အခန်း ၁၃
ဘုရားသခင်သည် အဆင်းနီသောနဂါးကြီး၏ သားစဉ်မြေးဆက်အားလုံးကို စက်ဆုပ်ပြီး၊ သူသည် အဆင်းနီသော နဂါးကြီးကိုယ်တိုင်ကို သာ၍ပင် မုန်းတီး၏။ ဤသည်မှာ ဘုရားသခင်၏နှလုံးသားအတွင်းရှိ အမျက်ဒေါသ ၏ အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးနှင့် သက်ဆိုင်သည့် အရာအားလုံးကို မီးရှို့ဖျက်ဆီးရန် ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ပစ်ချရန် ဆန္ဒရှိပုံရလေသည်။ ဘုရားသခင်သည် သူ၏လက်ကိုဆန့်ကာ အဆင်းနီသော နဂါးကြီးကို ကိုယ်တိုင်ကိုယ်ကျ ချေမှုန်းချင်ပုံရသည့် အချိန်များပင် ရှိ၏- ယင်းကသာ သူ၏နှလုံးသားရှိ ရွံရှာခြင်းကို ဖျောက်ဖျက်နိုင်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ အိမ်တွင်ရှိသူ တစ်ဦးစီတိုင်းသည် လူ့သဘာဝမရှိသည့် သားရဲတစ်ကောင် ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်က အောက်ပါအတိုင်း ပြောဆိုဖို့ သူ၏ ဒေါသကို ခိုင်မာစွာ ဖိနှိမ်ထားခြင်း ဖြစ်သည်- “ငါ၏လူများအားလုံးထဲနှင့် ငါ၏သားများအားလုံးထဲတွင်၊ ဆိုလိုသည်မှာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ငါရွေးချယ်ပြီးဖြစ်သည့် သူများထဲတွင်၊ သင်သည် အနိမ့်ဆုံး အုပ်စုနှင့် သက်ဆိုင်သည်။” ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးနှင့် ၎င်းကိုယ်တိုင်၏နိုင်ငံတွင် အဆုံးအဖြတ်ပေးသော တိုက်ပွဲကို စတင်ပြီးဖြစ်ကာ သူ၏အစီအစဉ် အကောင်အထည်ပေါ်သည့်အခါ သူသည် ၎င်းကို ဖျက်ဆီးမည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အား ဖောက်ပြန်ပျက်စီးစေခွင့်ပေးတော့မည်မဟုတ်၊ သို့မဟုတ် ၎င်းတို့၏ဝိညာဉ်များအား ဖျက်ဆီးခွင့်ပေးတော့မည် မဟုတ်ပေ။ နေ့စဉ်၊ ဘုရားသခင်သည် အိပ်ပျော်လျက်ရှိသည့် သူ၏လူတို့အား ကယ်တင်ရန် အော်ခေါ်သည်၊ သို့သော် ၎င်းတို့အားလုံးသည် အိပ်ဆေးများ သောက်ထားပြီးသည့်အလား တွေဝေသော အခြေအနေတွင် ရှိနေကြ၏။ ဘုရားသခင်သည် ၎င်းတို့အား တစ်ခဏကြာပင် မနှိုးပါက၊ ၎င်းတို့သည် လုံးဝ သတိမမူမိဘဲ ၎င်းတို့၏ အိပ်ပျော်သည့် အခြေအနေသို့ ပြန်သွားကြလိမ့်မည်။ သူ၏ လူအားလုံးတို့သည် သုံးပုံနှစ်ပုံ အကြောသေနေပုံရကြ၏။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏လိုအပ်ချက်များ သို့မဟုတ် ၎င်းတို့ ကိုယ်တိုင်၏ချို့တဲ့မှုများကို မသိကြသည်သာမက၊ မည်သည့်အရာကို ဝတ်ဆင်ရမည် သို့မဟုတ် မည်သည့်အရာကို စားရမည်ကိုပင် မသိကြပေ။ ဤသည်မှာ အဆင်းနီသောနဂါးကြီးသည် လူတို့အား ဖောက်ပြန်ပျက်စီးစေရန် ကြီးမားသော