သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)

ယခင် ငါတို့၏ စုဝေးပွဲတွင် ကြီးမားသည့် အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ သမ္မာတရားကို လိုက်စားရန် နည်းလမ်း ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် နည်းလမ်း ဟူသည့် ဤကိစ္စရပ်နှင့်ပတ်သက်၍ ငါတို့ မည်သို့ မိတ်သဟာယပြုခဲ့ကြသနည်း။ (ဘုရားသခင်သည် သွင်ပြင်လက္ခဏာ နှစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုပေးခဲ့ပါသည်။ ပထမတစ်ခုမှာ “လက်လွှတ်ခြင်း”၊ ဒုတိယတစ်ခုမှာ “ရည်စူးအပ်နှံခြင်း” ဖြစ်သည်။ လက်လွှတ်ခြင်းအရ လူ့အထဲတွင် တည်ရှိသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများအကြောင်း ဘုရားသခင် ပြောဆိုဆွေးနွေးခဲ့ပါသည်။ အထူးသဖြင့် သိမ်ငယ်ခြင်း၊ ဒေါသ၊ အမုန်းတရားတို့နှင့်ဆိုင်သော အပျက်သဘောဆောင်သည့် ခံစားချက်များက ကျွန်ုပ်တို့ တာဝန်အပေါ် ရှိသည့် တိကျသော သက်ရောက်မှုများနှင့် အကျိုးဆက်များအပေါ် ဘုရားသခင် မိတ်သဟာယပြုခဲ့ပါသည်။ ဘုရားသခင်၏ မိတ်သဟာယက သမ္မာတရားကို လိုက်စားရန် နည်းလမ်းနှင့်ဆိုင်သည့် မတူကွဲပြားသော သိနားလည်ခြင်းတစ်ခု ကျွန်ုပ်တို့ကို ပေးခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် နေ့စဉ် ကျွန်ုပ်တို့ ထုတ်ဖော်ပြသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို မကြာခဏ လျစ်လျူရှုမိနေပြီး ကျွန်ုပ်တို့၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ပုံမှန်အားဖြင့် ပိုင်းခြားသိမြင်ခြင်း၊ သို့မဟုတ် သိနားလည်ခြင်း မရှိကြပုံကို ကျွန်ုပ်တို့ မြင်ခဲ့သည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့သော လူစားမျိုးသာဖြစ်သည်ဟူသော တစ်ဖက်သတ် အကဲဖြတ်ချက်တစ်ခုကို ကျွန်ုပ်တို့ ပြုလုပ်ကြသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ကျွန်ုပ်တို့၏ တာဝန်ထဲသို့ ကျွန်ုပ်တို့ ယူဆောင်ကြပြီး ဤအရာက ထိုတာဝန်၏ ရလဒ်များအပေါ် တိုက်ရိုက် သက်ရောက်မှုတစ်ခု ရှိပါသည်။ ထိုအရာက လူများနှင့် အမှုအရာများကို ကျွန်ုပ်တို့ ကြည့်ရှုပုံနှင့် ကျွန်ုပ်တို့ အသက်တာများရှိ ပြဿနာများ ကိုင်တွယ်ဖြေရှင်းပုံတို့ကိုလည်း လွှမ်းမိုးသည်။ ဤအရာက သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်ရန် ကျွန်ုပ်တို့အတွက် အလွန့်အလွန် ခက်ခဲသွားစေပါသည်။) ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် သမ္မာတရားကို လိုက်စားရန် နှည်းလမ်းနှင့်ပတ်သက်၍ ငါ မိတ်သဟာယပြုခဲ့၏။ လက်တွေ့လုပ်ဆောင်မှုနှင့် ပတ်သက်လာသည့်အခါ အဓိက လမ်းကြောင်းနှစ်ခု ရှိ၏။ လက်လွှတ်ခြင်းလမ်းကြောင်းနှင့် ရည်စူးအပ်နှံခြင်း လမ်းကြောင်းဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်တွင် ပထမလမ်းကြောင်းဖြစ်သည့် လက်လွှတ်ခြင်း၏ ပထမ သွင်ပြင်လက္ခဏာနှင့် ဆက်စပ်သည့် အဓိက ကိစ္စရပ်များကို ငါအကျဉ်းရုံးခဲ့သည်။ ယင်းမှာ အကြင်သူသည် အမျိုးမျိုးသော စိတ်ခံစားမှုများကို လက်လွှတ်ရမည်ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ အဓိကအားဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်သည်။ မူမမှန်သည့်၊ ယုတ္တိမရှိသော စိတ်ခံစားမှုများနှင့် အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် မကိုက်ညီသည့် စိတ်ခံစားမှုများ ဖြစ်သည်။ ဤအရာများထဲမှ ငါတို့၏ မိတ်သဟာယသည် သိမ်ငယ်ခြင်း၊ ဒေါသနှင့် အမုန်းတရားတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများအပြင် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများအတွင်း အသက်ရှင်ခြင်းမှ အကျိုးဆက်ဖြစ်ပေါ်သည့် အပြုအမူအချို့၊ အချို့သော သီးခြား အခြေအနေများ၊ သို့မဟုတ် ဖွံ့ဖြိုးဆဲဖြစ်သော နောက်ခံ၏ အကျိုးဆက်တစ်ခုအဖြစ် ဖြစ်ပေါ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုအမျိုးမျိုးနှင့် မူမမှန်သည့် အကျင့်စရိုက်က ထင်ဟပ်စေသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများအပေါ် အာရုံစိုက်ခဲ့သည်။ အဘယ်ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို လက်လွှတ်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့ ခံယူသည့် ရပ်တည်ချက်ကို လွှမ်းမိုးရင်း လူတို့၌ အပျက်သဘောဆောင်သော ပုံသေအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤလက်တွေ့လုပ်ဆောင်နည်း၏ ပထမဆုံး သွင်ပြင်လက္ခဏာဖြစ်သည့် လက်လွှတ်ခြင်းသည် လူတို့အနေဖြင့် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုမျိုးစုံကို လက်လွှတ်ရန် လိုအပ်၏။ ပြီးခဲ့သည့်အကြိမ်တွင် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများနှင့် ပတ်သက်၍ မိတ်သဟာယအချို့ကို ငါတို့ ဝေမျှခဲ့ကြသည်။ သို့ရာတွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် သိမ်ငယ်မှု၊ ဒေါသနှင့် အမုန်းတရားတို့အပြင် ပုံမှန်လူ့သဘာဝ၏ အမြင်များကို သက်ရောက်မှုရှိနိုင်သည့် စိတ်ခံစားမှုမျိုးစုံ ရှိသည်မှာ အမှန်ဖြစ်၏။ ထိုစိတ်ခံစားမှုများသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရား၊ အတွေးနှင့် အကဲဖြတ်မှုတို့ကို ဝင်ရောက်စွက်ဖက်နိုင်သကဲ့သို့ လူ၏ သမ္မာတရား လိုက်စားခြင်း ရလဒ်များကို ထိခိုက်နိုင်သည်။ ဤသည်မှာ ဤအပျက်သဘောဆောင်သောအရာများသည် လူသားမျိုးနွယ်အနေဖြင့် မိမိ၏ သမ္မာတရားလိုက်စားမှုတွင် ပထမဆုံး လက်လွှတ်ရမည့်အရာများ ဖြစ်သည်ဟု ဆိုလိုပေသည်။ ယနေ့ ငါတို့၏ မိတ်သဟာယသည် ယခုလက်ရှိ ဆွေးနွေးနေသည့် အကြောင်းအရာဖြစ်သည့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို လက်လွှတ်ရန် နည်းလမ်းကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။ ပထမဦးစွာ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၏ အမျိုးမျိုးသော သရုပ်သကန်များအပေါ် ငါတို့ မိတ်သဟာယပြုကြမည်ဖြစ်ပြီး ဤသရုပ်သကန်များအပေါ် ငါ၏ မိတ်သဟာယမှတစ်ဆင့် လူသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများနှင့်ဆိုင်သော အသိပညာကို ရရှိနိုင်သည်၊ မိမိကိုယ်ကို ထိုအရာများနှင့် နှိုင်းယှဉ်ကြည့်နိုင်ပြီးနောက် မိမိ၏ နေ့စဉ်အသက်တာတွင် ထိုအရာများကို တစ်ခုပြီးတစ်ခု စတင်ဖြေရှင်းနိုင်ပေသည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် သိနားလည်ခြင်းမှတစ်ဆင့်၊ ပြီးလျှင် အပျက်သဘောဆောင်သော အတွေးများနှင့် အယူအဆများအပြင် ထိုအပျက်သဘောဆောင်သော စိတ်ခံစားမှုများက လူတို့အထဲမှ ဖြစ်ပေါ်စေသည့် မူမမှန်သည့် ရှုထောင့်အမြင်များနှင့် ရပ်တည်ချက်များကို သိရှိခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် ထိုအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ၎င်းတို့ စတင် ဖြေရှင်းနိုင်ကြသည်။

ပြီးခဲ့သည့်အကြိမ်တွင် “စိတ်ဓာတ်ကျခြင်း”နှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုအကြောင်း ငါတို့ ပြောဆိုဆွေးနွေးခဲ့ကြသည်။ ဦးစွာပထမ လူအများစုသည် ဤစိတ်ဓာတ်ကျသည့် စိတ်ခံစားချက် ရှိကြသလော။ စိတ်ဓာတ်ကျခြင်း ဖြစ်သည့် ခံစားချက်မျိုးနှင့် စိတ်အခြေအနေမျိုးအပြင် ထိုစိတ်ဓာတ်ကျခြင်း၏ သရုပ်သကန်များက မည်သည့်အရာဖြစ်သည်ကို သင်တို့ သိနားလည်နိုင်ကြသလော။ (နားလည်နိုင်ပါသည်။) ဤတစ်ခုသည် နားလည်ရန် လွယ်ကူ၏။ “စိတ်ဓာတ်ကျခြင်း”အကြောင်းကို အလွန် ကျယ်ကျယ်ပြန့်ပြန့် ငါတို့ ပြောမည်မဟုတ်၊ ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်သောသူတို့၌ စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုအားဖြင့် ဖြစ်ပေါ်သည့် သရုပ်သကန်များကိုသာ ငါတို့ ဖော်ပြမည်ဖြစ်သည်။ “စိတ်ဓာတ်ကျခြင်း”သည် မည်သည့်အရာကို ဆိုလိုသနည်း။ စိတ်ပျက်အားလျော့ခြင်း၊ စိတ်မချမ်းသာခြင်း၊ သင်လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ စိတ်မဝင်စားခြင်း၊ စိတ်ဓာတ်ခွန်အား မရှိခြင်း၊ စိတ်လှုံ့ဆော်မှုမရှိခြင်း၊ သင် လုပ်ဆောင်သည့် အရာများတွင် အတော်လေး အပျက်သဘောဆောင်ပြီး မတက်ကြွသည့် သဘောထားရှိခြင်းနှင့် မည်သည့် ထကြွလုံ့လရှိသည့် စိတ်ပိုင်းဖြတ်မှုမျှ မရှိခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဤသရုပ်သကန်များ၏ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ဤသည်မှာ စိတ်ဖြာလေ့လာဆွေးနွေးရမည့် အဓိကကိစ္စ ဖြစ်သည်။ စိတ်ဓာတ်ကျခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များအပြင် အမှုအရာများ လုပ်ဆောင်ရာတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက ဖြစ်ပေါ်စေသည့် မတူကွဲပြားသော စိတ်အခြေအနေများ၊ အတွေးများနှင့် သဘောထားများကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွက် အကြောင်းတရားများက မည်သည့်အရာများဖြစ်သည်၊ ဆိုလိုသည်မှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များနောက်ကွယ်တွင် တည်ရှိသည့် ထိုအရာများကို လူတို့တွင် ဖြစ်ပေါ်စေသည့် ဖြစ်ကြောင်းရင်းမြစ်များက မည်သည့်အရာများဖြစ်သည်ကို သင်နားလည်သင့်သည်။ လူတို့သည် အဘယ်ကြောင့် စိတ်ဓာတ်ကျကြသနည်း။ အမှုအရာများကို လုပ်ဆောင်ရန် ၎င်းတို့ အဘယ်ကြောင့် မည်သည့် စိတ်လှုံ့ဆော်မှုမျှ မခံစားကြသနည်း။ အဘယ်ကြောင့် အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် အမြဲ အလွန် အပျက်သဘောဆောင်၊ မတက်မကြွဖြစ်ပြီး စိတ်ပိုင်းဖြတ်မှု မရှိဘဲ ဖြစ်ကြသနည်း။ ဤအရာအတွက် အကြောင်းရင်းတစ်ခု ရှိသည်မှာ သိသာသည်။ ဥပမာအားဖြင့် အမှုအရာများကို လုပ်ဆောင်သည့်အခါ အမြဲ စိတ်ဓာတ်ကျပြီး မတက်ကြွသည့်၊ မည်သည့် အားအင်မျှ မစုစည်းနိုင်သည့် တစ်စုံတစ်ဦးကို သင် မြင်သည်။ ၎င်းတို့၏ စိတ်ခံစားမှုများနှင့် သဘောထားတို့သည် သိပ်အပြုသဘောမဆောင်သကဲ့သို့၊ သို့မဟုတ် အကောင်းမြင်စိတ် မရှိသကဲ့သို့ ထိုသို့သော အပျက်သဘောဆောင်သော၊ အပြစ်တင်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သော သဘောထားတစ်ခု အမြဲ ဖော်ပြကြသည်။ သင်သည် ၎င်းတို့ကို အကြံပေးသော်လည်း ထိုအကြံကို ၎င်းတို့ လုံးဝ နားမထောင်ကြသကဲ့သို့ ၎င်းတို့ကို သင်ထောက်ပြသည့် နည်းလမ်းသည် မှန်ကန်သည့် နည်းလမ်းဖြစ်ပြီး သင်၏ တွေးခေါ်မြော်မြင်မှုက အလွန် ကောင်းသည်ဟု ၎င်းတို့ ဝန်ခံသော်ငြားလည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ မည်သည့် အားအင်မျှ ၎င်းတို့ မစုစည်းနိုင်သကဲ့သို့ အပျက်သဘောဆောင်ကာ မတက်ကြွဘဲ ရှိနေကြဆဲ ဖြစ်သည်။ ဆိုးရွားသည့် ကိစ္စရပ်များတွင် ၎င်းတို့၏ ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ ပုံပန်း၊ လမ်းလျှောက်သည့်ပုံ၊ ၎င်းတို့၏ စကားလေသံနှင့် ပြောသည့် စကားလုံးများမှ ဤလူ၏ စိတ်ခံစားမှုများသည် အထူးသဖြင့် စိတ်ဓာတ်ကျနေကြောင်း၊ မိမိတို့ လုပ်ဆောင်သမျှတိုင်းတွင် အားအင်ကင်းမဲ့ကြောင်းနှင့် ၎င်းတို့သည် ပျော့ကြေနေသည့် သစ်သီးများကဲ့သို့ဖြစ်ကာ ၎င်းတို့နှင့်အတူ အချိန်များစွာ ကုန်ဆုံးသောသူ မည်သူမဆိုသည် ၎င်းတို့အားဖြင့် ထိခိုက်ခံရလိမ့်မည်ဖြစ်ကြောင်းကို သင် မြင်နိုင်သည်။ ဤအရာအားလုံး အဘယ်သို့ဖြစ်သနည်း။ စိတ်ဓာတ်ကျခြင်းဖြင့် အသက်ရှင်သော လူများ ဖော်ပြသည့် အမျိုးမျိုးသော အပြုအမူများ၊ မျက်နှာအမူအရာများ၊ စကားပြောသည့်လေသံများအပြင် အတွေးများ၊ ရှုထောင့်အမြင်များပင်လျှင် အပျက်သဘောဆောင်သော ကြန်အင်လက္ခဏာများ ရှိကြ၏။ သို့ဆိုလျှင် ဤအပျက်သဘောဆောင်သော ဖြစ်ရပ်များ၏ နောက်ကွယ်ရှိ အကြောင်းရင်းမှာ အဘယ်နည်း။ မည်သည့်နေရာတွင် အရင်းအမြစ် တည်ပါသနည်း။ စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှု ဖြစ်ပေါ်ခြင်းအတွက် ဖြစ်ကြောင်းရင်းမြစ်မှာ လူတိုင်းအတွက် ကွဲပြားသည်မှာ အမှန်ဖြစ်၏။ လူတစ်ဦး၏ စိတ်ဓာတ်ကျခြင်း စိတ်ခံစားချက်တစ်မျိုးသည် မိမိတို့ကိုယ်ပိုင် ဆိုးရွားသည့် ကံကြမ္မာကို အတောမသတ်သော ယုံကြည်မှုမှ ဖြစ်ပေါ်နိုင်သည်။ ဤသည်မှာ အကြောင်းတရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ငယ်ရွယ်ချိန်တွင် ကျေးလက်ဒေသ၊ သို့မဟုတ် ဆင်းရဲနွမ်းပါးသည့် ဒေသတစ်ခုတွင် ၎င်းတို့ နေထိုင်ခဲ့ကြ၏။ ၎င်းတို့၏ မိသားစုသည် ဥစ္စာဓန ကြွယ်ဝချမ်းသာခြင်း မရှိကြသကဲ့သို့ ရိုးရှင်းသည့် ပရိဘောဂများမှလွဲ၍ သိပ်အဖိုးတန်သည့်အရာ တစ်ခုမျှ မရှိကြပေ။ ၎င်းတို့တွင် အဝတ်အထည်တစ်စုံ၊ သို့မဟုတ် နှစ်စုံလောက်သာ ရှိပြီး အပေါက်များပေါက်နေလျှင်ပင် ဝတ်ရသည်အထိ ဖြစ်သည်။ အများအားဖြင့် အဆင့်အတန်းရှိသည့် စားကောင်းသောက်ဖွယ်များကို လုံးဝ မစားနိုင်ခဲ့ကြဘဲ ထိုအစား အသားစားရန် နှစ်သစ်ကူး၊ သို့မဟုတ် အခါကြီးရက်ကြီးများကို စောင့်ဆိုင်းခဲ့ကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့ ဆာလောင်ငတ်မွတ်ကြပြီး နွေးနွေးထွေးထွေး နေရန် ဝတ်ဖို့ အလုံအလောက်မရှိကြသကဲ့သို့ အသားများ တစ်ဇလုံအပြည့် စားရခြင်းဟူသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်ပြီး သစ်သီးတစ်လုံး စားရဖို့ ရှာတွေ့ခြင်းသည်ပင် ခက်ခဲပေသည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်ရင်း မြို့ကြီးပြကြီးတွင် အသက်ရှင်နေထိုင်ကြသည့်၊ မိဘများက ဥစ္စာဓနပေါကြွယ်ဝသည့်၊ မိမိတို့ စားလိုသည့် မည်သည့်အရာကိုမဆို စားနိုင်ပြီး ဝတ်လိုသည့် မည်သည့်အရာကိုမဆို ဝတ်နိုင်သည့်၊ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို ချက်ချင်းရကာ အမှုအရာများနှင့် ပတ်သက်၍ နှံ့စပ်သည့် အခြားသူများနှင့် ၎င်းတို့ ကွဲပြားခြားနားသည်ဟု ခံစားကြရလေသည်။ ၎င်းတို့က “၎င်းတို့သည် ထိုသို့ ကံကောင်းကြသည်။ အဘယ်ကြောင့် ငါ၏ ကံ အလွန်ဆိုးရပါသနည်း”ဟု တွေးကြ၏။ ၎င်းတို့သည် လူအုပ်ထဲမှ အမြဲ ထင်ပေါ်လိုကာ မိမိတို့ ကံကြမ္မာကို ပြောင်းလဲလိုကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲရန်မှာ မလွယ်ကူချေ။ အကြင်သူသည် ထိုသို့သော အခြေအနေတစ်ခုတွင် မွေးဖွားလာသည့်အခါ ၎င်းတို့ ကြိုးစားကောင်း ကြိုးစားနိုင်သော်လည်း မိမိတို့ ကံကို မည်မျှ ၎င်းတို့ ပြောင်းလဲနိုင်ကြသနည်း၊ ပြီးလျှင် ထိုကံကို မည်မျှ သာ၍ ကောင်းအောင် လုပ်နိုင်ကြသနည်း။ ၎င်းတို့ အရွယ်ရောက်လာသည့်နောက်တွင် လူမှုအဖွဲ့အစည်းထဲတွင် ၎င်းတို့ သွားသည့် နေရာတိုင်းတွင် အတားအဆီးများ၏ ပိတ်ပင်ခြင်း ခံရသည်။ သွားသည့် နေရာတိုင်းတွင် အနိုင်ကျင့်ခံရကြသောကြောင့် ၎င်းတို့ အလွန် ကံအကြောင်းမလှဟု အမြဲ ခံစားကြသည်။ ၎င်းတို့က “အဘယ်ကြောင့် ငါ အလွန် ကံမကောင်းရသနည်း။ အဘယ်ကြောင့် ခက်ထန်သည့်လူများနှင့် ငါအမြဲ ဆုံရသနည်း။ ကလေးအရွယ်ဖြစ်ခဲ့ချိန်တွင် ဘဝက ခက်ခဲခဲ့ပြီး ထိုသို့သာ ဖြစ်နေခဲ့သည်။ ယခုတွင် ငါ အရွယ်ရောက်ပြီ၊ ဘဝက အလွန် ဆိုးရွားနေဆဲဖြစ်သည်။ ငါလုပ်နိုင်သည့်အရာကို အမြဲ ပြသလိုသော်လည်း အခွင့်အရေး လုံးဝ မရခဲ့ပါ။ မည်သည့်အခါတွင်မျှ အခွင့်အရေးမရခဲ့လျှင်လည်း ရှိပါစေတော့။ ငါ အလုပ်ကြိုးစားလုပ်ပြီး ကောင်းမွန်သည့် ဘဝကို အသက်ရှင်ရန် လုံလောက်သည့် ငွေကိုသာ ရှာလိုက်ချင်သည်။ ထိုသို့ပင် အဘယ်ကြောင့် ငါ မလုပ်နိုင်ရသနည်း။ ကောင်းမွန်သည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ခြင်းသည် အဘယ်သို့ အလွန် ခက်ခဲရပါသနည်း။ အခြားလူတိုင်းထက် သာလွန်သည့် ဘဝတစ်ခုကို ငါ အသက်ရှင်ဖို့ မလိုပါ။ အနည်းဆုံးအနေဖြင့် မြို့ကြီးပြကြီးတွင် နေထိုင်သူတစ်ဦး၏ ဘဝတွင် အသက်ရှင်လိုပြီး လူတို့၏ အထင်သေးခြင်း မခံချင်သကဲ့သို့ ဒုတိယ၊ သို့မဟုတ် တတိယတန်းစား နိုင်ငံသား မဖြစ်လိုပါ။ အနည်းဆုံးအနေဖြင့် လူတို့သည် ငါ့ကို ခေါ်သောအခါ၊ ‘ဟေ့ ခင်ဗျား၊ ဒီကိုလာ’ဟု အော်မည်မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ငါ့ကို နာမည်တပ်၍ ခေါ်မည်ဖြစ်ပြီး လေးစားစွာ ခေါ်ဆိုမည်ဖြစ်သည်။ သို့ရာတွင် ငါ့မှာမူ လေးစားစွာ ခေါ်ဆိုခြင်းပင် မခံရပေ။ အဘယ်ကြောင့် ငါ၏ ကံကြမ္မာသည် အလွန် ရက်စက်ရသနည်း။ မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း”ဟု တွေးလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်သည့်အခါ ထိုကံကြမ္မာကို ရက်စက်သည်ဟု မှတ်ယူကြသည်။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီး ဤသည်မှာ စစ်မှန်သော လမ်းခရီးဖြစ်ကြောင်း မြင်လာကြသည့်နောက်တွင် ၎င်းတို့က “ယခင်က ဆင်းရဲဒုက္ခအားလုံး ထိုက်တန်ပါသည်။ အားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ ဘုရားသခင်က ကောင်းစွာ လုပ်ဆောင်ခဲ့သည်။ ထိုသို့ ငါဆင်းရဲဒုက္ခမခံစားခဲ့ရပါက ဘုရားသခင်ကို ငါ ယုံကြည်လာမည် မဟုတ်ပါ။ ယခု ဘုရားသခင်ကို ငါ ယုံကြည်သဖြင့် သမ္မာတရားကို ငါ လက်ခံနိုင်လျှင် ငါ၏ ကံကြမ္မာသည် ပိုကောင်းသွားဖို့ ပြောင်းလဲသင့်ပါသည်။ ယခုတွင် ငါသည် ညီအစ်ကို မောင်နှမများနှင့်အတူ အသင်းတော်တွင် တန်းတူညီသော ဘဝကို အသက်ရှင်နိုင်ပြီး လူတို့က ငါ့ကို ‘ညီအစ်ကို’၊ သို့မဟုတ် ‘ညီအစ်မ’ဟု ခေါ်ကြပြီး ငါ့ကို လေးစားစွာ ခေါ်ဆိုကြသည်။ ယခု ငါသည် အခြားသူများ၏ လေးစားမှုကို ရရှိသည့် ခံစားချက်ကို မွေ့လျော်ခံစားရသည်”ဟု စဉ်းစားကြသည်။ ၎င်းတို့၏ ကံကြမ္မာ ပြောင်းလဲပြီးဖြစ်သည့်အလား ထင်ရပြီး ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခမခံစားရတော့သကဲ့သို့ မကောင်းသည့် ကံမရှိတော့ဟု ထင်ရသည်။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ မိမိတို့၏ စိတ်ဆုံးဖြတ်ချက်ကို ချမှတ်ကြသည်။ အခက်အခဲကို သည်းညည်းခံလာနိုင်ပြီး အလုပ်ကြိုးစားနိုင်ကြသည်၊ မည်သည့် ကိစ္စတွင်မဆို အခြားမည်သူမဆိုထက် သာ၍ သည်းညည်းခံနိုင်ကြပြီး လူအများစု၏ လက်ခံမှုနှင့် လေးစားသမှုကို ရရှိရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ်ပင် အရွေးချယ်ခံရနိုင်သည်ဟု တွေးထင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ ဘိုးဘေးများနှင့် မိသားစုကို ဂုဏ်ပြုနေကြမည် မဟုတ်ပါလော။ ထို့နောက်တွင် ၎င်းတို့က မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲကြပြီး ဖြစ်မည် မဟုတ်လော။ သို့ရာတွင် လက်တွေ့အရှိတရားက မိမိတို့ ဆန္ဒများအတိုင်း အတော်လေး ဖြစ်မြောက်လာခြင်းမရှိသကဲ့သို့ ၎င်းတို့ စိတ်ပျက်အားလျော့လာကြပြီး “ဘုရားသခင်ကို ငါနှစ်ချီယုံကြည်ပြီးဖြစ်ကာ ငါ၏ ညီအစ်ကို မောင်နှမများနှင့် ငါအလွန် အဆင်ပြေသော်လည်း ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦး ရွေးချယ်ဖို့ ဖြစ်လာသည့်အခါတိုင်း အဘယ်သို့ ငါ၏ အလှည့် လုံးဝ မဖြစ်ရသနည်း။ ငါ အလွန်ရိုးရှင်းပုံရသောကြောင့်လား၊ သို့မဟုတ် လုံလောက်အောင် ကောင်းစွာ ထမ်းဆောင်ခြင်းမရှိသေးသကဲ့သို့ ငါ့ကို မည်သူမျှ သတိမထားမိသေးသောကြောင့်လား။ မဲပေးကြသည့်အခါတိုင်း ငါ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်ပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရမည်ဆိုလျှင်ပင် ငါဝမ်းသာမည်ဖြစ်သည်။ ဘုရားသခင်ကို ပြန်ပေးဆပ်ရန် စိတ်ထက်သန်မှု အပြည့် ရှိသော်လည်း မဲဆန္ဒပေး၍ ငါ လုံးဝ ချန်ထားခံရသည့်အခါတိုင်း ငါ စိတ်သာပျက်သွားရသည်။ ယင်းနှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပါသနည်း။ ငါသည် သာမညောင်ညလူတစ်ဦး၊ သာမန်လူတစ်ဦး၊ ငါ့တစ်ဘဝလုံး မထူးခြားသည့် တစ်စုံတစ်ဦးသာ အမှန်တကယ် ဖြစ်နိုင်သည်များ ဖြစ်နိုင်မည်လော။ ငါ၏ ကလေးဘဝ၊ ငါ၏ ငယ်ရွယ်သည့် အချိန်နှင့် သက်လတ်ပိုင်းနှစ်ကာလများကို ပြန်ကြည့်သည့်အခါ ငါနင်းလျှောက်ပြီးဖြစ်သည့် ဤလမ်းကြောင်းသည် အမြဲ အလွန် သာမညောင်ညဖြစ်ခဲ့ပြီး မှတ်သားဖွယ် တစ်ခုမျှ မလုပ်ဆောင်ခဲ့သေးပါ။ ငါ့ထံတွင် မည်သည့် ရည်မှန်းချက်မျှ မရှိခြင်း၊ သို့မဟုတ် ငါ၏ အစွမ်းအစက အလွန် ချို့တဲ့လွန်းခြင်း မဟုတ်သကဲ့သို့ လုံလောက်သည့် အားထုတ်မှု မစိုက်ထုတ်ခြင်း၊ သို့မဟုတ် အခက်အခဲကို ငါ သည်းညည်းမခံနိုင်ခြင်း မဟုတ်ပါ။ ငါ့ထံတွင် ဆန္ဒပြင်းပြမှုများနှင့် ပန်းတိုင်များ ရှိပြီး ငါရည်မှန်းချက်ရှိသည်ဟုပင် ပြော၍ ရသည်။ ထို့ကြောင့် လူအုပ်မှ ငါ လုံးဝ မထင်ပေါ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်ချက်တွင် ငါ၌ မကောင်းသည့် ကံတစ်ခုရှိပြီး ဆင်းရဲဒုက္ခခံစားခြင်းအတွက် ငါ ကံဇာတာပါကာ ဤသည်မှာ ငါ့အတွက် အမှုအရာများကို ဘုရားသခင် စီစဉ်ပြီးဖြစ်သည့်ပုံ ဖြစ်သည်”ဟု တွေးကြလေသည်။ ထိုအရာကို ၎င်းတို့ တဝဲလည်လည် တွေးလေ၊ ၎င်းတို့၏ ကံကြမ္မာ ဆိုးရွားသည်ဟု တွေးလေ ဖြစ်သည်။ မိမိတို့ တာဝန်များကို သာမန် လုပ်ရိုးလုပ်စဉ် လုပ်ဆောင်ရာတွင် အကြံပေးချက်များအချို့ကို ၎င်းတို့ ပြုလုပ်လျှင်၊ သို့မဟုတ် အမြင်အချို့ ဖော်ပြပြီး ပြန်လည်ချေပချက်တစ်ခု အမြဲ ရရှိပြီး မည်သူကမျှ ၎င်းတို့ကို နားမထောင်၊ သို့မဟုတ် အလေးအနက် သဘောမထားလျှင် သာ၍ပင် ၎င်းတို့ စိတ်ဓာတ်ကျလာပြီး “အို၊ ငါ့ ကံကြမ္မာ အလွန်ဆိုးသည်။ ငါရှိသည့် အဖွဲ့တိုင်းတွင် ငါ၏ ရှေ့ဆက်လမ်းကို ပိတ်ဆို့ပြီး ဖိနှိပ်နေသည့် ခက်ထန်သော လူအချို့ အမြဲရှိသည်။ မည်သူကမျှ ငါ့ကို အလေးအနက် မထားသကဲ့သို့ ငါ မည်သည့်အခါတွင်မျှ မထင်ပေါ်နိုင်ပါ။ အားလုံး အနှစ်ချုပ်လိုက်သည့်အခါ ငါ၏ကံက ဆိုးသည်ဟူသည့် ဤဘူတာကိုသာ ဆိုက်လေသည်”ဟု တွေးကြသည်။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့၏ကံ မကောင်းခြင်းအဖြစ် အမြဲ မှတ်ယူကြသည်။ ၎င်းတို့သည် မကောင်းသည့် ကံရှိခြင်းနှင့်ဆိုင်သည့် ဤစိတ်ကူးထဲသို့ စဉ်ဆက်မပြတ် အားထုတ်ကြသည်။ ထိုအရာအပေါ် သာ၍ နက်ရှိုင်းသည့် သိနားလည်မှုနှင့် သဘောပေါက်ခြင်း ရှိရန် ကြိုးပမ်းကြပြီး ထိုအရာကို မိမိတို့ စိတ်များတွင် ပြန်ပြောင်းတွေးသည့်အခါ ၎င်းတို့၏ စိတ်ခံစားမှုများသည် ယခင်ထက် သာ၍ စိတ်ဓာတ်ကျလာသည်။ မိမိတို့ တာဝန်ကို ထမ်းဆောင်ရာတွင် အသေးစား အမှားတစ်ခု ၎င်းတို့ ပြုမိသည့်အခါတွင် ၎င်းတို့က “အို၊ ထိုသို့သော မကောင်းသည့်ကံ ရှိနေချိန်တွင် ငါ့တာဝန်ကို ငါအဘယ်သို့ ကောင်းစွာ လုပ်နိုင်မည်နည်း”ဟု တွေးကြသည်။ စုဝေးပွဲများတွင် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက မိတ်သဟာယပြုပေးကြပြီး အမှုအရာများကို ၎င်းတို့ အဖန်ဖန် တွေးကြသော်လည်း နားမလည်ကြသကဲ့သို့ “အို ထိုသို့သော မကာင်းသည့်ကံရှိနေချိန်တွင် အမှုအရာများကို ငါ အဘယ်သို့ နားလည်နိုင်မည်နည်း”ဟု တွေးကြသည်။ ၎င်းတို့ထက် စကားပြောကောင်းသည့်သူ၊ ၎င်းတို့ထက် သာ၍ ရှင်းလင်းပြီး သာ၍ အလင်းပေးသည့်နည်းလမ်းဖြင့် မိမိတို့၏ သိနားလည်မှုကို ရှင်းပြသည့် တစ်စုံတစ်ဦးကို ၎င်းတို့ တွေ့သည့်အခါတိုင်းတွင် သာ၍ပင် စိတ်ဓာတ်ကျသွားကြသည်။ အခက်အခဲများကို သည်းညည်းခံနိုင်ပြီး အဖိုးအခပေးနိုင်သည့်သူ၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်များ မြင်တွေ့သည့်သူ၊ မိမိတို့ ညီအစ်ကို မောင်နှမများ၏ လက်ခံမှုကို ရရှိပြီး ရာထူးတိုးခြင်းခံရသူ တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးတွင် မပျော်မရွှင်ဖြစ်ကြသည်။ တစ်စုံတစ်ဦးက ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်ကို ၎င်းတို့ မြင်သည့်အခါ သာ၍ပင် စိတ်ဓာတ်ကျကြပြီး သီဆိုပြီး ကခုန်ရာတွင် ၎င်းတို့ထက် တော်သည့် တစ်စုံတစ်ဦးကို ၎င်းတို့ မြင်ပြီး ထိုလူထက် သာ၍ နိမ့်ကျသည်ဟု ၎င်းတို့ ခံစားရသည့်အခါ ၎င်းတို့ စိတ်ဓာတ်ကျကြသည်။ မည်သည့် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများကို ၎င်းတို့ ကြုံရသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် အခြေအနေများကိုမဆို ၎င်းတို့ အမှတ်မထင် တွေ့ကြုံသည်ဖြစ်စေ၊ ဤစိတ်ဓာတ်ကျသည့် စိတ်ခံစားချက်များဖြင့် ထိုအရာများကို အမြဲ တုံ့ပြန်ကြသည်။ ၎င်းတို့ အဝတ်အစားထက် အနည်းငယ် သာ၍ကောင်းသည့် အဝတ်အစားများကို ဝတ်ဆင်သည့်သူ၊ သို့မဟုတ် ဆံပင်ပုံစံ အနည်းငယ် ပိုကောင်းသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါတွင်ပင် ၎င်းတို့ အမြဲ ဝမ်းနည်းပြီး နောက်ဆုံးတွင် ထိုစိတ်ဓာတ်ကျသည့် စိတ်ခံစားမှုဆီသို့ ပြန်ရောက်သွားသည်အထိ ၎င်းတို့၏ စိတ်နှလုံးတွင် မနာလိုမှုနှင့် အားကျမှုတို့ ဖြစ်ပေါ်လေသည်။ ၎င်းတို့ တွေးမိသည့် အကြောင်းပြချက်များမှာ အဘယ်နည်း။ ၎င်းတို့က “အို၊ ဤသည်မှာ ငါ၏ ကံ မကောင်းသောကြောင့် မဟုတ်ပါလား။ ငါသည် အနည်းငယ် သာ၍ ကြည့်ကောင်းလျှင်၊ သူတို့လောက် ငါခံ့ညားလျှင်၊ ကြည့်ကောင်းသည့် ပုံပန်းဖြင့် အရပ်ရှည်လျှင်၊ အဝတ်အစားကောင်းများနှင့် ငွေများစွာရှိလျှင်၊ ကောင်းမွန်သည့် မိဘများ ရှိလျှင် အမှုအရာများသည် ယခုဖြစ်သည့်ပုံထက် ကွာခြားမည် မဟုတ်ပါလား။ ထိုအခါလူတို့သည် ငါ့ကို အထင်ကြီးလေးစားပြီး အားကျကာ မနာလိုဖြစ်ကြမည် မဟုတ်ပါလား။ အဆုံးတွင်တော့ ငါ၏ ကံ မကောင်းသကဲ့သို့ ထိုအရာအတွက် အခြားမည်သူကိုမျှ ငါ အပြစ်တင်၍ မရပါ။ ထိုသို့သော မကောင်းသည့်ကံဖြင့် မည်သည့်အရာမျှ ငါ့အတွက် မှန်ကန်စွာ ဖြစ်ပျက်ခြင်းမရှိသကဲ့သို့ တစ်စုံတစ်ရာအပေါ် လဲကျခြင်းမရှိဘဲ မည်သည့်နေရာကိုမျှ ငါ လျှောက်သွား၍ မရပါ။ ငါ၏ မကောင်းသည့် ကံသာဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ ငါလုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိပါ”ဟု တွေးကြသည်။ အလားတူစွာ ၎င်းတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ၊ သို့မဟုတ် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို အပြစ်ဖော်ဆုံးမသည့်အခါ၊ သို့မဟုတ် ဝေဖန်သည့်အခါ၊ သို့မဟုတ် ၎င်းတို့ကို အကြံများပေးသည့်အခါ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ဖြင့် ထိုအရာကို ၎င်းတို့ တုံ့ပြန်ကြသည်။ မည်သို့ဆိုစေ၊ ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ အနီးဝန်းကျင်ရှိ အရာရာတိုင်းကိုဖြစ်စေ ၎င်းတို့၏ စိတ်ဓာတ်ကျသော စိတ်ခံစားချက်များမှ ဖြစ်ပေါ်သည့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အတွေးများ၊ အမြင်များ၊ သဘောထားများနှင့် ရှုထောင့်အမြင်များဖြင့် ၎င်းတို့ အစဉ်သဖြင့် တုံ့ပြန်ကြလေသည်။

