အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ကိုးခုမြောက် မိန့်မြွက်ချက်၏ အနက်ဖွင့်

လူတို့၏ စိတ်ကူးစိတ်သန်းထဲတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသား ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ဘာသာစကားကို မပြောဆိုသကဲ့သို့ လူသားသည်လည်း ဘုရားသခင် ၏ ဘာသာစကားကို ပြောဆိုနိုင်ခြင်းမရှိ၊ လူသား၏ ဘုရားသခင်ကို တောင်းဆိုချက်များသည် အလွယ်လေး ဖြစ်သော်လည်း ဘုရားသခင်၏ လူသားအပေါ် သတ်မှတ်ချက်များမှာမူ လူသားအတွက် မရနိုင်သော အရာနှင့် မတွေးဝံ့သော အရာများပင် ဖြစ်သည်။ သို့ရာတွင် အမှန်တရားမှာမူ လားလားကြီးပင် ဆန့်ကျင်ဘက် ဖြစ်သည်၊ ဘုရားသခင်သည် လူသား၏ “၀.၁ ရာခိုင်နှုန်း”ကိုသာ တောင်းဆိုသည်။ ဤသည် မှာ လူတိုင်းအတွက် အံ့အားသင့်ဖွယ် ကောင်းသည်သာမကဘဲ ၎င်းတို့အားလုံးသည် ပင်လယ်ပြင်၌ ရောက်နေ ဘိသည့်အလား ၎င်းတို့ကို အလွန်အမင်းလည်း မိန်းမောတွေဝေသွားစေသည်။ ဘုရားသခင်၏ ဉာဏ်ပွင့်စေ ခြင်းနှင့် ကျေးဇူးတော်ကြောင့်သာလျှင် လူသားတို့သည် ဘုရားသခင်၏ အလိုကို အနည်းငယ် သိကြခြင်း ဖြစ်သည်။ သို့သော်လည်း မတ်လ ၁ ရက်နေ့တွင် လူအားလုံးတို့သည် နောက်တစ်ဖန် မိန်းမောတွေဝေ၍ ၎င်းတို့၏ ဦးခေါင်းများကို ကုတ်နေခဲ့ကြလေသည်။ ဘုရားသခင်သည် သူ၏ လူများကို ဝင်းလက်တောက်ပသော နှင်းပွင့်ဖြစ်ရန်နှင့် လွင့်မျောနေသော တိမ်စိုင်များ မဖြစ်ကြရန် တောင်းဆို သည်။ ဤသို့ဆိုလျှင် “ဝင်းလက်တောက်ပသော နှင်းပွင့်”မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ပြီးလျှင် “လွင့်မျောနေသော တိမ်စိုင်များ”ဆိုသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ ဤအချိန်တွင် ဘုရားသခင် သည် ထိုစကားလုံးများ၏ အတွင်းအနက်အဓိပ္ပာယ်နှင့် ပတ်သက်၍ အဘယ်အရာမျှ တမင်သက်သက် ပြောဆိုခြင်း မရှိချေ။ ဤအချက်သည် လူတို့ကို ရှုပ်ထွေးမှုထဲ ထိုးဆင်းသွားစေပြီး ဤသို့ဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းသည် ၎င်းတို့ ရှာဖွေသည်နှင့် တိုးပွားလေသည်၊ ၎င်းသည် အခြားအရာ တစ်စုံတစ်ခု မဟုတ်ဘဲ ဘုရားသခင် လူများ အပေါ် အတိအကျ သတ်မှတ်ချက် ဖြစ်သောကြောင့် လူတိုင်းသည် မိမိတို့ကိုယ်မိမိ ဤဉာဏ်မမီနိုင်သော နှုတ်ကပတ်တော်များကို စဉ်းစားရန် သာ၍များသော အချိန်များကို ကောက်ကာ ငင်ကာပင် သုံးနေကြ သည်ကို တွေ့ရ လေသည်။ ရလဒ်အနေနှင့် လူတို့၏ ဦးနှောက်များထဲတွင် အမျိုးမျိုးသော အကြံအစည်များ ပေါ်ပေါက်လာကြကာ ၎င်းတို့၏ မျက်လုံးများရှေ့တွင် လွင့်မျောနေသော ဆီးနှင်းပွင့်များသည် လျှပ်တစ်ပြက် ပေါ်လာပြီး မိုးကောင်းကင်ရှိ လွင့်မျောနေသာ တိမ်စိုင်များသည် ၎င်းတို့၏ စိတ်ထဲတွင် ရုတ်ခြည်းပင် ပေါ်လာ ကြသည်။ ဘုရားသခင်သည် သူ၏လူများကို ဝင်းလက်တောက်ပသော နှင်းပွင့်ကဲ့သို့ ဖြစ်ရန် နှင့် လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ မဖြစ်ရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ ဤနေရာ၌ စစ်မှန်သော အဓိပ္ပာယ်မှာ အဘယ်အရာနည်း။ ဤစကားလုံးများသည် အတိအကျ အားဖြင့် အဘယ်အရာကို ရည်ညွှန်းနေသနည်း။ “ဝင်းလက်တောက်ပသော နှင်းပွင့်”သည် တောတောင်ရှုခင်းကို လှပေစေရုံမျှသာမက စိုက်ပျိုးမွေးမြူရေးမြေ အတွက်လည်း အကျိုးရှိသည်၊ ၎င်းသည် ဗက်တီးရီးယားပိုးများကို သတ်ခြင်း၌ ကောင်းမွန်သည်။ ဆီးနှင်းများ သည်းထန်စွာ ကျပြီးသည့် နောက်တွင် ဗက်တီးရီးယားပိုးများ အားလုံးသည် ဝင်းလက်တောက်ပသော နှင်းပွင့်၏ ဖုံးလွှမ်းခြင်းကို ခံရပြီး နေရာတစ်ခုလုံးသည် အသက်နှင့် တင်းကြပ်ပြည့်လျှံလာသည်။ ထိုနည်းတူစွာ ဘုရားသခင်၏ လူများသည် လူ့ဇာတိခံယူသည့် ဘုရားသခင်ကို သိကျွမ်းရမည်သာ မဟုတ်ဘဲ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တရားအပေါ်တွင် မိမိတို့ကိုယ်မိမိ ချိုးနှိမ်ရမည်လည်းဖြစ်ပြီး ဤသို့ဖြင့် သာမန် လူ့သဘောသဘာဝတွင် ရှင်သန်သွားရမည် ဖြစ်သည်။ ဤသည်မှာ နှင်းပွင့်သည် တောတောင်ရှုခင်းကို လှပ အောင် ပြုလုပ်ပုံဖြစ်သည်၊ အဆုံးတွင် ဘုရားသခင် လူများ၏ ရင့်ကျက်ခြင်းသည် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ရင်း ဘုရားသခင်၏ သန့်ရှင်းသော နာမတော်ကို ဖြန့်ဝေရင်း၊ ဘုန်းထင်ရှားစေရင်းနှင့် အဆင်းနီသော နဂါးကြီးကို အဆုံးသတ်စေမည် ဖြစ်သည်၊ ထိုသို့အားဖြင့် ကမ္ဘာ မြေကြီးပေါ်ရှိ နိုင်ငံတော်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ပြည့်သည်၊ ဘုရားသခင်၏ အလင်းရောင် တောက်ပခြင်းသည် ထွန်းလင်းကာ ဘုရားသခင်၏ ဘုန်းတော်နှင့်အတူ လင်းဖြာပြီး နေရာတိုင်း တွင် ငြိမ်သက်ခြင်းနှင့် ရောင့်ရဲခြင်း၊ ပျော်ရွှင်ခြင်းနှင့် စိတ်ချမ်းသာခြင်း၊ အစဉ်အသစ်ပြုပြင်သော လှပခြင်း၏ မြင်ကွင်းများ ရှိနေသည်။ ပျက်စီးသော စာတန်ဆိုင်ရာ စိတ်သဘောထားများ ဖြစ်သည့် မဖြောင့်မတ်မှု၊ ကောက်ကျစ်မှုနှင့် လိမ်လည်လှည့်ဖြားမှု၊ ဆိုးညစ်သော တပ်မက်မှုများ အစရှိသဖြင့်တို့ ဖြစ်ကြသော လက်ရှိ အချိန်တွင် တည်ရှိသည့် အမျိုးမျိုးသော ကပ်ဆိုးများ အားလုံးသည် အမြစ်ဖြတ် ချေမှုန်းခံရပြီး ဤသို့နှင့် ကောင်ကင်ဘုံနှင့် ကမ္ဘာမြေကြီး နှစ်ခုစလုံးသည် အသစ်ပြုပြင်ခြင်း ခံရသည်။ ဤသည်မှာ “ဆီးနှင်းများ သည်းထန်စွာ ကျပြီးသည့် နောက်တွင်”၏ စစ်မှန်သော အနက်အဓိပ္ပာယ် ဖြစ်သည်။ လွင့်မျောနေသော တိမ်စိုင် များဖြစ်ကြသူများသည် ဘုရားသခင် ပြောခဲ့သော အများနည်းတူ လိုက်လုပ်တတ်သည့် လူစားမျိုး ဖြစ်ကြသည်၊ အကယ်၍ စာတန်၏ သွေးဆောင်ဖြားယောင်းခြင်း ရှိပါက၊ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်ခြင်းများ ရှိပါက သူတို့သည် ရုတ်ခြည်းပင် လွင့်မျောသွားပြီး မတည်ရှိကြတော့ချေ။ ၎င်းတို့၏ အနှစ် သာရပင်လျှင် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်၍ ရှင်ကျန်ရစ်ခြင်း မရှိပေ။ အကယ်၍ လူတို့သည် လွင့်မျောနေသော တိမ်စိုင်များ ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်၏ ပုံရိပ်နှင့်အညီ ရှင်သန်ရန် မတတ်နိုင်သည်သာ မကဘဲ ဘုရားသခင်၏ နာမတော်ကိုပင် အရှက်ရစေသည်၊ ထိုကဲ့သို့သော လူတို့သည် အချိန်မရွေး သို့မဟုတ် နေရာမရွေးတွင် ရုတ်ခြည်း ဖမ်းယူသွားခြင်းကို ခံရနိုင်သည့် အန္တရာယ် ရှိသည့်အတွက် ၎င်းတို့သည် စာတန်ဝါးမျိုသော အစားအစာများ ဖြစ်ကြပြီး စာတန်မှ ၎င်းတို့ကို ဖမ်းသွားချုပ်ထားသောအခါ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်လျက် စာတန်ကို အစေခံကြပေလိမ့်မည်။ ဤသည်မှာ ဘုရားသခင် ၏ နာမတော်ကို ထင်ရှားစွာပင် အရှက်ရစေသည်၊ ယင်းသည် ဘုရားသခင် အနာကြည်းဆုံးသော အရာဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် သာမန်လူတို့၏ အနှစ်သာရနှင့် ဧကန်အမှန် အသုံးကျသောတန်ဖိုး နှစ်ခုစလုံးမရှိ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် သူ၏ လူတို့အပေါ် ယင်းသို့သော သတ်မှတ်ချက်များ ပြုရခြင်းဖြစ်သည်။ သို့သော်လည်း ဤနှုတ်ကပတ်တော်များအပေါ် တစ်စုံ တစ်ရာကို နားလည်ပြီးနောက်၌ လူတို့သည် ယင်းနောက်တွင် အဘယ်အရာ လုပ်ဆောင်ရမည် ဆိုသည်ကို မသိဘဲရှိကြသည်၊ အကြောင်းမှာ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အကြောင်းအရာသည် ဘုရားသခင် ကိုယ်တော်တိုင်ထံ လှည့်သွားသည့်အတွက် ယင်းသည် လူတို့ကို ခဲယဉ်းသော အခြေအနေထဲသို့ ဆိုက်ရောက် စေသောကြောင့် ဖြစ်သည်၊ “ငါသည် သန့်ရှင်းသောမြေမှ လာခဲ့သောကြောင့် သန့်ရှင်းသောမြေမှ မဟုတ်ဘဲ ရွှံ့နွံထဲမှ လာခဲ့သော အမည်သာရှိပြီး အချင်းမရှိသည့် ကြာပဒုမ္မာကဲ့သို့ မဟုတ်။” သူ၏ လူများထံသို့ သူ၏ သတ်မှတ်ချက်များကို ပြောဆိုပြီးသည့်နောက်တွင် ဘုရားသခင်သည် အဘယ်ကြောင့် ဘုရားသခင် ကိုယ်တော်တိုင်၏ မွေးဖွားခြင်းကို ထုတ်ဖော်သနည်း။ ထိုနှစ်ခုကြားတွင် ဆက်နွှယ်မှုတစ်ခု ရှိနေခြင်းမျိုး ဖြစ်နိုင်သလော။ စင်စစ်အားဖြင့် ထိုနှစ်ခုကြားတွင် ပင်ကိုဆက်နွှယ်မှုတစ်ခု ရှိသည်၊ သို့မဟုတ်ပါက ဘုရား သခင်သည် လူတို့အား ထိုသို့ ပြောဆိုခဲ့လိမ့်မည် မဟုတ်ပေ။ အရွက်စိမ်းများအကြား၌ ကြာပဒုမ္မာသည် လေပြေလေညင်းထဲတွင် ရှေ့နောက်ယိမ်းထိုး၏။ ယင်းမှာ မျက်စိပသာဒ ဖြစ်နေပြီး အလွန် ချစ်ခင်မြတ်နိုးခြင်း ခံရသည်။ လူတို့သည် ထိုကြာပဒုမ္မာကို အကယ်ပင် ချစ်၍မဝနိုင်အောင် ဖြစ်နေကြပြီး ရိုးတံကို ဆွဲနှုတ်၍ အနီးကပ် ကြည့်ရှုခြင်းငှာ ရေထဲသို့ ဆင်းကူးရန် တရွရွဖြစ်နေကြသည်။ သို့သော်လည်း ဘုရားသခင်က ကြာပဒုမ္မာသည် ရွှံ့နွံထဲမှ လာကာ အမည်တစ်ခုသာရှိပြီး အနှစ်သာရမရှိဟု ပြောဆိုသည်။ ဘုရားသခင်သည် ကြာပဒုမ္မာများကို အရေးပါသည်ဟု မယူမှတ်ပုံရပြီး သူ၏နှုတ်ကပတ်တော်များမှ သူသည် ထိုကြာပဒုမ္မာ များကို စက်ဆုပ်ရွံရှာခြင်း အချို့ရှိသည်ကို ထင်ရှားစွာ မြင်နိုင်သည်။ ခေတ်ကာလများ တစ်လျှောက်တွင် လူများစွာတို့သည် ကြာပဒုမ္မာများမှာ ညစ်ညူးခြင်းထဲမှ စွန်းထင်းခြင်းမရှိဘဲ ထွက်ပေါ်လာသောကြောင့် ၎င်းတို့သည် တုနှိုင်းမမီလုနီးပါးနှင့် ဖော်မပြနိုင်လောက်အောင် အံ့သြဖွယ်ကောင်းသည်ဟု ဆိုရလောက် အောင်ပင် ၎င်းတို့ကို ချီးမွမ်းခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင်၏ မျက်စိတွင်မူ ကြာပဒုမ္မာများသည် အသုံးကျခြင်းမရှိ၊ ယင်းမှာ ဘုရားသခင်နှင့် လူသားတို့အကြားရှိ ကွဲပြားခြားနားမှု အတိအကျပင် ဖြစ်သည်။ ဤသည်မှာ မိုးကောင်းကင်၏ အထွတ်နှင့် ကမ္ဘာမြေကြီး၏ အောက်ခြေ အကြားကဲ့သို့ ကြီးမားသော ဘုရားသခင်နှင့် လူသားတို့ အကြားရှိ အကွာအဝေးကို ပြသရန် လုံလောက်သည်။ ကြာပဒုမ္မာသည် ရွှံနွံထဲမှ လာသောကြောင့် ၎င်းလိုအပ်သော အာဟာရဓာတ်များ အားလုံးသည် ထိုအထဲမှပင် လာသည်။ ကြာပဒုမ္မာသည် ၎င်းကိုယ်၎င်း ရုပ်ဖျက်နိုင်ခြင်းသာ ဖြစ်ပြီး ဤသို့ဖြင့် မျက်စိပသာဒဖြစ်စေခြင်းသာ ဖြစ်၏။ များစွာသော လူတို့သည် ကြာပဒုမ္မာ၏ လှပသော အပြင်ပန်းကိုသာ မြင်ကြသော်လည်း ကြာပဒုမ္မာအတွင်းထဲရှိ အသက်တာသည် ညစ်ညူး၍ မစင်ကြယ်သည်ကို ၎င်းတို့အထဲမှ မည်သူကမျှ တွေ့မြင်ခြင်း မရှိကြ။ ထို့ကြောင့် ဘုရားသခင်မှ ၎င်းကြာပဒုမ္မာသည် အမည်တစ်ခုသာရှိပြီး အနှစ်သာရမရှိဟု ပြောဆိုခြင်းဖြစ်ပြီး ယင်းမှာ လုံးဝဥဿုံ မှန်ကန်၍ စစ်မှန်သည်။ ထိုအရာမှာ ယနေ့တွင် ဘုရားသခင်၏ လူတို့ဖြစ်နေသည့်အတိုင်း အတိအကျပင် မဟုတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို အပြင်ပန်းအားဖြင့်သာ နာခံ၍ ယုံကြည် ကြသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ဘုရားသခင်သည် ၎င်းတို့ကို စိတ်ကျေနပ်စေရန် ၎င်းတို့သည် မျက်နှာလို မျက်နှာရလုပ်ကြပြီး မိမိတို့ကိုယ်မိမိ မြင်သာအောင် လျှောက်ပြကြသည်၊ သို့သော်လည်း အတွင်း၌မူ ၎င်းတို့သည် ပျက်စီးသော စာတန်ဆိုင်ရာ စိတ်သဘောထားနှင့် ပြည့်သိပ်နေကြပြီး ၎င်းတို့၏ ဝမ်းဗိုက်များသည် မစင်ကြယ်မှုများနှင့် ပြည့်နှက်နေကြသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားကို ဘုရားသခင်အား သူ၏ သစ္စာစောင့်သိခြင်းသည် မစင်ကြယ်မှုများနှင့် စွန်းထင်းနေခြင်း ရှိ၊ မရှိ၊ ထိုသစ္စာ စောင့်သိခြင်းသည် စင်ကြယ်ခြင်းနှင့် စိတ်နှလုံးအကြွင်းမဲ့ဖြစ်ခြင်း ရှိ၊ မရှိ မေးမြန်းရင်း မေးခွန်းထုတ်သည်။ ၎င်းတို့သည် အစေခံသူများ ဖြစ်ခဲ့သောအခါ များစွာသော လူတို့သည် ဘုရားသခင်ကို ၎င်းတို့၏ နှုတ်များနှင့် ချီးမွမ်းခဲ့သော်လည်း ၎င်းတို့၏ နှလုံးသားများထဲ၌မူ သူ့ကို ကျိန်ဆဲခဲ့ကြသည်။ ၎င်းတို့၏ နှုတ်များထဲ၌မူ ၎င်းတို့သည် ဘုရားသခင်ကို နာခံခဲ့ကြသော်လည်း ၎င်းတို့၏ နှလုံးသားများထဲ၌မူ ၎င်းတို့သည် ဘုရားသခင် ကို မနာခံခဲ့ကြပေ။ ၎င်းတို့၏ နှုတ်များသည် အပျက်သဘောဆောင်သော စကားများကို မြွက်ဆိုခဲ့ကြပြီး ၎င်းတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား ဝှက်ထားခဲ့ကြသည်။ မိမိတို့၏ လုပ်ရပ်များ ကို ညှိနှိုင်းခဲ့ကြသော လူတို့ပင် ရှိခဲ့သည်၊ ၎င်းတို့သည် လုံးဝဥဿုံ အကျင့်ပျက်လျက် အဆင်းနီသော နဂါးကြီး၏ စစ်မှန်သော မျက်နှာ၏ ကွက်ကွက်ကွင်းကွင်းဖြစ်၍ အသက်ပါသော ဖော်ပြခြင်းကို ပေးလျက် အယုတ္တ အနတ္တများကို ၎င်းတို့၏ နှုတ်များနှင့် ဖွင့်ဆိုခဲ့ကြပြီး ၎င်းတို့၏ လက်များနှင့် လက်ဟန်ပြခဲ့ကြသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ သားပေါက်များဟု ခေါ်ဆိုခံရခြင်းနှင့် ဧကန်အမှန်ပင် ထိုက်တန်သည်။ သို့သော်လည်း ယနေ့ ၎င်းတို့သည် သစ္စာရှိသော အစေခံသူများ၏ နေရာ၌ ရပ်တည်ကြပြီး ဘုရားသခင်၏ သစ္စာရှိသော လူများအဖြစ် နေပြနေကြသည်၊ မည်မျှပင် အရှက်မဲ့လိုက် ကြသနည်း။ အံ့သြစရာ မရှိပါပေ၊ ၎င်းတို့သည် ရွှံ့နွံထဲမှ လာခဲ့သောကြောင့် ၎င်းတို့သည် မိမိတို့၏ စရိုက်အမှန်ကို မပြသဘဲ နေနိုင်ခြင်းမရှိ။ ဘုရားသခင်သည် သန့်ရှင်း၍ စင်ကြယ်ပြီး စစ်မှန်၍ အမှန်တကယ် ဖြစ်သောကြောင့် သူ၏ ဇာတိခန္ဓာသည် ဝိညာဉ်မှ လာသည်။ ဤသည်မှာ တိကျသေချာပြီး သံသယဖြစ်စရာမရှိ။ ဘုရားသခင်ကို သက်သေခံနိုင်ရုံသာမကဘဲ ဘုရားသခင်၏ အလိုတော်ကိုလည်း လုံးလုံး ထမ်းဆောင်နိုင်သည်၊ ဤသည်မှာ ဘုရားသခင့် အနှစ်သာရ၏ ရှုထောင့်တစ်ရပ်ဖြစ်သည်။ လူ့ဇာတိသည် ဝိညာဉ်ထံမှ ပုံရိပ်တစ်ခုနှင့် လာသည်ဆိုခြင်းမှာ ဝိညာဉ်သည် မိမိကိုယ်မိမိ လွှမ်းခြုံထားသော ဇာတိခန္ဓာသည် လူသား၏ ဇာတိခန္ဓာ နှင့် အခြေခံအားဖြင့် ကွဲပြားခြားနားသည်ဟု ဆိုလိုပြီး ဤကွဲပြားခြားနားချက်သည် ၎င်းတို့၏ ဝိညာဉ်ထဲတွင် အဓိကအားဖြင့် တည်ရှိသည်။ ပုံရိပ်တစ်ခုနှင့် ဝိညာဉ် ရည်ညွှန်းသည့်အရာမှာ သာမန် လူ့သဘော သဘာဝအားဖြင့် ဖုံးလွှမ်းခံထားရခြင်း၏ ရလဒ်အနေနှင့် ဘုရားသဘောသဘာဝသည် အတွင်းထဲတွင် သာမန် အားဖြင့် လုပ်ဆောင်နိုင်ပုံကို ဖြစ်ပြီး ယင်းအလုပ်မှာ သဘာဝလွန်ခြင်း စိုးစဉ်းမျှ မဟုတ်ဘဲ လူ့သဘော သဘာဝ၏ ကန့်သတ်ခံထားရခြင်းလည်း မရှိပေ။ “ဝိညာဉ်တော်၏ ပုံရိပ်”သည် လုံးလုံး ဘုရားသဘော သဘာဝ ဖြစ်ခြင်းကို ရည်ညွှန်းပြီး လူ့သဘောသဘာဝ၏ ကန့်သတ်ခံထားရခြင်းမရှိ။ ထိုသို့ဖြင့် ဘုရားသခင်၏ ပင်ကို စိတ်သဘောထားနှင့် စစ်မှန်သော ပုံရိပ်သည် လူ့ဇာတိခံ ဇာတိခန္ဓာထဲတွင် လုံးလုံးလျားလျား ရှင်သန် နိုင်သည်၊ ထိုအရာသည် ပုံမှန်ဖြစ်ပြီး မူမှန်သည်သာမက ဘုန်းအာနုဘော်နှင့် အမျက်ဒေါသနှင့်လည်း ဖြစ်သည်။ ပထမ လူ့ဇာတိခံ ဇာတိခန္ဓာသည် လူတို့ အယူအဆများ၏ ဘုရားသခင်ကိုသာ ချပြနိုင်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို လုပ်ဆောင်ရန်နှင့် ပရောဖက်ပြုချက်ကို ပြောဆိုရန်သာ တတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ လက်တွေ့အရှိတရားကို လုံးလုံးလျားလျား ရှင်သန်ခြင်း မရှိခဲ့ပေ၊ ထို့ကြောင့် ပုံရိပ်တစ်ခုနှင့်ဝိညာဉ်၏ ပြယုဂ်လည်း မဟုတ်ခဲ့ပေ၊ သူသည် ဘုရားသဘော သဘာဝ၏ တိုက်ရိုက် ပေါ်လာခြင်းသာလျှင် ဖြစ်သည်။ သူသည် သာမန် လူ့သဘောသဘာဝကို ကျော်လွန်ခဲ့ သောကြောင့် သူသည် လုံးလုံးလျားလျား လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်ဆိုခြင်းကို မခံခဲ့ရဘဲ သူနှင့်ပတ်သက်၍ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ မသဲကွဲမှု အနည်းငယ် ရှိနေခဲ့သည်၊ သူသည် လူတို့ အယူအဆများ၏ ဘုရားသခင် ဖြစ်ခဲ့သည်။ ဤသည်မှာ လူ့ဇာတိခံယူသော ဇာတိခန္ဓာနှစ်ခုအကြားရှိ ပဓာနကျသော ကွဲပြားခြားနားချက် ဖြစ်သည်။

စကြဝဠာထဲရှိ အမြင့်မားဆုံးသော ထိပ်ဖျားမှ ဘုရားသခင်သည် လူသား၏ လှုပ်ရှားမှုတိုင်း၊ လူတို့ ပြောဆိုလုပ်ဆောင်သည့် အရာအားလုံးကို စောင့်ကြည့်နေသည်။ ၎င်းတို့၏ အတွင်းကျဆုံးသော အတွေးတိုင်း ကိုပင် ဘုရားသခင်သည် မျက်စိလျှမ်းခြင်းမရှိဘဲ အကြွင်းမဲ့ ကြည်လင်ပြတ်သားခြင်းနှင့် လေ့လာသည်၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အတွေးတိုင်းကို ထိုးနှက်လျက် ၎င်းတို့၏ နှလုံးသားများကို တည့်တည့်မတ်မတ်ပင် ပိုင်းဖြတ်သည်၊ သူ၏ နှုတ်ကပတ်တော်များသည် ပါးနပ်ချက်ချာပြီး အမှားကင်းသည်။ “လူသားသည် ငါ၏ ဝိညာဉ်ကို သိကျွမ်းသော်ငြားလည်း သူသည် ငါ့ဝိညာဉ် ကိုပင် ပြစ်မှားသည်။ ငါ၏ နှုတ်ကပတ် တော်များသည် လူခပ်သိမ်းတို့၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ပြပြီး လူခပ်သိမ်းတို့၏ အတွင်းကျဆုံးသော အတွေးများကို ဖွင့်ချပြကာ ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးကို ငါ၏ စိစစ်ခြင်းအလယ်၌ လဲကျကြစေသည်။” ဤအရာမှ ဘုရားသခင်၏ လူသားများအား တောင်းဆိုချက်များသည် မမြင့်မားသောငြားလည်း လူတို့သည် ဘုရားသခင် ဝိညာဉ်တော်၏ စိစစ်ခြင်းကို ကြံ့ကြံ့မခံနိုင်ဘဲ ရှိနေဆဲဖြစ်သည်ကို တွေ့မြင်နိုင်သည်။ “လူသားသည် လဲကျသော်ငြားလည်း သူ၏ နှလုံးသား သည် ငါ့ထံမှ ဝေးကွာစွာ လမ်းလွဲသွားရန် မဝံ့ရဲပေ။ ဖန်ဆင်းခံ သတ္တဝါများထဲတွင် မည်သူသည် ငါ၏ လုပ်ဆောင်ချက်များကြောင့် ငါ့ကို မချစ်လာဘဲ ရှိသနည်း။” ဤသည်မှာ ဘုရားသခင်၏ ပြည့်ဝသော ဉာဏ် ပညာနှင့် အနန္တတန်ခိုးရှိမှုတို့ကို သာ၍များစွာ ညွှန်ပြသောအရာဖြစ်ပြီး ဤသို့နှင့် ဘုရားသခင်၏ လူတို့ အစေခံ သူများ အခြေအနေတွင် ရှိနေခဲ့စဉ်က ၎င်းတို့၏အတွေးအားလုံးကို ဖော်ပြသည်၊ ကျရှုံးခြင်း၌ အဆုံးသတ်သော “လုပ်ငန်းစီးပွား”ကို လိုက်လျှောက်သော်ငြားလည်း ၎င်းတို့ ဦးခေါင်းထဲများရှိ “ထောင်သောင်းများ” သို့မဟုတ် “သန်းပေါင်းများ”သည် ဘာမျှဖြစ်မလာခဲ့ချေ၊ ၎င်းတို့သည် မိမိတို့၏ ဦးခေါင်းများကို ဝမ်းနည်းခြင်းနှင့် ငိုက်စိုက်ကျနေသော်ငြားလည်း ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကြောင့်၊ ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကြောင့် ၎င်းတို့သည် အပျက်သဘောအလယ်တွင် ဘုရားသခင်ကို အစေခံဆဲသာ ရှိသည်၊ ၎င်းတို့၏ အတိတ်က ကျင့်ဆောင်ခြင်းများ အားလုံးသည် အချည်းနှီး စကားဖြစ်လာပြီး လုံးဝဥဿုံ မေ့ပျောက်ခြင်း ခံရသည်၊ ထိုအစား ၎င်းတို့သည် မိမိတို့နှင့် အခြား လူတကာကို ပျော်ရွှင်စေသည့် အမှုအရာများကို မိမိတို့ကိုယ်မိမိ ဖြေဖျော်ရန်အလို့ငှာ၊ အချိန်ကုန်စေရန် သို့မဟုတ် အချိန် ဖြန်းပစ်ရန်အလို့ငှာ သဘောရှိလုပ်ဆောင်ခဲ့ကြသည်။ ဤသည်မှာ လူသားအကြား၌ အမှန်တကယ် ဖြစ်ပျက် နေခဲ့သော အရာပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားကို ပွင့်ပွင့်လင်းလင်းနှင့် “မည်သူသည် ငါ့နှုတ်ကပတ်တော်များ၏ ရလဒ်အနေနှင့် ငါ့ကို မတမ်းတဘဲ ရှိသနည်း။ ငါ၏ ချစ်ခြင်းမေတ္တာကြောင့် မည်သူ့ထံတွင် ဆည်းကပ်လိုသော ခံစားချက်များ မဖြစ်ပေါ်လာသနည်း”ဟု ပြောဆိုသည်။ အမှန်ကို ပြောရလျှင် လူအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်သင့်ခံရန် လိုလားကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းငှာ နှစ်သက်ခြင်းမရှိသောသူ ၎င်းတို့အထဲတွင် မည်သူမျှ မရှိ၊ ၎င်းတို့သည် မိမိတို့၏ သဘောသဘာဝများအားဖြင့် ဟန့်တားခြင်း ခံရသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ဆောင်ရန် မတတ်နိုင်ခြင်းသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ် တော်များကို ဖတ်ရှုပြီးနောက် များစွာသောလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မဝေးကွာသွား နိုင်ကြဘဲ ဘုရားသခင်အား ချစ်ခြင်းသည် ၎င်းတို့၏ အတွင်းထဲတွင် ပြည့်လျှံလာသည်။ ထို့ကြောင့် ဘုရား သခင်သည် နောက်ထပ်တစ်ဖန် စာတန်ကို ကျိန်ဆိုပြီး နောက်တစ်ကြိမ် ၎င်း၏ အကျည်းတန်သော မျက်နှာကို ထုတ်ဖော်လေသည်။ “စာတန်က သောင်းကျန်းပြီး လွန်လွန်ကဲကဲ အာဏာရှင်ဆန်သည့် ခေတ်ကာလ”သည် ဘုရားသခင်က ကမ္ဘာမြေကြီးပေါ်ရှိ သူ၏ တရားဝင်ဖြစ်သည့် ကြီးမြတ်သော အလုပ်ကို စတင်လုပ်ဆောင်သည့် ခေတ်လည်း ဖြစ်သည်။ ထို့နောက် သူသည် လောကကြီးကို အစတုန်း သုတ်သင်ခြင်း၏ အလုပ်ကို စတင်သည်။ တစ်နည်းဆိုရလျှင် စာတန်သည် သောင်းကျန်းလေလေ၊ ဘုရားသခင်၏ နေ့ရက်သည် ပို၍ နီးကပ်လာလေလေ ဖြစ်သောကြောင့် ဘုရားသခင်သည် စာတန်၏ ကိလေသာလွန်ကျူးခြင်း အကြောင်းကို သာ၍ ပြောလေလေ ဖြစ်သည်၊ ဤသို့နှင့် ဘုရားသခင်သည် လောကကြီးကို အစတုန်း သုတ်သင်သည့် နေ့ရက်သည် နီးကပ်လာနေ ကြောင်းကို ပြသနေသည်။ ယင်းမှာ စာတန်ထံသို့ ဘုရားသခင်၏ ကြေညာချက်ဖြစ်သည်။

အဘယ်ကြောင့် ဘုရားသခင်သည် ထပ်ကာတလဲလဲပင် “ရှိကြပြီး ငါ၏ နောက်ကွယ်တွင် ၎င်းတို့ သည် ထို“ချီးကျူးထိုက်သော” ယုတ်ညံ့သည့် အပေးအယူများကို ဆောင်ရွက်ကြသည်။ ငါ့ကိုယ်ငါ လွှမ်းခြုံ ထားသော လူ့ဇာတိသည် သင်၏လုပ်ရပ်များ၊ သင်၏ အပြုအမူများ၊ သင်၏ စကားများနှင့် ပတ်သက်၍ ဘာကိုမျှမသိဟု သင်ထင်သလော”ဟု ပြောဆိုခဲ့ရသနည်း။ သူသည် ထိုကဲ့သို့သော နှုတ်ကပတ်တော်များကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ပြောခဲ့သည်မဟုတ်၊ အဘယ်ကြောင့်နည်း။ လူတို့သည် ဘုရားသခင်အားဖြင့် နှစ်သိမ့်မှု ရရှိခဲ့ကြပြီး လူသားအတွက် ဘုရားသခင်၏ ပူဆွေးမှုကို သတိထားမိသောအခါ ၎င်းတို့သည် ရှေ့သို့ ရုန်းကန်လှုပ်ရှားနေစဉ် အတိတ်ကို မေ့ဖျောက်ရန် ၎င်းတို့အတွက် လွယ်ကူလေသည်။ သို့သော်လည်း ဘုရား သခင်သည် လူသားကို စိုးစဉ်းမျှပင် မညှာတာပေ၊ သူသည် လူတို့၏ အတွေးများနောက်သို့ လိုက်လျက်သာ ရှိသည်။ ထို့ကြောင့် သူသည် လူတို့ကို မိမိတို့ကိုယ်မိမိ သိကြရန်၊ ကာမရာဂလွန်ကျူးမှုကို ရပ်ကြရန်၊ ထို “ချီးကျူးထိုက်သော” ယုတ်ညံ့သည့် အပေးအယူများကို ဆက်မဆောင်ရွက်ကြတော့ရန်နှင့် လူ့ဇာတိရှိ ဘုရားသခင်ကို နောက်တစ်ဖန် ဘယ်တော့မှ မလှည့်ဖြားကြရန် ကြိမ်ဖန်များစွာ တောင်းဆိုသည်။ လူတို့၏ သဘောသဘာဝများသည် မပြောင်းလဲသော်ငြားလည်း ၎င်းတို့ကို အကြိမ်အနည်းငယ် သတိပေးခြင်းသည် အကျိုးရှိသည်။ ထို့နောက် ဘုရားသခင်သည် လူသားထဲရှိ ဆန်းကြယ်မှုများကို ထုတ်ဖော်ရန် လူသား၏ ရှုထောင့်မှနေ၍ ပြောဆိုလေသည်၊ “နှစ်ပေါင်းများစွာတိုင် ငါသည် လေဒဏ်နှင့် မိုးဒဏ်ကို