သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့၏ မိတ်သဟာယ၌ မည်သည့်နေရာသို့ ငါတို့ ရောက်ခဲ့ကြသနည်း။ အဓိကအားဖြင့် လက်တွေ့လုပ်ဆောင်မှု သွင်ပြင်လက္ခဏာနှစ်ခုဖြစ်သည့် အဓိကအကြောင်းအရာနှစ်ခုနှင့် ဆက်နွှယ်သည့် သမ္မာတရား လိုက်စားရန်နည်းလမ်းနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုနေခဲ့ကြသည်။ ပထမဆုံးမှာ အဘယ်နည်း။ (ပထမမှာ လက်လွှတ်ခြင်းဖြစ်ပါသည်။) ပြီးလျှင် ဒုတိယမှာ အဘယ်နည်း။ (ဒုတိယမှာ မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်ပါသည်။) ပထမသည် လက်လွှတ်ခြင်းဖြစ်ပြီး ဒုတိယမှာ မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်သည်။ “လက်လွှတ်ခြင်း” လက်တွေ့လုပ်ဆောင်မှုနှင့် စပ်လျဉ်း၍ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို လက်လွှတ်ခြင်းနှင့် ပတ်သက်ပြီး ငါတို့ ပထမဦးစွာ မိတ်သဟာယပြုခဲ့ကြသည်။ “လက်လွှတ်ခြင်း”၏ ပထမဆုံး သွင်ပြင်လက္ခဏာတွင် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို လက်လွှတ်ခြင်း ပါဝင်သည်။ ထို့ကြောင့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို လက်လွှတ်ခြင်းအကြောင်း ငါတို့ ပြောဆိုသည့်အခါ မည်သည့် စိတ်ခံစားမှုများကို ငါတို့ ထုတ်ဖော်ပြောဆိုခဲ့ကြသနည်း။ (ပထမအကြိမ်တွင် ဘုရားသခင်က သိမ်ငယ်မှု၊ မုန်းတီးမှုနှင့် ဒေါသအကြောင်းကို ပြောဆိုခဲ့ပြီးနောက် ဒုတိယအကြိမ်တွင် စိတ်ဓာတ်ကျခြင်းအကြောင်းကို ပြောခဲ့ပါသည်။) ပထမအကြိမ်တွင်၊ မုန်းတီးမှု၊ ဒေါသနှင့် သိမ်ငယ်မှုတို့ကို လက်လွှတ်ရန် လိုအပ်သည့်အကြောင်း ငါ ပြောခဲ့သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုသုံးခုသည် အဓိကအားဖြင့် ငါ ပြောဆိုခဲ့သည့် အကြောင်းအရာဖြစ်ပြီး စိတ်ဓာတ်ကျမှုနှင့်ပတ်သက်၍လည်း အတိုင်းအတာတစ်ခုထိ ငါပြောဆိုခဲ့သည်။ ဒုတိယအကြိမ်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲမှ တစ်ခုဖြစ်သည့် စိတ်ဓာတ်ကျခြင်းကို လက်လွှတ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းကို ငါပြောခဲ့သည်။ လူတို့သည် အကြောင်းရင်းမျိုးစုံကြောင့် စိတ်ဓာတ်ကျနိုင်ပြီး ပြီးခဲ့သည့်အကြိမ်တွင် စိတ်ဓာတ်ကျခြင်းနှင့် ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှု ဖြစ်လာနိုင်သည့် နည်းလမ်းအချို့အကြောင်းကို ငါ အဓိက ပြောဆိုခဲ့သည်။ ငါ့ကို ပြောလော့၊ စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှု ဖြစ်လာခြင်းအတွက် ငါ ပေးခဲ့သည့် အဓိက အကြောင်းတရားများမှာ မည်သည့်အရာများ ဖြစ်သနည်း။ (ဘုရားသခင်၊ အားလုံးပေါင်း အကြောင်းတရား သုံးခု ရှိပါသည်။ ပထမမှာ လူတို့က မိမိတို့တွင် မကောင်းသည့် ကံကြမ္မာတစ်ခုရှိသည်ဟု အမြဲ ခံစားခြင်း ဖြစ်သည်။ ဒုတိယမှာ လူတို့သည် အမှုအရာများ သူတို့ထံ ဖြစ်ပျက်သည့်အခါ မိမိတို့၏ မကောင်းသည့် ကံကို အပြစ်တင်ကြခြင်း ဖြစ်ပြီး တတိယမှာ အတိတ်တွင် လူတို့က ဆိုးရွားသည့် ပြစ်မှားမှုများကို ကျူးလွန်မိပြီးချိန်တွင်၊ သို့မဟုတ် မိုက်မဲသည့်အရာ၊ သို့မဟုတ် မသိနားမလည်သည့်အရာကို လုပ်ဆောင်မိချိန်တွင်၊ ထိုအရာက သူတို့ကို စိတ်ဓာတ်ကျခြင်းထဲသို့ ကျဆင်းသွားစေခဲ့သည်။) ဤသည်တို့မှာ အဓိက အကြောင်းတရားသုံးခု ဖြစ်သည်။ ပထမမှာ လူတို့က မိမိတို့၏ ကံကြမ္မာက ဆိုးသည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့ မကြာခဏ စိတ်ဓာတ်ကျကြသည်။ ဒုတိယမှာ လူတို့က မိမိတို့ကိုယ်ကို ကံခေသည်ဟု ယုံကြည်ကြသောကြောင့်ဖြစ်ပြီး ထို့ကြောင့်လည်း မကြာခဏ စိတ်ဓာတ်ကျကြလေသည်။ ပြီးလျှင် တတိယမှာ လူတို့သည် ၎င်းတို့ကို မကြာခဏ စိတ်ဓာတ်ကျစေသည့် ဆိုးရွားသော ပြစ်မှားမှုများကို ကျူးလွန်မိကြပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်တို့မှာ အဓိက အကြောင်းတရား သုံးခုဖြစ်သည်။ စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် ခဏတစ်ဖြုတ်ဖြစ်သော အပျက်သဘောဆောင်ခြင်း၊ သို့မဟုတ် ဝမ်းနည်းခြင်း ခံစားချက်တစ်ခု မဟုတ်။ ထို့ထက် အချို့သော အကြောင်းတရားများက ဖြစ်စေသည့် စိတ်ထဲရှိ ပုံမှန်ဖြစ်ပြီး မကြာခဏ ပေါ်ပေါက်သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုတစ်ခု ဖြစ်သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုက လူတို့အား အပျက်သဘောဆောင်သော အတွေးများ၊ အမြင်များနှင့် ရှုထောင့်များစွာ ရှိစေပြီး များစွာသော အစွန်းရောက်ကာ မှားယွင်းသည့် အတွေးများ၊ အမြင်များ၊ အပြုအမူများနှင့် နည်းစနစ်များကိုပင် ရှိစေသည်။ ထိုအရာမှာ ယာယီဖြစ်သော စိတ်အခြေအနေ၊ သို့မဟုတ် ခဏတစ်ဖြုတ်ဖြစ်သော စိတ်ကူးတစ်ခု မဟုတ်။ လူတို့ကို ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများနှင့် စိတ်ဝိညာဉ် အတွင်းနက်နက်တွင် ပူးတွဲပါရှိလျက် တစ်ချိန်လုံး လူတို့နှင်အတူရှိပြီး ၎င်းတို့၏ အတွေးများနှင့် လုပ်ရပ်များတွင် အတူရှိသည့်၊ မကြာခဏ ပေါ်ပေါက်ပြီး ပုံမှန်ဖြစ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုတစ်ခု ဖြစ်သည်။ ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုက လူတို့၏ ပုံမှန်လူ့သဘာဝ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ထိခိုက်သည်သာမက၊ လူများနှင့် အမှုအရာများကို လူတို့ ကြည့်သည့်ပုံစံနှင့် ၎င်းတို့၏ နေ့စဉ်အသက်တာများ၌ ၎င်းတို့၏ အပြုအမူနှင့် လုပ်ရပ်များတွင် ၎င်းတို့ ရှိကြသည့် အမျိုးမျိုးသော ရှုထောင့်များ၊ အမြင်များနှင့် ရှုထောင့်အမြင်များအပေါ်သို့လည်း သက်ရောက်မှုတစ်ခု ရှိနိုင်ပေသည်။ ထို့ကြောင့် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပြင် သင့်လူ့သဘာဝ၏ အတွေးတို့ ပုံမှန်ဖြစ်လာကာ လက်တွေ့ကျလာရန်အလို့ငှာ၊ ပြီးလျှင် လူများနှင့် အမှုအရာများကို သင်ကြည့်သည့်နည်းလမ်းနှင့် သင်၏ နေ့စဉ်အသက်တာတွင် ပြုမူနေထိုင်ပြီး အမှုအရာများ လုပ်ဆောင်သည့် နည်းလမ်းတို့သည် ဤအပျက်သဘောဆောင်သော ခံစားမှုများ၏ သက်ရောက်မှု၊ ထိန်းချုပ်ခြင်း၊ သို့မဟုတ် ဖိစီးခြင်းတို့ကိုပင် မခံရတော့ရန်အလို့ငှာ ထိုခံစားမှုများကို တဖြည်းဖြည်း နောက်ချန်ထားရစ်ဖို့ ကြိုးပမ်းရင်း ယင်းတို့ကို လက်လွှတ်ကာ တစ်ခုပြီးတစ်ခု မပြောင်းလဲစေမီတွင် မတူကွဲပြားသော အပျက်သဘောဆောင်သည့် ခံစားမှုများကို စိစစ်ရန်၊ စိတ်ဖြာလေ့လာဆွေးနွေးပြီး သတိပြုရန်မှာ ငါတို့အတွက် လိုအပ်ပေသည်။ ဤသည်မှာ ဤအမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို စိတ်ဖြာလေ့လာ ဆွေးနွေးခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့၏ အဓိက ရည်မှန်းချက် ဖြစ်သည်။ အဓိက ရည်မှန်းချက်မှာ သင့်အနေဖြင့် ငါပြောသည့်အရာကို နားထောင်၊ သိရှိရန်၊ နားလည်ပြီးနောက်တွင် ထားလိုက်ရန် မဟုတ်ဘဲ ထို့ထက် အပျက်သဘောဆောင်သော စိတ်ခံစားမှုများက လူတို့အဖို့ မည်မျှပင် အန္တရာယ်ရှိကြောင်း ငါ၏ စကားများမှ သိရှိရန်၊ ထိုအရာများက မည်မျှ အန္တရာယ်ရှိကြောင်းနှင့် လူတို့၏ နေ့စဉ်အသက်တာများ၊ လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံနှင့် ၎င်းတို့ ပြုမူနေထိုင်ကာ ကျင့်ကြံပုံတို့ကို မည်မျှ ကြီးမားသည့် သက်ရောက်မှုရှိကြောင်းတို့ကို သိရှိရန်အတွက် ဖြစ်သည်။

ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတစ်ခု အဆင့်သို့ အတိုင်းအတာတစ်ခုအထိ မရောက်သော်လည်း လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများပေါ် အခြေခံသည့် ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် အခြေခံအကြောင်းရင်းကို ပံ့ပိုးပေးကာ လူတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ၏ ပံ့ပိုးမှုကို ခံရစဉ်တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ရန် အကြောင်းရင်းအပြင် မည်သူကိုမဆို၊ သို့မဟုတ် မည်သည့်အရာကိုမဆို မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများပေါ် အခြေခံ၍ ရှုမြင်ရန် အကြောင်းရင်းကိုလည်း သာ၍ ပေးလျက် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အတိုင်းအတာတစ်ခုအထိ အမှန်ပံ့ပိုးပေးကာ ပိုမိုဆိုးဝါးစေသည်ဆိုသည့်အပေါ်လည်း ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုအားလုံးသည် အမျိုးမျိုးသော အတိုင်းအတာများအထိ လူတို့၏ နေ့စဉ်အသက်တာများကို သက်ရောက်မှုရှိပြီး လူတို့၏ အမျိုးမျိုးသော အတွေးများကို အတိုင်းအတာတစ်ခုအထိ သက်ရောက်၍ ထိန်းချုပ်ကာ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့ ရှိကြသည့် သဘောထားများ၊ ရှုထောင့်အမြင်များနှင့် ရှုထောင့်များကို လွှမ်းမိုးလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက လူတို့အပေါ် ကောင်းမွန်သည့် သက်ရောက်မှု လုံးဝ မရှိသကဲ့သို့ မည်သည့် အပြုသဘောဆောင်၊ အထောက်အကူဖြစ်သည့် အကျိုးတရားမျှ မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် လူတို့ကို ထိခိုက်နစ်နာရုံသာ ဖြစ်စေနိုင်သည်ဟု ပြော၍ရနိုင်ပေသည်။ ထို့ကြောင့် လူတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများအတွင်း အသက်ရှင်ကြသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် ထိုစိတ်ခံစားမှုများ၏ လွှမ်းမိုးခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အလိုအလျောက် ခံရပြီး ၎င်းတို့အနေဖြင့် အပျက်သဘောဆောင်ခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ခြင်းမှ မိမိတို့ကိုယ်ကို တားဆီးမရနိုင်သကဲ့သို့ လူများနှင့် အမှုအရာများအပေါ် အဓိပ္ပာယ်မရှိသည့် ရှုထောင့်များမှ အစွန်းရောက်သော အမြင်များကိုပင် ၎င်းတို့ ခံယူကြ၏။ လူတို့သည် လူတစ်ဦး၊ သို့မဟုတ် အမှုအရာတစ်ခုကို အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ၏ အမြင်နှင့် ရှုထောင့်မှ ရှုမြင်သည့်အခါ ၎င်းတို့ ဖြစ်ပေါ်စေသည့် အပြုအမူများ၊ ချဉ်းကပ်မှုများ၊ ပြီးလျှင် ကျင့်ကြံခြင်းနှင့် လုပ်ရပ်များ၏ အကျိုးတရားများမှာ အစွန်းရောက်၊ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျသည့် စိတ်ခံစားမှုများဖြင့် အလိုအလျောက် ရောနှောသွားလိမ့်မည် ဖြစ်သည်။ ဤအပျက်သဘောဆောင်၊ စိတ်ဓာတ်ကျပြီး အစွန်းရောက်သော စိတ်ခံစားမှုများသည် လူတို့အား ဘုရားသခင်ကို မနာခံဖြစ်စေလိမ့်မည်၊ ဘုရားသခင်နှင့် ပတ်သက်၍ စိတ်မကျေမနပ်ဖြစ်စေလိမ့်မည်၊ ဘုရားသခင်ကို အပြစ်တင်၊ သူ့ကို အာခံစေပြီး ဆန့်ပင်ဆန့်ကျင်စေလိမ့်မည် ဖြစ်သည့်အပြင် သူ့ကို မုန်းစေမည်မှာ အမှန်ဖြစ်၏။ ဥပမာအနေဖြင့် ၎င်းတို့တွင် မကောင်းသည့် ကံကြမ္မာရှိသည်ဟု လူတစ်ဦးက ယုံကြည်သည့်အခါ ထိုအရာအတွက် မည်သူ့ကို ၎င်းတို့ အပြစ်တင်ကြသနည်း။ ၎င်းတို့ ပြောကောင်းပြောမည် မဟုတ်သော်လည်း မိမိတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က အမှားမှားအယွင်းယွင်း ပြုမူဆောင်ရွက်ခဲ့ကြောင်းနှင့် သူတရားမျှတမှုမရှိကြောင်း ယုံကြည်ကြပြီး ၎င်းတို့က “ဘုရားသခင်သည် အဘယ်ကြောင့် သူ့ကို အလွန် ရုပ်ချောစေသနည်း။ အဘယ်ကြောင့် သူ့ကို ထိုသို့သော ကြီးမြတ်သည့် မိသားစုတစ်စုတွင် မွေးဖွားခွင့်ပေးသနည်း။ သူ့ကို အဘယ်ကြောင့် ထိုသို့သော ဆုကျေးဇူးများ သူ ပေးခဲ့သနည်း။ ထိုသို့သော အစွမ်းအစကောင်းကို သူ့အားပေးခဲ့ပါသနည်း။ အဘယ်ကြောင့် ငါ၏ အစွမ်းအစသည် အလွန်ညံ့ရသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် သူ့ကို ခေါင်းဆောင်တစ်ဦး ဖြစ်ရန် စီစဉ်ခဲ့ပါသနည်း။ အဘယ်ကြောင့် မည်သည့်အခါတွင်မျှ ငါ့အလှည့်မရောက်ရသနည်း။ တစ်ကြိမ်တစ်ခါမျှပင် ငါခေါင်းဆောင်တစ်ဦးအဖြစ် လုံးဝ မရောက်ရသနည်း။ သူ့အတွက် အဘယ်ကြောင့် အရာရာ အလွန်အဆင်ချောပြီး မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်သည့်အခါ လုံးဝ မှန်ကန်ခြင်း၊ သို့မဟုတ် အဆင်ချောခြင်း မရှိရပါသနည်း။ အဘယ်ကြောင့် ငါ၏ ကံကြမ္မာသည် အလွန် စိတ်ပျက်စရာ ဖြစ်ရပါသနည်း။ ငါ့ထံ ဖြစ်ပျက်သည့်အရာများသည် အဘယ်ကြောင့် အလွန် ကွဲပြားရသနည်း။ အဘယ်ကြောင့် မကောင်းသည့်အရာများသာ ငါ့ထံ ဖြစ်ပျက်ရပါသနည်း”ဟု တွေးကြသည်။ စိတ်ဓာတ်ကျသော စိတ်ခံစားမှုများမှ ဖြစ်ပေါ်သည့် ဤအတွေးများသည် လူတို့အား ဘုရားသခင်ကို အပြစ်မတင်စေသော်လည်း ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော အသိဖြင့် ဘုရားသခင်နှင့် မိမိတို့၏ ကံကြမ္မာကို မဆန့်ကျင်စေသော်လည်း ထိုအရာများက လူတို့အား မိမိတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် မနာခံသည့်၊ စိတ်မကျေနပ်၊ မကျေမချမ်းဖြစ်သည့်၊ မနာလိုအားကျပြီး မုန်းတီးသည့် စိတ်ခံစားမှုများထဲသို့ မကြာခဏနှင့် အလိုအလျောက် ကျဆင်းသွားစေသည်။ ဆိုးရွားသည့် ကိစ္စများတွင် ထိုအရာများက လူတို့အား သာ၍ အစွန်းရောက်သည့် အတွေးများနှင့် အပြုအမူများကိုပင် ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် လူအချို့သည် အခြားတစ်စုံတစ်ဦးက ၎င်းတို့ထက် သာ၍ ကောင်းစွာ ဆောင်ရွက်ပြီး ဘုရားသခင်၏ ချီးကျူးခြင်းခံရသည်ကို မြင်သည့်အခါ ၎င်းတို့ မနာလိုဖြစ်ပြီး စက်ဆုပ်မှု ခံစားကြသည်။ အကျိုးဆက်အနေဖြင့် သိမ်ဖျင်းသော လုပ်ရပ်တစ်သီတစ်တန်းက အသက်ဝင်လာသည်။ အခြားလူ၏ မကောင်းကြောင်းကို ၎င်းတို့ ပြောဆိုပြီး နောက်ကွယ်တွင် ထိုလူတို့ကို ၎င်းတို့ သေးသိမ်စေကြသည်။ ကလိမ်ကကျစ်ကျပြီး ဆင်ခြင်တုံတရားမဲ့သော အရာအချို့ စသည်တို့ကို ၎င်းတို့ တိတ်တဆိတ် လုပ်ဆောင်ကြလေသည်။ ဤကိစ္စများ တစ်သီတစ်တန်း ဖြစ်ပေါ်ခြင်းသည် ၎င်းတို့၏ စိတ်ဓာတ်ကျခြင်းနှင့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများနှင့် တိုက်ရိုက် ဆက်နွှယ်လေသည်။ ၎င်းတို့၏ စိတ်ဓာတ်ကျသော စိတ်ခံစားမှုများမှ ဖြစ်ပေါ်သည့် ဤအတွေးများ၊ အပြုအမူများနှင့် လုပ်နည်းကိုင်နည်း တစ်သီတစ်တန်းတို့မှာ ပထမတွင် စိတ်ခံစားမှုမျိုးများအဖြစ်သာ ထင်ရသော်လည်း အမှုအရာများ တိုးတက်သည်နှင့်အမျှ ဤအပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျသော စိတ်ခံစားမှုများသည် လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီး ဆိုးယုတ်သည့် စိတ်သဘောထားများဖြင့် အသက်ရှင်ရန် တိုး၍တိုး၍ တိုက်တွန်းခွန်အားပေးလေသည်။ သို့ရာတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး ပုံမှန်လူ့သဘာဝဖြင့် အသက်ရှင်ပါက ၎င်းတို့အတွင်း၌ ဤအပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျသည့် စိတ်ခံစားမှုများ ဖြစ်ပေါ်သည့်အခါ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က လုပ်ရပ်များအဖြစ်သို့ ချက်ချင်း ရောက်ကာ ဤလူများသည် ဤစိတ်ဓာတ်ကျသည့် စိတ်ခံစားမှုများ ရှိနေခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို သတိမူမိနိုင်ကြကာ ထိုအရာများကို ရိပ်စားမိနိုင်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ စိတ်ဓာတ်ကျသော စိတ်ခံစားမှုများကို အလွန် မြန်ဆန်စွာ နောက်ချန်ထားနိုင်ကြပြီး ၎င်းတို့၏ လက်ရှိ အခြေအနေများတွင် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ ကြုံရသည့်အခါ စဉ်းစားချင့်ချိန်နိုင်သော အကဲဖြတ်မှုများကို ၎င်းတို့ ပြုလုပ်နိုင်ကြပြီး ၎င်းတို့ ကြုံရသည့် အခြေအနေများနှင့် တွေ့ကြုံရသည့် အမှုအရာများကို မှန်ကန်သည့် ရှုထောင့်အမြင်မှ အကျိုးသင့်အကြောင်းသင့် မှတ်ယူနိုင်ကြလေသည်။ လူတို့သည် ဤအရာများကို အကျိုးသင့်အကြောင်းသင့် လုပ်ဆောင်ကြသည့်အခါ ၎င်းတို့ စွမ်းဆောင်ရရှိနိုင်မည့် အခြေခံအကျဆုံးသော အရာမှာ ပုံမှန်လူ့သဘာဝ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ အုပ်စိုးမှုကို လက်ခံရန် ဖြစ်သည်။ သာ၍ပင်ကောင်းမွန်သည်မှာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပါက ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့အရ သာ၍ စဉ်းစားချင့်ချိန်နိုင်သော ပုံစံဖြင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ကြလိမ့်မည်ဖြစ်ပြီး မိမိတို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ထိန်းချုပ်နိုင်ခြင်းအောက်တွင် ကျင့်ကြံပြုမူလိမ့်မည်၊ သို့မဟုတ် ဆောင်ရွက်ကြလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများက ၎င်းတို့၏ အတွေးများ၊ အမြင်များနှင့် အမှုကိစ္စများကို ၎င်းတို့ ကိုင်တွယ်ပြီး ကျင့်ကြံပြုမူပုံတို့ကို လွှမ်းမိုးလျက် ၎င်းတို့၏ စိတ်နှလုံးများတွင် ကြီးစိုးသည့် နေရာယူထားပါက ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများက ဘဝတွင် ၎င်းတို့၏ တိုးတက်မှုကို အလိုအလျောက် ထိခိုက်လိမ့်မည်ဖြစ်ပြီး အခြေအနေမျိုးစုံ၌ ၎င်းတို့၏ အတွေးများ၊ ရွေးချယ်မှုများ၊ အပြုအမူနှင့် လုပ်နည်းကိုင်နည်းများ ပိတ်ဆို့ခံရပြီး နှောင့်ယှက်ခံရခြင်း အဖြစ်သို့ ဆိုက်ရောက်စေလိမ့်မည်။ တစ်နည်းအားဖြင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက လူတို့အား စိတ်အေးသက်သာခံစားစေပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ခြင်းကို မှန်ကန်ကြောင်းပြစေလျက် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပံ့ပိုးလေသည်။ နောက်တစ်နည်းအားဖြင့် လူတို့အား အပြုသဘောဆောင်သော အရာများကိုလည်း အတိုက်အခံလုပ်စေပြီး အလင်းကို မမြင်လိုဘဲလျက် အပျက်သဘောဆောင်ခြင်းထဲတွင် အသက်ရှင်စေသည်။ ဤနည်းဖြင့် လူတို့တွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် သာ၍ သောင်းကျန်းပြီး ဆိုးရွားလာကာ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်များအတွင်းတွင် အကျိုးသင့်အကြောင်းသင့် ပြုမူရန် လူတို့အား လုံးဝ ခွင့်မပြုပေ။ ထိုအစား ထိုစိတ်ခံစားမှုများသည် လူတို့အား သမ္မာတရား ရှာဖွေခြင်းနှင့် ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်ခြင်းမှ တားဆီးကာ ဤသို့ဖြင့် လူတို့သည် အပျက်သဘောဆောင်မှု ခံစားရသည်သာမက ဘုရားသခင်ထံမှလည်း ဝေးစွာ သွေဖည်လျက် သာ၍ပင် အလိုအလျောက် အကျင့်ပျက်လာကြသည်။ ပြီးလျှင် ဤကဲ့သို့ ဆက်လက်ဖြစ်သည့်အရာများ၏ အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်လိမ့်မည်နည်း။ အပျက်သဘောဆောင်သော စိတ်ခံစားမှုများက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းမပေးနိုင်ရုံမက ထိုစိတ်သဘောထားများကို ပံ့ပိုးပေးလိမ့်မည်။ ယင်းက လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ အမှုကိစ္စများကို ကိုင်တွယ်စေကာ ပြုမူနေထိုင်စေလိမ့်မည် ဖြစ်ပြီး မိမိတို့သဘောအတိုင်း လုပ်ဆောင်စေလိမ့်မည်။ လူတို့သည် မှားယွင်းပြီး အစွန်းရောက်သော အတွေးများနှင့် အမြင်များ၏ စိုးမိုးခြင်းခံရသည့်အခါ မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကြလိမ့်မည်လော။ အပျက်သဘောဆောင်ခြင်းကို ၎င်းတို့ ဖြန့်ဝေပြီး ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များကို ဝေဖန်ကြလိမ့်မည်လော။ ဘုရားသခင်ကို ၎င်းတို့ အပြစ်တင်ပြီး အာခံကြလိမ့်မည်လော။ ၎င်းတို့ မုချလုပ်ဆောင်ကြလိမ့်မည်။ ဤသည်တို့မှာ အဆုံးစွန်သော အကျိုးဆက်များ ဖြစ်သည်။ မနာခံမှု၊ စိတ်မကျေနပ်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကဲ့သို့သော ချဉ်းကပ်မှုတစ်သီတစ်တန်းသည် လူတို့အတွင်း၌ ဖြစ်ပေါ်၏။ ဤသည်တို့မှာ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများက လူတို့၏ စိတ်နှလုံးများတွင် ကြာမြင့်သည့် အချိန်ကာလတစ်ခုအတွင်း ကြီးစိုးသော နေရာတစ်ခု ယူထားခြင်း၏ အကျိုးဆက်များသာ ဖြစ်သည်။ လူတို့က မခံစားနိုင်မည့်ပုံရသည့်၊ ထိုစိတ်ခံစားမှု တည်ရှိခြင်းကို သိပင်မသိနိုင်၊ သို့မဟုတ် ၎င်းတို့အပေါ် ထိုစိတ်ခံစားမှုက ရှိနေသည့် မည်သည့် အကျိုးတရားကိုမဆို ခံပင် မခံစားနိုင်သည့် အလွန်သေးငယ်သော အပျက်သ‌ဘောဆောင်သည့် စိတ်ခံစားမှုတစ်ခုကိုသာ ကြည့်လော့။ ဤသေးငယ်သည့် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုသည် မွေးစတည်းမှ ၎င်းတို့နှင့်အတူ ရှိပြီးဖြစ်သည့်အလား ၎င်းတို့နောက် နေရာအနှံ့ လိုက်နေဆဲဖြစ်သည်။ ထိုစိတ်ခံစားမှုသည် လူတို့အား ပုံစံနှင့် အရွယ်အစား ပေါင်းစုံကို ထိခိုက်နစ်နာစေပြီး သင့်ဘဝက သင်နှင့်တစ်ချိန်လုံး ရှိနေသကဲ့သို့ပင် ထိုစိတ်ခံစားမှုက သင်နှင့် တစ်ချိန်လုံး ယှဉ်တွဲတည်ရှိနေသည်အထိ သင့်ကို စဉ်ဆက်မပြတ် ဝန်းရံနေသည်၊ ခြိမ်းခြောက်နေသည်၊ ဖိနှိပ်နေပြီး ချည်နှောင်နေသည့်တိုင် သင်သည် ထိုစိတ်ခံစားမှုအတွင်းတွင် မကြာခဏ အသက်ရှင်ပြီး “ဤသည်မှာ လူတို့ စဉ်းစားရမည့်ပုံစံဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားပါ။ အလွန် ပုံမှန်ဖြစ်ပါသည်။ အဘယ်သူသည် ဤကဲ့သို့သော အမြဲဖြစ်ပေါ်နေသော အတွေးများ မရှိပါသနည်း။ အပျက်သဘောဆောင်သော စိတ်ခံစားမှုအချို့ကို မည်သူ မရှိပါသနည်း”ဟူသကဲ့သို့သော အရာများကို စဉ်းစားရင်း၊ ထိုစိတ်ခံစားမှုကို အမှုမဲ့အမှတ်မဲ့ လက်ခံထားရင်း လုံးဝ သတိမမူမိကြချေ။ သင်သည် ဤအပျက်သဘောဆောင်သည် စိတ်ခံစားမှုများက သင့်ကို ဖြစ်နေစေသည့် အန္တရာယ်ကို မခံစားရသော်လည်း ထိုအန္တရာယ်သည် အလွန်အစစ်အမှန်ဖြစ်ကာ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အလိုအလျောက် ပွင့်အံထွက်စေရန်နှင့် နောက်ဆုံးတွင် အရာရာကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ သင်လုပ်ဆောင်သည်အထိ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအရ ဆောင်ရွက်ကာ ကျင့်ကြံပြုမူရန် သင်သည် ထိုစိတ်ခံစားမှု၏ လှုံ့ဆော်ခြင်းကို အမှုမဲ့အမှတ်မဲ့ မကြာခဏ ခံစားရလိမ့်မည်ဖြစ်သည်။ ဤအရာ၏ နောက်ဆုံးရလဒ်များက မည်သည့်အရာများဖြစ်သည်ကို သင်စိတ်ကူးကြည့်နိုင်သည်။ ထိုရလဒ်များက သမ္မာတရားနှင့် ဘုရားသခင်၏ ချီးကျူးခြင်းတို့ကို ရရှိရန် လူတို့အား ကူညီပေးနိုင်သည့်အရာ တစ်ခုတလေဖြစ်ဖို့ကို မဆိုထားနှင့် အကျိုးပြုသည့်အရာ၊ သို့မဟုတ် အပြုသဘောဆောင်သည့်အရာ တစ်ခုမျှ မရှိဘဲ အားလုံးက အပျက်သဘောဆောင်သည့်အရာ၊ ကောင်းကျိုးမပြုသော အရာများသာ ဖြစ်သည်။ ဤသည်တို့မှာ အကောင်းမြင်သော ရလဒ်များ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၌ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ တည်ရှိသရွေ့ အပျက်သဘောဆောင်သော အတွေးများနှင့် အမြင်များက ၎င်းတို့၏ ဘဝကို အကြီးအကျယ် လွှမ်းမိုးကာ စိုးမိုးခြယ်လှယ်လိမ့်မည်။ အပျက်သဘောဆောင်သော အတွေးများနှင့် အမြင်များက ၎င်းတို့၏ ဘဝကို လွှမ်းမိုးကာ စိုးမိုးခြယ်လှယ်သရွေ့ သမ္မာတရား လိုက်စားခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ထိုသမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းမှ ၎င်းတို့ကို တားဆီးနေသည့် ကြီးမားသော အတားအဆီးများ ရှိနေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ထိုအရာအားလုံးကို ဖြေရှင်းနိုင်ရန်အလို့ငှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ကျွန်ုပ်တို့ ဆက်လက် ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်ပေသည်။

ငါတို့ ယခုတင် မိတ်သဟာယပြုကြပြီးဖြစ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ဆိုးရွားသည့် အကျိုးတရားတစ်ခုရှိပြီး လူတို့အား ဆိုးရွားပြင်းထန်သည့် အန္တရာယ်ဖြစ်စေသော်လည်း လူတို့ကို ထိုနည်းတူ လွှမ်းမိုးကာ အန္တရာယ်ပေးသည့် အခြားသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ရှိ၏။ ငါတို့ ပြောဆိုနှင့်ပြီးသားဖြစ်သည့် မုန်းတီးခြင်း၊ ဒေါသ၊ သိမ်ငယ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများအပြင် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ရှိသည်။ ဤစိတ်ခံစားမှုများသည် ထိုနည်းတူ လူတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် နက်နက် အမြစ်တွယ်နေပြီး လူတို့နှင့်အတူ ၎င်းတို့၏ နေ့စဉ်အသက်တာများနှင့် ၎င်းတို့၏ စကားလုံးများ၊ လုပ်ရပ်များတွင် လိုက်ပါနေသည်။ လူတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ ထိုစိတ်ခံစားမှုများသည်လည်း ၎င်းတို့အတွင်း ထွက်ပေါ်သည့် အတွေးများနှင့် အမြင်များအပြင် ၎င်းတို့ ခံယူသည့် ရှုထောင့်များနှင့် ရှုထောင့်အမြင်များကိုလည်း ထိခိုက်လေသည်။ ယနေ့တွင် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကာ ဖော်ထုတ်ကြမည်ဖြစ်ပြီး လူတို့အား ၎င်းတို့ကိုယ်တိုင်အတွင်းတွင် ထိုစိတ်ခံစားမှုများကို ရှာတွေ့ရန် ကူညီဖို့ ကြိုးပမ်းအားထုတ်ကြမည်ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်တိုင်အတွင်းရှိ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ရှာဖွေတွေ့ရှိသည့်နောက်တွင် ၎င်းတို့အတွက် နောက်ဆုံး ရည်မှန်းချက်မှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို လုံးလုံးလျားလျား သိရှိရန်၊ ထိုစိတ်ခံစားမှုများကို ရှင်းထုတ်ရန်၊ ထိုစိတ်ခံစားမှုများ၏ လွှမ်းမိုးမှုအောက်တွင် အသက်မရှင်တော့ရန်နှင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို မိမိတို့၏ အခြေခံအကြောင်းရင်းနှင့် အခြေခံအုတ်မြစ်အဖြစ်ရှိလျက် အသက်ရှင်ပြီး ကျင့်ကြံပြုမူခြင်း မရှိတော့ရန် ဖြစ်သည်။ ပထမဦးစွာ “စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု”ဟူသည့် စကားလုံးများကို ကြည့်ကြစို့။ ထိုစကားလုံးများက စိတ်ခံစားမှုများကို ဖော်ပြသည့်နည်းလမ်းများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယမပြုမီတွင် သင့်အနေဖြင့် “စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှု”တို့၏ အခြေခံအကျဆုံး အယူအဆ ရှိရန်အလို့ငှာ ပထမဦးစွာ ထိုအရာအပေါ် ချင့်ချိန်စဉ်းစားကြည့်ကြစို့။ သင့်အနေဖြင့် ထိုစကားလုံးများအပေါ် တိုက်ရိုက် သိနားလည်မှုအဖြစ်သို့ ရောက်ရှိသည်ဖြစ်စေ၊ သို့မဟုတ် ထိုစကားလုံးများ၏ တိုက်ရိုက် အဓိပ္ပာယ်ကို ကျော်လွန်သည့် သာ၍ နက်ရှိုင်းသော သိနားလည်မှုတစ်ခုကို ရရှိသည်ဖြစ်စေ၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများအပေါ် အခြေခံကျသည့် အသိတစ်ခု သင် ရှိလိမ့်မည်။ ပထမဦးစွာ အတိတ်တွင် မည်သည့်အရာက သင့်ကို စိုးရိမ်စေပြီးဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာများနှင့် ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို သင် အမြဲ ခံစားရသည်ဆိုသည်ကို ငါ့ကို ပြောလော့။ ထိုအရာများသည် သင့်ကို ဖိနေသည့် ကျောက်တုံးကြီးတစ်ခုကဲ့သို့၊ သင့်နောက်လိုက်နေသည့်၊ ချည်နှောင်နေသည့် အရိပ်တစ်ခုကဲ့သို့ ဖြစ်နိုင်သည်။ (ဘုရားသခင်၊ ကျွန်ုပ် စကားအနည်းငယ်ပြောပါမည်။ ကျွန်ုပ်၏ တာဝန်တွင် မည်သည့်ရလဒ်မျှ ကျွန်ုပ် မရရှိသည့်အခါ ဤစိတ်ခံစားမှုသည် အတော်လေး သိသာပြီး ကျွန်ုပ် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရခြင်းရှိမရှိဆိုသည်နှင့် ကျွန်ုပ်တွင် ကောင်းမွန်သည့် အနာဂတ်နှင့် ခရီးပန်းတိုင် ရှိမရှိဆိုသည်တို့ကို ကျွန်ုပ် စိုးရိမ်မိသည်။ ကျွန်ုပ်၏ တာဝန်တွင် ရလဒ်များ ကျွန်ုပ် ရရှိသည့်အခါ ဤကဲ့သို့ ကျွန်ုပ် မခံစားရသော်လည်း အချိန်အတော်ကြာ ရလဒ်များ မရရှိသည့်အခါတိုင်းတွင် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုမျိုးက အလွန့်အလွန် သိသာထင်ရှားလာသည်။) ဤသည်မှာ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်ခြင်းတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ပေ၏။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုမျိုးသည် ၎င်းတို့၏ အတွေးများကို စဉ်ဆက်မပြတ် လွှမ်းမိုးလျက် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် တစ်ချိန်လုံး ကွယ်ဝှက်နေသည်။ မကောင်းသည့်အရာ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုမျိုးကို လူတို့ မခံစားရသော်လည်း၊ ထိုအရာမှာ ရနံ့တစ်ခုကဲ့သို့၊ ဓာတ်ငွေ့တစ်မျိုးကဲ့သို့၊ သို့မဟုတ် လျှပ်စစ်လှိုင်းတစ်ခုကဲ့သို့ပင် သာ၍ ဖြစ်ပေသည်။ ထိုအရာကို သင် မမြင်ရသကဲ့သို့ ထိုအရာကို သင် သတိမမူမိသည့်အခါ ယင်းကို ခံစား၍ပင် မရနိုင်ပေ။ သို့ရာတွင် ဆဌမအာရုံဟု ခေါ်သည့်အရာကဲ့သို့ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် ထိုအရာ၏ ပါရှိခြင်းကို သင် အမြဲခံစားနိုင်ပြီး ဤအတွေးနှင့် စိတ်ခံစားမှုမျိုး၏ တည်ရှိခြင်းကို မသိစိတ်၏ စေ့ဆော်မှုအရ သင် အမြဲ ခံစားနိုင်လေသည်။ သင့်တော်သည့် အချိန်၊ သင့်တော်သည့် နေရာနှင့် သင့်တော်သည့် အခြေအနေတွင် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုမျိုးသည် တစ်စတစ်စ ပေါ်ထွန်းလိမ့်မည် ဖြစ်ကာ နည်းနည်းချင်း ပေါ်ထွက်လာလိမ့်မည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အခြားမည်သည့်အရာက သင်တို့ကို စိတ်ဖိစီး၊ ပူပန်သောကရောက်စေပြီး စိုးရိမ်စေပါသနည်း။ ယခုတင် ဖော်ပြထားသည့် အရာမှလွဲ၍ မည်သည့်အရာမျှ မရှိလေသလော။ သို့ဆိုလျှင် သင်သည် အလွန် ​ပျော်ရွှင်စွာနှင့် စိုးရိမ်မှုမရှိ၊ မည်သည့် ပူပန်သောကမျှမရှိဘဲနှင့် မည်သည့်အရာနှင့်ပတ်သက်၍မျှ စိတ်ဖိစီးခြင်းမရှိဘဲ အသက်ရှင်နေခြင်း ဖြစ်ရမည်။ သို့ဆိုလျှင် သင်သည် လွတ်လပ်သည့် လူတစ်ဦး ဧကန်အမှန် ဖြစ်ပေမည်။ ထိုသို့ ဖြစ်သလော။ (မဟုတ်ပါ။) ကောင်းပြီ၊ သို့ဆိုလျှင် သင်တို့၏ စိတ်နှလုံးများတွင် မည်သည့်အရာ ရှိသည်ကို ငါ့အား ပြောကြလော့။ (ကျွန်ုပ်၏ တာဝန်တွင် ကောင်းစွာ ထမ်းဆောင်ခြင်း မရှိသည့်အခါ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးမည်ကို ကျွန်ုပ် အမြဲ စိုးရိမ်နေခဲ့သည်။ ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများက ကျွန်ုပ်အပေါ် မည်သည့်အရာ တွေးထင်ကြမည်ဆိုသည်နှင့် ကျွန်ုပ်၏ ခေါင်းဆောင်က ကျွန်ုပ်အပေါ် မည်သည့်အရာ တွေးထင်မည်ဆိုသည်တို့ကို ကျွန်ုပ် စိုးရိမ်နေခဲ့သည်။ ထို့အပြင် ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ရန် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများနှင့်အတူ အလုပ်လုပ်ပြီး ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျွန်ုပ် ဆက်လက် ထုတ်ဖော်ပြနေချိန်တွင် ဘုရားသခင်ကို အချိန် အလွန်ကြာမြင့်စွာ ကျွန်ုပ် ယုံကြည်ပြီးဖြစ်သည့်တိုင် လုံးဝ ပြောင်းလဲခြင်း မရှိသေးသကဲ့သို့ ဤသို့သာ ဆက်ဖြစ်လျှင် တစ်နေ့ ကျွန်ုပ်ဖယ်ရှားခံရကောင်းခံရမည်ဆိုသည်ကို ကျွန်ုပ် အမြဲ စိုးရိမ်နေမိပါသည်။ ဤသည်တို့မှာ ကျွန်ုပ်တွင်ရှိသည့် သံသယများ ဖြစ်သည်။) ဤသံသယများ သင့်တွင် ရှိသည့်အခါတွင် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ သင့်အထဲတွင် ထွက်ပေါ်သလော။ (ထွက်ပေါ်ပါသည်။) ထို့ကြောင့် သင်တို့၏ တာန်များကို သင်တို့ ကောင်းစွာ ထမ်းဆောင်ခြင်းမရှိကြသောကြောင့် သင်တို့ အများစု ပူပန်သောကရောက်ပြီး စိုးရိမ်ကြသည်၊ မှန်ပါသလော။ (များသောအားဖြင့်၊ ကျွန်ုပ်၏ အနာဂတ်နှင့် ကံကြမ္မာအကြောင်း ကျွန်ုပ် စိုးရိမ်မိပါသည်။) မိမိ၏ အနာဂတ်နှင့် ကံကြမ္မာအကြောင်း စိုးရိမ်ခြင်းသည် ထင်ပေါ်သော အရာတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များနှင့် သူ၏ အချုပ်အခြာအာဏာတို့ကို မရိပ်စားမိနိုင်သည့်အခါ၊ နားလည်၊ လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိနိုင်သည့်အခါ၊ မိမိတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲအမျိုးမျိုးကို လူတို့ ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် ဤအခက်အခဲများသည် ပုံမှန်လူတို့ ခံနိုင်သည့်အရာကို ကျော်လွန်သည့်အခါ၊ ၎င်းတို့သည် စိုးရိမ်မှုနှင့် ပူပန်သောကမျိုးစုံကို မသိစိတ်၏စေ့ဆော်မှုအရ ခံစားရပြီး စိတ်ဖိစီးမှုပင် ခံစားကြရသည်။ မနက်ဖြန်၊ သို့မဟုတ် ဖိန်းနွှဲခါက မည်ကဲ့သို့ဖြစ်မည်၊ သို့မဟုတ် အနည်းငယ်သော နှစ်ကာလအတွင်း အမှုအရာများ မည်သို့ဖြစ်မည်၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်က မည်သို့ဖြစ်မည်ဆိုသည်တို့ကို ၎င်းတို့ မသိကြသောကြောင့် အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို လူတို့ ခံစားရသည့် အခြေအနေမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်နိုင်သကဲ့သို့ မရိပ်စားမိနိုင်ခြင်း ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် မျက်စိများဖြင့် ထိုအရာကို မြင်လျှင်ပင် နားလည်ကြမည်မဟုတ်၊ သို့မဟုတ် ယုံကြည်ကြမည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြ။ ၎င်းတို့၏ အသက်တာများက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ၎င်းတို့ မယုံကြည်ကြ။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် မယုံကြည်မှုက ၎င်းတို့ စိတ်နှလုံးများတွင် ထွက်ပေါ်ပြီးနောက် အပြစ်တင်မှု ဖြစ်ပေါ်ကာ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ အပြစ်တင်ခြင်းနှင့် ကျိုးနွံနာခံမှု မရှိနိုင်ခြင်းတို့အပြင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာ၏ ဆရာသခင်များ ဖြစ်လိုကြပြီး ၎င်းတို့ကိုယ်ပိုင် ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူဆောင်ရွက်လိုကြလေသည်။ ထို့နောက် မိမိတို့ကိုယ်ပိုင် ကိုယ်စွမ်းကိုယ်စဖြင့် ၎င်းတို့ စတင် ပြုမူဆောင်ရွက်သည့်နောက်တွင် ဖြစ်လာသည့် တကယ့် အခြေအနေမှာ မည်သည့်အရာနည်း။ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ မိမိတို့ကိုယ်ပိုင် အစွမ်းအစနှင့် စွမ်းရည်များအပေါ် မှီခိုလျက် အသက်ရှင်ခြင်း ဖြစ်သော်လည်း မိမိတို့ ကိုယ်ပိုင် အစွမ်းအစနှင့် စွမ်းရည်များဖြင့် ၎င်းတို့ မရရှိနိုင်၊ အလှမ်းမမီနိုင်၊ သို့မဟုတ် မပြီးမြောက်နိုင်သည့် အရာများစွာရှိ၏။ ဥပမာအားဖြင့် အနာဂတ်တွင် ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်၊ ၎င်းတို့ ကောလိပ် တက်ရောက်နိုင်ခြင်း ရှိမရှိ၊ ကောလိပ်ပြီးသွားသည့်အခါ အလုပ်ကောင်း ရနိုင်ခြင်း ရှိမရှိဆိုသည်နှင့် အလုပ်တစ်ခု ရသည်နှင့် ၎င်းတို့အတွက် အရာရာ အဆင်ပြေခြင်း ရှိမရှိဆိုသည်တို့ဖြစ်သည်။ ၎င်းတို့ အမြင့်သို့တက်လှမ်းပြီး ချမ်းသာချင်လျှင် နှစ်အနည်းငယ်အတွင်း ၎င်းတို့၏ စိတ်ကူးယဉ်များနှင့် စိတ်ဆန္ဒများကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဖြစ်သည်။ ထို့နောက် ၎င်းတို့ ဘဝလက်တွဲဖော်တစ်ဦးကို ရှာတွေ့ပြီး အိမ်ထောင်ပြုကာ မိသားစုတစ်ခု အစပြုချင်သည့်အခါ ၎င်းတို့အတွက် မည်သည့် လက်တွဲဖော်မျိုးက သင့်တော်မည်ဆိုသည်တို့ ဖြစ်သည်။ လူအတွက် ဤကဲ့သို့သော အရာများသည် မသိရပေ။ ထိုသို့သော အရာများကို မသိရသောကြောင့် လူတို့သည် ဘာလုပ်ရမည်မှန်း မသိကြချေ။ ဘာလုပ်ရမည်မှန်း လူတို့ မသိကြသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်လာကြသည်။ ၎င်းတို့အတွက် အနာဂတ်တွင်ဖြစ်နိုင်သည့် အရာတိုင်းနှင့်ပတ်သက်၍ ၎င်းတို့ စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ပုံမှန် လူ့သဘာဝ၏ ပိုင်နက်အတွင်းတွင် လူတို့သည် ဤအရာများကို မခံမရပ်နိုင်ဖြစ်ကြခြင်းသာ ဖြစ်သည်။ အနည်းငယ်သော နှစ်ကာလအချိန်တွင် ၎င်းတို့ မည်သို့ဖြစ်မည်ကို မည်သူမျှ မသိ၊ အနာဂတ်တွင် ၎င်းတို့၏ အလုပ်ဖြစ်စေ၊ အိမ်ထောင်ဖြစ်စေ၊ သားသမီးများဖြစ်စေ မည်ကဲ့သို့ဖြစ်မည်ကို မည်သူမျှ မသိကြချေ။ ဤအရာများကို လူတို့ မသိကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝ အစွမ်းအစများ၏ အပိုင်းအခြားအတွင်းတွင် ကြိုသိနိုင်သည့် အရာများ မဟုတ်သကဲ့သို့ ယင်းမှာ ထိုအရာများနှင့်ပတ်သက်၍ လူတို့ အမြဲ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသည့် အကြောင်းရင်း ဖြစ်သည်။ လူတစ်ဦး၏ စိတ်က မည်မျှ ရိုးရှင်းသည်ဖြစ်စေ၊ ၎င်းတို့ စဉ်းစားနိုင်သရွေ့ ၎င်းတို့ အရွယ်ရောက်သည်နှင့်တစ်ပြိုင်နက် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက ၎င်းတို့၏ အတွင်းကျကျစိတ်နှလုံးထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လိမ့်မည်။ လူတို့အတွင်းတွင် အဘယ်ကြောင့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ ဖြစ်ပေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့ အစွမ်းအစ နယ်ပယ်အလွန်တွင်ရှိသည့် အမှုအရာများအကြောင်းကို အမြဲ စိုးရိမ်ပူပန်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အစွမ်းအစ နယ်ပယ်အလွန်တွင် ရှိသည့် အရာများကို အမြဲ သိလိုကြသည်၊ နားလည်လိုကြပြီး စွမ်းဆောင်ရရှိလိုကြသကဲ့သို့ ပုံမှန် လူ့သဘာဝ အစွမ်းအစများ၏ အပိုင်းအခြား ပြင်ပတွင်ရှိသည့် အရာများကိုပင် ထိန်းချုပ်လိုကြလေသည်။ ဤအရာအားလုံးကို ၎င်းတို့ ထိန်းချုပ်လိုကြပြီး ထိုမျှသာမက ဤအရာများ ဖြစ်ပေါ်မှု၏ နည်းဥပဒေသများနှင့် ရလဒ်များကိုလည်း မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း တိုးတက်ကာ ပြည့်စုံစေချင်ကြလေသည်။ ထို့ကြောင့် ထိုသို့သော ယုတ္တိမရှိသည့် အတွေးများဖြင့် စိုးမိုးခံရလျက် လူတို့သည် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားပြီး ဤစိတ်ခံစားမှုများ၏ အကျိုးဆက်များမှာ လူတစ်ဦးနှင့်တစ်ဦး မတူပေ။ မည်သည့်အရာနှင့်ပတ်သက်၍ လူတို့ အလွန်အမင်း စိတ်ဖိစီး၍ ပူပန်သောကရောက်ကာ၊ သို့မဟုတ် စိုးရိမ်ကာ ထိုသို့ဖြင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်ပေါ်စေသည်ဖြစ်စေ ထိုအရာများကို လူတို့ အလွန် လေးနက်စွာ သဘောထားသင့်ပြီ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်ကြပေသည်။

စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများနှင့်ပတ်သက်၍ အဓိကအားဖြင့် ရှုထောင့်နှစ်ခုမှ ငါတို့ မိတ်သဟာယပြုမည်။ ပထမရှုထောင့်မှာ လူတို့ မည်သည့်အရာဖြစ်သည်ကို သိမြင်ရန်နှင့် ထိုမှ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့နှင့်ဆိုင်သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ထွက်ပေါ်ခြင်းအတွက် အကြောင်းရင်းများ မည်သည့်အရာ အတိအကျဖြစ်သည်ဆိုသည်နှင့် ထိုစိတ်ခံစားမှုများ မည်သို့ ထွက်ပေါ်သည်ဆိုသည်တို့ကို သိမြင်ရန် လူတို့၏ အခက်အခဲများကို စိတ်ဖြာလေ့လာ ဆွေးနွေးရန်ဖြစ်မည်။ ဒုတိယရှုထောင့်မှာ ဘုရားသခင်၏ အမှုတော်အပေါ် လူတို့ ရှိကြသည့် သဘောထားအမျိုးမျိုးအရ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့နှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို စိတ်ဖြာလေ့လာ ဆွေးနွေးရန် ဖြစ်မည်။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ရှုထောင့် မည်မျှရှိပါသနည်း။ (နှစ်ခုရှိပါသည်။) ငါတို့သည် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့နှင့်ဆိုင်သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ထွက်ပေါ်ရခြင်းအတွက် အကြောင်းရင်းများကို ပထမဦးစွာ လူတို့ရှိသည့် အခက်အခဲများမှနေ၍ စိတ်ဖြာလေ့လာ ဆွေးနွေးမည်ဖြစ်ပြီး ဒုတိယအနေဖြင့် ဘုရားသခင်၏ အမှုတော်အပေါ် လူတို့၏ သဘောထားများမှ စိတ်ဖြာလေ့လာ ဆွေးနွေးမည်ဖြစ်သည်။ ငါ့ကို ပြန်ပြောကြလော့။ (ကျွန်ုပ်တို့သည် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့နှင့်ဆိုင်သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ထွက်ပေါ်ခြင်းအတွက် အကြောင်းရင်းများကို ပထမဦးစွာ လူတို့ရှိသည့် အခက်အခဲများမှနေ၍ စိတ်ဖြာလေ့လာ ဆွေးနွေးမည်ဖြစ်ပြီး ဒုတိယအနေဖြင့် ဘုရားသခင်၏ အမှုတော်အပေါ် လူတို့၏ သဘောထားများမှ စိတ်ဖြာလေ့လာ ဆွေးနွေးမည်ဖြစ်သည်။) လူတို့တွင်ရှိနိုင်သည့် အခက်အခဲများစွာ ရှိသည်။ ထိုအရာများအားလုံးမှာ မိမိတို့၏ နေ့စဉ်အသက်တာများတွင် လူတို့ ကြုံဆုံရသည့်အရာများ၊ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဘဝတစ်ခုကို အသက်ရှင်ခြင်း နယ်ပယ်အတွင်းတွင် မကြာခဏ ဖြစ်ပေါ်သည့် အခက်အခဲများ ဖြစ်သည်။ ပြီးလျှင် ဤအခက်အခဲများသည် မည်သို့ ဖြစ်လာကြသနည်း။ လူတို့သည် မနိုင်ဝန်ထမ်းရန် အမြဲ ကြိုးစားနေကြသောကြောင့်၊ ၎င်းတို့ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်ရန်၊ မိမိတို့ အနာဂတ်ကို ကြိုတင် သိရှိရန် ကြိုးစားနေကြသောကြောင့် ဖြစ်လာကြခြင်း ဖြစ်သည်။ ၎င်းတို့၏ အနာဂတ် ကြည့်မကောင်းပါက ထိုကံကြမ္မာကို ပြန်ညှိပြီး ပြုပြင်ရန် အဆောင်မန္တာန် ကျွမ်းသူ၊ သို့မဟုတ် ဗေဒင်ဆရာကို ချက်ချင်း သွားရှာကြ၏။ ထို့ကြောင့် လူတို့သည် မိမိတို့၏ နေ့စဉ် ဘဝများတွင် အလွန်များသည့် အခက်အခဲများ ကြုံကြပြီး လူတို့အား စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းသွားစေသည်မှာ ဤအခက်အခဲများ ဖြစ်သည်။ ဤအခက်အခဲများမှာ မည်သည့်အရာများ ဖြစ်သနည်း။ လူတို့က မိမိတို့၏ အကြီးမားဆုံးသော အခက်အခဲအဖြစ် ယူဆသည့်အရာကို ပထမဆုံး တစ်ချက်ကြည့်ကြစို့။ ယင်းမှာ အဘယ်နည်း။ ၎င်းတို့၏ အနာဂတ် အလားအလာများ ဖြစ်သည်၊ ဆိုလိုသည်မှာ ဤတစ်သက်တာတွင် လူတစ်ဦး၏ အနာဂတ်က မည်သည့်အရာ ဖြစ်မည်၊ အနာဂတ် ၎င်းတို့ ချမ်းသာကြွယ်ဝမည်လော၊ သို့မဟုတ် သာမန်ဖြစ်မည်လော၊ ၎င်းတို့ ထင်ပေါ်နိုင်မည်လော၊ ကြီးမားသည့် အောင်မြင်မှု ရရှိနိုင်ပြီး လောကကြီးနှင့် လူများကြားတွင် ကြီးပွားမည်လောဟူ၍ ဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်သူများထဲတွင် အခြားသူများအား အနာဂတ်တွင် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ကို ၎င်းတို့ သိကောင်းမသိနိုင်သော်လည်း မိမိတို့ ကိုယ်ပိုင် အနာဂတ်နှင့်ပတ်သက်၍ ၎င်းတို့ မကြာခဏ စိုးရိမ်ပြီး “ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ဤမျှသာရှိပါသလား။ အနာဂတ်တွင် လူအုပ်ထဲမှ ငါ တစ်ကြိမ်တစ်ခါမျှ ထင်ပေါ်လိမ့်မည်လား။ ဘုရားအိမ်တော်တွင် အရေးပါသည့် အခန်းကဏ္ဍကို ငါ ယူနိုင်လိမ့်မည်လား။ ငါသည် အဖွဲ့ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် ကြီးကြပ်သည့် တစ်စုံတစ်ဦး ဖြစ်နိုင်လိမ့်မည်လား။ ငါသည် ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်မည်လား။ ငါ့ထံ မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ဘုရားအိမ်တော်တွင် ငါ၏တာဝန်ကို ဤသို့ ငါ စဉ်ဆက်မပြတ် ထမ်းဆောင်လျှင် အဆုံးတွင် ငါ မည်သည့်အရာ ဖြစ်လာလိမ့်မည်နည်း။ ကယ်တင်ခြင်းကို ငါ ရရှိလိမ့်မည်လား။ အနာဂတ် အလားအလာတစ်ခုတလေ ငါ ရှိပါသလား။ လောကတွင် ငါ၏ အလုပ်ကို ဆက်လုပ်ရန် လိုအပ်နေဆဲ ဖြစ်ပါသလား။ ယခင်က ငါ သင်ယူနေခဲ့သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုကို ငါ ဆက်လေ့လာရန်၊ သို့မဟုတ် ပိုမိုအဆင့်မြင့်သည့် ပညာရေးကို လေ့လာဆည်းပူးရန် လိုအပ်ပါသလား။ ဘုရားအိမ်တော်တွင် ငါ၏ တာဝန်ကို အချိန်ပြည့် ငါ ဆက်လက်ထမ်းဆောင်နိုင်လျှင် ဘဝ၏ အခြေခံလိုအပ်ချက်များနှင့် ပတ်သက်၍ မည်သည့် ပြဿနာမျှ ငါမရှိသင့်ပါ။ သို့သော် ငါ၏ တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ခြင်း မရှိသကဲ့သို့ တာဝန်ပြောင်းခံရပြီး အစားထိုးခံရလျှင် ငါ မည်သို့ အသက်ရှင်ရမည်နည်း။ ငါအစားထိုးမခံရ၊ ဖယ်ရှားမခံရမီ ထိုနောက်ဆုံး ဖြစ်လာနိုင်ဖွယ် အခြေအနေအတွက် ပြင်ဆင်ရန် ယခု ငါအခွင့်အရေး ယူသင့်ပါသလား”ဟု အမြဲ တွေးကြသည်။ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ တွေးကြ​ပြီး ၎င်းတို့တွင် စုဆောင်းငွေ အချို့ရှိသည်ကို မြင်ကာ “ငါစုထားသည့်အရာအပေါ် နှစ်ကာလမည်မျှ ငါ ခံနိုင်မည်နည်း။ ယခုတွင် ငါသည် အသက်သုံးဆယ်ရှိပြီး ဆယ်နှစ်အတွင်းတွင် အသက်လေးဆယ်ရှိတော့မည်ဖြစ်သည်။ အသင်းတော်မှ ငါဖယ်ရှားခံရလျှင် လောကထဲသို့ ပြန်သွားသည့်အခါ အခြေအနေကို ငါ အမီလိုက်နိုင်လိမ့်မည်လား။ ဆက်အလုပ်လုပ်ခွင့် ပေးရလောက်အောင် ငါ၏ ကျန်းမာရေး ကောင်းလိမ့်မည်လား။ ဆက်အသက်ရှင်ရန် လုံလုံလောက်လောက် ငါ ရှာနိုင်လိမ့်မည်လား။ အသက်ရှင်ဖို့ ငါအခက်တွေ့လိမ့်မည်လား။ ဘုရားအိမ်တော်တွင် ငါ၏ တာဝန်ကို ငါ ထမ်းဆောင်သော်လည်း အဆုံးထိ ငါ့ကို ဘုရားသခင်က ထိန်းသိမ်းလိမ့်မည်လား”ဟု တွေးကြလေသည်။ ဤအရာများအကြောင်းကို ၎င်းတို့ တစ်ချိန်လုံး တွေးကြသော်လည်း မည်သည့်အခါတွင်မျှ အဖြေများ ရှာမတွေ့ကြချေ။ မည်သည့် ကောက်ချက်မျှ လုံးဝ မရှိသော်လည်း ဤအရာများကို ၎င်းတို့ ဆက်ပြီး မတွေးဘဲ မနေနိုင်ပေ။ ထိုအရာကို ၎င်းတို့ မထိန်းချုပ်နိုင်။ အချို့သော ဆုတ်ဆိုင်းမှု၊ သို့မဟုတ် အခက်အခဲကို ၎င်းတို့ ကြုံရသည့်အခါ၊ သို့မဟုတ် ၎င်းတို့ လိုချင်သည့်အတိုင်း တစ်စုံတစ်ရာ မဖြစ်သည့်အခါ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် မည်သူကိုမျှ ပြောဆိုခြင်းမရှိဘဲ ဤအရာများကို ၎င်းတို့ စဉ်းစားကြသည်။ လူအချို့သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ၊ မိမိတို့တာဝန်များတွင် ၎င်းတို့ အစားထိုးခံရသည့်အခါ၊ မတူကွဲပြားသော တာဝန်များကို ၎င်းတို့ ပြန်လည်တာဝန် ခွဲအပ်ခံရသည့်အခါ၊ သို့မဟုတ် အချို့သော အကျပ်အတည်း၊ သို့မဟုတ် အခြားသောအရာနှင့် ၎င်းတို့ ကြုံဆုံရသည့်အခါ၊ ၎င်းတို့သည် နောက်ဆုတ်သည့် လမ်းတစ်ခုကို အလိုအလျောက် ရှာဖွေကြပြီး မိမိတို့၏ နောက်ထပ်ခြေလှမ်းများအတွက် အစီအစဉ်များနှင့် အကြံများ မဖန်တီးဘဲ မနေနိုင်ကြချေ။ အဆုံးတွင် မည်သည့်အရာ ဖြစ်လင့်ကစား လူတို့သည် မိမိတို့ စိုးရိမ်၊ ပူပန်ပြီး စိတ်ဖိစီးသည့် အရာများအတွက် မကြာခဏ အစီအစဉ်များနှင့် အကြံများ ဖန်တီးနေကြဆဲ ဖြစ်သည်။ ဤသည်တို့မှာ လူတို့က မိမိတို့ကိုယ်ပိုင် အနာဂတ် အလားအလာများအတွက် စဉ်းစားကြသည့် အရာများဖြစ်သည် မဟုတ်လော။ လူတို့သည် မိမိတို့ကိုယ်ပိုင် အနာဂတ်အလားအလာများကို လက်မလွှတ်နိုင်သောကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်ပေါ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် အထူးသဖြင့် စိတ်ထက်သန်ကြသည့်အခါနှင့် မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် အမှုအရာများက အလွန် အဆင်ချောစွာ ဖြစ်နေသည့်အခါ၊ အထူးသဖြင့် ၎င်းတို့ ရာထူးတိုးခံရသည့်အခါ၊ အရေးပါသည့် လုပ်ငန်း တာဝန်အချို့အတွက် အသုံးပြုခံရသည့်အခါ၊ ညီအစ်ကို မောင်နှမအများစု၏ အားပေးမှုကို ၎င်းတို့ မွေ့လျော်သည့်အခါနှင့် မိမိတို့ကိုယ်ပိုင် တန်ဖိုး ထင်ဟပ်သည့်အခါ ဤအရာများအကြောင်းကို ၎င်းတို့ မစဉ်းစားကြချေ။ ၎င်းတို့၏ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် အကျိုးစီးပွားများ ခြိမ်းခြောက်ခံရသည်နှင့် တစ်ပြိုင်နက် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ ပြန်မရောက်ဘဲ မနေနိုင်ကြချေ။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲသို့ ၎င်းတို့ ပြန်သွားသည့်အခါ ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို ၎င်းတို့ ချဉ်းကပ်ပုံချဉ်းကပ်နည်းမှာ ထိုအရာများမှ ထွက်ပြေးရန်၊ သို့မဟုတ် ထိုအရာများကို ငြင်းပယ်ရန် မဟုတ်ဘဲ ထို့ထက် ထိုအရာများကို အလိုဖြည့်ဆည်းပေးရန်နှင့် ဤစိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှု ခံစားချက်များထဲသို့ ကျဆင်းသွားဖို့ ကြိုးစားလုပ်ဆောင်ရန်၊ ထိုအရာများထဲသို့ သာ၍ နက်ရှိုင်းစွာ သွားရန်ဖြစ်သည်။ ဤသို့ ငါ အဘယ်ကြောင့် ပြောသနည်း။ လူတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲသို့ ကျဆင်းသည့်အခါ ၎င်းတို့တွင် နောက်ထပ် အကြောင်းပြချက်၊ နောက်ထပ်ဆင်ခြေတစ်ခု ရှိကြပြီး မိမိတို့ အနာဂတ်အတွက်နှင့် မိမိတို့၏ နောက်ခြေလှမ်းများအတွက် အစီအစဉ်များကို လွတ်လပ်စွာ ပြုလုပ်နိုင်ကြလေသည်။ ဤအစီအစဉ်များကို ၎င်းတို့ ပြုလုပ်နေစဉ်တွင် ဤသည်မှာ ဖြစ်သင့်သည့်ပုံဖြစ်ကြောင်း၊ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်နေသင့်သည့်အရာဖြစ်ကြောင်း ၎င်းတို့ တွေးထင်ကြပြီး၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဟူသည့် ဆိုရိုးနှင့် သင်၏ အနာဂတ်နှင့် ကံကြမ္မာအတွက် တင်ကူး အစီအစဉ်မလုပ်သကဲ့သို့ မစဉ်းစားလျှင် အခြားမည်သူကမျှ သင့်အတွက် ထိုအရာများကို စိုးရိမ်ပေးမည်မဟုတ်သကဲ့သို့ သင့်အတွက် ဂရုစိုက်ပေးလိမ့်မည် မဟုတ်ဟု အဓိပ္ပာယ်ရသည့် “အနာဂတ်အတွက် မစီစဉ်သောသူသည် ချက်ချင်း ဒုက္ခတွေ့လိမ့်မည်”ဟူသော အခြားဆိုရိုးကို အသုံးပြုလေသည်။ သင်၏ နောက်ခြေလှမ်းအား မည်သို့ လှမ်းရမည်ကို သင် မသိသည့်အခါ ကသိကအောက် ဖြစ်ခြင်း၊ နာကျင်မှုနှင့် စိတ်မလုံခြင်းတို့ကို သင်ရင်ဆိုင်ရလိမ့်မည် ဖြစ်ပြီး ဆင်းရဲဒုက္ခခံပြီး အခက်အခဲများ သည်းညည်းခံရမည့်သူမှာ သင် ဖြစ်လိမ့်မည်။ ထို့ကြောင့် လူတို့က ၎င်းတို့ အလွန်တော်သည်ဟု ခံစားကြပြီး ၎င်းတို့လှမ်းသည့် ခြေလှမ်းတိုင်းတွင် ရှေ့ဆယ်လှမ်းကို ကြည့်ထားကြလိမ့်မည်ဖြစ်သည်။ အခက်အခဲ၊ သို့မဟုတ် စိတ်ပျက်မှု တစ်ခုတလေ ကြုံရသည်နှင့် မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ ၎င်းတို့၏ အနာဂတ်နှင့် ဘဝတွင် ၎င်းတို့၏ နောက်ခြေလှမ်းကို မချွတ်ချော်နိုင်စေရန်၊ စားဖို့အစာနှင့် ဝတ်ဖို့အဝတ်ရှိရန်၊ လမ်းများတွင် လှည့်လည်သွားလာခြင်း မရှိရန်နှင့် အစာ၊ သို့မဟုတ် အဝတ် လိုအပ်ခြင်းမရှိရန်အလို့ငှာ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော ၎င်းတို့၏ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများဆီသို့ ချက်ချင်း ပြန်ရောက်သွားကြလေသည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ၏ လွှမ်းမိုးမှုအောက်တွင် ၎င်းတို့က၊ “ငါ တင်ကြို၍ အစီအစဉ်များ ပြုလုပ်ရမည်၊ အချို့သော အရာများကို ချုပ်တည်းထားရမည် ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုတ်ခွာနိုင်သည့် နည်းလမ်းအလုံအလောက် ချန်ထားရမည်။ ငါ နုံအ၍ မရ။ ငါ၏ ကံကြမ္မာသည် ငါ့လက်တွင် ရှိသည်။ လူတို့က၊ ‘ကျွန်ုပ်တို့၏ ကံကြမ္မာသည် ဘုရားလက်ထဲတွင် ရှိပြီး ဘုရားသခင်က လူ၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်’ဟု မကြာခဏ ပြောကြသော်လည်း ဤသည်မှာ အနှစ်မဲ့ အလာပသလ္လာပများသာ ဖြစ်သည်။ အဘယ်သူသည် ဤအရာကို အမှန်တကယ် မြင်ဖူးသနည်း။ ငါတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်သည် အချုပ်အခြာအာဏာကို မည်သို့ စွဲကိုင်ပါသနည်း။ တစ်ဦးတလေအတွက် ဘုရားသခင်က အစာ တစ်နေ့သုံးနပ် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးသည်ကို၊ သို့မဟုတ် ဘဝတွင် ၎င်းတို့ လိုအပ်သမျှအားလုံး စီစဉ်ပေးသည်ကို မည်သူ အမှန်တကယ် မြင်ဖူးသနည်း။ မည်သူမျှ မမြင်ဖူးပါ”ဟု တွေးလျက် မိမိတို့ကိုယ်ကို မကြာခဏ သတိပေးကြသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မမြင်သည့်အခါနှင့် မိမိတို့၏ အနာဂတ် အလားအလာများအတွက် စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ပါက၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ၎င်းတို့အတွက် ကာကွယ်မှုတစ်ခု၊ အကာကွယ်ပေးသော ဒိုင်းလွှားတစ်ခု၊ လုံခြုံဘေးကင်းသည့် ကွန်းခိုရာတစ်ခုကဲ့သို့ ဖြစ်သည်ဟု လူများက ယုံကြည်ကြသည်။ ၎င်းတို့သည် အနာဂတ်အတွက် အစီအစဉ်များ ပြုလုပ်ရန်၊ မနက်ဖြန်နှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ပူပန်ရမည်ဖြစ်ကြောင်း၊ သူတို့သည် တစ်နေ့လုံး မိမိတို့ကိုယ်ကို အစားအစာ အပြည့်သိပ်ထည့်ရုံမက ပျင်းရိလျက်နေရမည် မဟုတ်ကြောင်း၊ မိမိအတွက် အစီအစဉ်များ ပြုလုပ်ခြင်း၊ မိမိအတွက် ထွက်ပေါက်တစ်ခုရှာခြင်းနှင့် မိမိကိုယ်ပိုင် အနာဂတ်အတွက် နေ့ရော ညပါ အလုပ်လုပ်ခြင်းသည် မမှားကြောင်း စဉ်ဆက်မပြတ် မိမိတို့ကိုယ်ကို သတိပေးကာ အသိပေးကြလေသည်။ ဤသည်မှာ သဘာဝကျပြီး လုံးဝ တရားကာ ရှက်ရမည့် တစ်စုံတစ်ရာ မဟုတ်ကြောင်း မိမိတို့ကိုယ်ကို ပြောကြလေသည်။ ထို့ကြောင့် လူတို့သည် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို အပျက်သဘောဆောင်သော စိတ်ခံစားမှုများအဖြစ် ယုံကြည်ကြသော်လည်း ထိုအရာများကို ခံစားခြင်းသည် မကောင်းသည့် အရာတစ်ခုဖြစ်သည်ဟု ၎င်းတို့ လုံးဝ မတွေးထင်ကြချေ။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက ၎င်းတို့ကို တစ်နည်းနည်းဖြင့် ထိခိုက်နစ်နာစေမည် ဖြစ်ကြောင်း၊ သို့မဟုတ် ထိုအရာများသည် သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်းနှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အတားအဆီးများ ဖြစ်နိုင်ကြောင်းတို့ကို ၎င်းတို့ လုံးဝ မတွေးမိကြချေ။ ထိုအစား ၎င်းတို့က ထိုအရာများကို မမောနိုင် မပန်းနိုင် မွေ့လျော်ခံစားကြပြီး ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများအတွင်းတွင် လိုလိုလားလားနှင့် မမောနိုင်မပန်းနိုင် အသက်ရှင်ကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများအတွင်းတွင် အသက်ရှင်ခြင်းနှင့် ၎င်းတို့၏ အနာဂတ် အလားအလာများနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ခြင်းတို့အားဖြင့်သာ ၎င်းတို့ လုံခြုံမှုရှိနိုင်သည်ဟု ၎င်းတို့ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက အခြားအဘယ်သူသည် မိမိတို့၏ အနာဂတ်နှင့်ပတ်သက်၍ စိတ်ဖိစီး၊ သောကရောက်ကာ စိုးရိမ်လိမ့်မည်နည်း။ မည်သူမျှ စိုးရိမ်လိမ့်မည် မဟုတ်။ ၎င်းတို့ မိမိတို့ကိုယ်ကို ချစ်သည်ထက် မည်သူကမျှ ၎င်းတို့ကို သာ၍ မချစ်၊ ၎င်းတို့ နားလည်သကဲ့သို့ မည်သူကမျှ ၎င်းတို့ကို နားမလည်ပေ၊ သို့မဟုတ် ၎င်းတို့သဘောပေါက်သကဲ့သို့ ၎င်းတို့ကို သဘောမပေါက်ကြချေ။ ထို့ကြောင့် ထိုသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ တည်ရှိခြင်းသည် ၎င်းတို့အဖို့ အန္တရာယ်ရှိသည်ဟု လူတို့က အတိုင်းအတာ တစ်ခုခုအထိလည်းကောင်း၊ တိုက်ရိုက်အနေဖြင့် လည်းကောင်း၊ အယူဝါဒဆိုင်ရာ အဆင့်တစ်ခုဖြင့်လည်းကောင်း သတိပြုမိနိုင်လျှင်ပင် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက ၎င်းတို့အား မိမိတို့ကိုယ်ပိုင် အနာဂတ်အား သဘောပေါက်ရန်နှင့် ထိန်းချုပ်ရန် ခိုင်မာစွာ ဆုပ်ကိုင်ဖို့ ကိုယ်စွမ်းကိုယ်စ ပေးသောကြောင့် ထိုသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို စွန့်ရန် ၎င်းတို့ မလိုမလားဖြစ်နေကြဆဲ ဖြစ်သည်။ ဤသို့ပြောရန် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ထို့ကြောင့် လူတို့အဖို့ ၎င်းတို့ အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ခြင်း၊ ပူပန်သောက ရောက်ခြင်းနှင့် စိတ်ဖိစီးခြင်းတို့သည် ကြီးမားသော တာဝန်ယူခြင်း ကိစ္စတစ်ခု ဖြစ်သည်။ ရှက်ဖွယ်မဟုတ်သကဲ့သို့၊ သနားစဖွယ်၊ မုန်းတီးဖွယ်မဟုတ်ဘဲ ၎င်းတို့အတွက် အမှုအရာများ ဖြစ်သင့်သည့်အတိုင်းသာ ဖြစ်သည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် မွေးကတည်းက ၎င်းတို့နှင့်အတူ ရှိပြီးဖြစ်သည့်အလား လက်လွှတ်ရန် လူတို့အတွက် အလွန်ခက်ခဲရခြင်း ဖြစ်သည်။ ၎င်းတို့ မွေးကတည်းက လူတို့ စဉ်းစားသည့်အရာဟူသမျှမှာ ၎င်းတို့ကိုယ်တိုင်အတွက် ဖြစ်ပြီး ၎င်းတို့အဖို့ အရေးအကြီးဆုံး ကိစ္စမှာ ၎င်းတို့၏ ကိုယ်ပိုင် အနာဂတ် ရှေ့ရေးများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ အနာဂတ်ကို ခိုင်မာစွာ စွဲကိုင်ပြီး ဆက်လက်စောင့်ရှောက်ပါက စိုးရိမ်မှုကင်းမဲ့သည့် ဘဝတစ်ခုကို အသက်ရှင်ကြလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ကောင်းမွန်သည့် အနာဂတ်အလားအလာများဖြင့် မိမိတို့ အလိုရှိသမျှတိုင်းကို ၎င်းတို့ ပိုင်ဆိုင်ကြလိမ့်မည်ဖြစ်ပြီး အားလုံး အလွယ်ကလေးဖြစ်လိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် လူတို့သည် မိမိတို့ အနာဂတ်နှင့်ပတ်သက်၍ အဖန်ဖန် စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်သည့် ခံစားချက်ကို မည်သည့်အခါတွင်မျှ ငြီးငွေ့ခြင်း မရှိကြချေ။ ဘုရားသခင်က သူ၏ ကတိတော်ကို ပေးပြီးဖြစ်လျှင်ပင်၊ လူတို့သည် ဘုရားသခင်ထံမှ ကျေးဇူးတော်များစွာ မွေ့လျော်ခံစား၊ သို့မဟုတ် ရရှိပြီးဖြစ်လျှင်ပင်၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်က ကောင်းချီးမျိုးစုံ ပေးသနားပြီး အခြား ထိုသို့သော အမှန်တရားများကို ၎င်းတို့ မြင်ပြီးဖြစ်လျှင်ပင် လူတို့သည် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်ခြင်းတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများတွင် အသက်ရှင်လိုကြဆဲဖြစ်ပြီး မိမိတို့ အနာဂတ်အတွက် အစီအစဉ်များနှင့် အကြံအစည်များ ပြုလုပ်လိုကြဆဲ ဖြစ်သည်။

အနာဂတ်အလားအလာများအပြင် အခြားအရေးကြီးသည့် တစ်စုံတစ်ရာ၊ လူတို့ မကြာခဏလည်း စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသည့် တစ်စုံတစ်ရာရှိပြီး ယင်းမှာ အိမ်ထောင်ရေး ဖြစ်သည်။ လူအချို့က ထိုအရာနှင့်ပတ်သက်၍ စိုးရိမ်ခြင်းမရှိကြသကဲ့သို့ အသက် သုံးဆယ်အရွယ်တွင် အိမ်ထောင်မပြုကြသေးသည့် လူများစွာ ယခုတွင်ရှိကြသောကြောင့် မိမိတို့ အသက်သုံးဆယ်အရွယ်တွင် အိမ်ထောင်မပြုကြသေးသည်ကို ပူပန်ခြင်း မရှိကြချေ။ ဤသည်မှာ လူမှုအဖွဲ့အစည်းတွင် မကြာခဏ တွေ့မြင်ရသည့် တစ်စုံတစ်ရာဖြစ်ပြီး ထိုအတွက် မည်သူကမျှ သင့်ကို လှောင်ရယ်ခြင်းမရှိသကဲ့သို့ သင်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည်ဟု မည်သူကမျှ မပြောချေ။ သို့ရာတွင် တစ်စုံတစ်ဦးသည် မိမိတို့ အသက်လေးဆယ်အရွယ်ရောက်သည့် အချိန်တွင် အိမ်ထောင်မပြုပါက ၎င်းတို့ စိတ်ထဲတွင် အထိတ်တလန့်ဖြစ်ခြင်း ယဲ့ယဲ့ စတင်ခံစားကြရပြီး “လက်တွဲဖော် ငါ ရှာသင့်လား၊ မရှာသင့်ဘူးလား။ ငါအိမ်ထောင်ပြုသင့်လား၊ မပြုသင့်ဘူးလား။ ငါအိမ်ထောင် မပြုသကဲ့သို့ မိသားစုတစ်စု မရှိလျှင် မည်သည့် သားသမီးမျှ မရှိလျှင် ငါ အသက်အရွယ်ရလာသည့်အခါ ငါ့ကို စောင့်ရှောက်မည့်သူ တစ်ဦးတလေ ရှိလိမ့်မည်လား။ ငါဖျားနာသည့်အခါ တစ်ဦးတလေက ငါ့ကို တာဝန်ယူလိမ့်မည်လား။ ငါ သေသည့်အခါ ငါ၏ ဈာပနကို တစ်ဦးတလေက တာဝန်ယူလိမ့်မည်လား”ဟု တွေးကြသည်။ လူတို့သည် ဤအရာများအကြောင်းကို စိုးရိမ်ကြသည်။ အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ မစီစဉ်သူများသည် အလွန် စိတ်ဖိစီး၊ ပူပန်သောကရောက်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိကြချေ။ ဥပမာအားဖြင့် လူအချို့က၊ “ယခု ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီး မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံရန် လိုလားလျက်ရှိပါသည်။ လက်တွဲဖော်တစ်ဦးကို ကျွန်ုပ် ရှာမည် မဟုတ်သကဲ့သို့ အိမ်ထောင်ပြုမည် မဟုတ်ပါ။ ကျွန်ုပ် မည်မျှ အသက်အရွယ်ကြီးရင့်သည်ဖြစ်စေ ဤအရာများနှင့်ပတ်သက်၍ စိတ်ဖိစီးမည်မဟုတ်ပါ”ဟု ဆိုကြသည်။ ဆယ်နှစ်၊ အနှစ် ၂၀ ကြာ လူလွတ်ဖြစ်ပြီးသည့်၊ အသက် ၂၀ အရွယ်မှသည် ၄၀ အရွယ် ထိတိုင် လူလွတ်ဖြစ်ပြီးသည့် လူလွတ်များသည် မည်သည့် အကြီးစား ပူပန်မှုများ မရှိသင့်ပေ။ ၎င်းတို့အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခံများ၊ သို့မဟုတ် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကြောင့်၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း အလုပ်များသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏ လတ်တလော ဆုံးဖြတ်ချက် မပြောင်းလဲသေးသောကြောင့်၊ ရံဖန်ရံခါ အနည်းငယ်မျှသော စိုးရိမ်မှုနှင့် စိတ်ဖိစီးမှု အချို့ ခံစားနိုင်သော်လည်း ၎င်းတို့ ခံစားသည့် စိုးရိမ်မှုမျိုးသည် ရေးရေးမျှသာဖြစ်ပြီး မကြာခဏသာ ရောက်လာတတ်ကာ ကြီးမားသည့် ကိစ္စမဟုတ်ပေ။ ပုံမှန် တာဝန်ထမ်းဆောင်ခြင်းကို မထိခိုက်သည့် ဤစိတ်ခံစားမှုမျိုးသည် လူတို့အဖို့ အန္တရာယ် မဖြစ်သကဲ့သို့ အပျက်သဘောဆောင်သော စိတ်ခံစားမှုအဖြစ် မှတ်ယူ၍မရနိုင်ပေ။ ဆိုလိုသည်မှာ ဤကိစ္စရပ်သည် သင့်အတွက် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်ခုအဖြစ်သို့ ပြောင်းမသွားသေးပေ။ အိမ်ထောင်ပြုနှင့်ပြီးသူတို့အတွက်မူ မည်သည့်အရာမျိုးများနှင့် ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြသနည်း။ လင်နှင့် မယားနှစ်ဦးလုံး ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့တာဝန်များကို ထမ်းဆောင်ကြပါက ဤအိမ်ထောင်​သည် ထိန်းသိမ်းခံရလိမ့်မည်လော။ မိသားစု တည်ရှိသလော။ သားသမီးများကရော အဘယ်သို့နည်း။ ထို့အပြင် နှစ်ဦးထဲမှတစ်ဦးက သမ္မာတရားကို လိုက်စားပြီး အခြားတစ်ဦးက မလိုက်စားပါက၊ သမ္မာတရား မလိုက်စားသည့်တစ်ဦးသည် လောကနောက်အမြဲလိုက်ပါက ချမ်းသာကြွယ်ဝသည့် ဘဝတစ်ခုကို လိုက်စားပြီး သမ္မာတရား လိုက်စားသူက မိမိတာဝန်ကို အမြဲ ထမ်းဆောင်ချင်သော်လည်း သမ္မာတရား မလိုက်စားသည့်တစ်ယောက်က ရံဖန်ရံခါ မကျေနပ်ချက်အချို့ကို ဖွင့်ပြောရင်း၊ သို့မဟုတ် မိမိ အိမ်ထောင်ဖက်ကို စိတ်ပျက်အားလျော့စေရန် အပျက်သဘောဆောင်သည့်အရာများ ပြောဆိုရင်း မိမိအိမ်ထောင်ဖက်ကို တားဆီးရန် အမြဲ ကြိုးစားသော်လည်း ကသိကအောက်ဖြစ်ရပါက သမ္မာတရား လိုက်စားသည့်တစ်ယောက်က “အို၊ ငါ့ယောက်ျားသည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ပါ။ ထို့ကြောင့် အနာဂတ်တွင် ငါတို့ မည်သို့ ဖြစ်လိမ့်မည်နည်း။ ငါတို့ ကွာရှင်းရလျှင် ငါ တစ်ကိုယ်တည်းဖြစ်ပြီး အသက်မွေးမှုကို ထိန်းသိမ်းနိုင်မည်မဟုတ်ပါ။ သူနှင့် ငါ နေပါက တူညီသည့် လမ်းကြောင်းကို ငါတို့ လျှောက်နေကြမည်မဟုတ်ပါ။ မတူကွဲပြားသည့် အိမ်မက်များကို ငါတို့ သိုထားနေကြာမည် ဖြစ်ပြီး ထို့နောက်တွင် ငါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း”ဟု တွေးလေသည်။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ စိတ်ဖိစီး၊ ပူပန်သောက ရောက်ပြီး စိုးရိမ်ကြလေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်သည်နှင့် ညီအစ်မအချို့က ၎င်းတို့၏ ခင်ပွန်းများက ဘုရားသခင်ကို မယုံကြည်ကြသော်လည်း ဘုရားသခင်၌ မိမိတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို ပိတ်ဆို့ရန် အလွန်တရာ ကြိုးစားကြခြင်းမရှိသကဲ့သို့ ၎င်းတို့ ညှဉ်းပန်းနှိပ်စက်ခြင်း မခံရသောကြောင့် ကွာရှင်းရန် အကြောင်းပြချက်မရှိဟု ယုံကြည်ကြသည်။ သို့ရာတွင် ၎င်းတို့ အတူတကွ ပေါင်းသင်းပါက ၎င်းတို့ ဘောင်ခတ်ခံရကာ လွှမ်းမိုးခံရသည်ဟု အမြဲ ခံစားကြရသည်။ မည်သည့်အရာအားဖြင့် ၎င်းတို့ ဩဇာလွှမ်းခြင်းခံရသနည်း။ မိမိတို့၏ ချစ်ခင်မှုအားဖြင့် ဘောင်ခတ်ခံရကာ လွှမ်းမိုးခံရကြပြီး မိသားစုဘဝရှိ အမျိုးမျိုးသော အခက်အခဲများနှင့် အိမ်ထောင်ရေးတို့က အကြီးစားလည်းမဟုတ်၊ အသေးစားလည်း မဟုတ်သည့် အရာမျိုးနှင့်ဆိုင်သည့် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုအချို့ကို ၎င်းတို့အား တွေ့ကြုံဖို့ဖြစ်စေရင်း ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် အမှုအရာများကို ရံဖန်ရံခါ လှုံ့ဆော်ပေးလေသည်။ ထိုသို့သော အခြေအနေများအောက်တွင် အိမ်ထောင်ရေးသည် ပုံမှန် မိသားစုဘဝကို ထိန်းသိမ်းသည့် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး ဇနီးများ၏ ပုံမှန် တွေးခေါ်မှု၊ ၎င်းတို့၏ ပုံမှန်ဘဝများနှင့် ၎င်းတို့၏ ပုံမှန် တာဝန်ထမ်းဆောင်မှုကိုပင် ချုပ်နှောင်သည့်တစ်စုံတစ်ရာ ဖြစ်လာလေသည်။ အိမ်ထောင်ရေး ဆက်လက်ရှင်သန်စေဖို့မှာ ခက်ခဲသော်လည်း ထိုအရာမှ မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြချေ။ ထိုသို့သောအိမ်ထောင်ရေးကို ဆက်ရှင်သန်စေရန် သတ်သတ်မှတ်မှတ် အကြောင်းပြချက် မရှိသကဲ့သို့ ကွာရှင်းရန်လည်း ၎င်းတို့အတွက် အကြောင်းရင်းမရှိပေ။ မည်သည့် လုပ်ရပ်ကိုမဆို လုပ်ဆောင်ရန် လုံလောက်သည့် အကြောင်းပြချက်မရှိပေ။ ပြုလုပ်ရမည့် မှန်ကန်သည့် ရွေးချယ်မှုက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ လုပ်ဆောင်ရန် မှားယွင်းသည့်အရာ မည်သည့်အရာ ဖြစ်သည်ကို မသိကြချေ။ ထို့ကြောင့် ၎င်းတို့တွင် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ ဖြစ်ပေါ်လေသည်။ ဤစိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု ခံစားချက်များသည် ၎င်းတို့ စိတ်များတွင် စဉ်ဆက်မပြတ် ပေါ်နေပြီး ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့ကို ချည်နှောင်နေကာ ထိုအရာများက ၎င်းတို့၏ ပုံမှန်ဘဝကိုလည်း ထိခိုက်လေသည်။ မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ဤအရာများက ၎င်းတို့ စိတ်များတွင် အမြဲ ပေါ်နေပြီး ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ထွက်ပေါ်နေသည်။ ၎င်းတို့တာဝန်များ ပုံမှန် ထမ်းဆောင်ခြင်းကို လွှမ်းမိုးနေသည်။ ဤအရာများက ဇနီးမယားများ လုပ်ဆောင်သင့်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ မည်သည့် ရွေးချယ်မှု ပြုလုပ်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ရှင်းလင်းသည့် စကားလုံးတစ်ခု ဖြစ်ပုံမရသော်လည်း ဤကိစ္စရပ်များက ၎င်းတို့အား ဖိစီးခံရကာ ရုန်းထွက်မရဖြစ်စေသည့် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ နက်နက် နွံနစ်လာစေသည်။ ဤသည်မှာ နောက်ထပ် အခက်အခဲမျိုးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ နောက်ထပ် အခက်အခဲမျိုး၊ အိမ်ထောင်ရေးက ဖြစ်စေသည့် အခက်အခဲတစ်ခု ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်လာသောကြောင့် အသင်းတော် အသက်တာ အသက်ရှင်ကြသည့်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ကြသည့်၊ မိမိတို့၏ မယုံကြည်သည့် သားသမီးများ၊ မိမိတို့၏ ဇနီးမယားများ (လင်ယောက်ျားများ)၊ မိမိတို့၏ မိဘများ၊ သို့မဟုတ် မိမိတို့၏ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ပုံမှန် ပေါင်းသင်းဆက်ဆံရန် မည်သည့် အချိန်မျှ မရှိကြသည့်သူများလည်း ရှိသည်။ အထူးသဖြင့် မိမိတို့၏ မယုံကြည်သည့် သားသမီးများကို ၎င်းတို့ ကောင်းမွန်စွာ စောင့်ရှောက်နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် ၎င်းတို့၏ သားသမီးများ တောင်းဆိုသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်သောကြောင့် မိမိတို့ သားသမီးများ၏ အနာဂတ်နှင့် အလားအလာများအကြောင်းကို ၎င်းတို့ စိုးရိမ်ကြလေသည်။ အထူးသဖြင့် သားသမီးများ ကြီးပြင်းလာသည့်အခါ လူအချို့က စတင် စိုးရိမ်သောက ရောက်ကြသည်။ ကျွန်ုပ်၏ ကလေးသည် ကောလိပ် တက်လိမ့်မည်လား၊ မတက်လိမ့်မည်လား။ ကောလိပ် ရောက်သည့်အခါ သူတို့ မည်သည့်ဘာသာရပ် ယူကြလိမ့်မည်နည်း။ ကျွန်ုပ်၏ ကလေးသည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ ကောလိပ် တက်ချင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးအနေဖြင့် ကျွန်ုပ်သည် သူတို့၏ စာလေ့လာမှုများအတွက် ငွေသွင်းပေးသင့်ပါသလား။ သူတို့၏ နေ့စဉ် လိုအပ်ချက်များကို တာဝန်ယူပြီး သူတို့၏ စာလေ့လာမှုများတွင် ကျွန်ုပ် ပံ့ပိုးသင့်ပါသလား။ သူတို့ အိမ်ထောင်ပြုသည့်အချိန် ရောက်လာသည့်အခါ အလုပ်တစ်ခုရှိလာပြီး မိမိတို့ကိုယ်ပိုင် မိသားစုနှင့် ကလေးများ ရှိလာကြသည့်အခါ မည်သည့် အခန်းကဏ္ဍကို ကျွန်ုပ် ဆောင်ရွက်သင့်ပါသနည်း။ မည်သည့်အရာများကို ကျွန်ုပ် လုပ်သင့်ပြီး မည်သည့်အရာများကို မလုပ်သင့်ပါသနည်း။ ဤအရာများနှင့် ပတ်သက်၍ ၎င်းတို့ မသိကြချေ။ ဤကဲသို့သော တစ်စုံတစ်ရာ ဖြစ်လာသည်နှင့် မိမိတို့သည် ထိုသို့သော အခြေအနေတစ်ခုတွင် ရှိသည်ကို တွေ့ရှိရသည်နှင့် ၎င်းတို့ ကြောင်သွားကာ မည်သည့်အရာ လုပ်ဆောင်ရမည်မှန်း မသိကြသကဲ့သို့ ထိုသို့သော အရာများအား မည်သို့ ကိုင်တွယ်ရမည်ကို မသိကြချေ။ အချိန်ကုန်လွန်သည်နှင့်အမျှ ဤအရာများနှင့် စပ်လျဉ်း၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ ဖြစ်ပေါ်လေသည်။ မိမိတို့ ကလေးအတွက် ဤအရာများကို ၎င်းတို့ လုပ်ဆောင်ပါက ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်မိပြီး ဘုရားသခင်ကို သဘောမကျ ဖြစ်စေမိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသကဲ့သို့ ဤအရာများကို မလုပ်ဆောင်ပါကလည်း မိမိတို့၏ မိဘ ဝတ္တရားများ မကျေပွန်သကဲ့သို့ မိမိတို့၏ ကလေးနှင့် အခြားမိသားစုဝင်များ၏ အပြစ်တင်ခြင်းခံရမည်ကို ကြောက်ရွံ့ကြသည်။ ဤအရာများကို လုပ်ဆောင်ပါက သက်သေခံချက် ဆုံးရှုံးမည်ကို ကြောက်ကြပြီး မလုပ်ဆောင်ပါကလည်း လောကီလူတို့၏ ရယ်သွမ်းသွေးခြင်းနှင့် မိမိတို့ အိမ်နီးချင်းများ၏ လှောင်ပြောင်ခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် ဝေဖန်ခြင်းတို့ ခံရမည်ကို ကြောက်ရွံ့ကြသည်။ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေမိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသော်လည်း မိမိတို့အတွက် မကောင်းသည့် ဂုဏ်သတင်းရရှိစေမိမည်ဖြစ်ကာ မိမိမျက်နှာ မပြနိုင်အောင် အလွန်အရှက်ရမည်ကိုလည်း စိုးရွံ့ကြသည်။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ ချီတုံချတုံဖြစ်သည်နှင့်အမျှ ၎င်းတို့၏ စိတ်နှလုံးများတွင် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ ဖြစ်ပေါ်လေသည်။ မည်သည့်အရာ လုပ်ဆောင်ရမည်မသိခြင်းနှင့်ပတ်သက်၍ ၎င်းတို့ စိတ်ဖိစီးကြသည်။ မည်သည့်အရာကို ၎င်းတို့ ရွေးချယ်သည်ဖြစ်စေ မှားယွင်းသည့်အရာ လုပ်ဆောင်မိမည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို သင့်လျော်ခြင်း ရှိမရှိဆိုသည်ကို မသိခြင်းနှင့်ပတ်သက်၍ ၎င်းတို့ ပူပန်သောကရောက်ကြပြီး ဤအရာများ ဆက်ဖြစ်နေပါက တစ်နေ့ ထိုအရာများကို ၎င်းတို့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခြင်း ရှိမည်မဟုတ်သကဲ့သို့ ၎င်းတို့ မအောင်မြင်မှုတစ်ခု ရှိပါက အမှုအရာများက ၎င်းတို့အတွက် သာ၍ ခက်ခဲမည်ကို ၎င်းတို့ စိုးရိမ်ကြလေသည်။ ဤကဲ့သို့သော အခြေအနေတစ်ခုတွင်ရှိကြသည့် လူများသည် ကြီးမားသည့် အရာများဖြစ်စေ၊ သေးငယ်သည့် အရာများဖြစ်စေ ဘဝတွင် ရုတ်တရက်ပေါ်ပေါက်သည့် ဤအရာများအားလုံးနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ၎င်းတို့ထဲတွင် ဤအပျက်သဘောဆောင်သော ခံစားချက်များ ဖြစ်ပေါ်သည်နှင့် ဤစိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ထဲ ၎င်းတို့ နွံနစ်လာကြပြီး မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြချေ။ ဤအရာကို လုပ်ဆောင်လျှင် မှားသည်၊ ထိုအရာကို လုပ်ဆောင်လျှင် မှားပြီး လုပ်ဆောင်ရန် မှန်ကန်သည့်အရာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြချေ။ အခြားလူများကို ၎င်းတို့ ကျေနပ်စေလိုကြသော်လည်း ဘုရားသခင်အား မကျေနပ်စေမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့ အကောင်း ပြောခံရဖို့အလို့ငှာ အခြားလူများအတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ချင်ကြသော်လည်း ဘုရားသခင်ကို ဂုဏ်အသရေ မညှိုးနွှမ်းစေချင်ကြ၊ သို့မဟုတ် ၎င်းတို့ကို ဘုရားသခင် စက်ဆုပ်ဖို့ မဖြစ်စေချင်ကြပေ။ ထို့ကြောင့် ဤစိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ၎င်းတို့ အမြဲ နွံနစ်လာကြခြင်း ဖြစ်သည်။ အခြားလူများအတွက်နှင့် ၎င်းတို့ ကိုယ်တိုင်အတွက်ပါ ၎င်းတို့ စိတ်ဖိစီးကြသည်။ အခြားလူများအတွက်အပြင် ၎င်းတို့ ကိုယ်တိုင်အတွက်ပါ အမှုအရာများနှင့်ပတ်သက်၍ ပူပန်သောကရောက်ကြပြီး အခြားလူများအတွက်အပြင် ၎င်းတို့ ကိုယ်တိုင်အတွက်ပါ အမှုအရာများနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်သောက ရောက်ကြလေသည်။ ထို့ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သည့် အခက်အခဲနှစ်ဆဖြင့် နွံနစ်လာကြလေသည်။ ဤကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် ၎င်းတို့၏ နေ့စဉ်ဘဝများကို ထိခိုက်သည်သာမက ၎င်းတို့၏ တာဝန်များ ထမ်းဆောင်ခြင်းကို ထိခိုက်သည့်အပြင် ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်းကိုပါ အတိုင်းအတာတစ်ခုအထိ ထိခိုက်နေသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အခက်အခဲတစ်မျိုးဖြစ်သည်။ ဆိုလိုသည်မှာ ဤအရာများသည် အိမ်ထောင်ရေး၊ မိသားစုဘဝနှင့် ကိုယ်ရေးကိုယ်တာဘဝတို့နှင့် ဆက်နွှယ်သည့် အခက်အခဲများဖြစ်ပြီး လူတို့က စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲ မကြာခဏ ပိတ်မိလာကြသည်မှာ ဤအခက်အခဲများကြောင့် ဖြစ်သည်။ လူတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲ ပိတ်မိလာကြသည့်အခါ သနားခံရကြမည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ သနားခံရကြမည်လော။ သင်တို့က ၎င်းတို့အပေါ် အလွန်စာနာနေဆဲဖြစ်ကြောင်း ပြလျက် “သနားခံရကြပါမည်”ဟု ဆိုကြဆဲဖြစ်သည်။ တစ်စုံတစ်ဦးသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုတစ်ခုတွင် နွံနစ်လာသည့်အခါ ထိုအပျက်သဘောဆောင်သည့် စိတ်ခံစားမှု၏ နောက်ခံအကြောင်းအရာက မည်သည့်အရာဖြစ်လင့်ကစား ထိုစိတ်ခံစားမှု ထွက်ပေါ်ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ပတ်ဝန်းကျင်ကြောင့်လော၊ ထိုလူ၏ အနီးအနာရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကြောင့်လော။ သို့မဟုတ် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားက ၎င်းတို့ကို နှောင့်ယှက်သောကြောင့်လော။ ထိုလူကို ထိခိုက်သည်မှာ ပတ်ဝန်းကျင်လော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့၏ အသက်တာများကို နှောင့်ယှက်ခြင်း ဖြစ်သလော။ အကြောင်းရင်း အတိအကျမှာ မည်သည့်အရာနည်း။ သင်တို့ သိကြသလော။ ငါ့ကို ပြောလော့၊ လူတို့၏ ပုံမှန် ဘဝများတွင်ဖြစ်စေ၊ ၎င်းတို့၏ တာဝန် ထမ်းဆောင်မှုတွင်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ လိုက်စားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေပါက ဤအခက်အခဲများ ရှိပါသလော။ (မရှိပါ။) ဤအခက်အခဲများသည် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားအရ ပါရှိခြင်း ဖြစ်သည်။ ထိုအရာများ မပါရှိဟု သင်တို့ ဆိုသောကြောင့် ဤအခက်အခဲများကို သင်တို့ ဖြေရှင်းပြီးသည်များ ဖြစ်နိုင်မည်လော။ ထိုသို့ သင်တို့ လုပ်ဆောင်နိုင်စွမ်းရှိကြသလော။ ဤအခက်အခဲများသည် ဖြေရှင်းမရနိုင်သကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားအရ ပါရှိနေကြလေသည်။ သမ္မာတရား လိုက်စားသော လူတို့တွင် ဤအခက်အခဲများ၏ ရလဒ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ပြီးလျှင် သမ္မာတရား မလိုက်စားသောသူတို့တွင် ထိုအရာများ၏ ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့တွင် လုံးဝ မတူကွဲပြားသည့် ရလဒ်နှစ်ခု ရှိလိမ့်မည်။ သမ္မာတရားကို လူတို့ လိုက်စားပါက ဤအခက်အခဲများတွင် ၎င်းတို့ ပါဝင်ပတ်သက်မိလိမ့်မည် မဟုတ်သကဲ့သို့ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုထဲ ကျဆင်းကြမည်မဟုတ်။ ဆန့်ကျင်ဖက်အနေဖြင့် လူတို့သည် သမ္မာတရား မလိုက်စားပါက ဤအခက်အခဲများသည် ၎င်းတို့တွင် မပြောင်းမလဲပင် ပါရှိနေပြီး ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင် မလွတ်မြောက်နိုင်ရန်အလို့ငှာ ထိုအရာများက သင့်ကို နှောင်ဖွဲ့လိမ့်မည်ဖြစ်ပြီး ထိုအရာများကို သင် မဖြေရှင်းနိုင်ပါက နောက်ဆုံးတွင် ထိုအရာများက သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် ရစ်ပတ်ငြိတွယ်ထုံးဖွဲ့လာသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်လာလိမ့်မည်။ ထိုခံစားချက်များက သင်၏ ပုံမှန်ဘဝနှင့် သင်၏ တာဝန်များ ပုံမှန်ထမ်းဆောင်ခြင်းတို့ကို ထိခိုက်လိမ့်မည်ဖြစ်ပြီး သင့်ကို ဖိစီးကာ လွတ်မြောက်မှု ရှာမတွေ့နိုင် ဖြစ်စေလိမ့်မည်။ ဤသည်မှာ ထိုအရာများ သင့်အပေါ် ရှိမည့် ရလဒ်ဖြစ်သည်။ ဤရလဒ်နှစ်ခုသည် မတူကွဲပြားကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ယခုတင် ငါ ပေးခဲ့သည့် မေးခွန်းဆီသို့ ပြန်သွားကြစို့။ မည်သည့်အရာကို ငါမေးခဲ့သနည်း။ (လူတို့တွင် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ဖြစ်ပေါ်စေသည်မှာ ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုများလော၊ ဘုရားနှုတ်ကပတ်တော်များက နှောင့်ယှက်ခြင်းလော။) သို့ဆိုလျှင် အကြောင်းရင်းမှာ အဘယ်နည်း။ အဖြေမှာ အဘယ်နည်း။ (သမ္မာတရားကို လူတို့ မလိုက်စားသောကြောင့် ဖြစ်ပါသည်။) မှန်ပေ၏။ ထိုအရာများထဲမှ တစ်ခုမျှ မဟုတ်ဘဲ ထို့ထက် သမ္မာတရားကို လူတို့ မလိုက်စားသောကြောင့် ဖြစ်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားသည့်အခါ အစွန်းရောက်သည့် အတွေးများနှင့် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲ ၎င်းတို့ မကြာခဏ နွံနစ်လာကြပြီး မလွတ်မြောက်နိုင်ကြချေ။ ယခုလေးတင် ငါ မေးခဲ့သည့် မေးခွန်းကို ထပ်ပြောလော့။ (လူတို့တွင် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ထွက်ပေါ်ခြင်းအတွက် အကြောင်းရင်းမှာ ၎င်းတို့၏ ပတ်ဝန်းကျင်၊ ၎င်းတို့ အနီးအနားရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများဖြစ်သလော၊ သို့မဟုတ် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားက လူတို့ကို နှောင့်ယှက်သောကြောင့် ဖြစ်သလော။) ရိုးရှင်းစွာ ပြောရလျှင် ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုများကြောင့်လော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များက လူတို့ကို နှောင့်ယှက်သောကြောင့်လော။ အဘယ်တစ်ခုဖြစ်သနည်း။ (တစ်ခုမျှမဟုတ်ပါ။) မှန်၏၊ တစ်ခုမျှမဟုတ်ပေ။ ပတ်ဝန်းကျင်များက လူတိုင်းကို မျှတစွာ လွှမ်းမိုးသည်။ သမ္မာတရားကို သင် လိုက်စားလျှင် အချို့သော ပတ်ဝန်းကျင်ကြောင့် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ သင် ကျဆင်းမည်မဟုတ်။ သို့သော် သမ္မာတရားကို သင် မလိုက်စားပါက သင်သည် သင်၏ ပတ်ဝန်းကျင်အားဖြင့် အဖန်ဖန် လွှမ်းမိုးမှုကို အလွန် သဘာဝအားဖြင့် ခံလာရလိမ့်မည်ဖြစ်ပြီး စိတ်ဖိစီးမှု၊ ပူပန်သောက၊ စိုးရိမ်မှုတို့နှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲ သင်အကြိမ်ကြိမ် ပိတ်မိလာလိမ့်မည်ဖြစ်သည်။ ဤရှုထောင့်အမြင်မှ ထိုအရာကို ကြည့်သည့်အခါ သမ္မာတရားကို လိုက်စားခြင်းသည် အရေးကြီးသည် မဟုတ်လော။ (အရေးကြီးပါသည်။) ဖြစ်ပျက်သမျှ အရာရာတိုင်းတွင် ရှာဖွေရမည့် သမ္မာတရား စည်းမျဉ်းများရှိ၏။ သို့သော် အမှန်တွင် သမ္မာတရားကို လူတို့ မလိုက်စားသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသောကြောင့်၊ သို့မဟုတ်လျှင် ဘုရားသခင် တောင်းဆိုသည့်အရာ၊ သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ မည်သည့် လမ်းကြောင်း ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်နှင့် လက်တွေ့လုပ်ဆောင်မှုအတွက် စံများက မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့ကို ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း ထိုအရာများကို မည်သည့် အလေးဂရုပြုမူမျှ မရှိကြ၊ သို့မဟုတ် မလိုက်လျှောက်ကြသောကြောင့် မိမိတို့၏ ကိုယ်ပိုင် ရွေးချယ်မှုများနှင့် အစီအစဉ်များ ၎င်းတို့ အမြဲ ပြုလုပ်ကြသည့်အခါ အဆုံးတွင် ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ လူတို့သည် ဤအရာ၊ ထိုအရာအကြောင်း အမြဲ စိုးရိမ်လျက် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့ မလုပ်ဆောင်သည့်အခါ ရလဒ်တစ်ခုတည်းသာ ရှိပြီး ယင်းမှာ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုများထဲသို့ ၎င်းတို့ နွံနစ်လာကြကာ တစ်ဖန် ပြန်မထွက်နိုင်ကြခြင်း ဖြစ်သည်။ အမှုအရာများက မိမိတို့ဆန္ဒရှိသည့်အတိုင်း အမြဲ ဖြစ်ရန်၊ အခြားလူများကို ဆက်ပျော်ရွှင်စေဖို့အပြင် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် မိမိတို့ကိုယ်ပိုင် စိတ်ကူးများအပေါ် အမြဲမှီခိုအားကိုးရန်မှာ လူတို့အတွက် ဖြစ်နိုင်သလော။ မဖြစ်နိုင်ပေ။ ၎င်းတို့က ၎င်းတို့ အနီးဝန်းကျင်ရှိ လူတိုင်း ပျော်ရွှင်၊ စိတ်ကျေနပ်စေကာ ၎င်းတို့ကို ချီးမွမ်းမှုအပြည့်ရှိစေသည့် နည်းလမ်းဖြင့် အမှုအရာများကို အမြဲ ကိုင်တွယ်လိုကြသည်။ ၎င်းတို့သည် လူကောင်းများအဖြစ် အခေါ်ခံချင်ကြပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေချင်ကြကာ ဤစံနှုန်းကို ၎င်းတို့ မပြည့်မီပါက စိတ်ဖိစီးကြလေသည်။ ၎င်းတို့ စိတ်ဖိစီးခံစားရန် ထိုက်တန်ကြသလော။ (ထိုက်တန်ပါသည်။) ဤသည်မှာ လူတို့က မိမိတို့အတွက် ရွေးချယ်ကြသည့်အရာ ဖြစ်သည်။

“ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များ မပြောခဲ့လျှင် လူကောင်းတစ်ဦး ဖြစ်ခြင်း၏ ကိုယ်ကျင့်တရား စံနှုန်းများအတိုင်း အမှုအရာများကို ကျွန်ုပ် လုပ်ဆောင်မိမည်ဖြစ်သည်။ ယင်းမှာ အလွန် ရိုးရှင်းမည်ဖြစ်ပြီး အလွန်များသည့် ထွက်ဆိုချက်များ ရှိမည်မဟုတ်ပါ။ ကျေးဇူးတော်ခေတ်ကဲ့သို့ပင် လူတို့သည် ပညတ်ချက်များကို စောင့်ထိန်းခဲ့ကြပြီး သည်းညည်းခံကာ စိတ်ရှည်ခဲ့ကြသည်၊ ပြီးလျှင် ကားတိုင်ထမ်းကာ ဆင်းရဲဒုက္ခခံခဲ့ကြပြီး အလွန် ရိုးရှင်းခဲ့သည်။ ယင်းမှာ အဆုံးသတ်ဖြစ်ခဲ့သည် မဟုတ်ပါလား။ ယခုတွင် ဘုရားသခင် ပြောထားသည့် အလွန်များသော သမ္မာတရားများနှင့် မိတ်သဟာယတွင် ပေးထားသည့် အလွန်များသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများတို့ဖြင့် လူတို့သည် ထိုမျှ ကြာမြင့်သည့် အချိန်ကာလနောက်တွင် အဘယ်ကြောင့် ထိုအရာများကို စွမ်းဆောင်နိုင်ခြင်း မရှိသနည်း။ လူတို့၏ အစွမ်းအစများသည် အလွန် ချို့တဲ့နေပြီး ထိုအရာအားလုံးကို ၎င်းတို့ နားမလည်နိုင်ကြသကဲ့သို့ ၎င်းတို့ မစွမ်းဆောင်မရရှိနိုင်သည့် သမ္မာတရားများစွာရှိပါသည်။ သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်ရာတွင်လည်း အခက်အခဲများစွာရှိပြီး ထိုအရာကို ၎င်းတို့ နားလည်လျှင်ပင် စွမ်းဆောင်ရရှိရန် အခက်တွေ့နေကြဆဲ ဖြစ်သည်။ သမ္မာတရားကို သင်နားလည်ပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင် စိတ်မသက်မသာ ခံစားရသော်လည်း ထိုသမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည့်အခါ အလွန်များသည့် လက်တွေ့ကျသော အခက်အခဲများ ရှိပါသည်”ဟု ဆိုသော အဓိပ္ပာယ်မဲ့သည့် လူအချို့လည်း ရှိလေသည်။ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့ကို နှောင့်ယှက်နေသည်ဟု လူတို့ ယုံကြည်ကြသော်လည်း အမှန်တွင် ဖြစ်ပုံမှာ ဤသို့ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ယုတ္တိမတန်ခြင်းနှင့် ဆင်ခြင်တုံတရားမဲ့ခြင်းဟု ခေါ်သည်။ ၎င်းတို့သည် သမ္မာတရားကို ငြီးငွေ့ပြီး မလိုက်စားကြသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြဘဲ ဝိညာဉ်ရေးရာ ပြည့်သည့်ပုံ ဟန်ဆောင်ချင်နေကြဆဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်ပုံ ဟန်ဆောင်ချင်နေကြဆဲ ဖြစ်ပြီး ကယ်တင်ခြင်းကို ရယူချင်ကြလေသည်။ အဆုံးတွင် ဤအရာများကို ၎င်းတို့ မစွမ်းဆောင်၊ မရရှိနိုင်ကြသည့်အခါ “ဤအရာများအားလုံးကို အဘယ်သူ ဟန်ချက်ညီစေနိုင်သနည်း။ ဘုရားသခင်က သူ၏ စံနှုန်းများကို အနည်းငယ် နိမ့်စေလျှင် ပိုကောင်းမည်ဖြစ်ပြီး ထို့နောက်တွင် လူတို့ အဆင်ပြေကြမည်၊ ဘုရားသခင် အဆင်ပြေမည်၊ လူတိုင်း အဆင်ပြေမည်ဖြစ်သည်။ ယင်းမှာ အလွန့်အလွန်ပင် ကောင်းမွန်သည့်အသက်တာ ဖြစ်မည်တကား”ဟု တွေးလျက် စိတ်ဓာတ်ကျကာ စိတ်ဖိစီးကြလေသည်။ ဤကဲ့သို့လူများသည် ဘုရားသခင် ပြောသည့် စကားများက လူတို့အပေါ် မငဲ့ကွက်ခြင်းဖြစ်သည်ဟု အမြဲ တွေးကြသည်။ အမှန်တွင် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု ခံစားချက်များ ၎င်းတို့ ရှိကြသည့်အခါ အမှုအရာများစွာနှင့် ပတ်သက်၍ ဘုရားသခင်ကို ၎င်းတို့ စိတ်ကျေနပ်ခြင်း မရှိကြချေ။ အထူးသဖြင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ချဉ်းကပ်ပုံနှင့် ပတ်သက်လာသည့်အခါ ထိုစည်းမျဉ်းများကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ခြင်း၊ သို့မဟုတ် ရယူနိုင်ခြင်း မရှိကြ၊ ထိုစည်းမျဉ်းများအကြောင်းကို လုံးဝ မပြောနိုင်ကြဘဲ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ၎င်းတို့ နွံနစ်လာရင်း အခြားလူများ၏ အမြင်ရှိ ၎င်းတို့၏ နာမည်ဂုဏ်သတင်းနှင့် သိက္ခာအပေါ်လည်းကောင်း၊ ကောင်းချီးခံစားလိုသည့် ၎င်းတို့၏ ဆန္ဒအပေါ်တွင်လည်းကောင်း ဆိုးရွားသည့် သက်ရောက်မှုတစ်ခု ရှိပြီး ထိုအကြောင်းကြောင့် ၎င်းတို့ ကျေနပ်အားရခြင်း မရှိသည့် ဘုရားသခင်လုပ်ဆောင်သော အရာများစွာရှိသည်ဟု ၎င်းတို့ ယုံကြည်ကြခြင်း ဖြစ်သည်။ “ဘုရားသခင်သည် ဖြောင့်မတ်သည်။ ထိုအရာကို ကျွန်ုပ် မငြင်းပါ။ ဘုရားသခင်သည် သန့်ရှင်းပြီး ထိုအရာကိုလည်း ကျွန်ုပ် မငြင်းပါ။ ဘုရားသခင် ပြောဆိုသမျှအရာရာသည် သမ္မာတရားဖြစ်မှာ သေချာပေသည်။ ယခုတွင် ဘုရားသခင် ပြောသည့်အရာက အဆင့်မြင့်လွန်းကာ လူတို့အပေါ် သူ၏ တောင်းဆိုချက်များ တင်းကျပ်လွန်းခြင်းသည်သာ ဝမ်းနည်းစရာတစ်ခုဖြစ်ပြီး ထိုအရာအားလုံးကို စွမ်းဆောင်ရရှိရန် လူတို့အတွက် မလွယ်ကူပါ”ဟု ပြောသည့်သူအချို့ပင် ရှိသည်။ ၎င်းတို့တွင် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိသကဲ့သို့ တာဝန်အားလုံးကို ဘုရားသခင်အပေါ် ထားရှိလိုက်ကြသည်။ ဘုရားသခင် ဖြောင့်မတ်ပြီး ဘုရားသခင် သန့်ရှင်းသည်ဟူသည့် အဆိုဖြင့် ၎င်းတို့ စတင်ပြီး ဤအရာအားလုံး မှန်ကန်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ ဘုရားသခင် သန့်ရှင်းသည်။ဘုရားသခင်၏ အနှစ်သာရကို အသိအမှတ်ပြုရန် သင့်အတွက် လိုအပ်သလော။ ဤသည်တို့မှာ အမှန်တရားများ ဖြစ်သည်။ ထိုအရာများသည် ယင်းတို့ကို သင် အသိအမှတ်ပြုသောကြောင့်သာ မှန်ကန်ခြင်း မဟုတ်။ ဘုရားသခင်အပေါ် ၎င်းတို့ အပြစ်တင်ခြင်းအတွက် စီရင်ခြင်းမခံရရန်အလို့ငှာ ဘုရားသခင် ဖြောင့်မတ်ကြောင်း၊ ဘုရားသခင် သန့်ရှင်းကြောင်း ကမန်ကတန်း ၎င်းတို့ ပြောကြသည်။ သို့ရာတွင် ဘုရားသခင် ဖြောင့်မတ်ကာ သန့်ရှင်းခြင်းနှင့်ပတ်သက်၍ မည်သည့်အရာကို ၎င်းတို့ ပြောကြသည်ဖြစ်စေ၊ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော ၎င်းတို့၏ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် ပါရှိနေဆဲဖြစ်ပြီး ဤစိတ်ခံစားမှုများ ပါရှိရုံမက ဤစိတ်ခံစားမှုများကို လက်လွှတ်ရန် ၎င်းတို့ မလိုမလားဖြစ်နေကြသည်၊ ထိုအရာများကို စွန့်ခွာထားခဲ့ရန် မလိုမလားဖြစ်နေကြသည်၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ပြောင်းလဲရန်၊ ၎င်းတို့ လိုက်စားမှု၏ ဦးတည်ချက်ကို ပြောင်းလဲရန်နှင့် ဘဝတစ်လျှောက် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းကို ပြောင်းလဲရန် မလိုမလား ဖြစ်နေကြလေသည်။ ထိုသို့သော လူများသည် သနားစဖွယ်ဖြစ်ပြီး မုန်းတီးဖွယ်လည်း ဖြစ်သည်။ ၎င်းတို့သည် တကယ်ကို စာနာစိတ်နှင့် မတန်ကြသကဲ့သို့ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ ခံစားရသည်ဖြစ်စေ၊ ငါတို့၏ သနားခြင်းနှင့် မတန်ကြချေ။ ငါတို့ လုပ်ဆောင်ရန် လိုအပ်သမျှမှာ ၎င်းတို့ကို စကားအနည်းငယ် ပြောရန်ဖြစ်သည်။ ထိုအရာမှာ နည်းပင်နည်းသေး၏။ အလွန်စိတ်ဖိစီးခြင်းကြောင့် သင် သေဆုံးပါက မည်သူကမျှ သင့်ကို သနားဦးမည်မဟုတ်။ သင့်၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကိုမရှာအောင် အဘယ်သူက လုပ်သနည်း။ သင်သည် ဘုရားသခင်အား ကျိုးနွံနာခံပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်အောင် အဘယ်သူက လုပ်သနည်း။ အဘယ်သူအတွက် သင်သည် စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်သနည်း။ သမ္မာတရားကို ရရှိရန် ထိုအရာများကို သင် ခံစားနေခြင်း ဖြစ်သလော။ သို့မဟုတ် ဘုရားသခင်ကို ရရှိရန်လော။ သို့မဟုတ် ဘုရားအမှုတော်အတွက်လော။ သို့မဟုတ် ဘုရားသခင်၏ ဘုန်းတော်အတွက်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ထိုစိတ်ခံစားမှုများကို သင်​ မည်သည့်အရာအတွက် ခံစားနေသနည်း။ သင့်ကိုယ်တိုင်အတွက်၊ သင်၏ သားသမီးများအတွက်၊ သင်၏ မိသားစုအတွက်၊ သင်၏ ကိုယ့်သိက္ခာကိုယ် လေးစားခြင်းအတွက်၊ သင်၏ နာမည်ဂုဏ်သတင်းအတွက်၊ သင်၏ အနာဂတ်နှင့် ရှေ့ရေးများအတွက်၊ မိမိနှင့်ပတ်သက်သည့် အရာရာတိုင်းအတွက်သာ ဖြစ်သည်။ ထိုသို့သောလူတစ်ဦးသည် မည်သည့်အရာကိုမျှ မစွန့်၊ သို့မဟုတ် မည်သည့်အရာကိုမျှ လက်မလွှတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ စွန့်လွှတ်ခြင်းမရှိ၊ သို့မဟုတ် မည်သည့်အရာကိုမျှ စွန့်ပစ်ခြင်း မရှိချေ။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိသကဲ့သို့ မိမိတို့တာဝန် ထမ်းဆောင်ခြင်းကို စစ်မှန်သည့် သစ္စာစောင့်သိခြင်း မရှိကြချေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံခြင်း မရှိကြ၊ ကောင်းချီးများ ရရှိရန်သာ ယုံကြည်ကြပြီး ကောင်းချီးများ ရရှိရန် ခံယူချက်တစ်ခုဖြင့်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ ကတိတော်များကို “ယုံကြည်ခြင်း” အပြည့်ရှိကြသော်လည်း ထိုသို့သော ယုံကြည်ခြင်းကို ဘုရားသခင် မချီးကျူးသကဲ့သို့ မအောက်မေ့ဘဲ စက်ဆုပ်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်က ၎င်းတို့အပေါ် တောင်းဆိုသည့် မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ၊ ၎င်းတို့ လက်လွှတ်သင့်သည့် အရာများကို လက်မလွှတ်ကြ၊ လက်လျှော့သင့်သည့်အရာများကို လက်မလျှော့ကြ၊ စွန့်ပစ်သင့်သည့်အရာများကို မစွန့်ပစ်ကြသကဲ့သို့၊ ပူဇော်သင့်သည့် သစ္စာစောင့်သိမှုကို ပေးအပ်ပူဇော်ကြခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ ကျဆင်းထိုက်ကြသည်။ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ ခံစားသည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ ထိုသို့ ခံစားကြသည်၊ မိမိတို့တာဝန်အတွက်နှင့် အသင်းတော်၏ အလုပ်အတွက် မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော လူများသည် သမ္မာတရားကို အမှန်တကယ် လိုက်စားခြင်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမည်ခံ ယုံကြည်ကြသည့် လူတစ်သိုက်သာ ဖြစ်သည်။ ဤသည်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်း ၎င်းတို့ အတိအကျ သိကြသော်လည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ လိုက်လျှောက်ခြင်းလည်း မရှိကြချေ။ ၎င်းတို့၏ ယုံကြည်ခြင်းသည် သနားစဖွယ်ဖြစ်ပြီး ဘုရားသခင်၏ ထောက်ခံမှုကို မရနိုင်သကဲ့သို့ ထိုယုံကြည်ခြင်းကို ဘုရားသခင် အောက်မေ့လိမ်မ့ည်မဟုတ်။ ထိုသို့သော လူများသည် ၎င်းတို့၏ နေအိမ်ဘဝများရှိ အမျိုးစုံသော အခက်အခဲများကြောင့် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်ခြင်းတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲ နွံနစ်လာကြလေသည်။

