သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)

ငါတို့ မိတ်သဟာယပြုနေသည့် အမျိုးမျိုးကွဲပြားခြားနားသော အကြောင်းအရာများတွင် နေ့စဉ်ဘဝ၏ လက်တွေ့ကျသော ကိစ္စရပ်များ ပါဝင်သည်။ ဤအကြောင်းအရာကို နားထောင်ပြီးနောက်တွင်၊ သမ္မာတရားသည် အနှစ်မဲ့ခြင်းမရှိကြောင်း၊ ဆောင်ပုဒ်တစ်ခု၊ သဘောတရားတစ်မျိုး၊ သို့မဟုတ် အထူးသဖြင့် အသိပညာတစ်မျိုးမဟုတ်ကြောင်းကို သင်တို့ ခံစားရသည် မဟုတ်လော။ သမ္မာတရားသည် မည်သည့်အရာနှင့် ဆက်နွှယ်ပါသနည်း။ (ကျွန်ုပ်တို့၏ တကယ့်ဘဝနှင့် ဆက်နွှယ်ပါသည်။) သမ္မာတရားသည် တကယ့်ဘဝနှင့်လည်းကောင်း၊ တကယ့်ဘဝတွင် ဖြစ်ပျက်နေသည့် အမျိုးမျိုးသော အဖြစ်အပျက်များနှင့်လည်းကောင်း ဆက်နွှယ်၏။ ထိုသမ္မာတရားသည် လူသားဘဝ၏ ကဏ္ဍအားလုံးနှင့် နေ့စဉ်ဘဝတွင် လူတို့ ကြုံရသည့် ကိစ္စအမျိုးမျိုးတို့ကို ခြုံငုံမိသကဲ့သို့၊ အထူးသဖြင့် လူတို့ လိုက်စားသည့် ရည်မှန်းချက်ပန်းတိုင်များနှင့် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများနှင့် ဆက်နွှယ်၏။ ဤသမ္မာတရားထဲမှ တစ်ခုမျ အနှစ်မဲ့ခြင်းမရှိသကဲ့သို့၊ မရှိလျှင်လည်းဖြစ်သောအရာ မုချ မဟုတ်ပေ။ အားလုံးသည် လူတို့ ပိုင်ဆိုင်ရန်အတွက် မရှိမဖြစ်လိုအပ်ပေသည်။ နေ့စဉ်ဘဝတွင်၊ လက်တွေ့ကျသည့် အချို့သော ကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ ငါတို့ မိတ်သဟာယပြုသည့် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ ဤအရာများကို သင် ချဉ်းကပ်၊ ဖြေရှင်းပြီး ကိုင်တွယ်နိုင်ပါက၊ သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်နေခြင်း ဖြစ်သည်။ သင်၏ နေ့စဉ်ဘဝတွင်၊ သင်သည် သမ္မာတရား ပါဝင်သည့် ဤကိစ္စရပ်များအပေါ် မိမိ၏ မူလအတွေးများနှင့် ရှုထောင့်အမြင်များကို ဆုပ်ကိုင်ထားပြီး၊ မပြောင်းလဲပါက၊ ဤကိစ္စများကို သင်၏ ကိုယ်ပိုင် လူသား ရှုထောင့်အမြင်မှ ချဉ်းကပ်ပြီး ဤအမှုအရာများကို သင် ရှုမြင်ပုံအတွက် စည်းမျဉ်းများနှင့် အခြေခံအကြောင်းရင်းတို့သည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပါက၊ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်သူတစ်ဦး မဟုတ်သကဲ့သို့၊ သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်သည်မှာ သိသာပေသည်။ မည်သည့် သမ္မာတရား သွင်ပြင်လက္ခဏာကို ငါတို့ မိတ်သဟာယပြုသည်ဖြစ်စေ၊ ပါဝင်သည့် အကြောင်းအရာများမှာ လူတို့က ၎င်းတို့၏ နေ့စဉ်ဘဝတွင် ထိတွေ့လာရသည့် အမျိုးမျိုးသော ကိစ္စရပ်များအပေါ် မှန်ကန်သည့် အတွေးများနှင့် ရှုထောင့်အမြင်များ ရှိနိုင်ကြရန်အလို့ငှာနှင့် တကယ့်ဘဝတွင် ဖြစ်ပျက်သည့် ဤအကြောင်းအရာများကို မှန်ကန်သည့် ရှုထောင့်အမြင်နှင့် သဘောထားတို့မှ ရှုမြင်နိုင်ကြပြီးနောက် ထိုအရာများကို ဖြေရှင်းပြီး ကိုင်တွယ်ရန် သမ္မာတရားကို မိမိတို့၏ စံအဖြစ် အသုံးပြုကြရန်အလို့ငှာ အမျိုးမျိုးကွဲပြားခြားနားသော ကိစ္စရပ်များတွင် လူတို့ ရှိကြသည့် မှားယွင်းသော အတွေးများ၊ ရှုထောင့်အမြင်များ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို ပြုပြင်ခြင်းနှင့် ပြောင်းပြန်လှန်ပစ်ခြင်းအကြောင်းသာ ဖြစ်သည်။ တရားဒေသနာများကို နားထောင်ခြင်းသည် အယူဝါဒ သို့မဟုတ် အသိပညာတတ်မြောက်ထားခြင်းအကြောင်း မဟုတ်၊ မိမိ၏ အမြင်များကို ကျယ်စေခြင်း သို့မဟုတ် ထိုးထွင်းအမြင် ရရှိခြင်းအကြောင်း မဟုတ်၊ သမ္မာတရားကို သိနားလည်ခြင်းအကြောင်း ဖြစ်၏။ သမ္မာတရားကို သိနားလည်ခြင်း၏ ရည်ရွယ်ချက်မှာ အကြင်သူ၏ အတွေးများ သို့မဟုတ် စိတ်ဝိညာဉ်ကို မြှင့်တင်ပေးရန် သို့မဟုတ် အကြင်သူ၏ လူ့သဘာဝကို မြှင့်တင်ပေးရန် မဟုတ်ဘဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ် ရှိနေစဉ် တကယ့်ဘဝမှ မခွဲထွက်နိုင်စေရန်နှင့် နေ့စဉ်ဘဝတွင် အမျိုးမျိုးသော အရာများကို ကြုံရသည့်အချိန်တိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အခြေပြုချက်အဖြစ်ထားရှိပြီး သမ္မာတရားကို မိမိတို့ စံအဖြစ်ထားရှိလျက် လူများနှင့် အမှုအရာများကို ရှုမြင်နိုင်စေရန်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်နိုင်စေရန် ဖြစ်သည်။ သင်သည် တရားဒေသနာများကို နှစ်များစွာကြာ နားထောင်နေပြီးဖြစ်ကာ အယူဝါဒနှင့် အသိပညာ ကဏ္ဍများတွင် တိုးတက်မှုဖြစ်စေပြီးဖြစ်ကာ သင်သည် ဝိညာဉ်ရေးအရ မြှင့်တင်ခံရပြီး၊ သင်၏ အတွေးများ သာ၍ မြင့်မားလာပြီးဖြစ်သည်ဟု ခံစားရသော်လည်း၊ နေ့စဉ်ဘဝတွင် အမှုအရာများစွာ သင် ကြုံရသည့်အခါ၊ ဤကိစ္စများကို မှန်ကန်သည့် ရှုထောင့်အမြင်မှ သင် မရှုမြင်နိုင်သေးသကဲ့သို့၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း၊ လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းတွင် မလျှော့တမ်းလုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သင်သည် သိသာစွာပင် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်သကဲ့သို့၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နေသူတစ်ဦးလည်း မဟုတ်ပေ။ သာ၍ လေးနက်စွာပြောရလျှင်၊ သင်သည် သမ္မာတရားကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် သူ့ကို ကြောက်ရွံ့ခြင်း အဆင့်ထိ မရောက်ရှိသေးချေ။ သင်သည် ကယ်တင်ခြင်း လမ်းကြောင်းပေါ် အစပြုခြင်းမရှိသေးကြောင်း အလွန် သိသာရှင်းလင်းစွာ အတည်ပြု၍ရနိုင်ပေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

ယခု သင်တို့၏ စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့် အခြေအနေများအရ၊ မည်သည့် ကဏ္ဍများတွင် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးဖြစ်သည်ဟု သင် ခံစားရပါသနည်း။ မည်သည့် ကဏ္ဍများတွင် သင်သည် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိပါသနည်း။ မည်သည့် နယ်ပယ်များတွင် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်ရသေးဘဲ၊ ကယ်တင်ခြင်းအတွက် စံနှုန်းမမီဖြစ်ရသနည်း။ ဤအရာကို သင် အကဲဖြတ်နိုင်သလော။ (အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့က အသင်းတော် အလုပ်ကို နှောင့်ယှက်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာမှု ဖြစ်စေသည့် အခြေအနေများတွင်၊ ကျွန်ုပ်သည် တရားမျှတသည့် အသိစိတ်နှင့် ဘုရားသခင်အပေါ် စစ်မှန်သည့် သစ္စာစောင့်သိမှုတို့ ကင်းမဲ့ပါသည်။ ကျွန်ုပ်သည် ထရပ်ပြီး၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်ပေးနိုင်ခြင်း မရှိသကဲ့သို့၊ ဤအရေးပါလှသည့် ကိစ္စရပ်များတွင် ကျွန်ုပ် သက်သေခံချက်မရှိပါ။ ဤအချက်တွင်၊ ကျွန်ုပ်သည် သိသာထင်ရှားစွာဖြင့် ကယ်တင်ခြင်းအတွက် စံနှုန်းကို လွန်စွာ ပြည့်မီခြင်း မရှိပါ။) ဤသည်မှာ တကယ့် ပြဿနာတစ်ခု ဖြစ်၏။ လူတိုင်း ထိုအရာကို် ဆက်လက်၍ ဆွေးနွေးကြပါစေ။ အန္တိခရစ်များကို သိမြင်ခြင်းနှင့် ငြင်းပယ်ခြင်း ကိစ္စများပါဝင်သည့် သင်၏ ဝိညာဉ်ရေးရာ ရင့်ကျက်မှုကို အသိအမှတ်ပြုခြင်းအပြင်၊ အခြားအချက်များ၌၊ သင့်အနေဖြင့် စစ်မှန်မှုထဲသို့ မဝင်ရောက်သေးကြောင်း၊ သမ္မာတရား စည်းမျဉ်းများအတိုင်း သင် လက်တွေ့မလုပ်ဆောင်နိုင်ကြောင်းနှင့် အယူဝါဒကို သင် နားလည်သော်လည်း၊ သမ္မာတရား၌ ရှင်းလင်းပြတ်သားမှု ကင်းမဲ့ဆဲဖြစ်ကြောင်း၊ ရှင်းလင်းသည့် လမ်းကြောင်းတစ်ခု သင် ကင်းမဲ့သကဲ့သို့ ဘုရားသခင်၏ အလိုတော်နှင့် သင် မည်သို့ ချိန်ညှိရမည် သို့မဟုတ် စည်းမျဉ်းများအား မည်သို့ လိုက်နာစောင့်ထိန်းရမည်ဆိုသည်ကို သင် မသိကြောင်း ခံစားမိစေသည့် မည်သည့်အရာများကို သင်၏ နေ့စဉ်ဘဝတွင် သင် ကြုံရပြီးဖြစ်ပါသနည်း။ (ကျွန်ုပ်၏ တာဝန်ကို နှစ်ပေါင်းများစွာ ဖြည့်ဆည်းပြီးနောက်တွင ကျွန်ုပ်၏ မိသားစုကို စွန့်ခွာနိုင်ခဲ့သည်ဟုလည်းကောင်း၊ ကျွန်ုပ်၏ အသက်မွေးမှုလုပ်ငန်းကို စွန့်လွှတ်နိုင်ခဲ့သကဲ့သို့ ကျွန်ုပ်၏ မိဘများနှင့် ဆွေမျိုးများအပေါ် ကျွန်ုပ်၏ စိတ်ခံစားမှု အတိုင်းအတာအချို့ထိ လက်လွှတ်နိုင်ခဲ့သည်ဟုလည်းကောင်း ကျွန်ုပ် ထင်မြင်ခဲ့သည်။ သို့ရာတွင်၊ ကျွန်ုပ် စိတ်ထဲတွင် စိတ်ခံစားချက်များ ရှိနေသေးသကဲ့သို့၊ ကျွန်ုပ်၏ မိဘများကို စောင့်ရှာက်ကာ သူတို့ကို သားသမီးဝတ်ပြုလုပ်ပေးလျက် သူတို့နံဘေးတွင် ကျွန်ုပ် ရှိနေချင်ကြောင်း ကျွန်ုပ်ကို သဘောပေါက်စေသည့် တကယ့် ဘဝ အခြေအနေအချို့နှင့် ကျွန်ုပ် ကြုံဆုံရပြီးဖြစ်သည်။ ဤအရာကို ကျွန်ုပ် မလုပ်ဆောင်နိုင်လျှင် သူတို့ကို ကျွန်ုပ် အကျွေးတင်သည်ဟု ခံစားရသည်။ မိဘများက ကျွန်ုပ်တို့၏ အကြွေးရှင်များ မဟုတ်ခြင်းနှင့်ပတ်သက်သည့် ဘုရားသခင်၏ လတ်တလော မိတ်သဟာယကို နားထောင်ခြင်းမှတစ်ဆင့်၊ သမ္မာတရား၏ ဤကဏ္ဍကို ကျွန်ုပ် နားမလည်ကြောင်းနှင့် သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ် ကျိုးနွံနာခံခြင်း မရှိသေးကြောင်း ကျွန်ုပ် သဘောပေါက်သွားခဲ့ပါသည်။) အခြားမည်သူ ဆက်ပြောချင်သနည်း။ သင်တို့၏ နေ့စဉ်ဘဝတွင် အခက်အခဲများကို သင်တို့ မကြုံရသလော။ သို့မဟုတ် သင်တို့သည် လေဟာနယ်တစ်ခုတွင် အသက်ရှင်ပြီး၊ မည်သည့် ပြဿနာတစ်ခုမျှ လုံးဝ ရင်မဆိုင်ကြရသလော။ သင်တို့၏ တာဝန်များကို ဖြည့်ဆည်းနေစဉ်တွင် အခက်အခဲများကို သင်တို့ မကြုံကြရသလော။ သင်တို့သည် ဝတ်ကျေတမ်းကျေ ဖြစ်ကြဖူးသလော။ (ဖြစ်ပါသည်။) သင်တို့သည် သွေးသား သက်သာခြင်းနှင့် ဇိမ်ခံခြင်းတွင် မွေ့လျော်ကြဖူးပါသလော။ ကျော်ကြားခြင်းနှင့် အဆင့်အတန်းအတွက် သင် အလုပ်လုပ်ပါသလော။ သင်၏ ရှေ့ရေးများနှင့် ရွေးချယ်စရာများအတွက် သင် မကြာခဏ စိုးရိမ်သလော၊ သို့မဟုတ် ပူပန်သောကခံစားရပါသလော။ (ခံစားရပါသည်။) သို့ဆိုလျှင် ဤအခြေအနေများကို ရင်ဆိုင်ရသည့်အခါ သင် မည်သို့ ကိုင်တွယ်ပါသနည်း။ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို သင် အသုံးပြုနိုင်ပါသလော။ သင်သည် ရာထူးတိုးခြင်းခံရသည့်အခါ အရန် အစီအစဉ်တစ်ခုကို ဆုပ်ကိုင်ထားပြီး၊ သင်၏ ရှေ့ရေးများနှင့် ခရီးပန်းတိုင်တို့နှင့်ပတ်သက်၍ စိုးရိမ်သည်၊ ဘုရားသခင်ကို အထင်လွဲပြီး အပြစ်တင်သည် သို့မဟုတ် သင်၏ ရာထူးမှ ထွက်သွားစဉ်တွင် သင်၏ အရည်အချင်းများကို သင် ကြွားလုံးထုတ်သည်။ သင့်ထံတွင် ဤပြဿနာများ ရှိပါသလော။ (ရှိပါသည်။) ဤပြဿနာများနှင့် သင် ကြုံဆုံသည့်အခါ သင် မည်သို့ ကိုင်တွယ်ပြီး ဖြေရှင်းပါသနည်း။ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒမျာနောက်သို့ သင် လိုက်သလော သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အလို့ငှာ သမ္မာတရား စည်းမျဉ်းများကို သင် ထိန်းသိမ်းနိုင်သလော၊ ဇာတိပကတိကို စွန့်လွှတ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်လွှတ်နိုင်သလော။ (ဘုရားသခင်၊ ဤအခြေအနေများကို ကျွန်ုပ် ကြုံရသည့်အခါတိုင်းတွင်၊ ကျွန်ုပ်၏ ဇာတိပကတိ နှစ်သက်မှုများ သို့မဟုတ် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း မပြုမူသင့်သည်ကို အယူဝါဒအရ ကျွန်ုပ် နားလည်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်၏ အသိစိတ်သည် လှုံ့ဆော်ခြင်းခံရပြီး အပြစ်တင်စိတ်တစ်ခု ခံစားရပြီး၊ ကျွန်ုပ်၏ အပြုအမူတွင် အပြောင်းအလဲအချို့ကို ကျွန်ုပ် ပြုလုပ်ပါသည်။ သို့ရာတွင် ထိုအရာမှာ ဤကိစ္စရပ်များအပေါ် ကျွန်ုပ်၏ ရှုထောင့်အမြင်များ ပြောင်းလဲပြီးဖြစ်သောကြောင့် သို့မဟုတ် သမ္မာတရားကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်နိုင်သောကြောင့် မဟုတ်ပါ။ တစ်ခါတစ်ရံ၊ ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ အတော်အတန် အားကောင်းပြီး၊ ဤအခက်အခဲက ကြီးမားလွန်းသည်ဟု ကျွန်ုပ် ခံစားရပါက၊ ကျွန်ုပ်တွင် အားအင် အပြည့်ရှိလျှင်ပင်၊ ကျွန်ုပ် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးပါ။ ထိုအချိန်တွင်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်ုပ် လိုက်နာလိမ့်မည်ဖြစ်ပြီး အပြင်ပန်း အပြုအမူကောင်းပင် ကျန်ရှိနေခြင်း မရှိပါ။) ဤသည်မှာ မည်သည့် အခြေအနေမျိုး ဖြစ်သနည်း။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းဖြင့် အဆုံးသတ်သလော သို့မဟုတ် သင် ကျရှုံးသလော။ (ကျရှုံးပါသည်။) နောက်ပိုင်းတွင် သင် သုံးသပ်ဆင်ခြင်ပြီး နောင်တစိတ်ခံစားရပါသလော။ သင်သည် အလားတူ အခြေအနေများကို တစ်ဖန် ရင်ဆိုင်နေရချိန်တွင် တိုးတက်မှုများ ပြုလုပ်နိုင်သလော။ (ကျရှုံးသည့်နောက်တွင်၊ ကျွန်ုပ်၏ အသိစိတ်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် စားသောက်သည့်အခါ၊ ယင်းတို့ကို မိမိကိုယ်ကိုနှင့် ကျွန်ုပ် ဆက်စပ်နိုင်သော်လည်း၊ နောက်တစ်ကြိမ် ဤအခြေအနေများကို ကျွန်ုပ် ကြုံရချိန်တွင်၊ အလားတူ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကသူ့ဘာသာ ထုတ်ဖော်ပြနေဆဲ ဖြစ်ပါသည်။) လူအများစုသည် မိမိတို့ကိုယ်ကိုယ် ဤအခြေအနေသို့ ရောက်ရှိနေသည်ကို မတွေ့ရှိကြသလော။ ဤကိစ္စရပ်ကို သင်တို့ မည်သို့ ရှုမြင်ကြသနည်း။ အလားတူ အခြေအနေမျိုးများနှင့် ၎င်းတို့ ကြုံဆုံရသည့်အခါတိုင်းတွင်၊ ယင်းတို့ကို လူများက ကိုင်တွယ်သည့် နည်းလမ်းများတွင်၊ ၎င်းတို့ အသိစိတ်များ၏ သက်ရောက်မှုကြောင့် ၎င်းတို့၏ အပြုအမူ တိုးတက်ခြင်း သို့မဟုတ် ထိုအချိန်က ၎င်းတို့၏ အခြေအနေများနှင့် အနေအထားများအတိုင်းနှင့် ၎င်းတို့၏ ကွဲပြားခြားနားသော စိတ်ခြေအနေများအတိုင်း တစ်ခါတစ်ရံ ၎င်းတို့၏ အပြုအမူက အတော်အတန် မြင့်မြတ်ပြီး တစ်ခါတစ်ရံ အတော်အတန် ယုတ်ညံ့ခြင်းမှလွဲ၍၊ ဤအရာများမှလွဲ၍၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဤအရာနှင့်ပတ်သက်၍ မည်သည့် ပြဿနာ ရှိပါသနည်း။ ထိုအရာသည် လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုကို ကိုယ်စားပြုပါသလော။ ထိုအရာမှာ မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး ဖြစ်ပါသနည်း။ သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုလော သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝရှိ အားနည်းချက်၊ ချို့တဲ့ခြင်းတစ်ခုလော သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း၏ သရုပ်သကန်တစ်ခုလော။ မည်သည့်အရာ ဖြစ်သနည်း။ (သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုတစ်ခု ဖြစ်ပါသည်။) အကြင်သူ၏ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည့်အခါ၊ သူသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြသောကြောင့်၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပေသည်။ မည်မျှ သေးငယ်သနည်း။ ဤကိစ္စရပ်တွင် သမ္မာတရားကို သင် မရရှိသေးဟု ဆိုလိုပေသည်။ သမ္မာတရားကို သင် မရရှိသေးဟူသည်မှာ မည်သည့်အရာကို ဆိုလိုပါသနည်း။ ထိုအရာမှာ ဘုရားနှုတ်ကပတ်တော်များသည် သင်၏ အသက် ဖြစ်မလာသေးကြောင်း ဆိုလိုပေသည်။ ဘုရားနှုတ်ကပတ်တော်များသည် သင့်အဖို့ စာသားတစ်မျိုး၊ အယူဝါဒတစ်ခု သို့မဟုတ် အကြောင်းပြချက်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် သင့်၌ ဖြစ်ပေါ်ခြင်း မရှိသေး သို့မဟုတ် သင်၏ အသက် ဖြစ်မလာသေးပေ။ အကျိုးဆက်အနေဖြင့်၊ သင် နားလည်သည့် သမ္မာတရားများဟု ခေါ်ဆိုသောဤအရာများသည် အယူဝါဒ သို့မဟုတ် ဆောင်ပုဒ်တစ်မျိုးမျှသာ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ ငါ ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤအယူဝါဒကို သင်၏ စစ်မှန်မှုအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ နေ့စဉ်ဘဝတွင် အမှုအရာများကို သင် ရင်ဆိုင်ရသည့်အခါ၊ သမ္မာတရားအတိုင်း သင် မကိုင်တွယ်ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်းနှင့် အသိစိတ်၏ လွှမ်းမိုးမှုအောက်တွင် ထိုအရာများကို သင် ကိုင်တွယ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သိသာထင်ရှားစွာပင်၊ အနည်းဆုံးအနေဖြင့် သင်သည် ဤကိစ္စရပ်တွင် သမ္မာတရား မရှိသကဲ့သို့ အသက်ကို မရရှိသေးပေ။ အသက်ကို မရရှိခြင်းသည် အသက် မရှိခြင်းဟု ဆိုလိုသည်။ အသက် မရှိခြင်းသည် ဤကိစ္စရပ်တွင် သင်သည် လုံးဝ ကယ်တင်ခံရခြင်း မရှိသေးသကဲ့သို့၊ စာတန်၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်နေဆဲဖြစ်သည်ဟု ဆိုလိုပေသည်။ အသိစိတ်၏ လွှမ်းမိုးမှုအောက်တွင် လက်တွေ့လုပ်ဆောင်သည့်အရာမှာ ကောင်းမွန်သည့် အပြုအမူတစ်ခုဖြစ်စေ၊ သရုပ်သကန်တစ်မျိုးဖြစ်စေ၊ အသက်ကို ကိုယ်စားမပြုပေ။ ထိုအရာမှာ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခုမျှသာ ဖြစ်သည်။ ဤသရုပ်သကန်တွင် အသိစိတ်လွှမ်းမိုးမှု ပါရှိပါက၊ အများဆုံးအနေဖြင့် ထိုအရာသည် အပြုအမူကောင်းတစ်မျိုး ဖြစ်ပေသည်။ အဓိက အကြောင်းရင်းသည် အသိစိတ်မဟုတ်ဘဲ၊ ထိုထက် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ပါက၊ ဤအပြုအမူကို အပြုအမူကောင်းအဖြစ် မှတ်ယူ၍မရပေ။ ထိုအရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ထို့ကြောင့်၊ မည်သည့် ကိစ္စရပ်များတွင် သင်တို့သည် သမ္မာတရားကို စစ်မှန်မှုတစ်ခု ဖြစ်စေနှင့်ပြီးဖြစ်ကာ အသက်ကို ရရှိပြီးကြပါသနည်း။ မည်သည့် ကိစ္စရပ်များတွင် သင်တို့သည် သမ္မာတရားကို မရရှိသေး၊ ထိုသမ္မာတရားကို မိမိ၏ အသက် မဖြစ်စေသေးသကဲ့သို့၊ သမ္မာတရားကို သင်၏ စစ်မှန်မှု မဖြစ်စေသေးသနည်း။ တစ်နည်းအားဖြင့်၊ မည်သည့် ကိစ္စရပ်များတွင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နေပြီး၊ ထိုနှုတ်ကပတ်တော်များကို မိမိ၏ စံများအဖြစ် သဘောထားနေပါသနည်း၊ ပြီးလျှင် မည်သည့် ကိစ္စရပ်များတွင် သင်သည် ထိုသို့် မလုပ်ဆောင်ရသေးသနည်း။ မည်မျှရှိသည်ကို ရေတွက်လော့။ အားလုံးကို သင် ရေတွက်ပြီးဖြစ်သည့်တိုင် ကံအကြောင်းမလှစွာဖြင့် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ သင် ပြုမူသည့်၊ သို့မဟုတ် အသက်ရှင်နေထိုင်သည့် ကိစ္စရပ်တစ်ခုတစ်လေ မရှိဘဲ၊ ထိုအစား သင်၏ တစ်ဇောက်ကန်းအပြုအမူအတိုင်း၊ သင်၏ အယူအဆအတိုင်း၊ ဇာတိပကတိ၏ နှစ်သက်မှုများ သို့မဟုတ် စိတ်ဆန္ဒများ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း ပြုမူခဲ့ပါက၊ နောက်ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ရလဒ်က ဆိုးလိမ့်မည် မဟုတ်လော။ (ဆိုးပါလိမ့်မည်။) ယနေ့တွင်မူ၊ သင်တို့သည် သင်တို့၏ မိသားစုကို စွန့်လွှတ်လျက်၊ သင်တို့ အသက်မွေးမှုအလုပ်ကို စွန့်ပစ်လျက်၊ ဆင်းရဲဒုက္ခကို ခံစားချက်၊ အဖိုးအခပေးဆပ်လျက်၊ တရားဒေသနာများကို နှစ်များစွာ နားထောင်ကြပြီး ဖြစ်သည်။ ဤသည်မှာ ရလဒ်ဖြစ်ပါက၊ ပျော်ရွှင်ပြီး အောင်ပွဲခံရမည့်အရာတစ်ခု ဖြစ်သလော သို့မဟုတ် ဝမ်းနည်းပြီး စိုးရိမ်ရမည့်အရာတစ်ခု ဖြစ်သလော။ (ဝမ်းနည်းပြီး စိုးရိမ်ရမည့်အရာတစ်ခု ဖြစ်ပါသည်။) သမ္မာတရားကို စစ်မှန်မှုတစ်ခု မဖြစ်စေသည့်၊ ဘုရားနှုတ်ကပတ်တော်များကို မိမိ၏ အသက်မဖြစ်စေသည့် လူတစ်ဦးသည်၊ မည်သည့် လူစားမျိုး ဖြစ်ပါသနည်း။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အလုံးစုံ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်သည့်၊ ကယ်တင်ခြင်း မျှော်လင့်ချက် မမြင်နိုင်သည့် လူတစ်ဦး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဘုရားနှုတ်ကပတ်တော်များကို ပုံမှန် ဖတ်ရှုပြီး၊ သင့်ကိုယ်သင် ဆန်းစစ်သည့်အခါ ဤမေးခွန်းများကို သင် တွေးဖူးသလော။ လူအများစုက မတွေးဖူးပေ၊ မှန်ပါသလော။ လူအများစုက၊ “အသက် ၁၇ နှစ်အရွယ်တွင် ဘုရားသခင်ကို ငါ စတင်ယုံကြည်ခဲ့ပြီး၊ ယခု ငါ ၄၇ နှစ် ရှိပြီဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ငါ ယုံကြည်ပြီးဖြစ်သည်။ ငါသည် အကြိမ်တော်တော်များများ လိုက်လံဖမ်းဆီးခြင်းခံခဲ့ရပြီးဖြစ်သော်လည်း ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေကာ လွတ်မြောက်အောင် ကူညီမစခဲ့သည်။ လှိုင်ဂူများနှင့် မြက်တဲများတွင် နေထိုင်ခဲ့သည်၊ မစားမသောက်ဘဲ နေ့ညများစွာ နေခဲ့ပြီး၊ နာရီပေါင်းများစွာ မအိပ်ဘဲ အချိန်ကုန်ဆုံးခဲ့ရသည်။ ငါ၏ တာဝန်ကို ဖြည့်ဆည်းခြင်း၊ ငါ၏ အလုပ်ကို လုပ်ဆောင်ခြင်းနှင့် ငါ၏ အလုပ်ကို ပြီးစီးခြင်းအတွက်သာ ဆင်းရဲဒုက္ခများစွာ ငါ သည်းညည်းခံခဲ့ရပြီး၊ မိုင်ပေါင်းများစွာ ပြေးလွှားခဲ့ရသည်။ ကယ်တင်ခြင်းအတွက် ငါ၏ မျှော်လင့်ချက်သည် အလွန်ကြီးမားပါသည်။ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ငါ စတင်လျှောက်လှမ်းပြီးဖြစ်သည်။ ငါ အလွန်ကံကောင်းပါသည်။ အမှန်တကယ်ပင် ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ ဤသည်မှာ သူ၏ ကျေးဇူးတော်ဖြစ်သည်။ လောကီကမ္ဘာ၏ အမြင်တွင် ငါ အသုံးမကျခဲ့ပါ။ မည်သူကမျှ ငါ့အပေါ် များစွာမတွေးပေးခဲ့ကြသကဲ့သို့၊ ငါ့ကိုယ်ငါ ထူးခြားသောသူတစ်ဦးတလေအဖြစ် မည်သည့်အခါတွင်မျှ မယူဆခဲ့ပါ၊ သို့သော် ဘုရားသခင်၏ ပြုစုပျိုးထောင်ပေးခြင်းကြောင့်၊ သူ၏ အိမ်တော်တွင် ငါ၏ တာဝန်ကို ဖြည့်ဆည်းရန် အခွင့်ထူး ရရှိခွင့်ပေးလျက်၊ ချို့တဲ့သူ ငါ့ကို နောက်ချေးပုံထဲမှ သူ ချီမသောကြောင့်၊ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ငါ ထားရှိခြင်းခံခဲ့ရသည်။ သူသည် ငါ့ကို ချီးမြှောက်ခဲ့ပြီး ငါ့ကို သူ ချစ်သည်။ ယခုတွင် အလွန်များသည့် သမ္မာတရားကို ငါ နားလည်ပြီး၊ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးဖြစ်သည်။ အနာဂတ်တွင် ငါ၏ ဆုလာဘ်ကို ရရှိခြင်းသည် သေချာသည့် အရာတစ်ခု ဖြစ်သည်။ ယင်းကို မည်သူက ယူဆောင်သွားနိုင်မည်နည်း”ဟုသာ တွေးကြသည်။ သင်တို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်သည့်အခါ တွေးနိုင်သည်မှာ ဤအရာများသာဖြစ်ပါက၊ ယင်းက ဒုက္ခပေးမည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့၊ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည်၊ အလွန်များစွာ ဒုက္ခခံရပြီးဖြစ်သည်၊ အလွန်ဝေးစွာ ခရီးနှင်ပြီးဖြစ်ကာ အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်သည်။ ဤမျှ ယုံကြည်ပြီးနောက်တွင် လူအချို့သည် ယခု အုပ်စု ဘီသို့ အဘယ်ကြောင့် ပြောင်းရွှေ့ခြင်းခံရလေပြီနည်း။ အဘယ်ကြောင့် များစွာသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယခုတွင် လှူဖွယ်ပစ္စည်းများကို ပြန်လည်ပေးဆပ်ကာ အကြွေးဝန်ထုပ်ကို ထမ်းကြရသနည်း။ မည်သည့်အရာ ဖြစ်နေပါသနည်း။ ၎င်းတို့အားလုံး ကယ်တင်ခံရနှင့်ပြီး ဖြစ်သည် မဟုတ်လော။ ၎င်းတို့တွင် သမ္မာတရား ရှိနှင့်ပြီးဖြစ်သည် မဟုတ်လော၊ ပြီးလျှင် အသက်ကို ၎င်းတို့ ရရှိပြီးဖြစ်သည် မဟုတ်လော။ လူအချို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားအိမ်တော်၏ အချက်အချာကျသော အစိတ်အပိုင်းနှင့် အုတ်မြစ်အဖြစ်၊ ဤနေရာရှိ ရှားပါးသော ပါရမီရှင်များအဖြစ် ယူဆခဲ့ကြသည်။ ယခုတွင် အမှုအရာများ အဘယ်သို့ဖြစ်ပါသနည်း။ ဤနှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးခြင်းတို့၏ ရလဒ်အနေဖြင့် ၎င်းတို့တွင် အသက်ရရှိခြင်းနှင့် သမ္မာတရား စစ်မှန်မှု ရှိခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်အပေါ် စစ်မှန်သည့် ကြည်ညိုကြောက်ရွံ့မှုရှိခြင်းနှင့် မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ဖြည့်ဆည်းခြင်းတို့ဖြစ်ပေါ်ခဲ့ပြီးဖြစ်ပါက၊ ဤလူများသည် ထုတ်ပယ်ခံရပြီး ဖြစ်မည်လော၊ သို့မဟုတ် အုပ်စု ဘီသို့ ရွှေ့ပြောင်းခံရပြီး ဖြစ်မည်လော။ ၎င်းတို့သည် အကြွေးဝန်ပိကြလေမည်လော သို့မဟုတ် ကြီးမားသည့် အပြစ်အနာအဆာတစ်ခု ရှိကြပြီး ဖြစ်မည်လော။ ဤပြဿနာများ ဖြစ်ပြီးလေမည်လော။ ဤသည်မှာ အတော် အခက်တွေ့စေသောရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ပြဿနာက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သင်တို့ တွေးဖူးကြသလော။ လူတစ်ဦးသည် ဘုရားသခင်၌ မိမိတို့၏ ယုံကြည်မှုအတွက် မည်မျှ ဆင်းရဲဒုက္ခခံနိုင်သည် သို့မဟုတ် အဖိုးအခ မည်မျှပေးသည်ဆိုသည်မှာ ကယ်တင်ခြင်း သို့မဟုတ် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း လက္ခဏာတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့တွင် အသက်ရှိသည်ဟူသည့် လက္ခဏာလည်း မဟုတ်ပေ။ သို့ဆိုလျှင်၊ အသက်နှင့် သမ္မာတရား စစ်မှန်မှု ရှိခြင်း၏ လက္ခဏာတစ်ခုမှာ အဘယ်နည်း။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင်၊ ဤသည်မှာ လူတစ်ဦးက စည်းမျဉ်းများအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ကိစ္စရပ်များကို ကိုင်တွယ်နိုင်ခြင်း ရှိမရှိဖြစ်သည်။ ဂဃနဏဆိုရလျှင်၊ လူတစ်ဦးသည် သမ္မာတရား စည်းမျဉ်းများဖြင့် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူကာ လုပ်ဆောင်ခြင်း ရှိမရှိ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ၎င်းတို့ ပြုမူနိုင်ခြင်း ရှိမရှိ ဖြစ်သည်။ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းတွင်၊ သင်သည် မိမိကိုယ်ပိုင် အတ္တကို အောင်မြင်ကျော်လွှားနိုင်ပါက၊ သင် လုပ်သမျှ အရာရာတွင် ဆင်းရဲဒုက္ခကို သည်းညည်းခံနိုင်ပြီး၊ အဖိုးအခပေးနိုင်သော်လည်း၊ ကံအကြောင်းမလှစွာဖြင့် အရေးအပါဆုံးသော အချက်ကို သင် စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပါက၊ ဆိုလိုသည်မှာ၊ သမ္မာတရား စည်းမျဉ်းများကို သင် ထိန်းသိမ်းနိုင်ခြင်း မရှိပါက၊ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို အမြဲ စဉ်းစားပါက၊ မိမိကိုယ်ကိုအတွက် ထွက်ပေါက်တစ်ခု အမြဲ ရှာဖွေပါက၊ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ရန် အမြဲ အလိုရှိပါက၊ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါတွင်မျှ သင် ထိန်းသိမ်းခြင်း မရှိသကဲ့သို့ သင့်အဖို့ ဘုရားနှုတ်ကပတ်တော်များသည် အယူဝါဒမျှသာ ဖြစ်ပါက၊ သင်သည် အရေးပါခြင်း ရှိမရှိ သို့မဟုတ် သင်၏ ဘဝသည် တန်ဖိုး ရှိမရှိဆိုသည်အကြောင်းကို ပြောဆိုခြင်းပငမပြုလေနှင့်။ အခြေခံအကျဆုံး အချက်အနေဖြင့်၊ သင်သည် အသက်မရှိပေ။ အသက်မရှိသည့် လူတစ်ဦးသည် သနားကရုဏာသက်စရာ အကောင်းဆုံး ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သည့်တိုင် သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်ခြင်း၊ အသက်ကို မရရှိခြင်းသည် သနားချင့်စဖွယ် အကောင်းဆုံးသော လူစားမျိုးဖြစ်ပြီး၊ ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာဖြစ်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အရာရာတွင် သမ္မာတရား စည်းမျဉ်းများအတိုင်း သင် လက်တွေ့လုပ်ဆောင်နိုင်ရန် ငါ မတောင်းဆိုသော်လည်း၊ အနည်းဆုံးအနေဖြင့်၊ သင်၏ အရေးပါသည့် တာဝန်များကို ထမ်းဆောင်ခြင်းနှင့် စည်းမျဉ်းများပါဝင်သည့် သင်၏ နေ့စဉ်ဘဝရှိ အရေးကြီးသော ကိစ္စရပ်များတွင် သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်သင့်ပေသည်။ မိမိကိုယ်ကို၌ ကယ်တင်ခြင်း မျှော်လင့်ချက် မြင်တွေ့ရန်အလို့ငှာ အနည်းဆုံးအနေဖြင့် ဤစံနှုန်းကို သင် စွမ်းဆောင်ရရှိရမည်။ သို့ရာတွင် ယခုတွင်မူ၊ သင်တို့သည် အခြေခံအကျဆုံးသော သတ်မှတ်ချက်ထိပင် မရောက်ရှိပေ၊ သင်တို့သည် ထိုအရာတစ်ခုမျှ စွမ်းဆောင်ရရှိခြင်း မရှိလေပြီ။ ဤသည်မှာ အလွန် ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး အလွန်အမင်း ပူပန်စရာဖြစ်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။

လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့် ပထမ သုံးနှစ်တွင်၊ အလွန် ဝမ်းသာကြပြီး ဝမ်းမြောက်ကြသည်။ နေ့စဉ် ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု ရှိခြင်းအကြောင်း ၎င်းတို့ တွေးကြသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံခြင်း၊ ဟိုသည် ပြေးလွှားပြီး အခြားသူများကို သာ၍ ကူညီခြင်း၊ ကောင်းမှုကုသိုလ်များကို သာ၍ လုပ်ဆောင်ခြင်းနှင့် ငွေများကို သာ၍ ပေးလှူပူဇော်ခြင်းကဲ့သို့ အပြင်ပန်း အပြုအမူကောင်းများသည် ဘုရားသခင်၌ ယုံကြည်သူများ လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီးနောက်တွင်၊ အယူဝါဒအချို့ကို ၎င်းတို့ နားလည်ကြသော်လည်း၊ လူတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို ယုံကြည်ကြဆဲ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း အသက်ရှင်ခြင်း သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အသက်ဖြစ်စေခြင်းနှင့် လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် စံဖြစ်စေခြင်းထက်၊ အပြုအမူကောင်းများ၊ မိမိတို့၏ အသိစိတ်များနှင့် ကောင်းမွန်သည့် လူ့သဘာဝအတိုင်း အသက်ရှင်ကြလေသည်။ ထိုသို့သော လူများသည် မည်သည့် လမ်းကြောင်းကို လိုက်လျှောက်နေကြသနည်း။ ပေါလု လိုက်လျှောက်ခဲ့သည့် လမ်းကြောင်း မဟုတ်လော။ (ဟုတ်ပါသည်။) လတ်တလောတွင် သင်တို့သည် မိမိတို့ကိုယ်ကို ဤအခြေအနေ၌ရောက်ရှိနေသည်ကို တွေ့ရှိရသည် မဟုတ်လော။ သင်သည် အချိန်အများစုတွင် မိမိကိုယ်ကို ဤအခြေအနေ၌ တွေ့ရှိရပါက၊ အလွန်များသော တရားဒေသနာများကို နားထောင်ခြင်းသည် အသုံးဝင်ပါသလော။ မည်သည့် တရားဒေသနာမျိုး သင် နားထောင်သည်ဖြစ်စေ၊ သမ္မာတရားကို နားလည်ရန်အလို့ငှာ၊ သို့မဟုတ် သင်၏ နေ့စဉ်ဘဝတွင် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ လူများနှင့် အမှုအရာများကို ရှုမြင်ရန်နှင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်အလို့ငှာ နားထောင်နေခြင်းမဟုတ်၊ ထိုအစား သင်၏ ဝိညာဉ်ရေးရာ လောကနှင့် သင်၏ လူသား အတွေ့အကြုံတို့ကို မြှင့်တင်ဖို့အတွက် သင် နားထောင်နေခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ပါက၊ ထိုအရာများကို နားထောင်ရန် သင့်အတွက် မလိုအပ်ပေ၊ ဟုတ်ပါသလော။ လူအချို့က၊ “တရားဒေသနာများကို နားမထောင်ခြင်းသည် အဆင်ပြေမည်မဟုတ်ပါ။ တရားဒေသနာများကို ကျွန်ုပ် နားမထောင်လျှင်၊ ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်မှုတွင် စိတ်ထက်သန်မှု ကင်းမဲ့ပြီး၊ မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ကျွန်ုပ်တွင် စိတ်ထက်သန်မှု သို့မဟုတ် စိတ်လှုံ့ဆော်မှု မရှိပါ။ တရားဒေသနာများကို မကြာခဏ နားထောင်ခြင်းအားဖြင့်၊ ကျွန်ုပ်၏ ယုံကြည်မှုတွင် ကျွန်ုပ် စိတ်ထက်သန်မှု အနည်းငယ်ရှိသည်။ ကျွန်ုပ်သည် အနည်းငယ် စိတ်ကျေနပ်အားရပြီး တန်ဖိုးမြှင့်တက်လာသည်ဟု ခံစားရကာ၊ ထို့နောက် ကျွန်ုပ်၏ တာဝန်တွင် အခက်အခဲများ သို့မဟုတ် အပျက်သဘောဆောင်ခြင်း တစ်ခုတလေ ကြုံရသည့်အခါ၊ ကျွန်ုပ်တွင် တွန်းအားအချို့ ရှိပြီး၊ အချိန်အများစုတွင် အပျက်သဘောဆောင်လာခြင်း မရှိပါ”ဟု ဆိုကြသည်။ တရားဒေသနာများ နားထောင်ခြင်းကို ဤအကျိုးတရား ရရှိခြင်းအတွက် လုပ်ဆောင်ခြင်း ဖြစ်သလော။ တရားဒေသနာများကို နှစ်ချီ နားထောင်ပြီးသည့် လူအများစုသည် မည်မျှ ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပဲ့ပြင်ဆုံးမခြင်းခံရသည်ဖြစ်စေ သို့မဟုတ ဒဏ်ခတ်ခြင်းခံရသည်ဖြစ်စေ၊ အသင်းတော်ကို မစွန့်ခွာကြချေ။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိခြင်းသည် တရားဒေသနာများ နားထောင်ခြင်းနှင့် ဆက်နွှယ်မှုတစ်ခုခု ရှိသော်လည်း၊ ငါ မြင်လိုသည့်အရာမှာ တရားဒေသနာတစ်ခုစီကို သင် နားထောင်ပြီးနောက် သင့်စိတ်နှလုံးတွင် တစ်စတစ်စ လျော့ပါးနေသည့် စိတ်အားထက်သန်မှု ပြန်နိုးဆွခံရခြင်းမျှ မဟုတ်ပေ။ ထိုအကြောင်းမျှသာ မဟုတ်ပေ။ စိတ်ထက်သန်မှုမျှသည် အချည်းနှီးဖြစ်၏။ စိတ်ထက်သန်မှုကို မကောင်းမှု ပြုခြင်းအတွက် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်းအတွက် အသုံးမပြုသင့်ပေ။ စိတ်ထက်သန်မှုသည် သင့်အား ပိုသာသည့် ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ဖြင့် သမ္မာတရားကို လိုက်စားစေခြင်းအတွက် ဖြစ်သည်။ သင့်အနေဖြင့် သမ္မာတရား စည်းမျဉ်းများအတွက် ကြိုးပမ်းကာ ယင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်၏။ သို့ဆိုလျှင်၊ တရားဒေသနာများကို နားထောင်ခြင်းသည် ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သလော။ တရားဒေသနာတစ်ခုစီပြီးနောက်တွင်၊ သင့် စိတ်နှလုံး၌ စိတ်အားထက်သန်မှုတစ်ခု ရှိသည့်ပုံပေါ်သည်၊ သင်သည် လျှပ်စစ်ဓာတ်အား အသွင်းခံရသကဲ့သို့ သို့မဟုတ် လေအပြည့် ထိုးသွင်းခံရသကဲ့သို့ ဖြစ်သည်။ သင်သည် စိတ်ထက်သန်မှုဖြင့် တစ်ဖန် ပြည့်နှက်သွားသည်၊ တစ်ကြိမ်တစ်ခါမျှ ခိုကပ်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်းမရှိဘဲ မည်သည့် ကဏ္ဍတွင် နောက်ထပ် ကြိုးစားသင့်သည်ဆိုသည်ကို သင်သိပြီး၊ အားနည်းခြင်း ဖြစ်ခဲလေသည်။ သို့ရာတွင်၊ ဤသရုပ်သကန်များသည် ကယ်တင်ခြင်း ရရှိခြင်းအတွက် သတ်မှတ်ချက်များ မဟုတ်ပေ။ ကယ်တင်ခြင်း ရရှိခြင်းအတွက် သတ်မှတ်ချက်အချို့ ရှိ၏။ ပထမဦးစွာ၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး တရားဒေသနာများကို နားထောင်ရန် သင် လိုလားနေရမည်။ ဒုတိယအနေဖြင့်၊ ဤတစ်ခုသည်လည်း အရေးကြီးဆုံးသော သတ်မှတ်ချက်ဖြစ်သည်။ သင်၏ နေ့စဉ်ဘဝတွင် မည်သည့် ကြီးမားသော သို့မဟုတ် သေးငယ်သော ကိစ္စရပ်များ၊ အထူးသဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားအိမ်တော်၏ အဓိကအလုပ်နှင့် ဆက်နွှယ်သော ကိစ္စရပ်များကို သင် ကြုံရသည်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင် စိတ်ကူးများပေါ် အခြေခံ၍ ဆောင်ရွက်ခြင်း၊ သင် ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်း သို့မဟုတ် ထင်ရာမြင်ရာလုပ်ဆောင်ခြင်းနှင့် မဆင်မခြင်ဖြစ်ခြင်းထက် သမ္မာတရား စည်းမျဉ်းများကို သင် ရှာဖွေနိုင်ရမည်။ ငါသည် သင်နှင့်အတူ သမ္မာတရားအကြောင်း မမောနိုင်မပန်းနိုင် မိတ်သဟာယပြုခြင်းနှင့် ဤကဲ့သို့သော ကိစ္စရပ်အမျိုးမျိုး၏ စည်းမျဉ်းများကို ရှင်းပြခြင်း၏ ရည်ရွယ်ချက်မှာ မဖြစ်နိုင်သည့်အရာကို သင့်အား လုပ်ဆောင်စေရန် သို့မဟုတ် သင်၏ တတ်စွမ်းနိုင်မှုများကို ကျော်လွန်လုပ်ဆောင်ရန် အဓမ္မစေခိုင်းခြင်း မဟုတ်သကဲ့သို့ သင့်ကို စိတ်ထက်သန်စေရန်မျှသာ မဟုတ်ပေ။ ထို့ထက်၊ သင့်အား ဘုရားသခင်၏ အလိုတော်ကို သာ၍ တိကျမှန်ကန်စွာ နားလည်စေရန်၊ အမျိုးမျိုးသော အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် ကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အတွေးများ၊ ရှုထောင့်အမြင်များနှင့် အသိပညာတို့ကို အခြေခံ၍ ဆောင်ရွက်ခြင်းမရှိဘဲ ဤအရာများကို သမ္မာတရား စည်းမျဉ်းများဖြင့် အစားထိုလျက်၊ ဘုရားသခင်၏ အလိုတော်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူတို့ ပြုမူဆောင်ရွက်သင့်ပုံတို့အတွက် စည်းမျဉ်းများနှင့် အခြေခံအကြောင်းရင်းတို့ကို နားလည်စေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို ဘုရားသခင် ကယ်တင်သည့် အဓိက နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ဤသည်မှာ သင် ကြုံရသည့် အရာရာတိုင်းတွင် ဘုရားနှုတ်ကပတ်တော်များကို သင်၏ အခြေပြုချက်နှင့် စည်းမျဉ်းများအဖြစ် သင် သဘောထားနိုင်ရန်အလို့ငှာနှင့် သူ၏ နှုတ်ကပတ်တော်များက ကိစ္စရပ်တိုင်းတွင် အုပ်စိုးရန်အလို့ငှာ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သင့်အနေဖြင့် ကိစ္စရပ်တိုင်းကို လူသား အသိဉာဏ်နှင့် နှစ်သက်မှုများပေါ် မှီခိုခြင်း သို့မဟုတ် ယင်းတို့ကို လူသား အကြိုက်များ၊ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများအတိုင်း ချဉ်းကပ်ခြင်းထက် ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ ကိုင်တွယ်ကာ ဖြေရှင်းနိုင်ရန်အလို့ငှာ ဖြစ်သည်။ သမ္မာတရားအကြောင်း ဤပုံစံဖြင့် ဟောပြောခြင်းနှင့် မိတ်သဟာယပြုခြင်းမှတစ်ဆင့်၊ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လူတို့အထဲတွင် ဖြစ်ပေါ်စေပြီး သမ္မာတရားကို မိမိတို့၏ စစ်မှန်မှုအဖြစ်ထားရှိလျက် အသက်ရှင် စေရန် ၎င်းတို့အား လုပ်ဆောင်ပေးခဲ့သည်။ ဤသည်မှာ ကယ်တင်ခြင်း၏ အမှတ်လက္ခဏာဖြစ်သည်။ မည်သည့်အရာကို သင် ရင်ဆိုင်ရသည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားနှုတ်ကပတ်တော်များတွင် သင် သာ၍ အားထုတ်သင့်ပေသည်။ ဤသည်မှာ ကယ်တင်ခြင်း လိုက်စားပြီး အမြော်အမြင်ရှိသည့် လူစားမျိုး ဖြစ်သည်။ အပြင်ပန်း အပြုအမူများ၊ လုပ်ရိုးလုပ်စဉ်များ၊ အယူဝါဒများနှင့် ဆောင်ပုဒ်များအတွက် အမြဲ အားထုတ်သူများသည် မိုက်မဲသောလူများ ဖြစ်ကြ၏။ ၎င်းတို့သည် ကယ်တင်ခြင်းကို လိုက်စားသောသူများ မဟုတ်ပေ။ သင်တို့သည် ဤအရာများကို ယခင်က ဤကဲ့သို့ မစဉ်းစားဖူးကြ သို့မဟုတ် ယင်းတို့ကို စဉ်းစားခဲကြသည်။ ထို့ကြောင့် ဤသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ သင်တို့၏ စိတ်သည် အခြေခံအားဖြင့် ဗလာနတ္တိ ဖြစ်၏။ ဤကိစ္စရပ်သည် အရေးကြီးသည်ဟု သင်တို့ မထင်သောကြောင့်၊ သမ္မာတရား စည်းမျဉ်းများ ပါဝင်သည့် အခြေအနေများကို သင် ရင်ဆိုင်ရသည့်အချိန်တိုင်း၊ အထူးသဖြင့် အဓိကကျသည့် အခြေအနေအချို့နှင့် ပတ်သက်လာသည့်အခါ၊ အသင်းတော် အလုပ်ကို နှောင့်ယှက်ပြီး ဆူပူစေသည့် အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သော လူများကို သင် ရင်ဆိုင်ရသည့်အခါ၊ သင်သည် အမြဲ အလွန် မတက်မကြွ ဖြစ်လေသည်။ ဤကိစ္စရပ်များအား မည်သို့ ကိုင်တွယ်ရမည်ကို သင် မသိသကဲ့သို့၊ ယင်းတို့ကို သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်နှင့် ခံစားချက်များပေါ် အခြေခံ၍ သင် ချဉ်းကပ်လေသည်။ အသင်းတော် အလုပ်ကို ခုခံကာကွယ်ရန် သင် ထမရပ်နိုင်သကဲ့သို့၊ နောက်ဆုံးတွင် သင်သည် အမြဲတစေ ရှုံးနိမ့်သွားပြီး ထိုကိစ္စရပ်ကို အမှုမဲ့အမှတ်မဲ့နှင့် အလောတကြီး အပြီးသတ်လိုက်လေသည်။ ဤကိစ္စရပ်များကို မည်သည့် စုံစမ်းစစ်ဆေးမှုမျှ မပြုလုပ်ပါက၊ သင်သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြစ်သလို လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ မည်သူ တာဝန်ရှိသည်ကို သိရှိရန် စုံစမ်းစစ်ဆေးမှုများကို စီမံဆောင်ရွက်ပါက၊ သင်သည် မိမိရာထူးမှ ဖယ်ရှားခံရနိုင်သည်၊ သို့မဟုတ် အခြားသော တာဝန်တစ်ခုကို ပြန်ပေးခံရနိုင်သည်၊ သို့မဟုတ် သာ၍ ဆိုးသည်မှာ၊ အုပ်စု ဘီသို့ သင် အဆင့်ချခံရနိုင်သည် သို့မဟုတ် လူအချို့မှာ်ရှင်းလင်းပစ်ခြင်းပင်ခံရနိုင်သည်။ သင် မြင်လိုသည်မှာ ဤရလဒ်များဖြစ်သလော။ (မဟုတ်ပါ။) တစ်နေ့တွင် သင်၏ ရာထူးမှ သင် အမှန်တကယ် ဖယ်ရှားခံရပါက၊ သို့မဟုတ် သင်၏ တာဝန်လုပ်ဆောင်ခြင်းကို ရပ်ဆိုင်းစေခြင်းခံရပါက၊ သို့မဟုတ် သာ၍ ပြင်းထန်သည့် ကိစ္စတွင်၊ သင်သည် သာမန် အသင်းတော်တစ်ပါးဆီသို့ သို့မဟုတ် အုပ်စု ဘီဆီသို့ အပို့ခံရပါက၊ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်လိမ့်မည်လော။ “ဤနေရာတွင် အဆုံးသတ်ရန်သာ ငါ ဘုရားသခင်ကို ယုံကြည်ခဲ့ပါသလော။ အုပ်စု ဘီတွင် အထားခံရရန် သို့မဟုတ် ရှင်းလင်းခံရရန်သာ ငါ၏ အလုပ်၊ ငါ၏ ရှေ့ရေးများ၊ ငါ၏ မိသားစုတို့ကို ငါ စွန့်ပြီး၊ များစွာ စွန့်လွှတ်ခဲ့လေသလော။ ဘုရားသခင်ကို ဆန့်ကျင်ရန်အလို့ငှာ သူ့ကို ငါ ယုံကြည်ခဲ့သလော။ ယင်းမှာ ဧကန်မုချ ဘုရားသခင်၌ ငါ၏ ယုံကြည်ခြင်း ရည်ရွယ်ချက် မဖြစ်သင်သည်မဟုတ်လော။ သို့ဆိုလျှင် မည်သည့်အရာအတွက် ဘုရားသခင်ကို ငါ ယုံကြည်နေခြင်း ဖြစ်သနည်း။ ဤအရာကို ငါ မတွေးဆသင့်သလော။ ယခုတွင် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ သူ့ကို ယုံကြည်ခြင်းအား ဘေးဖယ်ထားလျက်၊ အနည်းဆုံးအနေဖြင့် အသက်ကို ငါရရှိပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်သင့်သည်။ အနည်းဆုံးအနေဖြင့်၊ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား၏ မည်သည့်ကဏ္ဍသည် ငါ၏ အသက်ဖြစ်လာပြီးဖြစ်သည်ကို ငါသတိပြုမိနိုင်သင့်သည်။ အသက်ရှင်ရန်၊ စာတန်နှင့် ငါ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အောင်နိုင်ရန် သမ္မာတရားအပေါ် အမှီပြုနိုင်သင့်ပြီး၊ ငါ၏ကိုယ်ပိုင် ဇာတိပကတိကို စွန့်လွှတ်ကာ ငါ၏ကိုယ်ပိုင် အယူအဆများကို စွန့်ပစ်နိုင်သင့်သည်။ အမှုအရာများ ငါ့ထံ ကျရောက်သည့်အခါ၊ သမ္မာတရား စည်းမျဉ်းများကို ငါ လုံးဝ ထိန်းသိမ်းနိုင်သင့်သည်။ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း ငါ မပြုမူသင့်ပါ။ မည်သည့် အခက်အခဲ သို့မဟုတ် အတားအဆီးမျှမရှိဘဲ ဘုရားနှုတ်ကပတ်တော်များအတိုင်း ချောမွေ့စွာနှင့်လွယ်လွယ်ကူကူ ပြုမူဆောင်ရွက်နိုင်သင့်သည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက ငါ့အထဲတွင် ဖြစ်ပေါ်နှင့်ပြီးဖြစ်ကြောင်း၊ ငါ့အသက် ဖြစ်လာပြီးဖြစ်ကာ ငါ၏ လူ့သဘာဝ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီးဖြစ်ကြောင်းကို နက်ရှိုင်းစွာ ငါ သိသင့်သည်။ ဤသည်မှာ ပျော်မွေ့ဖွယ်ကောင်းသည့်အရာတစ်ခုနှင့် အောင်ပွဲခံထိုက်သည့်အရာတစ်ခု ဖြစ်သည်”ဟူ၍ ဖြစ်သည်။ သင်တို့သည် ပုံမှန်အားဖြင့် ဤသို့ ခံစားကြသလော။ နှစ်များတစ်လျှောက် ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင် သည်းညည်းခံခဲ့ရသော ဆင်းရဲဒုက္ခနှင့် ပေးဆပ်ခဲ့သော အဖိုးအခများကို ဆင်ခြင်သုံးသပ်သောအခါ စိတ်နှလုံးထဲတွင် ဝမ်းမြောက်ဖွယ်ခံစားရလိမ့်မည်၊ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိကြောင်းနှင့် သမ္မာတရားကို သိနားလည်ခြင်းနှင့် ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံခြင်းတို့၏ ချိုမြိန်မှုကို မြည်းစမ်းရပြီးဖြစ်ကြောင်း သင် ခံစားရလိမ့်မည်။ ထိုသို့သော အရာများကို သင်တို့ ခံစားပြီးပြီလော သို့မဟုတ် တွေ့ကြုံပြီးပြီလော။ မခံစားမတွေ့ကြုံရသေးပါက၊ မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ (ယခုအချိန်မှစ၍ သမ္မာတရားကို လေးနက်စွာ စတင်လိုက်စားသင့်သည်။) ယခုအချိန်မှစ၍ ထိုသမ္မာတရားကို လေးနက်စွာ စတင်လိုက်စားပါ၊ သို့သော် သင် မည်သို့ လိုက်စားသင့်သနည်း။ ဘုရားသခင်ကို သင် မကြာခဏ ပုန်ကန်မိသည့် ကိစ္စရပ်များအပေါ် သင် သုံးသပ်ရန် လိုအပ်သည်။ ဘုရားသခင်သည် သင့်ကို သင်ခန်းစာတစ်ခု သွန်သင်ရန်၊ ဤကိစ္စရပ်များမှတစ်ဆင့် သင့်ကို ပြောင်းလဲစေရန်၊ သူ၏ နှုတ်ကပတ်တော်များကို သင့်အထဲတွင် ပုံသွင်းရန်၊ သမ္မာတရား စစ်မှန်မှု၏ သွင်ပြင်လက္ခဏာတစ်ခုထဲသို့ သင့်ကို ဝင်ရောက်စေရန်နှင့် ထိုကိစ္စရပ်များတွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်ခြင်းမှ သင့်ကို တားဆီးရန်၊ ပြီးလျှင် ထိုအစား ဘုရားနှုတ်ကပတ်တော်များအတိုင်း သင် အသက်ရှင်ရန်အတွက်၊ သူ၏ နှုတ်ကပတ်တော်များ သင့်အထဲတွင် ဖြစ်ပေါ်စေပြီး သင်၏ အသက်ဖြစ်လာစေရန်အတွက် ဘုရားသခင်သည် သင့်အတွက် အခြေအနေများကို အကြိမ်ကြိမ် စီစဉ်ထားပြီးဖြစ်သည်။ သို့ရာတွင်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ သမ္မာတရားကို လက်ခံခြင်းမရှိ၊ သူ၏ နှုတ်ကပတ်တော်များကို သင် လိုက်လျှောက်သင့်သည့် စည်းမျဉ်းများအဖြစ် သဘောထားခြင်း မရှိသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ခြင်းမရှိဘဲ၊ ဤကိစ္စရပ်များတွင် ဘုရားသခင်ကို သင် မကြာခဏ ပုန်ကန်မိလေသည်။ ဤအရာက ဘုရားသခင်ကို ထိခိုက်နာကျင်စေပြီး၊ အကြိမ်ကြိမ် သင်သည် ကယ်တင်ခြင်းအတွက် သင်၏ အခွင့်အရေးကို ဆုံးရှုံးလေသည်။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို မည်သို့ ပြောင်းလဲစေသင့်သနည်း။ ယနေ့တွင် အစပြုလျက်၊ သုံးသပ်ဆင်ခြင်ခြင်းမှတစ်ဆင့် သင် သတိပြုမိနိုင်ပြီး ရှင်းလင်းစွာ သိနိုင်သည့် ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားချက်များကို သင် နာခံသင့်သည်၊ သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရား စစ်မှန်မှုအဖြစ် လက်ခံသင့်ပြီး၊ သင် အသက်ရှင်သည့်ပုံစံကို ပြောင်းလဲသင့်ပေသည်။ ဤကဲ့သို့သော အခြေအနေများကို သင် ကြုံရသည့်အခါ၊ သင်၏ ဇာတိပကတိနှင့် သင်၏ နှစ်သက်မှုများကို သင် စွန့်လွှတ်သင့်ပြီး၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်သင့်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အနာဂတ်တွင် လေးနက်စွာ လိုက်စားရန် ရည်ရွယ်ရုံမျှရည်ရွယ်သော်လည်း၊ တိကျသည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ကင်းမဲ့ပါက၊ ယင်းမှာ မကောင်းပေ။ သင်သည် ဤတိကျသည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းရှိပြီး၊ သင်၏ ဇာတိပကတိကို စွန့်လွှတ်ကာ ဤကဲ့သို့ အသစ်တစ်ဖန် စတင်ရန် လိုလားလျက်ရှိပါက၊ သင့်အတွက် မျှော်လင့်ချက်ရှိသေး၏။ သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်ရန် လိုလားနေခြင်း မရှိသကဲ့သို့၊ ထိုအစား စိတ်ကူးဟောင်းများကို ဆုပ်ကိုင်ထားလျက်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်လျက်၊ မပြောင်းလဲသည့် လမ်းကြောင်းဟောင်းများကို ဆုပ်ကိုင်ထားပါက၊ ငါတို့ နောက်ထပ်ပြောဆိုရန်အတွက် မည်သည့်အရာမျှ မရှိချေ။ သင်သည် အစေခံသူတစ်ဦးဖြစ်ခြင်းမျှဖြင့် ရောင့်ရဲတင်းတိမ်ပါက၊ နောက်ထပ် ပြောဆိုရန် မည်သည့်အရာ ရှိပါသနည်း။ ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်သည် သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့၊ သင်သည် ထိုအရာကို စိတ်မဝင်စားသောကြောင့် နောက်ထပ် ဆွေးနွေးရန် မည်သည့်အရာမျှ မရှိပေ။ သင်သည် သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားရန် အမှန်တကယ် လိုလားနေပါက၊ ပထမခြေလှမ်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သင်၏ အမျိုးမျိုးသော မှားယွင်းသည့် အတွေးများ၊ အယူအဆများနှင့် လုပ်ရပ်များမှ ထွက်ပြေးလွတ်မြောက်ခြင်းဖြင့် အစပြုရန် ဖြစ်သည်။ သင်၏ နေ့စဉ်ဘဝတွင် ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီးဖြစ်သည့် ပတ်ဝန်းကျင်များကို လက်ခံလော့၊ သူ၏ စိစစ်ခြင်း၊ စစ်ဆေးစမ်းသပ်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံလော့၊ အမှုအရာများ သင့်ထံ ကျရောက်သည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း တဖြည်းဖြည်း လက်တွေ့လုပ်ဆောင်ရန် ကြိုးပမ်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ နေ့စဉ်ဘဝတွင် သင် ကျင့်ကြံပြုမူပြီး ဆောင်ရွက်ပုံအတွက် စည်းမျဉ်းများနှင့် စံအဖြစ်၊ ပြီးလျှင် သင်၏ အသက်အဖြစ် အဆင့်ဆင့် ပြောင်းလဲစေလော့။ ဤသည်မှာ သမ္မာတရား လိုက်စားသူတစ်ဦးတွင် သိသာထင်ရှားသင့်သည့်အရာ ဖြစ်ပြီး၊ ကယ်တင်ခြင်းကို လိုက်စားနေသည့် လူတစ်ဦးတွင် သိသာထင်ရှားသင့်သည့်အရာ ဖြစ်သည်။ ထိုအရာသည် လွယ်ကူပုံရ၏၊ အဆင့်များက ရိုးရှင်းပြီး၊ ရှည်ကြာသည့် ရှင်းလင်းဖော်ပြခြင်းမရှိသော်လည်း၊ ထိုအရာကို လက်တွေ့လုပ်ဆောင်ခြင်းသည် မလွယ်ကူပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော အရာများစွာ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ သဘောထားသေးခြင်း၊ အကြံအစည်လေးများ၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့မှု၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လှည့်ကွက်မျိုးစုံတို့ ဖြစ်သည်။ ဤအရာအပြင်၊ လူအချို့သည် အသိပညာ ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ရှင်သန်ခြင်းအတွက် အတွေးအခေါ်အချို့နှင့် လူမှုအဖွဲ့အစည်းရှိ ခြယ်လှယ်တတ်သော နည်းလမ်းများကို သင်ယူကြပြီးဖြစ်ကာ ၎င်းတို့၏ လူ့သဘာဝအရ အားနည်းချက်များနှင့် အပြစ်အနာအဆာအချို့ ပိုင်ဆိုင်ကြလေသည်။ ဥပမာအားဖြင့်၊ လူအချို့သည် အစားကြူးပြီး ပျင်းရိကြသည်။ အခြားသူတို့မှာ ရွှန်းရွှန်းဝေအောင် ပြောတတ်ကြသည်။ အချို့မှာ အလွန်ဖျင်းသော သဘောသဘာဝတစ်ခု ရှိကြသည်၊ အခြားသူတို့မှာ အခြားသော ပြစ်ချက်များစွာနှင့်အတူ ၎င်းတို့၏ လုပ်ရပ်များတွင် စိတ်ကြီးဝင်ကြသည် သို့မဟုတ် မိုက်ရူးရဲပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်လျှင် လူတို့ အောင်မြင်ကျော်လွှားရန် လိုအပ်သည့် ပျော့ကွက်များနှင့် ပြဿနာများစွာရှိ၏။ သို့ရာတွင်၊ ကယ်တင်ခြင်းကို ရရှိရန် သင် ဆန္ဒရှိပါက၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံကာ သမ္မာတရားနှင့် အသက်ကို ရရှိရန် သင် ဆန္ဒရှိပါက၊ ဘုရားနှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုရမည်၊ သမ္မာတရားအား နားလည်ခြင်းကို ကြိုးပမ်းရရှိရမည်။ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ ကျိုးနွံနာခံနိုင်ရမည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းဖြင့် အစပြုနိုင်ရမည်။ ဤသည်တို့မှာ စာကြောင်းအနည်းငယ်သာဖြစ်သော်လည်း၊ ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ တွေ့ကြုံရမည်ကို လူတို့ မသိကြပေ။ မည်သို့ဆိုစေ၊ သင်၏ အစွမ်းအစ သို့မဟုတ် ပညာရေးကို ပဓာနမထားဘဲ၊ ပြီးလျှင် သင်၏ အသက်အရွယ် သို့မဟုတ် ယုံကြည်ခြင်း နှစ်ကာလများကို ပဓာနမထားဘဲ၊ မည်သို့ပင်ဖြစ်စေ သင်သည် မှန်ကန်သည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်တို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှန်ပေါ်တွင် ရှိပါက၊ ပြီးလျှင် သင် လိုက်စားအားထုတ်ပြီး၊ အသုံးပြုသည့်အရာမှာ သမ္မာတရား လိုက်စားခြင်းအတွက်သာ ဖြစ်ပါက၊ နောက်ဆုံးတွင် သင် ရရှိမည့်အရာမှာ ဧကန်မုချ သမ္မာတရား စစ်မှန်မှုနှင့် ဘုရားနှုတ်ကပတ်တော်များ သင်၏ အသက်ဖြစ်လာခြင်း ဖြစ်လိမ့်မည်။ ပထမဦးစွာ သင်၏ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်လော့၊ ထို့နောက် ဤလမ်းကြောင်းအတိုင်း တဖြည်းဖြည်း လက်တွေ့လုပ်ဆောင်လော့။ အဆုံးတွင် တစ်စုံတစ်ရာကို သင် မုချ ရရှိလိမ့်မည်။ ဤအရာကို သင်တို့ ယုံကြည်ကြပါသလော။ (ယုံကြည်ပါသည်။)

ဤအဆင့်တွင် ငါတို့ မိတ်သဟာယပြုနေကြသည်မှာ မိမိ၏ လိုက်စားမှုများ၊ စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို လက်လွှတ်ခြင်းအကြောင်း ဖြစ်သည်။ ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင်၊ မိမိ၏ မိသားစုမှလာသည့် ဝန်ထုပ်အချို့ကို လက်လွှတ်ခြင်းအကြောင်း ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ မိမိ၏ မိသားစုမှလာသည့် ဝန်ထုပ်များနှင့်ဆိုင်သော အကြောင်းအရာနှင့် စပ်လျဉ်း၍၊ မိဘများ ထားရှိကြသည့် မျှော်မှန်းချက်များအကြောင်းကို ငါတို့ ပထမဆုံး မိတ်သဟာယပြုခဲ့ကြပြီးနောက် မိမိတို့၏ သားသမီးများအတွက် မိဘများက ရှိကြသည့် မျှော်မှန်းချက်များအကြောင်းကို မိတ်သဟာယပြုခဲ့ကြသည်။ ဤအရာများအားလုံးမှာ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်တွင် လူတို့ လက်လွှတ်သင့်သည့် အရာများဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မိမိ၏ လိုက်စားမှုများ၊ စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို လက်လွှတ်ခြင်းနှင့်စပ်လျဉ်း၍၊ အားလုံး လေးချက် ငါတို့ စာရင်းပြုစုခဲ့ကြသည်။ ပထမအချက်မှာ စိတ်ဝင်စားမှုများနှင့် ဝါသနာများဖြစ်သည်၊ ဒုတိယမှာ အိမ်ထောင်ပြုခြင်းဖြစ်ပြီး တတိယမှာ မိသားစု ဖြစ်သည်။ ဤသုံးခုကို ငါတို့ မိတ်သဟာယပြုနှင့်ပြီးဖြစ်သည်။ နောက်ဆုံး ကျန်ရှိသည့် အချက်မှာ အဘယ်နည်း။ (အသက်မွေးမှုလုပ်ငန်းဖြစ်ပါသည်။) စတ္တုထအချက်မှာ အသက်မွေးမှုလုပ်ငန်း ဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုသင့်ကြ၏။ ယခင်က ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့ တစ်ဦးတလေက တွေးဆပြီးပြီလော။ တွေးဆပြီးဖြစ်ပါက၊ ပထမဦးစွာ ထိုအကြောင်းကို သင်တို့ ပြောနိုင်သည်။ (မိမိတို့၏ အသက်မွေးမှုလုပ်ငန်းတွင် တစ်စုံတစ်ဦး၏ အောင်မြင်ခြင်း၊ ကျရှုံးခြင်းက လူတစ်ဦးအနေဖြင့် ၎င်းတို့၏ အောင်မြင်ခြင်း၊ ကျရှုံးခြင်းကို ထင်ဟပ်စေသည်ဟု ကျွန်ုပ် တွေးလေ့ရှိခဲ့ပါသည်။ တစ်စုံတစ်ဦးသည် မိမိတို့၏ အသက်မွေးမှုလုပ်ငန်းတွင် စူးစိုက်နှစ်မြှုပ်ထားမှု မရှိလျှင် သို့မဟုတ် မိမိတို့၏ အသက်မွေးမှုလုပ်ငန်းကို ကမောက်ကမဖြစ်စေလျှင်၊ ထိုအရာက လူတစ်ဦးအနေဖြင့် ၎င်းတို့ ကျရှုံးပြီးဖြစ်သည်ကို ညွှန်ပြသည်ဟု ကျွန်ုပ် တွေးခဲ့ပါသည်။) ယခုတွင်၊ အသက်မွေးမှုလုပ်ငန်းကို လက်လွှတ်ခြင်း ကိစ္စနှင့် ပတ်သက်လာသည့်အခါ၊ မည်သည့်အရာကို လက်လွှတ်သင့်သနည်း။ (လူတို့သည် ၎င်းတို့၏ အသက်မွေးမှုလုပ်ငန်းနှင့် စပ်လျဉ်းသည့် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို လက်လွှတ်သင့်ပါသည်။) ယင်းမှာ ထိုအရာကို ရှုမြင်နည်းတစ်ခု ဖြစ်သည်။ လူတို့၏ လိုက်စားမှုများ၊ စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို လက်လွှတ်ခြင်း အကြောင်းအရာအတွင်းရှိ “အသက်မွေးမှုလုပ်ငန်း”နှင့် ပတ်သက်လာသည့်အခါ လက်လွှတ်ရန် မည်သည့်အရာကို သင် စဉ်းစားနိုင်သနည်း။ သမ္မာတရား လိုက်စားခြင်း ဖြစ်စဉ်တွင် သင့်အပေါ် အသက်မွေးမှု လုပ်ငန်းတစ်ခုက ဆောင်ကြဉ်းသည့် အမျိုးမျိုးသော ပြဿနာများကို သင် ဖြေရှင်းသင့်သည် မဟုတ်လော။ (အတိတ်ကာလ၊ လောကီနယ်ပယ်ထဲ ကျွန်ုပ် ရှိခဲ့ချိန်တွင်၊ ကျွန်ုပ်၏ အသက်မွေးမှုလုပ်ငန်းတွင် ကျွန်ုပ် အောင်မြင်ရန်လိုအပ်ကြောင်း၊ အသိအမှတ်ပြုမှုအချို့ စွမ်းဆောင်ရရှိရန် လိုအပ်ကြောင်း ကျွန်ုပ် ယုံကြည်လေ့ရှိခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ အသိအမှတ်ပြုခံရအောင် လုပ်လိုရင်း၊ ကျွန်ုပ်၏ အသက်မွေးမှု လုပ်ငန်းကို ကျွန်ုပ် အသည်းအသန် လိုက်စားအားထုတ်ခဲ့သည်။ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်လာသည့်နောက်တွင်ပင်၊ ဘုရားအိမ်တော်၌ ထင်ပေါ်ချင်ဆဲ၊ အခြားသူများအား ကျွန်ုပ်ကို အထင်ကြီးစေချင်ဆဲ ဖြစ်သည်။ ဤကိစ္စသည် ကျွန်ုပ်၏ အသက်ဝင်ရောက်မှုတွင် သိသာသည့် အတားအဆီးတစ်ခု ဖြစ်လာခဲ့သည်။) အသက်မွေးမှုလုပ်ငန်းအားဖြင့် သင် နားလည်သည့်အရာမှာ အခြေခံအားဖြင့် တစ်ဦးချင်းစီ လိုက်စားမှု တစ်ခုဖြစ်သည်။ ထိုအရာက အကြင်သူ လျှောက်လှမ်းသည့် လမ်းကြောင်းကိုလည်း ခြုံငုံပေသည်။ ထို့ကြောင့်၊ လူတို့၏ လိုက်စားမှုများ၊ စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို လက်လွှတ်ခြင်း အကြောင်းအရာအောက်ရှိ “အသက်မွေးမှုလုပ်ငန်း”နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယတွင်၊ လူတို့၏ လိုက်စားမှုများကို ထည့်သွင်းစဉ်းစားသည့် အကြောင်းအရာတစ်ခုတလေကို ယခု ငါ ဖော်ပြမည်မဟုတ်။ “အလုပ်အကိုင်”၏ တိုက်ရိုက် အဓိပ္ပာယ်အကြောင်းကို အဓိကအားဖြင့် ငါတို့ ပြောဆိုမည် ဖြစ်သည်။ “အသက်မွေးမှုလုပ်ငန်း”သည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ လူတို့က လောကတွင် အသက်ရှင်နေချိန် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ပေးရန် ပါဝင်လုပ်ဆောင်ကြသည့် အလုပ် သို့မဟုတ် အားထုတ်မှု ဖြစ်သည်။ ဤအကြောင်းအရာသည် ငါတို့ ဆက်လက် မိတ်သဟာယပြုရန် ဆန္ဒရှိသည့် လူတို့၏ လိုက်စားမှုများ၊ စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို လက်လွှတ်ခြင်း အကြောင်းအရာအောက်ရှိ “အသက်မွေးမှုလုပ်ငန်း” နယ်ပယ်အတွင်းတွင် ကျရောက်ပေသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ကာ သမ္မာတရား လိုက်စားနေစဉ် မိမိ၏ မိသားစုအတွက် ထောက်ပံ့ပေးရန်အလို့ငှာ အလုပ်တစ်ခုတွင် ပါဝင်လုပ်ဆောင်ခြင်းနှင့် လူမှုအဖွဲ့အစည်းတွင် အလုပ်အကိုင်တစ်ခုကို ရွေးချယ်ခြင်းအတွက် အတိုင်းအတာနှင့် စည်းမျဉ်းများ ဖြစ်သည်။ ပင်ကိုအားဖြင့်၊ ဤအရာက လူတို့၏ လိုက်စားမှုများအကြောင်းနှင့် ယုံကြည်သူများ ပါဝင်ဆောင်ရွက်သင့်သည့် အလုပ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ပတ်သက်သည့် အကြောင်းအရာ၏ တစ်စိတ်တစ်ပိုင်းကို အနည်းနှင့်အများ ထည့်သွင်းစဉ်းစားလိမ့်မည် ဖြစ်သည်။ ကမ္ဘာလောကရှိ အမျိုးမျိုးသော အလုပ်များနှင့် အသက်မွေးမှုလုပ်ငန်းများအပေါ် ယုံကြည်သူတစ်ဦး ရှိသင့်သည့် အတွေးများ၊ ရှုထောင့်အမြင်များနှင့် ဆက်စပ်သည်ဟုလည်း ဆိုနိုင်ပေသည်။ အသက်မွေးမှု လုပ်ငန်းများကို ထည့်သွင်းစဉ်းစားသည့် အကြောင်းအရာများမှာ အတော်လေး ကျယ်ပြန့်၏။ ယင်းတို့ကို အတန်းအစားများအဖြစ်သို့ ကျွန်ုပ်တို့ ခွဲမည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်သူများနှင့် သမ္မာတရား လိုက်စားသူများ ပါဝင်လုပ်ဆောင်သည့် အသက်မွေးမှုလုပ်ငန်းများအတွက် ဘုရားသခင်တွင် မည်သည့် စံနှုန်းများနှင့် သတ်မှတ်ချက်များရှိသည်ဆိုသည့်အပြင်၊ အလုပ်အကိုင်များကို ပါဝင်လုပ်ဆောင် သို့မဟုတ် ချဉ်းကပ်ကြသည်နှင့်အမျှ ယုံကြည်သူများနှင့် သမ္မာတရား လိုက်စားသူများက မည်သည့် အတွေးများနှင့် ရှုထောင့်အမြင်များ ရှိရန် ဘုရားသခင် တောင်းဆိုသည်ဆိုသည်တို့ကို လူတို့ သိနားလည်ရန် ကူညီမည်ဖြစ်သည်။ ဤအရာ လူတို့အား ၎င်းတို့၏ အယူအဆများနှင့် ဆန္ဒများအတွင်း တည်ရှိသည့် အသက်မွေးမှုလုပ်ငန်းများနှင့် ဆက်စပ်သည့် လိုက်စားမှုများနှင့် စိတ်ဆန္ဒများကို လက်လွှတ်နိုင်စေလိမ့်မည်။ တစ်ချိန်တည်းတွင်၊ ဤအရာက ကမ္ဘာလောကတွင် လူတို့ ပါဝင်လုပ်ဆောင်သည့် အလုပ်အကိုင်များ သို့မဟုတ် ၎င်းတို့ လိုက်စားသည့် အသက်မွေးမှုလုပ်ငန်းများနှင့် ပတ်သက်၍ ၎င်းတို့တွင်ရှိသည့် မမှန်ကန်သော ရှုထောင့်အမြင်များကိုလည်း ပြုပြင်ပေးလိမ့်မည်။ လူတို့ လက်လွှတ်သင့်သည့် အသက်မွေးမှုလုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာကို အဓိက အချက်လေးချက်အဖြစ် ငါတို့ ခွဲမည်ဖြစ်သည်။ လူတို့ နားလည်ရန်လိုအပ်သည့် ပထမအချက်မှာ ပရဟိတအဖွဲ့တွင် ပါဝင်ရန်ဖြစ်သည်။ ဒုတိယအချက်မှာ အစားအစာနှင့် အဝတ်အစားရှိခြင်းဖြင့်သာ ရောင့်ရဲရန်ဖြစ်သည်။ တတိယအချက်မှာ အမျိုးမျိုးသော လူမှုရေး အင်အားစုများနှင့် ဝေးဝေးနေရန်ဖြစ်သည်။ စတ္တုထအချက်မှာ နိုင်ငံရေးနှင့် ဝေးဝေးနေရန် ဖြစ်သည်။ ဤအချက်လေးချက်နှင့်ဆိုင်သည့် အကြောင်းပေါ် အခြေခံ၍ အသက်မွေးမှုလုပ်ငန်းများကို လက်လွှတ်ခြင်းနှင့် ဆက်စပ်သော ကိစ္စများအကြောင်းကို ငါတို့ မိတ်သဟာယပြုမည်။ တစ်ချက် တွေးကြည့်လော့၊ ဤအချက်လေးချက်၏ အကြောင်းအရာသည် သင်တို့ မိတ်သဟာယပြုနေခဲ့သည့် အရာနှင့် ဆီလျော်မှုတစ်ခုတလေ ရှိသလော။ (ဆီလျော်မှုမရှိပါ။) သင်တို့သည် မည်သည့်အရာအကြောင်းကို မိတ်သဟာယပြုနေခဲ့ကြပါသနည်း။ (ကိုယ်ရေးကိုယ်တာ လိုက်စားမှုများဖြစ်ပါသည်။) သင်တို့ မိတ်သဟာယပြုနေခဲ့သည့်အရာသည် သမ္မာတရား စစ်မှန်မှု မပါဝင်ပေ၊ ထိုအရာသည် သေးငယ်သည့်၊ ကိုယ်ရေးကိုတာ လိုက်စားမှု အနည်းငယ်နှင့်သာ ဆက်နွှယ်သည်။ ငါတို့ မိတ်သဟာယပြုနေသည့် ဤအချက်လေးချက်မှာ အသက်မွေးမှုလုပ်ငန်းများနှင့်ဆိုင်သော အကြောင်းအရာအတွင်းရှိ အမျိုးမျိုးစော စည်းမျဉ်းများ ပါဝင်သည်။ လူတို့သည် ဤအမျိုးမျိုးသော စည်းမျဉ်းများကို နားလည်ပါက၊ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်အတောအတွင်းတွင် အသက်မွေးမှုလုပ်ငန်းနှင့် ပတ်သက်၍ လက်လွှတ်သင့်သောအရာများကို လက်လွှတ်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာများကို သဘောပေါက်ကြသောကြောင့် ဤအရာများကို လက်လွှန်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ သို့ရာတွင်၊ သင်သည် ဤသမ္မာတရားများကို နားမလည်ပါက၊ ဤအရာများကို လက်လွှတ်ရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ အသက်မွေးမှုလုပ်ငန်းများကို လက်လွှတ်ခြင်းအတွက် ဤစည်းမျဉ်းလေးခုကို တစ်ခုပြီးတစ်ခု မိတ်သဟာယပြုကြစို့။

ပထမဦးစွာ၊ ပရဟိတလုပ်ငန်းတွင် မပါဝင်နှင့်။ ပရဟိတလုပ်ငန်းတွင် မပါဝင်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ရန် လွယ်ကူ၏။ ပရဟိတလုပ်ငန်းနှင့်ဆိုင်သော ကိစ္စရပ်အပေါ် သင်တို့အားလုံး အယူအဆအချို့ အနည်းနှင့်အများ ရှိကြသည်၊ ဟုတ်သည် မဟုတ်လော။ ဥပမာအားဖြင့်၊ မိဘမဲ့များ၊ ကုသိုလ်ဖြစ်ဂေဟာများနှင့် လူမှုအဖွဲ့အစည်းထဲရှိ ထိုထိုသော ပရဟိတ အဖွဲ့အစည်းများ- ဤသည်တို့မှာ ပရဟိတအလုပ်နှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများနှင့် ဂုဏ်ပုဒ်များသာ ဖြစ်သည်။ ထို့ကြောင့် လူတို့ ပါဝင်သည့် အသက်မွေးမှုလုပ်ငန်းနှင့် ပတ်သက်လာသည့်အခါ၊ ဘုရားသခင်၏ ပထမဆုံး သတ်မှတ်ချက်မှာ ပရဟိတလုပ်ငန်းတွင် ၎င်းတို့ မပါဝင်ရန် ဖြစ်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ပရဟိတလုပ်ငန်းပါဝင်သည့်အရာများကို လူတို့ မလုပ်ဆောင်သင့်ကြောင်း သို့မဟုတ် ပရဟိတလုပ်ငန်းနှင့် ဆက်နွှယ်သည့် စက်ရုံတစ်ခုတလေတွင် မပါဝင်သင့်ကြောင်း ဆိုလိုပေသည်။ ဤသည်မှာ နားလည်ရန် လွယ်ကူသည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်သည့်၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာဖြင့် အသက်ရှင်သည့်၊ မိသားစုနှင့် ဘဝတစ်ခု ရှိပြီး၊ မိမိကိုယ်ကိုနှင့် မိမိ၏ မိသားစုကို ထောက်ပံ့ရန် ငွေလိုအပ်သည့် လူတစ်ဦးအနေဖြင့်၊ အလုပ်အကိုင်တစ်ခုတွင် သင် ပါဝင်လုပ်ဆောင်ရန် လိုအပ်၏။ မည်သည့် အလုပ်အကိုင်မျိုးတွင် သင် ပါဝင်လုပ်ဆောင်သည်ဖြစ်စေ၊ လူတို့အတွက် ဘုရားသခင်၏ ပထမဆုံး သတ်မှတ်ချက်မှာ ပရဟိတလုပ်ငန်းတွင် မပါဝင်ရန် ဖြစ်သည်။ ဘုရားသခင်ကို သင် ယုံကြည်သောကြောင့် ပရဟိတလုပ်ငန်းကို သင် မလုပ်ဆောင်သင့် သို့မဟုတ် သင်၏ ကိုယ်ပိုင် ရုပ်ခန္ဓာ အသက်မွေးမှုအတွက် ပရဟိတလုပ်ငန်းကို သင် မလုပ်ဆောင်သင့်ပေ။ ထိုအလုပ်သည် သင် ပါဝင်လုပ်ဆောင်သင့်သည့် အလုပ်အကိုင်မဟုတ်။ သင့်ကို ဘုရားသခင် ပေးအပ်ထားသည့် အလုပ်အကိုင်တစ်ခု မဟုတ်သကဲ့သို့ သင့်ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်တစ်ခု မုချ မဟုတ်ပေ။ ပရဟိတလုပ်ငန်းသည် ဘုရားသခင်ကို ယုံကြည်သူများ သို့မဟုတ် သမ္မာတရား လိုက်စားနေသူများနှင့် ဆီလျော်မှုမရှိပေ။ အပြန်အလှန်အားဖြင့်၊ ပရဟိတလုပ်ငန်းတွင် သင် ပါဝင်ပါက၊ ဘုရားသခင်သည် ထိုအရာကို ဂုဏ်ပြုလိမ့်မည်မဟုတ်ဟု ဆိုနိုင်ပေသည်။ ထိုအရာကို သင် ကောင်းစွာ၊ စိတ်ကျေနပ်သည်အထိ လုပ်ဆောင်ပြီး၊ လူမှုအဖွဲ့အစည်းနှင့် ညီအစ်ကို မောင်နှမများ၏ အသိအမှတ်ပြုခြင်းပင် ခံရလျှင်ပင်၊ ဘုရားသခင်က ထိုအရာကို အသိအမှတ်ပြုမည်မဟုတ်၊ ဂုဏ်ပြုလိမ့်မည် မဟုတ်ပေ။ ပရဟိတလုပ်ငန်းတွင် သင် တစ်ခါက ပါဝင်ခဲ့သောကြောင့်၊ တစ်ခါက သင်သည် ကြီးမြတ်သော ပရဟိတဒါနရှင်ဖြစ်သောကြောင့်၊ လူများစွာကို ကူညီခဲ့သောကြောင့်၊ ကောင်းမွန်သည့် လုပ်ဆောင်ချက် အတော်များများ လုပ်ဆောင်ခဲ့သောကြောင့်၊ လူများစွာကို အကျိုးပြုခဲ့သောကြောင့် သို့မဟုတ် အသက်များစွာကို ကင်တင်ခဲ့သောကြောင့်ပင်လျှင် ဘုရားသခင်က သင့်ကို ဂုဏ်ပြုလိမ့်မည် မဟုတ်၊ သို့မဟုတ် နောက်ဆုံးတွင် သင့်ကို ကောင်းချီးပေးလိမ့်မည် မဟုတ်၊ ခြွင်းချက်တစ်ခုပြုလုပ်ပြီး သင့်အား ကယ်တင်ခြင်း ရခွင့်ပေးလိမ့်မည် မဟုတ်၊ သို့မဟုတ် သင့်ကို လှပကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု ပေးလိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ ပရဟိတအလုပ်တွင် ပါဝင်လုပ်ဆောင်ခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သော သတ်မှတ်ချက်တစ်ခု မဟုတ်ပေ။ ထို့နောက် ပရဟိတလုပ်ငန်းနှင့်ဆိုင်သည့် ကိစ္စရပ်များတွင် မည်သည့်အရာ ပါဝင်သနည်း။ အမှန်တွင်၊ သာ၍ ကြီးမားသည့် အတိုင်းအတာဖြင့်ဖြစ်စေ၊ သာ၍ နည်းပါးသည့် အတိုင်းအတာဖြင့်ဖြစ်စေ၊ လူတိုင်းသည် မိမိတို့၏ စိတ်များတွင် ပရဟိတအလုပ်တစ်မျိုးအဖြစ် အသေအချာ ယူဆ၍ရနိုင်သည့် အရာ တစ်ခု သို့မဟုတ် နှစ်ခု ရှိကြပေသည်။ ဥပမာအားဖြင့်၊ ဥပမာ၊ ခွေးလေခွေးလွင့်များကို မွေးစားခြင်း ဖြစ်သည်။ အချို့နိုင်ငံများတွင် တင်းကျပ်သည့် အိမ်မွေးတိရစ္ဆာန် ထိန်းချုပ်ရေး မရှိသောကြောင့် သို့မဟုတ် မကောင်းသော စီးပွားရေးအခြေအနေများကြောင့် လမ်းပေါ် သို့မဟုတ် အချို့ဒေသများတွင် ခွေးလေခွေးလွင့်များကို သင်တွေ့ရလေ့ရှိသည်။ “ခွေးလေခွေးလွင့်”ဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ လူအချို့သည် မိမိတို့၏ ခွေးများကို ထိန်းသိမ်းရန် မတတ်နိုင်သဖြင့် သို့မဟုတ် ထိုသို့မထိန်းသိမ်းချင်ကြသဖြင့် စွန့်ပစ်လိုက်ကြသည် သို့မဟုတ် ခွေးများက အကြောင်းရင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်ပြီး၊ ယခုတွင် ထိုခွေးများသည် လမ်းများတွင် လှည့်လည်သွားလာနေကြခြင်းဖြစ်သည်ဟု ဆိုလိုပေသည်။ သင်က၊ “ဘုရားသခင်ကို ငါ ယုံကြည်သောကြောင့် ဤတိရစ္ဆာန်များကို ငါ မွေးစားသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ကောင်းသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်၏ အမည်နာမကို ဂုဏ်အသရေ ဆောင်ကြဉ်းသည့် အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်၌ ယုံကြည်သူများ ယူသင့်သည့် တာဝန်တစ်ခုဖြစ်သည်။ ထိုအရာမှာ ခေါင်းရှောင်မရနိုင်သည့် တာဝန်တစ်ခုဖြစ်သည်”ဟု တွေးကောင်းတွေပေမည်။ ထို့ကြောင့်၊ လေလွင့်ခွေးများ သို့မဟုတ် ကြောင်များကို သင် မြင်သည့်အခါ၊ ၎င်းတို့ကို အစာဝယ်ပေးရန် ခြိုးခြံစွာနေထိုင်လျက်၊ အိမ်ခေါ်သွားပြီး မွေးစားသည်။ လူအချို့မှာ ဤအရာထဲသို့ ၎င်းတို့၏ လစာများနှင့် နေထိုင်စရိတ်များကိုပင် ရင်းနှီးမြှုပ်နှံကြပြီး၊ နောက်ဆုံးတွင် ပိုများသည်ထက်များသော ခွေးများနှင့် ကြောင်များကို မွေးစားကာ အိမ်တစ်လုံး ငှားရမ်းဖို့ပင် လိုအပ်လေသည်။ ထိုသို့ လုပ်ဆောင်ရာတွင်၊ မိမိတို့ကိုယ်ပိုင် နေစရိတ်များအတွက် ငွေက တိုး၍ မလုံမလောက်ဖြစ်လာပြီး၊ ၎င်းတို့၏ လစာကလည်း ထိုအရာကို မကာမိတော့ပေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ငွေချေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ သိုရာတွင် အမှုအရာများ မည်မျှ ခက်ခဲလာနေသည်ဖြစ်စေ၊ ဤသည်မှာ ၎င်းတို့ ခေါင်းရှောင်မရနိုင်သည့် ဝတ္တရားတစ်ခု၊ ဘေးဖယ်ထား၍မရနိုင်သည့် တာဝန်တစ်ခုဖြစ်ကြောင်းနှင့် ထိုအရာကို ကောင်းမွန်သည့် လုပ်ဆောင်ချက်တစ်ခုအဖြစ် မှတ်ယူပြီး လိုအပ်သလို လုပ်ဆောင်သင့်သည်ဟု ၎င်းတို့ ခံစားကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး စည်းမျဉ်းများကို ထိန်းသိမ်းနေကြသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့သည် ပရဟိတအလုပ်တွင် ပါဝင်ရန်အလို့ငှာ ဤလေလွင့်ခွေးများနှင့် ကြောင်းများကို မွေးစားရင်း အလွန်များသော ငွေ၊ အားအင်နှင့် အချိန်တို့ကို ကုန်ဆုံးကြပြီး၊ ၎င်းတို့ စိတ်နှလုံးထဲတွင် အလွန် စိတ်အေးချမ်းသာ ဖြစ်မြောက်အောင်မြင်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိတ်ကျေနပ်အားရကြပြီး၊ လူအချို့က၊ “ဤသည်မှာ ဘုရားကို ဘုန်းထင်ရှားစေခြင်းဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သည့် သတ္တဝါများကိ ငါ မွေးစားနေခြင်း ဖြစ်သည်။ ဤသည်မှာ အတိုင်းမသိ ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး၊ ဘုရားသခင်က မုချ ဂုဏ်ပြုလိမ့်မည်”ဟုပင် တွေးထင်ကြသည်။ ဤအတွေးများသည် မှန်ကန်ပါသလော။ (မမှန်ကန်ပါ။) ဘုရားသခင်သည် သင့်ကို ဤအလုပ်တာဝန် ပေးအပ်မထားလေပြီ။ ထိုအရာမှာ သင်၏ ဝတ္တရားမဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်။ သင့်အနေဖြင့် လေ့လွင့်ကြောင်များ၊ ခွေးများကို အမှတ်မထင်တွေ့ပြီး၊ ၎င်းတို့ကို သင် နှစ်ခြိုက်ပါက၊ တစ်ကောင်၊ နှစ်ကောင် မွေးစားခြင်းသည် ကိစ္စမရှိပေ။ သို့ရာတွင်၊ ပရဟိတလုပ်ငန်းမှာ ဘုရားသခင်၌ ယုံကြည်သူတစ်ဦး လုပ်ဆောင်သင့်သည့်အရာတစ်ခုဖြစ်သည်ဟု ယုံကြည်လျက်၊ လေလွင့်တိရစ္ဆာန်များကို မွေးစားခြင်းသည် ပရဟိတလုပ်ငန်း ပုံစံတစ်ခုအဖြစ် သင် သဘောထားပါက၊ သင်သည် အကြီးအကျယ် မှားနေပေသည်။ ဤသည်မှာ မှားယွင်းသော သိနားလည်မှုနှင့် သဘောပေါက်မှုတစ်ခု ဖြစ်သည်။

၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်နိုင်စွမ်းကို ယုံကြည်လျက်၊ ၎င်းတို့၏ အနီးအနားရှိ ဆင်းရဲချို့တဲ့သူများကို သက်သာရာရစေရန် ငွေပိုငွေလျှံ အနားငယ်ကို သုံးကြသည့် လူများလည်း ရှိ၏။ ၎င်းတို့သည် မိမိတို့ ဖြည့်ဆည်းသင့်သည့် ဝတ္တရားတစ်မျိုးအဖြစ် ယူဆလျက် ထိုသူများကို အဝတ်အစား၊ အစားအစာ၊ နေ့စဉ် လိုအပ်ချက်များနှင့် ငွေများကိုပင် ပေးလှူကြသည်။ ၎င်းတို့သည် ဆင်းရဲနုံချာသောလူအချို့ကိုပင် မိမိတို့ အိမ်ထားထဲသို့ ခေါ်ဆောင်ကြသည်၊ ၎င်းတို့ကို ဧဝံဂေလိ ဝေမျှကြပြီး၊ သုံးရန် ငွေများပေးလှူကြသည်။ ဤဆင်းရဲနုံချာသူများသည် ဘုရားသခင်ကို ယုံကြည်ရန် သဘောတူကြပြီး၊ ထို့နောက်တွင်၊ မိမိတို့ကိုယ်ပိုင် တာဝန်နှင့် ဝတ္တရားကို ၎င်းတို့ ဖြည့်ဆည်းနေကြသည်ဟု တွေးထင်လျက်၊ ထိုသူများကို ၎င်းတို့က အစားအစာနှင့် အမိုးအကာများ ထောက်ပံ့ပေးကြသည်။ လူမှုအဖွဲ့အစည်းရှိ မိဘမဲ့အချို့သည် မွေးစားခြင်း မခံရသေးသည်ကို သတိပြုမိကြသည့် လူများလည်း ရှိသည်။ ၎င်းတို့တွင် သုံးစရာ ငွေပိုနည်းနည်းရှိသောကြောင့် ပြုစုစောင့်ရှောက်ရေး ဂေဟာများနှင့် မိဘမဲ့ဂေဟာများ ထောင်ရင်းနှင့် မိဘမဲ့များကို မွေးစားရင်း၊ ထိုမိဘမဲ့ကလေးများကို သွားကူညီကြလေသည်။ ထိုကလေးများကို မွေးစားပြီးနောက်တွင်၊ ၎င်းတို့၏ အစားအစာ၊ အမိုးအကာနှင့် ပညာရေးများအတွက် ထောက်ပံ့ပေးကြပြီး အရွယ်ရောက်သည်အထိပင် ပြုစုပျိုးထောင်ကြသည်။ ၎င်းတို့သည် ဤအရာကို ဆက်လက်လုပ်ဆောင်ရုံမက၊ နောက်မျိုးဆက်ကိုလည်း လက်ဆင့်ကမ်းကြသည်။ ဤသည်မှာ အတိုင်းမသိ ကောင်းမွန်သည့် လုပ်ဆောင်ချက်တစ်ခု၊ ကောင်းချီးခံစားရမည့် အရာတစ်ခုနှင့် ဘုရားသခင်၏ ဂုဏ်ပြုခြင်းနှင့် ထိုက်တန်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ဧဝံဂေလိ ဖြန့်ဝေနေသည့် ကာလများအတောအတွင်းတွင်ပင်၊ လူအချို့သည် ဘာသာရေး အယူအဆများရှိသည့် ဆင်းရဲနုံချာသော ဒေသများမှ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများကို မြင်ပြီး၊ ၎င်းတို့ကို ကူညီရန် လှုံ့ဆော်ခြင်းခံရကာ ထိုသူများကို ပေးကမ်းလှူဒါန်းကြလေသည်။ သို့ရာတွင် ဧဝံဂေလိ ဖြန့်ခြင်းသည် ဧဝံဂေလိ ဖြန့်ခြင်းဖြစ်သည်၊ ပရဟိတအလုပ် သို့မဟုတ် အကူအညီ ပေးခြင်း မဟုတ်ပေ။ ဧဝံဂေလိ ဝေမျှခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး၊ သမ္မာတရား လက်ခံနိုင်သူများ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ သိုးများကို ကယ်တင်ခြင်း အခွင့်အရေး ပေးလျက်၊ သူ၏ အိမ်တော်ထဲ၊ သူ၏ မျက်မှောက်တော်ထဲသို့ ခေါ်ဆောင်ရန် ဖြစ်သည်။ ယင်းမှာ ဆင်းရဲနုံချာသူများကို စားရန်၊ ဝတ်ရန် တစ်စုံတစ်ရာရှိဖို့၊ ပုံမှန်လူတစ်ဦး၏ ဘဝ ရှိနိုင်ပြီး မငတ်ပြတ်ရန်အလို့ငှာ အကူအညီပေးခြင်းအကြောင်း မဟုတ်ပေ။ ထို့ကြောင့် မည်သည့် ရှုထောင့်အမြင်မှမဆို၊ မည်သို့ဆိုစေ၊ အိမ်မွေးတိရစ္ဆာန် များ သို့မဟုတ် တိရစ္ဆာန်များကို အကူအညီ ပေးခြင်းဖြစ်စေ၊ ဆင်းရဲနုံချသူများ သို့မဟုတ် မိမိတို့၏ အခြေခံလိုအပ်ချက်များ မဖြည့်ဆည်းနိုင်သူများကို ကူညီပံ့ပိုးခြင်းဖြစ်စေ၊ ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းနှင့်ဆိုင်သည့် ဤကိစ္စရပ်သည် လူတစ်ဦး ဖြည့်ဆည်းသင့်သည့် အလုပ်၊ တာဝန် သို့မဟုတ် ဝတ္တရား၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘုရားသခင် တောင်းဆိုသည့်အရာ မဟုတ်ပေ။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည့် လူများနှင့် ဆက်စပ်မှု မရှိပေ။ လူတို့သည် သနားကြင်နာသည့် စိတ်နှလုံးရှိပြီး ဤအရာကို လုပ်ဆောင်ရန် လိုလားနေကြပါက၊ သို့မဟုတ် အကူအညီ လိုအပ်သည့် လူတစ်ဦးတလေနှင့် ရံဖန်ရံခါ အမှတ်မထင် ဆုံတွေ့ပါက၊ ၎င်းတို့ တတ်နိုင်ပါက လုပ်ဆောင်နိုင်ပေသည်။ သို့ရာတွင် ဤအရာကို ဘုရားသခင်က သင့်အား ပေးအပ်ထားသည့် အလုပ်တစ်ခုအဖြစ် မမြင်သင့်ပေ။ သင့်ထံတွင် အစွမ်းအစနှင့် အခြေအနေများရှိပါက၊ အခါအားလျော်စွာ သင် ကူညီနိုင်သော်လည်း၊ ဤအရာက သင့်ကိုသာ ကိုယ်စားပြုသည်၊ ဘုရားအိမ်တော်နှင့် ဧကန်မုချ ဘုရားသခင်၏ သတ်မှတ်ချက်များကို ကိုယ်စားမပြုပေ။ ဤအရာကို လုပ်ဆောင်ခြင်းက ဘုရားသခင်၏ အလိုတော်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်ဟု မဆိုလိုသည်မှာ အမှန်ဖြစ်သကဲ့သို့ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေသည်ဟုလည်း မုချမဆိုလိုပေ။ ထိုအရာသည် တကယ်ကို သင်၏ ကိုယ်ပိုင် အပြုအမူကိုသာ ကိုယ်စားပြုပေသည်။ ထိုအရာကို သင် ရံဖန်ရံခါ လုပ်ဆောင်ပါက၊ ထိုအတွက် ဘုရားသခင်က သင့်ကို ပြစ်ဒဏ်ချမှတ်မည်မဟုတ်သော်လည်း ထိုအရာကို ဂုဏ်ပြုမည်လည်း မဟုတ်ပေ။ ထိုမျှသာဖြစ်၏။ သင်သည် ဘိုးဘွားရိပ်သာများ၊ ပြုစုစောင့်ရှောက်ရေး ဂေဟာများ၊ မိဘမဲ့ဂေဟာများ၊ တိရစ္ဆာန် ကွန်းခိုရာများကို ဖွင့်လျက်၊ သို့မဟုတ် ကပ်ဘေးရောက်သည့် အချိန်ကာများအတောအတွင်း စေတနာ့ဝန်ထမ်းအဖြစ် ထွက်လာကာ ကပ်ဘေးသင့်ဒေသများ သို့မဟုတ် လူများကို လှူဒါန်းရန် အသင်းတော်ထဲရှိ ညီအစ်ကို မောင်နှမများထံမှ သို့မဟုတ် လူမှုအသိုင်းအဝိုင်းထံမှ ရန်ပုံငွေရှာလျက်၊ ထိုအရာကို အသက်မွေးမှုလုပ်ငန်းအဖြစ် ပြောင်းလဲစေပါက၊ မည်မျှ ကောင်းစွာ သင် လုပ်ဆောင်နေသည်ဟု သင် တွေးထင်ပါသနည်း။ ထို့အပြင်၊ အချို့သော နေရာများက မြေငလျင်များ၊ ရေလွှမ်းမိုးခြင်းများ သို့မဟုတ် အခြား သဘာဝ သို့မဟုတ် လူလုပ်ကပ်ဘေးများ ကြုံရသည့်ခါ၊ လူအချို့သည် ညီအစ်ကို မောင်နှမများထံမှ လှူဒါန်းမှုများကို တောင်းခံရန် အသင်းတော်ထံ ချဉ်းကပ်ကြသည်။ သာ၍ ဆိုးသည်မှာ၊ အချို့သည် ဤကပ်ဘေးသင့်ဒေသများနှင့် လူများကို ကူညီရန် အလှူငွေများကိုပင် အသုံးပြုကြ၏။ ဤသည်မှာ ယုံကြည်သူတိုင်း၏ တာဝန်တစ်ခု၊ လူမှု အသိုင်းအဝိုင်းတစ်ခုအနေဖြင့် အသင်းတော်က ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများထံမှ ပံ့ပိုးမှုများ တောင်းဆိုရုံသာမက ဤကပ်ဘေးသင့်ဒေသများကို ကူညီပေးရန် အလှူငွေများကို ခွဲဝေပေးဖို့ အသင်းတော်ကိုလည်း တိုက်တွန်းလျက် ဤသည်မှာ တော်မှန်သော အကြောင်းတရားဖြစ်သည်ဟု ယူမှတ်ကြသည်။ ဤအရာကို သင်တို့ မည်သို့ တွေးထင်ကြသနည်း။ (ဆိုးပါသည်။) ဆိုးရုံမျှဆိုးသလော။ ဤကိစ္စရပ်၏ သဘောသဘာဝကို ဆွေးနွေးကြလော့။ (အလှူငွေများသည် ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက်၊ ဧဝံဂေလိအလုပ် တိုးချဲ့ခြင်းအတွက် ရည်ရွယ်ထားပေသည်။ ကပ်ဘေး ကယ်ဆယ်ရေး သို့မဟုတ် ဆင်းရဲသူများကို ကူညီခြင်းအတွက် မရည်ရွယ်ပါ။) (ကပ်ဘေး ကယ်ဆယ်ရေးသည် သမ္မာတရားနှင့် ဆက်နွှယ်မှုမရှိပါ။ ထိုအရာကို လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း သဘောမဆောင်သကဲ့သို့ စိတ်သဘောထားရှိ ပြောင်းလဲမှုတစ်ခုကို ဧကန်မုချ သက်သေမခံပါ။) လူတိုင်းသည် ကမ္ဘာဂြိုဟ်တစ်လုံးတည်းတွင် နေထိုင်ကြသဖြင့် ကမ္ဘာသူကမ္ဘာသားများသည် မိသားစုကြီးတစ်ခုဖြစ်လာပြီး အဖွဲ့တစ်ခု ဒုက္ခရောက်နေချိန်တွင် အခြားသူများသည် ဝိုင်းဝန်းကူညီမှုပေးရန် အတူတကွ စုစည်းသင့်သည်ဟု လူအချို့က ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကျရောက်သည့် ဒေသတွင်ရှိသော လူများက မိမိတို့ လူသားချင်းများ၏ နွေးထွေးမှုကို ခံစားရရန်နှင့် အသင်းတော်၏ နွေးထွေးမှုနှင့် အကူအညီကို တွေ့ကြုံခံစားရန်အလို့ငှာ ၎င်းတို့ အပြည့်အဝ လုပ်ဆောင်သင့်သည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ဤသည်မှာ အတိုင်းမသိ ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခု၊ ဘုရားသခင်ကို ဂုဏ်ပြုသည့် လုပ်ရပ်တစ်ခုနှင့် ဘုရားသခင်ကို သက်သေခံရန် ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်သည်ဟု ၎င်းတို့ ယူဆကြသည်။ တာဝန်များကို ဖြည့်ဆည်းနေစဉ် စည်းမျဉ်းများကို စွဲမြဲရန်နှင့် မိမိတို့၏ လက်တွေ့လုပ်ဆောင်ချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ် အစီအစဉ်များနှင့် ချိန်ညှိရန် သင် တောင်းဆိုသည့်အခါ လူအချို့သည် စိတ်ပါဝင်စားခြင်းမရှိကြသကဲ့သို့၊ စိတ်တက်ကြွခြင်းမရှိကြချေ။ ၎င်းတို့ စိတ်နှလုံးတွင် ဤအရာများကို ၎င်းတို့ ချင့်ချိန်စဉ်းစားခြင်း မရှိကြ။ သို့ရာတွင် ဆင်းရဲနုံချာသည့် သို့မဟုတ် မတိုးတက်သော တိုင်းနိုင်ငံများ၏ လူများကို အကူအညီပေးရန် အလှူငွေများ ပေးခြင်း၊ တာဝန်များ ဖြည့်ဆည်းခြင်းအတွက် ၎င်းတို့အား ပစ္စည်းကိရိယာများ ဝယ်ပေးခြင်းနှင့် လုံလောက်သည့် အစားအစာနှင့် အဝတ်အစားရှိသော ဘဝတစ်ခုကို နေထိုင်ရန် ၎င်းတို့အား ကူညီပေးခြင်းတို့အတွက်မူ၊ ၎င်းတို့သည် ပိုပိုပြီး လုပ်ဆောင်ရန် အလိုရှိလျက်၊ အထူးသဖြင့် စိတ်ပါဝင်စားလာကြကာ အလုပ်လုပ်ဖို့ စိတ်ထက်သန်ကြလေသည်။ ၎င်းတို့ အဘယ်ကြောင့် အလွန် စိတ်ထက်သန်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကြီးမြတ်သည့် ပရဟိတဒါနရှင်များ ဖြစ်လာရန် ဆန္ဒရှိကြသောကြောင့် ဖြစ်သည်။ ကြီးမြတ်သည့် ပရဟိတဒါနရှင်တစ်ဦး ဖော်ပြခံရသည်နှင့်၊ အထူးသဖြင့် မြင့်မြတ်သည်ဟု စတင်ခံစားနေမိကြသည်။ ဤဆင်းရဲနုံချာသော လူများ၏ ဘဝများအတွက် မိမိတို့၏ အားထုတ်မှုများကို စတေးရန်နှင့် မိမိတို့ကိုယ်ပိုင် အလင်းနှင့် နွေးထွေးမှုကို အသုံးချရန် အထူးသဖြင့် ဂုဏ်ယူမိကြလေသည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ အလွန့်အလွတ် စိတ်လှုပ်ရှားကြပြီး၊ အကျိုးဆက်အနေဖြင့် လူအချို့သည် ဤလှုပ်ရှားမှုများတွင် အထူးသဖြင့် ပါဝင်ရန် လိုလားနေကြ၏။ သို့ရာတွင် ဤအရာများကို လုပ်ဆောင်ရန် ဤထူးခြားသော လိုလားမှုနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်ကို အမှန်တကယ် ဂုဏ်ပြုရန်ဖြစ်သလော။ ဤဂုဏ်ပြုမှုမျိုးကို ဘုရားသခင် လိုအပ်သလော။ ဤသက်သေခံချက်မျိုးကို ဘုရားသခင် လိုအပ်သလော။ သင့်အနေဖြင့် ငွေမပေး သို့မဟုတ် အကူအညီ မပေးပါက ဘုရားသခင်၏ နာမသည် အရှက်ရခြင်းကို ခံစားရလိမ့်မည်မှာ ဖြစ်နိုင်သလော။ သူ၏ ဘုန်းအသရေကို ဘုရားသခင် ဆုံးရှုံးရလိမ့်မည်လော။ ဤအရာကို သင် လုပ်ဆောင်သည့်အခါ ဘုရားသခင် ဘုန်းထင်ရှားလိမ့်မည်မှာ ဖြစ်နိုင်သလော။ သူ စိတ်ကျေနပ်လိမ့်မည်လော။ ဤသို့ ဖြစ်ပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်အရာ ဖြစ်မည်နည်း။ အဘယ်ကြောင့် ဤလူများသည် ဤအရာကို လုပ်ဆောင်ရန် အလွန် လိုလားနေကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့ ကိုယ်ပိုင် ဝင့်ဝါမှုကို ဖြည့်ဆည်းရန် ဖြစ်သလော။ (ဟုတ်ပါသည်။) ထိုအရာမှာ မိမိတို့ ကူညီခဲ့သူများထံမှ အောင်မြင်ကြောင်း လက်မထောင်ပြခြင်းကို ရရှိရန်၊ ၎င်းတို့၏ ရက်ရောမှု၊ သဘောထားကြီးခြင်းနှင့် ကြွယ်ဝမှုအတွက် ချီးကျူးခြင်းခံရရန်ဖြစ်သည်။ လူအချို့သည် သူရဲကောင်းဆန်သော စိတ်ဓာတ်တစ်ခု အမြဲ ရှိကြ၏။ ၎င်းတို့သည် ကယ်တင်ရှင်များဖြစ်ရန် ဆန္ဒရှိကြသည်။ အဘယ်ကြောင့် သင့်ကိုယ်သင် မကယ်တင်သနည်း။ သင်သည် မည်သည့်အရာမျိုးဖြစ်သည်ကို သင် သိသလော။ အခြားသူများကို သင် ကယ်တင်နိုင်စွမ်းရှိပါက၊ သင့်ကိုယ်သင် အဘယ်ကြောင့် မကယ်တင်နိုင်သနည်း။ သင် အလွန် ရက်ရောပါက၊ သင့်ကိုယ်သင် ရောင်းစားပြီး ငွေကို ထိုလူများအား ကူညီရန် အဘယ်ကြောင့် မပေးလိုက်သနည်း။ အဘယ်ကြောင့် အလှူငွေများကို အသုံးပြုသနည်း။ သင့်ထံတွင် ဤအစွမ်းအစရှိပါက၊ စားသောက်ခြင်းကို ရပ်သင့်သည် သို့မဟုတ် တစ်နေ့ အစာတစ်နပ်သာ စားသင့်ပြီး၊ ထိုလူများကို ကူညီရန်၊ ၎င်းတို့ကို ကောင်းစွာ စားပြီး ဝတ်စားဆင်ယင်ခွင့်ပေးရန် သင်စုထားသည့် ငွေများကို သုံးသင့်သည်။ အဘယ်ကြောင့် ဘုရားသခင်၏ အလှူငွေများကို အလွဲသုံးစားပြုသနည်း။ ဤသည်မှာ ဘုရားအိမ်တော်ကို အထိခိုက်ခံလျက် ရက်ရောခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်ကို အထိခိုက်ခံလျက် ရက်ရောခြင်း၊ အခြားသူများထံမှ “ကြီးမြတ်သော ပရဟိတအလှူရှင်” ဟူသည့် ဂုဏ်ပုဒ်ကို ရရှိခြင်း၊ အခြားသူများ လိုအပ်သောသူဖြစ်ဖို့ဟူသော သင်၏ ကိုယ်ပိုင် အချည်းနှီး စိတ်ဆန္ဒကို ဖြည့်ဆည်းခြင်း- ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အရှက်မဲ့သော အရေးကိစ္စဖြစ်သည့်အတွက်၊ ဆောင်ရွက်သင့်သလော၊ မဆောင်ရွက်သင့်သလော။ (မဆောင်ရွက်သင့်ပါ။) ဘုရားအိမ်တော်က ဧဝံဂေလိ တိုးချဲ့ခြင်း၏ သဘောသဘာဝမှာ ပရဟိတလုပ်ငန်းကို လုပ်ဆောင်ရန် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်သည့် သိုးများကို ထွက်ရှာခြင်း၊ ဤလူများကို ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ပြန်ခေါ်ဆောင်ခြင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိခြင်းတို့အကြောင်း ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်၊ ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်း မဟုတ်၊ ဆင်းရဲခေါင်းပါးမှု ရှိသည့် နေရာတိုင်းတွင် အကူအညီပေးခြင်း သို့မဟုတ် ဧဝံဂေလိ ဟောပြောခြင်း မဟုတ်ပေ။ ယင်းမှာ ဤလူများ ကောင်းစွာကျွေးမွေးခံရပြီး ကောင်းစွာ ဝတ်စားဆင်ယင်ခံရသည်ကို၊ ခေတ်ပေါ် နည်းပညာ အသုံးပြုပြီး၊ ခေတ်သစ် ဘဝအား မွေ့လျော်ကြသည်ကို သေချာစေဖို့အလို့ငှာ ဧဝံဂေလိ ဖြန့်ဝေခြင်း အယောင်ဆောင်မှုအောက်တွင် ပရဟိတလုပ်ငန်း လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤလုပ်ရပ်များသည် လူတို့ကို ကယ်တင်နိုင်သလော။ ထိုသို့သော လုပ်ရပ်များသည် ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့် လူတို့ကို ကယ်တင်ခြင်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်မရရှိနိုင်ပေ။ ဧဝံဂေလိ ဖြန့်ဝေခြင်းသည် ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်း မဟုတ်။ စိတ်နှလုံးများကို သိမ်းသွင်းခြင်း၊ ဘုရားသခင် ရှေ့မှောက်သို့ လူများကို ခေါ်ဆောင်ခြင်း၊ ၎င်းတို့အား သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်စေခြင်းအကြောင်း ဖြစ်သည်။ ကယ်ဆယ်ရေး ထောက်ပံ့ပေးခြင်း မဟုတ်ပေ။ အသင်းတော်ထဲရှိ အလုပ်၏ လိုအပ်ချက်များကြောင့်၊ လူအချို့သည် မိမိတို့ တာဝန်များအပေါ် အချိန်ပြည့် အာရုံစိုက်ရန် မိမိတို့၏ အလုပ်နှင့် မိသားစုကို စွန့်ပစ်ကြပြီး၊ ဘုရားအိမ်တော်က ၎င်းတို့အား နေထိုင်စရိတ်များကို ထောက်ပံ့ပေးသည်။ သို့ရာတွင် ဤသည်မှာ ကယ်ဆယ်ရေးမဟုတ်၊ ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းလည်း မဟုတ်ပေ။ ဘုရားအိမ်တော်က ဧဝံဂေလိတရားကို ဖြန့်ဝေပြီး အသင်းတော် တည်ထောင်သည့်အခါ၊ လူမှုဘဝဖူလုံရေး အဖွဲ့အစည်းများ သို့မဟုတ် ကွန်းခိုရာများကို ထူထောင်ခြင်း မဟုတ်ပေ။ ထိုအရာမှာ ဤထောက်ပံ့ကြေးများ သို့မဟုတ် ရန်ပုံငွေများကို လူတို့အား မနှောင့်ယှက်ရန် ငွေထိုးဖို့ သို့မဟုတ် အစားအသောက်များကို ဘုရားအိမ်တော်ထဲ တောင်းခွင့်ပေးရန် အသုံးပြုခြင်းအကြောင်း မဟုတ်ပေ။ ဘုရားအိမ်တော်သည် ကပ်ပါးရပ်ပါးများ သို့မဟုတ် သူတောင်းစားများကို မထောက်ပံ့၊ အိမ်ခြေရာမဲ့များ သို့မဟုတ် မိဘမဲ့များကို နေရာထိုင်ခင်းမပေးသကဲ့သို့ စားစရာ ဘာမျှမရှိသည့်လူများကိုလည်း ကယ်ဆယ်ရေးပစ္စည်း မပံ့ပိုးပေးချေ။ တစ်စုံတစ်ဦးသည် စားရန် မတတ်နိုင်ပါက၊ ၎င်းတို့ ပျင်းရိသောကြောင့် သို့မဟုတ် မသန်စွမ်းသောကြောင့် ဖြစ်သည်။ ထိုအရာမှာ ၎င်းတို့ ကိုယ်တိုင်၏ အပြစ်ဖြစ်ပြီး၊ ငါတို့ ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ လူတို့ကို စည်းရုံးသိမ်းသွင်းရန်၊ ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး သမ္မာတရား လက်ခံနိုင်သူတို့ကို စည်းရုံးသိမ်းသွင်းရန် ဖြစ်သည်၊ မည်သူ ဆင်းရဲချို့တဲ့သည်၊ သနားစဖွယ်ဖြစ်သည်၊ မည်သူ ဖိနှိပ်ခံရသည်၊ သို့မဟုတ် မည်သူသည် အကူအညီတောင်းရမည်သူ မရှိသည်ဆိုသည်တို့ကို ၎င်းတို့အား ခေါ်ဆောင်နိုင်ရန် သို့မဟုတ် ကူညီနိုင်ရန်အလို့ငှာ ကြည့်ရန် မဟုတ်ပေ။ ဧဝံဂေလိ ဖြန့်ဝေခြင်းတွင် ကိုယ်ပိုင် စည်းမျဉ်းများနှင့် စံနှုန်းများ ရှိပြီး၊ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများအတွက် သတ်မှတ်ချက်များနှင့် စံနှုန်းများ ရှိသည်။ သူတောင်းစားများကို ရှာဖွေခြင်းအကြောင်း မဟုတ်ပေ။ ထို့ကြောင့် ဧဝံဂေလိ ဖြန့်ဝေခြင်းကို ကုသိုလ်ဖြစ် အားထုတ်မှုတစ်ခုအဖြစ် မှတ်ယူပါက၊ သင် မှားပေသည်။ သို့မဟုတ် ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်ဆိုင်သော ဤတာဝန်ကို သင် ဖြည့်ဆည်းနေပြီး၊ ဤအလုပ်တွင် ပါဝင်ပတ်သက်နေပါက၊ သင်သည် ပရဟိတလုပ်ငန်းတွင် ပါဝင်နေခြင်းဖြစ်သည်၊ ယင်းမှာ သာ၍ပင် မှားယွင်း၏။ ဤဦးတည်ချက်အပြင်၊ စမှတ် နှစ်ခုလုံးသည် ပင်ကိုအားဖြင့် မှားယွင်း၏။ တစ်ဦးတလေသည် ထိုသို့သော ရှုထောင့်အမြင်ကို စွဲကိုင်ပါက၊ သို့မဟုတ် ထိုသို့သော ဦးတည်ချက်တစ်ခုကို ၎င်းတို့၏ လုပ်ရပ်များအတွက် ကျင့်သုံးပါက၊ ၎င်းတို့ အလျင်အမြန် ပြုပြင်သင့်ပြီး မိမိတို့၏ ရှုထောင့်အမြင်ကို ပြောင်းလဲသင့်၏။ ဘုရားသခင်သည် ဆင်းရဲနုံချာသူ သို့မဟုတ် လူမှုအဖွဲ့အစည်း အောက်ခြေရှိ ဖိနှိပ်ခံရသူများကို လုံးဝ သနားခြင်းမရှိပေ။ အနည်းဆုံးအနေဖြင့်၊ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦး၊ သမ္မာတရားကို လက်ခံနိုင်သည့် တစ်စုံတစ်ဦး ဖြစ်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်နောက်မလိုက်သကဲ့သို့၊ ဘုရားသခင်ကို သင် အတိုက်အခံလုပ်ကာ ပြစ်မှားစော်ကားပါက၊ သင့်အပေါ် ဘုရားသခင်က သနားကရုဏာ ရှိလိမ့်မည်လော။ ဤသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူတို့သည်၊ “ဘုရားသခင်သည် မေတ္တာရုဏာတရား ကြီးမားသော ဘုရားဖြစ်သည်။ သူသည် ဖိနှိပ်ခံရသူများ၊ အများမကြိုက်သောသူများ၊ အနှိပ်ခံရသူများ၊ လူမှုအဖွဲ့အစည်းတွင် ဘေးဖယ်ခံရပြီး အကူအညီတောင်းရမည့်သူ မရှိသူများကို သနားသည်။ သူတို့အားလုံးကို ဘုရားသခင် သနားပြီး၊ သူ၏ အိမ်တော်ထဲသို့ ဝင်ခွင့်ပေးသည်”ဟု တလွဲ တွေးမထင်သင့်ပေ။ ဤသည်မှာ မှားယွင်း၏။ ဤသည်မှာ သင်၏ အယူအဆနှင့် စိတ်ကူးဖြစ်သည်။ ဤကဲ့သို့သော အရာများကို မည်သည့်အခါတွင်မျှ ဘုရားသခင် မပြောဆို၊ မလုပ်ဆောင်လေပြီ။ ထိုအရာမှာ သမ္မာတရားနှင့် ဆက်စက်မှုမရှိသည့် သင်၏ ကိုယ်ပိုင် ဖြစ်လိုသော အတွေး၊ လူသား သနားကြင်နာမှုနှင့်ဆိုင်သည့် သင်၏ စိတ်ကူးမျှသာ ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ပြီး၊ သူ၏ အိမ်တော်ထဲသို့ ခေါ်ဆောင်ခဲ့သည့် လူများကို ကြည့်လော့။ ၎င်းတို့၏ လူမှုအဆင့်အတန်းကို ပဓာနမထားဘဲ၊ ၎င်းတို့တွင် စားစရာ မည်သည့်အရာမျှ မရှိသောကြောင့် ဘုရားသခင်က သနားခဲ့သလော သို့မဟုတ် တစ်ဦးတလေအတွက် စိတ်မကောင်းဖြစ်ကာ ၎င်းတို့ကို သူ၏ အိမ်တော်ထဲသို့ ခေါ်ဆောင်ခဲ့သလော။ တစ်ဦးတစ်လေမျှ မခေါ်ဆောင်ခဲ့ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် ဤလူများသည် ၎င်းတို့၏ လူမှုအဆင့်အတန်း မည်သည့်အရာဖြစ်ပါစေ၊ တောင်သူလယ်သမားများ ဖြစ်ခဲ့ကြလျှင်ပင်၊ ၎င်းတို့ မစားနိုင်ခြင်း ဖြစ်ရပ်များ မရှိသကဲ့သို့၊ ၎င်းတို့အထဲတွင် သူတောင်းစားများ မရှိပေ။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအတွက် သက်သေတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ရွေးချယ်ပြီးဖြစ်ကာ သင်သည် ဘုရားရွေးချယ်ထားသည့် လူများထဲမှ တစ်ဦးဖြစ်ပါက၊ သင် အစာစားရန် မတတ်နိုင်သည်အထိ သို့မဟုတ် အစားအစာအတွက် သင် တောင်းရမ်းရသည့်အဆင့်ထိရောက်ရန် သူသည် သင့်ကို အလွန် ခိုကိုးရာမဲ့ဖြစ်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။ ထိုအစား၊ ဘုရားသခင်သည် သင့်ကို အဝတ်အစားနှင့် အစားအစာများ အလျှံပယ် ထောက်ပံ့ပေးလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သောလူအချို့သည် မိမိတို့နှင့်အတူ နားလည်မှုလွဲခြင်းအချို့ကို အမြဲ သယ်ဆောင်ကြ၏။ သင်တို့ မည်သည့်အရာကို တွေးထင်ကြသနည်း။ “ဘုရားသခင်ကို ယုံကြည်သူ အများစုသည် လူမှုအဖွဲ့အစည်း၏ အနိမ့်ဆုံး အဆင့်များမှ လာပြီး၊ အချို့မှာ သူတောင်းစားများပင် ဖြစ်နိုင်သည်။” ထိုသို့ ဖြစ်သလော။ (မဟုတ်ပါ။) ငါသည် သူတောင်းစားတစ်ဦး ဖြစ်နေကျဖြစ်သည်ဟူသော ကောလာဟာလများ ဖြန့်နေသည့် လူများပင် ရှိ၏။ ငါက၊ “ကောင်းပြီ၊ သို့ဆိုလျှင် ငါသည် တစ်ကြိမ်တစ်ခါမျှ လျော်တေအဝတ်ကို ဝတ်ခဲ့သလော သို့မဟုတ် တောင်ဝှေးတစ်ချောင်း သယ်ဆောင်ခဲ့သလော။ ငါက သူတောင်းစားတစ်ဦး ဖြစ်နေကျဖြစ်သည်ဟု သင် ဆိုပါက၊ ထိုအကြောင်းကို ငါ မသိခဲ့သည်မှာ အဘယ်သို့နည်း”ဟု ပြောဆိုခဲ့သည်။ ငါတို့ ပြောနေသည့်သူမှာ ငါ ဖြစ်သော်လည်း ငါ သိပင်မသိပေ။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိ။ ဘုရားသခင်က၊ “မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟု ဆိုခဲ့ချိန်တွင် မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် သူတောင်းစားတစ်ဦး ဖြစ်လာခဲ့သည်ဟု ဘုရားသခင် ပြောနေခြင်းလော။ သူသည် အထောက်အကူမဲ့ပြီး စားရန် မတတ်နိုင်ခဲ့ဟု သူ ပြောနေခြငးလော။ (မဟုတ်ပါ။) သူ ထိုသို့ ပြောနေခြင်း မဟုတ်ပါ။ သို့ဆိုလျှင် ဤပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ လောကနှင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို စွန့်ပစ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ထိုအရာက ဘုရားသခင်အတွက် နေရာမရှိခဲ့သကဲ့သို့ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြွလာခဲ့သည့်တိုင်၊ ၎င်းတို့က သူ့ကို လက်မခံခဲ့ကြကြောင်း ပြသပေသည်။ ဤပြောဆိုချက်က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အကျည်းတန်သော ဘက်ခြမ်းကို ညွှန်ပြပြီး၊ လူသား ကမ္ဘာတွင် လူ့ဇာတိခံ ဘုရားသခင်က သည်းညည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခကို ထင်ဟပ်စေသည်။ ဤအရာကို ဘုရားသခင် ပြောခဲ့ချိန်တွင်၊ လူအချို့က၊ “ဘုရားသခင်သည် သူတောင်းစားများကို နှစ်သက်ပြီး ငါတို့သည် သူတောင်းစားများထက် များစွာ ပိုကောင်းကြသည်။ ထို့ကြောင့် ငါတို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အမြင်တွင် သာ၍ မြင့်သည်”ဟု တွေးထင်ကြသည်။ သို့ဖြစ်၍၊ ၎င်းတို့သည် သူတောင်းစားများကို ကူညီရန် လိုလားနေကြသည်။ ဤသည်မှာ လူသားများ အပိုင်းမှာ လုံးဝ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ထိုအရာသည် လူတို့၏ မှားယွင်းသော အတွေးများ၊ ရှုထောင့်အမြင်များနှင့် သက်ဆိုင်သည်။ ဘုရားသခင်၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား သို့မဟုတ် သူ၏ သနားခြင်းကရုဏာ၊ ချစ်ခြင်းမေတ္တာတို့နှင့် မည်သည့် ဆက်နွှယ်မှုမျှ လုံးဝ မရှိပေ။

