သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)
သင်တို့သည် သင်တို့နားထောင်သည့် ဓမ္မသီချင်းများအား သင်တို့ကိုယ်တိုင်၏ အခြေအနေများ၊ အတွေ့အကြုံများနှင့် ဆက်စပ်လေ့ရှိသလော။ သင်တို့သည် သင်တို့၏ အတွေ့အကြုံ၊ နားလည်မှုတို့နှင့် ဆက်စပ်သောစကားအချို့နှင့် အကြောင်းအရာကို၊ သို့မဟုတ် သင်တို့ရယူနိုင်သောအရာတို့ကို အာရုံစိုက်လျက် နားထောင်ပြီး တွေးတောသလော။ (တစ်ခါတစ်ရံတွင် အချို့သောအရာများကို ကြုံတွေ့ရာတွင် ကျွန်ုပ်ကြားသည့် ဓမ္မသီချင်းများကို ကျွန်ုပ်၏ကိုယ်ပိုင်အခြေအနေနှင့် ဆက်စပ်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေလုပ်ဆောင်နေခြင်းသာဖြစ်ပါသည် ဘုရားသခင်။) အချိန်အများစုတွင် သင်တို့သည် ဝတ်ကျေတမ်းကျေလုပ်ဆောင်နေခြင်းသာ မဟုတ်လော။ ဓမ္မသီချင်းများကို သင်တို့နားထောင်သည့် အချိန် ၉၅ ရာခိုင်နှုန်းတွင် ဝတ်ကျေတမ်းကျေလုပ်ဆောင်နေခြင်းသာ ဖြစ်လျှင် ဤသို့သော နားထောင်ခြင်းသည် အဓိပ္ပာယ်တစ်ခုခုရှိသလော။ ဓမ္မသီချင်းများအား နားထောင်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အနည်းဆုံးအနေဖြင့် ယင်းသည် လူတို့အား စိတ်ငြိမ်သက်စေသည်။ လူတို့၏ စိတ်နှလုံးကို အမျိုးမျိုးသော ရှုပ်ထွေးသည့်အမှုကိစ္စများနှင့် အတွေးများထံမှ စွန့်ခွာစေသည်။ ဘုရားရှေ့တွင် ငြိမ်သက်စေပြီး စာကြောင်းတိုင်း၊ စာပိုဒ်တိုင်းအား ဂရုတစိုက်နားထောင်ကာ တွေးတောရန်အတွက် ဘုရားနှုတ်ကပတ်တော်ရှေ့သို့ လာစေသည်။ ယခုတွင် သင်တို့သည် သင်တို့ နားထောင်ရန်အချိန်မရှိသည့်၊ တွေးတောရန် အားအင်မရှိသည့်အလုပ်များနှင့် အလွန်ရှုပ်နေသလော၊ သို့မဟုတ် သင်တို့သည် ဘုရားနှုတ်ကပတ်တော်အား မည်သို့ ဆုတောင်းဖတ်ရွတ်ရမည်၊ သမ္မာတရားအား မည်သို့ ဆင်ခြင်တွေးတောရမည်၊ ဘုရားရှေ့တွင် မည်သို့ မိမိကိုယ်ကို ငြိမ်သက်စေရမည်ဆိုသည်တို့ကို မသိခြင်းပင် ဖြစ်သလော။ သင်တို့သည် နေ့စဉ် အလုပ်ရှုပ်လျက်ဖြင့် သင်တို့၏ တာဝန်ကိုသာ ဆက်လက်ထမ်းဆောင်သည်။ ယင်းသည် ခက်ခဲပင်ပန်းနိုင်သော်လည်း နေ့စဉ်နေ့တိုင်းက ပြည့်စုံမှုရှိသည်ဟု သင်ယုံကြည်ပြီး အနှစ်မဲ့သည်၊ သို့မဟုတ် ဝိညာဉ်ရေးတွင် အကူအညီမဲ့သည်ဟု သင်မခံစားရပေ။ ဤနေ့ရက်ကို ဖြုန်းတီးခဲ့ခြင်းမရှိ၊ တန်ဖိုးရှိသည်ဟု သင်ခံစားရသည်။ နေ့စဉ် ရည်ရွယ်ချက်မဲ့စွာ အသက်ရှင်ခြင်းသည် ကြုံရာကျပန်းနေထိုင်ခြင်းဟု ခေါ်သည်။ ဤသည်မှာ မမှန်သလော။ (မှန်သည်။) ပြောလော့။ ဤသို့ဆက်လက်၍ ဖြစ်နေလျှင် နောက်ထပ်သုံးနှစ်၊ ငါးနှစ်၊ ရှစ်နှစ်၊ သို့မဟုတ် ဆယ်နှစ်တွင် သင်တို့၌ ပြစရာ အရေးပါသည့်အရာ တစ်စုံတစ်ခုရှိမည်လော။ (ရှိမည်မဟုတ်ပါ။) သင်တို့သည် ဘုရားသခင်က စီစဉ်သည့် အထူးဖြစ်ရပ်တစ်ခုခု၊ သို့မဟုတ် အထူးအခြေအနေတစ်ခုခုကို မဖြည့်ဆည်းလျှင်၊ သင်တို့အား စုဝေးပွဲများနှင့် မိတ်သဟာယ ပြုလုပ်ပေးရန်၊ အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ပြီး သင်တို့၏ လက်ကိုဆွဲပြီး သွန်သင်ပေးရန်အတွက် အထက်မှ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှု၊ ဦးဆောင်မှုမရှိလျှင် သင်တို့သည် အချိန်အများစုတွင် နေ့စဉ် အမှန်တကယ်ပင် အချိန်ဖြုန်းနေခြင်းဖြစ်သည်။ သင်တို့၏ တိုးတက်မှုသည် နှေးကွေးသည်။ သင်တို့၏ အသက်ဝင်ရောက်မှုတွင် မည်သည့်အရာကိုမျှ မရသလောက်ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတွင် သင်တို့၏ ပိုင်းခြားသိမြင်နိုင်စွမ်းသည် တိုးမြှင့်မလာပေ။ သမ္မာတရားအပေါ် သင်တို့၏ အတွေ့အကြုံနှင့် နားလည်မှုသည် မတိုးတက်ပေ။ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းနှင့် နာခံခြင်းတွင်လည်း တွေ့ကြုံရန်၊ တိုးတက်ရန် ပျက်ကွက်သည်။ နောက်တစ်ကြိမ်၌ တစ်စုံတစ်ခုနှင့် ရင်ဆိုင်ရသောအခါ ယင်းအား သမ္မာတရားစည်းမျဉ်းများနှင့် မည်သို့ ကိုင်တွယ်ရမည်ကို သင်တို့ မသိသေးပေ။ သင်တို့၏တာဝန်ထမ်းဆောင်ခြင်းနှင့် အမျိုးမျိုးသော အမှုအရာများအား တွေ့ကြုံခြင်းဖြစ်စဉ်တွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ စည်းမျဉ်းများကို တက်ကြွစွာ ရှာဖွေပြီး လက်တွေ့မလုပ်ဆောင်နိုင်သေးပေ။ ဤသည်မှာ အချိန်ဖြုန်းတီးနေခြင်း ဖြစ်သည်။ အချိန်ဖြုန်းခြင်းကြောင့်ဖြစ်သော အဆုံးစွန်အကျိုးဆက်များမှာ အဘယ်နည်း။ သင်တို့၏ အချိန်နှင့်အားအင်သည် အလဟဿဖြစ်သည်။ သင်တို့၏ အပင်ပန်းခံအားစိုက်ထုတ်မှု၏ အဖိုးအခသည် အချည်းနှီးဖြစ်သည်။ ဤနှစ်များအားလုံး၌ သင်တို့လျှောက်သည့်လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းအဖြစ် အမျိုးအစားသတ်မှတ်ခြင်း ခံရသည်။ သင်သည် နှစ်များစွာကြာအထိ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ခဲ့သော်လည်း သင်၏ အသက်ဝင်ရောက်မှုက ပေါ့တန်လျှင်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လျှင်၊ မည်သည့်သမ္မာတရားစည်းမျဉ်းကိုမျှ နားမလည်လျှင် သင်သည် ဤနေရာ၌ မသင့်တော်ဘဲ အလုပ်တစ်ခုကို အမှီအခိုကင်းစွာ မပြီးမြောက်နိုင်ပေ။ ခေါင်းဆောင်များ၊ အမှုဆောင်များသည် ၎င်းတို့၏နေရာဖြင့် မသင့်တော်ပေ။ သာမန်ညီအစ်ကိုမောင်နှမများသည် အသင်းတော်အသက်တာကို အမှီအခိုကင်းစွာ မရှင်သန်နိုင်၊ ဘုရားနှုတ်ကပတ်တော်ကို အမှီအခိုကင်းစွာ မစားသောက်နိုင်၊ ဘုရားအမှုတော်အား မည်သို့ကြုံတွေ့ရမည်ကို မသိဘဲ အသက်ဝင်ရောက်မှုလည်း မရှိပေ။ မည်သူကမျှ ၎င်းတို့ကို မကြီးကြပ်လျှင်၊ သို့မဟုတ် လမ်းမပြလျှင် ၎င်းတို့သည် လမ်းလွဲသွားနိုင်သည်။ ခေါင်ဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်၌ ကြီးကြပ်ခြင်း၊ သို့မဟုတ် ညွှန်ကြားခြင်းမခံရလျှင် ၎င်းတို့သည် သွေဖည်နိုင်သည်။ အမှီအခိုကင်းသော နယ်ပယ်ကို တည်ဆောက်နိုင်သည်။ အန္တိခရစ်များ၏ လှည့်စားခြင်းကို ခံရနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံနေသည်ဟု ထင်မြင်ဆဲဖြစ်လျက်ဖြင့် ၎င်းတို့ကိုယ်တိုင် သတိမထားမိဘဲ အန္တိခရစ်များနောက်သို့ပင် လိုက်နိုင်သည်။ ဤသည်မှာ သနားစဖွယ် မဟုတ်သလော။ (ဟုတ်သည်။) သင်တို့၏ လက်ရှိအခြေအနေသည် ဤသို့ အတိအကျဖြစ်သည်။ ညံ့ဖျင်းပြီး သနားစဖွယ်လည်းဖြစ်သည်။ သင်တို့သည် အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ အကူအညီမဲ့ပြီး သွားရန် လမ်းမရှိပေ။ အမှန်တကယ် ပြဿနာများနှင့် အလုပ်၏ အမှန်တကယ်အကြောင်းအရာများနှင့်ပတ်သက်လျှင် သင်တို့သည် မည်သို့ပြုမူဆောင်ရွက်ရမည်၊ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို မသိ။ အရာရာတိုင်းက ရစ်ပတ်ရှုပ်ထွေးနေပြီး ယင်းတို့အား မည်သို့ဖြေရှင်းရမည်ကို မသိပေ။ သင်တို့သည် နေ့စဉ်အလွန် အလုပ်ရှုပ်နေခြင်းကို အလွန်ပျော်ရွှင်မှုရှိသည်။ ရုပ်ပိုင်းဆိုင်ရာတွင် သင်တို့သည် မောပန်းနွမ်းနယ်သည်။ စိတ်ပိုင်းဆိုင်ရာတွင် ဖိအားများစွာ ခံစားရသည်။ သို့သော် သင်တို့အလုပ်၏ ရလဒ်များသည် ထိုမျှမကောင်းပေ။ သမ္မာတရားတိုင်း၏ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတို့အားလုံးကို ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များမှတစ်ဆင့် သင်တို့ရှင်းလင်းစွာ သိရန် လုပ်ဆောင်ပြီးဖြစ်သည်။ သို့သော် သင်တို့၏ အလုပ်တွင် လမ်းကြောင်းမရှိပေ။ စည်မျဉ်းများကို မရှာနိုင်ပေ။ အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် မရေမရာဖြစ်ပြီး မည်သို့လုပ်ဆောင်ရမည်ကို မသိ။ သင်တို့၏ အလုပ်အားလုံးသည် ရှုပ်ထွေးနေသည်။ ဤသည်မှာ သနားစဖွယ်ဖြစ်သော အခြေအနေမဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ အမှန်ပင် သနားစဖွယ် အခြေအနေဖြစ်သည်။
လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်အား ဆယ်နှစ်ကျော် ယုံကြည်ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်သည် ဝါရင့် ယုံကြည်သူတစ်ဦးဖြစ်သည်” ဟု ဆိုကြသည်။ အချို့က “ကျွန်ုပ်သည် ဘုရားသခင်အား နှစ်နှစ်ဆယ်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သည်” ဟုဆိုကြသည်။ အခြားလူများက “နှစ်နှစ်ဆယ် ယုံကြည်ခဲ့သည်ဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်သည် ဘုရားသခင်အား နှစ်သုံးဆယ်ကြာ ယုံကြည်ခဲ့သည်” ဟု ဆိုကြသည်။ သင်တို့သည် ဘုရားသခင်အား နှစ်တော်တော်များများ ယုံကြည်ခဲ့ပြီးဖြစ်သည်။ သင်တို့ထဲမှ အချို့မှာ ခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များအဖြစ်ပင် နှစ်များစွာ အစေခံခဲ့ပြီး အတွေ့အကြုံများစွာရှိသည်။ သို့သော် သင်တို့၏ အသက်ဝင်ရောက်မှုက မည်သို့အခြေအနေရှိသနည်း။ သမ္မာတရားစည်းမျဉ်းများကို သင်တို့ မည်မျှကောင်းစွာ နားလည်သဘောပေါက်နိုင်သနည်း။ သင်တို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အဖြစ် နှစ်များစွာ အစေခံခဲ့ပြီး သင်တို့၏ အလုပ်တွင် အတွေ့အကြုံတစ်ခုခု ရရှိခဲ့ကြသည်။ သို့သော် အလုပ်များ၊ လူများ၊ အမှုအရာများ မျိုးစုံတို့ကို ရင်ဆိုင်ရသောအခါတွင် သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုအား သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံမည်လော။ ဘုရားသခင်၏ အမည်နာမကို သင်ထိန်းသိမ်းမည်လော။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင်ကာကွယ်မည်လော။ ဘုရားသခင်၏ အမှုတော်ကို သင်ကာကွယ်ပေးမည်လော။ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သလော။ အန္တိခရစ်များနှင့် မကောင်းမှုပြုသူများက လုပ်ဆောင်သော အသင်းတော်အပေါ် နှောင့်ယှက်ဖျက်ဆီးမှုများနှင့် ရင်ဆိုင်ရသောအခါ၌ သင်သည် ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်ရန် ယုံကြည်မှုနှင့် ခွန်အားရှိမည်လော။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ဘုရားသခင်၏ အမည်နာမကို ဂုဏ်သရေမပျက်စေရန် ခုခံကာကွယ်လျက် ဘုရားသခင်ရွေးချယ်ထားသောလူများကို ကာကွယ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းနိုင်သလော။ ဤသို့ လုပ်ဆောင်နိုင်သလော။ ငါ၏ အမြင်အရ သင်တို့ မလုပ်ဆောင်နိုင်သကဲ့သို့ လုပ်ဆောင်ပြီးခြင်းလည်း မရှိ။ နေ့စဉ် သင်တို့သည် အလွန်အလုပ်ရှုပ်နေသည်။ မည်သည့်အရာနှင့် အလုပ်ရှုပ်နေသနည်း။ ဤနှစ်များအားလုံးတွင် သင်တို့သည် သင်တို့၏ မိသားစုနှင့် အသက်မွေးအလုပ်ကို စွန့်လွှတ်ခဲ့ကြသည်။ ဒုက္ခခံခဲ့သည်။ အဖိုးအခပေးဆပ်ခဲ့သည်။ အားအင်များစွာ ရင်းနှီးမြုပ်နှံခဲ့သည်။ သို့သော်လည်း အနည်းငယ်သာ ရရှိခဲ့သည်။ အချို့သောခေါင်းဆောင်များ၊ အမှုဆောင်များသည်ပင် အလားတူဖြစ်ရပ်များ၊ လူများ၊ အခြေအနေများကို ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် တူညီသောအမှားများကို ဆက်လက်လုပ်ဆောင်ကြပြီး တူညီသောပြစ်မှားမှုများကို ချန်ထားခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့၏ ဘဝတွင် ကြီးထွားတိုးတက်မှုကင်းမဲ့ခြင်းကို မပြသလော။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို မရရှိသေးသည်ဟု အဓိပ္ပာယ်မရသလော။ (ရပါသည်။) ဤသည်မှာ ၎င်းတို့သည် စာတန်၏ မှောင်မိုက်သော စွမ်းအားအောက်တွင် စာတန်၏ ထိန်းချုပ်ခြင်းကို ခံရဆဲဖြစ်ပြီး ကယ်တင်ခြင်းမရရှိသေးသည်ကို မပြသလော။ (ပြပါသည်။) အသင်းတော်တွင် မတူညီသောအချိန်အများ၌ သင့်အနီးတွင် မတူညီသောဖြစ်ရပ်မျိုးစုံတို့ ပေါ်ပေါက်ပြီး ဖြစ်ပေါ်လာသောအခါ၌ သင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အစွမ်းရှိ။ အထူးသဖြင့် အသင်းတော်အလုပ်တွင် အနှောင့်အယှက်၊ အဖျက်အဆီးများဖြစ်စေသည့် အန္တိခရစ်များ၊ မကောင်းမှုပြုသူများနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် မည်သို့ကိုင်တွယ်ရမည်ကို မသိပေ။ သင်တို့သည် အမှုအရာများကို ပစ်ထားလိုက်ခြင်းသာ ပြုလုပ်သည်။ သို့မဟုတ် အများဆုံးအနေဖြင့် သင်တို့သည် စိတ်ဆိုးပြီး အနှောင့်အယှက်ဖြစ်စေသော ထိုအရာများကို ကိုင်တွယ်ဖြေရှင်းသည်။ သို့သော် ပြဿနာက မပြေလည်ဘဲ ကျန်ရှိနေပြီး သင်တို့၌ အခြားလုပ်ဆောင်ရန် အစီအစဉ်မရှိ။ လူအချို့က “ငါသည် ခွန်အားရှိသမျှ၊ စိတ်အစွမ်းရှိသမျှ ပေးခဲ့ပြီးဖြစ်သည်။ ဤအရာနှစ်ခုလုံးကို ငါတို့ပေးသင့်သည်ဟု ဘုရားသခင်က မပြောခဲ့သလော။ ငါ၌ ရှိသမျှကို ပေးခဲ့ပြီး ဖြစ်သည်။ ရလဒ်မရှိသေးလျှင် ငါ၏အမှားမဟုတ်။ လူတို့သည် အလွန်ဆိုးယုတ်ခြင်းသာ ဖြစ်သည်။ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်ပင် ၎င်းတို့က နားမထောင်” ဟုပင် ထင်ကြသည်။ သင်သည် ခွန်အားရှိသမျှ၊ စိတ်အစွမ်းရှိသမျှ ပေးခဲ့သည်ဟု ဆိုသော်လည်း အလုပ်က မည်သည့်ရလဒ်မျှ မရရှိပေ။ သင်သည် အသင်းတော်အလုပ်ကို မထိန်းသိမ်းခဲ့၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မကာကွယ်ခဲ့ပေ။ ပြီးလျှင် သင်သည် မကောင်းမှုပြုသူများအား အသင်းတော်ကို ချုပ်ကိုင်ခွင့်ပြုခဲ့သည်။ သင်သည် စာတန်အား သောင်းကျန်းပြီး ဘုရားသခင်၏ အမည်နာမကို အရှက်ရစေရန် လုပ်ဆောင်ခွင့်ပြုခဲ့သည်။ ထိုစဉ်တွင် သင်သည် ဘေးမှနေ၍ ရပ်ကြည့်နေခဲ့ပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ သင့်တွင်ရှိသော ဩဇာအာဏာဖြင့်ပင် မည်သည့်အရာကိုမျှ ကိုင်တွယ်နိုင်စွမ်းမရှိ။ ဘုရားသခင်အပေါ် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်။ သို့တိုင်အောင် သင်သည် သမ္မာတရားကို နားလည်ပြီး သင်၏စိတ်အစွမ်းနှင့် ခွန်အားရှိသမျှ ပေးဆပ်ခဲ့သည်ဟု သင်ထင်သည်။ ဤသည်မှာ ပစ္စည်းထိန်းကောင်းတစ်ယောက်ဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သလော။ (မဟုတ်ပါ။) မကောင်းမှုပြုသူနှင့် မယုံကြည်သူမျိုးစုံတို့သည် ထွက်လာပြီး နတ်ဆိုးများ၊ စာတန်များအဖြစ် အခန်းကဏ္ဍအမျိုးမျိုးကို ပါဝင်လုပ်ဆောင်ကြပြီး အလုပ်အစီအစဉ်များအား ဆန့်ကျင်ကာ အလုံးစုံကွဲပြားသောအရာတစ်ခုကို လုပ်ဆောင်ကြသောအခါ၊ ဘုရားအိမ်တော်ကို လိမ်ညာလှည့်စားသောအခါ၊ ၎င်းတို့သည် ဘုရားအမှုတော်ကို နှောင့်ယှက်ဖျက်ဆီးပြီး ဘုရားသခင်၏ အမည်နာမကို အရှက်ရစေသည့်အရာများကို လုပ်ဆောင်ကာ ဘုရားအိမ်တော်၊ အသင်းတော်ကို နာမည်ဖျက်သောအခါ သင်သည် ဤအရာကို မြင်သောအခါ စိတ်ဆိုးရုံကလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ဤအရာများကို မလုပ်ဆောင်ခြင်းအားဖြင့် သင်သည် သက်သေခံရန် ပျက်ကွက်ခဲ့သည်။ လူအချို့က “ကျွန်ုပ်သည် ဤအရာများကို မလုပ်ဆောင်ရဲပါ။ လူများစွာကို ကျွန်ုပ် ကိုင်တွယ်လျှင် ၎င်းတို့အား ကျွန်ုပ်စိတ်ဆိုးအောင်လုပ်မိမည်ကို စိုးရွံ့သည်။ ၎င်းတို့က ကျွန်ုပ်ကို ဒဏ်ခတ်ပြီး ရုံးမှ ထုတ်ပယ်ရန်အတွက် ဝိုင်းဖွဲ့လုပ်ဆောင်လျှင် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်ရမည်နည်း” ဟု ဆိုသည်။ ပြောလော့။ ၎င်းတို့သည် ကြောက်ရွံ့တွန့်ဆုတ်သလော။ ၎င်းတို့သည် သမ္မာတရားမရှိသလော။ လူတို့ကို ခွဲခြားမသိမြင်နိုင်သလော၊ သို့မဟုတ် စာတန်၏ အနှောင့်အယှက်ကို မသိမြင်နိုင်သလော၊ သို့မဟုတ် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် သစ္စာမရှိဘဲ မိမိတို့ကိုယ်ကို ကာကွယ်နေခြင်းသာ ဖြစ်သလော။ ဤနေရာတွင် အမှန်တကယ် ပြဿနာမှာ အဘယ်နည်း။ ဤအရာကို သင်စဉ်းစားကြည့်ဖူးသလော။ သင်သည် ပင်ကိုအားဖြင့် တွန့်ဆုတ်ခြင်း၊ အကြမ်းမခံခြင်း၊ ကြောက်ရွံ့ခြင်းတို့ရှိသည့်တိုင် ဘုရားသခင်အား နှစ်များစွာယုံကြည်ပြီးနောက် သမ္မာတရားအချို့အပေါ် နားလည်မှုကို အခြေခံပြီး သင့်၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြစ်လျှင် သင်၏လူသားအားနည်းမှု၊ တွန့်ဆုတ်မှု၊ အကြမ်းမခံမှုအချို့ကို ကျော်လွှားနိုင်ပြီး မကောင်းမှုပြုသူများကို မကြောက်ရွံ့တော့မည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် သင်တို့သည် မကောင်းမှုပြုသူများကို ကိုင်တွယ်ရင်ဆိုင်နိုင်စွမ်းမရှိခြင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ သင်၏ လူ့သဘာဝက ပင်ကိုအားဖြင့် ကြောက်ရွံ့ခြင်း၊ တွန့်ဆုတ်ခြင်း၊ ကြောက်တတ်ခြင်း ဖြစ်သလော။ ဤသည်မှာ အကြောင်းရင်းမဟုတ်သကဲ့သို့ ပြဿနာ၏ အနှစ်သာရလည်း မဟုတ်။ ပြဿနာ၏ အနှစ်သာရမှာ လူတို့သည် ဘုရားသခင်အပေါ် သစ္စာမရှိခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်သည်။ ၎င်းတို့ကိုယ်တိုင်ဘေးကင်းလုံခြုံမှု၊ ၎င်းတို့၏ ဂုဏ်၊ အဆင့်အတန်း၊ ၎င်းတို့၏ လွတ်မြောက်ရာလမ်းတို့ကို ကာကွယ်သည်။ ၎င်းတို့၏ သစ္စာမရှိခြင်းသည် ၎င်းတို့က အစဉ်သဖြင့် မိမိတို့ကိုယ်ကို ကာကွယ်ပြီး တစ်စုံတစ်ခုကို ရင်ဆိုင်ရသောအခါတိုင်းတွင် လိပ်က သူ၏အခွံထဲသို့ ပြန်ဝင်သကဲ့သို့ နောက်ဆုတ်ခြင်း၊ ခေါင်းကို အပြင်သို့ ပြန်မထုတ်မီတွင် ပြီးသွားသည်အထိ စောင့်ခြင်း၌ ပေါ်လွင်သည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ကြုံရသည်ဖြစ်စေ အစဉ်သဖြင့် သတိထားနေကြသည်။ စိတ်သောက၊ စိုးရိမ်မှု၊ ပူပန်မှုများစွာရှိသည်။ အသင်းတော်၏အလုပ်ကို ရပ်တည်ပြီး မခုခံနိုင်ပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ယုံကြည်ခြင်း ကင်းမဲ့မှုမဟုတ်သလော။ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟု သင် မယုံကြည်။ သင်၏အသက်၊ သင်၏အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင်မယုံကြည်ပေ။ “ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ စာတန်သည် သင့်ကိုယ်ခန္ဓာပေါ်မှ အမွှေးတစ်မျှင်ကိုပင် မထိရဲပေ” ဟု ဘုရားသခင်ပြောသည့်အရာကို သင်မယုံကြည်ပေ။ သင်သည် သင်၏ကိုယ်ပိုင်မျက်စိကို အားကိုးပြီး အချက်အလက်များကို အကဲဖြတ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်တွက်ချက်မှုများအပေါ် အခြေခံပြီး အကဲဖြတ်ကာ အစဉ်သဖြင့် သင့်ကိုယ်သင် ကာကွယ်နေသည်။ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ဟု သင် မယုံကြည်ပေ။ သင်သည် စာတန်ကို ကြောက်သည်။ ဆိုးယုတ်သော အင်အားစုများ၊ ဆိုးယုတ်သောလူများကို ကြောက်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်သည်။) အဘယ်ကြောင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိသနည်း။ လူတို့၏ အတွေ့အကြုံများသည် အလွန်ပေါ့တန်ပြီး ဤအရာများကို ၎င်းတို့ မသိမြင်နိုင်သောကြောင့်ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို အလွန်နည်းပါးစွာ နားလည်သောကြောင့် ဖြစ်သလော။ အကြောင်းရင်းမှာ အဘယ်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တစ်ခုခု သက်ဆိုင်သလော။ လူတို့သည် အလွန်ဉာဏ်များသောကြောင့်လော။ (ဟုတ်သည်။) ၎င်းတို့သည် အမှုအရာမည်မျှကို ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့ရှေ့တွင် အချက်အလက်မည်မျှကို ထားရှိသည်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ကိုလည်းကောင်း၊ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကိုလည်းကောင်း မယုံကြည်ပေ။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားသော ကြီးမားသည့် ပြဿနာမှာ လူတို့သည် မိမိတို့ကိုယ်ကို အလွန်ဂရုစိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားအမှုတော်အတွက်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက်လည်းကောင်း၊ ဘုရားသခင်၏ အမည်နာမအတွက်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်အတွက်လည်းကောင်း မည်သည့်အဖိုးအခမျှ ပေးဆပ်လိုစိတ်မရှိ၊ သို့မဟုတ် အနစ်နာခံလိုစိတ်မရှိပေ။ ၎င်းတို့သည် အန္တရာယ်အနည်းဆုံးပင် ပါဝင်သော မည်သည့်အရာကိုမျှ လုပ်ဆောင်လိုစိတ်မရှိ။ လူတို့သည် မိမိတို့ကိုယ်ကို ဂရုစိုက်လွန်းသည်။ လူတို့သည် သေခြင်း၊ အရှက်ရခြင်း၊ မကောင်းမှုပြုသူများ၏ ပိတ်ဆို့ခံရခြင်း၊ မည်သည့်အကျပ်အတည်းမျိုးမဆိုသို့ ကျရောက်ခြင်းတို့ကို ကြောက်သောကြောင့် ၎င်းတို့သည် မည်သည့်အန္တရာယ်ရှိသော အခြေအနေသို့မဆို မဝင်ရောက်စေရန် ကြိုးပမ်းလျက် ၎င်းတို့၏ ကိုယ်ပိုင်အသွေးအသားကို ထိန်းသိမ်းဖို့ များစွာ လုပ်ဆောင်ကြသည်။ တစ်ဖက်တွင် လူတို့အားလုံးသည် အလွန်ဉာဏ်များသည်ဆိုသည်ကို ဤအပြုအမူက ပြသသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ မိမိရှင်သန်မှုအတွက် ကြိုးပမ်းခြင်းနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ဖွင့်ပြသည်။ သင်သည် သင့်ကိုယ်သင် ဘုရားသခင်အားပေးလိုစိတ်မရှိ။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံလိုစိတ်ရှိသည်ဟု ဆိုသောအခါတွင် ဤသည်မှာ ဆန္ဒတစ်ခုထက်မပိုပေ။ ရှေ့ထွက်ပြီး ဘုရားသခင်အတွက် သက်သေခံခြင်း၊ စာတန်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ အန္တရာယ်၊ သေခြင်း၊ အမျိုးမျိုးသော အခက်အခဲများ၊ ဆင်းရဲဒုက္ခများအား ရင်ဆိုင်ခြင်းတို့နှင့် အမှန်တကယ် ပတ်သက်လာလျှင် သင်သည် လုပ်ဆောင်လိုစိတ်မရှိတော့ပေ။ သင်၏ သေးငယ်သောဆန္ဒသည် ပဲ့ကြွေသွားသည်။ ပြီးလျှင် ဦးစွာ သင့်ကိုယ်သင်ကာကွယ်ရန်အတွက် ဖြစ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်သည်။ ပြီးနောက်တွင် နောက်ပိုင်း၌ စီစဉ်နိုင်သည့်အလုပ်ဖြစ်သော အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ဆောင်သည်။ လူတစ်ယောက်၏ စိတ်သည် စက်ထက်ပို၍ လျင်မြန်ဆဲဖြစ်သည်။ သူသည် မည်သို့ ကျင့်သားရအောင်လုပ်ဆောင်ရမည်ကို သိသည်။ အခြေအနေများကို ကြုံတွေ့သောအခါ၌ မည်သည့်လုပ်ဆောင်မှုများက သူ၏ကိုယ်ကျိုးကို ပံ့ပိုးပေးပြီး မည်သည့်လုပ်ဆောင်မှုများက မပံ့ပိုးသည်ကို သိသည်။ ပြီးလျှင် သူသည် နည်းလမ်းတိုင်းကို လိုသလို လျင်မြန်စွာ အသုံးချနိုင်သည်။ အကျိုးဆက်အနေဖြင့် အချို့သောအရာများကို သင်ရင်ဆိုင်ရသည့်အချိန်တိုင်းတွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုအနည်းငယ်သည် ခိုင်မာစွာ ရပ်တည်ရန် မတတ်နိုင်ပေ။ သင်သည် ဘုရားသခင်အပေါ် ဉာဏ်များစွာ လုပ်ဆောင်သည်။ ဘုရားသခင်အား ဆန့်ကျင်၍ နည်းဗျူဟာများကို ပါဝင်လုပ်ဆောင်သည်။ လှည့်ကွက်များ ကစားသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ စစ်မှန်သော ယုံကြည်မှုကင်းမဲ့ခြင်းကို ဖွင့်ပြသည်။ ဘုရားသခင်သည် ယုံကြည်ဖို့မထိုက်တန်ဟုလည်းကောင်း၊ သူသည်သင့်အား ကာကွယ်နိုင်လောက်မည်မဟုတ်၊ သို့မဟုတ် သင်၏ ဘေးကင်းလုံခြုံမှုကို သေချာစေမည်မဟုတ်ဟုလည်းကောင်း၊ ဘုရားသခင်က သင့်အား သေခွင့်ပင် ပြုကောင်းပြုနိုင်သည်ဟုလည်းကောင်း သင်ထင်သည်။ ဘုရားသခင်က စိတ်မချရဟုလည်းကောင်း၊ သင့်ကိုယ်သင်အားကိုးမှသာ သေချာနိုင်သည်ဟုလည်းကောင်း သင် ခံစားရသည်။ အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်သနည်း။ မည်သည့်အခြေအနေ၊ သို့မဟုတ် အမှုကိစ္စများကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ယင်းတို့ကို ဤနည်းလမ်း၊ နည်းဗျူဟာ၊ မဟာဗျူဟာများအားအသုံးပြုပြီး သင်ချဉ်းကပ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်အပေါ် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ အခြေအနေက မည်သို့ဖြစ်စေ သင်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်၊ အမှုဆောင် မဖြစ်နိုင်၊ ပစ္စည်းထိန်းတစ်ယောက်၏ အရည်အသွေး၊ သို့မဟုတ် လုပ်ဆောင်မှုများကို မပြသနိုင်၊ အလုံးစုံ သစ္စာရှိမှုကို မပြသနိုင်ပေ။ ဤသို့အားဖြင့် သင်၏ သက်သေခံချက်ကို ဆုံးရှုံးရသည်။ အမှုကိစ္စမည်မျှကို သင်ရင်ဆိုင်ရသည်ဖြစ်စေ သစ္စာရှိခြင်းနှင့် သင်၏တာဝန်ကို လိုက်နာဆောင်ရွက်ရန်အတွက် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို အားကိုးရန် မတတ်နိုင်ပေ။ အကျိုးဆက်အနေဖြင့် နောက်ဆုံးရလဒ်မှာ မည်သည့်အရာကိုမျှ သင်မရခြင်း ဖြစ်သည်။ သင့်အတွက် ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သော အခြေအနေတိုင်းတွင်၊ စာတန်ကို သင်ဆန့်ကျင်တိုက်ခိုက်သောအခါတွင် သင်၏ ရွေးချယ်မှုမှာ အစဉ်သဖြင့် နောက်ဆုတ်ရန်၊ လွတ်မြောက်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အတွက် တွေ့ကြုံရန် ညွှန်ပြသည့်၊ သို့မဟုတ် ပြင်ဆင်သည့် လမ်းကြောင်းနောက်သို့ သင်မလိုက်ပေ။ ထို့ကြောင့် ဤတိုက်ပွဲအလယ်တွင် သင်သည် သင်ရရှိသင့်သည့် သမ္မာတရား၊ နားလည်မှု၊ အတွေ့အကြုံများကို လက်လွတ်ဆုံးရှုံးရသည်။ ဘုရားသခင်က စီစဉ်ညွှန်ကြားသည့် အခြေအနေများ၌ သင်ရောက်ရှိသည့်အချိန်တိုင်းတွင် သင်သည် တူညီသောပုံစံဖြင့် ယင်းတို့ကို ဖြတ်သန်းပြီး တူညီသောပုံစံဖြင့်သာ အဆုံးသတ်သည်။ နောက်ဆုံးတွင် သင်ရရှိလိုက်သည့် အယူဝါဒနှင့် သင်ခန်းစာများမှာ အတူတူပင် ဖြစ်သည်။ သင့်၌ စစ်မှန်သော နားလည်မှုမရှိ။ သင်သည် “ငါသည် ဤအရာကို နောင်တွင် မပြုလုပ်သင့်။ ဆင်တူသော အခြေအနေများနှင့် ကြုံရသောအခါ ငါသည် ယင်းနှင့်ပတ်သက်ပြီး သတိပြုသင့်သည်။ ငါသည် ဤအရာကို ကိုယ့်ကိုယ်ကို သတိပေးသင့်သည်။ ထိုသို့သောလူမျိုးကို ငါ သတိထားသင့်သည်။ ဤလူမျိုးကို ရှောင်သင့်သည်။ ထိုလူမျိုးကို သတိထားကာကွယ်သင့်သည်” ဟူသကဲ့သို့သော အတွေ့အကြုံ၊ သင်ခန်းစာအနည်းငယ်ကိုသာ မှတ်သားခဲ့ခြင်းဖြစ်သည်။ ဤမျှသာ ဖြစ်သည်။ သင်ရရှိခဲ့သည့်အရာမှာ အဘယ်နည်း။ သာမန်ဦးနှောက်နှင့် အသိအမြင်ဖြစ်သလော။ သို့မဟုတ် အတွေ့အကြုံနှင့် သင်ခန်းစာများ ဖြစ်သလော။ သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်လျှင် မည်သည့်အရာကိုမျှ သင်မရရှိခဲ့ပေ။ သင် အမှန်တကယ်ရရှိသင့်သည့် မည်သည့်အရာကိုမျှ သင်မရရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်က စီစဉ်ညွှန်ကြားသော အခြေအနေများတွင် သင်သည် သူ့ကို စိတ်ပျက်စေခဲ့သည်။ သင့်အတွက် ဘုရားသခင်က ရည်ရွယ်ခဲ့သည့်အရာကို သင်မရရှိခဲ့။ ထို့ကြောင့် သင်သည် ဘုရားသခင်အား အသေအချာပင် စိတ်ပျက်စေခဲ့သည်။ ဘုရားသခင်က စီစဉ်ညွှန်ကြားသည့် ဤစမ်းသပ်မှု၊ သို့မဟုတ် အခြေအနေတွင် သူက သင့်အား ရရှိစေလိုသည့် သမ္မာတရားကို သင်မရရှိခဲ့။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးသည် ကြီးထွားခြင်းမရှိ။ သင်နားလည်သင့်သည့် သမ္မာတရားသည် မရှင်းလင်းဘဲ ရှိနေသည်။ သင့်ကိုယ်သင်နှင့်ပတ်သက်ပြီး သင်နားလည်ရန် လိုအပ်သည့် နယ်ပယ်များတွင် သင် နားလည်မှု ကင်းမဲ့ဆဲဖြစ်သည်။ သင်မှတ်သားသင့်ခဲ့သည့် သင်ခန်းစာများကို မရယူခဲ့ပေ။ ပြီးလျှင် သင်လိုက်လျှောက်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို သင်သဘောမပေါက်ပေ။ တစ်ချိန်တည်းတွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုသည်လည်း ကြီးထွားမလာပေ။ ယင်းသည် စတင်သည့်နေရာတွင်ပင် ကျန်ရှိနေသည်။ သင်သည် တိုးတက်မှုမရှိဘဲ အလုပ်လုပ်နေခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်အရာက မြင့်တက်လာသနည်း။ ယခုတွင် ယခင်က သင်မသိခဲ့သည့် အယူဝါဒအချို့ကို သင် နားလည်ကောင်းနားလည်နိုင်သည်။ သို့မဟုတ် ယခင်က သင်နားမလည်ခဲ့သည့် လူတစ်မျိုး၏ မကောင်းသောအပိုင်းကို သင်မြင်တွေ့ပြီး ဖြစ်ကောင်းဖြစ်မည်။ သို့သော် သမ္မာတရားနှင့် ပတ်သက်၍ အသေးငယ်ဆုံးသော တစ်စက်မျှ သင် မမြင်ဘဲ၊ သဘောမပေါက်ဘဲ၊ မသိမြင်ဘဲ၊ မတွေ့ကြုံဘဲ ကျန်ရှိနေသည်။ သင်၏ အလုပ်တွင်၊ သို့မဟုတ် တာဝန်ထမ်းဆောင်ခြင်းတွင် ရှေ့ဆက်လုပ်ဆောင်သောအခါ၌ သင်သည် သင်လိုက်လျှောက်သင့်သည့် စည်းမျဉ်းများကို နားမလည်သေးပေ၊ သို့မဟုတ် မသိသေးပေ။ ဤသည်မှာ ဘုရားသခင်အတွက် အလွန်ပင် စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဤသီးသန့်အခြေအနေတွင် သင်သည် ဘုရားသခင်အပေါ် သစ္စာရှိမှုကို၊ သို့မဟုတ် သင့်အတွင်းတွင် ပင်ကိုအားဖြင့် မြင့်တက်သင့်သော ယုံကြည်ခြင်းကို တိုးမြှင့်ခြင်း မရှိပေ။ ဤနှစ်ခုမှ မည်သည့်အရာကိုမျှ သင်မရရှိခဲ့ပေ။ ဤသည်မှာ သနားစဖွယ်ပင် ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် မည်သည့်အရာကိုမျှ မရရှိခဲ့ဟု ကိုယ်တော်က အခိုင်အမာဆိုသည်။ သို့သော် ဤသည်မှာ မမှန်ပါ။ အနည်းဆုံးအနေဖြင့် ကျွန်ုပ်သည် မိမိကိုယ်ကို သိမြင်မှုနှင့် ကျွန်ုပ်အနီးတွင်ရှိသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် နားလည်မှုကို ရရှိခဲ့သည်။ ကျွန်ုပ်တွက် လူ့သဘာဝနှင့် မိမိကိုယ်ကို ပို၍ ရှင်းလင်းစွာ နားလည်မှုရှိသည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာများအား နားလည်ခြင်းသည် စစ်မှန်သော တိုးတက်မှုအဖြစ် အကျုံးဝင်သလော။ သင်သည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် အသက်လေးဆယ်၊ သို့မဟုတ် ငါးဆယ်အရွယ်ရောက်သောအခါ၌ ဤအရာများဖြင့် အနည်းနှင့်အများ ရင်းနှီးလာမည်ဖြစ်သည်။ အစွမ်းအစအနည်းငယ်၊ သို့မဟုတ် သာမန်အစွမ်းအစရှိသူတို့သည် ဤအရာကို ရရှိနိုင်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို နားလည်နိုင်သည်။ ကောင်းကျိုး၊ ဆိုးကျိုးများ၊ ၎င်းတို့လူ့သဘာဝ၏ အားသာချက်၊ အားနည်းချက်များတို့အပြင် ၎င်းတို့သည် မည်သည့်နေရာတွင် တော်ပြီး မည်သည့်နေရာတွင် မတော်သည်တို့ကိုပါ နားလည်နိုင်သည်။ ၎င်းတို့သည် အသက်လေးဆယ်၊ ငါးဆယ်အရွယ်ရောက်သောအခါတွင် ၎င်းတို့ ကြိမ်ဖန်များစွာ ထိတွေ့ဆက်ဆံသည့် လူအမျိုးအစား အမျိုးမျိုး၏ လူ့သဘာဝကို အနည်းနှင့်အများနားလည်မှုရှိသင့်သည်။ မည်သည့်လူအမျိုးအစားက ထိတွေ့ဆက်ဆံရန် သင့်တော်ပြီး မည်သည့်အမျိုးအစားက မသင့်တော်သည်ကိုလည်းကောင်း၊ မည်သည့်အမျိုးအစားက ပတ်သက်ရန် သင့်တော်ပြီး မည်သည့်အမျိုးအစားက မသင့်တော်သည်ကိုလည်းကောင်း၊ မည်သည့်အမျိုးအစားကို ရှောင်သင့်ပြီး မည်သည့်အမျိုးအစားကို ချဉ်းကပ်သင့်သည်ကိုလည်းကောင်း သိသင့်သည်။ ၎င်းတို့သည် ဤအရာအားလုံးကို အနည်းနှင့်အများ နားလည်နိုင်သည်။ တစ်စုံတစ်ယောက်က နားဝေတိမ်တောင်ဖြစ်လျှင်၊ သူ၏ အစွမ်းအစက ညံ့ဖျင်းလွန်းလျှင်၊ သူသည် လူအတစ်ယောက်ဖြစ်လျှင်၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေလျှင် သူ့၌ ဤနားလည်မှုမရှိ။ သင်သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့ပြီး သမ္မာတရားများစွာကို ကြားခဲ့လျှင်၊ မတူညီသော အခြေအနေများစွာကို ကြုံတွေ့ခဲ့ပြီး သင်ရရှိသောအရာမှာ လူတို့သဘာဝ၏ နယ်ပယ်တွင်၊ လူတို့အား ပိုင်းခြားသိမြင်ခြင်း၊ သို့မဟုတ် အချို့သော ရိုးရှင်းသည့်ကိစ္စများအား နားလည်ခြင်းတွင် ဖြစ်လျှင် ဤအရာကို စစ်မှန်သော အကျိုးအမြတ်ဟု သတ်မှတ်နိုင်သလော။ (မသတ်မှတ်နိုင်ပါ။) ဤသို့ဆိုလျှင် စစ်မှန်သော အကျိုးအမြတ်မှာ အဘယ်နည်း။ ယင်းသည် သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ဆက်နွှယ်နေသည်။ သင်သည် တစ်စုံတစ်ခုကို ရရှိလျှင် တိုးတက်မှုရှိသည်။ ပြီးလျှင် ဝိညာဉ်ရင့်ကျက်မှု တိုးတက်လာသည်။ မည်သည့်အရာကိုမျှ အမှန်တကယ် မရလျှင် သင်၏ ဝိညာဉ်ရင့်ကျက်မှုမှာ တိုးတက်မလာပေ။ ဤသို့ဆိုလျှင် ဤအကျိုးအမြတ်က မည်သည့်အရာကို ရည်ညွှန်းသနည်း။ အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်သည်။ ပို၍ အတိအကျဆိုလျှင် သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သည်။ သင်သည် အမျိုးမျိုးသော အမှုအရာများ၊ လူများကို ကိုင်တွယ်စဉ်တွင် လိုက်လျှောက်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို နားလည်သောအခါ၊ လိုက်နာနိုင်သောအခါ၊ လက်တွေ့လုပ်ဆောင်နိုင်သောအခါ၊ ပြီးလျှင် ဤအရာများသည် ကျင့်ကြံပြုမူခြင်းအတွက် သင်၏ စည်းမျဉ်းများ၊ စံနှုန်းများဖြစ်လာသောအခါ ဤသည်မှာ စစ်မှန်သော အကျိုးအမြတ်ဖြစ်သည်။ ဤသမ္မာတရားစည်းမျဉ်းများသည် ကျင့်ကြံပြုမူခြင်းအတွက် သင်လိုက်လျှောက်သင့်သော စည်းမျဉ်းများ၊ စံသတ်မှတ်ချက်များ ဖြစ်လာသောအခါ ယင်းတို့သည် သင့်ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ ဤသမ္မာတရားကဏ္ဍသည် သင့်အတွင်း၌ ဖြစ်ပေါ်သောအခါတွင် ယင်းသည် သင့်ဘဝဖြစ်လာသည်။ ဤသည်မှာ သင်၏ဘဝ ကြီးထွားတိုးတက်သည့် အချိန်ဖြစ်သည်။ သင်သည် ဤအမှုကိစ္စအမျိုးအစားများနှင့်သက်ဆိုင်သော သမ္မာတရားစည်းမျဉ်းများကို နားမလည်သေးလျှင်၊ သင်သည် ယင်းတို့ကို ကြုံတွေ့သောအခါ မည်သို့ကိုင်တွယ်ရမည်ကို မသိသေးလျှင် ဤအပိုင်းတွင် သင်သည် သမ္မာတရားကို မရရှိသေးပေ။ ရှင်းလင်းစွာပင် ဤသမ္မာတရားကဏ္ဍသည် သင်၏ဘဝမဟုတ်။ သင်၏ဘဝသည် ကြီးထွားတိုးတက်မှုမရှိ။ စကားပြောဆိုခြင်း၌ ကျွမ်းကျင်ခြင်းသည် အသုံးမဝင်ပေ။ ထို့အပြင် ယင်းတို့အားလုံးမှာ အယူဝါဒသာဖြစ်သည်။ သင်တို့သည် ဤအရာကို စဉ်းစားချင့်ချိန်နိုင်သလော။ (စဉ်းစားချင့်ချိန်နိုင်ပါသည်။) ဤအချိန်အတောအတွင်းတွင် သင်တို့သည့် တိုးတက်မှုရှိခဲ့သလော။ (မရှိခဲ့ပါ။) သင်သည် အတွေ့အကြုံအချို့ကို အနှစ်ချုပ်ရန်အတွက် သင်၏လူသားစိတ်နှင့် အသိဉာဏ်ကိုသာ အသုံးပြုခဲ့သည်။ “ဤတစ်ကြိမ်တွင် မည်သည့်အမျိုးအစားကို ငါပြောမည်၊ လုပ်ဆောင်မည်မဟုတ်တော့သည်ကိုလည်းကောင်း၊ မည်သည့်အရာများကို ငါပို၍၊ သို့မဟုတ် လျော့၍ လုပ်ဆောင်မည်ကိုလည်းကောင်း၊ မည်သည့်အရာကို အသေအချာ လုပ်ဆောင်မည်မဟုတ်သည်ကိုလည်းကောင်း ငါသင်ယူခဲ့ရသည်” ဟု ပြောသကဲ့သို့ ဖြစ်သည်။ ဤသည်မှာ သင့်ဘဝတွင် တိုးတက်သည့် လက္ခဏာလော။ (မဟုတ်ပါ။) ဤသည်မှာ သင်သည် ဝိညာဉ်ရေးနားလည်မှု အလွန်အမင်း ကင်းမဲ့သည်ဆိုသည့် လက္ခဏာဖြစ်သည်။ သင်လုပ်ဆောင်နိုင်သမျှမှာ စည်းကမ်းများ၊ စကားလုံးများ၊ ဆောင်ပုဒ်များကို အနှစ်ချုပ်ခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းသည် သင်တို့လုပ်ဆောင်နေသည့်အရာ မဟုတ်သလော။ (ဟုတ်သည်။) တစ်စုံတစ်ခုကို သင်ကြုံတွေ့သည့်အခါတိုင်းတွင်၊ အရေးပါသော ဖြစ်ရပ်တိုင်းပြီးသည့်နောက်တွင် သင်သည် “အို၊ နောင်တွင် ငါသည် ဤသို့၊ သို့မဟုတ် ထိုသို့ ပြုလုပ်သင့်သည်” ဟုပြောလျက် သင့်ကိုယ်သင် သတိပေးဆိုဆုံးမသည်။ သို့သော် အလားတူအခြေအနေက နောက်တစ်ကြိမ် ဖြစ်ပေါ်သောအခါတွင် အဆုံးတွင် ကျရှုံးဆဲဖြစ်သည်။ သင်သည် အားမလိုအားမရဖြစ်ပြီး “ငါသည် အဘယ်ကြောင့် ဤသို့ဖြစ်သနည်း” ဟု ဆိုသည်။ သင်၏ ကိုယ်ပိုင်မျှော်မှန်းချက်များကို ပြည့်စုံအောင်မလုပ်နိုင်ဟု တွေးလျက် သင့်ကိုယ်သင် စိတ်ဆိုးသည်။ ဤသည်မှာ အသုံးဝင်သလော။ ဤသည်မှာ သင်၏ ကိုယ်ပိုင်မျှော်မှန်းချက်များကို ပြည့်စုံအောင်မလုပ်နိုင်ခြင်း၊ သို့မဟုတ် သင်က မိုက်မဲခြင်း၊ သို့မဟုတ် ဘုရားသခင် စီစဉ်ညွှန်ကြားသော အခြေအနေများက မှားယွင်းခြင်းမဟုတ်ပေ။ ဘုရားသခင်က လူတို့အား မျှတမှုမရှိစွာ ဆက်ဆံနေခြင်း အသေအချာပင် မဟုတ်ပေ။ ဤသည်မှာ သင်သည် သမ္မာတရားကို မလိုက်စားသောကြောင့်၊ သို့မဟုတ် မရှာဖွေသောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို သင် နားမထောင်သောကြောင့် ဖြစ်သည်။ သင်သည် အစဉ်သဖြင့် လူသား၏ စိတ်ဆန္ဒကို ယူဆောင်လာသည်။ သင်သည် သင်ကိုယ်တိုင်၏ အရှင်သခင်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဦးဆောင်ခွင့်မပေးပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်အစား အခြားလူများကိုသာ နားထောင်မည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) ဖြစ်ရပ်တစ်ခုတည်းထံမှ၊ သို့မဟုတ် သီးသန့်အခြေအနေတစ်ခုမှ အတွေ့အကြုံ၊ သင်ခန်းစာအချို့ကို စုဆောင်းခြင်းအားဖြင့် သင်သည် တိုးတက်မှုရှိခဲ့သည်ဟု သင်ထင်သလော။ သင်သည် အမှန်တကယ်ပင် တိုးတက်မှုရှိခဲ့လျှင် ဘုရားသခင်က သင့်အား နောက်တစ်ကြိမ်စမ်းသပ်သောအခါ၌ သင်သည် ဘုရားသခင်၏ အမည်နာမကို ခုခံကာကွယ်နိုင်လိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် အလုပ်ကို ကာကွယ်နိုင်မည်။ အလုပ်အားလုံး ချောမွေ့စေရန်၊ အလုပ်သည် မည်သည့်နှောင့်ယှက်ခြင်း၊ တားဆီးခြင်းမျှ မခံရရန် သေချာအောင် လုပ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင်၏ အမည်နာမသည် နာမည်မပျက်ဘဲ၊ ပြစ်မျိုးမှဲ့မထင်ရှိနေစေရန်၊ ညီအစ်ကိုမောင်နှမများ၏ ဘဝတိုးတက်မှုတွင် ဆုံးရှုံးမှုများမခံရစေရန်၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများ အကာအကွယ်ရှိရန် သေချာအောင် သင် လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ သင်သည် တိုးတက်မှုရှိလာသည်၊ သင့်အား အသုံးပြုဖို့ သင့်တော်သည်၊ အသက်ဝင်ရောက်မှုကို သင်ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ ယခုအချိန်တွင် သင်တို့သည် ထိုအခြေအနေသို့ မရောက်သေးပေ။ သင်တို့၏ ဦးနှောက်က သေးငယ်သော်လည်း အမှုအရာများစွာဖြင့် ပြည့်နေသည်။ သင်တို့သည် မရိုးရှင်းပေ။ သင်တို့တွင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် ရိုးသားစစ်မှန်မှုရှိပြီး ဘုရားသခင်အတွက် အရာရာတိုင်းကို လက်လွှတ်ပြီး စွန့်ပစ်ရန် ဆန္ဒရှိနိုင်သော်လည်း အမှုအရာများနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် သင်တို့၏ အမျိုးမျိုးသော တပ်မက်မှုများ၊ ရည်ရွယ်ချက်များ၊ အစီအစဉ်များကို မစွန့်ပစ်နိုင်ပေ။ ဘုရားအိမ်တော်နှင့် ဘုရားအမှုတော်သည် အခက်အခဲအမျိုးမျိုးကို ကြုံရလေလေ၊ သင်က နောက်ဆုတ်လေလေ၊ သင့်ကို မမြင်နိုင်တော့လေလေဖြစ်ပြီး သင်သည် ထရပ်ပြီး ထိုအလုပ်ကို ဦးဆောင်ရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် ဘုရားသခင်၏ အမှုတော်ကို ကာကွယ်ပေးရန် ဖြစ်နိုင်ခြေ နည်းလေလေဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံလိုသည့် သင်၏ ရိုးသားစစ်မှန်မှုသည် မည်သို့ဖြစ်သွားသနည်း။ အဘယ်ကြောင့် ထိုရိုးသားစစ်မှန်မှုအနည်းငယ်က အလွန်အထိမခံဖြစ်ပြီး ထိခိုက်လွယ်သနည်း။ ဘုရားသခင်အတွက် အရာရာတိုင်းကို ပေးဆပ်ပြီး အရာရာတိုင်းကို စွန့်လွှတ်ရန် သင်၏လိုလားမှုအနည်းငယ်သည် မည်သို့ဖြစ်သွားသနည်း။ ခိုင်မာစွာရပ်တည်ရန် အဘယ်ကြောင့် မတည်ငြိမ်သနည်း။ မည်သည့်အရာကြောင့် အလွန်ထိခိုက်လွယ်သနည်း။ ဤသည်မှာ မည်သည့်အရာကို အတည်ပြုသနည်း။ သင်သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကင်းမဲ့သည်ကိုလည်းကောင်း၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သနားစဖွယ်ပင် သေးငယ်ပြီး သေးငယ်သော မကောင်းဆိုးဝါးတစ်ကောင်က သင့်အား အလွယ်တကူ အနိုင်ရနိုင်သည်ကိုလည်းကောင်း အတည်ပြုသည်။ အနည်းငယ် ကြားဝင်စွက်ဖက်မှုဖြင့် သင်သည် ဤသေးငယ်သော မကောင်းဆိုးဝါးနောက်သို့ လိုက်သွားလိမ့်မည်။ သင့်တွင် ဝိညာဉ်ရင့်ကျက်မှုတစ်ခုခုရှိလျှင်ပင် သင်၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများနှင့် မသက်ဆိုင်သော အပေါ်ယံအမှုအရာအချို့အပေါ် သင်၏ အတွေ့အကြုံတွင် ကန့်သတ်ထားသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရုံမျှသာ ရှိပြီး သင် စွမ်းဆောင်ရရှိနိုင်ပြီး သင့်အရည်အချင်း နယ်ပယ်အတွင်းတွင်ရှိသည်ဟု သင်ခံစားရသည့် သေးငယ်သောအရာအနည်းငယ်ကို လုပ်ဆောင်ဆဲဖြစ်သည်။ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းနှင့် အမှန်တကယ် ပတ်သက်လျှင်၊ အသင်းတော်သည် မကောင်းမှုပြုသူများနှင့် အန္တိခရစ်များ၏ အကြီးအကျယ် နှိမ်နှင်းမှုနှင့် နှောင့်ယှက်မှုတို့ကို ရင်ဆိုင်ရသောအခါတွင် သင်သည် မည်သည့်နေရာ၌ ရှိသနည်း။ မည်သည့်အရာကို သင်လုပ်ဆောင်နေသနည်း။ မည်သည့်အရာကို သင် စဉ်းစားနေသနည်း။ ဤသည်မှာ ပြဿနာကို ရှင်းလင်းစွာ ပုံဖော်ပြသည် မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် တာဝန်ထမ်းဆောင်စဉ်တွင် သူ၏ အထက်နှင့်အောက်တွင်ရှိသောသူတို့ကို လှည့်စားပြီး မဆင်မခြင်ပြုမူကာ အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးပြီး၊ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးပြီး၊ သူ့နောက်သို့လိုက်ရန် ညီအစ်ကိုမောင်နှမများအား လှည့်စားပြီး သင်က ထိုသူကို ပိုင်းခြားသိမြင်ရန်၊ သူ၏ အားထုတ်မှုများကို ဟန့်တားရန်၊ သို့မဟုတ် သူ့အား တိုင်ကြားရန် ပျက်ကွက်ရုံသာမကဘဲ သင်သည် အန္တိခရစ်ကိုပင် အဖော်ပြုပြီး ဤအရာများအားလုံးကို လုပ်ဆောင်ခြင်းတွင် ထိုသူဆန္ဒရှိသည့် ရလဒ်များကို ရရှိရန် ကူညီလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် အမှန်တကယ် အသုံးခံရန် သင်၏ သေးငယ်သော စိတ်ပိုင်းဖြတ်ချက်တွင် မည်သည့်သက်ရောက်မှုရှိသနည်းဆိုသည်ကို ငါ့အားပြောလော့။ ဤသည်မှာ သင်၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုမဟုတ်သလော။ အန္တိခရစ်များ၊ မကောင်းမှုပြုသူများနှင့် မယုံကြည်သူမျိုးစုံတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးရန် လာသောအခါ၊ အထူးသဖြင့် ၎င်းတို့သည် အသင်းတော်ကို နာမည်ဖျက်ပြီး ဘုရားသခင်၏ အမည်နာမကို ဂုဏ်သရေပျက်စေသောအခါ သင်သည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ သင်သည် ဘုရားအိမ်တော်၏ အလုပ်ကို ခုခံကာကွယ်ပြီး ပြောဆိုဖို့ ထရပ်ခဲ့သလော။ သင်သည် ၎င်းတို့၏ အားထုတ်မှုများကို ထိန်းချုပ်ရန်၊ သို့မဟုတ် ၎င်းတို့အား ကန့်သတ်ရန် ထရပ်ခဲ့သလော။ သင်သည် ထရပ်ပြီး ၎င်းတို့အား တားဆီးရန် ပျက်ကွက်ရုံသာမက အန္တိခရစ်များက မကောင်းမှုလုပ်ဆောင်ခြင်းတွင် သင်က အဖော်ပြုပေးခဲ့သည်။ ၎င်းတို့ကို ကူညီပြီး အားပေးခဲ့သည်။ ၎င်းတို့၏ လက်နက်အဖြစ်၊ လူယုံတော်အဖြစ် ပြုမူခဲ့သည်။ ထို့အပြင် တစ်စုံတစ်ယောက်က အန္တိခရစ်များ၏ ပြဿနာကို အသိပေးရန်အတွက် စာရေးသောအခါ သင်က စာကို ရွှေ့ဆိုင်းထားလိုက်ပြီး ကိုင်တွယ်မှုမပြုရန် ရွေးချယ်သည်။ ထို့ကြောင့် ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံရန် အရာရာတိုင်းကို စွန့်ပစ်ဖို့ သင်၏ စိတ်ပိုင်းဖြတ်ချက်နှင့် ဆန္ဒသည် သက်ရောက်မှုတစ်ခုခုရှိသလော။ ယင်းတို့က သက်ရောက်မှုမရှိလျှင် ဤဆန္ဒနှင့် စိတ်ပိုင်းဖြတ်ချက်ဆိုသောအရာများသည် သင်၏ မှန်ကန်သော ဝိညာဉ်ရင့်ကျက်မှုမဟုတ်သည်မှာ အလွန်သိသာသည်။ ယင်းတို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခြင်းမှ သင်ရရှိခဲ့သည့် အရာမဟုတ်ပေ။ ယင်းတို့သည် သမ္မာတရားကို ကိုယ်စားမပြုနိုင်ပေ။ ယင်းတို့သည် သမ္မာတရားမဟုတ်သကဲ့သို့ အသက်ဝင်ရောက်မှုလည်း မဟုတ်ပေ။ ယင်းတို့သည် အသက်ရှိသောလူတစ်ယောက်၏ သင်္ကေတမဟုတ်။ လိုရာဆွဲ၍ တွေးတောခြင်းမျိုးသာ ဖြစ်သည်။ လှပသောတစ်စုံတစ်ခုအပေါ် လူတို့ရှိသော မျှော်လင့်တောင့်တမှုသာ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သင်တို့သည် နိုးထပြီး သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို ရှင်းလင်းစွာ မြင်ရမည်။ သင့်တွင် အစွမ်းအစနည်းငယ်ရှိရုံဖြင့်၊ ပညာရေး၊ အသက်မွေးအလုပ်၊ မိသားစု၊ အိမ်ထောင်၊ ဇာတိပကတိ၏ အလားအလာများကဲ့သို့သော အရာများစွာကို စွန့်ပစ်ခဲ့ရုံဖြင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် တစ်နည်းနည်းဖြင့် ကြီးမြတ်သည်ဟု မထင်နှင့်။ လူအချို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ စတင်ယုံကြည်မှုတွင် အခြေခံအုတ်မြစ်ချပြီးကတည်းက ခေါင်းဆောင်များ၊ အမှုဆောင်များ ဖြစ်ခဲ့ကြသည်။ နှစ်ကာလတစ်လျှောက်တွင် ၎င်းတို့သည် အတွေ့အကြုံ၊ သင်ခန်းစာအချို့ကို စုဆောင်းရရှိခဲ့သည်။ စကားလုံးနှင့် အယူဝါဒအနည်းငယ်ကို ဟောပြောနိုင်သည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သူတစ်ပါးတို့ထက်ပို၍ ကြီးသည်ဟုလည်းကောင်း၊ ၎င်းတို့တွင် အသက်ဝင်ရောက်မှုရှိပြီး ၎င်းတို့သည် ဘုရားအိမ်တော်အတွင်းရှိ တိုင်လုံးများ၊ ထောက်တိုင်များဖြစ်ကာ ဘုရားသခင်က စုံလင်စေသောသူများဖြစ်သည်ဟုလည်းကောင်း ၎င်းတို့က ခံစားရသည်။ ဤသည်မှာ မမှန်ပေ။ သင့်ကိုယ်သင် ကောင်းသည်ဟု မထင်နှင့်။ သင်တို့သည် ဤအရာနှင့် အလှမ်းဝေးဆဲဖြစ်သည်။ သင်တို့သည် အန္တိခရစ်များကိုပင် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိ။ သင်တို့တွင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုမရှိ။ သင်တို့သည် နှစ်များစွာကြာအထိ ခေါင်းဆောင်၊ အမှုဆောင်များအဖြစ် အစေခံခဲ့သော်လည်း သင်တို့နှင့် သင့်တော်နိုင်သည့် နယ်ပယ်မရှိသေးပေ။ သင်တို့သည် စစ်မှန်သောအလုပ်ကို များစွာ မလုပ်နိုင်ပေ။ သင်တို့ကို တွန့်ဆုတ်စွာဖြင့်သာ အသုံးပြုနိုင်သည်။ သင်တို့သည် အလွန်တော်သော ပါရမီရှိသူမဟုတ်ပေ။ သင်တို့ထဲမှ တစ်ယောက်ယောက်သည် အလုပ်ကြိုးစားသည့်၊ ဆင်းရဲဒုက္ခခံသည့် စိတ်ဓာတ်ရှိလျှင် အများဆုံးအနေဖြင့် သင်သည် ဒူပေနာပေခံ လုပ်သားဖြစ်သည်။ သင်တို့သည် မသင့်တော်ပေ။ လူအချို့သည် စိတ်ထက်သန်ခြင်းကြောင့်၊ ပညာရေးအခြေခံအုတ်မြစ်ရှိပြီး အစွမ်းအစတစ်ခုကို ပိုင်ဆိုင်သောကြောင့်သက်သက်ဖြင့် ခေါင်းဆောင်၊ အမှုဆောင်များ ဖြစ်ကြသည်။ ထို့အပြင် အချို့အသင်းတော်များသည် ဦးဆောင်ရန် အကောင်းဆုံးသောသူကို မရှာနိုင်ပေ။ ထို့ကြောင့် ဤလူတို့သည် ခြွင်းချက်အနေဖြင့် ရာထူးတိုးမြှင့်ခံရပြီး လေ့ကျင့်ပေးခြင်းခံရသူများ ဖြစ်လာသည်။ ဤလူများထဲတွင် အချို့မှာ ဖော်ထုတ်ခြင်းခံရသည့် လူအမျိုးမျိုးတို့၏ ဖြစ်စဉ်အတောအတွင်းတွင် တဖြည်းဖြည်းချင်း လူစားထိုးခံရပြီး ဖယ်ရှားခြင်းခံရသည်။ ယခုအချိန်အထိ ဆက်လက်လိုက်လျှောက်သောသူအချို့မှာ ကျန်ရှိနေသေးသော်လည်း ၎င်းတို့သည် မည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်ခဲ့သောကြောင့်သာ ကျန်ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အလုပ်အချို့ကို လုပ်နိုင်သည်မှာ တိုက်ရိုက်လမ်းပြမှု၊ ကြီးကြပ်မှု၊ စုံစမ်းမေးမြန်းမှု၊ နောက်ဆက်တွဲလုပ်ဆောင်မှု၊ စောင့်ကြည့်မှု၊ ပြုပြင်မှု၊ ကိုင်တွယ်ဖြေရှင်းမှုတို့နှင့်အတူ အထက်မှလာသည့် အလုပ်အစီအစဉ်များကြောင့် လုံးဝ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် သင့်တော်သောသူများဖြစ်သည်ဟု မဆိုလိုပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အခြားလူများကို မကြာခဏ ကိုးကွယ်သောကြောင့်၊ ၎င်းတို့နောက်သို့ လိုက်သောကြောင့်၊ လမ်းလွဲသောကြောင့်၊ မှားယွင်းသောအရာများကို လုပ်ဆောင်သောကြောင့်၊ မိစ္ဆာဒိဋ္ဌိနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာအချို့ကြောင့် စိတ်ရှုပ်ထွေးပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဦးတည်ချက်ပျောက်ပြီး အဆုံး၌ မည်သူ့ကို သင် အမှန်တကယ်ယုံကြည်သည်ကို မသိသောကြောင့် ဖြစ်သည်။ ဤသည်မှာ သင်တို့၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုဖြစ်သည်။ သင်တို့တွင် အသက်ဝင်ရောက်မှု လုံးဝမရှိဟု ငါဆိုလျှင် သင်တို့အပေါ် မျှတမှုရှိမည်မဟုတ်။ သင်တို့၏ အတွေ့အကြုံအပိုင်းအခြားက အလွန်နည်းပါးလွန်းသည်ဟုသာ ငါဆိုနိုင်သည်။ သင်တို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ အလွန်အမင်း ပဲ့ပြင်ဆုံးမခြင်းတို့ ခံရပြီးနောက်တွင် ဝင်ရောက်မှုတစ်ခုသာရှိသည်။ သို့သော် အရေးပါသော စည်းမျဉ်းများပါဝင်သော အရာများနှင့် ပတ်သက်လျှင်၊ အထူးသဖြင့် အန္တိခရစ်များ၊ လှည့်စားမှုနှင့် အနှောင့်အယှက်များကို ဖြစ်စေသည့် အယောင်ဆောင်ခေါင်းဆောင်များကို ရင်ဆိုင်ရသောအခါတွင် သင်တို့သည် မိမိတို့ကိုယ်ကိုအတွက် ပြစရာ မည်သည့်အရာမျှ မရှိ။ မည်သည့် သက်သေခံချက်မျှ မရှိပေ။ ဘဝအတွေ့အကြုံ၊ အသက်ဝင်ရောက်မှုနှင့်ပတ်သက်လျှင် သင်တို့၏ အတွေ့အကြုံများသည် အလွန်ပေါ့တန်သည်။ ပြီးလျှင် သင်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သော နားလည်မှုမရှိပေ။ သင်တို့သည် ဤအပိုင်းတွင် မည်သည့်အရာမျှ ပြစရာမရှိသေးပေ။ အမှန်တကယ် အသင်းတော်အလုပ်နှင့်ပတ်သက်လျှင် သမ္မာတရားအား မည်သို့ မိတ်သဟာယဖွဲ့ပြီး ပြဿနာများအား ဖြေရှင်းရမည်ကို သင်တို့ မသိ။ ဤတွင်လည်း မည်သည့်အရာမျှ ပြစရာမရှိပေ။ ဤအချက်များတွင် သင်တို့သည် မိမိတို့ကိုယ်ကိုအတွက် ပြစရာ လုံးဝ မရှိပေ။ ထို့ကြောင့် သင်တို့သည် ခေါင်းဆောင်နှင့် အမှုဆောင်နေရာတို့ဖြင့် မသင့်တော်ပေ။ သို့ရာတွင် သာမန်ယုံကြည်သူများအနေဖြင့် အသက်ဝင်ရောက်မှုသည် အလွန်နည်းပါးပြီး သမ္မာတရားစစ်မှန်မှုအား စံမမီသော်လည်း အသက်ဝင်ရောက်မှုအနည်းငယ်ရှိသည်။ စမ်းသပ်မှုများအား သင်တို့ ခံနိုင်၊ မခံနိုင်ဆိုသည်မှာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။ အကြီးစား စမ်းသပ်မှုများ၊ အရေးပါသော စုံစမ်းသွေးဆောင်မှုများ၊ သို့မဟုတ် ဘုရားသခင်ထံမှ လေးနက်သော၊ တိုက်ရိုက်ဖြစ်သော ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းတို့က အမှန်တကယ် ဖြစ်ပေါ်လာသောအခါမှသာ ယင်းတို့သည် သင့်တွင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရား စစ်မှန်မှုရှိမရှိ၊ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်းရှိမရှိ၊ သင်၏ အဖြေလွှာပေါ်တွင် အဖြေများက မည်သို့ဖြစ်မည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်ဖြည့်ဆည်းခြင်းရှိမရှိတို့ကို စမ်းသပ်နိုင်သည်။ ဤသည်မှာ သင်၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှု ပေါ်လွင်လာမည့်အချိန်ဖြစ်သည်။ ယခုတွင် သင့်၌ ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟုဆိုခြင်းသည် စောနေသေးသည်။ ခေါင်းဆောင်၊ အမှုဆောင်၏ နေရာနှင့်ပတ်သက်ပြီး သင်တို့တွင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှတစ်ခုမျှ မရှိ။ အမှုကိစ္စများကို သင်တို့ရင်ဆိုင်ရသောအခါ စိတ်ရှု်ပထွေးသည်။ မကောင်းမှုပြုသူများ၊ သို့မဟုတ် အန္တိခရစ်များထံမှ အနှောင့်အယှက်များနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် ကျရှုံးသည်။ သင်တို့သည် မည်သည့်အရေးကြီးသောတာဝန်ကိုမျှ အမှီအခိုကင်းစွာ မပြီးမြောက်နိုင်ပေ။ သင်တို့သည် အလုပ်ပြီးမြောက်ရန်အတွက် သင်တို့ကို ကြီးကြပ်ရန်၊ လမ်းပြရန်၊ ပူးပေါင်းဆောင်ရွက်ရန် တစ်စုံတစ်ယောက်ကို အစဉ်လိုအပ်သည်။ တစ်နည်းအားဖြင့် သင်တို့သည် ပဲ့မကိုင်နိုင်ပေ။ သင်တို့သည် ခေါင်းဆောင်နေရာ၌၊ သို့မဟုတ် ပံ့ပိုးသောနေရာ၌ ပါဝင်သည်ဖြစ်စေ သင်တို့ဘာသာ တာဝန်ယူမလုပ်ဆောင်နိုင်ပေ၊ သို့မဟုတ် တာဝန်တစ်ခုကို အမှီအခိုကင်းစွာ မပြီးမြောက်နိုင်ပေ။ သင်တို့သည် အထက်မှ ကြီးကြပ်ခြင်း၊ အရေးစိုက်ခြင်းမရှိဘဲ တာဝန်တစ်ခုကို ကောင်းစွာပြီးမြောက်ရန် မျှော်လင့်ချက်မရှိစွာပင် မတတ်နိုင်ပေ။ အဆုံး၌ သင်တို့သည် ကဏ္ဍအားလုံးတွင် ကောင်းစွာလုပ်ဆောင်ခဲ့သည်ဟုလည်းကောင်း၊ သင်တို့၏ အလုပ်အစိတ်အပိုင်းတိုင်း၌ စိတ်နှစ်ပြီး လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ သင်တို့သည် အရာရာတိုင်းကို ကောင်းစွာ လုပ်ဆောင်ခဲ့ပြီး အားလုံးကို သင့်လျော်စွာ၊ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီစွာ ကိုင်တွယ်ခဲ့သည်ဟုလည်းကောင်း၊ သင်တို့သည် သမ္မာတရားအား ရှင်းလင်းစွာ နားလည်မှုနှင့် သမ္မာတရားစည်းမျဉ်းများအား ရှာဖွေမှုအပေါ် အခြေခံပြီး အလုပ်လုပ်ခဲ့သည်ကိုလည်းကောင်း၊ ဤသို့အားဖြင့် သင်တို့သည် ပြဿနာများကို ဖြေရှင်းနိုင်ပြီး အလုပ်ကိုကောင်းစွာ လုပ်ဆောင်နိုင်သည်ကိုလည်းကောင်း သင်တို့အလုပ်အပေါ် စစ်ဆေးမှုက ပြသလျှင် သင်တို့သည် သင့်တော်သည်။ သို့ရာတွင် ယခုအချိန်အထိတွင် သင်တို့ကြုံတွေ့ခဲ့သည့် အရာရာတိုင်းကို အကဲဖြတ်ခြင်းအားဖြင့် သင်တို့သည် မသင့်တော်ပေ။ သင်တို့၏ သင့်တော်မှုတွင်ရှိသော အဓိကပြဿနာမှာ သင်တို့သည် သင်တို့အား ချပေးထားသောတာဝန်များကို အမှီအခိုကင်းစွာ မပြီးမြောက်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားတစ်ချက်မှာ အထက်မှ ကြီးကြပ်ခြင်းမရှိလျှင် သင်တို့သည် လူတို့အား လမ်းလွဲစေနိုင်သည်၊ သို့မဟုတ် လမ်းမှန်အား စွန့်ပစ်စေနိုင်သည်။ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသောသူများက ၎င်းတို့တာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် ၎င်းတို့အား ဘုရားရှေ့သို့ မခေါ်ဆောင်နိုင်၊ သို့မဟုတ် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအား သမ္မာတရားစစ်မှန်မှုအတွင်းသို့၊ သို့မဟုတ် ဘုရားသခင်အပေါ် ယုံကြည်မှုနှင့်သက်ဆိုင်သော လမ်းကြောင်းမှန်ပေါ်သို့ မခေါ်ဆောင်နိုင်ပေ။ သင်တို့သည် ဤသို့သောမည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ အထက်မှ စုံစမ်းမေးမြန်းခြင်းမရှိသည့် အချိန်ကာလတစ်ခုရှိလျှင် သင်တို့တာဝန်ယူရသည့်အလုပ်နယ်ပယ်အတွင်းတွင် အစဉ်သဖြင့် လမ်းလွဲမှုနှင့် အားနည်းချက်များစွာရှိပြီး ပုံသဏ္ဍန်၊ အရွယ်အစားမျိုးစုံရှိသော ပြဿာနာများလည်းရှိသည်။ အထက်မှ ယင်းတို့အား မပြုပြင်လျှင်၊ မကြီးကြပ်လျှင်၊ သို့မဟုတ် ကိုယ်တိုင်ကိုယ်ကျ မကိုင်တွယ်လျှင် ဤလမ်းလွဲမှုများက မည်သည့်အတိုင်းအတာအထိ ဖြစ်မည်၊ သို့မဟုတ် မည်သည့်အချိန်တွင် ရပ်တန့်မည်ကို မည်သူသိမည်နည်း။ ဤသည်မှာ သင်တို့၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုဖြစ်သည်။ ဤအတွက်ကြောင့် သင်တို့သည် အလွန်မသင့်တော်ဟု ငါပြောခြင်း ဖြစ်သည်။ သင်တို့သည် ဤအရာကို ကြားလိုသလော။ ဤအရာကို ကြားရခြင်းက သင်တို့အား အပျက်သဘောမဆောင်စေသလော။ (ဘုရားသခင်၊ ယင်းသည် ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် အလွန်ပင် သက်သောင့်သက်သာမရှိပါ။ သို့သော် ဘုရားသခင် မိတ်သဟာယဖွဲ့သည့်အရာမှာ အမှန်ပင် အမှန်တရား ဖြစ်သည်။ ကျွန်ုပ်တို့တွင် ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သမ္မာတရားစစ်မှန်မှုအနည်းငယ်မျှပင် မရှိပေ။ အန္တိခရစ်များ ပေါ်လာသောအခါ ကျွန်ုပ်တို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်မည်မဟုတ်။) ငါသည် ဤအရာများကို သင်တို့အား ညွှန်ပြရမည်။ ဤသို့မဟုတ်လျှင် သင်တို့သည် အချိန်ပြည့် မတရားခံရပြီး ကောင်းစွာ ဆက်ဆံခြင်းမခံရသကဲ့သို့ ခံစားရမည်။ သင်တို့သည် သမ္မာတရားကို နားမလည်ပေ။ စကားလုံးနှင့် အယူဝါဒအချို့အား မည်သို့ပြောရမည်ကိုသာ သင်တို့သိသည်။ စုဝေးပွဲပြုလုပ်နေစဉ်တွင် သင်တို့သည် အယူဝါဒကို ပြောဆိုရန်အတွက် အကြမ်းပင် ပြင်ဆင်လေ့မရှိတော့ပေ။ ပြီးလျှင် သင်တို့သည် စတိတ်စင်ကြောက်ခြင်း မရှိတော့။ ထို့ကြောင့် သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု သင်တို့က ထင်ကြသည်။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုရှိလျှင် အဘယ်ကြောင့် သင့်တော်ခြင်းမရှိသနည်း။ အဘယ်ကြောင့် သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာများကို မကိုင်တွယ်နိုင်သနည်း။ သင်သည် ညီအစ်ကိုမောင်နှမများက သင့်အားလက်ခံဖို့ ပြုလုပ်ရန်အတွက် စကားများ၊ အယူဝါဒများအား မည်သို့ပြောရမည်ကိုသာ သိသည်။ ဤသည်မှာ ဘုရားသခင်ကို မကျေနပ်စေပေ။ သင့်အား သင့်တော်စေရန် လုပ်ဆောင်မပေးပေ။ ဤစကားများ၊ အယူဝါဒများအား သင်ပြောဆိုနိုင်စွမ်းသည် မည်သည့်အမှန်တကယ် ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ ဘုရားသခင်သည် သင့်အားဖော်ထုတ်သည့် သေးငယ်သော အခြေအနေတစ်ခုကို စီစဉ်ပြီး သင်၏ ဝိညာဉ်ရင့်ကျက်မှုက မည်မျှသေးငယ်သည်မှာလည်းကောင်း၊ သမ္မာတရားအား သင်လုံးဝ နားမလည်သည်ကိုလည်းကောင်း၊ မည်သည့်အရာကိုမျှ သင် မသိမြင်နိုင်သည်ကိုလည်းကောင်း ရှင်းလင်းသွားသည်။ ပြီးလျှင် သင်သည် ညံ့ဖျင်းသည်၊ သနားစဖွယ်ဖြစ်သည်၊ မျက်ကန်းဖြစ်သည်၊ မသိနားမလည်ဖြစ်သည်ဆိုသည်ကို ဖော်ထုတ်ပြသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) သင်တို့သည် ဤအရာများကို လက်ခံနိုင်လျှင် ကောင်းသည်။ လက်မခံနိုင်လျှင် အချိန်ယူပြီး ယင်းတို့ကို တွေးကြည့်လော့။ ငါပြောသည့်အရာကို ထည့်စဉ်းစားလော့။ ယင်းသည် အဓိပ္ပာယ်ရှိသလော။ လက်တွေ့အရှိတရားအပေါ် အခြေခံသလော။ သင်တို့နှင့် သက်ဆိုင်သလော။ သင်တို့နှင့် သက်ဆိုင်လျှင်ပင် အပျက်သဘောမဆောင်နှင့်။ အပျက်သဘောဆောင်ခြင်းသည် မည်သည့်ပြဿနာကိုမျှ သင့်အား ကူညီဖြေရှင်းမပေးပေ။ သင်သည် ဘုရားသခင်အား ယုံကြည်သူအနေဖြင့် သင့်တာဝန်ကို ထမ်းဆောင်ပြီး ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်လိုလျှင် အနှောင့်အယှက်များ၊ ကျရှုံးမှုများကို ကြုံရသောအခါ နုတ်ထွက်၍မရပေ။ သင်သည် ပြန်ထပြီး ရှေ့ဆက်သွားရမည်။ သင်သည် သင်အားနည်းသည့်၊ သို့မဟုတ် ချို့တဲ့သည့်၊ လေးနက်သောပြဿနာများရှိသည့်နယ်ပယ်များတွင် သမ္မာတရားကဏ္ဍအချို့ဖြင့် သင့်ကိုယ်သင် ပြင်ဆင်ခြင်းအပေါ် အာရုံစိုက်ဖို့ လိုသည်။ အပျက်သဘောဆောင်ခြင်း၊ မလှုပ်မယှက်နေခြင်းသည် မည်သည့်အရာကိုမျှ ဖြေရှင်းမည်မဟုတ်။ အမှုအရာများနှင့် ရင်ဆိုင်ရသောအခါ စကားများ၊ အယူဝါဒများ၊ ထို့အပြင် အရှိအတိုင်းဖြစ်သော မတူညီသော ကျိုးကြောင်းရှင်းပြမှုမျိုးတို့ကို ထုတ်ပြောခြင်းအား ရပ်လော့။ ဤသည်တို့မှာ အထောက်အကူဖြစ်မည်မဟုတ်။ ဘုရားသခင်က သင့်အား စမ်းသပ်ပြီး သင်က “ထိုအချိန်၌ ကျွန်ုပ်၏ ကျန်းမာရေးသည် အလွန်မကောင်းပါ။ ကျွန်ုပ်သည် ငယ်သည်။ ကျွန်ုပ်၏ ပတ်ဝန်းကျင်သည် အလွန်ငြိမ်းချမ်းခြင်းမရှိ” ဟု ပြောသောအခါတွင် သူသည် ဤအရာကို နားထောင်မည်လော။ ဘုရားသခင်က “သမ္မာတရားကို သင်နှင့် မိတ်သဟာယဖွဲ့သောအခါတွင် သမ္မာတရားကို သင်ကြားခဲ့သလော” ဟု မေးမည်။ သင်က “ကျွန်ုပ် ကြားခဲ့ပါသည်” ဟု ပြောလျှင် သူက “သင့်တွင် လက်ဆင့်ကမ်းပေးခဲ့သည့် အလုပ်အစီအစဉ်များရှိသလော” ဟု မေးမည်။ ထို့နောက် သင်က “ရှိပါသည်” ဟု ပြောမည်။ သူက ဆက်၍ “ဤသို့ဆိုလျှင် အဘယ်ကြောင့် ယင်းတို့ကို သင်မလိုက်နာသနည်း။ အဘယ်ကြောင့် အလွန်စိတ်ပျက်ဖွယ်ရာ ကျရှုံးခဲ့သနည်း။ သင်၏ သက်သေခံချက်တွင် အဘယ်ကြောင့် ခိုင်မာစွာ မရပ်တည်နိုင်ခဲ့သနည်း” ဟု ပြောမည်။ သင်အလေးပေးပြောသည့် မည်သည့်အရှိအတိုင်းဖြစ်သော အကြောင်းပြချက်ကမျှ ခိုင်လုံမည်မဟုတ်။ ဘုရားသခင်သည် သင်၏ ဆင်ခြေများ၊ သို့မဟုတ် ကျိုးကြောင်းရှင်းပြမှုများကို စိတ်မဝင်စားပေ။ အယူဝါဒမည်မျှကို သင်ပြောနိုင်သည်၊ သို့မဟုတ် သင့်ကိုယ်သင် ခုခံကာကွယ်ရာတွင် မည်မျှတော်သည်ဆိုသည်ကို သူ မကြည့်ပေ။ ဘုရားသခင် အလိုရှိသည့်အရာမှာ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သင်၏ဘဝ တိုးတက်ရန်ဖြစ်သည်။ မည်သည့်အချိန်ဖြစ်စေ၊ မည်သည့်ခေါင်းဆောင်အဆင့်ကို သင်ဖြစ်လာသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ အဆင့်အတန်းက မည်မျှမြင့်သည်ဖြစ်စေ ဘုရားရှေ့တွင် သင်သည် မည်သူဖြစ်သည်၊ မည်သည့်အရာဖြစ်သည်ဆိုသည်ကို လုံးဝ မမေ့လျော့နှင့်။ အယူဝါဒ မည်မျှကို သင်ပြောဆိုနိုင်သည်ဖြစ်စေ၊ အယူဝါဒပြောဆိုခြင်းတွင် သင်သည် မည်မျှ လေ့ကျင့်ပါစေ၊ မည်သည့်အရာကို သင်လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ဘုရားအိမ်တော်အပေါ် မည်သည့်ပါဝင်ပံ့ပိုးမှုကို သင်လုပ်ဆောင်ခဲ့သည်ဖြစ်စေ ဤအရာထဲမှ မည်သည့်အရာကမျှ သင်သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုအား ပိုင်ဆိုင်သည်ဆိုသည်ကို မပြသကဲ့သို့ ယင်းတို့သည် အသက်ရှိခြင်း၏ လက္ခဏာများလည်း မဟုတ်ပေ။ သင်သည် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သောအခါတွင်လည်းကောင်း၊ သမ္မာတရားစည်းမျဉ်းများကို နားလည်သောအခါတွင်လည်းကောင်း၊ အမှုအရာများနှင့် ရင်ဆိုင်ရသောအခါ၌ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သောအခါတွင်လည်းကောင်း၊ တာဝန်များကို အမှီအခိုကင်းစွာ ပြီးမြောက်နိုင်သောအခါတွင်လည်းကောင်း၊ အသုံးပြုရန်အတွက် သင့်တော်သောအခါတွင်လည်းကောင်း သင့်၌ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိလိမ့်မည်။ ကောင်းပြီ။ ဤနေရာတွင် ဤဆွေးနွေးမှုကို အဆုံးသတ်ပြီး ငါတို့ မိတ်သဟာယ၏ အဓိကအကြောင်းအရာဆီသို့ ဆက်လက်၍ သွားကြစို့။
ယခင်စုဝေးပွဲတွင် ငါတို့၏ မိတ်သဟာယ၌ မည်သည့်နေရာတွင် ငါတို့ ရပ်ခဲ့သနည်း။ (ယခင်စုဝေးပွဲတွင် ဘုရားသခင်သည် “မိမိ၏ မိသားစုမှလာသည့် ဝန်ထုပ်ဝန်ပိုးများအား လက်လွှတ်ခြင်း”အကြောင်းကို မိတ်သဟာယပြုခဲ့သည်။ ဤအကြောင်းအရာ၏ တစ်ပိုင်းမှာ မိမိ၏ သားသမီးအပေါ် မျှော်မှန်းချက်များအား လက်လွှတ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤအရာအား ကျွန်ုပ်တို့ကို အဆင့်နှစ်ဆင့်ဖြင့် ရှင်းပြခဲ့သည်။ တစ်ဆင့်မှာ သားသမီးများက ငယ်သေးသောအချိန်တွင် မိဘများ၏ အပြုအမူနှင့် သက်ဆိုင်ပြီး အခြားအဆင့်မှာ သားသမီးများက အရွယ်ရောက်သောအခါ၌ မိဘများ၏ အပြုအမူနှင့် သက်ဆိုင်သည်။ သားသမီးများ၏ အသက်အရွယ်က မည်သို့ဖြစ်စေ၊ အရွယ်ရောက်ပြီးသည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ လက်တွေ့တွင် မိဘများ၏ အပြုအမူနှင့် လုပ်ဆောင်မှုများသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ဆန့်ကျင်သည်။ ၎င်းတို့သည် သားသမီးများ၏ ကံကြမ္မာကို အစဉ် ထိန်းချုပ်လိုပြီး သားသမီးများ၏ ဘဝကို ဝင်ရောက်စွက်ဖက်လိုသည်။ သို့သော် သားသမီးများက ရွေးချယ်သောလမ်းကြောင်းနှင့် ၎င်းတို့တွင်ရှိသောလိုက်စားမှုများက မိဘများက ဆုံးဖြတ်ပေးနိုင်သောအရာမဟုတ်။ လူတို့၏ ကံကြမ္မာသည် မိဘများက ထိန်းချုပ်နိုင်သောအရာမဟုတ်။ ဘုရားသခင်သည် အမှုအရာများကို ရှုမြင့်ရန်ဖြစ်သည့် မှန်ကန်သော အမြင်ရှုထောင့်ကိုလည်း ထောက်ပြခဲ့သည်။ ကလေးတစ်ယောက်၏ ဘဝ၏ အဆင့်က မည်သို့ရှိသည်ဖြစ်စေ မိဘများက ၎င်းတို့တာဝန်ကို ဖြည့်ဆည်းခြင်းက လုံလောက်သည်။ ကျန်သည့်အရာမှာ ဘုရားသခင်၏ အချုပ်ခြာအာဏာ၊ အစီအစဉ်များနှင့် ဘုရားသခင်၏ ကြိုတင်စီမံမှုကို နာခံခြင်းဖြစ်သည်။) ယခင်အခေါက်တွင် လူတို့သည် ၎င်းတို့သားသမီးများအပေါ် မိဘတို့၏မျှော်မှန်းချက်များအား လက်လွှတ်သင့်သည်ဆိုသည့်အချက်ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ဤမျှော်မှန်းချက်များသည် လူသား၏စိတ်နှင့် စိတ်ကူးစိတ်သန်းတို့၏ တွန်းအားပေးခြင်းကိုခံရပြီး ဘုရားသခင်က လူသားကံကြမ္မာစီစဉ်သည်ဆိုသည့်အချက်နှင့် မကိုက်ညီပေ။ ဤမျှော်မှန်းချက်များသည် လူသားတာဝန်၏ တစ်စိတ်တစ်ပိုင်းမဟုတ်။ ယင်းတို့သည် လူတို့လက်လွှတ်သင့်သောအရာတစ်ခုဖြစ်သည်။ သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များက မည်မျှကြီးမားပါစေ၊ မိဘများသည် သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များက မည်မျှမှန်ကန်ပြီး သင့်လျော်သည်ဟု ယုံကြည်ပါစေ ဤမျှော်မှန်းချက်များသည် ဘုရားသခင်က လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာပိုင်သူဖြစ်သည်ဟူသည့် သမ္မာတရားကို ဆန့်ကျင်သရွေ့ ယင်းတို့သည် လူတို့လက်လွှတ်သင့်သည့်အရာတစ်ခု ဖြစ်သည်။ ဤသည်မှာလည်း အပျက်သဘောဆောင်သောအရာတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းသည် သင့်လျော်ခြင်းမရှိသကဲ့သို့ အပြုသဘောဆောင်ခြင်းလည်းမရှိ။ ယင်းသည် မိဘတာဝန်များကို ဆန့်ကျင်ပြီး ထိုတာဝန်များ၏ နယ်ပယ်ထက် ကျော်လွန်သည်။ ပြီးလျှင် လူ့သဘာဝနှင့် ဆန့်ကျင်သော လက်တွေ့မကျသည့် မျှော်မှန်းချက်များနှင့် တောင်းဆိုချက်များဖြင့် ဖွဲ့စည်းထားသည်။ ယခင်အခေါက်က အရွယ်မရောက်သေးသော သားသမီးများအပေါ် မိဘများက ပြသသည့် အချို့သော မူမမှန်သည့် လုပ်ဆောင်မှုများ၊ ပြုမူနေထိုင်မှုများနှင့် အစွန်းရောက်အပြုအမူတစ်ခုကိုပါ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ထိုအရာများသည် သားသမီးများအပေါ် အပျက်သဘောဆောင်သော လွှမ်းမိုးမှုနှင့် ဖိအားမျိုးစုံကို ဖြစ်စေသည်။ ငယ်ရွယ်သော သားသမီးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ပိုင်းသုခကို ဖျက်ဆီးသည်။ မိဘများက လုပ်ဆောင်နေသည့်အရာသည် သင့်တင့်လျောက်ပတ်ခြင်းမရှိဘဲ မသင့်တော်ပေဆိုသည်ကို ဤအရာများက ညွှန်ပြနေသည်။ ဤအရာများသည် သမ္မာတရားအား လိုက်စားနေသောလူတို့ လက်လွှတ်သင့်သည့် အတွေးများ၊ လုပ်ရပ်များဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် ယင်းတို့သည် ကလေးတစ်ယောက်၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာသုခကို ဖျက်ဆီးရန် ရက်စက်သော၊ လူမဆန်သော နည်းလမ်းများဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အရွယ်မရောက်သေးသော သားသမီးများအတွက် မိဘများက လုပ်ဆောင်သင့်သည့်အရာမှာ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်သည်။ သားသမီးများ၏ အနာဂတ်နှင့် ကံကြမ္မာကို စီစဉ်ရန်၊ ထိန်းချုပ်ရန်၊ စီစဉ်ညွှန်ကြားရန်၊ အဆုံးအဖြတ်ပေးရန် မဟုတ်ပေ။ ယခင်အခေါက်က အရွယ်မရောက်သေးသော သားသမီးများအပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော မိဘများ၏ အဓိကကဏ္ဍနှစ်ခုကို ငါတို့ ထုတ်မပြောခဲ့သလော။ (ပြောခဲ့ပါသည်။) ဤကဏ္ဍနှစ်ခုကို ဆောင်ရွက်ခဲ့လျှင် သင်သည် သင့်တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ ယင်းတို့ကို မဆောင်ရွက်ရသေးလျှင် သင်က သင့်သားသမီးများကို အနုပညာရှင်တစ်မျိုးမျိုးအဖြစ်၊ သို့မဟုတ် ပါရမီရှိသောသူအဖြစ် ပျိုးထောင်လျှင်ပင် သင်၏တာဝန်သည် ပြည့်စုံခြင်းမရှိဘဲ ကျန်ရှိနေသည်။ မိဘများက သားသမီးများအပေါ် မည်မျှအားစိုက်ထုတ်ပါစေ၊ စိတ်ပူပြီး ဆံပင်ဖြူသည်ဖြစ်စေ၊ နာမကျန်းဖြစ်သည်အထိ မောပန်းနွမ်းနယ်သည်ဖြစ်စေ၊ ၎င်းတို့ ပေးဆပ်သည့် အဖိုးအခက မည်မျှကြီးပါစေ၊ ၎င်းတို့၏ စိတ်နှလုံးကိုမည်မျှ ဖွင့်ဟပြောဆိုပါစေ၊ သို့မဟုတ် ပိုက်ဆံမည်မျှကို ထုတ်ပေးပါစေ ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းအဖြစ် မသတ်မှတ်နိုင်ပေ။ ဤသို့ဆိုလျှင် မိဘများသည် ၎င်းတို့၏ ငယ်ရွယ်သောသားသမီးများအပေါ် ၎င်းတို့၏ တာဝန်များကိုဖြည့်ဆည်းသင့်သည်ဟု ငါပြောသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ အဓိက ကဏ္ဍနှစ်ခုမှာ အဘယ်နည်း။ ယင်းတို့ကို မည်သူ မှတ်မိသနည်း။ (ယခင်အခေါက်က ဘုရားသခင်သည် တာဝန်နှစ်ခုအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ တစ်ခုမှာ ကလေး၏ ကိုယ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြစ်သည်။ အခြားတစ်ခုမှာ သူ၏ စိတ်ကျန်းမာရေး၌ လမ်းပြခြင်း၊ ပညာသင်ပေးခြင်း၊ ကူညီခြင်းတို့ဖြစ်သည်။) အလွန်ရိုးရှင်းသည်။ လက်တွေ့တွင် ကလေးတစ်ယောက်၏ ကိုယ်ကျန်းမာရေးကို ဂရုစိုက်ခြင်းမှာ လွယ်ကူသည်။ များစွာ ဝင်တိုက်မှုများ၊ သို့မဟုတ် ပွန်းပဲ့ဒဏ်ရာများသာ မဖြစ်စေနှင့်၊ သို့မဟုတ် မစားသင့်သောအရာများကိုသာ မစားစေနှင့်။ သူ၏ ကြီးထွားမှုကို အပျက်သဘောဆောင်စွာ ထိခိုက်မည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ မိဘများသည် အတတ်နိုင်ဆုံး သားသမီးများအတွက် လုံလောက်သော အစားအစာရှိရန်လည်းကောင်း၊ ကောင်းစွာ၊ ကျန်းမာစွာဖြင့် စားသောက်ရန်လည်းကောင်း၊ သင့်လျော်စွာ အနားယူရရန် လည်းကောင်း၊ ရောဂါကင်းရန်၊ သို့မဟုတ် ရံဖန်ရံခါသာ နေမကောင်းဖြစ်ရန်လည်းကောင်း၊ သားသမီးများ နေမကောင်းဖြစ်သောအခါ အချိန်မီ ကုသပေးရန်လည်းကောင်း အသေအချာလုပ်ဆောင်လော့။ မိဘအများစုသည် ဤစံနှုန်းများကို စွမ်းဆောင်ရရှိနိုင်သလော။ (ရရှိနိုင်ပါသည်။) ဤသည်မှာ လူတို့ ရရှိနိုင်သောအရာတစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့ကိုပေးသော တာဝန်များမှာ လွယ်ကူသည်။ တိရိစ္ဆာန်များသည်လည်း ဤစံနှုန်းများကို မီနိုင်သောကြောင့် လူတို့သည် ဤစံနှုန်းများကို မမီနိုင်လျှင် တိရိစ္ဆာန်ထက်ပို၍ ဆိုးသည်မဟုတ်လော။ (ဟုတ်သည်။) တိရိစ္ဆာန်များသည်ပင် ဤအရာများကို ရရှိနိုင်သော်လည်း လူသားများက မရရှိနိုင်လျှင် ၎င်းတို့သည် အမှန်ပင် သနားစဖွယ်ဖြစ်သည်။ ဤသည်မှာ သားသမီးများ၏ ကိုယ်ကျန်းမာရေးအပေါ် မိဘများ၌ ရှိသည့် တာဝန်ဖြစ်သည်။ သားသမီးများ၏ စိတ်ပိုင်းဆိုင်ရာသုခနှင့်ပတ်သက်ပြီး ဤသည်မှာ မိဘများသည် ငယ်ရွယ်သော သားသမီးများကို ပျိုးထောင်စဉ်တွင် ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုလည်းဖြစ်သည်။ သားသမီးများသည် ကိုယ်ကျန်းမာသည်နှင့် မိဘများသည် သားသမီးများ၏ စိတ်ကျန်းမာရေးနှင့် အတွေးများကို အားပေးမြှင့်တင်ပြီး အပြုသဘောဆောင်သော၊ တက်ကြွသော၊ အကောင်းမြင်သောနည်းလမ်းများ၊ ဦးတည်ချက်များဖြင့် ပြဿနာများကို ၎င်းတို့စဉ်းစားရန် သေချာအောင် လုပ်ဆောင်သင့်သည်။ ဤသို့အားဖြင့် သားသမီးများသည် ပိုမိုကောင်းမွန်သောဘဝကို နေထိုင်နိုင်ပြီး တစ်ယူသန်ဖြစ်ခြင်း၊ လိုရာဆွဲတွေးတတ်ခြင်း၊ သို့မဟုတ် ရန်လိုခြင်း မဖြစ်နိုင်ပေ။ အခြားမည်သည့်အရာရှိသနည်း။ ၎င်းတို့သည် ပုံမှန်ဖြစ်စွာ၊ ကျန်းမာစွာ၊ ပျော်ရွှင်စွာဖြင့် ကြီးထွားလာနိုင်သင့်သည်။ ဥပမာ သားသမီးများသည် မိဘများက ပြောသည့်အရာကို စတင်နားလည်လာပြီး မိဘများနှင့် ရိုးရှင်းသော၊ သာမန်ဖြစ်သော စကားစမြည်ပြောဆိုခြင်း ပြုလုပ်နိုင်သောအခါ၊ သားသမီးများသည် အသစ်သောအရာများကို စိတ်ဝင်စားမှု စတင်ပြသလာသောအခါ မိဘများသည် ၎င်းတို့ကို လမ်းပြပေးရန်အတွက် ကျမ်းစာပုံပြင်များကို ၎င်းတို့အား ပြောပြပေးနိုင်သည်၊ သို့မဟုတ် ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်သော ရိုးရှင်းသောပုံပြင်များကို ဝေမျှနိုင်သည်။ ဤသို့ဖြင့် သားသမီးများသည် ကျင့်ကြံပြုမူခြင်း၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ ကောင်းသောကလေး၊ ကောင်းသောသူဖြစ်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်းကောင်း နားလည်နိုင်သည်။ ဤသည်မှာ သားသမီးများအတွက် စိတ်ပိုင်းဆိုင်ရာလမ်းပြမှုပုံစံတစ်ခုဖြစ်သည်။ မိဘများက သားသမီးများအား အရွယ်ရောက်သောအခါတွင် ပိုက်ဆံများစွာရှာသင့်သည်၊ သို့မဟုတ် ရာထူးကြီးသော အရာရှိဖြစ်သင့်သည်၊ ထိုအရာများသည် ၎င်းတို့အား အဆုံးမရှိသော ချမ်းသာကြွယ်ဝမှုကို ပေးမည်၊ ဒုက္ခမရောက်စေရန်၊ သို့မဟုတ် ခက်ခဲသော လက်မှုအလုပ်ကြမ်းများကို မလုပ်ရစေရန် တားဆီးပေးမည်၊ အခြားလူများကို ဩဇာပေးရန် အစွမ်းနှင့် ဂုဏ်သိက္ခာကိုပေးလိမ့်မည်ဟုသာ ပြောမပြသင့်ပေ။ မိဘများသည် သားသမီးများအတွင်းသို့ ဤသို့သော အပျက်သဘောဆောင်သောအရာများကို မသွတ်သွင်းသင့်ဘဲ ၎င်းတို့နှင့် အပြုသဘောဆောင်သောအရာများကို မျှဝေသင့်သည်။ သို့မဟုတ် အသက်အရွယ်နှင့် လိုက်ဖက်သော ပုံပြင်များကို သားသမီးများအား ပြောပြသင့်ပြီး အပြုသဘောဆောင်သော ပညာရေးဆိုင်ရာ အာဘော်ကို ဖော်ပြသင့်သည်။ ဥပမာ သားသမီးများအား မလိမ်ညာရန်၊ လိမ်ညာသောကလေးမဖြစ်ရန် သင်ကြားပေးခြင်း၊ လိမ်ညာခြင်း၏ အကျိုးဆက်များကို ခံရမည်ဆိုသည်ကို ၎င်းတို့အား နားလည်စေခြင်း၊ လိမ်ညာခြင်းအပေါ် ၎င်းတို့၏ ကိုယ်ပိုင်သဘောထားကို ရှင်းပြခြင်း၊ လိမ်ညာသောကလေးများသည် ဆိုးသောကလေးများဖြစ်သည်၊ ဤသို့သောကလေးများကို လူတို့က မနှစ်သက်ဆိုသည်တို့ကို အလေးပေးပြောခြင်းတို့ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သားသမီးများအား ၎င်းတို့သည် ရိုးသားရမည်ဆိုသည်ကို အသိပေးသင့်သည်။ ထို့အပြင် မိဘများသည် သားသမီးများအား အစွန်းရောက်သော၊ တစ်ယူသန်သောအယူအဆများ မဖြစ်ပေါ်စေရန် တားဆီးသင့်သည်။ ဤအရာကို မည်သို့ တားဆီးနိုင်သနည်း။ မိဘများသည် သားသမီးများအား သူတစ်ပါးတို့အပေါ် သည်းခံရန်၊ စိတ်ရှည်ခွင့်လွှတ်ခြင်းအား ကျင့်သုံးရန်၊ အမှုအရာများ ဖြစ်ပေါ်သောအခါ တစ်ဇွတ်ထိုးမလုပ်ရန်၊ တစ်ကိုယ်ကောင်းမဆန်ရန်၊ သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် ကြင်နာမှုရှိပြီး သဟဇာတဖြစ်ရန် သင်ကြားပေးဖို့ လိုသည်။ ၎င်းတို့သည် ၎င်းတို့အား ထိခိုက်ရန် ကြိုးစားသော ဆိုးယုတ်သည့်၊ သို့မဟုတ် မကောင်းသည့်လူများကို ကြုံရလျှင် ထိပ်တိုက်ရင်ဆိုင်ခြင်း၊ အကြမ်းဖက်ခြင်းဖြင့် အခြေအနေကို ကိုင်တွယ်ခြင်းထက် ရှောင်ထွက်သွားရန် သင်ယူသင့်သည်။ မိဘများသည် ငယ်ရွယ်သောသားသမီးများ၏ စိတ်ထဲတွင် အကြမ်းဖက်လိုခြင်းနှင့်သက်ဆိုင်သည့် မျိုးစေ့များ၊ သို့မဟုတ် အတွေးများကို စိုက်ပျိုးပေးခြင်းအား ရှောင်ကြဉ်ဖို့လိုသည်။ အကြမ်းဖက်ခြင်းသည် မိဘများက တန်ဖိုးထားသောအရာတစ်ခုမဟုတ်၊ အကြမ်းဖက်တတ်သောကလေးများသည် ကောင်းသောကလေးများမဟုတ်ဆိုသည်ကို ရှင်းလင်းအောင် ပြောပြသင့်သည်။ လူတို့တွင် အကြမ်းဖက်လိုစိတ်များရှိလျှင် ၎င်းတို့သည် နောက်ဆုံးတွင် ပြစ်မှုများကို ကျူးလွန်လာနိုင်ပြီး ဥပဒေအရ လူမှုဆိုင်ရာ ကန့်သတ်ချက်နှင့် အပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်သည်။ အကြမ်းဖက်လိုစိတ်ရှိသောလူတို့သည် လူကောင်းများမဟုတ်။ ကောင်းစွာလေးစားခြင်းခံရသောလူများမဟုတ်ပေ။ အခြားတစ်ဖက်တွင် မိဘများသည် သားသမီးများအား မိမိကိုယ်ကို အားကိုးရန် သွန်သင်ပေးသင့်သည်။ သားသမီးများသည် အစားအစာနှင့် အဝတ်အစားများအား ၎င်းတို့အတွက် ယူပေးရန်သာ မျှော်လင့်မနေသင့်ပေ။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်နိုင်သည့်၊ သို့မဟုတ် မည်သည့်လုပ်ဆောင်ရမည်ကို သိသည့်အခါတိုင်းတွင် ယင်းတို့ကို လုပ်ဆောင်တတ်ရန် သင်ယူသင့်ပြီး ထပ်တလဲလဲဖြစ်နေသည့် ပျင်းရိသည့် စိတ်နေစိတ်ထားကို ရှောင်ကြဉ်သင့်သည်။ မိဘများသည် သားသမီးများအား ဤအပြုသဘောဆောင်သော၊ မှန်ကန်သော အမှုကိစ္စများကို နည်းလမ်းအမျိုးမျိုးဖြင့် လမ်းပြပေးသင့်သည်။ မိဘများသည် အပျက်သဘောဆောင်သောအရာများ ဖြစ်ပေါ်လာသည်ကို မြင်သောအခါတွင် ဤသို့သော အပြုအမူသည် မကောင်းသည်ကိုလည်းကောင်း၊ ဤသည်မှာ ကောင်းသောကလေးများက လုပ်ဆောင်သည့်အရာ မဟုတ်သည်ကိုလည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်က ဤသို့သော အပြုအမူကို မနှစ်သက်သည်ကိုလည်းကောင်း၊ ဤအရာကို လုပ်ဆောင်သောသားသမီးများသည် နောင်တွင် ဥပဒေအပြစ်ဒဏ်၊ ဒဏ်ငွေပြစ်ဒဏ်၊ ဒဏ်ခတ်ခံရခြင်းတို့ကို ရင်ဆိုင်ရနိုင်သည်ဟုလည်းကောင်း သားသမီးများအား ရိုးရှင်းစွာ အသိပေးသင့်သည်။ အတိုချုပ်အားဖြင့်ဆိုလျှင် မိဘများသည် သားသမီးများအား မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်သည့် အရိုးရှင်းဆုံး၊ အခြေခံအကျဆုံးစည်းမျဉ်းကို သိရှိစေသင့်သည်။ အနည်းဆုံးအနေဖြင့် သားသမီးများသည် အရွယ်မရောက်သေးစဉ်တွင် ပိုင်းခြားသိမြင်မှုကို လေ့ကျင့်ရန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်ရန်၊ လူကောင်းနှင့်လူဆိုးကို မည်သည့်လုပ်ဆောင်မှုက သတ်မှတ်သည်ဆိုသည်ကို သိရန်၊ မည်သည့်အရာများက လူကောင်းတစ်ယောက်၏ ပြုမူလုပ်ဆောင်မှုကို ထင်ရှားစေသည်ဆိုသည်ကို သိရန်၊ မည်သည့်လုပ်ဆောင်မှုများက ဆိုးယုတ်သည်ဟု သတ်မှတ်ပြီး လူဆိုးတစ်ယောက်၏ ပြုမူလုပ်ဆောင်မှုကို ထင်ရှားစေသည်ဆိုသည်ကို သိရန် သင်ယူသင့်သည်။ ဤအရာများသည် သားသမီးများ သင်ကြားသင့်သည့် အခြေခံအကျဆုံးသောအရာများ ဖြစ်သည်။ ထို့အပြင် အခြားလူများပိုင်ဆိုင်သော ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ခိုးယူခြင်း၊ ယူဆောင်ခြင်း၊ သဘောတူခြင်းမရှိဘဲ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အသုံးပြုခြင်း၊ အတင်းအဖျင်းစကားများ ဖြန့်ခြင်း၊ လူတို့ကြားတွင် သဘောထားကွဲလွဲမှုဖြစ်စေရန် သွေးထိုးပေးခြင်းတို့ကဲ့သို့သော အပြုအမူအချို့ကို အခြားလူများက စက်ဆုပ်သည်ကို သားသမီးများက နားလည်သင့်သည်။ ဤအရာများနှင့် အခြားဆင်တူသော လုပ်ရပ်များအားလုံးသည် မကောင်းသောသူ၏ ပြုမူလုပ်ဆောင်မှုကို ညွှန်ပြသည်။ ယင်းတို့သည် အပျက်သဘောဆောင်သော အရာများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်ကို မကျေနပ်စေပေ။ သားသမီးများသည် အနည်းငယ်အသက်ကြီးလာသည်နှင့်အမျှ ၎င်းတို့လုပ်ဆောင်သမျှတွင် တစ်ဇွတ်ထိုးမပြုလုပ်ရန်၊ လျင်မြန်စွာဖြင့် စိတ်ဝင်စားမှုမရှိတော့ခြင်း မဖြစ်ရန်၊ သို့မဟုတ် စိတ်လိုက်မာန်ပါမလုပ်ရန်၊ အလျင်စလိုမလုပ်ရန် ၎င်းတို့ကို သင်ကြားပေးသင့်သည်။ ၎င်းတို့ လုပ်ဆောင်နိုင်သည့် မည်သည့်လုပ်ရပ်မဆို၏ အကျိုးဆက်များကို ထည့်တွက်သင့်သည်။ ထိုအကျိုးဆက်များက မသင့်လျော်စွာ ဖြစ်လာနိုင်သည်၊ သို့မဟုတ် ဘေးဒုက္ခရောက်နိုင်သည်ကို ၎င်းတို့ သိလျှင် ၎င်းတို့သည် ချုပ်တည်းသင့်ပြီး အကျိုးအမြတ်၊ သို့မဟုတ် ဆန္ဒကို ခေါင်းထဲသို့ ဝင်လာခွင့်မပြုသင့်ပေ။ မိဘများသည် သားသမီးများအား မကောင်းသောလူများတွင် တွေ့ရလေ့ရှိသောစကားများ၊ လုပ်ဆောင်မှုများနှင့်ပတ်သက်၍လည်း သင်ကြားပေးသင့်ပြီး မကောင်းသောလူများအပေါ် အခြေခံနားလည်မှုနှင့် ၎င်းတို့အား တိုင်းတာရန် စံနှုန်းများကို ပေးသင့်သည်။ သားသမီးများသည် လူစိမ်းများ၊ သို့မဟုတ်၊ လူစိမ်းများ၏ ကတိများကို အလွန်လွယ်ကူစွာ မယုံကြည်ရန်၊ လူစိမ်းများထံမှ ပစ္စည်းများကို သတိမထားဘဲ လက်မခံရန် သင်ယူသင့်သည်။ ဤအရာအားလုံးကို ၎င်းတို့အား သင်ကြားပေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာလောကနှင့် လူ့အဖွဲ့အစည်းသည် ဆိုးယုတ်ပြီး ထောင်ချောက်များနှင့် ပြည့်နေခြင်းကြောင့် ဖြစ်သည်။ သားသမီးများသည် မည်သူမဆိုအပေါ်သို့ ခပ်ပေါ့ပေါ့ဖြင့် မယုံကြည်လိုက်သင့်ပေ။ သားသမီးများအား ဆိုးယုတ်သောလူများနှင့် မကောင်းသောသူများအား ပိုင်းခြားသိမြင်ရန်၊ ဆိုးယုတ်သောလူများကို သတိထားပြီး ဝေးဝေးမှရှောင်ရန်၊ ဤသို့အားဖြင့် ၎င်းတို့၏ အကွက်ချကြံစည်ခြင်း၊ လှည့်စားခြင်းတို့မှ ရှောင်ကြဉ်နိုင်ရန် သင်ကြားပေးသင့်သည်။ ဤအခြေခံ သင်ခန်းစာများနှင့် ပတ်သက်ပြီး မိဘများသည် သားသမီးများအား ပုံသွင်းသည့် နှစ်ကာလအတွင်းတွင် သားသမီးများအား အပြုသဘောဆောင်သော အမြင်ရှုထောင့်ဖြင့် လမ်းညွှန်ပြသသင့်သည်။ တစ်ဖက်တွင် မိဘများသည် သားသမီးများ ကြီးပြင်းလာသည့်အချိန်အတွင်းတွင် သားသမီးများက ကျန်းမာသန်စွမ်းစွာ ကြီးထွားလာစေဖို့ သေချာစေရန် ကြိုးပမ်းသင့်သည်။ အခြားတစ်ဖက်တွင် မိဘများသည် သားသမီးများ၏ ကျန်းမာသောစိတ်ရင့်သန်မှုကို အားပေးမြှင့်တင်သင့်သည်။ ကျန်းမာသောစိတ်၏ လက္ခဏာများမှာ အဘယ်နည်း။ လူတစ်ယောက်သည် ဘဝအပေါ်တွင် မှန်ကန်သော အမြင်ရှုထောင့်ရှိပြီး လမ်းမှန်ကို လျှောက်နိုင်ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် သူပုံစံသွင်းသည့် နှစ်များတွင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနောက်သို့လိုက်ခြင်းအား ရှောင်ကြဉ်ဆဲဖြစ်သည်။ မိဘများသည် သားသမီးများတွင် လမ်းလွဲမှုတစ်ခုခုကို သတိပြုမိလျှင် သားသမီးများ၏ အပြုအမူကို ချက်ချင်းစစ်ဆေးပြီး ပြုပြင်ပေးသင့်သည်။ သားသမီးများကို မှန်ကန်စွာ လမ်းပြပေးသင့်သည်။ ဥပမာ သားသမီးများသည် အစောပိုင်းနှစ်များတွင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ သို့မဟုတ် မမှန်ကန်သော ငြင်းခုံမှု၊ အတွေးနှင့် အမြင်ရှုထောင့်အချို့အဖြစ် ဖြစ်ပျက်သော အချို့သောအရာများကို ထိတွေ့ခြင်းရှိလျှင်၊ ၎င်းတို့၌ ပိုင်းခြားသိမြင်မှုမရှိသည့်အခြေအနေများတွင် ၎င်းတို့သည် ထိုအရာများနောက်သို့လိုက်နိုင်သည်၊ သို့မဟုတ် အတုခိုးနိုင်သည်။ မိဘများသည် ဤပြဿနာများကို စောစီးစွာ ရှာဖွေတွေ့ရှိသင့်ပြီး ချက်ချင်းပြုပြင်ပေးခြင်း၊ တိကျသောလမ်းပြမှုပေးခြင်းတို့ ပြုလုပ်သင့်သည်။ ဤသည်မှာလည်း ၎င်းတို့၏ တာဝန်ဖြစ်သည်။ အတိုချုပ်အားဖြင့်ဆိုလျှင် ပန်းတိုင်မှာ သားသမီးများအနေဖြင့် ၎င်းတို့၏ အတွေးများ၊ ကျင့်ကြံပြုမူမှု၊ သူတစ်ပါးတို့အပေါ် ဆက်ဆံမှု၊ အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် သိမြင်နားလည်မှုတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော၊ အပြုသဘောဆောင်သော၊ မှန်ကန်သော ဦးတည်ချက်ရှိရန်၊ ဤသို့ဖြင့် ၎င်းတို့သည် ဆိုးယုတ်သော ဦးတည်ချက်ထက် အပြုသဘောဆောင်သော ဦးတည်ချက်ဖြစ်ပေါ်နိုင်ရန် သေချာအောင်လုပ်ဆောင်ဖို့ ဖြစ်သည်။ ဥပမာ ဘာသာတရားမရှိသူများက “ရှင်ခြင်းနှင့်သေခြင်းကို ကြိုတင်စီမံပြီးဖြစ်သည်။ ချမ်းသာခြင်းနှင့် ဂုဏ်ကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်” ဟု မကြာခဏ ပြောဆိုသည်။ ဘဝတွင် လူတစ်ယောက် တွေ့ကြုံသင့်သည့် ဒုက္ခနှင့် ပျော်မွေ့မှုပမာဏကို ဘုရားသခင်က ကြိုတင်စီရင်ထားပြီး လူသားများက မပြောင်းလဲနိုင်ပေ။ တစ်ဖက်တွင် မိဘများသည် သားသမီးများအား ဤအရှိအတိုင်းဖြစ်သော အမှန်တရားများကို အသိပေးသင့်သည်။ အခြားတစ်ဖက်တွင် ဘဝသည် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့်သာ သက်ဆိုင်ခြင်းမဟုတ်၊ အသေအချာပင် သာယာပျော်မွေ့မှုနှင့် သက်ဆိုင်ခြင်းမဟုတ် ဆိုသည်ကို သားသမီးများအား သင်ကြားပေးသင့်သည်။ လူတို့အနေဖြင့် ဤဘဝတွင် စားခြင်း၊ သောက်ခြင်း၊ ဖျော်ဖြေမှုကို ရှာဖွေခြင်းတို့ထက် ပို၍အရေးကြီးသောအရာများရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သင့်သည်။ သမ္မာတရားကို လိုက်စားသင့်သည်။ ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို လိုက်စားသင့်သည်။ လူတို့သည် သာယာမှုအတွက်၊ စားဖို့သောက်ဖို့အတွက်၊ ဇာတိပကတိတွင် ဖျော်ဖြေမှုကို ရှာဖွေဖို့အတွက်သာ အသက်ရှင်လျှင် ၎င်းတို့သည် ဖုတ်ကောင်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့၏ ဘဝသည် လုံးဝ တန်ဖိုးမရှိပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော၊ အဓိပ္ပာယ်ရှိသောတန်ဖိုးကို မဖန်တီးပေ။ ၎င်းတို့သည် အသက်ရှင်ရန်၊ သို့မဟုတ် လူသားဖြစ်ရန်ပင် မထိုက်တန်ပေ။ ကလေးတစ်ယောက်သည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် အနည်းဆုံးအနေဖြင့် သူ့အား လူကောင်းတစ်ယောက်ဖြစ်ပြီး သူ၏ သင့်လျော်သောတာဝန်အား အရေးစိုက်သောသူတစ်ယောက် ဖြစ်စေလော့။ သူသည် ကြီးပြင်းလာသောအခါ၌ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရပြီး အသင်းတော်အသက်တာတွင် ပါဝင်လိုစိတ်ရှိကာ မိမိ၏ ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းလိုစိတ်ရှိလျှင် ဤသည်မှာ ပို၍ပင် ကောင်းသည်။ သားသမီးများက ဤသို့ဖြစ်လျှင် မိဘများသည် ဘုရားသခင်က လူတို့အား နှိုးဆော်တိုက်တွန်းခဲ့သည့် စည်းမျဉ်းများကို အခြေခံ၍ အရွယ်မရောက်သေးသော သားသမီးများအပေါ် ၎င်းတို့၏ တာဝန်များကို ပို၍ပင် ဖြည့်ဆည်းသင့်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်မည်လော၊ သို့မဟုတ် ဘုရားသခင်က ရွေးချယ်ခြင်းကို ခံရမည်လောဆိုသည်ကို သင်မသိလျှင် အနည်းဆုံးအနေဖြင့် သားသမီးများအား ပုံသွင်းပေးသည့်နှစ်များအတွင်းတွင် သားသမီးများအပေါ် သင့်တွင်ရှိသော တာဝန်များကို ဖြည့်ဆည်းပေးသင့်သည်။ သင်သည် ဤအရာများကို မသိလျှင်၊ သို့မဟုတ် သဘောမပေါက်နိုင်လျှင် ဤတာဝန်များကို သင်ထမ်းဆောင်သင့်ဆဲဖြစ်သည်။ သင်သည် အတတ်နိုင်ဆုံး သင်ထမ်းဆောင်သင့်သည့် တာဝန်၊ ဝတ္တရားများကို ဆောင်ရွက်သင့်ပြီး သင်သိပြီးဖြစ်သည့် အပြုသဘောဆောင်သောအတွေးများနှင့် အမှုအရာများကို သင့်သားသမီးများအား မျှဝေသင့်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ ဝိညာဉ်ရေးကြီးထွားမှုသည် အပြုသဘောဆောင်သော ဦးတည်ချက်နောက်သို့လိုက်ရန်၊ ၎င်းတို့၏ စိတ်သည် သန့်ရှင်းပြီး ကျန်းမာစေရန် သေချာအောင်လုပ်ဆောင်လော့။ ၎င်းတို့အား သင်၏ မျှော်မှန်းချက်၊ ပျိုးထောင်မှု၊ သို့မဟုတ် ဖိနှိပ်မှုအောက်တွင်ပင် ငယ်ရွယ်သောအချိန်မှစ၍ ကျွမ်းကျင်မှုနှင့် အသိပညာမျိုးစုံကို မလေ့လာခိုင်းနှင့်။ ပို၍ပင် အရေးကြီးသည်မှာ အချို့မိဘများသည် သားသမီးများက ပင်ကိုစွမ်းရည်ပြပွဲအမျိုးမျိုးနှင့် ပညာရေး၊ သို့မဟုတ် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပါဝင်သောအခါ၌ သားသမီးများကို အဖော်ပြုပြီး လူမှုခေတ်ရေစီးကြောင်းမျိုးစုံနောက်သို့လိုက်ကာ စာနယ်ဇင်းရှင်းလင်းပွဲ၊ လက်မှတ်ထိုးပွဲနှင့် စာသင်ချိန်များကဲ့သို့သော ပွဲများသို့ သွားသည်။ ဆုပေးပွဲအခမ်းအနားများတွင် မည်သည့်ပြိုင်ပွဲနှင့် လက်ခံမိန့်ခွန်းပြောပွဲများသို့မဆို တက်ရောက်သည် စသည်တို့ဖြစ်သည်။ မိဘများအနေဖြင့် ၎င်းတို့သည် အနည်းအဆုံးအနေဖြင့် ဤအရာများကို ကိုယ်တိုင်လုပ်ဆောင်ခြင်းအားဖြင့် သားသမီးများအား ၎င်းတို့၏ ခြေလှမ်းများနောက်သို့ လိုက်ခွင့်မပြုသင့်ပေ။ မိဘများက ဤသို့သော လှုပ်ရှားမှုများသို့ သားသမီးများအား ခေါ်ဆောင်လျှင် တစ်ဖက်တွင် ၎င်းတို့သည် မိဘများအနေဖြင့် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းသည်မှာ ရှင်းသည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် သားသမီးများအား ပြန်လမ်းမရှိသည့်လမ်းကြောင်းဆီသို့ ပွင့်ပွင့်လင်းလင်း ခေါ်ဆောင်နေပြီး သားသမီးများ၏ အပြုသဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနေသည်။ ဤမိဘများသည် သားသမီးများအား မည်သည့်နေရာသို့ ခေါ်ဆောင်ခဲ့သနည်း။ ၎င်းတို့သည် သားသမီးများအား ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများဆီသို့ ခေါ်ဆောင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ မိဘများ မပြုလုပ်သင့်သည့်အရာဖြစ်သည်။ ထို့အပြင် သားသမီးများ လျှောက်မည့် အနာဂတ်လမ်းကြောင်းများနှင့် ၎င်းတို့လိုက်စားမည့် အသက်မွေးအလုပ်များနှင့် ပတ်သက်ပြီး မိဘများသည် “သူ့ကို ကြည့်စမ်းပါ၊ သူသည် လေး၊ ငါးနှစ်အရွယ်တွင် စတင်၍ စန္ဒရားတီးသော စန္ဒရားပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ဆော့ကစားသည့်အချိန်တွင် မမွေ့လျော်ခဲ့ပါ၊ သူ့တွင် သူငယ်ချင်းများ၊ ကစားစရာအရုပ်များမရှိ။ သူသည် နေ့စဉ် စန္ဒရားလေ့ကျင့်သည်။ သူ၏ မိဘများသည် စန္ဒရားသင်ခန်းစာများသင်ကြားရာတွင် အဖော်ပြုပေးခဲ့သည်။ ဆရာအမျိုးမျိုးဖြင့် တိုင်ပင်ဆွေးနွေးခဲ့သည်။ စန္ဒရားပြိုင်ပွဲများသို့ ဝင်ရောက်ခဲ့သည်။ ယခုနာမည်ကြီးသူဖြစ်နေသည့် သူ့ကို ကြည့်စမ်းပါ။ ကောင်းစွာ စားသောက်ရသည်။ ကောင်းစွာ ဝတ်စားဆင်ယင်သည်။ မည်သည့်နေရာသို့ သူသွားသည်ဖြစ်စေ အရောင်အဝါလင်းလက်နေပြီး လေးစားခြင်းခံရသည်” ဟူသကဲသို့သောအရာများကို မသွတ်သွင်းသင့်ပေ။ ဤသည်မှာ ကလေးတစ်ယောက်၏ စိတ်၏ ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးသည့် သွန်သင်မှုမျိုး ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်သွန်သင်မှုမျိုး ဖြစ်သနည်း။ နတ်ဆိုး၏ သွန်သင်မှုဖြစ်သည်။ ဤသွန်သင်မှုမျိုးသည် မည်သည့် ငယ်ရွယ်သောစိတ်ကိုမဆို ထိခိုက်စေသည်။ ယင်းသည် ၎င်းတို့အား ကျော်ကြားမှုကို ဆန္ဒပြင်းပြရန်၊ အမျိုးမျိုးသော အရောင်အဝါများ၊ ဂုဏ်များ၊ နေရာများ၊ မွေ့လျာ်မှုများကို တပ်မက်ရန် အားပေးသည်။ ယင်းသည် ၎င်းတို့အား ငယ်ရွယ်စဉ်ကတည်းက ဤအရာများကို တောင့်တပြီး လိုက်စားအောင်ပြုလုပ်ကာ ၎င်းတို့အား စိတ်သောကရောက်စေသည်။ အလွန်အမင်း စိုးရိမ်စေသည်။ ပူပင်စေသည်။ ၎င်းတို့၏ အိမ်စာကို စစ်ဆေးပြီး ပညာရပ်အမျိုးမျိုးကို လေ့လာရန်အတွက် စောစောထကာ နောက်ကျသည်အထိ အလုပ်လုပ်လျက်၊ ၎င်းတို့၏ ကလေးဘဝနှစ်ကာလများကို ဆုံးရှုံးလျက်၊ ဤအရာများအတွက် ထိုတန်ဖိုးရှိသောနှစ်များဖြင့် လဲလှယ်လျက်ဖြင့် ဤအရာများကိုရရှိရန် အဖိုးအခမျိုးစုံကိုပင် ပေးဆပ်စေသည်။ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများက အားပေးသည့်အရာနှင့် ပတ်သက်ပြီး အရွယ်မရောက်သေးသောကလေးများသည် ယင်းကို ခုခံနိုင်စွမ်း၊ သို့မဟုတ် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် မိဘများသည် အရွယ်မရောက်သေးသော သားသမီးများအား အုပ်ထိန်းသူများအနေဖြင့် ကမ္ဘာလောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အပျက်သဘောဆောင်သောအရာအားလုံးထံမှလာသော အမြင်ရှုထောင့်အမျိုးမျိုးကို ပိုင်းခြားသိမြင်ပြီး ခုခံနိုင်ရန် ကူညီပေးခြင်းအားဖြင့် ဤတာဝန်ကို ဖြည့်ဆည်းသင့်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော လမ်းပြမှုနှင့် ပညာရေးကို ပံ့ပိုးပေးသင့်သည်။ လူတိုင်းတွင် မိမိကိုယ်ပိုင်ရည်မှန်းချက်များရှိပြီး အချို့သော ကလေးငယ်များမှာ မိဘများက အချို့သောလိုက်စားမှုများကို အားမပေးလျှင်ပင် ယင်းတို့ကို ဆန္ဒရှိနိုင်ဆဲဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့အလိုရှိသည့်အရာကို ဆန္ဒရှိခွင့်ပြုလော့။ မိဘများသည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းရမည်။ သင်သည် မိဘအနေဖြင့် သင့်သားသမီးများ၏ အတွေးများကို စည်းကမ်းဖြင့် ထိန်းသိမ်းပြီး အပြုသဘောဆောင်သော၊ အပေါင်းလက္ခဏာပြသော ဦးတည်ချက်ဖြင့် လမ်းပြပေးရန်အတွက် တာဝန်၊ ဝတ္တရားရှိသည်။ ၎င်းတို့က အရွယ်ရောက်သောအခါတွင် သင့်အားနားထောင်ရန်ရွေးချယ်သလော၊ သင်၏ သွန်သင်မှုများအပေါ် ကောင်းစွာမပြုမူသလောဆိုသည်အတွက်မူ ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည်။ ယင်းကို သင်ဝင်ရောက်မစွက်ဖက်နိုင်ပေ၊ သို့မဟုတ် မထိန်းချုပ်နိုင်ပေ။ အတိုချုပ်အားဖြင့်ဆိုလျှင် သားသမီးများ၏ ပုံသွင်းသည့် နှစ်ကာလများအတွင်းတွင် မိဘများ၌ အမျိုးမျိုးသော ကျန်းမာသော၊ သင့်လျော်သော၊ အပြုသဘောဆောင်သော အတွေးများ၊ အမြင်ရှုထောင့်များနှင့် ဘဝပန်းတိုင်များကိုပါ သားသမီးများ၏ စိတ်ထဲသို့ သွတ်သွင်းရန် တာဝန်၊ ဝတ္တရားရှိသည်။ ဤသည်မှာ မိဘများ၏ တာဝန်ဖြစ်သည်။
အချို့မိဘများက “ကျွန်မက သားသမီးတွေကို ဘယ်လိုသွန်သင်ရမှန်းကိုတောင် မသိပါဘူး။ ကျွန်မက ကလေးဘဝကတည်းက နားဝေတိမ်တောင်ဖြစ်တာဆိုတာ အမှန်အမှား ခွဲခြားသိမြင်တာမျိုးလည်း မရှိဘဲ ကိုယ့်မိဘတွေက ပြောသမျှကိုပဲ လုပ်ခဲ့တယ်။ အခုထိတောင် သားသမီးတွေကို ဘယ်လိုသွန်သင်ရမှန်း မသိသေးဘူး” ဟု ဆိုသည်။ မသိသည့်အတွက် စိတ်မပူနှင့်။ ယင်းသည် မကောင်းသောအရာတစ်ခု ဖြစ်ချင်မှ ဖြစ်ပေမည်။ ပို၍ဆိုးသည်မှာ သင်သည် သိသော်လည်း လက်တွေ့မလုပ်ဆောင်ဘဲ သင်၏ သားသမီးများအား ထူးချွန်ရန်သက်သက် သွန်သင်ဆုံးမဆဲဖြစ်ပြီး “ငါက မတော်တော့ဘူး။ ဒါပေမဲ့ သားသမီးတွေကို ငါ့ထက် သာစေချင်တယ်။ ငယ်ရွယ်တဲ့မျိုးဆက်က သူတို့လူကြီးတွေရဲ့ အကျိုးကျေးဇူးကို ခံစားရပြီး လူကြီးတွေထက် ပိုသာသင့်တယ်။ ငါက အခုလောလောဆယ်မှာ ဌာနအကြီးအကဲတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေလို့ ငါ့သားသမီးက မြို့ဝန်ဖြစ်ဖြစ်၊ ပြည်နယ်အုပ်ချုပ်ရေးမှုဖြစ်ဖြစ် ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် ပိုမြင့်တဲ့ အစိုးရအဆင့်ကိုတောင် ရောက်သင့်တယ်။ ဒါမှမဟုတ်ရင် သမ္မတတောင် ဖြစ်သင့်တယ်” ဟု ဆိုခြင်း ဖြစ်သည်။ ဤသို့သောလူများအား မည်သည့်အရာကိုမျှ ထပ်၍ ပြောရန် မလိုပေ။ ဤသို့သောလူများကို ငါတို့ ထိတွေ့ဆက်ဆံခြင်းမပြုပေ။ ငါတို့ပြောနေသည့် မိဘတာဝန်သည် အပြုသဘောဆောင်သည်။ တက်ကြွသည်။ သမ္မာတရားနှင့် သက်ဆိုင်သည်။ သမ္မာတရားအား လိုက်စားနေသောသူများအတွက် သားသမီးများအပေါ် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းလိုသော်လည်း ထိုတာဝန်အား မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းရမည်ကို မသေချာလျှင် အစမှနေ၍ စတင်သင်ယူလော့။ ယင်းသည် လွယ်ကူသည်။ အရွယ်ရောက်သူများအား သင်ကြားခြင်းသည် မလွယ်ကူပေ။ သို့သော် ကလေးများအား သင်ကြားခြင်းသည် လွယ်ကူသည် မဟုတ်လော။ မိမိ သင်ယူရရှိခဲ့သောအရာကို သင်ကြားပေးလျက်ဖြင့် တစ်ပြိုင်နက်တည်း သင်ယူခြင်းဖြင့် သင်ကြားပေးလော့။ ဤသည်မှာ မလွယ်ကူသလော။ သင်၏ သားသမီးများအား သွန်သင်လေ့ကျင့်ပေးခြင်းသည် လွယ်ကူသည်။ သင့်သားသမီးများ၏ စိတ်ကျန်းမာရေးနှင့်သက်ဆိုင်သည့် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် ပို၍ပင် ကောင်းသည်။ သင်သည် ဤအရာကို ပြည့်စုံစွာ မလုပ်ဆောင်နိုင်လျှင်ပင် ၎င်းတို့အား လုံးဝ မသွန်သင်မလေ့ကျင့်ပေးခြင်းထက် ပို၍ကောင်းသည်။ ကလေးများသည် ငယ်ရွယ်ပြီး နုံအသည်။ သင်သည် ၎င်းတို့အား တီဗီနှင့် အရင်းအမြစ်အမျိုးမျိုးမှ သတင်းအချက်အလက်များကို ရစေလျှင်၊ ၎င်းတို့နှစ်သက်သည့်အရာမှန်သမျှကို လိုက်စားစေလျှင်၊ ပညာရေး၊ သို့မဟုတ် စည်းကမ်းထိန်းသိမ်းမှုမရှိဘဲ ၎င်းတို့နှစ်သက်သလို စဉ်းစားပြီး လုပ်ဆောင်စေလျှင် သင်သည် မိဘအနေဖြင့် သင်၏တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းပေ။ သင်သည် သင်၏တာဝန် ပျက်ကွက်ပြီဖြစ်သည်။ သင်၏တာဝန်နှင့် ဝတ္တရားကို ကောင်းမွန်စွာ မဖြည့်ဆည်းရသေးပေ။ မိဘများသည် သားသမီးများအပေါ် ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်ဆိုလျှင် ၎င်းတို့သည် ငြိမ်သက်နေ၍မရဘဲ သားသမီးများ၏ စိတ်ကျန်းမာရေးကို ပြုစုပျိုးထောင်ရန် ကူညီပေးနိုင်သည့် ဗဟုသုတနှင့် ပညာရပ်အချို့ကို၊ သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သည့် အခြေခံစည်းမျဉ်းအချို့ကို အစပိုင်းမှစ၍ တက်ကြွစွာ လေ့လာသင်ယူရမည်။ ဤအရာများအားလုံးသည် မိဘများလုပ်ဆောင်သင့်သည့် အရာများဖြစ်သည်။ ဤသည်မှာ မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟုခေါ်သည်။ သင်၏ သင်ယူမှုမှာ အချည်းနှီးဖြစ်မည် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်ယူခြင်း၊ သင်၏သားသမီးများအား သွန်သင်လေ့ကျင့်ပေးခြင်း ဖြစ်စဉ်အတောအတွင်းတွင် သင်သည်လည်း တစ်စုံတစ်ခုကို ရရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်သားသမီးများ၏ စိတ်ကျန်းမာရေးကို အပြုသဘောဆောင်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်ရန် သင်ကြားပေးစဉ်တွင် သင်သည် အရွယ်ရောက်သူတစ်ဦးအနေဖြင့် အချို့သော အပြုသဘောဆောင်သည့် အယူအဆများကို မလွဲဧကန် ထိတွေ့ပြီး သင်ယူရရှိမည် ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ဤအပြုသဘောဆောင်သော အယူအဆများ၊ သို့မဟုတ် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များကို စေ့စပ်စွာနှင့် လေးနက်စွာ ချဉ်းကပ်သောအခါ သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် တစ်စုံတစ်ခုကို ရရှိလိမ့်မည်။ ယင်းသည် အချည်းနှီးဖြစ်မည်မဟုတ်ပေ။ သင်ကိုယ်တိုင်၏ သားသမီးများအပေါ် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် အခြားလူများအတွက် သင်လုပ်ဆောင်သည့်အရာတစ်ခုမဟုတ်ပေ။ ၎င်းတို့အပေါ် စိတ်ခံစားချက်ဖြင့်ရော၊ သွေးသားဖြင့်ပါ သင်၏ဆက်နွှယ်မှုကြောင့် သင် လုပ်ဆောင်သင့်ခြင်းဖြစ်သည်။ သင်သည် ဤအရာကို လုပ်ဆောင်ပြီးနောက်တွင် သင်၏သားသမီးများက သင်၏မျှော်မှန်းချက်များကို မဖြည့်ဆည်းသည့်ပုံစံဖြင့် လုပ်ဆောင်လျှင်၊ သို့မဟုတ် ပြုမူလျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် တစ်စုံတစ်ခုကို ရရှိပြီး ဖြစ်သည်။ သင့်သားသမီးများအား ပညာသင်ကြားပေးခြင်းနှင့် ၎င်းတို့အပေါ် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် မည်သည့်အဓိပ္ပာယ် ရှိသည်ကို သင်သိသည်။ သင်သည် သင့်တာဝန်ကျေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် သင့်သားသမီးများက လိုက်လျှောက်ရန် ရွေးချယ်သည့်လမ်းကြောင်းများ၊ ၎င်းတို့က မည်သို့ကျင့်ကြံပြုမူရန် ရွေးချယ်သည်၊ ပြီးလျှင် ဘဝတွင် ၎င်းတို့ကို စောင့်မျှော်နေသည့် ကံတရားတို့သည် သင် အမှုထားစရာကိစ္စ မဟုတ်တော့ပေ။ ၎င်းတို့ အရွယ်ရောက်သောအခါ ၎င်းတို့၏ဘဝနှင့် ကံကြမ္မာတို့ ဖြစ်ပေါ်လာသည်ကိုသာ ရပ်ကြည့်နေနိုင်သည်။ သင်သည် ပါဝင်ပတ်သက်ရန် တာဝန်၊ သို့မဟုတ် ဝတ္တရားမရှိတော့ပေ။ ၎င်းတို့ ငယ်ရွယ်သောအခါတွင် သင်သည် ၎င်းတို့အတွက် အချို့သောအမှုကိစ္စများ၌ အချိန်မီလမ်းပြမှု၊ သွန်သင်လေ့ကျင့်ပေးမှုနှင့် စည်းများတို့ကို ပံ့ပိုးမပေးခဲ့လျှင် ၎င်းတို့သည် အရွယ်ရောက်သူများအနေဖြင့် မျှော်လင့်မထားသည့်အရာများကို ပြောဆိုသောအခါတွင်ဖြစ်စေ၊ လုပ်ဆောင်သောအခါဖြစ်စေ၊ သင်ကြိုတင်မျှော်မှန်းမထားသည့် အတွေးများနှင့် အပြုအမူများကို ပြသောအခါတွင်ဖြစ်စေ သင် နောင်တရနိုင်သည်။ ဥပမာ ၎င်းတို့ ငယ်ရွယ်သောအခါတွင် သင်သည် ၎င်းတို့ကို စဉ်ဆက်မပြတ် သွန်သင်လေ့ကျင့်ပေးပြီး “စာကြိုးစားပါ။ ကောလိပ်တက်ပါ။ ဘွဲ့လွန်ပညာရပ်တွေကို၊ ပါရဂူဘွဲ့ကို လိုက်စားပါ။ အလုပ်ကောင်းကောင်း ရှာပါ။ လက်ထပ်ပြီး မိသားစု တည်ထောင်ဖို့အတွက် ကောင်းကောင်း လိုက်ဖက်တဲ့သူတစ်ယောက်ကို ရှာပါ။ ဒါဆိုရင် ဘဝက ကောင်းလိမ့်မယ်” ဟု ဆိုသည်။ သင်၏ သွန်သင်လေ့ကျင့်ပေးမှု၊ အားပေးမှုနှင့် အမျိုးမျိုးသော ဖိအားပုံစံတို့မှတစ်ဆင့် ၎င်းတို့သည် သင်ဆန္ဒရှိခဲ့သည့်အတိုင်း ၎င်းတို့အတွက် သင်ပြင်ဆင်ပေးခဲ့သော လမ်းကြောင်းကို နေထိုင်ပြီး လိုက်စားကာ သင်မျှော်လင့်ထားသည့်အရာကို စွမ်းဆောင်ရရှိပြီး ယခုအခါတွင် ၎င်းတို့သည် နောက်ပြန်မလှည့်နိုင်တော့ပေ။ သင်သည် သင်၏ ယုံကြည်မှုကြောင့် အချို့သောသမ္မာတရားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာပြီးသည့်နောက်၊ မှန်ကန်သော အတွေးများနှင့် အမြင်များကို ပိုင်ဆိုင်ပြီးသည့်နောက်တွင် ယခုအခါ၌ သင်သည် ၎င်းတို့အား ထိုအရာများကို မလိုက်စားတော့ရန် ပြောဖို့ ကြိုးစားလျှင် ၎င်းတို့သည် “ကျွန်တော်က အဖေတို့အမေတို့ လိုချင်တဲ့အရာ အတိအကျကို လုပ်နေတာ မဟုတ်ဘူးလား။ ကျွန်တော် ငယ်ငယ်တုန်းက အဖေတို့အမေတို့ပဲ ကျွန်တော့်ကို ဒါတွေ သင်ပေးခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော့်ကို အဖေတို့အမေတို့ပဲ ဒါတွေ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား။ အခုမှ အဖေတို့အမေတို့က ဘာလို့လာပြီး တားနေတာလဲ။ ကျွန်တော်လုပ်နေတာတွေက မှားနေလား။ ဒါတွေကို