၆၃။ ကျွန်တော့်သား နေမကောင်းဖြစ်ပြီးနောက်ပိုင်း

ယန်လဲ့၊ တရုတ်ပြည်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများတွင် ထိုကဲ့သို့သော ညံ့ဖျင်းသည့် အသိစိတ် ရှိကြသည်။ ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ အလွန် များပြားသော တောင်းဆိုချက်များ ရှိကြပြီး သူ့ထံမှ အလွန်အမင်း တောင်းဆိုကြသည်။ ၎င်းတို့တွင် အသိစိတ် စိုးစဉ်းမျှပင် မရှိကြချေ။ လူများသည် ဘုရားသခင်က ဤသည်ကို သို့မဟုတ် ထိုသည်ကို လုပ်ပေးပါရန် အစဉ်သဖြင့် တောင်းဆိုနေကြသော်လည်း သူ့ထံ အပြည့်အဝ ကျိုးနွံနာခံဖို့ကိုဖြစ်စေ၊ သူ့ကို ကိုးကွယ်ဖို့ကိုဖြစ်စေ ၎င်းတို့ မတတ်နိုင်ကြပေ။ ထိုအစား ၎င်းတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများအပေါ် မူတည်၍ ယုတ္တိမတန်သော တောင်းဆိုချက်များကို ၎င်းတို့ ပြုလုပ်ကြသည်။...လူသား၏ အသိစိတ်သည် အလွန်ညံ့ဖျင်းသည်၊ ဟုတ်သည်မဟုတ်လော။ လူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များထံ အပြည့်အဝ ကျိုးနွံနာခံဖို့ သို့မဟုတ် ဘုရားသခင်ထံမှလာသမျှကို လက်ခံဖို့ မတတ်နိုင်ရုံသာမက ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ထပ်တိုး တောင်းဆိုချက်များ ချမှတ်ကြသည်။ ထိုကဲ့သို့သော တောင်းဆိုချက်များနှင့် လူများသည် ဘုရားသခင်အပေါ် မည်သို့ သစ္စာရှိနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အစီအစဉ်များကို မည်ကဲ့သို့ ကျိုးနွံနာခံနိုင်မည်နည်း။ ဘုရားသခင်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူများအားလုံးတွင် ဘုရားသခင်က ၎င်းတို့ကို မည်သို့ ချစ်သင့်ကြောင်း၊ သည်းခံသင့်ကြောင်း၊ စောင့်ကြပ်သင့်ကြောင်း၊ ကာကွယ်ပေးသင့်ကြောင်းနှင့် စောင့်ရှောက်ပေးသင့်ကြောင်း တောင်းဆိုချက်များ ရှိကြသည်။ သို့တိုင်အောင် ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်ကို မည်သို့ ချစ်သင့်ကြောင်း၊ ဘုရားသခင်အကြောင်းကို တွေးသင့်ကြောင်း၊ ဘုရားသခင်ကို အလေးထားသင့်ကြောင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဆောင်သင့်ကြောင်း၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ထားရှိသင့်ကြောင်းနှင့် ပြီးလျှင် ဘုရားသခင်ကို ကိုးကွယ်သင့်ကြောင်း ဆိုသည်တို့အတွက်မူ သတ်မှတ်ချက်တစ်စုံတစ်ရာ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) အရင်တုန်းက ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တဲ့အခါ ကိုယ့်အခြေအနေနဲ့ တိုက်ဆိုင်မစစ်ဆေးခဲ့ဘူး။ မုန့်ကို အဝစားဖို့ ရှာဖွေတဲ့ အဲဒီယုံကြည်သူတွေကိုပဲ ဘုရားသခင် ပြောနေတာ၊ ဒီလိုလူစားမျိုးကပဲ ဘုရားသခင်ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို တောင်းခံပြီး ဘုရားသခင်အပေါ် တောင်းဆိုချက်တွေ အမြဲလုပ်နေတာလို့ ကျွန်တော် ထင်ခဲ့တာ။ ကျွန်တော်ကတော့ ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး စားသောက်ခဲ့ပြီးပြီလေ။ ကျွန်တော်က ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဖန်ဆင်းခံတစ်ဦးရဲ့ နေရာမှာ နေသင့်မှန်းလည်း သိထားတယ်။ ပြီးတော့ ဘုရားသခင်က ကျွန်တော့်ကို ကောင်းချီးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ ကိုယ်တော်က အဆင်ပြေတဲ့ အခြေအနေကိုပဲ ပြင်ဆင်ပေးပေး၊ ဆိုးရွားတဲ့ အခြေအနေကိုပဲ ပြင်ဆင်ပေးပေး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်တော် ကျိုးနွံနာခံသင့်မှန်းလည်း သိထားတာကိုး။ ဒီလိုနားလည်မှုနဲ့ ရည်မှန်းချက် ရှိထားတော့ ကျွန်တော်က ဘုရားသခင်ကို ကျိုးနွံနာခံနိုင်တယ်၊ ကိုယ်တော့်ဆီကနေ ဘာမှ မတောင်းဆိုခဲ့ဘူးလို့ ထင်ခဲ့တာပေါ့။ ဒီတစ်ခါ ကျွန်တော့်သား နေမကောင်းဖြစ်တော့မှပဲ ကျွန်တော့်ရဲ့ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန်နဲ့ ကျွန်တော် ဖောက်ပြန်ပျက်စီးနေတဲ့ အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတုန်းက ကျွန်တော့်သား အဖွားအိမ်ကနေ ပြန်လာတော့ သူဝလာတယ်လို့ အဖွားက ပြောတယ်။ ကျွန်တော့်သားရဲ့ မျက်ခွံတွေ နည်းနည်းဖောနေတာကို ကျွန်တော် သတိထားမိလိုက်တယ်၊ တစ်ခုခု ပုံမှန်မဟုတ်သလိုပဲ။ သားဖြစ်သူကို သေချာကြည့်ရအောင်လို့ အင်္ကျီနဲ့ ဘောင်းဘီ ချွတ်ခိုင်းလိုက်တော့ သူ့ခြေထောက်တွေ တော်တော်ဖောရောင်နေပြီး ပြောင်လက်နေတာကို တွေ့လိုက်ရတယ်။ သူ့ခြေထောက်ကို ဖိကြည့်လိုက်တော့ ချိုင့်ဝင်သွားတယ်၊ သာမန်လူတွေလို ချက်ချင်း ပြန်မကြွလာဘူး။ ရုတ်တရက်ဆိုသလိုပဲ လူကြီးတွေ ပြောလေ့ရှိတဲ့စကားကို သွားသတိရလိုက်တယ်။ “ယောက်ျားလေးဆို ခြေထောက်ဖောမှာကြောက်ရတယ်၊ မိန်းကလေးဆို ခေါင်းဖောမှာကြောက်ရတယ်” တဲ့။ ယောက်ျားလေးတစ်ယောက် ခြေထောက်ဖောပြီဆိုရင် ရောဂါအကြီးကြီးတစ်ခုခု ဖြစ်နေပြီဆိုတဲ့သဘောပေါ့။ ကျွန်တော့်စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တစ်ခု ဖြစ်သွားတယ်။ ငါ့သားမှာ ဆိုးရွားတဲ့ ရောဂါတစ်ခုခု ရှိနေတာ သေချာပြီပေါ့။ နောက်တစ်နေ့မှာ ကျွန်တော့်သားကို ပြည်နယ် ကျောက်ကပ်ဆေးရုံကို ခေါ်သွားကြတယ်။ ဆရာဝန်ကတော့ သူ့မှာ ကျောက်ကပ်ရောဂါစု ရှိနိုင်တယ်လို့ ပြောတယ်။ ဒီလိုရောဂါမျိုးက ခန္ဓာကိုယ်ထဲမှာ ပရိုတင်းဓာတ်တွေ အကြီးအကျယ် ကျဆင်းပြီး ခရီယာတီနင်း ဓာတ်တွေကျတော့ အရမ်းများနေတတ်တာ။ လူနာက တဖြည်းဖြည်းနဲ့ အားနည်းလာပြီး၊ ပိုဆိုးလာရင် ဆီးဆိပ်တက်တဲ့အထိ ဖြစ်ရော။ တရုတ်တိုင်းရင်းဆေးပညာမှာတော့ ကျောက်ကပ်ဆိုတာ လူတစ်ယောက်ရဲ့ မွေးရာပါ အခြေခံအုတ်မြစ်လို့ ပြောတာကို ကျွန်တော် ပြန်သတိရမိတယ်။ ကျောက်ကပ် တစ်ခုခုဖြစ်ပြီဆိုရင် ကလေးရဲ့ ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်မှုရှိတာလေ။ ဒီရောဂါကိုသာ မကုနိုင်ခဲ့ရင် ကျွန်တော့်သားက သာမန်ကလေးတွေလို ကျောင်းတက်နိုင်မှာ မဟုတ်တော့ဘူး၊ အိမ်ထောင်ပြုဖို့ကိစ္စလည်း သူ့အတွက် ပြဿနာရှိလာမှာလေ။ ဒါကိုတွေးမိပြီး ကျွန်တော် အရမ်းစိတ်ပူသွားတယ်၊ ပြီးတော့ တွေးမိတာပေါ့။ “ငါ့သားက ၁၄ နှစ်ပဲ ရှိသေးတာ၊ သူ့ရှေ့လျှောက်ရမယ့် ခရီးက အရှည်ကြီး ကျန်သေးတယ်။ သူက တကယ်ပဲ ရောဂါဒဏ်ကို အမြဲခံစားနေရတော့မှာလား။ သူ့လိုအရွယ် ကလေးတစ်ယောက်က ဒါကို ဘယ်လိုခံနိုင်မှာလဲ။ ငါ့သားကို ဒီလိုမျိုး ရောဂါသည်အဖြစ်မခံနိုင်ဘူး။ အိမ်နဲ့ခြံ ရောင်းရရင်ရောင်းရပါစေ၊ သူရောဂါပျောက်အောင် ငါလုပ်ပေးရမယ်” လို့ပေါ့။ ဆေးရုံမှာ ကျွန်တော့်သားရဲ့ ဆေးစစ်ချက်အဖြေကို စိုးရိမ်တကြီးနဲ့ စောင့်နေခဲ့တယ်။ စိတ်ထဲမှာလည်း ဘုရားသခင်ဆီကို မနားတမ်း ဆုတောင်းနေမိတယ်။ ဆုတောင်းနေရင်းနဲ့ မနေ့က ကျွန်တော့်အိမ်မှာ စုဝေးပွဲလုပ်ဖို့ ရှိတာကို သတိရသွားတယ်။ ကျွန်တော် ကိုယ့်တာဝန်ကို နှောင့်နှေးစေမိနေတာ မဟုတ်လား။ ကျွန်တော့်သားရဲ့ ရောဂါကုသတဲ့ကိစ္စကြောင့် စုဝေးပွဲလုပ်တာကို အနှောင့်အယှက် အဖြစ်မခံနိုင်ဘူးလို့ တွေးမိပြီး၊ ကိုယ့်ကိုယ်ကိုယ် အကြီးအကျယ် အပြစ်တင်မိတယ်။ ကျွန်တော့်အမျိုးသမီးက ဆေးရုံမှာ သားကို ပြုစုစောင့်ရှောက်ပေးနေတော့ ကျွန်တော် အိမ်အရင်ပြန်ပြီး အလုပ်လုပ်ရင်းနဲ့ စုဝေးပွဲကို ဧည့်ခံပေးခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်တော့်သားမှာ ကျောက်ကပ်ရောဂါစု ရှိတယ်ဆိုတာ အတည်ပြုလိုက်တယ်။ သတင်းကြားလိုက်ရတော့ မိုးကြိုးပစ်ချလိုက်သလိုပဲ ခံစားလိုက်ရတယ်။ ဒါက ကျွန်တော် အကြောက်ဆုံးအရာဖြစ်ပြီး အခုတော့ တကယ်ဖြစ်လာခဲ့ပြီ။ နောက်နောင်ဆို ငါ့သားက ကျောင်းပုံမှန်တက်နိုင်တော့မှာ မဟုတ်ဘူး၊ ဆေးရုံမှာပဲ နေရတော့မှာ။ သူ့လို ကလေးတစ်ယောက်က ဒါကို ဘယ်လိုခံနိုင်မှာလဲ။ ဒါကို တွေးဆမိရင်းနဲ့ ကျွန်တော် မျက်ရည်မထိန်းနိုင်တော့ဘူး။ အဲဒီရက်တွေတုန်းက ကျွန်တော့်စိတ် အရမ်းလေးနေခဲ့ပြီး ကိုယ့်ဘာသာကိုယ် မတွေးဘဲ မနေနိုင်ခဲ့ဘူး။ “ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီးကတည်းက ဇာတိပကတိ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားသခင်ဆီ ဘာတစ်ခုမှ မတောင်းဆိုခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်သား အပြည့်အဝ ပြန်ကောင်းလာဖို့ ဘုရားသခင်က ကူညီပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ” လို့ပေါ့။ ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်တော့်သားရဲ့ ရောဂါကို ဖယ်ရှားပေးဖို့ တောင်းလျှောက်ချင်စိတ် အရမ်းပြင်းပြခဲ့ပေမဲ့ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်က တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်း အလုပ်ဖြစ်မှန်း ကျွန်တော် သိထားတယ်။ ဒီအလုပ်တွေက လူသားတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ဖို့ လုပ်ထားတာလေ။ ဘုရားသခင်ဆီ ဒီလိုတောင်းဆိုတာက ကိုယ်တော်ရဲ့ အလိုတော်နဲ့ မကိုက်ညီပါဘူး။ ဒါပေမဲ့ ကျွန်တော့်သားရဲ့ ရောဂါအကြောင်း တွေးလိုက်မိတာနဲ့ ကျွန်တော်က “ကျိုးနွံနာခံ” တာကြောင့် ဘုရားသခင်က