ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

ဘုရားသခင်အတွက်သက်သေခံပြီး အဆင်းနီသော နဂါးကြီးကို အရှက်ရစေရန်အတွက် လူတစ်ဦး၌ အခြေခံသဘောတရားတစ်ခု ရှိရမည်ဖြစ်ပြီး သတ်မှတ်ချက်တစ်ခုနှင့် ပြည့်မီရမည်- စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုချစ်ကာ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ရမည်။ အကယ်၍ သင်သည် နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ပါက၊ စာတန်ကို အရှက်ရစေရန် မည်သို့မျှဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သင်၏အသက်တာ၌ ကြီးထွားခြင်းအားဖြင့်၊ သင်သည် အဆင်းနီသော နဂါးကြီးကို စွန့်လွှတ်ပြီး၊ ယင်းအပေါ် လုံးဝအရှက်ကွဲစေလေသည်။ ဤအရာသည်သာ အဆင်းနီသော နဂါးကြီးကို အမှန်တကယ် အရှက်ရစေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားလေလေ၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းနှင့် အဆင်းနီသော နဂါးကြီးကို သင်၏စက်ဆုပ်ရွံ့ရှာခြင်းသက်သေသည် ကြီးမားလေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နာခံလေလေ၊ သမ္မာတရားကို သင်၏တောင့်တမှုနှင့် သက်ဆိုင်သော သက်သေသည် ကြီးမားလေလေ ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မတောင့်တသော သူများသည် အသက်မရှိသော သူများဖြစ်ကြသည်။ ထိုသို့သော သူများသည် ဘာသာတရားနှင့်သက်ဆိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် သာ၍ နက်နဲသော အသိပညာတစ်ခု ရှိကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မတောင့်တပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် သင်မစားသောက်နိုင်သကဲ့သို့၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အသိပညာ မရှိပါက၊ ဘုရားသခင်ကို သက်သေခံရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် နည်းလမ်း မရှိချေ။

ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို မည်သို့ သိရှိသင့်သနည်း။ လူတစ်ဦးသည် သွေဖည်မှု သို့မဟုတ် အတွေးမှားခြင်း မရှိဘဲ၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို အခြေခံ၍ ဘုရားသခင်ကို သိရှိလာသင့်ပြီး၊ အဓိကအားဖြင့်၊ ဘုရားသခင်၏အမှုကို သိကျွမ်းသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော သိနားလည်မှုမရှိသည့် အတွေးမှားခြင်း မျိုးစုံတို့သည် ဘာသာရေးအယူအဆများ ဖြစ်ကြ၏။ ထိုအရာများသည် သွေဖည်ပြီး မှားယွင်းသော သိနားလည်မှုများ ဖြစ်သည်။ ဘာသာရေးပုဂ္ဂိုလ်တို့၏ အကြီးမားဆုံးသော စွမ်းရည်မှာ အတိတ်က နားလည်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ထိုအရာများနှင့်ယှဉ်၍ စဉ်းစားချင့်ချိန်ခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံနေချိန်တွင်၊ အတိတ်က သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအားဖြင့် ထုတ်ဖော်ပြခဲ့သည့်အရာများကို ဖက်တွယ်ထားပါက၊ သင်၏ အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေလိမ့်မည် ဖြစ်ပြီး၊ သင်၏လက်တွေ့လုပ်ဆောင်ခြင်းသည် ဘာသာရေး ဟိတ်ဟန်များထက် ဘာမျှမပိုဘဲ၊ ခေတ်နောက်ကျနေလိမ့်မည်။ ဘုရားသခင်ကို အစေခံသူများသည် အခြားအရည်အချင်းများကြားတွင်၊ အပြင်ပန်းအားဖြင့် နှိမ့်ချကာ သည်းခံရမည်ဟု သင်ယုံကြည်ပါက၊ ပြီးလျှင် သင်သည် ထိုအသိမျိုးကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက၊ ထိုသို့သော အသိသည် ဘာသာရေး အယူအဆတစ်ခု ဖြစ်ပေသည်။ ထိုလက်တွေ့လုပ်ဆောင်ခြင်းသည် သူတော်ကောင်းယောင်ဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သွားပြီ ဖြစ်သည်။ “ဘာသာရေးအယူအဆများ” ဟူသော စကားရပ်မှာ (ဘုရားသခင် ယခင်ကပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက်ထုတ်ဖော်ပြခဲ့သည့် အလင်းအပါအဝင်) ခေတ်မမီတော့သကဲ့သို့ အသုံးမဝင်တော့သည့် အရာများကို ရည်ညွှန်းပြီး ထိုအရာများကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို နှောင့်ယှက်ကာ လူသားအား အကျိုးမပြုပေ။ လူတို့သည် ဘာသာရေး အယူအဆများနှင့်သက်ဆိုင်သည့် အရာများကို မိမိတို့ကိုယ်ကိုယ်မှ မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် ဘုရားသခင်ကို ၎င်းတို့၏ အစေခံခြင်းတွင် ကြီးစွာသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်။ ဘာသာရေး အယူအဆများရှိကြသော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အဆင့်များကို အမီလိုက်ရန် မည်သို့မျှမဖြစ်နိုင်ပေ- ၎င်းတို့ ခြေတစ်လှမ်း နောက်ကျ ကျန်ရစ်ပြီးနောက်၊ ခြေနှစ်လှမ်း နောက်ကျကျန်ရစ်ကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤဘာသာရေး အယူအဆများသည် လူသားအား မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု အလွန့်အလွန် မှတ်ယူစေပြီး မာနထောင်လွှားစေကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အတိတ်က သူပြောဆိုခဲ့ပြီး လုပ်ဆောင်ခဲ့သည့် အရာများကို တသလွမ်းဆွတ်ခြင်း မခံစားရပေ၊ တစ်စုံတစ်ခုသည် ခေတ်မမီတော့ပါက၊ ယင်းကို သူဖယ်ရှားလိုက်လေသည်။ သင်သည် သင်၏အယူအဆများကို အမှန်တကယ် လက်မလွှတ်နိုင်သလော။ သင်သည် အတိတ်က ဘုရားသခင် ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက၊ ဘုရားသခင်၏အမှုကို သင်သိသည်ဟု ဤအရာက သက်သေပြသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ၊ ယင်းအစား အတိတ်က အလင်းကို ဖက်တွယ်ထားပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ ခြေလှမ်းများနောက်ကို လိုက်လျှောက်သည်ဟု သက်သေပြသလော။ ဘာသာရေး အယူအဆများကို သင် လက်မလွှတ်နိုင်ဘဲ ရှိသေးသလော။ ထိုသို့ဖြစ်ပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်သွားလိမ့်မည်။

လူတို့သည် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များနှင့် အမှုကို စဉ်းစားချင့်ချိန်ဖို့ မိမိတို့၏ ဉာဏ်များကို အသုံးပြုလိမ့်မည်မဟုတ်ဘဲ၊ ယင်းအစား တိုက်ရိုက်နာခံကြလိမ့်မည်။ ဘုရားသခင်၏ ယနေ့ အမှုသည် အတိတ်ကနှင့် သိသိသာသာကို မတူညီသော်လည်း၊ သင်သည် အတိတ်၏ အမြင်များကို လက်လွှတ်ကာ ဘုရားသခင်၏ ယနေ့ အမှုကို တိုက်ရိုက် မနာခံနိုင်သေးပေ။ အတိတ်၌ ဘုရားသခင် မည်သို့ အမှုပြုခဲ့စေကာမူ၊ ဘုရားသခင်၏ ယနေ့ အမှုကို သင် အသားပေးထားရမည်ဟူသော သိနားလည်နိုင်စွမ်းရှိပါက၊ သင်သည် မိမိ၏အယူအဆများကို လက်လွှတ်ပြီးသူ၊ ဘုရားသခင်ကို နာခံသူနှင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို နာခံနိုင်ကာ သူ၏ ခြေလှမ်းများနောက် လိုက်သောသူတစ်ဦး ဖြစ်ပေသည်။ ဤအရာတွင်၊ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံသူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုကို မစိစစ် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုပေ။ ယင်းမှာ ဘုရားသခင်သည် သူ၏ယခင်အမှုကို မေ့လျော့ပြီးဖြစ်ကာ သင်သည်လည်း ထိုအရာကို မေ့လျော့ပြီးဖြစ်သည့်အလား ဖြစ်သည်။ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ဖြစ်ပြီး အတိတ်သည် အတိတ်ဖြစ်ကာ ယနေ့တွင် ဘုရားသခင်သည် အတိတ်က သူပြုခဲ့သည့်အမှုကို ဘေးဖယ်ထားပြီးဖြစ်သည့်အတွက်၊ သင်သည် ထိုအရာကို တဝဲလည်လည် မတွေးသင့်ပေ။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို လုံးဝ နာခံကာ ၎င်းတို့၏ဘာသာရေး အယူအဆများကို လုံးဝ လက်လွှတ်ပြီးသူတစ်ဦး ဖြစ်ပေသည်။

