ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏

ကမ္ဘာမြေပေါ်၌ များစွာသောသူတို့ကို ငါ၏နောက်လိုက်များဖြစ်ဖို့ ငါ ရှာဖွေပြီးဖြစ်သည်။ ဤနောက်လိုက်အားလုံးထဲတွင် ယဇ်ပရောဟိတ်များအဖြစ် အစေခံသူများ၊ ဦးဆောင်သူများ၊ ဘုရားသခင်၏သားများ၊ ဘုရားသခင်၏လူမျိုးများနှင့် အစေခံမှုကို ပြုသောသူများ ရှိကြ၏။ ငါ့ကို ၎င်းတို့ ပြသသော သစ္စာစောင့်သိမှုအပေါ် အခြေခံ၍ ၎င်းတို့ကို ငါအတန်းအစားခွဲခြား၏။ အားလုံးသည် အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခံရပြီးဖြစ်သည့်အခါ၊ ဆိုလိုသည်မှာ၊ လူအမျိုးအစား အသီးသီး၏ သဘာဝကို သိသာထင်ရှားစေပြီးသည့်အခါတွင်၊ လူသားမျိုးနွယ်အား ငါ၏ကယ်တင်ခြင်း ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့အလို့ငှါ၊ ငါသည် ၎င်းတို့အသီးသီးကို ၎င်းတို့ရှိထိုက်သော အတန်းအစားထဲတွင် ရေတွက်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သင့်တော်သည့်နေရာထဲတွင် အမျိုးအစားအသီးသီးကို ထားရှိမည်ဖြစ်သည်။ ငါကယ်တင်လိုသောသူများကို ငါ၏အိမ်တော်သို့ အစုလိုက် ငါဆင့်ခေါ်ပြီးနောက်၊ နောက်ဆုံးသောကာလ ငါ၏ အမှုကို ၎င်းတို့အားလုံးအား လက်ခံစေသည်။ တစ်ချိန်တည်းတွင်၊ ငါသည် ၎င်းတို့ကို အတန်းအစားအလိုက် အမျိုးအစားသတ်မှတ်ပြီး အသီးသီးကို ၎င်းတို့၏ လုပ်ရပ်များပေါ် အခြေခံ၍ ဆုလာဘ်ပေးသည်၊ သို့မဟုတ် အပြစ်ပေးသည်။ ယင်းတို့မှာ ငါ၏အမှု၌ ဖွဲ့စည်းပါဝင်သော အဆင့်များ ဖြစ်ကြ၏။

ယနေ့တွင်၊ ငါသည် ကမ္ဘာမြေပေါ်၌ နေထိုင်ပြီး၊ လူသားအလယ် နေထိုင်၏။ လူတို့သည် ငါ၏အမှုကို တွေ့ကြုံခံစားကြရပြီး၊ ငါ၏ မိန့်မြွက်ချက်များကို စောင့်ကြည့်ကြရကာ၊ ၎င်းတို့အနေဖြင့် ငါ့ထံမှ အသက်ကို ရရှိနိုင်ကြဖို့အလို့ငှာနှင့် ထိုသို့ဖြင့် ၎င်းတို့ နင်းလျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ရရှိကြဖို့အလို့ငှာ၊ ဤအရာနှင့်အတူ ငါသည် ငါ၏ နောက်လိုက်အသီးသီးအပေါ် သမ္မာတရားများအားလုံးကို အပ်နှင်း၏။ အကြောင်းမှာ၊ ငါသည်ဘုရားသခင်၊ အသက်ကို ပေးသူဖြစ်၏။ ငါ့အမှု၏ နှစ်ကာလများစွာအတွင်းတွင် လူတို့သည် များစွာ ရရှိကြပြီးဖြစ်ကာ များစွာ စွန့်လွှတ်ကြပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ငါ့ကို အမှန်တကယ် မယုံကြည်ကြဟု ငါ ပြောဆဲ ဖြစ်သည်။ အကြောင်းမှာ၊ လူတို့သည် ငါဘုရားသခင်ဖြစ်သည်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုရုံမျှပြုကြသော်လည်း၊ ငါပြောဆိုသော သမ္မာတရားများကို ၎င်းတို့ သဘောမတူကြသည့်အပြင်၊ ၎င်းတို့ကို ငါ စေခိုင်းသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။ ယင်းမှာ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကိုသာ အသိအမှတ်ပြုကြသော်လည်း၊ သမ္မာတရား၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ အသက်၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏နာမကို အသိအမှတ်ပြုကြသော်လည်း သူ၏ အနှစ်သာရကို အသိအမှတ်မပြုကြဟု ဆိုလိုသည်။ ၎င်းတို့သည် ငါ့ကိုလှည့်ဖြားဖို့ သာယာသော စကားများကိုသာ အသုံးပြုကြသည့်အတွက်၊ ငါသည် ၎င်းတို့ကို ၎င်းတို့၏စိတ်အားထက်သန်မှုအတွက် စက်ဆုပ်ရွံရှာ၏။ ၎င်းတို့ထဲမှ မည်သူမျှ ငါ့ကို အမှန်တကယ် မကိုးကွယ်ကြချေ။ သင်တို့၏ စကားများသည် မြွေ၏သွေးဆောင်ဖြားယောင်းခြင်း ပါရှိ၏။ ထို့အပြင်၊ ယင်းတို့သည် ကောင်းကင်တမန်မင်း၏ ကြေငြာချက်သဖွယ် လွန်လွန်ကဲကဲ စိတ်ကြီးဝင်ကြလေသည်။ ထို့အပြင်၊ သင်တို့၏ လုပ်ဆောင်ချက်များသည် အလွန်ဆိုးဝါးသော အတိုင်းအတာတစ်ခုထိ စုတ်ပြတ်ကာ ပေါက်ပြဲနေသည်။ သင်တို့၏ လွန်ကြူးသော စိတ်ဆန္ဒများနှင့် တပ်မက်သော ရည်ရွယ်ချက်များသည် နားကြားပြင်းကပ်စရာ ဖြစ်ကြသည်။ သင်တို့အားလုံးသည် ငါ၏အိမ်တွင် ပိုးဖလံများ၊ စက်ဆုပ်ရွံ့ရှာခြင်းဖြင့် စွန့်ပစ်ရမည့်အရာဝတ္ထုများ ဖြစ်သွားကြပြီးဖြစ်သည်။ အကြောင်းမှာ သင်တို့ထဲမှ မည်သူမျှ သမ္မာတရားကို မချစ်ပေ။ ထိုအစား၊ သင်တို့သည် ကောင်းချီးမင်္ဂလာ ခံစားရန်၊ ကောင်းကင်ဘုံသို့ တက်ရန်၊ ကမ္ဘာမြေပေါ်၌ ခရစ်တော်က သူ၏ တန်ခိုးအာဏာ ကိုင်စွဲခြင်းနှင့်ဆိုင်သည့် ခမ်းနားသော ရူပါရုံကို ရှုမြင်ရန် ဆန္ဒရှိကြပေသည်။ သို့သော်၊ သင်တို့ကဲ့သို့ ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိလေသူ၊ အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသောသူ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏နောက်လိုက်ခြင်းငှာ အဘယ်သို့ ထိုက်တန်နိုင်မည်ကို သင်တို့ တွေးကြဖူးပါသလော။ ကောင်းကင်ဘုံသို့ သင်တို့ အဘယ်သို့ တက်ရောက်နိုင်ကြမည်နည်း။ ထိုသို့သော ခမ်းနားသည့် မြင်ကွင်းများ၊ ၎င်းတို့၏ ထည်ဝါမှုတွင် အစဉ်အလာမရှိသည့် မြင်ကွင်းများကို ရှုမြင်ခြင်းငှာ သင်တို့ အဘယ်သို့ ထိုက်တန်နိုင်ကြမည်နည်း။ သင်တို့၏ နှုတ်များသည် လှည့်ဖြားတတ်ကာ ညစ်ညူးသော စကားလုံးများ၊ သစ္စာဖောက်တတ်ပြီး မာနထောင်လွှားသော စကားများဖြင့် ပြည့်နေသည်။ သင်တို့သည် ငါ့ကို ရိုးသားစစ်မှန်မှု စကားများ၊ သန့်ရှင်းသော စကားများ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံပြီးနောက် ငါ့ကို ကျိုးနွံနာခံခြင်း စကားများအား မည်သည့်အခါတွင်မျှ သင်တို့ မပြောဖူးကြပေ။ နောက်ဆုံးတွင်၊ သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာနှင့် တူသနည်း။ သင်တို့၏ စိတ်နှလုံးများထဲတွင် လိုချင်တပ်မက်မှုနှင့် ငွေကြေးကလွဲ၍ မည်သည့်အရာမျှမရှိသကဲ့သို့၊ သင်တို့၏ စိတ်များထဲတွင် ရုပ်ဝတ္ထုပစ္စည်းများမှလွဲ၍ မည်သည့်အရာမျှမရှိပေ။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ တစ်စုံတစ်ရာ မည်သို့ရရှိမည်ကို တွက်ချက်ကြသည်။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ ချမ်းသာကြွယ်ဝမှု မည်မျှနှင့် ရုပ်ဝတ္ထုပစ္စည်း မည်မျှ ရရှိပြီးဖြစ်သည်ကို ရေတွက်နေကြသည်။ နေ့တိုင်း၊ သင်တို့သည် သင်တို့ မွေ့လျော်ခံစားနိုင်သည့် အရာများကို သာ၍များပြားသော အရေအတွက်များနှင့် သာ၍ မြင့်မားသော အဆင့်အတန်းတစ်ခုဖြင့် မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ၊ သင်တို့အပေါ် ကောင်းချီးမင်္ဂလာများ ယခင်ထက် သာ၍ သက်ဆင်းလာဖို့ရန် သင်တို့ စောင့်စားကြ၏။ သင်တို့၏ အတွေးများ၌ အချိန်တိုင်းရှိသည်မှာ ငါမဟုတ်သကဲ့သို့၊ ငါ့ထံမှလာသော သမ္မာတရားလည်း မဟုတ်ဘဲ၊ ယင်းထက်၊ သင်တို့၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်တို့၏ သားများနှင့် သမီးများ၊ ပြီးလျှင် သင်တို့ စားသောက်ပြီး ဝတ်ဆင်သောအရာများ ဖြစ်ကြ၏။ သင်တို့သည် ယခင်ထက် သာ၍ ကြီးမားသည့်၊ ယခင်ထက် သာ၍ မြင့်မားသည့် ပျော်ရွှင်မှု မည်သို့ရရှိနိုင်သည်ကို စဉ်းစားကြသည်။ သို့သော်၊ သင်တို့သည် ကွဲထွက်မတတ် သင်တို့၏ ဗိုက်များကို ဖြည့်ပြီးသည့်အချိန်တွင်ပင်၊ အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအားဖြင့်၊ သင်တို့သည် အင်မတန် လှပသည့် အဝတ်အစားဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်မြန်းကြသည့်အချိန်တွင်ပင်၊ သင်တို့သည် အသက်ကင်းမဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ မဟုတ်လော။ သင်တို့၏ ဆံပင်များ အဖြူရောင်ဖြင့် အစင်းအကျားဖြစ်သည်အထိ၊ သင်တို့၏ ဝမ်းဗိုက်အတွက် သင်တို့ ပင်ပန်းကြီးစွာအလုပ်လုပ်ကြ၏၊ သို့သော်၊ သင်တို့ထဲမှ မည်သူမျှ ငါ၏အမှုအတွက် ဆံချည်တစ်ပင်မျှ မစွန့်လွှတ်ကြချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ဇာတိခန္ဓာအတွက်နှင့် သင်တို့၏သားများနှင့် သမီးများအတွက် သင်တို့၏ခန္ဓာကို ခက်ခဲပင်ပန်းစေကာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း၊ စဉ်ဆက်မပြတ် အလုပ်များနေသည်- သို့သော်၊ သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ၏ အလိုအတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း တစ်ခုတစ်လေမျှ မပြပေ။ ငါ့ထံမှ ရရှိဖို့ သင်တို့ မျှော်လင့်ကြသေးသည်မှာ မည်သည့်အရာနည်း။

