အခန်း ၃၆

ဘုရားသခင်သည် ယခုတွင် လူသားကို စတင် ပြစ်တင်ဆုံးမပြီဟု ဆိုထားသော်လည်း၊ ဤပြစ်တင်ဆုံးမခြင်း၏ မူလ ရည်ရွယ်ချက်သည် လူသားအပေါ် ကျရောက်ပြီးခြင်း ရှိမရှိဆိုသည်ကို မည်သူမျှ အသေအချာ မပြောနိုင်၊ မည်သူမျှ ရှင်းလင်းသည့်အဖြေတစ်ခု မပေးနိုင်ပေ။ ဘုရားသခင်က၊ “လူသားသည် ရန်သူတစ်ဦးကို စောင့်ကြည့်နေသည့်အလား၊ မျက်လုံးနှစ်ခုလုံးက ငါ့အပေါ် စူးစိုက်ကြည့်လျက်၊ ၎င်း၏လည်ပင်း ပတ်လည်ရှိ ထမ်းပိုးကို လက်နှစ်ဘက်ဖြင့် ဖမ်းဆုပ်သည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သည့်အတွက်၊ လူသည် ငါ၏ ပြစ်တင်ဆုံးမခြင်း၌ မည်သည့်အရာကိုမျှ လုံးဝ ရှာတွေ့ရှိဖူးခြင်း မရှိပေ— ပြီးလျှင် ဤအချိန်တွင်သာ သူမည်မျှ ပိန်ချုံးချည့်နဲ့နေသည်ကို ငါ သတိထားမိ၏။ စမ်းသပ်မှုများ အလယ် မည်သူမျှ ခိုင်မြဲစွာ မရပ်တည်ကြလေပြီဟု ငါပြောသည်မှာ ဤအရာကြောင့် ဖြစ်ပေသည်။” ဟု ပြော၏။ ဘုရားသခင်သည် လူသားအား ၎င်းအပေါ် ကျရောက်ခြင်း မရှိသေးသည့် ပြစ်တင်ဆုံးမခြင်း၏ အမှန်တရားများကို ပြောပြပြီး၊ သူသည် မည်သည့်အရာမျှ လွတ်သွားခြင်း မရှိဘဲ၊ အသေးစိတ်အချက်အလက် များစွာဖြင့် ထိုသို့ပြောပြ၏။ ယင်းမှာ လူသည် ပြစ်တင်ဆုံးမမှုထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကာ အမှန်တကယ်ပင် ခိုင်မြဲစွာ မရပ်တည်နိုင်သည့်အလား ဖြစ်၏။ ဘုရားသခင်သည် လူသား၏ အကျည်းတန်သော အင်္ဂါရပ်များနှင့်ဆိုင်သည့် အထင်းသားဖြစ်ကာ၊ အသက်ပါသော သရုပ်ဖော်ချက် တစ်ခု ပေးသည်။ ဤသည်မှာ လူတို့သည် ဖိအားပေးမှုကို ခံစားရသည့် အကြောင်းရင်း ဖြစ်သည်- ၎င်းတို့သည် စမ်းသပ်မှုများအလယ်တွင် မည်သည့်အခါမျှ ခိုင်မြဲစွာ ရည်တည်နိုင်ဖူးခြင်း မရှိဟု ဘုရားသခင် ပြောသည့်အတွက်၊ အစဉ်အလာ ရှိသော်ငြားလည်း လက်ခံမှုရရှိရန် ငါသည် ကမ္ဘာ့စံချိန်ကို ချိုးဖောက်သောသူ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤအချိန်တွင် ၎င်းတို့သည် စတင် ဆင်ခြင်သုံးသပ်ကြလေသည်။ အမှန်တွင် ယင်းသည် ဘုရားသခင်က၊ “ငါသည် ၎င်းတို့အား လမ်းဆုံးသို့ ခေါ်ဆောင်ပြီလော။” ဟု ပြောသည့်အလား ဖြစ်၏။ စင်စစ် ဘုရားသခင်သည် လူအားလုံးကို လမ်းဆုံးသို့ ဆောင်ကြဉ်းပြီး ဖြစ်သည်၊ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ အသိစိတ်တွင် ဘုရားသခင်သည် ရက်စက်ကာ လူမဆန်ဟု အမြဲ ယုံကြည်ကြ၏။ ဘုရားသခင်သည် လူသားအားလုံးကို လောကီဒုက္ခပင်လယ်မှ ဆွဲထုတ်ပြီးဖြစ်သည်၊ ယင်းနောက်တွင်၊ “မတော်တဆ ဖြစ်မှုတစ်ခုတစ်လေကို တားဆီးရန်၊ ငါသည် ဖမ်းမိခဲ့ပြီးသော “ငါးများ” အားလုံးကို သတ်လိုက်သည်၊ ယင်းနောက်တွင် ငါးတို့သည် နာခံတတ်လာကြပြီး၊ အနည်းငယ်မျှ ညည်းညူခြင်း မရှိခဲ့ပေ။” ဤသည်မှာ အမှန်တရား မဟုတ်လော။ ဘုရားသခင်သည် လူအားလုံးအား ခါးသီးသော သေခြင်းပင်လယ်မှ နောက်ထပ် အသူတစ်ရာနက်သော သေခြင်းချောက်ထဲသို့ ဆွဲထားပြီးဖြစ်သည်၊ သူသည် ၎င်းတို့အားလုံးကို “လက်မရွံ့သား၏ ခေါင်းဖြတ်သည့်တုံး” ပေါ်သို့ တရွတ်တိုက် ဆွဲလိုက်ပြီးဖြစ်သည်၊ သူသည် ၎င်းတို့ကို