၅၁။ သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ

လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့ ကျွန်မ ခံစားခဲ့တယ်။ အဲဒါက တကယ်အရေးကြီးတဲ့ တာဝန်မှန်းလည်း သိခဲ့တယ်၊ ဒါကြောင့် လူသစ်တွေကို ကောင်းကောင်း ရေလောင်းနိုင်ဖို့၊ သူတို့ကို မှန်တဲ့ လမ်းခရီးပေါ် မြန်မြန် ခြေချအောင် ကူညီပေးနိုင်ဖို့၊ သမ္မာတရားထဲကို ပိုအားစိုက်ချင်ခဲ့တယ်။ အချိန်ရတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်ဖို့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့ပြီး၊ စုဝေးပွဲတွေမှာ၊ ယုံကြည်သူသစ်တွေရဲ့ မေးခွန်းတွေနဲ့ ပြဿနာတွေကို လေးလေးနက်နက် တွေးဆပြီး မိတ်သဟာယနဲ့ အဖြေတစ်ခုအတွက် ဘုရားနှုတ်ကပတ်တော်တွေကို ရှာကြည့်ခဲ့တယ်။ တစ်ခုခုကို နားမလည်၊ မဖြေရှင်းနိုင်တဲ့အခါ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ ရှာဖွေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ၊ တခြားသူတွေက သူတို့ ပြဿနာတွေနဲ့ပတ်သက်ပြီး မိတ်သဟာယအတွက် ကျွန်မကို စရှာခဲ့ကြတယ်။ ကျွန်မ တွေးမိခဲ့တာက ကျွန်မက ရေလောင်းတာကို စိမ်းနေပေမယ့် လူတိုင်းက ကျွန်မကို အထင်ကြီးနှင့်ကြပြီလို့ပေါ့။ ကျွန်မ တကယ်ပျော်ပြီး တာဝန်အတွက် ပိုပြီးတောင် စိတ်ဓာတ်တက်ကြွခဲ့တယ်။

နောက်ပိုင်းမှာ၊ ခေါင်းဆောင်က ကျွန်မနဲ့အတူ အလုပ်လုပ်ဖို့ အစ်မချင်ကို တာဝန်ပေးခဲ့တယ်။ နည်းနည်းကြာတဲ့နောက် သူ့တာဝန်မှာ တာဝန်တွေအများကြီး ယူထားတာကို ကျွန်မတို့အလုပ်ထဲမှာ ပြဿနာတွေကို ဖော်ထုတ်တဲ့နေရာမှာ တော်တာကို သိလိုက်ရတယ်။ စုဝေးပွဲတွေမှာ သူ့ရဲ့ မိတ်သဟာယက တကယ်ကို ရှင်းလင်းပြီး စနစ်ကျသလို၊ ပြဿနာတချို့ကိုလည်း ဖြေရှင်းနိုင်ခဲ့တယ်။ လူတိုင်းက သူ့ကို တကယ်နှစ်သက်ကြပြီး၊ ပြဿနာတွေ ရှိတဲ့အခါ သူ့ကို မိတ်သဟာယအတွက် ရှာခဲ့ကြတယ်။ ဒီအရာအားလုံကို မြင်တော့ ကျွန်မ စိုးရိမ်မိတယ်- “အစ်မ ချင်က တော်တော်လေး စခါစဖြစ်ပေမယ့် တခြားသူတွေက သူ့ကို အရမ်း အထင်ကြီးနှင့်နေကြပြီ။ အကူညီလိုတဲ့အခါ၊ သူတို့က သူ့ကိုပဲ စရှာပြီး ငါ့ကို မရှာဘဲနေကြမှာလား။ ငါက သူ့ကို မမီဘူးလို့ သူတို့ ထင်ကြမှာလား။ ဟင့်အင်း၊ ငါ့အနေနဲ့ နောက်လိုက်နေရာက နေတာ မဟုတ်မှန်း၊ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိသေးမှန်းကို လူတိုင်း မြင်အောင် ငါ အလုပ်ပိုကြိုးစားရမယ်။ အဲဒါက လူတိုင်းရဲ့ စိတ်ထဲမှာ ငါ့နေရာကို ထိန်းသိမ်းဖို့ တစ်ခုတည်းသော နည်းလမ်းပဲလို့ပေါ့။” ကျွန်မ အပြင်ထွက်ပြီး ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို စမေးခဲ့ပြီး၊ စုဝေးပွဲမခင်တိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ရှာတွေ့အောင် အလုပ်လုပ်ပြီး အဲဒါတွေကို မှတ်သားတယ်။ စုဝေးပွဲတွေ အတောအတွင်းမှာ၊ လူတိုင်းက ကျွန်မ ပိုအစွမ်းအစရှိတယ်လို့ ထင်အောင် အစ်မ ချင်ထက် ဘယ်လို ကောင်းအောင် မိတ်သဟာယပေးရမယ်ဆိုတာကို အာရုံရောက်နေခဲ့တယ်။ ကျွန်မ အံ့ဩသွားရတာက၊ တစ်နေ့မှာ အစ်မချင်က အဖွဲ့ခေါင်းဆောင်နေနဲ့ အစေခံသွားမှာဖြစ်တယ်လို့ ခေါင်းဆောင်က ပြောခဲ့တာပါပဲ။ ကျွန်မ ကြက်သေသေသွားခဲ့တယ်။ “ငါ နားကြားမှားတာလား။ အစ်မ ချင်က အဖွဲ့ခေါင်းဆောင် ဖြစ်တော့မယ်ပေါ့။ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ ငါက သူ့ထက် ဒီတာဝန်ယူထားတာ ပိုကြာတယ်လေ။ တခြားလူတွေ သိသွားတဲ့အခါ ဘယ်လို ထင်ကြမလဲ။ သူက ငါ့ထက် ပိုတော်တယ်လို့ ထင်ကြမလား။ ငါ့ မျက်နှာကို ဘယ်လို ပြန်ပြရမလဲ” လို့ ကျွန်မ တွေးမိခဲ့တယ်။ အဲဒါကို တွေးလေလေ၊ မတရားခံရတယ်လို့ ခံစားရလေလေဖြစ်ပြီး၊ အဲဒီ အမှန်တရားကို လက်ကို မခံနိုင်ခဲ့ပါဘူး။ ကျွန်မက တကယ် မှောင်မိုက်ပြီး၊ စိတ်မချမ်းမြေ့စရာ နေရာမှာ ရှိခဲ့တာပါ။ အဲဒီလို မတွေးသင့်မှန်း၊ အဲဒါက နာမည်နဲ့ အဆင့်အတန်းအတွက် အသက်ရှင်တာ ဖြစ်မှန်း ကျွန်မ သိခဲ့ပေမယ့်၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး။ ဒါက လုံးဝ အဆင်ပြေပါတယ်၊ ပြီးတော့ ငါ လုပ်ဖို့ လိုအပ်သမျှက သိပ်အများကြီး မစိုးရိမ်ဘဲ၊ ငါ့အလုပ်ကို ကောင်းကောင်းလုပ်ဖို့ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက၊ သမ္မာတရားကို တကယ် မရှာခဲ့သလို၊ ဒီရှုထောင့်မှာ ကိုယ့်ကိုယ်ကိုယ်အပေါ် မသုံးသပ်မိခဲ့ဘူး။

