၁။ အမှုကိစ္စများဖြစ်ပျက်သည့်အခါတွင် ကျွန်ုပ်သည် ဘေးတွင် ရပ်ကြည့်မနေတော့ပါ

ကျွန်တော်က တာဝန်ထမ်းဆောင်ရင်းနဲ့ အရမ်းအလုပ်ရှုပ်နေပြီး အချိန်တော်တော်ကြာတဲ့အထိ ပြုပြင်တာ၊ ဆုံးမပဲ့ပြင်တာတွေကို လုံးဝ မကြုံခဲ့ရဘူး။ နေ့တိုင်း ကျွန်တော် ပုံမှန် ဝိညာဉ်ရေးရာ ဆက်ကပ်တာ၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်တာ၊ ဓမ္မသီချင်းတွေ နားထောင်တာတွေကလွဲရင် တာဝန်ကိုပဲ ထမ်းဆောင်နေခဲ့တယ်။ တစ်နေသာကုန်သွားတယ်၊ ကျွန်တော် ဘာသင်ခန်းစာမှ မရဘူး။ သင်ခန်းစာကို ဘယ်လိုယူရမယ်ဆိုတာကိုလည်း မသိဘူး။ တစ်ရက်ပြီးတစ်ရက် ဒီလိုမျိုး အိုးနင်းခွက်နဲ့ ကုန်ဆုံးပြီး စိတ်ထဲမှာ အနှစ်မဲ့သလို ခံစားရတာ။ အချိန်နည်းနည်းကြာတော့ ကျွန်တော့်အသက်တာက လုံးဝမကြီးထွားဘူး၊ ဘယ်ကဏ္ဍမှာမဆို သမ္မာတရားထဲကို မဝင်ရောက်ရသေးဘူးလို့ ခံစားမိတယ်။ အကုန်လုံးက စကားတွေ၊ အယူဝါဒတွေအဆင့်မှာပဲ ရှိနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်စိတ်ညစ်ခဲ့တယ်။ တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်ကို မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ထူထောင်ထားသနည်း။ ကိစ္စရပ်အသီးသီး ဖြစ်ပေါ်သည့်အခါ သမ္မာတရားအတွက် ကြိုးပမ်းရန်၊ သမ္မာတရားနှင့်ပတ်သက်၍ တွေးဆကာ သမ္မာတရားကို အားထုတ်ရန် သင်၏ စွမ်းရည်နှင့်ဆိုင်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ထူထောင်ထားခြင်း ဖြစ်သည်။ ဤအခြေခံအကြောင်းရင်းပေါ်တွင်သာ သင်သည် သမ္မာတရားကို နားလည်နိုင်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။ သို့သော် ကိစ္စရပ်များ ဖြစ်ပေါ်သည့်အခါ သင်သည် မည်သည့် အကဲဖြတ်ချက်မျှ သို့မဟုတ် မည်သည့် သရုပ်ဖော်ချက်များနှင့် မည်သည့် ကိုယ်ပိုင်အယူအဆမျှ မပေးဘဲ အမြဲ ဘေးမှရပ်ကြည့်သူတစ်ဦးဖြစ်နေပြီး မည်သည့်အရာအပေါ်တွင်မျှ မည်သည့်အမြင်မျှမရှိလျှင် သို့မဟုတ် သင့်ထံတွင် အမြင်များ အမှန်တကယ်ရှိလျှင်ပင် သင် မဖော်ပြသကဲ့သို့ ယင်းတို့က မှန်သည်ကိုဖြစ်စေ၊ မှားသည်ကိုဖြစ်စေ မသိဘဲ သင်၏ စိတ်ထဲတွင်သာ ပိတ်လှောင်ထားပြီး ယင်းတို့အကြောင်းကို စဉ်းစားလျှင် သင်သည် သမ္မာတရားကို ရရှိခြင်းမရှိဘဲ အဆုံးသတ်သွားရလိမ့်မည်။ ထိုအကြောင်းကို တွေးလော့။ ဤသည်မှာ ကြီးမားသော ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေရစဉ်တွင် ကြီးကျယ်ခမ်းနားသော စားပွဲတော်၌ ထိုင်နေရသကဲ့သို့ပင် ဖြစ်သည်။ သင်သည် သနားစဖွယ် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်တွင် သင်သည် ဆယ်နှစ်ကြာ ယုံကြည်ပြီးဖြစ်သော်လည်း ထိုတစ်ချိန်လုံး ဘေးမှရပ်ကြည့်သူတစ်ဦး ဖြစ်နေခဲ့လျှင် သို့မဟုတ် သင်သည် အနှစ် ၂၀၊ ၃၀ ကြာ ယုံကြည်ပြီးဖြစ်ကာ ထိုတစ်ချိန်လုံး ဘေးမှရပ်ကြည့်သူတစ်ဦး ဖြစ်နေခဲ့လျှင် အဆုံး၌ သင်၏ အဆုံးသတ်ကို ဆုံးဖြတ်ရမည့်အချိန် ရောက်သည့်အခါ ဘုရားသခင်က သင်၏ မှတ်တမ်းအား ပေးအပ်သော အဆင့်သတ်မှတ်ချက်မှာ နှစ်မှတ်သာ ရှိသည်ဖြစ်၍ သင်သည် နှစ်ပြားမတန်သော လူနုံလူအတစ်ဦးသာ ဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိရန် သင်၏ အခွင့်အလမ်းနှင့် ကယ်တင်ခြင်း ရရှိရန် မျှော်လင့်ချက်တို့မှာလည်း သင်ကိုယ်တိုင်ကြောင့် လုံးဝ ပျက်စီးပြီး ဖြစ်လိမ့်မည်။ တကယ့်အဆုံးတွင် သင်သည် နှစ်ပြားမတန်သော လူနုံလူအတစ်ဦးအဖြစ် အမည်တပ်ခံရလိမ့်မည်ဖြစ်ပြီး ထိုအရာသည် သင့်ထိုက်နှင့်သင့်ကံ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) နှစ်ပြားမတန်သော လူနုံလူအတစ်ဦး မဖြစ်ခြင်းအတွက် လျှို့ဝှက်ချက်မှာ အဘယ်နည်း။ (လျှို့ဝှက်ချက်မှာ ဘေးမှရပ်ကြည့်သူတစ်ဦး မဖြစ်ရန်ဖြစ်သည်။) ဘေးမှရပ်ကြည့်သူတစ်ဦး မဖြစ်နှင့်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားကို ရရှိရန်အလို့ငှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရမည်ဖြစ်သည်။ အချို့က ‘သို့ဆိုလျှင် သင်သည် ကျွန်ုပ်အား အရာရာတိုင်း၌ ကိုယ်တိုင် ပါဝင်ပတ်သက်စေချင်သလော။ သို့သော် လူတို့က “မဆိုင်လျှင် ဝင်မရှုပ်နှင့်”ဟု ပြောကြသည်’ဟု ဆိုကောင်းဆိုနိုင်သည်။ သင်ကိုယ်တိုင် ပါဝင်ပတ်သက်ရန် စေခိုင်းခြင်းသည် သမ္မာတရားကို ရှာဖွေကာ သင် ကြုံရသည့် အမှုအရာများမှ သင်ခန်းစာများယူရန် သင့်ကို စေခိုင်းခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ဥပမာအနေဖြင့် လူတစ်မျိုးမျိုးကို သင် ကြုံရသည့်အခါ ၎င်းတို့၏ သရုပ်သကန်များနှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာများမှတစ်ဆင့် ချင့်ချိန်နိုင်စွမ်းကို သင် ရရှိရမည်ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို ချိုးဖောက်လျှင် သမ္မာတရားကို ချိုးဖောက်သည့် မည်သည့်အရာအား ၎င်းတို့ လုပ်ဆောင်မိခဲ့သည်ကို သင် ပိုင်းခြားသိမြင်ရမည်။ လူတစ်ဦးက ဆိုးယုတ်သည့်သူတစ်ဦး ဖြစ်သည်ဟု အခြားသူတို့က ပြောလျှင် ၎င်းတို့က ထိုသူအား ဆိုးယုတ်သော သူတစ်ဦးအဖြစ် သရုပ်ဖော်ဖို့အတွက် မည်သည့်အရာကို ထိုသူ ပြောဆိုကာ လုပ်ဆောင်ခဲ့ပြီး မကောင်းမှုပြုခြင်းနှင့်ဆိုင်သည့် မည်သည့် သရုပ်သကန်များ ထိုသူတွင် ရှိသည်ဟူသည်ကို သင် ပိုင်းခြားသိမြင်ရမည်။ ဤလူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း မရှိသကဲ့သို့ အပြင်လူတို့အား ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အဆုံးရှုံးအနစ်နာခံလျက် ကူညီသည်ဟု