လမ်းဆုံးသို့ အတင်းအကျပ် ပို့ထားပြီးဖြစ်သည်— သူသည် အဘယ်ကြောင့် ဤအရာကို ဘုရားသခင်၏ အခြားသောသားများနှင့် လူတို့ကို မပြုရသနည်း။ အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ထိုသို့သောအမှုကို ဆောင်ရွက်ရာတွင် သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏လက်သည် အဘယ်ကြောင့် “အငြိုးထား” လွန်းသနည်း။ “ငါသည် လူသားကို လိုအပ်သည့်အခါတွင်၊ သူသည် အမြဲ ပုန်းကွယ်လေသည်။ ယင်းမှာ သူသည် အံ့အားသင့်ဖွယ်ရာ မြင်ကွင်းများကို လုံးဝ မမြင်ဖူးသည့်အလား၊ ကျေးလက်ဒေသတွင် မွေးဖွားခဲ့ပြီး မြို့ကြီးပြကြီး ကိစ္စရပ်များနှင့်သက်ဆိုင်၍ ဘာမျှမသိသည့်အလားဖြစ်” သည်မှာ အံ့သြစရာမရှိပေ။ အမှန်တွင်၊ လူတို့သည် မိမိတို့ကိုယ်ကိုယ်အတွင်းတွင်၊ “ဤအရာကို လုပ်ဆောင်ရာတွင်၊ ဘုရားသခင်၏ အစီအစဉ် မည်သည့်အရာဖြစ်သနည်း။ သူသည် ငါတို့ကို သေခြင်းသို့ ပို့သည် မဟုတ်လော။ ဆိုလိုချက်မှာ အဘယ်နည်း။ သူ၏အမှု အဆင့်များသည် အဘယ်ကြောင့် တရစပ်စုပြုံ၍ လာသနည်း၊ ပြီးလျှင် သူသည် ငါတို့အပေါ် အဘယ်ကြောင့် အနည်းငယ်မျှ မသက်ညှာသနည်း။” ဟု မေးကြ၏။ သို့ရာတွင် လူတို့သည် ဤအရာကို မပြောဝံ့ကြသကဲ့သို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရှေ့ဆက်တွေးတောရန် အခွင့်အရေး ကင်းမဲ့စေလျက်၊ ထိုသို့သောအတွေးများကို စွန့်ပစ်စေသောကြောင့်၊ ၎င်းတို့သည် နောက်ထပ် ထိုသို့သောအတွေးများကို ဘေးဖယ်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိကြချေ။ ယင်းမှာ ဘုရားသခင်သည် လူသား၏ အယူအဆ အားလုံးကို ထုတ်ဖော်ပြသောကြောင့်၊ လူတို့သည် ၎င်းတို့၏အယူအဆများကို ထွက်ပေါ်ခွင့်မပေးဘဲ၊ မျိုးသိပ်ထားကြခြင်းသာ ဖြစ်ပေသည်။ ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။ အမှန်တွင် ရှင်းလင်းအောင် ပြောရလျှင်၊ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ ပြယုဂ်ဖြစ်ကြ၏။ ဘုရားသခင်သည် ၎င်းတို့အား လမ်းဆုံးသို့ တွန်းပို့ကာ သတ်ဖြတ်သောအခါတွင်၊ ယုံမှားဖွယ်မရှိဘဲ၊ အဆင်းနီသောနဂါးကြီး၏ ဝိညာဉ်သည် ၎င်းတို့အထဲတွင် အလုပ်လုပ်ရန် နောက်ထပ် အခွင့်အရေး မရှိတော့ပေ။ ဤနည်းဖြင့် လူတို့သည် လမ်းဆုံးသို့ လျှောက်လှမ်းသည့်အချိန်သည် အဆင်းနီသော နဂါးကြီး သေဆုံးလျက် ဇာတ်သိမ်းသည့်အချိန်လည်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ “ကြီးမားသော ကြင်နာမှု” ကို ပြန်ပေးဆပ်ရန် သေခြင်းတရားကို အသုံးပြုခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်- ယင်းမှာ အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံတွင် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်ဖြစ်၏။ လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ “ဇာတိပကတိ” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။ ပြီးလျှင် ဤအချိန်တွင် ဇာတိပကတိသည် ယင်းနောက်ထပ် အလုပ်တာဝန်ု ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်၏ လမ်းညွှန်မှုကို