ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ယခုအချိန်တွင် သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာခြင်းအတွက် အားထုတ်ရမည်ဖြစ်ပြီး ဝင်ရောက်မှု တစ်ခုလုံးကို မှန်သော လမ်းကြောင်းပေါ်သို့ စတင်ရမည်။ ဘုရားသခင်၏လူများ ဖြစ်ရန်ဆိုသည်မှာ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းကို ဆိုလိုသည်။ ယနေ့ သင်တို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ တရားဝင် စတင်ဝင်ရောက်ပြီး သင်တို့၏ အနာဂတ် အသက်တာများသည် ယခင်ကကဲ့သို့ ပျင်းရိခြင်းနှင့် ပေါ့ပြက်ခြင်းများ ရပ်စဲသွားရမည်။ ထိုသို့သော နည်းလမ်းတစ်ခုဖြင့် အသက်ရှင်ခြင်း၊ ယင်းသည် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများကို ကြိုးပမ်းရရှိဖို့ မဖြစ်နိုင်ပေ။ အကယ်၍ သင်သည် မည်သည့် အရေးတကြီး ဖြစ်ခြင်းမျှ မခံစားရပါက၊ ဤအရာက သင်သည် မိမိကိုယ်ကိုယ် တိုးတက်စေဖို့ ဆန္ဒမရှိကြောင်း၊ သင်၏အားထုတ်မှုသည် ကမောက်ကမဖြစ်ပြီး ရှုပ်ထွေးသကဲ့သို့၊ သင်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းနိုင်စွမ်း မရှိသည်ကို ပြသပေသည်။ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် အသက်တာ စတင်ခြင်းကို ဆိုလိုသည်- ထိုသို့သော လေ့ကျင့်မှုကို လက်ခံရန် သင်လိုလားလျက်ရှိသလော။ သင်သည် အရေးတကြီးဖြစ်သည့် အသိစိတ်ကို ခံစားရန် လိုလားလျက် ရှိသလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အသက်ရှင်ရန် သင် လိုလားလျက်ရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ရန် သင် လိုလားလျက် ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ပေါ် ရောက်လာပြီး သင့်ကို စမ်းသပ်သည့်အခါတွင်၊ သင်သည် မည်သို့ ဆောင်ရွက်လိမ့်မည်နည်း။ ပြီးလျှင် အမှန်တရားမျိုးစုံကို သင် ရင်ဆိုင်ရချိန်တွင်၊ မည်သည့်အရာကို လုပ်ဆောင်လိမ့်မည်နည်း။ အတိတ်တွင် အသက်အပေါ် သင် အာရုံမစိုက်ခဲ့ပေ။ ယနေ့တွင် သင်သည် အသက်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းကို အာရုံစိုက်ရမည် ဖြစ်ပြီး သင်၏ အသက် စိတ်သဘောထားထဲ၌ အပြောင်းအလဲများကို လိုက်စားရမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်သားများ စွမ်းဆောင်ရရှိရမည့် အရာ ဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်သော သူအားလုံးသည် အသက်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ အသက်စိတ်သဘောထားတွင် အပြောင်းအလဲများကို လိုက်စားကြရမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်သားများကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။

နိုင်ငံတော်သားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရမည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတွင် ပြောဆိုထားသော နှုတ်ကပတ်တော် အားလုံးကို လက်ခံရမည်။

၂။ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ရမည်။

၃။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများ ဘုရားသခင်၏ တို့ထိခံရခြင်းအား ရရှိအောင် အားထုတ်ရမည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးဝ လှည့်ပြီးဖြစ်ကာ သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာ ရှိသည့်အခါတွင်၊ သင်သည် လွတ်လပ်မှု နယ်ပယ်ထဲတွင် အသက်ရှင်လိမ့်မည်၊ ယင်းမှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုတွင် အသက်ရှင်ရလိမ့်မည်ဟု ဆိုလိုပေသည်။ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် သင်အသက်ရှင်သည့်အခါမှသာ၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်။

၄။ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံကြရမည်။

၅။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခု ဖြစ်လာကြရမည်။

ဤအချက်ငါးချက်သည် သင်တို့အတွက် ငါ၏တာဝန်ပေး စေခိုင်းချက်များ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ လူတို့ထံ ပြောဆိုထားသကဲ့သို့၊ သင်တို့သည် ဤတာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် လိုလားခြင်းမရှိပါက၊ သင့်ကို ငါ အတင်းအကျပ် ပြုမည်မဟုတ်- သို့ရာတွင် သင်သည် ထိုစကားများကို အမှန်တကယ်လက်ခံပါက၊ ဘုရားသခင်၏ အလိုကို လုပ်ဆောင်နိုင်လိမ့်မည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို စတင်လက်ခံကြပြီး နိုင်ငံတော်သားများ ဖြစ်လာခြင်းနှင့် နိုင်ငံတော်သားများဖြစ်ရန် လိုအပ်သော စံနှုန်းများကို ကြိုးပမ်းရရှိခြင်းတို့ကို အားထုတ်ကြလော့။ ဤသည်မှာ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုကို အပြည့်အဝ လုပ်ဆောင်ရန် ဆန္ဒရှိပါက၊ ဤတာဝန်ပေးစေခိုင်းချက် ငါးချက်ကို သင် လက်ခံရမည်ဖြစ်ပြီး၊ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏စိတ်နှင့် ကိုက်ညီလိမ့်မည်ဖြစ်ကာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ကြီးစွာ အသုံးပြုလိမ့်မည်။ ယနေ့ အရေးပါသည်မှာ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်းတွင် ဝိညာဉ်ရေးရာ အသက်တာ ပါဝင်သည်။ ယခင်က ဝိညာဉ်ရေးရာ အသက်တာနှင့်သက်ဆိုင်သည့် ပြောဆိုမှု မရှိခဲ့သော်လည်း၊ ယနေ့တွင် သင်သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ စတင် ဝင်ရောက်သည်နှင့်အမျှ၊ သင်သည် ဝိညာဉ်ရေးရာ အသက်တာထဲသို့ တရားဝင် ဝင်ရောက်ပေသည်။

