အခန်း ၁၀
အသင်းတော်အား တည်ဆောက်သည့် ကာလအတောအတွင်း ဘုရားသခင်သည် နိုင်ငံတော်အား တည်ဆောက်ခြင်းအကြောင်းကို ဖော်ပြပြောဆိုခြင်း မရှိသလောက် ဖြစ်သည်။ သူ စတင် ပြောဆိုသည့် အချိန်တွင်ပင်လျှင်၊ သူသည် အချိန်ကာလ၏ အသုံးအနှုန်းဖြင့် ထိုသို့ ပြောဆိုခဲ့သည်။ နိုင်ငံတော်ခေတ် ရောက်ရှိခဲ့ပြီးသည် နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် အသင်းတော် တည်ဆောက်ခြင်းအချိန်၏ အချို့သော နည်းစနစ်များနှင့် အလေးထားစရာများကို ရုတ်တရက် ပယ်ဖျက်လိုက်ပြီး၊ ယင်းတို့နှင့်ပတ်သက်၍၊ စကားတစ်လုံးမျှပင် လုံးဝတစ်ဖန် မမိန့်မြွက်ချေ။ ဤသည်မှာ အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်း မရှိသော “ဘုရားသခင် ကိုယ်တော်တိုင်” ၏ အခြေခံကျသည့် အဓိပ္ပာယ် အတိအကျဖြစ်သည်။ အတိတ်ကာလတွင် လုပ်ဆောင်ပြီးစီးပြီး ဖြစ်နိုင်သည့် အရာများ သည်လည်း၊ နောက်ဆုံးတွင်တော့၊ ပြီးဆုံးသွားသော ခေတ်တစ်ခေတ်၏ အစိတ်အပိုင်းဖြစ်လေသည်၊ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သော ကုန်လွန်ခဲ့သည့် အဖြစ်အပျက်များကို ခရစ်တော် မတိုင်မီ အချိန်ကာလက ဖြစ်ပျက်လျက်ရှိပြီးဖြစ်သကဲ့သို့ အတန်းအစားခွဲလေသည်၊ မျက်မှောက်ခေတ်ကိုမူ ခရစ်တော်ပြီးနောက် အချိန်ကာလအဖြစ် သိရှိကြလေသည်။ ဤအရာမှ အသင်းတော်အား တည်ဆောက်ခြင်းသည် နိုင်ငံတော်အား တည်ဆောက်ခြင်းအတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်တစ်ခု ဖြစ်ခဲ့သည်ကို တွေ့မြင်နိုင်သည်။ ယင်းသည် ဘုရားသခင်အတွက် နိုင်ငံတော်ထဲတွင် သူ၏ အချုပ်အခြာ တန်ခိုးအာဏာ စွဲကိုင်ဖို့ အခြေခံအုတ်မြစ် ချပေးခဲ့သည်။ အသင်းတော်အား တည်ဆောက်ခြင်းသည် ယနေ့၏ အမြင်ရှုထောင့် အကျဉ်းချုပ်တစ်ခု ဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်၏ အမှုသည် အဓိကအားဖြင့် နိုင်ငံတော်ကို တည်ဆောက်ခြင်းဖြစ်သည့် ဤအစိတ်အပိုင်းကို ဗဟိုပြုလေသည်။ အသင်းတော် တည်ဆောက်ခြင်းကို သူ အပြီးမသတ်မီတွင်၊ ဘုရားသခင်သည် လုပ်ဆောင်ရမည့် သူ၏ အမှုအားလုံးအတွက် ပြင်ဆင်မှုများ ပြုလုပ်နှင့်ခဲ့ပြီးဖြစ်ကာ အချိန်ကျသောအခါ သူသည် သူ၏ အမှုကို တရားဝင် စတင်လေသည်။ ဤသည်မှာ ဘုရားသခင်က၊ “နိုင်ငံတော်ခေတ်သည် စင်စစ်မူကား အတိတ်က အချိန်ကာလများနှင့် ကွဲပြားခြားနားသည်။ ယင်းသည် လူတို့၏လုပ်ဆောင်ပုံနှင့် မသက်ဆိုင်ပေ၊ ထို့ထက် ငါသည် လူတို့က စိတ်မကူးနိုင်သကဲ့သို့ လုပ်ဆောင်၍လည်း မရနိုင်သော ငါ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာခဲ့ပြီဖြစ်သည်။” ဟု ပြောခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဧကန်အမှန်၊ ဤအမှုကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည် ဖြစ်သည်- မည်သည့် လူသားကမျှ ထိုသို့သော အမှုကို တတ်နိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ယင်းအဖို့ အဆင့်မမီခြင်းသာ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍ လူသားမျိုးနွယ်အလယ်တွင် မည်သူသည် ထိုသို့သော ကြီးမြတ်သည့်အမှုကို ဆောင်ရွက်နိုင်မည်နည်း။ အခြား မည်သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သေလုမြောပါးဖြစ်သည်ထိ “ညှဉ်းဆဲ” နိုင်စွမ်း ရှိသနည်း။ လူသားတို့သည် ထိုသို့သော အမှုကို စီစဉ်ဖို့ ဖြစ်နိုင်မည်လော။ သူက၊ “ငါ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာခဲ့ပြီ ဖြစ်သည်။”ဟု အဘယ်ကြောင့် ပြောသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အာကာသတစ်ခုလုံးမှ အမှန်တကယ် ပျောက်ကွယ်သွားပြီး ဖြစ်နိုင်မည်လော။ “ငါသည် ငါ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာခဲ့ပြီ ဖြစ်သည်။” ဟူသည့် စာကြောင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်သည် အမှုကို လုပ်ဆောင်ရန် ဇာတိပကတိတွင် လူ့ဇာတိခံယူသည်ဟူသည့် အချက်နှင့် ဘုရားသခင်၏ ဝိညာဉ်သည် လူသားမျိုးနွယ်မှတစ်ဆင့် ရှင်းလင်းပြတ်သားစွာ အမှုပြုလျက်ရှိသည်ဆိုသည့် အချက်နှစ်ခုလုံးကို ရည်ညွှန်းပေသည်။ သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် သူသည် များစွာသော လူတို့ကို ဘုရားသခင် ကိုယ်တော်တိုင်အား ၎င်းတို့၏ ပကတိမျက်လုံးများဖြင့် တွေ့မြင်ခွင့်ကို ပေးသည်။ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဝိညာဉ်များထဲတွင် သူ့ကို သေချာစွာ ရှာဖွေရန် ၎င်းတို့အတွက် မလိုအပ်ပေ။ ထို့အပြင် သူသည် လူသား၏ ဇာတိပကတိနှင့် ဘုရားသခင်၏ ဇာတိပကတိတို့ကြားတွင် ပဓာနကျသော ခြားနားချက်တစ်ခု ရှိသည်ကို ၎င်းတို့သား ပြသရင်း၊ လူသားအားလုံးကို ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များအား ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့မြင်ခွင့်ပေးလေသည်။ တစ်ချိန်တည်းတွင်၊ အာကာသတစ်ခုလုံးအနှံ့၊ စကြဝဠာ လောကကြီး တစ်လျှောက်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် အမှုပြုနေ၏။ ဘုရားသခင်၏ နာမတော်ကို လက်ခံပြီးသည့်နောက် အသိဉာဏ်ပွင့်လင်းခြင်းခံရသော ဘုရားသခင်၏ လူအားလုံးတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် မည်သို့ အမှုပြုသည်ကို တွေ့မြင်ကြပြီး၊ ထိုသို့ဖြင့် လူ့ဇာတိခံ ဘုရားသခင်နှင့် သာ၍ပင် အကျွမ်းဝင်လာကြလေသည်။ ထိုသို့ဖြင့် ဘုရားသခင်၏ ဘုရားသဘောသဘာဝက တိုက်ရိုက်အမှုပြုမှသာ- ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် တားဆီးနှောင့်ယှက်ခံရခြင်း စိုးစဉ်းမျှ မရှိဘဲ၊ အမှုပြုနိုင်သည့်အခါမှသာ- လူသားမျိုးနွယ်သည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်နှင့် အကျွမ်းဝင် လာနိုင်ပေသည်။ ဤသည်မှာ နိုင်ငံတော် တည်ဆောက်ခြင်း၏အနှစ်သာရ ဖြစ်သည်။
ဘုရားသခင်သည် အကြိမ်မည်မျှ ဇာတိခန္ဓာ၌ လူ့ဇာတိ ခံယူပြီးပြီနည်း။ အကြိမ်ရေအချို့ ဖြစ်နိုင်မည်လော။ အဘယ်ကြောင့် ဘုရားသခင်သည် ကြိမ်ဖန်များစွာ၊ “ငါသည် တစ်ချိန်က လူ့လောကသို့ ကြွဆင်းလာခဲ့ပြီး လူတို့၏ ဆင်းရဲဒုက္ခကို တွေ့ကြုံခံစား၍ လေ့လာခဲ့သော်လည်း၊ ငါ့လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းခြင်း မရှိဘဲ၊ ယင်းသို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။”ဟု မှတ်ချက်ပေးလေပြီနည်း။ ယင်းမှာ ဘုရားသခင်သည် အကြိမ်ရေအချို့ လူ့ဇာတိ ခံယူပြီးဖြစ်သော်လည်း၊ လူသားမျိုးနွယ်က တစ်ကြိမ်တစ်ခါမျှ လုံးဝ မသိရှိဖူးခြင်း ဖြစ်သလော။ ယင်းမှာ ဤပြောဆိုချက်က ဆိုလိုသည့်အရာ မဟုတ်ပေ။ ဘုရားသခင် ပထမအကြိမ် လူ့ဇာတိခံယူခဲ့ချိန်တွင်၊ သူ၏ ရည်မှန်းချက်မှာ လူသားများက သူ့ကို သိရှိကြဖို့ အမှန်တကယ် မဟုတ်ခဲ့ပေ။ ထို့ထက် သူသည် သူ၏အမှုကို ဆောင်ရွက်ခဲ့ပြီး၊ ထို့နောက် မည်သူမျှ သတိမထားမိလိုက်ဘဲနှင့်၊ သို့မဟုတ် သူ့အား