ကြံ့ကြံ့ခံခဲ့သည်၊ ထိုနည်းတူစွာ လူ့လောကကြီး၏ ခါးသီးမှုကိုလည်း ကိုယ်တွေ့ခံစားခဲ့သည်၊ သို့တိုင်အောင် သာ၍ စေ့စေ့စပ်စပ် ဆင်ခြင်ကြည့်သောအခါ မည်သို့သော ချိုမြိန်မှုကပင်လျှင် ဇာတိပကတိနှင့် လူသားကို ငါ့အပေါ် စိမ်းကားလာအောင်၊ စိတ်ပျက်လာအောင် သို့မဟုတ် အထင်အမြင် သေးလာအောင် လုပ်ဆောင်နိုင်ရန် ဝေးစွ၊ မည်မျှသော ဆင်းရဲဒုက္ခ ပမာဏကပင် ဇာတိကပတိနှင့် လူသားက ငါ၌ထားရှိသော မျှော်လင့်ချက်ကို ဆုံးရှုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိ။ ငါ့အတွက် ထားရှိသည့် လူသား၏ ချစ်ခြင်း မေတ္တာသည် ဝေဒနာ မခံရခြင်း သို့မဟုတ် ချိုမြိန်မှု မရှိခြင်းနှင့် ဧကန်အမှန်ပင် ကန့်သတ်ထားပါသလော။” “နေအောက်၌ ရှိသမျှသော အရာတို့သည် အချည်းနှီးဖြစ်ကြ၏”၊ ဤနှုတ်ကပတ်တော်များ၌ စင်စစ်ပင် အတွင်းကျသော အနက်အဓိပ္ပာယ် ရှိပေသည်။ ထို့ကြောင့် ဘုရားသခင်က အဘယ်အရာကမျှ လူသားသည် သူ၌ထားရှိသော မျှော်လင့်ချက်ကို ဆုံးရှုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိ သို့မဟုတ် သူ့အပေါ် စိမ်းကားလာအောင် လုပ်ဆောင် နိုင်ခြင်း မရှိဟု ပြောနေခြင်း ဖြစ်သည်။ အကယ်၍ လူများသည် ဘုရားသခင်ကို မချစ်ပါက ၎င်းတို့သည် လူသေများဖြစ်ပါက သာ၍ ကောင်း လိမ့်မည်၊ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို မချစ်ပါက ၎င်းတို့၏ ဆင်းရဲဒုက္ခ ခံရခြင်းသည် အချည်းနှီးပင် ဖြစ်ပြီး ၎င်းတို့၏ ကောင်းချီးမင်္ဂလာများသည်လည်း ဗလာသက်သက်ပင် ဖြစ်ကာ ၎င်းတို့၏ အပြစ်များကို တိုးချဲ့ခြင်းသာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို ဧကန်အမှန် မချစ်နိုင်သည့် အတွက်ကြောင့် ဘုရားသခင်မှ ဤသို့ပြောသည်၊ “ငါ့အတွက် ထားရှိသည့် လူသား၏ ချစ်ခြင်း မေတ္တာသည် ဝေဒနာ မခံရခြင်း သို့မဟုတ် ချိုမြိန်မှု မရှိခြင်းနှင့် ဧကန်အမှန်ပင် ကန့်သတ်ထားပါသလော။” လူ့လောကကြီးထဲတွင် မည်သို့လျှင် တစ်စုံတစ်ယောက်သည် ဝေဒနာ သို့မဟုတ် ချိုမြိန်ခြင်း မရှိဘဲနှင့် တည်ရှိ နိုင်မည်နည်း။ အကြိမ်ကြိမ်ပင် ဘုရားသခင်သည် “လူသားတစ်ဦးကမျှ ငါ၏ မျက်နှာကို ဧကန်အမှန် တွေ့ဖူးခြင်း မရှိခဲ့ကဲ့သို့ ငါ၏ အသံကိုလည်း ဧကန်အမှန် ကြားဖူးခဲ့ခြင်းမရှိ၊ အကြောင်းမှာ လူသားသည် ငါ့အား ဧကန်အမှန် မသိကျွမ်းသောကြောင့် ဖြစ်သည်” ဟု ပြောဆိုသည်။ လူသားသည် သူ့ကို ဧကန်အမှန် မသိဟု ဘုရားသခင်က ပြောဆိုသည်၊ သို့သော်လည်း အဘယ်ကြောင့် သူသည် လူသားကို သူ့အား သိကျွမ်းရန် တောင်းဆိုရသနည်း။ ဤသည်မှာ ရှေ့နောက်စကားမညီခြင်း မဟုတ်သလော။ ဘုရားသခင် နှုတ်ကပတ်တော် များ၏ တစ်ခုစီတိုင်းသည် တိကျသော ရည်မှန်းချက် ရှိသည်။ လူသားသည် အကြင်နာတရား ကင်းမဲ့လာ သောကြောင့် ဘုရားသခင်သည် လူသား၏ နှလုံးသားထဲမှ ၀.၁ ရာခိုင်နှုန်းကို အဆုံးတွင် ရရှိနိုင်ရန် အလို့ငှာ လူသားထဲ၌ သူ့အလုပ်၏ ၁၀၀ ရာခိုင်နှုန်းကို လုပ်ဆောင်သော နိယာမကို အသုံးပြုသည်။ ယင်းသည် ဘုရား သခင်လုပ်ဆောင်သော နည်းလမ်းဖြစ်ပြီး ဘုရားသခင်သည် သူ၏ ရည်မှန်းချက်များကို ရရှိရန် အလို့ငှာ ထိုကဲ့သို့ လုပ်ဆောင်ရသည်။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာလည်း အတိအကျ ဖြစ်သည်။ သင်တို့သည် ဤအရာကို နားလည်သဘောပေါက်ပြီလော။

