၄၉။ ကျွန်မ အသက်ကြီးတဲ့အခါ စောင့်ရှောက်ပေးဖို့အတွက် ကျွန်မသားကို အားမကိုးတော့ပါ
၂၀၀၁ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ ကျွန်မမှာ ဦးနှောက်သွေးကြောပိတ်တာနဲ့ နှလုံးရောဂါရှိမှန်း စစ်ဆေးတွေ့ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ဆေးကုသဖို့ ပိုက်ဆံ အရေးတကြီးလိုအပ်နေတုန်း တိုက်တိုက်ဆိုင်ဆိုင်ပဲ သားက ကျွန်မဆီကို ယွမ်ငါးထောင်ပို့ပေးခဲ့တယ်။ ကျွန်မ တွေးလိုက်တယ်၊ “ငါ့သားကို ငါ အမြဲ အားကိုးလို့ရတယ်။ အသက်ကြီးလာရင် သားကိုပဲ အားကိုးအားထားပြုရမှာပဲ” လို့ပေါ့။ ၂၀၂၂ ခုနှစ်မှာတော့ သားက အိမ်ထောင်ကျသွားပြီး အိမ်နဲ့ကားကို သူ့ဘာသာသူ ဝယ်ခဲ့တယ်။ နောက်ပိုင်းမှာ ချွေးမက ယွမ်တစ်ထောင်ကျော်တန်တဲ့ ရွှေလက်စွပ်တစ်ကွင်း ကျွန်မအတွက် ဝယ်ပေးခဲ့တယ်။ သူက ကျွန်မကို ပြောသေးတယ်၊ “ကျွန်မတို့က အမေ့ကို တခြားဘာမှ မတောင်းဆိုပါဘူး၊ ဒါပေမဲ့ နောင်မှာ ကျွန်မတို့ ကလေးရလာတဲ့အခါ အမေကူပြီး စောင့်ရှောက်ပေးရင်တော့ ကောင်းတာပေါ့” တဲ့။ သားနဲ့ချွေးမက ကျွန်မအပေါ် အရမ်းကောင်းတာကိုတွေ့တော့ ကျွန်မ တွေးမိတယ်၊ “ငါ့မှာ ဒီသားတစ်ယောက်ပဲရှိတာ။ သားနဲ့ချွေးမကို ငါ ကောင်းကောင်းမွန်မွန် ပေါင်းသင်းဆက်ဆံရမယ်၊ ဘာလို့လဲဆိုတော့ အသက်ကြီးလာတဲ့အခါ သူတို့ကိုပဲ အားကိုးပြီး ငါ့ကို စောင့်ရှောက်ခိုင်းရမှာလေ။ ငါ့ကျန်းမာရေးက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာပြီ။ အခု ငါလှုပ်ရှားနိုင်တုန်း သူတို့ကို ကလေးထိန်းပေးရင် သူတို့က ငါ့ကို ပြန်စောင့်ရှောက်မှာပဲ” လို့ပေါ့။ ဒီလိုတွေးပြီးနောက်မှာ ကျွန်မ သဘောတူလိုက်ပြီး “အေးပါ၊ မင်းတို့ ကလေးရလာတဲ့အခါ ငါပဲ ကြည့်ပေးပါ့မယ်” လို့ ပြောလိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့လုံခြုံရေးအတွက် အန္တရာယ်တွေရှိလို့ ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာကို ရှောင်ဖို့အတွက် အိမ်ကနေထွက်ပြီး အသင်းတော်မှာ တာဝန်ထမ်းဆောင်ရုံကလွဲပြီး တခြားနည်းလမ်းမရှိခဲ့ဘူး။
၂၀၂၄ ခုနှစ်၊ ဧပြီလ တစ်နေ့မှာ ကျွန်မ ချွေးမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရပြီး မိသားစုက သူ့ကို ပြန်စောင့်ရှောက်ပေးဖို့ ကျွန်မကို ပြောခဲ့တယ်။ ကျွန်မလည်း အမြန်ပြန်သွားခဲ့တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ ရွာက အရာရှိတွေက အိမ်ထောင်စုစာရင်း စစ်ဖို့ ရောက်လာကြတယ်။ ကွန်မြူနစ်ပါတီလက်ထဲမှာ ကျွန်မဓာတ်ပုံရှိနေပြီး ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မကို သူတို့ရှာနေတာကို တွေးမိတော့ အိမ်မှာဆက်နေဖို့ မဝံ့ရဲတော့ဘဲ အမြန်ပဲ ထွက်လာခဲ့တယ်။ အသင်းတော်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို ဝမ်းနည်းပြီး တွေးမိတယ်၊ “ငါ့သားက တခြားမြို့မှာ အလုပ်လုပ်တော့ ချွေးမကို စောင့်ရှောက်ပေးဖို့ အချိန်မရှိဘူး။ ယောက္ခမဖြစ်တဲ့ ငါက မစောင့်ရှောက်ရင် သူ့မိသားစုက ငါ့ကို ဘယ်လိုထင်ကြမလဲ။ အခု ချွေးမလေး ဘယ်လိုနေနေလဲဆိုတာတောင် ငါမသိဘူး” လို့ပေါ့။ ဒီလိုတွေးပြီးတဲ့နောက်မှာ သူတို့အပေါ် အမြဲအကြွေးတင်နေသလို ခံစားခဲ့ရတယ်။ စိတ်ထဲမှာ ခံစားရတဲ့ ဝေဒနာကြောင့် ဦးနှောက်သွေးကြောပိတ်တဲ့ရောဂါက ပြန်ထလာရော။ ကျွန်မ ပိုပြီးတော့တောင် စိုးရိမ်လာပြီး တွေးမိတယ်၊ “ငါက အသက်ကြီးသထက်ကြီးလာသလို ကျန်းမာရေးကလည်း ဆိုးသထက်ဆိုးလာပြီ။ အနာဂတ်မှာ သားနဲ့ချွေးမရဲ့ စောင့်ရှောက်မှုကို ငါလိုအပ်လာမှာ မဟုတ်ဘူးလား။ ချွေးမက ငါ့ကို အလိုအပ်ဆုံးအချိန်မှာ ငါက သူ့ကို သွားမစောင့်ရှောက်ခဲ့ဘူး။ တစ်နေ့နေ့မှာ ငါအသက်ကြီးပြီး ဖျားနာလို့ သူတို့ဆီ ပြန်သွားရမယ်ဆိုရင် သူတို့က ငါ့ကို လက်ခံပြီး အသက်ကြီးရင် စောင့်ရှောက်ပေးပါ့မလား” လို့ပေါ့။ ဒီအကြောင်းကို တွေးမိတိုင်း ကျွန်မရဲ့ အခြေအနေက ပိုဆိုးလာတယ်။ ရက်တွေ ကုန်သွားပြီး မကြာခင်မှာပဲ ကလေးမွေးမဲ့အချိန် ရောက်လာတယ်။ ဒါပေမဲ့ ကျွန်မက ချွေးမကို သွားစောင့်ရှောက်ဖို့ ပြန်သွားလို့မရသေးတော့ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မက လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန်ကို ထမ်းဆောင်နေခဲ့တာပါ။ နေ့တိုင်း တာဝန်ထမ်းဆောင်နေပေမဲ့လည်း ဒီကိစ္စကြောင့် ကျွန်မရဲ့စိတ်က ခဏခဏ အနှောင့်အယှက်ဖြစ်ခဲ့ရပြီး အလုပ်ကို အချိန်မီ လိုက်မလုပ်ဖြစ်ဘူး၊ လူသစ်တွေရဲ့ ပြဿနာတွေကိုလည်း အချိန်မီ ဖြေရှင်းမပေးဖြစ်ဘူး။ အကျိုးဆက်အနေနဲ့ လူသစ်တချို့ရဲ့ ပြဿနာတွေက ချက်ချင်း ပြေလည်မသွားခဲ့သလို သူတို့တွေက အပျက်သဘောဆောင်၊ အားနည်းပြီး အသက်ရှင်ကြတယ်။ ကိုယ့်တာဝန်တွေကို ကောင်းကောင်းမဖြည့်ဆည်းနိုင်တာကို မြင်တဲ့အခါမှာ အခြေအနေကို ဘယ်လိုဖြေရှင်းပြီး ပြန်ကောင်းအောင်လုပ်ရမလဲဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘူး။ အဲဒီအစား ကျွန်မ ဒီလိုတောင် တွေးလိုက်သေးတယ်၊ “ရလဒ်တွေ မရှိလည်း နေပါစေတော့။ ငါသာ တာဝန်ကနေ ဖယ်ရှားခံလိုက်ရရင် သားဆီပြန်သွားပြီး ကလေးထိန်းပေးလို့ ရနိုင်လောက်တယ်” လို့ပေါ့။ ကျွန်မက မမှန်ကန်တဲ့ အခြေအနေတစ်ခုမှာ နေထိုင်နေခဲ့လို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဦးဆောင်မှု မရှိဘဲ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့ပြီး အပျက်သဘောဆောင်ကာ စိတ်ဆင်းရဲလာခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးက အိမ်ပြန်ပြီး ချွေးမနဲ့ မြေးကို သွားစောင့်ရှောက်ချင်စိတ် အမြဲဖြစ်နေပါတယ်။ အခု ပြန်မသွားရင် အသက်ကြီးလာတဲ့အခါ ဘယ်သူမှ သမီးကို စောင့်ရှောက်မှာ မဟုတ်ဘူးလို့ ကြောက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နေထိုင်နေတာက မှားမှန်း သမီးသိပါတယ်။ သမ္မာတရားကို နားလည်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်ပြဿနာတွေကို သိမြင်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို သတိရသွားတယ်၊ “သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) လူတွေကြားမှာ တကယ့်အစစ်အမှန် ချစ်ခြင်းမေတ္တာ ဒါမှမဟုတ် ဂရုစိုက်မှု လုံးဝမရှိဘူးလို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ လူတိုင်းက ကိုယ့်ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိထားပြီး ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးအမြတ်ကိုပဲ ရှာကြတယ်။ ဘုရားသခင် ဖော်ထုတ်ခဲ့သလိုပဲ ကျွန်မက ဖြစ်နေခဲ့တာပါ။ ကျွန်မက ချွေးမကို ရိုးရိုးသားသား စောင့်ရှောက်ချင်စိတ်ရှိလို့ သူ့ရဲ့ကိုယ်ဝန်အကြောင်းကို အဆက်မပြတ် တွေးနေခဲ့တာမဟုတ်ဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေကြောင့် ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကိုယ့်ကျန်းမာရေးက ပိုပိုဆိုးလာသလို ခံစားခဲ့ရပြီး အသက်ကြီးလာတဲ့အခါမှာလည်း ကျွန်မကို စောင့်ရှောက်ဖို့ သားကိုပဲ အားကိုးရဦးမှာပဲလေ။ ဒါကြောင့် အခု ကျွန်မတတ်နိုင်တုန်း သူတို့ကလေးကို စောင့်ရှောက်ပေးချင်ခဲ့တယ်၊ ဒါမှ အပြန်အလှန်အနေနဲ့ ကျွန်မ အသက်ကြီးလာတဲ့အခါ သူက ကျွန်မကို စောင့်ရှောက်မှာပေါ့။ ဒါပေမဲ့ ကိုယ့်တာဝန်နဲ့ ကိုယ့်လုံခြုံရေးအတွက် အန္တရာယ်တွေကြောင့် ပြန်သွားလို့မရတဲ့အခါ ကျွန်မရဲ့စိတ်နှလုံးက ပြင်းပြင်းထန်ထန် နာကျင်ခံစားရပြီး ကိုယ့်တာဝန်အတွက် ဝန်တာထားတဲ့စိတ် တစ်စက်မှ မရှိတော့ဘူး။ ကျွန်မက ကိုယ့်ဇာတိပကတိရဲ့ အကျိုးစီးပွားကိုပဲ စဉ်းစားခဲ့တာကို ကျွန်မတွေ့ခဲ့ရတယ်။
နောက်ပိုင်းမှာတော့ ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “လူတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များနှင့် သူ၏ အချုပ်အခြာအာဏာတို့ကို မရိပ်စားမိနိုင်သည့်အခါ၊ နားလည်၊ လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိနိုင်သည့်အခါ၊ မိမိတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲအမျိုးမျိုးကို လူတို့ ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် ဤအခက်အခဲများသည် ပုံမှန်လူတို့ ခံနိုင်သည့်အရာကို ကျော်လွန်သည့်အခါ၊ ၎င်းတို့သည် စိုးရိမ်မှုနှင့် ပူပန်သောကမျိုးစုံကို မသိစိတ်၏စေ့ဆော်မှုအရ ခံစားရပြီး စိတ်ဖိစီးမှုပင် ခံစားကြရသည်။ မနက်ဖြန်၊ သို့မဟုတ် ဖိန်းနွှဲခါက မည်ကဲ့သို့ဖြစ်မည်၊ သို့မဟုတ် အနည်းငယ်သော နှစ်ကာလအတွင်း အမှုအရာများ မည်သို့ဖြစ်မည်၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်က မည်သို့ဖြစ်မည်ဆိုသည်တို့ကို ၎င်းတို့ မသိကြသောကြောင့် အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို လူတို့ ခံစားရသည့် အခြေအနေမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်နိုင်သကဲ့သို့ မရိပ်စားမိနိုင်ခြင်း ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် မျက်စိများဖြင့် ထိုအရာကို မြင်လျှင်ပင် နားလည်ကြမည်မဟုတ်၊ သို့မဟုတ် ယုံကြည်ကြမည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြ။ ၎င်းတို့၏ အသက်တာများက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ၎င်းတို့ မယုံကြည်ကြ။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် မယုံကြည်မှုက ၎င်းတို့ စိတ်နှလုံးများတွင် ထွက်ပေါ်ပြီးနောက် အပြစ်တင်မှု ဖြစ်ပေါ်ကာ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ အခြေအနေ အတိအကျပဲ။ ဘုရားသခင်ကို စတွေ့ပြီးနောက်မှာရော၊ ကျွန်မ ကျန်းမာနေတဲ့အချိန်မှာရော ကိုယ့်တာဝန်တွေကို အာရုံစိုက်နိုင်ခဲ့တယ်၊ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေက တဖြည်းဖြည်း တိုးလာခဲ့တယ်။ ကျွန်မမှာ ဦးနှောက်သွေးကြောပိတ်တဲ့ရောဂါရှိလာပြီး နှလုံးကလည်း မကောင်းတော့ဘူး။ သတိမထားမိလိုက်ဘဲ ပူပန်သောကနဲ့ စိုးရိမ်ကြောင့်ကြမှုတွေထဲမှာ ကျွန်မ နေထိုင်စပြုလာပြီး ကိုယ့်ကျန်းမာရေး ဆိုးရွားလာတဲ့အခါ ဘယ်သူမှ စောင့်ရှောက်မယ့်သူမရှိရင် ဘယ်လိုလုပ်မလဲဆိုတာကို စိုးရိမ်နေခဲ့တာပေါ့။ သားနဲ့ချွေးမက ကျွန်မကို လိုအပ်တဲ့အချိန်မှာ သူတို့ကို သွားမစောင့်ရှောက်ခဲ့ဘူး၊ ဒီတော့ ကျွန်မအသက်ကြီးပြီး စောင့်ရှောက်မှုလိုအပ်လာတဲ့အခါ သူတို့က ကျွန်မကို စောင့်ရှောက်ဦးမှာလား။ ဒီလိုတွေးမိတဲ့အခါ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲမှာ ကျွန်မ ကျဆင်းသွားတယ်၊ ကိုယ့်တာဝန်မှာ ဝန်တာထားတဲ့စိတ် ပျောက်ဆုံးသွားတယ်၊ အသင်းတော်မှာ တာဝန်ထမ်းဆောင်လိုစိတ်တောင် မရှိတော့ဘူး။ ချွေးမကို စောင့်ရှောက်ဖို့ပဲ အိမ်ပြန်ချင်ခဲ့တယ်။ အရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာရှိတယ်လို့ ကျွန်မ ခဏခဏ ပြောလေ့ရှိပေမဲ့ ကိစ္စတွေ ကျွန်မအပေါ် ကျရောက်လာတဲ့အခါမှာတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ယုံကြည်စိတ် ပျောက်ဆုံးသွားခဲ့ပြီး တခြားသူတွေကိုပဲ အားကိုးချင်ခဲ့တယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်း တစ်ခုတလေမှ ကျွန် မရှိခဲ့တာကို တွေ့ရတယ်။ ပြန်စဉ်းစားကြည့်တော့ ဒီအရာတွေအတွက် ငါစိုးရိမ်နေတာ ဘာအဓိပ္ပာယ်လဲ။ ငါ့ရဲ့အနာဂတ်ဘဝက ဘယ်လိုဖြစ်မယ်ဆိုတာကို ဘုရားသခင်က စီစဉ်ပြီးသားဖြစ်ပြီး ငါလုပ်ရမှာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး အရာရာကို အရှိအတိုင်း တွေ့ကြုံခံစားသွားဖို့ပဲ။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ပြီး ကျွန်မရဲ့ စိတ်နှလုံးထဲက စိုးရိမ်ပူပန်မှုတချို့ သက်သာသွားတယ်။ ဘုရားသခင်က ပြောသည် “မိဘများသည် သားသမီးများထံမှ ဤအရာများကို ခံစားပြီး ရရှိခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် ကြီးမားသောစည်းစိမ်နှင့် ဆုလာဘ်ဖြစ်သည်။ အမှန်တကယ်တွင် သားသမီးများအား မွေးဖွားခြင်း၊ ပျိုးထောင်ခြင်းလုပ်ဆောင်မှုမှပင် သားသမီးများထံမှ များစွာရရှိပြီး ဖြစ်သည်။ သင့်သားသမီးများက သင့်အပေါ် သားသမီးဝတ်ကျေပွန်မည်၊ မကျေပွန်မည်၊ သင်မသေမီတွင် သင်သည် ၎င်းတို့အပေါ် အားကိုးနိုင်ခြင်းရှိမရှိနှင့် ၎င်းတို့ထံမှ မည်သည့်အရာကို သင်ရရှိနိုင်သည်ဆိုသည့် ဤအရာများမှာမူ သင်တို့သည် အတူတကွနေထိုင်ရန် ကံပါလာခြင်းရှိမရှိအပေါ်တွင် မူတည်ပြီး ဘုရားသခင်၏ စီမံမှုအပေါ်တွင် မူတည်သည်။ အခြားတစ်ဖက်တွင် သင့်သားသမီးများက မည်သည့်ပတ်ဝန်းကျင်မျိုးတွင် နေသည်၊ ၎င်းတို့၏ နေထိုင်သည့် အခြေအနေများ၊ ၎င်းတို့၌ သင့်ကို စောင့်ရှောက်နိုင်သည့် အခြေအနေရှိမရှိ၊ ၎င်းတို့သည် ငွေရေးကြေးရေးတွင် အဆင်ပြေမှု ရှိမရှိ၊ သင့်အား ရုပ်ဝတ္ထုဆိုင်ရာ ပျော်မွေ့မှုနှင့် ကူညီမှုတို့ဖြင့် ပံ့ပိုးပေးရန် ၎င်းတို့၌ ပိုက်ဆံအပိုရှိမရှိတို့သည်လည်း ဘုရားသခင်၏ စီမံမှုအပေါ် မူတည်သည်။ ထို့အပြင် သင်သည် မိဘတို့၏ အမြင်ရှုထောင့်မှကြည့်လျှင် သင့်သားသမီးများက သင့်အားပေးသည့် ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေ၊ သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ နှစ်သိမ့်မှုတို့ကို ခံစားရရန် ကံပါခြင်းရှိမရှိသည်လည်း ဘုရားသခင်၏ စီမံမှုအပေါ် မူတည်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ လူသားများက တောင်းခံ၍ ရနိုင်သောအရာများ မဟုတ်။ သင်မြင်သလော။ သားသမီးအချို့ကို ၎င်းတို့မိဘများက မနှစ်သက်ပေ။ ပြီးလျှင် ၎င်းတို့မိဘများသည် ၎င်းတို့နှင့်အတူ နေထိုင်လိုစိတ်မရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့အား ၎င်းတို့မိဘများနှင့်အတူ နေထိုင်ရန် စီမံပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အဝေးသို့ ခရီးမထွက်နိုင်၊ သို့မဟုတ် ၎င်းတို့မိဘများကို မထားခဲ့နိုင်ပေ။ ၎င်းတို့သည် တစ်ဘဝလုံး ၎င်းတို့မိဘများနှင့် ပိတ်မိနေသည်။ သင်သည် ကြိုးစားလုပ်ဆောင်လျှင်ပင် ၎င်းတို့ကို နှင်မထုတ်နိုင်ပေ။ အခြားတစ်ဖက်တွင်မူ သားသမီးအချို့၌ ၎င်းတို့နှင့်အတူအလွန်ပင်နေထိုင်လိုစိတ်ရှိသော မိဘများရှိသည်။ ၎င်းတို့သည် ခွဲ၍မရပေ။ တစ်ယောက်ကိုတစ်ယောက် အစဉ် လွမ်းဆွတ်နေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့သည် ၎င်းတို့မိဘများနေထိုင်သည့် တစ်မြို့တည်းတွင်၊ သို့မဟုတ် တစ်နိုင်ငံတည်းတွင်ပင် မနေထိုင်နိုင်ပေ။ ၎င်းတို့အတွက် တစ်ယောက်မျက်နှာတစ်ယောက် တွေ့မြင်ပြီး တစ်ယောက်နှင့်တစ်ယောက် စကားပြောရန် ခက်ခဲသည်။ ဆက်သွယ်ရေးနည်းလမ်းများက အလွန်ဖွံ့ဖြိုးတိုးတက်ပြီး အွန်လိုင်း ဗီဒီယိုစကားဝိုင်းဖြင့် ပြောဆိုနိုင်သော်လည်း တစ်ရက်ပြီးတစ်ရက် အတူတကွနေထိုင်ခြင်းနှင့် ကွဲပြားနေဆဲ ဖြစ်သည်။ ၎င်းတို့သားသမီးများသည် အကြောင်းတစ်ခုခုကြောင့် နိုင်ငံခြားသွားသည်။ အိမ်ထောင်ကျပြီးနောက်တွင် အခြားတစ်နေရာ၌ အလုပ်လုပ်သည်၊ နေထိုင်သည် စသည်တို့ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့မိဘများနှင့် အလွန့်အလွန် ဝေးကွာစွာဖြင့် ခွဲနေကြသည်။ တစ်ကြိမ်ပင်တွေ့ဆုံဖို့ မလွယ်ကူပေ။ ပြီးလျှင် ဖုန်းပြောဆိုခြင်း၊ သို့မဟုတ် အွန်လိုင်း ဗီဒီယိုခေါ်ဆိုမှုဖြင့် ပြောဆိုခြင်းသည် အချိန်အပေါ်တွင် မူတည်သည်။ အချိန်ကွာခြားမှု၊ သို့မဟုတ် အခြားသော အဆင်မပြေမှုများကြောင့် ၎င်းတို့သည် ၎င်းတို့မိဘများနှင့် မကြာခဏ မဆက်သွယ်နိုင်ပေ။ ဤအဓိကသွင်ပြင်လက္ခဏာများသည် မည်သည်အရာနှင့် ဆက်နွှယ်နေသနည်း။ ယင်းတို့အားလုံးသည် ဘုရားသခင်၏ စီမံမှုနှင့် မဆက်နွှယ်သလော။ (ဆက်နွှယ်ပါသည်။) ဤသည်မှာ မိဘ၊ သို့မဟုတ် သားသမီး၏ စိတ်ခံစားချက်မှဖြစ်သော ဆန္ဒဖြင့် ဆုံးဖြတ်နိုင်သောအရာတစ်ခု မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင်၏ စီမံချက်အပေါ် မူတည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်သွားတာက မိဘတိုင်းဟာ အသက်ကြီးလာတဲ့အခါမှာ ကိုယ့်သားသမီးတွေရဲ့ စောင့်ရှောက်မှုကို ရဖို့ မျှော်လင့်ကြတယ်ပေါ့။ ဒါပေမဲ့ ဒါက