လူအချို့က၊ “ကိုယ်တော်သည် လူတို့၏ လိုက်စားမှုများ၊ စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို လက်လွှတ်ခြင်း အကြောင်းအရာအတွင်းတွင် ‘အသက်မွေးမှုလုပ်ငန်း’ကို လက်လွှတ်ခြင်းအကြောင်း ပြောဆိုပြီး၊ ပရဟိတလုပ်ငန်းကို မလုပ်ဆောင်ရန် လူတို့အား ပြောပြသည်။ သို့ရာတွင် တိရစ္ဆာန်များကို ကောင်းစွာ ဆက်ဆံခြင်းနှင့် ၎င်းတို့ မထိခိုက်စေခြင်းအား အဘယ်ကြောင့် ကိုယ်တော် အမြဲ အလေးထားပါသနည်း။ ဤအရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ခွေးများနှင့် ကြောင်များကို ဘုရားအိမ်တော်ထဲတွင်ပင် ထိန်းသိမ်းထားပြီး ၎င်းတို့ကို ထိခိုက်စေရန် လူတို့အတွက် အခွင့်ပေးခြင်းရှိပါ”ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ဤအရာနှင့် ပရဟိတလုပ်ငန်းကြားတွင် ခြားနာမှုတစ်ခု ရှိပါသလော။ ယင်းတို့သည် တူညီသောအရာဖြစ်သလော။ (မတူညီပါ။) ဤနေရာတွင် မည်သည့်အရာ ဖြစ်နေပါသနည်း။ (တိရစ္ဆာန် အမျိုးမျိုးကို မထိခိုက်စေခြင်းသည် ပုံမှန်လူ့သဘာဝ၏ ဖော်ပြချက်တစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ ထို့နောက်တွင် ပုံမှန်လူ့သဘာဝ၏ လက်တွေ့လုပ်ဆောင်မှုနှင့် သရုပ်သကန်သည် မည်သည့်အရာ ဖြစ်သင့်သနည်း။ (အကြင်သူသည် ၎င်းတို့ကို ထိန်းသိမ်းရန် ရွေးချယ်သည့်အတွက်၊ မိမိတို့၏ တာဝန်ကို ၎င်းတို့ ဖြည့်ဆည်းရပါမည်။) မိမိ၏ တာဝန်ကို ဖြည့်ဆည်းခြင်း၊ သာ၍ တိကျသောအရာတစ်ခုတလေ ရှိသလော။ (ထိုတိရစ္ဆာန်များကို သူတို့ စောင့်ရှောက်ရမည်ဖြစ်သည်။) ယင်းမှာ တိကျသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ မည်သည့် စည်းမျဉ်းများ လိုက်လာရမည်နည်း။ ဤအရာတွင် သမ္မာတရား ပါဝင်၏။ ငါ ရှင်းပြပါရစေ၊ ပြီးလျှင် သင်တို့ နားထောင်ပြီး သမ္မာတရား ပါဝင်သလောဆိုသည်ကို ကြည့်ကြလော့။ ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သည့် သတ္တဝါများကို ဂရုစိုက်ခြင်းသည် ပုံမှန်လူ့သဘာဝ၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ သာ၍ ခိုင်လုံစွာပြောရလျှင်၊ ထိုအရာမှာ ထိုတိရစ္ဆာန်များအပေါ် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့ကို ကောင်းစွာ စောင့်ရှောက်ခြင်းဟု အဓိပ္ပာယ်ရသည်။ သင်သည် ၎င်းတို့ကို ထိန်းသိမ်းရန် ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းရမည်။ အိမ်မွေးတိရစ္ဆာန်များဟူသည်မှာ လူသားများ၏ ထိန်းသိမ်းခြင်းနှင့် ဂရုစိုက်ခြင်းခံရရန် ရည်ရွယ်ပေသည်။ ၎င်းတို့သည် သင်၏ စောင့်ရှောက်ခြင်း မလိုအပ်သည့် တိရစ္ဆာန်ရိုင်းများနှင့် မတူပေ။ တိရစ္ဆာန်ရိုင်းများကို သင် ပြေနိုင်သည့် အကြီးမားဆုံးသော အလေးထားမှုနှင့် ဂရုစိုက်မှုမှာ ၎င်းတို့၏ အမူအကျင့်များကို တမင် ဖျက်ဆီးခြင်းအား ရှောင်ရှားရန်နှင့် ၎င်းတို့ကို အမဲမလိုက်ရန်၊ မသတ်ဖြတ်ရန် ဖြစ်သည်။ လူတို့သည် မိမိတို့နေအိမ်များတွင် ထိန်းသိမ်းထားနိုင်သော အိမ်တွင်းငှက်၊ ခြံမွေးတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များအတွက်မူ၊ သင်သည် ထိုတိရစ္ဆာန်များကို ထိန်းသိမ်းရန် ရွေးချယ်သည့်အတွက်၊ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်သည်။ ဆိုလုသည်မှာ၊ သင်၏ အခြေအနေများပေါ် အခြေခံ၍၊ သင့်တွင် အချိန်ရှိပါက ၎င်းတို့ကို အနည်းငယ် အဖော်ပြုပေးလော့။ သင် အလုပ်များပါက၊ ၎င်းတို့ အစာကျွေးခံရပြီး သက်သောင့်သက်သာဖြစ်သည်ကိုသာ သေချာစေလော့။ အနှစ်သာရအနေဖြင့်၊ ၎င်းတို့ကို သင် ချစ်ခင်မြတ်နိုးသင့်၏။ ၎င်းတို့ကို ချစ်ခင်မြတ်နိုးရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် သက်ရှိကို အလေးထားပြီး သူ ဖန်ဆင်းခဲ့သည့် သတ္တဝါများကို ဂရုစိုက်လော့။ ၎င်းတို့ကို ချစ်ခင်မြတ်နိုးလော့၊ ဂရုစိုက်လော့။ ဤသည်မှာ ပရဟိတလုပ်ငန်း မဟုတ်၊ ဤသည်မှာ ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ ဆက်ဆံခြင်း ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းတစ်ခုလော။ (ဟုတ်ပါသည်။) ဤသည်မှာ ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်း မဟုတ်။ ပရဟိတလုပ်ငန်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ တာဝန်တစ်ခုကို ဖြည့်ဆည်းခြင်း သို့မဟုတ် သက်ရှိကို ချစ်ခင်မြတ်နိုးခြင်းအကြောင်း မဟုတ်ပေ။ ထိုအရာမှာ သင်၏ တတ်စွမ်းနိုင်ခြင်းနှင့် အားအင် အတိုင်းအတာကို ကျော်လွန်လုပ်ဆောင်ခြင်းနှင့် ဤအရာကို အသက်မွေးမှုလုပ်ငန်းတစ်ခု ဖြစ်စေခြင်းအကြောင်း ဖြစ်သည်။ ဤအရာသည် အိမ်မွေးတိရစ္ဆာန်များကို ပြုမူစောင့်ရှောက်ခြင်းနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ တစ်စုံတစ်ဦးသည် မိမိတို့ ထိန်းသိမ်းသည့် အိမ်မွေးတိရစ္ဆာန်များအတွက် အခြေခံကျသော ချစ်ခြင်းမေတ္တာ သို့မဟုတ် တာဝန်ကိုပင် မစုစည်းနိုင်ပါက၊ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် လူ့သဘာဝ ပိုင်ဆိုင်ကြသလော။ (၎င်းတို့သည် လူ့သဘာဝ မပိုင်ဆိုင်ကြပါ။) အနည်းဆုံးအနေဖြင့် ဤလူသည် လူ့သဘာဝ ကင်းမဲ့၏။ အမှန်တွင်၊ ခွေးများနှင့် ကြောင်များသည် လူတို့အပေါ် အလွန်မြင့်မားသည့် တောင်းဆိုချက်များ မထားရှိကြပေ။ ၎င်းတို့ကို သင် မည်မျှ နက်ရှိုင်းစွာ ချစ်သည်ကို ပဓာနမထားဘဲ၊ ၎င်းတို့ကို သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့်၊ ၎င်းတို့ကို စောင့်ရှောက်ခြင်းအတွက် သင် တာဝန်ယူသင့်သည်။ ၎င်းတို့ကို အချိန်မှန် သင် အစာကျွေးသင့်ပြီး နှိပ်စက်ခြင်းကို ရှောင်ရှားသင့်သည်။ ထိုမျှသည် လုံလောက်၏။ သင်၏ စီးပွားရေး အခြေအနေပေါ် မူတည်၍၊ သင် တတ်နိုင်သည့် မည်သည့်အစားအစာ သို့မဟုတ် နေထိုင်မှု အခြေအနေကိုမဆို ၎င်းတို့ကို သင် ထောက်ပံ့သင့်သည်။ ထိုမျှသာဖြစ်၏။ ၎င်းတို့၏ ရှင်သန်ရေး အခြေအနေများသည် များစွာ မတောင်းဆိုပေ။ ၎င်းတို့အား နှိပ်စက်ခြင်းကိုသာ သင် ရှောင်ကြဉ်သင့်သည်။ လူတို့သည် ဤချစ်ခြင်းမေတ္တာ အနည်းအကျဉ်းကိုပင် မစုစည်းနိုင်ပါက၊ ၎င်းတို့၏ လူ့သဘာဝ မည်မျှ ချို့တဲ့သည်ကို ပြပေသည်။ နှိပ်စက်ခြင်းတွင် မည်သည့်အရာများ လိုအပ်သနည်း။ အကြောင်းရင်းမရှိဘဲ ၎င်းတို့ကို ရိုက်နှက်ခြင်း၊ ၎င်းတို့ကို အစာကျွေးရန် လိုအပ်ချိန်တွင် အစာမကျွေးခြင်း၊ လမ်းလျှောက်ရန် လိုအပ်ချိန်တွင် လမ်းမလျှောက်ပေးခြင်းနှင့် ၎င်းတို့ နာမကျန်းဖြစ်သည့်အခါ မစောင့်ရှောက်ခြင်းတို့ ဖြစ်သည်။ သင် စိတ်မချမ်းမြေ့သည့်အခါ သို့မဟုတ် ဒေါသထွက်သည့်အခါ၊ ၎င်းတို့အား ရိုက်နှက်ခြင်းနှင့် ဆူပူကြိမ်းမောင်းခြင်းအားဖြင့် သင်၏ ဒေါသကို ၎င်းတို့အပေါ် ဖွင့်ထုတ်သည်။ လူမဆန်သည့် နည်းလမ်းဖြင့် ၎င်းတို့ကို သင် ဆက်ဆံသည်။ ယင်းမှာ နှိပ်စက်ခြင်း ဖြစ်သည်။ သင်သည် နှိပ်စက်ခြင်းကို ရှောင်ရှားပြီး သင်၏ တာဝန်ကို ဖြည့်ဆည်းပါက၊ လုံလောက်ပေသည်။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် ဤသနားကရုဏာ အနည်းငယ်မျှပင် မရှိပါက၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို သင် မထိန်းသိမ်းသင့်ပေ။ ထိုတိရစ္ဆာန်ကို သင် လွှတ်ပေးသင့်သည်၊ ၎င်းကို နှစ်ခြိုက်သောသူတစ်ဦးအား ရှာပြီး စောင့်ရှောက်ခွင့်ပေးလော့။ ၎င်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးလော့။ ခွေးများကို ထိန်းသိမ်းသည့်လူအချို့သည် ထိုခွေးများအား နှိပ်စက်ခြင်းကိုပင် မရှောင်ကြဉ်နိုင်ကြချေ။ ၎င်းတို့ ဒေါသထွက်သည့်အခါ သို့မဟုတ် ၎င်းတို့ စိတ်ချမ်းမြေ့ဖြစ်ပြီး ပြင်းထန်သော စိတ်ခံစားချက်ကို ဖယ်ရှားရန်လိုအပ်သည့်အခါ ဤခွေးများကို ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုလျက်၊ မိမိတို့၏ ခံပြင်းမှုများကို ဖွင့်ထုတ်ရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ခွေးများကို ထိန်းသိန်းကြလေသည်။ ၎င်းတို့သည် အခြားလူကို မရိုက်နှက် သို့မဟုတ် မကြိမ်းမောင်းဝံ့ကြပေ။ အကျိုးဆက်များနှင့် ၎င်းတို့ ခံရမည့် တာဝန်ယူမှုများကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အိမ်တွင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်၊ ခွေးတစ်ကောင်ရှိဖို့ ဖြစ်လာကြပြီး၊ ထို့ကြောင့် ထိုခွေးအပေါ် မိမိတို့၏ ခံပြင်းမှုများကို ဖွင့်ထုတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အမှန်တွင် ထိုခွေးသည် နားမလည်သကဲ့သို့ အခုခံဝံ့သောကြောင့် ဖြစ်သည်။ ထိုသို့သော လူများသည် လူ့သဘာဝ ကင်းမဲ့ကြ၏။ ခွေးများနှင့် ကြောင်များကို ထိန်းသိမ်းသော်လည်း၊ မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းနိုင်ကြသူများလည်း ရှိ၏။ သင် မနှစ်သက်ပါက၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင် မထိန်းသိမ်းနှင့်။ သို့ရာတွင် ထိန်းသိမ်းရန် သင် ရွေးချယ်ပါက၊ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းရမည်။ ထိုတိရစ္ဆာန်တွင် မိမိကိုယ်ပိုင် ဘဝနှင့် စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များရှိ၏။ ရေဆာသည့်အရာ ရေလိုအပ်ပြီး ဆာလောင်သည့်အခါ အစားအစာ လိုအပ်သည်။ လူတို့နှင့်လည်း နီးကပ်စွာနေပြီး ၎င်တို့၏ နှစ်သိမ့်ပေးခြင်းလည်း လိုအပ်ပေသည်။ သင်သည် ဒေါသထွက်ပြီး၊ “သင့်ကို အားရုံစိုက်ရန် အချိန်မရှိပါ၊ ထွက်သွားပါ”ဟု ပြောပါက၊ ယင်းမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်အတွက် ကောင်းမွန်သည့် ဆက်ဆံမှု မဟုတ်ပေ။ ဤအရာတွင် အသိစတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ (မရှိပါ။) လူအချို့က၊ “သင်၏ခွေးနှင့် ကြောင်ကို နောက်ဆုံးရေချိုးပေးပြီးကတည်းက အချိန်မည်မျှ ကြာလေပြီနည်း။ သူတို့ အလွန်ညစ်ပတ်ကြသည်”ဟု ပြောကြသည်။ “ဟင်း၊ သူတိုကို ရေချိုးပေးရမည်လော။ မည်သူက ကျွန်ုပ်ကို ရေချိုးပေးမည်ဆိုသည်ကိုပင် ကျွန်ုပ် မသိပါ။ ကျွန်ုပ် နောက်ဆုံး ရေချိုးခဲ့သည်မှာ ရက်ချီကြာပြီးချိန်တွင် မည်သူကမျှ ဂရုစိုက်ပုံမပေါ်ပါ”ဟု ပြောသည်။ ဤသည်မှာ လူဆန်သလော သို့မဟုတ် လူသား ခံစားချက်တစ်ခုတလေကို ထင်ဟပ်စေသလော။ (မထင်ဟပ်စေပါ။) ၎င်းတို့ ဒေါသထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ၊ ကြောင်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်က ၎င်းတို့ကို ပွတ်ကာ ချစ်ခင်တွယ်တာသည့်အခါ ၎င်းတို့က၊ “ဂြိဟ်ကောင်၊ ထွက်သွားစမ်းပါလော့။ အကြွေးတောင်းသူတစ်ဦးအတိုင်းပင်၊ သင် အနီးအနားတွင် ရှိသည့်အခါ အမြဲ ဒုက္ခပြဿနာရှိသည်။ စားဖို့ သို့မဟုတ် သောက်ဖို့ တစ်စုံတစ်ခုကိုသာ သင် အလိုရှိသည်။ သင်နှင့် ကျွန်ုပ် ကစားလိုစိတ်မရှိပါ”ဟု ပြောလျက်၊ ခြေဖြင့်သာ ကန်ထုတ်လိုက်ကြသည်။ သင်သည် သနားကရုဏာ အနည်းငယ်မျှပင် မရှိပါက၊ မည်သည့် အိမ်မွေးတိရစ္ဆာန်ကိုမျှ သင် မထိန်းသိမ်းသင့်ပေ။ ၎င်းတို့ကို သင် ချက်ချင်း လွှတ်ပေးလိုက်သင့်သည်။ သင့်ကြောင့် ထိုကြောင် သို့မဟုတ် ခွေးသည် ဆင်းရဲဒုက္ခခံစားနေရ၏။ သင်သည် အလွန် တစ်ကိုယ်ကောင်းပြီး အိမ်မွေးတိရစ္ဆာန်များ မရှိထိုက်ပေ။ ကြောင် သို့မဟုတ် ခွေးတစ်ကောင်းကို သင် ထိန်းသိမ်းသည့်အခါတိုင်းတွင်၊ ၎င်းတို့၏ အစားအစာနှင့် ရေသည် သင်၏ ဂရုစိုက်မှုအပေါ် တည်မှီနေ၏။ ဤစည်းမျဉ်းကို သင် နားလည်သင့်သည်။ သင်သည် အဘယ်ကြောင့် တိရစ္ဆာန်များနှင့် ပြိုင်ဆိုင်နေသနည်း။ သင်က၊ “ကျွန်ုပ်ကို ရေချိုးပေးမည်သူ မည်သူမျှ မရှိ၊ အဘယ်သူသည် ကျွန်ုပ်ကို ရေချိုးပေးမည်နည်း”ဟု ဆိုသည်။ မည်သူသည် သင့်ကို ရေချိုးပေးမည်နည်း။ သင်သည် လူသားတစ်ဦး ဖြစ်၏။ သင့်ဘာသာ ရေချိုးသင့်သည်။ သင်သည် မိမိကိုယ်ကို စောင့်ရှောက်နိုင်သော်လည်း၊ ကြောင်များနှင့် ခွေးများသည် သင်က ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်သောကြောင့် သင်၏ ဂရုစိုက်မှု လိုအပ်ကြပြီး ၎င်းတို့ကို သင်က ကြည့်ရှုစောင့်ရှောက်သောကြောင့်၊ ၎င်းတို့ကို စောင့်ရှောက်ရန် တာဝန်တစ်ခု သင့်တွင် ရှိပေသည်။ ဤတာဝန်ကိုပင် သင် မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့ကို သင် မထိန်းသိမ်းထိုက်ပေ။ ၎င်းတို့နှင့် ပြိုင်ဆိုင်ရန် အဘယ်လိုအပ်ချက် ရှိပါသနည်း။ သင်က၊ “သင့်ကို ငါ စောင့်ရှာက်သည်၊ သို့သော် အဘယ်သူသည် ငါ့ကို စောင့်ရှောက်နေပါသနည်း။ သင် ဝမ်းနည်းသည့်အခါ၊ နှစ်သိမ့်ခြင်းအတွက် ငါ့ထံ သင် လာသည်။ ငါ စိတ်ဓာတ်ကျသည့်အခါ အဘယ်သူသည် ငါ့ကို နှစ်သိမ့်သနည်း”ဟူ၍ပင် ဆိုသည်။ သင်သည် လူသားတစ်ဦး မဟုတ်သလော။ လူသားများသည် မိမိကိုယ်ကို စည်းကမ်းဖြင့် ထိန်းပြီး မိမိကိုယ်ကို အလိုက်သင့်ပြုမူသင့်သည်။ ကြောင်များနှင့် ခွေးများသည် များစွာ သာ၍ ရိုးရှင်း၏။ ၎င်းတို့သည် မိမိကိုယ်ကို စည်းကမ်းဖြင့် မထိန်းနိုင်ကြသောကြောင့် ၎င်းတို့ကို နှစ်သိမ့်ပေးရန် လူသားများ လိုအပ်ကြသည်။ ဤသည်မှာ တိရစ္ဆာန်များကို သင် ဆက်ဆံပုံနှင့် ပရဟိတလုပ်ငန်းကြား ခြားနားချက် ဖြစ်သည်။ တိရစ္ဆာန်များကို သင် ဆက်ဆံပုံအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ အသက်ကို ချစ်ခင်မြတ်နိုးလော့၊ အသက်ကို အလေးထားပြီး ၎င်းတို့ကို မနှိပ်စက်နှင့်။ ဘုရားသခင် ဖန်ဆင်းပြီးသည့် အရာခပ်သိမ်းကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ ၎င်းတို့၏ သဘာဝ ဥပဒေသများကို ထိန်းသိမ်းလော့၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့် သတ္တဝါအမျိုးမျိုးကို သူ ချမှတ်ထားသည့် နည်းဥပဒေသများနှင့်အညီ ဆက်ဆံလော့၊ သတ္တဝါမျိုးစုံနှင့် လျော်ကန်သော ဆက်ဆံရေးများကို ထိန်းသိမ်းလော့၊ ပြီးလျှင် ၎င်းတို့၏ နေရာများကို မဖျက်ဆီး သို့မဟုတ် မဖြုန်းတီးနှင့်။ ဤသည်မှာ သက်ရှိကို အလေးထားခြင်းနှင့် ချစ်ခင်မြတ်နိုးခြင်း ဖြစ်သည်။ သို့ရာတွင်၊ သက်ရှိကို အလေးထားခြင်းနှင့် ချစ်ခင်မြတ်နိုးခြင်းအတွက် စည်းမျဉ်းများမှာ ပရဟိတလုပ်ငန်းကို လုပ်ဆောင်ခြင်းအကြောင်း မဟုတ်ပေ။ ဤသည်မှာ အဖန်ဆင်းခံ သတ္တဝါတိုင်း လိုက်နာစောင့်ထိန်းသင့်သည့် ဘုရားသခင် ချမှတ်ထားသော လူအားလုံးနှင့်ဆိုင်သည့် ပညတ်ချက်များထဲမှ စည်းမျဉ်းတစ်ခု ဖြစ်သည်။ သို့ရာတွင် ဤစည်းမျဉ်းကို လိုက်လျှောက်ခြင်းသည် ပရဟိတလုပ်ဆောင်ချက်များကို ဆောင်ရွက်ခြင်းနှင့် မညီမျှပေ။

သို့ရာတွင် လူအချို့က၊ “အသက်မွေးမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ပရဟိတလုပ်ငန်းကို ဘုရားသခင်က ကျွန်ုပ်တို့အား အဘယ်ကြောင့် လုပ်ဆောင်ခွင့်မပေးသနည်း။ သူသည် ကျွန်ုပ်တို့ကို ပရဟိတလုပ်ငန်း လုပ်ဆောင်ခွင့်မပေးပါက၊ အကူအညီလိုအပ်သည့် လူများ သို့မဟုတ် သက်ရှိသတ္တဝါများနှင့်ပတ်သက်၍ လူမှုအဖွဲ့အစည်းတွင် မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း။ ၎င်းတို့၏ အကူအညီအဖြစ် အဘယ်သူ လာလိမ့်မည်နည်း”ဟု မေးကြသည်။ ၎င်းတို့၏ အကူအညီအဖြစ် မည်သူ လာသည်ဆိုသည်မှာ သင်နှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ (ကျွန်ုပ်တို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိပါ။) သင်သည် လူသားမျိုးနွယ်ဝင်တစ်ဦး မဟုတ်သလော။ ထိုအရာသည် သင်နှင့် ပတ်သက်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ၊ ထိုအရာသည် လူသားများ၏ တာဝန် မဟုတ်ပါ။) အတိအကျပင်၊ ထိုအရာသည် သင်၏ တာဝန် မဟုတ်သကဲ့သို့ ဘုရားသခင်က သင့်ကို ပေးအပ်ထားသည့်အရာလည်း မဟုတ်ပေ။ သင်၏ တာဝန်မှာ အဘယ်နည်း။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန်၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရန်၊ ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်၊ ကယ်တင်ခြင်းကို ရရှိဖို့ သမ္မာတရားကို လ်ခံရန်၊ သင့်ကို လုပ်ဆောင်ရန် ဘုရားသခင် ပြောဆိုသည့်အရာကို လုပ်ဆောင်ရန်နှင့် မလုပ်ဆောင်ရန် သင့်ကို ဘုရားသခင် ပြောဆိုသည့် အရာများမှ ဝေးဝေးနေရန် ဖြစ်သည်။ ပရဟိတလုပ်ငန်းနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကို မည်သူ တာဝန်ယူလိမ့်မည်နည်း။ ယင်းတို့ကို မည်သူ တာဝန်ယူလိမ့်မည်ဆိုသည်မှာ သင်၏ အမှုထားစရာ ကိစ္စမဟုတ်ပေ။ မည်သို့ဆိုစေ၊ ထိုအရာများနှင့်ပတ်သက်၍ သင် တာဝန်ယူရန် သို့မဟုတ် စိုးရိမ်ရန် မလိုအပ်ပေ။ ပရဟိတလုပ်ငန်းနှင့်ဆိုင်သည့် ကိစ္စရပ်များကို ကိုင်တွယ်သည်မှာ အစိုးရဖြစ်စေ၊ အမျိုးမျိုးသော လူမှုအဖွဲ့အစည်းများဖြစ်စေ၊ ဤသည်မှာ ငါတို့၏ ပူပန်ရခြင်း အကြောင်းအရာ မဟုတ်ပေ။ တိုတိုပြောရလျှင်၊ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရား လိုက်စားသောသူတို့သည် ဘုရားသခင်၏ နည်းလမ်းနှင့် သူ၏ အလိုတော်ကို လိုက်လျှောက်ခြင်းအား မိမိတို့၏ စံများ၊ လက်တွေ့လုပ်ဆောင်မှု ရည်မှန်းချက်နှင့် ဦးတည်ချက်အဖြစ် သဘောထားသင့်ပေသည်။ ဤသည်မှာ လူတို့ နားလည်သင့်သည့် တစ်စုံတစ်ရာဖြစ်ပြီး၊ မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့် ထာဝရ အမှန်တရား ဖြစ်သည်။ ရံဖန်ရံခါ အခြားသူများကို ကူညီရန် တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းသည် အသက်မွေးမှု လုပ်ငန်းတစ်ခု မဟုတ်သည်မှာ အမှန်ဖြစ်၏။ ထိုအရာသည် အခါအားလျော်စွာဖြစ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်က ထိုအရာကို သင့်အပေါ် အမှတ်မထားပေ။ လူအချို့က၊ “ထိုသို့သော အရာများကို ဘုရားသခင်က ဂုဏ်မပြုပါသလား”ဟု မေးကြသည်။ ထိုအရာများကို ဘုရားသခင် ဂုဏ်မပြုပေ။ သင်သည် တစ်ခါက သူတောင်းစားတစ်ဦး သို့မဟုတ် အိမ်ပြန်ရန် ယာဉ်စီးခမရှိသည့် တစ်စုံတစ်ဦးကို ငွေပေးခဲ့ပါက၊ သို့မဟုတ် အိမ်ခြေရာမဲ့လူတစ်ဦးကို ကူညီခဲ့ပါက၊ ဤကဲ့သို့သော အရာတစ်ခုကို ရံဖန်ရံခါ သင် လုပ်ဆောင်ခဲ့ပါက၊ သို့မဟုတ် သင်၏ တစ်သက်တာတွင် အကြိမ်အနည်းငယ်ပင် လုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်၏ အမြင်တွင် ထိုသို့သော အရာများကို သူ ဂုဏ်ပြုပါသလော။ မပြုပါ၊ ထိုအရာများကို ဘုရားသခင် ဂုဏ်မပြုပါ။ သို့ဆိုလျှင် ဤလုပ်ရပ်များကို ဘုရားသခင် မည်သို့ နှိုင်းချင့်သုံးသပ်ပါသနည်း။ ဘုရားသခင်သည် ထိုရာများကို ဂုဏ်ပြုခြင်း သို့မဟုတ် ရှုတ်ချခြင်း မရှိ၊ ယင်းတို့ကို သူ နှိုင်းချင့်သုံးသပ်ခြင်း မရှိပေ။ အဘယ်ကြောင့်နည်း။ ထိုအရာများသည် သမ္မာတရားလိုက်စားခြင်းနှင့် မည်သည့် ပတ်သက်မှုမျှမရှိပေ။ ဤသည်တို့မှာ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း သို့မဟုတ် သူ၏ အလိုတော်ကို ဆောင်ရွက်ခြင်းတို့နှင့် မည်သည့် ဆက်စပ်မှုမျှမရှိသည့် ကိုယ်ရေးကိုယ်တာ လုပ်ဆောင်ချက်များ ဖြစ်သည်။ ယင်းတို့ကို လုပ်ဆောင်ရန် သင် ကိုယ်တိုင်ကိုယ်ကျ လိုလားလျက်ရှိပါက၊ ခဏမျှ စေတနာဖြစ်ပေါ်မှုကြောင့် သို့မဟုတ် သင့်အသိစိတ်၏ တစ်ခဏမျှ နှိုးဆော်ခြင်းကြောင့် ကောင်းမြတ်သည့် အရာတစ်ခုကို သင် လုပ်ဆောင်ပါက၊ သို့မဟုတ် စိတ်ထက်သန်မှု၊ စေ့ဆော်မှု အခိုက်အတန့်တွင် ကောင်းမြတ်သည့် အရာတစ်ခုကို သင် လုပ်ဆောင်ပါက၊ နောက်ပိုင်းတွင် သင် နောင်တရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဆုလာဘ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ထိုအရာသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း သို့မဟုတ် သူ၏ အလိုတော်ကု ဆောင်ရွက်ခြင်းနှင့် ဆက်စပ်မှု မရှိပေ။ ထိုအရာကို ဘုရားသခင် ဂုဏ်မပြုသကဲ့သို့ ထိုအရာအတွက်လည်း သင့်ကို မရှုတ်ချပေ။ ထိုအရာကို ဘုရားသခင် ဂုဏ်မပြုဟု ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တစ်ခါက ဤအရာကို သင်လုပ်ဆောင်ခဲ့သောကြောင့် သင်၏ ကယ်တင်ခြင်းလမ်းကြောင်းတစ်လျှောက် ဘုရားသခင်သည် သင့်အား သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ လွတ်ကင်းစေမည်မဟုတ်သကဲ့သို့၊ သင့်အနေဖြင့် အချို့သော ကောင်းမွန်သည့် သို့မဟုတ် အလှူဒါနနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့သောကြောင့် သင့်ကို ကယ်တင်ခံလာရခွင့်ပေးမည်မဟုတ်ဟု ဆိုလိုပေသည်။ ထိုအတွက် ဘုရားသခင်က သင့်ကို မရှုတ်ချဟု ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင် လုပ်ဆောင်ခဲ့သည့် ဤကောင်းမွန်သည့် လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိ၊ ထိုအရာများသည် သင်၏ ကိုယ်ပိုင် အပြုအမူကောင်းကိုသာ ကိုယ်စားပြုသည်၊ ယင်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေး အမိန့်များကို မဆန့်ကျင်သကဲ့သို့ မည်သူမျှ၏ အကျိုးစီးပွားများကိုလည်း ထိပါးခြင်းမရှိဟု ဆိုလိုပေသည်။ ထိုအရာများသည် ဘုရားသခင်၏ နာမကို ဘုန်းထင်ရှားစေရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နာမကို အရှက်ရစေခြင်းလည်း မရှိသည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်၏ သတ်မှတ်ချက်များကို မချိုးဖောက်သကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ခြင်းလည်း မပါဝင်သကဲ့သို့ ဘုရားသခင်ကို ပုန်ကန်ခြင်းလည်း ဧကန်မုချ ပါဝင်ခြင်းမရှိပေ။ သို့ဖြစ်၍၊ ဘုရားသခင်သည် ထိုအရာများအတွက် သင့်ကို ရှုတ်ချလိမ့်မည်မဟုတ်။ ထိုအရာများသည် ကိုယ်ရေးကိုယ်တာ လုပ်ဆောင်ချက်ကောင်းတစ်မျိုးကို ကိုယ်စားပြုရုံမျှ ကိုယ်စားပြုပေသည်။ ထိုသို့သော လုပ်ဆောင်ချက်ကောင်းများသည် လောကထံမှ ချီးမွမ်းမှုနှင့် လူမှုအဖွဲ့အစည်းထံမှ အသိအမှတ်ပြုခြင်းကို ရကောင်းရနိုင်သော်လည်း၊ ဘုရားသခင်၏ အမြင်တွင် ထိုအရာများသည် သမ္မာတရားနှင့် ဆက်စပ်မှု မရှိပေ။ ထိုအရာများကို ဘုရားသခင် ဂုဏ်မပြုသကဲ့သို့ ထိုအရာများအတွက် တစ်ဦးတစ်ယောက်ကိုလည်း သူ မရှုတ်ချပေ။ ယင်းမှာ ဘုရားသခင်၏ ရှေ့မှောက်တွင် ဤလုပ်ရပ်များက များစွာ အရာရောက်ခြင်းမရှိဟု ဆိုလိုပေသည်။ သို့ရာတွင်၊ ဖြစ်နိုင်ခြေတစ်ခုရှိ၏၊ ယင်းမှာ၊ တစ်စုံတစ်ဦးကို သင် ကယ်တင်ပြီး၊ ၎င်းတို့ကို ငွေကြေး အကူအညီ သို့မဟုတ် ရုပ်ဝတ္ထု အကူအညီ ပုံစံတစ်ခုခုပေးပါက သို့မဟုတ် စိတ်ခံစားမှုနှင့်ဆိုင်သော အကူအညီပင် ပေးပြီး၊ အချို့သော ဆုံးရှုံးမှုများ အကျိုးဆက်ဖြစ်ပေါ်စေလျက်၊ ထိုဆိုးယုတ်သော လူကို ပြစ်မှုများ ပိုမို ကျူးလွန်ခွင့်ပေးကာ လူမှုအဖွဲ့အစည်းနှင့် လူသားမျိုးနွယ်ကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်စေခွင့်ပေးလျက်၊ ၎င်းတို့၏ အားထုတ်မှုများတွင် အောင်မြင်နိုင်စေပါက၊ ယင်းသည် လုံးဝ မတူကွဲပြားသော ကိစ္စရပ်တစ်ခု ဖြစ်ပေမည်။ သာမန် ကုသိုလ်ဖြစ် လုပ်ဆောင်ချက်နှင့်ဆိုင်သော ကိစ္စရပ်တွင်၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှာ ထိုအရာကို သူ ဂုဏ်ပြုခြင်း မရှိသကဲ့သို့ ရှုတ်ချခြင်းလည်း မရှိပေ။ သို့ရာတွင် ထိုအရာကို သူ ဂုဏ်ပြုခြင်းမရှိသကဲ့သို့ ရှုတ်ချခြင်းလည်းမရှိသည့် အချက်က ဘုရားသခင်သည် ပရဟိတ အလုပ်တွင် ပါဝင်ဆောင်ရွက်ရန် အားပေးခြင်း သို့မဟုတ် တိုက်တွန်းခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ မည်သို့ဆိုစေ၊ သင့်ထံတွင် လုပ်ဆောင်ရန် သာ၍ အရေးကြီးသည့်အရာများရှိသောကြောင့် သင်၏ အားအင်၊ အချိန်နှင့် ငွေတို့ကို ကယ်တင်ခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းတို့နှင့် လုံးဝ မဆက်စပ်သည့် ကိစ္စရပ်များထဲ သင် ရင်းနှီးမြှုပ်နှံမည်မဟုတ်ကြောင်း မျှော်လင့်ထားဆဲ ဖြစ်သည်။ သင်၏ အချိန်၊ အားအင်နှင့် ဘဝတို့သည် ပရဟိတလုပ်ငန်းအတွက် ရည်ရွယ်ထားခြင်း မဟုတ်သကဲ့သို့ ပရဟိတလုပ်ငန်းနှင့်ဆိုင်သည့် အသက်မွေးမှုအလုပ်တစ်ခုမှတစ်ဆင့် သင်၏ ကိုယ်ပိုင် အကျင့်စရိုက်နှင့် ဩဇာတိက္ကမနှင့် ပြည့်စုံခြင်းတို့ကို ဗန်းပြရန်လည်း ရည်ရွယ်ထားခြင်း မရှိပေ။ အထူးသဖြင့် စက်ရုံများ ဖွင့်သူများ၊ ကျောင်းများကို စီမံခန့်ခွဲသူများ သို့မဟုတ် သာ၍ များသည့် ဆင်းရဲနုံချာသော လူများအတွက် အခြေခံလိုအပ်ချက်များကို ထောက်ပံ့ပေးခြင်း သို့မဟုတ် ၎င်းတို့၏ စိတ်ကူးယဉ်များကို အကောင်အထည်ဖော်ရန် ကူညီခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်ဖြင့် စီးပွားရေးလုပ်ငန်းတစ်ခု စီမံဆောင်ရွက်နေသူများအတွက်၊ ၎င်းတို့သည် ဆင်းရဲသူများကို ကူညီရန် ဤအရာများ လုပ်ဆောင်ကြပေသည်။ ဤနည်းစနစ်များမှတစ်ဆင့် ဆင်းရဲသူများကို ကူညီရန် သင် ရွေးချယ်ပါက၊ ထိုအရာက သိသာသည့် သင်၏ အချိန်နှင့် အားအင်ပမာဏကို ဧကန်မုချ ကုန်ဆုံးစေလိမ့်မည်။ ဤအကြောင်းတရားနှင့်ပတ်သက်၍ သင့်ဘဝရှိ သိသာသည့် အချိန်နှင့် အားအင် အတော်များများကို သင် ကုန်ဆုံးစေကာ သုံးပစ်လိုက်မိပေလိမ့်မည်ဖြစ်ပြီး၊ သို့ဖြစ်၍ သမ္မာတရားကို လိုက်စားရန် သင်သည် အချိန် အနည်းငယ်သာ ရှိလိမ့်မည်။ သင့်အနေဖြင့် သမ္မာတရား လိုက်စားရန် အချိန်ပင် ရှိကောင်းမရနိုင်သကဲ့သို့၊ သင်၏ ကိုယ်ပိုင် တာဝန်ကို ဖြည့်ဆည်းရန် အခွင့်အရေး သေချာပေါက် ရှိမည်မဟုတ်။ ထိုအစား၊ သမ္မာတရား သို့မဟုတ် အသင်းတော်အလုပ်နှင့် မဆက်စပ်သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သင်၏ အားအင်ကို သင် ဖြုန်းတီးမိလိမ့်မည်။ ဤသည်မှာ မိုက်မဲသော အပြုအမူ ဖြစ်သည်။ ဤမိုက်မဲသော အပြုအမူသည် နောက်ဆုံးတွင် လူအချို့အား လူသား ကံကြမ္မာနှင့် ကမ္ဘာလောကကို မိမိတို့၏ ကိုယ်ပိုင် ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် အကန့်အသတ်ရှိသည့် အစွမ်းအစအနည်းငယ်မှတစ်ဆင့် ပြောင်းလဲရန် အမြဲ အလိုရှိနေသည့်အဖြစ်သို့ ဆိုက်ရောက်သွားစေသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အားထုတ်မှုများနှင့် စေတနာမှတစ်ဆင့် လူသား ကံကြမ္မာကို ပြောင်းလဲရန် ဆန္ဒရှိကြသည်။ ဤသည်မှာ မိုက်မဲသော ကြိုးပမ်းအားထုတ်မှု ဖြစ်သည်။ ထိုအရာသည် မိုက်မဲသော ကြိုးပမ်းအားထုတ်မှုဖြစ်သည့်အတွက်၊ လက်ခံဆောင်ရွက်ခြင်း မပြုနှင့်။ ထိုအရာကို လက်ခံဆောင်ရွက်ခြင်း မပြုခြင်းအတွက် အကြောင်းပြချက်မှာ သင်သည် သမ္မာတရား လိုက်စားသူတစ်ဦးဖြစ်သောကြောင့်၊ သမ္မာတရားနှင့် ကယ်တင်ခြင်းကို သင် လိုက်စားရန် ဆန္ဒရှိသောကြောင့် ဖြစ်သည်။ သင်က၊ “ကျွန်ုပ်သည် ကယ်တင်ခြင်းကို စိတ်မဝင်စားသကဲ့သို့ သမ္မာတရား လိုက်စားခြင်းသည် ကျွန်ုပ်အတွက် အရေးမကြီးပါ”ဟု ဆိုပါက၊ သင် နစ်သက်သည့်အတိုင်း လုပ်ဆောင်နိုင်သည်။ ပရဟိတလုပ်ငန်းနှင့် ဆိုင်သည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍၊ ထိုအရာသည် သင်၏ စိတ်ကူးယဉ်နှင့် လိုက်စားမှုဖြစ်ပါက၊ ထိုအရာမှာ သင်၏ တန်ဖိုး ဖော်ပြခံရသည့်ပုံစံဖြစ်သည်ဟု၊ ထိုပရဟိတလုပ်ငန်းသည် သင့်ဘဝ၏ တန်ဖိုးကို သိရှိစေသည့် တစ်ခုတည်းသောအရာဖြစ်သည်ဟု သင် ယုံကြည်ပါက၊ ရပေ၏၊ ဆက်လက်လုပ်ဆောင်လော့။ သင့်တွင်ရှိသည့် မည်သည့် ကျွမ်းကျင်မှုနှင့် အစွမ်းအစများကိုမဆို သင် အသုံးပြုနိုင်သည်၊ မည်သူကမျှ သင့်ကို ချုပ်ထိန်းနေခြင်း မရှိ။ ကုသိုလ်ဖြစ် အရေးကိစ္စများတွင် ပါဝင်မှုမရှိခြင်းအတွက် ဤနေရာတွင် ငါတို့ မိတ်သဟာယပြုနေသည့် အကြောင်းပြချက်မှာ သင်သည် သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားရန် ဆန္ဒရှိသည့်အတွက်၊ ပရဟိတလုပ်ငန်း လုပ်ဆောင်ရန်ဖြစ်သော သင်၏ စိတ်ကူးယဉ်နှင့် စိတ်ဆန္ဒကို လက်လွှတ်သင့်သည်ဟူ၍ ဖြစ်၏။ ထိုအရာကို သင့်ဘဝ၏ စိတ်ကူးယဉ်နှင့် ဆန္ဒအဖြစ် မလိုက်စားနှင့်။ ကိုယ်ရေးကိုယ်တာ အဆင့်ဖြင့် ဤအရေးကိစ္စတွင် ပါဝင်ပတ်သက်ခြင်း မရှိနှင့်၊ ပြီးလျှင် ဘုရားအိမ်တော်သည်လည်း ထိုအရာတွင် ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်တွင် အနေအထားတစ်ခု ရှိသည်မှာ အမှန်ဖြစ်၏၊ ယင်းမှာ၊ အချို့သော ဆင်းရဲနုံချာသည့် ညီအစ်ကို မောင်နှမများ၏ ရှင်သန်ရာ ဘဝများကို ဂရုစိုက်ပေးခြင်း ဖြစ်သည်။ ဤအရာသည် အကြောင်းပြချက်တစ်ခုနှင့်အတူ လာ၏။ ဤအကြောင်းပြချက်ကို သင်တို့အားလုံး သတိကြသည်ဟု ငါ ထင်သည်။ ထိုအရာသည် ပရဟိတလုပ်ငန်း မဟုတ်၊ ညီအစ်ကို မောင်နှမများ၏ဘဝများနှင့် စပ်လျဉ်း၍ ဘုရားအိမ်တော်အဖို့ ထာဝရတည်သော အလုပ်အစီအစဉ်တစ်ခု ဖြစ်သည်။ ထိုအရာသည် ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းနှင့် ဆက်စပ်မှုမရှိပေ။ ဘုရားအိမ်တော်တွင်၊ ပရဟိတလုပ်ငန်းတွင် မပါဝင်ခြင်းအပြင်၊ လူမှုအဖွဲ့အစည်း၏ မည်သည့် ကုသိုလ်ဖြစ် လှုပ်ရှားမှုတွင်မျှ မပါဝင်ခြင်းလည်း ရှိပေသည်။ ဥပမာအားဖြင့်၊ ဘုရားအိမ်တော်သည် ကျောင်းများကို မတည်ဆောက်ပေးပေ၊ စက်ရုံများကို မဖွင့် သို့မဟုတ် စီးပွားရေးလုပ်ငန်းများကို စီမံဆောင်ရွက်ခြင်း မရှိပေ။ တစ်ဦးတလေသည် စက်ရုံများကို ဖွင့်ပါက၊ ကျောင်းများ တည်ဆောက်ပါက၊ စီးပွားရေး လုပ်ငန်းတစ်ခု စီမံဆောင်ရွက်ပါက၊ သို့မဟုတ် အသင်းတော် အလုပ်၏ ပုံမှန် လည်ပတ်မှုအတွက် စီးပွားရေး အရင်းအမြစ်များကို ကာကွယ်ပေးခြင်း အကြောင်းကြောင့်၊ စီးပွားဖြစ် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ပါက၊ ဤအရာအားလုံးသည် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဆန့်ကျင်ပြီး၊ တားဆီးသင့်ပေသည်။ ထို့ကြောင့်၊ ဘုရားအိမ်တော်အလုပ်၏ လည်ပတ်မှုအတွက် ငွေးကြေး အရင်းအမြစ်မှာ အဘယ်နည်း။ သင်တို့ သိကြသလော။ ထိုအရင်းအမြစ်သည် ညီအစ်ကို မောင်နှမများ၏ လှူဒါန်းခြင်းများမှ၊ အလုပ်၏ ပုံမှန် လည်ပတ်မှုကို အကျိုးပြုရန်ဖြစ်သော အလှူငွေများမှ လာပေသည်။ ဤအရာက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ညီအစ်ကို မောင်နှမများ လှူဒါန်းထားသည့် ငွေ၊ ဘုရားသခင်အတွက် ၎င်းတို့၏ လှူဒါန်းမှုများသည် အလှူငွေများဖြစ်ပြီး၊ အလှူငွေကို အသုံးပြုခြင်းသည် အဘယ်နည်း။ အသင်းတော် အလုပ်၏ ပုံမှန် လည်ပတ်မှုကို ကာကွယ်ရန် ဖြစ်သည်။ ဤပုံမှန်လည်ပတ်မှုနှင့် ဆက်စပ်သည့် အမျိုးမျိုးသော ကုန်ကျစရိတ်များရှိပြီး၊ ဤကုန်ကျစရိတ်များကို စည်းမျဉ်းများအတိုင်း စီမံခန့်ခွဲသင့်ကာ ဤစည်းမျဉ်းများကို မချိုးဖောက်သင့်သည်မှာ အမှန်ဖြစ်၏။ သို့ဖြစ်၍၊ အသင်းတော်အလုပ်တွင် ငွေးရေးကြေးရေး ကိစ္စများပါဝင်ပြီး၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အလှူငွေများကို ဖြုန်းတီးပစ်ကာ ထိုအလှူငွေများကို သိသာသည့် ဆုံးရှုံးမှုများဖြစ်စေသည့်အခါ၊ ဘုရားအိမ်တော်သည် ၎င်းတို့အတွက် ပြင်းထန်သည့် အပြစ်ဒဏ်ကို ချမှတ်လိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့် ပြင်းထန်သည့် အပြစ်ဒဏ်ရှိလိမ့်မည်နည်း။ အလှူငွေများကို ဖြုန်းတီးပစ်သည့်သူ မည်သူမျှ အဘယ်ကြောင့် ထွက်ပြေးလွတ်မြောက်ခြင်း မရှိသနည်း။ (အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အလှူငွေများကို ဘုရားသခင်အတွက် ညီအစ်ကို မောင်နှမများက ပေးထားခြင်းဖြစ်ကာ ဘုရားသခင်သာ ထိုအရာများကို မွေ့လျော်ခံစားနိုင်သောကြောင့် ဖြစ်ပါသည်။ အခြားနည်းဖြင့် ဆိုရလျှင်၊ ဤအလှူငွေများသည် ဘုရားအိမ်တော်အလုပ်၏ သင့်တင့်လျောက်ပတ်သော လည်ပတ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်ပေသည်။ ခေါင်းဆောင်များ၊ အမှုဆောင်များသည် အလှူငွေများကို သုံးဖြုန်းပစ်သည့်အခါ၊ ထိုအရာက ဘုရားအိမ်တော်၏ အလုပ် ထိခိုက်ခြင်းနှင့် ဆုံးရှုံးမှု ခံစားခြင်းအဖြစ်သို့ တိုက်ရိုက် ဆိုက်ရောက်စေပါလိမ့်မည်။ ဤအရာက ဘုရားအိမ်တော်အလုပ်ကို နှောင့်ယှက်ကာ ဝင်ရောက်စွက်ဖက်သောကြောင့် ဘုရားအိမ်တော်သည် ပြင်းထန်သည့် အပြစ်ဒဏ်ကို ချမှတ်ရမည်ဖြစ်ပါသည်။) ငါ့ကို ပြောလော့၊ ဘုရားအိမ်တော်က ပြင်းထန်သည့် အပြစ်ဒဏ် ချမှတ်သင့်သလော။ (ချမှတ်သင့်ပါသည်။) အဘယ်ကြောင့် ထိုသို့ လုပ်ဆောင်သင့်သနည်း။ အဘယ်ကြောင့် ပြင်းထန်သည့် အပြစ်ဒဏ်ကို ချမှတ်သင့်သနည်း။ (အလှူငွေများကို ဖြုန်းပစ်ခြင်းသည် အန္တိခရစ်များနှင့် သက်ဆိုင်သော အပြုအမူဖြစ်သည်။ အလှူငွေများအပေါ် လူတစ်ဦး၏ သဘောထားသည် ဘုရားသခင်အပေါ် ၎င်းတို့ သဘောထား၏ ရောင်ပြန်ဟပ်သောအရာ ဖြစ်ပါသည်။ ဤလူသည် အလှူငွေများကို ဖြုန်းပစ်နိုင်လျှင်၊ ထိုအရာက ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကြည်ညိုကြောက်ရွံ့ခြင်း လုံးဝ ကင်းမဲ့သည်ကို ညွှန်ပြပါသည်။) သင်တို့ ပြောဆိုပြီးသည့်အရာမှာ ဧကန်အမှန် ရှုထောင့်တစ်ခု ဖြစ်သည်။ ယနေ့တွင်၊ အလှူငွေများကို ဖြုန်းပစ်သည့်သူများအတွက် ပြင်းထန်သည့် အပြစ်ဒဏ် အဘယ်ကြောင့် လိုအပ်သည်ဆိုသည့် ဤကိစ္စနှင့်ပတ်သက်၍ အနည်းငယ် မိတ်သဟာယပြုကြပါစို့။

