သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၁)

ဤကာလအတောအတွင်း ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာသည် အတော် ကျယ်ပြန့်လေပြီ။ သင်တို့ မည်မျှ မှတ်မိနိုင်ပါသနည်း။ မည်မျှ သဘောပေါက်နိုင်သနည်း။ (ဘုရားသခင် မိတ်သဟာယပြုခြင်း ပြီးစီးသည့်နောက်တွင်၊ ထိုအရာ အချို့ကို ကျွန်ုပ်တို့ အနည်းငယ် မှတ်မိပါသည်။ အခြားအပိုင်းများအတွက်မူ၊ လတ်တလော တွေ့ကြုံနေရသည့် အလားတူ အခြေအနေများကြောင့် ထင်မြင်ချက် အနည်းငယ် ရှိနိုင်ပါသည်။ အခြားအပိုင်းများအတွက်၊ ထိုသို့သော အခြေအနေများကို လုံးဝ မတွေ့ကြုံဖူးသည့်အခါ၊ များစွာ မမှတ်မိနိုင်ပါ။) အခြေအနေများကို သင်တို့ ကြုံရသည့်အခါ၊ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာများအပေါ် ထင်မြင်ချက်တစ်ခုတလေ ရှိကြသလော။ (အနည်းငယ်ရှိပါသည်။ အလားတူ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင် မိတ်သဟာယပြုခဲ့သည့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ၊ သူ့နှုတ်ကပတ်တော်၏ အလားတူ လိုက်လျောညီထွေသော စာတစ်ကြောင်း၊ နှစ်ကြောင်းကို ကျွန်ုပ် မှတ်မိနိုင်ပြီး ထို့နောက်တွင် စားသောက်ရန် ဤဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ရှာဖွေကာ ကျွန်ုပ်တွင် ဦးတည်ချက်တစ်ခုခု ရှိသကဲ့သို့ ခံစားရပါသည်။) စည်းမျဉ်းများကို သင်တို့ နားလည်ပြီလော။ (ဤကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ် အတော် ချို့တဲ့နေပါသည်။ စည်းမျဉ်းများကို ကျွန်ုပ် အတော်လေး သဘောမပေါက်နိုင်ပါ။ ဘုရားနှုတ်ကပတ်တော်များကိုသာ ကျွန်ုပ် နားလည်သဘောပေါက်နိုင်ပြီး သိနားလည်မှု အနည်းငယ်သာ ရှိပါသည်။) သမ္မာတရားကို သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့က အဓိကအားဖြင့် မည်သည့်အရာအား ရည်ညွှန်းသည်ကို သင်တို့ သိကြသလော။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်စွမ်း ကင်းမဲ့သည့်အခါ၊ “ဤလူက သမ္မာတရားကို နားလည်ပါ” သို့မဟုတ် “သမ္မာတရား စည်းမျဉ်းများ၏ ဤသွင်ပြင်လက္ခဏာကို သူတို့ သဘောမပေါက်သေးပါ”ဟု မကြာခဏ ပြောရသည် မဟုတ်လော။ ထိုသို့သော တစ်စုံတစ်ရာကို သင်တို့ မကြာခဏ မပြောကြသလော။ (ပြောကြပါသည်။) တစ်စုံတစ်ဦးက သမ္မာတရားကို နားလည်ပြီး ထိုသမ္မာတရားကို လက်ခံနိုင်စွမ်းရှိသည့်ကို ပြောသည့်အခါ၊ ဤအရာက မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ သမ္မာတရားနှင့် စပ်လျဉ်း၍ အယူဝါဒ သိနားလည်ခြင်းကို ရည်ညွှန်းသလော။ (မရည်ညွှန်းပါ။ ကျွန်ုပ်၏ အဓိပ္ပာယ်ကောက်ယူချက်မှာ ဘုရားသခင်၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင်၊ ဤလူသည် သမ္မာတရားကို လက်ခံရရှိနိုင်စွမ်းရှိပါက၊ ထိုသမ္မာတရားကို သူတို့ နားလည်သဘောပေါက်နိုင်ပြီး၊ မိမိတို့ကိုယ်ကိုနှင့်ပတ်သက်သည့် အသိကို ရယူနိုင်ကြကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများ ရှာတွေ့နိုင်ကြပါသည်။) သမ္မာတရားကို သိနားလည်ခြင်းနှင့် ထိုသမ္မာတရားကို လက်ခံရရှိနိုင်စွမ်းတို့သည် လူတစ်ဦးက သမ္မာတရား စည်းမျဉ်းများအား သိနားလည်နိုင်ခြင်းကို အဓိကအားဖြင့် ရည်ညွှန်းပေသည်။ ဆိုလိုသည်မှာ၊ သမ္မာတရားတစ်ခုခုကို မိတ်သဟာယပြုသည့်အခါ၊ တိကျသည့် အသေးစိတ်အချက်များနှင့် ပါဝင်သည့် အကြောင်းအရာတို့က မည်သည့်အရာဖြစ်စေ၊ ဥပမာမည်မျှ စရင်းပြုစုထားသည်ဖြစ်စေ သို့မဟုတ် ကိစ္စရပ် သို့မဟုတ် အခြေအနေ မည်မျှကို ဆွေးနွေးထားသည်ဖြစ်စေ၊ ဤအရာအားလုံးအတွင်းတွင် သမ္မာတရား စည်းမျဉ်းတစ်ခု တည်နေ၏။ ဤသမ္မာတရား စည်းမျဉ်းကို သင် နားလည်ကာ သဘောပေါက်နိုင်ပါက၊ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိပေသည်။ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်းရှိခြင်းသည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ထိုအရာမှာ သမ္မာတရား စည်းမျဉ်းများကို နားလည်နိုင်ခြင်းနှင့် ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ၊ သမ္မာတရား စည်းမျဉ်းများပေါ် အခြေခံ၍ လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်နိုင်ခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိခြင်းဟု ခေါ်သည့်အရာဖြစ်သည်။ လူအချို့သည် ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ၊ ဥပမာမည်မျှ ပေးထားသည်ဖြစ်စေ၊ အခြေအနေမည်မျှကို ဆွေးနွေးထားသည်ဖြစ်စေ၊ သို့မဟုတ် ဆွေးနွေးမှုက မည်မျှ တိကျသည်ဖြစ်စေ၊ ဤနေရာတွင် မည်သည့်သမ္မာတရားအား ဆွေးနွေးနေသည်ကို မသိကြဆဲဖြစ်ကာ သမ္မာတရား စည်းမျဉ်းများပေါ် အခြေခံ၍ လူများနှင့် အမှုအရာများကို မရှုမြင်နိုင်သကဲ့သို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် ထိုသမ္မာတရားစည်းမျဉ်းကို နားမလည်နိုင်၊ မကျင့်သုံးနိုင်ကြပေ။ ၎င်းတို့သည် အချို့သော စကားများနှင့် အယူဝါဒများကို ရှင်းလင်းစွာနှင့် ယုတ္တိရှိစွာ ဆွေးနွေးလျက် ပြောဆိုနိုင်ကြသော်လည်း၊ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မကျင့်သုံးနိုင်ခြင်း၊ ပြဿနာများကို ဖြေရှင်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းအတွက် သမ္မာတရားစည်းမျဉ်းများအား မကျင့်သုံးနိုင်ခြင်းသည် ဝမ်းနည်းစရာဖြစ်၏။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများ သိနားလည်ခြင်း သို့မဟုတ် သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိခြင်း မဟုတ်ပေ။ အယူဝါဒမည်မျှအကြောင်း ၎င်းတို့ ပြောဆိုသည်ဖြစ်စေ၊ အချည်းနှီးဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများသည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားနှင့် ဆက်နွှယ်သည့် အမှုအရာ အမျိုးအစားတိုင်းအတွက် တိကျသော လက်တွေ့လုပ်ဆောင်မှု စံများဖြစ်သည်။ ယင်းတို့သည် တိကျသည့် လက်တွေ့လုပ်ဆောင်မှု စံများဖြစ်သည့်အတွက်၊ ဧကန်မုချ ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ယင်းတို့သည် တိကျသည့် အရေးကိစ္စများတွင် သင့်အပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများဖြစ်ပြီး၊ သင် လျှောက်လှမ်းသင့်သည့် တိကျသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ဖြစ်သည်။ ဤသည်တို့မှာ သမ္မာတရား စည်းမျဉ်းများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်သာမက၊ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများလည်း ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကို သင် သဘောပေါက်ပြီးဖြစ်သည်ဆိုပါစို့၊ သင်သည် သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိပေသည်။ သမ္မာတရားကို သင် လက်ခံရရှိနိုင်စွမ်းရှိပါက၊ ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ၊ သမ္မာတရား စည်းမျဉ်းများပေါ် အခြေခံ၍ သင် လက်တွေ့လုပ်ဆောင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ရှေ့ဆက် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီနိုင်လိမ့်မည်။ အပြန်အလှန်အားဖြင့်၊ သမ္မာတရား စည်းမျဉ်းများကို သင် နားမလည်ပါက၊ ဆိုလိုသည်မှာ သမ္မာတရား လက်ခံရရှိနိုင်စွမ်းမရှိပါက၊ သင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံလိမ့်မည် မဟုတ်။ သင်၏ လုပ်ရပ်များသည် အခြေခံအကြောင်းရင်းနှင့် စံများ ကင်းမဲ့သည်၊ ဆိုလိုသည်မှာ၊ သင့်ထံတွင် တိကျသော စံနှုန်းများ မရှိပေ။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်ပေ။ တစ်စုံတစ်ဦးသည် တကယ့် အလုပ်ကို လုပ်နိုင်စွမ်း ရှိမရှိ အကဲဖြတ်ရန်၊ ၎င်းတို့တွင် သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိမရှိဆိုသည်ကို ကြည့်လော့။ ၎င်းတို့ ရှိပါက၊ တကယ့်ပြဿနာများကို ၎င်းတို့ ဖြေရှင်းနိုင်၏။ မရှိပါက၊ အယူဝါဒမည်မျှ ၎င်းတို့ ပြောဆိုနိုင်သည်ဖြစ်စေ၊ အားလုံး အချည်းနှီး ဖြစ်သည်။ စကားများနှင့် အယူဝါဒများကို ဆွေးနွေးရန် နှစ်သက်သော်လည်း၊ စစ်မှန်သည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသူသည် စံပြ ဖာရိရှဲတစ်ဦး ဖြစ်သည်။ မရေမတွက်နိုင်သည့် ဘုရားနှုတ်ကပတ်တော် စာပိုဒ် မည်မျှ သင် အာဂုံဆောင်နိုင်သည်ဖြစ်စေ၊ အသုံးမဝင်ပေ။ ဖာရိရှဲများသည် ကျမ်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်ရွတ်နိုင်ကြပြီးနောက်၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် လူတို့ မြင်ရန်အလို့ငှာ၊ မိမိတို့ကိုယ်ကို ကြွားဝါရန်ဖြစ်သည်၊ တကယ့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် မဟုတ်ပေ။ ထိုသို့သော လူများသည် ဝိညာဉ်ရေးရာ၊ လူတကာ ချီးမွမ်းပြီး လက်ခံသည့်၊ နက်နဲပြီး၊ ပညာရပ်ဆန်သော အသိပညာ၊ အယူဝါဒ၊ စကားများနှင့် ဆောင်ပုဒ် မျိုးစုံကို စုဆောင်းခြင်းအား အာရုံစိုက်ပြီး နေရာတိုင်းတွင် ကြေညာကြလေသည်။ ၎င်းတို့သည် လူတို့က ၎င်းတို့အား လေးစားကာ ကိုးကွယ်ရန်အလို့ငှာ ထိုအရာဖြင့် လူတို့ကို လှည့်ဖြားလျက်၊ အပေါ်ယံအားဖြင့် အပြုအမူကောင်းအချို့ကိုပင် ပြသကြလေသည်။ သို့ရာတွင် တကယ့် ပြဿနာများနှင့် ပတ်သက်လာသည့်အခါ၊ နည်းဥပဒေသများကို ထိန်းသိမ်းခြင်းနှင့် စကားများ၊ အယူဝါဒများကို ကိုးကားခြင်းမှလွဲ၍၊ တကယ့် မည်သည့် ပြဿနာကိုမျှ ၎င်းတို့ မဖြေရှင်းနိုင်ကြပေ။ လူတို့၏ အတွင်းပိုင်း အခြေအနေများ၊ သို့မဟုတ် အနှစ်သာရများနှင့် စပ်လျဉ်း၍၊ တစ်ခုတလေကို သဘောပေါက်ရန် သို့မဟုတ် သမ္မာတရား တစ်ခုတလေကို နားလည်ရန် ပျက်ကွက်ကြလေသည်။ အချို့သော စကားများနှင့် အယူဝါဒများကိုသာ အနှစ်မဲ့စွာ ၎င်းတို့ ပြောဆိုနိုင်ကြလေသည်။ ဤသည်မှာ စံပြဖာရိရှဲတစ်ဦးဟု ခေါ်သည့် အရာဖြစ်သည်။ ဖာရိရှဲများက စကားများနှင့် အယူဝါဒများကိုသာ ဆွေးနွေးနိုင်သော်လည်း၊ တကယ့် ပြဿနာတစ်ခုတလေမျှ မဖြေရှင်းနိုင်သည့် အကြောင်းရင်းမှာ၊ သမ္မာတရားကို ၎င်းတို့ နားမလည်သကဲ့သို့ ပြဿနာ၏ အနှစ်သာရကို အစမှအဆုံး သဘောမပေါက်နိုင်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရန် အချိန်ကျလာသည့်အခါ၊ မုသားများ ပြောဆိုခြင်းနှင့် အဓိပ္ပာယ်မရှိသော သဘောထားများကို ကြေညာခြင်းတို့အား မတတ်သာသည့်အဆုံး ကျင့်သုံးရလေသည်။ ၎င်းတို့သည် မည်သည့်လူကိုမျှ သို့မဟုတ် ကိစ္စရပ်တစ်ခုတလေ၏ အနှစ်သာရကို မရိပ်စားမိနိုင်ပေ။ သို့ဖြစ်၍၊ မည်သည့် ပြဿနာများကိုမျှ ၎င်းတို့ မဖြေရှင်းနိုင်ကြချေ။ ၎င်းတို့သည် သမ္မာတရားအား လက်ခံရရှိနိုင်စွမ်း အနည်းငယ်မျှ မရှိ။ တရားဒေသနာ မည်မျှ ၎င်းတို့ ကြားပြီးသည်ဖြစ်စေ၊ သို့မဟုတ် အယူဝါဒမည်မျှ ၎င်းတို့ ဆွေးနွေးပြီးသည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်ဆိုသည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ညံ့ဖျင်းကာ သနားဖွယ်ဖြစ်သော်ငြားလည်း၊ သမ္မာတရားကို ၎င်းတို့ နားလည်ကြောင်း ယုံကြည်ကြဆဲဖြစ်ပြီး၊ ဝိညာဉ်ရေးပြည့်ဝသည့် လူများအဖြစ် မိမိတို့ကိုယ်ကို ဂုဏ်ယူကြလေသည်။ ဤသည်မှာ သနားချင့်စဖွယ် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သနားချင့်စဖွယ်ဖြစ်ပြီး အော်ဂလီဆန်စရာ ဖြစ်သည်။ ၎င်းတို့သည်စကားများနှင့် အယူဝါဒများကို ဆွေးနွေးနိုင်ပြီး၊ အချို့သော စည်းမျဉ်းများကိုပင် လိုက်လျှောက်နိုင်သည့်တိုင်၊ မည်သည့် ခိုင်လုံသော ပြဿနာများကိုမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့က၊ “အို ဤနေရာတွင် တစ်စုံတစ်ရာ ဖြစ်ခဲ့သည်။ ဤအရေးကိစ္စ၏ တိုးတက်ဖြစ်ပေါ်မှု ရှုပ်ထွေးခက်ခဲပုံ၊ ထူးခြားဆန်ကြယ်ပြီး၊ မူမမှန် ဖြစ်လာပုံတို့ကို ကြည့်ပါ။ အို၊ ထိုလူတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိပါ။ သူတို့၏ လူ့သဘာဝသည် မကောင်းသကဲ့သို့ သူတို့တွင် မိမိကိုယ်ကို သိစိတ်မရှိပါ။ ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း မဆင်မခြင် ပြုမူကြသည်”ဟု ပြောဆိုလျက်၊ အခြားသူများ စကားပြောမည့်ပုံကို တုပပြောခြင်းအား မတတ်သာသည့်အဆုံး ကျင့်သုံးကြလိမ့်မည်သာ ဖြစ်သည်။ သင်က ၎င်းတို့အား၊ “ဤအပြုအမူကို ထောက်ရှုလျှင်၊ ဤလူကို သင် မည်သို့ ဆက်ဆံ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းမည်နည်း။ မည်သည့် စည်းမျဉ်းများပေါ် အခြေခံ၍ ယင်းတို့ကို သင် ဖြေရှင်းမည်နည်း။ ၎င်းတို့ အပြုအမူ၏ အနှစ်သာရသည် မည်သည့်အရာနည်း။ ဤလူစားမျိုးသည် အန္တိခရစ်တစ်ဦးလော သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခြင်းလော။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးလော သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ မကောင်းခြင်း၊ ၎င်းတို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ် ပေါ့တန်ခြင်းသာ ဖြစ်သလော”ဟု မေးမြန်းသည်။ သို့ရာတွင် ၎င်းတို့က၊ “ဤသည်မှာ အဓိပ္ပာယ်ကောက်ရန် ခက်ခဲသည်”ဟု ဆိုကြသည်။ ထိုအရာအား မည်သို့ ဖြေရှင်းရမည်ကို ၎င်းတို့ မသိကြသကဲ့သို့ အမျိုးမျိုးသော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ၊ အပေါ်ယံ အဖြစ်အပျက်များနှင့် အခြေအနေများကိုသာ ၎င်းတို့ ကြည့်ကြသည်။ အချို့သော လူတစ်ဦးချင်း အပြုအမူများ၊ သရုပ်သကန်များ၊ စကားများနှင့် လုပ်ရပ်များနှင့် အတိအကျ ပတ်သက်လာသည့်အခါ၊ ယင်းတို့ကို ၎င်းတို့က ဖော်ပြခြင်း သို့မဟုတ် ရေတွက်ခြင်းသာ တတ်နိုင်သည် သို့မဟုတ် ရိုးရှင်းပြီး ပဏာမ ဆုံးဖြတ်ချက်အချို့ကို ပြုကောင်းပြုနိုင်သော်လည်း၊ ပြဿနာ၏ အနှစ်သာရကို ၎င်းတို့ သဘောပေါက်နိုင်ခြင်း မရှိကြချေ။ ထိုသို့သော လူများကို မည်သို့ ဆက်ဆံရမည် သို့မဟုတ် ကိုင်တွယ်ရမည်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သုံးသပ်စေရန်၊ သိရှိစေရန်နှင့် မိမိတို့ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်အား နားလည်စေရန်အလို့ငှာ သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယပြုရမည်၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ၎င်းတို့အား မည်သို့ ကူညီရမည်၊ သို့မဟုတ် စီမံအုပ်ချုပ်ရေးနှင့် ဝန်ထမ်းရေးရာနှင့် ပတ်သက်လာသည့်အခါ ဤလူများကို မည်သို့ သင့်တင့်လျောက်ပတ်စွာ ထားရှိရမည်ဆိုသည်တို့ကို ၎င်းတို့ မသိကြချေ။ ဤလူစားမျိုး၊ ထိုလူစားမျိုးများ၏ အမျိုးမျိုးသော အပြုအမူများနှင့် အခြေအနေများကိုသာ ၎င်းတို့ ပြောဆိုနိုင်ကြသည်။ ၎င်းတို့ကို သင်က၊ “ဤလူများကို သင် ကိုင်တွယ်ပြီးပြီလော”ဟု မေးသည့်အခါ၊ “မကိုင်တွယ်ရသေးပါ၊ သူတို့ကို ကျွန်ုပ် လေ့လာစောင့်ကြည့်နေဆဲ ဖြစ်သည်”ဟု ပြန်ဖြေကြသည်။ ဤသည်မှာ ရလဒ်ဖြစ်သည်။ ဤသည်မှာ ပြဿနာဖြေရှင်းနိုင်စွမ်း ကင်းမဲ့ခြင်းကို ညွှန်ပြသည် မဟုတ်လော။ (ညွှန်ပြပါသည်။) ပြဿနာဖြေရှင်းနိုင်စွမ်း ကင်းမဲ့ခြင်းသည် သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း မရှိခြင်းကို ညွှန်ပြသည် မဟုတ်လော။ (ညွှန်ပြပါသည်။) သမ္မာတရားကို လက်ခံရရှိရန် အစွမ်းအစမရှိဘဲ၊ ဤလူများသည် သမ္မာတရား စည်းမျဉ်းများအား နားမလည်နိုင်ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် လုံလောက်သည့် တရားဥပဒေများကို နားမထောင်ရသေးသောကြောင့် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြခြင်း မဟုတ်။ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ကင်းမဲ့ကြသောကြောင့် ဖြစ်သည်။ ထိုအရည်အသွေး ၎င်းတို့ ပိုင်ဆိုင်ခြင်း မရှိကြချေ။ သို့ဆိုလျှင် ၎င်းတို့သည် ပုံမှန်အားဖြင့် အဘယ်ကြောင့် အလွန် ကျွမ်းကျင်ပိုင်နိုင်စွာ စကားပြောဆိုပြီး ဟောပြောနိုင်ကြသနည်း။ ၎င်းတို့သည် များစွာ ကြားရ၊ များစွာ တွေ့ကြုံပြီးဖြစ်ကာ ဤအယူဝါဒအားလုံးကို မိမိတို့၏မှတ်ဉာဏ်တွင် မှတ်ထားပြီးဖြစ်သောကြောင့်၊ အချို့သော စကားများနှင့် အယူဝါဒများကို ၎င်းတို့ အလိုအလျောက် ဆွေးနွေးနိုင်ကြခြင်း ဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် နှစ်အတော်ကြာ အစေခံပြီးသူများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပုံမှန် လက်တွေ့လုပ်ဆောင်မှုမှတစ်ဆင့် သွေးထားကြပြီးဖြစ်သည်။ အမျိုးမျိုးသော စကားများနှင့် အယူဝါဒများအကြောင်း ၎င်းတို့ ဆွေးနွေးကာ ပြောဆိုနိုင်ကြပြီး၊ မိန့်ခွန်းများနှင့် စာတမ်းတိုများ ဟောပြောနေသည့်အလား အထူးသဖြင့် ချောမွေ့စွာ ပြောဆိုကြလေသည်။ သို့ရာတွင် ဤသည်မှာ သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ နားလည်သည်ဟု မဆိုလိုပေ။ သင်တို့သည် ချင့်ချိန်နိုင်စွမ်းတွင် တော်ရမည်ဖြစ်ပြီး၊ ထိုသို့သော လူများ၏ လှည့်စားခြင်း မခံရ။ စုဝေးပွဲများအတွင်းတွင် မိမိကိုယ်ကို ထပ်တလဲလဲ ပြောဆိုခြင်းမရှိဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ အဆက်မပြတ် စကားပြောဆိုနိုင်သည့် တစ်စုံတစ်ဦးကို သင် မြင်သည့်အခါ၊ ၎င်းတို့ကို သင် အထင်ကြီးသွားသည်မှာ သင် အံ့ဩမင်သက်ရလေသည်။ ဤသည်မှာ ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ခြင်းကို ပြသည် မဟုတ်လော။ သမ္မာတရားကို သင် နားမလည်ကြောင်း ပြသည် မဟုတ်လော။ (ပြပါသည်။) ဤအရာက သင်သည် သမ္မာတရားကို နားမလည်ကြောင်း ပြပေသည်။ သမ္မာတရားကို သင် နားလည်ခဲ့ပါက၊ ၎င်းတို့ စကား၏ ပါဝင်သည့် အကြောင်းအရာတစ်ခုတလေတွင် အချို့သော အခြေအနေများ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ ပါရှိခြင်း ရှိမရှိဆိုသည်ကို သင် သိမြင်နိုင်မည် ဖြစ်သည်။ သင်က သေချာစွာ နားထောင်ပြီး၊ လူတို့၏ တကယ့် အခြေအနေများ သို့မဟုတ် ပြဿနာများကို ဖြေရှင်းပေးသည့် စာတစ်ကြောင်းမျှ မရှိသည်ကို၊ ၎င်းတို့ ပြောဆိုနေသည့် အရာမှာ စည်းမျဉ်းများ၊ တိကျသည့် ဖြေရှင်းချက်များနှင့် ခိုင်လုံသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများမရှိသည့် ဆောင်ပုဒ်တစ်စု၊ စကားတစ်စု၊ အယူဝါဒတစ်စုသာဖြစ်ကာ ၎င်းတို့ နှစ်ရက်၊ သုံးရက်ကြာ စကားပြောလျှင်ပင်၊ အနှစ်မဲ့သော အယူဝါဒသာဖြစ်သည်ကို တွေ့ရှိရသည်ဆိုပါစို့။ ပြီးလျှင် ထိုအရာသည် သင် ကြားရသည့်အချိန်တွင် အကျိုးရှိပြီး အကျိုးဖြစ်ထွန်းပုံရသော်လည်း၊ သုံးသပ်ဆင်ခြင်ခြင်းအားဖြင့်၊ သင်က၊ “ဤပြဿနာကို သင် မည်သို့ ဖြေရှင်းသနည်း။ ထိုအရာများက ယခုတွင် ဖြေရှင်းသည့်ပုံ မရပါ”ဟု တွေးထင်ပြီး၊ ၎င်းတို့ကို သင်တစ်ဖန်မေးသည့်အခါ၊ ၎င်းတို့က အယူဝါဒတစ်စုကို ပြောဆိုရုံပြောဆိုကာ၊ သင့်အား မည်သို့ ဆက်လက်လုပ်ဆောင်ရမည်မသိဘဲ ရှိစေရစ်သည် ဆိုပါစို့။ ဤသည်မှာ လှည့်စားခံရခြင်းနှင့် လှည့်ဖြားခံရခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို မသိရှိသေးသော်လည်း၊ ၎င်းတို့ကို သင် လေးစားကာ အထင်ကြီးဆဲဖြစ်သည်။ ယင်းမှာ လှည့်စားခံရပြီး လှည့်ဖြားခံရခြင်း ဖြစ်သည်။ သင်တို့သည် ဤနည်းဖြင့် မကြာခဏ လှည့်စားခံရသည် မဟုတ်လော။ (လှည့်စားခံရပါသည်။) ထို့နောက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ အခြားသူများကို သင်တို့ ဤနည်းဖြင့် မကြာခဏ လှည့်ဖြားကြသည်မဟုတ်လော။ (လှည့်ဖြားကြပါသည်။) ယခုတွင် သမ္မာတရားကို လက်ခံရရှိနိုင်စွမ်းရှိခြင်းနှင့် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ဆိုသည်တို့ကို သင်တို့ အနည်းငယ် သာ၍ သိနားလည်မှု ရှိကြသည်လော။ (ယင်းတို့ကို ကျွန်ုပ် အနည်းငယ် သာ၍ နားလည်ပါသည်။) သမ္မာတရား စည်းမျဉ်းများမှာ အဘယ်နည်း။ (သမ္မာတရား စည်းမျဉ်းများမှာ ကိစ္စရပ်များကို အမှန်တကယ် ကြုံနေချိန်တွင် လက်တွေ့လုပ်ဆောင်ခြင်းအတွက် အချို့သော စံများ ဖြစ်သည်။ ထိုစံများတွင် ဘုရားသခင်၏ အလိုတော်အပြင်၊ လက်တွေ့လုပ်ဆောင်သင့်သည့် အချို့သော စံနှုန်းများနှင့် လမ်းကြောင်းများ ပါရှိသည်။ တစ်ဦးတစ်ယောက်သည် သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်ပါက၊ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိကြပါသည်။) သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိခြင်းသည် အကြင်သူအား သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်ခွင့်ပေးသည်။ ဤသည်မှာ ထိုအရာနှစ်ခုကြား ဆက်နွှယ်မှုဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကို သင် နားလည်သည့်အခါ၊ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်းရှိသည် မဟုတ်ပေ။ ထို့ထက်၊ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိသည့်အခါတွင်၊ သမ္မာတရား စည်းမျဉ်းများကို သင် နားလည်နိုင်ခြင်း ဖြစ်သည်။ အလုပ်ဖြစ်ပုံမှာ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့်၊ သင်တို့ အများစုသည် သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း ရှိကြပါသလော။ အကြိမ်တိုင်းတွင် ငါ မိတ်သဟာယပြုသည့် အကြောင်းအရာ ကိစ္စအားလုံးအတွင်းတွင် ပါရှိသည့် သမ္မာတရား စည်းမျဉ်းများကို သင်တို့ နားလည်နိုင်ကြသလော။ ယင်းတို့ကို သင် နားလည်နိုင်ပါက၊ သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း သင် ပိုင်ဆိုင်ပြီး၊ ဝိညာဉ်ရေးရာ သိနားလည်မှု ရှိပေသည်။ နားထောင်ပြီးနောက်တွင်၊ အချို့သောအရာများ၊ အချို့သော တိကျသည့် အပြုအမူများ သို့မဟုတ် မိတ်သဟာယအတွင်း ဆွေးနွေးခဲ့သည့် အချို့သော လူများ သို့မဟုတ် လူအမျိုးအစားများ ပါဝင်သည့် အမှုအရာများအား လုပ်ဆောင်ခြင်း နည်းလမ်းများကိုသာ သင် မှတ်မိသော်လည်း၊ ဤနေရာတွင် မည်သည့် သမ္မာတရား စည်းမျဉ်းများအား အမှန်တကယ် မိတ်သဟာယပြုနေခဲ့သည်ဆိုသည်ကို နားမလည်သကဲ့သို့၊ ကိစ္စရပ်များကို သင် ရင်ဆိုင်ရသည့်အခါ ထိုကိစ္စရပ်များအား မိတ်သဟာယပြုခဲ့သည့် တိကျသော အကြောင်းအရာများနှင့် မည်သို့ ဆက်နွှယ်စေရမည် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ မည်သို့ ပြုမူဆောင်ရွက်ရမည်ဆိုသည်တို့ကို သင် မသိပါက၊ သင့်တွင် ဝိညာဉ်ရေးရာ သိနားလည်မှု မရှိပေ။ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိခြင်းသည် သမ္မာတရားကို လက်ခံရရှိနိုင်စွမ်း မရှိခြင်း ဖြစ်သည်။ တရားဒေသနာ မည်မျှ သင် ကြားသည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများကို သင် နားမလည်သကဲ့သို့၊ ကိစ္စရပ်များ ဖြစ်ပေါ်သည့်အခါ၊ သင် နားဝေတိမ်တောင်ဖြစ်သွားသည်။ အပေါ်ယံအဆင့် အခြေအနေများ၊ သရုပ်သကန်များနှင့် ထိုကဲ့သို့သော အရာများကိုသာ သင် မြင်နိုင်သည်။ ပြဿနာ၏ အနှစ်သာရကို သင် မမြင်နိုင်သကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကို သင် ရှာမတွေ့နိုင်ပေ။ ဤအရာက သမ္မာတရား စည်းမျဉ်းများအား သိနားလည်မှု ကင်းမဲ့ခြင်းနှင့် သမ္မာတရားအား လက်ခံရရှိနိုင်စွမ်းမရှိခြင်းတို့ကို ညွှန်ပြသည်။ ဤကဲ့သို့သော လူများသည် ဝိညာဉ်ရေးရာ သိနားလည်မှု မရှိကြချေ။ ဤကိစ္စရပ်များကို တွေးဆပြီး၊ နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေရန် သင်၏ အချိန်ကိုယူလော့၊ ပြီးလျှင် သင် ကောက်ချက်များ ချလာလိမ့်မည်။ ဤကိစ္စရပ်များအပေါ် သင် လုံးဝ မတွေးဆနိုင်ပါက၊ သင်သည် နားဝေတိမ်တောင်ဖြစ်ပါက၊ စစ်မှန်သည့် သိနားလည်မှု သင်၌ မရှိပေ။

ငါတို့ မိတ်သဟာယပြုနေပြီးဖြစ်သည့် အကြောင်းအရာအကြောင်းကို ဤအချိန်အတောအတွင်းတွင် ဆက်လက် မိတ်သဟာယပြုကြစို့။ ယခင် စုဝေးပွဲတွင်၊ လူသား လိုက်စားမှုများ၊ စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို လက်လွှတ်ခြင်း၏ စတ္တုထအပိုင်းဖြစ်သည့် “အသက်မွေးမှုလုပ်ငန်းများ”နှင့်ဆိုင်သည့် တိကျသော အကြောင်းအရာကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ “အသက်မွေးမှုများ”တွင် ပါဝင်သည့် တိကျသော အကြောင်းအရာနှင့် စပ်လျဉ်း၍၊ အသက်မွေးမှုလုပ်ငန်းများနှင့်ပတ်သက်၍ လူတို့တွင် ရှိသင့်သည့် မှန်ကန်သော သိနားလည်မှု သို့မဟုတ် အသက်မွေးမှုလုက်ငန်းများနှင့် စပ်လျဉ်း၍ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် တိကျသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်မှု စံများနှင့် စပ်လျဉ်း၍၊ အချက်လေးချက်ကို ငါတို့ စာရင်းပြုစုပြီးဖြစ်သည်။ ဤအချက်လေးချက်မှာ မည်သည့်အရာများ ဖြစ်သနည်း။ (၁။ ပရဟိတလုပ်ငန်းတွင် မပါဝင်ခြင်း၊ ၂။ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်း၊ ၃။ လူမှုရေးဆိုင်ရာ အင်အားစုအမျိုးမျိုးမှ ဝေးဝေးနေခြင်း၊ ၄။ နိုင်ငံရေးမှ ဝေးဝေးနေခြင်းတို့ ဖြစ်ပါသည်။) ဤအချက်လေးချက်ထဲမှ နှစ်ချက်ကို ငါတို့ ဆွေးနွေးပြီး ဖြစ်သည်။ ပထမအချက်မှာ ပရဟိတလုပ်ငန်းတွင် မပါဝင်ခြင်းဖြစ်ပြီး၊ ဒုတိယမှာ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်း ဖြစ်သည်။ ဤအချက်လေးချက်တစ်ခုစီ၏ တိကျသော စကားအသုံးအနှုန်းသည် အသက်မွေးမှုလုပ်ငန်းများကို လက်လွှတ်ခြင်းအတွက် ခိုင်မာသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ဖြစ်စေသလော။ (ဖြစ်စေပါသည်။) ဤတိကျသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းလေးခုသည် အသက်မွေးမှုလုပ်ငန်းများ လက်လွှတ်ခြင်းနှင့် စပ်လျဉ်း၍ လူသားမျိုးနွယ်အပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ဖြစ်စေသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများမှာ အသက်မွေးမှုလုပ်ငန်းများကို လက်လွှတ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား စည်းမျဉ်းများဖြစ်ပြီး၊ ယင်းတို့သည် လူတို့က ဤကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ တိကျသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများ ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဤနယ်ပယ်အတွင်းတွင် သင် လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းအားဖြင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် စွမ်းဆောင်ရရှိသော်လည်း၊ ဤနယ်ကယ်ကို သင် ကျော်လွန်ပါက၊ သင်သည် စည်းမျဉ်းများ၊ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်ပေသည်။ အသက်မွေးမှုလုပ်ငန်းနှင့်ဆိုင်သည့် အကြောင်းအရာနှင့် စပ်လျဉ်း၍၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းနှစ်ခုအကြောင်းကို ငါတို့ မိတ်သဟာယပြုပြီး ဖြစ်သည်။ ပထမမှာ ပရဟိတလုပ်ငန်းတွင် မပါဝင်ခြင်းဖြစ်ပြီး ဒုတိယမှာ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်း ဖြစ်သည်။ ပရဟိတလုပ်ငန်းတွင် မပါဝင်ခြင်းနှင့်ဆိုင်သည့် ပထမအချက်နှင့် စပ်လျဉ်း၍၊ အချို့သော တိကျသည့် ဥပမာများကို ငါတို့ ပေးပြီးဖြစ်ကာ အထူး အခြေအနေအချို့ကို ငါတို့ ဆွေးနွေးပြီး ဖြစ်သည်။ ဤအကြောင်းအရာတွင် အဓိကအားဖြင့် မည်သည့် ပြဿနာများ ပါဝင်သနည်း။ ထိုအရာသည် အလုပ်အကိုင်တစ်ခုကို ရွေးချယ်သည့်အခါ သို့မဟုတ် အသက်မွေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သည်ဆိုသည်နှင့် ဆက်စပ်ပေသည်။ အနည်းဆုံးအနေဖြင့်၊ ပထမအချက်မှာ ပရဟိတလုပ်ငန်းနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များတွင် မပါဝင်ရန် ဖြစ်သည်။ မိမိကိုယ်ပိုင် ဘဝ သို့မဟုတ် အသက်မွေးဝမ်းကျောင်းနှင့် ဆက်နွှယ်သည့် အသက်မွေးမှုလုပ်ငန်းများတွင် ပါဝင်ခြင်းသည်သာ လုံလောက်ပေသည်။ အလုပ်ကြော်ငြာတစ်ခုကို သင်လျှောက်ခဲ့သောကြောင့်သာ သင့်ကို အလုပ်ခန့်ခြင်းခံရကာ သင် အလုပ်လုပ်သည့် နေရာတွင် ပရဟိတအဖွဲ့အစည်းတစ်ခု ရှိပါက၊ ဤသည်မှာ ပရဟိတလုပ်ငန်းတွင် သင် ပါဝင်ခြင်းနှင့် မတူပေ။ ထိုအရာသည် သီးသန့် အခြေအနေတစ်ခု ဖြစ်သည်။ ထိုနေရာတွင် သင် အလုပ်လုပ်၍ရပြီး၊ လုပ်အားခများ လက်ခံရရှိနိုင်သော်လည်း၊အလုပ်သမားတစ်ဦး သက်သက်သာဖြစ်သည်၊ ဝန်ထမ်းတစ်ဦးက လစာရရှိခြင်းထက် ဘာမျှမပိုပေ။ ပရဟိတအဖွဲ့အစည်းက ပါဝင်သည့် အရာများအတွက်မူ၊ ဖောင်ဒေးရှင်းများ၊ လူမှုဖူလုံရေး၊ မိဘမဲ့ကလေးများ သို့မဟုတ် တိရစ္ဆာန်များကို မွေးစားခြင်း၊ ကပ်ဘေးဒဏ်ခံရသည့် သို့မဟုတ် ဆင်းရဲနုံချာသည့် နေရာများရှိ လူတို့ကို ကူညီခြင်း၊ ဒုက္ခသည်များကို လက်ခံခြင်း၊ စသည်တို့ဖြစ်စေ၊ ဤအဓိက ကြိုးပမ်းအားထုတ်မှုများသည် သင်နှင့် မည်သည့်ပတ်သက်မှုမျှမရှိပေ။ သင်သည် တာဝန်ရှိသည့် အဓိကလူမဟုတ်သကဲ့သို့၊ ဤကုသိုလ်ဖြစ် အကြောင်းတရားအတွက် မိမိ၏ အချိန်နှင့် အားအင်ကို သင် ပံ့ပိုးရမည် မဟုတ်ပေ။ ဤသည်မှာ လုံးဝ ကွဲပြားခြားနားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင်သည် ပရဟိတလုပ်ငန်းကို လုပ်နေခြင်း မဟုတ်။ သင်သည် ပရဟိတအဖွဲ့အစည်းတစ်ခု၏ အလုပ်ခန့်ခြင်းခံရခြင်း ဖြစ်သည်။ ယင်းတို့သည် သဘာဝအားဖြင့် ကွဲပြားခြားနားသည် မဟုတ်လော။ (ကွဲပြားခြားနားပါသည်။) ယင်းတို့၏ သဘာဝသည် ကွဲပြားခြားနားပြီး၊ ဤသီးသန့်အခြေအနေသည် စည်းမျဉ်းကို ချိုးဖောက်ခြင်း မရှိပေ။ ဤအရာအပြင်၊ သေးငယ်သည့် အတိုင်းအတာ သို့မဟုတ် ကြီးမားသည့် အတိုင်းအတာရှိသည့် ပရဟိတလုပ်ငန်းဖြစ်စေ၊ ပရဟိတအလုပ်က မည်သည့် နယ်ပယ်တွင်ရှိသည်ဖြစ်စေ၊ သင်နှင့် ဘာမျှ ပတ်သက်ခြင်း မရှိပေ။ ထိုအရာသည် ဘုရားသခင်က သင့်ကို လုပ်ဆောင်ရန် တောင်းဆိုသည့်အရာ မဟုတ်။ ထိုအရာကို မလုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို သင် ချိုးဖောက်ခြင်း မရှိသကဲ့သို့၊ ထိုအရာကို လုပ်ဆောင်လျှင်ပင်၊ ဘုရားသခင်က ဂုဏ်မပြုပေ။ သင်သည် သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားရန် ရည်မှန်းသည့်အတွက်၊ ကယ်တင်ခြင်း၊ သမ္မာတရား လိုက်စားခြင်း သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့နှင့် ဆက်စပ်မှုမရှိသော ကိစ္စရပ်များတွင် သင်၏ အားအင်နှင့် အချိန်ကို သင် မရင်းနှီးမမြှုပ်နှံသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ပရဟိတလုပ်ငန်းကို လုပ်ဆောင်ခြင်းသည် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် မရှိသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်ခြင်းသည် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ်မရှိရသနည်း။ သင် မည်သူ့ကို ကယ်တင်သည်ဖြစ်စေ၊ ကူညီသည်ဖြစ်စေ၊ ထိုအရာက မည်သည့်အရာကိုမျှ ပြောင်းလဲမပေးနိုင်ပေ။ ထိုအရာက တစ်ဦးတလေ၏ ကံကြမ္မာကို မပြောင်းလဲနိုင် သို့မဟုတ် ၎င်းတို့ ကံကြမ္မာနှင့် ပတ်သက်သည့် ပြဿနာများကို မဖြေရှင်းပေးနိုင်သကဲ့သို့၊ လူတို့ကို ရံဖန်ရံခါ သင် ကူညီခြင်းသည် ၎င်းတို့ကို အမှန်တကယ် ကယ်တင်နေခြင်း မဟုတ်ပေ။ သို့ဖြစ်၍၊ အဆုံးတွင်၊ ထိုသို့သော အားထုတ်ကြိုးပမ်းမှုများသည် အချည်းနှီးဖြစ်ကာ မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ်မျှ မရှိပေ။ ဥပမာအနေဖြင့်၊ လူအချို့သည် ဝံပုလွေများကို မွေးစားကြသည်။ တစ်ကောင် သို့မဟုတ် နှစ်ကောင်ဖြင့် အစပြုကြပြီး နောက်ဆုံးတွင် ရာချီ၊ ထောင်ချီ ကျွေးမွေးပြုစုကြသည်။ ၎င်းတို့၏ စုထားသည့်ငွေများကို ရင်းနှီးမြှုပ်နှံရင်း၊ ၎င်းတို့၏ တစ်မိသားစုလုံး ပါဝင်ရင်းနှင့် နောင်နှစ်ကာလများတွင် မိမိတို့၏ အားအင်အားလုံးကို ဆက်ကက်ရင်း၊ ဤအရာကို မိမိတို့၏ အသက်မွေးမှုလုပ်ငန်းအဖြစ် ၎င်းတို့ သဘောထားကြသည်။ ၎င်းတို့၏ အားအင်နှင့် ဘဝများသည် ဤအရာတစ်ခုကို ဗဟိုပြုထားပြီး၊ ဝံပုလွေများကို အောင်မြင်စွာ ကယ်တင်ကာ ကာကွယ်ပေးလင့်ကစား၊ နောက်ဆုံးရလဒ်မှာ ထိုကိစ္စရပ်အပေါ် အတန်ကြာသော အချိန်နှင့် နှစ်ကာလများ ၎င်းတို့ ဖြုန်းတီးမိကြခြင်း ဖြစ်သည်။ ၎င်းတို့တွင် သမ္မာတရား လိုက်စားပြီး မိမိတို့တာဝန်များကို ဖြည့်ဆည်းရန် အပိုဆောင်း အချိန်နှင့် အားအင် မရှိကြချေ။ ထို့ကြောင့်၊ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်းတို့နှင့် နှိုင်းယှဉ်သည့်အခါ၊ လူများစွာက အသိအမှတ်ပြုပြီး လူမှုအဖွဲ့အစည်းက ချီးမွမ်းကြလျှင်ပင်၊ မည်သည့်လုပ်ငန်းမဆိုသည် ကယ်တင်ခြင်း၊ သမ္မာတရားတို့ကို လူတို့ လိုက်စားခြင်းနှင့် မိမိတို့ တာဝန်များကို ဖြည့်ဆည်းခြင်းလောက် အရေးမကြီးပေ။ ထိုအရာသည် ဤအရာများကို လိုက်စားခြင်းလောက် အဓိပ္ပာယ်မရှိ သို့မဟုတ် တန်ဖိုးမရှိပေ။ နောက်ထပ် အရေးကြီးသည့် ကိစ္စရပ်တစ်ခု ရှိ၏။ သင်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရပြီး၊ သူ၏ ရွေးချယ်ခြင်းခံရသူများထဲမှ တစ်ဦးဖြစ်ပါက၊ ကမ္ဘာလောက သို့မဟုတ် လူ့အဖွဲ့အစည်းက အသိအမှတ်ပြုနိုင်သည့် ပရဟိတလုပ်ငန်းတွင်ရှိသော အသက်မွေးမှုလုပ်ငန်းတစ်ခုကို ဆောက်ရွက်ခြင်းအား သင့်ကို ဘုရားသခင်က လုံးဝ မည်သည့်အခါတွင်မျှ အပ်နှံလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထိုသို့သော ကိစ္စရပ်ကို သင့်ထံ လုံးဝ မည်သည့်အခါတွင်မျှ အပ်နှံလိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင် ရွေးချယ်ထားသည့် လူများထဲမှတစ်ဦးဖြစ်ပါက၊ သင့်အတွက် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော မျှော်လင့်ချက်မှာ အဘယ်နည်း။ ထိုအရာမှာ သင့်အတွက် အဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်၊ သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားသခင် ရှေ့မှောက်သို့ ပြန်လာနိုင်ရန်နှင့် ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ရန် ကျန်ရှိနေနိုင်ရန် ဖြစ်သည်။ ဤသည်မှာ ဤကမ္ဘာလောကရှိ လူများ သို့မဟုတ် လူမှုအဖွဲ့အစည်းက အရေးပါသည်၊ အဓိပ္ပာယ်ရှိသည်၊ သို့မဟုတ် ဂုဏ်ရောင်ထွန်းပြောင်သည်ဟု ယူဆသော လုပ်ရပ်များကို ဆောင်ရွက်ခြင်းထက် ဘုရားသခင်၏ အလိုတော်ကို အဖြည့်ဆည်းဆုံးသော အရာ၊ သူ၏ အလိုတော်ကို အကောင်းဆုံး ဖြည့်ဆည်းသည့်အရာဖြစ်သည်။ သင်သည် ဘုရားသခင် ရွေးချယ်ထားသည့် လူတစ်ဦးဖြစ်ပါက၊ သင့်ကို သူ ပေးအပ်သည့် အရာမှာ ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ အလုပ်တို့နှင့် တစ်ဆက်တည်း ဆက်စပ်သည့် သင် ဖြည့်ဆည်းသင့်သော တာဝန်ဖြစ်သည်။ အသင်းတော် အလုပ်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ကျော်လွန်သာ မည်သည့်အရာမဆိုသည် သင် ပူပန်ရမည့်အရာ မဟုတ်။ မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရာ ကောင်းမြတ်သည်ဟု သင် ယုံကြည်ပြီး လုပ်ဆောင်ရန် လိုလားလျက်ရှိလျှင်ပင်၊ ထိုအရာသည် မည်သည့် တန်ဖိုးမျှ မရှိ၊ ဂုဏ်ပြုထိုက်ခြင်း မရှိသကဲ့သို့ ထိုအရာကို ဘုရားသခင် ဂုဏ်မပြုပေ။ ထိုအရာသည် အမြဲတည်သော အမွေအနှစ်တစ်ခု ဖြစ်လာသည်ဖြစ်စေ၊ အစဉ်အမြဲ အမှတ်ရခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် မျက်မှောက်ခေတ်လူများ၏ ချီးမွမ်းခြင်းကို လက်ခံရရှိသည်ဖြစ်စေ၊ ထိုအရာအားလုံး အရေးမကြီးပေ။ လူမည်မျှက အသိအမှတ်ပြုသည်ဖြစ်စေ၊ သင် လုပ်ဆောင်သည့်အရာကို ဘုရားသခင်က ချီးကျူးသည်၊ သူ၏ ဂုဏ်ပြုခြင်းကို လက်ခံရရှိသည်ဟု မဆိုလိုပေ။ သင် လုပ်ဆောင်သည့် အရာသည် အဓိပ္ပာယ်ရှိသည် သို့မဟုတ် တန်ဖိုးရှိသည်ဟု မဆိုလိုပေ။ ဤလောကနှင့် လူ့အဖွဲ့အစည်းတို့၏ အယူအဆများနှင့် အကဲဖြတ်ချက်တို့သည် သင့်အပေါ် ဘုရားသခင်၏ အကဲဖြတ်ခြင်းတို့ကို ကိုယ်စားမပြုပေ။ ထို့ကြောင့် အသက်မွေးမှုလုပ်ငန်းများနှင့် ပတ်သက်လာသည့်အခါ၊ အဓိပ္ပာယ်မဲ့သည့် အားထုတ်ကြိုးပမ်းမှုများအပေါ် သင်၏ အကန့်အသတ်ရှိသော အချိန်နှင့် အားအင်တို့ကို သင် မဖြုန်းတီးသင့်ပေ။ ထိုအစား၊ သင့်ကို ဘုရားသခင် ပေးထားသည့် သင်၏ တာဝန်အပေါ်နှင့် သမ္မာတရားကိုလည်းကောင်း၊ ကယ်တင်ခြင်းကိုလည်းကောင်း လိုက်စားခြင်း ကိစ္စရပ်အပေါ် သင်၏ အားအင်နှင့် အချိန်တို့ကို အာရုံစိုက်သင့်ပေ။ ဤသည်မှာ တန်ဖိုးနှင့် အဓိပ္ပာယ် အမှန်တကယ် ထိန်းသိမ်းသောအရာ ဖြစ်သည်။ ဤသို့ အသက်ရှင်ခြင်းက သင်၏ ဘဝကို တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသောဘဝတစ်ခု ဖြစ်စေလိမ့်မည်။ အချို့သော လူများသည် ခွေးထောင်ချီ မွေးကြပြီး နေ့စဉ်ရက်တိုင်းက ၎င်းတို့ မွေးထားသည့် ဤခွေးများကို ထိန်းကျောင်းခြင်းနှင့် ထိုခွေးများအတွက် အသက်ရှင်ခြင်းကိုသာ ဗဟိုပြုထားသည်။ ၎င်းတို့တွင် မိမိတို့ အဝတ်အစားများကို လျှော်ဖွပ်ရန် သို့မဟုတ် လူတို့ကို စကားပြောရန် မဆိုထားနှင့်၊ စားဖို့၊ အိပ်ဖို့ လုံလောက်သည့် အချိန် မရှိပေ။ ၎င်းတို့ တာဝန်ယူသည့်အလုပ်သည် ၎င်းတို့၏ အစွမ်းအစများနှင့်ဆိုင်သော နယ်ပယ်ကို ကျော်လွန်၏။ ပင်ပန်းနွမ်းနယ်သည့်၊ သနားစဖွယ် ဘဝများကို ၎င်းတို့ အသက်ရှင်နေထိုင်ကြသည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) သင်သည် ကယ်တင်ရှင်တစ်ဦး မဟုတ်၊ ကယ်တင်ရှင်တစ်ဦး ဖြစ်လာရန် မကြိုးစားနှင့်။ လောကကို ကယ်တင်လိုသည့်၊ ပြောင်းလဲလိုသည့် သို့မဟုတ် လက်ရှိ အခြေအနေ သို့မဟုတ် ဤလောကကို ပြောင်းလဲရန် သင်၏ ကိုယ်ပိုင် အစွမ်းအစကို အသုံးပြုလိုသည့် မည်သည့် စိတ်ကူးမဆိုသည် မိုက်မဲ၏။ ထိုသို့သော ကြိုးပမ်းမှုများသည် သာ၍ပင် မိုက်မဲပြီး၊ နောက်ဆုံး အကျိုးဆက်များသည် သင့်အား ဆိုးရွားသည့် အခြေအနေတစ်ခုတွင်သာ ရှိစေလိမ့်မည်၊ သင့်ကို မောပန်းနွမ်းနယ်စေလိမ့်မည်၊ ပြောမပြနိုင်လောက်သည့် ဒုက္ခကို သင့်အား ပေးလိမ့်မည်ဖြစ်ပြီး၊ သင် ရယ်သင့်သည်လော၊ ငိုသင့်သည်လောဟူသည်ကို မသိဘဲဖြစ်စေလိမ့်မည်။ လူများတွင် ထိုမျှများပြားသော အားအင်မရှိသကဲ့သို့၊ ၎င်းတို့၏ တတ်စွမ်းနိုင်မှုများနှင့် အစွမ်းအစများသည် မည်သည့်အရာကိုမျှ ပြောင်းလဲစေလောက်အောင် မကြီးမားပေ။ သင် ပိုင်ဆိုင်သည့် အားအင်နှင့် အချိန်အနည်းငယ်ကို အဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန် ထမ်းဆောင်ရင်း ပူဇော်ပေးအပ်ကာ ကုန်ဆုံးသင့်ပေသည်။ သာ၍ အရေးကြီးသည်မှာ၊ ကယ်တင်ခြင်းနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိရန် သမ္မာတရား လိုက်စားခြင်းအတွက် ထိုအရာကို ကုန်ဆုံးကာ ရည်စူးအပ်နှံသင့်သည်မှာ အမှန်ဖြစ်၏။ ဤအရာများမှလွဲ၍၊ အခြား အားထုတ်ကြိုးပမ်းမှုတစ်ခုတလေသည် အဓိပ္ပာယ်မဲ့ပေသည်။ အသက်မွေးမှုလုပ်ငန်းတစ်ခုသည် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ဘဝ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ရမည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာသည် အဓိပ္ပာယ်ရှိသောအရာအဖြစ် အရည်အချင်း မပြည့်မီပေ။ ရုပ်ပိုင်းဆိုင်ရာ ဘဝနှင့် ရှင်သန်မှုအတွက်မျှသာ လိုအပ်ပေသည်။ အသက်ရှင်နေထိုင်ပြီး ရှင်သန်ရန်အလို့ငှာ၊ အလုပ်အကိုင်တစ်ခုတွင် သင် ပါဝင်လုပ်ဆောင်ရမည်။ ဤအလုပ်အကိုင်သည် သင့်အား မိမိကိုယ်ကို ထောက်ပံ့ခွင့်ပေးသည့် အလုပ်တစ်ခုမျှသာ ဖြစ်သည်။ ဤအလုပ်အကိုင်သည် လူ့အဖွဲ့အစည်း၏ အောက်လွှာတွင် ဖြစ်သည်ဖြစ်စေ၊ အထက်လွှာတွင် ဖြစ်သည်ဖြစ်စေ၊ အသက်မွေးမှုတစ်ခုကို ထိန်းသိမ်းရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ထိုအလုပ်၏ မြင့်မြတ်မှုနှင့် အရေးပါမှုတို့ကို စဉ်းစားစရာမလိုပေ။ ထို့အပြင်၊ ထိုအလုပ်၏ အရေးပါမှုကို ပဓာနမထားဘဲ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်မှာ ဤသို့ဖြစ်၏။ သင်သည် သမ္မာတရားကို လိုက်စားကာ ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆန္ဒရှိပါက၊ အသက်မွေးမှုကို ထိန်းသိမ်းရန် အလုပ်အကိုင်တစ်ခုကို ရွေးချယ်ခြင်းအတွက် စံနှုန်းမှာ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်း ဖြစ်သည်။ သင်၏ ကိုယ်ပိုင် အစားအစာ၊ အဝတ်အစား၊ အမိုးအကာနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် ဟိုသည်ပြေးလွှားကာ မိမိကိုယ်ကို အလုပ်များစေလျက် လွန်ကဲသော အားအင်နှင့် အချိန်ပမာဏကို မသုံးပစ်နှင့်။ အခြေခံ လိုအပ်ချက်များ ရရှိရန်မှာ လုံလောက်ပေသည်။ သင်၏ ဝမ်းပြည့်ကာ ခန္ဓာကိုယ် နွေးထွေးပြီး အဝတ်ခြုံလွှမ်းခြင်းခံရသည့်အခါ၊ ရှင်သန်ခြင်းအတွက် ဤအခြေခံ သတ်မှတ်ချက်များ သင် ရရှိသည့်အခါ၊ အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်သည်၊ သင်၏ တာဝန်အတွက်၊ ဘုရားသခင် သင့်ကို ပေးအပ်ထားသည့်အရာအတွက် သင်၏ တန်ဖိုးရှိသော အားအင်နှင့် အချိန်ကို ပေးအပ်ပူဇော်သင့်ပြီး သင်၏ စိတ်နှလုံးကို ပူဇော်သင့်ပေသည်။ အရေးအပါဆုံးသော အချက်မှာ သင်၏ တာဝန်ကို ဖြည့်ဆည်းနေစဉ်တွင်၊ သမ္မာတရားကိုလည်း သင် အားထုတ်ရမည်၊ သမ္မာတရားကို လိုက်စားကာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်ရမည်။ အလိုက်သင့် လုပ်ရုံမျှ မလုပ်ဆောင်နှင့်။ ဤသည်မှာ စည်းမျဉ်း ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ခွန်အားကို ရှင်သန်ကာ ဆက်လက် အသက်ရှင်ရန်အတွက်သာ သုံးစွဲဖို့ မတောင်းဆိုပေ။ မက်မောဖွယ်ကောင်းသော ဘဝတစ်ခုကို သင် အသက်ရှင်ကာ ထိုဘဝမှတစ်ဆင့် သူ့ကို ဘုန်းထင်ရှားစေဖို့ ဘုရားသခင် မလိုအပ်သကဲ့သို့၊ ဤကမ္ဘာလောကတွင် ကြီးမြတ်သည့် လုပ်ဆောင်ချက်များ တစ်ခုတလေကို ပြီးမြောက်ရန်၊ နိမိတ်လက္ခဏာတစ်ခုတလေကို ဆောင်ရွက်ရန်၊ လူသားမျိုးနွယ်ထံ တစ်ခုတလေကို ပံ့ပိုးပေးရန်၊ လူဦးရေပမာဏတစ်ခုခုကို အကူအညီပေးရန် သို့မဟုတ် လူဦးရေ ပမာဏတစ်ခုခု၏ အလုပ်ထမ်းဆောင်ခြင်း ပြဿနာများကို ဖြေရှင်းရန် သူသည် သင့်ကို မတောင်းဆိုပေ။ ကြီးကျယ်ခမ်းနားသည့် အသက်မွေးမှုလုပ်ငန်းတစ်ခု ရှိရန်၊ ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာရန်နှင့် ထို့နောက်တွင် ကမ္ဘာလောကကို၊ “ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်သည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပါသည်”ဟု ကြွေးကြော်လျက် ဘုရားသခင်၏ အမည်နာမ ဘုန်းထင်ရှားစေရန် ဤအရာများကို အသုံးပြုဖို့ သင့်အတွက် မလိုအပ်ပေ။ သင့်အနေဖြင့် သာမန်လူတစ်ဦးနှင့် ဤကမ္ဘာလောကရှိ သာမန် လူတစ်ဦးဖြစ်နိုင်ရန်သာ ဘုရားသခင် မျှော်လင့်သည်။ မည်သည့် နိမိတ်လက္ခဏာမျှ သင် ပြရန် မလိုအပ်။ အမျိုးမျိုးသော အလုပ်အကိုင်များတွင် သို့မဟုတ် နယ်ပယ်များတွင် သာလွန်ရန် သို့မဟုတ် ကျော်ကြားသည့် လူတစ်ဦး၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် သင် မလိုအပ်ပေ။ လူတို့၏ လေးစားမှုဖြစ်စေ၊ ရိုသေမှုဖြစ်စေ ရှာမှီးသော တစ်စုံတစ်ဦး သင် ဖြစ်ရန် မလိုအပ်သကဲ့သို့၊ အမျိုးမျိုးသော ကဏ္ဍများတွင် အောင်မြင်မှုများတစ်ခုတလေ သို့မဟုတ် ထောမနာပြုခြင်းများ တစ်ခုတလေ ရှိရန် မလိုအပ်ပေ။ ဘုရားသခင်ကို ဘုန်းထင်ရှားစေရန်အလို့ငှာ အမျိုးမျိုးသော အလုပ်အကိုင်များတွင် ပံ့ပိုးမှုတစ်ခုတလေ ပြုလုပ်ရန် သင့်အတွက် သေချာပေါက် မလိုအပ်ပေ။ သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်မှာ ရိုးရှင်းစွာ သင်၏ ဘဝကို ကောင်းကောင်းမွန်မွန် အသက်ရှင်ရန်၊ အခြေခံလိုအပ်ချက်များ ရှိရန်၊ ဆာလောင်ငတ်မွန်ခြင်း မရှိရန်၊ ဆောင်းရာသီတွင် နွေးထွေးစွာ ဝတ်စားဆင်ယင်ပြီး၊ နွေရာသီတွင် သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ရန် ဖြစ်သည်။ သင်၏ ဘဝသည် ပုံမှန်ဖြစ်ကာ ရှင်သန်ရန် အစွမ်းအစ သင်၌ရှိသရွေ့၊ ယင်းမှာ လုံလောက်ပေသည်။ ယင်းမှာ သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်သည်။ မည်သည့် ဆုကျေးဇူးများ၊ ပါရမီများ၊ သို့မဟုတ် အထူး စွမ်းရည်များ သင့်တွင် ရှိသည်ဖြစ်စေ၊ ယင်းတို့ကို လောကီ အောင်မြင်မှုများ ရရှိရန် အသုံးပြုဖို့ သင့်အတွက် ဘုရားသခင် ဆန္ဒမရှိပေ။ ထိုအစား၊ သင့်တွင် ရှိသည့် မည်သည့် ဆုကျေးဇူး သို့မဟုတ် အစွမ်းအစများကိုမဆို သင်၏ တာဝန် ဖြည့်ဆည်းခြင်းအတွက်၊ သင့်ကို သူ ပေးအပ်ထားသည့် အရာအတွက်၊ ပြီးလျှင် သမ္မာတရား လိုက်စားခြင်းအတွက်၊ နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိခြင်းအတွက် သူသည် သင့်ကို အသုံးပြုစေလိုသည်။ ဤသည်မှာ အရေးအကြီးဆုံးသော အရာဖြစ်ပြီး၊ ယင်းထက်ကျော်လွန်၍ မည်သည့်အရာကိုမျှ ဘုရားသခင် မတောင်းဆိုပေ။ သင် ကောင်းစွာ အသက်ရှင်ပါက၊ သူ့ကို ဘုန်းထင်ရှားစေသည့် တစ်စုံတစ်ဦးဖြစ်သည်ဟု ဘုရားသခင် သင့်ကို ပြောမည် မဟုတ်။ သင်၏ ဘဝသည် သာမန်ဖြစ်ပြီး၊ လူ့အဖွဲ့အစည်း၏ နိမ့်ကျသည့် လူတန်းစားတွင် ရှိပါက၊ ဤသည်မှာ ဘုရားသခင်အတွက် စော်ကားမှုတစ်ခု မဟုတ်ပေ။ သင်၏ မိသားစုသည် အတော်အတန် ဆင်းရဲသော်လည်း သင်သည် ဘုရားသခင်၏ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်း စံနှုန်းကို ပြည့်မီပါက၊ ဤသည်မှာလည်း သူ့အတွက် စော်ကားမှုတစ်ခု မဟုတ်။ သင်သည် အသက်ရှင်ကာ ရှင်သန်သည်နှင့်အမျှ၊ သင်၏ လိုက်စားခြင်း ရည်မှန်းချက်မှာ အစားအစာ၊ အဝတ်အစားနှင့် ပတ်သက်၍ ရောင့်ရဲရန်၊ သင်၏ နေ့စဉ် အစာများကို ပံ့ပိုးကာ သင်၏ နေ့စဉ် အသုံးစရိတ်များ လုံလောက်လျက်၊ အခြေခံ လိုအပ်ချက်များ ရှိပြီး ပုံမှန် အသက်ရှင်ရန် ဖြစ်သည်။ ယင်းမှာ လုံလောက်ပေသည်။ သင် ရောင့်ရဲသည့်အခါ ဘုရားသခင်သည်လည်း စိတ်ကျေနပ်ခြင်း ရှိသည်။ ဤသည်မှာ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သင့်အား ကြွယ်ဝချမ်းသာသည့်၊ ကျော်ကြားသည့် သို့မဟုတ် အဆင့်မြင့်သည့် လူတစ်ဦးဦး ဖြစ်ရန် သူ မတောင်းဆိုသကဲ့သို့ သူတောင်းစားတစ်ဦး ဖြစ်ခွင့်လည်း မပေးပေ။ သူတောင်းစားများသည် မည်သည့်အလုပ်မျှ မလုပ်ကြချေ။ တစ်နေ့လုံး အစားအစာကို တောင်းရမ်းကြသည်၊ သနားဖွယ် ကောင်းကြသည်၊ လူတို့၏ စားကြွင်းစားကျန်များကို စားကြသည်၊ စုတ်ပြတ်သော အဝတ်အစားများ ဝတ်ဆင်ကြသည်၊ ဖာထေးရာများ ရှိသည့် အဝတ်အစားများ ဝတ်ကြသည် သို့မဟုတ် မိမိတို့ကိုယ်ကိုအပေါ် ဂုန်နီအိတ်များပင် ပတ်ထားကြသည်။ ၎င်းတို့၏ ဘဝ အဆင့်အတန်းသည် အထူးသဖြင့် နိမ့်ကျလေသည်။ သင့်အနေဖြင့် သူတောင်းစားတစ်ဦးကဲ့သို့ အသက်ရှင်ရန် ဘုရားသခင် မတောင်းဆိုပေ။ ရုပ်ပိုင်းဆိုင်ရာ ဘဝနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်၊ ဘုရားသခင်က သူ့ကို ဘုန်းထင်ရှားစေရန် သင့်အား မတောင်းဆိုသကဲ့သို့၊ အချို့သော အခြေအနေများကို သူ့ကို ဂုဏ်သရေညှိုးစေခြင်းအဖြစ် သူ မသတ်မှတ်ပေ။ ဘုရားသခင်သည် လူတစ်ဦးအား ၎င်းတို့ ကြိုးစား ရုန်းကန်ရခြင်း သို့မဟုတ် အလျှံပယ်ရှိခြင်းဖြင့် အသက်ရှင်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံ၍ အကဲဖြတ်မည် မဟုတ်။ ထိုအစား၊ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် သမ္မာတရားကိုလည်းကောင်း၊ သင့်အပေါ် ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းများကိုလည်းကောင်း လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် ဖြည့်ဆည်းခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံ၍ သင့်ကို သူ ဆန်းစစ်ပေသည်။ အသက်မွေးမှု လုပ်ငန်းများနှင့် ဆက်စပ်သည့် ဤလက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းနှစ်ခုကို သင် နားလည်ကာ သဘောပေါက်ပြီလော။ ပထမ စည်းမျဉ်းမှာ ပရဟိတလုပ်ငန်းတွင် မပါဝင်ခြင်း ဖြစ်ပြီး၊ ဒုတိယစည်းမျဉ်းမှာ အစားအစာ၊ အဝတ်အစားနှင့် ပတ်သက်၍ ရောင့်ရဲခြင်း ဖြစ်သည်။ ဤစည်းမျဉ်းနှစ်ခုလုံးက နားလည်ရလွယ်ကူပေသည်။

