၈၁။ ဧဝံဂေလိမျှဝေခြင်းရဲ့ မမေ့နိုင်သော အတွေ့အကြုံ

ရှောင်လျန် အီတလီနိုင်ငံ

ကျွန်မကို အလေးနက်ဆုံး ခံစားမိစေတဲ့ အတွေ့အကြုံက ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ဖြစ်ခဲ့တာပါ။ ရာဖေးလ်ဆိုတဲ့ ကက်သလစ်အစ်ကိုတစ်ယောက်ကို အွန်လိုင်းမှာ တွေ့ခဲ့တယ်။ ကျွန်မက သူနဲ့ ဧဝံဂေလိမျှဝေနေရင်းနဲ့ သူ့အစွမ်းအစက မဆိုးဘူး။ သမ္မာတရားကို နားလည်တာမြန်တယ်ဆိုတာ တွေ့ရတယ်။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ဒါ ဘုရားရဲ့ အသံလို့ သူခံစားမိတယ်။ သူက ရှာဖွေစုံစမ်းချင်စိတ်ရှိတယ်။ စုဝေးပွဲတွေမှာ တက်တက်ကြွကြွပါဝင်တယ်။

ဒါပေမဲ့ ကျွန်မ အံ့သြသွားတာက တစ်နေ့မှာ အစ်မတစ်ယောက်က ကျွန်မဆီ စာပို့တယ်။ ရာဖေးလ်က သူ့အရင်က ကက်သလစ်ဘုန်းကြီးနဲ့ တွေ့မိပြီး စုဝေးပွဲတွေ မတက်တော့ဘူးတဲ့။ ဒါကိုကြားရတော့ ကျွန်မ အံ့အားသင့်သွားတယ်။ သူက အယူအဆတွေ၊ အတွေးမှားတွေအများကြီးကို ခေါင်းထဲအထည့်ခံရမှာပဲ။ ကျွန်မ သူ့ကို ချက်ချင်းဆက်သွယ်တယ်။ ကျွန်မတို့ ပြောနေတာနဲ့ ပတ်သက်ပြီး သူက မရှင်းမလင်းဖြစ်နေတာကို သိလိုက်ရတယ်။ ဒါပေမဲ့ သူက ဘာကိုမရှင်းသလဲဆိုတာကို မပြောဘူး။ ကျွန်မ သူ့ကို ဘယ်လိုမိတ်သဟာယဖွဲ့သင့်လဲဆိုတာ မသိဘူး။ ကျွန်မစိတ်က ဗလာဖြစ်နေတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ဘုရားကိုပဲ အော်ခေါ်နေမိတယ်။ သူက ဘုရားရဲ့သိုးဖြစ်နေရင် သူ့ကိုလမ်းပြဖို့ ဘုရားကို ဆုတောင်းတယ်။ သူ့ကို မိတ်သဟာယဖွဲ့တာမှာ ကျွန်မတတ်နိုင်သမျှကို လုပ်ချင်စိတ်ရှိတယ်လို့ ပြောလိုက်တယ်။ နောက်တော့ အစ်မအနီလာနဲ့ ကျွန်မ ရာဖေးလ်ကို မိတ်သဟာယဖွဲ့ဖို့ ဖိတ်လိုက်တယ်။ သူက စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ ဘာသာရေးအယူဝါဒတွေအများကြီးကို အကြာကြီးပြောတယ်။ သခင်ယေရှုအပေါ် သူ့ရဲ့ ဆက်ကပ်အပ်နှံမှု၊ သူ့ယုံကြည်မှုက ဘယ်လောက်ခိုင်မာတယ်၊ ဒီ ဘုရားသခင် လူ့ဇာတိခံတာက အမျိုးသမီးမဖြစ်နိုင်တဲ့အကြောင်းတွေကို ပြောတယ်။ သခင်ယေရှုက အမျိုးသားအဖြစ် လူ့ဇာတိခံပြီး ကောင်းကင်ဘုံက ဘုရားသခင်ကို “ခမည်းတော်”လို့ ခေါ်တာကြောင့် ပြီးတော့ ဘာသာရေးလောကကလူတွေက ကောင်းကင်ဘုံက ဘုရားသခင်ကို “အဖဘုရားသခင်” လို့ ခေါ်လေ့ရှိတာကြောင့် သခင်က အမျိုးသားပုံစံနဲ့ ပြန်ကြွလာသင့်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က အမျိုးသမီးပုံစံနဲ့ပေါ်လာပြီး အလုပ်လုပ်တာက သူ့အတွက် လက်မခံနိုင်ဘူးလို့ သူက ခံစားရတယ်။ သူ့စကားသံတွေ ပြင်းနေတာကို ကျွန်မ နားထောင်ပြီး လမ်းပျောက်သလိုဖြစ်နေတယ်။ ဘယ်ကနေစရမှန်းတောင် ကျွန်မ မသိဘူး။ အဲဒီအချိန်မှာပဲ မှန်ကန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာ- နောက်ဆက်တွဲဇာတ်လမ်း ဆိုတဲ့ ဧဝံဂေလိရုပ်ရှင်နဲ့ အဲဒီရုပ်ရှင်ထဲမှာ မိတ်သဟာယပြုထားတဲ့ သမ္မာတရားက ဒီပြဿနာကို ကောင်းကောင်းဖြေရှင်းပေးနိုင်တယ်ဆိုတာ ကျွန်မ ရုတ်တရက် သတိရသွားတယ်။ အဲဒါနဲ့ ကျွန်မ အမြန်ပြောလိုက်တယ်။ “အစ်ကို သခင်ယေရှုအပေါ် အစ်ကို့ယုံကြည်မှုက တကယ်ခိုင်မာတယ်ဆိုတာ ကျွန်မ ယုံပါတယ်။ ဒါပေမဲ့ ခဏလောက် စဉ်းစားကြည့်ရအောင်။ ကျွန်မတို့က သခင်ယေရှုကို ခဏခဏ ဆုတောင်းကြတယ်။ ဒါပေမဲ့ သူ့ကို တကယ်သိကြလား။ သခင်ယေရှုက ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူခြင်းဆိုတာ ကျွန်မတို့ တကယ်သိလား။ သူက သမ္မာတရား၊ အသက်နဲ့ လမ်းခရီးဖြစ်တယ်ဆိုတာ တကယ်သိကြလား။ ကျွန်မတို့က သခင်ယေရှုရဲ့ ဘုရားအနှစ်သာရကို သိတယ်လို့ ပြောရဲသလား။ သခင်ယေရှုပြန်ကြွလာတဲ့အခါ ကျွန်မတို့က သူဖြစ်တယ်လို့ တကယ်သိနိုင်တယ်လို့ အာမခံရဲသလား။ ကျွန်မတို့သူ့ကို ယုံကြည်တာ အတိအကျဘာကြောင့်လဲ။ သူ့ကိုမွေးတဲ့မိသားစုကြောင့်လား၊ သူ့အသွင်အပြင်ကြောင့်လား” ပေါ့။ ရာဖေးလ်ကဒါကို ဘာမှမတုံ့ပြန်ဘူး။ နောက်တော့ ကျွန်မ သူ့ကို အနန္တတန်ခိုးရှင် ဘုရားသခင်နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြတယ်။ “ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏)လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ) ဘုရားနှုတ်ကပတ်တော်ကို သူ့ကို ဖတ်ပြပြီးတော့ ကျွန်မ မိတ်သဟာယဖွဲ့တယ်။ “သခင်ယေရှုက လက်သမားမိသားစုမှာ မွေးဖွားခဲ့တယ်၊ သူက သာမန်ပုံစံရှိတယ်၊ အပြင်ပန်းမှာ သာမန်လူနဲ့ ဘာမှမကွာဘူး၊ ဒါပေမဲ့ သူဟာ ဘုရားရဲ့ဝိညာဉ်က ဝတ်ဆင်ထားတဲ့ ကိုယ်ခန္ဓာဖြစ်တယ်၊ သူဟာ ဘုရားကိုယ်တိုင် လူ့ဇာတိခံယူထားတာဖြစ်တယ်ဆိုတာ ကျွန်မတို့ အားလုံးသိတယ်။ ကျွန်မတို့ သူ့ကို ယုံကြည်တာ သူက ဂျူးဖြစ်လို့ မာရိက မွေးဖွားခဲ့လို့မဟုတ်ဘူး။ သူ့ရဲ့ လိင်၊ သူ့ရဲ့ အသွင်အပြင်ကြောင့်ဆိုတာ ပိုပြီးတော့ မဟုတ်ဘူး။ သူက ဘုရားဝိညာဉ်ရဲ့ အနှစ်သာရဖြစ်လို့ သူက သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်လို့ ကျွန်မတို့က သူ့ကို ယုံကြည်ကြတာ။ သူကသာ သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားအလုပ်ကို လုပ်နိုင်တယ်။ ဒီလိုပဲ အခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ ဘာလို့ယုံကြည်တာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်လို့ ယုံကြည်တယ်။ သူက သာမန်လူတစ်ယောက်ရဲ့ အသွေးအသားနဲ့ နောက်တစ်ဖန် ဝတ်ဆင်ထားတဲ့ သခင်ယေရှုရဲ့ဝိညာဉ်ပဲ။ ကျွန်မတို့ကြားမှာ အသက်ရှင်ပြီး သမ္မာတရားတွေကို ဖော်ပြနေပြီး နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ပြုနေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုနှစ်ပါးလုံးက တူညီတဲ့ အရင်းအမြစ်ရှိပြီး ဘုရားဝိညာဉ်ရဲ့ အနှစ်သာရရှိတယ်။ ဒီဘုရားသခင် လူ့ဇာတိခံယူခြင်းက ဘယ်မိသားစုကနေပဲ မွေးပါစေ ဘယ်လိုပုံစံရှိပြီး ဘယ်လိင်ရှိပါစေ ဒါတွေထဲက ဘယ်ဟာကမှ သူ့ရဲ့ အနှစ်သာရကို မပြောင်းလဲနိုင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ သမ္မာတရားတွေ အများကြီး ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုတယ်။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားဝိညာဉ်ရဲ့ လူ့ဇာတိခံယူခြင်းဖြစ်တယ်၊ သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်” ပေါ့။

