အခန်း ၃၅

လက်ရှိအချိန်တွင်၊ လူသားအားလုံးသည် မတူကွဲပြားသော အတိုင်းအတာများအထိ ပြစ်တင်ဆုံးမခြင်းထဲသို့ ဝင်ရောက်ကြပြီး ဖြစ်သည်။ ဘုရားသခင်က “ငါသည် လူသားများနှင့် ဘေးချင်းယှဉ်လျက် ရှေ့ဆက်သွားသည်” ဟု ဆိုခဲ့သည့်အတိုင်းသာ ဖြစ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သော်လည်း လူတို့သည် ဤအချက်ကို အပြည့်အဝ နားမလည်နိုင်ကြသေးပေ။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့ လုပ်ဆောင်ပြီးသော အလုပ်၏ တစ်စိတ်တစ်ပိုင်းကို မလိုအပ်လေပြီ။ ဘုရားသခင်က၊ “ငါသည် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ငါသည် မစကာ ထောက်ပံ့ပေးသည်။ လူသားများသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံး၏ အဓိက ဇာတ်ဆောင်များဖြစ်ကြသောကြောင့် ၎င်းတို့သည် စိတ်ပါလက်ပါနှင့် မိမိတို့ အစွမ်းရှိသမျှဖြင့် ကပြနိုင်ဖို့အလို့ငှာ ‘လူသား’ ဟူသည့် အခန်းကဏ္ဍတွင် သရုပ်ဆောင်ကြပြီးဖြစ်သူများကို သာ၍ လမ်းပြမှု ငါ ပေး၏။” အပြင်၊ “သို့သော်၊ ၎င်းတို့၏အသိစိတ်များကို တိုက်ရိုက်ဝေဖန်ဖို့ ငါ ငြင်းသည်။ ထို့ထက်၊ ငါသည် ၎င်းတို့ကို စိတ်ရှည်စွာနှင့် စနစ်တကျ ဆက်လက်လမ်းပြပေးသည်။ အမှန်တွင်တော့၊ လူသားများသည် အားနည်းကြပြီး၊ မည်သည့် အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြချေ” ဟု ဆိုခဲ့သည်။ ဘုရားသခင်၏ အတွေးမှာ ဤသို့ ဖြစ်သည်- အကယ်၍ သူသည် အဆုံးတွင် ဤလူသားအားလုံးကို အမျိုးဖြုတ်ခဲ့လျှင်ပင်၊ ကမ္ဘာမြေပေါ်က သူ၏အမှုသည် သူ၏မူလအစီအစဉ်နှင့်အညီ ဆက်လက်ဖြစ်နေဦးမည်ဖြစ်သည်။ ဘုရားသခင်သည် အချည်းနှီးသော အမှုကို မပြုပေ။ ဘုရားသခင် ပြုသမျှအားလုံး ကောင်းမြတ်ပေသည်။ ပေတရုက၊ “အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊ လူသားတို့သည် မည်သည့် မကျေနပ်ချက် ရှိမည်နည်း။ ၎င်းတို့သည် မည်သည့် လုပ်ပိုင်ခွင့်ရှိမည်နည်း”ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။ မျက်မှောက်ခေတ်တွင်၊ ဤသည်မှာ လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင် စွမ်းဆောင်ရရှိနေသည့်အရာ ဖြစ်သည်မဟုတ်လော။ လူသားများသည် ထိုသို့သော အမြင်တစ်ခု အမှန်တကယ် ရှိနိုင်ကြသလော။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများအချို့တွင် အသက်ရှင်ခဲ့သည့် ပေတရုသည် ထိုသို့သော အရာတစ်ခုကို ပြောနိုင်ခဲ့သော်လည်း၊ အဆင့်မြင့်နည်းပညာနှင့် ခေတ်မီသော ဤခေတ်တွင် အသက်ရှင်သည့် ယနေ့၏ “ပေတရုများ” သည် အဘယ်ကြောင့် မပြောနိုင်သနည်း။ သမိုင်းသည် တိုးတက်နေခြင်း ရှိမရှိ သို့မဟုတ် ဆုတ်ယုတ်နေခြင်း ရှိမရှိဆိုသည်ကို ငါအသေအချာ မပြောနိုင်သကဲ့သို့၊ သိပ္ပံပညာသည် ရှေ့ဆက်နေခြင်း ရှိမရှိ သို့မဟုတ် နောက်ဆုတ်နေခြင်း ရှိမရှိ ဆိုသည့် မေးခွန်းကို မည်သူမျှ မဖြေနိုင်သေးချေ။ လူသားမျိုးနွယ်၌ ဘုရားသခင် လုပ်ဆောင်ပြီးသော အရာရာတိုင်းသည် ၎င်းတို့အား အပြုသဘောဆောင်စေရန်နှင့် ၎င်းတို့၏ အသက်တာကို ရင့်ကျက်ခွင့်ပေးရန် ရည်ရွယ်ပေသည်။ လူတို့သည် ဤအရာကို သဘောမပေါက်နိုင်သလော။ သင့်ကို အပျက်သဘောဆောင်စေသော