အလှူငွေများကို ဖြုန်းတီးပစ်သော လူတို့သည် အဘယ်ကြောင့် ပြင်းထန်စွာ အပြစ်ပေးခံရသင့်သနည်း။ ပထမဦးစွာ၊ အလှူငွေများ မည်သည့်နေရာမှာလာသည်ဆိုသည့်အကြောင်းကို ပြောဆိုကြစို့။ အလှူငွေများကို ညီအစ်ကို မောင်နှမများက ပေးထားခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် လူများစွာက ဆယ်ပို့တစ်ပို့ထက်ပို၍ လှူဒါန်းကြကာ အချို့သော ကြွယ်ဝချမ်းသာသူများသည် ဆယ်ပို့တစ်ပို့ထက်ပို၍ ပေးကြသည်မှာ အမှန်ဖြစ်သော်လည်း၊ သမ္မာကျမ်းဆိုင်ရာ နည်းဥပဒေသများအရ၊ လူတို့သည် မိမိတို့၏ ဝင်ငွေများ၏ ဆယ်ပို့တစ်ပို့ကို ပေးသင့်ပေသည်။ ထို့အပြင်၊ ဆယ်ပို့တစ်ပို့ပေးသည့် အချို့သော ဆင်းရဲနုံချာသည့် ညီအစ်ကို မောင်နှမများအတွက်၊ ၎င်းတို့၏ ငွေသည် မည်သည့်နေရာမှ လာသနည်း။ ခြိုးခြံချွေတာစွာ အသက်ရှင်ခြင်းအားဖြင့် ငွေစုကြသူ မရှားပေ။ ကျေးလက်ဒေသနှင့် ကျေးလက်တောနယ်များတွင်၊ လူအချို့သည် စပါးရောင်းခြင်းမှ၊ အချို့မှာ ကြက်ဥများ ရောင်းခြင်းနှင့် အချို့မှာ ဆိတ်များနှင့် ကြက်များ ရောင်းခြင်းမှ မိမိတို့ ဝင်ငွေများ၏ ဆယ်ပို့တစ်ပို့ကို ပေးကြလေသည်။ လူများစွာသည် ဆယ်ပို့တစ်ပို့ သို့မဟုတ် ထို့ထက်ပို၍ ပေးရန်အလို့ငှာ ခြိုးခြံချွေတာစွာ အသက်ရှင်ကြသည်။ ယင်းမှာ ဤငွေရောက်လာသည့်နေရာ ဖြစ်သည်။ ဤငွေများရလားဖို့ ခက်ခဲသည်ကို လူအများစုက သိကြသည်။ ထို့ကြောင့်၊ ညီအစ်ကို မောင်နှမများက အဘယ်ကြောင့် လှူဒါန်းကြသနည်း။ ဘုရားအိမ်တော်က တောင်းဆိုထားသလော။ လှူဒါန်းခြင်းမရှိဘဲနှင့် ကယ်တင်ခြင်း မဖြစ်နိုင်သောကြောင့်လော။ ကျမ်းစာ၏ နည်းဥပဒေသများကို လိုက်နာရန် ဖြစ်သလော။ သို့မဟုတ် ဘုရားအိမ်တော်သည် အရေးပါပြီး၊ ငွေကြေးထောက်ပံ့မှုမရှိဘဲနှင့် လုပ်ဆောင်၍မရသောကြောင့် ၎င်းတို့ ပို၍ ပေးသင့်သည်ဟု တွေးထင်လျက်၊ ဘုရားအိမ်တော်ကို ၎င်း၏ အလုပ်တွင်ထောက်ပံ့ရန် ဖြစ်သလော။ ဤသည်မှာ ၎င်းတို့၏ တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင်၊ ညီအစ်ကို မောင်နှမများသည် အဘယ်ကြောင့် လှူဒါန်းကြသနည်း။ ၎င်းတို့ နုံအသောကြောင့် ဖြစ်နိုင်သလော။ သို့မဟုတ် ၎င်းတို့တွင် ချန်ရမည့် ငွေရှိသလော။ ၎င်းတို့သည် ငွေပိုငွေလျှံ သို့မဟုတ် မသုံးနိုင်သေးသည့် ငွေများကို လှူဒါန်းနေခြင်းဖြစ်သလော။ ဤလှူဒါန်းမှုများကို မည်သူအား ပေးထားခြင်း ဖြစ်သနည်း။ (ဘုရားသခင်ကို ဖြစ်ပါသည်။) လူတို့သည် အဘယ်ကြောင့် လှူဒါန်းကြသနည်း။ ကျန်သည့်အရာများကို မေ့ထားလော့၊ လူများစွာ လှူဒါန်းကြသည့် အခြေခံအကျဆုံး အကြောင်းရင်းမှာ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ အသိအမှတ်ပြုကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား အသက်နှင့် သမ္မာတရားကို အခမဲ့ပေးရန်နှင့် ၎င်းတို့ကို ဦးဆောင်ရန် စကားပြောဆိုပြီး အမှုပြုလေသည်။ ထို့ကြောင့် လူတို့သည် မိမိတို့ ရရှိသည့်အရာ၏ ဆယ်ပို့တစ်ပို့ကို ပူဇော်သင့်ကြပေသည်။ ဤသည်မှာ ပူဇော်သက္ကာဖြစ်သည်။ သမိုင်းတစ်လျှောက်တွင်၊ ဘုရားသခင်သည် လူတို့ကို အစားအစာ၊ ရေနှင့် ဘဝ လိုအပ်ချက်များဖြင့် ကောင်းချီးပေးခဲ့ပြီး၊ ၎င်းတို့အတွက် အရာရာကို သူ ပြင်ဆင်ပေးခဲ့သည်။ လူတို့သည် ဤအရာအားလုံးကို မွေ့လျော်နိုင်ကြချိန်တွင်၊ လူသားက ဘုရားသခင်ကို ပြန်ပေးသည့် ဝေစုတစ်စုကို ကိုယ်စားပြုရင်းနှင့် ဘုရားသခင်အား ၎င်းတို့၏ ရိတ်သိမ်းခြင်းကို မွေ့လျော်ခွင့်ပေးရင်း၊ ဘုရားသခင်က ၎င်းတို့ကို ပေးသည့်အရာထဲမှ ဆယ်ပို့တစ်ပို့ကို ယဇ်ပလ္လင်ပေါ် ၎င်းတို့ ပြန်ပူဇော်သင့်ကြပေသည်။ ဤသည်မှာ အဖန်ဆင်းခံများအနေဖြင့် လူတို့ ပိုင်ဆိုင်သင့်ပြီး ပူဇော်သင့်သည့် ချစ်ခင်မှု သင်္ကေတဖြစ်သည်။ ဤသွင်ပြင်လက္ခဏာအပြင်၊ အခြားအရာတစ်ခု ရှိ၏။ လူအချို့က၊ “ဘုရားသခင်၏ အမှုတော်သည် အလွန် ကြီးမြတ်သည်၊ ကျွန်ုပ် မိမိဘာသာ များစွာ မလုပ်ဆောင်နို်ငသောကြောင့် ကျွန်ုပ်၏ ဝေစုဖြစ်သည့် အလှူငွေကို ကျွန်ုပ် ပေးပါမည်”ဟု ပြောကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် မိမိတို့၏ ထောက်ပံ့မှုကို ပြကြပြီး၊ ငွေကြေးထောက်ပံ့သူများအဖြစ် ပြုမူဆောင်ရွက်ကြလေသည်။ ဤလှူဒါန်းမှု အရင်းအမြစ် သို့မဟုတ် ပမာဏကို ပဓာနမထားဘဲ၊ ၎င်းတို့ထဲတွင် ခြိုးခြံသော အသက်ရှင်ခြင်းမှတစ်ဆင့် မိမိတို့၏ ငွေများကို စုထားသူ မနည်းပါးပေ။ တိုတိုပြောရလျှင်၊ ဘုရားသခင်နှင့် သူ၏ အမှုတော်အတွက် မဟုတ်ခဲ့ပါက၊ အသင်းတော်နှင့် ဤလူသား အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များသာရှိပါက၊ လူတို့၏ လှူဒါန်းမှုများသည် တန်ဖိုး သို့မဟုတ် အရေးပါမှုရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုတော်နှင့် သူ၏ နှုတ်ကပတ်တော်များမရှိဘဲနှင့် ထိုအရာများသည် မည်သည့် အသုံးဝင်မှုမျှ ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင် စကားပြောခြင်းနှင့် အမှုပြုခြင်းတို့ဖြင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အမှုတော် တိုးတက်ခြင်းဖြင့်၊ ဤလှူဒါန်းမှုများနှင့် အလှူငွေများသည် အထူးသဖြင့် အရေးကြီးလာပေသည်။ ထိုအရာများ အထူးသဖြင့် အရေးကြီးရသည့် အကြောင်းရင်းမှာ ဤလှူဒါန်းငွေများကို အသင်းတော်၏ အလုပ်အတွက် အသုံးပြုခြင်းဖြစ်ကာ မတရားသော ရည်ရွယ်ချက်များရှိသည့်သူများ၏ အလွဲသုံးစားလုပ်ခြင်း၊ မလွှတ်တမ်း အသုံးချခြင်း၊ တလွဲသုံးခြင်း သို့မဟုတ် ဖြုန်းပင်ဖြုန်းတီးပစ်ခြင်းတို့ကို မခံရသင့်ပေ။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာသည် အလွန် အရေးကြီးသည့်အတွက်၊ ငွေတစ်ပြားတစ်ချပ်တိုင်းကို အဓိကကျသည့် နေရာများတွင် အသုံးပြုသင့်ပေသည်။ မည်သည့်အရာကိုမျှ မဖြုန်းတီးပစ်သင့် သို့မဟုတ် တာဝန်မဲ့စွာ မသုံးစွဲသင့်ပေ။ သို့ဖြစ်၍၊ လှူဒါန်းမှုများနှင့် အလှူငွေများကို ဖြုန်းတီးပစ်သူ၊ အလွဲသုံးစားလုပ်၊ မလွှတ်တမ်း အသုံးချသည့် သို့မဟုတ် တလွဲသုံးသောသူတို့အတွက်မူ၊ ၎င်းတို့ကို ငါတို့ အထူး ကိုင်တွယ်ကာ ပြင်းထန်စွာ အပြစ်ပေးရမည်။ ဤလှူဒါန်းမှုများနှင့် အလှူငွေများသည် ဘုရားသခင်၏ အမှုတော်အတွက် အလွန်အရေးပါသောကြောင့်၊ ပြီးလျှင် ညီအစ်ကို မောင်နှမများက ဤငွေနှင့် ဤအလှူငွေများကို ပေးခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်ကို စဉ်းစားသည့်အခါ၊ ဤလှူဒါန်းမှုများကို အလွန်အရေးပါသည့် နေရာများတွင် ခွဲဝေပေးသင့်ပေသည်။ တစ်ပြားတစ်ချပ်တိုင်းကို စည်းမျဉ်းများဖြင့် အသုံးပြုကာ ရလဒ်များ ရရှိသင့်ပေသည်။ ထိုအရာကို မဖြုန်းတီးပစ်သင့်သကဲ့သို့ ဆိုးယုတ်သည့် လူများ၏ မလွှတ်တမ်း အသုံးချခြင်းကိုလည်း မုချ ခံရသင့်ပေ။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ဤအရာအပြင်၊ လှူဒါန်းမှုက ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ညီအစ်ကို မောင်နှမများ၏ လှူဒါန်းမှုမှ လာပေသည်။ ဤငွေ၏ အရင်းအမြစ်မှာ အသင်းတော်က စီးပွားဖြစ် လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဖွင့်လှစ်ခြင်း သို့မဟုတ် လူမှုအဖွဲ့အစည်းမှ အကျိုးအမြတ်တစ်ခု ရရှိရန် စက်ရုံများ စီမံဆောင်ရွက်ခြင်းမှ ရရှိသည် မဟုတ်ပေ။ ထိုအရာသည် တစ်စုံတစ်ရာကို ထုတ်လုပ်ခြင်းမှ ရရှိသည့် အစုပေါ်အမြတ်များမှ လာသည် မဟုတ်၊ အသင်းတော်၏ အစုပေါ်အမြတ်များ သို့မဟုတ် ဝင်ငွေမှ လာသည် မဟုတ်ဘဲ၊ လူတို့၏ လှူဒါန်းမှုများမှ လာပေသည်။ ရိုးရှင်းသည့် ဝေါဟာရဖြင့်ဆိုရလျှင်၊ လှူဒါန်းမှုတစ်ခုသည် ဘုရားသခင်ကို ညီအစ်ကို မောင်နှမများက ပေးထားသည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ပေးထားသည့် ငွေသည် ဘုရားသခင်နှင့် သက်ဆိုင်သင့်၏။ ဘုရားသခင်၏ ငွေကို မည်သည့်အရာအတွက် အသုံးပြုရပါသနည်း။ အချို့က၊ “ဘုရားသခင်၏ ငွေနှင့် အလှူငွေများကို ဘုရားသခင်၏ မွေ့လျော်ခံစားမှုအတွက် အသုံးပြုရပါသည်”ဟု ဆိုကြသည်။ ဘုရားသခင်၏ မွေ့လျော်ခံစားမှုအတွက်သာ ဖြစ်သလော။ ထိုအရာ၏ မည်မျှကို ဘုရားသခင်က မွေ့လျော်ခံစားနိုင်သနည်း။ အတော် အကန့်အသတ်ရှိသည် မဟုတ်လော။ ဘုရားသခင် လူ့ဇာတိခံလာသည့် အချိန်အတောအတွင်းတွင်၊ သူ၏ အစားအစာ၊ အဝတ်အစား၊ အမိုးအကာနှင့် လိုအပ်ချက်များအပြင် သူ၏ တစ်နေ့ အစာသုံးနပ်တို့သည် သာမန်ဖြစ်ပြီး၊ သူ မွေ့လျော်ခံစားသည့်အရာသည် အကန့်အသတ်ရှိပေသည်။ ယင်းမှာ အတော်လေး ပုံမှန်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ညီအစ်ကို မောင်နှမများထံမှ လှူဒါန်းမှုများနှင့် အလှူငွေများကို အဓိက အသုံးပြုခြင်းမှာ အသင်းတော် အလုပ်၏ ပုံမှန် လည်ပတ်မှုကို ထိန်းသိမ်းရန်ဖြစ်သည်၊ သုံးရန် လူအချို့၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မဟုတ်ပေ။ အလှူငွေများသည် လူတို့ ဖြုန်းဖို့အတွက် မဟုတ်သကဲ့သို့ လူတို့ သုံးဖို့အတွက်လည်း မဟုတ်ပေ။ ငွေကြေးကို စီမံသည့်သူ မည်သူမဆိုသည် ဤငွေကို အသုံးပြုရန် ဦးစားပေးခံရသည် မဟုတ်၊ သို့မဟုတ် ခေါင်းဆောင်ဖြစ်သူ မည်သူမဆိုသည် ရံပုံငွေများကို ခွဲဝေရန် အထူးဩဇာအာဏာရှိသည် မဟုတ်ပေ။ မည်သည့် လူက လှူဒါန်းမှုများကို အသုံးပြုသည်ကို ပဓာနမထားဘဲ၊ ထိုလှူဒါန်းမှုများကို ဘုရားအိမ်တော်က ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း အသုံးပြုသင့်ပေသည်။ ယင်းမှာ စည်းမျဉ်းဖြစ်၏။ ထို့ကြောင့်၊ ဤစည်းမျဉ်းကို ချိုးဖောက်သောသူ တစ်စုံတစ်ဦး၏ သဘာဝသည် မည်သည့်အရာ ဖြစ်ပါသနည်း။ ၎င်းတို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်မိကြပြီ မဟုတ်လော။ (ဟုတ်ပါသည်။) စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့ ဖောက်ဖျက်မိကြပြီးဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ ဘုရားသခင်ကို လူတို့ ပေးသည့် အလှူငွေများသည် ဘုရားသခင်၏ မွေ့လျော်ခံစားခြင်းအတွက် ရည်ရွယ်ပေသည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုအလှူငွေများကို မည်သို့ အသုံးပြုပါသနည်း။ ဘုရားသခင်သည် ယင်းတို့ကို အသင်းတော်၏ အလုပ်အတွက်၊ ထိုအသင်းတော်အလုပ်၏ ပုံမှန် လည်ပတ်မှုကို ထိန်းသိမ်းရန်အတွက် အသုံးပြုပေသည်။ ဤသည်မှာ အလှူငွေများကို ဘုရားသခင် အသုံးပြုသည့် စည်းမျဉ်း ဖြစ်သည်။ သို့ရာတွင်၊ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများသည် အလှူငွေများကို ဤပုံစံဖြင့် အသုံးမပြုကြချေ။ အလှူငွေများကို အသုံးပြုရန်အလို့ငှာ ဤစည်းမျဉ်းကို ပွင့်ပွင့်လင်းလင်း ချိုးဖောက်လျက်၊ ထိုအလှူငွေများကို ဖြုန်းတီးပစ်သည်၊ သုံးဖြုန်းသည် သို့မဟုတ် မဆင်မခြင် လှူဒါန်းကြလေသည်။ ဤအရာက စီမံခန့်ခွဲမှု အမိန့်များကို ဆန့်ကျင်ဖောက်ဖျက်သည် မဟုတ်လော။ ဘုရားသခင်သည် သင့်အား ထိုအလှူငွေများကို ဤသို့ အသုံးပြုခွင့်ပေးပါသလော။ ယင်းတို့ကို ဤသို့ အသုံးပြုပိုင်ခွင့်ကို သူသည် သင့်အား ပေးခဲ့သလော။ ယင်းတို့ကို ဤသို့အသုံးပြုရန် သင့်ကို သူ ပြောခဲ့သလော။ မပြောခဲ့ပေ၊ ဟုတ်ပါသလော။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းတို့ကို အလွန် မဆင်မခြင်နှင့် ဖြုန်းတီးလျက် ဤသို့ အသုံးပြုနေသနည်း။ ဤသည်မှာ စည်းမျဉ်းကို ဆန့်ကျင် ဖောက်ဖျက်နေခြင်း ဖြစ်သည်။ ဤစည်းမျဉ်းသည် သာမန် စည်းမျဉ်းတစ်ခု မဟုတ်ပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်စပ်ပေသည်။ ဤအလှူငွေများကို စီးပွားရေလုပ်ငန်း သို့မဟုတ် စီးပွားဖြစ်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမှတစ်ဆင့် ရရှိထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်ကို ညီအစ်ကို မောင်နှမများက ပူဇော်ထားသည့် လှူဒါန်းမှုများဖြစ်သောကြောင့်၊ သို့ဖြစ်၍ သုံးစွဲကုန်ကျငွေတိုင်းကို သေချာစွာ ထိန်းချုပ်ပြီး၊ တင်းတင်းကျပ်ကျပ် စီမံရန် လိုအပ်ပေသည်။ ဖြုန်းတီးပစ်ခြင်း သို့မဟုတ် သုံးဖြုန်းခြင်း မရှိသင့်ပေ။ မည်သည့် ငွေပမာဏကိုမဆို သုံးဖြုန်းခြင်း သို့မဟုတ် ဖြုန်းတီးပစ်ခြင်းသည် ဘုရားအိမ်တော်၏ အလုပ်တွင် သိသာသည့် ဆုံးရှုံးမှုများဆီ ဆိုက်ရောက်စေရုံမက၊ ဘုရားအိမ်တော်အတွက် သိသာသည့် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုတစ်ခုကိုလည်း ဖြစ်စေသည်။ အလှူငွေများကို ဖြုန်းတီးပစ်ခြင်းသည် အလှူငွေများကို ဖြုန်းတီးခြင်းသက်သက် မဟုတ်။ ညီအစ်ကို မောင်နှမများက လှူဒါန်းကျချိန်တွင် ဖော်ပြသည့် ချစ်ခြင်းမေတ္တာအပေါ် တာဝန်ကင်းမဲ့မှုတစ်ခုကိုလည်း ပြပေသည်။ ထို့ကြောင့်၊ အလှူငွေများကို ဖြုန်းတီးပစ်သူများသည် ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်သည်။ ပို၍ ပေါ့တန်သော ပြစ်မှားမှုများရှိသည့်သူများကို သတိပေးဆုံးမပြီး၊ တစ်ချိန်တည်းတွင် ထိခိုက်မှုအတွက် လျော်ကြေးကို တောင်းဆိုလော့။ သာ၍ ဆိုးရွားသည့် ပြစ်မှားမှုများရှိသူတို့အတွက်မူ၊ လျော်ကြေးအပြင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် လိုအပ်သည်။ အလှူငွေများကို ဖြုန်းတီးပစ်သူတို့အပေါ် အဘယ်ကြောင့် ပြင်းထန်သည့် အပြစ်ဒဏ် ချမှတ်သင့်သည်ဆိုသည့် နောက်ထပ် အဓိကကျသော အကြောင်းရင်းတစ်ခုရှိ၏။ အသင်းတော်သည် မည်သည့် လူမှုရေး အဖွဲ့အစည်းမဆိုနှင့် ကွဲပြားပေသည်။ ယင်းသည် ကမ္ဘာလောကနှင့် လူသားမျိုးနွယ်၏ စွန့်ပစ်ခြင်းခံရလျက်၊ မည်သည့်နိုင်ငံမဆိုနှင့် မည်သည့်လူမှုရေးဝန်းကျင်တွင်မဆို သီးခြားဖြစ်နေသည်။ အသင်းတော်သည် မည်သည့် နိုင်ငံမဆိုထံမှ ထောက်ပံ့မှု သို့မဟုတ် ကာကွယ်ပေးမှုကို မရရှိနိုင်၊ တစ်ချိန်တည်းတွင် အစိုးရထံမှ အကူအညီ သို့မဟုတ် ပြုစုစောင့်ရှောက်မှုတစ်ခုတလေ မရရှိနိုင်ပေ။ အလွန်ဆုံးအနေဖြင့်၊ အနောက်တိုင်း နိုင်ငံများတွင်၊ အသင်းတော်တစ်ပါးကို မှတ်ပုံတင်ကာ တည်ထောင်ပြီးနောက်တွင်၊ အသင်းတော်ထံသို့ ပြုလုပ်ထားသည့် လှူဒါန်းမှုများသည် ပုဂ္ဂိုလ်ရေး အခွန်စည်းကြပ်ခြင်းမှ လွတ်ငြိမ်းခွင့်ရသည် သို့မဟုတ် လှူဒါန်းထားသည့် ဝတ္ထုပစ္စည်းများကို အခွန်လျှော့ချမှုအချို့ကို ရရှိရန် အသုံးပြုနိုင်ပေသည်။ ဤအရာအပြင်၊ အသင်းတော်သည် မည်သည့်နိုင်ငံမဆိုထံမှ သို့မဟုတ် မည်သည့် လူမှုစနစ်မဆို၏အောက်တွင် လူမှုဘဝဖူလုံရေး သို့မဟုတ် အကူအညီတစ်ခုတလေ မရရှိနိုင်ပေ။ အသင်းတော် လူစုသည် သေးငယ်လာပြီး လုပ်ငန်းလည်ပတ်နေနိုင်ခြင်း မရှိတော့ပါက၊ အစိုးရသည် ယင်း၏ အကူအညီအဖြစ် လာမည်မဟုတ်။ ထိုအစား၊ အသင်းတော်သည်၊ မည်သည့် ဝင်ငွေမျှ မရရှိသကဲ့သို့ အစိုးရထံသို့ မည်သည့်အခွန်မျှ မပေးဆောင်နိုင်သောကြောင့်၊ ၎င်းဘာသာ လျော့ပါးလွင့်ပျောက်သွားစေရန်သာ အစိုးရက လိုလားပေမည်။ သို့ဖြစ်၍၊ အသင်းတော် တည်ရှိခြင်း ရှိမရှိသည် အစိုးရအတွက် အရေးမပါပေ။ အသင်းတော်သည် မည်သည့် လူမှုရေး စနစ် အောက်တွင်မဆို ထိုကဲ့သို့ မိမိဘာသာ ရှင်သန်ရသည့် အခြေအနေတွင် ရှိနေသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ လွယ်ကူသလော။ (မလွယ်ကူပါ။) ဧကန်အမှန်ပင်၊ အမှန်တကယ် မလွယ်ကူပေ။ အသင်းတော်သည် လူမှုရေးစနစ် တစ်ခုတလေထံမှ ထောက်ပံ့မှုရရှိရန် မဆိုထားနှင့်၊ မည်သည့် အသိအမှတ်ပြုခြင်း သို့မဟုတ် စာနာမှုမျှ မရရှိဘဲလျက်၊ လူမှုအဖွဲ့အစည်းနှင့် လူသားမျိုးနွယ်၏ ငြင်းပယ်ခြင်းခံရလေသည်။ အသင်းတော်သည် ဤရှင်သန်ရေး အခြေအနေများအောက်တွင် တည်ရှိနေသည်။ တစ်စုံတစ်ဦးသည် ငွေကို အလဟဿဖြစ်သွားစေလျက်၊ မည်သည့်တာဝန်မျှ မယူဘဲ၊ တစ်ခဏတွင် ယွမ် ၁၀၀၀၀၀ ကို အလှစ်သုတ်သွားလျက်၊ မျက်တောင်တစ်ချက်မခတ်ဘဲ၊ မည်သည့် အပြစ်တင်မှုမျှ မခံစားရဘဲလျက်၊ ယွမ် ၁၀၀၀၀၀၀ ကို ကိန်းဂဏန်းတစ်ခုသာ ဖြစ်သည့်အလား သုံးလျက်၊ အလှူငွေများကို ဖြုန်းတီးပစ်နိုင်ဆဲဖြစ်ပါက၊ အသနားအကြင်နာမဲ့နိုင်ဆဲဖြစ်ပါက၊ ထိုသို့သော လူတစ်ဦးသည် လူ့သဘာဝ ပိုင်ဆိုင်သည်ဟု သင် ထင်သလော။ ထိုသို့သော လူများသည် ကျိန်ခြင်းအမင်္ဂလာများနှင့် ထိုက်တန်နေကြသည် မဟုတ်လော။ (ထိုက်တန်ပါသည်။) အထက်တွင် စားရင်းပြုစုထားသည့် အခြေအနေအမျိုးမျိုးကို ပေါင်းရုံးသုံးသပ်လိုက်သည့်အခါ၊ အလှူငွေများကို ဖြုန်းတီးပစ်သူ၊ သုံးဖြုန်းသူ သို့မဟုတ် ယင်းတို့ကို အလွဲသုံးစားလုပ်ရန် ဆန္ဒရှိလျက်၊ သို့မဟုတ် အလွဲသုံးစားမလုပ်ဝံ့ဘဲလျက်၊ အလှူငွေများအပေါ် မကောင်းသည့် ရည်ရွယ်ချက်များပင် ထားရှိသူများသည် ထိုအစား ဖြုန်းတီးပစ်ကြလေသည်။ အားလုံးသည် ပြင်းထန်စွာ အပြစ်ပေးခံရသင့်သည်၊ ၎င်းတို့အပေါ် မည်သည့် သက်ညှာမှုမျှ မပြသင့်ပေ။ ငါ့ကို ပြောလော့၊ ယင်းသည် မှန်ကန်သည့် လုပ်နည်းကိုင်နည်း ဖြစ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင်၊ အနာဂတ်တွင် သင်တို့ကို အလှူငွေများ အသုံးပြုရန် ဩဇာအာဏာရှိဖို့ အခွင့်အရေးပေးထားပါက၊ သင်တို့ မည်ကဲ့သို့ ပြုမူကြလိမ့်မည်နည်း။ သင်တို့သည် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ပါက၊ အလှူငွေများကို သင်တို့ ဖြုန်းတီးပစ်ပါက၊ အသင်းတော်အတွက် သင်တို့ကို ပြင်းထန်စွာ အပြစ်ပေးရမည့်အချိန် ရောက်လာသည့်အခါ၊ သင်တို့သည် စောဒကတက်မှု သို့မဟုတ် မကျေနပ်ချက်တစ်ခုတလေ ရှိကြလိမ့်မည်လော။ (ရှိကြလိမ့်မည် မဟုတ်ပါ။) မည်သည့် မကျေနပ်ချက်မျှ သင်တို့ ရှိမည်မဟုတ်သည်မှာ ကောင်း၏။ ထိုအရာသည် သင်တို့ ထိုက်တန်သည့်အရာ ဖြစ်လိမ့်မည်။

အလှူငွေများကို ဖြုန်းတီးပစ်သူတို့အနေဖြင့်၊ ၎င်းတို့ကို သင် မမုန်းပါသလော။ ၎င်းတို့သည် သင့်အား ဒေါသမထွက်စေသလော။ ၎င်းတို့ကို သင် ကြီးကြပ် သို့မဟုတ် တားဆီးနိုင်သလော။ ဤအရာက အမှုအရာများကို သာ၍ စိတ်ဝင်စားဖွယ်ဖြစ်သွားစေ၏။ သင့်အတွက် စမ်းသပ်စစ်ဆေးခံရမည့် အချိန်ဖြစ်သည်။ အလှူငွေများကို ဖြုန်းတီးပစ်ကာ ယွမ် ၂၀၀၀ ဖြင့် ဝယ်၍ရနိုင်မည့် စက်တစ်ခုကို ယွမ် ၂၀၀၀၀ သုံးစွဲရန် အခိုင်အမာ တောင်းဆိုနေသူ၊ ငွေသည် ဘုရားအိမ်တော်နှင့် သက်ဆိုင်ပြီး၊ မိမိတို့ ကိုယ်ပိုင်အိတ်ကပ်ထဲမှ ထွက်လာခြင်းမဟုတ်သောကြောင့်သက်သက်၊ အကောင်းဆုံး၊ အဆင့်အမြင့်ဆုံး၊ ခေတ်အမီဆုံးနဲ့ ခေတ်အဆန်ဆုံး စက်ကို ဝယ်ချင်သူ၊ စျေးအကြီးဆုံး စက်အပေါ် ငွေသုံးချင်သူ တစ်စုံတစ်ဦး သင့်အနီးအနားတွင်ရှိပါက၊ ၎င်းတို့ကို သင် တားဆီးနိုင်စွမ်းရှိပါသလော။ သင် မတားဆီးနိုင်ပါက၊ ၎င်းတို့ကို သတိပေးနိုင်သလော။ ၎င်းတို့ကို အထက်သို့ သင် တိုင်ကြားနိုင်သလော။ သင်သည် အလှူငွေများကို စီမံခန့်ခွဲခြင်းကို ကြီးကြပ်ပါက၊ ဤအခြေအနေတွင် လက်မှတ်ထိုးလိုက်ဖို့ သင် ငြင်းဆိုနိုင်သလော။ ဤအရာတစ်ခုမျှ သင်တို့ မလုပ်ဆောင်နိုင်ပါက၊ သင်တို့သည်လည်း ပြင်းထန်စွာ အပြစ်ပေးခံရသင့်ကြပေသည်။ သင်တို့သည်လည်း အလှူငွေများကို ဖြုန်းတီးပစ်နေခြင်းဖြစ်သည်။ သင်သည် ထိုဆိုးယုတ်သောလူနှင့် အချင်းချင်း တိုင်ပင်ထားပေသည်၊ သင်သည် ၎င်းတို့၏ ကြံရာပါဖြစ်ပြီး၊ သင်တို့နှစ်ဦးလုံး ပြင်းထန်စွာ အပြစ်ပေးခံရသင့်ပေသည်။ ၎င်းတို့သည် အလှူငွေများနှင့်ပတ်သက်၍ ဖြုန်းတီးပစ်ကာ တာဝန်မဲ့နိုင်ပါက၊ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် မည်သည့် သဘောထားမျိုးရှိပါသနည်း။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးတွင် ရှိပါသလော။ (မရှိပါ။) ငါ၏ အယူအဆတွင်၊ ဤသို့သော လူများသည် ဘုရားသခင်အပေါ် စာတန်ကရှိသည့် သဘောထားအတိုင်း ရှိကြပေသည်။ လူအချို့က၊ “ဘုရားသခင်၊ ဘုရားသခင်၏ နာမ၊ သူ၏ အလှူငွေများ သို့မဟုတ် သူ၏ သက်သေခံချက်နှင့် ဆက်စပ်သည့် မည်သည့်အရာမဆို- ထိုအရာတစ်ခုမျှ ကျွန်ုပ်နှင့် ပတ်သက်ခြင်းမရှိပါ။ အလှူငွေများကို ဖြုန်းတီးပစ်နေသည့်လူများသည် ကျွန်ုပ်နှင့် အဘယ်ပတ်သက်မှု ရှိပါသနည်း”ဟု ဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာမျိုး ဖြစ်ကြသနည်း။ ဝယ်ယူရန် အသင်းတော်က မည်သည့်အရာကို တောင်းလျှောက်သည်ဖြစ်စေ၊ အရာရာနှင့်ပတ်သက်၍ လက်မှတ်ထိုးလိုက်ကြသည့် အချို့သော ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများ ရှိကြလေသည်။ လျှောက်လွှာများကို ၎င်းတို့ လုံးဝ မေးခွန်းမထုတ် သို့မဟုတ် ယင်းတို့ကို သေချာစွာ ဆန်းစစ်ခြင်း မရှိ၊ သို့မဟုတ် ပြဿနာများ စစ်ဆေးခြင်း မရှိကြချေ။ ကုန်ပစ္စည်းများက စျေးကြီးသည်ဖြစ်စေ၊ စျေးပေါသည်ဖြစ်စေ၊ လက်တွေ့အသုံးကျသည်ဖြစ်စေ၊ လက်တွေ့မကျသည်ဖြစ်စေ၊ လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ၊ ကုန်ပစ္စည်းများကို ဝယ်ယူရန် လျှောက်လွှာတစ်ခုစီတိုင်းသည် ၎င်းတို့၏ လက်မှတ်ဖြင့် အတည်ပြုခြင်းခံရလေသည်။ သင်၏ အတည်ပြုချက်သည် မည်သည့်အရာနည်း။ လက်မှတ်တစ်ခုသာလော။ ငါ၏ အမြင်တွင်၊ ထိုအရာမှာ ဘုရားသခင်အပေါ် သင်၏ သဘောထား ဖြစ်သည်။ ဘုရားသခင်၏ အလှူငွေအပေါ် သင်၏ သဘောထားသည် ဘုရားသခင်အပေါ် သင်၏ သဘောထားဖြစ်သည်။ သင့် ဖောင်တိန်၏ စုတ်ချက်တိုင်း၊ သင်၏ နာမည်ကို သင် ရေးသည့်အခါတိုင်း၊ ထိုအရာမှာ ဘုရားသခင်ကို သင်၏ ပြစ်မှားစော်ကားခြင်းနှင့် မလေးစားခြင်း အပြစ်၏ သက်သေအထောက်အထားဖြစ်သည်။ ဘုရားသခင်ကို ဤနည်းဖြင့် ပြစ်မှားစော်ကားကာ မလေးစားသောသူတို့သည် အဘယ်ကြောင့် ပြင်းထန်စွာ အပြစ်ပေးမခံရသင့်သနည်း။ ၎င်းတို့သည် ပြင်းထန်စွာ အပြစ်ပေးခံရမည်။ ဘုရားသခင်သည် သင့်ကို သမ္မာတရားဖြင့်၊ အသက်ဖြင့်၊ သင့်တွင် ရှိသမျှတိုင်းဖြင့် ထောက်ပံ့ပေးပြီး၊ သင်သည် သူ့ကို ဤသဘောထားမျိုးဖြင့် သူနှင့် သူနှင့်သက်ဆိုင်သော အရာများကို ချဉ်းကပ်သည်။ သင်သည် မည်သည့်အရာမျိုး ဖြစ်ပါသနည်း။ ငွေတောင်းခံလွှာတစ်ခုပေါ်ရှိ လက်မှတ်တစ်ခုစီသည် ဘုရားသခင်ကို သင်၏ ပြစ်မှားစော်ကားခြင်း အပြစ်နှင့် ဘုရားသခင်အပေါ် သင်၏ မလေးစားသော သဘောထား၏ သက်သေအထောက်အထားဖြစ်သည်။ ဤသည်မှာ မငြင်းသာအောင် အခိုင်မာဆုံးသော သက်သေအထောက်အထားဖြစ်သည်။ မည်သည့် ပစ္စည်းများကို ဝယ်ယူထားသည်ဖြစ်စေ၊ မည်သည့် ပမာဏဖြစ်စေ၊ သင်သည် ခွင့်ပြုချက်ပုံစံကို စစ်ပင်မစစ်ဆေးပေ၊ သင်၏ ဖောင်တိန် တစ်ချက်ဖြင့်သာ လက်မှတ်ထိုးလိုက်လေသည်။ သင်သည် ယွမ် ၁၀၀၀၀၀ သို့မဟုတ် ၂၀၀၀၀၀ တန် ဝယ်ယူမှုများအတွက် ထင်ရာမြင်ရာ လက်မှတ်ထိုးရန် အသင့်ရှိနေသည်။ တစ်နေ့တွင် သင်၏ လက်မှတ်အတွက် သင် အဖိုးအခ ပေးရလိမ့်မည်။ လက်မှတ်ထိုးသည့် မည်သူမဆို တာဝန်ခံရ၏။ သင်သည် ဤသို့ ပြုမူသည့်အတွက်၊ ဦးစွာပထမ လျှောက်လွှာများကို ပြန်လည်ဆန်းစစ်ခြင်းပင်မရှိဘဲ ကြုံရာကျပန်း လက်မှတ်ထိုးနိုင်ပြီး၊ အလှူငွေများကို ထင်ရာမြင်ရာ ဖြုန်းတီးပစ်နိုင်သည့်အတွက်၊ သင် တာဝန်ခံသင့်ပြီး၊ သင်၏ ကိုယ်ပိုင် လုပ်ရပ်များအတွက် အဖိုးအခ ပေးသင့်ပေသည်။ အကျိုးဆက်များကို ရင်ဆိုင်ရန် သင် မကြောက်ရွံ့ပါက၊ ဆက်လုပ်လော့၊ သင်၏ နာမည်ကို လက်မှတ်ထိုးလော့။ သင်၏ လက်မှတ်သည် ဘုရားသခင်အပေါ် သင်၏ သဘောထားကို ကိုယ်စားပြုပေသည်။ သင်သည် သူ့ကို ဤကဲ့သို့ ပွင့်လင်းပြီး အရှက်မဲ့သော ပုံစံဖြင့် ဆက်ဆံလျက်၊ ဘုရားသခင်အပေါ်ပင်လျှင် ဤကဲ့သို့ ဆောင်ရွက်နိုင်ပါက၊ ဘုရားသခင်က သင့်ကို မည်သို့ ဆက်ဆံဖို့ သင် မျှော်လင့်ပါသနည်း။ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ လုံလောက်အောင် စိတ်ရှည်နှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ထွက်သက်ဝင်သက် ပေးထားပြီးဖြစ်ကာ ယခုအချိန်ထိတိုင် အသက်ရှင်ခွင့်ပေးပြီးဖြစ်သည်။ ဘုရားသခင်ကို အလားတူ နည်းလမ်းနှင့် မပြောင်းလဲသည့် သဘောထားဖြင့် ဆက်လက်ဆက်ဆံမည့်အစား၊ သင် လုပ်ဆောင်သင့်သည့်အရာမှာ ဘုရားသခင်ထံ ဝန်ချကာ နောင်တရဖို့နှင့် သင်၏ သဘောထားကို ပြောင်းလဲဖို့ ဖြစ်သည်။ ဘုရားသခင်နှင့် ဆက်လက်၍ ကြောင်းကျိုးမမြင်စွာ ဖက်ပြိုင်မနေနှင့်။ သင်သည် ဘုရားသခင်ကို အလားတူ နည်းလမ်းနှင့် မပြောင်းလဲသည့် သဘောထားဖြင့် ဆက်လက်ဆက်ဆံနေပါက၊ အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် သိပေသည်။ သင်သည် ဘုရားသခင်၏ ခွင့်လွှတ်မှုကို မရရှိနိုင်ပါက၊ သင်၏ ယုံကြည်မှုသည် အချည်းနှီးဖြစ်ပြီး ဖြစ်လိမ့်မည်။ သို့ဆိုလျှင် သင်၏ ယုံကြည်မှုသည် အဘယ် အသုံးဝင်မှုရှိလိမ့်မည်နည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သင်၌ သူ၏ ယုံကြည်မှုနှင့် သင့်အဖို့ သူ၏ စေခိုင်းချက်တာဝန်ကို သင် အချည်းနှီးဖြစ်သွားစေသည်။ ငါ့ကို ပြောလော့၊ သင်သည် မည်သည့်အရာမျိုး ဖြစ်ပါသနည်း။ လူအချို့သည် ဘုရားအိမ်တော်ထဲတွင် ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများကဲ့သို့ ပြုမူကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို နှစ်များစွာကြာ ထမ်းဆောင်ပြီးဖြစ်ကာ ငါသည် ၎င်းတို့နှင့် နှစ်များစွာ ဆက်ဆံပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ နောက်ဆုံးတွင်၊ ၎င်းတို့နှင့်ပတ်သက်၍ ငါ ကောက်ချက်တစ်ခု ချလာရပြီးဖြစ်သည်။ ဤလူများသည် ခွေးများထက် ဆိုးကြ၏။ ၎င်းတို့၏ လုပ်ရပ်များသည် နှလုံးကြေကွဲစရာဖြစ်သည်သာမက၊ ထို့ထက်ပို၍ပင်၊ ရွံရှာဖွယ်ဖြစ်သည်။ ငါသည် ခွေးများကို ကျွေးမွေးပြုစုခြင်းနှင့် ၎င်းတို့နှင့် ဆက်ဆံရခြင်းကို နှစ်သက်သည်။ နှစ်ကာလများအတွင်း ငါ ပြုစုကျွေးမွေးခဲ့သည့် ခွေးများသည် အားလုံး အတော်လေး လိမ္မာသွားကြသည်။ ငါ နှစ်သက်သည့် ခွေးများသည် အများအားဖြင့် လူများကို တမင်တကာ ရန်မမူကြပေ။ သင်သည် ခွေးတစ်ကောင်ကို သနားကြင်နာမှု အနည်းငယ်ပြပါက၊ ထိုခွေးက သင့်ကို ဆယ်ဆ ပြန်ဆပ်ပေးလိမ့်မည်။ ထိုခွေးကို သင် အမှန်တကယ် သဘောကောင်းပေးနေသရွေ့၊ သတင်းစာတစ်စောင် သို့မဟုတ် ဖိနပ်တစ်ရံကို ခြံထဲတွင် သင် ထားရှိလျှင်ပင်၊ ထိုခွေးက ထိုအရာများဘေးတွင် လဲလျောင်းကာ သင့်အတွက် စောင့်ကြပ်ပေးလိမ့်မည်။ တစ်ခါတစ်ရံ၊ သင် အလိုမရှိသည့် တစ်စုံတစ်ရာကို သင် လွှင့်ပစ်လိုက်ပါက၊ ခွေးက ထိုအရာကို သင် ပျောက်ဆုံးသွားသည်ဟု တွေးထင်ကာ အခြားထွက်သွားခြင်းမရှိဘဲ ထိုအရာကို သင့်အတွက် စောင့်ကြပ်ပေးလိမ့်မည်။ အတန်ကြာပြီးနောက်၊ ငါ သင်ယူခဲ့သည့်အရာကို ပေါင်းရုံးသုံးသပ်ပြီး၊ “လူတို့သည် ခွေးများထက် ဆိုးကြသည်”ဟု ဆိုရသည်။ ခွေးများသည် သင့်အိမ်ကို မိမိတို့ အသက်များဖြင့် စောင့်ကြပ်ရန် မိမိတို့၏ အစွမ်းအစများနှင့် ကျွမ်းကျင်မှုများကို သုံးကြသည်။ လူတို့သည် အမှုအရာများကို မိမိတို့၏ အသက်ဖြင့် စောင့်ရှောက်ရန်မဆိုထားနှင့်၊ ၎င်းတို့တွင် အသည်းနှလုံးပင် မရှိကြချေ။ အသင်းတော်အလုပ်ကို စောင့်ရှောက်ရန် စကားတစ်ခွန်းပင် ၎င်းတို့ ပြောကြမည်မဟုတ်။ ၎င်းတို့သည် အစောင့်ခွေးတစ်ကောင်ထက် နိမ့်ကျကြသည်။ ဤသည်မှာ လူများနှင့် ခွေးများကြား ငါ ထုတ်နုတ်သည့် ခြားနားချက်ဖြစ်သည်။ အလှူငွေများကို ဖြုန်းတီးပစ်သည့် ဤလူများသည် ခွေးများထက် သာ၍ နိမ့်ကျကြသည်။ ၎င်းတို့ ပြင်းထန်စွာ အပြစ်ပေးခံရသင့်သည်ဟူသည်ကို သင် သဘောတူပါသလော။ (တူပါသည်။) ဘုရားသခင်သည် လူတို့၌ သူ၏ ယုံကြည်မှုကို ထားရှိပြီး၊ ၎င်းတို့ကို အလုပ်နှင့် တာဝန်များ ပေးအပ်သည်။ ဤသည်မှာ ၎င်းတို့ကို ဘုရားသခင် ချီးမြှောက်ခြင်းနှင့် ၎င်းတို့အပေါ် အထင်ကြီးခြင်းဖြစ်သည်။ ထိုအလုပ်ကို ၎င်းတို့ လုပ်ဆောင်ရန် ထိုက်တန်ခြင်း မဟုတ်၊ သို့မဟုတ် ၎င်းတို့တွင် အစွမ်းအစကောင်းနှင့် လူ့သဘာဝရှိခြင်း၊ အလုပ်အတွက် စံမီခြင်း မဟုတ်ပေ။ လူတို့သည် မိမိတို့ကို ပြသည့် မျက်နှာသာကို အသိအမှတ်ပြုရန် ပျက်ကွက်ကြသည်။ အသင်းတော်အလုပ်ကို ၎င်းတို့ လုပ်နိုင်စွမ်းရှိကြောင်း၊ ၎င်းတို့ကိုယ်ပိုင် အလုပ်ကြိုးစားခြင်းနှင့် အသုံးခံခြင်းတို့မှတစ်ဆင့် ဤအရာကို ၎င်းတို့ ရရှိပြီးဖြစ်ကြောင်း အမြဲ တွေးထင်ကြသည်။ ၎င်းတို့တွင် ရှိသမျှတိုင်းကို ဘုရားသခင်က ၎င်းတို့အား ပေးထားခြင်း ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို ထိုက်ထိုက်တန်တန် ရကြပြီးဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ပြီးသည့်အရာဖြင့် စိတ်ကျေနပ်နေကြသလော။ ဘုရားသခင်သည် လူတို့အား မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရန် ချီးမြှောက်သော်လည်း၊ ၎င်းတို့ကို ပြသည့် မျက်နှာသာကို အသိအမှတ်ပြုရန် သို့မဟုတ် ၎င်းတို့အတွက် မည်သည့်အရာ ကောင်းမွန်သည်ကို နားလည်ရန် ၎င်းတို့ ပျက်ကွက်ကြသည်။ ၎င်းတို့သည် သူ၏ ယုံကြည်ကိုးစားမှုနှင့် ချီးမြှောက်ခြင်းအတိုင်း အသက်မရှင်ကြပေ။ ဘုရားသခင်၏ ယုံကြည်ကိုးစားမှုနှင့် သူ၏ ချီးမြှောက်ခြင်းကို ၎င်းတို့ ဖြုန်းတီးပစ်ကြသည်။ ထိုသို့သော ကိစ္စရပ်များတွင်၊ ငါ စိတ်မကောင်းသော်လည်း ၎င်းတို့ ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို အခွင့်အရေးများ ပေးသော်လည်း လူတို့သည် ၎င်းတို့အတွက် မည်သည့်အရာ ကောင်းမွန်သည်ကို မသိကြ၊ ၎င်းတို့ကို ဘုရားသခင်ပေးသည့် အခွင့်အရေးများအား မြတ်နိုးတန်ဖိုးထားရမည်ကို မသိကြချေ။ သူသည် ၎င်းတို့ကို အခွင့်အရေးတစ်ခုပေးသော်လည်း ၎င်းတို့က မလိုချင်ကြ။ ဘုရားသခင်ကို ဩဇာပေးရန် လွယ်သည်၊ သူသည် ခွင့်လွှတ်တတ်သည်၊ မည်သည့်အရာဖြစ်သည်ကို သူ မမြင်၊ မသိဟု ၎င်းတို့ တွေးထင်ကြသည်။ သို့ဖြစ်၍၊ ၎င်းတို့သည် ဘုရားသခင်၏ ယုံကြည်ကိုးစားမှုကို သစ္စာဖောက်လျက်၊ အခြေခံအကျဆုံး လူသား အကျင့်စရိုက်နှင့် အသိစိတ်ပင် ကင်းမဲ့လျက်၊ အလှူငွေများကို မရိုးမဖြောင့် ဖြုန်းတီးပစ်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ယုံကြည်နေကြသေးသနည်း။ ၎င်းတို့သည် ဒုက္ခခံ၍ မယုံကြည်သင့်၊ စာတန်ကိုသာ သွားကိုးကွယ်လိုက်သင့်သည်။ ၎င်းတို့၏ ဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင် အလေးဂရုပြုခြင်း မရှိ။ ၎င်းတို့သည် ထိုက်တန်ခြင်းမရှိပေ။