သူက တဖြည်းဖြည်းနဲ့ ရှာဖွေချင်စိတ်ရှိလာတယ်။ ကျွန်မပြောသမျှတိုင်းကို သဘောတူတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ဘုရားသခင်က ဘာကြောင့် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ သူက နားမလည်သေးဘူး။ သူက နည်းနည်း ပြေလျော့လာတာကို ကျွန်မ တွေ့ပြီး သူ့ကို မေးလိုက်တယ်။ “ဘုရားသခင်က လူ့ဇာတိခံယူဖို့ ယူတဲ့ ပုံစံ၊ လိင်က ကျွန်မတို့ ဆုံးဖြတ်နိုင်တဲ့ အရာတွေလား။ ကျွန်မတို့အမေက ကျွန်မတို့ကို မွေးဖွားတော့ ကျွန်မတို့က သူ့အသွင်အပြင်ကို မရွေးနိုင်ဘူး။ သူက ဘယ်လိုပုံစံပဲရှိပါစေ ကျွန်မတို့က လက်ခံရတာပဲ။ ဒါက ကလေးတွေမှာ ရှိသင့်တဲ့ အကြောင်းပြချက်ပဲ။ မဟုတ်ဘူးလား” ပေါ့။ ရာဖေးလ်က ခေါင်းညိတ်ပြီး ပြောတယ်။ “ဒါပေါ့။ ကျွန်တော်တို့က ရွေးခွင့်မရှိဘူး။” ကျွန်မ ဆက်ပြောတယ်။ “ဒီလိုပဲ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်က လူ့ဇာခံယူဖို့ အခုရွေးချယ်တဲ့ ဇာတိပကတိက ကျွန်မတို့ ဆုံးဖြတ်နိုင်တဲ့အရာလား။ ဘုရားသခင်က အမျိုးသားအဖြစ်ကြွလာရင် ငါ လက်ခံမယ်၊ အမျိုးသမီးအဖြစ် ကြွလာရင် ငါ လက်မခံဘူးလို့ ကျွန်မတို့ကပြောရင် ဒါက ကျိုးကြောင်းမသင့်တာမဟုတ်ဘူးလား။ ဘုရားသခင် လူ့ဇာတိခံယူတဲ့ လိင်က ဘုရားသခင်ကိုယ်တိုင်ရဲ့ ကိစ္စဖြစ်ပြီး ဘုရားသခင်ရဲ့ ရွေးချယ်မှုပဲ။ လူသားတွေအနေနဲ့ ကျွန်မတို့က မှတ်ချက်ပေးဖို့ အရည်အချင်းမပြည့်မီဘူးမဟုတ်ဘူးလား။ ဘုရားသခင်က ဖန်ဆင်းခြင်း သခင်ဖြစ်ပါတယ်။ ဘုရားရဲ့ ဉာဏ်ပညာက ကောင်းကင်ထက် ပိုမြင့်ပြီး သူ့အတွေးတွေက လူသားထက်ပိုမြင့်တယ်။ ကျွန်မတို့က အရေးမပါတဲ့ လူသားတွေပဲ။ ဘုရားရဲ့အလုပ်မှာ ဘုရားရဲ့ ဉာဏ်ပညာကို ကျွန်မတို့ ဘယ်လိုလိုက်မီနိုင်မှာလဲ။ ဘုရားရဲ့ အသွင်အပြင်နဲ့ အမှုတော်နဲ့ ပတ်သက်ပြီး ကျွန်မတို့က လုံးဝ ရွေးချယ်ခွင့်မရှိဘူး။ ဘုရားသခင်က လူ့ဇာတိခံယူခဲ့ပြီး သူက သမ္မာတရားကို တွေကို ဖော်ပြပြီး ဘုရားရဲ့အမှုကို လုပ်ဆောင်သရွေ့ သူ့လိင်က ဘာပဲဖြစ်ပါစေ သူက ဘုရားကိုယ်တိုင်ပဲ။ ကျွန်မတို့က လက်ခံပြီး နာခံသင့်တယ်။ ဒါကသာ ကျိုးကြောင်းသင့်တာဖြစ်ပြီး ဒါကသာ ဉာဏ်ရှိတဲ့သူဖြစ်တာပါ” ပေါ့။ ကျွန်မ မိတ်သဟာယဖွဲ့ပြီးတော့ ရာဖေးလ်က အလေးအနက်နားထောင်နေပြီး ပြန်မချေပဘူး။

နောက်တော့ ကျွန်မ သူ့ကို ကျမ်းပိုဒ်နည်းနည်းဖတ်ပြတယ်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၁:၁) “မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂) “ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်။” (ကမ္ဘာဦးကျမ်း ၁:၂၇) “ဟောအရပ်အရပ်၌ ယေဟောဝါက သင့်အား မီးထဲမှနေ၍ မိန့်တော်မူသည့်နေ့ရက်တွင် သင်သည် မည်သည့်ပုံသဏ္ဌာန်အမျိုးအစားကိုမျှ မတွေ့ချေ။ ထို့ကြောင့် သင်သည် ဖောက်ပြန်လာကာ၊ ယောက်ျား၊ သို့မဟုတ် မိန်းမတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်စေ၊ သို့မဟုတ် မြေကြီးပေါ်ရှိ မည်သည့်တိရစ္ဆာန်ကဲ့သို့မဆို၊ သို့မဟုတ် လေထဲတွင် ပျံသည့် မည်သည့်ငှက်ကဲ့သို့မဆို မည်သည့်ပုံသဏ္ဌာန် ပုံရိပ်တစ်ခုမျှ သင့်အတွက် ရုပ်ထုတစ်ခု မပြုလုပ်စေဖို့အလို့ငှာ အလွန် သေချာစွာ ကြည့်ရှုလော့။” (တရားဟောရာကျမ်း ၄:၁၅-၁၇) ကျွန်မ မိတ်သဟာယဖွဲ့တယ်။ “ဘုရားသခင်က အနှစ်သာရမှာ ဝိညာဉ်ဖြစ်တယ်၊ ပုံသေအသွင်သဏ္ဍန်မရှိဘူး၊ ပြီးတော့ သူ့ကို ကိုးကွယ်ဖို့အတွက် ဘယ်လိုပုံစံကိုမှ ထွင်းထုခွင့်မပြုဘူးဆိုတာ ဒီကျမ်းပိုဒ်တွေကနေ ကျွန်မတို့ မြင်နိုင်ပါတယ်။ ကမ္ဘာဦးကျမ်းမှာ ရေးထားတယ်။ အစပိုင်းမှာ ဘုရားသခင်က သူ့ပုံရိပ်နဲ့အညီ ယောကျာ်းကို အရင်ဖန်ဆင်းပြီး မိန်းမကို ဖန်ဆင်းတယ်။ ဒီတော့ ဘုရားက ယောကျာ်းလို့ပြောမလား၊ မိန်းမလို့ပြောမလား။ ဘုရားသခင်က ယောကျာ်းလို့ပြောမယ်ဆိုရင် သူက မိန်းမကိုလည်း သူ့ပုံရိပ်နဲ့အညီ ဖန်ဆင်းခဲ့တာပဲလေ။ ဘုရားသခင်က မိန်းမလို့ပြောမယ်ဆိုရင် သူက ယောကျာ်းကိုလည်း သူ့ပုံရိပ်နဲ့အညီ ဖန်ဆင်းခဲ့တာပဲ။ ဘယ်လိုဖြစ်တာလဲ။ ဘုရားသခင်က ဖြောင့်မတ်တဲ့ ဘုရားသခင်ဖြစ်တယ်။ သူက ယောကျာ်းနဲ့ မိန်းမကို သူ့ပုံရိပ်နဲ့အညီ ဖန်ဆင်းခဲ့တယ်။ ပထမအကြိမ် သူလူ့ဇာတိခံယူတော့ ယောကျာ်းအနေနဲ့ဖြစ်ပြီး နောက်ဆုံးသောကာလမှာ သူက မိန်းမအဖြစ် လူ့ဇာတိခံယူခဲ့တယ်။ လိင်နှစ်မျိုးလုံးကို သူက မျှမျှတတ ဆက်ဆံတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဘုရားသခင်က နှစ်ကြိမ်လုံး ယောကျာ်းအဖြစ် လူ့ဇာတိခံယူရင် မိန်းမတွေအတွက် မမျှတဘူးဖြစ်သွားမှာပဲ။ ဘုရားသခင်က ယောကျာ်း၊ ဒါမှမဟုတ် မိန်းမဖြစ်တယ်လို့ ပြောတာက ဘုရားကို ဘောင်ခတ်နေတာပဲ။ ဒါကို ဘုရားက အမုန်းဆုံးပဲ။ ဘုရားသခင်က လူ့ဇာတိခံယူတဲ့အချိန်တိုင်းမှာ ဒါက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ပဲ။ လူ့ဇာတိခံယူတယ်ဆိုတာ လူသားအသွင်ကို ယူတဲ့သဘောပဲ။ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေပေါ့။ ဒါပေမဲ့ ဘုရားသခင်က ဘယ်လိင်နဲ့ လူ့ဇာတိခံယူပါစေ သူ့အနှစ်သာရက ထာဝရမပြောင်းလဲဘူး။” ဒါကို ကြားပြီးတော့ ရာဖေးလ်က သတိပြုမိပြီး ပြောတယ်။ “နောက်ဆုံးသောကာလမှာ ဘုရားသခင်က မိန်းမအဖြစ် လူ့ဇာတိခံယူတာ တကယ်ကို အဓိပ္ပာယ်ရှိတာပဲ တဲ့။”

