ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

လူသားများအားလုံးသည် ယေရှု၏ မျက်နှာတော်အစစ်ကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကို မမြင်လို သို့မဟုတ် သူနှင့်အတူ မရှိလိုပါဟု မည်သည့်ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ကမျှ ပြောမည်မဟုတ်ကြောင်း ငါယုံကြည်သည်။ ယေရှုကို သင်တို့မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်ကို သင်တို့မမြင်ဖူးမီ၊ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ပုံပန်း၊ သူ၏စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် ထင်မြင်ချက်မျိုးစုံ လက်သင့်ခံထားနိုင်ဖွယ် ရှိသည်။ သို့ရာတွင် သင်တို့သည် သူ့ကို အမှန်တကယ်မြင်ရသည့်အခါ သင်တို့၏ ထင်မြင်ချက်များသည် လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သိလိုသလော။ လူသား၏သဘောထားကို လျစ်လျူရှု၍ မရသည်မှာ မှန်သော်လည်း၊ ခရစ်တော်၏အနှစ်သာရကို လူသားက ပြောင်းလဲရန်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရ အသက်ရှင်သောသူ သို့မဟုတ် ပညာရှိဟု မှတ်ယူသော်လည်း ခရစ်တော်အား ဘုရားသဘောသဘာဝ၏ အနှစ်သာရကို ပိုင်ဆိုင်ထားသော သာမန်လူဟု မည်သူကမျှ မှတ်ယူခြင်းမရှိ။ ထိုအတိုင်းဆိုလျှင် ဘုရားသခင်ကို မြင်တွေ့ရန် နေ့ရောညပါ တောင့်တကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး သူနှင့် သဟဇာတမဖြစ်ကြပေ။ ဤသည်မှာ လူသားဘက်က အမှားမဟုတ်ပေသလော။ ယခုတိုင်အောင် သင်တို့သည် သင်တို့၏ယုံကြည်ချက်နှင့် သစ္စာစောင့်သိမှုတို့နှင့်ဆိုပါက ခရစ်တော်၏မျက်နှာတော်ကို ရှုမြင်ထိုက်ရန် လုံလောက်သည်ဟု ထင်နေကြဆဲဖြစ်သည်။ သို့သော် ပို၍လက်တွေ့ကျသောအရာများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားကြရန် သင်တို့ကို ငါတိုက်တွန်းပေ၏။ အကြောင်းမူကား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံခဲ့သူ အများအပြားမှာ ကျရှုံးခဲ့ကြသည် သို့မဟုတ် ကျရှုံးကြလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်၊ ထိုသူတို့အားလုံးသည် ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့ကျရှုံးရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ သင်တို့၏ အယူအဆများထဲတွင် ကြီးမြတ်ထည်ဝါပြီး ကြည်ညို လေးစားထိုက်သော ဘုရားသခင်တစ်ပါး ရှိနေခြင်းကြောင့်သာလျှင် ဖြစ်သည်။ သို့သော် အမှန်တရားမူကား လူသား၏အလိုအတိုင်းမဟုတ်။ ခရစ်တော်သည် ကြီးမြတ်ထည်ဝါခြင်းမရှိရုံသာမက သူသည် အထူးသဖြင့် သေးသိမ်၏။ သူသည် လူသားဖြစ်ရုံသာမက သာမန် လူသားတစ်ဦးဖြစ်၏။ သူသည် ကောင်းကင်ဘုံသို့ တက်ကြွသွားနိုင်ခြင်း မရှိရုံသာမက မြေကြီးပေါ်၌ပင် လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ထိုသို့ဖြစ်သောကြောင့် လူများက “စစ်မှန်သောခရစ်တော်” ကြွလာရန် စောင့်စားနေဆဲ အချိန်ကာလတစ်လျှောက်တွင် သူ့အား သာမန်လူတစ်ဦးကို ဆက်ဆံရသကဲ့သို့ ဆက်ဆံကြ၏၊ သူနှင့်အတူရှိစဉ် သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံကြပြီး သူ့ကို ဂရုမစိုက်ဘဲ ပြောဆိုကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏နှုတ်ကပတ်တော်များကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ဤအကြောင်းကြောင့် ခရစ်တော်ထံမှ မည်သည့်အရာကိုမျှ သင်တို့မရရှိသည့်အပြင် သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့ပြီဖြစ်၏။

ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုမပြုမီ သင်၏စိတ်နေ သဘောထားသည် လုံးလုံးလျားလျား ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ သင်သည် ခရစ်တော်၏ သစ္စာစောင့်သိသော နောက်လိုက်ဖြစ်ကြောင်း၊ ခရစ်တော်၏ ကောင်းချီးမင်္ဂလာများကို သင့်ထက် ပို၍ခံစားထိုက်သူ မည်သူမျှမရှိကြောင်း သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်သည်၊ ထို့ပြင် လမ်းခရီးများစွာ ဖြတ်သန်းခဲ့ပြီး အလုပ်များစွာ လုပ်ဆောင်ခဲ့ကာ အသီးအပွင့်များစွာ သီးပွင့်စေခဲ့ပြီဖြစ်သောကြောင့် သင်သည် နောက်ဆုံးတွင် သရဖူကိုဆွတ်ခူးရမည့်သူတစ်ဦး အသေအချာဖြစ်လိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်၏။ သို့ရာတွင် သင်သိမည်မဟုတ်သော အမှန်တရား တစ်ရပ်ရှိ၏၊ လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ အသက်ရှင်သည့်အတွက် လူသား၏ ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ် ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသား ပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကို “ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း” နှင့် “ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း” ဟု ခေါ်သည်။ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟု ဆိုဝံ့သလော။ သင်သည် ဘုရားသခင်အပေါ် အပြည့်အဝ နာခံမှုကို ပြသသည်ဟု ဆိုဝံ့သလော။ သင်သည် မပုန်ကန်တတ်ပါဟု ဆိုဝံ့သလော။ “ဘုရားသခင်သည် ကျွန်ုပ်ကို ပတ်ဝန်းကျင်သစ် တစ်ခုတွင် နေရာချပေးတိုင်း ကျွန်ုပ်သည် ညည်းတွားခြင်းမရှိဘဲ အစဉ်သဖြင့် ကျိုးနွံနာခံသည့်အပြင် ကျွန်ုပ်သည် ဘုရားသခင် အကြောင်း ယူဆချက်များလည်း လက်သင့်ခံမထားပါ” ဟု အချို့သူများကဆိုကြလိမ့်မည်။ အချို့သူများက “ဘုရားသခင် ကျွန်ုပ်ကို စေခိုင်းသည့် အရာမှန်သမျှကို ကျွန်ုပ်အစွမ်းရှိသမျှလုပ်ဆောင်ပြီး မည်သည့်အခါမျှ တာဝန်မပေါ့လျော့ပါ” ဟု ဆိုလိမ့်မည်။ သို့ဆိုလျှင် သင်တို့ကို ဤသို့ငါမေး၏၊ သင်တို့သည် ခရစ်တော်နှင့်အတူ အသက်ရှင်နေထိုင်သည့်အခါ သူနှင့် သဟဇာတဖြစ်နိုင်မည်လော။ ထို့ပြင် သူနှင့်မည်မျှကြာကြာ သဟဇာတဖြစ်မည်နည်း။ တစ်ရက်လော။ နှစ်ရက်လော။ တစ်နာရီလော။ နှစ်နာရီလော။ သင်တို့၏ ယုံကြည်ခြင်းသည် ချီးမွမ်းထိုက်ဖွယ်ဖြစ်နိုင်သော်လည်း သင်တို့တွင် တည်ကြည်ခိုင်မာမှုသဘော များစွာမရှိပေ။ သင်သည် ခရစ်တော်နှင့် အမှန်တကယ် အသက်ရှင်နေထိုင်သောအခါ သင်၏စကားများနှင့် အပြုအမူများမှတစ်ဆင့် မိမိကိုယ်ကို မှန်ကန်သည်၊ မိမိကိုယ်ကို အရေးပါသည်ဟု ထင်နေခြင်းတို့ တစ်စတစ်စပေါ်လွင်လာမည်ဖြစ်ပြီး သင်၏ ထောင်လွှားသောဆန္ဒများနှင့် သင်၏ နာခံမှုမရှိသော စိတ်ဓာတ်နှင့် ရောင့်ရဲတင်းတိမ်မှုကင်းမဲ့ခြင်းတို့သည်လည်း ပကတိ အတိုင်း ထုတ်ဖော်ပြသခံရလိမ့်မည်။ နောက်ဆုံးတွင် ရေသည်မီးနှင့် သဟဇာတမဖြစ်သည့်နည်းတူ သင်သည် ခရစ်တော်နှင့် သဘောကွဲလွဲသည်အထိ သင်၏မောက်မာခြင်းသည် သာ၍ကြီးမား လာပြီးနောက် သင်၏သဘောသဘာဝသည် လုံးလုံးမြင်သာ လာလိမ့်မည်။ ထိုအချိန်တွင် သင်၏ယူဆချက်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပါ၊ သင်၏မကျေနပ်ချက်များသည်လည်း ပကတိအတိုင်း ထွက်ပေါ်လာပြီး သင်၏ယုတ်ညံ့နိမ့်ကျသော လူ့သဘာဝမှာလည်း လုံးလုံးလျားလျား ထုတ်ဖော်ပြသခံရလိမ့်မည်။ သို့သော် ထိုအခါ၌ပင် သင်သည် သင်ကိုယ်တိုင်၏ပုန်ကန်မှုကို အသိအမှတ်ပြုရန် ဆက်လက်ငြင်းဆိုနေသေး၏။ ထို့အစား ဤကဲ့သို့သော ခရစ်တော်ကို လူသားအနေဖြင့် လက်ခံရန်မလွယ်ကူကြောင်း၊ သူသည် လူသားအပေါ် လွန်စွာမှပင် တောင်းဆိုလွန်းကြောင်း၊ အကယ်၍ သူသည် ပို၍ကြင်နာတတ်သော ခရစ်တော်ဖြစ်ခဲ့လျှင် မိမိသည် အပြည့်အဝ ကျိုးနွံနာခံလိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆသည်။ သင်တို့၏ ပုန်ကန်ခြင်းမှာ တရားပြီး သူသည် သင်တို့ကို တရားလွန်အောင် တွန်းအားပေးသည့်အခါမှသာ သူ့ကိုပုန်ကန်တတ်သည်ဟု သင်တို့ ယူဆထားသည်။ သင်သည် ခရစ်တော်ကို ဘုရားသခင်ဟု မမှတ်ယူကြောင်းကိုလည်းကောင်း၊ သင်သည် သူ့ကိုနာခံရန် ရည်ရွယ်ချက်မရှိကြောင်းကိုလည်းကောင်း သင်တို့အနေဖြင့် မည်သည့် အခါကမျှ မထည့်တွက်ခဲ့ကြပေ။ စင်စစ်အားဖြင့် ခရစ်တော်သည် သင့်ကိုယ်ပိုင်သဘောဆန္ဒများအတိုင်း လုပ်ဆောင်ရမည်ဟု သင်ခေါင်းမာစွာ တောင်းဆိုပြီး၊ သူသည် သင့်ကိုယ်ပိုင်စိတ်ကူးနှင့် သဘောကွဲလွဲသည့်အရာတစ်ခုမျှ ပြုလုပ်သည်နှင့်တစ်ပြိုင်နက် သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦးသာဖြစ်သည်ဟု သင်ထင်မြင် ယူဆတော့သည်။ သင်တို့ထဲတွင် ဤနည်းဖြင့် သူနှင့်ဖက်ပြိုင်ခဲ့သူ အများအပြား မရှိပေသလော။ သို့ဖြစ်လျှင် သင်တို့ယုံကြည်သောသူမှာ အဘယ်သူနည်း။ ထို့ပြင် သင်တို့ မည်သည့်နည်းဖြင့် ရှာဖွေသနည်း။

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာ အထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။ ညီအစ်ကို (သို့မဟုတ် ညီအစ်မ) တစ်ဦးနှင့် သင်၏ပေါင်းသင်းဆက်ဆံမှုတွင် သင့်အကြောင်း များစွာပေါ်လွင်မည် မဟုတ်သော်လည်း သင့်အနေဖြင့် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဤမျှမလွယ်ကူပါ။ မည်သည့်အချိန်တွင်မဆို သင်၏အယူအဆများ အမြစ်စွဲလာနိုင်ပြီး သင်၏မောက်မာမှု အပင်ပေါက်လာကာ သင်၏ပုန်ကန်မှုသည်လည်း သဖန်းသီးကို သီးစေလိမ့်မည်။ ဤကဲ့သို့သော လူ့သဘာဝ ရှိနေသည့်သင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ ထိုက်တန်နိုင်မည်နည်း။ သင်သည် နေ့တိုင်းအချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်အဖြစ် ဆက်ဆံနိုင်မည်လော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု၏ စစ်မှန်မှု သင်၌ရှိလိမ့်မည်လော။ သင်တို့သည် မိမိတို့စိတ်နှလုံးများထဲရှိ မြင့်မြတ်သောဘုရားကို ယေဟောဝါအဖြစ် ကိုးကွယ်ကြသော်လည်း မြင်နိုင်သည့်ခရစ်တော်ကိုမူ လူသားတစ်ဦးအဖြစ် မှတ်ယူကြ၏။ သင်တို့၏အသိစိတ်သည် နိမ့်ကျလွန်းပြီး သင်တို့၏ လူ့သဘာဝသည်လည်း ယုတ်ညံ့လွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အမြဲတစေ မှတ်ယူနိုင်ခြင်းမရှိ၊ ရံဖန်ရံခါ သင်တို့သဘောတွေ့သည့်အခါမှသာလျှင် သူ့ကို ဖမ်းဆွဲဆုပ်ကိုင်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ဤအကြောင်းကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်၊ ခရစ်တော်ကို ဆန့်ကျင်တိုက်ခိုက်သည့် ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။ တစ်ပါးသူများကို ကြင်နာမှုပြသသောသူများပင်လျှင် ကျေးဇူးဆပ် ခံရသည်၊ သို့သော် သင်တို့အကြားတွင် ထိုသို့သောအမှုကို ဆောင်ရွက်ခဲ့သည့် ခရစ်တော်ကမူ လူသား၏ ချစ်ခြင်းကိုလည်းမရ၊ သူ၏ တုံ့ပြန်မှုဆုလာဘ်နှင့် ကျိုးနွံနာခံမှုကိုလည်း မရခဲ့ပေ။ ဤသည်မှာ ကြေကွဲဖွယ်ကောင်းသော အရာတစ်ခုမဟုတ်သလော။

သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများ တစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ အမှန်တရားကို မပြောနိုင်၊ ရိုးသားစွာ မပြုမူနိုင်၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို မနာခံနိုင်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။ သင်သည် အခြားသူများနှင့် အဆင်ပြေသောကြောင့် သို့မဟုတ် ကောင်းမှုအနည်းငယ်ပြု သောကြောင့် သင့်အနေဖြင့် ခရစ်တော်နှင့် သဟဇာတဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ်မထင်နှင့်။ သင်၏ဒါနပြုလိုသောရည်ရွယ်ချက်က ကောင်းကင်မှ ကောင်းချီးမင်္ဂလာများကို လိမ်လည်ရယူနိုင်သည်ဟု သင်ထင်သလော။ ကောင်းမှုအနည်းငယ်ပြုလုပ်ခြင်းသည် သင်၏ နာခံမှုကို အစားထိုးသည့်အရာတစ်ခုဟု သင်ထင်သလော။ သင်တို့တစ်ဦးမျှ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်ကြ။ ထို့အပြင် သင်တို့အားလုံးသည် ခရစ်တော်၏ သာမန်လူ့သဘာဝကိုလက်ခံယုံကြည်ရန် အခက်အခဲတွေ့ကြ သော်ငြားလည်း ဘုရားသခင်ကို သင်တို့နာခံကြောင်း အဆက်မပြတ် အသံကောင်းဟစ်နေကြသည်။ သင်တို့၏ ယုံကြည်ခြင်းမျိုးက ထိုက်တန်သော အပြစ်ဒဏ်ခတ်ခံရခြင်းကို ဖြစ်ပွားစေလိမ့်မည်။ စိတ်ကူးယဉ်အယုံမှားများထဲတွင် မွေ့လျော်၍ ခရစ်တော်ကိုမြင်တွေ့ရန် ဆန္ဒရှိနေခြင်းကို ရပ်လော့။ အကြောင်းမှာ သင်တို့၏ ဝိညာဉ်အသက်တာသည် သူ့ကိုမြင်တွေ့ရန် မထိုက်တန်လောက် အောင်ပင် သေးငယ်လွန်းသောကြောင့်ဖြစ်သည်။ သင်သည် သင်၏ ပုန်ကန်မှုကို အလျှင်းနုတ်ပယ်သန့်စင်၍ ခရစ်တော်နှင့် လိုက်လျောညီထွေရှိနိုင်သည့် ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် သင့်ရှေ့တွင် အလိုအလျောက် ပေါ်လာလိမ့်မည်။ သင့်အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် စီရင်ခြင်းကို မခံခဲ့ရဘဲ ဘုရားသခင်ကို သွားတွေ့ပါက သင်သည် ဘုရားသခင်၏ရန်ဘက်တစ်ဦး ဧကန်မုချ ဖြစ်လာပြီး ပျက်စီးခြင်းအဖို့ သတ်မှတ်ခံရလိမ့်မည်။ လူသား၏ သဘောသဘာဝသည် ပင်ကိုအားဖြင့် ဘုရားသခင်ကို