အသက်မွေးမှုလုပ်ငန်းများကို လက်လွှတ်ခြင်း၊ ပရဟိတလုပ်ငန်းတွင် မပါဝင်ခြင်းနှင့်ဆိုင်သည့် ပထမအကြောင်းအရာအပေါ် ငါတို့ အနည်းနှင့်အများ လုံလုံလောက်လောက် မိတ်သဟာယပြုပြီးဖြစ်သည် မဟုတ်လော။ ဤအကြောင်းအရာအတွင်းတွင် ပါရှိသည့် သမ္မာတရား စည်းမျဉ်းများကို သင်တို့ နားလည်ကြပြီလော။ ဤနေရာတွင် စည်းမျဉ်းများမှာ အဘယ်နည်း။ (စည်းမျဉ်းများမှာ ပရဟိတလုပ်ငန်းကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်က လူသားများကို ပေးထားသည့် တာဝန်မဟုတ်ပါ။ ထိုအရာသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ကယ်တင်ခြင်း လိုက်စားခြင်းနှင့် လုံးဝ ဆက်စပ်မှု မရှိပါ။ လူတစ်ဦးသည် ကောင်းမွန်သည့် လုပ်ဆောင်ချက်အနည်းငယ်ကို လုပ်ဆောင်သည့်အခါ၊ ထိုအရာများသည် ၎င်းတို့၏ တစ်ဦးချင်း အပြုအမူ ထင်ဟပ်မှုတစ်ခုမျှသာ ဖြစ်ပါသည်။) ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းသည် သမ္မာတရားလိုက်စားခြင်းနှင့် ဆက်စပ်မှုမရှိပေ။ ပရဟိတ အလုပ်ကို လုပ်ဆောင်ခြင်းအားဖြင့်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည် သို့မဟုတ် ကယ်တင်ခြင်းကို ရရှိပြီးသည့် တစ်စုံတစ်ဦးဖြစ်သည်ဟု အမှားမှား အယွင်းယွင်း မယုံကြည်လိုက်နှင့်။ ဤသည်မှာ ကြီးမားသည့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် ပရဟိတလုပ်ငန်းကို လုပ်ဆောင်ခြင်း မပါဝင်သကဲ့သို့၊ ပရဟိတ အလုပ်တွင် ပါဝင်ခြင်း မပါဝင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်မှန်းချက်မှာ ကယ်တင်ခြင်း ရရှိရန် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမှုကုသိုလ်များ သို့မဟုတ် ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို စုဆောင်းခြင်းအကြောင်း မဟုတ်၊ ကောင်းမွန်သည့် အရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ပရဟိတအလုပ်ကို မွေ့လျော်ခြင်းအကြောင်း မဟုတ်သကဲ့သို့ ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းအကြောင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းနှင့် ဆက်စပ်မှုမရှိ။ ထိုအရာသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခြင်းအကြောင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၌ ယုံကြည်ခြင်းသည် ပရဟိတလုပ်ငန်းကို လုပ်ဆောင်ခြင်း သို့မဟုတ် ပရဟိတအလုပ်တွင် ပါဝင်ခြင်းနှင့် ပတ်သက်သည်၊ သို့မဟုတ် ပရဟိတလုပ်ငန်းကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းနှင့် ညီမျှသည်ဟူသော လူတို့၏ စိတ်ကူးများသည် အားလုံး ဆိုးဆိုးရွားရွား မှားယွင်းပေသည်။ သင် မည်သည့် ပရဟိတလုပ်ငန်းတွင် ပါဝင်သည်ဖြစ်စေ၊ ပရဟိတလုပ်ငန်းနှင့် ဆက်စပ်သည့် မည်သည့်အရာများကိုမဆို သင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအရာများက သင့်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်စားပြုရုံမျှ ကိုယ်စားပြုပေသည်။ ထိုအရာများသည် ရံဖန်ရံခါဖြစ်သော လုပ်ရပ်များ သို့မဟုတ် အသက်မွေးမှုလုပ်ငန်းတစ်ခုအဖြစ် သင် ပါဝင်သည့် တစ်စုံတစ်ရာဖြစ်သည်ဖြစ်စေ၊ ဤအရာများသည် သင်၏ ကိုယ်ပိုင် အပြုအမူကောင်းကို ထင်ဟပ်ရုံမျှထင်ဟပ်စေပေသည်။ ဤအပြုအမူသည် ဘာသာတရားတစ်ခု၊ လူမှုရေး အပြုအမူ သို့မဟုတ် ကိုယ်ကျင့်စရိုက် စံများနှင့် ဆက်စပ်မှု ရှိကောင်းရှိနိုင်သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် လုံးဝ ဆက်စပ်မှု မရှိသကဲ့သို့၊ သူ၏ သတ်မှတ်ချက်များနှင့် မည်သည့် ပတ်သက်မှုမျှ လုံးဝ မရှိပေ။ မည်သို့ဆိုစေ တစ်ဖန်၊ အကြင်သူသည် ပရဟိတလုပ်ငန်းကို အဘယ်ကြောင့် မလုပ်ဆောင်သင့်သနည်း။ ဘုရားသခင်သည် လူတို့အပေါ် သနားကရုဏာထားသည့်၊ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာရှိသော ဘုရားသခင် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို သနားသောဗကြာင့် ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ ကုသိုလ်ဖြစ် လုပ်ဆောင်ချက်များကို ဂုဏ်မပြုသနည်း။ ပရဟိတလုပ်ငန်း လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ဂုဏ်ပြုခြင်းကို အဘယ်ကြောင့် မရရှိသနည်း။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ လူတို့အား ပရဟိတလုပ်ငန်းကို မလုပ်ဆောင်ရန် တောင်းဆိုခြင်းသည် ဘုရားသခင်က လူသားမျိုးနွယ်ကို မချစ်သည့် လက္ခဏာတစ်ခု ဖြစ်သလော။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရှိသည့် သနားခြင်းနှင့် ဆန့်ကျင်ကွဲလွဲသည် မဟုတ်လော။ (မဆန့်ကျင့်ပါ။) အဘယ်ကြောင့် မဆန့်ကျင်သနည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့အတွက် စည်းမျဉ်းများရှိပြီး၊ သူ၏ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာသည် သတ်သတ်မှတ်မှတ်ဖြစ်သော လူတစ်ဦးချင်းအတွက် ရည်ရွယ်သောကြောင့်ဖြစ်သည်။ သူသည် ထိုအရာများကို သမ္မာတရားအား လက်ခံသူ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်စွာ နောင်တရသူတို့အား ပေးပါသည်။ သမ္မာတရားကို လက်မခံနိုင်သည့် ယုံကြည်ခြင်းမရှိသူများအနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်က ကယ်တင်ရန် ရည်ရွယ်သူများ မဟုတ်ပါ။) ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့အတွက် စည်းမျဉ်းများရှိပြီး၊ သူ၏ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို သတ်သတ်မှတ်မှတ်ဖြစ်သော လူတစ်ဦးချင်းအတွက် ရည်ရွယ်သည်။ ဆက်ပြောလော့၊ အခြားမည်သည့်အရာ ရှိသေးသနည်း။ ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့ကြား ဆက်စပ်မှုတစ်ခု ရှိသလော။ (မရှိပါ။) သို့ဆိုလျှင်၊ ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကွဲပြားဆန့်ကျင်သလော။ ပရဟိတအလုပ် ပုံစံတစ်ခုတလေတွင် ပါဝင်သည့်အခါ၊ လူတို့သည် အချိန်၊ အားအင်နှင့် ငွေကြေးကိုပင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည် မဟုတ်လော။ သင်သည် ပရဟိတအလုပ်တွင် ပါဝင်သည့်အခါ၊ အလုပ်ကို ချိန်ဆခြင်း သို့မဟုတ် စဉ်းစားခြင်းမရှိဘဲ ထိုအတွက် ပါးစပ်ပြောမျှသာ လုပ်ဆောင်၍မရပေ။ ထိုအရာကို အလုပ်အကိုင်တစ်ခုအဖြစ် စစ်မှန်စွာ သင် သဘောထားပါက၊ အချိန်၊ အားအင်နှင့် အတော်အတန်များသော ငွေပမာဏကိုပင် ရင်းနှီးမြှုပ်နှံရန် ဧကန်မုချ သင် လိုအပ်လိမ့်မည်။ သင်သည် အချိန်၊ အားအင်နှင့် ငွေကြေးကို ရင်းနှီးမြှုပ်နှံလိုက်သည်နှင့်၊ သင် လုပ်ဆောင်နေသည့် ပရဟိတအလုပ်ဖြင့် သင် ချည်နှောင်ခြင်းခံရကာ ထိန်းချုပ်ခံရမည် မဟုတ်လော။ သင်သည် သမ္မာတရား လိုက်စားရန် အားအင် ရှိလိမ့်ဦးမည်လော။ သင်၏ တာဝန်ကို ဖြည့်ဆည်းရန် အားအင် ရှိလိမ့်ဦးမည်လော။ (ရှိမည်မဟုတ်ပါ။) ဘဝတွင် အသက်မွေးမှုလုပ်ငန်းတစ်ခုကို သင် လိုက်စားသည့်အခါ၊ မည်သည့် အသက်မွေးမှုလုပ်ငန်းတွင် သင် ပါဝင်သည်ဖြစ်စေ၊ ထိုအရာကို သင် အချိန်ပြည့်လုပ်ဆောင်ပါက၊ သင်၏ တစ်သက်တာ အားအင်နှင့် သင့်ဘဝတစ်ခုလုံးကို သင် မလွဲမသွေ ရင်းနှီးမြှုပ်နှံကာ စွန့်လွှတ်စတေးရလိမ့်မည်ဖြစ်သည်။ ထိုအရာက သင်၏ အိမ်၊ သင်၏ ခံစားချက်များ၊ သင်၏ သွေးသား ပျော်ရွှင်မှုများနှင့် သင်၏ အချိန်တို့ကို ဆုံးရှုံးစေလိမ့်မည်။ အလားတူစွာ၊ သင်သည် ပရဟိတလုပ်ငန်းကို အလုပ်အကိုင်တစ်ခုအဖြစ် အမှန်တကယ် သဘောထားကာ လျော်ညီစွာ ဆောင်ရွက်ပါက၊ သင်၌ ရှိသမျှ အချိန်နှင့် အားအင်တို့သည် ထိုအရာ၌ နစ်မြှုပ်သွားလိမ့်မည်။ လူတစ်ဦးချင်းတွင် ကန့်သတ်ချက်ရှိသော အားအင်ပမာဏာတစ်ခု ရှိ၏။ သင်သည် ပရဟိတလုပ်ငန်း၏ ထိန်းချုပ်ခြင်းခံရပြီး၊ တန်းတူညီမျှဖြစ်ပြီး မျှတသည့် ပုံစံဖြင့် ပရဟိတလုပ်ငန်းနှင့် ဘုရားသခင်၌ သင်၏ ယုံကြည်မှုနှစ်ခုလုံးကို သင် ထည့်သွင်းစဉ်းစားလိုသည့်အပြင်၊ နှစ်ခုလုံးကို ကောင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိပါက၊ ဤသည်မှာ လွယ်ကူသည့် အလုပ်တစ်ခုဖြစ်လိမ့်မည် မဟုတ်ပေ။ သင်သည် ဤအရာနှစ်ခုကို တစ်ချိန်တည်းတွင် ဟန်ချက်ညီအောင် ထိန်းလိုသော်လည်း၊ သင် မလုပ်ဆောင်နိုင်ပါက၊ ရွေးချယ်မှုတစ်ခုကို သင် ပြုလုပ်ရမည်ဖြစ်သည်။ မည်သည့်အရာကို ထိန်းသိမ်းပြီး မည်သည့်အရာကို စွန့်ပစ်ရမည်ဆိုသည်ကို သင် ရွေးချယ်ရမည်ဆိုပါက၊ မည်သို့ သင် ဆုံးဖြတ်လိမ့်မည်နည်း။ အဓိပ္ပာယ်ရှိဆုံးနှင့် အဖိုးအတန်ဆုံးသော အားထုတ်မှုကို ဆောင်ရွက်ရန် သင် ရွေးချယ်သင့်သည် မဟုတ်လော။ ထို့နောက် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းနှစ်ခုလုံးက သင့်ဘဝတွင် တစ်ချိန်တည်း ဖြစ်ပေါ်ပါက၊ မည်သည့် ရွေးချယ်မှုကို သင် ပြုလုပ်သင့်သနည်း။ (ဘုရားသခင်ကို ယုံကြည်ရန် ကျွန်ုပ် ရွေးချယ်သင့်ပါသည်။) လူအများစုသည် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်ကြသည် မဟုတ်လော။ သင်တို့အားလုံး ထိုရွေးချယ်မှု ပြုလုပ်ကြသည်ကို မြင်ရသည့်အခါ၊ ဘုရားသခင်သည် လူတို့အား ပရဟိတလုပ်ငန်းတွင် ပါဝင်ခွင့်မပေးသည်မှာ အတော်လေး ပုံမှန်ဖြစ်သည် မဟုတ်လော။ (ပုံမှန်ဖြစ်ပါသည်။) ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းသည် သက်ရှိသတ္တဝါများစွာကို ကူညီကာ လူများစွာကို အာဟာရ ထောက်ပံ့ပေးပြီးဖြစ်သော်လည်း၊ နောက်ဆုံးတွင် ထိုအရာမှ မည်သည့်အရာကို သင် ရရှိလိမ့်မည်နည်း။ သင်သည် သင်၏ ဝင့်ဝါမှုကို ဖြည့်ဆည်းနေမိလိမ့်မည်။ ဤသည်မှာ တစ်စုံတစ်ရာကို အမှန်တကယ် ရရှိခြင်းဖြစ်သလော၊ ပြီးလျှင် သင် ရရှိသင့်သည့်အရာ ဖြစ်သလော။ သင်၏ စိတ်ကူးယဉ်သည် အကောင်အထည်ပေါ်ပြီးဖြစ်လိမ့်မည်၊ သင်၏ တန်ဖိုးသည် ထင်ရှားပြီးဖြစ်လိမ့်မည်၊ ထိုမျှသာဖြစ်၏။ သို့ရာတွင် ဤသည်မှာ ဘဝတွင် သင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်း ဖြစ်သလော။ (မဟုတ်ပါ။) နောက်ဆုံးတွင် ထိုအရာမှ မည်သည့်အရာကို သင် ရရှိလိမ့်မည်နည်း။ (အနှစ်မဲ့ခြင်း ဖြစ်ပါသည်။) မည်သည့်အရာကိုမျှ သင် လုံးဝ ရရှိလိမ့်မည် မဟုတ်။ သင်၏ ဝင့်ဝါမှုသည် ခဏတာ ဖြည့်ဆည်းခံရလိမ့်မည်၊ သင်သည် အခြားသူများထံမှ ချီးမွမ်းခြင်း အနည်းငယ် သို့မဟုတ် လူမှုအဖွဲ့အစည်းတွင် ဆုတံဆိပ်များနှင့် ဂုဏ်ပြုခြင်းများ ရရှိလိမ့်မည်ဖြစ်သော်လည်း၊ ထိုမျှသာဖြစ်ပြီး၊ သင်၏ အားအင်နှင့် အချိန်အားလုံး သုံးပစ်ခံရပြီးဖြစ်လိမ့်မည်။ မည်သည့်အရာကို သင် ရရှိပြီး ဖြစ်လိမ့်မည်နည်း။ ဂုဏ်ပြုခြင်း၊ ကောင်းမွန်သည့် နာမည်ဂုဏ်သတင်းတစ်ခုနှင့် ထောမနာပြုခြင်းတို့ ဖြစ်သည်။ ဤအရာများအားလုံးသည် အနှစ်မဲ့သော အရာများဖြစ်၏။ သို့ရာတွင်၊ လူတို့ သဘောပေါက်သင့်သည့် သမ္မာတရားများနှင့် ဤဘဝတွင် ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းများသည် ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းမျှဖြင့် နားလည်နိုင်သည်မဟုတ်၊ ရရှိနိုင်သည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကွဲပြားခြားနား၏။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံပြီး သမ္မာတရားကို လိုက်စားပါက၊ သင်၏ အချိန်နှင့် အားအင် ရင်းနှီးမြှုပ်နှံခြင်းတို့သည် ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် ရလဒ်များ ဖြစ်ထွန်းလိမ့်မည်ဖြစ်သည်။ လူတို့ သဘောအပေါက်သင့်ဆုံးသော အရာများဖြစ်သည်၊ လူတို့ အသက်ရှင်သင့်သည့် ပုံစံ၊ ဘုရားသခင်ကို ၎င်းတို့ ကိုးကွယ်သင့်သည့်ပုံစံ၊ မတူကွဲပြားသည့် ကိစ္စရပ်များကို ၎င်းတို့ ရှုမြင်သည့်ပုံစံ၊ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ မည်သည့် ရှုထောင့်အမြင်များနှင့် ရပ်တည်ချက်တို့ကို ၎င်းတို့ ရှိသင့်သည်၊ ကျင့်ကြံပြုမူရန် အမှန်ကန်ဆုံးနည်းလမ်းက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ဖန်ဆင်းရှင် ဂုဏ်ပြုမည့် နည်းလမ်းဖြင့်၊ သင့်တင့်လျောက်ပတ်သော လမ်းကြောင်းကို အကြင်သူ လျှောက်လှမ်းနေသည်ဟု ဆိုလိုသည့် နည်းလမ်းဖြင့် မည်သို့ ကျင့်ကြံပြုမူရမည်ဆိုသည်တို့ကို သင် သိရှိပြီး နားလည်ပါက၊ ဤသည်မှာ သင့်တင့်လျောက်ပတ်သည့် လမ်းကြောင်းဖြစ်ပြီး အမှန်တကယ် တစ်စုံတစ်ရာကို ရရှိနေခြင်း ဖြစ်သည်။ သင့်ဘဝအတွင်းတွင်၊ သင်သည် မယုံကြည်သူများ မသင်ယူနိုင်သည့်အရာများစွာ၊ လူ့သဘာဝရှိသည့် တစ်စုံတစ်ဦး ပိုင်ဆိုင်သင့်သည့် အရာများကို ရရှိပြီးဖြစ်လိမ့်မည်။ ဤအရာများသည် ဘုရားသခင်ထံမှ၊ သမ္မာတရား ထံမှလာပြီး၊ ထိုအရာများသည် သင့်အသက်ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤအရာမှ၊ သင်သည် သမ္မာတရားကို မိမိ၏ အသက်အဖြစ် ခံယူသည့် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ သင်၏ ဘဝသည် အနှစ်မဲ့တော့မည်မဟုတ်သကဲ့သို့၊ သင်သည် ဇဝေဇဝါဖြစ်တော့မည်မဟုတ် သို့မဟုတ် ဝေခွဲမရဖြစ်တော့မည် မဟုတ်ပေ။ ဤအရာများသည် သာ၍ မြင့်မားပြီး သာ၍ အဖိုးတန်သော အကျိုးအမြတ်များဖြစ်သည် မဟုတ်လော။ ထိုအရာများသည် ခဏတာ သင်၏ ဝင့်ဝါမှုကို ဖြည့်ဆည်းရန် ကုသိုလ်ဖြစ်အလုပ်အချို့ကို လုပ်ဆောင်ခြင်းထက် ပို၍ အဖိုးတန်သည် မဟုတ်လော။ (အဖိုးတန်ပါသည်။) သမ္မာတရားနှင့် လူတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းပါဝင်သည့် ဤအကျိုးအမြတ်များသည် သင့်အား အသစ်သော အသက်ကို ပေးလိမ့်မည်။ ဤအသစ်သော အသက်နှင့် နှိုင်းယှဉ်၍ရနိုင်သည့်အရာ လူ့လောကတွင် မည်သည့်အရာမျှ မရှိသကဲ့သို့ မည်သည့်အရာမျှက ထိုအရာကို အစားမထိုးနိုင်ပေ။ ဤအသစ်သော အသက်သည် တန်ဖိုးဖြတ်မရသကဲ့သို့ ထာဝရဖြစ်သည်။ ထိုအရာသည် သင်၏ အချိန်၊ အားအင်နှင့် ငယ်ရွယ်မှုတို့ကို ရည်စူးအပ်နှံပြီးနောက်၊ အဖိုးအခတစ်ခုခုကို သင် ပေးကာ အချို့သော စွန့်လွှတ်စတေးမှုများကို ပြုလုပ်ပြီးနောက်တွင် သင် ရရှိသည့် တစ်စုံတစ်ရာ ဖြစ်သည်။ ထိုအရာသည် ထိုက်တန်သည် မဟုတ်လော။ ဧကန်မုချ အထိုက်တန်ဆုံး ဖြစ်၏။ သို့ရာတွင် ပရဟိတလုပ်ငန်းတွင် သင် ပါဝင်ပါက မည်သည့်အရာကို သင် ရရှိလိမ့်မည်နည်း။ မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ထိုဂုဏ်များနှင့် ဆုတံဆိပ်များသည် အကျိုးအမြတ်များ မဟုတ်။ အခြားသူများ၏ ထောက်ခံမှုနှင့် အတည်ပြုချက်၊ သင်သည် လူကောင်းတစ်ဦး သို့မဟုတ် ကြီးမြတ်သည့် ပရဟိတအလှူရှင်ဖြစ်သည်ဟု အခြားသူများက ပြောဆိုခြင်း- ဤအရာများကို အကျိုးအမြတ်များအဖြစ် ယူဆနိုင်သလော။ (ယူဆမရနိုင်ပါ။) ဤအရာများအားလုံးသည် ယာယီဖြစ်သော အရာများဖြစ်ပြီး၊ မကြာမီ အချိန်နှင့်အတူ လွင့်ပျောက်သွားလိမ့်မည်။ ဤအရာများကို သင် မဆုပ်ကိုင်နိုင်တော့သည့်အခါ၊ ယင်းတို့ကို သင် မခံစားနိုင်တော့သည့်အခါ၊ သင်သည် နောင်တနှင့် ပြည့်ကာ၊ “ကျွန်ုပ်ဘဝတွင် မည်သည့်အရာကို ကျွန်ုပ်လုပ်မိလေပြီနည်း။ ကြောင်နှင့် ခွေးအနည်းငယ်ကို ကျွန်ုပ် ဂရုစိုက်ခဲ့သည်၊ မိဘမဲ့အချို့ကို မွေးစားခဲ့သည်၊ ကောင်းမွန်သည့် ဘဝများ အသက်ရှင်ရန်၊ စားဖို့ ကောင်းမွန်သော အစားအစာနှင့် ဝတ်ဆင်ဖို့ အဝတ်းအစားကောင်းများရှိရန် ဆင်းရဲနုံချာသော လူအမျို့ကို ကူညီခဲ့သည်၊ သို့သော် ကျွန်ုပ် အဘယ်သို့ဖြစ်သနည်း။ မည်သည့်အရာအတွက် ကျွန်ုပ် အသက်ရှင်လေပြီနည်း။ သူတို့အတွက်သာ ကျွန်ုပ် အသက်ရှင်မိပြီများ ဖြစ်နိုင်သလော။ ယင်းမှာ ကျွန်ုပ်၏ တာဝန်လော။ ဤသည်မှာ ကောင်းကင်ဘုံက ကျွန်ုပ်ကို ပေးအပ်ထားသည့် တာဝန်ဖြစ်သလော။ ဤသည်မှာ ကောင်းကင်ဘုံက ကျွန်ုပ်ကို ပေးအပ်ထားသည့် ဝတ္တရားဖြစ်သလော။ မုချမဟုတ်ပါ။ သို့ဆိုလျှင်၊ လူတစ်ဦးသည် ဤဘဝတွင် မည်သည့်အရာအတွက် အသက်ရှင်ပါသနည်း။ လူတို့သည် မည်သည့်နေရာမှ ရောက်လာပြီး အနာဂတ်တွင် မည်သည့်နေရာသို့ သွားကြသနည်း။ ဤအခြေခံအကျဆုံးသော ကိစ္စများကို ကျွန်ုပ် နားမလည်ပါ”ဟု ဆိုလိမ့်မည်။ ထို့ကြောင့် ဤအဆင့်သို့ သင် ရောက်ရှိသည့်အခါ၊ ထိုဂုဏ်ပြုခြင်းများသည် အကျိုးအမြတ်များမဟုတ်ကြောင်းနှင့် ယင်းတို့သည် အပြင်ပန်း အရာများသာဖြစ်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုနေ့ထိတိုင် ပရဟိတလုပ်ငန်းကို လုပ်ဆောင်သည့်နောက်တွင်ဖြစ်စေ၊ ထိုချီးကျူးဂုဏ်ပြုခြင်းများအားလုံး ရရှိသည့်နောက်တွင်ဖြစ်စေ၊ မည်သည့်ကိစ္စတွင်မဆို၊ သင်၏ အတွင်းပိုင်း အသက်တာ ပြောင်းလဲမည်မဟုတ်သေးသည်နှင့်အမျှ၊ သင်သည် ပရဟိတလုပ်ငန်းတွင် မပါဝင်ခဲ့ပါက မပြောင်းလဲသည့်လူ ဖြစ်ခဲ့မည်ဖြစ်သောကြောင့် ဖြစ်သည်။ သင် နားမလည်သည့်အရာများသည် သင့်အဖို့ မသိရှိရဘဲ ရှိနေဦးမည်ဖြစ်သည်၊ သင်သည် အတွေးရခက်ကာ ဇဝေဇဝါဖြစ်လိမ့်ဦးမည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် သာ၍ ဇဝေဇဝါဖြစ်ကာ သာ၍ စိတ်ရှုထွေးလိမ့်မည်သာမက၊ သာ၍ စိတ်မသက်မသာလည်း ဖြစ်လိမ့်မည်။ ဤအချိန်တွင်၊ နောင်တတရားများအတွက် အလွန် နောက်ကျသွားလိမ့်မည်။ သင်၏ ဘဝက ကုန်လွန်ပြီးဖြစ်လိမ့်မည်၊ သင်၏ အကောင်းဆုံး အချိန်များ ကုန်ဆုံးလိမ့်မည်ဖြစ်ပြီး၊ မှားယွင်းသည့် လမ်းကြောင်းကို သင် ရွေးချယ်မိပြီးဖြစ်လိမ့်မည်။ ထို့ကြောင့်၊ ပရဟိတအလုပ်တွင် ပါဝင်ရန် ဆုံးဖြတ်ချက် သင် မပြုလုပ်မီတွင်၊ သို့မဟုတ် ပရဟိတအလုပ်ကို သင် စလုပ်ရုံသာရှိသေးချိန်တွင်၊ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်း ရရှိရန် ဆန္ဒရှိပါက၊ ထိုသို့သော စိတ်ကူးများကို သင် လက်လွှတ်သင့်၏။ ဤအလုပ်နှင့် ဆက်စပ်သည့် လှုပ်ရှားမှုများအားလုံးကိုလည်း သင် လက်လွှတ်သင့်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ် စိတ်ပါလက်ပါ ခြေစုံပစ်ဝင်သင့်သည်မှာ အမှန်ဖြစ်၏။ အဆုံးတွင်၊ သင် ရရှိပြီး ဆည်းပူးမိသည့်အရာသည် သင် ကနဦး စိတ်ကူးထားသလောက် များပြားခြင်း သို့မဟုတ် လက်ဆုပ်လက်ကိုင်ပြနိုင်ခြင်း မရှိလျှင်ပင်၊ အနည်းဆုံးအနေဖြင့် သင် နောင်တနှင့် ပြည့်မည်မဟုတ်။ မည်မျှ နည်းပါးစွာ သင် ရရှိသည်ဖြစ်စေ၊ သခင်ကို ယုံကြည်လျက် ဘာသာတရားထဲတွင် မိမိတို့ ဘဝတစ်ခုလုံးကို ကုန်ဆုံးစေကြပြီးဖြစ်သူများ ရရှိလိမ့်မည်အရာထက် ပိုသာနေလိမ့်ဦးမည်ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်၏။ ထို့ကြောင့်၊ အသက်မွေးမှုလုပ်ငန်းတစ်ခုကို ရွေးချယ်နေစဉ်တွင်၊ တစ်နည်းအားဖြင့်၊ လူတို့သည် ပရဟိတလုပ်ငန်းတွင် ပါဝင်ရန်ဖြစ်သော မိမိတို့၏ စိတ်ကူးများနှင့် အစီအစဉ်များကို လက်လွှတ်ရန် လိုအပ်သည်။ နောက်တစ်နည်းအားဖြင့်၊ မိမိတို့၏ အတွေးများနှင့် စပ်လျဉ်း၍ မိမိတို့၏ အယူအဆများကိုလည်း ၎င်းတို့ ပြုပြင်သင့်ကြသည်။ ပရဟိတလုပ်ငန်းတွင် ပါဝင်ကြသည့် လူမှုအဖွဲ့အစည်းထဲ ရှိသူများကို ၎င်းတို့ အားကျရန် သို့မဟုတ် “အခြားလူများကို ကူညီနေစဉ် ၎င်းတို့ မည်မျှ မြင့်မြတ်ပြီး ကိုယ်ကျိုးမငဲ့ ပြုမူဆောင်ရွက်ကြသည်ကို ကြည့်ပါ။ ကျွန်ုပ်တို့ အဘယ်ကြောင့် ကိုယ်ကျိုးမစွန့်နိုင်ကြပါသနည်း။ ထိုအရာကို ကျွန်ုပ်တို့ အဘယ်ကြောင့် မစွမ်းဆောင်နိုင်ပါသနည်း”ဟု ဆိုလျက် ထိုသူများ မည်မျှ ကိုယ်ကျိုးမငဲ့၊ ကြီးမြတ်၊ မြင့်မြတ်ပြီး၊ ကိုယ်ကျိုးစွန့်ကြသည်ကို စဉ်းစားရန် မလိုအပ်ပေ။ ပထမဦးစွာ၊ ထိုသူများကို သင် အားကျရန် မလိုအပ်။ ဒုတိယအနေဖြင့်၊ မိမိကိုယ်ကိုယ် သက်သေပြရန် မလိုအပ်ပေ။ ဘုရားသခင်သည် ၎င်းတို့ကို မရွးချယ်ခဲ့ပါက၊ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် တာဝန်များနှင့် လိုက်စားမှုများ ရှိပေသည်။ မည်သည့်အရာကို ၎င်းတို့ လိုက်စားသည်ကို ပဓာနမထားဘဲ၊ ထိုအရာက ကျော်ကြားမှုနှင့် အကျိုးအမြတ်ဖြစ်စေ၊ သို့မဟုတ် မိမိတို့ကိုယ်ပိုင် စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို အကောင်အထည်ဖော်ခြင်းဖြစ်စေ၊ ယင်းကို သင် စိတ်ဝင်စားရန် မလိုအပ်ပေ။ သင် ပူပန်ရမည့်အရာမှာ မည်သည့်အရာကို သင် လိုက်စားသင့်ပြီး မည်သည့် လမ်းကြောင်းမျိုး သင် လိုက်လျှောက်သင့်သည်ဆိုသည်တို့ ဖြစ်သည်။ လက်တွေ့အကျဆုံးသော ကိစ္စမှာ ဘုရားသခင်သည် သင့်ကို ရွေးချယ်ပြီးဖြစ်ကာ သင်သည် ဘုရားအိမ်တော်ထဲသို့ ရောက်လာပြီးဖြစ်သကဲ့သို့ အသင်းသားတစ်ဦး ဖြစ်သည့်အတွက်၊ ထို့အပြင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသူများ၏ အဆင့်များတွင် သင် ရှိသည်နှင့်အမျှ၊ သင်၏ တာဝန်ကို ဖြည့်ဆည်းနေစဉ် ကယ်တင်ခြင်း လမ်းကြောင်းပေါ် မည်သို့ အစပြုရမည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရား စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ပြီး၊ သင်၏ လိုက်စားမှုများနှင့် သင် ပေးသည့် အဖိုးအခမျိုးမျိုးမှတစ်ဆင့် သင့်အထဲတွင် နှုတ်ကပတ်တော်များ ဖြစ်တည်ကာ သင်၏ အသက်ဖြစ်လာသည်ဆိုသည်တို့ကို သင် အချိန်ယူတွေးဆသင့်သည်။ သိပ်အလှမ်းမဝေးသည့် အနာဂတ်တွင်၊ ဘုရားသခင်ကို သင် ပထမဆုံး ယုံကြည်လာခဲ့ချိန်တွင် သင် ရှိခဲ့သည့် အခြေအနေကို ပြန်ကြည့်သည့်အခါ၊ သင်၏ အတွင်း အသက်တာ ပြောင်းလဲပြီးဖြစ်သည်ကို သင် တွေ့ရှိရလိမ့်မည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် မိမိ၏ ဘဝကို အခြေခံသည့် လူတစ်ဦး ဖြစ်တော့မည် မဟုတ်။ သင်သည် တစ်ချိန်က ဖြစ်ခဲ့သည့်အတိုင်း၊ မိမိကိုယ်ကို ပြိုင်ဘက်ကင်းဟု တွေးထင်သည့် မာနထောင်လွှားသည့်၊ မသိနားမလည်၊ ကြမ်းကြုတ်ပြီး မိုက်မဲသည့် လူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်တော့ပေ။ ထိုအစား၊ ဘုရားနှုတ်ကပတ်တော်သည် သင်၏ အသစ်သော အသက်ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ လမ်းခရီးအား မည်သို့ လိုက်လျှောက်ရမည်ဆိုသည်ကို သင် သိရှိလိမ့်မည်ဖြစ်ပြီး၊ ဘဝတွင် သင် ကြုံရသည့် အရာတိုင်းကို ဘုရားသခင်၏ အလိုတော်အတိုင်းနှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ကို သင် သိရှိလိမ့်မည်။ သင်သည် ထိုသို့သော စဉ်းစားချင့်ချိန်ပြီး လက်တွေ့ကျသော ပုံစံဖြင့် နေ့စဉ် အချိန်ကုန်ဆုံးလိမ့်မည်ဖြစ်ပြီး၊ သင် လုပ်ဆောင်သည့်အရာတိုင်းတွင် တိကျသည့် ရည်မှန်းချက်နှင့် ဦးတည်ချက်တစ်ခု ရှိလိမ့်မည်။ သင် လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာကို သင် သိလိမ့်မည်။ ဤအရာအားလုံး သင့် စိတ်ထဲတွင် လုံးဝ ရှင်းလင်းနေလိမ့်မည်။ သင်၏ နေ့စဉ်ဘဝသည် စိတ်ရှုပ်ဖွယ်ရာ၊ မောပန်းနွမ်းနယ်ဖွယ်ရာ သို့မဟုတ် စိတ်ဓာတ်ကျဖွယ်ရာ ဖြစ်မည် မဟုတ်ပေ။ ယင်းအစား အလင်းနှင့် ပြည့်နေလိမ့်မည်၊ ရည်မှန်းချက်ပန်းတိုင်များနှင့် ဦးတည်ချက်တစ်ခုရှိလိမ့်မည်။ တစ်ချိန်တည်းတွင် သင့်စိတ်နှလုံးတွင် စိတ်ဓာတ်ခွန်အားတစ်ခု သင် ခံစားရလိမ့်မည်။ သင် ပြောင်းလဲပြီးဖြစ်ကြောင်း၊ အသစ်သော အသက်ကို ရရှိပြီးဖြစ်ကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို မိမိ၏ အသက်ဖြစ်စေပြီးသည့် လူတစ်ဦး ဖြစ်လာပြီဖြစ်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ ကောင်းသည် မဟုတ်လော။ (ကောင်းပါသည်။) အသက်မွေးမှုလုပ်ငန်းများကို လက်လွှတ်ခြင်းနှင့်ဆိုင်သည့် အကြောင်းအရာအတွင်းရှိ ပထမဆုံးစည်းမျဉ်းဖြစ်သော ပရဟိတလုပ်ငန်းတွင် မပါဝင်ခြင်းနှင့် ပတ်သက်သည့် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်။

မိမိ၏ အသက်မွေးမှုလုပ်ငန်းကို လက်လွှတ်ခြင်း အကြောင်းအရာ၏ ဒုတိယ စည်းမျဉ်းမှာ အဘယ်နည်း။ အစားအစာနှင့် အဝတ်အစားတို့ဖြင့် ရောင့်ရဲခြင်း ဖြစ်သည်။ လူမှုအဖွဲ့အစည်းတွင် ရှင်သန်ရန်အလို့ငှာ လူတို့သည် မိမိတို့၏ နေ့စဉ်အစားအစာနှင့် အသက်မွေးဝမ်းကျောင်းစရိတ်များအတွက် ရင်းမြစ်နှင့် လုံခြုံမှုရှိကြောင်း သေချာစေရင်း၊ မိမိတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ထောက်ပံ့ရန် သမဝါယမစိုက်ထုတ်မှု သို့မဟုတ် အလုပ်အမျိုးမျိုးတွင် ပါဝင်ကြသည်။ သို့ဖြစ်၍၊ ထို့ကြောင့် သူတို့သည် သာ၍ နိမ့်ကျသည့် လူတန်းစားများဖြစ်စေ၊ အဆင့်အနည်းငယ်မြင့်သည်ဖြစ်စေ လူတို့သည် အလုပ်အကိုင် အမျိုးမျိုးမှတစ်ဆင့် မိမိတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ထောက်ပံ့ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် အသက်မွေးမှုလုပ်ငန်းကို ထိန်းသိမ်းရန်ဖြစ်သည့်အတွက်၊ အတော်လေး ရိုးစင်း၏။ နေထိုင်ရန် နေရာတစ်ခု ရှိခြင်း၊ တစ်နေ့လျှင် အစားအစာသုံးနှပ်စားခြင်း၊ အသားစားလိုပါက အခါအားလျော်စွာ အသားစားနိုင်ခြင်း၊ အလုပ် ပုံမှန်သွားခြင်း၊ ဝင်ငွေတစ်ခု ရှိခြင်း၊ အဝတ်စုတ်များဖြင့် ဟိုသည် မသွားရခြင်း သို့မဟုတ် လုံလောက်သည့် အာဟာရ ရရနိုင်မှု မရှိခြင်း- ထိုမျှသည် လုံလောက်ပေသည်။ ထိုအရာများသည် ဘဝတွင် လူတို့၏ အခြေခံ လိုအပ်ချက်များဖြစ်သည်။ အကြင်သူသည် ဤအခြေခံလိုအပ်ချက်များကို ရရှိသည့်အခါ၊ အစားအစာနှင့် နွေးထွေးမှုကို ရရှိရန် အတော်အတန် လွယ်ကူသည် မဟုတ်လော။ ထိုအရာသည် ၎င်းတို့၏ အစွမ်းအစ နယ်ပယ်အတွင်းတွင်ရှိသည် မဟုတ်လော။ (ရှိပါသည်။) ထို့ကြောင့်၊ အကြင်သူ၏ အသက်မွေးမှုလုပ်ငန်းသည် အစားအစာနှင့် နွေးထွေးမှုအတွက်၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်းအတွက် လုံးဝဥဿုံဖြစ်ပါက၊ မည်သည့် အသက်မွေးမှုလုပ်ငန်းတွင် ၎င်းတို့ ပါဝင်သည်ကို ပဓာနမထားဘဲ၊ ထိုအလုပ်သည် တရားဝင်ဖြစ်သရွေ့၊ လူ့သဘာဝ စံနှုန်းများနှင့် ယေဘုယျအားဖြင့် ကိုက်ညီလိမ့်မည်ဖြစ်သည်။ လူ့သဘာဝ စံနှုန်းများနှင့် ကိုက်ညီသည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်အကိုင်တွင် ပါဝင်ခြင်းနောက်ကွယ်တွင် သင်၌ ရှိသည့် စေ့ဆော်မှု၊ ရည်ရွယ်ချက်နှင့် အကြောင်းရင်းဆို့သည် အသက်မွေးဝမ်းကျောင်းကို ထိန်းသိမ်းခြင်းထက်ပို၍၊ ကိစ္စ သို့မဟုတ် စိတ်ကူးတစ်ခုတလေနှင့် မည်သည့် ပတ်သက်မှုမျှမရှိသောကြောင့် ဖြစ်သည်။ လုံလုံလောက်လောက် စားရန်ရှိခြင်း၊ ဝတ်ဆင်ရန် နွေးထွေးသည့် အဝတ်အစားများ လုံလုံလောက်လောက် ရှိခြင်းနှင့် သင်၏ မိသားစုကို ထောက်ပံ့နိုင်ခြင်းအတွက် သက်သက် ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ အခြေခံ လိုအပ်ချက်များဖြစ်သည်။ ဤအခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးခြင်းခံရသည်နှင့်၊ လူတို့သည် အခြေခံကျသော ဘဝ၏ အရည်အသွေးကို မွေ့လျော်ခံစားနိုင်ကြသည်။ ၎င်းတို့သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်သည့်အခါ၊ ပုံမှန် ဖြစ်တည်မှုတစ်ခုကို ထိန်းသိမ်းနိုင်ကြသည်။ ပုံမှန် ဖြစ်တည်မှုတစ်ခုကို ထိန်းသိမ်းနိုင်ခြင်းသည် လူတစ်ဦးအတွက် လုံလောက်သည် မဟုတ်လော။ ဤသည်မှာ လူ့သဘာဝ အပိုင်းအခြားအတွင်း လူတို့ စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင်၏ ကိုယ်ပိုင် ဘဝအတွက် တာဝန်ရှိသည်၊ သင့်ပခုံးပေါ် ထိုအရာကို သင် ထမ်းထားရသည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ လိုအပ်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤအရာကို စွမ်းဆောင်ရရှိရန် သင့်အတွက် လုံလောက်ပြီး လျော်ကန်ပေသည်။ သို့ရာတွင်၊ သင်သည် မရောင့်ရဲပါက၊ စင်စစ်အားဖြင့် သာမန်လူတစ်ဦးသည် အသားကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်စားနိုင်မည်ဖြစ်ရာ သင်က နေ့စဉ်စားသုံးရန်နှင့် ပိုမို ချန်ထားရန် အတင်းအကျပ်တောင်းဆိုပေသည်။ ဥပမာအားဖြင့်၊ သင့်တော်သည့် ကာယကျန်းမာရေးကို ထိန်းသိမ်းရန် အသား သုံးအောင်စသာ လိုအပ်ချိန်တွင် နေ့စဉ် အသားလေးတစ်ပေါင်၏ လေးပုံတစ်ပုံ သို့မဟုတ် တစ်ပေါင်ခွဲကို စားသုံးမည်ဆိုပါက၊ ဤလွန်ကဲသည့် အလွန်အာဟာရဓာတ်က ဖျားနာစေနိုင်၏။ မည်သည့်အရာက အဆီများသောအသည်း၊ သွေးတိုးရောဂါနှင့် ကိုလက်စထရော မြင့်မားခြင်းကဲ့သို့သော ရောဂါများကို ဖြစ်ပေါ်စေသနည်း။ (အသား အလွန်များစွာ စားခြင်းဖြစ်ပါသည်။) အသား အလွန်များစွာ စားခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ လူတစ်ဦး၏ အစားအစာကို ထိန်းချုပ်မှုကင်းမဲ့ခြင်းကြောင့် မဟုတ်လော။ စားကြူးခြင်းကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအစားကြူးခြင်းသည် မည်သည့်နေရာမှ လာသနည်း။ မိမိ၏ စားလိုစိတ် လွန်ကဲသောကြောင့် ဖြစ်သည် မဟုတ်လော။ လွန်ကဲသည့် အစာစားလိုစိတ်နှင့် အစားကြူးခြင်းတို့သည် ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ကိုက်ညီပါသလော။ (မကိုက်ညီပါ။) ထိုအရာများသည် ပုံမှန် လူ့သဘာဝ၏ လိုအပ်ချက်များကို ကျော်လွန်ပေသည်။ သင်သည် ပုံမှန် လူ့သဘာဝ၏ လိုအပ်ချက်များကို ကျော်လွန်ရန် စဉ်ဆက်မပြတ် ဆန္ဒရှိပါက၊ သင် အလုပ် ပိုလုပ်ရလိမ့်မည်၊ ငွေပိုရှာရလိမ့်မည်ဖြစ်ပြီး၊ ပုံမှန် လူများထက် အဆပေါင်းများစွာ ပိုအလုပ်လုပ်ရလိမ့်မည်ဖြစ်သည်။ အချိန်ပိုလုပ်သည်ဖြစ်စေ၊ အလုပ်အတော်များများကို လုပ်နေသည်ဖြစ်စေ အသားကို တစ်နေ့လျှင် သုံးကြိမ်စားရန်နှင့် သင် ဆန္ဒရှိသည့်အခါတိုင်း စားနိုင်ရန် သင် ဝင်ငွေပိုရရှိဖို့ လိုအပ်ပေမည်။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၏ အတိုင်းအတာထက် ကျော်လွန်နေသည် မဟုတ်လော။ ပုံမှန် လူ့သဘာဝ၏ အတိုင်းအတာထက် ကျော်လွန်ရန်မှာ ကောင်းပါသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းပါသနည်း။ (တစ်နည်းအားဖြင့်၊ လူတို့၏ ခန္ဓာကိုယ်များသည် ရောဂါဖြစ်လွယ်ပါသည်။ နောက်တစ်နည်းအားဖြင့်၊ လူတို့သည် သူတို့၏ စိတ်ဆန္ဒများနှင့် စားလိုစိတ်တို့ကို ဖြည့်ဆည်းရန်အလို့ငှာ၊ မိမိတို့၏ အလုပ်တွင် အချိန်၊ အားအင်နှင့် အနစ်နာခံရမှုများကို ပို၍ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ဤအရာက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို သူတို့ လျှောက်လှမ်းပုံအပေါ် အကျိုးသက်ရောက်မှုရှိလျက်၊ သမ္မာတရားကို လိုက်စားပြီး၊ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းရန် သူတို့အသုံးပြုနိုင်သည့် အချိန်နှင့် အားအင် လိုအပ်ပါသည်။) လူတို့သည် စာလောင်ခြင်း သို့မဟုတ် ချမ်းအေးမှုကို မခံစားရဘဲနှင့် ပုံမှန် လူ့သဘာဝအတွက် လိုအပ်သည့် အစားအစာနှင့် အနွေးဓာတ်ကို ရရှိလျက်၊ အခြေခံ လိုအပ်ချက်များ ရှိခြင်းဖြင့် ရောင့်ရဲသင့်ကြပေသည်။ သင့်အနေဖြင့် အာဟာရအတွက် ပုံမှန်ကိုယ်ခန္ဓာလိုအပ်ချက်များနှင့်အညီ ထိန်းသိမ်းရန် ငွေအလုံအလောက် ရရှိသင့်သည်။ ယင်းသည် လုံလောက်၏၊ ပုံမှန် လူ့သဘာဝ ရှိသည့်လူများ ရှိသင့်သည့် ဘဝမျိုး ဖြစ်သည်။ သင်သည် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို အမြဲ မက်မောတောင့်တနေပါက၊ သင်၏ ကိုယ်ကာယ ကျန်းမာရေးကို စဉ်းစားခြင်းမရှိဘဲနှင့် မှန်ကန်သည့် လမ်းကြောင်းကို လျစ်လျူရှုလျက် သင်၏ သွေးသား စားလိုစိတ်ကို ဖြည့်ဆည်းနေပါက၊ သင်သည် အမြဲ အစားအစာကောင်းများ စားလိုပါက၊ ကောင်းမွန်သည့် အရာများကို မွေ့လျော်လိုပါက၊ ကောင်းမွန်သည့် နေထိုင်မှု ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဘဝ အရည်အသွေးတစ်ခု အမြဲ ရှိလိုပါက၊ ရှားပါးသော စားကောင်းသောက်ဖွယ်များ စားရန်၊ တံဆိပ်အမည်တပ်ထားသော အဝတ်အစားများ၊ ရွှေငွေ လက်ဝတ်ရတနာများ ဝတ်ဆင်ပြီး၊ အိမ်ကြီးရခိုင်များတွင် နေထိုင်ကာ ဇိမ်ခံကားများကို မောင်းနှင်လိုပါက၊ ဤအရာကို လိုက်စားရန် သင် စဉ်ဆက်မပြတ် ဆန္ဒရှိပါက၊ မည်သည့် အလုပ်အကိုင်မျိုး သင် ရှိရန် လိုအပ်သနည်း။ သင်၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပြီး အစားအစာနှင့် အနွေးဓာတ် ရရှိရန် သာမန် အလုပ်တစ်ခုကိုသာ လက်ခံပါက၊ ထိုအရာသည် သင်၏ စိတ်ဆန္ဒများအားလုံးကို ဖြည့်ဆည်းနိုင်ပါသလော။ (မဖြည့်ဆည်းနိုင်ပါ။) သေချာပေါက် မဖြည့်ဆည်းနိုင်ပေ။ ဥပမာအနေဖြင့်၊ သင်သည် စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်ပြီး၊ ကုန်စည်တစ်ဆိုင်တည်းရှိသည့် စီးပွားရေးလုပ်ငန်းလေးက သင့်မိသားစုတစ်စုလုံး၏ အစားအစာနှင့် နွေးထွေးဓာတ်အတွက် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ပါက၊ သင့်အထက်တွင် ရှိသူများထက် သာ၍ နည်းပါးစွာ ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်သော်လည်း၊ သင့်ထက် အဆင့်နိမ့်သူများထက် သာ၍ များစွာ သင် ပိုင်ဆိုင်ပေသည်။ သင်သည် အခါအားလျော်စွာ အသားစားနိုင်သကဲ့သို့ သင်၏ မိသားစုသည်လည်း သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်နိုင်ကြပေသည်။ သင်သည် ကျန်ရှိသောအချိန်ကို ဘုရားသခင်အား ယုံကြည်ရန်၊ စုဝေးပွဲများ တက်ရောက်ရန်နှင့် သင့်တာဝန်များကို ဖြည့်ဆည်းရန် အသုံးပြုနိုင်ပြီး၊ သင့်ထံတွင် သမ္မာတရား လိုက်စားရန် ခွန်အားရှိနိုင်ဆဲဖြစ်သည်။ ယင်းသည် ကောင်းမွန်လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် သင့်ဘဝ အာမခံချက် ရှိခြင်းကို အခြေခံ၍၊ ဤအလုပ်အကိုင်တွင် သင် ပါဝင်နေစဉ် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားရန် အချိန်နှင့် အားအင် ရှိနေနိုင်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားအလိုတော်နှင့် ကိုက်ညီပေသည်။ သို့ရာတွင် သင်သည် မည်သည့်အခါတွင်မျှ ရောင့်ရဲခြင်း မရှိပါက၊ “ဤစီးပွားရေးလုပ်ငန်းက အလားအလာရှိသည်။ ကုန်စုံဆိုင်တစ်ဆိုင်တည်းဖြင့် လစဉ် ဤမျှလောက်သော ငွေများကို ငါ ရှာနိုင်သည်။ ထိုဆိုင်က ငါ့မိသားစု၏ အစားအစာနှင့် အနွေးဓာတ်ကို ထောက်ပံ့ပေးနိုင်သည်။ ငါ့ထံတွင် ဆိုင်ခန်းနှစ်ခန်းရှိလျှင်၊ ငါ၏ ဝင်ငွေများကို နှစ်ဆဖြစ်စေနိုင်သည်။ ငါ၏ မိသားစုသည် အစားအစာနှင့် အနွေးဓာတ် ရှိနိုင်သည်သာမက၊ ငွေအနည်းငယ်လည်း ငါတို့ စုနိုင်ပေသည်။ ငါတို့ စားလိုသည့်အရာ မည်သည့်အရာကိုမဆို စားနိုင်ပြီး၊ ခရီးပင်ထွက်ကာ ဇိမ်ခံပစ္စည်း အနည်းငယ်ကိုလည်း ဝယ်၍ရနိုင်သည်။ လူအများစု မမွေ့လျော်မခံစားနိုင်သည့် အရာများကို ငါတို့ စားသောက်ကာ မွေ့လျော်နိုင်သည်။ ယင်းသည် အလွန် ကောင်းပေမည်။ နောက်ထပ် ဆိုင်ခန်းတစ်ခု တိုးလိုက်ကြစို့”ဟု စဉ်းစားပေလိမ့်မည်။ နောက်ထပ် ဆိုင်ခန်းတစ်ခန်း တိုးလိုက်သည့်နောက်တွင် သင် တိုး၍ ချမ်းသာကြွယ်ဝလာသည်။ အကျိုးခံစားခွင့်များကို သင် အရာသာခံမိပြီး၊ “ဤစျေးကွက် အတော်လေး ကြီးပုံရသည်။ နောက်ထပ် ဆိုင်ခန်းတစ်ခုကို ငါ ထပ်တိုး၍ရနိုင်သည်၊ ငါ့ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ပြီး၊ ဆက်တိုးချဲ့ရန် ကုန်ပစ္စည်းအမျိုးမျိုးကို ယူဆောင်၍ ရနိုင်သည်။ ငွေကို ငါ စုနိုင်သည်သာမက၊ ကားတစ်စီးဝယ်ပြီး ပိုကြီးမားသည့်အိမ်တစ်ခုကို အဆင့်မြှင့်တင်နိုင်သည်။ ငါ့ မိသားစုတစ်စုလုံးသည် ပြည်တွင်း၊ ပြည်ပနှစ်ခုလုံးတွင် ခရီးထွက်၍ရနိုင်သည်” ဟု တွေးလေသည်။ ထိုအကြောင်းကို သင် တွေးလေ၊ ထိုအရာက သာ၍ နှစ်သက်ဖွယ်ဖြစ်လေ ဖြစ်သည်။ ဤအချိန်တွင်၊ သင်သည် နောက်ထပ် ဆိုင်ခန်းတစ်ခန်း စတင်တိုးချဲ့သည်။ စီးပွားရေး လုပ်ငန်းက ပိုကြီးမားသည်ထက် ကြီးမားလာသည်။ သင်သည် ငွေကို ပိုပိုပြီးရရှိသည်၊ သင်၏ မွေ့လျော်ခံစားမှုက တိုးပွားနေသည်၊ သို့သော် သင်သည် အပတ်စဉ်စုဝေးမှုများမှသည် တစ်လနှစ်ကြိမ် သို့မဟုတ် လစဉ်၊ နောက်ဆုံးတွင် ခြောက်လတစ်ကြိမ်သာ သာ၍ နည်းသည်ထက် နည်းသော စုဝေးပွဲများ သွားလေသည်။ သင်၏ စိတ်နှလုံးတွင် သင်က၊ “ငါ၏ စီးပွားရေး ကြီးထွားလေပြီ၊ ငွေများစွာ ကျွန်ုပ် ရရှိလေပြီ၊ ဘုရားအိမ်တော်၏ အလုပ်ကို ငါ ထောက်ပံ့ပေးပြီး အလှူငွေများစွာ ပေးသည်”ဟု တွေး၏။ သင်သည် အသွင်ပြောင်း၍ရနိုင်သည့် ကားတစ်စီးကို မောင်းနှင်နေသည်။ သင့်ဇနီးနှင့် သားသမီးများသည် ရွှေနှင့် စိန်လက်ဝတ်တန်ဆာများဖြင့် အလှဆင်ထားကြသည်၊ ခြေဆုံး ခေါင်းဆုံး တံဆိပ်အမည်တပ်ထားသည့် အဝတ်အစားများ ဝတ်ဆင်ထားကြပြီး ပြည်ပကိုပင် သင် ခရီးထွက်လေသည်။ သင်က၊ “ငွေရှိခြင်းသည် ကောင်းသည်။ ငွေရှာခြင်းက ဤမျှလွယ်ကူသည်ကို ငါ သိခဲ့ပါက၊ ပို၍ စောစော အဘယ်ကြောင့် အစမပြုခဲ့ပါသနည်း။ ငွေရှိခြင်းသည် အလွန်ကောင်းသည်။ ကြွယ်ဝချမ်းသာသည့် လူတစ်ဦး၏ နေ့ရက်ကာလများသည် အင်မတန် ကိုယ်စိတ်ချမ်းသာခြင်းနှင့် စိတ်အေးချမ်းမှုဖြင့် ကုန်ဆုံးရသည်။ အရသာရှိသည့် အစားအစာကို စားချိန်တွင်၊ အရသာက ပြိုင်ဖက်ကင်းဖြစ်သည်။ ဒီဇိုင်နာ တံဆိပ်များဝတ်သည့်အခါ၊ ငါ ပီတိဖြစ်မိပြီး၊ ငါသွားသည့်နေရာတိုင်းတွင်၊ အခြားသူများထံမှ အားကျကာ မနာလိုသည့် အကြည့်များ ငါရရှိသည်။ လူများ၏ ရိုသေမှုနှင့် ကြည်ညိုလေးစားမှုကို ငါရရှိခဲ့ပြီး ခြားနားသည်ဟု ငါ ခံစားရသည်၊ ငါ့ကျောက အနည်းငယ် တည့်မတ်နေသလို ခံစားရသည်”ဟု သင် တွေးလေသည်။ သင့် ဇာတိပကတိ၏ စိတ်ဆန္ဒများအပြင် သင်၏ ဝင့်ဝါမှုတို့ ဖြည့်ဆည်းခံရပြီးဖြစ်သည်။ သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များ၏ အဖုံးပေါ်ရှိ ဖုန်မှုန့်များ ထူသည်ထက်ထူလာနေသည်၊ ယင်းတို့သည် သင် မဖတ်တော့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး၊ ဘုရားသခင်ထံ သင်၏ ဆုတောင်းချက်များသည် သာ၍ တိုတောင်းလာလေပြီဖြစ်သည်။ စုဝေးပွဲများက မတူကွဲပြားသည့် နေရာတစ်ခုသို့ ရွေ့ပြောင်းသွားပြီး၊ ထိုစုဝေးပွဲများ မည်သည့်နေရာတွင် ကျင်းပသည်ကိုပင် သင် မသေချာတော့ပေ။ သင်သည် အသင်းတော်ဆီသို့ ရံဖန်ရံခါပင် သတင်းမပို့တော့ချေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ ကယ်တင်ခြင်းနှင့် သာ၍ နီးသလော၊ ဝေးသွားသလော။ (သာ၍ ဝေးသွားပါသည်။) သင်၏ ဘဝ အဆင့်အတန်း တိုးတက်နေသည်၊ သင်၏ ကိုယ်ခန္ဓာသည် ကောင်းကောင်း ကျွေးမွေးခြင်းခံရပြီး၊ သင်သည် သာ၍ ထူးခြားလာသည်။ အတိတ်ကာလတွင်၊ ရှစ်နှစ် သို့မဟုတ် ဆယ်စုနှစ်တစ်ကြိမ်ပင် ဆေးစစ်ဖို့အတွက် သွားခဲ့မည် မဟုတ်သော်လည်း၊ ယခုတွင် သင်သည် ချမ်းသာကြွယ်ဝပြီဖြစ်သဖြင့် သင့်ထံတွင် သွေးဖိအား မြင့်မားခြင်း၊ သွေးသကြား မြင့်မားခြင်း သို့မဟုတ် ကိုလက်စထရော မြင့်မားခြင်း ရှိသည်လောဆိုသည်ကို ကြည့်ရန် ခြောက်လတစ်ကြိမ် ဆေးစစ်ဖို့ သင် သွားလေသည်။ သင်က၊ “တစ်ဦးတစ်ယောက်သည် မိမိ၏ ကျန်းမာရေးကို စောင့်ရှောက်ရမည်။ ‘သင် တစ်စုံတစ်ရာ ဖြစ်ရမည်ဆိုပါက၊ နာမကျန်းမဖြစ်နှင့်။ တစ်စုံတစ်ရာ ဖြစ်ရမည်ဆိုပါက၊ မဆင်းရဲနှင့်’ဟူသော ဆိုရိုးအတိုင်းအပင် ဖြစ်သည်”ဟု ပြောသည်။ သင်၏ အတွေးများနှင့် ရှုထောင့်အမြင်များ ပြောင်းလဲသွားပြီဖြစ်သည်၊ မဟုတ်လော။ ယခုတွင် သင်သည် ချမ်းသာပြီး၊ သာမန်လူတစ်ဦး မဟုတ်တော့ပေ။ သင်သည် တန်ဖိုးရှိကြောင့်၊ သင်၏ ကိုယ်ပိုင်လက္ခဏာသည် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း သင် ခံစားရပြီး သင်၏ ခန္ဓာကိုယ်ကို သင် သာ၍ပင် တန်ဖိုးထားလေသည်။ ဘဝအပေါ် သင်၏ သဘောထားလည်း ပြောင်းလဲသွားပြီဖြစ်သည်။ ယခင်က၊ သင်သည် “ဆင်းရဲသောလူတို့သည် ထိုအကြောင်းကို စိုးရိမ်ရန် မလိုအပ်ပါ။ အဘယ်ကြောင့် ငါ ဆေးစစ်ရမည်နည်း။ ငါ ဆိုးရွားစွာ နာမကျန်းဖြစ်လျှင်၊ ကုသမှုကိုလည်း ဘာပဲဖြစ်ဖြစ် ငါ တတ်နိုင်မည် မဟုတ်ပါ။ ငါ ထိုင်ပြီးသာ ခံလိုက်မည်။ ငါ မခံနိုင်လျှင်၊ ဤခန္ဓာက ဆက်ပြီးသာ သေသွားမည်ထင်သည်”ဟု တွေးလျက်၊ ဆေးစစ်ချက်များနှင့်ပတ်သက်၍ သင် ဒုက္ခမခံခဲ့ပေ။ သို့ရာတွင် ယခု ကွဲပြားခြားနား၏။ သင်က၊ “လူတို့သည် နာမကျန်းမှုဖြင့် အသက်မရှင်သင့်ပါ။ သူတို့ နာမကျန်းဖြစ်လျှင်၊ သူတို့ ရှာထားသည့် ငွေများကို မည်သူ သုံးမည်နည်း။ ဘဝကို သူတို့ မွေ့လျော်ခံစားနိုင်ကြမည်မဟုတ်ပါ။ ဘဝက တိုတောင်းပါသည်”ဟု ပြောလေသည်။ ကွဲပြားခြားနားသည် မဟုတ်လော။ ငွေအပေါ်၊ ခန္ဓာ၏ အသက်အပေါ်နှင့် ပျော်ရွှင်မှုအပေါ် သင်၏ သဘောထားအားလုံး ပြောင်းလဲသွားပြီးဖြစ်သည်။ အလားတူစွာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်းတို့အပေါ် သင်၏ သဘောထားများသည်လည်း တိုး၍ စိတ်ဝင်စားမှုမရှိ ဖြစ်လာပြီဖြစ်သည်။

