၈၇။ တွဲဖက်သည် ပြိုင်ဖက်မဟုတ်

အိုဇန်း မြန်မာနိုင်ငံ

ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက စိတ်ထက်သန်ပြီး တက်ကြွလို့၊ ကိုယ့်တာဝန်မှာ ရလဒ်တချို့ ဖြစ်စေခဲ့ပြီး၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ နောက်ပိုင်းမှာ ဧဝံဂေလိ သင်းထောက် ဖြစ်လာခဲ့တယ်။ ကျွန်မက ငယ်ရွယ်ပေမဲ့ အားကိုးလို့ရတယ်၊ ကိုယ့်တာဝန်မှာ ဝန်ထမ်းပြီး၊ တာဝန်ယူတတ်တယ်လို့ ညီအစ်ကို မောင်နှမတွေက ပြောကြတယ်။ ဒါက ကျွန်မရဲ့ ဝင့်ဝါမှုကို အရမ်း ဖြည့်ဆည်းပေးနေခဲ့တယ်။ ၂၀၂၀ခုနှစ် အောက်တိုဘာမှာ၊ ကျွန်မ အသင်းတော်ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ ကျွန်မက ညီအစ်ကို မောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ သမ္မာတရား လိုက်စားနိုင်စွမ်းရှိတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ ပိုလို့တောင် ခံစားမိစေတယ်။ နည်းနည်းကြာတော့၊ အစ်မလျူကို ကျွန်မနဲ့ အလုပ်လုပ်ဖို့ အထက်ခေါင်းဆောင်က စီစဉ်တယ်။ အလုပ်ကို သူ့ဆီ မိတ်ဆက်တဲ့အခါ၊ အသင်းတော်ထဲက ပြဿနာတချို့ကို ခေါင်းဆောင်က ပြောပြတယ်။ ဒါကို သူကြားပြီးတဲ့နောက်မှာ၊ အစ်မလျူက ပြောတယ်၊ “ပြဿနာရဲ့ ရင်းမြစ်ကို အမြန်ရှာပြီး ဖြေရှင်းရမယ်။ မဟုတ်ရင်၊ အသင်းတော် အလုပ်ကို ဟန့်တာမှာပဲ”တဲ့။ သူအဲဒီလိုပြောတာကြားတော့ ကျွန်မ ရှက်မိတယ်။ ကိုယ့်အလုပ်မှာ ဒီပြဿနာတွေ ရှိတဲ့အတွက် အစ်မလျူက ကျွန်မကို အထင်သေးမှာ စိုးရိမ်ခဲ့တာကြောင့်ပေါ့။ နောက်နေ့ ရက်အနည်းငယ်မှာ၊ အသင်းတော်မှာရှိတဲ့ တကယ့် အခြေအနေကို အစ်မလျူက စုံးစမ်းစစ်ဆေးတယ်။ နောက်တော့ အလုပ်ဖော်တွေနဲ့ ညီအစ်ကို မောင်နှမတချို့ရှေ့မှာ သူက ကျွန်မကို ပြောတယ်၊ “ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကျွန်မတွေ့ခဲ့တဲ့ ဧဝံဂေလိ သင်းထောက်နဲ့ အဖွဲ့ခေါင်းဆောင် တချို့က ဝန်မထမ်းကြဘူး။ လူသစ်တွေမှာ အယူအဆနဲ့ အခက်အခဲတွေ ရှိတဲ့အခါ အဲဒါတွေကို အဖွဲ့ခေါင်းဆောင်တွေက မဖြေရှင်း၊ မရှာဖွေဘူး၊ အဲဒီအစား အခက်အခဲတွေထဲမှာ နစ်နေတယ်။ ဒီလိုမျိုးနဲ့ လူသစ်တွေကို ကောင်းကောင်း ရေလောင်းလို့မရဘူး”တဲ့။ သူပြောတာကြားတဲ့အချိန်မှာ ကျွန်မ နည်းနည်း ခုခံမိတယ်။ ပျိုးထောင်ဖို့ ကျွန်မ အာရုံစိုက်နေတဲ့ အဖွဲ့ခေါင်းဆောင် နည်းနည်း ရှိတယ်။ သူ့အဆိုအရ၊ သူတို့ထဲက ဘယ်သူမှ မတော်ဘူး၊ ဆိုတော့ သူ နည်းနည်း မညှာမတာ ခိုင်းတယ်လို့ ခံစားရတယ်။ “မင်းက ရောက်ရုံပဲရှိသေးသလို၊ အခြေအနေ အတိအကျ မသိသေးပေမဲ့၊ အမှားတွေ စရှာနေတယ်။ ကိုယ်က ဝန်ထမ်းပြီး ပြဿနာတွေ ရှာတွေ့နိုင်တယ်လို့ ပြချင်တာလား။ ဒီမှာ လူသစ်ဖြစ်လို့ ရှင်က အထင်ကြီးအောင်လုပ်ဖို့ ကြိုးစားနေတာလား။ ကျွန်မအလုပ်မှာရှိတဲ့ ပြဿနာတွေကို ရှင်ဆက်တူးဆွနေရင်၊ ညီအစ်ကို မောင်နှမတွေရဲ့ အမြင်မှာ ကျွန်မရဲ့ ပုံရိပ်ကောင်းကို ရှင်ဖျက်ဆီးမိတော့မယ်”လို့ တွေးမိတယ်။ ဒေါသကိုပြန်ထိန်းပြီး ပြောလိုက်တယ်၊ “ဒီမေးခွန်းတွေနဲ့ပတ်သက်လို့ အစ်မ မှန်ပါတယ်။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်တွေရော ဧဝံဂေလိ သင်းထောက်ရော လက်တွေ့ကျတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတာလေ။ ဒီတော့ တစ်ခါတလေ လိုက်ကြည့်တဲ့ အလုပ်ကို ကောင်းကောင်း မလုပ်ဖြစ်ဘူး၊ ကျွန်မတို့ နားလည်ရမယ်”လို့ပေါ့။ ဒါကိုကြားတော့ သူက ပြောတယ်၊ “ဒီအခက်အခဲတွေကို သမ္မာတရားအပေါ် မိတ်သဟာယပြုပြီး ဖြေရှင်းလို့ရတယ်။ သူတို့က သမ္မာတရားကို လက်ခံပြီး ဘုရားအလိုတော်ကို နားလည်ရင်၊ ဝန်ထမ်းပြီး ကိုယ့်တာဝန်မှာ တာဝန်ယူကြမှာပဲ။ အဓိကအချက်က ဒီပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားအပေါ် ကျွန်မတို့ မိတ်သဟာယပြုခြင်း ရှိမရှိ ဆိုတာပဲ”တဲ့။ မှန်တယ်။ ဒါပေမဲ့ ကျွန်မ အဲဒါကို မှန်မှန်ကန်ကန် လက်မခံခဲ့သလို၊ ပိုလို့တောင် ဒေါသထွက်မိတယ်။ ကျွန်မ တွေးမိတယ်၊ “သမ္မာတရားအပေါ် ကျွန်မ မိတ်သဟာယ မပြုနိုင်ဘူးလို့ ရှင်ဆိုလိုတာလား”ပေါ့။ အစ်မလျူအပေါ် ကျွန်မအမြင်က လုံးဝ ပြောင်းလဲသွားတယ်။ သူ့ကို ကျွန်မရဲ့ တွဲဖက်နဲ့အကူလို မတွေးတော့ဘဲ ကိုယ့်ပြိုင်ဖက်လို တွေးခဲ့တယ်။ ဒါသာဆက်ဖြစ်ရင်၊ အနှေးနဲ့အမြန် အလုပ်မှာ သူ ဦးဆောင်သွားမှာပဲလို့ တွေးမိတယ်၊ ဒါပေမဲ့ ကျွန်မက ခေါင်းဆောင်ဖြစ်ပြီး သူက ဒီမှာ ကျွန်မနဲ့ ပူးပေါင်းလုပ်ဖို့ ရှိနေတာလေ။ သူက အရာရာမှာ ကျွန်မထက် တော်ပြီး ကျွန်မအမြဲ ရှက်ရတယ်။ ဒီလိုနဲ့ ဘယ်လိုလုပ် ဂုဏ်သိက္ခာတစ်ခုခု ရှိနိုင်မှာလဲ။ ပြီးတော့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ဘာများထင်ကြမလဲ။ အဲဒီနောက်မှာ ကျွန်မ သူနဲ့ အလုပ်မလုပ်ချင်တော့သလို၊ သူ့ကို စကားမပြောချင်တော့ဘူး။ တစ်ခါ၊ လုပ်ဖော်ဆောင်ဖက် အစည်းအဝေးမှာ၊ အယောင်ဆောင် ခေါင်းဆောင်တွေက လက်တွေအလုပ်မလုပ်ဘူးလို့ လို့ဖော်ပြတဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး၊ အစ်မလျူက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး နားလည်ခဲ့တယ်။ သူ အသင်းတော်မှာ ရှိနေတာ ခုဆို အတော်ကြာပြီဖြစ်ပေမဲ့၊ လက်တွေ့အလုပ်မလုပ်လို့ လူသစ်တွေရဲ့ အခက်အခဲတွေက အချိန်မီ ပြေလည်မသွားခဲ့တာကြောင့် အခက်အခဲတွေမှာ ပိတ်မိပြီး သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ရမယ်မှန်း မသိကြဘူး၊ အဲဒါက ဘဝမှာ သူတို့ရဲ့ ကြီးထွားမှုကို နှောင့်နှေးစေခဲ့တယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် အသိကို သူ ဆွေးနွေးနေပေမဲ့၊ ကျွန်မနားမှာ သူက ကျွန်မကို တကယ့် အလုပ်မလုပ်တဲ့အတွက် ဖော်ထုတ်နေသလိုပဲ။ သူ ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်မ စတွက်ဆခဲ့တယ်၊ “ကျွန်မအလုပ်မှာရှိတဲ့ ပြဿနာတွေကို လူတိုင်းကို တမင်အသိပေးဖို့ ဒီပြဿနာတွအကြောင်း ရှင်ပြောနေတာပဲ၊ ဟုတ်တယ် မဟုတ်လား။ အရင်က ညီအစ်ကို မောင်နှမတွေက ကျွန်မအပေါ် ထင်မြင်ချက်ကောင်းရှိခဲ့ပေမဲ့၊ အခုတော့ ရှင်က ကျွန်မကို ဒီလိုဖော်ထုတ်လိုက်တော့ ကျွန်မပုံရိပ်ကို ထိခိုက်နစ်နာမှာပဲ မဟုတ်လား။ အခု ကျွန်မကို သူတို့ ဘာများထင်ကြမလဲ”လို့ပေါ့။ အဲဒီတုန်းက၊ ကျွန်မအရမ်း အတိုက်အခံဖြစ်ပြီး ထွက်သွားချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က အဆင်ခြင်မဲ့တယ်လို့ ခံစားရလို့ အဆုံးထိ အတင်းနေလိုက်တယ်။

အဲဒီညနေမှာ၊ သင်းထောက်သစ်တွေ ရွေးကောက်ပွဲကို ဆွေးနွေးဖို့ အစ်မလျူက ကျွန်မဆီ လာပြီး၊ ကျွန်မတို့ ရာထူးတိုးပေးလို့ရမဲ့ ဝန်ထမ်းတဲ့သူ ဘယ်သူရှိလဲလို့ မေးတယ်။ အဲဒါကို သူမေးတော့၊ ကျွန်မ အရမ်း အတိုက်အခံဖြစ်ပြီး တွေးမိတယ်၊ “သင့်တော်တဲ့ ကိုယ်စားလှယ် တစ်ယောက်ယောက် ကျန်သေးလို့လား။ အတော်ဆုံးတွေကို ရှင် အကုန် ငြင်းလိုက်ပြီပဲ။ ပြဿနာတွေက အသင်းတော်မှာ ရှိပေမဲ့ အဲဒါတွေအကြောင်းကို ဒီမှာ ပွင့်ပွင့်လင်းလင်း မပြောရုံမက၊ တခြားအသင်းတော်က ညီအစ်ကို မောင်နှမတွေရှေ့မှာ အဲဒါတွေကို ရှင် ဆွေးနွေးတယ်။ အခု ကျွန်မ လက်တွေ့အလုပ်မလုပ်တာကို သူတို့ သိသွားကြပြီ။ ရှင်စကားပြောတဲ့အခါ ကျွန်မခံစားချက်ကို ဘာလို့ မစဉ်းစားတာလဲ။ ရှင် ကျွန်မကို တမင်ပစ်မှတ်ထားနေတယ် ထင်တယ်”လို့ပေါ့။ ကျွန်မ တင်းတင်းမာမာ ပြောလိုက်တယ်၊ “အစ်မရောက်လာကတည်းက၊ ဘယ်သူကမှ ဝန်မထမ်းကြတော့ဘူး”လို့ပေါ့။ သူက အသံတိုးတိုးနဲ့ ဖြေတယ်၊ “ဒီတော့ အစ်မ ဒီမှာရှိမနေသင့်ဘူးလို့ ဆိုလိုတာလား”တဲ့။ ကျွန်မ အရမ်းစိတ်လိုက်မာန်ပါလုပ်ပြီး၊ ကျွန်မ ပြောတာမှားမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် “မဟုတ်ပါဘူး”လို့ ချက်ချင်း ပြန်ဖြေလိုက်တယ်။ ဆွေးနွေးတဲ့အလုပ် ဆက်မလုပ်ခင်မှာ ကျွန်မတို့နှစ်ယောက်လို့ အတန်ကြာ နှုတ်ဆိတ်သွားကြတယ်။ နောက်ပိုင်းမှာ၊ ကိုယ့်အစ်မကို ပြောခဲ့တာ ပြန်တွေးမိတော့၊ နည်းနည်း အပြစ်ရှိတဲ့စိတ် ခံစားရတယ်။ သူ့ကို အဲဒီလို မပြောခဲ့သင့်ဘူးလေ။ ဆွေးနွေးတာ ပြီးသွားတော့ သူ့ကို ကျွန်မ တောင်းပန်ချင်ခဲ့ပေမဲ့၊ အလုပ်နဲ့ အလုပ်များနေတဲ့အခါ၊ မေ့သွားတယ်။

နောက်ပိုင်းမှာ အထက်ခေါင်းဆောင်က အစ်မလျူနဲ့ အရာရာ တိုင်ပင်တာကို တွေ့ရတယ်။ ကျွန်မ အရမ်း အနေခက်သွားတယ်။ “ငါက ခေါင်းဆောင်လေ။ ညီအစ်ကို မောင်နှမတွေက ငါ့ကို ဘာများထင်ကြမလဲ။ ခေါင်းဆောင်အနေနဲ့ အသုံးမကျဘူး၊ မလိုအပ်ဘူးလို့ သူတို့ ပြောကြမလား”လို့ပေါ့။ ကျွန်မရဲ့ ကျော်ကြားမှုကို အစ်မလျူ ခိုးသွားတယ်လို့ ခံစားရပြီး သူ့ကို မနာလိုဖြစ်ခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “သူ ဒီကိုရောက်မလာခဲ့ရင်၊ ခေါင်းဆောင်က အလုပ်ကို ငါနဲ့ ဆွေးနွေးမှာပဲ” လို့ပေါ့။ အစ်မလျူက အလုပ်အားလုံးကို အခု စိုးမိုးနေတဲ့ အချက်ကိုလည်း တွေးမိတယ်။ ပြီးတော့ ဘုရားကို ယုံကြည်တာ ကြာပြီဖြစ်သလို၊ ကျွန်မထက် ပိုနားလည်တယ်။ ညီအစ်ကို မောင်နှမတွေရှေ့မှာ ကျွန်မ အလုပ်မှာရှိတဲ့ ပြဿနာတွေကိုလည်း သူ ထောက်ပြခဲ့ပြီးပြီ။ ဒါကြောင့် အခု ညီအစ်ကို မောင်နှမတွေက ကျွန်မကို အခုဘာများတွေးမလဲ မသိဘူး။ ဒီအရာတွေကို တွေးမိတော့၊ ဘေးကျပ်နံကျပ်ဖြစ်သလို ခံစားရတယ်။ ကျွန်မရဲ့ ခေါင်းဆောင်ရာထူးကို အစ်မလျူ ယူသွားမှာ ကျွန်မ စိုးရိမ်ခဲ့တယ်။ အဲဒီအကြောင်းကို ပိုတွေးလေ၊ စိတ်မကျေမနပ် ဖြစ်လေဖြစ်ပြီး၊ သူ့အပေါ် လက်စားချက်လိုစိတ် ရှိခဲ့တယ်။ “ကျွန်မ ခံစားချက်ကိုရှင် ဂရုမစိုက်ဘူး၊ ဒီတော့ ခုကစပြီး ရှင့်အတွက် ကိစ္စတွေကို လွယ်အောင်လုပ်မှာ မဟုတ်ဘူး” လို့ပေါ့။ တစ်ခါ သတိရသေးတယ်၊ အလုပ်ကို ကျွန်မတို့ ဆွေးနွေးနေကြပြီး၊ အစ်မလျူက သူ့ယူဆချက်ကို ဖော်ပြပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ အကြံကို မေးတယ်။ ကျွန်မ သူ့ကို လျစ်လျူရှုလိုက်ပြီး