အခန်း ၃၉

ငါတို့၏ဘဝများ ပိုမိုထွန်းကားတိုးတက်စေရန်နှင့် ငါတို့အတွက် ဘုရားသခင်၏ မျှော်လင့်ချက်များနှင့် လျော်ညီအောင် ငါတို့နေထိုင်နိုင်စေရန်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျော်လွန်ပြီး၊ ငါတို့၏ဘဝများနှင့် ပတ်သက်သော အရေးကိစ္စများအကြောင်းကို အနည်းငယ် ပြောကြမည့်။ အထူးသဖြင့်- အသီးသီးသည် သူ၏အမျိုးအစားအလိုက် ခွဲခြားခံရသည့်အချိန်နှင့် ပြစ်တင်ဆုံးမခြင်း အချိန်ဖြစ်သည့်- ယနေ့ ရောက်ရှိလာခြင်းကြောင့် အရေးကြီးသော အချက်များအပေါ် အာရုံစိုက်ရန်နှင့် “အများအကျိုး” အပေါ် အာရုံစူးစိုက်ရန် သာ၍ကြီးမားသည့် လိုအပ်ချက်တစ်ခု ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော် ဖြစ်ပြီး လူအပေါင်းတို့ အထမြောက်အောင်မြင်သင့်သော အရာလည်း ဖြစ်သည်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင်၏ အလိုတော်အတွက် အဘယ်ကြောင့် ငါတို့သည် မိမိကိုယ်ကိုယ် ပူဇော်ဆက်ကပ်ခြင်း မပြုနိုင်သနည်း။ ဘုရားသခင်က “လူတို့၏ဘိုးဘေးများက ၎င်းတို့ကို ၎င်းတို့၏ မိသားစုများထံသို့ ပြန်လည် လမ်းညွှန်မှု ပေးနိုင်စေရန် လူအမျိုးမျိုးအတွက် ကိန်းဂဏန်းများကို သတ်မှတ်ပေးပြီး လူအမျိုးအစားတိုင်း အပေါ်တွင် ခြားနားသော အမှတ်အသားများ ပြုလုပ်ကာ၊” ယင်းက လူတို့သည် အမျိုးအစား သတ်မှတ်ခံရပြီးဖြစ်ခြင်းကို ပြသပြီး အကျိုးရလဒ်အနေဖြင့် လူအမျိုးအစား အားလုံးတို့သည် ၎င်းတို့၏ စစ်မှန်သော အသွင်သဏ္ဌာန်ကို ထုတ်ဖော်ပြနေကြပေသည်။ သို့ဖြစ်ရကား လူတို့သည် ၎င်းတို့၏ ဘိုးဘေးများအပေါ် သစ္စာရှိကြပြီး ဘုရားသခင်အပေါ် သစ္စာမရှိကြဟု ဆိုပါက မှန်ကောင်း မှန်နိုင်သည်။ သို့ရာတွင် လူအပေါင်းတို့သည် ၎င်းတို့၏ ဘိုးဘေးများ၏ လမ်းညွှန်မှုအောက်ဝယ် ဘုရားသခင်ကို အစေခံမှု ပေးလျက်လည်း ရှိနေကြသည်ဖြစ်ရာ ယင်းမှာ ဘုရားသခင်အမှု၏ အံ့သြဖွယ် ဖြစ်လေသည်။ အရာခပ်သိမ်းသည် ဘုရားသခင်အတွက် အစေခံမှု ပြုနေကြပြီး စာတန်က လူတို့ကို နှောင့်ယှက်သော်လည်း၊ ဘုရားသခင်သည် သူ့ကို အစေခံရန် “နယ်ခံအင်အားများ” ရယူရန်အလို့ငှာ ဤအခွင့်အလမ်းကို အသုံးချ၏။ သို့ရာတွင် လူတို့သည် ယင်းကို မရိပ်စားမိနိုင်ကြ။ “ဤအကြောင်းကြောင့် ငါသည် ဝါယမစိုက်မှုကိုလည်း ခွဲဝေပြီး အားထုတ်မှုများကို ဝေခြမ်းသည်။ ဤသည်မှာ ငါ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မည်သည့်လူသားကမျှ မနှောင့်ယှက်နိုင်ပေ” ဟု ဘုရားသခင် ပြောကြားတော်မူသည့်အတိုင်း ဖြစ်သည်။ ဘုရားသခင်က အဆုံးအဖြတ်ပေးသည့် အရာအားလုံးနှင့် ဘုရားသခင်က ပြီးမြောက်ရန် အလိုရှိသည့် အရာအားလုံးကို ကိုယ်တော် လုပ်ဆောင် မပြီးစီးမီတွင် လူတို့ မမြင်တွေ့နိုင်ကြ။ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါကျမှသာလျှင် ၎င်းတို့သည် မြင်တွေ့နိုင်လေသည်။ ထိုသို့မဟုတ်လျှင် ၎င်းတို့သည် မျက်စိကန်း၍ မည်သည့်အရာကိုမှ မမြင်နိုင်ကြပေ။

ယနေ့တွင် ဘုရားသခင်သည် အသင်းတော်များအကြားတွင် အလုပ်အသစ် ရှိ၏။ ကိုယ်တော်သည် လူသား၏ အလုပ်တာဝန်ကို အမှန်ပင် တာဝန်ယူစေခြင်းဖြင့် အရာခပ်သိမ်းတို့အား သဘာဝ၏ဖြစ်စဉ်ကို လိုက်နာစေ၏။ “ရှိရှိသမျှ အရာခပ်သိမ်းတို့အား သဘာဝ၏ဖြစ်စဉ်ကို လိုက်နာစေပြီးလျှင် သဘာဝ၏ စေခိုင်းမှုအား နာခံစေရန် အရာခပ်သိမ်းတို့အထဲမှ အားလုံးကို ငါအုပ်စိုးသည်၊ အရာခပ်သိမ်းတို့အထဲမှ အားလုံးကို ငါအမိန့်ပေးသည်။” ဟု ဘုရားသခင် ပြောကြားတော်မူသကဲ့သို့ ဖြစ်သည်။ သင်တို့အနေဖြင့် “သဘာဝ၏ဖြစ်စဉ်ကို လိုက်နာခြင်း” ထဲသို့ အဘယ်မည်သော ကောင်းမွန်သည့် ထိုးထွင်းအမြင်မျိုး ရှိကြမည်ကို ငါမသိသဖြင့် ဤကိစ္စအကြောင်း ပြောဆိုကြစို့။ ထိုအရာကို ငါမြင်ပုံမှာ- ၎င်းတို့၏ အိမ်သို့ ၎င်းတို့၏ဘိုးဘေးများ၏ ဦးဆောင်ခြင်း ခံရသောကြောင့်၊ လူအမျိုးအစားအားလုံးတို့သည် ထွက်လာ၍ “လုပ်ဆောင်” ရမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် သဘာဝ၏ဖြစ်စဉ်အတိုင်း လိုက်နာနေပြီး ၎င်းတို့အဖို့ ရှိရင်းစွဲအရာမှာ ၎င်းတို့ကို ဤနိယာမအတိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုအား လိုက်နာစေကာ ၎င်းတို့ထမ်းရွက်ရမည့် မူလတာဝန်ကို ဆောင်ယူလာရန် အသုံးပြုခံရလေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူပုဂ္ဂိုလ်တစ်ဦးစီ၏ အတွင်းအနေအထားအလိုက် ဆောင်ရွက်သည်၊ တိတိပပပြောရမည်ဆိုလျှင် ယင်းကို “အရာခပ်သိမ်းက ဘုရားသခင်အား အစေခံစေရန် ကိုယ်တော်မှ ၎င်းတို့ကို ထိန်းကြောင်းနေခြင်း” ဟုခေါ်ကာ ထိုအတွက်ကြောင့် ယင်းသည် သဘာဝ၏ဖြစ်စဉ်ကို လိုက်နာခြင်းနှင့် ဆက်နွှယ်နေ၏။ လူပုဂ္ဂိုလ်တစ်ဦးသည် မာရ်နတ်၏ အရိပ်လက္ခဏာများ ၎င်း၏အထဲတွင် ရှိနေသော်လည်း၊ ဘုရားသခင်သည် ၎င်းတို့၏အထဲ၌ ရှိရင်းစွဲဖြစ်သောအရာ၏ အုတ်မြစ်ထံ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ထပ်ဖြည့်လျက် ၎င်းတို့ကို ဘုရားသခင်အား အစေခံမှု ပေးဖို့ရန် လုံလောက်စေကာ ယင်းအချက်ကို အသုံးချအံ့။ ဤသည်မှာ “သဘာဝ၏ဖြစ်စဉ်ကို လိုက်နာခြင်း” နှင့်ပတ်သက်၍ ငါပြောဆိုမည့်အကြောင်း အကုန်အစင်ပင်ဖြစ်၏။ သင်တို့၌ ပို၍မြင့်သော အကြံပြုချက်များ ရှိကောင်းရှိနိုင်သည်။ သင်တို့အနေဖြင့် အဖိုးတန်သည့်အချက်အလက်အချို့ ပေးနိုင်မည်ဟု ငါမျှော်လင့်သည်။ သဘောတူသလော။ သင်တို့အနေဖြင့် သဘာဝ၏ ဖြစ်စဉ်ကို လိုက်နာခြင်းတွင် ပူးပေါင်းဆောင်ရွက်ရန် လိုလိုလားလား ရှိကြသလော။ ဘုရားသခင်နှင့် အလုပ်ခွဲဝေရန် သင်တို့ လိုလိုလားလား ရှိကြသလော။ ယင်းကို မည်ကဲ့သို့ ရရှိနိုင်ပါမည့်အကြောင်း သင်တို့ စဉ်းစားဖူးကြသလော။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်း ရှိကြပြီး၊ တူညီသည့်စံနှုန်းများအတွက် ဘုရားသခင်ကို ကျေနပ်စေရာတွင် တစ်စိတ်တစ်ဝမ်းတည်း လုပ်ဆောင်နိုင်ကာ နိုင်ငံတော်ဆီသို့ သွားရာလမ်းပေါ်တွင် အတူတကွ ရှေ့သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ မလိုလားအပ်သော အယူအဆများကို စိတ်ကူးရရန် အဘယ်ကြောင့် လိုအပ်မည်နည်း။ ယနေ့အထိ မည်သူ၏ တည်ရှိခြင်းသည် ဘုရားသခင်အဖို့ အလို့ငှာမဟုတ်ဘဲ ဖြစ်ဖူးသနည်း။ ထိုသို့ဖြစ်သဖြင့် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းနှင့် ပင့်သက်ရှိုက်ခြင်းများကို အဘယ်ကြောင့် လိုမည်နည်း။ ယင်းသည် မည်သူ့အတွက်မှ အကျိုးမရှိပေ။ လူတို့၏ ဘဝတစ်ခုလုံးသည် ဘုရားသခင်၏ လက်များထဲတွင် ရှိနေသည်ဖြစ်ပြီး၊ အကယ်၍ ဘုရားသခင်၏ရှေ့တော်ရှိ ၎င်းတို့၏ ံသန္နိဌာန်အတွက်သာ မဟုတ်ခဲ့လျှင် အနှစ်သာရမဲ့သော ဤလူ့လောကကြီးထဲတွင် မည်သူသည် အချည်းနှီးသက်သက် နေထိုင်ရန် လိုလိုလားလား ရှိလိမ့်မည်နည်း။ အဘယ်ကြောင့် စိတ်ရှုပ်ခံနေမည်နည်း။ လောကထဲတွင် ဝင်လိုက်ထွက်လိုက် အပြေးအလွှားသွားနေရင်း ဘုရားသခင်အတွက် မည်သည့်အရာတစ်ခုကိုမှ ၎င်းတို့မလုပ်ဆောင်ပါက၊ ၎င်းတို့၏ဘဝတစ်ခုလုံးကို ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်မဟုတ်လော။ အကယ်၍ သင်၏လုပ်ဆောင်မှုများကို ဖော်ပြရန်ထိုက်သည်ဟု ဘုရားသခင်က မယူဆလျှင်ပင်၊ သင်၏သေခြင်း အခိုက်အတန့်တွင် အားရကျေနပ်ခြင်း အပြုံးတစ်ခုကို သင်မပေးပြီလော။ သင့်အနေဖြင့် အပြုသဘောဆောင်သည့် တိုးတက်မှုရအောင် အားထုတ်သင့်ပြီး