မည်သည့် အသက်တာမျိုးသည် ဝိညာဉ်ရေးရာ အသက်တာ ဖြစ်သနည်း။ ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ သင်၏စိတ်နှလုံးက ဘုရားသခင်ထံသို့ လုံးဝ လှည့်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဂရုပြုနိုင်သည့် အသက်တာ တစ်ခု ဖြစ်သည်။ ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသက်ရှင်ပြီး အခြားမည်သည့်အရာကမျှ သင်၏စိတ်နှလုံးကို နေရာ မယူသကဲ့သို့၊ ယနေ့ သင်သည် ဘုရားသခင်၏ အလိုကို သဘောပေါက်နိုင်ကာ သင်၏တာဝန်ကို ဖြည့်ဆည်းဖို့အလို့ငှာ ယနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းအားဖြင့် လမ်းပြခြင်း ခံရသည့် အသက်တာတစ်ခု ဖြစ်သည်။ လူနှင့် ဘုရားသခင်ကြားက ထိုသို့သော အသက်တာတစ်ခုသည် ဝိညာဉ်ရေးရာ အသက်တာ ဖြစ်သည်။ အကယ်၍ သင်သည် ယနေ့၏အလင်းနောက် မလိုက်နိုင်ပါက၊ သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးကြားတွင် ကွာဟချက်တစ်ခု ဖွင့်ဟထားပြီး ဖြစ်သည်- ယင်းသည် ပြတ်တောက်ကောင်း ပြတ်တောက်သွားနိုင်သကဲ့သို့- သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မရှိပေ။ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာ ရှိသလော။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်သောသူတစ်ဦး ဖြစ်သလော။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းနောက် လိုက်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ ဘုရားသခင်၏ အလိုကို သဘောပေါက်နိုင်ကာ ဤနှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်နိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းနောက်လိုက်သော တစ်စုံတစ်ဦး ဖြစ်ပေသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းနောက် မလိုက်ပါက၊ သင်သည် သမ္မာတရားကို မလိုက်စားသည့်သူတစ်ဦး ဖြစ်သည်မှာ သေချာပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိတို့ကိုယ်ကိုယ် တိုးတက်စေဖို့ ဆန္ဒမရှိသူများအတွင်းတွင် အလုပ်လုပ်ဖို့ မဖြစ်နိုင်သကဲ့သို့၊ အကျိုးဆက်အနေဖြင့် ထိုသို့သော လူများသည် ၎င်းတို့၏ ခွန်အားကို မည်သည့်အခါမျှ မလှုံ့ဆော်နိုင်ကြသကဲ့သို့၊ အမြဲတမ်း မလှုပ်မယှက် ဖြစ်ကြလေသည်။ ယနေ့တွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းနောက် လိုက်သလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသလော။ မလှုပ်မယှက် ဖြစ်နေသော အခြေအနေတစ်ခုမှ သင် လွတ်လာပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်သောသူများ၊ ဘုရားသခင်၏ အမှုကို အခြေခံအုတ်မြစ်အဖြစ် ခံယူပြီး၊ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းနောက် လိုက်လျှောက်သောသူများအားလုံး- ၎င်းတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြပေသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တိတိကျကျ စစ်မှန်ပြီး မှန်ကန်သည်ဟု သင် ယုံကြည်ပါက၊ ပြီးလျှင် ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သူ၏ နှုတ်ကပတ်တော်များကို သင် ယုံကြည်ပါက၊ သင်သည် ဘုရားသခင်၏ အမှုထဲသို့ ဝင်ရောက်ခြင်းကို အားထုတ်သောသူတစ်ဦး ဖြစ်ပြီး ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းပေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲသို့ ဝင်ရောက်ရန်၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိရမည်ဖြစ်ပြီး၊ သင်သည် သင်၏ မလှုပ်မယှက်ဖြစ်သော အခြေအနေမှ မိမိကိုယ်ကိုယ် ပထမဦးစွာ ဖယ်ရှားရမည် ဖြစ်သည်။ လူအချို့သည် လူအုပ်နောက်သို့ အမြဲလိုက်ကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ အလွန် အဝေးကွာစွာ သွေဖည်တတ်ကြသည်။ ထိုသို့သော လူများသည် မိမိတို့ကိုယ်ကိုယ် တိုးတက်စေဖို့ ဆန္ဒမရှိကြသကဲ့သို့၊ ၎င်းတို့ အားထုတ်လိုက်စားသည့် စံနှုန်းများမှာ အလွန် နိမ့်ကျလေသည်။ ဘုရားသခင်ကို ချစ်ဖို့ အားထုတ်ခြင်းနှင့် ဘုရားသခင်၏ ရယူခံရခြင်းသည်သာ ဘုရားသခင်၏အလို ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် မိမိတို့၏ အသိတရားကိုသာ အသုံးပြုသောသူများ ရှိသည်၊ သို့သော် ဤအရာသည် ဘုရားသခင်၏ အလိုကို မဖြည့်ဆည်းနိုင်ပေ။ သာ၍ မြင့်မားသည့် စံနှုန်းများကို သင် အားထုတ်လေ၊ ယင်းသည် ဘုရားသခင်၏ အလိုနှင့် သာ၍ သဟဇာတဖြစ်လေ ဖြစ်လိမ့်မည်။ ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသော ဤလူအုပ်စုသည်သာ အဆုံးစွန်အဓိပ္ပာယ်ရှိသည့် အသက်တာကို ရှင်သန်နိုင်သည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်မရှင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့ကို ဘုရားသခင်က ရွေးချယ်ထားပြီးဖြစ်သကဲ့သို့၊ သင်တို့သည် ဘုရားသခင်၏ ပြုစုပျိုးထောင်ခြင်းကို ခံကြရသောကြောင့် ဖြစ်ပြီး၊ ထို့အပြင် သင်တို့အတွက် ဖြစ်သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်၊ သင်တို့သည် စစ်မှန်သော အသက်ကို သဘောပေါက်ကြပြီး ဖြစ်ကာ အဆုံးစွန် တန်ဖိုးရှိသော အသက်တာတစ်ခု မည်သို့ အသက်ရှင်ရမည်ကို သိရှိကြပေသည်။ ဤသည်မှာ သင်တို့၏ အားထုတ်မှု ကောင်းမွန်သောကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်ပေးသည်မှာ ဘုရားသခင်ဖြစ်ပြီး၊ သူ့ထံသို့လာရန် ကောင်းမွန်သော အခွင့်အလမ်းကို သင်တို့အား ပေးလျက်၊ သင်တို့၏ စိတ်နှလုံးကို တို့ထိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အား အသိဉာဏ် မပွင့်လင်းစေခဲ့ပြီးပါက၊ သင်တို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် ချစ်ဖွယ်သောအရာကို မြင်နိုင်စွမ်း ရှိမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ချစ်ဖို့လည်း သင့်အတွက် ဖြစ်နိုင်မည် မဟုတ်ပေ။ လူတို့၏ စိတ်နှလုံးများက ဘုရားသခင်ထံ လှည့်ကြပြီးဖြစ်သည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်က ၎င်းတို့၏ စိတ်နှလုံးများကို တို့ထိခြင်းကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မွေ့လျော်နေချိန်တွင်၊ သင်၏စိတ်ဝိညာဉ်သည် တို့ထိခံရပြီး၊ ဘုရားသခင်ကို သင် မချစ်ဘဲမနေနိုင်ကြောင်း၊ သင့်အတွင်းတွင် ကြီးမားသော ခွန်အားရှိကြောင်းနှင့် သင် ဘေးဖယ်မထားနိုင်သည့်အရာ မည်သည့်အရာမျှ မရှိသည်ကို သင် ခံစားရပေသည်။ အကယ်၍ သင်သည် ဤကဲ့သို့ခံစားရပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းကာ၊ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို အမှန်တကယ် ခံရကြပြီးဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းအသရေသည် ကျွန်ုပ်၏ ဂုဏ်ယူစေပြီး၊ ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ရသည်မှာ ကျွန်ုပ်အတွက် မွန်မြတ်သည်ဟု ခံစားရပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို လုပ်ဆောင်ရန် မည်သည့်အရာကိုမဆို အသုံးပြုကာ မည်သည့်အရာကိုမဆို ပေးပါမည်၊ ပြီးလျှင် ကျွန်ုပ်၏ နှစ်ကာလအားလုံးနှင့် တစ်သက်တာလုံး ကြိုးပမ်းအားထုတ်မှုများကို ကိုယ်တော့်ထံ ဆက်ကပ်ပါမည်။” ဟု သင် ဆိုလိမ့်မည်။ ဤကဲ့သို့ သင်ဆုတောင်းသောအခါတွင်၊ သင်၏စိတ်နှလုံးထဲ၌ အဆုံးမရှိသော ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှု ရှိလိမ့်မည်။ ဤကဲ့သို့သော အတွေ့အကြုံတစ်ခု သင် ရှိခဲ့ဖူးပါသလော။ အကယ်၍ လူများသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို မကြာခဏ ခံကြရပါက၊ ၎င်းတို့သည် ၎င်းတို့၏ ဆုတောင်းချက်များထဲ၌၊ “အို ဘုရားသခင်။ ကိုယ်တော် ဘုန်းထင်ရှားသော နေ့ရက်ကို ရှုမြင်ရန် ကျွန်ုပ် ဆန္ဒရှိသကဲ့သို့၊ ကိုယ်တော့်အတွက် အသက်ရှင်ရန် ကျွန်ုပ် ဆန္ဒရှိပါ၏- ကိုယ်တော့်အတွက် အသက်ရှင်ရန်ထက် မည်သည့်အရာမျှ သာ၍ မထိုက်တန်၊ အဓိပ္ပာယ်မရှိသကဲ့သို့၊ စာတန်နှင့် ဇာတိပကတိအတွက် အသက်ရှင်ရန် ကျွန်ုပ် ဆန္ဒ စိုးစဉ်းမျှ မရှိပါ။ ကိုယ်တော့်အတွက် ယနေ့ ကျွန်ုပ်ကို အသက်ရှင်နိုင်စေခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်အား ပြုစုပျိုးထောင်ပါသည်။” ဟူ၍ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်ရန် အထူးသဖြင့် ဆန္ဒရှိကြပေသည်။ သင်သည် ဤသို့ဆုတောင်းပြီးသည့်အခါ သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်အား မပေးဘဲ မနေနိုင်ကြောင်း၊ ဘုရားသခင်ကို သင် ရရှိရမည်ဖြစ်ကြောင်းနှင့် သင် အသက်ရှိစဉ်တွင် ဘုရားသခင်ကို ရရှိခြင်းမရှိဘဲ၊ သေဆုံးရဖို့ မုန်းတီးမည်ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ထိုသို့သော ဆုတောင်းချက်တစ်ခုကို ပြောဆိုလျက်၊ သင်၏အတွင်းတွင် မကုန်ခန်းနိုင်သော ခွန်အားတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ထိုခွန်အားက မည်သည့်နေရာမှ ဖြစ်သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် အကန့်အသတ် မရှိသော တန်ခိုးရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ပြီး သူ့ကို ချစ်မြတ်နိုးခြင်းငှာ ထိုက်တန်သည်ဆိုသည့် အသိစိတ် တစ်ခု ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ တို့ထိခြင်းကို သင်ခံရပြီးဖြစ်လိမ့်မည့် အချိန် ဖြစ်သည်။ ထိုသို့သော အတွေ့အကြုံတစ်ခု ရှိပြီးကြသူများ အားလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်သည်။ ဘုရားသခင်၏ တို့ထိခြင်းကို မကြာခဏ ခံရသောသူများအတွက်၊ ၎င်းတို့၏ အသက်တာများ၌ အပြောင်းအလဲများ ဖြစ်ပေါ်သည်၊ ၎င်းတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်ကြပြီး၊ ဘုရားသခင်ထံ လုံးဝ လှည့်ရန် လိုလားခြင်း ရှိကြသည်၊ ၎င်းတို့စိတ်နှလုံးထဲရှိ ဘုရားသခင်အား ချစ်ခြင်းသည် သာ၍ အားကောင်းသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံသို့ လုံးဝ လှည့်သွားကြပြီးဖြစ်သည်၊ ၎င်းတို့သည် မိသားစု၊ ကမ္ဘာလောက၊ အရှုပ်အယှက်များ သို့မဟုတ် ၎င်းတို့၏ အနာဂတ်များကို အလေးမထားကြသကဲ့သို့၊ ၎င်းတို့သည် တစ်ဘဝလုံး အားထုတ်မှုတို့ကို ဘုရားသခင်ထံ ဆက်ကပ်ရန် လိုလားနေကြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရပြီးသောသူအားလုံးသည် သမ္မာတရားကို အားထုတ်သောလူများနှင့် ဘုရားသခင်၏ စုံလင်စေခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်ရှိသောလူများ ဖြစ်ကြသည်။

