၅၂။ စည်းမျဉ်းများသည် မိသားစုအပေါ်တွင်လည်း သက်ရောက်မှုရှိသည်

၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကလေးနှစ်ယောက်လဲ ကျွန်တော်တို့နောက်လိုက်ပြီး ဘုရားသခင်ကို ယုံကြည်ခဲ့ပါတယ်။ ကျွန်တော် အရမ်းကို ပျော်ခဲ့ပြီး “ငါတို့ တစ်မိသားစုလုံး ဘုရားသခင်ကို ယုံကြည်တယ်။ ငါတို့အားလုံး ကယ်တင်ခြင်းခံရပြီး နိုင်ငံတော်ကို ဝင်နိုင်ရင် ဘယ်လောက်ကောင်းလိုက်တဲ့အရာ ဖြစ်မလဲ” ဆိုပြီး တွေးမိတယ်။ နောက်တော့ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်တို့နှစ်ယောက်လုံး တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ထက်ပို စိတ်ထက်သန်တယ်။ ပြီးတော့ သူက ကျွန်တော့်ထက်ပိုပြီး သမ္မာတရားကို လိုက်စားတယ်လို့ ကျွန်တော် အမြဲတမ်း ခံစားမိတယ်။

၂၀၁၃ ခုနှစ်မှာ ကျွန်တော့်အမျိုးသမီးက အဖွဲ့ခေါင်းဆောင်အနေနဲ့ အစေခံနေတုန်း သူ့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ လမ်းလွဲတာတွေနဲ့ ပြဿနာတွေကို အသင်းတော်ခေါင်းဆောင် ဝမ်ကျင်က အစည်းအဝေးတစ်ခုမှာ ထောက်ပြတယ်။ နောက်ပိုင်းမှာ ကျွန်တော့်အမျိုးသမီးက ဝမ်ကျင်ရဲ့ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်တာတွေကို ဆုပ်ကိုင်ပြီး တစ်ဖက်သတ် ဝေဖန်အပြစ်တင်တာတွေလုပ်တယ်။ ဖြန့်တယ်။ အဲဒါနဲ့ ညီအစ်ကိုမောင်နှမတွေက ဝမ်ကျင်အပေါ် အမြင်စောင်းလာကြရော။ ရလဒ်အနေနဲ့ အလုပ်တော်တော်များများက အကောင်အထည်မပေါ်ဘဲ အသင်းတော်အသက်တာကို တော်တော်လေး နှောင့်ယှက်သွားတယ်။ ခေါင်းဆောင်နဲ့ သင်းထောက်က သူ့ကို ခဏခဏ မိတ်သဟာယပြုပေမဲ့ သူက အာခံပြီး မကျေမနပ်ဖြစ်တယ်။ ငြင်းခုံပြီး လှည့်ပတ်ပြောတာတွေတောင် လုပ်တယ်။ သူ့ကိုယ်သူ နည်းနည်းလေးမှ မသိဘူးပေါ့။ ရလဒ်အနေနဲ့ အသင်းတော်က သူ့ရာထူးကနေ သူ့ကို ထုတ်ပယ်လိုက်တယ်။ အထုတ်ခံရပြီးတဲ့နောက် သူက နောင်တရတဲ့ လက္ခဏာမပြဘူး။ ဝမ်ကျင်ကို အမှားတွေ ဆက်ရှာတယ်၊ နေရာတကာမှာ ပြစ်တင်ဝေဖန်စကားတွေ ဖြန့်ပြီး မကောင်းသတင်းပြောတယ်။ အသင်းတော်အသက်တာကို သူဆက်တိုက် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်တာကြောင့် ညီအစ်ကိုမောင်နှမတချို့က သူ့ကို ဖော်ထုတ်ပြီး တိုင်ကြရော။ နောက်ပိုင်း အသင်းတော်အဖွဲ့ဝင် ၈၀ ရာခိုင်နှုန်းက သဘောတူမဲပေးကြလို့ ကျွန်တော့်အမျိုးသမီးက ဆိုးယုတ်သူအဖြစ် သတ်မှတ်ခံရပြီး နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုဖြစ်တဲ့ အဲဒီအချိန်မှာ တော်တော်စိတ်ဆင်းရဲရတယ်။ ကျွန်တော့် အမျိုးသမီးက ဘုရားသခင်ကို စယုံကြည်ကတည်းက သူ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် သူ့ရဲ့ အသက်မွေးအလုပ်ကို စွန့်ပြီး ဆင်းရဲဒုက္ခမျိုးစုံကို နှစ်တွေအကြာကြီး အလျှော့မပေးဘဲ ရင်ဆိုင်ခဲ့တာတွေ တွေးမိတယ်။ အခု သူနှင်ထုတ်ခံရပြီဆိုတော့ သူ့အတွက် အားလုံးပြီးသွားတဲ့ သဘောမဟုတ်ဘူးလား။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် လုံးဝ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့် အမျိုးသမီးက လုံးဝ ဂရုမစိုက်ဘဲနဲ့ “ကျွန်မက ဘုရားကို ယုံတယ်။ သူတို့ ကျွန်မကို နှင်ထုတ်တာက အလကားပဲ။ နှင်ထုတ်ခံရပြီးတာတောင် ကျွန်မက ဘုရားကို ယုံနေဦးမှာပဲ” ဆိုပြီး ပြောတယ်။ သူက မကောင်းမှုတွေ အများကြီးလုပ်ခဲ့ပြီးတာတောင် သူ့ကိုယ်သူ မသိသေးတဲ့အပြင် အသင်းတော်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ မကျေမနပ်ဖြစ်နေတာ ကျွန်တော်မြင်တော့ အသင်းတော်ရဲ့ နှင်ထုတ်တာကို သူခံရတာက လုံးဝ မလွန်ဘူးလို့ ခံစားမိတယ်။ သူနှင်ထုတ်ခံရပြီးတဲ့နောက်မှာ ကျွန်တော်တို့အိမ်ကို အလည်လာတဲ့ ညီအစ်ကိုမောင်နှတွေ အများကြီးက သူနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်၊ သိမြင်ဖို့ တိုက်တွန်းတယ်။ ဒါပေမဲ့ သူက လုံးဝ လက်မခံဘဲ မဆင်မခြင် ငြင်းခုံတယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက သူ့ကို ဆန့်ကျင်တာကြောင့် သူ့ကို နှင်ထုတ်ခဲ့တာလို့ အခိုင်အမာပြောတယ်။ ပြီးတော့ သူက ဝမ်ကျင်ကို ဆက်ပြီးတော့ မကျေမနပ်ဖြစ်နေတယ်။

နောက်ပိုင်းမှာ ဘုရားအိမ်တော်က အသင်းတော်အားလုံးကို အရင်က ရှင်းလင်းပစ်ခဲ့တဲ့၊ နှင်ထုတ်ခဲ့တဲ့ အဖွဲ့ဝင်တွေကို ပြန်စစ်ကြည့်ဖို့ တောင်းဆိုတယ်။ တကယ်နောင်တရပြီး ပြန်ဝင်ခွင့်ပေးနိုင်တဲ့သူ ရှိမရှိ ကြည့်ဖို့ပေါ့။ ကျွန်တော် စဉ်းစားတယ်။ “ငါ့အမျိုးသမီးက ပြန်ဝင်ခွင့်ရဖို့ အရည်အချင်းပြည့်မီလား။ သူနှင်ထုတ်ခံရပြီးကတည်းက သူဆင်ခြင်သုံးသပ်တာ မလုပ်ဘူး။ သူ့လုပ်ရပ်တွေကို သိမြင်မှုမရှိခဲ့ဘူး။ ဝမ်ကျင်အပေါ် ကြိုအမြင်စောင်းနေတဲ့ အယူအဆတွေကို သူဆက်ဆုပ်ကိုင်ထားပြီး ကွယ်ရာမှာ ဝမ်ကျင်ကို ပြစ်တင်ဝေဖန်တယ်။ သူက နောင်တရတဲ့ လက္ခဏာမပြဘူး။ ဒီတော့ စည်းမျဉ်းတွေအရဆိုရင် ပြန်ဝင်ခွင့်မရသင့်ဘူး” ပေါ့။ ဒါပေမဲ့ ဒီလိုလဲ တွေးမိပြန်တယ်။ “သူနှင်ထုတ်ခံရပြီးကတည်းက ဘုရားနှုတ်ကပတ်တော်ကို ရံဖန်ရံခါ ဖတ်တုန်းပဲ။ ငါတို့တာဝန်တွေ ထမ်းတဲ့အခါမှာလဲ သူပံ့ပိုးပေးတယ်။ ဒီအိမ်ထောင်ကိုလဲ သူထိန်းသိမ်းတယ်။ လေဖြတ်လို့ အိပ်ရာထဲ လဲနေတဲ့ ငါ့အမေကိုလဲ သူစောင့်ရှောက်တယ်။ သူ့ကို နောက်ထပ် အခွင့်အရေးပေးလို့ မရနိုင်ဘူးလား” ပေါ့။ အဲဒီအချိန်တုန်းက နှင်ထုတ်ပြီး ရှင်းလင်းခံရတဲ့ အဖွဲ့ဝင်တွေရဲ့ ပစ္စည်းတွေကို စီစဉ်တဲ့နေရာမှာ ခေါင်းဆောင်ကို ကျွန်တော်ကူပေးနေတာလေ။ ကျွန်တော့်သမီးက အသင်းတော်ကို သူ့အမေ ပြန်ဝင်ခွင့်ရနိုင်မလားဆိုပြီး မေးတယ်။ ကျွန်တော့်အမျိုးသမီးကလဲ သူ့ကို ပြန်ဝင်ခွင့်ပြုနိုင်မလားဆိုပြီး မေးမေးနေတယ်။ ကျွန်တော့်အမျိုးသမီးက သူ့ကို ပြန်ဝင်ခွင့်ပြုနိုင်တယ်လို့ ကျွန်တော် တစ်ခါမှမပြောတာကို မြင်တော့ ကျွန်တော့်ကို အကြင်နာမဲ့တယ်လို့ စွပ်စွဲတယ်။ ဒါကို ကြားတော့ ကျွန်တော် စိတ်မကောင်းဘူးပေါ့။ ကျွန်တော် စဉ်းစားတယ်။ “‘ယောက်ျားနဲ့ မိန်းမက လက်ထပ်ပြီဆိုတာနဲ့ သူတို့ရဲ့ ချစ်ခင်ရင်းနှီးမှုက နက်ရှိုင်းတယ်’ ပေါ့။ ငါ့အမျိုးသမီး ပြန်ဝင်ခွင့်ရအောင် ငါမကူညီရင် ငါ့အသိစိတ်က နေမှာမဟုတ်ဘူး။ ငါ့မိန်းမနဲ့ သမီးနှစ်ယောက်လုံးက ငါ့ကို မကျမနပ်ဖြစ်မှာပဲ” ပေါ့။ ဒီလိုစဉ်းစားပြီး ကျွန်တော် ခေါင်းဆောင်နဲ့ စကားပြောပြီးတော့ “ကျွန်တော့် အမျိုးသမီးက နှင်ထုတ်ခံရပြီးကတည်းက ဘုရားသခင်ကို စိတ်ပြတ်ပြတ်သားသားနဲ့ ဆက်ပြီး ယုံကြည်ခဲ့တယ်။ သူ အသင်းတော်ကို ပြန်ဝင်ခွင့်ရနိုင်လား” ဆိုပြီး ပြောလိုက်တယ်။ ခေါင်းဆောင်က ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့ပြီးတော့ “အသင်းတော်မှာ လူတွေကို ပြန်ဝင်ခွင့်ပြုဖို့အတွက် စည်းမျဉ်းတွေရှိတယ်။ နှင်ထုတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာ ဧဝံဂေလိဆက်ဟောပြီး စစ်မှန်တဲ့နောင်တကို ပြတဲ့သူတွေပဲ ပြန်ဝင်ခွင့်ရနိုင်တယ်။ ပြန်ဝင်ခွင့်ရသူတွေက အသင်းတော်ကို နောက်တစ်ခါ လုံးဝ အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဘူး။ ဒီစည်းမျဉ်းတွေနဲ့ တိုင်းတာကြည့်ရင် ခင်ဗျားဇနီးဟာ သူနှင်ထုတ်ခံရပြီးကတည်းက ခင်ဗျားယုံကြည်ခြင်းကို မဆန့်ကျင်ဘဲ အပြုအမူကောင်းတချို့ကို ပြခဲ့ပေမဲ့ အသင်းတော်အသက်တာကို နှောင့်ယှက်ခဲ့တဲ့ သူကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကို တစ်ခါမှ ဆင်ခြင်သုံးသပ်တာ၊ သိမြင်တာ မရှိခဲ့ဘူး။ သူနှင်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး လက်မခံဘဲ မကျေမနပ်ဆက်ဖြစ်နေတယ်။ သူက ပြန်ဝင်ခွင့်ပြုခံရသင့်တဲ့သူ မဟုတ်ပါဘူး” ဆိုပြီး ပြောတယ်။ ခေါင်းဆောင် မိတ်သဟာယဖွဲ့တာကို ကြားပြီး ကျွန်တော်ရှက်မိတယ်။ ကျွန်တော့်အမျိုးသမီးဟာ နှင်ထုတ်ခံရပြီးကတည်းက သူ့ရဲ့ အတိတ်က မကောင်းမှုတွေကို လုံးဝ မသိမြင်ဘူး၊ သူ့ကို နှင်ထုတ်ခဲ့တဲ့ ခေါင်းဆောင်ကိုတောင် ဆက်ပြီး မကျေမနပ်ဖြစ်တယ်၊ သူများတွေက သူနဲ့ မိတ်သဟာယဖွဲ့ပေမဲ့ အခြေအနေကို ပြောင်းလဲဖို့ သူ့ကိုယ်သူ လုံးဝ ဆင်ခြင်သုံးသပ်တာ မရှိခဲ့ဘူးဆိုတာတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိခဲ့ပါတယ်။ သူက မူမမှန်တဲ့ ယုတ္တိနဲ့ အမြဲငြင်းခုံတာလေ။ သူနဲ့ နှစ်တွေအကြာကြီးနေခဲ့တော့ သူက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော် ကောင်းကောင်းနားလည်တယ်။ သူက အရမ်းကို မာနထောင်လွှားတယ်။ စိတ်ကြီးဝင်တယ်။ ဆက်တိုက်ကို ကျိုးကြောင်းမသင့်ဘူး။ ကျွန်တော်တို့ လက်ထပ်ပြီးကတည်းက ဘာပဲဖြစ်ဖြစ် သူမှားတယ်လို့ တစ်ခါမှ ဝန်မခံခဲ့ဘူး။ ကျွန်တော်က သူ့ကို ကြင်ကြင်နာနာ ပြောမှပဲ သူစိတ်ငြိမ်သွားတယ်။ ကျွန်တော် ကိုယ့်စိတ်ကို ငြိမ်သက်အောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တယ်။ “ငါ့မိန်းမက ပြန်ဝင်ခွင့်ရဖို့အတွက် သတ်မှတ်ချက်တွေ မပြည့်မီဘူးဆိုတာကို ငါရှင်းရှင်းလင်းလင်း သိတယ်။ ဒါပေမဲ့ ဘာကြောင့် ငါက သူ့ကို ခုခံပေးပြီး သူ့အတွက် ပြောပေးနေသေးတာလဲ” ဆိုပြီး တွေးမိတယ်။

နောက်ပိုင်းမှာ ဝတ်ပြုကိုးကွယ်နေတုန်း ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော်ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ခံစားချက်များကို အလွန်အရေးပေးကြသည်။ ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သည့်အရာမှန်သမျှကို ၎င်းတို့၏ ခံစားချက်များအရ တုံ့ပြန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ မှားယွင်းသည်ကို ကောင်းစွာ သိသည်။ သို့တိုင်အောင် စည်းမျဉ်းအတိုင်း ဆောင်ရွက်ဖို့ မဆိုထားနှင့်။ အရှိအတိုင်းမြင်ရန်ပင် မစွမ်းဆောင်နိုင်သေးပေ။ လူတို့သည် ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အစဉ်ခံရသောအခါတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဤသည်မှာ အလွန်အမင်း ခက်ခဲသည်။ လူများစွာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်စွမ်းနိုင်ခြင်းမှာ ခံစားချက်များအပေါ်တွင် မူတည်သည်။ ၎င်းတို့သည် ခံစားချက်များကို အထူးအရေးကြီးသည်ဟု မှတ်ယူသည်။ ခံစားချက်များကို ဦးစားပေးသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ အနှစ်သာရအရ ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အခြားသူများကို စည်းမျဉ်းနှင့်မညီဘဲ ကာကွယ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် ခံစားချက်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားစစ်မှန်မှု ဆိုသည်မှာ အဘယ်နည်း။)ခံစားချက်များနှင့် မည်သည့် ကိစ္စများ ဆက်စပ်သနည်း။ ပထမဆုံးမှာ သင်၏ မိသားစုဝင် အရင်းအချာများကို သင် အကဲဖြတ်ပုံနှင့် ၎င်းတို့ လုပ်ဆောင်သည့်အရာများကို သင် ချဉ်းကပ်ပုံဖြစ်သည်။ ဤနေရာ၌ ‘၎င်းတို့ လုပ်ဆောင်သည့်အရာများ’တွင် ပင်ကိုအားဖြင့် အသင်းတော်အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်ကြသည့်အချိန်၊ လူတို့အပေါ် ထိုသူတို့၏နောက်ကွယ်တွင် ဝေဖန်ကြချိန်၊ မယုံကြည်သူများ၏ အလေ့အကျင့်အချို့ကို ပါဝင်လုပ်ဆောင်ကြချိန် စသည်တို့ ပါဝင်သည်။ သင်သည် ဤအရာများကို သမာသမတ်ကျစွာ ချဉ်းကပ်နိုင်သလော။ သင့်အနေဖြင့် မိမိ၏ မိသားစုဝင်များနှင့်ဆိုင်သည့် အကဲဖြတ်ချက်တစ်ခုကို ရေးဖို့ လိုအပ်သည့်အခါ သင်၏ ကိုယ်ပိုင် စိတ်ခံစားချက်များကို ဘေးဖယ်ထားလျက် ဓမ္မဓိဋ္ဌာန်ကျကျနှင့် သမာသမတ်ကျစွာ သင် လုပ်ဆောင်နိုင်သလော။ ဤအရာက သင်၏ မိသားစုဝင်များကို သင် ချဉ်းကပ်ပုံနှင့် ဆက်စပ်ပေသည်။ ထို့အပြင် သင်နှင့် အဆင်ပြေသည့်သူများ သို့မဟုတ် ယခင်က သင့်ကို ကူညီခဲ့သူများအပေါ် ခံစားချက်များ သင် ထားရှိသလော။ ၎င်းတို့၏ လုပ်ရပ်များနှင့် ကျင့်ကြံပြုမူမှုများကို ဓမ္မဓိဋ္ဌာန်ကျသည့်၊ သမာသမတ်ကျသကဲ့သို့ တိကျမှန်သည့် နည်းလမ်းတစ်ခုဖြင့် သင် ရှုမြင်နိုင်သလော။ ၎င်းတို့က အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်လျှင် ထိုအကြောင်းကို သင် သိရှိပြီးသည့်နောက်တွင် ၎င်းတို့အား ချက်ချင်း တိုင်ကြားနိုင်မည်လော သို့မဟုတ် ဖော်ထုတ်နိုင်လိမ့်မည်လော။ ထို့အပြင် သင်နှင့် အတော်အတန် ရင်းနှီးသည့်သူများ သို့မဟုတ် အကျိုးစီးပွား တူညီသူများအပေါ် သင် ခံစားချက်များ ထားရှိသလော။ ၎င်းတို့၏ လုပ်ရပ်များ၊ အပြုအမူတို့နှင့်ပတ်သက်၍ သမာသမတ်ကျသကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျသော အကဲဖြတ်ချက်၊ သတ်မှတ်ချက်နှင့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု သင် ပိုင်ဆိုင်သလော။ သင်နှင့် တွယ်တာသော ဆက်ဆံရေးတစ်ခုရှိသည့် ဤလူများကို အသင်းတော်က စည်းမျဉ်းများအတိုင်း ကိုင်တွယ်ပြီး ဤအရာ၏ အဆုံးသတ်က သင်၏ ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီဟု ဆိုပါစို့။ ဤအရာကို သင် မည်သို့ ချဉ်းကပ်မည်နည်း။ သင် နာခံနိုင်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)) ဘုရားနှုတ်ကပတ်တော်တွေက ပြဿနာရဲ့ အရင်းအမြစ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ခဲ့တယ်။ ကျွန်တော်က ကျွန်တော့်ခံစားချက်တွေ ဘောင်ခတ်တာကို ခံခဲ့ရတာ။ ကျွန်တော့် အမျိုးသမီးက အသင်းတော်အသက်တာကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ပြီး ခေါင်းဆောင်ကို ဝေဖန်အပြစ်တင်ခဲ့တယ်၊ နှင်ထုတ်ခံရပြီးတဲ့နောက်မှာ လုံးဝ တကယ်နောင်တမရခဲ့ဘူး၊ ဒါကြောင့် သူ့ကို အသင်းတော်က ပြန်ဝင်ခွင့်ပြုဖို့ မသင့်တော်ဘူးဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အမျိုးသမီးနဲ့ သမီးက ကျွန်တော့်ကို အကြင်နာမဲ့တယ်လို့ ပြောမှာစိုးပြီး၊ ကျွန်တော်တို့ အိမ်ထောင် ပြိုလဲမှာကို စိတ်ပူပြီးတော့ သူ့ကို ခုခံပေးဖို့ စည်းမျဉ်းတွေကို ကျွန်တော်ဆန့်ကျင်ခဲ့တယ်။ အသင်းတော်က သူ့ကို ပြန်လက်ခံအောင်လုပ်ဖို့ မျှော်လင့်ပြီး သူ့အတွက် ပြောပေးဖို့ ကျွန်တော့်တာဝန်ကို အသုံးချခဲ့တယ်။ ကျွန်တော့်ခံစားချက်တွေက ပြင်းလွန်းခဲ့တယ်။ ရှင်းလင်းခံရ၊ နှင်ထုတ်ခံရပြီးတဲ့နောက်မှာ တကယ်နောင်တရတဲ့သူတွေကို ပြန်ဝင်ခွင့်ပြုဖို့ ဘုရားအိမ်တော်က ကျွန်တော်တို့ကို သတ်မှတ်ထားခဲ့တယ်။ ဒါက လူတွေကို နောင်တရဖို့အတွက် ဖြစ်နိုင်သမျှ အကြီးဆုံးအတိုင်းအတာအထိ အခွင့်အရေးပေးတဲ့ ဘုရားသခင်ရဲ့ သည်းခံမှုနဲ့ သက်ညှာမှုပါပဲ။ ဒီလူတွေက သူတို့ကိုယ်ပိုင်လုပ်ရပ်တွေကို စက်ဆုပ်ပြီး နောင်တရနိုင်ရင်၊ သူတို့ပြစ်မှားမှုတွေကို တကယ့်လုပ်ရပ်တွေကတစ်ဆင့် ပြန်ပေးဆပ်နိုင်ရင် သူတို့ရဲ့ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားကို သူတို့လုံးဝ မဆုံးရှုံးသေးဘူး၊ အနည်းဆုံးအနေနဲ့ ဘုရားသခင်အပေါ် သူတို့ရဲ့ ယုံကြည်ခြင်းက စစ်မှန်တယ်လို့ ပြတယ်။ ဒါပေမဲ့ သမ္မာတရားကို လုံးဝ လက်မခံဘဲ မကောင်းမှုအများကြီး ကျူးလွန်ခဲ့သူတွေကတော့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ သမ္မာတရားကို မုန်းတီးတဲ့ သဘာဝ အနှစ်သာရ ရှိသူတွေပဲ။ သူတို့က လုံးဝ နောင်တရမှာ မဟုတ်ဘူး။ ဒီလိုလူတွေက ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ကျွန်တော်က ကိုယ့်ခံစားချက်တွေကို အမှီပြုပြီး စည်းမျဉ်းတွေကို ဆန့်ကျင်ခဲ့တယ်။ ဆိုးယုတ်သူတစ်ယောက်ကို အသင်းတော်ဆီကို ပြန်ဝင်ခွင့်ပြုချင်ခဲ့တယ်။ အသင်းတော်အသက်တာကို ဆက်နှောင့်ယှက်ဖို့ သူ့ကို ခွင့်ပြုချင်ခဲ့တယ်။ ကျွန်တော်ဒီလိုလုပ်တာက အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာ မဟုတ်လား။ ဒါကို ကျွန်တော်သဘောပေါက်သွားတော့ သိပ်နောင်တရပြီး ကိုယ့်ခံစားချက်တွေအတိုင်း ဆက်နေသွားချင်စိတ် မရှိတော့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်တယ်။ “လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။...ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ ‘ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။’ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။’ ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ ‘ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့’ ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။ လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ ဆိုးယုတ်သူတစ်ဦး ဖြစ်ပုံမရသကဲ့သို့ ၎င်းတို့က သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်သွယ်မှုပင် ရှိနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းတီးသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် ခံစားချက်များဖြင့် အမြဲ ဘောင်ခတ်ခြင်းခံရပြီး ၎င်းတို့ကို အပြည့်အဝ လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်၏ ခံစားချက်များ အလွန်အားကောင်းလွန်းပြီး၊ ထိုခံစားမှုများက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင့်မိသားစု၏ အမွေမှတစ်ဆင့်၊ သင်၏မိဘများက သင့်ကို ပေးထားသည့် ပညာရေးမှတစ်ဆင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု၏ အယူသွတ်သွင်းခြင်းတို့မှတစ်ဆင့် သင်ကလေးအရွယ်ကတည်းက သင့်အတွင်းတွင် မျိုးစေ့ချပေးထားသည့် တွေးခေါ်မှုနည်းလမ်းတစ်ခုကြောင့် ဖြစ်သည်။ ဤတွေးခေါ်မှုနည်းလမ်းက သင်၏ စိတ်နှလုံးတွင် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး၊ သင့်အား သားသမီးဝတ်သည် လုံးဝ သဘာဝကျပြီး၊ တရားကာ သင်၏ ဘိုးဘေးများထံမှ အမွေရခဲ့သည့် မည်သည့်အရာမဆိုသည် အစဉ် ကောင်းမြတ်သည်ဟု တလွဲ ယုံကြည်စေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အဆီးအတားတို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်သွားတယ်။ ဘုရားချစ်တာကို ချစ်ပြီး ဘုရားမုန်းတာကို