အပျက်သဘောဆောင်သည့် ဆုတ်ယုတ်မှုရအောင် အားမထုတ်သင့်ပေ။ ဤသည်မှာ ပိုကောင်းသော လက်တွေ့လုပ်ဆောင်မှု မဟုတ်လော။ အကယ်၍ သင်၏လုပ်ဆောင်မှုတို့သည် ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သက်သက် ဖြစ်သည်ဆိုလျှင် သင့်အနေဖြင့် အပျက်သဘောဆောင်ခြင်း သို့မဟုတ် ဆုတ်ယုတ်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ လူတို့၏စိတ်နှလုံးများထဲတွင် နားလည်ရခက်ခဲသည့်အရာများ အမြဲပင် ရှိနေတတ်သောကြောင့်၊ ယင်းကို ၎င်းတို့သတိမထားမိဘဲ ၎င်းတို့၏ မျက်နှာများသည် အုံ့မှိုင်းသော ကောင်းကင်သဖွယ်ဖြစ်ကြကာ ယင်းက မြေအက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်နှယ် “မြောင်း” အချို့ကို ​ ၎င်းတို့၏မျက်နှာများပေါ်တွင် ၎င်းတို့မသိလိုက်ဘဲ ပေါ်ပေါက်လာစေ၏။ ယင်းသည် မြေကြီးရွေ့လျားပြီး မြေကြီးပေါ်က “တောင်ပူစာများ” သို့မဟုတ် “နိမ့်လျှောတွင်းများ” ကို လူတို့သိရှိခြင်းမရှိဘဲ နေရာရွေ့စေသည့်အလားဖြစ်၏။ ဤကိစ္စ၌ ငါသည် လူများကို ရယ်သွမ်းသွေးနေခြင်း မဟုတ်ဘဲ၊ “ပထဝီဝင် အသိပညာ” နှင့်ပတ်သက်၍ ပြောခြင်းသာ ဖြစ်သည်။

ဘုရားသခင်သည် လူအားလုံးကို ပြစ်တင်ဆုံးမခြင်းထဲသို့ ဦးဆောင်လမ်းပြခဲ့ပြီး ဖြစ်သော်လည်း၊ ကိုယ်တော်သည် ယင်းအကြောင်း ဘာမှမပြောချေ။ ထိုအစား ကိုယ်တော်သည် ဤအကြောင်းအရာကို တမင်တကာ ရှောင်ရှားပြီး အကြောင်းအရာသစ်တစ်ခုကို အစပြုသည်ဖြစ်ပြီး၊ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အမြင်တစ်မျိုးမှာ ယင်းသည် ဘုရားသခင်၏ အမှုကြောင့်ဖြစ်ပြီး နောက်အမြင်တစ်ခုမှာ အလုပ်၏ ဤအဆင့်ကို ချက်ချင်းလက်ငင်း ပြီးပြည့်စုံစေရန်ဖြစ်၏။ အလုပ်၏ဤအဆင့်ကို အကောင်အထည်ဖော်ဆောင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်များသည် ဝေးသောကာလကတည်းက အောင်မြင်ရရှိခဲ့ပြီးဖြစ်သဖြင့် မည်သည်ကိုမျှ နောက်ထပ်ပြောစရာမလိုတော့ပေ။ ယနေ့တွင် ဘုရားသခင်၏အလုပ်၏ နည်းလမ်းများ မည်မျှကို သင်တို့ မြင်ပြီးကြသည်ကို ငါမသိပေ၊ ငါ၏အသိစိတ်ထဲတွင် ဘုရားသခင်၏အမှုသည် ယခင်ကကဲ့သို့ အဆင့်များနှင့် အချိန်ကာလများအဖြစ် ရှင်းလင်းစွာ ပိုင်းခြားထားခြင်းမရှိဟု ငါအမြဲ ခံစားရသည်။ ထိုအစား နေ့ရက်တိုင်းသည် ၎င်း၏အမှုပြုနည်းကိုယ်စီကို သယ်ဆောင်လာလေ့ရှိပြီး ပြောင်းလဲခြင်းသည် သုံးရက်မှငါးရက်တစ်ကြိမ်နီးပါး ပေါ်ပေါက်ကာ ငါးရက်တာအတွင်းတွင်ပင်လျှင် ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ကွဲပြားသော အကြောင်းအရာ နှစ်မျိုးနှစ်စား ရှိနေကောင်းရှိနေမည်ဖြစ်၏။ ထိုအချက်က ဘုရားသခင်၏အမှု၏အမြန်နှုန်းကို ပြသ၏၊ လူများက တုံ့ပြန်ဖို့နှင့် အနီးကပ် အားစိုက်ကြည့်ဖို့ အချိန် မရလိုက်မီမှာပင် ဘုရားသခင်သည် ခြေရာဖျောက်၍ ပျောက်သွားနှင့်ချေပြီ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အမြဲပင် လူတို့အတွက် နားမလည်နိုင်ဖွယ် ဖြစ်ကာ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်အား နားမလည်နိုင်မှုထံသို့ ထိုအချက်က ဦးတည်သွားစေခဲ့ပြီဖြစ်၏။ “သို့ဖြစ်၍ ငါသည် လူကို စွန့်ပစ်ခဲ့၏” အစရှိသော နှုတ်ကပတ်တော်မျိုးကို ဘုရားသခင်က အဘယ်ကြောင့် အမြဲ ပြောဆိုလေ့ရှိသနည်း။ လူတို့အနေဖြင့် ဤနှုတ်ကပတ်တော်များကို အနည်းငယ်မျှ အာရုံစိုက်ကောင်းစိုက်မည် ဖြစ်သော်လည်း ၎င်းတို့သည် ၎င်းတို့၏ဆိုလိုရင်းကို နားမလည်ကြချေ။ ယခုရော သင်နားလည်ပါ၏လော။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တည်ရှိမှုကို နားလည်သိရှိခြင်းမရှိသည်မှာ အံ့ဩစရာမရှိပေ။ ၎င်းတို့၏ ဘုရားသခင်ကို ဤရှာဖွေခြင်းသည် တိမ်သလ္လာဖုံးကွယ်သော လရောင်အောက်တွင် အမြဲရှိလေသည်၊ ဤအချက်သည် လုံးလုံးလျားလျား မှန်ကန်၏။ ထို့အပြင် ဤသို့ဖြစ်သည်မှာ လူတို့အားလုံးကို ကြောင်တောင်တောင်ဖြစ်စေပြီး စိတ်ရှုပ်ထွေးစေရန် လူအားလုံး၏ ဦးနှောက်များကို ကြီးလာစေလျက်၊ ဘုရားသခင်က လူသားကို တမင်တကာ လှောင်ပြောင်သကဲ့သို့ပင် ဖြစ်တော့၏။ ၎င်းတို့ဘာလုပ်၍လုပ်နေမှန်းကို မသိကြပေ၊ ၎င်းတို့သည် အိပ်မက်မက်နေပြီး နိုးလာသောအခါ၊ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့မသိကြသည့်အလား ဖြစ်သည်။ လူတို့ကို ကြောင်နနဖြစ်သွားစေရန် လိုအပ်သမျှမှာ ဘုရားသခင်ထံတော်မှ ရိုးရိုးနှုတ်ကပတ်တော်အချို့ပင် ဖြစ်သည်။ ထို့ကြောင့် “ယနေ့တွင် ငါသည် လူအားလုံးကို ‘မီးဖိုကြီး’ ထဲသို့ စစ်ဆေးခြင်းခံဖို့ရာ ပစ်ထည့်၏။ ငါသည် အမြင့်တွင် မတ်တပ်ရပ်လျက် လူတို့ မီးထဲတွင် လောင်မြိုက်နေသည်ကို အနီးကပ်ကြည့်ရှုနေရာ လူတို့သည် မီးတောက်၏ အတင်းအကျပ်ပြုမှုကိုခံရင်း အမှန်တရားများကို ဖော်ထုတ်လာကြ၏။” ဟု ဘုရားသခင် မြွက်ဟသည်ကို အံ့ဩစရာ မရှိပါချေ။ ဘုရားသခင်၏ အမြဲတစေ ပြောင်းလဲနေသော