သိရှိရန် အခွင့်အရေး တစ်ခုပင် မရှိဘဲ သူ ပျောက်ကွယ်သွားခဲ့သည်။ သူသည် လူတို့အား သူ့ကို အပြည့်အဝ သိရန် အခွင့်မပေးခဲ့သကဲ့သို့၊ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်လည်း လုံးဝ မရှိခဲ့ချေ။ ထို့သို့ဖြင့် သူသည် အပြည့်အဝ လူ့ဇာတိခံယူပြီးဖြစ်သည်ဟု ဆို၍ မရနိုင်ပေ။ ပထမအကြိမ် လူ့ဇာတိခံယူခြင်းတွင်၊ သူသည် ယင်းအလုပ်ကို ဆောင်ရွက်ရန် အပြစ်နှင့်ပြည့်သော သဘာဝနှင့် ကင်းလွတ်သည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အသုံးပြုရုံမျှ အသုံးပြုခဲ့သည်။ ထိုအရာ ပြီးစီးသည့်နောက်တွင်၊ နောက်ထပ် ဖော်ပြရန် မလိုအပ်ခဲ့ပေ။ ခေတ်ကာလများ တစ်လျှောက် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသော လူများအတွက်မူ၊ ထိုသို့သော အဖြစ်အပျက်များကို “လူ့ဇာတိခံယူခြင်း”ဟု သာ၍ပင် မခေါ်ဆိုထိုက်ချေ။ ယနေ့ သာမန် လူ့သဘာဝတစ်ခု၏ အကာတစ်ခုအောက်၌ရှိပြီး၊ အတွင်း ပြီးပြည့်စုံသော ဘုရားသဘောသဘာဝရှိကာ၊ မိမိ၏ ရည်မှန်းချက်က လူသားမျိုးနွယ်ကို သူ့အား သိရှိခွင့်ပေးဖို့ဖြစ်သည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကိုသာ “လူ့ဇာတိခံယူခြင်း”ဟု အပြည့်အဝ ခေါ်ဆိုနိုင်ပေသည်။ ဤလောကထဲသို့ ဘုရားသခင်၏ ပထမအကြိမ် လည်ပတ်ခြင်း၏ ရည်ရွယ်ချက်မှာ ယနေ့ လူ့ဇာတိခံယူခြင်းဟု ခေါ်ဆိုသောအရာ၏ ရည်ရွယ်ချက်၏ ကဏ္ဍတစ်ရပ် ဖြစ်သည်- သို့သော် ဤအလည်အပတ်သည် လူ့ဇာတိခံယူခြင်းဟု ယခု သိရသည့်အရာ၏ ပြည့်ဝသော အဓိပ္ပာယ် လုံးဝ မပါဝင်ပေ။ ဤသည်မှာ ဘုရားသခင်က “ငါ့လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းခြင်း မရှိဘဲ။”ဟု ပြောခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည့်အတိုင်း၊ “လူသားများ၏ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း” ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် လူ့ဇာတိခံယူခြင်း နှစ်ခုကို ရည်ညွှန်းပေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်က၊ “နိုင်ငံတော်တည်ဆောက်ခြင်းကို စတင်သောအခါ၊ ငါခံယူထားသော ဇာတိပကတိသည် ငါ၏ အမှုတော်ကို တရားဝင် စတင်ထမ်းဆောင်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်၏ ရှင်ဘုရင်သည် သူ၏အချုပ်အခြာအာဏာကို တရားဝင်စွဲကိုင်ခြင်းဖြစ်သည်။” ဟု ပြောခဲ့သည်။ အသင်းတော် တည်ဆောက်ခြင်းသည် ဘုရားသခင်၏ အမည်နာမအဖို့ သက်သေခံချက် တစ်ခု ဖြစ်သော်ငြားလည်း၊ အမှုသည် တရားဝင် စတင်ခဲ့သေးပေ။ ယနေ့တွင်သာ ယင်းကို နိုင်ငံတော် တည်ဆောက်ခြင်းအဖြစ် ပြောဆိုနိုင်သည်။ ယခင်က လုပ်ဆောင်ခဲ့သော အရာအားလုံးသည် နမူနာတစ်ခုသာ ဖြစ်ခဲ့သည်။ ယင်းသည် စစ်မှန်သော အရာ မဟုတ်ပေ။ နိုင်ငံတော်သည် စတင်ခဲ့ပြီးဖြစ်သည်ဟု ပြောထားခဲ့သော်လည်း၊ ယင်းအထဲတွင် မည်သည့် အမှုကိုမျှ မလုပ်ဆောင်ရသေးချေ။ ယနေ့တွင်သာ ဘုရားသခင်၏ ဘုရားသဘော သဘာဝအတွင်းတွင် ယင်းအမှုသည် ယခု လုပ်ဆောင်လျက်ရှိပြီး၊ ဘုရားသခင်သည် သူ၏ အမှုကို တရားဝင် စတင်ပြီး ဖြစ်သောကြောင့်၊ လူသားမျိုးနွယ်သည် နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီး ဖြစ်သည်။ ထို့ကြောင့်၊ “လူ့လောကထဲသို့ နိုင်ငံတော်၏ ဆင်းသက်မှုသည် စာသားဆိုလိုရင်း အဓိပ္ပာယ်အတိုင်း သရုပ်သကန်ပြခြင်းသက်သက် ဖြစ်ရန်ဝေးစွ၊ ယင်းသည် စစ်မှန်သော အကြောင်းအရာတစ်ခုသည်၊ ဤသည်မှာ “လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သော စစ်မှန်ခြင်း” အဓိပ္ပာယ်၏ လက္ခဏာတစ်ရပ် ဖြစ်သည်။” ဤကောက်နုတ်ချက်သည် အထက်က ရှင်းလင်းဖော်ပြခြင်း၏ လျော်ကန်သော အကျဉ်းချုပ်တစ်ခု ဖြစ်သည်။ ဤဖော်ပြချက်ကို ထောက်ပံ့ပေးပြီးသည့်နောက်၊ ဘုရားသခင်သည် လူတို့ကို အစဉ်တစိုက် အလုပ်ရှုပ်သော အခြေအနေတစ်ခုတွင် ချန်ထားရစ်လျက်၊ လူသားမျိုးနွယ်၏ ယေဘုယျ အခြေအနေ၏ ထူးခြားသောလက္ခဏာကို ဖော်ပြရန် ဆက်လက် လုပ်ဆောင်လေသည်။ “လောကကမ္ဘာကြီးတစ်လျှောက် လူတိုင်းသည် ငါ၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်အတွင်း၌ ရှိကြသော်လည်း၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏ တရားစီရင်မှု အောက်တွင်လည်း ရှိကြကာ၊ ထိုနည်းတူစွာပင် ငါ၏စမ်းသပ်မှုများကိုလည်း ခံစားကြရသည်။” ဘုရားသခင်က စီစဉ်ထားသည်နှင့်အမျှ၊ လူသားအသက်တာသည် အချို့သော အခြေခံသဘောတရားများနှင့် စည်းမျဉ်းများအတိုင်း ထိန်းချုပ်ခံရပြီး၊ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်- ပျော်ရွှင်ခြင်း၏ အချိန်များ၊ စိတ်ပျက်ခြင်း အခိုက်အတန့်များအပြင် ကြံ့ကြံ့ခံရမည့် အခက်အခဲများ မှတစ်ဆင့် စစ်ဆေးခြင်း၏ အချိန်များ ရှိပေလိမ့်မည်။ ထို့ကြောင့် မည်သူမျှ ပျော်ရွှင်ခြင်း သက်သက်ရှိသော အသက်တာတစ်ခု သို့မဟုတ် ဆင်းရဲဒုက္ခ သက်သက်ရှိသော အသက်တာတစ်ခုကို ရှင်သန်ရလိမ့်မည် မဟုတ်ပေ။ အသက်တာတိုင်းသည် ယင်း၏ အတက်အကျတို့ ရှိကြလိမ့်မည်။ လူသားမျိုးနွယ်အားလုံး အနှံ့အပြား၌ ဘုရားသခင်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့သာ ပေါ်လွင်သည် မဟုတ်ဘဲ၊ သူ၏ တရားစီရင်ခြင်းနှင့် သူ၏ စိတ်နေသဘောထား တစ်ရပ်လုံးသည်လည်း ပေါ်လွင်၏။ ယင်းမှာ လူသားအားလုံးသည် ဘုရားသခင်၏ စမ်းသပ်မှုများအလယ် ရှင်သန်ကြသည်ဟု ပြောနိုငသည် မဟုတ်သလော။ ဤအပြောကျယ်သော လောကကြီး တစ်လျှောက်တွင်၊ လူသားများအားလုံးသည် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို ရှာဖွေ့ခြင်းဖြင့် အလုပ်များနေကြသည်။ ၎င်းတို့သည် မည်သည့်အခန်းကဏ္ဍကို ၎င်းတို့ လုပ်ဆောင်သည်ကို မသေချာကြသကဲ့သို့၊ အချို့သည် ၎င်းတို့၏ ကံကြမ္မာအတွက် မိမိတို့၏အသက်တာများကို ထိခိုက်နစ်နာစေကြသည် သို့မဟုတ် အဆုံးခံကြလေသည်။ ယောဘပင်လျှင် စည်းမျဉ်းနှင့် လွတ်ကင်းခြင်း မရှိပေ― သူသည်လည်း ဘုရားသခင်၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံခဲ့ရသော်လည်း၊ မည်သို့ပင်ဆိုစေ သူသည် မိမိကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ရှာဖွေခဲ့ပေသည်။ ့် မည်သူမျှ ဘုရားသခင်၏ စမ်းသပ်မှုများတစ်လျှောက် ခိုင်မာစွာ မရပ်တည်နိုင်ဖူးပေ။ လူသား လောဘနှင့် သဘာဝကြောင့် မည်သူမျှ မိမိတို့၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ အပြည့်အဝ စိတ်ကျေနပ်ခြင်း မရှိကြသကဲ့သို့၊ မည်သူမျှ စမ်းသပ်မှုများတစ်လျှောက် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်မှုအောက်တွင် ပြိုလဲကြရသည်။ အကယ်၍ ဘုရားသခင်သည် လူသားနှင့် ပတ်သက်၍ အလေးအနက်ထားခဲ့မည်ဆိုပါက၊ အကယ်၍ သူသည် လူတို့နှင့်ဆိုင်သည့် ထိုသို့သော အမှားမခံသည့် တောင်းဆိုချက်များကို ကိုင်စွဲထားဆဲ ဖြစ်ခဲ့မည်ဆိုပါက၊ ယင်းမှာ သူက၊ “လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် ငါ၏တောက်လောင်သော စူးစိုက်ကြည့်ခြင်းအောက်တွင် ပြိုလဲကျပေလိမ့်မည်၊” ဟူ၍ ပြောခဲ့သည့် အတိုင်းသာ ဖြစ်ပေလိမ့်မည်။
