ဟူသည်နှင့် မည်သည့် အတွေးများနှင့် အမြင်များသည် လွဲချော်ပြီး လမ်းကြောင်းမှန်မှ သွေဖည်ကာ အပျက်သဘောဆောင်သောအရာများဖြစ်ပြီး လူတို့က ပိုင်းခြားသိမြင်ကာ ငြင်းပယ်သင့်သည်ဟူသည်တို့ကို သင်တို့ သိကြသလော။ (အနည်းငယ် သိပါသည်။) လူတစ်ဦး ခါးစည်းခံနိုင်သော မည်သည့် ဆင်းရဲဒုက္ခမျိုးကိုမဆို ထိုသူ၏ အတွေးများနှင့် အမြင်များက စိုးမိုးထားလေသည်။ သေချာသည်မှာ ဤအရာကို နောက်တစ်ဆင့် ထပ်တက်ရလျှင် ယင်းက လူတို့၏ အတွေးများနှင့် အမြင်များ ပါဝင်ပတ်သက်နေသောကြောင့် ယင်းက ၎င်းတို့၏ ရွေးချယ်မှုများလည်း ပါဝင်ပတ်သက်နေသည်။ ပို၍ တိတိကျကျ ဆိုရလျှင် ယင်းက လူတို့၏ ရွေးချယ်မှုများ ပါဝင်ပတ်သက်နေသောကြောင့် ယင်းက ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းလည်း ပါဝင်ပတ်သက်နေသည်။ ပြီးလျှင် ယင်းက လူတို့ လျှောက်လှမ်းသော လမ်းကြောင်း ပါဝင်ပတ်သက်နေသောကြောင့် ယင်းက ၎င်းတို့၏ ကယ်တင်ခြင်းလည်း ပါဝင်ပတ်သက်နေသည်။ ထို့ကြောင့် ဆင်းရဲဒုက္ခသည် သာမန်ကိစ္စရပ်တစ်ခု ဖြစ်ပုံရသော်လည်း သင်သည် ယင်းနှင့်ပတ်သက်၍ မှားယွင်းသော အတွေးများနှင့် အမြင်များကို ထားရှိပြီး ယင်းနှင့်ပတ်သက်၍ မှားယွင်းသော လိုက်စားမှုများကို ထားရှိပါက ယင်းက ဘုရားသခင် ညွှန်ပြထားသော လမ်းကြောင်း၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ သင့်ကို သွားစေရန် အလွန် ဖြစ်နိုင်ခြေရှိသည်။ အဆုံးသတ် ရလဒ်မှာ ဘုရားသခင်၏ အမှု ပြီးဆုံးသောအခါ သင်သည် ဆုလာဘ်များ ရရှိရန် ပျက်ကွက်မည်သာမက ကယ်တင်ခြင်းသို့ ရောက်ရန် ပျက်ကွက်မည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းကိုပင် ခံရလိမ့်မည်။ ဤသည်မှာ အတော်အတန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက် အဆုံးစွန်၌ ဖြစ်ပေါ်လာခြင်းကို တားဆီးရန်အလို့ငှာ သင်သည် ဆင်းရဲဒုက္ခ ကိစ္စရပ်နှင့်ပတ်သက်၍ မှန်ကန်သော အတွေးများနှင့် အမြင်များအပြင် မှန်ကန်သော သဘောပေါက်နားလည်မှုတစ်ခု ရှိရမည်ဖြစ်ပြီး ထို့နောက် မှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို သတ်မှတ်ရမည်ဖြစ်သည်။ သင်၏ အတွေးများ၊ အမြင်များနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက သင့်ကို ကယ်တင်ခြင်း လမ်းကြောင်းဆီသို့ ဦးဆောင်သွားပါက သင် ပိုင်ဆိုင်သော အတွေးများနှင့် အမြင်များအပြင် သင် ရွေးချယ်ထားသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် မှန်ကန်သည်၊ အပြုသဘောဆောင်ပြီး သမ္မာတရားနှင့် ကိုက်ညီလေသည်။ သင် ပိုင်ဆိုင်သော အတွေးများနှင့် အမြင်များအပြင် သင် ရွေးချယ်ထားသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက သင့်ကို ကယ်တင်ခြင်း လမ်းကြောင်းဆီသို့ ဦးဆောင်မသွားဘဲ သင့်ကို ကယ်တင်ခြင်းသို့ ရောက်စေရန် မလုပ်ဆောင်ပေးနိုင်ပါက သင် ပိုင်ဆိုင်သော အတွေးများနှင့် အမြင်များအပြင် သင် ရွေးချယ်ထားသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများသည် မှားယွင်းလေသည်။ ဤမျှလောက်တော့ သေချာပါသည်။ ဆိုလိုသည်မှာ သင် ရွေးချယ်ထားသော အတွေးများနှင့် အမြင်များအပြင် သင် သတ်မှတ်ထားသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းက သင့်ကို လမ်းလွဲစေပြီး ဘုရားသခင်က သင့်ကို သွန်သင်ပေးထားသော ကယ်တင်ခြင်း လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါက သင် ရွေးချယ်ထားသော လမ်းကြောင်းသည် မှားယွင်းလေသည်။ သင်သည် ယင်းကို ငြင်းပယ်သင့်သည်။ သင်၏ အတွေးများနှင့် အမြင်များကို သင် ပြောင်းလဲသင့်ပြီး သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကို သင် ပြောင်းလဲသင့်သည်။ ဤသည်မှာ သင် ကယ်တင်ခြင်းသို့ ရောက်ရန်အတွက် အကျိုးရှိလိမ့်မည်။ သင် နားလည်သလော။ (နားလည်ပါသည်။) ကယ်တင်ခြင်းသို့ ရောက်ခြင်းတွင် ပါဝင်ပတ်သက်နေသော ကိစ္စရပ်များထဲမှ မည်သည့်အရာမျှ အရေးမပါသောအရာ မဟုတ်ပေ။ အလွန် မထင်ရှားပုံရပြီး အလွယ်တကူ လျစ်လျူရှုခံရနိုင်သော ပြဿနာများကိုပင် သင်သည် သတိထား၍ ကိုင်တွယ်ရမည်ဖြစ်ပြီး ယင်းတို့ကို လေးနက်စွာ ဆင်ခြင်တွေးတောရမည်ဖြစ်ကာ ထို့နောက် မှန်ကန်သော အတွေးများ၊ အမြင်များနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို တည်ဆောက်ရမည်။ ဤသည်သာလျှင် ကယ်တင်ခြင်းသို့ ရောက်ရန် လူတို့ ပိုင်ဆိုင်သင့်သည့် လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင်သည် နားဝေတိမ်တောင် မဖြစ်ရပေ။
ယခုလေးတင် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ လူတို့တွင်ရှိသော မှားယွင်းသည့် အမြင်ရှုထောင့်အချို့နှင့် လွဲချော်သည့် သရုပ်သကန်များအပြင် လူတို့ ပိုင်ဆိုင်သင့်သည့် မှန်ကန်သော အတွေးများနှင့် အမြင်များနှင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများကို လွှမ်းခြုံထားသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် ဆင်းရဲဒုက္ခကို မည်သို့ ရှုမြင်သည်ဟူသည်နှင့်ပတ်သက်၍ ငါတို့ ပြောဆိုနေခဲ့ကြသောကြောင့် ယခုလေးတင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာသည် တစ်ဖက်တွင် ဆင်းရဲဒုက္ခနှင့်ပတ်သက်သည့် ငါ၏ ထင်မြင်ချက်များနှင့် အကဲဖြတ်ချက်အချို့ကို ကိုယ်စားပြုပြီး အခြားတစ်ဖက်တွင် ဆင်းရဲဒုက္ခနှင့်ပတ်သက်သည့် ငါ၏ အတွေးများ၊ အမြင်များနှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းအချို့ကို ကိုယ်စားပြုလေသည်။ အတွေးများနှင့် အမြင်များဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများဖြစ်စေ ယခုလေးတင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာသည် သင်တို့၏ နေ့စဉ်ဘဝများတွင် သို့မဟုတ် သင်တို့၏ တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် သင်တို့၏ ထုတ်ဖော်မှုများနှင့် သရုပ်သကန်များနှင့် သက်ဆိုင်လေသည်။ သို့ဖြစ်၍ လူ့ဇာတိခံထားသော ဘုရားသခင်သည် ဆင်းရဲဒုက္ခ ကိစ္စရပ်ကို မည်သို့ ချဉ်းကပ်သည်ကို ကြည့်ကြစို့။ ဆင်းရဲဒုက္ခ ကိစ္စရပ်ကို မည်သို့ ချဉ်းကပ်ရမည်ဟူသည်နှင့်ပတ်သက်၍ ယခုလေးတင် သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ခဲ့သည်။ ဆင်းရဲဒုက္ခသည် လူ၏ ဘဝနှင့် ရှင်သန်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ယင်းကို ကြည့်လျှင် ဆင်းရဲဒုက္ခသည် မလွဲမသွေ ဖြစ်ပျက်မည့်အရာတစ်ခု ဖြစ်သည်။ ဤလူ့လောကတွင် နေထိုင်လျက်၊ ဤရုပ်ဝတ္ထုလောကတွင် နေထိုင်လျက် လူတိုင်းသည် ၎င်းတို့ မွေးဖွားချိန်မှစ၍ သေဆုံးချိန်အထိ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာမရှိမှု၊ မသာယာမှုနှင့် မပျော်ရွှင်မှုတို့ အပါအဝင် ဆင်းရဲဒုက္ခများစွာကို မလွဲမသွေ ခါးစည်းခံရမည်ဖြစ်သည်။ အလားတူပင် လက်တွေ့လောက၏ ပတ်ဝန်းကျင်တွင် နေထိုင်လျက် ထိုသို့သော ဆင်းရဲဒုက္ခကို ငါလည်း ခါးစည်းခံခဲ့ရသည်။ ငါသည် နာကျင်မှုများစွာကို တွေ့ကြုံခံစားခဲ့ရပြီး ခါးစည်းခံခဲ့ရကာ ယခုလည်း ဆင်းရဲဒုက္ခအချို့ကို ငါ တွေ့ကြုံနေရသည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ပုံမှန်လူ့သဘာဝ၏ ရှုထောင့်အမြင်မှကြည့်လျှင် ငါသည် ထိုသို့သော ဆင်းရဲဒုက္ခကို သဘာဝကျကျ လက်ခံသည် သို့မဟုတ် ယင်းကို သဘာဝကျကျ တွေ့ကြုံခံစားလေသည်။ ငါ၏ ဇာတိပကတိသည် ဆင်းရဲဒုက္ခကို ခါးစည်းခံရသော်လည်း ငါ၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်ခြင်း မရှိသည့်အပြင် ငြင်းပယ်ခြင်းလည်း မရှိပေ။ ဤဆင်းရဲဒုက္ခ၏ တည်ရှိမှုသည် လူတို့ ရှူရှိုက်သော လေ သို့မဟုတ် ၎င်းတို့ ခံစားရသော နေရောင်ခြည်ကဲ့သို့ သဘာဝကျသည်ဟု ငါ မြင်သည်။ ယင်းသည် အပိုအရာတစ်ခုဖြစ်သည်ဟု ငါ မခံစားရသည့်အပြင် ယင်းသည် ပိုလျှံနေသည်ဟု ငါ မခံစားရပေ။ ယင်းသည် ငါ့ဘာသာ ဖန်တီးယူသောအရာတစ်ခုဖြစ်သည်ဟု ငါ ခံစားရရန်ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ ဤသည်မှာ ငါ ခံစားရသည့်ပုံစံ ဖြစ်သည်။ ဆိုလိုသည်မှာ ဆင်းရဲဒုက္ခကို မည်သည့်အရာက ဖြစ်စေသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်သည့်အဆင့်တွင် ငါ ဖြတ်သန်းရသည်ဖြစ်စေ၊ ယင်းသည် ငါ၏ နေ့စဉ်ဘဝတွင် ငါ ကြုံတွေ့ရသော ဆင်းရဲဒုက္ခမျိုးဖြစ်စေ၊ ငါ၏ အမှုကို လုပ်ဆောင်ရာတွင် ငါ ခါးစည်းခံသင့်သော အမျိုးအစားဖြစ်စေ ငါ ခံစားရသမျှမှာ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်နေသည်ဟူ၍သာ ဖြစ်သည်။ လူတစ်ဦးသည် သီးခြား စည်းမျဉ်းတစ်ခုကို အသုံးပြုရမည်ဖြစ်ပြီး ဤဖြစ်ရပ်ကို ကိုင်တွယ်ရန်နှင့် ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စဉ်းစားရမည်ဖြစ်သည်။ ဤအရာများကို ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းသည် တစ်ခါတစ်ရံတွင် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံရန် လိုအပ်သော်လည်း ငါသည် ကြီးမားသော ဆင်းရဲဒုက္ခကို ခါးစည်းခံရသည်ဖြစ်စေ၊ ပေါ့ပါးသော ဆင်းရဲဒုက္ခ အနည်းငယ်ကိုသာ ခါးစည်းခံရသည်ဖြစ်စေ ယင်းတို့အားလုံးသည် ငါ့အတွက် ဖြစ်စဉ်တစ်ခုကဲ့သို့သာ ခံစားရသည်။ ယင်းသည် ထပ်တိုး ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ မခံစားရပေ။ ယင်းမှာ ဤမျှ ရိုးရှင်းသော ခံစားချက်တစ်ခု ဖြစ်သည်။ ဆင်းရဲဒုက္ခနှင့်ပတ်သက်လာလျှင် ဤရိုးရှင်းသော ခံစားချက်အပြင် ငါသည် မည်သည့် ဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ရကြောင်းကို မည်သည့်အခါမျှ မကြေညာခဲ့ပေ။ ဥပမာအားဖြင့် လူများနှင့် ထိတွေ့ဆက်ဆံရန်နှင့် လူများနှင့် မိတ်သဟာယဖွဲ့ရန် အခြေအနေများ အတော်အတန် ဆိုးရွားသော နေရာအချို့သို့ ငါ သွားသောအခါ ငါသည် ထိုမျှလောက် ဆင်းရဲဒုက္ခများစွာကို အားလုံး ခါးစည်းခံနေရသည်ဟု ငါ မခံစားရသည့်အပြင် ငါ၏ ဆင်းရဲဒုက္ခသည် လူတို့အတွက် ငါ ပြုလုပ်ပေးသော ပံ့ပိုးကူညီမှု တစ်မျိုးမျိုးဖြစ်သည်ဟု ငါ မည်သည့်အခါမျှ မခံစားခဲ့ရပေ။ ထိုအစား ယင်းသည် အလွန် ပုံမှန်ဖြစ်ပြီး ထုတ်ပြောရန် မတန်ဟု ငါ ခံစားရသည်။ လူတို့က ငါ့ကို အထင်ကြီးလေးစားစေရန်အလို့ငှာ ငါသည် ဆင်းရဲဒုက္ခကို ကြွားဝါရန်၊ လူသိရှင်ကြားဖြစ်စေရန် သို့မဟုတ် အလွန်အကျွံ အရေးတယူလုပ်ရန် ကြီးမားသော ဖြစ်ရပ်တစ်ခုအဖြစ် မည်သည့်အခါမျှ မသဘောထားခဲ့ပေ။ ထိုသို့သောအရာများကို ငါ မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ ငါ မည်သည့် ဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ရကြောင်းကို ကြေညာသူများမှာ သင်တို့ပင် ဖြစ်သည်။ သင်တို့သည် ဤအရာကို အတော်အတန် များများ လုပ်ဆောင်ခဲ့ကြသော်လည်း ငါသည် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။
တစ်ခါက နေရာတစ်ခုရှိ လူများနှင့် စကားစမြည်ပြောဆိုရန်နှင့် စကားပြောရန်အပြင် ၎င်းတို့နှင့် အချို့သောအရာများအကြောင်း မိတ်သဟာယဖွဲ့ရန် ထိုနေရာသို့ ငါ သွားခဲ့သည်။ ငါ မိတ်သဟာယဖွဲ့ပြီးချိန်တွင် ထမင်းစားချိန် ကျော်လွန်သွားခဲ့ပြီး ငါသည် အစာမစားဘဲ ထွက်ခွာလာခဲ့သည်။ နောက်ပိုင်းတွင် လူအချို့က “ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ မနက်ခင်းတစ်ခုလုံး မိတ်သဟာယဖွဲ့ခဲ့သည်။ ကိုယ်တော်သည် ရေတစ်ငုံမျှပင် မသောက်ခဲ့ဘဲ အစာမစားဘဲ ထွက်ခွာသွားခဲ့သည်” ဟု သတင်းဖြန့်ခဲ့ကြသည်။ လူတစ်ဦးက ဤသို့ပြောပြီးနောက် သတင်းသည် တစ်ယောက်မှ ဆယ်ယောက်သို့လည်းကောင်း၊ ဆယ်ယောက်မှ အယောက်တစ်ရာသို့လည်းကောင်း ပျံ့နှံ့သွားပြီး လူများစွာ သိရှိလာခဲ့ကြသည်။ ၎င်းတို့ သိရှိသွားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ဤလူတို့သည် ဤအသေးအဖွဲကိစ္စကို စုဝေးပွဲများတွင် တရားဝင် မိတ်သဟာယဖွဲ့ရန် အကြောင်းအရာတစ်ခုအဖြစ် သဘောထားခဲ့ကြပြီး ယင်းသည် သမ္မာတရားဖြစ်သည့်အလား ယင်းအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါသည် ခေါင်းခြောက်သွားခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ပြောစရာ မည်သည့်အရာ ရှိသနည်း။ ယင်းအကြောင်းကို ပြောဆိုခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဤကိစ္စအကြောင်းကို မိတ်သဟာယဖွဲ့ခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ တစ်ခါတစ်ရံတွင် ငါသည် နေ့စဉ်ဘဝရှိ အရာများ သို့မဟုတ် အလုပ်ရှိ ကိစ္စရပ်များအကြောင်းကို ပြောဆိုလျက် သင်တို့နှင့် စကားစမြည်ပြောဆိုသည်။ ဤသည်မှာ သင်တို့ အချင်းချင်း ပြောဆိုကြသော စကားဝိုင်းများကဲ့သို့ပင် အလွန် ပုံမှန်ဖြစ်သော အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ဝင့်ကြွားစရာ မဟုတ်သည့်အပြင် လူသိရှင်ကြားဖြစ်စေရန်အရာလည်း မဟုတ်ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ငါ့ကွယ်ရာတွင် ဤအရာကို လူသိရှင်ကြား ဖြစ်စေခဲ့ကြသနည်း။ ငါသည် အတော်အတန် ခေါင်းခြောက်ခဲ့ရသည်။ နောက်ပိုင်းတွင် ၎င်းတို့က ထိုသတင်းကို များစွာ ဖြန့်ခဲ့ကြသဖြင့် ငါ သဘောပေါက်သွားခဲ့သည်။ ၎င်းတို့က ဤသည်မှာ လူ့ဇာတိခံထားသော ဘုရားသခင်၏ ဆင်းရဲဒုက္ခ အတွေ့အကြုံများကို သက်သေခံနေခြင်း ဖြစ်သည်ဟု ယုံကြည်ခဲ့ကြပြီး ၎င်းတို့သည် ဖြစ်ရပ်အချို့ကို သတင်းဖြန့်နေခြင်းမျှသာ မဟုတ်ဘဲ သမ္မာတရားကို ဖြန့်ဝေနေခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သင်သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဆင်းရဲဒုက္ခ အတွေ့အကြုံများကို သက်သေခံလိုပါက ယင်းမှာ လုံးဝ မလိုအပ်ကြောင်း ငါ ပြောဆိုသည်။ သင်တို့နှင့် တွေ့ဆုံခြင်း၊ စကားစမြည်ပြောဆိုခြင်းနှင့် စကားပြောခြင်းသည် ငါ လိုလိုလားလား လုပ်ဆောင်သောအရာ ဖြစ်သည်။ မည်သူမျှ မြင်စေရန် ငါ လုပ်ဆောင်ခြင်း မဟုတ်၊ သင်တို့၏ စိတ်နှလုံးများကို သိမ်းသွင်းစည်းရုံးရန် ငါ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ ငါသည် ဟန်ဆောင်နေခြင်းလည်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ငါ အချိန်ကြာမြင့်စွာ မိတ်သဟာယဖွဲ့သောအခါ မည်သည့်အရာကိုမျှ မစားသောက်ခြင်းဟူသော အချက်နှင့်ပတ်သက်၍မူ ယင်းမှာ တမင်တကာ လုပ်ဆောင်ခြင်း မဟုတ်ပေ။ အကြောင်းမှာ ငါသည် ရေမဆာသည့်အပြင် သိပ်လည်း မဆာလောင်သောကြောင့် ဖြစ်သည်။ ငါသည် မခံမရပ်နိုင်အောင် ဆာလောင်နေပါက ငါ့အတွက် အစားအစာအချို့ ယူလာပေးရန် သို့မဟုတ် ငါ့အတွက် ရိုးရှင်းသော အစားအစာတစ်ခု ပြင်ဆင်ပေးရန် သင့်ကို ငါ ပြောမည်ဖြစ်သည်။ ငါသည် ဆာလောင်မှုကို လုံးဝ သည်းခံနေမည်မဟုတ်ပေ။ သင်တို့နှင့် ငါ အားနာနေမည်မဟုတ်ပေ။ ထမင်းစားချိန်တွင် အစာမစားဘဲ ထွက်ခွာသွားခြင်းသည် ဆင်းရဲဒုက္ခအဖြစ် မှတ်ယူ၍ရသလော။ သင်တို့ လူသိရှင်ကြားဖြစ်စေနေသည့်အရာအားဖြင့် အကဲဖြတ်ရသော် ငါသည် အမှုအရာများကို ဟန်ပြလုပ်ဆောင်နေသကဲ့သို့ ထင်ရသည်။ ဤအရာကို ကြားရသည်မှာ ငါ အဘယ်ကြောင့် ဤမျှလောက် စိတ်မသက်မသာ ဖြစ်ရသနည်း။ ယင်းမှာ ငါသည် မည်မျှ ဆင်းရဲဒုက္ခခံရကြောင်း၊ ငါ မည်မျှ ခါးစည်းခံနိုင်ကြောင်း၊ သင်တို့အပေါ် ငါ မည်မျှ ချစ်ခြင်းမေတ္တာ ထားရှိကြောင်းနှင့် သင်တို့အတွက် ငါ မည်မျှ ပံ့ပိုးကူညီခဲ့ကြောင်းတို့ကို သင်တို့ မြင်တွေ့စေရန်အလို့ငှာ ငါ ဤသို့လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေသည်။ ထိုသို့ဖြင့် ငါ ထွက်ခွာသွားပြီးနောက်တွင် သင်တို့သည် ငါ့အတွက် ဤအရာကို ကြေညာမောင်းခတ်ပေးမည်ဖြစ်ပြီး ငါ မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်းနှင့် သင်တို့အတွက် အရာမည်မျှကို ငါ လုပ်ဆောင်ပေးခဲ့ကြောင်းတို့ကို လူသိရှင်ကြားဖြစ်စေမည်ဖြစ်သည်။ ယင်းမှာ သင်တို့ကို သိမ်းသွင်းစည်းရုံးရန် ဤနည်းလမ်းကို ငါ အသုံးပြုနေသကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ငါ၏ ရည်ရွယ်ချက် ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ငါ၏ ရည်ရွယ်ချက် မဟုတ်ပေ။ သင်တို့နှင့် စကားစမြည်ပြောဆိုရန်နှင့် စကားပြောရန် ငါသည် သင်တို့ထံ လာရောက်လည်ပတ်ပြီး တစ်ခါတစ်ရံတွင် ထမင်းစားချိန်၌ အစာမစားဘဲ ငါ ပြန်သွားတတ်သည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်သည်။ သို့သော် သင်တို့က ဤအရာကို ကြီးမားသော ဖြစ်ရပ်တစ်ခုအဖြစ် သဘောထားကြပြီး ငါသည် ဆင်းရဲဒုက္ခ ခါးစည်းခံခဲ့ရသည်ဟုလည်းကောင်း၊ ဤအရာတွင် ရှာဖွေရမည့် သမ္မာတရား ရှိသည်ဟုလည်းကောင်း၊ သင်တို့သည် ယင်းကို အတုယူသင့်ပြီး လိုက်လုပ်သင့်သည်ဟုလည်းကောင်း တွေးကြကာ ဤကိစ္စကို သမ္မာတရားဖြစ်သည့်အလား သင်တို့ ဖြန့်ဝေကြသည်။ ဤကိစ္စကို ဖြန့်ဝေခြင်းသည် အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းနှင့် ညီမျှသည်။ သင်တို့ အဓိပ္ပာယ်မရှိသော စကားများအား ဖြန့်ဝေခြင်းကို ငါ မနှစ်သက်ပေ။ ဤအကြောင်းကို ငါ ကြားရသောအခါ ငါသည် စက်ဆုပ်ရွံရှာပြီး ရွံမုန်းမိသည်။ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေသူ မည်သူ့ကိုမဆို ငါ ရွံမုန်းသည်။ သမ္မာတရား ပါဝင်ပတ်သက်နေသော သို့မဟုတ် အသင်းတော်အလုပ် ပါဝင်ပတ်သက်နေသော အကြောင်းအရာအချို့နှင့်ပတ်သက်၍ သင်တို့နှင့် ငါ မိတ်သဟာယဖွဲ့ပါက ဤအကြောင်းအရာသည် သင်တို့ လိုအပ်သောအရာ ဖြစ်သည်။ သင်တို့သည် ယင်းကို ချရေးထားနိုင်ပြီး လူတိုင်းနှင့် ဝေမျှကာ မိတ်သဟာယဖွဲ့နိုင်သည်။ သို့သော် နေရာတစ်နေရာတွင် ဆာလောင်မှု သို့မဟုတ် အအေးဒဏ်ကြောင့် ငါ မည်သို့ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရကြောင်းကို သင်တို့ သတင်းဖြန့်သောအခါ၊ ဤအရာများကို သင်တို့ ဖြန့်ဝေသောအခါ ငါ ရွံမုန်းမိသည်။ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းကို ငါ လုံးဝ စက်ဆုပ်ရွံရှာသည်။ သင်တို့သည် အဘယ်ကြောင့် ဤသို့သောအရာမျိုးကို လုပ်ဆောင်ရာတွင် ဤမျှလောက် တက်ကြွနေကြသနည်း။ ယင်းက ငါ့ကို ပျော်ရွှင်စေသည်ဟု သင်တို့ ထင်သလော။ ငါသည် သင်တို့နှင့် မတူပေ။ ယင်းက ငါ့ကို လုံးဝ မပျော်ရွှင်စေပေ။ ပြီးလျှင် ဤအရာကို ငါ သည်းခံလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ဤစကားများကို မည်သူက ပထမဆုံး ဖြန့်ဝေခဲ့သည်ကို ငါ သိပါက “သင်သည် အဘယ်ကြောင့် ဤစကားများကို ဖြန့်ဝေခဲ့သနည်း။ သင်၏ ပန်းတိုင်မှာ အဘယ်နည်း။ သင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိသည်။ ဤသည်မှာ အနှောင့်အယှက်တစ်ခု ဖြစ်စေခြင်းနှင့် ညီမျှသည်။ သင်သည် ငါ၏ စိတ်အခြေအနေကို ထိခိုက်စေခဲ့ကြောင်း သင် သိသလော။ ဤကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းသည် ငါ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ရန် ရုပ်ဖျက်ထားသော နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ထိုလုပ်ရပ်၏ သဘောသဘာဝ ဖြစ်သည်” ဟူ၍ ၎င်းတို့ကို ငါ မေးရမည်ဖြစ်သည်။ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေသူများကို ငါ စက်ဆုပ်ရွံရှာသည်။ အထူးသဖြင့် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသင်းတော်အလုပ် ပါဝင်ပတ်သက်နေသည့် မည်သည့်အရာအကြောင်းကိုမျှ မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ဘဲ ဤကဲ့သို့သော အဓိပ္ပာယ်မဲ့သည့် အကြောင်းအရာမျိုးကိုသာ ပြောဆိုပြီး ဤသို့သော အဓိပ္ပာယ်မရှိသည့် စကားများကို ဖြန့်ဝေကာ အလွန် အသေးစိတ်ကျကျပင် ဖြန့်ဝေသူအချို့ကို ငါ စက်ဆုပ်ရွံရှာသည်။ ဥပမာအားဖြင့် ငါသည် သင်တို့နှင့် စကားစမြည်ပြောဆိုနေပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ရာ လူအချို့က ဤအရာကို ငါ့ကွယ်ရာတွင် ဖြန့်ဝေကြသည်။ ဤသည်မှာ သင် ဖြန့်ဝေသင့်သည့်အရာလော။ ဤသည်မှာ သင်၏ တာဝန်လော။ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းကို ငါ ရွံမုန်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ လူအချို့သည် အဓိပ္ပာယ်မရှိသော စကားများကို ဤနည်းအတိုင်း အတိအကျ ဖြန့်ဝေကြသည်။ စကားများ ပျံ့နှံ့သွားသည်နှင့်အမျှ လူအတော်များများက ယင်းအကြောင်းကို ကြားသိရပြီး နားဝေတိမ်တောင်ဖြစ်သော လူအချို့က ငါ၏ ချောင်းဆိုးခြင်းကိုပင် အတုခိုးကြသည်။ ဤအရာကို အတုခိုးခြင်းတွင် မည်သည့် အကျိုးရှိသနည်း။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ငါ မည်သို့ မိတ်သဟာယဖွဲ့သည်ကို သင် အတုခိုးခဲ့ပါက ယင်းသည် ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးကျေးဇူးအချို့ ရှိပေမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ငါ မည်သို့ ကာကွယ်စောင့်ရှောက်သည်ကို သင်တို့ အတုခိုးခဲ့ပြီး သင်တို့ကို အကျိုးကျေးဇူး ဆောင်ကြဉ်းပေးရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို စဉ်းစားခဲ့ပါက၊ ပြီးလျှင် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ သင်တို့အားလုံး တစ်စုံတစ်ခုကို ရရှိစေရန်နှင့် အားလုံး တိုးတက်မှုရှိစေရန်အလို့ငှာ ငါသည် မည်သို့ မမောမပန်း ဥပမာများပေးနိုင်ပြီး အဖြစ်မှန်များကို ပြောဆိုနိုင်သည်ကို သင် အတုခိုးခဲ့ပါက၊ သင်သည် ဤအပြုသဘောဆောင်သောအရာများကို လုပ်ဆောင်ခဲ့ပါက ယင်းကို မြင်ရသည့်အတွက် ငါ ပျော်ရွှင်မည်ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဤအပြုသဘောဆောင်သောအရာများကို အတုမခိုးသနည်း။ သင်သည် အဘယ်ကြောင့် ထိုအဓိပ္ပာယ်မဲ့သောအရာများကို မလွဲမသွေ အတုခိုးရသနည်း။ ဤသည်က သင်၏ စိတ်ထားတွင် ပြဿနာတစ်ခု ရှိနေကြောင်း သက်သေပြနေသည်။ သင့်ထံတွင် အမှန်တကယ်ပင် အခြားလုပ်စရာကောင်းကောင်း မရှိပါက သင်သည် လုပ်ဆောင်ရန် သင့်လျော်သော အလုပ်အချို့ကို ရှာဖွေသင့်သည်။ ဤသည်မှာ လူတိုင်းအတွက် အကျိုးရှိပေမည်။ လုပ်သင့်လုပ်ထိုက်သော အလုပ်အချို့ကို အဘယ်ကြောင့် မလုပ်ဆောင်သနည်း။ ထိုသို့သော လူတို့သည် ၎င်းတို့၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို ဂရုစိုက်ရန် ပျက်ကွက်ကြသည်။ ၎င်းတို့သည် အလွန် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းလှသည်။
ငါသည် သမ္မာတရားကို မိတ်သဟာယဖွဲ့လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း သင်တို့သည် သမ္မာတရားထဲသို့ အားထုတ်မှု များစွာ ပြုလုပ်သည်ကို ငါ မည်သည့်အခါမျှ မမြင်ဖူးသည့်အပြင် အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေရာတွင် သင်တို့ အားထုတ်သကဲ့သို့ သမ္မာတရားထဲသို့ အားထုတ်မှု ပြုလုပ်သည်ကိုလည်း ငါ မည်သည့်အခါမျှ မမြင်ဖူးပေ။ ဤလူတို့သည် အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းကို အဘယ်ကြောင့် ဤမျှလောက် နှစ်သက်ကြသနည်း။ ထိုအရာများကို ဖြန့်ဝေခြင်း၏ အကျိုးမှာ အဘယ်နည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော ဤလူတို့သည် ၎င်းတို့၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို အမှန်တကယ် ဂရုစိုက်ရန် ပျက်ကွက်ကြသည်။ သင်သည် သမ္မာတရား၏ ကဏ္ဍတစ်ခုနှင့်ပတ်သက်၍ ရှင်းလင်းစွာ အမှန်တကယ် မိတ်သဟာယဖွဲ့နိုင်ပြီး ယင်းက ညီအစ်ကိုမောင်နှမများကို အနည်းငယ် အကျိုးပြုကာ တည်ဆောက်ပေးပါက ဤသည်မှာ ကောင်းသောအရာတစ်ခုဖြစ်ပြီး ငါသည် သင့်ကို ကျေးဇူးတင်သင့်ပေသည်။ သို့သော် သင်သည် သီးခြားနေ့တစ်နေ့တွင် ငါ မည်သည့်အရာကို လုပ်ဆောင်ခဲ့ကြောင်း၊ နေရာတစ်နေရာတွင် ငါ မည်မျှကြာအောင် နေထိုင်ခဲ့ကြောင်း၊ ငါ မည်မျှဝေးဝေး လမ်းလျှောက်ခဲ့ကြောင်းနှင့် ငါ မည်မျှ နောက်ကျမှ ပြန်လာခဲ့ကြောင်းတို့ကို အစဉ် သတင်းဖြန့်သည်။ သင်တို့က ထိုသို့သောအရာများကို အစဉ် ဖြန့်ဝေသောအခါ ငါသည် အထူးသဖြင့် ရွံမုန်းမိသည်။ လူအချို့က “ကိုယ်တော်သည် အဘယ်ကြောင့် ရွံမုန်းရသနည်း။ ကျွန်ုပ်တို့က စေတနာဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဆင်းရဲဒုက္ခကို သက်သေခံနေခြင်း မဟုတ်လော” ဟု ပြောဆိုကြသည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းက မည်သည့်နည်းလမ်းဖြင့် မှားယွင်းသနည်း။ (ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့သည့်တိုင် ၎င်းတို့သည် ယင်းတို့အကြောင်းကို မိတ်သဟာယမဖွဲ့ကြပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် ၎င်းတို့၌ မည်သည့် အတွေ့အကြုံများ ရှိသည်ကိုလည်း ၎င်းတို့ မပြောဆိုကြပါ။ ဘုရားသခင်ကို သက်သေခံသောအခါ ၎င်းတို့သည် ဤအရာများအကြောင်းကို မပြောဆိုဘဲ ထိုအစား ခရစ်တော်၏ အသက်တာရှိ အချို့သောအရာများကို အလွန်အကျွံ အရေးတယူလုပ်ကြပါသည်။ ၎င်းတို့၏ စိတ်နှလုံးများ မှန်ကန်မှုမရှိဟု ကျွန်ုပ် ခံစားရပါသည်။) ဤအရာများကို လုပ်ဆောင်ရာတွင် ငါ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရသည်ဟု သင်တို့ ခံစားရသော်လည်း ငါ အမှန်တကယ် ခါးစည်းခံရသော ဆင်းရဲဒုက္ခကို သင်တို့ နားလည်ကြသလော။ ယင်းအကြောင်းကို သင်တို့ သိကြသလော။ (မသိပါ။) သင်တို့ မသိကြသည့်အပြင် သင်တို့ နားလည်သဘောပေါက်ခြင်း သို့မဟုတ် သဘောပေါက်နားလည်ခြင်း မရှိကြပေ။ သင်တို့သည် ငါ၏ နေ့စဉ်ဘဝရှိ ဤအသေးအဖွဲကိစ္စများကို အလွန်အကျွံ အရေးတယူလုပ်ကြပြီး ယင်းတို့ကို နေရာအနှံ့ ကြေညာမောင်းခတ်ကြသည်။ ဥပမာအားဖြင့် တစ်ခါက ငါသည် လူတစ်ဦးနှင့် ဆုံမိပြီး “ယနေ့ ငါ၏ လက်မောင်းက ငါ့ကို အနည်းငယ် ဒုက္ခပေးနေသည်” ဟု ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သည်။ ယင်းကိုပြောခြင်းအားဖြင့် ငါသည် မည်သည့်အရာကိုမျှ ဆိုလိုခြင်း မဟုတ်သော်လည်း ထိုသူက အဓိပ္ပာယ်ကောက်လွဲခဲ့သည်။ ဤအရာကို ကြားပြီးနောက် ငါသည် စာအရေးများလွန်းသောကြောင့် ငါ၏ လက်မောင်းက ငါ့ကို ဒုက္ခပေးနေခြင်းဖြစ်သည်ဟု သူ ထင်ခဲ့သည်။ သုံးရက်ကြာပြီးနောက် ငါသည် ဆင်းရဲဒုက္ခကို ခါးစည်းခံနေရသည်ဟု လူတို့က ပြောဆိုလျက် ဇာတ်လမ်းက ပြန့်နှံ့သွားခဲ့သည်။ ငါ၏ လက်မောင်းက ငါ့ကို အနည်းငယ် ဒုက္ခပေးနေခြင်းသည် ဆင်းရဲဒုက္ခအဖြစ် သတ်မှတ်သလော။ ဤသည်မှာ သင်တို့၏ အမြင်တွင် ဆင်းရဲဒုက္ခအဖြစ် သတ်မှတ်သောအရာလော။ ငါသည် ဆင်းရဲဒုက္ခခါးစည်းခံနေရကြောင်းကို ကြွားဝါရန် သင်တို့ရှေ့တွင် ဤအရာကို ငါ ပြောဆိုခဲ့သလော။ ဤသည်မှာ ငါ၏ စိတ်ထဲတွင် ရှိသောအရာ လုံးဝ မဟုတ်ပေ။ ထို့အပြင် ငါ၏ ဆင်းရဲဒုက္ခသည် သင်နှင့် မည်သို့ သက်ဆိုင်သနည်း။ ဤအရာကို ဖြန့်ဝေရန် သင့်ကို ငါ တောင်းဆိုခဲ့သလော။ သင့်ကို ငါ လုပ်ဆောင်စေလိုသောအရာ တစ်ခုခု ရှိပါက သင့်ကို ငါ တိုက်ရိုက် ပြောမည်ဖြစ်သည်။ သင် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်ကြောင်းနှင့် သင် မည်သည့်စကားများကို ပြောဆိုသင့်ကြောင်းကို ငါ၏ တရားဒေသနာများနှင့် မိတ်သဟာယများအားလုံးတွင် သင်တို့ကို ငါ လမ်းညွှန်ထားပြီးဖြစ်သည်။ ယင်းတို့အားလုံးကို သင်တို့အတွက် ငါ ရှင်းလင်းအောင် ပြောထားပြီးဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများအကြောင်းကို ငါ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ထားပြီးဖြစ်သည်။ ဤအရာများသည် သင်တို့ အာရုံစိုက်သင့်ပြီး လုပ်ဆောင်သင့်သောအရာများ ဖြစ်သည်။ သင့်ကို ငါ ပြောဆိုသောအရာကို သင် အာရုံမစိုက်သော်လည်း သင့်ကို ငါ မပြောဆိုခဲ့သောအရာကို သင် အထူး ဂရုပြုပြီး ထိုအရာများစွာကို သင် လုပ်ဆောင်ခဲ့သည်။ ဤအရာကို ငါ မြင်သောအခါ ငါ စက်ဆုပ်ရွံရှာမိသည်။ သင်သည် ဤအရာကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်ဟု ပြောဆိုလျက် သင့်ကို ငါ လုံးဝ ချီးမွမ်းမည်မဟုတ်သည့်အပြင် ယင်းအတွက် သင့်ကို အသိအမှတ်ပြုမည်မဟုတ်ပေ။ ထိုသို့သောအရာများကို ငါ မည်သည့်အခါမျှ မလုပ်ဆောင်သည့်အပြင် ထိုသို့သော စကားများကို ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ သင်တို့ကို ငါ လုပ်ဆောင်စေရန် တောင်းဆိုသည့် မည်သည့်အရာကိုမဆို သင်တို့ကို ငါ ရှင်းလင်းစွာ ပြောမည်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရန် သင်တို့ကို ငါ မတောင်းဆိုခဲ့သည့်တိုင် သင်တို့ လုပ်ဆောင်ခဲ့ကြသည်။ ငါသည် စိတ်ထဲ၌ အလွန် စက်ဆုပ်ရွံရှာပြီး အလွန် ရွံမုန်းမိကာ အနည်းငယ် စက်ဆုပ်ရွံရှာရုံမျှ မကပေ။ သို့သော် သင်တို့သည် ငါ့အပေါ် ကိုယ်ချင်းစာတရား များစွာနှင့် ချစ်ခြင်းမေတ္တာ များစွာရှိသည်ဟုလည်းကောင်း၊ သင်တို့သည် အထူးသဖြင့် နားလည်ပေးတတ်သည်၊ အလေးထားတတ်သည်၊ ဂရုစိုက်တတ်သည်ဟုလည်းကောင်း တွေးလျက် သင်တို့ကိုယ်သင်တို့ အတော်လေး သဘောကျနေကြသည်။ သင်သည် များစွာ လိုအပ်နေသေးသည်ဟု ငါ ပြောဆိုသည်။ သင်သည် အချို့သောအရာများကို သင့်လျော်စွာ လုပ်ဆောင်လျှင်ပင် ငါတို့အကြားတွင် အကွာအဝေးတစ်ခု ရှိနေဆဲဖြစ်သည်။ ထို့ထက်မက အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းသည် မသင့်လျော်သည့်အပြင် ယင်းကို ငါ မနှစ်သက်ပေ။ ဤအကြောင်းကို ယခင်က သင်တို့ကို ငါ မည်သည့်အခါမျှ မပြောဆိုခဲ့ခြင်းဟူသော အချက်က ယင်းကို ငါ တိတ်တဆိတ် သဘောတူခဲ့သည်ဟု မဆိုလိုပေ။ ယခု သင်တို့ကို အတိအကျ စကားလုံးများဖြင့် ငါ ပြောဆိုနေသည်။ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေသူများကို ငါ အထူးသဖြင့် ရွံမုန်းသည်။ အထူးသဖြင့် လူအချို့သည် ငါ ဆင်းရဲဒုက္ခ အနည်းငယ် ခါးစည်းခံရသည်ကို မြင်ပြီးနောက် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဆင်းရဲဒုက္ခကို သက်သေခံသည်ဟူသော အကြောင်းပြချက်ဖြင့် အဓိပ္ပာယ်မရှိသော စကားများကို တမင်တကာ ဖြန့်ဝေကြသည်။ သင်တို့ကို ငါ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ ဤသို့သောအရာမျိုးကို ငါ ဆန့်ကျင်သည်၊ ငါ၏ စိတ်နှလုံးထဲတွင် ယင်းကို အထူးသဖြင့် စက်ဆုပ်ရွံရှာမိပြီး ယင်းကို ငါ လုံးဝ မနှစ်သက်ပေ။ ဤသည်မှာ ဘုရားသခင်ကို သက်သေခံနေခြင်း မဟုတ်ပေ။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေနေခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင်တို့ ဤသို့လုပ်ဆောင်ခြင်းသည် သင့်လျော်သလော။ (မဟုတ်ပါ။) ယင်းက မသင့်လျော်သောကြောင့် သင်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့သည် အဓိပ္ပာယ်မရှိသော စကားများကို မဖြန့်ဝေသင့်ပါ။ ကျွန်ုပ်တို့သည် ဤသို့သောအရာမျိုးကို မလုပ်ဆောင်သင့်ပါ။)