အခြားသူတို့က ပြောလျှင် ဤလူလုပ်ဆောင်နေခဲ့သည့်အရာက မည်သည့်အရာဖြစ်သည်ကို သင် လေ့လာတွေ့ရှိသင့်သည်။ ပြီးလျှင် လေ့လာတွေ့ရှိပြီးနောက် ဤအရာများကို သိရုံမျှက မလုံလောက်ပေ။ သင့်အနေဖြင့် ‘ထိုသို့သော အရာများကို ငါ လုပ်ဆောင်သင့်သလော။ မည်သူကမျှ ငါ့ကို အပြစ်ဖော်ဆုံးမခြင်း မရှိလျှင် အလားတူအရာများကို ငါလည်း လုပ်ကောင်းလုပ်မိမည်ဖြစ်ပြီး ထိုအခါ ထိုလူကဲ့သို့ပင် ငါသည်လည်း အလားတူ အဆုံးသတ်ရှိမည် မဟုတ်လော။ ဤသည်မှာ အန္တရာယ်များသည် မဟုတ်လော။ ကံကောင်းထောက်မ၍ ဘုရားသခင်သည် ငါ့ကို သတိပေးချက်တစ်ခုပေးဖို့ ဤပတ်ဝန်းကျင်ကို ခင်းကျင်းပေးခဲ့သည်။ ယင်းမှာ ငါ့အတွက် အကြီးမားဆုံး ကွယ်ကာပေးခြင်း ဖြစ်သည်’ဟူ၍လည်း တွေးဆရမည်ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ တွေးဆပြီးနောက်တွင် သင်သည် အမှုအရာတစ်ခုကို သဘောပေါက်၏။ ထိုလူစားမျိုး လိုက်လျှောက်နေသည့် လမ်းကြောင်းကို သင် လိုက်လျှောက်၍မရ၊ ထိုလူစားမျိုး သင် ဖြစ်၍မရ၊ သင့်ကိုယ်သင် ဆုံးမရမည်ဟူ၍ ဖြစ်သည်။ မည်သည့်အရာများကို သင် ကြုံရသည်ဖြစ်စေ ယင်းတို့မှ သင်ခန်းစာများကို သင်ယူရမည်ဖြစ်သည်။ သင် အပြည့်အဝ နားမလည်သကဲ့သို့ သင်၏ စိတ်နှလုံးတွင် ထူးဆန်းသည်ဟု ခံစားရသည့် အရာများရှိလျှင် ယင်းတို့နှင့်ပတ်သက်၍ သင် မေးခွန်းများမေးပြီး ယင်းတို့အကြောင်းကို သိရှိအောင် လုပ်ကာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် အရေးကိစ္စများ၏ စစ်မှန်သော အခြေအနေကို သေချာအောင် လေ့လာစိစစ်သင့်သည်။ ဤသည်မှာ စူးစမ်းခြင်း မဟုတ်၊ အလေးအနက်ထားခြင်း ဖြစ်သည်။ အလေးအနက်ထားခြင်းဟူသည်မှာ ဟန်ဆောင်လုပ်ပြခြင်း သို့မဟုတ် အများလုပ်သည့်အတိုင်းလိုက်လုပ်ခြင်း မဟုတ်ပေ။ တာဝန်ယူသည့် သဘောထားတစ်ခု ဖြစ်သည်။ ပြဿနာများနှင့်ပတ်သက်၍ ရှင်းလင်းမှုကို ရရှိခြင်းနှင့် ထို့နောက် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းတို့အားဖြင့် ထို့နောက်တွင်သာ အနာဂတ်၌ အလားတူ အခြေအနေမျိုး ရင်ဆိုင်ရသည့်အခါ သင်သည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု၊ မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်နိုင်စွမ်းနှင့် စိတ်အေးချမ်းကာ စိတ်အေးလက်အေးဖြစ်သည့် ခံစားချက်တစ်ခု ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ကိစ္စရပ်အားလုံးတွင် အခြားလူများနောက်လိုက်ခြင်းနှင့် အလိုက်သင့်လုပ်ဆောင်ခြင်းထက် အရေးကိစ္စများ၏ အမှန်တရားများနှင့် စစ်မှန်သော အခြေနေကို နားလည်ရန်နှင့် ထိုအရာများမှ သမ္မာတရားကို ရရှိပြီး လူများနှင့် အမှုအရာများအား မည်သို့ ရှုမြင်ရမည်ကို သင်ယူရန် ကြိုးစားခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းအပေါ် အခြေခံ၍ အလေးအနက် ထားနေခြင်း ဖြစ်သည်။ သင်၏ လုပ်ရပ်များတွင် အလေးအနက် ထားခြင်းအားဖြင့်သာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပြီး စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူလာနိုင်ပေသည်။ အလေးအနက်ထားခြင်း မရှိသောသူတို့သည် အခြားလူများနောက်လိုက်ကာ အလိုက်သင့်လုပ်ဆောင်ဖွယ်ရှိပြီး ဤနည်းဖြင့် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ဖို့ အလားအလာရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်က လူတွေကို သမ္မာတရားကို လိုက်စားတဲ့လမ်းကြောင်း ညွှန်ပြပေးခဲ့တယ်။ အဲဒါက ကျွန်တော်တို့ နေ့စဉ် ကြုံရတဲ့လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေကနေ သင်ခန်းစာယူဖို့ပဲ။ ဒါက ကျွန်တော်တို့ မြင်ရတဲ့၊ ကြားရတဲ့အရာဖြစ်စေ၊ ကိုယ်တိုင်တွေ့ကြုံရတဲ့အရာဖြစ်စေ အဲဒီထဲကနေ သမ္မာတရားကို ကျွန်တော်တို့ ရှာဖွေသင့်တယ်။ အထူးသဖြင့် လူတစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်တာ၊ အဖျက်အမှောင့်လုပ်နေတာကို ကျွန်တော်တို့ မြင်ရတဲ့အခါ ကျွန်တော်တို့က သိချင်စိတ်ကြောင့် နားထောင်ပြီး ဒီအတိုင်းထားလိုက်လို့မရပါဘူး။ အဲဒီအစား အဲဒီလူတွေရဲ့ အပြုအမူအတိအကျကို ကျွန်တော်တို့ နားလည်အောင် တက်တက်ကြွကြွ ကြိုးစားသင့်တယ်။ ပိုင်းခြားသိမြင်မှုရဖို့ သမ္မာတရားကို ရှာဖွေသင့်တဲ့အပြင် အဲဒီကနေ သင်ခန်းစာတွေ ယူသင့်တယ်။ ကျွန်တော်တို့ကိုယ်တိုင်က ဒီလိုအမှားမျိုးတွေကို ဘယ်လိုရှောင်ကြဉ်နိုင်တယ်၊ အသင်းတော်အလုပ်ကို မနှောင့်ယှက်ဖို့၊ အဖျက်အမှောင့်မလုပ်ဖို့ ဘယ်လိုလုပ်နိုင်တယ်ဆိုတာကို ချင့်ချိန်ကြည့်သင့်တယ်။ ဒီနည်းလမ်းနဲ့မှပဲ သမ္မာတရားကို ကျွန်တော်တို့ နားလည်ပြီး သင်ခန်းစာတွေ ယူနိုင်ပါတယ်။ ကျွန်တော်တို့ သမ္မာတရားစစ်မှန်မှုထဲကို ဝင်ရောက်တဲ့နေရာမှာ လေ့ကျင့်ဖို့ ဘုရားသခင်က ကျွန်တော်တို့အတွက် သမ္မာတရားတွေအများကြီး ဖော်ပြပေးပြီး လူ၊ ဖြစ်ရပ်၊ အမှုအရာနဲ့ ပတ်ဝန်းကျင်အမျိုးမျိုးကို စီစဉ်ပေးပုံကို ကျွန်တော် တွေးမိတယ်။ ဥပမာ အသင်းတော်မှာ ဆိုးယုတ်တဲ့လူတွေ၊ အယောင်ဆောင်ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေပေါ်လာတာက လူတွေနဲ့ ဖြစ်ရပ်တွေကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကြည့်အောင် ကျွန်တော်တို့ကို လေ့ကျင့်ပေးဖို့အတွက် အသုံးဝင်တယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်အနားက လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေနဲ့ပတ်သက်ပြီး အရမ်းအလေးအနက်မထားဘူး။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်က နားပဲထောင်ပြီး မေ့ထားလိုက်တယ်။ နေ့တိုင်းပဲ ကျွန်တော်က ကိစ္စတွေကို အမြဲတမ်းအပေါ်ယံပဲ အာရုံစိုက်ပြီး ကျွန်တော့်အသက်တာက မကြီးထွားဘူး။ ကျွန်တော် ဒီလိုဆက်ဖြစ်ရင် ကျွန်တော့်အသက်တာက တော်တော်ကြီးကို ဆုံးရှုံးရမှာပဲ။ ဒါကို ချင့်ချိန်ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ ပိုပြီးတောက်ပလာတယ်။ အဲဒီအချိန်ကစပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ သမ္မာတရားကို စပြီး လက်တွေ့လုပ်ချင်ခဲ့တယ်။

