၂၂၇ သမ္မာကျမ်းစာတစ်အုပ်လုံးကို ဘုရားသခင်က မှုတ်သွင်းထားခြင်းလောကျူး

၁ ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။

၂ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ထိုအချိန်က အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၂၆ သုံးပါးတစ်ဆူဘုရားရှိပါသလား

နောက်တစ်ခုသို့- ၂၂၈ ဘုရားကိုရှုတ်ချရန် သမ္မာကျမ်းစာကို အသုံးပြုသူတိုင်း ဖာရိရှဲများဖြစ်ကြ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။