မိမိတို့ကိုယ်ကို မကောင်းသည့် ကံတစ်ခုရှိသည်ဟု အမြဲတွေးကြသည့် ဤကဲ့သို့သော လူများသည် မိမိတို့၏ စိတ်နှလုံးများက ကြီးမားသည့် ကျောက်ဆောင်ကြီးတစ်ခု၏ ထုချေခြင်းခံရသကဲ့သို့ စဉ်ဆက်မပြတ် ခံစားကြရလေသည်။ ၎င်းတို့ထံ ဖြစ်ပျက်သည့်အရာတိုင်းသည် ၎င်းတို့၏ မကောင်းသည့် ကံကြောင့် ထိုသို့ဖြစ်ပျက်သည်ဟု ၎င်းတို့ အမြဲ ယုံကြည်ကြသောကြောင့် မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ၊ ထိုအရာကို မည်သို့မျှ ၎င်းတို့ မပြောင်းလဲနိုင်ဟု ခံစားကြသည်။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် အပျက်သဘောသာဆောင်ကြပြီး အားထုတ်မှုလျော့ကာ ၎င်းတို့၏ ကံအကြောင်းမလှမှုများကို ကျိတ်မှိတ်လက်ခံကြလေသည်။ မိမိတို့၏ ကံအကြောင်း မလှမှုများကို ၎င်းတို့ ကျိတ်မှိတ်လက်ခံကြသည်ဟု ငါပြောသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ ၎င်းတို့က “အို၊ ဘဝတစ်လျှောက် ဤသို့သာ ငါ တော်စွလျော်စွ ကြုံရာကျပန်း နေလိုက်မည်”ဟု တွေးကြသည်။ အခြားသူများ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ ထိုလူများသည် မိမိတို့ကိုယ်ကို သုံးသပ်နိုင်ပြီး “ငါသည် အဘယ်ကြောင့် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသနည်း။ သမ္မာတရား စည်းမျဉ်းများနှင့် ဆန့်ကျင်သည့် အရာကို ငါ လုပ်မိပြီလား။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ငါထုတ်ဖော်ပြမိပြီနည်း။ ငါ၏ သိနားလည်မှုသည် လုံလောက်အောင် နက်ရှိုင်းပြီး ခိုင်မာပါသလား။ ဤကိစ္စရပ်များကို ငါ မည်သို့ နားလည်ပြီး ဖြေရှင်းသင့်သနည်း”ဟု ပြောကြသည်။ ဤသို့သော အရာများကို ၎င်းတို့ ပြောကြပြီး ဤသည်မှာ သမ္မာတရား လိုက်စားသည့် တစ်စုံတစ်ဦး ဖြစ်သည်။ သို့သော် မကောင်းသည့်ကံဟု ခေါ်ဆိုသည့်အရာရှိသော လူသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ အခြားသူများက ၎င်းတို့ကို အထင်သေးကြောင်း၊ ၎င်းတို့၏ ကံသည် မကောင်းကြောင်းနှင့် ထို့ကြောင့် မည်သူကမျှ ၎င်းတို့ကို မနှစ်သက်ကြောင်း၊ ပြီးလျှင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းလိုသည့် မည်သူမဆို ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ခံစားကြသည်။ မည်သူကမျှ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသည့်အခါ စိတ်ဓာတ်ကျခြင်းသည် အနည်းငယ် သက်သာသွားသော်လည်း တစ်စုံတစ်ဦးက ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ၎င်းတို့၏ စိတ်ဓာတ်ကျခြင်းက သာ၍ပင် ဆိုးသွား၏။ အခြားလူများ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ ရက်အတော်ကြာ အပျက်သဘောဆောင်သွားနိုင်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး မိမိတို့ ညီအစ်ကို မောင်နှမများ၏ အကူအညီနှင့် အားပေးမှုတို့ဖြင့် သမ္မာတရားကို ၎င်းတို့ လက်ခံလာနိုင်ကာ မိမိတို့ကိုယ်ကို တဖြည်းဖြည်း ပြောင်းလဲကြပြီး အပျက်သဘောဆောင်သည့် အခြေအနေကို နောက်ချန်ထားကြသည်။ သို့သော် မကောင်းသည့်ကံရှိသည်ဟု မိမိတို့ကိုယ်ကို တွေးထင်ကြသူများသည် ထိုအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို နောက်ချန်ထားခြင်း မရှိရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့တွင် ဧကန်အမှန် မကောင်းသည့် ကံတစ်ခုရှိသည်ဟု သာ၍ပင် သေချာလာကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ ကျွမ်းကျင်မှုများ အပြည့်အဝ လုံးဝ အသုံးပြုခြင်း မခံရကြောင်း၊ ၎င်းတို့သည် အစဉ်သဖြင့် ကိုင်တွယ်‌ဖြေရှင်းခြင်း ခံရသကဲ့သို့ သူတစ်ပါးအတွက် ကြားကခံရသူအဖြစ် အသုံးပြုခံရကြောင်း ခံစားရလျက် ဘုရားအိမ်တော်သို့ ရောက်လာကြသည်။ ၎င်းတို့က “သင်တို့ မြင်ကြပါသလား။ အခြားလူများသည် ဤအရာကို လုပ်ဆောင်ကြပြီး ကိုင်တွယ်ဖြေရှင်းခြင်းမခံရပါ။ ထို့ကြောင့် ဤအရာကို ငါ လုပ်ဆောင်သည့်အခါ အဘယ်သို့ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းခံရပါသနည်း။ ဤအရာက ငါ၏ ကံမကောင်းသည်ကို ပြသသည်မှာ ဧကန်အမှန်ဖြစ်၏”ဟု တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤအရာကို စိတ်ဓာတ်ကျပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ အခြားလူများက ၎င်းတို့ကို သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုရန် မည်သို့ ကြိုးစားကြသည်ဖြစ်စေ နားဝင်ခြင်းမရှိသကဲ့သို့ ၎င်းတို့က “သင်တို့သည် ခဏမျှသာ ကိုင်တွယ်ဖြေရှင်းခံရသော်လည်း ကျွန်ုပ်အတွက် မတူပါ။ မည်သည့်အရာကိုမျှ ကျွန်ုပ် မှန်အောင် မလုပ်ဆောင်နိုင်သကဲ့သို့ ကိုယ်တွယ်ဖြေရှင်းခံရခြင်းကို သည်းညည်းခံရန် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ မည်သူကိုမျှ ကျွန်ုပ် အပြစ်တင်၍မရပါ။ ကျွန်ုပ်၏ ကံ မကောင်းခြင်းသာ ဖြစ်ပါသည်”ဟူ၍ ပြောကြလေသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို မကောင်းသည့် ကံတစ်ခု ရှိဖို့နှင့် ၎င်းတို့ အသက်ရှင်သရွေ့ ဤသို့သာ အမြဲဖြစ်လိမ့်မည်ဖြစ်ကြောင်း အမြဲ ယုံကြည်ကြသောကြောင့် လူတို့အား သမ္မာတရားကို လိုက်စားရန်နည်းလမ်း၊ အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်နည်းလမ်းနှင့် မိမိတို့တာဝန်ကို စံမီအောင် ထမ်းဆောင်ရန် နည်းလမ်းတို့ကို ဘုရားအိမ်တော်က မည်မျှပြောဆိုသည်ဖြစ်စေ ထိုအရာတစ်ခုမျှ နားဝင်ခြင်း မရှိပေ။ ၎င်းတို့၏ ကံသည် ဆိုးကြောင်း ၎င်းတို့ အစဉ်အမြဲ သေချာနေကြသောကြောင့် သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်းတည်းဟူသော ဤကောင်းသည့် အရာသည် ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိကြောင်း ခံစားကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ တာဝန်ကို အလွန် တာဝန်သိစွာ ထမ်းဆောင်ခြင်း မရှိပေ။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးတွင် “မကောင်းသည့် ကံရှိသော လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ကြပါ။ ကောင်းသည့် ကံရှိသော လူတို့သာ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ တစ်စုံတစ်ဦးသည် ကောင်းသည့် ကံတစ်ခုရှိသည့်အခါ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် လူတို့က ၎င်းတို့ကို နှစ်သက်ကြပြီး အရာရာက ၎င်းတို့အတွက် အဆင်ပြေချောမွေ့သည်။ ငါသည် မကောင်းသည့်ကံတစ်ခု ရှိပြီး ခက်ထန်သည့် လူများနှင့် အမြဲ အမှတ်မထင်ဆုံရသည်။ ငါ့တာဝန်များ လုပ်ဆောင်ရသည်ကို ငါ လုံးဝ စိတ်မချမ်းသာပါ။ ဤကံအကြောင်းမလှမှုများသည် တစ်ခုပြီးတစ်ခု ရောက်လာသည်”ဟု သေချာနေကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မကောင်းသည့် ကံရှိသည်ဟု ယုံကြည်ကြသောကြောင့် အမြဲ စိတ်ပျက်အားလျော့ကာ စိတ်ဓာတ်ကျကြသည်။ သမ္မာတရား လိုက်စားခြင်းသည် ဆွေးနွေးရမည့် တစ်စုံတစ်ရာသာ ဖြစ်ကြောင်းနှင့် ၎င်းတို့ကဲ့သို့သော မကောင်းသည့် ကံရှိသည့် တစ်စုံတစ်ဦးသည် သမ္မာတရား လိုက်စားခြင်းအားဖြင့် မည်သည့်အရာမျှ လုံးဝ စွမ်းဆောင်ရရှိနိုင်ခြင်း မရှိဟု အမြဲ ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားလျှင်ပင် အဆုံး၌ မည်သည့်အရာမျှ ရရှိကြမည်မဟုတ်ဟု ခံစားကြပြီး “မကောင်းသည့် ကံရှိသောလူတို့သည် နိုင်ငံတော်ထဲသို့ အဘယ်သို့ ဝင်ရောက်နိုင်မည်နည်း။ မကောင်းသည့်ကံရှိသော လူတို့သည် အဘယ်သို့ ကယ်တင်ခြင်း ရယူနိုင်မည်နည်း”ဟု အမြဲ တွေးကြသည်။ ထိုအရာကို ၎င်းတို့ မယုံကြည်ဝံ့ကြ၊ ထို့ကြောင့် ၎င်းတို့သည် “ငါ၏ ကံသည် မကောင်းသကဲ့သို့ ဆင်းရဲဒုက္ခခံဖို့ ငါမွေးဖွားခဲ့သောကြောင့် ရှင်သန်ပြီး အဆုံးတွင် အစေခံသူတစ်ဦးဖြစ်လာရန်မှာ သိပ်ဆိုးမည်မဟုတ်ပါ။ ယင်းမှာ ငါ့ဘိုးဘေးများ၏ ကောင်းမှုများက ငါ့ထံတွင် အကျိုးဖြစ်ပြီး ကောင်းသောကံဖြင့် ငါ့ကို သူတို့ ကောင်းချီးပေးကြမည့် သဘောဖြစ်လိမ့်မည်။ ငါ၏ ယုံကြည်ခြင်းသည် မကောင်းသောကြောင့်၊ ချက်ပြုတ်ခြင်း၊ သန့်ရှင်းခြင်း၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ကလေးများကို စောင့်ရှောက်ခြင်း၊ သို့မဟုတ် တောက်တိုမယ်ရအချို့ စသည်တို့ကဲ့သို့သော မထူးခြားသည့် တာဝန်အချို့ကိုသာ လုပ်ဆောင်ရန် သင့်တော်သည်။ ဘုရားအိမ်တော်တွင် ထင်ပေါ်ခွင့်ပေးမည့် အလုပ်များအတွက်မူ ငါ အသက်ရှင်သရွေ့ ထိုအလုပ်များနှင့် ပတ်သက်စရာ မည်သည့်အရာမျှ မရှိသည်မှာ သေချာသလောက် ဖြစ်သည်။ သင် မြင်ပါသလား၊ ငါသည် ဘုရားအိမ်တော်ကို စိတ်ထက်သန်မှုအပြည့်ဖြင့် လာခဲ့ပြီး မည်သို့ အဆုံးသတ်သွားလေပြီနည်း။ ချက်ပြုတ်ခြင်းနှင့် ကာယအလုပ်များသာ လုပ်ရသည်။ ငါ မည်မျှ မောပန်းနွမ်းနယ်သည်၊ သို့မဟုတ် ထိုအရာမည်မျှ ခက်ခဲသည်ကို မည်သူမျှ သတိမထားမိပါ၊ မည်သူမျှ မမြင်သကဲ့သို့ မည်သူမျှ ဂရုမစိုက်ပါ။ ဤသည်မှာ ခက်ခဲသည့် ကံတစ်ခုမဟုတ်လျှင်၊ မည်သည့်အရာဖြစ်သည်ကို ငါ မသိပါ။ အခြားလူများမှာ ရုပ်ရှင်တစ်ကားပြီးတစ်ကား၊ ဗီဒီယို တစ်ခုပြီးတစ်ခု ရိုက်ကူးလျက် ခေါင်းဆောင် မင်းသားများ၊ သို့မဟုတ် အရံများ ဖြစ်ကြသည်။ ကောင်းလိုက်လေခြင်း။ ငါသည် လုံးဝ တစ်ကြိမ်တစ်ခါမျှ မထင်ပေါ်ဖူးပါ။ ခက်ခဲလိုက်သည့် ကံပါတကား။ ငါ၏ ကံကြမ္မာသည် အလွန်ဆိုးသည်။ ငါ၏ မကောင်းသည့် ကံအတွက် မည်သူကို အပြစ်တင်ရမည်နည်း။ ငါ၏ အပြစ် မဟုတ်ပါသလား။ သေမည့်အချိန်ရောက်သည်အထိ ငါ ဆက်သာ အသက်ရှင်နေလိုက်တော့မည်”ဟု တွေးလျက် မိမိတို့ကိုယ်ကို စဉ်ဆက်မပြတ် ဘောင်ခတ်နေကြသည်။ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုထဲသို့ နက်သည်ထက်နက်အောင် ကျဆင်းသွားကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၊ သို့မဟုတ် ထိုစိတ်ခံစားမှုများ အဘယ်ကြောင့် ဖြစ်လာကြသည်၊ သို့မဟုတ် ဤအရာတစ်ခုတလေသည် ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံရှိခြင်းနှင့် ပတ်သက်မှု တစ်ခုတလေ ရှိမရှိဆိုသည်တို့ကို သုံးသပ်ကာ သိရှိနိုင်ခြင်း မရှိရုံမျှမက ဤအရာများကို နားလည်ရန် သမ္မာတရားကို ရှာဖွေခြင်းလည်း မရှိကြဘဲ ၎င်းတို့၏ ပြဿနာများအားလုံးသည် မိမိတို့၏ မကောင်းသည့် ကံကြောင်းဖြစ်သည်ဟူသော စိတ်ကူးကိုလည်း ကြောင်းကျိုးမမြင်စွာ ဖက်တွယ်ကြလေသည်။ ဤအရာ၏ အကျိုးဆက်မှာ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲသို့ နက်သည်ထက်နက်အောင် ကျဆင်းသွားကြပြီး မိမိတို့ကိုယ်ကို လွတ်မြောက်အောင် လုပ်နိုင်ခြင်း မရှိကြချေ။ အဆုံးတွင် ၎င်းတို့က မိမိတို့ကိုယ်ကို မကောင်းသည့် ကံရှိသည်ဟု အမြဲ ယုံကြည်ကြသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်၊ မည်သည့် စစ်မှန်သည့် ရည်ရွယ်ချက်မျှ မရှိဘဲ အသက်ရှင်ကြပြီး သေခြင်းအတွက် စောင့်ဆိုင်းလျက် အစာစားရုံ၊ အိပ်ရုံသာ ရှိကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ ကယ်တင်ခြင်းကို ရယူခြင်းနှင့် ဘုရားသခင်၏ အခြား ထိုသို့သော သတ်မှတ်ချက်များကို တိုး၍ စိတ်ဝင်စားမှု ကင်းမဲ့လာကြသကဲ့သို့ ဤအရာများကို သာ၍ သာ၍ တွန်းလှန်ကာ ငြင်းပယ်ကြလေသည်။ ၎င်းတို့၏ မကောင်းသည့် ကံကို ထုံးစံအတိုင်း သမ္မာတရား မလိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရယူရန် မတတ်နိုင်ခြင်းတို့အတွက် အကြောင်းပြချက်အဖြစ် ၎င်းတို့ သဘောထားကြလေသည်။ ၎င်းတို့သည် မိမိတို့ ကြုံရသည့် အခြေအနေများတွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် အပျက်သဘောဆောင်သော စိတ်ခံစားမှုများအား စိတ်ဖြာလေ့လာဆွေးနွေးကာ ထိုသို့ဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိလာကာ ဖြေရှင်းခြင်း မရှိကြဘဲ ထို့ထက် ၎င်းတို့၏ စိတ်ဓာတ်ကျခြင်း ခံစားချက်များထဲသို့ သာ၍ပင်နက်အောင် ကျဆင်းဖို့ ၎င်းတို့တွင် အကျိုးဆက်ဖြစ်ပေါ်စေရင်း မကောင်းသည့် ကံရှိခြင်းအပေါ် ၎င်းတို့၏ အမြင်ကို ၎င်းတို့ ကြုံဆုံကာ တွေ့ကြုံခံစားရသည့် လူ၊ အဖြစ်အပျက်နှင့် အမှုအရာတိုင်းအား တုံ့ပြန်ပုံတွင် အသုံးပြုကြလေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူတို့သည် ၎င်းတို့တွင် မကောင်းသည့် ကံတစ်ခုရှိသည်ဟု ယုံကြည်စေသည့် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် မှန်ကန်သလော၊ မမှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်သို့ မမှန်ကန်ပါသနည်း။ (ဤစိတ်ခံစားမှုသည် အတော်လေး အစွန်းရောက်သည်ဟု ကျွန်ုပ် ထင်ပါသည်။ ၎င်းတို့သည် မိမိတို့၏ မကောင်းသည့် ကံကို မိမိတို့ထံ ဖြစ်ပျက်သည့် အရာတိုင်းအား ရှင်းပြပြီး ဘောင်ခတ်ပုံထဲသို့ ယူဆောင်ကြသည်။ အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ဤပြဿနာများ အဘယ်ကြောင့် ဖြစ်ပေါ်သည်ဆိုသည့်အပေါ် ၎င်းတို့ သုံးသပ်ကာ ကောက်ချက်ချခြင်း မရှိကြသကဲ့သို့ ရှာဖွေခြင်း၊ သို့မဟုတ် ချင့်ချိန်စဉ်းစားခြင်းလည်း မရှိကြချေ။ ထိုအရာမှာ အမှုအရာများကို ချဉ်းကပ်ရန် လုံးဝ အစွန်းရောက်ပြီး ဘောင်ခတ်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။) အမှုအရာများကို ချဉ်းကပ်ရန် ဤအစွန်းရောက်ပြီး အဓိပ္ပာယ်မရှိသည့် နည်းလမ်းသည် အဘယ်သို့ ဖြစ်လာသနည်း။ ဤစိတ်ဓာတ်ကျသည့် ခံစားချက်များ၏ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ (ဤစိတ်ခံစားမှု၏ ဖြစ်ကြောင်းရင်းမြစ်မှာ သူတို့သည် မှားယွင်းသည့် လမ်းကြောင်းကို လိုက်လျှောက်နေခြင်းဖြစ်ပြီး သူတို့ လိုက်စားမှု၏ စမှတ်သည် မှားယွင်းခြင်း ဖြစ်သည်။ ၎င်းတို့တွင် အထိန်းအကွပ်မဲ့သော စိတ်ဆန္ဒများ ရှိကြသည်။ မိမိတို့ကိုယ်ကို အခြားသူများနှင့် အမြဲ ပြိုင်ဆိုင်ကာ နှိုင်းယှဉ်နေကြပြီး မိမိတို့၏ အထိန်းအကွပ်မဲ့သော စိတ်ဆန္ဒများကို ၎င်းတို့ မဖြည့်ဆည်းနိုင်သည့်အခါ ၎င်းတို့အတွင်းရှိ အပျက်သဘောဆောင်သော စိတ်ခံစားမှုက ခေါင်းထောင်လာသည်။) ဤကိစ္စ၏ အနှစ်သာရကို သင်တို့ ရှင်းလင်းစွာ နားမလည်ကြသေး။ ထိုအရာမှာ အဓိကအားဖြင့် “ကံ”နှင့်ဆိုသည့် ကိစ္စအပေါ် ၎င်းတို့၏ အမြင် မမှန်ကန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကောင်းသည့်ကံတစ်ခုကို အမြဲ လိုက်စားနေကြသည်၊ သို့မဟုတ် ၎င်းတို့သည် မိမိတို့ ကံကြမ္မာကို အရာရာ ၎င်းတို့အတွက် အဆင်ပြေချောမွေ့ပြီး လွယ်ကူစေချင်ကြသည်။ ၎င်းတို့သည် လူတို့၏ ကံများကို အမြဲ ကြည့်နေကြပြီး ထိုသို့သော အရာတစ်ခုကို ၎င်းတို့ စတင် လိုက်စားသည့်အခါ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သနည်း။ မတူကွဲပြားသော ပတ်ဝန်းကျင်အားလုံးတွင် အသက်ရှင်သူများကို ၎င်းတို့ ကြည့်ကြသည်၊ မည်သည့်အရာကို ထိုသူတို့ စားကြသည်၊ မည်သည့်အရာ ဝတ်ကြသည်၊ မည်သည့်အရာ မွေ့လျော်ကြသည်ဆိုသည်တို့ကို ကြည့်ကြပြီးနောက် မိမိတို့၏ ကိုယ်ပိုင် အခြေအနေဖြင့် ယင်းတို့ကို နှိုင်းယှဉ်ကြည့်ကြကာ မည်သည့်ကဏ္ဍတွင်ဆို ၎င်းတို့ ညံ့ကြသည်ဟုလည်းကောင်း၊ အခြားလူတိုင်းက ၎င်းတို့ထက် သာသည်ဟုလည်းကောင်း ခံစားကြပြီး ထို့ကြောင့် မိမိတို့ကိုယ်ကို မကောင်းသည့် ကံတစ်ခုရှိသည်ဟု ယုံကြည်မိကြလေသည်။ အမှန်တွင် ၎င်းတို့သည် အညံ့ဆုံးသောသူများ သေချာပေါက်မဟုတ်ကြဘဲ မိမိတို့ကိုယ်ကို အခြားသူများနှင့် အမြဲ နှိုင်းယဉ်မှုများနှင့် အကဲဖြတ်မှုများ ပြုလုပ်ကြခြင်း၊ “ကံ”နှင့်ဆိုင်သော ဤကိစ္စကို တွေးဆပြီး စောင့်ကြည့်လေ့လာရာတွင် အမြဲ အားထုတ်နေခြင်းနှင့် ထိုအရာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချောင်ပိတ်မိစေပြီး ရှေ့ဆက်ရမည့်လမ်းမရှိဘဲ ဖြစ်စေကာ နောက်ဆုံးတွင် အပျက်သဘောထဲသို့ ကျဆင်းသွားစေသည်အထိ အမြဲ အကဲဖြတ်လျက် ကံသည် ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည့်အပေါ် ရှုထောင့်နှင့် အမြင်ကို အရာရာအား အကဲဖြတ်ရာတွင် ၎င်းတို့ အသုံးပြုကြလေသည်။ ၎င်းတို့သည် အမှုအရာများ၏ အနှစ်သာရများကို ကြည့်ရမည့်အစား ဖြစ်ပျက်သည့် အရာရာကို အကဲဖြတ်ရန် ကံကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည့်အပေါ် အမြင်ကို စဉ်ဆက်မပြတ် အသုံးပြုကြသည်။ ဤအရာကို လုပ်ဆောင်ရာတွင် မည်သည့်အမှားကို ၎င်းတို့ ပြုမိကြသနည်း။ ၎င်းတို့၏ အတွေးများနှင့် အမြင်များ မှားယွင်းပြီး အဓိပ္ပာယ်မရှိသကဲ့သို့ ကံနှင့်ပတ်သက်သည့် ၎င်းတို့၏ စိတ်ကူးများ မမှန်ကန်ချေ။ လူ၏ ကံသည် မည်သူမျှ ရှင်းလင်းစွာ နားမလည်နိုင်သည့် အနက်နဲဆုံးသော ကိစ္စတစ်ခု ဖြစ်သည်။ လူတစ်ဦး၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို ညွှန်ပြသည်မှာ လူတစ်ဦး၏ မွေးသည့်ရက်စွဲ၊ သို့မဟုတ် ၎င်းတို့ မွေးဖွားသည့် အချိန်အတိအကျ မဟုတ်ပေ။ ထိုအရာမှာ နက်နဲမှုတစ်ခု ဖြစ်သည်။

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူတစ်ဦး၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အစီအစဉ်ကို လူ၏ အမြင်များ၊ သို့မဟုတ် ဗေဒင်ဆရာ၏ အမြင်များဖြင့် ရှုမြင်ရမည်၊ သို့မဟုတ် အကဲဖြတ်ရမည်မဟုတ်သကဲ့သို့ ထိုလူက မိမိ တစ်သက်တာတွင် ကြွယ်ဝမှုနှင့် ဂုဏ်အသရေမည်မျှ မွေ့လျော်သည်၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ တွေ့ကြုံခံစားရသည်၊ သို့မဟုတ် ရှေ့ရေးများ၊ ကျော်ကြားမှုနှင့် ဥစ္စာဓနတို့အတွက် ၎င်းတို့ လိုက်စားရာတွင် မည်မျှ အောင်မြင်သည်ဆိုသည်တို့အရ အကဲဖြတ်ရန်လည်း မဟုတ်ပေ။ သို့တိုင် ဤသည်မှာ ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု ပြောသောသူတို့ ပြုမိသည့် ဆိုးရွားသော အမှား အတိအကျဖြစ်သည့်အပြင် လူအများစုက အသုံးပြုသည့် တစ်ဦးတစ်ယောက်၏ ကံကြမ္မာကို အကဲဖြတ်သော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ လူအများစုသည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို မည်သို့ အကဲဖြတ်ကြသနည်း။ လောကီလူတို့သည် လူတစ်ဦး ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို မည်သို့ အကဲဖြတ်ကြသနည်း။ အဓိကအားဖြင့် ထိုလူ၏ဘဝ အဆင်ပြေချောမွေ့ခြင်း ရှိမရှိ၊ ကြွယ်ဝခြင်းနှင့် ဂုဏ်အသရေကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ခြင်း ရှိမရှိ၊ အခြားသူများထက် သာလွန်သည့် ဘဝနေထိုင်မှုပုံစံကို ၎င်းတို့ အသက်ရှင်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံပြီး ၎င်းတို့၏ တစ်သက်တာအတွင်းတွင် မွေ့လျော်ခံစားရန် မည်မျှရှိကြသည်၊ ၎င်းတို့ အချိန်မည်မျှကြာ အသက်ရှင်ကြသည်၊ မည်သည့် အသက်မွေးမှုလုပ်ငန်း ရှိကြသည်၊ ၎င်းတို့၏ ဘဝသည် အလုပ်ကို ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်းဖြင့် ပြည့်နေခြင်း၊ သို့မဟုတ် သက်သောင့်သက်သာဖြစ်ပြီး လွယ်ကူခြင်း ရှိမရှိဆိုသည်တို့အပေါ် ၎င်းတို့ အခြေပြုကြလေသည်။ လူတစ်ဦး၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ဤအရာများနှင့် နောက်ထပ်အရာများကို ၎င်းတို့ အသုံးပြုကြလေသည်။ သင်တို့သည်လည်း ဤကဲ့သို့ပင် အကဲဖြတ်ကြသည် မဟုတ်လော။ (အကဲဖြတ်ပါသည်။) သို့ဆိုလျှင် သင်တို့ အကြိုက်မဟုတ်သည့် တစ်စုံတစ်ရာကို သင်တို့အများစု ကြုံရသည့်အခါ၊ ခက်ခဲသည့်အချိန်များ ရှိသည့်အခါ၊ သို့မဟုတ် သာလွန်သည့် ဘဝနေထိုင်မှု ပုံစံတစ်ခုကို သင် မွေ့လျော်ခံစားနိုင်ခြင်း မရှိသည့်အခါ သင့်ထံတွင် မကောင်းသည့် ကံရှိသည်ဟု သင်တွေးမိလိမ့်မည်ဖြစ်ပြီး စိတ်ဓာတ်ကျခြင်းထဲသို့ ကျဆင်းသွားလိမ့်မည်။ မိမိတို့တွင် မကောင်းသည့် ကံရှိသည်ဟု ဆိုသောသူတို့သည် သေချာပေါက် အမှန်တကယ် မကောင်းသည့်ကံ မရှိကြသကဲ့သို့ ကောင်းသည့်ကံရှိသည်ဟု ဆိုသောသူတို့သည်လည်း သေချာပေါက် ကောင်းသည့်ကံရှိကြသည် မဟုတ်။ ကံကို ကောင်းခြင်း ဆိုးခြင်းအဖြစ် မည်သို့ အတိအကျ တိုင်းတာပါသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက သင်၏ ကံကောင်းပြီး ဘုရားသခင်ကို မယုံကြည်ပါက မကောင်းပေ။ ဤသို့ပြောရန် မှန်ကန်ပါသလော။ (သေချာပေါက် မမှန်ပါ။) သင်တို့က “သေချာပေါက် မမှန်ပါ”ဟု ဆိုကြသည်။ ဆိုလိုသည်မှာ အမှန်တကယ် မကောင်းသည့်ကံရှိသည့် ဘုရားသခင်ကို ယုံကြည်သူအချို့နှင့် ကောင်းသည့်ကံရှိသည့်သူအချိူ့ ရှိသည်ဟု ဆိုလိုပေသည်။ ထိုသို့ဖြစ်လျှင် ဘုရားသခင်ကို မယုံကြည်သော လူအချို့သည်လည်း ကောင်းသည့်ကံရှိပြီး အချို့က မကောင်းသည့်ကံ ရှိကြ၏။ ဤသို့ ပြောရန် မှန်ကန်ပါသလော။ (မမှန်ပါ၊ မှားပါသည်။) ဤသို့ပြောရခြင်းအတွက် သင်တို့၏ အကြောင်းပြချက်ကို ပြောကြလော့။ ဤသည်မှာ အဘယ်ကြောင့် မှားယွင်းရသနည်း။ (လူတစ်ဦး၏ ကံကြမ္မာသည် ဘုရားသခင်ကို ယုံကြည်ခြင်းရှိမရှိဆိုသည်နှင့် ပတ်သက်မှု တစ်ခုတလေရှိသည်ဟု ကျွန်ုပ် မယုံကြည်ပါ။) မှန်ပေ၏။ လူတစ်ဦး၏ ကံကြမ္မာကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်ကို ယုံကြည်မှုနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။ သို့ဆိုလျှင် မည်သည့်အရာနှင့် ပတ်သက်သနည်း။ ထိုအရာသည် လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်း၊ သို့မဟုတ် ၎င်းတို့၏ လိုက်စားမှုနှင့် တစ်ခုတလေ ပတ်သက်မှုရှိသလော။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လိုက်စားလျှင် ကောင်းသည့် ကံရှိသော်လည်း မလိုက်စားလျှင် ခက်ခဲသည့်ကံရှိသည်ဟူ၍ ဖြစ်ပါသလော။ ငါ့ကို ပြောလော့၊ မုဆိုးမတစ်ဦးသည် ကောင်းမွန်သည့် ကံတစ်ခု ရှိသလော။ လောကီလူတို့အတွက်မူ မုဆိုးမများသည် မကောင်းသည်ကံ ရှိကြ၏။ ၎င်းတို့သည် မိမိတို့ အသက် သုံးဆယ်၊ လေးဆယ်ဝန်းကျင်အရွယ်တွင် မုဆိုးမဖြစ်ပါက မကောင်းသည့်ကံ အမှန်တကယ် ရှိကြသည်။ ဤသည်မှာ ၎င်းတို့အတွက် အမှန်တကယ် ခက်ခဲ၏။ သို့ရာတွင် မုဆိုးမတစ်ဦးသည် မိမိတို့၏ လင်ယောက်ျားကို ဆုံးရှုံးရသောကြောင့် များစွာ ဆင်းရဲဒုက္ခခံရပြီး ဘုရားသခင်ကို ယုံကြည်လာပါက ၎င်းတို့၏ ကံသည် ခက်ခဲပါသလော။ (မခက်ခဲပါ။) မုဆိုးမမဖြစ်သေးသည့်သူတို့သည် ၎င်းတို့အတွက် အရာရာ အဆင်ပြေလျက်၊ ထောက်ပံ့မှု၊ အစားအစာနှင့် အဝတ်အစားများစွာ၊ သားသမီးများနှင့် မြေးများနှင့် စုံလင်သော မိသားစုတစ်ခုဖြင့်၊ မည်သည့် အခက်အခဲမျှမရှိဘဲ၊ သို့မဟုတ် မည်သည့် ဝိညာဉ်ရေးရာ အလိုဆန္ဒမျှ မခံစားရဘဲ ပျော်ရွှင်သည့် ဘဝတစ်ခုကို အသက်ရှင်နေရကာ သက်သောင့်သက်သာ ရှိသော ဘဝတစ်ခုကို ရှင်သန်နေရသောကြောင့် ဘုရားသခင်ကို ၎င်းတို့ မယုံကြည်သကဲ့သို့ ၎င်းတို့ထံ ဧဝံဂေလိတရားကို သင်ဖြန့်ဝေဖို့ မည်သို့ ကြိုးစားသည်ဖြစ်စေ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြမည်မဟုတ်။ သို့ဆိုလျှင် မည်သူသည် ကောင်းမွန်သည့် ကံရှိပါသနည်း။ (မုဆိုးမသည် ဘုရားသခင်ကို ယုံကြည်လာပြီဖြစ်သောကြောင့် ကောင်းမွန်သည့်ကံ ရှိပါသည်။) သင်တို့ မြင်သလော၊ လောကီလူတို့သည် မုဆိုးမအား ဆိုးသည့် ကံရှိမည်ဟု မှတ်ယူကြပြီး သူမသည် အလွန်များစွာ ဆင်းရဲဒုက္ခခံစားရသည့်နောက် ဦးတည်ချက် ပြောင်းလဲကာ မတူကွဲပြားသည့် လမ်းကြောင်းတစ်ခုကို စတင်လိုက်လျှောက်ပြီး ဘုရားသခင်ကို သူမ ယုံကြည်ကာ ဘုရားသခင်နောက်သို့လိုက်လေသည်။ ဤအရာက သူမသည် ယခု ကောင်းသည့်ကံကြမ္မာတစ်ခု ရှိပြီး ပျော်ရွှင်စွာ အသက်ရှင်နေသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) သူမ၏ မကောင်းသည့် ကံကြမ္မာသည် ကောင်းသည့် ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားပြီး ဖြစ်သည်။ သူမတွင် မကောင်းသည့် ကံရှိသည်ဟု သင် ပြောလျှင် ဘဝတွင် သူမ၏ ကံသည် အမြဲ ဆိုးလောက်ပြီး ထိုအရာကို သူမ ပြောင်းလဲ၍မရပေ။ သို့ဆိုလျှင် ထိုကံကို မည်သို့များ ပြောင်းလဲ၍ရပါသနည်း။ ဘုရားသခင်ကို သူမ စတင်ယုံကြည်ချိန်တွင် သူမ၏ ကံကြမ္မာ ပြောင်းလဲသွားခဲ့လေသလော။ (မဟုတ်ပါ။ အမှုအရာများအပေါ် သူမ၏ အမြင်များ ပြောင်းလဲသွားသောကြောင့် ဖြစ်ပါသည်။) အမှုအရာများကို သူမ မှတ်ယူသည့် နည်းလမ်း ပြောင်းလဲသွားပြီးဖြစ်သောကြောင့် ဖြစ်သည်။ သူမ၏ ကိုယ်ပိုင် ကံနှင့်ဆိုင်သော ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားသည် ပြောင်းလဲသွားပြီလော။ (မပြောင်းလဲပါ။) မုဆိုးမက ဘုရားသခင်ကို မယုံကြည်မီတွင် သူမသည် “သူ့ကို ကြည့်ပါ၊ သူသည် ထိုသို့သော ကောင်းသည့် ကံတစ်ခု ရှိသည်။ သူ့တွင် လင်ယောက်ျားတစ်ဦး၊ အိမ်တစ်အိမ်ရှိသည်။ ပျော်ရွှင်ပြီး ကျေနပ်ရောင့်ရဲသည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်သည်။ မုဆိုးမဖြစ်ရသည့် ဤစိတ်ဆင်းရဲမှုကို သူ မခံစားရပါ”ဟု တွေးရင်း မုဆိုးမ မဖြစ်ခဲ့သော အမျိုးသမီးကို သူမ အားကျခဲ့သည်။ သို့သော် ဘုရားသခင်ကို သူမ ယုံကြည်သည့်နောက်တွင်မူ သူမက “ယခု ဘုရားသခင်ကို ငါယုံကြည်ပြီး ဘုရားသခင်က သူ့နောက်လိုက်ရန် ငါ့ကို ရွေးချယ်ပြီးဖြစ်ကာ ငါ့တာဝန်ကို ငါ ထမ်းဆောင်ပြီး သမ္မာတရား ရရှိနိုင်သည်။ အနာဂတ်တွင် ကယ်တင်ခြင်းကို ငါရရှိပြီး နိုင်ငံတော်ထဲသို့ ဝင်ရောက်မည်ဖြစ်သည်။ ဤသည်မှာ ကောင်းလိုက်သည့် ကံပါတကား။ သူကမူ မုဆိုးမ မဖြစ်ခဲ့သော်လည်း သူ၏ ကံကြမ္မာမှာ အဘယ်နည်း။ သူသည် ဘဝကို မွေ့လျော်ရန် အမြဲ ကြိုးစားနေခဲ့သည်။ ကျော်ကြားမှု၊ ဓနဥစ္စာနှင့် အဆင့်အတန်းကို လိုက်စားနေခဲ့သည်၊ မိမိ၏ အသက်မွေးမှုလုပ်ငန်းတွင် အဆင်ပြေပြီး ကြီးပွားချမ်းသာခြင်းနှင့် ကြွယ်ဝခြင်းကို မွေ့လျော်ရန် မျှော်လင့်နေသော်လည်း နောက်ပိုင်း သူ သေသွားသည့်အခါ ငရဲကို သွားရဦးမည် ဖြစ်သည်။ သူ့ထံတွင် မကောင်းသည့်ကံ ရှိသည်။ ငါ၏ ကံကြမ္မာသည် သူ့ထက် ပိုကောင်းသည်”ဟု တွေးလေသည်။ သူ၏ အမြင်များ ပြောင်းလဲသွားပြီးဖြစ်သော်လည်း ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားများ မပြောင်းလဲသေးပေ။ ဘုရားသခင်ကို မယုံကြည်သူသည် “အောင်မာ။ ငါ၏ ကံကြမ္မာသည် သင့်ထက် ပိုကောင်းသည်။ သင်သည် မုဆိုးမတစ်ဦး ဖြစ်သည်၊ ငါမုဆိုးမမဟုတ်ပါ။ ငါ့ဘဝသည် သင့်ထက် ပိုကောင်းသည်။ ငါ့ထံတွင် ကောင်းသည့် ကံကြမ္မာရှိသည်”ဟု ဆက်လက် တွေးတောနေဆဲ ဖြစ်လေသည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်လာပြီးဖြစ်သည့် အမျိုးသမီး၏ အမြင်တွင် သူမသည် ကောင်းသည့် ကံကြမ္မာ မရှိပေ။ ဤအပြောင်းအလဲသည် အဘယ်သို့ ဖြစ်လာလေပြီနည်း။ ထိုမုဆိုးမ၏ ဓမ္မဓိဋ္ဌာန်ကျသော ပတ်ဝန်းကျင် ပြောင်းလဲသွားပြီလော။ (မပြောင်းလဲပါ။) သို့ဆိုလျှင် သူမ၏ အမြင်များသည် အဘယ်သို့ ပြောင်းလဲသွားပြီနည်း။ (အမှုအရာများ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ခြင်းအတွက် သူမ၏ စံများ ပြောင်းလဲပြီးဖြစ်ပါသည်။) ဟုတ်ပေ၏၊ အမှုအရာများကို အကဲဖြတ်ပြီး ကိစ္စရပ်များကို မှတ်ယူပုံအပေါ် သူမ၏ အမြင်များ ပြောင်းလဲပြီးဖြစ်သည်။ သူမသည် မုဆိုးမမဟုတ်သည့် အမျိုးသမီးက ကောင်းသည့်ကံရှိသည်ဟု တွေးခြင်းမှသည် ထိုအမျိုးသမီးက မကောင်းသည့် ကံရှိသည်ဟု တွေးခြင်းအဖြစ်သို့၊ ပြီးလျှင် မိမိကိုယ်ကို မကောင်းသည့် ကံရှိသည်ဟု တွေးခြင်းမှသည် ကောင်းသည့်ကံရှိသည်ဟု တွေးခြင်းအဖြစ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ဤအမြင်နှစ်ခုသည် ယခင် ဖြစ်ခဲ့သည့်ပုံစံမှ လုံးဝ ကွဲပြားသွားသည်။ လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေပါသနည်း။ ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားများနှင့် ပတ်ဝန်းကျင်တို့ မပြောင်းလဲသေးသောကြောင့် သူမသည် အမှုအရာများအပေါ် အမြင်များ အဘယ်သို့ ပြောင်းလဲသွားရပါသနည်း။ (သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို သူမ လက်ခံပြီးနောက်တွင် အမှုအရာများကို ကောင်းခြင်း၊ သို့မဟုတ် ဆိုးခြင်းအဖြစ် အကဲဖြတ်ခြင်းအပေါ် သူမ၏ အမြင်များတွင် မှန်ကန်သည့် စံများကို ယခု သူမ အသုံးပြုပါသည်။) အမှုအရာများအပေါ် သူမ၏ အမြင်များ ပြောင်းလဲပြီးဖြစ်သော်လည်း တကယ့် အမှန်တရားများ ပြောင်းလဲပြီလော။ (မပြောင်းလဲပါ။) မုဆိုးမသည် မုဆိုးမဖြစ်နေဆဲဖြစ်ပြီး ပျော်ရွှင်စွာ အသက်ရှင်သည့် အမျိုးသမီးသည် ပျော်ရွှင်စွာ အသက်ရှင်နေဆဲ ဖြစ်သည်။ တကယ့် အဖြစ်မှန်များတွင် မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ပါ။ ထို့ကြောင့် အဆုံးတွင် မည်သူသည် ကောင်းသည့် ကံရှိပြီး မည်သူသည် မကောင်းသည့်ကံ ရှိပါသနည်း။ သင်တို့ ရှင်းပြနိုင်သလော။ မုဆိုးမက သူမတွင် မကောင်းသည့်ကံရှိသည်ဟု တွေးထင်လေ့ရှိသည်။ အကြောင်းရင်းတစ်ခုမှာ သူမ၏ ဓမ္မဓိဋ္ဌာန်ကျသော အသက်ရှင်ခြင်း အခြေအနေ ဖြစ်ပြီး နောက်ထပ် အကြောင်းရင်းတစ်ခုမှာ သူမ၏ ဓမ္မဓိဋ္ဌာန်ကျသော ပတ်ဝန်းကျင်က ဖြစ်စေသည့် အတွေးများနှင့် အမြင်များ ဖြစ်သည်။ ဘုရားသခင်ကို သူမ လက်ခံပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားအချို့ကို သိနားလည်လာခြင်းအားဖြင့် သူမ၏ အတွေးများသည် ထိုသိနားလည်မှုအတိုင်း လိုက်လုပ်ပြီး ပြောင်းလဲကာ အမှုအရာများအပေါ် သူမ၏ ရှုထောင့်အမြင် ကွဲပြားခြားနားသွားသည်။ ထို့ကြောင့် ဘုရားသခင်ကို သူမ ယုံကြည်လာပြီးသည့်နောက်တွင် မိမိကိုယ်ကို မကောင်းသည့်ကံဇာတာရှိသည်ဟု မစဉ်းစားတော့ဘဲ ကောင်းသည့်ကံဇာတာရှိသည့် တစ်စုံတစ်ဦးအဖြစ် စဉ်းစားလေသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် ဘုရားသခင်၏ အမှုတော်ကို လက်ခံရန် အခွင့်အရေး ရရှိခဲ့ပြီး သမ္မာတရားကို နားလည်ကာ ကယ်တင်ခြင်း ရယူနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ကြိုတင်စီမံထားသည့် တစ်စုံတစ်ရာဖြစ်ပြီး သူမသည် ကောင်းချီးအခံစားရဆုံး ဖြစ်သည်။ ဘုရားသခင်ကို သူမ ယုံကြည်သည်နှင့် ယခင်က သူမလိုက်စားခဲ့သည့် ရည်မှန်းချက်ပန်းတိုင်များနှင့် ကွဲပြားသည့် သမ္မာတရား လိုက်စားခြင်းအပေါ် လုံးဝဥဿုံ အာရုံစိုက်လေသည်။ သူမ၏ အသက်ရှင်ခြင်း အခြေအနေများ၊ အသက်ရှင်ခြင်း ပတ်ဝန်းကျင်နှင့် သူမ၏ ဘဝအရည်အသွေးတို့သည် ယခင်အတိုင်းသာ ရှိနေပြီး မပြောင်းလဲသေးသော်လည်း အမှုအရာများအပေါ် သူမ၏ အမြင်များ ပြောင်းလဲပြီးဖြစ်သည်။ လက်တွေ့အရှိတရားတွင် သူမသည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ကောင်းသည့် ကံဇာတာတစ်ခု အမှန်တကယ် ရှိလာပြီလော။ သေချာပေါက် ရှိမလာပေ။ ယခုတွင် ဘုရားသခင်ကို သူမ ယုံကြည်သောကြောင့် သူမတွင် မျှော်လင့်ချက်ရှိခြင်းဖြစ်သည်၊ မိမိစိတ်နှလုံးတွင် စိတ်ကျေနပ်မှုအချို့ သူမ ခံစားရသည်။ သူမ လိုက်စားနေသည့် ရည်မှန်းချက် ပန်းတိုင် ပြောင်းလဲပြီးဖြစ်သည်၊ သူမ၏ အမြင်များ ကွဲပြားသွားသည်။ ထို့ကြောင့် သူမ၏ လက်ရှိ အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်က သူမကို ပျော်ရွှင်စေသည်၊ စိတ်ကျေနပ်စေသည်၊ ဝမ်းမြောက်စေပြီး အေးချမ်းစေသည်။ ယခုတွင် သူမ၏ ကံဇာတာသည် အလွန်ကောင်းကြောင်း၊ မုဆိုးမမဖြစ်သေးသည့် အမျိုးသမီး၏ ကံဇာတာထက် များစွာ ပိုကောင်းကြောင်း သူမ ခံစားမိလေသည်။ ယခင်က သူမကိုယ်သူမ မကောင်းသည့် ကံဇာတာရှိသည်ဟု ယုံကြည်လျက် စွဲကိုင်ခဲ့သည့် အမြင်သည် မှားယွင်းကြောင်း ယခုတွင်မှ သူမ သဘောပေါက်မိလေသည်။ ဤအရာမှ မည်သည့်အရာကို သင် မြင်နိုင်ပါသနည်း။ “ကောင်းသည့် ကံဇာတာ” နှင့် “ဆိုးသည့် ကံဇာတာ”ကဲ့သို့သော အရာများ ရှိသလော။ (မရှိပါ။) မရှိပေ။

ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများကို အချိန်ကြာမြင့်စွာက ကြိုတင်စီမံခဲ့ပြီး ထိုအရာများသည် ပြောင်းလဲမရပေ။ ဤ “ကောင်းသော ကံ” နှင့် “ဆိုးသောကံ”တို့သည် လူတစ်ဦးနှင့်တစ်ဦး မတူကြသကဲ့သို့ ထိုအရာများသည် ပတ်ဝန်းကျင်၊ လူတို့ ခံစားပုံနှင့် ၎င်းတို့ လိုက်စားသည့်အရာတို့အပေါ် မူတည်လေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ ကံကြမ္မာသည် ကောင်းလည်း မကောင်းသကဲ့သို့ ဆိုးလည်းမဆိုးရခြင်း ဖြစ်သည်။ သင့်အနေဖြင့် အလွန်ခက်ခဲသည့် ဘဝကို ရှင်သန်ကောင်း ရှင်သန်နိုင်သော်လည်း “ငါသည် ချမ်းသာကြွယ်ဝပြီး သက်သောင့်သက်သာရှိသော ဘဝကို အသက်ရှင်ဖို့ မျှော်လင့်နေခြင်း မဟုတ်ပါ။ စားစရာနှင့် ဝတ်စရာ လုံလုံလောက်လောက် ရှိရုံဖြင့် ငါ ပျော်ရွှင်ချမ်းမြေ့ပါသည်။ လူတိုင်းသည် မိမိတို့ တစ်သက်တာအတွင်းတွင် ဆင်းရဲဒုက္ခခံစားရပါသည်။ လောကီလူတို့က ‘မိုးရွာနေခြင်းမရှိပါက သက်တံကို သင် မမြင်နိုင်ပါ’ဟု ဆိုကြသည်။ ထို့ကြောင့် ဆင်းရဲဒုက္ခခံစားရခြင်းတွင် တန်ဖိုးရှိလေသည်။ ဤသည်မှာ သိပ်မဆိုးပါ၊ ပြီးလျှင် ငါ၏ ကံဇာတာသည် မဆိုးပါ။ အထက်ကောင်းကင်က ငါ့ကို စိတ်ဆင်းရဲမှုအချို့၊ စမ်းသပ်မှုများအချို့နှင့် အတိဒုက္ခများကို ပေးပြီးဖြစ်သည်။ ယင်းမှာ သူသည် ငါ့ကို အထင်ကြီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ ကောင်းသည့် ကံဇာတာ ဖြစ်ပါသည်”ဟု တွေးကောင်းတွေးပေမည်။ ဆင်းရဲဒုက္ခခံစားရခြင်းသည် မကောင်းသည့်အရာတစ်ခု ဖြစ်ကြောင်း၊ ၎င်းတို့သည် မကောင်းသည့် ကံဇာတာတစ်ခု ရှိသည့်သဘောဖြစ်ကြောင်းနှင့် ဆင်းရဲဒုက္ခခံစားရခြင်း မရှိသည့်၊ ကိုယ်စိတ်ချမ်းသာပြီး စိတ်အေးလက်အေးဖြစ်သည့် ဘဝတစ်ခုသည်သာ ၎င်းတို့တွင် ကောင်းမွန်သည့် ကံဇာတာတစ်ခုရှိသည့် သဘောဖြစ်ကြောင်း လူအချို့က တွေးထင်ကြသည်။ မယုံကြည်သူများက ဤအရာကို “အယူအဆနှင့်ဆိုင်သည့် ကိစ္စတစ်ခု”ဟု ခေါ်ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဤ“ကံဇာတာ”နှင့်ဆိုင်သည့် ကိစ္စကို မည်သို့ မှတ်ယူကြသနည်း။ ကျွန်ုပ်တို့သည် “ကောင်းသည့် ကံ”၊ သို့မဟုတ် “ဆိုးသည့် ကံ”တစ်ခု ရှိခြင်းအကြောင်း ပြောကြသလော။ (မပြောကြပါ။) ဤသို့သော အရာများကို ကျွန်ုပ်တို့ မပြောကြပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ကောင်းသော ကံတစ်ခုရှိသည်ဆိုပါစို့။ ထို့နောက်တွင် သင်၏ ယုံကြည်မှု၌ မှန်ကန်သည့် လမ်းကြောင်း မလျှောက်လျှင်၊ သင် အပြစ်ပေးခံရ၊ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရလျှင် သင်သည် ကောင်းသည့် ကံရှိသည်ဟု ဆိုလိုသလော၊ မကောင်းသည့် ကံရှိသည်ဟု ဆိုလိုသလော။ ဘုရားသခင်ကို သင် မယုံကြည်ပါက သင်သည် တကယ်ကို ဖော်ထုတ်မခံရနိုင်ပေ၊ သို့မဟုတ် ဖယ်ရှားမခံရနိုင်ပေ။ မယုံကြည်သူများနှင့် ဘာသာရေးသမားများသည် လူတို့ကို ဖော်ထုတ်ခြင်းအကြောင်း၊ သို့မဟုတ် လူတို့ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မပြောကြသကဲ့သို့ လူတို့ ရှင်းလင်းခံရသည့်အကြောင်း၊ သို့မဟုတ် ဖယ်ရှားခံရသည့်အကြောင်းလည်း မပြောကြချေ။ ထိုအရာမှာ လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်နိုင်သည့်အခါ ကောင်းသည့် ကံတစ်ခုရှိသည်ဟု ဆိုလိုခြင်း ဖြစ်လောက်သော်လည်း အဆုံးတွင် ၎င်းတို့ အပြစ်ပေးခံရပါက ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု ဆိုလိုသလော။ အချိန်တစ်မိနစ်တွင် ၎င်းတို့၏ ကံဇာတာသည် ကောင်းမွန်၏၊ နောက်တစ်မိနစ်တွင် ၎င်းတို့၏ ကံဇာတာ ဆိုးသွားသည်။ ထို့ကြောင့် ယင်းမှာ မည်သည့်အရာ ဖြစ်ပါသနည်း။ ယင်းမှာ တစ်စုံတစ်ဦးသည် ကောင်းသည့် ကံဇာတာ ရှိမရှိကို အကဲဖြတ်၍ရသည့် တစ်စုံတစ်ရာ မဟုတ်၊ လူတို့သည် ဤကိစ္စရပ်ကို အကဲဖြတ်၍မရပေ။ အားလုံးကို ဘုရားသခင်က လုပ်ဆောင်ထားခြင်း ဖြစ်ပြီး ဘုရားသခင် စီစဉ်သမျှတိုင်းသည် ကောင်းမွန်၏။ လူတစ်ဦးစီတိုင်း၏ ကံကြမ္မာလမ်းကြောင်း၊ သို့မဟုတ် ၎င်းတို့ ကြုံရသည့် ပတ်ဝန်းကျင်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၊ ပြီးလျှင် မိမိတို့၏ ဘဝအသက်တာများအတွင်း တွေ့ကြုံရသည့် ဘဝလမ်းကြောင်းသည် အားလုံး ကွဲပြားခြင်းသာ ဖြစ်သည်။ ဤအရာများသည် လူတစ်ဦးမှတစ်ဦးသို့ ကွဲပြားခြားနားလေသည်။ လူတစ်ဦးစီတိုင်း၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် ၎င်းတို့ ကြီးပြင်းသည့် ပတ်ဝန်းကျင်နှစ်ခုလုံးသည် ၎င်းတို့အတွက် ဘုရားသခင် စီမံထားခြင်းဖြစ်ပြီး အားလုံး ကွဲပြားလေသည်။ မိမိတို့ အသက်တာများအတွင်း လူတစ်ဦးစီတိုင်း ကြုံရသည့် အရာများသည် အားလုံး ကွဲပြား၏။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံဟု ခေါ်ဆိုသည့်အရာ မရှိပေ။ အားလုံးကို ဘုရားသခင် စီစဉ်ပြီး အားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကိစ္စရပ် အားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်သည်ဟူသည့် ရှုထောင့်အမြင်မှ ငါတို့ မှတ်ယူပါက ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမွန်ပြီး မှန်ကန်ပေသည်။ လူတို့၏ နှစ်ခြိုက်ခြင်းများ၊ ခံစားချက်များ၊ ရွေးချယ်မှုများနှင့် ဆိုင်သည့် ရှုထောင့်အမြင်မှ လူအချို့သည် ကျော်ကြားမှုနှင့် ဥစ္စာဓန၊ နာမည်ဂုဏ်သတင်းတစ်ခုကို ရရှိဖို့ ရွေးချယ်လျက်၊ သက်သောင့်သက်သာရှိသည့် ဘဝကို အသက်ရှင်ရန်၊ လောကတွင် ချမ်းသာကြွယ်ဝခြင်း ရှိပြီး အဘက်ဘက်က ပြည့်စုံသော ဘဝကို အသက်ရှင်ရန် ရွေးချယ်ကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကောင်းသည့် ကံရှိခြင်းဖြစ်ကြောင်းနှင့် တစ်သက်တာ သာမညောင်ည ဖြစ်ခြင်းနှင့် မအောင်မြင်ခြင်း၊ လူမှုအဖွဲ့အစည်း၏ အောက်ခြေတွင် အမြဲ အသက်ရှင်ခြင်းသည် မကောင်းသည့် ကံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ လောကီအရာများကို လိုက်စားရင်းနှင့် လောကတွင် အသက်ရှင်ရန် ကြိုးစားရင်း မယုံကြည်သူများနှင့် လောကီလူတို့၏ အမှုအရာများအပေါ် ရှုမြင်ပုံဖြစ်ပြီး ဤသည်မှာ ကောင်းသည့် ကံနှင့် မကောင်းသည့်ကံဆိုင်ရာ စိတ်ကူး ဖြစ်ပေါ်ပုံဖြစ်သည်။ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံဆိုင်ရာ စိတ်ကူးသည် လူသားများ၏ ကျဉ်းမြောင်းသည့် သိနားလည်မှုနှင့် ကံကြမ္မာအပေါ် အပေါ်ယံ အသိအမြင်မှ၊ ပြီးလျှင် ၎င်းတို့ မည်မျှ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံရသည်ဆိုသည်နှင့် ပျော်ရွှင်မှု၊ ကျော်ကြားမှုနှင့် ဥစ္စာဓန မည်မျှ ၎င်းတို့ ရရှိသည်စသည်တို့အပေါ် လူတို့၏ အကဲဖြတ်မှုများမှ ဖြစ်ပေါ်ခြင်းသာ ဖြစ်သည်။ အမှန်တွင် ထိုအရာကို လူ၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ စီစဉ်မှုနှင့် အချုပ်အခြာအာဏာ ရှုထောင့်အမြင်မှ ကြည့်ပါက ကောင်းသည့် ကံ၊ သို့မဟုတ် ဆိုးသည့်ကံနှင့်ဆိုင်သည့် ထိုသို့သော အဓိပ္ပာယ်ကောက်ယူချက်များ မရှိပေ။ ဤသည်မှာ တိကျမှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) လူ၏ ကံကြမ္မာကို ဘုရားသခင်၏ အချုပ်အခြာအာဏာ ရှုထောင့်အမြင်မှ မှတ်ယူပါက ဘုရားသခင် လုပ်ဆောင်သမျှသည် ကောင်းမွန်ပြီး ထိုအရာမှာ လူတစ်ဦးစီတိုင်း လိုအပ်သည့် အရာ ဖြစ်သည်။ ဤသည်မှာ အတိတ်နှင့် ပစ္စုပ္ပန် ဘဝများတွင် အကြောင်းနှင့် အကျိုး ပါဝင်သောကြောင့် ထိုအရာများကို ဘုရားသခင် စီမံထားခြင်းဖြစ်သည်။ ထိုအရာများအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ စွဲကိုင်ပြီး ထိုအရာများကို ဘုရားသခင် ကြံစည်ကာ စီစဉ်ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၌ ရွေးချယ်စရာ မရှိပေ။ ဤရှုထောင့်အမြင်မှ ထိုအရာကို ငါတို့ ကြည့်ပါက လူတို့သည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို ကောင်းမည်၊ ဆိုးမည်ဟု အကဲမဖြတ်သင့်ပေ၊ ဟုတ်ပါသလော။ လူတို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ အကဲဖြတ်မှုများ သာမန်ကာလျှံကာ ပြုလုပ်ကြပါက ၎င်းတို့သည် ဆိုးရွားသည့် အမှားတစ်ခုကို ပြုလုပ်မိကြခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အကြံအစည်များ၊ အစီအစဉ်များနှင့် အချုပ်အခြာအာဏာတို့ကို အကဲဖြတ်သည့် အမှားကို ၎င်းတို့ ပြုမိကြခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအမှားသည် ဆိုးရွားသည့် အမှားတစ်ခု မဟုတ်လော။ ထိုအရာက ဘဝတွင် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းကို ထိခိုက်မည် မဟုတ်လော။ (ထိခိုက်မည်ဖြစ်သည်။) ထို့နောက်တွင် ထိုအမှားက ၎င်းတို့ကို ပျက်စီးခြင်းသို့ ဆိုက်ရောက်စေလိမ့်မည်။

လူတို့သည် ၎င်းတို့၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အစီအစဉ်များနှင့် အချုပ်အခြာအာဏာကို တုံ့ပြန်ရာတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်သည်။) ရှေးဦးစွာ ဖန်ဆင်းရှင်က သင့်အတွက် အဘယ်ကြောင့် ဤကံကြမ္မာနှင့် ရှင်သန်ခြင်း ပတ်ဝန်းကျင်မျိုးကို စီစဉ်ခဲ့သည်၊ အချို့သောအရာများကို အဘယ်ကြောင့် သင့်အား ကြုံတွေ့စေပြီး တွေ့ကြုံခံစားစေသည်၊ သင်၏ ကံကြမ္မာသည် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေသည်တို့ကို နားလည်ရန် သင် ကြိုးစားသင့်သည်။ ဤအရာမှနေ၍ သင်၏ စိတ်နှလုံးက မည်သည့်အရာကို တမ်းတပြီး မည်သည့်အရာကို လိုအပ်သည်ဆိုသည့်အပြင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင်နားလည်သင့်သည်။ ဤအရာများကို သင်နားလည်သိမြင်ပြီးနောက်တွင် သင်သည် အတိုက်အခံမပြုသင့်။ သင်၏ ကံကြမ္မာနှင့်ပတ်သက်ပြီး ကိုယ်ပိုင်ရွေးချယ်မှုကို မပြုလုပ်သင့်။ ငြင်းဆန်ခြင်း၊ ဆန့်ကျင်ခြင်း၊ သို့မဟုတ် ရှောင်ကြဉ်ခြင်း မပြုလုပ်သင့်ပေ။ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ မကြိုးစားသင့်သည်မှာလည်း မှန်၏။ ထိုအစား သင်နာခံသင့်သည်။ အဘယ်ကြောင့် နာခံသင့်သနည်း။ အကြောင်းမှာ သင်သည် အဖန်ဆင်းခံတစ်ဦး ဖြစ်သောကြောင့်၊ သင်၏ ကံကြမ္မာကို မစီစဉ်မညွှန်ကြားနိုင်သလို ယင်းနှင့်ပတ်သက်၍ သင်သည် အချုပ်အခြာအာဏာ မရှိသောကြောင့်ဖြစ်သည်။ သင်၏ ကံကြမ္မာကို ဘုရားသခင်က ဆုံးဖြတ်သည်။ သင်၏ ကံကြမ္မာနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် ပြုသမျှနုရမည်ဖြစ်ပြီး ရွေးချယ်စရာမရှိပေ။ သင်လုပ်ဆောင်သင့်သည့်တစ်ခုတည်းသောအရာမှာ နာခံခြင်းဖြစ်သည်။ သင့်ကံကြမ္မာနှင့်ပတ်သက်ပြီး ကိုယ်ပိုင်ရွေးချယ်မှုများ မလုပ်ဆောင်သင့်၊ သို့မဟုတ် မရှောင်ကြဉ်သင့်ပေ။ ဘုရားသခင်နှင့် အပေးအယူမလုပ်သင့်။ သင်၏ ကံကြမ္မာကို မဆန့်ကျင်သင့် သို့မဟုတ် စောဒကတက်ခြင်း မပြုလုပ်သင့်ပေ။ အထူးသဖြင့် “ဘုရားသခင်က ငါ့အတွက် စီစဉ်ပေးထားတဲ့ ကံကြမ္မာက မကောင်းဘူး။ စိတ်ဆင်းရဲစရာကောင်းပြီး သူများတွေရဲ့ ကံကြမ္မာထက် ပိုဆိုးတယ်၊” သို့မဟုတ် “ငါ့ ကံကြမ္မာက မကောင်းဘူး။ ပျော်ရွှင်မှု၊ ကြွယ်ဝမှု တစ်ခုမှ မခံစားရဘူး။ ဘုရားက ငါ့အတွက် အကြောင်းအရာတွေကို ဆိုးဆိုးရွားရွား စီစဉ်ပေးထားတယ်” ဆိုသောအရာမျိုးတို့ကို သင်မပြောသင့်သည်မှာလည်း မှန်သည်။ ဤစကားများသည် ထင်မြင်ယူဆချက်များဖြစ်ပြီး ဤအရာများကို ပြောဆိုခြင်းအားဖြင့် သင်သည် သင်၏ နေရာကို ကျော်လွန်နေခြင်းဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခံတစ်ဦးက ပြောသင့်သည့်အရာများ မဟုတ်။ ဖန်ဆင်းခံတစ်ဦးတွင် ရှိသင့်သည့် အမြင်ရှုထောင့်များ၊ သို့မဟုတ် သဘောထားများမဟုတ်ပေ။ ထိုအစား ကံကြမ္မာအပေါ် ဤအမျိုးမျိုးသော မမှန်ကန်သော နားလည်မှုများ၊ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ အမြင်များနှင့် သဘောပေါက်နားလည်ခြင်းများကို သင် လက်လွှတ်သင့်သည်။ တစ်ချိန်တည်းတွင် သင့်အတွက် ဘုရားသခင်က စီစဉ်ပေးထားသော ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖြစ်ပျက်မည့်အရာများအားလုံးကို နာခံရန်အတွက် မှန်ကန်သော သဘောထားနှင့် ရပ်တည်မှုကို သင်ခံယူနိုင်သင့်သည်။ အတိုက်အခံမပြုသင့်ပေ။ သင်သည် စိတ်ဓာတ်ကျပြီး ကောင်းကင်ဘုံသည် မမျှတကြောင်း၊ ဘုရားသခင်က သင့်အတွက် အမှုအရာများကို ဆိုးရွားစွာ စီစဉ်ပေးထားကြောင်း၊ သင့်အား အကောင်းဆုံးကို မပေးကြောင်း သေချာပေါက် စောဒကမတက်သင့်ပေ။ ဖန်ဆင်းခံများသည် ၎င်းတို့၏ ကံကြမ္မာကို ရွေးချယ်ခွင့်မရှိပေ။ ဘုရားသခင်သည် သင့်အား ဤဝတ္တရားမျိုးကို မပေးခဲ့သကဲ့သို့ သင့်အပေါ် ဤလုပ်ပိုင်ခွင့်ကို မအပ်နှင်းခဲ့ပေ။ ထို့ကြောင့် သင်သည် ရွေးချယ်မှုများပြုလုပ်ရန်၊ ဘုရားသခင်အား အကြောင်းပြချက်ပေးရန်၊ သို့မဟုတ် ဘုရားသခင်အား ဖြည့်စွက် တောင်းဆိုမှုများ ပြုရန် မကြိုးစားသင့်ပေ။ ဘုရားသခင်၏ အစီအစဉ်များက မည်သည့်အရာများဖြစ်ပါစေ ယင်းတို့ကို လိုက်နာပြီး ရင်ဆိုင်သင့်သည်။ ဘုရားသခင်က မည်သည့်အရာကို စီစဉ်ထားသည်ဖြစ်စေ ရင်ဆိုင်သင့်ပြီး တွေ့ကြုံကာ တန်ဖိုးထားဖို့ ကြိုးစားသင့်သည်။ ဘုရားသခင်၏ အစီအစဉ်များမှတစ်ဆင့် သင်တွေ့ကြုံသင့်သည့် အရာရာတိုင်းကို အပြည့်အဝ နာခံသင့်သည်။ သင့်အတွက် ဘုရားသခင်က စီစဉ်ထားသော ကံကြမ္မာကို လိုက်နာသင့်သည်။ တစ်စုံတစ်ခုကို သင် မနှစ်သက်လျှင်ပင်၊ သို့မဟုတ် ယင်းကြောင့် သင် ဒုက္ခခံရလျှင်ပင်၊ သင်၏ မာနနှင့် သိက္ခာကို ခြိမ်းခြောက်ပြီး ဖိနှိပ်လျှင်ပင် ယင်းသည် သင် တွေ့ကြုံသင့်သည့်အရာတစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်က သင့်အတွက် စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးသောအရာတစ်ခု ဖြစ်သရွေ့ သင် နာခံသင့်ပြီး ယင်းနှင့်ပတ်သက်၍ သင့်တွင် ရွေးချယ်စရာမရှိပေ။ ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများကို စီစဉ်ပြီး ယင်းတို့အပေါ်တွင် အချုပ်အခြာအာဏာရှိသောကြောင့် ထိုကံကြမ္မာများအတွက် ဘုရားနှင့် ညှိနှိုင်းဆွေးနွေးခြင်း ပြု၍မရနိုင်ပေ။ ထို့ကြောင့် လူတို့သည် အသိတရားရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို ပိုင်ဆိုင်လျှင် ၎င်းတို့၏ ကံကြမ္မာသည် မကောင်းပေ၊ သို့မဟုတ် ဤအရာ၊ ထိုအရာသည် ၎င်းတို့အတွက် မကောင်းပေဟု စောဒကမတက်သင့်ပေ။ ၎င်းတို့၏ ကံကြမ္မာသည် ဆိုးသည်ဟု ခံစားရရုံဖြင့် ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ ဘဝ၊ ၎င်းတို့၏ ယုံကြည်ခြင်းတွင် လိုက်လျှောက်သည့် လမ်းကြောင်း၊ ဘုရားသခင်က စီစဉ်ထားသော အခြေအနေများ၊ သို့မဟုတ် ၎င်းတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို စိတ်ဓာတ်ကျသော သဘောထားဖြင့် မချဉ်းကပ်သင့်ပေ။ ဤစိတ်ဓာတ်ကျခြင်းမျိုးသည် ဖောက်ပြန်ပျက်စီးသည့် အခြေအနေတစ်ခု ပွင့်အံထွက်ခြင်း ဖြစ်ဖို့ မဆိုထားနှင့်၊ ရိုးရှင်းသည့် သို့မဟုတ် ခဏမျှဖြစ်သည့် ပုန်ကန်မှု မဟုတ်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ခဏတာ ပွင့်အံထွက်မှု မဟုတ်ပေ။ ထိုထက် ဘုရားသခင်ကို အသံတိတ် အတိုက်အခံလုပ်ခြင်းဖြစ်သည့်အပြင် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်သည့် ကံကြမ္မာကိုလည်း စိတ်မကျေနပ်သည့် အသံတိတ် အတိုက်အခံလုပ်ခြင်းတစ်ခု ဖြစ်သည်။ ထိုအရာသည် ရိုးရှင်းသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လူတို့ထံ ထိုအရာက ဆောင်ကြဉ်းသည့် အကျိုးဆက်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဆောင်ကြဉ်းသည့် အကျိုးဆက်များထက် သာ၍ ဆိုးရွားလေသည်။ ထိုအရာက သင့်ကို သင်ထမ်းဆောင်သင့်သည့် တာဝန်အတွက်၊ ပြီးလျှင် သင့်ကိုယ်ပိုင် နေ့စဉ်ဘဝနှင့် ဘဝခရီးအတွက် အပြုသဘောဆောင်သည့် မှန်ကန်သော သဘောထားအား မခံယူရန် တားဆီးရုံသာမက သာ၍ ဆိုးရွားသည်မှာ ထိုအရာက သင့်အား စိတ်ဓာတ်ကျခြင်းကြောင့် ပျက်စီးဆုံးရှုံးရန်လည်း ဖြစ်စေသည်။ ထို့ကြောင့် ဉာဏ်ထက်သော လူတို့သည် မိမိတို့၏ မှားယွင်းသော အမြင်များကို အမြန်ပြောင်းလဲသင့်သည်၊ ဘုရားနှုတ်ကပတ်တော်များအရ မိမိတို့ကိုယ်ကို သုံးသပ်ပြီး သိရှိလာသင့်ကာ ၎င်းတို့တွင် မကောင်းသောကံရှိသည်ဟု မည်သည့်အရာက ၎င်းတို့အား ယုံကြည်စေသည်ကို သိမြင်သင့်သည်။ မည်သည့်နည်းဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်ခံရပြီးဖြစ်သည်၊ သို့မဟုတ် မည်သည့်နည်းဖြင့် ၎င်းတို့၏ စိတ်နှလုံးများ နာကျင်ရသည်၊ မည်သည့်အရာက ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟူသည့် ခံစားချက်ကဲ့သို့သော အပျက်သဘောဆောင်သည့် အတွေးများဖြင့် အကျိုးဆက်ဖြစ်ပေါ်သည်၊ မည်သည့်အရာက မျက်မှောက်ခေတ်ထိတိုင်ပင် ၎င်းတို့ လုံးဝ နာလန်မထူရသည့် စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုထဲသို့ ကျဆင်းစေသည်ဆိုသည်တို့ကို မြင်ရန် ကြည့်သင့်ကြသည်။ ဤသည်မှာ သင် သုံးသပ်ပြီး ဆန်းစစ်သင့်သည့် ကိစ္စတစ်ခုဖြစ်သည်။ အချို့သော ကိစ္စများသည် သင့်စိတ်နှလုံးတွင် နက်ရှိုင်းစွာ စွဲထင်ကောင်းစွဲထင်နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ဦးက သင်၏ ကိုယ့်သိက္ခာကိုယ် လေးစားသည့် ခံစားချက်ကို ထိခိုက်နာကျင်စေသည့် ဆိုးယုတ်သည့် တစ်စုံတစ်ရာကို သင့်အား ပြောကောင်းပြောနိုင်ပြီး ဤအရာက သင့်ထံတွင် မကောင်းသည့်ကံဇာတာရှိသည်ဟု သင့်အား ခံစားစေကာ ထိုသို့ဖြင့် သင်သည် စိတ်ဓာတ်ကျသွားသည်။ သို့မဟုတ် သင့်ဘဝတွင်၊ သို့မဟုတ် သင် ကြီးပြင်းသည့်အခါတွင် စာတန်၊ သို့မဟုတ် လောက၏ အချို့သော အတွေး၊ သို့မဟုတ် အမြင် ဖြစ်ပေါ်ပြီး သင့်အား ကံကြမ္မာအပေါ် ဤမမှန်ကန်သည့် သိနားလည်မှု ရှိစေပြီး သင့်ထံတွင် ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံ ရှိမရှိဆိုသည်ကို အလွန့်အလွန် သတိထားလာစေခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် တစ်ချိန်ချိန်တွင် စိတ်ပျက်စရာ တစ်စုံတစ်ရာကို တွေ့ကြုံပြီးနောက် သင်သည် အထူးသဖြင့် သင်၏ ကံကြမ္မာကို အလေးအနက်ထားလာကာ သတိထားမိလာပြီးနောက် သင်၏ ကံကြမ္မာကို ပြောင်းလဲခြင်းအား သင် အလွန့်အလွန် စိတ်ပြင်းပြလာကာ ရည်စူးဆက်ကပ်လာခဲ့သည်မှာ ဖြစ်ကောင်းဖြစ်မည်။ ဤသည်တို့မှာ သင် ဆန်းစစ်သင့်သည့် အရာများသာ ဖြစ်သည်။ သို့သော် ဤအရာများအပေါ် မည်သို့ ဆန်းစစ်မှု ပြုလင့်ကစား နောက်ဆုံးတွင် သင် နားလည်လာသင့်သည့်အရာမှာ ဤသို့ဖြစ်၏။ သင်၏ ကိုယ်ပိုင် ကံကြမ္မာကို အကဲဖြတ်ရန် ကံသည် ကောင်းခြင်း၊ သို့မဟုတ် ဆိုးခြင်း ရှိမရှိဆိုသည့်အပေါ် အတွေးများနှင့် အမြင်များကို သင်အသုံးမပြုသင့်ပေ။ လူတစ်ဦး၏ ဘဝ ကံကြမ္မာကို ဘုရားသခင် လက်ထဲတွင် ထိန်းသိမ်းထားပြီး ထိုအရာကို အချိန်ကြာမြင့်စွာက ဘုရားသခင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့ ပြောင်းလဲနိုင်သည့် တစ်စုံတစ်ရာ မဟုတ်။ သို့ရာတွင် မိမိတို့ တစ်သက်တာအတွင်း လူတစ်ဦး လျှောက်လှမ်းသည့် လမ်းကြောင်းမျိုးနှင့် တန်ဖိုးရှိသည့် ဘဝတစ်ခုကို ၎င်းတို့ အသက်ရှင်နိုင်ခြင်း ရှိမရှိဆိုသည်တို့မှာ မိမိတို့ကိုယ်တိုင်အတွက် လူတို့ ပြုလုပ်နိုင်သည့် ရွေးချယ်မှုများ ဖြစ်သည်။ သင်သည် တန်ဖိုးရှိသည့် ဘဝတစ်ခု အသက်ရှင်ရန်၊ တန်ဖိုးရှိသည့် အရာများအတွက် မိမိဘဝကို အသက်ရှင်ရန်၊ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် စီမံမှု၊ ပြီးလျှင် လူသားမျိုးနွယ်၏ တရားမျှတသည့် အကြောင်းတရားအတွက် အသက်ရှင်ရန် ရွေးချယ်နိုင်သည်။ အပြုသဘောဆောင်သော အရာများအတွက် အသက်မရှင်ဘဲ ထိုအစား ကျော်ကြားမှုနှင့် ဥစ္စာဓန၊ ဌာနဆိုင်ရာ ဝန်ထမ်းအသက်မွေးမှုလုပ်ငန်းတစ်ခု၊ ကြွယ်ဝမှုများနှင့် လောကီ ရေပန်းစားမှုများအတွက် အသက်ရှင်ရန်လည်း သင် ရွေးချယ်နိုင်သည်မှာ အမှန်ဖြစ်၏။ မည်သို့မျှ တန်ဖိုးတစ်ခုတလေ မရှိသည့် ဘဝတစ်ခုကို အသက်ရှင်ပြီး လမ်းလျှောက်နေသည့် လူသေတစ်ဦးကဲ့သို့ဖြစ်ရန် သင် ရွေးချယ်နိုင်သည်။ ဤသည်တို့မှာ သင် ပြုလုပ်နိုင်သည့် ရွေးချယ်မှုများသာ ဖြစ်သည်။