သူ့အလုပ် အစီအစဉ်တွေကို ပြစ်ချက်ရှာခဲ့တယ်၊ သူ တမင် အခက်တွေ့အောင်လို့ ဒီဟာ၊ ဟိုဟာက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောရင်းနဲ့ပေါ့။ တစ်ကြိမ်မှာ အစ်မလျူ အဓိက တာဝန်ယူထားတဲ့ အလုပ်တစ်ခုကို ကျွန်မတို့ ဆွေးနွေးနေကြတယ်။ အဲဒီတုန်းက၊ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိခဲ့ပေမဲ့ ကျွန်မ အကြံမပေးချင်ခဲ့ဘူး။ “ရှင့်ရဲ့ အစီအစဉ်တွေ မအောင်မြင်ရင် ပိုကောင်းတယ်။ အဲဒီလိုနဲ့ ကိစ္စတွေကို ရှင်မကိုင်တွယ်နိုင်မှန်း လူတိုင်း သိပြီး၊ ကျွန်မအစား ရှင့်ကို အမြဲ စကားပြောတာ မှားမှန်း ခေါင်းဆောင်က သိမှာ”လို့တောင် တွေးခဲ့တယ်။ အဲဒီနောက်မှာ၊ အကြံပြုချက်တချို့ သူ ပေးခဲ့တယ်၊ အားလုံးကို ကျွန်မ ငြင်းလိုက်တယ်။ ဘယ်လိုဖြေရှင်းရမယ်မှန်း သူမသိသလို၊ ကျွန်မကို အကြံနည်းနည်း ပေးစေချင်တာကို ကျွန်မ မြင်တော့၊ ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူခဲ့တယ်။ ကျွန်မက၊ “ဒီလိုအလုပ်ကိုတောင် ရှင် ကောင်းကောင်း မစီစဉ်နိုင်ဘူး၊ ရှင်က ကျွန်မအလုပ်ကို လက်ညိုးထိုးဖို့ သတ္တိရှိသေးတယ်” လို့ တွေးခဲ့တယ်။ အဲဒီတုန်းက၊ ကျွန်မ အခြေအနေ မမှန်တာကို ခေါင်းဆောင်က မြင်ခဲ့ပြီး၊ အစ်မလျူနဲ့ ကျွန်မ အတွဲညီညီ အလုပ်လုပ်ရမယ်၊ မဟုတ်ရင် အသင်းတော်အလုပ်က နှောင့်နှေးသွားမယ်လို့ ကျွန်မကို သတိပေးခဲ့တယ်။ ခေါင်းဆောင်ရဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာ စိတ်နှလုံးမှာ နည်းနည်း ပြစ်တင်တာ ခံစားရတယ်။ ကိုယ့်အလုပ်မှာ ကျွန်မတို့ ပိတ်မိတဲ့အချိန်မှာ၊ အဲဒါကို ဖြေရှင်းဖို့ ကျွန်မ ဘာလို့ဝန်မထမ်းခဲ့တာလဲ။ အဲဒီအစား ဘေးရပ်ပြီး ပြုံးခဲ့တယ်။ အသင်းတော် အလုပ်ကို ကျွန်မ လုံးဝ စောင့်ရှောက်မနေခဲ့ဘူး။ ဒါကို သဘောပေါက်တော့၊ ကိုယ့်စိတ်အခြေအနေကို ပြင်ပြီး ဆွေးနွေးတာတွေမှာ ပါဝင်ခဲ့တယ်။ ဒါပေမဲ့ အရင်ဆွေးနွေးမှုကနေ နှောင့်နှေးမှုကြောင့်၊ အလုပ်ကို စီစဉ်တာ အရမ်းနောက်ကျသွားခဲ့တယ်။ တစ်ညမှာ၊ ကျွန်မပြဿနာတွေကို ခေါင်းဆောင်က လာထောက်ပြတယ်။ သူက ပြောတယ်၊ “သိက္ခာနဲ့ အဆင့်အတန်းအတွက် ညီမရဲ့ စိတ်ဆန္ဒက အရမ်းအားကောင်းတယ်။ ကျော်ကြားမှုအတွက် အစ်မလျူနဲ့ ညီမက ပြိုင်နေခဲ့တာပဲ။ အလုပ်ကိစ္စ ဆွေးနွေးနေချိန်မှာ၊ သူတင်ပြတဲ့ ဘယ်အမြင်ကိုမှ လက်မခံဘူး။ လူတိုင်းကို ချေပခဲ့တယ်။ ညီမကြောင့် အစ်မလျူ စိတ်ကျဉ်းကျပ်ခဲ့ပြီး၊ ညီမနဲ့ ဘယ်လို ပူးပေါင်းလုပ်ရမယ်မှန်း မသိဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ လိုတယ်”တဲ့။ ခေါင်းဆောင်ပြောတာ ကြားပြီးတော့ ကျွန်မ အရမ်းဝမ်းနည်းပြီး စိတ်ထိခိုက်ခဲ့တယ်။ “အစ်မလျူက ကျွန်မပြဿနာကို ကျွန်မနောက်ကွယ်မှာ ဘာလို့ တိုင်ကြားနေခဲ့တာလဲ။ ကျွန်မကို တကယ်ကူညီချင်တယ်ဆိုရင်၊ လူကိုယ်တိုင် ကျွန်မကို ပြောလို့ရတာပဲ။ အခု ကျွန်မပြဿနာအကြောင်းကို ခေါင်းဆောင်ကသိပြီး၊ တာဝန်ကနေ ကျွန်မ အထုတ်ခံရနိုင်တယ်”လို့ပေါ့။ ဒါကို တွေးမိတာနဲ့၊ ခေါင်းဆောင်ကို ကျွန်မ အခြေအနေအကြောင်း ဖွင့်ပြောခဲ့တယ်။ အသင်းတော် အလုပ်မနှောင့်နှေးအောင်လို့ ထွက်ဖို့တောင် ကမ်းလှမ်းခဲ့တယ်။ ဒီစကားတွေကို ပြောနေရင်း၊ ကျွန်မ အသဲကွဲလုမတတ်ပါပဲ။ ကိုယ့်တာဝန်ကို ဆုံးရှုံးရတော့မလို ခံစားရတယ်။ ခေါင်းဆောင်က ကျွန်မကို ပြောတယ်၊ “ကျွန်မတို့မှာ ပြဿနာတွေ ရှိတဲ့အခါ၊ ရှောင်ရှားလို့ မရဘူး။ သမ္မာတရားရှာပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့လိုတယ်။ အလုပ်မှာ အစ်မလျူက ပြဿနာတွေ ရှာတွေ့နိုင်တာက သူဟာ ဝန်ထမ်းနိုင်တာကို ပြတာပဲ။ ဒါ အသင်းတော်အလုပ်အတွက် အကျိုးရှိတယ် မဟုတ်လား။ ဘာလို့ ညီမက မှန်မှန်ကန်ကန် သဘောမထားနိုင်တာလဲ။ သူ့ကို ညီမအမြဲ မနာလိုဖြစ်ပြီး ညီမထက်သာသွားမှာ စိုးခဲ့တယ်။ ဒါ အဆင့်အတန်းအတွက် ညီမရဲ့ စိတ်ဆန္ဒ အရမ်းအားကောင်းတာကို ပြတာပဲ”တဲ့။ ခေါင်းဆောင်ရဲ့ မိတ်သဟာယပြီးသွားတော့၊ သိက္ခာနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ စိတ်ဆန္ဒက အရမ်းအားကောင်းမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကိုယ့်အခြေအနေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာရမယ်။ မတုန်မလှုပ်နဲ့ အတိုက်အခံလုပ်လို့ မဖြစ်တော့ဘူး။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ဖတ်ပြီး၊ ကျွန်မထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် သိနားလည်မှု တချို့ရခဲ့တယ်။ “အန္တိခရစ်များက ၎င်းတို့ကို ဖော်ထုတ်သည့် မည်သူမဆိုသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင် ပြုလုပ်နေခြင်းသက်သက်သာ ဖြစ်သည်ဟု ထင်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကို ဖော်ထုတ်သောသူ မည်သူကိုမဆို ယှဉ်ပြိုင်ပြီး တိုက်ခိုက်ကာ အခက်အခဲဖြစ်အောင်လုပ်သည်။ ၎င်းတို့၏ အန္တိခရစ်သဘာဝကြောင့် ၎င်းတို့ကို ပြုပြင်သော၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းသော မည်သူမဆိုအပေါ် လုံးဝ ကြင်နာမည် မဟုတ်သကဲ့သို့ ထိုသို့ပြုလုပ်သော မည်သူမဆိုကို သည်းခံမည်မဟုတ်၊ သို့မဟုတ် လက်ခံလိုက်လျောမည်မဟုတ်။ ထိုသို့ပြုလုပ်သောသူ မည်သူမဆိုအပေါ် ကျေးဇူးတင်ဖို့၊ သို့မဟုတ် ချီးမွမ်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်စုံတစ်ယောက်က ၎င်းတို့ကို ပြုပြင်လျှင်၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းပြီး ဂုဏ်သိက္ခာဆုံးရှုံးအောင်၊ မျက်နှာပျက်အောင် ပြုလုပ်လျှင် ၎င်းတို့၏ စိတ်နှလုံး၌ ဤလူအတွက် မုန်းတီးမှုများ သိုထားလိမ့်မည်။ ထိုသူကို လက်စားချေရန် အခွင့်အရေးတစ်ခုကို ရှာဖွေလိုလိမ့်မည်။ ၎င်းတို့သည် သူတစ်ပါးတို့အပေါ် အဘယ်မုန်းတီးမှု ရှိသနည်း။ ဤသည်မှာ သူတစ်ပါးတို့ရှေ့တွင် ၎င်းတို့ထင်မြင်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုသောအရာဖြစ်သည်။ ‘ယနေ့တွင် သင်ကျွန်ုပ်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ယခု ကျွန်ုပ်တို့၏ ရန်စကို ကျောက်တွင် ရေးထွင်းပြီးလေပြီ။ သင့်လမ်း သင်သွားတော့၊ ကျွန်ုပ်လည်း ကိုယ့်လမ်း ကိုယ်သွားမည်။ သို့သော် ကျွန်ုပ်လက်စားအရချေမည်ဟု ကျိန်ဆို၏။ သင်၏အမှားကို ကျွန်ုပ်ထံ ဝန်ခံလျှင်၊ ကျွန်ုပ်ကို ဦးညွှတ်လျှင်၊ ဒူးထောက်ပြီး တောင်းပန်လျှင် သင့်ကို ခွင့်လွှတ်ပေးမည်။ ဤသို့မဟုတ်လျှင်ကား ကျွန်ုပ်သည် ဤကိစ္စကို မည်သည့်အခါမျှ လက်လွှတ်မည်မဟုတ်။’ အန္တိခရစ်များသည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အပေါ် မည်သူမဆို၏ ကြင်နာသော ပြုပြင်ခြင်း၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းကို၊ သို့မဟုတ် မည်သူမဆို၏ ရိုးသားသော အကူအညီကို ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းတို့ ရောက်ရှိလာမှုအဖြစ် မည်သည့်အခါမျှ မမြင်ပေ။ ထိုအစား အရှက်ခွဲခံရသည့် လက္ခဏာအဖြစ်၊ ကြီးစွာသော အရှက်ရသည့် အခိုက်အတန့်အဖြစ် မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်များသည် သမ္မာတရားကို လုံးဝ လက်မခံကြကြောင်းနှင့်၊ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို စိတ်ကုန်ပြီး ရွံရှာမုန်းတီးခြင်း ဖြစ်ကြောင်းကို ပြသ၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)) အန္တိခရစ်တွေ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ၊ အဲဒါကို သူတို့ လက်မခံရုံမက၊ သူတို့ကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတဲ့လူကို စမုန်းလာကြပြီး လက်တုံ့ပြန်ချင်ကြတယ်လို့ ဘုရားက ထုတ်ဖော်ပြတယ်။ အန္တိခရစ်တွေက သမ္မာတရားကို လက်မခံကြသလို၊ သမ္မာတရားကို ငြီးငွေ့၊ မုန်းတီးကြတာ တွေ့ရတယ်။ အရင်က၊ “လူတို့ကို လက်တုံ့ပြန်ခြင်း” ဆိုတဲ့ စကားတွေကို မြင်တဲ့အခါ၊ ဒီနည်းလမ်းက ရက်စက်တယ်လို့ တွေးခဲ့တယ်။ ရက်စက်မှုကို ကျွန်မ ပြမှာမဟုတ်သလို၊ ဒီအရာတွေကို လုပ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ အန္တိခရစ်တွေနဲ့ မကောင်းမှုပြုသူတွေကပဲ လူတွေကို လက်စားချေကြမှာလို့ ယုံကြည်ခဲ့တယ်။ ကိုယ့်အပြုအမူကို ကျွန်မ ပြန်တွေးမိတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ ညီအစ်ကို မောင်နှမတွေရှေ့မှာ အစ်မလျူက ကျွန်မအလုပ်မှာရှိတဲ့ ပြဿနာတွေကို ထောက်ပြတော့၊ ကျွန်မပုံရိပ် ထိခိုက်ပျက်စီးတယ်လို့ ခံစားရလို့ သူ့အပေါ် မလိုမုန်းထားမှုနဲ့ အတိုက်အခံ ဖြစ်ခဲ့တယ်။ အစည်းအဝေးတစ်ခုအတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံပြီး လက်တွေ့အလုပ် သူမလုပ်ခဲ့မှန်း အစ်မလျူက သဘောပေါက်ခဲ့သလို၊ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် အသိကို ဆွေးနွေးခြင်းအားဖြင့် ကျွန်မအလုပ်မှာရှိတဲ့ ပြဿနာတွေကို တမင် ဖော်ထုတ်နေတာလို့ ခံစားခဲ့တယ်။ ဒါကြောင့် သူ့အပေါ် ကျွန်မရဲ့ မလိုမုန်းထားမှုက ကြီးပဲကြီးထွားခဲ့တယ်။ သူရောက်လာကတည်းက ဘယ်သူကမှ ဝန်မထမ်းကြတော့ဘူးလို့တောင် ပြောပြီး သူ့ကို တိုက်ခိုက်ခဲ့တယ်။ အဲဒီနောက်မှာ ခေါင်းဆောင်က သူနဲ့ အလုပ်ကိစ္စ အမြဲဆွေးနွေးတာကို မြင်တဲ့အခါ၊ ကျွန်မရဲ့ ထင်ပေါ်မှုကို အစ်မလျူခိုးသွားတယ်လို့ ခံစားခဲ့တယ်။ သူ့ကို လက်တုံ့ပြန်ဖို့၊ အလုပ်ကိစ္စ ဆွေးနွေးတဲ့အခါ ကျွန်မရဲ့ အကြံပြုချက်တွေကို မဖော်ပြခဲ့သလို၊ သူ့အတွေးနဲ့ အကြံပြုချက်တွေကို အစ်မလျူက ဖော်ပြတဲ့အခါ၊ အပြစ်ရှာပြီး သူ့ကို ငြင်းခဲ့တယ်။ အဲဒါက အလုပ်တိုးတက်ဖို့ မဖြစ်နိုင်အောင် ဖြစ်စေခဲ့တယ်။ ကိုယ့်အစ်မကို ပြိုင်ဖက်လို မှတ်ယူခဲ့တာပါ။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ သူ့ကို တိုက်တောင် တိုက်ခိုက်ပြီး လက်တုံ့ပြန်နိုင်ခဲ့တယ်။ ကျွန်မ ထုတ်ဖော်ပြတဲ့ စိတ်သဘောထားက အန္တိခရစ်နဲ့ အတူတူပဲ မဟုတ်လား။ အဲဒါအပြင်၊ ကျွန်မအလုပ်က တကယ့်ပြဿနာကို သူ ထောက်ပြနေခဲ့တဲ့ အချက်ကို ကျွန်မ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သွေဖည်တာတွေကို ပြောင်းပြန်လှန်ပစ်ဖို့ ကျွန်မ သမ္မာတရားရှာခဲ့ရင်၊ ပြဿနာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ခဲ့မှာပဲ။ အဲဒါက ကျွန်မတို့အလုပ်အတွက် အကျိုးရှိခဲ့မှာ။ ဒါပေမဲ့ အဲဒါကို လက်မခံရုံမက၊ ကိုယ့်အစ်မကို ကျွန်မ လက်တုံ့ပြန်ချင်ခဲ့တယ်။ ဘုရားကိုယုံကြည်သူလို့ ခေါ်ဖို့ ကျွန်မ တကယ်ကို မထိုက်တန်တာပါ။

