၃၁၆ သင်တို့၏စိတ်နှလုံးထဲ၌ မတရားမှုသာ ရှိကြ၏ကျူး

၁ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။

၂ သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြပြီး နှုတ်ရေးကြွယ်ခြင်းကြောင့် ကျော်ကြားသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးသော ဘုရားသခင်၏ အမိန့်ပေးခြင်းကို သင်ဝမ်းမြောက်စွာခံယူ၍ သင်၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင်မကိုးကွယ်သည့် တစ်ဦးတည်းသောသူမှာ မမြင့်မြတ်သော ဤဘုရားသခင်သာ ဖြစ်သည်၊ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ မည်သည့်လူကမျှ အထင်မကြီးနိုင်သည့် ဤဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းပင် ဖြစ်သည်။ သင်မလုပ်လိုသည့် တစ်ခုတည်းသောအရာမှာ သင့်ကို အသပြာတစ်ပြားမျှ မပေးဖူးသည့် ဤဘုရားသခင်ကို အစေခံခြင်းပင် ဖြစ်သည်၊ သူ့ကို သင်တောင့်တလာအောင် မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် သင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန် မဆိုထားနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သကဲ့သို့ သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင်ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ ဖူးသလော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၁၅ ခရစ်တော်အကြောင်း အယူအဆများ သိုထားခြင်းသည် ဘုရားကို အာခံခြင်းဖြစ်၏ကျူး

နောက်တစ်ခုသို့- ၃၁၇ ဘုရားသည် လူ၏လုပ်ကိုင်ပြောဆိုမှုများကို လျှို့ဝှက်စွာ စောင့်ကြည့်နေ၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။