သူ့ကို အကူအညီပေးမှာပဲလို့ မျှော်လင့်နေတုန်းပဲ။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်တော့်သားက ဒီလိုနာကျင်မှုကို ခံစားရမှာ မဟုတ်ဘူး။ ကျွန်တော် အချိန်တစ်ခုကြာအောင် ဆက်မျှော်လင့်နေခဲ့ပေမဲ့ ကျွန်တော့်သားရဲ့ အခြေအနေက ဘာမှ တိုးတက်မလာခဲ့ဘူး။ အပေါ်ယံမှာတော့ ကိုယ့်တာဝန်ကို မနှောင့်နှေးစေခဲ့ပေမဲ့ ကျွန်တော့်စိတ်က အရမ်းလေးလံနေခဲ့တယ်။ ကျွန်တော့်ရဲ့ နာကျင်မှုကို ကျော်လွှားနိုင်ဖို့ ကျွန်တော် လုပ်နိုင်တာဆိုလို့ ဘုရားသခင်ဆီ ဆုတောင်းတာ၊ ကိုယ်တော့်ကို ရှာဖွေတာနဲ့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တာပဲ ရှိတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် လိုက်စားသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြေဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော် ဖတ်လိုက်တော့ ကျွန်တော့်နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားတယ်။ ဘုရားသခင်က ဘုရားသခင်ကို ယုံကြည်ရာမှာ ကောင်းချီးမင်္ဂလာ လိုက်စားတဲ့ ကျွန်တော့်ရဲ့ အမြင်ရှုထောင့်ကို ဖော်ထုတ်ပြီး အတိအကျ ပြောလိုက်တာပဲ။ ကျွန်တော့်သားမှာ ကျောက်ကပ်ရောဂါစု ရှိတယ်ဆိုတာ အတည်ပြုပြီးနောက်မှာ အပေါ်ယံမှာတော့ ဆုတောင်းတဲ့အချိန် ဘုရားသခင်ဆီ တောင်းဆိုတာတွေ မလုပ်မိအောင် ကျွန်တော် အတတ်နိုင်ဆုံး ထိန်းချုပ်ခဲ့ပေမဲ့ အတွင်းစိတ်ထဲမှာတော့ ကျွန်တော် “ကျိုးနွံနာခံ” တာကြောင့် ဘုရားသခင်က ကျွန်တော့်ကို သနားကရုဏာထားပြီး ကျွန်တော့်သားရဲ့ ရောဂါကို ဖယ်ရှားပေးမယ်လို့ မျှော်လင့်ခဲ့တာ။ ဘုရားသခင်က ကျွန်တော့်တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးတဲ့အခါ ကျွန်တော့်စိတ်နှလုံးထဲမှာ နာကျင်ရတယ်၊ ပြီးတော့ ကျွန်တော့်ဆီ ဒီလိုအရာမျိုး ဖြစ်ပျက်တာကနေ ကျွန်တော် သင်ယူသင့်တဲ့ သင်ခန်းစာတွေကို မရှာဖွေခဲ့ဘူး။ ကျွန်တော်က ဘာသာရေးလောကထဲက လူတွေနဲ့ ဘာများကွာခြားလို့လဲ။ ကျွန်တော့်ယုံကြည်ခြင်းမှာ ကျွန်တော် လိုက်စားခဲ့တာက မုန့်ကို အဝစားဖို့ ရှာဖွေနေတုန်းပဲ၊ ဒါက ဘုရားသခင်ရဲ့ အလိုတော်နဲ့ လုံးဝ မကိုက်ညီပါဘူး။ ဒါကို ဆင်ခြင်သုံးသပ်ပြီး ကျွန်တော် အရမ်း ရှက်မိတယ်၊ ပြီးတော့ သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်အပေါ် ဒီလိုတောင်းဆိုချက်တွေ လုပ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ကျွန်တော့်မှာ တကယ်ကို ဘာဆင်ခြင်တုံတရားမှ မရှိခဲ့ပါဘူး။ ကျွန်တော် စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သားရဲ့ သားရောဂါကို ကိုယ်တော့်လက်ထဲ အပ်နှံပြီး ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။ သား ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ပြီး ကိုယ်တော့်ကို ကျေနပ်စေနိုင်အောင် သားကို ဝန်တာထားတဲ့စိတ် ပေးသနားပြီး ယုံကြည်ခြင်း ပေးသနားတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်တော့်စိတ်နှလုံးက နည်းနည်း ပိုငြိမ်းချမ်းပြီး အေးချမ်းသွားတယ်။

၂၀၁၆ ခုနှစ်၊ မတ်လမှာ အသင်းတော် ခေါင်းဆောင်တာဝန်တွေကို ကျွန်တော် စပြီးထမ်းဆောင်ခဲ့တယ်။ သုံးလေးလတော့ ကျွန်တော့်သား ရောဂါပြန်ဖောက်လာပြန်ရော။ သူ ဆီးကျန်တွေ မစွန့်နိုင်ဘဲ ဖြစ်နေပြီး တစ်ကိုယ်လုံး ဖောရောင်လာတယ်။ ဒါကိုမြင်တော့ ကျွန်တော် လုံးဝကို ယူကျုံးမရဖြစ်သွားတယ်။ အရင်က ကျန်းမာတဲ့ သူ့လိုကလေးတစ်ယောက်က ဘာကြောင့်မှန်းမသိ ဒီလိုအခြေအနေမျိုး ရောက်သွားတယ်။ ဒီလို ခဏခဏ ရောဂါပြန်ဖောက်နေရင် သူ ဘယ်တော့များမှ သက်သာလာနိုင်မှာလဲ။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ့တာဝန်မှာ ငါ လုံလောက်အောင် တာဝန်မထမ်းဆောင်မိလို့များလား။ ငါ နည်းနည်းပို အားစိုက်ထုတ်ရင် သူ့အခြေအနေ နည်းနည်း တိုးတက်လာနိုင်မလား” လို့ပေါ့။ ဒါနဲ့ ကျွန်တော် တာဝန်ထမ်းဆောင်ရာမှာ အင်အားပိုစိုက်ထုတ်ခဲ့တယ်။ အံ့သြစရာကောင်းတာက ကျွန်တော့်သား တစ်စထက်တစ်စ ပြန်ကောင်းလာတယ်။ ကျွန်တော် ဘုရားသခင်ကို အရမ်းကျေးဇူးတင်ပြီး ကိုယ့်တာဝန်ကို ပိုလို့တောင် လုံ့လဝီရိယရှိရှိ ထမ်းဆောင်ခဲ့တော့ တာဝန်အသီးသီးမှာ ရလဒ်တချို့ ထွက်လာခဲ့တယ်။ အချိန်တွေကုန်လာပြီး ၂၀၁၆ ခုနှစ် ဆောင်းဦးရောက်တော့ ကျွန်တော့်သားရဲ့ အခြေအနေက မျှော်လင့်မထားဘဲ ပိုဆိုးလာတယ်။ သူက တစ်နေ့ထက်တစ်နေ့ ဆီးသွားတာ နည်းသထက် နည်းလာပြီး အရည်တွေအားလုံးနီးပါးက