အားထုတ်မှုကို ပြုလုပ်ပြီးဖြစ်သည်ကို ပြသရန် လုံလောက်သည်။ ၎င်း၏ အကျည်းတန်မှုသည် တရုတ်နိုင်ငံ၏ ဒေသတိုင်းတစ်လျှောက်လုံး တိုးချဲ့ပြီး၊ ၎င်းသည် လူတို့အား တုန်လှုပ်စေသည်မှာ ဤယိုယွင်သည့်၊ ရိုင်းပျသော နိုင်ငံတွင် မည်သို့မျှ ကြာကြာ မနေလိုကြတော့ပေ။ ဘုရားသခင် အမုန်းတီးဆုံး အရာမှာ အဆင်းနီသောနဂါးကြီး၏ အနှစ်သာရဖြစ်သည်၊ ယင်းမှာ သူသည် သူ၏အမျက်ဒေါသဖြင့် နေ့စဉ် လူတို့အား သတိပေးပြီး၊ ၎င်းတို့သည် သူ၏အမျက်ဒေါသနှင့်ပြည့်သော မျက်လုံးအောက်တွင် နေ့စဉ် အသက်ရှင်ကြရ၏။ ထိုသို့ဖြစ်လျက်ပင်၊ လူအများစုသည် ဘုရားသခင်ကို ရှာဖွေရန် မသိကြသေးချေ။ ထိုအစား၊ ၎င်းတို့သည် စောင့်ကြည့်ရင်း၊ ခွံ့ကျွေးခံရရန် စောင့်ဆိုင်းရင်း ထိုနေရာတွင် ထိုင်နေကြသည်။ ၎င်းတို့သည် သေသည်အထိ ငတ်မွတ်နေခဲ့ကြသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏အစာကို ရှာရန် လိုလားနေခြင်း မရှိကြဆဲ ဖြစ်သည်။ လူသား၏အသိစိတ်သည် အချိန်ကြာမြင့်စွာက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီး၊ အနှစ်သာရတွင် အကြင်နာမဲ့ခြင်း အနှစ်သာရသို့ ပြောင်းလဲပြီးဖြစ်သည်။ ဘုရားသခင်က၊ “ငါသည် သင်တို့ကို မလှုံ့ဆော်ခဲ့ပါက၊ သင်တို့သည် နိုးထပြီးဖြစ်ကြလိမ့်ဦးမည် မဟုတ်ဘဲ၊ အေးခဲသည့်အလား၊ ပြီးလျှင် တစ်ဖန် ဆောင်းခိုမှုတွင် ရှိသည့်အလား ဖြစ်မြဲဖြစ်နေပေမည်” ဟုပြောသည်မှာ အံ့သြဖွယ်ရာမဟုတ်ပေ။ ယင်းမှာ လူတို့သည် အစားအစာ သို့မဟုတ် သောက်စရာမလိုအပ်ဘဲ ဆောင်းရာသီကို ကျော်ဖြတ်နေသည့် ဆောင်းခိုသော တိရစ္ဆာန်များဖြစ်သည့်အလား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူတို့၏ လတ်တလော အခြေအနေ အတိအကျ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်သာ၊ ဘုရားသခင်သည် လူတို့အား အလင်းတွင် လူ့ဇာတိခံ ဘုရားသခင် ကိုယ်တိုင်ကိုသာ သိကြရန် တောင်းဆိုခြင်း ဖြစ်သည်။ သူက လူတို့အနေဖြင့် များစွာပြောင်းလဲရန် မတောင်းဆိုသကဲ့သို့၊ ၎င်းတို့၏ဘဝတွင် ကြီးမားသော ကြီးထွားမှုရှိရန်လည်း မတောင်းဆိုပေ။ ယင်းသည် မသန့်ရှင်းသည့်၊ ညစ်ပတ်ပေရေသော အဆင်းနီသောနဂါးကြီးအား အနိုင်ယူပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ ကြီးမားသော တန်ခိုးကို သာ၍ပင် ထင်ရှားစေရန် လုံလောက်ပေမည်။
လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ဖတ်သောအခါ ၎င်းတို့သည် ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်ကြပြီး၊ ယင်းတို့၏ ဝိညာဉ်ပိုင်းဆိုင်ရာ အရေးပါမှုကို နားလည်နိုင်စွမ်းမရှိကြပေ။ “တလိပ်လိပ်ထနေသောလှိုင်းများ” ဟူသည့် စကားလုံးများမျှသည် သူရဲကောင်းတိုင်းနှင့် ဗိုလ်စွဲသူတိုင်းကို အကြံအိုက်စေခဲ့သည်။ ဘုရားသခင်၏ အမျက်ဒေါသကို ပြသသည့်အခါ သူ၏နှုတ်ကပတ်တော်များ၊ လုပ်ရပ်များနှင့် စိတ်သဘောထားတို့သည် တလိပ်လိပ်ထနေသော လှိုင်းများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို တရားစီရင်သည့်အခါ ဤသည်မှာ သူ၏အမျက်ဒေါသနှင့်ဆိုင်သည့် ထုတ်ဖော်ပြချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ တလိပ်လိပ်ထနေသော ထိုလှိုင်းများ စတင်သက်ရောက်မှုရှိသည့် အချိန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကြောင့်၊ လူသားထဲမှ မည်သူသည် ထိုသို့သော တလိပ်လိပ်ထနေသည့် လှိုင်းများအလယ်၌ အသက်မရှင်သနည်း။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အမျက်ဒေါသအလယ်၌ အဘယ်သူ အသက်မရှင်သနည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် ကပ်ဘေးများ ကျရောက်စေဖို့ ဆန္ဒရှိသည့်အခါ၊ ယင်းသည် လူတို့က “လူးလွန့်နေသော တိမ်နက် တစ်ထွေးကြီး”ကို တွေ့ကြသည့်အချိန် မဟုတ်လော။ အဘယ်ပုဂ္ဂိုလ်သည် ကပ်ဘေးမှ ထွက်မပြေးဘဲ နေသနည်း။ ဘုရားသခင်၏ အမျက်ဒေါသသည် သည်းထန်သောမိုးကဲ့သို့ သွန်းလောင်းချပြီး လေပြင်းကဲ့သို့ လူတို့ကို တိုက်ခတ်သည်။ လူအားလုံးသည် ဝေ့လည်နေသော နှင်းမုန်တိုင်းနှင့် ကြုံတွေ့ခဲ့ရသည့် အလား ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် သန့်စင်ခြင်းခံရ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်အတွက် နားလည်ရန် အခက်ဆုံး ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့်၊ သူသည် ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကာ၊ သူ၏နှုတ်ကပတ်တော်မှတစ်ဆင့် သူသည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်ပြီး သန့်စင်၏။ အဆုံးတွင်၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် စကြဝဠာတစ်ခုလုံးအား သန့်စင်ခြင်းသို့ ပြန်လည်ရောက်ရှိစေမည်ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော် တည်ရှိခြင်းသည် အနှစ်သာရမမဲ့သည်ကို သူပြောသည့်အရာတိုင်းတွင် တွေ့မြင်နိုင်ပြီး၊ မည်သို့ ရှင်သန်ရမည်ဆိုသည့် အရိပ်အမြွက်ကို လူတို့ သဘောပေါက်သည်မှာ သူ၏ နှုတ်ကပတ်တော်တွင်သာ ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များတွင် အသက်အတွက် ထောက်ပံ့မှုပါရှိသည့်အတွက်၊ လူအားလုံးသည် သူ၏နှုတ်ကပတ်တော်များကို တန်ဖိုးထားကြ၏။ လူတို့သည် သူ၏နှုတ်ကပတ်တော်များအပေါ် အာရုံစိုက်လေလေ၊ ဘုရားသခင်သည် လူတို့ကို မေးခွန်းများ- ၎င်းတို့အား ဝေခွဲမရဖြစ်စေကာ ဖြေရန် အခွင့်အရေးတစ်ခုမျှမရှိဘဲ ဖြစ်စေရစ်သည့် မေးခွန်းများ- သာ၍ ပေးလေလေ ဖြစ်သည်။ သူ၏ကျန်ရှိသော နှုတ်ကပတ်တော်များကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဆက်တိုက်မေးခွန်းများသက်သက်သည်ပင် လူတို့အား အတော်ကြာ တွေးဆစေလောက်ပေသည်။ ဘုရားသခင်၌ အားလုံးသည် အမှန်တကယ် ပြည့်ဝပြီး အလျှံပယ်ဖြစ်ကာ ချို့တဲ့နေသည့်အရာ မည်သည့်အရာမျှ မရှိပေ။ သို့ရာတွင် လူတို့သည် ထိုအရာကို များစွာ မမွေ့လျော်နိုင်ကြပေ။ ၎င်းတို့သည် ကြက်အရေခွံကို မြင်သော်လည်း အသားကို မစားနိုင်သူကဲ့သို့၊ သူ၏နှုတ်ကပတ်တော်များ၏ အပေါ်ယံကိုသာ သိကြ၏။ ဤသည်မှာ လူတို့သည် အခွင့်အလမ်း နည်းပါးကြသည်မှာ ၎င်းတို့သည် ဘုရားသခင်အား မမွေ့လျော်နိုင်ကြဟု ဆိုလိုပေသည်။ လူအသီးသီးသည် ၎င်းတို့၏အယူအဆများအလယ်တွင် ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ ကိုယ်ပိုင် ပုံရိပ်ရှိကြသည်၊ ယင်းသည် မရေရာသော ဘုရားသခင်မှာ မည်သည့်အရာဖြစ်သည် သို့မဟုတ် စာတန်၏ ပုံရိပ်မှာ မည်သည့်အရာဖြစ်သည်ကို မည်သူမျှ မသိကြသည့် အကြောင်းရင်း ဖြစ်သာ်။ ထို့ကြောင့်၊ ဘုရားသခင်က၊ “သင်ယုံကြည်သည့်အရာမှာ စာတန်၏ ပုံရိပ်မျှဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တိုင်နှင့် မည်သို့မျှ မပတ်သက်” ဟု ပြောသည့်အခါ၊ အားလုံး ကြက်သေသေသွားကြသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာကြာ ယုံကြည်ခြင်း ရှိကြပြီးဖြစ်သော်လည်း၊ ၎င်းတို့ယုံကြည်ခဲ့သည်မှာ ဘုရားသခင်ကိုယ်တိုင် မဟုတ်ဘဲ၊ စာတန်ဖြစ်သည်ကို မသိခဲ့ကြချေ။ ၎င်းတို့သည် အတွင်းတွင် ရုတ်တရက်ဖြစ်သော ဟာတာတာဖြစ်ခြင်းကို ခံစားရသော်လည်း မည်သည့်အရာ ပြောရမှန်း မသိခဲ့ကြပေ။ ထို့နောက် ၎င်းတို့သည် တစ်ဖန် တိုး၍ စတင် ဇဝေဇဝါ ဖြစ်ကြ၏။ ဤပုံစံဖြင့် အလုပ်လုပ်ခြင်းအားဖြင့်သာ လူတို့သည် အသစ်သောအလင်းကို ပိုမိုကောင်းမွန်စွာ လက်ခံနိုင်ကြပြီး၊ ထိုသို့ဖြင့် ဟောင်းသောအရာများကို ငြင်းဆိုနိုင်ကြ၏။ ထိုအရာတို့သည် မည်မျှ ကောင်းမွန်ပုံရသည်ဖြစ်စေ၊ အလုပ်ဖြစ်လိမ့်မည်မဟုတ်။ လူတို့အတွက် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်ကို နားလည်ရန်မှာ သာ၍ အကျိူးရှိပေသည်။ ဤအရာက ၎င်းတို့အား ၎င်းတို့၏ နှလုံးသားများတွင် အယူအဆများက စွဲကိုင်ထားသော