အသင်းတော်တွင်၊ ပရဟိတလုပ်ငန်း လုပ်ဆောင်ခြင်းကို ကောင်းမြတ်သည့်အရာတစ်ခုဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်ကြဆဲရှိသည့် လူအချို့ ရှိသည်။ ၎င်းတို့က၊ “လိုအပ်မှုတစ်ခု ရှိသည့်နေရာတိုင်းတွင်၊ ငါတို့ ကူညီသင့်သည်။ ကိုယ်တိုင်ကိုယ်ကျ ငါ့အနေဖြင့်၊ အဝတ်အစားများနှင့် ငွေအချို့ကို လှူဒါန်းပြီးဖြစ်ကာ ကပ်ဘေးရိုက်ခတ်ခံရသော ဒေသများသို့ပင် သွားကာ စေတနာ့ဝန်ထမ်းလုပ်ပေးပါသည်”ဟု တွေးကြသည်။ ဤကိစ္စရပ်ကို သင်တို့ မည်သို့ ဆန်းစစ်ပါသနည်း။ တားဆီးသင့်သလော သို့မဟုတ် ဝင်ရောက်စွက်ဖက်သင့်သလော။ (ဝင်ရောက်မစွက်ဖက်သင့်ပါ။) “တစ်စုံတစ်ဦး တောင်းရမ်းနေသည်ကို၊ အထူးသဖြင့် ဆာလောင်နေသည့် ကလေးသူငယ်များကို ကျွန်ုပ် မြင်သည့်အခါ၊ သူတို့ကို သနားမိသည်”ဟု ပြောသောသူများလည်း ရှိ၏။ ၎င်းတို့သည် ထိုသို့သော လူများကို မိမိတို့ အိမ်များထဲသို့ အမြန် ခေါ်ဆောင်ကြသည်၊ ၎င်းတို့ကို အစားအစာကောင်းအချို့ ပြုလုပ်ပေးကြပြီးနောက် အချို့သော အဝတ်အစားများနှင့် ကောင်းမွန်သည့် ပစ္စည်းများဖြင့် လွှတ်လိုက်ကြကာ၊ ရံဖန်ရံခါပင် ထိုသူများထံ သွားရောက်လည်ပတ်ကြလေသည်။ ၎င်းတို့သည် ဤကြင်နာသည့် လုပ်ရပ်များကို ဆောင်ရွက်ကာ ဤသို့ ကျင့်ကြံပြုမူခြင်းသည် တရားမျှတမှုကို ထိန်းသိမ်းကြောင်းနှင့် ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ ဂုဏ်ပြုခြင်းခံရကာ လောကတွင် ချစ်ခင်ဖွယ်အကောင်းဆုံး လူများ ဖြစ်လာကြလိမ့်မည်ဟု ယုံကြည်လျက် ဤသို့ ကျင့်ကြံပြုမူရန် လိုလားလျက်ရှိကြသည်။ ဤကဲ့သို့သော လူများနှင့် စပ်လျဉ်း၍၊ အသင်းတော်သည် ၎င်းတို့အား တားဆီးသလော သို့မဟုတ် ဝင်ရောက်စွက်ဖက်သလော။ (ဝင်ရောက်စွက်ဖက်ခြင်း မရှိပါ။) ငါတို့သည် သူတို့နှင့်အတူ မျှဝေခံစားသင့်သည့် တရားဒေသနာများကို မျှဝေခံစားပြီး၊ ၎င်းတို့ထံ ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရား စည်းမျဉ်းများကို ရှင်းပြကြသည်။ အရာရာကို သိနားလည်ကာ အသိပညာ ရှိသည့်နောက်တွင်၊ ၎င်းတို့သည် အမှုအရာများကို မိမိတို့ သဘောအတိုင်း မရမက လုပ်ဆောင်ဆဲဖြစ်ပါက၊ မိမိတို့ ကိုယ်ပိုင် ဆန္ဒအတိုင်း ပြုမူဆောင်ရွက်ဆဲဖြစ်ပါက၊ ငါတို့ စွက်ဖက်ခြင်း မရှိ။ လူတစ်ဦးချင်းစီတိုင်းသည် မိမိတို့ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များအတွက် တာဝန်ယူရမည်ဖြစ်ပြီး၊ လူတို့သည် နောက်ဆုံးရလဒ်နှင့် ၎င်းတို့ကို ဘုရားသခင် အမည်တွင်စေပုံအတွက် မိမိတို့ကိုယ်တိုင် တာဝန်ခံရပေသည်။ အခြားသူများသည် ထိုတာဝန်ကို ယူရန်မလိုအပ်၊ ၎င်းတို့ ဒိုင်ခံရှင်းရန် မလိုအပ်ပေ။ အရာရာကို နားလည်သော်လည်း ပရဟိတလုပ်ငန်း လုပ်ဆောင်ခြင်းကို မရမက လုပ်ဆောင်ဆဲဖြစ်သည့် ဤကဲ့သို့သော လူများကို ငါတို့ ကြုံရပါက၊ ၎င်းတို့၏ အတွေးများနှင့် သဘောထားများကို ငါတို့ ပြုပြင်မည်မဟုတ်သကဲ့သို့၊ ဝင်ရောက်စွက်ဖက်မည်မဟုတ်သည့်အပြင်၊ ၎င်းတို့ကို သေချာပေါက် ရှုတ်ချမည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်သည့်နောက်တွင်၊ လောကီ အရာများ၊ ချမ်းသာကြွယ်ဝမှုများ၊ အစိုးရတွင် ရာထူးများ သို့မဟုတ် အသက်မွေးမှု လုပ်ငန်းတစ်ခုကို လိုက်စားသည့် လူအချို့ ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့ကို ငါတို့ ဝင်စွက်ဖက်ကြသလော။ (ဝင်စွက်ဖက်ခြင်း မရှိပါ။) ၎င်းတို့ နားလည်ရန်အလို့ငှာ ဆီလျော်မှုရှိသည့် သမ္မာတရားအချို့ကို ၎င်းတို့နှင့်အတူ မိတ်သဟာယပြုလော့၊ ပြီးလျှင် မိတ်သဟာယပြုခြင်း သင် ပြီးစီးသည့်နောက်၊ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်တိုင်အတွက် ရွေးချယ်နိုင်သည်။ မည်သည့် လမ်းကြောင်း လျှောက်ရမည်ကို ရွေချယ်ရန်မှာ ၎င်းတို့ သဘောအတိုင်း ဖြစ်သည်။ ၎င်းတို့ ရွေးချယ်သည့်အရာ၊ ၎င်းတို့ လုပ်ဆောင်လိုသည့်အရာနှင့် ထိုအရာကို ၎င်းတို့ လုပ်ဆောင်ပုံတည်းဟူသော ဤအရာများတွင် ငါတို့ မစွက်ဖက်ပေ။ ငါတို့၏ တာဝန်မှာ ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရား စည်းမျဉ်းများအကြောင်း ၎င်းတို့နှင့်အတူ မိတ်သဟာယပြုရန် ဖြစ်သည်။ ၎င်းတို့ နားလည်ပြီး သဘောပေါက်ပါက၊ ၎င်းတို့ကို သင်က၊ “သို့ဆိုလျှင်၊ သင်၏ နောက်ထပ်ခြေလှမ်းသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ မည်သည့်အချိန်တွင် ဧဝံဂေလိကို သင် စဖြန့်မည်နည်း”ဟု မေးနိုင်သည်။ ထို့နောက် ၎င်းတို့က၊ “အနည်းငယ် စောင့်ပါ၊ ကျွန်ုပ်တွင် သွင်းရမည့် ပို့ကုန်များရှိသည်၊ ကျွန်ုပ်တွင် စီးပွားရေး လုပ်ငန်းအချို့နှင့် တာဝန်ယူရန် လိုအပ်သည့် စီမံကိန်းတစ်ခု၊ ပြီးစီးသွားသည်နှင့် ငွေများစွာ ရနိုင်သည့် အရာတစ်ခု ရှိသည်။ နောက်ပိုင်းတွင် ဧဝံဂေလိ ဖြန့်ခြင်းအကြောင်းကို ပြန်လှည့်ကြစို့”ဟု ပြောကြသည်။ ပြီးလျှင် သင်က၊ “ကျွန်ုပ် မည်မျှ ကြာကြာ စောင့်ရမည်နည်း”ဟု ပြောသည်။ ထို့နောက်တွင် ၎င်းတို့က၊ “နှစ်နှစ် သို့မဟုတ် သုံးနှစ်ဖြစ်မည်ထင်သည်”ဟု ဆိုကြသည်။ ကောင်းပြီ၊ သို့ဆိုလျှင် နှုတ်ဆက်ပါ၏။ ထိုသို့သော လူများနှင့်ပတ်သက်၍ သင် နောက်ထပ်မည်သို့မျှ ဒုက္ခခံရန် မလိုအပ်ပေ။ ဤသည်မှာ ဖြေရှင်း၍ရနိုင်သည့် ပုံစံဖြစ်သည်၊ ယင်းမှာ လွယ်ကူသည် မဟုတ်လော။ (လွယ်ကူပါသည်။) ဤသည်မှာ မှန်သည့် လမ်းခရီးကို သိရှိကာ မည်သို့ဖြစ်စေ တမင် အပြစ်ပြုခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ ဤကဲ့သို့သော လူများကို ဘုရားသခင် တားဆီးခြင်းမရှိ၊ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ထိုချိန်တွင်ပင်၊ ၎င်းတို့ကို သင် မည်သို့မျှ ဆန်းစစ်ခြင်း မရှိပေ။ ၎င်းတို့ကို သူ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသည်။ သင်သည်လည်း ဤစည်းမျဉ်းကို သင်ယူရန် လိုအပ်သည်။ ၎င်းတို့ မည်မျှ နားလည်နိုင်သည်ဖြစ်စေ၊ တိုတိုပြောရလျှင်၊ ငါတို့၏ တာဝန်မှာ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့အား ရှင်းလင်းစွာ သိရှိစေရန် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့ ရွေးချယ်သည့်အရာ၊ ၎င်းတို့၏ နောက်ထပ် ခြေလှမ်းများ ဖြစ်သင့်သည့်အရာသည် ၎င်းတို့ကိုယ်ပိုင် အရေးကိစ္စများနှင့် ၎င်းတို့၏ လွတ်လပ်ခွင့် ဖြစ်သည်။ မည်သူကမျှ ဝင်ရောက်မစွက်ဖက်သင့်သကဲ့သို့၊ ၎င်းတို့ကို မရမနေ တိုက်တွန်းရန် ကောင်းကျိုးနှင့် ဆိုးကျိုးများကို ရှင်းပြန်ဖို့ မလိုအပ်။ ဤသည်မှာ သင့်လျော်သော လုပ်နည်းကိုင်နည်းတစ်ခု ဖြစ်သလော။ (သင့်လျော်ပါသည်။) သင့်လျော်ပါက၊ ဤကဲ့သို့ လုပ်ဆောင်သင့်ပေသည်။ စည်းမျဉ်းများကို မဆန့်ကျင်နှင့်၊ ပြီးလျှင် ၎င်းတို့အား မိမိတို့၏ ဆန္ဒကို ဆန့်ကျင်ရန် အတင်းအကျပ် မပြုနှင့်။ ဤသည်မှာ မိမိ၏ အသက်မွေးမှုလုပ်ငန်းကို လက်လွှတ်ခြင်းနှင့်ဆိုင်သည့် ပထမ စည်းမျဉ်းနှစ်ခု ဖြစ်သည်။ ဤစည်းမျဉ်းနှစ်ခုသည် နားလည်ရန် အတော်အတန် လွယ်ကူပြီး၊ အလွယ်တကူ သဘောပေါက်နိုင်ပေသည်။

အသက်မွေးမှုလုပ်ငန်းကို လက်လွှတ်ခြင်း အကြောင်းအရာနှင့် စပ်လျဉ်း၍၊ လူတို့ လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုသည့် တတိယ စည်းမျဉ်းမှာ အဘယ်နည်း။ အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများမှ ဝေးဝေးနေခြင်း ဖြစ်သည်။ ဤတစ်ခုသည် နားလည်ရန် အနည်းငယ် သာ၍ ခက်ခဲသည် မဟုတ်လော။ (ဟုတ်ပါသည်။) နားလည်ရန် အနည်းငယ် သာ၍ ခက်ခဲမည်ဖြစ်သော်လည်း၊ ဤသည်မှာလည်း စည်းမျဉ်းများထဲမှ တစ်ခုဖြစ်သည်။ ထိုအရာမှာ ဤလူမှုအဖွဲ့အစည်းတွင် ရှင်သန်ရန်အလို့ငှာ လူတို့ သစ္စာရှိစွာ လိုက်နာစောင့်ထိန်းသင့်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဤလူမှုအဖွဲ့အစည်းတွင် ရှင်သန်ရန် လူတို့ ပိုင်ဆိုင်ရမည့် သဘောထား၊ လုပ်နည်းကိုင်နည်းနှင့် ရှင်သန်မှု ပုံစံတစ်ခုလည်း ဖြစ်ပြီး၊ လူမှုအဖွဲ့အစည်းတွင် ရှင်သန်ခြင်းအတွက် ဉာဏ်ပညာတစ်မျိုဖြစ်သည်ဟု မှန်ကန်တိကျစွာ ပြော၍ရနိုင်ပေသည်။ အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများမှ ဝေးဝေးနေခြင်းသည် အပေါ်ယံအားဖြင့် လူတစ်ဦးချင်းစီနှင့် အလှမ်းဝေးသည့် ကိစ္စတစ်ခုဖြစ်ပုံရသော်လည်း၊ အမှန်တွင်၊ ဤအမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများသည် လူတိုင်း အနီးဝန်းကျင်တွင် ကွယ်ဝှက်နေပေသည်။ ယင်းတို့သည် လက်ဆုပ်လက်ကိုင် ပြ၍မရသည့် အင်အားစုများ၊ လူတိုင်း၏ အနီးဝန်းကျင်တွင် တည်ရှိသည့် လက်ဆုပ်လက်ကိုင်ပြ၍မရသည့် အဖွဲ့အစည်းများ ဖြစ်သည်။ သင်သည် အလုပ်အကိုင်တစ်ခုကို ရွေးချယ်သည့်အခါ၊ ဤအလုပ်အကိုင်သည် မည်သည့် လူမှုအဆင့်အတန်းနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ဆက်စပ်သည့် အလုပ်အကိုင်နှင့်ဆိုင်သည့် အတော်အတန်ကြီးမားသော အင်အားစု၏ ပိတ်ဆီးထားခြင်း ခံရပေသည်။ သင်သည် လစာများသည့် အလုပ်အကိုင်တစ်ခုတွင် ပါဝင်သည်ဖြစ်စေ၊ လစာနည်းသည့် အလုပ်အကိုင်တစ်ခုတွင် ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်အတွင်းတွင် ဆက်စပ်သော လူအုပ်စုများ ရှိသည်။ လူမှုအဖွဲ့အစည်းအတွင်းတွင်၊ ဤလူစုများသည် အတွေ့အကြုံ နှစ်ကာလအချို့၊ အရည်အချင်းအချို့ သို့မဟုတ် လူမှုရေးဆိုင်ရာ အခြေခံအုတ်မြစ်အချို့ ရှိပါက၊ ၎င်းတို့သည် သေချာပေါက် လက်ဆုပ်လက်ကိုင်ပြ၍မရသည့် အင်အားစုတစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေကြလေသည်။ ဥပမာအနေဖြင့်၊ သင်ကြားခြင်း အလုပ်အကိုင်ကို လစာများသည့် အလုပ်အကိုင်တစ်ခုအဖြစ် ယူဆခံရမည်မဟုတ်သော်လည်း၊ လစာနည်းသည့် အလုပ်အကိုင်လည်း မဟုတ်ပေ။ ထိုအရာသည် လယ်လုပ်ငန်း သို့မဟုတ် ကာယအလုပ်ကြမ်း အမျိုးမျိုးကဲ့သို့သော အလုပ်အကိုင်များထက် အတော်အတန် သာ၍ မြင့်မားသော်လည်း၊ လူ့အဖွဲ့အစည်းရှိ အမှန်တကယ် လစာမြင့်မားသည့် အလုပ်အကိုင်များထက် အတော်အတန် နိမ့်ကျပေသည်။ ဤအလုပ်အကိုင်အတွင်းတွင်၊ သင် ပါဝင်သည့် ရိုးရှင်းသော အလုပ်မှလွဲ၍၊ လုပ်ငန်းထဲ စုပြုံဝင်ရောက်ကြသည့် လူများစွာ ရှိသည်။ ထို့ကြောင့်၊ ဤလုပ်ငန်းထဲတွင်၊ လူတို့သည် ၎င်းတို့၏ ဝါရင့်မှုနှင့် အတွေ့အကြုံ နက်ရှိုင်းမှုတို့အားဖြင့် ခွဲခြားခြင်းခံရကြသည်။ ဤအလုပ်အကိုင်၏ အထက်အဆင့်များတွင် ဝန်ထမ်း၊ လမ်းစဉ်များ၊ မူဝါဒများ၊ စည်းကမ်းများနှင့် စည်းမျဉ်းများကဲ့သို့သော ကိစ္စရပ်များကို ထိန်းချုပ်ထားသည့် အတန်းအစားတစ်ခု ပါဝင်သည်။ ဥပမာအနေဖြင့်၊ သင်ကြားခြင်း အလုပ်အကိုင်တွင်၊ မည်သူသည် အလုပ်အကိုင်ကို ဦးဆောင်ကာ ထိန်းချုပ်ပြီး၊ သင်၏ အသက်မွေးမှုနှင့် လစာကို ထိန်းချုပ်သည့် ခေါင်းဆောင်၊ ထိပ်တန်း အကြီးအကဲမှာ မည်သူနည်း။ အချို့သော နိုင်ငံများတွင်၊ ကျောင်းဆရာများ အသင်းတစ်ခု ရှိပေမည်။ တရုတ်နိုင်ငံတွင်၊ ပညာရေးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ဖြစ်သည်။ ဤအဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းတွင် သင်ကြားခြင်း အလုပ်အကိုင်နှင့် လိုက်လျောညီထွေဖြစ်သော အင်အားစုများ၏ နယ်ပယ်ကို ကိုယ်စားပြုသည်။ အလားတူစွာပင်၊ လယ်သမားများအတွက်၊ အဘယ်သူသည် ၎င်းတို့၏ အနီးဆုံး အထက်လူကြီးဖြစ်ပါသနည်း။ ထိုအရာမှာ အဖွဲ့ခေါင်းဆောင်တစ်ဦး၊ ရွာသူကြီးတစ်ဦး၊ သို့မဟုတ် မြို့နယ်ခေါင်းဆောင် ဖြစ်နိုင်ပြီး၊ ယခုတွင် အစပျိုးလျက်ရှိသည့် စိုက်ပျိုးရေးစီမံခန့်ခွဲရေးကော်မတီများပင် ရှိသည်။ ဤသည်မှာ ဤအလုပ်အကိုင်နှင့် လိုက်လျောညီထွေသည့် အင်အားစုများ၏ နယ်ပယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤမတူကွဲပြားသော အင်အားစု နယ်ပယ်များသည် သင်၏ အတွေးများ၊ စကားများနှင့် လုပ်ရပ်များအပြင်၊ သင်၏ ယုံကြည်ခြင်းနှင့် ဘဝတွင် သင် လျှောက်သည့် လမ်းကြောင်းတို့ကိုပင် သက်ရောက်ကာ ထိန်းချုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် သင်၏ အသက်မွေးမှုကို ထိန်းချုပ်ရုံထိန်းချုပ်သည် မဟုတ်။ သင်နှင့်ပတ်သက်မျှတိုင်းကို ထိန်းချုပ်သည်။ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင်၊ မယုံကြည်သူများသည် အတွေးအမြင် နှီးနှောဖလှယ်ပွဲများ အမြဲ ကျင်းပနေကြသည်၊ မိမိတို့၏ အတွေးများနှင့်ပတ်သက်၍ ထုတ်ပြန်ကြညာနေကြပြီး၊ မိမိတို့၏ အတွေးများနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော၊ ယင်းတို့တွင် ပါတီကို ဆန့်ကျင်သည့်၊ အစိုးရကို ဆန့်ကျင်သည့် သို့မဟုတ် လူသားကို ဆန့်ကျင်သည့် အရိပ်လက္ခဏာတစ်ခုတလေ ရှိသလောဟူသည်ကို စစ်ဆေးနေကြသည်။ မည်သည့် အလုပ်အကိုင်တွင် သင် ပါဝင်သည်ဖြစ်စေ၊ ထိုအရာသည် သာ၍ အစဉ်အလာရှိသည့် အလုပ်အကိုင်တစ်ခုဖြစ်သည်ဖြစ်စေ၊ သာ၍ ခေတ်ပေါ်ဖြစ်သော အလုပ်တစ်ခုဖြစ်သည်ဖြစ်စေ၊ သင့်အနီးဝန်းကျင်ရှိ အသက်မွေးမှုလုပ်ငန်းအဖြစ် လုပ်ကိုင်သော နယ်ပယ်တွင် ပါရှိသည့် လိုက်လျောညီထွေသော အင်အားစု အမျိုးမျိုး တည်ရှိလိမ့်မည်ဖြစ်သည်။ အင်အာစုများထဲမှ အချို့မှာ သင်၏ အနီးဆုံး အထက်လူကြီးများ၊ သင်၏ လစာနှင့် နေထိုင်မှု စရိတ်တို့ကို ထုတ်ပေးခြင်းအတွက် တိုက်ရိုက် တာဝန်ရှိသည့်သူများ ဖြစ်သည်။ အခြားသူတို့မှာ လက်ဆုပ်လက်ကိုင်ပြ၍မရသည့် အင်အားစုများ ဖြစ်ကောင်းဖြစ်ပေမည်။ ဥပမာအနေဖြင့်၊ သင်သည် လုပ်ငန်းခွင်တစ်ခုတွင် မထင်ပေါ်သော ဝန်ထမ်းတစ်ဦး ဖြစ်သည် ဆိုပါစို့။ သင်၏ အသက်မွေးမှုလုပ်ငန်းအဖြစ် လုပ်ကိုင်သော နယ်ပယ်အတွင်းတွင် လှုပ်ရှားနေသည့် အမျိုးမျိုးသော အင်အားစုများ ရှိလိမ့်မည်။ အချို့သည် မန်နေဂျာကို မျက်နှာချိုသွေးပြီး၊ အမြဲ ဝန်းရံကြသည်။ ဤသည်မှာ အင်အားစုတစ်မျိုး ဖြစ်သည်။ ထို့နောက် စီအီးအိုနှင့် ရင်းနှီးအောင်နေပြီး၊ စီအီးအိုအတွက် အမှုကိစ္စများ ကိုင်တွယ်ရန် မိမိတို့ကိုယ်ကို ရည်စူးအပ်နှံသည့် အင်အားစုအဖွဲ့ ရှိသည်။ နောက်ထပ်တစ်ဖွဲ့မှာ ဈေးကွက်ဌာန၏ ဒါရိုက်တာနှင့် ရင်းနှီးနေပေမည်။ ဤအမျိုးမျိုးသော အင်အားစုများအားလုံး တည်ရှိပေသည်။ ဤအင်အားစုများ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤအင်အားစုများသည် အဘယ်သို့ ဖြစ်တည်လာသနည်း။ လူတစ်ဦးချင်းစီက မိမိတို့ အလိုရှိသည့်အရာကို ယူဆောင်ခြင်းအပြင် ဘက်များလိုက်ခြင်းနှင့် မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိကာ ရှင်သန်ရန်အလို့ငှာ အခွင့်အာဏာရှိသူတို့ကို ဖော်လံဖားခြင်း ဖြစ်သည်၊ ထို့နောက်တွင် ယင်းက အမျိုးမျိုးသော အင်အားစုများ ဖြစ်ပေါ်ခြင်းအဖြစ်သို့ ဆိုက်ရောက်စေပေသည်။ အချို့သော အင်အားစုများက နည်းလမ်းတစ်ခုကို ထောက်ခံအားပေးစဉ်တွင်၊ အခြားသူတို့က မတူကွဲပြားသည့် နည်းလမ်းတစ်ခုကို ထောက်ခံအားပေးကြသည်။ အင်အားစုအချို့သည် အမှုအရာများကို စာအုပ်ကြီးအတိုင်း လုပ်ဆောင်တတ်လေ့ရှိပြီး လုပ်ငန်းခွင့် စံနှုန်းများကို လိုက်လျှောက်တတ်လေ့ရှိစဉ်တွင်၊ အခြားသူတို့သည် ဥပဒေနှင့် အတတ်ပညာဆိုင်ရာ ကျင့်ဝတ်များနှစ်ခုလုံးကို အလေးမထားဘဲ သာ၍ စက်ဆုပ်ဖွယ်ကောင်းစွာ ပြုမူဆောင်ရွက်ကြမည် ဖြစ်သည်။ ဤအမျိုးမျိုးသော အင်အားစုများ ထွေးရောယှက်တင်ပြုသည့် ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်ရင်း၊ သင် မည်သည့် ရွေးချယ်သင့်သနည်း။ မည်သို့ ရှင်သန်သင့်သနည်း။ ပါတီအဖွဲ့အစည်းကို သင် ချဉ်းကပ်သင့်သလော သို့မဟုတ် မန်နေဂျာ၊ စီအီးအိုကို သင် ချဉ်းကပ်သင့်သလော။ ဒါရိုက်တာတစ်ဦး သို့မဟုတ် ဌာနအကြီးအကဲတစ်ဦးကို သင် မျက်နှာချိုသွေးသင့်သလော သို့မဟုတ် ဌာနခေါင်းဆောင်၊ သို့မဟုတ် လုပ်ငန်း ဒါရိုက်တာတစ်ဦးနှင့် မိမိကိုယ်ကို သင် ကိုက်ညီအောင် ညှိသင့်သလော။ (တစ်ယောက်မျှ မဟုတ်ပါ။) သို့ရာတွင်၊ ရှင်သန်ရန်အလို့ငှာ၊ လူတို့သည် မိမိတို့၏ သိက္ခာ၊ မိမိတို့၏ ပြုမူနေထိုင်မှု စည်းမျဉ်းများနှင့် အထူးသဖြင့် ကျင့်ကြံပြုမူခြင်းအတွက် မိမိတို့၏ နယ်ပယ်များကို မကြာခဏ စွန့်ပစ်ကြလေသည်။ အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်သော ဤအင်အားစုများ၏ အခင်းအကျင်းအတွင်းတွင်၊ လူတို့သည် ဘက်များလိုက်ရန်၊ ရေလိုက် ငါးလိုက်လုပ်ရန်နှင့် မိမိတို့ကိုယ်ကို အမျိုးမျိုးသော အင်အားစုများနှင့် ချိန်ညှိရန် မရည်ရွယ်ဘဲ ရွေးချယ်မိကြလေသည်။ ၎င်းတို့သည် မိမိတို့ကို လက်ခံကာ ကာကွယ်ပေးမည့် အင်အားစုတစ်စုကို ရှာဖွေကြသည် သို့မဟုတ် ၎င်းတို့အတွက် လက်ခံရန် ပိုလွယ်ကူနိုင်သည့် သို့မဟုတ် ၎င်းတို့ ထိန်းချုပ်နိုင်ကာ ချဉ်းကပ်နိုင်သည့် သို့မဟုတ် အံဝင်ခွင်ကျပင်ဖြစ်နိုင်သည့် အင်အားစုတစ်စုကို ရှာဖွေကြသည်။ ဤသည်မှာ လူသားဗီဇ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာမှာ ရှင်သန်ခြင်း ပညာတစ်မျိုး သို့မဟုတ် နည်းစနစ်တစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာသည် ဤလူမှုအဖွဲ့အစည်းနှင့် အမျိုးမျိုးသော အုပ်စုများကို နေသားကျရန်မှာ လူတို့အတွက် ပင်ကို ဗီဇတစ်ခု၊ ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ဤသည်မှာ ကျင့်ကြံပြုမူခြင်းအတွက် အကြင်သူ ပိုင်ဆိုင်သင့်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) လူအချို့က၊ “ယခု မဟုတ်ဟု သင်တို့ ဆိုနေကြသော်လည်း၊ ထိုအခြေအနေမျိုးတွင် မိမိတို့ကိုယ်ကို သင်တို့ အမှန်တကယ် တွေ့ရှိရသည့်အခါ၊ လက်တွေ့ဘဝတွင် ဘက်များလိုက်ရန် သင် ရွေးချယ်လိမ့်မည်ဖြစ်ပြီး၊ သင့်ကို အကျိုးပြုပြီး ရှင်သန်ခွင့်ပေးသည့် မည်သည့်အင်အားစုကိုမဆို သင် ခိုလှုံရန် ကြိုးစားလိမ့်မည်။ စိတ်ထဲတွင်၊ အမှီအခိုကင်းစွာ အသက်ရှင်ခြင်းက အနိုင်ကျင့်ခြင်းကို ခုခံနိုင်စွမ်းမရှိဖြစ်စေသောကြောင့်၊ လူတို့အနေဖြင့် အသက်ရှင်ရန် ဤအင်အားစုများအပေါ် မှီခိုရမည်ဖြစ်ကြောင်း၊ အမှီအခိုကင်းစွာ ၎င်းတို့ အသက်ရှင်၍ မရကြောင်းကိုပင် သင် ခံစားမိနိုင်ပေမည်။ သင်သည် အမြဲ အမှီအခိုကင်းပြီး၊ တသီးတခြား နေ၍ မရှိပေ။ သင့်အနေဖြင့် အမျိုးမျိုးသော အင်အားစုများကို သင် အလျှော့ပေးကာ နီးနီးကပ်ကပ်နေရန် သင်ယူရမည်။ သင်သည် လူတို့ကို လိုက်နာရမည်၊ ဖော်လံဖားကာ အချိန်အခါက တောင်းဆိုသည့်အတိုင်း ဟန်လုပ်တတ်ရမည်ဖြစ်သည်။ သင်သည် ရေလိုက်ငါးလိုက် နေရမည်၊ မြှောက်ပင့်ရာတွင် တော်ရမည်၊ အလားအလာများကို ခန့်မှန်းရမည်၊ စူးစမ်းလိုစိတ် ထက်မြက်ရမည်။ သင်၏ ခေါင်းဆောင်များ နှစ်သက်သည့်အရာနှင့် မနှစ်သက်သည့်အရာ၊ ၎င်းတို့၏ နဂိုစိတ်ရင်းနှင့် ပင်ကိုစရိုက်များ၊ ၎င်းတို့၏ မိသားစု နောက်ခံများ၊ မည်သည့်အရာမျိုးများ ၎င်းတို့ ကြားလိုသည်၊ ၎င်းတို့၏ အသက်အရွယ်များ၊ မွေးနေ့များ၊ ၎င်းတို့ နှစ်သက်သည့် ဝတ်စုံများ၊ ရှူးဖိနပ်များနှင့် သားရေအိတ်များ၏ အမှတ်တံဆိပ်များ၊ ၎င်းတို့ နှစ်သက်သည့် စားသောက်ဆိုင်များ၊ ကားအမျိုးအစားများ၊ ကွန်ပြူတာနှင့် ဖုန်းအမျိုးအစားများ၊ ၎င်းတို့၏ ကွန်ပြူတာများတွင် မည်သည့် ဆော့ဖ်ဝဲလ်မျိုးများ ၎င်းတို့ ထည့်သွင်းလိုသည်၊ ၎င်းတို့၏ အားလပ်သည့် အချိန်တွင် မည်သည့် ဖျော်ဖြေရေးအမျိုးအစားများ ၎င်းတို့ မွေ့လျော်ခံစားကြသည်၊ မည်သူနှင့် ၎င်းတို့ ပေါင်းဖော်ရန် နှစ်သက်ပြီး၊ မည်သည့် အကြောင်းအရာများ ၎င်းတို့ ဆွေးနွေးကြသည်ဆိုသည်တို့ကို သင် သိအောင်လုပ်ပြီး ရင်းနှီးအကျွမ်းဝင်လာရန် လိုအပ်သည်”ဟု ပြောကောင်း ပြောကြပေမည်။ ရှင်သန်ခြင်းအတွက်၊ သင်သည် ၎င်းတို့ကို မရည်ရွယ်ဘဲနှင့် အလိုအလျောက် ချဉ်းကပ်မိလိမ့်မည်၊ ၎င်းတို့နှင့် ပေါင်းမိလိမ့်မည်၊ သင်၏ ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်များကို စိတ်ကျေနပ်စေရန်နှင့် သင်၏ ဘဝနှင့် ရှင်သန်ခြင်းတို့ အာမခံချက်ရှိကြောင်း သေချာစေလျက်၊ အလွန်ကောင်းသည့် ကျွမ်းကျင်မှုဖြင့် မိမိကိုယ်ကို ဟန်ဆောင်ကာ သင်၏ လုပ်ငန်းခွင်တွင် အရာရာကို ထိန်းချုပ်ရန်အလို့ငှာ၊ သင် လုပ်ဆောင်ရန် တွန့်ဆုတ်သည့် အရာများကို အလွန်အကျွံ လိုက်လျောကာ လုပ်ဆောင်မိလိမ့်မည်ဖြစ်ပြီး၊ သင် ပြောရန် မလိုလားသည့် အရာများကို ပြောဆိုမိလိမ့်မည်ဖြစ်သည်။ သင်၏လုပ်ရပ်များသည် ကျင့်ဝတ်များနှင့် မိမိကိုယ်ကို ပြုမူနေထိုခြင်း နယ်ပယ်များအား ချိုးဖောက်သည်ဖြစ်စေ၊ မချိုးဖောက်သည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာက သင်၏ သိက္ခာ စွန့်ပယ်မည့်သဘောဖြစ်လျှင်ပင်၊ သင် ဂရုမစိုက်ပေ။ သို့ရာတွင်၊ သင်၏ ဆုတ်ယုတ်ကျဆင်းခြင်း အစကို အမှတ်အသားပြုသည်မှာ ဤဥပေက္ခာပြုခြင်း အတိအကျဖြစ်ပြီး ထိုအရာမှာ သင့်ကို ကူညီ၍မရနိုင်တော့သည့် လက္ခဏာတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ အပေါ်ယံအားဖြင့်၊ အကြင်သူသည် မိမိတို့၏ ဘဝနှင့် ရှင်သန်ရေးအတွက် အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများကို ချဉ်းကပ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိသည့် လူများကို အပြစ်တင်၍ မရပေ။ သို့ရာတွင်၊ လူတို့ ပြသသည့် အပြုအမူ၊ ၎င်းတို့ ပြုလုပ်သည့် ရွေးချယ်မှုများနှင့် ၎င်းတို့ လျှောက်ရန် ရွေးချယ်သည့် လမ်းကြောင်းသည် ၎င်းတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်တို့ကို ပုံပျက်သွားစေသည်။ တစ်ချိန်တည်းတွင်၊ လူတို့သည် အမျိုးမျိုးသော အင်အားစုများကို ချဉ်းကပ်သည်နှင့်အမျှ သို့မဟုတ် ပေါင်းသည်နှင့်အမျှ၊ ဤအင်အားစုများကို ကျေနပ်စေပြီး စိတ်ကျေနပ်စေရန်နှင့် မိမိတို့ ကိုယ်ပိုင်ဘဝများကို တိုးတက်စေကာ မိမိတို့၏ ရှင်သန်ရေး အခြေအနေများကို သာ၍ ကောင်းစေရန် အမျိုးမျိုးသော အကြံများနှင့် ဥပယ်တံမျဉ်များကို အသုံးချဖို့ အဆက်မပြတ် သင်ယူကြသည်။ ဤအရာကို ၎င်းတို့ သာ၍ လုပ်ဆောင်လေ၊ ဤလတ်တလော အခြေအနေနှင့် ဤဆက်ဆံရေးများကို ထိန်းသိမ်းရန် အားအင်နှင့် အချိန် သာ၍ လိုအပ်လေ ဖြစ်သည်။ ထို့ကြောင့်၊ သင်၏ အကန့်အသတ်ရှိသည့် အချိန်နှင့် နေ့ရက်များအတွင်းတွင်၊ သင် ပြောဆိုသည့် စကားတိုင်း၊ သင် လုပ်ဆောင်သည့် လုပ်ရပ်တိုင်းနှင့် သင် အသက်ရှင်ဖြတ်သန်းသည့် နေ့ရက်တိုင်းသည် အဓိပ္ပယ်ကင်းမဲ့ရုံသာ မဟုတ်။ လုံးလုံး ဆွေးမြည့်ပေသည်။ ယင်းတို့ ဆွေးမြည့်သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင့်အနေဖြင့် လူသားနှင့်ဖြစ်စေ၊ တစ္ဆေသရဲနှင့်ဖြစ်စေ ဆင်တူခြင်း မရှိသည့်အဆင့်ထိ၊ နေ့ရက်တိုင်းက သင့်အား သာ၍ အကျင့်ပျက်စေသည်ဟု ဆိုလိုပေသည်။ ဤနောက်ခံဖြစ်ရပ်ကို မူတည်၍၊ သင်သည် ဘုရားသခင် ရှေ့မှောက်သို့လာရန် ငြိမ်သက်အေးချမ်းသော စိတ်နှလုံး ကင်းမဲ့ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရန် လုံလောက်သော အချိန်လည်း ကင်းမဲ့ပေသည်။ သင်သည် သင်၏ ခန္ဓာနှင့် စိတ်တစ်ခုလုံးကို မိမိ၏ တာဝန်ဖြည့်ဆည်းခြင်းတွင် အမှန်တကယ် ရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိသကဲ့သို့ တစ်ချိန်တည်းတွင်၊ သမ္မာတရား လိုက်စားခြင်းတွင်လည်း သင်၏ ခန္ဓာနှင့် စိတ်ကို အမှန်တကယ် ရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိပေ။ ထိုသို့ဖြင့်၊ သင်၏ ကယ်တင်ခြင်း အလားအလာများသည် မျှော်လင့်အားရဖွယ်မရှိ၊ သင်၏ မျှော်လင့်ချက်များ မှေးမှိန်သွားပေသည်။ သင်သည် အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများတွင် ရင်းနှီးမြှုပ်နှံပြီးဖြစ်သောကြောင့်၊ ၎င်းတို့ကို ချဉ်းကပ်ရန် ရွေးချယ်ပြီးဖြစ်ကာ ၎င်းတို့နှင့် ပေါင်းကာ ၎င်းတို့ကို လက်ခံရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့်၊ ဤရွေးချယ်မှု၏ အကျိုးဆက်များမှာ သင်သည် သင်၏ နေ့ရက်ကာလများကို ဖြုန်းရင်း ဤလက်ရှိ အခြေအနေအား ထိန်းသိမ်းရန် သင်၏ ခန္ဓာနှင့် စိတ်တစ်ခုလုံးကို သင် ရည်စူးအပ်နှံရမည်ဖြစ်သည်။ သင်သည် နေ့ရက်တစ်ရက်စီတိုင်းကို အသားကြိတ်စက်တွင် အချိန်ကုန်ဆုံးသည့်အလား ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်သည်ဟု ခံစားရသည့်တိုင်၊ သင်၏ ရွေးချယ်မှုများကြောင့်၊ တစ်နေ့ပြီးတစ်နေ့ ဤကဲ့သို့ သင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ အမျိုးမျိုးသော အင်အားစုများ၏ ခက်ခဲရှုပ်ထွေးသော ထိုပတ်ဝန်းကျင်အတွင်းတွင်၊ ၎င်းတို့နှင့် သင် ပေါင်းမိလာသည့်အခါ၊ သင် ပြောသည့် စကားတိုင်း၊ ထိုအတွင်းပါရှိသည့် အလားအလာများအပြင်၊ လာမည့် ကိစ္စရပ်များ၊ လူတစ်ဦးချင်းစီ၏ အပြုအမူများနှင့် ၎င်းတို့၏ အတွင်းကျကျ အတွေးများနှင့် အထူးသဖြင့် သင်၏ အနီးဆုံး အထက်လူကြီးများ၊ ဤအင်အားစုများ၏ အမြင့်ဆုံး အဆင့်က မည်သည့်အရာ စဉ်းစားနေသည်၊ ဤအရာအားလုံးမှာ အချိန်မီပုံစံဖြင့် သင် နှိုင်းချင့်သုံးသပ်ကာ သတင်းအချက်အလက်များ စုစည်းရမည့် အရာများ ဖြစ်သည်။ သင့်အနေဖြင့် အချောင်ခို၍ မရ၊ လျစ်လျူရှု၍ မရပေ။ ၎င်းတို့ မည်သည့်အရာကို တွေးနေသည်၊ တကယ့်ဖြစ်ရပ်များနောက်ကွယ်တွင် မည်သည့် လုပ်ရပ်များ ၎င်းတို့ လုပ်ဆောင်နေသည်၊ မည်သည့် အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ၎င်းတို့တွင် ရှိသည်၊ လူတစ်ဦးချင်းစီအတွက် ၎င်းတို့ မည်သည့်အရာကိုပင် စီစဉ်နေပြီး ရည်ရွယ်နေသည်၊ ယင်းတို့အတွက် ၎င်းတို့ မည်သည့်အရာကို ဆုံးဖြတ်နေပြီး ယင်းတို့အပေါ် မည်သည့်သဘောထားများ ရှိကြသည် - ဤအရာများကို ကောင်းစွာ သိရှိရန် သင် ဆန္ဒရှိပါက၊ ထိုအရေးကိစ္စများ၏ အခြေအနေကို သင်၏ စိတ်နှလုံး အတွင်းနက်နက်တွင် သင် သိနားလည်မှုတစ်ခု ရှိရမည်ဖြစ်သည်။ ယင်းတို့ကို နက်ရှိုင်းစွာ သင် သိနားလည်လိုပါက၊ ဤအရာများကို လေ့လာခြင်းနှင့် ကျွမ်းကျင်ပိုင်နိုင်ခြင်းအတွက် မိမိ၏ အားအင်ရှိသမျှကို ရည်စူးအပ်နှံရမည်။ ၎င်းတို့နှင့်အတူ ညစာစားရမည်၊ စကားစမြည်ပြောရမည်၊ ဖုန်းဆက်ရမည်၊ အလုပ်တွင် ၎င်းတို့ကို သာ၍ ဆက်ဆံရမည်ဖြစ်ပြီး၊ အားလပ်ရက်များတွင်ပင် ၎င်းတို့ကို ချဉ်းကပ်ကာ ၎င်းတို့၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်ရမည်။ အကျိုးဆက်အနေဖြင့်၊ သင်၏ နေ့ရက်များက မည်ကဲ့သို့ဖြစ်သည်ဖြစ်စေ၊ ယင်းတို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်သည်ဖြစ်စေ၊ ဒုက္ခနှင့်ပြည့်သည်ဖြစ်စေ၊ သင်၏ တာဝန်ကို ဖြည့်ဆည်းကာ သမ္မာတရားလိုက်စားရန် သင်၌ စိတ်နှလုံးတစ်ခု ရှိခဲ့လျှင်ပင်၊ သင်၏ တာဝန်ကို သင်၏ ခန္ဓာနှင့် စိတ်တစ်ခုလုံးဖြင့် ထမ်းဆောင်ရန် သင့်ကိုယ်သင် လုံလောက်အောင် ငြိမ်သက်စေဖို့ အချိန်ရှာတွေ့နိုင်မည်လော။ (တွေ့နိုင်မည်မဟုတ်ပါ။) ဤအခြေအနေမျိုးတွင်၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုနှင့် သင်၏ တာဝန် ဖြည့်ဆည်းခြင်းတို့သည် သင်၏ အချိန်ပိုတွင် သင် လုပ်ဆောင်သည့် ဝါသနာတစ်မျိုးထက် ဘာမျှပိုမည် မဟုတ်ပေ။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုအတွက် သင်၏ သတ်မှတ်ချက်များနှင့် စိတ်ဆန္ဒကို ထည့်သွင်းမစဉ်းစားဘဲ၊ သင်၏ လက်ရှိ အခြေအနေတွင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းတို့သည် သင်၏ စိတ်ဆန္ဒများ စာရင်းတွင် အမှန်တကယ် နောက်ဆုံးသော အရာများသာ ဖြစ်ပေမည်။ သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်းတို့အတွက်မူ၊ ယင်းတို့ကို သင် စဉ်းစားဝံ့မည်မဟုတ်၊ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်၍ သင် စဉ်းပင်စဉ်းစားနိုင်မည် မဟုတ်ပေ။ ထိုသို့ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ထို့ကြောင့်၊ သင်တို့ မည်သူမဆိုအတွက်၊ သင့်အနေဖြင့် မိမိကိုယ်ကိုယ် မည်သည့် အလုပ် ပတ်ဝန်းကျင်တွင်ရှိသည်ကို တွေ့ရှိရသည်ဖြစ်စေ၊ အမျိုးမျိုးသော အင်အားစုများကို ချဉ်းကပ်ရန် သို့မဟုတ် ပေါင်းသင်းရန် သင် ဆန္ဒရှိပါက၊ သို့မဟုတ် ၎င်းတို့ကို သင် ချဉ်းကပ်ကာ ပေါင်းနှင့်ပြီးဖြစ်ပါက၊ သင်၏ အကြောင်းပြချက်များ၊ ဆင်ခြေများက မည်သည့်အရာဖြစ်စေ၊ နောက်ဆုံး အကျိုးဆက်မှာ ကယ်တင်ခြင်းအတွက် သင်၏ မျှော်လင့်ချက်သည် ပျောက်ချင်းမလှပျောက်သွားခြင်းသာ ဖြစ်နိုင်ပေသည်။ ဤအရာနှင့်သက်ဆိုင်၍ တိုက်ရိုက်အကျဆုံးသော ဆုံးရှုံးမှုမှာ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ သို့မဟုတ် သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ အချိန် ရရန် အနိုင်နိုင် ဖြစ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်သော စိတ်နှလုံးကို ထိန်းသိမ်းရန် သို့မဟုတ် ဘုရားသခင်ထံ စစ်မှန်ရိုးသားစွာ ဆုတောင်းရန် သင့်အတွက် မဖြစ်နိုင်သည်မှာ အမှန်ဖြစ်၏။ ဤအနိမ့်ဆုံးသောအရာကိုပင် သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင့်ကိုယ်သင် တွေ့ရှိရသည့် ပတ်ဝန်းကျင်သည် လူများ၊ အဖြစ်အပျက်များနှင့် ရှုပ်ယှက်ခတ်သောကြောင့်၊ အမျိုးမျိုးသော အင်းအားစုများနှင့် သင် သဟဇာတဖြစ်သည်နှင့်တစ်ပြိုင်နက်၊ နွံအိုင်ထဲသို့ ခြေလှမ်းလှမ်းခြင်းနှင့် ဆင်တူပေသည်။ သင် အထဲတွင်ရှိသည်နှင့်တစ်ပြိုင်နက်၊ သင့်ကိုယ်သင် ပြန်လည်ဆွဲထုတ်ရန် မလွယ်ကူပေ။ သင့်ကိုယ်သင် ပြန်လည်ဆွဲထုတ်ရန် မလွယ်ခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ အမျိုးမျိုးသော အင်အားစုများ၏ ပိုင်နက်ထဲသို့ သင် ခြေလှမ်းလှမ်းလိုက်သည်နှင့်၊ ဤအင်အားစုများထဲတွင် လိမ်ယှက်နေသည့် အမျိုးမျိုးသော ကိစ္စရပ်များနှင့် ယင်းတို့မှ ထွက်ပေါ်သည့် အငြင်းပွားမှုမျိုးစုံတို့အား မလွတ်မြောက်နိုင်သည်ကို သင့်ကိုယ်သင့် တွေ့ရှိရလိမ့်မည်ဟု ဆိုလိုပေသည်။ သင်သည် အမျိုးမျိုးသော လူများနှင့် အဖြစ်အပျက်များဖြင့် စဉ်ဆက်မပြတ် ငြိတွယ်နေသည်ကို မိမိကိုယ်ကို တွေ့ရှိရလိမ့်မည် ဖြစ်ပြီး၊ သင်သည် ၎င်းတို့ထဲမှတစ်ဦး ဖြစ်လာနှင့်ပြီးဖြစ်သောကြောင့် ကြိုးစားလျှင်ပင် ယင်းတို့ကို ရှောင်ရားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဤအင်အားစုများ၏ နယ်ပယ်အတွင်းတွင် ဖြစ်ပွားသည့် အဖြစ်အပျက်တိုင်းသည် သင်နှင့် ဆက်စပ်နေပြီး၊ အခြေအနေ တစ်ခုခု မဖြစ်ပေါ်ပါက၊ သင့်ကို ပါဝင်ပတ်သက်လိမ့်မည်။ ဆိုလိုသည်မှာ၊ သင်သည် ဤနေရာရာတွင် အကျိုးကျေးဇူးများနှင့် ချွတ်ယွင်းချက်များအပြင် အငြင်းပွားမှုများကို လျစ်လျူရှုမြဲလျစ်လျူရှုနေပြီး၊ ဘေးမှရပ်ကြည့်သူ၏ ရှုထောင့်အမြင်မှ အရာရာကို သင် လေ့လာစောင့်ကြည့်သည်။ ထိုကဲ့သို့ဖြစ်ခဲ့လျှင်၊ သင်သည် ဤအမျိုးမျိုးသော အငြင်းပွားမှုများ သို့မဟုတ် ဖြစ်နိုင်ခြေရှိသည့် ကံအကြောင်းမလှမှု တစ်ခုတလေနှင့် ကင်းရှင်းဖို့မှာ ဖြစ်နိုင်ပေသည်။ သို့ရာတွင်၊ ဤအင်အားစုများနှင့် သင် ပူးပေါင်းမိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ထံ သင် တိုးဝင်ချဉ်းကပ်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကြားတွင် ကျင်းပသည့် ပွဲတိုင်းတွင် သင် စိတ်ပါလက်ပါ သွားပါဝင်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဧကန် ရုန်းထွက်မရ ဖြစ်လာလိမ့်မည်။ သင့်အနေဖြင့် လေ့လာအကဲခတ်သူတစ်ဦးအဖြစ် ရှိနေနိုင်မည် မဟုတ်။ ပါဝင်သူတစ်ဦးအဖြစ်သာ ရှိနိုင်ပေသည်။ ပါဝင်သူတစ်ဦးအနေဖြင့်၊ သင်သည် ဤအင်အားစုများနှင့်ဆိုင်သည့် နယ်ပယ်၏ ဒဏ်ကိုခံရလိမ့်မည် ဖြစ်သည်။