ငါသည် အမှုပြုသောအခါ မည်သည့်အခါတွင်မျှ အလျင်စလိုမဖြစ်ပေ။ လူတို့က ငါ့နောက် မည်သို့လိုက်ကြသည်ကို ပဓာနမထားဘဲ၊ ငါသည် ငါ၏ အမှုကို အဆင့်အသီးသီးနှင့်အညီ၊ ငါ၏ အစီအစဉ်နှင့်အညီ လုပ်ဆောင်သည်။ ထို့ကြောင့်၊ ငါ့ကို သင်တို့၏ ဆန့်ကျင်ပုန်ကန်မှုအားလုံး ရှိလင့်ကစား၊ ငါသည် ရပ်နားခြင်းမရှိဘဲ အမှုပြုနေဆဲဖြစ်ပြီး၊ ငါပြောရမည့်နှုတ်ကပတ်တော်များကို ငါဆက်လက်ပြောနေဆဲ ဖြစ်သည်။ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းခံရသောသူများသည် ငါ၏ နှုတ်ကပတ်တော်များကို နားဆင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ငါ့အိမ်တော်သို့ ငါဆင့်ခေါ်၏။ ငါ၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံသူများ၊ ငါ၏ နှုတ်ကပတ်တော်များကို တမ်းတသူများအားလုံးကို၊ ငါ၏ပလ္လင်ရှေ့သို့ ငါ ခေါ်ဆောင်၏။ ငါ၏ နှုတ်ကပတ်တော်များကို ကျောခိုင်းသောသူများ၊ ငါ့ကိုမနာခံသောသူများနှင့် ငါ့ကို အတိအလင်း ဖီဆန်သူများအားလုံးကို ၎င်းတို့၏ နောက်ဆုံးအပြစ်ဒဏ်ပေးခြင်းကို စောင့်ဆိုင်းရန် တစ်ဖက်သို့ ငါဖယ်ထား၏။ လူအားလုံးသည် ဖောက်ပြန်ပျက်စီးခြင်း အလယ်နှင့် မာရ်နတ်၏ လက်အောက်တွင် အသက်ရှင်ကြ၏၊ ထို့ကြောင့် ငါ့နောက်လိုက်သောသူများထဲမှ သမ္မာတရားကို အောက်မေ့သူ မများပေ။ ယင်းမှာ အများစုသည် ငါ့ကို အမှန်တကယ် မကိုးကွယ်ကြဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် ငါ့ကို သမ္မာတရားဖြင့် မကိုးကွယ်ကြဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းမှတဆင့်၊ လှည့်ဖြား တတ်သော နည်းလမ်းများဖြင့် ငါ၏ယုံကြည်မှုကိုရယူရန် ကြိုးစားကြလေသည်။ ဤအကြောင်းရင်းကြောင့် ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူ နည်းသည်ဟု ငါပြောရခြင်း ဖြစ်သည်။ ခေါ်တော်မူခြင်း ခံရသောသူများသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီးဖြစ်ကာ ၎င်းတို့အားလုံး တစ်ခေတ်တည်းတွင် အသက်ရှင်ကြသည်- သို့သော်၊ ရွေးကောက် ခြင်းခံရသောသူတို့သည် ၎င်းတို့၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြပြီး၊ ၎င်းတို့သည် သမ္မာတရားကို ယုံကြည်ကာ အသိအမှတ်ပြုကြသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသောသူများ ဖြစ်ကြသည်။ ဤလူများသည် တစ်ခုလုံး၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး၊ ၎င်းတို့အလယ်မှ ငါသည် ဘုန်းအသရေ သာ၍ ရရှိပေလိမ့်မည်။ ဤနှုတ်ကပတ်တော်များနှင့်ယှဉ်၍ တိုင်းတာရာတွင်၊ သင်တို့သည် ရွေးကောက်ခံရသူများထဲတွင် ရှိသည်မရှိသည်ကို သိကြပါသလော။ သင်တို့၏ နိဂုံးသည် မည်သည့်အရာနှင့် တူလိမ့်မည်နည်း။