ရန်လို၏။ အကြောင်းမှာ လူသားများအားလုံးသည် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံထားရခြင်းကြောင့်ဖြစ်သည်။ လူသားသည် သူ၏ဖောက်ပြန်ပျက်စီးခြင်းထဲမှနေ၍ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် ကြိုးစားနေသည်ဆိုပါက ဤအရာမှ ကောင်းမွန်သောအရာ ဘာမျှထွက်မလာနိုင်သည်မှာ သေချာသည်။ သူ၏လုပ်ရပ်များနှင့် စကားလုံးများက နေရာတိုင်းအချိန်တိုင်း၌ သူ၏ဖောက်ပြန်ပျက်စီးမှုကို မြင်သာအောင်ပြမည်မှာ အသေအချာ ဖြစ်ပြီး၊ သူသည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ သူ၏ပုန်ကန်မှုမှာ ရှုထောင့်တိုင်းမှ ဖော်ထုတ်ခြင်းခံရလိမ့်မည်။ အမှုမဲ့အမှတ်မဲ့ဖြင့် လူသားသည် ခရစ်တော်ကို ဆန့်ကျင်လာမည်၊ ခရစ်တော်ကို လှည့်ဖြားလာမည်၊ ခရစ်တော်ကို ပစ်ပယ်လာမည်။ ဤအရာဖြစ်လာသည့်အခါ လူသားသည် ပို၍ပင် စိတ်မချရသော အခြေအနေသို့ ရောက်လိမ့်မည်ဖြစ်ပြီး ဤသို့ဆက်ဖြစ်ပါက သူသည် အပြစ်ဒဏ်ပေးခံရသည့်သူ ဖြစ်လာလိမ့်မည်။

ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အလွန်အန္တရာယ်ရှိ သည်ဆိုပါက ဘုရားသခင်ကို ခပ်တန်းတန်းဆက်ဆံလျှင် ပို၍တော်ကာကျမည်ဟု အချို့က ယူဆနိုင်၏။ ဤကဲ့သို့သောသူများသည် မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိနိုင်ပါမည်လော။ သေချာသည်မှာ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းသည် အလွန်ခက်ခဲ၏။ သို့သော် ဤသည်မှာ လူသားသည် ဖောက်ပြန်ပျက်စီးနေသောကြောင့်သာဖြစ်ပြီး၊ ဘုရားသခင်သည် လူသားနှင့် ဆက်ဆံနိုင်စွမ်းမရှိသောကြောင့် မဟုတ်ပေ။ မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသည့်အတွက် ငွေကြေး၊ လက်ဆောင်များနှင့် ချီးမွမ်းစကားများကို သင်တို့တောင်းဆိုကြ၏။ ငွေတစ်ပြားနှစ်ပြား ပေးလှူသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းချီးမင်္ဂလာများ တောင့်တ၍ ဂုဏ်ထူးအသရေဖြင့် ဆက်ဆံခံလိုကြ၏။ သင်တို့၏ လူ့သဘာဝအကြောင်း ပြောရကြားရသည်မှာ အကယ်ပင် မသတီစရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် ချီးမွမ်းထိုက်သောအရာ ရှိသလော။ မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။ ဤကဲ့သို့သော အသိစိတ်မျိုးနှင့် သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ဤအခြေအနေမျိုးတွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်အတွက် မစိုးရိမ်ကြသလော။ သင်တို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ သင်တို့၏ စိတ်နေသဘောထားသည် ယိုယွင်းခဲ့ပြီ။ ဤသို့ဖြစ်သဖြင့် သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ်မကောင်းပေသလော။ သင်တို့၏ ယုံကြည်ခြင်းသည် ယုတ္တိကင်းမဲ့မနေသလော။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အဘယ်လမ်းကြောင်းအား သွားရမည်ဆိုသည်ကို သင်မည်သို့ ရွေးချယ်တော့မည်နည်း။

အရှေ့သို့- ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

နောက်တစ်ခုသို့- ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။