လူတွေ ကိုယ့်ဘာသာကိုယ် ရှာလို့ရတဲ့အရာ တကယ်မဟုတ်ဘူး၊ အဲဒီအစား ဒါကို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်ပြဋ္ဌာန်းမှုက ဆုံးဖြတ်တာဖြစ်တယ်။ ကျွန်မသိတဲ့ အသက်ကြီးကြီး အစ်မတစ်ယောက်အကြောင်းကို ကျွန်မ တွေးမိတယ်။ သူ့ရဲ့သားသမီးတွေ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်သွားပြီးတဲ့နောက်မှာ သူက အသင်းတော်မှာ ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်ခဲ့ပြီး မြေးတွေကို ကူထိန်းပေးဖို့ အချိန်မရှိခဲ့ဘူး။ ဒါပေမဲ့ သူအသက် ၆၀ ကျော်လာတဲ့အခါ သူ့သမီးက သူ့အလိုလို အစပြုပြီး စောင့်ရှောက်ခဲ့တယ်၊ ပြီးတော့ သူက သူ့သမီးအိမ်ကနေ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့တုန်းပဲ။ နောက်တစ်ဖြစ်ရပ်မှာတော့ ကျွန်မသိတဲ့တစ်ယောက်က သူ့သားမိသားစုအတွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာပေးတယ်၊ သူတို့ရဲ့ ကလေးတွေကိုလည်း ကူထိန်းပေးခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ချွေးမက နှင်ထုတ်တာကို ခံလိုက်ရတယ်။ ၂၀၂၀ ခုနှစ်တုန်းက ကျွန်မနေမကောင်းဖြစ်ပြီး ပိုက်ဆံတကယ်လိုအပ်တဲ့အချိန်ကိုလည်း ကျွန်မပြန်တွေးမိတယ်။ သားကို ဘာမှမပြောခဲ့ပေမဲ့ သူက ကျွန်မကို ယွမ်ငါးထောင် ပေးဖြစ်ခဲ့တယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေရဲ့ ရလဒ်မဟုတ်ဘူးလား။ ဒါကို နားလည်သွားတဲ့အခါ ကျွန်မ တကယ်ကို ရှက်မိတယ်။ ကျွန်မ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်များစွာကို စားသောက်ခဲ့ပေမဲ့ နေမကောင်းဖြစ်တာနဲ့ ကျွန်မ ဖော်ထုတ်ခံလိုက်ရတယ်။ ကျွန်မ ဘုရားသခင်ကို အားမကိုးခဲ့ဘူး၊ ကိုယ့်ဘာသာ နည်းလမ်းတွေ ကြိုးစားစဉ်းစားခဲ့ပြီး ထောက်ပံ့မှုအတွက် သားဆီကိုပဲ အမြဲပြေးချင်နေခဲ့တယ်။ ကျွန်မက ဘယ်လိုလုပ် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်ဦးမှာလဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတာက၊ ဘုရားသခင်က လူတစ်ယောက်ကို အသက်ကြီးတဲ့အခါ သူ့သားသမီးတွေက စောင့်ရှောက်မှာမဟုတ်ဘူးလို့ ကြိုတင်ပြဋ္ဌာန်းထားတယ်ဆိုရင်၊ သူတို့က သားသမီးတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အားလုံးက အချည်းနှီးပဲဖြစ်မှာပါ။ ကျွန်မကို သားသမီးတွေက စောင့်ရှောက်မယ်လို့ ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားတယ်ဆိုရင် အချိန်တန်တဲ့အခါ ကျွန်မအတွက် အရာရာကို သူစီစဉ်ပေးမှာပဲ။ တစ်နေ့နေ့မှာ ကျွန်မရဲ့ကျန်းမာရေးကြောင့် တာဝန်မထမ်းဆောင်နိုင်တော့ဘူးဆိုရင်တောင် ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံခြင်းအားဖြင့် ဒါကို တွေ့ကြုံခံစားသွားမှာပါ။ သင်ယူစရာ သင်ခန်းစာတွေနဲ့ ရရှိစရာ သမ္မာတရားတွေ ရှိတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မ ချွေးမကို မစောင့်ရှောက်နိုင်တော့မှာကို မစိုးရိမ်တော့သလို စိတ်ငြိမ်ငြိမ်ထားပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်။
နောက်ပိုင်းမှာ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့အတွက် ရိုးရာယဉ်ကျေးမှုကို ဘယ်လိုအသုံးချတယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတာကို ကျွန်မဖတ်ခဲ့ရပြီး ကိုယ့်အတွင်းထဲမှာရှိတဲ့ မှားယွင်းတဲ့အမြင်တချို့ကို ပိုင်းခြားသိမြင်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တရုတ်ရိုးရာ ယဉ်ကျေးမှုကိုကြည့်လျှင် အထူးသဖြင့် တရုတ်လူမျိုးများသည် သားသမီးဝတ်ကျေပွန်ခြင်းကို အလေးပေးသည်။ ရှေးကာလမှ ယခုအချိန်အထိ ဤအရာကို လူတို့၏ လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ လူတစ်ယောက်ကောင်းသည်၊ မကောင်းသည်ကို အကဲဖြတ်သည့် စံနှုန်းအဖြစ် အစဉ်ဆွေးနွေးပြီး အလေးပေးခဲ့သည်။ လူ့အဖွဲ့အစည်းတွင် သားသမီးများက သားသမီးဝတ် မကျေပွန်လျှင်၊ ၎င်းတို့၏မိဘများကလည်း ရှက်လိမ့်မည် ဖြစ်သကဲ့သို့ သားသမီးများသည်လည်း ၎င်းတို့၏ ဂုဏ်သတင်းတွင် ဤအမှတ်အသားကို ခံနိုင်မည်မဟုတ် ဆိုသည့် အတွေ့ရများသည့် ကျင့်သုံးမှုနှင့် လူအများ၏ ထင်မြင်ချက်ရှိသည်မှာလည်း အမှန်ပင်ဖြစ်သည်။ အမျိုးမျိုးသော အကြောင်းအရင်းများ၏ လွှမ်းမိုးမှုအောက်တွင် မိဘများသည်လည်း ဤရိုးရာအတွေးအခေါ်၏ အဆိပ်ခတ်ခြင်းကို အလွန်အမင်းခံထားရပြီး မစဉ်းစားဘဲ၊ သို့မဟုတ် ပိုင်းခြားသိမြင်မှုမရှိဘဲ ၎င်းတို့၏ သားသမီးများအား သားသမီးဝတ်ကျေပွန်ရန် တောင်းဆိုကြသည်။ သားသမီးများအား ပျိုးထောင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသည်မှာ သင်၏ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ ဘုရားသခင်က သင့်အားပေးထားသည့် တာဝန်နှင့် ဝတ္တရားဖြစ်သည်။ တစ်ချက်မှာ သားသမီးများအား ပျိုးထောင်ခြင်းသည် လူသားဗီဇစိတ်နှင့် သက်ဆိုင်ပြီး အခြားတစ်ချက်မှာမူ လူသားတာဝန်ထဲတွင် ပါဝင်လေသည်။ သင်သည် ဗီဇစိတ်နှင့် တာဝန်ကြောင့် သားသမီးများမွေးရန် ရွေးချယ်ခြင်းဖြစ်သည်။ အိုမင်းသည့်အရွယ်အတွက် ပြင်ဆင်ဖို့ရန်နှင့် အိုမင်းသောအခါတွင် စောင့်ရှောက်ခံရဖို့ရန် မဟုတ်ပေ။ ဤအမြင်သည် မမှန်ကန်သလော။ (မှန်ကန်ပါသည်။) သားသမီးမရှိသောလူတို့သည် အိုမင်းခြင်းကို ရှောင်နိုင်သလော။ အိုမင်းခြင်းသည် ဆင်းရဲဒုက္ခရောက်မည်ဟု