ကျွန်တော် ရရှိပြီး အခု ဒါတွေကို ပျော်မွေ့ခံစားနိုင်ပြီ။ အဖေတို့အမေတို့က ပျော်ပြီး စိတ်ကျေနပ်တဲ့အပြင် ကျွန်တော့်အတွက် ဂုဏ်တောင်ယူသင့်တယ်။ မယူသင့်ဘူးလား” ဟု တန်ပြန်ပြောဆိုနိုင်ခြေရှိသည်။ သင်သည် ဤအရာကို ကြားလျှင် အဘယ်သို့ ခံစားရမည်နည်း။ သင်သည် ပျော်ရွှင်သင့်သလော၊ သို့မဟုတ် မျက်ရည်ကျသင့်သလော။ သင်သည် နောင်တရမည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ၎င်းတို့ကို ယခု ပြန်၍ မစည်းရုံးနိုင်တော့ပေ။ ၎င်းတို့ ငယ်ရွယ်စဉ်က သင်သည် ၎င်းတို့အား ဤသို့ မသွန်သင်မလေ့ကျင့်ခဲ့လျှင်၊ သင်သည် ၎င်းတို့အား အခြားလူများထက်သာရန်၊ ရာထူးကြီးရရန်၊ သို့မဟုတ် ပိုက်ဆံများစွာရှာရန်၊ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်သို့လိုက်ရန် သင်ကြားမပေးဘဲ၊ မည်သည့်ဖိအားမျှ မရှိဘဲ ၎င်းတို့အား ပျော်ရွှင်သောကလေးဘဝကို ပေးခဲ့လျှင်၊ သင်သည် ၎င်းတို့အား ပိုက်ဆံများစွာရှာရန်၊ များစွာ မွေ့လျော်ရန်၊ သို့မဟုတ် သင့်အား များစွာ ပြန်ပေးရန် တောင်းဆိုခြင်းမရှိဘဲ ၎င်းတို့အား ကောင်းမွန်သော၊ သာမန်လူများသာ ဖြစ်ခွင့်ပေးပြီး ၎င်းတို့ကို ကျန်းမာရန်နှင့် ပျော်ရွှင်ရန်၊ ရိုးရှင်းပြီး ပျော်ရွှင်သောသူဖြစ်ရန်သာ တောင်းဆိုလျှင် ဘုရားသခင်ကို သင်ယုံကြည်ပြီးသည့်နောက် သင့်တွင်ရှိသော အချို့သော အတွေးများနှင့် အမြင်များကို ၎င်းတို့ သဘောပေါက်လက်ခံရန် အသင့်ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့လိမ့်မည်။ ဤသို့ဆိုလျှင် ဘဝနှင့် လူ့အဖွဲ့အစည်းမှ ဖိအားနည်းပါးပြီး ၎င်းတို့၏ဘဝများသည် ယခုတွင် ပျော်ရွှင်ကောင်း ပျော်ရွှင်နိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို မရရှိခဲ့သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စိတ်နှလုံးသည် ပျော်ရွှင်လိမ့်မည်။ ငြိမ်သက်လိမ့်မည်။ ပြီးလျှင် ငြိမ်းချမ်းလိမ့်မည်။ သို့သော် ၎င်းတို့ ဖွံ့ဖြိုးသည့်နှစ်ကာလအတွင်းတွင် သင်၏ ထပ်ခါထပ်ခါ လှုံ့ဆော်မှုနှင့် တိုက်တွန်းမှုတို့ကြောင့် သင်၏ဖိအားအောက်တွင် ၎င်းတို့သည် အသိပညာ၊ ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို မရပ်မနား လိုက်စားသည်။ အဆုံးတွင် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိခဲ့သည်။ ၎င်းတို့၏ဘဝသည် တိုးတက်ခဲ့သည်။ ပို၍ မွေ့လျော်သည်။ ပိုက်ဆံပို၍ ရသည်။ သို့သော် ၎င်းတို့၏ဘဝသည် ပင်ပန်းသည်။ ၎င်းတို့ကို သင်မြင်သည့်အချိန်တိုင်းတွင် ၎င်းတို့၏ မျက်နှာ၌ မောပန်းနေသောပုံစံရှိသည်။ ၎င်းတို့သည် အိမ်ပြန်ပြီး သင့်ထံသို့ ပြန်လာသောအခါမှသာ ၎င်းတို့၏ မျက်နှာဖုံးများကို ချွတ်ပြီး ၎င်းတို့သည် မောပန်းပြီး အနားယူလိုသည်ဆိုသည်ကို ဝန်ခံရဲသည်။ သို့သော် ၎င်းတို့သည် အပြင်သို့ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြောင်းလဲသွားတော့သည်။ ၎င်းတို့သည် မျက်နှာဖုံးကို တစ်ဖန် တပ်လိုက်ကြသည်။ ၎င်းတို့၏ မောပန်းပြီး သနားစဖွယ်ဖြစ်သော အမူအရာကို သင်ကြည့်ပြီး ၎င်းတို့အတွက် သင်ဝမ်းနည်းသည်။ သို့သော် ၎င်းတို့အား နောက်ပြန်လှည့်ခိုင်းရန် သင့်၌ အစွမ်းမရှိပေ။ ၎င်းတို့သည် နောက်ပြန်မလှည့်နိုင်တော့ပေ။ ဤသည်မှာ အဘယ်သို့ ဖြစ်ပျက်သနည်း။ ဤသည်မှာ သင်၏ အုပ်ထိန်းမှုနှင့် မသက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) ဤအရာများထဲမှ မည်သည့်အရာကမျှ ၎င်းတို့ ငယ်စဉ်ကတည်းက အလိုအလျောက် သိလာသော၊ သို့မဟုတ် လိုက်စားခဲ့သောအရာမဟုတ်ပေ။ သင်၏ အုပ်ထိန်းမှုနှင့် အတိအကျသက်ဆိုင်မှုရှိသည်။ ၎င်းတို့မျက်နှာကို သင်မြင်သောအခါ၊ ၎င်းတို့၏ဘဝကို ဤအခြေအနေတွင် သင်မြင်ရသောအခါ သင်သည် စိတ်မချမ်းမသာ မဖြစ်သလော။ (ဖြစ်ပါသည်။) သို့သော် သင်သည် အစွမ်းမရှိပေ။ ကျန်ရှိသည့်အရာ မှန်သမျှမှာ နောင်တနှင့် ဝမ်းနည်းမှုသာ ဖြစ်သည်။ သင်၏သားသမီးသည် စာတန်၏ ခေါ်ဆောင်ခြင်းကို လုံးဝ ခံခဲ့ရသည်ဟုလည်းကောင်း၊ သူသည် ပြန်မလာနိုင်ဘဲ သူ့ကို ကယ်ရန် သင့်၌ အစွမ်းမရှိဟုလည်းကောင်း သင်ခံစားရနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် မိဘနေဖြင့် သင်၏တာဝန်ကို သင် ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ဒုက္ခပေးသည်မှာ၊ သင်၏ အားနည်းချက်ရှိသော သဘောတရားဆိုင်ရာ သွန်သင်လေ့ကျင့်ပေးမှုနှင့် လမ်းပြမှုတို့ဖြင့် ၎င်းတို့အား လမ်းလွဲစေခဲ့သည်မှာ သင်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါမျှ ပြန်မလာနိုင်ပေ။ ပြီးလျှင် အဆုံးတွင် သင်သည် နောင်တဖြင့်သာ ကျန်ရစ်ခဲ့သည်။ သင်၏ကလေးက ဒုက္ခခံရစဉ်တွင်၊ ဤဆိုးယုတ်သော လူ့အဖွဲ့အစည်း၏ ဖျက်ဆီးခြင်းကို ခံရပြီး ဘဝ၏ဖိအားများဖြင့် ဝန်ပိနေစဉ်တွင် သင်သည် အကူအညီမဲ့စွာ ရပ်ကြည့်နေပြီး သူ့အား ကူညီရန် သင့်၌ နည်းလမ်းမရှိပေ။ သင်ပြောနိုင်သမျှမှာ “အိမ်ကို နောက်ထပ် ခဏခဏ လာပါ။ မင်းကို အရသာရှိတာတွေ ချက်ပြုတ်ပေးမယ်” ဟုသာ ဖြစ်သည်။ ထမင်းတစ်နပ်က မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ မည်သည့်အရာကိုမျှ မဖြေရှင်းပေးနိုင်ပေ။ ၎င်းတို့၏အတွေးများသည် ရင့်ကျက်ပြီး ပုံပေါ်ပြီး ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ ရယူခဲ့သည့် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လက်လွှတ်လိုစိတ်မရှိပေ။ ၎င်းတို့သည် ရှေ့သို့သာ ဆက်တိုးနိုင်ပြီး မည်သည့်အခါမျှ နောက်ပြန်မလှည့်နိုင်ပေ။ ဤသည်မှာ မိဘများက သားသမီးများ၏ ပုံသွင်းပေးသည့်နှစ်ကာလအတွင်းတွင် သားသမီးများအား မှားယွင်းသောလမ်းပြမှုပေးခြင်းနှင့် မှားယွင်းသော အယူအဆများ သွတ်သွင်းပေးခြင်း၏ မသိမသာဖြင့် ထိခိုက်စေသည့် ရလဒ်ဖြစ်သည်။ ထို့ကြောင့် ဤနှစ်ကာလအတွင်းတွင် မိဘများသည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်သည်။ သားသမီးများ၏ စိတ်ကျန်းမာရေးကို လမ်းပြသင့်သည်။ ပြီးလျှင် သားသမီးများ၏ အတွေးများနှင့် လုပ်ဆောင်မှုများကို အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် ပဲ့ကိုင်ပေးသင့်သည်။ ဤသည်မှာ အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။ သင်က “သားသမီးတွေကို သွန်သင်လေ့ကျင့်ပေးတာနဲ့ပတ်သက်ပြီး ကျွန်တော် သိပ်မသိဘူး” ဟု ဆိုကောင်းဆိုနိုင်သည်။ သို့သော် သင်သည် သင်၏တာဝန်ကိုပင် ကောင်းစွာ မဖြည့်ဆည်းနိုင်သလော။ သင်သည် ကမ္ဘာလောကနှင့် ဤလူ့အဖွဲ့အစည်းကို အမှန်တကယ် နားလည်သဘောပေါက်လျှင်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်သည် မည်သည့်အရာများဖြစ်သည်ကို သင်အမှန်တကယ် နားလည်လျှင်၊ သင်သည် လောကီကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အမှန်တကယ် စွန့်ပစ်နိုင်လျှင် သင်သည် သားသမီးများ၏ ပုံသွင်းသည့်နှစ်ကာလအတွင်းတွင် ၎င်းတို့ကို ကာကွယ်ပေးသင့်ပြီး လူ့အဖွဲ့အစည်းမှ ဤမမှန်ကန်သော အယူအဆများကို အလွန်လျင်မြန်စွာ လက်ခံခွင့်မပေးသင့်ပေ။ ဥပမာ သားသမီးအချို့သည် အလယ်တန်းကျောင်းသို့ တက်ရောက်သောအခါတွင် စီးပွားရေးလုပ်ငန်းရှင် သူဌေးတစ်ဦးတွင် အဖိုးတန်ပစ္စည်းများသည် သန်းထောင်ပေါင်းမည်မျှရှိသည်၊ မိမိမြို့နယ်တွင် အချမ်းသာဆုံးသူက မည်သည့်ဇိမ်ခံကားမျိုးကို ပိုင်ဆိုင်သည်၊ အခြားလူက မည်သည့်ရာထူးရှိသည်၊ သူ့တွင် ပိုက်ဆံမည်မျှရှိသည်၊ သူ၏အိမ်တွင် ကားမည်မျှရပ်ထားသည်၊ ပြီးလျှင် မည်သို့သောအရာမျိုးကို သူ မွေ့လျော်သည်ဆိုသည်တို့ကဲ့သို့သော အရာများကို စတင် သတိပြုမိလာသည်။ ၎င်းတို့၏စိတ်တွင် “ငါက အခုအလယ်တန်းကျောင်း တက်နေတယ်။ ကောလိပ်ပြီးသွားလို့ အလုပ်ကောင်းကောင်းတစ်ခု မရှာနိုင်ရင် ဘယ်လိုလုပ်မလဲ။ အလုပ်မရှိဘဲ အိမ်ကြီးအိမ်ကောင်းနဲ့ ဇိမ်ခံကားတွေကို မဝယ်နိုင်ရင် ငါ ဘာလုပ်ရမလဲ။ ငါ့မှာ ပိုက်ဆံမရှိဘဲ ဘယ်လိုထူးခြားနိုင်မှာလဲ” ဟု စတင်တွေးတောလာသည်။ ၎င်းတို့သည် စတင်စိုးရိမ်လာပြီး လူ့အဖွဲ့အစည်းတွင် ဂုဏ်သိက္ခာရှိသော၊ ဘဝတွင် အသုံးအဖြုန်းကြီးပြီး ဇိမ်ခံပစ္စည်းများနှင့်ပြည့်စုံသောသူများကို အားကျလာသည်။ သားသမီးများက ဤအရာများကို သတိထားမိလာသောအခါ ၎င်းတို့သည် လူ့အဖွဲ့အစည်းမှ အမျိုးမျိုးသော သတင်းအချက်အလက်၊ ဖြစ်ရပ်များနှင့် သဘာဝဖြစ်စဉ်များကို စတင်နားလည်လာသည်။ ၎င်းတို့၏ ငယ်ရွယ်သောစိတ်တွင် ဖိအားနှင့် စိတ်သောကကို စတင်ခံစားရသည်။ ၎င်းတို့၏ အနာဂတ်အတွက် စတင်စိုးရိမ်ပြီး စီစဉ်လာသည်။ ဤသို့သော အခြေအနေတွင် မိဘများသည် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး နှစ်သိမ့်မှုနှင့် လမ်းပြမှုကို ပေးကာ ဤအမှုကိစ္စများကို မည်သို့ သင့်လျော်စွာ ရှုမြင်ပြီး ကိုင်တွယ်ရမည်ဆိုသည်ကို ၎င်းတို့နားလည်အောင် ကူညီမပေးသင့်သလော။ သားသမီးများသည် ဤအရာများအပေါ် မှန်ကန်သောအမြင်ဖြစ်ပေါ်နိုင်ရန်အတွက် ငယ်ရွယ်သောအချိန်မှစပြီး ဤအရာများထဲတွင် ပါဝင်ပတ်သက်ခြင်းမရှိရန် မိဘများက သေချာအောင် လုပ်ဆောင်သင့်သည်။ ပြောလော့။ မိဘများသည် သားသမီးများနှင့် ဤကိစ္စကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ယခုခေတ်ကာလတွင် သားသမီးများသည် အလွန်ငယ်ရွယ်သော အသက်အရွယ်တွင် လူ့အဖွဲ့အစည်း၏ ကဏ္ဍအမျိုးမျိုးကို ထိတွေ့ခြင်းမရှိသလော။ (ရှိပါသည်။) သားသမီးများသည် ယခုခေတ်တွင် အဆိုတော်များ၊ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များ၊ နာမည်ကြီးအားကစားသမားများ၊ ထို့အပြင် အင်တာနက်တွင် နာမည်ကြီးသူများ၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးများ၊ ချမ်းသာသောသူများအပြင် သန်းကြွယ်သူဌေးများနှင့်ပတ်သက်ပြီး ၎င်းတို့သည် ပိုက်ဆံမည်မျှရရှိသည်၊ မည်သည့်အဝတ်အစားဝတ်သည်၊ မည်သည့်အရာကို မွေ့လျော်ခံစားကြသည်၊ ဇိမ်ခံကားမည်မျှရှိသည် စသည်တို့ကို များစွာ သိသည်မဟုတ်လော။ (သိပါသည်။) ထို့ကြောင့် ဤရှုပ်ထွေးသောလူ့အဖွဲ့အစည်းရှိ မိဘများသည် ၎င်းတို့၏မိဘတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ သားသမီးများကို ကာကွယ်သင့်သည်။ ပြီးလျှင် ၎င်းတို့အား ကျန်းမာသောစိတ်ဖြင့် ပံ့ပိုးပေးသင့်သည်။ သားသမီးများက ဤအမှုအရာများကို သိမြင်လာသောအခါ၊ သို့မဟုတ် ထိခိုက်နစ်နာစေသော သတင်းအချက်အလက်တစ်ခုခုကို ကြားပြီး လက်ခံရရှိသောအခါ ၎င်းတို့သည် ဤအမှုကိစ္စများထံမှ အချိန်မီ ရှောင်ခွာနိုင်ရန်အတွက် မိဘများသည် ၎င်းတို့အား မှန်ကန်သော အတွေးများနှင့် အမြင်များ ဖြစ်ပေါ်ရန် သင်ကြားပေးသင့်သည်။ အနည်းဆုံးအနေဖြင့် မိဘများသည် ၎င်းတို့အား ရိုးရှင်းသော ဩဝါဒတစ်ခုကို ပေးသင့်သည်။ “မင်းက ငယ်သေးတယ်။ မင်းအရွယ်မှာ မင်းရဲ့တာဝန်က စာကောင်းကောင်းသင်ပြီး သင်ဖို့လိုတာကို သင်ဖို့ပဲ။ တခြားဟာတွေကို မင်းစဉ်းစားဖို့မလိုဘူး။ မင်းပိုက်ဆံ ဘယ်လောက်ရမယ်၊ ဒါမှမဟုတ် ဘာကို မင်းဝယ်မယ်ဆိုတာတွေအတွက်တော့ ဖြေရှင်းဖို့ မလိုပါဘူး။ ဒါတွေက မင်းကြီးလာပြီးနောက်ပိုင်းမှာ တွေးဖို့အတွက်ပဲ။ အခုလောလောဆယ်မှာ မင်း ကျောင်းစာလုပ်တာ၊ ဆရာတွေက ချပေးတဲ့စာကို ပြီးအောင်လုပ်တာ၊ ကိုယ့်ဘဝထဲက ကိစ္စတွေကို စီမံတာတွေကို အာရုံစိုက်စမ်း။ တခြားဘာကိုမှ မင်းအရမ်း စဉ်းစားဖို့ မလိုဘူး။ လူ့အဖွဲ့အစည်းကို မင်းဝင်ရောက်ပြီး သူတို့နဲ့ ထိတွေ့ဆက်ဆံပြီးနောက်မှသာ ဒီကိစ္စတွေကို စဉ်းစားရင် အရမ်းနောက်ကျမှာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းမှာ အခုဖြစ်ပျက်နေတဲ့ အရာတွေက အရွယ်ရောက်သူတွေနဲ့ဆိုင်တဲ့ ကိစ္စတွေပဲ။ မင်းက အရွယ်ရောက်သူ မဟုတ်ဘူး။ ဒါကြောင့် အဲဒီကိစ္စတွေက မင်းစဉ်းစားသင့်တဲ့၊ ဒါမှမဟုတ် ပါဝင်လုပ်ဆောင်သင့်တဲ့ ကိစ္စတွေ မဟုတ်ဘူး။ အခုအချိန်မှာ မင်းရဲ့ကျောင်းစာကို ကောင်းကောင်းလုပ်ဖို့ပဲ အာရုံစိုက်ပါ။ ပြီးတော့ ငါတို့ပြောတာတွေကို နားထောင်ပါ။ ငါတို့က အရွယ်ရောက်သူတွေမို့လို့ မင်းထက်ပိုသိတယ်။ ဒါကြောင့် ငါတို့ပြောတာကို မင်းနားထောင်သင့်တယ်။ မင်းက လူ့အဖွဲ့အစည်းမှာ ဒီကိစ္စတွေအကြောင်းကို သိရင်၊ ဒီကိစ္စတွေနောက်ကို လိုက်ပြီး အတုခိုးရင် မင်းရဲ့ ပညာသင်ကြားမှုနဲ့ ကျောင်းစာအတွက် အကျိုးဖြစ်မှာ မဟုတ်ဘူး။ မင်းရဲ့ စာသင်ကြားမှုကို ထိခိုက်နိုင်တယ်။ နောက်ပိုင်းမှာ မင်းက ဘယ်လိုလူမျိုးဖြစ်မယ်၊ ဒါမှမဟုတ် ဘယ်လိုအသက်မွေးအလုပ်ရှိမယ်ဆိုတာတွေက နောက်ပိုင်းမှာ စဉ်းစားရမယ့်အရာတွေပဲ။ အခုအချိန်မှာ မင်းရဲ့တာဝန်က မင်းရဲ့ လေ့လာသင်ယူမှုတွေကို အာရုံစိုက်ဖို့ပဲ။ မင်းကျောင်းစာမထူးချွန်ရင် မင်းရဲ့ပညာရေးမှာ အောင်မြင်မှာမဟုတ်ဘူး။ မင်းက လိမ္မာတဲ့ကလေးဖြစ်မှာ မဟုတ်ဘူး။ တခြားကိစ္စတွေကို မစဉ်းစားနဲ့။ အဲဒါတွေက မင်းနဲ့မသက်ဆိုင်ဘူး။ မင်း အသက်ကြီးတဲ့အခါမှာ အဲဒါတွေကို မင်းနားလည်လိမ့်မယ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတို့ နားလည်သင့်သော အခြေခံအကျဆုံးသော ဩဝါဒ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သားသမီးများအား “အခုအချိန်မှာ မင်းရဲ့တာဝန်က စာသင်ဖို့ပဲ။ စားသောက်ဖို့၊ ပျော်ပါးဖို့ မဟုတ်ဘူး။ မင်းစာမသင်ရင် ကိုယ့်အချိန်ကိုယ် ဖြုန်းတီးပြီး ကိုယ့်ပညာရေးကိုယ် ပစ်ထားလိမ့်မယ်။ လူ့အဖွဲ့အစည်းမှာ စားတာ၊ သောက်တာ၊ ဖျော်ဖြေမှုကို ရှာတာ၊ တခြား သောင်းပြောင်းထွေလာ ကိစ္စတွေေအားလုံးနဲ့ သက်ဆိုင်တဲ့အရာတွေက အရွယ်ရောက်သူတွေအတွက် ကိစ္စတွေပဲ။ အရွယ်မရောက်သေးတဲ့ သူတွေက အဲဒီလှုပ်ရှားမှုတွေမှာ ဝင်မပါသင့်ဘူး” ဟု သိစေလော့။ ဤစကားများသည် သားသမီးများလက်ခံရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) သင်သည် ၎င်းတို့အား ဤအမှုကိစ္စများကို သိပိုင်ခွင့်၊ သို့မဟုတ် ယင်းတို့အား အားကျခွင့်ကို ပိတ်ပင်နေခြင်းမဟုတ်ပေ။ တစ်ချိန်တည်းတွင် မည်သည့်အရာကို ၎င်းတို့လုပ်ဆောင်သင့်သည်ကို သင်ထောက်ပြနေခြင်းဖြစ်သည်။ ဤသည်မှာ သားသမီးများအား သွန်သင်လေ့ကျင့်ပေးရန် ကောင်းသောနည်းလမ်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ရိုးရှင်းသော လမ်းစဉ်ဟုတ်သလော။ (ဟုတ်ပါသည်။) မိဘများသည် ဤအရာကို လုပ်ဆောင်တတ်ရန် သင်ယူသင့်သည်။ ပြီးလျှင် အရွယ်မရောက်သေးသော သားသမီးများ၏ ကိုယ်ပိုင်စွမ်းရည်၊ အခြေအနေနှင့် အစွမ်းအစအပေါ် အခြေခံပြီး ၎င်းတို့အား မည်သို့ သွန်သင်လေ့ကျင့်ပေးပြီး ကိုင်တွယ်ရမည်ကို ၎င်းတို့ တတ်နိုင်သမျှ လေ့လာသင့်သည်။ မိဘများသည် သားသမီးများအပေါ် ၎င်းတို့၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းသင့်သည်။ ၎င်းတို့ တတ်နိုင်သမျှ ဤအရာအားလုံးကို အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ဤအတွက် စည်းကမ်းကြီးသော၊ သို့မဟုတ် တင်းကျပ်သော စံနှုန်းများ မရှိပေ။ တစ်ယောက်နှင့် တစ်ယောက်မတူပေ။ လူတိုင်း၏မိသားစုအခြေအနေများသည် မတူညီပေ။ လူတိုင်း၏ အစွမ်းအစများသည်လည်း ကွဲပြားသည်။ ထို့ကြောင့် သားသမီးများအား သွန်သင်လေ့ကျင့်ပေးခြင်းတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့် ပတ်သက်လျှင် လူတိုင်း၌ ကိုယ်ပိုင်နည်းလမ်းများရှိသည်။ ထိရောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သင့်ပြီး လိုချင်သောရလဒ်ထွက်စေသောအရာကို လုပ်ဆောင်သင့်သည်။ သင်သည် သင့်သားသမီးများ၏ ပင်ကိုစရိုက်၊ အသက်အရွယ်၊ လိင်နှင့် လိုက်ဖက်အောင် ပြင်ဆင်သင့်သည်။ အချို့မှာ အနည်းငယ်ပို၍ ခက်ထန်ကြမ်းတမ်းရန် လိုကောင်းလိုနိုင်ပြီး အခြားသူများမှာ ပို၍နူးညံ့သော ချဉ်းကပ်မှုကို လိုကောင်းလိုနိုင်သည်။ အချို့မှာ ပို၍ မရမနေခိုင်းစေသော ပုံစံဖြင့် အကျိုးဖြစ်ကောင်း ဖြစ်နိုင်ပြီး အခြားသူများမှာမူ သက်သာအေးဆေးသော ပတ်ဝန်းကျင်တွင် တိုးတက်နိုင်သည်။ မိဘများသည် သားသမီးများ၏ တစ်ဦးချင်းအခြေအနေကို အခြေခံ၍ ၎င်းတို့နည်းလမ်းများကို ချိန်ညှိသင့်သည်။ မည်သို့ပင်ဖြစ်စေ အဆုံးစွန်ပန်းတိုင်မှာ သားသမီးများ၏ စိတ်ကျန်းမာရေးကို သေချာစေရန်၊ ၎င်းတို့၏ အတွေးများနှင့် ၎င်းတို့လုပ်ဆောင်မှုအတွက် စံသတ်မှတ်ချက်များ နှစ်ခုလုံး၌ ၎င်းတို့အား အပြုသဘောဆောင်သော ဦးတည်ချက်ဖြင့် လမ်းပြပေးရန် ဖြစ်သည်။ လူ့သဘာဝကို ဆန့်ကျင်နိုင်သော မည်သည့်အရာကိုမျှ၊ သဘာဝဖွံ့ဖြိုးတိုးတက်မှု နိယာမကို ဆန့်ကျင်သော၊ သို့မဟုတ် ၎င်းတို့၏ လက်ရှိအသက်အရွယ် အပိုင်းအခြားတွင်၊ ၎င်းတို့၏ အစွမ်းအစအတိုင်းအတာတွင် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့်အရာကို ကျော်လွန်သော မည်သည့်အရာကိုမျှ မသတ်မှတ်ပေးနှင့်။ မိဘများသည် ဤအရာအားလုံးကို လုပ်ဆောင်နိုင်သောအခါ ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် ခက်ခဲသလော။ ယင်းသည် ရှုပ်ထွေးသော ကိစ္စမဟုတ်ပေ။
သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များတွင် ကဏ္ဍနှစ်ခုပါဝင်သည်။ တစ်ခုမှာ သားသမီးများ၏ ပုံသွင်းသည့်နှစ်အတောအတွင်းတွင်ရှိသော မျှော်မှန်းချက်များနှင့်သက်ဆိုင်ပြီး အခြားတစ်ခုမှာ သားသမီးများအရွယ်ရောက်သောအခါတွင်ရှိသော မျှော်မှန်းချက်များပါဝင်သည်။ ယခင်အခေါက်က ငါတို့၏ မိတ်သဟာယတွင် သားသမီးများအရွယ်ရောက်သောအခါတွင် ရှိသော မျှော်မှန်းချက်များအကြောင်းကို အကျဉ်းချုပ်ပြောခဲ့သည်။ မည်သည့်အရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သနည်း။ (ဘုရားသခင်၊ ယခင်အခေါက်က အရွယ်ရောက်သောသားသမီးများအား အဆင်ပြေချောမွေ့သော အလုပ်ပတ်ဝန်းကျင်ရှိရန်၊ ပျော်ရွှင်ပြီး ကျေနပ်ဖွယ်ဖြစ်သော အိမ်ထောင်ရှိရန်၊ အောင်မြင်သော အသက်မွေးအလုပ်များရှိရန် မျှော်လင့်သည့် မိဘများအကြောင်းကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခဲ့သည်။) ဤသည်မှာ အကြမ်းအားဖြင့် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာ ဖြစ်သည်။ မိဘများက သားသမီးများအား အရွယ်ရောက်သည်အထိ ပျိုးထောင်ပြီးနောက်တွင် သားသမီးများက အရွယ်ရောက်လာကြသည်။ အလုပ်၊ အသက်မွေးအလုပ်၊ အိမ်ထောင်၊ မိသားစု၊ မိမိဘာသာ အမှီအခိုကင်းစွာ နေထိုင်ခြင်း၊ ပြီးလျှင် မိမိကိုယ်တိုင်၏ သားသမီးများကိုပင် ပျိုးထောင်ခြင်းတို့ပါဝင်သော အခြေအနေများကို ရင်ဆိုင်ရသည်။ ၎င်းတို့သည် ၎င်းတို့၏မိခင်၊ ဖခင်ကို စွန့်ခွာပြီး အမှီအခိုကင်းစွာ နေထိုင်ကာ ဘဝတွင် ၎င်းတို့ ကြုံတွေ့ရနိုင်သည့် ပြဿနာတိုင်းကို ၎င်းတို့ဘာသာ ရင်ဆိုင်လိမ့်မည်။ သားသမီးများသည် ယခုတွင် အရွယ်ရောက်ပြီးဖြစ်သောကြောင့် မိဘများသည် သားသမီးများ၏ ကိုယ်ကျန်းမာရေးအတွက် ဂရုစိုက်ခြင်း၊ သို့မဟုတ် သားသမီးများ၏ ဘဝ၊ အလုပ်၊ အိမ်ထောင်၊ မိသားစု စသည်တို့တွင် တိုက်ရိုက်ပါဝင်ခြင်းဖြစ်သော တာဝန်ကို မသယ်ဆောင်တော့ပေ။ စိတ်ခံစားချက်ပိုင်းနှင့် မိသားစုဆိုင်ရာ ရင်းနှီးမှုများကြောင့် မိဘများသည် အပေါ်ယံဂရုစိုက်မှုကို ပေးနိုင်သည်၊ ရံဖန်ရံခါ အကြံဉာဏ်ပေးနိုင်သည်၊ အတွေ့အကြုံရှိသောသူတစ်ယောက်၏နေရာမှနေ၍ အကြံပြုချက်၊ သို့မဟုတ် အကူအညီအနည်းငယ်ကို ပေးနိုင်သည်၊ သို့မဟုတ် လိုအပ်သော ဂရုစိုက်မှုကို ယာယီပေးနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ အတိုချုပ်အားဖြင့် ဆိုလျှင် သားသမီးများသည် အရွယ်ရောက်သွားသည်နှင့် မိဘများသည် သားသမီးများအပေါ် ၎င်းတို့၏တာဝန်များကို အများအားဖြင့် ဖြည့်ဆည်းပြီး ဖြစ်သည်။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် ငါ၏ ရှုထောင့်မှကြည့်လျှင် သားသမီးများအပေါ် မိဘများက ထားရှိနိုင်သော မျှော်မှန်းချက်အချို့သည် မလိုအပ်ပေ။ အဘယ်ကြောင့် မလိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် မိဘများက သားသမီးများအား မည်သို့ဖြစ်လာစေရန် မျှော်လင့်သည်ဖြစ်စေ၊ သားသမီးများအား မည်သည့်အိမ်ထောင်၊ မိသားစု၊ အလုပ်၊ သို့မဟုတ် အသက်မွေးအလုပ်ရှိရန် မိဘများက မျှော်လင့်သည်ဖြစ်စေ၊ သားသမီးများသည် ချမ်းသာမည်ဖြစ်စေ၊ ဆင်းရဲမည်ဖြစ်စေ၊ မိဘများ၏ မျှော်မှန်းချက်များက မည်သည့်အရာဖြစ်နိုင်ပါစေ ယင်းတို့သည် မျှော်မှန်းချက်များထက် မပိုပေ။ အရွယ်ရောက်သူများအနေဖြင့် သားသမီးများ၏ဘဝသည် နောက်ဆုံးတွင် သားသမီးများကိုယ်တိုင်၏ လက်ထဲတွင်ရှိသည်။ အခြေခံအားဖြင့် ဆိုရလျှင် သားသမီးများ၏ တစ်ဘဝလုံး၏ ကံကြမ္မာသည်၊ ၎င်းတို့သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အားလုံးကို ဘုရားသခင်က စီမံသည်မှာ အမှန်ပင်ဖြစ်သည်။ မိဘများတွင် ဤကိစ္စများကို ကြီးကြပ်ရန် တာဝန်၊ ဝတ္တရားမရှိသကဲ့သို့ ကြားဝင်လုပ်ဆောင်ပိုင်ခွင့်လည်းမရှိပေ။ ထို့ကြောင့် မိဘတို့၏ မျှော်မှန်းချက်များသည် ၎င်းတို့၏ ချစ်ခင်မှုတွင်ဖြစ်သော စေတနာထားခြင်းတစ်မျိုးသာ ဖြစ်သည်။ မည်သည့်မိဘကမျှ သားသမီးကို ဆင်းရဲစေလိုခြင်း၊ အိမ်ထောင်မကျစေလိုခြင်း၊ ကွာရှင်းစေလိုခြင်း၊ ပုံမှန်မဟုတ်သောမိသားစုရှိစေလိုခြင်း၊ သို့မဟုတ် အလုပ်တွင် အခက်အခဲကြုံတွေ့စေလိုခြင်းမရှိပေ။ မည်သည့်မိဘကမျှ သားသမီးအတွက် ဤအရာများကို မမျှော်မှန်းပေ။ ၎င်းတို့သည် သားသမီးများအတွက် သံသယမရှိဘဲ အကောင်းဆုံးကို မျှော်မှန်းသည်။ သို့ရာတွင် မိဘများ၏ မျှော်မှန်းချက်များသည် သားသမီးများ၏ဘဝ၏ လက်တွေ့အရှိတရားနှင့် ကွဲလွဲလျှင်၊ သို့မဟုတ် လက်တွေ့အရှိတရားက ၎င်းတို့၏ မျှော်မှန်းချက်များကို ဆန့်ကျင်လျှင် ဤအရာကို ၎င်းတို့ မည်သို့ ချဉ်းကပ်သင့်သနည်း။ ဤသည်မှာ ငါတို့ မိတ်သဟာယပြုရန် လိုအပ်သည့်အရာ ဖြစ်သည်။ မိဘများအနေဖြင့် အရွယ်ရောက်ပြီးသော သားသမီးများအပေါ် မွေးမြူသင့်သည့် သဘောထားနှင့် ပတ်သက်လျှင် သားသမီးများအား တိတ်တဆိတ် ကောင်းချီးပေးပြီး သားသမီးများအပေါ် ကောင်းသောမျှော်မှန်းချက်များထားရှိခြင်းမှ လွဲ၍ သားသမီးများက မည်သည့်အသက်မွေးမှုမျိုးကို နေထိုင်ပါစေ၊ ၎င်းတို့တွင် မည်သည့်ကံ၊ သို့မဟုတ် ဘဝမျိုးရှိပါစေ မိဘများက ယင်းကို ဖြစ်ခွင့်သာ ပြုနိုင်သည်။ မည်သည့်မိဘကမျှ ဤသို့သော မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်သကဲ့သို့ မထိန်းချုပ်နိုင်ပေ။ သင်သည် သင့်သားသမီးများကို မွေးဖွားခဲ့ပြီး ပျိုးထောင်ခဲ့သော်လည်း ယခင်က ငါတို့ ဆွေးနွေးခဲ့သည့်အတိုင်း မိဘများသည် သားသမီများကံကြမ္မာ၏ အရှင်သခင်များ မဟုတ်။ မိဘများသည် သားသမီးများ၏ ရုပ်ခန္ဓာကို သန္ဓေတည်ပြီး သားသမီးများအား အရွယ်ရောက်အောင် ပျိုးထောင်သည်။ သို့သော် သားသမီးများက မည်သည့်ကံကြမ္မာမျိုးရှိမည်ဆိုသည်အတွက်မူ ဤသည်မှာ မိဘများက ပေးသော၊ သို့မဟုတ် ရွေးချယ်သော အရာတစ်ခုမဟုတ်။ မိဘများက အသေအချာပင် ဆုံးဖြတ်မပေးပေ။ သင်သည် သင့်သားသမီးများကို အဆင်ပြေစေရန် ဆန္ဒရှိသည်။ သို့သော် ယင်းက ၎င်းတို့သည် အဆင်ပြေမည်ဆိုသည်ကို အာမခံသလော။ သင်သည် ၎င်းတို့အား ကံအကြောင်းမလှခြင်း၊ ကံဆိုးခြင်းနှင့် ကံမကောင်းသောဖြစ်ရပ်အားလုံးကို ကြုံရရန် ဆန္ဒမရှိပေ။ သို့သော် ဤသည်မှာ ၎င်းတို့သည် ထိုအရာများကို ရှောင်နိုင်မည်ဟု အဓိပ္ပာယ်ရသလော။ သင့်သားသမီးများက မည်သည့်အရာကို ရင်ဆိုင်ရပါစေ ဤသို့သောမည်သည့်အရာကမျှ လူသား၏ စိတ်ဆန္ဒနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့်အရာကမျှ သင်၏ လိုအပ်ချက်များ၊ သို့မဟုတ် မျှော်မှန်းချက်များက ဆုံးဖြတ်ပေးခြင်း မဟုတ်။ ဤသို့ဆိုလျှင် ဤသည်မှာ သင့်အား မည်သည့်အရာကို ပြသနည်း။ သားသမီးများသည် အရွယ်ရောက်သူများ ဖြစ်ပြီးဖြစ်သောကြောင့်၊ မိမိတို့ကိုယ်ကို ဂရုစိုက်နိုင်စွမ်း၊ အမှီအခိုကင်းသော အတွေးများ၊ အမှုအရာများအပေါ် အမြင်များ၊ ကျင့်ကြံပြုမူမှုစည်းမျဉ်းများ၊ ဘဝအပေါ်ရှုမြင်သုံးသပ်ချက်တို့ရှိနိုင်စွမ်းရှိသောကြောင့်၊ မိဘများ၏ လွှမ်းမိုးခြင်း၊ ထိန်းချု်ပခြင်း၊ ချုပ်ချယ်ခြင်း၊ စီမံခြင်းမရှိတော့သောကြောင့် ၎င်းတို့သည် အမှန်ပင် အရွယ်ရောက်သူများဖြစ်သည်။ ၎င်းတို့သည် အရွယ်ရောက်သူများဖြစ်လာပြီဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့၏မိဘများက လက်လွှတ်သင့်သည်ဟု ဆိုလိုသည်။ အရေးအသား အသုံးအနှုန်းတွင် ဤအရာကို “လက်လွှတ်ခြင်း” ဟု ခေါ်သည်။ သားသမီးများအား ဘဝတွင် အမှီအခိုကင်းစွာ စူးစမ်းလေ့လာပြီး မိမိကိုယ်ပိုင်လမ်းကြောင်းကို ယူခွင့်ပြုခြင်းဟု ခေါ်သည်။ အပြောအဆို အသုံးအနှုန်းတွင် မည်သို့ပြောသနည်း။ “ဘေးဖယ်လော့” ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့် မိဘများသည် အရွယ်ရောက်ပြီးဖြစ်သော သားသမီးများအား အမိန့်ပေးခြင်း၊ “သင်သည် ဤအလုပ်ကို ရှာသင့်သည်။ ဤလုပ်ငန်းတွင် လုပ်သင့်သည်။ ထိုအရာကို မလုပ်နှင့်။ အန္တရာယ်များလွန်းသည်” ဟူသော အရာများကို ပြောဆိုခြင်းအား ရပ်တန့်သင့်သည်။ မိဘများက အရွယ်ရောက်ပြီးဖြစ်သော သားသမီးများအား အမိန့်ပေးခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ၎င်းတို့သည် သားသမီးများ၏ ဘဝ၊ အလုပ်၊ အိမ်ထောင်၊ မိသားစုတို့ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်နှင့် ၎င်းတို့၏မြင်ကွင်းအတွင်းတွင် အစဉ်ထားရှိလိုပြီး တစ်စုံတစ်ခုအကြောင်းကို ၎င်းတို့ မသိသောအခါ၊ သို့မဟုတ် ယင်းကို မထိန်းချုပ်နိုင်သောအခါ စိတ်သောကရောက်သည်။ စိတ်ပူသည်။ ကြောက်ရွံ့သည်။ စိုးရိမ်သည်။ “ငါ့သားသည် ထိုကိစ္စကို ဂရုတစိုက်မစဉ်းစားလျှင် အဘယ်သို့ ဖြစ်မည်နည်း။ တရားဥပဒေနှင့်သက်ဆိုင်သော ပြဿနာ ဖြစ်နိုင်သလော။ တရားစွဲဆိုမှုအတွက် ငါ့၌ ပိုက်ဆံမရှိ။ သူသည် တရားစွဲခံရပြီး ပိုက်ဆံမရှိလျှင် ထောင်ကျသွားနိုင်သလော။ သူထောင်ကျလျှင် ဆိုးယုတ်သောလူတို့က မှားယွင်းစွာ စွပ်စွဲခြင်းကို ခံရပြီး ရှစ်နှစ်၊ ဆယ်နှစ်ကျနိုင်သလော။ သူ၏ ဇနီးက သူ့ကို ထားရစ်ခဲ့မည်လော။ ကလေးများကိုမည်သူဂရုစိုက်မည်နည်း” ဟု ဆိုသည်။ ၎င်းတို့သည် ဤအရာကို တွေးလေလေ၊ စိတ်ပူလေလေဖြစ်သည်။ “ငါ့သမီး၏ အလုပ်သည် အဆင်မပြေပေ။ လူတို့သည် အစဉ်သဖြင့် သူမကို ကောင်းစွာမဆက်ဆံပေ။ သူမ၏ သူဌေးကလည်း သူမအပေါ် မကောင်း။ မည်သို့ ငါတို့ လုပ်ဆောင်နိုင်သနည်း။ သူမအား အခြားအလုပ်တစ်ခု ရှာပေးသင့်သလော။ အဆက်အသွယ်ရှာသင့်သလော။ ချိတ်ဆက်မှုတစ်ခုခု လုပ်သင့်သလော။ ပိုက်ဆံအချို့သုံးစွဲပြီး အစိုးရဝန်ထမ်းအနေဖြင့် နေ့စဉ် ပေါ့ပါးသောအလုပ်ကို လုပ်နိုင်သည့် အစိုးရဌာနတစ်ခုတွင် သူမအား အလုပ်ရှာပေးသင့်သလော။ လစာက မများသော်လည်း အနည်းဆုံးအနေဖြင့် သူမသည် ကောင်းစွာမဆက်ဆံခြင်း ခံရမည်မဟုတ်။ ငါတို့သည် သူမငယ်စဉ်က သူမကို ရိုက်နှက်ခြင်းမပြုနိုင်ဘဲ သူမကို မင်းသမီးကဲ့သို့ ဖူးဖူးမှုတ်ထားခဲ့သည်။ ယခုတွင် သူမသည် အခြားလူတို့၏ အနိုင်ကျင့်ခြင်းကို ခံရသည်။ မည်သည့်အရာကို ငါတို့ လုပ်ဆောင်သင့်သနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မစားနိုင်၊ မအိပ်နိုင်သည်အထိ စိတ်ပူကြသည်။ စိတ်သောကကြောင့် ၎င်းတို့၏ ပါးစပ်တွင် အရည်ကြည်ဖုများ ပေါက်သည်။ ၎င်းတို့၏ သားသမီးများက မည်သည့်အရာကိုမဆို ရင်ဆိုင်ရသည့်အချိန်တိုင်းတွင် ၎င်းတို့သည် စိတ်သောကရောက်ပြီး အလေးအနက်ခံယူသည်။ ၎င်းတို့သည် အရာရာတိုင်းတွင် ပါဝင်ပတ်သက်လိုပြီး အခြေအနေတိုင်းတွင် ရပ်တည်လိုသည်။ သားသမီးများက ဖျားနာသော၊ သို့မဟုတ် အခက်အခဲတစ်ခုခုကို ကြုံရသောအချိန်တိုင်းတွင် ၎င်းတို့သည် စိတ်ဒုက္ခရောက်ပြီး မသက်မသာဖြစ်ကာ “ငါသည် သင့်ကိုသာ နေကောင်းစေလိုသည်။ အဘယ်ကြောင့် သင်နေမကောင်းသနည်း။ ငါသည် သင့်အတွက် အရာရာတိုင်းကို အဆင်ပြေချောမွေ့စေလိုသည်။ အရာရာတိုင်းကို သင်ဆန္ဒရှိသလို၊ သင်စီစဉ်သလို ဖြစ်စေချင်သည်။ သင့်အား အောင်မြင်မှုကို ခံစားရစေလိုသည်။ ကံမကောင်းခြင်း၊ အလိမ်ခံရခြင်း၊ သို့မဟုတ် အကွက်ချကြံစည်ခံရပြီး တရားဥပဒေရင်ဆိုင်ရခြင်းတို့ မဖြစ်စေလိုပါ” ဟု ဆိုသည်။ အချို့သားသမီးများသည် အိမ်တစ်အိမ်ကို ဘဏ်ချေးငွေဖြင့် ဝယ်ယူပြီး ၎င်းတို့၏ ဘဏ်ချေးငွေသည် နှစ်သုံးဆယ်၊ သို့မဟုတ် နှစ်လေးဆယ်ထိပင် ရှိနေနိုင်သည်။ ၎င်းတို့၏မိဘများက “ဤချေးငွေများကို မည်သည့်အချိန်မှ ဆပ်နိုင်မည်နည်း။ ဤသည်မှာ ဘဏ်ချေးငွေ၏ကျွန်ဖြစ်ခြင်းနှင့် မတူသလော။ ငါတို့မျိုးဆက်သည် အိမ်တစ်အိမ်ဝယ်ရန် ဘဏ်ချေးငွေမလိုခဲ့ပေ။ ကုမ္ပဏီကပေးသော တိုက်ခန်းတွင် ငါတို့နေပြီး လစဉ် ငှားရမ်းခအနည်းငယ်ပေးရသည်။ ငါတို့ နေထိုင်ရသည့် အခြေအနေသည် အလွန်သက်သာအေးဆေးသည်။ ယခုခေတ်ကာလတွင် ဤငယ်ရွယ်သောလူများအတွက် အမှန်ပင် ကြမ်းတမ်းသည်။ အမှန်ပင် ၎င်းတို့အတွက် မလွယ်ကူပေ။ ၎င်းတို့သည် ဘဏ်ချေးငွေယူရသည်။ ၎င်းတို့သည် ကောင်းစွာနေထိုင်သော်လည်း နေ့စဉ်အလွန်အလုပ်လုပ်ရသည်။ မောပန်းကြသည်။ မကြာခဏပင် အချိန်ပိုလုပ်လျက် ညဉ့်နက်သည်အထိနေသည်။ စားသည့်၊ အိပ်သည့်အချိန်များက ပုံမှန်မရှိ။ ၎င်းတို့သည် အစဉ်သဖြင့် ဆိုင်မှ မှာယူစားသောက်ကြသည်။ ၎င်းတို့သည် အစာအိမ်ထိခိုက်ပြီး ကျန်းမာရေးလည်း ထိခိုက်သည်။ ငါသည် ၎င်းတို့အတွက်ချက်ပြုတ်ပြီး ၎င်းတို့နေရာကို သန့်ရှင်းပေးရသည်။ ၎င်းတို့တွင် အချိန်မရှိသောကြောင့် ၎င်းတို့အတွက် ရှင်းလင်းပေးရသည်။ ၎င်းတို့၏ဘဝသည် ရှုပ်ပွနေသည်။ ငါသည် ယခုတွင် အိုမင်းသော အရိုးများဖြင့် အဘွားအိုတစ်ယောက်ဖြစ်ပြီး များစွာ မလုပ်နိုင်ပေ။ ထို့ကြောင့် ငါသည် ၎င်းတို့၏ အိမ်ဖော်သာလုပ်မည်။ အမှန်တကယ်အိမ်ဖော်တစ်ယောက်ကို ၎င်းတို့ ခန့်လျှင် ပိုက်ဆံသုံးရမည်။ ပြီးလျှင် ထိုအိမ်ဖော်သည် ယုံကြည်၍ မရကောင်းမရနိုင်ပေ။ ထို့ကြောင့် ငါသည် ၎င်းတို့ အိမ်ဖော်အဖြစ် အခမဲ့လုပ်ပေးမည်” ဟူ၍ စတင် စိတ်ပူလာသည်။ ဤသို့ဖြင့် သူမသည် သူမသားသမီးများ၏အိမ်ကို နေ့စဉ် သန့်ရှင်းပေးလျက်၊ ရှင်းလင်းပေးလျက်၊ စားချိန်ရောက်သောအခါ ချက်ပြုတ်ပေးလျက်၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များဝယ်လျက်၊ အဆုံးမရှိသောတာဝန်များကို ယူလျက်ဖြင့် အစေခံတစ်ယောက်ဖြစ်လာသည်။ သူမသည် မိဘတစ်ယောက်အဖြစ်မှ အိုမင်းသောအစေခံ၊ အိမ်ဖော်တစ်ယောက်အဖြစ် ပြောင်းသွားသည်။ သူမ၏ သားသမီးများက အိမ်ပြန်လာပြီး စိတ်မကြည်သောအခါတွင် သူမသည် ၎င်းတို့၏ အမူအရာကို ကြည့်ပြီး သားသမီးများနောက်တစ်ဖန် ပျော်ရွှင်လာသည့်အချိန်မတိုင်မီအထိ သတိထားပြီးပြောဆိုရသည်။ ထိုအချိန်ရောက်မှသာ သူမသည် ပျော်ရွှင်နိုင်သည်။ သူမ၏ သားသမီးများက ပျော်ရွှင်သောအခါ သူမက ပျော်ရွှင်သည်။ သူမ၏ သားသမီးများက စိတ်ပူသောအခါ သူမက စိတ်ပူသည်။ ဤသို့နေထိုင်သည်မှာ တန်ဖိုးရှိသောနည်းလမ်းဖြစ်သလော။ ဤသည်မှာ မိမိကိုယ်ကို ဆုံးရှုံးခြင်းနှင့် ကွာခြားမှုမရှိပေ။