သင်၏စိတ်နှလုံးကို ဘုရားသခင်ထံသို့ သင်လှည့်ပြီးပြီလော။ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရပြီးပြီလော။ အကယ်၍ သင်သည် ထိုသို့သော အတွေ့အကြုံတစ်ခု လုံးဝ မရှိဖူးပါက၊ ပြီးလျှင် သင်သည် ထိုသို့သော နည်းလမ်းတစ်ခုဖြင့် မည်သည့်အခါတွင်မျှ ဆုမတောင်းဖူးပါက၊ ဤသည်မှာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်က နေရာမရှိသည်ကို ပြသပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော် လမ်းပြခြင်းခံရသူများနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရသောသူအားလုံးသည် ဘုရားသခင်၏ အမှုကို ပိုင်ဆိုင်ကြသည်၊ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့အတွင်းတွင် အမြစ်တွယ်ပြီးဖြစ်သည်ကို ပြသပေသည်။ လူအချို့က “ကျွန်ုပ်သည် သင်ကဲ့သို့ ကျွန်ုပ်၏ ဆုတောင်းခြင်းများတွင် စိတ်အားမထက်သန်သကဲ့သို့၊ ကျွန်ုပ်သည် ဘုရားသခင်၏ တို့ထိခြင်းကိုလည်း သိပ်မခံစားရပါ။ တစ်ခါတစ်ရံ- ကျွန်ုပ် နှလုံးသွင်းဆင်ခြင်ပြီး ဆုတောင်းသည့်အခါ- ဘုရားသခင်သည် ချစ်ဖွယ်ကောင်းပြီး၊ ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်း ခံရသည်ကို ကျွန်ုပ် ခံစားရသည်။” ဟု ဆိုကြသည်။ လူ၏စိတ်နှလုံးထက် မည်သည့် အရာမျှ သာ၍ အရေးမကြီးပေ။ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ပြီးသောအခါတွင်၊ သင်၏ဖြစ်တည်မှုတစ်ခုလုံးသည် ဘုရားသခင်ထံသို့ လှည့်ပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်တွင် သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင်တို့အထဲမှ အများစုတို့သည် ထိုသို့သော အတွေ့အကြုံ တစ်ခု ရှိကြပြီးဖြစ်သည်- ယင်းမှာ သင်တို့ အတွေ့အကြုံများ၏ အတိမ်အနက်များက မတူညီကြခြင်းသာ ဖြစ်သည်။ လူအချို့က၊ “ကျွန်ုပ်သည် စကားလုံးများစွာဖြင့် ဆုမတောင်းပါ၊ အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းကိုသာ ကျွန်ုပ် နားထောင်ပြီး ကျွန်ုပ်အတွင်းတွင် ခွန်အား ထွက်ပေါ်လာပါသည်။” ဟု ဆိုကြသည်။ ဤအရာက သင်သည် အတွင်း၌ ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်သည်ကို ပြပေသည်။ အတွင်း၌ ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးသောသူများသည် အခြားသူများ မိတ်သဟာယဖွဲ့ခြင်းကို ကြားသည့်အခါ၊ လှုံ့ဆော်မှု ခံစားရလေသည်။ အကယ်၍ လှုံ့ဆော်နေသည့် စကားများကို ၎င်းတို့ ကြားချိန်တွင် လူတစ်ဦး၏ စိတ်နှလုံးက လုံးဝ မလှုပ်ရှားပါက၊ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့အတွင်း မရှိသည်ကို သက်သေပြပေသည်။ ၎င်းတို့အတွင်းတွင် တမ်းတမှု မရှိပေ၊ ယင်းက ၎င်းတို့သည် စိတ်ဆုံးဖြတ်ချက် မရှိကြသကဲ့သို့၊ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိကြသည်ကို သက်သေပြပေသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ကြားကြသည့်အခါတွင် တုံ့ပြန်မှု တစ်ခု ရှိကြလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ တို့ထိခြင်းကို မခံရသေးပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ထိတွေ့ခြင်း မရှိကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိကြသကဲ့သို့ ၎င်းတို့သည် အသိဉာဏ်ပွင့်လင်းခံရနိုင်စွမ်း မရှိကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးဖြစ်ကာ တုံ့ပြန်မှုမရှိသောသူများသည် ဘုရားသခင်၏ တို့ထိခြင်းကို မခံရသေးသောသူများ ဖြစ်ကြသည်- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိကြသောလူများ ဖြစ်သည်။ အသစ်သော အလင်းကို လက်ခံနိုင်သောသူ အားလုံးသည် ထိတွေ့ခံရကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ကြပေသည်။