ထို့နောက် ကျန်းမာရေး နုံချာသည့်သူများ၊ ကြံ့ခိုင်မှုအခြေအနေနည်းပြီး အားအင် ချို့တဲ့သည့် သူများ၊ အကြီးစား၊ သို့မဟုတ် အသေးစား နာမကျန်းဖြစ်ခြင်းဖြင့် မကြာခဏ နေမကောင်း ဖြစ်သည့်သူများ၊ နေ့စဉ်ဘဝတွင် လိုအပ်သည့် အခြေခံအမှုအရာများကိုပင် မလုပ်ဆောင်နိုင်သည့်သူများ၊ ပုံမှန်လူများကဲ့သို့ အသက်မရှင်နိုင်၊ သို့မဟုတ် ထူထူထောင်ထောင် မဖြစ်နိုင်သည့်သူများ ရှိသည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မကြာခဏ သက်သောင့်သက်သာမရှိ ခံစားရပြီး နေမကောင်း ဖြစ်ကြသည်။ အချို့မှာ ရုပ်ပိုင်ဆိုင်ရာအရ အားနည်းကြသည်၊ အချို့မှာ တကယ့် နာမကျန်းမှုများ ရှိကြပြီး ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နိုင်သည့် အလားအလာ ရှိသူများလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့တွင် ထိုသို့သော လက်တွေ့ကျသည့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိသောကြောင့် ထိုသို့သောလူများသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းပြီး စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်နေကြသနည်း။ မိမိတို့၏ တာဝန်ကို ဤသို့ ဆက်လက် ထမ်းဆောင်နေလျှင် ဤသို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ပြေးလွှားနေကာ ဤသို့ အမြဲ ပင်ပန်းနွမ်းနယ်နေလျှင် ၎င်းတို့၏ ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလိမ့်မည်လော။ ၎င်းတို့ အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်ရောက်သည့်အခါ မိမိတို့ အိပ်ရာများတွင် လှဲနေကြရမည်လောဟူသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ ဤစိုးရိမ်မှုများ ခိုင်လုံသလော။ ဤအရာကို ကိုင်တွယ်ဖြေရှင်းသည့် ခိုင်မာသော နည်းလမ်းတစ်ခုကို တစ်ဦးတလေက ပေးလိမ့်မည်လော။ ဤအတွက် အဘယ်သူသည် တာဝန်ယူလိမ့်မည်နည်း။ အဘယ်သူ တာဝန်ရှိလိမ့်မည်နည်း။ နုံချာသည့် ကျန်းမာရေးရှိသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ကြလေသည်။ နာမကျန်းမှုတစ်ခု ရှိသည့်လူများသည် “အို ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါစိတ်ပိုင်းဖြတ်ထားသော်လည်း ဤနာမကျန်းမှု ငါ ရလေပြီ။ အန္တရာယ်မှ ကွယ်ကာရန် ဘုရားသခင်ကို ငါတောင်းလျှောက်ပြီး ဘုရားသခင်၏ ကွယ်ကာမှုဖြင့် ငါစိုးရွံ့ရန် မလိုပါ။ သို့သော် ငါ၏ တာဝန်များကို ထမ်းဆောင်နေချိန် ငါ ခြေကုန်လက်ပန်း ကျသွားသည့်အခါ ငါ၏ ရောဂါ ပြန်ထလိမ့်မည်လား။ ငါ၏ ရောဂါ အမှန်တကယ် ထလာခဲ့လျှင် မည်သည့်အရာကို ငါ လုပ်ရမည်နည်း။ ခွဲစိတ်မှုခံရန် ဆေးရုံတက်ဖို့ ငါ လိုအပ်ပါက ထိုအတွက် ပေးရမည့် ငွေ ငါ့မှာမရှိပါ။ ထို့ကြောင့် ငါ၏ ကုသမှုအတွက် ပေးဖို့ ငွေမချေးလျှင် ငါ၏ ရောဂါ သာ၍ပင် ဆိုးသွားလိမ့်မည်လော။ တကယ်ကို ဆိုးလာလျှင် ငါသေလိမ့်မည်လော။ ထိုသို့သော သေခြင်းကို ပုံမှန်သေခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်မည်လော။ ငါ အမှန် သေဆုံးလျှင် ငါ ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်များကို ဘုရားသခင် အောက်မေ့လိမ့်မည်လော။ ကောင်းမှုများ လုပ်ဆောင်ပြီးဖြစ်သည်ဟု ငါ မှတ်ယူခံရလိမ့်မည်လော။ ငါသည် ကယ်တင်ခြင်းကို ရရှိမည်လော”ဟု မကြာခဏ စဉ်းစားကြသည်။ ၎င်းတို့ နေမကောင်းကြောင်း သိကြသူအချို့လည်း ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့တွင် တကယ် နာမကျန်းဖြစ်ခြင်း အချို့ သို့မဟုတ် အခြားတစ်ခု၊ ဥပမာအားဖြင့် အစာအိမ်ရောဂါများ၊ ခါးနှင့် ခြေထောက် နာကျင်ကိုက်ခဲမှု၊ အဆစ်ရောင်နာရောဂါ၊ ဒူလာရောဂါအပြင် အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည်တို့ ရှိကြသည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့က “ငါ၏ တာဝန်ကို ဆက်ထမ်းဆောင်လျှင် ငါ၏ နာမကျန်းဖြစ်ခြင်းအတွက် ကုသစရိတ်ကို ဘုရားအိမ်တော်က ပေးလိမ့်မည်လော။ ငါ၏ နာမကျန်းမှုက ပိုဆိုးသွားပြီး ငါ့တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်လျှင် ဘုရားသခင်ကို ငါ့ကို ကုသပျောက်ကင်းစေလိမ့်မည်လော။ အခြားလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကုသပျောက်ကင်းသွားကြပြီး ဖြစ်သောကြောင့် ငါလည်း ကုသပျောက်ကင်းမည်လော။ အခြားသူများကို ဘုရားသခင်က သနားကြင်နာမှု ပြသကဲ့သို့ပင် ငါ့ကိုလည်း သူကုသပျောက်ကင်းစေမည်လော။ ငါ၏ တာဝန်ကို ငါသစ္စာစောင့်သိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ကို အနာငြိမ်းစေသင့်သော်လည်း ဘုရားသခင် ငါ့ကို အနာငြိမ်းစေဖို့ ငါ ဆန္ဒရှိရုံသာဖြစ်ပြီး သူက အနာမငြိမ်းစေပါက မည်သည့်အရာကို ငါ လုပ်ရမည်နည်း”ဟု တွေးကြသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် “ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်”ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။

၎င်းတို့ အမှန်တကယ် နာမကျန်းမဖြစ်ကြသကဲ့သို့ မည်သည့်အရာဖြင့်မျှ ရောဂါရှာမတွေ့သော်လည်း ၎င်းတို့တွင် ငုပ်နေသော ရောဂါအချို့ရှိသည်ကို သိကြသည့်သူအချို့လည်း ရှိသည်။ မည်သည့် ငုပ်နေသော ရောဂါနည်း။ ဥပမာအားဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သို့မဟုတ် သွေးတိုးရောဂါကဲ့သို့သော မျိုးရိုးလိုက်သည့် ရောဂါတစ်ခု ဖြစ်နိုင်သည်၊ သို့မဟုတ် မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အကြောအားနည်း၍ ခြေလက်တုန်သော ရောဂါ၊ သို့မဟုတ် ကင်ဆာတစ်မျိုးမျိုး ဖြစ်နိုင်သည်။ ဤသည်တို့မှာ ငုပ်နေသော ရောဂါများ ဖြစ်သည်။ လူအချို့က ထိုသို့သော မိသားစုတစ်စုတွင် မွေးဖွားကတည်းက ဤမျိုးရိုးဗီဇနှင့်ဆိုင်သည့် ရောဂါက ၎င်းတို့ကို အနှေးနှင့်အမြန် ဖိစီးနှိပ်စက်မည်ကို သိကြသည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလျှင်၊ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်လျှင်၊ လုံလောက်သည့် ကောင်းမှုကုသိုလ်များ ဆောင်ရွက်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်လျှင် ဤငုပ်နေသည့် ရောဂါက ၎င်းတို့ကို လွန်သွားပြီး ၎င်းတို့အပေါ် မကျရောက်လာဘဲ နေမည်လားဆိုသည်ကို ၎င်းတို့ တွေးကြသည်။ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ထံ ထိုသို့သော ကတိတစ်ခုကို လုံးဝ မပေးခဲ့သကဲ့သို့ ၎င်းတို့တွင် ဘုရားသခင်၌ ဤသို့သော ယုံကြည်မှုမျိုး မရှိဖူးကြသကဲ့သို့ အာမခံချက်တစ်ခုလေ လုံးဝ မပြုလုပ်ဝံ့ကြ၊ သို့မဟုတ် လက်တွေ့မကျသည့် စိတ်ကူးတစ်ခုတလေ မရှိဝံ့ကြချေ။ မည်သည့် အာမခံချက်၊ သို့မဟုတ် ယုံကြည်စိတ်ချမှုမျှ မရှိကြသောကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အားအင်များစွာ သုံးပြီး ကြီးမားသည့် အားထုတ်မှုကို ထုတ်သုံးကြသည်။ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးခြင်းအပေါ် အာရုံစိုက်ကြပြီး “ငါ ပထမဆုံး ဆင်းရဲဒုက္ခခံပြီး ငါ၏ ပျော်ရွင်မှုကို နောက်ဆုံးမှ ရယူသောသူ ဖြစ်မည်”ဟု တွေးလျက် အခြားသူများထက် အမြဲ သာ၍ လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး အခြားသူများထက် သာ၍ ထင်ပေါ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဤဆောင်ပုဒ်မျိုးဖြင့် မိမိတို့ကိုယ်ကို အမြဲ လှုံ့ဆော်ကြသည့်တိုင် မိမိတို့၏ ငုပ်နေသော ရောဂါနှင့်ပတ်သက်၍ ၎င်းတို့စိတ်ထဲရှိ အကြောက်တရားနှင့် စိုးရိမ်မှုတို့ကို မောင်းထုတ်၍ မရနိုင်သကဲ့သို့ ဤစိုးရိမ်မှု၊ ဤစိတ်ဖိစီးမှုသည် ၎င်းတို့နှင့်အတူ အမြဲရှိလေသည်။ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခကို သည်းညည်းခံနိုင်ပြီး အလုပ်ကြိုးစားကာ မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် အဖိုးအခပေးရန် လိုလားနေကြသော်လည်း ဘုရားသခင်၏ ကတိတော်၊ သို့မဟုတ် ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဘုရားသခင်ထံမှ တိကျသည့် စကားတစ်ခွန်းကို မရရှိနိုင်ကြဟု ၎င်းတို့ ခံစားရဆဲဖြစ်သောကြောင့် ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ဖြင့် ဆက်လက်ပြည့်နေကြလေသည်။ မိမိတို့၏ ငုပ်နေသော ရောဂါနှင့်ပတ်သက်၍ တစ်ခုခု မလုပ်ဆောင်မိရန် အစွမ်းကုန် ကြိုးစားကြသော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင်၊ သို့မဟုတ် ၎င်းတို့ မသိလိုက်ဘဲ ဤငုပ်နေသော ရောဂါ ၎င်းတို့အပေါ် ရုတ်တရက် ဖြစ်ပေါ်ခြင်းမှ တားဆီးဖို့ ရိုးရာဆေးမျိုးစုံကို ၎င်းတို့ ရံဖန်ရံခါ အမှုမဲ့အမှတ်မဲ့ ရှာဖွေကြဆဲ ဖြစ်သည်။ လူအချို့မှာ တရုတ်ဆေးဖက်ဝင်အပင်အချို့ကို သုံးစွဲဖို့ မကြာမကြာ ပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။ လူအချို့က လိုအပ်သည့်အခါ သုံးစွဲနိုင်သည့် အသင့်ဖော်စပ်ထားသည့် ရိုးရာဆေးမြီးတိုများကို ရံဖန်ရံခါ သွားတောင်းနေကြစဉ်တွင် လူအချို့မှာ ၎င်းတို့ လေ့ကျင့်ခန်းလုပ်ပြီး စမ်းသပ်လုပ်ဆောင်နိုင်ရန်အလို့ငှာ လေ့ကျင့်ခန်း အကြံဉာဏ်များကို အွန်လိုင်းတွင် မကြာမကြာ သွားရှာကြသည်။ ငုပ်နေသည့် ရောဂါတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့၏ စိတ်ထဲ၌ ထိပ်ဆုံးနေရာတွင် ရှိနေဆဲဖြစ်သည်။ ဤလူများသည် နေမကောင်း မဖြစ်နိုင်သော်လည်း၊ သို့မဟုတ် ရောဂါလက္ခဏာ တစ်ခုတလေ လုံးဝ မရှိနိုင်သော်လည်း ထိုအရာနှင့်ပတ်သက်၍ စိုးရိမ်မှုနှင့် သောကတို့ဖြင့် ပြည့်နေကြဆဲဖြစ်ကာ ဆုတောင်းခြင်း၊ သို့မဟုတ် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့ထဲမှ ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို ပိုမိုကောင်းမွန်လာစေဖို့၊ သို့မဟုတ် ပပျောက်စေဖို့ အမြဲ မျှော်လင့်လျက် ၎င်းတို့စိတ်ထဲတွင် ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးပြီး စိတ်ဓာတ်ကျနေကြလေသည်။ အနာဂတ်တွင် နာမကျန်းဖြစ်မည်ကို စိုးရိမ်ကြသူများနှင့် ချို့တဲ့သည့် ကျန်းမာရေးဖြင့် မွေးဖွားလာကြသူများ၊ ရောဂါအကြီးစားဖြစ်ခြင်း မရှိသော်လည်း အသေးစား အပယိကဖျားနာမှုကြောင့် စဉ်ဆက်မပြတ် ဝေဒနာခံစားနေရသူများနှင့်အတူ အမှန်တကယ် နာမကျန်းမှုတစ်ခု ရှိကြသည့်၊ သို့မဟုတ် ငုပ်နေသည့် ရောဂါတစ်ခု ရှိကြသည့် ဤလူများသည် ဇာတိခန္ဓာ၏ နာမကျန်းမှုနှင့် အမျိုးမျိုးသော အခက်အခဲများနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် စိတ်ဖိစီးကာ စိုးရိမ်ကြလေသည်။ ထိုအရာများကို ၎င်းတို့ လွတ်မြောက်ရန်၊ ထိုအရာများမှ ထွက်ပြေးရန် ဆန္ဒရှိကြသော်လည်း ထိုသို့လုပ်ဆောင်ရန် နည်းလမ်း မရှိကြချေ။ ထိုအရာများကို လက်လွှတ်ရန် ဆန္ဒရှိကြသော်လည်း မလုပ်နိုင်ကြချေ။ ၎င်းတို့ထံမှ ဤနာမကျန်းမှုများနှင့် အခက်အခဲများ ယူဆောင်ဖို့ ဘုရားသခင်ကို ၎င်းတို့ တောင်းလျှောက်ချင်ကြသော်လည်း ဤတောင်းလျှောက်မှုမျိုးအတွက် ကျိုးကြောင်းပြချက် မရှိသည်ကို ခံစားရသောကြောင့် ထိုစကားများ မပြောနိုင်ကြသကဲ့သို့ ရှက်မိကြလေသည်။ ဤကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘုရားသခင်ကို အသနားခံရမည်မဟုတ်မှန်း ၎င်းတို့ ကောင်းစွာ သိကြသော်လည်း မိမိတို့ စိတ်နှလုံးများတွင် အစွမ်းမဲ့သကဲ့သို့ ခံစားကြရသည်။ ဘုရားသခင်အပေါ် မိမိတို့၏ မျှော်လင့်ချက်အားလုံး ထားရှိလျှင် ၎င်းတို့ သာ၍ စိတ်အေးချမ်းမည်လော။ ၎င်းတို့၏ အသိစိတ် နှစ်သိမ့်ခံရမည်လောဟု ၎င်းတို့ တွေးကြသည်။ ထို့ကြောင့် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ဤကိစ္စရပ်နှင့်ပတ်သက်၍ တိတ်ဆိတ်စွာ ၎င်းတို့ မကြာမကြာ ဆုတောင်းကြသည်။ ဘုရားသခင်ထံမှ နောက်ထပ်ဖြစ်စေ၊ မမျှော်လင့်ဘဲဖြစ်စေ မျက်နှာသာ သို့မဟုတ် ကျေးဇူးအချို့ ၎င်းတို့ ရရှိပါက အနည်းငယ်သော ဝမ်းမြောက်မှု၊ သို့မဟုတ် နှစ်သိမ့်မှုကို ခံစားကြရသည်။ ဘုရားအိမ်တော်ထံမှ အထူးဂရုစိုက်ခြင်း လုံးဝ မရရှိသကဲ့သို့ ဘုရားသခင်ထံမှ မည်သည့် သနားကြင်နာမှုမျှ လုံးဝ မခံစားရပါက စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ အမှုမဲ့အမှတ်မဲ့ ၎င်းတို့ တစ်ဖန် ကျဆင်းသွားကြသည်။ မွေးဖွားခြင်း၊ အိုမင်းသည့်အရွယ်၊ နာမကျန်းမှုနှင့် သေခြင်းတို့သည် လူသားမျိုးနွယ်ကြားတွင် မပြတ်တမ်းဖြစ်ပြီး ဘဝတွင် ရှောင်လွှဲ၍မရသော်လည်း မိမိတို့တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ ဇာတိခန္ဓာ၏ အခက်အခဲများ၊ ရောဂါများနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောက ရောက်ခြင်းနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းသွားကြသည့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ တစ်ခုခု၊ သို့မဟုတ် အထူး နာမကျန်းဖြစ်ခြင်းတစ်ခုခု ရှိကြသည့်သူများရှိသည်။ မိမိတို့ နာမကျန်းမှုနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြသည်၊ မိမိတို့၏ နာမကျန်းမှုက မိမိတို့ကို ဖြစ်စေမည့် အခက်အခဲများစွာနှင့်ပတ်သက်၍ ၎င်းတို့၏ နာမကျန်းမှုက ဆိုးရွားလာခြင်း ရှိမရှိ၊ အမှန်ဆိုးရွားလာပါက အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ဆိုသည်နှင့် ထိုနာမကျန်းမှု​ကြောင့် ၎င်းတို့ သေဆုံးမည်လောဆိုသည်တို့ကို စိုးရိမ်ကြသည်။ အထူး အခြေအနေများနှင့် အချို့သော ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာများတွင် ဤမေးခွန်းတစ်သီတစ်တန်းက ၎င်းတို့ကို စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ နွံနစ်လာစေပြီး မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြချေ။ ၎င်းတို့တွင် ရှိသည်ဟု သိထားပြီးသားဖြစ်သည့် ဆိုးရွားသော ရောဂါကြောင့်၊ သို့မဟုတ် ရှောင်ရှားရန် မည်သည့်အရာမျှ ၎င်းတို့ မလုပ်ဆောင်နိုင်သည့် ငုပ်နေသော ရောဂါတစ်ခုကြောင့် လူအချို့သည် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု အခြေအနေတစ်ခုတွင်ပင် အသက်ရှင်ကြပြီး ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ၏ လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ၎င်းတို့ ခံရလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ၏ ထိန်းချုပ်မှုအောက်သို့ ၎င်းတို့ ကျရောက်သည်နှင့် လူအချို့သည် ကယ်တင်ခြင်း ရရှိမည့် အခွင့်အရေးနှင့် မျှော်လင့်ချက်ရှိသမျှကို လုံးဝ လက်လျှော့လိုက်ကြသည်။ မိမိတို့တာဝန် ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ သနားကြင်နာခြင်းကို ရရှိမည့် အခွင့်အရေး တစ်ခုတလေကိုပင် လက်လျှော့ရန် ၎င်းတို့ ရွေးချယ်ကြသည်။ ထိုအစား အခြားမည်သူ၏ အကူအညီကိုမျှ မတောင်းဘဲ မည်သည့် အခွင့်အရေးမျှ မစောင့်မျှော်ဘဲ မိမိတို့ရောဂါကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန် ၎င်းတို့ ရွေးချယ်ကြသည်။ မိမိတို့၏ နာမကျန်းမှုကို ကုသခြင်းအတွက် မိမိတို့ကိုယ်ကိုယ် ၎င်းတို့ ရည်စူးအပ်နှံကြသည်။ မည်သည့်တာဝန်မျှ ၎င်းတို့ ထမ်းဆောင်ခြင်း မရှိကြတော့သကဲ့သို့ မိမိတို့တာဝန်ကို ရုပ်ပိုင်းအရ ၎င်းတို့ ထမ်းဆောင်နိုင်လျှင်ပင် မထမ်းဆောင်ဘဲ ရှိနေကြဆဲဖြစ်သည်။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့က “ငါ၏ နာမကျန်းမှုသည် ဤသို့ဆက်ဖြစ်ပြီး ဘုရားသခင်က ငါ့ကို မကုသလျှင် ယခု ငါထမ်းဆောင်သည့်ပုံစံအတိုင်း ငါ၏ တာဝန်ကို ငါဆက်လက်ထမ်းဆောင်နိုင်ပြီး အဆုံးတွင် ငါသေဆုံးနိုင်ဆဲဖြစ်သည်။ ငါ၏ တာဝန်ထမ်းဆောင်ခြင်းကို ရပ်တန့်ပြီး ကုသမှုကို ရှာပါက နောက်ထပ် နှစ်အတော်များများ ငါ အသက်ရှင်နိုင်မည်ဖြစ်ပြီး ထိုရောဂါ ကုသ၍ပင် ပျောက်ကင်းနိုင်သည်။ ငါ၏ တာဝန်ကို ငါဆက်ထမ်းဆောင်နေပြီး ဘုရားသခင်က ငါ့ကို ကုသမည်ဟု မပြောလျှင် ငါ၏ ကျန်းမာရေး သာ၍ပင် ဆိုးသွားပေမည်။ ငါ၏ တာဝန်ကို နောက်ထပ် ၁၀ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်ပြီးနောက် မသေဆုံးချင်ပါ။ နောက်ထပ် နှစ်အနည်းငယ် ငါ အသက်ရှင်ချင်သည်။ ငါ သိပ်မြန်မြန်၊ သိပ်စောစော မသေချင်ပါ”ဟု စိုးရိမ်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်တွင် မိမိတို့တာဝန်ကို အချိန်တစ်ခုကြာ ထမ်းဆောင်ကြသည်၊ အချိန်တစ်ခုကြာ လိုက်နာစောင့်ထိန်းကြပြီး အချိန်တစ်ခုကြာ မည်သည့်အရာ ဖြစ်ပျက်သည်ကို စောင့်ကြည့်ကြပြီးနောက် “ငါ၏ တာဝန်ကို ငါ ထမ်းဆောင်နေခဲ့သော်လည်း ငါ၏ နာမကျန်းမှုက သက်သာမှုတစ်ခုတလေ မရှိသကဲ့သို့ လျော့ပါးသွားခြင်းလည်း မရှိလေပြီ။ သက်သာဖို့ မျှော်လင့်ချက် မရှိသည့်အလား ထင်ရသည်။ ယခင်အချိန်က အရာရာကို ငါ စွန့်လွှတ်ပြီး ငါ့တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ထံမှ ဤရောဂါကို ယူဆောင်သွားကောင်း ယူဆောင်သွားမည်ဟု စဉ်းစားလျက် အစီအစဉ်တစ်ခု ငါရှိခဲ့သည်။ သို့သော် ငါ စီစဉ်ထားသည့်အတိုင်း၊ တွက်ဆပြီး ဆန္ဒရှိခဲ့သည့်အတိုင်း မည်သည့်အရာမျှ ဖြစ်မလာလေပြီ။ ငါ၏ နာမကျန်းမှုက ယခင်အတိုင်းသာ ရှိနေသည်။ ဤနှစ်ကာလများအားလုံး ကုန်လွန်သွားပြီး ဤရောဂါ မည်သို့မျှ သက်သာခြင်း မရှိသေးပါ။ ဤရောဂါကို ငါ့ဖာသာ ကုသရမည့်ပုံရသည်။ အခြားမည်သူ့ကိုမျှ ငါ အားကိုး၍မရ၊ အခြားမည်သူမျှ အားကိုး၍မရနိုင်ပါ။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးမှရတော့မည်။ ဆေးပညာကဲ့သို့ပင် သိပ္ပွံပညာနှင့် နည်းပညာတို့သည်လည်း ယခုတွင် အလွန်တိုးတက်နေသည်၊ ရောဂါမျိုးစုံကို ကုသရန် ထိရောက်သည့် ဆေးများ ရရှိနိုင်နေပြီဖြစ်ပြီး အရာရာအတွက် ဆန်းသစ်သည့် ကုသနည်းများ ရှိသည်။ ဤရောဂါကို ကုသနိုင်သည်မှာ ငါသေချာသည်”ဟု စတင်တွေးမိကြလေသည်။ ထိုသို့သော အစီအစဉ်များ ပြုလုပ်ပြီးနောက်တွင် အချို့သော ဖြေရှင်းချက်များ နောက်ဆုံး ရရှိသည်အထိ အွန်လိုင်းတွင် ၎င်းတို့ စတင်ရှာဖွေကြသည်၊ သို့မဟုတ် ဟိုသည်မေးပြီး စုံစမ်းမေးမြန်းမှုများ ပြုကြလေသည်။ အဆုံးတွင် မည်သည့် ဆေးဝါး သုံးစွဲရမည်၊ မိမိတို့၏ နာမကျန်းမှုအား မည်သို့ ကုသရမည်၊ မည်သို့ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်ကိုယ်တိုင်၏ ကျန်းမာရေးအား မည်သို့ စောင့်ရှောက်ရမည်ဆိုသည်တို့ကို ၎င်းတို့ ဆုံးဖြတ်ကြလေသည်။ ၎င်းတို့က “ငါ့တာဝန်ကို ငါမထမ်းဆောင်ဘဲ ဤရောဂါကုသခြင်းအပေါ် အာရုံစိုက်လျှင်၊ ကုသပျောက်ကင်းမည့် မျှော်လင့်ချက်ရှိသည်။ ဤရောဂါမျိုး ပျောက်ကင်းသည့် ဖြစ်ရပ်များ အလွန်များသည်”ဟု တွေးကြ၏။ ဤသို့ အတန်ငယ် စီစဉ်ကာ ကြံစည်ပြီးနောက်တွင် မိမိတို့တာဝန်ကို မထမ်းဆောင်တော့ရန် နောက်ဆုံးတွင် ၎င်းတို့ ဆုံးဖြတ်ပြီး မိမိတို့၏ နာမကျန်းမှုကို ကုသခြင်းက ၎င်းတို့၏ နံပါတ်တစ် ဦးစားပေးဖြစ်လာသည်။ ၎င်းတို့အဖို့ အသက်ရှင်ခြင်းထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့၏ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုတို့သည် လက်တွေ့ကျသည့် လုပ်ရပ်တစ်မျိုးအဖြစ်သို့ ပြောင်းသွားသည်။ ၎င်းတို့၏ သောကနှင့် စိုးရိမ်မှုတို့သည် အတွေးများ ဖြစ်ရုံမျှမှသည် လုပ်ရပ်တစ်မျိုးအဖြစ်သို့ ပြောင်းသွားသည်။ မယုံကြည်သူများတွင် ဤသို့ဆိုထားသည့် ဆိုရိုးတစ်ခု ရှိသည်။ “လုပ်ဆောင်ချက်သည် အတွေးထက် သာ၍ကောင်းပြီး လုပ်ဆောင်ချက်ထက် သာ၍ပင် ကောင်းမွန်သည်မှာ နှောင့်နှေးခြင်းမရှိသည့် လုပ်ဆောင်ချက် ဖြစ်သည်”ဟူ၍တည်း။ ထိုသို့သော လူများသည် စဉ်းစားပြီးနောက် လုပ်ဆောင်ကြပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြသည်။ တစ်နေ့တွင် မိမိတို့၏ ရောဂါကုသခြင်းအကြောင်း တွေးမိပြီး နောက်နေ့မနက်တွင် မိမိတို့၏ ပစ္စည်းများကို ထုပ်ပိုးကာ ထွက်ဖို့အသင့် ဖြစ်ကြသည်။ လအနည်းငယ်အကြာတွင် မိမိတို့၏ နာမကျန်းမှု ပျောက်ကင်းခြင်းမရှိဘဲ ၎င်းတို့ သေဆုံးကြသည့် သတင်းဆိုး ရောက်ရှိလာသည်။ ၎င်းတို့၏ နာမကျန်းမှုမှ ၎င်းတို့ နာလန်ထူခဲ့ကြသလော။ (နာလန်မထူခဲ့ကြပါ။) မိမိဘာသာ ရောဂါတစ်ခုကို ကုသပျောက်ကင်းစေရန်မှာ သေချာပေါက် မဖြစ်နိုင်သော်လည်း ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေချိန် နာမကျန်းဖြစ်မည် မဟုတ်သည်မှာ သေချာသလော။ ထိုသို့သော ကတိတစ်ခုကို မည်သူကမျှ သင့်ကို ပေးလိမ့်မည်မဟုတ်။ ထို့ကြောင့် မည်သို့ သင် ရွေးချယ်သင့်ပြီး နာမကျန်းဖြစ်လာခြင်း ကိစ္စကို မည်သို့ သင် ချဉ်းကပ်သင့်သနည်း။ အလွန်ရိုးရှင်းပြီး လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိ၏။ သမ္မာတရားကို လိုက်စားလော့။ သမ္မာတရားကို လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ကိစ္စရပ်ကို မှတ်ယူလော့။ ဤသည်မှာ လူတို့ရှိသင့်သည့် သိနားလည်မှု ဖြစ်သည်။ ပြီးလျှင် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအတွေ့အကြုံအားလုံးကို သင် ယူပြီး သင် ရရှိပြီးသည့် သိနားလည်မှုနှင့် သင် နားလည်ပြီးဖြစ်သည့် သမ္မာတရားစည်းမျဉ်းများကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ကာ ထိုအရာများကို သင်၏ လက်တွေ့အရှိတရားနှင့် အသက်ဖြစ်စေခြင်း ဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ နောက်ထပ်ရှုထောင့်တစ်ခုမှာ သင်၏ တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ လူအချို့က “ကိုယ်တော် ပြောသည့် ဤအရာများသည် သိပ်ငဲ့ကွက်ခြင်း မရှိပါ။ ကျွန်ုပ် နေမကောင်းဖြစ်နေပြီး ခံရခက်သည်”ဟု ပြောကြသည်။ သင့်အတွက် ခက်ခဲသည့်အခါ အနားယူနိုင်ပြီး မိမိကိုယ်ကိုယ် ဂရုစိုက်ကာ ကုသမှု ခံယူနိုင်သည်။ သင်၏ တာဝန်ကို သင် ထမ်းဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်ပါက သင်၏ အလုပ်ပမာဏကို သင် လျှော့ချနိုင်ပြီး သင်၏ နာလန်ထူမှုကို မထိခိုက်သည့် သင့်တော်သော တာဝန်တစ်ခုခုကို သင်ထမ်းဆောင်နိုင်သည်။ ဤအရာက သင်၏ စိတ်နှလုံးတွင် သင်၏တာဝန်ကို မစွန့်ပစ်သေးကြောင်း၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်ခြင်း မရှိသေးကြောင်း၊ သင့်စိတ်နှလုံးတွင် ဘုရားသခင်၏ နာမကို မစွန့်ပစ်သေးကြောင်းနှင့် သင်၏ စိတ်နှလုံးတွင် သင့်တော်သော အဖန်ဆင်းခံတစ်ဦးဖြစ်ရန် ဆန္ဒကို မစွန့်ပစ်သေးကြောင်း သက်သေပြလိမ့်မည်။ လူအချို့က “ထိုအရာအားလုံးကို ကျွန်ုပ် လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်ထံမှ နာမကျန်းမှုကို ယူဆောင်သွားလိမ့်မည်လော”ဟု ဆိုကြသည်။ သူယူဆောင်မည်လော။ (သေချာပေါက် ယူဆောင်မည် မဟုတ်ပါ။) သင့်ထံမှ ထိုနာမကျန်းမှုကို ဘုရားသခင်သည် ယူဆောင်သွားသည်ဖြစ်စေ၊ မယူဆောင်သွားသည်ဖြစ်စေ၊ ဘုရားသခင်က သင့်ကို ကုသပျောက်ကင်းစေသည်ဖြစ်စေ၊ မပျောက်ကင်းစေသည်ဖြစ်စေ သင် လုပ်ဆောင်သည့် အရာသည် အဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ရုပ်ပိုင်းအရ သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အလုပ်တစ်ခုခုကို သင် တာဝန်ယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သည်ဖြစ်စေ၊ သင်၏ ကျန်းမာရေးက သင်၏ တာဝန်ကိုထမ်းဆောင်ရန် အခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သင်၏ စိတ်နှလုံးက ဘုရားထံမှ သွေဖည်သွားရမည်မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးတွင် သင်၏ တာဝန်ကို သင် မစွန့်ပစ်ရပေ။ ဤနည်းဖြင့် သင်သည် သင်၏ တာဝန်များ၊ သင်၏ ဝတ္တရားများနှင့် သင်၏ အလုပ်ကို ဖြည့်ဆည်းလိမ့်မည်။ ဤသည်မှာ သင် စွဲကိုင်သင့်သည့် သစ္စာရှိခြင်း ဖြစ်သည်။ သင်၏ လက်ဖြင့် အမှုအရာများကို သင် မလုပ်ဆောင်နိုင်ရုံဖြင့်၊ သို့မဟုတ် သင်စကားမပြောနိုင်တောရုံဖြင့်၊ သို့မဟုတ် သင်၏ မျက်စိများက မမြင်တောရုံဖြင့်၊ သို့မဟုတ် သင်၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ရုံဖြင့် ဘုရားသခင်က သင့်ကို အနာငြိမ်းစေသင့်ပြီး သူက သင့်ကို အနာမငြိမ်းစေပါက သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သူ့ကို သင်ငြင်းပယ်လိုကာ သင်၏ တာဝန်ကို စွန့်ပစ်ပြီး ဘုရားသခင်ကို စွန့်ခွာချင်သည်ဟု သင် မတွေးရ။ ထိုသို့သော လုပ်ရပ်တစ်ခု၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်းတစ်ခု ဖြစ်သည်။) သစ္စာဖောက်ခြင်းတစ်ခု ဖြစ်၏။ ၎င်းတို့ နေမကောင်း မဖြစ်သည့်အခါ လူအချို့သည် ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့ နေမကောင်းဖြစ်ကာ ၎င်းတို့၏ မျှော်လင့်ချက် အားလုံးကို ဘုရားသခင်အပေါ် ထားရှိလျက် ဘုရားသခင်က ၎င်းတို့ကို အနာငြိမ်းစေမည်ဟု မျှော်လင့်သည့်အခါ ဘုရားသခင်ရှေ့မှောက်သို့ ၎င်းတို့ လာကြဦးမည်ဖြစ်ပြီး သူ့ကို စွန့်ပစ်ကြမည် မဟုတ်ပေ။ သို့ရာတွင် အချိန်ကာလအချို့ ကုန်လွန်ပြီး ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသေးသည့်နောက် ဘုရားသခင်ကို ၎င်းတို့ စိတ်ပျက်လာကြသည်။ မိမိတို့ စိတ်နှလုံး အတွင်းနက်နက်တွင် ဘုရားသခင်ကို စွန့်ပစ်မိကြပြီး မိမိတို့တာဝန်များကို စွန့်ပစ်ကြသည်။ ၎င်းတို့၏ နာမကျန်းမှုက သိပ်မဆိုးလှသကဲ့သို့ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသည့်အခါ လူအချို့က ဘုရားသခင်ကို မစွန့်ပစ်ကြပေ။ သို့ရာတွင် ၎င်းတို့၏ နာမကျန်းမှု ဆိုးရွားလာပြီး သေခြင်းကို ရင်ဆိုင်နေရသည့်အခါ ဘုရားသခင်က ၎င်းတို့ကို ဧကန်မုချ ကုသပျောက်ကင်းစေခြင်း မရှိကြောင်း၊ သေဖို့အတွက်သာ ဤတစ်ချိန်လုံး ၎င်းတို့ စောင့်ဆိုင်းမိလေပြီဖြစ်ကြောင်း ၎င်းတို့ သေချာသိသွားကြလေသည်။ ထို့ကြောင့် ဘုရားသခင်ကို မိမိတို့ စိတ်နှလုံးများတွင် စွန့်ပစ်ကာ ငြင်းပယ်ကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိလျှင် ဘုရားသခင် တည်ရှိခြင်း မရှိသည်မှာ ဖြစ်ရမည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိလျှင် ဘုရားသခင်သည် ဘုရားသခင် လုံးဝ မဟုတ်သကဲ့သို့ မယုံကြည်ထိုက်သည်မှာ ဖြစ်ရမည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယုံကြည်နေခဲ့ခြင်းအား နောင်တရကြပြီး သူ့ကို ယုံကြည်ခြင်းအား ရပ်တန့်လိုက်ကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်အပေါ် ဆိုးရွားသည့် သစ္စာဖောက်ခြင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုသို့ သင် လုံးဝ မလုပ်ဆောင်ရပေ။ သေသည်အထိ ဘုရားသခင်ကို နာခံသူတို့သာ စစ်မှန်သော ယုံကြည်ခြင်း ရှိကြ၏။

နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ မည်သည့် လမ်းကြောင်းကို လူတို့ လိုက်လျှောက်သင့်သနည်း။ ၎င်းတို့ မည်သို့ ရွေးချယ်သင့်သနည်း။ လူတို့သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ မကျဆင်းသင့်သကဲ့သို့၊ မိမိတို့ကိုယ်ပိုင် အနာဂတ် ရှေ့ရေးများနှင့် လမ်းကြောင်းများကို မစဉ်းစားသင့်ပေ။ ထို့ထက် ဤကဲ့သို့သော အချိန်များ၊ ထိုသို့သော အထူးအခြေအနေနှင့် ဆက်စပ်အကြောင်းအရာများတွင် မိမိတို့ကိုယ်ကို လူတို့ သာ၍ တွေ့ရှိပြီး ထိုသို့သော လောလောလတ်လတ် အခက်အခဲများတွင် မိမိတို့ကိုယ်ကို တွေ့ရှိရလေ သမ္မာတရားကို သာ၍ ရှာဖွေပြီး လိုက်စားသင့်ပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ အတိတ်တွင် သင် ကြားပြီးသည့် တရားဒေသနာများနှင့် သင် နားလည်ပြီးသည့် သမ္မာတရားတို့ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ ဤသို့သော အခက်အခဲများတွင် မိမိကိုယ်ကို တွေ့ရှိရလေ သင်၏ ကိုယ်ပိုင်ဆန္ဒများကို သင် သာ၍ စွန့်လွှတ်သင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်သည်။ သင့်အတွက် ဤအခြေအနေမျိုးကို ပြင်ဆင်ခြင်းနှင့် ဤအနေအထားကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှု စိတ်ခံစားချက်များထဲသို့ သင့်အား ကျဆင်းသွားစေဖို့ မဟုတ်သကဲ့သို့၊ နာမကျန်းမှု ကျရောက်သည့်အခါ သူ သင့်ကို ကုသပျောက်ကင်းစေလိမ့်မည်လောဆိုသည်ကို ကြည့်ဖို့ ဘုရားသခင်ကို သင် စစ်ဆေးနိုင်ရန်အလို့ငှာ၊ သို့မဟုတ် ကိစ္စရပ်၏ အမှန်တရားကို သိရှိရန် ကြိုးစားဖို့အလို့ငှာလည်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများနှင့် အနေအထားများတွင် လက်တွေ့ကျသည့် သင်ခန်းစာများကို သင်ယူနိုင်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းထဲသို့ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရရှိရန်အလို့ငှာနှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပုံအား သာ၍ ရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ သင် သိရှိရန်အလို့ငှာ ဤအထူးအခြေအနေများနှင့် အနေအထားများကို သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေသည်။ လူ၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တွင်ရှိပြီး ထိုအရာကို လူတို့ ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့ အမှန်တကယ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသခင်ကို နာခံသင့်ပြီး အတိုက်အခံမလုပ်သင့်၊ မငြင်းပယ်သင့်သကဲ့သို့ ဧကန်မုချ မစစ်ဆေးသင့်ပေ။ မည်သို့ပင်ဆိုစေ သင် သေဆုံးသွားနိုင်ပြီး သင် ဘုရားသခင်ကို အတိုက်အခံလုပ်၊ ငြင်းပယ်ကာ စစ်ဆေးပါက သင်၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်မှာ အလွန်သိသာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလားတူ အခြေအနေများနှင့် အနေအထားများတွင် သင်သည် အဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများအား မည်သို့ ကျိုးနွံနာခံသင့်သည်ကို ရှာဖွေနိုင်ပါက၊ သင့်အတွက် ဘုရားသခင် ဖြစ်စေသည့် အခြေအနေများတွင် မည်သည့် သင်ခန်းစာများ သင်ယူရမည်ဆိုသည်နှင့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သိရမည်ဆိုသည်တို့ကို ရှာဖွေနိုင်ပြီး ထိုသို့သော အခြေအနေများတွင် ဘုရားသခင်၏ အလိုတော်ကို သင်နားလည်နိုင်ကာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန် သင်၏ သက်သေခံချက်ကို ကောင်းမွန်စွာ သက်သေခံနိုင်ပါက ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် ဒုက္ခများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို အသိအမှတ်ပြုရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ အလိုတော်အတွက် မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် နာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော အစီအစဉ်များ၊ အကဲဖြတ်ချက်များနှင့် အကြံအစည်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ တွေ့ကြုံခြင်းနှင့် ကျိုးနွံနာခံခြင်း လက်တွေ့လုပ်ဆောင်မှုတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သူ၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် အသက်ထဲသို့ သင် ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်အသိအမှတ်ပြုနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။ လူအချို့က “ထိုအရာမှ ကျွန်ုပ် ထွက်မပြေးရ၊ သို့မဟုတ် ထိုအရာကို မငြင်းပယ်ရသကဲ့သို့ လွတ်မြောက်ဖို့ မကြိုးစားရဟု သင် ပြောသည်။ ထို့ကြောင့် သင်ဆိုလိုသည်မှာ ထိုအရာအတွက် ကျွန်ုပ် သွားရောက် ကုသမှု မခံယူရဟူ၍ ဖြစ်သည်”ဟု ဆိုကြသည်။ ထိုသို့ ငါ လုံးဝ မပြောခဲ့ပေ။ ယင်းမှာ သင်၏ မမှန်ကန်သည့် သိနားလည်မှုဖြစ်သည်။ သင်၏ နာမကျန်းမှုကို စိတ်ဝင်တစား ကုသရာတွင် သင့်ကို ငါအားပေး၏၊ သို့သော် ငါသည် သင်၏ နာမကျန်းမှုဖြင့် သင့်အား တနုံ့နုံ့ မရှင်သန်စေလိုပေ၊ သို့မဟုတ် နာမကျန်းမှုက ဖြစ်စေသည့် ဝေဒနာအားလုံးကြောင့် နောက်ဆုံးတွင် ဘုရားသခင်ထံမှ သင် သွေဖည်သွားပြီး ဘုရားသခင်ကို သင်စွန့်ပစ်သည်အထိ သင်၏ နာမကျန်းမှုက ဖြစ်စေသည့် သက်ရောက်မှုကြောင့် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ သင့်အား မကျဆင်းစေလိုပေ။ သင်၏ နာမကျန်းမှုက သင့်အား ကြီးမားသည့် ဆင်းရဲဒုက္ခဖြစ်စေပြီး ကုသမှု ခံယူရန်နှင့် သင်၏ နာမကျန်းမှု ပျောက်သွားရန်အတွက် သင် ဆန္ဒရှိပါက အဆင်ပြေသည်မှာ အမှန်ဖြစ်၏။ ထိုအရာမှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ ကုသမှု ရယူရန် သင့်တွင် လုပ်ပိုင်ခွင့်ရှိပြီး မည်သူမျှ သင့်ကို တားဆီးပိုင်ခွင့်မရှိပေ။ သို့ရာတွင် သင်၏ နာမကျန်းဖြစ်ခြင်းတွင် သင် တနုံ့နုံ့ မရှင်သန်ရသကဲ့သို့ ကုသမှုကို သင် ခံယူနေသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် မငြင်းပယ်ရ၊ သို့မဟုတ် သင်၏ တာဝန်ကို မစွန့်ပစ်ရ၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မငြင်းပယ်ရပေ။ သင်၏ နာမကျန်းမှုကို ကုသ၍မရနိုင်ပါက သင်သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းသွားလိမ့်မည်ဖြစ်ပြီး ထို့ကြောင့် ဘုရားသခင်နှင့် စပ်လျဉ်း၍ မကျေနပ်ချက်များနှင့် သံသယများဖြင့် သင် ပြည့်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၌ ယုံကြည်ခြင်းပင် ပျောက်ဆုံးလိမ့်မည်၊ မျှော်လင့်ခြင်း ပျောက်ဆုံးပြီး အချို့က မိမိတို့၏ တာဝန်များကို စွန့်ပစ်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသည်မှာ အမှန်တကယ် မလုပ်သင့်သည့်အရာတစ်ခု ဖြစ်သည်။ နာမကျန်းမှုကို ရင်ဆိုင်နေရချိန်တွင် သင်သည် ကုသမှုကို စိတ်ဝင်တစား ရှာဖွေနိုင်သော်လည်း ထိုအရာကို အပြုသဘောဆောင်သည့် သဘောထားဖြင့်လည်း သင် ချဉ်းကပ်သင့်သည်။ သင်၏ နာမကျန်းမှု မည်မျှ ကုသ၍ရနိုင်သည်၊ ယင်းကို ကုသပျောက်ကင်းနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ဖြစ်ပျက်နိုင်သည့် မည်သည့်အရာမဆိုအတွက်မူ သင်သည် အမြဲ ကျိုးနွံနာခံသင့်ပြီး မညည်းညူသင့်ပေ။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး သင့်ထံတွင် အခြား ရွေးချယ်စရာ မရှိသည့်အတွက် ဤသည်မှာ သင် ခံယူသင့်သည့် သဘောထားဖြစ်သည်။ သင်က “ဤရောဂါမှ ငါကုသပျောက်ကင်းလျှင် ထိုအရာမှာ ဘုရားသခင်၏ ကြီးမြတ်သည့် တန်ခိုးတော်ဖြစ်ကြောင်း ကျွန်ုပ် ယုံကြည်ပါမည်။ သို့သော် ကျွန်ုပ် ကုသပျောက်ကင်းခြင်း မရှိလျှင် ဘုရားသခင်ကို ကျွန်ုပ် ကျေနပ်အားရမည်မဟုတ်ပါ။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်အား ဤရောဂါကို ပေးသနည်း။ ဤရောဂါကို သူ အဘယ်ကြောင့် မကုသပေးသနည်း။ အဘယ်ကြောင့် ဤရောဂါကို ကျွန်ုပ် ရရှိပြီး အခြားတစ်စုံတစ်ဦးက မရသနည်း။ ကျွန်ုပ် မလိုချင်ပါ။ ထိုမျှ ငယ်သောအရွယ်တွင် ကျွန်ုပ် အဘယ်ကြောင့် စောစီးစွာ သေဆုံးရမည်နည်း။ အခြားလူများ ဆက်လက် အသက်ရှင်ကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။ အဘယ်ကြောင့်နည်း”ဟု ပြော၍မရပေ။ အကြောင်းရင်းကို မမေးနှင့်၊ ထိုအရာမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ဖြစ်သည်။ အကြောင်းရင်း မရှိသကဲ့သို့ အဘယ်ကြောင့်နည်းဟု သင် မမေးသင့်။ အဘယ်ကြောင့်နည်းဟု မေးမြန်းခြင်းသည် ပုန်ကန်သည့် စကားဖြစ်ပြီး ဤသည်မှာ အဖန်ဆင်းခံတစ်ဦး မေးသင့်သည့် မေးခွန်းတစ်ခု မဟုတ်။ အဘယ်ကြောင့်ဟု မမေးနှင့်၊ အကြောင်းရင်း မရှိပေ။ ဘုရားသခင်သည် ဤကဲ့သို့ အမှုအရာများကို စီစဉ်ပြီး ကြံစည်ပြီး ဖြစ်သည်။ အဘယ်ကြောင့်ဟု သင် မေးပါက သင်သည် အလွန် ပုန်ကန်တတ်၊ အလွန် ခေါင်းမာလွန်းသောကြောင့် ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ တစ်စုံတစ်ရာက သင့်ကို စိတ်မကျေမနပ် ဖြစ်စေသည့်အခါ၊ သို့မဟုတ် သင်ဆန္ဒ ရှိသည့်အတိုင်း ဘုရားသခင် မလုပ်ဆောင်၊ သို့မဟုတ် သင့်သဘောအတိုင်း ဖြစ်ခွင့်မပေးသည့်အခါ၊ သင်သည် ဝမ်းနည်းလာသည်၊ မကျေမချမ်းဖြစ်ပြီး သင်က အဘယ်ကြောင့်နည်းဟု အမြဲ မေးသည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို “အဖန်ဆင်းခံတစ်ဦးအဖြစ်၊ သင်၏တာဝန်ကို သင် အဘယ်ကြောင့် ကောင်းစွာ မလုပ်ဆောင်သနည်း။ သင်၏ တာဝန်ကို သင် အဘယ်ကြောင့် သစ္စာရှိစွာ မထမ်းဆောင်လေပြီနည်း”ဟု မေးသည်။ သင်မည်သို့ တုံ့ပြန်မည်နည်း။ သင်က “အကြောင်းရင်း မရှိပါ။ ကျွန်ုပ်သည် ဤကဲ့သို့သာဖြစ်သည်”ဟု ပြောသည်။ ယင်းမှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) ဘုရားသခင် သင့်ကို ထိုသို့ပြောခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်သော်လည်း ဘုရားသခင်အား သင် ထိုသို့ပြောခြင်းမှာမူ လက်မခံနိုင်ဖွယ် ဖြစ်၏။ သင်၏ ရှုထောင့်သည် မှားယွင်းပြီး သင်သည် အသိတရားမဲ့လွန်း၏။ အဖန်ဆင်းခံတစ်ဦးက မည်သည့်အခက်အခဲများကို ကြုံရသည်ဖြစ်စေ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံသင့်သည်မှာ ကောင်းကင်ဘုံက စီမံထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်၏ မိဘများကို သင့်ကို မွေးဖွားပေးခဲ့သည်၊ ပြုစုပျိုးထောင်ခဲ့ပြီး ၎င်းတို့ကို မိခင်နှင့် ဖခင်ဟု သင်ခေါ်သည်။ ဤသည်ကို ကောင်းကင်က စီမံထားပြီး မြေကြီးက အသိအမှတ်ပြုထားကာ ဤသည်မှာ ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ အဘယ်ကြောင့်နည်းဟူသည်မှာ မရှိပေ။ ထို့ကြောင့် ဘုရားသခင်က သင့်အတွက် ဤအရာအားလုံးကို စီစဉ်ညွှန်ကြားပြီး ကောင်းချီးများကို သင်မွေ့လျော်ခံစားရသည်ဖြစ်စေ၊ အခက်အခဲများကို ခံစားရသည်ဖြစ်စေ ဤအရာကို ကောင်းကင်ဘုံက စီမံထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်းဖြစ်ကာ ထိုကိစ္စတွင် သင်ရွေးချယ်စရာမရှိပေ။ တကယ့်အဆုံးထိ သင်ကျိုးနွံနာခံနိုင်ပါက ပေတရုကဲ့သို့ ကယ်တင်ခြင်း ရရှိလိမ့်မည်။ သို့ရာတွင် ခဏတာ နာမကျန်းမှုအချို့ကြောင့် ဘုရားသခင်ကို သင် အပြစ်တင်ပါက၊ စွန့်ပစ်ပြီး သစ္စာဖောက်ပါက ယခင်က သင် လုပ်ဆောင်ပြီးဖြစ်သည့် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ သင်၏တာဝန် ထမ်းဆောင်ခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းအားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်၏ အတိတ်က အလုပ်ကြိုးစားမှုအားလုံးသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သို့မဟုတ် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ သင့်လျော်သော နေရာကို ယူရန် သင့်အတွက် မည်သည့် အခြေခံအုတ်မြစ်မျှ ချခင်းပေးပြီး ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ သင်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောင်းလဲစေပြီး ဖြစ်လိမ့်မည်မဟုတ်။ ထို့နောက်တွင် ဤအရာက သင့်အား သင်၏ နာမကျန်းမှုကြောင့် ဘုရားသခင်ကို သစ္စာဖောက်စေလိမ့်မည် ဖြစ်ပြီး သင်၏ အဆုံးသတ်သည် အဆုံးတွင် အပြစ်ပေးခံရမည့် ပေါလု၏ အဆုံးသတ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤစိစစ်သတ်မှတ်ခြင်းအတွက် အကြောင်းရင်းမှာ ယခင်က သင် လုပ်ဆောင်ပြီးသမျှတိုင်းသည် သရဖူတစ်ခုကို ရရှိနိုင်ဖို့ရန်အလို့ငှာနှင့် ကောင်းချီးများ ရရှိခြင်းအတွက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ နာမကျန်းမှုနှင့် သေခြင်းကို သင်နောက်ဆုံး ရင်ဆိုင်ရသည့်အခါ မည်သည့် မကျေနပ်ချက်မျှ မရှိဘဲ သင် ကျိုးနွံနာခံနိုင်ဆဲဖြစ်ပါက ထိုအရာမှာ ယခင်က လုပ်ဆာင်ခဲ့သမျှအားလုံးသည် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာနှင့် လိုလိုလားလား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဘုရားသခင်ကို နာခံပြီး နောက်ဆုံးတွင် သင်၏ နာခံမှုက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအသက်တာအတွက် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုကို သတ်မှတ်လိမ့်မည်ဖြစ်ပြီး ဤအရာကို ဘုရားသခင်က ချီးကျူးပေသည်။ ထို့ကြောင့် နာမကျန်းမှုက သင့်ကို ကောင်းမွန်သည့် အဆုံးသတ်တစ်ခု ဖြစ်စေနိုင်သည်၊ သို့မဟုတ် သင့်ကို မကောင်းသည့် အဆုံးသတ်တစ်ခု ဖြစ်စေနိုင်ပေသည်။ သင် ဖြစ်လာသည့် အဆုံးသတ် အမျိုးအစားသည် သင် လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့အပေါ် တည်မှီပေသည်။

နာမကျန်းမှုကြောင့် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ လူများ ကျဆင်းခြင်း ပြဿနာသည် ယခု ပြေလည်သွားပြီလော။ (ပြေလည်သွားပါပြီ။) နာမကျန်းမှုကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်နှင့် ပတ်သက်၍ မှန်ကန်သည့် စိတ်ကူးနှင့် အမြင်များ ယခု သင်တို့ ရှိကြပြီလော။ (ရှိကြပါပြီ။) ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်ကို သင်တို့ သိကြသလော။ မသိပါက သင့်ကို ငါ ဝှက်ဖဲ၊ လုပ်ဆောင်ရန် အကောင်းဆုံးသော အရာကို ပေးမည်။ ထိုအရာ မည်သည့်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ နာမကျန်းမှု သင်တို့အပေါ် ကျရောက်ပြီး အယူဝါဒ မည်မျှ သင်နားလည်သည်ဖြစ်စေ ထိုအရာကို သင်မအောင်မြင်နိုင်သေးပါက သင်၏ စိတ်နှလုံးသည် စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်မိလာဆဲဖြစ်လိမ့်မည် ဖြစ်ကာ ထိုကိစ္စရပ်ကို တည်ငြိမ်စွာ သင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်သည်သာမက သင်၏ စိတ်နှလုံးသည်လည်း မကျေနပ်ချက်များဖြင့် ပြည့်လိမ့်မည်ဖြစ်သည်။ သင်က “အဘယ်ကြောင့် အခြားတစ်ဦးတလေသည် ဤရောဂါဖြင့် နာမကျန်းမဖြစ်သနည်း။ အဘယ်ကြောင့် ငါ့ကို ဤရောဂါရစေသနည်း။ ဤအရာ အဘယ်သို့ ငါ့ထံ ဖြစ်ပျက်ရသနည်း။ ငါ ကံခေပြီး မကောင်းသည့် ကံကြမ္မာ ရှိသောကြောင့် ဖြစ်သည်။ မည်သူကိုမျှ ငါ လုံးဝ ပုန်ကန်ပြစ်မှားခြင်းမရှိဖူးသကဲ့သို့ မည်သည့် အပြစ်ကိုမျှ ငါမကျူးလွန်လေပြီ။ ထို့ကြောင့် အဘယ်ကြောင့် ဤအရာ ငါ့ထံ ဖြစ်ပျက်ရသနည်း။ ဘုရားသခင်သည် ငါ့ကို အလွန် မမျှမတ ဆက်ဆံနေသည်”ဟု စဉ်ဆက်မပြတ် တွေးနေလိမ့်မည်။ သင် မြင်သလော။ စိတ်ဖိစီးမှု၊ သောကနှင့် စိုးရိမ်မှုတို့အပြင် သင်သည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ တစ်ခုပြီးတစ်ခုလိုက်လာရင်း သင် မည်မျှ အလိုရှိနိုင်သည်ဖြစ်စေ ထိုအရာများကို လွတ်မြောက်ရန် မည်သည့်နည်းလမ်းမှမရှိဘဲ စိတ်ဓာတ်ကျခြင်းထဲသို့လည်း ကျဆင်းသွားပေသည်။ ထိုအရာသည် တကယ့် နာမကျန်းမှုတစ်ခု ဖြစ်သောကြောင့် ထိုအရာကို သင့်ထံမှ အလွယ်တကူ ယူဆောင်မခံရ၊ သို့မဟုတ် ကုသပျောက်ကင်းစေခြင်း မခံရပေ။ သို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ကျိုးနွံနာခံလိုသော်လည်း မနာခံနိုင်သကဲ့သို့ တစ်နေ့တွင် သင်ကျိုးနွံနာခံပါက နောက်တစ်နေ့တွင် သင်၏ အခြေအနေ သာ၍ ဆိုးပြီး ထိုအရာ အလွန်နာကျင်ထိခိုက်ရကာ ထို့နောက်တွင် သင် ကျိုးနွံနာခံလိုခြင်း မရှိတော့သကဲ့သို့ တစ်ဖန် စတင် ညည်းညူလာလေသည်။ သင်သည် တစ်ချိန်လုံး ဤသို့ တုံ့ပြန်လူးလာ ဖြစ်နေသောကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ကို သင့်အား ငါ ပြောမည်။ သင့်အနေဖြင့် အကြီးစား နာမကျန်းမှု ကြုံရသည်ဖြစ်စေ၊ အသေးစား နာမကျန်းမှုတစ်ခု ကြုံရသည်ဖြစ်စေ သင်၏ နာမကျန်းမှု ဆိုးရွားသွားသည့် အခိုက်၊ သို့မဟုတ် သေခြင်းကို သင် ရင်ဆိုင်နေရသည့်အခိုက်တွင် အကြောင်းအရာ တစ်ခုကိုသာ သတိရလော့။ သေခြင်းကို မကြောက်နှင့်။ ကင်ဆာနောက်ဆုံးအဆင့်တွင် သင် ရှိနေလျှင်ပင် သင်၏ နာမကျန်းမှုတစ်ခု၏ သေနှုန်းက အလွန်မြင့်လျှင်ပင် သေခြင်းကို မကြောက်နှင့်။ သင်၏ ဆင်းရဲဒုက္ခမည်မျှ ကြီးမားလင့်ကစား သေခြင်းကို ကြောက်ရွံ့ပါက သင်သည် ကျိုးနွံနာခံလိမ့်မည် မဟုတ်။ လူအချို့က “သင် ဤသို့ ပြောသည်ကို ကြားရသည့်အခါ ကျွန်ုပ် လှုံ့ဆော်ခံရပြီး သာ၍ပင် ကောင်းသည့် စိတ်ကူးတစ်ခု ရှိပါသည်။ သေခြင်းကို ကျွန်ုပ် ကြောက်ရွံ့မည် မဟုတ်သည်သာမက ထိုအတွက် ကျွန်ုပ် တောင်းလျှောက်မည်။ ယင်းက ဖြတ်ကျော်ရန် သာ၍ လွယ်ကူသွားစေမည် မဟုတ်ပါလား”ဟု ဆိုကြသည်။ သေခြင်းအတွက် အဘယ်ကြောင့် တောင်းလျှောက်မည်နည်း။ သေခြင်းအတွက် တောင်းလျှောက်ခြင်းသည် အစွန်းရောက် စိတ်ကူးတစ်ခု ဖြစ်သည်။ သေခြင်းကို မကြောက်ရွံ့ခြင်းမှာမူ ခံယူရမည့် ယုတ္တိတန်သော သဘောထားတစ်ခု ဖြစ်သည်။ ယင်းမှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) သေခြင်းကို မကြောက်ရန် သင် ခံယူသင့်သည့် မှန်ကန်သော သဘောထားမှာ အဘယ်နည်း။ သင်သေဆုံးသွားနိုင်လောက်အောင် သင်၏ နာမကျန်းမှု အလွန်ဆိုးရွားပြီး ထိုအတွက် နာမကျန်းမှု ကူးစက်ခံရသည့်လူသည် အသက်အရွယ် မည်မျှရှိသည်ဖြစ်စေ သေနှုန်းက မြင့်မားကာ နာမကျန်းမှု ကူးစက်ခံရသည့်အချိန်မှသည် သေဆုံးသည့်အချိန်က အလွန်တိုတောင်းပါက သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို သင် စဉ်းစားသင့်သနည်း။ “သေခြင်းကို ငါမကြောက်ရ။ အဆုံးတွင် လူတိုင်း သေရသည်။ သို့သော် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် လူအများစု မလုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ရန် ဤနာမကျန်းမှုကို ငါ အသုံးပြု၍ရသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည့် အတွေးနှင့် သဘောထားတို့ကို ငါ ရှိသင့်ပြီး သေခြင်းကို ငါမကြောက်ရ”ဟူ၍ ဖြစ်သည်။ သေခြင်းသည် လွယ်၏၊ အသက်ရှင်ခြင်းထက် များစွာ သာ၍ လွယ်ကူ၏။ သင့်အနေဖြင့် ပြင်းထန်သော ဝေဒနာဖြင့် ရှိနိုင်ပြီး ထိုအရာကို သင် သတိမပြုမိဘဲရှိမည်ဖြစ်ကာ သင်၏ မျက်လုံးများကို ပိတ်သည်နှင့် သင်၏ ထွက်သက်ရပ်သွားသည်၊ သင့်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ပြီး သင့်ဘဝ အဆုံးသတ်လေသည်။ ဤသည်မှာ သေခြင်းဖြစ်သည့်ပုံ ဖြစ်သည်။ ဤမျှ ရိုးရှင်းပေသည်။ သေခြင်းကို မကြောက်ရွံ့ခြင်းသည် ခံယူရမည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအရာအပြင် သင်၏ နာမကျန်းမှု ဆိုးရွားသွားမည်၊ မဆိုးရွားသွားမည်၊ သို့မဟုတ် သင် ကုသပျောက်ကင်းမရနိုင်ပါက သေဆုံးမည်လော၊ သို့မဟုတ် သင် မသေမချင်း အချိန်မည်မျှကြာလိမ့်မည်၊ သို့မဟုတ် သေမည့်အချိန်ရောက်လာသည့်အခါ မည်သည့်ဝေဒနာ ခံစားရမည်ဆိုသည်တို့ကို သင် မစိုးရိမ်ရ။ ဤအရာများကို သင် မစိုးရိမ်ရပေ။ ဤသည်တို့မှာ သင်စိုးရိမ်သင့်သည့်အရာများ မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် နေ့ရက်ရောက်လာရမည်ဖြစ်ပြီး ထိုနေ့ရက်သည် တစ်နှစ်နှစ်၊ တစ်လလနှင့် ရက်တစ်ရက်ရက်တွင် ရောက်လာရမည် ဖြစ်သည်။ ထိုအရာမှ သင် ပုန်းကွယ်၍ မရနိုင်သကဲ့သို့ မရှောင်ရှားနိုင်ပေ။ ထိုအရာမှာ သင်၏ ကံကြမ္မာ ဖြစ်သည်။ သင်၏ ကံကြမ္မာဟု ခေါ်သောအရာကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်ကာ သူက စီစဉ်နှင့်ပြီး ဖြစ်သည်။ သင်၏ နှစ်ကာလသက်တမ်းနှင့် သင် သေဆုံးသည့် အသက်အရွယ်နှင့် အချိန်ကာလတို့ကို ဘုရားသခင်က သတ်မှတ်ပြီးသားဖြစ်ပေသည်။ ထို့ကြောင့် သင် မည်သည့်အရာကို စိုးရိမ်နေသနည်း။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ယင်းက မည်သည့်အရာကိုမျှ ပြောင်းလဲစေမည် မဟုတ်။ ထိုအရာနှင့်ပတ်သက်၍ သင်စိုးရိမ်နိုင်သော်လည်း ထိုအရာ မဖြစ်အောင် သင်တား၍မရနိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ထိုနေ့ကို ရောက်မလာအောင် သင်မတားနိုင်ပေ။ ထို့ကြောင့် သင်၏ စိုးရိမ်မှုသည် မလိုလားအပ်သကဲ့သို့ ထိုအရာလုပ်ဆောင်သမျှမှာ သင့်နာမကျန်းမှု၏ ဝန်ထုပ်ကို ယခင်ထက် သာ၍ လေးလံစေခြင်း ဖြစ်သည်။ ရှုထောင့်တစ်ခုမှာ မစိုးရိမ်ရန် ဖြစ်ပြီး အခြားမှာ သေခြင်းကို မကြောက်ရွံ့ရန် ဖြစ်သည်။ နောက်ထပ် ရှုထောင့်တစ်ခုမှာ “ကျွန်ုပ် သေသည့်နောက်တွင် ကျွန်ုပ်၏ လင်ယောက်ျား (ဇနီးမယား)က ပြန်အိမ်ထောင်ပြုလိမ့်မည်လော။ ကျွန်ုပ်၏ ကလေးကို မည်သူ စောင့်ရှောက်လိမ့်မည်နည်း။ ကျွန်ုပ်၏ တာဝန်ကို မည်သူ တာဝန်ယူလိမ့်မည်နည်း။ မည်သူက ကျွန်ုပ်ကို သတိရလိမ့်မည်နည်း။ ကျွန်ုပ် သေသည့်နောက်တွင် ဘုရားသခင်က ကျွန်ုပ်တို့ အဆုံးသတ်ကို မည်သည့်အရာ ဖြစ်ရန် သတ်မှတ်လိမ့်မည်နည်း”ဟု ဆိုလျက် စိုးရိမ်သောက မရောက်ရန် ဖြစ်သည်။ ဤသို့သော ကိစ္စရပ်များမှာ သင်စိုးရိမ်သင့်သည့်အရာများ မဟုတ်။ သေဆုံးသမျှ လူအားလုံးသည် မိမိတို့ သွားရမည့် သင့်လျော်သော နေရာရှိကြပြီး ဘုရားသခင်က အစီအစဉ်များ ပြုလုပ်ပြီး ဖြစ်သည်။ အသက်ရှင်နေကြသူများသည် ဆက်လက် အသက်ရှင်နေကြလိမ့်မည်။ မည်သည့်လူတစ်ဦးမျှ၏ တည်ရှိခြင်းက လူသားမျိုးနွယ်၏ ပုံမှန် လှုပ်ရှားမှုနှင့် ရှင်သန်မှုတို့ကို ထိခိုက်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူတစ်ဦးမျှ၏ ပျောက်ကွယ်ခြင်းက မည်သည့်အရာကိုမျှ ပြောင်းလဲမသွားစေပေ။ ထို့ကြောင့် ဤအရာများသည် သင် စိုးရိမ်သင့်သည့် အရာများ မဟုတ်ပေ။ သင်၏ အမျိုးမျိုးသော ဆွေမျိုးများနှင့်ပတ်သက်၍ စိုးရိမ်ရန် မလိုအပ်သကဲ့သို့ သင် သေဆုံးသည့်နောက်တွင် တစ်ဦးတလေက သင့်ကို သတိရမည်လောဆိုသည်နှင့် ပတ်သက်၍ သာ၍ပင် စိုးရိမ်ရန် မလိုအပ်ပေ။ တစ်ဦးတလေက သင့်ကို သတိရခြင်းတွင် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ သင်သည် ပေတရုကဲ့သို့ ဖြစ်မည်ဆိုပါက သင့်ကို သတိရခြင်းအတွက် တန်ဖိုးတစ်ခုခု ရှိပေမည်။ သင်သည် ပေါလုကဲ့သို့ဖြစ်မည်ဆိုပါက လူတို့ထံ သင် ယူဆောင်သမျှမှာ ဘေးဒုက္ခဖြစ်မည်ဖြစ်သောကြောင့် တစ်ဦးတလေက သင့်ကို အဘယ်ကြောင့် သတိရလိုမည်နည်း။ သာ၍ လက်တွေ့ကျသော အတွေးဖြစ်သည့် လူတို့ စိုးရိမ်တတ်သော နောက်ထပ် ကိစ္စရပ်တစ်ခုရှိ၏။ ၎င်းတို့က “ကျွန်ုပ် သေသည်နှင့် ဤလောကကို ကျွန်ုပ် တစ်ဖန် မြင်ရတော့မည်မဟုတ်သကဲ့သို့ ဤအရာအားလုံးနှင့်ဆိုင်သည့် ရုပ်ဝတ္ထုဘဝကို ကျွန်ုပ် လုံးဝ တစ်ဖန် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သေသည်နှင့် ဤလောကရှိ မည်သည့်အရာကမျှ ကျွန်ုပ်နှင့် ပတ်သက်တော့မည် မဟုတ်သကဲ့သို့ အသက်ရှင်ခြင်း ခံစားချက် ရှိတော့မည်မဟုတ်ပါ။ ကျွန်ုပ် သေသည်နှင့် မည်သည့်နေရာသို့ ကျွန်ုပ် သွားလိမ့်မည်နည်း”ဟု ပြောကြသည်။ သင်မည်သည့်နေရာသို့ သွားသည်ဆိုသည်မှာ သင်စိုးရိမ်သင့်သည့်အရာတစ်ခု မဟုတ်သကဲ့သို့ သင်စိုးရိမ်သောက ခံစားသင့်သည့်အရာတစ်ခုလည်း မဟုတ်ပေ။ သင်သည် အသက်ရှင်သည့် လူတစ်ဦး ဖြစ်တော့မည် မဟုတ်သကဲ့သို့ ရုပ်ဝတ္ထုလောက၏ လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ၊ ပတ်ဝန်းကျင်များ အစရှိသည်တို့ကို သင် လုံးဝ တစ်ဖန် ခံစားရတော့မည် မဟုတ်သည်ကို စိုးရိမ်နေသည်။ ဤသည်မှာ သင်မစိုးရိမ်သင့်သည့် အရာတစ်ခု သာ၍ပင်ဖြစ်ပြီး ဤအရာများကို သင် လက်မလွှတ်နိုင်လျှင်ပင် အသုံးဝင်မည်မဟုတ်။ သို့ရာတွင် သင့်ကို နှစ်သိမ့်မှု အနည်းငယ် ဆောင်ကြဉ်းနိုင်သည့်အရာမှာ သင်၏ သေခြင်း၊ သို့မဟုတ် သင်၏ ထွက်ခွာခြင်းသည် သင်၏ နောက်ထပ် လူဝင်စားခြင်းအတွက် အသစ်သော အစပြုခြင်းတစ်ခု၊ သာ၍ ကောင်းသည့် အစပြုခြင်းတစ်ခု၊ ကောင်းမွန်သော အစပြုခြင်းတစ်ခု၊ လုံးဝ ကောင်းသည့် အစပြုခြင်းတစ်ခု၊ သင်၏ ဝိညာဉ် တစ်ဖန် ပြန်လာရန်အတွက် အစပြုခြင်းတစ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ မတူကွဲပြားသည့် နည်းလမ်းတစ်ခုနှင့် မတူကွဲပြားသည့် အသွင်တစ်ခုဖြင့် တည်ရှိရန် သင် ပြန်လာကောင်း ပြန်လာနိုင်သည်နှင့်အမျှ ထိုအရာသည် သေချာပေါက် မကောင်းသည့် အရာတစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။ မည်သည့် အသွင်ယူမည်ဆိုသည်အတွက်မူ ဘုရားသခင်နှင့် ဖန်ဆင်းရှင်၏ အစီအစဉ်များအပေါ် အတိအကျ တည်မှီသည်။ ဤအချိန်တွင် လူတိုင်း စောင့်ကြည့်ရုံစောင့်ကြည့်သင့်သည်ဟု ဆိုနိုင်ပေသည်။ ဤဘဝတွင် သင် သေဆုံးပြီးသည့်နောက် ပိုမိုကောင်းမွန်သည့် နည်းလမ်းနှင့် ပိုမိုကောင်းမွန်သည့် အသွင်ဖြင့် အသက်ရှင်ရန် သင် ရွေးချယ်ပါက သင်၏ နာမကျန်းမှုက မည်မျှဆိုးရွားသွားလင့်ကစား အရေးအကြီးဆုံးသော အရာမှာ ထိုအရာကို သင် မည်သို့ ရင်ဆိုင်သည်ဆိုသည်နှင့် မည်သည့် ကောင်းမှုကုသိုလ်များကို သင် ပြင်ဆင်သင့်သည်ဆိုသည်တို့ဖြစ်ပြီး သင်၏ အဓိပ္ပာယ်မဲ့သည့် စိတ်ဖိစီခြင်း၊ သောကနှင့် စိုးရိမ်မှုတို့ မဟုတ်ချေ။ ဤသို့ သင် စဉ်းစားလိုက်သည့်အခါ သေခြင်းနှင့်ဆိုင်သည့် သင်၏ ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် ငြင်းပယ်မှု အဆင့်သည် လျော့နည်းသွားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတင် ငါတို့ ရှုထောင့်မည်မျှ ပြောဆိုခဲ့သနည်း။ တစ်ခုမှာ သေခြင်းကို မကြောက်ရွံ့ခြင်း ဖြစ်သည်။ အခြားအရာများမှာ အဘယ်နည်း။ (ကျွန်ုပ်တို့၏ နာမကျန်းမှု ဆိုးရွားခြင်း ရှိမရှိဆိုသည်ကို ကျွန်ုပ်တို့ စိုးရိမ်ရမည်မဟုတ်သကဲ့သို့ ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်များ၊ သားသမီးများ၊ သို့မဟုတ် ကျွန်ုပ်တို့ကိုယ်ပိုင် အဆုံးသတ်များနှင့် ခရီးပန်းတိုင်များ စသည်တို့နှင့်ပတ်သက်၍ ပူပန်သောကခံစားရမည် မဟုတ်ပါ။) ဤအရာအားလုံးကို ဘုရားသခင်၏ လက်ထဲတွင် အပ်ထားလော့။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့ သေပြီးသည့်နောက် မည်သည့်နေရာသို့ သွားသည်ဆိုသည်ကို ကျွန်ုပ်တို့ စိုးရိမ်ရမည်မဟုတ်ပါ။) ဤအရာများနှင့် ပတ်သက်၍ စိုးရိမ်ရန်မှာ အသုံးမဝင်ပေ။ ပစ္စုပ္ပန်တွင် အသက်ရှင်ပြီး လက်ရှိအချိန်တွင် သင် လုပ်သင့်နေသည့် အရာများကို လုပ်ဆောင်လော့။ အနာဂတ်တွင် အမှုအရာများ မည်သို့ဖြစ်မည်ကို သင် မသိသောကြောင့် ဤအရာအားလုံးကို ဘုရားလက်ထဲ သင် အပ်ထားသင့်သည်။ အခြားမည်သည့်အရာများ ရှိသေးသနည်း။ (ကျွန်ုပ်တို့၏ အနာဂတ် ခရီးပန်းတိုင်အတွက် ကောင်းမှုကုသိုလ်များ ကျွန်ုပ်တို့ အမြန်ပြင်ဆင်သင့်ပါသည်။) မှန်ပေ၏၊ လူတို့သည် အနာဂတ်အတွက် ကောင်းမှုကုသိုလ်များ ပြင်ဆင်သင့်ပြီး သမ္မာတရားကို လိုက်စားသင့်ကာ သမ္မာတရားကို နားလည်၍ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့် လူများဖြစ်သင့်ကြသည်။ လူအချို့က “ယခု သင်သည် သေခြင်းအကြောင်း ပြောနေသည်။ ထို့ကြောင့် အနာဂတ်တွင် လူတိုင်း သေခြင်းကို ရင်ဆိုင်ရမည်ဟု သင် ဆိုလိုပါသလား။ ဤသည်မှာ မကောင်းသည့် နိမိတ်တစ်ခု ဖြစ်ပါသလား”ဟု ဆိုကြသည်။ ဤသည်မှာ မကောင်းသည့် နိမိတ်တစ်ခု မဟုတ်သကဲ့သို့ တစ်ဦးတလေကို သေခြင်းသို့ ကျိန်ဆဲခြင်းဖြစ်ဖို့ မဆိုထားနှင့် သင့်ကို ကာကွယ်ရေး ကာကွယ်ဆေးတစ်ခု ပေးနေခြင်းလည်း မဟုတ်ပေ။ ဤစကားများသည် ကျိန်ဆဲခြင်းများ မဟုတ်။ ထို့ကြောင့် မည်သည့်အရာများဖြစ်သနည်း။ (လူတို့အတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။) မှန်၏၊ ထိုအရာများသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ လူတို့ စွဲကိုင်သင့်သည့် မှန်ကန်သည့် အမြင်များနှင့် သဘောထားများဖြစ်ပြီး လူတို့ နားလည်သင့်သည့် သမ္မာတရားများ ဖြစ်သည်။ နာမကျန်းဖြစ်ခြင်း တစ်ခုတလေ မရှိသည့် လူတို့ပင်လျှင် သေခြင်းကို ရင်ဆိုင်ရန် ဤသဘောထားမျိုးလည်း ခံယူသင့်သည်။ ထို့ကြောင့် လူအချို့က “သေခြင်းကို ကျွန်ုပ်တို့ မကြောက်လျှင် သေခြင်းက ကျွန်ုပ်တို့အပေါ် ရောက်လာလိမ့်မည်မဟုတ်ဟု ဆိုလိုပါသလား”ဟု ဆိုကြသည်။ ဤသည်မှာ သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်အရာနည်း။ (အယူအဆတစ်ခုနှင့် ၎င်းတို့၏ စိတ်ကူးဖြစ်သည်။) ထိုအရာမှာ အဓိပ္ပာယ်မရှိ၊ အကျိုးသင့် အကြောင်းသင့် တွေးခေါ်မြော်မြင်မှု ဖြစ်ပြီး ဆိုးယုတ်သည့် အတွေးအခေါ်ဖြစ်သည်။ သမ္မာတရား မဟုတ်ပေ။ သေခြင်းကို သင် မကြောက်ပါက၊ သို့မဟုတ် စိုးရိမ်ခြင်း မရှိပါက သေခြင်းက သင့်အပေါ် ရောက်လာလိမ့်မည် မဟုတ်သကဲ့သို့ သင် သေမည် မဟုတ်ဟူသည်မှာ မမှန်ပေ။ ဤသည်မှာ သမ္မာတရား မဟုတ်ပေ။ ငါ ပြောနေသည့်အရာမှာ သေခြင်းနှင့် နာမကျန်းမှုအပေါ် လူတို့ ရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသဘောထားမျိုးကို သင် ခံယူသည့်အခါ စိတ်ဖိစီးမှု၊ သောကနှင့် စိုးရိမ်မှုတို့နှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို သင်စွန့်လွှတ်နိုင်သည်။ ထိုအခါ သင်သည် သင်၏ နာမကျန်းမှုကို စွဲလမ်းနေလိမ့်မည်မဟုတ်သကဲ့သို့ သင်၏ အတွေးနှင့် သင့်စိတ်ဝိညာဉ်လောကသည် သင်၏ နာမကျန်းမှုနှင့်ဆိုင်သော အမှန်တရား၏ ထိခိုက်နစ်နာစေခြင်း၊ သို့မဟုတ် နှောင့်ယှက်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ လူတို့ ရင်ဆိုင်ရသည့် ကိုယ်ရေးကိုယ်တာ အခက်အခဲများထဲမှ တစ်ခုမှာ ၎င်းတို့၏ အနာဂတ် ရှေ့ရေးများဖြစ်ပြီး နောက်တစ်ခုမှာ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းဖြစ်သည်။ အနာဂတ်ရှေ့ရေးများနှင့် သေခြင်းတို့က လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်နိုင်သော်လည်း ဤပြဿနာနှစ်ခုကို သင် မှန်ကန်စွာ ရင်ဆိုင်ပြီး သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို အောင်မြင်နိုင်ပါက သာမညောင်ည အခက်အခဲများက သင့်ကို အနိုင်ယူလိမ့်မည် မဟုတ်ပေ။