အဆင့်အတန်းကို ဖယ်ရှားစေနိုင်ကာ၊ ဘုရားသခင်တစ်ဦးတည်း ကိုယ်တိုင်ကိုသာ ၎င်းတို့ကို နေရာယူခွင့်ပေးနိုင်စေသည်။ ဤနည်းလမ်းသည်သာ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို စွမ်းဆောင်ရရှိနိုင်သည်၊ ယင်းက လူတို့အား ၎င်းတို့၏ ခန္ဓာမျက်လုံးများဖြင့် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်ကို သိနိုင်စေသည်။
ဘုရားသခင်သည် လူတို့အား ဝိညာဉ်လောက၏ အခြေအနေများကို ကြိမ်ဖန်များစွာ ပြောပြပြီးဖြစ်သည်- “စာတန်သည် ငါ၏ရှေ့မှောက်လာသည့်အခါ ငါသည် ၎င်း၏ ရိုင်းစိုင်းသည့် ရက်စက်ကြမ်းကြုတ်မှုကို မတွန့်ဆုတ်သကဲ့သို့၊ ၎င်း၏ အကျည်းတန်မှုကြောင့် ငါသည် ကြောက်လန့်ခြင်းလည်း မရှိပေ- ငါသည် ၎င်းအား သက်သက် မသိကျိုးကျွန်ပြုသည်။” ဤအရာမှ လူသားတို့ နားလည်ပြီးလေသည်မှာ လက်တွေ့အရှိတရား၏ အခြေအနေသာဖြစ်၏။ ဝိညာဉ်လောက၏ အမှန်တရားကို ၎င်းတို့မသိပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်သောကြောင့်၊ စာတန်သည် ဘုရားသခင်အား ထိုသို့တိုက်ခိုက်ရန် မျှော်လင့်ရင်း၊ အမျိုးမျိုးသော စွပ်စွဲမှုမျိုးကို အသုံးပြုပြီး ဖြစ်သည်။ သို့ရာတွင်၊ ဘုရားသခင်သည် နောက်မဆုတ်ပေ။ သူသည် လူတို့အား သူ၏လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် သူ့ကို သိခွင့်ပေးရင်း၊ လူသားမျိုးနွယ်အလယ် တကယ်ကို စကားပြောကာ အမှုပြလေသည်။ စာတန်သည် ဤအရာတွင် အမျက်သည်းခြင်းဖြင့် မျက်လုံးနီပြီး၊ ဘုရားသခင်၏လူတို့အား အပျက်သဘောဆောင်စေဖို့၊ နောက်ဆုတ်စေရန်နှင့် ၎င်းတို့၏ လမ်းပင်ပျောက်စေရန် ကြီးစွာသော အားထုတ်မှုပြု၏။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သက်ရောက်မှုကြောင့် စာတန်သည် လုံးဝ ရှုံးနိမ့်ပြီးဖြစ်သည်၊ ယင်းသည် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကို တိုးစေ၏။ ထို့ကြောင့် ဘုရားသခင်သည် အယောက်တိုင်းအား “သင်တို့၏ အသက်တာများတွင် သင်သည် ထိုသို့သောအခြေအနေနှင့် ကြုံမည့်နေ့ရက် ရောက်လာနိုင်သည်- သင်သည် မိမိကိုယ်ကိုယ် စာတန်၏ဖမ်းဆီးမှုခံရန် လိုလိုလားလား ခွင့်ပြုမည်လော၊ သို့မဟုတ် သင်သည် ငါ့အား သင့်ကို ရယူခွင့်ပြုမည်လော”ဟု သတိပေးခြင်း ဖြစ်သည်။ လူတို့သည် ဝိညာဉ် လောက၌ မည်သည့်အရာ ဖြစ်ပျက်သည်ကို မသိသော်လည်း၊ ဘုရားသခင်ထံမှ ထိုသို့သောစကားများကို ၎င်းတို့ ကြားလျှင်ကြားချင်း၊ ၎င်းတို့သည် သတိထားလာကြကာ စိုးရွံ့လာကြသည်။ ဤအရာက ဘုရားသခင်၏ ဘုန်းအသရေကို ပြသရန် လုံလောက်လျက် စာတန်၏ တိုက်ခိုက်မှုများကို ပြန်လည် ရိုက်ခတ်၏။ အချိန်ကြာမြင့်စွာက အမှု၏ အသစ်သော နည်းစနစ်တစ်ခုထဲသို့ ဝင်ရောက်ပြီးဖြစ်သော်လည်း၊ လူတို့သည် နိုင်ငံတော်ထဲက ဘဝနှင့်ပတ်သက်၍ မရှင်းမလင်း ဖြစ်နေကြဆဲ ဖြစ်ပြီး၊ ထိုအရာကို ၎င်းတို့ နားလည်ကြလျှင်ပင်၊ ရှင်းလင်းပြသားမှု ကင်းမဲ့လေသည်။ ထို့ကြောင့်၊ လူတို့အပေါ် သတိပေးချက်တစ်ရပ် ထုတ်ပြန်ပြီးနောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့ထံ နိုင်ငံတော်ထဲက ဘဝ၏အနှစ်သာရကို မိတ်ဆက်ခဲ့၏- “နိုင်ငံတော်ထဲက အသက်တာသည် လူတို့နှင့် ဘုရားသခင်ကိုယ်တိုင်၏ အသက်တာဖြစ်သည်။” ဘုရားသခင် ကိုယ်တိုင်သည် လူ့ဇာတိခံယူပြီးဖြစ်သောကြောင့်၊ တတိယ ကောင်းကင်ဘုံ၏ဘဝသည် ကမ္ဘာမြေပေါ်တွင် အကောင်အထည်ပေါ်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်မျှ မဟုတ်ပေ- ဘုရားသခင်သည် ယင်းကို ဖြစ်လာစေပြီး ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ လူတို့သည် ဘုရားသခင်ကိုယ်တိုင်အား သာ၍ ကောင်းစွာ သိလာကြသောကြောင့် ဘုရားသခင်သည် ကောင်းကင်ဘုံရှိ မရေရာသည့် ဘုရားသခင်သာ ဖြစ်သည်ဆိုသည်ထက်၊ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် ရှိသည်ဟု စစ်မှန်စွာ ခံစားကြရသည့်အတွက်၊ ကောင်းကင်ဘုံ၏ ဘဝကို ၎င်းတို့ သာ၍မြည်းစမ်းလာနိုင်ကြ၏။ ထို့ကြောင့် ကမ္ဘာမြေပေါ်ရှိဘဝသည် ကောင်းကင်ဘုံရှိ ဘဝကဲ့သို့ ဖြစ်၏။ လက်တွေ့အရှိတရားမှာ လူ့ဇာတိခံ ဘုရားသခင်သည် လူ့လောက၏ ခါးသီးမှုကို မြည်းစမ်းပြီး၊ သူသည် ထိုသို့ လုပ်ဆောင်နိုင်လေလေ၊ ယင်းက သူသည် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်ကို သာ၍သက်သေပြလေလေ ဖြစ်၏။ ထို့ကြောင့်- “ငါကျိန်းဝပ်ရာ အရပ်တွင်၊ ယင်းသည် ငါ ကွယ်ဝှက်သည့် နေရာဖြစ်သည်- မည်သို့ပင်ဆိုစေ၊ ငါ၏ ကျိန်းဝပ်ရာအရပ်တွင်၊ ငါသည် ငါ၏ရန်သူအားလုံးကို အနိုင်ယူပြီး ဖြစ်သည်။ ငါကျိန်းဝပ်ရာအရပ်၌၊ ငါသည် ကမ္ဘာမြေပေါ် အသက်ရှင်ခြင်းနှင့်ဆိုင်သည့် စစ်မှန်သောအတွေ့အကြုံကို ရရှိပြီးဖြစ်သည်။ ငါကျိန်းဝပ်ရာအရပ်၌၊ ငါသည် လူသား၏စကားတိုင်းနှင့် လုပ်ရပ်တိုင်းကို လေ့လာနေပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား စောင့်ရှောက်နေကာ ဦးစီးဦးရွက်ပြုနေ၏” ဟူသည့် စကားများက ယနေ့၏ ဘုရားသခင်သည် လက်တွေ့ကျသည်ဆိုသည့် အချက်၏ လုံလောက်သော သက်သေ ဖြစ်သည်။ ဇာတိပကတိအတွင်း အမှန်တကယ် အသက်ရှင်ခြင်း၊ ဇာတိပကတိအတွင်း လူ့ဘဝကို အမှန်တကယ် တွေ့ကြုံခံစားခြင်း၊ ဇာတိပကတိအတွင်း လူသားမျိုးနွယ်အားလုံးကို