လူအချို့က၊ “မည်သည့် အလုပ်အကိုင် နယ်ပယ် သို့မဟုတ် မည်သည့် အဖွဲ့တွင် သင် ရှိသည်ဖြစ်စေ၊ အခြားသူများ၏ ဩဇာပေးခြင်း ခံရခြင်းသည် အရေးကြီးသည့် ကိစ္စမဟုတ်ပါ။ အရေးကြီးသည့်အရာမှာ သင် ရှင်သန်နိုင်ခြင်း ရှိမရှိ ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် သို့မဟုတ် မတူကွဲပြားသော အဖွဲ့များအတွင်းတွင် သင့်ကို ထောက်ခံမည့်သူ မည်သူမျှ မရှိဘဲလျက် သင်သည် အဖွဲ့အစည်းများ သို့မဟုတ် အမျိုးမျိုးသော အင်အားစုများနှင့် မပူးပေါင်းလျှင်၊ နေလို့ဖြစ်မည် မဟုတ်ပါ”ဟု ပြောကြသည်။ ဤသည်မှာ အမှန်တကယ် အမှုအရာများ ဖြစ်ပုံလော။ (ထိုသို့ မဟုတ်ပါ။) အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အဖွဲ့များတွင်၊ အမျိုးမျိုးသော အင်အားစုများကို လူတို့ မျက်နှာလုပ်ခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ “ကြီးမားသည့် သစ်ပင်အောက်တွင် အရိပ်ရရန်”၊ ၎င်းတို့ကို ထောက်ခံမည့် အင်အားစုများ ရှိရန် ဖြစ်သည်။ ဤသည်မှာ လူတို့၏ အခြေခံအကျဆုံးသော တောင်းဆိုချက်ဖြစ်သည်။ ယင်းမှလွဲ၍၊ လူတို့သည် အလားအလာရှိရန်၊ အကျိုးအမြတ်များ သို့မဟုတ် တန်ခိုးအာဏာ ရှာဖွေခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိရန် ဤအင်အားစုများကို ကောင်းစွာ အသုံးပြုဖို့ ဆန္ဒရှိကြသည်။ သင်၏ အသက်မွေးမှုလုပ်ငန်းအဖြစ် လုပ်ကိုင်သော နယ်ပယ်တွင်၊ သင်သည် အသက်မွေးမှုတစ်ခုကိုသာ ပြုလုပ်နေပြီး၊ အစားအစာ၊ အဝတ်အစားရှိခြင်းဖြင့်သာ ရောင့်ရဲပါက၊ မည်သည့် အင်အားစုများကိုမျှ ချဉ်းကပ်ရန် မလိုအပ်ပေ။ ယင်းတို့ကို သင် ချဉ်းကပ်ပါက၊ ထိုအရာမှာ အသက်မွေးမှုတစ်ခု ဖန်တီးပြီး၊ အစားအစာ၊ အဝတ်အစားနှင့် ပတ်သက်သည့် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းမည့် သဘောသာ မဟုတ်ပေ။ သင့်ထံတွင် ကျော်ကြားမှုအတွက်ဖြစ်စေ၊ အကျိုးအမြတ်အတွက်ဖြစ်စေ သေချာပေါက် အခြားသော ရည်ရွယ်ချက်များ ရှိပေသည်။ “အသက်မွေးမှု ပြုခြင်းအပြင်၊ ကျွန်ုပ် မိမိကိုယ်ကိုလည်း သက်သေပြချင်ပါသည်”ဟု ဆိုသောသူ တစ်ဦးတလေ ရှိသလော။ ဤသည်မှာ လိုအပ်ပါသလော။ (မလိုအပ်ပါ။) သင်၏ ငွေကို သင် ရရှိပြီးဖြစ်သည်နှင့်၊ တစ်နေ့ ထမင်းသုံးနပ် သေချာပြီး၊ ဝတ်ဖို့ အဝတ်အစားများ ရှိသည်နှင့်၊ ယင်းမှာ လုံလောက်ပေသည်။ သိက္ခာအတွက် ကြိုးပမ်းခြင်း အကြောင်းရင်းမှာ အဘယ်နည်း။ မည်သူ့အတွက် သင် ကြိုးပမ်းနေခြင်း ဖြစ်သနည်း။ သင်၏ နိုင်ငံ၊ သင်၏ ဘိုးဘေးများ၊ သင်၏ မိဘများ သို့မဟုတ် မိမိကိုယ်တိုင်အတွက်ဖြစ်သလော။ ငါ့ကို ပြောလော့၊ သိက္ခာအတွက် ကြိုးပမ်းရန် သာ၍ အရေးကြီးသလော၊ သို့မဟုတ် အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲရန် သာ၍ အရေးကြီးသလော။ (အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲရန် သာ၍ အရေးကြီးပါသည်။) သိက္ခာအတွက် ကြိုးပမ်းခြင်းသည် စိတ်မြန်လက်မြန်ဖြစ်ခြင်းနှင့် ပြည့်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင် လုပ်ဆောင်သည့်အရာတိုင်းသည် ဤသိက္ခာအတွက် ဖြစ်သည်။ ထိုအရာသည် စိတ်ကူးယဉ်သက်သက်၊ အနှစ်မဲ့သည့် အယူအဆတစ်ခု ဖြစ်သည်။ လက်တွေ့အဆန်ဆုံးသော အရာမှာ သင့်အနေဖြင့် အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ ငွေရှာရန် ဖြစ်သည်။ ထိုအရာကို ဤသို့ သင် စဉ်းစားသင့်သည်။ “မည်သည့် အခြေအနေတွင်ဖြစ်စေ၊ မည်သူက မည်သူ့ဘက်ပါသည်ဖြစ်စေ၊ သို့မဟုတ် မည်သူက မည်သည့် ခေါင်းဆောင် သို့မဟုတ် အရာရှိအဆင့်နှင့် ရင်းနီးသည်ဖြစ်စေ၊ ထိုအရာတစ်ခုမျှ အရေးမကြီးပါ။ မည်သူက ရာထူးတိုးသည်ဖြစ်စေ၊ ရာထူးချခံရသည်ဖြစ်စေ၊ လစာတိုးသည်ဖြစ်စေ၊ သို့မဟုတ် အဆင့်မြင့် အရာရှိတစ်ဦးဖြစ်လာရန် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ အားလုံး ဆီလျော်မှုမရှိပါ။ ကျွန်ုပ်သည် စားပွဲပေါ် အစားအစား ထားရှိဖို့သာ အလုပ်လုပ်နေခြင်း ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေက ကြိုးပမ်းနေသည့် မည်သည့်အရာမဆိုသည် ကျွန်ုပ်နှင့် မည်သည့် ပတ်သက်မှုမျှ မရှိပါ။ မည်သို့ဆိုစေ၊ ကျွန်ုပ်၏ တစ်နေ့ ရှစ်နာရီ ကျွန်ုပ် အချိန်ပေးသည်၊ ကျွန်ုပ် ထိုက်တန်သည့်အရာကို ကျွန်ုပ် ရပြီး၊ မိမိကိုယ်ကိုနှင့် မိသားစုကို ထောက်ပံ့နိုင်သရွေ့၊ ကျွန်ုပ် ရောင့်ရဲပါသည်။ ထိုအရာနှင့် ပတ်သက်သမျှမှာ ထိုမျှသာ ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ် တောင်းဆိုသည့် သေးငယ်သောအရာ ဖြစ်သည်။” သင်၏ အလုပ်နှင့် သက်ဆိုင်၍ လိုအပ်သည့်အရာကို လုပ်ဆောင်ပြီး၊ ကြည်လင်သည့် အသိစိတ်ဖြင့် သင်၏ လစာနှင့် အပိုဆုကြေးများကို လက်ခံလော့။ ယင်းမှာ လုံလောက်ပေသည်။ ရှင်သန်ခြင်းနှင့် မိမိ၏ အလုပ်အကိုင်တို့အပေါ် ဤသဘောထားသည် မှန်ကန်ပါသလော။ (မှန်ကန်ပါသည်။) အဘယ်သို့ မှန်ကန်သနည်း။ (အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ကိုက်ညီသည့် သဘောထားတစ်ခုဖြင့် အသက်ရှင်ကြသောကြောင့်ဖြစ်ပါသည်။ ပထမဦးစွာ၊ ထိုအရာမှာ မိမိ၏ အလုပ်ကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် မလုပ်ဆောင်ခြင်းနှင့် မိမိ၏ အလုပ်အကိုင်ကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းကို ဆိုလိုပါသည်။ ဒုတိယအနေဖြင့်၊ ထိုအရာမှာ ခိုလှုံရာ မရှာခြင်း သို့မဟုတ် မည်သည့် အင်အားစုကိုမျှ မျက်နှာလို မျက်နှာရမလုပ်ခြင်းကို ဆိုလိုသည်။ ပုံမှန်ဘဝ၏ လိုအပ်ချက်များကို ပံ့ပိုးခြင်းသည် လုံလောက်ပါသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီပါသည်။) ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်ပေးရန်အလို့ငှာ သင့်ထံမှ ဤအရာကို တောင်းဆိုသလော။ (ဟုတ်ပါသည်။) သင့်ကို မည်သည့်အရာမှ ကာကွယ်ပေးရန် ဖြစ်သနည်း။ (စာတန်၏ အန္တရာယ်ပေးခြင်းမှ ဖြစ်ပါသည်။ သို့မဟုတ်လျှင်၊ ကျွန်ုပ်တို့အနေဖြင့် ထိုသို့သော အငြင်းပွားမှုများတွင် ငြိတွယ်မိသည်နှင့်တစ်ပြိုင်နက်၊ ဘဝသည် အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်လာသည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းအတွက် အချိန်များစွာ ကျန်မည် မဟုတ်ပါ။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အဓိကအားဖြင့် အခြားသော သွင်ပြင်လက္ခဏာတစ်ခုမှာ အဘယ်နည်း။ သင်သည် အမျိုးမျိုးသော အင်အားစုများနှင့် ပတ်သက်မိသည့်အခါ၊ နောက်ဆုံးအကျိုးဆက်မှာ သင်ကိုယ်တိုင် ပျက်စီးသွားလိမ့်မည်ဖြစ်သည်။ တကယ်ကို မတန်ပေ။ ပထမဦးစွာ၊ သင်သည် မိမိကိုယ်ကို ကာကွယ်နိုင်မည် မဟုတ်။ ဒုတိယအနေဖြင့်၊ သင်သည် တရားမျှတမှုကို ထိန်းသိမ်းကာ အထောက်အကူပြုမည်မဟုတ်။ တတိယအနေဖြင့်၊ သင်သည် မိမိ၏ အပြစ်များ ပေါင်းစပ်လျက်၊ အမျိုးမျိုးသော အင်အားစုများနှင့် လိမ်လည်လှည့်ဖြားရန် ပေါင်းကြံလိမ့်မည်။ ထို့ကြောင့်၊ ဤအင်အားစုများနှင့် ရင်းနှီးခြင်းသည် မည်သည့် အကျိုးကျေးဇူးများ မည်သို့မျှ မရှိပေ။ သင့်အနေဖြင့် အမျိုးမျိုးသော အင်အားစုများကို မျက်နှာလိုမျက်နှာရလုပ်ခြင်းအားဖြင့် လစာတိုးမှု သို့မဟုတ် ရာထူးတိုးမှုတစ်ခု ရလျှင်ပင်၊ အလိမ်အညာများ မည်မျှ ပြောဆိုရာတွင် ၎င်းတို့နှင့် သင် ပူပေါင်းမိမည်နည်း။ နောက်ကွယ်တွင် မကောင်းသည့် လုပ်ဆောင်ချက်များ မည်မျှ သင် လုပ်ဆောင်ရမည်နည်း။ ပိတ်ထားသည့် တံခါးများနောက်တွင် လူမည်မျှကို သင် အပြစ်ပေးရမည်နည်း။ ဤလူ့အဖွဲ့အစည်းတွင်၊ အဘယ်ကြောင့် လူမျိုးစုံနှင့် အမျိုးမျိုးသော လုပ်ငန်းများသည် ဤအင်အားစုများ ရှိရန် လိုအပ်ကြပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဤလူမှုအဖွဲ့အစည်းတွင် တရားမျှတမှု ကင်းမဲ့သောကြောင့် ဖြစ်သည်။ လူတို့သည် အရေးယူဆောင်ရွက်ရန် အမျိုးမျိုးသော အင်အားစုများအပေါ် မှီခိုခြင်းအားဖြင့်သာ မိမိတို့ကိုယ်ကို ကာကွယ်နိုင်ကြပြီး၊ စကားပြောဆိုပြီး ပြုမူဆောင်ရွက်ရန် ယင်းတို့အပေါ် မှီခိုခြင်းအားဖြင့်သာ မိမိတို့ နေရာကို အရယူနိုင်ကြသည်။ ဤနေရာတွင် တရားမျှတမှု ရှိပါသလော။ (မရှိပါ။) ဤတွင် တရားမျှတမှု မရှိပေ။ အရာရာသည် ဤအင်အားစုများပေါ် အခြေခံပေသည်။ သာ၍ ကြီးမားသည့် အင်အားစု ရှိသူမည်သူမဆိုသည် ဆုံးဖြတ်ပိုင်ခွင့် ရှိသော်လည်း၊ အင်အားစုမရှိသည့် သို့မဟုတ် သာ၍ အရေးပါမှု လျော့နည်းသော အင်အားစုတစ်ခု ရှိသူတို့မှာ ဆုံးဖြတ်ခွင့် မရှိပေ။ ဥပဒေဖန်တီးခြင်းသည်ပင် ဤကဲ့သို့ အလုပ်လုပ်ပေသည်။ သင့်တွင် အတန်ကြီးသော အင်အားစု ရှိပါက၊ သင် ဖန်တီးသည့် ဥပဒေသည် ထုတ်ပြန်ခြင်းခံရကာ တည်စေခြင်းခံရနိုင်သည်။ သင့်တွင် အင်အားစု သိပ်မရှိပါက၊ သင် အဆိုပြုသည့် မည်သည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းမျှသည် မရှင်သန်သကဲ့သို့၊ အမျိုးသားဥပဒေ ပြဋ္ဌာန်းချက်များအဖြစ် မထည့်သွင်းနိုင်ပေ။ ဤသည်မှာ မည်သည့် လူစုတွင်မဆို မှန်ကန်ပေသည်။ သင့်တွင် အတန်ကြီးသည့် အင်အားစုရှိပါက၊ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် သင် ကြိုးစားနိုင်ပြီး၊ ယင်းတို့ကို များနိုင်သမျှများအောင် လုပ်နိုင်သည်။ သင့်တွင် အင်အားစု မရှိပါက၊ သင်၏ အကျိုးစီးပွားများသည် သင့်ထံမှ ချွတ်ခွာခြင်း ခံရနိုင်သည် သို့မဟုတ် သိမ်းခြင်းခံရနိုင်သည်။ အမျိုးမျိုးသော အင်အားစုများ ဖွဲ့စည်းခြင်းနောက်ကွယ်က ရည်ရွယ်ချက်မှာ အများပြည်သူ သဘောထား၊ ဥပဒေနှင့် လူသား ကိုယ်ကျင့်တရားများကိုပင် ပယ်ချရင်း၊ ထိုအင်အားစုများကိုပင် အသုံးပြုလျက်၊ အခြေအနေကို ထိန်းချုပ်ရန် ဖြစ်သည်။ ၎င်းတို့သည် ဥပဒေ၊ ကိုယ်ကျင့်တရားနှင့် လူ့သဘာဝတို့ကို ကျော်လွန်နိုင်သည်။ အရာရာကို ကျော်လွန်နိုင်သည်။ အကြင်သူ၏ အင်အားစု သာ၍ ကြီးမားလေ၊ ၎င်းတို့၏ လွှမ်းမိုးမှု သာ၍ ကြီးမားလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မိမိတို့ နှစ်သက်သည့်အတိုင်း လုပ်ဆောင်ရန်၊ အမှုကိစ္စများကို ချမှတ်ရန် သာ၍ အခွင့်အရေးရှိလေ ဖြစ်လိမ့်မည်။ ဤသည်မှာ တရားမျှတမှု ဖြစ်သလော။ (မဟုတ်ပါ။) တရားမျှတမှု မရှိပေ။ တန်ခိုးအာဏာနှင့် အင်အားစုတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုကြပြီး ၎င်းတို့ ရရှိနိုင်သည့် အကျိုးအမြတ်များနှင့်ဆိုင်သည့် ဝေစုကို ညွှန်ပြကြသည်။ သင်သည် လူမှုရေး အုပ်စုတစ်ခုတွင် ရှိပြီး သင် အလိုရှိသမျှမှာ သင်၏ အသက်မွေးမှုကို ပံ့ပိုးကာ အစားအစာနှင့် အဝတ်အစားရှိရန် ဖြစ်ပြီး၊ သင်၏ လိုက်စားမှုသည် အဆင့်အတန်း သို့မဟုတ် နာမည်ဂုဏ်သတင်းအတွက် သို့မဟုတ် သင်၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် မဟုတ်ပါက၊ သင့်အတွက် အမျိုးမျိုးသော အင်အာစုများကို ချဉ်းကပ်ရန်မှာ အတော် မလိုအပ်သည့်ပုံပေါ်မည် ဖြစ်သည်။ သင်သည် သင်၏ အချိန်ရှိသမျှကို သင်၏ တာဝန်များ ထမ်းဆောင်ခြင်းအတွက် ဆက်ကပ်ရန်အလိုရှိပါက၊ သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ပြီး နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိလိုသော်လည်း၊ အမျိုးမျိုးသော အင်အားစုများကို မျက်နှာလိုမျက်နှာရ လုပ်ရန်လည်း ဆန္ဒရှိပါက၊ ဤအရာနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ကွဲလွဲပေသည်။ ယင်းတို့သည် လုံးဝ ဆန့်ကျင်ကြသောကြောင့် တစ်ခုနှင့်တစ်ခု မပြည့်စုံစေနိုင်ကြပေ။ ယင်းတို့သည် ရေနှင့် ဆီကဲ့သို့ သဟဇာတမဖြစ်ကြပေ။ အမျိုးမျိုးသော အင်အားစုများကို ချဉ်းကပ်ခြင်းသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှု သို့မဟုတ် သင်၏ သမ္မာတရား လိုက်စားခြင်းအပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်။ စာတန်၏ အကျည်းတန်သော မျက်နှာအား ပိုင်းခြားသိမြင်ရန် သင့်ကို ကူညီလိမ့်မည် မဟုတ်သကဲ့သို့၊ သင့်သာ ၍ ဆုံးဖြတ်ပိုင်ခွင့်ပေးမည်မဟုတ် သို့မဟုတ် လောက၏ ငြင်းပယ်ခြင်း ခံရကာ အစိုးရ၏ ညှဉ်းပန်းနှိပ်စက်ခြင်း မခံရဘဲနှင့် သင့်အား ဘုရားသခင်ကို ယုံကြည်ခွင့်ပေးလိမ့်မည် မဟုတ်။ လူအချို့သည် ရွာငယ်လေးတစ်ခုတွင် အသက်ရှင်ကြသော်လည်း၊ မိမိတို့၏ စိတ်နှလုံးများတွင် ကြီးကျယ်ခမ်းနားသည့် အကြံအစည်များ ထားရှိကြသည်။ ၎င်းတို့က၊ “ငါသည် ကျေးလက်ဒေသတွင် မွေးဖွားခဲ့သည်။ လယ်သမားတစ်ဦး ဖြစ်သည်။ ငါ နှိပ်စက်ခံရသော်လည်း၊ ဂျုံစပါးနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကာ ကြက်များ၊ ကျွဲနွားများနှင့် သိုးအချို့ကို ကျွေးမွေးပြုစုရင်း နေလို့ရသေးသည်။ ဘုရားသခင်ကို ငါ ယုံကြည်ပြီး၊ သမ္မာတရားကို လိုက်စားလျှင်၊ ဤအခြေအနေများသည် အတော် ကောင်းပေသည်။ သို့ရာတွင် ဤလူမှုအဖွဲ့အစည်းနင့် ဤလူများကြား အသက်ရှင်ခြင်းနှင့် ရှင်သန်ခြင်းမှ တစ်စုံတစ်ရာ လိုနေသကဲ့သို့ အဘယ်ကြောင့် ငါ အမြဲ ခံစားရသနည်း”ဟု တွေးကြသည်။ မည်သည့်အရာ လိုနေသနည်း။ ၎င်းတို့တွင် အင်အားကြီးမားသော နောက်ခံမရှိကြပေ။ အိမ်တစ်ခု ရွေးချယ်နေသည့် လူတို့နှင့်ပတ်သက်၍ ဖြစ်ပုံကို ကြည့်ပါလော့။ နောက်တွင် တောင်တန်းကြီးတစ်ခုရှိသည့် အိမ်တစ်အိမ်ကို ၎င်းတို့ အမြဲ နှစ်သက်ကြသည်။ ထိုတောင်တန်းကို ၎င်းတို့၏ နောက်ခံအဖြစ် ယူဆကြပြီး၊ ထိုရာက ထိုနေရာတွင် အသက်ရှင်ခြင်းအား လုံခြုံစိတ်ချမှု ခံစားစေသည်။ အိမ်က နောက်တွင် ချောက်ကမ်းပါးတစ်ခု ရှိခဲ့ပါက၊ ချောက်ကမ်းပါးယံတွင် အချိန်မရွေး ထိုးစိုက်ကျတော့မည်အလား၊ ထိုနေရာတွင် အသက်ရှင်ခြင်းကို လုံခြုံဘေးကင်းသည်ဟု ၎င်းတို့ ခံစားရမည် မဟုတ်။ အလားတူစွာပင်၊ ရွာတစ်ရွာတွင် အသက်ရှင်သည့်အခါ၊ အကြင်သူသည် နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းရှိသည့် တစ်စုံတစ်ဦးနှင့် ဆက်ဆံရေး တည်ဆောက်ခြင်း မရှိသကဲ့သို့၊ ၎င်းတို့ကို စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ထံ မကြာခဏ လည်ပတ်ခြင်း မရှိပါက၊ ၎င်းတို့သည် ထိုရွာတွင် အတော်အတန် သီးခြားနေထိုင်နေသည်ဟု အမြဲခံစားရလိမ့်မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ဩဇာပေးခံရကာ စားဝတ်နေရေးအတွက် မတတ်နိုင်တော့မည့် အန္တရာယ် ရှိလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ရွာသူကြီးကို အမြဲ မျက်နှာလိုမျက်နှာရ လုပ်ချင်ကြသည်။ ဤသည်မှာ ကောင်းမွန်သည့် စိတ်ကူးတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အစိုးရ နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ရသည့် အချို့သော နိုင်ငံများတွင်၊ လူအချို့က၊ “ကျွန်ုပ်တို့သည် ရွာသူကြီးထံ ဧဝံဂေလိ ဟောပြီး သူ မယုံကြည်ဘဲ သူ၏ မိခင်၊ အဖွား၊ ဇနီးမယား သို့မဟုတ် သမီးက ယုံကြည်လျှင်၊ ယင်းသည် သူကြီးနှင့် နီးစပ်မည် မဟုတ်လော။ ကျွန်ုပ်တို့ အသင်းတော်၏ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် ရွာထဲတွင် အရေးပါသော ရာထူးတစ်ခု ရှိလျှင် သို့မဟုတ် ရွာသူကြီး၏ ဆွေမျိုးတစ်ဦး ဖြစ်လျှင်၊ အသင်းတော်သည် ခိုင်မာသည့် ခြေကုပ်တစ်ခု ရှိမည် မဟုတ်လော။ အဆင့်အတန်း ရှိမည်မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်သော ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများသည် ပြဿနာမဖြစ်ဘဲ ရွာထဲတွင် စားသောက်ကာ စိုက်ပျိုးမွေးမြူနိုင်မည် မဟုတ်လော။ ဤအရာတင်မက၊ အဆင်းနီသော နဂါးကြီးဖြစ်စေ၊ ပြည်ထောင်စု ရှေ့တန်းအလုပ်ဌာနက စုံစမ်းစစ်ဆေးရန် လာသည့်အခါ၊ ကျွန်ုပ်တို့ကို ထောက်ခံမည့် တစ်စုံတစ်ဦး ရှိလိမ့်မည် ဖြစ်သည်။ ယင်းမှာ အလွန်ကောင်းပေမည်”ဟု ဆိုကြသည်။ သင်သည် မိမိကိုယ်ကို အန္တရာယ်များသည့် အခြေအနေတစ်ခုခုတွင် မတွေ့ရှိသည်ကို သေချာစေရန်၊ ဘုရားသခင်ကို ဘေးကင်းလုံခြုံစွာ ယုံကြည်နိုင်ပြီး နှိပ်စက်ညှဉ်းကန်းခြင်းမှ လွတ်ကင်းသည်ကို သေချာစေရန် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် အင်အားစုများနှင့်ဆိုသည့် အဖွဲ့တစ်ခုခုကို ချဉ်းကပ်ရန် အမြဲ အလိုရှိနေသည်။ ကောင်းလိုက်လေခြင်းပါတကား။ ထိုအရာသည် အလွန်ကောင်းသည့် အတွေးဖြစ်သော်လည်း၊ ရွာသူကြီးသည် သင့်အား သူ့ကို ချဉ်းကပ်ရန်ပင် အလိုရှိပါသလော။ ရွာသူကြီးသည် သင် အခွင့်အရေးယူ၍ရသည့် တစ်စုံတစ်ဦး ဖြစ်ပါသလော။ ရွာသူကြီးက သင့်အား သူ့ကို အသုံးချခွင့်ပေးလိမ့်မည်လော။ သာမန်လူတစ်ဦးဖြစ်သည့် သင်သည် အဖွဲ့အစည်း သို့မဟုတ် ရွာသူကြီးထံ ချဉ်းကပ်ချင်ပြီး၊ ဧဝံဂေလိ ဟောပြောခြင်းက လှည့်စားမှု လုပ်ဆောင်လိမ့်မည်ဟု သင် အမှန်တကယ် ထင်သလော။ သင့်အနေဖြင့် ရွာသူကြီးကို ချဉ်းကပ်ရန် သင့်တော်သည့် လက်ဆောင်အချို့ ပေးဖို့ သို့မဟုတ် အရေးပါသည့် အလုပ်တာဝန်အချို့ကို ပြီးမြောက်ရန် မလိုအပ်သလော။ သင်တို့တွင် မည်သည့် အတွေ့အကြုံ ရှိကြပါသနည်း။ ရွာသူကြီးကို ချဉ်းကပ်ခြင်းသည် လွယ်ကူပါသလော။ သူ၏ အိမ်မွေးခွေးကို ချဉ်းကပ်ရန်ပင် ခက်ခဲပေမည်။ ရွာသူကြီးထံ လက်ဆောင်တစ်ခု တိုက်ရိုက် ပေးခြင်းသည် အလုပ်ဖြစ်မည် မဟုတ်။ အတော်အတန် ပိုမိုလွယ်ကူသည့် ပစ်မှတ်များမှ အစပြုလျက်၊ သူ၏ ဇနီး၊ သူ၏ မိခင်၊ သူ၏ အဒေါ်၊ သို့မဟုတ် သူ၏ အဖွားတို့ကို သင် ချဉ်းကပ်ရန် လိုအပ်သည်။ အဘယ်ကြောင့် ရွာသူကြီး၏ အဖွားထံ ချဉ်းကပ်ရမည်နည်း။ ရွာသူကြီးသည် သူမနှင့် သာ၍ ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိသည်။ ထို့ကြောင့် သူမနှင့် သင် အစပြုကာ သင့်အတွက် ကောင်းမွန်သည့် စကားတစ်ခွန်း လျှောက်ပေးနိုင်သည့် မိသားစုထဲမှ သက်ကြီးတစ်ဦးဖြစ်သည့် သူ၏ အဖွားမှတစ်ဆင့်၊ ရွာသူကြီးထံ သင် တဖြည်းဖြည်း ချဉ်းကပ်လော့။ ဤသည်မှာ “သွယ်ဝိုက် ချဉ်းကပ်နည်း”ဟု ခေါ်သည့်အရာ ဖြစ်သည် မဟုတ်လော။ ရွာသူကြီးထံ လက်ဆောင်တစ်ခု သင် တိုက်ရိုက်ပေးပါက၊ သူက၊ “သင် ဘယ်သူနည်း”ဟု မေးကောင်းမေးမည်။ သင်က၊ “ကျွန်ုပ်သည် ရွာအရှေ့ပိုင်းက လီမိသားစုမှ ဟိုလူဖြစ်သည်”ဟု သင် ပြန်ဖြေလိမ့်မည်။ “မည်သည့် လီမိသားစုနည်း။ သူတို့ကို ကျွန်ုပ် မသိပါ။” သူက သင့်ကို အသိအမှတ်ပင်မပြုပါက၊ သူ့ထံ ချဉ်းကပ်ရန် လွယ်လိမ့်မည်လော။ (လွယ်လိမ့်မည် မဟုတ်ပါ။) သူ့ကို လက်ဆောင်တစ်ခု ပေးပါက၊ မည်သည့် လက်ဆောင်မျိုးက သူ၏ အာရုံကို ဖမ်းစားလိမ့်မည်နည်း။ ရွှေတောင့်များ၊ ရွေချောင်းများဖြစ်သည်။ ထိုအရာတစ်ခုတလေ သင့်တွင် ရှိသလော။ ပင်လယ်မျှော့များ - ထိုအရာများကိုပင် သူ အလိုရှိပါသလော။ သင်၏ ပင်လယ်မျှော့များက ပြည်ပမှ တင်သွင်းထားခြင်း၊ သို့မဟုတ် ပြည်တွင်းထွက် ဟုတ်မဟုတ် ဆိုသည်ကို သူ ကြည့်လိမ်မည်။ သူ့ကိုယ်၌က ထိုအရာများစွာ ရှိသည်။ သင်သည် ထိုအရာကို ဝယ်ရန်အလို့ငှာ ငွေလျှော့သုံးပြီး သင်ကိုယ်၌က မစားဝံ့ဘဲလျက်၊ သို့မဟုတ် မထိဝံ့ဘဲလျက် သင်၏ နေ့ရက်ကာလများကို ခြိုးခြံစွာ ကုန်ဆုံးသည်။ ထိုအရာကို သူ့အား သင် ပေးပြီး သူက ထိုအရာကို ကြည့်ပင်မကြည့်ချေ။ သင်သည် သူ့ကို ခါးပတ်တစ်ခုပေးပြီး သူက၊ “ဤအရာသည် ပြည်တွင်းဖြစ် မဟုတ်လော”ဟု ပြောသည်။ သင်က၊ “ထိုအရာသည် နွားသားရေဖြစ်သည်”ဟု သင်ပြောသည်။ သူက၊ “ယနေ့ခေတ်တွင် မည်သူကပင် နွားသားရေ ခါးပတ်များကို ဝတ်ဆင်ကြပါသနည်း။ မည်သူမျှ မဝတ်ပါ။ လူတို့သည် ဥရောပ တံဆိပ်လိုဂိုများပါသည့် ခါးပတ်များ သို့မဟုတ် စိန်များ ထည့်ထားသည့် သားရေခါးပတ်အစစ်များကို ဝတ်ဆင်ကြသည်။ ထိုခါးပတ်များ သင့်တွင် ရှိသလော”ဟု ပြောသည်။ သင်က၊ “ထိုခါးပတ်များ မည်သည့်ပုံစံ ရှိသနည်း။ ကျွန်ုပ် မတွေ့ဖူးပါ”ဟု ပြောသည်။ သူက၊ “သင် မတွေ့ဖူးလျှင်၊ ဤနေရာသို့ ဒုက္ခခံပြီး မလာပါနှင့်။ သင်သည် ဤခါးပတ်ကို သူတောင်းစားတစ်ဦးထံ ပေးရန် ကြိုးစားနေသလော”ဟု ဆိုသည်။ ထိုသို့သော လူတစ်ဦး၏ မျက်နှာသာပေးခြင်း သင် ခံရနိုင်သလော။ သင့်အနေဖြင့် လိမ္မာပါးနပ်သည့် အစီအစဉ်လေးတစ်ခု ရှိသည်၊ အားလုံးကို အလုပ်ဖြစ်စေပြီးဖြစ်သည်ဟု သင် ထင်ကောင်းထင်သော်လည်း၊ သူသည် သင်၏ လက်ဆောင်များကို တကယ်ကို အထင်သေး၏။ သို့တိုင် သင်သည် သူ့ကို မရမက မျက်နှာလိုမျက်နှာရ လုပ်နေသည်။ ဤသည်မှာ သင့်တော်ပါ၏လော။ သူသည် သင်၏ လက်ဆောင်များကို အထင်ကြီးလျှင်ပင် သူ့ကို မျက်နှာလိုမျက်နှာရလုပ်ရန် သင့်တော်ပါ၏လော။ (မသင့်တော်ပါ။) စားရန် တစ်စုံတစ်ခုရှိဖို့ သက်သက်၊ ရွာထဲတွင် အားကောင်းသည့် ကျောထောက်နောက်ခံတစ်ခု ရှိရန်သက်သက်၊ ထိုသို့သော ယုတ်ညံ့သည့်အရာများကို လုပ်ဆောင်ရန် သင် လိုလားနေသည်။ ဤသည်မှာ ရှက်ဖွယ်ဖြစ်သည်ဟု သင် မမြင်သလော။ (မြင်ပါသည်။) သူကြီး၏ အဖွားနောက်လိုက်ခြင်း၊ သူ၏ ဇနီးနှင့် သူ၏ ခယ်မတို့နောက် လိုက်ခြင်း၊ ဖြစ်ကတတ်ဆန်း နည်းမျိုးစုံကို အသုံးချခြင်း၊ လက်ဆောင်များပေးခြင်းနှင့် ချဉ်းကပ်ရန်ကြိုးစားခြင်းတို့ဖြစ်သည်။ အခြားသူတို့က သင့်အား၊ “ဤလက်ဆောင်များကို သင် ပေးခြင်းသည် အချည်းနှီးဖြစ်သည်။ သူကြီးက မျက်စိကျသည်မှာ သင် ကိုယ်တိုင် ဖြစ်သည်”ဟု ပြောကြသည်။ သို့ဆိုလျှင် ချဉ်းကပ်ရန် သင် ကြိုးစားဦးမည်လော။ သင်ပေးနိုင်သည့် မည်သည့် လက်ဆောင်ကမျှ သင့်တော်မည် မဟုတ်။ သူကြီးက ထိုအရာအားလုံး မတန်ဟု တွေးထင်လျက်၊ ယင်းတို့ကို ထပ်ကြည့်မည်မဟုတ်။ အားလုံးထဲမှ အဆိုးဆုံးအနေဖြင့်၊ သင်သည် အပေးအယူလုပ်ခြင်းကို ခြေစုံပစ်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ သူ့ကို သင် ချဉ်းကပ်ရန် ကြိုးစားဦးမည်လော။ (ကြိုးစားမည်မဟုတ်ပါ။) ဤကျောထောက်နောက်ခံမျိုးကို သင် ရှာဦးမည်လော။ ရွာသူကြီးသည် မည်သည့် လူစားမျိုး ဖြစ်ပါသနည်း။ သင့်ကို သူ့အား သာမန်ကာလျှံကာ ချဉ်းကပ်ခွင့်ပေးသည့် တစ်စုံတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် သူနှင့် ဧကန် ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီး၊ သူ့ကို ချဉ်းကပ်ခဲ့လျှင်ပင်၊ မည်သည့်အရာ ဖြစ်မည်နည်း။ သူသည် သင်၏ ကံကြမ္မာ ထိန်းချုပ်နိုင်သလော၊ သို့မဟုတ် ကယ်တင်ခြင်း ရရှိရန် သင့်ကို ကူညီနိုင်သလော။ သို့မဟုတ် တကယ့် နှိပ်စက်ညှဉ်းပန်းမှုနှင့် အခြေအနေများကို ရင်ဆိုင်ရမည့်အချိန် ရောက်လာသည့်အခါ၊ ဤအခြေအနေများကို ဘုရားသခင်က အခွင့်ပေးကာ စီစဉ်ညွှန်ကြားသည့်အခါ၊ ယင်းတို့ကို ရင်ဆိုင်ရခြင်းအား သင် ရှောင်ရှားနိုင်သလော။ ဤအရာတွင် ရွာသူကြီးသည် အဆုံးအဖြတ်ပေးခွင့် ရှိသလော။ (မရှိပါ။) ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အမှုအရာများ၏ ကြီးကျယ်ခမ်းနားသော အကြံအစည်တွင်၊ ရွာသူကြီး မဆိုထားနှင့်၊ အဆုံးအဖြတ်ပေးခွင့်ရှိသည့် မည်သည့် အင်အားစုမျှ မရှိပေ။ ဤအရာနှင့်စပ်လျဉ်း၍ မည်သည့် အင်အားစုကိုမျှ မဖော်ပြထိုက်ပေ။ ထို့ကြောင့် ဤလောကတွင် ရှိသည့်အခါ၊ သင့်အနေဖြင့် ရွာတစ်ရွာ၊ ပြည်နယ်တစ်ခု၊ မြို့တော်တစ်ခု၊ သို့မဟုတ် မည်သည့် နိုင်ငံတွင်မဆို၊ နိုင်ငံတစ်ခုတလေအတွင်းရှိ မည်သည့် လုပ်ငန်းတွင်ပင်မဆို သင် ရှိသည်ဖြစ်စေ၊ တည်ရှိသည့် အမျိုးမျိုးသော အင်အားစုများသည် သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကျင့်သုံး၍ မရသကဲ့သို့ သင်၏ ကံကြမ္မာကို ၎င်းတို့ မပြောင်းလဲနိုင်ပေ။ အင်အားစု တစ်ခုတလေမျှသည် သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိရန် မလိုထားနှင့် သင့် ကံကြမ္မာ၏ သခင်မဟုတ်သကဲ့သို့၊ သင်၏ ကံကြမ္မာကို ရေးဆွဲခြင်း မရှိပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ လူ့အဖွဲ့အစည်းတွင် တည်ရှိနေသည့် အမျိုးမျိုးသော အင်အားစုများနှင့် သင် ပူးပေါင်းသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ ဘေးဒုက္ခ သင့်ထံ ရောက်လာကာ သင်၏ ကံအကြောင်းမလှမှု အစပြုသည့် အချိန် ဖြစ်သည်။ ၎င်းတို့နှင့် သင် သာ၍ ရင်းနှီးလေ၊ သင် သာ၍ အန္တရာယ်ရှိလေ ဖြစ်သည်။ ၎င်းတို့နှင့် သင် သာ၍ ပူးပေါင်းလေ၊ မိမိကိုယ်ကို လွတ်မြောက်စေရန် သာ၍ ခက်ခဲလာလေဖြစ်သည်။ ဤအမျိုးမျိုးသော အင်အားစုများသည် သင့်ကို မည်သည့် အကျိုးကျေးဇူးမျှ မဆောင်ကြဉ်းရုံမျှမက၊ ၎င်းတို့နှင့် သင် ပူးပေါင်းသည်နှင့်အမျှ၊ သင့်အနေဖြင့် ဤလောကထဲတွင် တရားမျှတမှု တည်ရှိခြင်းကို မယုံကြည်တော့ရန်အလို့ငှာ၊ ၎င်းတို့သည် သင်၏ စိတ်ဝိညာဉ်နှင့် စိတ်တို့ကို မူမမှန်ဖြစ်စေလျက်၊ သင်၏ ငြိမ်သက်ခြင်းကို ဆုံးရှုံးစေရင်း၊ ၎င်းတို့က သင့်ကို ထပ်တလဲလဲ ဖျက်ဆီးကာ နင်းခြေသည်။ ၎င်းတို့သည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ကို လိုက်စားရန် သင်၏ နှစ်သက်ဖွယ်အကောင်းဆုံး စိတ်ဆန္ဒကို ပျက်စီးစေကြလိမ့်မည်။ ထို့ကြောင့်၊ ဤလူ့အဖွဲ့အစည်းတွင် ရှင်သန်ရန်၊ သင်၏ လူမှုအဆင့်အတန်း၊ ပတ်ဝန်းကျင် သို့မဟုတ် အဖွဲ့ မည်သို့ဖြစ်စေ၊ သို့မဟုတ် မည်သည့်လုပ်ငန်းတွင်မဆို မိမိကိုယ်ကို တွေ့ရှိရသည်ဖြစ်စေ၊ အားကိုးမှီခိုရန် သင်၏ ကိုယ်ပိုင် အကာအကွယ်ပေးသော အရိပ်အာဝါသအဖြစ် ဆောင်ရွက်ရန် အင်အားစု ရှာဖွခြင်းသည် မှားယွင်းပြီး၊ အစွန်းရောက်သည့် အတွေးနှင့် အမြင်ဖြစ်သည်။ သင်သည် ရှင်သန်ရန်သာ ကြိုးစားခြင်းဖြစ်ပါက၊ ဤအင်အားစုများနှင့် ဝေးဝေး နေသင့်သည်။ ဤအင်အားစုများက သင်၏ တရားဝင်ဖြစ်သော လူ့အခွင့်အရေးများကို ကာကွယ်ပေးရုံမျှသာဖြစ်လျှင်ပင်၊ ယင်းသည် သင့်အတွက် ၎င်းတို့နှင့် ပါဝင်ပတ်သက်ရန် အကြောင်းပြချက် သို့မဟုတ် ဆင်ခြေတစ်ခု မဟုတ်ပေ။ လူ့အဖွဲ့အစည်းတွင် ဤအမျိုးမျိုးသော အင်အားစုများ၏ ရှင်သန်မှု အဆင့်အတန်းက မည်သည့်အရာဖြစ်စေ၊ ၎င်းတို့၏ တိုးတက်ရေး ရည်မှန်းချက်များက မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ လုပ်ရပ်များ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်စေ၊ တိုတိုပြောရလျှင်၊ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးအနေဖြင့်၊ သမ္မာတရားကို လိုက်စားသည့် တစ်စုံတစ်ဦးအနေဖြင့်၊ သင်သည် ၎င်းတို့ထဲမှ တစ်ဦး ဖြစ်မလာသင့်သကဲ့သို့၊ ဤအမျိုးမျိုးသော အင်အားစုများအတွင်းရှိ ထောက်ခံသူတစ်ဦး ဖြစ်မလာသင့်ပေ။ ထိုအစား၊ သင်သည် ၎င်းတို့နှင့် ကင်းအောင်နေသင့်သည်၊ ၎င်းတို့ကို ရှောင်ရှားသင့်သည်၊ ၎င်းတို့ကို နှောင်ဖွဲ့သည့် အမျိုးမျိုးသော အငြင်းပွားမှုများကို ရှောင်ရှားသင့်သည်၊ ၎င်းတို့ ချမှတ်သည့် အမျိုးမျိုးသော လှည့်စားခြင်း စည်းမျဉ်းများကို ရှောင်ရှားသင့်ပြီး၊ ၎င်းတို့က တစ်ဦးတစ်ယောင်အား မိမိ၏ အလုပ်အကိုင် နယ်ပယ်အတွင်း သို့မဟုတ် ဤအင်အားစုများ၏ နယ်ပယ်အတွင်းတွင် လုပ်ဆောင်ပြီး ပြောဆိုရန် တောင်းဆိုသည့် ထိခိုက်နစ်နာစေသော အရာများနှင့် ထိခိုက်နစ်နာစေသော စကားများကိုလည်း ရှောင်ရှားသင့်သည်။ သင်သည် ၎င်းတို့ထဲမှ တစ်ဦး ဖြစ်မလာသင့်သကဲ့သို့ ၎င်းတို့၏ ကြံရာပါများထဲမှ တစ်ဦး သေချာပေါက် ဖြစ်မလာသင့်ပေ။ ဤသည်မှာ မတူကွဲပြားသည့် အင်အားစုများ တည်ရှိသည့် အမျိုးမျိုးသော လုပ်ငန်းများနှင့် အလုပ်အကိုင်များအတွင်းတွင် သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ချက် ဖြစ်သည်။ ၎င်းတို့နှင့် ဝေးဝေးနေပြီး ၎င်းတို့ကို ရှောင်ရှားရန်၊ ၎င်းတို့၏ စွန့်လွှတ်ရသော အသုံးခံ ဖြစ်မလာရန်၊ ၎င်းတို့၏ အမြတ်ထုတ်ခြင်းခံသူ ဖြစ်မလာရန်နှင့် ၎င်းတို့၏ လက်ပါးစေ သို့မဟုတ် အာဘော်ကို ပြန်လည်ဖောက်သည်ချသူ ဖြစ်မလာရန် ဖြစ်သည်။