နောက်တော့ ကျွန်မ သူ့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျမ်းပိုဒ်နည်းနည်း ပို့ပေးလိုက်တယ်။ “ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ပုံစံဖြင့် လာခဲ့ပြီး၊ ယခုတစ်ကြိမ် ဘုရားသခင် ကြွလာသောအခါမူ သူ၏ပုံစံသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် သူ၏အမှု၌ အသုံးပြုနိုင်သည်ကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်တစ်ခုချင်းစီတွင် လုပ်ဆောင်ခဲ့သော အမှုသည် ယင်း၏ အရေးပါမှုရှိလေသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်— မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်၊ ဝိညာဉ်တော်၊ ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ သို့မဟုတ် အရာခပ်သိမ်းကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ရုံမျှမက၊ လူသားတစ်ဦး- သာမန်လူတစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်း ဖြစ်၏။ သူသည် အမျိုးသားဖြစ်သည်သာမက၊ အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများထံ မွေးဖွားကြရာတွင် တူညီကြပြီး၊ တစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူပြီး တခြားတစ်ဦးသည် ဝိညာဉ်တော်ထံမှ တိုက်ရိုက် ဆင်းသက်သော်လည်း၊ လူသားတစ်ဦးထံ မွေးဖွားသည်ဆိုရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်၏အမှုကို ဘုရားသခင်၏လူ့ဇာတိက ဆောင်ရွက်ရာတွင် ဆင်တူကြပြီး၊ တစ်ဦးက ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်သော်လည်း အခြားတစ်ဦးက သိမ်းပိုက်ခြင်း အမှုကို ဆောင်ရွက်ရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် မေတ္တာနှင့် ကရုဏာတို့ဖြင့် ပြည့်နေသော ရွေးနုတ်ရှင်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်နေသည့် ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည့် ဦးစီးချုပ်ဖြစ်သော်လည်း၊ အခြားတစ်ဦးသည် သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်သည့် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ အခြားတစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော လူ့ဇာတိဖြစ်သော်လည်း၊ အခြားတစ်ဦးသည် ရွေးနုတ်ခြင်းကို ပြီးစီးစေပြီး အမှုကို ဆက်လက် ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ်မရှိသည့် လူ့ဇာတိဖြစ်သည်။ နှစ်ဦးလုံးသည် ဝိညာဉ်တော်တစ်ခုတည်း ဖြစ်သော်လည်း၊ ကွဲပြားသော လူ့ဇာတိများတွင် နေထိုင်ကာ ကွဲပြားသော နေရာများတွင် မွေးဖွားခဲ့ကြပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြား၏။ သို့သော်၊ ၎င်းတို့၏အမှုအားလုံးသည် မည်သည့်အခါမျှ ကွဲလွဲခြင်းမရှိဘဲ၊ နှစ်ဦးနှစ်ဖက် လိုက်ဖက်ကြပြီး၊ တစ်ချိန်တည်း ပြောဆို၍ရသည်။ နှစ်ဦးလုံးသည် လူများဖြစ်သော်လည်း၊ တစ်ဦးသည် သားယောက်ျားလေး ဖြစ်ကာ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ အနီလာက မိတ်သဟာယဖွဲ့တယ်။ “ဘုရားသခင်ရဲ့ အမှုတော်က အမြဲတမ်း အသစ်ဖြစ်ပြီး ဘယ်တော့မှ မဟောင်းဘူး။ သူ့အမှုကို ဘယ်တော့မှ ထပ်ခါထပ်ခါမလုပ်ဘူး။ ဘုရားသခင်ရဲ့အမှုတော်က အမြဲတမ်း ပြန်ပြီးအသစ်ဖြစ်နေတယ်။ ပြောင်းလဲနေတယ်။ ပုံသေ မြှင့်တက်နေတယ်။ ဘုရားသခင်က အမှုတော်ကို ထပ်ခါထပ်ခါလုပ်မယ်ဆိုရင် လူသားတွေက သူ့ကို ဘောင်ခတ်နိုင်ခြေရှိတယ်။ ကျွန်မတို့က သူ့ကို တကယ်သိမြင်မှာမဟုတ်ဘူး။ ဘုရားသခင်က ပထမအကြိမ် လူ့ဇာတိခံယူတော့ ယောကျာ်းဖြစ်တယ်။ ဒီတော့ သခင်က နောက်တစ်ခါ ယောကျာ်းအဖြစ်ထပ်ပြီး ပြန်ကြွလာတဲ့ အကျိုးဆက်တွေက ဘာဖြစ်မလဲ။ လူသားတွေက ဘုရားသခင်ကို အမျိုးသားအဖြစ် ဘောင်ခတ်မယ်။ ဘုရားသခင်က ယောကျာ်းတွေကိုပဲ အသိအမှတ်ပြုတယ်၊ မျက်နှာသာပေးတယ် မိန်းမတွေကို မချစ်ဘူး၊ ရှောင်တယ်လို့ ထင်ကြမယ်။ ဒါကြောင့် မိန်းမတွေက အမြဲတမ်း ခွဲခြားဆက်ဆံခံရမယ်။ ဒါက မှန်ကန်တဲ့ နားလည်မှုတစ်ခုလား။ မိန်းမတွေအပေါ် မျှတရဲ့လား။ ဒါက ဘုရားအလိုတော်နဲ့ ညီသလား။ ဒါတွေက လူသားအယူအဆတွေ၊ စိတ်ကူးထင်မြင်မှုတွေမဟုတ်ဘူးလား။ ဘုရားက ဖြောင့်မတ်တယ်။ ယောကျာ်းနဲ့မိန်းမကို တန်းတူညီမျှဆက်ဆံတယ်။ ဘုရားသခင်က ယောကျာ်းအဖြစ် တစ်ကြိမ်၊ မိန်းမအဖြစ် တစ်ကြိမ်လူ့ဇာတိခံယူတယ်။ ဒါက အရမ်း အဓိပ္ပာယ်ရှိပါတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ မိန်းမအဖြစ် လူ့ဇာတိခံယူတာက လူတိုင်းရဲ့ အယူအဆတွေကို ချေဖျက်ပစ်လိုက်တယ်။ လူသားရဲ့ ဘုရားအပေါ် မှားယွင်းတဲ့နားလည်မှုကို ပြောင်းပြန်လှန်လိုက်တယ်။ ဘုရားသခင်အပေါ် လူသားရဲ့ ဘောင်ခတ်မှုကို ချိုးဖျက်လိုက်တယ်။ ဘုရားသခင်က ယောကျာ်းတွေရဲ့ ဘုရားမဟုတ်ဘဲ မိန်းမတွေရဲ့ဘုရားလည်းဖြစ်တယ်ဆိုတာ လူတွေကို ပြလိုက်တယ်။ ဘုရားက လူသားအားလုံးရဲ့ ဘုရားပါ။ ဘုရားကို ယောကျာ်း၊ မိန်းမအဖြစ် ဘောင်ခတ်ဖို့ ဘယ်သူကမှ သူတို့အယူအဆတွေကို အသုံးမပြုနိုင်ဘူး” ပေါ့။

ကျွန်မ ထပ်ပြီးပြောလိုက်တယ်။ “တကယ်တော့ ဘုရားသခင်က သူလူ့ဇာတိခံတာမှာ ဘယ်ပုံစံကိုပဲယူပါစေ သူ့အနှစ်သာရက မပြောင်းလဲဘူး။ ဒါတွေက ဘုရားရဲ့ ဝိညာဉ်က လူ့ဇာတိခံတာဖြစ်တယ်။ ဘုရားကိုယ်တိုင်ကို ကိုယ်စားပြုပါတယ်။ ဘုရားရဲ့အလုပ်ကို လုပ်နိုင်တယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က လူ့ဇာတိခံပြီး လူသားမျိုးနွယ်ရဲ့ အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံရတယ်။ သခင်ယေရှုက ယောကျာ်းဖြစ်ပြီး လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့အတွက် ကားစင်တင်ခြင်းကို ခံနိုင်ခဲ့တယ်။ ဘုရားသခင်က အဲဒီပထမအကြိမ်မှာ မိန်းမအဖြစ် လူ့ဇာတိခံရင် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်နိုင်ဦးမှာပဲ။ လူသားကို နောင်တရလမ်းပေးဖို့အတွက် သမ္မာတရားကို ဖော်ပြနိုင်ဦးမှာပဲ။ ဒါကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်းရဲ့ လိင်နဲ့ ပုံစံက အရေးမကြီးဘူး။ ပြီးတော့ သူက ကြီးမြတ်တဲ့အသွင်ရှိသလားဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက သူက ဘုရားရဲ့ အနှစ်သာရရှိတယ်၊ သမ္မာတရားကို ပြောဆိုတယ်၊ လူသားတွေကို ကယ်တင်ခြင်းအမှုကို ပြုတယ်ဆိုတာပဲ။ စစ်မှန်တဲ့လမ်းကို စုံစမ်းရာမှာ ဒါတွေကိုပဲ ကျွန်မတို့ အာရုံစိုက်သင့်ပါတယ်။” နောက်တော့ ကျွန်မ သူ့ကို နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ပြတယ်။ “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ကျွန်မ ဆက်ပြီး မိတ်သဟာယဖွဲ့တယ်။ “ဘုရားနှုတ်ကပတ်တော်က အရမ်း ရှင်းပါတယ်။ ဘုရားသခင် လူ့ဇာတိခံယူခြင်းလားဆိုတာကို သေချာသိဖို့အတွက် အဓိကကြည့်ရမှာက သူက သမ္မာတရားကို ထုတ်ပြန်နိုင်ပြီး ဘုရားရဲ့အမှုတော်ကို လုပ်နိုင်သလားဆိုတာပဲ။ စစ်မှန်တဲ့လမ်းကို စုံစမ်းတဲ့နေရာမှာ ဘုရားအသံကို နားထောင်ဖို့ အာရုံမစိုက်ရင် အဲဒီအစား