အရာမှန်သမျှတိုင်းသည် သင်၏ အားနည်းချက်တစ်ခု၊ စာတန် တိုက်ခိုက်မည့် ပျော့ကွက်၏ ပဓာနဖြစ်သော အချက်တစ်ချက် ဖြစ်သည်။ ဤအရာကို သင် ရှင်းရှင်းလင်းလင်း မြင်ပါသလော။ ဘုရားသခင်သည် ဤနည်းဖြင့် အဘယ်ကြောင့် စကားပြောခဲ့သနည်း။ “၎င်းတို့ကို စိတ်ထက်သန်မှုနှင့် စစ်မှန်ရိုးသားမှုဖြင့် ငါ အနူးအညွှတ် တောင်းပန်သော ငါ၏ နောက်ဆုံးတောင်းဆိုချက် ဖြစ်သည်။ ငါတောင်းဆိုသောအရာကို ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နိုင်သလော။” ဤနှုတ်ကပတ်တော်များမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ဤမေးခွန်းကို မေးခဲ့သနည်း။ ယင်းက လူသားမျိုးနွယ်သည် အလွန်များသည့် အပျက်သဘောဆောင်သော သွင်ပြင်လက္ခဏာများစွာ ရှိပြီး၊ အပျက်သဘောဆောင်သော အကြောင်းရင်းတစ်မျိုးတည်းသည် လူသားများအား ခလုတ်တိုက်လဲစေဖို့ လုံလောက်သည်ကို ပြသပေသည်။ ကျန်ရှိသည့် အပျက်သဘောဆောင်သောအရာက မည်သည့်အရာ ဆောင်ကြဉ်းလိမ့်မည်ကို သင့်အနေဖြင့်လည်း ကြည့်ကာ မြင်ကောင်း မြင်ပေမည်။ ဘုရားသခင် ပြုသမျှအားလုံးသည်၊ လူသားမျိုးနွယ်ကို စုံလင်စေဖို့အတွက် သူ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤစကားများသည် နောက်ထပ် ရှင်းပြချက်တစ်ခုတစ်လေ လိုအပ်သလော။ မလိုပေ- ငါ မြင်သည့်အတိုင်းဆိုပါက၊ မလိုအပ်ပေ။ လူသားတို့သည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုနိုင်သော်လည်း လူသားတို့သည် အပျက်သဘောဆောင်ခြင်း၏ ပိုင်ဆိုင်ခြင်းကို ခံရပြီးဖြစ်သည်ဟု ပြောရန်မှာ သာ၍ များစွာ ကောင်းပေမည်။ ဤသည်မှာ လူသားမျိုးနွယ်၏ သရုပ်သကန်တစ်ခု၊ လူသား၏ ဇာတိပကတိ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူအားလုံးသည် မရည်ရွယ်ဘဲ အပျက်သဘောဆောင်ခြင်းထဲသို့ ကျရောက်ပြီး၊ နောက်ပိုင်းတွင် ပြစ်တင်ဆုံးမခြင်းထဲသို့ ကျရောက်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ထားသော ထောင်ချောက်တစ်ခု ဖြစ်ပြီး လူသားများ ဆင်းရဲဒုက္ခအခံစားရဆုံးမှာ ဤအချိန်တွင် ဖြစ်သည်။ လူတို့သည် အပျက်သဘောဆောင်ခြင်း၌ နေထိုင်ကြသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းကို လွတ်မြောက်ရန် ၎င်းတို့အတွက် ခက်ခဲပေသည်။ ဤနေ့ရက်များ၌ အမှုအရာတို့သည် ထိုသို့ အတိအကျ ဖြစ်သည် မဟုတ်လော။ သို့သော် လူသားများသည် “ယခုခေတ်တွင်၊ စာတန်သည် အဆုံးစွန် သောင်းကျန်းနေသည်။ အဘယ်ကြောင့် ငါသည် ငါ့အမှု၏ အာရုံစိုက်ရာကို ကြွားရန်နှင့် ငါ့တန်ခိုးကို ထုတ်ဖော်ပြရန် ဤအခွင့်အရေးကို မယူရသနည်း။” ဟူသော ဘုရားသခင်၏နှုတ်ကပတ်တော်များကို အဘယ်သို့ မသိကျိုးကျွန်ပြုနိုင်သနည်း။ ငါသည် သတိပေးချက် စကားအနည်းငယ်ကို ပြောပြီး ချက်ချင်း အသင်းတော်များမှ လူတို့သည် ပြစ်တင်ဆုံးမခြင်းထဲသို့ ဝင်ရောက်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ဘုရားသခင်၏အမှု နှစ်လပြီးနောက်တွင် လူတို့သည် အတွင်း၌ အနှစ်သာရအားဖြင့် အသွင်ပြောင်းလဲဖို့ လိုသေးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏စိတ်များဖြင့် စိစစ်ရုံသာ စိစစ်ကြသော်လည်း၊ ၎င်းတို့၏အခြေအနေသည် လုံးဝ မပြောင်းလဲသေးပေ။ ၎င်းတို့သည် အပျက်သဘောဆောင်နေဆဲဖြစ်သည်။ ထိုသို့ဖြစ်လျက်၊ ပြစ်တင်ဆုံးမသော အချိန် နီးကပ်နေသည်ကို ဘုရားသခင် ဖော်ပြပြောဆိုသောအခါ၊ လူတို့က “ကျွန်ုပ်သည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းကို ခံရသည် မခံရသည်ကို မသိသကဲ့သို့၊ ဤပြစ်တင်ဆုံးမခြင်းအောက်တွင် ကျွန်ုပ် မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိမရှိကိုလည်း ကျွန်ုပ် မသိပေ။ လူတို့ကို ပြစ်ဆင်ဆုံးမဖို့ မည်သည့် နည်းစနစ်များအား ဘုရားသခင် အသုံးပြုမည်ကိုသိရန် ပို၍ပင် ခက်ခဲသည်” တွေးရင်း စိတ်သောကရောက်ကြသည်။ လူသားအားလုံးသည် ပြစ်တင်ဆုံးမခြင်းကို စိုးရွံ့ကြသော်လည်း မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် နှုတ်ဆိတ်ခြင်းဖြင့် သက်သက် ဆင်းရဲဒုက္ခခံကြသော်လည်း မြဲမြံစွာ ၎င်းတို့ မရပ်တည်နိုင်မည်ကိုလည်း စိုးရွံ့ကြသည်။ ထိုသို့သော အခြေအနေများတွင်၊ ၎င်းတို့အပေါ် တည့်တည့်ဝင်လာသည့် ပြစ်တင်ဆုံးမခြင်းနှင့် နှုတ်ကပတ်တော်များဖြင့် နှိပ်စက်ခြင်း မရှိဘဲနှင့်၊ လူသားများသည် မရည်ရွယ်ဘဲ ပြစ်တင်ဆုံးမခြင်းထဲသို့ ဝင်ရောက်ကြပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် စိတ်လှုပ်ရှားကြပြီး နေမထိထိုင်မသာဖြစ်ကြသည်။ လူသားတို့သည် ဘုရားသခင်၏အမှုကို လုံးဝ နားမလည်ကြသောကြောင့် ဤအရာကို “၎င်းတို့ စိုက်သည့်အတိုင်း ရိတ်သိမ်းရခြင်း” ဟု ခေါ်သည်။ အမှန်တွင်၊ ဘုရားသခင်သည် ဤလူများအပေါ် မည်သည့် နှုတ်ကပတ်တော်များကိုမျှ နောက်ထပ် ဖြုန်းတီးရန် မလိုလားပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကိုင်တွယ်ရန်ဖြေရှင်းရန် မတူကွဲပြားသော နည်းလမ်းတစ်ခု၊ စစ်မှန်သော ပြစ်တင်ဆုံးမခြင်းမဟုတ်သည့် နည်းလမ်းတစ်ခုကို ခံယူပြီး ဖြစ်ပုံရသည်။ ယင်းမှာ လူတစ်ဦးသည် ကြက်ပေါက်စတစ်ကောင်ကို ဖမ်းမိပြီး၊ ယင်းကို ကြက်မ သို့မဟုတ် ကြက်ထီး ဟုတ်မဟုတ် ကြည့်ရန် ကောက်ယူလိုက်သည့် အချိန်ကဲ့သို့ ဖြစ်သည်။ ဤသည်မှာ အရေးကြီးမှု တစ်ခုတစ်လေ ရှိသည့် ကိစ္စရပ်တစ်ခုကဲ့သို့ မထင်ရပေ၊ သို့သော် မည်သို့ဆိုစေကာမူ ကြက်ပေါက်စကလေးသည် သူ၏ ပိုင်ရှင်က သူ့ကို သတ်ကာ စားမည်ကို ထိတ်လန့်သည့်အလား အလွန်ကြောက်လန့်ကာ မိမိကိုယ်ကိုယ် လွတ်မြောက်စေရန် ကြိုးပမ်းလိမ့်မည်။ ဤသည်မှာ ကြက်ပေါက်လေးသည် မိမိကိုယ်ကိုယ် မသိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် အောင်စအနည်းငယ်သာ လေးသော ကြက်ပေါက်စကလေးတစ်ကောင်ကို အဘယ်ကြောင့် သတ်စားမည်နည်း။ ယင်းသည် အဓိပ္ပာယ်မရှိသောအရာ ဖြစ်မည်မဟုတ်လော။ ယင်းမှာ ဘုရားသခင်က၊ “သို့ဆိုလျှင် အဘယ်ကြောင့် လူတို့သည် ငါ့ကို စဉ်ဆက်မပြတ် ရှောင်ရှားကြသနည်း။ ယင်းမှာ ငါသည် ၎င်းတို့ အဖမ်းခံရလျင်ခံရချင်း သတ်ပစ်မည့် ကြက်ကလေးများကဲ့သို့ ၎င်းတို့ကို သဘောထားလိမ့်မည် ဖြစ်သောကြောင့်လော” ဟု ပြောခဲ့သည့်အတိုင်း အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် လူသား ဒုက္ခဆင်းရဲသည် “ကိုယ်ကျိုးမငဲ့သော” ဆည်းကပ်မှုသာ ဖြစ်ပြီး၊ ယင်းကို ပေးဆပ်ဖို့ အချည်းနှီးသော အဖိုးအခတစ်ခုဟု ခေါ်ဆိုနိုင်ပေသည်။ ၎င်းတို့ ကြောက်ရွံ့ကြသည်မှာ လူတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြသောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မိမိတို့၏ ဘဝများကို မစွန့်စားနိုင်ကြပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ အားနည်းချက် ဖြစ်သည်။ “အဆုံးတွင် လူသားများသည် မိမိတို့ကိုယ်ကိုယ် သိကြပါစေ။ ဤသည်မှာ ငါ၏နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်” ဟူသော ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် ခေတ်နောက်ကျလေပြီလော။ မည်သူသည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် သိကြသနည်း။ အကယ်၍ တစ်ဦးတစ်ယောက်သည် မိမိတို့ကိုယ်ကိုယ် မသိပါက၊ ပြစ်တင်ဆုံးမခြင်းခံရခွင့်ကို ၎င်းတို့အား မည်သည့်အရာက ပေးသနည်း။ သိုးသငယ်များကို ဥပမာယူကြလော့။ အကယ်၍ ၎င်းတို့သည် သိုးများအဖြစ်သို့ မကြီးထွားသေးပါက ၎င်းတို့သည် အဘယ်သို့ သတ်ဖြတ်ခံရနိုင်မည်နည်း။ အသီးမသီးသေးသော သစ်ပင်တစ်ပင်ကို လူသားများ အဘယ်သို့ မွေ့လျော်နိုင်မည်နည်း။ အယောက်တိုင်းသည် “ကာကွယ်ဆေးထိုးခြင်း” အပေါ် အလွန့်အလွန် အရေးထားကြသည်။ ထို့ကြောင့် လူတို့သည် အစာရှောင်သောအမှုကို ပြုနေကြပြီး၊ ဗိုက်ဆာနေကြလေသည်။ ဤသည်မှာ ၎င်းတို့ စိုက်ပြီးသောအရာကို ရိတ်သိမ်းခြင်း၊ မိမိတို့ကိုယ်ကိုယ်အား ထိခိုက်နစ်နာစေခြင်း ဥပမာတစ်ခု ဖြစ်ပြီး၊ ဘုရားသခင်၏ ရက်စက်ခြင်း သို့မဟုတ် လူမဆန်ခြင်း မဟုတ်ပေ။ အကယ်၍ တစ်နေ့တွင် လူသားတို့သည် မိမိတို့ကိုယ်ကိုယ် ရုတ်တရက် သိရှိလာကြပြီး၊ ဘုရားသခင်ရှေ့တွင် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြပြီးနောက် ဘုရားသခင်သည် ၎င်းတို့ကို စတင် ပြစ်တင်ဆုံးမလိမ့်မည်။ ဤနည်းဖြင့်သာ လူသားများသည် လိုလိုလားလား ဆင်းရဲဒုက္ခကို လက်ခံကြလိမ့်မည်၊ စိတ်နှလုံးနှင့် စကားဖြင့် နာခံကြလိမ့်မည်ဖြစ်သည်။ သို့သော် ယနေ့ အဘယ်သို့နည်း။ လူအပေါင်းတို့သည် ကလေးများကို အစားအစာ ချက်စေသကဲ့သို့ ၎င်းတို့၏ အလိုဆန္ဒကို ဆန့်ကျင်လျက် ပြစ်တင်ဆုံးမခြင်းကို ခံကြရသည်။ ထိုသို့ဖြစ်လျက်၊ ၎င်းတို့သည် အဘယ်သို့ သက်တောင့်သက်သာ မရှိဘဲနေနိုင်မည်နည်း။ အယောက်တိုင်းက “အို ကောင်းပြီ။ ကျွန်ုပ်သည် ပြစ်တင်ဆုံးမခြင်း ခံရသည့်ကာလပတ်လုံး ကျွန်ုပ်၏ခေါင်းကို ငုံ့ကာ အပြစ်ရှိကြောင်း တောင်းပန်မည်။ ကျွန်ုပ် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ အကယ်၍ ကျွန်ုပ် ငိုကြွေးနေလျှင်ပင် ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေရဦးမည်ဖြစ်သောကြောင့် ကျွန်ုပ် အဘယ်အရာ လုပ်ဆောင်နိုင်မည်နည်း။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဤသည်မှာ ယခုငါရောက်နေသည့် လမ်းကြောင်းဖြစ်သည်။ အို ကောင်းပြီ။ ကျွန်ုပ်၏ မကောင်းသော ကံကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ် ခန့်မှန်းမည်” ဟူ၍ တွေးကြသည်။ ဤသည်မှာ လူတို့ တွေးထင်ပုံ ဖြစ်သည် မဟုတ်လော။

ဘုရားသခင်က၊ “လူသားမျိုးနွယ်သည် လိမ္မာကြ၏။ အဘယ်သူမျှ ငါ့ကိုမဆန့်ကျင်ဝံ့ကြ။...ငါ တာဝန်ပေးသည့် အလုပ်ကို ထမ်းဆောင်ရင်း၊ အားလုံးသည် ငါ၏လမ်းပြမှုအောက်၌ ရှိကြ၏” ဟူ၍ ပြောသကဲ့သို့ ဖြစ်သည်။ ဤအရာက လူသားအားလုံးသည် ဝရုန်းသုန်းကားနှင့် ဖရိုဖရဲအခြေအနေထက် အေးအေးဆေးဆေး နေလိုကြသောကြောင့် လူသား တစ်ဦးတစ်ယောက်မျှ ပြစ်တင်ဆုံးမခြင်းကို လိုလားစွာ လက်မခံသကဲ့သို့၊ ထို့ထက်ပို၍ ဤပြစ်တင်ဆုံးမခြင်းသည် ဘုရားသခင်ထံမှ လာသည်ကို ပြသရန် လုံလောက်ပေသည်။ ဘုရားသခင်က၊ “အဘယ်သူသည် သေခြင်းကို မကြောက်ရွံ့သနည်း။ လူတို့သည် မိမိတို့၏ အသက်များကို အန္တရာယ်ဖြစ်စေနိုင်ကြလော”ဟု ပြောခဲ့သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ အယောက်တိုင်းသည် ဒေါသ သို့မဟုတ် မျှော်လင့်ချက်ကင်းမဲ့ခြင်းဖြင့် လောင်မြိုက်ခံရသည့်အချိန်မှလွဲ၍ သေရမည်ကို စိုးရွံ့ကြသည်။ ဤသည်မှာ လူသားမျိုးနွယ်၏အနှစ်သာရဖြစ်ပြီး ယင်းသည် ဖြေရှင်းရန် အလွန့်အလွန် ခက်ခဲလေသည်။ ယနေ့တွင်၊ ဘုရားသခင်သည် ဤပြဿနာကို ဖြေရှင်းရန် အတိအကျ ကြွလာပြီး ဖြစ်သည်။ လူသားအားလုံးသည် အစွမ်းမဲ့ကြ၏၊ ထို့ကြောင့် ဘုရားသခင်သည် ဤရောဂါကို ၎င်းတို့ ကုသနိုင်မည့် အထူးကုဆေးရုံတစ်ရုံကို အထူးသဖြင့် ၎င်းတို့အလယ် တည်ထောင်ပြီး ဖြစ်သည်။ လူတို့သည် ဤနာမကျန်းဖြစ်ခြင်း ထောင်ခြောက်များမှ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်စေနိုင်ကြချေ၊ ယင်းမှာ ၎င်းတို့အားလုံးသည် ၎င်းတို့၏ နှုတ်များ ရောင်ရမ်းကြပြီး ၎င်းတို့၏ ဝမ်းဗိုက်များ ရောင်ကိုင်းလာကြမည်ကို အလွန် စိုးရိမ်ကြသည့် အကြောင်းရင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းတို့၏ ဝမ်းဗိုက်ထဲ၌ရှိသော ဖိအားတိုးလာခြင်းဖြင့် အကျိုးဆက်ပေါ်ပေါက်ရင်း ဓာတ်ငွေ့ပမာဏ တိုးပွားကာ၊ နောက်ဆုံးတွင် ၎င်းတို့၏ ဝမ်းဗိုက်များ ပေါက်ကွဲကာ အားလုံး သေဆုံးကြလေ၏။ ထို့ကြောင့် အယောက်တိုင်း သေဆုံးကြမည်ဖြစ်သောကြောင့် ဘုရားသခင်သည် လူသား၏ ဤဆိုးရွားသော ဖျားနာမှုကို ကုသပြီး ဖြစ်ပေလိမ့်မည်။ ဤသည်မှာ လူသား အခြေအနေအတွက် ကုသခြင်းတစ်ခု မဟုတ်လော။ ဘုရားသခင်သည် ဤအမှုကို လုပ်ဆောင်ရန် တမင်တကာ ကြွလာပြီး ဖြစ်သည်။ လူတို့သည် သေခြင်းတရားကို အလွန် ကြောရွံ့သောကြောင့်၊ ဘုရားသခင်သည် ဤအမှုကို လူသားများနှင့်အတူ လုပ်ဆောင်ဖို့ ကိုယ်တိုင် ကြွလာပြီးဖြစ်သည်။ ၎င်းတို့သည် အလွန်သတ္တိနည်းသောကြောင့်၊ သူသည် ၎င်းတို့ စောင့်ကြည့်ရန် သရုပ်ပြချက်တစ်ခုကို ပထမဦးဆုံး ပေးပြီး ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သာဓကကို မြင်ပြီးနောက်တွင်သာ နာခံရန် လိုလိုလားလား ရှိကြလေသည်။ ဤအကြောင်းရင်းကြောင့် ဘုရားသခင်က၊ “အဘယ်သူမျှ ငါ၏အမှုကို မဆောင်ရွက်နိုင်သောကြောင့်၊ ငါသည် စာတန်နှင့် သေရေးရှင်ရေး ထိုးကြိတ်သတ်ပုတ်ခြင်းတစ်ခုတွင် ပါဝင်ဆင်နွှဲဖို့ လူကိုယ်တိုင် စစ်မြေပြင်သို့ ခြေချပြီးဖြစ်သည်” ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးအဖြတ်ပေးသော တိုက်ပွဲတစ်ခု ဖြစ်သည်၊ ထို့ကြောင့် ငါးသေလျှင်သေ မသေလျှင် ပိုက်ပျက်ပေသည်။ ဤမျှ သေချာ၏။ ဝိညာဉ်သည် အဆုံး၌ အောင်နိုင်မည် ဖြစ်သောကြောင့် ဇာတိပကတိကို သေခြင်းက မလွဲဧကန် ယူဆောင်သွားရမည်ဖြစ်သည်။ ဤအရာ၏ ဂယက်ရိုက်ခတ်မှုများကို သင်တို့ နားလည်သလော။ သို့သော် အလွန် ဆတ်ဆတ်ထိမခံ မဖြစ်လွန်းနှင့်။ အထက်က ဝါကျသည် ရိုးရှင်းကောင်းရိုးရှင်းနိုင်သည်၊ သို့မဟုတ် ရှုပ်ထွေးကောင်းရှုပ်ထွေးနိုင်၏။ မည်သို့ပင်ဆိုစေ၊ လူသားတို့သည် ယင်းကို နားမလည်နိုင်ပေ- ထိုမျှ သေချာသည်။ ဆင်းရဲဒုက္ခခံရာတွင်၊ လူသားတို့သည် ၎င်းတို့၏ ကောင်းမွန်သော အခွင့်အလမ်း သို့မဟုတ် ၎င်းတို့၏ ကံအကြောင်းမလှသည့် ဖြစ်ရပ်ဟု ခေါ်ဆိုမည့် ဘုရားသခင့်နှုတ်ကပတ်တော်၏ စစ်ဆေးခြင်းကို လက်ခံနိုင်ကြသည်။ သို့သော် အဆုံးတွင်တော့ ဘုရားသခင်၏ ရည်ရွယ်ချက်သည်- ၎င်းတို့ကိုယ်တိုင်အတွက် အစီအစဉ်များနှင့် စီမံမှုများ အမြဲ ပြုလုပ်ဖို့ဖြစ်သည့် လူသားတို့၏ ရည်ရွယ်ချက်များနှင့် မတူညီဘဲ- မှန်ကန်ကြောင်းကို သတိပေးချက်တစ်ခု ငါ ထုတ်ပြန်ဆဲ ဖြစ်ပေမည်။ ဤသည်မှာ အတော်အတန် ရှင်းလင်းသိသာသင့်ပေသည်။ အဆုံးမရှိသော တွေးဆခြင်းထဲသို့ ရောက်ရှိမသွားနှင့်။ ဤသည်မှာ လူသားများ၏ အားနည်းချက် အတိအကျ ဖြစ်သည်မဟုတ်လော။ ၎င်းတို့အားလုံးသည် ဤကဲ့သို့ ဖြစ်ကြ၏။ ဘုရားသခင်အတွက် ကြီးမားသော ချစ်ခြင်းမေတ္တာ ရှိခြင်းထက်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် ကြီးမားသော ချစ်ခြင်းမေတ္တာရှိကြသည်။ သူသည် လူသာအပေါ် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားတစ်ပါးဖြစ်သည်၊ ထို့ကြောင့် သူသည် ၎င်းတို့အပေါ် တောင်းဆိုချက်များ အမြဲ ပြုလုပ်ပေသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ပို၍ချစ်လေလေ၊ ဘုရားသခင်သည် ၎င်းတို့အား သူ့ကို ချစ်ရန် ပို၍တောင်းဆိုလေလေဖြစ်ပြီး ၎င်းအပေါ် သူ၏ သတ်မှတ်ချက်များ ပို၍တင်းကျပ်လေလေ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူတို့အား တမင်တကာ ကျီစယ်နေခဲ့သည့်အလား ဖြစ်သည်။ အကယ်၍ လူတို့သည် သူ့ကို အမှန်တကယ် ချစ်ပါက သူသည် ၎င်းတို့ကို အသိအမှတ်မပြုသည့်ပုံ ရလေသည်။ ဤအရာကြောင့်၊ လူတို့သည် ပြင်းပြင်းထန်ထန် စဉ်းစားကြပြီး၊ နက်နက်ရှိုင်းရှိုင်း တွေးတောကြသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဇာတ်လမ်းတစ်ပုဒ်၊ အမှုအရာများ တစ်ခု သို့မဟုတ် နှစ်ခု၏ အကြမ်းဖျင်း ဖော်ပြချက် တစ်ခုမျှသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုဖြစ်သည်။ ယင်းမှာ လူတို့ သိကြရန် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်ပြီး၊ အလွန့်အလွန်အရေးကြီးလေ၏။ ယင်းသည် အလုပ်တာဝန်အသစ်ဖြစ်ပြီး၊ လူတို့သည် အောင်မြင်ရန် ကျော်လွှားရန်နှင့် ဆန်းသစ်သော တိုးတက်မှု ပြုလုပ်ရန် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်သည်။ ဤအရာကို သင်တို့ နားလည်သလော။ သင်တို့သည် အကြောင်းအရာနှင့်ပတ်သက်၍ ငါနောက်ထပ် ပြောရန် လိုအပ်ကြသလော။