သားသမီးများ၏ ကံကြမ္မာကို မိဘများက ခံယူရန် ဖြစ်နိုင်သလော။ သားသမီးများသည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ လောကီသာယာမှုတို့ကို လိုက်စားရန်အတွက် ၎င်းတို့၏လမ်းတွင် မည်သည့်အခက်အခဲများလာပါစေ ခံယူလိုစိတ်ရှိကြသည်။ ထို့အပြင် အရွယ်ရောက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ရှင်သန်မှုအတွက် လိုအပ်သည့် မည်သည့်အခက်အခဲများကိုမဆို ရင်ဆိုင်ရန် အဆင်ပြေသလော။ ၎င်းတို့သည် ပျော်မွေ့ရသလောက် ဒုက္ခခံရဖို့ကိုလည်း ပြင်ဆင်ထားသင့်သည်။ ဤသည်မှာ သဘာဝဖြစ်သည်။ ၎င်းတို့မိဘများသည် သူတို့၏တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ သားသမီးများက မည်သည့်အရာကို ပျော်မွေ့လိုသည်ဖြစ်စေ ၎င်းတို့သည် အကုန်အကျမခံသင့်ပေ။ မိဘများက သားသမီးများအား မည်မျှကောင်းမွန်သောဘဝ ရှိစေလိုသည်ဖြစ်စေ သားသမီးများက ကောင်းသောအရာများကို ခံစားလိုလျှင် သားသမီးများက ဖိအားနှင့် ဒုက္ခအားလုံးကို ၎င်းတို့ကိုယ်တိုင်ခံယူသင့်ပြီး ၎င်းတို့၏မိဘများက မခံယူသင့်ပေ။ ထို့ကြောင့် မိဘများသည် သားသမီးများအတွက် အစဉ်သဖြင့် အရာရာတိုင်းကို လုပ်ဆောင်လိုပြီး သားသမီးများ၏ အခက်အခဲများအတွက် အဖိုးအခကို ခံလိုလျှင်၊ လိုလိုလားလားဖြင့် သားသမီးများ၏ ကျွန်ဖြစ်လိုလျှင် ဤသည်မှာ အလွန်အကျွံမဖြစ်သလော။ ယင်းသည် မိဘများအား လုပ်ဆောင်ရန် မျှော်မှန်းသည့်အရာထက်ပို၍ ကျော်လွန်နေသောကြောင့် မလိုအပ်ပေ။ အခြားသောအဓိကအကြောင်းရင်းမှာ သင်သည် သင့်သားသမီးများအတွက် မည်သည့်အရာကို၊ သို့မဟုတ် မည်မျှကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကံကြမ္မာကို သင်မပြောင်းလဲနိုင်၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခကို မသက်သာစေနိုင်ပေ။ လူ့အဖွဲ့အစည်းတွင် ရှင်သန်နေထိုင်နိုင်ရန် ကြိုးစားနေသည့်လူတိုင်းသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားသည်ဖြစ်စေ၊ ဘဝတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်သည်ဖြစ်စေ အရွယ်ရောက်သူများအနေဖြင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများ၊ စံထားရာများအတွက် တာဝန်ယူရမည်။ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ပေးဆပ်သင့်သည်။ မည်သူကမျှ ၎င်းတို့အတွက် မည်သည့်အရာကိုမျှ တာဝန်ယူမလုပ်ဆောင်သင့်ပေ။ ၎င်းတို့၏မိဘများ၊ ၎င်းတို့အားမွေးဖွားခဲ့ပြီး ပျိုးထောင်ပေးခဲ့သောလူများ၊ ၎င်းတို့နှင့် အရင်းနှီးဆုံးသောလူများသည်ပင် ၎င်းတို့၏လမ်းခရီးအတွက် ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့၏ဒုက္ခကို မျှဝေခံစားရန် ဝတ္တရားမရှိပေ။ မိဘများသည် မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်သောကြောင့် ဤအပိုင်းတွင် အလားတူပင်ဖြစ်သည်။ ထို့ကြောင့် သင့်သားသမီးများအတွက် သင်လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် အချည်းနှီးဖြစ်သည်။ အချည်းနှီးဖြစ်သောကြောင့် သင်သည် ဤလမ်းစဉ်ကို စွန့်လွှတ်သင့်သည်။ မိဘများသည် အိုမင်းပြီး သားသမီးများအပေါ် ၎င်းတို့၏တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းပြီး ဖြစ်သော်လည်း၊ မိဘများလုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် သားသမီးများ၏ အမြင်တွင် အရေးမပါသော်လည်း မိဘများတွင် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်၊ ကိုယ်ပိုင်လိုက်စားမှု၊ ဖြည့်ဆည်းရန် ကိုယ်ပိုင်တာဝန်များရှိသင့်ဆဲဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားသောသူတစ်ယောက်အနေဖြင့် သင့်ဘဝတွင် ကျန်ရှိသော စွမ်းအင်နှင့်အချိန်ကို သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌၊ ဘုရားသခင်က သင့်အား အပ်နှံသည့်မည်သည့်အရာမဆိုအပေါ်၌ အသုံးပြုသင့်သည်။ သင့်သားသမီးများအပေါ် မည်သည့်အချိန်ကိုမျှ သင် မကုန်ဆုံးသင့်ပေ။ သင့်ဘဝကို သင့်သားသမီးများက မပိုင်ဆိုင်ပေ။ သင့်ဘဝကို ၎င်းတို့၏ဘဝ၊ သို့မဟုတ် ရှင်သန်ရေးအတွက် မစားသုံးသင့်သကဲ့သို့ ၎င်းတို့အပေါ် သင်၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းဖို့အတွက်လည်း မစားသုံးသင့်ပေ။ ထိုအစား ဘုရားသခင်က သင့်အားပေးသည့် တာဝန်နှင့် အပ်နှံထားသည့်အလုပ်နှင့် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်အပေါ်ကိုပါ ပေးအပ်မြုပ်နှံသင်သည်။ ဤသည်မှာ သင့်ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်တည်ရှိသည့်နေရာ ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်သိက္ခာကို ဆုံးရှုံးပြီး သားသမီးများ၏ ကျွန်ဖြစ်လိုစိတ်ရှိလျှင်၊ ၎င်းတို့အတွက် စိတ်ပူလိုစိတ်ရှိလျှင်၊ ၎င်းတို့အပေါ် သင်၏ကိုယ်ပိုင်မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ်ရှိလျှင် ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိဘဲ တန်ဖိုးကင်းမဲ့သည်။ ယင်းသည် အောက်မေ့ဂုဏ်ပြုခြင်းခံရမည် မဟုတ်။ သင်သည် ဤသို့ဆက်လက်လုပ်ဆောင်ပြီး ဤအယူအဆများ၊ လုပ်ဆောင်မှုများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်၊ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက်မဟုတ်၊ သင်သည် အလွန်ပင် ပုန်ကန်တတ်သည်ဟူ၍သာ အဓိပ္ပာယ်ရနိုင်သည်။ သင်သည် ဘုရားသခင်က သင့်အားပေးသည့် ဘဝနှင့်အချိန် နှစ်မျိုးလုံးကို မြတ်နိုးခြင်းမရှိ။ သင်၏ဘဝနှင့် သင်၏အချိန်ကို သင်၏ အသွေးအသားနှင့် ချစ်ခင်မှုအတွက်သာ ကုန်ဆုံးစေလျှင်၊ ဘုရားသခင်က သင့်အားပေးသည့် တာဝန်အတွက် မကုန်ဆုံးလျှင် သင်၏ဘဝသည် လိုအပ်ခြင်းမရှိဘဲ တန်ဖိုးကင်းမဲ့သည်။ သင်သည် အသက်ရှင်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်အားပေးသည့် ဘဝကို ပျော်မွေ့ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်အားပေးသည့် အရာရာတိုင်းကို ပျော်မွေ့ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်အား သားသမီးများကို ပျိုးထောင်သည့် ဖြစ်စဉ်ကို ပျော်မွေ့ရန်အတွက်၊ မိဘအနေဖြင့် ဤအရာထံမှ ဘဝအတွေ့အကြုံနှင့် အသိပညာရရန်အတွက်၊ လူသားဘဝတွင် ထူးခြားပြီး ပုံမှန်ထက်ထူးကဲသောအရာတစ်ခုအား သင့်ကိုတွေ့ကြုံခွင့်ပေးရန်၊ ထို့နောက် သင့်သားသမီးများအား မျိုးပွားစေရန်အတွက်သာ သားသမီးများကို ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မိဘအနေဖြင့် ဖန်ဆင်းခံ၏ တာဝန်ကို ဖြည့်ဆည်းရန်အတွက်လည်း ဖြစ်သည်မှာ မှန်သည်။ ဤသည်မှာ နောက်မျိုးဆက်အတွက် ဖြည့်ဆည်းပေးရန် သင့်အတွက် ဘုရားသခင်စီမံသည့် တာဝန်ဖြစ်ပြီး နောက်မျိုးဆက်အတွက် မိဘအနေဖြင့် သင်ပါဝင်လုပ်ဆောင်သည့် အခန်းကဏ္ဍလည်းဖြစ်သည်။ တစ်ဖက်တွင် ဤသည်မှာ သားသမီးများအား ပျိုးထောင်ခြင်းဖြစ်သည့် ထူးကဲသောဖြစ်စဉ်ကို ဖြတ်သန်းရန် ဖြစ်ပြီး အခြားတစ်ဖက်တွင် နောက်မျိုးဆက်အား အယူဝါဒဖြန့်သည့်နေရာတွင် ပါဝင်လုပ်ဆောင်ရန် ဖြစ်သည်။ ဤဝတ္တရားကို ဖြည့်ဆည်းပြီးသည်နှင့်၊ သင့်သားသမီးများက အရွယ်ရောက်သည်နှင့် ၎င်းတို့သည် အလွန်အမင်း အောင်မြင်သည်ဖြစ်စေ၊ ရိုးစင်းသော၊ သာမန်ဖြစ်သော၊ ရိုးရှင်းသောသူများအဖြစ်သာ ရှိနေဆဲဖြစ်စေ သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ကံကြမ္မာကို သင်က ဆုံးဖြတ်ပေးခြင်းမဟုတ်သကဲ့သို့ သင်၏ ရွေးချယ်မှုလည်း မဟုတ်သောကြောင့်၊ သင်က ၎င်းတို့အား ပေးခဲ့ခြင်း အသေအချာပင် မဟုတ်သောကြောင့် ဖြစ်သည်။ ဤအရာကို ဘုရားသခင်က စီမံခြင်း ဖြစ်သည်။ ဘုရားသခင်က စီမံခြင်း ဖြစ်သောကြောင့် သင်သည် ၎င်းတို့ဘဝ၊ သို့မဟုတ် ၎င်းတို့၏ရှင်သန်ရေးကို ကြားမဝင်သင့်ပေ၊ သို့မဟုတ် မစွက်ဖက်သင့်ပေ။ ၎င်းတို့၏အလေ့အကျင့်များ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်များ၊ ဘဝအပေါ် သဘောထား၊ ၎င်းတို့၌ မည်သည့်ရှင်သန်ရေးနည်းဗျူဟာများရှိပါစေ၊ ဘဝအပေါ် မည်သည့်ရှုမြင်သုံးသပ်ချက်ရှိပါစေ၊ လောကအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ဖြစ်ပါစေ ယင်းတို့သည် ၎င်းတို့ကိုယ်တိုင် ပြုလုပ်သည့် ရွေးချယ်မှုများဖြစ်သည်။ သင်၏ အရေးကိစ္စမဟုတ်။ သင်သည် ၎င်းတို့ကို နေ့စဉ်ပျော်ရွှင်စေဖို့ သေချာစေရန်အတွက် ၎င်းတို့ကို ပြုပြင်ပေးရန်၊ သို့မဟုတ် ၎င်းတို့ကိုယ်စား မည်သည့်ဒုက္ခကိုမဆို ခံပေးရန် ဝတ္တရားမရှိပေ။ ဤအရာအားလုံးသည် မလိုအပ်ပေ။ လူတစ်ယောက်ချင်းစီ၏ ကံကြမ္မာကို ဘုရားသခင်က ဆုံးဖြတ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘဝတွင် ကောင်းချီး၊ သို့မဟုတ် ဒုက္ခမည်မျှကို တွေ့ကြုံသည်၊ မည်သည့်မိသားစု၊ အိမ်ထောင်နှင့် သားသမီးများရှိသည်၊ လူ့အဖွဲ့အစည်းတွင် မည်သည့်အတွေ့အကြုံများကို ၎င်းတို့ ဖြတ်သန်းရသည်၊ ဘဝတွင် မည်သည့်ဖြစ်ရပ်များကို ၎င်းတို့တွေ့ကြုံရသည်ဆိုသည့်အရာများကို ၎င်းတို့ကိုယ်တိုင် ကြိုတင်မမြင်နိုင်ပေ၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ မိဘများသည် ယင်းတို့ကို ပြောင်းလဲရန် ပို၍ပင် အစွမ်းမရှိပေ။ ထို့ကြောင့် သားသမီးများသည် မည်သည့်အခက်အခဲကိုမဆို ကြုံရလျှင် မိဘများသည် တတ်နိုင်လျှင် အပြုသဘောဆောင်စွာ၊ တက်ကြွစွာ ကူညီသင့်သည်။ မတတ်နိုင်လျှင်မူ မိဘများအနေဖြင့် သက်သက်သာသာနေပြီး ဤအရာများကို ဖန်ဆင်းခံတစ်ယောက်၏ အမြင်ရှုထောင့်မှ ကြည့်ကာ သားသမီးများအား ဖန်ဆင်းခံများအဖြစ် တန်းတူညီမျှစွာ ဆက်ဆံခြင်းက အကောင်းဆုံးဖြစ်သည်။ သင်တွေ့ကြုံရသည့် ဒုက္ခကို ၎င်းတို့လည်း တွေ့ကြုံရမည်။ သင်နေထိုင်သည့်ဘဝကို ၎င်းတို့လည်း နေထိုင်ရမည်။ သင်ဖြတ်သန်းခဲ့သည့် ငယ်ရွယ်သောကလေးများအား ပျိုးထောင်ခြင်းဖြစ်စဉ်ကို ၎င်းတို့လည်း ဖြတ်သန်းရမည်။ လူ့အဖွဲ့အစည်းနှင့် လူတို့ကြားတွင် သင်တွေ့ကြုံသည့် အလှည့်အပြောင်းများ၊ လိမ်လည်လှည့်စားမှုများ၊ သင်တွေ့ကြုံခဲ့ရသည့် စိတ်ခံစားချက်ဆိုင်ရာ ရစ်ပတ်မှုများ၊ လူအချင်းချင်း သဘောထားကွဲလွဲမှုများနှင့် အလားတူအရာတိုင်းကို ၎င်းတို့လည်း တွေ့ကြုံရမည်။ ၎င်းတို့အားလုံးသည် သင်ကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသောလူသားများဖြစ်သည်။ အားလုံးက ဆိုးယုတ်မှုစီးကြောင်း၏ သယ်ဆောင်ခြင်းကို ခံရပြီး စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ သင်သည် ဤအရာမှ မလွတ်မြောက်နိုင်သကဲ့သို့ ၎င်းတို့လည်း မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့အား ကမ္ဘာပေါ်ရှိဒုက္ခအားလုံးကို ရှောင်ကြဉ်ပြီး ကောင်းချီးအားလုံးကို ခံစားရရန် ကူညီလိုခြင်းသည် ဦးနှောက်မရှိသော ထင်ယောင်ထင်မှားဖြစ်မှုနှင့် မိုက်မဲသော အယူအဆတစ်ခုဖြစ်သည်။ လင်းယုန်တစ်ကောင်၏ အတောင်များသည် မည်မျှကျယ်ပြန့်ပါစေ လင်းယုန်ငယ်ကို သူ၏ ဘဝတစ်လျှောက်လုံးတွင် ကာကွယ်မပေးနိုင်ပေ။ လင်းယုန်ငယ်သည် နောက်ဆုံးတွင် အရွယ်ရောက်ပြီး တစ်ဦးတည်းပျံသန်းရမည့် အခြေအနေသို့ ရောက်လိမ့်မည်။ လင်းယုန်ငယ်က တစ်ဦးတည်းပျံသန်းရန် ရွေးချယ်သောအခါ သူ၏ ကောင်းကင်တခွင်က မည်သည့်နေရာတွင် ရှိနိုင်သည်၊ သို့မဟုတ် မည်သည့်နေရာ၌ ပျံသန်းရန် ရွေးချယ်မည်ကို မည်သူမျှ မသိပေ။ ထို့ကြောင့် သားသမီးများ အရွယ်ရောက်ပြီးနောက် မိဘများအတွက် ဆင်ခြင်တုံတရားအရှိဆုံး သဘောထားမှာ လက်လွှတ်ရန်၊ သားသမီးများအား ဘဝကို ၎င်းတို့ဘာသာ တွေ့ကြုံခွင့်ပြုရန်၊ ၎င်းတို့အား အမှီအခိုကင်းစွာ နေထိုင်ခွင့်ပြုရန်၊ ဘဝတွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို အမှီအခိုကင်းစွာ ရင်ဆိုင်ခွင့်၊ ကိုင်တွယ်ခွင့်၊ ဖြေရှင်းခွင့်ပြုရန် ဖြစ်သည်။ ၎င်းတို့က သင့်အား အကူအညီတောင်းပြီး သင်က ကူညီရန် အစွမ်းနှင့် အခြေအနေရှိလျှင် သင်သည် လက်ကမ်းကူညီပေးနိုင်ပြီး လိုအပ်သော အကူအညီကို ပေးနိုင်သည်မှာ မှန်သည်။ သို့ရာတွင် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်မှာ မည်သည့်အကူအညီကို သင်ပေးသည်ဖြစ်စေ၊ ငွေရေးကြေးရေးဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ယာယီသာဖြစ်နိုင်ပြီး မည်သည့်အဓိကပြဿနာကိုမဆို မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို သွားလာရမည်။ ၎င်းတို့၏ မည်သည့်အရေးကိစ္စ၊ သို့မဟုတ် အကျိုးဆက်များကိုမဆို ထမ်းရွက်ရန် သင့်၌ ဝတ္တရားမရှိပေ။ ဤသည်မှာ မိဘများက အရွယ်ရောက်သော သားသမီးများအပေါ် ရှိသင့်သည့် သဘောထားဖြစ်သည်။
မိဘများက အရွယ်ရောက်သော သားသမီးများအပေါ် ထားရှိသင့်သည့် သဘောထားကို နားလည်ပြီးနောက်တွင် မိဘများသည် အရွယ်ရောက်သော သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များကိုလည်း လက်လွှတ်သင့်သလော။ အချို့သော မသိနားမလည်သော မိဘများသည် ဘဝ၊ သို့မဟုတ် ကံကြမ္မာကို နားမလည်နိုင်ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိမြင်နိုင်ပေ။ သားသမီးများနှင့်ပတ်သက်လျှင် မသိနားမလည်သောအရာများကို လုပ်ဆောင်တတ်သည်။ ဥပမာ သားသမီးများက အမှီအခိုကင်းပြီးနောက်တွင် ၎င်းတို့သည် အထူးအခြေအနေများ၊ အခက်အခဲများ၊ သို့မဟုတ် အကြီးစားဖြစ်ရပ်များကို ကြုံရနိုင်သည်။ အချို့မှာ ဖျားနာမှုများကို ရင်ဆိုင်ရသည်။ အချို့မှာ တရားစွဲဆိုမှုများတွင် ပါဝင်ပတ်သက်ရသည်။ အချို့မှာ ကွာရှင်းကြသည်။ အချို့မှာ လှည့်စားခံရပြီး အလိမ်ခံရသည်။ အချို့မှာ ပြန်ပေးဆွဲခံရသည်။ ထိခိုက်ခံရသည်။ ပြင်းထန်စွာ အရိုက်နှက်ခံရသည်၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသည်။ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲသည့်အဖြစ်သို့ ရောက်သွားသူအချို့ပင်ရှိသည် စသည်တို့ဖြစ်သည်။ မိဘများသည် ဤသို့သော ထူးခြားသည့်၊ အရေးပါသည့်အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မိဘများစု၏ ပြုလုပ်နေကျ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် မိဘ၏ ကိုယ်ပိုင်လက္ခဏာဖြင့် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သလော။ လူစိမ်းတစ်ယောက်၌ ဤသို့ ဖြစ်ပျက်လျှင် မိဘများက ဤသို့သောသတင်းကို ကြားပြီး ဤသို့ တုံ့ပြန်သည်မှာ အလွန်ရှားသည်။ မိဘအများစုသည် ဆံပင်ဖြူသည်အထိ တစ်ညလုံးမအိပ်ဘဲနေသည်။ တစ်ညပြီးတစ်ည အိပ်ရေးပျက်သည်။ နေ့အချိန်တွင် အစာစားလိုစိတ်မရှိပေ။ ဦးနှောက်ခြောက်ခံစဉ်းစားသည်။ အချို့မှာ မျက်လုံးများ နီရဲပြီး မျက်ရည်များခမ်းခြောက်သည်အထိ ခါးသီးစွာပင် ငိုကြွေးသည်။ ၎င်းတို့သည် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းသည်။ ဘုရားသခင်အား ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို ထည့်တွက်ပြီး ၎င်းတို့သားသမီးများကို ကာကွယ်ရန်၊ သားသမီးများအား ကူညီပေးပြီး ကောင်းချီးပေးရန်၊ သနားညှာတာရန်၊ သားသမီးများ၏ဘဝကို လွတ်ငြိမ်းချမ်းသာပေးရန် ဆုတောင်းသည်။ မိဘများက ဤသို့သောအခြေအနေသို့ ရောက်သောအခါ ၎င်းတို့၏လူသားအားနည်းချက်များ၊ ပျော့ကွက်ရှိမှုများ၊ သားသမီးများအပေါ် ခံစားချက်များအားလုံးသည် ပေါ်လွင်သွားသည်။ အခြားမည်သည့်အရာ ပွင့်ထွက်လာသနည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အနူးအညွတ်တောင်းပန်ပြီး ဆုတောင်းသည်။ သားသမီးများအား ဘေးဒုက္ခမရောက်စေရန်အတွက် တိုးလျှိုးတောင်းပန်သည်။ ကပ်ဘေးဖြစ်ပေါ်လျှင်ပင် သားသမီးများ မသေစေရန်လည်းကောင်း၊ အန္တရာယ်မှ လွတ်မြောက်နိုင်ရန်လည်းကောင်း၊ မကောင်းမှုပြုသူများ၏ ထိခိုက်ခြင်းကို မခံရရန်လည်းကောင်း၊ ၎င်းတို့၏ ရောဂါသည် ပို၍ ဆိုးရွားမလာဘဲ သက်သာလာရန်လည်းကောင်း စသဖြင့် ဆုတောင်းသည်။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အတွက် ဆုတောင်းနေသနည်း။ (ဘုရားသခင် ၎င်းတို့သည် ဤဆုတောင်းချက်များဖြင့် စောဒကတက်သည့် အငွေ့အသက်ဖြင့် ဘုရားသခင်အား တောင်းဆိုနေခြင်းဖြစ်သည်။) တစ်ဖက်တွင် ၎င်းတို့သည် သားသမီးများ၏ အတိဒုက္ခနှင့်ပတ်သက်ပြီး အလွန်အမင်း ကျေနပ်မှုမရှိဘဲ ဘုရားသခင်သည် ၎င်းတို့သားသမီးများအပေါ် ဤသို့သောအရာများကို ဖြစ်ခွင့်မပြုသင့်ဟု စောဒကတက်နေခြင်းဖြစ်သည်။ ၎င်းတို့၏ မကျေနပ်မှုသည် စောဒကနှင့် ရောထွေးနေသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်အား သူ၏ စိတ်ကိုပြောင်းရန်၊ ၎င်းတို့သားသမီးများအား အန္တရာယ်မှ ကယ်ထုတ်ရန်၊ ဘေးကင်းလုံခြုံစေရန်၊ သားသမီးများ၏ ရောဂါကိုကုသရန်၊ တရားစွဲဆိုမှုမှ လွတ်မြောက်ရန်၊ ဘေးဒုက္ခဖြစ်ပေါ်သောအခါ ရှောင်ရန် စသည်တို့ကို တောင်းဆိုသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် အရာရာတိုင်းကို အဆင်ပြေချောမွေ့စေရန် တောင်းဆိုသည်။ ဤသို့ ဆုတောင်းခြင်းအားဖြင့် တစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်နေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်အား တောင်းဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ပုန်ကန်ခြင်းကို ပြသခြင်းမဟုတ်လော။ (ဟုတ်သည်။) ဘုရားသခင် လုပ်ဆောင်သည့်အရာသည် မမှန်ပေ၊ မကောင်းပေဟုလည်းကောင်း၊ သူသည် ဤသို့မလုပ်ဆောင်သင့်ဟုလည်းကောင်း လုံးဝဥဿုံပြောဆိုနေခြင်း ဖြစ်သည်။ ဤသူတို့မှာ ၎င်းတို့၏ သားသမီးများဖြစ်သောကြောင့်၊ ၎င်းတို့သည် ယုံကြည်သူများဖြစ်သောကြောင့် ဘုရားသခင်က ၎င်းတို့သားသမီးများအပေါ် ဤသို့ ဖြစ်ပျက်ခွင့်မပြုသင့်ဟု ၎င်းတို့က ထင်သည်။ ၎င်းတို့သားသမီးများသည် အခြားလူများနှင့်မတူ။ ၎င်းတို့သည် ဘုရားသခင်ထံမှ ဦးစားပေးကောင်းချီးကို ရရှိသင့်သည်။ ဘုရားသခင်အပေါ် ၎င်းတို့ ယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် ၎င်းတို့သားသမီးများကို ကောင်းချီးပေးသင့်သည်။ ကောင်းချီးမပေးလျှင် ၎င်းတို့သည် စိတ်သောကရောက်သည်။ ငိုသည်။ သောင်းကျန်းသည်။ ပြီးလျှင် ဘုရားသခင်နောက်သို့ မလိုက်လိုတော့ပေ။ ၎င်းတို့၏ကလေးက သေလျှင် ၎င်းတို့သည်လည်း ဆက်လက်၍ အသက်မရှင်နိုင်ဟု ခံစားရသည်။ ဤသည်မှာ ၎င်းတို့စိတ်တွင်ရှိသော ခံယူချက်ဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ဆန္ဒပြသည့် ပုံစံမဟုတ်လော။ (ဟုတ်သည်။) ဤဿည်မှာ ဘုရားသခင်အား ဆန့်ကျင်ဆန္ဒပြနေခြင်း ဖြစ်သည်။ ဤသည်မှာ အစာစားချိန်တွေ ကျွေးရန် တောင်းဆိုသော၊ အနည်းငယ်မျှပင် နှောင့်နှေးလျှင် သောင်းကျန်းသော ခွေးများကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ပါးစပ်ဖြင့် ဇလုံကို ဆွဲယူပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချသည်။ ဤသည်မှာ ကျိုးကြောင်းမသင့်ခြင်း မဖြစ်သလော။ (ဖြစ်သည်။) သင်သည် ခွေးများအား သုံးလေးရက်ဆက်တိုက် အသားကျွေးပြီး ရံဖန်ရံခါတွင် တစ်ရက်အသားမပါဘဲ ကျွေးလျှင် တိရိစာ္ဆန်ဒေါသစိတ်ဖြစ်သော ခွေးများသည် ၎င်းတို့အစာကို ကြမ်းပြင်ပေါ်သို့ ပစ်ချကောင်းပစ်ချနိုင်သည်၊ သို့မဟုတ် ပါးစပ်ဖြင့် ဇလုံကို ယူပြီး မြေပေါ်သို့ ရိုက်ချကာ ၎င်းတို့ကို အသားကျွေးစေလိုသည်ဟုလည်းကောင်း၊ အသားသည် ၎င်းတို့ကို ပေးသင့်သည့်အရာဟု ယုံကြည်သည်ကိုလည်းကောင်း၊ ၎င်းတို့အား အသားမပေးသည်မှာ လက်ခံနိုင်ဖွယ်မဟုတ်သည်ကိုလည်းကောင်း သင့်အား ပြောနိုင်သည်။ လူတို့သည်လည်း ဤနည်းတူ ကျိုးကြောင်းမသင့် လုပ်ဆောင်နိုင်သည်။ ၎င်းတို့၏ သားသမီးများက ပြဿနာများကို ရင်ဆိုင်ရသောအခါ ၎င်းတို့က ဘုရားသခင်ကို စောဒကတက်သည်။ တောင်းဆိုသည်။ ဆန္ဒပြသည်။ ဤသည်မှာ အနည်းနှင့်အများ တိရိစာ္ဆန်တို့၏ အပြုအမူမဟုတ်သလော။ (ဟုတ်သည်။) တိရိစာ္ဆန်များသည် သမ္မာတရားကို၊ သို့မဟုတ် လူတို့၏ အယူဝါဒဆိုသောအရာများနှင့် လူသားခံစားချက်များကို နားမလည်ပေ။ ၎င်းတို့က သောင်းကျန်းသောအခါ၊ သို့မဟုတ် ကောင်းစွာမပြုမူသောအခါ ယင်းသည် အတော်အတန် နားလည်နိုင်ဖွယ်ရာ ဖြစ်သည်။ သို့သော် လူတို့သည် ဤပုံစံဖြင့် ဘုရားသခင်အား ဆန္ဒပြသောအခါ ၎င်းတို့သည် ကျိုးကြောင်းသင့်သလော။ ၎င်းတို့သည် ခွင့်လွှတ်ခြင်းခံရနိုင်သလော။ တိရိစာ္ဆန်များက ဤသို့ ပြုမူလျှင် လူတို့က “ဤအကောင်လေးသည် အလွန်ဒေါသကြီးသည်။ မည်သို့ ဆန္ဒပြရမည်ကိုပင် သိသည်။ အလွန်ပါးနပ်သည်။ သူ့ကို လျှော့မတွက်သင့်ဟု ထင်သည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့က ရယ်စရာအဖြစ် မြင်သည်။ ဤတိရိစာ္ဆန်သည် ရိုးအခြင်းလုံးဝမရှိဟု ထင်သည်။ ထို့ကြောင့် တိရိစာ္ဆန်တစ်ကောင်က သောင်းကျန်းလျှင် လူတို့က အလေးထားသည်။ လူတစ်ယောက်က ဘုရားသခင်ကို ဆန္ဒပြလျှင် ဘုရားသခင်က ၎င်းတို့အပေါ် တူညီစွာသဘောထားပြီး “ဤအကောင်လေးသည် ဤသို့တောင်းဆိုသည်။ သူသည် ရိုးအခြင်းလုံးဝမရှိ” ဟု ဆိုသင့်သလော။ ဘုရားသခင်က သင့်အား ဤသို့ အလေးထားမည်လော။ (အလေးထားမည်မဟုတ်ပါ။) ဤသို့ဆိုလျှင် ဘုရားသခင်က ဤအပြုအမူကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဤသည်မှာ ပုန်ကန်ခြင်း မဟုတ်လော။ (ဟုတ်သည်။) ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဤအပြုအမူက မှားယွင်းသည်ကို မသိသလော။ “သခင့်အပေါ် လူတစ်ယောက်၏ ယုံကြည်မှုသည် တစ်မိသားစုလုံးကို ကောင်းချီးရစေသည်” ဆိုသည့် ခေတ်သည် ရှေးယခင်ကတည်းက ပြီးဆုံးသွားပြီမဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် လူတို့သည် အဘယ်ကြောင့် ဤသို့အစာရှောင်ဆုတောင်းကာ ၎င်းတို့သားသမီးများအား ကာကွယ်ပြီး ကောင်းချီးပေးရန် ဘုရားသခင်အား အရှက်မဲ့စွာ အသနားခံနေသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ဆန္ဒပြကာ ဖက်ပြိုင်ပြီး “ကိုယ်တော်သည် ဤသို့ မလုပ်ဆောင်လျှင် ကျွန်ုပ်သည် ဆက်လက်၍ ဆုတောင်းမည်။ အစာရှောင်မည်” ဟု ပြောရဲသနည်း။ အစာရှောင်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အဆာငတ်ခံ ဆန္ဒပြခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် အရှက်မဲ့စွာ ပြုမူလုပ်ဆောင်ပြီး အလွန်စိတ်ဆိုးခြင်းဖြစ်သည်။ လူတို့သည် အခြားလူများအပေါ် အရှက်မဲ့စွာ ပြုမူသောအခါ၌ ၎င်းတို့သည် ခြေထောက်ကို ဆောင့်ပြီး “အို ငါ၏ကလေးသည် မရှိတော့ပါ။ ငါ အသက်မရှင်ချင်တော့ပါ။ ငါဆက်လက်၍ မနေနိုင်တော့” ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် ဤသို့ မလုပ်ဆောင်ပေ။ ၎င်းတို့သည် အလွန်ပင်ကျနစွာ စကားပြောပြီး “ဘုရားသခင် ကျွန်ုပ်၏ ကလေးကိုကာကွယ်ပြီး သူ၏ရောဂါကို ကုသပေးဖို့ ကျွန်ုပ် အနူးအညွတ်တောင်းပန်ပါသည်။ ဘုရားသခင် ကိုယ်တော်သည် လူတို့ကိုကယ်တင်သည့် ကြီးမြတ်သော သမားတော်ဖြစ်သည်။ ကိုယ်တော်သည် အရာအားလုံးကို လုပ်ဆောင်နိုင်သည်။ ၎င်းတို့အား စောင့်ရှောက်ကွယ်ကာရန် ကျွန်ုပ် ကိုယ်တော်အား တိုးလျှိုးတောင်းပန်ပါသည်။ ကိုယ်တော်၏ဝိညာဉ်သည် နေရာတိုင်းတွင် ရှိပါသည်။ ကိုယ်တော်သည် ဖြောင့်မတ်ပါသည်။ ကိုယ်တော်သည် လူတို့အပေါ် သနားကြင်နာမှုပြသော ဘုရားသခင်ဖြစ်သည်။ ကိုယ်တော်သည် လူတို့အား ဂရုစိုက်ပြီး ချစ်မြတ်နိုးသည်” ဟု ပြောသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့ပြောသည့် မည်သည့်အရာမျှ မမှားပေ။ ဤသို့သောအရာများကို ပြောရန် သင့်တော်သောအချိန် မဟုတ်ခြင်းသာ ဖြစ်သည်။ သွယ်ဝိုက်ရည်ညွှန်းသည်မှာ ဘုရားသခင်သည် သင်၏ကလေးကို ကယ်တင်ပြီး ကာကွယ်ခြင်းမပြုလျှင်၊ သူသည် သင်၏ဆန္ဒများကို မဖြည့်ဆည်းလျှင် သူသည် ချစ်တတ်သော ဘုရားမဟုတ်၊ သူသည် ချစ်ခြင်းကင်းမဲ့သည်၊ သူသည် သနားကြင်နာတတ်သော ဘုရားမဟုတ်၊ သူသည် ဘုရားမဟုတ်ဟူ၍ဖြစ်သည်။ ဤသို့မဟုတ်လော။ ဤသည်မှာ အရှက်မဲ့စွာ လုပ်ဆောင်နေခြင်း မဟုတ်လော။ (ဟုတ်သည်။) အရှက်မဲ့စွာ လုပ်ဆောင်သောလူတို့သည် ဘုရားသခင်အား ကြီးမြတ်သူအဖြစ် ကြောက်ရွံ့သလော။ ၎င်းတို့တွင် ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ (မရှိပါ။) အရှက်မဲ့စွာ လုပ်ဆောင်သောသူတို့သည် လူယုတ်မာများကဲ့သို့ ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးကင်းမဲ့သည်။ ၎င်းတို့သည် ဘုရားသခင်အား ဖက်ပြိုင်ပြီး ဆန္ဒပြရဲသည်။ ကျိုးကြောင်းမသင့်သော ပုံစံဖြင့်ပင် ပြုမူလုပ်ဆောင်ရဲသည်။ ဤသည်မှာ သေခြင်းကို ရှာဖွေခြင်းနှင့် မတူညီသလော။ (တူညီသည်။) သင်၏ သားသမီးများသည် အဘယ်ကြောင့်အလွန်ထူးခြားသနည်း။ ဘုရားသခင်က အခြားလူတစ်ယောက်၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားသောအခါ၊ သို့မဟုတ် အုပ်စိုးသောအခါ ယင်းသည် သင်နှင့် လုံးဝ မသက်ဆိုင်သရွေ့ ကိစ္စမရှိဟု သင်ထင်သည်။ သို့သော် သူသည် သင့်သားသမီးများ၏ ကံကြမ္မာကို မအုပ်စိုးနိုင်သင့်ဟု သင်ထင်သည်။ ဘုရားသခင်၏ အမြင်တွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ အချု်ပအခြာအာဏာအောက်တွင်ရှိသည်။ မည်သူကမျှ ဘုရားသခင်၏ လက်နှင့် ပြင်ဆင်သော အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မလွတ်မြောက်နိုင်ပေ။ သင်၏ သားသမီးများက အဘယ်ကြောင့် ခြွင်းချက်ဖြစ်သင့်သနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဘုရားသခင်က စီမံပြီး စီစဉ်ဆောင်ရွက်သည်။ သင်က ယင်းကို ပြောင်းလဲလို၍ ရသလော။ (မရပါ။) မရပေ။ ထို့ကြောင့် လူတို့သည် မိုက်မဲသော၊ သို့မဟုတ် ကျိုးကြောင်းမသင့်သောအရာများကို မလုပ်ဆောင်ရပေ။ ဘုရားသခင်လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် ကြိုတင်သတ်မှတ်ထားသော အကြောင်းနှင့်အကျိုးတရားအပေါ်တွင် အခြေခံသည်။ ယင်းသည် သင်နှင့် မည်သို့သက်ဆိုင်သနည်း။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ခုခံလျှင် သင်သည် သေခြင်းကို ရှာဖွေနေခြင်း ဖြစ်သည်။ သင်သည် သင့်သားသမီးများအား ဤအရာများကို မတွေ့ကြုံစေလိုလျှင် ယင်းသည် စိတ်ခံစားချက်မှ အရင်းခံသည်။ တရားမျှတမှု၊ ညှာတာမှု၊ သို့မဟုတ် ကြင်နာမှုမှ အရင်းခံခြင်း မဟုတ်။ ယင်းသည် စိတ်ခံစားချက်ဆိုင်ရာ သက်ရောက်မှုတစ်ခု၏ ရလဒ်မျှသာ ဖြစ်သည်။ စိတ်ခံစားချက်သည် တစ်ကိုယ်ကောင်းဆန်ခြင်း၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ သင့်တွင်ရှိသော စိတ်ခံစားချက်သည် ထုတ်ဖော်ပြသရန် မထိုက်တန်ပေ။ သင်သည် သင့်ကိုယ်သင်ပင် မှန်ကန်ကြောင်းမပြနိုင်ပေ။ သို့တိုင်အောင် သင်သည် ဘုရားသခင်ကို အကျပ်ကိုင်ရန် ယင်းကို အသုံးပြုလိုဆဲဖြစ်သည်။ လူအချို့က “ငါ၏ကလေးသည် နေမကောင်းပါ။ သူသေလျှင် ငါ ဆက်လက်၍ အသက်ရှင်မည်မဟုတ်” ဟုပင် ဆိုသည်။ သင်သည် အမှန်ပင် သေရဲသလော။ ဤသို့ဆိုလျှင် သေကြည့်လော့။ ဤသို့သောလူတို့၏ ယုံကြည်ခြင်းသည် စစ်မှန်သလော။ သင်၏ကလေးသေဆုံးလျှင် သင်သည် အမှန်ပင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို ရပ်တန့်မည်လော။ သူ၏ သေခြင်းသည် မည်သည့်အရာကို ပြောင်းလဲနိုင်ခြေရှိသနည်း။ သင်သည် ဘုရားသခင်ကို မယုံကြည်လျှင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းနှစ်ခုလုံး ပြောင်းလဲမည်မဟုတ်ပေ။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ဆဲဖြစ်သည်။ သင်က သူ့ကို ယုံကြည်သောကြောင့် သူသည် ဘုရားသခင်ဖြစ်ခြင်းမဟုတ်သကဲ့သို့ သင်၏ မယုံကြည်မှုကြောင့် ဘုရားဖြစ်ခြင်းမှ ရပ်တန့်မသွားပေ။ လူသားမျိုးနွယ်အားလုံးက ဘုရားသခင်ကို မယုံကြည်လျှင်ပင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရက မပြောင်းမလဲဘဲ ကျန်ရှိနေဦးမည်။ သူ၏ အဆင့်အတန်းသည် မပြောင်းမလဲဘဲ ကျန်ရှိနေမည်။ သူသည် အစဉ်သဖြင့် လူသားမျိုးနွယ်အားလုံး ၏ ကံကြမ္မာနှင့် စကြဝဠာလောကအပေါ် အချုပ်အခြာအာဏာရှိသူ ဖြစ်လိမ့်မည်။ ဤသည်၎င်းမှာ သင်ယုံကြည်သည်၊ မယုံကြည်သည်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင် ယုံကြည်လျှင် သင်သည် မျက်နှာသာရလိမ့်မည်။ သင် မယုံကြည်လျှင် ကယ်တင်ခြင်းအတွက် အခွင့်အလမ်းရှိမည်မဟုတ်။ ယင်းကို သင်ရရှိမည်မဟုတ်။ သင်သည် သင့်သားသမီးများအား ချစ်ပြီး ကာကွယ်သည်။ သင့်တွင် သင့်သားသမီးများအပေါ် ခံစားချက်များရှိသည်။ ၎င်းတို့ကို သင်လက်မလွှတ်နိုင်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်အား မည်သည့်အရာကိုမျှ လုပ်ဆောင်ခွင့်မပြု။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ သမ္မာတရားနှင့်၊ ကိုယ်ကျင့်တရားနှင့်၊ သို့မဟုတ် လူ့သဘာဝနှင့် ညီသလော။ ယင်းသည် မည်သည့်အရာနှင့်မျှ မညီပေ။ ကိုယ့်ကျင့်တရားနှင့်ပင် မညီပေ။ ဤသို့ မဟုတ်သလော။ သင်သည် သင့်သားသမီးများကို ချစ်မြတ်နိုးနေခြင်း မဟုတ်။ ၎င်းတို့ကို ကာကွယ်ပေးနေခြင်းဖြစ်သည်။ သင်သည် သင်၏ခံစားချက်များ၏ လွှမ်းမိုးမှုအောက်တွင်ရှိနေသည်။ သင်၏ကလေးသေလျှင် သင်သည် ဆက်လက်၍ အသက်ရှင်မည်မဟုတ်ဟုပင် သင်ပြောသည်။ သင်သည် သင်၏ကိုယ်ပိုင်ဘဝအပေါ် အလွန်ပင် တာဝန်မသိတတ်ဘဲ ဘုရားသခင်က သင့်အားပေးသည့် ဘဝကို မမြတ်နိုးသည့်အတွက်၊ သင်သည် သင့်သားသမီးများအတွက် အသက်ရှင်လိုလျှင် သွား၍ ၎င်းတို့နှင့်အတူ သေလော့။ ၎င်းတို့သည် မည်သည့်ရောဂါကို ရရှိသည်ဖြစ်စေ သင်သည် တူညီသောရောဂါ လျင်မြန်စွာ ကူးစက်ခံရပြီး အတူတကွ သေသင့်သည်၊ သို့မဟုတ် သင့်ကိုယ်သင် ကြိုးဆွဲချရန်သာ ကြိုးတစ်ချောင်းရှာလော့။ ဤသည်မှာ လွယ်ကူမည်မဟုတ်လော။ သင်သေပြီးနောက်တွင် သင်နှင့် သင့်သားသမီးများသည် တူညီသော အမျိုးအစား ဖြစ်မည်လော။ သင်တို့တွင် တူညီသောရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေး ရှိဦးမည်လော။ တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်ရှိဦးမည်လော။ အခြားကမ္ဘာသို့ သင်ပြန်လာသောအခါ သင်သည် ပြောင်းလဲလိမ့်မည်။ ဤသို့ ဖြစ်မည်မဟုတ်လော။ (ဟုတ်သည်။) လူတို့သည် အမှုအရာများကို ၎င်းတို့၏ မျက်လုံးဖြင့် ကြည့်ပြီး ထိုအရာများသည် ကောင်းသည်၊ ဆိုးသည်ကို၊ သို့မဟုတ် ထိုအရာများ၏ သဘာဝကို အကဲဖြတ်သောအခါတွင် မည်သည့်အရာကို ၎င်းတို့ အမှီပြုသနည်း။ ၎င်းတို့၏ အတွေးများကို အမှီပြုသည်။ အမှုအရာများကို ၎င်းတို့၏ မျက်လုံးဖြင့် ကြည့်ခြင်းသက်သက်ဖြင့် ၎င်းတို့သည် ရုပ်ဝတ္ထုလောကကို ကျော်လွန်ပြီး မမြင်နိုင်ပေ။ ဝိညာဉ်လောကကို ၎င်းတို့ မမြင်နိုင်ပေ။ လူတို့သည် ၎င်းတို့၏စိတ်တွင် မည်သို့ စဉ်းစားမည်နည်း။ “ဤလောကတွင် ငါ့ကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့သောလူများသည် ငါနှင့် အရင်းနှီးဆုံး၊ အချစ်ခင်ဆုံး ဖြစ်သည်။ ငါ့အားမွေးဖွားပြီး ပျိုးထောင်ပေးခဲ့သောသူတို့ကိုလည်း ငါချစ်သည်။ မည်သည့်အချိန်ဖြစ်စေ ငါ၏ကလေးသည် အစဉ်သဖြင့် ငါနှင့် အနီးကပ်ဆုံးဖြစ်သည်။ ငါ၏ ကလေးကို အစဉ်အမြတ်နိုးဆုံး ဖြစ်သည်။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ မြင်ကွင်းနှင့် သိမှု အတိုင်းအတာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ မြင်ကွင်းသည် မည်မျှ “ကျယ်ပြန့်” သည်ဆိုသည့်အရာ ဖြစ်သည်။ ဤသို့ပြောသည်မှာ မိုက်မဲသလော၊ မမိုက်မဲသလော။ (မိုက်မဲသည်။) ယင်းသည် ကလေးမဆန်သလော။ (ကလေးဆန်သည်။) အလွန်ကလေးဆန်သည်။ သင်၏သားသမီးများသည် ဤဘဝတွင် သင်နှင့် အသွေးအသားခြင်းသာ တော်စပ်သည်။ ၎င်းတို့၏ ယခင်ကဘဝဆိုလျှင် အဘယ်နည်း။ ၎င်းတို့သည် သင်နှင့် မည်သို့ တော်စပ်သနည်း။ ၎င်းတို့သေဆုံးပြီးနောက်တွင် မည်သည့်နေရာသို့ သွားမည်နည်း။ ၎င်းတို့ သေသည်နှင့် ၎င်းတို့၏ ကိုယ်ခန္ဓာသည် နောက်ဆုံးတစ်ခေါက် အသက်ရှူပြီး ၎င်းတို့၏ ဝိညာဉ်က ထွက်ခွာသည်။ ၎င်းတို့သည် သင့်အား လုံးဝ နှုတ်ဆက်ခဲ့သည်။ ၎င်းတို့သည် သင့်အား မှတ်မိမည်မဟုတ်တော့။ ၎င်းတို့သည် တစ်စက္ကန့်မျှပင် နေမည်မဟုတ်။ အခြားကမ္ဘာသို့သာ ပြန်သွားလိမ့်မည်။ အခြားကမ္ဘာသို့ ၎င်းတို့ ပြန်သွားသောအခါ သင်သည် ငိုသည်။ ၎င်းတို့ကို သင်သတိရသည်။ ပြီးလျှင် စိတ်ဆင်းရဲပြီး စိတ်ဒုက္ခရောက်ကာ “အို ငါ၏ကလေးသည် မရှိတော့ပေ။ ငါသည် သူ့ကို မည်သည့်အခါမျှ နောက်တစ်ဖန် မြင်နိုင်မည်မဟုတ်” ဟု ဆိုသည်။ သေသူသည် အသိတစ်ခုခုရှိသလော။ သူသည် သင့်အပေါ် သိမြင်မှုမရှိ။ သင့်အား အနည်းငယ်မျှပင် သတိရခြင်းမရှိ။ သူသည် သူ၏ ကိုယ်ခန္ဓာမှ ထွက်ခွာသည်နှင့် ရုတ်ခြည်းပင် တတိယလူဖြစ်သွားသည်။ သူသည် သင်နှင့် ဆက်ဆံရေးမရှိတော့ပေ။ သူသည် သင့်အား မည်သို့ရှုမြင်သနည်း။ သူသည် “ထိုအဘွားအို၊ ထိုအဘိုးအိုသည် မည်သူအတွက် ငိုနေသနည်း။ အို၊ ၎င်းတို့သည် ကိုယ်ခန္ဓာတစ်ခုအတွက် ငိုနေသည်။ ငါသည် ထိုခန္ဓာမှ ယခုပင် ထွက်ခွာခဲ့သကဲ့သို့ ခံစားရသည်။ ငါသည် ယခုတွင် အလွန်လေးလံခြင်းမရှိ။ ဖျားနာခြင်းဝေဒနာမရှိတော့ပေ။ ငါသည် လွတ်လပ်သည်” ဟု ဆိုသည်။ ဤသည်မှာ သူ ခံစားရသည့်အရာ ဖြစ်သည်။ သူ သေဆုံးပြီး သူ၏ ကိုယ်ခန္ဓာမှ ထွက်ခွာပြီးနောက်တွင် သူသည် အခြားသောကမ္ဘာတွင် ဆက်လက်၍ ဖြစ်တည်ကာ မတူညီသောပုံစံတစ်ခုဖြင့် ဖြစ်ပေါ်သည်။ သူသည် သင်နှင့် မည်သည့်ဆက်ဆံရေးမျှ မရှိတော့ပေ။ သင်သည် ဤနေရာတွင် သူ့အတွက် ငိုပြီး တောင့်တသည်။ သူ့အတွက် ဒုက္ခခံသည်။ သို့သော် သူက မည်သည့်အရာကိုမျှ မခံစားရ။ မည်သည့်အရာကိုမျှ မသိ။ နှစ်များစွာကြာပြီးနောက်တွင် ကံ၊ သို့မဟုတ် တိုက်ဆိုင်မှုကြောင့် သူသည် သင်၏ လု်ပဖော်ကိုင်ဘက်၊ သို့မဟုတ် သင်၏ အဖော် တစ်ရွာတည်းသား ဖြစ်နိုင်သည်။ သို့မဟုတ် သူသည် သင်နှင့် အလွန်ဝေးကွာစွာ နေထိုင်နိုင်သည်။ သင်တို့သည် တူညီသောကမ္ဘာတွင် အသက်ရှင်သော်လည်း သင်တို့သည် သင်တို့၏ကြားတွင် မည်သည့်ဆက်စပ်မှုမျှမရှိသည့် မတူညီသောလူနှစ်ဦးဖြစ်လိမ့်မည်။ အထူးအခြေအနေများကြောင့်၊ သို့မဟုတ် ထူးခြားသည့်အရာတစ်ခုခုကို ပြောသောကြောင့် သူသည် ယခင်ဘဝက မည်သူဖြစ်သည်ဆိုသည်ကို လူအချို့က သိမြင်နိုင်လျှင်ပင် သူသည် သင့်ကိုမြင်သောအခါ၌ မည်သည့်အရာကိုမျှ မခံစားရပေ။ သင်က ထိုသူကို မြင်သောအခါတွင်လည်း မည်သည့်အရာမျှ မခံစားရပေ။ သူသည် ယခင်ဘဝက သင်၏ကလေးဖြစ်လျှင်ပင် ယခုတွင် သင်သည် သူ့အတွက် မည်သည့်အရာကိုမျှ မခံစားရပေ။ သင်၏ ကွယ်လွန်သွားသောကလေးကိုသာ သင်စဉ်းစားသည်။ သူသည်လည်း သင့်အတွက် မည်သည့်အရာကိုမျှ မခံစားရပေ။ သူ့တွင် သူကိုယ်တိုင်၏ မိဘများရှိသည်။ ကိုယ်ပိုင်မိသားစုရှိသည်။ မတူညီသော မျိုးရိုးနာမည်ရှိသည်။ ၎င်းတို့သည် သင်နှင့် တော်စပ်မှုမရှိ။ သို့သော် သင်သည် ထိုနေရာတွင် ထိုသူကို သတိရနေဆဲဖြစ်သည်။ မည်သည့်အရာကို သင်သတိရနေသနည်း။ သင်သည် တစ်ချိန်က သင်နှင့်သွေးသားတော်စပ်ခဲ့သည့် ရုပ်ခန္ဓာနှင့် အမည်ကိုသာ သတိရနေခြင်းဖြစ်သည်။ ယင်းသည် ပုံရိပ်တစ်ခု၊ သင်၏အတွေး၊ စိတ်တွင် ရစ်ဝဲနေသော အရိပ်တစ်ခုသာ ဖြစ်သည်။ ယင်းတွင် အမှန်တကယ် တန်ဖိုးမရှိပေ။ သူသည် တစ်ဖန်ပြန်လည်ဝင်စားပြီး ဖြစ်သည်။ လူသား၊ သို့မဟုတ် အခြားသောသက်ရှိသတ္တဝါတစ်ခုခုအဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်။ သူသည် သင်နှင့် တော်စပ်ခြင်းမရှိ။ ထို့ကြောင့် အချို့မိဘများက “ငါ၏ ကလေးသေလျှင် ငါသည်လည်း ဆက်လက်၍ အသက်ရှင်မည်မဟုတ်” ဟု ဆိုသောအခါ၌ ယင်းသည် မသိနားမလည်မှုသက်သက်သာ ဖြစ်သည်။ သူ၏ ဘဝသက်တမ်းသည် အဆုံးသို့ ရောက်ရှိခဲ့သည်။ သို့သော် သင်က အဘယ်ကြောင့် အသက်ရှင်ခြင်းကို ရပ်တန့်သင့်သနည်း။ သင်သည် အဘယ်ကြောင့် အလွန်ပင် မသိတတ်စွာ ပြောဆိုသနည်း။ သူ၏ ဘဝသက်တမ်းသည် အဆုံးသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က သူ၏ ကြိုးကို ဖြတ်ခဲ့ပြီးဖြစ်ကာ သူ့တွင် အခြားတာဝန်တစ်ခုရှိသည်။ ယင်းသည် သင့်တာဝန်နှင့် မည်သို့သက်ဆိုင်သနည်း။ သင့်တွင် အခြားတာဝန်တစ်ခုရှိလျှင် ဘုရားသခင်၏ သင်၏ ကြိုးကိုလည်း ဖြတ်လိမ့်မည်။ သို့သော် သင့်တွင်မရှိသေးသောကြောင့် သင်သည် ဆက်လက်၍ အသက်ရှင်ရမည်။ ဘုရားသခင်က သင့်အား အသက်ရှင်စေလိုလျှင် သင်မသေနိုင်ပေ။ လူတို့သည် မိမိတို့၏ မိဘများ၊ သားသမီးများ၊ သို့မဟုတ် မိမိတို့၏ဘဝတွင် သွေးသားတော်စပ်သည့် အခြားသောဆွေမျိုး၊ သို့မဟုတ် လူများနှင့်ပတ်သက်သည်ဖြစ်စေ ခံစားချက်များနှင့် သက်ဆိုင်သောအခါတွင် အောက်ပါအမြင်နှင့် နားလည်မှုရှိသင့်သည်။ လူတို့ကြားတွင် တည်ရှိသော ခံစားချက်များနှင့် ပတ်သက်ပြီး ၎င်းတို့သည် သွေးသားတော်စပ်မှုရှိလျှင် မိမိတာဝန်အား ထမ်းဆောင်ခြင်းက လုံလောက်သည်။ မိမိတာဝန်ကို ထမ်းဆောင်ခြင်းမှ လွဲပြီး လူတို့၌ မည်သည့်အရာကိုမျှ ပြောင်းလဲရန် ဝတ္တရားမရှိသကဲ့သို့ စွမ်းရည်လည်း မရှိပေ။ ထို့ကြောင့် မိဘများအနေဖြင့် “ငါတို့၏ သားသမီးများမရှိတော့လျှင် မိဘများအဖြစ် ငါတို့သည် ငါတို့ကိုယ်တိုင်၏ သားသမီးများကို မြေမြုပ်ရမည်ဆိုလျှင် ငါတို့သည် ဆက်လက်၍ အသက်ရှင်မည်မဟုတ်ဟု ဆိုခြင်းသည်” မသိတတ်ခြင်း ဖြစ်သည်။ သားသမီးများကို အမှန်ပင် မိဘများက မြေမြုပ်လျှင် ဤကမ္ဘာတွင်ရှိသော ၎င်းတို့၏အချိန်သည် အလွန်ကြာရှည်ခြင်းသာ ရှိခဲ့ပြီး ၎င်းတို့သည် သွားရတော့မည်ဖြစ်သည်ဟုသာ ဆိုနိုင်သည်။ သို့သော် ၎င်းတို့မိဘများသည် ဤနေရာတွင်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဆက်လက်၍ ကောင်းစွာ အသက်ရှင်သင့်သည်။ ၎င်းတို့၏ လူ့သဘာဝအရ လူတို့အနေဖြင့် သားသမီးများအကြောင်းတွေးသည်မှာ သာမန်ဖြစ်သည်မှာ မှန်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၌ ကျန်ရှိသောအချိန်ကို ၎င်းတို့၏ ကွယ်လွန်သွားသော သားသမီးများအား သတိရလျက် မဖြုန်းတီးသင့်ပေ။ ဤသည်မှာ မိုက်မဲသည်။ ထို့ကြောင့် ဤအမှုကိစ္စကို ကိုင်တွယ်သောအခါတွင် တစ်ဖက်၌ လူတို့သည် မိမိကိုယ်ပိုင်ဘဝအတွက် တာဝန်ယူသင့်သည်။ အခြားတစ်ဖက်၌ ၎င်းတို့သည် မိသားစုဆက်နွှယ်မှုများကို အပြည့်အဝ နားလည်သဘောပေါက်သင့်သည်။ လူတို့ကြားတွင် အမှန်တကယ် တည်ရှိသော ဆက်နွှယ်မှုသည် အသွေးအသားချည်နှောင်မှုများအပေါ် အခြေခံခြင်းမဟုတ်ဘဲ ဘုရားသခင် ဖန်ဆင်းသည့် သက်ရှိတစ်ဦးနှင့် အခြားသက်ရှိတစ်ဦးကြား ဆက်နွှယ်မှု ဖြစ်သည်။ ဤဆက်နွှယ်မှုမျိုးသည် အသွေးအသားချည်နှောင်မှုမရှိပေ။ အမှီအခိုကင်းသော သက်ရှိနှစ်ဦးကြားတွင်သာ ရှိသည်။ သင်သည် ဤရှုထောင့်မှ စဉ်းစားလျှင် မိဘများအနေဖြင့် သင့်သားသမီးများက ကံမကောင်းဘဲ ဖျားနာသောအခါ၊ သို့မဟုတ် ၎င်းတို့၏ဘဝ၌ အန္တရာယ်ကျရောက်သောအခါ သင်သည် ဤအမှုကိစ္စများကို မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင်သည် သင့်သားသမီးများ၏ ကံဆိုးမှုကြောင့်၊ သို့မဟုတ် ကွယ်လွန်ခြင်းကြောင့် သင့်တွင် ကျန်ရှိသောအချိန်ကိုလည်းကောင်း၊ သင်လျှောက်သင့်သည့်လမ်းကြောင်းကိုလည်းကောင်း၊ သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများကိုလည်းကောင်း မစွန့်လွှတ်သင့်ပေ။ သင်သည် ဤအမှုကိစ္စကို မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင့်တွင် မှန်ကန်သော အတွေးအမြင်များရှိပြီး ဤအရာများကို သိမြင်နိုင်လျှင် သင်သည် စိတ်ပျက်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ တောင့်တခြင်းတို့အား လျင်မြန်စွာ ကျော်လွှားနိုင်လိမ့်မည်။ သို့သော် သင်သည် ယင်းတို့ကို မသိမြင်နိုင်လျှင် အဘယ်သို့ ဖြစ်မည်နည်း။ ဤသို့ဆိုလျှင် သင်သေသည့်နေ့ရက်အထိ သင်၏ ကျန်သည့်ဘဝတစ်လျှောက်လုံးတွင် သင့်အား ခြောက်လှန့်နေနိုင်သည်။ သို့ရာတွင် ဤအခြေအနေကို သင်သိမြင်နိုင်လျှင် သင့်ဘဝ၏ ဤအချိန်ကာလ၌ အကန့်အသတ်ရှိလိမ့်မည်။ ယင်းသည် ထာဝရဖြစ်နေမည်မဟုတ်သကဲ့သို့ သင့်ဘဝ၏ နောက်ပိုင်းကာလများ၌ သင့်အား အဖော်ပြုနေမည်မဟုတ်ပေ။ သင်သည် ဤအရာကို သိမြင်နိုင်လျှင် ယင်း၏ တစ်စိတ်တစ်ပိုင်းကို သင်လက်လွှတ်နိုင်သည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာ ဖြစ်သည်။ သို့သော် သင့်သားသမီးများနှင့် မျှဝေသော မိသားစု ချည်နှောင်မှုများကို သင်မမြင်နိုင်လျှင် သင်သည် လက်လွှတ်နိုင်မည်မဟုတ်။ ဤသည်မှာ သင့်အတွက် ကိုယ်စိတ်ဆင်းရဲသော အမှုကိစ္စတစ်ခု ဖြစ်လိမ့်မည်။ မည်သည့်မိဘကမျှ သားသမီးများ ကွယ်လွန်သောအခါ စိတ်ခံစားချက်မရှိခြင်း မရှိပေ။ မည်သည့်မိဘမဆိုက သားသမီးများအား မြေမြုပ်ရသည့် အတွေ့အကြုံရှိသောအခါ၊ သို့မဟုတ် သားသမီးများက ကံမကောင်းသည့်အခြေအနေ၌ ရှိနေသည်ကို မျက်မြင် မြင်တွေ့ရသောအခါ ၎င်းတို့သည် သားသမီးများအကြောင်းတွေးလျက်၊ စိတ်ပူလျက်ဖြင့် ၎င်းတို့၏ ကျန်သည့်ဘဝတစ်လျှောက်လုံးကို ကုန်ဆုံးမည်ဖြစ်ပြီး ခံစားမှုဝေဒနာထဲတွင် ပိတ်မိနေလိမ့်မည်။ မည်သူကမျှ ဤအရာမှ မလွတ်မြောက်နိုင်ပေ။ ယင်းသည် ဝိညာဉ်ပေါ်ရှိ အမာရွတ်နှင့် ဖျက်၍မရနိုင်သော အမှတ်အသား တစ်ခု ဖြစ်သည်။ လူတို့အနေဖြင့် အသွေးအသားနှင့် အသက်ရှင်စဉ်တွင် ဤစိတ်ခံစားချက်ဆိုင်ရာ တွယ်တာမှုကို လက်လွှတ်ရန် မလွယ်ကူပေ။ ထို့ကြောင့် ၎င်းတို့သည် ဤအတွက် ဒုက္ခခံရသည်။ သို့ရာတွင် သင်သည် သင့်သားသမီးများနှင့် ဤစိတ်ခံစားချက်ဆိုင်ရာ တွယ်တာမှုကို သိမြင်နိုင်လျှင် အလွန်ပင် သက်သာသွားလိမ့်မည်။ သင်သည် အတော်အတန်ပင်နည်းပါးသော အတိုင်းအတာကို ခံစားရမည်မှာ မှန်သည်။ လုံးဝ မခံစားရရန် မဖြစ်နိုင်ပေ။ သို့သော် သင်၏ ဒုက္ခခံစားမှုသည် လွန်စွာ လျော့ပါးလိမ့်မည်။ သင်သည် ဤအရာကို မသိမြင်နိုင်လျှင် ဤအမှုကိစ္စသည် သင့်အတွက် ကိုယ်စိတ်ဆင်းရဲစေလိမ့်မည်။ သိမြင်နိုင်လျှင် ယင်းသည် ပြင်းထန်သော စိတ်ခံစားချက်ဆိုင်ရာ စိတ်ဒဏ်ရာကို ဖြစ်စေသည့် ထူးခြားသောအတွေ့အကြုံတစ်ခု ဖြစ်မည်ဖြစ်ပြီး သင့်အား ဘဝ၊ မိသားစုအနှောင်အဖွဲ့နှင့် လူ့သဘာဝတို့အပေါ် ပို၍ လေးနက်သော တန်ဖိုးထားမှု၊ နားလည်မှုကို ပေးလိမ့်မည်။ သင်၏ဘဝအတွေ့အကြုံကို တန်ဖိုးတက်စေလိမ့်မည်။ ဤကဲ့သို့သော တန်ဖိုးတက်မှုမျိုးသည် မည်သူကမျှ မပိုင်ဆိုင်လိုသော၊ သို့မဟုတ် မတွေ့ကြုံလိုသောအရာတစ်ခုဖြစ်သည်မှာ မှန်သည်။ မည်သူကမျှ မရင်ဆိုင်လိုပေ။ သို့သော် ဤအမှုကိစ္စဖြစ်ပေါ်လာလျှင် သင်သည် ယင်းကို မှန်ကန်စွာ ကိုင်တွယ်ဖို့လိုသည်။ သင့်ကိုယ်သင် ကိုယ်စိတ်ဆင်းရဲစေခြင်းကို ရှောင်ရန်အတွက် သင်၏ ယခင်က ထားရှိသော ရိုးရာဓလေ့ဖြစ်သော၊ ပုပ်ဆွေးနေသော၊ မှားယွင်းသောအတွေးအမြင်များကို လက်လွှတ်သင့်သည်။ သင်၏ စိတ်ခံစားချက်ဆိုင်ရာ၊ သွေးသား အနှောင်အဖွဲ့များကို မှန်သောနည်းလမ်းဖြင့် ရင်ဆိုင်သင့်ပြီး သင့်သားသမီးများ ကွယ်လွန်ခြင်းကို မှန်ကန်စွာ ရှုမြင်သင့်သည်။ သင်သည် ဤအရာကို အမှန်တကယ် သဘောပေါက်သည်နှင့် သင်သည် အပြည့်အဝ လက်လွှတ်နိုင်မည်ဖြစ်ပြီး ဤအမှုကိစ္စသည် သင့်အား ညှဉ်းပန်းတော့မည်မဟုတ်ပေ။ ငါပြောသည်ကို နားလည်သည်မဟုတ်လော။ (နားလည်ပါသည်။)
လူအချို့က “သားသမီးများသည် ဘုရားသခင်က မိဘတို့အားပေးသော တန်ဖိုးရှိသောအရာများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိဘတို့၏ ကိုယ်ပိုင်ပစ္စည်းနှင့် ညီမျှသည်” ဟု ဆိုကြသည်။ ဤပြောဆိုချက်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အချို့မိဘများက ဤအရာကို ကြားပြီးနောက်တွင် “ဤသည်မှာ မှန်ကန်သော ပြောဆိုချက်ဖြစ်သည်။ အခြားမည်သည့်အရာကိုမျှ ငါတို့ မပိုင်ပါ။ ငါတို့ကိုယ်တိုင်၏ အသွေးအသားဖြစ်သော ငါတို့၏ သားသမီးများကိုသာ ပိုင်သည်။ ၎င်းတို့သည် ငါတို့၏ အမြတ်နိုးဆုံးသောအရာများ ဖြစ်သည်” ဟု ဆိုကြသည်။ ဤပြောဆိုချက်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းတွင် မည်သည့်အရာက မမှန်ကန်သနည်း။ ကျေးဇူးပြု၍ သင်တို့၏ အကြောင်းပြချက်ကို ရှင်းလင်းလော့။ သားသမီးများအား မိမိ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားရန် သင့်လျော်သလော။ (မသင့်လျော်ပါ။) အဘယ်ကြောင့် မသင့်လျော်သနည်း။ (အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်ပစ္စည်းသည် မိမိသာ ပိုင်ဆိုင်ပြီး အခြားသူများ မပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် သားသမီးများနှင့်မိဘများကြားရှိ ဆက်ဆံရေးသည် ဇာတိပကတိဆက်ဆံရေးထက် မပိုပါ။ လူသားဘဝသည် ဘုရားသခင်ထံမှလာသည်။ ယင်းသည် ဘုရားသခင်ကပေးသည့် ဇီဝအသက်ဖြစ်သည်။ တစ်စုံတစ်ယောက်က မိမိသည် မိမိ၏သားသမီးများအား အသက်ကိုပေးသည်ဟု ယုံကြည်လျှင် သူ၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်သည် မမှန်ကန်ပါ။ ပြီးလျှင် သူသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစည်ကိုလည်း လုံးဝ မယုံကြည်ပါ။) ဤသို့ မဟုတ်သလော။ ဘုရားသခင်၏ အမြင်တွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးမှလွဲ၍ သားသမီးများနှင့်မိဘများ၏ ဘဝသည် တသီးတခြားဖြစ်သည်။ ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ခြင်းမရှိသကဲ့သို့ ကြီးစဉ်ငယ်လိုက်ဆက်ဆံရေးလည်းမရှိပေ။ ၎င်းတို့သည် အသေအချာပင် ပိုင်ဆိုင်သည့်၊ သို့မဟုတ် ပိုင်ဆိုင်ခြင်းခံရသည့် ဆက်ဆံရေးမရှိပေ။ ၎င်းတို့၏ အသက်သည် ဘုရားသခင်ထံမှလာသည်။ ဘုရားသခင်သည် ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်။ သားသမီးများက မိဘများထံမှ မွေးဖွားခြင်း၊ မိဘများသည် သားသမီးများထက်ပို၍ အသက်ကြီးခြင်း၊ သားသမီးများသည် မိဘများထက်ပို၍ အသက်ငယ်ခြင်းသာ ဖြစ်သည်။ သို့တိုင်အောင် ဤဆက်နွှယ်မှု၊ ဤအပေါ်ယံဆန်သော ဖြစ်ရပ်ကို အခြေခံပြီး လူတို့သည် သားသမီးများက မိဘများ၏ အသုံးအဆောင်များ၊ ကိုယ်ပိုင်ပစ္စည်းများဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အမှုအရာကို ယင်း၏ အရင်းအမြစ်မှနေ၍ ကြည့်ခြင်း မဟုတ်ဘဲ အပေါ်ယံအဆင့်၊ ဇာတိပကတိ၊ မိမိ၏ချစ်ခင်မှုတို့ကိုသာ အခြေခံပြီး စဉ်းစားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤသို့သော စဉ်းစားသည့်ပုံစံကိုယ်၌က မှားယွင်းပြီး ဤအမြင်ရှုထောင့်သည် မှားယွင်းသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) သားသမီးများသည် မိဘများ၏ အသုံးအဆောင်များ၊ သို့မဟုတ် ကိုယ်ပိုင်ပစ္စည်းများမဟုတ်ဘဲ တသီးတခြားဖြစ်သောလူများဖြစ်သည့်အတွက် သားသမီးများ အရွယ်ရောက်ပြီးနောက်တွင် မိဘများက သားသမီးများအပေါ် မည်သည့်မျှော်မှန်းချက်ပုံစံများရှိပါစေ ဤမျှော်မှန်းချက်များသည် ၎င်းတို့စိတ်ထဲရှိ အယူအဆများအဖြစ်သာ ကျန်ရှိနေရမည်။ လက်တွေ့အရှိတရားဖြစ်လာ၍ မရပေ။ ပင်ကိုအားဖြင့် မိဘများသည် အရွယ်ရောက်သောသားသမီးများအပေါ် မျှော်မှန်းချက်များရှိလျှင်ပင် ယင်းတို့ကို အကောင်အထည်ဖော်ရန် မကြိုးစားသင့်သကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်ကတိများကို ဖြည့်ဆည်းရန်၊ သို့မဟုတ် အနစ်နာခံမှုတစ်ခုခုကို ပြုလုပ်ရန်၊ သို့မဟုတ် သားသမီးများအတွက် အဖိုးအခတစ်ခုခုပေးဆပ်ရန်အတွက် ယင်းတို့ကို အသုံးမပြုသင့်ပေ။ ဤသို့ဆိုလျှင် မိဘများသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အရွယ်ရောက်သော သားသမီးများက အမှီအခိုကင်းသောဘဝနှင့် ရှင်သန်နိုင်စွမ်းကို ရယူပြီးနောက်တွင် မိဘများသည် လက်လွှတ်ရန် ရွေးချယ်သင့်သည်။ လက်လွှတ်ခြင်းသည် သားသမီးများအား လေးစားမှုပြသ၍ သားသမီးများအတွက် တာဝန်ယူရန် တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်းဖြစ်သည်။ သားသမီးများအား အစဉ် အုပ်စိုးခြင်း၊ ထိန်းချုပ်ခြင်း၊ သို့မဟုတ် သားသမီးများ၏ဘဝနှင့် အသက်ရှင်သန်မှုတွင် ကြားဝင်စွက်ဖက်ခြင်း၊ ပါဝင်လုပ်ဆောင်ခြင်းတို့သည် မိဘများ၏ အပိုင်းတွင်ရှိသော မသိနားမလည်သည့်၊ အသိတရားမရှိသည့် အပြုအမူဖြစ်သည်။ ယင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ ကလေးဆန်သော နည်းလမ်းဖြစ်သည်။ မိဘများက သားသမီးများအပေါ် ထားရှိသည့် မျှော်မှန်းချက်များသည် မည်မျှမြင့်မားနိုင်ပါစေ ယင်းတို့သည် မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ဘဲ လက်တွေ့ဖြစ်လာနိုင်ခြေမရှိပေ။ ထို့ကြောင့် မိဘများသည် အမျှော်အမြင်ရှိလျှင် ဤလက်တွေ့ကျသော၊ သို့မဟုတ် လက်တွေ့မကျသော မျှော်မှန်းချက်အားလုံးကို လက်လွှတ်သင့်သည်။ သားသမီးများနှင့် ၎င်းတို့၏ဆက်ဆံရေးကို ကိုင်တွယ်ပြီး အရွယ်ရောက်သော သားသမီးများက ပြုလုပ်သည့် လုပ်ရပ်တိုင်းကို၊ သို့မဟုတ် ၎င်းတို့အပေါ် ဖြစ်ပျက်သည့် ဖြစ်ရပ်ကို ချဉ်းကပ်ရန်အတွက် မှန်ကန်သောအမြင်ရှုထောင့်နှင့် ရပ်တည်ချက်ကို ခံယူသင့်သည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ ယင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) သင်သည် ဤအရာကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်လျှင် ဤသည်မှာ ဤသမ္မာတရားများအား သင်လက်ခံသည်ဆိုသည်ကို သက်သေပြသည်။ မလုပ်ဆောင်နိုင်လျှင်၊ သင်သည် မိသားစုခင်တွယ်မှုသည် အကြီးမြတ်ဆုံး၊ အရေးကြီးဆုံးအရာဖြစ်သည်၊ ကမ္ဘာတွင် အရေးပါဆုံးသောအရာဖြစ်သည်ဟု ထင်မြင်လျက် သင်သည် သင့်သားသမီးများ၏ ကံကြမ္မာကို ကြီးကြပ်ကွပ်ကဲနိုင်ပြီး ၎င်းတို့၏ကံကို သင့်လက်ထဲတွင် ဆုပ်ကိုင်နိုင်သကဲ့သို့ အမှုအရာများကို သင်၏ကိုယ်ပိုင်နည်းလမ်းဖြင့် မရမက လုပ်ဆောင်လျှင် သွား၍ စမ်းကြည့်လော့။ နောက်ဆုံးရလဒ်က မည်သို့ဖြစ်မည်ကို ကြည့်လော့။ ကောင်းသောရလဒ်မရှိဘဲ အလွန်စိတ်ပျက်ဖွယ်ဖြစ်သော ကျရှုံးမှုဖြင့်သာ အဆုံးသတ်နိုင်သည်မှာ ပြောစရာမလိုပေ။
အရွယ်ရောက်သောသားသမီးများအတွက် ဤမျှော်မှန်းချက်များရှိသည့်အပြင် မိဘများသည် သားသမီးများအပေါ် ကမ္ဘာပေါ်တွင် မိဘများအားလုံး၌ အတွေ့ရများသော သတ်မှတ်ချက်တစ်ခုလည်းရှိသည်။ ယင်းမှာ သားသမီးများသည် သားသမီးဝတ်ကျေပွန်သော သားသမီးများဖြစ်ကာ မိဘများကို ကောင်းစွာဆက်ဆံနိုင်ဖို့ မျှော်လင့်ခြင်း ဖြစ်သည်။ အချို့သော လူမျိုးစုများနှင့် ဒေသများတွင် သားသမီးများအပေါ် ပို၍ သတ်သတ်မှတ်မှတ်ဖြစ်သော သတ်မှတ်ချက်များရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာ သားသမီးများသည် မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းအပြင် မိဘများသေသည်အထိ စောင့်ရှောက်ပြီး ၎င်းတို့၏ အသုဘကို စီစဉ်ရန်၊ အရွယ်ရောက်ပြီးနောက်တွင် မိဘများနှင့်အတူနေထိုင်ရန်၊ မိဘများ၏ အသက်မွေးမှုအတွက် တာဝန်ယူရန်လည်း လိုအပ်သည်။ ဤသည်မှာ ယခုတွင် ငါတို့ဆွေးနွေးမည့် သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များနှင့် သက်ဆိုင်သော နောက်ဆုံးကဏ္ဍဖြစ်သည်။ သားသမီးများအား သားသမီးဝတ်ကျေပွန်ပြီး မိဘများ အသက်ကြီးသောအခါတွင် မိဘများအား စောင့်ရှောက်ရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ မိဘများအားလုံးက သားသမီးများမွေးရာတွင်ရှိသည့် နဂိုမူလရည်ရွယ်ချက်နှင့် သားသမီးများအပေါ် အခြေခံသတ်မှတ်ချက်မဟုတ်လော။ (ဟုတ်သည်။) မိဘများက သားသမီးများ ငယ်ရွယ်ပြီး အမှုအရာများကို နားမလည်သေးသောအချိန်တွင် သားသမီးများအား မေးသည်။ “သင် အရွယ်ရောက်ပြီး ပိုက်ဆံရသောအခါတွင် မည်သူ့အတွက် သုံးမည်နည်း။ မိခင်နှင့်ဖခင်အပေါ် သုံးမည်လော”။ “သုံးပါမည်”။ “ဖခင်၏ မိဘများအတွက် သုံးမည်လော”။ “သုံးပါမည်”။ “မိခင်၏ မိဘများအတွက် သုံးမည်လော”။ “သုံးပါမည်”။ သားသမီးတစ်ယောက်သည် စုစုပေါင်း ပိုက်ဆံမည်မျှကို ရှာနိုင်သနည်း။ သူသည် သူ၏မိဘများ၊ နှစ်ဖက်လုံးမှ ဘိုးဘွားများနှင့် သူ၏ အလှမ်းဝေးသော ဆွေမျိုးများကိုပင် ထောက်ပံ့ရသည်။ ပြောလော့။ ဤသည်မှာ သားသမီးတစ်ယောက်အတွက် လေးလံသော ဝန်မဟုတ်လော။ သူသည် ကံမကောင်းသည် မဟုတ်လော။ (ဟုတ်သည်။) ၎င်းတို့သည် သားသမီးများကဲ့သို့ အပြစ်ကင်းသော၊ နုံအသောပုံစံဖြင့် စကားပြောသော်လည်း၊ အမှန်တကယ်တွင် ၎င်းတို့ မည်သည့်အရာအား ပြောနေသည်ကို မသိသော်လည်း ဤသည်မှာ လက်တွေ့အရှိတရားတစ်ခုကို ထင်ဟပ်သည်။ ယင်းမှာ မိဘများသည် သားသမီးများအား ရည်ရွယ်ချက်တစ်ခုဖြင့် ပျိုးထောင်ပြီး ထိုရည်ရွယ်ချက်သည် သန့်စင်ခြင်းခြင်းမရှိသကဲ့သို့ ရိုးရှင်းခြင်းလည်း မရှိပေ။ သားသမီးများက အလွန်ငယ်ရွယ်သေးသောအချိန်တွင် မိဘများသည် တောင်းဆိုချက်များကို စတင်သတ်မှတ်နေပြီဖြစ်ပြီး သားသမီးများအား အစဉ်စမ်းသပ်ကာ “သင် အရွယ်ရောက်သေအခါ မိခင်နှင့် ဖခင်ကို ထောက်ပံ့မည်လော”။ “ထောက်ပံ့မည်”။ “ဖခင်၏ မိဘများကို ထောက်ပံ့မည်လော”။ “ထောက်ပံ့မည်”။ “မိခင်၏ မိဘများကို ထောက်ပံ့မည်လော”။ “ထောက်ပံ့မည်”။ “မည်သူကို အနှစ်သက်ဆုံးနည်း”။ “မိခင်ကို အနှစ်သက်ဆုံးဖြစ်သည်”။ ထို့နောက်တွင် ဖခင်က မနာလိုဖြစ်ကာ “ဖခင်ဆိုလျှင် အဘယ်သို့နည်း”။ “ဖခင်ကို အနှစ်သက်ဆုံးဖြစ်သည်”။ မိခင်က မနာလိုဖြစ်သည်။ “မည်သူကို အမှန်တကယ် အနှစ်သက်ဆုံးဖြစ်သနည်း”။ “မိခင်နှင့် ဖခင်ဖြစ်သည်” ထို့နောက် မိဘနှစ်ဦးလုံးက ကျေနပ်ကြသည်။ ၎င်းတို့သည် သားသမီးများအား စကားပြောတတ်ခါစအချိန်တွင်ပင် စတင်၍ သားသမီးဝတ်ကျေပွန်ရန် ကြိုးပမ်းကြသည်။ သားသမီးများသည် အရွယ်ရောက်သောအခါတွင် ၎င်းတို့အား ကောင်းစွာဆက်ဆံလိမ့်မည်ဟု ၎င်းတို့ မျှော်လင့်သည်။ ဤငယ်ရွယ်သောသားသမီးများသည် ရှင်းလင်းစွာ မပြောဆိုနိုင်သကဲ့သို့ များစွာနားမလည်သော်လည်း မိဘများသည် သားသမီးများ၏အဖြေတွင် ကတိတစ်ခုကို ကြားလိုဆဲဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် သားသမီးများတွင်ရှိသော ၎င်းတို့ကိုယ်တိုင်၏အနာဂတ်ကိုလည်း မြင်လိုပြီး ၎င်းတို့ ပျိုးထောင်သည့် သားသမီးများသည် ကျေးဇူးမသိတတ်ခြင်းရှိမည်မဟုတ်ဘဲ ၎င်းတို့အတွက် တာဝန်ယူမည့် သားသမီးဝတ်ကျေပွန်သော သားသမီးများဖြစ်မည်၊ ထို့အပြင် ၎င်းတို့အမှီပြုနိုင်မည့်သူများ၊ ၎င်းတို့အသက်ကြီးသောအခါ၌ ၎င်းတို့ကို ပံ့ပိုးမည့်သူများဖြစ်မည်ဟု မျှော်လင့်သည်။ ၎င်းတို့သည် သားသမီးများ ငယ်စဉ်ကတည်းက ဤမေးခွန်းများကို မေးနေခဲ့သော်လည်း ယင်းတို့သည် ရိုးရှင်းသောမေးခွန်းများမဟုတ်ပေ။ ယင်းတို့သည် ဤမိဘများ၏ စိတ်နှလုံးအတွင်းထဲမှ ဖြစ်ပေါ်လာသော တောင်းဆိုချက်များနှင့် မျှော်လင့်ချက်များ၊ အလွန်ပင်အမှန်တကယ်ဖြစ်သော တောင်းဆိုချက်များနှင့် အလွန်ပင် အမှန်တကယ်ဖြစ်သော မျှော်လင့်ချက်များ အပြည့်အဝပင် ဖြစ်သည်။ ထို့ကြောင့် သားသမီးများက အမှုအရာများကို စတင်နားလည်လာသည်နှင့်တစ်ပြိုင်နက် မိဘများသည် ၎င်းတို့ဖျားနာသောအခါတွင် သားသမီးများက အရေးစိုက်နိုင်ရန်၊ ၎င်းတို့သောက်ရန် ရေထည့်ပေးခြင်းသာဖြစ်လျှင်ပင် ၎င်းတို့၏အိပ်ရာဘေးတွင် ၎င်းတို့ကို အဖော်ပြုပြီး ဂရုစိုက်နိုင်ရန် မျှော်လင့်သည်။ ၎င်းတို့သည် များစွာမလုပ်ဆောင်နိုင်သော်လည်း၊ ငွေရေးကြေးရေး၊ သို့မဟုတ် ပို၍လက်တွေ့ကျသော အကူအညီကို မပေးနိုင်သော်လည်း အနည်းဆုံးအနေဖြင့် သားသမီးများက ဤမျှသော သားသမီးဝတ်ကျေပွန်မှုကို ပြသသင့်သည်။ မိဘများသည် သားသမီးများ ငယ်ရွယ်စဉ်တွင် ဤသားသမီးဝတ်ကျေပွန်ခြင်းကို မြင်လိုပြီး ရံဖန်ရံခါ အတည်ပြုလိုသည်။ ဥပမာ မိဘများသည် နေမကောင်းသောအခါ၊ သို့မဟုတ် အလုပ်ကြောင့် ပင်ပန်းသောအခါ သားသမီးများက ၎င်းတို့အား သောက်ရေခပ်ပေးရန်၊ ၎င်းတို့၏ဖိနပ်များကို ယူပေးရန်၊ ၎င်းတို့၏အဝတ်အစားများကို လျှော်ရန်၊ သို့မဟုတ် ထမင်းနှင့် ကြက်ဥမွှေကြော်သာ ဖြစ်လျှင်ပင် ၎င်းတို့အတွက် ရိုးရှင်းသော အစားအစာပြုလုပ်ပေးရန် သိသလောဆိုသည်ကို ကြည့်သည်။ သို့မဟုတ် “ပင်ပန်းနေပါသလား။ ပင်ပန်းနေလျှင် သင်စားရန် ကျွန်ုပ် တစ်ခုခုပြုလုပ်ပေးမည်” ဟု မိဘများအား မေးသလာဆိုသည်ကို ကြည့်သည်။ အချို့မိဘများသည် သားသမီးများက အရွယ်ရောက်ပြီး သိတတ်လာသလော၊ ၎င်းတို့အတွက် ချက်ပြုတ်ရမည်ကို သိသလော၊ သားသမီးဝတ်ကျေပွန်ပြီး ထောက်ထားမှုရှိရမည်ကိုသိသလော၊ မိဘများ၏ အခက်အခဲများကို ၎င်းတို့ မျှဝေနိုင်သလော၊ သို့မဟုတ် သားသမီးများသည် အကြင်နာမဲ့သော ကျေးဇူးကန်းသူများဖြစ်သလော၊ သားသမီးများအား ပျိုးထောင်ခဲ့သည်မှာ အချည်းနှီးဖြစ်သလောဆိုသည်ကို ကြည့်ရန်အတွက်သက်သက်ဖြင့် အားလပ်ရက်များ၌ အပြင်ထွက်ပြီး အစားအစာပြင်ဆင်ရန်အတွက် အစာစားချိန်တွင် တမင်တကာ ပြန်မလာပေ။ သားသမီးများ ကြီးပြင်းလာစဉ်တွင်၊ လူကြီးဖြစ်သည့် အချိန်အတောအတွင်းတွင်ပင် မိဘများသည် သားသမီးများအား စဉ်ဆက်မပြတ် စမ်းသပ်နေပြီး ဤကိစ္စကို စပ်စုနေသည်။ တစ်ချိန်တည်းတွင် မိဘများသည် သားသမီးများအပေါ် စဉ်ဆက်မပြတ် တောင်းဆိုမှုများပြုလုပ်သည်။ “သင်သည် အလွန်ပင် အကြင်နာမဲ့သော ကျေးဇူးကန်းသူ မဖြစ်သင့်။ သင့်မိဘများဖြစ်သော ငါတို့သည် အဘယ်ကြောင့် သင့်ကို ပျိုးထောင်ခဲ့ရသနည်း။ ဤသည်မှာ ငါတို့ အသက်ကြီးသောအခါ ငါတို့ကို သင်စောင့်ရှောက်ရန် ဖြစ်သည်။ ငါတို့သည် သင့်အား ပျိုးထောင်ခဲ့သည်မှာ အချည်းနှီးဖြစ်သလော။ သင်သည် ငါတို့ကို အာမခံသင့်။ ငါတို့အနေဖြင့် သင့်အား ပျိုးထောင်ရသည်မှာ မလွယ်ကူပေ။ ခက်ခဲသောအလုပ်ဖြစ်သည်။ သင်သည် စာနာထောက်ထားသင့်ပြီး ဤအရာများကို သိသင့်သည်” ဟူ၍ ဖြစ်သည်။ အထူးသဖြင့် ပုန်ကန်သောအဆင့်ဆိုသော အချိန်အတောအတွင်းတွင်၊ ဆိုလိုသည်မှာ ကြီးကောင်ဝင်ချိန်မှ အရွယ်ရောက်သည်အထိ ကူးပြောင်းမှုတွင် အချို့သားသမီးများမှာ အလွန်အသိတရားရှိခြင်း၊ သို့မဟုတ် ပိုင်းခြားသိမြင်ခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့သည် မိဘများကို မကြာခဏအာခံပြီး ပြဿနာရှာသည်။ မိဘများက ငိုသည်။ သောင်းကျန်းသည်။ သားသမီးများအား နားပူနားဆာလုပ်ပြီး “သင်ငယ်စဉ်အချိန်က သင့်အား ကြည့်ရှုစောင့်ရှောက်ရန် ငါတို့မည်မျှ ဒုက္ခခံခဲ့သည်ကို သင်မသိ။ သင့်အား ဤသို့ကြီးပြင်းလာရန် ငါတို့ မမျှော်လင့်ခဲ့ပါ။ သားသမီးဝတ်ကျေပွန်ခြင်း လုံးဝမရှိ။ အိမ်အလုပ်များ၏ ဝန်ထုပ်ဝန်ပိုးကို၊ သို့မဟုတ် ငါတို့၏ အခက်အခဲများကို မည်သို့မျှဝေရမည်ကို မသိနားမလည်ပေ။ ဤသည်တို့အားလုံးမှာ ငါတို့အတွက် မည်မျှခက်ခဲသည်ကို သင်မသိ။ သင်သည် သားသမီးဝတ်မကျေပွန်ပေ။ အာခံသည်။ သင်သည် လူကောင်းတစ်ယောက်မဟုတ်” ဟု ဆိုသည်။ သားသမီးများက ၎င်းတို့စာသင်ရာတွင်၊ သို့မဟုတ် နေ့စဉ်ဘဝတွင် မနာခံခြင်း၊ သို့မဟုတ် တစ်ယူသန်အပြုအမူကို ပြသခြင်းတို့အား စိတ်ဆိုးခြင်းအပြင် မိဘများ၏ ဒေါသ၏ အခြားသောအကြောင်းပြချက်တစ်ခုမှာ ၎င်းတို့၏သားသမီးများတွင် ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်ကို မမြင်နိုင်ခြင်း၊ သို့မဟုတ် ၎င်းတို့သားသမီးများက အနာဂတ်တွက် သားသမီးဝတ်ကျေပွန်မည်မဟုတ်ဟုလည်းကောင်း၊ သားသမီးများသည် မိဘများကို ထောက်ထားခြင်းမရှိသကဲ့သို့ ဝမ်းနည်းခြင်းလည်းမရှိဟုလည်းကောင်း၊ ၎င်းတို့သည် ၎င်းတို့စိတ်နှလုံးထဲတွင် မိဘများကို ထည့်သွင်းထားခြင်းမရှိဟုလည်းကေင်း၊ ပို၍ အတိအကျဆိုရလျှင် ၎င်းတို့သည် မိဘများထံသွား၍ သားသမီးဝတ်ကျေပွန်ရမည်ကို မသိဟုလည်းကောင်း မိဘများက မြင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် မိဘများ၏ အမြင်တွင် ဤသို့သော သားသမီးများအပေါ် ၎င်းတို့၏ မျှော်လင့်ချက်များကို မထားရှိနိုင်ပေ။ သားသမီးများသည် ကျေးဇူးမသိတတ်ခြင်း၊ သို့မဟုတ် အာခံခြင်း ဖြစ်နိုင်သည်။ မိဘများသည် သားသမီးများအတွက် ၎င်းတို့ပြုလုပ်ခဲ့သည့် ရင်းနှီးမြုပ်နှံမှု၊ ကုန်ကျစရိတ်များသည် အချည်းနှီးဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် မကောင်းသော အပေးအယူတစ်ခုလုပ်ခဲ့သည်၊ ယင်းသည် မထိုက်တန်ဟုလည်းကောင်း ခံစားရလျက် စိတ်နှလုံးကွဲကြေရသည်။ ဝမ်းနည်းလျက်၊ စိတ်သောကရောက်လျက်၊ မချိတင်ကဲဝေဒနာဖြစ်လျက် နောင်တရသည်။ သို့သော် ၎င်းတို့သည် ၎င်းတို့သုံးစွဲခဲ့သောအရာကို ပြန်မရနိုင်ပေ။ ပြန်မရနိုင်လေလေ၊ နောင်တရလေလေ၊ သားသမီးများအား သားသမီးဝတ်ကျေပွန်ရန် တောင်းဆိုလိုလေလေဖြစ်ပြီး “သင်သည် အနည်းငယ်ပို၍ သားသမီးဝတ်မကျေပွန်နိုင်သလော။ ပို၍ အသိတရားမရှိနိုင်သလော။ သင်အရွယ်ရောက်သောအခါတွင် သင့်အား ငါတို့ အားမကိုးနိုင်သလော” ဟု ဆိုသည်။ ဥပမာ မိဘများက ပိုက်ဆံလိုသည်၊ ဤအရာနှင့်ပတ်သက်ပြီး မညည်းညူပေ၊ သို့သော် သားသမီးများက ထိုပိုက်ဆံအား ၎င်းတို့အတွက် အိမ်သို့ယူလာပေးသည်ဆိုပါစို့။ မိဘများက အသား၊ သို့မဟုတ် အရသာရှိပြီး အာဟာရရှိသောအရာတစ်ခု စားလိုပြီး ဤအရာနှင့်ပတ်သက်၍ ၎င်းတို့က မည်သည့်အရာမျှ မပြောသော်လည်း သားသမီးများက ထိုအစားအစာကို ၎င်းတို့အတွက် အိမ်သို့ ယူလာသည်ဆိုပါစို့။ ထိုသားသမီးများသည် မိဘများအပေါ် အထူးပင် စာနာထောက်ထားသည်။ သားသမီးများသည် မည်မျှအလုပ်ရှုပ်ပါစေ၊ ၎င်းတို့၏ကိုယ်ပိုင်မိသားစု ဝန်များက မည်မျှလေးလံပါစေ ၎င်းတို့မိဘများကို စိတ်ထဲတွင် အစဉ်ထားရှိသည်။ ထို့နောက်တွင် ၎င်းတို့၏မိဘများက “အို ငါ၏ကလေးသည် အားကိုး၍ရနိုင်သည်။ သူသည် နောက်ဆုံး၌ အရွယ်ရောက်ပြီ။ သူ့အား ပျိုးထောင်ရာ၌ အသုံးပြုရသော အားအင်အားလုံးက တန်သည်။ သူ့အပေါ် သုံးစွဲသည့် ပိုက်ဆံက တန်သည်။ ငါတို့၏ ရင်းနှီးမြုပ်နှံမှုတွင် အမြတ်အစွန်းကို မြင်ရပြီး ဖြစ်သည်” ဟု တွေးလိမ့်မည်။ သို့သော် သားသမီးများက မိဘများမျှော်မှန်းသည့်အရာထက် အနည်းငယ်လျော့သည့် အရာတစ်ခုခုကို လုပ်ဆောင်လျှင် မိဘများသည် သားသမီးများက မည်မျှသားသမီးဝတ်ကျေပွန်သည်ဆိုသည့်အပေါ် အခြေခံပြီး အကဲဖြတ်ကာ သားသမီးများသည် သားသမီးဝတ်မကျေပွန်၊ အားမကိုးရ၊ ကျေးဇူးမသိတတ်၊ ၎င်းတို့သည် သားသမီးများအား ပျိုးထောင်ခဲ့သည်မှာ အချည်းနှီးဖြစ်သည်ဟု ဆုံးဖြတ်လိမ့်မည်။
ရံဖန်ရံခါအလုပ်ရှုပ်သော၊ တောက်တိုမည်ရအလုပ်များဖြင့် ရှုပ်နေသောမိဘအချို့လည်းရှိသည်။ ၎င်းတို့သည် အိမ်သို့ အနည်းငယ်နောက်ကျ၍ ပြန်ကာ သားသမီးများက ညစာပြုလုပ်ပြီး ၎င်းတို့အတွက် လုံးဝ ချန်မထားသည်ကို တွေ့ရသည်။ ဤငယ်ရွယ်သောသူများသည် ထိုအသက်အရွယ်သို့ မရောက်သေးပေ။ ၎င်းတို့သည် ဤအကြောင်းကို မစဉ်းစားကောင်း မစဉ်းစားနိုင်ပေ၊ သို့မဟုတ် ဤသို့လုပ်ဆောင်သည့် အလေ့အကျင့် မရှိကောင်းမရှိနိုင်ပေ၊ သို့မဟုတ် လူအချို့မှာ ထိုလူ့သဘာဝ ကင်းမဲ့ခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပြီး သူတစ်ပါးတို့အပေါ် ထောက်ထားမှု၊ သို့မဟုတ် ဂရုစိုက်မှု ပြနိုင်ခြင်း မရှိကောင်းမရှိနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့မိဘများ၏ လွှမ်းမိုးခြင်းကိုလည်း ခံရကောင်းခံရနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏လူ့သဘာဝက မွေးရာပါတစ်ကိုယ်ကောင်းဆန်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် မိဘများအတွက် လုံးဝမချန်ဘဲ၊ သို့မဟုတ် ထပ်မံ၍ ချက်ပြုတ်ပေးခြင်းမရှိဘဲ ၎င်းတို့ဘာသာ ချက်ပြုတ်ပြီး စားသည်။ မိဘများက အိမ်သို့ပြန်လာပြီး ဤအရာကို မြင်သောအခါ ၎င်းတို့သည် ဤအရာကိုအလေးအနက်ထားပြီး စိတ်မကြည်မသာဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကို စိတ်မကြည်မသာဖြစ်သနည်း။ ၎င်းတို့သည် သားသမီးများက သားသမီးဝတ်ကျေပွန်ခြင်းမရှိသကဲ့သို့ အသိတရားလည်းမရှိဟု ထင်မြင်သည်။ အထူးသဖြင့် ခင်ပွန်းမရှိတော့သော မိခင်များနှင့်ပတ်သက်လျှင် သားသမီးများက ဤသို့ပြုမူသည်ကို မြင်တွေ့ရခြင်းသည် ၎င်းတို့ကို ပို၍ပင် စိတ်မကြည်မသာဖြစ်စေသည်။ ၎င်းတို့သည် စတင်ငိုကြွေးပြီး “သင့်အား နှစ်များစွာ ပျိုးထောင်ပေးခြင်းသည် ငါ့အတွက် လွယ်ကူသည်ဟု ထင်သလော။ ငါသည် ဤအချိန်တစ်လျှောက်တွင် သင့်အားပျိုးထောင်လျက် သင့်အပေါ် ဖခင်နှင့်မိခင်နှစ်ဦးလုံး ဖြစ်ခဲ့သည်။ ငါသည် အလွန်အလုပ်လုပ်ခဲ့သည်။ ငါအိမ်ပြန်လာသောအခါ ငါ့အတွက် အစားအစာတစ်နပ်ပင် သင် ချက်မထားပေ။ အုတ်ဂျုံယာဂုတစ်ခွက်ဖြစ်လျှင်ပင်၊ မပူလျှင်ပင် သင်၏ချစ်ခြင်း၏ ကောင်းသောအမူအရာတစ်ခု ဖြစ်ဦးမည်ဖြစ်သည်။ သင်၏ အသက်အရွယ်တွင် ဤအရာကို သင်အဘယ်သို့ နားမလည်နိုင်ရသနည်း” ဟု အော်ဟစ်ပြောဆိုသည်။ ၎င်းတို့သည် နားမလည်သကဲ့သို့ သင့်လျော်စွာ မလုပ်ဆောင်ပေ။ သို့သော် သင်သည် ၎င်းတို့အပေါ် ဤမျှော်မှန်းချက်မရှိခဲ့လျှင် သင်သည် အလွန်စိတ်ဆိုးမည်လော။ သင်သည် ဤအမှုကိစ္စကို အလွန်အလေးအနက်ထားမည်လော။ သင်သည် ယင်းကို သားသမီးဝတ်၏ စံသတ်မှတ်ချက်အဖြစ် သတ်မှတ်မည်လော။ ၎င်းတို့သည် သင့်အတွက် မချက်ပြုတ်လျှင် သင့်ဘာသာ ချက်ပြုတ်နိုင်ဆဲ ဖြစသ်ည်။ ၎င်းတို့မရှိလျှင် သင်သည် ဆက်လက်၍ အသက်ရှင်ဦးမည်မဟုတ်လော။ ၎င်းတို့သည် သင့်အပေါ် သားသမီးဝတ်မကျေပွန်လျှင် သင်သည် ၎င်းတို့ကို မမွေးဖွားခဲ့သင့်သည်သာ မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့တစ်ဘဝလုံးတွင် သင့်အား မည်သို့ချစ်မြတ်နိုးပြီး စောင့်ရှောက်ရမည်ကို အမှန်တကယ်ပင် လုံးဝ မသင်ယူလျှင် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ဤအမှုကိစ္စကို မှန်ကန်စွာ မှတ်ယူသင့်သလော၊ သို့မဟုတ် ဤအရာနှင့်ပတ်သက်ပြီး စိတ်ဆိုးသင့်လော။ စိတ်မချမ်းမသာဖြစ်သင့်သလော။ နောင်တရင့်သလော။ ၎င်းတို့နှင့် အစဉ်သဖြင့် ရန်စောင်နေသင့်သလော။ မည်သည့်အရာကို လုပ်ဆောင်သည်မှာ မှန်ကန်သနည်း။ (ဤအမှုကိစ္စကို မှန်ကန်စွာ ချဉ်းကပ်ခြင်း ဖြစ်သည်။) အားလုံးခြုံငုံကြည့်လျှင် သင်သည် မည်သည့်အရာအား လုပ်ဆောင်ရမည်ကို မသိသေးပေ။ အဆုံးတွင် သင်သည် လူတို့အား “ကလေးမမွေးနှင့်။ သင်မွေးသည့်ကလေးတိုင်းအတွက် သင်နောင်တရသည်။ ကလေးမွေးရာတွင်၊ သို့မဟုတ် ၎င်းတို့အား ပျိုးထောင်ရာတွင်လည်း ကောင်းသည့်အရာလုံးဝမရှိ။ ၎င်းတို့သည် အစဉ်သဖြင့် အကြင်နာမဲ့သော ကျေးဇူးကန်းသူများဖြစ်ရန် ကြီးပြင်းလာကြသည်။ သင့်ကိုယ်သင်အပေါ် ကောင်းပြီး မည်သူ့အပေါ်မှ သင်၏မျှော်လင့်ချက်များအား မထားသည်မှာ ပိုကောင်းသည်။ မည်သူကမျှ စိတ်မချရပေ။ သားသမီးများကို အားကိုးနိုင်သည်ဟု လူတိုင်းက ပြောကြသည်။ သို့သော် မည်သည့်အရာကို သင်အားကိုးနိုင်သနည်း။ ၎င်းတို့က သင့်အပေါ် အားကိုးနိုင်ခြင်းနှင့် ပို၍တူသည်။ သင်သည် ၎င်းတို့အား ပုံစံမျိုးစုံဖြင့် ကောင်းစွာဆက်ဆံသော်လည်း အပြန်အလှန်အနေဖြင့် သင့်အပေါ် အနည်းငယ်ပို၍ ကောင်းခြင်းသည် ကြီးမားသောကြင်နာမှုဖြစ်သည်၊ ဤသည်မှာ သင့်အပေါ် ကောင်းခြင်းဖြစ်သည်ဟု အကျုံးဝင်သည်ဟူ၍ ၎င်းတို့က ထင်ကြသည်။” ဟုသာ ပြောသည်။ ဤပြောဆိုချက်မှာ မှားယွင်းသလော။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင်တည်ရှိသော ထင်မြင်ချက်မျိုး၊ အတွေးအမြင်မျိုး ဟုတ်သလော။ (ဟုတ်သည်။) “သားသမီးများအား ပျိုးထောင်ခြင်းသည် သင်အသက်ကြီးသောအခါတွင် ကူညီထောက်ပံ့မှုကို ရရှိစေသည်ဟု လူတိုင်းက ဆိုကြသည်။ သင်အသက်ကြီးသောအခါတွင် ထောက်ပံ့ဖို့မဆိုထားနှင့်။ သင့်အတွက် အစားအစာတစ်နပ်ပြုလုပ်ရန်ပင် ၎င်းတို့အား ခိုင်းဖို့မလွယ်ကူပေ။ ယင်းကို အားမကိုးနှင့်။” ဤသည်မှာ မည်သည့်ပြောဆိုချက်မျိုး ဖြစ်သနည်း။ များစွာ ညည်းတွားခြင်းသာ မဟုတ်လော။ (ဟုတ်သည်။ ဤညည်းတွားခြင်းက မည်သို့ ဖြစ်ပေါ်လာသနည်း။ သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များက မြင့်မားလွန်းသောကြောင့် မဟုတ်လော။ မိဘများသည် သားသမီးများအပေါ် စံနှုန်းများ၊ သတ်မှတ်ချက်များရှိပြီး သားသမီးများအား သားသမီးဝတ်ကျေပွန်ရန်၊ ထောက်ထားရန်၊ မိဘများပြောသည့်စကားတိုင်းကို နာခံရန်၊ သားသမီးဝတ်ကျေပွန်ရန်လိုအပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန်၊ သားသမီးများက လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရန် တောင်းဆိုသည်။ သင်သည် ဤတောင်းဆိုချက်များ၊ စံနှုန်းများကို သတ်မှတ်ပြီးသည်နှင့် သင့်သားမီးများသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းတို့ကို ဖြည့်ဆည်းရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ပြီးလျှင် သင်သည် အလွန်ညည်းတွားနေမည်ဖြစ်ပြီး စောဒကတက်မှုများ အပုံအပင်ရှိနေလိမ့်မည်။ သင့်သားသမီးများက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သင်သည် ၎င်းတို့အား မွေးဖွားရသည်ကို နောင်တရပြီး ဆုံးရှုံးမှုများက ရရှိမှုများထက်အလေးသာပြီး သင်၏ ရင်းနှီးမြုပ်နှံမှု၌ အမြတ်အစွန်းမရှိဟု ခံစားရမည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ သားသမီးများအား ပျိုးထောင်ရာတွင် သင်၏ပန်းတိုင်မှာ မှားယွင်းသောကြောင့် မဟုတ်လော။ (ဟုတ်သည်။) ဤသို့သော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်မှာ မှန်သလော၊ မှားသလော။ (မှားသည်။) ဤသို့သော အကျိုးဆက်များ ဖြစ်ပေါ်ခြင်းသည် မှားယွင်းသည်။ ရှင်းလင်းစွာပင် သားသမီးများအား ပျိုးထောင်ရာ၌ သင်၏ ကနဦးပန်းတိုင်သည်လည်း မှားယွင်းသည်။ သားသမီးများအား ပျိုးထောင်ခြင်းကိုယ်၌က လူသားများ၏ တာဝန်၊ ဝတ္တရားဖြစ်သည်။ ပင်ကိုအားဖြင့် ဤသည်မှာ လူသား၏ဗီဇဖြစ်သည်။ နောက်ပိုင်းတွင် တာဝန်၊ ဝတ္တရားဖြစ်လာသည်။ သားသမီးများသည် မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် မလိုအပ်ပေ၊ သို့မဟုတ် မိဘများအသက်ကြီးသောအခါတွင် ပံ့ပိုးဖို့ မလိုအပ်ပေ။ ပြီးလျှင် လူတို့သည် သားသမီးများက သားသမီးဝတ်ကျေပွန်မှသာ ကလေးမွေးသင့်ခြင်းမျိုး မဟုတ်ပေ။ ဤပန်းတိုင်၏ အရင်းအမြစ်ကိုယ်၌က မသန့်စင်ပေ။ ထို့ကြောင့် အဆုံးတွင် ယင်းသည် လူတို့အား “အလိုလေး၊ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ သားသမီးမမွေးနှင့်” ဟူသော ဤမှားယွင်းသည့် အတွေးအမြင်မျိုးကို ထုတ်ဖော်ပြောဆိုစေသည်။ ပန်းတိုင်က မသန့်စင်သောကြောင့် ရလဒ်အဖြစ်ထွက်ပေါ်လာသည့် အတွေးအမြင်များသည်လည်း မမှန်ကန်ပေ။ ဤသို့ဆိုလျှင် ယင်းတို့ကို ပြုပြင်ပြီး လက်လွှတ်ရန် မလိုအပ်သလော။ (လိုအပ်သည်။) ယင်းတို့ကိုမည်သို့ လက်လွှတ်ပြီး ပြုပြင်သင့်သနည်း။ မည်သည့်ပန်းတိုင်မျိုးကို ထားရှိခြင်းသည် သန့်စင်သောပန်းတိုင်ဖြစ်သနည်း။ မည်သည့်အတွေးအမြင်မျိုးသည် မှန်ကန်သနည်း။ တစ်နည်းအားဖြင့် သားသမီးများနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သားသမီးများအား ပျိုးထောင်ခြင်းသည် သင်၏ရွေးချယ်မှုဖြစ်သည်။ သင်သည် ၎င်းတို့အား လိုလိုလားလားဖြင့် မွေးဖွားခဲ့ပြီး ၎င်းတို့သည် ငြိမ်သက်စွာဖြင့် မွေးဖွားခြင်းခံရသည်။ သားသမီးများမွေးထုတ်ရန် ဘုရားသခင်က လူသားများအားပေးသည့်အလုပ်နှင့်တာဝန်မှလွဲ၍၊ ဘုရားသခင်၏ စီမံခြင်းမှလွဲ၍ မိဘဖြစ်သောသူများအနေဖြင့် ၎င်းတို့၏ တစ်ဖက်သတ်အကြောင်းပြချက်နှင့် စမှတ်မှာ ၎င်းတို့သည် သားသမီးများအား မွေးဖွားလိုစိတ်ရှိခြင်း ဖြစ်သည်။ သင်သည် သားသမီးများအား မွေးဖွားလိုလျှင် သင်သည် ၎င်းတို့ကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပြီး ၎င်းတို့အား အမှီအခိုကင်းလာခွင့်ပြုသင့်သည်။ သင်သည် သားသမီးများအား မွေးဖွားလိုစိတ်ရှိပြီး သင်သည် ၎င်းတို့အား ပျိုးထောင်ခြင်းမှ များစွာရရှိနှင့်ပြီးဖြစ်သည်။ သင်သည် ကြီးစွာ အကျိုးအမြတ်ရရှိပြီး ဖြစ်သည်။ ရှေးဦးစွာ သင်သည် သင့်သားသမီးများနှင့် အတူတကွနေထိုင်လျက် ပျော်ရွှင်သောအချိန်ကို ခံစားခဲ့သည်။ ၎င်းတို့အား ပျိုးထောင်ခြင်းဖြစ်စဉ်ကိုလည်း သင် မွေ့လျော်ခဲ့သည်။ ဤဖြစ်စဉ်သည် အတက်အကျရှိသော်လည်း အများအားဖြင့် သင့်သားသမီးများအား အဖော်ပြုခြင်း၊ ၎င်းတို့၏ အဖော်ပြုမှုကို ခံရခြင်းတို့၏ ပျော်ရွှင်မှုဖြင့် ပြည့်နေခဲ့သည်။ ဤသည်မှာ လူ့သဘာဝအတွက် လိုအပ်သော ဖြစ်စဉ်ဖြစ်သည်။ သင်သည် ဤအရာများကို ပျော်မွေ့ခဲ့သည်။ သင့်သားသမီးများထံမှ များစွာ ရရှိနှင့်ပြီး ဖြစ်သည်။ ဤသည်မှာ မမှန်သလော။ သားသမီးများသည် မိဘများအပေါ် ပျော်ရွှင်မှုနှင့် အဖော်ပြုမှုကို ယူဆောင်ပေးသည်။ အဖိုးအခများပေးဆပ်ခြင်းနှင့် မိမိတို့၏အချိန်၊ စွမ်းအင်အား ရင်းနှီးမြုပ်နှံခြင်းမှတစ်ဆင့် ဤသေးငယ်သောဘဝများသည် တဖြည်းဖြည်းချင်းဖြင့် အရွယ်ရောက်သူများအဖြစ် ကြီးပြင်းလာသည်ကို ကြည့်ရသည်မှာ မိဘများ ဖြစ်သည်။ မည်သည့်အရာကိုမျှ လုံးဝမသိသည့် အသိပညာမရှိသော၊ ငယ်ရွယ်သောဘဝမှစပြီး ၎င်းတို့၏ သားသမီးများသည် တဖြည်းဖြည်းချင်း စကားပြောရန် သင်ယူပြီး စကားများကို အတူတကွ ဆက်စပ်နိုင်စွမ်း၊ အသိပညာအမျိုးမျိုးကို သင်ယူပြီး ခွဲခြားနိုင်စွမ်း၊ မိဘများနှင့် အပြန်အလှန်စကားပြောပြီး ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ အမှုအရာများကို မျှတစွာရှုမြင်နိုင်စွမ်းရှိလာသည်။ ဤသည်မှာ မိဘများ ကြုံရသည့် ဖြစ်စဉ်မျိုး ဖြစ်သည်။ ၎င်းတို့အတွက် ဤဖြစ်စဉ်ကို အခြားမည်သည့်ဖြစ်ရပ်၊ သို့မဟုတ် အခန်းကဏ္ဍမျှဖြင့် အစားမထိုးနိုင်ပေ။ မိဘများသည် သားသမီးများထံမှ ဤအရာများကို ခံစားပြီး ရရှိခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် ကြီးမားသောစည်းစိမ်နှင့် ဆုလာဘ်ဖြစ်သည်။ အမှန်တကယ်တွင် သားသမီးများအား မွေးဖွားခြင်း၊ ပျိုးထောင်ခြင်းလုပ်ဆောင်မှုမှပင် သားသမီးများထံမှ များစွာရရှိပြီး ဖြစ်သည်။ သင့်သားသမီးများက သင့်အပေါ် သားသမီးဝတ်ကျေပွန်မည်၊ မကျေပွန်မည်၊ သင်မသေခင်တွင် သင်သည် ၎င်းတို့အပေါ် အားကိုးနိုင်ခြင်းရှိမရှိနှင့် ၎င်းတို့ထံမှ မည်သည့်အရာကို သင်ရရှိနိုင်သည်ဆိုသည့် ဤအရာများမှာမူ သင်တို့သည် အတူတကွနေထိုင်ရန် ကံပါလာခြင်းရှိမရှိအပေါ်တွင် မူတည်ပြီး ဘုရားသခင်၏ စီမံမှုအပေါ်တွင် မူတည်သည်။ အခြားတစ်ဖက်တွင် သင့်သားသမီးများက မည်သည့်ပတ်ဝန်းကျင်မျိုးတွင်နေသည်၊ ၎င်းတို့၏ နေထိုင်သည့် အခြေအနေများ၊ ၎င်းတို့၌ သင့်ကို စောင့်ရှောက်နိုင်သည့် အခြေအနေရှိမရှိ၊ ၎င်းတို့သည် ငွေရေးကြေးရေးတွင် အဆင်ပြေမှုရှိမရှိ၊ သင့်အား ရုပ်ဝတ္ထုဆိုင်ရာ ပျော်မွေ့မှုနှင့် ကူညီမှုတို့ဖြင့် ပံ့ပိုးပေးရန် ၎င်းတို့၌ ပိုက်ဆံအပိုရှိမရှိတို့သည်လည်း ဘုရားသခင်၏ စီမံမှုအပေါ် မူတည်သည်။ ထို့အပြင် သင်သည် သင့်ဘက်မှနေ၍ မိဘအနေဖြင့် သင့်သားသမီးများက သင့်အားပေးသည့် ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေ၊ သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ နှစ်သိမ့်မှုတို့ကို ခံစားရရန် ကံပါခြင်းရှိမရှိသည်လည်း ဘုရားသခင်၏ စီမံမှုအပေါ် မူတည်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) ဤသည်တို့မှာ လူသားများက တောင်းခံ၍ ရနိုင်သောအရာများ မဟုတ်။ သင်သိသလော။ သားသမီးအချို့ကို ၎င်းတို့မိဘများက မနှစ်သက်ပေ။ ၎င်းတို့မိဘများသည် ၎င်းတို့နှင့်အတူ နေထိုင်လိုစိတ်မရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့အား ၎င်းတို့မိဘများနှင့်အတူနေထိုင်ရန် စီမံပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အဝေးသို့ ခရီးမထွက်နိုင်၊ သို့မဟုတ် ၎င်းတို့မိဘများထံမှ မထွက်ခွာနိုင်ပေ။ ၎င်းတို့သည် တစ်ဘဝလုံး ၎င်းတို့မိဘများနှင့် ပိတ်မိနေသည်။ သင်သည် ကြိုးစားလုပ်ဆောင်လျှင်ပင် ၎င်းတို့ကို နှင်မထုတ်နိုင်ပေ။ အခြားတစ်ဖက်တွင်မူ သားသမီးအချို့၌ ၎င်းတို့နှင့်အတူအလွန်ပင်နေထိုင်လိုစိတ်ရှိသော မိဘများရှိသည်။ ၎င်းတို့သည် ခွဲ၍မရပေ။ တစ်ယောက်ကိုတစ်ယောက် အစဉ်သတိရနေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့သည် ၎င်းတို့မိဘများနေထိုင်သည့် တစ်မြို့တည်းတွင်၊သို့မဟုတ် တစ်နိုင်ငံတည်းတွင်ပင် မနေထိုင်နိုင်ပေ။ ၎င်းတို့အတွက် တစ်ယောက်မျက်နှာတစ်ယောက်တွေ့မြင်ပြီး တစ်ယောက်နှင့်တစ်ယောက်စကားပြောရန် ခက်ခဲသည်။ ဆက်သွယ်ပြောဆိုသည့်နည်းလမ်းများက အလွန်ဖွံ့ဖြိုးတိုးတက်ပြီး ဗီဒီယိုချက်ဖြင့် ပြောဆိုနိုင်သော်လည်း တစ်ရက်ပြီးတစ်ရက် အတူတကွနေထိုင်ခြင်းနှင့် ကွာခြားဆဲ ဖြစ်သည်။ ၎င်းတို့သားသမီးများသည် အကြောင်းတစ်ခုခုကြောင့် နိုင်ငံခြားသွားသည်။ အိမ်ထောင်ကျပြီးနောက်တွင် အခြားတစ်နေရာ၌ အလုပ်လုပ်သည်၊ နေထိုင်သည် စသဖြင့် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့မိဘများနှင့် အလွန့်အလွန်ဝေးကွာစွာဖြင့် ခွဲနေကြသည်။ တစ်ကြိမ်ပင်တွေ့ဆုံဖို့ မလွယ်ပေ။ ပြီးလျှင် ဖုန်းပြောဆိုခြင်း၊ ဗီဒီယိုခေါ်ဆိုမှုဖြင့် ပြောဆိုခြင်းသည် အချိန်အပေါ်တွင် မူတည်သည်။ အချိန်ကွာခြားမှု၊ သို့မဟုတ် အခြားသော အဆင်မပြေမှုများကြောင့် ၎င်းတို့သည် ၎င်းတို့မိဘများနှင့် မကြာခဏ မဆက်သွယ်နိုင်ပေ။ ဤအဓိကသွင်ပြင်လက္ခဏာများသည် မည်သည်အရာနှင့် ဆက်နွှယ်နေသနည်း။ ယင်းတို့အားလုံးသည် ဘုရားသခင်၏ စီမံမှုနှင့် မဆက်နွှယ်သလော။ (ဆက်နွှယ်သည်။) ဤသည်မှာ မိဘ၊ သို့မဟုတ် သားသမီး၏ တစ်ဖက်သတ်ဆန္ဒဖြင့် ဆုံးဖြတ်နိုင်သောအရာတစ်ခု မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင်၏ စီမံချက်အပေါ် မူတည်သည်။ နောက်တစ်ခုတွင် မိဘများသည် အနာဂတ်တွင် သားသမီးများအား အားကိုးနိုင်ခြင်းရှိမရှိကို စိတ်ပူကြသည်။ သင်သည် ၎င်းတို့အား မည်သည့်အတွက် အားကိုးလိုသနည်း။ လက်ဖက်ရည်ယူပေးရန်၊ ရေထည့်ပေးရန်လော။ ဤသည်မှာ မည်သို့သော မှီခိုမှုမျိုးနည်း။ သင့်ဘာသာ မလုပ်ဆောင်နိုင်သလော။ သင်သည် ကျန်းမာပြီး လှုပ်ရှားနိုင်ကာ သင့်ကိုယ်သင် ဂရုစိုက်နိုင်လျှင်၊ အရာရာတိုင်းကို သင့်ဘာသာ လုပ်ဆောင်နိုင်လျှင် ဤသည်မှာ မကောင်းသလော။ သင့်အား အစေခံရန် အဘယ်ကြောင့် သူတစ်ပါးတို့ကို အားကိုးရသနည်း။ သင့်သားသမီးများ၏ စောင့်ရှောက်မှုနှင့် အဖော်ပြုမှု၊ ထို့အပြင် ထမင်းစားပွဲအနီးနှင့် ထမင်းစားပွဲပြင်ပနှစ်ခုလုံးတွင် သင့်အား အလုပ်အကျွေးပြုမှုတို့ကို ခံစားခြင်းသည် အမှန်ပင် ပျော်ရွှင်မှု ဖြစ်သလော။ အသေအချာပင် ဖြစ်ခြင်းမျိုး မဟုတ်ပေ။ သင်သည် မလှုပ်ရှားနိုင်လျှင်၊ ၎င်းတို့က အမှန်ပင် သင့်အား စားပွဲအနီးနှင့် စားပွဲပြင်ပနှစ်ခုလုံး၌ အလုပ်အကျွေးပြုရလျှင် ယင်းသည် သင့်အတွက် ပျော်ရွှင်မှုပါဝင်သလော။ သင့်ကို ရွေးချယ်မှုတစ်ခုပေးလျှင် သင်သည် ကျန်းမာပြီး သင့်သားသမီးများ၏ စောင့်ရှောက်မှုအားမလိုအပ်ခြင်းကို ရွေးချယ်မည်လော၊ သို့မဟုတ် သင်သည် သင်၏ဘေး၌ သင့်သားသမီးများရှိပြီး လေဖြတ်နေရန် ရွေးချယ်မည်လော။ မည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ (ကျန်းမာရန် ရွေးချယ်ပါမည်။) ကျန်းမာခြင်းက အလွန်ပို၍ ကောင်းသည်။ သင်သည် အသက် ၈၀၊ ၉၀၊ သို့မဟုတ် ၁၀၀ အထိပင် နေထိုင်ရသည်ဖြစ်စေ သင့်ကိုယ်သင်ဆက်လက်၍ ဂရုစိုက်နိုင်သည်။ ဤသည်မှာ ကောင်းသောဘဝအရည်အသွေးဖြစ်သည်။ သင်သည် အိုမင်းနိုင်သော်လည်း၊ သင်၏ အသိဉာဏ်က နှေးကွေးနိုင်သော်လည်း၊ မကောင်းသောမှတ်ဉာဏ်ရှိပြီး အစားနည်းပါးနိုင်သော်လည်း၊ အမှုအရာများကို ပို၍နှေးကွေးစွာလုပ်ဆောင်ပြီး ယခင်ကကဲ့သို့ကောင်းစွာမလုပ်ဆောင်နိုင်သော်လည်း၊ အပြင်ထွက်ခြင်းသည် ယခင်ကကဲ့သို့ အဆင်မပြေသော်လည်း သင်ကိုယ်တိုင်၏ အခြေခံလိုအပ်ချက်များကို ဂရုစိုက်နိုင်သည်မှာ ကောင်းနေဆဲဖြစ်သည်။ သင့်သားသမီးများက နှုတ်ဆက်စကားပြောရန်အတွက် ရံဖန်ရံခါ ဖုန်းခေါ်ခြင်း၊ သို့မဟုတ် အားလပ်ရက်များတွင် ၎င်းတို့အား အိမ်သို့လာစေပြီး သင်နှင့်အတူနေစေခြင်းသည် လုံလောက်သည်။ ၎င်းတို့ထံမှ အဘယ်ကြောင့် တစ်စုံတစ်ခုပို၍ တောင်းဆိုမည်နည်း။ သင်သည် အစဉ်သဖြင့် သင့်သားသမီးများအပေါ် အားကိုးနေသည်။ ၎င်းတို့သည် သင်၏ ကျွန်များဖြစ်မှသာ ပျော်ရွှင်မည်လော။ သင့်အနေဖြင့် ဤသို့ တွေးသည်မှာ တစ်ကိုယ်ကောင်းမဆန်သလော။ သင်သည် သင့်သားသမီးများအား သားသမီးဝတ်ကျေပွန်ရန်၊ ၎င်းတို့ကို သင်အားကိုးနိုင်ရန် အစဉ်တောင်းဆိုနေသည်။ အားကိုးရန် မည်သည့်အရာရှိသနည်း။ သင့်မိဘများက သင့်အပေါ် အားကိုးခဲ့သလော။ သင့်မိဘများကပင် သင့်အပေါ် အားမကိုးခဲ့လျှင် အဘယ်ကြောင့် သင်သည် သင်ကိုယ်တိုင်၏ သားသမီးများအပေါ် အားကိုးသင့်သည်ဟု ထင်သနည်း။ ဤသည်မှာ ကျိုးကြောင်းမသင့်ခြင်း မဟုတ်သလော။ (ဟုတ်သည်။)
တစ်ဖက်တွင် မိဘများသည် သားသမီးများအား ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရန် မျှော်မှန်းသည့်ကိစ္စနှင့်ပတ်သက်ပြီး အရာရာတိုင်းကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး ဘုရားသခင်၏ စီမံမှုအပေါ်တွင် မူတည်သည်ဆိုသည်ကို မိဘများက သိရမည်။ အခြားတစ်ဖက်တွင် လူတို့သည် ကျိုးကြောင်းဆီလျော်မှုရှိရမည်။ မိဘများသည် သားသမီးများအား မွေးဖွားခြင်းအားဖြင့် ပင်ကိုအားဖြင့် ဘဝတွင် ထူးခြားသောအရာတစ်ခုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။ ၎င်းတို့သည် သားသမီးများထံမှ များစွာ ရရှိပြီးဖြစ်ကာ မိဘအုပ်ထိန်းမှု၏ ဝမ်းနည်းမှု၊ ဝမ်းမြောက်မှုတို့ကို တန်ဖိုးထားလာသည်။ ဤဖြစ်စဉ်သည် ၎င်းတို့ဘဝတွင် ကြွယ်ဝသောအတွေ့အကြုံတစ်ခုဖြစ်သည်။ အမှတ်ရစရာ အတွေ့အကြုံလည်း ဖြစ်သည်။ ယင်းသည် ၎င်းတို့လူ့သဘာဝတွင် တည်ရှိသော အားနည်းချက်များနှင့် မသိနားမလည်ခြင်းကို အစားထိုးပေးသည်။ မိဘများအနေဖြင့် ၎င်းတို့သည် သားသမီးများအား ပျိုးထောင်ခြင်းမှတစ်ဆင့် ၎င်းတို့ရသင့်သည့်အရာကို ရရှိနှင့်ပြီး ဖြစ်သည်။ ၎င်းတို့သည် ဤအရာဖြင့် ကျေနပ်ရောင့်ရဲခြင်းမရှိဘဲ သားသမီးများအား အစောင့်များ၊ သို့မဟုတ် ကျွန်များအဖြစ် ၎င်းတို့အား အလုပ်အကျွေးပြုရန် တောင်းဆိုလျှင်၊ သားသမီးများအား ပျိုးထောင်ပေးသည့်အတွက် သားသမီးများအား ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ အိုမင်းသောအချိန်တွင် ၎င်းတို့အား စောင့်ရှောက်ခြင်း၊ မြေမြုပ်ရာတွင် ၎င်းတို့အား လိုက်လံပို့ဆောင်ခြင်း၊ ၎င်းတို့အား ခေါင်းတလားအတွင်းသို့ ထည့်ခြင်း၊ အိမ်တွင် ၎င်းတို့၏ ကိုယ်ခန္ဓာကို မပုပ်မသိုးရန် ထိန်းသိမ်းပေးခြင်း၊ ၎င်းတို့ကွယ်လွန်သောအခါ နာကျင်စွာငိုကြွေးခြင်း၊ သုံးနှစ်ကြာသည်အထိ ဝမ်းနည်းပူဆွေးလျက်ရှိခြင်း စသည်တို့အားဖြင့် ၎င်းတို့ကို ပြန်လည်ပေးဆပ်ရန် မျှော်လင့်ကာ သူတို့၏ အကြွေးကို ပြန်လည်ပေးဆပ်ရန် ဤအရာများကို သားသမီးများအား အသုံးပြုစေလျှင် ကျိုးကြောင်းမသင့်သကဲ့သို့ လူသားမဆန်ပေ။ သင်သိသလော။ ဘုရားသခင်က လူတို့အား ၎င်းတို့မိဘများကို မည်သို့ဆက်ဆံရမည်ဆိုသည်ကို သင်ကြားခြင်းနှင့်ပတ်သက်လျှင် သူသည် လူတို့အား ၎င်းတို့မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန်သာ တောင်းဆိုသည်။ သားသမီးများအား မိဘများသေသည်ထိ ပံ့ပိုးရန် လုံးဝ မတောင်းဆိုပေ။ ဘုရားသခင်သည် လူတို့အား ဤတာဝန်နှင့် ဝတ္တရားကို မပေးပေ။ ဤသို့သောအရာတစ်ခုခုကို သူ လုံးဝ မပြောခဲ့ပေ။ ဘုရားသခင်သည် သားသမီးများအား မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန်သာ အကြံပေးသည်။ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် ကျယ်ပြန့်သောနယ်ပယ်ရှိသည့် အကြမ်းဖျဉ်းပြော ပြောဆိုချက်ဖြစ်သည်။ ယနေ့တွင် တိကျသောဝေါဟာရများဖြင့် ယင်းအကြောင်းကို ပြောလျှင် ယင်းသည် သင်၏စွမ်းရည်နှင့် အခြေအနေအတွင်းရှိသော သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ လုံလောက်သည်။ ထိုမျှ ရိုးရှင်းသည်။ ယင်းသည် သားသမီးများအတွက် တစ်ခုတည်းသောသတ်မှတ်ချက်ဖြစ်သည်။ ဤသို့ဆိုလျှင် မိဘများက ဤအရာကို အဘယ်သို့ နားလည်သင့်သနည်း။ ဘုရားသခင်က “သားသမီးများသည် မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရမည်။ မိဘများအိုမင်းသောအခါတွင် စောင့်ရှောက်ရမည်။ ၎င်းတို့အား လိုက်လံပို့ဆောင်ရမည်” ဟု မတောင်းဆိုပေ။ ထို့ကြောင့် မိဘဖြစ်သူများသည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုကို လက်လွှတ်သင့်ပြီး ၎င်းတို့က သားသမီးများအား မွေးဖွားခဲ့သောကြောင့်သက်သက်ဖြင့် သားသမီးများနှင့်ပတ်သက်သည့်အရာရာတိုင်းကို ၎င်းတို့အပေါ် ဗဟိုပြုရန် မမျှော်လင့်သင့်ပေ။ သားသမီးများက မိဘများကို ဗဟိုပြုခြင်းမရှိဘဲ မိဘများအား ၎င်းတို့ဘဝ၏ ဗဟိုအဖြစ် မသတ်မှတ်လျှင် မိဘများက သားသမီးများအား အဆက်မပြတ်ဆူခြင်း၊ ၎င်းတို့၏ အသိစိတ်ကို ဒုက္ခပေးခြင်း၊ “သင်သည် ကျေးဇူးမသိတတ်။ သားသမီးဝတ်မကျေပွန်။ သင့်အား အလွန်ကြာရှည်စွာ ပျိုးထောင်ပြီးသည့်နောက်တွင်ပင် သင့်အပေါ် အားကိုး၍မရသေးပါ” ဆိုသကဲ့သို့သော အရာများအား ပြောဆိုပြီး သားသမီးများအား ဤသို့ အစဉ်ဆူငေါက်ကာ ၎င်းတို့အပေါ် ဝန်ပိစေခြင်းတို့သည် မမှန်ပေ။ သားသမီးများအား သားသမီးဝတ်ကျေပွန်ပြီး မိမိကို အဖော်ပြုရန်၊ အိုမင်းသည့်အခါတွင် စောင့်ရှောက်ပြီး မြုပ်နှံပေးရန်၊ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မိမိအကြောင်းကို စဉ်ဆက်မပြတ် တွေးရန် တောင်းဆိုခြင်းသည် ပင်ကိုအားဖြင့် မှားယွင်းသော လမ်းစဉ်နှင့် လူသားမဆန်သော အတွေး၊ အယူအဆဖြစ်သည်။ ဤသို့သော တွေးခေါ်မှုမျိုးသည် မတူညီသောနိုင်ငံများ၊ သို့မဟုတ် မတူညီသော လူမျိုးစုများကြားတွင် အနည်းနှင့်အများ တည်ရှိနေနိုင်သည်။ သို့သော် ရိုးရာတရုတ်ယဉ်ကျေးမှုကိုကြည့်လျှင် အထူးသဖြင့် တရုတ်လူမျိုးများသည် သားသမီးဝတ်ကျေပွန်ခြင်းကို အလေးပေးသည်။ ရှေးကာလမှ ယခုအချိန်အထိ ဤအရာကို လူတို့၏ လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ လူတစ်ယောက်ကောင်းသည်၊ မကောင်းသည်ကို တိုင်းတာသည့် စံနှုန်းအဖြစ် အစဉ်ဆွေးနွေးပြီး အလေးပေးခဲ့သည်။လူ့အဖွဲ့အစည်းတွင် သားသမီးများက သားသမီးဝတ်မကျေပွန်လျှင်၊ ၎င်းတို့မိဘများကလည်း ရှက်လိမ့်မည်၊ သားသမီးများသည် ၎င်းတို့၏ဂုဏ်သတင်းတွင် ဤအမှတ်အသားကို ခံနိုင်မည်မဟုတ် ဆိုသည့် အတွေ့ရများသည့် ကျင့်သုံးမှုနှင့် လူအများ၏ထင်မြင်ချက်ရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။ အမျိုးမျိုးသော အချက်အလက်များ၏ လွှမ်းမိုးမှုအောက်တွင် မိဘများသည်လည်း ဤရိုးရာအတွေးအခေါ်၏ အဆိပ်ခတ်ခြင်းကို အလွန်အမင်းခံထားရပြီး မစဉ်းစားဘဲ၊ သို့မဟုတ် ပိုင်းခြားသိမြင်မှုမရှိဘဲ သားသမီးများအား သားသမီးဝတ်ကျေပွန်ရန် တောင်းဆိုကြသည်။ သားသမီးများအား ပျိုးထောင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသည်မှာ သင်၏ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ ဘုရားသခင်က သင့်အားပေးသည့် တာဝန်၊ ဝတ္တရားဖြစ်သည်။ တစ်ချက်မှာ သားသမီးများအား ပျိုးထောင်ခြင်းသည် လူသားဗီဇစိတ်နှင့် သက်ဆိုင်ပြီး အခြားတစ်ချက်မှာ ယင်းသည် လူသားတာဝန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်သည် ဗီဇစိတ်နှင့် တာဝန်ကြောင့် သားသမီးများမွေးရန် ရွေးချယ်ခြင်းဖြစ်သည်။ အိုမင်းသည့်အရွယ်အတွက် ပြင်ဆင်ဖို့ရန်၊ အိုမင်းသောအခါတွင် စောင့်ရှောက်ခံရဖို့ရန် မဟုတ်ပေ။ ဤအမြင်သည် မမှန်ကန်သလော။ (မှန်ကန်ပါသည်။) သားသမီးမရှိသောလူတို့သည် အိုမင်းခြင်းကို ရှောင်နိုင်သလော။ အိုမင်းခြင်းသည် ဆင်းရဲဒုက္ခရောက်မည်ဟု အသေအချာပင် အဓိပ္ပာယ်ရသလော။ အသေအချာပင် ဤသို့ အဓိပ္ပာယ်ရခြင်းမျိုး မဟုတ်ပေ။ မှန်သလော။ သားသမီးမရှိသောလူတို့သည် အိုမင်းသည်အထိ နေနိုင်ဆဲဖြစ်သည်။ အချို့မှာ ကျန်းမာခြင်း၊ ၎င်းတို့၏ နောက်ပိုင်းနှစ်များတွင် ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းစွာဖြင့် ကွယ်လွန်ခြင်းတို့ပင်ရှိသည်။ သားသမီးရှိသောလူတို့သည် ၎င်းတို့၏နောက်ပိုင်းနှစ်များတွင် အသေအချာပင် ပျော်ရွှင်စွာ၊ ကျန်းမာစွာ ပျော်မွေ့နိုင်သလော။ (အသေအချာ ပျော်မွေ့နိုင်ခြင်းမျိုး မဟုတ်ပါ။) ထို့ကြောင့် အိုမင်းသည့်အရွယ်သို့ရောက်သော မိဘများ၏ ကျန်းမာရေး၊ ပျော်ရွှင်မှု၊ နေထိုင်သည့်အခြေအနေအပြင် ၎င်းတို့၏ ရုပ်ဝတ္ထုဘဝ အရည်အသွေးတို့သည် အမှန်တကယ်တွင် ၎င်းတို့သားသမီးများက ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ခြင်းဖြင့် သက်ဆိုင်ခြင်းမရှိသလောက်ဖြစ်သည်။ ထိုနှစ်ခုကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုမရှိပေ။ အိုမင်းသည့်အရွယ်တွင် သင်၏ နေထိုင်ရာအခြေအနေ၊ ဘဝအရည်အသွေး၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့သည် ဘုရားသခင်က သင့်အတွက် စီမံထားသည့်အရာနှင့် သင့်အတွက် စီစဉ်သည့် နေထိုင်ရာပတ်ဝန်းကျင်တို့နှင့် သက်ဆိုင်သည်။ ယင်းတို့သည် သင့်သားသမီးများက သားသမီးဝတ်ကျေပွန်ခြင်း၊ မကျေပွန်ခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှုမရှိပေ။ သင့်သားသမီးများသည် သင်၏ နောက်ပိုင်းနှစ်များရှိ နေထိုင်ရာအခြေအနေအတွက် တာဝန်ခံရန် ဝတ္တရားမရှိပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ထို့ကြောင့် သားသမီးများက မိဘအပေါ် ရှိသည့်သဘောထားက မည်သို့ဖြစ်စေ၊ ၎င်းတို့သည် မိဘများအပေါ် စောင့်ရှောက်လိုစိတ်ရှိသည်ဖြစ်စေ၊ ကောင်းစွာ မစောင့်ရှောက်သည်ဖြစ်စေ၊ မိဘများကို လုံးဝ မစောင့်ရှောက်လိုသည်ဖြစ်စေ ဤသည်မှာ သားသမီးများအနေဖြင့်ရှိသည့် ၎င်းတို့၏ သဘောထားဖြစ်သည်။ ယခုလောလောဆယ်တွင် သားသမီးများ၏ ရှုထောင့်မှ ပြောဆိုခြင်းကို ဘေးချထားပြီး မိဘများ၏ ရှုထောင့်မှသာ ပြောဆိုကြစို့။ မိဘများသည် သားသမီးများအား သားသမီးဝတ်ကျေပွန်ရမည်ဟုလည်းကောင်း၊ ၎င်းတို့အိုမင်းသောအခါတွင် ၎င်းတို့အား စောင့်ရှောက်ရမည်ဟုလည်းကောင်း၊ မိဘများ၏ နှောင်းပိုင်းဘဝ၏ ဝန်ထုပ်ဝန်ပိုးကို ခံယူရမည်ဟုလည်းကောင်း မတောင်းဆိုသင့်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုပေ။ တစ်ဖက်တွင် ဤသည်မှာ သားသမီးများအပေါ် မိဘများရှိသင့်သည့် သဘောထားဖြစ်ပြီး အခြားတစ်ဖက်တွင် ဤသည်မှာ မိဘများ ပိုင်ဆိုင်သင့်သည့် ဂုဏ်သိက္ခာဖြစ်သည်။ ပို၍အရေးကြီးသော ကဏ္ဍရှိသည်မှာလည်း မှန်သည်။ ဤသည်မှာ မိဘများသည် ဖန်ဆင်းခံများအနေဖြင့် သားသမီးများအား ဆက်ဆံရာတွင် လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်သည်။ သင်၏ သားသမီးများသည် အရေးစိုက်လျှင်၊ သားသမီးဝတ်ကျေပွန်လျှင်၊ သင့်အား စောင့်ရှောက်လိုစိတ်ရှိလျှင် သင်က ငြင်းဆန်ရန် မလိုပေ။ ၎င်းတို့က ဤသို့လုပ်ဆောင်လိုစိတ်ရှိလျှင် သင်သည် တစ်နေကုန် ညည်းတွားပြီး ညည်းညူနေရန်၊ သင်၏စိတ်နှလုံးတွင် မသက်မသာဖြစ်ရန်၊ သို့မဟုတ် မကျေမနပ်ဖြစ်ရန်၊ သင့်သားသမီးများအပေါ် အာဃာတထားရန် မလိုအပ်ပေ။ သင်သည် သင်တတ်နိုင်သမျှ သင်၏ကိုယ်ပိုင်ဘဝနှင့် ရှင်သန်ရေးအတွက်တာဝန်ယူပြီး ဝန်ထုပ်ဝန်ပိုး ထမ်းရွက်သင့်သည်။ အခြားလူများအပေါ်၊ အထူးသဖြင့် သင့်သားသမီးများအပေါ် ရွှေ့ပြောင်းမပေးသင့်ပေ။ သင်သည် အဖော်မရှိဘဲ၊ သို့မဟုတ် သင့်သားသမီးများ၏ အကူအညီမပါဘဲ ဘဝကို တက်ကြွစွာ၊ မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင်သည် သင့်သားသမီးများနှင့် ဝေးလျှင်ပင် ဘဝက သင့်ထံသို့ ယူဆောင်လာသည့် မည်သည့်အရာကိုမဆို သင့်ဘာသာ ရင်ဆိုင်နိုင်ဆဲ ဖြစ်သည်။ သင်သည် သင့်သားသမီးများထံမှ အကူအညီကို မဖြစ်မနေလိုအပ်လျှင် ၎င်းတို့အား အကူအညီတောင်းနိုင်သည်မှာ မှန်သည်။ သို့သော် ယင်းသည် သင့်သားသမီးများက သင့်အပေါ် သားသမီးဝတ်ကျေပွန်ရမည်၊ သို့မဟုတ် သင်သည် ၎င်းတို့အပေါ် အားကိုးရမည်ဆိုသည့် အယူအဆအပေါ် အခြေမခံသင့်ပေ။ ဤအစား နှစ်ဘက်စလုံးသည် မိဘနှင့် သားသမီးကြား ဆက်ဆံရေးကို ဆင်ခြင်တုံတရားရှိစွာ ကိုင်တွယ်ရန်အတွက် ၎င်းတို့၏ တာဝန်များအား ဖြည့်ဆည်းခြင်းရှုထောင့်မှနေ၍ တစ်ယောက်အပေါ် တစ်ယောက် အမှုအရာများ လုပ်ဆောင်ခြင်းကို ချဉ်းကပ်သင့်သည်။ နှစ်ဖက်လုံးက ဆင်ခြင်တုံတရားရှိလျှင်၊ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးလျှင်၊ တစ်ယောက်ကိုတစ်ယောက် လေးစားလျှင် အဆုံး၌ ၎င်းတို့သည် အသေအချာပင် ပို၍ အဆင်ပြေနိုင်မည်။ ပို၍ သဟဇာတဖြစ်နိုင်မည်။ ဤမိသားစု ခင်မင်မှုကို ချစ်မြတ်နိုးပြီး ၎င်းတို့၏ တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်မှု၊ အရေးစိုက်မှုနှင့် ချစ်ခြင်းတို့ကို ချစ်မြတ်နိုးနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုကို အခြေခံကာ ဤအရာများအား လုပ်ဆောင်ခြင်းသည် ပို၍ လူသားဆန်ပြီး သင့်တင့်လျောက်ပတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) သားသမီးများသည် ၎င်းတို့၏တာဝန်များကို မှန်ကန်စွာ ချဉ်းကပ်ပြီး ဆောင်ရွက်နိုင်သောအခါ၊ သင်သည် ၎င်းတို့၏မိဘအနေဖြင့် သင့်သားသမီးများအပေါ် အလွန်အကျွံဖြစ်သော၊ တိုက်ရိုက်မသက်ဆိုင်သော တောင်းဆိုမှုတစ်ခုခုကို မပြုလုပ်သောအခါတွင် ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် အလွန်ပင် သဘာဝကျပြီး သာမန်ဖြစ်သည်ဆိုသည်ကို သင်တွေ့လိမ့်မည်။ ဤသည်မှာ အလွန်ကောင်းသောအရာဖြစ်သည်ဟု သင်ထင်မြင်လိမ့်မည်။ သင်သည် ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် မကျေနပ်ဖွယ်ဖြစ်သည်၊ မှားယွင်းသည်၊ သို့မဟုတ် ၎င်းတို့အား ပျိုးထောင်ပေးခဲ့ရသည့် အကြွေးကို ပြန်လည်ပေးဆပ်ရန် မလုံလောက်ဟု မြင်ပြီး ယခင်ကကဲ့သို့ တူညီသောဝေဖန်သည့်မျက်လုံးဖြင့် ၎င်းတို့အား ဆက်ဆံမည်မဟုတ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ သင်သည် အရာရာတိုင်းကို မှန်ကန်သော သဘောထားဖြင့် ရင်ဆိုင်လိမ့်မည်။ သင့်သားသမီးများက ပေးသည့် အဖော်ပြုခြင်း၊ သားသမီးဝတ်ကျေပွန်ခြင်းအတွက် ဘုရားသခင်အပေါ် ကျေးဇူးတင်လိမ့်မည်။ သင့်သားသမီးများသည် အလွန်ပင် သင့်တင့်လျောက်ပတ်သည်၊ လူသားဆန်သည်ဟု သင်ထင်လိမ့်မည်။ သင့်သားသမီးများက အဖော်ပြုခြင်း၊ သားသမီးဝတ်ကျေပွန်ခြင်းမရှိလျှင်ပင် သင်က ဘုရားသခင်ကို အပြစ်တင်မည်မဟုတ်သကဲ့သို့ ၎င်းတို့အား မုန်းတီးဖို့မဆိုထားနှင့်၊ ၎င်းတို့အား ပျိုးထောင်ခြင်းကိုပင် သင်နောင်တရမည်မဟုတ်ပေ။ အတိုချုပ်အားဖြင့်ဆိုလျှင် မိဘများအနေဖြင့် သားသမီးများက မိဘများအပေါ်ထားရှိသည့် မည်သည့်သဘောထားကိုမဆို မှန်ကန်စွာ ရင်ဆိုင်ရန် ပဓာနကျသည်။ ဤအရာအား မှန်ကန်စွာ ရင်ဆိုင်ခြင်းဆိုသည်မှာ ၎င်းတို့အပေါ် မည်သည့်အလွန်အကျွံတောင်းဆိုမှုမျှ မပြုခြင်း၊ ၎င်းတို့အပေါ် အလွန်အကျွံ ပြုမူလုပ်ဆောင်မှုမရှိခြင်း၊ ၎င်းတို့လုပ်ဆောင်သမျှတိုင်းအပေါ် လူသားမဆန်သော၊ သို့မဟုတ် အပျက်သဘောဆောင်သော ဝေဖန်မှု၊ အကဲဖြတ်မှုတစ်ခုခုကို အသေအချာပင် မပြုလုပ်ခြင်းတို့ကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် ဂုဏ်သိက္ခာဖြင့် စတင် အသက်ရှင်လိမ့်မည်။ သင်သည် မိဘအနေဖြင့် သင်၏ကိုယ်ပိုင်စွမ်းရည်၊ အခြေအနေ၊ ဘုရားသခင်၏ စီမံမှုတို့အရ ဘုရားသခင်က သင့်အားပေးသည့် မည်သည့်အရာကိုမဆို မွေ့လျော်သင့်သည်။ ဘုရားသခင်က သင့်အား တစ်စုံတစ်ခုကိုမပေးလျှင်လည်း သင်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပြီး သူ့အပေါ် နာခံသင့်သည်။ သင်သည် အခြားလူများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်ပြီး “ထိုသူ၏ မိသားစုကို ကြည့်ပါ။ သူ၏ ကလေးသည် အလွန် သားသမီးဝတ်ကျေပွန်သည်။ အစဉ်သဖြင့် သူ၏မိဘများကို အပြင်သို့ ကားမောင်းပို့ပြီး တောင်ဘက်သို့ အပန်းဖြေခရီးထွက်သည်။ ၎င်းတို့ ပြန်လာသည့်အချိန်တိုင်းတွင် ၎င်းတို့သည် အိတ်အရွယ်အစားမျိုးစုံဖြင့် ပြည့်နေသည်။ ထိုကလေးသည် အလွန် သားသမီးဝတ်ကျေပွန်သည်။ ၎င်းတို့၏ကလေးကိုသာ ကြည့်ပါ။ သူသည် ၎င်းတို့ အားကိုးနိုင်သည့်သူတစ်ယောက်ဖြစ်သည်။ အိုမင်းသည့်အရွယ်တွင် ဂရုစိုက်မည့်သူတစ်ယောက်ရှိဖို့အတွက် ဤသို့သောသားကို ပျိုးထောင်ပေးရမည်။ ယခုတွင် ငါတို့၏ သားကို ကြည့်ပါ။ သူသည် အိမ်သို့ လက်ဗလာဖြင့် လာပြီး ငါတို့ကို မည်သည့်အရာမျှ တစ်ခါမျှ ဝယ်မပေးပေ။ သူသည် လက်ဗလာဖြစ်ရုံမကဘဲ အိမ်သို့ လာသည်မှာပင် အလွန်ရှားသည်။ သူ့ကို ငါမခေါ်လျှင် သူက အိမ်သို့ မလာပေ။ သို့သော် သူသည် အိမ်သို့ ပြန်လာသည်နှင့် သူအလိုရှိသမျှမှာ အစားအသောက်ဖြစ်သည်။ ပြီးလျှင် မည်သည့်အလုပ်ကိုမျှပင် မလုပ်လိုပေ” ဟု မပြောသင့်ပေ။ ဤသို့ ဖြစ်သည့်အတွက် သူ့အား အိမ်သို့သာ ပြန်မခေါ်နှင့်။ သင်က သူ့အား အိမ်သို့ပြန်လာရန်ခေါ်လျှင် သင်သည် စိတ်ဆင်းရဲရန် တောင်းဆိုနေခြင်း မဟုတ်လော။ သူသည် အိမ်ပြန်လာလျှင် အလကားစားသောက်ခြင်းသာပြုမည်ကို သင်သိသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သူ့အား ခေါ်မည်နည်း။ ဤသည်မှာ သင်က သင့်ကိုယ်သင် တန်ဖိုးလျော့စေပြီး တစ်ကိုယ်ကောင်းဆန်နေခြင်းကြောင့်သာ မဟုတ်လော။ သင်သည် သူ့အား အချည်းနှီး ပျိုးထောင်ခဲ့ခြင်းမဟုတ်ဟု မျှော်လင့်လျက်၊ သင်ကိုယ်တိုင် ပျိုးထောင်ခဲ့သောသူသည် အကြင်နာမဲ့သော ကျေးဇူးကန်းသူမဟုတ်နိုင်ဟု မျှော်လင့်လျက် အစဉ်သဖြင့် သူ့အပေါ် အားကိုးလိုသည်။ သင်ပျိုးထောင်သောသူသည် အကြင်နာမဲ့သော ကျေးဇူးကန်းသူမဟုတ်ဟုလည်းကောင်း၊ သင်၏ကလေးသည် သားသမီးဝတ်ကျေပွန်သူဖြစ်သည်ဟုလည်းကောင်း သင်အစဉ်သဖြင့် သက်သေပြလိုသည်။ ဤအရာအား သက်သေပြခြင်းသည် မည်သို့ အသုံးဝင်သနည်း။ သင်သည် သင်၏ကိုယ်ပိုင်ဘဝကို ကောင်းစွာမရှင်သန်နိုင်သလော။ သင်သည် သားသမီးများမရှိဘဲ မရှင်သင်နိုင်သလော။ (ရှင်သန်နိုင်သည်။) သင်သည် ဆက်လက်၍ ရှင်သန်နိုင်သည်။ ဤသို့သော ဥပမာများစွာရှိသည်မဟုတ်လော။
