မေးခွန်း (၂) တကယ်လို့ အရှေ့အရပ်က လျှပ်ပြက်ခြင်းက လမ်းမှန်ဆိုရင်၊ ညီအစ်ကို မောင်နှမတို့ရဲ့ အတည်ပြုချက်နဲ့ပတ်သက်တဲ့ အခြေခံက ဘာလဲ။ သခင်ယေရှုက ငါတို့ကို ရွေးနှုတ်ခဲ့တဲ့အတွက်၊ သူ့ကိုယုံကြည်တယ်၊ ဒါပေမဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်း က လမ်းမှန်ဆိုတာကို အတည်ပြုဖို့ဘာကို သုံးလဲ။

အဖြေ- ဒီအချက်မှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဘာပြောလဲ ဆိုတာမြင်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက ကျမ်းပိုဒ် နှစ်ပိုဒ်ဖတ်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မှန်သောလမ်းကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိမရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ်မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်းပေးနိုင်သည်တို့ကို ကြည့်ရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏)

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန်လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင် ၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူ ထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေ သဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

ညီအစ်ကို မောင်နှမတို့၊ စစ်မှန်တဲ့လမ်းဖြစ်နေသရွေ့တော့၊ အဲဒါကဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပြီးမြောက်ခဲ့တဲ့ အမှုတော်ကနေ လာတာပဲဖြစ်တယ်။ ဘုရားသခင်ရဲ့ ကိုယ်ပိုင်အလုပ်ဖြစ်လို့၊ သမ္မာတရား ရဲ့ ဖော်ပြခြင်း နဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ် အသေအချာကို ရှိလိမ့်မယ်။ ကျွန်တော်တို့ အရှေ့အရပ်က လျှပ်ပြက်ခြင်းက လမ်းမှန် ဆိုတာ သက်သေခံခဲ့ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ယုံမှားဖွယ် ရာမရှိ လူဇာတိခံသော ဘုရားသခင်ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားရှုထောင့်အများအပြားကို ဖော်ပြဖို့ လာခဲ့တာဖြစ်ပြီး၊ လူသားကို တရားစီရင်ပြီး သန့်စင်စေဖို့ အလုပ်တွေကို လုပ်ဆောင်ခဲ့တယ်၊ နောက်ဆုံးသော ကာလမှာ ဘုရားသခင်ရဲ့ အလုပ် အစီအစဉ်တွေဖြစ်တဲ့ လူသားကို သန့်စင်စေပြီး ကယ်တင်ဖို့ အစီအစဉ်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံ အကြောင်းရင်းများ ဖြစ်ပါသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး၊ သူ့ရဲ့ အလုပ်ဖြစ်တဲ့ လူသားကို တရား စီရင်ခြင်းနဲ့ သန့်စင်စေခြင်းတို့ကို ဆောင်ရွက်မယ်၊ ဘုရားသခင်ကို သိကျွမ်းခြင်းနဲ့ ကယ်တင်ခြင်းကို ရရှိဖို့ လူအတွက် လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီး၊ လူသားမျိုးနွယ် အတွက် လျှို့ဝှက်နက်နဲတဲ့ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်အားလုံးကို ဖွင့်ပြမယ်။ ဥပမာအားဖြင့်၊ ဘုရားသခင်ရဲ့ နှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ ရည်ရွယ်ချက်၊ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု စည်းမျဉ်း စည်းကမ်း၊ သူ့ရဲ့ အမှုတော်အဆင့် သုံးဆင့် ရဲ့ အတွင်းပိုင်း အကြောင်းအရာ လျှို့ဝှက် နက်နဲခြင်း နဲ့ ဘုရားသခင် လူ့ဇာတိခံယူခြင်း ရဲ့ အဓိပ္ပါယ်၊ ဒီနေ့အထိ လူသားမျိုးနွယ် တိုးတက်လာပုံနဲ့ လူသားရဲ့ အနာဂါတ် ပန်းတိုင်လမ်း၊ သမ္မာကျမ်းစာရဲ့ သမ္မာတရား၊ ဘုရားသခင် နာမတွေရဲ့ အဓိပ္ပါယ်နဲ့ အစရှိသဖြင့်က လူသားမျိုးနွယ် ဉာဏ်မမှီ တော့တဲ့ ပဟေဠိဆန်တဲ့ အကြောင်းအရာတွေ အားလုံးပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရနဲ့ သူတို့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အရင်းအမြစ်တွေကို သိသိသာသာ မြင်သာအောင်လုပ်ပေးတယ်။ ဒါကြောင့်၊ လူမှာ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ အကျည်းတန်မှု ရဲ့ အသိပညာအစစ်ရှိတယ်၊ ဥပမာအားဖြင့်၊ စိတ်ကြီးဝင်တာ၊ တစ်ကိုယ်ကောင်းဆန်တာနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ ပြင်းထန်တဲ့ တရားစီရင်ခြင်း ကြားမှာ စက်ဆုပ် အထင်အမြင်သေးစရာ ကောင်းတဲ့ သဘာဝ တို့ဖြစ်တယ်။ ပြီးတော့ လူက သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်သော စိတ်သဘောထားကို စစ်မှန်တဲ့နားလည်မှုနဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့နှလုံးသားကို ပျိုးထောင်ရမယ်။ သူတို့ အသက်တာစိတ်သဘောထားက ကွဲပြားတဲ့ ပမာဏအတိုင်း အားလုံး ပြောင်းလဲနေပြီး၊ သူတို့က နေ့မှာ အပြစ်လုပ်ပြီး ညမှာဝန်ချတတ်တဲ့ အကျင့်ပျက် အခြေအနေကနေ တဖြည်းဖြည်း လွတ်မြောက်လာကြတယ်။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်က စစ်မှန်တဲ့လမ်းဆိုတာကို အပြည့်အဝ သက်သေပြလိုက်တာပဲ၊ ပြီးတော့ အဲဒီ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ် အာဏာနဲ့ တန်ခိုးအပြည့်နဲ့ဖြစ်ပြီး လူကို အသေအချာသန့်စင်စေပြီး ကယ်တင်နိုင်တယ်။ အဲလိုမှမဟုတ်ရင်၊ ဘုရားသခင်ကလွဲလို့ ဘယ်သူ ကများ လူကို အပြစ်ရဲ့ကျွန်အဖြစ်ကနေ လွတ်မြောက်ဖို့ ကူညီပေး နိုင်မှာလဲ။ ဘုရားသခင်ကလွဲလို့ ဘယ်သူကများ နှစ်ထောင်ပေါင်း များစွာက မြုပ်နေတဲ့ လျို့ဝှက်နက်နဲမှုတွေကို ဖွင့်ပြနိုင် မှာလဲ။

