အခန်း ၃၈

လူသားမျိုးနွယ်၏ မွေးရာပါ ဉာဉ်များ၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ စစ်မှန်သော စရိုက်အမှန်ကို စဉ်းစားသည့်အခါ၊ ယခုအချိန်ထိ ဆက်လက်ဆောင်ရွက်နိုင်ခြင်းသည် အမှန်တကယ် မလွယ်လေပြီ၊ ဤအရာမှတစ်ဆင့်သာ ဘုရားသခင်၏ မဟာတန်ခိုး အမှန်တကယ် သိသာထင်ရှားလာခြင်း ဖြစ်သည်။ ဇာတိပကတိ၏ အနှစ်သာရအပြင်၊ ယခုအထိ အဆင်းနီသော နဂါးကြီး၏ ဖောက်ပြန်ပျက်စီးစေခြင်းကို လူသားက ခံရပြီးဖြစ်သည့် အချက်ကို စဉ်းစားသည့်အခါ၊ ဘုရားသခင်၏ ဝိညာဉ် လမ်းပြမှုကြောင့်သာမဟုတ်လျှင်၊ သူသည် မျက်မှောက်ခေတ်အထိ အဘယ်သို့ ဆက်လက်ရပ်တည်နိုင်ပြီးဖြစ်မည်နည်း။ လူသားသည် ဘုရားသခင့် ရှေ့သို့ လာရန် မထိုက်တန်ပေ၊ သို့သော် သူ၏ စီမံခန့်ခွဲမှုအတွက်အလို့ငှာနှင့် သူ၏ ကြီးမြတ်သော အမှုကို အချိန်မကြာလွန်းမီ အကျိုးဖြစ်ထွန်းစေဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်၏။ အမှန်မှာ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်မေတ္တာသည် မည်သည့် လူသားကမျှ ၎င်း၏ ဘဝတစ်သက်တာအတွင်း ပြန်မဆပ်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ၎င်းတို့၏အသက်များအား စတေးခြင်းအားဖြင့် ပေးဆပ်ရန် ဆန္ဒရှိသောသူအချို့ ရှိကောင်း ရှိပေမည်၊ သို့သော် သင့်ကို ငါပြောသည်- လူသားသည် ဘုရားသခင်၏ရှေ့၌ သေခြင်းငှာ ထိုက်တန်ခြင်းမရှိ၊ ထို့ကြောင့် သူ၏ သေခြင်းသည် အချည်းနှီးဖြစ်ပေမည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အဖို့ လူတစ်ဦး၏ သေခြင်းသည် ဖော်ပြဖို့ပင်မထိုက်၊ မြေကြီးပေါ်က ပုရွက်ဆိတ်တစ်ကောင် သေခြင်းကဲ့သို့၊ တစ်ပဲနိမျှ မတန်ပေ။ လူသားမျိုးနွယ်အနေဖြင့် မိမိတို့ကိုယ်ကိုယ်အပေါ် အလွန်မြင့်မားလွန်းသည့် တန်ဖိုး မထားရှိဖို့နှင့် ဘုရားသခင်အတွက် အသေခံခြင်းက တိုင်တောင်ကဲ့သို့ ကြီးမားသော အရေးပါမှု ရှိသည်ဟု မထင်ရန် ငါတိုက်တွန်း၏။ အမှန်တွင် လူတစ်ဦး၏ သေခြင်းသည် ငှက်မွေးတစ်ခုကဲ့သို့ ပေါ့ပါး၏၊ ဖော်ပြရန် မထိုက်ပေ။ သို့သော် တစ်ဖန် လူသား၏ ဇာတိပကတိသည် သဘာဝအားဖြင့် ပျက်စီးကိန်းဆိုက်နေသည်၊ ထို့ကြောင့် နောက်ဆုံးတွင်၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာသည် ကမ္ဘာမြေပေါ်တွင် အဆုံးသတ်သို့ ရောက်လာရမည်ဖြစ်သည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် မှန်ကန်သော အချက်တစ်ချက်ဖြစ်သည်။ ဤသည်မှာ လူ့ဘဝအတွေ့အကြုံ တစ်ရပ်လုံးမှ ငါရရှိသည့် “သဘာဝ နိယာမ” တစ်ခု ဖြစ်သည်။ ထို့ကြောင့် နားမလည်လိုက်ဘဲနှင့် ဘုရားသခင်သည် လူသား၏ အဆုံးသတ်ကို ဤနည်းဖြင့် သတ်မှတ်ထားသည်။ သင်နားလည်ပါ၏လော။ ဘုရားသခင်က၊ “ လူသားမျိုးနွယ်၏ မနာခံမှုကို ငါ စက်ဆုပ်ရွံရှာ၏။ အဘယ်ကြောင့်ဆိုသည်ကို ငါမသိ။ ယင်းမှာ အစအဦးကတည်းက လူသားကို ငါမုန်းတီးပြီးဖြစ်သည့်အလား ဖြစ်ပုံရသော်လည်း၊ သူ့အတွက် နက်ရှိုင်းသည့် စာနာထောက်ထားမှုကို ငါခံစားရသည်။ ထို့ကြောင့်- ငါသည် လူသားကို ချစ်သကဲ့သို့၊ မုန်းလည်း မုန်းသည့်အတွက်- လူတို့သည် ငါ့အပေါ် သဘောထားတစ်ခု အမြဲ ရှိလေပြီ ဖြစ်သည်”ဟု ပြောသည်မှာ အံ့သြစရာမရှိပေ။

အဘယ်သူသည် ဘုရားသခင်ကို သူ၏ မျက်မှောက် သို့မဟုတ် သူ၏ ပေါ်ထွန်းခြင်းအတွက် မချီးမွမ်းသနည်း။ ဤအချိန်၌၊ ငါသည် လူသားအတွင်းရှိ မစင်ကြယ်မှုနှင့် မတရားမှုတို့ကို လုံးဝ မေ့ထားပြီးသည့်အလား ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်၏ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်မှု၊ ကိုယ့်ဘာသာ ကြီးကျယ်နေခြင်း၊ မနာခံမှု၊ ဖီဆန်မှု နှင့် ၎င်း၏ ပုန်ကန်မှုအားလုံးကို ယူပြီး မစဉ်စားရန်နှင့် မေ့လျော့လိုက်ရန် ကြိုးစား၏။ ဘုရားသခင်သည် လူသားမျိုးနွယ် ဖြစ်သည့်အရာနှင့်သက်ဆိုင်သည့် ဤဖြစ်ရပ်များကြောင့် ကန့်သတ်ချုပ်ချယ်ခြင်းမခံရပေ။ ဘုရားသခင်ကဲ့သို့ ငါသည် “တူညီသည့် ဝေဒနာကို မျှဝေခံစား”သည့်အတွက်၊ ငါသည်လည်း လူသားအားဖြင့် နောက်ထပ် ကန့်သတ်ချုပ်ချယ်ခံရမည်စိုး၍၊ ဤပြဿနာမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေသည်။ ဤအရာအားလုံးကို အဘယ်ကြောင့် ဒုက္ခခံသနည်း။ လူသားသည် ငါနှင့်အတူ ဘုရားသခင်၏ မိသားစုကို ပူးပေါင်းဖို့ လိုလားနေခြင်းမရှိသည့်အတွက်၊ ၎င်းတို့ကို ဖိအားပေးဖို့ အဘယ်သို့ ငါ၏ တန်ခိုးကို ငါအသုံးပြုနိုင်မည်နည်း။ ငါသည် လူသားကို ဖိနှိပ်ချုပ်ချယ်သော အရာများကို မလုပ်ဆောင်ပေ၊ ငါသည် ဘုရားသခင်၏ မိသားစုထဲ၌ မွေးဖွားခဲ့သောကြောင့်၊ ဟုတ်ပေ၏၊ လူသားနှင့် ငါ အမြဲ ကွဲပြားသည်မှာ အံ့သြစရာမရှိပေ။ ဤအရာက ယနေ့ မိမိကိုယ်ကိုယ် တွေ့ရှိရသည့် ဆိုးရွားသော ရှုံးနိမ့်မှု အခြေအနေဆီသို့ ဆိုက်ရောက်စေပြီး ဖြစ်သည်။ သို့သော် ငါသည် လူသား၏ အားနည်းချက်များကို ရှောင်ဖယ်ဖို့ ဆက်လက်လုပ်ဆောင်၏။ ငါ့မှာ ရွေးချယ်စရာ မည်သည့်အရာရှိသနည်း။ ဤသည်မှာ ငါသည် တန်ခိုးကင်းမဲ့သောကြောင့် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ “အလုပ်ဌာန” မှ “အနားယူ” ရန် ကြိုးစားပြီး၊ ထို့အပြင် “ပင်စင်”တစ်ခုကို