၁၅။ ဂျွိုင်း၏ ဇာတ်လမ်း
ဒီနေ့ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က ဂျွိုင်းလို့အမည်ရပါတယ်။ သူက ဖိလစ်ပိုင်က ညီမတစ်ယောက်ပါ။ အရင်တုန်းက သူက လူတွေကို စိတ်ခံစားချက်နဲ့ အမြဲတမ်း ဆက်ဆံတယ်။ တစ်ယောက်ယောက်က သူ့အပေါ် ကောင်းရင် သူက တစ်ယောက်ယောက်အပေါ် ကောင်းတယ်။ သူက လူတွေကို မရိပ်စားမိဘူး။ စည်းမျဉ်းမရှိဘူး။ လူတွေနဲ့ သူ ခင်ခင်မင်မင် ဆက်ဆံတဲ့၊ သူများတွေအပေါ် မြင်တဲ့စည်းမျဉ်းနှစ်ခုလုံးက မမှန်ကန်ဘူးဆိုတဲ့အရာတစ်ခုကို သူကြုံတွေ့မှပဲ နားလည်သွားခဲ့တယ်။ သူများတွေကို စည်းမျဉ်းနဲ့ ဆက်ဆံဖို့ ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး လူတွေ၊ အကြောင်းအရာတွေကို ကြည့်ရမယ်ဆိုတာကို နားလည်သွားစေတဲ့ အထူးအတွေ့အကြုံတစ်ခု၊ အထူးအကြောင်းအရာတချို့ပေါ့။ ဂျွိုင်းမှာ အမ်မာလို့ခေါ်တဲ့ ကောလိပ်အတန်းဖော်တစ်ယောက်ရှိတယ်။ သူတို့က သူငယ်ချင်းကောင်းတွေပေါ့။ ဂျွိုင်းက အခက်အခဲတစ်ခုခုရှိတဲ့အခါတိုင်းမှာ အမ်မာကို အကူအညီတောင်းတယ်။ ဂျွိုင်းက သူတို့ခင်မင်မှုကို ချစ်မြတ်နိုးခဲ့တယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှာ အမ်မာက ဂျွိုင်းကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ စုဝေးပွဲတစ်ခုဆီကို ဖိတ်တယ်။ စုဝေးပွဲတွေမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး မိတ်သဟာယတွေကို နားထောင်ခြင်းအားဖြင့် ဂျွိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သခင်ယေရှု ဒုတိယအကြိမ်ကြွလာခြင်းဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ပျော်ပျော်ရွှင်ရွှင် လက်ခံခဲ့ပါတယ်။ သုံးလေးလလောက်ကြာတော့ ဂျွိုင်းက အသင်းတော်ရဲ့ ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။
ဒါပေမဲ့ တစ်နေ့တော့ စုဝေးတဲ့အဖွဲ့မှာ အမ်မာက ဘုရားသခင်ကို မေးခွန်းထုတ်ပြီး အသင်းတော်ကို တိုက်ခိုက်တဲ့ အတွေးမှားတွေအပြင် ခေါင်းဆောင်တွေ၊ သင်းထောက်တွေအကြောင်း တစ်ဖက်သတ်အမြင်တွေကိုလည်း ဖြန့်နေတာကို ဂျွိုင်းက ရုတ်တရက် သတိထားမိတယ်။ သူ့စကားတွေထဲမှာမကျေနပ်တာ၊ ထေ့ငေါ့တာတွေပါတယ်။ ဒါတွေက သူ့ရဲ့ကိုယ်ပိုင်အတွေးမဟုတ်ဘူး၊ သူများတွေဆီက အယူအဆတွေလို့လည်း သူကပြောတယ်။ ဒီမေးခွန်းတွေကို ဖြေဖို့ ခေါင်းဆောင်တွေက အစည်းအဝေးတစ်ခု ကျင်းပဖို့ သူ မျှော်လင့်တယ် တဲ့။ အမ်မာရဲ့ အဓိပ္ပာယ်မရှိတာတွေ၊ အတွေးမှားတွေကို မြင်ပြီးတော့ ဂျွိုင်းက အံ့အားသင့်သွားတယ်။ တစ်ချိန်တည်းမှာပဲ သူက စိတ်လည်းပူမိတယ်။ စုဝေးတဲ့အဖွဲ့က လူတိုင်းက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခါစ ညီအစ်ကိုမောင်နှမတွေ ဖြစ်နေတာကြောင့်ပေါ့။ အဖွဲ့ဆီကို ဒီစာတွေပို့ရင် သေချာပေါက် အနှောင့်အယှက်ဖြစ်မှာပဲ။ အခြေခံအုတ်မြစ်သိပ်မရှိသေးတဲ့၊ ပိုင်းခြားသိမြင်မှုမရှိတဲ့သူတချို့ကို ပြိုလဲတာတောင် ဖြစ်စေနိုင်တယ်။ အမ်မာက ဘာလို့ဒီလိုလုပ်နေတယ်ဆိုတာ ဂျွိုင်းက မသိဘူး။ သူမေးခွန်းတွေရဲ့ အဖြေကို သူတကယ်လိုချင်ရင် ဒီမေးခွန်းတွေကို ခေါင်းဆောင်တွေဆီကို တိုက်ရိုက်ပို့နိုင်တယ်လေ။ ဒါတွေကို ဘာလို့ လူသစ်တွေကြားထဲမှာ ဖြန့်တာလဲ ပေါ့။ ဂျွိုင်းက လုံးဝကို ဝေခွဲမရဖြစ်တယ်။ မကြာခင်မှာတော့ ဂျွိုင်းစိုးရိမ်ခဲ့သလိုပဲ အမ်မာရဲ့ ဝေဖန်ချက်တွေက အသင်းတော်မှာ စိတ်ရှုပ်ထွေးတာတွေ၊ အနှောင့်အယှက်တွေဖြစ်တယ်။ ညီအစ်ကိုမောင်နှမတချို့အပေါ် လွှမ်းမိုးသွားပြီး သူတို့က ခေါင်းဆောင်တွေ၊ သင်းထောက်တွေအပေါ် အမြင်စောင်းလာပြီး သဘောထားကွဲလွဲလာကြတယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်က ဂျွိုင်းကိုမေးတယ်။ “အမ်မာပြောတာက မှန်လား” တဲ့။ ဒီအခြေအနေကိုကြည့်ပြီး ဂျွိုင်းက ပိုပြီးတော့တောင် စိတ်ပူလာတယ်။ အဲဒါနဲ့ သူက ဘာတွေဖြစ်နေတာလဲ၊ ဒါတွေကို သူဘာကြောင့်ပြောရတာလဲဆိုတာကို မေးဖို့ အိမ်မာဆီကို အမြန်သွားတယ်။ “နင် ဖြန့်နေတဲ့ ဒီကောလာဟလတွေကို ငါ တွေ့ပြီးပြီ။ ဒါတွေကြောင့် အသင်းတော်မှာ နည်းနည်း ပရမ်းပတာဖြစ်နေတယ်။ တချို့လူတွေက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကိုတောင် အမြင်စောင်းနေကြတယ်။ အမ်မာ၊ ဘာလို့ ဒီဝေဖန်ချက်တွေ ပေးနေရတာလဲ။ ဒီစကားတွေက ဘယ်ကလာတာလဲ။” “ဒါတွေက ငါပြောတာတွေမဟုတ်ဘူး။ ဒီမေးခွန်းတွေကို ဖြေဖို့ ခေါင်းဆောင်တွေကို ငါက အစည်းအဝေးတစ်ခု လုပ်စေချင်တာ သက်သက်ပဲ။” “ဒါဆို ဒီမေးခွန်းတွေကို ခေါင်းဆောင်တွေဆီ တိုက်ရိုက်ပို့ပြီး သူတို့ကို နင်နဲ့ မိတ်သဟာယဖွဲ့ခိုင်းသင့်တယ်။ အမ်မာ ဒီဝေဖန်ချက်တွေကို တကယ် နင်ထုတ်တာမဟုတ်ဘူးပေါ့။” “ဘယ်ဟုတ်မလဲ။ ဘုရားအမှုတော်နဲ့ပတ်သက်ပြီး ငါက အယူအဆတွေမရှိပါဘူး။” “ဒါဆို မေးခွန်းတွေကို ဘယ်သူမေးတာလဲဆိုတာ ဘာလို့မပြောတာလဲ။ အမ်မာ ဒီကောလာဟလတွေက ဘယ်ကနေလာတယ်ဆိုတာသာ ပြောစမ်းပါ။” ဂျွိုင်းက ဝေဖန်ချက်တွေအကြောင်းကို အမ်မာကိုမေးတဲ့အခါမှာ ဘာအဖြေမှ မရခဲ့ဘူး။ ဂျွိုင်းက ဘာကိုပဲမေးမေး အမ်မာက ဖြေဖို့ ငြင်းဆန်တယ်။ ဂျွိုင်းက ဒီကိစ္စကို ခေါင်းဆောင်တစ်ယောက်ဆီ တင်ပြတယ်။ အဲဒီခေါင်းဆောင်ကလည်း ပြဿနာကို အရင်းအမြစ်ကနေ အမြန်ဖြေရှင်းဖို့အတွက် ဒီမေးခွန်းတွေကို ဘယ်သူထုတ်တာလဲဆိုတာ သိချင်တယ်။ ဒါပေမဲ့ အမ်မာက လုံးဝ နှုတ်ပိတ်နေပြီး မပြောပြဘူး။ နောက်ပိုင်းမှာ စုံစမ်းပြီးတဲ့နောက်မှာ ဘယ်ညီအစ်ကိုမောင်နှမကမှ ဒီမေးခွန်းတွေကို မထုတ်ဘူး။ ဘုရားအမှုတော်နဲ့ပတ်သက်ပြီး အယူအဆတွေရှိနေတာ အမ်မာကိုယ်တိုင်ပဲ။ သူက အင်တာနက်က တချို့ကောလာဟလတွေကို စုပြီး မေးခွန်းတွေအဖြစ် ပြောင်းလိုက်တာ။ ဒါပေမဲ့ သူက ဒါကို ဝန်ခံဖို့ ငြင်းဆန်တယ်။ ဒီကိစ္စရဲ့ အမှန်တရားကို သိပြီးတဲ့နောက်မှာ ခေါင်းဆောင်က စုဝေးပွဲတစ်ခုကို အမြန်စီစဉ်ပြီး အမ်မာရဲ့ အတွေးမှားတစ်ခုစီကို ဖြေဖို့ မိတ်သဟာယဖွဲ့တယ်။ ဒီနည်းနဲ့ အမ်မာပြောတာကို ညီအစ်ကိုမောင်နှမတွေ ပိုင်းခြားသိမြင်နိုင်အောင်ပေါ့။ ဒါပေမဲ့ အမ်မာကိုယ်တိုင်က သူ့ရဲ့ကိုယ်ပိုင်လုပ်ရပ်တွေအပေါ် သတိမထားမိဘူး၊ နောင်တမရဘူး။
ဒီလိုဖြစ်ပြီးတဲ့နောက်မှာ ခေါင်းဆောင်က ဂျွိုင်းကိုမေးတယ်။ “အမ်မာက သင့်တော်တဲ့သူမဟုတ်ရင် ညီမ ဘယ်လိုလုပ်မလဲ။ သူ့ကို သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ဆက်ဆံနိုင်မလား” တဲ့။ ခေါင်းဆောင်ဆီက ဒီမေးခွန်းတွေကို ရင်ဆိုင်ရပြီး ဂျွိုင်းက ဘယ်လိုဖြေရမှန်းမသိဘူး။ နောက်ပိုင်းမှာ ခေါင်းဆောင်နဲ့ ဂျွိုင်းက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အတူဖတ်ကြပြီး ဂျွိုင်းရဲ့ စိတ်နှလုံးက လင်းလက်သွားတယ်။ အမ်မာကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သူသိသွားတယ်။ ကြိုတင်သွားရမယ့် ဦးတည်ချက်တစ်ခုလည်းရှိသွားတယ်။ “လူတို့သည် အခြားသူများကို အဘယ်အခြေခံသဘောတရားဖြင့် ဆက်ဆံဖို့ ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသနည်း။ ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး ဘုရားသခင် မုန်းသည့်အရာကို မုန်းလော့။ ဤသည်မှာ လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံသဘောတရားဖြစ်သည်။ သမ္မာတရား လိုက်စားပြီး သူ၏အလိုတော်ကို နာခံနိုင်သည့်သူများကို ဘုရားသခင်ချစ်သည်။ ငါတို့ချစ်သင့်သည့် လူများလည်း ရှိသည်။ ဘုရားသခင်၏အလိုတော်ကို မနာခံနိုင်သည့်၊ ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်ပုန်ကန်သည့်သူများ— ဤလူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသကဲ့သို့၊ ငါတို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည့်အရာဖြစ်သည်။...ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ ‘ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။’ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။’ (ရှင်မဿဲခရစ်ဝင် ၁၂:၄၈၊ ၅၀) ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းနေသည်။ ‘ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။’ ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ် အဓိပ္ပာယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဂျွိုင်းက ဘုရားအလိုတော်ကို နည်းနည်းနားလည်သွားတယ်။ ဘုရားသခင်က ကျွန်မတို့ကို လူတွေကို စည်းမျဉ်းနဲ့အညီ ဆက်ဆံဖို့ အလိုရှိပါတယ်။ ဘုရားနှုတ်ကပတ်တော်ကပြောသလိုပဲ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။” ဘယ်စည်းမျဉ်းရဲ့ အရေးကိစ္စမဆို ဘယ်သူပဲဖြစ်ပါစေ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။” လို့ ဘုရားနှုတ်ကပတ်တော်ကပြောတာကို အခြေခံပြီး သူတို့ကို ဆက်ဆံရမယ်။ အမ်မာက အဓိပ္ပာယ်မရှိတဲ့ အတွေးမှားတွေကို တမင်တကာ ဖြန့်ဝေတယ်။ ဒါတွေကြောင့် လူတွေက အယူအဆတွေဖြစ်ပြီး ဘုရားကို နားလည်မှုလွဲကြတယ်။ ဘုရားအမှုတော်ကို စိတ်ရှုပ်ထွေးကြတယ်။ ဒါက အသင်းတော်အသက်တာကို နှောင့်ယှက်ခဲ့တယ်။ ဒါဟာ သဘာဝအရ ဆိုးယုတ်ပါတယ်။ ဘုရားက မကောင်းမှုလုပ်သူတွေကို မုန်းတီးတယ်။ ဒါကြောင့် လူတွေဟာ ဘုရားဘက်ကနေ ရပ်သင့်တယ်။ မကောင်းမှုလုပ်သူတွေကို ငြင်းပယ်သင့်တယ်။ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့ တခြားလူတွေကို ဆက်ပြီး နှောင့်ယှက်နေတာကို တားဆီးဖို့ သူတို့ရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ အမှုတွေကို တားဆီးသင့်တယ်။ ဂျွိုင်းက ဒါကိုနားလည်တာနဲ့ ခေါင်းဆောင်ကို ပြောလိုက်တယ်။ “အမ်မာက မကောင်းမှုလုပ်တယ်ဆိုတဲ့အချက်ကို လက်ခံဖို့ ကျွန်မအတွက် ခက်ခဲပေမဲ့ တကယ်တမ်းတော့ ဒါ အမှန်တရားပဲ။ သူနှောင့်ယှက်တာ၊ ချုပ်ချယ်တာကို ကျွန်မ ခံမှာမဟုတ်ဘူး။ ဘုရားသခင်ပေးတဲ့ စည်းမျဉ်းတွေနဲ့အညီ ကျွန်မ သူ့ကို ဆက်ဆံမယ်။ အသင်းတော်က သူ့ကို သီးခြားခွဲထားရင် ကျွန်မလည်း သူ့အပေါ် ကျွန်မခံစားချက်တွေကို လွတ်ချမယ်။ ဘုရားကို အပြစ်တင်မှာမဟုတ်ပါဘူး” ပေါ့။ ခေါင်းဆောင်က ဂျွိုင်းကိုပြောတယ်။ “အခု အမ်မာရဲ့ လှည့်စားခြင်းကို ညီအစ်ကိုမောင်နှမတွေ မခံရအောင် ကာကွယ်ဖို့ အသင်းတော်က အမ်မာကို ကိုယ့်ဘာသာ သီးခြားနေဖို့ စီစဉ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်” တဲ့။ ဂျွိုင်းက အမ်မာရဲ့ အခြေအနေအတွက် စိုးရိမ်ပေမဲ့ အမ်မာက စာတန်ရဲ့ အစေခံအဖြစ် ပြုမူခဲ့ပြီး အသင်းတော် အသက်တာကို နှောင့်ယှက်တယ်၊ ခေါင်းဆောင်ရဲ့ အစီအစဉ်က ညီအစ်ကိုမောင်နှမတွေကို လှည့်စားတာမခံရဖို့၊ အတွေးမှားတွေရဲ့ နှောင့်ယှက်တာမခံရဖို့ ကာကွယ်ပေးဖို့အတွက်ဖြစ်တယ် ဆိုတာကိုလည်း သူ သတိပြုမိတယ်။ ဒါကြောင့် ဂျွိုင်းက ဘာမှမပြောခဲ့ဘူး။ ဒါပေမဲ့ သုံးလေးရက်အတွင်းမှာ အမ်မာက ဂျွိုင်းနဲ့ ထပ်ပြီး တွေ့တယ်။ “ဂျွိုင်း သူတို့က ငါ့ကို ကိုယ့်ဘာသာသီးခြားခွဲနေဖို့ စီစဉ်ကြတယ်။ ခေါင်းဆောင်က ငါ့ကို ငါတို့စုဝေးတဲ့အဖွဲ့ကနေ မထုတ်ဘူး။ ဒါပေမဲ့ ငါက သူများတွေနဲ့ စုဝေးခွင့်မရဘူး။ ငါက ချန်ထားခံရသလို ခံစားရတယ်။” “နင်က စုဝေးတဲ့အဖွဲ့မှာ အတွေးမှားတွေ၊ ကောလာဟလတွေဖြန့်တယ်။ နင်က အမှားတစ်ခုလုပ်ခဲ့တယ်။ နင် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်ဖို့ လိုတယ်။ နင် တကယ် နောင်တရပြီးတာနဲ့ စုဝေးပွဲတွေကို ပြန်လာနိုင်ပါတယ်။” “ခေါင်းဆောင်က ငါ့ကို စုဝေးတဲ့အဖွဲ့ကနေ ထုတ်လိုက်မှာကို ငါ စိတ်ပူတယ်။ ဒါပေမဲ့ အဖွဲ့ကနေ ငါ့ကိုထုတ်လိုက်ရင်တောင် ကိစ္စမရှိဘူး။ တခြားနယ်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ ပါဝင်ဖို့ တခြားအကောင့်တစ်ခုကိုသုံးလိုက်မယ်။ ငါ့ကို ဒီမှာလည်း ကြိုဆိုကြတာလည်း မဟုတ်ဘူးလေ။” “နင်က အကောင့်အတုနဲ့ အသင်းတော်မှာ ပါဝင်မလို့လား။ ဒါက ညီအစ်ကိုမောင်နှမတွေကို လှည့်စားတာမဟုတ်ဘူးလား။” “အဲဒီတော့ ဘာဖြစ်လဲ။” အမ်မာရဲ့ စကားတွေကို ကြားပြီး ဂျွိုင်းက အံ့သြသွားတယ်။ အမ်မာက နောင်တရဖို့ ရည်ရွယ်ချက်မရှိဘူး။ သူက နှောင့်ယှက်ပြီး တမင်ဖျက်ဆီးဖို့အတွက် အသင်းတော်ကို ထိုးဖောက်ဝင်ဖို့ အကောင့်တုတစ်ခုတောင် လုပ်ချင်တယ်။ သူက စာတန်ရဲ့ အစေခံပဲမဟုတ်ဘူးလား။ ပြီးတော့ သူက ရိုးသားတဲ့သူမဟုတ်ဘူးဆိုတာ အမ်မာရဲ့ စကားတွေမှာလည်း ပြနေတယ်။ သူက ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားသခင်ရဲ့ အိမ်တော်ကို လှည့်စားဖို့ စီစဉ်နေတာပါ။ ဒီအချိန်မှာ ဂျွိုင်းက ရေလောင်းသင်းထောက်ရဲ့ တာဝန်ကို စဉ်းစားမိတယ်။ “ပြဿနာတစ်ခုကို ရှာတွေ့သည်နှင့်၊ ၎င်းတို့သည် ယင်းကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ချက်ချင်း ကိုင်တွယ်ရမည်။ အဓိကပြဿနာများကို အသင်းတော် ခေါင်းဆောင်များနှင့် မိတ်သဟာယပြုခြင်းအားဖြင့် ဖြေရှင်းရမည်။ မှန်ကန်သော အချက်အလက်များ ဖုံးကွယ်ထားခြင်း မရှိရပေ။” (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀) ရေလောင်းသင်းထောက်အနေနဲ့ သမ္မာတရားစည်းမျဉ်းတွေကို လိုက်နာပြီး ညီအစ်ကိုမောင်နှမတွေကို နှောင့်ယှက်တာ၊ လှည့်စားတာမခံရအောင် ကာကွယ်ရမယ်လို့ ဂျွိုင်းက ခံစားမိတယ်။ အဲဒါနဲ့ ဒီအကြောင်းကို ခေါင်းဆောင်ကိုသူပြောပြလိုက်တယ်။ “အမ်မာက အကောင့်အတုလုပ်မယ်လို့ ပြောတာလား။” “ဒီမှာ ညီမတို့ စကားပြောထားတဲ့ စကရင်ရှော့တွေ။ ညီမ ပြမယ်။” “အသင်းတော်ကို ဒီလိုဆက်ပြီးနှောင့်ယှက်နေတဲ့အတွက် အမ်မာက အထုတ်ခံရမှာ။ ဒါပေမဲ့ သူက ငါ့သူငယ်ချင်းဖြစ်ပြီး ငါ့ကို ဧဝံဂေလိဟောခဲ့တာ။ ဒီလိုဆိုရင်ရော...” “အစ်မ သူ့ကို စုဝေးတဲ့အဖွဲ့မှာ ထားလို့ရနိုင်တယ်လို့ ထင်လား။ ဒါဆိုရင် တခြားအသင်းတော်တွေကို နှောင့်ယှက်ဖို့ သူက အကောင့်အတု လုပ်မှာမဟုတ်တော့ဘူး။” “သူက မကောင်းမှုမလုပ်ရင်၊ အနှောင့်အယှက်မဖြစ်ရင် နေလို့ရတယ်။ ဒါပေမဲ့ အခု သူက သူ့ရဲ့မကောင်းမှုတွေနဲ့ သူ့ကြောင့်ဖြစ်တဲ့ အနှောင့်အယှက်တွေကို နားမလည်ဘူး။ သူက လိမ်ညာ၊ လှည့်စားပြီး တခြားအသင်းတော်ထဲကို ခိုးဝင်နေချင်သေးတယ်။ ဒါက သူနောင်တမရဘူးဆိုတာ ပြတာပဲ။ သူက တကယ်ကို မကောင်းမှုလုပ်သူရဲ့ အနှစ်သာရရှိရင် နောင်တရပြီး ပြောင်းလဲမှာမဟုတ်ဘူး။ မကောင်းမှုလုပ်တာ ရပ်မှာမဟုတ်ဘူး။” ခေါင်းဆောင်ရဲ့ စကားတွေက ဂျွိုင်းကို သတိပေးခဲ့တယ်။ အဲဒီအခါကျမှပဲ သူက အမ်မာကို အသင်းတော်ထဲမှာ ထားချင်တာဟာ စိတ်ခံစားချက်အတိုင်း လုပ်နေတယ်ဆိုတာ သဘောပေါက်သွားတယ်။ အမ်မာက သူ့ကိုယ်သူ လုံးဝ မသိဘူး။ သူက တစ်ချိန်ချိန်မှာ မကောင်းမှုလုပ်ပြီး အသင်းတော်ကို နှောင့်ယှက်နိုင်တယ်။ သူက အမ်မာအတွက် ထပ်ပြီး အသနားခံရင် ဒီလိုစကားတွေမှာ စည်းမျဉ်းရှိမှာမဟုတ်ဘူး။
နောက်ပိုင်းမှာ ခေါင်းဆောင်က စုံစမ်းစစ်ဆေးခဲ့ပြီး အမ်မာက အယူအဆတွေရှိပြီး ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေဘူးဆိုတာကို တွေ့တယ်။ အဲဒီအစား သူက ဘုရားကို တိုက်ခိုက်ဖို့ အကြောင်းအရာတွေကို တမင် အသုံးချတယ်။ အမှန်နဲ့အမှားကို ရှုပ်ထွေးနေတယ်။ အတွေးမှားတွေ ဖြန့်တယ်။ ညီအစ်ကိုမောင်နှမတွေကို ဘုရားအမှုတော်နဲ့ပတ်သက်ပြီး အယူအဆတွေရှိအောင်လုပ်ဖို့လှည့်စားတယ်။ သူက အဖွဲ့ခေါင်းဆောင်တွေရဲ့ အပြုသဘောဆောင်မှုကို အားနည်းအောင်လို့ သူတို့က တာဝန်တွေကို မလုပ်နိုင်ကြဘူးလို့လည်း စုဝေးပွဲတွေမှာ ခဏခဏပြောတယ်။ ဒါကြောင့် သူတို့တွေက အပျက်သဘောဆောင်ပြီး သူတို့တာဝန်တွေရဲ့ ရလဒ်တွေကို ထိခိုက်သွားတယ်။ အမ်မာရဲ့ လုပ်ရပ်တွေက အသင်းတော်မှာ အရမ်းအနှောင့်အယှက်ဖြစ်ပြီး သူက နောင်တမရဘူး။ ဒါကြောင့် သူက တကယ်ကို မကောင်းမှုလုပ်သူတစ်ယောက်ပဲ။ နောက်ဆုံးတော့ အသင်းတော်က လူတွေကို ရှင်းလင်းတဲ့ စည်းမျဉ်းနဲ့အညီ အမ်မာကို ထုတ်လိုက်တာပေါ့။ ဂျွိုင်းကလည်း အမ်မာကို မကာကွယ်ပေးတော့ဘူး။ ဒါပေမဲ့ နောက်ထပ်ဖြစ်လာတဲ့အရာက ဂျွိုင်းကို ဝေဒနာထဲ နှစ်မြုပ်သွားစေခဲ့ပါတယ်။
“ငါတို့စကားပြောတဲ့ စကရင်ရှော့တွေကို ဘာလို့ တခြားလူတွေဆီ ပို့တာလဲ။ ငါ နင့်ကို ဘယ်တော့မှ နောက်ထပ် စကားမပြောတော့ဘူး။ ဂျွိုင်း နင်ဒီလိုလုပ်မယ်လို့ ငါလုံးဝ မထင်ထားဘူး။ နင့်အပေါ် ငါ့ရဲ့ယုံကြည်မှုကို နင်ဖျက်ဆီးလိုက်တယ်။ နင်က အကုန်လုံးကို ဆိုးရွားအောင်လုပ်လိုက်တယ်။” ဂျွိုင်းက သုံးလေးခါလောက် ငိုခဲ့ရတယ်။ အမ်မာနဲ့ သူ့ရဲ့ ဆက်ဆံရေးက အဆုံးသတ်တော့မယ်လို့ သူခံစားရတယ်။ သူ အမ်မာနဲ့အတူရှိခဲ့တဲ့ အချိန်တွေကို သူပြန်သတိရမိတယ်။ သူ့မှာ အခက်အခဲတွေရှိတဲ့အခါ အမ်မာက သူ့ကို စိတ်ကူးပေါ်အောင် ကူညီပေးတယ်။ သူတို့ အတွေးတွေကို အချင်းချင်း ခဏခဏ ဝေမျှကြတယ်။ ဒါပေမဲ့ အခု ဂျွိုင်းက အမ်မာကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ မသိတော့ဘူးပေါ့။ သူက ဘာကိုပဲလုပ်လုပ်၊ သူ့စိတ်နှလုံးကို မငြိမ်သက်စေနိုင်ဘူး။ စုဝေးပွဲတွေမှာ ဧည့်ခံဖို့တောင် အကြာကြီး လုံလုံလောက်လောက် အာရုံမစိုက်နိုင်ခဲ့ဘူး။ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ ဆက်ပြီး အပြစ်တင်နေတယ်။ “ငါက တကယ်ပဲ အကုန်လုံးကို ဆိုးရွားအောင်လုပ်ခဲ့တာလား။ သူ အကောင့်တုလုပ်ပြီး အသင်းတော်ကို နှောင့်ယှက်တာကို တားဆီးဖို့ ပိုကောင်းတဲ့နည်းရှိချင်ရှိမှာပဲ” ဆိုပြီးတော့။ ဂျွိုင်းက သူ့ဆုံးဖြတ်ချက်က မှန်ရဲ့လားဆိုတာ စတွေးမိတယ်။ စိတ်မကောင်းဖြစ်နေတာပေါ့။ သူက သူ့အကောင့်ကို ဖျက်ပြီးတော့တောင် ညီအစ်ကိုမောင်နှမတွေကို ရှောင်ချင်တယ်။ အရာရာကနေ ထွက်ပြေးလွတ်မြောက်ချင်တယ်။ ဒါပေမဲ့ သူ့တာဝန်တွေကို သူ လက်မလွတ်နိုင်ဘူးဆိုတာ၊ ပြဿနာတွေကို သူ မရှောင်သင့်ဘူး၊ ဖြေရှင်းချက်တွေကို တက်တက်ကြွကြွနဲ့ ရှာသင့်တယ်ဆိုတာ သူ့ စိတ်နှလုံးထဲမှာ သူသိနေတယ်။ အဲဒါနဲ့ သူ့အခြေအနေအကြောင်းကို ခေါင်းဆောင်ကို သူပြောပြလိုက်တယ်။ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဂျွိုင်းဆီကို ပို့လိုက်တယ်။ “သင်သည် အပြုသဘောဆောင်သောဘက်မှ ဝင်ရောက်ရမည်၊ တက်ကြွပြီး မလှုပ်မယှက် မနေနှင့်။ မည်သူ့ကြောင့် သို့မဟုတ် မည်သည့်အရာကြောင့်မဆို၊ အခြေအနေများအားလုံး၌ သင်သည် တုန်လှုပ်ခြင်း မရှိရဘဲ၊ တစ်ဦးတစ်ယောက်၏ စကားလုံးများ၏ လွှမ်းမိုးခြင်းကိုလည်း မခံရပေ။ သင်၌ တည်ငြိမ်သော စိတ်သဘောထား ရှိရမည် ဖြစ်ပြီး၊ လူတို့ မည်သည့်အရာ ပြောစေကာမူ၊ သင်သည် သမ္မာတရား ဖြစ်သည်ဟု သင်သိသည့်အရာကို ချက်ချင်း လက်တွေ့ကျင့်သုံးရမည်။ သင်သည် မည်သူနှင့် ရင်ဆိုင်နေရစေကာမူ၊ သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်ကို အမြဲရှိနေရမည်။ သင်သည် ငါ့အတွက် သက်သေခံခြင်း၌ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ ငါ၏ဝန်ထုပ်များအတွက် စာနာထောက်ထားမှုကို ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်များ မရှိဘဲနှင့် အခြားလူတို့အား မစဉ်းမစား သဘောမတူရပေ။ ထို့ထက် သင်သည် ရပ်တည်ရန်နှင့် သမ္မာတရားနှင့် မညီသော ထိုအရာများကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း ယင်းကို ဖော်ထုတ်ရန် သတ္တိမရှိလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခုကို ပြောလိုသော်လည်း ချက်ချင်းထုတ်မပြောရဲသောကြောင့် ဝှေ့ဝိုက်ပြောဆိုပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်သည်။ စာတန်သည် သင်၏ အတွင်းတွင်ရှိနေပြီး သင့်ကို ဆွဲထားကာ သင့်အား ထိရောက်သည့်အရာတစ်ခုမျှ မရှိဘဲ ပြောဆိုခြင်း၊ အဆုံးအထိ ဇွဲလုံ့လမရှိနိုင်ခြင်းတို့ ဖြစ်စေသည်။ သင်၏ စိတ်နှလုံးတွင် ကြောက်ရွံ့မှုကို သယ်ဆောင်ဆဲဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးသည် စာတန်၏ အယူအဆများနှင့် ပြည့်နေဆဲဖြစ်သောကြောင့် မဟုတ်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်ပြီး ညီအစ်ကိုမောင်နှမတွေကို နစ်နာစေတဲ့အရာတစ်ခုကို ရှာတွေ့ရင် စာတန်ဆီကအနှောင့်အယှက်တစ်ခုရှိရင် ထရပ်သင့်ပြီး ဒါကို ဖော်ထုတ်ဖို့၊ ရပ်တန့်ဖို့ အသင်းတော်အလုပ်ကို ခုခံဖို့ သတ္တိရှိသင့်တယ်။ ဒါကသာ သမ္မာတရားကို လက်တွေ့လုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ခုခုကမှားနေတယ်လို့ သိပေမဲ့ ကျွန်မတို့ စိတ်ခံစားချက်တွေက ကန့်သတ်တာကို ခံနေရသေးရင် သူများတွေနဲ့ ဆက်ဆံရေးပျက်မှာကြောက်ရင်၊ သမ္မာတရားစည်းမျဉ်းတွေကို မလိုက်နာနိုင်ရင် ကျွန်မတို့က စာတန်ဘက်မှာရှိနေတာပါ။ ဒါက ဘုရားအလိုတော်ကို ဆန့်ကျင်ပါတယ်။ ညီမက ညီမသူငယ်ချင်းက အတွေးမှားတွေကို ဖြန့်နေတာကို တွေ့တယ်။ သူ့ကို ဖော်ထုတ်ပြီး တားဆီးတယ်။ ညီအစ်ကိုမောင်နှမတွေကို မထိခိုက်အောင် ကာကွယ်ပေးတယ်။ ညီမက မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ဖို့၊ ဝမ်းနည်းဖို့ မလိုပါဘူး။” “ညီမ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းသေးပြီး ပိုင်းခြားသိမြင်မှုနည်းတယ်။ ညီမက စည်းမျဉ်းတွေနဲ့အညီ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အမ်မာက ညီမကို မကျေမနပ်ပြောပြီး စွပ်စွဲတော့ ညီမက ထိသွားပြီး ညီမမှားနေတယ်လို့ သံသယဝင်မိတယ်။ အခု ညီမရဲ့ ရွေးချယ်မှုနဲ့ ကျင့်သုံးမှုက မှန်တယ်ဆိုတာ သိပါတယ်။ အသင်းတော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေပါဝင်တဲ့ ကိစ္စတွေမှာ ညီမ စည်းမျဉ်းရှိပြီး ခိုင်ခိုင်မာမာရပ်တည်ရမယ်။ အမှန်အမှားကို ပိုင်းခြားသိမြင်ပြီး စိတ်ခံစားချက်တွေက ကန့်သတ်တာကို မခံရဖို့ သင်ယူရမယ်။”
ဘုရားအလိုတော်ကို နားလည်ပြီးတဲ့နောက်မှာ ဂျွိုင်းက သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထားပြီး သူ့တာဝန်အပေါ် အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းကိစ္စတွေက အဲဒီမှာ မပြီးသွားဘူး။ အမ်မာက ရုတ်တရက် ဂျွိုင်းဆီကို နောက်ထပ် စာပို့တယ်။ “အဖွဲ့ကနေ ငါ အထုတ်ခံလိုက်ရတယ်။ နင်အခု ပျော်ပြီလား။ ဒါတွေအားလုံး နင့်ကြောင့်ပဲ” ဆိုပြီး ပြောတယ်။ အဲဒီစကားတွေမှာ ပြောင်းပြန်ပြောတာ၊ ထေ့ငေါ့ပြောတာတွေပါတယ်။ ဂျွိုင်းက အချိန်နည်းနည်းကြာတဲ့အထိ အမ်မာကို ဘယ်လိုပြန်ပြောရမယ်ဆိုတာ မသိခဲ့ဘူး။ အဲဒီအချိန်မှာ သူတို့ခင်မင်မှုက ပြီးသွားပြီဆိုတာ သူသိလိုက်ပြီး အရမ်းဝမ်းနည်းမိတယ်။ ဂျွိုင်းက စဉ်းစားတယ်။ “ငါတို့ ဆက်ဆံရေးက အရမ်းကောင်းခဲ့တယ်။ ငါ့ကို ဧဝံဂေလိဟောခဲ့တာ သူပဲ။ ဒါပေမဲ့ အခု သူ့ပြဿနာကို ငါ ခေါင်းဆောင်ဆီ တိုင်လိုက်တယ်။ ငါ သူ့ကို သစ္စာမဖောက်ခဲ့ဘူးလား။ သူက ငါ့ကို ဘယ်လိုထင်မလဲ။ ငါ ဘာလုပ်သင့်လဲ။ ငါ သူ့ကို တောင်းပန်သင့်လား။ ငါ့အပေါ် သူ့ရဲ့ ယုံကြည်မှုကို ငါ ချိုးဖျက်ခဲ့တယ်။ ငါတို့ ခင်မင်မှုကို ငါ ချစ်မြတ်နိုးဖို့ ပျက်ကွက်ခဲ့တာလား။ ငါ တကယ်ပဲသင့်တော်တဲ့အရာကို လုပ်ခဲ့တာလား” ဆိုပြီးတော့ပေါ့။ ဂျွိုင်းက စိတ်ရှုပ်ထွေးရင်း၊ နာကျင်နေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “ငါ့ကို အကြွင်းမဲ့ မနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို လှည့်ဖြားခြင်းနှင့် ငါ့ကို လှည့်စားရန် မုသားများကို သုံးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ အယူအဆများစွာကို သိုထားခြင်းနှင့် ထိုအယူအဆများကို နေရာအနှံ့တွင် ဖြန့်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ၏ သက်သေခံချက်များနှင့် အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပြုံးပြခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ဤအရာများအားလုံးသည် သင်တို့ အမြဲလုပ်နိုင်စွမ်းရှိခဲ့သည့် သစ္စာဖောက်ခြင်း လုပ်ရပ်များဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကြားတွင် မဆန်းတော့ပေ။ သင်တို့ထဲမှ မည်သူမျှက ဤအရာကို ပြဿနာတစ်ခုအဖြစ် ထင်ကြမည် မဟုတ်နိုင်သော်လည်း၊ ငါ တွေးထင်သည်မှာ ဤသို့မဟုတ်ပေ။ ငါသည် ငါ့အပေါ် လူတစ်ဦး၏ သစ္စာဖောက်ခြင်းအား အရေးမကြီးသော ကိစ္စတစ်ခုအဖြစ် သဘောမထားနိုင်သကဲ့သို့၊ ထိုအရာကို ဧကန်မုချ ငါ လျစ်လျူမရှုနိုင်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဂျွိုင်းက ဉာဏ်အလင်းပွင့်သွားတယ်။ သူ စဉ်းစားတယ်။ “ဟုတ်တယ်။ ငါက ငါ့သူငယ်ချင်းကို သစ္စာဖောက်ခဲ့သလားဆိုတာ အမြဲတမ်း စဉ်းစားတယ်။ ငါ့ထင်မြင်ချက်နဲ့ အပြုအမူတွေက သမ္မာတရားနဲ့ညီသလား၊ ဘုရားကို သစ္စာဖောက်သလားဆိုတာကို ဘာလို့ ငါမစဉ်းစားတာလဲ။ ငါ့သူငယ်ချင်းရဲ့ ခံစားချက်တွေကိုပဲ စိတ်ပူပြီး ဘုရားသခင်ရဲ့ သဘောထားကို လျစ်လျူမရှုသင့်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ‘ငါ၏ သက်သေခံချက်များနှင့် အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။’” ဂျွိုင်းက စဉ်းစားတယ်။ “အမ်မာက ဘုရားအမှုတော်နဲ့ပတ်သက်တဲ့ အယူအဆတွေ ဖြန့်တယ်။ ညီအစ်ကိုမောင်နှမတွေကို လှည့်စားတယ်။ အသင်းတော်အသက်တာကို နှောင့်ယှက်တယ်။ သူများတွေကို