ဒါနဲ့ တစ်နေ့မှာ၊ အစ်မကျန်းရဲ့ မိသားစုက စီစီပီ ကောလာဟလနဲ့ အလိမ်အညာတွေရဲ့ သိမ်းသွင်းတာ ခံလိုက်ရပြီမှန်း သိလိုက်ရတယ်။ ပြီးတော့ သူတို့က သူ့ကို ယုံကြည်ရာကနေ တားဆီးဖို့ ကြိုးစားနေခဲ့ကြတယ်။ သူက နောက်ဆုတ်ပြီး စုဝေးပွဲတွေကို မတက်တော့ဘူး။ သူနဲ့ မိတ်သဟာယပြုဖို့ မျှော်လင့်ချက်နဲ့ သူ့ကို ကျွန်မ ဆက်သွယ်ခဲ့ပေမယ့်၊ သူက အစ်မချင်နဲ့ ဆက်သွယ်ပြီးတဲ့အကြောင်း၊ သူတို့က ရှာဖွေပြီး မိတ်သဟာယပြုနှင့်ပြီးတဲ့အကြောင်း ပြောခဲ့တယ်။ ဒါကို ကြားရတာ ကျွန်မအတွက် စိတ်ပျက်စရာလိုမျိုး ဖြစ်ခဲ့တယ်။ အစ်မကျန်းက သူ့ပြဿနာတွေနဲ့ ကျွန်မဆီ အ‌မြဲ လာနေကျလေ၊ ဒါပေမဲ့ ခုတော့၊ သူက အဲဒီအစား အစ်မချင်ဆီ တည့်တည့်ပြေးသွားခဲ့တယ်။ ကျွန်မ မတော်ဘူးလို့ သူ ထင်ခဲ့တာများလား။ လူတိုင်းက ကျွန်မနဲ့ပတ်သက်တာ အားလုံး မေ့လိုက်ကြတော့မှာလား။ ဒီအတွေးက ကျွန်မကို တကယ် စိတ်ဓာတ်ကျစေခဲ့တယ်။ ကျွန်မရဲ့ ထင်ပေါ်မှုကို ခိုးတာ အစ်မချင်ပဲလို့ ကျွန်မ တွေးခဲ့ပြီး သူ့မပေါ် ကျွန်မ မလိုမုန်းထားစိတ် ဖြစ်လာခဲ့တယ်။ သူ့စာတိုတွေကို ပြန်ဖြေဖို့ သိပ်အဆင်သင့် မဖြစ်တော့သလို၊ တစ်ခါတစ်ရံ “ဟုတ်တာပေါ့” ဆိုတဲ့ မြန်ဆန်တဲ့ အဖြေကိုပဲ ပြန်ပေးခဲ့တယ်။ ပြီးတော့ ညီအစ်ကို မောင်နှမတချို့နဲ့ အွန်လိုင်း စုဝေးပွဲမှာ တစ်ကြိမ် ကျွန်မတို့ တွေ့ခဲ့ကြတယ်။ အစ်မချင်က ညီအစ်မတစ်ယောက်ရဲ့ မေးခွန်းကို ဖြေတဲ့အနေနဲ့ မိတ်သဟာယပြုပေးခဲ့တယ်။ အဲဒါကို တစ်ခုမှ ကျွန်မ မခံယူနိုင်ခဲ့ဘူး၊ သူ့ရဲ့ မိတ်သဟာယက အများအာရုံစိုက်တာကို ခိုးသွားမှာပဲ စိုးရိမ်မိနေခဲ့တယ်။ တခြားလူတွေက ကျွန်မလည်း ကျွန်မတာဝန်ကို အလေးအနက်ထားသလို ပြဿနာတွေကို ဖော်ထုတ်နိုင်မှန်း မြင်အောင်လို့ မိတ်သဟာယမျှဝေဖို့ အခွင့်အရေးတစ်ခုကိုပဲ ကျွန်မ လိုချင်ခဲ့တယ်။ အစ်မချင်ပြီးသွားတော့၊ မေးခွန်းထုတ်ခဲ့တဲ့ ညီအစ်မက အစ်မချင်တဲ့ မိတ်သဟာယက လက်တွေ့ကျတဲ့ ပြဿနာကို မဖြေရှင်းခဲ့ဘူးလို့ ပြောခဲ့တယ်။ သူ အခက်အခဲတွေ့နေတာကို မြင်တော့ ကျွန်မ အရမ်းဝမ်းသားသွားခဲ့တယ်။ ကျွန်မက၊ “တကယ့် ပြဿနာကို မဖြေရှင်းဘဲ နင် စကားတွေအများကြီး ပြောခဲ့တယ်။ အဲဒါက မထိရောက်ဘူး။ အခု နင်က ပြောစရာ ဖြစ်သွားပြီ။ တခြားလူတွေ ချက်ချင်း ပြောနိုင်တယ်။ လူတိုင်းက နင့်ထက် ငါ့မိတ်သဟာယက ပိုကောင်းတာကို မြင်အောင် ကောင်းကောင်းပြဖို့ ဒီအခွင့်အရေးကို ငါ မလွတ်တမ်း ယူဖို့ လိုတယ်”လို့ တွေးနေမိခဲ့တယ်။ မိတ်သဟာယကို ကျွန်မ ချက်ချင်း စဝေမျှခဲ့တယ်။ ကျွန်မ ပြီးသွားတော့၊ ကျွန်မအနေနဲ့ ဒီညီအစ်မရဲ့ မေးခွန်းကို လုံး‌ဝနားမလည်သလို၊ ကျွန်မရဲ့ အဖြေက လိုရင်းနဲ့ အတော်ဝေးနေခဲ့မှန်း သိသာလာခဲ့တယ်။ သတိပေးချက်တစ်ခုကိုတောင် ပို့ပေးခဲ့တယ်။ အဲဒီတုန်းက အရူးတစ်ယောက်လို ခံစားခဲ့ရပြီး၊ အပေါက်တစ်ခုထဲသာ ဝင်ပုန်းနေလိုက်ချင်တယ်။ အဲဒီနောက်မှာပဲ တစ်ခုခု အရေးပေါ်ဖြစ်လာလို့ ဖုန်းခေါ်တာကနေ ကျွန်မ ထွက်လိုက်တယ်။ အဲဒီနောက်၊ သူတို့ အွန်လိုင်း စုဝေးပွဲမှာ ရှိနေခဲ့ကြတုန်းပဲဆိုတာကို ကျွန်မ သိခဲ့ရပြီး၊ မလိုမုန်းထားတဲ့ အတွေး စိတ်ထဲ ပေါ်လာခဲ့တယ်- “နင်တို့ ဒီလို ဆက်ပြောနေရင်၊ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူသိမှာလဲ။ စုဝေးပွဲမှာ ငါ မရှိနိုင်ရင်၊ ဘယ်သူမှ ရှိလို့မရဘူး၊ မဟုတ်ရင် မင်းတို့ပဲ လုပ်ပြနေတာ ဖြစ်မယ်” လို့ ပေါ့။ ဒါကြောင့် တကယ်ကို ဘာမှမတွေးဘဲ၊ ဒီစာတိုကို ကျွန်မ ပို့လိုက်တယ်- “စုဝေးပွဲ အချိန်ကုန်သွားပြီ၊ ကိစ္စတွေကို အချိန်ဆွဲနေဖို့ မလိုဘူး။ ဘယ်ပြဿနာကိုမဆို နောက်မှ ဆွေးနွေးလို့ရတယ်” လို့ပေါ့။ မိနစ်အနည်းငယ်အတွင်းမှာ သူတို့အားလုံး လိုင်းပိတ်လိုက်ကြတယ်။ ကျွန်မ တကယ်ကို နေမထိထိုင်မထိ ခံစားရပြီး ကွန်ပြူတာရှေ့မှာ ထိုင်နေခဲ့တယ်။ ကျွန်မ ဝေမျှခဲ့တဲ့ မိတ်သဟာယနဲ့ပတ်သက်လို့ အရမ်းရှက်နေမိပြီး၊ အစ်မချင်ရဲ့ အရာမရောက်မှုကို ကျွန်မ အကြိုက်တွေ့ခဲ့ပုံကို ပြန်တွေးတော့ အားနာမိတယ်။ ကျွန်မ ဘာလုပ်နေတာလဲ။ တာဝန်ကို ကောင်းကောင်း လုပ်ဖို့ သူနဲ့ အလုပ်အတူလုပ်ဖို့ ကျွန်မ မကြိုးစားဘဲ သူ့ကို နှိမ်ဖို့ ကြိုးစားရင်းနဲ့ ပွင့်ပွင့်လင်းလင်းရော တိတ်တဆိတ်ပါ မနာလိုတဲ့ ပြဿနာထဲမှာ ကျွန်မ ရှိနေခဲ့တယ်။ အဲဒါက ကျွန်မတာဝန်ကို လုပ်ဆောင်တာရော ဟုတ်ရဲ့လား။ ကျွန်မရဲ့ ခံစားချက်တွေကို ငြိမ်အောင် မထိန်းနိုင်ခဲ့ဘူး။

အဲဒီနောက် ကျွန်မနဲ့ပတ်သက်လို့ ဘာများမှားတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။ အရာရာမှာ အစ်မချင်နဲ့ ကိုယ့်ကိုယ်ကိုယ် စဉ်ဆက်မပြတ် နှိုင်းယှဉ်နေတာက အသက်ရှင်ဖို့ ခြေကုန်လက်ပန်းကျ၊ စိတ်မချမ်းမြေ့စရာ နည်းလမ်းပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေကနေ ဘာအသိဉာဏ်ပွင့်လင်းမှုကိုမှ ကျွန်မ မရခဲ့ဘူး၊ ဆုတောင်းရာမှာ ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခဲ့တယ်၊ စုဝေးပွဲတွေက ခြောက်ကပ်၊ငြီးငွေ့စရာကောင်းပြီး အလင်းပြမှု မရှိဘူး။ ကျွန်မရဲ့ စိတ်နှလုံးက အမှောင်နဲ့ပြည့်နေခဲ့တယ်။ နာကျင်မှုနဲ့၊ ဘုရားရှေ့ကို ဆုတောင်းဖို့ ကျွန်မ လာခဲ့တယ်- “ဘုရားသခင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ်နဲ့ သူများတွေကို ယှဉ်ပြိုင်ရင်း၊ နှိုင်းယှဉ်ရင်း၊ သူတို့ရဲ့ လေးစားမှုကို လိုချင်ရင်းနဲ့၊ နာမည်နဲ့အဆင့်အတန်းအတွက် အသက်ရှင်နေမိခဲ့ပါတယ်။ ဒါမှန်တဲ့ အခြေအနေမဟုတ်မှန်း သိပေမယ့် ကျွန်မ မလွတ်မြောက်နိုင်ပါဘူး။ ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် သိဖို့ ကျွန်မကို လမ်းပြတော်မူပါ” လို့ပေါ့။

