ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိကျွမ်းရန်မှာ ကောင်းကင်ဘုံက စီမံထားပြီး ကမ္ဘာမြေက အသိအမှတ်ပြုထားခြင်းဖြစ်ကာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် ဆောင်ရွက်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိကျွမ်းရန် အထူးသဖြင့် ကောင်းမွန်သောအချိန်ကာလ ဖြစ်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ဘုရားသခင်၏ အလိုကို သိနားလည်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းဖြင့် ရရှိသည့်အရာ တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သိနားလည်ရန်အလို့ငှာ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာ အချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်သက်ဆိုင်သော ဤအသိပညာသည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်၌ ယုံကြည်မှု အခြေခံအကြောင်းရင်း ဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ခြင်းဖြင့်၊ လူသား၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေရာသော အခြေအနေတစ်ခုတွင်၊ အနှစ်သာရ မဲ့သော သဘောတရားအလယ်တွင် တည်ရှိပေမည်။ ဘုရားသခင် နောက်သို့လိုက်ရန်မှာ ဤသို့သောလူများ၏ ဆုံးဖြတ်ချက်ဖြစ်လျှင်ပင်၊ မည်သည့်အရာကိုမျှ ၎င်းတို့ ရရှိကြလိမ့်မည်မဟုတ်။ ဤရေစီးကြောင်းတွင် မည်သည့်အရာမျှ မရရှိသောသူအားလုံးသည် ပယ်ထုတ်ခံရမည့်သူများဖြစ်သည်- ၎င်းတို့အားလုံးသည် ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင်၏ အမှု၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ၊ သင်သည် ကြီးမြတ်သော ရူပါရုံတစ်ခု ပါရှိသင့်သည်။ သို့မဟုတ်ပါက၊ ဘုရားသခင်၏ အမှုသစ်သည် လူ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ပြီး လူသားအယူအဆ၏ ဘောင်အပြင်ဘက်တွင် တည်ရှိသောကြောင့်၊ အမှုသစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် လူကို စောင့်ရှောက်ရန် သိုးထိန်းတစ်ဦး မရှိဘဲနှင့်၊ ရူပါရုံများနှင့်ပတ်သက်သည့် မိတ်သဟာယတွင် ပါဝင်မည့် သိုးထိန်းတစ်ဦး မရှိဘဲနှင့်၊ လူသည် ဤအမှုသစ်ကို လက်မခံနိုင်စွမ်း မရှိပေ။ အကယ်၍ လူသားသည် ရူပါရုံများကို မရရှိနိုင်ပါက၊ ဘုရားသခင်၏အမှုသစ်ကို မရရှိနိုင်ပေ၊ ပြီးလျှင် လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာသည် အချည်းနှီးသဘော သက်ရောက်ပေမည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဆောင်ရွက်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာ ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်နိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းရန်ကြိုးစားသော သူတိုင်းကြုံရမည့် ဖြစ်စဉ်လည်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်း ဖြစ်စဉ်သည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို သိကျွမ်းလာခြင်း ဖြစ်စဉ်ဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိရှိခြင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝအား သိကျွမ်းခြင်းကိုသာ မရည်ညွှန်းဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိကျွမ်းခြင်းတို့လည်း ပါဝင်ပေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ အလိုကို သိနားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို သိကျွမ်းလာကြလေသည်။ ဘုရားသခင်၌ ယုံကြည်မှုသည် ဘုရားသခင်ကို သိကျွမ်းခြင်းအဖို့ ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံး ယုံကြည်ခြင်းဆီသို့ တိုးတက်ခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းဖြစ်စဉ်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်း ဖြစ်စဉ် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက်သာ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှု မရှိသကဲ့သို့ သင်၏ ယုံကြည်ခြင်းသည် ဖြူစင်မလာနိုင်ပေ- ဤအရာနှင့်ပတ်သက်၍သံသယဖြစ်စရာမရှိပေ။ လူသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့် ဖြစ်စဉ်အတွင်းတွင်၊ သူသည် ဘုရားသခင်ကို တဖြည်းဖြည်း သိကျွမ်းလာပါက၊ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သူ၏ယုံကြည်မှုသည် တိုး၍ စစ်မှန်လာလိမ့်မည်။ ဤနည်းဖြင့်၊ လူသည် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းတွင် အောင်မြင်မှုရရှိသောအခါတွင်၊ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် လုပ်ဆောင်ဖို့ ဒုတိယအကြိမ် လူ့ဇာတိခံယူရန် ထိုကဲ့သို့ အပတ်တကုပ် ကြိုးစားရခြင်း အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာနိုင်ဖို့နှင့် သူ့ကို တွေ့မြင်လာနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းက သည် ဘုရားသခင့်အမှု၏နိဂုံးတွင် ရရှိရမည့် နောက်ဆုံးအကျိုးတရား ဖြစ်သည်။ ယင်းသည် ဘုရားသခင် အနေဖြင့် လူသားမျိုးနွယ်ကို ပြုလုပ်သည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်။ လူသားအနေဖြင့် နောက်ဆုံးတွင် သူ့ထံသို့ လုံးဝ ပြန်လှည့်နိုင်စေဖို့အလို့ငှာ၊ ဤအမှုကို သူပြုခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန် သူသည် ဘုရားသခင်ကို သိကျွမ်းရမည် ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ကြိုးစားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်ပေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ သူသည် ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုကာ နာခံနိုင်ပေသည်။ ဘုရားသခင်ကို မသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံခြင်းနှင့် ကြည်ညိုခြင်းသို့ မည်သည့်အခါမျှ ရောက်ရှိမည်မဟုတ်ပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကို သိရှိလာသည်ဖြစ်စေ၊ ရှုထောင့်အသီးသီးသည် လူတို့အနေဖြင့် အဖိုးအခပေးရန် လိုအပ်ပြီး၊ နာခံရန် အလိုဆန္ဒ လိုအပ်ပေသည်၊ ထိုအရာမပါဘဲနှင့် မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် အလွန် သဟဇာတ မဖြစ်ပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ဖြစ်ခြင်းတို့သည် လူသားအတွက် သိရှိရန် အလွန်ခက်ခဲပြီး၊ ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်သော အရာရာတိုင်းသည် လူသားအတွက် အလွန်နားမလည်နိုင်သောအရာ ဖြစ်သည်။ လူသား ဘုရားသခင်နောက်သို့ လိုက်ရန် ဆန္ဒရှိသော်လည်း၊ သူ့ကို နာခံရန် လိုလားခြင်းမရှိပါက၊ လူသည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ပေ။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယနေ့အထိ၊ ဘုရားသခင်သည် လူသားအဖို့ နားမလည်နိုင်သကဲ့သို့၊ လူသားက လက်ခံရန် ခက်ခဲသော အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်ကာ၊ လူသား၏အယူအဆများကို နိဂုံးချုပ်ရန် ခက်ခဲစေသည့် အရာများစွာကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည်။ သို့သော် လူတို့၏ များလှစွာသော