ဆင်းရဲဒုက္ခ ကိစ္စရပ်ကို ငါတို့ မည်သို့ သဘောထားသည်ဟူသည်နှင့်ပတ်သက်၍ ငါတို့အကြားတွင် သဘောထားကွဲလွဲမှု တစ်ခုတလေ ရှိသလော။ ငါတို့၏ အမြင်ရှုထောင့်များသည် ကွဲပြားသလော။ (ကွဲပြားပါသည်။) သို့ဆိုလျှင် ဆင်းရဲဒုက္ခနှင့်ပတ်သက်သည့် သင်တို့၏ အမြင်ရှုထောင့်များသည် အဘယ်မှ လာသနည်း။ (ဆင်းရဲဒုက္ခနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ အမြင်ရှုထောင့်များသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ကျွန်ုပ်တို့ ခံရပြီးနောက် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လာခြင်းဖြစ်ပါသည်။) တစ်ဖက်တွင် အမျိုးမျိုးသောအရာများနှင့်ပတ်သက်သည့် လူတို့၏ အမြင်ရှုထောင့်များသည် လူသား၏ အယူအဆများနှင့် စိတ်ကူးများကဲ့သို့ပင် စာတန်ထံမှ လာခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် ပို၍ လက်တွေ့ကျကျ ပြောရလျှင် ယင်းတို့သည် လူမှုရေး ရေစီးကြောင်းများနှင့် လူမှုရေး ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ခံရလေသည်။ လူတို့က ဤမှားယွင်းသော အတွေးများကို လက်ခံခြင်း၏ တိုက်ရိုက်အဖြစ်ဆုံးသော သက်ရောက်မှုမှာ ၎င်းတို့သည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်အချို့ကို ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူတို့သည် ဤအတွေးများနှင့် အမြင်များဖြင့် ဘုရားအိမ်တော်ထဲသို့ ဝင်ရောက်လာသောအခါ ၎င်းတို့သည် အမျိုးမျိုးသော မှားယွင်းသည့် ချဉ်းကပ်မှုများကို ဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဆင်းရဲဒုက္ခကို ၎င်းတို့ မည်သို့ သဘောထားပြုမူသည်ဟူသည်နှင့်ပတ်သက်သည့် လူတို့၏ ချဉ်းကပ်မှုအချို့သည် အလားတူပင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်အချို့၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်သည်။ ဘာသာတရားမရှိသော လောကတွင် အဆင့်အတန်းရှိပြီး ဂုဏ်ရှိသော လူတို့သည် လူအများရှေ့တွင် ပေါ်ထွက်လာသောအခါ ၎င်းတို့သည် အပေါ်ယံ အသွင်အပြင်များအတွက် အမှုအရာများကို မကြာခဏ လုပ်ဆောင်တတ်ကြပြီး ယင်းကို ဟန်လုပ်ခြင်းဟု ရိုးရှင်းစွာ ရည်ညွှန်းကြသည်။ ဟန်လုပ်ပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ ပုံရိပ်ကို ထိန်းသိမ်းရန်နှင့် လူများအကြား မိမိတို့၏ အဆင့်အတန်းကို ပိုမိုခိုင်မာစေရန် သတင်းဌာနများကို အသုံးပြုကာ ထိုအကြောင်းကို လူသိရှင်ကြား ကြေညာကြ၏။ ထိုသို့ဖြင့် လူအများ၏ အမြင်တွင် ပိုမိုကောင်းမွန်သော ပုံရိပ်တစ်ခု ရှိစေရန်၊ လူတို့ထံမှ ပိုမိုကြီးမားသော ကိုးကွယ်မှုကို လှုံ့ဆော်ပေးရန်နှင့် လူတို့၏ စိတ်နှလုံးထဲတွင် မိမိတို့ကိုယ်ကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ ပြီးလျှင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေရာတွင် လူတို့ အသုံးပြုသော ချဉ်းကပ်မှုသည် အတိုင်းအတာတစ်ခုအထိ ဘာသာတရားမရှိသော လောကရှိ ဤရေစီးကြောင်း၏ လွှမ်းမိုးမှုကို ခံရလေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်၏ အခြေခံ လိုအပ်ချက်များ သို့မဟုတ် သူ၏ နေ့စဉ် လှုပ်ရှားမှုများ၊ လုပ်ရပ်များနှင့်ပတ်သက်သည့် လူတို့၏ အတွေးများနှင့် အမြင်များသည်လည်း ဤကဲ့သို့ပင် ဖြစ်သည်။ ဤသီးခြားအရာကို လုပ်ဆောင်ရာတွင် လူ့ဇာတိခံထားသော ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကို လူတို့က တိုက်ရိုက် မပြောဆိုသော်လည်း ယင်းကို ဖြန့်ဝေသည့် နည်းလမ်းက အောက်ပါ အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ယင်းက လူတို့ကို သမ္မာတရား လိုက်စားခြင်းအပေါ် အာရုံမစိုက်စေဘဲ ဤအပြင်ပန်း လုပ်ထုံးလုပ်နည်းများအပေါ်သာ အာရုံစိုက်စေသည်။ ယင်းက ၎င်းတို့ကို သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်စေဘဲ ဆင်းရဲဒုက္ခခါးစည်းခံခြင်းအပေါ်သာ အာရုံစိုက်စေကာ လူတို့ ရရှိရန် လွယ်ကူပြီး ၎င်းတို့ အတုခိုးရန် လွယ်ကူသောအရာများကို လုပ်ဆောင်စေသည်။ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို သက်သေခံနေခြင်းဖြစ်သည်ဟုလည်းကောင်း၊ ဤသို့လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘုရားသခင်၏ ပုံရိပ်ကို ကာကွယ်စောင့်ရှောက်နေခြင်းလည်း ဖြစ်သည်ဟုလည်းကောင်း လူတို့က တွေးကြသည်။ အမှန်တကယ်တွင် ဘုရားသခင်၏ ပုံရိပ်သည် သင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သလော။ သင့်ကို ဘုရားသခင်အတွက် သက်သေခံစေရာတွင် သူက သင့်ကို ဤအရာများအကြောင်း သက်သေခံစေလိုခြင်း ဖြစ်သလော။ (မဟုတ်ပါ။) လူ့ဇာတိခံထားသော ဘုရားသခင်၏ ပုံရိပ်သည် သင် ထိန်းသိမ်းစောင့်ရှောက်ရန် မလိုအပ်ပေ။ သင်က ယင်းကို ထိုနည်းလမ်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ သင့်တွင် ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိကောင်းရှိနိုင်သော်လည်း သင်၏ လုပ်ရပ်များသည် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့ပြီး ဆိုးရွားသော အခြေအနေများတွင် ယင်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများပင် ဖြစ်လာသည်။ ဤသို့လုပ်ဆောင်ခြင်းသည် သင့်လျော်ပြီး အကျိုးသင့်အကြောင်းသင့်ရှိကြောင်း၊ ယင်းသည် ကောင်းမှုတစ်ခု ဖြစ်ကြောင်းနှင့် ယင်းသည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သော အရာဖြစ်ကြောင်း လူတို့က အစဉ် ယုံကြည်ခဲ့ကြသည်။ ငါက “မှားသည်။ ဤသည်မှာ သင် လုပ်ဆောင်သင့်သောအရာ မဟုတ်ပေ။ သင်သည် ဤအရာကို မလုပ်ဆောင်သင့်ပေ” ဟု ပြောဆိုသည်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သောကြောင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ သင့်လျော်သော နေရာကို ယူသင့်ပြီး သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ သင်သည် ဘုရားအိမ်တော်အတွင်းတွင် လူ့အဖွဲ့အစည်း၏ သတင်းဌာန အခန်းကဏ္ဍမှ မပြုမူသင့်သည့်အပြင် သတင်းဌာန လုပ်ဆောင်သောအရာများကို မလုပ်ဆောင်သင့်ပေ။ ငါ မည်သည့်စကားများကို ပြောဆိုသည်၊ ငါ မည်သည့် ဆင်းရဲဒုက္ခကို ခါးစည်းခံသည်၊ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ငါ မည်သည့်နေရာသို့ သွားသည်၊ ငါ၏ နေ့စဉ် ခရီးစဉ်မှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို သင်က လူသိရှင်ကြားဖြစ်စေရန် ငါ မလိုအပ်ပေ။ သင်က ယင်းတို့ကို လူသိရှင်ကြားဖြစ်စေသည်ကို ငါ မနှစ်သက်သည့်အပြင် သင်က ယင်းတို့ကို လူသိရှင်ကြားဖြစ်စေသည်ကို ငါ စက်ဆုပ်ရွံရှာမိသည်။ ထို့ကြောင့် ဤကဲ့သို့ လူသိရှင်ကြားဖြစ်စေခြင်းကို ကျေးဇူးပြု၍ ရပ်တန့်လော့။ အကြောင်းမှာ ဤကဲ့သို့ လူသိရှင်ကြားဖြစ်စေခြင်းသည် အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းဖြစ်ပြီး ယင်းသည် သမ္မာတရားနှင့် အညီ မဖြစ်သောကြောင့် ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) သင်သည် ဤအရာများကို လူသိရှင်ကြား မဖြစ်စေခြင်းက အကောင်းဆုံးဖြစ်သည်။ ဤအဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းသည် အသုံးမဝင်ပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် သက်သေခံလိုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမို ဖြန့်ချိသင့်ပြီး သမ္မာတရားနှင့်ပတ်သက်သည့် သင်၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် သမ္မာတရားနှင့်ပတ်သက်သည့် သင်၏ အတွေ့အကြုံကို ဝေမျှသင့်သည်။ သင့်ထံတွင် ကောင်းမွန်သော ရည်ရွယ်ချက်များ အမှန်တကယ် ရှိပြီး ကောင်းသောအရာအချို့ကို လုပ်ဆောင်ကာ ကောင်းမှုအချို့ကို ပြင်ဆင်လိုပါက ဘုရားအိမ်တော်၏ အလုပ်တွင် မည်သည့် နယ်ပယ် သို့မဟုတ် မည်သည့် အစိတ်အပိုင်းက တိုးတက်မှု လိုအပ်သည်ကို ကြည့်ရှုပြီး ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အားထုတ်မှုအချို့ ပြုလုပ်ကာ အဖိုးအခတစ်ခု ပေးဆပ်လော့။ ထိုသို့ဖြင့် အလုပ် စွမ်းဆောင်ရည်ကို တိုးတက်စေလော့၊ အလုပ်၏ တိုးတက်မှုကို အရှိန်မြှင့်လော့၊ ပြီးလျှင် လူအင်အားနှင့် ဘဏ္ဍာရေး အရင်းအမြစ်များကိုလည်း ချွေတာလော့။ သင်သည် ဤအလုပ်အမျိုးအစားအချို့ကို လုပ်ဆောင်ပါက ဤသည်မှာ ကောင်းမှုတစ်ခုဖြစ်ပြီး ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ငါ မည်သည့်အရာကို စားသည် သို့မဟုတ် ဝတ်ဆင်သည်၊ သို့မဟုတ် ငါ မည်သည့် ဆင်းရဲဒုက္ခကို ခါးစည်းခံသည်ဟူသည်နှင့်ပတ်သက်၍မူ သင်က ယင်းအကြောင်းကို သတင်းဖြန့်ရန် မလိုအပ်ပေ။ ငါ့အပေါ် သင် မည်သည့် သဘောထား ရှိသင့်သည်ကို သင့်ကို ငါ ပြောဆိုခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယင်းတွင် ပွင့်လင်းရိုးသားခြင်း၊ ရိုသေလေးစားခြင်းနှင့် ကျိုးနွံနာခံခြင်းဟူသည့် စည်းမျဉ်းသုံးခုသာ ပါဝင်သည်။ ယင်းမှာ ဤမျှ ရိုးရှင်းပါသည်။ သင်က အပိုအရာတစ်ခုခုကို လုပ်ဆောင်ရန် ငါ မလိုအပ်ပေ။ သင်သည် အပိုအရာတစ်ခုခုကို သင့်လျော်သော နည်းလမ်းဖြင့် လုပ်ဆောင်ပါက သင့်ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် ငါ သဘောထားမည်ဖြစ်ပြီး သင် ပြုလုပ်ပေးခဲ့သော ဤကျေးဇူးကို ငါ မှတ်မိနေမည်ဖြစ်သည်။ သို့သော် ငါတို့အကြားရှိ ဆက်ဆံရေးနှင့်ပတ်သက်၍မူ သင် ငါ့ကို မည်သို့ သဘောထားသင့်သည်ဟူသည့် စည်းမျဉ်းများကို သင့်ကို ငါ ပြောဆိုခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုစည်းမျဉ်းသုံးခုမှာ အဘယ်အရာများ ဖြစ်သနည်း။ (ပွင့်လင်းရိုးသားခြင်း၊ ရိုသေလေးစားခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ဖြစ်ပါသည်။) ယင်းမှာ ဤစည်းမျဉ်းသုံးခု အတိအကျပင် ဖြစ်သည်။ သင်သည် ဤစည်းမျဉ်းသုံးခုနှင့် ကိုက်ညီပါက ယင်းသည် သင့်လျော်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦး စွဲကိုင်သင့်သည့် သင့်လျော်သော နေရာကို ခိုင်မာစွာ စွဲကိုင်ထားပြီးဖြစ်ကာ သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ သင်၏ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းသည် တစ်ပြားတစ်ချပ်မျှပင် တန်ဖိုးမရှိပေ။ ပြီးလျှင် အဆုံးတွင် ငါသည် သင့်ကို စက်ဆုပ်ရွံရှာမိမည်ဖြစ်သည်။ သို့သော် သင့်ကို စည်းမျဉ်းတစ်ခုအကြောင်း ငါ လမ်းညွှန်ပါက၊ သင့်ကို အလုပ်တစ်ခု တာဝန်ပေးပါက သို့မဟုတ် သမ္မာတရား၏ ကဏ္ဍတစ်ခုအကြောင်း မိတ်သဟာယဖွဲ့ပါက၊ ပြီးလျှင် သင့်ကို ငါ ပြောသည့်အတိုင်း သင် လုပ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်ပါက ယင်းသည် အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းထက် များစွာ ပိုကောင်းလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသာလျှင် တန်ဖိုးရှိပြီး အမှတ်ရခြင်း ခံရသည်။ နေရာတစ်နေရာတွင် စုဝေးပွဲတစ်ခု တက်ရောက်ရန် လမ်းလျှောက်ရသဖြင့် ငါ အလွန် ပင်ပန်းသွားခဲ့သည်ဟု ပြောဆိုလျက် ငါ့အကြောင်း အဓိပ္ပာယ်မရှိသော စကားများကို သင် ဖြန့်ဝေသည်။ ဤအဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းအားဖြင့် သင်သည် ငါ့အပေါ် လူတို့၏ ကိုယ်ချင်းစာမှုနှင့် သနားကြင်နာမှုကို ဆွဲဆောင်လေသည်။ ဤအရာနှင့်ပတ်သက်၍ ငါ လုံးဝ မပျော်ရွှင်သည့်အပြင် သင် ဤသို့လုပ်ဆောင်သည်ကို ငါ မနှစ်သက်ပေ။ သင့်ကို ငါ မေးရမည်ဖြစ်သည်။ “ဤကိစ္စကို ဖြန့်ဝေခြင်း၏ အကျိုးမှာ အဘယ်နည်း။ သင်သည် အဘယ်ကြောင့် ဤစကားများကို ဖြန့်ဝေခဲ့သနည်း။ ဘုရားသခင်ကို သက်သေခံသည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း သင် အမှန်တကယ် နားလည်သလော” ဟူ၍ ဖြစ်သည်။ သင်သည် သမ္မာတရားနှင့် ကိုက်ညီသော အကြောင်းပြချက်တစ်ခုကို မပေးနိုင်သည့်အပြင် သင် ပြောဆိုပြီး လုပ်ဆောင်သည့်အရာ၏ အခြေခံ ပန်းတိုင်သည် သမ္မာတရားနှင့် စိုးစဉ်းမျှ မကိုက်ညီဘဲ သင်၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်နှင့် ငါ့ထံမှ မျက်နှာသာရရန် ကြိုးစားဖို့ သက်သက်သာ ဖြစ်ပါက သင် ဤသို့လုပ်ဆောင်သည်ကို ငါ မနှစ်သက်ကြောင်း သင့်ကို ငါ ပြောဆိုသည်။ သင်သည် ဤအရာကို လုံးဝ မလုပ်ဆောင်ရပေ။ ဤသည်မှာ တစ်ကြိမ်တည်းဖြစ်ပြီး နောက်ဆုံးအကြိမ်လည်း ဖြစ်ပါစေ။ နောက်တစ်ဖန် မည်သည့်အခါမျှ မလုပ်ဆောင်နှင့်။ ငါနှင့် သင်၏ ပတ်သက်ဆက်နွှယ်မှုများနှင့် အပြန်အလှန် ဆက်ဆံမှုများတွင် သင့်ကို ငါ ပြောဆိုသော စည်းမျဉ်းများကို သင် အဖန်ဖန် ဆင်ခြင်တွေးတောရမည်။ သင်သည် မိမိ ရှိသင့်သော နေရာကို ခိုင်မာစွာ စွဲကိုင်ထားရမည်၊ သင် ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်ဖြစ်ပြီး သင် လိုက်နာသင့်သော စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။ ဤအရာများသည် သင် ပြီးမြောက်အောင်မြင်သင့်သောအရာများ ဖြစ်သည်။ ငါ့ထံမှ မျက်နှာသာရရန် သို့မဟုတ် ငါ့ကို မြှောက်ပင့်ရန် မည်သို့ လုပ်ဆောင်ရမည်ကို အစဉ် အဖြေရှာရန် မကြိုးစားနှင့်။ ငါ့ကို ကိုယ်ချင်းစာရန် သို့မဟုတ် ငါ့ကို သနားရန် အစဉ် ဆန္ဒမရှိနှင့်၊ သို့မဟုတ် ငါ့ကို ပျော်ရွှင်စေရန် ဆန္ဒမရှိနှင့်။ ဤအရာများကို မလုပ်ဆောင်နှင့်။ သင်သည် ယင်းတို့ကို လုပ်ဆောင်လျှင်ပင် ယင်းမှာ အချည်းနှီးဖြစ်လိမ့်မည်။ သင် ဤအရာများကို လုပ်ဆောင်သည်ကို ငါ မနှစ်သက်သည့်အပြင် သင် ယင်းတို့ကို လုပ်ဆောင်သည်ကို ငါ စက်ဆုပ်ရွံရှာမိသည်။ သင်သည် ဤအရာများကို မလုပ်ဆောင်ပါက သင့်ကို ငါ စည်းမျဉ်းအတိုင်း ချဉ်းကပ်မည်ဖြစ်ပြီး သင်နှင့် ပုံမှန် အပြန်အလှန် ဆက်ဆံနိုင်မည်ဖြစ်သည်။ သင်သည် ဤအရာများကို လုပ်ဆောင်ပါက ငါ့ထံမှ မျက်နှာသာရရန်နှင့် သင့်အပေါ် ငါ သဘောကျစေရန်အလို့ငှာ ငါ လုပ်ဆောင်ခဲ့သောအရာကို အမွှမ်းတင်ရန်နှင့် ငါ့ကွယ်ရာတွင် ဤအရာများကို အလွန်အကျွံ အရေးတယူလုပ်ရန် အစဉ် တွေးတောနေပါက သင် မှားယွင်းသည်ဟု ငါ ပြောဆိုသည်။ ဤသို့လုပ်ဆောင်ခြင်းက သင့်အပေါ် ငါ့ကို