၁၇။ ကျွန်ုပ်တွင် သမ္မာတရားစစ်မှန်မှု ကင်းမဲ့သည်ကို ယခုမှသာ ကျွန်ုပ် သဘောပေါက်သည်

၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ကျွန်မရေးခဲ့တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးကို ဗီဒီယိုအနေနဲ့ ဖန်တီးပြီး အွန်လိုင်းမှာ တင်ထားတယ်။ ကျွန်မ အရမ်းအံ့ဩပြီး စိတ်လှုပ်ရှားခဲ့သလို၊ ကျွန်မနဲ့အတော်သိတဲ့ ညီအစ်မတစ်ယောက်ကို အဲဒီအကြောင်း အမြန်သွားပြောလိုက်တယ်။ ဒါက ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကြောင့်ဖြစ်တယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မကြွားသင့်ဘူးဆိုတာကို သိထားတော့ ဒါကို အဲဒီတုန်းက ကျယ်ကျယ်ပြန့်ပြန့် သိအောင်ကျွန်မ မလုပ်ခဲ့ဘူး။ လအတော်ကြာပြီးတဲ့နောက်မှာ၊ နောက်ထပ် ကျွန်မရေးတဲ့ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတွေကိုလည်း ဗီဒီယိုအနေနဲ့ ဖန်တီးပြီး တင်ထားကြတယ်။ ဒီတစ်ခါတော့ ကျွန်မရဲ့ စိတ်လှုပ်ရှားမှုကို လုံးဝမထိန်းနိုင်တော့ဘူး။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ့ရဲ့ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးသုံးခုက ဗီဒီယိုအနေနဲ့ ဖန်တီးဖို့ အရွေးခံရတယ်။ ဒါက ငါတို့အသင်းတော်မှာ ဘယ်သူမဆိုထက် အများဆုံးပဲ။ ဒါဟာ ငါ့မှာ တကယ့် အတွေ့အကြုံတစ်ခုခုရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသိရမယ်ဆိုတာ ငါသိပြီး၊ အတွေ့အကြုံ သက်သေခံချက် ဝေမျှနိုင်တယ်ဆိုတဲ့ သက်သေပဲ။ ကြည့်ရတာ ငါက ကယ်တင်ခြင်းရဖို့ သိပ်မဝေးတဲ့ပုံပဲ”ပေါ့။ အဲဒီတုန်းက၊ ညီအစ်မတချို့နဲ့ ကျွန်မ အတူစုဝေးဖို့ ဖြစ်လာခဲ့ပြီး၊ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “ငါ့ရဲ့ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတွေက ဗီဒီယိုအနေနဲ့ ရိုက်ပြီး အွန်လိုင်းမှာ တင်ထားတာ သူတို့သိရင်၊ ငါ့ကို သေချာပေါက် အားကျပြီး အထင်ကြီးကြမှာပဲ။ ငါက သမ္မာတရားလိုက်စားပြီး အသက်ဝင်ရောက်မှုရှိတဲ့သူတစ်ယောက်လို့ ထင်ကြမှာပဲ”ပေါ့။ အစောပိုင်း နှစ်ရက်က ညီမရှောင်ရှောင်က သူ့အခြေအနေအကြောင်း ပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ သူ့စိတ်နှလုံးမှာ၊ သူ့အလုပ်ကို ကြီးကြပ်ပြီး စစ်ဆေးနေတဲ့သူအပေါ် ဆန့်ကျင်စိတ်ဖြစ်ခဲ့ပြီး၊ အဲဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမှန်း သူ မသိခဲ့ဘူးတဲ့။ ဒီတော့ ကျွန်မပြောလိုက်တယ်။ “ကျွန်မရေးခဲ့တဲ့ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးမှာ ရှောင်ရှောင်နဲ့တူတဲ့ အခြေအနေကို ဆွေးနွေးထားတယ်။ အဲဒါက ကျွန်မတာဝန်ကို လုပ်နေတုန်း ခေါင်းဆောင်ရဲ့ ကြီးကြပ်မှုကို လက်ခံဖို့ မလိုလားတဲ့အကြောင်းပါ။ ဒါကို ကျွန်မတို့အတူ တစ်ချက်ကြည့်လို့ရတယ်”လို့ပေါ့။ နောက်တော့ ကျွန်မက ညီအစ်ကို မောင်နှမတွေဆီ အဲဒီဗီဒီယိုပို့ပြီး ဒီအတွေ့အကြုံမှာ ကျွန်မက ကျွန်မအခြေအနေကို ပစ်မှတ်ထားပြီး ပိုင်းခြားစိစစ်ပြီးတော့ သိမြင်နိုင်ခဲ့ပုံကို အသေးစိတ် စိစစ်ခဲ့တယ်။ ရှောင်ရှောင်က ဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာ၊ သူ့မျက်နှာအမူအရာက အားကျတဲ့ပုံပေါ်နေတယ်။ လီကျီဆိုတဲ့ နောက်ထပ်ညီအစ်မတစ်ယောက်က ပြောတယ်။ “ဖောက်ပြန်ပျက်စီးတဲ့ ကျွန်မရဲ့ ထုတ်ဖော်ပြမှုကို ထိန်းချုပ်ပြီး၊ အစ်မလို ကိုယ့်ကိုယ်ကို ဘယ်လို သုံးသပ်ပြီး သိရမယ်၊ အဲဒါတွေကို ဖြေရှင်းဖို့ ဆီလျော်တဲ့ သမ္မာတရားတွေ ဘယ်လိုရှာရမယ်ဆိုတာ ကျွန်မမသ်ဘူး။ ကျွန်မအခြေအနေကို အကြမ်းဖျင်းပဲ နားလည်တယ်။ အခု၊ ဒီလို မိတ်သဟာယပြုလိုက်တော့၊ အသက်ဝင်ရောက်မှု လမ်းကြောင်းအကြောင်းကို နည်းနည်း နားလည်လာတယ်။ ကျွန်မ တကယ် အရမ်းချို့တဲ့တာပဲ”တဲ့။ ကျွန်မ အရမ်းဝမ်းသာသွားပြီး ကိုယ့်ဘာသာ တွေးမိတယ်။ “သမ္မာတရားကို ငါ တကယ် နားလည်ပြီး၊ အသက်ဝင်ရောက်မှု ရှိသလို၊ နင်တို့ရဲ့ အခြေအနေတွေကိုလည်း ဖြေရှင်းပေးနိုင်တယ်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအကြောင်းလည်း ပြောနိုင်တယ်”ပေါ့။ ကျွန်မက တခြားလူအားလုံးထက် ပိုတော်တယ်လို့ တွေးပြီး ယုံကြည်စိတ်ချမှုအပြည့် ရှိခဲ့တယ်။ အရင်က လီကျီဟာ အပျက်သဘော အခြေအနေမှာ အသက်ရှင်နေခဲ့သလို၊ ထွက်လာပြီး မစုဝေးချင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မ သူ့ကို တမင်ရည်ရွယ်ပြီး မေးလိုက်တယ်။ “လာမဲ့ စုဝေးပွဲမှာ နင် ပါဝင်ချင်စိတ်ရှိရဲ့လား”ပေါ့။ လီကျီက ဝမ်းမြောက်ဝမ်းသာနဲ့ ပြန်ပြောတယ်။ “ပါဝင်ချင်ပါတယ်။ အစ်မရှိနေသရွေ့ ကျွန်မ ပါဝင်မယ်။ အရင်တုန်းက အသက်ဝင်ရောက်မှုကို ဘယ်လို အာရုံစိုက်ရမယ်မှန်း ကျွန်မ မသိခဲ့ဘူး၊ အခု ကျွန်မ နည်းနည်းနားလည်သွားပြီ။ စုဝေးပွဲတက်တာ အရမ်းအကျိုးရှိတယ်”တဲ့။ လီကျီရဲ့ စိတ်ကျေနပ်တဲ့ မျက်နှာအမူအရာကိုမြင်တော့၊ ကျွန်မ ကြီးမားတဲ့ အောင်မြင်မှုကို ခံစားရပြီး၊ ကျွန်မက အရမ်းတော်တဲ့ ခေါင်းဆောင်ပဲလို့ တွေးမိတယ်။ အလုပ်နဲ့ဆက်စပ်တဲ့ ပြဿနာတွေကို ကျွန်မ ဖြေရှင်းပေးနိုင်ရုံမက၊ ညီအစ်ကို မောင်နှမတွေကိုလည်း အသက်ဝင်ရောက်မှု လိုက်စားဖို့ ဦးဆောင်နိုင်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ၊ ကိုယ့်ကိုယ်ကို လေးစားတဲ့ အခြေအနေမှာ ကျွန်မ မကြာခဏ အသက်ရှင်ခဲ့တယ်။ ကျွန်မက အံ့ဩစရာပဲလို့ ကျွန်မ တွေးခဲ့ပြီး၊ ဘယ်နေရာကိုပဲ သွားပါစေ၊ ကျွန်မက အတွေ့အကြုံအရှိဆုံး၊ အသက်ဝင်ရောက်မှု အရှိဆုံးနဲ့ သမ္မာတရား စစ်မှန်မှုအရှိဆုံး လူပဲလို့ အမြဲတွေးခဲ့တယ်။

စုဝေးပွဲတစ်ခုမှာ၊ အစ်မ ရိယန်က ကျွန်မ အလုပ်လုပ်ခဲ့ပုံကို ဝေမျှခိုင်းတယ်။ ဒါကိုကြားတော့ ကျွန်မ နည်းနည်း ဝမ်းမသာပဲ မနေနိုင်ဘူး။ ကိုယ့်ဘာသာ တွေးမိတယ်။ “နင်တို့အားလုံး ဘယ်လို အလုပ်လုပ်ရမယ်မှန်း မသိတာ ငါ သိတာပေါ့။ ခဏပဲစောင့်၊ ငါ့အလုပ်ကို ဘယ်လိုလုပ်တယ်ဆိုတာ အားလုံး ငါ ပြောပြပြီး၊ ငါ့မှာ အလုပ်လုပ်နိုင်စွမ်းတွေရှိတယ်ဆိုတာကို ပြမယ်”ပေါ့။ အစမှာတော့၊ ကျွန်မ ရိုးရိုးယဉ်ယဉ်နဲ့ ပြောတယ်။ “ကျွန်မဒီတာဝန်ကို စလုပ်တော့၊ ဘယ်လိုအလုပ်လုပ်ရမယ်မှန်း ကျွန်မလည်း မသိခဲ့သလို၊ ကျွန်မ ဦးစားပေးတာတွေကို ဘယ်လို စီစဉ်ရမှန်း မသိခဲ့ဘူး”ပေါ့။ ဆက်ပြီး၊ ကျွန်မ အလုပ်လုပ်ခဲ့ပုံနဲ့ပတ်သက်လို့ စကားတွေ တောင်စဉ်ရေမရ ပြောလိုက်မိတယ်။ ကျွန်မရဲ့ မိတ်သဟာယကို ညီအစ်ကို မောင်နှမတွေအားလုံးက ဝီရိယရှိရှိ နားထောင်နေကြပြီး ကျွန်မကို အားကျတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာ မြင်ရတယ်။ ကျွန်မရဲ့ မိတ်သဟာယက အတော်လေးကောင်းတယ်လို့ တွေးပြီး အရမ်း ဝမ်းသာမိခဲ့တယ်။ နောက်တော့၊ တခြားအဖွဲ့ရဲ့ စုဝေးပွဲကို ကျွန်မ သွားတယ်။ ကျွန်မ မိတ်သဟာယပြုနေတုန်းမှာ၊ တွေးဆနေမိတယ်။ “ငါ့မှာ အလုပ်လုပ်နိုင်တဲ့ အစွမ်းအစတွေရှိမှန်း ညီအစ်ကို မောင်နှမတွေက မြင်အောင် ငါ ဘယ်လို မိတ်သဟာပြုလို့ရမလဲ”ပေါ့။ ကျွန်မ ကြီးကြပ်တဲ့ ဧဝံဂေလိအလုပ်က ရလဒ်တချို့ ဖြစ်ပေါ်တာကို တွေးမိလို့၊ ဒီဧဝံဂေလိအလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့ပုံကို အလေးပေးပြောလိုက်တယ်။ ကျွန်မ ပြောလိုက်တယ်။ “ပထမဆုံး၊ ကိုယ့်ရဲ့ ဝန်ထမ်းရေးရာကို မှန်မှန်ကန်ကန် စီစဉ်ရမယ်။ ညီအစ်ကို မောင်နှမတွေရဲ့ မတူတဲ့ အစွမ်းအစနဲ့ အထူးပြုချက်တွေအတိုင်း တာဝန်တွေကို ကျွန်မ စီစဉ်ခဲ့တယ်။ ပြီးတော့၊ ဧဝံဂေလိ ဖြန့်တဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေနဲ့ ပြဿနာတွေကို ဖြေရှင်းပေးတာကို ကျွန်မ အတော်အတန် အာရုံစိုက်ခဲ့တယ်။ ဧဝံဂေလိအလုပ်ကို စိတ်နစ်လိုက်တဲ့အခါ၊ လတိုင်း လူအတော်များများ တိုးလာခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကိုချီးမွမ်းကြတယ်။ ကျွန်မမှာ မြင့်မားတဲ့ အစွမ်းအစရှိပြီး အလုပ်လုပ်နိုင်စွမ်းတွေ ရှိတယ်လို့ ပြောကြတယ်” ဆိုပြီးတော့ပေါ့။ သူတို့အားလုံး စူးစူးစိုက်စိုက် နားထောင်နေကြတာကို မြင်ရတော့၊ ကျွန်မ ဝမ်းသာပေမဲ့ နောင်တလည်းရမိတယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက၊ ကျွန်မရဲ့ မိတ်သဟာယကို နားထောင်တာ လူသုံးယောက်ပဲရှိခဲ့လို့ပဲ။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေအကြောင်းကို နားထောင်ပြီး သိတဲ့လူတွေ ပိုများနိုင်မယ်ဆိုရင် ကောင်းမှာပဲ”ပေါ့။ စုဝေးပွဲပြီးသွားတော့၊ ကျွန်မရဲ့ စိတ်နှလုံးက