အခက်အခဲများရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ၏အမှုကို မည်သည့်အခါတွင်မျှ ရပ်စဲခြင်းမရှိလေပြီ။ ယင်းထက်၊ သူသည် အမှုပြုခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပြီးဖြစ်ကာ၊ မြောက်မြားလှစွာသော “စစ်သည်တော်များ” သည် လမ်းဘေးတွင် လဲကျကြပြီးဖြစ်သော်လည်း၊ သူသည် သူ၏အမှုကို လုပ်ဆောင်လျက်ရှိနေဆဲဖြစ်ပြီး၊ သူ၏အမှုသစ်ကို ကျိုးနွံနာခံရန် ဆန္ဒရှိသည့် လူတစ်စုပြီးတစ်စုကို နားချိန်မရှိဘဲ၊ ဆက်လက် ရွေးချယ်နေဆဲဖြစ်သည်။ သူသည် ကျရှုံးသွားသော “သူရဲကောင်းများ” အတွက် သနားခြင်းမရှိပေ၊ ယင်းအစား သူ၏အမှုသစ်နှင့် နှုတ်ကပတ်တော်များကို လက်ခံသောသူများအား တန်ဖိုးထား လေသည်။ သို့ရာတွင် သူသည် မည်သည့်ရည်ရွယ်ချက်အတွက် ဤနည်းဖြင့် အမှုကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့် သူသည် လူအချို့ကို အမြဲပယ်ထုတ်ပြီး အခြားသူတို့ကို ရွေးချယ်နေပါသနည်း။ အဘယ်ကြောင့် သူသည် ထိုသို့သော နည်းလမ်းတစ်ခုကို အမြဲတမ်းအသုံးပြုသနည်း။ သူ့အမှု၏ ရည်ရွယ်ချက်မှာ လူသားက သူ့ကိုသိကျွမ်းစေရန်နှင့် ထိုသို့ဖြင့် သူ့၏ ရယူခြင်းခံရစေရန်ဖြစ်သည်။ သူ့အမှု၏ အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို ကျိုးနွံနာခံနိုင်သော သူများအပေါ်တွင် အမှုပြုရန်ဖြစ်ပြီး၊ ယခင်က သူလုပ်ဆောင်ခဲ့သော အမှုကို နာခံသောသူ များလင့်ကစား ယနေ့သူလုပ်ဆောင်သော အမှုကို ဆန့်ကျင်သောသူတို့အပေါ် အမှုပြုရန် မဟုတ်ပေ။ ဤတွင် များလှစွာသော လူတို့ကို သူပယ်ထုတ်နေခဲ့သည့် အကြောင်းရင်း တည်ရှိပေသည်။

ဘုရားသခင်ကိုသိကျွမ်းလာခြင်း သင်ခန်းစာ၏ အကျိုးတရားများကို တစ်ရက် သို့မဟုတ် နှစ်ရက်ဖြင့် မရရှိနိုင်ပေ။ လူသားအနေဖြင့် အတွေ့အကြုံများကို စုဆောင်းရမည်၊ ဆင်းရဲဒုက္ခကို ကြုံရမည်ဖြစ်ပြီး၊ စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိရမည်။ ပထမဦးဆုံးအနေဖြင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ စတင်လော့။ ဘုရားသခင်နှင့် ပတ်သက်သော အသိပညာတွင် မည်သည့်အရာ ပါဝင်သည်၊ ဤအသိပညာကို မည်သို့ရရှိနိုင်မည် ဆိုသည်နှင့် သင်၏အတွေ့အကြုံများထဲတွင် ဘုရားသခင်ကို မည်သို့တွေ့မြင်ရမည်တို့ကို သင့်အနေဖြင့် နားလည်ရန်မှာ အလွန်အရေးကြီးသည်။ ဤသည်မှာ ဘုရားသခင်ကို မသိသေးသည့် အချိန်တွင် အယောက်တိုင်းလုပ်ဆောင်ရမည့် အရာဖြစ်သည်။ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို မည်သူမျှ တစ်ချက်တည်းဖြင့် သဘောမပေါက်နိုင်သကဲ့သို့၊ ဘုရားသခင်၏ အလုံးစုံနှင့် ပတ်သက်သော အသိပညာကို အချိန်တိုတစ်ခုအတွင်း မည်သူမျှမရရှိနိုင်ပေ။ လိုအပ်သည့် အတွေ့အကြုံဖြစ်စဉ်တစ်ခုရှိပြီး၊ ယင်းမပါဘဲနှင့် မည်သူမျှ ဘုရားသခင်ကို သိကျွမ်းနိုင်မည်မဟုတ်၊ သို့မဟုတ် စိတ်ရင်းအမှန်ဖြင့် သူ့နောက်လိုက်နိုင်မည် မဟုတ်ပေ။ သာ၍ များသော အမှုကို ဘုရားသခင် လုပ်ဆောင်လေ၊ သူ့ကို လူသားက သာ၍သိလေဖြစ်သည်။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် သာ၍ကွဲလွဲမှုရှိလေ၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် သာ၍အသစ်ပြုပြင်ခံရကာ သာ၍လေးနက်လေဖြစ်သည်။ အကယ်၍ ဘုရားသခင်၏အမှုသည် အစဉ်အမြဲ တစ်သမတ်တည်းဖြစ်ပြီး မပြောင်းလဲဘဲရှိနေပါက၊ လူသား၏ ဘုရားသခင်နှင့်ပတ်သက်သော အသိပညာမှာ သိပ်ရှိမည် မဟုတ်ပေ။ ဖန်ဆင်းခြင်း အချိန်ကာလနှင့် မျက်မှောက်ကာလကြားတွင် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အရာ၊ ကျေးဇူးတော်ခေတ်အတွင်း သူပြုခဲ့သောအရာနှင့် နိုင်ငံတော်ခေတ် အတွင်း