ဤလူမှုအဖွဲ့အစည်းတွင် အမျိုးမျိုးသော လုပ်ငန်းများနှင့် အလုပ်အကိုင်များရှိ မိမိ၏ အနီးဆုံး ကြီးကြပ်ရေးမှူးများမှလွဲ၍၊ အများပြည်သူ အဖွဲ့အစည်းများမှလွဲ၍၊ လူတို့ ရှောင်ရှားသင့်သည့် ဥပဒေနှင့်ဆန့်ကျင်သော လူမှုအဖွဲ့အချို့လည်း ရှိသည်မှာ အမှန်ဖြစ်သည်။ ဤလူများနှင့် ပါဝင်ပတ်သက်ခြင်း မရှိနှင့်၊ သို့မဟုတ် မည်သည်နည်းဖြင့်မျှ ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်း မပြုနှင့်။ ဥပမာအားဖြင့်၊ အတိုးကြီးစား၍ ငွေတိုးချခြင်းကို ကျင့်သုံးသောသူတို့ ဖြစ်သည်။ လူအချို့သည် မိမိတို့၏ စီးပွားရေလုပ်ငန်းအတွက် အရင်းအနှီး မရှိသကဲ့သို့ ပုံမှန် ချေးငွေကို မရယူနိုင်ကြသော်လည်း၊ မတန်တဆအတိုးပေး ငွေချေးခြင်းမှတစ်ဆင့်ဖြစ်သော အရင်းအနှီး စီးဆင်းမှုကို လွယ်ကူချောမောစေမည့်နည်းလမ်းတစ်ခု ၎င်းတို့အတွက် ရှိလေသည်။ မတန်တဆအတိုးပေး ငွေချေးခြင်းသည် အတိုးနှုန်းမြင့်မားရုံမက သိသာထင်ရှားသော အန္တရာယ်များလည်း ပါဝင်သည်။ လူအချို့သည် ငွေအမြောက်အမြားရရှိရန်နှင့် မိမိတို့၏စီးပွားရေးလုပ်ငန်း ဒေဝါလီခံရခြင်းကို ရှောင်ရှားရန် နောက်ဆုံးတွင် ဤခြေလှမ်းဖြစ်သည့် မတန်တဆအတိုးပေး ငွေချေးခြင်းကို မတတ်သာသည့်အဆုံး ကျင့်သုံးကြသည်။ အတိုးကြီးစား၍ ငွေတိုးချခြင်းကို ကျင့်သုံးသောသူတို့သည် လူ့အဖွဲ့အစည်းတွင် ဥပဒေလိုက်နာသည့် ပုဂ္ဂိုလ်များ ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် မတရားမဝင် လူမှု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ အချိန်တိုင်း ရှောင်ရှားသင့်သည်။ သင်၏ ရှင်သန်ရေး သို့မဟုတ် လက်ရှိ အရေးကိစ္စများနှင့်ဆိုင်သည့် အခြေအနေက သင့်ကို မည်သည့်အခြေအနေသို့ ဆိုက်ရောက်စေသည်ဖြစ်စေ၊ ဤလမ်းကြောင်းကို သင် မည်သည့်အခါတွင်မျှ မစဉ်းစားသင့်ဘဲ၊ ထိုအရာနှင့် ဝေးစွာနေကာ ရှောင်ရှားသင့်သည်။ သင့်ဘဝနှင့် အသက်မွေးမှုတွင် မည်သည့် ပြဿနာများ ထွက်ပေါ်သည်ဖြစ်စေ၊ ထိုအရာများအကြောင်းကို စဉ်းပင်မစဉ်းစားနှင့်၊ သို့မဟုတ် ဤလမ်းကြောင်း လျှောက်ရန်ကို မစဉ်းစားနှင့်။ ဤလူစုသည် ပါတီ အဖွဲ့အစည်းနှင့် ဆင်တူသည် မဟုတ်လော။ ဥပဒေလိုက်နာစောင့်ထိန်းသည့် လူ့အဖွဲ့အစည်းဟု ခေါ်သောအရာနှင့် ဒုစရိုက်လောကတို့သည် ယင်းတို့ကြား၌ တူညီမှုအချို့ ရှိပေသည်။ ထွက်ပေါက်တစ်ခု သို့မဟုတ် အလှည့်အပြောင်းတစ်ခုဖြင့် သင်၏ အသက်မွေးမှုကို ထိုအရာများက ထောက်ပံ့ပေးနိုင်သည်ဟု မထင်လေနှင့်။ ဤသည်မှာ ဖြစ်လိုသည့်အတွေး ဖြစ်သည်။ ဤခြေလှမ်းလှမ်းရန် သင် ရွေးချယ်သည်နှင့်၊ ဤလမ်းသို့ သင် လျှောက်လှမ်းသွားသည်နှင့်၊ ရှေ့တွင် အဆိုးဆုံးဘဝတစ်ခု ရှိလိမ့်မည်။ အထူးသဖြင့် အချို့သော ထူးခြားပြီး ခဲကတ်သည့် ပြသနာများကို သင် ကြုံရသည့်အခါ၊ အထူးပတ်ဝန်းကျင်များကို သင် ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် အထူး အန္တရာယ်များသည့် အခြေအနေများတွင် မိမိကိုယ်ကို ရှိသည်ကို သင် တွေ့ရှိရသည့်အခါတွင်၊ သင် လုံးဝ မချဉ်းကပ်ရမည့် ငါတို့ အမည်တပ်မပြောလိုသည့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်ဟုခေါ်သောအရာ နောက်တစ်မျိုး ရှိသည်မှာ အမှန်ဖြစ်သည်။ မိမိကိုယ်ကို ကာကွယ်ရန်၊ အန္တရာယ်ကို ရှောင်ရန်နှင့် အခက်အခဲများကို လွတ်မြောက်ရန် အစွန်းရောက် နည်းလမ်းများ သုံးမည့်အကြောင်း မတွေးလေနှင့်။ ထိုသို့သော အခြေအနေများတွင်၊ ထိုလူစားမျိုးများနှင့် တစ်ကြိမ်တစ်ခါ ပေါင်းသင်းရန် သို့မဟုတ် မည်သည့်နည်းဖြင့်မဆို ၎င်းတို့နှင့် ပါဝင်ပတ်သက်ရန်ထက် ၎င်းတို့၏ ထောင်ဖမ်းခြင်းခံရရန်မှာ ပို၍ ကောင်း၏။ ဤသို့ အဘယ်ကြောင့် သင် လုပ်ဆောင်ရမည်နည်း။ ဤသည်မှာ သိက္ခာရှိခြင်းဟု ခေါ်သည့်အရာဖြစ်သလော။ ခရစ်ယာန်များ ရှိသင့်သည်မှာ ဤသိက္ခာမျိုး ဖြစ်သလော။ (ခရစ်ယာန်များ ရှိသင့်သည့် သိက္ခာမျိုး မဟုတ်ပါ။) သို့ဆိုလျှင် ထိုအရာသည် အဘယ်နည်း။ (သူတို့ကို ချဉ်းကပ်ရန်မှာ သက်သက် မှန်ကန်ခြင်း မရှိပါ။) အဘယ်ကြောင့် မှန်ကန်ခြင်း မရှိသနည်း။ (သူတို့ကို ချဉ်းကပ်ခြင်းက ရှေ့တွင်ရှိသည့် ဆိုးရွားသည့် ဘဝတစ်ခုနှင့် အနာဂတ်ရှိ သာ၍ ကြီးမားသော အန္တရာယ်ဆီသို့ ဆိုက်ရောက်စေလိမ့်မည်ဖြစ်သည်။) ထိုအရာမှာ အနာဂတ် အန္တရာယ်ကို လွတ်မြောက်ရန်မျှသာ ဖြစ်သလော။ သို့ဆိုလျှင် ပထမဦးစွာ သင်၏ အနီးဆုံး အန္တရာယ်မှ အဘယ်ကြောင့် သင် မရုန်းထွက်သနည်း။ အဘယ်ကြောင့် ဤအင်အားစုများကို သင် ချဉ်းကပ်၍ မရသနည်း။ ကျမ်းစာထဲတွင်၊ သူ စုံစမ်းနှောင့်ယှက်ခံခဲ့ရချိန်တွင်၊ သခင်ယေရှုက စာတန်ကို မည်သို့ တုံ့ပြန်ခဲ့သနည်း။ (သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၄:၁၀)) လူတို့ ကိုးကွယ်သင့်သည့်သူမှာ ဘုရားသခင်ဖြစ်ပြီး၊ သူသည် လူတို့ အစေခံသင့်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ လူတို့ အသက်ရှင်သင့်သည်မှာ ဘုရားသခင် တစ်ပါးတည်းအတွက် ဖြစ်သည်။ ဘုရားသခင်သည် သင့်ဘဝအား နုတ်ယူခံရခွင့်ပြုပါက၊ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျိုးနွံနာခံသင့်ပါသည်။) ဘုရားသခင်ကို သင် နာခံပြီး သူ့ကို ချီးမွမ်းသင့်သည်။ ဘုရားသခင်၏ နာမတော်သည် ချီးမြှောက်ခံရသင့်ပြီး၊ လူတို့သည် မိမိတို့ကိုယ်ပိုင် ဘဝများကို ရှာဖွေခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံသင့်ကြသည်။ သို့ရာတွင် ဘုရားသခင်သည် သင် အသက်ရှင်ရန်အတွက် ရည်ရွယ်ပါက၊ မည်သူသည် သင်၏ အသက်ကို နုတ်ယူနိုင်သနည်း။ မည်သူမျှ မနုတ်ယူနိုင်ပေ။ ထို့ကြောင့် မည်သည့် အခြေအနေများ သို့မဟုတ် အန္တရာယ်များ သင် ရင်ဆိုင်ရသည်ဖြစ်စေ၊ သေခြင်းကို ရင်ဆိုင်ရာတွင်ပင်၊ သင့်ကို သေခြင်းမှ ကယ်တင်နိုင်သည့် အင်အားစုတစ်ခု ရှိလျှင်၊ ဤအင်အားစုသည် သင့်တင့်လျောက်ပတ်သည့် အရာတစ်ခုမဟုတ်ဘဲ၊ စာတန်နှင့် သက်ဆိုင်ပေသည်။ သင် မည်သည့်အရာကို ပြောဆိုသင့်သနည်း။ “စာတန်၊ ထွက်သွားလော့။ သင်နှင့် ပတ်သက်မှု တစ်ခုတလေ ရှိခြင်းထက် ကျွန်ုပ် သေလိုက်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) “သင်၏ အင်အားစုများကြောင့် ကျွန်ုပ်အတွက် အသက်ရှင်ရန် မဖြစ်နိုင်သကဲ့သို့ ဘုရားသခင် ကျွန်ုပ်ကို စွန့်ပစ်သောကြောင့်လည်း ကျွန်ုပ် သေမည်မဟုတ်ပါ။ အရာရာသည် ဘုရားသခင် လက်ထဲတွင် ရှိပါသည်။ အသက်မွေးမှု ဖန်တီးရန်အလို့ငှာ မည်သည့် အင်အားစုကိုမျှ ကျွန်ုပ် အားကိုးပြီး၊ လိုက်လျောမှုများ ပြုလုပ်ရန် မဖြစ်နိုင်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတို့ ထိန်းသိမ်းသင့်သည့် စည်းမျဉ်း ဖြစ်သည်။ သင့်အနေဖြင့် အကျပ်အတည်းတစ်ခုတွင် မိမိကိုယ်ကို တွေ့ရှိရပြီး၊ တစ်စုံတစ်ဦးက လူ့အဖွဲ့အစည်းတွင် သင့်ကို ကယ်တင်နိုင်သည့် အင်အားစုတစ်စု ရှိသည်ဟု ဆိုပါက၊ ဤအင်အားစုက သင့်ကို ကယ်တင်ရာတွင် အောင်မြင်နိုင်သော်လည်း၊ သင့်အပေါ်၊ ခရစ်ယာန်များအပေဓ အသင်းတော်အပေါ်နှင့် ဘုရားအိမ်တော်အပေါ် ဂုဏ်သရေပျက်ခြင်းကို ဆောင်ကြဉ်းမည်ဖြစ်ပါက၊ ဘုရားအိမ်တော်ကို သိက္ခာကျစေမည်ဖြစ်ပါက၊ သင် မည်သို့ တုံ့ပြန်မည်နည်း။ လက်ခံမည်လော၊ ငြင်းပယ်မည်လော။ (ငြင်းပယ်ပါမည်။) သင် ငြင်းပယ်သင့်၏။ စည်းမျဉ်းအရ၊ ငါတို့သည် ရှင်သန်ရန် မည်သည့် အင်အားစုကိုမျှ မှီခိုခြင်း မရှိ။ ထို့ကြောင့်၊ မည်သည့် အခြေအနေများ သို့မဟုတ် အန္တရာယ်များသော အခြေအနေများ ငါတို့ ရင်ဆိုင်ရသည်ဖြစ်စေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားချက်များနှင့် အစီအစဉ်များမှအပ၊ အခြေခံအကျဆုံးသော အရာမှာ အန္တရာယ်များသည့် အကျပ်အတည်းများကို လွတ်မြောက်ရန် အစွန်းရောက်သည့် နည်းလမ်းအမျိုးမျိုး အသုံးပြုခြင်း စိတ်ကူးကို ငါတို့ လက်သင့်ပင် မခံသင့်ခြင်း ဖြစ်သည်။ လူတို့သည် တာဝန်များကို ဖြည့်ဆည်းကာ မိမိတို့ ပြုသင့်သည့် အားထုတ်မှုကို ပြုသည်နှင့်၊ ကျန်သည့်အရာများကို ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအတွက် ချန်ထားသင့်ပေသည်။ သင့်ကို ကယ်တင်နိုင်သည့် တရားမဝင် လူမှု အဖွဲ့အစည်းတစ်ခု ရှိသည်ဟု တစ်စုံတစ်ဦးက ပြောပါက၊ သင် လက်ခံသဘောတူမည်လော။ (လက်ခံသဘောတူမည် မဟုတ်ပါ။) အဘယ်ကြောင့် သဘောမတူမည်နည်း။ သင် အသက်မရှင်ချင်သလော။ သင်၏ အကျပ်အတည်းကို အလျင်အမြန် သင် မလွတ်မြောက်ချင်သလော။ သင်၏ အကျပ်အတည်းကို လွတ်မြောက်ပြီး၊ အသက်ရှင်နေရန် ကြိုးစားချိန်တွင်ပင်၊ ကျင့်အကြံပြုမူခြင်းအတွက် စည်းမျဉ်းများ ရှိရမည်။ သင် လုပ်ဆောင်သင့်သည့်အရာနှင့် မလုပ်ဆောင်သင့်သည့်အရာတို့ကို သင် သိရန် လိုအပ်သည်။ သင်၏ စိတ်နှလုံးတွင် ရှင်းလင်းနေသင့်ပြီး သင်၏ စည်းမျဉ်းများ မပျောက်ဆုံးသင့်ပေ။

လူတို့သည် မိမိတို့၏ ဘဝများတွင် ကြုံရသည့် မတူကွဲပြားသော အင်အားစုများမှလွဲ၍၊ အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများမှ ဝေးဝေးနေခြင်း ကိစ္စနှင့် စပ်လျဉ်း၍၊ လူ့အဖွဲ့အစည်းတွင် မကြာခဏ ထွက်ပေါ်သည့် အမျိုးမျိုးသော အင်အားစုများလည်း ရှိပေသည်။ အကြင်သူသည် ဤအရာများမှလည်း ဝေးဝေးနေသင့်ပေသည်။ ဘဝတွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ၊ ၎င်းတို့နှင့် ဆက်စပ်မှု သို့မဟုတ် ဆက်ဆံမှု တစ်ခုတလေ ရှိကြခြင်းကို ရှောင်ကြဉ်လော့။ သင်၏ ကိုယ်ပိုင်ဘဝနှင့် အလုပ်ကို ကိုင်တွယ်ကာ တစ်ချိန်တည်းတွင် ဤအင်အားစုများ၏ ရှိန်လောက်သော သွင်ပြင်ဖြင့် ခြိမ်းခြောက်ခြင်းမခံနှင့်။ သင်၏ စိတ်နှလုံးတွင် ၎င်းတို့ကို ငြင်းပယ်ကာ ကင်းအောင်နေစဉ်တွင်၊ ၎င်းတို့နှင့် ပတ်သက်သည့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရာတွင် ဉာဏ်ပညာကို ကျင့်သုံးကာ ၎င်းတို့ကို မပတ်သက်မိအောင် ရှောင်လော့။ ဤသည်မှာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် သင်၏ နောက်ထပ် အစားအစာအတွက်၊ သင်၏ အသက်မွေးဝမ်းကျောင်းအတွက်သာ ဤအရာ သင် လုပ်ဆောင်နေခြင်းဖြစ်သည်ကို သင်၏ စိတ်နှလုံးတွင် ရှင်းလင်းစေလော့။ သင်၏ ရည်ရွယ်ချက်မှာ ရိုးရှင်၏၊၊ အစားအစာနှင့် အဝတ်အစားရှိရန်ဖြစ်သည်၊ မည်သည့် အထူးသီးသန့် ရလဒ်အတွက်မျှ ၎င်းတို့ကို ဆန့်ကျင်ရန် မဟုတ်ပေ။ ၎င်းတို့က သင့်ကို အမှုအရာများ ပြောဆိုလျှင်ပင် သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုလျှင်ပင်၊ ဘာသာရေး ယုံကြည်မှုများက နှိပ်စက်ညှဉ်းပန်းခြင်းခံလာရသည့် နိုင်ငံ၊ ခရစ်ယာန်ဘာသာသည် နှိပ်စက်ညှဉ်းပန်းခြင်း ခံရပြီး လူအချို့က သင်၏ ယုံကြည်မှုကို လှောင်ပြောင်သည့်၊ ထိုအရာနှင့်ပတ်သက်၍ ငေါ့သော မှတ်ချက်များ ပြုသည့် သို့မဟုတ် ကောလာဟလများ ဖြန့်သည့် နိုင်ငံတစ်နိုင်ငံတွင် သင် ရှိလျှင်ပင်၊ သင် သည်းညည်းခံရုံသာ တတ်နိုင်သည်။ သင့်ကိုယ်သင် ကာကွယ်လော့၊ ဘုရားသခင်၏ ရှေ့မှောက်တွင် တည်ငြိမ်စွာ ရှိနေလော့၊ သူ့ကို မကြာခဏ ဆုတောင်းလော့၊ သူ၏ မျက်မှောက်တော်ထဲသို့ ပုံမှန် လာပြီး၊ ဤအင်အားစုများ၏ အပြင်ပန်း ကြီးမားခြင်း သို့မဟုတ် ပြင်းထန်ခြင်းတို့က သင့်အား ခြိမ်းခြောက်ခွင့်မပေးနှင့်။ သင်၏ စိတ်နှလုံး အတွင်းနက်နက်တွင်၊ ၎င်းတို့အပေါ် ချင့်ချိန်နိုင်စွမ်း ကျင့်သုံးခြင်းအပြင်၊ ၎င်းတို့ထံမှလည်း သင် ဝေးဝေးနေရမည်။ သင်၏ စကားများကို သတိပြုလော့၊ သင် ခြေလှမ်းလှမ်းပုံကို ဂရုစိုက်လော့၊ ၎င်းတို့နှင့် သင်၏ ဆက်ဆံမှုတွင် ငြိမ်းချမ်းစွာ အတူယဉ်တွဲနေခြင်းကို ထိန်းသိမ်းပြီး ဉာဏ်ပညာကို အသုံးပြုလော့။ ဤလက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများသည် သင် လိုက်လျှောက်သင့်သည့် စည်းမျဉ်းများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့နှင့် သင် ဝေးဝေး နေလိုသည်ဖြစ်စေ၊ ၎င်းတို့ကို ငြင်းပယ်လိုသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ စိတ်နှလုံးတွင် ၎င်းတို့ကို စက်ဆုပ်လိုသည်ဖြစ်စေ၊ အပြင်ပန်းတွင် သင် မည်သို့မည်ပုံဖြစ်သည်ဆိုသည်နှင့် ပတ်သက်၍ သင် ဉာဏ်အမြော်အမြင် ရှိသင့်ပေသည်။ ထိုအရာကို ၎င်းတို့အား သတိပြုမိခွင့် သို့မဟုတ် မြင်ခွင့်မပေးနှင့်။ သင်သည် အသက်မွေးမှုတစ်ခု ဖန်တီးရန်သာ သင် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့ကြား အသက်ရှင်ခြင်းသည် နောက်ဆုံး အားကိုးအားထားပြုခြင်းတစ်ခုဖြစ်ကြောင်းကို သင်၏ စိတ်နှလုံးတွင် ရှင်းလင်းနေလော့။ ပထမဦးစွာ၊ ၎င်းတို့နှင့် ဝေးဝေးနေရန် ကြိုးစားလော့။ ဥပဒေနှင့်ဆန့်ကျင်သော အပြုအမူ တစ်ခုတလေတွင် ၎င်းတို့ စုပေါင်းပါဝင်နေသည့်အခါတွင်၊ ၎င်းတို့ထံမှ သင် ဝေးဝေးနေပြီး ၎င်းတို့ကို ရှောင်းရှားသင့်ကာ ၎င်းတို့၏ ပြစ်မှုများတွင် ပါဝင်မှုတစ်ခုတလေ မရှိသင့်ပေ။ တစ်ချိန်တည်းတွင်၊ သင့်ကိုယ်သင် ကာကွယ်ကာ ပူးပေါင်းတိုက်ခိုက်ခံရခြင်း သို့မဟုတ် အမှုဆင်ခံရသော အချိုးမကျသည့် အခြေအနေထဲသို့ မိမိကိုယ်ကို မကျရောက်စေနှင့်။ ဤသည်မှာ ဖြစ်မြောက်အောင် လုပ်ဆောင်ရန် လွယ်ကူသလော။ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော လူအချို့သည် ဤရှုပ်ထွေးသည့် လူမှု ပတ်ဝန်းကျင်ထဲ ဝင်ရောက်ချိန်တွင် အခက်တွေ့ကောင်းတွေ့နိုင်ပေမည်။ သို့မဟုတ် လူအချို့သည် ဤအရာအတွက် အခက်အခဲတစ်ခုခု ထပ်ဆင့်လျက် အရည်အချင်းများ သို့မဟုတ် မီးစင်ကြည့်ကတတ်ခြင်း ကင်းမဲ့ကာ လူအချင်းချင်း ဆက်ဆံရေးများကို ကိုင်တွယ်ရာတွင် သိပ်ကျွမ်းကျင်ခြင်း မရှိ ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် မည်သို့ဆိုစေ၊ အမှုအရာတစ်ခုက ရှင်းလင်းသိသာပေသည်။ လက်တစ်ကမ်းတွင်ရှိသည့် အလုပ်တာဝန်ကို ပြီးစီးဖို့ သင်၏ ကိုယ်ရေးကိုယ်တာ တတ်စွမ်းနိုင်မှုများကို အသုံးပြုရန်မှာ သင့်အတွက် လုံလောက်ပေသည်။ မည်သူကိုမျှ စိတ်အနှောင့်အယှက်မပေးနှင့်။ ယုံကြည်ခြင်း၊ ကိုယ်ကျင့်တရား နယ်နိမိတ်များ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့သည့် မည်သူ့ကိုမျှအပေါ် အလွန် တောင်းဆိုခြင်း မပြုနှင့်။ စကားတစ်ခွန်း သို့မဟုတ် ဖြစ်ရပ်တစ်ခုကြောင့်၊ ၎င်းတို့ထံ မြင့်မားသည့် စည်းမျဉ်းများ မဟောပြောနှင့် သို့မဟုတ် ဘုရားသခင်၌ ယုံကြည်ခြင်း၊ မည်သို့ ကျင့်ကြံပြုမူရမည် သို့မဟုတ် အသိစိတ်နှင့် လူ့သဘာဝတို့ကဲ့သို့သော ကိစ္စရပ်များအကြောင်း မပြောဆိုနှင့်။ မလိုအပ်ပေ။ နားလည်သောသူတို့အတွက် သင်၏ အကြံကောင်းကို ချန်ထားလော့။ သားရဲတိရစ္ဆာန်များထက် ကောင်းမွန်ခြင်းမရှိသည့် သူများနှင့်ပတ်သက်၍ သမ္မာတရား ပါဝင်သည့် အရာများအကြောင်း ပြောဆိုခြင်းကို မဆိုထားနှင့်၊ လူသားစကားကိုပင် အသုံးမပြုနှင့်။ ဤသည်မှာ မိုက်မဲသည့် ဆောင်ရွက်ပုံနည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အင်အားကြီးမားသည့် အင်အားစုဖြစ်ပါက၊ ၎င်းတို့၏ သင်၏ ချဉ်းကပ်မှု နည်းလမ်းတွင်၊ သင်၏ စိတ်နှလုံး၌ ၎င်းတို့ကို ကင်းအောင်နေပြီး ငြင်းပယ်ရင်း၊ အပြင်ပန်းအားဖြင့်၊ ၎င်းတို့အပေါ် ဖော်ရွေပြီး၊ သင့်မြတ်သော ပြောဆိုပြုမူပုံကို ထိန်းသိမ်းသင့်သည်။ အစားအစား၊ အဝတ်အစားနှင့်ပတ်သက်သည့် သင်၏ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းကို ထိန်းသိမ်းခြင်း ရလဒ်ကို စွမ်းဆောင်ရရှိရန် ကြိုးပမ်းလော့၊ ယင်းမှာ လုံလောက်ပေသည်။ ထိုသို့သော အင်အားစု အမျိုးမျိုး လိမ်ယှက်နေသည့် ရှုပ်ထွေးသော အသက်ရှင်နေထိုင်မှု ဝန်းကျင်တွင်၊ သင့်အနေဖြင့် ဘုရားသခင်နောက်လိုက်သည့် သူ၊ သမ္မာတရား လိုက်စားသူ၊ သို့မဟုတ် ကောင်းမြတ်ပြီး ရိုးသားသည့ တစ်စုံတစ်ဦး ဖြစ်ကြောင်း သက်သေပြရန် တစ်ခုတလေတွင် သင် ပါဝင်သည်ကို ဘုရားသခင်သည် မလိုအပ်ပေ။ ထိုအစား၊ သင့်ကို ချိုးငှက်များကဲ့သို့ အဆိပ်ကင်းပြီး မြွှေများကဲ့သို့ လိမ္မာပါးနပ်ရန်၊ ဘုရားသခင်၏ ရှေ့မှောက် လာသည့်အချိန်တိုင်းတွင်၊ မိမိကိုယ်ကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေပြီး ဆုတောင်းရန်၊ ဘုရားသခင်အား သင့်ကို ကာကွယ်ခွင့်ပေးရန်နှင့် သင့်ကိုယ်သင် ကာကွယ်သည့် ရည်မှန်းချက်ကို ဖြစ်မြောက်အောင်လုပ်ဆောင်ရန် အလိုရှိပေသည်။ သင် စွမ်းဆောင်ရရှိသင့်သည့် တိကျသော ရလဒ်မှာ အဘယ်နည်း။ ဆိုးယုတ်သော လူများ၏ ကလိမ်ကျမှုကို ခံရခြင်းအား ရှောင်ရှားရန်၊ အမျိုးမျိုး ကွဲပြားခြားနားသော အင်အားစုများ၏ ငြိမ်တွယ်ခြင်းကို ရှောင်ရှားရန်နှင့် ၎င်းတို့၏ ဖိနှိပ်ခံ၊ ၎င်းတို့၏ စွန့်လွှတ်သည့် အသုံးခံ၊ ၎င်းတို့၏ ကြားကဒဏ်ခံရသူ သို့မဟုတ် ၎င်းတို့၏ အလှောင်ရယ်ခံသူ ဖြစ်မလာရန် ဖြစ်သင့်ပေသည်။ သင် ဘုရားသခင်ကို ယုံကြည်သည်ကို ၎င်းတို့ သိရှိသည့်အခါ၊ “ကြည့်ပါ၊ သူတို့သည် ဘာသာရေး ယုံကြည်သူတစ်ဦးဖြစ်သည်” သို့မဟုတ် “ထိုဘာသာရေးသမားကို ကြည့်ပါ၊ သူတို၏ ဘုရားသည် ဤသို့၊ ထိုသို့ဖြစ်သည်၊ သူတို့ ဘုရားကို သူတို့ တစ်ဖန် ဆုတောင်းပြီး သူတို့ ရှာထားသည့် ငွေကို ဘုရားသခင် ပေးထားခြင်း ဖြစ်သည်ဟု ပြောကြသည်”ဟု ဆိုလျက်၊ သင့်ကို ၎င်းတို့ လှောင်ရယ်ကြလိမ့်မည်။ ထို့ကြောင့် ယုံကြည်ခြင်းနှင့် ဆက်စပ်သည့် ဆွေးနွေးမှုများကို ၎င်းတို့နှင့် မပြုလုပ်နှင့်။ ၎င်းတို့ကို မည်သည့် ဩဇာမျှ မပေးနှင့်။ ၎င်းတို့နှင့် ရင်းရင်းနှီးနှီး ရောရောနှောနှော ဆက်ဆံခြင်း၊ ၎င်းတို့နှင့် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းခြင်း၊ သင် မည်မျှ ကောင်းသည်၊ သင် မည်မျှ ကောင်းသည့် လူတစ်ဦး ဖြစ်သည်ကို ၎င်းတို့အား ပြောစေခြင်း၊ ၎င်းတို့၏ လက်ခံမှုကို ရရှိခြင်းတွင် သင်၏ အားအင်တစ်ခုတလေမျှ ရင်းနှီးမြှုပ်နှံရန် မလိုအပ်ပေ။ ဤအရာများကို သင် မလိုအပ်ပေ။ တရားဝင် စီးပွားရေးကို ကိုယ်ကျင့်တရားကောင်းသော ပြုမူပြောဆိုပုံဖြင့် ကြည့်ရှုစောင့်ရှောက်လော့။ သင်သည် သာမန် ဝန်ထမ်းတစ်ဦး၊ အခြားသော လုပ်ငန်းအဖွဲ့ဝင်တစ်ဦးသာ ဖြစ်သည်။ ဘုရားသခင်သည် သင့်အား သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ကြားတွင် ဖြန့်ရန်၊ ၎င်းတို့ထံ သူ၏ သမ္မာတရားအကြောင်း မိတ်သဟာယပြုရန် မလိုအပ်ပေ။ ၎င်းတို့နှင့် သင် ကင်းအောင်နေရန်၊ မိမိကိုယ်ကို ကာကွယ်ရန်၊ ၎င်းတို့၏ လှုပ်လေမြှုပ်လေ အရှုပ်တော်ပုံထဲ သို့မဟုတ် စုံစမ်းသွေးဆောင်ခြင်း တစ်ခုတလေထဲ လှောင်ပိတ်မခံရန်နှင့် အထူးသဖြင့် အမျိုးမျိုး အငြင်းပွားမှုများတွင်၊ ၎င်းတို့ ဖန်တီးသည့် ပရမ်းပတာအခြေအနေတွင်၊ ၎င်းတို့၏ အကြံအစည်များနှင့် ထောင်ချောက်များ သို့မဟုတ် ခက်ခဲရှုပ်ထွေးသော အခြေအနေများတွင် မပတ်သက်မိရန် သူက သင့်ကို တောင်းဆိုပေသည်။ ဤအလုပ်အကိုင်တွင် သင်၏ ရည်ရွယ်ချက်ကို သင် တစ်ချိန်လုံး သတိပြုသင့်သည်။ ထိုအရာမှာ တိုးတက်မှု၊ ထိပ်ဆုံးသို့ ရောက်ခြင်း၊ ကြွယ်ဝချမ်းသာသည့် လူတစ်ဦး သို့မဟုတ် လူ့အဖွဲ့အစည်းထံ သင်၏ တန်ဖိုးကို ဗန်းပြခြင်းအကြောင်း မဟုတ်။ သင်၏ ခေါင်းဆောင်များ သို့မဟုတ် အထက်လူကြီးများကို အထင်ကြီးစေရန် တစ်ခုတလေကို လုပ်ဆောင်ခြင်းအကြောင်း မဟုတ်။ သင်၏ ရည်ရွယ်ချက်မှာ သင်၏ နေ့စဉ်အစာကို ရရှိရန်၊ သင်၏ အသက်မွေးဝမ်းကျောင်းကို ရရှိရန်၊ ဤလောကနှင့် ဤလူ့အဖွဲ့အစည်းတွင် ရှင်သန်နိုင်ရန်နှင့် ထို့နောက်တွင် သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့၊ သမ္မာတရားကို လိုက်စားကာ ကယ်တင်ခြင်းရရှိဖို့ အချိန်နှင့် အခြေအနေများ ရှိရန်ဖြစ်သည်။ ထို့ကြောင့် မည်သည့် အလုပ်ခွင့်တွင်မဆို၊ တိုးတက်ခြင်း၊ သက်ကြီးပညာရေး၊ နိုင်ငံခြား ပညာသင်ခြင်းများ၊ သင့်အထက်လူကြီး၏ အထင်ကြီးမှု၊ သို့မဟုတ် အထက် ခေါင်းဆောင်များ၏ အာရုံစိုက်မှုတို့အတွက်ပင် ကြိုးပမ်းရန် သင် မလိုအပ်ပေ။ ထိုအရာတစ်ခုမျှ သင် မလိုအပ်ပေ။ သင့်အနေဖြင့်၊ ရှင်သန်ရန်၊ သင်၏ အသက်မွေးဝမ်းကြောင်းကို ပံ့ပိုးရန် ကြိုးစားနေပါက၊ ထိုအရာများကို သင်၏ ဘဝမှ စွန့်လွှတ်နိုင်ပေသည်။ သင်၏ အလုပ်အကိုင် နယ်ပယ်အတွင်းတွင် သင့်ကိုယ်သင် ကာကွယ်ရန်သာ လိုအပ်သည်။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင်သည် သင့်အား များစွာ လုပ်ဆောင်ရန် မတောင်းဆိုပေ။ သင် လိုက်နာစောင့်ထိန်းသင့်သည့် စည်းမျဉ်းမှာ အမျိုးမျိုးသော အင်အားစုများနှင့် ကင်းအောင်နေရန်၊ မိမိကိုယ်ကို အဖိနှိပ်ခံစေခြင်း သို့မဟုတ် သင်၏ အသက်မွေးဝမ်းကျောင်းကို သင် ပံ့ပိုးနိုင်သည့် အတော်အတန် ရိုးရှင်းသော ပတ်ဝန်းကျင်တစ်ခုတွင် သင့်ကိုယ်သင် ချုံးချုံးကျသွားစေခြင်းအား ရှောင်ရှားရန် ဖြစ်သည်။ ဤသည်မှာ မိုက်မဲသည့် ဆောင်ရွက်ပုံနည်းလမ်းတစ်ခု ဖြစ်သည်။ သင်သည် အရိုးရှင်းဆုံးသော အလုပ် နည်းစနစ်များမှတစ်ဆင့် သင်၏ အသက်မွေးဝမ်းကျောင်းကို သိသိသာသာ ပံ့ပိုးနိုင်သည့်တိုင် ပဋိပက္ခများတွင် ပါဝင်ရန်၊ သင်၏ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းတို့နှင့် ဆက်စပ်မှုမရှိသည့် ကိစ္စရပ်များတွင် လုပ်ဆောင်ပတ်သက်ရန် သို့မဟုတ် ပါဝင်ရန် သင် မကြာခဏ လိုလားနေသည်။ ယင်းက အကျိုးဆက်အနေဖြင့် သင့်အား အမျိုးမျိုးသော ရှုပ်ထွေးသည့် လူသား အရေးကိစ္စများ၊ အမျိုးမျိုးသော လူမှုရေး အင်အားစုများနှင့်ဆိုင်သည့် ရှုပ်ထွေးသော ငြိတွယ်မှုများနှင့် သဘောကွဲလွဲမှုများထဲသို့ သင့်ကို ကျရောက်စေသည်။ ထို့ကြာင့် သင်၏ အခြေအနေများကို စီစဉ်ပေးခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်၍ မရပေ။ သင့်အနေဖြင့် မိမိကိုယ်ကိုသာ အပြစ်တင်ရန် ရှိသည်၊ သင်၏ ကျရှုံးခြင်းသည် သင် လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည်။ သင်သည် အလုပ်တွင် အလွန် အလုပ်များပြီး ပင်ပန်းကြောင်းကိုလည်းကောင်း၊ စုဝေးပွဲနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းအတွက် သင့်တွင် အချိန် မရှိကြောင်းကိုလည်းကောင်း သင် မကြာခဏ ပြောဆိုသည်။ အကြောင်းပြချက်များ မည်သည့်အရာဖြစ်စေ၊ ထိုသို့သော အခြေအနေများတွင် သင့်ကိုယ်သင် တွေ့ရှိရပါက၊ ဘုရားအိမ်တော်၏ ထုတ်ပယ်ခြင်းကို မကြာခင် ခံရလိမ့်မည်။ သင်၏ ကယ်တင်ခြင်း မျှော်လင့်ချက် ပျောက်ကွယ်လိမ့်မည်။ ယင်းမှာ သင်ကိုယ်တိုင် လျှောက်ခဲ့သည့် လမ်းကြောင်း၊ သင် ရွေးချယ်ခဲ့သည့် လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မာ နောက်ဆုံးတွင် သင် ရရှိမည့် ရလဒ်ဖြစ်သည်။ သင်၏ ပတ်ဝန်းကျင်တွင် ဘုရားသခင် မိတ်သဟာယပြုခဲ့သည့် စည်းမျဉ်းများအတိုင်း သင် လက်တွေ့လုပ်ဆောင်ပါက၊ သင့်ကိုယ်သင် ကောင်းစွာ ကာကွယ်ပြီး တည်ငြိမ်သည့် စိတ်နှလုံးဖြင့် ဘုရားသခင် ရှေ့မှောက်သို့ သင် လာနိုင်ပါက၊ အလုပ်နှင့် သင်၏ တာဝန် ဖြည့်ဆည်းခြင်းအား ဟန်ချက်ညီအောင် ထိန်းနေစဉ်တွင်၊ သင်သည် ကယ်တင်ခြင်း ရရှိမည့် အခွင့်အရေးတစ်ခု ရှိနေဆဲ ဖြစ်လိမ့်မည်။ သို့ရာတွင် ဤအတွက် မရှိမဖြစ် လိုအပ်ချက်မှာ လူ့အဖွဲ့အစည်းရှိ အမျိုးမျိုးသော အင်အားစုများနှင့် ကင်းအောင်နေရမည်၊ သင့် စိတ်နှလုံးကို တည်ငြိမ်စေရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင်၊ သင်၏ အစွမ်းအစများနှင့် အကန့်အသတ်ရှိသည့် နည်းလမ်းများ၏ နယ်ပယ်အတွင်းတွင်၊ သင်၏ တာဝန်ကို ဖြည့်ဆည်းကာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်လှမ်းနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်၏ မိသားစု အခြေအနေသည် မည်မျှ ခက်ခဲသည်ဖြစ်စေ၊ သင်၏ တစ်ဦးချင်း နည်းလမ်းများက မည်မျှ အကန့်အသတ်ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ ထိန်းသိမ်းမှု၊ ကောင်းချီးများနှင့် လမ်းပြမှုအောက်တွင်၊ သင်သည် နောက်ဆုံး၌ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းတစ်လျှောက် တစ်လှမ်းချင်း တက်လှမ်းနိုင်လိမ့်မည်။ ထို့နောက်တွင် သင်၏ ကယ်တင်ခြင်း မျှော်လင့်ချက်သည် သာ၍ အားကောင်းလိမ့်မည်။ သင်၏ တစ်ကိုယ်ရေ လိုက်စားမှုများ၊ အားထုတ်မှုများနှင့် အဖိုးအခပေးခြင်းတို့ကြောင့်၊ သင်သည်နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိကောင်းရရှိပေမည်။ သို့ရာတွင်၊ အချို့သည် လမ်းတစ်ဝက်တွင် လက်လျှော့ကောင်းလက်လျှော့နိုင်သည်။ ဤဘဝက အလွန် ငြီးငွေ့ဖွယ်ကောင်းကြောင်း၊ ၎င်းတို့သည် လောက၏ အဆက်အသွယ်ဖြတ်ခြင်းခံရကြောင်း၊ ၎င်းတို့၏ ဘဝသည် အထီးကျန်ကာ တစ်ကိုယ်တည်းဖြစ်ကြောင်း မြင်ကြပြီး၊ အမျိုးမျိုးသော ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခြင်း မရှိပါက၊ ၎င်းတို့တွင် လုပ်ဆောင်ရန် ဘာမျှမရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် တန်ဖိုးကို ရှာမတွေ့နိုင် သို့မဟုတ် ၎င်းတို့၏ တန်ဖိုးနှင့် အနာဂတ်ကို မမြင်နိုင်ကြကြောင်း ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်ကိုယ်တည်းနေခြင်း သို့မဟုတ် နှုတ်ဆိတ်နေခြင်းမရှိဘဲ လူ့အဖွဲ့အစည်းရှိ အမျိုးမျိုးသော အင်အားစုများနှင့် အဆင်ပြေရန် ရွေးချယ်လျက်၊ ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းများကို စွန့်ပစ်ကြလေသည်။ ၎င်းတို့သည် အသေးစိတ် အချက်တိုင်းအပေါ် အငြင်းပွားကြသည်၊ ရုန်းကန်လှုပ်ရှားခြင်းနှင့် ငြိတွယ်ခြင်းများတွင် ပါဝင်ပတ်သက်ကာ ၎င်းတို့နှင့် ငြင်းခုံကာ ခိုက်ရန်ဖြစ်ပွားကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ ဘဝများက ပြည့်ဝ၊ တန်ဖိုးရှိကာ ပျော်ရွှင်ချမ်းမြေ့ရသည်ဟု ခံစားလျက် အမျိုးမျိုးသော ပဋိပက္ခများထဲသို့ ကျရောက်သွားကြသည်။ ၎င်းတို့ အထီးမကျန်တော့ပေ။ ထိုသို့သော လူများ ရွေးချယ်ပြီးဖြစ်သည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လျစ်လျူရှုခြင်းနှင့် သမ္မာတရား မလိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်ကြပြီး ဖြစ်သည်။ ဤသည်မှာ အဆုံးသတ်ဖြစ်၏။ လမ်း၏ ဤအဆင့်ကို ရောက်ရှိပြီးချိန်တွင်၊ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်တစ်ခုမျှ မရှိတော့ချေ။ ထိုသို့ ဖြစ်သည် မဟုတ်လော။ ဤစကားများ ကြားပြီးနောက်တွင်ပင် အတော်နည်းပါးသော လူတို့သည် ယင်းတို့နှင့် ပတ်သက်၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အကောင်အထည်ဖော်ရန် အလွန်ခက်ခဲသည်ဟု မမြင်ကြချေ။ သို့ရာတွင် အတန်ငယ် လက်တွေ့လုပ်ဆောင်ပြီးနောက်၊ ၎င်းတို့က၊ “ဤကဲ့သို့ အသက်ရှင်ခြင်းသည် အလွန် ပင်ပန်းနွမ်းနယ်စရာ ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ့ကို သမားရိုးကျမဟုတ်သကဲ့သို့ မကြာခဏ မြင်ကြသည်။ ငါ့တွင် မိတ်ဆွေများ မရှိ၊ အပေါင်းအသင်း မရှိပါ။ အလွန် အထီးကျန်လွန်းသည်၊ တစ်ကိုယ်တည်းဖြစ်လွန်းပြီး၊ ငါ့ နေ့စဉ်ဘဝက ငြီးငွေ့ဖွယ်ဖြစ်သည်။ တကယ်ကို ကောင်းမွန်သည့်၊ ပျော်ရွှင်ချမ်းမြေ့ရသော ဘဝတစ်ခု မဟုတ်ဟု ငါ ခံစားရသည်”ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ယခင် ဘဝဆီသို့ တစ်ဖန် ပြန်သွားကြပြီး ထိုသို့သော လူများသည် ဖယ်ရှားခံရလေသည်။ ၎င်းတို့၏ ကယ်တင်ခြင်း မျှော်လင့်ချက် ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် အထီးကျန်ခြင်းကို သည်းညည်းမခံနိုင်သကဲ့သို့၊ ဤလူစုများအလယ်တွင် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အသက်ရှင်ခြင်းအတွက် လှောင်ပြောင်ခံရကာ အဆက်အသွယ်ဖြတ်ခံရခြင်းနှင့်ဆိုင်သည့် အခက်အခဲကိုလည်း သည်းမခံနိုင်ကြချေ။ ထိုအစား၊ ၎င်းတို့သည် အချင်းချင်း ဆန့်ကျင်တိုက်ခိုက်နေသည့် အမျိုးမျိုးသော အင်အားစုများအလယ် အသက်ရှင်ခြင်းကို ပျော်မွေ့ကာ မတူကွဲပြားသော အင်အားစုများနှင့် သဟဇာတဖြစ်ကြသည်၊ ထိုအင်အားစုများတွင် ပိတ်မိကြသည်၊ ၎င်းတို့နှင့် ခိုက်ရန်ဖြစ်ပွားကာ ၎င်းတို့ကို ဆန့်ကျင်ရုန်းကန်ကြလေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ရွေးချယ်ထားသူများနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုနိုင်သည်။ ဤတရားဒေသနာများကို ၎င်းတို့ ကြားပြီးနောက်တွင် ၎င်းတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျှင်ပင်၊ အမျိုးမျိုးသော အင်အားစုများနှင့် ကင်းအောင် နေခြင်းထက် ထိုအင်အားစုများနှင့် ပူးပေါင်းရန် ရွေးချယ်ကြဆဲ ဖြစ်သည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်းအတွက် ရည်ရွယ်ထားသည့် သူများမဟုတ်ကြောင်း သေချာသည်မှာ ပြောရန်ပင် မလိုပေ။ သို့ရာတွင်၊ သင်သည် လူ့အဖွဲ့အစည်းရှိ အမျိုးမျိုးသော အင်အားစုများနှင့် ကင်းအောင်နေခြင်း လမ်းကြောင်းကို ရွေးချယ်ကာ သင်၏ အသက်မွေးဝမ်းကျောင်းကို ပံ့ပိုးခြင်း အခြေအနေအောက်တွင် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဖြည့်ဆည်းပါက၊ အနည်းဆုံးအနေဖြင့်၊ ဤရွေးချယ်မှုအပေါ် အခြေခံ၍၊ သင်သည် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိပေသည်။ သင်သည် အခြေခံ မရှိမဖြစ် လိုအပ်ချက်များ ပိုင်ဆိုင်သည်။ သို့ဖြစ်၍ ကယ်တင်ခြင်းအတွက် ဤမျှော်လင့်ချက် တည်ရှိပေသည်။

