၁၅၄  လေနှင့် မိုးကို ဖြတ်၍

၁  ကိုယ်တော်၏ နှုတ်ကပတ်တော်များ၌ နေ့စဉ် ကျွန်ုပ် မွေ့လျော်သည်။ လက်တွေ့အကျဆုံးသော ဘုရားသခင်၊ ကိုယ်တော်သည် အလွန်ချစ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ရလေပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားများ ဖော်ပြရင်း၊ ဇာတိပကတိ၌ ကွယ်ဝှက်လာရန် ကိုယ်တော်သည် မိမိကိုယ်ကိုယ် နှိမ့်ချသည်။ ကျွန်ုပ်တို့ကို စိတ်ရှည်စွာဖြင့် ကျွေးမွေးရင်း၊ ပြုစုပျိုးထောင်ရင်း နှင့် ရေလောင်းပေးရင်း၊ အသင်းတော်များအလယ် နေ့စဉ် ကိုယ်တော် လျှောက်လှမ်းနေ။ ကိုယ်တော်သည် အချိန်တိုင်းတွင် လူသားအတွက် စံပြတစ်ခုအဖြစ် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို တိတ်တဆိတ် သည်းခံသည်။ ကိုယ်တော်၏ ဦးဆောင်မှုဖြင့် ကျွန်ုပ်၏ စိတ်နှလုံး ကျေနပ်သည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ရှေ့ကလမ်းကို အလင်းပြသည်။ ကိုယ်တော်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ် လိုက်လျှောက်သည်၊ ကိုယ်တော်နှင့်အတူ လေနှင့်မိုးအားလုံးကို ကျော်ဖြတ်ပါရစေ။

၂  ကိုယ်တော်၏ နှုတ်ကပတ်တော်များ၌ နေ့စဉ် ကျွန်ုပ် မွေ့လျော်သည်။ လက်တွေ့ကျသော ဘုရားသခင်၊ ကိုယ်တော်သည် အလွန်ချစ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ရလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအားလုံးကို ထုတ်ဖော်ပြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်အားဖြင့် သန့်စင်ခံရသည်၊ ကျွန်ုပ်တို့ လူသစ်များ ဖြစ်လာလျက်၊ အသစ်ပြုပြင်ခံရပြီး ပြောင်းလဲကြသည်။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့သည် အလွန်လှပါပေသည်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော် အပြည့်အဝ နေရာယူပါ၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ပြည့်စုံစေပြီ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ထံ အလွန် တိုး၍နီးကပ်ကြလျက်၊ ကိုယ်တော်နှင့်အတူ တစ်စိတ်တည်းဖြစ်ကြသည်။ ကိုယ်တော်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ် လိုက်လျှောက်သည်၊ ကိုယ်တော်နှင့်အတူ လေနှင့်မိုးအားလုံးကို ကျော်ဖြတ်ပါရစေ။

၃  ကိုယ်တော်၏ နှုတ်ကပတ်တော်များ၌ နေ့စဉ် ကျွန်ုပ် မွေ့လျော်သည်။ လက်တွေ့ကျသော ဘုရားသခင်၊ ကိုယ်တော်သည် အလွန်ချစ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ရလေပြီ။ ဆင်းရဲဒုက္ခများနှင့် နှိပ်စက်ညှဉ်းပန်းမှုများမှတစ်ဆင့် ကျွန်ုပ်တို့ ကြီးစွာ ဒုက္ခခံစားပြီးသော်လည်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့နှင့်အတူရှိပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို လမ်းညွှန်သည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် ခွန်အားများ ရှိကြပြီး၊ ဆင်းရဲဒုက္ခများမှတဆင့် ကိုယ်တော်အတွက် သက်သေခံကြသည်။ ကိုယ်တော်ကို ကျွန်ုပ်တို့ အမြဲချစ်ပြီး ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ ပြန်ပေးဆပ်မည်၊ သမ္မာတရားကို ဖြန့်ဝေပြီး ကိုယ်တော့်ကို သက်သေခံကြမည်။ အတူရှိခြင်းနှင့် အပြန်အလှန်ချစ်ခြင်း နှစ်များတွင်၊ မိုးပြင်းလေပြင်းမှတဆင့် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာ နက်သထက်နက်လာပေပြီ။ ကိုယ်တော်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ် လိုက်လျှောက်သည်၊ ကိုယ်တော်နှင့်အတူ လေနှင့်မိုးအားလုံးကို ကျော်ဖြတ်ပါရစေ။

အရှေ့သို့- ၁၅၁  ကျွန်ုပ်၏ စိတ်နှလုံးထဲရှိသမျှကို ကျွန်ုပ် မပြောနိုင်

နောက်တစ်ခုသို့- ၁၅၇  အနန္တတန်ခိုးရှင်ကြွဆင်းလာခဲ့တာ ကောင်းမြတ်လှပေစွ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅၀၁  ဘုရားသခင်၏စိတ်သဘောထားသည် မြင့်မြတ်လှ၏

၁ဘုရားရဲ့ ဝမ်း‌မြောက်ခြင်းသည်အမှောင်ထုနှင့် ဆိုးယုတ်မှုတို့ ကျရှုံးခြင်း၊တရားမျှတမှုနှင့် အလင်းတရား ထွန်းပေါ် တည်ရှိခြင်း၊လူကိုအလင်းပေးပြီး...

၂၉၅  ဘုရား၏တရားစီရင်ခြင်းသည် သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ဖော်ပြ၏ကျူး

၁  ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏...

၇၀၂  ဘုရားနှုတ်ကပတ်တော်များက အသက်တာတွင် လူ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးသည်

၁ဘုရားနှုတ်ကပတ်တော်တွေဟာ လူတို့ အသက်ရှင်ရန် နိယာမကယ်တင်ခြင်းသို့ ရောက်စေတဲ့ပန်းတိုင်၊ လမ်းကြောင်းနဲ့ ဦးတည်ချက်။ဖန်ဆင်းခံအနေနဲ့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။