၈၄။ သင့်နေရာကို ရှာတွေ့ခြင်းက အဓိကသော့ချက်ဖြစ်သည်

တစ်ခါ စကားစမြည်ပြောနေတဲ့ အတောအတွင်းမှာ အသင်းတော် ခေါင်းဆောင် ပြောတာကို ကြားမိတယ်၊ “ညီမ ဂေါင်က အစွမ်းအစကောင်းရှိတယ်၊ ကိစ္စတွေကို ဖြူဖြူစင်စင် နားလည်ပြီး၊ သမ္မာတရားအပေါ် လက်တွေ့ကျကျ မိတ်သဟာယပြုတယ်။ အသင်းတော်အလုပ်လုပ်ဖို့ သူ့ကို လေ့ကျင့်ပေးဖို့ စီစဉ်ထားတယ်”တဲ့။ ခေါင်းဆောင်ရဲ့ စကားတွေ ကြားပြီးတော့၊ ကျွန်မစိတ်ဓာတ်မကျဘဲ မနေနိုင်ခဲ့ဘူး။ အရင်က အစ်မဂေါင်နဲ့ ကျွန်မက အထွေထွေ အလုပ်လုပ်ခဲ့ကြပေမဲ့၊ အခု သူက အဖွဲ့ခေါင်းဆောင်ဖြစ်တော့မှာ ဖြစ်ပေမဲ့ ကျွန်မကတော့ အထွေထွေ အလုပ်လုပ်နေရတုန်းပဲ။ ဘာလို့ ကျွန်မ အရမ်းချို့တဲ့နေရတာလဲ။ တစ်မနက်လုံး ကျွန်မ ဝမ်းနည်းညိုးငယ်ပြီး ကိုယ့်တာဝန်မှာ မေ့တတ်နေခဲ့တယ်။ နောက်ပိုင်းမှာ အစ်မဂေါင်က ပြောင်းရွှေ့ခံခဲ့ရပြီး၊ အစ်မဂေါင်ရဲ့ အလုပ်ဟောင်းကို ကျွန်မ လွှဲယူပြီး တစ်ချိန်တည်းမှာပဲ အထွေထွေ အလုပ်အပေါ် ကြီးကြပ်ရေးမှူး လုပ်ချင်လားလို့ ခေါင်းဆောင်က မေးတယ်။ အဲဒီတုန်းက နည်းနည်း ဝမ်းနည်းမိတယ်။ ကျွန်မမှာ ကြီးကြပ်ရေးမှူးဆိုတဲ့ ဂုဏ်ပုဒ်ရှိမှာဖြစ်ပေမဲ့၊ အထွေထွေ အလုပ်ဖြစ်နေတုန်းပဲလေ။ ကျွန်မ ဘယ်လိုပဲ ကောင်းအောင်လုပ်ပါစေ၊ ဘယ်သူမှ သိမှာမဟုတ်ဘူး၊ အသင်းတော်က ပျိုးထောင်ပေးဖို့ အာရုံစိုက်ပြီး ညီအစ်ကို မောင်နှမတွေက အထင်ကြီး၊ ပံ့ပိုးကြတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ရတာနဲ့ မတူဘူး။ အထွေထွေ အလုပ်က နိမ့်ကျတယ်လို့ ခံစားရလို့ ကျွန်မ တကယ် လက်မခံချင်ခဲ့ဘူး။ “ဒီတာဝန်ကို ယူလိုက်ရင်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ဘာများထင်ကြမလဲ။ သမ္မာတရားကို မလိုက်စား၊ တိုးတက်မှု မဖန်တီးဘဲ နှစ်နဲ့ချီ ဘုရားကို ကျွန်မ ယုံကြည်ခဲ့တယ်၊ အဲဒါကြောင့် အထွေထွေ အလုပ်ကို ကျွန်မအမြဲလုပ်နေရတာလို့ သူတို့ ထင်ကြမလား။ အဲဒါ အရမ်းရှက်စရာကောင်းမှာပဲ”လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ထပ်တွေးကြည့်တော့၊ ဒီတာဝန်က ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မဆီ ရောက်လာတာ။ ကျွန်မစိတ်ဆန္ဒတွေနဲ့ မကိုက်ရင်တောင်၊ ကျွန်မ ကျိုးနွံနာခံပြီး ကိုယ်ရေးကိုယ်တာ အကြိုက်နဲ့ ဆောင်ရွက်လို့မရဘူး၊ ဒီတော့ ဒီတာဝန်ကို ကျွန်မ လက်ခံဖို့ လိုလားပါတယ်လို့ ခေါင်းဆောင်ကို အင်တင်တင်နဲ့ ပြန်ဖြေလိုက်တယ်။

နည်းနည်းကြာပြီးတဲ့နောက်၊ ခေါင်းဆောင် ပြောတာ ကြားရတယ်၊ “အစ်ကိုဝမ်မှာ အစွမ်းအစကောင်းရှိတယ်၊ အသက်ဝင်ရောက်မှုကို နည်းနည်း အားစိုက်လိုက်ရင်၊ သူ့ကို ပျိုးထောင်ပေးလို့ရနိုင်တယ်”တဲ့။ ဒါကိုကြားတော့ ကျွန်မ ပိုလို့တောင် ခံစားရဆိုးသွားတယ်။ အစ်ကိုဝမ်ရဲ့ အလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့ပြီး သူတောင် ခေါင်းဆောင်က ပျိုးထောင်ချင်တဲ့သူ ဖြစ်နေခဲ့ပြီ။ ဒီတော့ ဘာလို့ ကျွန်မနာမည်ကို ဘယ်သူကမှ မပြောကြတာလဲ။ သူ့အလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့ပေမဲ့၊ ရာထူးမတိုးခဲ့ဘူး၊ တကယ်ကို ကျွန်မက တန့်နေခဲ့တယ်။ တခြားလူတွေက ကျွန်မကို ဘယ်လိုမြင်ကြမလဲ။ ကျွန်မ တကယ်ပဲ အဲဒီလောက် မတော်တာလား။ အလုပ်ကို ကြီးကြပ်နိုင်စွမ်း၊ ပြဿနာကို ရှာတွေ့ပြီး ဖြေရှင်းနိုင်စွမ်း ကျွန်မမှာ ရှိတယ်လေ။ တစ်ခါတလေ ခေါင်းဆောင်က ကိစ္စတွေကို ဆွေးနွေးတဲ့အခါ၊ အယူအဆတချို့ကို ဖော်ပြပြီး အကြံပြုချက်တွေ ပေးနိုင်ခဲ့တယ်။ ကျွန်မရဲ့ အားသာချက်တွေက ခေါင်းဆောင်က ဘာလို့ မမြင်နိုင်ခဲ့တာလဲ။ ကျွန်မနာမည်ကို ခေါင်းဆောင်က ပြောပြီး ရာထူးတိုးဖို့အတွက် သင့်တော်ပေမဲ့ အထွေထွေအလုပ်ကို ကျွန်မ ကြီးကြပ်ဖို့ လိုတယ်လို့ ပြောခဲ့ရင် ကျွန်မ ဝမ်းသာမိခဲ့မှာပဲ။ ဒါက ကျွန်မက အဲဒီလောက် မညံ့တာကို သက်သေပြမှာဖြစ်ပြီး၊ ကျွန်မကို ပိုပြီး ခံစားရ သက်သာစေမှာပဲ။ အဲဒီရက်တွေမှာ၊ အဲဒီအကြောင်းကို တွေးတဲ့အခါ၊ အရမ်း ဝမ်းနည်းမိတယ်။ လုံးဝ နုံးချည့်သွားသလို ခံစားရတယ်၊ ညီအစ်ကို မောင်နှမတွေကို စကားမပြောချင်ခဲ့သလို၊ ကိုယ့်တာဝန်မှာ ဝန်မထမ်းခဲ့ဘူး။ ကျွန်မဆီ ပြဿနာတွေကို တခြားလူတွေက တင်ပြတဲ့အခါ၊ ပြဿနာတွေအကြောင်းကို အရင်လောက် သေချာမတွေးတော့ဘူး။