အသင်းတော်တွင် ဖခင်က ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူဖြူတစ်ဦးနှင့် တနည်းနည်းဖြင့် ရင်းနှီးအကျွမ်းဝင်လာခဲ့သည့် တစ်စုံတစ်ဦး ရှိခဲ့ဖူးသည်။ အမှန်တွင်၊ ပါလီမန်အဖွဲ့ဝင်တစ်ဦး ဖြစ်ခြင်းသည် ထိုမျှ ကြီးမားသည့် ရာထူးမဟုတ်သော်လည်း၊ ဤလူသည် နိုင်ငံခြားက ပါလီမန် အဖွဲ့ဝင်တစ်ဦး၏ သားနှင့် အခေါ်အပြောလုပ်ရသည့်အပေါ် အင်မတန် ဂုဏ်ယူစရာတစ်ခုဟု ခံစားခဲ့သည်။ သူသည် အဆင့်အတန်းရှိသည့် လူတစ်ဦးဖြစ်သည်ဟု တွေးခဲ့သည်။ နောက်ပိုင်းတွင်၊ သူက၊ “ဤသည်မှာ ပါလီမန်အဖွဲ့ဝင်၏ သားဖြစ်သည်”ဟု ပြောလျက်၊ တွေ့သည့်သူတိုင်းကို မိတ်ဆက်ပေးရင်း၊ ဤပါလီမန်အဖွဲ့ဝင်၏ သားကို ဟိုသည်ပြသလေသည်။ ငါက၊ “ပါလီမန် အဖွဲ့ဝင်၏ သားလော။ သူ၏ ဖခင်သည် မည်သည့် ပါလီမန် အဖွဲ့ဝင်အဆင့် ဖြစ်သနည်း။ သင့်အတွက် သူ ဘယ်အရာ လုပ်ဆောင်ပေးနိုင်သနည်း”ဟု မေးခဲ့သည်။ သူက၊ “သူ၏ ဖခင်သည် ပါလီမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်”ဟု ပြန်ဖြေခဲ့သည်။ ငါက၊ “သူ၏ ဖခင်က ပါလီမန် အဖွဲ့ဝင်တစ်ဦး ဖြစ်ခြင်းသည် သင်နှင့် တစ်ခုတလေ ပတ်သက်မှုရှိပါသလော။ သင်သည် ပါလီမန် အဖွဲ့ဝင်တစ်ဦး မဟုတ်။ ထို့ကြောင့် ကြွားဝါခြင်းနှင့်ပတ်သက်၍ အဘယ်သို့ဖြစ်သနည်း”ဟု ပြောသည်။ ထိုလူသည် မိမိကိုယ်ကို အလွန် ကျေနပ်အားရနေခဲ့သည်။ သူသည် ပါလီမန် အဖွဲ့ဝင်တစ်ဦး၏ သားနှင့် အဆက်အသွယ်ရှိခဲ့သောကြောင့်၊ သူ သွားသည့်နေရာတိုင်းတွင် စိတ်ကြီးဝင်လျက် ပြုမူဆောင်ရွက်ပြီး၊ လမ်းတွင် ရင်းနှီးသည့် မျက်နှာများကို မြင်သည့်အခါ လျစ်လျူရှုသွားသည်။ လူတို့က၊ “အဘယ်ကြောင့် သင် ကျွန်ုပ်တို့ကို နှုတ်မဆက်သနည်း”ဟု မေးသည်။ သူက၊ “ကျွန်ုပ်သည် ပါလီမန်ဥက္ကဌ၏ သားနှင့် လမ်းလျှောက်နေသည်”ဟု ပြန်ဖြေခဲ့သည်။ သူ မည်မျှ ဂုဏ်မောင်သည်ကို သင် ယုံကြည်နိုင်ပါသလော။ ဤသည်မှာ မယုံကြည်သူတစ်ဦး ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်တွင် ထိုသို့သော လူများအတွက် နောက်ဆုံး ရလဒ်မှာ အဘယ်နည်း။ (ဖယ်ရှားခံရလိမ့်မည် ဖြစ်သည်။) ဤလူသည် မယုံကြည်သူနှင့် အခွင့်အရေးသမားတစ်ဦး ဖြစ်သည့်အတွက် ဘုရားအိမ်တော်က ဖယ်ရှင်းခံရမည်ဖြစ်သည်။ အဆင့်အတန်းနှင့် အင်အားစု ရှိပုံရသည့် မည်သူမဆိုကို၊ သူသည် အဖော်အဖက်ပြုပြီး၊ ဘုရားအိမ်တော်တွင် အင်အားစုရှိသည်ကို သူ မြင်ပါက၊ ထိုဘုရားအိမ်တော်ကို သူ တွယ်ကပ်သည်။ အကျိုးဆက်အနေဖြင့်၊ အချိန်တစ်ခုကြာ ဘုရားအိမ်တော်တွင် နေထိုင်ပြီးနောက်၊ ဤနေရာတွင် ငွေရှာရမည့်နည်းလမ်းမရှိကြောင်း သူ သဘောပေါက်သွားသည်။ ထို့ကြောင့်၊ အစားအစာ အိမ်တိုင်ရာရောက် ပို့ဆောင်သည့်အလုပ်တစ်ခုကို သူ ရှာတွေ့လေသည်။ သို့သော် ထိုအလုပ်က သူ့ကို လုံလောက်အောင် ဂုဏ်မတက်စေသကဲ့သို နောက်ပိုင်းတွင်၊ ပါလီမန် အဖွဲ့ဝင်၏ သားကို ဖော်လံဖားကာ ယခုတွင် သူသည် အဆင့်အတန်းတစ်ခု ရှိပြီဖြစ်ကာ အစားအစာ အိမ်တိုင်ရာရောက် ပို့ဆောင်ရန် မလိုအပ်တော့ဟု တွေးထင်နေလေသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ အသင်းတော်တွင် ဤကဲ့သို့သော လူတစ်စုရှိကြသည် မဟုတ်လော။ (ရှိပါသည်။) လူအချို့သည် အဆင့်အတန်း သို့မဟုတ် အင်အားရှိသည့် တစ်စုံတစ်ဦးကို သိရှိသောကြောင့်သက်သက် ဂုဏ်ယူကြသည်။ မိမိတို့တွင် တန်ဖိုးရှိပြီး၊ ကျန်သည့်လူများနှင့် ကွဲပြားသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ လူအချို့မှာ သေးငယ်သည့် အရာရှိ ရာထူးတစ်ခုနှင့် လိုက်ဖက်သည့် အင်းအားစုလေးတစ်ခု ရှိကြသည်။ သို့တိုင် မိမိတို့သည် အသင်းတော်ထဲရှိ အခြားသူများနှင့် ကွဲပြားခြားနားကာ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်သည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ ဤလူများသည် မယုံကြည်သူများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့နောက် စစ်မှန်သည့် အရှိန်အဝါ ကင်းမဲ့သော်လည်း၊ “သမ္မတကို ကျွန်ုပ်သိသည်” သို့မဟုတ် “သမ္မတ အတွင်းရေးမှူး၏ တစ်ဝမ်းကွဲ၏ မိတ်ဆွေနှင့် ငါသိသည်” ဟု ပြောလျက်၊ တစ်ချိန်လုံး ကြွားနေသောသူများ ရှိသည်။ သင်တို့ မြင်သလော၊ ၎င်းတို့သည် ထိုသို့သော ဉာဏ်မမီသော ပေါင်းသင်းဆက်ဆံမှုများကို ပြုလုပ်ကြကာ ထိုသို့သော အရာများ ပြောဆိုရန် ရဲတင်းမှု ရှိကြဆဲ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ အလွန် အရှက်မဲ့ရသနည်း။ ၎င်းတို့၏ ဇာတ်လမ်းမှာ အလွန် ရှုပ်ထွေးခက်ခဲလွန်း၍ မလိုက်နိုင်သည်မှာ မည်သူအကြောင်း ၎င်းတို့ အမှန်တကယ် ပြောနေသည်ကို မည်သူမျှ မသိကြသကဲ့သို့ အခြားသူတို့မှာ ဤအရာများအကြောင်းကို ဂရုမစိုက်ကြသောကြောင့် နားထောင်ရန် အလွန် စိတ်ဝင်စားခြင်း မရှိကြချေ။ ဤလူတို့ကသာ ထိုသို့ ကိစ္စရပ်များအား အရေးအကြီးဆုံး၊ အရေးအပါဆုံးနှင့် အထင်ကြီးစရာ အကောင်းဆုံးအဖြစ် ယူဆကြလေသည်။ လူအချို့က ၎င်းတို့သည် ဝန်ကြီးများ၊ ဒါရိုက်တာများ သို့မဟုတ် အဆင့်မြင့် အရာရှိများနှင့် ရင်းနှီးကျွမ်းဝင်သည်ဟု မကြာခဏ ပြောကြသည်။ အချို့မှာ “ဥပဒေစောင့်ထိန်းလိုက်နာသည့် လူ့အဖွဲ့အစည်းနှင့် ဒုစရိုက်လောက နှစ်ဖက်လုံးရှိ လူများနှင့် ကျွန်ုပ် သိသည်။ လမ်းကြောင်းနှစ်ခုလုံးကို ငါ ညီညာပြန့်ပြူးသော မြေပေါ်တွင် လျှောက်ရသလောက် အလွယ်တကူ လျှောက်သည်”ဟုပင် ပြောဆိုသည်အထိပင် လုပ်ဆောင်ကြလေသည်။ အခြားသူတို့က၊ “ကောင်တီ အကြီးအကဲ၏ ခယ်မကို ကျွန်ုပ် သိသည်”ဟု ပြောကောင်း ပြောမည်။ ပြီးလျှင် “အသင်းတော်မှ မြို့ဝန်၏ မိခင်၏ မိတ်ဆွေကို ကျွန်ုပ် သိသည်”ဟု အခိုင်အမာဆိုကြသည့် သူများ ရှိသည်။ ဤအရာများကို ကြွားပိုင်ခွင့်များအဖြစ် ၎င်းတို့ အသုံးပြုကြသည်။ ဤလူများကို သိကျွမ်းခြင်းသည် အဘယ် အသုံးဝင်သနည်း။ ၎င်းတို့က သင့်ကို တစ်စုံတစ်ရာ စွမ်းဆောင်ရရှိရန် ကူညီနိုင်သလော။ သင်သည် မြို့ဝန်တစ်ဦး၊ ဒါရိုက်တာတစ်ဦး၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦး သို့မဟုတ် အုပ်ချုပ်ရေးမှူး၏ မိခင် သို့မဟုတ် ဖခင်တစ်ဦးပင် ဖြစ်လျှင်ပင်၊ သင်၏ အဆင့်အတန်းသည် အသင်းတော်တွင် အသုံးဝင်မှုတစ်ခုတလေ ရှိသလော။ (မရှိပါ။) မြို့ဝန်များ၊ အုပ်ချုပ်ရေးမှူးများနှင့် ထိုသို့သောသူများသည် လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ထက် ကြီးမြတ်လာနိုင်သလော။ ထိုသို့သော အင်အားစုများကို ဤမယုံကြည်သူများက တန်ဖိုးထားသည့် အချက်သည် စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ (စက်ဆုပ်ဖွယ်ဖြစ်ပါသည်။) လူအချို့မှာ ရဲမှူးကြီးနှင့် သိသည်ဟုပင် ခိုင်ခိုင်မာမာဆိုကြပြီး၊ အခြားသူတို့မှာ၊ “ကျွန်ုပ်သည် ယခင်က ရပ်ရွာ ရဲအရာရှိတစ်ဦးနှင့် ဒေသခံ ဘူတာရုံရှိ ဘူတာရုံ အကြီးအကဲ တစ်ဦး ဖြစ်ခဲ့ဖူးသည်”ဟု ဆိုကြစဉ်တွင်၊ အခြားသူတို့က၊ “ကျွန်ုပ်သည် ရပ်ကွက်ရုံဥက္ကဌ ဖြစ်ခဲ့ဖူးပြီး၊ လက်ပတ်နီကို ဝတ်ဆင်ခဲ့သည်”ဟု ဆိုကြသည်။ ဤအင်အားစုဟုခေါ်သည့် အရာများအကြောင်း ၎င်းတို့ ပြောဆိုသည်ကို သင် ကြားရသည့်အခါ သင် မည်သို့ ခံစားရသနည်း။ သမ္မာတရား မလိုက်စားသကဲ့သို့ နာမည်ခံရုံမျှ ယုံကြည်သူဖြစ်ကြသည့် အချို့သော မယုံကြည်သူများသည် အလွန် နုံအကြသည်မှာ ထိုလူများ ပြောဆိုသည့် အရာက မှန်သည်လော၊ မမှန်သည်လောဆိုသည်ကို မသိကြချေ။ ထို့ကြောင့် ထိုအရာကို ၎င်းတို့က အဖြစ်မှန်ဟု သဘောထားကြပြီး ၎င်းတို့ကို အထင်ကြီးလေးစားကြလေသည်။ သို့ရာတွင် သမ္မာတရားကို လိုက်စားသော သူတို့အတွက်မူ၊ ဤအရာများကို ၎င်းတို့ ကြားသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့်အရာကို တွေးကြသနည်း။ ထိုလူများအပေါ် ၎င်းတို့၏ ဆန်းစစ်ချက်မှာ အဘယ်နည်း။ မြင်မြင်ချင်း ထိုသူတို့သည် မယုံကြည်သူများဖြစ်ကြောင်း၊ ထိုသူတို့ ပြောဆိုသမျှအားလုံးသည် အမျိုးမျိုးသော လောကီ အင်အားစုများနှင့် ကိစ္စရပ်များ ဖြစ်ကြောင်းနှင့် ဤအရာများကို ကြွားရန် ဘုရားအိမ်တော်ထဲသို့ ရောက်လာကြကြောင်း ၎င်းတို့ ခွဲခြားနိုင်ကြလေသည်။ အရာရှိ သို့မဟုတ် နာမည်ကျော်ကြားသူအချို့၏ အလှမ်းဝေးသည့် တွေးမျိုးများကို ၎င်းတို့ သိကြသည့် အချက်ကိုပင် မပြောနှင့်၊ ၎င်းတို့ ကိုယ်တိုင် တစ်ဦးတစ်ယောက်ဖြစ်လျှင်ပင်၊ ဘုရားအိမ်တော်၌ ၎င်းတို့ မည်သည့် တန်ဖိုးမျှ မရှိကြပေ။ ၎င်းတို့၏ ဂုဏ်ပုဒ်များနှင့် ရာထူးများသည် ဘာမျှ တန်ဖိုးမရှိကြ၊ ထို့ကြောင့် မည်သည့်အရာကို ၎င်းတို့ ကြွားနေကြသနည်း။ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် မိမိတို့ တာဝန်ကို စည်းမျဉ်းများအတိုင်း ဖြည့်ဆည်းနေကြသလော။ ၎င်းတို့ ဘာမျှမဟုတ်ကြသည့်တိုင် ကြွားရန် သတ္တိရှိကြသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ အော်ဂလီဆန်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်မျှ အော်ဂလီဆန်စရာ ဖြစ်သနည်း။ ဥပဒေနှင့် နှစ်ဖက်ခြမ်းလုံးနှင့် အဆက်အသွယ်ရှိခြင်းသည် ၎င်းတို့ ကြွားမည့် တစ်စုံတစ်ရာပင် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ကြွားသောလူတို့သည် နုံအကြသည် မဟုတ်လော။ မိုက်မဲကြသည် မဟုတ်လော။ (မိုက်မဲပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို ဒုက္ခရောက်စေဖို့ပင် မကြောက်ရွံ့ကြချေ။ ဥပဒေ၏ နှစ်ဖက်ခြမ်းလုံးနှင့် ပိတ်သက်ခြင်း။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် လူမိုက်တစ်ဦး ဖြစ်သည် မဟုတ်လော။ လူမိုက်များနှင့် လည်သော လုပ်ငန်းရှင်များသည် ဘုရားအိမ်တော်တွင် တန်ဖိုးထားခံရခြင်း မရှိ။ ၎င်းတို့သည် မယုံကြည်သူများနှင့် သက်ဆိုင်ပြီး နှင်ထုတ်ခံရသင့်ပေသည်။ သို့တိုင် ဤအရာကို ကြွားပိုင်ခွင့်များအဖြစ် ၎င်းတို့ အသုံးပြုကြဆဲ ဖြစ်သည်။ ဤသည်မှာ ဉာဏ်နုံအခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဂုဏ်ယူရမည့် တစ်စုံတစ်ရာ ဖြစ်သလော။ ထိုအကြောင်းကိုပင် ၎င်းတို့ ကြွားကြသည်။ လူအချို့မှာ မိမိတို့ လက်ကောက်ဝတ်များတွင် ကြီးမားသည့် ရွေချိန်းကြိုးများ ဝတ်ဆင်ကြကာ၊ ၎င်းတို့ အရက်မူးသည့်အခါ၊ “ကျွန်ုပ်၏ ဘိုးဘေးများသည် သင်္ချိုင်းဖောက်သူများဖြစ်ပြီး၊ ဤအရာတွင် ၎င်းတို့၏ ကျွမ်းကျင်မှုပညာများကို ကျွန်ုပ် မိသားစုထံ မျိုးဆက်ချီ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ် လက်ကောက်ဝတ်ရှိ ဤကြီးမားသည့် ချိန်းကြိုးများကို ကြည့်ပါ၊ ပြီးခဲ့သည့် တစ်ည ထိုထိုသာ ရက်စွဲတွင် ခမ်းနားကြီးကျယ်သည့် သင်္ချိုင်းဂူတစ်ခုခုတွင် ကျွန်ုပ် ရှာတွေ့ခဲ့ပြီး ကိုယ်တိုင်အတွက် ယူခဲ့ခြင်း ဖြစ်သည်။ အဘယ်သို့နည်း။ အထင်ကြီးဖွယ်ဖြစ်သလော”ဟု ဆိုလျက်၊ လူတို့ကို ကြွားဝါကြလေသည်။ လူအချို့က ဤအရာကို ကြားပြီး၊ ၎င်းတို့ကို တိုင်ကြားကာ မည်သည့် ဥပဒေကို ချိုးဖောက်မိမှန်းပင် သဘောမပေါက်လိုက်ဘဲ ၎င်းတို့ အဖမ်းခံလိုက်ရလေသည်။ လူတို့က ၎င်းတို့အား၊ “သင်၏ လက်ကောက်ဝတ်ရှိ ထိုရွှေချိန်းကြိုးသည် ဤခေတ်ကာလမှ ဖြစ်သလော။ ထိုအရာသည် ရှေးပစ္စည်းတစ်ခု ဖြစ်သည်”ဟု ဆိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို နုံအစွာ အပြစ်ကျူးလွန်သူဖြစ်ကြောင်း ထွက်ဆိုမိကြလေသည်။ မည်သည့်အခါတွင်မျှ မဖြစ်ခဲ့သည့် အရာများအကြောင်းကို ကြောင်းကျိုးမမြင်ဘဲ မကြွားနှင့်။ ရဲများကို ဆွဲဆောင်မိပြီး ဒုက္ခမရောက်ရန် ဂရုစိုက်လော။ အမှုအရာများအကြောင်း ကြွားရင်း ဒုက္ခရောက်သွားဖို့ လွယ်ပေသည်။ မီးနှင့် ဆော့ကစားပါက၊ မီးလောင်ရန် အလားအလာများပြီး သင်သည် မိမိကိုယ်ကို ပျက်စီးစေမိသွားလိမ့်မည်။ ယင်းမှာ သင့်ကိုယ်ပိုင် လုပ်ဆောင်ချက် ဖြစ်သည်။ မည်သည့် အရာပြောဆိုရန်ကိုပင် သင်မသိ၊ ထိုအရာကို သင် ခွဲခြားမရနိုင်ပေ။ ဤသည်မှာ ဉာဏ်နုံ့နှေးခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်ထိုင်တည်း ဘန်းမုန့် အလုံးနှစ်ဆယ်ကို သင် စားနိုင်ခြင်းအကြောင်း သင် ကြွားပါက၊ ကိစ္စမရှိ။ ထိုအရာသည် စည်းမျဉ်း ချိုးဖောက်ခြင်းနှင့် မသက်ဆိုင်ပေ။ အလွန်ဆုံးအနေဖြင့်၊ လူတို့က သင်သည် မိုက်မဲသည်ဟုသာ တွေးပြီး သင့်ကို အလေးအနက် သဘောထားကြလိမ့်မည် မဟုတ်သော်လည်း၊ ထိုအရာမှာ ဥပဒေကို မဆန့်ကျင်ပေ။ အမျိုးမျိုးသော အင်အားစုများနှင့် ဝေးဝေးနေခြင်း စည်းမျဉ်းသည် အခြေခံအားဖြင့် လူ့အဖွဲ့အစည်း၏ နေရာတိုင်းနှင့် သင့်ကိုယ်သင် တွေ့ရှိရသည့် မည်သည့် အဖွဲ့တွင်မဆို ဉာဏ်ပညာရှိရန် လိုအပ်ခြင်းအကြောင်း ဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်က၊ “သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့” (ရှင်မဿဲခရစ်ဝင် ၁၀:၁၆)ဟု ကျေးဇူးတော်ခေတ်တွင် ပြောသကဲ့သို့ ဖြစ်သည်။ မိမိကိုယ်ကို ကောင်းစွာ ကာကွယ်လော့။ သင်၏ အသက်မွေးဝမ်းကျောင်းကို သင် ပံ့ပိုးနိုင်သရွေ့၊ ယင်းမှာ လုံလောက်ပေသည်။ လူမှုအဖွဲ့အစည်းတွင် ၎င်းတို့၏ တစ်စိတ်တစ်ပိုင်းဖြစ်လာလျက်၊ ၎င်းတို့၏ အသိအမှတ်ပြုခြင်းနှင့် ဝင်ရောက်ခွင့်ကို ရရှိလျက်၊ မိမိကိုယ်ကို ထူထောင်ရန်၊ ကြိုးပမ်းခြင်း မပြုနှင့် သို့မဟုတ် လူမှုရေးဆိုင်ရာ အင်အားစုများကို အသုံးချခြင်းနှင့် ပတ်သက်၍ ထင်ယောင်ထင်မှားဖြစ်ခြင်းများ မရှိနှင့်။ ဤသည်တို့မှာ မိုက်မဲသော စိတ်ကူးများနှင့် ယိုယွင်းသော အတွေးများ ဖြစ်သည်။ လူသားများ၏ ရှုထောင့်အမြင်များကို အမှန်ပြင်ပေးသင့်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို မည်သည့် ပတ်ဝန်းကျင် သို့မဟုတ် လူအစုတွင် တွေ့ရှိရသည်ဖြစ်စေ၊ ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့ လိုက်လျှောက်သရွေ့၊ ထိုအရာက လူ့အဖွဲ့အစည်း သို့မဟုတ် လူသားမျိုးနွယ်၏ ငြင်းပယ်မှု ခံရခြင်းအဖြစ်သို့ ဆိုက်ရောက်စေလိမ့်မည်။ သို့ရာတွင် ဘုရားသခင်က သင့်ကို ဝင်သက်ထွက်သက် ပေးသရွေ့၊ ရှင်သန်ရန် နည်းလမ်းမရှိဘဲ သင့်ကို ချန်ထားရစ်မည် မဟုတ်။ သင့်ထံတွင် ထိုသို့သော စိတ်ချယုံကြည်မှုမျိုး ရှိရမည်။ လူတို့၏ဘဝများသည် မိမိတို့၏ ဘေးကင်းလုံခြုံမူ၊ အသက်မွေးဝမ်းကျောင်းများ၊ အနာဂတ် သို့မဟုတ် မိမိတို့ ပိုင်သမျှတိုင်းကို သေချာစေရန်မှာ အမျိုးမျိုးသော အင်အားစုများအပေါ် မမူတည်ပေ။ ထိုအရာများသည် ဘုရားသခင်ထံမှလာသော နှုတ်ကပတ်တစ်ခွန်းအပေါ်၊ သူ၏ စီမံခြင်း၊ လမ်းပြခြင်းနင့် ကွယ်ကာမှုတို့အပေါ် အမှီပြုပေသည်။ ဤစိတ်ချယုံကြည်မှုသည် သင့်အတွက် ရှိကိုရှိရမည့်အရာ ဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတွင် ရှင်သန်ရန်၊ သင်၏ အခြေခံကျသော ရှင်သန်မှု နည်းလမ်းများမှာ မည်သည့် အင်အားစု အမျိုးအစားတစ်ခုတလေအပေါ် မှိခိုအားထားခြင်းထက် သင်၏ အသက်မွေးဝမ်းကျောင်းကို ပံ့ပိုးရန် အလုပ်အကိုင်တစ်ခု ရွေးချယ်ရန် ဖြစ်သင့်ပေသည်။ မိမိကိုယ်ကို ထောက်ပံ့ရန် အလုပ်အကိုင်တစ်ခုကို မှီခိုခြင်း။ ဤစည်းမျဉ်းမှာ ဘုရားသခင်၏ လမ်းပြမှုနှင့် စီမံမှုအောက်တွင် လူတို့သည် မိမိတို့ တစ်ဦးချင်း၏ အသက်မွေးဝမ်းကျောင်းကို ဖြည့်ဆည်းရန် အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများထံမှ ပေးကမ်းစွန့်ကြဲခြင်း သို့မဟုတ် ပံ့ပိုးခြင်းတို့အပေါ် မှီခိုခြင်းမရှိဘဲ၊ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများနှင့် ငွေကြေးအပါအဝင် ၎င်းတို့ကို ဘုရားသခင် ပေးထားပြီးဖြစ်သည့် အရာရာတိုင်းကို မွေ့လျော်ကြခြင်း ဖြစ်သည်။ သင်ရှင်သန်သည့် နေ့စဥ်တွင် သင် မှီခိုသည့် ရုပ်ဝတ္ထု ပစ္စည်းများနှင့် ငွေးကြေးအားလုံးသည် သင် ရှူသည့် ထွက်သက်ဝင်သက်မျှလောက်ပင် ဘုရားသခင်ထံမှ လာ၏၊ သူ ပေးထားခြင်းဖြစ်ပြီး၊ သင့်ကို ဘုရားသခင် ပေးထားပြီးဖြစ်သည့်အရာကို မည်သူကမျှ ယူဆောင်သွား၍ မရနိုင်ပေ။ ရုပ်ဝတ္ထုပစ္စည်းများ၊ သင်၏ ထွက်သက်ဝင်သက်ကဲ့သို့ပင် သင်၏ ခန္ဓာကိုယ်အတွက် အပြင်ပန်းအရာ တစ်ခုတလေသည် အခြားတစ်ဦးတလေ၏ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် ပေးထားခြင်း မဟုတ်သကဲ့သို့ မည်သူကမျှ ယူဆောင်သွား၍ မရသည်မှာလည်း အမှန်ပင်ဖြစ်၏။ ဘုရားသခင်က ထိုအရာများကို သင့်အား ပေးထားပြီးဖြစ်ပါက၊ မည်သူကမျှ ယူဆောင်သွား၍ မရနိုင်ပေ။ ဤအချက်ကို ယောဘ၏ အတွေ့အကြုံများတွင် ငါတို့ တွေ့နိုင်ပြီး၊ သင့်အနေဖြင့် ဤစိတ်ချယုံကြည်မှုမျိုး ရှိသင့်သည်။ ဤစစ်မှန်သည့် စိတ်ချယုံကြည်မှုဖြင့်၊ သင့်အနေဖြင့် အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများမှ ဝေးဝေးနေခြင်းနှင့် ဆိုင်သော စည်းမျဉ်းကို ထိန်းသိမ်းရန် အုတ်မြစ်ဆိုင်ရာ အခြေခံအကြောင်းရင်းနှင့် စိတ်လှုံ့ဆော်မှု ရှိလိမ့်မည် ဖြစ်သည်။ ထို့နောက်၊ ဤအခြေခံအုတ်မြစ်ပေါ်တွင်၊ သင်၏ ခန္ဓာနှင့် စိတ်သည် ဘုရားသခင် ရှေ့မှောက်တွင် တည်ငြိမ်နိုင်သည်၊ သူ့ရှေ့မှောက်သို့ သင် လာနိုင်ပြီး၊ သင်၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ကို ပူဇော်ဆက်ကပ်နိုင်သည်၊ သင်၏ တာဝန်ကို ဖြည့်ဆည်းနိုင်သည်၊ သမ္မာတရားကို လိုက်စားနိုင်ပြီး ကယ်တင်ခြင်းနှင့်ဆိုင်သည့် နှစ်သက်ဖွယ်သော ရလဒ်ကို ရရှိနိုင်ပေသည်။ သင်သည် ဤအသိပညာကို ပိုင်ဆိုင်ကာ ဤသမ္မာတရားများကို နားလည်သင့်သည်။ ထို့ကြောင့်၊ “အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများနှင့် ဝေးဝေးနေခြင်း”ဟူသည့် စကားရပ်သည် လွယ်ကူမည်ပုံရစဉ်၊ ကိစ္စရပ်များကို ရင်ဆိုင်နေရချိန်တွင် အမျိုးမျိုးသော စည်းမျဉ်းများနှင့် လက်တွေ့ကျသည့် အခြေအနေများအပေါ် အခြေခံ၍ သင်၏ ဆုံးဖြတ်ချက်များကို သင် ချိန်ဆရမည်။ တိုတိုပြောရလျှင်၊ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ တကယ်ကို ၎င်းတို့နှင့် ကင်းအောင်နေရန်နှင့် ၎င်းတို့မှ ခွဲထွက်ရန် မဟုတ်ဘဲ၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း ရရှိရန်၊ သူ့ထံ သင်၏ ခန္ဓာနှင့် စိတ်ကို ပူဇော်ဆက်ကပ်ရန်နှင့် သူ့ရှေ့မှောက်သို့ ရောက်လာရန်၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ် အစပြုကာ နောက်ဆုံးတွင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်နှင့် သင်၏ စိတ်ဆန္ဒများ အကောင်အထည်ဖော်ခြင်းကို ရရှိရန် အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများနှင့် ဝေးဝေးနေခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု နည်းစနစ်နှင့် လမ်းကြောင်းတို့ကို အသုံးပြုရန် ဖြစ်သည်။ သို့ဖြစ်၍၊ ဤနောက်ဆုံး ကယ်တင်ခြင်းကို ရရှိရန်၊ အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများနှင့် ဝေးဝေးနေခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းကို သင် လိုက်လျှောက်ရမည်။ ဤသည်မှာ လိုအပ်သော လမ်းကြောင်းတစ်ခု၊ ကယ်တင်ခြင်း ရရှိခြင်းအတွက် အရေးပါသော လမ်းကြောင်းများထဲမှ တစ်ခု ဖြစ်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများနှင့် ဝေးဝေးနေခြင်းနှင့်ဆိုင်သော စည်းမျဉ်းအကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ ဤစည်းမျဉ်းနှင့် ပတ်သက်၍ သင်တို့အတွက် မရှင်းလင်းဘဲ ကျန်ရှိနေသည့်အရာ တစ်ခုတလေ ရှိသလော။ အချို့သော ထူးခြားသည့် အခြေအနေများနှင့် ပတ်သက်လာသည့်အခါ၊ ယင်းတို့အား မည်သို့ ချဉ်းကပ်ရမည်ကို သင်တို့ သိကြသလော။ အင်အားစု တစ်ခုခုကို ပူပေါင်းခြင်းသည် အလုပ်အကိုင်တစ်ခုခု၏ လုပ်ရိုးလုပ်စဉ်တစ်ခု သို့မဟုတ် လိုအပ်မှုတစ်ခု ဖြစ်ပါက၊ ဤသည်မှာ အမျိုးမျိုးသော လူမှုရေးဆိုင်ရာ အင်အားစုများနှင့် ဝေးဝေးနေခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းကို ဆန့်ကျင်ပါသလော။ ထိုအရာသည် သင်၏ အလုပ်အကိုင်အတွင်းတွင်သာ လိုအပ်မှု သို့မဟုတ် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ပါက၊ လက်ခံနိုင်ဖွယ်ဖြစ်သည်။ ငါတို့ ပြောသည့် အင်အားစုများသည် ဤအရာနှင့်၊ အပေါ်ယံ အဖွဲ့အစည်းများ သို့မဟုတ် အုပ်စုများနှင့် ဆက်စပ်မှု မရှိပေ။ ဤနေရာတွင် အင်အားစုများကို ငါတို့ ဆွေးနွေးနေခြင်း ဖြစ်သည်။ “အင်အားစုများ”သည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ အာဏာပိုင်များ၊ အုပ်စုများထဲရှိ အင်အားနှင့် ဤအရာများ လည်ပတ်လုပ်ဆောင်သည့် သို့မဟုတ် လူ့အဖွဲ့အစည်းတွင် ဒေါသတကြီး လျှောက်ရမ်းနေသည့် အင်အားကို ရည်ညွှန်းပေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းကို သင် နားလည်ပြီးဖြစ်ပါက၊ နောက်တစ်ခုကို ဆက်လက် မိတ်သဟာယပြုကြစို့။

စတ္တုထမြောက် စည်းမျဉ်းမှာ နိုင်ငံရေးနှင့် ဝေးဝေးနေရန် ဖြစ်သည်။ နိုင်ငံရေးသည် သတိထားဆင်ခြင်ရသော အကြောင်းအရာတစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်တွင်၊ အကြင်မည်သော ခေါင်းဆောင်အချို့အကြောင်း၊ နိုင်ငံရေး၊ သို့မဟုတ် လက်ရှိ နိုင်ငံရေးဆိုင်ရာ အရေးကိစ္စများကို အသင်းတော်ထဲတွင်ပင် ဆွေးနွေးခြင်းက လူအတော်များများထံမှ ဝေဖန်မှုကို ရခဲ့သည်။ နိုင်ငံရေးကို တင်ပြသည်နှင့် များစွာသောသူတို့သည် ထွက်သွားရန် ဆင်ခြေတစ်ခု ရှာပြီး၊ “နိုင်ငံရေးကို တင်ပြခြင်းသည် ပါတီနှင့် လူမျိုးကို သင် ဆန့်ကျင်သည့် သဘောဖြစ်သည်။ သင်သည် တန်ပြန်တော်လှန်ရေးသမားတစ်ဦးဖြစ်ပြီး၊ အဖမ်းခံရလိမ့်မည်။ ရောင်းရင်း ညီအစ်ကို မောင်နှမများကြောင့် မဟုတ်လျှင်၊ ကျွန်ုပ် သင့်ကို တိုင်ကြားမည်ဖြစ်သည်”ဟု ဆိုလျက်၊ ထိုသို့သော အကြောင်းအရာများကို မဆွေးနွေးဝံ့ကြချေ။ ထိုစဉ်အချိန်က၊ လူတို့သည် နိုင်ငံရေးနှင့်ပတ်သက်၍ အထူး သတိထားဆင်ခြင်ရသည်။ ယခုတွင် အလားတူ ဖြစ်နေဆဲလော။ အသင်းတော်အတွင်းတွင် နိုင်ငံရေးကို ဆွေးနွေးပါက၊ သို့မဟုတ် ဖော်ထုတ်ပါက၊ အဆင်းနီသော နဂါးကြီးနှင့် စာတန်တို့ ထုတ်ဖော်ပြခြင်းခံရကြပါက၊ သို့မဟုတ် နိုင်ငံရေးနှင့်ဆိုင်ပုံရသည့် အကြောင်းအရာများ တင်ပြခြင်းခံရပါက၊ လူအများစုသည် ဤသဘောထားကို ကိုင်စွဲကြဆဲဖြစ်သလော။ အပြောင်းအလဲအချို့ ရှိပြီး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လွန်ခဲ့သော စုဝေးပွဲများတွင်၊ မည်သည့် မကောင်းဆိုးဝါးများက ဘုရားသခင်ကို ဆန့်ကျင်နေကြသည်၊ သို့မဟုတ် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းနေကြသည်ဆိုသည်တို့ကဲ့သို့သော အရာများအကြောင်း ငါတို့ ဆွေးနွေးပြောဆိုခဲ့ချိန်တွင်၊ လူအချို့သည် ၎င်းတို့ လည်ချောင်းတွင် တစ်စုံတစ်ရာ ထစ်နေသည့်အလား ချောင်းဆိုးကြပြီး၊ မိမိတို့၏ လည်ချောင်းများကို ရှင်းရန် အပြင်ထွက်တတ်ကြသည်။ အတန်ငယ်ကြာပြီးနောက်၊ ၎င်းတို့က အနည်းငယ် နားထောင်ပြီး၊ “ဪ၊ တန်ပြန်တောင်လှန်ရေး ဆွေးနွေးမှုက ရပ်သွားပြီပဲ”ဟု မိမိတို့ဘာသာ တွေးကြပြီး၊ ပြန်လာကြလေသည်။ သို့ရာတွင် ၎င်းတို့ ပြန်လာကြပြီး သင်တို့က ထိုအရာကို ဆွေးနွေးနေကြဆဲဖြစ်သည်ကို မြင်သည့်အခါ၊ တစ်ဖန် ချောင်းစဆိုးပြီး ထွက်သွားကြသည်။ ငါ တွေးမိ၏၊ အဘယ်ကြောင့် ၎င်းတို့ ချောင်းဆိုးမြဲဆိုးနေကြသနည်း။ စာတန်ကို ပိုင်းခြားသိမြင်ပုံနှင့် ၎င်း၏ အနှစ်သာရနှင့် မသတီစရာ မျက်နှာအား ထုတ်ဖော်ပြခြင်းကို ငါတို့ ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတစ်ခုလော။ (မဟုတ်ပါ။) မိုက်မဲသောလူအချို့၊ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သည့် ဝိညာဉ်ရေးရာ ပြည့်ဝသော လူများဟု ခေါ်သူတို့သည် ဤအကြောင်းအရာများကို ပြင်းပြင်းထန်ထန် အတိုက်အခံလုပ်ခဲ့ကြသည်။ အမှန်တရားနှင့် အဖြစ်မှန် နိုင်ငံရေးဆိုင်ရာ ပါဝင်ပတ်သက်မှုကြား ၎င်းတို့ မခွဲခြားနိုင် သို့မဟုတ် “တန်ပြန်တော်လှန်ရေးသမားများ”ဟု ဆိုခြင်းအားဖြင့် ကွန်မြူနစ်ပါတီက မည်သည့်အရာအား ရည်ရွယ်သည်ကို ၎င်းတို့ နားမလည်နိုင်ကြချေ။ ၎င်းတို့သည် မသိနားမလည်ကြ၊ ကွန်မြူနစ်ပါတီ၏ ဦးနှောင်ကျင်းခြင်းခံရပြီး၊ ၎င်းတို့ ကိုယ်တိုင်အားလည်း တန်ပြန်တော်လှန်ရေးသမားများအဖြစ် ယူဆခံရမည်ကို စိုးရွံ့ကြလေသည်။ အဆင်းနီသော နဂါးကြီးကို ဖော်ထုတ်သည့် အကြောင်းအရာအား ၎င်းတို့ မဆွေးနွေးဝံ့ သို့မဟုတ် မဖော်ပြဝံ့ခဲ့ကြချေ။ အဆင်းနီသော နဂါးကြီးကို ဖော်ထုတ်ခြင်းသည် နိုင်ငံရေးတွင် ပါဝင်ခြင်း ဖြစ်သလော။ အဆင်းနီသော နဂါးကြီးကို စွန့်လွှတ်ခြင်းသည် တန်ပြန်တော်လှန်ရေးသမား ဖြစ်သလော။ (မဟုတ်ပါ။) ယခု သင်တို့သည် မဟုတ်ဟု ပြောဝံ့ကြသော်လည်း၊ တရုတ်ပြည်မတွင် ထိုသို့သောအရာကိုပင် ပြောဝံ့ကြမည်လော။ ဘုရားသခင်နောက်လိုက်သူများသည် ပါတီနှင့် အစိုးရကို ဆန့်ကျင်ပြုမူဆောင်ရွက်သည့် နိုင်ငံရေး ရာဇဝတ်သားများ ဖြစ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်ဟု သင်တို့ ဆိုကြသနည်း။ နိုင်ငံရေး ရာဇဝတ်သားတစ်ဦးသည် အဘယ်အရာဖြစ်သနည်း။ နိုင်ငံရေးတွင် သင် ပါဝင်ပြီလော။ (မပါဝင်ပါ။) နိုင်ငံရေးတွင် သင် မပါဝင်ပါက၊ နိုင်ငံရေး ရာဇဝတ်သားတစ်ဦး အဘယ်သို့ ဖြစ်လာခဲ့သနည်း။ (နာမည်ကို အဆင်းနီသော နဂါးကြီးက အသုံးပြုခြင်း ဖြစ်ပါသည်။) သင်သည် ခိုးမှုတွင် ပါဝင်ပတ်သက်မိပါက၊ သင်သည် သူခိုးတစ်ဦး ဖြစ်၏။ သင်သည် လူသတ်မှုတွင် ပါဝင်ပါက၊ လူသတ်သမားတစ်ဦး ဖြစ်သည်။ လုယက်မှုတွင် ပါဝင်ပါက၊ သူခိုးဓားပြတစ်ဦး ဖြစ်သည်။ ဤစွပ်စွဲချက်များသည် မည်သည့် အခြေခံအကြောင်းရင်းပေါ် တည်ဆောက်ထားသနည်း။ သင့်အနေဖြင့် ဤပြစ်မှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်သည့်အခါတွင် ဤစွပ်စွဲချက်များ အခြေခိုင်ခြင်းဖြစ်ပြီး၊ သင်သည် ထိုပြစ်မူဆိုင်ရာ အပြုအမူကို ကျူးလွန်သောသူ ဖြစ်လာပေသည်။ သို့ရာတွင် သင် မပါဝင်ပါက၊ ဤပြစ်မှုနှင့် စွပ်စွဲချက်တို့သည် သင်နှင့် ဘာမျှ ပတ်သက်ခြင်း မရှိပေ။ သင်သည် စာတန် သို့မဟုတ် ပါတီနောက်လိုက်ခြင်း မရှိပါက၊ ကွန်မြူနစ်ပါတီကို ဆန့်ကျင်ပါက၊ အဆင်းနီသော နဂါးကြီးကို ဆန့်ကျင်ပြီး မုန်းတီးပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်နောက်သို့လိုက်ပါက၊ နိုင်ငံရေးတွင် သင် ပါဝင်နေခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့က သင့်အား တန်ပြန်တော်လှန်ရေးသမား သို့မဟု နိုင်ငံရေး ရာဇဝတ်သားတစ်ဦးအဖြစ် စီရင်ချက်ချမှတ်ပါက၊ ထိုစီရင်ချက်သည် ခိုင်လုံပါသလော။ (မခိုင်လုံပါ။) မခိုင်လုံပေ။ ယင်းမှာ အဓိပ္ပာယ်မဲ့၏။ ထိုအရာမှာ လယ်မြေအနည်းငယ်ကိုသာ စိုက်ပျိုးသည့်၊ ကောက်ပဲသီးနှံများကို ရိတ်သိမ်းပြီး စျေးတွင် သွားရောင်းသည့် အလုပ်အကိုင် မရှိသော လယ်သမားတစ်ဦးကဲ့သို့ ဖြစ်သည်။ ထို့နောက် အင်္ကျီလက်တွင် အနီရောင် တံဆိပ်ပါရှိသူတစ်ဦးက သူ့ကို တွေ့ပြီး၊ “ဟေး၊ သင့်တွင် အလုပ်ခွင့်ပြုချက် ရှိသလော။ ကျန်းမာရေး အောင်လက်မှတ် ရှိသလော”ဟု မေးသည်။ လယ်သမားက၊ “အလုပ်ခွင့်ပြုမိန့်ကို မည်သည့်နေရာတွင် ကျွန်ုပ် ရမည်နည်း။ ကျွန်ုပ်တွင် အလုပ်အကိုင် မရှိ၊ ခန့်အပ်ထားသည့် ဝန်ထမ်းမဟုတ်ပါ။ အဘယ်ကြောင့် အလုပ်ခွင့်ပြုမိန့် လိုအပ်မည်နည်း” ဟု ပြောသည်။ လယ်သမားတွင် ရာထူး သို့မဟုတ် အလုပ်အကိုင်မရှိ၊ သို့တိုင် တစ်စုံတစ်ရာကို ရောင်းဝယ်ရန်သက်သက်အတွက် သူ၏ အလုပ်ခွင့်ပြုမိန့်ကို တောင်းခံခြင်းခံရသည်။ ယင်းမှာ အဓိပ္ပာယ်မရှိဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သည့်အခါ၊ အဆင်းနီသော နဂါးကြီးသည် နိုင်ငံရေးတွင် ပါဝင်ခြင်းနှင့်သက်ဆိုင်၍ သင့်ကို စွပ်စွဲသည်။ အမျိုးသား ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မည်သည့် ပိုဒ်ခွဲကို သင် ကူဖန်တီးပေးခဲ့ပါသနည်း။ မည်သည့် နိုင်ငံရေး လှုပ်ရှားမှုကို သင် ကူစီစဉ်ပေးခဲ့ပါသနည်း။ သင်သည် မည်သည့် အစိုးရအရာရှိအဆင့် ဖြစ်သနည်း။ မည်သည့် အစိုးရအဆင့်တွင်မဆို ပြည်တွင်းသဘောထားကွဲလွဲမှုတွင် သင် ပါဝင်ခဲ့သလော။ မည်သည့် အမျိုးသား ကွန်ဂရက် အစည်းအဝေးများ သို့မဟုတ် အစိုးရ ညီလာခံများတွင် သင် ပါဝင်ခဲ့ပါသနည်း။ (တစ်ခုမျှ မပါဝင်ခဲ့ပါ။) နိုင်ငံရေးတွင် ပါဝင်ရန်မဆိုထားနှင့်၊ သတင်းအချက်အလက်ကိုပင် ဝင်ရောက်ကြည့်ရှုခွင့်မရှိ။ သို့တိုင် အဆုံးတွင် သင်သည် နိုင်ငံရေး ရာဇဝတ်သားတစ်ဦးအဖြစ် စီရင်ချက်ချခံရပြီး ဖြစ်သည်။ ဤသည်မှာ အကွက်ဆင်ထားသည့် စွပ်စွဲချက်တစ်ခု မဟုတ်လော။ ငါ့ကို ပြောလော့၊ ဤနိုင်ငံသည် အဓိပ္ပာယ်မရှိဖြစ်သည် မဟုတ်လော။ (အဓိပ္ပာယ်မရှိ ဖြစ်ပါသည်။) လူအချို့သည် နုံအနေကြဆဲဖြစ်သည်။ ၎င်းတို့က၊ “အိုး မဖြစ်ပါ၊ နိုင်ငံရေး ရာဇဝတ်သား သို့မဟုတ် တန်ပြန်တော်လှန်ရေးသမားအဖြစ် စီရင်ချက်ချခံရခြင်းသည် ဘုရားသခင်ကို ယုံကြည်သူများအတွက် ကြီးမားသည့် ဂုဏ်အသရေပျက်ခြင်းတစ်ခု ဖြစ်သည်”ဟု တွေးကြ၏။ ယင်းမှာ မိုက်မဲသည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် တန်ပြန်တော်လှန်ရေးသမားများ သို့မဟုတ် နိုင်ငံရေး ရာဇဝတ်သားများအဖြစ် စီရင်ချက်ချခံရပြီး ထောင်ဒဏ် ၁၅ နှစ် သို့မဟုတ် အနှစ် ၂၀ ချမှတ်ခံပြီး၊ ၎င်းတို့ လွတ်မြောက်သည့်အခါ ထိုအရာသည် ရှက်ဖွယ်ကောင်းသော အရေးကိစ္စတစ်ခုဖြစ်သည်ဟု ခံစားကြသော လူအချို့ပင် ရှိလေသည်။ ၎င်းတို့သည် အတန်းဖော်များ၊ မိတ်ဆွေများနှင့် မိသားစုအပါအဝင် မည်သူ့ကိုမျှ မျက်နှာပြ၍မရဟု ၎င်းတို့ ခံစားကြသည်။ အထူးသဖြင့် လူတို့သည် ၎င်းတို့ နောက်ကွယ်တွင် လက်ညိုးထိုးကာ တီးတိုး ပြောဆိုကြသည့်အခါ၊ ရှက်ဖွယ်သောအရာ တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်မိပြီဟု ခံစားကြသည်။ ယင်းမှာ မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) ဤခေတ်ကာလက သင့်ကို ငြင်းပယ်ပြီး အဆင်းနီသော နဂါးကြီးက သင့်ကို နှိပ်စက်ညှဉ်းပန်းသည်၊ ၎င်းတို့ ဖြောင့်မတ်ကြသလော။ လူသားမျိုးနွယ်အားလုံးက သင့်ကို ညှဉ်းပန်းနှိပ်စက်ရန် ထကြွကြလျှင်၊ ယင်းမှာ သမ္မာတရားသည် သမ္မာတရား မဟုတ်တော့သည့် သဘော ဖြစ်သလော။ လူမည်မျှက ဆန့်ကျင်ရန် ထကြသည်ဖြစ်စေ၊ သမ္မာတရားက သမ္မာတရား ဖြစ်၏။ စာတန်၏ ဆိုးယုတ်သော အနှစ်သာရက မပြောင်းမလဲရှိနေသည့်အတိုင်းသာပင်၊ သမ္မာတရား၏ အနှစ်သာရသည် မပြောင်းလဲရှိနေသည်။ သမ္မာတရားကို မည်သူကမျှ အသိအမှတ်မပြု သို့မဟုတ် လက်ခံခြင်း မရှိလျှင်ပင်၊ သမ္မာတရား ဖြစ်နေဆဲဖြစ်ပြီး ဤအချက်သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ လူသားမျိုးနွယ်အားလုံးက ဘုရားသခင်ကို ထကြွဆန့်ကျင်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်ခံရန် ငြင်းပယ်လျှင်၊ လူသားမျိုးနွယ်သည် ဆိုးယုတ်ဆဲဖြစ်သည်ကို ပြပေသည်။ စာတန်၏ ဆိုးယုတ်သော အင်အားစုသည် ယင်း၏ နောက်ကွယ်တွင် လူများစွာ သို့မဟုတ် ကြီးမားသည့် အင်အားစုများ ရှိသောကြောင့် သက်သက် ဖြောင့်မတ်ခြင်းတရား မဖြစ်မလာနိုင်ပေ။ အကြိမ်သောင်းချီ ထပ်တလဲလဲပြောဆိုသည့် အလိမ်အညာတစ်ခုသည် အမှန်တရား ဖြစ်လာသည်။ ယင်းမှာ စာတန်၏ အတွေးမှားတစ်ခု၊ စာတန် ဆင်ခြင်တွေးခေါ်မှုစနစ်ဖြစ်သည်၊ သမ္မာတရား မဟုတ်ချေ။ ယုံကြည်သူများသည် ကမ္ဘာလောကတစ်ခုလုံးထံမှ ငြင်းပယ်မှုနှင့် အဆင်းနီသော နဂါးကြီးထံမှ အသရေဖျက်ခြင်းကို တွေ့ကြုံရလျှင်၊ ၎င်းတို့ ရှက်သင့်ကြသလော။ (မရှက်သင့်ပါ။) ၎င်းတို့ မရှက်သင့်ပေ။ ဖြောင့်မတ်ခြင်းတရားကြောင့် ညှဉ်းပန်းနှိပ်စက်မှုကို သင် ခံစားရသည့်အခါ၊ ထိုအရာက ဤလောကသည် အမှန်တကယ် ဆိုးယုတ်ကြောင်း သက်သေပြပြီး ဘုရားနှုတ်ကပတ်တော်များကို အတည်ပြုပေသည်။ ကမ္ဘာလောကတစ်ခုလုံးသည် ဆိုးယုတ်သောသူတစ်ဦး၏ အာဏာစက်တွင် တည်ရှိ၏။ သင်သည် ဖြောင့်မတ်ခြင်းအတွက် နှိပ်စက်ညှဉ်းပန်းခြင်း ခံရသည့်အခါ၊ သင်၏ လမ်းကြောင်းက မည်မျှ သင့်တင့်လျောက်ပတ်ပြီး သင်၏ လုပ်ရပ်များက မည်မျှ ဖြောင့်မတ်နိုင်သည်ဖြစ်စေ၊ မည်သူကမျှ ထရပ်ပြီး သင့်ကို ချီးကျူးမည် မဟုတ်။ ထိုအစား၊ ဤလောကရှိ လူတို့က ပြုလုပ်သည့် ယုတ်မာသော အပေးအယူတစ်ခုတလေအတွက်၊ ထိုအရာများကို ၎င်းတို့ ပြရုပ်တင်ကာ အားပေးအားမြှောက်ပြုသရွေ့၊ အများပြည်သူထံ တင်ပြသည့်အခါ၊ ထိုအရာများက အပြုသဘောဆောင်သော အရာများ ဖြစ်လာကြသည်။ ဤလူများသည် ဆိုးယုတ်သော လူများဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ယုတ်မာသော လှည့်ကွက်များသာ ဖြစ်သည်။

နိုင်ငံရေးနှင့် ဝေးဝေးနေခြင်းဆိုင်ရာ ဤကိစ္စရပ်အကြောင်းကို ဆက်လက် မိတ်သဟာယပြုကြစို့။ နိုင်ငံရေးဟူသည်မှာ အဘယ်နည်း။ ထိုနိုင်ငံရေးနှင့် ကင်းအောင် မည်သို့နေရမည်ဆိုသည်ကို သိနားလည်နိုင်ခြင်း မရှိမီ နိုင်ငံရေးက မည်သည့်အရာဖြစ်သည်ကို သင် သိရှိရန် လိုအပ်သည်။ နိုင်ငံရေးမှာ အဘယ်နည်း။ အခြေခံအကျဆုံး အဆင့်အနေဖြင့်၊ ထိုအရာသည် ရာထူးကိုင်စွဲရန်နှင့် အရာရှိတစ်ဦးအဖြစ် အသက်မွေးအလုပ်တစ်ခု ရှိရန် စိတ်ဆန္ဒတစ်ခု ပါဝင်ပေသည်။ ဤသည်မှာ နိုင်ငံရေး၏ နယ်ပယ်တစ်ခု ဖြစ်သည်။ နိုင်ငံရေးဟူသည်မှာ အရာရှိတစ်ဦးအဖြစ် ရာထူးတစ်ခု ကိုင်စွဲခြင်းနှင့် အသက်မွေးအလုပ်တစ်ခု ရှိခြင်း ဖြစ်သည်။ အဆင့်မြင့်မှသည် အဆင့်နိမ့် အရာရှိများအထိ၊ အစိုးရရုံးများရှိ ဌာနငယ် ခေါင်းဆောင်များနှင့် ဌာနစိတ် အကြီးအကဲများမှသည် ပါတီဌာနခွဲ အတွင်းရေးမှူးများနှင့် ပါတီကော်မတီ အတွင်းရေးမှူးများအထိ၊ ဒါရိုက်တာများ၊ ဗျူရို အကြီးအကဲများ၊ ဝန်ကြီးများနှင့် အမျိုးမျိုးသော အဆင့်များရှိ ခေါင်းဆောင်များအထိ၊ ဤအရာအားလုံးသည် နိုင်ငံရေး အတန်းအစားအောက်တွင် အကျုံးဝင်ပေသည်။ နိုင်ငံရေးသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာကို ပြောဆိုရန် အရိုးရှင်းဆုံး နည်းလမ်းမှာ ထိုအရာသည် အင်အားစုနှင့် အခွင့်အာဏာဖြစ်သည်၊ လူ့အဖွဲ့အစည်းတွင် အခွင့်အာဏာအမျိုးအစားတစ်ခုအတွက် သင်္ကေတတစ်ခု ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေး၏ ရှုထောင့်တစ်ခု ဖြစ်၏။ နိုင်ငံရေးအောက်တွင် အခြားမည်သည့်အရာများ အကျိုးဝင်သေးသနည်း။ (ဘုရားသခင်၊ နိုင်ငံရေးသည် အစိုးရ၏ နိုင်ငံရေး အာဏာကို သိမ်းပိုက်ရန်၊ ထူထောင်ရန် သို့မဟုတ် ခိုင်မာကျစ်လျစ်စေရန် ကြိုးစားခြင်းအကြောင်းလည်း ဖြစ်သည် မဟုတ်ပါလော။) ဝန်ထမ်းရေးရာ ပဋိပက္ခများ နှင့် အာဏာ ယှဉ်ပြိုင်ကြိုးပမ်းခြင်းအားလုံးသည် နိုင်ငံရေးနှင့် သက်ဆိုင်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ ဤယှဉ်ပြိုင်ကြိုးပမ်းမှုများတွင် အသုံးပြုသည့် အကြံအစည်များ၊ နည်းဗျူဟာများနှင့် နည်းစနစ်များအပြင်၊ အမျိုးမျိုးသော ရွေးကောက်ပွဲများ၊ စည်းရုံးလှုံ့ဆော်ခြင်းများနှင့် သတင်းပြန်ကြားရေးပုဂ္ဂိုလ်များ၏ အာရုံစူးစိုက်မှု အားထုတ်မှုတို့သည် နိုင်ငံရေး၊ တန်ခိုးအာဏာတို့နှင့် ဆက်နွှယ်ပေသည်။ ဤအရာအားလုံး နိုင်ငံရေးအောက်တွင် အကျုံးဝင်ပေသည်။ ဤသည်မှာ နိုင်ငံရေးအပေါ် ငါတို့ ရှိနိုင်သည့် အရိုးစင်း အလွယ်ကူဆုံးသော သိနားလည်မှု ဖြစ်သည်။ အဖွဲ့အစည်းကိုလည်းကောင်း၊ ပါတီကို လည်းကောင်း ချဉ်းကပ်ခြင်းနှင့် တိုးတက်မှုအတွက် ကြိုးပမ်းခြင်း၊ ဤသည်မှာ သာမန်လူတို့အတွက် နိုင်ငံရေးဖြစ်သည်အရာ မဟုတ်လော။ ဤအရာကို ၎င်းတို့က၊ “အမြင်ကျယ်သည့် သေးငယ်သော လူတစ်ဦး”ဟု ခေါ်ကြသည်။ သင် မြင်သလော၊ ၎င်းတို့၏ ရာထူး နိမ့်ကျသော်လည်း၊ ကျယ်ပြန့်သည့် ရှုထောင့်အမြင်တစ်ခု ရှိကြ၏။ ထို့ကြောင့် ၎င်းတို့သည် တိုးတက်မှုအတွက် ကြိုးပမ်းရင်း၊ အဖွဲ့အစည်းနှင့်လည်းကောင်း၊ ပါတီနှင့်လည်းကောင်း နီးစပ်အောင်လုပ်ကြသည်။ ၎င်းတို့သည် ကွန်မြူနစ် လူငယ်အသင်းဖြင့် စတင်ပါဝင်ကြပြီးနောက် ကွန်မြူနစ်ပါတီကို ပါဝင်လာသည်။ တဖြည်းဖြည်းနှင့်၊ ပါတီ၏ ညွှန်ကြားချက်များကို နားထောင်ရင်း၊ ယင်း၏ ဦးဆောင်လမ်းပြသည့် မူဝါဒများနှင့် ဇောင်းပေးမှုတို့ကို လိုက်လျှောက်ရင်း၊ ပါတီကို ချဉ်းကပ်ကြလေသည်။ ၎င်းတို့သည် ပါတီက ညွှန်ပြသည့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ကာ ပါတီဝင်တစ်ဦး၏ အရည်အသွေးများကို အပြည့်အဝ သရုပ်ထင်စေလျက်၊ တင်းကျပ်စွာ လိုက်နာစောင့်ထိန်းကြလေသည်။ ၎င်းတို့သည် ပါတီအတွက် ပြောဆိုကာ ပြုမူဆောင်ရွက်ကြသည်၊ ပါတီ၏ အကျိုးစီးပွားများ၊ စည်းမျဉ်း၊ အဆင့်အတန်းနှင့် လူတို့၏ စိတ်များထဲရှိ ယင်း၏ ပုံရိပ်တို့ကို ကာကွယ်ကြသည်။ ပါတီအတွက် အရာရာကို ကာကွယ်ကြသည်။ ဤအရာအားလုံး နိုင်ငံရေး၏ သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) သင်သည် ပါတီဖြစ်နေသည့် ထိုအဖွဲ့အစည်းကို ကာကွယ်သည်။ ပါတီက မည်သည့် နိုင်ငံရေးပါတီ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို ဖွဲ့စည်းဖြစ်ပေါ်စေသည်ဖြစ်စေ၊ သင် စတင်ပါဝင်မိသည်နှင့် နိုင်ငံရေးတွင် သင် ပါဝင်နေခြင်း ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေ ပါဝင်ကြလေပြီလော။ (မပါဝင်ပါ။) သို့ဆိုလျှင် သင် စိတ်ချနေ၍ရသည်။ သင်သည် နိုင်ငံရေးနှင့်ဆိုင်သည့် ရာဇဝတ်သားတစ်ဦး မဟုတ်သကဲ့သို့ မိမိကိုယ်ကို ထိုသို့ခေါ်ရမည့် အရည်အချင်းများလည်း မရှိပေ။ အနည်းဆုံးအနေဖြင့်၊ နိုင်ငံရေး ရာဇဝတ်သားတစ်ဦးသည် ရေမြေခြားသို့သွားပြီး လူ့အခွင့်အရေး အဖွဲ့အစည်း သို့မဟုတ် အဖွဲ့တစ်ခု တည်ထောင်ရမည်၊ အမျိုးမျိုးသော လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ရမည်၊ လက်ရှိ အစိုးရ၏ မူဝါဒများနှင့် အုပ်စိုးမှုအပြင် အစိုးရက လုပ်ဆောင်သည့် အမျိုးမျိုးသော အရေးယူဆောင်ရွက်မှုများကိုလည်း ဆန့်ကျင်ရမည်ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် အဖွဲ့အစည်း၏ အဖွဲ့ဝင်များက လိုက်နာစောင့်ထိန်းရမည့် အမျိုးမျိုးသော ဥပဒေအပိုဒ်ငယ်များနှင့်အတူ၊ စည်းကမ်းများ၊ စနစ်များ၊ စည်းမျဉ်းများနှင့် အခြေခံဥပဒေတစ်ခုကို ထူထောင်ရန် လိုအပ်သည်။ အဆင့်မြင့် ခေါင်းဆောင်များနှင့် လက်အောက် အလုပ်လုပ်သည့် အဖွဲ့ဝင်များဖြင့်၊ ထိပ်မှ အောက်ခြေထိတိုင် ပြီးပြည့်စုံပြီး စနစ်ကျသည့် အဖွဲ့အစည်း တည်ဆောက်ပုံတစ်ခုကို ဖွဲ့စည်းလျက်၊ စနစ်တကျဖွဲ့စည်းထားကာ မူအရဖြစ်ရမည်ဖြစ်သည်။ ထိုအခါတွင်မှ နိုင်ငံရေး အဖွဲ့တစ်ခုဟု ခေါ်ဆိုနိုင်ပြီး၊ ထိုနိုင်ငံရေး အဖွဲ့အတွင်း ဦးစီးဦးရွက်ပြုသည့် လှုပ်ရှားမှုများကိုသာ နိုင်ငံရေးတွင် ပါဝင်ခြင်းအဖြစ် ယူဆ၍ရနိုင်ပေသည်။ သင်တို့ထဲမှ တစ်ဦးတလေသည် ဤအရာ၌ ပါဝင်ကြပြီလော။ မပါဝင်ပါက၊ ပါဝင်မည့် ရည်ရွယ်ချက်တစ်ခုတလေ ရှိသလော၊ သို့မဟုတ် နိုင်ငံရေး ပါတီတစ်ခုတွင် ပါဝင်ရန်နှင့် အနည်းဆုံးအနေဖြင့် ဥပဒေပြုလွှတ်တော်အမတ် သို့မဟုတ် အကြံပေးတစ်ဦးကဲ့သို့သော ရာထူးတစ်ခု ကိုင်စွဲရန် စီစဉ်ထားပါသလော။ ၍ဖော်ပြချက်နှင့် ကိုက်ညီသည့် တစ်ဦးတလေ ရှိသလော။ သင်သည် ထိုသို့သော အစီအစဉ်များ ရှိပါက၊ နိုင်ငံရေးတွင် သင် ပါဝင်နှင့်ပြီးဖြစ်သည်ကို ဆိုလိုပေသည်။ သင် မပါဝင်သေးလျှင်ပင်၊ ထိုသို့ပါဝင်ရန် ရည်ရွယ်ချက်ရှိနှင့်ပြီး ဖြစ်သည်။ သို့ရာတွင်၊ သင်သည် ထိုသို့သော ရည်ရွယ်ချက်မရှိပါက၊ အတော် ကောင်းပေ၏။ နိုင်ငံသားတစ်ဦးအနေဖြင့် ရွေးကောက်ပွဲ မဲပေးခြင်းတွင် ပါဝင်ခြင်းသည် နိုင်ငံရေးတွင် ပါဝင်ခြင်းအဖြစ် ယူဆ၍ရသလော။ နိုင်ငံတစ်နိုင်ငံ၏ စနစ်သည် လွတ်လပ်မှုနှင့် ဒီမိုကရေစီတို့အပေါ် အခြေခံပြီး နိုင်ငံသားများသည် အကြင်မည်သော ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအတွက် မဲပေးခြင်းအား နိုင်ငံရေးတွင် ပါဝင်ခြင်းအဖြစ် ယူဆပါသလော။ (မယူဆပါ။) မယူဆပေ။ ဤသည်မှာ လူတို့က မဲပေးပိုင်ခွင့်ရှိသည့် ထိုနိုင်ငံ၏ မူဝါဒနှင့် စနစ်ဖြစ်သည်။ ဤအရာသည် နိုင်ငံရေးတွင် ပါဝင်ခြင်းအဖြစ် မှတ်ယူခြင်း မရှိပေ။ သင်သည် လူတစ်ဦးဦးကို ရွေးချယ်ခြင်းအားဖြင့် သင်၏ တစ်ကိုယ်ရေ နှစ်သက်မှုကို ဖော်ပြနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် ၎င်းတို့၏ နိုင်ငံရေး အာဏာ ယှဉ်ပြိုင်ကြိုးပမ်းမှုတွင် ပါဝင်နေခြင်း မရှိပေ။ မည်သည့်နိုင်ငံရေး လှုပ်ရှားမှုမျှ သင်နှင့် ဆက်စပ်မှု တစ်ခုတလေ မရှိပေ။ သင်သည် ထိုနိုင်ငံ၏ နိုင်ငံသားတစ်ဦးအနေဖြင့် အကြင်မည်သောသူအတွက် မဲတစ်မဲ ထည့်နေခြင်းသာ ဖြစ်သည်။ ဤသည်မှာ သင်၏ နိုင်ငံသား လုပ်ပိုင်ခွင့်များကို ရိုးရှင်းသည့် ကျင့်သုံးမှုတစခုသာ ဖြစ်ပြီး၊ နိုင်ငံရေး လှုပ်ရှားမှု သို့မဟုတ် အပြုအမူ ပုံစံတစ်ခု မဟုတ်ပေ။

နိုင်ငံရေးက မည်သည့်အရာဖြစ်သည်ဆိုသည့်အရာအရ၊ ဤအကြောင်းကိစ္စကို အနည်းနှင့်အများ ဆွေးနွေးပြီးဖြစ်သောကြောင့်၊ နိုင်ငံရေးနှင့် ကင်းအောင် မည်သို့ နေရမည်ဆိုသည်မှာ အတော် ရှင်းနေသင့်ပေသည်။ နိုင်ငံရေးနှင့် ကောင်းအောင် သင် မည်သို့ နေပါသနည်း။ ပထမဦးစွာ၊ နိုင်ငံရေးနှင့် ကင်းအောင် သင် မည်သို့ နေရမည်ဆိုသည့်အကြောင်းကို ငါတို့ ပြောဆိုကြစို့၊ ထို့နောက်တွင် သင်တို့ အဘယ်ကြောင့် ထိုသို့ လုပ်ဆောင်ရမည်ဆိုသည်ကို ဆွေးနွေးကြမည်ဖြစ်သည်။ နိုင်ငံရေးက မည်သည့်အရာဖြစ်သည်ဆိုသည်ကို ငါတို့ ယခုဆင် ဆွေးနွေးပြီးဖြစ်သည်။ နိုင်ငံရေးမှာ အဘယ်နည်း။ ဦးစွာပထမအနေဖြင့်၊ ထိုအရာသည် အာဏာ ယှဉ်ပြိုင်ကြိုးပမ်းမှုများတွင် ပါဝင်ခြင်း ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးတွင် ပါဝင်ခြင်းနှင့် ညီမျှသည်။ ငါတို့အားလုံးသည် သာမန်လူများဖြစ်ကြသောကြောင့် သမ္မတများ၊ ပါတီ ဥက္ကဌများ သို့မဟုတ် အဆင့်မြင့် အမျိုးသား နိုင်ငံရေး အုပ်စုတွင် ရာထူးများ ရယူထားကြသူများကဲ့သို့သော လူများအကြောင်းကို မပြောဘဲနေကြစို့။ ထိုအစား၊ အစိုးရဌာနတစ်ခုရှိ ပါတီဌာနခွဲ အတွင်းရေးမှူးကဲ့သို့သော သာမန်လူများ နားလည်သဘောပေါက်နိုင်သည့် တစ်စုံတစ်ရာအကြောင်း ပြောဆိုကြစို့။ ပါတီဌာနခွဲ အတွင်းရေးမှူးသည် နိုင်ငံရေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလော။ အစိုးရဌာနတစ်ခုအတွင်းတွင် ပါတီရာထူးတစ်ခုကို စွဲကိုင်ထားခြင်းသည် အကြင်သူအား အရေးပါသော နိုင်ငံရေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားစေသည်။ ထို့ကြောင့် သင်သည် နိုင်ငံရေးနှင့် ကင်းအောင် မည်သို့နေပါသနည်း။ ကင်းရှင်းခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဤနိုင်ငံရေး ပုဂ္ဂိုလ်များနှင့် မပတ်သက်ခြင်း ဖြစ်သည်။) ၎င်းတို့နှင့် မပတ်သက်ခြင်းလော။ သို့ရာတွင် သင်၏ အလုပ်ခွင်တွင် ၎င်းတို့ကို သင် အမှန်တကယ် ရှောင်ရှား၍မရနိုင်ပေ။ ၎င်းတို့ကို သင် ရှောင်ရှားပါက၊ ၎င်းတို့က၊ “သင်သည် ကျွန်ုပ်ကို အဘယ်ကြောင့် စကားပြောနေခြင်း မရှိသနည်း။ ကျွန်ုပ်ထံမှ သင် အဘယ်ကြောင့် ပုန်းကွယ်နေသနည်း။ ပါတီဌာနခွဲ အတွင်းရေးမှူးဖြစ်သည့် ကျွန်ုပ်ကို သင် မနှစ်သက်သလော။ ကျွန်ုပ်နှင့်ပတ်သက်၍သင့်ထံတွင် ထင်မြင်ချက်တစ်ခုတလေ ရှိလျှင်၊ ယင်းမှာ သင်၏ အတွေးစဉ်နှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည့်သဘော ဖြစ်သည် မဟုတ်လော။ ငါတို့ တစ်ချက်ဆွေးနွေးကြစို့”ဟု ဆိုလျက်၊ ၎င်းတို့ လာပြီး သင့်ကို အပြစ်ရှာကြလိမ့်မည်။ ၎င်းတို့သည် သင်နှင့်အတူ လက္ဘရည်အတူ သောက်ချင်ကြလိမ့်မည်။ ထိုလက္ဘရည်သည် နှစ်သက်ဖွယ်ဖြစ်ပါသလော။ သင် တက်ရောက်ဝံ့သလော။ ဥပမာအနေဖြင့်၊ ပါတီဌာနခွဲ အတွင်းရေးမှူးက သင့်ထံ ချဉ်းကပ်ပြီး၊ “ဟေး၊ ကျောက်ကျန်း၊ သင် ဤနေရာတွင် မည်မျှကြာ အလုပ်လုပ်ပြီး ဖြစ်သနည်း”ဟု မေးသည်။ ပြီးလျှင် သင်က၊ “နှစ်အတော်များပါသည်၊ ငါးနှစ်ခန့် ဖြစ်သည်”ဟု ပြောသည်။ ထို့နောက် ၎င်းတို့က၊ “သင်သည် သဘောကောင်းသည့် ပေါက်ဖော်တစ်ဦးကဲ့သို့ ထင်ရသည်။ ပါတီထဲ ဝင်ပြီးပြီလော”ဟု ပြန်ပြောကြသည်။ သင် မည်သို့ တုံ့ပြန်မည်နည်း။ နိုင်ငံရေးနှင့် ကင်းအောင်နေရန် သင့်တော်သည့် အဖြေမှာ အဘယ်နည်း။ (“လက်ရှိအချိန်တွင် ပါတီအဖွဲ့ဝင်ဖြစ်ရန် စံများကို ကျွန်ုပ် မပြည့်မီပါ”ဟုသာ ပြောပါ။) ယင်းမှာ အမြော်အမြင်ရှိပေ၏။ ဤအဆိုပြုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုအရာမှာ ၎င်းတို့ကို ခါထုတ်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ သင်က၊ “သင် လှည့်ဖြားတတ်သည့် ဝံပုလွေ၊ သင် နတ်ဆိုးအို၊ ပါတီထဲ ကျွန်ုပ် ဝင်ခြင်း၊ မဝင်ခြင်းသည် သင်နှင့် အဘယ်သို့ သက်ဆိုင်ပါသနည်း။ သင်သည် ကျွန်ုပ်ကို ပါတီထဲဝင်စေချင်သည်။ ကောင်းလေပြီ၊ မည်သို့ဖြစ်စေ ပါတီသည် အဘယ်အတွက် အရေးပါပါသနည်း”ဟု သင် တွေးသည်။ ယင်းမှာ သင် စဉ်းစားနေသည့်အရာဖြစ်သော်လည်း၊ နတ်ဆိုးအိုထံ ထိုအရာကို သင် မပြောနိုင်ပေ။ ထိုအစား၊ သင်သည် ယဉ်ကျေးပုံရသည့် သင့်၏ အပေါ်ယံ ပြောဆိုပြုမူပုံကို ဖန်တီးရန် လိုအပ်ပေသည်။ သင်က၊ “အို၊ အသင် အိုမင်းသည့် ပါတီအဖွဲ့ဝင်၊ ကျွန်ုပ်တို့ ငယ်ရွယ်သည့်လူများ ရင်ဆိုင်ရသည့် အခက်အခဲများကို သင် နားမလည်ပါ။ ကျွန်ုပ်တို့တွင် နည်းပါးသည့် အတွေ့အကြုံရှိပြီး၊ ကျွန်ုပ်တို့ အလုပ်တွင် ရလဒ်များ မမြင်ရသေးပါ။ ထို့ကြောင့် ပါတီထဲဝင်ရန် ကျွန်ုပ်တို့ အရည်အချင်း မပြည့်မီပါ။ ပါတီကို အလေးထားအပ်သည်။ ကောင်းမွန်သည့် အကြောင်းပြချက်မရှိဘဲနှင့် ကျွန်ုပ်တို့ ဤအတိုင်း ဝင်၍ မရပါ။ ပါတီကို ဝင်မည့် စိတ်ကူးအား ကျွန်ုပ် စဉ်းစားနေပြီးဖြစ်သည်…”ဟု ပြောသည်။ ၎င်းကို စကားအနည်းငယ်ဖြင့်သာ တုံ့ပြန်လော့။ သင့်စိတ်နှလုံးတွင် ပါတီထဲ သင် ဝင်ချင်ပါသလော။ (မဝင်ချင်ပါ။) ၎င်းတို့က သင့်ကို ဦးစားပေး သတ်မှတ်ချက်များ ပေးပြီး ပါတီဝင်ပြီးနောက်တွင် ရာထူးတိုးခြင်း သို့မဟုတ် အရာရှိ ရာထူးတစ်ခု ရရှိလျှင်ပင်၊ သင် စိတ်ဝင်စားခြင်းမရှိပေ၊ မှန်ပါသလော။ ရာထူးတစ်ခု ကိုင်စွဲခြင်းနှင့် အရာရှိတစ်ဦးအဖြစ် အသက်မွေးအလုပ်တစ်ခု ရှိခြင်းအတွက် အခြေခံ သတ်မှတ်ချက်များမှာ ပထမဦးစွာ သင်သည် အဖွဲ့အစည်းတွင် ဝင်ရမည်၊ ပါတီထဲ ဝင်ရမည် သို့မဟုတ် ပါတီနှင့် နီးစပ်မှုရှိရမည်ဖြစ်သည်။ သင့်အနေဖြင့် ရာထူးတစ်ခု မကိုင်စွဲနိုင်မီ သို့မဟုတ် အထက်သို့မတက်နိုင်မီ ပါတီနှင့် နီးစပ်မှု ရှိရမည်ဖြစ်သည်။ နိုင်ငံရေးနှင့် ဝေးဝေးနေရန်၊ ပထမဆုံး ခြေလှမ်းမှာ နိုင်ငံရေး ပါတီများနှင့် ကင်းအောင်နေရန် ဖြစ်သည်။ လူအချို့က၊ “ယင်းမှာ ကွန်မြူနစ်ပါတီနှင့် ဝေးဝေး နေခြင်းကိုသာ ဆိုလိုသလော”ဟု မေးကောင်းမေးနိုင်သည်။ မဟုတ်ပါ၊ ပါတီမျိုးစုံနှင့် ဝေးဝေးနေခြင်းကို ဆိုလိုပေသည်။ ပါတီတစ်ခုသည် မည်သည့်အရာကို ကိုယ်စားပြုပါသနည်း။ နိုင်ငံရေး အင်အားစုတစ်ခုကို ကိုယ်စားပြု၏။ ပါတီ၏ မူဝါဒကြေညာစာတမ်း၊ အစီအစဉ်နှင့် ရည်မှန်းချက်ပန်းတိုင်တို့ကို မိမိ၏ ရည်မှန်းချက်များအဖြစ် သဘောထားသည့် အုပ်စုတစ်စုကို ပါတီတစ်ခုဟု ခေါ်ပေသည်။ ပါတီတစ်ခု၏ ရည်မှန်းချက်နှင့် အစီအစဉ်က မည်သည့်အရာဖြစ်လင့်ကစား၊ ၎င်းတို့၏ တစ်ခုတည်းသော ပန်းတိုင်မှာ အင်အားစုတစ်ခုကို ဖွဲ့စည်းရန်နှင့် နိုင်ငံရေး ကြိုးဝိုင်းနှင့် အခင်းအကျင်းတွင် သာ၍များသော အင်အားစုနှင့် တန်ခိုးအာဏာတွက် ရုန်းကန်ကြိုးစားဖို့ မိမိတို့၏ အင်အားစုနှင့် ခွန်အားတို့ကို အသုံးပြုရန် ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေး ပါတီတစ်ခု တည်ရှိခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ မည်သည့်ပါတီမဆို၏ တည်ရှိခြင်း ရည်ရွယ်ချက်မှာ လူတို့၏ အကျိုးကျေးဇူးအတွက် မဟုတ်ဘဲ၊ အင်အားနှင့် တန်ခိုးအာဏာအတွက် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ တန်ခိုးအာဏာ စွဲကိုင်ခြင်းနှင့် မိမိတို့ကိုယ်ပိုင် အင်အားစုတစ်ခု ရှိခြင်းအတွက် ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့်၊ နိုင်ငံရေးမှ ဝေးဝေးနေခြင်းအတွက် ပထမဆုံး ခြေလှမ်းမှာ မည်သည့် နိုင်ငံရေး ပါတီကိုမဆို တရားဝင်မပူးပေါင်းရန် ဖြစ်သည်။ လူအချို့က၊ “ကျွန်ုပ်သည် အကြင်မည်သော ပါတီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးလျှင်ကော”ဟု မေးကောင်းမေးနိုင်သည်။ ယင်းမှာ အနည်းငယ် ခက်ခဲ၏။ သင်သည် ပါတီမှထွက်ရန် လိုလားလျက်ရှိပါက၊ ယင်းမှာ အကောင်းဆုံး ဖြစ်မည်ဖြစ်ပြီး၊ ၎င်းတို့နှင့် သင် တရားဝင် အဆက်ပြတ်ပေသည်။ သင့်အနေဖြင့် ပါတီမှထွက်ရန် လိုလားနေခြင်း မရှိ သို့မဟုတ် ထွက်ရန်မှာ ဒုက္ခများစရာဖြစ်ပါက၊ မိမိဘာသာ မည်သည့်အရာ လုပ်ဆောင်ရမည်ကို စဉ်းစားသင့်သည်။ မည်သို့ဆိုစေ၊ တရားဝင်ဖြစ်စေ၊ စိတ်နှလုံးအားဖြင့်ဖြစ်စေ၊ ပထမဆုံး အဓိက ပြဿနာဖြစ်သည့် နိုင်ငံရေး ပါဝင်ပတ်သက်ခြင်းမှ ဝေးဝေးနေသင့်သည်။ ယင်းမှာ ပါတီများမှ ဝေးဝေးနေခြင်း ဖြစ်သည်။ သင်သည် ပါတီများနှင့် ကင်းအောင်နေသည်နှင့်တစ်ပြိုင်နက်၊ အမှီအခိုကင်းသည့် လူတစ်ဦး ဖြစ်လာသည်။ မည်သည့် နိုင်ငံရေး အင်အားစုမျှ၏ လွှမ်းမိုးမှုကို ခံရလိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် နိုင်ငံရေး အင်အာစုအတွက်မျှ အလုပ်လုပ်ပေးလိမ့်မည် မဟုတ်ပေ။ မည်သည့် ပါတီကိုမျှ မဝင်ခြင်းသည် နိုင်ငံရေးမှ ဝေးဝေးနေရန်အလို့ငှာ လက်တွေ့လုပ်ဆောင်သင့်သည့် အခြေခံအကျဆုံး တိကျသည့် လမ်းကြောင်း ဖြစ်သည်။ ထို့အပြင်၊ ပါတီဌာနခွဲ အတွင်းရေးမှူး၊ ဒါရိုက်တာ သို့မဟုတ် အစိုးရရိုးတစ်ခု၏ အမှုထမ်း အရာရှိကဲ့သို့သော နိုင်ငံရေး အင်အားစု တစ်ခုတလေနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းမှာ မရောမိအောင် နေရန် ဖြစ်သည်။ ဥပမာအနေဖြင့်၊ ပါတီဌာနခွဲ အတွင်းရေးမှူးက သင့်ကို၊ “ကျောက်ကျန်း၊ သင် အချိန်ရသလော။ အလုပ်ပြီးသည့်နောက်တွင် ညစာအတူစားကြစို့။ မနက်ဖြန် ရုံးပိတ်ရက်စတင်ပြီဖြစ်သည်၊ ဘတ်စကက်ဘောကို အတူသွားကစားကြစို့”ဟု ပြောလျှင်၊ သင်က၊ “အို၊ ကံမကောင်းတော့လည်း၊ ကျွန်ုပ်၏ ကလေး နာမကျန်းဖြစ်နေသည်။ မနေ့က သူအဖျားတက်သည်။ အလုပ်ကြောင့်၊ သူ့ကို ဆရာဝန်ဆီ ခေါ်သွားမည့်အချိန် မရှိခဲ့ပါ။ မနက်ဖြန် သူ့ကို ကျွန်ုပ် ဆေးရုံပို့ရမည်”ဟု ပြောနိုင်သည်။ မတူသည့် ဖြစ်ရပ်တစ်ခုတွင်၊ အတွင်းရေးမှူးက၊ “ကျောက်ကျန်း၊ ကျွန်ုပ်တို့ သိကျွမ်းသည်မှာ အတန်ကြာပေပြီ။ ကျွန်ုပ်တို့ အနည်းငယ် ပွင့်လင်းကြစို့။ သင် အဘယ်သို့ထင်သနည်း”ဟု ပြောသည်။ သူ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ သူသည် သင့်အား သူ၏ ဆက်ခံသူများအဖြစ် လက်သပ်မွေးချင်ပေသည်။ ထိုအရာကို သင် သဘောမပေါက်သေးလျှင်၊ သူ မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို သင် ချင့်ချိန်စဉ်းစားရန် လိုအပ်သည်။ ထိုအရာကို သင် သဘောပေါက်ပါက၊ အမြန်လုပ်ပြီး၊ “အို၊ မနေ့က ကျွန်ုပ်၏ မိခင်သည် သူ နေမကောင်းဖြစ်ကာ သူ့ကို ဆေးရုံသို့ ခေါ်သွားစေချင်ကြောင်း ပြောခဲ့သည်။ ယင်းမှာ ကံခေသည့် တိုက်ဆိုင်မှုတစ်ခု မဟုတ်လော”ဟု ဆိုလျက်၊ ၎င်းတို့ကို ရှောင်ရန် လိုအပ်သည်။ သင်သည် သူ့ကို အကြိမ်ကြိမ် တွန်းထုတ်ကာ အတွင်းရေးမှူးက ဤအရာကို မြင်သည့်အခါ သူက၊ “သူ့ကို ငါ ဖိတ်ခေါ်သည့်အခါတိုင်း တစ်စုံတစ်ရာ ပေါ်လာသည်၊ သူ့ကို ငါ ချဉ်းကပ်သည့်အခါတိုင်း၊ တစ်စုံတစ်ရာ ဖြစ်ပျက်သည်။ အကူအညီများအား မည်သို့ တန်ဖိုးထားရမည်ကို သူ မသိပါ။ အခြားတစ်ယောက်ယောက်ကို ငါ ရှာလိုက်မည်”ဟု တွေးလိမ့်မည်။ ၎င်းအနေဖြင့် မိမိ အလိုရှိသည့် မည်သူ့ကိုမဆို ရှာဖွေနိုင်သော်လည်း၊ မည်သို့ဖြစ်စေ ၎င်းတို့ကို သင် ချဉ်းကပ်မည် မဟုတ်။ ပုံမှန်အားဖြင့်၊ သင်သည် ၎င်းနှင့် အတော် ခင်မင်ရင်းနှီးသော်လည်း၊ ၎င်းက သင့်ကို လက်သပ်မွေးရန် သို့မဟုတ် ရာထူးတိုးပေးရန် အလိုရှိသည့်အခါ၊ သင်က ၎င်းကို ရှောင်ရှားဖို့ ဆင်ခြေများ ရှာဖွေပြီး၊ သင် မည်သည့်အရာ စဉ်းစားနေသည်ကို ၎င်းက နားမလည်နိုင်ရန်အလို့ငှာ သင်၏ စိတ်ထက်သန်မှုကို သင် ဆုံးရှုံးလေသည်။ အမှန်တွင်၊ သင့်စိတ်နှလုံး၌၊ “ငါသည် နတ်ဆိုး သင်နှင့် ရင်းနှီးမည် မဟုတ်ပါ။ ငါ့ စိတ်နှလုံးတွင် ဘုရားသခင်ရှိပြီး ဘုရားသခင်က နိုင်ငံရေးနှင့် ဝေးဝေးနေရန် ငါ့ကို ပြောသည်။ သင်သည် နိုင်ငံရေးနှင့်ဆိုင်သည့် လူတစ်ဦးဖြစ်ပြီး၊ သင်နှင့် ငါ ဝေးဝေးနေမည် ဖြစ်သည်။ သင်သည် ငါ့ကို အရာရှိ ရာထူးတစ်ခု တိုးပေးချင်ပြီး၊ သင့်အတွက် အမှုထမ်းပေးရန် ငါ၏ ပါရမီများကို အသုံးပြုချင်သော်လည်း၊ သင့်ကို ငါ အခွင့်အရေးပေးမည် မဟုတ်ပါ။ ငါသည် ဤအစိုးရရုံးတွင် ကြမ်းပြင်ကို တံမြက်စည်းသာလှည်းပြီး အမှိုက်သိမ်းရလျှင်ပင်၊ ငါ အရာရှိတစ်ဦး ဖြစ်လာမည် မဟုတ်ပါ။ငါ့ကိုယ်ငါ ထောက်ပံ့ရန် လုံလောက်သည့် ငွေရှာထားပြီး ဖြစ်သည်။ သင့်ကို ငါ အလုပ်အကျွေး ပြုမည်မဟုတ်ပါ”ဟု အလွန်ရှင်းလင်းစွာ သိလေသည်။ သို့ရာတွင် လက်တွေ့အရှိတရား၌၊ သင်သည် ထိုအစား ဤသို့ ပြောရမည်ဖြစ်သည်။ “သင်တို့ ခေါင်းဆောင်များသည် သင်တို့၏ စိတ်နှလုံးတွင် တိုင်းနိုင်ငံလူမျိုး ရှိကြသည်၊ မရေမတွက်နိုင်သည့် အရေးကိစ္စများကို ကိုင်တွယ်ပြီး အရပ်သူအရပ်သားများကို ဂရုစိုက်ပေးလျက် ပြည်သူများကို အလုပ်အကျွေးပြုကြသည်။ ကျွန်ုပ်တို့ သာမန်လူများမှာမူ အသိအနည်းငယ်ရှိပြီး၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဝမ်းစာကိုသာ ဂရိုစိုက်ကြသည်။ ကျွန်ုပ်တို့သည် တူညီသည့် နယ်ပယ်တွင် မရှိကြသကဲ့သို့ သင်တို့ ခေါင်းဆောင်များ လုပ်သည့်အရာကို မလုပ်နိုင်ကြပါ”ဟူ၍ ဖြစ်သည်။ သင် မည်သည့်အရာ စဉ်းစားနေသည်ကို သူက သဘောမပေါက်နိုင်ရန်အလို့ငှာ သူ့ရှေ့တွင် နုံံနုံအအ အမြဲ ပြုမူသည်။ သင့်တွင် ပါရမီများ ရှိလျှင်ပင်၊ ၎င်းတို့ကို မပြချေ။ အရေးပါသည့် အချိန်များတွင်သာ၊ ထိုပါရမီများကို သင် အနည်းအကျဉ်း ပြသပြီး၊ သင် အမှန်တကယ် ပါရမီရှိသည်ကို သူက မြင်သည်။ သင်သည် အလုံးစုံ တတ်စွမ်းနိုင်ခြင်းမရှိကြောင်း သူ ထင်စေဖို့ သေးငယ်သည့် အမှားအနည်းငယ်ကို သင် ထုံးစံအတိုင်း ပြုလုပ်သည်။ သို့သော် သူသည် အလုပ်တွင် သင်မရှိဘဲ အဆင်မပြေနိုင်ဖြစ်နေဆဲ ဖြစ်သည်။ ဤအရာကို အမြော်အမြင်ဟု ခေါ်သည်။ သင်သည် နတ်ဆိုးစာတန်ကို ကစားသည်၊ အစေခံမှုပေးရန် သူ့ကို သင် အသုံးချပြီး သူ၏ ငွေကို ရရှိသော်လည်း၊ သူနှင့် ရင်းနှီးခြင်းမရှိသကဲ့သို့ သင်၏ စိတ်နှလုံးတွင် သူ့ကို သင် စက်ဆုပ်သည်၊ ယင်းမှာ မှန်သည် မဟုတ်လော။ ဤသည်မှာ မနီးစပ်မရင်းနှီးရန်ဟု ဆိုလိုသည့်အရာဖြစ်သည်။ ထိုအရာကို သင် လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) နေ့လည်ခင်းတွင်၊ ခေါင်းဆောင်ည် သူ၏ ဆီဒန်ကားငယ်လေးကို မောင်းပြီး စားသောက်ရန် နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်ကို နေရာတကာ ရှာဖွေလေသည်။ သူက သင့်ကို၊ “ကျောက်ကျန်း၊ အပြင်ထွက်ပြီး တစ်ခုခု စားကြစို့။ ယနေ့တွင် မည်သည့်အရာကို သင် စားလိုသနည်း”ဟု ခေါ်ပြောသည်။ သင်က၊ “ကျွန်ုပ် ပဲဆော့ ခေါက်ဆွဲကြော် မစားရသည်မှာ ရက်အတော်ကြာပြီဖြစ်သကဲ့သို့ ဘန်းမုန့်ပေါင်းများကို မစားရသည်မှာ အချိန်ကြာပြီဖြစ်သည်။ ယင်းမှာ ကျွန်ုပ် စားလိုသောအရာဖြစ်သည်။ ကျွန်ုပ် နေ့လည်စာအတွက် အိမ်ပြန်တော့မည်ဖြစ်သည်။ သင် တစ်စုံတစ်ခု လိုချင်သလော”ဟု ပြောသည်။ သင်သည် သူ့ကို ဤကဲ့သို့ ဖြေကြားပြီး၊ သူက ကြားသည့်အခါ၊ “မည်သည့်အရာကို စားမည်နည်း။ ယင်းမှာ ဝက်စာ ဖြစ်သည်။ လူတို့က ထိုအရာကို မစားပါ”ဟု ပြောသည်။ သူ့ကို သင် ပြောသည့် မည်သည့်အရာကိုမျှ သူ မစားလိုသကဲ့သို့၊ သူက၊ “ဤလူသည် သူတို့ ပြောသည့်အတိုင်းသာ ဖြစ်သည်။ မွေးရာပါ ရူးသောသူသည် ကုသ၍မရပါ။ ယနေ့ခေတ်တွင် မည်သူသည် ဘန်းမုန့်ပေါင်းများနှင့် ပဲဆော့ ခေါက်ဆွဲကြော်များကို စားပါသနည်း။ အရာရှိများသည် ထို့ထက် များစွာ ပိုကောင်းသည့်အရာကို စားကြသည်”ဟု မိမိဘာသာ တွေးမိလေသည်။ ဤအရာရှိများသည် စားသောက်ဆိုင်များသို့ သွားပြီး အများပြည်သူ ရန်ပုံငွေများကို သုံးကြသည်။ အရာရှိဖြစ်ခြင်းနှင့် ဂုဏ်ကျက်သရေနှင့် ခမ်းနားမှုတို့ကို မွေ့လျော်ကြပြီး၊ စျေးကြီးသော အစားအစာများကိုသာ စားသောက်ကြလေသည်။ အစာတစ်နှပ်သည် ယွမ်တစ်ထောင်ကျော် ကုန်ကျ၏။ မျောက်ဦးနှောက်နှင့် ဖြူငယ်အရေခွံကို စားကြသည်။ ဤမကောင်းဆိုးဝါးများနှင့် နတ်ဆိုးများသည် မည်သည့်အရာကိုမဆို စားသုံးကြသည်၊ ၎င်းတို့ မစားနိုင်၊ မသောက်နိုင်သည့် အရာမည်သည့်အရာမျှ မရှိပေ။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို တွေးနေသနည်း။ “သင်တို့၏ အပြစ်များတွင် ငါ ပါဝင်ပတ်သက်မည် မဟုတ်ပါ။ အသင် နတ်ဆိုးတစ်သိုက်၊ လူ့အသားကို စားပြီး အသွေးကို သောက်သည့် အသင် အကောင်ယုတ်များတို့၊ သင်နှင့် ငါ ဝေးဝေး နေမည်။ သင်၏ လွန်ကဲသည့် ဘဝနေထိုင်မှုပုံစံကို မွေ့လျော်သည်ထက် အိမ်ပြန်သွားပြီး၊ ပဲဆော့ ခေါက်ဆွဲကြော်နှင့် ဘန်းမုန့်ပေါင်းတို့ကိုသာ ငါ စားလိုက်မည်။ ကြမ်းသော အစားအစာများကို စားရလျှင်ပင် သင်တို့အနား မည်သည့်နေရာကိုမျှ ငါ ရောက်ဦးမည်မဟုတ်ပါ။ သင်၏ ဆိုးယုတ်မှုတွင် ငါ ပါဝင်ပတ်သက်မည် မဟုတ်၊ သို့မဟုတ် သင်၏ အပြစ်နှင့် မည်သည့် ပတ်သက်မှုမျှ ရှိမည်မဟုတ်ပါ။ လူ့အသားကို စားကာ အသွေးကို သောက်ခြင်းသည် နတ်ဆိုးများ လုပ်ဆောင်သည့်အရာဖြစ်သည်၊ လူသားများ လုပ်ဆောင်သည့်အရာ မဟုတ်။ နောက်ဆုံးရလဒ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် မုချ ငရဲသို့ သွားရလိမ့်မည်ဖြစ်ပြီး အပြစ်ဒဏ်ကို ရင်ဆိုင်ရလိမ့်မည်။ ငါသည် လိုက်လျောမှုများနှင့် အပေးအယူများ လုပ်ကာ သင်၏ အာဏာအောက်တွင် အသက်မွေးမှုတစ်ခုကို ရရှိသော်လည်း၊ ငါ၏ ရည်မှန်းချက်ပန်းတိုင်မှာ ငါ့ အသက်မွေးဝမ်းကျောင်းကို ပံ့ပိုးရန်၊ ဘုရားသခင်နောက်လိုက်ပြီး၊ ငါ၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ ငါသည် ရာထူးတိုးခံရရန် သို့မဟုတ် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန် ကြိုးစားနေခြင်း မဟုတ်ပါ။ သင့်ကို လှိုက်လှိုက်လှဲလှဲ ငါ စက်ဆုပ်မုန်းတီးသည်”ဟူ၍ ဖြစ်သည်။ ထို့ကြောင့်၊ ကြီးကျယ်သော အစာကို မွေ့လျော်ခံစားရန် ခေါင်းဆောင်က သင့်ကို မည်သို့မည်ပုံ ချော့သည်ဖြစ်စေ၊ သင် မသွား။ စနေ၊ တနင်္ဂနွေရက်များတွင်၊ ကာရာအိုကေ သီဆိုရန်၊ လှပသည့် အမျိုးသမီးများ၏ ဝန်းရံခြင်းခဲရရန်နှင့် အရည်အသွေးကောင်းသည့် ဝိုင်ကို သောက်ရန် သင့်အား ၎င်းတို့ ဖိတ်ကြားလျှင်၊ အပန်းဖြေနားနေခြင်း သို့မဟုတ် ဖျော်ဖြေမှုအတွက် သို့မဟုတ် ကပွဲကို ကြည့်ရန် သင့်ကို လက္ဘရည်ဆိုင်သို့ ခေါ်ဖိတ်လျှင် သင် သွားလိမ့်မည်လော၊ မသွားဘဲနေမည်လော။ အဖွဲ့အစည်း သို့မဟုတ် ပါတီနှင့် သင် နီးစပ်လိုလျှင်၊ ဤနေရာများသို့ သင် သွားရလိမ့်မည် ဖြစ်သည်။ သို့ရာတွင် ဤအချိန်၌ သင်က၊ “ဘုရားနှုတ်ကပတ်တော်များကို ငါ လက်တွေ့လုပ်ဆောင်သည်။ နိုင်ငံရေးနှင့် ငါ ဝေးဝေး နေသည်။ ဤအရာ တစ်ခုတလေတွင်မျှ ငါ ပါဝင်မည် မဟုတ်ပါ။ သူတို့၏ အပြစ်များနှင့် ငါ ပတ်သက်မည် မဟုတ်ပါ”ဟု ပြောသည်။ နောက်တစ်နေ့တွင်၊ ၎င်းတို့ အတူတကွ စုဝေးသည့်အခါ၊ အကြင်မည်သော အမျိုးသမီးက မည်မျှ လှကြောင်း၊ သူမသည် အချောအလှ ဖြစ်ပုံ၊ သီချင်းဆိုရာတွင် သူမ မည်မျှ ပါရမီရှိကြောင်း၊ ပြင်သစ် ခေတ်ကာလတစ်ခုခုမှလာသော ဝိုင်က မည်မျှ အရသာရှိကြောင်း၊ ဖျော်ဖြေရေးအတွက် မည်သည့်နေရာသို့ သွားမည်၊ မည်သည့်နေရာတွင် ရေပူစမ်းများ၌ သွားစိမ်ရမည်ဆိုသည်တို့ကို ပြောဆိုကြသည်။ ဤအရာများကို ၎င်းတို့ ပြောဆိုကြသည်။ ၎င်းတို့ကို သင် အားကျပါသလော။ မနာလို ဖြစ်ပါသလော။ သင့်အနေဖြင့် နားကြပ်များတပ်ရမည်၊ သင်၏ နားများကို ပိတ်ဆို့ရမည်ဖြစ်သည်။ ဤနတ်ဆိုးများက အဓိပ္ပာယ်မရှိသည့်အရာများ ပြောဆိုနေသည်ကို နားမထောင်နှင့်။ ၎င်းတို့နှင့် ဝေးဝေးနေလော့။ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေလော့။ အပြစ်သားများ၏ အပြစ်များတွင် မပတ်သက်မိစေနှင့်။ ၎င်းတို့၏ ညစ်ညမ်းသော အသက်တာများနှင့် ဝေးဝေးနေပြီး၊ ၎င်းတို့၏ ဆိုးယုတ်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိနှင့်။ သင်၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးနှင့် ဝေးဝေးနေရန် ဖြစ်သည်။ တိုးတက်မှုကို ရှာသောသူများ၊ အဖွဲ့အစည်းနှင့် နီးစပ်ကာ ရာထူးတိုးလိုသောသူများ၊ ထိုသို့ အသက်ရှင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးတွင် အမှန်တကယ် ပါဝင်ပတ်သက်ရန်၊ နိုင်ငံရေးထဲသို့ လျှောက်လှမ်းသွားရန်၊ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ရာထူးတစ်ခု ရရှိကာ လူသားနှင့်ဖြစ်စေ၊ မကောင်းဆိုးဝါးနှင့်ဖြစ်စေ လိုက်လျောညီထွေမှုမရှိသည့် ဘဝတစ်ခုကို အသက်ရှင်ရန် ဖြစ်သည်။ သို့ရာတွင် သင်သည် ၎င်းတို့နှင့် အတိအကျ ဆန့်ကျင်ပေသည်။ ထိုသို့သော ညစ်ညမ်းသည့် ဘဝတစ်ခုနှင့် သင် ဝေးဝေးနေရမည်။ ဤဘဝမျိုးနှင့် ဝေးဝေးနေခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံရေး အလားအလာ တစ်ခုတလေနှင့်ပတ်သက်၍ ဆန္ဒမရှိသကဲ့သို့ ဂရုလည်း မစိုက်ရန် ဖြစ်သည်။ သင်၏ အနာဂတ်မှာ သမ္မာတရား လိုက်စားပြီး ကယ်တင်ခြင်း ရရှိရန် ဖြစ်သည်။ ထို့ကြောင့်၊ ယခု သင် လုပ်ဆောင်သည့်အရာတိုင်းသည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည်ဟု သင်၏ စိတ်နှလုံးတွင် ရှင်းရှင်းလင်းလင်း ဖြစ်နေသင့်သည်။ ထိုအရာမှာ သမ္မာတရား လိုက်စားခြင်းအတွက်၊ ကယ်တင်ခြင်း ရရှိခြင်းအတွက် ဖြစ်သည်။ ထိုအရာသည် အဓိပ္ပာယ်မဲ့သည့် စွန့်လွှတ်စတေးမှု မဟုတ်သကဲ့သို့ သင်သည် တစ်မူထူးသော ပုံစံတစ်ခုဖြင့် ပြုမူဆောင်ရွက်နေခြင်းလည်း မဟုတ်။ ထို့ထက်ပို၍ပင်၊ သင်သည် တစ်ကိုယ်တည်း မဟုတ်ပေ။ ထို့ကြောင့် ဤအပြစ်နှင့် ပြည့်သော ဘဝများနှင့် ဝေးဝေးနေခြင်း၏ နောက်ဆုံး ရည်ရွယ်ချက်မှာ သင့်ကိုယ်သင် ဤလူများနှင့် အမှန်တကယ် ကင်းကွာစေရန်၊ နိုင်ငံရေးဟု ၎င်းတို့ ခေါ်ဆိုသည့် အရာနှင့် ကင်းအောင်နေရန် ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးနှင့် ဝေးဝေးနေခြင်း၏ ဒုတိယစည်းမျဉ်း ဖြစ်သည်။ မနီးစပ်မိစေနှင့်။