တစ်ရက်၊ စုဝေးပွဲတစ်ခုမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို တွေ့ခဲ့တယ်- “အန္တိခရစ်အမျိုးအစားများက တာဝန်ထမ်းဆောင်သောအခါ မည်သည့်အရာဖြစ်ပြီး မည်သည့်အုပ်စုထဲ၌ သူတို့ရှိနေကြသည်ဖြစ်စေ သူတို့သည် ထူးခြားသော အပြုအမူပုံစံကို လက်တွေ့ပြကြသည်— သူတို့သည် လူတို့ကို အမြဲတမ်းဘောင်ခတ်ပြီး ထိန်းချုပ်လေ့ရှိကြသည်။ လူတို့ကို အမြဲတမ်း ဦးဆောင်လိုပြီး အပြီးသတ်ပြောပိုင်ခွင့် ရှိလိုကြသည်။ သူတို့သည် အမြဲပင် တွေ့မြင်ခံရလိုပြီး ရေပန်းစားလိုကြသည်။ သူတို့အပေါ် လူတို့၏အကြည့်များနှင့် အာရုံစိုက်မှုကို ပို၍ လိုချင်ကြသည်။ အန္တိခရစ်များသည် အဖွဲ့တစ်ခုတွင် ပါဝင်တိုင်း အဖွဲ့ဝင်အရေအတွက် မည်မျှရှိသည်ဖြစ်စေ၊ အဖွဲ့ဝင်များက မည်သူတို့ဖြစ်သည်ဖြစ်စေ၊ ထိုသူတို့၏ အလုပ်အကိုင်၊ သို့မဟုတ် ကိုယ်ပိုင်လက္ခဏာက မည်သို့ဖြစ်သည်ဖြစ်စေ အန္တိခရစ်များသည် မည်သူက စကားပြောကောင်းသည်၊ မည်သူက အထင်ကြီးစရာ ကောင်းသည်၊ မည်သူက အလွန်အရည်အချင်းပြည့်မီပြီး မည်သူ၌ အရင်းအနှီး အများဆုံးရှိသည်ကို ဦးစွာ တွေ့အောင်ရှာမည် ဖြစ်သည်။ သူတို့သည် မည်သူ့ကို သူတို့ကျော်နိုင်ပြီး မည်သူ့ကို သူတို့မကျော်နိုင်သည်၊ သူတို့ထက် မည်သူက သာလွန်ပြီး မည်သူက သိမ်ငယ်သည်ကို တွေ့အောင်ရှာကြသည်။ ဤသည်တို့မှာ သူတို့တန်ဖိုးဖြတ်သည့် ပထမဆုံးသော အရာများ ဖြစ်ကြသည်။ သူတို့သည် အခြေအနေကို လျင်မြန်စွာ အကဲဖြတ်ပြီးနောက် သူတို့လက်အောက်၌ ရှိသောသူတို့ကို ဘေးဖယ်ပြီး လျစ်လျူရှုကာ သူတို့၏အလုပ်ကို အစပြုကြသည်။ သူတို့ထက် သာလွန်သည်ဟု သတ်မှတ်သောသူ၊ သြဇာတိက္ကမနှင့် အဆင့်အတန်း အတန်အသင့် ရှိသောသူ၊ ဆုကျေးဇူးအချို့ ရှိသောသူနှင့် အတော်ပင် စွမ်းဆောင်နိုင်သော သူများထံ သူတို့ဦးစွာသွားကြသည်။ မိမိတို့ကိုယ်ကိုနှင့် သူတို့ဦးစွာ ချိန်ကိုက်နှိုင်းယှဉ်သောလူများမှာ ဤသူတို့ပင် ဖြစ်သည်။ အကယ်၍ ဤလူတို့ထဲမှ တစ်ဦးဦးသည် ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားခြင်းကို ခံရပါက၊ ဘုရားသခင်ကို ယုံကြည်သည်မှာ ကာလကြာမြင့်ပြီဖြစ်ပါက၊ သို့မဟုတ် နာမည်ကောင်းရထားသည်ဆိုပါက ထိုသူတို့မှာ သူတို့၏ မနာလိုမှုပစ်မှတ်များ ဖြစ်လာကြပြီ ဖြစ်သည်။ သူတို့၏ ပြိုင်ဘက်များ ဖြစ်လာကြပြီ ဖြစ်သည်။ ထို့နောက် အန္တိခရစ်များသည် အထင်ကြီးခံရသော၊ အဆင့်အတန်းရှိပြီး သူတို့၏စကားက ညီအစ်ကိုမောင်နှမများကို လိုက်နာစေနိုင်သော ဤလူတို့ လုပ်နိုင်သည့်အရာနှင့် ကျွမ်းကျင်ပိုင်နိုင်ထားသည့်အရာတို့ကို ကြည့်လျက် သူတို့နှင့် မိမိတို့ကိုယ်ကို တိတ်တခိုး နှိုင်းယှဉ်ကြသည်။ အန္တိခရစ်များသည် စောင့်ကြည့်လေ့လာရင်း ဤလူတို့က အတတ်ပညာတစ်ခုခုတွင် ပညာရှင်ဖြစ်ကြောင်း၊ လူတိုင်းက သူတို့ကို အလေးပေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့က ဘုရားသခင်ကို ယုံကြည်လာခဲ့သည်မှာ ပို၍ကြာမြင့်ခဲပြီ ဖြစ်သောကြောင့်၊ သို့မဟုတ် အခြားအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ကြောင်း သဘောပေါက်ကြသည်။ အန္တိခရစ်များသည် ထိုသို့သော ‘သားကောင်’ ကို ရှာဖွေတွေ့ရှိပြီး ထိုသို့သော ပြိုင်ဘက်တစ်ဦးကို သိမှတ်ထားကာ အကြောင်းရင်းကို တွေ့ရှိထားပြီဆိုပါက တိုက်ပွဲအစီအစဉ်တစ်ခုကို ဖော်ထုတ်ကြမည် ဖြစ်သည်။ သူတို့သည် သူတို့၏ပြိုင်ဘက်နှင့် ဘက်မညီသည့်နေရာကို ကြည့်မည်ဖြစ်ပြီး ယင်းက သူတို့အစပျိုးမည့်နေရာ ဖြစ်သည်။ အကယ်၍ သူတို့သည် အတတ်ပညာတစ်ခုတွင် တစ်ဘက်လူလောက် မကျွမ်းကျင်ပါက သတင်းအချက်အလက်မျိုးစုံကို ရှာဖွေပြီး အခြားသူများထံ ကျိုးကျိုးနွံနွံဖြင့် လမ်းညွှန်ချက်ကို တောင်းခံလျက် ထိုအတတ်ပညာကို လေ့လာကြမည်ဖြစ်သည်။ သူတို့သည် ထိုအတတ်ပညာနှင့် ဆက်စပ်သော အလုပ်မျိုးတိုင်း၌ ပါဝင်ကာ တဖြည်းဖြည်းနှင့် အတွေ့အကြုံရယူပြီး သူတို့၏ကိုယ်ပိုင်စွမ်းရည်ကို ပျိုးထောင်ကြမည် ဖြစ်သည်။ သူတို့၏ပြိုင်ဘက်ကို ရင်ဆိုင်ရန် အရင်းအနှီးရှိပြီဟု သူတို့ယူဆသည့်နှင့်တစ်ပြိုင်နက် သူတို့၏ ‘အသိအမြင်ကြွယ်သော ရှုထောင့်အမြင်များ’ ကို သိသာစေရန် မကြာခဏ မတ်တတ်ရပ်ကြမည် ဖြစ်သည်။ သူတို့သည် မိမိတို့၏ ပြိုင်ဘက်ကို မိုက်မဲသည့်ပုံပေါက်စေရန်နှင့် ထိုသူတို့၏ ဂုဏ်သတင်းများကို မှေးမှိန်သွားစေရန်အတွက် မကြာခဏပင် ထိုသူတို့ကို တမင်သက်သက် ငြင်းဆိုပြီး သေးသိမ်စေကြသည်။ ထိုသို့အားဖြင့် သူတို့သည် ကျန်သောသူများနှင့် မတူသည့်အပြင် သူတို့၏ ပြိုင်ဘက်ထက် ပို၍ ထူးခြားပြောင်မြောက်ကြောင်း လက်တွေ့ပြနိုင်ကြလေသည်။ သာမန်လူက ဤအရာများကို သတိထားမိနိုင်သလော။ ထိုဖြစ်စဉ်တစ်လျှောက်လုံး သူတို့ ဘာလုပ်နေကြသည်ကို သိသောသူမှာ အန္တိခရစ်များကိုယ်တိုင်နှင့် ဘုရားသခင်သာလျှင် ဖြစ်သည်။ သာမန်လူတို့က သူတို့၏ စိတ်အားထက်သန်မှု၊ သူတို့၏ လေ့လာလိုက်စားမှု၊ သူတို့၏ ဒုက္ခဆင်းရဲ၊ သူတို့ပေးဆပ်သော တန်ဖိုးနှင့် ကောင်းမွန်ပုံရသော သူတို့၏ အမူအကျင့်တို့ကိုသာ မြင်တတ်ကြသည်။ သို့တစေ ထိုကိစ္စရပ်၏ အမှန်တရားကိုမူ သူတို့၏ စိတ်နှလုံးများထဲ၌ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည်။ သူတို့၏ အဓိကရည်ရွယ်ချက်က အဘယ်နည်း။ ယင်းမှာ ရာထူးဂုဏ်ဒြပ် ရရှိရန်ဖြစ်သည်။ သူတို့သတိမထားမိသော်လည်း သူတို့လုပ်သမျှ၊ သူတို့အားသွန်ခွန်စိုက် လုပ်ဆောင်မှုမှန်သမျှနှင့် သူတို့ပေးဆပ်သော တန်ဖိုးမှန်သမျှက ရည်ရွယ်ထားသော ပစ်မှတ်မှာမူ သူတို့အနေဖြင့် မည်သည့်အခါမျှ မမေ့လျော့နိုင်သည့်အပြင် မည်သည့်အခါမျှ မစွန့်လွှတ်နိုင်သည့် သူတို့၏စိတ်နှလုံးထဲရှိ ရာထူးဂုဏ်ဒြပ်ဟူသော ထိုအရာပင် ဖြစ်လေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်တွေက လိုရင်းရောက်ပြီး မအီမသာ ခံစားရတယ်။ ကျွန်မရဲ့ အတွေးနဲ့ ခံစားချက်တွေကို ရှင်းရှင်းကြီး ဘုရားက မြင်နိုင်မှန်းလည်း ခံစားရတယ်။ အဲဒါကို တွေးကြည့်တော့၊ ရေလောင်းပေးတဲ့ တာဝန်ကို ယူကတည်းက၊ ကြွားဖို့ အခွင့်အရေးတစ်ခုလို ကျွန်မ သဘောထားခဲ့မိတယ်။ သူတပါးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးတာကို သူတို့ရဲ့ လေးစားမှုနဲ့ လက်ခံမှုရဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုချင်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မနဲ့ အလုပ်လုပ်ဖို့ အစ်မချင်ကို တာဝန်ပေးလိုက်တဲ့နောက်၊ ကျွန်မ အလေးထားတာက တာဝန်ကို ကျွန်မတို့ အတူ ဘယ်လိုကောင်းကောင်း လုပ်ရမယ်ဆိုတာ မဟုတ်ခဲ့ဘဲ၊ သူ့ကို ယှဉ်ပြိုင်တာ၊ ကိုယ့်ကိုယ်ကိုယ် သူနဲ့ နှိုင်းတာ ဖြစ်နေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက အကူအညီအတွက် ဘယ်သူ့ကို ရှာတယ်၊ ကျွန်မတို့ထဲမှ ဘယ်သူက ပိုသိက္ခာရှိတယ်၊ အခြားသူတွေကြားမှာ ပိုအဆင့်အတန်းရှိတယ်ဆိုတာကို ကျွန်မ စိတ်စွဲနေခဲ့တယ်။ အစ်မချင်ကို လူတိုင်းက အထင်ကြီးကြပုံကို မြင်တော့ ကျွန်မ ခြိမ်းခြောက်ခံရသလို ခံစားရပြီး၊ ဘေးဖယ်ခံထားရသလို ခံစားခဲ့ရတယ်၊ ဒါကြောင့် သူ့ကို ပြိုင်ရမယ့်သူတစ်ယောက်လို စမြင်ခဲ့တယ်။ သူ့ကို နိုင်ချင်ခဲ့တယ်၊ ကျွန်မ ပြောဆို၊ လုပ်ဆောင်တဲ့ အရာရာတိုင်းမှာ သူ့ထက် သာချင်ခဲ့ပြီး၊ ကျွန်မ ပိုတော်တယ်လို့ တခြားသူတွေ ထင်အောင် အရာရာကို ကြိုးစားခဲ့တယ်။ ကျွန်မက ရည်မှန်းချက်နဲ့ တပ်မက်မှုရဲ့ သိမ်းသွင်းတာ ခံခဲ့ရပြီဖြစ်သလို၊ ကျွန်မရဲ့ အဆင့်အတန်း လိုက်စားရာမှာ သူ့ရဲ့ ကျရှုံးမှုကိုတောင် ကျွန်မ အကြိုက်တွေ့ခဲ့တယ်။ ကျွန်မတာဝန်ကို ကျွန်မ လုပ်နေပုံပေါ်ခဲ့ပေမယ့်၊ ဘယ်လို ကောင်းကောင်းလုပ်ရမယ်၊ စုဝေးပွဲတွေကနေ အကျိုးအများဆုံးရအောင် ဘယ်လိုလုပ်ရမယ်၊ ညီအစ်ကို မောင်နှမတွေကို သူတို့ပြဿနာတွေနဲ့ပတ်သက်ပြီး ဘယ်လို့ ကူညီရမယ်ဆိုတဲ့အပေါ် နည်းနည်းမှ မတွေးခဲ့ပါဘူး။ ကျွန်မလုပ်တဲ့အရာ တစ်ခုစီတိုင်းက ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ဖြစ်ခဲ့တယ်။ အဲဒါက အန္တိခရစ် စိတ်သဘောထားတစ်ခု မဟုတ်လား။ အန္တိခရစ်တွေက အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို အားလုံးထက် ဦးစားပေးကြတယ်။ သူတို့ထက် သာတဲ့သူ ဘယ်သူကိုမဆို သူတို့က မနာလိုဖြစ်တယ်၊ တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ နှိုင်းကြတယ်။ အဆင့်အတန်းအတွက် ဘယ်သူကိုမဆို နင်းခြေဖို့၊ နှိမ်ပြီး သွားပုပ်လေလွင့်ပြောဖို့၊ သူတို့ကိုယ်သူတို့ ချီးမြှောက်ပြီး ကြွားဖို့ ဘာအတွက်ကြောင့်မှ သူတို့ ရပ်မှာ မဟုတ်ဘူး။ ကျွန်မ လုပ်သမျှတိုင်းမှာ၊ ကျွန်မရဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေက အန္တိခရစ်ရဲ့ဟာနဲ့ တူတယ် မဟုတ်လား။ အဲဒီလို ရည်မှန်းချက်မျိုးနဲ့ တာဝန်ကို လုပ်တာက ဘုရားကို ဆန့်ကျင်နေတဲ့ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်နေတာပဲ။ ဒါကို နားလည်တော့၊ ကျွန်မ နောင်တနဲ့ မွှန်ထူသွားပြီး ပြောင်းလဲရမယ်ဆိုတာ သိခဲ့တယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ ဖြေရှင်းဖို့ သမ္မာတရားကို တကယ်ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမယ်။