ဘုရားသခင်က “ငါသည် ငါ၏ ဆန်းကြယ်မှုများကို တိုက်ရိုက် ဖွင့်ပြပြီး လူ့ဇာတိထဲရှိ ငါ၏ အလိုတော်ကို ထင်ရှားပြသောအခါ သင်တို့သည် မျက်မှောက်ပြုခြင်း မရှိ၊ သင်တို့သည် အသံကို နားထောင် ကြသော်လည်း အနက်အဓိပ္ပာယ်ကို နားလည်ခြင်း မရှိကြ။ ငါသည် ဝမ်းနည်းခြင်းနှင့် ပြည့်လျှံ၏။ ငါသည် လူ့ဇာတိထဲ၌ ရှိသော်ငြားလည်း ဇာတိပကတိ အမှုတော်၏ အလုပ်ကို လုပ်ဆောင်ခြင်းငှာ တတ်နိုင်ခြင်း မရှိ”ဟု ပြောဆိုသည်။ တစ်ဖက်မှ ကြည့်လျှင် ဤနှုတ်ကပတ်တော်များသည် လူတို့ကို ၎င်းတို့၏ အကြင်နာ တရားကင်းမဲ့မှုကြောင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လက်ဦးမှုကို ရယူစေသည်။ အခြားတစ်ဖက်မှ ကြည့်လျှင် ဘုရားသခင်သည် လူ့ဇာတိရှိ သူ့ဘုရားသဘောသဘာဝ၏ စစ်မှန်သော မျက်နှာကို ဖော်ပြသည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ ဝိညာဉ်အသက်တာသည် အလွန်တရာမှ သေးငယ်သည့်အတွက် ဘုရားသခင် သည် လူ့ဇာတိအတွင်း ရှိနေသော အချိန်အတောအတွင်း ဘုရားသဘောသဘာဝ၏ ဖွင့်ပြချက်များသည် လူသား၏ လက်သင့်ခံနိုင်မှု စွမ်းရည်များနှင့် အညီသာဖြစ်သည်။ အလုပ်၏ ထိုအဆင့် အတောအတွင်း လူအများစုသည် လုံးလုံးလျားလျား လက်သင့်ခံရန် မစွမ်းနိုင်ဘဲ ရှိရစ်ပြီး ယင်းမှာ ၎င်းတို့၏ လက်သင့်ခံခြင်း စွမ်းရည်များမှာ မည်မျှ ညံ့ဖျင်းလှသည်ကို လုံလုံလောက်လောက် ပြသသည်။ ထို့ကြောင့် အလုပ်လုပ်ဆောင် နေသောအခါ ဘုရားသဘောသဘာဝသည် ၎င်း၏ မူလလုပ်ငန်းတာဝန်ကို အပြည့်အဝ မထမ်းဆောင်ပေ၊ ဤသည်မှာ သေးငယ်သော အစိတ်အပိုင်းသာ ရှိသည်။ ထိုအရာသည် အနာဂတ်၏ အလုပ်၌ ဘုရားသဘော သဘာဝကို လူသား၏ နာလန်ထလာမှု အခြေအနေနှင့်အညီ တဖြည်းဖြည်း ဖော်ပြလာလိမ့်မည်ကို ပြသသည်။ သို့သော်လည်း ဘုရားသဘောသဘာဝသည် တဖြည်းဖြည်းနှင့် ကြီးထွားခြင်းမဟုတ်ဘဲ လူ့ဇာတိခံယူသော ဘုရားသခင်မှ အခြေခံအားဖြင့် ရှိသောအရာဖြစ်ပြီး လူသား၏ ဝိညာဉ်အသက်တာနှင့် တူညီခြင်း မရှိ။

ဘုရားသခင်၏ လူသားကို ဖန်ဆင်းခြင်းတွင် ရည်မှန်းချက်နှင့် အဓိပ္ပာယ်ရှိသည်၊ ထို့ကြောင့် ဘုရား သခင်က “အကယ်၍ လူသားသည် ငါ၏ အမျက်ဒေါသအားဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရမည်ဆိုပါလျှင် ကောင်းကင် နှင့် မြေကြီးကို ငါဖန်ဆင်းခြင်းမှာ မည်သို့ အဓိပ္ပာယ် ရှိမည်နည်း။”ဟု ပြောဆိုခဲ့သည်။ လူသားသည် ဖျက်ဆီးခြင်း ခံခဲ့ရပြီးသည့်နောက် ဘုရားသခင်သည် သူ၏ ပျော်ရွှင်မှုအတွက် တစ်စိတ်တစ်ဒေသသော လူတို့ကို ရယူရန် စီစဉ်ခဲ့သည်၊ လူအားလုံးသည် ဖျက်ဆီးခြင်း ခံရရန် မဟုတ်။ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အနည်းငယ်မျှ ချိုးဖောက်သည်နှင့် သုတ်သင်ချေမှုန်းခံရမည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော် မဟုတ်ပေ။ ဘုရားသခင် ပြောဆိုခဲ့သကဲ့သို့ ယင်းမှာ အဓိပ္ပာယ်မရှိဘဲ ဖြစ်ပေလိမ့်မည်။ ဤ “အဓိပ္ပာယ်မရှိမှု” အတိအကျ ကြောင့်သာ ဘုရားသခင်၏ ဉာဏ်ပညာသည် ပေါ်လွင်ထင်ရှားခြင်း ဖြစ်သည်။ သူ့အား ဧကန်အမှန် ချစ်သူများကို အဆုံးတွင် ရွေးချယ်ရင်း လူအားလုံးကို ပြစ်တင်ဆုံးမခြင်း၊ တရား စီရင်ခြင်းနှင့် ထိုးနှက်ခြင်း အလို့ငှာ များစွာသော နည်းလမ်းဖြင့် ပြောဆိုခြင်းနှင့် လုပ်ဆောင်ခြင်း၌ သာ၍ ကြီးမားသော အဓိပ္ပာယ် မရှိပြီလော။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖော်ပြခံရသည်မှာ ဤနည်းလမ်း အတိအကျပင် ဖြစ်၍ လူသားကိုဖန်ဆင်းခြင်းသည် သာ၍အဓိပ္ပာယ်ရှိလာသည်။ ထို့ကြောင့် အများစုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လွန်၍ မျောသွားကြသည်။ ဤသည်မှာ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် အလို့ငှာ ဖြစ်ပြီး ဤသည်သာလျှင် သူ့နှုတ်ကပတ်တော် အချို့၏ လက်တွေ့အရှိတရားပင် ဖြစ်သည်။

ယခင်က:ပေတရု၏ အသက်တာ

နောက်တစ်ခုသို့:ဖြည့်စွက်ချက် ၁ - အခန်း ၁

သင်နှစ်သက်နိုင်သည့် အရာများ