နိုင်ငံရေးသမားများနှင့် မနီးစပ်အောင်နေခြင်းသည် လုပ်ဆောင်သင့်သည့် အနိမ့်ဆုံးသောအရာဖြစ်ပြီး၊ ထိုအရာအပြင် ပါဝင်ပတ်သက်ခြင်း မရှိရန် ဖြစ်သည်။ ဥပမာအားဖြင့်၊ ဌာနစိတ် အကြီးအကဲ၊ ဒါရိုက်တာ သို့မဟုတ် ဗျူရို ခေါင်းဆောင်တစ်ဦးအဖြစ်သို့ ရာထူးတိုးမည့် အခွင့်အရေးတစ်ခု ရှိပါက၊ လူတိုင်းသည် မိမိတို့ကိုယ်ကို ပြသရန်၊ မိမိတို့၏ စွမ်းဆောင်ရည်ကို တိုးတက်စေရန်၊ ခေါင်းဆောင်များကို လက်ဆောင်များပေးရန်၊ ကြိုးကိုင်ခြယ်လှယ်ရန်၊ လမ်းကြောင်းများကို လေ့လာရန်နှင့် ခေါင်းဆောင်များ၊ အထက်လူကြီးများအား မိမိတို့၏ ပါရမီများ၊ အစွမ်းအစများနှင့် တန်ဖိုးတို့ကို မြင်ခွင့်ပေးရန် နည်းလမ်းတိုင်းကို ကြိုးစားရန်နှင့် မိမိတို့၏ တန်ဖိုးကိုပင် အသုံးချခွင့်ပေးရန် စိတ်ထက်သန်ကြလေသည်။ ၎င်းတို့သည် မျက်နှာချိုသွေးခယသူများ ဖြစ်ချင်ကြသည်၊ ခေါင်းဆောင်များနှင့် အထက်လူကြီးများကို ကပ်ဖားရပ်ဖား လုပ်လိုကြပြီး၊ ၎င်းတို့ မလုပ်ဆောင်လိုလျှင်ပင် မိမိတို့အား လုပ်ဆောင်ရန် စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြမည် ဖြစ်သည်။ လူအချို့သည် ငွေများပေးကြပြီး၊ အချို့မှာ နိုင်ငံရေး ယှဉ်ပြိုင်ကြိုးပမ်းမှုများတွင် ပါဝင်ရန် မိမိတို့ ခန္ဓာကိုယ်များကိုပင် ပေးအပ်ကြသည်။ ဤယှဉ်ပြိုင်ကြိုးပမ်းမှုများတွင်၊ လူအချို့သည် ခေါင်းဆောင်များနှင့် ချိတ်ဆက်ကြသည်၊ အခြားသူတို့က ခေါင်းဆောင်များကို ငွေများစွာနှင့် လက်ဆောင်များပေးပြီး လူအချို့မှာ ရာထူးတိုးခံရခြင်း သို့မဟုတ် ဤခေါင်းဆောင်များ၏ ညွှန်ကြားပေးခြင်း ခံရကာ နိုင်ငံရေး လမ်းကြောင်းကို လျှောက်ခြင်းတည်းဟူသော နောက်ဆုံး ပန်းတိုင်ဖြင့် ခေါင်းဆောင်များထံ မိမိတို့၏ ခန္ဓာကိုယ်များကို ပေးအပ်ကြလေသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်၊ ဤအလေ့အကျင့်များသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း ပါဝင်သည်ကို သင် သိရှိပါက၊ ဝေးဝေး နေသင့်သည်။ ပထမဦးစွာ၊ သင်၏ ကိုယ်ပိုင် နိုင်ငံရေး အလားအလာများ သို့မဟုတ် အရာရှိ ရာထူးတစ်ခုအတွက် လက်ဆောင်များ သို့မဟုတ် ချိတ်ဆက်မှု မပေးနှင့်။ ထို့အပြင်၊ ခေါင်းဆောင်များထံ သင်၏ အစွမ်းအစများကို တက်ကြွစွာ ထုတ်ဖော်ပြသခြင်း မပြုနှင့်၊ ပြီးလျှင် ၎င်းတို့၏ သတိပြုမိခြင်းအတွက် ပြိုင်ဆိုင်ရန် အစွန်းရောက်သည့် မည်သည့် အတိုင်းအတာထိမျှ မုချမလုပ်ဆောင်နှင့်။ သင် မပါဘဲနှင့် အခြားသူများ ယှဉ်ပြိုင်ပါလေ့စေ။ အကြီးအကဲက သင့်ကို အဆိုပြုသည့်အခါတိုင်းတွင်၊ “ဒီတစ်ခုနှင့်ပတ်သက်၍ ကျွန်ုပ် ထွက်ထိုင်ပါမည်၊ ကျွန်ုပ် အရည်အချင်း မပြည့်မီပါ”ဟု ဆိုလော့။ သင် အရည်အချင်း မပြည့်မီကြောင်းသာ သင် ဆိုရမည်ဖြစ်ပြီး အခြားသူများအား ဆက်လုပ်ဆောင်ခွင့်ပေးရမည်။ ရှေ့ထွက်လာပြီး ယှဉ်ပြိုင်မည့် လူများစွာ ရှိ၏။ အကြီးအကဲက၊ “ကျောက်ကျန်း၊ ဤအကြိမ်တွင် သင့်အလှည့်ဖြစ်သည်”ဟု ပြောသည့်အခါ၊ “ကျွန်ုပ် အရည်အချင်း မပြည့်မီသေးပါ၊ အကြီးအကဲ၊ ကျွန်ုပ်ကို ခွင့်ပြုပါ။ ကျွန်ုပ် တတ်စွမ်းနိုင်ခြင်း မရှိပါ။ ကျောက်လီကို ဦးစွာ ပထမ လုပ်ဆောင်ခွင့်ပေးပါ၊ ကျောက်လီ မတတ်စွမ်းနိုင်လျှင်၊ ကျောက်ဝမ်ကို လုပ်ခွင့်ပေးပါ။ သူတို့ လုပ်ဆောင်ပါစေ”ဟု ပြောလော့။ အကြီးအကဲက၊ “သင် နုံအပါသလော။ သူတို့ သင့်ကို မဲလျှင်၊ သင်သည် မည်သည့် အကျိုးကျေးဇူးမျှ ရရှိမည် မဟုတ်ပါ။ အိမ် သို့မဟုတ် မည်သည့် အပိုဆုကျေးများ သို့မဟုတ် လစာ တိုးမှုများကိုမျှ ရရှိမည် မဟုတ်ပါ”ဟု ဆိုလိမ့်မည်။ ထို့နောက် သင်က၊ “ကျွန်ုပ် မည်သည့်အရာမျှ မရလျှင်၊ မည်သည့်အရာမျှ မရပါ။ ကျွန်ုပ်တွင် စားဖို့ လုံလောက်ပြီး သုံးရန်ငွေ လုံလောက်သောကြောင့် စိတ်ချနေပါ၊ ဆရာ။ သင် စိတ်ချခြင်း မရှိသေးလျှင်၊ နှစ်ကုန်တွင် ကျွန်ုပ်ကို အပိုဆုကြေး အနည်းငယ် ပိုပေးပါလော့”ဟု သင် ပြောသည်။ ၎င်းတို့၏ ယှဉ်ပြိုင်ကြိုးပမ်းမှုတွင် ပါဝင်ခြင်း မရှိနှင့်။ ယှဉ်ပြိုင်လိုသည့် မည်သူမဆို၊ ယှဉ်ပြိုင်ပါလေ့စေ။ သင့်အနေဖြင့် မည်သည့် နည်းလမ်းကိုမျှ မကျင့်သုံးနှင့်၊ မည်သည့် အားအင်မျှ မသုံးပစ်နှင့်၊ မည်သည့် အဖိုးအခကိုမျှ မပေးနှင့်။ ရာထူးတိုးခြင်းအတွက် တစ်ပြားတစ်ချပ်မျှ မသုံးနှင့်၊ စကားတစ်ခွန်း မပြောနှင့်၊ အပိုဆောင်၍ မည်သည့်အရာမျှ မလုပ်ဆောင်နှင့်၊ သို့မဟုတ် အပိုဆောင်း ခရီးမိုင်တိုင် မသွားနှင့်။ သင့်တွင် အခြေအနေများ၊ အဆက်အသွယ်များနှင့် သင့်တော်သော လူရင်းများ ရှိပါက၊ မပါဝင်ဘဲ ရှိနေဆဲဖြစ်လော့။ ဤအရာကို အမှန်တကယ် လက်လွှတ်ခြင်း၊ အမှန်တကယ် ဝေးဝေးနေခြင်းဟု ခေါ်သည်။ ထိုလောကီလူတို့သည် သင့်ကို အတောမသတ်သော သနားခြင်းကရုဏာဖြင့် ကြည့်ကာ၊ “သင်သည် နုံအသည်၊ စိတ်မြဲမြံသည်”ဟု ပြောမြဲပြောနေသည်။ သို့ရာတွင်၊ သင်က၊ “ကျွန်ုပ်နှင့်ပတ်သက်၍ သင်တို့ ပြောလိုသည့်အရာ မည်သည့်အရာကိုမဆို ပြောလော့။ ကျွန်ုပ် ပါဝင်ဦးမည် မဟုတ်ပါ”ဟု ပြောသည်။ လူတို့က၊ “အဘယ်ကြောင့် သင် မပါဝင်မည်နည်း”ဟု မေးသည်။ သင်က၊ “ကျွန်ုပ်သည် သုံရန် လုံလောက်သည့် ငွေရှာထားသည်။ ကျွန်ုပ် အရည်အချင်း မပြည့်မီပါ။ သင်တို့အားလုံးသည် ကျွန်ုပ်ထက် ပိုတော်ကြသောကြောင့် သင်တို့ လုပ်ဆောင်ပါလော့”ဟု ပြောသည်။ ပါဝင်ခြင်းကို သင် ရှောင်ကြဉ်နိုင်ပါသလော။ (ရှောင်ကြဉ်နိုင်ပါသည်။) သင်သည် လက်ထောက် ဌာနစိတ် အကြီးအကဲ သို့မဟုတ် လက်ထောက် ဒါရိုက်တာအဖြစ် ရာတိုးမြှင့်ရန် အခွင့်အရေးရှိပါက သင် ငြင်းပယ်နိုင်သော်လည်း၊ ဗျူရို အကြီးအကဲ ရာထူး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးများ ကမ်းလှမ်းခြင်းခံရပါက၊ အလားတူ လုပ်ဆောင်နိုင်သလော။ လွယ်ကူမည် မဟုတ်ပေ။ ရာထူး ပိုမြင့်လေ၊ ပိုပြီး ဆွဲဆောင်မှု များလာလေဖြစ်ပြီး၊ ထိုအရာ၏ ဩဇာအာဏာပိုများလေ စုံစမ်းသွေးဆောင်မှု ပိုကြီးမားလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ သင့်အနေဖြင့် ပိုပြီး ဩဇာအာဏာရှိသည့်အခါ၊ ပိုကောင်းသည့် ဆက်ဆံမှုကို ရရှိသောကြောင့်၊ သင်၏ စကားများသည် သာ၍ သြဇာလွှမ်းမိုးမှု ရှိလာပြီး၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ မွေ့လျော်ခံစားမှု တိုးပွားသောကြောင့် ဖြစ်သည်။ သင်မြင်သလော၊ မြို့တော်ဝန်၊ အုပ်ချုပ်ရေးမှူးနှင့် သမ္မတအားလုံးတွင် မိမိတို့ကိုယ်ပိုင် အရာရှိ ဂေဟာများ ရှိကြသည်။ အပြင်ထွက်သည်ဖြစ်စေ၊ အိမ်တွင်ရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အသုံးစရိတ်အားလုံးကို အစိုးရက ပံ့ပိုးပေးထားသည်။ ထို့ကြောင့်၊ အထက်တန်းစားများနှင့် သင် သာ၍ ဆက်ဆံရလေ၊ သင့်အပေါ် ၎င်းတို့၏ စုံစမ်းသွေးဆောင်မှုက သာ၍ ကြီးမားလာလေဖြစ်ပြီး၊ ၎င်းတို့နှင့် အဆက်အဆံလုပ်ရန် သင့်တွင် အခွင့်အရေးများ သာ၍ ရှိလေ၊ ဤအခွင့်အရေးများကို စွန့်လွှတ်ရန် သာ၍ ခက်ခဲလာလေ ဖြစ်သည်။ စုံစမ်းသွေးဆောင်မှုကို ရှောင်ရှားရန်အလို့ငှာ၊ သင်သည် အထက်တန်းစား အသိုင်းအဝိုင်းတွင် ခြေချခြင်းမရှိဘဲ၊ အောက်ခြေလူတန်းစား အဆင့်တွင် သင် အလုပ်လုပ်သည်။ ခြေနှစ်ဖက်လုံးဖြင့် ဤအသိုင်းအဝိုင်းထဲသို့ ခြေချခြင်းကို သင် ရှောင်ကြဉ်သည်။ ဤအရာကို ဝေးဝေးနေခြင်းဟု ခေါ်သည်။ သင် ပြောဆို၊ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် နိုင်ငံရေးနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဤအရာများနှင့် ဝေးဝေးနေခြင်းနှင့်သာ သက်ဆိုင်ပေသည်။ ယှဉ်ပြိုင်မှု အသီးသီးတွင် အဆင့်မြင့် အရာရှိတစ်ဦးအဖြစ် ရွေးကောက်ခံရသူ မည်သူမဆို၊ ကြီးမားသည့် တန်ခိုးအာဏာ စွဲကိုင်လာသည့် မည်သူမဆို၊ ၎င်းတို့ကို သင် အားကျခြင်းမရှိ၊ သင် စိတ်ထိခိုက်ခြင်းမရှိသကဲ့သို့ ထိုအရာကို သင် နောင်တရခြင်း မရှိ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အခြားသော စမ်းသပ်စစ်ဆေးမှု သို့မဟုတ် အခြေအနေတွင်၊ သင်သည် နိုင်ငံရေးနှင့် ဝေးဝေးနေခြင်းတည်းဟူသော ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းကို လက်တွေ့လုပ်ဆောင်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းပြီးဖြစ်ကာ စာတန်ကို ရင်ဆိုင်ရာတွင်၊ သင်သည် အောင်မြင်မှု ရှိပေသည်။ ဘုရားသခင်ကို ရင်ဆိုင်ရာတွင်၊ သင်သည် အောင်မြင်သောသူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်က သင့်ကို လက်ခံပေသည်။ လူအချို့က၊ “ဘုရားသခင်သည် ကျွန်ုပ်ကို လက်ခံလျှင်၊ ကျွန်ုပ်၏ လစာကို အနည်းငယ် တက်စေလိမ့်မည်လော”ဟု ပြောကြသည်။ မဟုတ်ပါ၊ အောင်မြင်သူတစ်ဦးအဖြစ် သင့်အပေါ် ဘုရားသခင်၏ လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းမှာ သင်သည် ကယ်တင်ခြင်းနှင့် ခြေတစ်လှမ်း သာ၍ နီးကပ်သွားပြီး ဘုရားသခင်က သင့်ကို ပိုများသည်ထက်များသော မျက်နှာသာဖြင့် ကြည့်ရှုသည့်သဘော ဖြစ်သည်။ ဤသည်မှာ ကြီးမားသည် ဂုဏ်ပြုခြင်းတစ်ခု ဖြစ်သည်။ နိုင်ငံရေး အရေးကိစ္စများတွင် ပါဝင်ခြင်းမှ ရှောင်ကြဉ်ရန်မှာ လွယ်ကူပါသလော။ ယှဉ်ပြိုင်မှုကို မွေ့လျော်ခံစားသူ မည်သူမဆို၊ ယှဉ်ပြိုင်ပါလေ့စေ။ ထိုသို့သော အရေးကိစ္စများအတွက် ထုတ်ဖော်ပြောဆိုလိုသောသူ မည်သူမဆို ထိုသို့ လုပ်ဆောင်ပါလေ့စေ။ ထိုအရာများနှင့် မိမိကိုယ်ကို အလုပ်များစေရန် နှစ်သက်သောသူ မည်သူမဆို၊ အလုပ်များကြပါလေ့စေ။ မည်သို့ဆိုစေ၊ သင် ဂရုစိုက်ခြင်း မရှိသကဲ့သို့၊ ဤအရာများဖြင့် သင့် မိမိကိုယ်ကို ဒုက္ခမခံပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် တိုးတက်မှုကို ရှာဖွေနေခြင်းမဟုတ်သကဲ့သို့ အရာရှိ အသက်မွေးအလုပ်တစ်ခုအတွက် ရည်မှန်းချက် ပန်းတိုင် မရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးနှင့် ဝေးဝေးနေခြင်း - ပါဝင်ပတ်သက်မှုမရှိခြင်းနှင့်ဆိုင်သည့် တတိယမြောက် စည်းမျဉ်း ဖြစ်သည်။

နိုင်ငံရေးနှင့် ဝေးဝေးနေခြင်း၏ စတ္တုထမြောက် စည်းမျဉ်းမှာ ဘက်မပါခြင်း ဖြစ်သည်။ “ဘက်ပါခြင်း”သည် နိုင်ငံရေးသမားများ အသုံးပြုသည့် ဗန်းစကားဖြစ်ပြီး၊ ဘက်ပါရန်မှာ နိုင်ငံရေးလောကတွင် ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ နိုင်ငံရေးတွင် သင် ပါဝင်သည့်အခါ၊ ပါတီအေနှင့် သင် ရပ်တည်သည်ဖြစ်စေ၊ ပါတီဘီနှင့် သင် ရပ်တည်သည်ဖြစ်စေ သင်၏ ရပ်တည်ချက်ကို သင် ရှင်းလင်းအောင် လုပ်ရမည်။ နိုင်ငံရေးတွင် သင် ပါဝင်သည်နှင့်တစ်ပြိုင်နက်၊ သင် ဘက်ပါရမည်ဖြစ်သည်။ မပါဝင်ပါက၊ ဘက်ပါရန် မလိုအပ်၊ သို့မဟုတ် သင် ဘက်ပါခြင်းမရှိဟု သင်ဆိုနိုင်သည်။ သင်သည် ကြားနေအဖြစ် ရှိနေပြီး၊ ၎င်းတို့၏ ပဋိပက္ခများ သို့မဟုတ် နှစ်ဘက် ပြိုင်ဆိုင်တိုက်ခိုက်ရသည့် အကြောင်းရင်းကို အာရုံမစိုက်ပါက၊ သင်သည် ဘက်မပါခြင်း ဖြစ်ပေသည်။ သင့်အနေဖြင့် ပါတီ အေကို အားပေးသည်ဖြစ်စေ၊ ပါတီဘီကို အားပေးသည်ဖြစ်စေ၊ သင့်ထံမှ ရလဒ် သို့မဟုတ် အခြေ မရှိပေ။ သင်က၊ “နှစ်ဘက်လုံးတွင် ကျွန်ုပ် မရပ်တည်ပါ၊ ကျွန်ုပ် ကြားနေပါသည်။ အေနှင့်ရော ဘီနှင့်ပါ ကောင်းမွန်သည့် ဆက်ဆံရေး ကျွန်ုက် ရှိသော်လည်း၊ သူတို့နှစ်ဘက်လုံးနှင့် ကျွန်ုပ် နီးစပ်ခြင်း မရှိပါ။ ၎င်းတို့၏ ယှဉ်ပြိုင်ကြိုးပမ်းမှု တစ်ခုတလေတွင် ကျွန်ုပ် မပါဝင်ပါ”ဟု ဆိုသည်။ ဤလူများက အမှန်တကယ်တွင် သင်သည် ပါတီဘေဘက်လော သို့မဟုတ် ပါတီဘီဘက်လောဟူ၍ အံကြံအိုက်သွားကြသည်။ ၎င်းတို့သည် သင့်ကို စည်းရုံးသိမ်းသွင်းရန် အမြဲ ကြိုးစားကြသော်လည်း မည်သူမျှ မလုပ်နိုင်ပေ။ အဆုံးသတ်ရလဒ်မှာ မည်သည့် ပါတီဖြင့်မဆို သင်သည် ဘက်ပါမှု မရှိခြင်းကို ၎င်းတို့ နားလည်သွားကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင်၊ သင်၏ အနီးဆုံး အထက်လူကြီးက၊ “အသင် စိတ်မချရသည့် ရောင်းရင်း၊ ထိုသို့သော အရေးပါသည့် အခိုက်အတန့်တွင် သင်သည် ကျွန်ုပ်ကို အဘယ်ကြောင့် အားပေးခြင်း မရှိသနည်း”ဟု ပြောသည်။ သင်က၊ “အကြီးအကဲ၊ ထိုသို့သော ဂုဏ်ပြုခြင်းတစ်ခုကို ကျွန်ုပ် ချန်မထားဝံ့ပါ။ ကျွန်ုပ်တွင် အလားတူ အသိဉာဏ် နက်နဲမှု မရှိသကဲ့သို့ ကျွန်ုပ်၏ အလုပ်တွင် အလွန် အရည်အချင်း မရှိပါ။ သင့်ကို စိတ်ပျက်စေမိမည်ကို ကျွန်ုပ် စိုးရွံ့ပါသည်။ အကြီးအကဲ၊ ကျွန်ုပ်ကို ကျေးဇူးပြုပြီး ချန်ထားပါ၊ ကျွန်ုပ်သည် ငွေတစ်ပြားကောက်ရန် ကိုင်းသည့် အရေးမပါသော လူတစ်ဦးသာ ဖြစ်ပါသည်။ ကျွန်ုပ်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်၊ ဘက်မပါဝံ့ပါ။ ကျေးဇူးပြု၍ ကျွန်ုပ်ကို သိပ်မတင်းကျင်ဘဲ သက်ညှာပေးပါ။ နောက်တစ်ကြိမ်တွင် သင့်ကို ကျွန်ုပ် မုချ ပံ့ပိုးပေးပါမည်”ဟု ပြောသည်။ အမှန်တွင်၊ သင်သည် သူ့ကို ငြင်းလိုက်ခြင်းသာ ဖြစ်သည်။ သင်သည် သူ့ကို ဒေါသမထွက်စေသကဲ့သို့ သူသည် ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာမျှ မလုပ်နိုင်ပေ။ ၎င်းတို့အနေဖြင့် ၎င်းတို့ အလိုရှိသည့် မည်သည့်ပုံစံဖြင့်မဆို ယှဉ်ပြိုင်တိုက်ခိုက်ကာ အငြင်းပွားနိုင်သည်၊ ထိုအရာသည် သင်နှင့် ဘာမျှ ပတ်သက်ခြင်းမရှိ၊ သင်သည် အပြင်လူတစ်ဦး ဖြစ်သည်။ သင်သည် အပြင်လူတစ်ဦးဖြစ်သည်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ သင်သည် အရာရှိ အသက်မွေးအလုပ်တစ်ခု၊ အရာရှိလောက၊ ထင်ပေါ်ကျော်ဇောမှုသို့ တက်ခြင်း၊ သင်၏ ဘိုးဘေးများကို ဂုဏ်ကျက်သရေ ဆောင်ကြဉ်းခြင်း သို့မဟုတ် နိုင်ငံရေးထဲ ခြေချခြင်းတို့ကို လိုက်စားအားထုတ်ခြင်း မရှိပေ။ သင်သည် နိုင်ငံရေး အလားအလာများကို လိုက်စားခြင်း မရှိ။ သင်၏ ရည်မှန်းချက် ပန်းတိုင်မှာ အရာရှိ အသက်မွေးအလုပ်နှင့် ဤနိုင်ငံရေး ပုဂ္ဂိုလ်မျာနှင့် ဝေးဝေးနေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘက်မပါရန်၊ ပါတီအေကို ဖြစ်စေ၊ ပါတီဘီကိုဖြစ်စေ မရွေးချယ်ရန် သင် တမင် ရွေးချယ်ခြင်းဖြစ်ပြီး၊ မည်သည့်ဘက် မည်သူ ပါသည်မှာ သင်နှင့် ဘာမျှပတ်သက်ခြင်း မရှိပေ။ တစ်စုံတစ်ဦးက သင့်ကို ဖျောင်းဖျရန် ကြိုးစားသည့်အခါတိုင်းတွင်၊ အရေးမကြီးဟန် ရယ်ပစ်ကာ၊ “မည်သူ သင့်တော်သည်ကို ကျွန်ုပ် မသိပါ။ သင်တို့အားလုံးသည် ကျွန်ုပ်၏ မိတ်ဆွေများ ဖြစ်သည်။ မည်သူ အနိုင်ရသည်ဖြစ်စေ ကျွန်ုပ် ဝမ်းသာမည်ဖြစ်သည်”ဟု ပြောလျက် အပြောင်အပျက်လုပ်လေသည်။ ၎င်းတို့က၊ “သင်သည် တကယ် စိတ်မချရသော အပေါင်းအသင်းတစ်ယောက် ဖြစ်သည်”ဟု ဆိုသည်။ ပြီးလျှင် သင်က၊ “ကျွန်ုပ် စိတ်မချရခြင်း မဟုတ်ပါ၊ ကျွန်ုပ် နုံအခြင်းသာ ဖြစ်သည်။ သင်တို့သည် ပညာရှင်များ ဖြစ်ကြသည်”ဟု ဆိုသည်။ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ စိတ်ရှုပ်သကဲ့သို့ ဟန်ဆောင်သည်။ ဘက်မပါခြင်းသည် အဆင်ပြေပါသလော။ မအနှင့်၊ သင့်ကို အသုံးချရန် ကြိုးစားနေသည့်သူများကို မလိုက်လျောနှင့်။ မည်သည့် နိုင်ငံရေး အဆင့်တွင်ဖြစ်စေ၊ အခြေအနေ အမြဲ ရှုပ်ထွေး၏။ အဓိကအချက်ကို သင် မမြင်ရပေ။ ထိုအရာမှာ အောက်ခြေကို သင် မြင်နိုင်သည့် ကြည်လင်သော စမ်းရေကဲ့သို့ မဟုတ်ပေ။ ထိုအရာသည် ရှုပ်ထွေးသည့် အခြေအနေ၊ လှုပ်လေမြှုပ်လေ အရှုပ်တော်ပုံတစ်ခု ဖြစ်သည်။ ခေါင်းဆောင်က သင့်ကို ကောင်းစွာ ဆက်ဆံလျှင်၊ သူ့ကို သင် နီးစပ်အောင်လုပ်ပြီး သူ့ဘက်ပါသော်လည်း၊ ဤအရာက သင့်ကို ကောင်းကျိုးဖြစ်စေမည်၊ ဆိုးကျိုးဖြစ်စေမည်ကို သင် မသိပေ။ သူ၏ အနာဂတ်က မည်သည့်အရာဖြစ်မည်၊ သူသည် ချည်နှောင်ခြင်းခံသွားရမည်လော၊ ထင်ပေါ်ကျော်ဇောခြင်းသို့ တက်ရောက်သွားမည်လောဆိုသည်ကို သင် သဘောမပေါက်နိုင်ပေ။ ထိုလူများအားလုံးသည် ရွှံ့ညွှန်ထဲက မိချောင်းများဖြစ်သည်၊ အကြီး၊ အသေးများရှိသည်။ အရေးမပါသည့် လူတစ်ဦးအနေဖြင့်၊ သင်သည် ၎င်းတို့ ပြောဆိုသည့် စကားတိုင်း မှန်သလော၊ မှားသလော၊ မည်သူကို ၎င်းတို့ ကောင်းစွာ ဆက်ဆံပြီး မည်သူကို ကောင်းစွာ ဆက်ဆံခြင်းမရှိသည်ဆိုသည်နှင့် ၎င်းတို့၏ နေ့စဉ် လုပ်ရပ်များ၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သင် ခွဲခြားနိုင်မည် မဟုတ်ပေ။ သင် တကယ်ကို မခွဲခြားနိုင်ပေ။ ထို့ကြောင့်၊ သင်သည် မိမိကိုယ်ကို ကာကွယ်လိုပါက၊ အရိုးရှင်းအလွယ်ကူဆုံးနှင့် အမြင့်မားဆုံးသော စည်းမျဉ်းများ ဘက်မပါရန် ဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် သဘောကောင်းပါက၊ ၎င်းတို့နှင့်ပတ်သက်၍ စိတ်ပါလက်ပါ ရှိနေလော့။ ၎င်းတို့ သဘောမကောင်းပါက၊ ၎င်းတို့နှင့်ပတ်သက်၍ စိတ်ပါလက်ပါ ရှိနေဆဲဖြစ်လော့၊ သို့သော် ဘက်ပါခြင်းသာ မပြုနှင့်။ တစ်စုံတစ်ရာ ပေါ်ပေါက်လာသည့်အခါ၊ အရေးမကြီးဟန် ရယ်ပစ်ပြီး၊ စိတ်ရှုပ်ဟန်ဆောင်လော့။ ၎င်းတို့က သင့်ကို တစ်ခုခုမေးသည့်အခါ၊ သင်မသိ၊ မရှင်းလင်းကြောင်း သို့မဟုတ် ယခင်က မမြင်ဖူးကြောင်း ပြောဆိုလော့။ ဤသို့ သင်တုံ့ပြန်နိုင်သလော။ (ဟုတ်ကဲ့၊ ယခု တုံ့ပြန်နိုင်ပါသည်။) အသင်းတော်တွင် ဤစည်းမျဉ်းများကို ကျင့်သုံးရန် သင့်တော်ပါသလော။ (မသင့်တော်ပါ။) ဤလှည့်ကွက်များသည် နတ်ဆိုးများ နေထိုင်သည့် နေရာများအတွက်သာ သင့်တော်သည်၊ ညီအစ်ကို မောင်နှမများအလယ်တွင် အသုံးမပြုရပေ။ ဤသည်မှာ ဉာဏ်အမြော်အမြင်ဖြစ်သည်။ နတ်ဆိုးများ နေထိုင်သည့် နေရာများတွင်၊ သင်သည် မြွေများလောက် လိမ္မာပါးနပ်ရမည်။ သင် မိုက်မဲ၍မရ၊ သင် ဉာဏ်အမြော်အမြင် ရှိရမည်။ သင့်ကို မိမိတို့ဘက်သို့ မည်သူမဆို ဆွဲဆောင်သည်ဖြစ်စေ၊ သွားကာ သူတို့ဘက်တွင် မရပ်နှင့်။ သင်နှင့်ပတ်သက်၍ မည်သူမဆိုက သဘောထားကွဲလွဲမှု ဖန်တီးသည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို မနှစ်ခြိုက်သည်ဖြစ်စေ၊ ၎င်းတို့ကို မဆန့်ကျင်နှင့်၊ သို့မဟုတ် ၎င်းတို့ကို ဆန့်ကျင်ရပ်တည်ခြင်းမပြုနှင့်။ သင်သည် ၎င်းတို့ကို မဆန့်ကျင်ကြောင်း ၎င်းတို့အား ယုံကြည်စေလော့။ ဤအရာများတွင် ဉာဏ်ပညာပါဝင်၏။ မည်သည့် နိုင်ငံရေး အင်အားစုနှင့်မျှ မယှဉ်ပြိုင်နှင့်၊ ၎င်းတို့ တစ်ခုတလေကိုမျှ နီးစပ်အောင်မလုပ်နှင့်၊ ပြီးလျှင် ၎င်းတို့ တစ်ခုတလေနှင့် လိမ်လည် လှည့်ဖြားရန် ပေါင်းမကြံနှင့်၊ သို့မဟုတ် ချစ်ကြည်မှုမပြနှင့်။ ဤသည်မှာ ဉာဏ်ပညာဖြစ်သည်၊ ဘက်မပါခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာအား မည်သို့ လုပ်ဆောင်ရမည်ကို သင်တို့ သင်ယူပြီးပြီလော။ (သင်ယူပြီးဖြစ်ပါသည်။) အရေးပါသည့် အချိန်များတွင်၊ သင်သည် နားမကြား၊ ဆွံ့အသူအဖြစ်၊ ရူးကာ မိုက်မဲသူအဖြစ် ဟန်ဆောင်ရမည်ဖြစ်ပြီး၊ သင်သည် မသိနားမလည်သည့် အရူးတစ်ဦးအဖြစ် ၎င်းတို့အား မြင်ခွင့်ပေးရမည်။ ၎င်းတို့က သင့်အား တစ်စုံတစ်ရာ လုပ်ဆောင်ရန် ပြောပါက၊ လုပ်ဆောင်လော့၊ မေးမြန်းခြင်းမရှိဘဲ ၎င်းတို့၏ အကြံကို လက်ခံလော့၊ ပြီးလျှင် သင် မည်မျှ နာခံမှုရှိသည်ကို ၎င်းတို့အား မြင်ခွင့်ပေးလော့။ မည်သည့်အတိုင်းအတာထိ နာခံခြင်း ဖြစ်သနည်း။ ဖော်လံဖားတစ်ဦးကဲ့သို့ အမြဲနားထောင်ခြင်း၊ မည်သည့်အခါတွင်မျှ မဆင်မခြင် ပြောဆိုခြင်းမရှိ၊ အကြီးအကဲ၏ သတင်းအကြောင်း သို့မဟုတ် အကြင်မည်သောသူနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်အကြောင်းကို လုံးဝ မေးမြန်းခြင်းမရှိ၊ အထူးသဖြင့် နာခံမှု ရှိလော့။ သို့ရာတွင် ၎င်းတို့ထံ သင်၏ စစ်မှန်သည့် အတွေးများကို မည်သည့်အခါတွင်မျှ မြင်သာအောင်မပြသင့်ပေ။ သင်၏ စစ်မှန်သည့် အတွေးများနှင့် ရည်ရွယ်ချက်များကို သင် ဖော်ထုတ်မိသည်နှင့်၊ ၎င်းတို့က သင့်ကို အပြစ်ပေးကာ သင်ခန်းစာ ပေးလိမ့်မည်ဖြစ်သည်။ သင်သည် ၎င်းတို့ဘက်တွင် မပါရှိပါက၊ ၎င်းတို့ကို သင် သိခွင့်ပေး၍မရပေ။ ၎င်းတို့ကို သင် မငြင်းပယ်လျှင်ပင်၊ ၎င်းတို့ကို သိခွင့်ပေး၍မရပေ။ ဤအရာကို သင် အဘယ်ကြောင့် လုပ်ဆောင်သင့်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အမြင်တွင်၊ သင်သည် ၎င်းတို့၏ မိတ်ဆွေမဟုတ်ပါက၊ ၎င်းတို့၏ ပြိုင်ဖက်ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် သင်သည် ပြိုက်ဖက်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ၎င်းတို့ အပြစ်ပေးရန် ရည်ရွယ်သည့် သူတစ်ဦးဖြစ်လိမ့်မည်။ ၎င်းတို့သည် သင့်ကို ၎င်းတို့၏ မျက်စိစပါးမွှေး စူးစရာကဲ့သို့၊ ဆူးငြောင့်ခလုတ်ကဲ့သို့ ဆက်ဆံလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က သင့်ကို အပြစ်ပေးရလိမ့်မည်။ ထို့ကြောင့် သင်သည် ဉာဏ်ပညာ အသုံးပြုကာ အသောသူအဖြစ် ဟန်ဆောင်ရမည်။ သင်၏ အစွမ်းအစများကို မပြနှင့်။ သင်၏ အတွေးများ၊ ရှုထောင့်များ၊ ရပ်တည်ချက်များ၊ သို့မဟုတ် တစ်ခုခုအပေါ် သဘောတားများကို သင် ဖော်ပြပါက၊ သင်သည် မိုက်မဲပေသည်။ နားလည်ပါသလော။ (နားလည်ပါသည်။) စာတန်များ၊ နတ်ဆိုးများနှင့် ရင်ဆိုင်ရာတွင်၊ အထူးသဖြင့် နိုင်ငံရေး လောကရှိ အဖွဲ့တစ်ဖွဲ့နှင့် သင် နီးစပ်သွားသည့်အခါ၊ သင့်အနေဖြင့် အပိုဆောင် ဂရုစိုက်ရမည်၊ မိမိကိုယ်ကို ကာကွယ်ရမည်၊ မိမိကိုယ်ကို လိမ္မာပါးနပ်သည်ဟု မတွေးနှင့်၊ သို့မဟုတ် တော်ဟန်တတ်ဟန် မလုပ်နှင့်။ ဟိုသည် ပြစားဝင့်ဝါခြင်း မပြုနှင့်။ သင့်အနေဖြင့် သိုသိုသိပ်သိပ် နေရမည်။ ထိုသို့သော ရှုပ်ထွေးသည့် ပတ်ဝန်းကျင်တွင် သင်၏ ရှင်သန်မှုကို သေချာစေလိုပြီး ဘုရားသခင်ကိုလည်း ယုံကြည်လိုပါက၊ သင်၏ တာဝန်ကို ဖြည့်ဆည်းလိုပါက၊ သမ္မာတရား လိုက်စားကာ ကယ်တင်ခြင်း ရရှိလိုပါက၊ သင် လုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာမှာ မိမိကိုယ်ကိုကာကွယ်ရန် ဖြစ်သည်။ သင့်ကိုယ်သင် ကာကွယ်ရန် နည်းလမ်းများထဲမှ တစ်ခုမှာ မည်သည့် နိုင်ငံရေး အင်အားစုကိုမျှ ရန်မစရန်နှင့် ၎င်းတို့၏ တိုက်ခိုက်မှုများ သို့မဟုတ် အပြစ်ဒဏ်နှင့်ဆိုင်သော ပစ်မှတ် ဖြစ်လာရန် ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အနည်းငယ် ပိုမို ဘေးကင်းစွာ နေနိုင်သည့် နည်းလမ်း ဖြစ်သည်။ ၎င်းတို့ကို နားထောင်ရန်၊ နာခံရန် သို့မဟုတ် ၎င်းတို့နှင့် နီးစပ်ရန် သင် အမြဲ ငြင်းပယ်ပါက၊ ၎င်းတို့က သင့်ကို သဘောမကျဖြစ်ကာ သင့်ကို အပြစ်ပေးချင်ကြလိမ့်မည်။ တစ်နည်းအားဖြင့်၊ သင့်ထံတွင် ပါရမီနှင့် အလုပ်လုပ်နိုင်စွမ်းရှိသည်ကို ၎င်းတို့ မြင်ပါက၊ ပြီးလျှင် ၎င်းတို့အတွက် သင် အကျိုးရှိကြောင်းနှင့် ၎င်းတို့အတွက် သင် လွှဲပြောင်းတာဝန်ယူပါက၊ ၎င်းတို့၏ လျှို့ဝှက်ချက်များကို သင် ဖော်မည်မဟုတ် သို့မဟုတ် ၎င်းတို့၏ အနာဂတ် နာမည်ဂုဏ်သတင်းကို သင် ပျက်စီးစေမည်မဟုတ်ကြောင်းကို ၎င်းတို့ မြင်ပါက၊ သင်၏ လမ်းညွှန်သူ ဖြစ်လိုကြလိမ့်မည်။ ၎င်းတို့ သင့်ကို လမ်းညွှန်ရန်မှာ ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့က သင့်ကို မျက်စိကျပြီး၊ လမ်းညွှန်သင်ပြလိုပါက၊ ငါ့ကို ပြောလော့၊ ထိုအရာမှာ ဝိညာဉ်ဆိုးတစ်ခု၏ ဝင်ပူးခံရခြင်းနှင့် တူညီသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် သင့်ကို မျက်စိကျပါက၊ သင် ဒုက္ခရောက်ပြီဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့က သင့်ကို ဖမ်းဆီးရန် စိတ်ပိုင်းဖြတ်ခြင်းမရှိမီတွင်၊ သင်သည် ၎င်းတို့အား သင့်ကို အကြိုက်တွေ့ခွင့် ပေး၍မရပေ။ သင့်အနေဖြင့်၊ မည်သည့်အရာကိုမျှ ကောင်းစွာ အလွန် မလုပ်ဆောင်နိုင်သည့်အလား၊ အသောသူအဖြစ် ဟန်ဆောင်ရမည်။ ကိစ္စအများစုတွင် အသင့်အတင့်ဖြစ်သော အလုပ်တစ်ခုကို လုပ်ဆောင်လော့။ ဤအရာနှင့် ပတ်သက်၍ ၎င်းတို့ စိတ်ကျေနပ်ခြင်း မရှိနိုင်သော်လည်း၊ သင်နှင့်ပတ်သက်၍ အပြစ်တစ်ခုခု ၎င်းတို့ လေ့လာဆန်းစစ်ကာ ဖော်ထုတ်နိုင်မည် မဟုတ်၊ သင့်ကို ဖယ်ရှားစေရန် အကြောင်းပြချက် ရှာတွေ့နိုင်မည် မဟုတ်ပေ။ ယင်းမှာ လုံလောက်ပြီး လိုချင်သည့် အကျိုးတရားကို စွမ်းဆောင်ရရှိပေသည်။ အမှုအရာများကို အလွန်ကောင်းစွာ သင် လုပ်ဆောင်ပါက၊ အရာရာသည် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ထားပြီး ၎င်းတို့က သင်နှင့်ပတ်သက်၍ အထူးသဖြင့် စိတ်ကျေနပ်မှုရှိကာ သင့်ကို အထင်ကြီးပါက၊ ယင်းမှာ မကောင်းပေ။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် သင့်အား ၎င်းတို့၏ နိုင်ငံရေး လမ်းကြောင်းအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ကြလိမ့်မည် ဖြစ်ပြီး နောက်တစ်နည်းအနေဖြင့်၊ ၎င်းတို့က သင့်ကို လမ်းညွှန်ပြရန် အလိုရှိကောင်းရှိနိုင်ပေသည်။ ထိုအရာတစ်ခုမျှ သင့်အတွက် မကောင်းပေ။ ထို့ကြောင့် သင့်ကိုယ်သင် ဤလူမှုအဖွဲ့အစည်းတွင် အခြေကျစေရန်အလို့ငှာ၊ အမျိုးမျိုးသော အင်အားစုများ ရှောင်ကြဉ်ခြင်းနှင့် ဝေးဝေးနေခြင်းအပြင်၊ သာ၍ပင် အရေးကြီးသည့် အရာတစ်ခု ရှိ၏။ ယင်းမှာ အမျိုးမျိုးသော အင်အားစုများ သို့မဟုတ် သင်၏ အနီးဆုံး အထက်လူကြီးနှင့် စပ်လျဉ်းသည့် ဆက်ဆံရေးများနှင့် အရေးကိစ္စများကို အရည်အချင်းရှိစွာ ကိုင်တွယ်ရန်ဖြစ်သည်။ ဥပမာအနေဖြင့်၊ သင်သည် အလွန် ကြွားဝါလွန်းပါက၊ သင့်ကိုယ်သင် သက်သေပြချင်လွန်းပါက၊ သို့မဟုတ် မည်သည့် ဉာဏ်အမြော်အမြင်မျှမရှိဘဲ အမှုအရာများကို သင် လုပ်ဆောင်ပါက၊ မည်သည့်အရာကိုမျှ သင် တွန်းဖယ်၍ မရနိုင်သည့် သို့မဟုတ် သင် မလုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ရမည့် အကျပ်အတည်းတစ်ခုတွင် သင် ပိတ်မိကောင်း ပိတ်မိသွားနိုင်ပေသည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်၍ရနိုင်သနည်း။ ထို့ကြောင့်၊ ဤပြဿနာသည် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပေသည်။ သင်သည် ထိုသို့သော အသိုင်းအဝိုင်းတွင် မိမိကိုယ်ကို ကာကွယ်ကာ ဘုရားသခင်၏ ကာကွယ်ပေးခြင်း ခံရနိုင်ရန်အလို့ငှာ၊ ဘုရားသခင်ထံ မကြာခဏ ဆုတောင်းရန်၊ သူ့ရှေ့မှောက်တွင် ငြိမ်သက်ရန် လိုအပ်သည်၊ ဘုရားသခင်ကို သင့်အား ဦးဆောင်လမ်းပြခွင့်ပေးရန်၊ သင့်ကို ဉာဏ်ပညာ ပေးခွင့်ပေးရန်၊ ပြောရမည့် စကားများ သင့်ကို ပေးခွင့်ပေးရန်၊ သင် လုပ်ဆောင်သင့်သည့်အရာတွင် သင့်ကို လမ်းပြကာ အခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို သင့်အား သိရှိစေခွင့်ပေးရန် လိုအပ်ပေသည်။ သင့်အနေဖြင့် ဘုရားသခင်၏ ကာကွယ်ပေးခြင်းကို ရရှိပြီး၊ သင့်ကိုယ်သင် ကာကွယ်နိုင်သည့်အခါတွင်သာ၊ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နေရန်၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန်၊ ထိုနှုတ်ကပတ်တော်များကို အချိန်ယူတွေးဆရန်နှင့် သမ္မာတရားကို လိုက်စားရ် အခြေခံကျသော အခြေအနများ ရှိနိုင်ပေသည်။ ဤအရာများကို သင် နားလည်ပါသလော။ (နားလည်ပါသည်။) ဤသည်မှာ ဘက်မပါခြင်းနှင့်ဆိုင်သည့် စည်းမျဉ်း ဖြစ်သည်။