နာမကျန်းမှုအပြင်၊ လူတို့သည် မိမိတို့၏ ဘဝများတွင် အခြားသော တကယ့် ပြဿနာအချို့နှင့်ပတ်သက်၍ မကြာခဏ စိတ်ဖိစီးပြီး သောကရောက်ကာ စိုးရိမ်ကြလေသည်။ ဘဝတွင် တကယ့် ပြဿနာများစွာ ရှိ၏။ ဥပမာအားဖြင့်၊ သင့်အိမ်တွင် စောင့်ရှောက်ခြင်း သို့မဟုတ် ပြုစုပျိုးထောင်ခြင်း လိုအပ်သည့် သက်ကြီးရွယ်အိုများ သို့မဟုတ် ကလေးသူငယ်များ၊ သင်၏ သားသမီးမျာ၏ ကျောင်းစရိတ်နှင့် နေထိုင်မှု အသုံးစရိတ်များအတွက် လိုအပ်သည့် ငွေများ၊ ဆေးကုသရန် ငွေလိုအပ်နေသော သက်ကြီးရွယ်အိုများနှင့် နေ့စဉ် နေထိုင်မှု အသုံးစရိတ်များအတွက် လိုအပ်သည့် များပြားသော ငွေပမာဏများရှိသည်။ သင်သည် မိမိတာဝန်ကို ထမ်းဆောင်လိုသော်လည်း၊ သင်၏ အလုပ်ကို စွန့်လျှင်၊ သင် မည်သို့ အသက်ရှင်နေထိုင်မည်နည်း။ သင်၏ နေအိမ်စုဆောင်းငွေများ အလျင်အမြန် ကုန်ဆုံးသွားလိမ့်မည်ဖြစ်သောကြောင့်၊ ထို့နောက်တွင် မည်သည့်ငွေမျှမရှိဘဲ သင် မည်သည့်အရာကို လုပ်မည်နည်း။ သင် ငွေထွက်ရှာပါက၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးမှုများ ဖြစ်စေလိမ့်မည်ဖြစ်သည်။ သို့သော် သင်၏တာဝန်ကို ထမ်းဆောင်ရန် သင်၏ အလုပ်ကို စွန့်ပါက၊ အိမ်တွင်ရှိသော အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ လူများစွာတို့သည် ထိုသို့သော အရာများဖြင့် ရုန်းကန်ပြီး စိတ်ရှုပ်ထွေးကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နေ့ရက် ရောက်လာဖို့ အားလုံး တောင့်တကြပြီး၊ မည်သည့်အချိန်တွင် ကြီးမားသည့် ကပ်ဘေးများ ကျရောက်လိမ့်မည်ဆိုသည်နှင့် အစားအစာများသိုလှောင်ရန် လိုအပ်ခြင်းရှိမရှိဆိုသည်တို့ကို တွေးကြသည်။ ၎င်းတို့ ပြင်ဆင်ပါက၊ အိမ်တွင် ငွေပိုငွေလျှံ မရှိသကဲ့သို့ ဘဝက အလွန် ခက်ခဲလာသည်။ အခြားလူများက ပိုကောင်းမွန်သည့် အဝတ်အစားများ ဝတ်ဆင်ကြပြီး ပိုကောင်းသည့် အစားအစာများ စားကြသည်ကို ၎င်းတို့ မြင်ကာ မပျော်မရွှင်ဖြစ်ပြီး၊ မိမိတို့၏ ဘဝက အလွန်ခက်ခဲသည်ဟု ခံစားကြလေသည်။ ၎င်းတို့သည် အချိန်အတော်ကြာ အသားမစားဘဲနေပြီး၊ ကြက်ဥအချို့ရှိပါက စားရန် ဝန်လေးကြကာ ထိုကြက်ဥများကို စျေးတွင် အမြန်သွားရောင်းပြီး ဒေါ်လာ အနည်းအကျဉ်း ရကြလေသည်။ ဤအခက်အခဲများအားလုံးကို ၎င်းတို့ တွေးသည်နှင့်အမျှ၊ စတင် စိုးရိမ်လာကြသည်။ “ဤခက်ခဲသည့်နေ့ရက်များ မည်သည့်အချိန်တွင် အဆုံးသတ်လာလိမ့်မည်နည်း၊ ‘ဘုရားသခင်၏ နေ့ရက် ရောက်လာတော့မည်၊ ဘုရားသခင်၏ နေ့ရက်ရောက်လာတော့မည်’ဟု သူတို့ အမြဲ ပြောကြသည်၊ သို့သော် ဤအရာ မည်သည့်အချိန်တွင် အမှန်တကယ် ဖြစ်ပျက်မည်ဆိုသည်ကို တစ်ဦးတလေက မည်သည့်အချိန်တွင် ငါ့ကို ပြောကြလိမ့်မည်နည်း၊ ဤအရာကို အသေအချာ မည်သူ ပြောနိုင်သနည်း”ဟူ၍ ဖြစ်သည်။ လူအချို့သည် အိမ်နှင့်ဝေးရာတွင် တာဝန်ကို ထမ်းဆောင်လျက် နှစ်ချီကုန်ဆုံးကြပြီး၊ ၎င်းတို့က၊ “ငါ့ကလေးများ ယခု မည်မျှကြီးနေသည် သို့မဟုတ် ငါ၏ မိဘများ ကျန်းမာရေး ကောင်းမကောင်းဆိုသည်ကို ငါ မသိပါ။ ဤနှစ်များတစ်လျှောက်လုံး ငါ အိမ်နှင့်အဝေးတွင် ရှိပြီးဖြစ်ကာ သူတို့ကို မစောင့်ရှောက်ခဲ့ပါ၊ သူတို့တွင် အခက်အခတစ်ခုခု ရှိကြပါသလား၊ သူတို့ နာမကျန်းဖြစ်လျှင် မည်သို့လုပ်ကြလိမ့်မည်နည်း၊ သူတို့ကို တစ်ဦးတလေက စောင့်ရှောက်လိမ့်မည်လား၊ ငါ့ မိဘများသည် ယခု အသက် ၈၀ သို့မဟုတ် ၉၀ အရွယ် ရှိရပေမည်၊ သူတို့ အသက်ရှင်သေးလားဆိုသည်ကိုပင် ငါ မသိပါ”ဟု မကြာမကြာ တွေးကြလေသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါ၊ အမည်မသိသည့် သောကသည် သူတို့ စိတ်နှလုံးများထဲ ထွက်ပေါ်လာလေသည်။ ၎င်းတို့ သည် စိတ်သောကခံစားခြင်းအပြင်၊ စိုးရိမ်ကြလိမ့်မည်ဖြစ်သော်လည်း စိုးရိမ်ခြင်းက မည်သည့်အရာကိုမျှ လုံးဝ မဖြေရှင်းပေးသောကြောင့်၊ ၎င်းတို့ စတင် စိတ်ဖိစီးလာကြသည်။ ၎င်းတို့ အလွန် စိတ်ဖိစီးကြသည့်အခါ၊ ၎င်းတို့၏ အာရုံစိုက်မှုက ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ နေ့ရက်ဆီသို့ လှည့်သွားပြီး၊ “အဘယ်ကြောင့် ဘုရားသခင်၏ နေ့ရက် မရောက်သေးသနည်း၊ ဤသို့ ဟိုယောင်ယောင်သည်ယောင်နှင့်သီးသန့်နေထိုင်ရသည့် ဘဝတစ်ခုကို ငါတို့ အမြဲ အသက်ရှင်ရမည်လား၊ မည်သည့်အချိန်တွင် ဘုရားသခင်၏ နေ့ရက် ရောက်ရှိလိမ့်မည်နည်း၊ မည်သည့်အချိန်တွင် ဘုရားသခင်၏ အမှုတော် အဆုံးသတ်လာလိမ့်မည်နည်း၊ ဤကမ္ဘာလောကကို ဘုရားသခင်က မည်သည့်အချိန်တွင် ဖျက်ဆီးလိမ့်မည်နည်း၊ ဘုရားသခင်၏ နိုင်ငံတော်သည် မည်သည့်အချိန်တွင် ကမ္ဘာမြေကြီးပေါ် ထင်ရှားလိမ့်မည်နည်း၊ ဘုရားသခင်၏ ပုဂ္ဂိုလ်ပေါ်ထွန်းသည်ကို မည်သည့်အခါတွင် ငါတို့ မြင်ရလိမ့်မည်နည်း”ဟု တွေးကြလေသည်။ ဤအရာများနှင့် ပတ်သက်၍ ၎င်းတို့ အဖန်ဖန် စဉ်းစားကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများတွင် စိုးရိမ်မှု၊ သောကနှင့် စိတ်ဖိစီးမှုဆိုင်ရာ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ထိုးတက်လာလေသည်။ ၎င်းတို့သည် စိုးရိမ်သည့် အမူအရာတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားသည်။ ဝမ်းမြောက်ခြင်း မခံစားရတော့ပေ။ နုံးချည့်စွာလမ်းလျှောက်ကြသည်။ မည်သည့်စားချင်စိတ်မျှမရှိဘဲ အစာစားကြပြီး၊ နေ့စဉ် စိတ်ထွေလျက်ဖြင့် အချိန်ကုန်ဆုံးကြသည်။ ထိသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများအတွင်း အသက်ရှင်သည်မှာ ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘဝရှိ သေးငယ်သည့် အခက်အခဲတစ်ခုပင်လျှင် လူတို့ကို ရံဖန်ရံခါ မတက်ကြွခြင်းနှင့်ဆိုင်သည့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲသို့ ကျဆင်းသွားစေနိုင်ပြီး၊ တစ်ခါတရံ မည်သည့် အကြောင်းပြချက်မျှ လုံးဝမရှိဘဲ၊ သို့မဟုတ် မည်သည့် အထူး အခြေအနေတစ်ခုမျှမရှိဘဲ၊ သို့မဟုတ် မည့်သည့် လူတစ်ဦးတလေကမျှ အထူးတလည်ဖြစ်သော မည်သည့်အရာမျှ ပြောဆိုခြင်းမရှိဘဲနှင့်ပင်၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် လူတို့၏ စိတ်နှလုံးများထဲ အမှုမဲ့အမှတ်မဲ့ တလိပ်လိပ်တက်လာလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက လူတို့၏ စိတ်နှလုံးများထဲ တလိပ်လိပ်တက်လာသည့်အခါ၊ ဘုရားသခင်၏ နေ့ရက် ရောက်ရှိဖို့အတွက်၊ သူ၏ အမှုတော် အဆုံးသတ်လာဖို့အတွက်နှင့် သူ၏နိုင်ငံတော် ရောက်လာဖို့အတွက်၊ တမ်းတလျက် လူတို့တွင်ရှိသည့် စိတ်ဆန္ဒများသည် သာ၍ပင် ခိုင်မာလာလေသည်။ လူအချို့သည်၊ “အို ဘုရားသခင်၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို ကျွန်ုပ် မုန်းပါသည်၊ ကျေးဇူးပြုပြီး ဖြစ်နိုင်သမျှ မြန်မြန် အားလုံးကို အဆုံးသတ်ပါ၊ လူတို့၏ သွေးသား ဘဝများကို အဆုံးသတ်ပြီး၊ ဤအခက်အခဲအားလုံးကို အဆုံးသတ်ပေးပါ”ဟု လေးနက်စွာ ဒူးထောက်ပြီး ဘုရားသခင်ထံ မျက်ရည်လှိုင်းများဖြင့်ပင် ဆုတောင်းကြလေသည်။ ၎င်းတို့သည် ရလဒ်မရှိဘဲ ဤသို့ ကြိမ်ဖန်များစွာ ဆုတောင်းကြပြီး၊ စိုးရိမ်မှု၊ သောကနှင့် စိတ်ဖိစီးမှုဆိုင်ရာ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် ၎င်းတို့ စိတ်နှလုံးများကို ပတ်စည်းကာ ၎င်းတို့ကို နက်နဲစွာ လွှမ်းမိုးပြီး လွှမ်းခြုံလျက်၊ ၎င်းတို့၏ အတွေးများနှင့် စိတ်ဝိညာဉ် အတွင်းနက်နက်တွင် ကျန်ရှိနေပေသည်။ အမှန်တွင်၊ ဘုရားသခင်၏ နေ့ရက် စောစောရောက်လာရန်၊ ဘုရားသခင်၏ အမှုတော် စောစော အဆုံးသတ်လာရန်၊ ၎င်းတို့ ဖြစ်နိုင်သမျှ မြန်မြန် ကောင်းချီးများ ရရှိရန်၊ ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု ၎င်းတို့ ရှိကြရန်၊ ကောင်းကင်ဘုံထဲသို့ သို့မဟုတ် မိမိတို့ကိုယ်ပိုင် အယူအဆများဖြင့် ၎င်းတို့ စိတ်ကူးပြီး တောင့်တသည့် နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ၎င်းတို့ တောင့်တသောကြောင့်သာ ဤသို့ဖြစ်ပျက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ဤအရာများနှင့် ပတ်သက်၍ အမြဲ လှုံ့ဆော်ခံရခြင်း ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့ လှုံ့ဆော်ခံနေရသည်ကို မိမိတို့ကိုယ်ကိုယ် ပြကြသော်လည်း အမှန်တွင် ၎င်းတို့သည် စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်နေကြခြင်း ဖြစ်သည်။ ထိုသို့သော စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုဆိုင်ရာ ခံစားချက်များက လူတို့ကို စဉ်ဆက်မပြတ် ဝန်းရံနေသည့်အခါ၊ “ဘုရားသခင်၏ နေ့ရက် စောစော ရောက်မလာသကဲ့သို့ ဘုရားသခင်၏ အမှုတော်က ဖြစ်နိုင်သမျှ မြန်မြန် ပြီးပြည့်စုံမည်မဟုတ်လျှင်၊ အလုပ်ကြိုးစားလုပ်ဖို့ ငါ၏ ငယ်ရွယ်မှုနှင့် အစွမ်းအစကို ငါ ကောင်းစွာ အသုံးပြုသင့်သည်၊ ငါ အလုပ်လုပ်ပြီး ငွေရှာချင်သည်၊ လောကတွင် အတန်ငယ် အလုပ်ကြိုးစားပြီး၊ ဘဝကို မွေ့လျော်ချင်သည်။ ဘုရားသခင်၏ နေ့ရက် စောစော ရောက်လာခြင်းမရှိလျှင်၊ ငါ အိမ်ပြန်ပြီး ငါ့မိသားစုနှင့် ပြန်ပေါင်းစည်းချင်သည်၊ လက်တွဲဖော် ရှာချင်သည်၊ အတန်ငယ် ကောင်းစွာ အသက်ရှင်ချင်သည်၊ ငါ့မိဘများကို ထောက်ပံ့ချင်သည်၊ ငါ့သားသမီးများကို ပြုစုပျိုးထောင်ချင်သည်၊ ငါ အိုမင်းသည့်အခါ၊ သားသမီးများစွာ ရှိမည်ဖြစ်ပြီး၊ သူတို့က ငါနှင့်အတူ နေထိုင်ကာ မိသားစုဘဝကို ငါတို့ မွေ့လျော်ခံစားကြမည်၊ ကောင်းလိုက်သည့် မြင်ကွင်းပါတကား၊ ချိုမြိန်လိုက်သည့် ပုံရိပ်တစ်ခုပါတကား”ဟု တွေးလျက်၊ နိုးကြားထကြွသော အတွေးတစ်ခု ရကြလေသည်။ ဤသို့ စဉ်းစားလျက်ဖြင့် ထိုဘဝမျိုး မွေ့လျော်ရန် မျှော်လင့်စောင့်စားကြလေသည်။ ဘုရားသခင်၏ နေ့ရက် ဤနေရာသို့ စောစောရောက်လာမည်ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အမှုတော် မကြာမီ အဆုံးသတ်လာမည်ဖြစ်ကြောင်း လူတို့ စဉ်းစားမိသည့်အခါတိုင်းတွင်၊ ၎င်းတို့၏ ဆန္ဒများ သာ၍ပင် ပြင်းထန်စွာ ပြင်းပြကြပြီး ဘုရားသခင်၏ အမှုတော် ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့အတွက် ၎င်းတို့၏ တမ်းတမှုသည် သာ၍ပင် တိုး၍ ပြင်းထန်လာသည်။ ထိုသို့သော အခြေအနေတစ်ခုတွင်၊ အမှန်တရားများက လူတို့ ဆန္ဒရှိသည့်အရာနှင့် မကိုက်ညီသည့်အခါ၊ ဘုရားသခင်၏ အမှုတော် အဆုံးသတ်ခြင်း သို့မဟုတ် ဘုရားသခင်၏ နေ့ရက် ရောက်ရှိခြင်းနှင့်ဆိုင်သည့် လက္ခဏာတစ်ခုမျှ လူတို့ မမြင်ရသည့်အခါ၊ ၎င်းတို့၏ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်းနှင့် စိုးရိမ်ခြင်း ခံစားချက်များ ယခင်ထက် တိုး၍ ပြင်းထန်လာသည်။ အနည်းငယ်သော နှစ်ကာလအတွင်းတွင် ၎င်းတို့ အိုမင်းသွားကြပြီး ၎င်းတို့ အိုမင်းသည့် အသက်အရွယ်တွင် ၎င်းတို့ကို စောင့်ရှောက်မည့် လက်တွဲဖော် ရှာမတွေ့ကြသည့်အခါ စိုးရိမ်ကြလေသည်။ ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်ကို စဉ်ဆက်မပြတ် ထမ်းဆောင်ပြီး၊ လူမှုအဖွဲ့အစည်းနှင့် ဆက်နွှယ်မှုအားလုံး ဖြတ်နှင့်ပြီးဖြစ်လျှင်၊ အသက်ရှင်နေထိုင်ရန် အိမ်ပြန်လာသည့်အခါ လူမှုအဖွဲ့အစည်းထဲသို့ ပြန်ပေါင်းစပ်နိုင်လိမ့်မည်လားဆိုသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ နှစ်အနည်းငယ်အတွင်းတွင် စီးပွားရေးလုပ်ငန်းထဲသို့ ၎င်းတို့ ပြန်သွားလျှင် သို့မဟုတ် အလုပ်သွားပြန်လုပ်လျှင်၊ အချိန်ကာလများကို ၎င်းတို့ အမှီလိုက်နိုင်မည်လား၊ လူအုပ်ထဲမှ ၎င်းတို့ ထင်ပေါ်နိုင်လိမ့်မည်လားဆိုသည်နှင့် ၎င်းတို့ ရှင်သန်နိုင်လိမ့်မည်လားဆိုသည်တို့ကို ၎င်းတို့ စိုးရိမ်ကြလေသည်။ ထိုသို့သော အရာများကို ၎င်းတို့ သာ၍ စိုးရိမ်ပြီး၊ ထိုအရာများနှင့်ပတ်သက်၍ ၎င်းတို့ သာ၍ သောကရောက်ပြီး စိတ်ဖိစီးလေ၊ မိမိတို့တာဝန်ကို တည်ငြိမ်စွာ သာ၍ မထမ်းဆောင်နိုင်သကဲ့သို့ ဘုရားအိမ်တော်တွင် ဘုရားသခင်နောက် မလိုက်နိုင်လေ ဖြစ်သည်။ ထိုသို့ဖြင့်၊ မိမိတို့ အနာဂတ်၊ ၎င်းတို့၏ အလားအလာများနှင့် ၎င်းတို့၏ မိသားစု ဘဝနှင့်ပတ်သက်၍ ပိုပိုပြီး စိုးရိမ်ကြသည့်အပြင်၊ အနာဂတ်တွင် ဘဝ၌ ဖြစ်ပေါ်နိုင်သည့် အခက်အခဲအားလုံးနှင့်ပတ်သက်၍ စိုးရိမ်နေကြလေသည်။ ၎င်းတို့သည် အတတ်နိုင်သမျှ စဉ်းစားကြသည်၊ တတ်နိုင်သမျှ စိုးရိမ်ကြသည်။ မိမိတို့၏ မြေးများနှင့် ၎င်းတို့၏ မြေးများ၏ သားစဉ်မြေးဆက်များအတွက် ဘဝက မည်သို့ဖြစ်လိမ့်မည်ဆိုသည်တို့ကိုပင် စိုးရိမ်ကြသည်။ ၎င်းတို့၏ အတွေးများသည် ဝေးဝေး ရောက်ကြသည်၊ အလွန် စေ့စေ့စပ်စပ် တွေးကြပြီး အရာရာကို အစမှအဆုံးတိုင် တွေးကြလေသည်။ လူတို့သည် ဤစိုးရိမ်မှုများ၊ သောကများနှင့် စိတ်ဖိစီးမှု ခံစားချက်များရှိကြသည့်အခါ၊ ၎င်းတို့သည် မိမိတို့ တာဝန်များကို တည်ငြိမ်စွာ ထမ်းဆောင်နိုင်ခြင်း ရှိမလာကြသကဲ့သို့၊ ဘုရားသခင်နောက်သို့ တကယ်ကို မလိုက်နိုင်ကြဘဲ၊ ထိုအစား မကြာခဏ နိုးကြားထကြွသည့် အတွေးများရှိကြပြီး၊ သဘောထား ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းကြလေသည်။ ဧဝံဂေလိအလုပ်က အလွန်အဆင်ပြေနေသည်ကို ၎င်းတို့ မြင်သည့်အခါ၊ “ဘုရားသခင်၏ နေ့ရက် မကြာခင် ရောက်လာတော့မည်။ ငါ၏ တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ရမည်၊ ဟုတ်သည်၊ လုပ်စမ်းပါလေ၊ နောက်ထပ် နှစ်အနည်းငယ် ငါ ဆက်လုပ်ရမည်၊ ယခုတွင် လုပ်ဆောင်ရန်မှာ မကြာတော့ပါ၊ ဤဆင်းရဲဒုက္ခအားလုံး ထိုက်တန်လိမ့်မည်ဖြစ်ပြီး အားလုံး အကျိုးဖြစ်ထွန်းလိမ့်မည်ဖြစ်ကာ ငါ နောက်ထပ် စိုးရိမ်မှုများ ရှိလိမ့်မည်မဟုတ်”ဟု တွေးကြလေသည်။ သို့ရာတွင် အနှစ်အနည်းငယ်ကြာပြီးနောက်၊ ကြီးမားသည့် ကပ်ဘေးများ ရောက်ရှိမလာသေးသကဲ့သို့၊ မည်သူကမျှ ဘုရားသခင်၏ နေ့ရက်ကို မပြောကြသောကြောင့် ၎င်းတို့၏ စိတ်နှလုံးများ အေးစက်သွားကြသည်။ ဤစိတ်ဖိစီးမှု၊ သောကနှင့် စိုးရိမ်မှုတို့အပြင်၊ ၎င်းတို့၏ နိုးကြားထကြွသော အတွေးများသည် သွားလိုက်၊ လာလိုက်ဆက်ဖြစ်နေပြီး ဤသို့ အဖန်ဖန် ထပ်တလဲလဲဖြစ်နေသည်၊ အလုံးစုံသော အခြေအနေနှင့် ဘုရားအိမ်တော်ရှိ အခြေအနေအတိုင်း အဆုံးမဲ့ သံသရာဖြင့် လှည့်လည်ဖြစ်ပေါ်နေပြီး၊ ထိုအရာများကို ထိန်းချုပ်ရန် ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိချေ။ တစ်ဦးတလေက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့ ရောက်ရှိနေသည့် အခြေအနေကို ၎င်းတို့ မပြောင်းလဲနိုင်ကြချေ။ ထိုသို့သော လူများရှိသလော။ (ရှိပါသည်။) ဤကဲ့သို့သော လူများအတွက် ခိုင်မာစွာ ရပ်တည်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ သဘောထားနှင့် စိတ်အခြေအနေ၊ ပြီးလျှင် မိမိတို့တာဝန်များအတွက် ၎င်းတို့ ကျင့်သုံးသည့် အားအင်ပမာဏတို့သည် “နောက်ဆုံးရ သတင်း”အပေါ် အားလုံး အခြေခံကြလေသည်။ လူအချို့က၊ “ယုံကြည်စိတ်ချနိုင်သည့် သတင်းအရ၊ ဘုရားသခင်၏ ဧဝံဂေလိတရားသည် အံ့ဖွယ်ရာ ပျံ့နှံ့နေသည်”ဟု ဆိုကြသည်။ ပြီးလျှင် လူအချို့က၊ “နောက်ဆုံးရ သတင်းမှာ ကပ်ဘေးများသည် ကမ္ဘာလောကအနှံ့ ယခု မကြာခဏ ဖြစ်ပျက်နေပြီး၊ သိရသလောက်တွင် ကမ္ဘာလောက၏ အခြေအနေနှင့် ကပ်ဘေးများက ယခုတွင် ဗျာဒိတ်ကျမ်းထဲက ထိုထိုသော ကပ်ဘေးကို ပြီးပြည့်စုံစေသည်။ ဘုရားသခင်၏ အမှုတော်သည် မကြာခင် ပြီးစီးတော့မည်ဖြစ်သည်၊ ဘုရားသခင်၏ နေ့ရက်သည် မကြာခင် ဤနေရာတွင် ရှိလိမ့်မည်ဖြစ်ပြီး၊ ဘာသာရေးလောကတစ်ခုလုံးသည် အုတ်အော်သောင်းတင်း ဖြစ်နေသည်”ဟု ဆိုကြသည်။ “နောက်ဆုံးရ သတင်း” သို့မဟုတ် “ယုံကြည်စိတ်ချရသည့် သတင်း”ကို ၎င်းတို့ ကြားသည့်အခါတိုင်း၊ ၎င်းတို့၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့သည် ခဏတာ ရပ်တန့်သွားပြီး၊ ၎င်းတို့ကို နှောင့်မယှက်တော့သကဲ့သို့၊ ၎င်းတို့သည် မိမိတို့၏ နိုးကြားထကြွသည့် အတွေးများကို အချိန်တစ်ခုကြာ ထွက်သွားခွင့်ပေးလိုက်ကြသည်။ သို့ရာတွင်၊ မည်သည့် “ယုံကြည်စိတ်ချရသော သတင်း”တစ်ခုမျှ သို့မဟုတ် မည်သည့် “တိကျမှန်ကန်သော သတင်း”တစ်ခုမျှ လတ်တလော မကြားရသည့်အခါ၊ ၎င်းတို့၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့အပြင် ၎င်းတို့၏ နိုးကြားထကြွသော အတွေးများသည် စတင်စီးထွက်လာလေသည်။ အလုပ်အတွက် မည်သည့်နေရာတွင် လျှောက်ရမည်၊ မည်သည့်နေရာတွင် အလုပ်လုပ်ရမည်၊ ကလေးမည်မျှရှိမည်၊ နှစ်အနည်းငယ်အတွင်းတွင် ၎င်းတို့၏ ကလေးများ မည်သည့်နေရာတွင် ကျောင်းသွားရမည်၊ မိမိတို့၏ ကောလိပ်ကျောင်းလခအတွက် မည်သို့ ပြင်ဆင်ရမည်ဆိုသည်တို့ကိုပင် လူအချို့က စဉ်းစားလျက် ပြင်ဆင်ကြပြီး၊ အိမ်တစ်အိမ်၊ မြေ သို့မဟုတ် ကားတစ်စီးကို ဝယ်ဖို့ရန်ပင် စီစဉ်ကြလေသည်။ သို့ရာတွင် “ယုံကြည်စိတ်ချရသည့် သတင်း”ကို ကြားသည်နှင့် ဤအရာများ ခဏတာ တန့်သွားသည်။ ဤသည်မှာ ရယ်စရာတစ်ခုနှင့် တူသည်မဟုတ်လော။ (တူပါသည်။) ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသော်လည်း၊ ဤအရာနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံးကို ပိုင်းဖြတ်ထားခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတွင် မှန်ကန်သော လမ်းကြောင်းဖြစ်ကြောင်း၊ ထိုအရာမှာ အဓိပ္ပာယ်အရှိဆုံးသော ဘဝဖြစ်ကြောင်း၊ ဤသို့ အသက်ရှင်ရန်မှာ တန်ဖိုးအရှိဆုံးဖြစ်ကြောင်းတို့ကို ၎င်းတို့ မပြောကြချေ။ ၎င်းတို့ကို ဘုရားသခင် မည်သို့ ဦးဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လူတို့ကို ကယ်တင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ကို ၎င်းတို့ သေချာကြပြီး၊ ထို့ကြောင့် တကယ့်အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်ကြလိမ့်မည်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး အိုဟောင်းသွားသည်အထိ၊ နေများက တည်နေရာ ပြောင်းလဲသွားသည်အထိကြာသည်ဖြစ်စေ၊ ပင်လယ်များ ခမ်းခြောက်သွားသည်အထိ၊ ကျောက်ဆောင်များ မြေမှုန့်သို့ ပြောင်းသွားသည်အထိ၊ သို့မဟုတ် ပင်လယ်များ ကုန်းမြေဖြစ်လာကာ ကုန်းမြေသည် ပင်လယ်များဖြစ်လာသည်အထိ ကြာသည်ဖြစ်စေ၊ ၎င်းတို့ စိတ်နှလုံး မပြောင်းလဲရှိနေပြီး၊ အရိုးစွဲနေသည်။ ၎င်းတို့ဘဝ၏ ကျန်ရှိသည့်အချိန်များအတွက် မိမိတို့ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ထားကြလိမ့်မည်ဖြစ်ပြီး၊ ဤဘဝနောက်တွင် နောက်ဘဝရှိလျှင် ဘုရားသခင်နောက်သို့ လိုက်ကြလိမ့်ဦးမည်ဖြစ်သည်။ သို့ရာတွင် မိမိတို့ ဘဝများ၌ အခက်အခဲများစွာရှိကြသည့် ဤလူများသည် ဤသို့ မစဉ်းစားကြချေ။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် လောလောဆယ် စောင့်ကြည့်ခြင်း ပါဝင်ပြီး၊ အသက်ရှင်သင့်သည်ဟု မိမိတို့ တွေးထင်သည့် မည်သည့်နည်းလမ်းဖြင့်မဆို မိမိတို့ဘဝများကို ၎င်းတို့ အသက်ရှင်ကြလေသည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး၊ ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်းကို လိုက်လျှောက်ကြသောကြောင့်သက်သက်ဖြင့် ၎င်းတို့ အသက်ရှင်သည့် ပုံစံများနှင့် နည်းလမ်းများကို ၎င်းတို့ ပြောင်းလဲကြလိမ့်မည် မဟုတ်၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများ၊ အစီအစဉ်များကို ပြောင်းလဲကြလိမ့်မည် မဟုတ်ပေ။ အစတွင် ၎င်းတို့၏ အစီအစဉ်များက မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သောကြောင့်သက်သက်ဖြင့် ထိုအရာများကို ၎င်းတို့ မပြောင်းလဲကြပေ။ မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ မပြောင်းလဲကြသကဲ့သို့၊ မယုံကြည်သူများ အသက်ရှင်သည့် မည်သည့်နည်းလမ်းဖြင့်မဆို အသက်ရှင်ရန် ကြိုးစားကြသည်။ သို့တိုင် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် အထူးအမှုအရာတစ်ခု ပါဝင်ပြီး၊ ယင်းမှာ ဘုရားသခင်၏ နေ့ရက် မကြာမီ ရောက်ရှိလိမ့်မည်၊ ဘုရားသခင်၏ နိုင်ငံတော် မကြာမီ တည်လိမ့်မည်ဖြစ်ပြီး၊ ကြီးမားသည့် ကပ်ဘေးများ ကျရောက်လိမ့်မည်ဟူ၍ ဖြစ်သည်။ ထိုအခါ ဘုရားသခင်ကို ယုံကြည်သူများသည် ကပ်ဘေးများကို လွတ်မြောက်နိုင်ကြသည်။ ကပ်ဘေးများထဲသို့ ၎င်းတို့ ကျရောက်ကြလိမ့်မည်မဟုတ်။ ၎င်းတို့ ကယ်တင်ခံရနိုင်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းအား ၎င်းတို့ အလွန့်အလွန် စိတ်ဝင်စားကြသည်မှာ ဤထူးခြားသော အရာကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် အာရုံစိုက်သည့်အရာမှာ အစဉ် ဤအရာတစ်ခုတည်းသာ ဖြစ်သည်။ တရားဒေသနာ မည်မျှ နားထောင်ကြသည်ဖြစ်စေ၊ သို့မဟုတ် လူတို့ မိတ်သဟာယပြုသည့် သမ္မာတရား မည်မျှ ကြားကြသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့်နည်းလမ်းသည် တစ်ကြိမ်တစ်ခါမျှ မပြောင်းလဲသကဲ့သို့၊ ထိုအရာကို ၎င်းတို့ လုံးဝ မစွန့်ကြချေ။ ၎င်းတို့ကြားသည့် တရားဒေသနာများကြောင့်ဖြစ်စေ၊ ၎င်းတို့ နားလည်သည့် သမ္မတရားများကြောင့်ဖြစ်စေ၊ ဘုရားသခင်၌ ယုံကြည်မှုအပေါ် ၎င်းတို့၏ မှားယွင်းသည့် အမြင်များကို ပြောင်းလဲခြင်း မရှိ သို့မဟုတ် လက်လွတ်ခြင်း မရှိကြချေ။ ထို့ကြောင့်၊ အပြင်လောကရှိ အခြေအနေ သို့မဟုတ် ဘုရားအိမ်တော်တွင် ပြောင်းလဲမှုအချို့ ရှိသည်ဖြစ်စေ၊ ပြောဆိုချက်အချို့ရှိသည်ဖြစ်စေ၊ ထိုအရာက ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် အပူပန်ဆုံးဖြစ်သည့် ဤအရာအပေါ် သက်ရောက်မှုတစ်ခု အမြဲ ရှိလေသည်။ ဘုရားသခင်၏ အမှုတော် မကြာခင် ပြီးစီးတော့မည်ဆိုသည်ကို ၎င်းတို့ ကြားပါက၊ ၎င်းတို့ အလွန့်အလွန် ဝမ်းသာကြသည်။ သို့ရာတွင် ဘုရားသခင်၏ အမှုတော် ပြီးစီးရန် အလွန် စောသေးသည်ကို ကြားရပြီး ၎င်းတို့ ဆက်မရှင်သန်နိုင်ပါက၊ ၎င်းတို့၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့သည် တဖြည်းဖြည်း ပို၍ ကြီးထွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အိမ်တော်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများကိုအချိန်မရွေး စွန့်ခွာရန်၊ ဘုရားအိမ်တော်နှင့် ပြတ်ပြတ်သားသား ကင်းကွာမှုတစ်ခု ပြုလုပ်ရန် စတင် ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ဆက်သွယ်ရေး အချက်အလက်များအားလုံးနှင့် ၎င်းတို့၏ မက်ဆေ့ချ်များအားလုံးကို လုံးဝ ဖျက်ပစ်ပြီး၊ ဘုရားအိမ်တော်က ၎င်းတို့ကို ပေးပို့ခဲ့သည့် ဘုရားနှုတ်ကပတ်တော် စာအုပ်များကို အသင်းတော်ထံ ပြန်ပို့ရန် အချိန်မရွေး စတင် ပြင်ဆင်ကြသူများလည်း ရှိသည်။ ၎င်းတို့က၊ “ဤဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းအား ငါ အမှန်တကယ် ဆက်လိုက်လျှောက်၍ မဖြစ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ပျော်ရွှင်သည့် ဘဝတစ်ခု အသက်ရှင်မည်၊ သားသမီးများ ရှိမည်၊ ကောင်းချီးများ ရရှိပြီး ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်မည်ကို ဆိုလိုသည်ဟု ငါ ထင်ခဲ့သည်။ ယခုတွင် ဤလှပသည့် အိမ်မက် ကြေမွပျက်စီးသွားပြီဖြစ်သောကြောင့်၊ ပျော်ရွှင်သည့် ဘဝတစ်ခုကို အသက်ရှင်ရန်၊ သားသမီးများရှိရန်နှင့် ဘဝကို မွေ့လျော်ရန် ငါ ရွေးချယ်ဦးမည်ဖြစ်သည်။ သို့တိုင် ဘုရားသခင်၌ ငါ၏ ယုံကြည်မှုကို ငါ မစွန့်နိုင်သေးပါ။ ဤဘဝတွင် အဆတစ်ရာ ရရှိပြီး၊ နောက်ဘဝတွင် ထာဝရအသက်ရရှိနိုင်မည့် အခွင့်အရေး ရှိလျှင်၊ ယင်းမှာ သာ၍ ကောင်းမည် မဟုတ်ပါလား”ဟု တွေးကြသည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်ဖြစ်သည်။ ၎င်းတို့၏ အစီအစဉ်ဖြစ်ပြီး၊ ၎င်းတို့ လုပ်ဆောင်သည့်အရာလည်း ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် မိမိတို့၏ စိတ်ကူးများအပေါ် မှီခိုသည့်သူများ၊ မိမိတို့၏ သွေးသား ဘဝများနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို အမြဲခံစားကြသူများ၏ အတွင်းကျကျ စိတ်နှလုံးများရှိ အတွေးနှင့် စီစဉ်မှု ဖြစ်ပြီး၊ ထိုအရာက ၎င်းတို့ လိုက်စားသည့်အရာနှင့် ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းတို့ကို ကိုယ်စားပြုလေသည်။ ၎င်းတို့ စိတ်အဝင်စားဆုံးသော အရာမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့ စိတ်အဝင်စားဆုံးသော အရာမှာ ဘုရားသခင်၏ နေ့ရက် ရောက်ရှိမည့်အချိန်၊ ဘုရားသခင်၏ အမှုတော် အဆုံးသတ်မည့်အချိန်၊ ကြီးမားသည့် ကပ်ဘေးများ ကျရောက်မည့်အချိန်နှင့် ကြီးမားသည့် ကပ်ဘေးများကို ၎င်းတို့ လွတ်မြောက်နိုင်လိမ့်မည်လား ဆိုသည်တို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ စိတ်အဝင်စားဆုံးသော အရာဖြစ်သည်။