သေချာပေါက်ပင် အဓိပ္ပာယ်ရသလော။ ဤသို့ အဓိပ္ပာယ်မျိုး ရချင်မှ ရပေမည်။ မှန်သလော။ သားသမီးမရှိသောလူတို့သည် အိုမင်းသည်အထိ နေနိုင်ဆဲဖြစ်သည်။ ပြီးလျှင် အချို့မှာ ကျန်းမာခြင်း၊ ၎င်းတို့၏ နောက်ပိုင်းနှစ်များတွင် ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းစွာဖြင့် ကွယ်လွန်ခြင်းတို့ပင် ရှိသည်။ သားသမီးရှိသောလူတို့သည် ၎င်းတို့၏ နောက်ပိုင်းနှစ်များတွင် သေချာပေါက် ပျော်ရွှင်စွာနှင့် ကျန်းမာစွာ ပျော်မွေ့နိုင်သလော။ (ပျော်မွေ့နိုင်ခြင်းမျိုး ရှိချင်မှ ရှိပါမည်။) ထို့ကြောင့် အိုမင်းသည့်အရွယ်သို့ရောက်သော မိဘများ၏ ကျန်းမာရေး၊ ပျော်ရွှင်မှုနှင့် အသက်ရှင်သန်မှုအခြေအနေအပြင် ၎င်းတို့၏ ရုပ်ဝတ္ထုဘဝ အရည်အသွေးတို့သည် အမှန်တကယ်တွင် ၎င်းတို့၏သားသမီးများက ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်ခြင်းနှင့် မသက်ဆိုင်သလောက်ပင် ဖြစ်သဖြင့် ထိုနှစ်ခုကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုမရှိပေ။ အိုမင်းသည့်အရွယ်တွင် သင်၏ အသက်ရှင်သန်မှုအခြေအနေ၊ ဘဝအရည်အသွေးနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့သည် ဘုရားသခင်က သင့်အတွက် စီမံထားသည့်အရာနှင့် သင့်အတွက် စီစဉ်သည့် အသက်ရှင်နေထိုင်ရာပတ်ဝန်းကျင်တို့နှင့် သက်ဆိုင်သည်။ ပြီးလျှင် ယင်းတို့သည် သင့်သားသမီးများက သားသမီးဝတ် ကျေပွန်ခြင်း၊ မကျေပွန်ခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု မရှိပေ။ သင့်သားသမီးများသည် သင်၏ နောက်ပိုင်းနှစ်များရှိ အသက်ရှင်နေထိုင်မှု အခြေအနေအတွက် တာဝန်ခံရန် ဝတ္တရား မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတာက သားသမီးတွေကို မွေးမြူရတဲ့ရည်ရွယ်ချက်ဟာ အသက်ကြီးတဲ့အခါ ကိုယ့်ကိုပြန်စောင့်ရှောက်ဖို့ မဟုတ်ဘဲ လူတိုင်းမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အထူးတာဝန်နဲ့ တာဝန်တွေ ရှိကြတယ်ဆိုတာပါပဲ။ ဒါပေမဲ့ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို ခံရပြီးနောက်မှာတော့ ကျွန်မက “အသက်ကြီးရင် အားကိုးစရာရှိရမယ်”၊ “အသက်ကြီးရင် စောင့်ရှောက်မယ့်သူရှိရမယ်”ဆိုတာနဲ့ “အသက်ကြီးရင် ပြုစုဖို့ သားသမီးပျိုးထောင်ပါ” ဆိုတဲ့ ကျွန်မထဲကို သူ သွတ်သွင်းခဲ့တဲ့ အတွေးအခေါ်နဲ့အမြင်တွေကို ကျွန်မ လက်ခံခဲ့မိတယ်။ လူတစ်ယောက်မှာ အသက်ကြီးရင် ကြည့်ရှုစောင့်ရှောက်မယ့် သားသမီးမရှိရင် လုံးဝမဖြစ်ဘူးလို့ ကျွန်မယုံကြည်ခဲ့တယ်။ ကျွန်မ အသက်ကြီးလာပြီး ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်ပေါ်လာတဲ့အခါ အနာဂတ်မှာ ကျွန်မကို သူတို့စောင့်ရှောက်လာအောင်လို့ သားနဲ့ချွေးမနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းချင်ခဲ့တာသက်သက်ပါပဲ။ အန္တရာယ်တွေကြောင့် ကိုယ်ဝန်ဆောင်ချွေးမကို ပြန်သွားပြီး မစောင့်ရှောက်နိုင်တဲ့အခါမှာတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်စိတ်တောင် မရှိတော့ဘူး။ ဒါကြောင့် လူသစ်တွေရဲ့ပြဿနာတွေ ဘယ်တော့မှ မဖြေရှင်းဖြစ်တော့ဘဲ သူတို့ရဲ့ အသက်ဝင်ရောက်မှုက နှောင့်နှေးသွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နောင်တမရသေးဘဲ ကိုယ့်တာဝန်ကို အပြောင်းအလဲလုပ်ပေးဖို့တောင် မျှော်လင့်ခဲ့တယ်၊ ဒါမှ အိမ်ပြန်ပြီး ချွေးမကို စောင့်ရှောက်နိုင်မှာလေ။ ကျွန်မ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဘုရားသခင်ရဲ့ သမ္မာတရားထောက်ပံ့မှု များစွာကို ခံစားခဲ့ရတာကို ကျွန်မပြန်တွေးမိတယ်။ ဘုရားသခင်ကို ကျေးဇူးဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ခဲ့ရုံတင်မကဘဲ သားနဲ့ချွေးမကို ကျေနပ်စေဖို့ ကိုယ့်တာဝန်ကိုတောင် စွန့်လွှတ်နိုင်ခဲ့တယ်။ ကိစ္စတွေ ကျွန်မအပေါ် ကျရောက်လာတဲ့အခါ ကျွန်မတွေးခဲ့တာအားလုံးက ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်မြောက်ရာလမ်းပဲ။ ကိုယ့်တာဝန်အပေါ် သစ္စာစောင့်သိမှု တစ်စက်လေးမှ မပြခဲ့ဘူး။ ကျွန်မမှာ လူ့သဘာဝ တစ်ခုတလေ ရှိသေးရဲ့လား။ “အသက်ကြီးရင် အားကိုးစရာရှိရမယ်”၊ “အသက်ကြီးရင် စောင့်ရှောက်မယ့်သူရှိရမယ်” ဆိုတာနဲ့ “အသက်ကြီးရင် ပြုစုဖို့ သားသမီးပျိုးထောင်ပါ” ဆိုတဲ့ အမြင်တွေဟာ လူတွေကို ထိန်းချုပ်ဖို့ စာတန်အသုံးပြုတဲ့ လှည့်ကွက်တွေဖြစ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီအမြင်တွေနဲ့ နေထိုင်ခြင်းက ကျွန်မကို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မယုံကြည်စေခဲ့ဘူး၊ ဘုရားသခင်ကို ပုန်ကန်ပြီး မနာခံစေခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်အတွက် ဝန်တာထားတဲ့စိတ် ကင်းမဲ့စေခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ခွင့်ကို ကျွန်မ တကယ်ကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တယ်။ ဒီအမြင်တွေကိုသာ ဆက်ပြီးဆုပ်ကိုင်ထားမယ်ဆိုရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ကျွန်မ ဆုံးရှုံးသွားမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ ဖျက်ဆီးမိမှာပဲ။ အဲဒီနောက်မှာတော့ လွန်ခဲ့တဲ့နှစ်တွေအတွင်းက ကျွန်မရဲ့ ဖျားနာမှုအတွေ့အကြုံတွေကို ကျွန်မ ပြန်စဉ်းစားမိတယ်။ ၂၀၁၈ ခုနှစ်တုန်းက