လှည့်စားဖို့ အကောင့်တုတစ်ခုလည်း လုပ်ချင်တယ်။ ဒါတွေအားလုံးက စာတန်ရဲ့ လုပ်ရပ်တွေပဲ။ ဒါတွေက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဖြိုလဲကြတယ်။ ငါက အမ်မာဘက်ကနေဖို့ ရွေးပြီး သမ္မာတရားကို လက်တွေ့မလုပ်ရင် စာတန်ဘက်ကနေ ရပ်တည်တာဖြစ်ပြီး ဘုရားကို သစ္စာဖောက်တာဖြစ်မှာပဲ” ပေါ့။ ဂျွိုင်းက ဘုရားနှုတ်ကပတ်တော်တွေကိုလည်း တွေးမိတယ်။ “မည်သည့်အရာဖြစ်ပါစေ ငါ့ကို သစ္စာစောင့်သိပြီး၊ ရဲရင့်စွာ ရှေ့သို့တက်လှမ်းလော့။ ငါသည် သင်၏ခွန်အား ကျောက်ဆောင်ဖြစ်၏၊ ထို့ကြောင့် ငါ့အပေါ် အမှီပြုလော့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဂျွိုင်းက သူဘုရားကို ရိုးရိုးသားသား ဆုတောင်းပြီး ဘုရားကို ယုံကြည်သင့်တယ်လို့ ခံစားမိတယ်။ ဘုရားသခင်က သူ အမှန်နဲ့အမှားကို သိဖို့၊ လူတွေကြားမှာ ပိုင်းခြားသိမြင်ဖို့ ဒီကိစ္စမှာ သူ့ရဲ့ စည်းမျဉ်းတွေနဲ့ ရာထူးကို မဆုံးရှုံးရအောင် တားဆီးပေးဖို့ သူ့ကို လမ်းပြမယ်လို့ သူ ယုံကြည်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဂျွိုင်းက တွေးမိတယ်။ “အမ်မာက မှားနေတာတစ်ခုကို လုပ်နေတာကို ငါ တွေ့တဲ့အခါ ခေါင်းဆောင်ကို ငါ တင်ပြခဲ့တယ်။ ဒါက ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်ဖို့ဆိုတာ သိသာပါတယ်။ ငါက ဘာလို့ အမ်မာအတွက် အမြဲတမ်း ဝမ်နည်းနေရတာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်က သူ့မေးခွန်းအတွက် အဖြေတစ်ခုပေးထားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။...လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏”) “သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း”) ဂျွိုင်းက သူဟာ သူများတွေနဲ့ သူ့ရဲ့ ဆက်ဆံရေးကို အရမ်းဂရုစိုက်လွန်းပြီး ထိန်းသိမ်းဖို့ အရမ်းကြိုးစားလွန်းတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ နားလည်ခဲ့တယ်။ ဘုရားနဲ့ သူ့ရဲ့ သာမန်ဆက်ဆံရေးကို သူ လျစ်လျူရှုခဲ့ပြီး ဇာတိကပတိ စိတ်ခံစားချက်တွေနဲ့ အသက်ရှင်ခဲ့တယ်။ အမှန်ကတော့ သူများတွေနဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းတာဟာ ကိုယ့်အကျိုးစီးပွား၊ ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ သက်သက်ပဲ။ ဒါက ဇာတိပကတိရဲ့ လိုအပ်ချက်တွေကနေ လာတယ်။ စိတ်ခံစားချက်တွေ၊ တစ်ကိုယ်ရေ ရည်ရွယ်ချက်တွေနဲ့လည်း စွန်းထင်းနေပြီး သမ္မာတရားစည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး။ ဂျွိုင်းက ဒီအမ်မာရဲ့ ကိစ္စမှာ စိတ်ခံစားချက်တွေက ကန့်သတ်တာကိုခံရလို့ သူ ယိမ်းယိုင်သွားခဲ့ပြီး ရပ်တည်ချက်မရှိဘူး၊ ဒါကြောင့်မို့ သင့်တော်တဲ့အရာကို မလုပ်မိခဲ့ဘူးဆိုတာကိုလည်း သဘောပေါက်သွားတယ်။ သူ့ရဲ့ ခင်မင်မှု၊ သူ့ရဲ့ ပုံရိပ်နဲ့ လူတွေရဲ့ စိတ်နှလုံးထဲက နေရာကို ထိန်းသိမ်းဖို့ကိုလည်း စဉ်းစားခဲ့တယ်။ ရလဒ်အနေနဲ့ သူက စိတ်ခံစားချက်ထဲမှာ ပိတ်မိနေခဲ့တယ်။ ဒါကြောင့် လူတွေကို စည်းမျဉ်းနဲ့အညီ မဆက်ဆံနိုင်ခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထည့်မစဉ်းစားနိုင်ခဲ့ဘူး။ သူ့တာဝန်ကိုတောင် စွန့်လွှတ်ချင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကိုရှောင်ပြီး ဘုရားကို သစ္စာဖောက်ချင်ခဲ့တယ်။ အဲဒီအခါကျမှပဲ ဂျွိုင်းက စိတ်ခံစားချက်တွေဟာ တစ်ကိုယ်ကောင်းဆန်တယ်၊ စာတန်က လူတွေကို ထိန်းချုပ်ဖို့ စိတ်ခံစားချက်တွေကို အသုံးပြုတယ်၊ ဒါကြောင့် လူတွေက သမ္မာတရားနဲ့ ဘုရားကို သစ္စာဖောက်ကြတယ်ဆိုတာ မြင်သွားခဲ့တယ်။ တကယ်တမ်းမှာ အမ်မာက သူ့ကို ဧဝံဂေလိဟောပြီး စုဝေးပွဲကို သူ့ကိုဖိတ်တဲ့အခါမှာ အဲဒါတွေက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရှိတဲ့ အစီအစဉ်တွေပဲဆိုတာကိုလည်း ဂျွိုင်းက သဘောပေါက်ခဲ့ပါတယ်။ ဘုရားသခင်က ဂျွိုင်းကို သူ့ရှေ့ကို ခေါ်ဆောင်ဖို့ အမ်မာကို အသုံးပြုခဲ့တယ်။ သူက အမ်မာကို မဟုတ်ဘဲ ဘုရားသခင်ကို ကျေးဇူးတင်သင့်ပါတယ်။ ဒါတွေကို သူနားလည်သွားတာနဲ့ ဂျွိုင်းက စိတ်သက်သာပြီး စိတ်ဆင်းရဲတာ တော်တော်လျော့သွားတယ်။