လူတစ်ဦးသည် အစားအစာနှင့် အဝတ်အစားဖြင့် မရောင့်ရဲခြင်း လမ်းကြောင်းပေါ် အစပြုသည်နှင့်၊ ၎င်းတို့သည် သာ၍ မြင့်မားသော ဘဝအဆင့်အတန်းနှင့် ပိုကောင်းသော အရာများကို မွေ့လျော်ခြင်းအား လိုက်စားကြလိမ့်မည်။ ဤသည်မှာ အန္တရာယ် လက္ခဏာတစ်ခုဖြစ်သည်၊ စုံစမ်းနှောင့်ယှက်ခြင်းထဲသို့ ကျရောက်ခြင်းဖြစ်သည်၊ ထိုအရာက ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်ဖြစ်ပြီး မကောင်းသည့် နိမိတ်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးသည် ကြွယ်ဝချမ်းသာမှု အရသာကို မွေ့လျော်ကာ တွေ့ကြုံသည်နှင့်၊ တစ်နေ့တွင် ၎င်းတို့၏ ငွေများကို ဆုံးရှုံးပြီး ဆင်းရဲလာမည်ကို ၎င်းတို့ စတင် စိုးရိမ်လာကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ယခုတွင် ငွေရှိသည့် နေ့ရက်ကာလများကို ချစ်ခင်မြတ်နိုးကာ ချမ်းသာရခြင်း အနေအထားနှင့် အဆင့်အတန်းကို တန်ဖိုးထားကြလေသည်။ မယုံကြည်သူများက၊ “ခါးသီးခြင်းမှ ချိုမြိန်ခြင်းသို့ ရောက်သည်မှာ လွယ်ကူသည်၊ ချိုမြိန်ခြင်းမှ ခါးသီးခြင်းသို့ ရောက်ခြင်းက မလွယ်ပါ”ဟု မကြာခဏ ပြောကြသည်ကို သင် ကြားရသည်။ ဤသည်မှာ သင် မည်သည့်အရာမျှ မရှိသည့်အချိန်တွင်၊ လက်လွှတ်ရန် စေခိုင်းခံရခြင်းကို အရေးမစိုက်ပေ။ ထိန်းသိမ်းထိုက်သည့်အရာ တစ်ခုမျှ မရှိသောကြောင့်၊ သင် မဆိုင်းမတွ လက်လွှတ်နိုင်သည်။ ဤယာယီဖြစ်ကာ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများသည် သင့်အတွက် အတားအဆီးများ ဖြစ်မလာသကဲ့သို့၊ ယင်းတို့ကို လက်လွှတ်ရန် သင့်အတွက် လွယ်ကူလေသည်။ သို့ရာတွင်၊ ဤအရာများကို သင် ပိုင်ဆိုင်သည်နှင့်၊ ယင်းတို့ကို လက်လွှတ်ရန် သင့်အတွက် ခက်ခဲလာသည်၊ ကောင်းကင်ဘုံသို့ တက်သွားခြင်းထက် သာ၍ ခက်ခဲလာလေသည်။ သင် ဆင်းရဲနုံချာပါက၊ သင်၏ အိမ်ကို စွန့်ပြီး သင်၏ တာဝန်များကို ဖြည့်ဆည်းရမည့် အချိန်ရောက်သည့်အခါ၊ သင် အဆင်သင့် ထွက်သွားနိုင်သည်။ သို့ရာတွင်၊ သင် ကြွယ်ဝချမ်းသာသည့် အရေးပါသူတစ်ဦးဖြစ်ပါက၊ သင်၏ စိတ်သည် အတွေးများဖြင့် ပြည့်လာပြီး၊ “အို၊ ကျွန်ုပ်အိမ်သည် ယွမ်နှစ်သန်းတန်သည်၊ ကျွန်ုပ်၏ ကားသည် ယွမ်ငါးသိန်းတန်သည်။ ထို့နောက် စုစုပေါင်း ယွမ်ဆယ်သန်းထက် ပိုလည်းမပို၊ နည်းလည်းမနည်းသော ထပ်ပေါင်းထည့်၍ရသည့်၊ မရွေ့မပြာင်းနိုင်သော ပစ္စည်းများ၊ ဘဏ်စုဆောင်းငွေများ၊ သိုလောင်ထားသော ကုန်စည်ပစ္စည်းများ၊ ရန်ပုံငွေများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားအရာများလည်း ရှိသည်။ ကျွန်ုပ် ထွက်သွားပါက၊ ဤအရာအားလုံးကို ငါနှင့်အတူ အဘယ်သို့ ယူဆောင်သွားရမည်နည်း”ဟု ဆိုလေသည်။ ဤရုပ်ဝတ္ထုပိုင်ဆိုင်မှုများကို လက်လွှတ်ရန် သင့်အတွက် မလွယ်ကူပေ။ သင်က၊ “ဤအရာများကို ငါ စွန့်ပြီး၊ ဤအိမ်နှင့် ငါ၏ လက်ရှိ မိသားစုကို စွန့်ခွာပါက၊ အနာဂတ်တွင် ငါ နေထိုင်သည့် နေရာသည် အလားတူ အခြေအနေများ ရှိလိမ့်မည်လား။ ရွှံ့တဲ သို့မဟုတ် ကောက်ရိုးအိမ်တွင် နေထိုင်ရသည်ကို ငါသည်းခံနိုင်မည်လား။ ကျွဲနွားတစ်ကောင်၏ ဆိုးရွားနံစော်သော အနံ့အသက်ကို ငါခံနိုင်မည်လား။ ယခုတွင် နေ့တိုင်း ရေပူဖြင့် ငါ ရေချိုးနိုင်သည်။ တစ်နှစ်ကို ရေပူဖြင့် တစ်ကြိမ်ပင် မချိုးနိုင်သည့် နေရာတစ်ခုကို ငါ သည်းညည်းခံနိုင်မည်လား”ဟု တွေးလေသည်။ သင်၏ အတွေးများ တိုးပွားကာ ထိုအရာကို သင် မခံနိုင်ပေ။ သင့်တွင် ငွေရှိစဉ်တွင်၊ တွန့်ဆုတ်မှုမရှိဘဲ လိုချင်တာမှန်သမျှ ဝယ်လျက်၊ ငွေလက်တစ်ဆုပ် ထုတ်ယူသည်၊ သင် အထူးရက်ရောပြီး၊ မည်သည့်အခါတွင်မျှ ငွေအားဖြင့် အခက်မတွေ့ခဲ့ပေ။ သို့ရာတွင်၊ ဤအရာအားလုံးကို သင် စွန့်ရမည်ဆိုပါက၊ သင်၏ ပိုက်ဆံအိတ်ထဲသို့ သင် လက်လှမ်းသည့်အခါတိုင်း ဘာမျှမရှိပါက အဘယ်အရာဖြစ်မည်နည်းဟု တွေးလျက် သင် စိတ်အနှောင့်အယှက် ဖြစ်ရလေသည်။ အကယ်၍ သင်သည် ပူနွေးသော ခေါက်ဆွဲတစ်ခွက်ကို စားလိုလျှင် မည်သည့်စားသောက်ဆိုင်သည် စျေးအချိုဆုံးဖြစ်သည်ဆိုသည်နှင့် သင့်တွင် ကျန်ရှိသောငွေဖြင့် အစားအစာ မည်မျှစားနိုင်သေးကြောင်း သင် တွက်ချက်ရပေမည်။ ဆင်းရဲသားတစ်ဦး၏ ဘဝကို အသက်ရှင်ရင်း၊ ဝင်ငွေထွက်ငွေစာရင်းကို သင် တင်းကျပ်စွာ ထိန်းသိမ်းရမည်ဖြစ်သည်။ ယင်းကို သင် သည်းခံနိုင်မည်လော။ ယခင်က၊ အဝတ်တစ်ထည်ကို နှစ်ကြိမ် လျှော်ပြီး ပုံပျက်သွားကာ၊ ထိုအဝတ်အစားကို ဝတ်ဆင်ခြင်းက သင့်ကို ရှက်စေမည်ဖြစ်ပါက၊ သင် လွှင့်ပစ်ကာ အသစ်တစ်ထည်ဝယ်ပေသည်။ ယခုတွင်၊ သင်သည် တီရှပ်တစ်ထည်တည်းကိုပင် အကြိမ်ကြိမ် လျှော်ကာ ဝတ်ဆင်ပြီး၊ ကော်လံပြဲလျှင်ပင် သင် လွှင့်မပစ်ရက်ပေ။ ထိုကော်လံကို သင် အတူပြန်ချုပ်ကာ ဝတ်မြဲဝတ်ရလေသည်။ ယင်းကို သင် သည်းခံနိုင်မည်လော။ သင် သွားသည့်နေရာတိုင်းတွင်၊ သင် ဆင်းရဲသည်ကို လူတို့မြင်ပြီး သင့်နှင့် အဆက်အဆံ လုပ်ချင်ကြမည်မဟုတ်။ သင် စျေးဝယ်ထွက်ပြီး စျေးနှုန်းကို မေးသည့်အခါ၊ မည်သူကမျှ သင့်ကို အာရုံစိုက်မည်မဟုတ်။ ယင်းကို သင် သည်းခံနိုင်မည်လော။ ထိုအရာသည် လွယ်ကူသော ခံစားချက်တစ်ခု မဟုတ်၊ ဟုတ်ပါသလော။ သို့ရာတွင် သင်သည် ငွေကြေးနှင့် ရုပ်ဝတ္ထုပိုင်ဆိုင်မှုများ မရှိပါက၊ ထိုအရာများကို သင် လက်လွှတ်ရန် လိုအပ်မည်မဟုတ်သကဲ့သို့၊ ဤစိန်ခေါ်မှုကို သင် ရင်ဆိုင်ရန် လိုအပ်မည်မဟုတ်ပေ။ အရာရာကို စွန့်ပစ်ပြီး သမ္မာတရားကို လိုက်စားရန် သင့်အတွက် များစွာ သာ၍ လွယ်ကူပေမည်။ ထို့ကြောင့်၊ ဘုရားသခင်သည် လူတို့အား အစားအစာ၊ အဝတ်အထည်နှင့်ပတ်သက်၍ ရောင့်ရဲသင့်သည်ဟု အချိန်ကြာမြင့်စွာက ပြောပြီးဖြစ်သည်။ မည်သည့် အလုပ်အကိုင်တွင် သင် ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်ကို အသက်မွေးမှုလုပ်ငန်းတစ်ခုအဖြစ် သဘောမထားနှင့်၊ ပြီးလျှင် ထိုအရာကို လုပ်ငန်းတစ်ရပ်သို့ စတင်တက်လှမ်းရာတစ်ခု သို့မဟုတ် ထင်ပေါ်ကျော်စောခြင်းအဖြစ်သို့ ရောက်ရန်၊ ကြွယ်ဝချမ်းသာမှုကို စုဆောင်းကာ ဇိမ်ရှိစွာ အသက်ရှင်ရန် နည်းလမ်းတစ်ခုအဖြစ် မမြင်နှင့်။ မည်သည့် အလုပ် သို့မဟုတ် အလုပ်အကိုင်တစ်ခုတွင် သင် ပါဝင်သည်ဖြစ်စေ၊ သင်၏ အသက်မွေးဝမ်းကျောင်းကို ထောက်ပံ့ရန် နည်းလမ်းတစ်ခုအဖြစ် ထိုအရာကို လုံးဝဥဿုံ မြင်ခြင်းက လုံလောက်ပေသည်။ ထိုအရာက သင်၏ အသက်မွေးဝမ်းကျောင်းကို ထောက်ပံ့ပေးနိုင်ပါက၊ မည်သည့်အချိန်တွင် ရပ်တန့်ပြီး၊ ကြွယ်ဝချမ်းသာမှုများ မလိုက်စားတော့ဘဲ နေရမည်ကို သင် သိသင့်သည်။ လစဉ်ယွမ်နှစ်ထောင် ရရှိခြင်းသည် သင်၏ တစ်နေ့ အစာအသုံးနပ်နှင့် ဘဝ၏ အခြေခံလိုအပ်ချက်များကို ဖူလုံစေရန် လုံလောက်ပါက၊ သင် ရပ်သင့်ပြီး၊ သင့်အလုပ်၏ နယ်ပယ်ကို ချဲ့ထွင်ရန် မကြိုးစားသင့်ပေ။ သင့်ထံတွင် အထူး လိုအပ်ချက်များ တစ်ခုတလေ ရှိပါက၊ လိုအပ်သည့်အရာများကို ဖြည့်ဆည်းရန် နောက်ထပ် အချိန်ပိုင်း အလုပ်ဆိုင်းများ သို့မဟုတ် ယာယီ အလုပ်တစ်ခုကို ယူသင့်သည်။ ယင်းမှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်မှာ ဤသို့ဖြစ်သည်။ မည်သည့် အလုပ်အကိုင်တွင် သင် ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်က အသိပညာ သို့မဟုတ် နည်းပညာ ကျွမ်းကျင်မှုများ ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်သည် ကျိုးကြောင်းသင့်ကာ တရားဝင်ဖြစ်သရွေ့၊ သင်၏ စွမ်းဆောင်နိုင်မှုများအတွင်းတွင်ရှိသရွေ့၊ ထိုအလုပ်အကိုင်က ကာယ အလုပ်ကြမ်း တစ်ခုတလေ တောင်းဆိုပြီး၊ သင်၏ အသက်မွေးဝမ်းကျောင်းကို ထောက်ပံ့ပေးနိုင်ပါက၊ ထိုမျှသည် လုံလောက်ပေသည်။ သင်ပါဝင်သည့် အလုပ်အကိုင်ကို ဇာတိပကတိ၌ရှိသော သင်၏ ဘဝကို ဖြည့်ဆည်းကာ ထိုသို့ဖြင့် မိမိကိုယ်ကို စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် နွံအိုင်ထဲသို့ ကျဆင်းသွားစေဖို့အတွက် သို့မဟုတ် ပြန်လမ်းမရှိသည့် လမ်းကြောင်းတစ်ခုဆီသို့ သင့်ကို ဆိုက်ရောက်စေဖို့အတွက် သင်၏ ကိုယ်ပိုင် စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို အကောင်အထည်ဖော်ခြင်းအတွက် လှေကားထစ်တစ်ခုအဖြစ်သို့ မပြောင်းလဲနှင့်။ လစဉ် ယွမ်နှစ်ထောင် ရှာခြင်းသည် သင်၏ ကိုယ်ရေးကိုယ်တာ ဘဝ သို့မဟုတ် သင့်မိသားစု၏ ဘဝကို ထောက်ပံ့ပေးရန် လုံလောက်ပါက၊ ထိုအလုပ်ကို သင် ထိန်းသိမ်းသင့်ပြီး ကျန်ရှိသည့် အချိန်ကို ဘုရားသခင်၌ ယုံကြည်ခြင်းအား လက်တွေ့လုပ်ဆောင်ရန်၊ စုဝေးပွဲများ တက်ရောက်ရန်၊ မိမိ၏ တာဝန်များကို ဖြည့်ဆည်းရန်နှင့် သမ္မာတရား လိုက်စားရန် အသုံးပြုသင့်ပေသည်။ ဤသည်မှာ သင်၏ တာဝန်၊ ယုံကြည်သူတစ်ဦး၏ တန်ဖိုးနှင့် အဓိပ္ပာယ် ဖြစ်သည်။ သင် ပါဝင်သည့် အလုပ်အကိုင်တစ်ခုတလေသည် ပုံမှန် လူသားဘဝ၏ အခြေခံကျသော ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းအတွက်မျှသာ ဖြစ်သည်။ သင့်အနေဖြင့် ထင်ပေါ်ကျော်ကြားခြင်းသို့ ရောက်ရန်၊ ထူးချွန်ပြောင်မြောက်လာရန် သို့မဟုတ် သင်၏ အလုပ်အကိုင်တွင် ကျော်ကြားလာရန် ဘုရားသခင် တောင်းဆိုလိမ့်မည်မဟုတ်။ သင်၏ အလုပ်အကိုင်သည် သိပ္ပံနည်းကျ သုတေသနပြုချက်နှင့် ဆက်နွှယ်ပါက၊ သိသာသည့် သင်၏ အားအင် တစ်စိတ်တစ်ပိုင်း လိုအပ်လိမ့်မည်ဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းက မပြောင်းမလဲရှိနေသည်။ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်းရှိလော့ဟူ၍ ဖြစ်သည်။ သင်၏ အလုပ်အကိုင်က သင်၏ စွမ်းဆောင်နိုင်စွမ်းများအပေါ် အခြေခံ၍ ရာထူးတိုးခြင်းနှင့် များပြားသော ဝင်ငွေအတွက် အခွင့်အရေး ပေးပြီး၊ ဤဝင်ငွေသည် အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်း အပိုင်းအခြားကို ကျော်လွန်ပါက၊ မည်သည့်အရာကို လုပ်ဆောင်ရန် သင် ရွေးချယ်သင့်သနည်း။ (အလုပ်ကမ်းလှမ်းချက်ကို ငြင်းပယ်ပါ။) သင် လိုက်နာသင့်သည့် စည်းမျဉ်းမှာ ဘုရားသခင် သတိပေးဆုံးမပြီးသည့်အရာ၊ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲလော့ဟူ၍ ဖြစ်သည်။ မည်သည့် အလုပ်အကိုင်တွင် သင် ပါဝင်သည်ဖြစ်စေ၊ အစားအစာ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်း နယ်ပယ်ကို ကျော်လွန်ပါက၊ ထိုအပိုဝင်ငွေကို ရရှိရန် အခြေခံ လိုအပ်ချက်များ၏ အပိုင်းအခြား ပြင်ပတွင် အားအင်၊ အချိန် သို့မဟုတ် အနစ်နာခံမှုများကို သင်မလွဲမသွေ ရင်းနှီးမြှုပ်နှံရလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် လတ်တလောတွင် သင်၏ အခြေခံလိုအပ်ချက်များကို ထောက်ပံ့ရန် လုံလောက်အောင် ဝင်ငွေရနေသည့် အငယ်တန်း ဝန်ထမ်းတစ်ဦး ဖြစ်ကောင်းဖြစ်မည်။ သို့သော် အလုပ်နှင့်ပတ်သက်၍ သင်၏ စွမ်းဆောင်ရည်ကောင်းကြောင့်၊ သင်၏ အထက်လူကြီးများက သင့်အား မန်နေဂျာ ရာထူးတစ်ခု သို့မဟုတ် ထိုထိုသော လစာ အဆများစွာ မြင့်မားသည့် အကြီးတန်း အလုပ်အမှုဆောင်အဖြစ်သို့ ရာထူးတိုးပေးလို၏။ ဤဝင်ငွေကို အချည်းနှီး ရရှိပါသလော။ သင်၏ ဝင်ငွေတိုးလာသည့်အခါ အလားတူ လိုက်လျော်ညီထွေသော သင် ရင်းနှီးမြှုပ်နှံသည့် အလုပ်ပမာဏလည်း တိုးလာပေသည်။ အားထုတ်မှု ရင်းနှီးမြှုပ်နှံခြင်းသည် အားအင်နှင့် အချိန် လိုအပ်သည် မဟုတ်လော။ ဤသည်မှာ သင် ရရှိသည့် ငွေသည် သင်၏ အားအင်နှင့် အချိန် အတော်များများကို အပေးအယူလုပ်ခြင်းအားဖြင့် ရရှိသည်ဟု ပြောဆိုခြင်းနှင့် ညီမျှပေသည်။ သာ၍ များသည့် ငွေကို ရရှိရန်၊ သင်၏ အချိန်နှင့် အားအင်ကို သင် သာ၍ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ သာ၍ များသည့်ငွေကို သင် ရရှိသည်နှင့်အမျှ၊ သင်၏ အချိန်နှင့် အားအင် အတော်များများသည်လည်း သုံးစွဲခြင်းခံရပြီး၊ တစ်ချိန်တည်းတွင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၊ စုဝေးပွဲများ တက်ခြင်း၊ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းအတွက် သင် ခွဲဝေသည့် အချိန်သည် အချိုးကျကျ လျော့နည်းသွားပေသည်။ ဤသည်မှာ ပေါ်လွင်သော အချက်တစ်ခု ဖြစ်သည်။ သင်၏ အားအင်နှင့် အချိန်တို့ကို ကြွယ်ဝချမ်းသာမှုကို စုဆောင်ခြင်းအတွက် ရည်စူးအပ်နှံထားသည့်အခါ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ဆုလဒ်များကို သင် ဆုံးရှုံးသွားရသည်။ ဘုရားသခင်သည် သင့်ကို ကောင်းမွန်စွာ ဆက်ဆံလိမ့်မည် မဟုတ်သကဲ့သို့၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် သို့မဟုတ် ဘုရားအိမ်တော်တွင် စုဝေးပွဲများကို တက်ရောက်ရန် အချိန်မရှိအောင် သင့်ကို ဖြစ်စေလျက်၊ သင် ရာထူးတိုးပြီဖြစ်ကာ သင်၏ အချိန်နှင့် အားအင် အတော်များများက ယခု သုံးစွဲခံရသောကြောင့် သက်သက် သင် လက်လွှတ်သွားရသည့် အရာကို ဘုရားအိမ်တော်က ဖြည့်ဆည်းပေးလိမ့်မည်လည်း မဟုတ်ပေ။ ဤသည်မှာ ဖြစ်တတ်သည့် အရာမျိုး ဖြစ်ပါသလော။ (မဟုတ်ပါ။) ဘုရားအိမ်တာ်က သင့်အတွက် လုပ်ပေးမည်မဟုတ် သို့မဟုတ် သင့်ကို အထူးဆက်ဆံခံရခွင့်ပေးမည် မဟုတ်သကဲ့သို့၊ ဤအရာကြောင့် ဘုရားသခင်က သင့်ကို ကောင်းမွန်စွာ ဆက်ဆံမည်မဟုတ်ပေ။ တိုတိုပြောရလျှင်၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုအတွက် ဆုလာဘ်များ ပိုင်ဆိုင်ရန် ဆန္ဒရှိပါက၊ သမ္မာတရားကို သင် ရရှိလိုပါက၊ ထိုအရာသည် အချိန်နှင့် အားအင်ကို အရယူရန် သင်၏ ကိုယ်ပိုင် အားထုတ်မှုများအပေါ် မူတည်ပေသည်။ ဤသည်မှာ ရွေချယ်မှုနှင့်ဆိုင်သော ကိစ္စတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ပုံမှန် ဘဝတစ်ခုကို ထောက်ပံ့ခြင်းမှ သင့်ကို တားမြစ်ပိတ်ပင်ခြင်း မရှိ။ သင်၏ ဝင်ငွေသည် ကိုယ်ခန္ဓာ ရှင်သန်မှုနှင့် ဘဝ လှုပ်ရှားမှုများကို ထောက်ပံ့ပေးလျက်၊ အစားအစာနှင့် အနွေးဓာတ်အတွက် ဖူလုံရန် လုံလောက်ပေသည်။ သင်၏ ဆက်လက်ဖြစ်တည်မှုကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်။ သို့ရာတွင် သင်သည် ရောင့်ရဲခြင်းမရှိပေ။ သင် အမြဲ ပို၍ ရရှိလိုသည်။ ထို့နောက် သင်၏ အားအင်နှင့် အချိန်သည် ဤငွေပမာဏ၏ ယူဆောင်သွားခြင်း ခံရလိမ့်မည်။ ယင်းတို့သည် မည်သည့်အရာအတွက် ယူဆောင်သွားခြင်း ခံရသနည်း။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ဘဝ အဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ဘဝ အဆင့်အတန်းကို သင် တိုးတက်စေသည်နှင့်အမျှ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ ရရှိသည့်အရာ လျော့နည်းလာပြီး တာဝန်များကို ဖြည့်ဆည်းခြင်းအတွက် သင်၏ အချိန် ကုန်ဆုံးကာ သုံးစွဲခြင်းခံရလေသည်။ မည်သည့်အရာက သုံးစွဲသနည်း။ ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာ ဘဝတစ်ခုကို လိုက်စားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခြင်းတို့၏ သုံးစွဲခြင်းကို ခံရပေသည်။ ထိုအရာသည် ထိုက်တန်ပါသလော။ (မထိုက်တန်ပါ။) အကျိုးအပြစ်များကို ချိန်ဆရာတွင် သင် တော်ပါက၊ အကျိုးမရှိသည်ကို သင် သိရှိပေသည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ဘဝတွင် ပျော်ရွှင်မှုကို သင် ရရှိသည်၊ ပိုကောင်းမွန်သည့် အစားအစာကို စားကာ သင်၏ ဝမ်းကို ဖြည့်မြဲဖြည့်ဆည်းနေသည်။ ကောင်းစွာ၊ ကြော့မော့စွာနှင့် သက်သောင့်သက်သာဖြစ်အောင် ဝတ်စားဆင်ယင်သည်။ သင်သည် ဒီဇိုင်းရေးဆွဲပစ္စည်းများနှင့် ဇိမ်ခံပစ္စည်းအနည်းငယ်ကို ရရှိထားသော်လည်း သင့်အလုပ်သည် ပင်ပန်းနွမ်းနယ်စရာဖြစ်ပြီး ပို၍ မညှာမတာခိုင်းစေတတ်ပြီး သင့်အချိန်နှင့် ခွန်အားကို သုံးစွဲလေသည်။ ယုံကြည်သူတစ်ဦးအနေဖြင့်၊ သင်သည် စုဝေးပွဲများ တက်ရောက်ရန် သို့မဟုတ် တရားဒေသနာများ နားထောင်ရန် အချိန်မရှိ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို တွေးဆရန်လည်း အချိန်ကင်းမဲ့နေသည်။ သင် နားမလည်သေးသကဲ့သို့ သတိမပြုနိုင်သည့် သမ္မာတရားများစွာ ရှိနေသေးသော်လည်း၊ ထိုအရာများကို တွေးဆပြီး ရှာဖွေရန် အချိန်နှင့် အားအင် သင် ချို့တဲ့နေသည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ဘဝက တိုးတက်သော်လည်း၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် မကြီးထွားနိုင်သကဲ့သို့ ကျဆင်းမှုကို ရင်ဆိုင်နေရသည်။ ဤသည်မှာ အကျိုးအမြတ်တစ်ခုလော၊ ဆုံးရှုံးမှုတစ်လော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ဤဆုံးရှုံးမှုက ကြီးမားလွန်းလှ၏။ အကျိုးအပြစ်ကို သင် ချိန်ဆမှရမည်။ သင်သည် သမ္မာတရားကို စစ်မှန်စွာ ချစ်သော လိမ္မာပါးနပ်သည့် လူတစ်ဦးဖြစ်ပါက၊ နှစ်ဘက်လုံးကို သင် ချိန်ဆပြီး၊ သင့်အတွက် ရရှိရန် မည်သည့်အရာက အဖိုးအတန်ဆုံးနှင့် အဓိပ္ပာယ်အရှိဆုံးဖြစ်သည်ကို ကြည့်သင့်သည်။ ရာထူးတိုးခြင်း ဖြစ်လာပြီး၊ ပိုများသည် ငွေများကို သင် ရရှိကာ မိမိကိုယ်ကိုအတွက် ပိုကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ ဘဝတစ်ခုကို ပံ့ပိုးပေးမည့် သင်၌ အခွင့်အရေးရှိပါက၊ မည်သည့်အရာကို သင် ရွေးချယ်သင့်သနည်း။ သင်သည် သမ္မာတရားကို လိုက်စားရန် လိုလားနေကာ သမ္မာတရား လိုက်စားဖို့ စိတ်ပိုင်းဖြတ်ခြင်း ရှိပါက၊ ထိုသို့သော အခွင့်အရေးများကို သင် စွန့်လွှတ်သင့်သည်။ ဥပမာအားဖြင့်၊ သင်၏ ကုပ္မဏီရှိ လူတစ်ဦးက၊ “သင်သည် ဤအလုပ်ကို ဆယ်နှစ်ကြာ လုပ်နေခဲ့ပြီးဖြစ်သည်။ ကုပ္မဏီထဲရှိ လူအများစုသည် သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်းတွင် မိမိတို့၏ လစာများ တိုးသည်ကို မြင်ရပြီး ရားထူးတိုးမှုများကို လက်ခံရရှိကြသည်။ သို့သော် သင်၏ နစ်နာကြေးသည် ယခင်အတိုင်း မပြောင်းမလဲရှိနေသည်။ အဘယ်ကြောင့် သင်သည် မိမိကိုယ်ကိုအတွက် ပိုအစွမ်းမပြခဲ့ပါသနည်း။ သင်၏ စွမ်းဆောင်ရည်ကို အဘယ်ကြောင့် သင် မတိုးတက်စေဘဲ ရှိနေသနည်း။ ဘယ်သူဘယ်ဝါကို ကြည့်ပါ၊ သူသည် သုံးနှစ်ကြာ ဤနေရာတွင် ရှိနေခဲ့ပြီး ယခုတွင် ခေါက်အမိုးကားတစ်စီး စီးကာ ပိုကြီးသည့် အိမ်တွင် နေထိုင်ရသည်။ သူ အနိုင်ပိုင်းသွားခဲ့သည်။ သူ ရောက်လာခဲ့ချိန်တွင်၊ ဆင်းရဲသည့် ကျောင်းသူတစ်ဦးသာ ဖြစ်ခဲ့သည်။ ယခုတွင် သူသည် ကြွယ်ဝချမ်းသာသည့် အမျိုးသမီးတစ်ဦးဖြစ်သည်၊ ဇိမ်ခံ ဟိုတယ်များတွင် နေလျက်၊ အိမ်ကြီးရခိုင်တွင် နေထိုင်ကာ ဇိမ်ခံကားကို မောင်းလျက်၊ ခေါင်းမှ ခြေမျက်စိအဆုံး ဒီဇိုင်နာ အဝတ်အစားများ ဝတ်ဆင်သည်”ဟု ပြောသည်ဆိုပါစို့။ သူ မည်မျှ ချမ်းသာသည်ကို သင် မြင်သည့်အခါ၊ စတင်၍ စိတ်မသက်မသာ ဖြစ်မည်မဟုတ်လော။ သင် ဝမ်းနည်းမည် မဟုတ်လော။ ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းများကို သင် ခံနိုင်မည်လော။ သင်၏ မူလ ရည်ရွယ်ချက်ကို သင် စွဲမြဲနေဦးမည်လော။ သင်သည် သမ္မာတရားကို စစ်မှန်စွာ ချစ်ပါက၊ သမ္မာတရားကို လိုက်စားရန် လိုလားကာ သမ္မာတရားဖြင့် တစ်စုံတစ်ရာကို ရရှိခြင်းသည် သင့်ဘဝတွင် အရေးအကြီးဆုံးသော အရာ၊ တန်ဖိုးအရှိဆုံးသောအရာ ဖြစ်ကြောင်းနှင့် သင့်ဘဝတွင် အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာကို သင် ရွေးချယ်ပြီးဖြစ်ကြောင်း ယုံကြည်ပါက၊ သင်သည် ထိုအရာကို နောင်တရမည်မဟုတ်သကဲ့သို့ ရာထူးတိုးခြင်းများကဲ့သို့ အရာများဖြင့် သင် ယိမ်းယိုင်မည် မဟုတ်ပေ။ သင်က၊ “အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ကျွန်ုပ် ရောင့်ရဲခြင်းရှိပါသည်။ မည်သည့် အလုပ်အကိုင်ကို ကျွန်ုပ် ရယူသည်ဖြစ်စေ၊ ထိုအရာမှာ အစားအစာနှင့် အနွေးဓာတ်အတွက်ဖြစ်သည်၊ ကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဆက်လက် ရှင်သန်ခွင့်ပေးရန်ဖြစ်သည်၊ ကိုယ်ခန္ဓာ ပျော်ရွှင်မှုအတွက် မဟုတ်သကဲ့သို့၊ ထင်ပေါ်ကျော်စောခြင်းကို ရရှိခြင်းအတွက် မုချ မဟုတ်ပါ။ ရာထူးတိုးခြင်းများ သို့မဟုတ် မြင့်မားသော လစာငွေများနောက် ကျွန်ုပ် မလိုက်ပါ။ ကျွန်ုပ်၏ နည်းပါးသော ဘဝအချိန်ကို သမ္မာတရား လိုက်စားရန် ကျွန်ုပ် သုံးစွဲပါမည်”ဟု ဆိုလျက်၊ မရမနေဇွဲကောင်းနေလိမ့်မည်။ ဤစိတ်ပိုင်းဖြတ်မှု သင် ပိုင်ဆိုင်ပါက၊ သင် ယိမ်းယိုင်မည် မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးက ကသိကအောက်ဖြစ်မည်မဟုတ်ပေ။ အခြားသူများ ရာထူးတိုးခြင်း၊ လစာတိုးပေးမှုများကို ရရှိခြင်း သို့မဟုတ် ရွှေ၊ ငွေ လက်ဝတ်ရတနာများနှင့် တံဆိပ်အမည်တပ်ထားသော အဝတ်အစားများ ဝတ်ဆင်နေခြင်း၊ သင့်ထက် ပိုကောင်းသည့် ဘဝအဆင့်အတန်းတစ်ခုကို မွေ့လျော်နေခြင်းနှင့် သားနားခြင်းတွင် သင့်ထက် သာလွန်နေခြင်းတို့ကို သင် မြင်သည့်အခါ၊ အားကျမည်မဟုတ်ပေ။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ရာတွင်၊ သမ္မာတရားကို သင် မချစ်သကဲ့သို့ သမ္မာတရားကို မလိုက်စားပါက၊ သင့်ကိုယ်သင့် ချုပ်ထိန်းနိုင်မည်မဟုတ်သည့်အပြင်၊ အချိန်အတော်ကြာအောင် သင် မလျှော့တမ်းလုပ်ဆောင်မည် မဟုတ်ပေ။ ထိုသို့သော အခါသမယနှင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင်၊ လူတို့သည် မိမိတို့၏ အသက်များအဖြစ် သမ္မာတရား ကင်းမဲ့ပါက၊ စိတ်ပိုင်းဖြတ်ခြင်း အနည်းငယ် ကင်းမဲ့ပါက၊ စစ်မှန်သည့် ထိုးထွင်းအမြင် ကင်းမဲ့ပါက၊ ၎င်းတို့သည် မကြာခဏ တုံ့ပြန်လူးလာ ချီတုံချတုံဖြစ်ကာ အားနည်းနေလိမ့်မည်။ အတန်ငယ် မဆုတ်မနစ် ကြိုးပမ်းပြီးနောက်တွင်၊ “ဤနေ့ရက်များ မည်သည့်အချိန်တွင် အဆုံးသတ်လာလိမ့်မည်နည်း။ ဘုရားသခင်၏ နေ့ရက် ရောက်မလာလျှင်၊ ကုပ္မဏီထဲတွင် အချိန်မည်မျှကြာ ငါ ရုံးလုလင်တစ်ယောက် ဖြစ်နေရလိမ့်မည်နည်း။ အခြားသူများက ငါ့ထက် ဝင်ငွေပိုရကြသည်။ အဘယ်ကြောင့် အခြေခံ အစားအစာနှင့် အနွေးဓာတ်အတွက်သာ ငါ ပံ့ပိုးနိုင်သနည်း။ ဘုရားသခင်က ငွေပိုရှာရန် ငါ့ကို မပြောပါ”ဟု တွေးလျက်၊ ၎င်းတို့ တိုး၍ပင် စိတ်ဓာတ်ကျသွားကြလိမ့်မည်။ ငွေပိုရှာခြင်းမှ သင့်ကို အဘယ်သူ တားဆီးနေပါသနည်း။ သင့်ထံတွင် စွမ်းဆောင်နိုင်စွမ်းရှိပါက၊ ဝင်ငွေ ပိုရှာနိုင်သည်၊ ကြွယ်ဝချမ်းသာသည့် ဘဝနေထိုင်မှုပုံစံတစ်ခု နေထိုင်နိုင်ပြီး၊ အသုံးအဖြုန်းကြီးစွာ အသက်ရှင်ခြင်းကို သင် မွေ့လျော်ခံစားနိုင်သည်၊ ယင်းမှာ ကိစ္စမရှိပေ။ မည်သူကမျှ သင့်ကို တားဆီးနေခြင်း မရှိ။ သို့ရာတွင်၊ သင်၏ ကိုယ်ပိုင် ရွေးချယ်မှုများအတွက် သင် တာဝန်ယူရန် လိုအပ်သည်။ အဆုံးတွင်၊ သမ္မာတရားကို သင် မရရှိပါက၊ ဘုရားနှုတ်ကပတ်တော်များသည် သင့်အတွင်းတွင် အသက် ဖြစ်မလာပါက၊ ထိုအရာကို နောင်တရမည့်သူမှာ သင် တစ်ဦးတည်းသာ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် လုပ်ရပ်များနှင့် ရွေးချယ်မှုများအတွက် သင် တာဝန်ယူရန် လိုအပ်သည်။ သင့်အတွက် မည်သူမျှ ကျခံပေး၍မရ၊ တာဝန်ယူပေး၍ မရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ရန်၊ ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းရန်နှင့် သမ္မာတရား လိုက်စားရန် ရွေးချယ်သည့်အတွက်၊ ထိုအရာကို နောင်တမရလေနှင့်။ ဤသည်မှာ သင် ရွေးချယ်ပြီးဖြစ်သည့်အရာ ဖြစ်သဖြင့်၊ လိုက်လျှောက်ရမည့် စည်းမျဉ်း သို့မဟုတ် ပညတ်ချက်တစ်ခုအဖြစ် ထိုအရာကို မမြင်သင့်ပေ။ ထို့ထက်၊ သင်၏ မဆုတ်မနစ် ကြိုးပမ်းမှုနှင့် ရွေးချယ်မှုများသည် အဓိပ္ပာယ်နှင့် တန်ဖိုးရှိသည်ကို သင် နားလည်သင့်ပေသည်။ နောက်ဆုံးတွင်၊ သင် ရရှိသည့်အရာသည် သမ္မာတရားနှင့် အသက်ဖြစ်သည်၊ စည်းမျဉ်းတစ်ခုသာ မဟုတ်ပေ။ သင်၏ မဆုတ်မနစ် ကြိုးပမ်းမှုနှင့် ရွေးချယ်မှုများက သင့်ကို အထူးသဖြင့် စိတ်အနှောင့်ယှက်ဖြစ်စေပါက၊ စိတ်မသက်မသာဖြစ်စေပါက၊ သို့မဟုတ် သင့်အနီးအနားရှိ လူများကို ရင်မဆိုင်နိုင်အောင် ဖြစ်စေပါက၊ မလျှော့တမ်း ဆက်မလုပ်ပါနှင့်။ အဘယ်ကြောင့် မိမိကိုယ်ကိုအတွက် အမှုအရာများကို ခက်ခဲစေသနည်း။ သင့်စိတ်နှလုံးတွင် သင်မည်သည့်အရာကို ဆန္ဒရှိသည်ဖြစ်စေ၊ မည်သည့်အရာကို အလိုရှိသည်ဖြစ်စေ၊ ထိုအရာကို လိုက်စားလော့။ မည်သူကမျှ သင့်ကို တားဆီးနေခြင်း မရှိ။ ယခု၊ ဤကဲ့သို့ ငါတို့ မိတ်သဟာယပြုခြင်းသည် သင့်ကို စည်းမျဉ်းတစ်ခု ပေးနေခြင်းသာ ဖြစ်သည်။ ကမ္ဘာလောကတွင်၊ လူတို့ ပါဝင်သည့် အလုပ်အကိုင်တိုင်းသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရုပ်ပိုင်းဆိုင်ရာ မွေ့လျော်ခံစားမှုတို့နှင့် ဆက်စပ်နေသည်။ ပိုများသော ငွေများကို လူတို့ ရှာကြသည့် အကြောင်းရင်းမှာ ကိန်းဂဏာန်းတစ်ခုခုကို စွမ်းဆောင်ရရှိရန် မဟုတ်ဘဲ၊ ထိုငွေများကို ရှာခြင်းမှတစ်ဆင့် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ မွေ့လျော်ခံစားမှုကို တိုးတက်စေရန်နှင့် အများက သိရှိသည့် ကြွယ်ဝချမ်းသာသော လူများ ဖြစ်လာရန်အတွက်လည်း ဖြစ်ပေသည်။ ဤသို့ဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူး၊ အခြေခံ လိုအပ်ချက်များနှင့်ဆိုင်သည့် အပိုင်းအခြားကို ကျော်လွန်သော အရာအားလုံး ၎င်းတို့တွင် ရှိကြလိမ့်မည် ဖြစ်သည်။ လူတို့ပေးသည့် မည်သည့် အဖိုးအခမဆိုသည်၊ ရုပ်ပိုင်းဆိုင်ရာ မွေ့လျော်ခံစားမှုအတွက် ဖြစ်သည်။ ထိုအရာတစ်ခုမျှ အဓိပ္ပာယ်မရှိ။ အားလုံးသည် အိမ်မက်တစ်ခုကဲ့သို့၊ အနှစ်မဲ့၏။ အဆုံးတွင် ၎င်းတို့ ရရှိသည့်အရာမှာ အနှစ်မဲ့ခြင်း သက်သက် ဖြစ်သည်။ ယနေ့တွင် သင်၏ အစာအတွက် မုန့်လုံးပေါင်းများ ရှိကောင်းရှိမည်ဖြစ်ကာ အရသာရှိကြောင်း တွေ့ရမည်ဖြစ်သော်လည်း၊ သေချာ သုံးသပ်ဆင်ခြင်ပြီးနောက်တွင်၊ မည်သည့်အရာမျှ သင် မရရှိလေပြီဖြစ်ကြောင်း သင် မြင်ရပေသည်။ထိုအရာကို သင် နေ့စဉ် စားသောက်ပါက၊ ငြီးငွေ့သွားနိုင်ပေမည်၊ ထိုအရာကို မစားတော့ဘဲနေကာ ဂျုံဘန်းမုန့်များ၊ ထမင်း သို့မဟုတ် ပန်ကိတ်များကဲ့သို့သော အခြားတစ်စုံတစ်ရာကို ပြောင်းလဲစားသုံးလော့။ သင်သည် မိမိကိုယ်ကိုယ် ဤသို့ ချိန်ညှိကာ သင်၏ ကိုယ်ခန္ဓာသည် တိုး၍ ကျန်းမာလာသည်။ နေ့စဉ် ဆီအိမ့်သော အစားအစာများကို သင် စားသုံးပါက၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာသည် တိုး၍ မကျန်းမမာဖြစ်လာမည် မဟုတ်လော။

အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်း၊ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဖြစ်သလော။ (မှန်ကန်ပါသည်။) အဘယ်ကြောင့် မှန်ကန်သနည်း။ လူတစ်ဦး၏ ဘဝ တန်ဖိုးသည် အစားအစာ၊ အဝတ်အစားတို့နှင့် ပတ်သက်သလော။ (မပတ်သက်ပါ။) လူတစ်ဦး၏ ဘဝ တန်ဖိုးသည် အစားအစာနှင့် အဝတ်အစား သို့မဟုတ် ဇာတိပကတိ၌ မွေ့လျော်ခြင်းအကြောင်း မဟုတ်ပါက၊ လူတစ်ဦး ပါဝင်သည့် အလုပ်အကိုင်သည် အစားအစာနှင့် အဝတ်အစားအတွက် လိုအပ်မှုကိုသာ ဖြည့်ဆည်းသင့်ပေသည်။ ဤနယ်ပယ်ကို ကျော်လွန်မသွားသင့်ပေ။ အစားအစာနှင့် အဝတ်အစား ရှိခြင်းနောက်ကွယ်က ရည်ရွယ်ချက်မှာ အဘယ်နည်း။ ခန္ဓာကိုယ်က ပုံမှန် ရှင်သန်နိုင်သည်ကို သေချာစေရန် ဖြစ်သည်။ ရှင်သန်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အသွေးအသား ပျော်ရွှင်ခြင်းအတွက်ဖြစ်စေ၊ ဘဝ လမ်းကြောင်းကို မွေ့လျော်ခံစားခြင်းအတွက်ဖြစ်စေ မဟုတ်သကဲ့သို့၊ ဘဝတွင် လူသားများ ကြုံတွေ့ရသည့် အရာအားလုံးကို မွေ့လျော်ခံစားခြင်းအတွက် သေချာပေါက် မဟုတ်ပေ။ ဤအရာများအားလုံး အရေးမကြီးပေ။ ထို့ကြောင့် မည်သည့်အရာသည် အရေးအကြီးဆုံး ဖြစ်သနည်း။ လူတစ်ဦး လုပ်ဆောင်သင့်သည့် တန်ဖိုးအရှိဆုံးသော အရာမှာ မည်သည့်အရာဖြစ်သနည်း။ (တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်သင့်ပြီး မိမိတို့ကိုယ်ပိုင် တာဝန်များကို ဖြည့်ဆည်းသင့်ပါသည်။) သင်သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ အဖန်ဆင်းခံတစ်ဦးဖြစ်သည်။ အဖန်ဆင်းခံများသည် ၎င်းတို့ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့်အရာကို လုပ်ဆောင်သင့်ကြ၏။ ဤသည်မှာ တန်ဖိုးရှိသောအရာ ဖြစ်သည်။ သို့ဆိုလျှင်၊ အဖန်ဆင်းခံများ လုပ်ဆောင်သည့် မည်သည့်အရာသည် တန်ဖိုးရှိသနည်း။ အဖန်ဆင်းခံတိုင်းတွင် ဖန်ဆင်းရှင်က ၎င်းတို့ကို ပေးအပ်ထားသည့် တာဝန်တစ်ခု၊ ၎င်းတို့ ဖြည့်ဆည်းရန် ရည်ရွယ်ထားသည့် တာဝန်တစ်ခုရှိ၏။ ဘုရားသခင်သည် လူအသီးသီး၏ ဘဝ ကံကြမ္မာကို ချမှတ်ပြီးဖြစ်သည်။ ၎င်းတို့၏ ဘဝ ကံကြမ္မာက မည်သည့်အရာ ဖြစ်စေ၊ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ထိုအရာကို သင် ကောင်းစွာ လုပ်ဆောင်ပါက၊ ဘုရားသခင်ရှေ့တွင် ဖော်ပြပြောဆိုရန် သင် ရပ်ရသည့်အခါ၊ ဘုရားသခင်က စိတ်ကျေနပ်ဖွယ် အဖြေတစ်ခုကို ပေးလိမ့်မည်။ သင်၏ ဘဝသည် တန်ဖိုးရှိစွာနှင့် အကျိုးရှိရှိ အသက်ရှင်ခဲ့ကြောင်း၊ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ်သို့ သင် ပြောင်းလဲစေခဲ့ကြောင်းနှင့် သင်သည် အရည်အချင်းရှိသည့် အဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်းကို သူ ပြောလိမ့်မည်။ သို့ရာတွင်၊ သင်၏ ဘဝသည် အစားအစာ၊ အဝတ်အစား၊ အပျော်အပါးနှင့် ပျော်ရွှင်မှုတို့အတွက် အသက်ရှင်ခြင်း၊ ရုန်းကန်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းအကြောင်းသာ ဖြစ်ပါက၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် နောက်ဆုံး ရပ်ရသည့်အခါ၊ သူက၊ “သင့်ကို ငါ ပေးခဲ့သည့် ဤဘဝ၏ အလုပ်နှင့် တာဝန်ကို သင် မည်မျှ ဖြည့်ဆည်းပြီးပြီနည်း”ဟု မေးလိမ့်မည်။ သင်သည် အားလုံးကို စာရင်းပြုစုလိမ့်မည်ဖြစ်ပြီး၊ ဤဘဝ၏ အားအင်နှင့် အချိန်တို့သည် အစားအစာ၊ အဝတ်အစားနှင့် ဖျော်ဖြေရေးတို့အပေါ် ကုန်ဆုံးခဲ့သည်ကို သင် တွေ့ရလိမ့်မည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် များစွာ သင် မလုပ်ဆောင်ရသေးသကဲ့သို့ ထင်ရသည်၊ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေး၊ အဆုံးထိတိုင် သင် မလျှော့တမ်း လုပ်ဆောင်ခြင်းမရှိသေးသကဲ့သို့၊ သင်၏ ဆက်ကပ်အပ်နှံခြင်းကို သင် မဆောင်ရွက်ရေသေးပေ။ သမ္မာတရား လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ ထိုသမ္မာတရားကို လိုက်စားရန် လိုလားမှုအချို့ရှိခဲ့သော်ငြား၊ အဖိုးအခများစွာ သင် မပေးသကဲ့သို့ မည်သည့်အရာကိုမျှ သင် ရရှိခြင်း မရှိလေပြီ။ နောက်ဆုံး စစ်ဆေးချက်အနေဖြင့်၊ ဘုရားနှုတ်ကပတ်တော်များသည် သင်၏ အသက်ဖြစ်လာခြင်း မရှိသေးသကဲ့သို့ သင်သည် မပြောင်းလဲသည့် စာတန်အို ဖြစ်နေဆဲဖြစ်သည်။ အမှုအရာများကို ရှုမြင်ခြင်းနှင့် ပြုမူလုပ်ဆောင်ခြင်းအတွက် သင်၏ နည်းစနစ်များမှာ လူသား အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပြင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့အပေါ်သာ အခြေခံလေသည်။ သင်သည် ဘုရားသခင်ကို လုံးဝ ဆန့်ကျင်နေဆဲဖြစ်ပြီး၊ သူနှင့် သဟဇာတမဖြစ်ပေ။ ထိုသို့ဖြစ်ခဲ့လျှင်၊ သင်သည် အချည်းနှီးအဖြစ် ဖော်ပြခံရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သင့်ကို အလိုရှိလိမ့်မည် မဟုတ်တော့ပေ။ ဤအချိန်မှစ၍၊ သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ ဖြစ်လိမ့်မည် မဟုတ်တော့။ ဤသည်မှာ သနားစဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ မည်သည့် အလုပ်အကိုင်တွင် သင် ပါဝင်သည်ဖြစ်စေ၊ ထိုအလုပ်အကိုင်က တရားဝင်ဖြစ်သရွေ့၊ ဘုရားသခင်က စီစဉ်ကာ ကြိုတင်စီမံထားခြင်း ဖြစ်သည်။ သို့ရာတွင် ယင်းက ဘုရားသခင်သည် သင့်အား ငွေပိုရှာရန် သို့မဟုတ် သင် လုပ်ဆောင်သည့် အသက်မွေးမှုလုပ်ငန်းတွင် ထင်ပေါ်ကျော်စောခြင်းအဖြစ်သို့ ရောက်ရန် သင့်ကို ထောက်ပံ့ပေးခြင်း သို့မဟုတ် တိုက်တွန်းခွန်အားပေးခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဤအရာကို ဘုရားသခင် လက်မခံသကဲ့သို့ သင့်ထံမှ လုံးဝ မတောင်းဆိုခဲ့ပေ။ ထို့အပြင် ဘုရားသခင်သည် လောကဆီသို့ သင့်ကို တွန်းပို့ရန်၊ သင့်ကို စာတန်ထံ လွှဲအပ်ရန် သို့မဟုတ် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို တဇွတ်ထိုး လိုက်စားခွင့်ပေးရန် သင် ပါဝင်သည့် အလုပ်အကိုင်ကို မည်သည့်အခါတွင်မျှ အသုံးပြုလိမ့်မည် မဟုတ်။ ထိုအစား၊ သင် ပါဝင်သည့် အလုပ်အကိုင်မှတစ်ဆင့်၊ ဘုရားသခင်သည် သင့်အား အစားအစာနှင့် အနွေးဓာတ်အတွက် သင်၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းခွင့်ပေး၏၊ ထိုမျှသာ ဖြစ်သည်။ ထို့အပြင်၊ ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် သင်၏ တာဝန်က မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာကို သင် လိုက်စားသင့်သည်ဆိုသည်နှင့် မည်သည့်အရာကို သင် အသက်ရှင်နေထိုင်သင့်သည်ဆိုသည်တို့ကဲ့သို့သော အရာများကို သင့်အား သူ ပြောပြပြီး ဖြစ်သည်။ ဤသည်မှာ သင် အသက်ရှင်နေထိုင်သင့်သည့် စံများနှင့် သင့်ဘဝတစ်လျှောက်လုံး သင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်က စကားပြောပြီးဖြစ်ကာ သူ ပြောခဲ့သည့်အရာကို သင် နားလည်သည့်နောက်တွင်၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ တစ်ပတ် သုံးရက် အလုပ်လုပ်ခြင်းက အစားအစာနှင့် အနွေးဓာတ်အတွက် သင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံလောက်သော်လည်း၊ အခြားရက်များတွင် အလုပ်လုပ်ဖို့ သင် ရွေးချယ်ပါက၊ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းနိုင်ပေ။ တာဝန်တစ်ခုသည် သင်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေချိန်၊ သင်က၊ “ကျွန်ုပ် အလုပ်တွင်ရှိသည်၊ ကျွန်ုပ်၏ နေရာတွင် ရှိနေသည်”ဟု ဆိုပြီး၊ တစ်စုံတစ်ဦးက သင့်ကို ဆက်သွယ်ရန် ကြိုးစားသည့်အခါ၊ အချိန်မရှိကြောင်း သင် အမြဲ အခိုင်အမာဆိုသည်။ မည်သည့်အချိန်တွင် သင် အချိန်ရှိသနည်း။ သင် ခြေကုန်လက်ပန်းကျ၊ မောပန်းပြီး အားအင်ကုန်ခမ်းချိန်၊ ဆန္ဒရှိသော်လည်း ခွန်အားမရှိတော့သည့် ည ၈ နာရီနောက်ပိုင်းတွင်သာ သင် အချိန်ရှိပေသည်။ သင်သည် တစ်ပတ်တွင် ခြောက်ရက် အလုပ်လုပ်ပြီး၊ သင့်ကို တစ်စုံတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားသည့်အခါတိုင်းတွင် သင်၌ အချိန်မရှိကြောင်း အမြဲ အခိုင်အမာဆိုသည်။ တနင်္ဂနွေနေ့တွင်သာ သင် အချိန်ရှိပြီး၊ ထိုအချိန်တွင်ပင် သင်၏ မိသားစုနှင့် သင်၏ သားသမီးများဖြင့် အချိန်ကုန်ဆုံးရန်၊ အိမ်မှုကိစ္စများ လုပ်ဆောင်ပြီး မိမိကိုယ်ကို အားပြန်ဖြည့်ကာ အတန်ငယ် အပန်းဖြေရန် သင် လိုအပ်သည်။ လူအချို့မှာ အပန်းဖြေခရီးပင် ထွက်ကြသည်၊အားလပ်ချိန် လှုပ်ရှားမှုများဖြင့် အချိန်အချို့ ကုန်ဆုံးကာ ငွေသုံးပြီး ပစ္စည်းများအတွက် စျေးဝယ်ထွက်ကြလေသည်။ လူအချို့မှာ လုပ်ဖော်ကိုင်ဖက်များဖြင့် မိမိတို့၏ ဆက်ဆံရေးများ တည်ဆောက်ကာ ခေါင်းဆောင်များ၊ အထက်လူကြီးများနှင့် ဆက်သွယ်ရေးစနစ် တည်ဆောက်ကြသည်။ ဤသည်မာ မည်သည့် ယုံကြည်မှုမျိုး ဖြစ်သနည်း။ ဤသည်မှာ ယုံကြည်ခြင်း မရှိသူတစ်ဦး လုံးလုံးလျားလျား ဖြစ်ပေသည်။ လုပ်ရိုးလုပ်စဉ်တွင် ပါဝင်ခြင်း အကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်ကို သင် ယုံကြည်သည်ဟု မပြောနှင့်။ သင်သည် ဘုရားသခင်၌ ယုံကြည်သူများနှင့် ဆက်နွှယ်မှုမရှိ။ အသင်းတော်နှင့် သင် မသက်ဆိုင်။ အလွန်ဆုံးအနေဖြင့်၊ သင်သည် အသင်းတော်၏မိတ်ဆွေတစ်ဦးသာ ဖြစ်သည်။ ဘုရားအိမ်တော်သည် ပြင်ပအရေးကိစ္စများကို ကိုင်တွယ်ပေးရန် တစ်စုံတစ်ဦးကို လိုအပ်ပြီး၊ သင်က ကူညီပေးရန် သဘောတူကောင်း တူနိုင်သော်လည်း၊ ထိုအရာမှာ သင်က မငြင်းပယ်ခြင်းမျှသာ ဖြစ်သည်။ သင်၏ ရာထူးကို သင် ဖြည့်နိုင်ခြင်း ရှိမရှိ၊ မည်သည့်အချိန်တွင် သင် ဖြည့်နိုင်သည်ဆိုသည်မှာ မသိရှိရပေ။ သင်၏ ရာထူးနေရာသို့ သင် ရောက်ရှိပြီးနောက်တွင်၊ သင်၏ အချိန်ရှိသမျှ၊ သင်၏ စိတ်နှလုံး တစ်ခုလုံးနှင့် အစွမ်းအစကို သင် ပေးနိုင်ခြင်းရှိမရှိဆိုသည်မှာ မသေချာပေ။ ဤအရာများသည် မသိကိန်းများသာ ဖြစ်သည်။ မည်သည့်အချိန်တွင် အလုပ်ဖြင့် သင် အလုပ်များလွန်းမည်၊ သို့မဟုတ် စီးပွားရေး ခရီးစဉ်တစ်ခု သွားပြီး နှစ်ပတ် သို့မဟုတ် တစ်လကြာ အရိပ်အယောင်မရှိဘဲ ပျောက်သွားမည်၊ မည်သူကမျှ သင့်ကို မဆက်သွယ်နိုင်ဘဲရှိမည်ဆိုသည်ကို မည်သူသိသနည်း။ ဤသည်မှာ စစ်မှန်သည် ယုံကြည်ခြင်း မဟုတ်တော့ပေ။ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်သည်။ ဤကဲ့သို့သော လူများနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များ သိမ်းယူသွားခြင်း ခံရသင့်ပြီး ထို့နောက်တွင် ၎င်းတို့ ရှင်းလင်းခံရသင့်ကာ၊ “အလုပ်ကို သင် လက်မလွှတ်နိုင်ပါက၊ စုဝေးပွဲများအတွက် အချိန်မရှိသကဲ့သို့ သင်၏ တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ဘုရားအိမ်တော်သည် သင့်ကို အတင်းအကျပ်မပြုပါ။ ဤနေရာတွင် လမ်းခွဲလိုက်ကြစို့။ အစားစားနှင့် အဝတ်အစား ရှိခြင်းမျှဖြင့် သင် ရောင့်ရဲလာနိုင်သည့်အခါ၊ မြင့်မားသည့် ဘဝအဆင့်အတန်းတစ်ခုအတွက် သင်၏ တောင်းဆိုချက်များကို စွန့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းအတွက် အချိန်ကို ပိုခွဲဝေပေးလာနိုင်သည့်အခါ၊ အဖွဲ့ထဲသို့ သင့်ကို ငါတို့ တရားဝင် လက်ခံမည်ဖြစ်ပြီး၊ အသင်းသားတစ်ဦးအဖြသ် သင့်ကို မှတ်ယူမည်။ ဤအရာကို သင် မစွမ်းဆောင်နိုင်သကဲ့သို့ သင် သတင်းပေးရုံ၊ ကူညီပေးရုံနှင့် သင်၏ အချိန်ပိုတွင် ညီအစ်ကို မောင်နှမများနှင့် မခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်ရုံသာဖြစ်ပါက၊ ယင်းမှာ အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းအဖြစ် မှတ်ယူ၍မရသကဲ့သို့၊ ဘုရားသခင်ကို တရားဝင် ယုံကြည်ခြင်းအဖြစ် သေချာပေါက် အရည်အချင်း ပြည့်မီခြင်း မရှိပါ”ဟု အပြောခံရသင့်ပေသည်။ ဤကဲ့သို့သော လူများကို ငါတို့ မည်သို့ ခေါ်ဆိုသနည်း။ (အသင်းတော်၏ မိတ်ဆွေများ ဖြစ်ပါသည်။) အသင်းတော် မိတ်ဆွေများ၊ အသင်းတော်၏ မိတ်ဆွေကောင်းများ ဖြစ်သည်။ “သင်တို့၏ရန်သူဘက်၌မရှိသောသူသည် သင်တို့ ဘက်၌ရှိ၏” (ရှင်မာကုခရစ်ဝင် ၉:၄၀)။ ထို့ကြောင့်၊ ဤလူစားမျိုးများို အသင်းတော် မိတ်ဆွေများအဖြစ် ရည်ညွှန်းထားပေသည်။ တစ်စုံတစ်ဦးကို အသင်းတော်၏ မိတ်ဆွေတစ်ဦးအဖြစ် ခေါ်ဆိုခြင်းသည် ၎င်းတို့က စောင့်ကြည့်လေ့လာခြင်း အဆင့်တွင် ရှိဆဲဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၌ တရားဝင်ဖြစ်သော ယုံကြည်သူများ မဟုတ်သေးကြောင်း၊ ၎င်းတို့ကို အသင်းသားများထဲတွင် ထည့်သွင်းရေတွက်ခြင်းမရှိသကဲ့သို့ တာဝန်တစ်ခုကို ဖြည့်ဆည်းနေသည့် လူများအဖြစ် ယူဆခြင်းမခံရသေးကြောင်းကို ရည်ညွှန်းပေသည်။ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိ မရှင်းလင်းသေးသည်နှင့်အမျှ၊ ၎င်းတို့သည် စောင့်ကြည့်လေ့လာခြင်း ခံရဦးမည်ဖြစ်သည်။ သို့ရာတွင်၊ မိသားစု ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေများက ၎င်းတို့အပေါ် ထားရှိသည့် ကန့်သတ်ချက်များကြောင့်၊ ဝမ်းစာရှာလျက် ကိုင်တွယ်ဖြေရှင်းပြီး၊ မိမိတို့၏ သားသမီးများကို ထောက်ပံ့ပေးရန် တစ်ပတ်တွင် ရက်အတော်များများ အလုပ်လုပ်ရမည်ဖြစ်သည်။ ၎င်းတို့အပေါ် ချက်ချင်း လိုက်နာရန် တောင်းဆိုသော တောင်းဆိုချက်များ တစ်ခုတလေ ငါတို့ ပြုလုပ်ခြင်း ရှိမည်မဟုတ်။ ၎င်းတို့၏ ကျန်ရှိသည့် အချိန်တွင် မိမိတို့ တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့ကို ဘုရားအိမ်တော်သားများအဖြစ်၊ ဘုရားသခင်ကို တရားဝင် ယုံကြည်ခြင်းအဖြစ် မှတ်ယူ၍ရပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်းနှင့်ဆိုင်သော အခြေခံသတ်မှတ်ချက်ကို ဖြည့်ဆည်းပြီးသား ဖြစ်သောကြောင့် ဖြစ်၏။ ၎င်းတို့တွင် တကယ်ဖြစ်သော အခက်အခဲများရှိကြပြီး အလုပ်မလုပ်အောင် ၎င်းတို့ကို သင် တားဆီးပါက၊ ၎င်းတို့၏ တစ်မိသားစုလုံးက ထောက်ပံ့မှု နည်းလမ်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အအေးဒဏ်နှင့် ဆာလောင်မှုတို့ကို ၎င်းတို့ ခံစားရလိမ့်မည် ဖြစ်သည်။ ၎င်းတို့ကို သင် အလုပ်လုပ်ခွင့်မပေးပါက၊ ၎င်းတို့၏ မိသားစုကို မည်သူ ထောက်ပံ့မည်နည်း။ သင် ထောက်ပံ့မည်လော။ ထို့ကြောင့် အသင်းတော် ခေါင်းဆောင်များ၊ ကြီးကြပ်ရေးမှူးများနှင့် ၎င်းတို့နှင့် ဆက်စပ်သူ မည်သူမဆိုသည် ၎င်းတို့ အလုပ်များကို ထွက်ကာ မိမိတို့၏ မိသားစုများနှင့်ပတ်သက်၍ မစိုးရိမ်ရန် တောင်းဆိုရာတွင် လျော်ကန်သင့်မြတ်ခြင်း မရှိပေ။ ဤအရာကို မလုပ်ဆောင်သင့်ပေ။ လူတို့အပေါ် မဖြစ်နိုင်သည့်အရာကို တောင်းဆိုခြင်း ဖြစ်ပေမည်။ လူတို့သည် လေဟာနယ်တစ်ခုတွင် အသက်ရှင်ကြသည် မဟုတ်၊ ၎င်းတို့သည် စက်များမဟုတ်ကြပေ။ ၎င်းတို့ ရှင်သန်ရန်၊ အသက်မွေးဝမ်းကျောင်းတစ်ခု ထောက်ပံ့ပေးရန် လိုအပ်သည်။ ယခင်က ငါတို့ ဆွေးနွေးခဲ့ကြသည့်အတိုင်း၊ သင့်ထံတွင် ကလေးများနှင့် မိသားစုရှိပါက၊ မိသားစု၏ အဓိက ထောက်ပံ့သူ သို့မဟုတ် မိသားစုဝင်တစ်ဦးအနေဖြင့်၊ သင်၏ မိသားစုကို ထောက်ပံ့ပေးရခြင်း တာဝန်ကို သင် ယူသင့်ပေသည်။ ဤတာဝန်ကို ဖြည့်ဆည်းခြင်းအတွက် စည်းမျဉ်းမှာ အစားအစာနှင့် အနွေးဓာတ်ကို ရရှိရန်ဖြစ်သည်၊ ယင်းမှာ စည်းမျဉ်းဖြစ်၏။ လူအချို့အတွက်၊ ဤသည်မှာ ၎င်းတို့ ရှိကြသည့် အခြေအနေတစ်ခုဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ကြပေ။ မိမိတို့၏ မိသားစုများအဖို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီးနောက်တွင်၊ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရန် ၎င်းတို့၏ အချိန်ဇယားကို ၎င်းတို့ ချိန်ညှိကြသည်။ ဤအရာကို ဘုရားအိမ်တော်က အခွင့်ပေးကာ ခွင့်ပြုပေးထားခြင်း ဖြစ်၏။ သင်သည် လူတို့အပေါ် မဖြစ်နိုင်သည့်အရာကို တောင်းဆို၍မရပေ။ ဤသည်မှာ ဖြစ်နိုင်သလော။ (ဖြစ်နိုင်ပါသည်။) ဘုရားသခင်ကို လတ်တလောတွင်သာ ယုံကြည်ကြပြီး၊ အခြေကျခြင်းမရှိသေးသည့် သူများကို ၎င်းတို့၏ အလုပ်များ ထွက်ရမည်၊ ၎င်းတို့၏ မိသားစုများကို စွန့်ပစ်ရမည်၊ ကွာရှင်းရမည်၊ ၎င်းတို့၏ သားသမီးများကို လျစ်လျူရှုရမည် သို့မဟုတ် ၎င်းတို့၏ မိဘများကို ငြင်းပယ်ရမည်ဟု တောင်းဆိုရာတွင် မည်သူမျှ လျော်ကန်သင့်မြတ်ခြင်း မရှိပေ။ ဘုရားနှုတ်ကပတ်တော်များက လိုက်လျှောက်ရန် လူတို့ကို တောင်းဆိုသည်မှာ သမ္မာတရား စည်းမျဉ်းများဖြစ်ပြီး၊ ဤစည်းမျဉ်းများတွင် အမျိုးမျိုးသော အခြေအနေများနှင့် သတ်မှတ်ချက်များ ပါဝင်၏။ ဤမတူကွဲပြားသော အခြေအနေများနှင့် သတ်မှတ်ချက်များအရ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း တောင်းဆိုချက်များနှင့် စီမံချက်များကို ပြုလုပ်သင့်ပေသည်။ ဤအရာသည်သာ မှန်ကန်တိကျ၏။ ထို့ကြောင့် အသက်မွေးမှုလုပ်ငန်းနှင့်ဆိုင်သော ကိစ္စရပ်တွင်၊ အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲရန်မှာ အလွန် အရေးကြီးပေသည်။ ဤအချက်ကို သင် ရှင်းလင်းစွာ မမြင်နိုင်ပါက၊ သင်၏ တာဝန်ကို သင် ဆုံးရှုံးသွားမည်ဖြစ်ကာ ကယ်တင်ခံရမည့် သင်၏ အခွင့်အရေးများကို ထိခိုက်သွားစေနိုင်သည်။

နောက်ဆုံးသော ကာလသည်လည်း အထူး အချိန်ကာလတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်၊ အသင်းတော်၏ အရေးကိစ္စများသည် အလုပ်များပြီး ခက်ခဲရှုပ်ထွေး၏။ နောက်တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား တိုးချဲ့နေချိန် ဤအခိုက်အတန့်ကို ရင်ဆိုင်နေရသည့်အခါ၊ ဘုရားအိမ်ဗတာ်အတွင်းရှိ အမျိုးမျိုးသော ပရောဂျက်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ ပို၍များသောလူများက မိမိတို့၏ အချိန်နှင့် အားအင်ကို ရည်စူးအပ်နှံရန်၊ မိမိတို့၏ အားထုတ်မှုများကို ပံ့ပိုးကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရန် လိုအပ်ပေသည်။ ထို့ကြောင့် သင်၏ အလုပ်အကိုင် မည်သည့်အရာဖြစ်စေ၊ သင်၏ အခြေခံ အသက်မွေးမှု လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း အပြင်၊ အမျိုးမျိုးသော ပရောဂျက်များတွင် ပူးပေါင်းဆောင်ရွက်ရင်း ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ဖြည့်ဆည်းရန် သင်၏ အချိန်နှင့် အားအင်ကို ရည်စူးအပ်နှံနိုင်ပါက၊ ဘုရားသခင်၏ အမြင်တွင် ဤအရာသည် နှစ်လိုဖွယ်ကောင်းသည်သာမက၊ အထူးသဖြင့် တန်ဖိုးလည်း ရှိပေသည်။ ဘုရားသခင်၏ ဂုဏ်ပြုခြင်းနှင့် ထိုက်တန်သကဲ့သို့ ဤမျှရင်းနှီးမြှုပ်နှံကာ ကုန်ဆုံးစေရန်လည်း လူတို့အတွက် ထိုက်တန်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဇာတိပကတိ၏ မွေ့လျော်မှုများကို သင် စတေးခဲ့သော်လည်း၊ သင် ရရှိသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များ၏ တန်ဖိုးမဖြတ်နိုင်သော အသက်၊ ထာဝရအသက်တစ်ခု၊ လောကရှိ မည်သည့်အရာအတွက်မျှ၊ ငွေ သို့မဟုတ် အခြား မည်သည့်အရာနှင့်မျှ လဲလှယ်၍ မရနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။ ပြီးလျှင် ဤတန်ဖိုးမဖြတ်နိုင်သော ရတနာ၊ အချိန်နှင့် အားအင်ကို ရင်းနှီးမြှုပ်နှံခြင်းမှတစ်ဆင့်၊ သင်၏ ကိုယ်ပိုင် အားထုတ်မှုများနှင့် လိုက်စားမှုများမှ သင် ရရှိသည့် အရာ၊ ဤအရာသည် အထူးမျက်နှာသာနှင့် သင် ရရှိရန် အထူးကံကောင်းခဲ့လေသည့် တစ်စုံတစ်ရာ ဖြစ်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက မိမိ၏ အသက်ဖြစ်လာခြင်း- ဤသည်မှာ အရာရာကို လူတို့ ပူဇော်ပေးအပ်သင့်သည့်အရာအတွက် အလဲအလှယ်အနေဖြင့် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။ ထို့ကြောင့် သင်၏ အလုပ်အကိုင်က သင့်အား အစားအစာနှင့် အဝတ်အစား ရှိခွင့်ပေးခြင်းအပေါ် အခြေခံ၍၊ သင်သည် သမ္မာတရား လိုက်စားခြင်းထဲသို့ သင် အဖိုးအခပေးပြီး၊ အချိန်ရင်းနှီးမြှုပ်နှံနိုင်ပါက၊ ဤလမ်းကြောင်းကို သင် ရွေးချယ်ပါက၊ ထိုအရာသည် အောင်ပွဲခံထိုက်သည့် ကောင်းမွန်သောအရာတစ်ခု ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍၊ သင် စိတ်ဓာတ်မကျသင့် သို့မဟုတ် စိတ်မရှုပ်ထွေးသင့်ပေ။ မှန်ကန်သည့် ရွေးချယ်မှု သင် ပြုလုပ်ပြီးဖြစ်ကြောင့် သေချာသင့်ပေသည်။ သင်သည် ရာထူးတိုးခြင်း၊ လစာငွေ တိုးခြင်းများနှင့် ပိုမြင့်မားသော ဝင်ငွေတစ်ခုအတွက်၊ ဇာတိပကတိ၌ ဘဝ၏ ပိုသာသော ပျော်မွေ့မှုအတွက်၊ သို့မဟုတ် ချမ်းသာကြွယ်ဝသော ဘဝတစ်ခုအတွက် အခွင့်အရေးများကို သင် လွဲချော်ကောင်းလွဲချော်မည်ဖြစ်သော်လည်း၊ ကယ်တင်ခြင်းအတွက် အခွင့်အရေးကို ဆုပ်ကိုင်မိပြီး ဖြစ်လိမ့်မည်။ ထိုအရာများကို သင် ဆုံးရှုံးပြီးဖြစ်သည့် သို့မဟုတ် လက်လွှတ်ပြီးဖြစ်သည့် အချက်မှာ သင်၏ ရွေးချယ်မှုက ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်နှင့် သက်ဝင်မှုကို သင့်ထံ ဆောင်ကြဉ်းပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ သင်သည် မည်သည့်အရာမျှ ဆုံးရှုံးခြင်း မရှိသေးပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ အစားအစာနှင့် အဝတ်အစားရှိပြီးနောက်တွင်၊ သင်သည် အပိုဆောင်း အချိန်နှင့် အားအင်ကို အသုံးပြုသည်၊ ပိုများသည် ငွေကို ရှာသည်၊ ပိုများသည် ရုပ်ဝတ္ထု ပျော်ရွှင်မှုများကို ဆည်းပူးရယူကာ သင်၏ ဇာတိပကတိသည် ဖြည့်ဆည်းခြင်းခံရသည့်တိုင်၊ ထိုသို့ လုပ်ဆောင်ရာတွင်၊ သင်သည် သင်၏ ကိုယ်ပိုင် ကယ်တင်ခြင်း မျှော်လင့်ချက်ကို ပျက်စီးသွားစေပြီးဖြစ်ပါက၊ ဤသည်မှာ သင့်အတွက် လုံးဝ ကောင်းမွန်သည့် အရာတစ်ခု မဟုတ်ချေ။ ထိုအရာနှင့်ပတ်သက်၍ သင် စိတ်မချမ်းမသာဖြစ်ကာ ပူပန်သောကရောက်သင့်သည်။ ဘဝနှင့် ရုပ်ပိုင်းဆိုင်ရာ ဘဝ အဆင့်အတန်းနှင့်စပ်လျဉ်းသည့် တောင်းဆိုချက်များနှင့် ပတ်သက်၍ သင်၏ အလုပ် သို့မဟုတ် သဘောထားတို့ကို သင် ချိန်ညှိသင့်ပေသည်။ လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် ဇာတိပကတိ၌ရှိသာ ဘဝအတွက် အချို့သော စိတ်ဆန္ဒများ၊ အစီအစဉ်များနှင့် လုပ်ငန်းစဉ်များကို သင် လက်လွှတ်သင့်သည်။ ဘုရားသခင်ထံ သင် ဆုတောင်းသင့်သည်၊ သူ၏ မျက်မှောက်တော်ထဲသို့ လာသင့်ပြီး၊ ဘုရားအိမ်တော်ရှိ အလုပ်များကို စိတ်နစ်၊ ကိုယ်နစ် အလုပ်လုပ်ရင်း၊ အနာဂတ်တွင်၊ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သည့်တစ်နေ့၊ လူတိုင်း၏ အလုပ်ကို ဘုရားသခင် ဆန်းစစ်ကာ လူအတန်းအစားအားလုံး၏ ဝိညာဉ်ရင့်ကျက်မှုများကို တိုင်းတာသည့်တစ်နေ့တွင်၊ သင်သည် ၎င်းတို့၏ တစ်စိတ်တစ်ပိုင်းဖြစ်ရန်အလို့ငှာ ကြိုးပမ်းလျက်၊ သင်၏ ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းရန် စိတ်ဆုံးဖြတ်သင့်ပေသည်။ ဘုရားသခင်၏ ကြီးမြတ်သည့် အမှု ပြီးမြောက်သည့်အခါ၊ ဘုရားသခင့် နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားပြီးဖြစ်သည့်အခါ၊ ဤဝမ်းမြောက်ဖွယ် မြင်ကွင်းကို ဖွင့်ပြသည့်အခါ၊ သင်၏ အားထုတ်မှု၊ သင်၏ ရင်းနှီးမြှုပ်နှံမှုနှင့် သင်၏ စွန့်လွှတ်စတေးမှုတို့ ရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်က ဘုန်းအသရေ ရရှိသည့်အခါ၊ စကြဝဠာတစ်ခွင်လုံး သူ၏ အမှုတော် ချဲ့ထွင်သည့်အခါ၊ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် အောင်မြင်ပြီးမြောက်မှုကို လူတိုင်း အောင်ပွဲခံနေကြချိန်၊ ထိုဝမ်းမြောက်ခြင်း အခိုက်အတန့်ကို ဖွင့်ပြရာတွင်၊ သင်သည် ဤဝမ်းမြောက်ခြင်းနှင့် ဆက်စပ်သည့်သူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဤဝမ်းမြောက်မှုတွင် ပါဝင်ဆင်နွှဲသူတစ်ဦး ဖြစ်လိမ့်မည်၊ ငိုယိုကာ မိမိတို့၏ အံသွားခဲကြိတ်မည့်သူ၊ အခြားလူတိုင်းက ဝမ်းမြောက်ခြင်းအတွက် ဟစ်ကြွေးကာ ခုန်ပေါက်နေကြစဉ်တွင် ရင်ဘတ်စည်တီးကာ ကျောထုကြမည့်သူ ဖြစ်လိမ့်မည် မဟုတ်၊ ပြင်းထန်သည့် အပြစ်ဒဏ် ရရှိနေသူ၊ ဘုရားသခင်၏ လုံးလုံးလျားလျား စက်ဆုပ်ခြင်းနှင့် စွန့်ပစ်ခြင်း ခံရလိမ့်မည့်သူ ဖြစ်သည် မဟုတ်ပေ။ သာ၍ပင် ကောင်းသည်မှာ ဘုရားသခင်၏ ကြီးမြတ်သည့် အမှုတော် ပြီးမြောက်ချိန်တွင်၊ ဘုရားနှုတ်ကပတ်တော်များကို အသက်အဖြစ် သင် ပိုင်ဆိုင်လိမ့်မည်။ သင်သည် ကယ်တင်ခံရပြီးဖြစ်သည့် လူတစ်ဦး ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို ပုန်ကန်ခြင်း မရှိတော့ဘဲ၊ စည်းမျဉ်းများကို ချိုးဖောက်ခြင်း မရှိတော့ဘဲ၊ ဘုရားသခင်နှင့် သဟဇာတဖြစ်သော လူတစ်ဦး ဖြစ်လိမ့်မည်။ တစ်ချိန်တည်းတွင်၊ မြင့်မားသည့် လစာ၊ အသွေးအသား ပျော်ရွှင်မှုများ၊ ကောင်းမွန်သည့် ရုပ်ဝတ္ထု ဆက်ဆံမှု၊ သာလွန်သည့် နေထိုင်မှု ပတ်ဝန်းကျင်နှင့် ခေါင်းဆောင်က ပေးသည့် အသိအမှတ်ပြုခြင်း၊ ရာထူးတိုးပေးခြင်းနှင့် ချီးမြှောက်ခြင်းတည်းဟူသော ကနဦးတွင် သင် စွန့်သမျှအရာရာတိုင်းအပေါ် သင် ဝမ်းမြောက်ခြင်းရှိလိမ့်မည်ဖြစ်သည်။ ရာထူးတိုးခြင်းအတွက် အခွင့်အရေးများကို အလိုက်လျောခြင်း၊ သင်၏ လစာ တိုးပြီး ကြွယ်ဝချမ်းသာမှု တည်ဆောက်ရန် အခွင့်အရေးများ သို့မဟုတ် ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံသော ဘဝနေထိုင်မှုပုံစံတစ်ခုဖြင့် မွေ့လျော်ရန် အခွင့်အရေးကို မလိုက်စားခြင်းကဲ့သို့သော အရာများကို သင် နောင်တရမည် မဟုတ်။ တိုတိုပြောရလျှင်၊ လိုက်နာသင့်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများလည်း ဖြစ်သည့် အကြင်သူ ပါဝင်သော အလုပ်အကိုင်အတွက် သတ်မှတ်ချက်များနှင့် စံနှုန်းများကို ဤအဆိုဖြင့် ပေါင်းရုံးဖော်ပြထားပေသည်- “အစားအစာ၊ အဝတ်အစားနှင့်ပတ်သက်၍ ရောင့်ရဲခြင်းရှိလော့။” အသက်ရရှိရန် သမ္မာတရား လိုက်စားခြင်းသည် လူတို့ ထိန်းသိမ်းသင့်သည့်အရာဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် သွေးသား စိတ်ဆန္ဒများနှင့် ပျော်ရွှင်မှုများကို ဖြည့်ဆည်းရန်အလို့ငှာ သမ္မာတရားနှင့် မှန်ကန်သည့် လမ်းကြောင်းကို ၎င်းတို့ မစွန့်လွှတ်သင့်ပေ။ ဤအရာက အသက်မွေးမှုလုပ်ငန်းတစ်ခုနှင့် စပ်လျဉ်း၍ လူတို့ ထိန်းသိမ်းသင့်သည့် ဒုတိယ စည်းမျဉ်းကို ဖြစ်စေသည်။

မိမိ၏ အသက်မွေးမှုလုပ်ငန်းကို လက်လွှတ်ခြင်း အကြောင်းအရာနှင့် စပ်လျဉ်း၍၊ ယနေ့တွင် စည်းမျဉ်းနှစ်ခုကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ ဤစည်းမျဉ်းနှစ်ခုကို သင်တို့ နားလည်ကြပြီလော။ (နားလည်ပါပြီ။) စည်းမျဉ်းများ ရှင်းလင်းသွားသဖြင့်၊ နောက်တစ်ဆင့်မှာ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဤစည်းမျဉ်းများအပေါ် အခြေခံ၍ ဆန်းစစ်ရန် ဖြစ်သည်။ နောက်ဆုံးတွင်၊ ဤစည်းမျဉ်းများကို ထိန်းသိမ်းနိုင်သူများမှာ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သူများဖြစ်သော်လည်း၊ စည်းမျဉ်းများကို မထိန်းသိမ်းနိုင်သူများမှာ ဘုရားသခင်၏ လမ်းခရီးမှ သွေဖည်နေကြပေသည်။ ထိုမျှလောက် ရိုးရှင်း၏။ စည်းမျဉ်းများကို သင် ထိန်းသိမ်းနိုင်ပါက၊ သမ္မာတရားကို သင် ရရှိလိမ့်မည်။ စည်းမျဉ်းများကို သင် မထိန်းသိမ်းပါက၊ သမ္မာတရားကို သင် ဆုံးရှုံးလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို ရရှိခြင်းက ကယ်တင်ခြင်း မျှော်လင့်ချက်ကို ပေး၏။ သမ္မာတရား ရရှိရန် ပျက်ကွက်ခြင်းက ကယ်တင်ခြင်း မျှော်လင့်ချက် ဆုံးရှုံးခြင်းသို့ ဆိုက်ရောက်စေလိမ့်မည်။ ထိုသို့သာ ဖြစ်သည်။ ကောင်းပြီ၊ ယနေ့အတွက် မိတ်သဟာယကို ဤနေရာတွင် နိဂုံးချုပ်လိုက်ကြစို့။ နှုတ်ဆက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။