ဘုရားသခင်၏အမှုတွင် အသစ်သော ဖွံ့ဖြိုးတိုးတက်မှုများ အမြဲရှိသောကြောင့်၊ အမှုသစ် ထွက်ပေါ်လာသကဲ့သို့ ခေတ်ကုန်သွားပြီး ဟောင်းသွားသောအမှု ရှိပေသည်။ အဟောင်းနှင့် အသစ် ဤကွဲပြားသော အမှုအမျိုးမျိုးသည် ဆန့်ကျင်ဘက် မဟုတ်ဘဲ၊ အပြန်အလှန် ဖြည့်ဆည်းလေသည်။ အဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်နောက်မှ လိုက်လာပေသည်။ အမှုသစ်ရှိသောကြောင့် ဟောင်းသောအရာများသည် အမှန်ပင် ဖယ်ရှားခံရပေမည်။ ဥပမာအားဖြင့် လူသား၏နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် သွန်သင်ချက်တို့နှင့် တွဲဖက်လျက်၊ လူသား၏ ကာလကြာရှည် တည်မြဲသော အလေ့အထများနှင့် ပြောနေကျ စကားပုံ အချို့သည် လူသား၏စိတ်ထဲတွင် အယူအဆများ နည်းဟန်မျိုးစုံ၊ ပုံစံမျိုးစုံ ဖြစ်ပေါ်ပြီးဖြစ်သည်။ နှစ်များစွာတစ်လျှောက် ရှေးခေတ်ကာလများမှ အစဉ်အလာရှိသည့် သဘောတရားများ ပျံ့နှံ့မှုနှင့်အတူ ဘုရားသခင်သည် သူ၏ စစ်မှန်သော မျက်နှာနှင့် ပင်ကို စိတ်သဘောထားတို့ကို လူသားထံ အပြည့်အဝ ထုတ်ဖော်ပြဖို့ ရှိသေးသည်မှာ လူသား၏ ထိုသို့သော အယူအဆများ ဖြစ်ပေါ်ခြင်းအဖို့ သာ၍ အခါအခွင့်သင့်ပေသေး၏။ လူသားက ဘုရားသခင်ကို ယုံကြည်သည့် ကာလတစ်လျှောက်တွင်၊ အယူအဆ အမျိုးမျိုး၏ လွှမ်းမိုးမှုက လူများတွင် ဘုရားသခင်အပေါ် အထင်အရ သိနားလည်မှုမျိုးစုံ အဆက်မပြတ် ဖြစ်ပေါ်မှုနှင့် ဆင့်ကဲပြောင်းလဲမှု ဆီသို့ ဆိုက်ရောက်စေပြီးဖြစ်လေသည်၊ ယင်းက ဘုရားသခင်ကို အစေခံသည့် ဘာသာရေးသမားများစွာကို ဘုရားသခင်၏ ရန်သူများ ဖြစ်စေခဲ့သည်ဟု ပြောကောင်း ပြောနိုင်ပေသည်။ ထို့ကြောင့်၊ လူတို့၏ ဘာသာရေး အယူအဆများ အားကောင်းလေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်လေလေဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုသည် အမြဲအသစ်ဖြစ်ကာ မည်သည့်အခါတွင်မျှ ဟောင်းနွမ်းခြင်းမရှိပေ။ ယင်းသည် မည်သည့်အခါမျှ အယူဝါဒ မဖြစ်ပေါ်စေဘဲ၊ ယင်းအစား သာ၍ကြီးမားသော အတိုင်းအတာအထိ သို့မဟုတ် သာ၍ လျော့နည်းသော အတိုင်းအတာအထိ အစဉ်မပြတ် ပြောင်းလဲကာ အသစ်ပြုပြင်ခံရလျက် ရှိသည်။ ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင်အမှု၏ ပင်ကို အခြေခံသဘောတရားလည်းဖြစ်ကာ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုကို ပြီးမြောက်စေသည့် နည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤနည်းဖြင့် အမှုမပြုခဲ့ပါက၊ လူသားသည် ပြောင်းလဲမည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်သည် ရှုံးနိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ သူ၏အမှုတွင် တစ်သမတ်တည်း မဟုတ်သည့်ပုံရသော်လည်း၊ အမှန်အားဖြင့် ပုံမှန်ဖြစ်သော ပြောင်းလဲမှုများ အစဉ်မပြတ် ဖြစ်ပေါ်လေသည်။ သို့သော် လူသားက ဘုရားသခင်ကို ယုံကြည်သည့် နည်းလမ်းမှာ အတော်အတန် ကွာခြားသည်။ သူသည် ဟောင်းနွမ်းကာ၊ ရင်းနှီးကျွမ်းဝင်သော အယူဝါဒများနှင့် စနစ်များကို ဖက်တွယ်ပြီး ထိုအရာများ ဟောင်းလေလေ၊ သူ့အဖို့ နှစ်လိုဖွယ်ရှိလေလေ ဖြစ်သည်။ လူသား၏မိုက်မဲသော စိတ်၊ ကျောက်တုံးကဲ့သို့ ခေါင်းမာသော စိတ်သည် အလွန်များပြားလှသော မတွေးတတ်အောင် ခက်ခဲနက်နဲသည့် ဘုရားသခင်၏ အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို မည်သို့ လက်ခံနိုင်မည်နည်း။ လူသားသည် အမြဲအသစ်ဖြစ်ကာ လုံးဝ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ရွံမုန်း၏။ သူသည် သွားရှည်လျားကာ၊ ဆံပင်ဖြူပြီး နေရာတစ်ခုတွင် ကပ်နေသည့် အိုမင်းသောဘုရားသခင်ကိုသာ နှစ်သက်သည်။ ထိုသို့ဖြင့်၊ လူသားနှင့် ဘုရားသခင်သည် မိမိတို့ကိုယ်ပိုင် အကြိုက်များ ရှိကြသောကြောင့် လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သွားသည်။ ဤဆန့်ကျင်ဘက်ဖြစ်ခြင်း များစွာတို့သည် ဘုရားသခင်က အမှုသစ်ကို လုပ်ဆောင်နေခဲ့သည်မှာ နှစ်ပေါင်းခြောက်ထောင်နီးပါး ကြာပြီဖြစ်သည့် အချိန်ကာလ တစ်ခုဖြစ်သော ယနေ့တွင်ပင် တည်ရှိဆဲဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ကုစား၍မရနိုင်ပေ။ ယင်းမှာ လူသား၏ခေါင်းမာခြင်း သို့မဟုတ် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မည်သည့်လူသားကမျှ မချိုးဖောက်နိုင်ခြင်းကြောင့် ဖြစ်ကောင်း ဖြစ်ပေမည်- သို့သော် ဘုရားသခင်က သူ့ကိုပံ့ပိုးမည့်သူ မည်သူမျှ မရှိသည့်အလား၊ သူ၏ မပြီးစီးသေးသည့် စီမံခန့်ခွဲခြင်းအမှုကို ဆက်လက် ဆောင်ရွက်နေစဉ်တွင် ထိုခရစ်ယာန်ဓမ္မဆရာများနှင့် ဓမ္မဆရာမများသည် မှိုတက်၍ အိုဟောင်းသော စာအုပ်များနှင့် စာရွက်များကို ဖက်တွယ်ထားကြဆဲ ဖြစ်သည်။ ဤဆန့်ကျင်ကွဲလွဲချက်များသည် လူသားနှင့် ဘုရားသခင်ကို ရန်သူများဖြစ်စေပြီး ပြေလည်ရန် မဖြစ်နိုင်သော်လည်း၊ ဘုရားသခင်သည် ၎င်းတို့ကို တစ်ချိန်တည်းတွင် ထိုနေရာ၌ရှိပြီး ထိုနေရာ၌မရှိသည့်အလား အရေးမစိုက်ပေ။ သို့ရာတွင် လူသားသည် မိမိ၏ ယုံကြည်ချက်များနှင့် အယူအဆများကို ဆက်လက် စွဲကိုင်ထားဆဲဖြစ်ပြီး၊ ထိုအရာများကို လုံးဝ လက်မလွှတ်ပေ။ သို့တိုင် တစ်ခုသောအရာသည် ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်- လူသားသည် မိမိ၏ ရပ်တည်ချက်မှ သွေဖည်မသွားသော်လည်း၊ ဘုရားသခင်၏ခြေများသည် အမြဲ ရွေ့လျားနေပြီး ပတ်ဝန်းကျင်နှင့်အညီ သူ၏ ရပ်တည်ချက်ကို သူ အမြဲပြောင်းလဲနေပေသည်။ အဆုံးတွင်၊ မတိုက်လိုက်ရဘဲနှင့် ရှုံးနိမ့်သွားမည့်သူမှာ လူသားဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဘုရားသခင်သည် ရှုံးနိမ့်သွားသည့် သူ၏ရန်သူအားလုံး၏ အကြီးမားဆုံးသော ရန်သူဖြစ်သကဲ့သို့၊ ရှုံးနိမ့်သွားသည့် လူသားမျိုးနွယ်ရော မရှုံးနိမ့်သည့် လူသားမျိုးနွယ်တို့အတွက်ပါ ရပ်တည်ကာကွယ်သူလည်း ဖြစ်သည်။ မည်သူသည် ဘုရားသခင်နှင့် ယှဉ်ပြိုင်ပြီး အောင်နိုင်မည်နည်း။ လူသား၏ အယူအဆများစွာတို့သည် ဘုရားသခင်၏အမှု နောက်ပိုင်းတွင် ပေါက်ဖွားခဲ့ကြသောကြောင့်၊ ထိုအယူအဆများသည် ဘုရားသခင်ထံမှ လာပုံရလေသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားကို ဤအရာကြောင့် ခွင့်လွှတ်ခြင်း မရှိသကဲ့သို့၊ ထို့ပြင် ဘုရားသခင်၏ အမှုနောက်ပိုင်းတွင် သူ၏အမှုပြင်ပ၌ ရှိသည့် “ဘုရားသခင် အတွက်” အကျိုးများကို တစ်သုတ်ပြီး တစ်သုတ် ဖြစ်ပေါ်စေခြင်းအတွက် လူသားအပေါ် ဘုရားသခင် ချီးမွမ်းခြင်းလည်း မရှိပေ။ ယင်းအစား၊ သူသည် လူသား၏ အယူအဆများနှင့် ဟောင်းနွမ်းကာ၊ ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်မှုများကို အလွန့်အလွန် ရွံ့မုန်းပြီး ထိုအယူအဆများ ဦးစွာထွက်ပေါ်ခဲ့သည့် နေ့စွဲများကို အသိအမှတ်ပြုလိုစိတ်ပင် မရှိချေ။ လူသား၏ အယူအဆများကို လူသားက ပျံ့နှံ့စေသည့်အတွက်၊ ထိုအယူအဆများသည် မိမိ၏အမှုမှ ထွက်ပေါ်လာသည်ဟု ဘုရားသခင် လုံးဝလက်မခံပေ။ ထိုအရာများ၏ အရင်းအမြစ်သည် လူသား၏အတွေးများနှင့် စိတ်တို့ဖြစ်၏- ဘုရားသခင်မဟုတ်ဘဲ၊ စာတန် ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏အမှုကို ဟောင်းနွမ်းကာ မသေဆုံးစေဘဲ၊ အသစ်ဖြစ်စေကာ ရှင်သန်စေဖို့အတွက် အမြဲ ဖြစ်ခဲ့ပြီး၊ လူသားကို သူ လိုက်နာစောင့်ထိန်းစေသည့်အရာမှာ ခေတ်ကာလအလိုက် ပြောင်းလဲပြီး ထာဝရမတည်သကဲ့သို့ မပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် လူသားကို သေဆုံးစေကာ အိုမင်းစေသော နတ်ဆိုးတစ်ပါးဖြစ်သည်ထက်၊ လူသားကို အသက်ရှင်စေကာ အသစ်ဖြစ်စေသော ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို သင်တို့ နားမလည်ကြသေးသလော။ သင်သည် အမြင်ကျဉ်းမြောင်းသောကြောင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများရှိပြီး ထိုအယူအဆများကို သင် လက်လွှတ်နိုင်စွမ်း မရှိပေ။ ယင်းမှာ ဘုရားသခင်၏ အမှုအတွင်းတွင် အဓိပ္ပာယ် အလွန်နည်းပါးလွန်းသောကြောင့် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အမှုသည် လူသား၏ ဆန္ဒများနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်သည့်အပြင်၊ ယင်းသည် ဘုရားသခင်က မိမိ၏တာဝန်များကို အမြဲ ပေါ့ဆသောကြောင့်လည်း မဟုတ်ပေ။ သင်သည် နာခံမှု ကင်းမဲ့လွန်းသောကြောင့်နှင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သဏ္ဌာန် အနည်းငယ်မျှ မရှိသောကြောင့်၊ သင်သည် သင်၏အယူအဆများကို လက်မလွှတ်နိုင်ပေ။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်းကြောင့် မဟုတ်ပေ။ ဤအရာအလုံးစုံတို့ကို သင်က ဖြစ်စေခဲ့ခြင်း ဖြစ်ပြီး၊ ဘုရားသခင်နှင့် လုံးဝ ဆက်နွှယ်မှုမရှိပေ။ ဆင်းရဲဒုက္ခနှင့် ကံဆိုးခြင်းအားလုံးကို လူသားက ဖန်တီးခြင်း ဖြစ်၏။ ဘုရားသခင်၏ အကြံအစည်များသည် အမြဲ ကောင်းမြတ်၏- သူသည် သင့်ကို အယူအဆများ ဖြစ်ပေါ်စေဖို့ ဆန္ဒမရှိဘဲ၊ ခေတ်များ ကုန်လွန်သွားသည်နှင့်အမျှ ပြောင်းလဲကာ အသစ်ပြုပြင်ခံရစေလိုသည်။ သို့သော် သင့်အတွက် မည်သည့်အရာ ကောင်းမြတ်သည်ကို သင် မသိသကဲ့သို့၊ အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် စိစစ်ခြင်း တစ်ခုမဟုတ်လျှင်တစ်ခု လုပ်ဆောင်နေလေသည်။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်း မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်ကို ကြည်ညိုမှု မရှိသကဲ့သို့၊ သင်၏မနာခံခြင်းသည် အလွန်ကြီးမားနေခြင်း ဖြစ်ပေသည်။ ဘုရားသခင် ယခင်ကပေးထားသည့်အရာ၏ အရေးမပါလှသော အစိတ်အပိုင်းအချို့ကို ယူဆောင်ပြီးနောက်၊ လှည့်ကာ ဘုရားသခင်ကို တိုက်ခိုက်ရန် ယင်းကို အသုံးပြုဝံ့သည့် အဖန်ဆင်းခံ သတ္တဝါငယ်လေးတစ်ဦး- ဤသည်မှာ လူသား၏မနာခံခြင်း မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ရှေ့၌ မိမိတို့၏အမြင်များကို ဖော်ပြရန် အရည်အချင်း လုံးဝမရှိသကဲ့သို့၊ ထိုမှိုတက်သည့် အယူအဆများကို မဆိုထားနှင့်- ၎င်းတို့၏ သုံးစားမရသည့်၊ နံဟောင်နေကာ ပုပ်သိုးနေသည့်၊ ကွန့်လွန်းသော စကားအသုံးအနှုန်းကို ၎င်းတို့သည် ဆန္ဒရှိသည်အတိုင်း ဟိုဟိုသည်သည် ပြစားဝင့်ဝါဖို့ အရည်အချင်း သာ၍ပင်မရှိဟု ဆိုထိုက်ပေသည်။ ၎င်းတို့သည် သာ၍ပင် အသုံးမကျဖြစ်ကြသည် မဟုတ်လော။