ဘုရားသခင်တစ်ပါးတည်းကပဲ သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်တယ်။ ဘုရားသခင်တစ်ပါးတည်းကပဲ လူကို ထာဝရ အသက်လမ်းကို အပ်နှင်းနိုင်တယ် ခရစ်တော်ရဲ့ နောက်ဆုံးသော ကာလကဖော်ပြတဲ့ သမ္မာတရားတွေကို လက်ခံခြင်းတစ်ခုတည်းနဲ့ပဲ ထာဝကယ်တင်ခြင်းကို ရနိုင်တယ်။ ကျွန်တော်တို့ နောက်တစ်ခေါက် လောက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြည့်ရ အောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏ အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရား ကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရား အဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီး ကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်း တရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံ နေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ထိုသူတို့၌ရှိသမျှမှာ ပလ္လင်တော်မှစီးဆင်းလာသည့် အသက်ရေအစား နှစ်ထောင်ပေါင်းများစွာ စွဲကပ်ထားသည့် နောက်ကျိ သောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူ တို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများ အဖြစ် ထာဝရရှိနေကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ သူ့ရဲ့ အမှုတော်တွေက နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူကို အပ်နှင်းမဲ့ ကယ်တင်ခြင်းပဲ။ အဲဒါက နောက်ဆုံးသောကာလမှာ လူအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းရမဲ့ တစ်ခုတည်းသော လမ်းပဲ။ သမ္မာကျမ်းစာကပြောတာက၊ ဘုရားသခင်ထံမှလာတဲ့အရာက တိုးပွား ခြင်းရှိပြီး၊ လူဆီကလာတဲ့အရာက ဆုတ်ယုတ်ခြင်းရှိမယ်တဲ့။ အခုအချိန် ဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့ရဲ့အလုပ်ကို စတင်ခဲ့ ကတည်းက နှစ်ပေါင်း (၂၀)ကျော်ရှိခဲ့ပြီ။ ဘာသာရေး လောက တစ်ခုလုံးနဲ့ ဆိုးညစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အပြင်းအထန် ခုခံတာတွေနဲ့ ဖိနှိပ်မှုတွေရှိပေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိဟာ မရပ်တံ့နိုင်တဲ့ မဆုတ်မနစ်ရွေ့လျားနေတဲ့ လှိုင်းလိုပါပဲ။ ဒါက အခု တရုတ်နိုင်ငံပြည်မကြီး ပြန့်နှံ့ရုံပဲမကဘူး၊ တစ်ကမ္ဘာလုံးက နိုင်ငံအတော် များများကိုပါရောက်နေပြီ။ ဒါက အခု နိုင်ငံအားလုံးနဲ့ ဘာသာတရား အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နေပြီ။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ပိုပို ဆာငတ်နေတဲ့လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အိမ်တော်ကို တစ်ယောက်ပြီးတစ်ယောက်လာကြတယ်။ စဉ်ဆက်မပြတ်တဲ့ ဖိနှိပ်မှုတွေရှိနေပေမဲ့ လူသားအားလုံးအတွက် အနန္တတန်ခိုးရှင်ဘုရားသခင် နိုင်ငံတော်ရဲ့ ဧဝံဂေလိသတင်းစကား လျင်လျင်မြန်မြန် ပြန့်နှံ့ရတဲ့ အချက်ကတော့ သန့်ရှင်းသော ဝိညာဉ်တော်လုပ်ဆောင်မှုရဲ့ မချိုးဖြတ်နိုင်တဲ့ သက်သေပဲဖြစ်ပြီး၊ အပြည့်အဝသက်သေပြချက်ဖြစ်တဲ့ “ဘုရားသခင်ဆီကလာတာတွေက တိုးပွားခြင်းရှိ” တယ်ဆိုတာကို ပြည့်ပြည့်ဝဝ သက်သေပြနေပြီး၊ လူသားမျိုးနွယ် အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု ဒုတိယ အကြိမ်ကြွလာခြင်း ရဲ့ သက်သေပြချက်လည်းဖြစ်တယ်။ အရှေ့အရပ်ကလျှပ်ပြက်ခြင်းက စစ်မှန်တဲ့လမ်းဖြစ်တယ်။