နောက်ပိုင်းတော့ စုဝေးပွဲတစ်ခုမှာ ဂျွိုင်းနဲ့ အစ်မတချို့က ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတစ်ခုကို ကြည့်ကြတယ်။ ဒီဗီဒီယိုကြောင့် အမ်မာရဲ့ သဘာဝကို သူ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်”) ဒီအပိုဒ်က ဘုရားရဲ့ သတိပေးချက်ပဲ။ ကျွန်မ နားလည်သွားပြီ။ သမ္မာတရားကို လက်တွေ့မလုပ်တဲ့၊ ကောလာဟလတွေဖြန့်တဲ့၊ သဘောထားကွဲလွဲအောင် သွေးထိုးတဲ့သူတွေက ဘုရားကို ပုန်ကန်ပြီး အာခံတဲ့လူတွေပဲ။ ဒီလိုလူတွေက ဘုရားသခင် ရွေးချယ်ထားသူတွေမဟုတ်ဘူး။ စာတန်ရဲ့ အစေခံတွေ၊ မကောင်းမှုလုပ်သူတွေပဲ။ သူတို့လုပ်သမျှတိုင်းက ဘုရားကို ရန်လိုတယ်။ အသင်းတော်ရဲ့ စည်းကမ်းတွေအရ ဒီလိုလူတွေကို ထုတ်ပယ်ရမယ်။ ကျေးဇူးတော်ပဲ။ အခု ကျွန်မ စိတ်နှလုံးက လင်းလက်ပြီး ကျွန်မမှာ ပိုင်းခြားသိမြင်မှုရှိတယ်။ အမ်မာရဲ့ လုပ်ဆောင်ချက်ကို အခြေခံကြည့်ရင် သူက မကောင်းမှုလုပ်သူဆိုတာ ကျွန်မ သေချာတယ်။ “အခြားသူများအား ၎င်းတို့၏ ဇာတိပကတိအရင်းခံအတိုင်း ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ” က ပြောတာကို ဂျွိုင်း သတိရမိတယ်။ “တစ်စုံတစ်ဉီးသည် ဆိုးယုတ်သူ၊ နတ်ဆိုး၊ အန္တိခရစ် သို့မဟုတ် မယုံကြည်သူဖြစ်သည်ဟု အမှန်တကယ် အတည်ပြုလျှင် ထိုသူကို အသင်းတော်က ပြဋ္ဌာန်းထားသည့်အတိုင်း နုတ်ပယ်ရမည်၊ သို့မဟုတ် ထုတ်ပစ်ရမည် ဖြစ်သည်။ မှားယွင်းသောအမြင်များကို မကြာခဏ ထုတ်ဖော်ပြီး ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို မကြာခဏ ထားရှိကာ ကိုယ်တော်၏ထိုးနှက်မှုကို ခုခံကာကွယ်သော လှည့်ဖြားသူများကို မယုံကြည်သူများအဖြစ် သတ်မှတ်ထားသည်။ ထိုသူတို့ကို နုတ်ပယ်ရမည်၊ သို့မဟုတ် ထုတ်ပစ်ရမည် ဖြစ်သည်။” (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀) စည်းမျဉ်းတွေအရ မကောင်းမှုလုပ်သူတွေက အသင်းတော်မှာ အနှောင့်အယှက်တွေလုပ်တာကို တားဆီးဖို့အတွက် သူတို့တွေကို အသင်းတော်ကနေ ထုတ်ပစ်ရမယ်။ ဒီလိုဆိုရင် သူများတွေက စုဝေးတဲ့အခါ၊ တာဝန်ထမ်းဆောင်တဲ့အခါ အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူး။ ဘုရားသခင်ရွေးချယ်ထားသူတွေက သမ္မာတရားကို နားလည်နိုင်ဖို့၊ လူတွေကို ရိပ်စားမိဖို့ သင်ယူနိုင်ဖို့၊ လူတွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ဆက်ဆံနိုင်ဖို့အတွက် ဘုရားသခင်က မကောင်းမှုလုပ်သူတွေကို အသင်းတော်ကို နှောင့်ယှက်ခွင့်ပြုတာဆိုတာကိုလည်း ဂျွိုင်း နားလည်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါက ကျွန်မတို့ရဲ့ တကယ့်ဝိညာဉ်ရင့်ကျက်မှုကို သိမြင်စေတယ်။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ သင်ယူစေပါတယ်။ ဒါကို သဘောပေါက်ပြီးတဲ့နောက်မှာ ဂျွိုင်းက ဘုရားကို ကျေးဇူးတင်တယ်။ ဘုရားသခင်ရဲ့ ကွယ်ကာမှုနဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုမပါဘဲ သူက စိတ်ခံစားချက်တွေရဲ့ ကန့်သတ်တာကို ခံနေရဦးမယ်၊ မကောင်းမှုလုပ်သူဘက်ကနေ ပြောဆိုပြီး အမ်မာရဲ့ လှည့်စားခြင်းကို ခံနေရဦးမှာပဲ။ ဒါ တကယ်ကို အန္တရာယ်ရှိတဲ့ကိစ္စပါ။ ဒါကို ဂျွိုင်းက သတိထားမိသွားတာနဲ့ ဒီကိစ္စကြောင့် စိတ်ဒုက္ခမဖြစ်တော့ဘူး။ အရမ်းကို စိတ်သက်သာသွားတယ်။
အဲဒီနောက်မှာ အမ်မာက ဂျွိုင်းကို သုံးလေးခါ ဆက်သွယ်တယ်။ ဒါပေမဲ့ ဂျွိုင်းက သူလွှမ်းမိုးတာ၊ နှောင့်ယှက်တာကို မခံတော့ဘူး။ ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ ဂျွိုင်းက ဘုရားကို အရမ်းကျေးဇူးတင်ခဲ့ပါတယ်။ သူ့ကို သမ္မာတရားတချို့ကို နားလည်ဖို့၊ ပိုင်းခြားသိမြင်မှုတချို့ရဖို့ဦးဆောင်ခဲ့ပြီး စိတ်ခံစားချက်ရဲ့ ကန့်သတ်မှုတွေကနေ လွတ်ပေးခဲ့တာက ဘုရားသခင်ပါပဲ။ သမ္မာတရားဟာ လူတွေအတွက် အရေးကြီးလွန်းတာကိုလည်း သူမြင်ခဲ့တယ်။ သမ္မာတရားကို အခြေခံပြီး လူတွေနဲ့ အကြောင်းအရာတွေကို ကြည့်မှသာ ကျွန်မတို့က စည်းမျဉ်းရှိနိုင်ပြီး စာတန်က လှည့်စားတာ၊ အသုံးပြုတာကို မခံရနိုင်တာပါ။ ဘုရားသခင် ကျေးဇူးပါပဲ။