နောက်ပိုင်းမှာ ဒီအပြုအမူရဲ့ အနှစ်သာရနဲ့ အကျိုးဆက်ကို ပိုထိုးထွင်းသိမြင်မှုပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ် နှစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အန္တိခရစ်တို့၏ သဘာဝရှိ အဓိကစရိုက်များမှ တစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ ‘ရက်စက်ကြမ်းကြုတ်ခြင်း’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့၌ သမ္မာတရားနှင့်စပ်လျဉ်း၍ အထူးသဖြင့် ဆိုးယုတ်သော သဘောထားရှိခြင်း ဖြစ်သည်၊ သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း မရှိရုံသာမက၊ လက်ခံဖို့ ငြင်းဆန်ရုံသာမက၊ ၎င်းတို့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသူတို့ကိုပင် ပြစ်တင်ရှုတ်ချလေသည်။ ယင်းမှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထား ဖြစ်သည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းကို လက်ခံသူ မည်သူမဆိုသည် အနိုင်ကျင့်ခြင်းကို ခုခံနိုင်စွမ်း မရှိကြောင်းနှင့် အခြားသူများကို အစဉ်သဖြင့် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့်လူများသည် အစဉ်သဖြင့် ရန်စပြီး အနိုင်ကျင့်လိုသည့် လူများဖြစ်သည်ဟု အန္တိခရစ်တို့က ထင်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့်သူ မည်သူကိုမဆိုအား ခုခံလိမ့်မည် ဖြစ်ပြီး ထိုလူကို ခက်ခဲစေလိမ့်မည်။ ပြီးလျှင် အန္တိခရစ်တစ်ဦး၏ ချို့ယွင်းချက်များ၊ ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဆွေးနွေးပြောဆိုလာသည့် မည်သူကိုမဆို၊ သို့မဟုတ် ၎င်းတို့ကို သမ္မာတရားနှင့် ဘုရားအလိုတော်အကြောင်း မိတ်သဟာယပြုသည့်သူ မည်သူကိုမဆို၊ သို့မဟုတ် ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိစေသည့် မည်သူကိုမဆိုကို ထိုလူသည် ၎င်းတို့အား ခက်ခဲအောင် လုပ်နေပြီး သံသယရှိနေသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် ထိုလူကို အလွန်အမင်း မုန်းတီးကြပြီး ထိုသူတို့ကို လက်စားချေမည်ဖြစ်ကာ၊ ၎င်းတို့အတွက် ကိစ္စများကို ခက်ခဲအောင် လုပ်ဆောင်ကြလိမ့်မည်။...မည်သို့သော လူစားမျိုးများသည် ထိုသို့သော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်ကြသနည်း။ ဆိုးယုတ်သည့် လူများဖြစ်သည်။ အမှန်မှာမူ အန္တိခရစ်တို့သည် ဆိုးယုတ်သော လူများဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့သာလျှင် ထိုသို့သော ကြမ်းကြုတ်ရက်စက်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည့်သူများ ဖြစ်သည်။ ကြမ်းကြုတ်ရက်စက်သော လူတစ်ဦးသည် စေတနာထားသည့် တိုက်တွန်းအားပေးခြင်းမျိုး၊ စွပ်စွဲခြင်းမျိုး၊ သွန်သင်ခြင်းမျိုး၊ သို့မဟုတ် အကူအညီမျိုး တစ်ခုတလေကို ကြုံရသည့်အခါ၊ ၎င်းတို့၏ သဘောထားသည် နှိမ်ချစွာ ကျေးဇူးတင်ရှိခြင်း၊ သို့မဟုတ် လက်ခံခြင်း မဟုတ်ဘဲ၊ ထိုအစား အမျက်ဒေါသထွက်ပြီး အလွန်အမင်း မုန်းတီးခြင်း၊ ရန်လိုခြင်းနှင့် လက်စားချေခြင်းအတွက် အလိုဆန္ဒတို့ပင် ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈))အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် မရိုးသားခြင်း၊ ဒုက္ခပေးခြင်း၊ ကောက်ကျစ်ခြင်းတို့ရှိရုံမကဘဲ အလွန်အမင်း ကြမ်းတမ်းသည။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ခြေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်မှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်းမရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ပြောင်းလဲကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက်မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် မကောင်းမကန်းဖြစ်ကြသည်။ ၎င်းတို့၏ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ သွေးဆောင်ခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက်မုန်းတီးခြင်း၊ မနာလိုခြင်းနှင့် လက်စားချေခြင်းပါ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိရုံမက နာခံခြင်း တစ်ပိုင်းတစ်စမျှ မရှိပေ။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် အသင်းတော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကိုလိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ ၎င်းတို့၏ တာဝန်တွင် သစ္စာရှိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။ ဤလူများသည် သိသာထင်ရှားစွာပင် ဆိုးယုတ်သောလူများဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏အနှစ်သာရ၌ ဆိုးယုတ်သော လူများဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂))ရက်စက်” ဆိုတာနဲ့ “ဆိုးယုတ်သော လူများ” ဆိုတဲ့ စကားလုံးတွေကို မြင်ရတာ နာကျင်စရာဖြစ်ပြီး၊ စိတ်နှလုံးမှာ အကြောက်တရား ဖြစ်စေတယ်။ ဒီစကားလုံးတွေ ကျွန်မနဲ့ သက်ဆိုင်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ကိုယ့်အလုပ်မှာရှိတဲ့ ပြဿနာတွေကို ကျွန်မအစ်မက ထောက်ပြဖို့ ကျွန်မပုံရိပ်ထိခိုက်သွားခဲ့တယ်။ ဒါကြောင့် သူ့ကို တိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့တယ်၊ အလုပ်ကိစ္စ ဆွေးနွေးနေချိန်မှာ သူ့ကို တမင် နှောင့်ယှက်ခဲ့ပြီး၊ သူ့အလုပ် အစီအစဉ်တွေမှာ အပြစ်တွေ ရှာခဲ့တယ်။ သူ့အလုပ်မှာရှိတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိချိန်မှာတောင် မရှင်းပြခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ့ကို အရှက်ရစေပြီး လှောင်ရယ်ခံရစေချင်လို့ပေါ့။ ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ရုံမက၊ ကျွန်မပြဿနာကို တိုင်ကြားတဲ့အတွက် သူ့ကို မုန်းမိခဲ့တယ်။ အပျက်သဘောဆောင်ပြီး ခုခံခဲ့တယ်၊ ကိုယ့်ဒေါသကို တာဝန်အပေါ် မဲခဲ့ပြီး၊ နှုတ်ထွက်ပြီး ကိုယ့်တာဝန် လုပ်တာကိုတောင် ရပ်လိုက်ချင်ခဲ့တယ်။ ကျွန်မ ပြတာက အန္တိခရစ်လိုပဲ၊ ရက်စက်တဲ့ စိတ်သဘောထားတစ်ခုပဲ။ ကျွန်မ ယုံကြည်တာက “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည်မဟုတ်ပါ” ဆိုတာနဲ့ “သင်က မကြင်နာလျှင် မမျှတခြင်းအတွက် ငါ့ကို အပြစ်မတင်ပါနှင့်” ဆိုတာတွေပဲ။ တစ်ယောက်ယောက်က ကျွန်မရဲ့ အကျိုးစီးပွားနဲ့ ပုံရိပ်ကို ထိခိုက်တဲ့အခါ၊ သူတို့ကို မုန်းခဲ့တယ်၊ တိုက်ခိုက်ခဲ့ပြီး လက်တုံ့ပြန်ခဲ့တယ်။ ဘုရားကို မယုံကြည်ခင်တုန်းက မိတ်ဆွေတစ်ယောက်နဲ့ စကားများပြီး၊ တခြားလူတစ်ယောက်ယောက်ဆီ သူကျွန်မအကြောင်း မကောင်းပြောခဲ့တဲ့ အချိန်ကို သတိရမိတယ်။ ကျွန်မ အရမ်းဒေါသထွက်ခဲ့ပြီး၊ “သင် မကြာင်နာလျှင် မမျှတခြင်းအတွက် ငါ့ကို အပြစ်မတင်နှင့်” လို့ တွေးခဲ့တယ်။ အဲဒီတခြားလူကိုပဲ အစွဲကြီးပြီး ပြောခဲ့တယ်၊ “သူ့ကို သဘောကောင်းရအောင် ဘာလို့ ရှင် အရမ်းအနိုင်ရတာလဲ။ ရှင့်နောက်ကွယ်မှာ သူ ရှင့်ရဲ့ မကောင်းကြောင်း ပြောနေတာကိုတောင် မသိဘူး” လို့ပေါ့။ အနိုင်ကျင့်ခံရပြီးတဲ့အခါ ပြန်မတိုက်ရင် အားနည်းတာပဲလို့ တွေးခဲ့တယ်။ ဒီအတွေးအခေါ်နဲ့ အသက်ရှင်တာက ကျွန်မကို တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်စေခဲ့တယ်၊ အတွေးကို မမှန်မကန် ဖြစ်စေပြီး၊ အကောင်းနဲ့ အဆိုးကို ပိုင်းခြားဖို့ မတည်မငြိမ် ဖြစ်စေခဲ့တယ်။ ဒါကို သဘောပေါက်တော့၊ ကျွန်မ လန့်သွားပြီး တစ်ချိန်တည်းမှာပဲ ဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်။ ကိုယ့်ရက်စက်မှုနဲ့ ပတ်သက်လို့ မကိုင်တွယ်မဖြေရှင်းရင်၊ ပိုများတဲ့ မကောင်းမှုကိုပဲ လုပ်မိနိုင်ပြီး ဘုရားရဲ့ ငြင်းပယ်၊ ထုတ်ပယ်တာ ခံရမှာပဲ။ ဒါကို သဘောပေါက်တော့၊ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မမှာ ကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ တွေးလေ့ရှိခဲ့ပေမဲ့၊ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းက ကျွန်မမှာ လူ့သဘာဝဆိုးရှိပြီး အတော်လေး ရက်စက်မှန်း ပြခဲ့တယ်။ ကျွန်မအစ်မကို သူ့ရဲ့ ကြင်နာတဲ့ အကူအညီအတွက် လက်တုံ့ပြန်ခဲ့တယ်။ တကယ်ကို လူ့သဘာဝ လုံးဝ မရှိခဲ့ဘူး။ ဘုရားသခင်၊ ကျွန်မ နောင်တရချင်တယ်၊ သမ္မာတရားကိုလက်တွေ့လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်ပါတယ်။ ကျေးဇူးပြုပြီး လမ်းပြပါ”လို့ပေါ့။