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။

အရှေ့သို့- မေးခွန်း (၁)- ကျွန်တော်နားမလည်တာက အရှေ့အရပ်က လျှပ်ပြက်ခြင်းက စစ်မှန်တဲ့လမ်းဆိုရင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘာဖြစ်လို့ အတင်းအကျပ် ဆန့်ကျင်နေရတာလဲ ဘာသာရေးခေါင်းဆောင်တွေကရော ဘာဖြစ်လို့ သဲသဲမဲမဲ ရှုံ့ချကြတာလဲ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကလည်း တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ အညှဉ်းဆဲမခံရတာလည်း မဟုတ်ဘဲနဲ့ ဒါပေမဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်းနဲ့ ပတ်သက်လာရင် ဘုရားသခင်ကို အစေခံတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘယ်လိုများ တရုတ်ကွန်မြူနစ်ပါတီအစိုးရလို တူညီတဲ့အမြင်နဲ့ အကျင့်စရိုက်တွေရှိနေနိုင်ရတာလဲ နောက်ကွယ်က အကြောင်းပြချက်က ဘာလဲဆိုတာကိုပဲ။

နောက်တစ်ခုသို့- မေးခွန်း (၄) စီစီပီရဲ့စည်းမျဉ်းအောက်မှာ မှန်ကန်တဲ့လမ်းကို လက်ခံတဲ့လူတွေဟာ ထိန်းချုပ်ခံရတယ်။ ညှင်းပန်းနှိပ်စက်ခံရပြီး နောက်ဆုံး အသေသတ်ခြင်းပါခံရတယ် စီစီပီဟာ ဘာလို့အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို ကြောက်ရွံ့နေလဲဆိုတာ နားမလည်ဘူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။