အဲဒီရက်မှာပဲ မမျှော်လင့်ဘဲနဲ့ အစ်မဝင်နီက အလုပ်အုပ်စုတွေအားလုံးကနေ ရုတ်တရက် ထွက်သွားတာကို တွေ့လိုက်ရတယ်။ ကျွန်တော် ကိုယ့်ဘာသာ စဉ်းစားတယ်။ သူ အထုတ်ခံရတာလားပေါ့။ ဘုရားသခင် မိတ်သဟာယပြုခဲ့တာကို စဉ်းစားကြည့်တော့ ဘုရားသခင်က ကျွန်တော်တို့ကို နေ့စဉ်အသက်တာမှာ ကျွန်တော်တို့အနားမှာ ဖြစ်ပျက်နေတဲ့အရာတွေအကြောင်းကို စူးစမ်းစေချင်တယ်၊ ပါဝင်ပတ်သက်စေချင်တယ်၊ သမ္မာတရားကို ရှာဖွေစေချင်တယ် ပြီးတော့ ဘေးကပဲ ရပ်ကြည့်နေမဲ့အစား အဲဒါတွေကနေ သင်ခန်းစာယူစေချင်တယ်ဆိုတာကို ကျွန်တော် သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ သူအထုတ်ခံရတဲ့အကြောင်းရင်းကို ညီအစ်ကိုမောင်နှမတချို့ကို ကျွန်တော်မေးလိုက်တယ်။ သူက မာနထောင်လွှားပြီး သူများတွေကို ဩဝါဒပေးရတာကို ကြိုက်တယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ကြီးကြပ်ရေးမှူးရာထူးကို သူယူပြီးကတည်းက ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာ ထိရောက်မှုက ကျဆင်းလာတာကို သူမြင်တဲ့အခါတိုင်း သူက အမှန်နဲ့အမှား မခွဲခြားဘဲ သူတို့တွေကို ဩဝါဒခြွေတယ်။ ညီအစ်ကိုမောင်နှမတချို့ရဲ့ အလုပ်တွေကို သူက နောက်ဆက်တွဲလုပ်ချင်တဲ့အချိန်တိုင်းမှာ သူတို့က ကြောက်ကြပြီး သူ့အကြောင်းကို တော်တော်တိုင်ကြတယ်။ ညီအစ်ကိုမောင်နှမတွေက အကြံတွေပေးတဲ့အခါမှာ သူက လက်မခံဘဲ ဒီအစား သူတို့တွေကို ကြမ်းကြမ်းတမ်းတမ်းဆူတယ်။ လူတိုင်းက သူ့ကြောင့် ဘောင်ခတ်ခံရသလို ခံစားရပြီး သူ့အပြုအမူကို တစ်ယောက်ပြီးတစ်ယောက် တိုင်ကြတယ်။ အဲဒီအပြင် သူ့တာဝန်က ဘာအသီးအပွင့်မှ မဖြစ်ထွန်းဘူး။ ဒါကြောင့် အသင်းတော်က သူ့ကို စည်းမျဉ်းတွေနဲ့အညီ ထုတ်လိုက်တယ်။ သူ့စွမ်းဆောင်မှုကို ကျွန်တော်ကြားတော့ အံအားသင့်မိတယ်။ သူက အရမ်းမာနထောင်လွှားပြီး လူတွေကို စိတ်ကူးပေါက်သလို ဩဝါဒပေးနိုင်မှန်း၊ ဘောင်ခတ်နိုင်မှန်း၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို တိုက်ရိုက် ထိခိုက်နိုင်မှန်း ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ သူအထုတ်ခံရတာက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားပဲ။ နောက်ပြီးတော့ ဒါက အသင်းတော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လုပ်ခဲ့တာပါ။ နောက်တော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ခဲ့တယ်။ ကျွန်တော်က ဝင်နီလိုမျိုး တခြားလူတွေကို ဩဝါဒပေးတဲ့ ပြဿနာရှိခဲ့လားပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်က အတွေ့အကြုံကို ကျွန်တော် ပြန်အမှတ်ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်တာကို လက်တွေ့လုပ်ဆောင်နေတာ။ ညီအစ်ကိုမောင်နှမတွေက အခက်အခဲတွေရှိတဲ့အခါ၊ ဒါမှမဟုတ် မကောင်းတဲ့ စိတ်အခြေအနေမှာရှိနေတဲ့အခါမှာ မိတ်သဟာယဖွဲ့ဖို့ ကျွန်တော့်ဆီကို လာကြတယ်။ ကျွန်တော်က သူတို့ရဲ့ စိတ်အခြေအနေတွေအရ ကျွန်တော့်အတွေ့အကြုံတွေကို ဝေမျှတယ်။ ဒါက ညီအစ်ကိုမောင်နှမတွေကို အတိုင်းအတာတစ်ခုအထိ ကူညီပေးခဲ့တယ်။ ကျွန်တော်နဲ့ ပူးတွဲလုပ်တဲ့ အစ်မရီတာက သူနားမလည်တဲ့ ပြဿနာတွေကိုကြုံရတဲ့အခါ ခဏခဏ ကျွန်တော့်ကို အကြံတောင်းတယ်။ ကျွန်တော့်မှာ သမ္မာတရားစစ်မှန်မှုတချို့ရှိပြီး လူတွေ၊ ကိစ္စတွေကို ကျွန်တော်ရှုမြင်နိုင်စွမ်းက သူများတွေထက်သာတယ်လို့ ခံစားမိလာတယ်။ အချိန်တစ်ခုကြာတဲ့အထိ ဆူဇန်းနဲ့ တစ်ဖနီက ပူးပေါင်းအလုပ်လုပ်ရာမှာ သဟဇာတ အဖြစ်ကြဘူး။ ဆူဇန်းက တစ်ဖနီမှာရှိတဲ့ ပြဿနာတွေကို ခဏခဏတိုင်တယ် ပြီးတော့ တစ်ဖနီကလည်း ဆူဇန်း မကောင်းကြောင်း တစ်ခုခုကို ခဏခဏပြောတယ်။ ကျွန်တော်တွေးမိတယ်။ သူတို့နှစ်ယောက်လုံးက ပြဿနာတွေရှိပြီး သမ္မာတရားကို မရှာကြဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ကြဘူးပေါ့။ တစ်ခါတော့ တစ်ဖနီက သူ့တာဝန်မှာ စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုပြီး ဆူဇန်းက ထပ်တိုင်တယ်။ ကျွန်တော်က တကယ့်အခြေအနေကို နားမလည်ဘဲ ဆူဇန်းက ဇီဇာကြောင်နေပြန်ပြီဆိုပြီး ယူဆလိုက်တယ်။ ကျွန်တော်က သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဩဝါခြွေလိုက်တယ်။ “မင်း ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်တာလဲ။ မင်းက သူများတွေကိုပဲ အမြဲတမ်းအာရုံစိုက်တယ်။ သူတို့အမှားတွေကို ဆုပ်ကိုင်ထားပြီး လွှတ်မချဘူး။ မင်းတို့က အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြတယ်။ ဒါတွေက စကားလေးနည်းနည်း ကတောက်ကဆတ်ဖြစ်ရုံပဲ မဟုတ်ဘူးလား။ ဒါ အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေတာပဲ” ပေါ့။ နောက်ပိုင်းတော့ ဆူဇန်း တိုင်တာက အကျိုးအကြောင်းသင့်တယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော် “ပြုပြင်” ပြီးတဲ့နောက်မှာ တစ်ဖနီ စည်မျဉ်းတွေ ချိုးဖောက်တာကို တိုင်ဖို့ သူတော်တော်ကြောက်သွားတယ်။ နောက်ဆုံးတော့ တစ်ဖနီက စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး လုပ်တေ့ အသင်းတော်အလုပ်က သိသိသာသာ ဆုံးရှုံးမှုတွေ ဖြစ်သွားတယ်။ ကျွန်တော် စည်းမျဉ်းနဲ့မညီဘဲ ပြုပြင်လိုက်တာက သူများတွေကိုပဲ ထိခိုက်နစ်နာစေပြီး အနှောင့်အယှက်တွေ ဖြစ်စေတယ်ဆိုတာ ကျွန်တော် မြင်ပြီး ဝင်နီအထုတ်ခံရတာက ကျွန်တော့်အတွက် သတိပေးချက်နဲ့ နှိုးဆော်မှုတစ်ခုလည်းဖြစ်တယ်ဆိုတာကို သဘောပေါက်သွားတယ်။ ဒီကဏ္ဍမှာ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကလည်း ပြင်းထန်တယ်ဆိုတာကို ကျွန်တော် သိခဲ့တယ်။ အဲဒါနဲ့ ကျွန်တော့် စိတ်နှလုံးထဲမှာ ဆုတောင်းပြီး သမ္မာတရားကို နားလည်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုသိဖို့ လမ်းပြပေးပါလို့ ဘုရားဆီကို တောင်းလျှောက်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် ထိခိုက်မှုတစ်ခုခုထပ်ပြီး မလုပ်မိစေဖို့ပေါ့။

တစ်နေ့တော့ အစ်မလော်နာက ဒီဇိုင်းတွေအများကြီးကို မဖန်တီးရသေးတာကို ကျွန်တော် သတိထားမိတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးတယ်။ ဒီဇိုင်းဆွဲတဲ့နေရာမှာ သူ့ ထိရောက်မှုက ကျနေတာ အချိန်နည်းနည်းကြာပြီပေါ့။ အရင်က ကျွန်တော်သူ့ကို နည်းလမ်းကောင်းတချို့ ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့ထိရောက်မှုက သိပ်မတိုးတက်သေးဘူး။ သူက ဘာဝန်တာထားတဲ့စိတ်မှ မရှိဘဲ သူ့တာဝန်ကိုပဲ ထမ်းဆောင်နေပြီး တိုးတက်ဖို့ မကြိုးစားဘူးလို့ ကျွန်တော် ခံစားမိတယ်။ ဒီလိုတွေးမိတော့ ဒေါသတွေ တလိပ်လိပ်တက်လာပြီး သူ့ပြဿနာတွေနဲ့ပတ်သက်ပြီး သူ့ကို ထိပ်တိုက်တွေ့ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို ဝေဖန်တော့မဲ့အချိန်မှာပဲ ဝင်နီက လူတွေကို သာမန်ကာလျှံကာနဲ့ အပြစ်ဖော်ဆုံးမရတာကို ကြိုက်ပြီး လူတွေက တာဝန်ထမ်းဆောင်နေတုန်းမှာ ဘောင်ခတ်ခံရသလို ခံစားကြရတာကို သတိရမိတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “လော်နာက သူ့တာဝန်ကို ဂရုမစိုက်တာမဟုတ်ဘဲ တခြားအခက်အခဲတွေရှိနေတာဆိုရင်ရော။ ဘာဖြစ်နေတယ်ဆိုတာကို နားမလည်ဘဲ ကျွန်တော်က သူ့ကို အပြစ်တင်ရင် သူက ဘောင်ခတ်ခံရသလို ခံစားရမှာ မဟုတ်ဘူးလား။ သူ့တာဝန်အကြောင်းကို ကျွန်တော် အရင်မေးသင့်တယ်” ပေါ့။ အဲဒီမှာ လော်နာက သူ့တာဝန်ကို တကယ်ကို ကောင်းကောင်းလုပ်ချင်ပေမဲ့ သူ အစွမ်းအစနည်းတာကြောင့်၊ စည်းမျဉ်းတွေကို သဘောပေါက်မှု အားနည်းတာကြောင့် တချို့ အသေးစိတ်အချက်တွေနဲ့ပဲ ခဏခဏ ပိတ်မိနေတာကို ကျွန်တော် တွေ့လိုက်ရတယ်။ သူက ကျွန်တော် သူ့ကို သင်ပေးတဲ့နည်းလမ်းတွေကို အလိုက်သင့် အသုံးမချနိုင်သေးဘူး။ ဒါကြောင့် သူက ထိရောက်မှု နည်းသွားတာ။ အဲဒီမှာ ကျွန်တော်က သူ့အခက်အခဲတွေကို အခြေခံပြီး တကယ့်လမ်းညွှန်မှုတစ်ခုပေးခဲ့တယ်။ နောက်ပိုင်းမှာ သူ့ထိရောက်မှုက အဆင့်တစ်ခုအထိ တိုးတက်သွားတယ်။ နောက်တော့ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “တော််သေးလို့ပေါ့။ ငါ လော်နာကို ဆူပူတာမျိုးနဲ့ စကားမစခဲ့မိလို့။ မဟုတ်ရင် ငါ သူ့ကို စိတ်ထိခိုက်အောင် လုပ်မိမှာပဲ” ပေါ့။ အဲဒါနဲ့ သမ္မာတရားကို ရှာပြီး ကျွန်တော့်စိတ်ထဲက ပြဿနာတွေကို ပြန်သုံးသပ်ခဲ့တယ်။

ကျွန်တော် ဝိညာဉ်ရေးရာ ဆက်ကပ်တဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “သင်သည် စကားများနှင့် အယူဝါဒများကိုသာ ဟောပြောပြီး လူများကို သြဝါဒပေးပြီး ပြုပြင်မှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် အရာသည် လက်တွေ့မကျလျှင်၊ စကားများနှင့် အယူဝါဒများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ပြုပြင်ပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ ကျိုးနွံနာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်ဝင်ရောက်မှုသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရားစစ်မှန်မှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုက ထုတ်ဖော်ခံရလိမ့်မည်၊ သင်၏ သရုပ်မှန်က ဖော်ထုတ်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်းမရှိပါက၊ အဆုံး၌ ပြဿနာများကို ဖြေရှင်းနိုင်ဦးမည် မဟုတ်သကဲ့သို့၊ ဤသို့ဖြင့် အလုပ်၏ ရလဒ်များကို ထိခိုက်လိမ့်မည်။ အသင်းတော်၌ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ၊ လူများကို သင် ဆက်၍ ဩဝါဒပေးပြီး အပြစ်တင်နေလျှင်၊ သင်သည် အစဉ် စိတ်တိုသည့်ပုံစံဖြင့် ပြမူနေရုံသာရှိလျှင်၊ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာသူ ထုတ်ဖော်ပြနေခြင်း ဖြစ်လေသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ သင်သည် အမြဲတမ်း အထက်စီးမှနေ၍ လူများကို ဤကဲ့သို့ ဩဝါဒပေးနေပါက၊ အချိန်ကြာလာသည်နှင့်အမျှ လူများသည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထိုအစား သင်၏ အလွန်မုန်းတီးခြင်းနှင့် ရွံရှာခြင်းသာ ခံရလိမ့်မည်။ ထို့အပြင် ချင့်ချိန်နိုင်စွမ်း မရှိသောကြောင့် သင်၏ ဩဇာလွှမ်းမိုးခြင်းကို ခံခဲ့ရပြီးသည့်နောက်၊ အခြားသူများကို ထိုနည်းတူ ဩဝါဒပေးပြီး ပြုပြင်မည့် လူအချို့ရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည်လည်း ထိုနည်းတူ စိတ်ဆိုးပြီး ဒေါသထွက်ကြလိမ့်မည်။ သင်သည် လူများ၏ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း