နောက်ပိုင်း၊ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်၊ “တစ်စုံတစ်ယောက်သည် အချိန်အနည်းငယ်သုံး၍ သင့်ကို စောင့်ကြည့်စစ်ဆေးသည့်အခါ၊ သို့မဟုတ် လေ့လာသည့်အခါ၊ သို့မဟုတ် အသေးစိတ်မေးခွန်းများ မေးသောအခါတွင်လည်းကောင်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့၏ သဘောထားသည်ပင် အနည်းငယ် ကြမ်းတမ်းသောအခါ၊ သင့်ကို အနည်းငယ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောအခါ၊ ပဲ့ပြင်ဆုံးမပြီး အပြစ်တင်သောအခါတွင်လည်းကောင်း ဤအရာအားလုံးတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် ၎င်းတို့၌ သိတတ်မှုရှိသော၊ တာဝန်သိတတ်သော သဘောထားတစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအပေါ်တွင် သင်သည် အပျက်သဘောဆောင်သော အတွေးများ၊ သို့မဟုတ် ခံစားချက်များ မရှိသင့်ပေ။ အခြားလူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို သင်လက်ခံနိုင်လျှင် ယင်းမှာ အဘယ်အဓိပ္ပာယ်ရသနည်း။ ယင်းကသင့်စိတ်နှလုံးတွင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသည်ဟု အဓိပ္ပာယ်ရသည်။ သင်သည် သင့်အပေါ် လူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို လက်မခံလျှင်၊ ဤအရာအားလုံးတို့ကို သင်က ငြင်းဆန်လျှင် ဘုရားသခင်၏ စိစစ်မှုကို သင်လက်ခံနိုင်စွမ်းရှိသလော။ ဘုရားသခင်၏ စိစစ်ခြင်းသည် ပို၍ အသေးစိတ်ကာ နှံ့စပ်ပြီး လူတို့၏မေးခွန်းထုတ်ခြင်းထက် ပို၍ တိကျမှန်ကန်သည်။ ဘုရားသခင်တောင်းဆိုသောအရာသည် ဤထက် ပို၍ အသေးစိတ်ပြီး တိကျမှုရှိကာ နှံ့စပ်၏။ ထို့ကြောင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ စောင့်ကြည့်စစ်ဆေးခြင်းကို သင် လက်မခံနိုင်လျှင်၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြောင်း သင်၏ အခိုင်အမာပြောဆိုချက်သည် အနှစ်မဲ့သော စကားများ မဟုတ်သလော။ ဘုရားသခင်၏ စိစစ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို သင်လက်ခံနိုင်ဖို့အတွက်၊ သင်သည် ဘုရားအိမ်တော်၏ စောင့်ကြည့်စစ်ဆေးခြင်းကို ဦးစွာ လက်ခံနိုင်ရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)သင့်ထဲ၌ မည်သည့်ပြဿနာများ တည်ရှိသည်ဖြစ်စေ၊ သင်သည် မည်သည့် ဖောက်ပြန်ပျက်စီးမှုမျိုးကို ဖော်ပြသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီဖြစ်စေ သို့မဟုတ် ညီအစ်ကိုမောင်နှမများအား သင့်ကို တုံ့ပြန်ချက်ပေးခိုင်းသည့်အခါဖြစ်စေ၊ သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး သိကျွမ်းရမည်။ အရေးအကြီးဆုံးမှာ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်ပြီး သူ၏ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို တောင်းလျှောက်ဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရမည်။ သင်မည်သို့ပင် စတင်လုပ်ဆောင်ပါစေ၊ သင်၏ပြဿနာကို ကြိုတင်ကိုင်တွယ်ကာ၊ ဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ယင်းမှာ သင့်ကိုယ်သင် သုံးသပ်ခြင်း၏ ရလဒ်ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ဘုရားသခင်က သင့်အား ဖော်ထုတ်သည်ကိုသာ ယောင်ပေပေနှင့် စောင့်မနေနှင့်၊ သို့ဆိုလျှင် ယင်းသည် အလွန်နောက်ကျပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့မှပဲ သဘောပေါက်သွားတယ်၊ ကျွန်မကို ညီအစ်ကို မောင်နှမတွေ ကြီးကြပ်ပြီး လမ်းပြတဲ့ အချက်က အလုပ်နဲ့ပတ်သက်လို့ အလေးအနက်ထား၊ တာဝန်ယူကြလို့ဖြစ်ပြီး၊ အဲဒါကို ဘုရားဆီက ကျွန်မလက်ခံပြီး နာခံဖို့ သင်ယူသင့်တယ်။ ဒါကသာ ဘုရားရဲ့ စိစစ်မှုကို လက်ခံခြင်းနဲ့ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိတာပဲ။ ကျွန်မပြဿနာတွေကို ကျွန်မအစ်မက မြင်ပြီး ထောက်ပြတော့၊ ဒါဟာ ကျွန်မကို ကူညီ၊ ထောက်မမဲ့သဘောပါ။ ကျွန်မရဲ့ ဘဝအတွေ့အကြုံက အရမ်း ပေါ့တန်ခဲ့တယ်။ လူသစ်တွေက သူတို့တာဝန်တွေမှာ ပြဿနာတွေရှိပေမဲ့၊ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားအပေါ် မိတ်သဟာယ မပြုနိုင်ခဲ့သလို၊ အကြိမ်တော်တော်များများ၊ အလုပ်ကို ရိုးရိုးရှင်းရှင်း စီစဉ်ပြီး လိုက်ကြည့်တာ၊ ကူညီတာမရှိဘဲ အဲဒီအတိုင်း ထားလိုက်တယ်။ ဝန်ထမ်းတွေကို စီစဉ်တဲ့ စည်းမျဉ်းတွေကို ကျွန်မ သဘောမပေါက်ခဲ့ပေမဲ့၊ အစ်မလျူက သမ္မာတရားတချို့ နားလည်ပြီး တချို့ကိစ္စတွေကို ရှင်းရှင်း မြင်နိုင်ခဲ့တယ်။ ဒါကြောင့် အသင်းတော်အလုပ်မှာ ကျွန်မတို့ ပူးပေါင်းလုပ်ခဲ့ရင်၊ အဲဒါက အလုပ်ကို ကူညီခဲ့မှာဖြစ်ရုံမက၊ သူ့ဆီကနေ ကျွန်မ သင်ယူပြီး ပိုမြန်မြန်ဆန်ဆန် တိုးတက်နိုင်ခဲ့မှာပဲ။ အဲဒီအခါမှ ဘုရားက တာဝန်တွေမှာ တစ်ယောက်တည်း လုပ်တာထက် ပူးပေါင်းလုပ်ဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းကို နားလည်သွားခဲ့တာ။ ဘာလို့လဲဆိုတော့ လူတွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိလို့ဖြစ်တယ်။ ဒါကြောင့် အမှားတွေကို ရှောင်ရှားဖို့ အချင်းချင်း ကြီးကြပ်၊ လမ်းပြပြီး ကူညီဖို့ လိုတာပဲ။ ဒါကို တွေးရင်းနဲ့၊ အထူးသဖြင့် အပြစ်ရှိတဲ့စိတ် ခံစားခဲ့တယ်။ ကိုယ့်ကိုယ်ပိုင် သိက္ခာနဲ့ အဆင့်အတန်းအတွက် အသက်ရှင်လို့ မဖြစ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့၊ တခြားလူတွေရဲ့ ကြီးကြပ်၊ လမ်းပြတာကို လက်ခံဖို့၊ ကျွန်မအစ်မနဲ့ ပူးပေါင်းလုပ်ဖို့၊ သမ္မာတရားကို ရှာဖွေပြီး အလုပ်မှာရှိတဲ့ ပြဿနာတွေကို အတူဖြေရှင်းပြီး တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ သင်ယူရမယ်။