ယခင်က ခေတ်များထဲမှ၊ ဘုရားသခင်က၊ “လူတစ်ဦးကိုမျှ ငါမရွေးချယ်ခဲ့ဖူးပေ။ အားလုံးသည် ငါ၏ အသံတိတ်စာအားဖြင့် ခါးခါးသီးသီး ငြင်းပယ်ခြင်း ခံခဲ့ကြရသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အတိတ်က လူတို့သည် ငါ့ကို သီးသန့် အစေမခံခဲ့သောကြောင့်၊ အပြန်အလှန်အားဖြင့် ငါသည် ၎င်းတို့ကို သီးသန့် မချစ်ခဲ့ပေ။ ၎င်းတို့သည် စာတန်၏ ‘လက်ဆောင်မျ’ကို ယူပြီးနောက် လှည့်ကာ ယင်းတို့ကို ငါ့အား ပေးခဲ့ကြသည်။ ဤသည်မှာ ငါ့ကို အသရေဖျက်ခြင်း မဟုတ်လော”ဟု ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များကို မည်သို့ ရှင်းပြနိုင်မည်နည်း။ ယင်းမှာ ဘုရားသခင်က- “ဆုကျေးဇူးများအားလုံးသည် စာတန်ထံမှ ပေါက်ပေါက်သည်” ဟု ပြောခဲ့သည့်အတိုင်း ဖြစ်သည်။ တမန်တော်များနှင့်ပရောဖက်များ၏ အတိတ်မျိုးဆက်များသည် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများအပေါ် လုံးဝ အမှီပြုခဲ့ကြပြီး၊ ခေတ်အဆက်ဆက်တွင် ဘုရားသခင်သည် သူ၏အမှုကို ဦးစီးဦးရွက်ပြုရန် ၎င်းတို့၏ ဆုကျေးဇူးများကို အသုံးပြုပြီးဖြစ်သည်။ ဤသည်မှာ ဆုကျေးဇူးများ ရှိသော လူအပေါင်း၏ အစေခံခြင်းက စာတန်ထံမှ လာသည်ဟု ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သို့သော် ဘုရားသခင်၏ ဉာဏ်ပညာကြောင့် “ငါသည် စာတန်၏ ဥပါယ်တံမျဉ်ကို ငါ၏အဖြည့်ခံအဖြစ် အသုံးပြုသည်။” ထို့ကြောင့်၊ ဆုကျေးဇူးများရှိသော လူများ၏ အစေခံခြင်းကို “စာတန်ထံမှ လက်ဆောင်များ”ဟု ဘုရားသခင် ခေါ်ဆိုပြီးဖြစ်ကာ၊ ဘုရားသခင် ဤလုပ်ရပ်ကို “အသရေဖျက်ခြင်း”ဟု ခေါ်ရသည်မှာ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်ကြသောကြောင့်သာ ဖြစ်သည်။ ဤသည်မှာ လူသားများကို အခြေအမြစ်မရှိသော စွပ်စွဲချက်တစ်ခု မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယင်းသည် အခြေအမြစ်ရှိပြီး သင့်လျော်သော ရှင်းပြချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် “ငါသည် ငါ၏စက်ဆုပ်ရွံရှာမှုကို မထုတ်ဖော်ပြခဲ့ပေ။ ထို့ထက် ဤ ‘လက်ဆောင်များ’ ကို ငါ့စီမံခန့်ခွဲခြင်း၏ ကုန်ကြမ်းများထဲသို့ ဖြည့်စွက်ခြင်းအားဖြင့် ငါသည် ၎င်းတို့၏ အကြံအစည်ကို ငါကိုယ်တိုင်၏ အသုံးခံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် စက်ဖြင့် စီမံပြုပြင်ခံခဲ့ရပြီးသည်နှင့်တစ်ပြိုင်နက် ငါသည် အတွင်းရှိ အဖျင်းကို မီးရှို့မည်။” ဤသည်မှာ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ အလွန်အံ့သြဖွယ်ကောင်းသော အရာဖြစ်သည်။ ရှင်ဘုရင်များအဖြစ် စိုးစံသောသူများမှာ ဆုကျေးဇူးများ ရှိသောလူများ မဟုတ်သည်ကို၊ သို့မဟုတ် ၎င်းတို့မှာ ဘုရားသခင် ချစ်သည့် ဆုကျေးဇူးမရှိသော လူများ ဖြစ်ကြသည်ကို မည်သူမျှ တွေးထင်ကြမည် မဟုတ်သောကြောင့်၊ ဤအချက်သည် လူသား အယူအဆများနှင့် ကိုက်ညီမှု အနည်းဆုံးဖြစ်သည်။ မြင်ကြရသည့်အတိုင်း၊ သက်သေခံ လီ (Witness Lee) နှင့် အစောင့် နီ (Watchman Nee) တို့၏ စိတ်ကူးများ သို့မဟုတ် မျှော်လင့်ချက်များ အားလုံးသည် ပြာအဖြစ် ပြောင်းလဲသွားသကဲ့သို့၊ ဆုကျေးဇူးရှိသော ယနေ့ခေတ် လူတို့အတွက်မှာ အလားတူ ဖြစ်သည်။ ယခုတွင် ဘုရားသခင်သည် ဤအမှုကို စတင်ပြီးဖြစ်ကာ သူသည် သူ၏အမှုအဖို့ အဖြည့်ခံတစ်ခုအဖြစ် အသုံးတော်ခံသော လူသားများထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုအားလုံးကို တဖြည်းဖြည်း ပြန်ရုပ်သိမ်းလျက်ရှိသည်။ ဘုရားသခင်၏အမှု လုံးဝ အပြီးသတ်သည့်အခါ၊ ဤလူများသည် ၎င်းတို့၏မူလနေရာသို့ ပြန်သွားကြလိမ့်မည်ဖြစ်သည်။ သို့သော်၊ ငါ၏ နှုတ်ကပတ်တော်များကြောင့် မဆင်မခြင်မပြုကြရန် လူသားတို့အား ငါတိုက်တွန်းသည်။ သင်တို့သည် ဘုရားသခင်၏အမှုကို မနှောင့်ယှက်ရန်အလို့ငှာ၊ ဘုရားသခင့်အမှု၏ အဆင့်များနှင့်အညီ အမှုအရာများနောက် ပုံမှန်အားဖြင့် လိုက်လျှောက်သင့်ကြပေသည်။ ဤအချက်ကို သင်တို့ နားလည်သလော။ အကြောင်းမှာ ဤသည်တို့မှာ ဘုရားသခင်၏အမှု၏ အဆင့်နှင့် နည်းစနစ်ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဤ“လက်ဆောင်များ”ကို “အချောသတ် ထုတ်ကုန်များ” အဖြစ် “စီမံပြုပြင်” သောအခါ သူ၏ရည်ရွယ်ချက်များ အားလုံး သိသာထင်ရှားလာလိမ့်မည်ဖြစ်ပြီး၊ သူ့ထံ အစေခံမှု ပေးသော လက်ဆောင်များ အားလုံးသည် ဖယ်ရှင်းသုတ်သင်ခံရလိမ့်မည်ဖြစ်သည်။ သို့သော်၊ ဘုရားသခင်သည် မွေ့လျော်ခံစားရန် အချောသတ် ထုတ်ကုန်များ ရှိလိမ့်မည်ဖြစ်သည်။ ဤအရာကို သင်တို့ နားလည်သလော။ ဘုရားသခင် အလိုရှိသောအရာမှာ အချောသတ် ထုတ်ကုန်များဖြစ်သည်၊ သူ့ကို လူတို့ ပူဇော်သော အလျှံပယ် လက်ဆောင်များ မဟုတ်ပေ။ အယောက်တိုင်းသည် ၎င်းတို့၏ သင့်လျော်သောနေရာကို ယူပြီးသည့်အခါမှာသာ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏မူလနေရာသို့ ပြန်သွားပြီး နတ်ဆိုးသည်လည်း သူ၏ ကိုယ်ပိုင်ထိုင်ခုံ၌ ထိုင်ပြီးသည့်အပြင်၊ ကောင်းကင်တမန်များသည်လည်း ခြွင်းချက်မရှိ ထို့နည်းတူပြုပြီးသည့်အချိန်- ထိုအခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ ဖြည့်ဆည်းခံရပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ သူ၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည် ဖြစ်သောကြောင့်၊ ဘုရားသခင်၏မျက်နှာပေါ်တွင် အားရကျေနပ်သောအပြုံးတစ်ခု ထွက်ပေါ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို လူသားများထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြပြီးဖြစ်လိမ့်မည်ဖြစ်ကာ လူသားတို့သည် ယင်းတို့ကို သယ်ဆောင်ရန် မည်သည့်အခါမျှ တစ်ဖန် ပေးသိစေခြင်းခံရလိမ့်မည်မဟုတ်သောကြောင့်၊ ဘုရားသခင်သည် “နတ်ဆိုး” ထံမှ “အကူအညီ” ကို ရှာတော့မည် မဟုတ်ပေ။ ဤအချိန်တွင်၊ လူတို့၏ အသွေးအသား ခန္ဓာများသည် ၎င်းတို့၏ဝိညာဉ်များနှင့် တစ်လုံးတစ်ဝတည်း ဖြစ်လာကြလိမ့်မည်။ ဤသည်မှာ လူသားများထံ ဘုရားသခင် ထုတ်ဖော်ပြသောအရာ ဖြစ်သည်။ ယင်းမှာ ဝိညာဉ်၊ စိတ်နှင့် ခန္ဓာတို့၏ နောက်ဆုံး ခရီးပန်းတိုင် ဖြစ်သည်။ ယင်းမှာ “လူ့သဘာဝ”၏ မူလ အဓိပ္ပာယ်နှင့်ဆိုင်သော အကျဉ်းချုပ်တစ်ခု ဖြစ်သည်။ ဤအရာကို အသေးစိတ် သုတေသနပြုရန် မလိုအပ်ပေ။ ယင်းနှင့်ပတ်သက်၍ အမှုအရာများ တစ်ခု၊ နှစ်ခု သိပါက လုံလောက်သည်။ သင်တို့ နားလည်ကြသလော။

အရှေ့သို့- အခန်း ၃၃

နောက်တစ်ခုသို့- အခန်း ၃၆

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။