တစ်ခါ၊ ကြီးကြပ်ရေးမှူးက အလုပ်တချို့ကို ကိုင်တွယ်ခိုင်းတဲ့ စာတစ်စောင့် ကျွန်မဆီ ပို့ခဲ့ပေမဲ့၊ စာရဲ့ အကြောင်းအရာတွေကို အာရုံမစိုက်မိခဲ့ဘူး၊ အဲဒါက ကျွန်မအလုပ်ကို ထိခိုက်ခဲ့တယ်။ တစ်နေ့မှာ၊ အစ်မဂေါင်ရဲ့ အဖွဲ့စုဝေးပွဲကို တစ်ခုခုဟောပြောဖို့ ခေါင်းဆောင်က ခိုင်းတယ်။ ဒါကိုကြားတော့၊ ကျွန်မအပေါ် အစ်မဂေါင် ဘာများထင်မလဲဆိုတဲ့ ကြောက်စိတ်နဲ့ ကျွန်မ သွားဖို့ ဝန်လေးမိတယ်။ အရင်က တာဝန်အတူ လုပ်ခဲ့ကြတာလေ၊ ဒါပေမဲ့ အခု သူက ရာထူးတိုးသွားခဲ့ပေမဲ့ ကျွန်မက အထွေထွေအလုပ်ကို လုပ်နေရတုန်းပဲ။ ကျွန်မကို သူ အထင်သေးပြီး အသုံးမကျဘူးလို့ တွေးမလား။ ဒါပေမဲ့ မသွားရင် အလုပ်ကို ထိခိုက်မှာ စိုးရိမ်မိလို့ မတတ်သာပဲ သွားခဲ့ရတယ်။ အဲဒီကိုရောက်သွားတော့၊ အစ်မဂေါင်က ကျွန်မကို သတိမထားမိအောင်လို့ ခေါင်းငုံ့ထားပြီး ဖုန်းကို နာရီဝက်ကျော် အာရုံစိုက်ထားလိုက်တယ်။ ဒီအတောအတွင်းမှာ၊ ညီအစ်ကို မောင်နှမတချို့က ကျွန်မကို စကားပြောကြပေမဲ့ အစ်မဂေါင် သတိပြုမိသွားမှာ ကြောက်လို့ ကျွန်မ ခေါင်းမဖော်ရဲခဲ့ဘူး။ အဲဒီအချိန်မှာပဲ၊ အသုံးမကျသလို ခံစားရတယ်။ အရမ်း ဝမ်းနည်းလို့ ငိုချင်မိခဲ့တယ်။ မတတ်နိုင်ဘဲ တခြားအခန်းကို ပြေးသွားလိုက်တယ်၊ ညကောင်းကင်ကို ကြည့်ပြီး တိတ်တဆိတ် ငိုမိတယ်။ နှစ်အများကြီး ဘုရားကို ယုံကြည်ခဲ့ပေမဲ့၊ ခေါင်းဆောင်ရဲ့ တန်ဖိုးထားတာ ကျွန်မ မခံခဲ့ရဘူး။ တခြားလူတွေ ခေါင်းဆောင် ဖြစ်သွားချိန်မှာ၊ ကျွန်မက အထွေထွေ အလုပ်လုပ်ရင်းနဲ့ ပိတ်မိနေတယ်။ ဒီလိုအသက်ရှင်ရခြင်းရဲ့ အကြောင်းရင်းက ဘာလဲ။ ကျွန်မ ကိုယ်ကိုယ်ကိုယ် အမှတ်တမဲ့ ဒီလိုတွေးမိတော့ လန့်သွားတယ်။ အဲဒီလိုအတွေးမျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ရေးတေးတေး သတိရမိတယ်။ “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။...၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည်မဟုတ်သေးပေ။” ဘုရားနှုတ်ကပတ်တော်က ကျွန်မ အခြေအနေကို ဖော်ပြလို့ ဒီစာပိုဒ်ကို တွေ့ပြီး ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည်မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သတင်း၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် အထင်မကြီး သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းရှိရန် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများကို အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက သူတို့လုပ်သမျှမှာ သူတို့ကိုယ်ပိုင် သိက္ခာနဲ့ အဆင့်အတန်းကို အရင်စဉ်းစားကြတယ်၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းလိုက်စားတာကို လုံးဝ လက်မလျှော့ကြသလို၊ သူတို့အတွက်၊ အဆင့်အတန်းက သူတို့အသက်လောက်ကို အရေးကြီးတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ သိရတယ်။ ကိုယ့်ကိုယ်ကိုယ် ကျွန်မ သုံးသပ်မိတယ်။ “ဘာလို့ အထွေထွေအလုပ်ကို လုံးဝ မလုပ်ချင်တာလဲ။ ခေါင်းဆောင်ဖြစ်တာကို ဘာလို့ အရမ်း အရေးထားနေရတာလဲ”လို့ပေါ့။ ကျွန်မ သဘောပေါက်လိုက်တယ်၊ အဓိကအကြောင်းရင်းက ခေါင်းဆောင်မှာ အဆင့်အတန်းရှိတယ်လို့ ကျွန်မ ခံစားရလို့ပဲ။ သူတို့ကို ညီအစ်ကို မောင်နှမတွေက လေးစား၊ လက်ခံကြရုံမက၊ အထက်ခေါင်းဆောင်တွေက သူတို့ကို တန်ဖိုးထားပြီး အသင်းတော်က ပျိုးထောင်ပေးဖို့ အာရုံစိုက်တယ်။ ခေါင်းဆောင်ဖြစ်ရတာ၊ ကိုယ့်သိက္ခာကို ပြနိုင်ပြီး လူတိုင်းရဲ့ လက်ခံမှုကို ရနိုင်တာ ကောင်းတယ်၊ ပြီးတော့ ခေါင်းဆောင် ဖြစ်တာကပဲ ကျွန်မ အောင်မြင်တယ်ဆိုတဲ့ သဘောပဲလို့ ခံစားခဲ့တယ်။ အထွေထွေအလုပ်လုပ်တာက အပြင်ပန်းကိစ္စတွေကို လုပ်တာ၊ သမ္မာတရား မလိုက်စားသူတွေပဲ အဲဒီတာဝန်ကို လုပ်ပြီး တခြားလူတွေက အထင်သေးကြတယ်လို့လည်း ခံစားခဲ့တယ်။ ဒီမမှန်တဲ့ စိတ်ကူးတွေကြောင့်၊ ကျွန်မနားကလူတိုင်း ရာထူးတိုးပေမဲ့ ကျွန်မကိုယ်တိုင် ရာထူးမတိုးတာကို မြင်တော့၊ ကျွန်မ အရမ်းနာကျင်ပြီး ခေါင်းဆောင်ကို ကျွန်မနာမည် ပြောစေချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မအစား တခြားလူတွေကို ခေါင်းဆောင်က ရာထူးတိုးပေးတဲ့အခါ၊ ဘယ်သူ့ကိုမှ မမြင်ချင်အောင်ကို အရမ်း ဝမ်းနည်းညိုးငယ်လာခဲ့ပြီး၊ ကိုယ့်တာဝန်ကို လုပ်ဖို့ ဘာဆန္ဒမှ မရှိတော့ဘူး။ သိက္ခာနဲ့ အဆင့်အတန်းရဲ့ ညှဉ်းဆဲခံရပြီး နေ့တိုင်း အချိန်ကုန်ဆုံးတာဟာ ဘဝက အသက်ရှင်ဖို့ မတန်ဘူးလို့ ခံစားရတဲ့အထိ အရမ်းဆိုးရွားခဲ့တယ်။ သိက္ခာနဲ့ အဆင့်အတန်းကို ဒီလိုလိုက်စားတာက အန္တိခရစ်နဲ့ လမ်းကြောင်းတူ လျှောက်နေတာ မဟုတ်လား။ ဒါကို သဘောပေါက်တော့ ကြောက်သွားမိတယ်။ ဒါကြောင့် နောင်တရဖို့ ဘုရားဆီ အမြန်ဆုတောင်းတယ်။ “ဘုရားသခင်၊ သိက္ခာနဲ့ အဆင့်အတန်းအတွက် ကျွန်မဆန္ဒက အားကောင်းလွန်းပါတယ်။ ဒီမနာခံတဲ့ အခြေအနေမှာ ကျွန်မ အသက်မရှင်ချင်တော့ပါဘူး။ ကျော်ကြားမှုနဲ့ အဆင့်အတန်း ချည်နှောင်မှုကနေ လွတ်မြောက်အောင် လမ်းပြတော်မူပါ”လို့ပေါ့။