နေမထိထိုင်မသာဖြစ်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံနေမိတယ်ဆိုတဲ့ ခံစားချက်ရေးရေးတစ်ခု ရှိခဲ့တယ်။ ဒါပေမဲ့ ဒါကို ကျွန်မ ပြန်စဉ်းစားပြီး၊ ဒါက ကျွန်မရဲ့ အတွေ့အကြုံသာဖြစ်သလို ကျွန်မပြောသမျှက အမှန်တရားဖြစ်တယ်လို့ တွေးလိုက်တယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ချီးမြောက်ပြီး သက်သေခံတဲ့ သဘောမသက်ရောက်ဘူး။ ကိုယ့်ပျော်ရွှင်မှုထဲမှာ ကျွန်မ အူမြူးနေတုန်းမှာပဲ၊ ရုတ်တရက် ညီအစ်မတစ်ယောက်ရဲ့ စာကို ရတယ်။ သူ့စာထဲမှာ ကျွန်မရဲ့ ပြဿနာကို ထောက်ပြပြီး ဖော်ထုတ်ထားတယ်။ “အစ်မ စုဝေးပွဲမှာ မိတ်သဟာယပြုတဲ့အခါ၊ အစ်မအလုပ်လုပ်ပုံ၊ နောက်ဆုံး ဘာရလဒ်တွေ ရတယ်၊ တခြားလူတွေ အစ်မကို အထင်ကြီးပုံတွေအကြောင်းပြောပြီး ကိုယ့်ကိုယ်ကိုယ် ကြွားတယ်။ ဒါတွေကို အစ်မက အရမ်းအသေးစိတ် ဆွေးနွေးပေမဲ့၊ ဘုရားသခင်အတွက် အစ်မ ဘယ်လို သက်သေခံခဲ့တယ်ဆိုတာကို ဘာမှကျွန်မ မကြားရဘူး။ အစ်မရဲ့ မိတ်သဟာယကို နားထောင်တော့၊ ကျွန်မလည်း အစ်မကို အရမ်းအထင်ကြီးခဲ့ပြီး၊ အစ်မက အရမ်းငယ်သေးပေမဲ့ အလုပ်မှာ အရမ်းတော်ပြီး သမ္မာတရား လိုက်စားတယ်လို့ တွေးခဲ့တယ်။ အဲဒီလိုနဲ့ပဲ၊ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ အစ်မရဲ့ နေရာကို အစ်မတည်ဆောက်ခဲ့သလို တခြား ညီအစ်ကို မောင်နှမတွေကလည်း အစ်မကို အတော်လေး အထင်ကြီးခဲ့ကြတယ်။ အစ်မက လူတိုင်းကို အစ်မရှေ့ ပို့ပြီး၊ အစ်မကို အထင်ကြီး၊ ကိုးကွယ်အောင် လုပ်ခဲ့တယ်။ ဒီလို ဆက်လုပ်နေတာက အန္တရာယ်များတယ်။ အန္တိခရစ်တွေရဲ့ လမ်းကြောင်းပဲ”တဲ့။ အဲဒီစာကို ဖတ်တော့၊ ကျွန်မ ဆိုးဆိုးရွားရွား ခံစားလိုက်ရတယ်။ ဒါပေမဲ့ မှားတဲ့လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့တာကိုပဲ ဝန်ခံပြီး ကိုယ့်ကိုယ်ကိုယ် ကျွန်မ လုံးဝ မသုံးသပ်ခဲ့ဘူး။

နောက်ပိုင်းမှာ၊ ကျွန်မစိတ်နှလုံးထဲ ကြီးမားတဲ့ အမှောင်တစ်ခု ခံစားရတယ်။ ကျွန်မအပေါ် တစ်ခုခုဖြစ်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ကို အာရုံမစိုက်ခဲ့ဘူး။ ကျွန်မ အကြိုက်မဟုတ်တဲ့အရာတစ်ခု မြင်တဲ့အခါ၊ ကိုယ့်စိတ်ကို မချုပ်ထိန်းနိုင်ခဲ့ဘူး။ ကိစ္စအားလုံးမှာ ကျွန်မမှန်တယ်၊ ညီအစ်ကို မောင်နှမတွေ မှားတယ်လို့ တွေးခဲ့တယ်။ ဥပမာအနေနဲ့၊ ကျွန်မကြီးကြပ်တဲ့ အလုပ်က ရလဒ်တွေ မကောင်းတဲ့အခါ၊ တကယ့်အလုပ်ကို ကျွန်မ လုပ်ဆောင်ခြင်းရှိမရှိဆိုတာကို မသုံးသပ်ခဲ့ဘဲ၊ အဲဒီအစား တာဝန်ကို ညီအစ်ကို မောင်နှမတွေအပေါ် ထားလိုက်တယ်။ ဒီလို ရလဒ်မရှိဖြစ်လာတာက ညီအစ်ကို မောင်နှမတွေရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့်ပဲလို့ ပြောလိုက်တယ်။ ကျွန်မ ရွေးချယ်ခဲ့တဲ့ လူတွေကလည်း မသင့်တော်ကြသလို၊ ကျွန်မနဲ့တွဲလုပ်ခဲ့ရတဲ့ ညီအစ်မက စည်းမျဉ်းတွေအတိုင်း လူတွေကို ရွေးဖို့ သတိပေးခဲ့တယ်။ ဒါကို ကျွန်မ ဆန့်ကျင်ပြီး စိတ်နှလုံးထဲမှာ လက်မခံခဲ့ဘူး။ ကျွန်မမှာ ညံ့ဖျင်းတဲ့ အလုပ်စွမ်းဆောင်ရည်တွေရှိပြီး တကယ့်အလုပ်ကိုမလုပ်နိုင်ဘူးလို့ပြောပြီး ကျွန်မ အပျက်သဘောဆောင်၊ ရန်လိုခဲ့တယ်။ ဧဝံဂေလိအလုပ်ကို ညီအစ်မ ရန်တင်းနဲ့ ကျွန်မ ဆန်းစစ်ကြည့်တော့၊ တိုးတက်မှု မရှိခဲ့တာကို တွေ့ရပြီး၊ အကြောင်းပြချက်မရှိဘဲနဲ့ သူ့ကို ကျွန်မက တာဝန်ခံတာမရှိဘူး၊ တကယ့်အလုပ် မလုပ်ဘူးလို့ ပြောပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒါက ရန်တင်းကို တော်တော်လေး ထိခိုက်ခဲ့တယ်။ ကျွန်မက မကောင်းတဲ့အခြေအနေမှာ ရှိမှန်း ကျွန်မသိလာခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိမှန်း ခံစားခဲ့ရတယ်။ ကျွန်မအပေါ် ဖြစ်တဲ့ ဒီကိစ္စတွေအားလုံးမှာ၊ ကိုယ့်ကိုယ်ကိုယ် သိဖို့ ကျွန်မ တစ်ခါမှ မကြိုးစားခဲ့သလို၊ စည်းမျဉ်းတွေမရှိဘဲလည်း ပြုမူခဲ့တယ်။ ညီအစ်ကို မောင်နှမတွေဆီ ကျွန်မ ယူဆောင်လာတာက ဖိအားနဲ့ ထိခိုက်နစ်နာမှုတွေပါပဲ။ ဒါကို တွေးမိတော့ ကျွန်မ ဆိုးဆိုးရွားရွား ခံစားရတယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကျွန်မလိုက်စားပြီး၊ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ချီးမြှောက်၊ သက်သေခံခဲ့တယ်။ ကျွန်မအပေါ် တစ်ခုခုဖြစ်တဲ့အခါ၊ သမ္မာတရားကို လက်မခံခဲ့သလို၊ ဘယ်သူကိုမျှ အကျိုးမဖြစ်စေခဲ့ဘူး။ သိပ်မကြာခင်မှာ ကျွန်မ လူစားထိုးခံလိုက်ရတယ်။ ဒီအချိန်မှာ ကပ်ဘေးက ဖြစ်တော့မယ်လို့ ကျွန်မ ခံစားနေရတယ်။ ကျွန်မစိတ်နှလုံးမှာ၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက ကျွန်မအပေါ် ရောက်လာတယ်လို့ သိပ်ကို ကောင်းကောင်း သိခဲ့တယ်။ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်သလို၊ အချိန်မီ နောင်တမရခဲ့တာကို နောင်တရမိတယ်။ စိတ်နှလုံးမှာ ဘုရားဆီ တိတ်တိတ်လေး ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင်။ ကျွန်မတာဝန်ကို လုပ်နေတုန်း ကိုယ့်ကိုယ်ကိုယ် ချီးမြှောက် သက်သေခံခဲ့ပြီး ကျွန်မ လူစားလဲခံခဲ့ရပါတယ်။ ဒါဟာ ကျွန်မကို ကိုယ်တော် ချစ်ပြီး ကာကွယ်တဲ့နည်းလမ်းဖြစ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဘုရားသခင်။ ကျွန်မကို ဉာဏ်အလင်းပေးပါ၊ လမ်းပြပါ၊ ကိုယ့်ကိုယ်ကိုယ် သိအောင်မစတော်မူပါ”လို့ပေါ့။

ဒါပြီးတော့၊ ညီအစ်ကို မောင်နှမတွေ ထောက်ပြခဲ့တဲ့ ကိစ္စတွေပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့ သုံးသပ်၊ ကြိုးစားခဲ့သလို၊ ဝိညာဉ်ရေးရာဝတ်ပြုဆုတောင်းရာမှာ ဒီဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရတယ်။ “မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်း— ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ပြီး သက်သေခံသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ မည်သည့်အဖိုးအခကို ပေးဆပ်ပြီးဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ ၎င်းတို့သည် မိမိတို့၏ အရင်းအနှီးများအကြောင်း ပြောခြင်းအားဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကြသည်။ ယင်းက လူတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ပိုမိုမြင့်မားသော၊ ခိုင်မြဲသော၊ လုံခြုံသောနေရာတို့ကို ပေးလေသည်။ ဤသို့ဖြင့် သာ၍များသော လူတို့သည် ၎င်းတို့အား တန်ဖိုးထားကြရန်၊ အထင်ကြီးကြရန်၊ လေးစားကြရန်၊ ထို့အပြင် ကိုးကွယ်ရန်၊ ကိုးစားရန်နှင့် ၎င်းတို့နောက်သို့ လိုက်လျှောက်ရန်အတွက် ဖြစ်သည်။ ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားပြီး အရှက်မရှိကြချေ။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီးဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များ၊ အတွေ့အကြုံ၊ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသဖြင့်တို့ကိုပင် ၎င်းတို့က ကြွားလုံးထုတ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကိုယ် မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ၊ ၎င်းတို့၏ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ အခြေအနေမှန်ကို ဖုံးကွယ်ကြပြီး မိမိကိုယ်ကို ပြရုပ်တင်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ၊ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှ မြင့်မားသည်၊ ၎င်းတို့သည် မည်မျှ ထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။ မိမိကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ၊ မည်သည့် စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်းဖြစ်သည်။ ဤသည်မှာ ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ စကားများသည် လုံးလုံး ကောင်းမွန်ပြည့်စုံပြီး ၎င်းတို့၏စကားများသည် ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေပြီး မိမိတို့ကိုယ်ကို ကြွားဝါနေသည့်တိုင် ၎င်းတို့သည် ဤအချက်ကို ဖုံးကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်ကို လျှို့ဝှက်သော နည်းလမ်းများမှတစ်ဆင့် စွမ်းဆောင်ရရှိထားခြင်းဖြစ်သည် မဟုတ်သလော။ ထိုသို့သောနည်းလမ်းများ၏ နောက်ကွယ်တွင်မည်သည့် စိတ်သဘောထား ရှိသနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ အရိပ်အယောင် တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းတို့ အသုံးပြုသည့် ဤနည်းလမ်းများသည် လှည့်စားတတ်သော စိတ်သဘောထား