လည်ပင်းအရိုးကျီးပေါင်းတက်လို့ အာရုံကြောတွေကို ဖိမိပြီး ကျွန်မရဲ့လက်တွေကိုတောင် ဆန့်လို့မရခဲ့ဘူး။ ကျွန်မကို ဧည့်ခံတဲ့အိမ်က အစ်မက ကျွန်မအတွက် ဆေးတချို့ဝယ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ကျွန်မရဲ့လက်တွေကို နောက်ဆုံးမှာ ပြန်ဆန့်နိုင်ခဲ့တယ်။ ပြီးတော့ ၂၀၂၀ မှာ ကျွန်မ ဦးနှောက်သွေးကြောပိတ်တော့ ဆရာဝန်တွေကတောင် ကျွန်မရောဂါက ကုသဖို့ခက်တယ်လို့ ပြောခဲ့တယ်။ မမျှော်လင့်ဘဲ အစ်မကြီးတစ်ယောက်က ဦးနှောက်သွေးကြောပိတ်တာအတွက် ဆေးလေးဘူး ကျွန်မကို ပေးခဲ့တယ်။ ဆေးသောက်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ကျန်းမာရေးက တဖြည်းဖြည်း ပြန်ကောင်းလာခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းက ဒီရောဂါတွေတစ်ခုမှ သားကိုအားကိုးပြီး ပျောက်ကင်းခဲ့တာမဟုတ်ဘူး၊ ကျွန်မရဲ့ရောဂါတွေ တစ်ကြိမ်ပြီးတစ်ကြိမ် ပျောက်ကင်းအောင် လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာတွေကို စီစဉ်ပေးခဲ့တာက ဘုရားသခင်ပဲ။ ကျွန်မ အခုအချိန်ထိ အသက်ရှင်နေသေးတာ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့်ပါပဲ။ “အသက်ကြီးရင် အားကိုးစရာရှိရမယ်”၊ “အသက်ကြီးရင် မှီခိုစရာရှိရမယ်” ဆိုတဲ့ စာတန်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေကို ကျွန်မ လက်လွှတ်ရမယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရဲ့လက်ထဲကို အပ်နှံပြီး ကိုယ်တော့်ကို ကျေနပ်စေဖို့ ကျွန်မမှာကျန်ရှိနေသေးတဲ့အချိန်ကိုသုံးပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရမယ်။
နောက်ပိုင်းမှာ အသက်ကြီးလာတဲ့အခါမှာ ကိုယ့်အတွက် ပြုစုစောင့်ရှောက်ဖို့ ကိုယ့်ကလေးကို အမြဲ မှီခိုချင်တဲ့ ကိုယ့်အမြင်ကို ပြောင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “မိဘများသည် သားသမီးများအား သားသမီးဝတ် ကျေပွန်ရမည်ဟုလည်းကောင်း၊ ၎င်းတို့အိုမင်းသောအခါတွင် ၎င်းတို့အား ပြုစုစောင့်ရှောက်ရမည်ဟုလည်းကောင်း၊ မိဘများ၏ နှောင်းပိုင်းဘဝ၏ ဝန်ထုပ်ဝန်ပိုးကို ခံယူရမည်ဟုလည်းကောင်း မတောင်းဆိုသင့်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုပေ။ တစ်ဖက်တွင် ဤသည်မှာ သားသမီးများအပေါ် မိဘများရှိသင့်သည့် သဘောထား ဖြစ်ပြီး အခြားတစ်ဖက်တွင် ဤသည်မှာ မိဘများ ပိုင်ဆိုင်သင့်သည့် ဂုဏ်သိက္ခာဖြစ်သည်။ ပို၍အရေးကြီးသော ကဏ္ဍရှိသည်မှာလည်း မှန်သည်။ ဤသည်မှာ မိဘများသည် ဖန်ဆင်းခံများအနေဖြင့် သားသမီးများအား ဆက်ဆံရာတွင် လိုက်နာသင့်သည့် စည်းမျဉ်း ဖြစ်သည်။ သင်၏ သားသမီးများသည် အရေးစိုက်လျှင်၊ သားသမီးဝတ် ကျေပွန်လျှင်၊ သင့်အား စောင့်ရှောက်လိုစိတ်ရှိလျှင် သင်က ငြင်းဆန်ရန် မလိုပေ။ ၎င်းတို့က ဤသို့လုပ်ဆောင်လိုစိတ် မရှိလျှင် သင်သည် တစ်နေကုန် ညည်းတွားပြီး ညည်းညူနေရန်ဖြစ်စေ၊ သင်၏စိတ်နှလုံးတွင် ကသိကအောက်ဖြစ်ရန်ဖြစ်စေ၊ မကျေမနပ် ဖြစ်ရန်ဖြစ်စေ၊ သင့်သားသမီးများအပေါ် အာဃာတထားရန်ဖြစ်စေ မလိုအပ်ပေ။ သင်သည် သင်တတ်နိုင်သမျှ သင်၏ကိုယ်ပိုင်ဘဝနှင့် ရှင်သန်ရေးအတွက်တာဝန်ယူပြီး ဝန်ထုပ်ဝန်ပိုး ထမ်းရွက်သင့်သည်။ ပြီးလျှင် အခြားလူများအပေါ်၊ အထူးသဖြင့် သင့်သားသမီးများအပေါ် လွှဲပြောင်းမပေးသင့်ပေ။ သင်သည် အဖော်မရှိဘဲ၊ သို့မဟုတ် သင့်သားသမီးများ၏ အကူအညီမပါဘဲ ဘဝကို တက်ကြွစွာနှင့် မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ ပြီးလျှင် သင်သည် သင့်သားသမီးများနှင့် ဝေးလျှင်ပင် ဘဝက သင့်ထံသို့ ယူဆောင်လာသည့် မည်သည့်အရာကိုမဆို သင့်ဘာသာ ရင်ဆိုင်နိုင်ဆဲ ဖြစ်သည်။ သင်သည် သင့်သားသမီးများထံမှ အကူအညီကို မဖြစ်မနေ လိုအပ်လျှင် ၎င်းတို့အား အကူအညီတောင်းနိုင်သည်မှာ မှန်သည်။ သို့သော် ယင်းသည် သင့်သားသမီးများက သင့်အပေါ် သားသမီးဝတ် ကျေပွန်ရမည်၊ သို့မဟုတ် သင်သည် ၎င်းတို့အပေါ် အားကိုးရမည်ဆိုသည့် အယူအဆအပေါ် အခြေမခံသင့်ပေ။ ဤအစား နှစ်ဖက်စလုံးသည် မိဘနှင့် သားသမီးကြား ဆက်ဆံရေးကို ဆင်ခြင်တုံတရားရှိစွာ ကိုင်တွယ်ရန်အတွက် ၎င်းတို့၏ တာဝန်များအား ဖြည့်ဆည်းခြင်းရှုထောင့်မှနေ၍ တစ်ယောက်အတွက် တစ်ယောက်က အမှုအရာများ လုပ်ဆောင်ခြင်းကို ကိုင်တွယ်သင့်သည်။ နှစ်ဖက်လုံးက ဆင်ခြင်တုံတရားရှိလျှင်၊ တစ်ယောက်ကိုတစ်ယောက် လွတ်လပ်မှုပေးလျှင်၊ တစ်ယောက်ကိုတစ်ယောက် လေးစားလျှင် အဆုံး၌ ၎င်းတို့သည် သေချာပေါက် ပို၍ အဆင်ပြေနိုင်မည်ဖြစ်ကာ ပို၍ သဟဇာတ ဖြစ်နိုင်၍ ဤမိသားစု ခင်မင်မှုကို ချစ်မြတ်နိုးပြီး ၎င်းတို့၏ တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်မှု၊ အရေးစိုက်မှုနှင့် ချစ်ခြင်းတို့ကို မြတ်နိုးနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုကို အခြေခံကာ ဤအရာများအား လုပ်ဆောင်ခြင်းသည် ပို၍ လူသားဆန်ပြီး သင့်တင့်လျောက်ပတ်သည်မှာ အမှန်ပင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားသခင်က ပြောသည် “မိဘများသည် သားသမီးများအား သားသမီးဝတ် ကျေပွန်ရမည်ဟုလည်းကောင်း၊ ၎င်းတို့အိုမင်းသောအခါတွင် ၎င်းတို့အား ပြုစုစောင့်ရှောက်ရမည်ဟုလည်းကောင်း၊ မိဘများ၏ နှောင်းပိုင်းဘဝ၏ ဝန်ထုပ်ဝန်ပိုးကို ခံယူရမည်ဟုလည်းကောင်း မတောင်းဆိုသင့်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုပေ။ တစ်ဖက်တွင် ဤသည်မှာ သားသမီးများအပေါ် မိဘများရှိသင့်သည့် သဘောထား ဖြစ်ပြီး အခြားတစ်ဖက်တွင် ဤသည်မှာ မိဘများ ပိုင်ဆိုင်သင့်သည့် ဂုဏ်သိက္ခာဖြစ်သည်။” ဒီစကားတွေက ကျွန်မစိတ်နှလုံးကို တကယ်ပဲ တို့ထိခဲ့တယ်။ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးဟာ အပြန်အလှန်ဂရုစိုက်မှုနဲ့ နားလည်မှုအပေါ်မှာ အခြေခံသင့်ပြီး ဘာအပေးအယူမှ မပါသင့်ဘူးလို့ ဘုရားသခင်က ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောထားခဲ့တယ်။ လူတိုင်းမှာ ကိုယ်ပိုင် ဘဝပေးတာဝန်ရှိတယ်။ ပြီးတော့ မိဘတွေအနေနဲ့ ကျွန်မတို့က သားသမီးတွေကို ကျွန်မတို့ကို ထောက်ပံ့ဖို့နဲ့ ဂရုစိုက်ဖို့ မတောင်းဆိုသင့်ဘူး။ သက်ကြီးရွယ်အိုတွေကလည်း သိက္ခာရှိရှိနဲ့ နေထိုင်သင့်ပြီး ကိုယ့်သားသမီးတွေရဲ့ စောင့်ရှောက်မှုကို အားကိုးဖို့ အမြဲတမ်း မစဉ်းစားသင့်ဘူး။ ကျွန်မက သားကို ပြုစုပျိုးထောင်ခဲ့ပေမဲ့ အခု သူက ကြီးပြင်းပြီး လွတ်လပ်နေပြီ၊ ပြီးတော့ ကျွန်မနဲ့လည်း သိပ်ပတ်သက်မှုမရှိတော့ဘူး။ လူတိုင်းမှာ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝလမ်းကြောင်းရှိပြီး ဘဝမှာဖြစ်ပျက်လာတာတွေကို လွတ်လပ်စွာ ရင်ဆိုင်ရမယ်။ ဒါပေမဲ့ ကျွန်မကတော့ အသက်ကြီးရင် သားကစောင့်ရှောက်တာကို အမြဲလိုချင်ခဲ့ပြီး ဘုရားသခင်က ကျွန်မအတွက် စီစဉ်ပေးထားတဲ့ဘဝကို ကိုယ့်ဘာသာကိုယ် တွေ့ကြုံခံစားဖို့ မဝံ့ရဲခဲ့ဘူး။ ကျွန်မ ဘယ်လိုများ သိက္ခာတစ်ခုတလေနဲ့ အသက်ရှင်နေခဲ့လို့လဲ။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခြင်းအားဖြင့် ကျွန်မရဲ့အမြင်က တော်တော်လေးပြောင်းလဲသွားပြီး စိတ်ထဲမှာလည်း အများကြီး ပိုပြီး လွတ်လပ်ပေါ့ပါးသွားသလို ခံစားရတယ်။
တစ်နေ့မှာ အိမ်ကနေ စာတစ်စောင် လက်ခံရရှိခဲ့တယ်။ ချွေးမက မွေးဖွားပြီးပြီဖြစ်လို့ သူ့ကို ပြန်လာပြီး စောင့်ရှောက်ပေးဖို့ တောင်းဆိုထားတယ်။ ကျွန်မစိတ်ထဲမှာ အနည်းငယ် လှုပ်ခတ်သွားပြီး တွေးမိတယ်၊ “အခု ငါ့တာဝန်နဲ့ ငါအလုပ်ရှုပ်နေတာ။ တကယ် အိမ်ပြန်သွားရင် ဒီကိုပြန်ရောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ငါမသိဘူး။ ဒါက အသင်းတော်အလုပ်ကို နှောင့်နှေးစေလိမ့်မယ်။ ဒါ့အပြင် ကွန်မြူနစ်ပါတီက ငါ့ကို အဆက်မပြတ် ဖမ်းဖို့ကြိုးစားနေတာ။ ပြန်သွားရင် အန္တရာယ်တွေ ပါဝင်လာနိုင်တယ်။ ဒါပေမဲ့ ပြန်မသွားရင်ကော၊ သားနဲ့ချွေးမက ငါနဲ့အဆက်အဆံဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အသက်ကြီးရင် သူတို့ကိုပဲ အားကိုးပြီး စောင့်ရှောက်ခိုင်းရဦးမှာ။ တကယ်လို့ အဆင်မပြေတော့ဘူးဆိုရင်တော့ ငါပြန်သွားရုံပဲရှိတော့တာပဲ” လို့ပေါ့။ ဒီလိုတွေးလိုက်တဲ့အခါမှာ အသက်ကြီးရင် သားကိုပဲ အားကိုးချင်နေတုန်းဆိုတာကို ကျွန်မ သဘောပေါက်သွားပြီး ကိုယ့်ပြဿနာနဲ့ပတ်သက်ပြီး သမ္မာတရားကို ရှာဖွေခဲ့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်၊ “ဘုရားသခင်သည် လူတစ်ယောက်ချင်းစီ မွေးဖွားချိန်မှ ပစ္စုပ္ပန်အချိန်ထိ ဆယ်စုနှစ်များအတွင်း ၎င်းတို့အတွက် အဖိုးအခပေးဆပ်မှုတစ်ခုသာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်မြင်သည့်ပုံစံမှာ သင်သည် ဤလောကသို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ရောက်ရှိပြီးဖြစ်သည်။ အကြိမ်မရေမတွက်နိုင်အောင် လူပြန်ဝင်စားပြီးဖြစ်သည်။ ဤအရာကို မည်သူက ကြီးကြပ်ကွပ်ကဲသနည်း။ ဘုရားသခင်က ကြီးကြပ်ကွပ်ကဲပေသည်။ ဤအရာများကို သင်သိဖို့ မဖြစ်နိုင်ပေ။...လူတစ်ယောက်အကျိုးအတွက် ဘုရားသခင်က အပင်ပန်းခံလိုက်လေခြင်း။ လူအချို့က ‘ကျွန်ုပ်သည် အသက်ခြောက်ဆယ်ရှိပါပြီ။ အနှစ်ခြောက်ဆယ်တိုင် ဘုရားသခင်က ကျွန်ုပ်ကို စောင့်ရှောက်၊ ကာကွယ်ပေးကာ လမ်းပြပေးခဲ့ပါသည်။ ကျွန်ုပ်အိုမင်းလာသည့်အခါ တာဝန်လည်း မထမ်းဆောင်နိုင်၊ မည်သည့်အရာကိုမျှလည်း မလုပ်နိုင်လျှင် ဘုရားသခင်က ကျွန်ုပ်ကို ဂရုစိုက်ပါဦးမည်လော’ ဟူ၍ ဆိုသည်။ ဤသို့ပြောသည်မှာ ကလေးမဆန်သလော။ ဘုရားသခင်သည် ဘဝသက်တမ်း တစ်ခုတည်းအတွက်သာ လူတစ်ဦး၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စိုးမိုးခြင်း၊ ထိုလူကို စောင့်ရှောက်ပေးပြီး ကာကွယ်ပေးခြင်း မဟုတ်ပေ။ ဘဝသက်တမ်းတစ်ခုတည်း၊ တစ်ဘဝတည်းနှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်လျှင် ဘုရားသခင်က အနန္တတန်ခိုးရှိပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စိုးမိုးကြောင်းကို လက်တွေ့ပြနိုင်မည် မဟုတ်ပေ။ လူတစ်ယောက်အတွက် ဘုရားသခင်ပြုသော အားထုတ်မှုနှင့် သူပေးဆပ်သော အဖိုးအခသည် ဤဘဝတွင် ထိုလူ လုပ်ဆောင်သည့်အရာကို စီစဉ်ခြင်းမျှသာ မဟုတ်ဘဲ မရေမတွက်နိုင်သော ဘဝသက်တမ်းများအတွက် စီစဉ်ပေးခြင်းဖြစ်သည်။ လူဝင်စားသော ဝိညာဉ်တိုင်းအတွက် ဘုရားသခင်က အပြည့်အဝ တာဝန်ယူသည်။ သူသည် သူ၏အသက်နှင့် ရင်းကာ အဖိုးအခပေးပြီး လူတိုင်းကို လမ်းပြ၍ ၎င်းတို့၏ ဘဝအသီးသီးကို စီစဉ်ပေးလျက် အာရုံစူးစိုက်စွာ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အကျိုးအတွက် ဤနည်းဖြင့် အပင်ပန်းခံပြီး အဖိုးအခပေးဆပ်သည်။ သူသည် ဤသမ္မာတရားများအားလုံးနှင့် ဤအသက်ကို လူအား ပေးအပ်သည်။ အကယ်၍ ဤနောက်ဆုံးနေ့ရက်များတွင် လူတို့သည် ဖန်ဆင်းခံတို့၏ တာဝန်ကို မထမ်းဆောင်လျှင်၊ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်မလာလျှင်၊ ဘဝပေါင်းမည်မျှနှင့် မျိုးဆက်ပေါင်းမည်မျှကို ၎င်းတို့ရှင်သန်လာခဲ့ပါစေ အကယ်၍ အဆုံးတွင် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မလုပ်ဘဲ ဘုရားသခင်၏ တောင်းဆိုချက်များကို မပြည့်မီနိုင်လျှင် ဘုရားသခင်အပေါ် တင်နေမည့် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းမည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ပေးခဲ့သည့် အဖိုးအခအားလုံးနှင့် မထိုက်တန်ဘဲ ဖြစ်နေမည်မဟုတ်လော။ ၎င်းတို့သည် အသိတရား အလွန်တရာ ကင်းမဲ့နေမည်မှာ လူဟူ၍ပင် ခေါ်ဆိုခံထိုက်ကြမည် မဟုတ်။ ဘုရားသခင်အပေါ် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းနေမည် ဖြစ်သောကြောင့်တည်း။...လူအပေါ် ဘုရားသခင် ပြသသော ကျေးဇူးတော်၊ ချစ်ခြင်း၊ သနားကရုဏာတို့သည် သဘောထားအမျိုးအစားတစ်ခုမျှသာ မဟုတ်ပေ။ အမှန်တရားလည်း ဖြစ်သည်။ မည်သည့်အမှန်တရားနည်း။ သင့်အတွင်းတွင် ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင်ထည့်သွင်းပေးပြီး သင့်အား ဉာဏ်ပွင့်စေသည်ဟူသည့် အချက်ပင်။ ထိုသို့အားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အရာက ချစ်ဖွယ်ဖြစ်ကြောင်း၊ ဤလောကသည် မည်သည့်အရာပင် ဖြစ်ကြောင်းတို့ကို သင်မြင်နိုင်ဖို့၊ သင်၏ စိတ်နှလုံးသည် အလင်းနှင့် ပြည့်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်နားလည်စေဖို့ဖြစ်သည်။ ဤနည်းအားဖြင့် မသိလိုက်ပါဘဲနှင့် သမ္မာတရားကို သင်ရရှိသည်။ ဘုရားသခင်သည် အလွန်စစ်မှန်သော နည်းဖြင့် သင့်အပေါ်တွင် များစွာအလုပ်လုပ်ကာ သင့်အား သမ္မာတရားကို ရရှိစေသည်။ သမ္မာတရားကို သင်ရရှိသောအခါ၊ ထာဝရအသက်ဟူသည့် တန်ဖိုးအရှိဆုံးအရာကို သင်ရရှိသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်များ ပြည့်စုံလေသည်။ လူတို့သည် သမ္မာတရားကို လိုက်စားနေပြီး ဘုရားနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသည်ကို ဘုရားသခင်က မြင်သောအခါ ပျော်ရွှင်ကျေနပ်သည်။ ထိုအခါတွင် ဘုရား၌ သဘောထားတစ်ခု ရှိ၏။ ထိုသဘောထားရှိနေစဉ်တွင် ဘုရားသည် အလုပ်လုပ်ပြီး လူကို အသိအမှတ်ပြုကာ ကောင်းချီးပေးသည်။ ဘုရားက ‘သင်ထိုက်တန်သည့် ကောင်းချီးများနှင့် ငါသင့်ကို ဆုချီးမြှင့်မည်’ ဟု ပြောသည်။ ထို့နောက် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် ဖန်ဆင်းရှင်ကို သိကျွမ်းမှုရှိပြီး သူ၏ အသိအမှတ်ပြုခြင်းကို ရသည့်အခါ သင်၏ စိတ်နှလုံးတွင် ဗလာဖြစ်နေခြင်းကို ခံစားရဦးမည်လော။ ခံစားရမည်မဟုတ်ပေ။ သင်သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး ဝမ်းမြောက်သည့်စိတ်ကို ခံစားရမည်။ လူတစ်ယောက်၏ ဘဝက တန်ဖိုးရှိသည်ဟု ဆိုရာ၌ ဤအရာကို ဆိုလိုခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး ဘဝဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အဓိပ္ပာယ်ရှိပါသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ အရမ်းကို တို့ထိခံစားခဲ့ရတယ်။ ဘုရားသခင်က လူသားအားလုံးရဲ့ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိပြီး ထိန်းချုပ်တယ်၊ ပြီးတော့ ကိုယ်တော်တစ်ပါးတည်းကသာ ကျွန်မရဲ့ အားကိုးရာဖြစ်တယ်။ ကျွန်မ ဘုရားသခင်နောက်ကိုလိုက်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ဘုရားသခင်က ကျွန်မကို အမြဲတမ်း ဦးဆောင်ပြီး ကာကွယ်စောင့်ရှောက်ခဲ့တာကို ကျွန်မပြန်တွေးမိတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုများစွာကိုလည်း ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ဘုရားသခင်က ငါနဲ့အတူရှိနေတာပဲ၊ ငါက ဘာကို စိုးရိမ်နေစရာလိုသေးလဲ။ ဘုရားသခင်ရဲ့အမှုတော်ရဲ့ ဒီအရေးကြီးတဲ့အချိန်အခါမှာ ကျွန်မက ကိုယ့်မိသားစုနဲ့ ဇာတိပကတိအတွက် ဆက်ပြီးအသက်ရှင်နေရင်၊ သားနဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကိုယ့်တာဝန်ကို မထမ်းဆောင်နိုင်ရင်၊ ပြီးတော့ နောက်ဆုံးမှာ ကယ်တင်ခြင်းရဖို့အခွင့်အရေးကို ဆုံးရှုံးသွားမယ်ဆိုရင် အဲဒါက တကယ်ကို မိုက်မဲတာပဲ။ ကျွန်မရဲ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံးမှာ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ တတ်နိုင်သမျှအရာအားလုံးကို ဆက်ကပ်ချင်စိတ်ပဲရှိတယ်။ အသက်ကြီးရင် သားက ကျွန်မကို မစောင့်ရှောက်ရင်တောင် ကျွန်မ စိုးရိမ်နေစရာမလိုတော့ဘူး။ ဘုရားသခင်ကို အားကိုးပြီးတော့ပဲ တွေ့ကြုံခံစားသွားမယ်။ အခု ကျွန်မ နေ့တိုင်း ကိုယ့်တာဝန်တွေနဲ့ အလုပ်ရှုပ်နေပြီး စိတ်ထဲမှာ အလွန်အမင်းကို သက်သောင့်သက်သာရှိပြီး လွတ်လပ်တယ်လို့ ခံစားရတယ်။
ဒီအတွေ့အကြုံပြီးနောက်မှာ ကျွန်မရဲ့ အနက်နဲဆုံး သဘောပေါက်နားလည်မှုကတော့ ဘုရားသခင်ဟာ ကျွန်မရဲ့ တကယ့်အားကိုးရာဖြစ်တယ်ဆိုတာပါပဲ။ ဘုရားသခင်တစ်ပါးတည်းသာ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ကျွန်မတို့ကို ဘဝရဲ့မှန်ကန်တဲ့လမ်းကြောင်းကို ညွှန်ပြနိုင်တယ်၊ ပြီးတော့ အဓိပ္ပာယ်ရှိတဲ့ဘဝကို နေထိုင်နိုင်အောင် ဦးဆောင်ပေးနိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။