လူ့ဇာတိခံယူခြင်းရဲ့ အသွင်အပြင်နဲ့ လိင်ကို အခြေခံပြီး အကဲဖြတ်ရင် ယေရှုကို အာခံတဲ့ ဖာရိရှဲတွေရဲ့အမှားကိုပဲ လုပ်နေတာမဟုတ်ဘူးလား။ ဖာရိရှဲတွေက သခင်ယေရှုရဲ့ မိသားစုနောက်ခံနဲ့ ပုံသဏ္ဍန်က သူတို့အယူအဆတွေ၊ မေရှိယနဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်တာတွေနဲ့ လုံးဝ လွဲနေတာကိုမြင်ပြီး သခင်ယေရှုကို သာမန်ကာလျှံကာ အကဲဖြတ်ပြီး ရှုတ်ချကြတယ်။ သူ့စကားတွေ၊ အလုပ်တွေကို လုံးဝ မရှာဖွေ၊ မစုံစမ်းဘဲနဲ့ပေါ့။ အဆုံးမှာ သူတို့က ယေရှုကို ကားစင်တင်ခဲ့ကြပြီး ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြတယ်။ အဲဒါနဲ့ စီရင်ခြင်းခံကြရတယ်။ လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မဖတ်ရင်၊ ဘုရားအသံတော်ကို ကြားဖို့ အာရုံမစိုက်ရင် ဘုရားသခင်က မိန်းမအဖြစ် လူ့ဇာတိခံယူတာက သူတို့အယူအဆတွေနဲ့ မကိုက်တာကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းဆန်ပြီး ခုခံကြရင် ဒါက ဘုရားသခင်ကို နောက်တစ်ခါထပ်ပြီး ကားစင်တင်နေတာမဟုတ်ဘူးလား” ပေါ့။

ဤမိတ်သဟာယပြီးနောက်တွင်၊ ရာဖေးလ်က သူ ဆက်ပြီးရှာဖွေနေမယ်လို့ပြောတယ်။ ပြီးတော့ ကျွန်မတို့က အဲဒီနေ့ညနေမှာလုပ်တဲ့ စုဝေးပွဲတစ်ခုကို သူ့ကို ဖိတ်တော့ သူက လိုလိုလားလားနဲ့ သဘောတူတယ်။ ဒါပေမဲ့ ကျွန်မ အံ့သြသွားတာက သူက အဲဒီနေ့ညနေမှာ မလာဘူး။ ဖုန်းခေါ်တော့ မကိုင်ဘူး။ ကျွန်မ တော်တော်စိတ်ပူသွားတယ်။ အဲဒါနဲ့ ကျွန်မက မနက်တိုင်း ထတာနဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို သူ့ဆီပို့တယ်။ တစ်နေ့တော့ သူ စာပြန်မယ်လို့ မျှော်လင့်ပြီးတော့ပေါ့။ ဒါပေမဲ့ သူက ကျွန်မစာတွေကို လုံးဝ မဖတ်ဘူး။ ကျွန်မက တကယ်ကို မျှော်လင့်ချက်မဲ့လာတယ်။ နောက်ပိုင်းမှာ ကျွန်မက တခြားညီအစ်ကိုမောင်နှမတွေကို သူ့ကို ဆက်သွယ်ဖို့ ကြိုးစားခိုင်းတယ်။ ဒါပေမဲ့ သူက ဆက်သွယ်လို့ကို မရဘူး။ ကျွန်မ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေထဲကို ပြန်ရောက်သွားတယ်။ ဒါက ဖြစ်ကိုဖြစ်လာမယ့်ပုံစံပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မသူ့ကို လုံးဝ လက်လျှော့လိုက်တော့မယ့်အချိန်မှာပဲ အီတလီနိုင်ငံသားတစ်ယောက်ကို ဧဝံဂေလိဟောတဲ့ အစ်မတစ်ယောက်ရဲ့ အတွေ့အကြုံအကြောင်း ဆောင်းပါးတစ်ပုဒ်ကို ကျွန်မ သွားတွေ့တယ်။ ဖြစ်ချင်တော့ သူတရားဟောတဲ့ ဒီအစ်ကိုကို ကျွန်မက သိတယ်။ သူက ဧဝံဂေလိ ဖြန့်ဝေတဲ့နေရာမှာ ကျွန်မနဲ့ တွဲလုပ်ခဲ့တယ်။ ဒီအစ်ကိုက လူ့သဘာဝကောင်းရှိပြီး သမ္မာတရားအပေါ် သန့်စင်တဲ့ နားလည်မှုရှိတယ်။ ဒါပေမဲ့ သူ့ကို အဲဒီအစ်မက တရားဟောတဲ့အခါ သူက အယူအဆတွေအများကြီးရှိမယ်၊ နှစ်လကြာတဲ့အထိ အဆက်အသွယ်မရဖြစ်မယ်လို့ ကျွန်မ မျှော်လင့်မထားဘူး။ ဒါပေမဲ့ အဲဒီအစ်မက လက်မလျှော့သေးဘူး။ သူက ဘုရားနှုတ်ကပတ်တော်ကို သူနဲ့ မိတ်သဟာယပြုဖို့အတွက် ဆက်စောင့်နေပြီး အခွင့်အရေးတွေ ရှာတယ်။ နောက်ဆုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သူ့အယူအဆတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းပေးခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို သူ လက်ခံသွားတယ်။ အဲဒီအစ်မရဲ့ အတွေ့အကြုံက တကယ်ကို တို့ထိစရာဖြစ်ပြီး ကျွန်မ ရှက်သွားမိတယ်။ ဘုရားရှေ့ကိုလာတဲ့သူတစ်ယောက်ချင်းရဲ့ နောက်ကွယ်မှာ ဘုရားသခင်က ကြီးမားတဲ့ အဖိုးအခကိုပေးဆပ်တာကို ကျွန်မ တွေးမိတယ်။ လူသားကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားလည်ရင် ဘုရားအလိုတော်ကို ကျွန်မ အလေးထားသင့်တယ်။ ဒါပေမဲ့ နည်းနည်းလေး ခက်ခဲလိုက်တာနဲ့ ကျွန်မက ခေါင်းရှောင်ပြီး လက်လျှော့ဖို့ အသင့်ဖြစ်နေတယ်။ ကျွန်မက ဇွဲလုံးဝ ကင်းမဲ့နေတယ်။ ကျွန်မရဲ့ သစ္စာရှိခြင်းနဲ့ သက်သေခံချက်က ဘယ်မှာလဲ။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “ဧဝံဂေလိဖြန့်ဝေရာတွင် သင်သည် ပထမဦးစွာ သင်၏တာဝန်ကို ကျေပွန်ရမည်။ သင်လုပ်နိုင်သမျှနှင့် လုပ်သင့်သမျှအရာအားလုံးကို လုပ်ဆောင်ရာတွင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားနောက်ကို လိုက်ရမည်။ မှန်သောလမ်းကို သုံးသပ်ဆင်ခြင်နေသည့်သူတွင် ရှိနိုင်သော မည်သည့်အယူအဆများအတွက်မဆို၊ သို့မဟုတ် ၎င်းတို့မေးသည့် မည်သည့်မေးခွန်းအတွက်မဆို ဖြေရှင်းချက်များကို သင်သည် မေတ္တာရှေ့ထား၍ ပေးရမည်။ သင်သည် အမှန်တကယ်ပင် ဖြေရှင်းချက် မပေးနိုင်လျှင် ၎င်းတို့ကို ဖတ်ပြရန်အတွက် သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်အချို့ကို ရှာဖွေနိုင်သည်၊ သို့မဟုတ် ၎င်းတို့အား ပြသရန် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းနှင့် သက်ဆိုင်သော ဗီဒီယိုအပိုင်းများကိုသော်လည်းကောင်း၊ သင့်တော်သော ဗီဒီယိုအချို့ကိုသော်လည်းကောင်း ရှာဖွေနိုင်သည်။ ဤအရာ ထိရောက်ဖို့မှာ လုံးဝဖြစ်နိုင်ခြေရှိသည်။ အနည်းဆုံးအနေဖြင့် သင်သည် သင့်တာဝန်များကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ပြီး သင့်အသိစိတ်၏ စွပ်စွဲခြင်းကို ခံစားရမည် မဟုတ်ပေ။ သို့သော် သင်သည် ဝတ်ကျေတန်းကျေလုပ်ဆောင်ပြီး ဖြစ်သလို ပြုလုပ်လျှင် အမှုအရာများက နှောင့်နှေးကြန့်ကြာနိုင်ခြေရှိပြီး ထိုလူကို ရရှိရန် လွယ်ကူမည်မဟုတ်ပေ။ သူတစ်ပါးတို့ကို ဧဝံဂေလိဖြန့်ဝေရာတွင် မိမိတို့၏ တာဝန်ကို ကျေပွန်ရမည်။ ‘တာဝန်’ ဆိုသည့်စကားကို မည်သို့ နားလည်ရမည်နည်း။ ယင်းကို အတိအကျ မည်သို့လက်တွေ့လုပ်ဆောင်ပြီး အသုံးချသင့်သနည်း။ သခင့်ကို ကြိုဆိုပြီး ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံပြီးနောက်တွင် သင်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ဆာငတ်သောသူများထံသို့ ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန် ဝတ္တရားတစ်ခုရှိသည်ကို နားလည်သင့်သည်။ ဤသို့ဆိုလျှင် ဤအရာကို ၎င်းတို့နှင့် မည်သို့ဝေမျှရသနည်း။ အွန်လိုင်းတွင်ဖြစ်စေ၊ လက်တွေ့ဘဝတွင်ဖြစ်စေ လူတို့ကို ရရှိသည့်၊ ထိရောက်သည့် မည်သည့်နည်းလမ်းမဆိုဖြင့် မျှဝေသင့်သည်။ ဧဝံဂေလိမျှဝေခြင်းသည် သင်လုပ်ချင်စိတ်ပေါက်သည့်အချိန်တွင် လုပ်ဆောင်ရသောအရာမဟုတ်၊ သင်စိတ်ပါသည့်အခါတွင် လုပ်ဆောင်ပြီး စိတ်မပါသောအခါတွင် မလုပ်ဆောင်သောအရာတစ်ခု မဟုတ်ပေ။ သင့်တော်သည်ဟု သင်ထင်သလို စိတ်ကြိုက်ရွေးချယ်လျက်၊ သင်နှစ်သက်သည့်သူကို ဧဝံဂေလိဖြန့်ဝေပြီး မနှစ်သက်သည့်သူကို ဖြန့်ဝေခြင်းမပြုလျက် သင့်အကြိုက်များနှင့်အညီ လုပ်ဆောင်ရသော အရာတစ်ခုလည်းမဟုတ်ပေ။ ဧဝံဂေလိကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ ဖြန့်ဝေသင့်သည်။ သင်နားလည်သည့် သမ္မာတရားများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အမှုတော်တို့ကို မှန်သောလမ်းအား သုံးသပ်ဆင်ခြင်နေသောသူများထံသို့ သက်သေခံရန် သင်စွမ်းဆောင်နိုင်သမျှအားလုံးကို လုပ်ဆောင်လျက် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ဝတ္တရားများကို သင်ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်းပင် ဖြစ်သည်။ လူတစ်ယောက်သည် ဧဝံဂေလိဖြန့်ဝေသောအခါတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သူ၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်။ အဖိုးအခတိုင်းကို ပေးဆပ်လိုစိတ် ရှိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်)ဤသို့ဆိုလျှင် စစ်မှန်သည့်လမ်းအား စူးစမ်းလေ့လာနေသည့် သူတစ်ယောက်ကို မည်သို့ဆက်ဆံသင့်သနည်း။ ထိုသူသည် ဧဝံဂေလိမျှဝေခြင်းအတွက် ဘုရားအိမ်တော်က ချမှတ်ထားသည့် စည်းမျဉ်းများနှင့် ကိုက်ညီသရွေ့ ထိုသူကို ဧဝံဂေလိဖြန့်ဝေရန် ငါတို့တွင် ဝတ္တရားရှိသည်။ သူ၏ လက်ရှိသဘောထားက ဆိုးပြီး လက်မခံနိုင်ဖွယ် ဖြစ်လျှင်ပင် ငါတို့သည် စိတ်ရှည်ခြင်းကို ကျင့်သုံးရမည်။ မည်မျှကြာသည်အထိ၊ မည်သည့်အတိုင်းအတာအထိ စိတ်ရှည်ရမည်နည်း။ သင့်ကို သူငြင်းဆန်ပြီး သူ၏ အိမ်အတွင်းသို့ ဝင်ခွင့်မပြုသည်အထိ၊ မည်သည့်ဆွေးနွေးမှုကမျှ အလုပ်မဖြစ်သည်အထိ၊ သူ့အား ဖုန်းဆက်ခြင်း၊ သို့မဟုတ် အခြားတစ်ယောက်ယောက်ကို သူ့အား သွားဖိတ်စေခြင်းက အလုပ်မဖြစ်သည်အထိ၊ သူက သင့်ကို အသိအမှတ်မပြုသည်အထိ ဖြစ်သည်။ ဤသို့ဆိုလျှင် သူ့အား ဧဝံဂေလိမျှဝေရန် မဖြစ်နိုင်ပေ။ ထိုအခါ၌ သင်၏ တာဝန်ကို ဖြည့်ဆည်းခဲ့ပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။ မျှော်လင့်ချက်အနည်းငယ် ရှိနေသရွေ့ ဘုရားနှုတ်ကပတ်တော်ကို သူ့အား ဖတ်ပြပြီး ဘုရား၏ အမှုတော်အတွက် သက်သေခံရန် သင်တတ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားကာ အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်နှင့် အဆက်အသွယ်လုပ်နေခဲ့သည်မှာ နှစ်နှစ်၊ သုံးနှစ်ကြာနေပြီ ဆိုကြပါစို့။ ထိုသူအား ဧဝံဂေလိမျှဝေခြင်း၊ ဘုရားသခင်အတွက် သက်သေခံခြင်းကို အကြိမ်များစွာ သင်ကြိုးစားပြီး ဖြစ်သော်လည်း ထိုသူကမူ လက်ခံရန် ရည်ရွယ်ချက်မရှိ။ သို့တိုင်အောင် သူသည် အတော်အတန် နားလည်နိုင်စွမ်းရှိပြီး ဧဝံဂေလိလက်ခံရန် အလားအလာရှိသူတစ်ယောက် အမှန်တကယ်ပင် ဖြစ်သည် ဆိုကြပါစို့။ သင်မည်သို့လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ သူ့အပေါ်တွင် လက်မလျှော့ဘဲ ပုံမှန် အဆက်အသွယ်ပြုခြင်းကို ထိန်းထားရမည်။ သူ့အား ဘုရားနှုတ်ကပတ်တော်ကို ဆက်လက်ဖတ်ပြပြီး ဘုရားအမှုတော်အတွက် သက်သေခံရမည်။ သူ့အပေါ်တွင် လက်မလျှော့နှင့်။ အဆုံးထိ စိတ်ရှည်လော့။ မသိမမြင်နိုင်သော တစ်နေ့နေ့တွင် သူသည် နိုးထပြီး လမ်းမှန်ကို စူးစမ်းရန် အချိန်ကျပြီဟု ခံစားရလိမ့်မည်။ ဤအတွက်ကြောင့် အဆုံးမရှိသော စိတ်ရှည်ခြင်းနှင့် ဇွဲလုံ့လကို ကျင့်သုံးခြင်းသည် ဧဝံဂေလိ ဖြန့်ဝေရာတွင် အရေးကြီးသည်။ အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်ရမည်နည်း။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် ထိုသူနှင့် အဆက်အသွယ်ရှိသောကြောင့် သူ့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောကြားရန် သင့်တွင် တာဝန်၊ ဝတ္တရားရှိသည်။ ဘုရားနှုတ်ကပတ်တော်ကို ပထမဆုံး သူကြားသည့်အချိန်မှစ၍ သူ့ကိုယ်သူပြောင်းလဲသည့် အချိန်အထိ ဖြစ်စဉ်များစွာက ဝင်ရောက်စွက်ဖက်လိမ့်မည်။ ဤအရာမှာ အချိန်ယူရ၏။ ဤအချိန်ကာလတွင် စိတ်ရှည်ပြီး စောင့်ဆိုင်းရန် လိုအပ်သည်။ သူ့ကိုယ်သူပြောင်းလဲပြီး သင်က သူ့အား ဘုရားရှေ့ခေါ်ဆောင်ကာ ဘုရား၏ မိသားစုထံသို့ ပြန်လည်ခေါ်ဆောင်သည့် နေ့အထိဖြစ်သည်။ ဤသည်မှာ သင်၏ ဝတ္တရားဖြစ်သည်။ ဝတ္တရားဆိုသည်မှာ အဘယ်နည်း။ ခေါင်းရှောင်၍ မရသော တာဝန်၊ မဖြစ်မနေလုပ်ရမည့် တာဝန်ဖြစ်သည်။ မိခင်တစ်ယောက်က သူ၏ ကလေးအပေါ် ဆက်ဆံမှုကဲ့သို့ ဖြစ်သည်။ ကလေးသည် မည်မျှမနာခံပါစေ၊ သို့မဟုတ် မည်မျှကျီစယ်ဆော့ကစားတတ်ပါစေ၊ သို့တည်းမဟုတ် ဖျားနာပြီး မစားမသောက်သည်ဖြစ်စေ သူ့အမေ၏ ဝတ္တရားမှာ အဘယ်နည်း။ သင်သည် သူ၏ ကလေးဖြစ်သည်ကို သိလျက် သူသည် သင့်အား အလွန်အမင်း ချစ်မြတ်နိုးသည်။ မေတ္တာထားပြီး ဂရုစိုက်သည်။ သင်သည် သူ့အား မိခင်အဖြစ် အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကွာခြားမှုမရှိပေ။ သူ့ကို သင်မည်သို့ဆက်ဆံသည်က အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ သူသည် တစ်ခဏမျှပင် မထွက်ခွာဘဲ သင့်အနီးတွင် နေ၏။ သူသည် သင်၏မိခင်ဖြစ်သည်ဟု သင်ယုံကြည်ပြီး သူ၏ထွေးပိုက်မှုထဲသို့ သင်ပြန်လာသည်အထိ ဖြစ်သည်။ ဤနည်းအားဖြင့် သူသည် သင့်အား စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး ဂရုစိုက်သည်။ ဤသည်မှာ တာဝန်၏ အဓိပ္ပာယ်ဖြစ်သည်။ မဖြစ်မနေ လုပ်ရမည့် တာဝန်ရှိသည်ဆိုသည်မှာ ဤအဓိပ္ပာယ်ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းကို လုပ်ဆောင်သောသူများသည် ဤနည်းအားဖြင့်၊ လူတို့အပေါ် ဤသို့သော ချစ်ခြင်းမျိုးဖြင့် လက်တွေ့လုပ်ဆောင်လျှင် ဧဝံဂေလိဖြန့်ဝေခြင်း စည်းမျဉ်းများကို ထိန်းသိမ်းမည်ဖြစ်ပြီး ရလဒ်များရရှိရန် လုံးဝ စွမ်းဆောင်နိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်မ ရှက်ပြီးတော့ ဝမ်းနည်းပက်လက်ဖြစ်သွားတယ်။ ဧဝံဂေလိအမှုဆောင်တွေ ထမ်းဆောင်ရမယ့်တာဝန်တွေကို ဘုရားသခင်က တော်တော်ရှင်းလင်းအောင်ပြောထားတယ်။ အလားအလာရှိတဲ့ ဧဝံဂေလိကြားနာသူရဲ့ အခြေအနေတိုင်းက မတူဘူး။ မတူတဲ့ပုံစံနဲ့ ကိုင်တွယ်ဖို့လိုတယ်။ သူတို့ကို ရှောင်ပြီးတော့ ဘောင်ခတ်ဖို့အတွက် ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေ၊ တစ်ဖက်သတ်အမြင်တွေကို အားကိုးလို့မရဘူး။ မစဉ်းမစားနဲ့ သူတို့ကို လက်လျှော့လိုက်ဖို့ဆိုတာ ပိုပြီးလုပ်လို့မရဘူး။ သူတို့တွေကို သင့်တော်တဲ့ ဧဝံဂေလိကြားနာသူတွေလို့ သတ်မှတ်ရင် သူတို့ကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို သက်သေခံဖို့ အစွမ်းကုန်လုပ်ပြီး ဘယ်နည်းလမ်းမဆို အသုံးပြုရမယ်။ ဘုရားရှေ့ကို ခေါ်ဆောင်ရမယ်။ ဒါတွေက ဧဝံဂေလိဖြန့်ဝေတာမှာ ရှိသင့်တဲ့ စည်းမျဉ်းတွေပဲ။ ဒါပေမဲ့ ရာဖေးလ်ကို ခဏလောက် ဆက်သွယ်လို့မရတာနဲ့ စိတ်ရှည်တာတွေ၊ ကြင်နာတာတွေမဲ့သွားတယ်။ ကျွန်မက အခက်အခဲဖြစ်နေပြီး သူနဲ့ မိတ်သဟာယဖွဲ့ဖို့ ဆက်မကြိုးစားချင်ဘူး။ ပြီးတော့ သူက ကျွန်မတို့ကို လျစ်လျူရှုတာ၊ ဖုန်းမကိုင်တာ၊ စာတွေမဖတ်တာတွေလုပ်နေတော့ တခြားဘာလုပ်နိုင်မှာလဲဆိုပြီး ခံစားမိခဲ့တယ်။ ကျွန်မကမိတ်သဟာယကို ဖွဲ့ပေမဲ့ ရာဖေးလ်က လမ်းမှန်ကို လက်မခံတော့၊ ကျွန်မက ထပ်ပြီး အားမစိုက်ချင်တော့ဘူး။ အဲဒါနဲ့ ကျွန်မက သူ့ကို လောလောဆယ် ဘေးဖယ်ထားလိုက်တယ်။ ဒါပေမဲ့ တော်တော်ကို စိတ်မအေးနိုင်ခဲ့ဘူး။ ဒီအစ်ကိုက စစ်မှန်တဲ့ ယုံကြည်ခြင်းရှိတယ် အစွမ်းအစကောင်းရှိပြီး နားလည်နိုင်စွမ်းရှိတယ် ဒါပေမဲ့ ဘုန်းကြီးတစ်ပါးရဲ့ နှောင့်ယှက်မှု၊ လမ်းမှားညွှန်ပြမှုကြောင့် ဘာသာရေးအယူအဆတွေရဲ့ သက်ရောက်မှုကို ခံရတယ်ဆိုပြီး ကျွန်မ စဉ်းစားနေမိတယ်။ ဒီလိုအရမ်းအရေးပါတဲ့အချိန်မှာ ကျွန်မ သူ့ကို ကူညီရမယ်။ ဒီအတိုင်းရပ်နေပြီး ဘာမှမလုပ်ဘဲ နေလို့မဖြစ်ဘူး။ မဟုတ်ရင် ကျွန်မက ဧဝံဂေလိအမှုဆောင်တစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းနေတာ ဖြစ်မှာမဟုတ်ဘူး။ အဲဒါနဲ့ ကျွန်မ သူ့ကို ကူညီဖို့ မျှော်လင့်ပြီး သက်သေခံချက်စာတစ်ပုဒ်ကို ပို့လိုက်တယ်။ သူ ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ ကျွန်မတတ်နိုင်သမျှလုပ်ရမယ်။

သုံးလေးရက်ကြာတော့ သူက ကျွန်မဆီကို စာပို့ပြီးပြောတယ်။ “ကျွန်တော်က ဒီတစ်ချိန်လုံးမှာ ဆုတောင်းနေတာပါ။ ကျွန်တော်က ဘာမှမပြောရသေးပေမဲ့ ဘုရားသခင်က ကျွန်တော်တို့ စိတ်နှလုံးတွေကို ရှာဖွေတယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြဖို့အတွက် ကျွန်တော့်စိတ်နှလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို အော်ခေါ်နေခဲ့တယ်။ အမှားလုပ်ပြီး ဘုရားကို ပုန်ကန်ပြစ်မှားတာ မလုပ်မိအောင်ပေါ” တဲ့။ ကျွန်မတော်တော် ခံစားသွားရတယ်။ သူ့ပြန်စာထဲမှာ သူက ဒီလိုပြောတာကို တွေ့ရတယ်။ “ဒီကမ္ဘာက အရမ်းဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်တယ်။ ဘုရားသခင်နဲ့ နီးကပ်ဖို့ လူတွေအတွက် အရမ်းခက်ခဲတယ်။ ဆိုးယုတ်မှုကို ဆန့်ကျင်တဲ့ တစ်ခုတည်းသောလက်နက်က အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ ကျမ်းစာရဲ့ နှုတ်ကပတ်တော်တွေပဲ” တဲ့ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အသိအမှတ်ပြုတယ်။ ဒါက သူဟာ ဘုရားအသံတော်ကို နားလည်နိုင်တယ်၊ သူ့ကိုပြန်ရဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတာကို သက်သေပြတာပဲ။ ဒါပေမဲ့ သူက သူ့စိတ်အတွင်းထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မစာတွေကို သူဖတ်တာက အချိန်မရွေးရပ်သွားနိုင်တာကို ကျွန်မ စိတ်ပူမိတယ်။ တော်တော် စိုးရိမ်မိသွားတယ်။ အဲဒါနဲ့ ကျွန်မ စိတ်ငြိမ်အောင်ထားပြီး ဘုရားကို ဆုတောင်းတယ်။ ဆုတောင်းရင်းနဲ့ ဘုရားနှုတ်ကပတ်တော်က စာစုတစ်ခုကို သတိရမိတယ်။ “ဘုရားသခင်သည် ဖြစ်နိုင်ခြေရှိသော နောက်ဆုံးအခိုက်အတန့် မတိုင်ခင်ထိ မည်သည့်နည်းနှင့်မျှ လူသားမျိုးနွယ်ကို ပေါ့ပေါ့တန်တန် စွန့်ပစ်မည် မဟုတ်ပေ။” ဖတ်ဖို့အတွက် ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ အမြန်ရှာလိုက်တယ်။ “အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထု ၄:၁၀-၁၁ တွင် မှတ်တမ်းတင်ထားသည်- ‘ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။’ ဤသည်တို့မှာ ဘုရားသခင်နှင့် ယောနတို့၏ စကားစမြည်ပြောဆိုခြင်းမှ မှတ်တမ်းတင်ထားသည့် ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်စစ်စစ်များဖြစ်သည်။ ဤခွန်းတုံ့ဖလှယ်ခြင်းမှာ တိုတောင်းလင့်ကစား လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ ပူပန်မှုနှင့် လူသားမျိုးနွယ်အား လက်လျှော့ရန် သူ၏ဝန်လေးမှုတို့နှင့် ပြည့်နေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂))နိနေဝေမြို့သားများထံ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြေညာရန် ယောနသည် တာဝန်ပေးစေခိုင်းခံရခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်များကို သူနားမလည်ခဲ့သည့်သကဲ့သို့ မြို့သူမြို့သားများအတွက် သူ၏ပူပင်မှုများနှင့် မျှော်လင့်ချက်များကိုလည်း သူနားမလည်ခဲ့ပေ။ လူသားမျိုးနွယ်သည် သူ့ကိုယ်ပိုင်လက်များမှ ဆင်းသက်ပေါက်ဖွားလာသည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းအတွက် အပတ်တကုတ် အားထုတ်ကြိုးပမ်းမှုကို ပြုထားကြောင်း၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ မျှော်လင့်ချက်များကို မိမိတို့၏ပခုံးများထက်တွင် သယ်ပိုးထားကြကြောင်း၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ အသက်ထောက်ပံ့မှုကို အကျိုးခံစားခဲ့ကြကြောင်းကို ဤအပြစ်ဖော်ဆုံးမခြင်းနှင့်အတူ ဘုရားသခင်က သူ့အား ပြောလိုခဲ့ခြင်းပင် ဖြစ်သည်။ လူပုဂ္ဂိုလ်တိုင်းအတွက် ဘုရားသခင်သည် အပတ်တကုတ် အားထုတ်ရသည့် အဖိုးအခကို ပေးချေခဲ့ပြီးဖြစ်၏။ ယောနကိုယ်တိုင်က ကြက်ဆူပင်ကို ချစ်ခင်မြတ်နိုးသလောက် ဘုရားသခင်သည် သူ့ကိုယ်ပိုင်လက်များ၏ လက်ရာဖြစ်သည့် လူသားမျိုးနွယ်ကို ချစ်ခင်မြတ်နိုးကြောင်းကိုလည်း