အခန်း ၃၃

စင်စစ်အားဖြင့်၊ လူတို့၌ ဘုရားသခင် လုပ်ဆောင်ပြီး အရာနှင့် ၎င်းတို့ကို သူ ပေးအပ်ပြီးသောအရာအပြင်၊ လူတို့ ပိုင်ဆိုင်သည့်အရာများအပေါ် အခြေခံ၍၊ လူတို့နှင့်သက်ဆိုင်သည့် သူ၏သတ်မှတ်ချက်များသည် လွန်ကဲခြင်းမရှိ၊ ၎င်းတို့အပေါ် သူသည် များပြားစွာ တောင်းဆိုခြင်းမရှိဟု ပြောနိုင်သည်။ သို့ဖြစ်လျှင် ၎င်းတို့သည် အဘယ့်ကြောင့် ဘုရားသခင်ကို ကျေနပ်မှုစေရန် မကြိုးစားနိုင်ရမည်နည်း။ ဘုရားသခင်သည် လူသားကို တစ်ရာ ရာခိုင်နှုန်းပေးသော်လည်း၊ သူသည် လူတို့ကို တစ် ရာခိုင်နူန်း၏ အနည်းငယ်ကိုသာ တောင်းဆိုသည်- ဤသည်မှာ အလွန်များစွာ တောင်းဆိုခြင်းလော။ ဘုရားသခင်သည် အလဟဿ ပြဿနာ ဖြစ်စေခြင်းလော။ မကြာခဏ၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြချေ။ ၎င်းတို့သည် ဘုရားသခင် ရှေ့တွင် မိမိတို့ကိုယ်ကိုယ် မဆန်းစစ်ကြပေ၊ ထိုကြောင့် ၎င်းတို့ ထောင်ချောက်တွင် ပိတ်မိလာကြသည့် အချိန်များ မကြာခဏ ရှိလေသည်- ဤအရာကို ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဟု အဘယ်သို့ မှတ်ယူနိုင်မည်နည်း။ အကယ်၍ လူတို့အပေါ် ဘုရားသခင်သည် လေးစွာသော ဝန်ကို မတင်ခဲ့သော အချိန်တစ်ခု ရှိခဲ့ပါက၊ ၎င်းတို့သည် ရွံ့ကဲ့သို့ တစ်စစီ ပဲ့သွားကြမည်ဖြစ်ပြီး၊ လုပ်ဆောင်မည့်အရာများကို ရှာဖွေရန် တာဝန်ယူကြလိမ့်မည်မဟုတ်ပေ။ ယင်းတို့ လူတို့ ဖြစ်သည့်ပုံ ဖြစ်သည်- မတုန်မလှုပ်ရှိသည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ တစ်ခုခုဖြစ်၏၊ ဘုရားသခင်နှင့်အတူ တက်ကြွစွာ အစဉ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိ၊ မိမိတို့ကိုယ်ကိုယ် အရှုံးပေးဖို့ရန် အပျက်သဘောဆောင်သည့် အကြောင်းပြချက်တစ်ခုကို အမြဲ ရှာဖွေကြခြင်း ဖြစ်သည်။ သင်သည် အရာရာကို မိမိကိုယ်ကိုယ်အတွက် မဟုတ်ဘဲ၊ ဘုရားသခင် ကျေနပ်စေရန် လုပ်ဆောင်သောသူ တစ်စုံတစ်ဦး အမှန်တကယ် ဖြစ်သလော။ သင်သည် စိတ်ခံစားမှုများအပေါ် အမှီမပြုသောသူ၊ မိမိတို့၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဦးစားပေးမှုများ မရှိသောသူနှင့် ဘုရားသခင်၏ အမှုအတွက် လိုအပ်ချက်များကို ဖြည့်တည်းသောသူ တစ်စုံတစ်ဦး အမှန်တကယ် ဖြစ်သလော။ “လူတို့သည် အဘယ့်ကြောင့် ငါနှင့် အစဉ်အမြဲ အပေးအယူပြုလုပ်ရန် ကြိုးစားကြသနည်း။ ငါသည် ကုန်သွယ်ရေးဌာန၏ အထွေထွေ စီမံခန့်ခွဲရေးမှူး ဖြစ်သလော။ လူတို့က ငါ့ကို တောင်းဆိုသည့်အရာအား ငါသည် စိတ်ပါလက်ပါဖြင့် ဖြည့်ဆည်းပေးသော်လည်း၊ လူသားကို ငါတောင်းဆိုသည့်အရာမှာ အဘယ်ကြောင့် ဘာမျှဖြစ်မလာရသနည်း။” ဘုရားသခင်သည် အဘယ့်ကြောင့် ထိုသို့သော အရာများကို အကြိမ်ရေအချို့ ဆက်တိုက်တောင်းဆိုသနည်း။ သူသည် အဘယ့်ကြောင့် တုန်လှုပ်ချောက်ချားမှုဖြင့် ထိုသို့ အော်ဟစ်သနည်း။ ဘုရားသခင်သည် လူတို့၌ အဘယ်အရာမျှ မရရှိလေပြီ။ သူမြင်သမျှအားလုံးမှာ ၎င်းတို့ စံရွေးသည့် အမှုဖြစ်သည်။ ဘုရားသခင်က “လူသားကို ငါတောင်းဆိုသည့်အရာမှာ အဘယ်ကြောင့် ဘာမျှဖြစ်မလာရသနည်း” ဟု အဘယ့်ကြောင့် ပြောရသနည်း။ မိမိတို့ကိုယ်ကိုယ် မေးကြလော့- အစမှ ပြီးစီးသည်အထိ လုပ်ဆောင်ဖို့ ၎င်းတို့ လုံးဝ ရွေးချယ်စရာမရှိသည့် အလုပ်၊ ၎င်းတို့ တာဝန်ဖြစ်သည့် အလုပ်ကို မည်သူ လုပ်ဆောင်နိုင်သနည်း။ မိမိတို့၏ နှလုံးသားများ အတွင်းရှိ ခံစားမှုများကို အရင်းခံ၍၊ မည်သူသည် မဆောင်ရွက်ဘဲ နေသနည်း။ လူတို့သည် သုံးရက်ကြာ ငါးမျှားပြီးနောက် ပိုက်ကွန်ကို စွန့်ပစ်ပြီး နောက်နှစ်ရက်ကို အချည်းနှီး ကုန်ဆုံးနေသည့်အလား၊ ၎င်းတို့ လုက်ဆောင်သည့်အရာတွင် လုံးဝ ဇွဲမကောင်းဘဲ၊ ၎င်းတို့၏ စရိုက်လက္ခဏာများကို ဇက်ကုန်လွှတ်ပေးကြသည်။ ၎င်းတို့သည် ပူလိုက်၊ အေးလိုက် အလှည့်ကျ ဖြစ်လေသည်- ၎င်းတို့ ပူနေချိန်တွင်၊ ၎င်းတို့သည် ကမ္ဘာပေါ်က အရာအားလုံးကို မီးရှို့ဖျက်ဆီးနိုင်ပြီး၊ ၎င်းတို့ အေးသောအချိန်၌ ကမ္ဘာပေါ်က ရေအားလုံးကို အေးခဲသွားစေနိုင်သည်။ ဤသည်မှာ လူသား၏ လုပ်ငန်းဆောင်တာမဟုတ်သော်လည်း၊ လူသား၏ အခြေအနေနှင့်ပတ်သက်၍ အသင့်တော်ဆုံးသော နှိုင်းစာနိုင်သည့် အချက်ဖြစ်သည်။ ဤသည်မှာ အမှန်တရား မဟုတ်လော။ ငါသည် လူသားများနှင့်ပတ်သက်၍ “အယူအဆများ” ရှိကောင်းရှိမည် ဖြစ်ပြီး၊ ငါသည် ၎င်းတို့အား အမနာပပြောကောင်း ပြောပေမည်- သို့သော် မည်သို့ပင်ဆိုစေကာမူ၊ “သမ္မာတရားနှင့်အတူဆိုပါက တစ်လောကလုံးကို သင် လျှောက်လှမ်းလိမ့်မည်။ သမ္မာတရား မရှိပါက၊ မည်သည့်နေရာမျှ သင် ရောက်မည်မဟုတ်”။ ဤသည်မှာ လူသား၏ ဆောင်ပုဒ် ဖြစ်သော်လည်း၊ ယင်းကို ဤနေရာတွင် အသုံးပြုရန် ဆီလျော်သည်ဟု ငါထင်သည်။ ငါသည် လူတို့၏ စိတ်ဝိညာဉ်များကို တမင်သက်သက် လျော့စေသည်မဟုတ်သကဲ့သို့၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ငြင်းဆိုနေခြင်း မဟုတ်။ မေးခွန်းအချို့နှင့်ပတ်သက်၍ သင်တို့ကို ငါဆွေးနွေးပါရစေ- မည်သူသည် ဘုရားသခင်၏ အမှုကို မိမိတို့၏ ကိုယ်ပိုင် တာဝန်အဖြစ် မြင်သနည်း။ အဘယ်သူက “ဘုရားသခင်ကို ကျွန်ုပ် ကျေနပ်စေနိုင်သရွေ့၊ ငါ၏ ရှိသမျှသော အရာအားလုံးကို ငါပေးမည်” ဟု ပြောနိုင်သနည်း။ အဘယ်သူက၊ “အခြားသူများကို ပဓာနမထားဘဲ၊ ဘုရားသခင် လိုအပ်သော အရာအားလုံးကို ကျွန်ုပ်လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အမှု ကြာချိန်သည် ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းမည်။ သူ၏အမှုကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းသည် ဘုရားသခင်၏ အလုပ်ဖြစ်ပြီး၊ ယင်းသည် ကျွန်ုပ် မိမိဘာသာ တွေးသော အရာမဟုတ်”ဟု ပြောနိုင်သနည်း။ မည်သူသည် ထိုသို့သော အသိပညာ ရှိနိုင်စွမ်းရှိသနည်း။ သင်တို့ မည်သည့်အရာ ထင်သည်မှာ အရေးမကြီးပေ- သင်သည် သာ၍ မြင့်သော ထိုးထွင်းအမြင်များ ရှိကောင်း ရှိနိုင်သည်၊ ယင်းကိစ္စတွင် ငါလိုက်လျောသည်၊ ရှုံးနိမ့်မှုကို ငါဝန်ခံသည်- သို့သော် ဘုရားသခင် အလိုရှိသည်မှာ ကျေးဇူးကန်းသော ဝံပုလွေ နှလုံးသားတစ်ခုမဟုတ်ဘဲ၊ စစ်မှန်ရိုးသားပြီး ပြင်းပြသည့် သစ္စာရှိသော နှလုံးသားတစ်ခု ဖြစ်သည်ကို သင်တို့အား ငါပြောပြရမည်။ ဤ “အပေးအယူပြုခြင်း”နှင့် သက်ဆိုင်၍ သင် မည်သည့်အရာကို သိသနည်း။ အစမှ အဆုံးထိတိုင်၊ သင်သည် “ကမ္ဘာလောကကို ခရီးနှင်” ပြီးဖြစ်သည်။ အချိန်တခဏတွင် သင်သည် “ကူမင်း” မြို့တော်တွင် ယင်း၏ ထာဝရနွေဦးဖြင့် ရှိပြီး၊ မျက်စိတမှိတ် အတွင်းတွင် သင်သည် သည်းမခံနိုင်အောင် အေးသော ဆီးနှင်းများဖြင့် ဖုံးလွှမ်းထားသည့် “တောင်ဝင်ရိုးစွန်း”သို့ ရောက်ရှိပြီးဖြစ်သည်။ မည်သူသည် တစ်ခါမျှ မိမိတို့ကိုယ်ကိုယ် ပြန်မတွေးကြည့်ဖူးသနည်း။ ဘုရားသခင် တောင်းဆိုသည်မှာ “သေသည့်တိုင် မနားသည့်” စိတ်ဓာတ်ဖြစ်ပြီး၊ သူလိုချင်သည်မှာ “တောင်ဘက်မြို့ရိုးကို ထိသည့်တိုင် ပြန်မလှည့်” သည့် စိတ်ဓာတ်တစ်ခု ဖြစ်သည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် မှားယွင်းသော လမ်းကို လျှောက်လှမ်းရန်အတွက် မဟုတ်ဘဲ၊ ထိုသို့သော စိတ်ဓာတ်ကို ခံယူရန် ဖြစ်သည်။ “ငါ၏ အမှုအရာတို့အဖို့ ၎င်းတို့ ပေးသော “လက်ဆောင်များ”ကို ငါနှိုင်းယှဉ်သောအခါ၊ လူတို့သည် ငါ၏ အဖိုးထိုက်တန်ခြင်းကို ချက်ချင်း မှတ်မိကြပြီး၊ ထို့နောက်မှသာ ၎င်းတို့သည် ငါ၏ အတိုင်းအဆမဲ့ခြင်းကို မြင်ကြလေသည်”ဟု ဘုရားသခင် ပြောခဲ့သကဲ့သို့သာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်တို့ကို အဘယ်သို့ ရှင်းပြနိုင်သနည်း။ ဘုရားသခင်သည် လူသား၏ နှလုံးသားတစ်ခုလုံးကို စိတ်ဖြာလေ့လာရန် ထုတ်ယူပြီး၊ ထိုအချိန်၌ လူသားတို့သည် ဤနှုတ်ကပတ်တော်များကို သိလာကြသည့်အတွက်၊ အထက်ပါ နှုတ်ကပတ်တော်တို့ကို ဖတ်ခြင်းသည် သင့်အား အချို့သော အသိပညာကို ပေးကောင်းပေးပေမည်။ သို့သော်လည်း ၎င်းတို့သည် ဆေးတက္ကသိုလ်၌ မသင်ယူဖူးသည်သာမက ရှေးဟောင်းသုတေသန ပညာရှင်များလည်း မဟုတ်ကြသောကြောင့်၊ ၎င်းတို့သည် ဤစကားရပ်အသစ်အား နားမလည်နိုင်ဟု ခံစားကြရသည့်အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နက်နဲသော အတွင်း အဓိပ္ပာယ်ကြောင့်၊ လူတို့သည် ဇာတိခန္ဓာဟောင်းနှင့်ပတ်သက်၍ မရှင်းမလင်း ဖြစ်နေကြ၏- ထိုအခါမှသာ ၎င်းတို့သည် အနည်းငယ် အလျော့ပေးကြသည်။ လူတို့သည် ဇာတိဟောင်း ရှေ့တွင် အစွမ်းမဲ့ကြသည့်အတွက်၊ ယင်းသည် ကြမ်းကြုတ်ရက်စက်သော သားရဲတစ်ကောင် မဟုတ်သကဲ့သို့၊ အဏုမြူဗုံးကဲ့သို့ လူသားတို့ကို ပျက်သုန်းစေနိုင်စွမ်းမရှိသော်လည်း၊ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ယင်းမှာ ၎င်းတို့သည် အစွမ်းမရှိသည့်အလား ဖြစ်လေသည်။ သို့သော် ငါ့အတွက်၊ ဇာတိဟောင်းကို ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများ ရှိသည်။ တန်ပြန်ရေးအစီအမံတစ်ခုကို စဉ်းစားရန် လူသား၏ ဘယ်သောအခါမျှ အားထုတ်မှုတစ်ခုတစ်လေ မပြုခြင်းသည် ငါ၏ မျက်စိများရှေ့တွင် လူသား၏ အမျိုးမျိုးသော ထူးခြားကွဲပြားမှုများကို စဉ်ဆက်မပြတ် ထုတ်ပြခြင်းဆီသို့ ဆိုက်ရောက်စေပြီး ဖြစ်သည်။. ဘုရားသခင်က၊ “ငါ၏ အလုံးစုံကို ၎င်းတို့အား ငါပြသသောအခါ၊ ၎င်းတို့သည် ငါ၏ ရှေ့တွင် ဆားတိုင်ကဲ့သို့ မလှုပ်မယှက် ရပ်လျက်၊ ငါ့အား ပြူးကျယ်သော မျက်လုံးများဖြင့် မော့ကြည့်ကြသည်။ ငါသည် ၎င်းတို့၏ အူကြောင်ကြောင်နိုင်ခြင်းကို ရှုမြင်ရသည့်အချိန်တွင်၊ ငါသည် မိမိကိုယ်ကိုယ် ရယ်မောနေခြင်းမှ မရပ်တန့်နိုင်ပေ။ ၎င်းတို့သည် ငါ့ထံမှ အမှုအရာများကို