တစ်ခုအားဖြင့် လမ်းညွှန်ခြင်းခံရသည်ကို တွေ့မြင်နိုင်သည်။ ဤသို့ဆိုလျှင် ယင်းက ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါအဘယ့်ကြောင့် ပြောသနည်း။ ဤသည်က ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် မည်သည့် ဆက်သွယ်မှု ရှိသနည်း။ သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုနိုင်သလော။ ၎င်းတို့ မပြောဆိုနိုင်ကြပေ။ ၎င်းတို့၏စိတ်နှလုံးများ၏ နက်ရှိုင်းရာတွင် လိုအင်ဆန္ဒတစ်ခု အစဉ်ရှိပြီး ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သည့်အရာသည် ထိုလိုအင်ဆန္ဒကို ထောက်ကူနေသောကြောင့်၊ ၎င်းတို့ပြောသည့် အရာနှင့် လုပ်ဆောင်သည့်အရာနှင့်သက်ဆိုင်သည့် ရည်မှန်းချက်များနှင့် ကြံရွယ်ချက်များကို အလွန်လျှို့ဝှက်ထားသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဤရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ မှားယွင်းသော လမ်းညွှန်ချက်များ သို့မဟုတ် ကလိမ်ကကျစ် နည်းဗျူဟာများကို အသုံးပြုလိမ့်မည်။ ထိုသို့သော သိုဝှက်ခြင်းသည် သဘာဝအားဖြင့် စဉ်းလဲသည် မဟုတ်လော။ ပြီးလျှင် ထိုသို့သော စဉ်းလဲခြင်းကို ကောက်ကျစ်ဆိုးယုတ်ခြင်းဟု မခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) ယင်းကို အမှန်ပင် ကောက်ကျစ်စဉ်းလဲခြင်းဟု ခေါ်နိုင်ပြီး၊ ယင်းက လှည့်စားတတ်ခြင်းထက် သာ၍ ပြင်းထန်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်တွေက ချက်ကောင်းထိပြီး၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်၊ သက်သေခံရာမှာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေကို ဖော်ထုတ်ပေးခဲ့တယ်။ အဲဒါတွေအားလုံးက ကျွန်မတို့ကို လူတွေ အထင်ကြီး၊ ကိုးကွယ်စေဖို့နဲ့ သူတို့ စိတ်နှလုံးမှာ နေရာတစ်ခု ရှိအောင်လုပ်တာပါ။ ပြန်တွေးကြည့်တော့၊ ကိုယ့်ကိုယ်ကိုယ် ကျွန်မ ချီးမြှောက်၊ ကြွားဝါတာက လူတွေ ကျွန်မကို အထင်ကြီးပြီး လေးစားအောင် လုပ်တာပါပဲ။ ကျွန်မရဲ့ ဆောင်းပါးတွေကို ဗီဒီယိုတွေအနေနဲ့ ဖန်တီးပြီး အွန်လိုင်းမှာ တင်ထားတာကို တွေ့ရတော့၊ ကျွန်မအပေါ် အမှုပြုရာကနေ ဘုရားသခင် စွမ်းဆောင်ရရှိခဲ့တဲ့ ရလဒ်တွေကို သက်သေမခံခဲ့ဘဲ၊ အဲဒါတွေကို ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ဖို့နဲ့ တခြားလူတွေ ကိုယ့်ကို အထင်ကြီးစေဖို့ အရင်းအနီးအနေနဲ့ သုံးနေခဲ့တယ်။ အဲဒီစုဝေးပွဲအတောအတွင်းမှာ၊ ရှောင်ရှောင်ရဲ့ အခြေအနေက ကျွန်မရဲ့ အတွေ့အကြုံနဲ့ တူနေတာကို ကြားတော့၊ သူ သမ္မာတရားကို နားလည်ပြီး သူ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သိဖို့ ကြိုးစားအောင် ကူညီဖို့ ကျွန်မရဲ့ကိုယ်ပိုင် အတွေ့အကြုံပေါ် အခြေခံပြီး ဘုရားနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ ကျွန်မရဲ့ အသိပညာကို မိတ်သဟာယမပြုခဲ့ဘူး။ အဲဒီအစား၊ ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ခဲ့ပြီး၊ ကျွန်မက အစွမ်းအစကောင်းရှိပြီး အသက်ဝင်ရောက်မှုရှိသလို၊ သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ညီအစ်ကို မောင်နှမတွေကို ပိုပြနိုင်အောင်လို့ ကျွန်မရဲ့ ဆောင်ပါးတွေကို အရမ်းကို အသေးစိတ်ကျကျ တမင်တကာ စိစစ်ခဲ့တယ်။ အဲဒီအခါ သူတို့က ကျွန်မကို အထင်ကြီးပြီး ကိုးကွယ်ကြမှာလေ။ အထူးသဖြင့် ညီအစ်မ ရိယန်က ကျွန်မ ဘယ်လို အလုပ်လုပ်ခဲ့တယ်ဆိုတာ မေးတဲ့အချိန်မှာ အလုပ်နဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို ဘယ်လို ကျွမ်းကျင်ပိုင်နိုင်ရမယ်ဆိုတာကို ကျွန်မ မိတ်သဟာယမပြုဘဲ၊ အဲဒီအစား အလုပ်ကို စီစဉ်ရာမှာ ကျွန်မ ဘယ်လိုတော်ကြောင်းကိုပဲ ထပ်ခါထပ်ခါ ပြောခဲ့တယ်။ အဲဒါမှ လူတိုင်းက ကျွန်မမှာ အလုပ်လုပ်နိုင်တဲ့ အစွမ်းအစတွေရှိတယ်လို့ ထင်ပြီး ကျွန်မကို အထင်ကြီး၊ ကိုးကွယ်ကြမှာလေ။ တခြားအဖွဲ့တွေဆီ သွားစုဝေးတဲ့အခါ၊ ကျွန်မ အဲဒီအတိုင်းလုပ်ခဲ့တယ်။ မိတ်သဟာယပြုတဲ့အချိန်မှာ၊ သူတို့ ထင်မြင်ချက်ကောင်းအောင်လို့ ကိုယ့်ကိုယ်ကိုယ် ကြွားဖို့နဲ့ ကျွန်မက သာမန်မဟုတ်ဘူးဆိုတာကို ပြဖို့ ကျွန်မရဲ့ အအောင်မြင်ဆုံး အတွေ့အကြုံကို အထူးသဖြင့် ရွေးချယ်ခဲ့တယ်။ တကယ်တော့၊ ကျွန်မတာဝန်ကို စလုပ်ခဲ့ချိန်တုန်းက၊ ကျွန်မနားမလည်တာတွေ အများကြီးရှိခဲ့ပြီး၊ ကျရှုံးမှု အတော်များများကို တွေ့ကြုံခဲ့ရတာပါ။ ကျွန်မကို စည်းမျဉ်းတချို့ သဘောပေါက်နိုင်စေခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ မိတ်သဟာယနဲ့ အကူအညီတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေ၊ ကျွန်မ ချို့တဲ့နေတဲ့အရာတွေအကြောင်းကို ကျွန်မ မပြောခဲ့ဘဲ၊ ကျွန်မက အစွမ်းအစကောင်းရှိတယ်၊ သမ္မာတရား လိုက်စားတယ်၊ အလုပ်လုပ်နိုင်တဲ့ အစွမ်းအစတွေရှိတယ်၊ ပါရမီရှိတယ်နဲ့ လူတိုင်းက ကျွန်မကို သိမြင်နားလည်မှုအသစ်နဲ့ ကြည့်သင့်တယ်ဆိုတာကို ပြဖို့ အထူးသဖြင့် ကျွန်မရဲ့ အတောက်ပဆုံးနဲ့ အလင်းလက်ဆုံး ဖက်ခြမ်းကိုပဲ ပြခဲ့တယ်။ စုဝေးပွဲတွေအတောအတွင်း မိတ်သဟာယပြုရာမှာ ကျွန်မရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကိုယ် ကြွားဖို့၊ လူတွေ ကျွန်မကို အထင်ကြီးပြီး လေးစားအောင်လို့ ကျွန်မ ဘယ်လို တွေ့ကြုံပြီး အလုပ်လုပ်ရမယ်ဆိုတာ သိတယ်ဆိုတာကို ပြသဖို့ဖြစ်ပါတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သက်သေခံနေခဲ့တာ၊ ကိုယ့်ကိုယ်ကိုယ်ကြွားပြီး တခြားလူတွေကို အထင်အမြင်မှားစေခဲ့တာပဲ။ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို မိတ်သဟာယပြုရာမှာ၊ ကျွန်မ တကယ်ကို အရမ်းစက်ဆုပ်စရာဖြစ်ပြီး ဆိုးယုတ်ခဲ့တယ်။ ဘုရားရွေးချယ်ထားသူတွေ လိုက်နာရမဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဆယ်ခုမှာ ပြောထားတဲ့အရာကို ကျွန်မ တွေးမိတယ်။ “၁။ လူသားသည် မိမိကိုယ်ကို မကြီးမြတ်စေသင့်သကဲ့သို့ မိမိကိုယ်ကို မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ပြီးတော့၊ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောသူတိုင်းသည် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည်၊ အချိန်ပြည့် မိမိတို့ကိုယ်ကို အားပေးအားမြှောက်ပြုကာ ကြွားဝါကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ လုံးဝ ဂရုမစိုက်ကြချေ။ ငါ ပြောဆိုနေသည့် ဤအရာများကို သင်တို့ တွေ့ကြုံပြီးပြီလော။ လူများစွာတို့သည် ဤအရာ၊ ထိုအရာကို ၎င်းတို့ မည်မျှ ဒုက္ခခံရကြောင်း၊ ၎င်းတို့ မည်သို့ အလုပ်လုပ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ တန်ဖိုးထားကာ ထိုသို့သော အလုပ်အချို့ကို ပေးအပ်ကြောင်းနှင့် ၎င်းတို့ မည်သည့်အရာနှင့်တူသည်ဟူသည်တို့ကို ပြောဆိုရင်း နောက်ဆုံးတွင် လူအချို့က ၎င်းတို့မှာ ဘုရားသခင်ဖြစ်သည်ဟု စတင်တွေးထင်လာနိုင်မည့်အထိတိုင် စကားပြောစဉ်တွင် ထူးခြားသော အသံနေအသံထားများကို တမင် အသုံးပြုကာ ဟန်ပန်အမူအရာအချို့ကို ဟန်ဆောင်လုပ်ပြလျက် မိမိတို့ကိုယ်ကို တစိုက်မတ်မတ် သက်သေခံကြသည်။ ဤအဆင့်ထိ ရောက်ရှိသောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က အချိန်ကြာမြင့်စွာကတည်းက စွန့်ပစ်ပြီးဖြစ်ကာ ၎င်းတို့သည် ရှင်းလင်းခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်း ခံရမည့်အစား ယခုထိတိုင် အစေခံမှုပြုရန် ချန်ထားခြင်းခံရသော်ငြားလည်း ၎င်းတို့၏ ကံကြမ္မာသည် သတ်မှတ်ထားနှင့်ပြီးဖြစ်ကာ ၎င်းတို့၏ အပြစ်ဒဏ်အတွက် ၎င်းတို့ စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မပုန်ကန်မပြစ်မှားရဘူးလို့ ခံစားမိတယ်။ ဘုရား အစက်ဆုပ်ဆုံးက လူတွေ သူတို့ကိုယ်သူတို့ ချီးမြှောက်ပြီး ကြွားတာပဲ။ အဲဒီလိုလုပ်တဲ့လူတွေက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို အလွယ်တကူ ဆုံးရှုံးနိုင်တယ်။ သူတို့ နောင်တမရရင်၊ အဆုံးမှာ အပြစ်ဒဏ်ခံရမှာ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့၊ နောက်ဆုံးမှာ ကျွန်မ အသိတရားရသွားတယ်။ ဒီတစ်ချိန်လုံး၊ ကျွန်မကို လူတွေ အထင်ကြီးအောင်၊ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါး အနည်းအကျဉ်းကို ကျွန်မ ရေးခဲ့မှန်း လူတွေသိအောင်လုပ်ဖို့ ကျွန်မ စိတ်ထက်သန်ခဲ့ပုံကို ပြန်တွေးမိတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုကို နေရာတကာ ကျွန်မ ဖြန့်တဲ့ ကျွန်မရဲ့ကိုယ်ပိုင် ကြီးမားတဲ့ အောင်မြင်မှုအဖြစ် ကျွန်မ ပြောင်းလိုက်တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးနေတာဖြစ်စေ၊ အလုပ် ဆွေးနွေးနေတာဖြစ်စေ၊ တစ်ယောက်ယောက်ကို ကျွန်မတွေ့တိုင်း၊ သူတို့ ကျွန်မကို အထင်ကြီးပြီး ကိုးကွယ်တဲ့ အကျိုးဆက်ဖြစ်အောင် ကျွန်မက အစွမ်းအစကောင်းရှိတယ်၊ အလုပ်လုပ်နိုင်စွမ်းတွေရှိပြီး သမ္မာတရားကို လိုက်စားသူတစ်ယောက်ဖြစ်တယ်ဆိုတာကို ညီအစ်ကို မောင်နှမတွေ မြင်အောင်လို့ ကိုယ့်အတွေ့အကြုံကို အရှက်မဲ့စွာနဲ့ လျှောက်ဖြန့်ဖို့ အခွင့်အရေးကို အမိအရအသုံးချခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရှက်မရှိကြွားပြီး တခြားလူတွေရဲ့ စိတ်နှလုံးတွေကို ဆွဲဆောင်နေခဲ့တာပဲ။ ဒါက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ကျွန်မ ဆုံးရှုံးတဲ့၊ အမှောင်ထဲ လဲကျပြီး နောက်ဆုံးမှာ လူစားထိုးခံရတဲ့ အဲဒီအချိန်အတောအတွင်းမှာ ဒါဟာ ကျွန်မအပေါ် ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ရောက်လာတာပဲလို့ တွေးမိခဲ့တယ်။ ကျွန်မလုပ်ခဲ့တဲ့အရာကို ဘုရားက အရမ်းစက်ဆုပ်ပြီး သူ့မျက်နှာကို ကျွန်မဆီကနေ ကွယ်ဝှက်ခဲ့တယ်။ ဘုရားက ဖြောင့်မတ်ပြီး သန့်ရှင်းသလို၊ သူ့ရဲ့ စိတ်သဘောထားကို မပုန်ကန်မပြစ်မှားရဘူး။ ဒါပေမဲ့ ကျွန်မက ရှက်စိတ်မရှိခဲ့သလို၊ ဘုရားရဲ့ ဘုန်းအသရေကို အရှက်မဲ့စွာနဲ့ ခိုးခဲ့တယ်။ ဘုရားအမှုရဲ့ ရလဒ်တွေအတွက် ကျွန်မက နာမည်ခံပြီး ကိုယ့်အစွမ်းအစတွေနဲ့ပတ်သက်လို့ ကြွားခဲ့တယ်။ ကျွန်မမှာ တကယ် ဘုရားကို ကြောက်တဲ့စိတ်နှလုံးမရှိခဲ့သလို၊ အန္တိခရစ်တွေရဲ့ လမ်းကြောင်း လျှောက်နေခဲ့တယ်။ မကောင်းမှုကို ကျွန်မလုပ်နေခဲ့တာပဲ။ ဒီအဆင့်ထိ စဉ်းစားကြည့်တော့၊ ကျွန်မစိတ်နှလုံးက ဖျတ်ခနဲ နာကျင်သွားတယ်။ ကိုယ့်ကိုယ်ကို ချီးမြှောက်ပြီး အဆင့်အတန်းအတွက် ကျွန်မဆန္ဒကို ဖြည့်ဆည်းပေမဲ့၊ အပြန်အလှန်အနေနဲ့ ကျွန်မရခဲ့တာက၊ ဘုရားရဲ့ စက်ဆုပ်မှုနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ဆုံးရှုံးမှုဖြစ်တာကို မြင်ရတယ်။ ဒီလို ကျွန်မဆက်လုပ်ရင်၊ ကယ်တင်ခြင်းရမဲ့ ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးမှာပဲ။ အခု၊ ကျွန်မက လူစားထိုးခံရတယ်။ အဲဒါက ဘုရားဆီကနေ သတိပေးချက်ပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် သုံးသပ်ပြီး နောင်တရရမယ်။

ကျွန်မ တွေးဆမိတယ်။ “ငါဘာလို့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက် သက်သေခံပြီး မှားတဲ့လမ်းကြောင်းပေါ် ခြေလှမ်းနိုင်ခဲ့တာလဲ။ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ငါ့ကို ထိန်းချုပ်နေခဲ့တာလဲ”လို့ပေါ့။ ဘုရားဆီလည်း ဆုတောင်းပြီး ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ ဝိညာဉ်ရေးရာဝတ်ပြုဆုတောင်းရာမှာ ဒီဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရတယ်။ “သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်)မာနထောင်လွှားသည့် သဘာဝရှိသောလူများသည် ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ခုခံခြင်း၊ ဘုရားကို ဝေဖန်အကဲဖြတ်သည့် အပြုအမူများကို ကျူးလွန်ခြင်းနှင့် ဘုရားကို သစ္စာဖောက်ခြင်းတို့ကို စွမ်းဆောင်နိုင်ပြီး၊ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် ၎င်းတို့၏ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေများကို တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်သည့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ဘုရားသခင်၏ အမှုကို လက်ခံသည့် နိုင်ငံတစ်ခုတွင် ထောင်သောင်းချီ လူအချို့ရှိပြီး ဘုရားသခင်၏အိမ်တော်က ဘုရားသခင် ရွေးချယ်ထားသူများကို ဦးဆောင်ကာ ထိန်းကျောင်းဖို့ ထိုနေရာသို့ သင့်အား စေလွှတ်သည် ဆိုကြပါစို့။ ပြီးလျှင် ဘုရားသခင်၏အိမ်တော်က သင့်အား ဩဇာအာဏာ လွှဲပြောင်းပေးခဲ့ပြီး ငါ၊ သို့မဟုတ် အခြားမည်သူမျှ၏ ကြီးကြပ်ခြင်းမျှ မရှိဘဲ၊ သင့်ကို မိမိဘာသာ အလုပ်လုပ်ခွင့်ပြုသည် ဆိုကြပါစို့။ လအချို့ကြာပြီးနောက် သင်သည် အချုပ်အခြာအာဏာ ပိုင်စိုးသူ တစ်ခုကဲ့သို့ ဖြစ်လာပြီးလိမ့်မည် ဖြစ်ပြီး၊ အာဏာဟူသမျှသည် သင်၏လက်ထဲတွင် ရှိကာ၊ သင် ဦးစီးဦးကိုင် လုပ်လိမ့်မည် ဖြစ်သည်၊ ရွေးချယ်ခံထားရသူများ အားလုံးသည် သင့်ကို ဘုရားသခင် ဖြစ်သည့်အလား ကြည်ညိုကြမည်၊ ကိုးကွယ်ကြမည်၊ ကျိုးနွံနာခံကြလိမ့်မည်၊ ၎င်းတို့အားလုံးက စကားလုံးတိုင်းတွင် သင့်ကို ချီးမွမ်းခြင်း သီချင်းဆိုလျက်၊ သင်သည် ထိုးထွင်းအမြင်ရှိစွာ တရားဟောကြားသည်ဟု ပြောပြီး သင်၏ပြောဆိုချက်များသည် ၎င်းတို့လိုအပ်သည့် အရာဖြစ်ပြီး သင်သည် ၎င်းတို့အား ပံ့ပိုးပေးပြီး ဦးဆောင်နိုင်ကြောင်း မလျှော့တမ်း အခိုင်အမာဆိုကြမည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်အတွက် နေရာရှိမည်မဟုတ်ပေ။ ဤသို့သောအမှုမျိုးသည် ပြဿနာမဖြစ်တတ်သလော။ သင်သည် ဤအမှုကို မည်သို့ ပြုပြီး ဖြစ်မည်နည်း။ ဤလူများအတွက် ထိုသို့သော တုံ့ပြန်မှုတစ်ခုကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းက သင်လုပ်ဆောင်နေသည့် အလုပ်သည် ဘုရားသခင်ကို သက်သေခံခြင်း လုံးဝ မပါရှိသည်ကို သက်သေပြနေသည်။ ထို့ထက် သင့်ကိုယ်သင်သာ သက်သေခံပြီး၊ သင့်ကိုယ်သင်သာ ဝါကြွားခဲ့သည်။ သင်သည် ထိုသို့သော အကျိုးဆက်တစ်ခုကို မည်သို့ စွမ်းဆောင်ရရှိနိုင်ရသနည်း။ လူအချို့က ‘ကျွန်ုပ် မိတ်သဟာယပြုသည်မှာ သမ္မာတရား ဖြစ်သည်။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မည်သည့်အခါမျှ သေချာပေါက် သက်သေမခံဖူးပါ။’ ဟု ပြောကြသည်။ သင်၏ထိုသဘောထား၊ ထိုဟန်ပန်သည် လူများကို ဘုရားသခင်၏နေရာမှ မိတ်သဟာယပြုဖို့ ကြိုးစားခြင်း ဖြစ်ပြီး၊ ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ယောက်၏ အနေအထားတွင် ရပ်တည်နေခြင်း မဟုတ်ပေ။ သင်ပြောသမျှသည် စကားကြီး စကားကျယ်နိုင်သည့် စကားများဖြစ်ပြီး အခြားသူများကို တောင်းဆိုမှုများ ပြုနေခြင်း ဖြစ်သည်။ ယင်းက သင်ကိုယ်တိုင်နှင့် လုံးဝမသက်ဆိုင်ပေ။ ထို့ကြောင့် သင်ရယူမည့် အကျိုဆက်မှာ လူများက သင့်ကို ကိုးကွယ်စေဖို့၊ အားကျစေဖို့နှင့် အဆုံး၌ ၎င်းတို့အားလုံးက သင့်ကိ နာခံစေဖို့၊ သင့်ကို သက်သေခံဖို သင့်ကို ချီးမြှောက်ဖို့နှင့် သင့်ကို အလွန်ဆိုးရွားစွာ မြှောက်ပင့်ဖို့တို့ ဖြစ်သည်။ ထိုအရာ ဖြစ်ပျက်သည့်အခါ၊ သင်သည် ဆုံးခန်းတိုင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် ကျရှုံးပြီးဖြစ်လိမ့်မည်။ ဤသည်က သင်တို့အားလုံး ယခုရောက်နေသည့် လမ်းကြောင်း မဟုတ်လော။ သင်သည် လူထောင်ပေါင်းအနည်းငယ် သို့မဟုတ် သောင်းပေါင်းအနည်းငယ်ကို ဦးဆောင်ဖို့ တောင်းဆိုခြင်း ခံရပါက၊ သင်သည် ဘဝင်ခိုက်နေလိမ့်မည်။ ထို့နောက်တွင် သင်သည် မာနထောင်လွှားလာပြီး ဘုရားသခင်၏ အနေအထား၊ စကားပြောခြင်းနှင့် လက်ဟန်ခြေဟန်နှင့်ပြောဆိုခြင်းတို့ကိုပါ စတင် နေရာယူဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး၊ မည်သည့်အရာကို ဝတ်ရမည်၊ မည်သည့်အရာကို စားရမည် သို့မဟုတ် မည်သို့လမ်းလျှောက်ရမည်တို့ကို သင်သိမည် မဟုတ်ပေ။ သင်သည် ဘဝ၏ ဇိမ်ခံစရာများ၌ ပျော်ပါးမြူးထူးပြီး သာမန် ညီအစ်ကိုမောင်နှမများဖြင့် တွေ့ဆုံဖို့ အရေးတယူ မလုပ်ဘဲနေလျက်၊ ဘဝင်လေဟပ်လိမ့်မည်။ သင်သည် လုံးလုံးအကျင့်ပျက်ကာ— ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားခြင်း ခံရလိမ့်မည်ဖြစ်ကာ ကောင်းကင်တမန်မင်းကဲ့သို့ပင် ဒဏ်ခတ်ခြင်း ခံရလိမ့်မည်။ သင်တို့အားလုံးသည် ဤသည်ကို လုပ်နိုင်စွမ်းရှိကြသည် မဟုတ်လော။ ထို့ကြောင့် သင်တို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်နေ့တွင် နိုင်ငံတိုင်းရှိ ဧဝံဂေလိအလုပ်အတွက် သင်တို့အား တာဝန်ယူခိုင်းရန် စီစဉ်ခဲ့ပြီး သင်တို့သည် အန္တိခရစ်တစ်ယောက်၏ လမ်းကြောင်းကို လျှောက်နိုင်စွမ်းရှိလျှင် ဤအမှုကို မည်သို့တိုးချဲ့နိုင်မည်နည်း။ ဤသည်မှာ ဒုက္ခပေးသည် မဟုတ်လော။ သို့ဆိုလျှင် မည်သူက သင်တို့ကို ထွက်သွား ခွင့်ပြုဝံ့မည်နည်း အပြင်သို့ စေလွှတ်ပြီးနောက်တွင် သင်သည် လုံးဝ ပြန်လာလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ပြောသမျှကို မည်သည့်အာရုံမျှ စိုက်မည် မဟုတ်ဘဲ၊ သင်သည် ဤလူများကို ကယ်တင်ခြင်း ဆောင်ကြဉ်းပေးကာ၊ ဘုရားသခင်၏ အမှုကို ပြုနေသည့်အလား၊ ပြီးလျှင် ဘုရားသခင်သည် ပေါ်ထွန်းခဲ့ပြီး ဖြစ်ကာ၊ ဤနေရာတွင် အလုပ်လုပ် နေသည့်အလား လူများကို ခံစားစေလျက်၊ ဆက်လက် ကြွားဝါနေပြီး သင့်ကိုယ်သင် သက်သေခံနေလိမ့်မည်— ပြီးလျှင် လူများက သင့်ကို ကိုးကွယ်သည်နှင့်အညီ၊ သင်သည် ပီတိရွှန်းပြီး၊ ၎င်းတို့က သင့်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံပါက၊ သင်သည် သဘောပင်တူ နေလိမ့်မည်။ သင်သည် ဤအဆင့်ကို ရောက်သည်နှင့် တစ်ပြိုင်နက်၊ သင်ပွဲသိမ်းသွားပြီဖြစ်သည်။ သင်သည် တစ်စစီပျက်စီး သွားလိမ့်မည်။ သင် သတိမထားမိဘဲ၊ ဤမာနထောင်လွှားသည့် သဘာဝမျိုးသည် အဆုံး၌ သင်၏ပျက်စီးခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သည့် လူတစ်ဦး၏ နမူနာတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံနေချိန်မှာ၊ ကျွန်မက မာနထောင်လွှားတဲ့ သဘာဝရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တာပဲ။ ကျွန်မရဲ့ ဆေောင်းပါးသုံးပုဒ်ကို ဗီဒီယိုအနေနဲ့ ဖန်တီးပြီး အွန်လိုင်းမှာ တင်ထားလို့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းအလေးထားခဲ့ပြီး၊ ကျွန်မက သမ္မာတရား စစ်မှန်မှုရှိပြီး ကယ်တင်ခံရမဲ့သူတစ်ယောက်ပဲလို့ တွေးခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အသင့်တော်ဆုံး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ အခြေအနတွေကို ဆွေးနွေးကြသည်ဖြစ်စေ၊ အလုပ်အကြောင်း ကျွန်မတို့ ပြောကြသည်ဖြစ်စေ၊ ကျွန်မမှာ သမ္မာတရားစစ်မှန်မှုရှိတယ်လို့ သူတို့မြင်ပြီး ကျွန်မကို အထင်ကြီး၊ ကိုးကွယ်အောင်လို့ ကျွန်မရဲ့ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတွေကို ပြဖို့နဲ့ အသိပညာနဲ့ အတွေ့အကြုံတွေ ကျွန်မ ရခဲ့ပုံကို စိစစ်ဖို့ အခွင့်အရေးတိုင်းကို ကျွန်မ အသုံးပြုခဲ့တယ်။ ကျွန်မ အရမ်းမာနထောင်လွှားတော့ ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးပြီး၊ ကိုယ်ဘယ်သူမှန်းကို မသိတော့တာပါ။ ဆင်ခြင်တုံတရား နည်းနည်းရှိပြီး ဘုရားကို ကြောက်ရွံ့စိတ်နည်းနည်းရှိတဲ့ လူတိုင်းက ဘုရားရဲ့အမှုက စွမ်းဆောင်ရရှိတဲ့ ရလဒ်တွေကို မြင်တဲ့အခါ ဘုန်းအသရေအားလုံးကို ဘုရားကို ပေးကြမှာပဲ။ ဒါပေမဲ့ ကျွန်မကတော့ ဘာဆင်ခြင်တုံတရားမှ မရှိခဲ့ဘူး။ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတချို့ ကျွန်မ ရေးခဲ့ပြီး ကျွန်မမှာ သမ္မာတရား စစ်မှန်မှုရှိတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် စသက်သေခံခဲ့တယ်။ ကျွန်မမှာ ရှက်စိတ် တကယ်ကို မရှိခဲ့တာ။ ဗီဇက အရမ်းကို မာနထောင်လွှားပြီး စိတ်ကြီးဝင်တဲ့ ပေါလုကို တွေးမိတယ်။ သူက တခြားလူတွေထက် ပိုနားလည်ပြီး တမန်တော်တစ်သိုက်ရဲ့ အထက်မှာ ရှိတယ်လို့ သူ ထင်ခဲ့တယ်။ သူက သူ့ကိုယ်သူ လုံးဝ စိတ်ဖြာလေ့လာဆွေးနွေးဖို့၊ သိဖို့ မကြိုးစားခဲ့သလို၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်မခံခဲ့ဘူး။ သူ့အလုပ်မှာ ရလဒ်တချို့ကို ပေါလုမြင်တဲ့အခါ၊ သူ့ကိုယ်သူ နေရာတကာ ကြွားလုံးထုတ်ခဲ့တယ်။ သူက အလုပ်လုပ်တာနဲ့ ဟောပြောရာမှာ တော်တယ်လို့ ပြနေခဲ့တယ်။ သူ ဘယ်လောက် ဆင်းရဲဒုက္ခခံခဲ့ပြီး၊ ဘယ်လောက် ကြီးမားတဲ့ အဖိုးအခ ပေးခဲ့တယ်ဆိုတာကို သူ သက်သေခံခဲ့ပြီး၊ ယုံကြည်သူ အတော်များများကို အထင်အမြင်မှားစေခဲ့တယ်။ သူ့မှာ သမ္မာတရား စစ်မှန်မှုရှိတယ်လို့ လူတွေကို တလွဲယုံကြည်စေခဲ့ပြီး၊ သူ့စကားတွေကို ဘုရားနှုတ်ကပတ်တော်တွေအဖြစ် သဘောထားစေခဲ့တယ်။ နောက်ဆုံးမှာ ဘုရားရဲ့ စိတ်သဘောထားကို သူ ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားရဲ့ အပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရတယ်။ ကျွန်မ ထုတ်ဖော်ပြခဲ့တဲ့ စိတ်သဘောထားက ပေါလုနဲ့ ထူးမခြားနားပါပဲ။ ကျွန်မကလည်း အရမ်းကို မာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့တယ်။ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတချို့ ကျွန်မ ရေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သမ္မာတရား စစ်မှန်မှုရှိတဲ့ သူတစ်ယောက်လို ထုတ်ပြခဲ့တယ်။ ကြွားဖို့ ဒီဆောင်းပါးတွေကို ကျွန်မ အမြဲသုံးခဲ့တယ်။ အဲဒါက ညီအစ်ကို မောင်နှမတွေကို ကျွန်မကို ကိုးကွယ်စေခဲ့တယ်။ ပေါလုလိုပဲ လူတွေကို ကျွန်မက အထင်အမြင်မှားစေခဲ့တာပဲ။ ဘုရားကသာ သမ္မာတရားဖြစ်ပြီး ဘုရားရဲ့ နှုတ်ကပတ်တော်ကပဲ လူတွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေပဲ လူတိုင်းဆီ ဖြန့်ဖို့ သင့်တော်တယ်။ ဘုရားကပဲ လူတွေရဲ့ ကိုးကွယ်၊ လေးစားကြည်ညိုမှုနဲ့ ထိုက်တန်တယ်။ ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ လူသားသာသာဖြစ်ပေမဲ့ ကျွန်မကို လူတွေ အထင်ကြီးပြီး ကိုးကွယ်ဖို့ အမြဲ အားထုတ်လိုက်စားနေခဲ့တယ်။ ဘုရားကို အတိုက်အခံလုပ်နေတဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့တာပဲ။ နောင်တမရခဲ့ရင်၊ သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ကျွန်မ ဖျက်ဆီးခံရမှာ။ စိတ်ထဲမှာ၊ အကြောက်တရားနဲ့ ကျွန်မ တုန်လှုပ်နေခဲ့တယ်။ အချိန်မရွေး ဘုရားရဲ့ ဒေါသက ကျွန်မအပေါ် ပွင့်ထွက်နိုင်မဲ့အတိုင်းပါပဲ။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ၊ ဘုရားကို အဆက်မပြတ် ပြောနေခဲ့တယ်။ “ဘုရားသခင်။ ကျွန်မ မှားခဲ့ပါတယ်။ ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ လူသားဆိုတာထက် ဘာမှမပိုပါဘူး။ ကျွန်မရဲ့ စိတ်သဘောထားက မာနထောင်လွှားတယ်၊ ကိုယ်တော်ရဲ့ ဘုန်းအသရေကို ကျွန်မ ခိုးပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ကျွန်မ ဆုံးရှုံးခဲ့ပါတယ်။ ဒါက ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုပါပဲ။ ကျွန်မ အရမ်းကို ကျိုးကြောင်းမသင့်ခဲ့သလို၊ တကယ် အပြစ်ပေးခံရသင့်ပါတယ်။ ဘုရားသခင်။ ကိုယ်တော် ကျွန်မကို စွန့်ပစ်မှာ အရမ်းကြောက်မိသလို၊ ကိုယ်တော်ရှေ့ကို လာပြီး နောင်တရဖို့ ကျွန်မ လိုလားနေပါတယ်”လို့ပေါ့။

နောက်ပိုင်းမှာ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ်လည်း သုံးသပ်နေခဲ့ပြီး၊ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတွေကို ရေးတာက သမ္မာတရား စစ်မှန်မှုရှိတာဖြစ်ပြီး ကျွန်မ ကြီးမြတ်တယ်လို့ ကျွန်မ အမြဲတွေးခဲ့တာကို သဘောပေါက်ခဲ့တယ်။ အဲဒီလို အမြင်က သမ္မာတရားနဲ့ ကိုက်ညီရဲ့လား။ ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မဖတ်ပြီး ဒီမေးခွန်းအတွက် အဖြေကို တွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “လူတို့၏အသက်တာများသည် အလွန်နှေးကွေးစွာ တိုးတက်သည်။ အဘယ်ကြောင့်ဆိုသော် လူများနားလည်သည့် သမ္မာတရားတွင် လူများ၏သဘာဝအနှစ်သာရ၊ လူများ၏ ဖြစ်တည်မှုနှင့် လူများက အသက်ရှင်နေထိုင်သည့် အရာများ ပါဝင်သည်။ ထို့ပြင် ဤတွင် လူတစ်ဦး၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းအပြင် လူတစ်ဦး၏ အသက်တာ ပြောင်းလဲခြင်းပါ ပါဝင်ပတ်သက်လေသည်။ သင်၏အသက်တာသည် အခြားအသက်တာသို့ ပြောင်းလဲဖို့ အဘယ်ကြောင့် အလွန်လွယ်ကူနိုင်ရသနည်း။ တစ်နည်းအားဖြင့်ဆိုရသော် ၎င်းသည် ဘုရားသခင်၏ အမှုကို လိုအပ်သည်။ ထို့ပြင် တစ်ချိန်တည်းတွင် ၎င်းသည် လူများ တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ကိုလည်း လိုအပ်သည်။ ယင်းတို့အပြင် ပြင်ပပတ်ဝန်းကျင်၏ စမ်းသပ်မှုများသာမက သင်၏ပုဂ္ဂိုလ်ရေးအရ လိုက်စားခြင်း ရှိသည်။ ထို့ပြင် သင့်တွင် လုံလောက်သောအစွမ်းအစနှင့် သိနားလည်နိုင်ခြင်းတို့ ရှိကြရမည်။ ပြီးလျှင် ထိုအခါတွင် ဘုရားသခင်က သင့်ကို နောက်ထပ် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်ချက်တို့ကို ပေးလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် အချို့သော ပြစ်တင်ဆုံးမခြင်းများ၊ တရားစီရင်ခြင်းများ၊ ပြုပြင်ခြင်းများနှင့် ကိုင်တွယ်ခြင်းတို့ကို သင့်အား ပြုလိမ့်မည်။ ပြီးလျှင် သင်၏ညီအစ်ကိုမောင်နှမများသည် သင့်ကို ဝေဖန်လိမ့်မည်။ သို့ဖြစ်စေကာမူ သင်သည် ဆက်၍လိုက်စားရမည်။ ဤနည်းအားဖြင့် စာတန်နှင့်ဆိုင်သော ထိုအရာများကို ဖယ်ရှားရှင်းထုတ်ပစ်နိုင်မည်။ ထိုအခါမှသာ သမ္မာတရားနှင့်ဆိုင်သော အပြုသဘောဆောင်သည့် အရာများသည် တဖြည်းဖြည်းချင်း ဝင်ရောက်လာနိုင်မည်။...