အခန်း (၄၄) နှင့် (၄၅)
ဘုရားသခင်သည် လူသားအား “ဘုရားသခင်ကို ချစ်ခြင်း” အကြောင်းကို- သင်ခန်းစာအားလုံးထဲတွင် အနက်နဲဆုံး သင်ခန်းစာကို- ပြောပြခဲ့သည့် အချိန်ကတည်းက၊ သူသည် လူအပေါင်းတို့အား လူ့ဘဝ၏ အနှစ်သာရမဲ့ခြင်းကို သိရှိဖို့ ကြိုးစားစေရင်းနှင့် ထိုသို့ဖြင့် ၎င်းတို့အတွင်းရှိ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ရင်း၊ ဤအကြောင်းအရာကို ပြောဆိုခြင်းအား “ဝိညာဉ်ခုနစ်ပါး၏ မိန့်မြွက်ချက်များ” ထဲတွင် အာရုံစိုက်ပြီး ဖြစ်သည်။ လက်ရှိအဆင့်တွင် ရှိနေကြသောသူများသည် ဘုရားသခင်ကို ချစ်ခြင်း မည်မျှရှိကြသနည်း။ သင်တို့သိကြသလော။ “ဘုရားသခင်ကို ချစ်ခြင်း” သင်ခန်းစာတွင် ကန့်သတ်ချက်များ မရှိပေ။ လူ့ဘဝနှင့်ပတ်သက်၍ လူအပေါင်းတို့သည် မည်သည့် သိနားလည်မှုမျိုး ရှိကြသနည်း။ ဘုရားသခင်ကို ချစ်ခြင်းအပေါ် ၎င်းတို့၏သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် လိုလားနေကြသလော သို့မဟုတ် မလိုလားဘဲ ရှိနေကြသလော။ ၎င်းတို့သည် အလွန်များသော လူစုလူဝေးများနောက်သို့ လိုက်ကြသလော၊ သို့မဟုတ် ဇာတိပကတိကို အလွန်မုန်းတီးကြသလော။ ဤသည်တို့မှာ သင်တို့ ရှင်းလင်းသင့်ပြီး နားလည်သင့်သော အရာများအားလုံး ဖြစ်သည်။ လူတို့၏အတွင်း၌ အမှန်တကယ် မည်သည့်အရာမျှ မရှိသလော။ “လူသားသည် ငါ့ကို အမှန်တကယ် ချစ်ရန် ငါအလိုရှိသည်။ သို့သော် လူတို့သည် လေးကန် ဖင့်နွှဲနေကြပြီး၊ ၎င်းတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား မပေးနိုင်ကြပေ။ ၎င်းတို့၏စိတ်ကူးများတွင် ၎င်းတို့က ၎င်းတို့၏ စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား ပေးပါက ၎င်းတို့၌ မည်သည့်အရာမျှ ကျန်ရစ်မည်မဟုတ်ဟု ယုံကြည်ကြသည်။” ဤနှုတ်ကပတ်တော်များ၌ “စစ်မှန်သောချစ်ခြင်းမေတ္တာ” ဆိုသည်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ “လူအပေါင်းသည် ဘုရားသခင်ကိုချစ်ကြသည့်” ဤခေတ်တွင် ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ စစ်မှန်သောချစ်ခြင်းမေတ္တာကို တောင်းဆိုနေဆဲဖြစ်သနည်း။ ထို့ကြောင့် ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူသားကို အဖြေစာရွက်တစ်ရွက်ပေါ်တွင် စစ်မှန်သောချစ်ခြင်းမေတ္တာ၏ အဓိပ္ပာယ်ကို ရေးခိုင်းရန်ဖြစ်သောကြောင့်၊ ဤသည်မှာ လူသားအတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် အိမ်စာ ဖြစ်သည်။ ယနေ့၏ ဤအဆင့်အတွက်မူ၊ ဘုရားသခင်သည် လူသားအပေါ် ကြီးမားသော တောင်းဆိုချက်များ မပြုသော်လည်း၊ လူတို့သည် လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ မူလသတ်မှတ်ချက်များကို မရရှိသေးပေ။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ခြင်း၌ ၎င်းတို့၏ အစွမ်းရှိသမျှကို ရင်းနှီးမြှပ်နှံဖို့ လိုသေး၏။ ထို့ကြောင့် ၎င်းတို့၏ မလိုလားမှုအလယ်တွင်၊ ဘုရားသခင်သည် ဤအမှုက အကျိုးတရားတစ်ခု ရှိပြီးသည့်အချိန်အထိ လူတို့နှင့်သက်ဆိုင်၍ သူ၏သတ်မှတ်ချက်များကို