တောင်းဆိုသည်မှာ အံ့သြစရာမရှိပေ။ လူသားတစ်ဦး၏ ရှုထောင့်မှ ငါစကားပြောဆိုသည့်အခါ၊ လူသားသည် နားမထောင်ပေ၊ သို့သော် ငါသည် ဘုရားသခင်၏ ရှုထောင့်မှ စကားပြောသည့်အချိန်တွင်ပင် လူသားသည် မနာခံမှုကို ရပ်တန့်ဖူးပါသလော။ လူသားမျိုးနွယ်၏ “အလုပ်ဌာန”မှ ဘုရားသခင် ရုတ်တရက် ဧကန် “အနားယူ”သည့်နေ့ရက် ရောက်ကောင်း ရောက်လာလိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်ရောက်လာသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပို၍ပင် ပြင်းထန်လာလိမ့်မည်။ ယနေ့တွင်၊ ဘုရားသခင်သည် ဤနည်းဖြင့် စကားပြောသည်မှာ ငါ့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ ပြီးလျှင် ထိုနေ့ရက်ရောက်လာပါက၊ ဘုရားသခင်သည် နူးညံ့သိမ်မွေ့စွာနှင့် စိတ်ရှည်စွာ “မူကြိုကလေးများကို ပုံပြင်များပြောပြနေသော” ငါကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်။ ငါ ပြောသည့်အရာသည် အတော်အတန် သင့်တင့်လျောက်ပတ်ကောင်း လျောက်ပတ်မည်မဟုတ်သော်လည်း၊ ဘုရားသခင်သည် လူ့ဇာတိခံ ဘုရားသခင်ကြောင့် လူသားအပေါ် ဆုပ်ကိုင်မှုအနည်းငယ် ဖြေလျော့ရန် လိုလားနေပေသည်။ သို့မဟုတ်လျှင် အလားအလာမှာ ချင့်ချိန်စဉ်စားဖို့ အလွန်ဆိုးရွားလွန်ပေမည်။ ဘုရားသခင်က “ငါသည် ၎င်းတို့၏ ဇာတိအသွေးအသား အလိုဆန္ဒများ၌ လွတ်လွတ်လပ်လပ် မွေ့လျော်ခွင့်ပေးရင်း၊ ၎င်းတို့အပေါ် ငါ၏ချုပ်ကိုင်ခြင်းကို အတိုင်းအတာတစ်ခုအထိ တစ်ချိန်က ငါဖြေလျှော့ပေးခဲ့၏- ဤအရာကြောင့် ၎င်းတို့သည် မည်သည့် ထိန်းချုပ်မှုမျှမရှိဘဲ ထိန်းမနိုင်သိမ်းမရသည့် ဟန်ပန်နှင့် ပြုမူဝံ့ခဲ့ကြသည်၊ ၎င်းတို့အားလုံးသည် ဇာတိပကတိတွင် အသက်ရှင်ကြသည့်အတွက်၊ ဤအရာမှ ၎င်းတို့သည် ငါ့ကို အမှန်တကယ် မချစ်ကြသည်ကို မြင်နိုင်ပေသည်”ဟု ပြောသကဲ့သို့သာ ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က အဘယ်ကြောင့် “၎င်းတို့၏ ဇာတိအသွေးအသား အလိုဆန္ဒများ၌ မွေ့လျော်ခွင့်ပေးရင်း” ဆိုသည်နှင့် “ဇာတိပကတိတွင် အသက်ရှင်ကြသည်”ဟု ဆိုသနည်း။ အမှန်အတိုင်းဆိုရလျှင်၊ လူသားသည် ဤကဲ့သို့သော စကားများကို ငါ၏ အနက်ပြန်ခြင်း မရှိဘဲ အလိုအလျောက် နားလည်လိမ့်မည်။ ၎င်းတို့ နားမလည်ဟု ပြောမည်သူ အချို့ ရှိကောင်းရှိမည်ဖြစ်ပြီး၊ ဤသည်မှာ အဖြေကို သိနှင့်ပြီးသည့်အချိန်တွင် မေးမြန်းခြင်း၊ ဟန်ဆောင်ခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ငါ ပြော၏။ သတိပေး စကားအနည်းငယ် ပြောမည်- အဘယ်ကြောင့် ဘုရားသခင်က “လူသားကို ငါ တောင်းဆိုသမျှအားလုံးမှာ ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်”ဟု ပြောသနည်း။ လူသား၏ သဘောသဘာဝသည် ပြောင်းလဲရန် ခက်ခဲသည်ဟုလည်း အဘယ်ကြောင့် ဘုရားသခင်ဆိုသနည်း။ လူသား၏ သဘာဝကို အဘယ်ကြောင့် ဘုရားသခင် စက်ဆုပ်ရွံရှာသနည်း။ ပြီးလျှင် လူသား၏ သဘာဝနှင့်သက်ဆိုင်သည့် အမှုအရာများမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ လူသားသဘာဝ ပြင်ပရှိ အမှုအရာများမှာ မည်သည့်အရာနည်း။ ဤမေးခွန်းများကို ချင့်ချိန်စဉ်းစားပြီးသောသူ တစ်ဦးတစ်လေ ရှိသလော။ ဤသည်မှာ လူသားအဖို့ အသစ်သောအကြောင်းအရာ ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ယင်းကို မည်မည်ရရ စဉ်းစားဆင်ခြင်ခြင်းပြုရန် လူသားကို ငါပန်ကြား၏၊ သို့မဟုတ်လျှင်၊ လူသားသည် “လူ့သဘာဝသည် မပြောင်းလဲ၍မရနိုင်” ဆိုသကဲ့သို့သော စကားများဖြင့် ဘုရားသခင်ကို အမြဲ ပုန်ကန်ပြစ်မှားပေလိမ့်မည်။ ထိုနည်းဖြင့် သူ့ကို ဆန့်ကျင်လုပ်ဆောင်ရန်မှာ အဘယ်ကောင်းကျိုးရှိသနည်း။ အဆုံးတွင်၊ ယင်းမှာ ဒုက္ခရှာခြင်းသာ ဖြစ်သည်မဟုတ်လော။ ယင်းမှာ ကြက်ဥတစ်လုံးကို ကျောက်တုံးဆီသို့ ပစ်ပေါက်ခြင်းကဲ့သို့ အလားတူ အဆုံးသတ်ဖြစ်လာလိမ့်မည် မဟုတ်လော။

အမှန်တွင်၊ လူသားခံရသည့် စမ်းသပ်မှုများနှင့် စုံစမ်းနှောင့်ယှက်ခြင်းများအားလုံးသည် သင်ယူရန် လူသားကို ဘုရားသခင် တောင်းဆိုသော သင်ခန်းစာများဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်အရ၊ လူသားသည် ၎င်းချစ်မြတ်နိုးသောအရာကို စတေးရမည်ဆိုလျှင်ပင် ဤအရာများကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သို့သော် လူသားသည် မိမိကိုယ်ကိုယ် အမြဲ ချစ်သောကြောင့်၊ သူသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ လူသားကို ဘုရားသခင် များစွာမတောင်းဆိုပေ။ လူသားကို သူတောင်းဆိုသမျှအရာအားလုံးမှာ လွယ်လွယ်နှင့် ပျော်ပျော် စွမ်းဆောင်ရရှိဖို့ ရည်ရွယ်ထားပေသည်။ ယင်းမှာ လူသားက ဆင်းရဲဒုက္ခများကို ခံစားရန် မလိုလားနေခြင်းသာ ဖြစ်သည်။ တစ်စုံတစ်ဦး၏ ကလေးဖြစ်လျက်၊ တစ်ဦးတစ်ယောက်သည် ၎င်းတို့၏ မိဘများကို စောင့်ရှောက်ရန် ခြိုးခြံစွာ အသက်ရှက်ခြင်းနှင့် စုဆောင်းခြင်းအားဖြင့် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်သကဲ့သို့ ဖြစ်သည်။ သို့တိုင် ၎င်းတို့ ကောင်းစွာ လောက်လောက်ငင မစားနိုင်မည်ကို သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အဝတ်အစားက