တရားဒေသနာများစွာကို သင်နားထောင်ခဲ့ပြီးသောကြောင့် သမ္မာတရားသည် သင့်အသက်ဖြစ်လာပြီးဖြစ်ကာ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် ဝေးနေဆဲဖြစ်သည်။ သက်သေခံချက်ဆောင်းပါးတစ်ပုဒ်ကို သင်ရေးသားခဲ့ပြီးရုံမျှဖြင့် သို့မဟုတ် ထိုအတွေ့အကြုံမျိုး ရှိရုံမျှဖြင့် သင်သည် ကယ်တင်ခြင်း ခံရပြီးဖြစ်သည်ဟု မထင်နှင့်။ သင်သည် ယခုအထိ ထိုမျှခရီးမရောက်သေးပေ။ ထိုသည်မှာ သင်၏ကြာရှည်သော အသက်တာအတွေ့အကြုံထဲရှိ သေးငယ်သော အပိုင်းအစလေးတစ်ခုမျှသာ ဖြစ်သည်။ ဤအပိုင်းအစသည် တစ်ဒင်္ဂမျှသာကြာသော စိတ်နေစိတ်ထားတစ်ခု၊ တစ်ဒင်္ဂမျှသာကြာသော ခံစားချက်တစ်ခု၊ တစ်ဒင်္ဂမျှသာကြာသော အလိုဆန္ဒ သို့မဟုတ် ရည်မှန်းချက်တစ်ခုမျှသာ ဖြစ်နိုင်ပြီး ထို့ထက် မပိုပေ။ တစ်နေ့တွင် သင်သည် အားနည်းလာပြီး သင် တစ်ချိန်က ပေးခဲ့ဖူးသည့် သက်သေခံချက်များ၊ တစ်ချိန်က သင်ဆိုခဲ့ဖူးသည့် ကျမ်းကျိန်ချက်များနှင့် တစ်ချိန်က သင်သဘောပေါက်ခဲ့ဖူးသည့် နားလည်ခြင်းများကို ပြန်ကြည့်ပြီး နားထောင်ဖြစ်သောအခါ ယင်းတို့သည် သင့်အတွက် စိမ်းနေလိမ့်မည်။ ပြီးလျှင် "ထိုသည်မှာ ကျွန်ုပ်လော။ ကျွန်ုပ်တွင် ထိုကဲ့သို့သောကြီးကျယ်သည့် ဂုဏ်သတင်းကျော်ကြားခြင်း ရှိခဲ့သလော။ ကျွန်ုပ် ဘာကြောင့် မသိရသနည်း။ ယင်းမှာ ကျွန်ုပ်ဖြစ်သည်ဟု သင် သေချာ၏လော" ဟု သင်ပြောလိမ့်မည်။ ဤနေရာတွင် သင်၏အသက်တာသည် မပြောင်းလဲသေးကြောင်းကို သင်သဘောပေါက်လာလိမ့်မည်။ သင်၏အသက်တာ မပြောင်းလဲသေးသည်က မည်သည်ကို ညွှန်ပြသနည်း။ ၎င်းက သင်၏စိတ်သဘောထားသည် မပြောင်းလဲသေးကြောင်းကို ပြသည်။ ထိုသည်ကို သင်ရှာဖွေတွေ့ရှိသောအခါ သင်မည်ကဲ့သို့ ခံစားရလိမ့်မည်နည်း။ သက်သေခံချက်များပေးခဲ့ဖူးပြီး သင်သည် ကြီးမားသော ဝိညာဉ်ရင့်ကျက်မှု ရှိပြီးသားဖြစ်သည်ဟု တွေးထင်ခဲ့သော်လည်း ယခုသင်ဖြစ်နေသကဲ့သို့ အပျက်သဘောဆောင်လာနိုင်သေးသည်လော။ လူတစ်ဦး၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် ခက်ခဲလွန်းသည်ဟု သင်ထင်မည် မဟုတ်လော။ သမ္မာတရားသည် လူများတွင် ညတွင်းချင်း ဖြစ်ပေါ်လာနိုင်သည့်အရာ တစ်စုံတစ်ခု မဟုတ်ပေ။ အကယ်၍ လူများသည် သမ္မာတရားကို သူတို့၏အသက်အဖြစ် အမှန်တကယ် ရပါက သူတို့ကို ကောင်းချီးခံစားရလိမ့်မည်။ ပြီးလျှင် သူတို့၏အသက်တာများသည် မတူကွဲပြားလာလိမ့်မည်။ သူတို့သည် ယခုသူတို့ဖြစ်နေကဲ့သို့ မဟုတ်တော့ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ပြကြမည်။ သို့သော် ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံနိုင်လာလိမ့်မည်ဖြစ်ပြီး သူတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြလိမ့်မည်။ ပြီးလျှင် သူတို့သည် အပြည့်အဝ ပြောင်းလဲသွားကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁))လူအများစု၏ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးများသည် ၎င်းတို့အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် အတင်းစေခိုင်းသည့် အခြေအနေတစ်ခုကို တွေ့ကြုံရခြင်းနှင့်လည်းကောင်း၊ ၎င်းတို့၏ လုပ်ရပ်များ၌ ‘ဘုရားသခင်ကို ကျိုးနွံနာခံခြင်း’ ကို ရရှိခြင်းနှင့်လည်းကောင်း သက်ဆိုင်သည်။ ပြီးလျှင် ၎င်းတို့သည် များစွာပါဝင်ဖြည့်ဆည်းခဲ့သည်ဟု ထင်မြင်လျက် ၎င်းတို့၏ စိတ်နှလုံးတွင် ကျေနပ်မှုရှိခြင်းနှင့်လည်း သက်ဆိုင်သည်။ သင်သည် သက်သေခံချက် ဆောင်းပါးတစ်ခုကို ရေးခဲ့ပြီးသော်လည်း ‘ကြည့်ပါ။ ငါ့တွင် သက်သေခံချက်တစ်ခုရှိသည်။ ငါသည် ဘုရားသခင်ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါ။ ငါသည် ဤအခြေအနေတွင် ငါ၏တာဝန်ကို ထိန်းသိမ်းခဲ့ပြီ’ ဟု သင် ထင်မြင်လျက် အခြေခံအားဖြင့် ဗန်းပြနေခြင်း၊ သက်သေခံနေခြင်း၊ သင့်ကိုယ်သင် ဂုဏ်တင်နေခြင်း ဖြစ်သည်။ အချို့မှာ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရသောအခါ၌ မိမိကိုယ်ကို လေးနက်စွာ ဆင်ခြင်သုံးသပ်ကောင်း သုံးသပ်နိုင်ကာ ‘ငါသည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ လုပ်ဆောင်နေပြီး ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ခဲ့ပါ။ ထို့ကြောင့် ငါပြောင်းလဲမည်’ ဟူ၍ သဘောပေါက်နိုင်သည်။ မည်သည့်ရှုထောင့်များကို သင်ပြောင်းလဲသနည်း။ သင်၏ နည်းလမ်းများ၊ အတွေးစဉ်များ၊ ဤအရာအား လုပ်ဆောင်ခြင်းအပေါ် သင်၏ အမြင်များနှင့် သဘောထားများ ပြောင်းလဲသည်။ သို့ရာတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြောင်းလဲသလော။ မပြောင်းလဲပေ။ နောက်ကွယ်တွင် သင်သည် မာနထောင်လွှားပြီး မိုက်ရိုင်းဆဲဖြစ်သည်။ လူများနှင့် အမှုအရာများအား သင်ရှုမြင်ပြီး ကိုင်တွယ်ပုံတွင်ရှိသော သင်၏ရှုထောင့်၊ ရပ်တည်ချက်နှင့် အမြင်တို့သည် ဘုရားနှုတ်ကပတ်တော်အပေါ် လုံးဝ အခြေမခံပေ။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ယခုတွင်ပင် စတင်၍ ပြောင်းလဲခြင်း မရှိသေးပေ။ ဤသို့ဆိုလျှင် သင်၏ ပြောင်းလဲခြင်းဆိုသောအရာမှာ အဘယ်နည်း။ ယင်းသည် အပြုအမူနှင့် ဘဝနေမှုပုံစံ ပြောင်းလဲခြင်းသာဖြစ်သည်။ ပြီးလျှင် လူများနှင့် အမှုအရာများအား သင်ကိုင်တွယ်ဖြေရှင်းသည့်ပုံစံတွင် သင်၏လေသံ၊ အသံအနိမ့်အမြင့်နှင့် ပုံစံတို့သည် အတန်ငယ် ပြောင်းလဲနိုင်သည်။ သင်၏ စိတ်ဓာတ်ခိုင်မာမှုက ပို၍ ပြင်းထန်လာပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များစွာကို ကြားခြင်းမှ ခွန်အားရရှိခြင်းနှင့်အတူ အမျိုးမျိုးသော အခြေအနေများ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းများပြီးနောက်တွင် ဘုရားသခင်ကို ယုံကြည်ရန် သင်၏ စိတ်ခိုင်မာမှုနှင့် ဘုရားသခင်နောက်လိုက်ရန် စိတ်ပိုင်းဖြတ်ချက်သည် ပို၍ ခိုင်မာလာသည်။ ဤသည်တို့မှာ ဖြစ်ပေါ်ခဲ့သည့် ပြောင်းလဲမှုများဖြစ်သည်။ ဤပြောင်းလဲမှုများသည် သင့်အား အတိုင်းအတာတစ်ခုအထိ ပို၍ ဂုဏ်သိက္ခာရှိစေသည်။ ဖြောင့်မှန်စေသည်။ စိတ်ခိုင်မာစေသည်။ ပြီးလျှင် သမ္မာတရားအပေါ်၊ ကယ်တင်ခြင်းရယူခြင်းအပေါ် သင်၏ သဘောထားသည် အတန်ငယ်ပို၍ အပြုသဘောဆောင်လာသည်။ တက်ကြွလာသည်။ မျှော်လင့်ချက်ဖြင့် ပြည့်နှက်လာပြီး အကောင်းမြင်လာသည်။...မကောင်းသောအချက်မှာ သင်တို့ယခုအထိ ထုတ်ဖော်ပြခဲ့ပြီး ပေါ်လွင်ခဲ့သောအရာသည် အပြုအမူနှင့် အတွေးအမြင်စနစ် ပြောင်းလဲခြင်းသာ ဖြစ်သည်။ သင်၏ မသိစိတ်၌ အချို့သော အတော်အတန် အပြုသဘောဆောင်သည့်၊ တက်ကြွသည့်၊ အကောင်းမြင်သည့် အရိပ်အယောင်များ နိုးထလာသည့် လက္ခဏာအချို့လည်းရှိသည်။ သို့သော် ဤလက္ခဏာများက သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက စတင်ပြောင်းလဲပြီဟူသည့် သဘောမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၂၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ အရမ်းအရှက်ကွဲပြီး အရှက်ရခဲ့တယ်။ အရင်တုန်းက၊ ဗီဒီယိုတွေအနေနဲ့ ဖန်တီးခံရပြီး အွန်လိုင်းမှာ အတင်ခံရတဲ့ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတချို့ကို ရေးရင်၊ ကျွန်မမှာ သမ္မာတရားစစ်မှန်မှုရှိပြီး တခြားလူတွေထက် ပိုတော်မှာဖြစ်သလို၊ ကယ်တင်ခြင်းနဲ့တောင် အလှမ်းဝေးမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေအရ၊ ကျွန်မရဲ့ အမြင်က မှားယွင်းပြီး သမ္မာတရားနဲ့ မကိုက်ဘူး။ ကျွန်မက ကိစ္စတစ်ခုနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး၊ အသိပညာရှိခဲ့လို့ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ရင်တောင်၊ အဲဒါက ကျွန်မ ဒီအဆင့်မှာ ဆုလာဘ်နဲ့ အသိပညာတချို့ ရှိခဲ့တဲ့သဘောပဲ ဖြစ်ပါတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပယ်ပြီး စစ်မှန်မှုနဲ့ အသက်ရှိတဲ့သူ တစ်စုံတစ်ယောက်ဖြစ်သွားတဲ့ သဘောမဟုတ်ဘူး။ အမှန်တော့၊ ကျွန်မက စာတန်က ဖျက်ဆီးတာကို နက်နက်ရှိုင်းရှိုင်း ခံခဲ့ရတာပါ။ စာတန်ဆန်တဲ့ စိတ်သဘောထားတွေက ကျွန်မထဲမှာ နက်နက်ရှိုင်းရှိုင်း အရိုးစွဲခဲ့ပြီး၊ စာတန်ဆန်တဲ့ အဆိပ်တွေလည်း ကျွန်မထဲမှာ အများကြီး ရှိတယ်။ သမ္မာတရား နည်းနည်း ကျွန်မ နားလည်ရင် ဒါမှမဟုတ် ကိစ္စတစ်ခုခုနဲ့စပ်လျဉ်းပြီး သမ္မာတရားကို တစ်ကြိမ်လက်တွေ့လုပ်နိုင်ခဲ့ရင်၊ ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားက လုံးဝ ပြောင်းလဲသွားမယ်ဆိုတာမျိုး