မိမိတို့၏ ဇာတိပကတိ ဘဝများနှင့်ပတ်သက်၍ အမြဲ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသူများနှင့် ပတ်သက်သရွေ့၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုရှိ ၎င်းတို့၏ လိုက်စားမှုသည် “ဤဘဝတွင် အဆတစ်ရာ ရရှိပြီး၊ နောက်ဘဝတွင် ထာဝရအသက်ရရှိရန်” ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ အမှုတော် မည်မျှ တိုးတက်ပြီးဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်သူတို့သည် ကယ်တင်ခြင်း ရရှိခြင်း ရလဒ်ကို ရရှိခြင်းရှိမရှိ၊ လူမည်မျှက သမ္မာတရား ရရှိပြီးဖြစ်သည်၊ ဘုရားသခင်ကို သိရှိလာကာ ကောင်းမွန်သည့် သက်သေခံချက်ကို သက်သေခံပြီးဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ ဤအရာများက ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ၎င်းတို့ မကြားလိုကြချေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ ကြားချင်ကြသနည်း။ (ဘုရားသခင်၏ အမှုတော် မည်သည့်အချိန်တွင် အဆုံးသတ်မည်ဆိုသည်ကို ဖြစ်သည်။) ၎င်းတို့တွင် သာ၍ ကြီးမားသည့် မျှော်လင့်ချက်ရသည်မဟုတ်လော။ လူအများစုသည် အလွန် စိတ်သဘောထားသေးသိမ်ကြသည်။ မည်သည့်အရာကို ၎င်းတို့ အာရုံစိုက်သည်ကို ကြည့်လော့။ ကြီးမားသည့် အရာများအတွက်သာ ၎င်းတို့ မျှော်လင့်ကြ၏။ မြင့်မားသည့် အခြေအနေတွင် ၎င်းတို့ ရှိကြသည်တကား။ လူအများစုသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများအကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်း၊ သစ္စာရှိစွာ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်း၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်းအကြောင်းတို့ကို အစဉ်ပြောဆိုလျက် အလွန် အောက်တန်းကျကြသည်သာ ဖြစ်သည်။ ဤလူများသည် မည်သည့်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် စိတ်သဘောထား သေးသိမ်လွန်းကြ၏။ တရုတ်လူမျိုးများသည် မည်သည့်အရာကို ပြောကြသနည်း။ ၎င်းတို့ အလွန်နိမ့်ကျကြသည်။ နိမ့်ကျသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အောက်တန်းကျလွန်းခြင်း ဖြစ်သည်။ ပြီးလျှင် ဤလူများသည် မည်သည့်အရာကို အာရုံစိုက်ကြသနည်း။ ကြီးမြတ်သည့်အရာများ၊ မြင့်မားသည့် အရာများ၊ စျေးကြီးသည့်အရာများကို မျှော်လင့်ကြသည်။ စျေးကြီးသည့်အရာများကို မျှော်လင့်သူတို့သည် ဘုရားသခင်က တစ်နေ့တွင် သူနှင့်တွေ့ဆုံရန် ၎င်းတို့ကို လေထဲ ချီဆောင်လိမ့်မည်ဟု အချည်းနှီးမျှော်လင့်ဆဲဖြစ်လျက်၊ အမြဲ တရိပ်ရိပ် တိုးတက်ချင်ကြသည်။ သင်သည် ဘုရားသခင်ကို တွေ့ဆုံချင်သော်လည်း၊ ဘုရားသခင်က သင့်ကို တွေ့ဆုံလိုခြင်း ရှိမရှိဆိုသည်ကို မမေးချေ။ ဤအံ့ဩဖွယ်အရာများကိုသာ သင် ဆက်လိုချင်နေသည်။ သင်သည် ဘုရားသခင်ကို အကြိမ်အနည်းငယ်သာ တွေ့ဆုံလေပြီလော။ လူတို့သည် ဘုရားသခင်ကို မသိကြသောကြောင့်၊ သူ့ကို သင် တွေ့ဆုံသည့်အခါ၊ သူ့ကို အာခံမိနေလိမ့်ဦးမည် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤလူများ၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုနောက်ကွယ်ရှိ အကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာမှာ အမှန်တကယ်၎င်းတို့ ဘဝများရှိ အခက်အခဲများကြောင့်သာ ဖြစ်သလော။ မဟုတ်ပေ၊၎င်းတို့ဘဝများတွင် အမှန်တကယ် အခက်အခဲများ ရှိကြသောကြောင့် မဟုတ်၊ ၎င်းတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုကို ၎င်းတို့၏ ဇာတိပကတိဘဝများအပေါ် အာရုံစိုက်သောကြောင့် ဖြစ်သည်။ ၎င်းတို့ လိုက်စားမှု၏ အာရုံသည် သမ္မာတရား မဟုတ်ဘဲ၊ ထိုထက် ပျော်ရွှင်သည့် ဘဝတစ်ခုကို အသက်ရှင်ရန်၊ ကောင်းမွန်သည့် ဘဝကို မွေ့လျော်ရန်နှင့် ကောင်းမွန်သည့် အနာဂတ်ကို မွေ့လျော်ရန် ဖြစ်သည်။ ဤလူများ၏ ပြဿနာများသည် ဖြေရှင်းရန် လွယ်ကူပါသလော။ အသင်းတော်တွင် ဤကဲ့သို့သော လူများရှိသလော။ ၎င်းတို့သည် အခြားသူများအား၊ “အို၊ ဘုရားသခင်၏ နေ့ရက် မည်သည့်အချိန်တွင် ရောက်လာလိမ့်မည်နည်း။ ဘုရားသခင် အမှုတော် အဆုံးသတ်တော့မည်ဟု ပြီးခဲ့သည့် နှစ်အတော်များများတွင် ပြောထားသည် မဟုတ်ပါလား။ သို့ဆိုလျှင် အဘယ်ကြောင့် အဆုံးမသတ်သေးသနည်း” ဟု အမြဲ မေးနေကြသည်။ ဤကဲ့သို့သော လူများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခုတလေ ရှိသလော။ ၎င်းတို့ထံ စကားတစ်ခွန်း ပြောပြီး၊ “မကြာခင် အဆုံးသတ်လိမ့်မည်”ဟုသာ ပြောပြလော့။ ဤကဲ့သို့သော လူများနှင့် ပတ်သက်လာသည့်အခါ၊ ပထမဦးစွာ ၎င်းတို့ကို၊ “သင်သည် ဤအရာအကြောင်းကို အမြဲ မေးနေသည်။ အစီအစဉ်အချို့ကို သင် ပြုလုပ်ပြီးပါပြီလား။ ပြုလုပ်ပြီးဖြစ်လျှင်၊ ဤနေရာတွင် မနေချင်သည့်အခါ ဒုက္ခခံပြီး မနေပါနှင့်။ သင် အလိုရှိသည့်အတိုင်းသာ သွားပါ။ သင်၏ ကိုယ်ပိုင်ဆန္ဒများကို မဆန့်ကျင်နှင့်။ ပြီးလျှင် မိမိကိုယ်ကိုယ်အတွက် ဘဝကို ခက်ခဲအောင်မပြုလုပ်နှင့်။ ဘုရားအိမ်တော်သည် သင့်ကို ဤနေရာတွင် ထိန်းသိမ်းနေခြင်း မဟုတ်၊ ဤနေရာတွင် သင့်ကို လှောင်ပိတ်နေခြင်း မဟုတ်ပေ။ သင် အလိုရှိသည့် မည်သည့်အချိန်တွင်မဆို ထွက်သွားနိုင်သည်။ တစ်ဆင့်စကားနှင့်ပတ်သက်၍ အသစ်အဆန်း မည်သည့်အရာရှိသည်ဟု အမြဲ မေးမနေနှင့်။ တစ်ဆင့်စကားနှင့်သက်ဆိုင်သော သတင်းတစ်ခုခုနှင့်ပတ်သက်ပြီး “မကြာမီ”ဟုသည် သင့်အား ပြောခံရလိမ့်မည်။ ထိုအဖြေနှင့် ပတ်သက်၍ သင် ကျေနပ်အားရခြင်း မရှိပါက၊ သင့်စိတ်နှလုံးတွင် အစီအစဉ်များ သင် ပြုလုပ်နှင့်ပြီးဖြစ်ကာ မည်သည့်နည်းဖြင့်မဆို ထိုအစီအစဉ်များကို အနှေးနှင့်အမြန် ပြီးစီးအောင်မြင်အောင် လုပ်လိမ့်မည်ဆိုပါက၊ ကျွန်ုပ်၏အကြံကို ယူလော့။ သင်၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များကို ဖြစ်နိုင်သမျှ မြန်မြန် အသင်းတော်ထံ ပြန်ပေးလော့၊ သင်၏ ပစ္စည်းကို ထုပ်ပိုးကာ သွားလော့။ကျွန်ုပ်တို့သည် အချင်းချင်း နှုတ်ဆက်စကား ဆိုရုံမျှသာဆိုကြမည်ဖြစ်ပြီး၊ ဤအရာများနှင့် ပတ်သက်၍ တစ်ဖန် သင် စိတ်ဖိစီး၊ ပူပန်သောကရောက်ရန် သို့မဟုတ် စိုးရိမ်ရန် တစ်ကြိမ်တစ်ခါမျှ လိုအပ်မည်မဟုတ်ပေ။ အိမ်သို့ပြန်ပြီး သင်၏ ဘဝကို ရှင်သန်လော့။ သင် အဆင်ပြေဖို့ ဆန္ဒပြုပါ၏။ ပျော်ရွှင်ပြီး ရောင့်ရဲသည့် ဘဝတစ်ခုကို ပိုင်ဆိုင်ရန် သင့်ကို ကျွန်ုပ် ဆန္ဒပြုပါ၏။ အနာဂတ်တွင် အရာရာ သင့်အတွက် အလုပ်ဖြစ်ဖို့ ကျွန်ုပ် မျှော်လင့်သည်”ဟု ပြောလော့။ ဤသည်ကို သင် မည်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) အသင်းတော်ကို စွန့်ခွာရန် ၎င်းတို့ကို အကြံပေးလော့။ ၎င်းတို့ကို ထိန်းသိမ်းရန် မကြိုးစားနှင့်။ အဘယ်ကြောင့် ထိန်းသိမ်းရန် မကြိုးစားရမည်နည်း။ (၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသောကြောင့်၊ ၎င်းတို့ကို ထိန်းသိမ်းရာတွင် အဓိပ္ပာယ်မရှိပေ။) မှန်ပေ၏။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်။ မယုံကြည်သူများကို ထိန်းသိမ်းခြင်းနှင့် မနှင်ထုတ်ခြင်းတွင် မည်သည့် အဓိပ္ပာယ်ရှိမည်နည်း။ လူအချို့က၊ “သို့သော် ၎င်းတို့သည် ဆိုးယုတ်သည့်အရာ မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့သကဲ့သို့၊ မည်သည့်အရာကိုမျှ နှောင့်ယှက်ခြင်း မရှိခဲ့ပါ”ဟု ဆိုကြသည်။ တစ်ခုတလေကို ၎င်းတို့ နှောင့်ယှက်ရန် လိုအပ်သလော။ ငါ့ကို ပြောလော့၊ လူတစ်စုတွင် ဤကဲ့သို့သော တစ်စုံတစ်ဦး ရှိနေခြင်းသည် နှောင့်ယှက်မှုတစ်ခု မဟုတ်လော။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင်၊ ၎င်းတို့၏ ကိုယ်နှုတ်အမူအရာနှင့် လုပ်ရပ်တို့သည် နှောင့်ယှက်မှုတစ်ခုကို ဖြစ်စေနှင့်ပေသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ ဆက်ကပ်မှုများကို လုံးဝ ဆောင်ရွက်ခြင်းမရှိ၊ ဘုရားနှုတ်ကပတ်တော်များကို လုံးဝ ဖတ်ရှုခြင်းမရှိ၊ လုံးဝ ဆုတောင်းခြင်း မရှိ သို့မဟုတ် စုဝေးပွဲများတွင် မိတ်သဟာယပြုခြင်း မရှိကြချေ။ ၎င်းတို့သည် တစ်ဆင့်စကားနှင့်ပတ်သက်၍ အသစ်အဆန်း မည်သည့်အရာရှိသည်ဆိုသည်ကို အမြဲ မေးမြန်းလျက် မိမိတို့တာဝန်များကို ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြကြလေသည်။ ၎င်းတို့သည် ထူးထူးခြားခြားပင် စိတ်လှုပ်ရှားထိခိုက်လွယ်ပြီး၊ ပြောင်းလဲလွယ်ကြလေသည်။ စားခြင်း၊ သောက်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် မွေ့လျော်ခြင်းကိုလည်း ထူးထူးခြားခြား အာရုံစိုက်ကြပြီး၊ ပျင်းရိသည့်သူ၊ စားသောက်ရာတွင် မွေ့လျော်ကြသည့်သူ၊ အိပ်ရာတွင် မွေ့လျော်ကြသူ၊ ဗရုတ်ကျသောသူ၊ ဘုရားအိမ်တော်တွင် အရေအတွက်ကိုသာ ဖြည့်ရန် ရှိကြသူအချို့ပင် ရှိသည်။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းအား စိတ်မဝင်စားသကဲ့သို့၊ လတ်လျားလတ်လျားနေသူများသာ ဖြစ်သည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာကြသည့်အခါ၊ မိမိတို့ကိုယ်ကိုယ် အကျိုးရှိစေမည့် အမှုအရာများကိုသာ ရှာဖွေနေကြပြီး၊ အခွင့်အရေးယူကြလေသည်။ ၎င်းတို့ အခွင့်အရေး မယူနိုင်ပါက၊ မဆိုင်းမတွ ထွက်သွားကြလိမ့်မည်။ ၎င်းတို့သည် မဆိုင်းမတွ ထွက်သွားကြမည်ဆိုသည်ကို သိရသည့်အခါ၊ နောက်ကျသည်ထက် စောစော ထွက်သွားသည်မှာ ပိုကောင်းသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် အဆုံးထိပင် အစေခံမှု မပေးနိုင်ကြသကဲ့သို့၊ ၎င်းတို့၏ အစေခံမှုသည် ကောင်းကျိုးမရှိပေ။ အစေခံမှုကို ၎င်းတို့ ပေးကြသည့်အခါ၊ မှန်ကန်သည့် အရာများကို မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် မယုံကြည်သူများသာ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင်၊ ကိစ္စရပ်များကို တတိယရှုထောင့်အမြင်မှ ၎င်းတို့ မှတ်ယူကြသည်။ ဘုရားသခင်၏ အိမ်တော် ကြီးပွားသည့်အခါ၊ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်ရှိသည်၊ အကျိုးအမြတ်ရှိသည်၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှု အချည်းနှီးမဖြစ်ကြောင်း၊ ၎င်းတို့ အခွင့်အရေး ဆုံးရှုံးခြင်းမရှိကြောင်းနှင့် နိုင်သည့်ဘက်တွင် ၎င်းတို့ ရှိသည်မှာ သေချာသည်ဟု တွေးလျက် ပျော်ရွှင်ကြသည်။ သို့ရာတွင်၊ ဘုရားသခင်၏ အိမ်တော်သည် ဆိုးယုတ်သည့် အင်အားစုများ၏ ဖိနှိပ်ခြင်းခံရပါက၊ လူမှုအဖွဲ့အစည်း၏ စွန့်ပစ်ခြင်းခံရပါက၊ အသရေဖျက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံရပြီး၊ ကြောက်မက်ဖွယ်ဖြစ်သော အကျပ်အတည်းတွင်ရှိပါက၊ ၎င်းတို့သည် စိတ်မပျက်ရုံသာမက လှောင်ပြောင်ကြလေသည်။ ဤကဲ့သို့သော လူများကို အသင်းတော်ထဲတွင် ငါတို့ ထိန်းသိမ်း၍ ရသလော။ (မရပါ။) ၎င်းတို့သည် မယုံကြည်သူများနှင့် ရန်သူများ ဖြစ်ကြသည်။ ရန်သူတစ်ဦးသည် သင်၏ ဘေးတွင်ပင် ရှိသည့်တိုင် သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမအဖြစ် မှတ်ယူပါက၊ သင်သည် မိုက်မဲသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် အစေခံမှုကို လိုလိုလားလား မပေးနိုင်ပါက၊ နှင်ထုတ်ခံရသင့်သည်၊ မှန်ပါသလော။ (မှန်ပါသည်။) ဧကန်အမှန်ပင်ဖြစ်သည်။ ထိုအရာကို ချက်ချင်း၊ အကုန်အစင် လုပ်ဆောင်လော့။ ၎င်းတို့ကို အကြံပေးရန် မလိုအပ်။ ၎င်းတို့ကို ထွက်သွားရန်သာ အပြတ်အသတ် တောင်းဆိုလော့။ ၎င်းတို့ကို လေကုန်ခံပြောရန် မလိုအပ်ပေ။ ၎င်းတို့ကို အထုပ်အပိုးဖြင့် အိမ်သို့ သင် ပြန်ပို့လိုက်သင့်သည်။ အနှစ်သာရအားဖြင့်၊ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သောလူများ မဟုတ်။ အသင်းတော်ထဲသို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝင်ရောက်သည့် မယုံကြည်သူများသာ ဖြစ်သည်။ ၎င်းတို့ လာသည့်နေရာသို့သာ ၎င်းတို့ ပြန်သွားနိုင်ပြီး၊ သင်သည် ၎င်းတို့ကို ထွက်သွားဖို့သာ တောင်းဆိုနိုင်သည်။ အသင်းတော်ထဲသို့ ၎င်းတို့ ဝင်ရောက်ပြီးသည့်နောက်တွင်၊ လူအချို့သည် အမှန်တကယပင ၎င်းတို့ကိုယ်တိုင်နှင့် ညီအစ်ကို မောင်နှမများ၊ ဘုရားအိမ်တော်တို့ကြား ရှင်းလင်းပြတ်သားသည့် ခြားနားမှုကို သတ်မှတ်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ လုပ်ဆောင်ရန် လာသည့်အရာကို ၎င်းတို့ သိကြသောကြောင့်လည်းကောင်း၊ ၎င်းတို့ အမှန်တကယ် ယုံကြည်ခြင်း ရှိမရှိဆိုသည့်အပြင် ဘုရားသခင်၏ အမှုတော် အဆုံးသတ်လာမည့်အချိန်နှင့် စပ်လျဉ်း၍ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကောင်းချီးများ ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဆိုသည်ကို သိရှိကြသောကြောင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ မည်သည့်အလုပ်မျှ သို့မဟုတ် လူတို့ ဝင်ရောက်ရန် ဘုရားသခင် တောင်းဆိုသည့် မည်သည့် သမ္မာတရားမျှ ၎င်းတို့နှင့် မည်သို့မျှ လုံးဝ ပတ်သက်ခြင်းမရှိသောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအရာများကို ၎င်းတို့ အာရုံမစိုက်ကြချေ။ အသင်းတော်က ဖတ်ရှုရန် ၎င်းတို့ကို ပေးပို့သည့် ဘုရားနှုတ်ကပတ်တော် စာအုပ်များကို ၎င်းတို့ မဖတ်ကြသကဲ့သို့၊ ထုပ်ပိုးမှုအပြင်အဆင်ကို မဖွင့်ရသေးဘဲ ထိုစာအုပ်များကို အနီးအနားတွင် ဤအတိုင်း ထားလိုက်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်ကြသည်ဟုသာ ပြောကြ၏။ အပေါ်ယံအားဖြင့် အခြားသူများကဲ့သို့ ၎င်းတို့ ယုံကြည်မည့်ပုံရပြီး၊ မိမိတို့ တာဝန်များကို ထမ်းဆောင်ရန် ဟန်ဆောင်လုပ်ပြကြလေသည်။ ဘုရားနှုတ်ကပတ်တော်များကို တစ်ကြိမ်တစ်ခါမျှ မဖွင့်ဖူးကြ။ စာတစ်မျက်နှာမျှပင် မလှန်ဖူးကြ။ ထိုအရာတစ်ခုမျှ ၎င်းတို့ မဖတ်ဖူးကြပေ။ ဘုရားအိမ်တော်က အွန်လိုင်းတွင် တင်ထားသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများ၊ ဧဝံဂေလိ ရုပ်ရှင်များ သို့မဟုတ် ဓမ္မတေးသီချင်းများ၊ စသည်တို့ကိုလည်း ၎င်းတို့ လုံးဝ မကြည့်ကြချေ။ အများအားဖြင့် မည်သည့်အရာကို ၎င်းတို့ ကြည့်ရှုကြသနည်း။ အဓိပ္ပာယ်မရှိသောအရာကိုသာ ကြည့်ရှုလျက်၊ လူကြိုက်များသော ရှိုးပွဲများ၊ ဗီဒီယိုကလစ်များနှင့် ဟာသဇာတ်လမ်းများကို ကြည့်ရှုကြသည်။ ဤလူများသည် မည်သည်များဖြစ်ကြသနည်း။ ၎င်းတို့သည်၊ “ယခုတွင် ဧဝံဂေလိအလုပ်သည် နိုင်ငံမည်မျှအထိ ပျံ့နှံ့ပြီနည်း။ လူမည်မျှသည် ဘုရားသခင်ထံ လှည့်လာကြပြီနည်း။ နိုင်ငံမည်မျှတွင် အသင်းတော်များကို ယခု တည်ထောင်ပြီးပြီနည်း။ အသင်းတော်မည်မျှ ရှိသနည်း။ ဘုရားသခင်၏ အမှုတော်သည် မည်သည့်အဆင့်တွင် ရှိသနည်း”ဟူသည်တို့ကို မေးမြန်းရန် အသင်းတော်သို့ ရံဖန်ရံခါ လည်ပတ်ကြလေသည်။ ၎င်းတို့၏ အားလပ်သည့်အချိန်တွင်၊ ဤအရာများအကြောင်းကို အမြဲ မေးကြသည်။ ဤလူသည် သူလျှိုတစ်ဦးဖြစ်ကြောင်း သံသယတစ်ခု ရှိသည် မဟုတ်လော။ ငါ့ကိုပြောလော့၊ ဤကဲ့သို့သော တစ်စုံတစ်ဦးကို ထိန်းသိမ်းရန်မှာ အဆင်ပြေသလော။ (အဆင်မပြေပါ။) ၎င်းတို့သည် မိမိဆန္ဒအလျောက် အသင်းတော်ကို မစွန့်ခွာပါက၊ သင်သည် ၎င်းတို့ကို သိရှိသည်နှင့် ဖယ်ရှားပြီး၊ ဤဘေးဆိုးများမှ အသင်းတော်ကို ဖယ်ရှားရမည်။ ၎င်းတို့ကို ထိန်းသိမ်းခြင်းသည် အဓိပ္ပာယ်မဲ့ပြီး၊ ဒုက္ခဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ ဤလူများ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသည့် အရာများသည် ငါတို့နှင့် မည်သို့မျှ မပတ်သက်ပေ။ ၎င်းတို့ကို အကြံပေးရန် ဒုက္ခမခံနှင့်၊ပြီးလျှင် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုရန်မှာ အသုံးမဝင်ပေ။ ၎င်းတို့ကို ဖယ်ရှားလိုက်ပြီး ထိုအရာနှင့်ပတ်သက်၍ အပြီးသတ်လော့။ ဤကဲ့သို့သော လူများကို ကိုင်တွယ်ဖြေရှင်းရန် ဤသည်မှာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

မယုံကြည်သူများအပြင်၊ ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ “ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို သတိမရသကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း”ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ “ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။ ဤအသက်အရွယ်တွင်၊ မည်သည့်အရာမျှ အရေးမကြီးတော့ပါ။ ဘုရားသခင်ကို ယခု ငါ ယုံကြည်သည့်အတွက်၊ ငါ့မှာ နောက်ထပ် စိုးရိမ်မှုများမရှိတော့ပါ၊ စိတ်သောကရောက်စရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ ငါ၏ သားသမီးများ အရွယ်ရောက်ပြီး သူတို့ကို စောင့်ရှောက်ဖို့ သို့မဟုတ် ပြုစုပျိုးထောင်ဖို့ ငါ့ကို မလိုအပ်ကြတော့ပါ။ ဘဝတွင် ငါ၏ အကြီးမားဆုံးသော ဆန္ဒမှာ သမ္မာတရားကို လိုက်စားရန်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန်နှင့် နောက်ဆုံးတွင် ငါ့တွင် ကျန်ရှိသည့် နှစ်ကာလများ၌ ကယ်တင်ခြင်း ရရှိရန်ဖြစ်သည်။ သို့ရာတွင် ငါ၏ တကယ့် အခြေအနေဖြစ်သည့် အသက်အရွယ်ကြောင့် အမြင်ဝေဝါးပြီး၊ စိတ်ရှုပ်ထွေးခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်း၊ မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ခြင်းနှင့် တစ်ခါတရံ ငါ တတ်နိုင်သမျှ လုပ်ဆောင်ရန် ကြိုးစားချိန်တွင် ပြဿနာများ ဖန်တီးနေမိခြင်းတို့ကို ယခု ကြည့်သည့်အခါ၊ ကယ်တင်ခြင်း ရရှိခြင်းသည် ငါ့အတွက် လွယ်ကူမည်မဟုတ်သည့်ပုံ ပေါ်ပေသည်”ဟု တွေးလျက် စတင်စိုးရိမ်သောကရောက်ကြလေသည်။ ဤအရာများကို ၎င်းတို့ အဖန်ဖန် တွေးကြပြီး၊ တိုး၍ ပူပန်သောကရောက်ကြပြီးနောက်၊ “လူငယ်များထံသို့သာ ကောင်းသည့်အရာများ ဖြစ်ပျက်ပြီး အိုမင်းသော လူများထံသို့ မဖြစ်ပျက်သည့်အလား ထင်ရသည်။ အမှုအရာများက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ထိုအရာများကို ငါ မွေ့လျော်နိုင်တော့မည် မဟုတ်သည့်အလား ထင်ရသည်”ဟု တွေးကြလေသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားလေလေ၊ ၎င်းတို့ စိုးရိမ်သောကရောက်ပြီး ကြောင့်ကြလေလေဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စိုးရိမ်ကြရုံမက၊ နာကျင်မှုကိုလည်းခံစားကြရလေသည်။ ၎င်းတို့ ငိုကြွေးလျှင်၊ အမှန်တကယ်တွင် ငိုကြွေးဖို့မထိုက်တန်ဟု ခံစားကြပြီး၊ မငိုကြွေးပါကလည်း၊ ထိုဝေဒနာ၊ ထိုနာကျင်မှုသည် ၎င်းတို့နှင့်အတူ အမြဲရှိလေသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ အထူးသဖြင့်၊ မိမိတို့ အချိန်ရှိသမျှကို ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရင်းနှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ကုန်ဆုံးချင်ကြသည့် သက်ကြီးရွယ်အိုအချို့ ရှိကြသော်လည်း၊ ၎င်းတို့သည် ရုပ်ပိုင်းအရ မကျန်းမာကြပေ။ အချို့မှာသွေးတိုးရှိပြီး တချို့မှာ သွေးထဲ သကြားဓာတ် မြင့်မားကြသည်၊ တချို့မှာ အစာအိမ်ပြဿနာများ ရှိကြပြီး၊ ၎င်းတို့၏ ကာယခွန်အားက ၎င်းတို့တာဝန်၏ တောင်းဆိုချက်များကို အမီမလိုက်နိုင်သောကြောင့် ၎င်းတို့ စိုးရိမ်သောကရောက်ကြလေသည်။ ငယ်ရွယ်သောလူများက စားနိုင်၊ သောက်နိုင်သည်ကို၊ ပြေးနိုင်၊ ခုန်နိုင်သည်ကို ၎င်းတို့ မြင်ကြပြီး၊ အားကျကြလေသည်။ ငယ်ရွယ်သောလူများက ထိုသို့သော အရာများ လုပ်ဆောင်သည်ကို ၎င်းတို့ မြင်လေ၊ “ငါ့တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားကာ နားလည်ချင်သည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်ချင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ ငါ အလွန် အိုမင်းပြီး အသုံးမကျပါ။ ဘုရားသခင်သည် အိုမင်းသော လူများကို အလိုမရှိပါသလား။ အိုမင်းသော လူများသည် အမှန်တကယ် အသုံးမဝင်ပါသလား။ ငါတို့သည် ကယ်တင်ခြင်းကို မရနိုင်ပါသလား”ဟု တွေးလျက်၊ သာ၍ စိတ်ဖိစီးမှု ခံစားကြလေသည်။ ၎င်းတို့သည် ထိုအကြောင်းကို မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဝမ်းနည်းပြီး ပျော်ရွှင်ချမ်းမြေ့ခြင်း မခံစားနိုင်ကြပေ။ ထိုသို့သော အံ့ဩဖွယ် အချိန်ကာလတစ်ခုနှင့် ထိုသို့သော ကြီးမြတ်သည့် အခွင့်အရေးတစ်ခုကို ၎င်းတို့ မလွဲချော်ချင်ကြသည့်တိုင်၊ ငယ်ရွယ်သည့်လူများ လုပ်ဆောင်သကဲ့သို့ မိမိတို့ကိုယ်ကိုယ် အသုံးမခံနိုင်ကြသကဲ့သို့ မိမိတို့တာဝန်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ် အကြွင်းမဲ့ဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသက်ကြီးရွယ်အိုများသည် ၎င်းတို့၏ အသက်အရွယ်ကြောင့်၊ နက်ရှိုင်းသည့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းကြသည်။ အခက်အခဲ၊အနှောင့်အယှက်၊ ဆင်းရဲဒုက္ခ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ကြုံရသည့်အချိန်တိုင်းတွင်၊ မိမိတို့၏ အသက်အရွယ်ကို ၎င်းတို့ အပြစ်တင်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် မုန်းတီးကာ မိမိတို့ကိုယ်ကိုယ် သဘောမကျကြပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အကြောင်းမထူး၊ ဖြေရှင်းချက် မရှိသကဲ့သို့ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ ၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သည်မဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ စိတ်ရှုပ်ထွေးကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။ ကွာခြားမှုမရှိဟု ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ တစ်စုံတစ်ဦးသည် အိုမင်းသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင်ဖြစ်သည်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ တူညီပြီး၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့်ရပ်တည်ချက်တို့သည် အတူတူပင်ဖြစ်သည်။ ထို့ကြောင့်၊ သက်ကြီးရွယ်အိုများက ငယ်ရွယ်သည့် လူများထက် သာ၍ နည်းပါးသည့် လွန်ကဲသော စိတ်ဆန္ဒများဖြင့် ၎င်းတို့ အိုမင်းကြပြီး တည်ငြိမ်နိုင်ကြသောကြောင့်၊ ၎င်းတို့တွင် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များ၊ စိတ်ဆန္ဒများ မရှိကြောင်းနှင့် သာ၍ နည်းပါးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြောင်း မတွေးရပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ငယ်ရွယ်သည့် လူများသည် ရာထူးအတွက် သူတပါးကို ချနင်းနိုင်ကြသည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည် ရာထူးအတွက် သူတပါးကို မချနင်းနိုင်ကြသလော။ ငယ်ရွယ်သည့်လူများသည် စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာများ လုပ်ဆောင်နိုင်ပြီး ထင်ရာမြင်ရာ ပြုမူနိုင်သည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း အလားတူ မလုပ်ဆောင်နိုင်ကြသလော။ (လုပ်ဆောင်နိုင်ကြပါသည်။) ငယ်ရွယ်သည့်လူများသည် မာနထောင်လွှားနိုင်သည်၊ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း မာနထောင်လွှားနိုင်ခြင်း မရှိကြသလော။ သို့ရာတွင်၊ သက်ကြီးရွယ်အိုများ မာနထောင်လွှားကြသည့်အခါ၊ ၎င်းတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့်၊ သိပ်ရန်မူတတ်ခြင်း မရှိကြသကဲ့သို့၊ ထိုမျှ သဘောထားမြင့်မြတ်သော မာနထောင်လွှားမှု မဟုတ်ချေ။ ငယ်ရွယ်သော လူများသည် ၎င်းတို့၏ ကွေးနိုင်ဆန့်နိုင်သော ခြေလက်များနှင့် စိတ်များကြောင့် သာ၍ သိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များကို ပြကြစဉ်တွင်၊ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ မာတောင့်သည့် ခြေလက်များနှင့် တင်းမာသော စိတ်များကြောင့် သာ၍ မသိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များ ပြကြလေသည်။ သို့ရာတွင် ၎င်းတို့၏ မာနထောင်လွှားမှု အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူပင်ဖြစ်သည်။ သက်ကြီးရွယ်အိုတစ်ဦးသည် ဘုရားသခင်ကို အချိန်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့တာဝန်ကို နှစ်ပေါင်းမည်မျှ ထမ်းဆောင်ပြီးသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရား လိုက်စားမှုတွင် မရှိပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ တစ်ကိုယ်တည်းနေထိုင်သည့် အချို့သော သက်ကြီးရွယ်အိုများသည် မိမိတို့ဘာသာ နေထိုင်နေကျဖြစ်ပြီး၊ မိမိတို့ နည်းလမ်းများကို ပြောင်းလဲလိုခြင်း မရှိကြချေ။ စားခြင်း၊ အိပ်ခြင်းနှင့် အနားယူခြင်းတို့အတွက် အချိန်များနှင့် မိမိတို့ကိုယ်ပိုင် အစီအစဉ်များကို သတ်မှတ်ပြီးဖြစ်ကာ မိမိတို့ ဘဝများထဲက အမှုအရာများ၏ စနစ်ကျမှုကို နှောင့်ယှက်ရန် လိုလားခြင်း မရှိကြချေ။ ဤသက်ကြီးရွယ်အိုများသည် အပြင်ပန်းမှ အံ့ဩလောက်စရာလူများကဲ့သို့ ထင်ရသော်လည်း၊ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိဆဲဖြစ်ပြီး၊ ၎င်းတို့နှင့် အချိန်ကြာမြင့်စွာ ပေါင်းသင်းဆက်ဆံပြီးနောက်တွင် ဤအရာကို သင် သိရှိလာပေသည်။ အချို့သော သက်ကြီးရွယ်အိုများသည် အလွန့်အလွန် ပြောင်းလဲလွယ်ပြီး မာနထောင်လွှားကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့ စားလိုသည့်အရာကို လုံးဝ ရှိရမည်ဖြစ်ပြီး၊ အားလပ်ချိန်အတွက် ၎င်းတို့ တစ်နေရာရာသို့ သွားလိုသည့်အခါ မည်သူမျှ မတားဆီးနိုင်ပေ။ တစ်စုံရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ အာရုံစိုက်သည့်အခါ၊ ရိုင်းစိုင်းသည့် မြင်းလားများက ၎င်းတို့ကို တရွတ်တိုက်ဆွဲခေါ်သွား၍ မရနိုင်ပေ။ ၎င်းတို့ကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့၊ ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် ပြောင်းလဲလွယ်ကြလေသည်။ ထိုသို့သော ခေါင်းမာသည့် သက်ကြီးရွယ်အိုများသည် ထိန်းရကျောင်းရခက်သော လူငယ်များထက် သာ၍ပင် ဒုက္ခပေးတတ်သည်။ ထို့ကြောင့်၊ လူအချို့က၊ “သက်ကြီးရွယ်အိုများသည် ငယ်ရွယ်သည့်လူများလောက် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်း မရှိကြချေ။ သက်ကြီးရွယ်အိုများသည် သာ၍ ရှေးရိုးဆန်ပြီး၊ မပွင့်လင်းသည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းအသက်ရှင်ကြပြီး၊ ထို့ကြောင့် ဤသက်ကြီးရွယ်အို မျိုးဆက်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်း မရှိကြ”ဟု ပြောသည့်အခါ၊ ဤအဆိုသည် မှန်ကန်ပါသလော။ (မမှန်ကန်ပါ။) ဤသည်မှာ ၎င်းတို့ ကိုယ်တိုင်အတွက် ကတ်သီးကတ်ဖဲ့ပြောခြင်း ဖြစ်သည်။ ငယ်ရွယ်သည့်လူများသည် အခြားသူများနှင့် အလုပ်မလုပ်ချင်ကြသကဲ့သို့ သက်ကြီးရွယ်အိုများသည် အလားတူပင် ဖြစ်နိုင်သည် မဟုတ်လော။ (ဖြစ်နိုင်ပါသည်။) သက်ကြီးရွယ်အိုအချို့က၊ “ကျွန်ုပ်သည် နှစ်ကာလများအနေဖြင့် ကြီးရင့်သည်။ သင် အသက်မည်မျှ ရှိသနည်း။ အသက်ကြီးသူသည် ကျွန်ုပ်လား၊ သို့မဟုတ် သင်လား။ ဤအရာကို သင်ကြားလိုမည်မဟုတ်။ သို့သော် ဤအဆောက်အဦး ဝန်းကျင်တွင် ကျွန်ုပ် ရှိနေခဲ့သည်မှာ အလွန်ကြာမြှင့်ခဲ့ပြီ ဖြစ်ပြီး ကျွန်ုပ်ပြောသည်ကို သင် နားထောင်ရမည်။ ကျွန်ုပ် အတွေ့အကြုံရှိပြီး နှံ့စပ်သည်။ အသင် ငယ်ရွယ်သည့် ကလေးများသည် မည်သည့်အရာ နားလည်ကြသနည်း။ သင် မမွေးမီကပင် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နေခဲ့သည်”ဟု ဆိုလျက်၊ မိမိတို့၏ အိုမင်းသည့် အရွယ်ကို အမြဲ ကြွားလုံးထုတ်ရင်းနှင့် မိမိတို့၏ ဝါရင့်သမ္ဘာရင့် နှစ်ကာလများအပေါ် ဂုဏ်ယူရင်း ငယ်ရွယ်သည့် လူများထက်ပင် သာ၍ ပြင်းထန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြလေသည်။ ဤသည်မှာ သာ၍ ဒုက္ခပေးတတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် “အသက်ကြီးသူ”ဟူသည့် ဂုဏ်ပုဒ်ရှိသည်နှင့်၊ အသက်ကြီးသောလူများသည် သာ၍ ဒုက္ခပေးတတ်ကြလေသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် အဓိပ္ပာယ်မရှိသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် နှစ်ကာလများတွင်နောက်ကျနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။ တစ်စုံတစ်ဦးသည် အသက် ၇၀ အရွယ်ခန့်တွင်ရှိသော်လည်း၊ သမ္မာတရားကို နားမလည်နိုင်ပါက၊ ဤအရာက ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပြီး၊ အလုပ်နှင့် မကိုက်ကြောင်းကို ပြပေသည်။ ထို့ကြောင့် အသက်အရွယ်သည် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ ဆက်စပ်မှုမရှိသကဲ့သို့၊ ထို့အပြင်၊ အသက်အရွယ်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် ပတ်သက်လာသည့်အခါတွင်လည်း ဆက်စပ်မှုမရှိပေ။ စာတန်သည် နှစ်ထောင်သောင်းချီ၊ နှစ်သန်းရာချီ တည်ရှိပြီးဖြစ်ကာ စာတန်ဖြစ်နေဆဲဖြစ်သည့်တိုင် “စာတန်” ဟူသော စကားလုံး၏ ရှေ့တွင် အထူးပြုသော နာမဝိသေသနတစ်ခုကို ဖြည့်ရဦးမည်ဖြစ်ပြီး၊ ယင်းမှာ နောက်ပိတ်ဆုံး အဆင့်ထိ ဆိုးယုတ်သည်ဟု အဓိပ္ပာယ်ရသည့် “ရှေးဟောင်းစာတန်”ဟူ၍ ဖြစ်သည်၊ မှန်ပါသလော။ (မှန်ပါသည်။) ဤသို့ဆိုလျှင် သက်ကြီးရွယ်အိုများသည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်ကြသနည်း။ ရှုထောင့်တစ်ခုမှာ သင်သည် ငယ်ရွယ်သည့်လူများကဲ့သို့ အလားတူ တွေးခေါ်မှုအလေ့အထ ရှိသင့်သည်၊ သမ္မာတရားကို လိုက်စားပြီး မိမိကိုယ်ကိုယ် သိရှိသင့်သည်။ ပြီးလျှင် သင့်ကိုယ်သင် သိရှိလာသည်နှင့်၊ နောင်တရသင့်ပေသည်။ နောက်ထပ် ရှုထောင့်တစ်ခုမှာ သင့်အနေဖြင့် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် စည်းမျဉ်းများ ရှာဖွေသင့်ပြီး၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်သင့်သည်။ သင်သည် အိုမင်းကြောင်း၊ နှစ်ကာလများအားဖြင့် ကြီးရင့်ကြောင့်၊ ငယ်ရွယ်သည့်လူများရှိသော နိုးကြားထကြွသည့် အတွေးများ မရှိကြောင်း၊ ငယ်ရွယ်သည့်လူများတွင်ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိကြောင်း၊ ဤဘဝတွင် အရာရာကို သင် တွေ့ကြုံပြီးဖြစ်ကြောင်း၊ ထိုအရာအားလုံးထဲသို့ ထိုးထွင်းသိမြင်မှု ရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သင့်ထံတွင် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များ သို့မဟုတ် စိတ်ဆန္ဒများမရှိကြောင်းဆိုလျက်၊ မိမိကိုယ်ကိုယ် သမ္မာတရားလိုက်စားခြင်းမှ မဖယ်ရှားသင့်ပေ။ ဤအရာကို ပြောဆိုခြင်းအားဖြင့် သင် အမှန်တကယ် ဆိုလိုသည့်အရာမှာ၊ “ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ထိုမျှ မဆိုးရွားပါ၊ ထို့ကြောင့် သမ္မာတရားလိုက်စားခြင်းသည် သင်တို့ ငယ်ရွယ်သည့်လူများအတွက် ဖြစ်သည်။ ကျွန်ုပ်တို့ အိုမင်းသော လူများနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ ကျွန်ုပ်တို့ အိုမင်းသည့် လူများသည် မည်သည့်အလုပ်ကိုမဆိုကိုသာ လုပ်ဆောင်ကြပြီး၊ ဘုရားအိမ်တော်တွင် ကျွန်ုပ်တို့ တတ်နိုင်သည့် မည်သည့်အားထုတ်မှုကိုမဆို ထုတ်သုံးကြပြီးနောက် ကျွန်ုပ်တို့တာဝန်ကို ကောင်းစွာ လုပ်ဆောင်ပြီးဖြစ်ကာ ကယ်တင်ခံရလိမ့်မည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အန္တိခရစ် စိတ်သဘောထားများနှင့် အန္တိခရစ် အနှစ်သာရများကို ဘုရားသခင် ထုတ်ဖော်ပြခြင်းအတွက်မူ၊ ယင်းမှာ သင်တို့ ငယ်ရွယ်သည့်လူများ နားလည်သင့်သည့်အရာ ဖြစ်သည်။ ထိုအရာကို သင်တို့ သေချာစွာ နားထောင်နိုင်ပြီး၊ သင်တို့အား ကျွန်ုပ်တို့က ကောင်းစွာ ဧည့်ခံကာ သင်တို့ကို ဘေးကင်းလုံခြုံစေရန် ပတ်ဝန်းကျင်များကို စောင့်ကြည့်ပေးခြင်းတို့သည် လုံလောက်ပေသည်။ ကျွန်ုပ်တို့ အိုမင်းသည့် လူများတွင် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များ မရှိပါ။ ကျွန်ုပ်တို့သည် အိုမင်းလာနေသည်၊ ငါတို့ ဦးနှောက်များက တုံ့ပြန်မှု နှေးကွေးပြီး၊ ထို့ကြောင့် ငါတို့၏ တုံ့ပြန်မှုအားလုံး အပြုသဘောဆောင်ခြင်း ဖြစ်သည်။ ငါတို့ မသေမီတွင်၊ ကြင်နာသနားစိတ် ရှိလာကြသည်။ လူတို့ အိုမင်းသွားကြသည့်အခါ၊လိမ္မာလာကြသောကြောင့် ကျွန်ုပ်တို့သည် လိမ္မာသော လူများဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့ အမှန်တကယ် ဆိုလိုသည့်အရာမှာ ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှ မရှိဟူ၍ ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် သမ္မာတရား လိုက်စားရန် မလိုအပ်ကြောင်း၊ သို့မဟုတ် သမ္မာတရား လိုက်စားခြင်းသည် သင်တို့၏ အသက်အရွယ်အပေါ် မူတည်၍ ကွဲပြားခြားနားသည်ဟု မည်သည့်အချိန်တွင် ငါတို့ ဆိုဖူးကြသနည်း။ ဤသည်ကို ငါတို့ ဆိုဖူးကြသလော။ မဆိုဖူးကြပေ။ ဘုရားအိမ်တော်တွင်၊ ပြီးလျှင် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါတွင်၊ သက်ကြီးရွယ်အိုများသည် အထူးအုပ်စုတစ်ခု ဖြစ်ကြသလော။ မဟုတ်ကြပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သင့်ဖောက်ပြန်ပျက်စီးခြင်း၏ နက်ရှိုင်းမှု၊ သမ္မာတရား လိုက်စားရန် သင် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ၊ ကယ်တင်ခြင်းကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် သင် ကယ်တင်ခံရဖို့ ဖြစ်နိုင်ခြေအဘယ်သို့ရှိသည်ဆိုသည်တို့နှင့် ပတ်သက်လာသည့်အခါတွင်ကဲ့သို့ပင်၊ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ အသက်အရွယ်သည် ဆက်စပ်မှုမရှိပေ။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သမ္မာတရားနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ငါတို့ မိတ်သဟာယပြုကြပြီးဖြစ်သော်လည်း၊ လူတို့၏ မတူကွဲပြားသော အသက်အရွယ်အများအတိုင်း မတူကွဲပြားသော သမ္မာတရား အမျိုးအစားများကို ငါတို့ လုံးဝ မိတ်သဟာယမပြုကြဖူးပေ။ ငယ်ရွယ်သည့် လူများအတွက်ဖြစ်စေ၊ သက်ကြီးရွယ်အိုများအတွက်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါတွင်မျှ အထူးသီးသန့် မိတ်သဟာယမပြုဖူးသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ထုတ်ဖော်ပြခြင်မရှိဖူးပေ။ ၎င်းတို့သည် အိုမင်းသည့် အရွယ်၊ တင်းမာသော အတွေးနှင့် အသစ်သောအရာများကို လက်ခံနိုင်စွမ်းမရှိခြင်းတို့ကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အလိုအလျောက် ရပ်တန့်ကာ ပြောင်းလဲသွားသည်ဟုလည်း ပြောဆိုထားခြင်း မရှိလေပြီ။ ဤအရာများကို မည်သည့်အခါတွင်မျှ မပြောဆိုဖူးပေ။ လူတို့၏ အသက်အရွယ်အရနှင့် သက်ကြီးရွယ်အိုများကို ထည့်မတွက်ဘဲ ချန်ထားလျက် သမ္မာတရားတစ်ခုကိုမျှ သတ်သတ်မှတ်မှတ် မိတ်သဟာယ မပြုဖူးပေ။ သက်ကြီးရွယ်အိုများသည် အသင်းတော်တွင်၊ ဘုရားအိမ်တော်တွင် သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်တွင် အထူးအုပ်စုတစ်စု မဟုတ်ဘဲ၊ ထိုထက် အခြား မည်သည့်အသက်အရွယ်အုပ်စုမဆိုနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်၍ ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိ။ ၎င်းတို့အနေဖြင့် အခြားသူများထက် အနည်းငယ်ပို၍ ကြာရှည်စွာ အသက်ရှင်နေထိုင်ပြီးဖြစ်ခြင်း၊ အခြားသူများထက် နှစ်အနည်းငယ် စောစွာ ဤလောကထဲသို့ ရောက်ရှိခဲ့ခြင်း၊ ၎င်းတို့၏ ဆံပင်များက အခြားသူများထက် အနည်းငယ် သာ၍ ဖြူခြင်းနှင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် အခြားသူများထက် အနည်းငယ် စောစီးစွာ အိုမင်းသွားခြင်းသာ ဖြစ်သည်။ ဤအရာများအပြင် မည်သည့် ကွာခြားမှုမျှ မရှိပေ။ ထို့ကြောင့်၊ သက်ကြီးရွယ်အိုများက၊ “ငါသည် အိုမင်းသည်၊ ထို့ကြောင့် ငါသည် ကောင်းမွန်စွာ ပြုမူသောလူတစ်ဦးဖြစ်သည်ဟုလည်းကောင်း၊ ငါ့ထံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှဟုလည်းကောင်း၊ ငါ့ထံတွင် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်သာ ရှိသည်ဟုလည်းကောင်း ဆိုလိုသည်”ဟု အမြဲတွေးပါက၊ ဤသည်မှာ မှားယွင်းသော သိနားလည်မှုတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အတော်အတန် အရှက်မဲ့သည် မဟုတ်လော။ အချို့သော သက်ကြီးရွယ်အိုများသည် နောက်ဆုံးပိတ်အထိ ဉာဏ်များလျက် ကောက်ကျစ်အိုမင်းသည့် လူလိမ်လူညစ်များ ဖြစ်ကြသည်။ အမှန်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ပွင့်အံထွက်မှုများသည် အခြားလူများထက် မလျော့နည်းချိန်တွင်၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ မရှိကြောင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဟောင်းနွမ်းစုတ်ပြတ်သွားပြီးဖြစ်ကြောင်းကိုပင် ပြောဆိုကြသည်။ လက်တွေ့တွင် ဤသက်ကြီးရွယ်အိုမျိုး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူ့သဘာဝ အရည်အသွေးတို့ကို ငါတို့ ဖော်ပြနိုင်သည့် နည်းလမ်းများစွာ ရှိသည်။ ဥပမာအားဖြင့်၊ “ကောက်ကျစ်အိုမင်းသည် လူလိမ်လူညစ်များ”နှင့် “ရင့်သော ဂျင်းက အစပ်ဆုံး၊ အတွေ့အကြုံက ငယ်ရွယ်မှုကို အနိုင်ယူသည်”ဟူသော ဤနှစ်ခုလုံးက “အိုမင်းသော (ရင့်သော)”ဟူသည့် စကားကို သုံးသည်၊ မှန်ပါသလော။ (မှန်ပါသည်။) “အိုမင်းသော”ဟူသည့် စကားလုံးကို သုံးသည့် အခြား မည်သည့်ဖော်ပြချက်များ ရှိသနည်း။ (အိုမင်းသော အကြံသမားများဖြစ်ပါသည်။) ဟုတ်ပေ၏၊ ထိုအရာ “အိုမင်းသော အကြံသမားများ”သည် ကောင်းသည့် ဖော်ပြချက်တစ်ခုဖြစ်သည်။ သင် မြင်သလော၊ ထိုအရာအားလုံးက “အိုမင်းသော”ဟူသည့် စကားလုံး သုံးသည်။ ထို့နောက် “စာတန်အို” နှင့် “နတ်ဆိုးအိုများ”၊ စံပြုလောက်သည့် ဝါရင့်များ ရှိသည်။ သက်ကြီးရွယ်အို အုပ်စုတစ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အခါ လူတို့သည် မည်သည့်အရာကို ယုံကြည်ကြသနည်း။ ၎င်းတို့က၊ “ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး ဟောင်းနွမ်းစုတ်ပြတ်သွားပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ငယ်ရွယ်သော လူများအတွက် ပြဿနာတစ်ခု ဖြစ်သည်။ သင်တို့သည် ကျွန်ုပ်တို့ထက် သာ၍ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်”ဟု ယုံကြည်ကြသည်။ ဤသည်မှာ တမင်လိုရာဆွဲပြီး မမှန်မကန်ပြောခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မိမိကိုယ်ကို ကောင်းသည့်ပုံစံတစ်ခုဖြင့် ခြယ်မှုန်းပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ချင်ကြသော်လည်း အမှန်တွင် ဤသည်မှာ မမှန်သကဲ့သို့ အမှုအရာများသည် ထိုသို့မဟုတ်ပေ။ “နတ်ဆိုးအိုများ”၊ “စာတန်အို”၊ “အိုမင်းသော အကြံသမားများ”၊ “ကောက်ကျစ်အိုမင်းသော လူလိမ်လူညစ်များ” နှင့် “မိမိ၏ အိုမင်းသော အသက်အရွယ်ကို ကြွားလုံးထုတ်ခြင်း”ဆိုသည့် “အိုမင်းသော”ဟူသည့် စကားကို အသုံးပြုသော ဤဖော်ပြချက်များသည် ကောင်းသည့်အရာများ မဟုတ်သကဲ့သို့ အပြုသဘောဆောင်သည့်အရာများ မဟုတ်ပေ။