သူ့ခန္ဓာကိုယ်ထဲမှာ လာစုနေပြီ။ သူ့ခန္ဓာကိုယ်က အကြီးအကျယ် ဖောရောင်နေပြီး မျက်နှာ ပုံပျက်သွားတဲ့အထိ၊ မျက်လုံးတွေ မျဉ်းကြောင်းလေးလို ကျဉ်းသွားတဲ့အထိ ဖြစ်သွားတာ၊ ရုပ်ဖမ်းလို့ကို မရတော့ဘူး။ သူ့ခြေထောက်တွေက ဆင်ခြေထောက်လို ဖြစ်နေတယ်၊ အသားအရေက ပြောင်လက်ပြီး ကုတင်ပေါ်ကနေတောင် မနည်းထနေရတယ်။ ကျွန်တော်တို့ တာဝန်သွားထမ်းဆောင်နေတဲ့အချိန် သူက ဖုန်းကစားရင်းနဲ့ပဲ အချိန်ကုန်နေရရှာတယ်။ ကျွန်တော်တို့ သူ့ကို ဆေးရုံခေါ်သွားဖို့ ပြင်ဆင်တော့ သူက ရင့်ရင့်ကျက်ကျက်နဲ့ ပြောတယ်။ “သားရောဂါက သက်သာလာမှာ မဟုတ်ပါဘူး၊ သွားလည်း အလကားပဲ။ အဖေတို့ လုပ်စရာရှိတာသာ သွားလုပ်ပါ” တဲ့။ သူ့အစား ကျွန်တော်ပဲ ဒီဝေဒနာတွေအားလုံးကို ခံစားပေးချင်ပေမဲ့ ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကျွန်တော် မသိလိုက်ခင်မှာဘဲ ဘုရားသခင်ကို ညည်းညူမိပါလေရော။ “အို ဘုရားသခင်၊ သားက ယောဘ မဟုတ်သလို၊ ပေတရုလည်း မဟုတ်ပါဘူး။ သားရဲ့ ဝိညာဉ်ရင့်ကျက်မှုက အဲဒီလောက် မကြီးမားပါဘူး။ နောက်ပြီး ဒီအချိန်ကာလတစ်လျှောက်လုံး သား တာဝန်ထမ်းဆောင်တာကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ပါဘူး။ ဘာလို့များ သားလေးက သက်သာမလာတာလဲ။ သူ့ရောဂါက ချက်ချင်း မသက်သာရင်တောင်မှ တဖြည်းဖြည်း ပိုမဆိုးလာရင်ပဲ သား ကျေနပ်ပါတယ်” လို့ပေါ့။ ဒါကို တွေးတောမိတော့မှ ဘုရားသခင် မဖြောင့်မတ်ဘူးလို့ ကျွန်တော် ညည်းညူနေမိမှန်း သတိထားမိလိုက်တယ်။ ကျွန်တော် စိတ်မသက်မသာ ဖြစ်သွားပြီး ဘုရားသခင်ဆီ အမြန်ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ကိုယ်တော့်ကို ဒီလိုမညည်းညူသင့်မှန်း သား သိပါတယ်၊ ဒါပေမဲ့ ဒီအရာကို သား တကယ်ပဲ မကျော်လွှားနိုင်ဖြစ်နေပြီး ဘယ်လို သင်ခန်းစာတွေ သင်ယူသင့်လဲဆိုတာ မသိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သားကို လမ်းပြပေးပါ” လို့ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ အယူအဆအရ သင်နားလည်ရမည်။ သင်တို့ မည်သည့်အရာကို ပြောမည်နည်း။ စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ (ဟုတ်ပါသည်။) စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးခဲ့ပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုံ့ပြန်သနည်း။ ‘လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်း ပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။’ ဘုရားသခင်သည် လူသားကို သူကယ်တင်သည့်အချိန်တွင် စာတန်ကို မဖျက်ဆီးရသည့်အကြောင်းအရင်းမှာ လူသားများကို စာတန်က မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ လူသားများကို ဖျက်ဆီးခဲ့သည့် အတိုင်းအတာနှင့် ဘုရားသခင်က လူသားတို့ကို မည်သို့ သန့်စင်ပြီး ကယ်တင်ကြောင်းတို့ကို လူသားများ ရှင်းလင်းစွာ မြင်နိုင်ဖို့ဖြစ်သည်ကို သင်သည် ယခုအခါ သိမြင်သင့်ပေသည်။ အဆုံးတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး စာတန်၏ စက်ဆုပ်ဖွယ် အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ၎င်းတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့်သက်ဆိုင်သော ကြောက်စရာကောင်းသော အပြစ်တရားကို ရှုမြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် စာတန်ကို ဖျက်ဆီးကာ လူတို့အား သူ၏ ဖြောင့်မတ်ခြင်းကို ပြလိမ့်မည်။ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အချိန်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နေသည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ကျွန်တော် စိတ်ကူးထားသလို မျှတပြီး အကျိုးသင့်အကြောင်းသင့်ရှိတာ၊ တန်းတူညီမျှရှိတာမျိုး မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီး ကျွန်တော် နားလည်သွားတယ်။ လူတွေက တာဝန်တချို့ ထမ်းဆောင်နိုင်သရွေ့ ဘုရားသခင်က သူတို့ကို အကူအညီပေးသင့်တယ်၊ ပြီးတော့ လူတွေက သူတို့တာဝန်တွေမှာ အဖိုးအခ ပိုပေးဆပ်နိုင်လေလေ ဘုရားသခင်က သူတို့ကို ပိုကောင်းချီးပေးသင့်လေလေပဲလို့ ကျွန်တော် ထင်ခဲ့တာ။ ဒါတွေက လောကရဲ့ အပေးအယူသဘောဆန်တဲ့ အမြင်ရှုထောင့်တွေဖြစ်ပြီး သမ္မာတရားနဲ့ အခြေခံအရ မကိုက်ညီပါဘူး။ ဘုရားသခင်ရဲ့ အနှစ်သာရက ဖြောင့်မတ်တယ်။ ကိုယ်တော်လုပ်သမျှ အရာတိုင်းက ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သဘာဝအတိုင်း ထုတ်ဖော်တာပဲ။ ယောဘက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့တယ်၊ ဘုရားသခင်ရဲ့ မျက်မှောက်မှာ စုံလင်တဲ့သူတစ်ယောက် ဖြစ်ခဲ့တာဆိုတာကို ကျွန်တော် တွေးမိတယ်။ လူ့အယူအဆတွေအရဆိုရင် သူက စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းတွေကို မရင်ဆိုင်ခဲ့ရသင့်ဘူး။ ဒါပေမဲ့ သူ့ဆီမှာ ဒီလိုအရာမျိုး ဖြစ်ပျက်ဖို့ ဘုရားသခင် ခွင့်ပြုခဲ့တယ်။ ဒါက လူ့အယူအဆတွေနဲ့ မကိုက်ညီပေမဲ့ ယောဘရဲ့ ယုံကြည်ခြင်းကို စုံလင်စေခဲ့တယ်။ ဘုရားသခင်က လူတွေကို ကောင်းချီးပေးတာပဲဖြစ်ဖြစ်၊ နှုတ်ယူတာပဲဖြစ်ဖြစ်၊ ကိုယ်တော်က သူတို့ကို ထုတ်ဖော်တာပဲဖြစ်ဖြစ်၊ စုံလင်စေတာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ အနှစ်သာရကို ထုတ်ဖော်ချက်တွေဖြစ်ပြီး လူတိုင်းက ဒါတွေကို ကျိုးနွံနာခံပြီး လက်ခံသင့်မှန်း ကျွန်တော် မြင်သွားတယ်။ လူတွေက ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းကို အရင်းအနှီးအနေနဲ့ သုံးပြီး ဘုရားသခင်ကို ဘာလုပ်ပါလို့ မပြောသင့်ဘူးလေ။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို နားမလည်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ နည်းနည်းလောက် အသုံးခံပြီး ကျွန်တော့်သားရဲ့ အခြေအနေ တိုးတက်လာတာကို မြင်ရတဲ့အခါ ဘုရားသခင်က ဖြောင့်မတ်တယ်လို့ ယုံကြည်ပြီး တာဝန်မှာ တက်ကြွခဲ့တယ်။ ကျွန်တော့်သား ရောဂါပြန်ဖောက်လာပြီး အခြေအနေ ပိုဆိုးလာတဲ့အခါကျတော့ ဘုရားသခင်ကို ကျွန်တော် ညည်းညူပြီး ကိုယ်တော်ပေးတဲ့ စမ်းသပ်မှုတွေက အရမ်းခက်ခဲလွန်းတယ်လို့ ထင်ခဲ့တယ်။ ကျွန်တော် ဘုရားသခင်နဲ့ အကျိုးသင့်အကြောင်းသင့် ငြင်းခုံပြီး ကိုယ်တော့်ကို ဆန့်ကျင်လာတယ်။ ကျွန်တော် ပင်ပင်ပန်းပန်း အလုပ်လုပ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံတာတွေက ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေ ရနိုင်မရနိုင်ဆိုတဲ့အပေါ်မှာ အခြေခံပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်တော် အဓိပ္ပာယ်ဖွင့်ဆိုထားမှန်း ဒါက ပြနေတာပေါ့။ အဲဒါက အပေးအယူတွေ၊ လဲလှယ်မှုတွေနဲ့ ပြည့်နေတာလေ။ ကိုယ့်အယူအဆတွေနဲ့အညီ ဘုရားသခင်အပေါ် ကျွန်တော် တောင်းဆိုမှုတွေ လုပ်နေခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော်က ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို လုံးဝ ထမ်းဆောင်နေတာ မဟုတ်ဘဲ ဖန်ဆင်းခံတစ်ဦးမှာ ရှိသင့်တဲ့ သိစိတ်နဲ့ ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့ပါဘူး။ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သားက သိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက် ဖြစ်ချင်ပြီး ကိုယ်တော့်ကို ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ပါတယ်။ သား မကြိုက်တဲ့ အရာတွေနဲ့ ရင်ဆိုင်ရတိုင်း ဘာလို့များ ကိုယ်တော့်ကို အထင်လွဲပြီး ညည်းညူမိရတာလဲ။ ဘုရားသခင်၊ ဒီကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ သားကို လမ်းပြပေးပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ခြေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂))ဘုရားသခင်အပေါ် လူတို့ တောင်းဆိုမှုများ အမြဲပြုကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်အကြောင်း အယူအဆများ အမြဲ ရှိကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ လူ၏ သဘာဝအတွင်းတွင် မည်သည့်အရာ ပါရှိသနည်း။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်စေ၊ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို အမြဲ ကာကွယ်ကြပြီး မိမိတို့ကိုယ်ပိုင် ဇာတိပကတိအတွက် စိုးရိမ်ကြကာ ၎င်းတို့အတွက် အသုံးဝင်သည့် အကြောင်းပြချက်များ၊ သို့မဟုတ် ဆင်ခြေများ အမြဲ ရှာဖွေကြသည်ကို ငါသိရှိပြီးဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှ ရှာဖွေခြင်း၊ သို့မဟုတ် လက်ခံခြင်းမရှိကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ကိုယ်ပိုင် ဇာတိပကတိကို ခုခံပြောဆိုရန်အလို့ငှာဖြစ်ပြီး မိမိတို့ကိုယ်ပိုင် ရှေ့ရေးများအတွက် ကြံဖန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်ရရှိနိုင်သည့် မည်သည့်အရာကိုမဆို ရရှိလိုလျက် ဘုရားသခင်ထံမှ ကျေးဇူးတော်ကို တောင်းခံကြသည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများစွာ ပြုကြသနည်း။ ဤအရာက