မိမိ၏ ရပ်တည်ချက်ကို မသိစေခြင်းတည်းဟူသော နိုင်ငံရေးမှ ဝေးဝေးနေခြင်းနှင့်ဆိုင်သည့် နောက်ထပ် စည်းမျဉ်းတစ်ခု ရှိ၏။ ထိုအရာသည် ခေါင်းဆောင်များ၏ နိုင်ငံရေး ရှုထောင့်များ၊ သဘောထားများ၊ သို့မဟုတ် အလားအလာများ သို့မဟုတ် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်၊ ၎င်းတို့၏ ထုတ်ဖော်ပြသမှုများ၊ ၎င်းတို့၏ အတွေးများ ပါဝင်သည်ဖြစ်စေ၊ ယင်းတို့သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်၏ ရပ်တည်ချက်ကို မသိစေသင့်ပေ။ အကြီးအကဲက သင့်ကို၊ “ကျွန်ုပ် ယခုတင် ပြောခဲ့သည့်အရာကို သင် သဘောတူသလော။ သင်၏ ရပ်တည်ချက်သည် အဘယ်နည်း”ဟု မေးသည့်အခါ၊ သင်က၊ “သင် မည်သည့်အရာ ပြောခဲ့သနည်း။ ကျွန်ုပ်၏ နားများသည် မှန်မှန် အလုပ်မလုပ်ပါ၊ သင့်ကို မကြားရပါ”ဟု ပြောသည်။ ဤအရာကို အကြီးအကဲက ကြားသည့်နောက်တွင် ဒေါသထွက်ပြီး သင့်ကို စကားမပြောတော့ပေ။ သင်၏ စိတ်နှလုံးတွင် သင်က၊ “ကောင်းလိုက်လေ၊ မည်သို့ဆိုစေ မည်သည့်အရာကိုမျှ ငါ မပြောချင်ပါ”ဟု တွေးသည်။ သင့်အနေဖြင့် ဆွံ့အ၊ နားမကြားအဖြစ် ဟန်ဆောင်သင့်ပြီး၊ အမြဲ သင်၏ ရပ်တည်ချက်ကို မသိစေသင့် သို့မဟုတ် “အကြီးအကဲ၊ ကျွန်ုပ်တွင် အယူအဆအချို့ရှိသည်၊ စိတ်ကူးအချိူ့ရှိသည်”ဟု ဆိုလျက် သင် မည်မျှတော်ကြောင်း ပြသမနေသင့်ပေ။ သင့်အနေဖြင့် သင်၏ လက်ကို အမြဲမြှောက်ကာ ရပ်တည်ချက်ယူပါက၊ ယင်းမှာ မိုက်မဲခြင်းသာ ဖြစ်သည်။ အကြီးအကဲနှင့် စပ်လျဉ်း၍ သင့်ထံတွင် အယူအဆများ ရှိသည့်အခါ ထုတ်မပြောသင့်သကဲ့သို့၊ ထိုထိုသော အမှုဆောင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အခါ သို့မဟုတ် သင်၏ အကြီးအကဲက တစ်စုံတစ်ရာ အမှားလုပ်နေသည်ကို မြင်သည့်အခါ၊ အသံမပြုနှင့်။ ယခုတွင်၊ ဤအရာများနှင့်ပတ်သက်၍ ခေါင်းဆောင်က သင့်ကို မေးလျှင်ကော၊ အဘယ်သို့နည်း။ “သင်သည် ဤအရာနှင့်ပတ်သက်၍ ကောင်းစွာ လုပ်ဆောင်ပေသည်။ ကျွန်ုပ်တို့သည် အမှုဆောင်ငယ်လေးများ ဖြစ်သည်နှင့်အမျှ သင်သည် နောက်တစ်ဆင့်တွင် ရှိနေသည်။ သင်သည် အမှန်တကယ် ထောက်ထားတတ်ပေသည်”ဟူ၍ ဖြစ်သည်။ သင့်အနေဖြင့် ၎င်းတို့ကို ချီးမွမ်းသင့်သည်၊ ထိုသို့သော မြှောက်ပင့်သည့် လေသံဖြင့် ၎င်းတို့ကို စကားပြောသဖြင့် ၎င်းတို့သည် စတင် ဝမ်းသာပီတိဖြစ်လာကြပြီး၊ သင်သည် မိမိ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီးဖြစ်ကြောင်း မြင်သည့်အခါ၊ မိမိကိုယ်ကို စိတ်ကုန်လုမတတ် ဖြစ်စေပြီဖြစ်သောကြောင့် ချီးမွမ်းခြင်းကို ရပ်တန့်လော့။ သင်၏ အကြီးအကဲက ပြောနေသည့် အထက်မှ အကောင်အထည်ဖော်ခြင်းအတွက် မူဝါဒများ၊ အယူအဆများ၊ အလုပ် သို့မဟုတ် အမှုအရာ တစ်ခုတလေအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ဖြစ်စေ၊ သင်သည် ဆွံ့အဟန်ဆောင်ကာ ဒွိဟဖြစ်စေသော စာကြောင်းအနည်းငယ်ကို ပြောလေသည်။ အကြီးအကဲက သင့်ကို ကြားသည့်အခါ၊ ၎င်းတို့က၊ “ဤလူသည် အမြဲ မရှင်းမလင်းဖြစ်ပြီးဖြစ်သည်၊ ထို့ကြောင့် ဤကိစ္စရပ်နှင့်ပတ်သက်၍လည်း ၎င်းတို့ မရှင်းမလင်းဖြစ်သည်မှာ ပုံမှန် ဖြစ်သည်”ဟု ပြောလိမ့်မည်။ ကောင်းပြီ၊ အယောင်ဆောင် ဟန်ဆောင်မှုများအောက် နေဖြစ်ရာတွင် အောင်မြင်လေပြီ။ အကြီးအကဲက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ သင်၏ ရပ်တည်ချက်ကို သင် မည်သည့်အခါတွင်မျှ မသိစေသင့်ပေ။ သင်သည် အကြီးအကဲနှင့်အတူ အစားအစာ သုံးဆောင်နေပြီး၊ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ၎င်းတို့က သင်၏ ရပ်တည်ချက်ကို ဖော်ပြစေချင်ကြပါက၊ သင်က၊ “အို၊ ကျွန်ုပ် ထမင်းမည်မျှ စားသည်ကိုကြည့်ပါလော့။ ကျွန်ုပ်၏ သွေးတွင်း သကြားဓာတ်သည် မြင့်တက်နေပြီး၊ ကျွန်ုပ်၏ ဦးခေါင်း အနည်းငယ် မူးနေသောကြောင့် သင် ယခုတင် ပြောလိုက်သည့်အရာကို ကျွန်ုပ် ရှင်းလင်းစွာ မကြားခဲ့ရပါ။ ဟေး အကြီးအကဲ၊ ထိုအရာကို နောက်တစ်ကြိမ်တွင် ဆွေးနွေးလို့ရသလော”ဟု ပြောလေသည်။ ၎င်းတို့နှင့် ပတ်သက်၍ မပြတ်မသားသာ ပြောဆိုလော့။ အကြီးအကဲက ၎င်းတို့နှင့်ပတ်သက်၍၊ ပါတီကော်မတီ သို့မဟုတ် အမျိုးသား မူဝါဒများနှင့်ပတ်သက်၍ သင်၏ အမြင်များကို သိရှိရန် တစ်စုံတစ်ယောက်အား စေလွှတ်ပါက၊ အမြင် တစ်ခုတလေကို သင် ဖော်ပြသင့်ပါသလော။ (မဖော်ပြသင့်ပါ။) သင်၏ လူသိရှင်ကြား သဘောထားမှာ သင့်တွင် အမြင်များမရှိဟူ၍ ဖြစ်သင့်သော်လည်း သင်၏ စစ်မှန်သော သဘောထားမှာ အဘယ်သို့နည်း။ သင့်ထံတွင် အမြင်များရှိလျှင်ပင်၊ ၎င်းတို့ကို မပြောပြနှင့်။ ဤအရာကို တစ္ဆေတစ်ကောင်အား လှည့်စားခြင်းဟု ခေါ်သည်။ “တစ်စုံတစ်ဦး၏ အုတ်ဂူပေါ် ပလတ်စတစ်ပန်းများ ထားခြင်း၊ တစ္ဆေတစ်ကောင်ကို လှည့်စားခြင်း”ဟူသည့် ပုံခိုင်းရေးဖွဲ့သော ဆိုရိုးတစ်ခု ရှိသည်။ ယင်းမှာ မှန်ကန်သည် မဟုတ်လော။ အမှန်၊ အမှားနှင့်ဆိုင်သည့် အဓိကပြဿနာများကို ရင်ဆိုင်နေရချိန်တွင်၊ သင့်ထံ၌ သဘောထားနှင့် အမြင်များ ရှိသော်လည်း၊ ယင်းတို့ကို သင် မဖော်ပြသင့်ပေ။ အဘယ်ကြောင့်နည်း။ ဤအရာများသည် ဘုရားသခင်ကို ယုံကြည်ခြင်း မပါဝင်ပေ။ သမ္မာတရား မပါဝင်ပေ။ နတ်ဆိုးလောက၏ ကိစ္စရပ်များသာ ဖြစ်ပြီး ယုံကြည်သူများဖြစ်သည့် ငါတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ငါတို့၏ သဘောထားများက မည်သည့်အရာဖြစ်သည်မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ဤအရာများသည် ငါတို့နှင့် ဘာမျှ မပတ်သက်ခြင်း ဖြစ်သည်။ ငါတို့တွင် သဘောထားတစ်ခု ရှိကောင်းရှိနိုင်သော်လည်း၊ အမှန်တွင် ထိုအရာမှာ ၎င်းတို့၏ အနှစ်သာရအပေါ် သိနားလည်ခြင်းနှင့် ချင့်ချိန်နိုင်စွမ်းရှိခြင်း ဖြစ်သည်။ ငါတို့၏ သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမှာ ၎င်းတို့နှင့် ဝေးဝေးနေရန်၊ ၎င်းတို့ကို ငြင်းပယ်ပြီး၊ ၎င်းတို့၏ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုတို့ကို ငြင်းပယ်ရန် ဖြစ်သည်။ အခြားလူတို့၏ သဘောထားများအတွက်မူ၊ ထိုအရာများနှင့် ငါတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိ။ ဤသည်မှာ နတ်ဆိုးလောကနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သူများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိ။ ဤအရာများသည် သင့်အပေါ် ဘုရားသခင်၏ သဘောထားတစ်ခုတလေ မဆိုထားနှင့်၊ သမ္မာတရား လိုက်စားခြင်း မပါဝင်သကဲ့သို့၊ ကယ်တင်ခြင်းလည်း မပါဝင်ပေ။ ထို့ကြောင့် သင်သည် မည်သည့် သဘောထားမှ ရှိရန် မလိုအပ်သကဲ့သို့၊ သဘောထားတစ်ခုတလေကို ဖော်ပြန်ရန်လည်း မလိုအပ်ပေ။ သင်သည် ထိုအရာကို အရေးမကြီးဟန် ရယ်ပစ်ကာ၊ “အကြီးအကဲ၊ ကျွန်ုပ်၏ အတွေးစဉ်သည် ပေါ့တန်ပြီး ကျွန်ုပ်၏ စိတ်သည် မကြည်လင်ပါ။ ကျွန်ုပ်သည် နိုင်ငံရေးကို အင်မတန် ရှည်ကြာသည့် အချိန်ကာလတစ်ခုကြာ လေ့လာပြီးဖြစ်သော်လည်း၊ ကျွန်ုပ်၏ အတွေးများတွင် နိုင်ငံရေးဆိုင်ရာ တော်လှန်မှုတစ်ခုတလေမျှ မတွေ့ကြုံဖူးသေးပါ။ ထို့ကြောင့် သာမန်လူတစ်ဦးအနေဖြင့်၊ ကျွန်ုပ်သည် အထက်မှလာသော မူဝါဒများ သို့မဟုတ် သင်၏ အဓိပ္ပာယ်ကို အ​ဖြေမရှာနိုင်သေးပါ။ သင်၏ ခွင့်လွှတ်မှုကို ကျွန်ုပ် တောင်းလျှောက်ပါသည်”ဟု ဆိုနိုင်သည်။ ဤသည်မှာ လုံလောက်သည့် အဖြေတစ်ခု ဖြစ်သည်။ ဤသည်မှာ တစ္ဆေကို လှည့်စားခြင်းလော။ (ဟုတ်ပါသည်။) သို့မဟုတ် သင်က၊ “အကြီးအကဲ၏ အမြင်သည် အလွန် တောက်ပပြီး လူတို့၏ အမြင်များက ကြည်လင်သော်လည်း၊ ကျွန်ုပ်ည် မိမိ၏ အမြင်၌ မရှင်းလင်းသည့်ပုံစံရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ မည်သည့်အရာကိုမျှ ကျွန်ုပ် မမြင် သို့မဟုတ် နားမလည်နိုင်ပါ။ ကျွန်ုပ်သည် ပါတီ အဖွဲ့ဝင်တစ်ဦးမဟုတ်သောကြောင့်၊ ကျွန်ုပ်တွင် ပါတီစိတ်ဓာတ် မရှိပါ။ ဤအရာများကို ကျွန်ုပ် နားမလည်နိုင်ပါ။ ကျွန်ုပ်တို့ကို စကားပြောပါ၊ အကြီးအကဲ၊ ကျွန်ုပ်တို့အပေါ် သင်သည် ဦးစားပေးသတ်မှတ်ချက် ရှိပါသည်။ သင် ပြောသည့်အရာ မည်သည့်အရာကိုမဆို၊ ကျွန်ုပ်တို့ နားထောင်ကာ ဆောင်ရွက်ပါမည်။ ယင်းမှာ ကျွန်ုပ်အတွက် အတော်လေး ကောင်းနေပြီဖြစ်သည်”ဟုလည်း ဆိုနိုင်သည်။ ဤသည်မှာ ရိုးရှင်းပါသလော။ ထိုအရာသည် မိမိ၏ ရပ်တည်ချက်ကို မသိစေခြင်း စည်းမျဉ်းအား စွမ်းဆောင်ရရှိပါသလော။ (စွမ်းဆောင် ရရှိပါသည်။) ဤဟန်ဆောင်လုပ်ပြခြင်းနှင့် သင်၏ ရပ်တည်ချက်ကို မရှင်းလင်းစေခြင်းက သင့်အား မိမိကိုယ်ကို ကာကွယ်ခွင့်ပေးသည်။ ထိုအရာအားဖြင့် သင် မည်သည့်အရာ ဆိုလိုသည်ကို အကြီးအကဲက သိပါသလော။ ၎င်းတို့ မသိပေ။ ၎င်းတို့က၊ “ဤလူသည် တိုးတက်မှုကို မရှာပါ။ ထိုသို့သော ကောင်းမွန်သည့် အခြေအနေများဖြင့်၊ လူအများစုသည် ပိုမြင့်မားသည့် ရာထူးတစ်ခုသို့ ရာထူးတိုးနှင့်ပြီး​ဖြစ်ပေမည်၊ မြို့တော်ဝန်ပင် ဖြစ်နိုင်သည်။ ဤလူသည် ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်နိုင်သော်လည်း၊ သူတို့ မတိုးတက်လိုခြင်းသာ ဖြစ်သည်။ သူတို့သည် ဆွံ့အဟန်ဆက်ဆောင်နေပြီး အဖွဲ့အစည်းနှင့် နီးစပ်ခြင်း မရှိကြပါ။ သူတို့သည် လူနုံလူအ စစ်စစ် ဖြစ်သည်”ဟု တွေးလျက်၊ သင့်ကို အရူးအနှမ်းတစ်ဦးအဖြစ်သာ စဉ်းစားလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို သင် စဉ်းစားမည်နည်း။ “သင်၏ အမြင်တွင် ငါသည် လူနုံလူအတစ်ယောက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမြင်တွင် ငါသည် အန္တရာယ်မပေးသော ချိုးငှက်တစ်ကောင်ဖြစ်သည်။ ငါသည် သင့်ထက် သာ၍ တန်ဖိုးရှိသည်။ အသင် နတ်ဆိုးအို၊ သင်သည် အရာရှိရာထူးတစ်ခုကို စွဲကိုင်ပြီး၊ နိုင်ငံရေး အနည်းငယ်တွင် ပါဝင်ကာ ယင်းက သင့်ကို သာလွန်စေသည်ဟု သင် တွေးသည်။ ငါ၏ အမြင်တွင်၊ သင်သည် ကျိုင်းကောင်ငယ်လေးတစ်ကောင်ထက် ပိုကောင်းမွန်ခြင်း မရှိပါ” ဟူ၍ ဖြစ်သည်။ သင် ထိုသို့ ပြောနိုင်သလော။ (မပြောနိုင်ပါ။) ထိုသို့ သင် မပြောနိုင်ပေ။ နံရံတွင် နားများရှိသောကြောင့် ဂရုစိုက်လော့။ သင်သည် အိမ်တွင်ရှိသော သင်၏ ခွေးကို ပြောဆိုပြီး ထိုသို့ ထားလိုက်၍ရသည်။ ဤလောကတွင် သင် ယုံကြည်ကိုးစားနိုင်သည့် သို့မဟုတ် စိတ်ချယုံကြည်နိုင်သည့် လူ အလွန်နည်းပါးသည်။ ထို့ကြောင့်၊ စည်းမျဉ်းနှင့်ဆိုင်သည့် ကြီးမားသော ပြဿနာများ ရင်ဆိုင်နေရချိန်တွင်၊ နိုင်ငံရေး အသိုင်းအဝိုင်းတွင်ဖြစ်စေ၊ လူမှုအဖွဲ့အစည်းတစ်ခုတလေတွင် ဖြစ်စေ၊ အထူးသဖြင့် နိုင်ငံရေး၊ တန်ခိုးအာဏာ သို့မဟုတ် ဘက်ပါခြင်းများ ပါဝင်သည့်အခါ၊ သင်၏ ရပ်တည်ချက်ကို မသိရှိစေရန် သင်ယူသင့်သည်။ သင်သည် ဧကန်မုချ သင်၏ ရပ်တည်ချက်ကို မရှင်းလင်းသွားစေရပေ။ သင် ရှင်းလင်းသွားစေပါက၊ မိမိကိုယ်ကို ဒုက္ခရောက်စေသကဲ့သို့ ဖြစ်သည်။ မိမိကိုယ်ကို ဒုက္ခရောက်စေခြင်းသည် မည်သည့်အရာနှင့်တူသနည်း။ သင် သိရှိလိုပါက၊ ရပ်တည်ချက်ယူကာ ကြည့်လော့။ ယင်းမှာ ဖြစ်သည့်ပုံစံဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ ရပ်တည်ချက်ကို မသိစေခြင်းသည် ဖြစ်နိုင်သလော။ ထိုအရာသည် သင်၏ စိတ်နှလုံး၌ သင် လိုက်စားသည့်အရာအပေါ် မူတည်သည်။ သင်သည် အရာရှိ အသက်မွေးအလုပ်တစ်ခုကို အမှန်ပင် လိုက်စားနေပါက၊ သင်သည် အရာရှိတစ်ဦး ဖြစ်လာလိုပါက၊ သင်သည် ရပ်တည်ချက် ယူမည်သာမက၊ သင်၏ ရပ်တည်ချက်ကိုလည်း ရှင်းလင်းစွာ ဖော်ပြလိမ့်မည်ဖြစ်ကာ သင်၏ အကြီးအကဲရှေ့တွင် ထိုသို့ လုပ်ဆောင်မည်ဖြစ်သည့်အပြင်၊ အထက်သို့လည်း တက်နေလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်ပါက၊ သင်သည် လူတစ်ဦးအတွက် အတော် ဆိုးရွားသည့် ဆင်ခြေတစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သင်သည် နိုင်ငံရေးနှင့် ဝေးဝေးနေခြင်း မဟုတ်ပေ။ ထိုနိုင်ငံရေးတွင် ပါဝင်နေခြင်း ဖြစ်သည်။ သင်သည် နိုင်ငံရေးတွင် ပါဝင်ပါက၊ ဆက်သာလုပ်ပြီး ထွက်သွားလော့။ ဘုရားအိမ်တော်ထဲတွင် မနေနှင့်။ သင်သည် မယုံကြည်သူတစ်ဦး ဖြစ်သည်။ သင်သည် လောကနှင့်၊ နတ်ဆိုးနှင့် သက်ဆိုင်သည်၊ ဘုရားအိမ်တော်နှင့် မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင် ရွေးချယ်ထားသည့် လူများထဲတွင် မရှိပေ။ သင်သည် ဘုရားအိမ်တော်တွင် ရှိနေသော်လည်း၊ သင် ခိုးကြောင်ခိုးဝှက် ဝင်လာခြင်း ဖြစ်သည်၊ သင်သည် စားရန် တစ်ကိုက်စာ ဖမ်းဆုပ်လိုသည်၊ ကောင်းချီးမင်္ဂလာတစ်ခု ရရှိလိုသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးကို ဤနေရာတွင် မကြိုဆိုပေ။ သို့ရာတွင်၊ တစ်ဖက်၌၊ သင်သည် ထူးကဲသော တစ်ကိုယ်ရေ အရည်အချင်းများရှိပြီး အရာရှိတစ်ဦးဖြစ်လာကာ အသက်မွေးအလုပ်တစ်ခု စတင်ရန် အခွင့်အရေးများစွာရှိရန် အနေအထားတစ်ခုတွင် ရှိသည့်တိုင်၊ သင်သည် နီးစပ်ခြင်း၊ ပါဝင်ခြင်း၊ ဘက်ပါခြင်းနှင့် ရပ်တည်ချက်ယူခြင်းတို့ကို ရှောင်လွဲနိုင်ဆဲဖြစ်ပါက၊ သင်သည် နိုင်ငံရေးနှင့် ဝေးဝေးနေခြင်းကို စွမ်းဆောင်ရရှိနိုင်ပေသည်။ ဤစည်းမျဉ်းများကို သင် သတိရအောက်မေ့ပါသလော။ ထိုအရာများသည် လုပ်ဆောင်၍ရနိုင်သလော။ (လုပ်ဆောင်၍ရနိုင်ပါသည်။) သင် မြင်သလော။ မိမိတို့ကိုယ်ကို အမြဲ စင်တင်လိုသည့်၊ ထင်ပေါ်လိုသည့်အပြင် အထူးသဖြင့် မိမိတို့ကိုယ်ကို ဖော်ပြန်ရန် အားကောင်းသော ဆန္ဒတစ်ခုဖြင့် မိမိတို့၏ ရှုထောင့်များနှင့် သဘောထားများကို ဖော်ပြန်ရန် ဆန္ဒရှိကြသည့် နိုင်ငံရေး အသိုင်းအဝိုင်းထဲရှိ လူတိုင်း - အားလုံးတွင် ရည်မှန်းချက်ပန်းတိုင်တစ်ခုသာ ရှိ၏။ အရာရှိ ရာထူးတစ်ခု ကိုင်စွဲလိုကြခြင်း ဖြစ်သည်။ ပိုင်ပိုင်နိုင်နိုင် ပြောရလျှင်၊ ၎င်းတို့သည် နိုင်ငံရေးတွင် ပါဝင်လိုကြလေသည်။ သို့ရာတွင် အမှန်၌၊ ရာထူးတစ်ခုကို ၎င်းတို့ ကိုင်စွဲလိုကြသည်၊ ဩဇာအာဏာ ရှိလိုကြပြီး မိမိတို့၏ ရာထူးမှတစ်ဆင့် ကောင်းမွန်သည့် ဘဝတစ်ခုကို မွေ့လျော်ခံစားလိုကြလေသည်။ ၎င်းတို့သည် မျိုးမျိုးသော ကိုယ်ရေးကိုယ်တာ ရည်မှန်းချက် ပန်းတိုင်များကို စွမ်းဆောင်ရရှိပြီး မိမိတို့၏ ဂုဏ်သိက္ခာကို တိုးပွားစေရန် မိမိတို့၏ ရာထူးကို အသုံးပြုလိုကြသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့သည် ၎င်းတို့ ကိုယ်၌က အလွန်ကောင်းသည့် အရည်အသွေးများ မရှိကြ။ ၎င်းတို့ အားနည်းချက် ရှိကြသည်။ သို့တိုင်၊ ၎င်းတို့သည် အရာရှိများဖြစ်လာလိုကာ နိုင်ငံရေးတွင် ပါဝင်ချင်ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့၏ အားထုတ်မှုများအပေါ် မှီခိုကာ မည်သည့်အခြေအနေမျိုးဖြစ်စေ အထက်သို့ တက်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ အထက်လူကြီးများကို ဖော်လံဖားကြပြီး၊ အစိုးရ အရာရှိများအဖို့ ကိုယ်ရေးကိုယ်တာ လူယုံတော်များအဖြစ် ပြုမူဆောင်ရွက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် နိုင်ငံရေးတွင် ပါဝင်ခြင်းတည်းဟူသော မိမိတို့၏ ရည်မှန်းချက်ကို ရရှိကာ အရာရှိ အသက်မွေးအလုပ်တစ်ခု ရှိခြင်းတည်းဟူသော မိမိတို့၏ အိမ်မက်ကို အကောင်အထည်ဖော်ကြလေသည်။

နိုင်ငံရေးမှ ဝေးဝေးနေခြင်းနှင့် စပ်လျဉ်း၍၊ စည်းမျဉ်းငါးခုကို ငါတို့ မိတ်သဟာယပြုကြပြီး ဖြစ်သည်။ ပထမဆုံး စည်းမျဉ်းမှာ မည်သည့်ပါတီတွင်မျှ မဝင်ခြင်း ဖြစ်သည်။ သင် မြင်သလော၊ မည်သည့် နိုင်ငံမဆို၏ ခေါင်းဆောင်များသည် အားလုံး နိုင်ငံရေး ပါတီတစ်ခုနှင့် သက်ဆိုင်ပေသည်။ နိုင်ငံရေး ပါတီတစ်ခုနှင့်လည်း သက်ဆိုင်ကြသည့် အာဏာရှင်ဆန်သော နိုင်ငံများ၏ ခေါင်းဆောင်များကို ပြောရန်မလိုပေ။ ထို့ကြောင့်၊ နိုင်ငံရေးမှ ဝေးဝေးနေခြင်း၏ ပထမဆုံး စည်းမျဉ်းမှာ မည်သည့်ပါတီကိုမျှ မဝင်ရန် ဖြစ်သည်။ ယင်းကို ယခုတင် ငါ ပြောနေခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင်၊ ဒုတိယ စည်းမျဉ်းမှာ အဘယ်နည်း။ (၎င်းတို့နှင့် မနီးစပ်စေခြင်းဖြစ်သည်။) ၎င်းတို့နှင့် သို့မဟုတ် နိုင်ငံရေး အသိုင်းအဝိုင်းနှင့် မနီးစပ်စေနှင့်။ တတိယ စည်းမျဉ်းမှာ အဘယ်နည်း။ (မပါဝင်ခြင်း ဖြစ်သည်။) မှန်ပေ၏၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ လှုပ်ရှားမှုများ သို့မဟုတ် သဘောတရားဆိုင်ရာ ဆွေးနွေးမှုများ တစ်ခုတလေတွင် မပါဝင်ခြင်း၊ ဆိုလိုသည်မှာ၊ ထိုအရာများထဲတွင် မပါဝင်ခြင်း ဖြစ်သည်။ စတ္တုထ စည်းမျဉ်းမှာ အဘယ်နည်း။ (ဘက်မပါခြင်းဖြစ်သည်။) ဘက်မပါနှင့်၊ မည်သူမှန်သည်၊ မှားသည်ကို ၎င်းတို့ ငြင်းခုံကြပါလေ့စေ။ တိုတိုပြောရလျှင်၊ သင် ဘက်မပါနှင့်။ ပဉ္စမစည်းမျဉ်းမှာ အဘယ်နည်း။ (မိမိ၏ ရပ်တည်ချက်ကို မသိစေခြင်းဖြစ်သည်။) မိမိ၏ ရပ်တည်ချက်ကို မသိစေခြင်းဖြစ်သည်။ တစ်စုံတစ်ဦးက၊ “သင်၏ ရပ်တည်ချက်ကို သင် မသိစေပါက၊ သင်သည် စိတ်ငြိုငြင်စရာတစ်ခု ဖြစ်ခြင်းသာ မဟုတ်လော”ဟု ပြောသည်။ သင်က၊ “ကျွန်ုပ်တွင် အယူအဆ မရှိပါ၊ ကျွန်ုပ်သည် သာမန်လူတစ်ဦးသာဖြစ်သည်။ ကျွန်ုပ် ပညာသိပ်မတတ်ပါ။ ကျွန်ုပ်၏ အတွေးစဉ်သည် ထိုမျှ မခမ်းနားမကြီးကျယ်ပါ။ ကျွန်ုပ်တွင် မည်သည့် အယူအဆမျိုး ရှိနိုင်မည်နည်း။ ကျွန်ုပ်သည် သာမန် နိုင်ငံသားတစ်ဦးသာ ဖြစ်သည်၊ ကျွန်ုပ်ကို မနှောင့်ယှက်ပါနှင့်”ဟု ပြောသည်။ သင်သည် မည်သည့်အချိန်တွင်မဆို အယူအဆ လုံးဝ မရှိ။ သင့်ကို ရပ်တည်ချက်တစ်ခု ယူရန်စေခိုင်းသည့်အခါ၊ ဟောက်ဟန်ဆောင်သည်၊ အိပ်မောကျဟန်ဆောင်ပြီး၊ သင်သည် တိုးတက်မှုကို စိတ်မဝင်စားကြောင်း လူတို့ မြင်သည့်အခါ၊ ၎င်းတို့သည် သင်၏ အယူအဆကို သိစေရန် တောင်းဆိုကြမည်မဟုတ်၊ ယင်းသည် ပြီးပြည့်စုံစွာ အလုပ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ စုစုပေါင်း စည်းမျဉ်း မည်မျှ ရှိပါသနည်း။ (ငါးခုရှိပါသည်။) သင့်အနေဖြင့် ဤစည်းမျဉ်းငါးခုကို သင် လိုက်လျှောက်ပါက၊ နိုင်ငံရေးမှ သင် ဝေးဝေးနေနိုင်သကဲ့သို့ မည်သည့် နိုင်ငံရေး အင်အားစုမျှ၏ လွှမ်းမိုးခြင်း၊ ထိခိုက်ခြင်း သို့မဟုတ် ဟန့်တားခြင်း မခံရနိုင်ပေ။ နိုင်ငံရေး အသိုင်းအဝိုင်း အထက်လူတန်းစားကို သင် ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်စေ၊ အောက်ခြေလူတန်းစားကို သင် ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်စေ၊ ဤစည်းမျဉ်းငါးခုကို သင် လက်တွေ့လုပ်ဆောင်ပါက၊ နိုင်ငံရေးမှ ဝေးဝေး နေနိုင်လိမ့်မည်။ ဤသည်မှာ အကြင်သူ၏ အတတ်ပညာဆိုင်ရာ အသက်မွေးအလုပ်နှင့် သက်ဆိုင်သော အကြောင်းအရာတစ်ခု ဖြစ်သည်။ သင့်ထံတွင် အလုပ်အကိုင် မရှိလျှင်ပင်၊ ဤစည်းမျဉ်းများ ဤအတိုင်း၊ မပြောင်းမလဲရှိနေသည်။ သင်သည် အလုပ်လက်မဲ့ဖြစ်ပါက၊ နိုင်ငံရေးမှ ဝေးဝေးနေရန် ဤစည်းမျဉ်းများကို သင် လက်တွေ့လုပ်ဆောင်သင့်ဆဲ ဖြစ်သည်။ စည်းမျဉ်းများ မပြောင်းလဲပေ။ သို့ဆိုလျှင် သင်သည် နိုင်ငံရေးမှ အဘယ်ကြောင့် ဝေးဝေး နေသင့်ပါသနည်း။ နိုင်ငံရေးဟူသည်မှာ အဘယ်နည်း။ ထိုအရာသည် ယှဉ်ပြိုင်ကြိုးပမ်းခြင်း၊ အာဏာလုပွဲတစ်ခု ဖြစ်သည်။ နိုင်ငံရေးသည် ပူးပေါင်းကြံစည်မှုနှင့် နည်းဗျူဟာ နှစ်မျိုးစလုံးဖြစ်သည်။ အခြားမည်သည့်အရာသည် နိုင်ငံရေး ဖြစ်သနည်း။ နိုင်ငံရေးသည် အမျိုးမျိုးသော အင်အားစုများက လှုံ့ဆော်သည့် လှုပ်ရှားမှုများ သို့မဟုတ် လုပ်ဆောင်မှုများ ဖြစ်သည်။ သင် မြင်သလော၊ နိုင်ငံရေးက မည်သည့်အရာဖြစ်သည်ကိုပင် သင်တို့ မရှင်းပြနိုင်ပေ။ သို့တိုင် အဆင်းနီသော နဂါးကြီးသည် အသင်းတော်ရှိ လူတို့အား နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲနေသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ၎င်းတို့ အပြစ်ရှာလိုသည့်အခါ ရှာရန် လွယ်ကူသည် မဟုတ်လော။ (လွယ်ကူပါသည်။) ဤသည်မှာ သိသိသာသာပင် မှားယွင်းသော စွပ်စွဲမှုတစ်ခု ဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏ အဓိပ္ပာယ်မဲ့သောအရာကို နားထောင်ပြီးနောက်တွင်၊ အချို့သော လူနုံလူအများနှင့် အရူးအနှမ်းများသည် ၎င်း၏ ချုပ်ချယ်မှုအောက် ရောက်လာကြပြီး၊ ၎င်းကိုဖြစ်စေ၊ စာတန်ကို ဖြစ်စေ ချင့်ချိန်နိုင်စွမ်း မကျင့်သုံးဝံ့ကြချေ။ အဆင်းနီသော နဂါးကြီးကို ဖြစ်စေ၊ စာတန်ကို ဖြစ်စေ၊ ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ ပေါ်လာသည့်အခါတိုင်းတွင်၊ ထောင့်တစ်နေရာတွင် ပုန်းပြီး မိမိတို့ နှုတ်များကို မဟဝံ့ကြချေ။ ၎င်းတို့သည် မိမိတို့ လည်ချောင်းများကိုသာ ရှင်းကြသည်၊ သို့မဟုတ် မရှင်းမလင်းဖြစ်ဟန်ဆောင်ကြသည်။ မည်သည့်အရာအတွက် ၎င်းတို့ ဟန်ဆောင်နေကြသနည်း။ ၎င်းတို့ ဟန်ဆောင်ရန် မလိုအပ်ပေ။ နိုင်ငံရေးက မည်သည့်အရာဖြစ်သည်ကိုပင် ၎င်းတို့ နားမလည်ကြ၊ ထို့ကြောင့် နိုင်ငံရေးတွင် အဘယ်သို့ ၎င်းတို့ ပါဝင်နိုင်မည်နည်း။ ၎င်းတို့ကဲ့သို့ နုံအသူတစ်ဦးသည် နိုင်ငံရေးတွင် ပါဝင်နိုင်သလော။ ထို့ကြောင့် သာမန်လူအများစုအတွက်၊ နိုင်ငံရေးမှ ဝေးဝေးနေခြင်းသည် လက်တွေ့အရှိတရားတွင် စွမ်းဆောင်ရရှိနိုင်ဖွယ် ရှိသည်။ စည်းမျဉ်းအနေဖြင့် အချက်တစ်ချင်ကိုသာ ငါတို့ အလေးပေးပြီးဖြစ်သည်။ ယင်းမှာ မိုက်မဲသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရန်၊ နိုင်ငံရေးတွင် အမှုမဲ့အမှတ်မဲ့ ပါဝင်ပတ်သက်မိခြင်း၊ သိပင်မသိလိုက်ဘဲ နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပတ်သက်မိခြင်းနှင့် နောက်ဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်သည်ကို နားမလည်ဘဲ အသုံးချခံ သို့မဟုတ် စတေးခံတစ်ဦး ဖြစ်လာခြင်းအား ရှောင်ရှားရန် ဖြစ်သည်။ ထို့ကြောင့်၊ တစ်နည်းအားဖြင့် ဤစည်းမျဉ်းများအကြောင်း ငါတို့ မိတ်သဟာယပြုရသည့် အကြောင်းရင်းမှာ နိုင်ငံရေး၏ တကယ့် အနှစ်သာရကို နားလည်သဘောပေါက်ရန် သင်၏ အသိဉာဏ်သည် တကယ်ကို မလုံလောက်ကြောင်း သင့်ကို သိခွင့်ပေးရန် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့်၊ ဤစည်းမျဉ်းများကို သင် လက်တွေ့လုပ်ဆောင်ပါက၊ သင်သည် မိမိကိုယ်ကို သာ၍ ကောင်းစွာ ကာကွယ်နိုင်လိမ့်မည်ဖြစ်ပြီး၊ မည်သည့် အခြေအနေတွင်မဆို သို့မဟုတ် သင် သတိမထားမိသည့် သို့မဟုတ် မသိနားမလည်သည့် အခြေအနေများတွင် အသုံးချခံရခြင်းအား ရှောင်ရှားနိုင်လိမ့်မညာ်။ ဤစည်းမျဉ်းများကို ယတိပြတ် လိုက်နာစောင့်ထိန်းခြင်းအားဖြင့်၊ မည်သည့် အဖွဲ့တွင်မဆို သင်၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကို သင် သေချာစေနိုင်သည်။ ထို့ကြောင့် ဤစည်းမျဉ်းများသည် သင်၏ ကွယ်ကာခြင်း အဆောင်ဖြစ်ရုံမက၊ နိုင်ငံရေး နယ်ပယ်တွင် လိုက်လျှောက်ရန် ဘုရားသခင်က သင့်ကို သတိပေးတိုက်တွန်းသည့် စည်းမျဉ်းများလည်း ဖြစ်ပေသည်။ ဤစည်းမျဉ်းများကို လိုက်လျှောက်ခြင်းအားဖြင့်၊ သမ္မာတရားက သင့်ထံ ဆောင်ကြဉ်းသည့် အကျိုးကျေးဇူးများကို သင် မွေ့လျော်ခံစားနိုင်ပြီး၊ သင်သည် ဘုရားသခင်၏ ကွယ်ကာမှု ခံရသည်ဟုလည်း ပြော၍ရကောင်းရနိုင်ပေသည်။ ဘုရားသခင်၏ ကွယ်ကာပေးခြင်းသည် မရေမရာဖြစ်ကာ အနှစ်မဲ့သည်ဟု သင် ခံစားရပြီး၊ ထိုအရာကို သင် မမြင်နိုင်၊ မခံစားနိုင်ပါက၊ ဤစည်းမျဉ်းငါးခုကို လက်တွေ့လုပ်ဆောင်ရန် သင် ရွေးချယ်နိုင်သည်။ ဤသို့ဖြင့်၊ သာ၍ စစ်မှန်သည့် ကာကွယ်ပေးခြင်းမျိုးဖြစ်သည့် ဘုရားသခင်၏ အကာအကွယ်ပေးခြင်းကို သင် အမှန်တကယ် တွေ့ကြုံခံစားနိုင်ပေသည်။ ထိုအရာမှာ သင့်ကိုသင် ကာကွယ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသာမက၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင့်ထံ ဘုရားသခင် ထုတ်ဖော်ပြပြီးသည့် သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ခြင်းလည်း ဖြစ်ပေသည်။ မည်သို့ဆိုစေ၊ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိကာ သင်သည် ဆိုးယုတ်သော လူစုများမှ မိမိကိုယ်ကို ဘေးကင်းအောင် ထိန်းသိမ်းနိုင်သည်၊ အမျိုးမျိုးသော စုံစမ်းသွေးဆောင်မှုများနှင့် နှိုးဆော်သံများကို ရှောင်ရှားနိုင်ကာ ထိုသို့ဖြင့် သမ္မာတရားကို သင် လိုက်စားနိုင်ရန်အလို့ငှာ သင်၏ ခန္ဓာနှင့် စိတ်ကို ဘုရားသခင်ရှေ့တွင် ငြိမ်သက်၊ အေးချမ်းကာ ဘေးကင်းလုံခြုံသည့် အခြေအနေတစ်ခုတွင် တည်ငြိမ်စေနိုင်ပေသည်။ သို့ရာတွင်၊ သင်သည် နုံအပြီး ဘုရားသခင် သွန်သင်သည့် စည်းမျဉ်းများအား မည်သို့ လိုက်လျှောက်ရမည်ကို မသိသကဲ့သို့၊ မကြာခဏ ဉာဏ်အမြော်အမြင်မရှိဘဲ ပြုမူဆောင်ရွက်ကာ နိုင်ငံရေးနှင့် အဖွဲ့များမှ အစပြုသည့် အမျိုးမျိုးသော အငြင်းပွားမှုများနှင့် ပဋိပက္ခများတွင် ရောပါနေရင်း၊ ထင်ပေါ်ရန်နှင့် မိမိကိုယ်ကို အလျဉ်းသင့်သလို ဗန်းပြရန် ကြိုးစားပါက၊ အမျိုးမျိုးသော ထောင်ချောက်များနှင့် စုံစမ်းသွေးဆောင်မှုများထဲသို့ သင် မကြာခဏ ကျရောက်ကာ သင်၏ နေ့စဉ်ဘဝသည် ဤအရာများ၏ သိမ်းသွင်းခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ခံရကာ အငြင်းပွားမှုများနှင့် အနှောင့်အယှက်များ ပါဝင်သည့် ဤယှဉ်ပြိုင်လှုပ်ရှားမှုများကို ကိုင်တွယ်ရင်းနှင့် ဖြေရှင်းရင်း သင်၏ အချိန်ရှိသမျှကို အသုံးပြုပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် မည်သည့်အခါတွင်မျှ ရောက်လာလိမ့်မည် မဟုတ်သကဲ့သို့၊ သူ၏ ရှေ့တွင် သင်သည် မည်သည့်အခါတွင်မျှ အမှန်တကယ် ငြိမ်သက်လိမ့်မည် မဟုတ်ဟု ဆို၍ရနိုင်ပေမည်။ ဤအရာ အနည်းငယ်မျှ သင် စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပါက၊ ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်ရန်၊ သမ္မာတရားကို နက်သည်ထက်နက်လာစေရန် သို့မဟုတ် သိနားလည်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကယ်တင်ခံရရန် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ် အစပြုရန် သင့်အတွက် မျှော်လင့်ချက် မရှိပေ။ သင်သည် ဤအရာများအားဖြင့် ပိတ်မိနေပါက၊ နတ်ဆိုး၏ လှောင်ပိတ်ခံရခြင်းနှင့် တူညီပေသည်။ ဤကိစ္စရပ်များကို ကိုင်တွယ်ရန် သင့်တွင် စည်းမျဉ်းများမရှိပါက၊ သင်၏ နောက်ဆုံး ရည်ရွယ်ချက်ပန်းတိုင်သည် ဤအရာများ၏ ဝါးမျိုခြင်း ခံရလိမ့်မည်ဖြစ်သည်။ သင်၏ နေ့စဉ်ဘဝ၊ သင်၏ စိတ်နှလုံးနှင့် သင်၏ ဘဝတို့သည် ဤအငြင်းပွားမှုများနှင့် ယှဉ်ပြိုင်ကြိုးပမ်းမှုများတွင် ရောယှက်ပါဝင်နေမိလိမ့်မည်။ သင် စဉ်းစားမည့်အရာမှန်သမျှမှာ ဤအရာများကို မည်သို့ ဖယ်ရှားရမည်၊ ထိုလူများကို မည်သို့ တွန်းလှန်တိုက်ခိုက်ပြီး ငြင်းခုံရမည်ဆိုသည်နှင့် သင်၏ အပြစ်ကင်းမှုကို မည်သို့ သက်သေပြကာ တရားမျှတမှု တောင်းဆိုရမည်ဟူသည်တို့ ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ဤအရေးကိစ္စများတွင် သင် ပိတ်မိလေ၊ သင်၏ အပြစ်ကင်းခြင်းကို သင် အလျင်အမြန် သက်သေပြလိုလေ၊ တရားမျှတမှု တောင်းဆိုပြီး ဖြေရှင်းချက်တစ်ခု ရရှိလိုလေဖြစ်ကာ သင်၏ စိတ်နှလုံးသည် ပို၍ ပရမ်းပတာဖြစ်ကာ ရှုပ်ထွေးလေ ဖြစ်လာလိမ့်မည်။ သင်၏ ပြင်ပ ပတ်ဝန်းကျင် ရှုပ်ထွေးလေ၊ သင်၏ အတွင်းဖြစ်တည်မှု ပိုရှုပ်ထွေးလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ သင်၏ ပြင်ပ ပတ်ဝန်းကျင် ပရမ်းပတာဖြစ်လေ၊ သင်၏ အတွင်းဖြစ်တည်မှု ပို၍ ပရမ်းပတာဖြစ်လာလေ ဖြစ်လိမ့်မည်။ ဤသို့ဖြင့်၊ သင်သည် လုံးဝ ဇာတ်သိမ်းသွားလိမ့်မည်၊ စာတန်၏ ထိန်းချုပ်ခြင်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလိမ့်မည်ဖြစ်သည်။ သင့်အနေဖြင့် သမ္မာတရားကို လိုက်စားလိုပြီး ကယ်တင်ခံရလိုဆဲဖြစ်ပါက၊ ဖြစ်နိုင်မည် မဟုတ်ပေ။ သင်သည် ကယ်တင်မရနိုင်အောင် လုံးဝ အသုံးမကျ ဖြစ်သွားလိမ့်မည်။ ထိုအခါတွင်၊ သင်က၊ “ကျွန်ုပ် အားလုံးကို နောင်တရပါသည်။ စာတန်၏ နိုင်ငံရေး အသိုင်းအဝိုင်းသည် လှုပ်လေမြုပ်လေ အရှုပ်တော်ပုံတစ်ခုသာ ဖြစ်သည်။ ကျွန်ုပ် သိခဲ့မည်ဆိုလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် နားထောင်ခဲ့မည်ဖြစ်သည်”ဟု ပြောလိမ့်မည်။ သင့်ကို အချိန်ကြာမြင့်စွာက ငါ ပြောခဲ့သော်လည်း၊ ငါ့ကို သင် မယုံကြည်ခဲ့။ ၎င်းတို့ထံမှ ရှင်းပြချက်ကို သင် မရမက ရအောင် တောင်းဆိုခဲ့သည်၊ သင့်လျော်သော စကားတစ်ခွန်း၊ ၎င်းတို့၏ နှုတ်မှ ချီးမွမ်းခြင်းနှင့် အသိအမှတ်ပြုခြင်း စကားတစ်ခွန်းကို ရအောင် မရမက တောင်းဆိုခဲ့သည်။ ဘုရားသခင် သင့်ကို ပြောခဲ့သည့် စည်းမျဉ်းများနှင့် စံများကို လိုက်နာစောင့်ထိန်းရန် သင် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏တရွတ်တိုက် ဆွဲသွားခြင်းခံရရန် သင် ထိုက်တန်ပေသည်။ အဆုံးတွင်၊ စာတန်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းနှင့်အတူ သင်သည်လည်း ၎င်း၏ အသုဘ ပူဇော်မှုဖြစ်လာလျက် ဖျက်ဆီးခြင်းခံရလိမ့်မည်ဖြစ်သည်။ ထိုအရာနှင့် သင် ထိုက်တန်ပေသည်။ အဘယ်သူသည် သင့်ကို စာတန်နောက်လိုက်စေပါသနည်း။ စာတန်ထံမှ ရှင်းလင်းချက်ကို အဘယ်သူ သင့်အား ရှာဖွေစေသနည်း။ အဘယ်သူသည် သင့်အား အလွန်နုံအစေသနည်း။ ဘုရားသခင်သည် သင့်ကို ဉာဏ်ပညာပေးသော်လည်း သင် အသုံးမပြုခဲ့ပေ။ သူသည် သင့်ကို စည်းမျဉ်းများပေးခဲ့သော်လည်း သင် ထိုစည်းမျဉ်းများကို လိုက်နာခြင်း မရှိခဲ့။ သင်သည် မိမိသဘောအတိုင်း မရမက လုပ်ဆောင်သည်၊ သင့်ကိုယ်ပိုင် ဉာဏ်၊ပါရမီများနှင့် ဆုကျေးဇူးများဖြင့် ထိုလူများကို မရမက တွန်းလှန်တိုက်ခိုက်ခဲ့သည်။ နတ်ဆိုးကို သင် အနိုင်ယူနိုင်သလော။ ထို့အပြင်၊ နတ်ဆိုးကို တွန်းလှန်တိုက်ခိုက်ခြင်းသည် ဘုရားသခင် သင့်ကို တာဝန်ပေးအပ်ထားသည့်အရာ မဟုတ်။ သင့်ကို ဘုရားသခင် တာဝန်ပေးအပ်ထားသည့်အရာမှာ သူ၏ လမ်းခရီးကို လိုက်လျှောက်ရန်၊ နတ်ဆိုးကို ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုရန် ဖြစ်သည်။ ထိုနတ်ဆိုးကို တွန်းလှန်တိုက်ခိုက်ရန်မှာ သင့်အတွက် တန်ဖိုးမရှိပေ။ ဤအရာကို ဘုရားသခင် ဂုဏ်ပြုခြင်း မရှိ။ ထိုနတ်ဆိုးကို သင် အနိုင်ယူလျှင်ပင်၊ ကယ်တင်ခြင်း ရရှိမည် မဟုတ်။ ယခုတွင် သင် နားလည်ပါသလော။ ထို့ကြောင့်၊ လုပ်ငန်းနှင့်နိုင်ငံရေး အသိုင်းအဝိုင်းတွင်၊ လူတို့ လိုက်လျှောက်သင့်သည့် ဤစည်းမျဉ်းများကို သင် အောက်မေ့သတိရရမည်။ သင်တို့ထဲမှ လတ်တလောတွင် မိမိ၏ တာဝန်ကို အချိန်ပြည့် ဖြည့်ဆည်းနေသည့် သူများသည် ဤစကားများအား လက်တွေ့မကျသကဲ့သို့ သင်တို့နှင့် အတော်အတန် အလှမ်းဝေးသည်ဟု မြင်ကောင်းမြင်နိုင်သည်။ သို့ရာတွင် အနည်းဆုံးအနေဖြင့်၊ ထိုစကားများက သင့်အား နိုင်ငံရေးက မည်သည့်အရာ ဖြစ်သည်၊ နိုင်ငံရေးကို သင် မည်သို့ သဘောထားသင့်သည်၊ နိုင်ငံရေး အသိုင်းအဝိုင်းများတွင် အသက်ရှင်သူ သို့မဟုတ် နိုင်ငံရေး အလားအလာများကို လိုက်စားသူတို့အား မည်သို့ ရှုမြင်ရမည်ဆိုသည်နှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပါက ၎င်းတို့၏ ပြဿနာကို မည်သို့ ကိုင်တွယ်ဖြေရှင်းရန် ကူညီရမည်ဆိုသည်တို့ကို သိရှိခွင့်ပေး၏။ ဤသည်တို့မှာ သင်တို့ သိသင့်သည့် အခြေခံအကျဆုံးသော အရာများ ဖြစ်သည်။ ဤစည်းမျဉ်းများကို သင်တို့ အပြည့်အဝ နားလည်ပြီး လက်ခံသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို သင် ကူညီနိုင်လိမ့်မည်ဖြစ်ကာ ထိုသို့သော လူများကို သင် ကြုံရသည့်အခါ၊ လိုက်လျောညီထွေသော စည်းမျဉ်းများကို အသုံးပြုလျက် ၎င်းတို့၏ ပြဿနာများကို ကိုင်တွယ်ကာ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ ကောင်းပြီး၊ နိုင်ငံရေးမှ ဝေးဝေးနေခြင်း အကြောင်းအရာနှင့် စပ်လျဉ်း၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် ရပ်လိုက်ကြစို့။ နှုတ်ဆက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။