မိမိကိုယ်ကိုယ် နှိုင်းဆချင့်ချိန်လော့-

၁။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ လုပ်ဆောင်ချက်အလယ်တွင် ရှိသလော။

၂။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ပြီးပြီလော။ ဘုရားသခင်၏ တို့ထိခြင်းကို သင် ခံရပြီးပြီလော။

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အထဲတွင် အမြစ်တွယ်ပြီလော။

၄။ သင်၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားသလော။

၅။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလင်း၏ လမ်းပြမှုအောက်တွင် အသက်ရှင်သလော။

၆။ သင်၏စိတ်နှလုံးကို အယူအဆ အဟောင်းများက အုပ်စိုးထားသလော၊ သို့မဟုတ် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အုပ်စိုးထားသလော။

ဤစကားများကို ကြားရခြင်းဖြင့်၊ သင်တို့အတွင်းရှိ တုံ့ပြန်မှုမှာ အဘယ်နည်း။ ဤနှစ်ကာလများတစ်လျှောက် ယုံကြည်ပြီးဖြစ်လျက်၊ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ် ရှိပါသလော။ သင်၏ ယခင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အပြောင်းအလဲတစ်ခု ရှိပြီလော။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ၊ အသက်ရှိခြင်းမှာ မည်သည့်အရာဖြစ်ပြီး အသက်မရှိခြင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ဤအရာသည် သင်တို့အဖို့ ရှင်းလင်းပါသလော။ ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင်နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို ဘေးဖယ်မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များမှ ကင်းကွာသည့် အစေခံခြင်းသည် ဇာတိပကတိနှင့် အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့မှာ ယင်းအတွက် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအလယ်တွင် အသက်ရှင်ကြပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုနှင့် သင့်တော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ အစေခံကြသော်လည်း၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအလယ်တွင် အစေခံကြပြီး၊ ဘုရားသခင်၏ အလိုနှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ ဘုရားသခင်၏အလိုကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်။ သူသည် အယူအဆများ၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို အလိုမရှိပေ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းမရှိပါက၊ ၎င်းတို့သည် အယူအဆများအလယ်တွင် အသက်ရှင်ကြ၏။ ထိုသို့သော လူတို့၏ အစေခံခြင်းသည် ကာဆီးကာ နှောင့်ယှက်ပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ပေသည်။ ထို့ကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အစေခံနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အသေချာဆုံး ဆန့်ကျင်ကြပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို နာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှု၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ထုတ်ခံရသော သူများမှာ ဘုရားသခင်၏ နောက်ဆုံးအမှုနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအမှုကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ ထိုသို့သောသူများက ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပုန်ကြသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲရှိ သဏ္ဌာန်နှင့် မတူညီသောကြောင့်ဖြစ်သည်- ဤအရာ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြပြီး၊ ဘုရားသခင်အပေါ် အကဲဖြတ်ဝေဖန်ကြသည်၊ ယင်းက ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို အကျိုးဆက် ဖြစ်ပေါ်စေလေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအမှုနှင့်ဆိုင်သည့် အသိပညာကို ပိုင်ဆိုင်ခြင်းသည် လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ၊ သို့သော် လူများသည် ဘုရားသခင်၏အမှုကို နာခံလိုစိတ် ရှိပြီး၊ ဘုရားသခင်၏အမှုကို ရှာဖွေလိုစိတ် ရှိကြပါက၊ ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်လွင်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုကို တမင်တကာ ဆန့်ကျင်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပေ။ ထို့ကြောင့် လူများသည် ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အပေါ် မူတည်သည်၊ ယင်းသည် ၎င်းတို့၏ အားထုတ်မှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်ပေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို နာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။ ၎င်းတို့ မည်သို့ ဖြစ်လေ့ရှိခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်လေ့ရှိခဲ့သည် ဖြစ်စေ- ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိပြီးသောသူများသည် ကောင်းချီးမင်္ဂလာကို အခံစားရဆုံးဖြစ်ပြီး၊ ယနေ့ နောက်ဆုံးသော အမှုကို မလိုက်လျှောက်နိုင်သောသူများမှာ ပယ်ထုတ်ခံကြရသည်။ ဘုရားသခင်သည် အလင်းသစ်ကို လက်ခံနိုင်သောသူများကို အလိုရှိပြီး၊ သူ၏ နောက်ဆုံးအမှုကို လက်ခံကာ သိရှိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာ ဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေနိုင်ပြီး အသစ်သော အမှုအရာများကို နားလည်နိုင်သည်၊ ထို့အပြင် အယူအဆဟောင်းများကို ဘေးဖယ်ထားနိုင်ပြီး၊ ယနေ့ ဘုရားသခင်၏ အမှုကို နာခံနိုင်ကြလေသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အမှုကို လက်ခံသော ဤလူအုပ်စုသည် ခေတ်များ မတိုင်မီတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ကြရပြီး၊ ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောလူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက် ကြားရပြီး ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ကြရသည်၊ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးနှင့် ခေတ်ကာလများတစ်လျှောက်လုံးတွင် ဤလူစုဖြစ်သည့်‌ သင်တို့ထက် မည်သူမျှ ကောင်းချီးမခံစားကြရလေပြီ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မပြောဆိုခဲ့သကဲ့သို့ မမိန့်မြွက်ခဲ့ပါက၊ သင်တို့၏ အခြေအနေများသည် ယနေ့ကဲ့သို့ ဖြစ်နိုင်မည်လော။ ထို့ကြောင့် ဤအရာအားလုံးသည် သင်တို့ကို ဘုရားသခင်က ချီးမြှောက်သောကြောင့် ဖြစ်သည့်အတွက်၊ ဘုန်းအသရေနှင့် ချီးမွမ်းခြင်းအားလုံးသည် ဘုရားသခင်အတွက် ဖြစ်ပါစေ။ ဤအရာအားလုံး ဆင်ခြင်ထောက်ထားလျက်၊ သင်သည် မလှုပ်မယှက်ဘဲ ရှိနိုင်ဦးမည်လော။ သင်၏ခွန်အားသည် တိုးမလာဘဲ ရှိနိုင်ဦးမည်လော။

သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို လက်ခံနိုင်ပြီး၊ ထို့အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံနိုင်သည်၊ ခေတ်ကာလများမတိုင်မီတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ရပြီး၊ ထို့ကြောင့် သင်သည် ပြစ်တင်ဆုံးမခံရသည့်အခါ လွန်စွာစိတ်သောကမရောက်ရ။ သင်တို့အထဲ၌ ပြုပြီးသော အမှုနှင့် သင်တို့အပေါ် အပ်နှင်းပြီးသည့် ကောင်းချီးမင်္ဂလာများကို မည်သူမျှ ယူဆောင်မသွားနိုင်သကဲ့သို့၊ သင်တို့အား ပေးထားပြီးဖြစ်သော အရာအားလုံးကို မည်သူမျှ ယူဆောင်မသွားနိုင်ပေ။ ဘာသာတရားနှင့်ဆိုင်သည့် လူများသည် သင်တို့နှင့် ယှဉ်ခွင့်မရှိကြပေ။ သင်တို့သည် သမ္မာကျမ်းစာ အလွန် နှံ့စပ်ကျွမ်းကျင်မှုကို မပိုင်ဆိုင်ကြသကဲ့သို့၊ ဘာသာရေး အယူအဆဖြင့် မပြင်ဆင်ထားကြသော်လည်း၊ ဘုရားသခင်သည် သင်တို့အတွင်း၌ အမှုပြုပြီးဖြစ်သောကြောင့်၊ သင်တို့သည် ခေတ်ကာလတစ်လျှောက် မည်သူမဆိုထက် သာ၍ ရရှိကြပြီးဖြစ်သည်- ထို့ကြောင့် ဤသည်မှာ သင်တို့၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဤအရာကြောင့် သင်တို့သည် ဘုရားသခင်ကို သာ၍ပင် ဆက်ကပ်ရမည်ဖြစ်ပြီး၊ ဘုရားသခင်ကို သာ၍ပင် သစ္စာစောင့်သိကြရမည်။ ဘုရားသခင်သည် သင့်ကို ချီးမြှောက်သောကြောင့်၊ သင်၏ အားထုတ်မှုများကို သင် တိုးမြှင့်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် သင်၏ဝိညာဉ်ရင့်ကျက်မှုကို အသင့်ပြင်ဆင်ထားရမည်။ သင့်အား ဘုရားသခင် ပေးထားပြီးသောနေရာ၌ သင် မြဲမြံစွာရပ်တည်ရမည်၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ အားထုတ်ရမည်၊ နိုင်ငံတော်၏လေ့ကျင့်မှုကို လက်ခံရမည်၊ ဘုရားသခင်၏ ရယူခြင်းခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် ဘုရားသခင်အဖို့ မွန်မြတ်သော သက်သေခံချက်တစ်ခု ဖြစ်လာရမည်။ သင်သည် ဤစိတ်ဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားသလော။ အကယ်၍ သင်သည် ထိုသို့သော စိတ်ဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရမည်မှာ သေချာပြီး ဘုရားသခင်အဖို့ မွန်မြတ်သော သက်သေခံတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။ အဓိက တာဝန်ပေးစေခိုင်းချက်မှာ ဘုရားသခင်၏ ရယူခြင်းကို ခံရခြင်းနှင့် ဘုရားသခင်အဖို့ မွန်မြတ်သော သက်သေခံတစ်ခု ဖြစ်လာခြင်းဖြစ်သည်ကို သင်နားလည်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုဖြစ်ပေသည်။

ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ လှုပ်ရှားမှုအင်အားဖြစ်ပြီး၊ ဤကာလအတောအတွင်း လူသားနှင့်ဆိုင်သည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အဆက်မပြတ်ဖြစ်သော အသိဉာဏ်ပွင့်လင်းစေခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာ ဖြစ်သည်။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် အမှုတွင် ဦးတည်ရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ ယနေ့ ဘုရားသခင်၏ အမှုနှင့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ လူတို့ကို ဦးဆောင်မှု ဖြစ်သည်။ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ခြင်းအဖို့ အဆင့်အချို့ ရှိသည်-

၁။ ပထမဦးစွာ၊ သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ သွန်းလောင်းရမည်။ သင်သည် အတိတ်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အားမထုတ်ရ၊ ပြီးလျှင် ယင်းတို့ကို လေ့လာရမည် မဟုတ်သကဲ့သို့၊ ယနေ့ နှုတ်ကပတ်တော်များနှင့် မနှိုင်းယှဉ်ရ။ ယင်းအစား သင်၏စိတ်နှလုံးကို ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များထဲသို့ လုံးဝ သွန်းလောင်းရမည်။ အကယ်၍ အတိတ်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဝိညာဉ်ရေးရာ စာအုပ်များ သို့မဟုတ် အခြားသော တရားဟောခြင်း ဖြစ်စဉ်များကို ဖတ်ရှုရန် ဆန္ဒရှိနေသေးသူများနှင့် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များနောက် မလိုက်လျှောက်သော သူများရှိပါက၊ ၎င်းတို့သည် အမိုက်မဲဆုံးသော လူများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို မုန်းတီး စက်ဆုပ်သည်။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လက်ခံရန် ဆန္ဒရှိပါက၊ သင်၏စိတ်နှလုံးကို ယနေ့ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲသို့ လုံးဝ သွန်းလောင်းလော့။ ဤအရာသည် စွမ်းဆောင်ရမည့် ပထမဆုံးသောအရာ ဖြစ်သည်။

၂။ ယနေ့ ဘုရားသခင်ပြောဆိုထားသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ် သင်ဆုတောင်းရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ကာ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရမည် ဖြစ်ပြီး၊ မည်သည့် စံနှုန်းများ အောင်မြင်ပြီးမြောက်ခြင်းအား သင် အားထုတ်ရန် ဆန္ဒရှိသည်ကို အခြေခိုင်စေလျက် သင်၏ စိတ်ဆုံးဖြတ်ချက်များကို ဘုရားသခင်ရှေ့တွင် ပြုလုပ်ရမည်။

၃။ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် သမ္မာတရားထဲသို့ နက်နဲသည့် ဝင်ရောက်မှုကို သင် ရရှိအောင် အားထုတ်ရမည်။ ခေတ်မမီတော့သည့် အတိတ်မှ မိန့်မြွက်ချက်များနှင့် သဘောတရားများကို မထိန်းသိမ်းနှင့်။

၄။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကိုခံရရန် သင် ကြိုးစားရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ရမည်။