ဘုရားသခင်ကို အမှန်တကယ် အစေခံသူတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သောသူ၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင့်တော်သူနှင့် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းအား ထိရောက်စေလိုပါက၊ သင်၏ ဘာသာရေး အယူအဆများကို လက်လွှတ်ရမည်။ သင်သည် ဘုရားသခင်ကို အစေခံလိုပါက၊ ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ကာ အရာရာတိုင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန် သာ၍ပင် လိုအပ်လေသည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံသောသူတစ်ဦးက ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ သင်၌ ဤအသိမရှိပါက၊ သင် အစေခံသည်နှင့်တစ်ပြိုင်နက်၊ သင်သည် အနှောင့်အယှက်နှင့် အတားအဆီးများ ဖြစ်စေလိမ့်မည်ဖြစ်ပြီး၊ သင်၏ အယူအဆများကို ဆက်လက်စွဲကိုင်ထားပါက၊ သင် မည်သည့်အခါမျှ ပြန်မထဖို့၊ ဘုရားသခင်က သင့်ကို မလွဲဧကန် ရိုက်ချလိမ့်မည်။ ဥပမာအနေဖြင့် လက်ရှိအချိန်ကို ကြည့်လော့- ယနေ့၏ မိန့်မြွက်ချက်များနှင့်အမှု များစွာသည် သမ္မာကျမ်းစာနှင့် သဟဇာတမဖြစ်သကဲ့သို့၊ ယခင်က ဘုရားသခင် ပြုခဲ့သည့်အမှုနှင့် သဟဇာတမဖြစ်ပေ၊ ပြီးလျှင် သင်သည် နာခံရန် ဆန္ဒမရှိပါက၊ အချိန်မရွေး ပြိုလဲလိမ့်မည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အစေခံလိုပါက၊ ဘာသာရေး အယူအဆများကို ဦးစွာ လက်လွှတ်ရမည် ဖြစ်ပြီး၊ သင်ကိုယ်တိုင်၏ အမြင်များကို ပြုပြင်ရမည်။ ပြောဆိုမည့်အရာ များစွာသည် အတိတ်၌ ပြောခဲ့သောအရာနှင့် သဟဇာတဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် ယခု နာခံရန် လိုအင်ဆန္ဒမရှိပါက၊ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုပြုခြင်း နည်းစနစ်များထဲမှ တစ်ခုသည် သင့်အထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ သင်သည် ထိုအရာကို မည်သည့်အခါမျှ လက်မလွှတ်ပါက၊ ဤနည်းစနစ်သည် သင်၏ ဘာသာရေးအယူအဆ ဖြစ်သွားလိမ့်မည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် သင့်အထဲတွင် အမြစ်တွယ်ပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင်၏အသက် ဖြစ်လာနိုင်စွမ်းရှိပါက၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ သင်၌ ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ပိုင်ဆိုင်သူများသည် မည်သည့်အယူအဆမျှ ရှိကြလိမ့်မည်ဟုတ်သကဲ့သို့၊ အယူဝါဒကိုလည်း လိုက်နာလိမ့်မည်မဟုတ်ပေ။