အင်း၊ ဒါနဲ့ပတ်သက်လို့ နည်းနည်း တွေးဆပြီး ရှာဖွေခဲ့သလို ဘုရားသခင်ဆီ ဆုတောင်းခဲ့ပါတယ်။ ကျွန်မ တကယ် နောင်တရနိုင်ဖို့ အကြောင်းရင်းကို နားလည်အောင် လမ်းပြဖို့ သူ့ကို တောင်းလျှောက်ခဲ့တယ်။ တစ်ရက်မှာ ကျွန်မ ဖတ်မိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ် ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အများပြည်သူ၊ သို့မဟုတ် အစိုးရ ရာထူးနေရာ များတွင် သေးငယ်သော ရုံးခန်း၌ဖြစ်စေ၊ ကြီးမားသော အဖွဲ့အစည်း၌ဖြစ်စေ စာတန်၏စခန်းထဲ၌ သူတို့ကျင့်ကြံပြုမူသည့် အခြေအနေမှာ အဘယ်နည်း။ သူတို့၏လုပ်ဆောင်ချက်များအတွက် အခြေခံသဘောတရားများနှင့် လမ်းညွှန်ချက်များမှာ အဘယ်နည်း။ အယောက်တိုင်းက ထင်ရာစိုင်းကြပြီး အယောက်တိုင်းက မိမိလုပ်ချင်ရာ လုပ်ကြသည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် ပြုမူကြပြီး ကိုယ့်အားကိုယ်ကိုးကြသည်။ သြဇာအာဏာရှိသူ မည်သူမဆို အပြီးသတ်ပြောပိုင်ခွင့် ရှိကြသည်။ သူတို့သည် အခြားသူများကို ထည့်မတွေးပေးကြဘဲ သူတို့စိတ်ကြိုက်လုပ်ကြကာ ကျော်ဇောမှု၊ အခွင့်အလမ်းနှင့် ရာထူးဂုဏ်ဒြပ်အတွက် ကြိုးပမ်းကြသည်။ အကယ်၍ သင်တို့သည် သမ္မာတရားကို နားလည်း မလည်သကဲ့သို့ လက်တွေ့လည်း မလုပ်ဆောင်ပါက သင်တို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထောက်ပံ့ပေးမထားသော အခြေအနေတွင် ထိုသူတို့နှင့် ခြားနားရော ခြားနားပါဦးမည်လော။ လုံးဝမခြားနား၊ ထိုသူတို့နှင့် လုံးဝတူညီနေမည် ဖြစ်သည်။ သင်တို့သည် မယုံကြည်သူများ တိုက်ခိုက်သကဲ့သို့ပင် တိုက်ခိုက်ကြမည် ဖြစ်သည်။ သင်တို့သည် မယုံကြည်သူများ ရုန်းကန်သကဲ့သို့ပင် ရုန်းကန်ကြမည် ဖြစ်သည်။ နံနက်မှ ညတိုင်အောင် မနာလို၊ ငြင်းခုန်ကာ လျှို့ဝှက်ကြံစည် လုပ်ကြံကြမည် ဖြစ်သည်။ ဤပြဿနာ၏ အရင်းအမြစ်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက စိုးမိုးထားသောကြောင့်သာလျှင် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကြီးစိုးမှုမှာ စာတန်၏ ကြီးစိုးမှုပင် ဖြစ်သည်။ ဖောက်ပြန်ဖျက်ဆီးခံရသော လူသားမျိုးနွယ်က ဆိုးယုတ်သော စိတ်သဘောထားအတွင်း၌ ခြွင်းချက်မရှိ နေထိုင်သည်။ ထို့ကြောင့် သင်သည် တန်ခိုးအာဏာနှင့် အကျိုးအမြတ်ရအောင် ကြိုးပမ်းမှုများထဲ ပါဝင်ဖို့အတွက် ကောင်းမြတ်လွန်းသည်၊ သို့မဟုတ် နှိမ့်ချလွန်းပြီး ရိုးသားလွန်းသည်ဟု မထင်မှတ်သင့်ချေ။ အကယ်၍ သမ္မာတရားကို နားမလည်၊ ဘုရားသခင်၏ ဦးဆောင်မှုကို မခံရပါက သင်သည် ခြွင်းချက်မဟုတ်သည်မှာ အသေအချာဖြစ်ပြီး သင်၏ ရိုးဖြောင့်မှု၊ သို့မဟုတ် ကြင်နာမှုကြောင့်ဖြစ်စေ၊ သင်၏ ငယ်ရွယ်မှုကြောင့်ဖြစ်စေ သင့်ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် တိုက်ပွဲဝင်ခြင်းနှင့် ယင်းတို့ကို အမိအရယူခြင်းမှ သင့်ကိုယ်သင် မည်သည့်နည်းနှင့်မျှ ကာကွယ်လိမ့်မည် မဟုတ်ချေ။ တိုက်ပွဲဝင်ခြင်း၊ အမိအရယူခြင်း၊ ရုန်းကန်ကြိုးစားခြင်း— ဤအရာများအားလုံးမှာ စာတန်၏ ဆိုးညစ်သော သဘာဝဆိုင်ရာ သင်္ကေတဖြစ်သော အမူအကျင့်များပင် ဖြစ်သည်။ ခြွင်းချက်မရှိ၊ လူတိုင်းက ကျော်ဇောမှု၊ အခွင့်အလမ်းနှင့် ရာထူးဂုဏ်ဒြပ်အတွက် မည်သည့်အခြေအနေမျိုးဖြစ်ဖြစ် တိုက်ပွဲဝင်၊ လုံးထွေးပြီး ကျော်နင်းကြပေသည်။ လူတို့သည် ဤရည်မှန်းချက် အောင်မြင်ရန် အားထုတ်မှုများ၌ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ကြသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို နားမလည်၊ သမ္မာတရားကို လက်မခံ၊ အခြေခံသဘောတရားပေါ် အခြေပြု၍ မကျင့်ကြံနိုင်သရွေ့ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်စိတ်ကူးများကို ခြယ်လှယ်ပြီး သင့်လုပ်ဆောင်ချက်များကို သတ်မှတ်ပေးမည် ဖြစ်သည်။ ဤအရာမှ သင်မလွတ်မြောက်နိုင်ပေ။ ယခုတွင် သင်သည် ဘုရားသခင့်အိမ်တော်ထဲ၌ မိမိတာဝန်ကို ထမ်းဆောင်သောအခါ အတော်ပင် နာခံတတ်သည်၊ အတော်ပင် ဒူပေနာပေခံနိုင်သော စိတ်နှလုံးရှိသည်၊ အတော်ပင် လေးနက်တည်ကြည်ပြီးလျှင် သင်၌ တာဝန်သိစိတ် အတော်ပင် ရှိသည်၊ သို့မဟုတ် သင့်ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်အတွက် ပူပန်မှုကို ဘေးဖယ်ထားနိုင်ပြီး တိုက်ပွဲဝင်ခြင်းကို မကြာခဏပင် အောင့်ထားနိုင်သည်၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းကို တတ်နိုင်စွမ်းကာ ရှာဖွေစောင့်စားနိုင်ပေသည်။ လူတစ်ဦးသည် ထိုသဘောထားမျိုး ရအောင် မည်သို့စွမ်းဆောင်သနည်း။ ဤသည်မှာ ဘုရားသခင်၏ ထောက်ပံ့မှု၊ လမ်းညွှန်မှုတို့နှင့် သက်ဆိုင်သည်။ ၎င်းတို့မပါလျှင် လူတို့က ဤအရာများကို နားမလည်ပေ။ ကလေးဘဝမှ စတင်၍ လူတို့ကို ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု သင်ပေးကြသည်။ များစွာသော မိဘတို့က သူတို့၏ သားသမီးများကို— ‘နံပါတ်တစ်ဖြစ်ရန် ကြိုးစားဖို့လိုသည်။ ပထမဖြစ်ဖို့ မကြိုးစားလျှင် အသုံးမကျသော ငကြောက်ဖြစ်ပြီး လူတိုင်းက အထင်သေးကာ အနိုင်ကျင့်ကြလိမ့်မည်’ ဟု သင်ပေးကြသည်။ သားသမီးများ အနည်းငယ် အသက်ကြီးလာသောအခါ သူတို့မိဘများ မသင်ပေးဘဲ မိမိဘာသာ ဤအတိုင်း စဉ်းစားတတ်ကြသည်။ သူတို့ဘယ်သွားသွား