နိုင်ငံတော်အား တည်ဆောက်ခြင်းသည် တရားဝင်စတင်ပြီး ဖြစ်သည် ဆိုသည့်အချက်ရှိသော်ငြားလည်း၊ နိုင်ငံတော်အား ဂုဏ်ပြုခြင်းသည် တရားဝင် ထွက်ပေါ်ရန် လိုသေး၏။ ယခုတွင် ယင်းသည် ဖြစ်လာမည့် အရာနှင့်ဆိုင်သည့် ပရောဖက်ပြုချက် တစ်ခုသာ ဖြစ်သည်။ လူအားလုံးသည် စုံလင်စေခြင်းခံရပြီး ကမ္ဘာမြေ၏ တိုင်းနိုင်ငံအားလုံး ခရစ်တော်၏ နိုင်ငံများဖြစ်လာသောအခါ၊ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးချိန် ဖြစ်လိမ့်မည်။ မျက်မှောက်ခေတ်သည် ယင်းအဆင့်ဆီသို့ ခြေလှမ်းတစ်ခု ဖြစ်သည်။ ထိုနေ့ရက်ဆီသို့ ညွှန်ကြားချက်တစ်ခုကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်ပြီး၊ မဝေးသည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင်၊ ဘုရားသခင်သည် သူမိန့်မြွက်ပြီးသော အရာအားလုံးကို ပြီးမြောက်ပြီး ဖြစ်သည်။ ထို့ကြောင့်၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံများသည် မြင့်မားသော ရေလှိုင်းများ နီးလာသည်နှင့်အညီ တုန်ခါနေသည့် သဲဖြင့်လုပ်ထားသော ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းပေသည်။ နောက်ဆုံးသောနေ့ရက်သည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ သူ၏ အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ထားသည်ကို သေချာစေရန် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များသည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ အစွမ်းကုန် လုပ်ဆောင်ရင်း၊ ကမ္ဘာပေါ်သို့ သက်ဆင်းလာကြလေသည်။ လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ တပ်ဖြန့်ထားပြီးဖြစ်၏။ လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းသည် ရန်သူ မျိုးဖြုတ်ခံရသည့် နေရာတစ်ခုမှ ဖြစ်သည်။ တရုတ်ပြည်သည် ဦးစွာပထမ အမြစ်ဖြတ်ချေမှုန်းခံရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လက်ဖြင့် သုံးမရအောင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် တရုတ်ပြည်အား လုံးဝ သနားညှာတာမည် မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်မှာ မည်သူမဆိုအဖို့ သိသာကာ မြင်တွေ့နိုင်ပေသည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျဆုံးခြင်း လက္ခဏာဖြစ်သည်။ ဤသည်က “တိုက်ပွဲဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အနည်းငယ် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ အကျည်းတန်မှု ဖြစ်သည့် လူသားများ၏ စိတ်နှလုံးများထဲက အယူအဆများက ကိုင်စွဲသည့် အဆင့်အတန်းကို ပျက်ပြယ်စေရန်၊ ဘုရားသခင်အတွက် လှပသော သက်သေများ ခံကြရန် အချိန် အတော်များများတွင် လူတို့ကို သတိပေးပြီးဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ယုံကြည်ခြင်းကို သက်ဝင်လှုပ်ရှားစေရန် ထိုသို့သော သတိပေးချက်များကို အသုံးပြုပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ အမှု၌ အောင်မြင်မှုများကို စွမ်းဆောင်ရရှိသည်။ ဤသည်မှာ ဘုရားသခင်က၊ “လူတို့ လုပ်ဆောင်နိုင်စွမ်းရှိသည်မှာ အတိအကျအားဖြင့် အဘယ်အရာနည်း။ ငါကိုယ်တိုင် ယင်းအရာကို လုပ်ဆောင်လျှင် ပိုကောင်းသည် မဟုတ်လော။”ဟု ပြောပြီးသည့် အကြောင်းရင်း ဖြစ်သည်။ လူသားအားလုံးသည် ဤကဲ့သို့ ဖြစ်ကြပေသည်။ ၎င်းတို့သည် မတတ်စွမ်းနိုင်သည်သာမက၊ အလွယ်တကူလည်း စိတ်ဓာတ်ကျ့ကာ စိတ်ပျက်တတ်ကြသည်။ ဤအကြောင်းကြောင့်၊ ၎င်းတို့သည် ဘုရားသခင်ကို မသိနိုင်ကြပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို နိုးထစေရုံသာမက၊ သူသည် လူတို့ကို လျှို့ဝှက်စွာနှင့် စဉ်ဆက်မပြတ် ခွန်အားဖြင့်လည်း ပြည့်လျှမ်းနေစေသည်။