အဲဒီနောက်မှာ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြီး စိစစ်ဖို့ အစ်မလျူဆီ ဖွင့်ပြောပြီး သူ့ကို တောင်းပန်ချင်ခဲ့တယ်။ ကျွန်မတာဝန်ကိုလုပ်ဖို့ ခေါင်းဆောင်က ကျွန်မကို တခြားအသင်းတော်ဆီ ပို့လိုက်တော့ အံ့ဩမိတယ်။ အစ်မလျူနဲ့ ခွဲရပြီးတဲ့နောက်မှာ၊ ကျွန်မ နောင်တအများကြီး ရခဲ့တယ်။ ဒါကြောင့် အခုကစပြီး၊ ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် လုပ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြုပြင်တာ အာရုံစိုက်ချင်တယ်လို့ ပြောပြီး ဘုရားဆီ တိတ်တဆိတ် ဆုတောင်းတယ်။ နောက်ပိုင်း၊ အသင်းတော်သစ်မှာ၊ ကိုယ့်တာဝန်မှာ ဆက်ကပ်ခဲ့တယ်။ တစ်ခါ၊ ရေလောင်းတာကို ကြီးကြပ်တဲ့ အစ်မလီက လူသစ်တွေ စုဝေးတာ ဘယ်လိုလဲလို့ မေးဖို့ ကျွန်မကို ဖုန်းခေါ်ခဲ့တာ သတိရသေးတယ်။ အစ်မလီက အကြံတချို့ပေးတယ်။ “ညီမက တခြားစုဝေးပွဲတွေ အမြဲသွားပြီး လူသစ်စုဝေးပွဲတွေကို လာခဲတယ်။ အဲဒါက ခေါင်းဆောင်အနေနဲ့ ပျက်ကွက်သလို ထင်ရစေတယ်။ ညီအစ်ကို မောင်နှမတစ်ယောက်ကမှ ညီမကို မသိကြဘူး။ အဲဒါက သူတို့ အခြေအနေတွေနဲ့ အခက်အခဲတွေကို နောင် မှန်မှန်ကန်ကန် နောက်ဆက်တွဲလုပ်ဖို့ ခက်စေတယ်”တဲ့။ သူအဲဒီလိုပြောတာကို ကြားရလို့ ကျွန်မ အံ့အားသင့်သွားပြီး ဒေါသထွက်လာတာ ခံစားရတယ်။ ကျွန်မတွေးမိတယ်၊ “ကျွန်မကို ပျက်ကွက်တဲ့ ခေါင်းဆောင်လို့ ဘယ်လို ခေါ်နိုင်ရတာလဲ။ ကျွန်မက လက်တွေ့အလုပ်မလုပ်သလို၊ အသုံးမကျဘူးလို့ ဆိုလိုတာ မဟုတ်လား။ ရှင်အရမ်းရက်စက်တာပဲ။ ကျွန်မ အလုပ်မလုပ်တာမှ မဟုတ်တာ၊ တခြားအလုပ်ကို နောက်ဆက်တွဲလုပ်နေတာပဲလေ။ ဒီအဖွဲ့ကို ရှင်ကြီးကြပ်မှတော့၊ အဲဒီအတွက် ဘာလို့ တာဝန်မယူတာလဲ။ အရာရာကိုလုပ်တာ ကျွန်မ ဖြစ်ရမှာ မဟုတ်ဘူးလေ။ ဒီအကြောင်းကို အထက်ခေါင်းဆောင်တွေ သိသွားရင်၊ လက်တွေ့အလုပ်မလုပ်ဘူးလို့ ကျွန်မကို ထင်သွားမှာ မဟုတ်လား။ ဒါအဆင်ပြေမှာမဟုတ်ဘူး။ ရှင့်အလုပ်မှာ သွေဖည်တာတချို့ကို ပြောရအောင် ကျွန်မရှာဖို့လိုတယ်”လို့ပေါ့။ အဲဒါကို တွေးမိတဲ့အခါ ကျွန်မအခြေအနေ မမှန်မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မအစ်မက ကျွန်မအလုပ်မှာ ပြဿနာတွေကို ထောက်ပြနေခဲ့ပြီး လက်ခံ၊ သုံးသပ်ရမဲ့အစား၊ သူရက်စက်လွန်းတယ်လို့တွေးပြီး သူ့အလုပ်မှာ သူ့ကို ချေပဖို့ ပြဿနာတွေ ရှာချင်ခဲ့တယ်။ သမ္မာတရားကို ကျွန်မ လက်ခံဖို့ ငြင်းပြီး ပြန်လက်တုံ့ပြန်ဖို့ ကြိုးစားနေခဲ့တာပဲ။ ဒါကို သတိပြုမိတာနဲ့၊ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီပြဿနာကို ဒီနေ့ ကျွန်မဆီ အစ်မလီ ထောက်ပြတာဟာ ကိုယ်တော်ရဲ့ အစီအစဉ်ဖြစ်ပေမဲ့၊ စိတ်နှလုံးမှာ ကျွန်မအတိုက်အခံလုပ်တယ်၊ ကိုယ်တော့်အလိုတော်နဲ့ ဆန့်ကျင်ပါတယ်။ နာခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ဆန္ဒရှိပါတယ်”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ စိတ်တည်ငြိမ်သွားပြီး ကိုယ့်ကိုယ့်ကိုယ် သုံးသပ်ခဲ့တယ်။ ကျွန်မမှာ ပြဿနာတကယ်ရှိမှန်း သဘောပေါက်ခဲ့တယ်။ အစ်မလီအပေါ် ကျွန်မ အရမ်းမှီခိုခဲ့တယ်။ လူသစ်တွေရေလောင်းတာကို သူ့ရဲ့ ကြီးကြပ်မှုနဲ့ ကျွန်မ စိတ်ချပြီး လက်ရှောင်တဲ့နည်း သုံးလို့ရမယ်လို့ ထင်ခဲ့တယ်။ အသင်းတော် ခေါင်းဆောင်အနေနဲ့၊ လူသစ်တွေရဲ့ တကယ့်အခြေအနေတွေနဲ့ အခက်အခဲတွေကို ကျွန်မ သိခဲတယ်။ ကိုယ့်တာဝန်တွေကို ကျွန်မ ဖြည့်ဆည်းမနေခဲ့တာပဲ။ ဒါဟာ တကယ်ကို လက်တွေ့အလုပ် မလုပ်ခြင်းရဲ့ သရုပ်သကန်ပဲ။ အဲဒီနောက်၊ အစ်မလီကို ကျွန်မ ပြောလိုက်တယ်၊ “ကျွန်မအချိန်ကို ကျွန်မ စီစဉ်လိုက်ပါ့မယ်။ ဒီပြဿနာကို အရင်က နားမလည်ခဲ့ပေမဲ့၊ ကျွန်မ ပြောင်းလဲချင်တယ်”လို့ပေါ့။ နောက်ပိုင်းမှာ၊ လူသစ်တွေနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့ စုဝေးပွဲတွေကို ကျွန်မ တက်ခဲ့သလို၊ သူတို့ အခြေအနေတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုပေးခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလိုလုပ်ရင်းနဲ့ ကျွန်မ အရမ်း စိတ်အေးသွားတယ်။ ဒီအတွေ့အကြုံကတစ်ဆင့်၊ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ခြင်းနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ကြီးကြပ်၊ လမ်းပြမှု၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းတာတွေကို လက်ခံဖို့ သင်ယူခြင်းအားဖြင့်၊ ပြောင်းလဲမှုတချို့ကို ကျွန်မ အစစ်အမှန် ရနိုင်တယ်ဆိုတာကိုပေါ့။

အရှေ့သို့- ၈၆။ ချစ်ခင်တွယ်တာမှုက သင့်စိတ်ကို မဖုံးလွှမ်းပါစေနှင့်

နောက်တစ်ခုသို့- ၈၈။ သူတစ်ပါးက သာလွန်သွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် စိုးရွံ့သနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။