သူပြုသည့်အရာ- ဤရူပါရုံများအကြောင်းကို သင်တို့အနေဖြင့် ရှင်းလင်းပြတ်သားရမည်။ သင်တို့သည် ဘုရားသခင်၏အမှုကို သိရမည်။ ယေရှုနောက်သို့ လိုက်သည့်နောက်မှသာ ပေတရုသည် ယေရှု၌ လုပ်ဆောင်ခဲ့သည့် ဝိညာဉ်တော်၏ အမှုများစွာအကြောင်းကို တဖြည်းဖြည်း သိကျွမ်းလာခဲ့သည်။ သူက၊ “လူ၏အတွေ့အကြုံများ ပေါ်တွင် မှီခိုအားထားခြင်းသည် ပြည့်စုံသော အသိပညာရရှိရန် မလုံလောက်ပေ။ ဘုရားသခင်ကိုသိကျွမ်းရန် ကျွန်ုပ်တို့ကို ကူညီပေးမည့် ဘုရားသခင်၏ အမှုထံမှ အသစ်သော အရာများစွာ ရှိရပေမည်။” ဟု ပြောခဲ့သည်။ ကနဦးအစတွင်၊ ပေတရုက ယေရှုကို တမန်တော်တစ်ပါးကဲ့သို့ ဘုရားသခင်၏ စေလွှတ်ခြင်း ခံရသောသူဟု ယုံကြည်ခဲ့ပြီး၊ ယေရှုကို ခရစ်တော်အဖြစ် သူမမြင်ခဲ့ပေ။ ဤအချိန်တွင် ယေရှုနောက်သို့ သူစတင် လိုက်ခဲ့သည့်အခါ၊ ယေရှုက သူ့ကို “ယောန၏သား ရှိမုန်။ သင်သည် ငါ့နောက်သို့ လိုက်မည်လော။” ဟု မေးခဲ့သည်။ ပေတရုက၊ “ကောင်းကင်ဘုံရှင် ခမည်းတော် စေလွှတ်သောသူနောက်သို့ ကျွန်ုပ်လိုက်ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်က ရွေးချယ်ထားသော သူကို ကျွန်ုပ်အသိအမှတ် ပြုရပါမည်။ ကိုယ်တော် နောက်သို့ ကျွန်ုပ်လိုက်ပါမည်။” ဟု ဖြေကြားခဲ့သည်။ သူ၏စကားများမှ၊ ပေတရုသည် ယေရှုနှင့်ပတ်သက်၍ မည်သည့်အသိပညာမျှ မရှိသည်ကို တွေ့နိုင်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခဲ့ရသည်၊ မိမိကိုယ်ကိုယ် ကိုင်တွယ်ဖြေရှင်းခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခံစားခဲ့ရပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် အသိပညာ သူမရှိခဲ့ပေ။ တွေ့ကြုံမှုကာလတစ်ခု ကြာမြင့်ပြီးနောက်တွင်၊ ပေတရုသည် ယေရှုထဲ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များစွာကို မြင်တွေ့ခဲ့သည်၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို သူမြင်တွေ့ခဲ့ပြီး၊ ဘုရားသခင်၏ ဖြစ်တည်မှုကို ယေရှုအထဲ၌ များစွာ သူမြင်တွေ့ခဲ့သည်။ အလားတူပင် ယေရှု ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို လူသားက ပြောနိုင်မည် မဟုတ်သကဲ့သို့၊ ယေရှုပြုခဲ့သော အမှုကို လူသားက လုပ်ဆောင်နိုင်မည် မဟုတ်သည်ကိုလည်း ပေတရုတွေ့မြင်ခဲ့သည်။ ထို့အပြင်၊ ယေရှု၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များတွင်၊ ပေတရုသည် ဘုရားသခင်၏ ဉာဏ်ပညာများစွာနှင့် ဘုရား သဘောသဘာဝ၏ အမှုများစွာတို့ကို တွေ့မြင်ခဲ့သည်။ သူ၏ အတွေ့အကြုံများအတွင်းတွင်၊ ပေတရုသည် မိမိကိုယ်ကိုယ် သိရှိလာခဲ့ရုံမျှမက၊ ယေရှု၏ လုပ်ဆောင်ချက်တိုင်းကို သေချာ အာရုံစိုက်ခဲ့ပြီး၊ ယင်းမှ အသစ်သောအရာများစွာကို သူရှာဖွေတွေ့ရှိခဲ့သည်၊ အတိအကျ ဆိုရသော်၊ ယေရှုမှတစ်ဆင့် ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုထဲတွင် ဘုရားသခင်၏ လက်တွေ့ကျသော ဖော်ပြချက်များစွာ ရှိခဲ့သည်ဆိုသည်နှင့်၊ သူပြောဆိုခဲ့သော နှုတ်ကပတ်တော်များနှင့် သူပြုခဲ့သော လုပ်ဆောင်ချက်များအပြင် အသင်းတော်များကို ထိန်းကျောင်းခဲ့သည့် နည်းလမ်းနှင့် သူဆောင်ရွက်ခဲ့သော အမှုတို့တွင် ယေရှုသည် သာမန်လူသားနှင့် ကွာခြားသည်ဆိုသည်တို့ ဖြစ်သည်။ ထို့ကြောင့် ပေတရုသည် ယေရှုထံမှ သူသင်ယူသင့်သော သင်ခန်းစာများစွာကို သင်ယူခဲ့ရပြီး၊ ကားတိုင်ပေါ်တွင် ယေရှု သံမှိုဖြင့်ရိုက်ခံရတော့မည့်အချိန်တွင် သူသည်- ယေရှုအဖို့ သူ၏ရာသက်ပန် သစ္စာစောင့်သိမှုနှင့် သခင့်အတွက် သူခံစားခဲ့ရသည့် ဇောက်ထိုး ကားစင်တင်ခံရခြင်းတို့အတွက် အခြေခံ ဖြစ်လာခဲ့သည့် အသိပညာ- ယေရှုနှင့်ပတ်သက်သော အသိပညာ ပမာဏအချို့ကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် အစတွင် အယူအဆ အချို့ရှိခဲ့ပြီး ယေရှုနှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာ မရှိခဲ့သော်လည်း၊ ထိုသို့သောအရာများသည် မလွဲမသွေ ဖောက်ပြန်ပျက်စီးသော လူသား၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပေသည်။ ယေရှု ထွက်ခွာတော့မည့်အချိန်တွင်၊ သူက ပေတရုအား သူ၏ ကားစင်တင်ခံရခြင်းသည် သူ လုပ်ဆောင်ရန်ကြွလာသည့် အမှုဖြစ်ကြောင်း ပြောပြခဲ့သည်။ သူသည် ခေတ်ကာလ၏ စွန့်ပယ်ခြင်းကို ခံရရန်နှင့် ဤမစင်ကြယ်သကဲ့သို့ အိုဟောင်းသည့် ခေတ်ကာလသည် သူ့ကို ကားတိုင်တွင် သံမှိုရိုက်သင့်သည်မှာ လိုအပ်ခဲ့သည်။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန် ကြွလာခဲ့ခြင်းဖြစ်ပြီး၊ ဤအမှုကို ပြည့်စုံစေခြင်းဖြင့် သူ၏သာသနာသည် အဆုံးသတ်မည်ဖြစ်သည်။ ဤအရာကို ကြားသိရလျက်၊ ပေတရုသည် ဝမ်းနည်းပူဆွေးကာ၊ ယေရှုကို သာ၍ပင် သံယောဇဉ် ရှိလာခဲ့သည်။ ယေရှုသည် ကားတိုင်ပေါ် သံမှိုရိုက်ခံခဲ့ရသောအချိန်တွင်၊ ပေတရုသည် တစ်ကိုယ်တည်း အသည်းအသန် ငိုကြွေးခဲ့သည်။ ဤမတိုင်မီက၊ ပေတရုသည် ယေရှုကို၊ “ကျွန်ုပ်၏သခင်။ ကိုယ်တော် ကားစင်တင်ခြင်းခံရတော့မည်ဟု ကိုယ်တော်ပြောသည်။ ကိုယ်တော် ထွက်သွားပြီးသည့်နောက် မည်သည့်အချိန်တွင် ကျွန်ုပ်တို့ ကိုယ်တော့်ကို ထပ်မံတွေ့ရမည်နည်း။” ဟု မေးခဲ့သည်။ သူပြောခဲ့သော စကားလုံးများထဲတွင် မည်သည့်ဖောက်ပြန်မှု၏ အရိပ်လက္ခဏာမျှ မပါရှိခဲ့ပါသလော။ ယင်းတို့အထဲတွင် မည်သည့်အယူအဆမျှ မရောနှော ခဲ့ပါသလော။ သူ၏စိတ်နှလုံးထဲတွင် ယေရှုသည် ဘုရားသခင်အမှု၏ အစိတ်အပိုင်းတစ်ခုကို ပြည့်စုံစေရန် ကြွလာခဲ့ပြီးဖြစ်ကာ ယေရှု ထွက်ခွာသွားပြီးနောက် ဝိညာဉ်တော်သည် သူနှင့်အတူ ရှိလိမ့်မည်ကို သူသိခဲ့သည်။ ယေရှုသည် ကားတိုင်ပေါ်တွင် သံမှိုရိုက်ခံရကာ ကောင်းကင်သို့ တက်ကြွသွားမည်ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူနှင့်အတူ ရှိမည်ဖြစ်သည်။ ထိုအချိန်တွင်၊ ပေတရုသည် ယေရှုနှင့် သက်ဆိုင်သော အသိအချို့ ရှိခဲ့သည်၊ ယေရှုသည် ဘုရားသခင် ဝိညာဉ်တော်၏ စေလွှတ်ခြင်း ခံခဲ့ရသည်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏အတွင်း၌ ရှိခဲ့သည်ဆိုသည်နှင့် ယေရှုသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်၊ သူသည် ခရစ်တော် ဖြစ်သည်ဆိုသည်တို့ကို သူသိရှိခဲ့သည်။ သို့ရာတွင်၊ ပေတရုသည် ထိုသို့သော စကားများကို ပြောဆိုခဲ့သည်မှာ ယေရှုအတွက် သူထားရှိသော သူ၏ချစ်ခြင်းမေတ္တာကြောင့်၊ ပြီးလျှင် သူ၏ လူသားအားနည်းချက်တို့ကြောင့် ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ အမှုအဆင့်တိုင်းတွင် တစ်စုံတစ်ဦးသည် စောင့်ကြည့်ပြီး ဒုက္ခသုခခံ၍ တွေ့ကြုံနိုင်ပါက၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာနိုင်မည် ဖြစ်သည်။ ပေါလုသည် သူ၏ရူပါရုံကို မည်သည့်အရာဟု မှတ်ယူခဲ့သနည်း။ ယေရှုသည် သူ့ထံသို့ ပေါ်လာချိန်တွင်၊ ပေါလုက၊ “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟု ဆိုခဲ့သည်။ ယေရှုက၊ “ငါကား သင်ညှဉ်းဆဲသော ယေရှုဖြစ်သတည်း” ဟု ပြောဆိုခဲ့သည်။ ဤသည်မှာ ပေါလု၏ ရူပါရုံဖြစ်ခဲ့သည်။ ပေတရုသည် သူ့ဘဝခရီး အဆုံးအထိ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း၊ ရက်ပေါင်း ၄၀ ကိုယ်ထင်ပြခြင်းနှင့် ယေရှု၏ တစ်သက်တာ သွန်သင်ချက်များကို သူ၏ရူပါရုံအဖြစ် သဘောထား ခဲ့သည်။

လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည်၊ မိမိကိုယ်ကိုယ် သိရှိလာသည်၊ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်စေပြီး၊ အသက်တာ၌ ကြီးထွားခြင်းကို ရှာဖွေလေသည်၊ အားလုံးမှာ ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် သိရှိရန်နှင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းရန်သာ ကြိုးစားသော်လည်း၊ လူသားအပေါ် မည်သည့်အမှု ဘုရားသခင် လုပ်ဆောင်သည်၊ သူ၏ကယ်တင်ခြင်း မည်မျှကြီးမြတ်သည်၊ သို့မဟုတ် ဘုရားသခင်၏အမှုကို သင်မည်ကဲ့သို့တွေ့ကြုံပြီး သူ၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့သည်ဆိုသည်တို့နှင့် သက်ဆိုင်သည့် အသိပညာမရှိပါက၊ သင်၏ ဤအတွေ့အကြုံသည် အကျိုးမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကြံ့ကြံ့ခံနိုင်သောကြောင့်မျှသာ သူ၏အသက်တာသည် ရင့်ကျက်မှုကို ရရှိပြီဟု သင်ထင်မြင်ပါက၊ ဤသည်မှာ သင့်အနေဖြင့် ဘဝ၏ စစ်မှန်သော အဓိပ္ပာယ်၊ သို့မဟုတ် လူသားကို စုံလင်စေခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သဘောမပေါက်သေးဟု ဆိုလိုပေသည်။ တစ်နေ့တွင်၊ သင်သည် ဘာသာရေး အသင်းတော်များ၌ ရှိသည့်အခါ၊ နောင်တအသင်းတော် သို့မဟုတ် အသက်အသင်းတော်မှ အသင်းဝင်များအလယ် ရှိနေချိန်တွင် မိမိတို့၏ ဆုတောင်းချက်များ၌ “ရူပါရုံ” ပါရှိသူနှင့် မိမိတို့အသက်တာ လိုက်စားရှာဖွေမှုတွင် တို့ထိမှုခံစားရပြီး နှုတ်ကပတ်တော်များ၏ လမ်းပြမှု ခံရသည့် ဘာသာရေးအလွန် ကိုင်းရှိုင်းသည့် လူများစွာကို အမှတ်မထင် တွေ့ရလိမ့်မည်ဖြစ်သည်။ ထို့အပြင် ကိစ္စများစွာတွင် ၎င်းတို့သည် သည်းခံနိုင်ကြပြီး၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ကာ ဇာတိပကတိ၏ ဦးဆောင်မှုကိုမခံရဘဲ ရှိနိုင်ကြသည်။ ထိုအချိန်တွင်၊ သင်သည် ခြားနားမှုကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းသည် မှန်သည်၊ အသက်တာ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်ကာ ၎င်းတို့ယုံကြည်သော နာမသည် မှားယွင်းနေသည်မှာ အလွန်နှမြောစရာ ကောင်းသည်ဟု သင်ထင်လိမ့်မည်။ ထိုသို့သော အမြင်များသည် မိုက်မဲသည် မဟုတ်လော။ များစွာသော လူတို့သည် အသက်မရှိဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ၎င်းတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်မရှိသကဲ့သို့ အသက်မရှိဟု ဆိုရခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်၌ သင်၏ယုံကြည်မှုသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏စစ်မှန်မှုနှင့် ဘုရားသခင့် အမှု၏အဆင့်တိုင်းကို စေ့စပ်စွာ သင် သိရှိနိုင်စွမ်းရှိသည့် အဆင့်တစ်ခုသို့ ရောက်ရှိပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်ထားပေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏အမှုနှင့် စိတ်သဘောထားကိုမသိပါက၊ သင်၏ အတွေ့အကြုံတွင် တစ်စုံတစ်ခု လိုနေဆဲဖြစ်သည်။ သူ၏အမှုနှင့် သက်ဆိုင်သည့် ထိုအဆင့်ကို ယေရှု မည်သို့ ဆောင်ရွက်ခဲ့သည်၊ ဤအဆင့်ကို မည်သို့ဆောင်ရွက်ထားသည်၊ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် သူ၏အမှုကို မည်သို့ လုပ်ဆောင်ခဲ့ပြီး မည်သည့်အမှုကို လုပ်ဆောင်ခဲ့သည်၊ ဤအဆင့်တွင် မည်သည့်အမှုကို လုပ်ဆောင်လျက်ရှိသည်- ဤအရာများနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာ သင်မရှိပါက၊ သင့်အနေဖြင့် စိတ်ချသေချာမှုကို မည်သည့်အခါမျှ ခံစားရလိမ့်မည် မဟုတ်သကဲ့သို့၊ အမြဲ လိပ်ပြာမလုံ ရှိပေလိမ့်မည်။ အကယ်၍ တွေ့ကြုံရသည့်ကာလတစ်ခုပြီးနောက်တွင်၊ သင်သည် ဘုရားသခင် လုပ်ဆောင်သောအမှုနှင့် သူ့အမှု၏အဆင့်တိုင်းကို သိရှိနိုင်ပါက၊ ပြီးလျှင် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူပြောဆိုခဲ့သည့် အလွန်များလှစွာသော နှုတ်ကပတ်တော်များ မပြည့်စုံရသေးသည့်အကြောင်းရင်းနှင့် သက်ဆိုင်သည့် နှံ့စပ်သည့် အသိပညာကို သင် ရရှိပြီးဖြစ်ပါက၊ သင်သည် စိုးရိမ်မှုနှင့် စစ်ဆေးခြင်းသို့ ကင်းလွတ်လျက်၊ ရှေ့ဆက်လမ်းကို ရဲဝံ့စွာနှင့် တွန့်ဆုတ်ခြင်းမရှိဘဲ လိုက်စားရှာဖွေ နိုင်ပေသည်။ ဘုရားသခင်က သူ၏အမှုများစွာကို မည်သည့်နည်းဖြင့် စွမ်းဆောင်ရရှိခဲ့သည်ကို သင်တို့မြင်တွေ့သင့်သည်။ သူသည် လူကို စစ်ဆေးရင်းနှင့် လူ၏ အယူအဆများကို မတူကွဲပြားသည့် အမျိုးမျိုးသော နှုတ်ကပတ်တော်များစွာဖြင့် အသွင်ပြောင်းလဲစေရင်း၊ သူပြောဆိုသော နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ သင်တို့ သည်းခံပြီးဖြစ်သော ဆင်းရဲဒုက္ခအားလုံး၊ သင်တို့ကြုံရပြီးဖြစ်သည့် စစ်ဆေးခြင်းအားလုံး၊ သင်တို့အတွင်း၌ သင်တို့လက်ခံကြပြီးဖြစ်သော ကိုင်တွယ်ဖြေရှင်းခြင်း၊ သင်တို့ကြုံတွေ့ရပြီးဖြစ်သော ဉာဏ်အလင်းပေးခြင်း- ဤအရာအားလုံးကို ဘုရားသခင် ပြောဆိုပြီးဖြစ်သော နှုတ်ကပတ်တော်များအားဖြင့် စွမ်းဆောင် ရရှိပြီးဖြစ်ပေသည်။ မည်သည့်အကြောင်းကြောင့် လူသည် ဘုရားသခင် နောက်လိုက်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် သူလိုက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်အမင်း နက်နဲလှသည့်အပြင်၊ လူသား၏နှလုံးသားကို တို့ထိနိုင်သည်၊ ထိုနှလုံးသားအတွင်းရှိ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသောအရာများကို ထုတ်ဖော်ပြနိုင်သည်၊ အတိတ်က ဖြစ်ပျက်ခဲ့သောအရာများကို သူ့အား သိရှိစေနိုင်ပြီး၊ အနာဂတ်ထဲသို့ သူ့ကို ချဉ်းနင်းဝင်ရောက်ခွင့်ပေးလေသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကြောင့် ဒုက္ခဆင်းရဲကို သည်းခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စုံလင်စေခြင်းလည်း ခံရပေသည်။ ဤအချိန်မှသာ လူသည် ဘုရားသခင် နောက်သို့ လိုက်ခြင်းဖြစ်သည်။ ဤအဆင့်တွင် လူသားအနေဖြင့် လုပ်ဆောင်သင့်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်ဖြစ်ပြီး၊ သူ့အနေဖြင့် စုံလင်စေခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် စစ်ဆေးခြင်း ခံရသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဓိက သော့ချက်ဖြစ်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုဖြစ်သကဲ့သို့ လူသားအနေဖြင့် ယနေ့သိသင့်သည့် ရူပါရုံလည်း ဖြစ်သည်။

ဘုရားသခင်သည် လူကို မည်သို့စုံလင်စေသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် အဘယ်အရာနည်း။ သူ၏ စိတ်သဘောထားထဲတွင် မည်သည့်အရာ ပါဝင်သနည်း။ ဤအရာအားလုံးကို ရှင်းလင်းရမည်ဆိုလျှင်၊ တစ်ဦးက ယင်းကို ဘုရားသခင်၏နာမကို ဖြန့်ဝေခြင်းဟုခေါ်သည်၊ တစ်ဦးက ဘုရားသခင်အား သက်သေခံခြင်းဟုခေါ်ကာ၊ တစ်ဦးက ဘုရားသခင်ကို ချီးမြှောက်ခြင်းဟု ခေါ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်း အခြေခံအုတ်မြစ်ပေါ် အခြေပြုလျက်၊ လူသားသည် နောက်ဆုံးတွင် သူ၏အသက်စိတ်သဘောထား၌ အသွင်ပြောင်းလဲလာလိမ့်မည် ဖြစ်သည်။ လူသားသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့ကို သာ၍ကြုံရလေ၊ သူသည် သာ၍အားတိုးလေဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သော အဆင့်များ သာ၍များပြားလေ၊ လူသည် သာ၍ စုံလင်စေခြင်း ခံရလေဖြစ်သည်။ ယနေ့တွင်၊ လူ၏ အတွေ့အကြုံတွင်၊ ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီတိုင်းသည် သူ၏အယူအဆများကို တန်ပြန်တိုက်ခိုက်ပြီး၊ အားလုံးက လူသား၏ဉာဏ်စွမ်းကို ကျော်လွန်ကာ သူ့မျှော်မှန်းချက်များ၏ ပြင်ပတွင် ရှိလေသည်။ ဘုရားသခင်သည် လူသားလိုအပ်သော အရာရာတိုင်းကို ထောက်ပံ့ပေးပြီး ယင်းသည် အဖက်ဖက်မှ လူသား၏ အယူအဆများနှင့် ကွဲလွဲနေသည်။ သင်၏ အားနည်းနေချိန်တွင် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်၏။ ဤနည်းအားဖြင့်သာ သူသည် သင့်အသက်တာကို ထောက်ပံ့ ပေးနိုင်သည်။ သင်၏ အယူအဆများကို တန်ပြန်တိုက်ခိုက်ခြင်းအားဖြင့်၊ သင့်အား ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုကို လက်ခံစေသည်။ ဤနည်းဖြင့်သာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို သင်ကိုယ်တိုင် ဖယ်ရှားနိုင်ပေသည်။ ယနေ့တွင်၊ တစ်ဖက်တွင် လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏ အခြေအနေအတွင်း၌ အမှုပြုသော်လည်း၊ အခြားတစ်ဖက်တွင် သူသည် ပုံမှန်လူ့သဘာဝ၏ အခြေအနေ၌ အမှုပြုသည်။ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သင် မငြင်းနိုင်တော့သည့်အခါတွင်၊ ပုံမှန်လူ့သဘာဝ အခြေအနေအတွင်း၌ ဘုရားသခင် မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ သင် ကျိုးနွံနာခံနိုင်သောအခါတွင်၊ မည်သည့် သာမန်ဖြစ်မှုမျိုးကိုမဆို သူထင်ရှားပြသသည်ဖြစ်ပါစေ သင် ကျိုးနွံနာခံနိုင်ပြီး နားလည်နိုင်သောအခါနှင့် တကယ့်အတွေ့အကြုံကို သင်ရရှိပြီးဖြစ်သည့်အချိန်၊ ထိုအခါမှသာလျှင် သူ ဘုရားသခင်ဖြစ်သည်ကို သင်စိတ်ချနိုင်သည်၊ ထိုအခါမှသာလျှင် သင်သည် အယူအဆများ ဖြစ်ပေါ်စေခြင်းကို ရပ်တန့်နိုင်ပြီး၊ ထိုအခါမှသာလျှင် သင်သည် အဆုံးထိတိုင် သူ့နောက်လိုက်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုတွင် ဉာဏ်ပညာရှိသကဲ့သို့၊ လူသားက သူ့အဖို့ သက်သေခံချက်တွင် မည်သို့ ခိုင်မာစွာရပ်တည်နိုင်သည်ကို သူသိသည်။ လူသား၏ ပဓာနကျသော အားနည်းချက် မည်သည့် နေရာတွင် တည်ရှိသည်ကို သူသိသကဲ့သို့၊ သူပြောဆိုသော နှုတ်ကပတ်တော်များသည် သင်၏ပဓာနကျသော အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်နိုင်သည်၊ သို့သော် သူ့အဖို့ သက်သေခံချက်တွင် သင့်ကို ခိုင်မာစွာ ရပ်တည်စေရန် ခံ့ညားထည်ဝါပြီး ဉာဏ်ပညာရှိသော နှုတ်ကပတ်တော်များကိုလည်း သူအသုံးပြုလေသည်။ ယင်းမှာ ဘုရားသခင်၏ အံ့ဩလောက်သော လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်ပြုသော အမှုသည် လူသား၏အသိဉာဏ်အဖို့ မတွေးတတ်အောင် ဖြစ်သည်။ ဇာတိပကတိဖြစ်လျက် လူသားသည် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းမျိုး ပိုင်ဆိုင်သည်၊ ပြီးလျှင် လူသား၏ အနှစ်သာရတွင် မည်သည့်အရာ ဖွဲ့စည်းပါဝင်သည်- ဤအားလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းမှတစ်ဆင့် ထုတ်ဖော်ပြခံရသည်၊ ယင်းက လူသားကို သူ၏အရှက်တရားမှ ပုန်းကွယ်ရန် နေရာမရှိ ဖြစ်ကျန်ရစ်စေလေသည်။

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဘုရားသခင်ကိုသိကျွမ်းခြင်းအမှု။”

အရှေ့သို့- “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” နှင့်ပတ်သက်၍ အကျဉ်းချုပ်ဆွေးနွေးချက်

နောက်တစ်ခုသို့- ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။