ရိုးစင်းလွန်းမည်ကို စိုးရိမ်ကြသည်၊ ထို့ကြောင့် အကြောင်းပြချက်တစ်ခု မဟုတ် နောက်တစ်ခုအတွက်၊ ၎င်းတို့၏ မိဘများကို စောင့်ရှောက်ခြင်း အလုပ်သည် ကလေးက ဥစ္စာပစ္စည်းရှာနိုင်သည်အထိ စောင့်ဆိုင်းနိုင်သည့်အလား၊ ၎င်းတို့သည် မိဘများ၏ ချစ်ခင်သော စောင့်ရှောက်မှုအတွက် မိဘများအပေါ် ၎င်းတို့ တင်ရှိသည့် အကြွေးကို လုံးဝ မေ့လျော့လိုက်ကြလေသည်။ ဤအရာတွင် လူသားတို့သည် ၎င်းတို့၏ မိဘများအတွက် ၎င်းတို့၏ စိတ်နှလုံးများတွင် သားသမီးတို့၏ ချစ်ခြင်း မရှိသည်ကို ငါမြင်၏- ၎င်းတို့သည် သားသမီးမဆန်ကြသည့် သားများသာ ဖြစ်ကြသည်။ ငါ၏ ထွက်ဆိုချက်သည် လွန်စွာ အစွန်းရောက်ကောင်း ရောက်ပေမည်၊ သို့သော် ငါသည် အမှန်တရားကို ဆန့်ကျင်ခြင်းဖြင့် အဓိပ္ပာယ်မဲ့ စကားမပြောနိုင်ပေ။ ငါသည် မိမိကိုယ်ကိုယ် စိတ်ကျေနပ်စေခြင်းအတွက် ဘုရားသခင်ကို ခုခံခြင်းဖြင့် “အခြားသူများကို အတုမယူ” နိုင်ပေ။ ဘုရားသခင်က “ကောင်းကင်တွင်၊ စာတန်သည် ငါ၏ ရန်သူဖြစ်ပြီး၊ မြေကြီးပေါ်တွင် လူသားသည် ငါ၏ ရန်သူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြား ပေါင်းစည်းခြင်းကြောင့်၊ သွေးသားတော်စပ်မှု အဆင့်ကိုးဆင့်အထိ ၎င်းတို့အားလုံးကို အပြစ်ရှိသည်ဟု ငါ ယူဆပြီ” ဟု ပြောခဲ့သည်မှာ ကမ္ဘာမြေပေါ်တွင် အဘယ်သူမျှ သားသမီးဆန်သော နှလုံးသား မရှိကြသောကြောင့် အတိအကျ ဖြစ်ပေသည်။ စာတန်သည် ဘုရားသခင်၏ ရန်သူဖြစ်၏၊ ထိုသို့ ဘုရားသခင် ဆိုရသည့်အကြောင်းမှာ ၎င်းက ဘုရားသခင်ကို သူ၏ ကြီးမားသော မျက်နှာသာပေးခြင်းနှင့် ကြင်နာမှုတို့အတွက် ပြန်မပေးဆပ်ဘဲ၊ ထို့ထက် “ရေစီးကြောင်းကို ဆန့်ကျင်လှော်ခတ်” ပြီး၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ထံ ၎င်း၏ သားသမီးတို့၏ ဆည်းကပ်မှုကို မဖြည့်ဆည်းသောကြောင့်ဖြစ်သည်။ လူတို့သည်လည်း ဤကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့၏ “မိဘများ”အား သားသမီးတို့၏ ရိုသေမှု မပြသကဲ့သို့၊ ၎င်းတို့ “မိဘများ”အပေါ် မိဘများ၏ ချစ်ခင်သော စောင့်ရှောက်မှုအတွက် ၎င်းတို့ တင်ရှိသည့် အကြွေးကို ဘယ်သောအခါမျှ ပြန်မဆပ်ကြချေ။ ဤသည်မှာ ကမ္ဘာမြေပေါ်ရှိ လူတို့သည် ကောင်းကင်က စာတန်၏ ဆွေမျိုးသားချင်းဖြစ်သည်ကို ပြရန် လုံလောက်ပေသည်။ လူသားနှင့် စာတန်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် နှလုံးသားနှင့် စိတ် တစ်လုံးတစ်ဝတည်းရှိကြ၏၊ ထို့ကြောင့် ဘုရားသခင်သည် သွေးသားတော်စပ်မှု အဆင့်ကိုးဆင့်အထိ ငြိစွန်းစေပြီး အဘယ်သူကိုမျှ ခွင့်မလွှတ်သည်မှာ အံ့သြစရာမရှိပေ။ အတိတ်တွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသော သူ၏ ဝပ်စင်းခယသည့် အစေခံတစ်ဦး ကောင်းကင်တွင် ရှိခဲ့၏၊ သို့သော် ၎င်းက မနာခံခဲ့ဘဲ၊ ထိုအစား ၎င်း၏ ကိုယ်ပိုင် စိတ်ကို လိုက်လျောကာ ပုန်ကန်နေခဲ့သည်။ ပုန်ကန်တတ်သော လူသားများသည်လည်း ဤလမ်းကြောင်းတစ်လျှောက် ရှေ့ဆက် ခြေလှမ်းကျဲကျဲလှမ်းနေကြသည် မဟုတ်လော။ “ဇက်ကြိုးများ”ကို ဘုရားသခင် မည်မျှ တင်းကျပ်စေကာမူ၊ လူတို့သည် ယတိပြတ် တုန်လှုပ်ခြင်း မရှိသပဲ့သို့ ၎င်းတို့၏ လမ်းကြောင်းမှ မလှည့်နိုင်ကြပေ။ ငါ့အမြင်၌၊ လူသားမျိုးနွယ်သည် ဤနည်းလမ်းအတိုင်းဆက်သွားပါက၊ ၎င်းတို့၏ ကိုယ်ပိုင် ပျက်စီးခြင်း ဖြစ်စေကြလိမ့်မည်။ ယခုတွင်သင့်အနေဖြင့် “လူတို့သည် ၎င်းတို့၏ ဗီဇဟောင်းကို စွဲကျန်နေသည့် အနှောင်အဖွဲ့များကို ရပ်တန်နိုင်စွမ်း မရှိ” ဟူသော ဘုရားသခင်၏ ဤစကားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်ကြပေမည်။ ဘုရားသခင် လူသားကို ဖြစ်စဉ်အချို့တွင် သတိပေးပြီးဖြစ်သည်- “လူသား၏ မနာခံမှုကြောင့် သူ့ကို ငါစွန့်ခွာသည်။” ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို ဘုရားသခင်က အထပ်ထပ်အခါခါ ပြောဆိုသနည်း။ ဘုရားသခင်သည် အမှန်တကယ် အလွန် သနားအကြင်နာမဲ့နိုင်မည်လော။ ဘုရားသခင်က “ငါသည် တကယ်ကို လူသားမျိုးနွယ်ထဲမှ တစ်ဦးမဟုတ်” ဟုလည်း အဘယ်ကြောင့် ဆိုသနည်း။ အလွန်များလှသည့် အလဟဿဖြစ်သော နေ့ရက်များတစ်လျှောက်တွင်၊ ဤအသေးစိတ် ကိစ္စရပ်များကို သေချာတွေးတောပြီးသောသူ တစ်ဦးတစ်လေ ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသို့ အားစိုက်ထုတ်မှု ပိုမိုထားရှိဖို့ရန်နှင့် ယင်းတို့ကို ဝတ်ကျေတမ်းကျေ သဘောမထားကြရန် လူသားမျိုးနွယ်ကို ငါ တိုက်တွန်း၏။ ထိုသို့လုပ်ဆောင်ခြင်းသည် သင့်ကို သို့မဟုတ် အခြားသူများကို အကျိုးမပြုပေ။ ပြောဖို့မလိုအပ်သောအရာကို မပြောဖို့ရန်နှင့် ချင့်ချိန်စဉ်းစားဖို့ မလိုအပ်သောအရာကို မတွေးဖို့ရန်မှာ အကောင်းဆုံး ဖြစ်သည်။ ဤသည်မှာ ပိုမိုရိုးရှင်းမည် မဟုတ်လော။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုမှ မည်သည့်အမှား ဖြစ်လာနိုင်သနည်း။ ဘုရားသခင်က ကမ္ဘာမြေပေါ်ရှိ သူ့အမှု၏ အဆုံးသတ်ကို မကြေညာမီတွင်၊ အဘယ်သူမျှ “လှုပ်ရှားခြင်း”ကို ရပ်တန့်ရလိမ့်မည်မဟုတ်။ အဘယ်သူမျှ ၎င်းတို့၏ တာဝန်ကို ခေါင်းမရှောင်ရပေ။ ယခုသည် အချိန်မကျသေး။ ဘုရားသခင်အတွက် လမ်းပြ သို့မဟုတ် ဦးစီးခေါင်းဆောင်တစ်ဦးကဲ့သို့ မပြုမူနှင့်။ ယခုရပ်တန့်ပြီး ရှေ့ဆက်ရွေ့လျားမှုကို ရပ်စဲရန်မှာ စောလွန်းသည်ဟု ငါထင်၏- သင် မည်သည့်အရာ တွေးထင်သနည်း။