ဤသို့ မိတ်သဟာယပြုခြင်းအားဖြင့် ၎င်းတို့တွင် မကောင်းသည့် ကံ ရှိသည်ဟု အမြဲတစေ ပြောဆိုသော လူတို့၏ အတွေးများနှင့် အမြင်များသည် မှန်ကန်ခြင်း၊ သို့မဟုတ် မှားယွင်းခြင်း ရှိမရှိဆိုသည်ကို သင်တို့ နားလည်ပြီလော။ (မှားပါသည်။) ဤလူများသည် အစွန်းရောက်ဝါဒတွင် နွံနစ်လာသောကြောင့် စိတ်ဓာတ်ကျသည့် ခံစားမှုကို တွေ့ကြုံကြရသည်မှာ သိသာထင်ရှားပေသည်။ အစွန်းရောက်သည့် အတွေးများနှင့် အမြင်များရှိသဖြင့် ဤအစွန်းရောက်သည့် စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုရှိကြသောကြောင့် ဘဝတွင် ဖြစ်ပျက်သည့်အရာများကို မှန်ကန်စွာ ၎င်းတို့ မရင်ဆိုင်နိုင်ကြချေ။ လူတို့ ရှိသင့်သည့် လုပ်ငန်းဆောင်တာများကို ပုံမှန် မလုပ်ဆောင်နိုင်ကြသကဲ့သို့ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များ၊ သို့မဟုတ် ဝတ္တရားများကို မထမ်းဆောင်နိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့သည် ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယတွင် ဆွေးနွေးခဲ့ကြသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲသို့ ကျဆင်းသွားကြသည့် လူအမျိုးမျိုးနှင့် တူကြပေသည်။ မိမိတို့တွင် မကောင်းသည့် ကံရှိသည်ဟု ယုံကြည်သော ဤလူများသည် ဘုရားသခင်ကို ယုံကြည်ပြီး အမှုအရာများကို စွန့်လွှတ်နိုင်ကြသည့်တိုင်၊ မိမိတို့ကိုယ်ကို အသုံးခံပြီး ဘုရားသခင်နောက် လိုက်နိုင်ကြသည့်တိုင်၊ ၎င်းတို့သည်လည်း ဘုရားအိမ်တော်တွင် မိမိတို့တာဝန်ကို လွတ်လပ်ကာ လွတ်မြောက်ပြီး စိတ်အေးလက်အေးဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသည်ကို အဘယ်ကြောင့် ၎င်းတို့ မလုပ်ဆောင်နိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အထဲရှိ အစွန်းရောက် စိတ်ခံစားမှုများ ဖြစ်ပေါ်စေသည့် အစွန်းရောက်ပြီး မူမမှန်သော အတွေးများနှင့် အမြင်များကို ၎င်းတို့စိတ်ထဲ၌ သိုထားသောကြောင့် ဖြစ်သည်။ ဤအစွန်းရောက်သည့် စိတ်ခံစားမှုများက အမှုအရာများကို ၎င်းတို့ အကဲဖြတ်ပုံ၊ ၎င်းတို့ စဉ်းစားသည့် နည်းလမ်းနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များအား အစွန်းရောက်ကာ မမှန်ကန်သကဲ့သို့ မှားယွင်းသည့် ရှုထောင့်အမြင်မှ ဖြစ်လာစေသည်။ ၎င်းတို့သည် ကိစ္စရပ်များနှင့် လူတို့အား ဤအစွန်းရောက်ပြီး မမှန်ကန်သည့် ရှုထောင့်အမြင်မှ မှတ်ယူတတ်ကြသည်။ ထိုသို့ဖြင့် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှု၏ သက်ရောက်မှုနှင့် လွှမ်းမိုးမှုအောက်တွင် ထပ်တလဲလဲ အသက်ရှင်နေကြသည်၊ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်နေကြလေသည်။ အဆုံးတွင် ၎င်းတို့ မည်သို့ အသက်ရှင်သည်ဖြစ်စေ အလွန် မောပန်းပုံရကြသည်မှာ ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုနှင့် သမ္မာတရား လိုက်စားမှုအတွက် စိတ်ထက်သန်မှု မစုစည်းနိုင်တော့အောင် ဖြစ်ကြလေသည်။ မိမိတို့ ဘဝကို အသက်ရှင်ရန် မည်သို့ ၎င်းတို့ ရွေးချယ်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့တာဝန်ကို အပြုသဘောဆောင်စွာ၊ သို့မဟုတ် တက်ကြွစွာ ထမ်းဆောင်နိုင်ခြင်း မရှိကြသကဲ့သို့ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြလင့်ကစား သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ မိမိတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်ခြင်း၊ သို့မဟုတ် မိမိတို့တာဝန်ကို စိတ်ကျေနပ်ဖွယ် ထမ်းဆောင်ခြင်းအား မည်သည့်အခါမျှ အာရုံမစိုက်ကြသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်မှုအရ ၎င်းတို့တွင် မကောင်းသည့် ကံရှိသည်ဟု အမြဲ တွေးထင်ကြသောကြောင့် ဖြစ်ပြီး ဤအရာက ၎င်းတို့အား အကြီးအကျယ် စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်များရှိစေသည်။ ၎င်းတို့သည် မိမိတို့အလုပ်၊ တာဝန်များနှင့် ဝတ္တရားများကို ဆက်ကပ်သင့်သည့် သစ္စာစောင့်သိမှုအား ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှု၊ သို့မဟုတ် ဇွဲတစ်ခုတလေ မဆိုထားနှင့်၊ မည်သည့် သက်ဝင်လှုပ်ရှားမှုမျှ မရှိဘဲ၊ အပြုသဘောဆောင်သည့်၊ သို့မဟုတ် အကောင်းမြင်သည့် အပြုအမူတစ်ခုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်ကဲ့သို့ လုံးဝ စိတ်ပျက်အားငယ်ကာ အစွမ်းမဲ့လာကြလေသည်။ ထိုထက် ၎င်းတို့သည် နေ့ရက်ကာလများကို ရောက်တတ်ရာရာနှင့် နားဝေတိမ်တောင်ဖြစ်စွာ အမှုမဲ့အမှတ်မဲ့ ဖြတ်ကျော်လျက် ပေါ့ဆသည့် သဘောထားတစ်ခုနှင့်အတူ တစ်နေ့ပြီးတစ်နေ့ အင်တင်တင်ဖြင့် ရုန်းကန်ကြလေသည်။ ၎င်းတို့ အချိန်မည်မျှကြာအောင် တော်စွလျော်စွ ကြုံရာကျပန်း နေကြလိမ့်မည်ကို ၎င်းတို့ မသိကြ။ အဆုံးတွင် အားကိုးအားထားမရှိဘဲ “အို၊ တတ်နိုင်သရွေ့ ငါ တော်စွလျော်စွ ဆက်နေလိုက်မည်။ တစ်နေ့ ငါ ဆက်မနေနိုင်တော့သကဲ့သို့ အသင်းတော်က ငါ့ကို နှင်ထုတ်ကာ ဖယ်ရှားလိုလျှင် သူတို့ ငါ့ကို ဖယ်ရှားလိုက်သင့်သည်။ ထိုအရာမှာ ငါ့မှာ မကောင်းသည့်ကံ ရှိသောကြောင့် ဖြစ်သည်”ဟု ဆိုလျက် မိမိတို့ကိုယ်ကို သတိပေးဖို့သာ ရှိတော့သည်။ သင်တို့ မြင်သလော၊ ၎င်းတို့ ပြောသည့်အရာပင်လျှင် အလွန် အရှုံးပေးရာကျ၏။ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် ရိုးရှင်းသည့် စိတ်အခြေအနေတစ်ခုသာ မဟုတ်ဘဲ သာ၍ အရေးကြီးသည်မှာ ထိုစိတ်ခံစားမှုတွင် လူတို့၏ အတွေးများ၊ စိတ်နှလုံးများနှင့် ၎င်းတို့၏ လိုက်စားမှုအပေါ် အကြီးအကျယ် ဖျက်ဆီးတတ်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ သင်သည် သင်၏ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ကို အချိန်မီပြီး မြန်ဆန်သည့် ပုံစံဖြင့် မပြောင်းလဲနိုင်ပါက ယင်းက သင်၏ တစ်ဘဝလုံးကို ထိခိုက်လိမ့်မည်သာမက သင်၏ အသက်ကိုလည်း ဖျက်ဆီးကာ သင့်ကို သေခြင်းသို့ ပို့လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်လျှင်ပင် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ ကယ်တင်ခြင်းကို ရယူနိုင်မည်မဟုတ်။ အဆုံးတွင် သင်ပျက်စီးဆုံးရှုံးလိမ့်မည်။ ထို့ကြောင့် မိမိတို့၏ ကံကြမ္မာ ဆိုးသည်ဟု ယုံကြည်သောသူတို့သည် ယခုတွင် အသိတရား ရှိသင့်ကြပေသည်။ ၎င်းတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အမြဲ ကြည့်ခြင်း၊ ကံကြမ္မာတစ်မျိုးမျိုးကို အမြဲ လိုက်စားခြင်း၊ မိမိတို့ ကံကြမ္မာနှင့်ပတ်သက်၍ အမြဲ စိုးရိမ်ခြင်းဟူသည်တို့မှာ ကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ သင်၏ ကံကြမ္မာကို အမြဲ အလေးအနက် သဘောထားလျက် နှောင့်ယှက်မှု၊ သို့မဟုတ် စိတ်ပျက်ခြင်း အနည်းငယ် သင်ကြုံရသည့်အခါ၊ သို့မဟုတ် ကျရှုံးမှု၊ ဆုတ်ဆိုင်းမှုများ၊ သို့မဟုတ် အရှက်ရခြင်းများဖြစ်လာသည့်အခါ ထိုအရာမှာ သင်၏ ကိုယ်ပိုင် မကောင်းသည့် ကံကြမ္မာနှင့် သင့်ကိုယ်ပိုင် ဆိုးရွားသည့်ကံကြောင့်ဖြစ်သည်ဟု သင် အလျင်အမြန် ယုံကြည်လာသည်။ ထို့ကြောင့် သင်သည် မကောင်းသည့် ကံကြမ္မာရှိသည့် တစ်စုံတစ်ဦးဖြစ်ကြောင်း၊ အခြားလူများကဲ့သို့ ကောင်းသည့် ကံကြမ္မာမရှိကြောင်း မိမိကိုယ်ကို ထပ်တလဲလဲ အသိပေးပြီး စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သော အပျက်သဘောဆောင်သော စိတ်ခံစားမှု၏ ဝန်းရံ၊ ချည်နှောင်ကာ ဖမ်းမိခြင်းခံရလျက် ထိုအရာမှ မလွတ်မြောက်နိုင်ဘဲ စိတ်ဓာတ်ကျခြင်းထဲ ထပ်တလဲလဲ နှစ်မြှုပ်သွားလေသည်။ ဤသည်မှာ ဖြစ်ပျက်ရန် အလွန် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး အန္တရာယ်များပေသည်။ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုက သင့်ကို သာ၍ မာနထောင်လွှားလာရန်၊ သို့မဟုတ် လှည့်ဖြားတတ်လာရန် မဖြစ်စေနိုင်သော်လည်း၊ သို့မဟုတ် သင့်အား ဆိုးယုတ်မှု၊ သို့မဟုတ် ခေါင်းမာမှု၊ သို့မဟုတ် ထိုသို့သော အခြားဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ပြစေခြင်း မရှိနိုင်သော်လည်း သင့်အနေဖြင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြပြီး ဘုရားသခင်ကို အာခံသည့် အဆင့်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်ပြပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အဆင့်၊ သို့မဟုတ် နှောင့်ယှက်မှုများနှင့် ဆူပူမှုများကို သင် ဖြစ်စေသည့်အဆင့်၊ သို့မဟုတ် မကောင်းသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်သည့်အဆင့်သို့ မရောက်နိုင်သော်လည်း အနှစ်သာရအရ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် လက်တွေ့အရှိတရားနှင့် ပတ်သက်၍ လူတို့၏ စိတ်မကျေနပ်မှုနှင့်ဆိုင်သော အဆိုးရွားဆုံး သရုပ်သကန်တစ်ခု ဖြစ်သည်။ အနှစ်သာရအနေဖြင့် လက်တွေ့အရှိတရားနှင့် ပတ်သက်၍ စိတ်မကျေနပ်မှုနှင့်ဆိုင်သော ဤသရုပ်သကန်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို စိတ်မကျေနပ်မှုတစ်ခုလည်း ဖြစ်၏။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို စိတ်မကျေနပ်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ထိုအရာများသည် ဧကန်မုချ အလွန် ဆိုးရွားပြီး အနည်းဆုံးအနေဖြင့် သင့်ကို ဘုရားသခင်အား ပုန်ကန်ကာ အာခံစေလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် ထောက်ပံ့ပေးကမ်းမှုများကို လက်မခံနိုင်ဖြစ်စေကာ ဘုရားသခင်၏ သွန်သင်ချက်များ၊ တိုက်တွန်းမှုများ၊ အသိပေးချက်များနှင့် သတိပေးချက်များတို့ကို နားမလည်နိုင်ဖြစ်စေ၍ ကြားနာဖို့ရန် မလိုမလားဖြစ်စေလိမ့်မည် ဖြစ်သည်။ သင်သည် စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုဖြင့် ပြည့်သောကြောင့် ဘုရားသခင်၏ လက်ရှိ မိန့်မြွက်ချက်များကို လက်မခံနိုင်သကဲ့သို့ သင့်အတွက် ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ကိုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ လမ်းပြခြင်း၊ အကူအညီ၊ အားပေးမှုနှင့် ပံ့ပိုးမှုတို့ကိုဖြစ်စေ လက်ခံရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် အမှုပြုနေသော်လည်း ထိုအရာကို သင်မခံစားနိုင်ပေ။ ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုနေသော်လည်း ထိုအရာကို သင် လက်မခံနိုင်ပေ။ ဘုရားသခင်ထံမှ ဤအပြုသဘောဆောင်သည့် အရာများ၊ ဤသတ်မှတ်ချက်များနှင့် ဤပံ့ပိုးမှုတို့ကို သင် လက်မခံနိုင်ပေ။ သင်၏ စိတ်နှလုံးသည် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုဖြင့်သာ ပြည့်ကာ နေရာယူခြင်းခံရပြီး ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမျှ သင့်အပေါ် သက်ရောက်မှုတစ်ခုတလေ မရှိပေ။ အဆုံးတွင် သင်သည် ဘုရားအမှုတော်၏ အဆင့်တိုင်းကို လွဲချော်လိမ့်မည်၊ ဘုရားသခင့် မိန့်မြွက်ချက်များ၏ ကဏ္ဍတိုင်းကို လွဲချော်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်နှင့် သင့်အတွက် သူ၏ ထောက်ပံ့မှု အဆင့်တိုင်းကိုပင် သင် လွဲချော်လိမ့်မည်။ ဘုရားသခင်၏မိန့်မြွက်ချက်များနှင့် သူ့အမှုတော်၏ အဆင့်များ အားလုံး ပြီးပြည့်စုံသွားသည့်အခါ သင်၏ စိတ်ဓာတ်ကျသည့် ခံစားချက်များကို သင် ဖြေရှင်းမရနိုင် ဖြစ်နေဦးမည်ဖြစ်သည်။ ထိုခံစားချက်များကို သင် နောက်ချန်ထားနိုင်လိမ့်မည် မဟုတ်။ သင်သည် စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုဖြင့် ဝန်းရံကာ ပြည့်နေဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် ဘုရားသခင်၏ အမှုတော်ကို သင် လုံးဝ လွဲချော်သွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အမှုတော်ကို သင် လုံးဝ လွဲချော်ပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက် နောက်ဆုံးတွင် သင်သည် လူပုံအလယ်တွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရှုတ်ချမှုတို့ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး ယင်းမှာ လူသားမျိုးနွယ်၏ အဆုံးသတ်များကို ဘုရားသခင် ကြေညာမည့် အချိန် ဖြစ်သည်။ ထိုအခါတွင်မှ သင်က “အို၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့ကို ကျိုးနွံနာခံနိုင်ရန်အလို့ငှာ ဘုရားသခင်၏ အကူအညီနှင့် ထောက်ပံ့မှုတို့ကို ရှာဖွေရန်၊ သူ၏ ပံ့ပိုးမှုကို ရှာဖွေရန်၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မည်သို့ လက်ခံပြီး သန့်စင်ခြင်းခံရမည်ဆိုသည်ကို ရှာဖွေရန် ငါ ကိုယ့်ကိုယ်ကိုယ် သုံးသပ်သင့်သည်၊ ဤစိတ်ဓာတ်ကျသည့် ခံစားချက်များကို နောက်ချန်ထားသင့်သည်၊ ဘုရားနှုတ်ကပတ်တော်များကို ပိုဖတ်သင့်သည်၊ ဘုရားရှေ့မှောက်သို့ ငါလာသင့်သည်”ဟု သဘောပေါက်လိမ့်မည်။ အလွန်နောက်ကျသွားပေပြီ။ ထိုအရာအားလုံး ယခု သင်၏ နောက်တွင်ကျန်ခဲ့ပြီဖြစ်သည်။ ယခု အသိတရားရရန် အလွန်နာက်ကျသွားပြီဖြစ်ပြီး သင့်ကို စောင့်ဆိုင်းသည့်အရာသည် အဘယ်အရာနည်း။ သင်သည် ရင်ဘတ်စည်တီးကာ ငိုကြွေးမြည်တမ်းပြီး နောင်တနှင့် ပြည့်လိမ့်မည်။ စိတ်ဓာတ်ကျခြင်းသည် စိတ်ခံစားမှုတစ်မျိုးသာ ဖြစ်သော်လည်း ထိုအရာ၏ သဘာဝနှင့် ဖြစ်ပေါ်စေသည့် အကျိုးဆက်များသည် အလွန် ဆိုးရွားသောကြောင့် သင်သည် မိမိကိုယ်ကို သေချာစွာ ဆန်းစစ်သင့်ပြီး ဤစိတ်ဓာတ်ကျခြင်း ခံစားချက်များအား သင့်ကို လွှမ်းမိုးခွင့်၊ သို့မဟုတ် သင်၏ အတွေးများနှင့် သင် လိုက်စားသည့် ရည်မှန်းချက်များကို ထိန်းချုပ်ခွင့် မပေးသင့်ပေ။ ထိုအရာကို သင် ဖြေရှင်းရမည်ဖြစ်ပြီး သင်၏ သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းပေါ် ခလုတ်တံသင်းတစ်ခု၊ သို့မဟုတ် ဘုရားသခင်ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို ပိတ်ဆို့တားဆီးသည့် တံတိုင်းတစ်ခု ဖြစ်လာခွင့်မပေးရပေ။ ထိုအရာကို သင် ရှင်းလင်းစွာ သိလာနိုင်လျှင်၊ သို့မဟုတ် မိမိကိုယ်ကို ဆန်းစစ်ခြင်းမှတစ်ဆင့် ဤဆိုးရွားသော စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုကို ရှာတွေ့လျှင် လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲသင့်သည်။ ဤစိတ်ခံစားမှုကို လက်လွှတ်ကာ ဤစိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် ခံစားချက်များကို နောက်ချန်ထားသင့်သည်။ “ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ငါ၏ ကံကြမ္မာဆိုးသည်ကို ငါ သိသည်။ မကောင်းသည့် ကံကြမ္မာ ရှိသောကြောင့် ငါ စိတ်ဓာတ်ကျသင့်သည်။ မကောင်းသည့် ကံကြမ္မာ ရှိသောကြောင့် ထိုအရာကို ငါ လက်သာခံလိုက်ပြီး မျှော်လင့်ချက်အားလုံးကို လက်လွှတ်လိုက်သင့်သည်”ဟု ခေါင်းမာစွာ စဉ်းစားရင်း သင်၏ လမ်းကြောင်းကို ခေါင်းမာမာဖြင့် မဖက်တွယ်နှင့်။ ထိုသို့သော အပျက်သဘောဆောင်သည့် သဘောထားတစ်ခုဖြင့် ဖြစ်သမျှ အရာရာတိုင်းကို ရင်ဆိုင်ခြင်းသည် စွဲစွဲမြဲမြဲ ခေါင်းမာခြင်း ဖြစ်သည်။ သင့်ထံတွင် စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် ခံစားချက်များ ရှိသည်ကို သင်သဘောပေါက်သည့်အခါ မိမိကိုယ်ကို ပြောင်းလဲပြီး တတ်နိုင်သမျှ အမြန်ဆုံး ထိုအရာကို ဖြေရှင်းသင့်သည်။ ထို့နောက်တွင် အသိတရားရရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သဖြင့် သင့်ကို ထိုအရာက လုံးဝ ထိန်းချုပ်သွားပြီးဖြစ်သည်အထိ မစောင့်ဆိုင်းနှင့်။

ငါ့ကို ပြောလော့၊ ကံကြမ္မာကို ယုံကြည်ခြင်းသည် သမ္မာတရား လိုက်စားခြင်းနှင့်ဆိုင်သော ဖော်ပြချက်တစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ကံကြမ္မာနှင့်ဆိုင်သည့် ကိစ္စရပ်ကို ချဉ်းကပ်ရာတွင် လူတို့ ရှိသင့်သည့် မှန်ကန်သော သဘောထားမှာ အဘယ်နည်း။ (ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ၎င်းတို့ ယုံကြည်ပြီး ကျိုးနွံနာခံသင့်သည်။) မှန်ပေ၏။ တစ်စုံတစ်ဦးသည် မိမိတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အမြဲ အာရုံစိုက်ပါက ထိုအရာက မည်သည့် ပြဿနာကို ဖြေရှင်းနိုင်သနည်း။ မိမိတို့၏ ကံကြမ္မာ ဆိုးကြောင်း သိမှတ်သော်လည်း မိမိတို့၏ မကောင်းသည့် ကံကြမ္မာကို ဘုရားသခင်က စီစဉ်ညွှန်ကြားကာ စီစဉ်ထားခြင်းဖြစ်ကြောင်း ယုံကြည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားခြင်းဟူသည့် ဤရှုထောင့်အမြင်သည် မှန်ကန်သလော၊ မမှန်ကန်သလော။ (မမှန်ပါ၊ မှားပါသည်။) အဘယ်သို့ မှားသနည်း။ (ထိုရှုထောင့်အမြင်သည် မိမိတို့ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်းအပေါ် အဓိပ္ပာယ်ကောက်ခြင်းအား စွဲကိုင်နေဆဲ ဖြစ်သောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ စည်းမျဉ်းတစ်ခု ဖြစ်သလော။ ဤနေရာတွင် လူတို့ သိနားလည်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (ကံကြမ္မာကို ကောင်းသည်၊ ဆိုးသည်ဟု ပြော၍မရနိုင်ပါ။ ဘုရားသခင် ကြိုတင်စီမံသည့် အရာရာတိုင်း ကောင်းမြတ်ပြီး လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးကို ကျိုးနွံနာခံသင့်ကြသည်။) ကံကြမ္မာကို ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီစဉ်သည်ဆိုသည်ကို လူတို့ ယုံကြည်သင့်ပြီး ထိုအရာအားလုံးကို ဘုရားသခင် ညွှန်ကြားကာ စီစဉ်သည့်အတွက် ထိုအရာ ကောင်းသည်၊ ဆိုးသည်ကို ၎င်းတို့ ပြောဆို၍မရပေ။ ထိုကံကြမ္မာ ကောင်းခြင်း၊ သို့မဟုတ် ဆိုးခြင်း ရှိမရှိဆိုသည်ကို လူတို့၏ ရှုထောင့်အမြင်၊ အယူအဆများ၊ နှစ်ခြိုက်မှုများနှင့် ခံစားချက်များအရ အကဲဖြတ်ခြင်းဖြစ်ပြီး ဤအကဲဖြတ်မှုသည် ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များအပေါ် အခြေခံကာ သမ္မာတရားနှင့် မကိုက်ညီပေ။ လူအချို့က “ကျွန်ုပ်တွင် အလွန်ကောင်းသည့် ကံတစ်ခု ရှိသည်။ ယုံကြည်သူ မိသားစုတစ်စုထဲတွင် ကျွန်ုပ် မွေးဖွားခဲ့သည်။ လောကီဆန်သည့် လောက ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ကျွန်ုပ် လုံးဝ မခံခဲ့ရသကဲ့သို့ မယုံကြည်သူများ၏ ရေပန်းစားမှုများဖြင့် မည်သည့်အခါတွင်မျှ ကျွန်ုပ် လွှမ်းမိုးခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ သို့မဟုတ် လှည့်ဖြားခြင်း မခံရဖူးပါ။ ကျွန်ုပ်တွင်လည်း ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိလင့်ကစား အသင်းတော်တွင် ကျွန်ုပ် ကြီးပြင်းခဲ့ပြီး မည်သည့်အခါတွင်မျှ လမ်းမလွဲဖူးပါ။ ထိုသို့သော ကောင်းမွန်သည့် ကံကြမ္မာတစ်ခု ကျွန်ုပ်တွင် ရှိပါသည်”ဟု ဆိုကြသည်။ ၎င်းတို့ ပြောသည့်အရာသည် မှန်ကန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ (ယုံကြည်သူ မိသားစုတစ်စုတွင် ၎င်းတို့ မွေးဖွားခြင်းကို ဘုရားသခင် ကြိုတင်စီမံထားခြင်းဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များဖြစ်သည်။ ၎င်းတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပတ်သက်ခြင်း မရှိပါ။) မှန်၏၊ သင် ပြောသည်မှာ ထိထိမိမိ ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်က လူ၏ ကံကြမ္မာများအပေါ် စီစဉ်ပြီး အချုပ်အခြာအာဏာ စွဲကိုင်သည့် ပုံစံတစ်ခု ဖြစ်ပြီး ကံကြမ္မာ ဖြစ်တည်နိုင်သည့် ပုံစံတစ်ခု ဖြစ်သည်။ လူတို့သည် ဤကိစ္စကို အကဲဖြတ်ရန် ၎င်းတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အသုံးမပြုရပေ။ လူအချို့က ခရစ်ယာန် မိသားစုတွင် ၎င်းတို့ ဖွားမြင်သောကြောင့် ၎င်းတို့၏ ကံကြမ္မာ ကောင်းမွန်သည်ဟု ဆိုကြသည်။ သို့ဆိုလျှင် ဤအရာကို သင် မည်သို့ ချေပမည်နည်း။ သင်က “သင်သည် ခရစ်ယာန် မိသားစုတွင် မွေးဖွားခဲ့ပြီး သင့်တွင် ကောင်းသည့် ကံရှိသည်ဟု ပြောသောကြောင့် ခရစ်ယာန် မိသားစုတွင် မမွေးဖွားခဲ့သူ မှန်သမျှ မကောင်းသည်ကံ ရှိနိုင်ခြင်း ဖြစ်ရပေမည်။ ထိုလူအားလုံးအတွက် ဘုရားသခင် စီစဉ်သည့် ကံကြမ္မာအားလုံး ဆိုးသည်ဟု သင်ပြောနေခြင်းဖြစ်ပါသလား”ဟု ပြောကောင်းပြောပေမည်။ ၎င်းတို့ကို ဤသို့ ချေပရန်မှာ မှန်ကန်သလော။ (မှန်ပါသည်။) ၎င်းတို့ကို ဤသို့ချေပရန်မှာ မှန်ကန်၏။ ၎င်းတို့ကို ဤသို့ ချေပခြင်းအားဖြင့် ခရစ်ယာန်မိသားစုများတွင် မွေးဖွားကြသည့် လူများက ကောင်းသည့် ကံကြမ္မာရှိခြင်းအကြောင်း ၎င်းတို့ ပြောသည့်အရာမှာ မခိုင်လုံသကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီကြောင်း သင် ပြသနေခြင်း ဖြစ်သည်။ ယခုတွင် ကောင်းသည့်ကံများနှင့် ဆိုးသည့် ကံကြမ္မာများအပေါ် သင်တို့၏ အယူအဆ အနည်းငယ် သာ၍ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ကံကြမ္မာကို ယုံကြည်ခြင်း ကိစ္စရပ်အပေါ် အမှန်ကန်ဆုံး၊ အသင့်လျော်ဆုံးဖြစ်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် မည်သည့် အမြင်ကို လူတို့ စွဲကိုင်သင့်ကြသနည်း။ ပထမဦးစွာ လောကီလူတို့၏ ရှုထောင့်အမြင်မှ ကံကြမ္မာကို ကောင်းခြင်း၊ ဆိုးခြင်းအဖြစ် သင် အကဲဖြတ်၍ မရပေ။ ထို့အပြင် လူသားမျိုးနွယ်ဝင်တိုင်း၏ ကံကြမ္မာကို ဘုရားသခင်၏ လက်တော်က စီစဉ်ထားခြင်းဖြစ်ကြောင်း သင် ယုံကြည်သင့်သည်။ လူအချို့က “ဘုရားသခင်၏ လက်တော်က စီစဉ်ထားခြင်းဆိုသည်မှာ ထိုအရာကို ဘုရားသခင် ကိုယ်တိုင်က စီစဉ်သည်ဟု ဆိုလိုသလော”ဟု မေးကြသည်။ မဟုတ်ပေ။ လူ၏ ကံကြမ္မာများကို ဘုရားသခင် စီစဉ်သည့် မရေမတွက်နိုင်သော နည်းလမ်းများ၊ နည်းစနစ်များနှင့် လမ်းကြောင်းများ ရှိပြီး ယင်းတို့နှင့်ပတ်သက်၍ ဝိညာဉ်ရေးရာ နယ်ပယ်တွင် ခက်ခဲရှုပ်ထွေးသော အသေးစိတ်အကြောင်းအရာများ ရှိသည်ကို ဤနေရာတွင် ငါပြောမည် မဟုတ်ချေ။ ထိုအရာမှာ အလွန် ခက်ခဲရှုပ်ထွေးသော ကိစ္စတစ်ခုဖြစ်သော်လည်း ယေဘုယျပြောရလျှင် အားလုံးကို ဖန်ဆင်းရှင်က စီစဉ်ထားခြင်း ဖြစ်သည်။ ဤအစီအစဉ်များထဲမှ အချို့ကို ဘုရားသခင် ကိုယ်တိုင်က လူအမျိုးမျိုးအတွက် ပြုလုပ်ထားခြင်းဖြစ်သော်လည်း အချို့မှာမူ ဘုရားသခင် သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ စည်းမျဉ်းများနှင့် စနစ်များအတိုင်း လူအမျိုးအစားများနှင့် လူအုပ်စု အမျိုးမျိုးတို့ကို အတန်းအစားခွဲခြင်း ပါဝင်သည်။ ဘုရားသခင် သတ်မှတ်ထားသည့် ၎င်းတို့၏ အတန်းအစားနှင့် ၎င်းတို့ ကံကြမ္မာ၏ လမ်းကြောင်းအတိုင်း လူတို့၏ ကံကြမ္မာများကို ဝိညာဉ်ရေးရာ နယ်ပယ်တွင် စီစဉ်ထားပြီး ဖန်တီးထားခြင်းဖြစ်ကာ ထို့နောက်တွင် ၎င်းတို့ မွေးဖွားလာကြခြင်း ဖြစ်သည်။ ဤသည်မှာ အလွန် အသေးစိတ်ကျသည့် ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း ယေဘုယျ ပြောရလျှင် ဘုရားသခင်က စီစဉ်ပြီး ထိုအရာအားလုံးအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များတွင် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၏ မူများ၊ ဥပဒေသများနှင့် စည်းမျဉ်းများ ပါဝင်၏။ ဤနေရာတွင် ကောင်းခြင်း၊ ဆိုးခြင်း မရှိ၊ အားလုံးသည် အကြောင်းနှင့် အကျိုးပါဝင်လျက် ဘုရားသခင်အတွက် ပင်ကို လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်သည်။ ကံကြမ္မာအကြောင်း လူတို့ ခံစားပုံနှင့် စပ်လျဉ်း၍ ၎င်းတို့တွင် ကောင်းသည့် ခံစားချက်များနှင့် ဆိုးသည့် ခံစားချက်များ ရှိနိုင်သည်။ အရာရာ အဆင်ပြေချောမွေ့သည့် ကံကြမ္မာများ ရှိနိုင်သည်၊ အတားအဆီးများနှင့် ပြည့်သည့် ကံကြမ္မာများ ရှိနိုင်သည်၊ ခက်ခဲသည့် ကံကြမ္မာများနှင့် ပျော်ရွှင်မှုမရှိသည့် ကံကြမ္မာများ ရှိနိုင်သည်။ ကောင်းသည့်ကံကြမ္မာများ၊ သို့မဟုတ် ဆိုးသည့် ကံကြမ္မာများဟူ၍ မရှိပေ။ ကံကြမ္မာအပေါ် မည်သည့်သဘောထားကို လူတို့ ရှိသင့်ကြသနည်း။ သင်သည် ဖန်ဆင်းရှင်၏ အစီအစဉ်များကို လိုက်နာသင့်သည်၊ ဤအရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အစီအစဉ်များရှိ သူ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့ကို တက်ကြွစွာနှင့် အစွမ်းကုန် ရှာဖွေသင့်ပြီး သမ္မာတရားအပေါ် သိနားလည်မှု ရရှိသင့်သည်၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် ဤဘဝတွင် သင်၏ အကြီးမားဆုံး လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သင့်သည်၊ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များနှင့် ဝတ္တရာများကို ထမ်းဆောင်သင့်ပြီး ဖန်ဆင်းရှင်က သင်နှင့်ပတ်သက်၍ ကျေနပ်အားရပြီး သင့်ကို အောက်မေ့သတိရသည်အထိ သင်၏ ဘဝကို သာ၍ အဓိပ္ပာယ်ရှိစေပြီး သာ၍ တန်ဖိုးရှိစေသင့်ပေသည်။ သာ၍ပင် ကောင်းမည့်အရာမှာ သင်၏ ရှာဖွေခြင်းနှင့် အားသွန်ခွန်စိုက် အားထုတ်မှုမှတစ်ဆင့် ကယ်တင်ခြင်း ရယူရန်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အကောင်းဆုံးသော ရလဒ်ဖြစ်ပေမည်။ မည်သို့ဆိုစေ ကံကြမ္မာနှင့် စပ်လျဉ်း၍ အဖန်ဆင်းခံ လူသားမျိုးနွယ်က ရှိသင့်သည့် အသင့်လျော်ဆုံးသော သဘောထားမှာ အကြောင်းမဲ့ အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်သည့်၊ သို့မဟုတ် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် အစွန်းရောက်သော နည်းစနစ်များကို အသုံးပြုသည့် သဘောထား မဟုတ်ပေ။ လူတို့အနေဖြင့် များစွာပို၍ပင် မိမိတို့၏ ကံကြမ္မာကို ခုခံရန်၊ ရွေးချယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန် မကြိုးစားသင့်ဘဲ ထို့ထက် ထိုအရာကို အသိအမှတ်ပြုရန် မိမိတို့ စိတ်နှလုံးကို အသုံးပြုသင့်ပြီး ထိုကံကြမ္မာကို အပြုသဘောဆောင်စွာ ရင်မဆိုင်မီတွင် ရှာဖွေ၊ လေ့လာစူစမ်းပြီး လိုက်နာသင့်ကြပေသည်။ နောက်ဆုံးတွင် ဘဝ၌ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသည့် အသက်ရှင်ခြင်း ပတ်ဝန်းကျင်နှင့် ခရီးစဉ်တွင် ဘုရားသခင် သင့်ကို သွန်သင်သည့် ပြုမူခြင်းနည်းလမ်းကို သင် ရှာဖွေသင့်သည်၊ သင့်ကို လျှောက်လှမ်းရန် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းကို ရှာဖွေသင့်ပြီး ဤနည်းဖြင့် သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ကံကြမ္မာကို တွေ့ကြုံသင့်ကာ အဆုံးတွင် သင်သည် ကောင်းချီးခံစားရလိမ့်မည်။ သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားသည့် ကံကြမ္မာကို သင် ဤနည်းဖြင့် တွေ့ကြုံသည့်အခါ သင် ခံစားရလာသည့် အရာမှာ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ နာကျင်မှု၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုများသာမက သာ၍ အရေးကြီးသည်မှာ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်းအပြင် သင့်အပေါ် ဘုရားသခင် ပေးသနားသည့် သမ္မာတရား၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကိုလည်း သင် တွေ့ကြုံခံစားရလိမ့်မည်။ ထို့အပြင် သင်၏ ဘဝလမ်းကြောင်းတစ်လျှောက် သင်လမ်းပျောက်လာသည့်အခါ၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုတို့ဖြင့် သင် ရင်ဆိုင်ရပြီး ရွေးချယ်ရမည့်အရာတစ်ခု ရှိသည့်အခါ ဖန်ဆင်းရှင်၏ လမ်းပြမှုကို သင် တွေ့ကြုံလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် အဓိပ္ပာယ်အရှိဆုံးသော ဘဝကို မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်သက်ဆိုင်သည့် သိနားလည်မှု၊ အတွေ့အကြုံနှင့် အသိအမှတ်ပြုခြင်းတို့ကို ရရှိလိမ့်မည်။ ထို့နောက် ဘဝတွင် သင်သည် မည်သည့်အခါတွင်မျှ နောက်တစ်ဖန် လမ်းပျောက်တော့မည်မဟုတ်။ စဉ်ဆက်မပြတ် ပူပန်သောကရောက်သည့် အခြေအနေတစ်ခုတွင် သင် တစ်ဖန် ရှိမည်မဟုတ်သကဲ့သို့ သင်၏ ကံ ဆိုးသည်ဟု သင်ခံစားရသောကြောင့် စိတ်ဓာတ်ကျသည့် ခံစားမှုများထဲသို့ ကျဆင်းရန်မဆိုထားနှင့်၊ မကောင်းသည့် ကံရှိခြင်းအကြောင်းကို သင် တစ်ဖန် တစ်ကြိမ်တစ်ခါမျှ ညည်းတွားမည် မဟုတ်ပေ။ သင်သည် ဤသဘောထားရှိပြီး သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားပြီးဖြစ်သည့် ကံကြမ္မာကို ရင်ဆိုင်ရန် ဤနည်းလမ်းကို အသုံးပြုပါက သင်၏ လူ့သဘာဝသည် သာ၍ ပုံမှန် ဖြစ်လာလိမ့်မည်ဖြစ်၍ ပုံမှန် လူ့သဘာဝရှိလာလိမ့်မည်ဖြစ်ပြီး ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အမှုအရာများကို ရှုမြင်ရမည့်ပုံအပေါ် အတွေး၊ အမြင်များနှင့် စည်းမျဉ်းများ ရှိလာလိမ့်မည်သာမက၊ ဘဝ၏ အဓိပ္ပာယ်အပေါ် မယုံကြည်သူများက မည်သည့်အခါတွင်မျှ ရှိလိမ့်မည်မဟုတ်သည့် အမြင်များနှင့် သိနားလည်မှုတို့ကိုလည်း ရှိလာလိမ့်မည်မှာ အမှန်ဖြစ်၏။ မယုံကြည်သူများက “ကျွန်ုပ်တို့ မည်သည့်နေရာမှ လာကြသနည်။ ကျွန်ုပ်တို့ မည်သည့်နေရာသို့ သွားကြသနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့ အသက်ရှင်ကြသနည်း”ဟု အမြဲ ပြောနေကြသည်။ ဤမေးခွန်းများကို မေးသည့် တစ်စုံတစ်ဦး အမြဲရှိပြီး အဆုံးတွင် မည်သည့် အဖြေများကို ၎င်းတို့ တွေးမိကြသနည်း။ အဖြေများဖြင့်မဟုတ်ဘဲ မေးခွန်းများဖြင့် ၎င်းတို့ အဆုံးသတ်သွားကြသည်။ ဤမေးခွန်းများအတွက် အဖြေများကို ၎င်းတို့ အဘယ်ကြောင့် ရှာမတွေ့နိုင်ကြသနည်း။ အချို့သော ဉာဏ်ထက်သည့် လူတို့သည် ကံကြမ္မာကို ယုံကြည်ကြသော်လည်း ကံကြမ္မာနှင့်ဆိုင်သည့် ကိစ္စရပ်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်ကို၊ သို့မဟုတ် ၎င်းတို့ ကံကြမ္မာတွင် ဖြစ်ပေါ်သည့် အမျိုးစုံသော အခက်အခဲများ၊ စိတ်ပျက်မှုများ၊ ကျရှုံးမှုများနှင့် စိတ်မချမ်းမြေ့မှုတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို ၎င်းတို့ မသိကြချေ။ မိမိတို့ကံကြမ္မာတွင်ဖြစ်ပျက်သော ၎င်းတို့ကို ဝမ်းမြောက်ကာ ပျော်ရွှင်စေသည့် အမှုအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကိုလည်း ၎င်းတို့ မသိကြ။ ထိုအရာများအား မည်သို့ ကိုင်တွယ်ရမည်ကို ၎င်းတို့ မသိကြချေ။ တစ်မိနစ်တွင် ၎င်းတို့၌ ကောင်းသည့်ကံ ရှိသည်ဟု ပြောသည်၊ နောက်တစ်မိနစ်တွင် ဆိုးသည့်ကံတစ်ခုရှိသည်ဟု ၎င်းတို့ ပြောကြသည်။ တစ်မိနစ်တွင် ၎င်းတို့၌ ပျော်ရွှင်သည့် ဘဝတစ်ခုရှိသည်ဟုဆိုသည်၊ နောက်တစ်မိနစ်တွင် ၎င်းတို့၌ ကံအကြောင်းမလှသည့် ဘဝတစ်ခု ရှိသည်ဟု ဆိုကြလေသည်။ နှုတ်တစ်ခုတည်းဖြင့် ဤအရာနှစ်ခုလုံးကို ၎င်းတို့ ပြောကြ၏။ ၎င်းတို့ ပျော်ရွှင်သည့်အခါ တစ်မျိုးပြောပြီး မပျော်ရွှင်သည့်အခါ နောက်တစ်မျိုး ပြောကြသည်။ ၎င်းတို့အတွက် အမှုအရာများ အဆင်ပြေချောမွေ့နေသည့်အခါ တစ်မျိုး ပြောပြီး အမှုအရာများ အဆင်ပြေချောမွေ့ခြင်း မရှိသည့်အခါ နောက်တစ်မျိုး ပြောကြသည်။ မိမိတို့က ကံအကြောင်းမလှဟု ပြောသည်မှာ ၎င်းတို့ဖြစ်ပြီး မိမိတို့၏ ကံကြမ္မာက ကောင်းမွန်သည်ဟု ပြောသောသူတို့မှာလည်း ၎င်းတို့ပင်ဖြစ်သည်။ ၎င်းတို့သည် ရှင်းလင်းပြတ်သားမှု၊ သို့မဟုတ် သိနားလည်မှုတို့နှင့် အသက်မရှင်ကြသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် မြူထဲတွင် စမ်းတဝါးဝါး အမြဲ ဖြစ်နေသည်၊ ထွက်ပေါက်မရှိဘဲ စိတ်ရှုပ်ထွေးမှုဖြင့် အသက်ရှင်နေသည်။ ထို့ကြောင့် လူတို့အနေဖြင့် ကံကြမ္မာကို မည်သို့ မှန်ကန်စွာ သဘောထားသင့်သည်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သည်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဘဝတွင် ဤအဓိကကိစ္စရပ်အား ၎င်းတို့ မည်သို့ ရင်ဆိုင်သင့်သည်နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းသည့် သိနားလည်မှုနှင့် ရှင်းလင်းသည့် ရှေ့ဆက်ရမည့်လမ်းကြောင်းတစ်ခု ရှိသင့်ပေသည်။ ဤကိစ္စရပ် ပြေလည်သွားသည်နှင့်တစ်ပြိုင်နက် ကံကြမ္မာအပေါ် လူတို့၏ သဘောထားများနှင့် အမြင်များ အတော်အတန် မှန်ကန်သင့်ပြီး သမ္မာတရား၏ စည်းမျဉ်းများနှင့် အညီဖြစ်သင့်ကာ ထို့နောက်တွင် ဤကိစ္စရပ်၌ ၎င်းတို့ မည်သည့်အခါတွင်မျှ အစွန်းရောက်လိမ့်မည် မဟုတ်ပေ။