ဆက်လက်၍၊ ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးကို စတင် စကားပြောသည်။ ဘုရားသခင်သည် သူ၏အမှုတော်အသစ်ကို တရုတ်ပြည်တွင် စတင်ပြီးဖြစ်သည်သာမက စကြဝဠာ အနှံ့အပြားတွင်လည်း သူသည် ယနေ့၏ အသစ်သောအမှုကို စတင်လုပ်ဆောင်ပြီးဖြစ်သည်။ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ့အား သစ္စာဖောက်ပြီးသော လူသားများအားလုံး သူ၏ပလ္လင်ရှေ့မှောက်တွင် ကျိုးနွံနာခံဖို့ တစ်ဖန် လာကြဖို့အလို့ငှာ သူ၏ လုပ်ဆောင်ချက်များကို ကမ္ဘာလောက တစ်လျှောက် ထုတ်ဖော်ပြရန် ဆန္ဒရှိသောကြောင့်၊ ဘုရားသခင်၏ တရားစီရင်မှုသည် ဘုရားသခင်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ ပါရှိဆဲ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားတို့အနေဖြင့် ဘုရားသခင်၏ ရှေ့မှောက်၌ရှိဖို့ ပြန်လည်တစ်လိမ့်လိမ့် ဝင်လာနိုင်ဖို့အလို့ငှာ ဘုရားသခင်ကို ဖွေရှာဖို့ ၎င်းတို့အား လှုံ့ဆော်ရင်း၊ လူသားများကို အထိတ်တလန့်ဖြစ်စေရန်၊ ကမ္ဘာလောကတစ်လျှောက် လတ်တလော အဖြစ်အပျက်များကို အခွင့်အလမ်းများအဖြစ် အသုံးပြုလေသည်။ ထို့ကြောင့်၊ ဘုရားသခင်က၊ “ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားကို ကယ်တင်ရန်အတွက် လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိသည့်အပြင် ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေသေးသည်။” ဟု ပြောပေသည်။ ဤတွင် ဘုရားသခင်သည် စူးရှပြီး သူမတူဖြစ်သကဲ့သို့ သက်သောင့်သက်သာဖြစ်သော တိကျမှန်ကန်မှုနှင့် လူသား၏ စစ်မှန်သော သဘာဝကို ဖော်ထုတ်သည်။ ဤအရာသည် လူတို့ကို ရှက်ကြောက်ခြင်းဖြင့် ၎င်းတို့၏မျက်နှာများအား ဝှက်ထားရစ်စေပြီး လုံးဝ အရှက်ရစေလေသည်။ ဘုရားသခင် စကားပြောသည့် အချိန်တိုင်းတွင် လူတို့အနေဖြင့် စိတ်အေးသက်သာဖြစ်နေစဉ်တွင်၊ မိမိတို့ကိုယ်ကိုယ် သိရှိဖို့ မေ့လျော့မသွားစေရန်နှင့် မိမိတို့ကိုယ်ကိုယ် သိခြင်းအား အလုပ်ဟောင်း တစ်ခုဖြစ်သည်ဟု မတွေးထင်ကြဖို့အလို့ငှာ၊ သူသည် လူသားများ၏ ရှက်ဖွယ်ကောင်းသော ဆောင်ရွက်ချက်၏ အချို့သောကဏ္ဍကို တစ်နည်းနည်းဖြင့် အမြဲ ထောက်ပြနိုင်လေသည်။ လူသား၏ သဘာဝအရ၊ ဘုရားသခင်သည် ၎င်းတို့၏ အပြစ်အနာအဆာများကို ထောက်ပြခြင်းအား အခိုက်အတန့်မျှကြာ ရပ်တန့်ခဲ့မည်ဆိုပါက၊ ၎င်းတို့သည် အကျင့်ပျက်ကာ မာနထောင်လွှားဖွယ် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်က၊ “လူသားမျိုးနွယ်သည် ၎င်းတို့အပေါ် ငါအပ်နှင်းခဲ့သော အမည်နာမများကို တန်ဖိုးထားရန်ဝေးစွ၊ ၎င်းတို့အထဲမှ များစွာတို့သည် ‘အစေခံသူများ’ ဟူသော ဂုဏ်ပုဒ်ကြောင့်၊ သူတို့၏ နှလုံးသားများထဲ၌ မကျေမချမ်းစိတ် သိုထားကြပြီး၊ များစွာတို့သည် ‘ငါ၏လူများ’ ဟူသော ဂုဏ်ပုဒ်ကြောင့် ၎င်းတို့၏ နှလုံးသားများထဲ၌ ငါ့အတွက် ချစ်ခြင်းမေတ္တာကို ပေါက်ဖွားစေကြသည်။ ငါ့အားလှည့်ဖြားရန် မည်သူမျှ မကြိုးစားသင့်ပေ၊ ငါ၏မျက်လုံးများသည် အရာအားလုံးကို မြင်တွေ့သည်။” ဟု ယနေ့ တစ်ဖန် ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ လူသားများသည် ဤပြောဆိုချက်ကို ဖတ်ရှုရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ချက်ချင်း စိတ်မသက်မသာ ခံစားရသည်။ ၎င်းတို့၏ အတိတ်က လုပ်ရပ်များသည် အလွန့်အလွန် မရင့်ကျက်လွန်းခဲ့သည်ကို ခံစားကြရသည်- ဘုရားသခင်အား ပုန်ကန်ပြစ်မှားသော မရိုးသားသည့်လုပ်ရပ်မျိုးသာ ဖြစ်သည်။ ၎င်းတို့သည် လတ်တလောတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေချင်ခဲ့ကြသည်၊ သို့သော် ၎င်းတို့သည် အလွန်တရာမှ စိတ်ကျေနပ်စေလိုကြသော်လည်း၊ ထိုသို့ လုပ်ဆောင်ဖို့ အစွမ်းကင်းမဲ့ကြပြီး၊ ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို မသိကြချေ။ မရည်ရွယ်ပါဘဲနှင့်၊ ၎င်းတို့သည် အသစ်ပြုပြင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ပြည့်လျှမ်းသွားကြသည်။ ဤသည်မှာ တစ်ယောက်သောသူသည် စိတ်အေးသက်သာဖြစ်လာပြီးသည့်နောက် ဤစကားလုံးများအား ဖတ်ရှုခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။
တစ်ဖက်တွင်၊ ဘုရားသခင်က စာတန်သည် အဆုံးစွန် မိုက်မဲသည်ဟု ပြောစဉ်၊ အခြားတစ်ဖက်တွင် သူသည် လူသားအများစုက ဝေမျှကြသည့် အိုဟောင်းသော သဘာဝသည် ပြောင်းလဲခြင်း မရှိဟု ထောက်ပြလေသည်။ ဤအရာမှ စာတန်၏ လုပ်ရပ်များသည် လူသားမျိုးနွယ်များမှတစ်ဆင့် သိသာထင်ရှားသည်မှာ ရှင်းပေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားများအား စာတန်၏ ဝါးမြိုခြင်းကို ခံရမည်စိုး၍ အကျင့်မပျက်ရန် မကြာခဏ သတိပေးလေသည်။ ဤသည်မှာ အချို့သော လူသားများက ပုန်ကန်ကြလိမ့်မည်ဆိုသည့် ပရောဖက်ပြုချက်များသာ မဟုတ်ပေ။ ထို့အပြင် ယင်းမှာ အတိတ်ကို အလျင်အမြန် ဘေးဖယ်ထားပြီး မျက်မှောက်ခေတ်ကို ဖွေရှာကြရန် လူအပေါင်းတို့ကို သတိပေးဖို့ မြည်နေသော သတိပေး ခေါင်းလောင်းသံတစ်ခု ဖြစ်သည်။ မည်သူမျှ မကောင်းဆိုးဝါးများ၏ ဝင်ပူးခြင်းခံရရန် ဆန္ဒမရှိကြပေ၊ သို့မဟုတ် နတ်ဆိုးများ၏ အနိုင်ယူမှု ခံရရန် ဆန္ဒမရှိကြပေ၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ သာ၍ပင် သတိပေးချက်နှင့် တိုက်တွန်းဆုံးမချက် ဖြစ်လေသည်။ သို့သော်လည်း၊ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးမှန်သမျှကို လွန်စွာ အရေးကြီး၍ လေးနက်စွာ သဘောထားသင့်သည်ဟု မှတ်ယူရင်း၊ အလွန်ပင် ဆန့်ကျင်ဖက် တစ်ဖက်စွန်းသို့ သဘောထားပြောင်းသွားကြသည့်အခါ၊ ဘုရားသခင်က၊ “လူအများစုသည် သူတို့မျက်စိအရသာခံနိုင်ရန်အတွက် သာ၍ပင်များသော နက်နဲဆန်းကြယ်မှုများကို ငါထုတ်ဖော်ရန် ငါ့ကို စောင့်မျှော်နေကြသည်။ သို့သော်လည်း သင်သည် ကောင်းကင်ဘုံ၏ နက်နဲဆန်းကြယ်မှုများအားလုံးကို နားလည်လာခဲ့သည်ဆိုလျှင်ပင် သင်သည် ထိုအသိပညာနှင့် အဘယ်အရာကို ပြုနိုင်မည်နည်း။ ယင်းသည် ငါ့အတွက် သင်၏ချစ်ခြင်းကို တိုးစေနိုင်မည်လော။ ယင်းသည် ငါ့အတွက် သင်၏ချစ်ခြင်းကို နှိုးဆွ ပေးလိမ့်မည်လော။” ဟူ၍ တစ်ပြန်တစ်လှည့် ပြောလေသည်။ ဤအရာမှ၊ လူသားများသည် ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်ကို ချစ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးမပြုဘဲ ထို့ထက် ၎င်းတို့၏ “ဘဏ္ဍာသိုက်ငယ်” နှင့်ဆိုင်သည့် သိုလှောင်ရုံများကို တိုးလာစေရန်သာ အသုံးပြုကြသည်မှာ ထင်ရှားမြင်သာပေသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ အစွန်းရောက်ဝါဒကို ဖော်ပြရန် လူသားများ၏ ဘုရားသခင်အား ချစ်ခြင်းက လုံးဝ မဖြူစင်သည်ကို ထင်ဟပ်စေသည့် “သူတို့မျက်စိအရသာခံနိုင်ရန်” ဟူသည့် စကားစုကို အသုံးပြုပေသည်။ အကယ်၍ ဘုရားသခင်သည် နက်နဲမှုများကို မဖွင့်ဟခဲ့ပါက၊ လူသားများသည် သူ၏ နှုတ်ကပတ်တော်များအပေါ် သိပ်အလေးထားကြလိမ့်မည် မဟုတ်ဘဲ၊ ထို့ထက် ယင်းတို့ကို မြင်းကျောပေါ်တွင် ဒုန်းစိုင်း၍ စီးနေစဉ် ပန်းများအား နှစ်လိုစွာ ရှုစားသည့်အလား ရိပ်ခနဲအကြည့်တစ်ချက်၊ ဖျတ်ခနဲ ကြည့်ခြင်းတစ်ခုသာ ပေးပေမည်။ ၎င်းတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို အမှန်တကယ် ဆင်ခြင်သုံးသပ်ရန် အချိန်ယူကြလိမ့်မည် မဟုတ်၊ သို့မဟုတ် အချိန်ယူစဉ်းစားကြလိမ့်မည် မဟုတ်ပေ။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် ချစ်ခင်မြတ်နိုးခြင်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ကြိုးစားပမ်းစား မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် ထိုနှုတ်ကပတ်တော်များကို ဝတ်ကျတမ်းကျေ ဝေ့ကာသော့၍ ဖတ်ကြသည်။ အဘယ်ကြောင့် ဘုရားသခင်သည် အတိတ်အချိန်ကာလများက သူလုပ်ဆောင်ခဲ့သည်ထက် ကွဲပြားခြားနားသော နည်းလမ်းတစ်ခုဖြင့် ယခုတွင် ပြောဆိုရသနည်း။ အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များအားလုံးသည် အလွန် နားမလည်နိုင်စရာ ဖြစ်သနည်း။ အချို့သော ဥပမာများမှာ “ငါသည် ၎င်းတို့ကို ဤအမည်နာမများနှင့် ပေါ့ပေါ့တန်တန် မည်သည့်အခါမျှ သရဖူဆောင်း ပေးလိမ့်မည်မဟုတ်။” ဆိုသည့်အရာထဲက “သရဖူဆောင်းသည်” ဆိုသည့် စကား၊ “ငါ၏နှုတ်ကပတ်တော်များကို ပြုလုပ်ထားသည့် အသန့်စင်ဆုံးသော ရွှေစင်ကို လက်ခံနိုင်သောသူ တစ်စုံတစ်ယောက် ရှိသလော။” ဆိုသည့်အထဲက “အသန့်စင်ဆုံးသော ရွှေစင်” ဆိုသည့် စကား၊ ဘုရားသခင်၏ ယခင်က ဖော်ပြချက်ဖြစ်သည့် “စာတန်၏ မည်သည့် ခြယ်လှယ်ခံရခြင်းကိုမျှ ဖြတ်သန်း၍ မသွားဘဲ၊” အထဲမှ “ခြယ်လှယ်ခံရခြင်း” ဆိုသည့် စကားနှင့် အခြား ထိုသို့သော စကားစုများ ဖြစ်ကြသည်။ ဘုရားသခင်က အဘယ်ကြောင့် ဤနည်းဖြင့် စကားပြောဆိုသည်ကို လူသားတို့ နားမလည်ကြပေ။ သူသည် အဘယ်ကြောင့် ထိုသို့ အပြောင်အပြက်၊ ရယ်မောဖွယ်ရာ ဖြစ်ပြီး၊ စိတ်ဆွပေးသော နည်းဟန်နှင့် စကားပြောဆိုသည်ကို ၎င်းတို့ သဘောမပေါက်နိုင်ကြချေ။ ယင်းမှာ ဘုရားသခင်၏ စကားနှင့်ဆိုင်သည့် ရည်ရွယ်ချက် သရုပ်သကန်များ အတိအကျ ဖြစ်သည်။ အစအဦးကတည်းမှစ၍၊ လူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမြဲ နားလည်သဘောပေါက်နိုင်စွမ်း မရှိကြသကဲ့သို့၊ သူ၏ မိန့်မြွက်ချက်များသည် ဧကန်အမှန် အတော် လေးနက်ပြီး ပြင်းထန်သည့်အလား ထင်ရပေသည်။ ဟာသဉာဉ် အနည်းငယ်မျှ ပေါင်းထည့်ပေးခြင်းဖြင့်― ပြက်လုံးအနည်းငယ်ကို ဟိုဟိုသည်သည် ပေါင်းထည့် ပေးခြင်းဖြင့်― သူသည် သူ၏နှုတ်ကပတ်တော်ဖြင့် စိတ်လက် ပေါ့ပါးစေနိုင်ပြီး လူသားများအား ၎င်းတို့၏ ကြွက်သားများကို အတော်အတန် ပြေလျော့ခွင့် ပေးနိုင်လေသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်သည် လူသားတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား တွေးဆဖို့ ဆွဲဆောင်ရင်း၊ သာ၍ပင် ကြီးမားသော အကျိုးသက်ရောက်မှုကို စွမ်းဆောင်ရရှိနိုင်လေသည်။