ဤအပြစ်ဖော်ဆုံးမခြင်းက ယောနကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ဖြစ်နိုင်ခြေရှိသော နောက်ဆုံးအခိုက်အတန့် မတိုင်ခင်ထိ မည်သည့်နည်းနှင့်မျှ လူသားမျိုးနွယ်ကို ပေါ့ပေါ့တန်တန် စွန့်ပစ်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မ တို့ထိခြင်းခံရတယ်။ ရာဖေးလ်ကို ပြောလိုက်တယ်။ “အစ်ကို အစ်ကိုက သေချာစဉ်းစားတဲ့သူဖြစ်ပြီး ဘုရားအသံကို နားလည်နိုင်တယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူခဲ့ပြီး ကျွန်မတို့ကို ပံ့ပိုးဖို့အတွက် သမ္မာတရားစကားတွေကို သန်းချီပြီး ထုတ်ခဲ့တယ်။ အပြစ်ရဲ့ ချည်နှောင်မှုကနေ ကျွန်မတို့ကို ကယ်တင်ပြီး သူ့ရဲ့နိုင်ငံတော်ထဲကို ပို့ဆောင်တယ်။ ကျွန်မတို့ရဲ့ ကံကြမ္မာနဲ့ ရလဒ်တွေနဲ့ သက်ဆိုင်တဲ့ ဒီကိစ္စကို အစ်ကို အပြည့်အဝနားလည်နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ အစ်ကို့အတွက် ကျွန်မ ဆုတောင်းပေးပါမယ်။ ဘုရားသခင်က အစ်ကို့စိတ်နှလုံးကို ဖွင့်ဟပြီး သူ့ရဲ့အိမ်တော်ကို မကြာခင်မှာ ပြန်လာခွင့်ပြုပါစေ။” နောက်တော့ ဘုရားနှုတ်ကပတ်တော်သုံးပိုဒ်ကို ဖတ်ရွတ်ထားတာတွေကို သူ့ဆီပို့လိုက်ပြီး သူစာပြန်တာကို စောင့်နေလိုက်တယ်။ အဲဒီဟာတွေထဲမှာ သူ့ကို ဆင်ခြင်သုံးသပ်စေပြီး အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ရှိတယ်။

ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က ‘ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။’ သို့မဟုတ် ‘ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။’ ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ရာဖေးလ်က ဒီအပိုဒ်ကို ဖတ်ပြီး၊အဲ့နေ့မှာပဲ သူ့ခံစားချက်နဲ့ နားလည်မှုတွေနဲ့ပတ်သက်တဲ့ စာရှည်တစ်ခုကို ကျွန်မဆီပို့တယ်။ သူက ဝေခွဲမရဖြစ်ပြီး လမ်းမှားလျှောက်မိမှာကို စိုးရိမ်နေတယ်ဆိုတာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာက နောက်ဂိုဏ်းခွဲတစ်ခုနောက်လိုက်ပြီး ယေရှုကို သစ္စာဖောက်တဲ့သဘောဖြစ်မှာကို သူကြောက်တယ်ဆိုတာကို ကျွန်မ သိတယ်။ ကျွန်မက သူ့ဆီပို့ဖို့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်တွေ့သွားပြီး မိတ်သဟာယပြုလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က ဘယ်ဘာသာရေးအဖွဲ့နဲ့မှ မဆိုင်ပါဘူး။ ပြန်ကြွလာတဲ့ သခင်ယေရှုရဲ့ ပေါ်ထွန်းမှုနဲ့ အမှုတော်ကြောင့် ဖြစ်လာတာပါ။ လူတစ်ယောက်ယောက်က ဂိုဏ်းခွဲအသစ်တစ်ခု တည်ထောင်လိုက်လို့မဟုတ်ပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက် သမ္မာတရားတွေကို ဖော်ပြပြီးတော့ နိုင်ငံတော်ခေတ်ကို စတင်လိုက်ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်လိုက်တယ်။ လူ့ဇာတိခံဘုရားကိုယ်တော်တိုင်ကလွဲပြီး သမ္မာတရားတွေကို ထုတ်ပြန်နိုင်တဲ့၊ လူသားမျိုးနွယ်ကို ဦးဆောင်နိုင်၊ ကယ်တင်နိုင်တဲ့ ခေါင်းဆောင် ကြီးမြတ်တဲ့၊ နာမည်ကြီးတဲ့သူ ကမ္ဘာမှာမရှိပါဘူး။ တစ်ယောက်မှ မရှိဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က ယေရှုနဲ့ ယေဟောဝါနဲ့ မတူပေမဲ့ အနှစ်သာရမှာတော့ တူညီတဲ့ဘုရားပါပဲ။ ယေဟောဝါ၊ ယေရှု၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာတွေက မတူတဲ့ခေတ်တွေမှာ ဘုရားသခင် အသုံးပြုတဲ့ မတူတဲ့ အမည်နာမတွေပါ။ ဒါပေမဲ့ ဘုရားရဲ့ အမည်နာမ၊ အမှုတော်က ဘယ်လိုပဲ ပြောင်းပါစေ သူ့အနှစ်သာရက မပြောင်းလဲဘူး။ ဘုရားသခင်က ထာဝရဘုရားပဲ။ ဘုရားသခင်က ပြောသည်- ‘ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ယေရှု၏နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအတွက်မူ၊ ယင်းသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး၊ ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ၎င်းတို့၏အမှုမှာ မတူကွဲပြားသည့် ခေတ်များထဲက ဝိညာဉ်တော်တစ်ဦးတည်း၏ အမှု ဖြစ်ခဲ့သည်။...၎င်းတို့ကို မတူညီသည့် နာမနှစ်မျိုးဖြင့် ခေါ်ဆိုခဲ့သော်လည်း၊ အမှု၏ အဆင့်နှစ်ဆင့်လုံးကို ပြီးမြောက်စေသည်မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အမှုသည်လည်း အလျဉ်မပြတ်သည့်အမှု ဖြစ်သည်။ နာမက မတူညီသကဲ့သို့၊ အမှု၏ အကြောင်းအရာ ကွဲပြားသည်နှင့်အမျှ၊ ခေတ်သည် မတူညီခဲ့ပေ။ ယေဟောဝါ ကြွလာခဲ့ချိန်တွင်၊ ယင်းမှာ ယေဟောဝါ၏ ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှု ကြွလာခဲ့သည့်ချိန်တွင် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ကြွလာခြင်းအသီးသီးနှင့်အတူ၊ ဘုရားသခင်သည် နာမတစ်ခုဖြင့် အခေါ်ခံရသည်၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုပြီး၊ လမ်းကြောင်းသစ်တစ်ခုကို စတင်လေသည်။ ပြီးလျှင် လမ်းသစ်အသီးသီးပေါ်တွင် သူသည် နာမသစ်တစ်ခုကို ခံယူသည်၊ ယင်းက ဘုရားသခင်သည် အမြဲအသစ်ဖြစ်ပြီး မည်သည့်အခါတွင်မျှ အိုဟောင်းမသွားသကဲ့သို့၊ သူ၏ အမှုသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် မည်သည့်အခါမျှ တိုးတက်မှု မရပ်စဲသည်ကို ပြပေသည်။ သမိုင်းသည် အမြဲ ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲ ရှေ့သို့ရွေ့လျားနေသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် တိုးတက်မြဲတိုးတက်နေရမည်ဖြစ်သည်။ နေ့ရက်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းကြောင်းသစ်များကို စတင်ရမည်၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမားသည့် အမှုသစ်ကို စတင်ရမည်ဖြစ်ပြီး၊ ဤအရာများနှင့်အတူ နာမအသစ်များနှင့် အမှုသစ်ကို ယူဆောင်လာရမည်။...ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က အရမ်းရှင်းလင်းပါတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားအမှုတော်က အဆင့်သုံးဆင့်အဖြစ် ခွဲထားတယ်။ ပထမအဆင့်က ပညတ်တရားကို ယေဟောဝါ ထုတ်ပြန်ပြီး၊ ကမ္ဘာမြေပေါ် လူ့ဘဝကို ဦးဆောင်လမ်းပြခဲ့တဲ့ ပညတ်တော်ခေတ်ဖြစ်တယ်။ ဒုတိယအဆင့်က ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုဖြစ်တယ်။ ဒါက လူသားမျိုးနွယ်ရဲ့ အပြစ်ဖြေရာယဇ်အနေနဲ့ လုပ်ဆောင်ဖို့ ဘုရားသခင်က လူ့ဇာတိခံတဲ့ ပထမအကြိမ်ပဲ။ အမှုတော်ရဲ့ တတိယအဆင့်က ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတဲ့အတိုင်း နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုပဲ။ ဒီအမှုတော်အဆင့်သုံးဆင့်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ပြည့်စုံတဲ့ စီမံခန့်ခွဲမှုအစီအစဉ်ပဲ။ ဘုရားသခင်က ခေတ်တစ်ခုစီမှာ မတူတဲ့ အမှုတော်ကို လုပ်ဆောင်တယ်။ ဒါပေမဲ့ အဆင့်သုံးဆင့်လုံးရဲ့ အမှုတော်ကို ဘုရားတစ်ပါးတည်းကပဲ လုပ်ဆောင်တယ်။ ရိုးရှင်းတဲ့ ဥပမာတစ်ခုပြပေးမယ်။ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအလုပ်ကို အိမ်တစ်လုံးဆောက်တာနဲ့ ယှဉ်ကြည့်လို့ရတယ်။ ပညတ်တော်ခေတ်က အိမ်ရဲ့ အခြေခံအုတ်မြစ်ကို ကိုယ်စားပြုတယ်။ အခြေခံအုတ်မြစ်မရှိဘဲနဲ့ အိမ်ကို လုံးဝ ဆောက်လို့မရဘူး။ ကျေးဇူးတော်ခေတ်က အိမ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကိုယ်စားပြုတယ်။ ဖွဲ့စည်းတည်ဆောက်ပုံမရှိဘဲ အိမ်က ပုံစံပေါ်မလာဘူး။ နိုင်ငံတော်ခေတ်က အမိုးလိုပဲ။ ဒီနောက်ဆုံးအဆင့်မရှိဘဲနဲ့ အိမ်က မပြည့်စုံဘဲ ရှိနေပြီး လေနဲ့ မိုးကို မတားဆီးနိုင်ဘူး။ ဒါကြောင့် ဒီအဆင့်သုံးဆင့်တိုင်းက မရှိမဖြစ်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်တာက သခင်ယေရှုကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ တခြားဘုရားကို ယုံတယ်ဆိုတာ ပိုပြီးတော့တောင် မဟုတ်ဘူးပေါ့။ ကျွန်မတို့က သိုးသူငယ်ရဲ့ ခြေလှမ်းတွေကို အမီလိုက်နေတာသက်သက်ပါ။ ကမ္ဘာမှာ လက်ရှိ ဘာသာကြီး သုံးလေးခုရှိတယ်။ ဘုရားကို ယုံကြည်တဲ့သူတွေက ဂိုဏ်းခွဲနှစ်ထောင်ကျော်အထိ ကွဲသွားတယ်။ သူတို့ရဲ့ အရင်က ဂိုဏ်းခွဲတွေက ဘာပဲဖြစ်ပါစေ စစ်မှန်တဲ့ယုံကြည်ခြင်းရှိပြီး ဘုရားသခင်ပေါ်ထွန်းခြင်းကို ဆာငတ်တဲ့ ညီအစ်ကိုမောင်နှမတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို ပိုပိုပြီး လက်ခံလာကြတယ်။ သူ့နှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ အာဟာရကို လက်ခံလာကြတယ်။ ဒီအချက်က ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဒါက ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်ကိုလည်း ပြည့်စုံစေတယ်။ ‘ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။’ (ဧဖက်သြဝါဒစာ ၁:၁၀)နောက်ဆုံးသောကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။(ဟေရှာယအနာဂတ္တိကျမ်း ၂:၂)” ကျွန်မပြောတာကြားတော့ သူက ဆုတောင်း အီမိုဂျီသုံးပြီး၊ ပြောတယ်။ “အစ်မပြောတာ မှန်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က တစ်ပါးတည်းသော စစ်မှန်တဲ့ဘုရားပါ။ ကျွန်တော်တို့အားလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမည်နာမအောက်ကို လာသင့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ကို ခေါ်တယ်။ ကျွန်တော့်ရဲ့ စိတ်နှလုံး၊ ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေကို သူသိတယ်” တဲ့။ နောက်တော့ ကျွန်မက သူ့ဆီကို ဧဝံဂေလိရုပ်ရှင်နည်းနည်းနဲ့ ဘုရားနှုတ်ကပတ်တော်တချို့ပို့လိုက်တယ်။ ကျွန်မလည်း ဘုရားကို ဆုတောင်းတယ်။ နောက်ဆုံးမှာ သူက စုဝေးပွဲတွေကို လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ကျွန်မ လုပ်နိုင်သမျှကို လုပ်ရမယ်၊ စောင့်ဖို့၊ ရှာဖွေဖို့၊ နာခံဖို့ သင်ယူရမယ်ဆိုပြီး ပြောခဲ့တယ်။

လေးရက်ကြာတော့ သူ့ဆီကနေ မျှော်လင့်မထားတဲ့ မက်ဆေ့ချတစ်ခုရတယ်။ စုဝေးပွဲတွေကို သူဆက်ပြီးတက်လို့ ရမလားဆိုတာ မေးထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နှုတ်ကပတ်တော်က သူ့အတွက် အရမ်းတန်ဖိုးရှိတယ်၊ အဲဒါ မရှိလို့မဖြစ်ဘူးဆိုပြီးတော့လည်း သူပြောတယ်။ သူက ဘုရားနှုတ်ကပတ်တော်ကနေ သမ္မာတရားတွေ အများကြီးနဲ့ ကျမ်းစာရဲ့ နက်နဲမှုတွေကိုနားလည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က သူ့ကို ဆွဲဆောင်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်မက မျက်ရည်ကျတဲ့အထိ ခံစားရမိတယ်။ ဘုရားကို တကယ်ကျေးဇူးတင်တယ်။ သူက ကျွန်မ ပို့လိုက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ နှုတ်ကပတ်တော်တွေက ထုတ်တဲ့မေးခွန်းတွေက သူ့ကို တော်တော်ဝေခွဲမရဖြစ်စေတယ်ဆိုပြီး ပြောတယ်။ သူက ပြောသေးတယ်။ “ကျွန်တော့်ယုံကြည်ခြင်းမှာ အရမ်းပေါ့ဆလို့မဖြစ်ဘူး။ ဂိမ်းတစ်ခုလို မှတ်ယူလို့ မဖြစ်ဘူး။ အဲဒါနဲ့ ဆက်ပြီး စူးစမ်းလေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ သခင်ပြန်ကြွလာခြင်းက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်။ သူ့ကို ကြိုဆိုဖို့ အခွင့်အရေးကို မဆုံးရှုံးချင်ဘူး။ အဆုံးမှာ သူ့ကို ပုန်ကန်ပြစ်မှားတာ၊ စွန့်ပစ်တာတွေ မဖြစ်ချင်ဘူး” တဲ့။ ကျွန်မက အရမ်းစိတ်လှုပ်ရှားပြီး ဘုရားကို ကျေးဇူးတင်မိတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ အာဏာနဲ့ တန်ခိုးက တကယ်ကို ကြီးမြတ်တယ်ဆိုတာ ကျွန်မ မြင်တွေ့ခဲ့တယ်။ သူ့ကို ပြောင်းလဲစေပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံဖို့ ဆုံးဖြတ်စေခဲ့တာက ဘုရားနှုတ်ကပတ်တော်ပါ။

ဒီအတွေ့အကြုံက ကျွန်မကို တကယ်ကို တို့ထိခဲ့တယ်။ ဘယ်လို အလားအလာရှိတဲ့ ဧဝံဂေလိကြားနာသူတွေကို ကျွန်မ ကြုံတွေ့ပါစေ ဘုရားအသံတော်ကို သူတို့နားလည်သရွေ့ ဘုရားအိမ်တော်ဆီကို သူတို့ကို ခေါ်ဆောင်ရာမှာ ကျွန်မရဲ့တာဝန်နဲ့ဝတ္တရားကို ဖြည့်ဆည်းသင့်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မတို့တာဝန်တွေကို ဒီနည်းနဲ့ လုပ်ဆောင်ခြင်းအားဖြင့်သာ အကြွေးတွေ၊ နောင်တတွေမချန်ထားခဲ့နိုင်မှာပါ။ ကျေးဇူးတော်ပဲ။ ဘုရားသခင် သာ၍ ဘုန်းကြီးပါစေ။

အရှေ့သို့- ၈၀။ သခင့်ကို ကြိုဆိုခြင်းနှင့်ဆိုင်သည့် ကျွန်မ၏ ဇာတ်ကြောင်း

နောက်တစ်ခုသို့- ၈၂။ မှန်ကန်သည့် ရွေးချယ်မှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။