စက်ဆုပ်ရွံရှာမိစေရုံသာ ရှိလိမ့်မည်။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ သင့်ကို ငါ ဆက်ဆံမည်ဖြစ်ပြီး သင့်ကို အကဲဖြတ်မည်ဖြစ်သည်။ ဤသည်မှာ သင့်ကို ငါ ရှုမြင်မည့်ပုံစံ ဖြစ်သည်။ သင်သည် ငါနှင့် တရားမျှတပြီး သင့်လျော်စွာ ပတ်သက်ဆက်နွှယ်ကာ အပြန်အလှန် ဆက်ဆံပါက ငါတို့သည် ပုံမှန် အပြန်အလှန် ဆက်ဆံနိုင်ကြသည်။ သင်သည် ငါ့ကွယ်ရာတွင် အဓိပ္ပာယ်မရှိသော စကားများကို အစဉ် ဖြန့်ဝေနေပါက ငါ၏ အမြင်တွင် သင်၏ လူ့သဘာဝသည် မကောင်းပေ။ အနည်းဆုံးအနေဖြင့် သင့်ထံတွင် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိကြောင်းနှင့် သင်သည် အလွန် ယုတ်ညံ့ကြောင်း ငါ ပြောဆိုမည်ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ကိုယ်တော့်အတွက် စကားကောင်း ဆိုပေးနေခြင်း ဖြစ်ပါသည်။ ယင်းက အဆင်မပြေဘူးလော” ဟု ပြောဆိုကြသည်။ ငါက “ထိုသို့လုပ်ဆောင်ရန် မလိုအပ်ပါ” ဟု ပြောဆိုသည်။ ငါ မိတ်သဟာယဖွဲ့သော နှုတ်ကပတ်တော်များမှတစ်ဆင့်လည်းကောင်း၊ ၎င်းတို့ကို ငါ သွန်သင်ပေးသော သမ္မာတရားများမှတစ်ဆင့်လည်းကောင်း ငါသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို လူတို့ မြင်တွေ့လာကြပြီး သိရှိလာကြသည်။ သင် ဖြန့်ဝေသော အဓိပ္ပာယ်မရှိသည့် စကားများမှတစ်ဆင့် ယင်းကို ၎င်းတို့ မြင်တွေ့လာခြင်းနှင့် သိရှိလာခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်၏ အဓိပ္ပာယ်မရှိသော စကားများကို ဖြန့်ဝေခြင်းသည် လုံးဝ မလိုအပ်သည့်အပြင် ပိုလျှံနေလေသည်။ အခြားမည်သူမျှ ယင်းကို စက်ဆုပ်ရွံရှာမိခြင်း မရှိကောင်း မရှိနိုင်ပေ၊ သို့မဟုတ် အခြားလူတိုင်းက ယင်းကို နှစ်သက်ကောင်း နှစ်သက်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် ငါသည် ယင်းကို မနှစ်သက်သည့်အပြင် ယင်းကို ငါ စက်ဆုပ်ရွံရှာမိသည်။ ငါ့အကြောင်း အဓိပ္ပာယ်မရှိသော စကားများကို သင် ဖြန့်ဝေသောအခါ ယင်းက လူတိုင်း၏ အကြိုက်နှင့် အမှန်တကယ် ကိုက်ညီပြီး လူတိုင်း၏ အမြင်များနှင့် အမှန်တကယ် ကိုက်ညီကာ လူတိုင်းကို သဘောကျစေလျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ငါ့ကို မေးသင့်သည်။ ငါသည် ပါဝင်ပတ်သက်နေသူ ဖြစ်သည်။ ငါက ယင်းကို သဘောတူခြင်း ရှိမရှိဟူသည်နှင့် ယင်းကို ငါ နှစ်သက်ခြင်း ရှိမရှိဟူသည်ကို သင် မေးရမည်ဖြစ်သည်။ ထိုသို့သောအရာများကို ဖြန့်ဝေရန် သင့်ကို ငါ အခွင့်အာဏာ ပေးထားသလော။ သင့်ကို ငါ အခွင့်အာဏာ မပေးထားသော်လည်း ငါ့အကြောင်း အဓိပ္ပာယ်မရှိသော စကားများကို သင် ဖြန့်ဝေပါက၊ အလွန် ထင်ရာစိုင်း၍ ပြောဆိုပြီး ယင်းကို သမ္မာတရားဖြစ်သည့်အလားပင် ဖြန့်ဝေပါက ယင်းက သင့်တွင် ဖုံးကွယ်ထားသော စေ့ဆော်ချက်များ ရှိသည်ဟု ဆိုလိုခြင်း မဟုတ်လော။ သို့ဆိုလျှင် သင့်ကို ငါ မည်သို့ သတ်မှတ်မည်နည်း။ သင်သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေနေသည်ဟု ငါ ပြောဆိုမည်ဖြစ်သည်။ ငါ မည်သည့်နေရာသို့ သွားသည်၊ ငါ မည်သည့်စကားများကို ပြောဆိုသည်၊ သို့မဟုတ် ငါ မည်သည့်အရာများကို လုပ်ဆောင်သည်ဖြစ်စေ လူအချို့သည် ဤအရာများကို ဖြန့်ဝေခြင်းအပေါ် အထူးတလည် အာရုံစိုက်ကြသည်။ ယင်းမှာ ထိုသို့လုပ်ဆောင်ပြီးနောက် လူတိုင်းက ငါ့ကို အထင်ကြီးလေးစားမည်ဖြစ်ပြီး ငါ့ကို အဆင့်အတန်းမြင့်မြင့် သတ်မှတ်ကြမည်ဖြစ်သည့်အလား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အရာအချို့ကို လုပ်ဆောင်ရန် နေရာတစ်နေရာသို့ ငါ သွားသည့်အခါတိုင်း ယင်းတို့သည် ငါ၏ နေ့စဉ်ဘဝရှိ အရာများဖြစ်စေ သို့မဟုတ် အလုပ်နှင့် သက်ဆိုင်သော အရာများဖြစ်စေ၊ အထူးသဖြင့် လူတို့၏ အမြင်တွင် ဆင်းရဲဒုက္ခနှင့် တူသောအရာများဖြစ်စေ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် ငါသည် ဟန်ဆောင်နေခြင်းလော။ (မဟုတ်ပါ။) ငါသည် ဟန်ဆောင်နေခြင်း မဟုတ်ကြောင်းကို သင် သိသောကြောင့် ဤအရာများကို သတင်းမဖြန့်နှင့်။ အသံချဲ့စက်တစ်ခုအဖြစ် မပြုမူနှင့်၊ ပြီးလျှင် သတင်းဌာနတစ်ခုအဖြစ် မပြုမူနှင့်။ ဘုရားအိမ်တော်တွင် ထိုသို့သော အဖွဲ့အစည်း မရှိပေ။ သတင်းဌာနတစ်ခုကို သင့်ဘာသာ မတည်ထောင်နှင့်၊ ပြီးလျှင် ဤအရာများကို သတင်းဖြန့်ရန် အသံချဲ့စက်တစ်ခုအဖြစ် မပြုမူနှင့်။ အကြောင်းမှာ သင်က ယင်းတို့ကို သတင်းဖြန့်သည်ကို ငါ လုံးဝ ရွံမုန်းသောကြောင့် ဖြစ်သည်။ ယင်းက အပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိသည်။ ထို့ကြောင့် သင်သည် အဓိပ္ပာယ်မရှိသော စကားများကို လုံးဝ မဖြန့်ဝေရသည့်အပြင် ဤကဲ့သို့သောအရာများကို သတင်းမဖြန့်ရပေ။ ဤသည်မှာ သင်တို့အပေါ် ငါထားရှိသော တောင်းဆိုချက်များထဲမှ တစ်ခုဖြစ်သည်။
ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ရှိ အဆင့်တစ်ခု ဖြစ်သည်။ ယင်းသည် ထိုအစီအစဉ်အတွင်းရှိ အရာတစ်ခုဖြစ်ပြီး ပုံစံအရ အတော်အတန် ထူးခြားလေသည်။ ယင်းက ဘုရားသခင်သည် စကားပြောရန်နှင့် အမှုပြုရန် လူတို့အကြားသို့ ကြွလာဖို့ လိုအပ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိ ခန္ဓာကိုယ်၏ ပုံသဏ္ဌာန်ကို ယူဆောင်သည်၊ သာမန်လူတစ်ဦး ဖြစ်လာပြီး လူတို့အကြားတွင် အမှုပြုရန် ကြွလာလေသည်။ စကားပြောခြင်းဟူသော သူ၏ အမှုအပြင်၊ အရေးအကြီးဆုံးအရာမှာ သူ၏ ဇာတိပကတိက ခါးစည်းခံရသော ဆင်းရဲဒုက္ခ ဖြစ်သည်။ ဤသည်မှာ အမှု၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး ယင်းသည် သူ မဖြစ်မနေ တွေ့ကြုံရမည့်အရာနှင့် မဖြစ်မနေ ခါးစည်းခံရမည့်အရာ ဖြစ်သည်။ ဘုရားသခင်က စကားပြောပြီး သူ၏ အမှုကို လုပ်ဆောင်သည့် ကာလအတွင်းတွင် စကားပြောခြင်းနှင့် အမှုပြုခြင်းအပြင် သူ၏ ဇာတိပကတိသည် ဆင်းရဲဒုက္ခအချို့ကိုလည်း မဖြစ်မနေ ခါးစည်းခံရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့အကြားတွင် နေထိုင်သောအခါ ဆင်းရဲဒုက္ခခံရခြင်းမှာ ရှောင်လွှဲ၍မရသောအရာ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန်၊ လူတို့ကို သမ္မာတရား ထောက်ပံ့ပေးရန်၊ လူတို့ကို လမ်းကြောင်း ညွှန်ပြရန်နှင့် လူတို့အပေါ် အသက်ကို ပေးသနားရန်အလို့ငှာ လူ့ဇာတိဖြင့် ကြွလာပြီး လူတို့အကြားတွင် နေထိုင်လေသည်။ သို့သော် သူ ရင်ဆိုင်ရသောအရာမှာ စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော လူသားမျိုးနွယ် ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်အရာကို မလွဲမသွေ ခါးစည်းခံရမည်နည်း။ သူသည် လူတို့၏ ဝေဖန်ကဲ့ရဲ့ခြင်း၊ ပြစ်မှားစော်ကားခြင်း၊ ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်းတို့အပြင် လူတို့၏ နားလည်မှုလွဲခြင်းများ၊ သတိထားရှောင်ခြင်းများနှင့် ညည်းညူခြင်းများကိုလည်းကောင်း၊ ဘုရားသခင်အပေါ်လည်း ၎င်းတို့ ဝတ်ကျေတမ်းကျေလုပ်သည့် အမျိုးမျိုးသော နည်းလမ်းများကိုလည်းကောင်း မလွဲမသွေ ခံရပ်ရမည်ဖြစ်သည်။ သူသည် ဤအရာများကို ခါးစည်းခံရမည်ဖြစ်သည်။ လူအချို့က “ကိုယ်တော်သည် ဤအရာများကို ခါးစည်းခံသည်ကို ကျွန်ုပ်တို့ မမြင်ဖူးပါ” ဟု ပြောဆိုကြသည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် ကြွလာသောအခါ သူသည် ဘာသာတရားမရှိသူများအကြားတွင် မနေထိုင်ပေ။ ထိုအစား သူသည် ဘုရားသခင် ရွေးချယ်ထားသောလူများအကြားတွင် နေထိုင်ပြီး သူ ကယ်တင်ရန် ရည်ရွယ်ထားသော လူသားများအကြားတွင် နေထိုင်လေသည်။ ဤလူသားများနှင့်အတူ နေထိုင်သောအခါ သူ၏ ဇာတိပကတိသည် ဤလူများနှင့် မလွဲမသွေ ထိတွေ့ဆက်ဆံရမည်၊ ပတ်သက်ဆက်နွှယ်ရမည်၊ ဆက်သွယ်ပြောဆိုရမည်၊ ၎င်းတို့နှင့် အပြန်အလှန် ဆက်ဆံရမည်ဖြစ်ပြီး ကိစ္စရပ်များစွာကို မလွဲမသွေ ကိုင်တွယ်ရမည်ဖြစ်သည်။ သူသည် ဤကိစ္စရပ်များကို ကိုင်တွယ်သောအခါ လူတို့သည် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို အလွန် သဘာဝကျကျ ထုတ်ဖော်ကြလိမ့်မည်။ လူတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည်ကို မြင်သောအခါ လူ့ဇာတိခံ ဘုရားသခင်သည် သာယာမှုကို ခံစားရသည်ဟု သင် ထင်သလော၊ သို့မဟုတ် စိတ်မသက်မသာဖြစ်သည်ဟု သင် ထင်သလော။ (စိတ်မသက်မသာဖြစ်သည်ဟု ခံစားရပါသည်။) စိတ်မသက်မသာဖြစ်သည်ဟု ခံစားရခြင်းသည် ဆင်းရဲဒုက္ခအဖြစ် သတ်မှတ်သလော။ (သတ်မှတ်ပါသည်။) သို့ဆိုလျှင် သူသည် စိတ်မသက်မသာဖြစ်မှုကို ခံစားရသောကြောင့် လူတို့ကို ကယ်တင်ခြင်းကို ရပ်တန့်သလော။ သူသည် စိတ်မသက်မသာဖြစ်မှုကို ခံစားရသောကြောင့် သူ၏ အမှုကို လုပ်ဆောင်ခြင်းကို လက်လျှော့သလော။ သို့တည်းမဟုတ် သူသည် လူတို့ကို တိုက်ရိုက် ဖျက်ဆီးလိုက်ရုံသာလော။ သူ ထိုသို့ မလုပ်ဆောင်နိုင်ပေ။ သူ ကယ်တင်သောသူများသည် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသော လူသားများ အတိအကျပင် ဖြစ်သည်။ သူ၏ စိတ်မသက်မသာဖြစ်မှုသည် အမှန်တကယ်ဖြစ်သော ပြဿနာတစ်ခု ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်နှင့်ပတ်သက်လာလျှင် သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ ဤအရာအားလုံးကို ရင်ဆိုင်ရမည်ဖြစ်ပြီး ဤအရာအားလုံးကို ခါးစည်းခံရမည်ဖြစ်သည်။ ဤအရာအားလုံးကို ရင်ဆိုင်ပြီး ဤအရာအားလုံးကို ခါးစည်းခံနေစဉ်တွင် သူသည် မိမိ၏ အမှုကို ဆက်လက်လုပ်ဆောင်ရမည်၊ သမ္မာတရားကို ထောက်ပံ့ပေးရန် နှုတ်ကပတ်တော်များကို ဆက်လက်ဖော်ပြရမည်၊ လူတို့ကို စိတ်ရှည်စွာနှင့် လေးနက်စွာ စကားပြောဆိုရမည်ဖြစ်ပြီး လူတို့အကြားတွင် အမှုပြုရမည်ဖြစ်သည်။ လူတို့သည် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေကြောင်း၊ ၎င်းတို့၏ ပုန်ကန်မှုသည် အလွန် ကြီးမားကြောင်း၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သောအရာများသည် အဓိပ္ပာယ်မဲ့ပြီး စက်ဆုပ်ဖွယ်ကောင်းကြောင်းကို သူ မြင်ရုံမျှဖြင့် လူတို့ကို ကယ်တင်ခြင်းကို သူ လက်လျှော့၍မရပေ။ အကြောင်းမှာ ဤသည်မှာ သူ၏ အမှုဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခါးစည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို ကျင့်သုံးခြင်းသည် သူ၏ အမှုတွင် ပါဝင်ပြီး ယင်းသည် လူ့ဇာတိခံထားသော ဘုရားသခင်က သူ၏ အမှုတော်ကို ဆောင်ရွက်ခြင်း၊ သူ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းတို့တွင်လည်း ပါဝင်လေသည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်နှင့်ပတ်သက်လာလျှင် ဘုရားသခင်တွင် တာဝန်ဝတ္တရားများ ရှိသည်၊ သူ့ထံတွင် စိုးရိမ်ပူပန်မှုများ ရှိသည်၊ သူ့အမှုနှင့်သူ ရှိကာ သူ့ထံတွင် မျှော်လင့်ချက်များလည်း ရှိလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်လိုသည်၊ လူတစ်စုကို နောက်ခေတ်ထဲသို့ ဝင်ရောက်စေရန်အလို့ငှာ ၎င်းတို့ကို ပြီးပြည့်စုံစေလိုသည်၊ ပြီးလျှင် လူတစ်စုကို ကယ်တင်ခြင်းသို့ ရောက်စေရန်နှင့် လူသားမျိုးနွယ်သစ် ဖြစ်လာစေရန်အလို့ငှာ ၎င်းတို့ကို ပြီးပြည့်စုံစေလိုသည်။ ထိုသို့ဖြင့် ဘုရားသခင်၏ ကြီးမားသော အမှုကို ပြီးမြောက်စေပြီး လူတစ်စိတ်တစ်ပိုင်းကို ရယူလိုလေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုဖြစ်ပြီး လူ့ဇာတိခံ ဘုရားသခင်သည် အတိအကျပင် ဤအမှုတော်ကို ဆောင်ရွက်ရန် ကြွလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် လူ့ဇာတိမခံယူမီတွင် သူသည် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသော လူသားတစ်စုကို ရင်ဆိုင်ရမည်ကို သူ မသိခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူသည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသော လူသားတစ်စုကို ကယ်တင်တော့မည်ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရအတွက် သူ ရင်ဆိုင်ရမည့်အရာနှင့် ကြုံတွေ့ရမည့်အရာအားလုံးသည် အခက်အခဲများ ဖြစ်ပေမည်။ ဤအခက်အခဲများတွင် ပြင်ပ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာသော အခက်အခဲအချို့ ပါဝင်သော်လည်း အခြေအနေများကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများသည် ကိစ္စမရှိပေ။ စစ်မှန်သော အခက်အခဲများမှာ အဘယ်အရာများ ဖြစ်သနည်း။ ယခုလေးတင် သင်တို့ကို ငါ မေးခဲ့ရာ သင်တို့ မသိကြောင်း ပြောဆိုခဲ့ကြသဖြင့် သင်တို့ကို ငါ ပြောပြရမည်ဖြစ်ပြီး ထို့နောက် သင်တို့ သိရှိလာကြလိမ့်မည်။ သင်တို့ သိရှိသွားသည်နှင့်တစ်ပြိုင်နက် သင်တို့ နားလည်နိုင်ကြလိမ့်မည်။
ဘုရားသခင် လူ့ဇာတိခံယူပြီးနောက်တွင် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ပြောင်းလဲခြင်းမရှိဘဲ ကျန်ရှိနေသည်။ သူ့ထံတွင် ဘုရားသခင်နှင့်ဆိုင်သော အသက်ရှိပြီး ဘုရားသခင်၏ ကိုယ်ပိုင် စိတ်သဘောထားလည်း ရှိသောကြောင့် သူ၏ အနှစ်သာရနှင့် အသက်အရဆိုလျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သူနှင့် သဟဇာတမဖြစ်နိုင်ပေ။ ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်ခြင်းဟူသည့် ဤအရာက လူတို့သည် နေထိုင်မှုအလေ့အထများ သို့မဟုတ် ပင်ကိုစရိုက်အရ ဘုရားသခင်နှင့် သဘောထားချင်း မတိုက်ဆိုင်နိုင်ခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ထိုအစား ယင်းက အမျိုးမျိုးသော အတွေးများနှင့် အမြင်များအပြင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မည်သို့ သဘောထားရမည်နှင့်ဆိုင်သည့် စည်းမျဉ်းများနှင့် နည်းလမ်းများတွင် လူတို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ အမှန်တရား မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ခြင်းအတွက် အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်၏ နက်ရှိုင်းစွာ လွှမ်းမိုးခြင်းနှင့် အယူဝါဒသွတ်သွင်းခြင်းကို ခံထားရပြီး စာတန်၏ သွေးဆောင်မှုများကို လက်သင့်ခံထားကာ စာတန်၏ အတွေးများနှင့် အမြင်များအပေါ် အခြေခံ၍ အရာရာကို လုပ်ဆောင်သောကြောင့် ဖြစ်သည်။ စာတန်၏ ဤအတွေးများနှင့် အမြင်များအားလုံးသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အပြင် ယင်းတို့အားလုံးသည် အပျက်သဘောဆောင်သောအရာများ ဖြစ်ကြသည်။ သို့ဖြစ်၍ လူတိုင်းသည် ဘုရားသခင်၏ အမှုကို ရှုမြင်ရာတွင်လည်းကောင်း၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ရှုမြင်ရာတွင်လည်းကောင်း ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များနှင့် နည်းလမ်းများဖြင့် ရှုမြင်ကြသည်။ လူသားမျိုးနွယ်နှင့်ပတ်သက်လာလျှင် ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင်ရှိသော ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကိုပင် မည်သူကမျှ နားမလည်နိုင်သည့်အပြင် မည်သူကမျှ တန်ဖိုးမထားနိုင်ကြပေ။ သေချာသည်မှာ သူ့ကို စစ်မှန်စွာ အလေးထားနိုင်သူ ရှိဖို့မဆိုထားနှင့်၊ ယင်းတို့ကို မှန်ကန်စွာ သဘောထားပြီး လက်ခံနိုင်သူ မည်သူမျှမရှိချေ။ သို့သော်ငြားလည်း လူ့ဇာတိခံထားသော ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဟူသည့် ဤအမှုကို ပြီးစီးအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး လူတို့အပေါ် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ပေးသနားရမည်ဖြစ်သည်။ လူတို့အပေါ် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ပေးသနားသည့် လုပ်ငန်းစဉ်တွင် သူသည် လူ၏ နားလည်မှုလွဲခြင်းများ၊ ညည်းညူခြင်းများနှင့် ဝေဖန်ခြင်းများအပြင် လူ၏ ငြင်းပယ်ခြင်းနှင့် ရှောင်ဖယ်ခြင်းတို့ကိုပင် သည်းခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူ၏ အမျိုးမျိုးသော ပုန်ကန်မှု ပုံစံများကို ရင်ဆိုင်ရမည်ဖြစ်သည်။ လူကို လမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ရန်နှင့် လူကို ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ ပို့ဆောင်ရန်အလို့ငှာ ဘုရားသခင်သည် သမ္မာတရားကို မည်မျှပင် စိတ်ရှည်စွာဖြင့်လည်းကောင်း၊ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ လူသားမျိုးနွယ်ကို အပင်ပန်းခံရသော ရည်ရွယ်ချက်များဖြင့် မည်မျှပင် ကယ်တင်သည်ဖြစ်စေ လူက သူ့ကို အပြည့်အဝ နားလည်လာစေရန်မှာ အလွန်ခက်ခဲလှသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ လူ့ဇာတိခံထားသော ဘုရားသခင်သည် အစဉ်သဖြင့် စိတ်ရှည်သည်းခံရမည်ဖြစ်ပြီး အစဉ်သဖြင့် သည်းခံခွင့်လွှတ်ရမည်ဖြစ်သည်။ စကားပြောရန်နှင့် အမှုပြုရန် မည်သည့်အခါမျှ မမောပန်းဘဲ လူတို့သည် ဘုရားသခင် သွန်သင်သည့် အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရား စည်းမျဉ်းများကို စိတ်ဝင်စားလာနိုင်ရန်နှင့် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန်အလို့ငှာ အမျိုးမျိုးသော နည်းလမ်းများမှတစ်ဆင့်၊ မတူညီသော ရှုထောင့်များမှနေ၍ လူတို့ကို ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များကို စွန့်လွှတ်စေရမည်ဖြစ်သည်။ ဤအရာကို သည်းခံရခြင်းမှာ အလွန်အမင်း နာကျင်ရပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ သူသည် လူတို့၏ နားလည်မှုလွဲခြင်းများ၊ ညည်းညူခြင်းများနှင့် ၎င်းတို့၏ မှန်ကြောင်းရှင်းချက်ထုတ်ခြင်းများနှင့် ခုခံကာကွယ်ခြင်းများကိုပင် ရင်ဆိုင်ရဆဲဖြစ်သည်။ သူသည် လူတို့အတွက် မည်မျှပင် အပင်ပန်းခံ တွေးတောပေးပြီး ကိုယ်ကျိုးမဖက်ဘဲ သူ့ကိုယ်သူ အသုံးခံသည်ဖြစ်စေ လူတို့၏ ပုန်ကန်မှုနှင့် ၎င်းတို့၏ အေးစက်သော အကြည့်များကိုပင် သည်းခံရဆဲဖြစ်ပြီး အချို့သော ပုဂ္ဂိုလ်များ၏ အကျပ်ကိုင်ခြင်းကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်ငြားလည်း ဤလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဘုရားသခင်၏ အမှုသည် မည်သည့်အခါမျှ ရပ်တန့်မသွားခဲ့သည့်အပြင် သူ၏ အမှု တိုးတက်မှုသည်လည်း မည်သည့်အခါမျှ နှေးကွေးမသွားဘဲ လူသားမျိုးနွယ်ကို ရှေ့သို့ သူ ဦးဆောင်သည့် အရှိန်အဟုန်သည်လည်း နှေးကွေးမသွားခဲ့ပေ။ သူသည် မိမိ၏အမှုကို အမြဲတစေ လုပ်ဆောင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သူ၏ မိန့်မြွက်ချက်များကို အမြဲတစေ ဖော်ပြသည်။ ဤလုပ်ငန်းစဉ်တွင် တစ်ဖက်၌ သူသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သောကြောင့် လူ၏ အသိစိတ်နှင့် ခံစားချက်များကို သိရှိနားလည်မှုကို ပိုင်ဆိုင်ထားသည်။ ဆိုလိုသည်မှာ လူ့သဘာဝ ရှုထောင့်မှကြည့်လျှင် သူ့ထံတွင် ခံစားလွယ်မှုလည်း ရှိသည်။ သူ့ထံတွင် စိတ်ခံစားမှုများ ရှိသည်၊ သူ့ထံတွင် ခံစားချက်များ ရှိပြီး သူ့ထံတွင် သိရှိနားလည်မှု ရှိသည်။ သူသည် သိရှိနားလည်မှု ကင်းမဲ့နေခြင်း မဟုတ်ပေ။ လူ့သဘာဝအရဆိုလျှင် သူ၏ လူ့သဘာဝသည် ဘုရားသခင်၏ ဝိညာဉ်တော်ကဲ့သို့ လူ့ဇာတိဆိုင်ရာ ခံစားချက်များကို မကျော်လွန်သည့်အပြင် ဇာတိပကတိ၏ အသိစိတ်ကိုလည်း မကျော်လွန်ပေ။ သို့ဖြစ်၍ လူ့ဇာတိခံ ဘုရားသခင်အတွက် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို သည်းခံရာတွင် သူသည် ပို၍ကြီးမားသော ဆင်းရဲဒုက္ခကို ခါးစည်းခံရပြီး ပို၍များသော နာကျင်မှုကို ခံရပ်ရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ခါးစည်းခံရသည့် အကြီးမားဆုံးသော ဆင်းရဲဒုက္ခ အမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။ လူတို့၏ အမျိုးမျိုးသော ပုန်ကန်မှု ပုံစံများကို ရေရှည် ခါးစည်းခံခြင်းနှင့် သည်းခံအပြင် လူ့ဇာတိခံ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ရာတွင်လည်းကောင်း၊ မိမိ၏ အမှုတော်ကို ဆောင်ရွက်ရာတွင်လည်းကောင်း ခါးစည်းခံရမည့် အခြားသော ဆင်းရဲဒုက္ခ အမျိုးအစားတစ်ခု ရှိသေးသည်။ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်အကြားတွင် နေထိုင်သော်လည်း လူသားမျိုးနွယ်ဝင်တစ်ဦး မဟုတ်ပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုမှုမှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ အသက်အနှစ်သာရနှင့် ကွဲပြားသော အသက်အနှစ်သာရကို ပိုင်ဆိုင်ထားပြီး အရာခပ်သိမ်းနှင့် ဖြစ်ရပ်များအားလုံးကို မည်သို့ သဘောထားပြုမူရမည်နှင့်ပတ်သက်၍ လူသားမျိုးနွယ်တွင်ရှိသော အရာများနှင့် ကွဲပြားသည့် အတွေးများနှင့် အမြင်များ ရှိသည်။ သေချာသည်မှာ ဤကွဲပြားမှုနှစ်ခုကို ထောက်ရှု၍ ဘုရားသခင်၏ အမှုက ကယ်တင်ခြင်းသို့ ရောက်သည့် လူတစ်စုကို မရရှိမီတွင် လူတို့အကြား နေထိုင်စဉ် လူ့ဇာတိခံထားသော ဘုရားသခင် ရင်ဆိုင်ရသည့် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ သူ ပိုင်ဆိုင်ထားသည့် သမ္မာတရား၏ အသက်ကို မည်သူကမျှ စစ်မှန်စွာ မပိုင်ဆိုင်ထားသည့်အပြင် သူ ပိုင်ဆိုင်ထားသည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်ဆိုင်သော နားလည်သဘောပေါက်မှုကိုလည်း မည်သူကမျှ စစ်မှန်စွာ မပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူများကို ရင်ဆိုင်ရစဉ် သို့မဟုတ် ၎င်းတို့အကြား နေထိုင်စဉ်တွင် အသင်းတော်၌ ဘုရားသခင်နောက်သို့ လိုက်သည့် လူအတော်များများ ရှိသော်လည်း လူ့ဇာတိခံထားသော ဘုရားသခင် ကိုယ်တိုင်မှာမူ အထီးကျန်နေရသည်။ ဤသည်မှာ အမှန်တရား မဟုတ်လော။ (ဟုတ်ပါသည်။) ငါ မိတ်သဟာယဖွဲ့ခဲ့သည့် ဤသမ္မာတရားများအားလုံးသည် လူတိုင်း၏ ဉာဏ်မမီနိုင်သောအရာများ ဖြစ်သည်ဟု ငါ မပြောနိုင်သော်လည်း အနည်းဆုံးအနေဖြင့် ယခုအချိန်အထိ သမ္မာတရား၏ ကဏ္ဍအားလုံးကို အပြည့်အဝ နားလည်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပေ။ နောက်ထပ် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာ အမှုအရာများကို တွေ့ကြုံပြီးနောက်နှင့် သင်တို့၏ တာဝန်ကို နောက်ထပ် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာ ထမ်းဆောင်ပြီးနောက်တွင် သင်တို့သည် အချို့သော သမ္မာတရား စည်းမျဉ်းများကို နားလည်မှုနှင့် အတွေ့အကြုံ ရှိလာကောင်း ရှိလာနိုင်ပြီး အချို့သောအရာများကို သင်တို့ ရရှိပြီးဖြစ်လိမ့်မည်။ အလုပ်ကို မည်သို့ လုပ်ဆောင်ရမည်ကို သင်တို့ သိလာလိမ့်မည်ဖြစ်ပြီး သင်တို့ ကြုံတွေ့ရသည့် အမျိုးမျိုးသော ကိစ္စရပ်များကို ချဉ်းကပ်သင့်သည့် မှန်ကန်သော အတွေးများနှင့် အမြင်များကို သင်တို့ သိလာလိမ့်မည်။ သို့တိုင်အောင် သင်တို့ နားလည်သည့် သမ္မာတရားသည် လက်တွေ့တွင် အလွန် အကန့်အသတ်ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ပြဿနာအချို့ကို ကိုင်တွယ်ရာတွင် သို့မဟုတ် အမျိုးမျိုးသော အမှုအရာများကို ချဉ်းကပ်ရာတွင် ငါတို့သည် မိမိတို့၏ အမြင်ရှုထောင့်များ၌ လုံးဝ သဘောတူညီမှုသို့ မည်သည့်အခါမျှ မရောက်ရှိနိုင်ပေ။ ဤအရာ၏ အခြေခံအကြောင်းရင်းမှာ သမ္မာတရားကို နားလည်မှု အတိုင်းအတာများ ကွဲပြားခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင် လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်၏ အမျိုးမျိုးသော မတရားသည့် ဆက်ဆံမှုများကို သည်းခံရမည်ဖြစ်ပြီး သမ္မာတရားနှင့် အညီမဖြစ်သော ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးများနှင့် အဓိပ္ပာယ်မရှိသော တောင်းဆိုမှုများကိုလည်း သူ သည်းခံရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် လူ့ဇာတိခံ ဘုရားသခင်သည် အနာကျင်ရဆုံးသောအရာကိုလည်း သည်းခံရမည်ဖြစ်ပြီး ယင်းမှာ သူ မလွှဲမရှောင်သာ ခါးစည်းခံရမည့် ဆင်းရဲဒုက္ခ အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ လူ၏ အနှစ်သာရနှင့် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရတို့ကြားတွင် ကွဲပြားမှုတစ်ခု ရှိသောကြောင့် လူ့ဇာတိခံ ဘုရားသခင်သည် လူတို့အကြား မည်မျှပင် နှစ်ပေါင်းများစွာ အမှုပြုသည်ဖြစ်စေ သူသည် အထီးကျန်နေဆဲဖြစ်သည်။ ငါ့ကို ပြောလော့၊ အထီးကျန်သည်ဟု ခံစားရခြင်းသည် ဆင်းရဲဒုက္ခ ပုံစံတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အထီးကျန်သည်ဟု ခံစားရခြင်းသည် ဆင်းရဲဒုက္ခ ပုံစံတစ်ခု ဖြစ်သည်။ သမ္မာတရားကို မည်မျှပင် ရှင်းလင်းစွာနှင့် မည်မျှပင် စေ့စပ်သေချာစွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ လူသားမျိုးနွယ်၏ ဝင်ရောက်မှုသည် နှေးကွေးနေဆဲဖြစ်သည်။ တူညီသော အမှားများနှင့် တူညီသော ဖောက်ပြန်ပျက်စီးမှုတို့သည် အစဉ်သဖြင့် ဖြစ်ပေါ်နေပြီး ဆက်လက်၍ ပေါ်ပေါက်နေသည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန် သမ္မာတရားကို စိတ်ရှည်စွာနှင့် အလေးအနက် အစဉ်သဖြင့် မိတ်သဟာယဖွဲ့ပြီး ၎င်းတို့အပေါ် စိတ်ရှည်မှုနှင့် သည်းခံခွင့်လွှတ်ခြင်းကို အစဉ်သဖြင့် ပြသသည်။ ဘုရားသခင်၏ အမှု ပြီးဆုံးသည့်နေ့ရက် ရောက်လာသောအခါမှသာ ဤဆင်းရဲဒုက္ခကို သူ ခါးစည်းခံရန် လိုအပ်တော့မည် မဟုတ်ပေ။ ဤသည်မှာ အမှုတော်ကြောင့် လုံးလုံးလျားလျား ဖြစ်သည်။ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော ငါ၏ ကိုယ်ပိုင် နေ့စဉ်ဘဝတွင် အမှန်တကယ် အလွန် သင့်တင့်လျောက်ပတ်သော ကဏ္ဍများစွာ ရှိသော်လည်း ယင်းတို့သည် လူတို့၏ ကဲ့ရဲ့ခြင်းနှင့် ဝေဖန်ခြင်းကို ခံရသည့်အပြင် လူတို့၏ နားလည်မှုလွဲခြင်းများကိုလည်း ခံရပြီး အချို့သော ပုဂ္ဂိုလ်များသည် ယင်းတို့နှင့်ပတ်သက်၍ အလွန်အကျွံ အရေးတယူပင် လုပ်ကြသည်။ လူသည် ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ တစ်ဖက်တွင် ဤသည်မှာ လူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရ ရှိသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင် လူ၏ ဝိညာဉ်ရင့်ကျက်မှုအရ၊ သမ္မာတရားကို သူ မည်မျှချစ်သည်ဟူသည့်အချက်အရ၊ အပြုသဘောဆောင်သောအရာများအပေါ် သူ၏ သဘောထားအရဆိုလျှင် သူ၏ လက်ရှိအဆင့်တွင် လူသည် ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် မဖြစ်နိုင်ပေ။ လူသည် သမ္မာတရားကို အကြီးမားဆုံးသော အတိုင်းအတာအထိ လိုက်စားနိုင်လျှင်ပင် သို့မဟုတ် ငါက သင်တို့အပေါ် အကြီးမားဆုံးသော အတိုင်းအတာအထိ သည်းခံခွင့်လွှတ်နိုင်လျှင်ပင် လူနှင့် ဘုရားသခင် သဟဇာတဖြစ်ရန် မဖြစ်နိုင်သေးပေ။ ဤအခြေအနေတွင် သင်တို့အပေါ် ငါ၏ တောင်းဆိုချက်များသည် အလွန် တင်းကျပ်လွန်းပါက သို့မဟုတ် အရှိန်အဟုန်အရ အလွန် တောင်းဆိုမှုများလွန်းပါက သင်တို့သည် ယင်းတို့ကို မီအောင်လုပ်နိုင်မည် သို့မဟုတ် ရရှိနိုင်မည် မဟုတ်ဘဲ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သော လူအချို့သည် အလွယ်တကူ အပျက်သဘောဆောင်လာပြီး အားနည်းလာကြလိမ့်မည်။ ဤအကြောင်းကြောင့် ဤအခြေအနေတွင် ငါသည် အလိုက်သင့် နေပေးနိုင်ရုံသာရှိပြီး စိတ်ရှည်မှုကို ကျင့်သုံးကာ စောင့်ဆိုင်းနိုင်ရုံသာ ရှိသည်။ ငါ စောင့်ဆိုင်းသည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကောင်းမွန်သော မျှော်လင့်ချက်များ ရှိခြင်းကို ဆိုလိုပြီး သင်တို့ကို မျှော်လင့်တကြီးနှင့် လှပသော ဆန္ဒများဖြင့် ရှုမြင်ခြင်းကို ဆိုလိုသည်။ သင်တို့ကို ဤနည်းလမ်းဖြင့်၊ ဤစိတ်နေသဘောထားမျိုးဖြင့် ရှုမြင်ခြင်း ဖြစ်သည်။ တစ်နေ့တွင် သင်တို့ထဲမှ တစ်စိတ်တစ်ပိုင်းသည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် သို့မဟုတ် သင်တို့ထဲမှ တစ်စိတ်တစ်ပိုင်းသည် ပေတရုကဲ့သို့၊ ယောဘကဲ့သို့နှင့် အာဗြဟံကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို ကိုးကွယ်သောသူများ ဖြစ်လာနိုင်ရန် ငါ မျှော်လင့်သည်။ ဤနေ့ရက်ကို ငါ မျှော်လင့်စောင့်စားသည်။ နှစ်များတစ်လျှောက် သင်တို့ကို စကားပြောခြင်းနှင့် တရားဟောခြင်းတို့တွင်၊ သင်တို့နှင့် အလုပ်အကြောင်း မိတ်သဟာယဖွဲ့ခြင်းတွင်၊ ပြီးလျှင် နေ့စဉ်ကိစ္စရပ်များအကြောင်း ပြောဆိုခြင်းတို့တွင် ငါ့၌ ဤစိတ်နေသဘောထားမျိုး အစဉ် ရှိခဲ့သည်။ ငါ တစ်ယောက်တည်း ရှိနေသည်ဖြစ်စေ၊ သင်တို့အကြား နေထိုင်နေသည်ဖြစ်စေ ငါရှိနေသည့် ဤစိတ်အခြေအနေသည် ပြောင်းလဲမသွားခဲ့သည့်အပြင် ငါ၏ ဤစိတ်နေသဘောထားသည်လည်း ပြောင်းလဲမသွားခဲ့ပေ။ ဤခံစားချက်သည် အမြဲတစေ စွဲထင်နေခဲ့သည်။ သို့ဖြစ်၍ လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏အမှုကြောင့် သည်းခံရသည့် ပတ်ဝန်းကျင် သို့မဟုတ် နေ့စဉ် လိုအပ်ချက်များနှင့် သက်ဆိုင်သော ဆင်းရဲဒုက္ခသည် ကြီးမားသောကိစ္စ မဟုတ်သည့်အပြင် ဖော်ပြပြောဆိုရကျိုးမနပ်ဟု ငါပြောခြင်းဖြစ်သည်။ ငါ သည်းခံရသည့် စစ်မှန်သော ဆင်းရဲဒုက္ခမှာ သင်တို့ မမြင်နိုင်သည့်အပြင် တန်ဖိုးမထားနိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဤနှစ်များအားလုံးကို ငါ ဖြတ်သန်းခဲ့သည့် ပုံစံဖြစ်သည်။ မည်သူကမျှ ဤအရာများကို ဂရုမစိုက်ကြသည့်အပြင် ငါ၏ စိတ်နှလုံးထဲတွင် ငါ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခကို လူတို့ထံသို့ ပြောပြ၍ မရနိုင်ပေ။ လူတို့သည် ယင်းကို အပြင်ပန်းမှလည်း မမြင်နိုင်ကြပေ။ ငါ၏ စိတ်အခြေအနေ ပြောင်းလဲမသွား၊ ငါ၏ ပင်ကိုစရိုက် ပြောင်းလဲမသွား၊ ငါ၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များ ထိခိုက်မှုမရှိသည့်အပြင် အလုပ်လည်း ထိခိုက်မှုမရှိသော်လည်း ငါ၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ငါသည် အထီးကျန်မှုကို ခါးစည်းခံရမည်ဖြစ်ပြီး ဤအထီးကျန်မှုသည် စွဲထင်နေသည့် အရာတစ်ခု ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤဆင်းရဲဒုက္ခသည် ကြီးမားသလော။ ဤသည်မှာ စစ်မှန်သော ဆင်းရဲဒုက္ခ ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် ထိုအသုံးမဝင်သောအရာများကို မဖြန့်ဝေရန် သင်တို့ကို ငါပြောခြင်းဖြစ်သည်။ ငါ သည်းခံရသည့် စစ်မှန်သော ဆင်းရဲဒုက္ခကို သင်တို့ မသိကြသည့်အပြင် တန်ဖိုးမထားနိုင်ကြပေ။ ငါ ခါးစည်းခံရသည့် ဤဆင်းရဲဒုက္ခအကြောင်းကို သင်တို့အား ငါ အဘယ်ကြောင့် မည်သည့်အခါမျှ မပြောသနည်း။ သင်တို့ နားလည်မည် မဟုတ်သည့်အပြင် ယင်းအကြောင်းကို သင်တို့အား ငါ ပြောပြလျှင်ပင် ယင်းက မည်သည့် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးမည်နည်း။ ယင်းက အလုပ်လုပ်ဆောင်ခြင်းကို အစားမထိုးနိုင်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကို အစားမထိုးနိုင်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုတို့ကိုလည်း အစားမထိုးနိုင်ပေ။