လူတို့သည် သဘာဝအားဖြင့် လောဘကြီးကြောင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် မည်သည့်အသိစိတ်မျှ လုံးဝ ပိုင်ဆိုင်ခြင်းမရှိကြောင်း သက်သေပြပေသည်။ လူတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့အနေဖြင့် ဆုတောင်းနေသည်ဖြစ်စေ၊ မိတ်သဟာယပြုနေသည်ဖြစ်စေ၊ တရားဟောနေသည်ဖြစ်စေ ၎င်းတို့၏ လိုက်စားမှုများ၊ အတွေးများနှင့် ပြင်းပြသောဆန္ဒများ၊ ဤအရာများအားလုံးသည် ဘုရားသခင်အပေါ် တောင်းဆိုချက်များဖြစ်ပြီး သူ့ထံမှ အမှုအရာများကို တောင်းခံရန် ကြိုးပမ်းမှုများဖြစ်သည်။ ထိုအရာများအားလုံးကို ဘုရားသခင်ထံမှ တစ်စုံတစ်ရာ ရရှိရမည့် မျှော်လင့်ချက်ဖြင့် လူတို့က လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူအချို့က ‘ဤသည်မှာ လူသားသဘာဝဖြစ်သည်’ဟု ဆိုကြသည်၊ ယင်းမှာ မှန်ပေ၏။ ထို့အပြင် လူတို့က ဘုရားသခင်အပေါ် အလွန်များလွန်းသည့် တောင်းဆိုချက်များ ပြုလုပ်ခြင်းနှင့် အလွန်များလွန်းသည့် လွန်ကဲသော စိတ်ဆန္ဒများရှိခြင်းတို့က လူတို့သည် အသိတရားနှင့် အသိစိတ် အမှန်တကယ် ကင်းမဲ့ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကျိုးအတွက် အမှုအရာများကို တောင်းဆိုကာ တောင်းခံနေကြသည်၊ သို့မဟုတ် မိမိတို့အတွက် ငြင်းခုံပြီး ဆင်ခြေများရှာဖွေရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို မိမိတို့အတွက် လုပ်ဆောင်ကြသည်။ အမှုအရာများစွာတွင် လူတို့ လုပ်ဆောင်သည့်အရာမှာ လုံးဝ အသိစိတ်မဲ့သည်ကို မြင်နိုင်သည်။ ယင်းမှာ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသည့် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်သည် လူ၏ သဘာဝ ဖြစ်လာနှင့်ပြီးဖြစ်ကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။ လူတို့က ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုချက်များ ပြုခြင်းက မည်သည့် ပြဿနာကို ဖော်ပြပါသနည်း။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို အတိုင်းအတာတစ်ခုထိ ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို ဘုရားအဖြစ် လုံးဝ သဘောမထားကြကြောင်းကို ဖော်ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) ဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်တော့်နှလုံးသား နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ခံလိုက်ရတယ်။ ကျွန်တော်က ဘုရားသခင် ဖော်ထုတ်တဲ့ လူစားမျိုး အတိအကျပဲ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရဲ့ မြီရှင်လို့ မြင်ပြီး ကိုယ်တော့်ကို ဖန်ဆင်းရှင်လို့ မမှတ်ယူခဲ့ဘူး။ သခင်ယေရှုကို ယုံကြည်ခဲ့တဲ့အချိန်တွေကို ပြန်တွေးကြည့်တော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို ကျွန်တော် ခံစားခဲ့ရလို့ လူတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ဆီ ဆုတောင်းပြီး တောင်းလျှောက်သရွေ့ ကိုယ်တော်က သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာထက် ကြီးမြတ်တာ ဘာမှမရှိလို့ပဲလို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက် ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်တဲ့အတွက် လူတွေက ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေ ပေးသနားဖို့ ကိုယ်တော့်ကို အကျိုးအကြောင်းမသင့်တဲ့ တောင်းဆိုမှုတွေ မလုပ်သင့်မှန်း ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်တော် နားလည်ခဲ့တယ်။ ဒါပေမဲ့ ကောင်းချီးမင်္ဂလာ ရယူလိုတဲ့ ကျွန်တော့်ရဲ့ အတွင်းစိတ်က အမြင်ရှုထောင့်က မပြောင်းလဲသေးဘူး။ ဥပမာအနေနဲ့ ကျွန်တော့်သားရဲ့ ရောဂါကိုပဲကြည့်၊ အစပိုင်းမှာ ဒါကို ဘုရားသခင်လက်ထဲ ကျွန်တော် အပ်နှံနိုင်ခဲ့ပေမဲ့၊ သားရဲ့ အခြေအနေ နည်းနည်း တိုးတက်လာတာကို မြင်ရတဲ့အခါကျတော့ ဘုရားသခင်က ကျွန်တော်တို့ကို တကယ် ဂရုစိုက်တယ်လို့ ထင်ခဲ့တာ။ ကျွန်တော် ကိုယ့်တာဝန်ကို စွဲစွဲမြဲမြဲထမ်းဆောင်ရင်၊ ပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အသုံးခံနေတာကို ဘုရားသခင် မြင်ရင် ကျွန်တော့်သား ပြန်ကောင်းလာနိုင်လောက်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒီရည်ရွယ်ချက်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်တော် တာဝန်ထမ်းဆောင်တဲ့အခါ အရမ်းကို တက်ကြွနေခဲ့တာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းက