လူအချို့မှာ ဆွေးမြည့်ပြီး ခေတ်နောက်ကျနေသော အယူအဆကို ဖက်တွယ်ထားပြီး “လူတို့သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရန် သားသမီးများမွေးသည်ဖြစ်စေ၊ ၎င်းတို့ အသက်ရှင်နေဆဲအချိန်တွင် ၎င်းတို့သားသမီးများက သားသမီးဝတ်ကျေပွန်သည်ဖြစ်စေ အရေးမကြီးပေ။ သို့သော် ၎င်းတို့သေသည့်အချိန်တွင် ၎င်းတို့သားသမီးများသည် ၎င်းတို့၏ ခေါင်းတလားကို သယ်ရမည်။ ၎င်းတို့အနီးတွင် ၎င်းတို့၏သားသမီးများမရှိလျှင် ၎င်းတို့သေဆုံးသည့်အခါ မည်သူမျှသိမည်မဟုတ်သကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်သည် ၎င်းတို့၏အိမ်တွင် ပုပ်ဆွေးလိမ့်မည်” ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် မည်သူကမျှ သိမည်မဟုတ်လျှင် အဘယ်သို့နည်း။ သင်သေသောအခါ သင်သည် သေပြီဖြစ်ပြီး မည်သည့်အရာကိုမျှ သိစိတ်မရှိတော့ပေ။ သင်၏ကိုယ်ခန္ဓာသေဆုံးသောအခါ သင့်ဝိညာဉ်က ကိုယ်ခန္ဓာမှ ရုပ်ချည်းထွက်ခွာသွားသည်။ သေပြီးနောက် ကိုယ်ခန္ဓာက မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ၊ မည်သို့ပုံစံရှိသည်ဖြစ်စေ သေဆုံးနေပြီ မဟုတ်လော။ ခမ်းနားသော အသုဘတွင် ခေါင်းတလားဖြင့် သယ်ယူပြီး မြေမြုပ်လျှင်ပင် ကိုယ်ခန္ဓာက ပုပ်ဆွေးဦးမည်မဟုတ်လော။ လူတို့က “သင့်အား ခေါင်းတလားအတွင်းသို့ ထည့်ရန်၊ သင့်အား မြေမြုပ်အဝတ်အစားများ ဝတ်ဆင်ပေးရန်၊ မိတ်ကပ်လိမ်းရန်၊ ခမ်းနားသောအသုဘ စီစဉ်ရန်အတွက် သင့်အနီးတွင် သားသမီးများရှိခြင်းသည် ဂုဏ်ကျက်သရေရှိသောအရာတစ်ခုဖြစ်သည်။ သင့်အတွက် အသုဘစီစဉ်ပေးသော၊ သို့မဟုတ် သင့်အား လိုက်လံပို့ဆောင်ပေးသော တစ်ဦးတစ်ယောက်မျှမရှိဘဲ သင်သေဆုံးလျှင် သင်၏တစ်ဘဝလုံးတွင် သင့်လျော်သော အဆုံးသတ်မရှိသကဲ့သို့ဖြစ်သည်။” ဟု တွေးကြသည်။ ဤအယူအဆသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယခုခေတ်ကာလတွင် လူငယ်တို့သည် ဤအရာများကို များစွာ အရေးစိုက်ခြင်းမရှိ။ သားသမီးများသည် မိဘများ အိုမင်းသောအခါတွင် စောင့်ရှောက်ရမည်ဖြစ်ပြီး လိုက်လံပို့ဆောင်နှုတ်ဆက်ရမည်ဆိုသည့် စိတ်နှလုံးထဲတွင် နက်နဲစွာ တည်ရှိနေသော အတွေးအမြင်ရှိသည့် အသိအမြင်အနည်းငယ်သာရှိသော ဝေးလံသောဒေသရှိလူများနှင့် အသက်ကြီးသောလူများရှိဆဲဖြစ်သည်။ သင်သည် သမ္မာတရားအကြောင်းကို မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့က လက်မခံပေ။ ဤအရာ၏ နောက်ဆုံးအကျိုးဆက်မှာ အဘယ်နည်း။ အကျိုးဆက်မှာ ၎င်းတို့သည် ကြီးစွာဒုက္ခခံရခြင်း ဖြစ်သည်။ ဤအကြိတ်အခဲသည် ၎င်းတို့အတွင်းတွင် ကြာရှည်စွာ ပုံးကွယ်နေခဲ့ပြီး ယင်း၏ အဆိပ်ခတ်ခြင်းကို ၎င်းတို့ ခံရမည်။ ၎င်းတို့က ယင်းကို တူးဖော်ပြီး ဖယ်ရှားလိုက်သောအခါတွင် ယင်း၏ အဆိပ်ခတ်ခြင်းကို ခံရတော့မည်မဟုတ်ဘဲ ၎င်းတို့၏ဘဝသည် လွတ်လပ်လိမ့်မည်။ မည်သည့်မှားယွင်းသော လုပ်ရပ်မဆိုသည် မှားယွင်းသောအတွေးများကြောင့် ဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အိမ်တွင် သေဆုံးပြီး ပုပ်ဆွေးမည်ကို ကြောက်ရွံ့လျှင် ၎င်းတို့သည် “ငါသည် သားတစ်ယောက်ကို ပြုစုပျိုးထောင်ရမည်။ ငါ၏သားက ကြီးပြင်းသောအခါ၌ သူ့အား အလွန်ဝေးကွာစွာ သွားခွင့်ပြု၍မဖြစ်။ ငါသေသောအခါတွင် သူသည် ငါ၏အနီး၌မရှိလျှင် အဘယ်သို့ဖြစ်မည်နည်း။ အိုမင်းသောအခါ၌ ငါ့အား စောင့်ရှောက်မည့်သူ၊ သို့မဟုတ် လိုက်လံပို့ဆောင်မည့်သူမရှိခြင်းသည် ဘဝတွင် ငါ၏အကြီးဆုံးသော နောင်တဖြစ်လိမ့်မည်။ ငါ့အတွင် ဤအရာကို လုပ်ဆောင်ပေးရန် တစ်စုံတစ်ယောက်ရှိလျှင် ငါ၏ဘဝကို အချည်းနှီးအသက်ရှင်ခဲ့ခြင်း ဖြစ်မည်မဟုတ်။ ပြည့်စုံသောဘဝ ဖြစ်လိမ့်မည်။ မည်သို့ဖြစ်စေ ငါသည် အိမ်နီးချင်းများက လှောင်ပြောင်ခြင်းကို ခံရသည့်သူ မဖြစ်နိုင်ပေ” ဟု အစဉ် စဉ်းစားနေလိမ့်မည်။ ဤသည်မှာ ပုပ်ဆွေးနေသော သဘောတရားမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် အမြင်ကျဉ်းမြောင်းပြီး ဆုတ်ယုတ်သည်။ ရုပ်ခန္ဓာကို လွန်စွာ အရေးထားလွန်းသည်။ လက်တွေ့တွင် ရုပ်ခန္ဓာသည် တန်ဖိုးမရှိ။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို တွေ့ကြုံရပြီးနောက်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။ လူတို့သည် အသက်ရှင်စဉ်တွင် သမ္မာတရားကို ရရှိမှသာ ၎င်းတို့ကယ်တင်ခြင်းခံရသောအခါ ၎င်းတို့သည် ထာဝရအသက်ရှင်လိမ့်မည်။ သင်သည် သမ္မာတရားကို မရရှိသေးလျှင် သင်၏ကိုယ်ခန္ဓာသေဆုံးပြီး ဆွေးမြည့်သောအခါ မည်သည့်အရာမျှ ကျန်ရှိမည်မဟုတ်။ သင့်သားသမီးများက သင့်အပေါ် မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်က ယင်းကို ခံစားနိုင်မည်မဟုတ်ပေ။ လူတစ်ယောက်ကသေဆုံးပြီး သူ၏ သားသမီးများက သူ့ကို ခေါင်းတလားအတွင်း၌ မြေမြုပ်သောအခါ ထိုကိုယ်ခန္ဓာအဟောင်းသည် တစ်စုံတစ်ခုကို ခံစားရနိုင်သလော။ တစ်စုံတစ်ခုကို သိမြင်နိုင်သလော။ (မသိမြင်နိုင်ပါ။) ယင်းတွင် လုံးဝ သိမြင်နားလည်မှုမရှိပေ။ သို့သော် ဘဝတွင် လူတို့သည် ဤအမှုကိစ္စကို လွန်စွာ အလေးထားပြီး သားသမီးများသည် ၎င်းတို့အား လိုက်လံပို့ဆောင်နိုင်ခြင်းရှိမရှိတွင် သားသမီးများအား အလွန်တောင်းဆိုသည်။ ဤသည်မှာ မိုက်မဲသည်မဟုတ်လော။ (ဟုတ်သည်။) သားသမီးအချို့က ၎င်းတို့မိဘများအား “ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်သည်။ သင်တို့ အသက်ရှင်စဉ်တွင် ကျွန်ုပ်တို့သည် သင့်အပေါ် သားသမီးဝတ်ကျေပွန်မည်။ သင့်အား စောင့်ရှောက်မည်။ အလုပ်အကျွေးပြုမည်။ သို့သော် သင်သေဆုံးသောအခါ ကျွန်ုပ်တို့သည် သင့်အတွက် အသုဘစီစဉ်မည်မဟုတ်” ဟု ဆိုသည်။ မိဘများက ဤအရာကိုကြားသောအခါ စိတ်ဆိုးသည်။ ၎င်းတို့သည် သင်ပြောသည့် အခြားမည်သည့်အရာကိုမျှ စိတ်မဆိုးဘဲ သင်သည် ဤသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ပေါက်ကွဲပြီး “မည်သည့်အရာကို သင်ပြောသနည်း။ သားသမီးဝတ်မကျေပွန်သောသူ။ သင်၏ခြေထောက်ကို ငါရိုက်ချိုးမည်။ ငါသည် သင့်အားမမွေးခဲ့သည်က ပိုကောင်းမည်။ သင့်ကို သတ်မည်” ဟု ပြောသည်။ သင်ပြောသည့် အခြားမည်သည့်အရာကမျှ ၎င်းတို့အား စိတ်အနှောင့်အယှက် မဖြစ်စေပေ။ ဤအရာသာ ဖြစ်သည်။ ၎င်းတို့၏ ဘဝသက်တမ်းအချိန်အတွင်းတွင် ၎င်းတို့သားသမီးများက ၎င်းတို့ကို ကောင်းစွာဆက်ဆံရန် အခွင့်အလမ်းများစွာရှိခဲ့သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့မိဘများကို လိုက်လံပို့ဆောင်ရန် မရမကပြောဆိုသည်။ ၎င်းတို့သားသမီးများက ဘုရားသခင်ကို စတင်ယုံကြည်ခဲ့သောကြောင့် ၎င်းတို့သားသမီးများသည် ၎င်းတို့အား “သင်သေဆုံးသောအခါ ကျွန်ုပ်တို့သည် သင့်အတွက် အသုဘအခမ်းအနားကျင်းပမည်မဟုတ်။ ကျွန်ုပ်တို့သည် သင့်အား မီးသဂြိုဟ်ပြီး ပြာအိုးကို သိမ်းဆည်းရန် နေရာတစ်ခုရှာမည်။ သင်အသက်ရှင်စဉ်တွင် ကျွန်ုပ်တို့သည် သင့်အား အနီးတွင် ကျွန်ုပ်တို့ရှိနေခြင်း ကောင်းချီးကို ခံစားရစေမည်။ သင့်အား အစားအစာနှင့် အဝတ်အစားပေးမည်။ သင့်အား မတရားခံရခြင်းမှ လွတ်ငြိမ်းစေမည်” ဟု ပြောခဲ့သည်။ ဤသည်မှာ လက်တွေ့မကျသလော။ မိဘများက “ဤအရာများက အရေးမပါပေ။ ငါအလိုရှိသည်မှာ သင်တို့အနေဖြင့် ငါသေပြီးနောက်တွင် အသုဘစီစဉ်ရန် ဖြစ်သည်။ သင်သည် ငါအိုမင်းသောအခါ ငါ့ကို မစောင့်ရှာက်ဘဲ လိုက်လံပို့ဆောင်ခြင်းမရှိလျှင် ငါသည် မည်သည့်အခါမျှ ဤအရာကို လက်လွှတ်မည်မဟုတ်” ဟု ပြန်ပြောသည်။ လူတစ်ယောက်သည် ဤမျှမိုက်မဲသောအခါ ဤသို့သော ရိုးရှင်းသည့် ကျိုးကြောင်းပြဆိုချက်ကို နားမလည်နိုင်ပေ။ သင်က ၎င်းတို့ကို မည်မျှရှင်းပြပါစေ ၎င်းတို့က သဘောပေါက်ဦးမည်မဟုတ်ပေ။ ၎င်းတို့သည် တိရိစာ္ဆန်ကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် သင်သည် မိဘအနေဖြင့် သမ္မာတရားကို လိုက်စားလျှင်သားသမီးများက သားသမီးဝတ်ကျေပွန်သလော၊ သင်အိုမင်းသောအခါတွင် သင့်အား စောင့်ရှောက်သလော၊ သင့်အား လိုက်လံပို့ဆောင်ပြီး မြေမြုပ်ပေးသလောဆိုသည်တို့နှင့် သက်ဆိုင်သည့် ရိုးရာဖြစ်သော၊ ပုပ်ဆွေးနေသော၊ ဆုတ်ယုတ်သောအတွေးအမြင်များကို ဦးစွာ လက်လွှတ်သင့်ပြီး ဤအမှုကိစ္စကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင့်သားသမီးများသည် သင့်အပေါ် အမှန်တကယ် သားသမီးဝတ်ကျေပွန်လျှင် ယင်းကို ၎င်းတို့ထံမှ မှန်ကန်စွာ လက်ခံလော့။ သို့သော် သင့်သားသမီးများသည် သင့်အပေါ် သားသမီးဝတ်ကျေပွန်ရန် အခြေအနေ၊ အားအင်၊ သို့မဟုတ် ဆန္ဒမရှိလျှင်လည်းကောင်း၊ သင်အိုမင်းသောအခါ၌ ၎င်းတို့သည် သင့်အနီးတွင်နေ၍ သင့်အား မစောင့်ရှောက်နိုင်လျှင်၊ သို့မဟုတ် သင့်အား လိုက်လံပို့ဆောင်မပေးနိုင်လျှင်လည်းကောင်း သင်သည် ယင်းကို တောင်းဆိုရန်၊ သို့မဟုတ် ဝမ်းနည်းရန် မလိုပေ။ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ မွေးဖွားခြင်းတွင် သူ့အချိန်နှင့်သူရှိသည်။ သေဆုံးခြင်းတွင် သူ့အချိန်နှင့်သူရှိသည်။ လူတို့မွေးဖွားသည့်နေရာနှင့် သေဆုံးသည့်နေရာကို ဘုရားသခင်က စီမံပြီး ဖြစ်သည်။ သင့်သားသမီးများက သင့်အား ကတိတစ်စုံတစ်ရာပေးပြီး “သင်သေဆုံးသောအခါ ကျွန်ုပ်သည် သင့်အနီးတွင် အသေအချာပင် ရှိမည်။ ကျွန်ုပ်သည် သင့်အား မည်သည့်အခါမျှ စိတ်မပျက်စေရပေ” ဟု ဆိုလျှင်ပင် ဘုရားသခင်က ဤအခြေအနေများကို မစီစဉ်မညွှန်ကြားခဲ့ပေ။ သင်သေဆုံးတော့မည့်အချိန်တွင် သင့်သားသမီးများက သင်၏အနီးတွင် မရှိခြင်း ဖြစ်နိုင်သည်။ ၎င်းတို့က အလျင်အမြန်ပြန်လာရန် မည်မျှပင် ကြိုးစားပါစေ အချိန်မမီကောင်း မမီနိုင်ပေ။ ၎င်းတို့သည် သင့်အား နောက်ဆုံးအကြိမ် မြင်ရမည်မဟုတ်ပေ။ သင်နောက်ဆုံးအသက်ထွက်သည့်အချိန်မှ သုံးရက်မှ ငါးရက်အထိ ကြာနိုင်သည်။ သင်၏ ကိုယ်ခန္ဓာသည် အလုံးစုံ ဆွေးမည့်နေပြီဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့က ပြန်လာသည်။ ၎င်းတို့၏ ကတိသည် အကျိုးတစ်စုံတစ်ရာရှိသလော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင်ဘဝ၏ အရှင်သခင်ပင် မဖြစ်နိုင်ပေ။ ငါသည် ဤအရာကို သင့်အား ပြောပြီးဖြစ်သည်။ သို့သော် သင်က မယုံကြည်ပေ။ သင်သည် ၎င်းတို့အား ကတိပေးရန် မရမကတောင်းဆိုသည်။ ၎င်းတို့၏ ကတိသည် အကျိုးတစ်စုံတစ်ရာရှိသလော။ သင်သည် သင့်ကိုယ်သင် လှည့်စားမှုများဖြင့် ကျေနပ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ သင့်သားသမီးများက ကတိတည်နိုင်သည်ဟု သင်ထင်သည်။ ၎င်းတို့သည် ကတိတည်နိုင်သည်ဟု သင် အမှန်တကယ်ထင်သလော။ မတည်နိုင်ပေ။ တစ်ရက်ချင်းစီတိုင်းတွင် မည်သည့်နေရာ၌ ၎င်းတို့ရှိမည်၊ မည်သည့်အရာကို လုပ်ဆောင်မည်၊ ထို့အပြင် ၎င်းတို့၏အနာဂတ်က မည်သို့ရှိသည်ဆိုသည့် ဤအရာများကိုပင် ၎င်းတို့ကိုယ်တိုင် မသိပေ။ ၎င်းတို့၏ ကတိသည် အမှန်တွင် သင့်အား လှည့်စားရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး သင့်အား အတုအယောင် လုံခြုံစိတ်ချမှုကို ပေးခြင်းဖြစ်ကာ သင်က ၎င်းတို့ကို ယုံကြည်သည်။ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်ကို သင်သဘောမပေါက်နိုင်သေးပေ။
မိဘနှင့် သားသမီးမည်မျှသည် အတူတကွနေထိုင်ရန် ကံပါလာသနည်း။ မိဘများသည် သားသမီးများထံမှ မည်မျှရရှိနိုင်သနည်း။ မယုံကြည်သူများက ဤအရာကို “ထောက်ပံ့မှုကို ရရှိခြင်း”၊ သို့မဟုတ် “ထောက်ပံ့မှုကို မရရှိခြင်း” ဟု ခေါ်သည်။ ဤသည်မှာ မည်သည့်အရာအားဆိုလိုသည်ကို ငါတို့ မသိပေ။ အဆုံးတွင် ရိုးရှင်းစွာဆိုရလျှင် သားသမီးများအပေါ် အားကိုးနိုင်ခြင်းရှိမရှိကို ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး စီမံထားခြင်းဖြစ်သည်။ အရာရာတိုင်းက သင်ဆန္ဒရှိသကဲ့သို့ အတိအကျ ဖြစ်ပေါ်လာခြင်းကဲ့သို့မဟုတ်ပေ။ လူတိုင်းက အမှုအရာများကို အဆင်ပြေစေလိုပြီး သားသမီးများထံမှ အကျိုးအမြတ်များ ရရှိလိုသည်မှာ မှန်သည်။ သို့သော် သင်သည် ယင်းအတွက် ကံပါလာခြင်းရှိမရှိ၊ သင်၏ ကံကြမ္မာတွင် ရေးသားထားခြင်းရှိမရှိကို သင်အဘယ်ကြောင့် လုံးဝ မစဉ်းစားသနည်း။ သင်နှင့် သင့်သားသမီးများကြားရှိ ရင်းနှီးမှုသည် မည်မျှကြာရှည်မည်၊ ဘဝတွင် သင်လုပ်သည့် မည်သည့်အလုပ်မဆိုသည် သင့်သားသမီးများနှင့် ဆက်စပ်မှုရှိမည်၊ မရှိမည်၊ ဘုရားသခင်က သင့်ဘဝ၏ အရေးပါသောဖြစ်ရပ်များတွင် သင့်သားသမီးများအား ပါဝင်စေရန် စီစဉ်ထားခြင်းရှိမရှိ၊ အကြီးစား ဘဝဖြစ်ရပ်တစ်ခုကို သင်တွေ့ကြုံသောအခါ၌ ပါဝင်ပတ်သက်သောသူများထဲတွင် သင့်သားသမီးများလည်း ပါဝင်မည်၊ မပါဝင်မည်ဆိုသည့် ဤအရာအားလုံးတို့သည် ဘုရားသခင်၏ စီမံမှုအပေါ်တွင် မူတည်သည်။ ဘုရားသခင်က စီမံထားခြင်းမရှိလျှင် သင့်သားသမီးများအား အရွယ်ရောက်သည်အထိ ပျိုးထောင်ပြီးနောက်တွင် သင်က ၎င်းတို့ကို အိမ်မှနှင်မထုတ်လျှင်ပင် အချိန်ကျလာသောအခါ ၎င်းတို့ဘာသာ ထွက်ခွာလိမ့်မည်။ ဤသည်မှာ လူတို့ နားလည်သဘောပေါက်ရန်လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ သင်က ဤအမှုကိစ္စကို နားမလည်နိုင်လျှင် သင်သည် အစဉ်သဖြင့် ကိုယ်ပိုင်ဆန္ဒများ၊ တောင်းဆိုချက်များကို စွဲကိုင်ထားလိမ့်မည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုအတွက် စည်းကမ်းအမျိုးမျိုးကို ချမှတ်ပြီး သဘောတရားအမျိုးမျိုးကို လက်ခံလိမ့်မည်။ အဆုံးတွင် မည်သို့ ဖြစ်မည်နည်း။ သင်သေသောအခါ၌ သိရလိမ့်မည်။ သင်သည် သင်၏ဘဝသက်တမ်းတစ်လျှောက်တွင် မိုက်မဲသောအရာများစွာကို လုပ်ဆောင်ခဲ့သည်။ သင်သည် အမှန်တရားများနှင့်၊ သို့မဟုတ် ဘုရားသခင်၏ စီမံမှုနှင့် မကိုက်ညီသည့် လက်တွေ့မကျသောအရာများစွာကို တွေးတောခဲ့သည်။ ဤအရာအားလုံးကို သင်သေဆုံးခါနီးအချိန်၌ သဘောပေါက်လျှင် အလွန်နောက်ကျသွားမည်မဟုတ်လော။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) သင် အသက်ရှင်ဆဲဖြစ်ပြီး သင့်ဦးနှောက်က မရေမရာမဖြစ်သေးခင်တွင်၊ အပြုသဘောဆောင်သောအရာအချို့ကို သင်လက်ခံနိုင်ဆဲဖြစ်စဉ်တွင် အခွင့်အရေးကို ရယူပြီး ယင်းတို့ကို အလျင်အမြန်လက်ခံလော့။ ယင်းတို့အား လက်ခံခြင်းသည် သင်က ယင်းတို့ကို သဘောတရားဆိုင်ရာ သီအိုရီ၊ သို့မဟုတ် ဆောင်ပုဒ်အဖြစ် ပြောင်းလဲပစ်ခြင်းဟု မဆိုလိုဘဲ သင်က ဤအရာများကို လုပ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည်ဟု ဆိုလိုသည်။ တဖြည်းဖြည်းချင်းဖြင့် သင်၏ ကိုယ်ပိုင်အယူအဆများ၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို လက်လွှတ်လော့။ သင်သည် မိဘအနေဖြင့် သင်လုပ်ဆောင်သမျှတိုင်းသည် မှန်ကန်ပြီး၊ လက်ခံနိုင်ဖွယ်ဖြစ်သည်၊ သို့မဟုတ် သင့်သားသမီးများက လက်ခံသင့်သည်ဟု မတွေးနှင့်။ ဤသို့သော ကျိုးကြောင်းပြဆိုမှုမျိုးသည် ကမ္ဘာလောကတွင် မည်သည့်နေရာတွင်မျှ မရှိပေ။ မိဘများသည် လူသားများဖြစ်သည်။ သားသမီးများက လူသားမဟုတ်သလော။ သားသမီးများသည် သင်၏ အသုံးအဆောင်၊ သို့မဟုတ် ကျွန်များမဟုတ်။ ၎င်းတို့သည် အမှီအခိုကင်းသော ဖန်ဆင်းခံများ ဖြစ်သည်။ ၎င်းတို့က သားသမီးဝတ်ကျေပွန်ခြင်းရှိမရှိက သင်နှင့် မည်သို့ သက်ဆိုင်သနည်း။ ထို့ကြောင့် သင်သည် မည်သည့်မိဘမျိုးဖြစ်စေ၊ သင့်သားသမီးများက မည်မျှအသက်ကြီးသည်ဖြစ်စေ၊ သင့်သားသမီးများက သင့်အပေါ် သားသမီးဝတ်ကျေပွန်သည့် အသက်အရွယ်သို့၊ သို့မဟုတ် အမှီအခိုကင်းစွာ နေထိုင်သည့် အသက်အရွယ်သို့ ရောက်ပြီဖြစ်စေ၊ သင်သည် မိဘအနေဖြင့် ဤအယူအဆများကို ခံယူပြီး သင့်သားသမီးများအား မည်သို့ဆက်ဆံရမည်ဆိုသည့်အပေါ်တွင် မှန်ကန်သော အတွေးအမြင်များကို ချမှတ်သင့်သည်။ သင်သည် အလွန်အကျွံမလုပ်ဆောင်သင့်သကဲ့သို့ ဤမှားယွင်းသော၊ ယိုယွင်းနေသော၊ ခေတ်နောက်ကျသော အတွေးအမြင်များအတိုင်း အရာရာတိုင်းကို မတိုင်းတာသင့်ပေ။ ဤအတွေးအမြင်များသည် လူသားအယူအဆများ၊ လူသားစိတ်ဝင်စားမှုများ၊ လူသား၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များနှင့် ညီကောင်းညီနိုင်သော်လည်း ယင်းတို့မှာ သမ္မာတရားမဟုတ်ပေ။ ယင်းတို့သည် သင့်လျော်သည်ဟု၊ သို့မဟုတ် မသင့်လျော်သည်ဟု သင်ထင်သည်ဖြစ်စေ ဤအရာများသည် အဆုံးတွင် သင့်ထံသို့ အမျိုးမျိုးသော ပြဿနာများနှင့် ဝန်ထုပ်ဝန်ပိုးများကိုသာ ယူဆောင်လာနိုင်သည်။ အမျိုးမျိုးသော အကျပ်အတည်းများကြားတွင် သင့်ကို ပိတ်မိစေနိုင်ပြီး သင့်သားသမီးများအပေါ် သင်၏ တဇောက်ကန်းလုပ်ဆောင်မှုကို ဖွင့်ပြစေနိုင်သည်။ သင်က သင်၏ ကျိုးကြောင်းပြဆိုမှုကို ဖော်ပြမည်။ ၎င်းတို့က ၎င်းတို့၏ ကျိုးကြောင်းပြဆိုမှုကို ဖော်ပြမည်။ အဆုံးတွင် သင်တို့နှစ်ဘက်လုံးက တစ်ယောက်အပေါ်တစ်ယောက်မုန်းတီးပြီး တစ်ယောက်ကိုတစ်ယောက် အပြစ်တင်မည်။ မိသားစုသည် မိသားစုကဲ့သို့ မပြုမူတော့ပေ။ သင်တို့သည် အချင်းချင်း တိုက်ခိုက်ကြပြီး ရန်သူများဖြစ်လာလိမ့်မည်။ လူတိုင်းက သမ္မာတရားနှင့် မှန်ကန်သော အတွေးအမြင်များအား လက်ခံလျှင် ဤအမှုကိစ္စများကို ရင်ဆိုင်ရန် လွယ်ကူလိမ့်မည်။ ယင်းတို့ထံမှ ဖြစ်ပေါ်သည့် ဆန့်ကျင်ကွဲလွဲမှုများနှင့် အငြင်းပွားမှုများသည် ပြေလည်လိမ့်မည်။ သို့ရာတွင် ၎င်းတို့သည် ရိုးရာဓလေ့အယူအဆများကို မရမကလုပ်ဆောင်လျှင် ဤပြဿနာများသည် မပြေလည်ဘဲ ကျန်ရှိမည်သာမက ယင်းတို့၏ ဆန့်ကျင်ကွဲလွဲမှုများက ပို၍ လေးနက်လာမည်။ ရိုးရာယဉ်ကျေးမှုသည် ယင်းကိုယ်၌က အမှုအရာများအား အကဲဖြတ်ရန် စံသတ်မှတ်ချက်မဟုတ်ပေ။ ယင်းသည် လူ့သဘာဝနှင့်သက်ဆိုင်သည်။ လူတို့၏ ချစ်ခင်မှု၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများ၊ တဇောက်ကန်းဖြစ်မှုတို့ကဲ့သို့သော ဇာတိပကတိနှင့် သက်ဆိုင်သောအရာများသည် ယင်းတွင် ရောနှောပါဝင်နေသည်။ ရိုးရာယဉ်ကျေးမှုအတွက် မရှိမဖြစ်ဆုံး အရာတစ်ခုလည်းရှိသည်မှာ မှန်သည်။ ယင်းမှာ သူတော်ကောင်းယောင်ဆောင်မှု ဖြစ်သည်။ လူတို့သည် သားသမီးများအား ကောင်းစွာပညာသင်ပေးခဲ့သည်၊ ၎င်းတို့သားသမီးများသည် လူ့သဘာဝကို ပိုင်ဆိုင်သည်ဆိုသည်ကို သက်သေပြရန်အတွက် ၎င်းတို့ကိုယ်တိုင်၏ သားသမီးများ၏ သားသမီးဝတ်ကျေပွန်မှုကို အသုံးပြုသည်။ အလားတူပင် သားသမီးများသည် ၎င်းတို့က ကျေးဇူးမသိတတ်သောသူများမဟုတ်ဘဲ နှိမ့်ချပြီး ကြွားဝါခြင်းမရှိသော လူကြီးမင်းများ၊ ဂုဏ်သရေရှိ အမျိုးသမီးများဖြစ်သည်ဆိုသည်ကို သက်သေပြပြီး ဤနည်းအားဖြင့် လူ့အဖွဲ့အစည်းရှိ အမျိုးမျိုးသော လူမျိုးနှင့် အုပ်စုအလယ်တွင် ခြေကုပ်ရယူကာ ဤအရာကို ရှင်သန်ရေးအတွက် ၎င်းတို့၏ နည်းလမ်းအဖြစ် ပြုလုပ်ရန်အတွက် မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းကို အသုံးပြုကြသည်။ ဤသည်မှာ ပင်ကိုအားဖြင့် ရိုးရာယဉ်ကျေးမှုတွင် ကြောင်သူတော်အဆန်ဆုံးသော၊ အခြေခံအကျဆုံးသော သွင်ပြင်လက္ခဏာဖြစ်သည်။ ယင်းသည် အမှုအရာများကို အကဲဖြတ်ရန်အတွက် စံသတ်မှတ်ချက်မဟုတ်ပေ။ ထို့ကြောင့် မိဘများနှင့်ပတ်သက်လျှင် ၎င်းတို့သည် သားသမီးများအပေါ် ဤသတ်မှတ်ချက်များကို လက်လွှတ်သင့်ပြီး သားသမီးများအား ဆက်ဆံရန်၊ ၎င်းတို့အပေါ် သားသမီးများ၏ သဘောထားကို ရှုမြင်ရန်အတွက် မှန်ကန်သော အတွေးအမြင်များကို အသုံးပြုသင့်သည်။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်လျှင်၊ သို့မဟုတ် နားမလည်လျှင် သင်သည် အနည်းဆုံးအနေဖြင့် ယင်းကို လူ့သဘာဝ၏ ရှုထောင့်မှ ကြည့်သင့်သည်။ လူ့သဘာဝ၏ ရှုထောင့်မှနေ၍ မည်သို့ကြည့်ရသနည်း။ ဤလူ့အဖွဲ့အစည်းတွင်၊ အမျိုးမျိုးသော အုပ်စုများ၊ အလုပ်ရာထူးများ၊ လူမှုအဆင့်အတန်းများတွင်နေထိုင်သော သားသမီးများသည် လွယ်ကူသောဘဝများကို မနေထိုင်ပေ။ ၎င်းတို့သည် အမျိုးမျိုးသော မတူညီသော ပတ်ဝန်းကျင်များတွင် ၎င်းတို့၌ ရင်ဆိုင်ရန်၊ ကိုင်တွယ်ဖြေရှင်းရန် အမှုအရာများရှိသည်။ ၎င်းတို့တွင် ဘုရားသခင်က ချမှတ်သော ကိုယ်ပိုင်ဘဝနှင့် ကံကြမ္မာရှိသည်။ ၎င်းတို့တွင် ၎င်းတို့၏ကိုယ်ပိုင်ရှင်သန်ရေးနည်းလမ်းများလည်းရှိသည်။ ခေတ်ပေါ်လူ့အဖွဲ့အစည်းတွင် မည်သည့်အမှီအခိုကင်းသူမဆိုအပေါ်တွင်ရှိသည့် ဖိအားသည် အလွန်ကြီးမားသည်မှာ မှန်သည်။ ၎င်းတို့သည် ရှင်သန်ရေးပြဿနာများ၊ အထက်နှင့် လက်အောက်ငယ်သားကြားရှိ ဆက်ဆံရေးများ၊ သားသမီးများနှင့် သက်ဆိုင်သောပြဿနာများ စသည်တို့ကို ရင်ဆိုင်ရသည်။ ဤအရာအားလုံး၏ ဖိအားသည် ကြီးမားသည်။ မျှတစွာဆိုရလျှင် မည်သူ့အတွက်မျှ မလွယ်ကူပေ။ အထူးသဖြင့် ယနေ့ခေတ်၏ ဖရိုဖရဲဖြစ်သော၊ အလျင်စလိုဖြစ်သော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တွင်၊ နေရာတကာ၌ ယှဉ်ပြိုင်မှုများ၊ ကြမ်းကြုတ်သော ပဋိပက္ခများပြည့်နေသည့် ပတ်ဝန်းကျင်တွင် မည်သူ့၏ဘဝကမျှ မလွယ်ကူပေ။ လူတိုင်း၏ဘဝသည် အတော်အတန်ပင် ခက်ခဲသည်။ ဤသည်မှာ မည်သို့ဖြစ်လာသည်ကို ငါပြောမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဤသို့သောပတ်ဝန်းကျင်တွင် နေထိုင်ပြီး ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သူ၏တာဝန်ကို မထမ်းဆောင်လျှင် ထိုသူ၌ လျှောက်လှမ်းရန် လမ်းကြောင်းမကျန်ပေ။ သူ၏တစ်ခုတည်းသောလမ်းကြောင်းသည် လောကနောက်သို့လိုက်ရန်၊ မိမိကိုယ်ကို အသက်ရှင်နေစေရန်၊ ဤလောက၌ စဉ်ဆက်မပြတ် နေသားကျရန်၊ တစ်ရက်ချင်းစီကို ဖြတ်သန်းရန်အတွက် သူ၏အနာဂတ်နှင့် ရှင်သန်ရေးအတွက် မဖြစ်မနေ ယှဉ်ပြိုင်ကြိုးစားရန်သာ ဖြစ်သည်။ အမှန်တကယ်တွင် နေ့ရက်တိုင်းက ၎င်းတို့အတွက် နာကျင်ရသည်။ ၎င်းတို့သည် နေ့ရက်တိုင်းတွင် ရုန်းကန်နေရသည်။ ထို့ကြောင့် မိဘများက သားသမီးများအား ဤအရာ၊ ထိုအရာကို လုပ်ဆောင်ရန် ထပ်မံ၍ တောင်းဆိုနေလျှင် ဤသည်မှာ မီးလောင်ရာလေပင့်သလိုဖြစ်ပြီး ၎င်းတို့၏စိတ်နှင့်ခန္ဓာကို ဖျက်ဆီးပြီး ညှဉ်းပန်းမည်ဖြစ်သည်။ မိဘများတွင် ၎င်းတို့၏ ကိုယ်ပိုင်လူမှုအသိုင်းအဝိုင်းများ၊ ဘဝနေမှုပုံစံများ၊ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်များရှိပြီး သားသမီးများ၌ ၎င်းတို့၏ ကိုယ်ပိုင်ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်များ၊ နေရာများ၊ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်နေထိုင်ရေးနောက်ခံများရှိသည်။ မိဘများသည် သားသမီးများအပေါ် လွန်စွာ ကြားဝင်လျှင်၊ သို့မဟုတ် အလွန်အကျွံတောင်းဆိုမှုများပြုလုပ်ပြီး သားသမီးများအတွက် ၎င်းတို့တစ်ချိန်က ပြုလုပ်ခဲ့သော အားစိုက်ထုတ်မှုများကို သားသမီးများအနေဖြင့် ပြန်လည်ပေးဆပ်ရန်အတွက် သားသမီးများအား ဤအရာ၊ ထိုအရာကို လုပ်ဆောင်ရန် တောင်းဆိုလျှင်၊ ဤရှုထောင့်မှကြည့်လျှင် ဤသည်မှာ အလွန်ပင် လူသားမဆန်သည် မဟုတ်လော။ သားသမီးများက မည်သို့ နေထိုင်သည်၊ ရှင်သန်သည်ဖြစ်စေ၊ လူ့အဖွဲ့အစည်း၌ ၎င်းတို့ကြုံရသည့် အခက်အခဲများက မည်သို့ဖြစ်စေ မိဘများသည် ၎င်းတို့အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်ပေးရန် တာဝန်၊ ဝတ္တရားမရှိပေ။ သို့ရာတွင် မိဘများသည် သားသမီးများ၏ ရှုပ်ထွေးသောဘဝများ၊ သို့မဟုတ် ခက်ခဲသော ရှင်သန်ရေးအခြေအနေများအပေါ် ဒုက္ခ၊ သို့မဟုတ် ဝန်ထုပ်ဝန်ပိုးတစ်ခုခု ထည့်သွင်းခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ ဤသည်မှာ မိဘများ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင့်သားသမီးများထံမှ အလွန်အကျွံမတောင်းဆိုနှင့်။ ၎င်းတို့အား အလွန်အကျွံ အပြစ်မတင်နှင့်။ သင်သည် ၎င်းတို့အား မျှတစွာ၊ ညီမျှစွာ ဆက်ဆံသင့်ပြီး ၎င်းတို့၏ အခြေအနေကို စာနာမှုဖြင့် ထည့်စဉ်းစားသင့်သည်။ မိဘများသည် မိမိတို့ကိုယ်တိုင်၏ ဘဝကိုလည်း ကိုင်တွယ်သင့်သည်မှာ မှန်သည်။ သားသမီးများသည် ဤသို့သော မိဘများကို လေးစားလိမ့်မည်။ ထိုမိဘများသည် လေးစားခြင်းခံရဖို့ ထိုက်တန်လိမ့်မည်။ သင်သည် မိဘအနေဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်များကို ထမ်းဆောင်လျှင် ဘုရားအိမ်တော်၌ သင်ထမ်းဆောင်သည့်တာဝန်သည် မည်သို့ဖြစ်စေ သင်သည် သင့်သားသမီးများအား သားသမီးဝတ်ကျေပွန်ရန် တောင်းဆိုခြင်း၊ အိုမင်းသောအခါတွင် သင့်အား ပံ့ပိုးရန် ၎င်းတို့အား အားကိုးခြင်းကဲ့သို့သောအရာများကို စဉ်းစားရန် အချိန်ရှိမည်မဟုတ်။ ဤသို့သောလူများရှိဆဲဖြစ်လျှင် ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများမဟုတ်သကဲ့သို့ သမ္မာတရားအား လိုက်စားသူများ အသေအချာပင် မဟုတ်ပေ။ ၎င်းတို့အားလုံးသည် မိုက်မဲသောသူများ၊ မယုံကြည်သူများသာ ဖြစ်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) မိဘများသည် အလုပ်ရှုပ်နေလျှင်၊ ၎င်းတို့၌ ထမ်းဆောင်ရန် တာဝန်များရှိပြီး အလုပ်ရှုပ်နေလျှင် ၎င်းတို့၏ သားသမီးများက သားသမီးဝတ်ကျေပွန်သည်၊ မကျေပွန်သည်ဆိုသည်ကို အသေအချောပင် ထုတ်မပြောသင့်ပေ။ မိဘများက ဤအရာကို အစဉ်ထုတ်ပြောလျက်ဖြင့် “ငါ၏ သားသမီးများသည် သားသမီးဝတ်မကျေပွန်ပေ။ သူတို့ကို အားကိုး၍မရပေ။ ငါအိုမင်းသောအခါတွင် သူတို့သည် ငါ့အား ပံ့ပိုးနိုင်မည်မဟုတ်” ဟု ပြောဆိုနေလျှင် ၎င်းတို့သည် ပျင်းရိပြီး အလဟဿနေထိုင်ခြင်းသာဖြစ်ပြီး အကြောင်းမရှိအကြောင်းရှာ၍ ပြဿနာရှာနေခြင်း ဖြစ်သည်။ ဤသို့ မဟုတ်သလော။ ဤသို့သော မိဘများကို ကြုံရလျှင် သင်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့အား သင်ခန်းစာပေးလော့။ ဤအရာကို သင်မည်သို့ လုပ်ဆောင်သင့်သနည်း။ “သင်သည် သင့်ဘာသာ အသက်မရှင်နိုင်သလော။ သင်သည် မစားနိုင်၊ မသောက်နိုင်တော့သည်အထိ ဖြစ်သလော။ သင်သည် မရှင်သန်နိုင်တော့သည်အထိ ဖြစ်သလော။ သင်သည် အသက်ရှင်နိုင်လျှင် ဆက်လက်၍ ရှင်သန်ပါ။ မရှင်သန်နိုင်လျှင် သေပါ” ဟုသာ ပြောလော့။ သင်သည် ဤသို့ ပြောရဲသလော။ ပြောလော့။ ဤသို့ပြောခြင်းသည် လူသားမဆန်ခြင်းဖြစ်သလော။ (ဤသို့ မပြောရဲပါ။) သင်သည် ဤသို့ မပြောနိုင်သည် မဟုတ်လော။ သင်သည် ဤသို့ပြောရန် မတတ်နိုင်ပေ။ (မှန်ပါသည်။) သင်တို့သည် အနည်းငယ်အသက်ကြီးသောအခါ၌ ပြောနိုင်လိမ့်မည်။ သင့်မိဘများက စိတ်တိုစရာများကို အလွန်များစွာ လုပ်ဆောင်ခဲ့လျှင် သင်သည် ဤသို့ ပြောနိုင်လိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် အလွန်ပင်ကောင်းခဲ့ပြီး သင့်အား မည်သည့်အခါမျှ မနာကျင်စေပေ။ ၎င်းတို့က သင့်အား နာကျင်စေလျှင်မူ သင်သည် ဤသို့ ပြောနိုင်လိမ့်မည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ၎င်းတို့က သင့်အား အိမ်သို့ပြန်လာရန် အစဉ်တောင်းဆိုပြီး “အိမ်ပြန်လာပြီး ငါ့အတွက် ပိုက်ဆံယူလာပါ အသင်ကျေးဇူးမသိတတ်သောကလေး” ဟု ဆိုကာ သင့်အား နေ့စဉ်ဆူငေါက်၊ ကျိန်ဆဲလျှင် သင်သည် ဤသို့ ပြောနိုင်လိမ့်မည်။ သင်က “သင်သည် အသက်ရှင်နိုင်လျှင် ဆက်လက်၍ အသက်ရှင်ပါ။ မရှင်နိုင်လျှင် သေပါ။ သင်သည် သားသမီးများမရှိဘဲ ဆက်လက်၍ အသက်မရှင်နိုင်သလော။ သားသမီးမရှိသော ဤသက်ကြီးသူများကို ကြည့်ပါ။ ၎င်းတို့သည် ကောင်းစွာနေထိုင်ပြီး ကောင်းစွာ ပျော်ရွှင်နေသည် မဟုတ်လော။ ၎င်းတို့သည် နေ့စဉ်နှင့်အမျှ ၎င်းတို့ကိုယ်တိုင်၏ ဘဝကို ဂရုစိုက်ပြီး ၎င်းတို့၌ အားလပ်ချိန်အချို့ရှိလျှင် အပြင်သို့ လမ်းထွက်လျှောက်၍ ၎င်းတို့၏ ကိုယ်ခန္ဓာကို လေ့ကျင့်ခန်းလုပ်သည်။ နေ့စဉ် ၎င်းတို့၏ဘဝသည် အလွန်ပင်အားရကျေနပ်ဖွယ်ရှိသည့် ပုံစံရှိသည်။ သင့်ကို ကြည့်ပါ။ သင်သည် မည်သည့်လိုအပ်ချက်မျှမရှိ။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ဆက်လက်၍ မရှင်သန်နိုင်သနည်း။ သင်သည် သင့်ကိုယ်သင် တန်ဖိုးလျော့ကျစေနေခြင်းဖြစ်ပြီး သေသင့်သည်။ ကျွန်ုပ်တို့သည် သင့်အပေါ် သားသမီးဝတ်ကျေပွန်သင့်သလော။ ကျွန်ုပ်တို့သည် သင်၏ ကျွန်များမဟုတ်သကဲ့သို့ သင်၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်။ သင်သည် သင်၏ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် ဤတာဝန်ကို ခံယူရန် ဝတ္တရားမရှိ။ ကျွန်ုပ်တို့သည် သင့်အား စားရန်၊ ဝတ်ဆင်ရန်၊ သုံးစွဲရန် လုံလောက်စွာ ပေးခဲ့ပြီး ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ပြဿနာရှာနေသနည်း။ ဆက်လက်၍ ပြဿနာရှာနေလျှင် ကျွန်ုပ်တို့သည် သင့်အား ဘိုးဘွားရိပ်သာသို့ ပို့မည်။” ဟု ပြောလိမ့်မည်။ ဤသည်မှာ ဤသို့သောမိဘများကို ကိုင်တွယ်သင့်သည့် ပုံစံမဟုတ်လော။ သင်သည် ၎င်းတို့ကို အလိုလိုက်မထားနိုင်ပေ။ ၎င်းတို့သားသမီးများက ၎င်းတို့ကို ဂရုစိုက်ရန် ရှိမနေလျှင် ၎င်းတို့သည် တစ်နေကုန် ငိုရှိုက်သည်။ မိုးပြိုသကဲ့သို့၊ ဆက်လက်၍ မရှင်သန်နိုင်သကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ဆက်လက်မရှင်သန်နိုင်လျှင် ၎င်းတို့အား သေခွင့်ပြုပြီး ၎င်းတို့ကိုယ်တိုင် မြင်စေလော့။ သို့သော် ၎င်းတို့က သေမည်မဟုတ်။ ၎င်းတို့သည် ၎င်းတို့အသက်ကို လွန်စွာ ချစ်မြတ်နိုးသည်။ ၎င်းတို့၏ ရှင်သန်ရေးအတွေးအခေါ်သည် ပို၍ကောင်းစွာ၊ လွတ်လပ်စွာ၊ ပို၍ ဇွတ်တရွတ်နိုင်စွာ နေထိုင်ရန်အတွက် သူတစ်ပါးတို့အပေါ် မှီခိုဖို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့သားသမီးများ၏ ဒုက္ခအပေါ်တွင် ၎င်းတို့၏ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုကို တည်ဆောက်ရသည်။ ဤမိဘများသည် မသေသင့်သလော။ (သေသင့်ပါသည်။) ၎င်းတို့သားသမီးများသည် ၎င်းတို့အား နေ့စဉ်အဖော်ပြု၍ အလုပ်အကျွေးပြုလျှင် ၎င်းတို့သည် ပျော်ရွှင်ဝမ်းမြောက်သည်။ ဂုဏ်ယူသည်။ ထိုစဉ်တွင် ၎င်းတို့သားသမီးများက ဒုက္ခခံပြီး တာဝန်ခံရသည်။ ဤမိဘများသည် မသေသင့်သလော။ (သေသင့်ပါသည်။)
သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များဖြစ်သည့် နောက်ဆုံးအချက်နှင့် ပတ်သက်ပြီး ယနေ့ ဤနေရာတွင် ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ကြစို့။ သားသမီးများက သားသမီးဝတ်ကျေပွန်သလော၊ အားကိုးရသလော၊ မိဘများ အိုမင်းသောအခါတွင် စောင့်ရှောက်သလော၊ မိဘတွေကို လိုက်လံပို့ဆောင်သလောဆိုသည့်အပေါ် မိဘများ၏ ချဉ်းကပ်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) သင်သည် မိဘအနေဖြင့် ဤသို့သော တောင်းဆိုချက်များကို မတောင်းဆိုသင့်ပေ။ ဤသို့သောအတွေးအမြင်များ မရှိသင့်၊ သို့မဟုတ် သင့်သားသမီးများအပေါ် ဤသို့သော မျှော်လင့်ချက်များမထားသင့်ပေ။ သင့်သားသမီးများက သင့်အပေါ် မည်သည့်အရာကိုမျှ အကြွေးမတင်ပေ။ ၎င်းတို့ကို ပျိုးထောင်ရန်မှာ သင့်တာဝန် ဖြစ်သည်။ သင်က ဤအရာကို ကောင်းစွာလုပ်ဆောင်သလော၊ မလုပ်ဆောင်သလောဆိုသည်မှာ အခြားကိစ္စဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် မည်သည့်အရာမျှ အကြွေးမတင်ပေ။ ၎င်းတို့သည် တာဝန်ဖြည့်ဆည်းခြင်းသက်သက်ဖြင့် သင့်အပေါ် ကောင်းခြင်း၊ ဂရုစိုက်ခြင်း ဖြစ်သည်။ မည်သည့်အကြွေးကိုမျှ ပြန်လည်ပေးဆပ်ရန် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင့်အပေါ် မည်သည့်အရာမျှ အကြွေးမတင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သင့်အပေါ် သားသမီးဝတ်ကျေပွန်ရန်၊ သို့မဟုတ် သင်မှီခိုပြီး အားကိုးနိုင်သောသူဖြစ်ရန် ဝတ္တရားမရှိပေ။ နားလည်သလော။ (နားလည်ပါသည်။) ၎င်းတို့သည် သင့်အား စောင့်ရှောက်သည်။ ၎င်းတို့သည် သင်အားကိုးနိုင်သောသူဖြစ်သည်။ သင်သုံးစွဲရန် ပိုက်ဆံအနည်းငယ်ပေးသောသူ ဖြစ်သည်။ ဤသည်မှာ သားသမီးများအနေဖြင့် ၎င်းတို့၏ တာဝန်သာဖြစ်သည်။ သားသမီးဝတ်ကျေပွန်နေခြင်း မဟုတ်။ ယခင်က ကျီးကန်းများက ၎င်းတို့၏ မိဘကို အစောကျွေးပြီး သိုးသူငယ်များက နို့စို့ရန် ဒူးထောက်သည့် တင်စားမှုကို ငါတို့ ပြောဆိုခဲ့သည်။ တိရိစာ္ဆန်များပင် ဤအယူဝါဒကို နားလည်နိုင်ပြီး လုပ်ဆောင်နိုင်သ်ည။ လူသားများလည်း လုပ်ဆောင်သင့်သည်မှာ အမှန်ပင် ဖြစ်သည်။ လူသားများသည် သက်ရှိသတ္တဝါများအားလုံးထဲတွင် အဆင့်အမြင့်ဆုံးသော ဖန်ဆင်းခံများဖြစ်ပြီး အတွေး၊ လူ့သဘာဝ၊ စိတ်ခံစားချက်များဖြင့် ဘုရားသခင်က ဖန်ဆင်းထားခြင်း ဖြစ်သည်။ လူသားများအနေဖြင့် ၎င်းတို့သည် သင်ကြားပေးရန်မလိုဘဲ ဤအရာကို နားလည်သည်။ သားသမီးများက သားသမီးဝတ်ကျေပွန်နိုင်ခြင်းရှိမရှိသည် ဘုရားသခင်က သင်တို့နှစ်ဦးလုံးကြားတွင် ကံကြမ္မာတစ်ခုတည်ရှိရန် စီမံခဲ့ခြင်းရှိမရှိ၊ သင်တို့နှစ်ဦးကြားတွင် လိုက်ဖက်သော၊ အပြန်အလှန်ပံ့ပိုးသော ဆက်ဆံရေးရှိမည်၊ မရှိမည်၊ ဤကောင်းချီးကို သင် မွေ့လျော်နိုင်ခြင်းရှိမရှိတို့အပေါ်တွင် ကျယ်ပြန့်စွာ မူတည်သည်။ ပို၍အသေးစိတ်လျှင် ဤသည်မှာ သင့်သားသမီးများက လူ့သဘာဝကို ပိုင်ဆိုင်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အမှန်တကယ် ပိုင်ဆိုင်လျှင် သင်သည် ၎င်းတို့ကို သွန်သင်ဆုံးမရန် မလိုပေ။ ၎င်းတို့သည် ငယ်ရွယ်စဉ်ကတည်းက နားလည်လိမ့်မည်။ ၎င်းတို့သည် အားလုံးကို ငယ်ရွယ်စဉ်ကတည်းက နားလည်လျှင် အသက်ကြီးသောအခါ၌ ပို၍ပင် နားလည်မည်ဟု သင်မထင်သလော။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) ၎င်းတို့သည် ငယ်ရွယ်စဉ်ကတည်းက “မိခင်နှင့်ဖခင်အတွက် သုံးစွဲရန် ငွေရှာခြင်းသည် လိမ္မာသောသားသမီးများ ပြုလုပ်သည့်အရာဖြစ်သည်” ဆိုသကဲ့သို့သော အယူဝါဒများကို နားလည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အသက်ကြီးသောအခါတွင် ပို၍ပင် နားလည်မည်မဟုတ်လော။ ၎င်းတို့ကို သွန်သင်ဆုံးမရန် လိုအပ်သေးသလော။ မိဘများသည် ၎င်းတို့အား ဤသို့သောသဘောတရားဆိုင်ရာ သင်ခန်းစာများကို သင်ကြားပေးရန် လိုအပ်သေးသလော။ မလိုအပ်ပေ။ ထို့ကြောင့် မိဘများက သားသမီးများအား သားသမီးဝတ်ကျေပွန်ရန်၊ ၎င်းတို့အိုမင်းသောအခါတွင် ၎င်းတို့အားစောင့်ရှောက်ရန်၊ လိုက်လံပို့ဆောင်ရန် တောင်းဆိုခြင်းသည် မိုက်မဲသောလမ်းစဉ် ဖြစ်သည်။ သင်မွေးဖွားသည့် သားသမီးများသည် လူသားမဟုတ်သလော။ ၎င်းတို့သည် သစပ်များ၊ သို့မဟုတ် ပလပ်စတစ်ပန်းများ ဖြစ်သလော။ ၎င်းတို့သည် အမှန်ပင် နားမလည်သလော။ သင်သည် ၎င်းတို့ကို အမှန်ပင် သွန်သင်ဆုံးမဖို့ လိုသလော။ ခွေးများပင် ဤအရာကို နားလည်သည်။ ကြည့်လော့။ ခွေးကလေးနှစ်ကောင်သည် ၎င်းတို့၏မိခင်နှင့်အတူရှိနေသောအခါတွင် အခြားခွေးများက ၎င်းတို့၏မိခင်ထံသို့ ပြေးလာပြီး ဟောင်လျှင် ၎င်းတို့က သည်းခံမည်မဟုတ်။ ၎င်းတို့သည် ခြံစည်းရိုး၏နောက်ကွယ်မှ ၎င်းတို့၏မိခင်ကို ကာကွယ်ပြီး အခြားခွေးများကို မိခင်အား ဟောင်ခွင့်မပြုပေ။ ခွေးများသည်ပင် ဤအရာကို နားလည်သည်။ လူသားများလည်း နားလည်သင့်သည်မှာ အမှန်ပင် ဖြစ်သည်။ ၎င်းတို့ကို သင်ကြားပေးရန် မလိုပေ။ တာဝန်ဖြည့်ဆည်းခြင်းသည် လူသားများလုပ်ဆောင်နိုင်သောအရာဖြစ်သည်။ မိဘများသည် သားသမီးများ၌ ဤသို့သောအတွေးများ သွတ်သွင်းပေးရန် မလိုပေ။ ၎င်းတို့သည် ၎င်းတို့ဘာသာ လုပ်ဆောင်လိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝကို မပိုင်ဆိုင်လျှင် သင့်တော်သောအခြေအနေတွင်ပင် လုပ်ဆောင်မည်မဟုတ်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်ပြီး သင့်တော်သောအခြေအနေရှိလျှင် အလိုအလျောက် လုပ်ဆောင်လိမ့်မည်။ ထို့ကြောင့် မိဘများက သားသမီးများသည် သားသမီးဝတ်ကျေပွန်ခြင်းရှိမရှိနှင့် ပတ်သက်ပြီး သားသမီးများကို တောင်းဆိုရန်၊ လှုံ့ဆော်ရန်၊ အပြစ်တင်ရန် မလိုပေ။ ဤသည်တို့အားလုံးမှာ မလိုအပ်ပေ။ သင်သည် သင့်သားသမီးများ၏ သားသမီးဝတ်ကျေပွန်ခြင်းကို ပျော်မွေ့နိုင်လျှင် ယင်းသည် ကောင်းချီးအဖြစ် အကျုံးဝင်သည်။ သင်က မပျော်မွေ့နိုင်လျှင် သင်၏ ဆုံးရှုံးမှုအဖြစ် အကျုံးမဝင်ပေ။ အရာရာတိုင်းကို ဘုရားသခင်က စီမံခြင်းဖြစ်သည် မဟုတ်လော။ ကောင်းပြီ။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်