သင့်ကိုယ်သင် နိုးကြားမြဲနိုးကြားစေဖို့ ဤမေးခွန်းများကို မေးလော့-

၁။ သင့်အတွင်းရှိ အသိပညာသည် ဘုရားသခင်ကို သင်၏ အစေခံခြင်းအား နှောင့်ယှက်သလော။

၂။ သင်၏နေ့စဉ်အသက်တာတွင် ဘာသာရေး အလေ့အထများ မည်မျှရှိသနည်း။ သင်သည် ဘာသာရေးကိုင်းရှိုင်းသည့် အသွင်ကိုသာ ပြပါက၊ ဤသည်မှာ သင့်အသက်တာ ကြီးထွားကာ ရင့်ကျက်ပြီးဖြစ်သည်ဟု ဆိုလိုသလော။

၃။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်သည့်အခါတွင်၊ သင်၏ ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်သလော။

၄။ သင်ဆုတောင်းသောအခါ၊ ဘာသာရေး ဟိတ်ဟန်ကို ဖယ်ထားနိုင်သလော။

၅။ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် ထိုက်တန်သူတစ်ဦး ဖြစ်သလော။

၆။ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာမည်မျှသည် ဘာသာရေး အယူအဆများ ပါရှိသနည်း။

အရှေ့သို့- လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

နောက်တစ်ခုသို့- ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။