ငါတို့ ယခုလေးတင် ပြောခဲ့သည့် ဆင်းရဲဒုက္ခ အမျိုးအစားနှစ်ခုဖြစ်သော လူသားမျိုးနွယ်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်မှု ပုံစံများကို သည်းခံခြင်းနှင့် အထီးကျန်မှုကို ခါးစည်းခံခြင်းတို့အပြင် လူ့ဇာတိခံထားသော ဘုရားသခင် ခါးစည်းခံရသည့် အခြားသော ဆင်းရဲဒုက္ခ အမျိုးအစားတစ်ခု ရှိသေးသည်။ သင်တို့သည် ဤဆင်းရဲဒုက္ခ အမျိုးအစားကို မည်သည့်အခါမျှ တန်ဖိုးထားနိုင်မည် မဟုတ်သော်လည်း ငါတို့သည် ဆင်းရဲဒုက္ခ အကြောင်းအရာကို ရောက်နေပြီဖြစ်သဖြင့် ယင်းအကြောင်းကို မိတ်သဟာယဖွဲ့ကြစို့။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို အနှစ်ခြောက်ထောင်ကြာ လုပ်ဆောင်နေခဲ့သည်။ လူတစ်စုကို ရယူရန် ဘုရားသခင် စီစဉ်ခဲ့သည့်အချိန်မှစတင်၍ စကားပြောခြင်းအားဖြင့်ဖြစ်စေ၊ အခြားသော ပုံစံတစ်မျိုးမျိုးကို ကျင့်သုံးခြင်းအားဖြင့်ဖြစ်စေ ဘုရားသခင်သည် ဤအမှုကို စတင် ဖော်ဆောင်လာခဲ့သည်။ သို့ဆိုလျှင် ဤအမှုကို ဖြန့်ကြက်ခြင်းသည် ဘုရားသခင်အတွက် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက လူသားမျိုးနွယ်အတွက် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်သည် လူတစ်စုကို ရယူတော့မည်ဖြစ်ကြောင်းကို ဆိုလိုသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အစီအစဉ်ကို ချမှတ်ပြီးဖြစ်ကာ သူသည် လူတစ်စုကို ရယူလိုပြီး နောက်ဆုံးတွင် ဤလူစုသည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် အမှု၏ အသီးအပွင့် ဖြစ်လာလိမ့်မည်။ ဘုရားသခင်က ယင်းကို စီစဉ်ပြီး အမိန့်ဖြင့်ပြဋ္ဌာန်းထားသောကြောင့် ဘုရားသခင်တွင် ဤရလဒ်အတွက် မျှော်လင့်ချက်များ ရှိသည်။ ဤမျှော်လင့်ချက်များသည် သူ၏ အမှုနှင့်အတူ အစဉ်အမြဲ ပါရှိနေခဲ့သည်။ ပညတ်တော်ခေတ်မှ ကျေးဇူးတော်ခေတ်အထိ ဘုရားသခင်တွင် ဤရလဒ်အတွက် မျှော်လင့်ချက်များ အစဉ်ရှိခဲ့ပြီး ဤမျှော်လင့်ချက်များသည် တတိယအဆင့် အမှုရှိ လူ့ဇာတိခံ ဘုရားသခင်ထံသို့ မပြတ်တမ်း ကူးပြောင်းလာခဲ့သည်။ ဘုရားသခင်သည် တစ်ဖန် လူ့ဇာတိခံယူပြီးဖြစ်သောကြောင့် သူသည် မည်သည့် လိင်ဖြစ်ပါစေ၊ သူ၏ အခြေအနေများက မည်သို့ပင်ဖြစ်ပါစေ၊ မည်သို့သော လူမှုပတ်ဝန်းကျင်မျိုးတွင် သူ နေထိုင်ပါစေ ဤမျှော်လင့်ချက်များသည် သူ၏ အမှုနှင့်အတူ ပါရှိနေခဲ့သည်။ ထို့ကြောင့် ဤလူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်လာလျှင် သူသည် ဤမျှော်လင့်ချက်များကိုလည်း တာဝန်ယူထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် ဘုရားသခင်ထံမှ တာဝန်တစ်ခုနှင့် ဝန်ထုပ်ဝန်ပိုးတစ်ခုကို လက်ခံပြီး ဤမျှော်လင့်ချက်များဖြင့် သူ၏အမှုကို လုပ်ဆောင်သည်ဟုလည်း ဆိုနိုင်ပေသည်။ နှစ်ဦးစလုံးတွင် တူညီသော မျှော်လင့်ချက်များ ရှိကြသော်လည်း ဤလူ့ဇာတိခံ ဘုရားသခင်သည် ပထမ လူ့ဇာတိခံ ဘုရားသခင်ထက် များစွာ ပို၍ရှည်လျားသော အချိန်ကာလတစ်ခုကြာ အမှုပြုသည်။ သူသည် လူတို့ နားလည်သင့်သည့် သမ္မာတရားများအားလုံးကို ၎င်းတို့အား ထောက်ပံ့ပေးရမည် ဖြစ်သောကြောင့် ဤအမှု၏ သဘောသဘာဝက သူ့ကို လူတို့အကြား အချိန်ကာလရှည်ကြာ နေထိုင်ရန် တောင်းဆိုသည်။ သူသည် အမှုကို ရိုးရိုးရှင်းရှင်း ပြီးစီးအောင်လုပ်ပြီး အစီရင်ခံတင်ပြလိုက်ရုံဖြင့် သူ၏ အမှုတော် ပြည့်စုံသွားခြင်း မဟုတ်ပေ။ ထိုအစား ဤအမှုကို သူ လုပ်ဆောင်သည့် ကာလအတောအတွင်းတွင် သူသည် ရလဒ်ကို မြင်တွေ့လိုလျက် မျှော်လင့်ချက်များကို ရင်ဝယ်ပိုက်ထားသည်။ ဤရလဒ်သည် နေ့ချင်းညချင်း ထွက်ပေါ်လာခြင်း မဟုတ်သည့်အပြင် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း၌ပင် ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ထိုအစား ဤရလဒ်ကို ရေရှည် စောင့်ကြည့်ရမည်၊ ဂရုစိုက်ရမည်ဖြစ်ပြီး မျှော်လင့်စောင့်စားရမည်ဖြစ်သည်။ ထိုသို့ဖြစ်၍ ဤရလဒ်အတွက် စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့တွင် သူသည် အလွန်ရှည်လျားသော အချိန်ကို ကုန်ဆုံးရမည်ဖြစ်ပြီး ထိုသို့သော ရလဒ်ကို မြင်တွေ့ရန် မျှော်လင့်စောင့်စားရမည်ဖြစ်သည်။ ဤစောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းသည် တာဝန်တစ်ခု ဖြစ်သည်၊ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ပြီး သေချာသည်မှာ လူ့ဇာတိခံ ဘုရားသခင်အတွက် နာကျင်မှု အတိုင်းအတာတစ်ခုလည်း ဖြစ်သည်။ ဤအရာများအားလုံးသည် သူ၏ အမှုတော် တာဝန်များ၏ နယ်ပယ်အတွင်းရှိ ကိစ္စရပ်များ ဖြစ်ကြသည်၊ ယင်းတို့သည် ဤအမှုအဆင့်၏ လုပ်ပိုင်ခွင့်နယ်ပယ်အတွင်း၌ ပါဝင်ပြီး ယင်းတို့သည် ဤအမှုအဆင့်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြသည်။ ပထမဦးစွာ သူသည် စိတ်ရှည်ရမည်ဖြစ်ပြီး သူသည် အထီးကျန်မှုကိုလည်း ခါးစည်းခံရမည်ဖြစ်ကာ ထို့နောက် သူသည် စောင့်ကြည့်ပြီး စောင့်ဆိုင်းရမည်ဖြစ်သည်။ ဤကဏ္ဍများထဲမှ တစ်ခုကိုမျှ ဖယ်ရှားပစ်၍ မရနိုင်ပေ။ ဤကဏ္ဍသုံးရပ်စလုံးသည် လူ့ဇာတိခံထားသော ဘုရားသခင်အတွက် အလွန်အမင်း နာကျင်ရပေသည်၊ သူသည် ယင်းတို့ထဲမှ တစ်ခုတလေကိုမျှ ဖယ်ရှားပစ်၍ မရနိုင်ပေ၊ မည်သူကမျှ သူ၏ကိုယ်စား နာကျင်မှုကို မခံစားပေးနိုင်သည့်အပြင် ယင်းတို့ကို ဖြေရှင်းရန် သို့မဟုတ် ယင်းတို့မှ ရုန်းထွက်လွတ်မြောက်ရန် ကောင်းမွန်သော နည်းလမ်း မရှိပေ။ ဤသည်မှာ ဘုရားသခင်အတွက် အနာကျင်ရဆုံးသော အရာဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် သူ၏ နေ့စဉ်ဘဝတွင် မည်သည့် ဆင်းရဲဒုက္ခကို သည်းခံရသည်ဖြစ်စေ၊ သူသည် မိမိကိုယ်ကို မည်မျှ အသုံးခံသည်ဖြစ်စေ၊ ပြီးလျှင် သူသည် အဖိုးအခ မည်မျှ ပေးဆပ်ရသည်ဖြစ်စေ ယင်းတို့အားလုံးမှာ ကြီးမားသောကိစ္စ မဟုတ်ပေ။ အကြောင်းမှာ သူသည် ဤအပြင်ပန်း ဆင်းရဲဒုက္ခကို မည်မျှပင် ခါးစည်းခံရသည်ဖြစ်စေ ယင်းက လူသားမျိုးနွယ်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်မှု ပုံစံများကို ခါးစည်းခံရခြင်းမှ လူ့ဇာတိခံထားသော ဘုရားသခင် ခံစားရသည့် နာကျင်မှုကို မဖြေရှင်းပေးနိုင်သောကြောင့် ဖြစ်သည်၊ လူ့ဇာတိခံ ဇာတိပကတိကို အထီးကျန်မှုမှလည်း မလွတ်မြောက်စေနိုင်သည့်အပြင် သေချာသည်မှာ လူ့ဇာတိခံ ဘုရားသခင် သို့မဟုတ် ဘုရားသခင် ကိုယ်တိုင် မျှော်လင့်ထားသည့် ရလဒ်ကို အစားထိုးပေးနိုင်မည် မဟုတ်သည်မှာ ဆိုဖွယ်ရာပင် မရှိပေ။ ဤအရာသုံးခုသည် နောက်ဆုံးအဆင့် အမှုကို လုပ်ဆောင်ရန် လူတို့အကြား ကြွလာရာတွင် လူ့ဇာတိခံထားသော ဘုရားသခင် ဖြည့်ဆည်းသည့် တာဝန်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ယင်းတို့သည် သူ ရင်ဆိုင်ရမည့် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားတစ်ခု ဖြစ်ကြသည်။ ငါ၏ အမှုတော်ကို တရားဝင် စတင်ဆောင်ရွက်ခဲ့သည့် အချိန်မှစ၍ ယခုအထိ အနှစ်သုံးဆယ်ကျော်တိုင်တိုင် ငါသည် ထိုသို့သော အခြေအနေမျိုးတွင် အစဉ်သဖြင့် နေထိုင်ခဲ့ရသည်။ လွန်ခဲ့သော ဆယ်နှစ်က ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင် ခါးစည်းခံရသည့် ဆင်းရဲဒုက္ခ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သင်တို့ကို ငါ ပြောခဲ့ပါက သင်တို့ နားလည်ခဲ့မည် မဟုတ်သည့်အပြင် သင်တို့ မည်သည့်အရာကိုမျှ ခံစားခဲ့ရမည် မဟုတ်ဘဲ ဤသို့ ပြောဆိုခဲ့ကြမည် ဖြစ်သည်၊ “ယင်းက ဆင်းရဲဒုက္ခအဖြစ် မည်သို့ မှတ်ယူ၍ရမည်နည်း။ ကိုယ်တော့်ထံတွင် ထိုသို့သော မြင့်မားသည့် အဆင့်အတန်း ရှိပါသည်။ ကိုယ်တော်သည် ကောင်းစွာ စားရသည်၊ ကောင်းသောအရာများကို မွေ့လျော်ခံစားရပြီး မည်သည့်အရာမျှ လိုလေသေးမရှိသည်မှာ သေချာပါသည်။ ထို့အပြင် ကိုယ်တော့်နောက်သို့ လိုက်ပြီး ကိုယ်တော့်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးနေသည့် လူများစွာလည်း ရှိပါသည်။ ကိုယ်တော်သည် မည်သည့် ဆင်းရဲဒုက္ခကို ခါးစည်းခံရသနည်း။ ယင်းက ဆင်းရဲဒုက္ခအဖြစ် မှတ်ယူ၍ရသလော” ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါတွင် သင်တို့ အနည်းငယ် နားလည်နိုင်ကောင်း နားလည်နိုင်ပေမည်။ ထိုစဉ်က ငါ အမှုပြုခဲ့သည့် ကာလအတောအတွင်းတွင် ငါ့မှာ ပြန်စရာ အိမ်မရှိခဲ့သည့်အပြင် ခေါင်းချစရာ နေရာလည်း မရှိခဲ့ကြောင်း၊ ငါ ကောင်းစွာ မစားခဲ့ရ၊ ကောင်းစွာ မဝတ်ဆင်ခဲ့ရဘဲ အခြေအနေဆိုးရွားသော ပတ်ဝန်းကျင်များတွင် နေထိုင်ခဲ့ရကြောင်း၊ ပြီးလျှင် စီစီပီ၏ လိုက်လံဖမ်းဆီးမှုများကို ရှောင်တိမ်းရန် ဂူများထဲတွင်ပင် နေထိုင်ခဲ့ရကြောင်း ငါ ပြောခဲ့ပါက၊ ဤအရာများကို ငါ ပြောခဲ့ပါက သင်တို့သည် နားထောင်ရန် လိုလားခဲ့မည်ဖြစ်ပြီး ယင်းတို့ကို နားလည်နိုင်ခဲ့မည် ဖြစ်သည်။ သို့သော် ငါသည် ထိုအရာများကို မည်သည့်အခါမျှ မပြောခဲ့ပေ၊ ယင်းတို့သည် ငါ့အတွက် မည်သည့် ဆင်းရဲဒုက္ခ အမျိုးအစားအဖြစ်မျှ ရေတွက်၍ မရပေ။ စစ်မှန်သော ဆင်းရဲဒုက္ခမှာ ငါ၏ စိတ်နှလုံးထဲရှိ ဆင်းရဲဒုက္ခ ဖြစ်သည်။ ယနေ့ သင်တို့ကို ငါ ပြောပြခဲ့သည့်အရာမှာ လူ့ဇာတိခံ ဘုရားသခင် ခါးစည်းခံရသည့် စစ်မှန်သော ဆင်းရဲဒုက္ခ ဖြစ်သည်။ သင်တို့သည် အမှန်တရားတစ်ခုကို သိရှိရန် မျှော်လင့်ချက်ဖြင့် ဤအရာများကို ငါ ပြောခြင်းဖြစ်သည်။ အမှုပြုရန် လူတို့အကြား ကြွလာသော လူ့ဇာတိခံ ဘုရားသခင်သည်လည်း အဖိုးအခ ပေးဆပ်ရန် လိုအပ်သည်၊ စိတ်ရှည်ရန်လည်း လိုအပ်ပြီး ဤနာကျင်မှုအားလုံးကို အမှန်တကယ် တွေ့ကြုံရန်လည်း လိုအပ်သည်။ အကြောင်းမှာ သူသည် မိမိ၏ အမှုတော်ကို ဆောင်ရွက်ရမည်ဖြစ်သောကြောင့် သူသည် မိမိကိုယ်တိုင် ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းကို ကိုယ်တိုင် ခါးစည်းခံရမည်ဖြစ်သည်။ အမှုကို ဆောင်ရွက်ရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန်အလို့ငှာ ဤဆင်းရဲဒုက္ခသည် သူ ကိုယ်တိုင် ခါးစည်းခံရမည့်အရာ ဖြစ်သည်။ ဤအရာများကို ဖြန့်ဝေရန် သင်တို့ကို လိုအပ်ဖို့ မဆိုထားနှင့်၊ ဤအရာများကို ငါ မည်သည့်အခါမျှ သက်သေမခံသည့် အကြောင်းရင်း၊ ယင်းတို့ကို သက်သေခံရန် သင်တို့ကို မလိုအပ်သည့် အကြောင်းရင်း၊ သေချာသည်မှာ သင်တို့ထံမှ အသိအမှတ်ပြုခံရရန် တောင်းဆိုခြင်း သာ၍ပင် မရှိသည့်အပြင် သင်တို့က ငါ့ကို အလွန်အမင်း ကျေးဇူးတင်နေရန် မလိုအပ်သည့် အကြောင်းရင်းမှာ လူတို့အကြား အမှုပြုရန် ကြွလာသော လူ့ဇာတိခံ ဘုရားသခင်သည် လုံလောက်အောင် ခက်ခဲပင်ပန်းသော အလုပ်တစ်ခု ဖြစ်နေပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သူ၏ အမှုဖြစ်ပြီး ယင်းမှာ သူ၏ တာဝန်လည်း ဖြစ်သည်၊ သူသည် ခါးစည်းခံရမည်ဖြစ်ပြီး စောင့်ကြည့်ကာ စောင့်ဆိုင်းရမည်ဖြစ်သည်။ ဤအခက်အခဲများကို သူ မည်သို့ ချဉ်းကပ်သည်နှင့်ပတ်သက်သည့် လူ့ဇာတိခံထားသော ဘုရားသခင်၏ သဘောထားကို သင်တို့ သိရှိစေရန်မျှသာ ဤအရာကို သင်တို့ကို ငါ ပြောခြင်းဖြစ်ပြီး မှန်ကန်သော အတွေးများနှင့် အမြင်များကို သင်တို့အား ပြောပြရန် ဖြစ်သည်။ ယင်းမှာ ဆင်းရဲဒုက္ခဟူသည် အဘယ်အရာဖြစ်ကြောင်းနှင့် လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သည့် ဆင်းရဲဒုက္ခကို ခါးစည်းခံခဲ့ရကြောင်းကို သင်တို့ ပို၍ နက်ရှိုင်းစွာ တန်ဖိုးထားနားလည်နိုင်ရန်အတွက် မဟုတ်ပေ။ ဆင်းရဲဒုက္ခကို ခါးစည်းခံရခြင်းကြောင့် ငါ မကျေမချမ်း မဖြစ်သည့်အပြင် ဤဆင်းရဲဒုက္ခကို ခါးစည်းခံရခြင်းက ငါ အလွန် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပြီး ဤမျှ ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုလိုသည်ဟုလည်း ငါ မခံစားရပေ။ ငါသည် သင်တို့ထံ ငါ့ကိုယ်ငါ မှန်ကြောင်းရှင်းချက်ထုတ်ရန် ကြိုးစားနေခြင်း မဟုတ်သည့်အပြင် ငါ အရင်းအနှီးအဖြစ် အသုံးပြုနိုင်မည့် တစ်စုံတစ်ရာကို သင်တို့ထံမှ ထုတ်ယူရန် ကြိုးစားနေခြင်း မဟုတ်သည်မှာ ဆိုဖွယ်ရာပင် မရှိပေ။ ငါ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခကို ငါ ခါးစည်းခံသည်၊ အကြောင်းမှာ သင်တို့အပေါ် ငါ့တွင် တာဝန်တစ်ခု ရှိသောကြောင့် ဖြစ်သည်။ သေချာသည်မှာ ငါ ဆောင်ရွက်သည့် အမှုတော်အရဆိုလျှင် ငါသည် ဘုရားသခင်ကို တာဝန်ခံရမည်ဖြစ်သည်။ သင်တို့ထံမှ အသိအမှတ်ပြုခံရရန် သို့မဟုတ် ကောင်းမွန်သော အထင်အမြင်ကို ရှာဖွေရန် ငါ့အတွက် မလိုအပ်ပေ။ သို့ဖြစ်၍ ရှင်းလင်းစွာ ပြောရလျှင် ဤစစ်မှန်သော ဆင်းရဲဒုက္ခကို ခါးစည်းခံရာတွင် သင်တို့သည် ငါ့နေရာကို အစားမထိုးနိုင်သည့်အပြင် သင်တို့ထဲမှ မည်သူကမျှ ငါ့ကို ယင်းမှ မလွတ်မြောက်စေနိုင်ပေ။ သင်တို့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာ၊ သင်တို့ ပူးပေါင်းဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းနှင့် ငါ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခကို အတော်အတန် သက်သာစေနိုင်သည့် တစ်ခုတည်းသောအရာမှာ သင်တို့သည် သမ္မာတရားထဲသို့ ဝင်ရောက်မှု ရရှိရန်၊ နာခံတတ်ရန် သင်ယူရန်၊ ယောဘကဲ့သို့ သက်သေခံချက် ရှိရန်နှင့် ပေတရုကဲ့သို့ အတွေ့အကြုံများ ရှိရန် ဖြစ်သည်၊ သင်တို့တွင် ကောင်းမှုများ ရှိရန်၊ သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် သမ္မာတရားကို ချစ်ပြီး လိုက်စားရန် ဖြစ်သည်၊ ပြီးလျှင် သင်တို့ ရေးသားသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတိုင်းတွင် သမ္မာတရားနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် နားလည်သဘောပေါက်မှု အချို့ ပါဝင်ရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအရ ရလဒ်အချို့ ရရှိရန် ဖြစ်သည်။ သင်တို့၏ ဤအကျိုးအမြတ်များသည် ငါ ကိုယ်တိုင်အတွက် အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်းနှင့် အကြီးမားဆုံးသော နှစ်သိမ့်မှု ဖြစ်သည်၊ သင်တို့အပေါ် ငါ့တွင် အခြားသော အပို တောင်းဆိုချက်များ မရှိပေ။
လူ့ဇာတိခံထားသော ဘုရားသခင် ဤဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းသည် တိုက်ဆိုင်မှု မဟုတ်ပေ။ လက်တွေ့ကျကျ ပြောရလျှင် ဘုရားသခင် ကယ်တင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုသည် ဘုရားသခင်အတွက် နာကျင်မှု တစ်မျိုးဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများကို ကယ်တင်ပြီး ၎င်းတို့အပေါ် မျှော်လင့်ချက်များ ထားရှိသည့် တစ်ချိန်တည်းမှာပင် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် အတူတကွ နေထိုင်ခြင်း၊ ဆက်ဆံခြင်းနှင့် ပတ်သက်ဆက်နွှယ်ခြင်းတို့ကြောင့် သူ ဆင်းရဲဒုက္ခ ခါးစည်းခံရမည်မှာ မလွဲမသွေဖြစ်ပြီး သူ အဖိုးအခ ပေးဆပ်ရမည်မှာ မလွဲမသွေဖြစ်သည်။ ဤအဖိုးအခသည် စကားအနည်းငယ် ပိုပြောရုံမျှကဲ့သို့ ရိုးရှင်းသည်မဟုတ်ပေ။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်သည် အဘယ်အရာကို ပေးဆပ်သနည်း။ ယင်းမှာ သူ၏ ခွန်အား၊ သူ၏ နှလုံးသွေးနှင့် သူ၏ အသက်ပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အမှုပြုရန် သူ၏ နှလုံးသွေးကို ပေးဆပ်သည်၊ ထိုနည်းတူစွာပင် လူ့ဇာတိခံထားသော ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းနှင့် လဲလှယ်ရန် သူ၏ နှလုံးသွေးနှင့် သူ၏ ခွန်အားကို ပေးဆပ်သည်၊ သူ၏ အခြေအနေမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး လူသားများ ဖြစ်တည်လာသည့် အချိန်မှစတင်၍ ဘုရားသခင်သည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်ခဲ့ကာ လူ့အပေါ် အမှုပြုနေခဲ့သည်။ အချိန်တစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူ့အပေါ် မရေမတွက်နိုင်သော သူ၏ နှလုံးသွေးကို အမှန်တကယ်ပင် ပေးဆပ်ခဲ့ပြီး လူ့အပေါ် မရေမတွက်နိုင်သော အမှုကို ပြုခဲ့သည်။ သို့သော် သူ မည်မျှ ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရသည် သို့မဟုတ် အဖိုးအခ မည်မျှ ပေးဆပ်ခဲ့ရသည်ကို ဘုရားသခင်သည် လူသားမျိုးနွယ်ထံ မည်သည့်အခါမျှ မပြောခဲ့ပေ။ သူ၏ နှလုံးသွေးကို ပေးဆပ်ခဲ့ကြောင်း၊ လူကို ထောက်ပံ့ရန် သူ၏ အသက်ဖြင့် အဖိုးအခ ပေးဆပ်ခဲ့ကြောင်းနှင့် လူ၏ အသက်အဖြစ် ဆောင်ရွက်ရန် သမ္မာတရားကို လူ့အပေါ် ပေးသနားခဲ့ကြောင်းကိုသာ ယေဘုယျအားဖြင့် သူ ပြောဆိုသည်။ သို့သော် မည်သည့် ဆင်းရဲဒုက္ခကို သူ ခါးစည်းခံခဲ့ရသည်၊ မည်သည့် အသရေဖျက်မှုနှင့် စော်ကားမှုများကို သူ ခါးစည်းခံခဲ့ရသည်၊ မည်မျှ ပင်ပန်းနွမ်းနယ်မှုကို သူ ခါးစည်းခံခဲ့ရသည်၊ အဖိုးအခ မည်မျှ သူ ပေးဆပ်ခဲ့ရသည်၊ သို့မဟုတ် မည်မျှ အားသွန်ခွန်စိုက် သူ လုပ်ဆောင်ခဲ့ရသည်တို့ကို ဘုရားသခင် မည်သည့်အခါမျှ မပြောခဲ့ပေ၊ ဤအရာများကို သူ မည်သည့်အခါမျှ မပြောခဲ့ပေ။ ဤအရာများကို သူ မပြောခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းတစ်ခု ရှိသည်။ သင်တို့ကို ငါ မပြောပါက သင်တို့ မည်သည့်အခါမျှ သိမည်မဟုတ်ပေ။ အကြောင်းရင်းမှာ လူ့အပေါ် အမှုပြုရာတွင် ဘုရားသခင်သည် သူ့ထံမှ တစ်စုံတစ်ရာ ရရှိရန် မည်သည့်အခါမျှ မကြံစည်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် လူကို ဤမျှ ကိုယ်ကျိုးမဖက်ဘဲ ထောက်ပံ့ပြီး လူ့အတွက် ဤမျှ ကိုယ်ကျိုးမဖက်ဘဲ ကိုယ်တော်တိုင် အသုံးခံလိုရုံမျှသာ ဖြစ်၏။ ဤသို့ ပြုမူခြင်းအားဖြင့် သူ ရရှိရန် ရှာဖွေသည့်အရာကို ပြောရန် လူသား ဘာသာစကားကို ငါတို့ အသုံးပြုရမည်ဆိုလျှင် သူ ရှာဖွေသည့်အရာမှာ လူသားများ လမ်းကြောင်းမှန်ကို လျှောက်လှမ်းရန်နှင့် လူသားများ ကောင်းမွန်စွာ နေထိုင်နိုင်ရန် ဖြစ်သည်၊ သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ရန်နှင့် လူသားပုံသဏ္ဌာန်ကို အသက်ရှင် နေထိုင်နိုင်ရန်အပြင် ဘုရားသခင်က လူကို သွန်သင်ပေးသည့် လမ်းခရီးနှင့်အညီ နေထိုင်နိုင်ရန် ဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့ကို နောက်ထပ် မခံရတော့ရန်နှင့် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံနိုင်ရန် ဖြစ်သည်။ ဤအရာက ဘုရားသခင်ကို စိတ်အေးချမ်းမှု ပေးလိမ့်မည်။ ဘုရားသခင်သည် တစ်စုံတစ်ရာကို ရှာဖွေပါက ယင်းမှာ စိတ်အေးချမ်းမှု ဖြစ်သည်၊ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ရန်နှင့် သင့်တင့်လျောက်ပတ်စွာ ကျင့်ကြံပြုမူနိုင်ရန်၊ ဘုရားသခင် ပေးဆပ်ခဲ့သည့် အဖိုးအခနှင့် သူ လုပ်ဆောင်ခဲ့သည့် အမှုတို့သည် အချည်းနှီး မဖြစ်ခဲ့စေရန်နှင့် လူ၌ ရလဒ်များကို မြင်တွေ့ရန် ဖြစ်သည်။ ဘုရားသခင်သည် မည်မျှပင် ဆင်းရဲဒုက္ခ ခါးစည်းခံခဲ့ရသည်ဖြစ်စေ၊ အဖိုးအခ မည်မျှပင် ပေးဆပ်ခဲ့ရသည်ဖြစ်စေ၊ နှစ်ပေါင်းမည်မျှပင် စောင့်ဆိုင်းခဲ့ရသည်ဖြစ်စေ၊ ပြီးလျှင် လူ့အပေါ် နှစ်ပေါင်းမည်မျှပင် စိတ်ရှည်မှု ပြသခဲ့ရသည်ဖြစ်စေ ဘုရားသခင်သည် ဤအရာအားလုံးကို လုပ်ဆောင်ရန် လုံးလုံးလျားလျား လိုလားခဲ့သည်။ ဤစိတ်အေးချမ်းမှုကို ရရှိရန် ဘုရားသခင်သည် လူ့အတွက် ထိုသို့သော အဖိုးအခကို ပေးဆပ်ရန် လိုလားသည်။ ဘုရားသခင် ကိုယ်တိုင်သည် သူ မည်မျှပင် ဆင်းရဲဒုက္ခခါးစည်းခံခဲ့ရသည်ဖြစ်စေ မည်သည့်အခါမျှ နောင်တမရခဲ့ပေ။ လူသား ဘာသာစကားကို အသုံးပြုရလျှင် သူသည် ယင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ တွေဝေခြင်း မရှိခဲ့ပေ။ အရှင်းလင်းဆုံး စကားလုံးများ၊ သင်တို့ အကောင်းဆုံး နားလည်နိုင်မည့် စကားလုံးများဖြင့် ပြောရလျှင် ဘုရားသခင်သည် သူ၏ ဤစိုးရိမ်ပူပန်မှုကို အဆုံးသတ်ရန် ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၌ရှိသော ဆန္ဒတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့ပြီး သူ သွန်သင်ခဲ့သော လမ်းခရီးနှင့်အညီ အသက်ရှင်နေထိုင်နိုင်ကာ ရှင်သန်နိုင်ပြီး အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်သည့် ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ရရှိလိုသည်၊ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နောက်ထပ် မခံရတော့ဘဲ မိမိတို့ကိုယ်ကို နောက်ထပ် ဖျက်ဆီးခြင်း မပြုတော့ပေ။ ဘုရားသခင် ရယူလိုသည်မှာ ဤသို့သော လူတစ်စုပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အမှုကို အစပြုပြီး စတင်လုပ်ဆောင်ခဲ့ကာ ယနေ့အထိတိုင်အောင် ယင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ လူတို့အတွက် သူထားရှိသည့် ဤစိုးရိမ်ပူပန်မှုသည် ပြောင်းလဲမသွားခဲ့သည့်အပြင် ဤပန်းတိုင်သည်လည်း ပြောင်းလဲမသွားခဲ့ပေ။ သူသည် မည်မျှပင် ဆင်းရဲဒုက္ခခါးစည်းခံရသည်ဖြစ်စေ၊ အဖိုးအခ မည်မျှပင် ပေးဆပ်ရသည်ဖြစ်စေ ဘုရားသခင်သည် ဤကဲ့သို့ အချိန်တစ်လျှောက်လုံး အမှုပြုနေခဲ့သည်။ ဤကဲ့သို့ အမှုပြုနေစဉ်တွင် ဘုရားသခင်သည် အမှန်တကယ်ပင် ဆင်းရဲဒုက္ခများစွာ ခါးစည်းခံခဲ့ရပြီး အဖိုးအခများစွာ ပေးဆပ်ခဲ့ရသော်လည်း သူသည် လူတို့ထံ မိမိကိုယ်ကို မှန်ကြောင်းရှင်းချက်ထုတ်ရန် မည်သည့်အခါမျှ မကြိုးစားခဲ့ပေ၊ လူသားမျိုးနွယ်ထံ ဤအရာများကို မည်သည့်အခါမျှ မရှင်းပြခဲ့သည့်အပြင် ဤအရာများကို မည်သည့်အခါမျှ မပြောခဲ့ပေ၊ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရနှင့် တိုက်ရိုက် သက်ဆိုင်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာများသည် မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် သူ မည်မျှပင် အမှုပြုသည်ဖြစ်စေ၊ အဖိုးအခ မည်မျှပင် ပေးဆပ်သည်ဖြစ်စေ၊ လူတို့ကို သူ မည်မျှပင် ထောက်ပံ့သည်ဖြစ်စေ၊ ဘုရားသခင်သည် လူတို့အပေါ် မည်မျှပင် ပေးသနားသည်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို မည်မျှပင် ချီးမြှင့်သည်ဖြစ်စေ သူသည် ဤသည်မှာ ကောင်းကွက်တစ်မျိုးဖြစ်သည်ဟု မည်သည့်အခါမျှ မခံစားခဲ့ရသည့်အပြင် လူသားမျိုးနွယ်က သူ့ကို အလွန်အမင်း ကျေးဇူးတင်နေရန်လည်း သူ မလိုအပ်ပေ။ သို့ရာတွင် မည်သည့်ခေတ်တွင်မဆို နေထိုင်ကြသော လူသားများ၏ အတွေးများနှင့် အမြင်များအရဆိုလျှင် တစ်စုံတစ်ဦးသည် မည်မျှပင် ကြီးမားသော အဖိုးအခကို ပေးဆပ်သည်ဖြစ်စေ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ယင်းမှ တစ်စုံတစ်ရာ ရရှိရန် အစဉ် မျှော်လင့်နေရမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်အတွက် စိတ်ထဲတွင် တစ်စုံတစ်ရာ အစဉ် ရှိနေရမည်ဖြစ်သည်။ သို့သော် ဘုရားသခင်တွင် ထိုသို့သော အတွေးများ မည်သည့်အခါမျှ မရှိခဲ့ပေ၊ ဘုရားသခင်သာလျှင် အမှန်တကယ် ကိုယ်ကျိုးမဖက်ပေ။ ကိုယ်ကျိုးမဖက်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အရှင်းလင်းဆုံး ရှင်းပြချက်မှာ ယင်းက မိမိအတွက် မည်သည့်အခါမျှ မတွေးတောခြင်းကို ဆိုလိုသည်။ လူသားများသည် သားသမီးများကို မည်သို့ ပြုစုပျိုးထောင်ပြီး အရွယ်ရောက်သည်အထိ ကြီးပြင်းစေသည်ကို စဉ်းစားကြည့်လော့။ မိဘများသည် ၎င်းတို့၏ သားသမီးများအတွက် ငွေကြေးများစွာ သုံးစွဲကြပြီး အဖိုးအခများစွာ ပေးဆပ်ကြသည်၊ ရည်ရွယ်ချက်မှာ ၎င်းတို့၏ သားသမီးများကို ကြီးမားသော အောင်မြင်မှု ရရှိစေရန်နှင့် မိသားစုအတွက် ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးနိုင်ရန်ဖြစ်ပြီး ယင်းက အနာဂတ်တွင် မိဘများကို ၎င်းတို့၏ သားသမီးများ၏ ဂုဏ်ကျက်သရေ၌ ဝင်ရောက်ခံစားခွင့် ရစေမည်ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော စိတ်ကူးများကို လက်ခံစဉ်းစားခြင်း မရှိပေ။ သူ၏ လှုပ်ရှားမှုနှင့် လုပ်ရပ်တိုင်း၊ သူ၏ အတွေးနှင့် စိတ်ကူးတိုင်း၊ လူသားများအတွက် သူ ပေးဆပ်သည့် အဖိုးအခနှင့် ၎င်းတို့အပေါ် သူ ပေးသနားသမျှ အရာအားလုံးသည် အဖိုးတန်ဆုံး ဖြစ်သည်သာမက ၎င်းတို့အပေါ် မည်သည့် အကြံအစည်မျှ လုံးဝ ကင်းရှင်းသည်။ ယင်းမှာ ကိုယ်ကျိုးမဖက်သော ကိုယ်တိုင်အသုံးခံခြင်းနှင့် ကိုယ်ကျိုးမဖက်သော ထောက်ပံ့ခြင်းသာဖြစ်ပြီး ဤနည်းလမ်းဖြင့် အစဉ်သဖြင့် ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ကိုယ်ကျိုးမဖက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားများထံမှ မည်သည့် အသိအမှတ်ပြုခံရမှုကိုမျှ မည်သည့်အခါမျှ မတောင်းဆိုပေ။ လူသားမျိုးနွယ်အကြားတွင် သူသည် လူတို့ထံမှ နားလည်မှုလွဲခြင်းများနှင့် ညည်းညူခြင်း မည်မျှကို ခံရသည်ဖြစ်စေ၊ မကျေနပ်ချက် မည်မျှကို သည်းခံရသည်ဖြစ်စေ သူသည် မိမိကိုယ်ကို မှန်ကြောင်းရှင်းချက်ထုတ်ရန် သို့မဟုတ် ခုခံကာကွယ်ရန် မည်သည့်အခါမျှ မကြိုးစားပေ။ လူသားမျိုးနွယ်အတွက် သူ လုပ်ဆောင်သမျှ အရာအားလုံးတွင် သူသည် လုံးလုံးလျားလျား လိုလားသည်၊ ယင်းနှင့်ပတ်သက်၍ ညည်းညူခြင်း မရှိသည့်အပြင် မည်သည့် နောင်တကိုမျှ မခံစားရဘဲ ဤသည်မှာ အပိုအရာတစ်ခုခု ဖြစ်သည်ဟု သူ မည်သည့်အခါမျှ မခံစားခဲ့ရပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမဖက်ခြင်းတွင် လူသားများ၌ရှိသော ထိုအပေးအယူလုပ်သည့် အမြင်ရှုထောင့်များ တစ်ခုမျှ မပါဝင်သည့်အပြင် အပေးအယူလုပ်လိုသည့် လူသား၏ ဆန္ဒ တစ်ခုမျှ မပါဝင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်။ ဘုရားသခင်က သင့်ကို ကျေးဇူးတော် အနည်းငယ် အခမဲ့ ပေးခြင်းသည် သူ့အတွက် မည်သည့်အရာမျှ မဟုတ်ပေ။ သူသည် သင့်ကို အသက်ရှင်ကျန်ရစ်ခွင့်ပေးသည်၊ ဆက်လက်၍ အသက်ရှင်ခွင့်ပေးပြီး ပျော်ရွှင်စွာ အသက်ရှင်ခွင့်ပေးကာ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားထားသည့် အရာခပ်သိမ်းအကြားတွင် အသက်ရှင်ခွင့်ပေးသည်။ သင်သည် ကောင်းချီးများ မည်မျှပင် မွေ့လျော်ခံစားရသည်ဖြစ်စေ ဘုရားသခင်သည် မနာလို မဖြစ်သည့်အပြင် ယင်းတို့အတွက် သင်နှင့် အပြိုင်အဆိုင်လုပ်ရန် မကြိုးစားပေ။ သင်သည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သိရှိနိုင်သရွေ့၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး ဖန်ဆင်းရှင် တောင်းဆိုသည့် လမ်းခရီးအတိုင်း အသက်ရှင်နိုင်သရွေ့ ဤသည်မှာ လုံလောက်ပေသည်။ ဘုရားသခင်သည် သူ့ကို အစဉ်သဖြင့် အလွန်အမင်း ကျေးဇူးတင်နေရန် သင့်ကို မတောင်းဆိုသည့်အပြင် သင်၏ ရိုသေလေးမြတ်မှုကို သူ မလိုအပ်ပေ။ ဘုရားသခင်သည် သူ့အတွက် နတ်စင်တစ်ခု တည်ဆောက်ရန်နှင့် နေ့စဉ်နေ့တိုင်း အမွှေးတိုင် သုံးတိုင် ထွန်းညှိရန် မည်သူ့ကိုမျှ မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ။ ဘုရားသခင်သည် ဤအရာများကို မွေ့လျော်ခံစားခြင်း မရှိပေ။ သင် မြင်သလော၊ ယောဘသည် ဘုရားသခင်၏ ကျောပြင်ကို မြင်ရသောအခါ ဘုရားသခင်က သူ့အပေါ် မည်သည့် တောင်းဆိုချက်များ ရှိခဲ့သလော။ (မရှိပါ။) ဘုရားသခင်သည် သူ့ကို အကြီးမားဆုံးသော ဆုလာဘ်ကိုသာ ပေးခဲ့သည်၊ ဘုရားသခင်၏ ကျောပြင်ကို မြင်ခွင့်ပေးခဲ့ပြီး ယင်းက ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းကို တိုးပွားစေခဲ့သည်။ ဤသည်မှာ သူ့အတွက် ဘုရားသခင်၏ ဆုလာဘ် ဖြစ်သည်။ ထို့နောက် ဘုရားသခင်သည် ထွက်ခွာသွားခဲ့ပြီး ယောဘ ပျော်ရွှင်စွာ အသက်ရှင်နိုင်ရန်၊ ဖန်ဆင်းရှင် ဖန်ဆင်းထားသော အရာခပ်သိမ်းအကြားတွင် အသက်ရှင်နိုင်ရန်နှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နိုင်ရန် မျှော်လင့်ခဲ့သည်။ ဘုရားသခင်အတွက် ဤသည်မှာ အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်း ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်းသည် ဖန်ဆင်းရှင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်ပြီး ယင်းမှာ အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်းလည်း ဖြစ်သည်။ သင် မြင်သလော၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာသည် လူတို့ကို အကျိုးပြုရန်လည်း ဆောင်ရွက်သည်။ အမှန်တွင် နောက်ဆုံး၌ အကြီးမားဆုံးသော မွေ့လျော်ခံစားမှုကို ရရှိပြီး ပျော်ရွှင်စွာ အသက်ရှင်ခွင့် ရရှိသူများမှာ လူတို့ပင် ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် ကြီးလေးသော တောင်းဆိုမှုများ ပြုလုပ်သလော။ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များသည် မမြင့်မားပေ။ သို့သော် သူ၏ တောင်းဆိုချက်များကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် စစ်မှန်စွာ ကိုယ်ကျိုးမဖက်ကြောင်းကို ငါတို့ မြင်တွေ့နိုင်သည်။ သူသည် မိမိကိုယ်ကို အစဉ်သဖြင့် အသုံးခံနေပြီး ထိုသို့ အခမဲ့ လုပ်ဆောင်ပေးသည်။ သူသည် အဖိုးအခ မည်မျှပင် ပေးဆပ်ရသည်ဖြစ်စေ၊ မည်မျှပင် ဆင်းရဲဒုက္ခခါးစည်းခံရသည်ဖြစ်စေ ဘုရားသခင်သည် ယင်းအားလုံးကို တစ်ပါးတည်း ခါးစည်းခံပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံ မိမိကိုယ်ကို ဖြောင့်မတ်ကြောင်း