မုန်းတဲ့ စည်းမျဉ်းနဲ့ လူတွေကို ဆက်ဆံဖို့ ဘုရားက ကျွန်တော်တို့ကို တောင်းဆိုတာ။ သမ္မာတရားကို ချစ်ပြီး အသင်းတော်အလုပ် ထိန်းသိမ်းတဲ့သူတွေကို ချစ်ခြင်းနဲ့ ဆက်ဆံသင့်တယ်။ သမ္မာတရားကို မုန်းတဲ့၊ ဘုရားသခင်ကို အာခံပြီး ဘုရားအမှုတော်ကို နှောင့်ယှက်တဲ့ ဆိုးယုတ်သူတွေကိုတော့ စက်ဆုပ်ငြင်းပယ်သင့်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်မှ ဘုရားရည်ရွယ်ချက်နဲ့ ညီတာ။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ခံစားချက်တွေရဲ့ ဘောင်ခတ်တာခံရပြီး ဘုရားချစ်တာကို မချစ်နိုင်၊ ဘုရားမုန်းတာကို မမုန်းနိုင်ခဲ့ဘူး။ ကျွန်တော့် အမျိုးသမီးက အသင်းတော်အသက်တာကို နှောင့်ယှက်ဖို့အတွက် မကောင်းမှုလုပ်ခဲ့တာ၊ သမ္မာတရားကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တာ၊ သူ့အနှစ်သာရက သမ္မာတရားကို မုန်းတီးတဲ့ ဆိုးယုတ်သူရဲ့ အနှစ်သာရ ဖြစ်တာ၊ သူနှင်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသင့်တာတွေကို သိရင်းနဲ့ ကျွန်တော်က စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး အသင်းတော်ထဲ သူပြန်ဝင်ခွင့်ရအောင် ကြိုးစားခဲ့တယ်။ ကျွန်တော့်ခံစားချက်တွေက ပြင်းလွန်းခဲ့တယ်။ ကျွန်တော်က “ယောက်ျားနဲ့ မိန်းမက လက်ထပ်ပြီဆိုတာနဲ့ သူတို့ရဲ့ ချစ်ခင်ရင်းနှီးမှုက နက်ရှိုင်းတယ်”၊ “အရေးကြီးတော့ သွေးနီးသည်”၊ “လူသားသည် သက်မဲ့မဟုတ်ပါ။ သူသည် စိတ်ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း” ဆိုတာမျိုး ဆိုရိုးစကားတွေကို ယုံကြည်ခဲ့တယ်။ ဒီစာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေလို့ ကောင်းမှုနဲ့ မကောင်းမှု၊ အမှန်နဲ့ အမှားကို ကျွန်တော်မခွဲခြားနိုင်ခဲ့ဘူး။ အရာရာတိုင်းမှာ ဘာစည်းမျဉ်းမှမရှိဘဲ ကျွန်တော့်ခံစားချက်တွေအတိုင်း အသက်ရှင်ခဲ့တယ်။ ဇနီးက နှင်ထုတ်ခံရပြီးတဲ့နောက် ကျွန်တော်နဲ့ ကျွန်တော်တို့ကလေးတွေ တာဝန်ထမ်းဆောင်တဲ့နေရာမှာ သူဆက်ပံ့ပိုးပေးတာ၊ အိမ်မှုကိစ္စတွေ ကိုင်တွယ်တာ၊ လေဖြတ်နေတဲ့ ကျွန်တော့်အမေကို စောင့်ရှောက်တာတွေ ကျွန်တော်မြင်ပြီး သူ့အပေါ် အကြွေးတင်တယ်လို့ ခံစားမိခဲ့တယ်။ သူ့အတွက် ကြိုးစားမပေးရင် ကျွန်တော့်ကလေးတွေက ကျွန်တော့်အပေါ် စိတ်ဆိုးပြီး နာကြည်းကုန်မှာကို ကျွန်တော်ကြောက်ခဲ့တယ်။ ကျွန်တော့်ရဲ့ ဇာတိပကတိ စိတ်ခံစားချက်ဆိုင်ရာ ချည်နှောင်မှုတွေနဲ့ ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ် ကျွန်တော့်ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်က သူ့ဘက်မှာနေပြီး သူ့အတွက် ပြောပေးခဲ့တယ်။ သူပြန်ဝင်ခွင့်ရအောင် ကြိုးစားခဲ့တယ်။ အသင်းတော်အသက်တာနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအပေါ် သူ့ကို ဆက်နှောင့်ယှက်ခွင့် ပေးခဲ့တယ်။ ဒါဟာ မကောင်းမှုဖြစ်ပြီး တကယ်ကို အသိစိတ်နဲ့ လူ့သဘာဝကင်းမဲ့တာပဲ။ ဘုရားသခင်က ကျွန်တော်တို့ကို ဆိုးယုတ်သူတွေအပေါ် အသိတရားပြဖို့ လုံးဝ မတောင်းဆိုခဲ့သလို စာတန်ဆန်တဲ့ ဆွေမျိုးတွေကို ငြင်းပယ်တာက အကြင်နာမဲ့တယ်၊ လူသားမဆန်ဘူးလို့လဲ မပြောပါဘူး။ အဲဒီအစား သူချစ်တာကို ချစ်ပြီး သူမုန်းတာကို မုန်းဖို့ ကျွန်တော်တို့ကို သူတောင်းဆိုတာ။ ဒါကို သဘောပေါက်တော့ ကျွန်တော့်စိတ်မှာ ပိုပြီး ရှင်းလင်းသွားတယ်။ စည်းမျဉ်းတွေအတိုင်း လုပ်ချင်စိတ်ရှိခဲ့ပြီး ကျွန်တော့်အမျိုးသမီးကို ခုခံမပေးတော့ဘူး၊ ဒါမှမဟုတ် ကျွန်တော့်ခံစားချက်တွေကို အခြေခံပြီး မလုပ်တော့ဘူး။

ဒါတွေကို တွေ့ကြုံပြီးတဲ့နောက်မှာ ခံစားချက်တွေရဲ့ အနှစ်သာရအပေါ် အသိအမြင်တချို့ ကျွန်တော်ရခဲ့တယ်လို့ တွေးမိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သမီးကြီး နှင်ထုတ်ခံရတဲ့ အဖြစ်နဲ့ ကျွန်တော်ရင်ဆိုင်ရရော။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်တော်က အိမ်နဲ့ဝေးရာမှာ တာဝန်ထမ်းဆောင်နေခဲ့တာ။ တစ်နေ့တော့ အိမ်ကနေ ရုတ်တရက် စာတစ်‌စောင်ရတယ်။ ဆိုးယုတ်သူအဖြစ် ထုတ်ဖော်ခံရတဲ့ ကျွန်တော့်သမီးကြီးက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်လို့၊ နောင်တမရဘဲ မကောင်းမှုအများကြီး ကျူးလွန်လို့ နှင်ထုတ်ခံရတယ်ဆိုပြီး ရေးထားတယ်။ ကျွန်တော်ဖြင့် ကြက်သေသေပြီး သိပ်စိတ်ဆင်းရဲသွားတာပဲ။ ဒီလို စောဒကမတက်ဘဲ မနေနိုင်ခဲ့ဘူး။ “ဘာလို့ ငါ့သမီးကြီးကပါ နှင်ထုတ်ခံလိုက်ရတာလဲ။ အဲဒီတုန်းက သူတာဝန်ထမ်းဖို့ သူ့ပညာရေးကိုတောင် စွန့်လွှတ်ခဲ့တာ။ နေပူပူမိုးရွာရွာ သူ့တာဝန်တွေကို တစ်ခါမှ မနှောင့်နှေးခဲ့ဘူး။ အခု သူက နှင်ထုတ်ခံရပြီ။ ဒါဆိုရင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား” ပေါ့။ ကျွန်တော့်မျက်စိကို မှိတ်လိုက်တိုင်း အတိတ်မြင်ကွင်းတွေက ကျွန်တော့်စိတ်ထဲမှာ တဖျတ်ဖျတ်ပေါ်လာတယ်။ အရင်တုန်းက ကျွန်တော်တို့ မိသားစုလေးယောက်ဟာ ဘုရားကို ယုံကြည်ခဲ့တယ်။ ခဏခဏ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ ဓမ္မသီချင်းတွေဆိုတယ်။ သမ္မာတရားကို အတူတူ မိတ်သဟာယဖွဲ့တယ်။ အခု ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ သမီးငယ်ပဲ ကျန်တယ်။ ဒါကို စဉ်းစားရင်းနဲ့ တအားစိတ်ဆင်းရဲမိတယ်။ ဘုရားကို ကျွန်တော် ဆုတောင်းတယ်။ “အို ဘုရားသခင်၊ သားရဲ့ အကြီးဆုံးသမီးက နှင်ထုတ်ခံရပါတယ်။ ဒါဟာ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဆိုတာ သိပါတယ်။ ဒါပေမဲ့ သား နားကိုမလည်နိုင်ပါဘူး။ သားခံစားချက်တွေကို လက်မလွှတ်နိုင်ပါဘူး။ ကိုယ်တော်ရည်ရွယ်ချက်ကို နားလည်အောင် သားကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ” လို့လေ။ အဲဒီအချိန်မှာ ကျွန်တော်တို့က ဆိုးယုတ်သူကို နှင်ထုတ်ခြင်း တိုက်ပွဲ ပြဇာတ်ကို ရုပ်ရှင်ရိုက်နေကြတာ။ သူ့အဖေနှင်ထုတ်ခံရလို့ စိတ်ဆင်းရဲပြီး အပျက်သဘောဆောင်နေတဲ့ ဇာတ်ဆောင်က ကျွန်တော်နဲ့ ဆင်တူတဲ့ အခြေအနေမှာ ရှိနေတယ်။ ဇာတ်ဆောင်က သူ့ခံစားချက်တွေရဲ့ ဘောင်ခတ်မှုတွေကို ကျော်လွှားဖို့ ဘုရားနှုတ်ကပတ်တော်ကို အမှီပြုတာ ကျွန်တော်မြင်ရတော့ အရမ်း တို့ထိခံရတယ်။ ကျွန်တော်တွေးမိတယ်။ “ငါလဲ ဘုရားကို အမှီပြုရမယ်။ သမ္မာတရားကို လက်တွေ့လုပ်ရမယ်။ ငါ့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ ဒီနေ့ ငါ့သမီး နှင်ထုတ်ခံရတာကို သိပြီး ငါဝမ်းနည်းတယ်။ ဒါပေမဲ့ ဘုရားသခင်က ဖြောင့်မတ်တယ်လို့ ငါယုံကြည်တယ်။ အသင်းတော်က ဘယ်သူကိုမဆို သူတို့ရဲ့ အနှစ်သာရကို အခြေခံပြီး ရှင်းလင်း၊ နှင်ထုတ်တာပဲ။ ဘယ်သူမှ မတရားမခံရဘူး။ ငါကျိုးနွံနာခံသင့်တယ်၊ ဘုရားကို စောဒကတက်၊ အတိုက်အခံလုပ်တာကို ရပ်သင့်တယ်” ပေါ့။