လုံးဝ မဟုတ်ပါဘူး။ ဒီအချိန်အတောအတွင်းမှာ၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ ကျွန်မက လူတိုင်းထက် ပိုသာလွန်ပြီး ပိုတော်တယ်လို့ ထင်နေခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် အရှက်မဲ့စွာနဲ့ ချီးမြှောက်ပြီး ကြွားနေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကိုလည်း ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ တစ်ဇောက်ကန်းစိတ်နဲ့ မမြင်မကန်း ပြုပြင်နေခဲ့တယ်။ ကျွန်မမှာ မဖြေရှင်းရသေးတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီး ရှိသေးသလို၊ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မရဲ့ အသက်အနေနဲ့ လုံးဝ မရှိထားခဲ့ဘူး။ ကျွန်မရေးခဲ့တဲ့ အတွ့အကြုံ သက်သေခံချက် ဆောင်းပါးတွေက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ မမှန်တဲ့ အမြင်တွေအပေါ် သိနားလည်မှုတချို့ ကျွန်မမှာ ရှိခဲ့ပြီး၊ သမ္မာတရား အနည်းအကျဉ်းကို ခဏတာ လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပေမဲ့၊ ကျွန်မရဲ့ ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ကျွန်မ လုံးလုံးလျားလျား မုန်းတီးပြီး ပုန်ကန်ခြင်း ရှိမလာသေးတဲ့ သဘောပဲဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီလိုမျိုး ကိစ္စတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ချည်နှောင်တာ ကျွန်မ ခံရဆဲဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်နိုင်သေးဘူး။ အရင်အတိုင်းပဲ၊ လူ့အကြိုက်လိုက်သူအနေနဲ့ ကျွန်မရဲ့ အတွေ့အကြုံအကြောင်း ကျွန်မရေးပြီး၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”ဆိုတဲ့ စိတ်ကူးရဲ့ ထိန်းချုပ်တာ ခံခဲ့ရသလို၊ ကျွန်မက တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီး ကိုယ်ကျိုးစီးပွားတွေကို စောင့်ရှောက်နေမှန်း သဘောပေါက်တဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ အဲဒီလို ရှုထောင့်အပေါ် နည်းနည်း ပိုသိမြင်လာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း၊ ဒီလိုကိစ္စမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်၊ လှည့်ဖြားတတ်တဲ့ သဘာဝရဲ့ ထိန်းချုပ်တာ ကျွန်မ ခံနေရဆဲဖြစ်ပြီး၊ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်နိုင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ကျွန်မ ပိုလက်ခံပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြည်းဖြည်းချင်း စွန့်ပယ်ဖို့ လိုနေသေးတယ်။ စစ်မှန်တဲ့ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနဲ့ သမ္မာတရား စစ်မှန်မှုရှိတဲ့ လူတွေက သူတို့အပေါ် ဘယ်အရာပဲဖြစ်ပါစေ၊ အမှုအရာတွေကို ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး ရှုမြင်ကြသလို၊ သူတို့ရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ စာတန်ဆန်တဲ့ ရှုထောင့်တွေအတိုင်း အသက်မရှင်ကြဘူး။ ဖန်ဆင်းခံအနေနဲ့ သူတို့နေရာမှာ သူတို့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်၊ ဘုရားအတွက် သက်သေခံနိုင်ပြီး၊ ပုံမှန် လူသားပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်နိုင်ကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ အုပ်စိုးတာ မကြာခဏ ခံရတုန်းပဲဖြစ်သလို၊ ကျွန်မ အသက်ရှင်နေထိုင်တဲ့အရာက ဘုရားအတွက် သက်သေခံတဲ့ အရာတွေ ဘာတစ်ခုမှ မပါဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်လည်း အရှက်မဲ့စွာနဲ့ ချီးမြှောက်ပြီး သက်သေခံနေခဲ့သလို၊ စာတန်ရဲ့ ပုံသဏ္ဍာန်နဲ့ အသက်ရှင်နေခဲ့တယ်။ ဘုရားကို ကျွန်မ အရှက်ခွဲနေခဲ့တာပဲ။ ကျွန်မမှာ ဘာသမ္မာတရား စစ်မှန်မှု ရှိခဲ့လို့လဲ။ ကယ်တင်ခံရဖို့ အရမ်းအလှမ်းဝေးခဲ့တာပါ။ ဒီအချိန်မှပဲ ကျွန်မရဲ့ လက်တွေ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ကျွန်မက အခြေခံအားဖြင့် တခြားလူတွေရဲ့ အထင်ကြီးပြီး ချီးမွမ်းတာ မခံထိုက်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားတစ်ယောက်ပါ။ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ရလဒ်တချို့ရှိတဲ့အခါ၊ အဲဒါကို ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတွေက စွမ်းဆောင်ရရှိခဲ့တာပါ။ ဘုရားရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကြောင့်သာမဟုတ်ရင်၊ ကျွန်မက ဘာမှနားမလည်တဲ့၊ ဘာမှ မဟုတ်တဲ့၊ သူများတွေထက် မသာတဲ့ လုံးလုံး မိုက်မဲသူတစ်ယောက် ဖြစ်ခဲ့မှာပါ။ ဒါကို သဘောပေါက်တော့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နည်းနည်း စက်ဆုပ်မိသွားတယ်။ ကျွန်မမှာ ဖောက်ပြန်ပျက်စီးမှု အများကြီး ရှိသေးသလို၊ အများကြီး ချို့တဲ့နေတုန်းဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့တဲ့အပြင်၊ ကျွန်မမှာ သမ္မာတရား စစ်မှန်မှု ရှိတယ်လို့ ထင်နေခဲ့တုန်းပဲ။ အရမ်းကို မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမရှိခဲ့သလို ဘုရားက ကျွန်မကို တကယ် စက်ဆုပ်ခဲ့တယ်။

တစ်လကျော်ကြာပြီးတဲ့နောက်မှာ၊ ကျွန်မတာဝန်ကို လုပ်ဖို့ ပြန်တာဝန်ပေးခံခဲ့ရတယ်။ တူညီတဲ့အမှားတွေကိုပဲ ထပ်လုပ်မိမှာ ကျွန်မ အရမ်းကြောက်ခဲ့သလို၊ ဘုရားကို ကျွန်မ ခဏခဏ ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့လုပ်အောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ တစ်ခါမှာ ခေါင်းဆောင်တချို့နဲ့ ကျွန်မ စုဝေးပွဲလုပ်နေခဲ့ပြီး၊ ကျန်းရင်းက ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို သတိပြုမိပေမဲ့ မညွှန်ကြားရဲဘူးလို့ ပြောတာကို ကျွန်မ ကြားရပြီး၊ ဒါက လူ့အကြိုက်လိုက်သူတွေရဲ့ သရုပ်သကန်တစ်ခုပဲလို့ ကျွန်မ တွေးမိတယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “ဒီမှာ လူတော်တော်များများ ရှိတယ်။ ဒါနဲ့ပတ်သက်လို့ ငါ့ရဲ့ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးကို သူတို့ကို ပြလိုက်ရင် မကောင်းဘူးလား။ ဒါဆိုရင် သူတို့ ငါ့ကို သေချာပေါက် အထင်ကြီးကြမယ်။ အဲဒီလိုနဲ့ ညီအစ်ကို မောင်နှမတွေကြားမှာ ငါ့ပုံရိပ်ကို ငါ တည်ဆောက်မယ်”လို့ပေါ့။ ဒီအချိန်မှာပဲ၊ ကျွန်မ ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကြွားချင်မှန်း သဘောပေါက်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ဤအရာကို ဟန့်တားဖို့ လူများသည် ဦးစွာ ၎င်းတို့ သမ္မာတရား မရရှိသေးကြောင်း၊ ၎င်းတို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှု မရှိသေးကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်ငြားလည်း၊ စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေဆဲ ဖြစ်ကာ၊ ကယ်တင်ခြင်း မခံရသေးကြောင်း သတိပြုမိရမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ထံမှ အချိန်မရွေး သွေဖည်နိုင်ခြေရှိကြသည်။ ၎င်းတို့၌ ဤဘေးကျပ်နံကျပ် ဖြစ်သည့်စိတ်ရှိပါက— လူတို့ မကြာခဏပြောသကဲ့သို့ ၎င်းတို့သည် ငြိမ်းချမ်းသော ကာလတွင် အန္တရာယ်အတွက် ပြင်ဆင်ခြင်းခံရပါက— ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်အတန် ထိန်းချုပ်နိုင်ပြီး ၎င်းတို့အား တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို ဆုတောင်းပြီး သူ့အပေါ် မှီခိုလိမ့်မည် ဖြစ်သည်၊ ပြီးလျှင် တူညီသော အမှားဟောင်းများ ပြုလုပ်ခြင်းကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။...