အားပေးမြှင့်တင်ပေးနေမိလိမ့်မည်။ ယင်းက ၎င်းတို့အား ပျက်စီးခြင်းဆီသို့ လမ်းကြောင်းပေါ် ဦးဆောင်နေခြင်း မဟုတ်လော။ ယင်းက ဆိုးယုတ်သည့် အပြုအမူတစ်ခု မဟုတ်သလော။ ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းတို့အားဖြင့် အဓိက ဦးဆောင်သင့်သည်။ သင်သည် အစဉ်သဖြင့် အပေါ်စီးမှနေကာ အခြားသူများအား ဩဝါဒပေးလျှင်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည်လော။ သင်သည် ဤနည်းလမ်းဖြင့် ခဏတာ အလုပ်လုပ်လျှင် လူများက သင့်ကို အရှိအတိုင်း ရှင်းလင်းစွာ မြင်လာသည့်အခါ သင့်ကို ၎င်းတို့က စွန့်ပစ်လိမ့်မည်။ ဤသို့အလုပ်လုပ်ခြင်းအားဖြင့် လူများကို ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ခေါ်ဆောင်နိုင်သလော။ သင် သေချာပေါက် မခေါ်ဆောင်နိုင်ပေ။ သင်လုပ်နိုင်သည့်အရာမှာ အသင်းတော်အလုပ်ကို ကဖျက်ယဖျက်လုပ်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို သင့်အား ရွံရှာစက်ဆုပ်ပြီး စွန့်ပစ်ဖို့ ဖြစ်စေရုံသာ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်သွားတယ်။ အလုပ်လုပ်တဲ့နေရာမှာ လူတွေကို ဒီတိုင်း လက်လွတ်စပယ် ပြုပြင်ပြီး ဩဝါဒခြွေလို့မရဘူး။ တကယ့် နောက်ကြောင်းရာဇဝင်နဲ့ အခြေအနေမှန်ကို ထည့်စဉ်းစားရမယ်။ ကိစ္စက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်တာ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်တာတွေ ပါလာရင် အဲဒီလူကို ပြုပြင်နိုင်တယ်။ ထုတ်ပြီး တာဝန်ပြောင်းပေးနိုင်တယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတစ်ယောက်က သမ္မာတရားစည်းမျဉ်းတွေကို နားမလည်တာကြောင့် တာဝန်တွေထမ်းဆောင်တဲ့နေရာမှာ လမ်းလွဲတာတွေ၊ ပြဿနာတွေဖြစ်ရင်၊ ဒါမှမဟုတ် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့ ရလဒ်တွေက ညံ့ဖျင်းလာရင် သမ္မာတရားကို ပိုပြီး မိတ်သဟာယဖွဲ့ရမယ်။ လမ်းညွှန်ပေးပြီး ကူညီရမယ်။ ဒီလိုနဲ့ သူတို့ပြဿနာတွေကို မြင်ပြီး လက်တွေ့လုပ်ဖို့လမ်းကြောင်းတစ်ခုရှိခွင့်ပေးရမယ်။ အခြေအနေ၊ ဒါမှမဟုတ် နောက်ကြောင်းရာဇဝင်က ဘာပဲဖြစ်ဖြစ် အမြဲတမ်းစိတ်ဆိုးပြီး လူတွေကို ဩဝါဒခြွေရင် သူတို့ရဲ့ တကယ့်ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ရုံတင်မကဘူး။ သူတို့ကိုလည်း ဘောင်ခတ်သလို ခံစားရစေပြီး အလုပ်ကို မကောင်းတဲ့ သက်ရောက်မှုရှိမှာပဲ။ ဥပမာ လော်နာက ကိုယ့်တာဝန်ထမ်းဆောင်တဲ့ နေရာမှာ ထိရောက်မှုက မတိုးတက်တာကို၊ အချိန်နည်းနည်းကြာတဲ့အထိ တိုးတက်မှုသိပ်မရှိတာကို ကျွန်တော်မြင်တော့ သူက စိတ်နှစ်ပြီးမလုပ်ဘူးလို့ ကျွန်တော် ယူဆခဲ့တယ်။ ကျွန်တော်က စိတ်ထဲမှာ တဇောက်ကန်းဖြစ်လာပြီး သူ့ကို သင်ခန်းစာပေးချင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူကလည်း သူ့တာဝန်ကို ကောင်းကောင်းလုပ်ချင်ပါတယ်။ သူက အစွမ်းအစ နိမ့်တဲ့အဆင့်ရှိပြီး စည်းမျဉ်းတွေကို အပြည့်အဝနားမလည်တာသက်သက်ပါ။ ဒါကြောင့် တာဝန်ထမ်းဆောင်တဲ့နေရာမှာ ထိရောက်မှုနည်းသွားတာ။ ကျွန်တော်် သူ့ကို ထပ်ပြီး ကူညီပေးတာကို သူလိုအပ်ခဲ့တာ။ ကျွန်တော်က နောက်ကြောင်းရာဇဝင်ကို၊ ဒါမှမဟုတ် လူတစ်ဦးချင်းစီရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုကို ထည့်မစဉ်းစားဘဲ လူတွေကို ပြုပြင်ပြီး ဩဝါဒခြွေရင် သူတို့ကို ကျွန်တော် ကူညီနိုင်မှာမဟုတ်ရုံတင်မကဘဲ ဘောင်ခတ်ကောင်း ဘောင်ခတ်မိနိုင်ပြီး သူတို့မှာ အပျက်သဘောဆောင်၊ စိတ်ဓာတ်ကျပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်နိုင်တာတွေ ဖြစ်သွားနိုင်တယ်။ ဒါဆိုရင် အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူးလား။ အချိန်ကြာလာရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်အကြောင်းကို ရှင်းရှင်းလင်းလင်း သိလာပြီး ငြင်းပယ်လာနိုင်ချေရှိတယ်။ ဒီဟာကြောင့် ဝင်နီကို ကျွန်တော် သတိရသွားတယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ဆန္ဒတွေနဲ့မကိုက်တာတွေကို လုပ်တဲ့အခါ၊ ဒါမှမဟုတ် သူတို့အလုပ်မှာ အမှားလေးတွေ လုပ်မိတဲ့အခါတိုင်းမှာ သူက သူ့အဆင့်အတန်းကို အသုံးချပြီး သူတို့ကို ဩဝါဒခြွေတယ်။ ဒီလိုနဲ့ သူတို့တွေက ဘောင်ခတ်ခံရသလို ခံစားရတယ်။ ဒီတော့ ညီအစ်ကိုမောင်နှမတွေက သူတို့အလုပ်ကို သူလာစစ်မယ်လို့ ကြားတဲ့အခါတိုင်းမှာ ကြောက်ကြတယ်။ သူ့ရဲ့ ထင်ရာ မြင်ရာ ပြုပြင်တာတွေကြောင့် သူက ဧဝံဂေလိအလုပ်ကို တော်တော်လေး နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့တယ်။ ဒီလိုနဲ့ လူတွေအများကြီးက သူ့ကို စောဒကတက်လာကြပြီး သူ့အကြောင်း တိုင်တဲ့စာတွေကလည်း အများကြီးဖြစ်လာတယ်။ နောက်ဆုံးတော့ သူ့ကို အသင်းတော်က စည်းမျဉ်းတွေကို အခြေခံပြီး ထုတ်လိုက်တယ်။ ဒါဟာ သမ္မာတရားနဲ့အညီ မလုပ်တာ၊ လူတွေကို ကိုယ့်စိတ်ဆန္ဒအတိုင်း ဩဝါဒခြွေတာက တော်တော်ဆိုးတဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်ဆိုတာကို ပြပါတယ်။