တောင်းလျှောက်ဖို့ရန် လက်လှမ်းသောကြောင့်၊ ငါသည် သူတို့အား ငါ့လက်ထဲရှိ အမှုအရာများကို ပေးလိုက်ပြီး၊ ယင်းတို့ကို မွေးကင်းစကလေးကဲ့သို့ တဒင်္ဂသာကြာသည့် ၎င်းတို့ ပါဝင်ပတ်သက်သည့် လှုပ်ရှားမှုတစ်ခုကဲ့သို့ ချစ်ခင်မြတ်နိုးရင်း၊ ၎င်းတို့သည် ယင်းတို့ကို ရင်တွင် ပိုက်ထားကြသည်” ဟု ပြောခဲ့သကဲ့သို့သာ ဖြစ်သည်။ ဤအရာများသည် ဇာတိဟောင်း၏ လုပ်ရပ်များ မဟုတ်လော။ ယနေ့တွင် လူတို့သည် သိနားလည်မှုရှိကြသည်ကို ထောက်ဆလျှင်၊ ၎င်းတို့သည် အဘယ့်ကြောင့် မစွန့်လွှတ်ကြဘဲ ထိုအစား ဆက်သွားကြဆဲဖြစ်သနည်း။ အမှန်အားဖြင့် ဘုရားသခင့် သတ်မှတ်ချက်များ၏ တစ်စိတ်တစ်ပိုင်းသည် လူသားတို့ ကြိုးပမ်းမရရှိနိုင်သောအရာ မဟုတ်ပေ၊ သို့သော် “ငါသည် လူသားကို ပေါ့ပေါ့တန်တန် ပြစ်တင်ဆုံးမခြင်းမပြုပေ။ လူတို့သည် ၎င်းတို့၏ ခန္ဓာကို အစဉ်အမြဲ ဇက်ပုံပေးကြသည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ငါ၏ အလိုကို မလိုက်နာကြဘဲ၊ ငါ၏တရားစီရင်ရာ ပလ္လင်ရှေ့တွင် ငါ့ကို အမြဲ နားပူနားဆာ လုပ်ကြသည့်”အတွက်၊ လူတို့သည် ယင်းကို အလေးဂရုမပြုကြချေ။ ဤအရာသည် လူသား၏ ဝိညာဉ်ရင့်ကျက်မှု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တမင်တကာ ချစ်တီးခေါင်းသန်းရှာနေခြင်းမဟုတ်ဘဲ ဤအရာသည် လက်တွေ့အရှိတရား ဖြစ်သည်- ဘုရားသခင်သည် ဤအရာကို ရှင်းပြရမည်လော။ ဘုရားသခင်က “လူသားတို့ “နှစ်လိုဖွယ်” ဖြစ်ကြသည်မှာ ၎င်းတို့၏ “ယုံကြည်ခြင်း” အလွန် ကြီးမားသောကြောင့် ဖြစ်ပေသည်”ဟု ဘုရားသခင် ပြောခဲ့သကဲ့သို့သာ ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ငါသည် ဘုရားသခင်၏ အစီအစဉ်များကို နာခံပြီး၊ ထို့ကြောင့် ဤအရာနှင့်သက်ဆိုင်၍ ငါသည် များစွာ မပြောဆိုပေ။ လူသားတို့၏ “ယုံကြည်ခြင်း”ကြောင့်၊ ၎င်းတို့ကို ငါ သတိပေးခြင်းမရှိဘဲ ၎င်းတို့၏ လုပ်ငန်းတာဝန်ကို ၎င်းတို့အား ဆောင်ရွက်စေဖို့ ၎င်းတို့၏ ယုံကြည်ခြင်းကို အသုံးပြုရင်း၊ ငါသည် ဤအရာကို အမိအရအသုံးပြု၏။ ဤအရာကို လုပ်ဆောင်ခြင်းသည် မှားယွင်းသလော။ ဤသည်မှာ ဘုရားသခင် လိုအပ်သည့်အရာ အတိအကျ ဖြစ်သည် မဟုတ်လော။ ထိုသို့သော နှုတ်ကပတ်တော်များကို ကြားရသောအခါ အချို့သောလူတို့သည် စိတ်ကုန်ကောင်း ကုန်သွားပေမည်- ထို့ကြောင့် ငါသည် ၎င်းတို့ကို ပါးပါးလှီးဖို့ အခြားသော