မှတ်ထားရမည့် အရေးအပါဆုံး အချက်သုံးချက် ရှိလေသည်။ ပထမဦးစွာ သင်သည် ဘုရားသခင်ကို မသိသေးပေ။ ဒုတိယအနေဖြင့် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုမျှ မရှိသေးပေ။ ပြီးလျှင် တတိယအနေဖြင့် သင်သည် လူသား၏စစ်မှန်သော ပုံသဏ္ဌာန်ကို အသက်ရှင်မနေထိုင်ရသေးပေ။ ဤအရာသုံးခုသည် အမှန်တရားနှင့် ကိုက်ညီသည်၊ စစ်မှန်သည်၊ ပြီးလျှင် သင်သည် ယင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းရမည်၊ သင်သည် မိမိကိုယ်ကို သတိပြုမိရမည်။ ဤပြဿနာကို ပြင်ဆင်ဖို့ သင်၌ စိတ်ဆန္ဒရှိပါက၊ သင်သည် သင်၏ကိုယ်ပိုင် ဆောင်ပုဒ်ကို ရွေးချယ်သင့်သည်။ ဥပမာအနေဖြင့် ‘ကျွန်ုပ်သည် မြေကြီးပေါ်က နွားချေးဖြစ်သည်၊’ သို့မဟုတ် ‘ကျွန်ုပ်သည် နတ်ဆိုးဖြစ်သည်၊’ သို့မဟုတ် ‘ကျွန်ုပ်သည် ယခင်လမ်းဟောင်းများထဲ မကြာခဏ ပြန်ရောက်သည်၊’ သို့မဟုတ် ‘ကျွန်ုပ်သည် အစဉ် အန္တရာယ်ရှိသည်၊’ ဤအရာများထဲမှ မည်သည့်အရာမဆိုသည် သင်၏ကိုယ်ရေးကိုယ်တာ ဆောင်ပုဒ်အဖြစ် သုံးဖို့ သင့်တော်သည်၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ သင့်ကိုယ်သင် တစ်ချိန်လုံး သတိပေးလျှင် အထောက်အကူဖြစ်လိမ့်မည်။ သင့်ကိုယ်သင် ယင်းကို ထပ်တလဲလဲ ပြောလော့၊ ယင်းကို ဆင်ခြင်သုံးသပ်လော့၊ ပြီးလျှင် သင်သည် အမှားလျှော့လုပ်ကောင်း လျှော့လုပ်လိမ့်မည်၊ သို့မဟုတ် အမှားများ ပြုလုပ်ခြင်းကို ရပ်တန့်ကောင်း ရပ်တန့်နိုင်လိမ့်မည်။ သို့ဖြစ်စေကာမူ အရေးအကြီးဆုံးဖြစ်သည့်အရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အချိန်ပိုယူရန်၊ သမ္မာတရားကို နားလည်ရန်၊ မိမိကိုယ်ပိုင် သဘာဝကို သိရန်နှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် တို့ဖြစ်သည်။ သို့မှသာလျှင် သင်သည် ဘေးကင်းလုံခြုံလိမ့်မည်။ နောက်တစ်ခုမှာ ‘ဘုရားသခင်၏ သက်သေခံတစ်ဦး’၏ နေရာကို လုံးဝ မယူရန်ဖြစ်ပြီး မိမိကိုယ်ကို ဘုရားသခင်၏ သက်သေခံတစ်ဦးအဖြစ် လုံးဝ မခေါ်ဆိုရန်ဖြစ်သည်။ သင်သည် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံကိုသာ ပြောဆိုနိုင်သည်။ ဘုရားသခင်က သင်တို့ကို ကယ်တင်ခဲ့ပုံအကြောင်း သင် ပြောကောင်းပြောနိုင်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်း သင်တို့ ခံခဲ့ရပုံအကြောင်း မိတ်သဟာယပြုနိုင်ပြီး သင်တို့အပေါ် မည်သည့် ကျေးဇူးတော်ကို သူ ပေးသနားခဲ့သည်ဆိုသည့်အကြောင်း ပြောဆိုနိုင်သည်။ သင်တို့သည် အနက်ရှိုင်းဆုံး ဖောက်ပြန်ပျက်စီးသည့် လူများဖြစ်သည်ကို လုံးဝ မမေ့နှင့်။ သင်သည် နောက်ချေးမြေစာနှင့် အမှိုက်ဖြစ်သည်။ ယခုတွင် ဘုရားသခင်၏ နောက်ဆုံးသော အမှုတော်ကို လက်ခံနိုင်ခြင်းသည် သင့်ကို သူ ချီမခြင်း သက်သက်ကြောင့် ဖြစ်၏။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည်မှာ ထိုသို့ကြီးမားသည့် ကျေးဇူးတော်ကို သင့်အား သူပေးအပ်ပြီးဖြစ်သည်မှာ သင်သည် အဖောက်ပြန်အပျက်စီးဆုံးနှင့် အညစ်ညမ်းဆုံးဖြစ်သောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သင် ကြွားဝါထိုက်သည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့ ဘုရားသခင်ကိုသာ ချီးမွမ်းပြီး ကျေးဇူးတင်ရှိနိုင်ပေသည်။ သင်၏ ကယ်တင်ခံရခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် သက်သက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ကျွန်မ စိတ်နှလုံးမှာ ရှင်းရှင်းလင်းလင်း သိလိုက်တယ်။ ကျွန်မအပေါ် လူတွေ အထင်ကြီးအောင် ကျွန်မ ဆက်အားထုတ်နေလို့ မရဘူး။ ဒီမမှန်တဲ့ ရည်ရွယ်ချက်ကို ကျွန်မ လက်လွှတ်ရမယ်လို့ပေါ့။ ဘုရားက သမ္မာတရားရဲ့ ရင်းမြစ်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်တွေကပဲ လူတွေရဲ့ အခြေအနေတွေကို ဖြေရှင်းပေးနိုင်တယ်။ ကျွန်မ ညီအစ်ကို မောင်နှမတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ပိုမိတ်သဟာယပြုပြီး သက်သေခံရမယ်။ ပြီးတော့၊ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သုံးသပ်၊ သိရှိပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေ့အောင် သူတို့ကို ကူညီရမယ်။ ဒီအချိန်ကာလအတောအတွင်း ကျွန်မရဲ့ ကျရှုံးမှုကိုလည်း စဉ်းစားမိပြီး၊ အရင်လို ကျွန်မကိုယ်ကျွန်မ ဆက်ကြွားနေလို့ မရမှန်း သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ကျွန်မစိတ်နှလုံးထဲမှာ ဘုရားကို ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေ မမှန်သလို၊ ထပ်ပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကြွားချင်မှန်း၊ လူတွေ အထင်ကြီးအောင် အားထုတ်ချင်မှန်း ကျွန်မ သိပါတယ်။ ဘုရားသခင်။ ကျွန်မရဲ့ အတွင်းပိုင်း ရည်ရွယ်ချက်နဲ့ ဆန္ဒတွေကို ကျွန်မ လက်လွှတ်ဖို့ လိုလားနေပါတယ်။ ကျရှုံးတဲ့ လမ်းကြောင်းကို မလျှောက်ချင်တော့ပါဘူး။ ကျွန်မတာဝန်ကိုပဲ ကောင်းကောင်း လုပ်ချင်ပါတယ်။ ကျေးဇူးပြုပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ လမ်းပြပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ကျွန်မ ကိုယ်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်ပြီး ကျန်းရင်ရဲ့ ပြဿနာ အသေးစိတ်ကို နားထောင်ခဲ့သလို၊ ရလဒ်တွေ ရဖို့ သမ္မာတရားရဲ့ ဘယ်ကဏ္ဍကို မိတ်သဟာယပြုသင့်တယ်ဆိုတာ စဉ်းစားခဲ့တယ်။ သေချာ နားထောင်မှပဲ သူ့အခြေအနေနဲ့ အမြင်တွေက ကျွန်မရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ မတူတာကို ကျွန်မ သိလိုက်ရတယ်။ နောက်ပိုင်းမှာ၊ ကျန်းရင်ရဲ့ အခြေအနေကို ညွှန်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ရှာတွေ့ပြီး အဲဒါတွေကို မိတ်သဟာယပြုခဲ့တယ်။ ပြီးတော့ ကျန်းရင်ရဲ့ ပြဿနာတွေကိုလည်း ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ထောက်ပြခဲ့တယ်။ မိတ်သဟာယပြုပြီးတဲ့နောက်မှာ၊ ကျန်းရင်က သူ့အခြေအနေနဲ့ ပတ်သက်ပြီး အသိတချို့ ရသွားခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို စောင့်ရှောက်ဖို့ လိုလားနေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာတချို့ လုပ်ပြီး အသိတချို့ သူ ရနိုင်တာကို မြင်တော့၊ ကျွန်မ အရမ်းဝမ်းသာတယ်။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ရာကနေ လာတဲ့ စိတ်အေးချမ်းမှုကို ကိုယ်တွေ့ ကျွန်မ တွေ့ကြုံခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ၊ ကျွန်မရဲ့ ကျရှုံးခြင်းနဲ့ဆိုင်တဲ့ အတိတ်က အတွေ့အကြုံအကြောင်းကို ညီအစ်ကို မောင်နှမတွေဆီ ဖွင့်ဟပြီး ပြောပြခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဖြာလေ့လာဆွေးနွေးပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ဆိုင်တဲ့ အသိကို မိတ်သဟာယပြုခဲ့တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ဖော်ထုတ်ခြင်းက ကျွန်မရဲ့ မာနထေောင်လွှားတဲ့ သဘာဝနဲ့ပတ်သက်လို့ အသိတချို့ ရစေခဲ့တာကို သက်သေခံခဲ့တယ်။ ကျွန်မတို့ အတွေ့အကြုံကို မိတ်သဟာယပြုသည်ဖြစ်စေ ညီအစ်ကို မောင်နှမတွေရဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေသည်ဖြစ်စေ၊ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ပိုစိတ်ဖြာလေ့လာဆွေးနွေးရမယ်၊ ကျွန်မတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနဲ့ ချို့တဲ့မှုကို ပိုနားလည်ရမယ်၊ ဘုရားရဲ့နှုတ်ကပတ်တော်၊ ဘုရားရဲ့အမှုတော်နဲ့ လမ်းပြမှုကို ပိုသက်သေခံရမယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒီအခါမှပဲ ဘုရားကို ကျွန်မတို့ ချီးမြှောက်ပြီး သက်သေခံနိုင်တာပါ။

အဲဒီတုန်းက လူစားလဲခံရတဲ့နောက်မှာ၊ ဒါဟာ ဘုရားက ကျွန်မကို ကယ်တင်နေခဲ့တာဖြစ်မှန်း သိခဲ့ရတယ်။ ကျွန်မရဲ့ သဘာဝက အရမ်းမာနထောင်လွှားခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ ထုတ်ဖော်ပြနေခဲ့မှန်း သိခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် အလိုလို ချီးမြှောက်ပြီး သက်သေခံနေမိတုန်းပဲ။ အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်နေခဲ့ပြီး ပြန်မလှည့်နိုင်ခဲ့ဘူး။ လူစားလဲခံရတာက ကျွန်မရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်တွေကို တားဆီးခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အရမ်း သုံးသပ်စေပြီး ကြိုးစားသိစေခဲ့သလို၊ နောင်တရပြီး ပြောင်းလဲဖို့ လိုလားစေခဲ့တယ်။ သူ့ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ဒီတန်ဖိုးရှိတဲ့ အခွင့်အရေးကို ပေးတဲ့အတွက်၊ ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်အောင်၊ သိဖို့ ကြိုးစားနိုင်အောင်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာတွေ့နိုင်အောင် လုပ်ပေးတဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်ရာမှာ ဘုရားကို ချီးမြှောက်ပြီး သက်သေခံသင့်ပုံကို ကျွန်မ သိသွားပြီ။

အရှေ့သို့- ၁၃။ သင်းအုပ်ဆရာတွေနဲ့ ကျွန်တော်ရဲ့ ငြင်းခုံဆွေးနွေးမှု

နောက်တစ်ခုသို့- ၂၄။ ကျွန်မသည် ပြစ်မှားခြင်း၏ ချည်နှောင်ခြင်းကို မခံရတော့ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။