နောက်ပိုင်းမှာ ကျွန်တော့်သမီးကြီးရဲ့ မပြောင်းလဲတဲ့ အပြုအမူကို ဆင်ခြင်သုံးသပ်ဖို့ စိတ်ငြိမ်အောင်ထားလိုက်ပြီး သူ့ရဲ့ နှင်ထုတ်စာကို စစ်ကြည့်လိုက်တော့ သူက တကယ်ပဲ မကောင်းမှုတွေအများကြီး ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်သူတစ်ယောက်ဆိုတာ သေချာသွားတယ်။ အပေါ်ယံမှာ သူက ဆင်ခြင်တုံတရားရှိပြီး စကားသိပ်မပြောတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ သူ့အကျိုးစီးပွားတွေ ပါဝင်ပတ်သက်လာတဲ့အခါ သူ့သရုပ်မှန်တွေက ပေါ်လာရော။ အရင်က ကျွန်တော့်အမျိုးသမီး အထုတ်ခံရပြီး ဆင်ခြင်သုံးသပ်ဖို့အတွက် ခွဲထားခံရတဲ့အချိန်မှာ ခေါင်းဆောင်ဖြစ်တဲ့ ဝမ်ကျင်က ကျွန်တော့်အမျိုးသမီးရဲ့ မကောင်းမှုတွေအကြောင်း သမီးကြီးနဲ့ မိတ်သဟာယပြုခဲ့တယ်။ သူက နားမထောင်ရုံတင်မကဘဲ ကျွန်တော့်အမျိုးသမီးဘက်ကနေ ခုခံပေးပြီး “ဒီအပြုအမူတွေကို ကျွန်မ မတွေ့မိပါဘူး။ ကျွန်မအမေက အသင်းတော်အသက်တာကို နှောင့်ယှက်ခဲ့တယ်လို့ ကျွန်မ မယုံဘူး” ဆိုပြီး ပြောခဲ့တယ်။ ခေါင်းဆောင်က ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပါစေ သူက လက်မခံဘဲနဲ့ ခေါင်းဆောင်က ဖိနှိပ်ပြီး မတရားလုပ်တာ သူ့အမေခံရတယ်လို့ အခိုင်အမာပြောပြီး အသင်းတော်အသက်တာကို ဆက်နှောင့်ယှက်တယ်။ သူ့အပြုအမူကြောင့် အသင်းတော်က သူ့ကို ထုတ်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ဝမ်ကျင်ကို သူမကျေမနပ်ဖြစ်နေတာ။ နောက်ပိုင်း အပြင်ပန်းမှာ သူတိုးတက်လာပြီး ဒီကိစ္စကို လက်လွှတ်လိုက်တဲ့ ပုံစံရှိတယ်။ အချိန်နည်းနည်းကြာတော့ သူက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရတယ်။ အဲဒီအချိန်မှာ ဝမ်ကျင်က တကယ့်အလုပ်ကို လုပ်ဖို့ ပျက်ကွက်လို့ စာရေးစာချီအလုပ်ဆီကို တာဝန်ပြောင်းရွှေ့ခံရတယ်။ အဲဒါနဲ့ ကျွန်တော့်သမီးက ဝမ်ကျင်ကို ပြန်လက်စားချေခဲ့တယ်။ သူက ဝမ်ကျင်ကို စာရေးစာချီအလုပ်ကနေ ထုတ်ရုံမကဘဲ အသင်းတော်ကနေပါ နှင်ထုတ်ဖို့ အချက်အလက်တွေကိုလဲ ပြင်ဆင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်သူ့ကို ပြောခဲ့တယ်။ “အသင်းတော်ကို သန့်စင်တာက စည်းမျဉ်းတွေကို အခြေခံရမယ်။ တစ်ယောက်ယောက်က မမျှမတနဲ့ နှင်ထုတ်ခံရရင် ဒါမကောင်းမှုလုပ်တာပဲ။ ကြီးလေးတဲ့ ပြစ်မှားမှုတစ်ခုပဲ။ ဝမ်ကျင်က တကယ့်အလုပ်တစ်ခုမှ မလုပ်နိုင်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် သက်သက်ပဲ။ ဆိုးယုတ်သူမဟုတ်လို့ နှင်ထုတ်ဖို့ သတ်မှတ်ချက်တွေနဲ့ မကိုက်ဘူး” ပေါ့။ ကျွန်တော်သူနဲ့ ခဏခဏ မိတ်သဟာယပြုပေမဲ့ သူက နားမထောင်ဘူး။ ဝမ်ကျင်က နှင်ထုတ်ခံရသင့်တဲ့ ဆိုးယုတ်သူ၊ အန္တိခရစ်ဖြစ်တယ်ဆိုပြီး အတင်းပြောတယ်။ နောက်ပိုင်းမှာ ဝမ်ကျင်အပေါ် သူ့အထောက်အထားက မလုံလောက်တော့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ၊ ညီအစ်ကိုမောင်နှမတွေက အတည်မပြုခဲ့ဘူး။ သူက ဝမ်ကျင်ကို အသင်းတော်ကနေ နှင်ထုတ်ဖို့ စိတ်ပိုင်းဖြတ်ပြီး လက်မလျှော့ဘဲ နောက်ကွယ်ကနေ အချက်အလက်တွေကို ဆက်ပြီး စုဆောင်းတယ်။ သူက ဝမ်ကျင်ကို နှင်ထုတ်ချင်ရုံတင်မကဘဲ ဝမ်ကျင်ရဲ့ အမျိုးသားနဲ့ ကလေးကိုလဲ အပြစ်ဒဏ်ပေးပြီး ဖိနှိပ်တယ်။ ဝမ်ကျင်ရဲ့ အမျိုးသားကို ငြင်းပယ်ပြီး ကြဉ်ထားအောင် ညီအစ်ကိုမောင်နှမတွေကို အထင်အမြင်မှားစေပြီး လှုံ့ဆော်တယ်။ သူ့ကို ထုတ်ဖို့တောင် ခြိမ်းခြောက်တယ်။ ဒီတော့ ဝမ်ကျင်ရဲ့ မိသားစုက အရမ်းစိတ်ဆင်းရဲပြီး အပျက်သဘောဆောင်ကုန်ရော။ ကျွန်တော့်သမီးအကြီးကို ထုတ်ကြတဲ့အချိန်မှာ သင်းထောက်ဖြစ်တဲ့ ကျွန်တော်လဲ ရှိနေခဲ့ပြီး သူ့ကို ကျွန်တော် ခုခံကာကွယ်မပေးတာကြောင့် သူက ကျွန်တော့်ကို မကျေမနပ်ဖြစ်တယ်။ နောက်ပိုင်းမှာ အကဲဖြတ်ချက်တွေ ရေးတော့ သူက ကျွန်တော့်ကို လူသားမဆန်ဘူး၊ အရမ်း တစ်ကိုယ်ကောင်းဆန်တယ်၊ မခံစားတတ်ဘူး၊ သွေးအေး သတ္တဝါလိုပဲလို့ ဖော်ပြပြီး တော်တော်ဆိုးတဲ့ အကဲဖြတ်ချက်ပေးခဲ့တယ်။

ကျွန်တော့်သမီးရဲ့ အပြုအမူကို ဆင်ခြင်သုံးသပ်ပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်ဖတ်တယ်။ “အန္တိခရစ်များ ပြုပြင်ခံရသည့်အခါ ၎င်းတို့၏ သဘောထားက လက်ခံပြီး နာခံသည့် သဘောထားတစ်ခု မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ထိုအရာကို အတိုက်အခံလုပ်ကာ အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြပေသည်။ ယင်းက အမုန်းတရား ဖြစ်စေသည်။ ၎င်းတို့သည် မိမိတို့ကို ပြုပြင်သူတိုင်း၊ ၎င်းတို့၏ အိမ်တွင်း အရှုပ်တော်ပုံကို ထုတ်ဖော်ပြီး ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေများကို ဖော်ထုတ်သည့် လူတိုင်းအား ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မုန်းတီးကြသည်။ ၎င်းတို့က မည်သည့်အတိုင်းအတာထိ သင့်ကို မုန်းကြသနည်း။ ၎င်းတို့က မုန်းတီးစိတ်ဖြင့် အံကြိတ်လျက် ၎င်းတို့၏ မြင်ကွင်းမှ သင် ပျောက်ကွယ်သွားမည်ကို အလိုရှိကြပြီး သင်တို့နှစ်ဦး အတူနေ၍မရဟု ခံစားနေကြသည်။ အန္တိခရစ်များသည် လူတို့နှင့်ပတ်သက်၍ ဤကဲ့သို့ဖြစ်ကြလျှင် ၎င်းတို့ကို ဖော်ထုတ်ကာ ရှုတ်ချသည့် ဘုရားနှုတ်ကပတ်တော်များအား ၎င်းတို့ လက်ခံနိုင်ကြသလော။ လက်မခံနိုင်ကြပေ။ ၎င်းတို့ကို ဖော်ထုတ်သည့် မည်သူမဆိုကို ၎င်းတို့သည် မိမိတို့အား ဖော်ထုတ်ခြင်းနှင့် မိမိတို့ကို မထောက်ခံရုံဖြင့် မုန်းကြလိမ့်မည်ဖြစ်ပြီး ထိုသူတို့အား လက်တုံ့ပြန်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကို ပြုပြင်ခဲ့သူအား မိမိတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားစေလိုကြသည်။ ထိုသူ အဆင်ပြေနေသည်ကို မြင်ရခြင်းအား ၎င်းတို့ မခံနိုင်ကြပေ။ ဤလူက သေဆုံးသွားလျှင် သို့မဟုတ် ကပ်ဘေး ကြုံတွေ့ရလျှင် ၎င်းတို့ ပျော်ရွှင်ကြပေမည်။ ဤလူ အသက်ရှိကာ ဘုရားအိမ်တော်၌ မိမိတာဝန်ကို ထမ်းဆောင်နေသေးပြီး အရာရာက ပုံမှန်အတိုင်း ဖြစ်နေသရွေ့ ၎င်းတို့၏ စိတ်နှလုံးတွင် ဆင်းရဲဒုက္ခခံစားရသည်၊ မသက်မသာဖြစ်ကာ မခံမရပ်နိုင်ဖြစ်ခြင်းတို့ကို ခံစားရလေသည်။ ၎င်းတို့တွင် တစ်စုံတစ်ဦးအပေါ် လက်တုံ့ပြန်ဖို့ နည်းလမ်းမရှိသည့်အခါ ထိုသူကို တိတ်တဆိတ် ကျိန်ဆဲလေသည်၊ သို့မဟုတ် ထိုလူအပေါ် ဘုရားသခင်က အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းတို့ ဆောင်ကြဉ်းပေးရန်နှင့် ဘုရားသခင်က ၎င်းတို့၏ နစ်နာချက်များကို တရားသဖြင့်ဖြစ်အောင် လုပ်ပေးရန်အတွက်ပင် ဆုတောင်းကြလေသည်။ အန္တိခရစ်များက ဤအမုန်းတရား ဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် ဤအရာက လုပ်ရပ်တသီတတန်းကို ဖြစ်စေသည်။ ဤလုပ်ရပ်များတွင် လက်တုံ့ပြန်ခြင်းနှင့် ကျိန်ဆဲခြင်းများအပြင်၊ အမုန်းတရားမှ အစပြုသည့် အခြားသူများကို အမှုဆင်ခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကဲ့သို့သော အခြားလုပ်ရပ်အချို့ ပါဝင်သည်မှာ အမှန်ဖြစ်၏။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်သည့်အခါ သူ၏ နောက်ကွယ်တွင် ၎င်းတို့က ထိုလူကို အကြည်ညိုပျက်အောင် လုပ်ကြလိမ့်မည်။ တစ်စုံတစ်ရာကို မှန်ကန်သည်ဟု ထိုလူက ပြောသည့်အခါ ၎င်းတို့က ထိုအရာ မှားယွင်းသည်ဟု ပြောကြလိမ့်မည်။ ထိုလူ၏ နောက်ကွယ်တွင် အလိမ်အညာများ ဖြန့်ပြီး အဖျက်အမှောင့်များ ဖြစ်စေလျက် ၎င်းလုပ်ဆောင်သည့် အပြုသဘောဆောင်သော အရာအားလုံးကို လွဲချော်စေပြီး အပျက်သဘောဖြစ်စေမည် ဖြစ်သည်။ မသိနားမလည်သကဲ့သို့ အမှုအရာများကို မရိပ်စားမိနိုင်သည့် သို့မဟုတ် မိမိတို့ကိုယ်တိုင်အတွက် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသည့် အခြားသူများကို ၎င်းတို့ဘက်တွင် ပူးပေါင်းဖို့နှင့် ၎င်းတို့ကို ထောက်ကူစေဖို့ရန်အလို့ငှာ ၎င်းတို့က လှုံ့ဆော်ပြီး ဆွဲဆောင်ကြလိမ့်မည်။ ၎င်းတို့ကို ပြုပြင်သည့် လူက မကောင်းသည့်အရာတစ်ခုမျှ မလုပ်ဆောင်ခဲ့သည်မှာ သိသာသော်လည်း ထိုသူအပေါ် မကောင်းမှုအချို့ကို ပုံထားချင်ကြဆဲဖြစ်သည်။ ထိုသို့ဖြင့် ထိုသူသည် ဤအမှုအရာမျိုးများ ပြုလုပ်သည်ဟု လူတိုင်းအား မှားယွင်းစွာ ယုံကြည်စေပြီးနောက် ထိုသူကို လူတိုင်း အတူတကွ ငြင်းပယ်ကြစေဖို့အလို့ငှာ ဖြစ်သည်။ အန္တိခရစ်များသည် ဤနည်းဖြင့် အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်ကာ လူတို့အား ထိုသူတို့၏ တာဝန်ထမ်းဆောင်မှုတွင် အဖျက်အမှောင့်လုပ်ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့ကို ပြုပြင်သည့်လူအား အခက်အခဲဖြစ်စေရန်နှင့် လူတိုင်းအား ထိုသူ့ကို စွန့်ပစ်စေရန် ဖြစ်သည်။ ‘သင်သည် ကျွန်ုပ်ကို ပြုပြင်ကာ အခက်အခဲဖြစ်စေခဲ့သည်။ ထို့ကြောင့် ထိုအရာနှင့်ပတ်သက်၍ သင့်ကို ကျွန်ုပ် အေးအေးဆေးဆေးနေခွင့်ပေးလိမ့်မည် မဟုတ်ပါ။ ပြုပြင်ခံရခြင်းနှင့် စွန့်ပစ်ခံရခြင်းက မည်သည့်အရာနှင့် တူသည်ကို သင့်အား ကျွန်ုပ် မြည်းစမ်းစေမည်။ သင် ကျွန်ုပ်ကို မည်သို့ပင် ဆက်ဆံပါစေ ယင်းအတိုင်း သင့်ကို ကျွန်ုပ် ဆက်ဆံမည်။ ကျွန်ုပ်ကို သင် အေးအေးဆေးဆေးနေခွင့်မပေးလျှင် သင်သည်လည်း အေးအေးဆေးဆေး နေခွင့်ရလိမ့်မည် မထင်နှင့်’ဟု ပြောသော အန္တိခရစ်အချို့လည်း ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) အန္တိခရစ်တွေဟာ အရမ်းကို ရက်စက်ပြီး မလိုမုန်းထားတယ်၊ အထူးသဖြင့် သူတို့ကို ဖော်ထုတ်တဲ့၊ စိတ်ဆိုးအောင်လုပ်တဲ့သူတွေကို မုန်းတီးတယ်။ အဲဒီလူတွေကို အနိုင်ယူပြီး မဖျက်ဆီးရမချင်း အန္တိခရစ်တွေက လက်လျှော့မှာမဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် မြင်ခဲ့တယ်။ ဒါကို သမီးကြီးရဲ့ အပြုအမူနဲ့ ယှဉ်ကြည့်လိုက်တော့ သူ့အပေါ် ပိုင်းခြားသိမြင်မှုတချို့ ကျွန်တော်ရခဲ့တယ်။ သူက သူ့အမေအတွက် ရပ်တည်ပေးပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ခဲ့တာကြောင့် အထုတ်ခံခဲ့ရတယ်။ ခေါင်းဆောင်ဖြစ်တဲ့ ဝမ်ကျင်အပေါ် သူအာဃာတထားပြီး လက်စားချေဖို့ အခွင့်အလမ်းကို စောင့်ခဲ့တယ်။ သူက ရာထူးတစ်ခုကို ရပြီးတဲ့နောက်မှာ ဝမ်ကျင်ကို အငြိုးထား အကွက်ဆင်ပြီး ညှဉ်းပန်းဖို့အတွက် သူ့အာဏာကို အသုံးပြုဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ ဝမ်ကျင်က ရှင်းလင်းပစ်ဖို့၊ နှင်ထုတ်ဖို့အတွက် သတ်မှတ်ချက်နဲ့ မကိုက်ဘူးဆိုတာကို လူတိုင်းက သူနဲ့ ဘယ်လောက်ပဲ မိတ်သဟာယပြုပါစေ သူက လုံးဝ နားမထောင်ဘူး။ ဝမ်ကျင်ကို အသင်းတော်ကနေ နှင်ထုတ်ဖို့ အတင်းလုပ်တယ်။ ကျွန်တော့်သမီးရဲ့ စိတ်သဘောထားက အရမ်းကို မသိမသာနဲ့ အန္တရာယ်များပြီး အငြိုးထားတတ်တယ်ဆိုတာ၊ ဆိုးယုတ်သူကို အမြဲတမ်းကာကွယ်ပေးပြီး သဘောထားကွဲလွဲသူကို လက်တုံ့ပြန်တယ်ဆိုတာ၊ သူများတွေကို သူဖျက်ဆီးလို့ မပြီးမချင်း ရပ်ဖို့ ငြင်းဆန်တယ်ဆိုတာကို ကျွန်တော်မြင်ခဲ့တယ်။ သူက နတ်ဆိုးဖြစ်ပြီး တကယ်နှင်ထုတ်ခံရသင့်တာ ကျွန်တော်သဘောပေါက်ခဲ့တယ်။ အသင်းတော်မှာ သူဆက်ရှိနေရင် နှောင့်ယှက်တာ၊ အဖျက်အမှောင့်လုပ်တာကိုပဲ ဆက်လုပ်နေပြီး