ပြရန် မကြိုးစားပေ။ ငါ့ကို ပြောလော့၊ စာတန်သည် ဤအရည်အသွေးများကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) စာတန်သည် ဘုရားသခင် ပိုင်ဆိုင်သည့် အရာတစ်ခုကိုမျှ မပိုင်ဆိုင်ပေ၊ လူတို့က သတိပြုရန် မတန်ဆုံးဟု ယူဆသည့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အသေးငယ်ဆုံးသော ကဏ္ဍကိုပင် မပိုင်ဆိုင်ပေ၊ လူသားများသည်လည်း ဤအရာများထဲမှ တစ်ခုတလေကိုမျှ မပိုင်ဆိုင်ကြပေ။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အားလုံး အပြုသဘောဆောင်သည်၊ အားလုံး လှပပြီး အားလုံး မြင့်မြတ်သည်၊ ယင်းမှာ အစင်ကြယ်ဆုံးနှင့် အသန့်ရှင်းဆုံး ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို အပြစ်အနာအဆာကင်းပြီး အစွန်းအထင်းကင်းသည်ဟု ခေါ်ဆိုနိုင်သည်။ ယင်းတို့သည် အစွန်းအထင်းကင်းသောကြောင့် ယင်းတို့ကို သန့်ရှင်းသည်ဟု ခေါ်ဆိုသည်၊ မှန်သလော။ (မှန်ပါသည်။) လူသားမျိုးနွယ်ကို သူ မည်သို့ ဆက်ဆံခြင်း အပါအဝင်၊ အရာခပ်သိမ်းကို ဘုရားသခင် သဘောထားပြုမူသည့် အမျိုးမျိုးသော စည်းမျဉ်းများသည် လုံးလုံးလျားလျား သမ္မာတရားအပေါ် အခြေခံသည်၊ ဤသည်မှာ အားလုံးထဲတွင် အဖြောင့်မတ်ဆုံးသော အရာဖြစ်သည်။ သင် မြင်သလော၊ သင်သည် မည်သည့် ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရသည် လူသားမျိုးနွယ်၏ ချီးမွမ်းခြင်းကို ခံထိုက်ပေသည်။ သို့သော် ဘုရားသခင်သည် ဤမျှလောက် ဆင်းရဲဒုက္ခ ခါးစည်းခံခဲ့ရသော်လည်း လူသားမျိုးနွယ်ထံမှ မည်သည့်အရာကိုမျှ မတောင်းဆိုခဲ့ပေ။ သူသည် လူတို့ထံမှ အောက်ပါအရာကို မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ “သင်တို့သည် ငါ့ကို ချီးမွမ်းလျက် နေ့စဉ်နေ့တိုင်း ရွှင်လန်းစွာ သီချင်းဆိုပြီး ကခုန်ရမည်။ နေ့တိုင်း ငါ၏ နာမကို ချီးမွမ်းလော့။ သင်တို့ စုဝေးသည့်အခါတိုင်း သို့မဟုတ် အစီအစဉ်များ ထုတ်လုပ်သည့်အခါတိုင်း သင်တို့သည် ငါ၏ နာမကို အတူတကွ ချီးမွမ်းရမည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ဤသို့ လုပ်ဆောင်ရန် တောင်းဆိုခဲ့ဖူးသလော။ (မည်သည့်အခါမျှ မတောင်းဆိုခဲ့ဖူးပါ။) ဘုရားသခင်သည် မည်မျှပင် ဆင်းရဲဒုက္ခ ခါးစည်းခံရသည်ဖြစ်စေ၊ အမှု မည်မျှပင် ပြုသည်ဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် မည်မျှပင် ပေးသနားသည်ဖြစ်စေ သူသည် လူတို့ကို ကိုယ်တော်အား အလွန်အမင်း ကျေးဇူးတင်နေရန် သို့မဟုတ် ဘာသာတရားမရှိသူများက ရုပ်တုများကို ရိုသေလေးမြတ်သကဲ့သို့ သူ့ကို ရိုသေလေးမြတ်ရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ။ ဘုရားသခင်သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ စိတ်နှလုံးထဲရှိ သူ၏ အဆင့်အတန်းနှင့် သူ၏ ဂုဏ်ဒြပ်အတွက် စကားတစ်ခွန်းမျှ မည်သည့်အခါမျှ မပြောခဲ့သည့်အပြင် အမှုတစ်ခုမျှ မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ သူသည် ဤအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ထိုသို့သောအရာများကို မလုပ်ဆောင်ပေ။ သူသည် ထိုသို့သောအရာများကို မည်သည့်အခါမျှ မမြွက်ဆိုခဲ့ပေ၊ သို့မဟုတ် လူသားမျိုးနွယ်အတွက် ထိုသို့သော သတင်းစကားများကိုလည်း မချန်ထားခဲ့ပေ။ သို့ဆိုလျှင် လူ့ဇာတိခံ ဘုရားသခင်သည် ထိုသို့သောအရာများကို လုပ်ဆောင်ဖူးသလော သို့မဟုတ် ထိုသို့သော စကားများကို ပြောဆိုဖူးသလော။ (မပြောဆိုဖူးပါ။) လူတို့အကြား အမှုပြုပြီး ဆင်းရဲဒုက္ခခါးစည်းခံရသည့် ဤနှစ်များအားလုံးအတွင်းတွင် သူသည် လူတို့ကို သမ္မာတရားနှင့် အသက်တို့ဖြင့် အစဉ်သဖြင့် ထောက်ပံ့ပေးနေခဲ့ပြီး လူတို့ကို လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းရန် ပံ့ပိုးပေးကာ လမ်းပြပေးနေခဲ့သည်။ လူတို့သည် သမ္မာတရားကို လိုက်စားနိုင်ပြီး အသက်ရှင်ကျန်ရစ်နိုင်ရန်သာ သူ မျှော်လင့်သည်။ ဤအရာအပြင် သင်တို့အပေါ် သူ့၌ အခြားသော အပို တောင်းဆိုချက်များ ရှိသလော။ (မရှိပါ။) သင်တို့အပေါ် သူ့၌ အပို တောင်းဆိုချက်များ မရှိပေ။
ယင်း၏ သဘောသဘာဝအရဆိုလျှင် လူ့ဇာတိခံထားသော ဘုရားသခင် ခါးစည်းခံရသည့် ဆင်းရဲဒုက္ခသည် လူသားများ ပြောဆိုသည့် ဆင်းရဲဒုက္ခ အမျိုးအစားနှင့် အမှန်တကယ် ကွဲပြားသည်။ အပြုသဘောဆောင်သော သဘောအရဆိုလျှင် လူသားများသည် ကယ်တင်ခြင်းသို့ ရောက်ရန် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပစ်ရန်အလို့ငှာ ၎င်းတို့၏ ဆင်းရဲဒုက္ခကို လုံးလုံးလျားလျား ခါးစည်းခံကြသည်။ အပျက်သဘောဆောင်သော သဘောအရဆိုလျှင် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်လည်းကောင်း၊ ၎င်းတို့သည် မကောင်းမှုပြုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရသောကြောင့်လည်းကောင်း ၎င်းတို့သည် ယင်းကို လုံးလုံးလျားလျား ခါးစည်းခံကြရသည်။ ဤရှုထောင့်မှကြည့်လျှင် လူသားများ၏ ဆင်းရဲဒုက္ခသည် လိုအပ်ပြီး ယင်းမှာ မလွဲမသွေ ဖြစ်သည်။ သို့သော် လူ့ဇာတိခံထားသော ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ရန်အလို့ငှာ၊ လူသားများကို သမ္မာတရားဖြင့် ထောက်ပံ့ပေးရန်အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် ညှဉ်းဆဲခြင်းတို့မှ ရုန်းထွက်လွတ်မြောက်နိုင်ပြီး ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန်အလို့ငှာ သူ၏ ဆင်းရဲဒုက္ခကို ခါးစည်းခံသည်။ ဘုရားသခင်သည် ဤအခက်အခဲများကို ရေရှည် ခါးစည်းခံရမည်ဖြစ်ပြီး ဤသည်မှာ သူ၏ အမှု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ဤအခက်အခဲများသည် သူ တစ်ပါးတည်း ခါးစည်းခံရမည့် အရာများဖြစ်ပြီး သူ တစ်ပါးတည်း တာဝန်ယူရမည့်အရာများ ဖြစ်သည်။ လူ့ဇာတိခံထားသော ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်နေပြီး မိမိ၏ အမှုတော်ကို ဆောင်ရွက်နေသောကြောင့်လည်းကောင်း၊ ဆင်းရဲဒုက္ခသည် ဤအမှုတွင် ပါဝင်သောကြောင့်လည်းကောင်း ဘုရားသခင်သည် ဤဆင်းရဲဒုက္ခကို ခါးစည်းခံရခြင်းအတွက် လူတို့က သူ့ကို အလွန်အမင်း ကျေးဇူးတင်နေရန် မလိုအပ်သည့်အပြင် သူ၏ ဆင်းရဲဒုက္ခအကြောင်း သတင်းအချက်အလက်များကို လူတို့ ဖြန့်ဝေရန်လည်း မလိုအပ်ပေ၊ ယင်းကို လူတို့ သိရှိရန် သာ၍ပင် မလိုအပ်ပေ။ သင်သည် ဘုရားသခင်ကို သိကျွမ်းလိုပါက ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းခြင်းအားဖြင့်လည်းကောင်း၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်များအားလုံးကို သူ မည်သို့ သဘောထားပြုမူသည်နှင့်ပတ်သက်သည့် ဘုရားသခင်၏ အတွေးများနှင့် အမြင်များကို သိကျွမ်းခြင်းအားဖြင့်လည်းကောင်း၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများကို သိကျွမ်းခြင်းအားဖြင့်လည်းကောင်း သူ့ကို သိကျွမ်းသင့်သည်။ သူ့ကို ဤနည်းလမ်းဖြင့် သိကျွမ်းခြင်းသည် အကောင်းဆုံးနှင့် အသင့်လျော်ဆုံးသော ချဉ်းကပ်နည်း ဖြစ်သည်။ ဘုရားသခင်၏ ဆင်းရဲဒုက္ခကို သိကျွမ်းခြင်းနှင့်ပတ်သက်၍မူ သင်သည် ယင်းကို ကျော်သွားနိုင်သည်၊ ဤကဏ္ဍကို သင် သိရန် မလိုအပ်ပေ။ သင် သိခဲ့လျှင်ပင် သင်သည် ဘုရားသခင်ကို ကိုယ်ချင်းစာနိုင်မည် မဟုတ်၊ သင်သည် သူ့ကို အလေးထားနိုင်မည် မဟုတ်သည့်အပြင် ယင်းကို သူ့ကိုယ်စား သင် ခါးစည်းခံပေးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ဤအကြောင်းကို မိတ်သဟာယဖွဲ့ရန် မလိုအပ်ပေ။ ဆင်းရဲဒုက္ခကို သည်းခံခြင်းသည် လူ့ဇာတိခံထားသော ဘုရားသခင်၏ အမှုတွင် ပါဝင်ကြောင်းနှင့် ယင်းမှာ လူတို့အကြား ကြွလာရာတွင် သူ မလွဲမသွေ တွေ့ကြုံရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်းကို သင်တို့ သိပါက ဤအရာကို နားလည်ခြင်းက လုံလောက်ပေသည်။ ယင်းနှင့်ပတ်သက်၍ အလွန်အကျွံ အရေးတယူလုပ်ရန် မလိုအပ်သည့်အပြင် သင်တို့က တစ်စုံတစ်ရာကို ကျေးဇူးဆပ်ရန်လည်း မလိုအပ်ပေ။ သင်တို့သည် သမ္မာတရားကို လိုက်စားပါက တစ်နေ့တွင် သင်တို့ နားလည်လာကောင်း နားလည်လာနိုင်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်ပါက သင်သည် အဆုံးတိုင်အောင် ရောက်သွားပြီး နားမလည်နိုင်သေးဘဲ ဖြစ်နေကောင်း ဖြစ်နေနိုင်ပေသည်။
ငါတို့သည် ဆင်းရဲဒုက္ခ အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို အတော်အတန် ပြီးစီးသွားပြီဖြစ်သည်။ သင်တို့သည် ဆင်းရဲဒုက္ခအပေါ် လူ့ဇာတိခံ ဘုရားသခင်၏ သဘောထားကို နားလည်ပါက၊ သို့မဟုတ် သူ မည်သည့် ဆင်းရဲဒုက္ခ ခါးစည်းခံရခြင်းကို သင်တို့ နားလည်ပါက သင်တို့ မည်သည့်အရာကို လုပ်ဆောင်လိုကြမည်နည်း။ အကောင်းဆုံးအရာမှာ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်၊ သစ္စာစောင့်သိရန်၊ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်နှင့် ဘုရားသခင်၏ ဆန္ဒကို ပြည့်ဝစေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်း ဖြစ်သည်။ သင်သည် ဤအရာကို လုပ်ဆောင်ပါက ဘုရားသခင်သည် ယင်းကို အမှတ်ရလိမ့်မည်။ ဘုရားသခင်အတွက် အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်းမှာ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုက်စားနိုင်ခြင်းနှင့် နောက်ဆုံးတွင် ကယ်တင်ခြင်းသို့ ရောက်နိုင်ခြင်း ဖြစ်သည်၊ ဘုရားသခင်၏ အစီအစဉ်ကို ပျက်ပြားခွင့်မပေးခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချည်းနှီး ဖြစ်ခွင့်မပေးခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၌ ဖြစ်မြောက်ခွင့်ပေးခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏ အသက် ဖြစ်လာခွင့်ပေးခြင်းတို့ ဖြစ်သည်။ တစ်နေ့တွင် သင်တို့သည် အသက်ရှင်ကျန်ရစ်ပြီး လူသားမျိုးနွယ်သစ်၏ အဖွဲ့ဝင်များ ဖြစ်လာသောအခါ အရာခပ်သိမ်း၏ သခင်များ ဖြစ်လာနိုင်ပြီး ပျော်ရွှင်စွာ အသက်ရှင်နိုင်သောအခါ၊ ပြီးလျှင် လူသားမျိုးနွယ်ကို ဖန်ဆင်းရာတွင်ရှိသော ဘုရားသခင်၏ ကနဦး ဆန္ဒကို ဖြည့်ဆည်းပြီးသောအခါ ယင်းမှာ ဘုရားသခင်အတွက် အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်း ဖြစ်လိမ့်မည်။ သင်တို့ ကယ်တင်ခြင်းသို့ ရောက်ပြီး အသက်ရှင်ကျန်ရစ်သူများ ဖြစ်လာသည့်နေ့တွင် သင်တို့သည် လူသားမျိုးနွယ်သစ်ကို ဖန်ဆင်းခြင်းဟူသည့် ဘုရားသခင်၏ ဆန္ဒကို ဖြစ်မြောက်အောင်မြင်ပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်ကို ကိုးကွယ်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်သည့် လူတစ်စုကို မြေကြီးပေါ်တွင် ဘုရားသခင် ရရှိပြီးဖြစ်လိမ့်မည်၊ ဘုရားသခင်၏ ဤဆန္ဒသည် ပြည့်ဝသွားလိမ့်မည်။ ဘုရားသခင်၏ ဆန္ဒ ပြည့်ဝသွားသောအခါ ထိုနေ့တွင် ဘုရားသခင်က သင်သည် သူ၏ ဆန္ဒကို ဖြည့်ဆည်းရန် သူ့ကို ကူညီပေးခဲ့ကြောင်းနှင့် သူ၏ ဆင်းရဲဒုက္ခ ကာလကို အဆုံးသတ်ရန် သူ့ကို သင် ကူညီပေးခဲ့ကြောင်း ပြောကောင်း ပြောလိမ့်မည်။ ဤသည်မှာ ဘုရားသခင်အတွက် အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဆန္ဒ ပြည့်ဝသွားသောအခါ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် မည်သည့်အရာကိုမျှ နောက်ထပ် အသုံးခံတော့မည် မဟုတ်ပေ၊ သူ၏ မျှော်လင့်ချက်များ အကောင်အထည်ပေါ်သွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အမှုပြုရန် နောက်ထပ် လိုအပ်တော့မည် မဟုတ်ပေ။ သူသည် ရလဒ်များကို မြင်တွေ့ပြီးဖြစ်ကာ ရလဒ်များကို ရရှိပြီးဖြစ်လိမ့်မည်၊ သူ၏ အမှုသည် ပြီးဆုံးသွားပြီးဖြစ်လိမ့်မည်၊ သူသည် အနားယူနိုင်လိမ့်မည်ဖြစ်ပြီး လူသားမျိုးနွယ်နှင့်ပတ်သက်၍ သူ့ထံတွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ နောက်ထပ် ရှိတော့မည် မဟုတ်ပေ။ ယင်းက သင်သည် သမ္မာတရားကို လိုက်စားခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ခြင်းမှတစ်ဆင့် ဘုရားသခင် ခံစားရသည့် အခက်အခဲ ခံစားချက်မှ ရုန်းထွက်လွတ်မြောက်ရန်နှင့် သူ၏ နှစ်ခြောက်ထောင် အခက်အခဲ လမ်းခရီးမှ ရုန်းထွက်လွတ်မြောက်ရန် ဘုရားသခင်ကို ကူညီပေးခဲ့ပြီးဖြစ်သည်ဟု ဆိုလိုလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ကျေးဇူးတင်လိမ့်မည်။ အကြောင်းမှာ ယင်းအတွက် အလွန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရမည်ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် နောက်ဆုံးတွင် ရလဒ်များကို မြင်တွေ့ပြီးဖြစ်လိမ့်မည်၊ သူ၏ ဆန္ဒ ပြည့်ဝသွားခဲ့ပြီး သူသည် လူသားမျိုးနွယ်သစ်ကို ရရှိပြီးဖြစ်လိမ့်မည်၊ သင်သည် ဘုရားသခင်အတွက် ဝမ်းမြောက်သင့်ပေသည်။ သင့်တွင် ဘုရားသခင်ကို အလေးထားသော စိတ်နှလုံးတစ်ခု အမှန်တကယ် ရှိပါက၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို အမှန်တကယ် နားလည်ပြီး အလေးထားလိုကာ ဘုရားသခင်ကို ကျေးဇူးဆပ်လိုပါက သင်သည် နာခံတတ်ပြီး ကျိုးနွံနာခံသင့်သည်၊ ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းသင့်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လမ်းကြောင်းကို လျှောက်လှမ်းသင့်ကာ ဘုရားသခင်ကို ကိုးကွယ်နိုင်သူတစ်ဦး ဖြစ်သင့်သည်။ ဤသည်မှာ ဘုရားသခင်အတွက် အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်း ဖြစ်သည်။ သေချာသည်မှာ ဤအရာသည် ဘုရားသခင်ကို နှစ်သိမ့်မှု ရရှိခွင့်ပေးရန်နှင့် ဘုရားသခင်၏ ဆန္ဒကို ပြည့်ဝခွင့်ပေးရန် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပြီး လူတို့နှင့်ပတ်သက်၍ သူ့ထံတွင် ရှိသော မည်သည့် စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များကိုမဆို စွန့်လွှတ်ခွင့်ပေးရန် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။ သေချာသည်မှာ ယင်းသည် သူ၏ နှစ်ခြောက်ထောင် စောင့်ဆိုင်းမှုဖြစ်သည့် အခက်အခဲ လမ်းခရီးမှ ရုန်းထွက်လွတ်မြောက်ရန် ဘုရားသခင်ကို ကူညီပေးမည့် အကောင်းဆုံးသော နည်းလမ်းလည်း ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ ကိုယ်တော်အတွက် အကြီးမားဆုံးသော ကျေးဇူးဆပ်ခြင်း ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်ထံ သင် ပူဇော်ဆက်ကပ်နိုင်သည့် အကောင်းဆုံးသော လက်ဆောင် ဖြစ်သည်။ ဤလက်ဆောင်ကို ဘုရားသခင်က လက်ခံပြီး ဘုရားသခင်က ရယူသည်၊ ပြီးလျှင် ယင်းမှာ သင် ပူဇော်ဆက်ကပ်ကောင်း ဆက်ကပ်နိုင်သည့် ဆယ်ဖို့တစ်ဖို့ မည်မျှထက်မဆို ပို၍ အဖိုးတန်ပေသည်။
ဤအကြောင်းအရာနှင့်ပတ်သက်သည့် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် ငါတို့ အဆုံးသတ်လိုက်လျှင် အဆင်ပြေမည်လော။ (အဆင်ပြေပါသည်။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်လိုက်ပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်