တစ်နေ့၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရင်းနဲ့ ကျွန်မအမြင် နည်းနည်း ပြောင်းလဲသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့သည် မိမိတို့၏ အတောင်များကို အမြဲ ဖြန့်ကာ ပျံသန်းလိုကြသလော၊ အစဉ်သဖြင့် တစ်ဦးတည်းပျံသန်းလိုသလော။ ငှက်ငယ်လေးထက် လင်းယုန်တစ်ကောင်ဖြစ်လိုသလော။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်မှု စည်းမျဉ်းဖြစ်သလော။ သင်၏ လူသား၏ ပြုမူနေထိုင်မှုအား လိုက်စားခြင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသင့်သည်။ ဘုရားနှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်သည်။ သင်တို့သည် စာတန်က ဖျက်ဆီးခြင်းကို အလွန်ပြင်းပြင်းထန်ထန်ခံထားရသည်။ စာတန်၏ စကားများဖြစ်သော ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ်၊ သင်၏ လိုက်စားမှု၏ ရည်ရွယ်ချက်အဖြစ် အစဉ် ခံယူသည်။ ထို့ကြောင့် သင်သည် လမ်းမှားလိုက်ရန်၊ ဘုရားအား အတိုက်အခံပြုသည့်လမ်းကို လျှောက်ရန် လွယ်ကူသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်များ၊ ၎င်းတို့ကြိုးပမ်းသည့် အရာများသည် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ အရာခတ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာဥပဒေသများနှင့်လည်းကောင်း၊ အရာခပ်သိမ်းအပေါ် သူ၏ စီစဉ်ညွှန်ကြားမှုနှင့်လည်းကောင်း၊ ပြီးလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် သူ၏ ထိန်းချုပ်မှုနှင့်လည်းကောင်း ဆန့်ကျင်နေသည်။ ထို့ကြောင့် ဤလိုက်စားမှုမျိုးသည် လူသား၏ အတွေးများ၊ အယူအဆများအရ မည်မျှ သင့်တော်ပြီး ကျိုးကြောင်းသင့်သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများမဟုတ်ပေ။ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် မညီပေ။ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာအမှန်တရားကို ဆန့်ကျင်သောကြောင့်၊ တစ်ဦးတည်းလျှောက်လှမ်းချင်ပြီး သင်၏ ကံကြမ္မာကို သင်ကိုယ်တိုင် စီမံခန့်ခွဲလိုသောကြောင့် သင်သည် အစဉ်သဖြင့် အတားအဆီးများနှင့် ဝင်ဝင်တိုးနေသည်မှာ အလွန်ပြင်းထန်သောကြောင့် သင်၏ခေါင်းမှ သွေးများစီးကျသည်အထိ ဖြစ်သည်။ မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်ပေ။ အဘယ်ကြောင့် မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် တည်ဆောက်ထားသော ဥပဒေသများကို မည်သည့်ဖန်ဆင်းခံကမျှ ပြောင်းလဲ၍ မရနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးသည် အရာအားလုံးအထက်တွင် ရှိသည်။ မည်သည့်ဖန်ဆင်းခံကမျှ ချိုးဖျက်၍ မရပေ။ လူတို့သည် ၎င်းတို့၏ အရည်အချင်းများကို အလွန်အထင်ကြီးကြသည်။ လူတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ အစဉ် လွတ်မြောက်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို အစဉ်ထိန်းချုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို စီစဉ်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ မျှော်လင့်ချက်များ၊ ဦးတည်ချက်နှင့် ဘဝပန်းတိုင်များကို ထိန်းချုပ်လိုစိတ်ဖြစ်ရန် ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ဤစမှတ်သည် မည်သည့်နေရာမှ လာသနည်း။ (ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ လာသည်။) သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။) လူတို့ ဘုရားသခင်ကို ဆန့်ကျင်ရာမှ မည်သည့်အရာလာသနည်း။ (နာကျင်မှုလာပါသည်။) နာကျင်မှုလော။ ယင်းမှာ ပျက်စီးခြင်းပင်တည်း။ နာကျင်မှုမှာ ယင်း၏ထက်ဝက်ပင် မဟုတ်ချေ။ သင့်မျက်စိရှေ့တည့်တည့်တွင် တွေ့ရသည်မှာ နာကျင်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ပျော့ညံ့ခြင်းတို့ဖြစ်ပြီး ယင်းမှာ အာခံခြင်းနှင့် တိုင်တန်းခြင်းများ ဖြစ်သည်။ ဤအရာများက မည်သည့်အဆုံးသတ်ကို ဆောင်ကြဉ်းလိမ့်မည်နည်း။ ပျက်သုဉ်းခြင်းပင်တည်း။ ဤသည်မှာ သေးငယ်သောကိစ္စ မဟုတ်သည့်အပြင် ကစားစရာမဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသည့်လူများသည် ဤအရာကို မမြင်နိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏) အဲဒါက ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့အတိုင်းပါပဲ။ ကျွန်မက