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ပြစ်တင်ဆုံးမခြင်းထဲသို့ ခေါ်ဆောင်ပြီး၊ ၎င်းတို့ကို သေနိုင်သည့် အခြေအနေတစ်ခုထဲသို့ သူခေါ်ဆောင်၏၊ သို့သော် အပြန်အလှန်အားဖြင့်၊ ဘုရားသခင်သည် လူသားကို ကမ္ဘာမြေပေါ်၌ မည်သည့်အရာ လုပ်ဆောင်စေမည်နည်း။ ဧကန်မုချ လူသား၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အိမ်ထဲက ဗီရိုတစ်လုံးကဲ့သို့- စား၍မရ သို့မဟုတ် ဝတ်ဆင်၍မရဘဲ၊ ကြည့်၍သာရသည့် တစ်စုံတစ်ခုကဲ့သို့- အသုံးတော်ခံရန် မဟုတ်ပေ။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက၊ လူတို့အား ဇာတိပကတိ၌ အလွန်များလှစွာ ဆင်းရဲဒုက္ခခံစေဖို့ အလွန်များလှသော ရှုပ်ထွေးသည့် ဖြစ်စဉ်များကို အဘယ်ကြောင့် အသုံးပြုသနည်း။ ဘုရားသခင်က “လူသား၏ ပုန်ကန်ပြစ်မှားခြင်းသည် ငါ၏ပြစ်တင်ဆုံးမခြင်းနှင့် ထိုက်တန်ရန် လုံလောက်သည့်အတွက်၊ ငါသည် “ကွပ်မျက်ရာကွင်း”ဆီ လူသားကို လိုက်ပို့၏” ဟု ဆိုသည်။ ဤအချိန်တွင်၊ ဘုရားသခင်သည် လူတို့ကို ကွပ်မျက်ရာကွင်းဆီသို့ ၎င်းတို့ဘာသာ လျှောက်စေသလော။ အဘယ်ကြောင့် မည်သူကမျှ “၎င်းတို့၏ သနားညှာတာခြင်းအတွက် မတောင်းခံ” သနည်း။ သို့ဆိုလျှင် လူသားသည် အဘယ်သို့ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ စိတ်ခံစားချက် လွှမ်းမိုးခြင်းမရှိဘဲ၊ ဘုရားသခင်က သူ၏ တရားစီရင်ခြင်းများကို ပြုချိန်တွင် လုပ်ဆောင်သကဲ့သို့ လူသားသည် အမှန်တကယ် ဆောင်ရွက်နိုင်သလော။ ဤနှုတ်ကပတ်တော်များ၏ ထိရောက်မှုသည် လူသား အဘယ်သို့ ပြုမူသည်ဆိုသည့်အပေါ် အဓိက မူတည်၏။ ဖခင်က သူ ရှာပြီးဖြစ်သည့် ငွေကို အိမ်သို့ယူဆောင်လာချိန်တွင်၊ မိခင်က သူနှင့်အတူ အဘယ်သို့ ပူးပေါင်းဆောင်ရွက်ရမည် သို့မဟုတ် အိမ်ထောင်ကို အဘယ်သို့ စီမံခန့်ခွဲရမည်ကို မသိပါက၊ ယင်းအိမ်သည် မည်သည့်အခြေအနေ၌ ရှိမည်နည်း။ ယခု အသင်းတော်၏ အခြေအနေကို ကြည့်လော့- ခေါင်းဆောင်များအနေဖြင့် သင်တို့သည် မည်သည့်အရာကို ခံစားရသနည်း။ သင်တို့သည်လည်း သင်တို့ တစ်ဦးချင်း ထင်မြင်ချက်များကို ဆွေးနွေးဖို့ အစည်းအဝေးတစ်ခုကို ကျင်းပကောင်းကျင်းပနိုင်သည်။ အိမ်တွင်ရှိသော အမှုအရာများကို မိခင်က ပျက်စီးစေပြီးဖြစ်ပါက၊ ထိုသို့သော မိသားစုတစ်စုထဲက