ငါဆိုခဲ့သည့်အတိုင်း၊ ငါ့နောက်လိုက်သောသူများသည် များပြားသော်လည်း ငါ့ကို အမှန်တကယ် ချစ်သောသူများသည် နည်းပါး၏။ အချို့က “ကိုယ်တော့်ကို ကျွန်ုပ် မချစ်ခဲ့ပါက၊ ထိုမျှကြီးမားသော အဖိုးအခကို ကျွန်ုပ်ပေးဆပ်ခဲ့ပါမည်‌လော။ ကိုယ်တော့်ကို ကျွန်ုပ်မချစ်ခဲ့ပါက၊ ဤအချိန်အထိ နောက်သို့ကျွန်ုပ်လိုက်ခဲ့ပါမည်လော” ဟု ပြောကောင်းပြောကြပေမည်။ သင်တို့သည် အကြောင်းပြချက်များစွာ ဧကန်မုချ ရှိကြပြီး၊ သင်၏ချစ်ခြင်းမေတ္တာသည် ဧကန်မုချ အလွန်ကြီးမား၏၊ သို့သော် ငါ့အတွက် သင်တို့ ချစ်ခြင်းမေတ္တာ၏အနှစ်သာရသည် မည်သည့်အရာ ဖြစ်သနည်း။ “ချစ်ခြင်းမေတ္တာ”ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သင်ချစ်ပါက၊ လှည့်ဖြားမည် မဟုတ်၊ မကျေမနပ်ဖြစ်မည် မဟုတ်၊ သစ္စာဖောက်မည် မဟုတ်၊ ပုန်ကန်မည် မဟုတ်၊ အတင်းတောင်းဆိုမည် မဟုတ်၊ သို့မဟုတ် တစ်စုံတစ်ခုကို ရရှိဖို့၊ ပမာဏတစ်ခုခုကို ရရှိဖို့ ကြိုးစားမည် မဟုတ်ပေ။ သင်ချစ်လျှင်၊ သင်သည် သင့်ကိုယ်သင် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံလိမ့်မည်၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ ခံစားလိမ့်မည်။ သင်သည် ငါနှင့်သဟဇာတဖြစ်လိမ့်မည်၊ ငါ့အတွက် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်လိမ့်မည်၊ သင်၏ မိသားစု၊ သင်၏ အနာဂတ်၊ သင်၏ ငယ်ရွယ်နုပျိုမှုနှင့် သင်၏ အိမ်ထောင်ရေးကို စွန့်လွှတ်လိမ့်မည်။ ထိုသို့မဟုတ်ပါက၊ သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာ လုံးဝ ဖြစ်မည်မဟုတ်ဘဲ၊ လှည့်ဖြားခြင်းနှင့် သစ္စာဖောက်ခြင်းတို့သာ ဖြစ်ပေမည်။ သင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့သော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သနည်း။ ယင်းသည် စစ်မှန်သောချစ်ခြင်းမေတ္တာလော။ သို့တည်းမဟုတ် အယောင်ဆောင်လော။ မည်မျှ သင်စွန့်လွှတ်ပြီးပြီနည်း။ မည်မျှ သင် ပူဇော်ပြီးပြီနည်း။ ငါသည် သင့်ထံမှ ချစ်ခြင်းမေတ္တာမည်မျှ ရရှိပြီးပြီနည်း။ သင်သိသလော။ သင်တို့၏စိတ်နှလုံးများသည် မကောင်းမှု၊ သစ္စာဖောက်ခြင်းနှင့် လှည့်ဖြားခြင်းတို့ဖြင့် ပြည့်နေလေသည်- ပြီးလျှင် ထိုသို့ဖြစ်နေသဖြင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာ မည်မျှသည် မဖြူစင်သနည်း။ သင်တို့သည် ငါ့အတွက် အလုံအလောက် စွန့်လွှတ်ပြီးဖြစ်သည်ဟု ထင်မှတ်ကြ၏။ ငါ့အတွက် သင်တို့၏ချစ်ခြင်းမေတ္တာသည် လုံလောက်နှင့်ပြီးဖြစ်သည်ဟု သင်တို့ထင်မှတ်ကြ၏။ သို့ရာတွင် ထိုသို့ဆိုပါက သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အဘယ်ကြောင့် အမြဲ ပုန်ကန်တတ်ပြီး