သက်ကြီးရွယ်အိုများအား သတိပေးချက်တစ်ခု ပေးရန်၊ ၎င်းတို့ကို အကြံပေးပြီး လမ်းပြရန်နှင့် ငယ်ရွယ်သော လူတို့အားလည်း ကာကွယ်ဆေးထိုးပေးရန် ဤအရာနှင့်ပတ်သက်၍ ငါတို့ ယခု မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ ဤအရာများကို ပြောခြင်း၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် မည်သည့်ပြဿနာကို ဖြေရှင်းရန် ဖြစ်သနည်း။ဤသက်ကြီးရွယ်အိုများ၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ဖြေရှင်းရန်နှင့် ဤစိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို မလိုလားအပ်သကဲ့သို့ မလိုအပ်ကြောင်း ၎င်းတို့ နားလည်သည်ကို သေချာစေရန် ဖြစ်သည်။ တာဝန်တစ်ခုကို သင် ထမ်းဆောင်ရန် ဆန္ဒရှိပြီး သင်သည် တာဝန်တစ်ခု ထမ်းဆောင်ရန် သင့်တော်ပါက၊ ဘုရားအိမ်တော်က သင့်ကို ငြင်းလိမ့်မည်လော။ (ငြင်းမည်မဟုတ်ပါ။) ဘုရားအိမ်တော်က တာဝန်တစ်ခုထမ်းဆောင်ရန် သင့်ကို အခွင့်အရေးတစ်ခု သေချာပေါက် ပေးလိမ့်မည်။ “သင်သည် အိုမင်းသောကြောင့် တာဝန်ထမ်းဆောင်၍မရပါ။ ထွက်သွားပါ။ သင့်ကို ငါတို့ အခွင့်အရေးပေးမည် မဟုတ်ပါ”ဟု လုံးဝ ပြောလိမ့်မည် မဟုတ်။ ထိုသို့မဟုတ်၊ ဘုရားအိမ်တော်သည် လူအားလုံးကို မျှမျှတတ ဆက်ဆံသည်။ သင်သည် တာဝန်တစ်ခု ထမ်းဆောင်ခြင်းအတွက် သင့်တော်ပြီး၊ ကွယ်ဝှက်ထားသည့် အန္တရာယ်တစ်ခုခု မရှိသရွေ့၊ ဘုရားအိမ်တော်က သင့်ကို အခွင့်အရေးတစ်ခု ပေးလိမ့်မည်ဖြစ်ပြီး၊ သင် တတ်နိုင်သမျှ တာဝန်တစ်ခုကို ထမ်းဆောင်ရန် ခွင့်ပြုလိမ့်မည်။ ထို့အပြင်၊ သင်သည် သင့်ကိုယ်သင် သိမြင်မှုရှိပြီး သမ္မာတရားလိုက်စားရန် ဆန္ဒရှိပါက၊ တစ်ဦးတလေက သင့်ကို လှောင်ပြောင်ပြီး၊ “သင်ကဲ့သို့သော လူအိုတစ်ယောက်သည် သမ္မာတရားကို လိုက်စားရန် အရည်အချင်း ပြည့်မီပါသလား”ဟု ပြောလိမ့်မည်လော။ သင့်ကို တစ်ဦးတလေက လှောင်ပြောင်လိမ့်မည်လော။ (လှောင်ပြောင်လိမ့်မည် မဟုတ်။) တစ်ဦးတလေက၊ “သင်သည် အိုမင်းပြီး စိတ်ရှုပ်ထွေးသည်။ သမ္မာတရားကို သင် လိုက်စားရာတွင် မည်သည့် အဓိပ္ပာယ်ရှိပါသနည်း။ သင့်လောက် အိုမင်းသော တစ်စုံတစ်ဦးကို ဘုရားသခင်က ကယ်တင်မည် မဟုတ်ပါ”ဟု ပြောလိမ့်မည်လော။ (ပြောလိမ့်မည် မဟုတ်ပါ။) ပြောမည်မဟုတ်။ လူတိုင်းသည် သမ္မာတရားရှေ့တွင် တန်းတူညီမျှဖြစ်ပြီး လူတိုင်း မျှတစွာ ဆက်ဆံခံရသည်။ သင်က သမ္မာတရားကို လိုက်စားမည်မဟုတ်ခြင်းနှင့် “ငါသည် အိုမင်းပြီး မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်နိုင်ခြင်း မရှိပါ”ဟု အမြဲတွေးလျက်၊ မိမိအသက်အရွယ်ကို အမြဲ ဆင်ခြေပေးတတ်သူ ဖြစ်လာခြင်းသာ ဖြစ်သည်။ အမှန်တွင်၊ သင့် အစွမ်းအစသင့်သလောက် ထမ်းဆောင်နိုင်သည့် တာဝန်များစွာရှိသည်။ မည်သည့်တာဝန်ကိုမျှ သင် မထမ်းဆောင်သကဲ့သို့၊ ထိုအစား အခြားသူများကို ဩဝါဒပေးချင်လျက် သင်၏ အိုမင်းသော အသက်အရွယ်ကို ကြွားလုံးထုတ်ပါက၊ သင့်ကို မည်သူ နားထောင်ချင်မည်နည်း။ မည်သူမျှ နားထောင်ချင်မည် မဟုတ်။ သင်က၊ “အို၊ အသင် ငယ်ရွယ်သောလူများသည် အမှုအရာများကို နားကိုမလည်ကြပါ”၊ “အို၊ အသင် ငယ်ရွယ်သော လူများသည် တစ်ကိုယ်ကောင်းသာ ဆန်ကြသည်”၊ “အို အသင် ငယ်ရွယ်သော လူများသည် မာနထောင်လွှားခြင်းသာ ဖြစ်ကြသည်” ဆိုသည်နှင့် “အို၊ အသင် ငယ်ရွယ်သောလူများသည် ပျင်းရိရုံသာရှိကြသည်။ ကျွန်ုပ်တို့ အိုမင်းသောလူများသည် အလုပ်ကြိုးစားကြပြီး၊ ကျွန်ုပ် ခေတ်တွင် ကျွန်ုပ်တို့သည် ထိုထိုသောအရာ ဖြစ်ခဲ့သည်”ဟု အမြဲပြောလေသည်။ ထိုသို့သော အရာများကို ပြောဆိုခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ သင်၏ “ခမ်းနားသော” သမိုင်းအကြောင်းကို ဆက်မပြောနှင့်။ မည်သူကမျှ မကြားချင်ပေ။ ထိုခေတ်နောက်ကျသော အရာများကို ပြောခြင်းသည် အဓိပ္ပာယ်မရှိပေ။ ထိုအရာများသည် သမ္မာတရားကို ကိုယ်စားမပြုပေ။ တစ်စုံတစ်ရာအကြောင်း သင် ပြောလိုပါက၊ သမ္မာတရားနှင့်ပတ်သက်၍ အားထုတ်မှုအချို့ကို ပြုလုပ်လော့၊ သမ္မာတရားကို အနည်းငယ် သာ၍ နားလည်လော့၊ မိမိကိုယ်ကိုယ် သိရှိလော့၊ သင့်ကိုယ်သင် အခြား သာမန်လူတစ်ဦးကဲ့သို့ မြင်ပြီး၊ အခြားသူများ၏ လေးစားခြင်း ခံရသင့်သည့်၊ အခြားသူများ၏ ရိုသေကိုင်းရှိုင်းသင့်သည့်၊ အခြားသူများ၏ အထင်ကြီးခြင်းခံရသင့်ပြီး သင့်အနီးဝန်းကျင်တွင် အခြားလူများ ဝိုင်းအုံလျက်ရှိသည့် အထူးအဖွဲ့ဝင်တစ်ဦးအဖြစ် မမြင်နှင့်။ ဤသည်မှာ လွန်ကဲသည့် ဆန္ဒတစ်ခုဖြစ်ပြီး၊ မှားယွင်းသည့် အတွေးဖြစ်သည်။ အသက်အရွယ်သည် သင့်ကိုယ်ပိုင်လက္ခဏာ၏ သင်္ကေတတစ်ခု မဟုတ်။ အသက်အရွယ်သည် အရည်အချင်းပြည့်မီခြင်းကို ကိုယ်စားမပြုသကဲ့သို့၊ အသက်အရွယ်သည် သမ္မာတရား သို့မဟုတ် လူ့သဘာဝကို သင် ပိုင်ဆိုင်ကြောင်း ကိုယ်စားပြုဖို့မဆိုထားနှင့် ဝါရင့်မှုကိုလည်း ကိုယ်စားပြုပေ။ ပြီးလျှင် အသက်အရွယ်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆုတ်ယုတ်မသွားစေနိုင်ပေ။ ထို့ကြောင့်၊ သင်သည် အခြားသူများနှင့် အတူတူပင် ဖြစ်သည်။ သင့်ကိုယ်သင် အခြားသူများနှင့် ကွဲထွက်စေရန် သင့်ကိုယ်သင် “သက်ကြီးရွယ်အို”အဖြစ် အမြဲ တံဆိပ်မခတ်နှင့်၊ ပြီးလျှင် သင့်ကိုယ်သင် သန့်ရှင်းသူအဖြစ်ပင် သီးသန့်မထားနှင့်။ ယင်းမှာ သင့်ကိုယ်သင် လုံးဝ မသိကြောင်းပြပေသည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ အသက်ရှင်နေစဉ်တွင်၊ သမ္မာတရားကို လိုက်စားရန်၊ အသက်ဝင်ရောက်မှုကို လိုက်စားပြီး၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန်ညီအစ်ကို မောင်နှမများနှင့် အတူတကွ ညီညွှတ်စွာ အလုပ်လုပ်ရန် သာ၍ပင် ကြိုးပမ်းသင့်ကြပေသည်။ ဤနည်းဖြင့်သာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားနိုင်သည်။ သက်ကြီးရွယ်အိုများသည် မိမိတို့ကိုယ်ကိုယ် အခြားသူများအဖို့ ဝါရင့်သူအဖြစ် လုံးဝ မယူဆသင့်သကဲ့သို့၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကို ကြွားလုံးမထုတ်သင့်ပေ။ ငယ်ရွယ်သောလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံကို ထုတ်ဖော်ပြနိုင်ကြပြီး၊ သင်သည်လည်း ထုတ်ဖော်ပြနိုင်၏။ ငယ်ရွယ်သည့်လူများက မိုက်မဲသည့်အရာမျိုးစုံကို လုပ်ဆောင်နိုင်ပြီး၊ သင်သည်လည်း လုပ်ဆောင်နိုင်၏။ ငယ်ရွယ်သော လူများသည် မိမိတို့၏ စိတ်အတွင်းတွင် အယူအဆများ ထားရှိကြပြီး သက်ကြီးရွယ်အိုများလည်းဤသို့လုပ်ဆောင်ကြသည်။ ငယ်ရွယ်သောလူများသည် ပုန်ကန်တတ်ကြပြီး၊ သက်ကြီးရွယ်အိုများလည်း ပုန်ကန်တတ်ကြသည်။ ငယ်ရွယ်သော လူများသည် အန္တိခရစ် စိတ်သဘောထားများ ထုတ်ဖော်ပြနိုင်ကြပြီး၊ သက်ကြီးရွယ်အိုများလည်း ထုတ်ဖော်ပြနိုင်ကြသည်။ ငယ်ရွယ်သောလူများသည် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ ရှိကြပြီး သက်ကြီးရွယ်အိုများလည်း အနည်းငယ်မျှ ကွာခြားမှုမရှိဘဲ ရှိကြသည်။ ငယ်ရွယ်သောလူများသည် အနှောင့်အယှက်များနှင့် ဆူပူမှုများ ဖြစ်စေနိုင်ပြီး၊ အသင်းတော်မှ ဖယ်ရှားခံရနိုင်သကဲ့သို့ သက်ကြီးရွယ်အိုများလည်း ဖယ်ရှားခံရနိုင်သည်။ ထို့ကြောင့်၊ မိမိတို့တာဝန်ကို အစွမ်းကုန် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်းအပြင်၊ ၎င်းတို့ လုပ်ဆောင်နိုင်သည့် အမှုအရာများစွာ ရှိ၏။ သင် သည် ထုံအခြင်း၊ စိတ်မနှံ့ခြင်းမရှိသကဲ့သို့ သမ္မာတရားကို နားမလည်နိုင်ခြင်း မရှိပါက၊ ပြီးလျှင် မိမိကိုယ်ကိုယ် မစောင့်ရှောက်နိုင်ခြင်း မဟုတ်ပါက၊ သင် လုပ်ဆောင်သင့်သည့်အရာများစွာ ရှိ၏။ ငယ်ရွယ်သည့်လူများကဲ့သို့ပင်၊ သင်သည် သမ္မာတရားကို လိုက်စားနိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာသင့်သည်၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပြီး၊ သမ္မာတရားကို သင်၏ စံအဖြစ် ထားရှိလျက် ဘုရားနှုတ်ကပတ်တော်များအတိုင်း လုံးလုံးလျားလျား လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြုံပြုမူပြီး ဆောင်ရွက်ရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ သင် လိုက်လျှောက်သင့်သည့် လမ်းကြောင်းဖြစ်ပြီး၊ သင့်ထံတွင် အနည်းငယ်ဖျားနာမှု များစွာရှိသောကြောင့်၊ သို့မဟုတ် သင်၏ ခန္ဓာကိုယ်သည် အိုမင်းရင့်ရော်နေခြင်းကြောင့် သင့်အနေဖြင့် စိတ်ဖိစီး၊ ပူပန်သောကမရောက်သင့်၊ သို့မဟုတ် မစိုးရိမ်သင့်ပေ။ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားခြင်းသည် လုပ်ဆောင်ရန် မှန်ကန်သည့်အရာ မဟုတ်ပေ။ ထိုအရာများသည် ယုတ္တိမရှိသည့် သရုပ်သကန်များ ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ “သက်ကြီး”ဂုဏ်ပုဒ်ကို လက်လွှတ်သင့်ကြသည်၊ ငယ်ရွယ်သော လူများနှင့် ပေါင်းသင့်ပြီး၊ ၎င်းတို့နှင့် တန်းတူရည်တူများကဲ့သို့ ထိုင်သင့်သည်။ သင်သည် လေးစားထိုက်သည့် မြင့်မားသော မွန်မြတ်မှုရှိသည်၊ သင်သည် အလွန့်အလွန် အရည်အချင်း ပြည့်မီသည်၊ ငယ်ရွယ်သည့်လူများကို သင် စီမံခန့်ခွဲနိုင်သည်၊ ငယ်ရွယ်သည့်လူများအဖို့ သင်တို့သည် ဝါကြီးသူများ၊ အသက်ကြီးသူများ ဖြစ်သည်ဟု အမြဲတွေးလျက်၊ ငယ်ရွယ်သည့်လူများကို ထိန်းချုပ်ရန် အမြဲ ရည်မှန်းချက်ရှိလျက်နှင့် ငယ်ရွယ်သည့်လူများကို စီမံခန့်ခွဲရန် အမြဲ စိတ်ဆန္ဒရှိလျက်၊ သင်၏ အိုမင်းသော အသက်အရွယ်ကို သင် ကြွားလုံးမထုတ်ရပေ၊ ဤသည်မှာ လုံးလုံးလျားလျား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ငယ်ရွယ်သည့် လူများကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိပြီး ဘဝတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ပြကြသကဲ့သို့၊ ငယ်ရွယ်သည့် လူများကဲ့သို့ပင် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင်၊ သက်ကြီးရွယ်အိုများသည် သင့်တော်သောအရာကို အဘယ်ကြောင့် လုပ်ဆောင်ခြင်းမရှိသကဲ့သို့၊ ထိုအစား မိမိတို့ အိုမင်းသည့် အသက်အရွယ်နှင့် သေဆုံးသည့်နောက် ၎င်းတို့ထံ မည်သည့်အရာဖြစ်ပျက်သည်ဆိုသည်နှင့် ပတ်သက်၍ အမြဲ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသနည်း။ ငယ်ရွယ်သည့် လူများကဲ့သို့ပင် မိမိတို့တာဝန်များကို အဘယ်ကြောင့် ၎င်းတို့ ထမ်းဆောင်ခြင်း မရှိကြသနည်း။ ငယ်ရွယ်သည့် လူများကဲ့သို့ သမ္မာတရားကို လိုက်စားခြင်း မရှိကြသနည်း။ ဤအခွင့်အရေးကို သင့်အား ပေးထားပြီးဖြစ်သောကြောင့်၊ ထိုအခွင့်အရေးကို သင် ဆုပ်ကိုင်ခြင်းမရှိသကဲ့သို့ သင်သည် မကြားနိုင်၊ မမြင်နိုင်ဘဲ၊ မိမိကိုယ်ကိုယ် မစောင့်ရှောက်နိုင်အောင် အမှန်တကယ် အလွန် အိုမင်းသွားပါက၊ သင် နောင်တရလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဘဝသည် ဤသို့ဖြင့် ကုန်လွန်သွားလိမ့်မည်ဖြစ်သည်။ သင် နားလည်ပါသလော။ (နားလည်ပါသည်။)

သက်ကြီးရွယ်အိုများ၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ယခုတွင် ပြေလည်သွားပြီလော။ သင်တို့ အသက်ကြီးလာသည့်အခါ၊ သင်တို့၏ အိုမင်းသည့် အအသက်အရွယ်ကို သင်တို့ ကြွားလုံးထုတ်ကြလိမ့်မည်လော။ သင်တို့သည် ကောက်ကျစ် အိုမင်းသော လူလိမ်လူညစ်များနှင့် အိုမင်းသော အကြံသမားများ ဖြစ်လာကြလိမ့်မည်လော။ သင်တို့သည် အိုမင်းသော လူတစ်ဦးကို မြင်သည့်အခါ၊ “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု သင်တို့ ခေါ်လိမ့်မည်လော။ ၎င်းတို့တွင် နာမည်များရှိသော်လည်း သင်က ၎င်းတို့၏ နာမည်များဖြင့် မခေါ်ဘဲ၊ ထိုအစား “အသက်ကြီးသော”ဟူသည့် စကားလုံးကို ထည့်သည်။ သင်သည် သက်ကြီးရွယ်အိုများကို စကားပြောနေချိန်တွင် “အသက်ကြီးသော”ဟူသည့် စကားလုံးကို အမြဲ ထည့်ပါက၊ ထိုအရာက ၎င်းတို့ကို ထိခိုက်နစ်နာစေမည် မဟုတ်လော။ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် အိုမင်းကြောင်း တွေးနှင့်ကြပြီးဖြစ်ကာ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ရှိနှင့်ကြပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သင်က “အသက်ကြီးသောသူ”ဟု ခေါ်ပါက၊ ထိုအရာမှာ သင်က ၎င်းတို့အား၊ “သင်သည် အိုမင်းသည်၊ ကျွန်ုပ်ထက် အိုမင်းပြီး မည်သည့်အသုံးမျှ မဝင်တော့ပါ”ဟု ပြောနေသကဲ့သို့ ဖြစ်သည်။ သင်က ဤသို့ ပြောသည်ကို ကြားသည့်အခါ ၎င်းတို့ စိတ်လက်ချမ်းသာကြလိမ့်မည်လော။ သေချာပေါက် စိတ်မချမ်းမြေ့ ဖြစ်ကြလိမ့်မည်။ ၎င်းတို့ကို သင် ဤသို့ ရည်ညွှန်းပါက၊ ထိုအရာက ၎င်းတို့ကို ထိခိုက်နာကျင်စေလိမ့်မည် မဟုတ်လော။ သက်ကြီးရွယ်အိုအချို့သည် သင်က ၎င်းတို့ကို ဤသို့ ရည်ညွှန်းခြင်းကို ကြားသည့်အခါ ကျေနပ်ကြလိမ့်မည်ဖြစ်ပြီး၊ “ကြည့်လော့။ ငါ့ထံတွင် လေးစားထိုက်သည့် မြင့်မားသော မွန်မြတ်မှုနှင့် ထိုက်တန်သည့် နာမည်ဂုဏ်သတင်းတစ်ခု ရှိသည်။ ညီအစ်ကို မောင်နှမများက ငါ့ကို မြင်သည့်အခါ၊ နာမည်ဖြင့် မခေါ်ကြပါ။ ဘုရားအိမ်တော်တွင်၊ လူတို့သည် အိုမင်းသော လူများကို အန်ကယ်၊ အဖိုး သို့မဟုတ် အဖွားဟု မခေါ်ကြပါ။ ထိုအစား၊ ညီအစ်ကို မောင်နှမများက ငါ့ကို ရည်ညွှန်းသည့်အခါ၊ “အသက်ကြီးသော”ဟူသည့် စကားကိုထည့်ကာ “အသက်ကြီးသော ညီအစ်ကို” ( သို့မဟုတ် အသက်ကြီးသော ညီအစ်မ) ဟု ခေါ်သည်။ ငါ မည်မျှ သိက္ခာရှိသည်ကို ကြည့်ပါ၊ အခြားသူများရှေ့တွင် ငါ မည်မျှ လေးစားဖွယ်ဖြစ်သည်ကို ကြည့်ပါ။ ဘုရားအိမ်တော်သည် ကောင်းမြတ်သည်။ လူများသည် အသက်ကြီးသူကို ရိုသေပြီး ငယ်ရွယ်သူများကို ဂရုစိုက်ကြသည်”ဟု တွေးကြလိမ့်မည်။ သင်သည် လေးစားထိုက်ပါသလော။ သင်၏ ညီအစ်ကို မောင်နှမများအား မည်သည့် စိတ်ဓာတ်မြင့်တင်ရေး သင် ယူဆောင်ပေးပြီးပြီနည်း။ မည်သည့် အကျိုးကျေးဇူးများကို ၎င်းတို့ထံ သင် ယူဆောင်ပြီးပြီနည်း။ ဘုရားအိမ်တော်အတွက် သင်၏ ပံ့ပိုးမှုမှာ အဘယ်နည်း။ သမ္မာတရား မည်မျှကို သင် နားလည်သနည်း။ သမ္မာတရား မည်မျှကို သင် လက်တွေ့လုပ်ဆောင်သနည်း။ သင့်ကိုယ်သင် လေးစားထိုက်သည့် မြင့်မားသော မွန်မြတ်မှုရှိသည်ဟု သင် တွေးထင်သည့်တိုင်၊ မည်သည့် ပံ့ပိုးမှုမျှ လုံးဝ မရှိပေ။ ထို့ကြောင့် သင့် ညီအစ်ကို မောင်နှမများ၏ “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု ခေါ်ခြင်းကို သင် ခံထိုက်ပါသလော။ လုံးဝ မခံထိုက်ပေ။ သင်သည် မိမိ၏ အိုမင်းသော အသက်အရွယ်ကို ကြွားလုံးထုတ်ပြီး၊ အခြားသူများအား သင့်ကို အမြဲ လေးစားစေချင်သည်။ “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု ရည်ညွှန်းခြင်းခံရမည်မှာ ကောင်းပါသလော။ (မကောင်းပါ။) မကောင်းသော်လည်း ထိုအရာကို ငါ မကြာခဏ ကြားရသည်။ ထိုအရာမှာ အလွန်ဆိုးသည့်တိုင် လူတို့သည် သက်ကြီးရွယ်အိုများကို ဤသို့ မကြာခဏ ရည်ညွှန်းနေကြဆဲ ဖြစ်သည်။ ဤအရာက မည်သည့် အခြေအနေမျိုးကို ဖန်တီးသနည်း။ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ သက်ကြီးရွယ်အိုတစ်ဦးကို သင်က “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု သင် ရည်ညွှန်းလေ၊ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် အရည်အချင်းပြည့်မီသည်ဟု တွေးထင်လေဖြစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် လေးစားထိုက်သည့် မြင့်မားသော မွန်မြတ်မှုရှိသည်ဟု တွေးထင်လေဖြစ်သည်။ ၎င်းတို့ကို “အသက်ကြီးသော ဘယ်သူဘယ်ဝါ ”အဖြစ် သင် ရည်ညွှန်းလေလေ၊ ၎င်းတို့က မိမိတို့သည် ထူးခြားသည်၊ အခြားလူများထက် ပိုအရေးပါပြီး ပိုတော်သည်ဟုထင်လေလေ၊ ၎င်းတို့၏ စိတ်နှလုံးများက အခြားလူများကို ဦးဆောင်ခြင်းဘက်သို့ တိမ်းညွတ်လေဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားလိုက်စားခြင်းမှ သွေဖည်လေဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အခြားသူများထက် ပိုတော်သကဲ့သို့ အမြဲ မှတ်ယူလျက်၊ အခြားသူများကို မနှစ်မြို့ဖွယ်ဖြစ်ကြောင်း အမြဲ တွေ့ရှိလျက်၊ အခြားသူများတွင် ရှိသည့် ပြဿနာများကို အမြဲ မြင်ကာ ၎င်းတို့ ကိုယ်တိုင်၌မူ မည်သည့်အမှားမျှ မမြင်ဘဲလျက် အခြားသူများကို အမြဲ ဦးဆောင်ပြီး စီမံချင်ကြသည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူတစ်ဦးသည် သမ္မာတရားကို လိုက်စားနိုင်သေးသလော။ မလိုက်စားနိုင်ပေ။ ထို့ကြောင့် လူတို့ကို “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု ရည်ညွှန်းခြင်းသည် ၎င်းတို့အတွက် အကျိုးမရှိသကဲ့သို့ ၎င်းတို့ကို နာကျင်စေခြင်းနှင့် ထိခိုက်နစ်နာစေခြင်းကိုသာ ဖြစ်စေနိုင်သည်။ ၎င်းတို့ကို အမည်နာမဖြင့် ရိုးရှင်းစွာ သင် ခေါ်ပြီး “အသက်ကြီးသော”ဟူသည့် ဂုဏ်ပုဒ်ကို ရုတ်သိမ်းပါက၊ ၎င်းတို့ကို မှန်ကန်သည့်ပုံစံဖြင့် သင် မှတ်ယူပြီး၊ ၎င်းတို့နှင့် တန်းတူရည်တူ နေထိုင်ပါက၊ ၎င်းတို့၏ အခြေအနေနှင့် စိတ်နေစိတ်ထားတို့ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ဝါရင့်နှစ်ကာလများနှင့် ပတ်သက်၍ မိမိတို့ကိုယ်ကိုယ် ဂုဏ်ယူတော့မည်မဟုတ်သကဲ့သို့ အခြားသူများကို အထင်သေးတော့မည် မဟုတ်ပေ။ ဤသို့ဖြင့်၊ မိမိတို့ကိုယ်ကိုယ် အခြားသူများနှင့် တန်းတူရည်တူများအဖြစ် မှတ်ယူရန် ၎င်းတို့အတွက် လွယ်ကူလာလိမ့်မည်။ မိမိတို့ကိုယ်ကိုယ်နှင့် အခြားသူများကို မှန်ကန်စွာ မှတ်ယူနိုင်လိမ့်မည်။ မိမိတို့ကိုယ်ကိုယ် အခြားသူများကဲ့သို့ပင်၊ သာမန်လူများကဲ့သို့ပင် တူညီစွာ မြင်နိုင်လိမ့်မည်ဖြစ်ပြီး အခြားသူများထက် ပိုတော်ခြင်း မရှိဟု မြင်နိုင်လိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ အခက်အခဲများသည် သာ၍ သေးငယ်သွားလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ ကြီးရင့်သော နှစ်ကာလများနှင့် သမ္မာတရားကို ၎င်းတို့ မလိုက်စားနိုင်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို တွေ့ကြုံရလိမ့်မည် မဟုတ်သကဲ့သို့၊ ထို့နောက်တွင် သမ္မာတရား လိုက်စားခြင်းအပေါ် ၎င်းတို့ မျှော်လင့်ချက် ရှိကြလိမ့်မည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ မဖြစ်ပေါ်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ပြဿနာများ၊ အထူးသဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မှန်ကန်သည့် တွေးခေါ်မှုအလေ့အထဖြင့် မှတ်ယူကြလိမ့်မည်။ ဤအရာက ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်း၊ ၎င်းတို့၏ မိမိကိုယ်ကိုယ် သိခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်းတို့အပေါ် အပြုသဘောဆောင်ပြီး အထောက်အကူဖြစ်သော အကျိုးတစ်ခု ရှိပေသည်။ ထိုအခါ သက်ကြီးရွယ်အိုများတွင်ရှိသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများနှင့် ပတ်သက်သည့် ပြဿနာ ပြေလည်သွားမည် မဟုတ်လော။ (ပြေလည်သွားမည်ဖြစ်သည်။) ပြေလည်သွားမည်ဖြစ်ပြီး၊ နောက်ထပ် အခက်အခဲများ ရှိမည်မဟုတ်တော့ပေ။ ထို့ကြောင့် ပထမဦးစွာ မည်သည့် တွေးခေါ်မှုအလေ့အထကို သက်ကြီးရွယ်အိုများက ခံယူသင့်သနည်း။ အပြုသဘောဆောင်သော တွေးခေါ်မှုအလေ့အထကို ခံယူရမည်။ ၎င်းတို့အနေဖြင့် အမြော်အမြင်ရှိရမည်သာမကဘဲ သဘောထားလည်းကြီးရမည်။ ငယ်ရွယ်သော လူများနှင့်ပတ်သက်၍ အမှုအရာများကို ၎င်းတို့ ရေးကြီးခွင့်ကျယ် မလုပ်ဘဲ လူငယ်များအတွက် စံနမူနာဖြစ်ပြီး လမ်းပြပေးသင့်သည်။ ငယ်ရွယ်သူများအပေါ် မကြမ်းတမ်းလွန်းရပေ။ ငယ်ရွယ်သောလူများတွင် မြန်ဆန်သည့် စိတ်ရှိပြီး အဆောတလျင် စကားပြောကြသောကြောင့် ၎င်းတို့နှင့် ပတ်သက်၍ အမှုအရာများကို ရေးကြီးခွင့်ကျယ် မလုပ်နှင့်။ ၎င်းတို့သည် ငယ်ရွယ်ကြသည်၊ မရင့်ကျက်ကြသကဲ့သို့၊ အတွေ့အကြုံမရှိကြချေ။ နှစ်အနည်းငယ် ထိန်းသိမ်းကြပ်မတ်ပေးခြင်းက ၎င်းတို့ကို မှန်ကန်စေလိမ့်မည်။ ဤသည်မှာ အမှုအရာများ ဖြစ်သင့်သည့်ပုံဖြစ်ပြီး သက်ကြီးရွယ်အိုများသည် ဤအရာကို နားလည်သင့်ကြပေသည်။ ဤသို့ဆိုလျှင် သမ္မာတရားနှင့် ကိုက်ညီမှုရှိသည့် မည်သည့် တွေးခေါ်မှု အလေ့အထကို သက်ကြီးရွယ်အိုများက ခံယူသင့်သနည်း။ ၎င်းတို့သည် ငယ်ရွယ်သည့် လူများကို မှန်မှန်ကန်ကန် ဆက်ဆံသင့်ပြီး တစ်ချိန်တည်းတွင်၊ မိမိတို့ကိုယ်ကိုယ် အလွန်အတွေ့အကြုံရှိပြီး ထိုးထွင်းအမြင်ရှိသည် တွေးလျက်၊ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်းမရှိရပေ။ မိမိတို့ကိုယ်ကိုယ် သာမန်လူများအဖြစ်နှင့် အခြားလူတိုင်းနှင့် အတူတူကဲ့သို့ပင် ၎င်းတို့ မှတ်ယူသင့်ကြပေသည်။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်အရာဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ အသက်အရွယ်၏ ချုပ်ထိန်းခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ငယ်ရွယ်သည့် လူတစ်ဦး၏ တွေးခေါ်မှုအလေ့အထတစ်ခု ရှိခြင်းအဖြစ်သို့ ပြောင်းလဲရမည်မဟုတ်။ ငယ်ရွယ်သည့် လူတစ်ဦး၏ တွေးခေါ်မှု အလေ့အထရှိခြင်းအဖြစ်သို့ ပြောင်းလဲခြင်းသည်လည်း ပုံမှန်မဟုတ်သောကြောင့် သင့်အသက်အရွယ်၏ ချုပ်ထိန်းခြင်းကိုသာ မခံနှင့်။ “အို၊ ငါ အလွန် အသက်ကြီးပြီ။ ဤအရာကို ငါ မလုပ်နိုင်ပါ။ ဤအရာကို ငါ မပြောနိုင်ပါ၊ ထိုအရာကို ငါ မလုပ်နိုင်ပါ။ ငါ အသက်ကြီးသောကြောင့်၊ ငယ်ရွယ်သည့်လူများက ငါ့ကို အထင်မသေးရန်အလို့ငှာ၊ ငယ်ရွယ်သည့်လူများ မြင်ဖို့ရန်အတွက်သာ ငါ ဤသို့ ဖြစ်ရမည်၊ ထိုသို့ဖြစ်ရမည်၊ ပုံစံတစ်ခုခုဖြင့် ငါ ထိုင်ရမည်ဖြစ်ပြီး ပုံစံတစ်ခုခုဖြင့် ငါ ရပ်ရမည်ဖြစ်ပြီး ကောင်းသည့် ပုံစံတစ်ခုခုဖြင့်ပင် စားသောက်ရမည်”ဟု အမြဲ တွေးမနေနှင့်။ ဤတွေးခေါ်မှု အလေ့အထသည် မှားယွင်းပြီး၊ ဤအရာကို တွေးခြင်းအားဖြင့်၊ သင်သည် မှားယွင်းသည့် အတွေးအမျိုးအစားတစ်ခု၏ ထိန်းချုပ်ခြင်းခံရပြီး ကန့်သတ်ခံရခြင်း ဖြစ်သည်။ သင်သည် အနည်းငယ် ဟန်ဆောင်ထားသည်၊ အတုအယောင်နှင့် အယောင်ဆောင်ဖြစ်သည်။ သင့် အသက်အရွယ်၏ ချုပ်ထိန်းခြင်း မခံနှင့်၊ အခြားလူတိုင်းကဲ့သို့ နေလော့၊ သင် လုပ်ဆောင်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး လုပ်သင့်သည့်အရာကို လုပ်ဆောင်လော့။ ဤသို့ဖြင့်၊ သင်သည် ပုံမှန် တွေးခေါ်မှု အလေ့အထတစ်ခု ရှိလိမ့်မည်။ သင် နားလည်ပါသလော။ (နားလည်ပါသည်။) ထို့ကြောင့် သက်ကြီးရွယ်အိုတစ်ဦးသည် ပုံမှန် တွေးခေါ်မှု အလေ့အထတစ်ခုရှိသည့်အခါ၊ ၎င်းတို့၏ ကြီးရင့်သည့်နှစ်ကာလများကြောင့် ၎င်းတို့ထဲတွင် ဖြစ်ပေါ်နိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှု အမျိုးမျိုးသည် ၎င်းတို့ မသိလိုက်ဘဲနှင့် ပျောက်ကွယ်သွားပေသည်။ ထိုအရာများက သင့်ကို မနှောင်ဖွဲ့နိုင်တော့ပေ။ ထိုအရာများက သင့်ကို ဖြစ်စေသည့် အန္တရာယ်သည်လည်း ပျောက်ကွယ်သွားပြီး၊ ထို့နောက်တွင် သင်၏ လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံးသည် အတော်အတန် ပုံမှန် ဖြစ်လာကြသည်။ ပုံမှန် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိခြင်းနှင့်ဆိုင်သည့် အကြောင်းပြချက်အောက်တွင်၊ လူတို့၏ စမှတ်သည် သမ္မာတရား လိုက်စားခြင်း၊ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်း၊ မည်သည့် လှုပ်ရှားမှုနှင့် မည်သည့် အလုပ်တွင်မဆို ပါဝင်ခြင်းအတွက် အတော်အတန် မှန်ကန်လာပြီး၊ စွမ်းဆောင်ရရှိသည့် ရလဒ်များသည်လည်း အတော်အတန် မှန်ကန်ပေသည်။ ပထမဦးစွာ၊ သက်ကြီးရွယ်အိုများသည် မိမိတို့ အသက်အရွယ်၏ ချုပ်ထိန်းခြင်း ခံရလိမ့်မည်မဟုတ်ဘဲ၊ မိမိတို့ ကိုယ်ပိုင်စွမ်းရည်ကို ဓမ္မဓိဋ္ဌာန်ကျစွာနှင့် လက်တွေ့ကျကျ အကဲဖြတ်နိုင်လိမ့်မည်၊ မိမိတို့ လုပ်သင့်သည့်အရာကို လုပ်နိုင်လိမ့်မည်၊ အခြားလူများကဲ့သို့ ဖြစ်နိုင်လိမ့်မည်ဖြစ်ပြီး၊ မိမိတို့ ထမ်းဆောင်သင့်သည့် တာဝန်ကို အစွမ်းကုန် ထမ်းဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ ငယ်ရွယ်သည့် လူများက၊ “သင်သည် အလွန် အသက်ကြီးပြီ၊ သင်သည် ကျွန်ုပ်အတွက် နည်းလမ်း လုံးဝ မဖန်တီးပေးသကဲ့သို့ ကျွန်ုပ်ကို မစောင့်ရှောက်ပါ။ သင်သည် အလွန်အသက်ကြီးပြီ၊ သင် အတွေ့အကြုံရှိသင့်သော်လည်း၊ အမှုအရာများကို မည်သို့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ ကျွန်ုပ်ကို သင် အကြံများ မပေးသကဲ့သို့၊ သင်နှင့်အတူ ရှိခြင်းအတွက် မည်သည့် အကျိုးမျှ မရှိပါ။ သင်သည် အသက်ကြီးပြီဖြစ်သောကြောင့်၊ ငယ်ရွယ်သည့်လူများအပေါ် မည်သို့ နားလည်ရမည်ဆိုသည်ကို အဘယ်သို့ သင် မသိရသနည်း”ဟု မတွေးသင့်ပေ။ ဤသည်မှာ ပြောဆသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သက်ကြီးရွယ်အိုများအပေါ် ထိုသို့သော တောင်းဆိုချက်များ ပြုလုပ်ရန် မသင့်တော်ပေ။ ထို့ကြောင့် လူအားလုံးသည် သမ္မာတရားရှေ့မှောက်တွင် တန်းတူဖြစ်သည်။ သင်၏ အတွေးအားလုံးသည် လက်တွေ့ကျပါက၊ ဓမ္မဓိဋ္ဌာန်ကျပါက၊ မှန်ကန်ပြီး ယုတ္တိတန်ပါက၊ သမ္မာတရား စည်းမျဉ်းများနှင့် မုချ ကိုက်ညီလိမ့်မည်။ သင်သည် ဓမ္မဓိဋ္ဌာန်ကျသည့် အခြေအနေ၊ အကြောင်းတရား၊ ပတ်ဝန်းကျင်အားဖြင့် သို့မဟုတ် အကြောင်းခံတစ်ခုတလေမှဖြင့်ပင် ထိခိုက်ခြင်းမခံရပါက၊ လူတို့ လုပ်ဆောင်သင့်သည့်အရာကိုသာ သင် လုပ်ဆောင်ပြီး လူတို့အား လုပ်ဆောင်ရန် ဘုရားသခင် သွန်သင်သည့်အရာကိုသာ လုပ်ဆောင်ပါက၊ သင် လုပ်ဆောင်သည့်အရာသည် အခြေခံအားဖြင့် သမ္မာတရားနှင့် ကိုက်ညီမှုရှိလျက် မုချ သင့်လျော်ကာ မှန်ကန်လိမ့်မည်။ သင်သည် မိမိ၏ အိုမင်းသော အသက်အရွယ်ကြောင့်လည်း စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုဆိုင်ရာ အပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲ နွံနစ်လာလိမ့်မည် မဟုတ်သကဲ့သို့ ဤပြဿနာ ပြေလည်သွားလိမ့်မည်။

ကောင်းပြီ၊ ယနေ့၏ မိတ်သဟာယကို ဤနေရာတွင် ငါ အဆုံးသတ်မည်။ နှုတ်ဆက်ပါသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။