တိုက်ခိုက်ကြမည် ဖြစ်သည်။ မတိုက်ခိုက်လျှင် လူနှုံလူအများ ဖြစ်မည်ဟု သူတို့ထင်ကြသည်။ အကယ်၍ သူတို့သည် လူအုပ်စုတစ်စုအတွင်း၌ အများလက်ခံနိုင်စွမ်း အနည်းငယ်ကို မတည်ဆောက်နိုင်သကဲ့သို့ သြဇာတိက္ကမ နည်းနည်းမျှ မရှိပါက သူတို့ကိုယ်သူတို့ အသုံးမကျသူများဟု ခံစားကြသည်။ ထို့ကြောင့် စိတ်ကူးစိတ်သန်း၊ အယူအဆများနှင့် အသိပညာတို့ထက် ကျော်လွန်၍ လူ၌ရှိသမျှမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပင် ဖြစ်သည်။ မိမိတို့၏ အဖြစ်အနေမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည့် လူသားမျိုးနွယ်က စာတန်၏ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်ကြသည်။ ပြုမူကျင့်ကြံမှုနှင့် လုပ်ရပ်တိုင်းက စာတန်၏ စိတ်သဘောထားနှင့် စာတန်၏ အကြံအစည်များ၌ ဗဟိုပြုသည်။ ဤအရာမှ မည်သူမျှ မလွတ်မြောက်နိုင်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီးတဲ့နောက်၊ နာမည်နဲ့ အကျိုးအမြတ်အတွက် တိုက်ခိုက်ရာကနေ ကိုယ့်ကိုယ်ကိုယ် မတားနိုင်တဲ့ အကြောင်းရင်းကို မြင်ခဲ့ရတယ်။ အဲဒါက ကျွန်မဟာ ဆိုးယုတ်တဲ့ ရှုထောင့်နဲ့ အဆိပ်တွေနဲ့ ပြည့်နှက်ပြီး ဖောက်ပြန်ပျက်စီးခြင်း ခံရလို့၊ အိမ်နဲ့ ကျောင်းမှာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ ပြီးတော့ “အနာမခံလျှင် အသာမစံရ” တို့လို ဟာတွေကို သင်ခဲ့ရလို့ပါ။ ဒါကြောင့် ဘယ်အဖွဲ့မှာပဲ ကျွန်မ ရှိပါစေ တခြားလူတွေရဲ့ လေးစားတာကို လိုချင်ခဲ့ပြီး၊ လေးစားခံရပြီး လက်ခံခြင်းခံရတဲ့ ခံစားချက်ကို ကျွန်မ အကြိုက်တွေ့ခဲ့မိတယ်။ အဲဒါကပဲ ဂုဏ်တက်စေတဲ့၊ တန်ဖိုးရှိတဲ့ ဘဝလို့ ထင်ခဲ့တယ်။ တစ်ယောက်ယောက်အောက်မှာ ရှိတာက တန်ဖိုးမဲ့သလို၊ မျက်နှာပြလို့မရသလို ကျွန်မကို ခံစားရစေတယ်။ ဘုရားအိမ်တော်မှာ ကျွန်မရဲ့ တာဝန်ကို လုပ်ရင်းနဲ့ ကျွန်မက တခြားသူတွေရဲ့ လေးစားမှုကို အားထုတ်ရင်းနဲ့ ဒီဆိုးယုတ်တဲ့ စိတ်ကူးတွေနဲ့ အယူအဆတွေကို လိုက်နာတုန်းပါပဲ။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တာဝန် လုပ်ဆောင်တာက ကျွန်မတို့ ပိုထိရောက်နိုင်ဖို့ အပြန်အလှန် အားပေးပြီး အချင်းချင်း လိုအပ်တဲ့အရာအတွက် ဖာထေးတာ ဖြစ်တယ်။ ကျွန်မတို့အနေနဲ့ ကူညီသူတွေ၊ အချင်းအချင်း လုပ်ဖော်ကိုင်ဖက်တောင် ပိုဖြစ်သင့်တယ်။ ဒါပေမဲ့ ကျွန်မက အစ်မချင်ကို ကျွန်မရဲ့ ပြိုင်ဘက်အနေနဲ့ သဘောထားနေခဲ့မိတယ်၊ သူ့ထက် ဘယ်လိုသာရမလဲဆိုတာကို စိတ်စွဲခဲ့တယ်။ မသာနိုင်တဲ့အခါ၊ စုဝေးပွဲမှာ သူ့ရဲ့ မိတ်သဟာယကို နှောင့်ယှက်ဖို့ ကောက်ကျစ်တဲ့နည်းကို ကျင့်သုံးခဲ့တယ်။ ဒီလူမဆန်တဲ့ အရာတွေကို လုပ်တာက ဘယ်မကောင်းတဲ့၊ မလိုမုန်းထားတဲ့ စိတ်သဘောထား ကျွန်မ ရှိလဲဆိုတာကို ပြခဲ့တယ်။ အဆင့်အတန်း တက်တာနဲ့ အလေးစားခံရတာက တစ်ခုတည်းသော ဂုဏ်တက်စေတဲ့ အသက်ရှင်နည်းလို့ ကျွန်မ အမြဲ ထင်ခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ရှင်သန်တော့၊ ကျွန်မရဲ့ ရည်မှန်းချက်က ကြီးသည်ထက် ကြီးထွားပြီး ကျွန်မရဲ့ ရှုထောင့်အမြင်က ငယ်သည်ထက် ငယ်သွားတာဟာ ကျွန်မရဲ့ အပြုအမူက သူတစ်ပါးအတွက် လက်မခံနိုင်စရာဖြစ်ပြီး၊ အထူးသဖြင့် ဘုရားသခင်အတွက် စက်ဆုပ်စရာ ဖြစ်တဲ့အထိပါပဲ။ အဲဒီအထဲမှာ ဂုဏ်သိက္ခာ ဘယ်မှာရှိလို့လဲ။ စာတန်ရဲ့ အဆိပ်တွေကြောင့် ကျွန်မ ဘယ်လို နက်နက်ရှိုင်းရှိုင်း ဖောက်ပြန် ပျက်စီးခဲ့ပြီလဲ ဆိုတာကို နောက်ဆုံးမှာ မြင်ခဲ့ရတယ်။ အပြုသဘောဆောင်တဲ့အရာတွေနဲ့ အပျက်သဘောဆောင်တဲ့အရာတွေကြား ခြားနားချက်ကို ကျွန်မ မခွဲနိုင်ခဲ့သလို၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရားလည်း ဆုံးရှုံးခဲ့ရတယ်။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေက သမ္မာတရားကို လုံးဝ မလိုက်စားခဲ့ဘဲ နာမည်နဲ့ အဆင့်အတန်းတွေကိုပဲ လိုက်စားခဲ့ပြီး၊ နောက်ဆုံးမှာ သူတို့ အဖော်ခံရပြီး ဖယ်ရှားခံခဲ့ရတယ်။ ဒီအရာတွေကို အမြဲ လိုက်စားတာက ဘုရားသခင် ဆန့်ကျင်ခြင်း၊ ပျက်ဆီးခြင်း လမ်းကြောင်းတစ်ခုပါ။ အဲဒီနည်လမ်းနဲ့ အသက်ရှင်ခြင်းရဲ့ အကျိုးဆက်တွေ ဘယ်လောက် ထိတ်လန့်စရာဖြစ်တယ်ဆိုတာနဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို မဖော်ထုတ်ဘဲနဲ့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ သိမှာမဟုတ်မှန်း မြင်ခဲ့ရတယ်၊ ပြီးတော့ ဘယ်လိုမကောင်းမှုမျိုး ကျွန်မ လုပ်မိမယ်မှန်း ဘယ်သူသိလို့လဲ။