ပြုလုပ်ဆဲဖြစ်ပြီး၊ သူသည် ဤအမှု၌ ဘုန်းထင်ရှားလေသည်။ စင်စစ်အားဖြင့် ကမ္ဘာမြေကြီးပေါ်ရှိ အမှုသည် ဘုရားသခင်ကို ချစ်ခြင်းအားဖြင့် နိဂုံးချုပ်ပေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်သည် သူ၏အမှုကို နိဂုံးချုပ်သည့်အချိန်မှသာ သူသည် အရေးအကြီးဆုံးအမှုကို လူသားအား ညွှန်ပြခြင်းဖြစ်သည်။ အကယ်၍ သူ၏အမှု အဆုံးသတ်သည့်အချိန်တွင် သူသည် လူသားကို သေခြင်းတရားပေးပါက၊ လူသားသည် မည်သည့်အရာ ဖြစ်လာမည်နည်း၊ ဘုရားသခင်သည် မည်သည့်အရာ ဖြစ်လာမည်နည်း၊ ပြီးလျှင် စာတန်သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ချစ်ခြင်းမေတ္တာကို သိသာထင်ရှားစေသည့်အချိန်မှသာ “လူသားကို ဘုရားသခင်သည် သိမ်းပိုက်ပြီးဖြစ်သည်”ဟု ဆိုနိုင်ပေမည်။ သို့မဟုတ်ပါက၊ ဘုရားသခင်သည် လူသားကို အနိုင်ကျင့်သည်ဟု လူတို့က ဆိုကြမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင် အရှက်ရပေမည်။ ဘုရားသခင်သည် တီးတိုးပြောခြင်းမရှိဘဲ သူ၏အမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းဖို့ရန် အလွန်မိုက်မဲမည် မဟုတ်ပေ။ ထို့ကြောင့်၊ အမှု မကြာမီ ပြီးဆုံးမည့်အချိန်တွင်၊ ဘုရားသခင်ကို ချစ်ခြင်းအတွက် ပြင်းပြမှုလှိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ ဘုရားသခင်ကို ချစ်ခြင်းသည် ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်လာလေသည်။ ဟုတ်ပေ၏၊ ဤဘုရားသခင်ကို ချစ်ခြင်းသည် လူသားဖြင့် မစွန်းထင်းပေ။ သူခင်ပွန်းအတွက် သစ္စာရှိသော ဇနီးသည်တစ်ဦး၏ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် ပေတရု၏ချစ်ခြင်းမေတ္တာကဲ့သို့ ယင်းသည် မရောနှောသော ချစ်ခြင်းမေတ္တာ တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ယောဘနှင့် ပေါလုတို့၏ ချစ်ခြင်းမေတ္တာကို အလိုမရှိပေ၊ သို့သော် ယေဟောဝါအတွက်ဖြစ်သော ယေရှု၏ချစ်ခြင်းမေတ္တာ၊ ခမည်းတော်နှင့် သားတော်ကြားရှိ ချစ်ခြင်းမေတ္တာကို အလိုရှိသည်- “ကိုယ်ရေးကိုယ်တာ အရှုံး၊ အမြတ်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ခမည်းတော်အကြောင်းကိုသာ တွေးတောခြင်း၊ ခမည်းတော်ကိုသာ ချစ်ပြီး အခြားအရာကို မချစ်ခြင်းနှင့် အခြားမည်သည့်အရာကိုမျှ မတောင်းဆိုခြင်း” ဖြစ်သည်။ လူသားသည် ဤအရာကို တတ်စွမ်းနိုင်သလော။
အကယ်၍ ငါတို့သည် သင့်ကို ပြည့်စုံသော လူ့သဘာဝ မရှိခဲ့သည့်သူ၊ ယေရှုပြုခဲ့သည့်အရာတို့နှင့် နှိုင်းယှဉ်ပါက၊ ငါတို့ မည်သည့်အရာ တွေးထင်သနည်း။ သင်တို့၏ ပြည့်စုံသောလူ့သဘာဝဖြင့် သင်တို့ မည်မျှခရီးပေါက်ပြီးပြီနည်း။ သင်တို့သည် ယေရှုပြုခဲ့သောအရာများ၏ ဆယ်ပုံတစ်ပုံကို ကြိုးပမ်းရရှိနိုင်စွမ်းရှိသလော။ သင်တို့သည် ဘုရားသခင်အတွက် လက်ဝါးကားတိုင်သို့ သွားရန် အရည်အချင်းပြည့်မီသလော။ ဘုရားသခင်ကို ချစ်သော သင်တို့၏ စိတ်နှလုံးသည် စာတန်ကို အရှက်ရစေနိုင်သလော။ ပြီးလျှင် လူကို ချစ်သော သင်တို့၏ စိတ်နှလုံးမည်မျှကို သင်တို့ နှင်ထုတ်ပြီးပြီနည်း။ ယင်းကို ဘုရားသခင်အား ချစ်ခြင်းဖြင့် အစားထိုးပြီးပြီလော။ သင်တို့သည် ဘုရားသခင်ကို ချစ်ခြင်းအတွက် အားလုံးကို အမှန်တကယ် သည်းခံကြသလော။ အတိတ်အချိန်ကာလများတွင် အသက်ရှင်ခဲ့သည့် ပေတရုအကြောင်းကို တစ်ခဏ တွေးကြည့်ပြီးနောက်၊ ယနေ့မှဖြစ်သော သင်တို့ကိုယ်တိုင်ကို တစ်ချက် ကြည့်လော့- ကြီးမားသည့် ခြားနားချက်တစ်ခု အမှန်တကယ် ရှိပေ၏။ သင်တို့သည် ဘုရားသခင်ရှေ့တွင်ရပ်ရန် မသင့်တော်ကြချေ။ သင်တို့၏အတွင်း၌၊ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ပို၍ ရှိသလော၊ သို့မဟုတ် နတ်ဆိုးအတွက် ချစ်ခြင်းမေတ္တာ ပို၍ရှိသလော။ မည်သည့်အရာတစ်ခုက ပို၍မြင့်မားသည်ကို ကြည့်ဖို့ရန်၊ ဤအရာကို ချိန်ခွင်၏ ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းတွင် တစ်ကန့်စီထားသင့်သည်။ သင်တို့အထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ အမှန်တကယ် မည်မျှရှိသနည်း။ သင်တို့သည် ဘုရားသခင်ရှေ့တွင် သေဆုံးရန် သင့်တော်ကြသလော။ ယေရှုသည် လက်ဝါးကားတိုင်ပေါ်တွင် ရပ်နိုင်ခဲ့သည့်အကြောင်းရင်းမှာ ကမ္ဘာမြေကြီးပေါ်က သူ၏အတွေ့အကြုံများသည် စာတန်ကို အရှက်ရစေရန် လုံလောက်ခဲ့သောကြောင့်ဖြစ်ပြီး ထိုအကြောင်းရင်းကြောင့်သာ ခမည်းတော် ဘုရားသခင်သည် သူ့အား အမှု၏ထိုအဆင့်ကို ပြည့်စုံစေရန် ရဲဝံ့စွာ အခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းမှာ သူခံစားခဲ့ပြီးသော ဆင်းရဲဒုက္ခနှင့် သူ၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးကြောင့် ဖြစ်သည်။ သို့သော် သင်တို့သည် အလွန် အရည်အချင်း မပြည့်မီကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိခြင်းမှလွဲ၍ အခြားမည်သည့်အရာမျှမရှိခြင်းကို စွမ်းဆောင်ရရှိရင်း၊ ဆက်လက် တွေ့ကြုံခံစားကြရမည်- ဤအရာကို သင်တို့ ပြီးမြောက်နိုင်သလော။ ဤအရာမှ၊ သင်တို့သည် ဘုရားသခင်ကို မည်မျှမုန်းတီးကြောင်းနှင့် ဘုရားသခင်ကို မည်မျှချစ်ကြောင်းကို မြင်တွေ့နိုင်ပေသည်။ ဘုရားသခင်သည် လူသားအပေါ် အလွန်မညှာမတာ ခိုင်းစေနေခြင်းမဟုတ်ဘဲ၊ လူသားကသာ ကြိုးစားမလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အခြေအနေ၏ လက်တွေ့အရှိတရား မဟုတ်လော။ သို့မဟုတ်ပါက၊ ဘုရားသခင်ထဲ၌ ချစ်မြတ်နိုးဖွယ်ကောင်းသည့်အရာ မည်မျှကို သင်ရှာဖွေတွေ့ရှိပြီး သင်ကိုယ်တိုင်၏အထဲ၌ စက်ဆုပ်ဖွယ်ကောင်းသည့်အရာ မည်မျှကို သင် ရှာတွေ့မည်နည်း။ သင်သည် ဤအမှုအရာများကို သေချာ စဉ်းစားဆင်ခြင်သင့်သည်။ ကောင်းကင်အောက်တွင် အနည်းငယ်ကသာ ဘုရားသခင်ကို ချစ်ကြသည်ဟုဆိုခြင်းမှာ တရားနည်းလမ်းကျပေသည်- သို့သော်လည်း သင်သည် ကမ္ဘာစံချိန်ကိုချိုးပြီး ဘုရားသခင်ကို ချစ်လျက်၊ ရှေ့ဆောင်သူတစ်ဦး ဖြစ်နိုင်သလော။ ဘုရားသခင်သည် လူသားထံမှ မည်သည့်အရာကိုမျှ မတောင်းဆိုပေ။ လူသည် ဤအရာ၌ သူ့ကို လေးစားမှုအချို့ မပေးနိုင်သလော။ ဤအရာကိုပင် သင် စွမ်းဆောင်ရရှိနိုင်စွမ်း မရှိသလော။ အခြားပြောစရာ မည်သည့်အရာ ရှိသေးသနည်း။