အသင်းတော်အတွက် အန္တရာယ်တစ်ခု ဖြစ်လာမှာပဲ။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်တယ်။ “သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရား၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ဆက်ဆံနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်းပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်းဖြစ်သည် မဟုတ်လော။ အကယ်၍ ယနေ့ကာလတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် မည်သည့်ဆန္ဒမျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ ခံယူနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေသည့် အခြေအနေအထိ ရောက်လာပြီးဖြစ်ပါက ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ တရားမျှတစိတ် ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် ပုန်ကန်သောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။ ဘုရားသခင်ကိုပင် မယုံကြည်သူများကို မဆိုထားနှင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သော လူများအပြင်၊ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုသော်လည်း၊ မကောင်းမှု ပြုသောသူတို့အားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်ရဲ့ မိသားစုမှာ ခရစ်တော်က အာဏာကိုင်စွဲပြီး သမ္မာတရားက ကြီးစိုးတယ်။ အသင်းတော်က နှင်ထုတ်ခြင်းနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို လိုက်နာရင်း ကျွန်တော့်သမီးကို သူ့အနှစ်သာရအပေါ် အခြေခံပြီး နှင်ထုတ်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်မှာ ဒီလိုဖြစ်တော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မရှာခဲ့ဘူး။ ကျွန်တော့်သမီးရဲ့ နတ်ဆိုးဆန်တဲ့ အနှစ်သာရကို မရိပ်စားမိနိုင်ခဲ့တော့ ကျွန်တော်သူ့ကို ကရုဏာသက်ခဲ့ပြီး သနားခဲ့တယ်။ သူက ကလေးဘဝကတည်းက ဘုရားကို ယုံကြည်ခဲ့ပြီး သူ့ပညာရေးကို စွန့်လွှတ်ခဲ့တယ်။ အခုအချိန်အထိ ဒုက္ခခံပြီး ပေးဆပ်ခဲ့တာကို ဘယ်လိုလုပ် နှင်ထုတ်ခံရတာလဲလို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားကို စောဒကတက်ပြီး ကျိုးကြောင်းရှင်းပြတယ်။ ဒါက အတိအကျကို “စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်းပေးနေခြင်း” နဲ့ “မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်း” ဆိုပြီး ဘုရားဖော်ထုတ်ခဲ့တဲ့အတိုင်း မဟုတ်ဘူးလား။ ကျွန်တော်က ဘုရားကို ဆန့်ကျင်ပြီး အတိုက်အခံလုပ်နေခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော်က ဘုရားသခင်ကို နှစ်တွေအကြာကြီး ယုံကြည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး စားသောက်ခဲ့တယ်။ “လူတစ်ယောက်ကို ရှင်းလင်းပြီး နှင်ထုတ်တာဟာ စည်းမျဉ်းတွေအပေါ် အခြေခံသင့်တယ်။ ခံစားချက်တွေအပေါ် အခြေမခံသင့်ဘူး။ ကိုယ့်မိဘတွေဖြစ်နေရင်တောင်မှပေါ့” ဆိုပြီး သူများတွေကို ခဏခဏ ပြောခဲ့တယ်။ ဒါတောင်မှ ကျွန်တော့်အမျိုးသမီးနဲ့ သမီးနှင်ထုတ်ခံရတော့ စည်းကမ်းတွေကို သိသိကြီးနဲ့ ကျွန်တော်ချိုးဖောက်ခဲ့တယ်။ ခံစားချက်တွေကြောင့် သူတို့ကို အသင်းတော်မှာ ထားချင်ခဲ့တယ်။ ကျွန်တော်က အသင်းတော်အလုပ်ကို ဆိုးယုတ်သူတွေ နှောင့်ယှက်တာကို မျက်နှာလွှဲနေတာ မဟုတ်ဘူးလား။ ဒါဟာ ဆိုးယုတ်သူတွေဘက်ကနေ ရပ်တည်ပြီး ဘုရားသခင်ကို အတိုက်အခံပြုနေတာပဲ။ ဒါကို သဘောပေါက်တော့ ကျွန်တော့်စိတ်နှလုံးထဲမှာ နည်းနည်းကြောက်မိတယ်။ အဲဒါနဲ့ ဘုရားကို ကျွန်တော် ဆုတောင်းပြီး ဘုရားဆီမှာ နောင်တရပြီးတော့ ခံစားချက်တွေရဲ့ ဘောင်ခတ်မှုကနေ လွတ်မြောက်ချင်စိတ်ရှိခဲ့တယ်။

နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်တယ်။ “အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။...အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သည့်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည် ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင် ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ပြောဆိုစရာ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သူများသည် မလုပ်ဆောင်သူများ၏ ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံများသည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။...ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများ သည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာ၌ ရှိသူတို့သည် ဘုရားသခင် တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံကြသည်၊ ဘုရားသခင်ကို ပုန်ကန်သော သူတို့အားလုံးမှာမူ ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ တည်ရှိတော့မည် မဟုတ်။ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့ရှိနိုင်မည်နည်း။ ယုံကြည်မှုနှင့် မယုံကြည်မှု၏ လွန်စွာ သဟဇာတမဖြစ်ခြင်းသည် ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်က ဖြောင့်မတ်ပြီး သန့်ရှင်းတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်ခဲ့တယ်။ ဘုရားသခင်က လူတွေရဲ့ အဆုံးသတ်တွေကို ဇာတိပကတိ ခံစားချက်တစ်ခုမှ မပါဘဲ အဆုံးအဖြတ်ပေးပြီး လူတိုင်းကို သင့်တင့်မျှတစွာ ဆက်ဆံတယ်။ လူတစ်ယောက်က သူ့ကိုယ့်သူ ဘယ်လောက်စွန့်ပစ်၊ အသုံးခံပုံပေါ်သလဲကို အခြေခံပြီး ဘုရားက တရားမစီရင်ဘူး။ ဒီထက် သူ့ရဲ့ အဆုံးသတ်ကို ဆုံးဖြတ်ဖို့အတွက် သူ့ရဲ့ အနှစ်သာရနဲ့ လုပ်ရပ်တွေကို အခြေခံတာ။ ဆိုးယုတ်သူတွေက ဖယ်ရှားရှင်းလင်းခံရဖို့ ကျိန်းသေတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်တော် နားမလည်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော့်သမီးနှင်ထုတ်ခံရတာကို ကျွန်တော်ကြားတော့ သူက တကယ်တမ်း ဘယ်လိုလူမျိုးလဲဆိုတာကို ကြည့်ဖို့ သမ္မာတရားကို ကျွန်တော်မရှာခဲ့ဘူး၊ ဒါမှမဟုတ် သူ့ရဲ့ သဘာဝအနှစ်သာရကို ထည့်မစဉ်းစားခဲ့ဘူး။ ဒီအစား သူ့ကို ကရုဏာသက်ပြီး သနားပြီးတော့ ကျွန်တော့်ခံစားချက်တွေနဲ့ အသက်ရှင်ခဲ့တယ်။ ကျွန်တော့်သမီးက သူ့ပညာရေးကို စွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်နိုင်ပေမဲ့၊ ဒုက္ခခံပြီး ပေးဆပ်နိုင်ပေမဲ့ သူ့အားထုတ်မှုတွေ အားလုံးက အဆင့်အတန်းနဲ့ ဂုဏ်ကို ရဖို့ပဲဆိုတာ အခု ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ သူ့ရာထူးကို ဆုံးရှုံးရပြီး သူ့အကျိုးစီးပွား ထိခိုက်ခံရလိုက်တာနဲ့ သူ့ရဲ့ ရက်စက်တဲ့ သဘာဝက အပြည့်အဝ ဖော်ထုတ်ခြင်းခံရတယ်။ ကျွန်တော်တို့ တစ်မိသားစုလုံးက ဘုရားသခင်ကို ယုံကြည်ခဲ့တယ်၊ ကျွန်တော်တို့အားလုံးက ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခု ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးထင်မြင်မှုဆိုတာကို မြင်သွားပြီ။ လူတစ်ယောက်က သမ္မာတရားကို မချစ်ရင်၊ ဒါမှမဟုတ် သမ္မာတရားကို မုန်းတောင်မုန်းရင် ပြီးတော့ ဘုရားသခင်ကို နှစ်တွေအကြာကြီး ယုံကြည်ခဲ့ပေမဲ့ သူ့ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲရင် ဘယ်လို ကယ်တင်ခြင်းခံရနိုင်မလဲ။ ကျွန်တော့်သမီးနဲ့ ဇနီး နှင်ထုတ်ခံရတဲ့ အတွေ့အကြုံကတစ်ဆင့် မြင်သွားတာက ကျွန်တော်တို့ တစ်မိသားစုလုံးက အစပိုင်းမှာ ဘုရားသခင်ကို ယုံကြည်ခဲ့ပေမဲ့၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ပံ့ပိုးမှုကို ရရှိပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့ပေမဲ့ သုံးလေးနှစ်ကြာတော့ လူတိုင်းရဲ့ အနှစ်သာရနဲ့ ကျွန်တော်တို့ လျှောက်တဲ့လမ်းကြောင်းက တဖြည်းဖြည်း ပေါ်လွင်လာတယ်ဆိုတာပဲ။ ကျွန်တော့်အမျိုးသမီးနဲ့ သမီးကြီးက မကောင်းမှုတွေအများကြီး ကျူးလွန်ခဲ့ပြီး ဆိုးယုတ်သူတွေအဖြစ် ဖော်ထုတ်ခံရတယ်။ ကျွန်တော်တို့တွေက သဟဇာတမဖြစ်တဲ့ လူအမျိုးအစားနှစ်ခုပဲ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ မကူညီနိုင်၊ မကယ်တင်နိုင်ဘူး။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်တွေးမိတယ်။ “အနာဂတ်တွင် လူသားမျိုးနွယ်သည် နှစ်သက်ဖွယ်သော နယ်ပယ်ထဲသို့ ဝင်ရောက်သောအခါတွင်၊ လူတို့က တွေ့ရှိလိမ့်မည်ဟု စိတ်ကူးကြသည့် ခင်ပွန်းနှင့် ဇနီးအကြား၊ ဖခင်နှင့် သမီးအကြား သို့မဟုတ် မိခင်နှင့် သားအကြား ဆက်ဆံရေးများ တစ်ခုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထိုအချိန်တွင် လူသားအသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်ကို လိုက်ကြလိမ့်မည်ဖြစ်ပြီး မိသားစုများသည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲနှင့်ပြီး ဖြစ်လိမ့်မည်။ လုံးဝ ကျဆုံးလျက်၊ စာတန်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ တစ်ဖန် နှောင့်ယှက်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားများသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ရှိတော့မည် မဟုတ်ပေ။ ပုန်ကန်သော ထိုလူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ပြီးလျှင် ကျိုးနွံနာခံသော လူများသည်သာ ကျန်ရှိလိမ့်မည်။ ထိုသို့ဖြင့် အလွန်နည်းပါးသော မိသားစုများသည် မပျက်မစီးဘဲ ရှင်သန်လိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် အဘယ်သို့ ဆက်လက် တည်ရှိနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားရဲ့ အမှုတော်ကို ကျွန်တော်နားမလည်ခဲ့ဘူး။ ကျွန်တော့်ခံစားချက်တွေကြောင့် ကျွန်တော့်အမျိုးသမီးနဲ့ သမီးကို ကာကွယ်ပြီး ကျွန်တော်တို့ရဲ့ ဇာတိပကတိဆိုင်ရာ မိသားစု ဆက်ဆံရေးတွေကို ထိန်းသိမ်းချင်ခဲ့တယ်။ ဘုရားကို အတိုက်အခံပြုတဲ့ လုပ်ရပ်တွေကို ကျူးလွန်မိလုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်တော်က အရမ်းကို မိုက်မဲပြီး မမြင်မကန်းဖြစ်ခဲ့တာပဲ။ ကျွန်တော် စဉ်းစားတယ်။ “ငါ့ခံစားချက်တွေရဲ့ ဘောင်ခတ်တာကို ခံလို့မဖြစ်တော့ဘူး။ ခံစားချက်တွေရဲ့ ချည်နှောင်မှုကနေ ငါ လွတ်မြောက်ပြီး ဒီအခြေအနေကို ကျိုးနွံနာခံဖို့လိုတယ်” ပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်တော့်အခြေအနေက တိုးတက်လာပြီး သိပ်စိတ်မဆင်းရဲတော့ဘူး။

ဒါတွေအားလုံးကို တွေ့ကြုံပြီးတဲ့နောက်မှာ ကျွန်တော့်မိသားစုကို ပိုပြီး ပိုင်းခြားသိမြင်လာတယ်။ ကျွန်တော့်ရဲ့ စိတ်နှလုံးအတွင်းထဲကနေ သူတို့အပေါ် ကျွန်တော့်ခံစားချက်တွေကို လက်လွှတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ခံစားချက်တွေနဲ့ အသက်ရှင်တာက အကောင်းနဲ့ အဆိုး၊ အမှန်နဲ့ အမှားကြား ခွဲခြားမသိနိုင်အောင် လုပ်တယ်၊ သမ္မာတရား စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ဘုရားကို ခုခံပုန်ကန်တာတွေကိုပါ လုပ်နိုင်စွမ်းရှိစေတယ်ဆိုတာကိုလဲ အရှင်းသား မြင်ခဲ့တယ်။ ခံစားချက်တွေက တကယ်ပဲ ဘုရားသခင်ရဲ့ ရန်သူပဲ။ ခံစားချက်တွေနဲ့ အသက်ရှင်တာက သမ္မာတရားကို လက်တွေ့လုပ်ဖို့ မဖြစ်နိုင်အောင်လုပ်တယ်။ ကျွန်တော့် ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းတာ၊ ကျွန်တော့်ခံစားချက်တွေက ပြင်းလွန်းတာကိုလဲ ကျွန်တော်မြင်ခဲ့ပါတယ်။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံမှု ကျွန်တော်ကင်းမဲ့ခဲ့တယ်။ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကျွန်တော်တွေ့ကြုံဖို့ လိုအပ်ခဲ့တာပါ။

အရှေ့သို့- ၅၁။ ကျွန်မဆွေမျိုးများ၏ တိုက်ခိုက်မှုများနောက်ကွယ်တွင် ရှိသည့်အရာ

နောက်တစ်ခုသို့- ၅၃။ ကျွန်ုပ်၏ တာဝန်က ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖော်ထုတ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။