လှည့်ဖြားတတ်သနည်း။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း ငါ၏ နှုတ်ကပတ်တော်များကို အသိအမှတ်မပြုကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို ဘေးဖယ်ထားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို အယုံအကြည်ကင်းမဲ့ကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ၏ တည်ရှိခြင်းကို လက်မခံနိုင်ကြချေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ အဘယ်သူဖြစ်သည်ဆိုသည်နှင့် သင့်လျော်စွာ ငါ့ကို မဆက်ဆံကြသကဲ့သို့၊ အလှည့်တိုင်းတွင် သင်တို့သည် ငါ့အတွက် အမှုအရာများ ခက်ခဲစေကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ကိစ္စရပ်တိုင်းတွင် ငါ့ကို လှည့်စားဖို့နှင့် လှည့်ဖြားဖို့ သင်တို့ ကြိုးစားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့ကို အစေခံကြသော်လည်း၊ ငါ့ကို မကြောက်ကြ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် အချက်အားလုံးနှင့် အရာအားလုံးတွင် ငါ့ကို ဆန့်ကျင်ကြသည်။ ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် များစွာဆက်ကပ်မြှုပ်နှံကြပြီးဖြစ်သည်၊ ဤသည်မှာ မှန်၏။ သို့သော် သင်တို့ကို ငါတောင်းဆိုသောအရာကို သင်တို့ လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူ၍ရနိုင်သလော။ စေ့စပ်သေချာသော တွက်ဆမှုက သင်တို့အတွင်းတွင် ငါ့ကို ချစ်ခြင်းအရိပ်အယောင် စိုးစဉ်းမျှ မရှိသည်ကို ပြသ၏။ နှစ်ပေါင်းများစွာ အမှုပြုပြီးနောက်နှင့် အားလုံးသော နှုတ်ကပတ်တော်များစွာ ငါ ထောက်ပံ့ပြီးသည့် နောက်တွင်၊ သင်တို့ မည်မျှ အမှန်တကယ် ရရှိပြီးပြီနည်း။ ဤအရာသည် သေချာပြန်စဉ်းစားထိုက်သည် မဟုတ်လော။ ငါသည် သင်တို့ကို ဆိုဆုံးမ၏- ငါ့ထံသို့ ငါခေါ်သောသူများသည် ဖောက်ပြန်ပျက်စီးစေခြင်းမခံရဖူးသော သူများမဟုတ်။ ယင်းထက်၊ ငါရွေးချယ်သောသူတို့သည် ငါ့ကို အမှန်တကယ် ချစ်သောသူများ ဖြစ်သည်။ ထို့ကြောင့်၊ သင်တို့သည် သင်တို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင် သတိဝီရိယရှိရမည်ဖြစ်ပြီး၊ စည်းမကျော်ဖို့ရန်အလို့ငှာ သင်တို့၏ ရည်ရွယ်ချက်များနှင့် အတွေးများကို ဆန်းစစ်ရမည် ဖြစ်သည်။ နောက်ဆုံးသောကာလ၏ အချိန်အခါတွင်၊ ငါ၏ အမျက်ဒေါသသည် သင်တို့ထံမှ လုံးဝ မထွက်ခွာမည်ကို စိုးရသဖြင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာကို ငါ၏ ရှေ့မှောက်တွင် ပူဇော်ဖို့ အစွမ်းကုန် ကြိုးစားကြလော့။

အရှေ့သို့- ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

နောက်တစ်ခုသို့- သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။