၅။ သန့်ရှင်းသော ဝိညာဉ်တော် ယနေ့ လျှောက်လှမ်းသော လမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်းကို သင် လိုက်စားရမည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်းကို သင်မည်သို့ ရှာဖွေသနည်း။ အရေးကြီးသည့်အရာမှာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဆုတောင်းရန် ဖြစ်သည်။ ဤနည်းဖြင့် ဆုတောင်းရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိမည်မှာ သေချာသည်။ အကယ်၍ သင်သည် ဘုရားသခင် ယနေ့ပြောဆိုသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ထဲက အခြေခံအကြောင်းရင်းဖြင့် မရှာဖွေပါက၊ ဤသည်မှာ အချည်းနှီးဖြစ်သည်။ သင်ဆုတောင်းသင့်ပြီး၊ “အို ဘုရားသခင်။ ကျွန်ုပ် ကိုယ်တော့်ကို ဆန့်ကျင်မိပြီး၊ ကျွန်ုပ် ကိုယ်တော့်ကို များစွာကြွေးတင်ပါပြီ။ ကျွန်ုပ်သည် အလွန် မနာခံတတ်သကဲ့သို့ ကိုယ်တော့်ကို မည်သည့်အခါမျှ မကျေနပ်စေနိုင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကိုယ်တော် ကယ်တင်ရန် ဆန္ဒပြုပါ၏၊ ကိုယ်တော့်အဖို့ အဆုံးထိ အစေခံမှုပေးရန် ကျွန်ုပ် ဆန္ဒရှိပါ၏၊ ကိုယ်တော့်အတွက် အသေခံရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ၊ ကျွန်ုပ်သည် မကျေနပ်ချက်များ မရှိပါ၊ ကိုယ်တော့်ကို ကျွန်ုပ် ဆန့်ကျင်မိပြီး၊ ကျွန်ုပ်၏ သေခြင်းတွင် ကိုယ်တော် ဖြောင့်မတ်သော စိတ်သဘောထားကို လူအားလုံး ရှုမြင်နိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်သေထိုက်ပါသည်။” ဟူ၍ ပြောသင့်၏။ ဤနည်းဖြင့် သင်၏ စိတ်နှလုံးအတွင်းတွင် သင် ဆုတောင်းသောအခါ၊ ဘုရားသခင်သည် သင့်ကို နားညောင်းလိမ့်မည်ဖြစ်ကာ သင့်အား လမ်းပြလိမ့်မည်။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆုမတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိခြင်းငှာ ဖြစ်နိုင်ချေ မရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုနှင့်အတိုင်းနှင့် ဘုရားသခင်က ယနေ့လုပ်ဆောင်ရန် အလိုရှိသည့် အရာနှင့်အညီ ဆုတောင်းပါက၊ သင်က “အို ဘုရားသခင်၊ ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များအဖို့ သစ္စာရှိရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ပြီးလျှင် ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးသည် ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် စံနှုန်းများကို အလှမ်းမီနိုင်စေဖို့အလို့ငှာ၊ ကိုယ်တော်၏ ဘုန်းအသရေအဖို့ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ဆက်ကပ်ရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော် တို့ထိပါစေ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား ယခင်ထက် အသိဉာဏ်ပွင့်လင်းစေရန်၊ ကျွန်ုပ် လုပ်ဆောင်သမျှ အားလုံးက စာတန်အပေါ် ရှက်ရစေရန်၊ ကျွန်ုပ်သည် နောက်ဆုံးတွင် ကိုယ်တော်၏ ရယူခြင်းခံရဖို့အလို့ငှာ ကျွန်ုပ်ဆန္ဒရှိပါ၏။” ဟု ပြောလိမ့်မည်။ အကယ်၍ သင်သည် ဤနည်းဖြင့်၊ ဘုရားသခင်၏ အလိုကို ဗဟိုပြုသည့် နည်းလမ်းတစ်ခုဖြင့် ဆုတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်၏ ဆုတောင်းချက်များ၏ စကားလုံးများ မည်မျှရှိသည်မှာ အကြောင်းမဟုတ်- အဓိက သော့ချက်ဖြစ်သည့်အရာမှာ ဘုရားသခင်၏ အလိုကို သင် သဘောပေါက်ခြင်း ရှိမရှိ ဖြစ်သည်။ သင်တို့အားလုံးသည် အောက်ပါ အတွေ့အကြုံကို ရှိပြီး ဖြစ်ကောင်းဖြစ်နိုင်သည်- တစ်ခါတစ်ရံ အစည်းအဝေးတစ်ခု၌ ဆုတောင်းနေစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ လှုပ်ရှားမှု အင်အားများသည် အယောက်တိုင်း၏ ခွန်အားများကို မြင့်တက်စေလျက်၊ အထွတ်အထိပ်သို့ရောက်ရှိလေသည်။ လူအချို့သည် ခါးသီးစွာ ငိုကြွေးကြပြီး ဆုတောင်းစဉ် မျက်ရည်များ ကျကြသည်၊ ဘုရားသခင်ရှေ့မှောက်တွင် နောင်တဖြင့် ပြည့်နှက်နေသွားကြပြီး၊ လူအချို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြသကာ ကတိသစ္စာများ ပြုကြသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က စွမ်းဆောင်ရရှိမည့် အကျိုးတရား ဖြစ်သည်။ ယနေ့တွင် လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ လုံးလုံးလျားလျား သွန်းလောင်းကြသည်မှာ အရေးပါလှပေသည်။ ယခင်က ပြောဆိုခဲ့သော နှုတ်ကပတ်တော်များအပေါ် အာရုံမစိုက်နှင့်။ အကယ်၍ သင်သည် ယခင်က လာခဲ့သော အရာအပေါ် ထိန်းသိမ်းဆဲဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် အမှုပြုမည် မဟုတ်ပေ။ ဤအရာက မည်မျှ အရေးကြီးသည်ကို သင်မြင်သလော။

ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်လှမ်းခဲ့သော လမ်းကြောင်းကို သင်တို့ သိသလော။ အထက်ပါ အချက်အချို့သည် ယနေ့နှင့် အနာဂတ်တွင် သန့်ရှင်းသော ဝိညာဉ်တော် ပြီးမြောက်မည့် အရာများဖြစ်သည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်ခဲ့သော လမ်းကြောင်းဖြစ်ပြီး လူသားက အားထုတ်သင့်သည့် ဝင်ရောက်မှု ဖြစ်သည်။ သင်၏ အသက်ထဲသို့ ဝင်ရောက်ခြင်းတွင်၊ အနည်းဆုံးအနေဖြင့် သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ သွန်းလောင်း ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ရမည် ဖြစ်သည်။ သင်၏စိတ်နှလုံးသည် ဘုရားသခင်ကို တမ်းတရမည်၊ သင်သည် သမ္မာတရားနှင့် ဘုရားသခင် တောင်းဆိုထားသော ရည်မှန်းချက်များထဲသို့ နက်နက်နဲနဲ ဝင်ရောက်မှုကို လိုက်စားရမည်။ သင်သည် ဤခွန်အားကို ပိုင်ဆိုင်သည့်အခါတွင်၊ ယင်းက သင်သည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်သကဲ့သို့၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ စတင်၍ လှည့်ပြီး ဖြစ်သည်ကို ပြသပေသည်။

အသက်ထဲသို့ ဝင်ရောက်ခြင်း၏ ပထမအဆင့်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်များထဲသို့ လုံးဝ သွန်းလောင်းရန်ဖြစ်ပြီး၊ ဒုတိယအဆင့်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို လက်ခံရန် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို လက်ခံခြင်းအားဖြင့် ရရှိမည့် အကျိုးတရားမှာ အဘယ်နည်း။ ယင်းမှာ သာ၍ နက်နဲသော သမ္မာတရားကို တမ်းတနိုင်ရန်၊ ရှာဖွေနိုင်ရန်နှင့် စူးစမ်းလေ့လာနိုင်ရန်ဖြစ်ပြီး၊ အပြုသဘောဆောင်သည့် ပုံစံဖြင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရန် ဖြစ်သည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ကြသည်၊ ယင်းမှာ သင်တို့၏လိုက်စားခြင်း၊ သင်တို့၏ ဆုတောင်းချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်တို့၏ မိတ်သဟာယဖွဲ့ခြင်းတို့အဖို့ ရည်မှန်းချက်တစ်ခုရှိပြီး၊ သင်သည် သင်၏တာဝန်ကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သည်ဟု ဆိုရပေမည်- ဤအရာသည်သာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အား ဆောင်ရွက်ခွင့်ပေးခြင်းကိုသာ ပြောဆိုသော်လည်း၊ ဆုတောင်းခြင်း မရှိသကဲ့သို့ ရှာဖွေခြင်းလည်းမရှိဘဲ မည်သည့် ဆောင်ရွက်မှုမျှ မလုပ်ဆောင်ပါက၊ ဤအရာကို ပူးပေါင်းဆောင်ရွက်ခြင်းဟု ခေါ်နိုင်မည်လော။ အကယ်၍ သင်သည် သင့်အထဲ၌ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ဆိုင်သည့် မည်သည့်အရိပ်အယောင်မျှ မရှိသကဲ့သို့၊ ရည်မှန်းချက် တစ်ခုရှိသည့် ဝင်ရောက်မှုအတွက် လေ့ကျင့်ခြင်း ကင်းမဲ့ပါက၊ သင်သည် ပူးပေါင်းဆောင်ရွက်နေခြင်း မဟုတ်ပေ။ လူအချို့က၊ “အရာရာတိုင်းသည် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းအပေါ် မူတည်သည်၊ ယင်းကို ဘုရားသခင် ကိုယ်တော်တိုင်သာ လုပ်ဆောင်ပေသည်။ အကယ်၍ ထိုအရာကို ဘုရားသခင် မလုပ်ဆောင်ခဲ့ပါက၊ လူသားတို့သည် အဘယ်သို့ လုပ်ဆောင်နိုင်မည်နည်း။” ဟု ဆိုကြသည်။ ဘုရားသခင်၏ အမှုသည် ပုံမှန်ဖြစ်ပြီး စိုးစဉ်းမျှ သဘာဝလွန် မဖြစ်သကဲ့သို့၊ ဘုရားသခင်သည် လူကို အတင်းအကျပ်မပြုသည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်မှာ သင်၏ တက်ကြွသော ရှာဖွေခြင်းမှတစ်ဆင့် ဖြစ်သည်- သင်သည် ဘုရားသခင်အား အလုပ်လုပ်ရန် အခွင့်အရေးပေးရမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် အားမထုတ်က၊ သို့မဟုတ် မဝင်ရောက်ပါက၊ ပြီးလျှင် သင်၏စိတ်နှလုံးထဲတွင် တမ်းတမှု အနည်းငယ်မျှ မရှိပါက၊ ဘုရားသခင်သည် အလုပ်လုပ်ခြင်းငှာ အခွင့်အလမ်းမရှိပေ။ ဘုရားသခင်၏ တို့ထိမှုကို ခံရရန် မည်သည့် လမ်းကြောင်းအားဖြင့် သင်ရှာဖွေနိုင်သနည်း။ ဆုတောင်းခြင်းနှင့် ဘုရားသခင်ထံသို့ တိုးဝင်လာခြင်းမှတစ်ဆင့် ဖြစ်သည်။ သို့သော် အရေးကြီးဆုံးမှာ ယင်းသည် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်ရမည်ကို အောက်မေ့သတိရလော့။ သင်သည် ဘုရားသခင်၏တို့ထိခြင်းကို မကြာခဏခံရသည့်အခါ၊ ဇာတိပကတိ၏ ကျွန်ပြုခြင်းကို မခံရပေ- ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ငွေကြေး- ယင်းတို့ အားလုံးသည် သင့်အား ချုပ်နှောင်ထားနိုင်စွမ်း မရှိသကဲ့သို့၊ သင်သည် သမ္မာတရားကို အားထုတ်ဖို့နှင့် ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်ဖို့သာ ဆန္ဒရှိလေသည်။ ဤအချိန်တွင် သင်သည် လွတ်လပ်မှု နယ်ပယ်ထဲ၌ အသက်ရှင်သောသူ တစ်စုံတစ်ဦး ဖြစ်လိမ့်မည်။

အရှေ့သို့- ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

နောက်တစ်ခုသို့- ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။