ကျွန်တော် ထပ်ပြီး ချင့်ချိန်ကြည့်တယ်။ သူများတွေကို လက်လွတ်စပယ်နဲ့ ငါ ဘာလို့ ဩဝါဒခြွေတတ်ရတာလဲ။ ဒီနောက်မှာ အရင်းခံအကြောင်းက ဘာလဲ ပေါ့။ အဲဒါနဲ့ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်ရှာကြည့်ပြီး ဒီအပိုဒ်ကို တွေ့သွားတယ်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ အကျိုးအကြောင်းမဆီလျော်လေဖြစ်ကာ သူတို့ ပို၍ အကျိုးအကြောင်းမဆီလျော်လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားဖြင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင် အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မရှိကြချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝ မဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏ အချုပ်အခြာအာဏာနှင့် သူ၏အစီအစဉ်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာနှင့် ထိန်းချုပ်မှုရှိရေးအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိစိတ် ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်အဆင့်ဆီ ရောက်လိုလျှင် သူတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပို၍ ရှိလေဖြစ်လိမ့်မည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိလေသည်။ သမ္မာတရားကို ရရှိသည့်သူများသာလျှင် စစ်မှန်သော လူသားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ကျွန်တော် သဘောပေါက်သွားတယ်။ လူတွေကို ကျွန်တော် လက်လွတ်စပယ် ဩဝါဒခြွေတတ်တာက ကျွန်တော့်ရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ စိတ်သဘောထားကနေ အရင်းခံတာပဲ။ ဒီမာနထောင်လွှားတာနဲ့ စိတ်ကြီးဝင်တာက ကျွန်တော်ဟာ ကျွန်တော် ကြုံတွေ့ရတဲ့ အခြေအနေတွေရဲ့ သဘောသဘာဝကို ဆင်ခြင်တုံတရားရှိရှိနဲ့ စိစစ်ဖို့ ပျက်ကွယ်တယ်ဆိုတာ၊ ပြဿနာတွေရဲ့ နောက်ခံအကြောင်းကို တကယ် နားမလည်ဘူးဆိုတာ၊ လူတွေ၊ ဖြစ်ရပ်တွေကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ စိတ်ကူးတွေအပေါ် အခြေခံပြီး ရှုမြင်တယ်ဆိုတာ၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကဲဖြတ်ချက်ကို အလွန်အကျွံယုံကြည်ပြီး လူတွေအပေါ် လက်လွတ်စပယ်နဲ့ ထင်မြင်ချက်ပေးပြီး ဩဝါဒခြွေတယ်ဆိုတာတွေရဲ့ အဓိပ္ပာယ်ပဲ။ ခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်တဲ့အချိန်ကို ပြန်သုံးသပ်ကြည့်တော့ ကျွန်တော်က သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ပြဿနာတချို့ကို ဖြေရှင်းနိုင်တာကြောင့်၊ ကျွန်တော်နဲ့ ပူးတွဲအလုပ်လုပ်တဲ့ ညီအစ်မတွေက သူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ပြဿနာတွေအတွက် အကူအညီတောင်းပြီး ဆွေးနွေးဖို့ ကျွန်တော့်ဆီကို ခဏခဏလာတာကြောင့် လူတွေ၊ အမှုကိစ္စတွေကို ကျွန်တော် ရှုမြင်နိုင်စွမ်းက သူများတွေထက်သာတယ်လို့ စပြီး ခံစားခဲ့ရတယ်ဆိုတာကို မြင်ခဲ့တယ်။ ဒါကြောင့် ဒါကို ကျွန်တော်က အရင်းအနှီးအဖြစ် မှတ်ယူပြီး မာနထောင်လွှားလာတယ်။ ဥပမာ တစ်ဖနီက သူ့ရဲ့ တာဝန်ထမ်းဆောင်မှုမှာ ပြဿနာတွေရှိတယ်လို့ ဆူဇန်းက တိုင်တော့ ပုံမှန်အခြေအနေမှာဆိုရင် ကျွန်တော်က အရင်ဆုံး အခြေအနေကို နားလည်ပြီး မှန်မမှန်ကြည့်ရှုစစ်ဆေးသင့်တယ်။ ပြီးတော့ တကယ့်အခြေအနေတွေအတိုင်း ကိုင်တွယ်ဖို့ မိတ်သဟာယပြုသင့်တယ်။ ဒါပေမဲ့ ကျွန်တော်က အခြေအနေကို ခံစားချက်အရ အကဲဖြတ်ခဲ့တယ်။ သူတို့နှစ်ယောက်က ကိစ္စတွေ ဖြစ်ပေါ်တဲ့အခါမှာ ပုံမှန်အားဖြင့် သဟဇာတကျကျ ပူးပေါင်းအလုပ်မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်သုံးသပ်ရမှန်းမသိတာကို ကြည့်ပြီး ကျွန်တော်က တစ်ဖနီနဲ့ပတ်သက်ပြီး ဆူဇန်းတိုင်တာက တဇောက်ကန်းလုပ်တာကြောင့် ဖြစ်ရမယ်၊ သူက ဇီဇာကြောင်နေတာ သက်သက်ပဲလို့ ကောက်ချက်ချခဲ့တယ်။ ပြီးတော့ ဘယ်သူမှန်ပြီး ဘယ်သူက မှားရှိတယ်ဆိုတာကို ဆုံးဖြတ်ဖို့ နည်းနည်းလေးမှ မကြိုးစားဘဲ ဆူဇန်းကို အပြစ်ဖော်ဆုံးမခဲ့တယ်။ ရလဒ်အနေနဲ့ ဆူဇန်းက ဘောင်ခတ်ခံရသလို ခံစားသွားရပြီး နောက်ပိုင်းမှာ တစ်ဖနီက ကိုယ့်တာဝန်ထမ်းဆောင်တဲ့နေရာမှာ စည်းမျဉ်းတွေ ချိုးဖောက်တာကို သူ သတိထားမိတော့ မတိုင်ရဲတော့ဘူး။ ဒီလိုနဲ့ အသင်းတော်အကျိုးစီးပွားတွေ ဆုံးရှုံးနစ်နာရတယ်။ ဒီလိုပဲ လော်နာရဲ့ ပြဿနာမှာလဲ ကျွန်တော့်အတွေ့အကြုံကို အခြေခံစိစစ်ခဲ့ပြီး ကျွန်တော်က သူ့ကို လမ်းညွှန်ပြီးခဲ့ပြီးတော့ သူက တိုးတက်မှုမရှိတာကြောင့် သူက တာဝန်မှာ စိတ်နှစ်ပြီးမလုပ်တာဖြစ်ရမယ်လို့ ထင်ခဲ့တယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက သူ့ကို ဆူမိလုနီးနီးဖြစ်စေခဲ့တယ်။ ဘောင်ခတ်ခံရသလို ခံစားရပြီး သောကရောက်ခဲ့ရမှာပဲ။ ဒါဟာ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ပြင်းထန်လွန်းတယ်ဆိုတာကို သဘောပေါက်သွားစေတယ်။ ကျွန်တော်က လူတွေကို ကိုယ့်စိတ်ကူးတွေအပေါ် အခြေခံ ဆက်ဆံပြီး ကျွန်တော် အကဲဖြတ်တဲ့ စံနှုန်းတွေကို သမ္မာတရားစည်းမျဉ်းတွေအဖြစ် ယူနေခဲ့တာပဲ။ ကျွန်တော့်ရဲ့ မာနထောင်လွှားမှုက တကယ်ကို ယုတ္တိမရှိပါဘူး။ နောင်ကျရင် ပြဿနာတွေကို ကျွန်တော် နောက်တစ်ခါ ကြုံရတိုင်း ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးနဲ့ ချဉ်းကပ်ရမယ်။ အရင်ဦးဆုံး ပိုပြီးတော့ ရှာဖွေဖို့ ဘုရားရှေ့မှောက်ကိုလာပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို နှံ့နှံ့စပ်စပ်နားလည်အောင် လုပ်ရမယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အခြေခံပြီး မစဉ်းမစားနဲ့ ကောက်ချက်ချလို့မရဘူး။ လူတွေကို လက်လွတ်စပယ်နဲ့ အပြစ်ဖော်ဆုံးမလို့မရဘူး။ ဒါက ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေရုံတင်မကဘူး။ အသင်းတော်အလုပ်ကိုလည်း နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတတ်လို့ပဲ။ အဲဒီနောက်တော့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပတ်သက်တဲ့ ဒီသွင်ပြင်လက္ခဏာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာခဲ့တယ်။