တစ်မနက်မှာ၊ နောက်ထပ် ကျမ်းတစ်ပိုဒ်ကို ကျွန်မ ဖတ်မိခဲ့တယ်- “လူသားတို့အား ဘုရားသခင် တောင်းဆိုသောအရာသည် အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးနိုင်စွမ်းရှိခြင်း သို့မဟုတ် ဧရာမတာဝန်ယူမှုများကို ပြီးမြောက်ခြင်း မဟုတ်သကဲ့သို့ ကိုယ်တော်သည် ၎င်းတို့အား တာဝန်ကြီးတစ်ခုခုကို စတင်ပြုလုပ်စေလိုသည်လည်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် အလိုရှိသမျှအားလုံးမှာ သင့်အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်နှင့် နားဆင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို နှလုံးသွင်းရန်နှင့် လက်တွေ့ကျသောနည်းလမ်းဖြင့် သင် လက်တွေ့လုပ်ဆောင်ရင်း ၎င်းတို့ကို အလေးဂရုပြုရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်ရှင်နေထိုင်မှုနှင့် သင်၏အသက်တာ ဖြစ်လာစေရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာကို အစဉ်ရှာဖွေနေသည်။ သင်သည် ဂုဏ်သရေကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး မကြည့်လိုပေ။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ ဂရုပြုထိုက်သောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာပြီး စွန့်ပစ်လိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်အောင်နေလော့။ ဤသို့ဆိုလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အကြင်သူသည် မည်သို့ ရရှိနိုင်သနည်း။ သမ္မာတရားကို မှန်မှန်ကန်ကန် လက်ခံခြင်းအားဖြင့်၊ ဖန်ဆင်းခံတစ်ဦး၏ နေရာတွင် ရပ်တည်ခြင်းအားဖြင့်၊ ရိုးသားသောသူတစ်ဦးဖြစ်ပြီး မိမိ၏တာဝန်များကို ထမ်းဆောင်ဖို့ ဘုရားနှုတ်ကပတ်တော်အပေါ် ခိုင်မာစွာ မှီခိုခြင်းအားဖြင့်၊ ပြီးလျှင် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြစ်ပေသည်။ ဤသည်မှာ လုံလောက်ပေသည်။ ရည်မှန်းချက်များဖြစ်စေ၊ အခြေအမြစ်မရှိသော စိတ်ကူးယဉ်မျှော်မှန်းချက်များကိုဖြစ်စေ စိတ်ထဲမထည့်ထားလေနှင့်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို မရှာဖွေနှင့်၊ သို့မဟုတ် လူကြားထဲတွင် ထင်ပေါ်အောင် မလုပ်နှင့်။ ထို့အပြင် လူသားတို့အလယ်တွင် သာလွန်ပြီး အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် ထင်ရှားကျော်ကြားသူတစ်ဦး၊ သို့မဟုတ် စွမ်းအားရှင်တစ်ဦး ဖြစ်ဖို့ မကြိုးစားနှင့်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အလိုဆန္ဒဖြစ်ပြီး ယင်းမှာ စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော ဖန်ဆင်းခံလူသားများကို မကယ်တင်ပေ။ အကယ်၍ လူအချို့က ကျော်ကြားမှု၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ပြီး နောင်တရဖို့ ငြင်းဆန်နေဆဲဖြစ်ပါက၊ ၎င်းတို့အတွက် ကုစားမှု မရှိပေ၊ ပြီးလျှင် ၎င်းတို့အတွက် အဆုံးသတ် တစ်ခုတည်းသာ ရှိသည်။ သုတ်သင်ဖယ်ရှင်းခံရဖို့ ဖြစ်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”)

ဘုရားနှုတ်ကပတ်တွေကနေ၊ ဘုရားသခင်က လူတွေကို ကျော်ကြားဖို့၊ ကြီးမြတ်ဖို့၊ မယုံနိုင်စရာ တစ်ခုခုကို ပြီးမြောက်ဖို့ မတောင်းဆိုမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်က သူ့ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်စေချင်ရုံသာ ဖြစ်ပြီး၊ အဖန်ဆင်းခံ တစ်ဦးရဲ့ တာဝန်နဲ့ ဝတ္တရားကို ဖြည့်ဆည်းစေချင်တာ ဖြစ်တယ်။ အဲဒါက ဘုရားအမြင်မှာ ဘုရားကို ကျေနပ်အားရစေတဲ့ ဂုဏ်သိက္ခာနဲ့ထိုက်သန်တဲ့ တစ်ခုတည်းသော လူစားမျိုး ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မ လိုက်စားတာက အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်ဖို့ မဟုတ်ခဲ့ဘူး။ တစ်လျှောက်လုံး၊ လူတွေ ကျွန်မကို အထင်ကြီးဖို့နဲ့ လက်ခံဖို့၊ တခြားသူတွေထဲမှာ အဆင့်အတန်း ရရှိဖို့၊ ဘုရားတောင်ဆိုတဲ့အရာရဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်ဘက် ဖြစ်ခဲ့တယ်။ ဘုရားအတွက် ကျွန်မတို့ရဲ့ စိတ်နှလုံးတွေက သူ့ကို ကိုးကွယ်ချီးမြှောက်တဲ့ ဗိမာန်တော်တွေ ဖြစ်သင့်တယ်။ ပြဿနာတွေကို ရင်ဆိုင်ရာမှာ၊ ကျွန်မတို့ ဆုတောင်းပြီး ဘုရားအပေါ် မှီခိုသင့်တယ်၊ သူ့နှုတ်ကပတ်တော်တွေနဲ့ အသက်ရှင်သင့်တယ်။ ဒါပေမဲ့ လူတွေက ကျွန်မကို အထင်ကြီးပြီး ကြည်ညိုဖို့ သူတို့ စိတ်နှလုံးထဲမှာ နေရာတစ်ခု ကျွန်မ အမြဲ ရှာခဲ့တယ်။ ကျွန်မက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရင်းနဲ့၊ သူ့နေရာအတွက် တိုက်ခိုက်နေခဲ့တာပါ။ သမ္မာတရား စစ်မှန်မှု ကျွန်မ လုံးဝ ကင်းမဲ့ခဲ့တယ်။ ကျွန်မ နားမလည်၊ မဖြေရှင်းနိုင်ခဲ့ဘဲ အယူဝါဒတချို့ကိုပဲ လေပန်းနိုင်ခဲ့တဲ့ အရာတွေ အများကြီးရှိခဲ့တယ်။ ကျွန်မက တော်တော့် ထူးချွန်တယ်လို့ထင်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတုန်းပါပဲ။ အရှက်မရှိ ချီးမွမ်းတာကို ခံချင်ခဲ့ပြီး တခြားသူတွေရဲ့ ကြည်ညိုတာ ခံချင်ခဲ့တယ်၊ ပြီးတော့ မဖြစ်ခဲ့တဲ့အခါ အဲဒီအတွက် တိုက်ခိုက်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့သလို အရှက်မရှိခဲ့တာပါ။ ဘုရားက ဖန်ဆင်းခြင်း အရှင်ဖြစ်ပြီး လုံးဝ အထွတ်အထိပ်ဖြစ်တယ်။ သူဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရား ဖော်ပြရင်းနဲ့ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံပြီး ကမ္ဘာမြေကို ကြွလာပြီဖြစ်တယ်။ အင်မတန် ကြီးမားတဲ့ အလုပ်ကို သူ လုပ်ပြီးခဲ့ပေမယ့် မကြွားဝါဘဲ နေဆဲဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ် ဘုရားအနေနဲ့ နေရာမယူဘဲ ရှိနေတုန်းပဲ။ သူက ကွယ်ဝှက်ပြီး နှိမ့်ချတယ်။ ဘုရားရဲ့ အနှစ်သာရက သိပ်ချစ်စရာကောင်းတယ်။ ဒီအတွေးက ကျွန်မကို ပိုလို့တောင် အရှက်ရစေတယ်၊ ပိုလို့ စိတ်ပျက်စေခဲ့တယ်။ ကျွန်မရဲ့ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရားရှေ့ ကျွန်မလာပြီး ဆုတောင်းခဲ့တယ်- “အို ဘုရားသခင်၊ ကျွန်မရဲ့ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်ကို ထိန်းချုပ်လို့မရပါဘူး။ အထင်ကြီးခံရဖို့ ကြိုးစားရင်းနဲ့ ကျွန်မ အမြဲ လုံးပန်းနေတယ်၊ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းနေမိပါတယ်။ ဒါက ကောင်းတဲ့ လမ်းကြောင်းမဟုတ်သလို ကိုယ်တော့်ကို စက်ဆုပ်စေပါတယ်။ ဒီနည်းနဲ့ ကျွန်မ နောက်ထပ် အသက်မရှင်ချင်တော့ပါဘူး။ ကိုယ်တော့် နှုတ်ကပတ်တော်တွေအတိုင်း ကျွန်မ အသက်ရှင်ပြီး တာဝန်ကို ကောင်းကောင်း လုပ်ချင်ပါတယ်။ ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” လို့ပေါ့။ အဲဒီနောက်၊ အစ်မချင်ကို ကျွန်မ ရှာပြီး သူ့ဆီ ကျွန်မရဲ့ အခြေအနေနဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ဟခဲ့တယ်။ အတွဲညီညီ ပူးပေါင်းလုပ်ဆောင်ခြင်းရဲ့ အရေးပါမှုအပေါ် ကျွန်မတို့ မိတ်သဟာယ ပြုခဲ့ကြတယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မ အရမ်း တည်ငြိမ်ပြီး ပေးချမ်းသလို ခံစားခဲ့ရတယ်။

အဲဒီအချိန်ကစပြီး၊ ကျွန်မတို့အတူလုပ်တဲ့ အလုပ်မှာ အစ်မချင်နဲ့ ပြိုင်ချင်တဲ့ ဆန္ဒတွေ ရှိတုန်းပဲဖြစ်ပေမယ့်၊ အဲဒါကို မြင်ပြီး မြန်မြန် ဆုတောင်းလိုက်တယ်၊ ဇာတိပကတိကို စွန့်လွှတ်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို လိုက်လျှောက်လိုက်တယ်။ တစ်ကြိမ် စုဝေးပွဲတစ်ခုကို ဧည်ခံဖို့ အစ်မချင်အလှည့် ဖြစ်တဲ့အချိန်မှာ၊ သူက ပြင်ဆင်ဖို့ အရမ်းအလုပ်များနေတာ ကျွန်မ မြင်ခဲ့ရတယ်၊ ဒါကြောင့် တခြားသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရား နှုတ်ကပတ်တော်တချို့ကို ကျွန်မ ရှာခဲ့တယ်။ ကျွန်မက၊ “ဒီကျမ်းပိုဒ်တွေကို တွေးခဲ့တာ ငါပဲ။ စုဝေးပွဲက အဆင်ချောရင်၊ အလုပ်အားလုံးကို လုပ်တာက အစ်မချင်ဖြစ်တယ်လို့ ညီအစ်ကို မောင်နှမတွေက ထင်ကြမလား။ သူက ငါ့ထက် ပိုဝန်တာထားတယ်လို့ ထင်ကြမလား။ ဒီတစ်ခုကို ငါ ဧည့်ခံသင့်တယ် ထင်တယ်” လို့ တွေးမိခဲ့တယ်။ ဒါပေမဲ့၊ ဘာကိုပြောရမယ်ဆိုတာ သိဖို့ ကြိုးစားနေတုန်းမှာပဲ၊ ဒါဟာ နာမည်နဲ့ အကျိုးအမြတ်အတွက် ကျွန်မ ပြန်တိုက်ခိုက်နေတာဖြစ်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေ စိတ်ထဲရောက်လာခဲ့တယ်- “သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။ ဤအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင်၊ ယင်းတို့ကို သင် ဦးစွာ ဘေးဖယ်ထားပြီး စွန့်လွှတ်ရမည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ပေးခဲ့တယ်။ ကြွားဝါဖို့ ဘယ်အခွင့်အရေးကိုမဆို လက်လွှတ်ဖို့၊ စွန့်လွှတ်ဖို့ ကျွန်မတို့ သင်ယူရမှာဖြစ်ပြီး၊ တခြားလူတွေကို ထင်ပေါ်ခွင့်ပေးရမယ်။ ကျွန်မတို့ မကြွားရပေမယ့်၊ တခြားသူတွေ လေးစားတာ မခံရပေမယ့် စိတ်ထဲမှာတော့ အရမ်း လွတ်လပ်တယ်။ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ထိန်းချုပ်တာ မခံရသလို ဘုရားရဲ့ လက်ခံမှုကို ကျွန်မတို့ ရရှိကြတယ်။ အဲဒါ အကြီးမားဆုံး ဆုလာဘ်ပဲ။ ဒါနဲ့ သူ့ကို ကျွန်မက၊ “မနက်ဖြန် ဆက်ဆက်သွားပြီး ဧည့်ခံလိုက်ပါ။ မိတ်သဟာယနဲ့ ပတ်သက်လို့ ကျွန်မ ကူပါ့မယ်” လို့ ပြောတဲ့ စာတိုတစ်ခု ပို့လိုက်တယ်။ နောက်နေ့ စုဝေးပွဲမှာ၊ ကျွန်မ ဘယ်လိုပုံပေါ်လဲ ဆိုတာကို မတွေးခဲ့ဘဲ၊ လူတွေရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် ဘယ်လို မိတ်သဟာယပြုရမလဲဆိုတာကိုပဲ တွေးခဲ့တယ်။ အစ်မ ချင်နဲ့ ကျွန်မက တစ်ယောက်စီ ကိုယ့်အပိုင်းကို မျှဝေရင်းနဲ့ အတူတူ မိတ်သဟာယပြုပေးခဲ့ကြတယ်။ နောက်ပိုင်းမှာ၊ စုဝေးပွဲက သူတို့အတွက် တကယ် အကျိုးရှိတယ်လို့ လူတိုင်း ပြောခဲ့ကြတယ်။ ဒီအတွက် ဘုရားကို ကျေးဇူးတင်မိခဲ့ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့ ဝမ်းမြောက်ခြင်းကို ခံစားခဲ့ရတယ်။

အရှေ့သို့- ၄၉။ မိမိတာဝန်အပေါ် မှန်ကန်သော သဘောထားတစ်ခု

နောက်တစ်ခုသို့- ၅၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ခုခံပြောဆိုမှုနှင့် အထင်လွဲမှုများကို ဖယ်ရှားခဲ့သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။