အခန်း ၄၆

ဤနှုတ်ကပတ်တော် အားလုံးထဲတွင် ယနေ့၏ နှုတ်ကပတ်တော်များထက် ပို၍ မေ့မရနိုင်သော အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသား၏ အခြေအနေများ သို့မဟုတ် ကောင်းကင်ဘုံ၏ နက်နဲမှုများကို ယခင်က ထုတ်ဖော်ပြခဲ့သော်လည်း၊ ဤလက်ရှိမိန့်မြွက်ချက်သည် အတိတ်က မိန့်မြွက်ချက်များနှင့် မတူပေ။ ယင်းသည် သရော်ခြင်း သို့မဟုတ် နောက်ပြောင်းခြင်း မပြုဘဲ၊ လုံးဝ မမျှော်လင့်ထားသော တစ်စုံတစ်ရာ ဖြစ်သည်- ယင်းမှာ ဘုရားသခင်က ထိုင်ကာ လူတို့နှင့် အေးအေးဆေးဆေး စကားပြောခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က၊ “ယနေ့တွင်၊ ငါသည် စကြဝဠာများ၏ အထက်တွင် အမှုသစ်ကို စတင်လေပြီ။ ငါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့အား အသစ်သော အစပြုခြင်း တစ်ခုကို ပေးပြီးဖြစ်သကဲ့သို့၊ ငါ၏ အိမ်မှ ၎င်းတို့အားလုံး ထွက်သွားရန် ငါ စေခိုင်းပြီး ဖြစ်သည်။ လူတို့သည် အမြဲတစေ မိမိတို့ကိုယ်ကိုယ် အလိုလိုက်ရန် နှစ်သက်ကြသောကြောင့်၊ ငါသည် ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိကြရန် နှင့် ငါ၏ အမှုကို အမြဲ မနှောင့်ယှက်ကြရန် အကြံပြုသည်”ဟု ပြောသောအခါ သင်တို့သည် မည်သည့်အရာကို မြင်ကြသနည်း။ ထို့အပြင် ဘုရားသခင် ပြောသည့် “အသစ်သော အစပြုခြင်း” ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်သည် ယခင်က လူတို့အား ထွက်သွားကြရန် အကြံပြုပြီး ဖြစ်သည်၊ သို့သော် ထိုစဉ်က ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ယုံကြည်ခြင်းကို စမ်းသပ်ရန် ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် သူသည် မတူညီသော သဘောသွားတစ်ခုဖြင့် စကားပြောသောအခါ၊ သူသည် စစ်မှန်သလော သို့မဟုတ် ဟန်ဆောင်ခြင်းလော။ ယခင်က၊ လူတို့သည် ဘုရားသခင် ပြောခဲ့သော စမ်းသပ်မှုများကို မသိခဲ့ကြပေ။ ဘုရားသခင်၏ စမ်းသပ်မှုများကို ၎င်းတို့၏ မျက်လုံးများက မြင်ခဲ့ကြပြီး ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြသည်မှာ အစေခံသူများ၏ အမှု အဆင့်မှတစ်ဆင့်သာ ဖြစ်သည်။ ထို့ကြောင့်၊ ပေတရု၏ ရာပေါင်းများစွာသော စမ်းသပ်မှုများ၏ဥပမာကြောင့် ထိုအချိန်မှ စ၍ လူတို့သည် “ယင်းမှာ ဘုရားသခင်၏ စမ်းသပ်မှု ဖြစ်သည်” ဟူသည့် ယုံကြည်ခြင်း အမှားကို မကြာခဏ ပြုမိကြသည်။ ထို့အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖြစ်ရပ်မှန်များ ဖြစ်လာခဲ့သော်လည်း ရံဖန်ရံခါမျှသာ ဖြစ်သည်။ ထိုသို့ဖြင့်၊ လူတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများ နှင့်ပတ်သက်၍ ကျိုးကြောင်းမမြင်သော ယုံကြည်မှုများထဲသို့ ယခင်ထက် ပို၍ နက်ရှိုင်းစွာ ကျဆင်းခဲ့ကြသောကြောင့်၊ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော် အားလုံးတွင် ဤအရာကို ဘုရားသခင် ဆောင်ရွက်ခဲ့သည့် ဖြစ်ရပ်မှန်များနှင့်သက်ဆိုင်သော အမှုဖြစ်ဖို့ လုံးဝ မယုံကြည်ကြချေ။ ထိုအစား ဘုရားသခင်သည် အခြားလုပ်စရာ မရှိဘဲ လူတို့ကို စမ်းသပ်ရန် အတိအကျအားဖြင့် နှုတ်ကပတ်တော်များကို အသုံးပြုသည်ဟု ၎င်းတို့ ယုံကြည်ခဲ့ကြလေသည်။ လူတို့ လိုက်လျှောက်ခဲ့ကြသည်မှာ မျှော်လင့်ချက်ကင်းမဲ့သော်လည်း မျှော်လင့်ချက်ကမ်းလှမ်းပုံရသည့် ထိုသို့သော စမ်းသပ်မှုများအလယ်တွင် ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်က၊ “ကျန်ရှိသူအားလုံးသည် ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့် ကံအနည်းငယ်ကို ခံစားရနိုင်ဖွယ်ရှိသည်” ဟု ပြောခဲ့ပြီးသည့်နောက်တွင်၊ လူတို့သည် ၎င်းတို့၏ အာရုံကို လိုက်လျှောက်ခြင်းတွင် ဆက်လက် ဆည်းကပ်ခဲ့ကြသောကြောင့်၊ ထွက်သွားခြင်းငှာ ရည်ရွယ်ချက် မရှိခဲ့ကြပေ။ လူတို့သည် ထိုသို့သော အတွေးမှားများအလယ်တွင် လိုက်လျှောက်ခဲ့ကြပြီး ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ မျှော်လင့်ချက် ကျိန်းသေပေါက် မဆိုဝံ့ကြပေ- ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း သက်သေ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်အမြင်က သူသည် အရာရာကို သူ့အား အစေခံမှုတွင် ရှိစေရန် ကိုင်တွယ်သည်ကို ပြသပေသည်။ လူတို့၏ အတွေးမှားများသည် အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ ဘုရားသခင်ကို မစွန့်ခွာရန် ၎င်းတို့အား တိုက်တွန်းပေးသည်၊ ထို့ကြောင့် ဤအဆင့်အတွင်းတွင် ဘုရားသခင်သည် လူတို့အား သူ့အတွက် သက်သေခံစေရန် ၎င်းတို့၏ မစုံလင်သော ကြံရွယ်ချက်များကို အသုံးပြုသည်၊ ယင်းမှာ ဘုရားသခင်က၊ “ငါသည် လူ တစ်စုကို ရလေပြီ” ဟု ပြောချိန်က၊ နက်နဲသော အဓိပ္ပာယ် ဖြစ်သည်။ စာတန်သည် အနှောင့်အယှက်များ ဖြစ်စေရန် လူ၏ ကြံရွယ်ချက်များကို အသုံးပြုသည်၊ ဘုရားသခင်မှာမူ လူသားကို အစေခံစေရန် သူ၏ ကြံရွယ်ချက်များကို အသုံးပြု၏- ဤသည်မှာ “၎င်းတို့သည် တိုးဝှေ့ဝင်နိုင်ကြမည်ဟု စိတ်ကူးကြသော်လည်း ၎င်းတို့၏ ဝင်ခွင့် လက်မှတ်အတုများကို ငါ့အား ကမ်းပေးသောအခါ၊ ငါသည် ၎င်းတို့ကို မီးအိုင်ထဲသို့ ချက်ချင်း ပစ်ချပြီး၊ ၎င်းတို့၏ “အပတ်တကုတ်လုပ်ရသော အားထုတ်မှုများကို” မီးလျှံများထဲတွင် မြင်ရသည့်အခါ၊ ၎င်းတို့ မျှော်လင့်ချက် ပျောက်ဆုံးကြလေသည်” ဟူသော ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ် ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို အစေခံစေရန် ကိုင်တွယ်သည်၊ ထို့ကြောင့် သူသည် လူ၏ အမျိုးမျိုးသော ထင်မြင်ချက်များကို ရှောင်ကွင်းမသွားဘဲ လူတို့အား ထွက်သွားကြရန် ရဲဝံ့စွာ ပြောသည်။ ဤသည်မှာ- မှန်ကန်သော နှုတ်ကပတ်တော်များနှင့် နည်းစနစ်တို့ကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ခြင်း၊ လူတို့အား မိန်းမောမူးဝေစေပြီး စိတ်ရှုပ်ထွေးစေရစ်ခြင်းဟူသည့်- ဘုရားသခင့် အလုပ်၏ အံ့ဖွယ်ဖြစ်ခြင်းနှင့် ဉာဏ်ပညာ ဖြစ်သည်။ ဤအရာမှ၊ ဘုရားသခင်သည် လူတို့အား သူ၏ အိမ်မှ ထွက်သွားရန် အမှန်တကယ် တောင်းဆိုနေခြင်း ဖြစ်ကြောင်း၊ ဤသည်မှာ စမ်းသပ်မှု အမျိုးအစားတစ်ခုခု မဟုတ်ကြောင်းနှင့် ဘုရားသခင်သည် “သို့သော် လူတို့သည် ကောင်းချီးမင်္ဂလာများကို မရရှိနိုင်ကြသည့်အခါ၊ ငါနှင့်ပတ်သက်၍ မည်သူမျှ စောဒကတက်၍မရနိုင်သည်ကိုလည်း ၎င်းတို့ကို ငါ ပြောပြ၏” ဟူ၍ ပြောရန် ဤအခွင့်အရေးကို ယူကြောင်းကို မြင်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက စစ်မှန်သည် သို့မဟုတ် မှားယွင်းသည်ကို မည်သူမျှ သဘောမပေါက်နိုင်ပေ၊ သို့သော် ဘုရားသခင်သည် လူတို့အား တည်ငြိမ်စေရန်၊ ၎င်းတို့၏ ထွက်သွားလိုသည် ဆန္ဒကို ခွာချရန် ဤ အခွင့်အရေးကို အသုံးပြုသည်။ ထို့ကြောင့်၊ အကယ်၍ တစ်နေ့တွင် ၎င်းတို့ ကျိန်ခြင်းကို ခံရပါက၊ “နားဝင်မချိုသော စကားများသည် ကောင်းသော စကားများ ဖြစ်သည်” ဟူ၍ လူတို့ ဆိုကြသည့်အတိုင်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကြိုတင်သတိပေးခြင်းကို ခံရပြီး ဖြစ်လိမ့်မည်။ ယနေ့တွင်၊ ဘုရားသခင်အတွက် လူတို့၏ ချစ်ခြင်းသည် လေးနက်ပြီး စစ်မှန်သည်၊ ထို့ကြောင့် စစ်မှန်သည်၊ မှားယွင်းသည်ကို ၎င်းတို့ မပြောနိုင်ခဲ့သော နှုတ်ကပတ်တော်များဖြင့် ၎င်းတို့သည် သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပြီး ဘုရားသခင်ကို ချစ်လာခဲ့ကြသည်၊ ယင်းမှာ ဘုရားသခင်က “ငါ၏ ကြီးမြတ်သော အမှုကို ငါ ပြီးမြောက်နှင့်ပြီ”ဟု ဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်က၊ “၎င်းတို့သည် ရှင်သန်မှုဆီသို့ ၎င်းတို့၏ ကိုယ်ပိုင် လမ်းကြောင်းကို ရှာတွေ့မည်ဟု ငါ မျှော်လင့်သည်။ ဤအရာ၌ ငါ အစွမ်းမဲ့ပေသည်” ဟု ပြောသောအခါ၊ ဤသည်မှာ ဘုရားသခင် ဤ နှုတ်ကပတ်တော်များ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင့် မိန့်မြွက်ချက်များ၏ လက်တွေ့အရှိတရား ဖြစ်သည်- သို့သော် လူတို့သည် ထိုသို့ မထင်ကြချေ။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ်မျှ အာရုံမစိုက်ဘဲ အမြဲ လိုက်လျှောက်ကြပြီးဖြစ်သည်။ ထိုသို့ဖြင့်၊ ဘုရားသခင်က၊ “အနာဂတ်တွင်၊ ငါတို့ အကြား၌ စကားတခွန်းတလေမျှ ရှိတော့မည် မဟုတ်၊ ငါတို့ ပြောရမည့်အရာ တစ်ခုတစ်လေမျှ ရှိတော့မည် မဟုတ်၊ အချင်းချင်း ငါတို့ အနှောင့်အယှက် ပေးလိမ့်မည်မဟုတ်၊ ငါတို့သည် ကိုယ့်လမ်းကို ကိုယ်သွားကြလိမ့်မည်၊”ဟု ပြောသောအခါ၊ ဤနှုတ်ကပတ်တော်များမှာ လက်တွေ့အရှိတရားဖြစ်ပြီး၊ အနည်းငယ်မျှ စွန်းထင်းခြင်း မရှိပေ။ လူတို့ မည်သည့်အရာတွေးထင်သည်ဖြစ်စေ၊ ယင်းမှာ ဘုရားသခင်၏ “ယုတ္တိမရှိခြင်း” ဖြစ်သည်။ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံနှင့်ပြီး ဖြစ်ကာ၊ ဘုရားသခင်က သူသည် လူအပေါင်းတို့အား အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ သူ့ထံမှ ထွက်သွားစေမည် မဟုတ်ဟု ဆိုသည်- ထို့ကြောင့် ဤ အမှု၏ အဆင့်မှာ ပြီးစီးပြီးဖြစ်ကာ၊ ဘုရားသခင်သည် လူ၏ စောဒကတက်မှုကို အလေးဂရုမပြုပေ။ သို့သော် ဘုရားသခင်သည် ဤအရာကို အစကတည်းက ရှင်းလင်းစေပြီးဖြစ်သောကြောင့်၊ လူတို့သည် ဒေါသကို အတင်းမျိုသိပ်ကာ နှုတ်ပိတ်နေကြရလျက်၊ ခိုကိုးရာမဲ့ ကျန်ရစ်ကြသည်။ ဘုရားသခင် နှင့် စာတန် အကြားရှိ တိုက်ပွဲသည် လူသားအပေါ် လုံး၀ အခြေပြုသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် ကောင်းမွန်ကာ အမှန်တကယ် ရုပ်သေးရုပ်များ ဖြစ်သော်လည်း၊ ဘုရားသခင် နှင့် စာတန်သည် ဖြစ်ရပ်များ၏ နောက်ကွယ်မှ ကြိုးများကို ဆွဲထားသော သူများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူတို့အား သူ့အတွက် သက်သေခံရန် အသုံးပြုသည့်အခါ၊ လူတို့အား စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းအပြင် ဘုရားသခင်၏ လမ်းပြခြင်းကို ခံစေရင်း၊ လူတို့အား သူ့အတွက် အစေခံမှု လုပ်ဆောင်စေဖို့ အသုံးပြုရန် သူသည် သူ စဉ်းစားနိုင်သမျှ၊ ဖြစ်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်သည်။ သက်သေခံစေဖို့ ဘုရားသခင် ဆန္ဒရှိသည့် သက်သေခံချက် ပြီးစီးသောအခါ၊ သူသည် လူတို့အား တစ်ဖက်သို့ ခါချပြီး ဘုရားသခင်သည် ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသည့်အလား ပြုမူရင်း၊ ၎င်းတို့အား ဒုက္ခဆင်းရဲ ခံစားစေရစ်လေသည်။ သူသည် လူတို့ကို တဖန် အသုံးပြုရန် ဆန္ဒရှိသောအခါ၊ ၎င်းတို့အား နောက်ထပ်တစ်ကြိမ် သူ ရွေးချယ်ကာ အသုံးခံစေပြီး၊ လူတို့သည် ဤအရာကို အနည်းငယ်မျှ မသိကြချေ။ ၎င်းတို့သည် သခင် သဘောရှိ အသုံးပြုသော နွား သို့မဟုတ် မြင်းတစ်ကောင်မျှကဲ့သို့ ဖြစ်သည်၊ ၎င်းတို့မှ မည်သူမျှ မိမိတို့ကိုယ်ကိုယ်အပေါ် ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤသည်မှာ အနည်းငယ် ဝမ်းနည်ဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် ထိန်းချုပ်နိုင်ခြင်း ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဘုရားသခင်အဖို့ အစေခံရခြင်းသည် ဂုဏ်တစ်ခု ဖြစ်သည်၊ စိတ်မချမ်းသာ ဖြစ်လာရမည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်သည် ဤနည်းဖြင့် ပြုမူသင့်သည့်အလား ဖြစ်သည်။ အနန္တတန်ခိုးရှင်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမှာ ဂုဏ်ယူရမည့်အရာ တစ်စုံတစ်ခုဖြစ်သည် မဟုတ်လော။ ထို့ကြောင့် သင် မည်သည့်အရာ တွေးထင်သနည်း။ ဘုရားသခင်အတွက် အစေခံမှုပေးရန် သင် ၏ စိတ်ဆုံးဖြတ်ချက် ချမှတ်ခဲ့ဖူးသလော။ သင်သည် သင်၏ ကိုယ်ပိုင် လွတ်လပ်မှုကို ရှာရန် လုပ်ပိုင်ခွင့်ကို စွဲကိုင်ရန် ဆန္ဒရှိသေးသည်များ ဖြစ်နိုင်မည်လော။

မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ပြုသမျှသည် ကောင်းမြတ်ပြီး၊ အတုယူထိုက်ကာ၊ အကယ်စင်စစ်၊ လူသားနှင့် ဘုရားသခင်သည် ကွဲပြားခြားနားပေသည်။ ဤအခြေခံအကြောင်းရင်းကြောင့်၊ ဘုရားသခင်သည် သင်၏ ချစ်ခြင်းကို အလေးထားမှု တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို လူသားစိတ်နှလုံးဖြင့် ချစ်သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ကြီးစွာသော ဝမ်းနည်းမှု ရှိသည်ကိုလည်း ပြသ၏။ လူတို့ စစ်ဆေးခြင်းခံရသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်သာ ဖြစ်သည်။ သို့သော် အကယ်စင်စစ် ဤအမှုသည် မနေ့က အမှန်ဖြစ်ပျက်ခဲ့ပေသည်- ထို့ကြောင့်၊ ဘုရားသခင်သည် နောက်ထပ် မည်သည့်အမှုကို အတိအကျ ပြုလိမ့်မည်နည်း။ ဤအရာသည် ယနေ့ထိ လျှို့ဝှက်ချက်တစ်ခု ဖြစ်လျက်နေသောကြောင့်၊ လူတို့သည် ယင်းကို နားလည်နိုင်စွမ်း သို့မဟုတ် သဘောပေါက်နိုင်စွမ်း မရှိသော်လည်း ဘုရားသခင်၏ တေးသွားကို စည်းကိုက်ဝါးကိုက် သီဆိုနိုင်ကြပေသည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ဘုရားသခင် ပြောသမျှသည် စစ်မှန်ပြီး၊ အားလုံး အမှန်တကယ် ဖြစ်လာသည်- ဤသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

အရှေ့သို့- အခန်း ၄၄ နှင့် ၄၅

နောက်တစ်ခုသို့- နိဒါန်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။