ကျွန်တော် ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “ဘုရားသခင် ရွေးချယ်ထားသော လူများသည် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်သင့်ပြီး စည်းမျဉ်းများနှင့်အညီ၊ လူများကို ဘုရားသခင် သတ်မှတ်ထားသည် စံနှုန်းများနှင့်အညီ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံကာ ပေါင်းသင်းပြီး အတူတကွ အလုပ်လုပ်သင့်သည်။ ဤသည်မှာ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤအရာသည် ဘုရားသခင်ကို စိတ်ကျေနပ်စေသည်။ ထို့ကြောင့် ဘုရားသခင် သတ်မှတ်သည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်နည်း။ လူများအနေဖြင့် အခြားသူများ အားနည်းပြီး အပျက်သဘောဆောင်နေသည့်အချိန်တွင် ၎င်းတို့ကို နားလည်ပေးရန်၊ အခြားသူများ၏ စိတ်ဆင်းရဲမှုများနှင့် အခက်အခဲများကို အလေးထားပေးရန်၊ ထို့နောက်တွင် ဤအရာများအကြောင်း မေးမြန်းရန်၊ အကူအညီနှင့် အထောက်အပံ့ပေးရန်၊ ပြီးလျှင် ၎င်းတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးဖို့အတွက် ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်ဖို့နှင့် အားနည်းခြင်မရှိဖို့ ထောက်ကူပေးကာ ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင် ရန်တို့ ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် စည်းမျဉ်းများနှင့်ညီသည် မဟုတ်သလော။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီ၏။ ပင်ကိုအားဖြင့် ဤကဲ့သို့သော ဆက်ဆံရေးမျိုးသည် သမ္မာတရားစည်းမျဉ်းများနှင့် ပို၍ပင် ကိုက်ညီလေသည်။ လူများသည် အနှောင့်အယှက်များနှင့် ဖျက်လိုဖျက်ဆီးမှုများကို တမင်သက်သက် ဖြစ်ပေါ်စေသည့်အခါ သို့မဟုတ် မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေ နည်းလမ်းတစ်ခုဖြင့် တမင်သက်သက် လုပ်ဆောင်သောအခါ ဤအရာကို သင်မြင်ပြီး ဤအရာများကို ၎င်းတို့အား ထောက်ပြနိုင်လျှင်၊ ၎င်းတို့အား အပြစ်ဖော်ဆုံးမနိုင်လျှင်၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့အား ကူညီနိုင်လျှင် ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီလေသည်။ သင်သည် ၎င်းတို့၏ အပြုအမူကို လျစ်လျူရှုပြီး သို့မဟုတ် ခွင့်လွှတ်ပြီး ၎င်းတို့အတွက် ကာပေးသည့်အပြင် ၎င်းတို့အား ချီးမွမ်းကာ ဩဘာပေးရန် ကောင်းမွန်သောအရာများကို ပြောသည်အထိပင် လုပ်ဆောင်ပါက ဤနည်းလမ်းများဖြင့် လူတို့ကို ဆက်ဆံခြင်း၊ အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြဿနာများကို ကိုင်တွယ်ခြင်းတို့သည် သိသာထင်ရှားစွာပင် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း မရှိဘဲ ဘုရားနှုတ်ကပတ်တော်တွင်လည်း အခြေပြုချက် မရှိချေ။ သို့ဖြစ်၍ ဤနည်းလမ်းများဖြင့် လူများကို ဆက်ဆံခြင်းနှင့် အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့သည် သိသာထင်ရှားစွာပင် သင့်တင့်လျောက်ပတ်ခြင်း မရှိပေ။ ပြီးလျှင် ဤအရာကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ပိုင်းခြားသိမြင်ခြင်း မရှိလျှင် ရှာဖွေတွေ့ရှိရန် အမှန်တကယ်ပင် လွယ်ကူခြင်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄))လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် ဝိညာဉ်ရင့်ကျက်မှု မရင့်သန်သေးပေ။ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ သို့မဟုတ် သဘာဝ အနှစ်သာရအားဖြင့် ဆိုးရွားခြင်း မရှိ၊ မလိုမုန်းထားခြင်း မရှိသော်လည်း အနည်းငယ် မသိနားမလည်ပေ၊ သို့မဟုတ် အစွမ်းအစနည်းကြသည်။ သို့မဟုတ် ၎င်းတို့သည် အကန့်အသတ်များစွာကို ခံရပြီး သမ္မာတရားကို နားမလည်ကြသေးပေ၊ အသက်ဝင်ရောက်မှု မရှိကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော် ဘုရားသခင်သည် လူများ၏အတိတ်မှ မိုက်မဲမှုများကို မစွဲလမ်းပေ။ ၎င်းတို့၏ စိတ်နှလုံးများကို သူကြည့်ရှုသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားဖို့ သန္နိဋ္ဌာန်ထားရှိလျှင် ၎င်းတို့ မှန်ကန်ပြီး ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည့်အခါ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ရရန် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေ၏။ ပြစ်မှားခြင်းတစ်ခုတည်းအတွက် ဘုရားသခင်က သူတို့ကို ပယ်ဖျက်ခြင်း မဟုတ်ပေ။ ယင်းက လူများ လုပ်ဆောင်လေ့ရှိသည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူများကို မည်သည့်အခါမျှ ထိုကဲ့သို့ မဆက်ဆံပေ။ ဘုရားသခင်သည် လူများကို ထိုနည်းလမ်းဖြင့် မဆက်ဆံလျှင် လူများသည် အခြားသူများကို အဘယ်ကြောင့် ထိုနည်းလမ်းဖြင့် ဆက်ဆံရသနည်း။ ဤအရာက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မပြသလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်ထုတ်ဖော်ချက်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆက်ဆံပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမျိုးမျိုးကိုျ စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤသမ္မာတရားများကို သင်နားလည်ရမည်။ ဤသမ္မာတရားများကို သင်နားလည်ပြီးသည်နှင့်၊ ထိုအခါတွင် အမှုအရာများကို