ကံကြမ္မာနှင့် ပတ်သက်၍ ငါ ယခုတင် မိတ်သဟာယပြုခဲ့သည့် အဆိုများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) သမ္မာတရားနှင့် ကိုက်ညီသည့် အဆိုများ၏ ဝိသေသလက္ခဏာများက မည်သည့်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ (လူတို့သည် ထိုအရာများကို ကြားသည့်အခါ ပိုရှင်းလင်းပြီး ပိုစိတ်အေးလက်အေးဖြစ်ကြသည်။) (ထိုအရာများသည် သာ၍ လက်တွေ့ကျပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများ ပါရှိသည်။) မှန်ပေ၏၊ ၎င်းတို့သည် ပို၍ လက်တွေ့ကျကြ၏။ ဤသည်မှာ ထိုအရာကို ပြောဆိုရန် သာ၍ မှန်ကန်တိကျသော နည်းလမ်းတစ်ခု ဖြစ်သည်။ ဤအရာကို ဖော်ပြရန် သာ၍ မှန်ကန်တိကျသည့် နည်းလမ်းများပင် ရှိ၏။ နောက်ထပ် မည်သူ ပြောမည်နည်း။ (ထိုအဆိုများသည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းပေးနိုင်ပါသည်။) ဤသည်မှာ ထိုအဆိုများ၏ လက်တွေ့ကျမှု အကျိုးတရားဖြစ်သည်။ ထိုအဆိုများသည် လက်တွေ့ကျသောကြောင့် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ လူတို့သည် ကံကြမ္မာကို ယုံကြည်ကြသော်လည်း ၎င်းတို့၏ စိတ်များသည် ကောင်းသည့် ကံများ၊ ဆိုးသည့် ကံများနှင့်ဆိုင်သော စိတ်ကူးဖြင် အမြဲ တွယ်ငြိနေသည်။ ထို့ကြောင့် ငါ့ကို ပြောလော့၊ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့သည် လွတ်မြောက်ကာ လွတ်လပ်ကြသလော၊ သို့မဟုတ် ချည်နှောင်ခံရကြသလော။ (ချည်နှောင်ခံရကြပါသည်။) သင်သည် သမ္မာတရားကို နားမလည်ပါက ဤစိတ်ကူးများဖြင့် စဉ်ဆက်မပြတ် ချည်နှောင်ခြင်းခံရမည်ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သည်နှင့် ထိုအရာမှာ လက်တွေ့ကျကြောင်းနှင့် ရှေ့ဆက်လမ်းတစ်ခု သင်ရှိကြောင်း ခံစားရခြင်းအပြင် အခြားမည်သည့်အရာကို သင် ခံစားရလိမ့်မည်နည်း။ (လွတ်မြောက်ပါမည်။) မှန်ပေ၏။ သင်သည် လွတ်လပ်ကာ လွတ်မြောက်သွားလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိပြီး ပိတ်မိနေခြင်း မရှိတော့သည့်အခါ သင်၏ စိတ်ဝိညာဉ်သည် ထိုအခါ လွတ်မြောက်ပြီး လွတ်လပ်မည် မဟုတ်လော။ ထိုမူမမှန်သကဲ့သို့ အဓိပ္ပာယ်မရှိသည့် အမြင်များသည် သင်၏ အတွေးများ၊ သို့မဟုတ် သင်၏ လက်ခြေတို့ကို ချည်နှောင်နိုင်လိမ့်မည် မဟုတ်။ သင်သည် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ထိုအမြင်များ၏ ထိန်းချုပ်ခြင်း ခံရလိမ့်မည် မဟုတ်တော့ချေ။ လူ၏ ကံကြမ္မာများနှင့် ပတ်သက်၍ ဘုရားသခင် မိတ်သဟာယပြုသည်ကို သင် ကြားသည်နှင့်တစ်ပြိုင်နက် သင်သည် လွတ်လပ်ကာ လွတ်မြောက်လိမ့်မည်ဖြစ်ပြီး သင်က “အို၊ သို့ဆိုလျှင် ထိုသို့ဖြစ်ဖြစ်သည်ပေါ့။ အမယ်လေး၊ ကံကြမ္မာနှင့် ပတ်သက်သည့် ကျွန်ုပ်၏ သိနားလည်မှုသည် ယခင်က အလွန် မူမမှန်ခဲ့သကဲ့သို့ အစွန်းရောက်ခဲ့ပါတကား။ ယခု ကျွန်ုပ် နားလည်ပြီဖြစ်ပြီး ကံ ကောင်းခြင်း၊ ဆိုးခြင်းနှင့်ဆိုင်သည့် မမှန်ကန်သော စိတ်ကူးအားဖြင့် ကျွန်ုပ် စိတ်အနှောင့်အယှက် မဖြစ်တော့ပါ။ ထိုအရာအားဖြင့် ကျွန်ုပ် စိတ်သောက မရောက်တော့ပါ။ ဤအရာကို ကျွန်ုပ် နားမလည်ခဲ့လျှင် တစ်မိနစ်တွင် ကျွန်ုပ်၏ ကံကြမ္မာကောင်းပြီး ချက်ချင်း နောက်တစ်မိနစ်တွင် ဆိုးသည်ဆိုသည်ကို အမြဲတစေ တွေးနေမိမည်ဖြစ်ပြီး ကျွန်ုပ်၏ ကံကြမ္မာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို ကျွန်ုပ် တွေးနေမိမည်ဖြစ်သည်။ ထိုအရာကို စဉ်ဆက်မပြတ် ကျွန်ုပ် စိုးရိမ်နေမိမည်ဖြစ်သည်”ဟု သင်ပြောလိမ့်မည်။ ဤသမ္မာတရားကို သင်နားလည်သည်နှင့် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု သင် ရှိလိမ့်မည်၊ ထိုကိစ္စရပ်အပေါ် မှန်ကန်တိကျသည့် အယူအဆတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး မှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ဤသည်မှာ သင်သည် လွတ်လပ်ပြီး လွတ်မြောက်သည်ဟု ဆိုလိုပေသည်။ ထို့ကြောင့် တစ်စုံတစ်ဦး၏ စကားများသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်နှင့် ထိုစကားများသည် သမ္မာတရား ဟုတ်မဟုတ်ဆိုသည်တို့ကို ပိုင်းခြားသိမြင်ရန်အလို့ငှာ ဤစကားများ လက်တွေ့ကျခြင်း ရှိမရှိဆိုသည်ကို သင်နားထောင်ရမည်။ တစ်ချိန်တည်းတွင် ဤစကားများကို သင်ကြားသည်နှင့်တစ်ပြိုင်နက် သင်၏ အခက်အခဲများနှင့် ပြဿနာများက ပြေလည်သွားခြင်း ရှိမရှိဆိုသည်ကို သင်လေ့လာစောင့်ကြည့်ရမည်။ ပြေလည်သွားပါက သင့်ထံမှ လေးလံသည့် ဝန်တစ်ခု ချီမခံလိုက်ရသကဲ့သို့ သင် လွတ်လပ်ကာ လွတ်မြောက်သွားလိမ့်မည်။ ထို့ကြောင့် သမ္မာတရား၏ စည်းမျဉ်းများကို သင် နားလည်သည့်အချိန်တိုင်းတွင် အချို့သော ဆက်နွှယ်သည့် ပြဿနာများကို သင် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး အချို့သော သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်ကာ ဤအရာက သင့်ကို လွတ်မြောက်ပြီး လွတ်လပ်စေလိမ့်မည်။ ဤသည်မှာ ရလဒ်ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သမ္မာတရားက မည်သည့် အကျိုးတရား အတိအကျရှိသည်ကို သင် နားလည်ပြီလော။ (နားမလည်ပါသည်။) သမ္မာတရားသည် မည်သည့် အကျိုးတရား ရှိနိုင်သနည်း။ (လူတို့၏ စိတ်ဝိညာဉ်များကို လွတ်လပ်စေကာ လွတ်မြောက်စေနိုင်ပါသည်။) သမ္မာတရားသည် ဤအကျိုးတရားတစ်ခုတည်းသာ ရှိသလော။ ဤခံစားချက်တစ်ခုတည်းသာ ရှိသလော။ (အဓိကအားဖြင့် အမှုအရာများအပေါ် လူတို့ သိုထားသည့် မမှန်ကန်သကဲ့သို့ အစွန်းရောက်သော အမြင်များကို ထိုသမ္မာတရားက ဖြေရှင်းပေးပါသည်။ လူတို့က ဖြူစင်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် အမှုအရာများကို ရှုမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့ စိတ်ဝိညာဉ်များတွင် လွတ်မြောက်ကာ လွတ်လပ်သွားလိမ့်မည်ဖြစ်ပြီး စာတန်ထံမှ လာသည့် အပျက်သဘောဆောင်သော အရာများ၏ ချည်နှောင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ခံရတော့မည် မဟုတ်ပါ။) သင်၏ စိတ်ဝိညာဉ်တွင် လွတ်လပ်ပြီး လွတ်မြောက်သည့် ခံစားချက်အပြင် အလွန်အရေးပါသည့်အရာမှာ သင့်အနေဖြင့် မှားယွင်းပြီး မူမမှန်သည့် အတွေးများနှင့် အမြင်များ၏ ချည်နှောင်ခြင်း၊ သို့မဟုတ် စိုးမိုးခြယ်လှယ်ခြင်း မခံရတော့ဖို့အလို့ငှာ ထိုအရာက အချို့သော သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင့်အား ဝင်ရောက်နိုင်စေခြင်း ဖြစ်သည်။ ထိုအရာများ၏ နေရာကို သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက နေရာယူလိုက်ပြီးနောက် ထိုသမ္မာတရား၏ စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်ပေသည်။ ၎င်းတို့တွင် မကောင်းသည့် ကံကြမ္မာတစ်ခု ရှိသည်ဟု တွေးထင်သောကြောင့် စိတ်ဓာတ်ကျခြင်း ခံစားရသော လူတို့၏ သရုပ်သကန်များနှင့် ပတ်သက်၍ ငါ၏ မိတ်သဟာယကို ဤနေရာတွင် ငါအဆုံးသတ်မည်။

လူအချို့ စိတ်ဓာတ်ကျလာကြသည့် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ ကံများ ထိုမျှဆိုးသည်ဟု မတွေးထင်ကြသော်လည်း ၎င်းတို့ အမြဲ ကံမကောင်းကြကြောင်းနှင့် မယုံကြည်သူများက “ကံနတ်ဘုရားက ကျွန်ုပ်ကို အမြဲ ကျော်သွားသည်”ဟု ပြောကြသည့်အတိုင်းပင် ၎င်းတို့ထံ ကောင်းမွန်သည့်အရာ မည်သည့်အရာမျှ တစ်ကြိမ်တစ်ခါမျှ မဖြစ်ကြောင်း ခံစားရခြင်း ဖြစ်သည်။ ၎င်းတို့၏ အခြေအနေများ ထိုမျှဆိုးသည်ဟု ၎င်းတို့ မခံစားရသကဲ့သို့ ၎င်းတို့ အရပ်မြင့်ပြီး ကြည့်ကောင်းသော်လည်း၊ ပညာတတ်ပြီး ပါရမီရှိကာ တတ်စွမ်းနိုင်သော အမှုဆောင်များဖြစ်သော်လည်း ကံနတ်ဘုရားက အဘယ်ကြောင့် ၎င်းတို့ကို လုံးဝ မျက်နှာသာမပေးသည်ကို ၎င်းတို့ သိချင်မိကြသည်။ ဤအရာက ၎င်းတို့ကို အမြဲ စိတ်မကျေမနပ် ဖြစ်စေပြီး မိမိတို့ကိုယ်ကို ကံမကောင်းဟု အမြဲ တွေးကြလေသည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲများ ၎င်းတို့ ဖြေဆိုကြသည့် နှစ်မှစတင်၍ ၎င်းတို့၏ စိတ်နှလုံးများက ကောလိပ်တက်ဖို့အတွက် မျှော်လင့်ချက်အပြည့်ဖြစ်သော်လည်း စာမေးပွဲဖြေဆိုရသည့် နေ့ရက်ရောက်လာသည့်အခါ တုပ်ကွေးမိပြီး အဖျားတက်ကြသည်။ ဤအရာက စာမေးပွဲများတွင် ၎င်းတို့ စွမ်းဆောင်ပုံကို ထိခိုက်ပြီး နှစ်မှတ် သုံးမှတ်အလိုဖြင့် ကောလိပ်ဝင်ခွင့်ကို ၎င်းတို့ လွဲချော်သွားကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ငါ အဘယ်သို့ အလွန် ကံမကောင်းနိုင်ရသနည်း။ ငါသည် စာလေ့လာရာတွင် တော်ပြီး စာအလွန်ကြိုးစားနေကျဖြစ်သည်။ ငါ့နှယ် ကောလိပ်ဝင်ခွင့် စာမေးပွဲ ရက်ကျမှပဲ အဘယ်ကြောင့်များ ကြံကြံဖန်ဖန် အဖျားတက်ခဲ့ရပါသနည်း။ ငါ့ဘဝတွင် ပထမဆုံး အဓိကကျသည့်ပွဲကျမှ ငါ နောက်ကောက်ကျခဲ့လေပြီ။ ယခု ငါမည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အနာဂတ်တွင် ငါ၏ ကံ သာ၍ ကောင်းမည်ဟု မျှော်လင့်မိသည်”ဟု တွေးကြလေသည်။ သို့ရာတွင် နောက်ပိုင်း ၎င်းတို့၏ ဘဝများတွင် အခက်အခဲများနှင့် ပြဿနာမျိုးစုံတို့ကို ၎င်းတို့ ကြုံဆုံကြသည်။ ဥပမာအနေဖြင့် စီးပွားရေးလုပ်ငန်းအချို့က ဝန်ထမ်းသစ် ငှားရမ်းပြီး ၎င်းတို့ အလုပ်လျှောက်ဖို့ အသင့်ဖြစ်နေချိန်တွင်ပင် အလုပ်နေရာလစ်လပ်မှုများအားလုံး လူပြည့်သွားပြီး ကုမ္ပဏီက အခြားမည်သူကိုမျှ မလိုအပ်တော့ကြောင်း ၎င်းတို့ သိလိုက်ရသည်။ ၎င်းတို့က “ငါသည် အဘယ်ကြောင့် ထိုသို့ မကောင်းသည့် ကံရှိနိုင်ရသနည်း။ ကောင်းသည့် တစ်စုံတစ်ရာ ရောက်လာသည့်အခါတိုင်း ငါ့ကို အဘယ်ကြောင့် ဤအတိုင်း ကျော်သွားရသနည်း။ မကောင်းလိုက်သည့် ကံပါတကား”ဟု တွေးမိလေသည်။ ပြီးလျှင် တစ်နေရာရာ၌ ၎င်းတို့ အလုပ်စလုပ်သည့် ပထမနေ့တွင် အခြားသော လူတို့သည် မန်နေဂျာ၊ လက်ထောက်မန်နေဂျာနှင့် ဌာနခေါင်းဆောင်အဖြစ်သို့ ရာထူးတိုးခံရကြသည်။ ၎င်းတို့ မည်မျှ အလုပ်ကြိုးစားသည်ဖြစ်စေ အသုံးမဝင်ပေ။ ရာထူးတိုးခံရရန် နောက်တစ်ကြိမ်ကိုသာ ၎င်းတို့ စောင့်ဆိုင်းကြရသည်။ ၎င်းတို့အနေဖြင့် အလုပ်တွင် ကောင်းစွာ ထမ်းဆောင်ပြီး ၎င်းတို့၏ အထက်လူကြီးများက ၎င်းတို့ကို ကောင်းစွာ အလေးထားသောကြောင့် နောက်တစ်ကြိမ်တွင် ရာထူးတိုးခံရမည်ဟု ၎င်းတို့ တွေးထင်ကြသော်လည်း အဆုံးတွင် ၎င်းတို့၏ အထက်လူကြီးများက မန်နေဂျာတစ်ဦးကို အခြားတစ်နေရာရာမှ ခေါ်ဆောင်လာပြီး ၎င်းတို့ တစ်ဖန် အခွင့်အရေး ဆုံးရှုံးသွားပြန်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို “ဪ၊ ငါ့ထံတွင် မကောင်းသည့် ကံ အမှန်တကယ် ရှိပုံရသည်။ ငါ တစ်ခါမျှ ကံမကောင်းဖူးပါ။ ကံနတ်ဘုရားက ငါ့ကို လုံးဝ မျက်နှာသာမပေးပါ”ဟု တွေးလေသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီး စာရေးသားမှုကို ၎င်းတို့ မွေ့လျော်သည်နှင့်အမျှ စာသားအခြေပြု တာဝန်ကို ထမ်းဆောင်နိုင်ဖို့ ၎င်းတို့ မျှော်လင့်သော်လည်း အဆုံးတွင် စာမေးပွဲ၌ ၎င်းတို့ သိပ်ကောင်းစွာ မဖြေဆိုကြဘဲ ကျရှုံးကြလေသည်။ ၎င်းတို့က “ခါတိုင်း ငါ ကောင်းစွာ စာရေးလေ့ရှိသည်။ ထို့ကြောင့် စာမေးပွဲကို ငါ အဘယ်ကြောင့် ကောင်းစွာ မဖြေဆိုနိုင်ရပါသနည်း။ ဘုရားသခင်က ငါ့ကို ဉာဏ်အလင်းမပေးခဲ့ပါ၊ ဦးဆောင်လမ်းပြခြင်း မရှိခဲ့ပါ။ စာအခြေပြုတာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဘုရားနှုတ်ကပတ်တော်များကို သာ၍ ငါ စားသောက်ပြီး သမ္မာတရားကို သာ၍ နားလည်နိုင်မည်ဟု ငါ တွေးခဲ့သည်။ ငါကံမကောင်းခဲ့သည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။ အစီအစဉ်က အစီအစဉ်ကောင်းတစ်ခုဖြစ်သော်လည်း တကယ်ကို ဖြစ်မလာခဲ့ပါ”ဟု တွေးကြသည်။ အဆုံးတွင် ၎င်းတို့က “ဧဝံဂေလိ အဖွဲ့ထဲဝင်၍ ငါ ဧဝံဂေလိ သွားဖြန့်မည်”ဟု ဆိုလျက် အခြားတာဝန်များစွာထဲမှ ရွေးလိုက်ကြသည်။ ဧဝံဂေလိအဖွဲ့နှင့်ဆိုင်သော အရာများသည် အစကောင်းပြီး မိမိတို့၏ ကျွမ်းကျင်မှုများကို ၎င်းတို့ ကောင်းကောင်း အသုံးပြုနိုင်သည့်အလား ဤတစ်ကြိမ်တွင် မိမိတို့နေရာကို ရှာတွေ့ပြီဖြစ်သည့်အလား ၎င်းတို့ ခံစားရသည်။ ၎င်းတို့ တော်သည်၊ မိမိတို့အလုပ်တွင် တတ်စွမ်းနိုင်သည်ဟု ၎င်းတို့ တွေးမိပြီး လက်တွေ့ကျသည့် အလုပ်ကိုလုပ်ဆောင်ရန် ၎င်းတို့ လိုလားနေကြသည်။ အားထုတ်မှုဖြင့် အချို့သော ရလဒ်များကို စွမ်းဆောင်ရရှိရန် ၎င်းတို့ စီမံနိုင်ပြီး ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်လာကြသည်။ သို့ရာတွင် ၎င်းတို့ တစ်စုံတစ်ရာ အမှားလုပ်မိပြီး ၎င်းတို့၏ ခေါင်းဆောင်က သိသွားသည်။ ၎င်းတို့ လုပ်ဆောင်မိသည့်အရာသည် စည်းမျဉ်းများကို ဆန့်ကျင်ကြောင်းနှင့် အသင်းတော်အလုပ်ကို သက်ရောက်မှု ရှိကြောင်း အပြောခံရသည်။ ၎င်းတို့၏ အဖွဲ့သည် ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ခံရသည့်နောက်တွင် တစ်စုံတစ်ဦးက ၎င်းတို့အား “သင် ရောက်မလာမီက ငါတို့ အတော်ကို အဆင်ပြေနေခဲ့ကြသည်။ ထို့နောက်တွင် သင် ရောက်ရှိပြီး ပထမဦးဆုံး ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည်”ဟု ပြောလေသည်။ ၎င်းတို့က “ဤသည်မှာ ငါ၏ မကောင်းသည့် ကံဖြစ်နေဆဲဖြစ်သည် မဟုတ်ပါလား”ဟု တွေးကြသည်။ အတန်ငယ် ကြာပြီးနောက်တွင် လူတို့သည် ဧဝံဂေလိအလုပ်ထဲမှ အပြောင်းအလဲများကြောင့် နေရာပြောင်းခြင်းခံရပြီး ၎င်းတို့က ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ်မှသည် အခြားသော အဖွဲ့ဝင်တစ်ဦးမျှသောအဖြစ်သို့ ပြန်ရောက်သွားပြီး ဧဝံဂေလိ ဖြန့်ဝေဖို့ ဒေသသစ်တစ်ခုဆီသို့ စေလွှတ်ခြင်းခံရကြသည်။ ၎င်းတို့က၊ “အို မဟုတ်သေးပါ၊ ငါသည် အပေါ်တက်မည့်အစား အောက်ဆင်းနေသည်။ ငါ မရောက်မီက မည်သူမျှ နေရာပြောင်းမခံခဲ့ရပါ။ ထို့ကြောင့် ယခု ငါရောက်သည့်အချိန်ကျမှ အဘယ်သို့ ဤနေရာပြောင်းမှုကြီးက ဖြစ်ပျက်နေရပါသနည်း။ ယခု ငါ့ကို ဤနေရာသို့ အပို့ခံရပြီ၊ မည်သည့်အခါမျှ ရာထူးတိုးမည့် မျှော်လင့်ချက် ငါမှာ မရှိလေပြီ”ဟု တွေးမိကြသည်။ ဤနယ်မြေဒေသသစ်တွင် အသင်းတော်သစ် အနည်းငယ်နှင့် အသင်းသားသစ် အနည်းငယ်ရှိသည်။ အလုပ်အစပြုစေရန် အခက်အခဲများ ၎င်းတို့ တွေ့ကြုံကြပြီး ၎င်းတို့တွင် မည်သည့် အတွေ့အကြုံမျှ မရှိကြချေ။ အတန်ကြာ ၎င်းတို့ ထိုအရာကို အဖြေရှာရမည်ဖြစ်ပြီး ဘာသာစကား အခက်အခဲများလည်း ရှိသောကြောင့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့ လက်မြှောက်ပြီး ထွက်သွားလိုကြသော်လည်း ၎င်းတို့ မဝံ့ရဲကြချေ။ မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်လိုကြသော်လည်း ထိုအရာမှာ အလွန် ခက်ခဲပြီး ခြေကုန်လက်ပန်းကျစရာဖြစ်ကာ ၎င်းတို့က “အို၊ ငါအလွန် ကံခေသောကြောင့်ဖြစ်သည်။ ငါ့ ကံကို ငါ မည်သို့ ပြောင်းလဲနိုင်မည်နည်း”ဟု တွေးကြသည်။ ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု အမြဲ ခံစားလျက် ၎င်းတို့ လှုပ်ရှားမှုတိုင်းကို ပိတ်ဆို့သည့် တစ်စုံတစ်ရာနှင့်အတူ ၎င်းတို့ လှည့်သည့် နေရာတိုင်းတွင် အတားအဆီး ကြုံတွေ့ရပြီး ၎င်းတို့ လှမ်းသည့် ခြေလှမ်းတိုင်းသည် အလွန် ခက်ခဲလေသည်။ ရလဒ်အချို့ ရရှိဖို့ရန်နှင့် မျှော်လင့်ချက်အနည်းငယ် တွေ့မြင်ရန် ၎င်းတို့အတွက် အားထုတ်မှုများစွာ လိုအပ်ပြီး ထို့နောက်တွင် ၎င်းတို့၏ အခြေအနေများ ပြောင်းလဲကာ မျှော်လင့်ချက်များ ပျောက်ကွယ်သွားပြီး ၎င်းတို့အနေဖြင့် အစမှ ပြန်လည်စတင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိကြပေ။ ၎င်းတို့က “ရလဒ်အနည်းငယ် ရရှိပြီး လူတို့၏ လက်ခံမှုရရန် ငါ့အတွက် အဘယ်ကြောင့် အလွန် ခက်ခဲသနည်း။ လူတစ်စုတွင် ခိုင်ခိုင်မာမာ ခြေကုပ်ယူရန် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ လူတို့ လက်ခံပြီး နှစ်သက်သည့် တစ်စုံတစ်ဦးဖြစ်ရန် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ အရာရာ အဆင်ပြေပြီး ချောမွေ့ရန်အတွက် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ ငါ့ဘဝတွင် အဘယ်ကြောင့် အမှုအရာများစွာ မှားယွင်းသွားရပါသနည်း။ အဘယ်ကြောင့် အတားအဆီးများ အလွန်များရသနည်း။ ငါ လုပ်သမျှတိုင်းတွင် အဘယ်ကြောင့် အမြဲ အတားအဆီးကြုံနေရသနည်း”ဟု တွေးလျက် ပိုပိုပြီး စိတ်ဓာတ်ကျလာကြသည်။ အထူးသဖြင့် လူအချို့သည် မည်သည့်နေရာသို့ ၎င်းတို့ သွားသည်ဖြစ်စေ မိမိတို့တာဝန်များကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ကြသကဲ့သို့ ၎င်းတို့ အမြဲ အစားထိုးခံရပြီး ဖယ်ရှားခံရသည်။ ၎င်းတို့သည် “ငါသည် လုံးဝ သတိပြုမိခြင်း မခံရသည့် လျင်မြန်သော မြင်းတစ်ကောင်ကဲ့သို့ ဖြစ်သည်။ “လျင်မြန်သည့် မြင်းများစွာရှိသော်လည်း ၎င်းတို့ကို သတိပြုမိနိုင်သူ အနည်းငယ်သာ ရှိသည်”ဟူသော ဆိုရိုးအတိုင်းပင် ငါသည် ရှာဖွေတွေ့ရှိခြင်း မခံရသေးသည့် လျင်မြန်သော မြင်းတစ်ကောင်ကဲ့သို့ ဖြစ်သည်။ နောက်ဆုံးတွင် ငါသည် ကံမကောင်းခြင်းသာဖြစ်ပြီး မည်သည့်နေရာသို့ ငါသွားသည်ဖြစ်စေ မည်သည့်အရာကိုမျှ ငါ မစွမ်းဆောင်နိုင်၊ သို့မဟုတ် မည်သည့် နယ်ပယ်တွင်မျှ ငါ ကောင်းစွာ မလုပ်ဆောင်နိုင်ပါ။ ငါ၏ အစွမ်းအစများကို ငါ လုံးဝ အသုံးမချနိုင်ပါ၊ သို့မဟုတ် မကြွားဝါနိုင်ပါ၊ သို့မဟုတ် ငါအလိုရှိသည့်အရာကို မရနိုင်ပါ။ အို ငါသည် အလွန် ကံခေပါတကား။ ဤနေရာတွင် အဘယ်သို့ ဖြစ်နေပါသနည်း”ဟု တွေးလျက် ၎င်းတို့ အလွန် စိတ်ဓာတ်ကျပြီး မိမိတို့ကိုယ်ကို ကံခေသည်ဟု အမြဲ ယုံကြည်ကြလေသည်။ ၎င်းတို့တွင် မကောင်းသည့် ကံရှိသည်ဟု အမြဲ ၎င်းတို့ ခံစားပြီး “အို မဟုတ်ဘူး။ အခြားသော တာဝန်ကို ငါ့ကို ကျေးဇူးပြုပြီး ပြောင်းရွှေ့ခွင့်မပေးလိုက်ပါနှင့်” သို့မဟုတ် “အို မဟုတ်ဘူး၊ ကျေးဇူးပြုပြီး မကောင်းသည့်အရာ တစ်ခုမျှ ဖြစ်ခွင့်မပေးလိုက်ပါနှင့်” သို့မဟုတ် “အို မဟုတ်ဘူး။ မည်သည့်အရာကိုမျှ ကျေးဇူးပြုပြီး ပြောင်းလဲခွင့် မပေးလိုက်ပါနှင့်” သို့မဟုတ် “အို မဟုတ်ဘူး၊ ကျေးဇူးပြုပြီး နောက်ထပ် ကြီးမားသည့် ပြဿနာတစ်ခုမျှ ဖြစ်ခွင့်မပေးလိုက်ပါနှင့်”ဟု တွေးလျက် အပူလုံးဖြင့် နေ့တိုင်းအချိန်ကုန်ဆုံးကြသည်။ ၎င်းတို့သည် စိတ်ဓာတ်ကျရုံသာမက အလွန့်အလွန် စိတ်မသက်မသာ ဖြစ်ကြသည်၊ ဂနာမငြိမ်ဖြစ်ကြသည်၊ ကသိကအောက်ဖြစ်ကြပြီး ကြောင့်ကြလျက်ရှိကြသည်။ ၎င်းတို့၏ ကံသည် ဆိုးသည်ဟု ၎င်းတို့ အမြဲတွေးကြသောကြောင့် အလွန့်အလွန် စိတ်ဓာတ်ကျပြီး ဤစိတ်ဓာတ်ကျမှုက ကံမကောင်းခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော ခံစားချက်မှ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကံမကောင်းဟု အမြဲ ခံစားကြသည်။ မည်သည့်အခါတွင်မျှ ရာထူးတိုးခြင်း မခံရကြ။ ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦး လုံးဝ မဖြစ်နိုင်ကြသကဲ့သို့ လူအုပ်မှ ထင်ပေါ်ဖို့ အခွင့်အရေး မည်သည့်အခါတွင်မျှ မရရှိကြချေ။ ဤကောင်းသည့်အရာများသည် ၎င်းတို့ထံ မည်သည့်အခါတွင်မျှ မဖြစ်သကဲ့သို့ ဤသည်မှာ အဘယ်ကြောင့် ထိုသို့ဖြစ်သည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ၎င်းတို့က “မည်သည့် ကဏ္ဍတွင်မဆို ငါ ချို့တဲ့ခြင်းမရှိပါ။ ထို့ကြောင့် ငါသွားသည့်နေရာတိုင်းတွင် မည်သူမဆိုက ငါ့ကို အဘယ်ကြောင့် မနှစ်သက်ကြပါသနည်း။ မည်သူကိုမျှ ငါ စိတ်မဆိုးစေခဲ့ပါ၊ သို့မဟုတ် တစ်စုံတစ်ဦးကို ငါ အခက်မတွေ့စေလိုခဲ့ပါ။ ထို့ကြောင့် ငါသည် အဘယ်ကြောင့် အလွန် ကံခေရပါသနည်း”ဟု တွေးမိကြလေသည်။ ထိုသို့သော ခံစားချက်များကို ၎င်းတို့ အမြဲ ဖက်တွယ်ကြသောကြောင့် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် ၎င်းတို့အား “သင်သည် ကံခေသည်၊ ထို့ကြောင့် မိမိဘာသာ အားရကျေနပ်မနေနှင့်၊ ထောင်ထောင် ထောင်ထောင် သွားမနေနှင့်၊ ပြီးလျှင် အမြဲ မထင်ပေါ်လိုနှင့်။ သင်သည် ကံခေသောကြောင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စဉ်းပင်မစဉ်းစားနှင့်။ သင်သည် ကံခေသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေချိန် သာ၍ ဂရုစိုက်ရမည်၊ ပြီးလျှင် တစ်နေ့ သင် ဖော်ထုတ်ခံရပြီး အစားထိုးခံရမည်စိုးသဖြင့်၊ သို့မဟုတ် တစ်စုံတစ်ဦးက သင့်နောက်ကွယ်တွင် သင့်ကို တိုင်ကြားပြီး သင့်ကို ပျက်စီးစေဖို့ တစ်စုံတစ်ရာကို မလွှတ်တမ်းအသုံးချမည် စိုးသဖြင့်၊ သို့မဟုတ် သင်သည် အမြဲ ဦးဆောင်နေပြီး အမှားတစ်ခုပြုမိကာ ကိုင်တွယ်ဖြေရှင်းခံရမည် စိုးသဖြင့် အနည်းငယ် ချုပ်တည်းထားရမည်။ သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာလျှင်ပင် သင်သည် ဓားသွားတစ်လျှောက် လှမ်းလျှောက်နေသည့်အလား တစ်ချိန်လုံး ဂရုစိုက်ရဦးမည်ဖြစ်ပြီး သတိထားရဦးမည်ဖြစ်သည်။ မာနထောင်လွှားခြင်း မရှိနှင့်၊ သင် နှိမ့်ချရမည်”ဟု ပြောဆိုလျက် အမြဲ အသိပေးနေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုက ၎င်းတို့ကို နှိမ့်ချရန်၊ အရှက်ရ၍ အမြီးကုပ်ပြီးနေရန်နှင့် ထပ်မံ၍ ဂုဏ်သိက္ခာတစ်ခုတလေဖြင့် လုံးဝ ကျင့်ကြံပြုမူခြင်း မရှိရန် ၎င်းတို့ကို တစ်ချိန်လုံး အသိပေးနေသည်။ ၎င်းတို့၏ ကံဇာတာဆိုးသည်ဟူသော စိတ်ကူး၊ အတွေး၊ ရှုထောင့်အမြင်၊ သို့မဟုတ် အသိသည် အပြုသဘောမဆောင်ရန်၊ သို့မဟုတ် မတက်ကြွရန်၊ ရဲရဲတင်းတင်း မပြောဆိုရန်နှင့် အရဲမစွန့်ရန် ၎င်းတို့ကို တစ်ချိန်လုံး အသိပေးနေသည်။ ထိုအစား ၎င်းတို့အနေဖြင့် အခြားသူများရှေ့တွင် အသက်မရှင်ဝံ့ဘဲလျက် ဆက်လက် စိတ်ဓာတ်ကျရမည်ဖြစ်သည်။ လူတိုင်းက တစ်အိမ်တည်းတွင် ရှိလျှင်ပင် ၎င်းတို့အနေဖြင့် မမြင်သာရန် ထိုင်ဖို့ မထင်ရှားသော နေရာတစ်ခုကို ရှာရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မာနထောင်လွှားမှု တစ်ခုတလေ စတင်ပြသည်နှင့် ၎င်းတို့၏ မကောင်းသည့်ကံက ၎င်းတို့ကို ရှာတွေ့လိမ့်မည်ဖြစ်သောကြောင့် ၎င်းတို့ အလွန် မာနထောင်လွှားသည်ဟု အထင်မရှိစေရပေ။ စိတ်ဓာတ်ကျခြင်း ခံစားမှုက ၎င်းတို့ကို စဉ်ဆက်မပြတ် ဝန်းရံထားပြီး ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ဤအရာများကို အမြဲ သတိပေးနေသောကြောင့် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှတိုင်းတွင် ကြောက်တတ်ပြီး သတိထားနေကြသည်။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် အမြဲ စိတ်တထင့်ထင့်ဖြစ်ကြသည်။ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သည့်နေရာကို ၎င်းတို့ လုံးဝ ရှာမတွေ့နိုင်ကြသကဲ့သို့ မိမိတို့၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းရာတွင် မိမိတို့ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်အစွမ်း ရှိသမျှဖြင့် လုံးဝ အားမထုတ်နိုင်ကြချေ။ တစ်စုံတစ်ရာကို ၎င်းတို့ သတိထားနေပြီး တစ်စုံတစ်ရာ ဖြစ်ပျက်ဖို့ စောင့်ဆိုင်းနေကြသည့်အလား ဖြစ်သည်။ ၎င်းတို့သည် မကောင်းသည့်ကံ ရောက်လာခြင်းကို သတိထားနေခြင်း၊ ၎င်းတို့အပေါ် ၎င်းတို့၏ မကောင်းသည့်ကံက ယူဆောင်လာမည့် မကောင်းသည့်အရာများနှင့် အရှက်ရခြင်းများကို သတိထားနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိတို့ အတွင်းကျကျ စိတ်နှလုံးများတွင် ရုန်းကန်မှုများမှလွဲ၍ လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပြီး ပြုမူကျင့်ကြံကာ ဆောင်ရွက်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို စိုးမိုးခြယ်လှယ်သည်မှာ စိတ်ဓာတ်ကျခြင်း ခံစားမှု သာ၍ဖြစ်ပေသည်။ မိမိတို့ကိုယ်ပိုင် အပြုအမူကို တိုင်းတာရန်နှင့် လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်ပြီး ပြုမူကျင့်ကြံကာ ဆောင်ရွက်ပုံတို့ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ကောင်းသည့်ကံနှင့် မကောင်းသည့်ကံတို့ကို အမြဲ အသုံးပြုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုထဲသို့ ထပ်တလဲလဲ ကျဆင်းပြီး မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြသကဲ့သို့ ဤ “ကံခေခြင်း”ဆိုသည့် အရာများကို ရင်ဆိုင်ရန်၊ သို့မဟုတ် ၎င်းတို့၏ ဆိုးရွားသော ကံဟု ၎င်းတို့ ခေါ်ဆိုသည့်အရာကို ကိုင်တွယ်ရန်၊ သို့မဟုတ် ဖြေရှင်းရန် မှန်ကန်သည့် အတွေးနှင့် အမြင်များကို အသုံးမပြုနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤကဲ့သို့သော ရက်စက်သည့် သံသရာထဲတွင် ၎င်းတို့သည် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှု၏ ထိန်းချုပ်ခြင်းနှင့် လွှမ်းမိုးခြင်းကို စဉ်ဆက်မပြတ် ခံရလေသည်။ အားထုတ်မှုများစွာဖြင့် ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများကို ဖွင့်ဟနိုင်ပြီး အခြားသူများနှင့် မိမိတို့၏ အခြေအနေများ၊ သို့မဟုတ် စိတ်ကူးများအကြောင်း မိတ်သဟာယ ပြုနိုင်ကြသော်လည်း ထို့နောက်တွင် စုဝေးပွဲများ၌ မိတ်သဟာယတွင် ညီအစ်ကို မောင်နှမများက ပြောဆိုသည့် စကားလုံးများသည် ၎င်းတို့၏ အခြေအနေများနှင့် ၎င်းတို့ ပြဿနာ၏ အချက်တို့နှင့်ပတ်သက်၍ တမင်သော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း ထည့်သွင်းဆွေးနွေးမိလေသည်။ ထိုအရာက ၎င်းတို့အား မိမိတို့၏ မာနနှင့် ဂုဏ်သိက္ခာ ထိခိုက်သကဲ့သို့ ခံစားစေသည်။ ဤသည်မှာ ၎င်းတို့ ကိုယ်ပိုင် မကောင်းသည့် ကံ၏ သရုပ်သကန်တစ်ခုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြဆဲဖြစ်ပြီး “သင် မြင်လား။ ငါ့ စိတ်နှလုံး၌ ရှိသည့်အရာကို ပြောဆိုရန် ငါ့အတွက် အလွန် ခက်ခဲပြီး ငါပြောလိုက်သည်နှင့် ထိုအရာကို တစ်စုံတစ်ဦးက မလွှတ်တမ်း အသုံးချ၍ ငါ့ကို ဖျက်ဆီးရန် ကြိုးစားသည်။ ကျွန်ုပ် အလွန် ကံခေပါသည်”ဟု တွေးကြလေသည်။ ဤသည်မှာ ၎င်းတို့၏ မကောင်းသည့်ကံ အလုပ်လုပ်နေခြင်းဖြစ်ကြောင်းနှင့် လူတစ်ဦး ကံခေသည့်အခါ အရာရာသည် ၎င်းတို့ကို လုံးဝ ဆန့်ကျင်ကြောင်း ၎င်းတို့ ယုံကြည်ကြလေသည်။

၎င်းတို့ ကံခေသည်ဟု အမြဲ တွေးသည့် လူတို့နှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များ မှန်ကန်ခြင်း၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန်နှင့် မည်သည့် လမ်းကြောင်း ၎င်းတို့ လျှောက်သင့်သည်၊ ၎င်းတို့ တွေ့ကြုံသင့်သည့် အရာများနှင့် ရင်ဆိုင်ရသည့် ပြဿနာတစ်ခုတလေကို ချိန်ဆရန် ကံစံနှုန်းကို အမြဲ အသုံးပြုကြသည်။ ဤသည်မှာ မှန်သလော၊ မှားသလော။ (မှားပါသည်။) ၎င်းတို့သည် မကောင်းသည့် အရာများကို ကံခေခြင်းနှင့် ကောင်းသည့်အရာများကို ကံကောင်းခြင်း၊ သို့မဟုတ် အကျိုးပြုခြင်းအဖြစ် ဖော်ပြကြသည်။ ဤရှုထောင့်အမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) အမှုအရာများကို ဤရှုထောင့်အမြင်မျိုးမှ အကဲဖြတ်ခြင်းသည် မှားယွင်း၏။ ထိုအရာမှာ အမှုအရာများကို အကဲဖြတ်ခြင်းအတွက် အစွန်းရောက်ပြီး မမှန်ကန်သည့် နည်းစနစ်နှင့် စံနှုန်းတစ်ခု ဖြစ်သည်။ ဤနည်းစနစ်မျိုးသည် လူတို့ကို စိတ်ဓာတ်ကျခြင်းထဲသို့ မကြာခဏ ကျဆင်းစေပြီး ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေကာ မည်သည့်အရာမျှ မိမိတို့ သဘောအတိုင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ကြောင်းနှင့် မိမိတို့အလိုရှိသည့်အရာကို မည်သည့်အခါတွင်မျှ မရရှိကြောင်း ခံစားစေသည်။ ယင်းက နောက်ဆုံးတွင် ၎င်းတို့ကို စဉ်ဆက်မပြတ် စိတ်သောကရောက်၊ ကသိကအောက်ဖြစ်ပြီး စိတ်တထင့်ထင့် ခံစားစေလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ ပြေလည်သွားခြင်း မရှိသည့်အခါ ဤလူများသည် စိတ်ဓာတ်ကျခြင်းထဲသို့ စဉ်ဆက်မပြတ် ကျဆင်းပြီး ဘုရားသခင်က ၎င်းတို့ကို မျက်နှာသာပေးခြင်း မရှိဟု ခံစားစေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ကျေးဇူးပြုခြင်းဖြင့်ဆက်ဆံကြောင်းနှင့် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ဘုရားသခင် စောင့်ရှောက်ကြောင်း တွေးထင်ကြသည်။ “အဘယ်ကြောင့် ငါ အမြဲ စိတ်မသက်မသာ ဖြစ်ပြီး စိတ်သောက ခံစားရသနည်း။ အဘယ့်ကြောင့် ဆိုးသည့်အရာများသည် ငါ့အပေါ် အမြဲဖြစ်ပျက်နေရသနည်း။ အဘယ်ကြောင့် ကောင်းမွန်သည့်အရာများ ငါ့ထံ လုံးဝ ရောက်မလာသနည်း။ တစ်ကြိမ်တစ်ခါမျှသာ ငါတောင်းဆိုနေခြင်း ဖြစ်သည်”ဟူ၍ ဖြစ်၏။ ဤမှားယွင်းသည့် အတွေးနှင့် ရှုထောင့်အမြင် နည်းလမ်းမျိုးဖြင့် အမှုအရာများကို သင်ရှုမြင်သည့်အခါ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံတို့၏ ထောင်ချောက်ထဲသို့ သင် သက်ဆင်းမိလိမ့်မည်။ ဤထောင်ချောက်ထဲသို့ သင် အဆက်မပြတ် ကျဆင်းသည့်အခါ စဉ်ဆက်မပြတ် စိတ်ဓာတ်ကျလိမ့်မည်။ ဤစိတ်ဓာတ်ကျမှုအလယ်တွင် သင့်အပေါ် ကျရောက်သည့် အရာများက ကံကောင်းခြင်း၊ ကံခေခြင်း ရှိမရှိဆိုသည်ကို သင်သည် အထူးသဖြင့် သတိထားနေမိလိမ့်မည်။ ဤအရာဖြစ်ပျက်သည့်အခါ ကံကောင်းခြင်း၊ ကံဆိုးခြင်းနှင့်ဆိုင်သည့် ဤရှုထောင့်အမြင်နှင့် စိတ်ကူးက သင့်ကို ထိန်းချုပ်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဤရှုထောင့်အမြင်မျိုး၏ ထိန်းချုပ်ခြင်းခံရသည့်အခါ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သင်၏ အမြင်များနှင့် သဘောထားတို့သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အပိုင်းအခြားအတွင်းတွင် မရှိတော့ဘဲ အစွန်းရောက်မှုမျိုးထဲသို့ ကျဆင်းသွားပြီ ဖြစ်သည်။ ဤအစွန်းရောက်မှုထဲသို့ သင် ကျဆင်းသွားသည့်အခါ သင်၏ စိတ်ဓာတ်ကျမှုမှ သင် လွတ်လာလိမ့်မည် မဟုတ်။ တစ်ချိန်ပြီးတစ်ချိန် သင် ဆက်လက် စိတ်ဓာတ်ကျနေမိလိမ့်မည်ဖြစ်ပြီး သင်သည် ပုံမှန်အားဖြင့် စိတ်ဓာတ်ကျခြင်း မရှိလျှင်ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက်၊ ကံခေသည့် အရာတစ်ခု ဖြစ်ပျက်သည်ဟု သင် ခံစားရသည်နှင့်တစ်ပြိုင်နက် စိတ်ဓာတ်ကျခြင်းထဲသို့ သင် ချက်ချင်း ကျဆင်းသွားလိမ့်မည်။ ဤစိတ်ဓာတ်ကျခြင်းက သင်၏ ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှုတို့ကိုပင် ထိခိုက်လိမ့်မည်။ သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ကို ထိုအရာက ထိခိုက်သည့်အခါ သင်၏ တာဝန် ထမ်းဆောင်ခြင်းအပြင် ဘုရားသခင်နောက်လိုက်ရန် သင်၏ လိုအင်နှင့် စိတ်ဆန္ဒတို့ကို နှောင့်ယှက်ကာ ဖျက်ဆီးလိမ့်မည်။ ဤအပြုသဘောဆောင်သောအရာများ ဖျက်ဆီးခံရသည့်အခါ သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရား အနည်းငယ်သည် ပျောက်ချင်းမလှ ပျောက်သွားလိမ့်မည်ဖြစ်ပြီး သင့်အဖို့ လုံးဝ အကူအညီ ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့် ဤရက်စက်သည့် သံသရာထဲသို့ သင် ကျဆင်းသည့်အခါ သင် နားလည်သည့် သမ္မာတရား စည်းမျဉ်းအနည်းငယ်ကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။ သင်သည် အင်တင်တင်ဖြင့် အဖိုးအခတစ်ခု ပေးဆပ်နိုင်သည်မှာ၊ အခက်အခဲ အနည်းငယ် ခံနိုင်ပြီး မိမိလုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်နေစဉ် ရိုးသားစစ်မှန်မှုတစ်စကို ပြနိုင်သည်မှာ သင်၏ ကံရှိလာသည်ဟု သင် ခံစားရသည့်အချိန် စိတ်ဓာတ်ကျမှုဖြင့် သင်ဖိစီးခြင်းမခံရသည့်အချိန်တွင်သာ ဖြစ်သည်။ ကံက သင့်ကို စွန့်ခွာပြီးဖြစ်ကြောင်းနှင့် သင့်ထံ ကံအကြောင်းမလှသည့် အရာများ တစ်ဖန် ဖြစ်ပျက်နေသည်ဟု သင်ခံစားရသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်ဓာတ်ကျခြင်းသည် မကြာမီ သင့်ကို တစ်ဖန် ထိန်းချုပ်ကာ သင်၏ ရိုးသားစစ်မှန်မှု၊ သစ္စာစောင့်သိခြင်းနှင့် အခက်အခဲ သည်းညည်းခံလိုစိတ်တို့သည် ချက်ချင်း သင့်ကို စွန့်ခွာလေသည်။ ထို့ကြောင့် မိမိတို့ ကံခေသည်ဟု တွေးထင်သူ၊ သို့မဟုတ် ကံကို အလေးအနက် သဘောထားသည့်သူများသည် မိမိတို့ ကံကြမ္မာများ ဆိုးသည်ဟု တွေးထင်သည့် လူများကဲ့သို့သာ ဖြစ်သည်။ ၎င်းတို့တွင် မကြာခဏ အလွန် အစွန်းရောက်သည့် စိတ်ခံစားမှုများ ရှိကြသည်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ ၎င်းတို့ မကြာခဏ ကျဆင်းကြသည်။ ၎င်းတို့သည် အထူးသဖြင့် အပျက်သဘောဆောင်ကာ အားနည်းကြပြီး စိတ်အခြေအနေပင် ပြောင်းလဲလွယ်ကြသည်။ ကံကောင်းသည်ဟု ၎င်းတို့ ခံစားရသည့်အခါ ဝမ်းမြောက်ခြင်းနှင့် ပြည့်ကြသည်၊ အားအင်နှင့် ပြည့်ကြပြီး အခက်အခဲများကို သည်းညည်းခံကာ အဖိုးအခ ပေးနိုင်ကြလေသည်။ ညတွင် လျှော့အိပ်နိုင်ကြပြီး နေ့ချိန်အတောအတွင်းတွင် အစားလျှော့စားနိုင်ကြသည်။ မည်သည့် အခက်အခဲကိုမဆို ၎င်းတို့ ဒုက္ခခံလိုစိတ် ရှိနေကြပြီး ခဏတာ စိတ်လှုပ်ရှားတက်ကြွပါက မိမိတို့ အသက်များကိုပင် ပူဇော်ရန် ဆန္ဒရှိကြလေသည်။ သို့ရာတွင် လတ်တလော ၎င်းတို့ ကံခေကြောင်း ခံစားရသည့် အခိုက် ၎င်းတို့အတွက် မည်သည့်အရာမျှ အဆင်ပြေပုံမရသည့်အခါ စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုက ၎င်းတို့၏ စိတ်နှလုံးကို ချက်ချင်း ထိန်းချုပ်သွားသည်။ ယခင်က ၎င်းတို့ ပြုခဲ့သည့် သန္နိဋ္ဌာန်နှင့် ဆုံးဖြတ်ချက်တို့သည် အားလုံး အချည်းနှီးဖြစ်သွားသည်။ ရုတ်တရက် ၎င်းတို့သည် လေလျော့သည့် ဘောလုံးတစ်လုံးကဲ့သို့ မည်သည့် အားအင်မျှ မစုစည်းနိုင်ဖြစ်ကြသည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန်၊ သို့မဟုတ် ပြောဆိုရန် လုံးဝ လိုလားခြင်းမရှိဘဲ ဗွက်အိုင်တစ်အိုင်ကဲ့သို့ ဖြစ်သွားကြလေသည်။ ၎င်းတို့က “သမ္မာတရား၏ စည်းမျဉ်းများ၊ သမ္မာတရား လိုက်စားခြင်း၊ ကယ်တင်ခြင်း ရယူခြင်း၊ ဘုရားသခင်ကို နာခံခြင်း ဟူသည့် ဤအရာတစ်ခုမျှ ငါနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ ငါသည် ကံခေပြီး သမ္မာတရား မည်မျှ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခ မည်မျှ ပေးဆပ်သည်ဖြစ်စေ အသုံးမဝင်ပါ။ ကယ်တင်ခြင်းကို ငါ လုံးဝ ရရှိလိမ့်မည် မဟုတ်ပါ။ ငါ ဇာတ်သိမ်းပေပြီ။ ငါသည် ကံမကောင်းသည် အဆောင်တစ်ခု၊ ကံအကြောင်းမလှသည့် လူတစ်ဦးကဲ့သို့ ဖြစ်သည်။ ကောင်းပြီ၊ ရှိစေတော့၊ မည်သို့ဆိုစေ ငါကံမကောင်းပါ”ဟု တွေးကြလေသည်။ မြင်ကြသလော၊ တစ်မိနစ်တွင် ၎င်းတို့သည် ပေါက်ထွက်တော့မည့် လေအလွန်ပြည့်သော ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်ကြပြီး နောက်တစ်မိနစ်တွင် ၎င်းတို့ သိမ်ငယ်သွားကြသည်။ ဤသည်မှာ ဒုက္ခပေးတတ်သည် မဟုတ်လော။ ဤဒုက္ခသည် အဘယ်သို့ ဖြစ်လာသနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ၎င်းတို့သည် စတော့စျေးကွက်ကို တက်ခြင်း ကျခြင်းရှိမရှိ၊ အစုရှယ်ရာများကို အမြတ်နှင့်ရောင်းချရန် ဝယ်ယူရမည့် စျေးကွက်၊ သို့မဟုတ် ထုတ်ရောင်းသူများ၍ ထိုးကျနေသော စျေးကွက် ဟုတ်မဟုတ်ဆိုသည်ကို စောင့်ကြည့်နေသည့်အလား၊ မိမိတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများကို အမြဲ စောင့်ကြည့်နေကြသည်။ ၎င်းတို့သည် မိမိတို့ ကံကိစ္စနှင့် ပတ်သက်၍ အမြဲ မူမှန်ခြင်းမရှိ၊ အလွန့်အလွန် သတိထားတတ်ကြပြီး အလွန့်အလွန် ခေါင်းမာကြသည်။ ဤအစွန်းရောက်သည့် လူစားမျိုးသည် မိမိတို့ကိုယ်ပိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ အလွန် ဂရုစိုက်လွန်းပြီး မိမိတို့ စိတ်အခြေအနေများပေါ် အခြေခံပြီး အသက်ရှင်ကြသောကြောင့် စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုထဲသို့ မကြာခဏ နွံနစ်လာကြရသည်။ မနက် အိပ်ရာထချိန် စိတ်အခြေအနေ မကောင်းပါက “အို မဟုတ်သေးပါ။ ယနေ့သည် ကံကောင်းသည့် နေ့တစ်နေ့ မဟုတ်မည်ကို ငါ ဧကန် ပြောရဲသည်။ ငါ့ဘယ်ဖက် မျက်ခမ်းလှုပ်နေသည်မှာ ရက်အတော်ကြာ နေခဲ့သည်၊ ငါ၏ လျှာသည် မာတောင့်နေပြီး ငါ့ ဦးနှောက်က နှေးကွေးလေးကန်နေသည်။ အစာစားနေစဉ် ငါ့လျှာကို ငါကိုက်မိပြီး ပြီးခဲ့သည့်ည အိပ်နေချိန် အိပ်မက်မကောင်းခဲ့ပါ”ဟု တွေးကြလေသည်။ သို့မဟုတ် ၎င်းတို့က “ယနေ့ တစ်စုံတစ်ဦး ပြောသည့် ပထမဆုံး ငါ ကြားရသော စကားများမှာ မကောင်းသည့် နိမိတ်တစ်ခုနှင့် တူသည်”ဟု တွေးကြသည်။ ၎င်းတို့သည် ဤ တောင်စဉ်ရေမရ စကားများကို ဗလုံးဗထွေး ဆက်ကာ ရွတ်ဆိုရင်း၊ ထိုသို့သောအရာများကို လေ့လာမှုပြုရင်း စဉ်ဆက်မပြတ် တစ်ပါးသူအပေါ် ယုံမှားသံသယ လွန်ကဲကြသည်။ မိမိတို့ကိုယ်ပိုင် အခွင့်အလမ်း၊ ဦးတည်ချက်နှင့် စိတ်အခြေအနေအကြောင်း နေ့စဉ်နှင့် အချိန်ကာလတိုင်းတွင် အလွန့်အလွန် ပူပန်တတ်ကြလေသည်။ အသင်းတော်ရှိ ၎င်းတို့ ညီအစ်ကို မောင်နှမများအားလုံးက ၎င်းတို့အပေါ် အသုံးပြုသော အကြည့်များ၊ သဘောထားနှင့် လေသံတို့ကိုပင်လျှင် ၎င်းတို့ လေ့လာစောင့်ကြည့်တတ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဤအရာများ၏ နေရာယူခြင်းခံရသည်။ ယင်းက ၎င်းတို့ကို စဉ်ဆက်မပြတ် စိတ်ဓာတ်ကျစေလေသည်။ ၎င်းတို့သည် ကောင်းမွန်သည့် အခြေအနေတွင် မရှိကြကြောင်း ၎င်းတို့ သိကြသည့်တိုင် ဘုရားသခင်ထံ ဆုမတောင်း၊ သို့မဟုတ် ထိုအရာကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေခြင်း မရှိကြသကဲ့သို့ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ ထိုအရာများကို ၎င်းတို့ အာရုံတစ်ခုတလေ စိုက်ခြင်းမရှိ၊ သို့မဟုတ် အလေးအနက် သဘောထားခြင်း မရှိကြချေ။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)

၎င်းတို့တွင် ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့် ကံ ရှိမရှိဆိုသည်နှင့် ပတ်သက်၍ အမြဲ ပူပန်သော ဤလူများအနေဖြင့် အမှုအရာများအပေါ် ၎င်းတို့ ရှုမြင်ပုံသည် မှန်ကန်သလော။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံ တည်ရှိသလော။ (မရှိပါ။) မတည်ရှိဟု ဆိုရခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (နေ့စဉ် ကျွန်ုပ် ကြုံဆုံသည့် လူများနှင့် ကျွန်ုပ်တို့ထံ ဖြစ်ပျက်သည့် အရာများကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်း ဖြစ်သည်။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံကဲ့သို့သော အရာများမရှိပါ။ အရာရာသည် လိုအပ်မှုကြောင့် ဖြစ်ပျက်ခြင်း ဖြစ်ပြီး ထိုအရာနောက်ကွယ်တွင် အဓိပ္ပာယ်ရှိပါသည်။) ယင်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအမြင်သည် မှန်ကန်ပြီး ဤသည်မှာ ကံမတည်ရှိခြင်းရှိအကြောင်း ပြောဆိုခြင်းအတွက် အယူအဆဆိုင်ရာ အခြေခံအကြောင်းရင်း ဖြစ်သည်။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ကောင်းသည့်အရာဖြစ်စေ၊ မကောင်းသည့်အရာဖြစ်စေ အားလုံးက လေးရာသီတစ်လျှောက် ဖြစ်သည့် ရာသီဥတုကဲ့သို့ပင် ပုံမှန်ဖြစ်၏။ နေ့တိုင်း နေမသာနိုင်ပေ။ နေသာသည့်နေ့များကို ဘုရားသခင် စီစဉ်ထားခြင်းဖြစ်ပြီး တိမ်ထူသော နေ့ရက်များ၊ မိုး၊ လေနှင့် မုန်တိုင်းတို့ကိုမူ ဘုရားသခင် စီစဉ်ထားခြင်းမဟုတ်ဟု သင် ဆို၍ မရပေ။ အရာရာကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်က ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဤသဘာဝ ပတ်ဝန်းကျင်သည် ဘုရားသခင် စီစဉ်ပြီး ထူထောင်သည့် နည်းဥပဒေသများနှင့် စည်းမျဉ်းများအတိုင်း ဖြစ်ပေါ်၏။ ဤအရာအားလုံးသည် လိုအပ်ပြီး အရေးပါသောကြောင့် ရာသီဥတုက မည်သည့်အရာဖြစ်စေ၊ သဘာဝ နည်းဥပဒေသများက ဖြစ်ပေါ်စေပြီး ဆောင်ကြဉ်းလာခြင်း ဖြစ်သည်။ ထိုအရာ၌ ကောင်းသည့်အရာ၊ သို့မဟုတ် ဆိုးသည့်အရာ တစ်ခုမျှမရှိ။ ထိုအရာနှင့်ပတ်သက်၍ လူတို့၏ ခံစားချက်များသာ ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်သည်။ မိုးရွာနေချိန်၊ လေထန်နေချိန်၊ သို့မဟုတ် တိမ်ထူနေချိန်၊ သို့မဟုတ် မိုးသီးမုန်တိုင်းများအတွင်းတွင် လူတို့သည် စိတ်မချမ်းသာကြချေ။ လူတို့သည် အထူးသဖြင့် မိုးရွာပြီး စိုထိုင်းသည့်အခါ မနှစ်သက်ကြချေ။ ၎င်းတို့၏ အဆစ်များ နာကျင်ပြီး အားနည်းသည်ဟု ခံစားရသည်။ သင်သည် မိုးရွာသောနေ့များနှင့် ပတ်သက်၍ စိတ်မချမ်းမသာဖြစ်ကောင်းဖြစ်နိုင်သော်လည်း မိုးရွာသောနေ့များသည် ကံမကောင်းပါဟု သင် ပြောနိုင်သလော။ ဤသည်မှာ လူတို့၌ ရာသီဥတုလှုံ့ဆော်ပေးသည့် ခံစားချက်တစ်ခုမျှသာဖြစ်သည်။ ကံသည် မိုးရွာနေသည်ဟူသောအချက်နှင့် လုံးဝမပတ်သက်ချေ။ နေသာသည့်နေ့များသည် ကောင်းမွန်သည်ဟု သင်ဆိုကောင်းဆိုမည်။ မိုးတစ်စက်မျှ မရွာဘဲ သုံးလကြာ နေသာလျှင် လူတို့ စိတ်ချမ်းသာကြသည်။ နေ့စဉ် နေရောင်ကို ၎င်းတို့ မြင်နိုင်ပြီး ရံဖန်ရံခါ ပါးလျသော လေပြည်လေညင်းဖြင့် ခြောက်သွေ့ပြီး နွေးထွေးကာ အိမ်အပြင်ဘက်သို့ ၎င်းတို့ ထွက်ချင်သည့်အခါတိုင်း ထွက်နိုင်လေသည်။ သို့ရာတွင် အပင်များက ထိုအရာကို သည်းမခံနိုင်သကဲ့သို့ မိုးခေါင်မှုကြောင့် ကောက်ပဲသီးနှံများ သေဆုံးလေသည်။ ထို့ကြောင့် ထိုနှစ်တွင် ရိတ်သိမ်းရခြင်း မရှိပေ။ သို့ဆိုလျှင် သင် စိတ်ချမ်းသာခြင်းသည် အမှန်တကယ် ကောင်းသည်ဟု ဆိုလိုသလော။ စားဖို့ အစားအစာမရှိသည့် ဆောင်ဦးရာသီရောက်လာသည့်အခါ သင်က “အလိုလေး၊ နေသာသည့် နေ့များစွာ ရှိခြင်းသည်လည်း မကောင်းပါ။ မိုးမရွာလျှင် ကောက်ပဲသီးနှံများ ထိခိုက်သည်၊ ရိတ်သိမ်းဖို့ အစားအစာမရှိသကဲ့သို့ လူတို့ ဆာလောင်ငတ်မွတ်ကြရသည်”ဟု ဆိုနေရလိမ့်မည်။ ဤအချိန်တွင် မဆုံးနိုင်သော နေသာသည့် နေ့များလည်း မကောင်းသည်ကို သင် သဘောပေါက်သွားသည်။ အမှန်တရားမှာ တစ်စုံတစ်ရာနှင့် ပတ်သက်၍ လူတစ်ဦး စိတ်ချမ်းသာခြင်း၊ စိတ်မချမ်းသာခြင်းသည် အမှုအရာကိုယ်တိုင်၏ အနှစ်သာရထက် မိမိတို့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားတို့အပေါ် အခြေခံခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ရာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို လူတို့ တိုင်းတာသည့် အခြေခံအကြောင်းရင်းမှာ မှန်ကန်တိကျခြင်း မရှိပေ။ အခြေခံအကြောင်းရင်းက မှန်ကန်တိကျခြင်း မရှိသောကြောင့် ၎င်းတို့ နောက်ဆုံးချသည့် ကောက်ချက်များမှာလည်း မှန်ကန်တိကျခြင်း မရှိပေ။ ကောင်းသည့် ကံနှင့် ဆိုးသည့်ကံ အကြောင်းအရာကို ပြန်သွားရလျှင် ယခု ကံနှင့်ဆိုင်သော ဤဆိုရိုးသည် ခိုင်လုံခြင်း မရှိကြောင်းနှင့် ကောင်းခြင်း မရှိသကဲ့သို့ ဆိုးခြင်းလည်း မရှိကြောင်းကို လူတိုင်း သိရှိကြပြီဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင် ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုအရာများကို သင့်တင့်လျောက်ပတ်စွာ သင် ရင်ဆိုင်သင့်သည်။ ဘုရားသခင်ထံမှ ကောင်းသည့်အရာကို လက်ခံပြီး ဘုရားသခင်ထံမှ မကောင်းသည့်အရာကိုလည်း လက်ခံလော့။ ကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင်ကံကောင်းကြောင်းနှင့် မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင် ကံခေသည်ဟု မဆိုနှင့်။ ဤအရာများအားလုံးအတွင်းတွင် လူတို့အတွက် သင်ယူရမည့် သင်ခန်းစာများရှိသည်ဟုသာ ဆိုနိုင်သည်။ ယင်းတို့ကို မငြင်းပယ်သင့်ပေ၊ သို့မဟုတ် မရှောင်ကြည်သင့်ပေ။ ကောင်းသောအရာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ သို့သော် မကောင်းသည့်အရာအားလုံးကို ဘုရားသခင် စီစဉ်ထားခြင်း ဖြစ်သောကြောင့် ထိုအရာများအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်လော့။ ကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများက ၎င်းတို့ သင်ယူသင့်သည့် သင်ခန်းစာများကို ပေးသော်လည်း မကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များမှ သင်ယူရမည့်အရာ သာ၍ပင်ရှိ၏။ ဤအရာများသည် အကြင်သူ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သင့်သည့် အတွေ့အကြုံများနှင့် ဖြစ်ရပ်များသာ ဖြစ်သည်။ ထိုအရာများကို တိုင်းတာရန် ကံနှင့်ဆိုင်သည့် စိတ်ကူးကို လူတို့ အသုံးမပြုသင့်ပေ။ ထို့ကြောင့် အမှုအရာများ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ကံကို အသုံးပြုသည့် လူတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များသည် အဘယ်နည်း။ ထိုလူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ ကောင်းသည့်ကံနှင့် ဆိုးသည့်ကံကို အဘယ်ကြောင့် ၎င်းတို့ အလွန် အာရုံစိုက်ကြသနည်း။ ကံအပေါ် များစွာ အာရုံစိုက်သည့်လူများသည် မိမိတို့ကံ ကောင်းရန် မျှော်လင့်ကြသလော၊ သို့မဟုတ် ကံဆိုးရန် မျှော်လင့်ကြသလော။ (ကံကောင်းရန် မျှော်လင့်ကြပါသည်။) မှန်ပေ၏။ အမှန်တွင် ၎င်းတို့သည် ကောင်းသည့်ကံနှင့် ကောင်းသည့်အရာများ ၎င်းတို့ထံ ဖြစ်ပျက်ဖို့အတွက် လိုက်စားအားထုတ်ကြပြီး ထိုအရာများကို ၎င်းတို့ ကောင်းကောင်း အသုံးချကာ ထိုအရာများမှ အကျိုးအမြတ်များ ရယူကြသည်။ အခြားသူများ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်၊ သို့မဟုတ် အခြားသူများက ဆင်းရဲဒုက္ခ၊ သို့မဟုတ် အခက်အခဲမည်မျှ သည်းညည်းခံရမည်ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ကံမကောင်းသည့်အရာအဖြစ် ၎င်းတို့ မြင်သည့် မည်သည့်အရာကိုမျှ မိမိတို့ထံ မဖြစ်စေချင်ကြပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ထံ မကောင်းသည့်အရာ မည်သည့်အရာမျှ ၎င်းတို့ မဖြစ်စေချင်ကြပေ။ အနှောင့်အယှက်များ၊ ကျရှုံးမှုများ၊ သို့မဟုတ် အရှက်ရစရာများ၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ သို့မဟုတ် ပြုပြင်ခံရခြင်း၊ အမှုအရာများ ဆုံးရှုံးခြင်း၊ အခွင့်အရေး ဆုံးရှုံးခြင်းနှင့် လှည့်စားခံရခြင်းများ မဖြစ်စေချင်ကြပေ။ ထိုအရာများထဲမှ တစ်ခုတလေဖြစ်ပျက်ပါက မကောင်းသည့် ကံအဖြစ် မှတ်ယူလိုက်ကြသည်။ မည်သူက ထိုအရာကို စီစဉ်သည်ဖြစ်စေ မကောင်းသည့်အရာများ ဖြစ်ပျက်လျှင် ထိုအရာမှာ ကံမကောင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ရာထူးတိုးခံရခြင်း၊ လူအုပ်မှ ထင်ပေါ်ခြင်းနှင့် အခြားသူများ၏ ထိခိုက်နစ်နာမှုမှ အကျိုးကျေးဇူး ခံစားရခြင်းမှသည် တစ်စုံတစ်ရာမှ အကျိုးအမြတ်ရခြင်း၊ ငွေများစွာ ရှာခြင်း၊ သို့မဟုတ် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ခြင်းအထိ ကောင်းသည့်အရာများအားလုံး ၎င်းတို့ထံ ဖြစ်ပျက်ရန် မျှော်လင့်ကြပြီး ယင်းမှာ ကောင်းသည့်ကံဟု ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့သည် မိမိတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကံပေါ်အခြေခံ၍ အမြဲ တိုင်းတာကြသည်။ မကောင်းသည့်ကံကို မဟုတ်ဘဲ ကောင်းသည့်ကံကို လိုက်စားနေကြသည်။ အမှုအရာ အနည်းငယ်မျှ မှားယွင်းသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဒေါသထွက်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး မကျေမနပ်ဖြစ်ကြသည်။ ဘွင်းဘွင်း ပြောရလျှင် ဤလူစားမျိုးများသည် တစ်ကိုယ်ကောင်းဆန်၏။ ၎င်းတို့သည် အခြားလူများ၏ ထိခိုက်နစ်နာမှုမှ မိမိတို့အတွက် အကျိုးကျေးဇူးခံစားခြင်း၊ မိမိတို့ကိုယ်ကိုအတွက် အကျိုးအမြတ် ဖန်တီးခြင်း၊ ထိပ်ဆုံးသို့ ရောက်လာခြင်းနှင့် လူအုပ်ထဲမှ ထင်ပေါ်ခြင်းတို့ကို လိုက်စားအားထုတ်ကြသည်။ ၎င်းတို့ တစ်ဦးတည်းထံတွင် ကောင်းသည့်အရာမှန်သမျှ ဖြစ်ပျက်လျှင် ၎င်းတို့ စိတ်ကျေနပ်ကြမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။