တရားဝင် စတင်ရရှိလိမ့်မည်။ ဤသည်မှာ လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်၏၊ ယင်းသည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်ရပေမည်။ သို့မဟုတ်ပါက ဘုရားသခင်သည် ခေါင်းမာသော ဇာတိပကတိထဲတွင် အမှုပြရန် နည်းလမ်းရှိမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်၏။ ဤနည်းဖြင့် လူအားလုံးသည် ယနေ့၏အခြေအနေများထဲသို့ မရည်ရွယ်ဘဲ၊ ဝင်ရောက်ကြပြီး ဖြစ်သည်။ ပြီးလျှင် လူသားအား “လမ်းဆုံး” သို့ ပို့ဆောင်ခဲ့သူမှာ ဘုရားသခင် မဟုတ်သလော။ လူသားက ဖွင့်လိုက်သည်မှာ လမ်းသစ်တစ်ခု ဖြစ်နိုင်မည်လော။ သင်တို့၏ အတွေ့အကြုံများကို ကြည့်ခြင်းဖြင့်၊ သင်တို့တွင် ဘုရားသခင်သည် အဆုံးစွန် ရက်စက်မှု နည်းစနစ်များကို အသုံးပြုပုံရလေသည်၊ ယင်းမှ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မြင်နိုင်ပေသည်။ သင်တို့သည် မချီးမွမ်းဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သင်တို့အထဲတွင် ဘုရားသခင်ပြုသည့် အရာသည် လူတို့အား ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်နေသဘောထားကို မြင်ခွင့်ပေး၏။ ဤအရာက ဘုရားသခင်အပေါ် သင်တို့၏ ကြည်ညိုလေးစားမှုနှင့် ထိုက်တန်သည် မဟုတ်လော။ ယနေ့တွင် ခေတ်ဟောင်း တည်ရှိဆဲဖြစ်ပြီး ခေတ်သစ် မပေါ်ပေါက်သေးသည့်အချိန် လမ်းဆုံတွင်၊ သင်တို့သည် ဘုရားသခင်အဖို့ မည်သို့ သက်သေခံကြသနည်း။ ထိုသို့သော လေးနက်သည့် ကိစ္စတစ်ရပ်ကို နက်နဲစွာ စဉ်းစားဆင်ခြင်ထိုက်သည် မဟုတ်လော။ သင်တို့သည် အခြားသော အပိုကိစ္စရပ်များကို ချင့်ချိန်စဉ်းစားနေကြဆဲလော။ ဘုရားသခင်က၊ “လူတို့သည် တစ်ချိန်က “သိနားလည်ခြင်း ကြာရှည်တည်တံ့ပါစေ။” ဟု အော်ဟစ်ခဲ့ကြသော်လည်း၊ လူတို့ကို ငါ့ကို ချစ်ရန် ဆန္ဒမရှိသည်ကို ပြသရင်း၊ မည်သူမျှ “နားလည်ခြင်း” ဟူသည့် စကားလုံးကို စိစစ်ခြင်းဖြင့် အချိန်များစွာ မကုန်ဆုံးကြလေပြီ။” ဟု အဘယ်ကြောင့် ဆိုသနည်း။ ဘုရားသခင်သည် ထိုသို့သောအရာများကို မပြောခဲ့ပါက၊ သင်တို့သည် မိမိဆန္ဒအလျောက် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ရန် မကြိုးစားနိုင်ပေဘူးလော။

လတ်တလော အချိန်များတွင် အချို့သောသူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်မှန်းချက်များနှင့် ဆိုလိုချက်ကို အနည်းငယ် သိလာနိုင်ပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားကို ရိုးရိုးရှင်းရှင်း မပြောခဲ့ပါက၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်မှန်းချက်များနှင့် ဆိုလိုချက်ကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ဟု ငါအသေအချာပြောနိုင်၏။ ဤသည်မှာ မလွဲဧကန် ဖြစ်၏။ ယင်းသည် သင့်အတွက် မရှင်းသေးသလော။ လူတို့တွင် ဘုရားသခင်ပြုသည့် အရာရာတိုင်းသည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းဖြစ်၏— သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၏အလိုကို တိကျစွာ သဘောပေါက်နိုင်စွမ်း မရှိကြချေ။ ဤသည်မှာ လူသား၏ ချို့တဲ့မှုဖြစ်၏၊ သို့သော် ဘုရားသခင်သည် လူတို့အား တစ်ခုတစ်လေကို လုပ်နိုင်စွမ်း ရှိရမည်ဟု မတောင်းဆိုပေ၊ ၎င်းတို့အနေဖြင့် “ဆရာဝန်၏ ဆိုဆုံးမချက်များ” ကို နားထောင်ရုံမျှ နားထောင်ရန် သူတောင်းဆို၏။ ဤသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်၏။ “၎င်းတို့၏ စိတ်နှလုံးများတွင် “လူ့ဘဝ” ဟူသည့် စကားလုံးများ မရှိပေ၊ ၎င်းတို့သည် ယင်းစကားလုံးများကို အလေးမထားကြသကဲ့သို့၊ ငါသည် တောင်စဉ်ရေမရ ပြောနေသည့် အဘွားအိုတစ်ဦး ဖြစ်သွားသည့်အလား၊ ငါ၏စကားများကို ငြီးငွေ့ရုံမျှငြီးငွေ့ကြ” သည့်အတွက် လူအားလုံးအား စစ်မှန်သောလူ့ဘဝကို သိရန် သူတောင်းဆို၏။ လူတို့၏ အမြင်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် နေ့စဉ် အသုံးအဆောင် တစ်ခုကဲ့သို့ ဖြစ်၏။ ၎င်းတို့သည် ယင်းတို့ကို အရေးကြီးသည်ဟု လုံးဝ သဘောမထားကြပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ကြချေ— ၎င်းတို့သည် သမ္မာတရားကို သိသော်လည်း၊ လက်တွေ့မလုပ်ဆောင်ကြသည့် စိတ်ပျက်စရာကောင်းသော ယုတ်ညံ့သူများ လာကြပြီးဖြစ်သည်။ ထို့ကြောင့် လူသား၏ ဤအပြစ်တစ်ခုတည်းက အချိန်ကာလတစ်ခုကြာ ဘုရားသခင်၌ စက်ဆုပ်ရွံရှာမှု ဖြစ်ပေါ်စေရန် လုံလောက်၏၊ ထို့ကြောင့် လူတို့သည် သူ၏နှုတ်ကပတ်တော်များကို အလေးဂရုပြုခြင်း မရှိဟု ဘုရားသခင်က ကြိမ်ဖန်များစွာ ပြောဆိုခြင်း ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ အယူအဆများတွင် လူတို့သည် အောက်ပါအတိုင်း တွေးတောကြလေသည်- “ငါတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နေ့စဉ် လေ့လာ၍ စိစစ်ကြ၏၊ ထို့ကြောင့် ယင်းတို့ကို ငါတို့ အလေးဂရုပြုခြင်း မရှိဟု အဘယ်ကြောင့် ဆိုနိုင်မည်နည်း။ ဤသည်မှာ ငါတို့ကို မတရား ပြုခြင်း မဟုတ်လော။” သို့သော် သင့်အတွက် ငါအနည်းငယ် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ပေးပါရစေ— လူတို့သည် ရှက်အမ်းအမ်းဖြစ်ကုန်ကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါတွင်၊ ၎င်းတို့သည် မိမိတို့၏ဦးခေါင်းများကို ညိတ်ကြသည်၊ ခွေးဘီလူးတစ်ကောင်က သူ၏ သခင် စကားများကို မျက်နှာလိုမျက်နှာရ လုပ်နေသကဲ့သို့ ၎င်းတို့သည် ခယဝယ လုပ်ကြလေသည်။ ထို့ကြောင့် ဤအချိန်တွင် လူတို့သည် ၎င်းတို့၏ မျက်နှာများ၌ မျက်ရည်များစီးကျလျက် ၎င်းတို့သည် ထိုက်တန်ခြင်းမရှိဟု ခံစားကြရသည်၊ ယင်းမှာ ၎င်းတို့သည် နောင်တရကာ အသစ်တဖန် ပြန်စလိုကြသည့်အလား ဖြစ်၏— သို့သော် ဤအချိန် ကုန်လွန်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ ရှက်ကိုးရှက်ကန်း ဖြစ်မှုသည် စဉ်းလဲမှုဖြင့် အစားထိုးရန် ချက်ချင်း ပျောက်လွင့်သွား၏။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တစ်ဖက်တွင်ထားပြီး၊ ၎င်းတို့ကိုယ်တိုင်၏ကိစ္စရပ်များကို ဦးစားပေးရမည်၊ ဘုရားသခင်၏ အမှုကိစ္စများသည် နောက်ဆုံးမှလာရမည်ဟု အမြဲယုံကြည်ကြသည်။ ၎င်းတို့၏ ဤလုပ်ရပ်များကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ လက်တွေ့ မဆောင်ရွက်နိုင်ကြချေ။ အမှန်တရားများ ရောက်လာသည့်အခါတွင်၊ ၎င်းတို့သည် ၎င်းတို့၏တံတောင်ဆစ်များကို အပြင်ဘက်သို့ ဆန့်ထုတ်ကြ၏က— ဤသည်မှာ ၎င်းတို့၏လူများကို အယုံသွင်းပြီးမှ လိမ်လည်ခြင်းဖြစ်၏— ဘုရားသခင်က၊ “သူသည် အာဟာရအတွက် ငါ့ကို မှီခိုနေစဉ်တွင် ‘အခြားတစ်ဘက်ကို ပြေးလေသည်’။” ဟု ပြောသည်မှာ အံ့ဖွယ်မဟုတ်ပေ။ ဤအရာမှသာ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် မုသားအနည်းငယ်မျှ မပါသကဲ့သို့၊ ၎င်းတို့သည် လုံးဝ မှန်ကန်ပြီး ချဲ့ကားပြောဆိုမှု စိုးစဉ်းမျှ မပါသော်လည်း၊ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် နုနယ်လွန်းပြီး၊ သူသည် ယင်းတို့ကို မခံနိုင်သည့်အတွက်၊ ၎င်းတို့သည် အတော်အတန် လျှော့တွက်ကြပုံရသည်ကို တွေ့နိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားတို့၏ အမှုအရာများနှင့်ဆိုင်သည့် အတွင်းရော အပြင်ပါ ရှင်းလင်းပြတ်သားသည့် သရုပ်ဖော်မှုတစ်ခုကို ပေးနှင့်ပြီး ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် စာတန်၏နဂိုမူလမျက်နှာ အတိအကျဖြစ်သည့် ထင်ရှားပြတ်သားသည့် ပုံသဏ္ဌာန်တစ်ခုကို ဖော်ပြရင်း၊ လုံးဝရှင်းလင်းမှုဖြင့် ၎င်းတို့ထံ ပုံဖော်ပြီးဖြစ်သည်။ လက်ရှိအဆင့်တွင် လူတို့သည် အရာရာတိုင်းကို ရှင်းလင်းစွာ မမြင်ရသေးခြင်းသာ ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိမလာကြသေးဟု ဆိုထားခြင်း ဖြစ်၏။ ဤသင်ခန်းစာ ဆက်လက်လုပ်ဆောင်ရမည်၊ ရပ်၍မရဟု ငါဆိုသည်မှာ ဤအရာကြောင့် ဖြစ်၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိလာပြီးသည့် အချိန်သည် ဘုရားသခင် ဘုန်းအသရေ ရရှိသည့်အချိန် ဖြစ်လိမ့်မည်။ ဤသည်မှာ နားလည်ရန် လွယ်ကူ၏— အသေးစိတ် ငါပြောပြရန် မလိုပေ။ သို့ရာတွင် ငါသည် သင်တို့အား သတိပေးစရာ တစ်ခုရှိ၏။ သို့သော် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အရင်ဖတ်ရလိမ့်မည်- “ယနေ့၏ အချိန်ကာလများတွင်၊ လူတို့သည် ငါ့ကို လုံးဝ တန်ဖိုးမထားကြပေ၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ငါသည် နေရာမရှိပေ။ လာမည့် ဆင်းရဲဒုက္ခခံရာနေ့ရက်များတွင် ၎င်းတို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပြသနိုင်ကြမည်လော။” ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်သနည်း။ လူသားအပေါ် ပြစ်တင်ဆုံးမမှု မကျရောက်သေးဟု ဘုရားသခင်က ပြောနေခြင်းဖြစ်သည်၊ ယင်းက “မိမိကိုယ်ကိုယ် သိခြင်း” ဟူသည့် စကားလုံးများအဖို့ အတွင်းကျကျ အဓိပ္ပာယ်တစ်ခု ရှိသေးသည်ကို ပြသပေသည်— ဤအရာကို သင် သိခဲ့သလော။ အခက်အခဲနှင့် စစ်ဆေးခြင်းမရှိဘဲ၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သို့ သိရှိနိုင်မည်နည်း။ ဤသည်တို့မှာ အနှစ်မဲ့သောစကားများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ပြောသည့် အရာအားလုံးကို သင်အမှန်တကယ် ယုံကြည်စိတ်ချသလော။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပိုင်းခြားသိမြင်နိုင်သလော။ ဘုရားသခင်သည် “လူသား၏ လုပ်ရပ်များကို မြင်ရသည့်အခါ ငါ၏တစ်ခုတည်းသော ရွေးချယ်မှုမှာ ထွက်ခွာရန် ပေတည်း။” ဆိုသကဲ့သို့သော အရာများကို အဘယ်ကြောင့် ထပ်တလဲလဲ ပြောဆိုပြီး၊ “တောင်များပြိုလဲကာ မြေကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသည့်အခါမှသာ၊ လူတို့သည် ငါ၏စကားများကို စဉ်းစားကြ၏၊ ထိုအခါမှသာ ၎င်းတို့သည် ၎င်းတို့၏ အိပ်မက်များမှ နိုးထကြလေသည်၊ သို့သော် အချိန်ကား ကျရောက်နှင့်ပြီးဖြစ်သည်၊ ၎င်းတို့သည် ကြီးမားသောရေလွှမ်းမိုးမှု၏ ဝါးမျိုခြင်းကို ခံရကြသည်၊ ၎င်းတို့၏ အလောင်းကောင်များသည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေကြ၏။” ဟုလည်း အဘယ့်ကြောင့် ပြောဆိုသနည်း။ အဘယ်ကြောင့် ဘုရားသခင်က “လူတို့သည် စဉ်းစားကြ၏။” ဟု ပြောပြီး၊ “လူတို့သည် ငါ၏နှုတ်ကပတ်တော်များကို နာခံကြ၏။” ဟု မပြောသနည်း။ တောင်များပြိုလဲကာ မြေကြီး အစိတ်စိတ်အမြွှာမြွှာကွဲသည်မှာ မှန်သလော။ လူတို့သည် ထိုသို့သော စကားများကို အလေးဂရုမပြုကြချေ၊ ၎င်းတို့သည် ယင်းတို့ကို လက်လွှတ်ခံကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ၎င်းတို့သည် “အခက်အခဲ” များစွာ ခံစားကြရ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စာနာထောက်ထားမှု မရှိလွန်းသောကြောင့် ဖြစ်၏။ လူသား၏ ဤချွတ်ယွင်းချက်ကြောင့် ဘုရားသခင်က၊ “ ဤ မျက်ရည်ပြွန်များ မရှိသည့် “လူထူးလူဆန်း” ဖြစ်သော ငါသည် လူသားအတွက် မျက်ရည်များစွာ ငိုကြွေးပြီးဖြစ်သည်။ သို့ရာတွင် ဤအရာနှင့်သက်ဆိုင်၍ လူသားသည် မည်သည့်အရာကိုမျှ မသိရှိပေ။” ဟု ပြောခြင်းဖြစ်၏။ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလေးဂရုမပြုသောကြောင့်၊ ၎င်းတို့ကို သတိပေးရန်နှင့် ၎င်းတို့၏ “အကူအညီ” ရယူရန် ဘုရားသခင်သည် ဤနည်းကို အသုံးပြုလေသည်။

ယခုတွင် ငါသည် ကမ္ဘာလောက၏ ဖွံ့ဖြိုးတိုးတက်မှုများအကြောင်းကို ပရောဖက်ပြုမည် မဟုတ်သော်လည်း၊ လူသား၏ ကံကြမ္မာနှင့်ဆိုင်သည့် အရာတစ်ခုကို ဟောကိန်းထုတ်မည်ဖြစ်သည်။ လူတို့အား မိမိတို့ကိုယ်ကိုယ် သိရန် ငါတောင်းဆိုပြီးဖြစ်သည် မဟုတ်လော။ ဤအရာကို မည်သို့ ရှင်းပြနိုင်မည်နည်း။ လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သို့သိသင့်သနည်း။ ဘုရားသခင်သည် လူတို့အား “ညှဉ်းပန်းနှိပ်စက်” လွန်းသည်မှာ ၎င်းတို့သည် သေမလားရှင်မလား ဖြစ်နေချိန်တွင်၊ ၎င်းတို့သည် လူ့ဘဝ၏အဓိပ္ပာယ် အနည်းငယ်ကို စတင်နားလည်လာကြပြီး၊ လူတစ်ဦး၏ ဘဝတစ်ခုလုံးသည် အိပ်မက်တစ်ခုထက်မပိုသည်ကို ယုံကြည်လျက်၊ လူ့ဘဝကို စိတ်ကုန်ကြလေသည်။ လူသား၏ဘဝသည် မချိတင်ကဲဝေဒနာ ခံစားရသောဘဝတစ်ခု ဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ တစ်ကြိမ်တစ်ခါမျှ မစွမ်းဆောင်မရရှိဖူးဘဲ သေဆုံးမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ဘဝသည် အဓိပ္ပာယ်မရှိသကဲ့သို့ တန်ဖိုးမရှိကြောင်းကို ယုံကြည်ကြ၏။ လူ့ဘဝသည် အိပ်မက်တစ်ခု၊ ဝမ်းနည်းပူဆွေးမှုနှင့် ပျော်ရွှင်မှုတို့ ပေါ်လိုက်၊ ပျောက်လိုက်ရှိသည့် အိပ်မက်တစ်ခုသာ ဖြစ်၏။ ယနေ့တွင် လူတို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြသော်လည်း၊ ၎င်းတို့သည် လူ့လောကတွင် အသက်ရှင်ကြသည့်အတွက် လူအားလုံးအား ဘုရားသခင်၌ မွေ့ပျော်ခြင်းဟူသည်မှာ တစ်ခဏမျှ ကိုယ်စိတ်ချမ်းသာမှု တစ်ခုသာ ဖြစ်သည်ကို သိစေလျက်၊ ၎င်းတို့၏နေ့စဉ် အသက်တာများသည် အနှစ်မဲ့ကာ တန်ဖိုးကင်းမဲ့နေမြဲ ဖြစ်သည်— သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၌ မွေ့လျော်ခြင်း မရှိသောအခါတွင်၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသော်လည်း ဇာတိပကတိတွင် အသက်ရှင်ကြဆဲဖြစ်ပါက၊ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ ဇာတိပကတိတွင် အရာခပ်သိမ်းသည် လူသားအတွက် အနှစ်မဲ့ခြင်း ဖြစ်၏။ လူ့ဘဝ၏ လောကဓံတရားများကို တွေ့ကြုံရလျက်၊ ဇရာဆိုက်ရောက်လာခြင်းဖြင့်၊ လူ၏ဆံပင်များ ဖြူသွားသည်၊ သူ၏မျက်နှာသည် အအရေးအကြောင်းများနှင့် ပြည့်နှက်၏၊ သူ၏လက်များသည် အသားမာများနှင့် ဖုံးလွှမ်းနေပေသည်။ သူသည် ကြီးစွာသောအဖိုးအခကို ပေးပြီးဖြစ်သော်လည်း၊ မည်သည့်အရာမျှ မရရှိပြီးသလောက် ဖြစ်၏။ ထို့ကြောင့် ငါ၏နှုတ်ကပတ်တော်များသည် နောက်ထပ် တစ်ဆင့်သွား၏- ဇာတိပကတိ၌ အသက်ရှင်သော သူတို့အတွက် အရာရာတိုင်းသည် အနှစ်မဲ့လေသည်။ ဤသည်မှာ သေချာပြီး၊ သင့်အတွက် ဤအရာကို အသေးစိတ် ဆန်းစစ်ရန် မလိုပေ။ ဤသည်မှာ ဘုရားသခင်က အဖန်ဖန် ပြောပြပြီးသည့် လူ့ဘဝ၏ မူလသဘောသဘာဝ ဖြစ်၏။ ဘုရားသခင်သည် လူသား၏ အားနည်းချက်၏ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ဤစကားများကို မရှောင်ရှားဘဲ၊ သူ၏နဂိုမူလ အစီအစဉ်အတိုင်း တကယ်ကို ဆောင်ရွက်လေသည်။ နှုတ်ကပတ်တော် အချို့သည် လူတို့အား ပံ့ပိုးမှုနှင့် နားလည်မှု ပေးကောင်းပေးနိုင်ပြီး၊ အချို့သည် လူတို့အား သေခြင်း၏အခြေအနေတွင် တမင်တကာ နေစေလျက် ဆန့်ကျင်ဘက်ကို အတိအကျ လုပ်ဆောင်ကောင်း လုပ်ဆောင်ပေမည်- ၎င်းတို့ ဆင်းရဲဒုက္ခခံစားရသည်မှာ ဤအရာကြောင့် အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အား ဇဝေဇဝါဖြစ်စေရန် တမင်လှည့်စားရန် “ဘာမျှမရှိသည့်မြို့ မဟာဗျူဟာ” ကို စတင်ခြင်း ဖြစ်ကောင်းဖြစ်ပေမည်၊ သို့သော်လည်း ၎င်းတို့သည် ဤအရာကို လုံးဝ မမြင်နိုင်ကြပေ၊ အမှောင်တွင် ၎င်းတို့ ကျန်ရှိကြလေသည်။ သို့ရာတွင် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိကာ၊ လူတို့သည် ဤအရာကို သိကြသော်လည်း၊ ဤသည်ကို အဘယ်သို့ ကာကွယ် တားဆီးနိုင်မည်နည်း။ ထို့ကြောင့် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ခြိမ်းခြောက်မှုကို မည်သူမျှ မလွတ်မြောက်နိုင်ကြပေ— ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်များကိုသာ နာခံနိုင်ကြပေသည်- ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ၎င်းတို့အား ဆွဲကိုင်ထားပြီး ၎င်းတို့ကို လက်လွှတ်မည်မဟုတ်သောကြောင့် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ ခြိမ်းခြောက်မှုများ အောက်တွင်သာ၊ လူအားလုံးသည် သဘာဝတရားအတိုင်း လိုက်နာနိုင်ကြ၏— ဤသို့ ဖြစ်သည် မဟုတ်သလော။ ဘုရားသခင်၏အစီအစဉ်များကြောင့်သာ မဟုတ်ပါက၊ လူတို့သည် ရှုံးနိမ့်ခြင်းကို မည်သို့ လိုလားစွာ ဝန်ခံနိုင်ကြမည်နည်း။ ယင်းသည် ရယ်စရာတစ်ခု ဖြစ်မည်မဟုတ်လော။ လူ့ဘဝသည် အနှစ်မဲ့သော်လည်း၊ ၎င်းတို့၏ဘဝများ သက်သောင့်သက်သာရှိသည့်အခါတွင် မည်သူသည် လူ့လောကကို တိတ်တဆိတ် နောက်ချန်ထားရစ်ပြီး ဘုရားသခင် ကျေနပ်စေဖို့ ကြိုးစားရန် လိုလားလျက်ရှိပါသနည်း။ ခိုကိုးရာမဲ့မှုအလယ် လူတို့သေဆုံးကြ၏— ၎င်းတို့ လိုချင်နိုင်သမျှအားလုံး ရှိသည့်အခါ၊ ကြွယ်ဝမှုအလယ်တွင် မည်သူသေဆုံးဖူးသနည်း။ ကောင်းကင်မှ ဆင်းသက်သည့် “ကြယ်” တစ်ပွင့်သာလျှင် ဤအရာအဖို့ ခြွင်းချက် ဖြစ်လိမ့်မည်။ ၎င်းမွေ့ပျော်သည့် တတိယကောင်းကင်၏ဘဝနှင့် နှိုင်းစာပါက၊ ကမ္ဘာမြေပေါ်က ဘဝသည် မရဏနိုင်ငံတွင် အသက်ရှင်ခြင်းကဲ့သို့ ဖြစ်ပေမည်— ထိုသို့သောအခြေအနေ တစ်ရပ်အောက်တွင်သာ ၎င်းသည် သေဆုံးရန် လိုလိုလားလား ရှိနိုင်ပေသည်။ သို့ရာတွင် ယနေ့ မည်သူသည် ကောင်းကင်က ကြယ်တစ်ပွင့် ဖြစ်သနည်း။ ငါသည်လည်း ဤအရာနှင့်ပတ်သက်၍ “မရှင်းပေ”။ ငါတို့ ဟိုဟိုသည်သည် ရှာပြီး တစ်ဦးကို တွေ့နိုင်ခြင်း ရှိမရှိ ကြည့်ကြစို့။ သူ့ကိုတွေ့ပါက၊ အထက်ပါ ငါ၏နှုတ်ကပတ်တော်များနှင့်အညီ သူသည် ဆောင်ရွက်ရန် လိုလားနေခြင်း ရှိမရှိဆိုသည်ကို မေးမြန်းရန် ငါ့အား ကူညီဖို့ လူတို့အား ငါတောင်းဆိုသည်။ သို့ရာတွင် သင်တို့ အသီးသီးအတွက် ငါ့မှာ သတိပေးချက် တစ်ခုရှိ၏- သင်တို့အနက် မည်သူမျှ “လူစွမ်းကောင်း” လုပ်ကာ ဆန္ဒအလျောက် မသေဆုံးရ၊ နားလည်သလော။

အောက်ခြေမှတ်စုများ-

က။ “တံတောင်ဆစ်ကို အပြင်ဘက်သို့ ဆန့်ထုတ်၏” ဟူသည်မှာ တရုတ်ဓလေ့သုံးစကားတစ်ခုဖြစ်သည်၊ ယင်းမှာ လူတစ်ဦးသည်၊ ဥပမာ မိဘများ၊ သားသမီးများ၊ ဆွေမျိုးများ သို့မဟုတ် ညီအစ်ကိုမောင်နှမများကဲ့သို့သော ထိုလူနှင့် ရင်းနှီးသူများကို အထိခိုက်ခံလျက် အခြားသူများကို ကူညီနေသည်ဟု ဆိုလိုသည်။

ခ။ “ဘာမျှမရှိသည့်မြို့ မဟာဗျူဟာ” ဆိုသည်မှာ ရှေးခေတ်တရုတ်ပြည်၏ သုံးဆယ့်ခြောက်ဖြာ ပရိယာယ်များထဲမှ ၃၂ခုမြောက် ပရိယာယ်ဖြစ်သည်။ ဤမဟာဗျူဟာတွင် ရန်သူကို လှည့်ဖြားဖို့အလို့ငှာ အသင့်မဖြစ်ခြင်းကို ဖုံးကွယ်ရန် အမြင်အားဖြင့် ရဲရင့်သည့် ရှေ့တန်းစစ်မျက်နှာကို ပြခြင်း ပါဝင်သည်။

အရှေ့သို့- အခန်း ၃၅

နောက်တစ်ခုသို့- အခန်း ၃၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့်...

အခန်း ၁၀

အသင်းတော်အား တည်ဆောက်သည့် ကာလအတောအတွင်း ဘုရားသခင်သည် နိုင်ငံတော်အား တည်ဆောက်ခြင်းအကြောင်းကို ဖော်ပြပြောဆိုခြင်း မရှိသလောက် ဖြစ်သည်။ သူ စတင်...

အခန်း ၂၆

ငါ၏ အိမ်ထဲတွင် မည်သူနေထိုင်ခဲ့သနည်း။ ငါ့အတွက် မည်သူသည် ရပ်တည်ပေးခဲ့သနည်း။ ငါ့ကိုယ်စား မည်သူသည် ဝေဒနာခံစားပေးခဲ့သနည်း။ ငါ့ရှေ့တွင် မည်သူသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်