လိုချင်တဲ့ ရလဒ်တွေ ထွက်မလာဘဲ ကျွန်တော့်သားရဲ့ ရောဂါက တဖြည်းဖြည်း ပိုဆိုးလာတဲ့အခါ ဘုရားသခင်ကို မညည်းညူဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်တော်က တာဝန်တချို့ ထမ်းဆောင်ပြီး အဖိုးအခ နည်းနည်းပေးဆပ်လိုက်တာနဲ့ အသိအမှတ်ပြုခံရသင့်တယ်၊ ဒါက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ အရည်အချင်းပြည့်မီသွားပြီလို့ ထင်ခဲ့တာ။ ဘုရားသခင်ကို ကျေနပ်စေဖို့ သက်သက်ထက် ကောင်းချီးမင်္ဂလာတွေနဲ့ အကျိုးအမြတ်တွေ ရရှိဖို့အတွက် ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်နေခဲ့မှန်း ကျွန်တော် မြင်သွားတယ်။ ကျွန်တော့်သဘာဝက တကယ်ကို တစ်ကိုယ်ကောင်းဆန်လိုက်တာ။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ကိုယ်ပိုင် ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုမှုတွေကို စိတ်ထဲမှာ အမြဲကိန်းအောင်းထားပြီး ကျွန်တော်လုပ်သမျှ အရာတိုင်းမှာ ဘုရားသခင်ကို လှည့်စားနေခဲ့တယ်။ ဒီလိုယုံကြည်ခြင်းမျိုးက ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ဘယ်တော့မှ ခံရနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် အရမ်းရှက်ပြီး အပြစ်ရှိသလို ခံစားရတယ်။ ကျွန်တော် လိုချင်တာက ဘုရားသခင်ဆီ ပြန်သွားဖို့၊ ဖန်ဆင်းခံတစ်ဦးရဲ့ နေရာကို ခံယူဖို့နဲ့ စိတ်သဘောထား ပြန်ပြင်ဖို့၊ ဘုရားသခင်အပေါ် တောင်းဆိုတာတွေ၊ ညည်းညူတာတွေ မလုပ်တော့ဘဲ ကျွန်တော့်သားကို ကိုယ်တော့်လက်ထဲ အပ်နှံဖို့ပါပဲ။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ လုံခြုံရေး အန္တရာယ်တွေကြောင့် ကျွန်တော် အိမ်ကနေ ထွက်ခွာရဖို့ အကြောင်းဖန်လာတယ်။ အဲဒီအချိန်မှာပဲ ဟော်မုန်းပါတဲ့ ဆေးဝါးတွေကို အချိန်အကြာကြီး သောက်သုံးခဲ့တာကြောင့် ကျွန်တော့်သားမှာ ပေါင်ရိုးထိပ်ခေါင်း ပုပ်တဲ့ရောဂါ ရှိတယ်ဆိုတာ အတည်ပြုလိုက်တယ်။ သူ လမ်းလျှောက်တဲ့အခါ ခါးကို မဆန့်နိုင်ဘဲ ဒူးနှစ်ဖက်ပေါ် လက်ထောက်ပြီးတော့ပဲ လမ်းလျှောက်နိုင်တော့တယ်။ သူ့ကို ပြုစုဖို့ အိမ်မှာ ကျွန်တော့်အမျိုးသမီး ရှိမှန်း၊ အိမ်မှာ ကျွန်တော် ကူညီပေးနိုင်တာ ဘာမှမရှိမှန်း သိပေမဲ့ ကျွန်တော့်သားရဲ့ အခြေအနေက ကျွန်တော့်ကို အရမ်း နာကျင်စေတုန်းပဲ။ ပြီးတော့ တွေးမိတယ်။ “ငါ့သားရဲ့ အရင်ရောဂါတောင် မပျောက်သေးဘူး၊ အခု ရောဂါအသစ် ထပ်တိုးလာပြန်ပြီ။ ငါ ဘာလုပ်သင့်လဲ။ ငါ အိမ်ကနေ ထွက်သွားသင့်လား” ပေါ့။ တွေးလေလေ ကျွန်တော် ပိုစိတ်ဆင်းရဲလေလေဖြစ်လာတယ်၊ ဘုရားသခင်က အံ့ဖွယ်အမှု ပြုလုပ်ပေးပြီး ကျွန်တော့်သားရဲ့ အခြေအနေကို အမြန်ဆုံး ထိန်းချုပ်ပေးဖို့ မျှော်လင့်မိပြန်ရော။ ကျွန်တော်က ဘုရားသခင်အပေါ် တောင်းဆိုမှုတွေ ထပ်လုပ်နေမှန်း ခပ်ရေးရေး ခံစားမိလိုက်တယ်။ ဒါကြောင့် စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ဖန်ဆင်းခံတစ်ဦးရဲ့ နေရာမှာ ကျွန်တော် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့နဲ့ ဒီအခြေအနေတွေကို ကျိုးနွံနာခံနိုင်ဖို့ ကျွန်တော့်ကို စောင့်ရှောက်ပါဆိုပြီး တောင်းလျှောက်လိုက်တယ်။ ဆုတောင်းပြီးနောက်မှာ အဝတ်အစားတချို့ ထုပ်ပိုးပြီး အိမ်ကနေ ထွက်ခွာလာခဲ့တယ်။

အိမ်နဲ့ဝေးနေတဲ့ အချိန်ကာလအတွင်း တစ်ခါတလေ ကျွန်တော့်သားကို သတိရမိပြီး တာဝန်ထမ်းဆောင်တဲ့အခါ အနှောင့်အယှက်တချို့ ဖြစ်စေခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ခဲ့တယ်။ ဒီလိုဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်လိုက်ရတယ်။ “၎င်းတို့ကို မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ဘဝတွင် မိဘများ ထမ်းဆောင်ရသည့် တာဝန်မှာ ၎င်းတို့ ကြီးပြင်းလာရန် ပတ်ဝန်းကျင်တစ်ခုကို ပြင်ပမှ ပံ့ပိုးပေးဖို့သာဖြစ်ပြီး ထိုမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်သာလျှင် မည်သူ၏ ကံကြမ္မာအပေါ်မဆို သက်ရောက်မှု ရှိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးတွင် မည်သို့သော အနာဂတ်မျိုး ရှိမည်ဟူသည်မှာ မည်သူကမျှ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။ ယင်းကို စောစီးစွာ ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်ကာ မိမိ၏ မိဘများကပင် ၎င်းတို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်လာလျှင် လူတိုင်းသည် လွတ်လပ်ကြသည်၊ လူတိုင်းတွင် ကိုယ့်ကံကြမ္မာနှင့်ကိုယ် ရှိကြသည်။ သို့ဖြစ်၍ မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝကံကြမ္မာကို လုံးဝ မဟန့်တားနိုင်သည့်အပြင် ဘဝတွင် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်လာလျှင်လည်း ၎င်းတို့ကို ကူညီရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ လူတစ်ဦးသည် မည်သည့် မိသားစုတွင် မွေးဖွားရန် ကြိုတင်ပြဋ္ဌာန်းခံရသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည်ဖြစ်စေ ဤအရာများသည် ၎င်းတို့၏ ဘဝ အထူးတာဝန်ကို ပြီးမြောက်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်များထက် မပိုကြောင်း ပြောဆိုနိုင်ပေသည်။ ယင်းတို့သည် လူတစ်ဦး၏ ဘဝကံကြမ္မာ သို့မဟုတ် ၎င်းတို့၏ အထူးတာဝန်ကို ပြီးမြောက်စေမည့် ကံကြမ္မာ အမျိုးအစားကို မည်သည့်နည်းနှင့်မျှ မဆုံးဖြတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘများကမျှ ၎င်းတို့၏ ဘဝအထူးတာဝန်ကို ပြီးမြောက်စေရန် မကူညီနိုင်သကဲ့သို့ မည်သည့် ဆွေမျိုးကမျှ ၎င်းတို့၏ ဘဝအခန်းကဏ္ဍကို ဖြည့်ဆည်းရန် မကူညီနိုင်ပေ။ လူတစ်ဦးသည် မိမိ၏ အထူးတာဝန်ကို မည်သို့ ပြီးမြောက်သည်နှင့် မည်သို့သော နေထိုင်မှု ပတ်ဝန်းကျင်တွင် မိမိ၏ အခန်းကဏ္ဍကို တာဝန်ယူသည်ဟူသောအချက်သည် ၎င်းတို့၏ ဘဝကံကြမ္မာအပေါ် လုံးလုံးလျားလျား မူတည်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) လူတစ်ဦးစီရဲ့ ကံကြမ္မာကို ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ညွှန်ကြားထားတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့တယ်။ လူတိုင်းရဲ့ တစ်သက်တာမှာ သူတို့ ခံစားရမယ့် ဆင်းရဲဒုက္ခ ရှိပြီး ဘယ်သူကမှ သူတို့အစား ခံစားပေးလို့ မရပါဘူး။ ကျွန်တော့်သားအတွက် ကျွန်တော် လုပ်ပေးနိုင်တာက သူ့ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးပြီး ကိုယ့်ဝတ္တရားကို ကျေပွန်အောင် လုပ်ဖို့ပါပဲ။ သူ့တစ်သက်တာမှာ သူ ဘယ်လိုအခက်အခဲတွေ ခံစားရမလဲ၊ သူ့ဘဝ ဘယ်လိုဖြစ်လာမလဲ ဆိုတာတွေနဲ့ ပတ်သက်လာရင် ဒါတွေအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပါတယ်။ ဒါကို ကျွန်တော် ဆုံးဖြတ်လို့ မရသလို၊ ပြောင်းလဲလို့လည်း မရပါဘူး။ အရင်တုန်းက အိမ်မှာရှိတုန်းက ကျွန်တော့်သားကို နည်းနည်း စောင့်ရှောက်ပေးပြီး ဆေးမှန်မှန်သောက်ဖို့ သတိပေးခဲ့ပေမဲ့ သူ့မှာ ပေါင်ရိုးထိပ်ခေါင်း ပုပ်တဲ့ရောဂါ ရှိတယ်လို့ အတည်ပြုခံရတုန်းပဲ။ ကျွန်တော့်ရဲ့ ဂရုစိုက်မှုနဲ့ အဖော်ပြုမှုက ကျွန်တော့်သား ခံစားရမယ့် ဆင်းရဲဒုက္ခမျိုးကို မပြောင်းလဲနိုင်ပါဘူး။ ကျွန်တော့်သားဘေးမှာ ကျွန်တော် နေခဲ့ရင်တောင် ကျွန်တော် လုပ်ပေးနိုင်တာက သူ့အဖော်လုပ်ပေးပြီး နည်းနည်း နှစ်သိမ့်ပေးရုံပဲရှိမယ်၊ သူ့ရောဂါ ပိုဆိုးလာမလား၊ သက်သာလာမလား ဆိုတာကိုတော့ ကျွန်တော် လုံးဝ ဆုံးဖြတ်ပေးလို့ မရပါဘူး။ ကျွန်တော့်သားကို ဘုရားသခင်လက်ထဲ အပ်နှံရမယ်။ လုပ်ဆောင်ဖို့ တစ်ခုတည်းသော သင့်လျော်တဲ့အရာက ဘုရားသခင်ကိုပဲ ဒါနဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်စေဖို့ပါပဲ။ ဒါကို တွေးမိတော့ ကျွန်တော် နည်းနည်း ပိုလွတ်မြောက်သလို ခံစားရပြီး တာဝန်ထမ်းဆောင်ရာမှာ စိတ်ငြိမ်သက်မှု ရရှိနိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်တော့်သား ဆေးရုံပြန်တက်ရတယ်ဆိုတဲ့ စာကို ကျွန်တော့်အမျိုးသမီးဆီက ရခဲ့တယ်။ ကျွန်တော့်သား ရောဂါပြန်ဖောက်တာကို သိလိုက်ရတော့ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတယ်၊ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ သားလေးကို ကိုယ်တော့်လက်ထဲ အပ်နှံပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခွင့်နဲ့ စီစဉ်ခွင့်ပြုဖို့ လိုလားပါတယ်လို့ပြောပြီး ကျွန်တော် လုပ်သင့်တာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ပါပဲ။ ဘုရားသခင်ဆီ ဒီလိုဆုတောင်းပြီး ကိုယ်တော့်အပေါ် တောင်းဆိုမှုတွေ မလုပ်တော့တဲ့အခါ ကျွန်တော် အရမ်းကို ငြိမ်းချမ်းပြီး စိတ်အေးချမ်းသွားတယ်။ ပြီးတော့ ကိုယ့်တာဝန်မှာ စိတ်နှစ်ထားနိုင်ခဲ့တယ်။

အရှေ့သို့- ၆၂။ အသေးအဖွဲကိစ္စတစ်ခုမှ သင်ယူရရှိခဲ့သော သင်ခန်းစာများ

နောက်တစ်ခုသို့- ၆၅။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားခြင်းက ကျွန်တော့်ကို တကယ် ပျက်စီးစေခဲ့တယ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။