၃၀၇ ဤသည်မှာ သင်၏ယုံကြည်ခြင်းလော

၁ ဘုရားသခင်၏ တည်ရှိခြင်းကို သင်ယုံကြည်လျှင်၊ သူ့ကို အဘယ်ကြောင့် မကြောက်ရွံ့သနည်း။ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ယုံကြည်လျှင်၊ သင့်စိတ်နှလုံးထဲ၌ အဘယ်ကြောင့် သူ့ကိုကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိသနည်း။ ခရစ်တော်သည် ဘုရား၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို သင်လက်ခံသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် သူ့ကို မထီမဲ့မြင်ပြုသနည်း။ အဘယ်ကြောင့် သင်သည် သူ့အပေါ် မလေးမခန့် ပြုမူသနည်း။ သူ့ကို အဘယ်ကြောင့် ပေါ်ပေါ်တင်တင် ဝေဖန်အကဲဖြတ်သနည်း။ သူ၏လှုပ်ရှားမှုများ အပေါ် အဘယ်ကြောင့် သင် အမြဲ စောင့်ကြည့်ရသနည်း။ သူ၏အစီအစဉ်များကို အဘယ်ကြောင့် မကျိုးနွံမနာခံသနည်း။ အဘယ်ကြောင့် သင်သည် သူ၏ နှုတ်ကပတ်တော်နှင့်အညီ မပြုမူသနည်း။ သူ၏ လှူဖွယ်ပစ္စည်းများကို အဘယ်ကြောင့် သူ့ထံမှ ခြိမ်းခြောက်ညှစ်ယူပြီး လုယက်ဖို့ ကြိုးစားသနည်း။ အဘယ်ကြောင့် သင်သည် ခရစ်တော်၏နေရာမှ စကားပြောသနည်း။ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့က မှန်သည်၊ မမှန်သည်ကို အဘယ်ကြောင့် သင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏ နောက်ကွယ်တွင် အဘယ်ကြောင့် သူ့ကို ပြစ်မှားစော်ကားဝံ့သနည်း။ ဤအရာများနှင့် အခြားအရာများသည် သင်တို့၏ ယုံကြည်ခြင်းတွင် ပါဝင်သည့်အရာများ ဖြစ်သည် မဟုတ်လော။

၂ သင်တို့၏စကားများနှင့် အပြုအမူတွင် သင်တို့၏ ခရစ်တော်၌ မယုံကြည်မှု အရိပ်လက္ခဏာများ ထုတ်ဖော်ပြလေသည်။ သင်တို့ လုပ်ဆောင်သည့်အရာအားလုံး၏ ကြံရွယ်ချက်များနှင့် ရည်မှန်းများသည် မယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။ သင်တို့ အကြည့်၏ ဝိသေသလက္ခဏာသည်ပင် ခရစ်တော်ကို မယုံကြည်မှု ပါဝင်နေသည်။ မိနစ်တိုင်းတွင် သင်တို့ အသီးသီးသည် မယုံကြည်မှု အရိပ်လက္ခဏာများ သိုထားကြသည်ဟု ဆိုနိုင်ပေသည်။ ဤသည်မှာ သင်တို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသည့် သွေးများသည် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်မှုဖြင့် စိမ်ထားလျက်ရှိသည့်အတွက်၊ အခိုက်အတန့်တိုင်းတွင် သင်တို့သည် ခရစ်တော်အား သစ္စာဖောက်သွားနိုင်သည့် အန္တရာယ် ရှိသည်ကို ဆိုလိုပေသည်။ ထို့ကြောင့် ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်း ပေါ်တွင် သင်တို့ ချန်ထားသော ခြေရာတို့သည် စစ်မှန်မှု မရှိဟု ငါပြော၏။ ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းကြောင်းကို သင်တို့ လျှောက်လှမ်းသည်နှင့်အမျှ၊ သင်တို့သည် သင်တို့၏ ခြေများကို မြေပြင်ပေါ် ခိုင်မာစွာ ချမထားကြချေ- သင်တို့သည် ဟန်ဆောင်လုပ်ပြကြခြင်းမျှ ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၀၆ ဖောက်ပြန်သော လူသားမျိုးနွယ်သည် ခရစ်တော်ကို မြင်တွေ့ရန် မထိုက်တန်ကျူး

နောက်တစ်ခုသို့- ၃၀၈ သင်၏စစ်မှန်သော ယုံကြည်ခြင်းက အဘယ်မှာနည်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။