နှုတ်ကပတ်တော်များ၏အလယ်တွင် လူတို့သည် အဘယ်အရာပြုရမည်ကို မသိရှိကြပေ။ စင်စစ်အားဖြင့် ဘုရားသခင် ပြောသကဲ့သို့ပင်၊ ပြစ်တင်ဆုံးမခြင်းသည် ရှေးယခင်ကတည်းက စတင်လာခဲ့ပြီးဖြစ်ကာ လူတို့သည် ယင်းကို သိရှိသဘောပေါက်ခြင်းမရှိခဲ့သဖြင့် ၎င်းတို့သည် ဘုရားသခင်က တည့်တည့် ဖွင့်ပြောသည့်အခါကျမှသာ သိရှိကြပြီး ဘုရားသခင်က ၎င်းတို့ကို ပြောပြခဲ့ပြီးမှသာလျှင် ၎င်းတို့ အာရုံစိုက်ကြသည်။ ဘုရားသခင်၏ အမှုတော်သည် ဤအခြေအနေဆီသို့ လုပ်ဆောင် ပြီးသည့်အခါကျမှသာလျှင်၊ လူတို့သည် ယခုအခါ ပြစ်တင်ဆုံးမခြင်းကို စတင်၍ လေ့လာကြသည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လူတို့က အဏုမြူဗုံးကို သတိမူမိလာခဲ့သည့်အခါနှင့်ပင် တူနေတော့သည်- သို့သော် အချိန်မကျရောက်သေးသဖြင့် လူတို့သည် အလေးဂရုပြုခြင်းမရှိဘဲ တစ်စုံတစ်ဦးက ယင်းကို ပြုလုပ်ဖို့ စတင်လာသောအခါမှသာ လူတို့သည် စတင်အာရုံစိုက်လာကြလေ၏။ အဏုမြူဗုံး ပေါ်လာသောအခါကျမှသာလျှင်၊ လူတို့သည် ယင်းနှင့်ပတ်သက်၍ ပိုမိုနားလည်သိရှိလာလေသည်။ ဘုရားသခင်က မိမိသည် လူတို့ကို မီးဖိုထဲပစ်ထည့်တော့မည်ဟု ပြောဆိုသောအခါမှသာလျှင်၊ လူတို့သည် အနည်းငယ်မျှ သတိပြုလာကြလေသည်။ အကယ်၍သာ ဘုရားသခင်သည် ပြောဆိုခြင်း မပြုခဲ့ပါလျှင် မည်သူမျှ သိရှိလိမ့်မည်မဟုတ်ချေ၊ ဤသို့မဟုတ်လော။ ထို့ကြောင့် “လူတို့သည် ကြိုးတစ်ချောင်းဖြင့် ထိုနေရာသို့ ခေါ်ဆောင်သွားခြင်း ခံရဘိသည့်အလား၊ ထုံသွားကြသည့်အလား မီးဖိုကြီးထဲသို့ အမှတ်တမဲ့ ဝင်ရောက်ကြသည်။” ဟု ဘုရားသခင်ပြောလေသည်။ ဤအချက်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြစို့- လူတို့သည် အမှန်တရားများကို ဖော်ထုတ်လာကြသောအချိန်သည် ပြစ်တင်ဆုံးမခြင်းစတင်နေပြီဟု ဘုရားသခင် ပြောဆိုသည့်အချိန် ဖြစ်သလော သို့မဟုတ် ပြစ်တင်ဆုံးမခြင်း စတင်နေပြီဟု ဘုရားသခင် ပြောဆိုခြင်း မတိုင်မီအချိန် ဖြစ်သလော။ ဤအချက်မှ မြင်တွေ့နိုင်သည်မှာ ဘုရားသခင်က ပြစ်တင်ဆုံးမခြင်းနှင့်ပတ်သက်၍ ပြောဆိုခြင်းမပြုမီပင်၊ လူတို့သည် အပြစ်ဝန်ခံမှုစတင်ခဲ့ကြသည်ဖြစ်ရာ ပြစ်တင်ဆုံးမခြင်းသည် ၎င်းနှင့်ပတ်သက်၍ ဘုရားသခင်က မပြောဆိုမီကပင် စတင်ပြီးဖြစ်ကြောင်း ပြသလျက်ရှိပေသည်။ ဤသည်မှာ ဖြစ်ရပ်မှန် မဟုတ်လော။

အရှေ့သို့- အခန်း ၃၈

နောက်တစ်ခုသို့- အခန်း ၄၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။