ပျံလွှားငှက်မဟုတ်ဘဲ၊ သိမ်းငှက် ဖြစ်ချင်ခဲ့တယ်။ အထွေထွေ အလုပ်က ကျွန်မကို ပျံလွှားငှက်၊ လေ့ကျင့်ပေးဖို့ မတန်သလို၊ အထင်သေးခံရတဲ့ သူဖြစ်စေတယ်လို့ တွေးခဲ့တယ်။ ကျွန်မအတွက် ခေါင်းဆောင်တွေက သိမ်းငှက်တွေလိုပဲ။ သူတို့မှာ လုပ်နိုင်စွမ်းရှိပြီး၊ တခြားလူတွေရဲ့ တန်ဖိုးထား၊ အထင်ကြီးတာ ခံရတယ်။ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “သစ်သည် အခေါက်အတွက်၊ လူသည် မိမိသိက္ခာအတွက် အသက်ရှင်၏” ဆိုတာနဲ့ “ဂုဏ်သိက္ခာရရှိဖို့ လူတို့ ကြိုးပမ်းသင့်၏”ဆိုတာတွေနဲ့ တခြား အဲဒီလို ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ ကောင်းမွန်တဲ့ ဘဝကို အသက်ရှင်ဖို့၊ လူတွေက ပိုမြင့်သထက်မြင့်အောင် တက်ရမှာဖြစ်ပြီး၊ ကိုယ့်အဆင့်အတန်း မြင့်လေ ကောင်းလေပဲ၊ မဟုတ်ရင် အသုံးမကျတဲ့ ဘဝကို အသက်ရှင်နေတာလို့ တွေးခဲ့တယ်။ ဒီမမှန်တဲ့ စိတ်ကူးတွေရဲ့ ထိန်းချုပ်မှုအောက်မှာ၊ ကိုယ့်တာဝန်ကို လက်တွေ့ကျကျ မလုပ်နိုင်ခဲ့သလို၊ လူတွေ အထင်ကြီးအောင်လို့ ခေါင်းဆောင်ဖြစ်ဖို့ အမြဲ အားထုတ်ခဲ့တယ်။ ကျွန်မအနီးအနားက ညီအစ်ကို မောင်နှမတွေ ခေါင်းဆောင်အနေနဲ့ အရွေးခံရတာကို မြင်တော့၊ ဝမ်းနည်းညိုးငယ်တယ်၊ လက်မခံနိုင်ဖြစ်ပြီး ခုခံခဲ့တယ်။ “တခြားလူအားလုံးထက် ငါ ပိုဆိုးတယ်။ ဘာလို့ တခြားလူတွေက ခေါင်းဆောင်ဖြစ်လို့ရပေမဲ့ ငါက အထွေထွေအလုပ်လုပ်တာနဲ့ပဲ ပိတ်မိနေရတာလဲ”လို့ တွေးမိတယ်။ ဘုရားအပေါ် စမကျေမနပ်ဖြစ်မိသလို၊ အထွေထွေအလုပ်လုပ်သူတွေဟာ သမ္မာတရားကို မလိုက်စားကြဘူးလို့ တွေးမိလို့၊ အပျက်သဘောထဲမှာ အသက်ရှင်ပြီး၊ ဖြစ်သလိုစလုပ်လာမိသလို၊ ကိုယ့်တာဝန်မှာ ပေါ့ဆလာတယ်။ အဲဒါက ကိုယ့်အလုပ်ကို ထိခိုက်ခဲ့တာပဲ။ ဘုရားအပေါ် ကျွန်မရဲ့ သစ္စာစောင့်သိမှုနဲ့ နာခံမှုက ဘယ်မှာလဲ။ ကျွန်မရဲ့ ရည်မှန်းချက်က အရမ်း ကြီးမားတယ်။ လက်ရှိ ကျွန်မ ထမ်းဆောင်နေတဲ့ တာဝန်အပါအဝင်၊ လူတိုင်းရဲ့ အစွမ်းအစနဲ့ ဘာတာဝန်တွေ ထမ်းဆောင်ကြတယ်ဆိုတာကို အားလုံး ဘုရားက ကြိုစီမံထားမှန်း ကျွန်မ သိတာကြောင့် လက်ခံပြီး နာခံသင့်တယ်။ အထွေထွေ အလုပ်လုပ်တဲ့အတွက် ဘယ်သူကမှ ကျွန်မကို တန်ဖိုးမထားဘူးလို့ အမြဲခံစားပြီး ဝမ်းနည်းညိုးငယ်လာခဲ့ပေမဲ့၊ အဲဒါက လိုက်စားမှုအပေါ် ကျွန်မရဲ့ မမှန်တဲ့ အမြင်တွေနဲ့ ဘုရားအုပ်စိုးမှုကို ကျွန်မရဲ့ မနာခံနိုင်စွမ်းကြောင့်ပါပဲ။ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျွန်မ မနာခံနိုင်ခဲ့ဘူး၊ မတက်မကြွနဲ့ ညည်းညူနေခဲ့မိတယ်။ အနှစ်သာရအနေနဲ့၊ ကျွန်မက ဘုရားကို ဆန့်ကျင်၊ ခုခံနေပြီး ပုန်ကန်နေခဲ့တာပဲ။ ကျွန်မ ဒီလိုဆက်ဖြစ်ရင်၊ ငရဲမှာပဲ အဆုံးသတ်သွားနိုင်တယ်။

အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ဖတ်ခဲ့တယ်။ “လူတို့သည် အသင်းတော်အလုပ်အပေါ်တွင် တာဝန်ခံယူစိတ်ရှိပြီး ပါဝင်လုပ်ကိုင်လိုလျှင် ဤသည်မှာ ကောင်းသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းရှိမရှိလည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်းရှိမရှိလည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကို အမှန်တကယ် နာခံနိုင်ခြင်း ရှိမရှိလည်းကောင်း၊ အလုပ်အစီအစဉ်များနှင့်အညီ အသင်းတော်အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းရှိမရှိကိုလည်းကောင်း ဆင်ခြင်သုံးသပ်ရမည်။ ၎င်းတို့သည် ဤစံသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ရန် မိမိတို့ကိုယ်ကို တင်ပြနိုင်သည်။ ဤအရာကို ပြောရာတွင် ငါဆိုလိုသည်မှာ အနည်းဆုံးအနေဖြင့် လူတို့သည် မိမိကိုယ်ကို သတိထားမိခြင်းကို ပိုင်ဆိုင်ရမည်။ ရှေးဦးစွာ သင်သည် မတူညီသောလူအမျိုးအစားများကြား ခွဲခြားနိုင်သလော၊ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်သလောဆိုသည်ကို ကြည့်လော့။ ဤလိုအပ်ချက်များနှင့် သင်ကိုက်ညီလျှင် သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ရန် သင့်တော်သည်။ သင်သည် မိမိကိုယ်ကို အကဲဖြတ်ခြင်းကို မစွမ်းဆောင်နိုင်လျှင် သင်နှင့် ရင်းနှီးသည့်၊ သို့မဟုတ် သင်နှင့် နီးစပ်သည့် သင့်အနီးမှလူများကို မေးမြန်းနိုင်သည်။ သင်သည် ခေါင်းဆောင်ဖြစ်ရန် အစွမ်းအစ မလုံလောက်၊ သင်၏ အလုပ်ကို ပြီးမြောက်နိုင်ရန်သာ သင်က ကောင်းစွာလုပ်သည်ဟု ၎င်းတို့အားလုံးက ဆိုလျှင် သင့်ကိုယ်သင်သိမြင်အောင် ကြိုးစားဖို့ လုံးဝ အချိန်မဖြုန်းနှင့်။ သင်သည် အစွမ်းအစနည်းလျှင် ခေါင်းဆောင်ဖြစ်လိုစိတ်ရှိလျက်ဖြင့် သင်၏ အချိန်အားလုံးကို မကုန်ဆုံးစေနှင့်။ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်တတ်နိုင်သမျှသာ လုပ်ဆောင်လျက် သင့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လော့။ ဤသို့ဖြင့် သင်သည် စိတ်ငြိမ်သက်ခြင်းရှိနိုင်သည်။ ဤသည်မှာလည်း ကောင်းသည်။ သင်သည် ခေါင်းဆောင်ဖြစ်နိုင်စွမ်းရှိလျှင်၊ ဤသို့သော အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ကို အမှန်တကယ်ပိုင်ဆိုင်လျှင်၊ အလုပ်ကျွမ်းကျင်မှုများကို ပိုင်ဆိုင်လျှင်၊ တာဝန်ခံယူစိတ်ရှိလျှင် သင်သည် ဘုရားအိမ်တော်တွင် လိုအပ်နေသောလူအမျိုးအစား အတိအကျပင် ဖြစ်ပြီး ရာထူးတိုးပြီး ပျိုးထောင်ခံရရန် သေချာသည်။ သို့သော် အရာရာတွင် ဘုရားသခင်၏ အချိန်ရှိသည်။ ဤရာထူးတိုးလိုသည့် ဆန္ဒသည် ရည်မှန်းချက်မဟုတ်ပေ။ သို့သော် ခေါင်းဆောင်ဖြစ်ဖို့ရန် သင့်တွင် အစွမ်းအစရှိရမည်။ စံသတ်မှတ်ချက်နှင့် ကိုက်ညီရမည်။ သင်သည် အစွမ်းအစနည်းသည့်တိုင် ခေါင်းဆောင်ဖြစ်လိုလျက်၊ သို့မဟုတ် အရေးကြီးသောအလုပ်တချို့ကို တာဝန်ယူလိုလျက်၊ သို့မဟုတ် အဘက်ဘက်မှအလုပ်များအတွက် တာဝန်ယူလိုလျက်၊ သို့မဟုတ် လူအသိအမှတ်ပြုခံရစေသည့်အရာတစ်ခုကို လုပ်လိုလျက်ဖြင့် သင်၏ အချိန်အားလုံးကို ကုန်ဆုံးစေဆဲဖြစ်လျှင် ငါ သင့်ကို ပြောမည်။ ဤသည်မှာ ရည်မှန်းချက်ဖြစ်သည်။ ရည်မှန်းချက်ကို သင် သတိထားသင့်သည်။ ရည်မှန်းချက်သည် ဘေးဒုက္ခကို သယ်ဆောင်နိုင်သည်။ လူတို့သည် မိမိတို့ဘာသာ တက်ကြွလျက်ရှိပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိကြသည်။ ဤသည်မှာ ပြဿနာတစ်ခုမဟုတ်ပေ။ လူအချို့သည် ခေါင်းဆောင်ဖြစ်ရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်။ အချို့မှာ မကိုက်ညီပေ။ ခေါင်းဆောင်ဖြစ်ရန် ကြိုးပမ်းဖို့ စံသတ်မှတ်ချက်နှင့် ကိုက်ညီသောသူများအတွက်မူ မကောင်းသောအရာမဟုတ်ပေ။ သို့သော် ဤစံသတ်မှတ်ချက်နှင့် မကိုက်ညီသောသူများသည် မိမိတို့တာဝန်ကိုသာ လုပ်ဆောင်နေသင့်သည်။ ၎င်းတို့ရှေ့တည့်တည့်တွင်ရှိသော တာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ခြင်း၊ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ခြင်းသည် ပို၍ကောင်းသည်။ ၎င်းတို့အတွက် ဤသည်မှာ ပို၍ကောင်းသည်။ ပို၍ ဘေးကင်းသည်။ ပို၍ လက်တွေ့ကျသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅))လူတို့သည် ရာထူးတိုးခြင်းနှင့် ပျိုးထောင်ခြင်းအပေါ်တွင် မှန်ကန်သော နားလည်မှုနှင့် သဘောထားရှိရမည်။ ဤကိစ္စများတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရမည်။ ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒနောက်လို့ မလိုက်ရပေ၊ သို့မဟုတ် ရည်မှန်းချက်ကြီးသောဆန္ဒများ မရှိရပေ။ သင်သည် အစွမ်းအစကောင်းသည်ဟု ခံစားရသော်လည်း ဘုရားအိမ်တော်က သင့်အား မည်သည့်အခါမျှ ရာထူတိုးမပေးသကဲ့သို့ သင့်အား ပျိုးထောင်ပေးရန် မည်သည့်နည်းလမ်းမျှ မရှိလျှင် အားမလိုအားမရမဖြစ်နှင့်၊ သို့မဟုတ် စတင်၍ စောဒကမတက်နှင့်။ သမ္မာတရားကို လိုက်စားခြင်းနှင့် ပို၍ကောင်းအောင် ကြိုးစားခြင်းကိုသာ အာရုံစိုက်လော့။ သင်သည် ဝိညာဉ်ရင့်ကျက်မှုအချို့ရှိပြီး တကယ့်အလုပ်ကို လုပ်နိုင်လျှင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် သင့်အား ခေါင်းဆောင်ဖြစ်ရန် အလိုအလျောက် ရွေးချယ်လိမ့်မည်။ သင်သည် အစွမ်းအစနည်းသည်၊ ရာထူးတိုးရန်၊ သို့မဟုတ် ပျိုးထောင်ပေးခြင်းခံရရန် အခွင့်အလမ်းလုံးဝ မရှိ၊ သင်၏ ရည်မှန်းချက်များ အောင်မြင်ရန် မဖြစ်နိုင်ဟု သင်ခံစားရလျှင် ဤသည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်သည် မဟုတ်လော။ ဤအရာသည် သင့်ကို ကာကွယ်ပေးလိမ့်မည်။ သင်သည် အစွမ်းအစနည်းပြီး သင့်အား မိမိတို့၏ခေါင်းဆောင်ဖြစ်စေရန် ရွေးချယ်သော မျက်ကန်းလူမိုက်တစ်စုအား ကြုံတွေ့သောအခါ သင်သည် ဝေဖန်ရှုတ်ချခြင်းခံရမည့်နေရာတွင် အထားခံရသည်မဟုတ်လော။ သင်သည် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိဘဲ သင်၏ မျက်လုံးနှင့် စိတ်နှလုံးသည် မြင်နိုင်စွမ်းမရှိပေ။ သင်လုပ်သမျှသည် အနှောင့်အယှက်ဖြစ်သည်။ သင်၏ လှုပ်ရှားမှုတိုင်းသည် မကောင်းမှုပြုခြင်းဖြစ်သည်။ သင်၏ ကိုယ်ပိုင်တာဝန်နှင့်သက်ဆိုင်သော အလုပ်ကို ကောင်းစွာလုပ်ခြင်းက ပို၍ ကောင်းလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင့်ကိုယ်သင် အရှက်ရစေမည်မဟုတ်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်ဖြစ်ခြင်း၊ ကွယ်ရာတွင် မကောင်းပြောရန် ပစ်မှတ်ဖြစ်ခြင်းထက် သာ၍ ကောင်းသည်။ လူတစ်ယောက်အနေဖြင့် သင်သည် သင့်ကိုယ်သင် နှိုင်းဆချင့်ချိန်ခြင်းရှိရမည်။ မိမိကိုယ်ကိုယ် အနည်းငယ် သတိထားမိရမည်။ ဤသို့ဆိုလျှင် လမ်းမှားကို လိုက်ခြင်း၊ အရေးကြီးသောအမှားများကို လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်နိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ ကျွန်မ နိုးကြားလာတယ်။ ကျွန်မအနီးအနားက ညီအစ်ကို မောင်နှမတွေထက် ကျွန်မပိုတော်တယ်လို့ အမြဲခံစားပြီး ခေါင်းဆောင် ဖြစ်ချင်ခဲ့ပေမဲ့၊ ခေါင်းဆောင်ဖြစ်ဖို့ ကျွန်မ တကယ် သင့်တော်ခဲ့ရဲ့လား။ ခေါင်းဆောင်ဖြစ်ဖို့ အစွမ်းအစ ကျွန်မမှာ တကယ်ရှိခဲ့လား။ ခေါင်းဆောင်တွေက သမ္မာတရားကို လိုက်စားရမယ်၊ အလုပ်လုပ်နိုင်စွမ်းရှိပြီး လူ့သဘာဝကောင်း ရှိရမယ်။ ဘယ်သူမဆိုက ခေါင်းဆောင် မဖြစ်နိုင်ဘူး။ ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းတွေ မရှိသလို လက်တွေ့အလုပ်မလုပ်နိုင်ရင်၊ ခေါင်းဆောင်ဖြစ်လာရင်တောင်၊ ကြာရှည်ခံမှာမဟုတ်သလို၊ တချို့လူတွေက အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ ထုတ်ဖော်ခံရတယ်။ အရင်က အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ တကယ် အစေခံခဲ့ပေမဲ့၊ ကျွန်မရဲ့ အစွမ်းအစက နိမ့်ကျပြီး အလုပ်လုပ်နိုင်စွမ်းက ညံ့လို့၊ လက်တွေ့အလုပ် မလုပ်နိုင်ခဲ့သလို၊ တခြားလူတွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒါက သူတို့ရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်ပြီး၊ အသင်းတော်အလုပ်ကို ပျက်စီးစေခဲ့တယ်။ ဒါကြောင့် နောက်ဆုံးမှာ အထုတ်ခံခဲ့ရတယ်။ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းအရ၊ ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ တကယ် အရည်အချင်းမပြည့်မီဘူး။ ယှဉ်လိုက်ရင်၊ ကျွန်မက အထွေထွေအလုပ်မှာ တော်တယ်၊ အဲဒီကဏ္ဍမှာ လက်တွေ့အလုပ်တချို့ လုပ်နိုင်ပြီး အဲဒီလောက် စိတ်မဖိစီးဘူး။ လူတိုင်းရဲ့ အစွမ်းအစနဲ့ အားသာချက်အရ အသင်းတော်က အလုပ်ကို စီစဉ်ပေးတာပဲ။ ဒါက လူတွေရဲ့လုပ်ငန်းဆောင်တာကို ပုံမှန် အစေခံခွင့်ပေးသလို အသင်းတော်အလုပ်ကို အကျိုးပြုတယ်။ ဒါပေမဲ့ ကိုယ့်အတိုင်းအတာကို ကျွန်မ မသိခဲ့ဘူး။ ခေါင်းဆောင်ဖြစ်ဖို့ ကျွန်မက အစွမ်းအစနဲ့ အရည်အချင်းတွေ သိသိသာသာ မရှိခဲ့ပေမဲ့၊ ကျွန်မ ပါရမီရှိပြီး တခြားလူတွေထက် သာတယ်လို့ ခံစားသေးသလို၊ အမြဲ ရာထူးတိုးခံချင်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကိုမဟုတ်ဘဲ တခြားလူတွေကို ရာထူးတိုးတာ မြင်ရတော့၊ ကျွန်မကို ခေါင်းဆောင်က အာရုံမစိုက်ဘူးလို့ ညည်းခဲ့တယ်။ ကိုယ့်တာဝန်ကို ဖြစ်သလိုလုပ်ပြီး ဘုရားအပေါ် ရန်လို၊ အပျက်သဘောဆောင်ခဲ့တယ်။ အရမ်းမာနထောင်လွှားပြီး အသိစိတ်တစ်ခုမှ လုံးဝ မရှိခဲ့ဘူး။ ဒါကို သဘောပေါက်တော့၊ အရမ်းအပြစ်ရှိတဲ့ စိတ်ခံစားရပြီး၊ ကိုယ့်ရဲ့လက်ရှိ တာဝန်ကို မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့တယ်။ ပြီးတော့ ကိုယ့်နေရာမှာကိုယ် ရပ်တည်ပြီး ကိုယ့်တာဝန်ကို လက်တွေ့ကျကျ ကောင်းကောင်း လုပ်ဖို့ လိုလားနေမိတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ် ကြားရတယ်။ “ကျွန်ုပ်သည် သေးနုပ်သော ဖန်ဆင်းခံမျှသာဖြစ်သည်

၁  အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ ကျိုးနွံနာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။

၂  ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။

၃  ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း

စာသားတွေကို ချင့်ချိန်စဉ်းစားရင်းနဲ့ ကျွန်မစိတ်နှလုံး လင်းလက်သွားတယ်။ ကျွန်မရဲ့ အဆင့်အတန်း အနိမ့်အမြင့်ကို ဘုရားက ကြိုစီမံထားခဲ့တာဖြစ်ပြီး၊ အဆင့်အတန်း ရှိရှိ၊ မရှိရှိ၊ ကျွန်မက အဖန်ဆင်းခံတစ်ယောက်ပဲ။ အဆင့်အတန်းမြင့်ရင်၊ ကျွန်မက အဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး အဆင့်အတန်းနိမ့်ရင်လည်း အဖန်ဆင်းခံ တစ်ယောက်ပဲ။ ကျွန်မရဲ့ အနှစ်သာရက လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး။ အထွေထွေအလုပ်လုပ်ဖို့ အသင်းတော်က စီစဉ်ခဲ့လို့၊ ကျွန်မ ကိုယ့်ရာထူးမှာ ကိုယ်ရပ်တည်သင့်တယ်၊ ကိုယ့်အားသာချက်တွေကို အပြည့်အဝ သုံးပြီး၊ အထွေထွေအလုပ်ကို အကောင်းဆုံး လုပ်သင့်တယ်။ ဒါက အဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့ ဝတ္တရားပဲ။ ဒါကိုစိတ်ထဲတွေးရင်းနဲ့၊ ကျွန်မ လွတ်မြောက်သွားပြီး ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကိုယ့်တာဝန်အတွက် အပျက်သဘောဆောင်ပြီး ကိုယ်တော့်ကို ကျွန်မ မဆန့်ကျင်ချင်ပါဘူး။ ကျွန်မရဲ့ အဆင့်အတန်း ဘာဖြစ်ပါစေ၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ အဖန်ဆင်းခံရဲ့ တာဝန်ကို အလေးအနက် ဖြည့်ဆည်းချင်ပါတယ်”လို့ပေါ့။ အဲဒီနောက်မှာ ဘုရားစီစဉ်တဲ့ ပတ်ဝန်းကျင်ကို ကျွန်မ မခုခံတော့ဘူး။ ကိုယ့်ရဲ့ လက်ရှိတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ကိုယ့်အလုပ်ကို ဘယ်လို လက်တွေ့လုပ်ရမယ်ဆိုတာကို တွေးဆခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ရင်းနဲ့ အရမ်းစိတ်ချလုံခြုံသလို ခံစားရတယ်။

နောက်ပိုင်းမှာ၊ အထွေထွေအလုပ်ကို ကျွန်မ မုန်းရတဲ့ နောက်ထပ်အကြောင်းရင်း ရှိမှန်း သုံးသပ်၊ သဘောပေါက်သွားတယ်။ အဲဒါကတော့ အထွေထွေအလုပ်အပေါ် ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိတဲ့ အမြင် ကျွန်မမှာ ရှိခဲ့လို့ပဲ။ အထွေထွေအလုပ် မလုပ်တဲ့လူတွေဟာ သမ္မာတရားကို မလိုက်စားဘူး၊ သူတို့က နိမ့်ကျပြီး၊ ကယ်တင်ခြင်း မျှော်လင့်ချက်မရှိသလို၊ အရေးပါတဲ့ အခန်းကဏ္ဍတွေဆီ ရာထူးတိုးခံရသူတွေကပဲ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခံရဖို့ အခွင့်အရေးရှိတယ်လို့ ကျွန်မ တွေးခဲ့တာပဲ။ ဒီမှားယွင်းတဲ့ အမြင်ကို ဖြေရှင်းတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ လူတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်မျိုးစုံ ပေါ်ပေါက်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာဝန်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်၏ ဧဝံဂေလိဖြန့်ဝေခြင်း၌ လိုအပ်သရွေ့ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ ဇာစ်မြစ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။...သင်၏တာဝန်သည် မည်သည့်အရာဖြစ်နေပါစေ ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် လုပ်ငန်းတာဝန်ဖြစ်၏။ တစ်ခါတစ်ရံ အရေးကြီးသော အရာဝတ္ထုတစ်ခုကို စောင့်ရှောက်ဖို့၊ သို့မဟုတ် ကာကွယ်ပေးဖို့ သင်သည် တောင်းဆိုခံရကောင်း ခံရနိုင်သည်။ ဤသည်မှာ ယှဉ်ကြည့်လျှင် သင်၏ တာဝန်တစ်ခုအဖြစ်သာ ဆိုနိုင်သည့် အသေးအဖွဲကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် တာဝန်တစ်ခု ဖြစ်သည်။ သင်သည် ယင်းကို သူ့ထံမှ လက်ခံခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ လက်ထဲမှ သင်လက်ခံခဲ့ပြီး ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။)လူသည် မိမိ၏တာဝန်ကို စတင်လုပ်ဆောင်လျှင် လုပ်ဆောင်ချင်း သမ္မာတရား စစ်မှန်မှုများရှိသော လူတစ်ဦးဖြစ်လာသည် မဟုတ်ချေ။ မိမိ၏တာဝန်ကို လုပ်ဆောင်ခြင်းသည် လိုအပ်သော နည်းလမ်းတစ်ခုနှင့် လမ်းကြောင်းတစ်ခုထက် မပိုချေ။ လူတို့သည် မိမိတို့၏တာဝန်များကို လုပ်ဆောင်ရာ၌ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်၊ သမ္မာတရားအား သိနားလည်ခြင်းနှင့် လက်ခံခြင်းကို တဖြည်းဖြည်းရယူရန်နှင့် ထို့နောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သမ္မာတရား လိုက်စားခြင်းကို အသုံးပြုကြသည်။ ထို့နောက် ထိုသို့အားဖြင့် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားသည့်အခြေအနေ၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှောင်အဖွဲ့များနှင့် ထိန်းချုပ်မှုကို ဖယ်ရှားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိလေသည်၊ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုရှိသူတစ်ဦးနှင့် ပုံမှန်လူ့သဘာဝရှိသူများ ဖြစ်လာလေသည်။ သင့်တွင် ပုံမှန်လူ့သဘာဝရှိသည့်အခါမှသာ သင်၏တာဝန်ထမ်းဆောင်မှုနှင့် သင်၏ လုပ်ရပ်များသည် လူတို့အတွက် တည်ဆောက်စရာဖြစ်ပြီး ဘုရားသခင်အတွက် ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ လူတို့သည် ၎င်းတို့၏တာဝန်ထမ်းဆောင်မှုအတွက် ဘုရားသခင် အသိအမှတ်ပြုခြင်းကို ခံရသည့်အခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံ ဖြစ်နိုင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) တာဝန်အပေါ် ကျွန်မရဲ့အမြင်ကို ဘုရားနှုတ်ကပတ်တော်က ပြောင်းပြန်လှန်ခဲ့တယ်။ တာဝန်တွေက လူတွေကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ စီမံခန့်ခွဲမှုအလုပ်ဆီက ဖြစ်ပေါ်ပြီး၊ အမြင့်နဲ့ အညတရကြား၊ အကြီးနဲ့ အသေးကြားမှာ ခြားနားမှုမရှိတာကို သင်ယူခဲ့ရတယ်။ ဘာတာဝန်ပဲဖြစ်ပါစေ၊ လူတွေအတွက် ဝတ္တရားနဲ့ တာဝန်တစ်ခုဖြစ်ပြီး၊ အဲဒါကို စွမ်းဆောင်ရရှိဖို့ အကောင်းဆုံး လုပ်ရမယ်။ အသင်းတော်အလုပ် ချောချောမောမော တိုးတက်စေချင်ရင်၊ တာဝန်တိုင်းကို လူတွေ ပူးပေါင်းဆောင်ရွက်တာ လိုတယ်။ တာဝန်တိုင်းက မရှိမဖြစ်ဖြစ်တယ်။ ခေါင်းဆောင်တွေရဲ့ တာဝန်က အရေးပါပေမဲ့၊ အထွေထွေအလုပ်လည်း အဲဒီလောက်ပါပဲ။ အချိတ်အဆက်တစ်ခုခု ပျောက်နေရင်၊ အသင်းတော်အလုပ်က ထိခိုက်တယ်။ တာဝန်တစ်ခုက အပြုသဘောဆောင်တဲ့ အရာဖြစ်ပြီး၊ သမ္မာတရားကို လူတွေလိုက်စားပြီး ကယ်တင်ခြင်း ရရှိတဲ့ လမ်းကြောင်း ဖြစ်တယ်။ အဲဒါက အဖန်ဆင်းခံတစ်ယောက် လုပ်နိုင်တဲ့ ဂုဏ်အသရေအရှိဆုံး အရာပဲ။ ကိုယ့်တာဝန်ကို လုပ်တာက ဂုဏ်တစ်ခုပဲ။ ဒါပေမဲ့ အဲဒါကို မြတ်နိုးတန်ဖိုးထားပြီး ကျေးဇူးတင်ဖို့ ကျွန်မ မသိခဲ့ဘူး။ တာဝန်တွေကို အဆင့် အနိမ့်အမြင့်တွေနဲ့ ခွဲခြားဖို့ ကြိုးစားခဲ့ပြီး၊ အထွေထွေအလုပ်က နိမ့်ကျတယ်၊ အချည်းနှီးဖြစ်ပြီး ရှက်စရာလို့ ယူဆခဲ့တယ်။ တာဝန်ပေါ် အထင်သေးတာကို ကျွန်မ ပြနေခဲ့တာ မဟုတ်လား။ ကိုယ့်မှာ ဘာတာဝန်ပဲရှိရှိ၊ သမ္မာတရားကို လိုက်စားရမယ်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်ပြီး၊ အရည်အချင်းပြည့်မီတဲ့ အဖန်ဆင်းခံတစ်ယောက် ဖြစ်လာရမယ်။ ဒါက ဘုရားကယ်တင်ခံရမဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။ ခေါင်းဆောင်ဖြစ်ခြင်းအားဖြင့် သမ္မာတရား ပိုင်ဆိုင်ပြီး ကယ်တင်ရမယ်ဆိုတာ မဟုတ်ဘူး။ နှစ်နဲ့ချီ ခေါင်းဆောင်ဖြစ်ရင်တောင်၊ သမ္မာတရားကို မလိုက်စားရင်၊ ဘုရားက ကိုယ့်ကို လက်ခံမှာ မဟုတ်ဘူး။ ထုတ်ဖော်ခံရတဲ့ အန္တိခရစ်တွေနဲ့ အယောင်ဆောင် ခေါင်းဆောင်တွေကို တွေးကြည့်။ အသင်းတော်က အရေးပါတဲ့ တာဝန်အတွက် လေ့ကျင့်ပေးပေမဲ့၊ သူတို့က တာဝန်မှာ သမ္မာတရားကို မလိုက်စားကြဘူး။ သိက္ခာနဲ့ အဆင့်အတန်းကို လိုက်စားကြတယ်၊ ကိုယ်ရေးကိုယ်တာ လုပ်ငန်းမှာ ပါဝင်တယ်၊ ဘုရားကို ရန်လိုပြီး၊ နောက်ဆုံးမှာ ထုတ်ပယ်ခံရကြတယ်။ ဘုရားက ဖြောင့်မတ်ပြီး၊ အရေးပါတဲ့ အခန်းကဏ္ဍ၊ မြင့်မားတဲ့ အဆင့်အတန်းရှိမရှိဆိုတဲ့အပေါ် အခြေခံပြီး လူတွေရဲ့ ရလဒ်တွေကို မဆုံးဖြတ်ဘူး။ အရေးအကြီးဆုံးက သူတို့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲပြီး သမ္မာတရား ရရှိခြင်း ရှိမရှိဆိုတာပဲ။ နှစ်နဲ့ချီ ဘုရားကို ယုံကြည်ပေမဲ့ သမ္မာတရားကို မလိုက်စားသလို၊ အသက်စိတ်သဘောထား မပြောင်းလဲရင်၊ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ပါစေ၊ ထုတ်ဖော်ခံရပြီး နောက်ဆုံးမှာ ထုတ်ပယ်ခံရမှာပဲ။ ဘုရားက ဖြောင့်မတ်ပြီး လူတွေကို ဦးစားပေး မဆက်ဆံဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားကို ယုံကြည်မှုမှာ အောင်မြင်မှုက ကိုယ်လျှောက်တဲ့ လမ်းကြောင်းပေါ် မူတည်တယ်။ သမ္မာတရားလိုက်စားပြီး အဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လက်တွေ့ကျကျ ဖြည့်ဆည်းတာက အရေးအကြီးဆုံး အရာတစ်ခုပဲ။

သိက္ခာနဲ့ အဆင့်အတန်းလိုက်စားခြင်းရဲ့ သဘာဝကို ဒီအချိန်အတောအတွင်း ကျွန်မရဲ့ အတွေ့အကြုံက နည်းနည်း ပိုရှင်းအောင် ပြခဲ့တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်း လိုက်စားတာက မှန်တဲ့လမ်းကြောင်း မဟုတ်ဘူး၊ ဘုရားကို ခုခံခြင်းပဲ။ သမ္မာတရားလိုက်စားတာထက် ဘာကမှ အရေးမကြီးဘူး။ ဒါ့အပြင်၊ အဲဒါက ကိုယ့်ကိုယ်ကိုယ် သိစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်အပေါ် မှန်တဲ့ အမြင်ကိုလည်း ပေးခဲ့သလို၊ ခေါင်းဆောင်ဖြစ်တာကို လိုက်စားဖို့ဖြစ်တဲ့ ကျွန်မရဲ့ ရည်မှန်းချက်လည်း သိပ်အားမကောင်းတော့ဘူး။ ညီအစ်ကို မောင်နှမတချို့ ခေါင်းဆောင်အနေနဲ့ အရွေးခံရတာကို ကြားတဲ့အခါ၊ တစ်ခါတလေ စိတ်ခံစားချက်အရ သက်ရောက်မှု ရှိနေဆဲ ဖြစ်ပေမဲ့၊ ဆုတောင်းခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခြင်းကတစ်ဆင့်၊ ကျွန်မ စိတ်မကျဉ်းကျပ်တော့သလို၊ တာဝန်မှာ ညီအစ်ကို မောင်နှမတွေနဲ့ ပုံမှန်အတိုင်း ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ဘုရားကျေးဇူးတော်ပဲ။

အရှေ့သို့- ၈၃။ ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများမှတစ်ဆင့် သင်ယူရသည့် သင်ခန်းစာများ

နောက်တစ်ခုသို့- ၈၅။ ပညာရှိသတို့သမီးတို့သာ သခင့်ကို ကြိုဆိုနိုင်ကြ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။