သားသမီးများသည် မည်သည့်အရာနှင့် တူလိမ့်မည်နည်း။ မိဘမဲ့များကဲ့သို့လော၊ သို့မဟုတ် သူတောင်းစားများလော။ ဘုရားသခင်က “လူအားလုံးသည် ၎င်းတို့၏ ဦးခေါင်းများကို အင်တင်တင်ဖြင့် ညွှတ်ကြသည်မှာ အရေးကိစ္စများနှင့် လက်ရှိအခြေအနေသို့ ၎င်းတို့ ရောက်ရှိပြီးဖြစ်သောကြောင့်သာ ဖြစ်သည်- သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင် လက်ခံယုံကြည်ခြင်းမရှိဖြစ်နေဆဲဖြစ်သည်”ဟု ဆိုခဲ့သည်မှာ အံ့သြစရာမရှိပေ။ ထိုသို့သော သိသာထင်ရှားသည့် အခြေအနေတစ်ခုအတွက်၊ သူ၏ ဘုရားသဘာဝမှ စကားပြောဖို့ရန် ဘုရားသခင်အတွက် မလိုအပ်ပေ။ ဘုရားသခင်က “လက်သည်း ထုဖို့ရန် တူကြီးကို အသုံးပြုရန် မလိုအပ်”ဟု ဆိုသကဲ့သို့ ဖြစ်သည်။ ဤအချိန်တွင် “လူများထဲတွင် ငါ့ကို ချစ်သောသူ တစ်ဦးမျှမရှိ” ဟူသော ဘုရားသခင်၏ ဆိုရိုးနှင့်ပတ်သက်၍ လက်တွေ့ကျသည့် အတွေ့အကြုံအချို့ရှိသော သူများရှိကောင်း ရှိပေမည်။ ဤအချိန်တွင်၊ ယင်းမှာ ဘုရားသခင်က “လူအားလုံးသည် ၎င်းတို့၏ ဦးခေါင်းများကို အင်တင်တင်ဖြင့် ညွှတ်ကြသည်မှာ အရေးကိစ္စများနှင့် လက်ရှိအခြေအနေသို့ ၎င်းတို့ ရောက်ရှိပြီးဖြစ်သောကြောင့်သာ ဖြစ်သည်- သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင် လက်ခံယုံကြည်ခြင်းမရှိဖြစ်နေဆဲဖြစ်သည်” ဟု ဆိုခဲ့သကဲ့သို့သာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် အဝေးကြည့်မှန်ပြောင်းတစ်ခုကဲ့သို့ဖြစ်သည်။ သိပ်မဝေးသည့် အနာဂတ်တွင်၊ လူသားသည် အခြားအခြေအနေထဲသို့ လျှောက်လှမ်းပြီးဖြစ်လိမ့်မည်။ ဤအရာကို ပြုပြင်မရခြင်းဟု ခေါ်ပေသည်။ သင်တို့ နားလည်ပါသလော။ ယင်းသည် ဘုရားသခင်၏ ဤမေးခွန်းနှစ်ခုအဖို့ အဖြေဖြစ်သည်- “ငါအဝေးသို့ ထွက်သွားမည်ကို ၎င်းတို့ ကြောက်ရွံ့သောကြောင့်သာလျှင် လူတို့သည် အပြစ်မှ ရှောင်ကြဉ်ကြသည်မဟုတ်လော။ ပြစ်တင်ဆုံးမခြင်းကို ၎င်းတို့ ကြောက်ရွံ့သောကြောင့်သာလျှင် ၎င်းတို့ ညည်းညူခြင်းမပြုကြသည်မှာ မှန်သည်မဟုတ်လော။” အမှန်တွင်၊ လက်ရှိအခြေအနေတွင် လူတို့သည် ငြီးငွေ့မှုဖြင့် မွှန်ထူသွားသည့်အလား၊ အားလုံး အတော်အတန် ပျင်းရိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလေးဂရုပြုရန် လုံးဝ ဆန္ဒမရှိဘဲ၊ ၎င်းတို့၏ ကိုယ်ပိုင် ဇာတိပကတိအတွက် အစီအစဉ်နှင့် အထောက်အပံ့များ ပြုခြင်း တစ်ခုတည်းကိုသာ စိတ်ဝင်စားကြသည်။ ဤသို့ ဖြစ်သည် မဟုတ်လော။

အရှေ့သို့- အခန်း ၃၆

နောက်တစ်ခုသို့- အခန်း ၃၉

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။