သင် မည်သို့ တွေ့ကြုံခံစားဖို့ကိုလည်းကောင်း၊ လူတို့ကို စည်းမျဉ်းများနှင့်အညီ မည်သို့ ဆက်ဆံဖို့ကိုလည်းကောင်း သင် သိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ လူတစ်ဦးချင်းစီရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုက မတူဘူးဆိုတာရယ်၊ အချိန်အမျိုးမျိုးမှာရှိတဲ့ နောက်ကြောင်းရာဇဝင်တွေနဲ့ ပတ်ဝန်းကျင်တွေကလည်း မတူဘူးဆိုတာကို ကျွန်တော် သဘောပေါက်လာခဲ့တယ်။ သူတို့ရဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေကလည်း ဒီလိုပါပဲ။ သူတို့တွေအားလုံးက တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပြဿနာတွေ၊ လမ်းလွဲတာတွေ ရှိကြပေမဲ့ ဒီပြဿနာတွေရဲ့ သဘာဝက မတူဘူး။ တာဝန်ထမ်းဆောင်တာကို စပြီးလေ့ကျင့်ခါစပဲရှိသေးတဲ့သူတချို့အတွက်ကျတော့ အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေနဲ့ မရင်းနှီးသေးလို့ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒီလိုဟာမျိုးဆိုရင် ကျွန်တော်တို့က အကူအညီပေးပြီး ချစ်ခြင်းနဲ့ မိတ်သဟာယဖွဲ့သင့်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို သူတို့နားလည်အောင် လမ်းပြပေးသင့်တယ်။ ဒါဆိုရင် သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ လက်တွေ့လုပ်ဖို့ လမ်းကြောင်း ရှိနိုင်တယ်။ တခြားလူတွေကျတော့ သမ္မာတရားကို နားလည်ပေမဲ့ လက်တွေ့လုပ်ဖို့ ပျက်ကွက်ရင်၊ အသင်းတော်အလုပ်မှာ ဆက်တိုက်ကို ဝတ်ကျေတမ်းကျေလုပ်ပြီး နှောင့်ယှက်တဲ့အပြင် အဖျက်အမှောင့်လုပ်ရင် သူတို့က ပြုပြင်ခြင်းကို လိုအပ်တယ်။ သဘောသဘာဝက ပြင်းထန်ရင် သူတို့ကို စည်းမျဉ်းတွေနဲ့အညီ တာဝန်ပြောင်းပေးဖို့၊ ထုတ်ဖို့ လိုအပ်နိုင်တယ်။ ဘုရားအိမ်တော်မှာ လူတွေကို ဆက်ဆံဖို့အတွက် စည်းမျဉ်းတွေရှိတယ်။ ဒါက သူတို့ရဲ့ နောက်ကြောင်းရာဇဝင်တွေအပေါ် မူတည်ပြီးတော့ ခြုံငုံပြီး ကောက်ချက်ချလို့မရဘူး။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် ဆက်ဆံတဲ့အခါမှာ ကျွန်တော်က ခဏခဏပဲ စည်းမျဉ်းမရှိခဲ့ဘူး။ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် သူတို့ကို တစ်ဖက်သတ် ထင်မြင်ချက်တွေပေးပြီး အပြစ်ဖော်ဆုံးမတယ်။ ဒါက လုံးဝကို ယုတ္တိမတန်ပါဘူး။ အစ်မဆူဇန်းကို ပြန်သုံးသပ်ကြည့်တော့ သူက တစ်ဖနီပေါ်ကို တစ်ဖက်သတ်အမြင်စောင်းပေမဲ့ တစ်ဖနီက သူ့တာဝန်မှာ စည်းမျဉ်းတွေချိုးဖောက်တယ်ဆိုတဲ့ သူ့ရဲ့ တိုင်ကြားချက်က မှန်လား၊ မမှန်ဘူးလားဆိုတာကို ကျွန်တော် အရင် အတည်ပြုနိုင်ဖို့ စစ်ဆေးသင့်တယ်။ ကျွန်တော်က အခြေအနေကို နားမလည်ဘဲ ဇီဇာကြောင်တာသက်သက်ပဲလို့ ကိုင်တွယ်ခဲ့ရင် ဆူဇန်းကို မကူညီနိုင်ရုံမကဘဲ သူ့ကိုလည်း ထိခိုက်စေပြီး ဘောင်ခတ်ခံရသလို ခံစားရစေလိမ့်မယ်။ ဒီလိုပဲ။ အစ်မလော်နာက တာဝန်ထမ်းဆောင်တဲ့နေရာမှာ သူ့ထိရောက်မှုက နည်းပေမဲ့ ဒါက သူအစွမ်းအစနည်းလို့လား၊ သူ့တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဝတ်ကျေတမ်းကျေလုပ်ပြီး စိတ်မဝင်စားလို့လားဆိုတာကို ကျွန်တော် နားလည်ဖို့လိုခဲ့တယ်။ ကျွန်တော်က အရင်ဆုံး ရှင်းရှင်းလင်းလင်း နားလည်အောင်လုပ်ပြီး စည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ်ရမယ်။ အပေါ်ယံပုံပန်းတွေကိုပဲ အခြေခံ အကဲဖြတ်ပြီး ကောက်ချက်ချလိုက်တာက သူများတွေကို မကူညီနိုင်ရုံမကဘဲ သူတို့ကို ပိုပြီးတော့တောင် အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်အောင်လည်း လုပ်မိနိုင်တယ်။ အခု လူတွေကို ဆက်ဆံဖို့အတွက် စည်းမျဉ်းတချို့ကို ကျွန်တော် နားလည်တော့ နောင်မှာ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ညီအစ်ကိုမောင်နှမတွေကို ဆက်ဆံတာကို လက်တွေ့လုပ်ဖို့ လိုတယ်။

အခုရက်ပိုင်းမှာ ကျွန်တော်က ပြုပြင်တာတစ်ခုခုကို မကြုံရပေမဲ့ ဝင်နီရဲ့ ကျရှုံးမှုကို ပြန်သုံးသပ်ကြည့်တော့ သူများတွေကို ကျွန်တော် လက်လွတ်စပယ် အပြစ်ဖော်ဆုံးမတတ်တာကို သဘောပေါက်သွားတယ်။ ဒါဟာ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက အုပ်စိုးတာကို ခံရတာကြောင့် ဖြစ်တယ်ဆိုတာကို သဘောပေါက်သွားခဲ့ပြီး ညီအစ်ကိုမောင်နှမတွေကို ဆက်ဆံဖို့အတွက် စည်းမျဉ်းတွေကိုလည်း သိခဲ့ပြီး အကျိုးအမြတ်တချို့ ရခဲ့တယ်။ အခု နေ့စဉ် အခြေအနေတွေကနေ သမ္မာတရားကို ရှာပြီး သင်ခန်းစာယူတာက တကယ့်ကို မရှိမဖြစ်ဆိုတာကို ကျွန်တော် မြင်သွားတယ်။ ကျွန်တော် သဘောပေါက်သွားတာက သမ္မာတရားကို နားလည်ပြီး အသက်တာမှာ ကြီးထွားချင်ရင် ကျွန်တော်တို့က တစ်ခုခုကိုရဖို့ အကြီးစား ပြုပြင်တာ၊ စမ်းသပ်တာ၊ စစ်ဆေးတာတွေကို သေချာပေါက်စောင့်ဖို့ မလိုပါဘူး။ အဓိကအချက်က ကျွန်တော့်အနားက လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေနဲ့ အစပြုဖို့ပဲ။ ကျွန်တော်တို့ မြင်တာ၊ ကြားတာဖြစ်စေ၊ ကိုယ်တိုင်တွေ့ကြုံတာ ဖြစ်စေ အဲဒါတွေကို သမ္မာတရားရှာတဲ့ စိတ်နှလုံးနဲ့ လုပ်ဆောင်သင့်တယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာပြီး သမ္မာတရားနဲ့အညီ လူတွေ၊ အမှုအရာတွေကို ကြည့်ဖို့၊ ကျင့်ကြံပြုမူဖို့၊ လုပ်ဆောင်ဖို့ သင်ယူသင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့အသက်တာက ဆက်လက်ပြီး ကြီးထွားနိုင်ပါတယ်။

နောက်တစ်ခုသို့- ၃။ ကောင်းချီးများကို လိုက်စားခြင်းမှ နိုးထခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။