အမှန်တကယ် သိနားလည်ခြင်း၊ ဇာတိပကတိအတွင်း လူသားမျိုးနွယ်ကို အမှန်တကယ် သိမ်းပိုက်ခြင်း၊ ဇာတိပကတိအတွင်း အဆင်းနီသောနဂါးကြီးနှင့် အဆုံးအဖြတ် ပေးသော တိုက်ပွဲဆင်နွှဲခြင်းနှင့် ဘုရားသခင်၏အမှုအားလုံးကို ဇာတိပကတိအတွင်း လုပ်ဆောင်ခြင်း- ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်၏ တကယ့် တည်ရှိခြင်း ဖြစ်သည် မဟုတ်သလော။ သို့ရာတွင် ဘုရားသခင် ပြောဆိုသည့် ဤသာမန်စကားများတွင် သတင်းစကားကို မြင်ကြသည့် လူများ အလွန်ရှိခဲပေသည်။ ၎င်းတို့သည် ယင်းတို့ကို ဝေ့ကာသော့၍ ဖတ်ရုံမျှဖတ်ပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အဖိုးတန်မှု သို့မဟုတ် ရှားပါးမှုကို မခံစားကြရပေ။
ဘုရားသခင်၏နှုတ်ကပတ်တော်များသည် အကူးအပြောင်း လွန်စွာ ကောင်းမွန်၏— “လူသားမျိုးနွယ်သည် သတိမေ့မြောနေသည်နှင့်အမျှ” ဟူသောစကားရပ်သည် ဘုရားသခင်ကိုယ်တိုင်၏ ဖော်ပြချက်ကို ယူဆောင်ပြီး၊ ယင်းကို လူသားမျိုးနွယ်အားလုံး၏ အခြေအနေနှင့်ဆိုင်သော ဖော်ပြချက်အဖြစ်သို့ ပြောင်းလဲစေ၏။ ဤနေရာတွင် “အေးသော ထွန်းလင်းဝင်းပခြင်း၏ ရုတ်ခြည်း ပြင်းစွာ တိုးဝှေ့မှုများ” ဆိုသည်မှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ကိုယ်စား မပြုပေ။ ထို့ထက်၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဆိုလိုသည်မှာ၊ သူ၏ အမှုလုပ်ဆောင်ခြင်း နည်းစနစ်အသစ်ကို ဆိုလိုသည်။ ထို့ကြောင့် ဤအရာတွင် လူသား အင်အားမျိုးစုံကို တွေ့မြင်နိုင်သည်- အသစ်သောနည်းစနစ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင်၊ လူအပေါင်းတို့သည် ၎င်းတို့၏ ဦးတည်ချက်အာရုံ ပျောက်ဆုံးကာ၊ ၎င်းတို့ မည်သည့်နေရာမှလာလေပြီကို မသိသကဲ့သို့၊ မည်သည့်နေရာသို့သွားနေသည်ကိုလည်း မသိကြပေ။ “လူအများစုသည် လေဆာကဲ့သို့သော ရောင်ခြည်များ၏ ထိမှန်ခြင်းခံရ၏” ဆိုသည်မှာ အသစ်သောနည်းစနစ်တွင် ပယ်ထုတ်ခံရသူများကို ရည်ညွှန်းပေသည်။ ၎င်းတို့သည် စမ်းသပ်မှုများကို ခံနိုင်ရည်မရှိသူများ သို့မဟုတ် ဆင်းရဲဒုက္ခ၏ စစ်ဆေးခြင်းကို မခံနိုင်သောကြောင့် အနက်ဆုံးသော တွင်းထဲသို့ နောက်တဖန် ပစ်ချခြင်းခံရသူများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်အား လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့သည့်အခါ ကြောက်ရွံ့ပုံရပြီး၊ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများအား ချိန်ရွယ်ထားသည့် စက်သေနတ်တစ်ခုကို မြင်ရပြီးဖြစ်သည့်အလား မည်သည့် အရာကိုမျှ မပြောဝံ့ကြပေ။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ကောင်းသည့်အရာများ ရှိသည်ဟုလည်း ထင်ကြ၏။ ၎င်းတို့၏နှလုံးသားများတွင် ကြီးမားသည့် သဘောကွဲလွဲမှုရှိပြီး၊ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို မ့ကိုယ်ကိုယ် စိတ်တင်းကြပြီး၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်မည်ကို ကြောက်ရွံ့သည့်အတွက်၊ သူ၏နှုတ်ကပတ်တော်များကို သာ၍ နက်ရှိုင်းစွာ နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေကြသည်။ ဘုရားသခင်က၊ “လူသားမျိုးနွယ်အလယ်တွင် မည်သူသည် ဤအခြေအနေတွင် မတည်ရှိသနည်း။ မည်သူသည် ငါ၏အလင်းအတွင်းတွင် မတည်ရှိသနည်း။ သင်သည် သန်မာလျှင်ပင်၊ သို့မဟုတ် သင်သည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ ငါ၏အလင်း ရောက်လာခြင်းကို သင်မည်သို့ ရှောင်ရှားနိုင်မည်နည်း” ဟု ပြောခဲ့သကဲ့သို့သာ ဖြစ်သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအား အသုံးပြုပါက၊ ၎င်းတို့ အားနည်းလျှင်ပင် ဘုရားသခင်သည် ၎င်းတို့အား သူ၏ပြစ်တင် ဆုံးမခြင်းဖြင့် အလင်းပေးလိမ့်ဦးမည်ဖြစ်ကာ အသိဉာဏ်ပွင့်လင်းစေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်လေလေ၊ သူ့အား သာ၍ နားလည်လေလေဖြစ်သည်၊ သူ့ကို သာ၍ရိုသေလေးမြတ်လေလေဖြစ်ကာ မဆင်မခြင် မလုပ်ဝံ့လေလေဖြစ်၏။ ထိုလူတို့သည် ယနေ့၎င်းတို့ ရှိကြသည့်နေရာသို့ ရောက်လာကြသည်မှာ ဘုရားသခင်၏ ကြီးမားသော တန်ခိုးကြောင့်သာ လုံးဝဖြစ်၏။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြသည်မှာ သူ့နှုတ်ကပတ်တော်များ၏ သြဇာအာဏာကြောင့် ဖြစ်သည်- ဆိုလိုသည်မှာ၊ ယင်းသည် သူ၏နှုတ်ကပတ်တော်များရှိ ဝိညာဉ်တော်၏ ရလဒ်တစ်ခုဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ စစ်မှန်သော မျက်နှာကို ထုတ်ဖော်ပြသည်နှင့်အမျှ၊ သူ့အတွက် ၎င်းတို့၏ လေးစားခန့်ညားခြင်း တိုး၍ ကြီးမားလေလေဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့သည် သူ၏တည်ရှိခြင်း၏ လက်တွေ့အရှိတရားနှင့်သက်ဆိုင်၍ သာ၍ သေချာလေလေဖြစ်၏။ ဤသည်မှာ ဘုရားသခင်အား သိနားလည်ဆီသို့ လူသားမျိုးနွယ်၏ လမ်းကြောင်းပေါ်ရှိ မီးပြတိုက်တစ်ခု၊ ၎င်းတို့အား သူ ပေးပြီးဖြစ်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သေချာစွာ စဉ်းစားလော့။ ဤသည်မှာ ထိုသို့မဟုတ်လော။
အထက်တွင် ပြောထားသည့်အရာသည် လူသားမျိုးနွယ် ရှေ့က သူ၏ လမ်းခရီးကို အလင်းပေးသည့် မီးပြတိုက် ဖြစ်သည် မဟုတ်လော။