အကြောင်းအရာကို ပြောရမည်။ စကြဝဠာအနှံ့က ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးသည် ပြစ်တင်ဆုံးမခြင်းကို ကျော်ဖြတ်ချိန်တွင်၊ ပြီးလျှင် လူသားအတွင်းရှိ အခြေအနေသည် ပြုပြင်ခံရချိန်တွင်၊ ၎င်းတို့သည် ဆင်းရဲဒုက္ခကို လွတ်မြောက်ပြီးဖြစ်သည့်အလား လူတို့သည် ၎င်းတို့၏ နှလုံးသားများ၌ တိတ်တဆိတ် ဝမ်းမြောက်ကြလိမ့်မည်။ ဤအခိုက်အတန့်တွင်၊ ဤသည်မှာ ဘုရားသခင်၏ နောက်ဆုံးအမှုအတွင်း စွမ်းဆောင်ရရှိသည့် အကျိုးတရား အတိအကျဖြစ်သည့်အတွက်၊ လူတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် ရွေးချယ်တော့မည် မဟုတ်ပေ။ ယနေ့ထိ သူ၏ခြေလှမ်းများ တိုးတက်ပြီးနောက်တွင်၊ ဘုရားသခင်၏ သားများနှင့် လူတို့အားလုံးသည် ပြစ်တင်ဆုံးမခြင်းသို့ ဝင်ရောက်ပြီးဖြစ်ကာ၊ လူတို့သည် မိမိတို့ကိုယ်ကိုယ်အတွင်းတွက် မသန့်စင်မှုများ စွန်းထင်းကြသည့်အတွက် ဣသရေလလူတို့သည်လည်း ဤအဆင့်ကို မလွတ်မြောက်နိုင်ချေ၊ ထို့ကြောင့် လိုအပ်သော လမ်းကြောင်းဖြစ်သည့် စစ်ဆေးခြင်းအတွက် အရည်ကျိုသည့် မီးပြင်းဖိုကြီးထဲသို့ ဝင်ရောက်ဖို့ရန် လူအားလုံးကို ဘုရားသခင် ဦးဆောင်လေသည်။ ဤအရာ ကျော်လွန်ပြီးသည်နှင့်တစ်ပြိုင်နက်၊ လူတို့သည် သေခြင်းမှ ရှင်ပြန်ထမြောက်ကြလိမ့်မည်၊ ယင်းသည် ဘုရားသခင်က “ဝိညာဉ် ခုနှစ်ပါးတို့၏ မိန့်မြွက်ချက်များ”တွင် ကြိုတင်ပြောခဲ့သည့်အရာ အတိအကျဖြစ်သည်။ လူတို့အား ရန်မမူရန်အလို့ငှာ၊ ငါသည် ဤအရာကို ထပ်ပြောမည်မဟုတ်။ ဘုရားသခင်၏ အမှုသည် အံ့သြဖွယ်ရာ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်မှ ဟောပြောခဲ့သော ပရောဖက်ပြုချက်များသည် နောက်ဆုံးတွင် စွမ်းဆောင်ရရှိရပေမည်။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ အယူအဆများကို ပြောဆိုရန် နောက်တစ်ကြိမ် တောင်းဆိုသည့်အခါ၊ ၎င်းတို့ အံ့အားသင့်သွားကြသည်။ ထို့ကြောင့် မည်သူမျှ မစိုးရိမ်သင့် သို့မဟုတ် စိတ်သောကမရောက်သင့်ပေ။ “ငါ၏ အမှုအားလုံးတွင်၊ လူသား၏ လက်များဖြင့် ဆောင်ရွက်ခဲ့သော အဆင့်တစ်ဆင့်မျှ ရှိခဲ့ဖူးသလော” ဟု ငါပြောခဲ့သကဲ့သို့သာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင်နားလည်သလော။

အရှေ့သို့- အခန်း ၃၂

နောက်တစ်ခုသို့- အခန်း ၃၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။