လူတိုင်းသည် ဘဝတွင် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများစွာ ဖြတ်သန်းရမည်။ စိတ်ကျေနပ်မှုဖြင့်သာ ပြည့်ဝသည့် ဘဝတစ်ခု မည်သူ ရှိပါသနည်း။ မည်သူသည် ကျရှုံးမှုများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ တစ်ခုမျှ လုံးဝ မတွေ့ကြုံရသနည်း။ တစ်ခါတစ်ရံ အမှုအရာများသည် သင့်အတွက် အဆင်မပြေသည့်အခါ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများကို သင် အမှတ်မထင် တွေ့ရသည့်အခါ ဤသည်မှာ မကောင်းသည့်ကံမဟုတ်။ သင် တွေ့ကြုံသင့်သည့်အရာ ဖြစ်သည်။ ထိုအရာမှာ အစာစားသကဲ့သို့ ဖြစ်သည်။ အချဉ်၊ အချို၊ အခါးနှင့် အစပ် ထပ်တူထပ်မျှ သင် စားရမည်ဖြစ်သည်။ လူတို့သည် ဆားမပါဘဲ မဖြစ်သကဲ့သို့ ငံသည့် အစားအစာအချို့ကို စားရမည်ဖြစ်သည်။ သို့သော် ဆားများစွာ သင် စားလွန်းပါက၊ သင်၏ ကျောက်ကပ် ထိလိမ့်မည်။ အချို့သော ရာသီအချိန်ကာလများတွင် ချဉ်သောအစာများကို သင်စားရမည်၊ သို့သော် အလွန်များစွာ စားရန်မှာ သင်၏ သွား သို့မဟုတ် အစာအိမ်အတွက် မကောင်းသည်နှင့်အမျှ အဆင်ပြေမည် မဟုတ်။ အရာရာကို ချင့်ချင့်ချိန်ချိန် စားပေးရမည်ဖြစ်သည်။ သင်သည် ချဉ်သည့်အစာ၊ ငံသည့်အစာနှင့် ချိုသည့်အစာများ စားပြီး ခါးသည့် အစာအချို့ကိုလည်း စားရမည်ဖြစ်သည်။ ခါးသည့် အစာများသည် အတွင်း အင်္ဂါအချို့အတွက် ကောင်းမွန်သောကြောင့် အနည်းငယ် သင်စားပေးရမည်။ လူတစ်ဦး၏ ဘဝသည်လည်း အလားတူ ဖြစ်၏။ သင့်ဘဝ၏ အဆင့်တိုင်းတွင် သင် အမှတ်မထင် တွေ့ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ အများစုသည် သင်၏ အကြိုက် ဖြစ်မည်မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မတူကွဲပြားသည့် အရာများကို လိုက်စားကြသောကြောင့် ဖြစ်သည်။ သင်သည် ကျော်ကြားမှုနှင့် ဥစ္စာဓန၊ အဆင့်အတန်းနှင့် ကြွယ်ဝမှု၊ အခြားသူများထက် သာလွန်သူဖြစ်ရန်နှင့် ကြီးမားသည့် အောင်မြင်မှု စွမ်းဆောင်ရရှိရန် စသည်တို့ကို လိုက်စားပါက အမှုအရာများ၏ ၉၉ ရာခိုင်နှုန်းသည် သင့်အကြိုက် ဖြစ်မည်မဟုတ်။ ကံအကြောင်းမလှသည့်ဖြစ်ရပ်သာ ဖြစ်သည်ဟု လူတို့ ပြောသည့်အတိုင်းသာ ဖြစ်သည်။ သို့ရာတွင် သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဟူသည့် စိတ်ကူးကို သင် စွန့်လွှတ်ပြီး အမှုအရာများကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ သင် သဘောထားပါက အမှုအရာအများစုသည် အလွန် သဘောမကျစရာ မဖြစ်သည်ကို၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲသည်ကို သင် တွေ့ရှိရလိမ့်မည်။ သင်၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို သင် လက်လွှတ်သည့်အခါ သင့်အပေါ် ကျရောက်သည့် ကံအကြောင်းမလှသော မည်သည့်ဖြစ်ရပ်ကိုမဆို ငြင်းပယ်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းအား သင် ရပ်တန့်ပြီး သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဆိုသည်အားဖြင့် ထိုသို့သောအရာများကို အကဲဖြတ်ခြင်းအား သင် ရပ်တန့်သည့်အခါ ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့် မကောင်းသောအရာအဖြစ် သင်မြင်လေ့ရှိခဲ့သည့် အရာများစွာတို့ကို ယခုတွင် ကောင်းသည့်အရာအဖြစ် သင် ယခု မြင်လိမ့်မည်။ မကောင်းသည့်အရာများက ကောင်းသည့်အရာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်၏ စိတ်နေစိတ်ထားနှင့် အမှုအရာများကို သင် ရှုမြင်သည့် နည်းလမ်းတို့သည် ပြောင်းလဲသွားလိမ့်မည်။ ထိုအရာက သင့်ကို သင်၏ ဘဝအတွေ့အကြုံနှင့်ပတ်သက်၍ မတူကွဲပြားစွာ ခံစားနိုင်စေလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မတူကွဲပြားသည့် ဆုလာဘ်များကို ရိတ်သိမ်းနိုင်စေလိမ့်မည်။ ဤသည်မှာ စိတ်ကူးမရသည့် ဆုလာဘ်များကို သင့်ထံ ဆောင်ကြဉ်းမည့် သာမန်ထက်လွန်ကဲသော အတွေ့အကြုံဖြစ်သည်။ ထိုအရာမှာ ဆိုးသည့်အရာတစ်ခုမဟုတ်၊ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် လူအချို့သည် အမြဲ အသိအမှတ်ပြုခြင်း ခံကြရသည်။ ၎င်းတို့သည် ရာထူးတိုးခြင်း အမြဲခံရသည်။ ချီးမွမ်းခြင်းနှင့် ခွန်အားပေးခြင်းကို ၎င်းတို့ အမြဲ ရကြသည်။ မိမိတို့ ညီအစ်ကို မောင်နှမများထံမှ လက်ခံမှုကို မကြာခဏရကြပြီး လူတိုင်းက အားကျမှုဖြင့် ၎င်းတို့ကို ကြည့်ကြသည်။ ဤသည်မှာ ကောင်းသည့် အရာတစ်ခုလော။ ထိုလူများသည် မိမိတို့ဘက်တွင် ကံတရား ရှိသောကြောင့် ဤအရာများ ဖြစ်ပျက်ခြင်းဖြစ်သည်ဟု လူအများစုက တွေးထင်ကြသည်။ ၎င်းတို့က “ကြည့်ပါ၊ ထိုလူသည် အစွမ်းအစကောင်း ရှိသည်၊ မွေးရာပါ ကံကောင်းပြီး သူ့ဘဝတွင် အဆင်ပြေသည်။ သူသည် ကောင်းမွန်သည့် အခွင့်အရေးများ ရပြီး ရာထူးတိုးမှုများကို ရရှိသည်။ သူသည် အမှန်တကယ် ကံကောင်းခြင်းသာ ဖြစ်သည်”ဟု ပြောကြသည်။ ၎င်းတို့သည် အလွန့်အလွန် အားကျကြသည်။ သို့တိုင် အဆုံးတွင် ထိုလူသည် နှစ်အနည်းငယ်အတွင်း ထုတ်ပယ်ခံရပြီး သာမန် ယုံကြည်သူတစ်ဦး ဖြစ်လာသည်။ ထိုအရာနှင့်ပတ်သက်၍ သူ ငိုကြွေးပြီး မိမိကိုယ်ကို ကြိုးဆွဲချရန် ကြိုးစားကာ ရက်အနည်းငယ်အတွင်းတွင် သူရှင်းထုတ်ခံလိုက်ရသည်။ ဤသည်မှာ ကောင်းသည့် ကံလော။ ထိုသို့ သင် ကြည့်ပါက သူသည် ပြင်းပြင်းထန်ထန် ကံဆိုးလှပေသည်။ သို့ရာတွင် ထိုအရာမှာ အမှန်တကယ် မကောင်းသည့် ကံနှင့်ဆိုင်သော ကိစ္စဖြစ်သလော။ (မဟုတ်ပါ။) အမှန်တွင် သူသည် မကောင်းသည့် ကံရှိခြင်းမဟုတ်။ မှန်ကန်သည့် လမ်းကြောင်းကို သူမလိုက်လျှောက်ခဲ့ခြင်း ဖြစ်သည်။ မှန်ကန်သည့် လမ်းကြောင်းကို သူမလိုက်လျှောက်ခဲ့သောကြောင့် “ကံကောင်း”သည်ဟု လူတို့ မြင်သော အရာများ သူ့ထံ ဖြစ်ပျက်သည့်အခါ ထိုအရာများသည် သူ၏ ပျက်စီးခြင်းကို အရှိန်မြှင့်စေသည့် စုံစမ်းသွေးဆောင်ခြင်း၊ ထောင်ချောက်နှင့် အထောက်အကူတစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ကောင်းသည့်အရာတစ်ခုလော။ သူသည် ရာထူးတိုးခံရဖို့၊ အခြားလူတိုင်းထက် သာဖို့၊ အဓိက အာရုံစိုက်ခြင်းခံရသူဖြစ်ဖို့နှင့် အရာရာတိုင်း အဆင်ပြေပြီး မိမိဖြစ်စေလိုသည့်အတိုင်းဖြစ်ဖို့ အမြဲ ရည်ရွယ်ချက် ကြီးစွာထားခဲ့သည်။ သို့သော် အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ သူ ဖယ်ရှားခံခဲ့ရသည် မဟုတ်လော။ ဤသည်မှာ မှန်ကန်သည့် လမ်းကြောင်းကို လူတို့ မလိုက်လျှောက်သည့်အချိန်တွင် ဖြစ်လာသည့် ရလဒ်ဖြစ်သည်။ ကောင်းသည့် ကံကို လိုက်စားခြင်း ကိုယ်၌က မှန်ကန်သော လမ်းကြောင်း မဟုတ်။ ကံတရားကို လိုက်စားသည့် လူတို့သည် မကောင်းသည့် အရာအားလုံး၊ မလိုလားအပ်သောအရာများအဖြစ် လူတို့ မှတ်ယူလေ့ရှိသည့် အရာအားလုံး၊ လူတို့၏ စိတ်အခြေအနေများနှင့် ဇာတိအသွေးအသား အကျိုးစီးပွားများနှင့် မကိုက်ညီသည့်အရာများကို ငြင်းပယ်ပြီး ရှောင်ရှားရန်မှာ သေချာ၏။ ဤအရာများ ဖြစ်ပွားခြင်းကို ၎င်းတို့ ကြောက်ရွံ့ကြသည်၊ ရှောင်ရှားပြီး ငြင်းပယ်ကြလေသည်။ ဤအရာများ ဖြစ်ပျက်သည့်အခါ “ကံမကောင်း”သောအရာများအဖြစ် ၎င်းတို့ ပုံဖော်လိုက်ကြသည်။ ထိုအရာများကို ကံမကောင်းဟု ၎င်းတို့ တွေးထင်သည့်အခါ သမ္မာတရားကို ၎င်းတို့ ရှာဖွေနိုင်ကြသလော။ (မရှာဖွေနိုင်ပါ။) သမ္မာတရား မရှာဖွေနိုင်သကဲ့သို့ မိမိတို့ ကံမကောင်းဟု အမြဲ တွေးထင်ကြသည့် ထိုလူများသည် မှန်ကန်သော လမ်းကြောင်း လျှောက်နိုင်သည်ဟု သင်ထင်သလော။ (မထင်ပါ။) ဧကန်မုချ မလျှောက်နိုင်ကြပေ။ ထို့ကြောင့် ကံကို အမြဲ လိုက်စားသူများ၊ မိမိတို့ ကံတရားကိုသာ အမြဲ အာရုံစိုက်ပြီး မိမိတို့ ကံတရားကို စိတ်ကူးမှန်းဆကြည့်နေသော လူတို့သည် မှန်ကန်သည့် လမ်းကြောင်း မလိုက်လျှောက်ကြသည့် လူများ ဖြစ်သည်။ ထိုသို့သော လူများသည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို အာရုံမစိုက်ကြသကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းကို မလိုက်လျှောက်ကြသောကြောင့် စိတ်ဓာတ်ကျခြင်းထဲသို့ ဆက်လက်ကျဆင်းနေကြသည်။ ဤသည်မှာ ၎င်းတို့ ကိုယ်တိုင်၏ အပြစ်ဖြစ်ပြီး ၎င်းတို့နှင့် ထိုက်တန်၏။ ယင်းမှာ ၎င်းတို့သည် မှားယွင်းသော လမ်းကြောင်းကို လိုက်လျှောက်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စိတ်ဓာတ်ကျခြင်းထဲသို့ ကျဆင်းထိုက်ကြသည်။ ဤစိတ်ဓာတ်ကျခြင်းထဲမှ ထွက်လာရန် လွယ်ကူသလော။ အမှန်တွင် လွယ်ကူ၏။ သင်၏ မှားယွင်းသည့် ရှုထောင့်အမြင်များကိုသာ လက်လွှတ်လော့။ အရာရာ အဆင်ပြေဖို့၊ သို့မဟုတ် သင် အလိုရှိသည့်နည်းလမ်းအတိုင်း အတိအကျဖြစ်ဖို့၊ သို့မဟုတ် အဆင်ပြေချောမွေ့စွာ ဖြစ်ဖို့ မမျှော်လင့်နှင့်။ တလွဲဖြစ်သွားသည့် အရာများကို မကြောက်နှင့်၊ မခုခံနှင့်၊ သို့မဟုတ် မငြင်းပယ်နှင့်။ ထိုအစား သင်၏ အတိုက်အခံလုပ်ခြင်းကို လက်လွှတ်လော့၊ စိတ်ငြိမ်ငြိမ်ထားပြီး နာခံမှု သဘောထားဖြင့် ဘုရားသင်၏ ရှေ့မှောက်သို့လာပြီး ဘုရားသခင် စီစဉ်သမျှအားလုံးကို လက်ခံလော့။ “ကောင်းသည့် ကံ”ဟု ခေါ်သည့် အရာကို မလိုက်စားနှင့်၊ ပြီးလျှင် “မကောင်းသည့်ကံ”ဟုခေါ်သည့် အရာကို မငြင်းနှင့်။ ဘုရားသခင်ကို သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှုတစ်ခုလုံး ပေးလော့။ သူ့ကို ဆောင်ရွက်ခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းတို့ကို လုပ်ဆောင်ခွင့်ပေးပြီး သူ၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ကျိုးနွံနာခံလော့။ သင်လိုအပ်သည့်အခါ သင်လိုအပ်သည့်အရာကို ဘုရားသခင်က ထိုက်တန်သော အတိုင်းအတာဖြင့် သင့်ကို ပေးလိမ့်မည်။ သင် အမှတ်မထင် ဆုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ သင် သင်ယူနေသင့်သည့် သင်ခန်းစာများကို သင်ယူနိုင်ရန်အလို့ငှာ သင်၏ လိုအပ်ချက်များနှင့် ချို့တဲ့ခြင်းများအတိုင်း သင်လိုအပ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သူ စီစဉ်ညွှန်ကြားလိမ့်မည်။ ဤအရာအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် နာခံမှု စိတ်နေစိတ်ထားတစ်ခု သင် ရှိရမည်ဟူ၍ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ပြီးပြည့်စုံခြင်းကို မလိုက်စားနှင့်။ မလိုလားအပ်သည့်၊ ကသိကအောက်ဖြစ်စေသော၊ သို့မဟုတ် သဘောမကျစရာဖြစ်သော အရာများ ဖြစ်ပွားခြင်းကို မငြင်းပယ်နှင့်၊ သို့မဟုတ် မကြောက်နှင့်။ ပြီးလျှင် မကောင်းသည့်အရာများ ဖြစ်ပွားခြင်းကို အတွင်းကျိတ် အတိုက်အခံလုပ်ရန် သင်၏ စိတ်ဓာတ်ကျခြင်းကို အသုံးမပြုနှင့်။ ဥပမာအားဖြင့် အဆိုတော်တစ်ဦးသည် တစ်နေ့တာ လည်ချောင်းနာပြီး ကောင်းစွာ မဖျော်ဖြေပါက ၎င်းတို့က “ငါအလွန် ကံဆိုးပါတကား။ ဘုရားသခင်သည် အဘယ်ကြောင့် ငါ့အသံကို မစောင့်ရှောက်ပေးသနည်း။ ပုံမှန်အားဖြင့် ကိုယ့်ဘာသာဆိုလျှင် ငါ ကောင်းစွာ သီဆိုနိုင်လေ့ရှိခဲ့သော်လည်း ယနေ့တွင် လူတိုင်းရှေ့ သီချင်းသီဆိုရန် မိမိကိုယ်ကို အရှက်ရစေမိလေပြီ။ ငါ့ အသံအနိမ့်အမြင့်ကို မှန်အောင် မလုပ်နိုင်သကဲ့သို့ အသံအနှေးအမြန်ကိုလည်း မထိန်းနိုင်ခဲ့ပါ။ ငါ့ကိုယ်ငါ ဂုဏ်အသရေညှိုးအောင် လုပ်နေမိပြီ”ဟု တွေးကြလေသည်။ သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် ကောင်းသောအရာဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်အားနည်းချက်များနှင့် သင်၏ ဘဝင်မာနကို ချစ်ခြင်းအား မြင်ရန် ကူညီပေးသည်။ သင်၏ ပြဿနာများက မည်သည့်နေရာတွင် တည်ရှိသည်ကို ပြပြီး သင်သည် ပြည့်စုံသောသူမဟုတ်သည်ကို ရှင်းလင်းစွာ နားလည်ရန် ကူညီပေးသည်။ ပြည့်စုံသောသူဟူသည်မှာ မရှိသလို သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် အလွန်ပင် သာမန်ဖြစ်သည်။ လူအားလုံးသည် မိမိတို့ကိုယ်ကို ဂုဏ်သရေညှိုးအောင်လုပ်သော၊ သို့မဟုတ် အရှက်ရသော အချိန်များကို တွေ့ကြုံကြရသည်။ လူအားလုံး ကျရှုံးကြသည်။ အနှောင့်အယှက်များ ကြုံတွေ့ရသည်။ အားနည်းချက်များ ရှိကြသည်။ သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် မဆိုးရွားပေ။ သင်သည် သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်မိသော်လည်း ရှက်ခြင်းမရှိသကဲ့သို့ စိတ်ထဲတွင် စိတ်ဓာတ်ကျခြင်းမရှိသောအခါတွင် သင်က အရေထူသည်ဟု မဆိုလိုပေ။ ယင်းသည် သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းကြောင့် သင်၏ ဂုဏ်သတင်းကို ထိခိုက်ခြင်းရှိမရှိကို သင် ဂရုမစိုက်ဟု ဆိုလိုသည်။ သင်၏ ဘဝင်မာနသည် သင်၏ အတွေးများထဲတွင် နေရာယူနေခြင်းမရှိတော့ဟု ဆိုလိုသည်။ သင်၏ လူ့သဘာဝတွင် ရင့်ကျက်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ အလွန်ကောင်းသည်။ ဤသည်မှာ ကောင်းသောအရာမဟုတ်သလော။ ကောင်းသောအရာဖြစ်သည်။ သင်သည် ကောင်းစွာ ထမ်းဆောင်ခဲ့ခြင်းမရှိ၊ သို့မဟုတ် သင့်တွင် မကောင်းသောကံရှိသည်ဟု မထင်မြင်နှင့်။ ဤနောက်ကွယ်တွင်ရှိသော အရှိအတိုင်းဖြစ်သည့် အကြောင်းရင်းများကို မရှာဖွေနှင့်။ ဤသည်မှာ သာမန်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိနိုင်သည်၊ အခြားသူများသည် မိမိတို့ကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိနိုင်သည်၊ လူတိုင်းက မိမိတို့ကိုယ်ကို ဂုဏ်သရေညှိုးအောင် လုပ်မိနိုင်သည်။ နောက်ဆုံးတွင် လူတိုင်း အတူတူဖြစ်ကြောင်း၊ အားလုံးသည် သာမန်လူများ၊ အားလုံး သေမျိုးများဖြစ်ကြောင်း၊ မည်သူမျှ အခြားမည်သူထက်မျှ မကြီးမြတ်ကြောင်းနှင့် မည်သူမျှ အခြားမည်သူမဆိုထက် မည်သို့မျှ မတော်ကြောင်း သင်တွေ့ရှိရလိမ့်မည်။ လူတိုင်းသည် တစ်ခါတစ်ရံ မိမိတို့ကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိကြသောကြောင့် မည်သူမျှသည် အခြားမည်သူတစ်ဦးတစ်လေကိုမျှ မလှောင်သင့်ပေ။ သင့်အနေဖြင့် အတော်များသည့် ကျရှုံးမှုများကို တွေ့ကြုံပြီးသည်နှင့် သင်၏ လူ့သဘာဝတွင် သင် တဖြည်းဖြည်း ရင့်ကျက်လာသည်။ ထို့ကြောင့် ဤအရာများကို တစ်ဖန် သင် ကြုံရသည့်အခါတိုင်းတွင် ဘောင်ခတ်ခံရတော့မည် မဟုတ်သကဲ့သို့ သင့်တာဝန်အပေါ် ပုံမှန် ထမ်းဆောင်မှုကို ထိုအရာများက သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။ သင်၏ လူ့သဘာဝသည် ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ လူ့သဘာဝ ပုံမှန်ဖြစ်သည့်အခါ သင်၏ ဆင်ခြင်တုံတရားသည်လည်း ပုံမှန် ဖြစ်လိမ့်မည်။

ကံတရားနောက်လိုက်ခြင်းအား မွေ့လျော်သော ဤလူများသည် ဤဘဝတွင် ကောင်းသည့် အခွင့်အလမ်း နောက်လိုက်ကြသည့် လူများ၊ အမှုအရာများကို အစွန်းရောက် သဘောထားကြသူများ ဖြစ်သည်။ ဤလူများ လိုက်စားသည့်အရာသည် မှားယွင်းပြီး ထိုအရာကို ၎င်းတို့ လက်လွှတ်သင့်သည်။ ဤမလိုလားအပ်သည့် အရာများကို မည်သို့ ကိုင်တွယ်ပြီး မှန်ကန်သည့် ချဉ်းကပ်မှု ပြုလုပ်ရမည်ဆိုသည့်အပေါ် ယခုတင် ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယခုတွင် ဤအရာကို သင်တို့ နားလည်ကြပြီလော။ ဤအရာနှင့်ပတ်သက်၍ မည်သို့ ငါတို့ မိတ်သဟာယပြုခဲ့ကြသနည်း။ (ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အရာတိုင်းကို လူတို့ ကျိုးနွံနာခံသင့်သည်။ ပြီးပြည့်စုံသည့် လူများဖြစ်လာရန် သူတို့ မကြိုးစားရသကဲ့သို့ သူတို့ကို အရှက်ရစေသည့် မည်သည့်အရာကိုမဆို မကြောက်ရ၊ သို့မဟုတ် ဖြစ်ပျက်နေသည့် သဘောမကျစရာဖြစ်သော မည်သည့်အရာကိုမဆို သူတို့ မကြောက်ရပါ။ ပြီးလျှင် လူတို့သည် ဤအရာများ ဖြစ်ပျက်သည့်အခါ အတိုက်အခံလုပ်ရန် မိမိတို့၏ စိတ်ဓာတ်ကျသည့် ခံစားချက်များကို အသုံးမပြုရပါ။) သင်တို့စိတ်ကို တည်ငြိမ်စေပြီး မှန်ကန်သည့် တွေးခေါ်မှုအလေ့အထဖြင့် အားလုံးကို ရင်ဆိုင်လော့။ သင့်ထံ မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ ထိုအရာများကို ချဉ်းကပ်ပြီး ဖြေရှင်းရန် မှန်ကန်သည့် လမ်းကြောင်း ရှိရမည်ဖြစ်ပြီး ထိုအရာများကို ကောင်းစွာ သင်မကိုင်တွယ်လျှင်ပင် စိတ်ဓာတ်ကျခြင်းထဲသို့ မကျဆင်းသင့်ပေ။ သင် ကျရှုံးပါက တစ်ဖန် ကြိုးစားနိုင်သည်။ အဆိုးဆုံးအနေဖြင့် ကျရှုံးမှုသည် သင်ခန်းစာတစ်ခုဖြစ်ပြီး သင်ကျရှုံးလျှင်ပင် မကြိုက်ခြင်း၊ အတိုက်အခံလုပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ထွက်ပြေးခြင်းထက် သာ၍ ကောင်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် အနာဂတ်တွင် မည်သည့်အရာ သင်ရင်ဆိုင်ရမည်ဖြစ်စေ၊ ထိုအရာကို သင်၏ ကံ ကောင်းခြင်း၊ ဆိုးခြင်းနှင့်ဆိုင်သော အမြင်ဖြင့် အကဲဖြတ်ရန် မဆိုထားနှင့်၊ သင်မည်သည့်အခါတွင်မျှ မငြင်းပယ်သင့်ပေ၊ သို့မဟုတ် ထိုအရာမှ လွတ်မြောက်အောင် မကြိုးစားသင့်ပေ။ အရာရာကို ဘုရားသခင်၏ လက်တော်က စီစဉ်ညွှန်ကြားကြောင်းကို သင်အခိုင်အမာပြောသည့်အတွက် ဖြစ်ပျက်သည့် မကောင်းသည့်အရာများကို ငြင်းပယ်ရန် မဆိုထားနှင့်၊ ဤအရာများအားလုံးကို သင်၏ ကံကောင်းခြင်း၊ ဆိုးခြင်းနှင့်ဆိုင်သော အမြင်နှင့် တွေးခေါ်မှုအလေ့အထဖြင့် သင် အကဲမဖြတ်သင့်ပေ။ စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုဖြင့်လည်း ဤအရာများကို သင် မချဉ်းကပ်သင့်သည်မှာ အမှန်ဖြစ်၏။ ထို့ထက် ဤအရာများကို ကြုံဆုံပြီး ချဉ်းကပ်ရန် တက်ကြွသည့် သဘောထားနှင့် အပြုသဘောဆောင်သည့် စိတ်အခြေအနေတစ်ခုကို သင် ခံယူသင့်ပြီး သင်ယူရန် မည်သည့် သင်ခန်းစာများ ရှိသည်ဆိုသည်နှင့် ထိုအရာများမှ မည်သည့် သိနားလည်မှုကို သင် ကောက်ယူသင့်သည်ဆိုသည်တို့ကို ကြည့်သင့်သည်။ ဤသည်မှာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ထိုအခါ သင်၏ အတွေးများနှင့် အမြင်များသည် မှန်ကန်မည် မဟုတ်လော။ (မှန်ကန်မည်ဖြစ်သည်။) ပြီးလျှင် ဖြစ်ပျက်နေသည့် အချို့သော မကောင်းသည့်၊ ကံအကြောင်း မလှသည့် အရာများကို တစ်ဖန် သင် ရင်ဆိုင်သည့်အခါ ထိုအရာများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင်ချဉ်းကပ်နိုင်ပေသည်။ သင်သည် မှန်ကန်သည့် အတွေးများနှင့် အမြင်များ ရှိလိမ့်မည်ဖြစ်ပြီး ဤနည်းဖြင့် သင်၏ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ပုံမှန် ဖြစ်လာလိမ့်မည်။ ထိုအရာကို ဤသို့ သင် ကြည့်သည့်အခါ မှန်ကန်သည့် အမြင်ရှိရန် အလွန် အရေးကြီးသည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များအတိုင်း ကံကြမ္မာနှင့်ဆိုင်သည့် ကိစ္စရပ်ကို ရှင်းလင်းစွာ သိနားလည်ရန် အလွန်တရာ အရေးကြီးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခု ကံကောင်းခြင်း၊ ဆိုးခြင်းနှင့်ဆိုင်သည့် ဤအဆိုနှင့်ပတ်သက်၍ မိတ်သဟာယကို ငါတို့ ပြီးဆုံးတော့မည်ဖြစ်သဖြင့် သင်တို့ ယခု နားလည်ကြပြီလော။ (နားလည်ပါပြီ။) ဤပြဿနာမျိုး၏ အနှစ်သာရကို သင် နားလည်နိုင်ပါက ကံကြမ္မာနှင့်ဆိုင်သည့် ကိစ္စရပ်အပေါ် မှန်ကန်သည့် အမြင် ရှိလိမ့်မည်ဖြစ်သည်။

စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုထဲသို့ လူတို့ ကျဆင်းကြခြင်းအတွက် အခြားသော အကြောင်းတရားတစ်ခုလည်း ရှိ၏။ ယင်းမှာ ၎င်းတို့ အသက်အရွယ် ရမလာမီ၊ သို့မဟုတ် လူကြီများအဖြစ်သို့ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် လူတို့အပေါ် ဖြစ်ပျက်သည့် အချို့သော အမှုကိစ္စတစ်စုံတစ်ရာဖြစ်သည့် ပြစ်မှားမှုအချို့ကို ကျူးလွန်မိကြခြင်း၊ သို့မဟုတ် ရူးနှမ်းသော အရာများ၊ မိုက်မဲသော အရာများနှင့် မသိနားမလည်သော အရာများ အချို့ကို လုပ်ဆောင်မိကြခြင်း ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ဤပြစ်မှားမှုများကြောင့်၊ ဤရူးနှမ်းပြီး မသိနားမလည်သော အရာများကြောင့် စိတ်ဓာတ်ကျခြင်းထဲသို့ ၎င်းတို့ ကျဆင်းကြသည်။ ဤစိတ်ဓာတ်ကျခြင်းမျိုးသည် မိမိကိုယ်ကို ရှုတ်ချခြင်းတစ်ခုဖြစ်ပြီး ၎င်းတို့ မည်သည့် လူစားမျိုးဖြစ်သည်ကို စိစစ်သတ်မှတ်ခြင်းမျိုးလည်း ဖြစ်သည်။ ဤပြစ်မှားမှုမျိုးသည် တစ်စုံတစ်ဦးကို ဆဲဆိုခြင်း၊ သို့မဟုတ် ၎င်းတို့နောက်ကွယ်တွင် တစ်စုံတစ်ဦးကို အပုပ်ချခြင်း၊ သို့မဟုတ် ထိုသို့ သိမ်ဖျင်းသော တစ်စုံတစ်ရာသက်သက် ဧကန်မုချ မဟုတ်ဘဲ ထိုထက် အရှက်တရား၊ တစ်ဦးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဂုဏ်သိက္ခာ၊ ပြီးလျှင် ဥပဒေပင် ပါဝင်သော အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အဖြစ်အပျက်ကို အဆက်မပြတ် စိတ်ထဲတွေးသည်နှင့်အမျှ၊ စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုသည် မျက်မှောက်အချိန်ထိ တစ်လျှောက်လုံး ၎င်းတို့ စိတ်နှလုံး အတွင်းနက်နက်တွင် နည်းနည်းချင်းစီ စုစည်းနေသည်။ ဤပြစ်မှားမှုများမှာ အဘယ်နည်း။ ယခုတင် ငါ ပြောသည့်အတိုင်း ထိုအရာများမှာ လူများက ကလေးသူငယ်များအနေဖြင့်ဖြစ်စေ၊ လူကြီးများအနေဖြင့်ဖြစ်စေ လုပ်ဆောင်မိသည့် မသိနားမလည်၊ ရူးနှမ်းပြီး မိုက်မဲသော အရာများဖြစ်သည်။ ဤအရာများတွင် မည်သည့်အရာများ ပါဝင်သည်ကို သင်တို့ သိကြသလော။ ရူးနှမ်း၊ မိုက်မဲပြီး မသိနားမလည်သောအရာများဖြစ်သည့် ဤအရာများတွင် အခြားသူများကို ထိခိုက်နစ်နာစေသော်လည်း သင့်ကိုယ်သင် အကျိုးခံစားစေသည့် အရာများ၊ ပြောရန်ခက်သည့် အရာများနှင့် သင် အရှက်ရသည့် အရာများ ပါဝင်သည်။ ထိုအရာမှာ သင့်ကို ဤစိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုထဲသို့ ကျဆင်းစေသည့် ညစ်ညမ်းသော၊ စက်ဆုပ်ဖွယ်ဖြစ်သော၊ မဖွယ်မရာ၊ သို့မဟုတ် မတော်တရော် ဖြစ်သော တစ်စုံတစ်ရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤစိတ်ဓာတ်ကျခြင်းသည် ရိုးရှင်းသည့် မိမိကိုယ်ကို အပြစ်တင်မှုမျိုးတစ်ခုသာ မဟုတ်ဘဲ၊ ထိုထက် မိမိကိုယ်ကို ရှုတ်ချခြင်းတစ်ခု ဖြစ်သည်။ ငါ အကြမ်းဖျင်းဖော်ပြသည့် ဤနယ်ပယ်အတွင်းတွင် မည်သည့်အရာ ပါဝင်ကောင်းပါဝင်မည်ကို သင်တို့ တွေးနိုင်သလော။ ဥပမာတစ်ခုကို ပေးလော့။ (လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံခြင်းဖြစ်သည်။) လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံခြင်းသည် တစ်ခုဖြစ်သည်မှာ မှန်၏။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့၏ လင်ယောက်ျား၊ သို့မဟုတ် ဇနီးကို အတွေး၊ သို့မဟုတ် လုပ်ဆောင်ချက်ဖြင့် သစ္စာဖောက်မိကြပြီး ဖြစ်သည်။ လူအချို့သည် အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကို ကျူးလွန်မိကြပြီး လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံခြင်းတွင် ပါဝင်ပတ်သက်မိကြသော်လည်း ထိုအရာကို ၎င်းတို့ မစွန့်လွှတ်ကြသေးသကဲ့သို့ မည်သူနှင့် ၎င်းတို့ ဖောက်ပြားချင်ကြသည်ဆိုသည်ကို အမြဲ တွေးနေကြသည်။ လူအချို့မှာ ငွေကြောင့် အခြားသူများကို လိမ်လည်လှည့်စားကြပြီးဖြစ်သည်၊ ငွေပမာဏ အမြောက်အမြားပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူအချို့မှာ အခြားသူများ ပိုင်ဆိုင်သည့် ပစ္စည်းများကို ခိုးယူကြပြီးဖြစ်ကာ လူအချို့မှာ အခြားသူများကို အမှုဆင်ကြပြီးဖြစ်သည်၊ သို့မဟုတ် လက်တုံ့ပြန်မှု အရယူကြပြီး ဖြစ်သည်။ ဤအရာများထဲမှ အချို့မှာ ဥပဒေချိုးဖောက်ခြင်းနှင့် နီးစပ်လာစဉ်တွင် အချို့မှာ ဧကန်အမှန် ဥပဒေ ဖောက်ဖျက်ခြင်းတွင် ရှိ၏။ အချို့မှာ ကိုယ်ကျင့်တရား ဘောင်များ၏ တကယ့် အစွန်းများတွင် ရှိကောင်းရှိနိုင်သော်လည်း အချို့မှာ ပုံမှန် လူ့သဘာဝ၏ ကျင့်ဝတ်များကို ဧကန်အမှန် ဆန့်ကျင်နေနိုင်သည်။ ဤအရာများကို လူတို့၏ အတွင်းကျကျ စိတ်နှလုံးများ၏ မှတ်ဉာဏ်များထဲတွင် နက်နက် မြှုပ်နှံထားပြီး တစ်ချိန်ပြီးတစ်ချိန် စိတ်ထဲ တွေးမိတတ်ကြသည်။ သင်သည် မိမိဘာသာ တစ်ကိုယ်တည်းရှိသည်ကို သိရချိန် ညနက်သန်းခေါင်တွင် သင် အိပ်စက်မရနိုင်ဖြစ်သည့်အခါ ဤအရာများကို သင် မတွေးဘဲ မနေနိုင်ပေ။ ထိုအရာများသည် သင့်စိတ်အမြင်ရှေ့တွင် ရုပ်ရှင်ကားတစ်ကားကဲ့သို့ တစ်ကွက်ပြီးတစ်ကွက် ပြသနေပြီး ထိုအရာများကို သင်ဖျက်၍ မရနိုင်၊ သို့မဟုတ် ခါချမရနိုင်ပေ။ ဤအရာများကို သင်တွေးမိသည့်အခါတိုင်းတွင် သင် စိတ်ဓာတ်ကျရသည်၊ မျက်နှာပူရသည်၊ သင်၏ စိတ်နှလုံး တုန်လှုပ်ရသည်၊ သင်အရှက်ရပြီး သင်၏ စိတ်ဝိညာဉ်သည် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နေသည်။ ဘုရားသခင်ကို သင် ယုံကြည်သော်လည်း သင်လုပ်မိပြီးဖြစ်သည့် ဤအရာများ မနေ့ကပင် ဖြစ်ခဲ့သည့်အလား သင် ခံစားနေရဆဲ ဖြစ်သည်။ ထိုအရာများမှ သင် ထွက်ပြေးမရနိုင်၊ ပုန်းကွယ်မရနိုင်သကဲ့သို့ ထိုအရာများကို မည်သို့ နောက်ချန်ရမည်ဆိုသည်ကို သင် မသိချေ။ သင် လုပ်မိသည့်အရာကို အခြားလူအနည်းငယ်ကသာ သိသော်လည်း၊ သို့မဟုတ် မည်သူမျှ သိကောင်းသိမည် မဟုတ်သော်လည်း သင့်စိတ်နှလုံးတွင် စိုးရိမ်ပူပန်မှု ခံစားချက် ရေးရေးမျှ သင်ခံစားရသည်။ ဤစိုးရိမ်ပူပန်မှုမှာ စိတ်ဓာတ်ကျခြင်း ဖြစ်လာပြီး ဤစိတ်ဓာတ်ကျခြင်းက ဘုရားသခင်နောက်သို့ သင်လိုက်ပြီး မိမိတာဝန်ကို ထမ်းဆောင်စဉ် သင့်အား စွပ်စွဲနေသလို ခံစားရစေသည်။ ဤစွပ်စွဲခံရသည့် ခံစားချက်သည် သင့်ကိုယ်ပိုင် အသိစိတ်မှ၊ ဥပဒေမှ၊ သို့မဟုတ် သင်၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်များနှင့်ဆိုင်သော သင်၏ အသိစိတ်မှ ဖြစ်လာခြင်း ဟုတ်မဟုတ်ဆိုသည်ကို သင် သေချာပေါက် မပြောနိုင်ပေ။ မည်သို့ဆိုစေ ဤအရာများကို လုပ်ဆောင်မိသည့် လူတို့သည် သီးခြားအရာအချို့ ဖြစ်ပျက်သည့်အခါ၊ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်နှင့် အခြေအနေများ တစ်ခုခုတွင် စိုးရိမ်ပူပန်မှုကို မကြာခဏ အမှုမဲ့အမှတ်မဲ့ ခံစားကြရသည်။ ဤစိတ်မသက်သာသည့် ခံစားချက်က ၎င်းတို့ကို နက်ရှိုင်းသည့် စိတ်ဓာတ်ကျခြင်းထဲသို့ အမှုမဲ့အမှတ်မဲ့ ကျဆင်းစေပြီး မိမိတို့၏ စိတ်ဓာတ်ကျခြင်းဖြင့် ၎င်းတို့ ချည်နှောင်ခြင်းနှင့် ကန့်သတ်ခြင်း ခံလာရကြသည်။ သမ္မာတရားနှင့် ပတ်သက်သည့် တရားဒေသနာ၊ သို့မဟုတ် မိတ်သဟာယတစ်ခုကို ၎င်းတို့ နားထောင်သည့်အခါတိုင်းတွင် ဤစိတ်ဓာတ်ကျခြင်းက ၎င်းတို့၏ စိတ်ထဲနှင့် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးထဲ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး ၎င်းတို့က “ငါ ဤအရာကို လုပ်ဆောင်နိုင်ပါသလား။ သမ္မာတရားကို ငါလိုက်စားနိုင်ပါသလား။ ကယ်တင်ခြင်းကို ငါ ရရှိနိုင်ပါသလား။ ငါသည် မည်သည့် လူစားမျိုးဖြစ်ပါသနည်း။ ထိုအရာကို ယခင်က ငါ လုပ်ခဲ့သည်၊ ထိုလူစားမျိုး ငါ ဖြစ်လေ့ရှိခဲ့သည်။ ငါသည် ကယ်တင်မခံရနိုင်တော့ပြီလား။ ဘုရားသခင်က ငါ့ကို ကယ်တင်ဦးမည်လား”ဟု မေးလျက် မိမိတို့ကိုယ်ကို ဖိ၍ စစ်ဆေးနေမိကြသည်။ လူအချို့သည် တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်ဓာတ်ကျသည့် ခံစားချက်များကို လက်လွှတ်နိုင်ကြပြီး နောက်ချန်ထားရစ်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရိုးသားစစ်မှန်မှုနှင့် မိမိတို့ စုစည်းနိုင်သည့် အားအင်ရှိသမျှကို ယူပြီး မိမိတို့အလုပ်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုကြပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ ချင့်ချိန်စဉ်းစားရာတွင် စိတ်နှင့်နှလုံးကိုပင် အကြွင်းမဲ့ ထားရှိနိုင်ကြကာ ဘုရားနှုတ်ကပတ်တော်များထဲသို့ မိမိတို့ အားထုတ်မှုများကို စိုက်ထုတ်ကြသည်။ သို့သော် ထူးခြားသည့် အနေအထား၊ သို့မဟုတ် အခြေအနေ အစပြုလာသည့်အခိုက်တွင် စိတ်ဓာတ်ကျသည့် စိတ်ခံစားမှုက ၎င်းတို့ကို တစ်ဖန် ထိန်းချုပ်ပြီး မိမိတို့ စိတ်နှလုံးနက်နက်တွင် စွပ်စွဲခြင်း တစ်ဖန်ခံစားရစေသည်။ ၎င်းတို့က “ယခင်က ထိုအရာကို သင် လုပ်ဆောင်ခဲ့ပြီး သင်သည် ထိုလူစားမျိုး ဖြစ်သည်။ ကယ်တင်ခြင်းကို သင် ရရှိနိုင်ပါသလား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိပါသလား။ သင် လုပ်ဆောင်မိပြီး ဖြစ်သည့်အရာအပေါ် ဘုရားသခင် မည်သည့်အရာကို တွေးပါသနည်း။ သင် လုပ်ဆောင်မိသည့်အတွက် ဘုရားသခင်က သင့်ကို ခွင့်လွှတ်လိမ့်မည်လား။ ယခုတွင် ဤသို့ အဖိုးအခပေးဆပ်ခြင်းသည် ထိုပြစ်မှားမှုအတွက် ထေမိစေနိုင်ပါသလား”ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မကြာခဏ အပြစ်ဖော်ဆုံးမကြပြီး စိတ်ထဲတွင် စွပ်စွဲခြင်းခံစားရကြသကဲ့သို့ မေးခွန်းများဖြင့် မိမိတို့ကိုယ်ကို အမြဲ သံသယထားနေကြသည်၊ အမြဲ ဖိစစ်နေကြလေသည်။ ၎င်းတို့သည် ဤစိတ်ဓာတ်ကျသည့် ခံစားချက်များကို လုံးဝ နောက်ချန်မထားနိုင်၊ သို့မဟုတ် မစွန့်ပယ်နိုင်ကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ရှက်ဖွယ်သော အရာနှင့်ပတ်သက်၍ မစဲသော စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခု ခံစားကြရသည်။ ထို့ကြောင့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လင့်ကစား ဘုရားသခင် ပြောဆိုပြီးသည့် အရာတစ်ခုတလေကို ၎င်းတို့ လုံးဝ နားမထောင်ဖူးသကဲ့သို့ နားမလည်ခဲ့သည့်အလား ဖြစ်လေသည်။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း ရရှိခြင်းသည် ၎င်းတို့နှင့် ပတ်သက်မှုတစ်ခုတလေ ရှိမရှိ၊ ၎င်းတို့ လွတ်ငြိမ်းခွင့်ပေးခံရပြီး ရွေးနုတ်ခံရနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကယ်တင်ခြင်းတို့ကို ရရှိရန် ၎င်းတို့ အရည်အချင်း ပြည့်မီခြင်းရှိမရှိဆိုသည်ကို ၎င်းတို့ မသိကြသည့်အလား ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့ မသိကြချေ။ မည်သည့် အဖြေကိုမျှ ၎င်းတို့ မရရှိသောကြောင့်၊ ပြီးလျှင် တိကျမှန်ကန်သည့် မည်သည့် ထင်မြင်ချက်တစ်ခုမျှ ၎င်းတို့ မရရှိကြသောကြောင့် စိတ်ထဲတွင် စဉ်ဆက်မပြတ် ၎င်းတို့ စိတ်ဓာတ်ကျကြသည်။ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာကို အဖန်ဖန် ၎င်းတို့ အမှတ်ရကြသည်။ အားလုံး အစပြုခဲ့ပုံနှင့် အဆုံးသတ်ခဲ့ပုံကို သတိရလျက်၊ အစမှအဆုံးထိ အားလုံးကို သတိရလျက် မိမိတို့ စိတ်တွင် ထိုအရာကို အဖန်အဖန် ပြန်တွေးမိကြသည်။ ထိုအရာကို ၎င်းတို့ မည်မျှ သတိရသည်ကို ပဓာနမထားဘဲ ၎င်းတို့ အပြစ်ရှိသည်ဟု အမြဲ ခံစားရသောကြောင့် နှစ်ချီကြာ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ စဉ်ဆက်မပြတ် စိတ်ဓာတ်ကျခြင်းခံစားကြရသည်။ မိမိတို့တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည့် အချိန်တွင်ပင်၊ အလုပ်တစ်ခုခုကို ၎င်းတို့ ကြီးကြပ်သည့်အချိန်တွင်ပင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိသကဲ့သို့ ၎င်းတို့ ခံစားကြရဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းကို မည်သည့်အခါတွင်မျ အတိအလင်း ရင်ဆိုင်ခြင်း မရှိကြသကဲ့သို့ ထိုအရာကို အမှန်ကန်ဆုံးနှင့် အရေးအကြီးဆုံးသော အရာတစ်ခုအဖြစ် မှတ်ယူခြင်း မရှိကြချေ။ ၎င်းတို့ ပြုလုပ်မိပြီးဖြစ်သည့် အမှား၊ သို့မဟုတ် အတိတ်ကာလက ၎င်းတို့ လုပ်ဆောင်ပြီးသည့် အရာကို လူအများစုက ဆိုးဝါးစွာ ထင်မြင်ခဲ့ကြကြောင်း၊ သို့မဟုတ် လူတို့၏ ရှုတ်ချခြင်းနှင့် စက်ဆုပ်ခြင်းကို ၎င်းတို့ ခံရနိုင်ကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရှုတ်ချခြင်းကိုပင် ခံရနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြလေသည်။ ဘုရားသခင်၏ အမှုတော် မည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် မိန့်မြွက်ချက် မည်မျှ သူပြုလုပ်ပြီးသည်ဖြစ်စေ သမ္မာတရား လိုက်စားခြင်း ကိစ္စရပ်ကို မှန်ကန်သည့် နည်းလမ်းဖြင့် ၎င်းတို့ လုံးဝ ရင်ဆိုင်ခြင်း မရှိကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်ဓာတ်ကျခြင်းကို နောက်ချန်ထားရန် သတ္တိ မရှိကြ။ ဤသည်မှာ ဤအရာများကို တွေ့ကြုံရခြင်းမှ ဤလူစားမျိုးက ကောက်ချက်ဆွဲသည့် နောက်ဆုံး ကောက်ချက်ဖြစ်ပြီး မှန်ကန်သည့် ကောက်ချက်ကို ၎င်းတို့ မဆွဲကြသောကြောင့် မိမိတို့၏ စိတ်ဓာတ်ကျခြင်းကို ၎င်းတို့ နောက်ချန်ထားရစ်နိုင်စွမ်း ရှိကြချေ။

ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ အချို့သော ပြစ်မှားမှု၊ သို့မဟုတ် အခြားသောအရာကို ကျူးလွန်မိပြီး ဖြစ်သည့် လူများစွာရှိသည်မှာ သေချာသော်လည်း ဆိုးရွားသည့် ပြစ်မှားမှုများ၊ ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုမျိုးကို ကျူးလွန်မိသူ အလွန်နည်းပါးနိုင်သည်။ အခြားသော ပြစ်မှားမှု အမျိုးမျိုး ကျူးလွန်သူများအကြောင်းကို ဤနေရာတွင် ငါတို့ ပြောမည်မဟုတ်။ ဆိုးရွားသည့် ပြစ်မှားမှုများ ကျူးလွန်မိသူများနှင့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ် နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုမျိုးကို ကျူးလွန်မိသည့် လူများ မည်သည့်အရာ လုပ်ဆောင်သင့်သည်ဆိုသည်ကိုသာ ငါတို့ ပြောဆိုဆွေးနွေးမည် ဖြစ်သည်။ ဤနေရာတွင် ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုများအကြောင်း ငါ ပြောနေခြင်းဖြစ်သဖြင့် ဆိုးရွားသည့် ပြစ်မှားမှုများ ကျုးလွန်မိသည့် လူများအတွက်မူ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းနှင့် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်နေခြင်းတို့ မပါဝင်ပေ။ သင်တို့ နားလည်ကြသလော။ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အနှစ်သာရ၊ သို့မဟုတ် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ပုန်ကန်ပြစ်မှားသည့် ပြစ်မှားမှုများအကြောင်းကို ငါ ပြောဆိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် ပြစ်မှားမှုများအကြောင်း ငါ ပြောနေခြင်း မဟုတ်ပေ။ ငါ ပြောဆိုနေသည်မှာ ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုများအကြောင်း ဖြစ်သည်။ ဤကဲ့သို့သော ပြစ်မှားမှုများ ကျူးလွန်မိပြီးဖြစ်သည့် ထိုလူများက မိမိတို့၏ စိတ်ဓာတ်ကျခြင်း ခံစားချက်များကို မည်သို့ ဖြေရှင်းနိုင်သည်ဆိုသည်နှင့် ပတ်သက်၍ ပြောရမည့်အရာ တစ်စုံတစ်ခုလည်း ရှိပေသည်။ ထိုသို့သော လူများသည် ၎င်းတို့ လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းနှစ်ခုရှိပြီး ထိုအရာမှာ ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ပထမဦးစွာ သင်လုပ်ဆောင်ခဲ့သည့်အရာကို သင် လက်လွှတ်နိုင်သည်၊ သို့မဟုတ် သင့်တွင် အခြားလူတစ်ဦးကို သင် တောင်းပန်ပြီး ၎င်းတို့ကို ပြုမှားမိခြင်းအတွက် ကျေလည်အောင် ပေးဆပ်ရန် အခွင့်အရေးရှိသည်ဟု သင့် စိတ်နှလုံးတွင် ခံစားရပါက ၎င်းတို့ကို သင် ပြုမှားမိခြင်းအတွက် ကျေလည်အောင် သွားရောက် ပေးဆပ်ကာ တောင်းပန်နိုင်သည်။ ပြီးလျှင် အေးချမ်းခြင်းနှင့် သောကကင်းဝေးခြင်း ခံစားချက်များ သင့်စိတ်ဝိညာဉ်ထံ ပြန်လည်ရောက်လာလိမ့်မည်။ ဤအရာကို လုပ်ဆောင်ရန် သင် အခွင့်အရေးမရှိပါက၊ ဤသည်မှာ မဖြစ်နိုင်ပါက၊ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သင်၏ကိုယ်ပိုင် ပြဿနာကို အမှန်တကယ် သိရှိလာခြင်း မရှိပါက၊ သင် လုပ်ဆောင်မိပြီးဖြစ်သည့် ဤအရာ မည်မျှဆိုးရွားလှသည်ကို သင် သဘောပေါက်ပြီး သင် အမှန်တကယ် နောင်တရပါက ဝန်ချပြီး နောင်တရရန် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် လာသင့်ပေသည်။ သင်လုပ်ဆောင်မိသည့် အရာကို သင် တွေးပြီး စွပ်စွဲခံရသည်ဟု ခံစားရသည့်အခါတိုင်း ယင်းမှာ ဝန်ချပြီး နောင်တရရန် ဘုရားသခင် ရှေ့မှောက်သို့ သင် လာသင့်သည့် အချိန် အတိအကျဖြစ်သည်။ ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို ရရှိရန် သင်၏ ရိုးသားစစ်မှန်မှုနှင့် စစ်မှန်သော ခံစားချက်များကို သင် ယူဆောင်လာရမည်။ ပြီးလျှင် ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းကို သင်မည်သို့ ရရှိနိုင်သနည်း။ ဤသည်မှာ သင်၏ စိတ်နှလုံးအပေါ် မူတည်သည်။ သင် အမှန်တကယ် ဝန်ချပါက သင်၏အမှားနှင့် ပြဿနာ၊ ပြီးလျှင် ထိုအရာမှာ သင်ကျူးလွန်မိသည့် ပြစ်မှားမှု၊ သို့မဟုတ် အပြစ်တစ်ခု ဟုတ်မဟုတ်ဆိုသည်ကို အမှန်တကယ် အသိအမှတ်ပြုပါက၊ စစ်မှန်သည့် ဝန်ချခြင်း သဘောထားကို သင် ခံယူပါက သင်လုပ်မိခဲ့သည့်အရာအတွက် စစ်မှန်သော အမုန်းတရားကို သင် ခံစားရပြီး ထိုမှားသည့်အရာကို တစ်ဖန် မည်သည့်အခါတွင်မျှ မလုပ်ဆောင်ရန်အလို့ငှာ မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲစေပါက ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သင် တစ်နေ့ ရရှိလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သင်၏ အဆုံးသတ်ကို ယခင်က သင် လုပ်ဆောင်ခဲ့သည့် မသိနားမလည်သည့်၊ မိုက်မဲပြီး ညစ်ညမ်းသော အရာများအပေါ် အခြေခံ၍ သတ်မှတ်တော့မည်မဟုတ်ပေ။ ဤအဆင့်သို့ သင်ရောက်ရှိသည့်အခါ ထိုကိစ္စကို ဘုရားသခင် လုံးဝ မေ့လျော့လိမ့်မည်။ သင်သည် ကွာခြားမှု အနည်းငယ်မျှမရှိဘဲ အခြားသော ပုံမှန်လူများကဲ့သို့သာ ဖြစ်လိမ့်မည်။ သို့ရာတွင် ဤအရာအတွက် အကြောင်းပြချက်မှာ သင်သည် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး ဒါဝိဒ်ကဲ့သို့ စစ်မှန်သော နောင်တ သဘောထားတစ်ခု ရှိရမည်ဖြစ်သည်။ ဒါဝိဒ်သည် သူကျူးလွန်မိခဲ့သည့် ပြစ်မှားမှုအတွက် မည်မျှ မျက်ရည်ကျခဲ့ပါသနည်း။ မရေမတွက်နိုင်သည့် မျက်ရည်များ ဖြစ်သည်။ သူ အကြိမ်မည်မျှ ငိုကြွေးခဲ့ပါသနည်း။ အကြိမ် မရေမတွက်နိုင်အောင် ဖြစ်သည်။ သူ ငိုကြွေးခဲ့သည့် မျက်ရည်များကို ဤစကားများဖြင့် ဖော်ပြနိုင်သည်။ “အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှောသည်”ဟူ၍ ဖြစ်သည်။ သင်၏ ပြစ်မှားမှု မည်မျှ ဆိုးရွားသည်ကို ငါ မသိ။ အမှန်တကယ် ဆိုးရွားပါက သင်၏ မျက်ရည်များ၌ သင့်ခုတင် မျောပါသည်အထိ ငိုကြွေးရန် သင်လိုကောင်းလိုအပ်နိုင်သည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်း မရရှိနိုင်မီ ထိုအဆင့်ထိ သင် ဝန်ချပြီး နောင်တရရန် လိုအပ်နိုင်သည်။ ဤအရာကို သင် မလုပ်ဆောင်ပါက သင်၏ ပြစ်မှားမှုသည် ဘုရားသခင်၏ အမြင်တွင် အပြစ်တစ်ခု ဖြစ်လာမည် စိုးရပြီး ထိုအရာအပေါ် သင် အပြစ်ဖြေလွှတ်ခြင်း ခံရလိမ့်မည် မဟုတ်။ ထို့နောက်တွင် သင်ဒုက္ခရောက်လိမ့်မည်ဖြစ်ပြီး ဤအရာနှင့် ပတ်သက်၍ နောက်ထပ် တစ်ခုတလေ ပြောဆိုခြင်းတွင် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို ရရှိခြင်းအတွက် ပထမခြေလှမ်းမှာ သင်သည် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး အမှန်တကယ် ဝန်ချကာ နောင်တရရန် လက်တွေ့ကျသည့် လုပ်ရပ်ကို လုပ်ဆောင်ရမည် ဖြစ်သည်။ လူအချို့က “ထိုအကြောင်းကို လူတိုင်းအား ကျွန်ုပ် ပြောပြရန် လိုပါသလား”ဟု မေးကြသည်။ မလိုအပ်ပေ။ ဘုရားသခင်ထံ သင့်ဘာသာ သွားပြီး ဆုသာတောင်းလော့။ သင်၏ စိတ်နှလုံးတွင် သင် နေမထိထိုင်မသာဖြစ်ပြီး စွပ်စွဲခံရသည့်အခါတိုင်းတွင် ဆုတောင်းပြီး သူ၏ ခွင့်လွှတ်ခြင်းကို ရရှိရန် ဘုရားသခင်ရှေ့မှောက်သို့ ချက်ချင်း လာသင့်သည်။ လူအချို့က “ဘုရားသခင်က ကျွန်ုပ်ကို ခွင့်လွှတ်ပြီးဖြစ်ကြောင်း မသိရှိမီ ကျွန်ုပ် မည်မျှ ဆုတောင်းရမည်နည်း”ဟု မေးကြသည်။ ဤကိစ္စရပ်ဖြင့် သင်စွပ်စွဲခြင်းမခံရတော့သည့်အခါ၊ ဤကိစ္စရပ်ကြောင့် စိတ်ဓာတ်ကျမှုထဲသို့ သင် မကျဆင်းတော့သည့်အခါ ယင်းမှာ ရလဒ်များကို သင် ရရှိပြီးဖြစ်မည့် အချိန်ဖြစ်ပြီး ထိုအရာက ဘုရားသခင်သည် သင့်ကို အပြစ်ဖြေလွှတ်ပြီးဖြစ်ကြောင်း ပြလိမ့်မည်။ မည်သည့်လူမျှ၊ မည်သည့် တန်ခိုးနှင့် ပြင်ပ အင်အားစုကမျှ သင့်ကို မနှောင့်ယှက်နိုင်သည့်အခါ၊ ပြီးလျှင် မည်သည့်လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာမျှ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် သင် မရှိတော့သည့်အခါ ယင်းမှာ ရလဒ်များ သင် စွမ်းဆောင်ရရှိပြီးဖြစ်မည့်အချိန် ဖြစ်သည်။ ဤသည်မှာ သင် လျှောက်လှမ်းရန် လိုအပ်သည့် ပထမခြေလှမ်း ဖြစ်သည်။ ဒုတိယခြေလှမ်းမှာ အပြစ်ဖြေလွှတ်ခြင်းအတွက် ဘုရားသခင်ကို စဉ်ဆက်မပြတ် တောင်းပန်နေစဉ်တွင် သင်၏ တာဝန်ကို သင် ထမ်းဆောင်သည်နှင့်အမျှ သင်လိုက်လျှောက်သင့်သည့် စည်းမျဉ်းများကို တက်ကြွစွာ လိုက်ရှာသင့်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာလည်း လက်တွေ့ကျသည့် လုပ်ရပ်တစ်ခု၊ သင်၏ ပြစ်မှားမှုကို ထေမိစေပြီး သင် နောင်တရကြောင်းနှင့် သင့်ကိုယ်သင် ပြောင်းလဲပြီးဖြစ်ကြောင်း သက်သေပြသည့် လက်တွေ့ကျသော ဖော်ပြချက်နှင့် သဘောထားတစ်ခု ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ သင်၏ တာဝန်၊ ဘုရားသခင် သင့်ကို ပေးသည့် စေခိုင်းချက်တာဝန်ကို သင် မည်မျှကောင်းစွာ ထမ်းဆောင်ပါသနည်း။ ထိုအရာကို စိတ်ဓာတ်ကျသည့် သဘောထားဖြင့် သင် ချဉ်းကပ်သလော၊ သို့မဟုတ် သင့်ကို ဘုရားသခင် လိုက်လျှောက်ရန် တောင်းဆိုသည့် စည်းမျဉ်းများဖြင့် ချဉ်းကပ်သလော။ သင်၏ သစ္စာစောင့်သိခြင်းကို သင် ပူဇော်သလော။ မည်သည့် အခြေခံအကြောင်းရင်းအရ ဘုရားသခင်က သင့်ကို ဖြေလွှတ်ရမည်နည်း။ နောင်တတရား တစ်ခုတလေ သင်ဖော်ပြပြီးပြီလော။ ဘုရားသခင်ထံ မည်သည့်အရာကို သင်ပြသနေပါသနည်း။ ဘုရားသခင်၏ အပြစ်ဖြေလွှတ်ခြင်းကို သင် ရရှိရန် ဆန္ဒရှိပါက ပထမဦးစွာ သင် ရိုးသားစစ်မှန်ရမည်။ တစ်နည်းအားဖြင့် သင်သည် လေးနက်သည့် ဝန်ချခြင်း သဘောထားတစ်ခု ရှိရမည်ဖြစ်ပြီး သင်၏ ရိုးသားစစ်မှန်မှုကိုလည်း ယူဆောင်လာကာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ သို့မဟုတ်ပါက ပြောစရာ မည်သည့်အရာမျှ မရှိပေ။ ဤအရာနှစ်ခုကို သင်လုပ်ဆောင်နိုင်ပါက သင်၏ စစ်မှန်ရိုးသားမှုနှင့် ကောင်းမွန်သည့် ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို သင်တို့ထိနိုင်ပြီး ဘုရားသခင်က သင်၏ အပြစ်များမှ သင့်ကို ဖြေလွှတ်ပေးအောင် လုပ်နိုင်ပါက သင်သည် အခြားလူများကဲ့သို့ပင် ဖြစ်လိမ့်မည်။ အခြားလူများကို ဘုရားသခင် ကြည့်ရှုသကဲ့သို့ သင့်ကိုလည်း ကြည့်ရှုလိမ့်မည်။ အခြားလူများကို သူ ဆက်ဆံသကဲ့သို့ သင့်ကိုလည်း ဆက်ဆံလိမ့်မည်ဖြစ်ပြီး အခြားလူများကို သူလုပ်ဆောင်သကဲ့သို့ သင့်ကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမလိမ့်မည်၊ သင့်ကို စစ်ဆေးပြီး သန့်စင်စေလိမ့်မည်။ သင်သည် မည်သို့မျှ ခြားနားစွာ ဆက်ဆံခြင်းခံရလိမ့်မည် မဟုတ်။ ဤသို့ဖြင့် သင်သည် သမ္မာတရား လိုက်စားရန် စိတ်ပိုင်းဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိလိမ့်မည်ဖြစ်ရုံသာမက သင်၏ သမ္မာတရား လိုက်စားမှုတွင်လည်း အလားတူစွာ ဘုရားသခင်က သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်၊ လမ်းပြလိမ့်မည်ဖြစ်ပြီး သင့်ကို ထောက်ပံ့ပေးလိမ့်မည်။ ယခုတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်ဆန္ဒတစ်ခုနှင့် လေးနက်သည့် သဘောထားတစ်ခု ရှိသောကြောင့် ဘုရားသခင်သည် သင့်ကို အခြား မည်သူနှင့်မျှ မည်သည့် ကွဲပြားခြားနားမှုမျှမရှိဘဲ ဆက်ဆံလိမ့်မည်၊ အခြားလူများကဲ့သို့ပင် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေး သင်ရှိလိမ့်မည်မှာ အမှန်ဖြစ်၏။ ဤအရာကို သင်နားလည်သည်လော။ (နားလည်ပါသည်။) ဆိုးရွားသည့် ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခြင်းသည် အထူး ကိစ္စရပ်တစ်ခု ဖြစ်သည်။ ထိုအရာသည် ထိတ်လန့်စရာမဟုတ်ဟု ငါတို့ ပြော၍မရ။ အလွန်ဆိုးရွားသည့် ပြဿနာတစ်ခု ဖြစ်သည်။ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် တစ်စုံတစ်ဦးက မမှန်ကန်သည့် အတွေးနှင့် အမြင်အချို့ ရှိခြင်းနှင့် တူညီသော အရာ မဟုတ်ပေ။ ထိုအရာမှာ အမှန်တကယ် ဖြစ်ပျက်သည့်၊ အဖြစ်မှန်ဖြစ်လာသည့် တစ်စုံတစ်ရာဖြစ်ပြီး ဆိုးရွားသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည့် အရာ ဖြစ်သည်။ ထို့ကြောင့် ထိုအရာကို အထူးနည်းလမ်းဖြင့် သဘောထားသင့်သည်။ သို့ရာတွင် ထိုအရာကို အထူးနည်းလမ်းဖြင့် သဘောထားသည်ဖြစ်စေ၊ ပုံမှန်နည်းလမ်းဖြင့် သဘောထားသည်ဖြစ်စေ ရှေ့ဆက်ရမည့် လမ်းတစ်ခုနှင့် ထိုအရာကို ဖြေရှင်းရမည့် နည်းလမ်းတစ်ခု အမြဲရှိပြီး ဤသည်မှာ သင့်ကို ငါ ပြောပြပြီး ဦးဆောင်လမ်းပြသည့် နည်းလမ်းများ၊ နည်းစနစ်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင်သည် အမှန်တကယ် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ပါက အဆုံးတွင် ကယ်တင်ခြင်း ရရှိရန် သင်၏ မျှော်လင့်ချက်များသည် အခြားလူများနှင့် တူညီလိမ့်မည်။ ဤအရာအားလုံးကို ဖြေရှင်းခြင်းသည် လူတို့က မိမိတို့၏ စိတ်ဓာတ်ကျခြင်း ခံစားချက်များကို နောက်ချန် ထားနိုင်စေရန်မျှသာ မဟုတ်ပေ။ အဆုံးစွန် ရည်မှန်းချက်မှာ ၎င်းတို့၏ စိတ်ဓာတ်ကျခြင်း ခံစားချက်များကို ဖြေရှင်းပေးခြင်းအားဖြင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ ကြုံသည့်အခါ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်းရှိ ဤအရာများအားလုံးကို မှန်ကန်သည့် ချဉ်းကပ်မှု ၎င်းတို့ လုပ်ဆောင်နိုင်ရန် အလို့ငှာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အစွန်းရောက်မသွားရသကဲ့သို့ ခေါင်းမာရမည် မဟုတ်။ ၎င်းတို့သည် ဘုရားသင်၏ အလိုတော်ကို ရှာဖွေခြင်းနှင့် သမ္မာတရား ရှာဖွေခြင်းတွင် ရှေ့ဆက်လုပ်ဆောင်သင့်သည်၊ သမ္မာတရားကို မိမိတို့၏ စံအဖြစ် အသုံးပြုလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အပြည့်အဝ လူများနှင့် အမှုအရာများကို ရှုမြင်နိုင်ပြီး ပြုမူကျင့်ကြံကာ ဆောင်ရွက်နိုင်ကြသည်အထိ အဖန်ဆင်းခံတစ်ဦး ထမ်းဆောင်ရမည့် ဝတ္တရားများနှင့် တာဝန်များကို ထမ်းဆောင်သင့်ကြသည်။ လူတို့သည် ဤစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ကယ်တင်ခြင်း လမ်းကြောင်းကို ၎င်းတို့ တဖြည်းဖြည်း ချဉ်းကပ်နေကြလိမ့်မည် ဖြစ်ပြီး ဤသို့ဖြင့် ကယ်တင်ခြင်း ရရှိမည့် မျှော်လင့်ချက် ရှိကြလိမ့်မည်။ ဆိုးရွားသည့် ပြစ်မှားမှုမှ ဖြစ်ပေါ်သော စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုများကို ဖြေရှင်းပုံနှင့်ဆိုင်သည့် လမ်းကြောင်းသည် ယခုတွင် သင်တို့အတွက် ရှင်းသွားပြီလော။ (ရှင်းသွားပါပြီ။)

စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုကို ဖြေရှင်းခြင်းသည် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်သလော။ ဘဝတွင် အရေးပါသည့် ကိစ္စရပ်များ ပါဝင်သည်နှင့်အမျှ၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်း ပါဝင်သည်နှင့်အမျှ အနာဂတ်တွင် ၎င်းတို့ ကယ်တင်ခြင်း ရရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့၏ ယုံကြည်မှုအားလုံး အချည်းနှီး ဖြစ်မည်၊ မဖြစ်မည်ဆိုသည်တို့ ပါဝင်သည်နှင့်အမျှ အလွန်ခက်ခဲသည်ဟု ငါ ထင်၏။ ဤသည်မှာ ကြီးမားသည့် ကိစ္စတစ်ခု ဖြစ်သည်။ အပေါ်ယံအားဖြင့် ထုတ်ဖော်ပြထားသည့် အရာမှာ စိတ်ခံစားမှုတစ်ခုဖြစ်သည့်တိုင် အမှန်တွင် ဤခံစားချက်များ ဖြစ်ပေါ်ခြင်းအတွက် အကြောင်းရင်းများ ရှိလေသည်။ ယနေ့တွင် ဤအကြောင်းရင်းများနှင့် ပတ်သက်၍ ရှင်းလင်းစွာ ငါ မိတ်သဟာယပြုပြီးဖြစ်သည်။ ဤအကြောင်းတရားများနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းရန် ရှေ့ဆက်ရမည့်လမ်းတစ်ခုကို ငါ ယခု ပေးပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုကို အဆင်သင့် ဖြေရှင်းနိုင်သလော။ (ဖြေရှင်းနိုင်ပါသည်။) သဘောတရားအရ ဖြေရှင်းပြီး ဖြစ်သည်။ အယူဝါဒဆိုင်ရာ သိနားလည်မှုရှိပြီးနောက် ဤအယူဝါဒနှင့် အတိတ်မှ သင် လုပ်ဆောင်ခဲ့သည့်အရာကို နှိုင်းယှဉ်ကြည့်ခြင်း၊ ဘဝတွင်ရှိသော သင်၏ အခက်အခဲများ၊ သင်၏ အတွေးတွင်ရှိသော အခက်အခဲများကို တဖြည်းဖြည်း ဖြေရှင်းရန် ဤအယူဝါဒကို အခြေခံအကြောင်းရင်းတစ်ခုအဖြစ် အသုံးပြုခြင်းနှင့် ဤလမ်းကြောင်းကို တစ်သမတ်တည်း လျှောက်လှမ်းခြင်းအားဖြင့် သမ္မာတရား လိုက်စားမှုတွင်ရှိသော လမ်းကြောင်းပေါ် သင် တဖြည်းဖြည်း အစပြုနိုင်ပေသည်။ ပြဿနာကို ဖြေရှင်းရန် ဤနည်းလမ်းကို သင် မည်သို့ ထင်မြင်ပါသနည်း။ (ကောင်းပါသည်။) ဤသည်မှာ ပြဿနာကို လူတို့ ဖြေရှင်းရမည့်ပုံ ဖြစ်သည်။ ၎င်းတို့ မဖြေရှင်းပါက ၎င်းတို့အတွင်းရှိ ရှုပ်ထွေးခက်ခဲသည့် ပြဿနာများဖြစ်သည့်၊ ၎င်းတို့၏ အတွေးထဲက ပြဿနာများ၊ ၎င်းတို့ စိတ်နှလုံးထဲက ပြဿနာများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများအပြင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုများဖြစ်သည့် ဤအရာများသည် ၎င်းတို့ကို တင်းကျပ်စွာ ချည်နှောင်ပေသည်။ ၎င်းတို့သည် ဤသို့ ချည်နှောင်ခြင်းခံရကာ ပိတ်မိလာကြသည်။ တစ်ချိန်လုံး ဆင်းရဲဒုက္ခခံကာ ပင်ပန်းနွမ်းနယ်ကြသည်။ ရယ်ရမည်လား၊ သို့မဟုတ် ငိုရမည်လားဆိုသည်ကို ၎င်းတို့ မသိကြသကဲ့သို့ ထွက်ပေါက်တစ်ခုကို မည်သည့်အခါတွင်မျှ ရှာမတွေ့နိုင်ကြချေ။ ယနေ့၏ မိတ်သဟာယကို သင်နားထောင်ပြီးသည့်အခါတွင် ထိုအရာကို သေချာစွာ သင်တွေးဆပြီး ထိုအရာနှင့်ဆိုင်သည့် အယူဝါဒဆိုင်ရာ သိနားလည်မှုတစ်ခုကို သင် ရှိလာနိုင်သည်။ ထို့နောက်တွင် သင်၏ နေ့စဉ်ဘဝ၌ သင်၏ လက်တွေ့ကျသည့် အတွေ့အကြုံများနှင့် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများမှတစ်ဆင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများနှင့် အမျိုးမျိုးသော အခြေအနေများမှ သင်တဖြည်းဖြည်း လွတ်လာနိုင်ပေသည်။ ထိုအရာများကို သင်နောက်ချန်ထားသည်နှင့်တစ်ပြိုင်နက် သင်သည် အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်လိမ့်မည်သာမက သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီး ဖြစ်လိမ့်မည်သာမက အရေးအကြီးဆုံးမှာ သမ္မာတရားကို သင်နားလည်ပြီးဖြစ်လိမ့်မည်၊ သမ္မာတရားကို ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ စစ်မှန်မှုကို သင်အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ ထိုအခါ သင်သည် ကြီးမားစွာ အသုံးဝင်လိမ့်မည်ဖြစ်ပြီး တန်ဖိုးရှိသည့် ဘဝတစ်ခုကို အသက်ရှင်နေလိမ့်မည်။ ထိုသို့ အသက်ရှင်ရန် သင်တို့ ဆန္ဒရှိကြသလော။ (ဆန္ဒရှိပါသည်။) လူအများစုသည် သမ္မာတရားကို နားလည်လိုပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လိုကြကာ မိမိတို့၏ ဘဝများကို ဇာတိပကတိ၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၊ ဇာတိပကတိ၏ ရာဂစိတ်ပြင်းထန်သော စိတ်ဆန္ဒများ၊ လောကီ ရေပန်းစားမှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် မကုန်ဆုံးလိုကြပေ။ ထိုဘဝမျိုးသည် အလွန် ခက်ခဲပြီး ခြေကုန်လက်ပန်းကျစရာ ဖြစ်သည်။ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများဖြင့် အသက်ရှင်ပါက သင်၏ ဘဝသည် ကောင်းမွန်သည့် ရလဒ် ရှိလိမ့်မည်လော။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများဖြင့် အသက်ရှင်ခြင်းသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခြင်း ဖြစ်သည်။ ထိုအရာမှာ အသားကြိတ်စက်တစ်ခုထဲတွင် အသက်ရှင်ရသကဲ့သို့ ဖြစ်သည်။ အနှေးနှင့်အမြန် ဝါးမျိုခြင်းခံရလိမ့်မည်ဖြစ်ပြီး ထွက်ပေါက်တစ်ခု ရှာတွေ့ရန် ခက်ခဲ၏။ သို့ရာတွင် သမ္မာတရားကို သင် လက်ခံနိုင်ပါက စိတ်ရှုပ်ထွေးမှုနှင့် စိတ်ဆင်းရဲမှုကို နောက်ချန်ထားမည့် မျှော်လင့်ချက်ရှိပြီး အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၏ နှောင်ဖွဲ့ခြင်းနှင့် စိတ်ရှုပ်ထွေးစေခြင်းမှ လာသည့် စိတ်ဆင်းရဲမှုမှ သင်လွတ်မြောက်နိုင်လိမ့်မည်။

ယနေ့တွင် အကြောင်းအရာတစ်ခုထက် ပို၍ မိတ်သဟာယပြုရန် မူလက ငါ စီစဉ်ထားခဲ့သော်လည်း စိတ်ဓာတ်ကျခြင်းနှင့်ပတ်သက်၍ အချိန်ကြာမြင့်စွာ ငါမိတ်သဟာယပြုမိသွားခဲ့ပေပြီ။ မည်သည့် ကိစ္စရပ်ကိုမဆို ပြောရမည့်အရာ များစွာ ရှိ၏။ စကားလုံးအနည်းငယ်ဖြင့် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ ရှင်းပြ၍ မရနိုင်ပေ။ မည်သည့်အရာအကြောင်းကို ငါ ပြောသည်ဖြစ်စေ ကိစ္စရပ်တစ်ခု၏ အယူဝါဒကိုသာ ငါ ရှင်းပြပြီးနောက် မရပ်နားလိုက်နိုင်ပါ။ မည်သည့် ကိစ္စရပ်မဆို သမ္မာတရားနှင့် လက်တွေ့အရှိတရားတို့၏ သွင်ပြင်လက္ခဏာများစွာ ပါဝင်သည်။ လူတို့၏ အတွေးများနှင့် အမြင်များ၊ ၎င်းတို့ ပြုမူနေထိုင်သည့် နည်းလမ်းများနှင့် နည်းစနစ်များ၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများပါဝင်ပြီး ဤအရာအားလုံးသည် သင်တို့၏ ကယ်တင်ခြင်း ရရှိခြင်းနှင့် ဆက်နွှယ်လေသည်။ သမ္မာတရားတစ်ခု၊ သို့မဟုတ် အကြောင်းအရာတစ်ခုအပေါ် မိတ်သဟာယပြုနေချိန်တွင် ငါအမှုမဲ့အမှတ်မဲ့ ဖြစ်၍ မရပေ။ ထို့ကြောင့် တကျည်ကျည်လုပ်နေသည့် အဖွားအိုတစ်ဦးကဲ့သို့ ငါတတ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဤအရာများကို သင်တို့ထံ အဖန်ဖန် ပြောဆိုရန် ငါ ကြိုးစားရခြင်း ဖြစ်သည်။ ထိုအရာကို စိတ်အနှောင့်အယှက်ပေးသည်ဟု စောဒကမတက်နှင့်၊ ပြီးလျှင် လေရှည်လွန်းခြင်းအကြောင်းကို မညည်းညူနှင့်။ အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ယခင်က ငါ ပြောဆိုပြီးဖြစ်နိုင်သောကြောင့် ထိုအရာတစ်ခုအပေါ် တစ်ဖန် အဘယ်ကြောင့် ပြောရသနည်း။ ထိုအရာနှင့်ပတ်သက်၍ ငါ တစ်ဖန်ပြောဆိုပါက ထိုအရာကို သင် တစ်ဖန် နားထောင်နိုင်ပြီး ပြန်လည်ဆန်းစစ်ခြင်းအဖြစ် မှတ်ယူ၍ရသည်။ အဆင်ပြေသည် မဟုတ်လော။ (အဆင်ပြေပါသည်။) တိုတိုပြောရလျှင် သမ္မာတရားနှင့် သင်လျှောက်သည့် လမ်းကြောင်းနှင့်ဆက်နွှယ်သော ကိစ္စရပ်များကို တာဝန်သိစွာ သင် ချဉ်းကပ်ရမည်ဖြစ်ပြီး အမှုမဲ့အမှတ်မဲ့ မဖြစ်ရပေ။ သာ၍ အသေးစိတ် ငါပြောပြီး သာ၍ အသေးစိတ် ငါဆွေးနွေးလေလေ အခြားသော သွင်ပြင်လက္ခဏာများအပြင် အမျိုးမျိုးသော သမ္မာတရားများကြား ဆက်နွှယ်မှုများ၊ ထိုအရာများကြား အသေးစိတ် ကွဲပြားမှုများနှင့် ဆက်စပ်မှုများပေါ် သင်၏ သိနားလည်မှုသည် သာ၍ အသေးစိတ်ကျကာ ရှင်းလင်းလာလေ ဖြစ်သည်။ ယေဘုယျ ဝေါဟာရဖြင့် ငါပြောပြီး အချို့သော အရာများအကြောင်းကို ခြုံငုံလျက်သာ ပြောဆိုရမည်ဆိုလျှင် သင်တို့အနေဖြင့် ထိုအရာများကို နားလည်ရခက်ပြီး ဝင်ရောက်ရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်ဖြစ်ကာ မိမိတို့ဘာသာ ဤအရာများကို ချင့်ချိန်စဉ်းစားပြီး သဘောပေါက်ရန် ကြိုးစားခြင်းသည် သင်တို့အတွက် ပင်ပန်းနွမ်းနယ်စရာ ဖြစ်မည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် ယနေ့အတွက် ငါတို့၏ အကြောင်းအရာမှာ ကံကြမ္မာ၊ ကံတရားနှင့် အတိတ်တွင် လူတို့ ကျူးလွန်မိကြသည့် သီးခြား ပြစ်မှားမှုများမှ ထွက်ပေါ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ဖြစ်သည်။ သင်တို့သည် မိမိတို့ဘာသာ ဤအရာများကို စဉ်းစားနိုင်မည် မဟုတ်သကဲ့သို့ သင်တို့ စဉ်းစားခဲ့လျှင်ပင် ထိုအရာများမှ ထွက်ပေါက် ရှိမည်မဟုတ်ပေ။ ဤအရာများအတွင်းရှိ သမ္မာတရားကို သင် နားမလည်သောကြောင့် အတိတ်က ကျူးလွန်မိခဲ့သည့် သီးသန့် ပြစ်မှားမှုများနှင့်ဆိုင်သော ကိစ္စရပ်အတွက် မှန်ကန်သည့် အဖြေကို သင် လုံးဝ ရှာတွေ့နိုင်လိမ့်မည်မဟုတ်သကဲ့သို့ သင့်ကို အစဉ်အမြဲ စိတ်အနှောင့်အယှက်ပေးကာ နှောင့်ဖွဲ့လျက်၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ လွတ်လပ်မှုနှင့် လွတ်မြောက်မှုတို့နှင့်ဆိုင်သော သင်၏ အတွင်းကျကျ စိတ်နှလုံးကို လုယူရင်း၊ သင့်အတွက် ထိုအရာသည် အမြဲ ဉာဏ်မမီနိုင်သောအရာဖြစ် ကျန်ရှိနေလိမ့်မည် ဖြစ်သည်။ သို့မဟုတ် ကိစ္စရပ်ကို သင် မှန်ကန်စွာ မကိုင်တွယ်ခဲ့သကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းကို မလိုက်လျှောက်ခဲ့သောကြောင့် ဤအရာက သင်၏ ကယ်တင်ခြင်း ရရှိခြင်းအပေါ် သက်ရောက်မှုတစ်ခု ရှိခဲ့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အဆုံးတွင် လူအချို့သည် စွန့်ပစ်ကာ ဖယ်ရှားခံခဲ့ရသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်မည်နည်း။ ၎င်းတို့သည် အတိတ်တွင် ပြောမထွက်အောင်ဆိုးရွားသော အရာအချို့ကို လုပ်ဆောင်ခဲ့ကြပြီး ထိုအရာများကို ကောင်းစွာ မကိုင်တွယ်ခဲ့ကြသကဲ့သို့ ထိုအရာများအတွက် အပြစ်ဖြေခြင်း ရရှိခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အမြဲတစေ ဤအရာများ၏ နှောင်ဖွဲ့ခြင်း ခံခဲ့ရသည်။ ၎င်းတို့သည် သမ္မာတရား မလိုက်စားလိုကြ၊ မိမိတို့ တာဝန်ကို ပေါ့ပေါ့ဆဆ ပုံစံဖြင့် ထမ်းဆောင်ခဲ့ကြသည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ၎င်းတို့ မဝင်ရောက်ခဲ့ကြသကဲ့သို့ သမ္မာတရား လိုက်စားရန်မှာ ၎င်းတို့အတွက် မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားခဲ့ကြသည်။ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော အမြင်ကို တကယ့်အဆုံးထိ သယ်ဆောင်ခဲ့ကြ၏။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ၎င်းတို့ လုံးဝ မပြောကြသကဲ့သို့ သမ္မာတရားကို မရရှိခဲ့ကြချေ။ ထို့နောက်တွင်မှ ၎င်းတို့ စတင်နောင်တရကြသော်လည်း အလွန် နောက်ကျခဲ့ပေသည်။ ထို့ကြောင့် ဤကိစ္စရပ်အားလုံးသည် သမ္မာရား၊ ကယ်တင်ခြင်း ရရှိခြင်းနှင့် ဆက်နွှယ်သလော။ (ဆက်နွှယ်ပါသည်။) ဤအရာများ သင့်ထံ မဖြစ်ပျက်ခဲ့သောကြောင့်၊ သို့မဟုတ် အခြားတစ်စုံတစ်ဦးထံ မဖြစ်ပျက်ခဲ့သောကြောင့်၊ သို့မဟုတ် သင့်အနီးဝန်းကျင်ရှိ လူများထံ မဖြစ်ပျက်ခဲ့သောကြောင့်သက်သက် ထိုအရာများ တည်ရှိခြင်းမရှိဟု မတွေးထင်လေနှင့်။ သင့်ကို ပြောပြမည်၊ ထိတ်လန့်စရာ အကျိုးဆက်တစ်ခုတလေဖြင့် အကျိုးဆက် မဖြစ်ပေါ်သေးသည့် သိက္ခာမဲ့သော အရာအချို့ကို ယခင်က သင် လုပ်ကောင်းလုပ်ဆောင်ခဲ့နိုင်သည်၊ သို့မဟုတ် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုမျိုးထဲ ယခင်က သင် နွံနစ်လာပြီးဖြစ်နိုင်သည်၊ သို့မဟုတ် ယခုတွင် ထိုအရာ၍ နွံနစ်နေနိုင်သည်၊ ထိုအရာကို သင် သတိမပြုမိသကဲ့သို့ မသိလိုက်ခြင်းသာဖြစ်ပြီး ထို့နောက် တစ်နေ့တွင် စစ်မှန်သည့် အရာတစ်ခု ဖြစ်ပျက်ကာ ဤစိတ်ခံစားမှုက သင့်အပေါ် ပြင်းထန်သည့် သက်ရောက်မှုတစ်ခု ရှိပြီး ဆိုးရွားသည့် အကျိုးဆက်ရလဒ်များ ဖြစ်ပေါ်လေသည်။ သင့်ကိုယ်သင် နက်ရှိုင်းစွာ ဆန်းစစ်သည့်အခါတွင်သာ သင်သည် မသိလိုက်ဘဲနှင့် နှစ်များစွာကြာ၊ သို့မဟုတ် ထို့ထက်ပင် ပို၍ ကြာမြင့်စွာ ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုထဲ နွံနစ်ပြီးဖြစ်ကြောင်းကို သင် သိလိုက်ရသည်။ ထို့ကြောင့် လူတို့သည် ဤအရာများကို တဖြည်းဖြည်း သိရှိရန်အလို့ငှာ အဆက်မပြတ် ချင့်ချိန်စဉ်းစား၊ သုံးသပ်၊ နားလည်၊ အသိအမှတ်ပြုပြီး တွေ့ကြုံရန် လိုအပ်ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဤအရာများကို ရှာဖွေတွေ့ရှိခြင်းသည် သင့်အတွက် အလွန့်အလွန် ကောင်းမွန်သည့် သတင်းဖြစ်သည့် သဘောဖြစ်ပြီး ကယ်တင်ခြင်း ရရှိရန် ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထိုအရာများကို သင်ရှာဖွေတွေ့ရှိသည့်အခါ ဤသည်မှာ ထိုအရာများကို သင်နောက်ချန်ထားဖို့ အခွင့်အရေး၊ သို့မဟုတ် မျှော်လင့်ချက်ရှိသည့် အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး ယနေ့ ငါပြောပြီးဖြစ်သည့် အကြောင်းအရာသည် အချည်းနှီး ပြောဆိုခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ မည်သည့် သမ္မာတရားကိုမျှ၊ မည်သည့် အကြောင်းအရာနှင့် မည်သည့် စကားများကိုမျှ တစ်ရက်၊ နှစ်ရက်အတွင်း လုံးဝ နားမလည်နိုင်သကဲ့သို့ တွေ့ကြုံ၍ မရနိုင်ပေ။ ထိုအရာတွင် သမ္မာတရား ပါဝင်သည့်အတွက်၊ လူ့သဘာဝ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် လူတို့၏ ကယ်တင်ခြင်း ရရှိခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် မည်သည့် သမ္မာတရားကိုမျှ သင် လျစ်လျူရှု၍ မရနိုင်ဘဲ ထိုသမ္မာတရားအားလုံးကို တာဝန်သိသည့် ချဉ်းကပ်မှုတစ်ခု လုပ်ဆောင်ရမည်။ ဤသမ္မာတရားများကို သင် ကောင်းစွာ နားမလည်သေးသကဲ့သို့ သင့်ထံတွင် မည်သည့် ပြဿနာများရှိသည်ကို ဤသမ္မာတရားများအတိုင်း မိမိကိုယ်ကို သင် မည်သို့ ဆန်းစစ်ရမည်ကို သင် မသိသေးလျှင်ပင် ထိုအရာများကို နှစ်အနည်းငယ် သင် တွေ့ကြုံပြီးနောက်တွင် ဤသမ္မာတရားများက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချုပ်ကိုင်ခြင်းမှ သင့်ကို ကယ်တင်လိမ့်မည်ဖြစ်ပြီး ထိုသမ္မာတရားများသည် သင့်ကို ကယ်တင်သည့် အဖိုးတန်သော သမ္မာတရားများ ဖြစ်လာလိမ့်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်သည့်အခါ ဤသမ္မာတရားများသည် သင့်ကို ဘဝတစ်လျှောက် မှန်ကန်သည့် လမ်းကြောင်းပေါ် လမ်းပြလိမ့်မည်ဖြစ်ပြီး ဆယ်နှစ်ခန့်အကြာတွင် ဤစကားများနှင့် ဤသမ္မာတရားများသည် သင်၏ အတွေးများနှင့် အမြင်များကို လုံးဝ ပြောင်းလဲပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဘဝတွင် သင်၏ ရည်မှန်းချက်များနှင့် ဦးတည်ချက်ကို လုံးဝ ပြောင်းလဲပေးပြီး ဖြစ်လိမ့်မည်။

ယင်းမှာ ယနေ့အတွက် ငါတို့၏ မိတ်သဟာယ အဆုံးသတ်ဖြစ်သည်။ နှုတ်ဆက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။